တိုက်မြွေ(စ/ဆုံး)

Unicode Version

တိုက်မြွေ(စ/ဆုံး)
———————
“ကျွန်တော့်ကို- မြွေကိုက်သွားပြီ”
ကိုကြင်ဟန်က ပြောသည်။ သူ့အသံကတုန်လှုပ်ချောက်ချားနေသည်။ မျက်လုံးပြူးနေသည်။ ဇောချွေးတွေ ချက်ချင်းပျံလာသည်။
“ဟာ- ကြံကြီးစည်ရာ ဘယ်မှာလဲမြွေ၊ နေ့ဘက်ကြီး ဘာမှလဲမတွေ့ ပါလား” အိမ်ရှင် ဒေါ်အေးက အလန့်တကြား ဆိုသည်။ ဟိုဟိုသည်သည် ကြည့်၏။ ဘာမှမတွေ့။ ကိုကြင်ဟန်၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန် လာသည်။ ချွေးသီးချွေးပေါက်ကျလာသည်။
“ဟုတ်ပါတယ်ဗျာ-ဟောဒီ ဝါးလုံးခေါင်းထဲကကိုက်လိုက်တာ” ၎င်းထိုင်နေသည့်အနီးရှိ ဝါးထရံအရင်တန်းတင်းဝါး အခေါင်းထဲကို ညွှန်ပြသည်။ အခြားဘာကောင်မှ မတွေ့ရပေ။
“ဒါဆိုလည်း အဲဒီအခြင်ဝါးကို ဖြုတ်ကွာ၊ ခွဲကြည့်ရအောင်။ ဒေါ်အေး၏ သားကျောင်းဆရာကိုတင်လှနှင့်ကိုတင်မြင့်တို့ကပြောပြောဆိုဆိုချည်ထား သည့် နှီးချက်များကိုဓားဖြင့်ဖြတ်သည်။ အရင်ဝါးကို ဆွဲထုတ်၊ ဓားဖြင့် ခွဲ၏။ နံရံအပြင်တန်းအဖြစ် သုံးထားသော တင်းဝါး ပထမအဆစ်ဝါးလုံး ခေါင်းထဲ
တွင်(၄)လက်မအိမ်ရိုက်ဆောက်သံတစ်ချောင်းသာတွေ့ရသည်။ ဘာမြွေမှ မရှိ။ အိမ်ရိုက်သံသည်အဖျားချွန်ထက်နေသည်။ ထိုအရာစူးမိခြင်းပေလား။ “ဘာမြွေမှ မတွေ့ပါလားကွ၊ ဒီသံချောင်းပဲ ရှိတာ။ ဒီသံချောင်းပဲ စူးတာနေမှာပါ”
ကိုတင်လှက ပြောသည်။ ကိုတင်မြင့်က ဟိုဟိုသည်သည် လိုက် ကြည့်သည်။
“တကယ်ကျုပ်ကို မြွေကိုက်လိုက်တာပါဗျာ”
ကိုကြင်ဟန်က သူ့လက်ကောက်ဝတ်ကို ပြသည်။ မှန်သည် လက် ကောက်ဝတ်တွင် သွေးစို့နေသည်။ ဒေါ်အေးကပျာပျာသလဲ –
“မြွေကိုက်တယ်လို့ မပြောနဲ့ဟ၊ တော်တော်ကြာ အပမှီနေဦးမယ်။ ပိုး ထိတယ်လို့ပြော။ အပမှီတတ်တယ်”
ကိုက်သည့်အချိန်မှာနံနက်(၉)နာရီ၊ ဆယ်နာရီခန့်။ ကိုကြင်ဟန်ဒယီး ဒယိုင်ဖြင့် အိမ်ပြန်လာသည်။ ရွာမြောက်ပိုင်း မိမိအိမ်အပြန် တစ်အိမ်တက် ဆင်း မိမိကို ဒေါ်အေးတို့အိမ်မှ မြွေကိုက်လိုက်ကြောင်း လိုက်ပြောသည်။ အိမ်သို့ရောက်လျှင် ဇနီးမအေးကျင်အားမိမိမြွေကိုက်ခံရကြောင်းမိမိဆုံးပါး သွားပါက နောက်အိမ်ထောင်ပြုနိုင်ကြောင်းပြောရာ ဇနီးမအေးကျင်က မျက်စိမျက်နှာပျက်ကာ –
“ကိုကြင်ဟန်ရယ် – နမိတ်မရှိနမာမရှိဘာတွေပြောနေတာလဲ။ မြွေကို လည်းမတွေ့ရဘဲနဲ့”
“ငါ-တကယ်ပြောတာပါ။ငါ့ကိုမြွေကိုက်တာအမှန်ပဲ။ သံစူးတာမဟုတ်
ဘူး၊ ငါမနေရတော့ဘူး”
ဤသို့ဖြင့် ယင်းနေ့ညနေ(၃)နာရီတို့တွင်ကိုကြင်ဟန်ဆုံးသည်။ မည် သည့်ဆေး၊ မည်သည့်ဆရာနှင့်မျှမကုလိုက်ရ။ ရုတ်တရက်ဖြစ်၍ရွာမြောက် ဘက်သုသာန်တွင် နေ့မကူးမီ မီးသင်္ဂြိုဟ်လိုက်ကြ၏။
ဝါးလုံးခေါင်းထဲမှ မြွေကိုက်၍ ကိုကြင်ဟန် ဆုံးပါးခဲ့၏။ ထိုဝါးလုံး ခွဲ ကြည့်သောအခါ(၄)လက်မအိမ်ဆောက်သံတစ်ချောင်းကိုသာတွေ့ရသည်။

မည်သည့်မြွေမှမရှိ၊ အခြားအဆိပ်ရှိ သတ္တဝါတစ်ကောင်တလေမျှပင် မတွေ့ရပေ။ ထူးဆန်းပေစွ။ ဪ- တိုက်မြွေဆိုတာဒါများလား။
ဂျပန်ခေတ်…။
လူအများက ဤသို့ ခေါ်ကြ၏။ ၁၉၄၂- ၁၉၄၅ ခုနှစ်အတွင်း။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သောရဲဘော်သုံးကျိပ်သည် ဗမာ့လွတ်လပ်ရေးတပ် မတော် (ဘီအိုင်အေ)ကို ဖွဲ့စည်း၍ ဂျပန်နှင့်ပူးပေါင်းကာ အင်္ဂလိပ်တို့အား တိုက်ထုတ်ခဲ့၏။ အင်္ဂလိပ်အစိုးရသည် အိန္ဒိယနိုင်ငံ ဆင်းမလားသို့ ဆုတ် ခွာပြီး မြန်မာပြည်အဝှမ်း မြေလှန်စနစ်ကျင့်သုံးခဲ့ရာတံတားချိုး၊ လမ်းဖျက်၊ ငွေတိုက် မီးရှို့စသည်ဖြင့် ရစရာမရှိ။
