” မေတ္တာစွမ်းအား၏သက်ရောက်မှု “(စ/ဆုံး)

Unicode Version

” မေတ္တာစွမ်းအား၏သက်ရောက်မှု “(စ/ဆုံး)
————————————————

ညနေရီချမ်းမှုန်ရီစအချိန်မို့ အလင်းအားလျော့
လို့နေပြီ ဖြစ်သည်။ကျွန်ုပ်လည်းလှည်းလက်စ
အုန်းတံမြက်စည်းကို မန်ကျည်းပင်အို ကြီးတွင်
ထောင်ထားလိုက်ကာ မန်ကျည်းပင်အိုခြေရင်း
တွင်ရှိနေသည့် ကွပ်ပျစ်ပေါ်တွင် ထိုင်လိုက်သည်။
နဖူးမှချွေးစများကို သုတ်လိုက်ရင်းကွပ်ပျစ်ပေါ်ရှိ
ရေနွေးကရားကို ဆွဲယူလိုက်သည်။ရေနွေးကရား
ကို မှဲ့နေမိစဉ်မှာပင် လက်ဖက်ခြောက်တစ်ဆို့ဆို့
ဖြစ်နေသည်ကို သတိပြုမိ လိုက်ကာရေနွေးအိုးအ
ဖုံးကို ဖွင့်လိုက်မိဖြစ်သည်။ရေနွေးအိုးအတွင်းထိုး
ထိုးထောင်ထောင် လှုပ်ခတ်နေသည့်လက်ဖက်ရိုး
ဖတ်နှစ်စကိုတွေ့ရသဖြင့်အလောတကြီးလက်ဖြင့်
နှိုက်ထုတ်လိုက်သည်။ပူလိုက်သည့်ဖြစ်ခြင်း၊ပူလိုက်
သည့် ဒဏ်ကြောင့် ရေနွေးအိုးထည့်ထားမိသည်မှာ
မကြာလှသေးပါလားဟူသည့်အသိကဝင်လာသည်။
အသိနှင့်အတူအဘိုးဒိဗ္ဗပြောခဲ့သည့်စကားတစ်ခွန်း
ကရင်ထဲမှာ ရိုက်ခတ်သွားသည်။
သတိဆိုတာပိုတယ်လို့မရှိဘူးကွ။သတိပဋ္ဌာန်ကျင့်
စဉ်သဘောအတိုင်းအရာရာမှာ ထိသိ သတိဆိုတဲ့
အသိရင်ထဲမှာ အမြဲထား။ သားအခုကျင့်ကြံပွားများ
နေတဲ့မေတ္တာဘာဝနာ၊စဉ်ဆက်မပြတ်ရွတ်ဖတ်နေ
တဲ့ခန္ဓသုတ်၊ဘာဝနာတွေတစ်ချိန်ချိန်မှာသားအတွက်
အစွမ်းသတ္တိတွေဝင်လာမယ်။သိဒ္ဓိတစ်မျိုးမဟုတ်တစ်
မျိုးရလာမှာ သေချာတယ်၊ အစွမ်းထက်လာမယ်။”
ရင်ထဲမှာ လှုပ်ခတ်သွားသည့် စကားစုတို့ကြောင့်
အတိတ်ပုံရိပ်တို့က အတွေးအိမ်ထဲဝင်ရောက်လာ
ခဲ့တော့သည်။ အတိတ်ကသည်လိုပါ..။မှတ်မှတ်ရ
ရနေ့လေးတစ်နေ့ပင်မိုးကဖွဲဖွဲလေးကျနေသည်။
အဘိုးဒီဗ္ဗကအဓိဋ္ဌာန်အောင်ခြင်းအထိမ်းအမှတ်အ
ဖြစ်သာဓုကန်စေတီတော်အားအောက်ခြေမြေပြင်မှ
လက်ျာရစ်ပတ်ကြရန်ပြောသဖြင့်အဘိုးဒိဗ္ဗနောက်
ပါးမှကပ်လိုက်လာမိသည်။ တောင်ညီနောင်၏အ
နောက်ဘက်ကျကျတွင်တည်ရှိသောတောင်တော်တွင်
အဓိဋ္ဌာန်ဝင်နေဖြစ်သည်မှာကိုးရက်တင်းတင်းပြည့်
ပြီးဖြစ်သည်။တောင်ညီနောင်၏အနောက်ဘက်တောင်
ပေါ်မှစဆင်းလာကတည်းကမိုးဖွဲလေးများစတင်ကျ
နေပြီပင်ဖြစ်သည်။ကျွန်ုပ်သာဓုကန်ရေပြင်ကျယ်ကြီး
ကိုလှမ်းငေးမောနေမိသည်။ ရေမှုန်မှုန်လေးများကျ
နေသဖြင့်ဂယက်ငယ်လေးများပွက်နေသည်မှာကြည့်
ကောင်းလှသည်။ အဘိုးဒိဗ္ဗခြေလှမ်းများဖျတ်ခနဲရပ်
တန့်သွားသဖြင့် ကျွန်ုပ်လည်းရပ်တန့်သွားမိရသည်။
အဘိုး ဒိဗ္ဗ“ငါ့သား မကြောက်နဲ့၊ ခန္ဓသုတ်နဲ့မေတ္တာ
သုတ်ကို ဆက်တိုက်ပွားထား၊ မေတ္တာဖြန့်ပါအမုန်း
မပွားနဲ့၊ မစ္ဆိရိယစိတ်ဖျောက်” ဟု သတိပေးစကား
ဆိုလာသည်။ကျွန်ုပ်ရှေ့တူရူဆီသို့လှမ်းကြည့်လိုက်
ရာ ကျွန်ုပ်နှင့် အဘိုးဒိဗ္ဗ လျှောက်မည့်လမ်းအလယ်
တည့်တည့်တွင် ပိတ်ဆို့ရပ်တန့်နေသည့်ပိုးကောင်
ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။လက်ကောက်
ဝတ်သာသာခန့်ရှိသည့်မြွေဟောက်ကြီးတစ်ကောင်
ကျွန်ုပ်တို့ထံသို့ဦးတည်ကာပါးပျဉ်း ခွက်ထားလျက်
ရှိနေသည်။ မဲနက်ရှည်လျားလှသည့်အကောင်ရှည်
ကြီး၏လည်ပင်းတွင်အဝါရစ်သုံးရစ်ရှိနေပြီးပါးပျဉ်း
တွင်ညောင်ရွက်သဏ္ဌာန်အထင်အရှားရှိနေသည်ကို
တွေ့လိုက်ရသည်။ အဘိုးဒိဗ္ဗကလက်ကိုရှေ့သို့ဆန့်
တန်းလိုက်ကာမြွေဟောက်ကြီးအားလက်ညှိုးထိုးလိုက်ပြီး-
“ကဲ.. ကဲ သားကြီးရေ- ယင်းလပ်းပင်းသွား- တို့က
ပင်းရန်သူတွေ မဟုတ်ဘူးကွယ့်။ ကဲ.. မင်းသာဓုခေါ်၊
တို့ကအခုမှအဓိဋ္ဌာန်ကထွက်လာတာကွ၊ ကဲ ကဲတို့
ပြုခဲ့သမျှ ဘာဝနာအဓိဋ္ဌာန်ကုသိုလ်တို့ကိုသာဓုခေါ်
ပေါ့ ကွားအမျှအမျှအမျှဟု တည်ငြိမ်လေးနက်သော
အသံဖြင့်တတွတ်တွတ်ပြောဆိုလိုက်သည်။မြွေဟောက်
နက်ကြီးလျှာလေးပြုတစ်ပြူတစ်လုပ်နေရာကပါးပျဉ်း
ကိုလျှော့လိုက်သည်။လုံးတုံးတုံးအနေအထားသို့
ဦးခေါင်းရောက်သွားသည်နှင့်ဦးခေါင်းနှင့်မြေပြင်ကို
သုံးကြိမ်သုံးခါတိုင်ထိတို့တော့သည်။ထိတိမူပြီးသည်
နှင့်ကန်စပ်ရှိချုံတောထဲသို့တဖြည်းဖြည်းချင်းတိုးဝင်
လာတော့သည်။ “အဲဒါ တောကြီးမြွေဟောက်မျိုးကွ၊
အင်မတန်အဆိပ်ပြင်းတယ်” ဘိုးဒီဗ္ဗပြောသည်ကို
နားထောင်ရင်း ကျွန်ုပ် ကြက်သီးထသွားမိသည်။
ဘိုးဒိဗ္ဗကခြေလှမ်းမှန်မှန်ဖြင့် ဆက်လျှောက်နေသဖြင့်
ဆက်လိုက်နေရပြန်သည်။စေတီတော်ကြီး၏တောင်
ဘက်သို့ ရောက်မှန်းမသိရောက်လာပြီ ဖြစ်သည်။
ရောက်လာသည်တွင်ဘုရားထီးတော်ကြီးသီတင်း
သုံးနေသည့် ကုန်းလေးအားလက်ညှိုးထိုးညွန်ပြရင်း –
“ငါ့သားအဲဒီထီးတော်က၁၂၄၈ ခုနှစ်ကတည်းက
မြန်မာမင်းဗန္ဓုတင် လှူခဲ့တဲ့ထီးတော်ကွ၊ ၁၂၅၀
ခုနှစ် ထီးတော်အသစ်တင်တော့စေတီကုန်းတော်
ကကျဉ်းကြပ်တာမို့ အခုဖူးရတဲ့အတိုင်း ဒီကုန်းတော်
လေးပေါမှာထားခဲ့ကြတာ၊ဒီကုန်းလေးကနယ်နယ်
ရရမဟုတ်ဘူး၊ အောင်မြေ မှန်တဲ့အောင်တော်မူ
ကုန်းကွ”ဟုအဘိုးဒိဗ္ဗက ပြောသည်။
တောအုပ်လေးတစ်အုပ်ပမာ သစ်ရိပ်ဝါးရိပ်လွှမ်း
ခြုံထားသည့် ထိုအောင်တော်မူ ကုန်းတော်မှာပင်
အဘိုးဒိဗ္ဗက မြွေနှင့် ပတ်သက်သော သိကောင်း
စရာများကို ရှင်းပြကာ ကျွန်ုပ်အား သတ္တဝါကယ်
လုပ်ငန်းအဖြစ်ဆောင်ရွက်ခွင့်ပြုသည်ဟုဆိုလာ
သည်။ ကျွန်ုပ်က“အဘိုး- သားမှာ ဘာပညာမှမ
ရှိသေးဘူးဆိုတော့ သားဘယ်လို အကျင့်တွေ၊
ဆေးဝါးတွေကျင့်ဖို့ရှာဖို့လိုပါသေးသလဲ ခင်ဗျ..”