ဂျပန်တို့က လွတ်လပ်ရေး ပေးသည်။ အတုအယောင် လွတ်လပ်ရေး၊ ရွှေရည်စိမ်လွတ်လပ်ရေးခေါ်ကြ၏။ ဖက်ဆစ်ဂျပန်တို့ဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံရ၏။ ဂျပန်ကင်ပေတိုင်တို့က အလိုတော်ရိများ သတင်းပေးမှု အရဖမ်း၏။အမျိုးမျိုးညှဉ်းပန်းနှိပ်စက်၏။ထိုခေတ်ထိုအခါကဂျပန်စကားပြန် ဂျပန်အလိုတော်ရိတို့အား အချင်းချင်း ပြန်ကြောက်ကြရ၏။ ဘုရားသုံးဆူ သံဖြူဇရပ်သေမင်းတမန်ရထားလမ်းမကြီးအတွက်ချွေးတပ်ဆွဲခံကြရ၏။ “ထောင်မလဲ – သဲကော် “ဂျပန်ငွေစက္ကူကို ရိုက်ထုတ်သုံးစွဲခဲ့ရာ အတိုင်းအဆမရှိထင်သလိုထုတ်ခဲ့သဖြင့် ငွေကြေးဖောင်းပွကာ ဂုန်နီအိတ် ဖြင့် ငွေစက္ကူထည့်ပြီး ငွေပေး၊ ငွေချေလုပ်ကြရသည်ဆို၏။ တစ်တိုင်းတစ်ပြည်လုံး ဆီရှား၏၊ ဆပ်ပြာရှား၏။
ဆီရှားသဖြင့် ဝက်ဆီကိုသာ သုံးကြသည်။ ထိုဝက်ဆီကြောင့် လူတိုင်း လိုလို သန်းကြီးမတွယ်၊ ဝဲစွဲကြ၏။ ဆပ်ပြာကား နတ္တိ၊ ဆပ်ပြာအစား နာနတ် ခွံချေပြီးအမြှုပ်ထအောင်လုပ်ကာအဝတ်လျှော်ရ၏။အဝတ်ချုပ်ရာမှာလည်း
နာနတ်ချည်ဖြင့်ပင်။
အထူးသဖြင့် မရှိမဖြစ် ဆား…။
ဆားမရှိသဖြင့် ကမ်းဘေးပေါက်သည့် ဓနိပင် (ဓနိဘောင်)ကို ပြာချ၊ အရည်ဖျော်၊ ဆားပြန်ချက်။
ကွမ်းစားတတ်သူများကလည်း တစ်ဒုက္ခ။ သွားရေးလာရေး လမ်းပန်း ဆက်သွယ်မှုပြတ်တောက်၍ကွမ်းသီးကမရှိ၊ သင်္ဘောသီးကိုကွမ်းသီးအစား
သုံးကြရ၏။
တည်း။
ရှားမှရှား၊ အစစအရာရာရှား၊ တကယ်ရှားပါးသော ခေတ်ကြီးပေ
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ရွာကလေး။ အိမ်ခြေသုံးရာခန့်။ အိမ်မဲမြို့၏မြောက်ဘက်။ တူးမြောင်းသာခြား၏။
တူးမြောင်မှာ ရွှေလောင်းမြစ်နှင့် အိမ်မဲမြစ်တို့အား ဆက်သွယ်ရန် အင်္ဂလိပ်ခေတ်က ဖောက်ခဲ့ခြင်းဖြစ်သည်။ ရွှေလောင်းနှင့် အိမ်မဲကြား တစ် တီတူး – သုံးခွဂျပန်တော်လှန်ရေးတိုက်ပွဲမှာဂျပန်တပ်များနှင့်မျိုးချစ်တော် လှန်ရေးတပ်များအကြားရက်ရှည်ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်၏။ ဂျပန်
တပ်များ အထိနာဆုတ်ခွာသွားကြ၏။
တူးမြောင်းဝနှင့်အိမ်မဲမြစ်တို့ဆုံရာရွာတောင်ဘက်ထိပ်တွင်ဘူးဘုရား။
ရွာလယ် ဦးစက္ကိန်ဘုန်းကြီးကျောင်း၊ ရွာမြောက်ဘက်ထိပ်တွင် ဦးမာလာ ဘုန်းကြီးကျောင်းနှင့် ရွာသုသာန်။ အိမ်များမှာ အိမ်မဲမြစ်ကပ်ဘေးနှင့် ရွာ လမ်းခြားပြီး ကုန်းဘက်ပိုင်း၌ မျက်နှာချင်းဆိုင်ဆောက်လုပ်ထားကြ၏။ မြောင်းမြ-လပွတ္တာရွေးမြစ်လမ်းအတိုင်းလာပါက ပုလုရွာနှင့် ညောင် ဝိုင်းရွာတို့တွင် အိမ်မဲမြစ်နှင့်ဆုံ၏။ ရှမ်းစု၊ ကျုံစိန်၊ လူခေါင်းကျွန်း၊ ခလောက် သိုက်၊ ရွာသစ်၊ ဂျုံးဂျုံးကျ၊ ကြို့ကုန်း၊ ထန်းတစ်ပင်၊ သဖန်းပင်ဆိပ် ရွာစဉ် အတိုင်းလာပါကကန်ကြီးထောင့်ပြီးလျှင်တူးမြောင်းဝကျော်ကအိမ်မဲမြို့သို့
ရောက်သည်။
မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍လယ်ယာစိုက်ပျိုးခြင်း၊ဥယျာဉ်ခြံစိုက်ပျိုးခြင်း
တို့ကို အများစုလုပ်ကိုင် အသက်မွေးမှု ပြု၏။ ကြက်၊ ဘဲ၊ နွား၊ ဝက်၊ အိမ်မွေး တိရစ္ဆာန်များကိုလည်းအပိုဝင်ငွေရရန်မွေးမြူထားကြသည်။
အစစအရာရာ ရှားပါးပြီး စစ်တွင်းကာလ ယခုလို အချိန်မျိုးတွင် အရောင်းအဝယ်မဖြစ်။ သွားရေးလာရေးခက်။ပစ္စည်းချင်းတန်ဖိုးညှိလဲလှယ် သည့်ဘာဒါစနစ်ကိုသာကျင့်သုံးရ၏။ သည်ကြားထဲဂျပန်စစ်တပ်နှင့်၎င်းတို့ အလိုတော်ရိများက ပါးရိုက်၊ နားရိုက်၊ ကြက်ဆွဲ၊ နွားဆွဲ၊ တရားဥပဒေစိုးမိုးမှ မရှိ။ ၎င်းတို့ ပြောသမျှအမိန့် မလိုက်နာလို့ကတော့ သေပြီသာမှတ်။

ကိုကြင်ဟန်၏ဘဝအစကို ပြန်ဆက်ကြပါစို့ ….။
“ကိုကြင်ဟန်ရေ အိမ်မှာ ထင်းမရှိတော့ဘူး။ ထင်းရှာထားဦး။ ကျွန်မ ဈေးရောင်းထွက်တော့မယ်”
နံနက်စောစော ဈေးရောင်းမထွက်မီ ဇနီး မအေးကျင် မှာသွားခဲ့၏။ “အေး-အေး”