ဟု ပြန်လည် မေးမိဖြစ်သည်။ အဘို၊ဗ္ဗပြုံးလိုက်
သည်။ ပြီးမှ “သားမင်းကိုအဘိုးတစ်နှစ်ကျော်
ကျော် ပြုစုလေ့ကျင့်ပေးခဲ့ပြီးပြီပဲ၊ မင်းအခုစဉ်
ဆက်မပြတ် ရွတ်နေတဲ့ ခန္ဓသုတ်ရဲ့သိဒ္ဓိစွမ်းတွေ
ကမင်းမှာအပြည့်ရှိနေပြီလေ၊သည်ထက်ကောင်း
တာဘာမှမရှိဘူး။တစ်ခုပဲယင်းသတိထားရမယ်။
အဲဒါကသတိပဋ္ဌာန်ပဲ၊ ဘာကိုလုပ်လုပ်ထိသိသတိ
ရှိနေဖို့ အမြဲကြိုးစားရမယ်။ စိတ်ကိုလွှတ်မထားဘဲ
အမြဲသတိကပ်နေရမယ်ဆိုတာကိုပဲ”ဟုပြောသည်။
ခဏအကြာတွင်အဘိုးကိစ္စထံမှစကားတစ်ခွန်းထွက်
လာသည်။”သား အဘတို့လိုဂန္ဓာရီလမ်းလျှောက်
တဲ့ပုဂ္ဂိုလ်တွေဟာတစ်နေရာ မှာ အမြဲမနေကြဘူး၊
တစ်ပြည်လုံးအနှံ့ လှည့်ပြီး ကျင့်စဉ်တွေကျင့်ကြရ
တာပါ။ သားနဲ့အဘဆုံဖြစ်ကြတာနှစ်နဲ့ချီကြာသွား
ပြီဆိုတော့မနက်ဖြန်ဆိုအဘစမတောင်တော်ဘက်
ခရီးဆက်တော့မယ်”ထိုစကားသည် အဘိုးဒိထံမှ
နောက်ဆုံးကြားခဲ့ရသော စကားသာဖြစ်ပါသည်။
အတွေးစတို့ လွင့်ပျံနေမိသည်မှာမည်မျှကြာသွား
သည်မသိ။ထားသောလက်ဖက်ရည်ကြမ်းပန်းကန်
ကိုမျက်စိရောက်သွားမိတော့မှအတွေးစတို့ကပြတ်
သွားသည်။ အဘိုးဒိဗ္ဗပြောသွားခဲ့စဉ်ကကျွန်ုပ်ကို
ကျွန်ုပ်ယုံကြည်နိုင်မှုမရှိခဲ့သေးသော်လည်းယခုအ
ချိန်တွင်မူအုတ်ဖို၊ ဗုံရှည်ကုန်း၊သံဒင်း၊တကူခြံ၊မိ
ချောင်းအိုင်ရွာများကပါအားကိုးအားထားပြုနေကြ
ရသည့်ဆရာကြီးတစ်ဆူအဖြစ်ရပ်တည်နေနိုင်ခဲ့
သည်ကအမှန်ပင်။ဆန်းကြယ်လှသည်တော့မဟုတ်။
ကျွန်ုပ်သည်ခန္ဓသုတ်ပေးလာသောအကျိုးအာနိသင်
တို့ထုံ၍နေလေရာမေ့နိုင်သောသိဒ္ဓိစွမ်းပကားများက
တစ်နေ့ထက်တစ်နေ့မြင့်မားလာနေသောကြောင့်ပင်
ဖြစ်တန်ရာသည်။ လက်ဖက်ရည်ကြမ်းပန်းကန်ကို
မော့သောက်တော့မည်အပြုတွင်ကျွန်ုပ်ခြံဝိုင်းတည်
ရှိရာသို့ ဦးတည်ကာအသော့မောင်းနှင်လာသည့်နွား
လှည်းတစ်စီး။ ရိုးပြတ်များထိုးထိုးထောင်ထောင်ရှိနေ
သည့်ကွင်းပြင်ကျယ်တွင်လှုပ်လှုပ်ရှားရှားရှိနေသည့်
အသွင်ကိုလှမ်းမြင်လိုက်ရသည်။ဖုန်လုံးကြီးများက
နွားလှည်းနောက်မှတလိမ့်လိမ့်လိုက်ပါနေပြီးခြူသံ
လွင်လွင်ကနွားလှည်း၏ရှေ့မှအပြေးအလွှားလွင့်
မျောလို့ လိုက်လာနေပြီပင် ဖြစ်သည်။
ကျွန်ုပ်ရေဒနွေးကြမ်းပန်းကန်ကိုာ့သောက်လိုက်မိစဉ်မှာပင်
“ဆရာကြီး၊ ဆရာကြီး၊ကျွန်တော်တို့ သံဒင်းရွာက
ပါခင်ဗျာ၊လူနာပါလာ လို့ကျွန်တော်တို့လှည်းဝင်
ခဲ့ပါရစေ”ဆိုသည့်အသံကပေါ်ထွက်လာသည်။
ကျွန်ုပ်သိလိုက်ပြီ။ ပိုးထိသည့်လူနာပင်ဖြစ်မည်။
အနီးအနားပတ်ဝန်းကျင်ရွာများတစ်ဝိုက်တွင်
ကျွန်ုပ်သာ မြွေနှင့် ပတ်သက်၍ စွမ်းစွမ်းတမံ
ကုသနိုင် သကဲ့သို့ကျွန်ုပ်ကယ်တင်လိုက်သဖြင့်
အသက်ချမ်းသာရာရရှိသွားကြသည့် လူပေါင်း
များလှပြီကို အနီးပတ်ဝန်းကျင်ရှိ ရွာအားလုံးလို
လိုက သိထားကြ သည်။ ကျွန်ုပ် အကြမ်းပန်းကန်
ကို ကွပ်ပျစ်ပေါ်တွင် တင်ထားလိုက်သည်။
လှည်းပေါ်တွင် ဝိုင်းဝန်းပွေ့ဖက်ကာထိန်းပေးနေ
ကြသည်သူများအကြားတွင်မျက်စိစုံမှိတ်ထားသည့်
လူနာကိုလှမ်းကြည့်လိုက်မိသည်။ကျွန်ုပ်စိုးရိမ်စိတ်
ဖြင့်အံ့အားသင့်သွားရသည်။ လူနာကမိန်းမပျိုလေး၊
ဆယ်ကျော်သက်အရွယ်။နနငယ်ငယ်ပို့ပို၍အံ့အား
သင့်သွားမိရပြန်ပါသည်။ကျွန်ုပ်မနေသာတော့ဘဲလူ
နာကိုဘုရားကျောင်းဆောင်ရှိရာသို့ ပို့ဆောင်သွား
ဖြစ်သည်။ကျွန်ုပ်အတွေးတို့တွင်မနေ့ညကမြင်မက်
ခဲ့သည့်အိပ်မက်တို့ကပေါ်ပေါ်ထင်ထင်လှုပ်ခတ်လို့
နေပြီပင် ဖြစ်သည်။လူနာကိုပွေ့ဖက်သယ်လာသည့်
ရွာသားများကမိန်းမပျိုလေးကိုကြမ်းပြင်ပေါ်သို့ပက်
လက်အနေအထားဖြင့် ရထားလိုက်ကြသဖြင့်မိန်း
မပျိုလေးမှာဘုရားကျောင်းဆောင်ဘက်ဆီသို့ဦး
ခိုက်ကာလှဲနေသည့်အနေအထား ရှိနေသည်။
ကျွန်ုပ်အကဲခတ်လိုက်မိသည်။မြွေအစွယ်ရာနှစ်
နေရာသည်မိန်းမပျိုလေး၏ခြေသလုံးသားဖြူဖြူ
ဝင်းဝင်းလေးအပေါ်တွင်အထင်းသား ရှိနေသည်။
သွေးတွေစို့ထွက်နေသည်။ကျွန်ုပ်လူနာရှင်တို့အား
အကဲခတ်သလိုကြည့်လိုက်မိရင်းက“ဘယ်နေရာ
မှာဖြစ်တာလဲ၊ဘယ်လိုဖြစ်တာလဲပြောပါဦးဟုမေး
မြန်းလိုက်သည်။လူနာရှင်တို့ထဲမှအသားညိုညို
ထောင်ထောင်မောင်းမောင်းရှိလှသည့်ပုဂ္ဂိုလ်ကြီးက –
“ဆရာကြီး၊ ကယ်နိုင်ရင် ကယ်ပါဗျာ၊ သမီးလေ၊
ကဘုရားနဲ့တရားနဲ့ပါ။ မနက်ကအိမ်မှာဘုရားပန်း
လဲနေတုန်းပိုးထိရတာပါ။မြေပေါ်မှာမဟုတ်ဘူး၊
အိမ်အပေါ်ထပ်မှာပါ”ဟု ဖြေလာသည်။ ကျွန်ုပ်
ခေါင်းနားပန်းကြီးသွားမိသည်။ မနေ့ကမက်ခဲ့ရ
သည့် အိပ်မက်သက်ဝင်၍လာခဲ့ပြီကိုကျွန်ုပ်သတိပြုလိုက်မိသည်။
အိပ်မက်ထဲတွင်ထင်ပေါ်ခဲ့သည့်မိန်းမပျိုလေး၏
ရုပ်ပုံလွှာကယခုကျွန်ုပ်ရှေ့ရောက်နေသည့်မိန်းက
လေးနှင့်ထပ်တူကျနေသည်။ပိုတိကျသည်က
ပါးပို့ပို့ပေါ်ကမှဲ့နက်ကလေးပင်။ကျွန်ုပ်အာရုံတွင်
အိပ်မက်၏ပုံရိပ်တို့ကပြက်ပြက်ထင်ထင်ပေါ်လို့
လာသည်။ကျွန်ုပ်ကျောက်ဂူတစ်ခုထဲတွင်စိပ်ပုတီး
စိပ်နေမိသည်။ ဂူအတွင်းထွန်းထားသည့်မီးမှိန်မှိန်
အရောင်က လင်းလက်လို့နေသည်။ကျွန်ုပ်စိပ်ပုတီး
စိပ်နေမှုအပေါ်အာရုံနှစ်နေမိသည်မှာမည်မျှကြာသွား
မိသည် မသိ။ လင်းလက်နေသည့် အရောင်ဆတ်ခနဲ
ပျောက်သွားသည့်အတွက်နောက်ထပ်ယောင်းတိုင်
တစ်တိုင် ထွန်းဦးမှဟုကြံရွယ်ကာလွယ်အိတ်အတွင်း
လက်နှိုက်လိုက်စဉ်ဖယောင်းတိုင်တစ်တိုင်လာထွန်း
ပေးနေသည့်မိန်းမပျိုလေးကိုမြင်တွေ့လိုက်ရလေတော့
သည်။ ကျွန်ုပ် အံ့အားသင့်မိသွားသဖြင့်“ဟေ့ ကဒလေးပ၊
မင်းဘယ်သူလဲ ဘယ်ကလဲ…”ဟုလှမ်းပေးဖြစ်သည်။
မိန်းမပျိုလေးက မျက်နှာညှိုးငယ်စွာဖြင့် -“ကျွန်မစန္ဒာဝင်း
ပါ၊အဘိုးဒိဗ္ဗကဆရာကြီးဂူထဲမှာတရားထိုင်နေတယ်၊
ဆရာကြီးကိုဒတွေ့ပြီးပြောထား၊ ဆရာကြီးကပြေနိုင်
တယ်။ နင့်မှာအန္တရာယ်ရှိတာငါမြင်နေတယ်ပြောတာ
နဲ့ဆရာကြီးဆီကိုလာတာ၊ဆရာကြီးထွန်းထားတဲ့ဖ
ယောင်းတိုင်မီးသေသွားတာတွေ့လိုက်ရတာနဲ့အဘိုးဒိဗ္ဗ
ပေးလိုက်တဲ့ဖယောင်းတိုင်ထွန်းပြီးတင်ပေးတာပါ”
ဟုဖြေရှာသည်။ကျွန်ုပ်မိန်းမပျိုလေးကိုသေသေချာချာ
ကြည့်လိုက်မိတော့ပါးပေါ်တွင်မဲ့နက်တစ်လုံးကအထင်း
သားရှိနေသည်ကိုတွေ့လိုက်ရသည်။ ကျွန်ုပ်အသေ
အချာမေးမြန်းကြည့်တော့မှကျွန်ုပ်၏ဆရာကြီး
အဘိုးဒ်ပွသည်မကြာမီရက်ပိုင်းအတွင်းဟိမဝန္တာ
သို့ကြွသွားတော့မည်ဖြစ်ကြောင်း၊သူသွားပြီးမကြာ
မီရက်ပိုင်းအတွင်းစန္ဒာဝင်းပိုးထိမည့်အန္တရာယ်ရှိကြောင်း
မည်သို့အန္တရာယ်ကြီးကြီးကျွန်ုပ်သာလျှင်အမှတ်တကယ်
ကယ်တင်နိုင်မည့်သူဖြစ်သည်ဟုအဘိုးဒိဗ္ဗကမှာသွား
ကြောင်းပြောသဖြင့်ကျွန်ုပ်ကယ်တင်ပါမည့်အကြောင်း
ပြောဖြစ်ခဲ့သည်။ ကတိပေးလိုက်မိသည်။
ယခုပူအိပ်မက်တွင် အထင်အရှားဆုံမိခဲ့ရသည့်မိန်းမ
ချောလေး ပိုးထိခံရကာကျွန်ုပ်ရှေ့သို့ရောက်လေပြီကော။
အဘိုးဒိဗ္ဗလည်း အနီးအပါးတွင်မရှိတော့ပြီ။ရင်ဆိုင်
တွေ့လာရသည့်ပြဿနာကအကြီးအမား။ကျွန်ုပ်တော်
တော်လေးတုန်လှုပ်သွားမိသည်။မြွေနှင့်ပတ်သက်
လာရင်ကျွန်ုပ်အားလုံးလုပ်ပေးနိုင်စွမ်း ရှိသည်။
တောင်အတွင်းအရှာရခက်သည့်မြွေနိုင်ဂမုန်းများ
လည်းကျွန်ုပ်လက်ဝယ်ရှိသည်။မြွေဆေးပေါင်းစုံလည်း
ကျွန်ုပ်လက်ဝယ်ရှိနေသည်။ကိုက်သည့်မြွေကိုခေါ်
ကာမေတ္တာဓာတ်လွှတ်၍ဖြန့်ကြက်ပြီးအဆိပ်ပြန်စုပ်ခိုင်းဦးမလား။
နည်းမျိုးစုံကျွမ်းကျင်ပိုင်နိုင်လှသော်လည်းယခုလက်
တွေ့ကုရမည့်မိန်းမပျို လေးကိုမူကားမည်သို့ကုရလေ
မည်ကိုဝေခွဲမရအောင် ဖြစ်လို့နေသည်။ ခက်နေသည်က
သာမန်မြွေမဟုတ်ခြင်းပင်။ ကျွန်ုပ်မနေသာတော့ဘဲ-
“သူ့ ကို ကိုက်သွားတဲ့ မြွေကိုရော ရလိုက်သလား”ဟု
မေးလိုက်ရာ ပါလာသူတို့ကမြွေကိုဝိုင်းဝန်းရိုက်နှက်
သတ်ဖြတ်ဖမ်းဆီးရန်ကြံသော်လည်းမရလိုက်ကြောင်း
မှာမဲမှောင်တုတ်ခိုင်ကာရှည်လျားကြောင်း၊ပါးပျဉ်း
ထောင်ရာတွင်ခေါင်းမှာအဝါရောင်ညောင်ရွက်ပုံ
ပေါ်သည့်မြွေဟောက်မည်။ ကြီးတစ်ကောင်ဖြစ်
ကြောင်းဝိုင်းဝန်းပြောပြကြသည်။သူတို့ကထိုသို့
ရှင်းပြလေ၊ ကျွန်ုပ်မည်သို့ ဆောင်ရွက်သင့်သည်ကို
စဉ်းစားရကြပ်လေပင် ဖြစ်နေမိတော့သည်။
မတတ်နိုင်တော့ပါ။ ကျွန်ုပ် ဆုံးဖြတ်ချက်တစ်ခုကို
အမြန်ဆုံးချလိုက်ရပါတော့သည်။ ဘိုးဒိဗ္ဗထံတပည့်ခံ
နေမိစဉ်ကပင်ဤအတွေ့အကြုံမျိုးတွေ့ခဲ့ဖူးပြီးပင်
ဖြစ်သည်။ထိုစဉ်ကတိုက်မြွေဟုခံစားနားလည်သိ
လိုက်ရသည်နှင့် စိုးရိမ်စိတ်တို့ကငယ်ထိပ်အထိ
တက်ရောက်ရိုက်ခတ်ခံခဲ့ဖူးပါသည်။ ကြားဖူး
နားဝနှင့်လန့်ဖျပ်သွားသည်။ တိုက်မြွေဟူသည်
မှော်အတက်ပညာဖြင့်ဖန်တီးထားပြီးပရလောက
နှင့်ပူးပေါင်းကာမကောင်းမှုအကုသိုလ်အလုပ်ဆောင်
ရွက်လေ့ရှိသူတို့၏လက်ကိုင်လက်နက်တစ်ခုသာ
ဖြစ်သည်ဆိုကြသည်။ကျွန်ပ်လည်းထိုသို့ပင်နား
လည်ထားမိသည်။ဤကျွန်ုပ်လည်းထိုသို့ပင်
နားလည်ထားမိသည်။ကျွန်ုပ်ဆုံးဖြတ်ချက်ချမိသည်
အတိုင်းဘုရားကျောင်းဆောင်တွင်ဆက်ကပ်လှူဒါန်း
ထားသောကန်တော့ပွဲရှေ့တွင်ထိုင်ရင်းခန္ဓသုတ်ကို
အကြိမ်ကြိမ်ရွတ်ဖတ်လိုက်သည်ပြီးသည်နှင့်မမြင်
အပ်သောပရလောကသားတို့ကိုအမျှအတန်းပေး
ဝေလိုက်သည်။ ကျွန်ုပ်အမျှအတန်းပေးဝေစဉ်အိမ်
တစ်အိမ်လုံး အိမ်မြှောင်စုတ်ထိုးသံတို့စည်ဝေကျယ်
လောင်စွာ စဉ်ဆက်မပြတ်ထွက်ပေါ်လာတော့သည်။
ထိုအလုပ်များဆောင်ရွက်ပေးပြီးသည်နှင့်ဘိုးဒိဗ္ဗ
ပေးထားသည်မြွေနိုင်မုန်းအဆီအနှစ်တို့ဖြင့်စီရင်