ကိုကြင်ဟန်၊ မအေးကျင်တို့ လင်မယားက ရွာမြောက်ပိုင်းဘုန်းကြီး ဦးမာလာကျောင်းဝိုင်းမနီးမဝေးမြစ်ကမ်းဘက်ခြမ်း၌နေကြ၏။ အိမ်ထောင် သက်(၁၀)နှစ်နီးပါးရှိပြီဖြစ်သော်လည်းကလေးမရှိ။လင်မယားနှစ်ဦးတည်း။
တကယ်တော့ကိုကြင်ဟန်ကလူပေါ်ကြော့။ မိဘများရှိစဉ်ကပင် ဘာအလုပ် မျှ မည်မည်ရရ လုပ်သည်မရှိ။ ရွာရိုးကိုးပေါက် လျှောက်သွား။ လတ်လျား လတ်လျားနှင့်။ တစ်နေ့ – တစ်နေ့ ဒီလိုပင် အချိန်ကုန်၏။
ဒါပေမဲ့-ကိုကြင်ဟန်အိမ်ထောင်ကျကံကောင်းသည်။ ဇနီးမအေးကျင် က အလုပ်ကြိုးစား၏။ မိဘများလက်ထက် အပျိုဘဝကပင် ကောက်စိုက်၊ ပျိုးနုတ် နေ့စားလိုက်၏။ အိမ်ထောင်ကျတော့လည်း ဈေးတောင်းခေါင်းပေါ် တင်၊နေ့စဉ်ကောက်ညှင်းပေါင်းနှင့်ပဲပြုတ်လှည့်ရောင်းသည်။ ကိုကြင်ဟန် ဘာမျှ မလုပ်သည်ကို မငြူစူရှာ။ ဘာမှလည်း မပြော။ ကိုကြင်ဟန်ကတော့

အိမ်မှာ ထင်းရှာ၊ ရေခပ်၊ အားလျှင် ရွာထဲ တစ်အိမ်ဝင်၊ တစ်အိမ်တက် လျှောက်သွား၏။
ယနေ့နံနက်တွင်လည်း ရွာမြောက်ဘက်တောသို့သွား၍ ထင်းရှာကာ၊ အိမ်တွင် ထားခဲ့ပြီး ရွာတောင်ဘက်သို့ ထွက်လာခဲ့၏။ “ဟာ- ဒေါ်အေးတို့က သူဌေးပဲဗျ
ကိုကြင်ဟန်က ဒေါ်အေးတို့ အိမ်နံရံတွင်ချိတ်ထားသော ဆီပုလင်းကို ကြည့်၍ပြောလိုက်၏။
ဒေါ်အေးတို့အိမ်မှာ ရွာတောင်ဘက် ဦးစက္ကိန်ဘုန်းကြီးကျောင်းဝိုင်း မလှမ်းမကမ်း၌ ရှိသည်။ ဒေါ်အေးက မုဆိုးမ။ သားသုံးယောက်နှင့် အတူ နေ၏။
အကြီးဆုံးသားက ကျောင်းဆရာ ကိုတင်လှ။ ကျောင်းဆရာပီပီ နေရာ တကာ ဆရာလုပ်တတ်၏။ စပ်စပ်၊ စပ်စပ်နှင့် နေရာတကာပါ၏။ ရွာထဲတွင် မည်သူနှင့်မျှ သိပ်မတည့်။ အိမ်ထောင်သည် ကလေးသုံးယောက်ရှိပြီး မိခင် ကြီးနှင့်အတူ နေ၏။
သားအလတ်က ကိုတင်မြင့်။ တစ်ရွာလုံးက ရွံ့ကြောက်ကြောက်ကြ သည်။ သူကား ဂျပန်အလိုတော်ရိ။ သတင်းပေးတစ်ယောက်။ အိမ်မဲမြို့ရှိ ဂျပန်ကင်ပေတိုင်ရုံးနှင့် အဆက်အသွယ်ရှိ၏။ သူနှင့် မတည့်လျှင် မတည့် သလို သတင်းပေးပြီး ဂျပန်တို့အကြိုက် လိုက်လံလုပ်ဆောင်ပေး၏။ သူနှင့် မတည့်သော ကန်ကြီးဒေါင့်ကုန်းပိုင်းက ဘကြီးဘိုးခွေးသား လှမောင်နှင့် လှဆောင်တို့ညီအစ်ကိုချွေးတပ်ထဲပါသွား၏။ မြောက်ပိုင်းကမုဆိုးမဒေါ်ငွေ စိန်၏သား မြမောင်ကလည်း ထိုနည်းတူပင်။ ဂျပန်တို့ ဆင့်ဆိုသမျှ ကြက်၊ ဝက်၊ ဆန်၊ စပါး၊ အနိုင်ကျင့် ကောက်ခံပြီးပို့ပေး၏။
ဂျပန်တို့ကလည်း မောင်တင်မြင့်မှ မောင်တင်မြင့်။ ပြောသမျှ အကုန် ယုံသည်။ သူတောင်းဆိုသမျှအခွင့်အရေးပေးသည်။ သူ့ကြောင့်ရွာတွင်မနေ ရဲ၍ တခြားပြောင်းသွားသူတွေလည်း ရှိသည်။ တချို့လူငယ်လူရွယ်များက တော်လှန်ရေးထဲ လိုက်သွားသည်။ ကိုကြင်ဟန်နှင့်ကား ကျောင်းနေဘက် ငယ်သူငယ်ချင်း။ အငယ်ဆုံးသားမောင်လှဖေကတော့ကိုကြင်ဟန်လိုပင်။
လူ့ပေါ်ကြော့ လက်ကြောမတင်း။ အိပ်လိုက်၊ စားလိုက်၊ လည်လိုက်ပတ် လိုက်နှင့်။
“ဘာ- သူဌေးလဲဟယ်၊ ဒီလောက်ခေတ်ဆိုး၊ ခေတ်ကျပ်ကြီးထဲမှာ” ဒေါ်အေးက ပြန်ပြောသည်။ ကိုကြင်ဟန်ကို မကျေမနပ် တွေ့၍ ကြည့်နေသည်။
“ဆီပုလင်းလေဗျာ – သူများတွေ ဆီမရှိလို့ ဝက်ဆီပဲ သုံးကြရတာ။ ဒေါ်အေးတို့က ပုလင်းလိုက်ကြီးများတောင်”
ဒေါ်အေးက နှုတ်ခမ်းတစ်ချက် ကိုက်လိုက်သည်။ ကိုကြင်ဟန်ကို စိုက် ကြည့်နေသည်။
ဪ- ဒါ မနေ့က မောင်တင်မြင့် အိမ်မဲက ယူလာတာလေ။ နင်- မနာလိုဖြစ်နေတာလား၊ ပြောစမ်း – နင်လည်း စားချင်ရင် ဒီလိုပဲ ရှာပေါ့ဟဲ့” “သူ့ကို ဂျပန်မာစတာတွေ ပေးတာဖြစ်မှာပေါ့”
ကိုကြင်ဟန် အိမ်ရှေ့ဖိနပ်ချွတ်တွင် ပြောပြောဆိုဆို ဝင်ထိုင်သည်။ ထို့နောက် မိမိဘေးရှိ ဝါးထရံဝါးလုံးတန်းသို့ လက်လှမ်းတင်လိုက်ရာ လက် ကောက်ဝတ်၌ စစ်ခနဲ ဖြစ်သွားသည်။ ငုံ့ကြည့်သည်။ ဘာပါလိမ့် – “ဟာ- ဘုရားရေ၊ ကျုပ်တော့ မြွေကိုက်ပြီဗျ”

အမေပြောသောဇာတ်လမ်းကား ဤတွင်အဆုံးသတ်၏။ “သနားစရာပဲ-အမေရာ”