ပြုလုပ်ထားသည့်မြွေနိုင်တောင်ဝှေးကိုကိုင်ကာ
မိန်းမပျိုလေး၏ခန္ဒာကိုယ်အပေါ်ကိုဦးခေါင်းမှခြေ
ဖျားတိုင်ကိုးကြိမ်တိုင်တိုင်သပ်ချပေးလိုက်သည်။
ပြီးသည်နှင့်မိန်းမပျိုလေးခေါင်းရင်းမှထိုင်ကာတစ်
ဖုံတစ်ခုအား ရွတ်ဖတ်ရန် ဟန်ပြင်လိုက်စဉ်
ပါလာသူတို့ကမိန်းမပျိုလေးခြေသလုံးဆီသို့တအံ့
တဩလှမ်းပြကြ သည်။ မိန်းမပျိုလေး၏ခြေသလုံး
နေရာတွင် ပိတ်စနီနီကျစ်ထားသည့် ကြိုးစတစ်စ
ရစ်ပတ်လျက်သားရှိနေသည်ကိုတွေ့လိုက်ရသည်။
ကျွန်ုပ် ပြုံးလိုက်မိသည်။ထိုကြိုးစနီနီလေးမှာလူနာ
ရှင်တို့ စည်းနှောင်လားခဲ့သည့် ကြိုးမဟုတ်သလို၊
ကျွန်ုပ် စည်းနှောင်လိုက်သောကြိုးလည်းမဟုတ်သည်
မှာ သေချာသည်။ ကြိုးစအနီ ဘယ်ကရောက်လာတာလဲ။
ကျွန်ုပ်ရှေ့တွင်လူနာလာချလိုက်စဉ်ကခြေသလုံး
တွင်မည်သည့် ကြိုးစမျှ ရစ်ပတ်ချည်နှောင်ထားခြင်း
မရှိခဲ့ပေ။ လူနာရှင်တို့ကအံ့အားတသင့်လှမ်းပြမှသာ
တွေ့လိုက်ရခြင်း ဖြစ်သည်။ ကျွန်ုပ်နားလည်လိုက်ပြီ။
ဘယ်ကရောက်လာသည့်ကြိုးဆိုတာကျွန်ုပ်သိလိုက်ပြီ။
လောကမှာဆန်းကြယ်သောဖြစ်ရပ်ဆန်းတွေဒုနှင့်ဒေး
မဟုတ်လား – ။“ကဲ…ကဲသွားသွား၊မြေအိုးတစ်လုံး
လောက်သွားဝယ်ကြကွယ့်။မင်းတို့ဆတ်ခနဲ
လူနာ သတိပြန်လည်လာတော့မယ်”ဟုကျွန်ုပ်
ပြောလိုက်သည်တွင်လိုက်လာကြသည့်လူများထဲမှ
သွက်သွက်လက်လက်လူငယ်နှစ်ဦးနေရာမှထကာ
အိမ်အောက်သို့ ဆင်းသွားကြသည်။ခဏအကြာမှာပင်
မိန်းမပျိုလေးလူးလွန့်လာသည်။မျက်ဝန်းအစုံကဟို
ကြည့်သည်ကြည့်ဖြစ်နေသည်။ကျွန်ုပ်ရှည်ရှည်ဝေး
ဝေးပြောမနေတော့ဘဲမိန်းမပျိုလေးခြေသလုံးတွင်
ပတ်နေသည့် ပိတ်စနီနီ ကျစ်ကြိုးစကိုဓားဖြင့်ဖြတ်
ကာလူငယ်နှစ်ဦးအိုးငယ်လာသည့်သောက်ရေအိုးအ
လတ်အရွယ် အတွင်းထည့်လိုက်သည်။အပေါက်ဝ
ကိုပိတ်ဖြူတစ်စဖြင့်အုပ်ကာအိုးလည်ပင်းနေရာကို
ကြိုးအနက်တစ်ချောင်း ဖြင့် ခိုင်ခိုင်ချည်လိုက်သည်။
ပြီးသည်နှင့် က“ကဲ..ကဲ၊ သည်လောက်ဆိုရင်စိတ်ချ
ရပါပြီ။ ကလေးမလေးကိုပြန်ခေါ် သွားပေတော့။
သည်အိုးကိုတော့လမ်းကချုံထူထူရှိမည့်နေရာမှာ
ဖောက်ပွဲ လွှင့်ပစ်လိုက်ပေတော့”ဟုကျွန်ုပ်ပြော
လိုက်ဖြစ်တော့သည်။တစ်ပတ်ခန့်အကြာတွင်
စန္ဒာဝင်း မိဘများနှင့်စန္ဒာဝင်းပါရောက်လာသည်။
ကျွန်ုပ်အား အုန်းသီး၊ငှက်ပျောသီးများ၊ဆန်အိတ်များ
ပါသယ်လာကာ လာကန်တော့ကြခြင်းဖြစ်သည်။
စန္ဒာဝင်းကကျွန်ုပ်အားငါဆိုဖယောင်းတိုင်ကြီးတစ်
တိုင်လက်နှစ်ဖက်ဖြင့် ကမ်း၍ ကန်တော့သည်။
ထိုစဉ် အိပ်မက် ကို သတိရမိသည်။ ဘိုးဒိဗ္ဗမြွေကစဉ်
ကလည်းထိုသို့ဖယောင်းတိုင်များရခဲ့ဖူးသည်ကိုလည်း
သတိရဖြစ်သည်။ထိုသို့သတိရခြင်းများယှက်နွယ်နေ
မိစဉ်မှာပင်စန္ဒာဝင်းဖခင်က “ဆရာကြီး၊ကျွန်တော်တို့
အပြန်လှည်းလမ်းကြောင်းမှာဆရာကြီးပေးလိုက်တဲ့
အိုးကိုပစ်ပေါက်လိုက်တာအိုးလည်းကွဲရောမည်းမည်း
ရှည်ရှည်မြွေကြီးတစ်ကောင်ချုံထဲပြေးဝင်သွားတာတွေ့
လိုက်ရတယ်။ဆရာကြီးကဘာဖြစ်လို့တစ်ခါထဲရှင်းမ
ပစ်ရတာလဲ ခင်ဗျာ”ဟုဆိုလာသဖြင့် “သတ္တဝါတစ်
ခုကံတစ်ခုကွယ့်၊နေပါစေတော့မေတ္တာထားလိုက်ပါ။
သူ့လမ်းသူသွားပါစေတော့နော်။တိုက်မြွေပဲဖြစ်ဖြစ်၊
သာမန်ပေပဲဖြစ်ဖြစ်ပေါ့ကွယ်။ပညာဆိုတာကကိုယ်
တတ်တိုင်းမသုံးရဘူးလေ။ မင်းတို့သမီးလေးအသက်
ရှင်ဖို့က အဓိက မဟုတ်ဘူးလားကွယ်။ တကယ်တော့
မိတ်ဆွေရန်သူမဟူ မေတ္တာဓာတ်စူးစူးရှရှဖြန့်ကြက်
နိုင်ဖို့ပဲကွယ်။ မေတ္တသုတ်၊ ခန္ဓသုတ်တွေကအင်မတန်
တန်ဖိုးမဖြတ်နိုင်ဘူး။မေတ္တာဖြန့်ပြီးကုရင်ရေတောင်
ဆေးဖြစ်တယ်။ ကျွန်ုပ်ရဲ့နိုင်ဆေးဟာမေတ္တာပဲ။ဒါပါ
ပဲကွယ်ထူးထူးထွေထွေဘာမှမဟုတ်ပါဘူး။
မေတ္တာအဓိကပါ”ဟုလေပြေဖြင့် ဖြေလိုက်မိလေသတည်း။
(၁၉၅၂ – ခုနှစ်ဝန်းကျင်ကယခုရွှေပြည်သာမြို့သစ်
တည်ရာဝန်းကျင်ရှိ ရွာများတွင် နာမည်ကြီးခဲ့သည်
အဘိုးဆရာကြီးအမည်ခံမြွေနှင့်ပတ်သက်သမျှကု
စားပေးခဲ့သည့် ဆရာကြီးတစ်ဦးထင်ရှားစွာပေါ်ခဲ့ပြီး
ခန္ဓသုတ်ကို စဉ်ဆက်မပြတ်ပွားများရာကပရလော
ကနွယ်သည့်မြွေကိုပင်ကုနိုင်ခဲ့သည်ဟု ထင်ရှားခဲ့ပါသည်။)

Zawgyi Version

” ေမတၱာစြမ္းအား၏သက္ေရာက္မႈ “(စ/ဆုံး)
————————————————

ညေနရီခ်မ္းမႈန္ရီစအခ်ိန္မို႔ အလင္းအားေလ်ာ့
လို႔ေနၿပီ ျဖစ္သည္။ကြၽႏ္ုပ္လည္းလွည္းလက္စ
အုန္းတံျမက္စည္းကို မန္က်ည္းပင္အို ႀကီးတြင္
ေထာင္ထားလိုက္ကာ မန္က်ည္းပင္အိုေျခရင္း
တြင္ရွိေနသည့္ ကြပ္ပ်စ္ေပၚတြင္ ထိုင္လိုက္သည္။
နဖူးမွေခြၽးစမ်ားကို သုတ္လိုက္ရင္းကြပ္ပ်စ္ေပၚရွိ
ေရေႏြးကရားကို ဆြဲယူလိုက္သည္။ေရေႏြးကရား
ကို မွဲ႔ေနမိစဥ္မွာပင္ လက္ဖက္ေျခာက္တစ္ဆို႔ဆို႔