ဒေါ်အေးတို့ မိသားစုသည် ခေတ်ပျက်ထဲတွင် ပျော်ပျော်ရွှင်ရွှင် စားနိုင် သောက်နိုင်ဖြုန်းနိုင်ကြပေရာ မကျေနပ်သူများသည်။ လူမုန်း သူမုန်းလည်း ပေါသည်။ နောက်ပြီး သူတို့မိသားစုက တွန့်တိုတတ်သည်။ မရှိနွမ်းပါးသူကို ပေးကမ်းစွန့်ကြဲလေ့မရှိ။ ငြူစူတတ်သည်။ ထို့ကြောင့် လူမုန်းများရခြင်းပင်။ ကြားကဓားစာခံကြင်ဟန်ဖြစ်နေပြီလား။
“အေး – ကံနိမ့်တဲ့သူခံရတာပေါ့။လုပ်တဲ့သူကတော့ဒေါ်အေးတို့မိသား စုကိုလုပ်တာဖြစ်မှာပေါ့။ သူတို့က သိတဲ့အတိုင်းပဲလေ”
ဗျာ”
“ဒါနဲ့ – အမေ၊ သံချောင်းကနေ မြွေဖြစ်တယ်ဆိုတော့ ဟုတ်ပါ့မလား
“တိုက်မြွေလို့ပြောကြတာပဲ။တိုက်မြွေဆိုတာတုတ်၊ကြိုးနွယ်ပင်ကနေ
မြွေဖြစ်အောင် လုပ်တာလေ”
“နောက်ပြီး အစိမ်းသေဆိုတော့ တစ်ရွာလုံးမနေနိုင်ဘူး။ မီးသင်္ဂြိုဟ် တော့လည်းအံ့စရာပဲညှော်လိုက်တာလဲမပြောနဲ့တော့။ တစ်ရွာလုံးမနေနိုင် ဘူး။ခြောက်တာလည်းတကယ်ခြောက်ဆိုပဲ၊ညဘက်သူ့အိမ်နောက်ဘက်
ကရေအိုးတွေကိုမွှေနှောက်သံတွေကြားရတယ်။ခြေသံတွေ၊ခွေးအူသံတွေ
ကြောက်စရာကြီးတဲ့။
နင့်အဒေါ်မတင်ရွှေတို့အိမ်နဲ့ကတစ်အိမ်ကျော်လေ”
ကျွန်တော် ငယ်စဉ်ကျောင်းသားဘဝက ဤဇာတ်လမ်းကို အမေပြော တော့အိမ်အမိုး၊ နံရံတွေကဝါလုံးခေါင်းတွေကိုမထိရဲ၊ မကိုင်ရဲခဲ့။ သံချောင်း ကိုပင် မြွေအမှတ်နှင့် ကြောက်နေမိသည်။
ထူးတော့ထူးဆန်း၏။ အဝိညာဏကသက်မဲ့သံချောင်းကမြွေဖြစ်သည် တဲ့။ ငယ်စဉ် လမ်းဘေးမျက်လှည့်ဝိုင်းတွေမှာ ရှမ်းဘောင်းဘီအနက်နှင့် ယောပြန်၊ ဆောပြန်ဆရာတို့က သက်မဲ့ပစ္စည်းတွေကို သက်ရှိဖြစ်အောင် မျက်လှည့်ပညာဖြင့်လုပ်ပြသည်ကိုမြင်ခဲ့ဖူးပါ၏။ ဒါကမျက်လှည့်ပညာသာ။ အပျော်တမ်း ပဉ္စလက်ပညာ။
သို့သော် – စာရေးသူအရာရှိငယ်ဘဝ ထောင်ကြီးတစ်ထောင်၌ အမှ ထမ်းစဉ် ဘိုးတော်စစ်ဆင်ရေးဖြင့် နာမည်ကြီးဘိုးတော်တချို့ ထောင်တွင်း ရောက်လာကြ၏။ သူတို့ကလည်း သူတို့နည်း သူတို့ဟန်ဖြင့် အစွမ်းပြကြ သည်။ မေးသမျှ အဖြေကို ဘုရားကျောင်းဆောင် ညောင်ရေအိုးမှ အသံ ဖြင့် အဖြေပေးသည်။ အချို့က လေထဲသို့ လက်ဖဝါးမြှောက်လိုက်သည်နှင့် အဆောင်လက်ဖွဲ့တစ်မျိုးမျိုး ပါလာသည်။ စိတ်နယ်လွန် ဖြစ်ရပ်ဆန်းတွေ
ပင်။
တစ်ဦးဆိုလျှင် အိတ်ထဲပါလာသော ငွေစက္ကူအကြွေစေ့၊ အမျိုးအစား မည်ရွေ့မည်မျှ၊ ငွေစက္ကူနံပါတ်မကျန် ပြောသည်။ တိတိကျကျ ဖြစ်သည်။ အံ့ဩစရာကောင်းလှသည်။
မိမိမေးလိုသော မေးခွန်း (၅)ခုကို စာရွက်တစ်ရွက်ပေါ်တွင် ချရေး၊ ထိုစာရွက်ကိုလက်ဖြင့် ရိုက်ချလိုက်သည်နှင့်တစ်၊နှစ်၊သုံး၊လေး၊ အဖြေငါးခု ဖြေပြီးသား။ ရုက္ခစိုးမှော် အောင်ထားသည်တဲ့။ လောကီပညာပေပဲလား။ တန်ခိုးဣဒ္ဓိပါတ်ပေလား။
ဗုဒ္ဓမြတ်စွာဘုရား၏ပဋိစ္စသမုပါဒ်…။
အဝိဇ္ဇာ ပစ္စယာ၊ သင်္ခါယာ- မသိနားမလည်မှုကြောင့် ကုသိုလ်၊ အကု သိုလ်ကံတို့ ပြုလုပ်၏။
သင်္ခါယပစ္စယ ဝိဉာဏ- ပြုသောကုသိုလ်၊ အကုသိုလ် ကံတရားတို့ ကြောင့် ဝိညာဉ်စိတ်ဖြစ်၏။
ဝိညာဏပစ္စယာ နာမရူပံ ထိုဝိညာဉ်ကြောင့် နာမ်နှင့်ရုပ်တို့ ဖြစ်ပေါ်၏။ ဩကာသလောကဘုံဌာနတို့တွင်-
(၁) အပါယ်ဘုံ
(၂)လူ့ဘုံ
(၃)နတ်ဘုံ
(၄) ရုပ်၊ နာမ် (၂)မျိုးရှိ
(ရူပ) ဗြဟ္မာဘုံ
(၅)ရုပ်သက်သက်သာရှိ
(၆)(အသညသတ်) ဗြဟ္မာဘုံ နာမ်သက်သက်သာရှိ
(အရူပ) ဗြဟ္မာဘုံ၄ တို့
စုစုပေါင်း (၃၁)ဘုံရှိကြောင်း မှတ်သားရပါမည်။ ထို (၃၁)ဘုံတွင် ရုပ် သည် ဆင်းရဲကြောင်းဖြစ်၍ ရုပ် အလိုမရှိသည့် အကျင့်ကို ကျင့်သော သူတို့ မှာ အရူပဗြဟ္မာဘုံ၌ ဖြစ်ကြရပြီး နာမ်ကို အလိုမရှိ၍ ထို အကျင့်ကို ကျင့်ကြ သူတို့မှာ အသညသတ် ဗြဟ္မာဘုံ၌ ဖြစ်ကြ၏။
ကံ-ကံ၏ အကျိုးကို ယုံကြည်လက်ခံကြသူတိုင်း ဆိုင်ရာ ဆိုင်ရာ အကျင့်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြပါလျှင်…။ (အမေပြောသောဇာတ်လမ်းများမှ)

Zawgyi Version

တိုက္ေႁမြ(စ/ဆုံး)
———————
“ကြၽန္ေတာ့္ကို- ေႁမြကိုက္သြားၿပီ”
ကိုၾကင္ဟန္က ေျပာသည္။ သူ႔အသံကတုန္လႈပ္ေခ်ာက္ခ်ားေနသည္။ မ်က္လုံးျပဴးေနသည္။ ေဇာေခြၽးေတြ ခ်က္ခ်င္းပ်ံလာသည္။
“ဟာ- ႀကံႀကီးစည္ရာ ဘယ္မွာလဲေႁမြ၊ ေန႔ဘက္ႀကီး ဘာမွလဲမေတြ႕ ပါလား” အိမ္ရွင္ ေဒၚေအးက အလန႔္တၾကား ဆိုသည္။ ဟိုဟိုသည္သည္ ၾကည့္၏။ ဘာမွမေတြ႕။ ကိုၾကင္ဟန္၏ခႏၶာကိုယ္သည္ တဆတ္ဆတ္တုန္ လာသည္။ ေခြၽးသီးေခြၽးေပါက္က်လာသည္။
“ဟုတ္ပါတယ္ဗ်ာ-ေဟာဒီ ဝါးလုံးေခါင္းထဲကကိုက္လိုက္တာ” ၎ထိုင္ေနသည့္အနီးရွိ ဝါးထရံအရင္တန္းတင္းဝါး အေခါင္းထဲကို ၫႊန္ျပသည္။ အျခားဘာေကာင္မွ မေတြ႕ရေပ။
“ဒါဆိုလည္း အဲဒီအျခင္ဝါးကို ျဖဳတ္ကြာ၊ ခြဲၾကည့္ရေအာင္။ ေဒၚေအး၏ သားေက်ာင္းဆရာကိုတင္လွႏွင့္ကိုတင္ျမင့္တို႔ကေျပာေျပာဆိုဆိုခ်ည္ထား သည့္ ႏွီးခ်က္မ်ားကိုဓားျဖင့္ျဖတ္သည္။ အရင္ဝါးကို ဆြဲထုတ္၊ ဓားျဖင့္ ခြဲ၏။ နံရံအျပင္တန္းအျဖစ္ သုံးထားေသာ တင္းဝါး ပထမအဆစ္ဝါးလုံး ေခါင္းထဲ
တြင္(၄)လက္မအိမ္႐ိုက္ေဆာက္သံတစ္ေခ်ာင္းသာေတြ႕ရသည္။ ဘာေႁမြမွ မရွိ။ အိမ္႐ိုက္သံသည္အဖ်ားခြၽန္ထက္ေနသည္။ ထိုအရာစူးမိျခင္းေပလား။ “ဘာေႁမြမွ မေတြ႕ပါလားကြ၊ ဒီသံေခ်ာင္းပဲ ရွိတာ။ ဒီသံေခ်ာင္းပဲ စူးတာေနမွာပါ”
ကိုတင္လွက ေျပာသည္။ ကိုတင္ျမင့္က ဟိုဟိုသည္သည္ လိုက္ ၾကည့္သည္။
“တကယ္က်ဳပ္ကို ေႁမြကိုက္လိုက္တာပါဗ်ာ”
ကိုၾကင္ဟန္က သူ႔လက္ေကာက္ဝတ္ကို ျပသည္။ မွန္သည္ လက္ ေကာက္ဝတ္တြင္ ေသြးစို႔ေနသည္။ ေဒၚေအးကပ်ာပ်ာသလဲ –
“ေႁမြကိုက္တယ္လို႔ မေျပာနဲ႔ဟ၊ ေတာ္ေတာ္ၾကာ အပမွီေနဦးမယ္။ ပိုး ထိတယ္လို႔ေျပာ။ အပမွီတတ္တယ္”
ကိုက္သည့္အခ်ိန္မွာနံနက္(၉)နာရီ၊ ဆယ္နာရီခန႔္။ ကိုၾကင္ဟန္ဒယီး ဒယိုင္ျဖင့္ အိမ္ျပန္လာသည္။ ႐ြာေျမာက္ပိုင္း မိမိအိမ္အျပန္ တစ္အိမ္တက္ ဆင္း မိမိကို ေဒၚေအးတို႔အိမ္မွ ေႁမြကိုက္လိုက္ေၾကာင္း လိုက္ေျပာသည္။ အိမ္သို႔ေရာက္လွ်င္ ဇနီးမေအးက်င္အားမိမိေႁမြကိုက္ခံရေၾကာင္းမိမိဆုံးပါး သြားပါက ေနာက္အိမ္ေထာင္ျပဳႏိုင္ေၾကာင္းေျပာရာ ဇနီးမေအးက်င္က မ်က္စိမ်က္ႏွာပ်က္ကာ –
“ကိုၾကင္ဟန္ရယ္ – နမိတ္မရွိနမာမရွိဘာေတြေျပာေနတာလဲ။ ေႁမြကို လည္းမေတြ႕ရဘဲနဲ႔”
“ငါ-တကယ္ေျပာတာပါ။ငါ့ကိုေႁမြကိုက္တာအမွန္ပဲ။ သံစူးတာမဟုတ္
ဘူး၊ ငါမေနရေတာ့ဘူး”
ဤသို႔ျဖင့္ ယင္းေန႔ညေန(၃)နာရီတို႔တြင္ကိုၾကင္ဟန္ဆုံးသည္။ မည္ သည့္ေဆး၊ မည္သည့္ဆရာႏွင့္မွ်မကုလိုက္ရ။ ႐ုတ္တရက္ျဖစ္၍႐ြာေျမာက္ ဘက္သုသာန္တြင္ ေန႔မကူးမီ မီးသၿဂႋဳဟ္လိုက္ၾက၏။
ဝါးလုံးေခါင္းထဲမွ ေႁမြကိုက္၍ ကိုၾကင္ဟန္ ဆုံးပါးခဲ့၏။ ထိုဝါးလုံး ခြဲ ၾကည့္ေသာအခါ(၄)လက္မအိမ္ေဆာက္သံတစ္ေခ်ာင္းကိုသာေတြ႕ရသည္။

မည္သည့္ေႁမြမွမရွိ၊ အျခားအဆိပ္ရွိ သတၱဝါတစ္ေကာင္တေလမွ်ပင္ မေတြ႕ရေပ။ ထူးဆန္းေပစြ။ ဪ- တိုက္ေႁမြဆိုတာဒါမ်ားလား။
ဂ်ပန္ေခတ္…။
လူအမ်ားက ဤသို႔ ေခၚၾက၏။ ၁၉၄၂- ၁၉၄၅ ခုႏွစ္အတြင္း။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းဦးေဆာင္ေသာရဲေဘာ္သုံးက်ိပ္သည္ ဗမာ့လြတ္လပ္ေရးတပ္ မေတာ္ (ဘီအိုင္ေအ)ကို ဖြဲ႕စည္း၍ ဂ်ပန္ႏွင့္ပူးေပါင္းကာ အဂၤလိပ္တို႔အား တိုက္ထုတ္ခဲ့၏။ အဂၤလိပ္အစိုးရသည္ အိႏၵိယႏိုင္ငံ ဆင္းမလားသို႔ ဆုတ္ ခြာၿပီး ျမန္မာျပည္အဝွမ္း ေျမလွန္စနစ္က်င့္သုံးခဲ့ရာတံတားခ်ိဳး၊ လမ္းဖ်က္၊ ေငြတိုက္ မီးရႈိ႕စသည္ျဖင့္ ရစရာမရွိ။