ျဖစ္ေနသည္ကို သတိျပဳမိ လိုက္ကာေရေႏြးအိုးအ
ဖုံးကို ဖြင့္လိုက္မိျဖစ္သည္။ေရေႏြးအိုးအတြင္းထိုး
ထိုးေထာင္ေထာင္ လႈပ္ခတ္ေနသည့္လက္ဖက္႐ိုး
ဖတ္ႏွစ္စကိုေတြ႕ရသျဖင့္အေလာတႀကီးလက္ျဖင့္
ႏႈိက္ထုတ္လိုက္သည္။ပူလိုက္သည့္ျဖစ္ျခင္း၊ပူလိုက္
သည့္ ဒဏ္ေၾကာင့္ ေရေႏြးအိုးထည့္ထားမိသည္မွာ
မၾကာလွေသးပါလားဟူသည့္အသိကဝင္လာသည္။
အသိႏွင့္အတူအဘိုးဒိဗၺေျပာခဲ့သည့္စကားတစ္ခြန္း
ကရင္ထဲမွာ ႐ိုက္ခတ္သြားသည္။
သတိဆိုတာပိုတယ္လို႔မရွိဘူးကြ။သတိပ႒ာန္က်င့္
စဥ္သေဘာအတိုင္းအရာရာမွာ ထိသိ သတိဆိုတဲ့
အသိရင္ထဲမွာ အၿမဲထား။ သားအခုက်င့္ႀကံပြားမ်ား
ေနတဲ့ေမတၱာဘာဝနာ၊စဥ္ဆက္မျပတ္႐ြတ္ဖတ္ေန
တဲ့ခႏၶသုတ္၊ဘာဝနာေတြတစ္ခ်ိန္ခ်ိန္မွာသားအတြက္
အစြမ္းသတၱိေတြဝင္လာမယ္။သိဒၶိတစ္မ်ိဳးမဟုတ္တစ္
မ်ိဳးရလာမွာ ေသခ်ာတယ္၊ အစြမ္းထက္လာမယ္။”
ရင္ထဲမွာ လႈပ္ခတ္သြားသည့္ စကားစုတို႔ေၾကာင့္
အတိတ္ပုံရိပ္တို႔က အေတြးအိမ္ထဲဝင္ေရာက္လာ
ခဲ့ေတာ့သည္။ အတိတ္ကသည္လိုပါ..။မွတ္မွတ္ရ
ရေန႔ေလးတစ္ေန႔ပင္မိုးကဖြဲဖြဲေလးက်ေနသည္။
အဘိုးဒီဗၺကအဓိ႒ာန္ေအာင္ျခင္းအထိမ္းအမွတ္အ
ျဖစ္သာဓုကန္ေစတီေတာ္အားေအာက္ေျခေျမျပင္မွ
လက္်ာရစ္ပတ္ၾကရန္ေျပာသျဖင့္အဘိုးဒိဗၺေနာက္
ပါးမွကပ္လိုက္လာမိသည္။ ေတာင္ညီေနာင္၏အ
ေနာက္ဘက္က်က်တြင္တည္ရွိေသာေတာင္ေတာ္တြင္
အဓိ႒ာန္ဝင္ေနျဖစ္သည္မွာကိုးရက္တင္းတင္းျပည့္
ၿပီးျဖစ္သည္။ေတာင္ညီေနာင္၏အေနာက္ဘက္ေတာင္
ေပၚမွစဆင္းလာကတည္းကမိုးဖြဲေလးမ်ားစတင္က်
ေနၿပီပင္ျဖစ္သည္။ကြၽႏ္ုပ္သာဓုကန္ေရျပင္က်ယ္ႀကီး
ကိုလွမ္းေငးေမာေနမိသည္။ ေရမႈန္မႈန္ေလးမ်ားက်
ေနသျဖင့္ဂယက္ငယ္ေလးမ်ားပြက္ေနသည္မွာၾကည့္
ေကာင္းလွသည္။ အဘိုးဒိဗၺေျခလွမ္းမ်ားဖ်တ္ခနဲရပ္
တန႔္သြားသျဖင့္ ကြၽႏ္ုပ္လည္းရပ္တန႔္သြားမိရသည္။
အဘိုး ဒိဗၺ“ငါ့သား မေၾကာက္နဲ႔၊ ခႏၶသုတ္နဲ႔ေမတၱာ
သုတ္ကို ဆက္တိုက္ပြားထား၊ ေမတၱာျဖန႔္ပါအမုန္း
မပြားနဲ႔၊ မစၦိရိယစိတ္ေဖ်ာက္” ဟု သတိေပးစကား
ဆိုလာသည္။ကြၽႏ္ုပ္ေရွ႕တူ႐ူဆီသို႔လွမ္းၾကည့္လိုက္
ရာ ကြၽႏ္ုပ္ႏွင့္ အဘိုးဒိဗၺ ေလွ်ာက္မည့္လမ္းအလယ္
တည့္တည့္တြင္ ပိတ္ဆို႔ရပ္တန႔္ေနသည့္ပိုးေကာင္
ႀကီးတစ္ေကာင္ကိုေတြ႕လိုက္ရသည္။လက္ေကာက္
ဝတ္သာသာခန႔္ရွိသည့္ေႁမြေဟာက္ႀကီးတစ္ေကာင္
ကြၽႏ္ုပ္တို႔ထံသို႔ဦးတည္ကာပါးပ်ဥ္း ခြက္ထားလ်က္
ရွိေနသည္။ မဲနက္ရွည္လ်ားလွသည့္အေကာင္ရွည္
ႀကီး၏လည္ပင္းတြင္အဝါရစ္သုံးရစ္ရွိေနၿပီးပါးပ်ဥ္း
တြင္ေညာင္႐ြက္သဏၭာန္အထင္အရွားရွိေနသည္ကို
ေတြ႕လိုက္ရသည္။ အဘိုးဒိဗၺကလက္ကိုေရွ႕သို႔ဆန႔္
တန္းလိုက္ကာေႁမြေဟာက္ႀကီးအားလက္ညႇိဳးထိုးလိုက္ၿပီး-
“ကဲ.. ကဲ သားႀကီးေရ- ယင္းလပ္းပင္းသြား- တို႔က
ပင္းရန္သူေတြ မဟုတ္ဘူးကြယ့္။ ကဲ.. မင္းသာဓုေခၚ၊
တို႔ကအခုမွအဓိ႒ာန္ကထြက္လာတာကြ၊ ကဲ ကဲတို႔
ျပဳခဲ့သမွ် ဘာဝနာအဓိ႒ာန္ကုသိုလ္တို႔ကိုသာဓုေခၚ
ေပါ့ ကြားအမွ်အမွ်အမွ်ဟု တည္ၿငိမ္ေလးနက္ေသာ
အသံျဖင့္တတြတ္တြတ္ေျပာဆိုလိုက္သည္။ေႁမြေဟာက္
နက္ႀကီးလွ်ာေလးျပဳတစ္ျပဴတစ္လုပ္ေနရာကပါးပ်ဥ္း
ကိုေလွ်ာ့လိုက္သည္။လုံးတုံးတုံးအေနအထားသို႔
ဦးေခါင္းေရာက္သြားသည္ႏွင့္ဦးေခါင္းႏွင့္ေျမျပင္ကို
သုံးႀကိမ္သုံးခါတိုင္ထိတို႔ေတာ့သည္။ထိတိမူၿပီးသည္
ႏွင့္ကန္စပ္ရွိခ်ဳံေတာထဲသို႔တျဖည္းျဖည္းခ်င္းတိုးဝင္
လာေတာ့သည္။ “အဲဒါ ေတာႀကီးေႁမြေဟာက္မ်ိဳးကြ၊
အင္မတန္အဆိပ္ျပင္းတယ္” ဘိုးဒီဗၺေျပာသည္ကို
နားေထာင္ရင္း ကြၽႏ္ုပ္ ၾကက္သီးထသြားမိသည္။
ဘိုးဒိဗၺကေျခလွမ္းမွန္မွန္ျဖင့္ ဆက္ေလွ်ာက္ေနသျဖင့္
ဆက္လိုက္ေနရျပန္သည္။ေစတီေတာ္ႀကီး၏ေတာင္
ဘက္သို႔ ေရာက္မွန္းမသိေရာက္လာၿပီ ျဖစ္သည္။
ေရာက္လာသည္တြင္ဘုရားထီးေတာ္ႀကီးသီတင္း
သုံးေနသည့္ ကုန္းေလးအားလက္ညႇိဳးထိုးၫြန္ျပရင္း –
“ငါ့သားအဲဒီထီးေတာ္က၁၂၄၈ ခုႏွစ္ကတည္းက
ျမန္မာမင္းဗႏၶဳတင္ လႉခဲ့တဲ့ထီးေတာ္ကြ၊ ၁၂၅၀
ခုႏွစ္ ထီးေတာ္အသစ္တင္ေတာ့ေစတီကုန္းေတာ္
ကက်ဥ္းၾကပ္တာမို႔ အခုဖူးရတဲ့အတိုင္း ဒီကုန္းေတာ္
ေလးေပါမွာထားခဲ့ၾကတာ၊ဒီကုန္းေလးကနယ္နယ္
ရရမဟုတ္ဘူး၊ ေအာင္ေျမ မွန္တဲ့ေအာင္ေတာ္မူ
ကုန္းကြ”ဟုအဘိုးဒိဗၺက ေျပာသည္။
ေတာအုပ္ေလးတစ္အုပ္ပမာ သစ္ရိပ္ဝါးရိပ္လႊမ္း
ၿခဳံထားသည့္ ထိုေအာင္ေတာ္မူ ကုန္းေတာ္မွာပင္
အဘိုးဒိဗၺက ေႁမြႏွင့္ ပတ္သက္ေသာ သိေကာင္း
စရာမ်ားကို ရွင္းျပကာ ကြၽႏ္ုပ္အား သတၱဝါကယ္
လုပ္ငန္းအျဖစ္ေဆာင္႐ြက္ခြင့္ျပဳသည္ဟုဆိုလာ
သည္။ ကြၽႏ္ုပ္က“အဘိုး- သားမွာ ဘာပညာမွမ
ရွိေသးဘူးဆိုေတာ့ သားဘယ္လို အက်င့္ေတြ၊
ေဆးဝါးေတြက်င့္ဖို႔ရွာဖို႔လိုပါေသးသလဲ ခင္ဗ်..”