ဂ်ပန္တို႔က လြတ္လပ္ေရး ေပးသည္။ အတုအေယာင္ လြတ္လပ္ေရး၊ ေ႐ႊရည္စိမ္လြတ္လပ္ေရးေခၚၾက၏။ ဖက္ဆစ္ဂ်ပန္တို႔ဒဏ္ကို ျပည္သူေတြ အလူးအလဲ ခံရ၏။ ဂ်ပန္ကင္ေပတိုင္တို႔က အလိုေတာ္ရိမ်ား သတင္းေပးမႈ အရဖမ္း၏။အမ်ိဳးမ်ိဳးညႇဥ္းပန္းႏွိပ္စက္၏။ထိုေခတ္ထိုအခါကဂ်ပန္စကားျပန္ ဂ်ပန္အလိုေတာ္ရိတို႔အား အခ်င္းခ်င္း ျပန္ေၾကာက္ၾကရ၏။ ဘုရားသုံးဆူ သံျဖဴဇရပ္ေသမင္းတမန္ရထားလမ္းမႀကီးအတြက္ေခြၽးတပ္ဆြဲခံၾကရ၏။ “ေထာင္မလဲ – သဲေကာ္ “ဂ်ပန္ေငြစကၠဴကို ႐ိုက္ထုတ္သုံးစြဲခဲ့ရာ အတိုင္းအဆမရွိထင္သလိုထုတ္ခဲ့သျဖင့္ ေငြေၾကးေဖာင္းပြကာ ဂုန္နီအိတ္ ျဖင့္ ေငြစကၠဴထည့္ၿပီး ေငြေပး၊ ေငြေခ်လုပ္ၾကရသည္ဆို၏။ တစ္တိုင္းတစ္ျပည္လုံး ဆီရွား၏၊ ဆပ္ျပာရွား၏။
ဆီရွားသျဖင့္ ဝက္ဆီကိုသာ သုံးၾကသည္။ ထိုဝက္ဆီေၾကာင့္ လူတိုင္း လိုလို သန္းႀကီးမတြယ္၊ ဝဲစြဲၾက၏။ ဆပ္ျပာကား နတၱိ၊ ဆပ္ျပာအစား နာနတ္ ခြံေခ်ၿပီးအျမႇဳပ္ထေအာင္လုပ္ကာအဝတ္ေလွ်ာ္ရ၏။အဝတ္ခ်ဳပ္ရာမွာလည္း
နာနတ္ခ်ည္ျဖင့္ပင္။
အထူးသျဖင့္ မရွိမျဖစ္ ဆား…။
ဆားမရွိသျဖင့္ ကမ္းေဘးေပါက္သည့္ ဓနိပင္ (ဓနိေဘာင္)ကို ျပာခ်၊ အရည္ေဖ်ာ္၊ ဆားျပန္ခ်က္။
ကြမ္းစားတတ္သူမ်ားကလည္း တစ္ဒုကၡ။ သြားေရးလာေရး လမ္းပန္း ဆက္သြယ္မႈျပတ္ေတာက္၍ကြမ္းသီးကမရွိ၊ သေဘၤာသီးကိုကြမ္းသီးအစား
သုံးၾကရ၏။
တည္း။
ရွားမွရွား၊ အစစအရာရာရွား၊ တကယ္ရွားပါးေသာ ေခတ္ႀကီးေပ
ေျမာင္းျမခ႐ိုင္၊ အိမ္မဲၿမိဳ႕နယ္အတြင္းရွိ ႐ြာကေလး။ အိမ္ေျခသုံးရာခန႔္။ အိမ္မဲၿမိဳ႕၏ေျမာက္ဘက္။ တူးေျမာင္းသာျခား၏။
တူးေျမာင္မွာ ေ႐ႊေလာင္းျမစ္ႏွင့္ အိမ္မဲျမစ္တို႔အား ဆက္သြယ္ရန္ အဂၤလိပ္ေခတ္က ေဖာက္ခဲ့ျခင္းျဖစ္သည္။ ေ႐ႊေလာင္းႏွင့္ အိမ္မဲၾကား တစ္ တီတူး – သုံးခြဂ်ပန္ေတာ္လွန္ေရးတိုက္ပြဲမွာဂ်ပန္တပ္မ်ားႏွင့္မ်ိဳးခ်စ္ေတာ္ လွန္ေရးတပ္မ်ားအၾကားရက္ရွည္ျပင္းထန္ေသာတိုက္ပြဲတစ္ပြဲျဖစ္၏။ ဂ်ပန္
တပ္မ်ား အထိနာဆုတ္ခြာသြားၾက၏။
တူးေျမာင္းဝႏွင့္အိမ္မဲျမစ္တို႔ဆုံရာ႐ြာေတာင္ဘက္ထိပ္တြင္ဘူးဘုရား။
႐ြာလယ္ ဦးစကၠိန္ဘုန္းႀကီးေက်ာင္း၊ ႐ြာေျမာက္ဘက္ထိပ္တြင္ ဦးမာလာ ဘုန္းႀကီးေက်ာင္းႏွင့္ ႐ြာသုသာန္။ အိမ္မ်ားမွာ အိမ္မဲျမစ္ကပ္ေဘးႏွင့္ ႐ြာ လမ္းျခားၿပီး ကုန္းဘက္ပိုင္း၌ မ်က္ႏွာခ်င္းဆိုင္ေဆာက္လုပ္ထားၾက၏။ ေျမာင္းျမ-လပြတၱာေ႐ြးျမစ္လမ္းအတိုင္းလာပါက ပုလု႐ြာႏွင့္ ေညာင္ ဝိုင္း႐ြာတို႔တြင္ အိမ္မဲျမစ္ႏွင့္ဆုံ၏။ ရွမ္းစု၊ က်ဳံစိန္၊ လူေခါင္းကြၽန္း၊ ခေလာက္ သိုက္၊ ႐ြာသစ္၊ ဂ်ဳံးဂ်ဳံးက်၊ ႀကိဳ႕ကုန္း၊ ထန္းတစ္ပင္၊ သဖန္းပင္ဆိပ္ ႐ြာစဥ္ အတိုင္းလာပါကကန္ႀကီးေထာင့္ၿပီးလွ်င္တူးေျမာင္းဝေက်ာ္ကအိမ္မဲၿမိဳ႕သို႔
ေရာက္သည္။
ျမစ္ဝကြၽန္းေပၚေဒသျဖစ္၍လယ္ယာစိုက္ပ်ိဳးျခင္း၊ဥယ်ာဥ္ၿခံစိုက္ပ်ိဳးျခင္း
တို႔ကို အမ်ားစုလုပ္ကိုင္ အသက္ေမြးမႈ ျပဳ၏။ ၾကက္၊ ဘဲ၊ ႏြား၊ ဝက္၊ အိမ္ေမြး တိရစာၦန္မ်ားကိုလည္းအပိုဝင္ေငြရရန္ေမြးျမဴထားၾကသည္။
အစစအရာရာ ရွားပါးၿပီး စစ္တြင္းကာလ ယခုလို အခ်ိန္မ်ိဳးတြင္ အေရာင္းအဝယ္မျဖစ္။ သြားေရးလာေရးခက္။ပစၥည္းခ်င္းတန္ဖိုးညႇိလဲလွယ္ သည့္ဘာဒါစနစ္ကိုသာက်င့္သုံးရ၏။ သည္ၾကားထဲဂ်ပန္စစ္တပ္ႏွင့္၎တို႔ အလိုေတာ္ရိမ်ားက ပါး႐ိုက္၊ နား႐ိုက္၊ ၾကက္ဆြဲ၊ ႏြားဆြဲ၊ တရားဥပေဒစိုးမိုးမွ မရွိ။ ၎တို႔ ေျပာသမွ်အမိန႔္ မလိုက္နာလို႔ကေတာ့ ေသၿပီသာမွတ္။

ကိုၾကင္ဟန္၏ဘဝအစကို ျပန္ဆက္ၾကပါစို႔ ….။
“ကိုၾကင္ဟန္ေရ အိမ္မွာ ထင္းမရွိေတာ့ဘူး။ ထင္းရွာထားဦး။ ကြၽန္မ ေဈးေရာင္းထြက္ေတာ့မယ္”
နံနက္ေစာေစာ ေဈးေရာင္းမထြက္မီ ဇနီး မေအးက်င္ မွာသြားခဲ့၏။ “ေအး-ေအး”
ကိုၾကင္ဟန္၊ မေအးက်င္တို႔ လင္မယားက ႐ြာေျမာက္ပိုင္းဘုန္းႀကီး ဦးမာလာေက်ာင္းဝိုင္းမနီးမေဝးျမစ္ကမ္းဘက္ျခမ္း၌ေနၾက၏။ အိမ္ေထာင္ သက္(၁၀)ႏွစ္နီးပါးရွိၿပီျဖစ္ေသာ္လည္းကေလးမရွိ။လင္မယားႏွစ္ဦးတည္း။
တကယ္ေတာ့ကိုၾကင္ဟန္ကလူေပၚေၾကာ့။ မိဘမ်ားရွိစဥ္ကပင္ ဘာအလုပ္ မွ် မည္မည္ရရ လုပ္သည္မရွိ။ ႐ြာ႐ိုးကိုးေပါက္ ေလွ်ာက္သြား။ လတ္လ်ား လတ္လ်ားႏွင့္။ တစ္ေန႔ – တစ္ေန႔ ဒီလိုပင္ အခ်ိန္ကုန္၏။
ဒါေပမဲ့-ကိုၾကင္ဟန္အိမ္ေထာင္က်ကံေကာင္းသည္။ ဇနီးမေအးက်င္ က အလုပ္ႀကိဳးစား၏။ မိဘမ်ားလက္ထက္ အပ်ိဳဘဝကပင္ ေကာက္စိုက္၊ ပ်ိဳးႏုတ္ ေန႔စားလိုက္၏။ အိမ္ေထာင္က်ေတာ့လည္း ေဈးေတာင္းေခါင္းေပၚ တင္၊ေန႔စဥ္ေကာက္ညႇင္းေပါင္းႏွင့္ပဲျပဳတ္လွည့္ေရာင္းသည္။ ကိုၾကင္ဟန္ ဘာမွ် မလုပ္သည္ကို မျငဴစူရွာ။ ဘာမွလည္း မေျပာ။ ကိုၾကင္ဟန္ကေတာ့

အိမ္မွာ ထင္းရွာ၊ ေရခပ္၊ အားလွ်င္ ႐ြာထဲ တစ္အိမ္ဝင္၊ တစ္အိမ္တက္ ေလွ်ာက္သြား၏။
ယေန႔နံနက္တြင္လည္း ႐ြာေျမာက္ဘက္ေတာသို႔သြား၍ ထင္းရွာကာ၊ အိမ္တြင္ ထားခဲ့ၿပီး ႐ြာေတာင္ဘက္သို႔ ထြက္လာခဲ့၏။ “ဟာ- ေဒၚေအးတို႔က သူေဌးပဲဗ်
ကိုၾကင္ဟန္က ေဒၚေအးတို႔ အိမ္နံရံတြင္ခ်ိတ္ထားေသာ ဆီပုလင္းကို ၾကည့္၍ေျပာလိုက္၏။
ေဒၚေအးတို႔အိမ္မွာ ႐ြာေတာင္ဘက္ ဦးစကၠိန္ဘုန္းႀကီးေက်ာင္းဝိုင္း မလွမ္းမကမ္း၌ ရွိသည္။ ေဒၚေအးက မုဆိုးမ။ သားသုံးေယာက္ႏွင့္ အတူ ေန၏။
အႀကီးဆုံးသားက ေက်ာင္းဆရာ ကိုတင္လွ။ ေက်ာင္းဆရာပီပီ ေနရာ တကာ ဆရာလုပ္တတ္၏။ စပ္စပ္၊ စပ္စပ္ႏွင့္ ေနရာတကာပါ၏။ ႐ြာထဲတြင္ မည္သူႏွင့္မွ် သိပ္မတည့္။ အိမ္ေထာင္သည္ ကေလးသုံးေယာက္ရွိၿပီး မိခင္ ႀကီးႏွင့္အတူ ေန၏။
သားအလတ္က ကိုတင္ျမင့္။ တစ္႐ြာလုံးက ႐ြံ႕ေၾကာက္ေၾကာက္ၾက သည္။ သူကား ဂ်ပန္အလိုေတာ္ရိ။ သတင္းေပးတစ္ေယာက္။ အိမ္မဲၿမိဳ႕ရွိ ဂ်ပန္ကင္ေပတိုင္႐ုံးႏွင့္ အဆက္အသြယ္ရွိ၏။ သူႏွင့္ မတည့္လွ်င္ မတည့္ သလို သတင္းေပးၿပီး ဂ်ပန္တို႔အႀကိဳက္ လိုက္လံလုပ္ေဆာင္ေပး၏။ သူႏွင့္ မတည့္ေသာ ကန္ႀကီးေဒါင့္ကုန္းပိုင္းက ဘႀကီးဘိုးေခြးသား လွေမာင္ႏွင့္ လွေဆာင္တို႔ညီအစ္ကိုေခြၽးတပ္ထဲပါသြား၏။ ေျမာက္ပိုင္းကမုဆိုးမေဒၚေငြ စိန္၏သား ျမေမာင္ကလည္း ထိုနည္းတူပင္။ ဂ်ပန္တို႔ ဆင့္ဆိုသမွ် ၾကက္၊ ဝက္၊ ဆန္၊ စပါး၊ အႏိုင္က်င့္ ေကာက္ခံၿပီးပို႔ေပး၏။
ဂ်ပန္တို႔ကလည္း ေမာင္တင္ျမင့္မွ ေမာင္တင္ျမင့္။ ေျပာသမွ် အကုန္ ယုံသည္။ သူေတာင္းဆိုသမွ်အခြင့္အေရးေပးသည္။ သူ႔ေၾကာင့္႐ြာတြင္မေန ရဲ၍ တျခားေျပာင္းသြားသူေတြလည္း ရွိသည္။ တခ်ိဳ႕လူငယ္လူ႐ြယ္မ်ားက ေတာ္လွန္ေရးထဲ လိုက္သြားသည္။ ကိုၾကင္ဟန္ႏွင့္ကား ေက်ာင္းေနဘက္ ငယ္သူငယ္ခ်င္း။ အငယ္ဆုံးသားေမာင္လွေဖကေတာ့ကိုၾကင္ဟန္လိုပင္။
လူ႔ေပၚေၾကာ့ လက္ေၾကာမတင္း။ အိပ္လိုက္၊ စားလိုက္၊ လည္လိုက္ပတ္ လိုက္ႏွင့္။
“ဘာ- သူေဌးလဲဟယ္၊ ဒီေလာက္ေခတ္ဆိုး၊ ေခတ္က်ပ္ႀကီးထဲမွာ” ေဒၚေအးက ျပန္ေျပာသည္။ ကိုၾကင္ဟန္ကို မေက်မနပ္ ေတြ႕၍ ၾကည့္ေနသည္။
“ဆီပုလင္းေလဗ်ာ – သူမ်ားေတြ ဆီမရွိလို႔ ဝက္ဆီပဲ သုံးၾကရတာ။ ေဒၚေအးတို႔က ပုလင္းလိုက္ႀကီးမ်ားေတာင္”
ေဒၚေအးက ႏႈတ္ခမ္းတစ္ခ်က္ ကိုက္လိုက္သည္။ ကိုၾကင္ဟန္ကို စိုက္ ၾကည့္ေနသည္။
ဪ- ဒါ မေန႔က ေမာင္တင္ျမင့္ အိမ္မဲက ယူလာတာေလ။ နင္- မနာလိုျဖစ္ေနတာလား၊ ေျပာစမ္း – နင္လည္း စားခ်င္ရင္ ဒီလိုပဲ ရွာေပါ့ဟဲ့” “သူ႔ကို ဂ်ပန္မာစတာေတြ ေပးတာျဖစ္မွာေပါ့”
ကိုၾကင္ဟန္ အိမ္ေရွ႕ဖိနပ္ခြၽတ္တြင္ ေျပာေျပာဆိုဆို ဝင္ထိုင္သည္။ ထို႔ေနာက္ မိမိေဘးရွိ ဝါးထရံဝါးလုံးတန္းသို႔ လက္လွမ္းတင္လိုက္ရာ လက္ ေကာက္ဝတ္၌ စစ္ခနဲ ျဖစ္သြားသည္။ ငုံ႔ၾကည့္သည္။ ဘာပါလိမ့္ – “ဟာ- ဘုရားေရ၊ က်ဳပ္ေတာ့ ေႁမြကိုက္ၿပီဗ်”

အေမေျပာေသာဇာတ္လမ္းကား ဤတြင္အဆုံးသတ္၏။ “သနားစရာပဲ-အေမရာ”