ဟု ျပန္လည္ ေမးမိျဖစ္သည္။ အဘို၊ဗၺၿပဳံးလိုက္
သည္။ ၿပီးမွ “သားမင္းကိုအဘိုးတစ္ႏွစ္ေက်ာ္
ေက်ာ္ ျပဳစုေလ့က်င့္ေပးခဲ့ၿပီးၿပီပဲ၊ မင္းအခုစဥ္
ဆက္မျပတ္ ႐ြတ္ေနတဲ့ ခႏၶသုတ္ရဲ႕သိဒၶိစြမ္းေတြ
ကမင္းမွာအျပည့္ရွိေနၿပီေလ၊သည္ထက္ေကာင္း
တာဘာမွမရွိဘူး။တစ္ခုပဲယင္းသတိထားရမယ္။
အဲဒါကသတိပ႒ာန္ပဲ၊ ဘာကိုလုပ္လုပ္ထိသိသတိ
ရွိေနဖို႔ အၿမဲႀကိဳးစားရမယ္။ စိတ္ကိုလႊတ္မထားဘဲ
အၿမဲသတိကပ္ေနရမယ္ဆိုတာကိုပဲ”ဟုေျပာသည္။
ခဏအၾကာတြင္အဘိုးကိစၥထံမွစကားတစ္ခြန္းထြက္
လာသည္။”သား အဘတို႔လိုဂႏၶာရီလမ္းေလွ်ာက္
တဲ့ပုဂၢိဳလ္ေတြဟာတစ္ေနရာ မွာ အၿမဲမေနၾကဘူး၊
တစ္ျပည္လုံးအႏွံ႔ လွည့္ၿပီး က်င့္စဥ္ေတြက်င့္ၾကရ
တာပါ။ သားနဲ႔အဘဆုံျဖစ္ၾကတာႏွစ္နဲ႔ခ်ီၾကာသြား
ၿပီဆိုေတာ့မနက္ျဖန္ဆိုအဘစမေတာင္ေတာ္ဘက္
ခရီးဆက္ေတာ့မယ္”ထိုစကားသည္ အဘိုးဒိထံမွ
ေနာက္ဆုံးၾကားခဲ့ရေသာ စကားသာျဖစ္ပါသည္။
အေတြးစတို႔ လြင့္ပ်ံေနမိသည္မွာမည္မွ်ၾကာသြား
သည္မသိ။ထားေသာလက္ဖက္ရည္ၾကမ္းပန္းကန္
ကိုမ်က္စိေရာက္သြားမိေတာ့မွအေတြးစတို႔ကျပတ္
သြားသည္။ အဘိုးဒိဗၺေျပာသြားခဲ့စဥ္ကကြၽႏ္ုပ္ကို
ကြၽႏ္ုပ္ယုံၾကည္ႏိုင္မႈမရွိခဲ့ေသးေသာ္လည္းယခုအ
ခ်ိန္တြင္မူအုတ္ဖို၊ ဗုံရွည္ကုန္း၊သံဒင္း၊တကူၿခံ၊မိ
ေခ်ာင္းအိုင္႐ြာမ်ားကပါအားကိုးအားထားျပဳေနၾက
ရသည့္ဆရာႀကီးတစ္ဆူအျဖစ္ရပ္တည္ေနႏိုင္ခဲ့
သည္ကအမွန္ပင္။ဆန္းၾကယ္လွသည္ေတာ့မဟုတ္။
ကြၽႏ္ုပ္သည္ခႏၶသုတ္ေပးလာေသာအက်ိဳးအာနိသင္
တို႔ထုံ၍ေနေလရာေမ့ႏိုင္ေသာသိဒၶိစြမ္းပကားမ်ားက
တစ္ေန႔ထက္တစ္ေန႔ျမင့္မားလာေနေသာေၾကာင့္ပင္
ျဖစ္တန္ရာသည္။ လက္ဖက္ရည္ၾကမ္းပန္းကန္ကို
ေမာ့ေသာက္ေတာ့မည္အျပဳတြင္ကြၽႏ္ုပ္ၿခံဝိုင္းတည္
ရွိရာသို႔ ဦးတည္ကာအေသာ့ေမာင္းႏွင္လာသည့္ႏြား
လွည္းတစ္စီး။ ႐ိုးျပတ္မ်ားထိုးထိုးေထာင္ေထာင္ရွိေန
သည့္ကြင္းျပင္က်ယ္တြင္လႈပ္လႈပ္ရွားရွားရွိေနသည့္
အသြင္ကိုလွမ္းျမင္လိုက္ရသည္။ဖုန္လုံးႀကီးမ်ားက
ႏြားလွည္းေနာက္မွတလိမ့္လိမ့္လိုက္ပါေနၿပီးျခဴသံ
လြင္လြင္ကႏြားလွည္း၏ေရွ႕မွအေျပးအလႊားလြင့္
ေမ်ာလို႔ လိုက္လာေနၿပီပင္ ျဖစ္သည္။
ကြၽႏ္ုပ္ေရဒေႏြးၾကမ္းပန္းကန္ကိုာ့ေသာက္လိုက္မိစဥ္မွာပင္
“ဆရာႀကီး၊ ဆရာႀကီး၊ကြၽန္ေတာ္တို႔ သံဒင္း႐ြာက
ပါခင္ဗ်ာ၊လူနာပါလာ လို႔ကြၽန္ေတာ္တို႔လွည္းဝင္
ခဲ့ပါရေစ”ဆိုသည့္အသံကေပၚထြက္လာသည္။
ကြၽႏ္ုပ္သိလိုက္ၿပီ။ ပိုးထိသည့္လူနာပင္ျဖစ္မည္။
အနီးအနားပတ္ဝန္းက်င္႐ြာမ်ားတစ္ဝိုက္တြင္
ကြၽႏ္ုပ္သာ ေႁမြႏွင့္ ပတ္သက္၍ စြမ္းစြမ္းတမံ
ကုသႏိုင္ သကဲ့သို႔ကြၽႏ္ုပ္ကယ္တင္လိုက္သျဖင့္
အသက္ခ်မ္းသာရာရရွိသြားၾကသည့္ လူေပါင္း
မ်ားလွၿပီကို အနီးပတ္ဝန္းက်င္ရွိ ႐ြာအားလုံးလို
လိုက သိထားၾက သည္။ ကြၽႏ္ုပ္ အၾကမ္းပန္းကန္
ကို ကြပ္ပ်စ္ေပၚတြင္ တင္ထားလိုက္သည္။
လွည္းေပၚတြင္ ဝိုင္းဝန္းေပြ႕ဖက္ကာထိန္းေပးေန
ၾကသည္သူမ်ားအၾကားတြင္မ်က္စိစုံမွိတ္ထားသည့္
လူနာကိုလွမ္းၾကည့္လိုက္မိသည္။ကြၽႏ္ုပ္စိုးရိမ္စိတ္
ျဖင့္အံ့အားသင့္သြားရသည္။ လူနာကမိန္းမပ်ိဳေလး၊
ဆယ္ေက်ာ္သက္အ႐ြယ္။နနငယ္ငယ္ပို႔ပို၍အံ့အား
သင့္သြားမိရျပန္ပါသည္။ကြၽႏ္ုပ္မေနသာေတာ့ဘဲလူ
နာကိုဘုရားေက်ာင္းေဆာင္ရွိရာသို႔ ပို႔ေဆာင္သြား
ျဖစ္သည္။ကြၽႏ္ုပ္အေတြးတို႔တြင္မေန႔ညကျမင္မက္
ခဲ့သည့္အိပ္မက္တို႔ကေပၚေပၚထင္ထင္လႈပ္ခတ္လို႔
ေနၿပီပင္ ျဖစ္သည္။လူနာကိုေပြ႕ဖက္သယ္လာသည့္
႐ြာသားမ်ားကမိန္းမပ်ိဳေလးကိုၾကမ္းျပင္ေပၚသို႔ပက္
လက္အေနအထားျဖင့္ ရထားလိုက္ၾကသျဖင့္မိန္း
မပ်ိဳေလးမွာဘုရားေက်ာင္းေဆာင္ဘက္ဆီသို႔ဦး
ခိုက္ကာလွဲေနသည့္အေနအထား ရွိေနသည္။
ကြၽႏ္ုပ္အကဲခတ္လိုက္မိသည္။ေႁမြအစြယ္ရာႏွစ္
ေနရာသည္မိန္းမပ်ိဳေလး၏ေျခသလုံးသားျဖဴျဖဴ
ဝင္းဝင္းေလးအေပၚတြင္အထင္းသား ရွိေနသည္။
ေသြးေတြစို႔ထြက္ေနသည္။ကြၽႏ္ုပ္လူနာရွင္တို႔အား
အကဲခတ္သလိုၾကည့္လိုက္မိရင္းက“ဘယ္ေနရာ
မွာျဖစ္တာလဲ၊ဘယ္လိုျဖစ္တာလဲေျပာပါဦးဟုေမး
ျမန္းလိုက္သည္။လူနာရွင္တို႔ထဲမွအသားညိဳညိဳ
ေထာင္ေထာင္ေမာင္းေမာင္းရွိလွသည့္ပုဂၢိဳလ္ႀကီးက –
“ဆရာႀကီး၊ ကယ္ႏိုင္ရင္ ကယ္ပါဗ်ာ၊ သမီးေလ၊
ကဘုရားနဲ႔တရားနဲ႔ပါ။ မနက္ကအိမ္မွာဘုရားပန္း
လဲေနတုန္းပိုးထိရတာပါ။ေျမေပၚမွာမဟုတ္ဘူး၊
အိမ္အေပၚထပ္မွာပါ”ဟု ေျဖလာသည္။ ကြၽႏ္ုပ္
ေခါင္းနားပန္းႀကီးသြားမိသည္။ မေန႔ကမက္ခဲ့ရ
သည့္ အိပ္မက္သက္ဝင္၍လာခဲ့ၿပီကိုကြၽႏ္ုပ္သတိျပဳလိုက္မိသည္။
အိပ္မက္ထဲတြင္ထင္ေပၚခဲ့သည့္မိန္းမပ်ိဳေလး၏
႐ုပ္ပုံလႊာကယခုကြၽႏ္ုပ္ေရွ႕ေရာက္ေနသည့္မိန္းက
ေလးႏွင့္ထပ္တူက်ေနသည္။ပိုတိက်သည္က
ပါးပို႔ပို႔ေပၚကမွဲ႔နက္ကေလးပင္။ကြၽႏ္ုပ္အာ႐ုံတြင္
အိပ္မက္၏ပုံရိပ္တို႔ကျပက္ျပက္ထင္ထင္ေပၚလို႔
လာသည္။ကြၽႏ္ုပ္ေက်ာက္ဂူတစ္ခုထဲတြင္စိပ္ပုတီး
စိပ္ေနမိသည္။ ဂူအတြင္းထြန္းထားသည့္မီးမွိန္မွိန္
အေရာင္က လင္းလက္လို႔ေနသည္။ကြၽႏ္ုပ္စိပ္ပုတီး
စိပ္ေနမႈအေပၚအာ႐ုံႏွစ္ေနမိသည္မွာမည္မွ်ၾကာသြား
မိသည္ မသိ။ လင္းလက္ေနသည့္ အေရာင္ဆတ္ခနဲ
ေပ်ာက္သြားသည့္အတြက္ေနာက္ထပ္ေယာင္းတိုင္
တစ္တိုင္ ထြန္းဦးမွဟုႀကံ႐ြယ္ကာလြယ္အိတ္အတြင္း
လက္ႏႈိက္လိုက္စဥ္ဖေယာင္းတိုင္တစ္တိုင္လာထြန္း
ေပးေနသည့္မိန္းမပ်ိဳေလးကိုျမင္ေတြ႕လိုက္ရေလေတာ့
သည္။ ကြၽႏ္ုပ္ အံ့အားသင့္မိသြားသျဖင့္“ေဟ့ ကဒေလးပ၊
မင္းဘယ္သူလဲ ဘယ္ကလဲ…”ဟုလွမ္းေပးျဖစ္သည္။
မိန္းမပ်ိဳေလးက မ်က္ႏွာညႇိဳးငယ္စြာျဖင့္ -“ကြၽန္မစႏၵာဝင္း
ပါ၊အဘိုးဒိဗၺကဆရာႀကီးဂူထဲမွာတရားထိုင္ေနတယ္၊
ဆရာႀကီးကိုဒေတြ႕ၿပီးေျပာထား၊ ဆရာႀကီးကေျပႏိုင္
တယ္။ နင့္မွာအႏၲရာယ္ရွိတာငါျမင္ေနတယ္ေျပာတာ
နဲ႔ဆရာႀကီးဆီကိုလာတာ၊ဆရာႀကီးထြန္းထားတဲ့ဖ
ေယာင္းတိုင္မီးေသသြားတာေတြ႕လိုက္ရတာနဲ႔အဘိုးဒိဗၺ
ေပးလိုက္တဲ့ဖေယာင္းတိုင္ထြန္းၿပီးတင္ေပးတာပါ”
ဟုေျဖရွာသည္။ကြၽႏ္ုပ္မိန္းမပ်ိဳေလးကိုေသေသခ်ာခ်ာ
ၾကည့္လိုက္မိေတာ့ပါးေပၚတြင္မဲ့နက္တစ္လုံးကအထင္း
သားရွိေနသည္ကိုေတြ႕လိုက္ရသည္။ ကြၽႏ္ုပ္အေသ
အခ်ာေမးျမန္းၾကည့္ေတာ့မွကြၽႏ္ုပ္၏ဆရာႀကီး
အဘိုးဒ္ပြသည္မၾကာမီရက္ပိုင္းအတြင္းဟိမဝႏၲာ
သို႔ႂကြသြားေတာ့မည္ျဖစ္ေၾကာင္း၊သူသြားၿပီးမၾကာ
မီရက္ပိုင္းအတြင္းစႏၵာဝင္းပိုးထိမည့္အႏၲရာယ္ရွိေၾကာင္း
မည္သို႔အႏၲရာယ္ႀကီးႀကီးကြၽႏ္ုပ္သာလွ်င္အမွတ္တကယ္
ကယ္တင္ႏိုင္မည့္သူျဖစ္သည္ဟုအဘိုးဒိဗၺကမွာသြား
ေၾကာင္းေျပာသျဖင့္ကြၽႏ္ုပ္ကယ္တင္ပါမည့္အေၾကာင္း
ေျပာျဖစ္ခဲ့သည္။ ကတိေပးလိုက္မိသည္။
ယခုပူအိပ္မက္တြင္ အထင္အရွားဆုံမိခဲ့ရသည့္မိန္းမ
ေခ်ာေလး ပိုးထိခံရကာကြၽႏ္ုပ္ေရွ႕သို႔ေရာက္ေလၿပီေကာ။
အဘိုးဒိဗၺလည္း အနီးအပါးတြင္မရွိေတာ့ၿပီ။ရင္ဆိုင္
ေတြ႕လာရသည့္ျပႆနာကအႀကီးအမား။ကြၽႏ္ုပ္ေတာ္
ေတာ္ေလးတုန္လႈပ္သြားမိသည္။ေႁမြႏွင့္ပတ္သက္
လာရင္ကြၽႏ္ုပ္အားလုံးလုပ္ေပးႏိုင္စြမ္း ရွိသည္။
ေတာင္အတြင္းအရွာရခက္သည့္ေႁမြႏိုင္ဂမုန္းမ်ား
လည္းကြၽႏ္ုပ္လက္ဝယ္ရွိသည္။ေႁမြေဆးေပါင္းစုံလည္း
ကြၽႏ္ုပ္လက္ဝယ္ရွိေနသည္။ကိုက္သည့္ေႁမြကိုေခၚ
ကာေမတၱာဓာတ္လႊတ္၍ျဖန႔္ၾကက္ၿပီးအဆိပ္ျပန္စုပ္ခိုင္းဦးမလား။
နည္းမ်ိဳးစုံကြၽမ္းက်င္ပိုင္ႏိုင္လွေသာ္လည္းယခုလက္
ေတြ႕ကုရမည့္မိန္းမပ်ိဳ ေလးကိုမူကားမည္သို႔ကုရေလ
မည္ကိုေဝခြဲမရေအာင္ ျဖစ္လို႔ေနသည္။ ခက္ေနသည္က
သာမန္ေႁမြမဟုတ္ျခင္းပင္။ ကြၽႏ္ုပ္မေနသာေတာ့ဘဲ-
“သူ႔ ကို ကိုက္သြားတဲ့ ေႁမြကိုေရာ ရလိုက္သလား”ဟု
ေမးလိုက္ရာ ပါလာသူတို႔ကေႁမြကိုဝိုင္းဝန္း႐ိုက္ႏွက္
သတ္ျဖတ္ဖမ္းဆီးရန္ႀကံေသာ္လည္းမရလိုက္ေၾကာင္း
မွာမဲေမွာင္တုတ္ခိုင္ကာရွည္လ်ားေၾကာင္း၊ပါးပ်ဥ္း
ေထာင္ရာတြင္ေခါင္းမွာအဝါေရာင္ေညာင္႐ြက္ပုံ
ေပၚသည့္ေႁမြေဟာက္မည္။ ႀကီးတစ္ေကာင္ျဖစ္
ေၾကာင္းဝိုင္းဝန္းေျပာျပၾကသည္။သူတို႔ကထိုသို႔
ရွင္းျပေလ၊ ကြၽႏ္ုပ္မည္သို႔ ေဆာင္႐ြက္သင့္သည္ကို
စဥ္းစားရၾကပ္ေလပင္ ျဖစ္ေနမိေတာ့သည္။
မတတ္ႏိုင္ေတာ့ပါ။ ကြၽႏ္ုပ္ ဆုံးျဖတ္ခ်က္တစ္ခုကို
အျမန္ဆုံးခ်လိုက္ရပါေတာ့သည္။ ဘိုးဒိဗၺထံတပည့္ခံ
ေနမိစဥ္ကပင္ဤအေတြ႕အႀကဳံမ်ိဳးေတြ႕ခဲ့ဖူးၿပီးပင္
ျဖစ္သည္။ထိုစဥ္ကတိုက္ေႁမြဟုခံစားနားလည္သိ
လိုက္ရသည္ႏွင့္ စိုးရိမ္စိတ္တို႔ကငယ္ထိပ္အထိ
တက္ေရာက္႐ိုက္ခတ္ခံခဲ့ဖူးပါသည္။ ၾကားဖူး
နားဝႏွင့္လန႔္ဖ်ပ္သြားသည္။ တိုက္ေႁမြဟူသည္
ေမွာ္အတက္ပညာျဖင့္ဖန္တီးထားၿပီးပရေလာက
ႏွင့္ပူးေပါင္းကာမေကာင္းမႈအကုသိုလ္အလုပ္ေဆာင္