ေဒၚေအးတို႔ မိသားစုသည္ ေခတ္ပ်က္ထဲတြင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားႏိုင္ ေသာက္ႏိုင္ျဖဳန္းႏိုင္ၾကေပရာ မေက်နပ္သူမ်ားသည္။ လူမုန္း သူမုန္းလည္း ေပါသည္။ ေနာက္ၿပီး သူတို႔မိသားစုက တြန႔္တိုတတ္သည္။ မရွိႏြမ္းပါးသူကို ေပးကမ္းစြန႔္ႀကဲေလ့မရွိ။ ျငဴစူတတ္သည္။ ထို႔ေၾကာင့္ လူမုန္းမ်ားရျခင္းပင္။ ၾကားကဓားစာခံၾကင္ဟန္ျဖစ္ေနၿပီလား။
“ေအး – ကံနိမ့္တဲ့သူခံရတာေပါ့။လုပ္တဲ့သူကေတာ့ေဒၚေအးတို႔မိသား စုကိုလုပ္တာျဖစ္မွာေပါ့။ သူတို႔က သိတဲ့အတိုင္းပဲေလ”
ဗ်ာ”
“ဒါနဲ႔ – အေမ၊ သံေခ်ာင္းကေန ေႁမြျဖစ္တယ္ဆိုေတာ့ ဟုတ္ပါ့မလား
“တိုက္ေႁမြလို႔ေျပာၾကတာပဲ။တိုက္ေႁမြဆိုတာတုတ္၊ႀကိဳးႏြယ္ပင္ကေန
ေႁမြျဖစ္ေအာင္ လုပ္တာေလ”
“ေနာက္ၿပီး အစိမ္းေသဆိုေတာ့ တစ္႐ြာလုံးမေနႏိုင္ဘူး။ မီးသၿဂႋဳဟ္ ေတာ့လည္းအံ့စရာပဲေညႇာ္လိုက္တာလဲမေျပာနဲ႔ေတာ့။ တစ္႐ြာလုံးမေနႏိုင္ ဘူး။ေျခာက္တာလည္းတကယ္ေျခာက္ဆိုပဲ၊ညဘက္သူ႔အိမ္ေနာက္ဘက္
ကေရအိုးေတြကိုေမႊေႏွာက္သံေတြၾကားရတယ္။ေျခသံေတြ၊ေခြးအူသံေတြ
ေၾကာက္စရာႀကီးတဲ့။
နင့္အေဒၚမတင္ေ႐ႊတို႔အိမ္နဲ႔ကတစ္အိမ္ေက်ာ္ေလ”
ကြၽန္ေတာ္ ငယ္စဥ္ေက်ာင္းသားဘဝက ဤဇာတ္လမ္းကို အေမေျပာ ေတာ့အိမ္အမိုး၊ နံရံေတြကဝါလုံးေခါင္းေတြကိုမထိရဲ၊ မကိုင္ရဲခဲ့။ သံေခ်ာင္း ကိုပင္ ေႁမြအမွတ္ႏွင့္ ေၾကာက္ေနမိသည္။
ထူးေတာ့ထူးဆန္း၏။ အဝိညာဏကသက္မဲ့သံေခ်ာင္းကေႁမြျဖစ္သည္ တဲ့။ ငယ္စဥ္ လမ္းေဘးမ်က္လွည့္ဝိုင္းေတြမွာ ရွမ္းေဘာင္းဘီအနက္ႏွင့္ ေယာျပန္၊ ေဆာျပန္ဆရာတို႔က သက္မဲ့ပစၥည္းေတြကို သက္ရွိျဖစ္ေအာင္ မ်က္လွည့္ပညာျဖင့္လုပ္ျပသည္ကိုျမင္ခဲ့ဖူးပါ၏။ ဒါကမ်က္လွည့္ပညာသာ။ အေပ်ာ္တမ္း ပၪၥလက္ပညာ။
သို႔ေသာ္ – စာေရးသူအရာရွိငယ္ဘဝ ေထာင္ႀကီးတစ္ေထာင္၌ အမွ ထမ္းစဥ္ ဘိုးေတာ္စစ္ဆင္ေရးျဖင့္ နာမည္ႀကီးဘိုးေတာ္တခ်ိဳ႕ ေထာင္တြင္း ေရာက္လာၾက၏။ သူတို႔ကလည္း သူတို႔နည္း သူတို႔ဟန္ျဖင့္ အစြမ္းျပၾက သည္။ ေမးသမွ် အေျဖကို ဘုရားေက်ာင္းေဆာင္ ေညာင္ေရအိုးမွ အသံ ျဖင့္ အေျဖေပးသည္။ အခ်ိဳ႕က ေလထဲသို႔ လက္ဖဝါးေျမႇာက္လိုက္သည္ႏွင့္ အေဆာင္လက္ဖြဲ႕တစ္မ်ိဳးမ်ိဳး ပါလာသည္။ စိတ္နယ္လြန္ ျဖစ္ရပ္ဆန္းေတြ
ပင္။
တစ္ဦးဆိုလွ်င္ အိတ္ထဲပါလာေသာ ေငြစကၠဴအေႂကြေစ့၊ အမ်ိဳးအစား မည္ေ႐ြ႕မည္မွ်၊ ေငြစကၠဴနံပါတ္မက်န္ ေျပာသည္။ တိတိက်က် ျဖစ္သည္။ အံ့ဩစရာေကာင္းလွသည္။
မိမိေမးလိုေသာ ေမးခြန္း (၅)ခုကို စာ႐ြက္တစ္႐ြက္ေပၚတြင္ ခ်ေရး၊ ထိုစာ႐ြက္ကိုလက္ျဖင့္ ႐ိုက္ခ်လိုက္သည္ႏွင့္တစ္၊ႏွစ္၊သုံး၊ေလး၊ အေျဖငါးခု ေျဖၿပီးသား။ ႐ုကၡစိုးေမွာ္ ေအာင္ထားသည္တဲ့။ ေလာကီပညာေပပဲလား။ တန္ခိုးဣဒၶိပါတ္ေပလား။
ဗုဒၶျမတ္စြာဘုရား၏ပဋိစၥသမုပါဒ္…။
အဝိဇၨာ ပစၥယာ၊ သခၤါယာ- မသိနားမလည္မႈေၾကာင့္ ကုသိုလ္၊ အကု သိုလ္ကံတို႔ ျပဳလုပ္၏။
သခၤါယပစၥယ ဝိဉာဏ- ျပဳေသာကုသိုလ္၊ အကုသိုလ္ ကံတရားတို႔ ေၾကာင့္ ဝိညာဥ္စိတ္ျဖစ္၏။
ဝိညာဏပစၥယာ နာမ႐ူပံ ထိုဝိညာဥ္ေၾကာင့္ နာမ္ႏွင့္႐ုပ္တို႔ ျဖစ္ေပၚ၏။ ဩကာသေလာကဘုံဌာနတို႔တြင္-
(၁) အပါယ္ဘုံ
(၂)လူ႔ဘုံ
(၃)နတ္ဘုံ
(၄) ႐ုပ္၊ နာမ္ (၂)မ်ိဳးရွိ
(႐ူပ) ျဗဟၼာဘုံ
(၅)႐ုပ္သက္သက္သာရွိ
(၆)(အသညသတ္) ျဗဟၼာဘုံ နာမ္သက္သက္သာရွိ
(အ႐ူပ) ျဗဟၼာဘုံ၄ တို႔
စုစုေပါင္း (၃၁)ဘုံရွိေၾကာင္း မွတ္သားရပါမည္။ ထို (၃၁)ဘုံတြင္ ႐ုပ္ သည္ ဆင္းရဲေၾကာင္းျဖစ္၍ ႐ုပ္ အလိုမရွိသည့္ အက်င့္ကို က်င့္ေသာ သူတို႔ မွာ အ႐ူပျဗဟၼာဘုံ၌ ျဖစ္ၾကရၿပီး နာမ္ကို အလိုမရွိ၍ ထို အက်င့္ကို က်င့္ၾက သူတို႔မွာ အသညသတ္ ျဗဟၼာဘုံ၌ ျဖစ္ၾက၏။
ကံ-ကံ၏ အက်ိဳးကို ယုံၾကည္လက္ခံၾကသူတိုင္း ဆိုင္ရာ ဆိုင္ရာ အက်င့္ကို က်င့္ႀကံ ႀကိဳးကုတ္ အားထုတ္ၾကပါလွ်င္…။ (အေမေျပာေသာဇာတ္လမ္းမ်ားမွ)