႐ြက္ေလ့ရွိသူတို႔၏လက္ကိုင္လက္နက္တစ္ခုသာ
ျဖစ္သည္ဆိုၾကသည္။ကြၽန္ပ္လည္းထိုသို႔ပင္နား
လည္ထားမိသည္။ဤကြၽႏ္ုပ္လည္းထိုသို႔ပင္
နားလည္ထားမိသည္။ကြၽႏ္ုပ္ဆုံးျဖတ္ခ်က္ခ်မိသည္
အတိုင္းဘုရားေက်ာင္းေဆာင္တြင္ဆက္ကပ္လႉဒါန္း
ထားေသာကန္ေတာ့ပြဲေရွ႕တြင္ထိုင္ရင္းခႏၶသုတ္ကို
အႀကိမ္ႀကိမ္႐ြတ္ဖတ္လိုက္သည္ၿပီးသည္ႏွင့္မျမင္
အပ္ေသာပရေလာကသားတို႔ကိုအမွ်အတန္းေပး
ေဝလိုက္သည္။ ကြၽႏ္ုပ္အမွ်အတန္းေပးေဝစဥ္အိမ္
တစ္အိမ္လုံး အိမ္ေျမႇာင္စုတ္ထိုးသံတို႔စည္ေဝက်ယ္
ေလာင္စြာ စဥ္ဆက္မျပတ္ထြက္ေပၚလာေတာ့သည္။
ထိုအလုပ္မ်ားေဆာင္႐ြက္ေပးၿပီးသည္ႏွင့္ဘိုးဒိဗၺ
ေပးထားသည္ေႁမြႏိုင္မုန္းအဆီအႏွစ္တို႔ျဖင့္စီရင္
ျပဳလုပ္ထားသည့္ေႁမြႏိုင္ေတာင္ေဝွးကိုကိုင္ကာ
မိန္းမပ်ိဳေလး၏ခႏၵာကိုယ္အေပၚကိုဦးေခါင္းမွေျခ
ဖ်ားတိုင္ကိုးႀကိမ္တိုင္တိုင္သပ္ခ်ေပးလိုက္သည္။
ၿပီးသည္ႏွင့္မိန္းမပ်ိဳေလးေခါင္းရင္းမွထိုင္ကာတစ္
ဖုံတစ္ခုအား ႐ြတ္ဖတ္ရန္ ဟန္ျပင္လိုက္စဥ္
ပါလာသူတို႔ကမိန္းမပ်ိဳေလးေျခသလုံးဆီသို႔တအံ့
တဩလွမ္းျပၾက သည္။ မိန္းမပ်ိဳေလး၏ေျခသလုံး
ေနရာတြင္ ပိတ္စနီနီက်စ္ထားသည့္ ႀကိဳးစတစ္စ
ရစ္ပတ္လ်က္သားရွိေနသည္ကိုေတြ႕လိုက္ရသည္။
ကြၽႏ္ုပ္ ၿပဳံးလိုက္မိသည္။ထိုႀကိဳးစနီနီေလးမွာလူနာ
ရွင္တို႔ စည္းေႏွာင္လားခဲ့သည့္ ႀကိဳးမဟုတ္သလို၊
ကြၽႏ္ုပ္ စည္းေႏွာင္လိုက္ေသာႀကိဳးလည္းမဟုတ္သည္
မွာ ေသခ်ာသည္။ ႀကိဳးစအနီ ဘယ္ကေရာက္လာတာလဲ။
ကြၽႏ္ုပ္ေရွ႕တြင္လူနာလာခ်လိုက္စဥ္ကေျခသလုံး
တြင္မည္သည့္ ႀကိဳးစမွ် ရစ္ပတ္ခ်ည္ေႏွာင္ထားျခင္း
မရွိခဲ့ေပ။ လူနာရွင္တို႔ကအံ့အားတသင့္လွမ္းျပမွသာ
ေတြ႕လိုက္ရျခင္း ျဖစ္သည္။ ကြၽႏ္ုပ္နားလည္လိုက္ၿပီ။
ဘယ္ကေရာက္လာသည့္ႀကိဳးဆိုတာကြၽႏ္ုပ္သိလိုက္ၿပီ။
ေလာကမွာဆန္းၾကယ္ေသာျဖစ္ရပ္ဆန္းေတြဒုႏွင့္ေဒး
မဟုတ္လား – ။“ကဲ…ကဲသြားသြား၊ေျမအိုးတစ္လုံး
ေလာက္သြားဝယ္ၾကကြယ့္။မင္းတို႔ဆတ္ခနဲ
လူနာ သတိျပန္လည္လာေတာ့မယ္”ဟုကြၽႏ္ုပ္
ေျပာလိုက္သည္တြင္လိုက္လာၾကသည့္လူမ်ားထဲမွ
သြက္သြက္လက္လက္လူငယ္ႏွစ္ဦးေနရာမွထကာ
အိမ္ေအာက္သို႔ ဆင္းသြားၾကသည္။ခဏအၾကာမွာပင္
မိန္းမပ်ိဳေလးလူးလြန႔္လာသည္။မ်က္ဝန္းအစုံကဟို
ၾကည့္သည္ၾကည့္ျဖစ္ေနသည္။ကြၽႏ္ုပ္ရွည္ရွည္ေဝး
ေဝးေျပာမေနေတာ့ဘဲမိန္းမပ်ိဳေလးေျခသလုံးတြင္
ပတ္ေနသည့္ ပိတ္စနီနီ က်စ္ႀကိဳးစကိုဓားျဖင့္ျဖတ္
ကာလူငယ္ႏွစ္ဦးအိုးငယ္လာသည့္ေသာက္ေရအိုးအ
လတ္အ႐ြယ္ အတြင္းထည့္လိုက္သည္။အေပါက္ဝ
ကိုပိတ္ျဖဴတစ္စျဖင့္အုပ္ကာအိုးလည္ပင္းေနရာကို
ႀကိဳးအနက္တစ္ေခ်ာင္း ျဖင့္ ခိုင္ခိုင္ခ်ည္လိုက္သည္။
ၿပီးသည္ႏွင့္ က“ကဲ..ကဲ၊ သည္ေလာက္ဆိုရင္စိတ္ခ်
ရပါၿပီ။ ကေလးမေလးကိုျပန္ေခၚ သြားေပေတာ့။
သည္အိုးကိုေတာ့လမ္းကခ်ဳံထူထူရွိမည့္ေနရာမွာ
ေဖာက္ပြဲ လႊင့္ပစ္လိုက္ေပေတာ့”ဟုကြၽႏ္ုပ္ေျပာ
လိုက္ျဖစ္ေတာ့သည္။တစ္ပတ္ခန႔္အၾကာတြင္
စႏၵာဝင္း မိဘမ်ားႏွင့္စႏၵာဝင္းပါေရာက္လာသည္။
ကြၽႏ္ုပ္အား အုန္းသီး၊ငွက္ေပ်ာသီးမ်ား၊ဆန္အိတ္မ်ား
ပါသယ္လာကာ လာကန္ေတာ့ၾကျခင္းျဖစ္သည္။
စႏၵာဝင္းကကြၽႏ္ုပ္အားငါဆိုဖေယာင္းတိုင္ႀကီးတစ္
တိုင္လက္ႏွစ္ဖက္ျဖင့္ ကမ္း၍ ကန္ေတာ့သည္။
ထိုစဥ္ အိပ္မက္ ကို သတိရမိသည္။ ဘိုးဒိဗၺေႁမြကစဥ္
ကလည္းထိုသို႔ဖေယာင္းတိုင္မ်ားရခဲ့ဖူးသည္ကိုလည္း
သတိရျဖစ္သည္။ထိုသို႔သတိရျခင္းမ်ားယွက္ႏြယ္ေန
မိစဥ္မွာပင္စႏၵာဝင္းဖခင္က “ဆရာႀကီး၊ကြၽန္ေတာ္တို႔
အျပန္လွည္းလမ္းေၾကာင္းမွာဆရာႀကီးေပးလိုက္တဲ့
အိုးကိုပစ္ေပါက္လိုက္တာအိုးလည္းကြဲေရာမည္းမည္း
ရွည္ရွည္ေႁမြႀကီးတစ္ေကာင္ခ်ဳံထဲေျပးဝင္သြားတာေတြ႕
လိုက္ရတယ္။ဆရာႀကီးကဘာျဖစ္လို႔တစ္ခါထဲရွင္းမ
ပစ္ရတာလဲ ခင္ဗ်ာ”ဟုဆိုလာသျဖင့္ “သတၱဝါတစ္
ခုကံတစ္ခုကြယ့္၊ေနပါေစေတာ့ေမတၱာထားလိုက္ပါ။
သူ႔လမ္းသူသြားပါေစေတာ့ေနာ္။တိုက္ေႁမြပဲျဖစ္ျဖစ္၊
သာမန္ေပပဲျဖစ္ျဖစ္ေပါ့ကြယ္။ပညာဆိုတာကကိုယ္
တတ္တိုင္းမသုံးရဘူးေလ။ မင္းတို႔သမီးေလးအသက္
ရွင္ဖို႔က အဓိက မဟုတ္ဘူးလားကြယ္။ တကယ္ေတာ့
မိတ္ေဆြရန္သူမဟူ ေမတၱာဓာတ္စူးစူးရွရွျဖန႔္ၾကက္
ႏိုင္ဖို႔ပဲကြယ္။ ေမတၱသုတ္၊ ခႏၶသုတ္ေတြကအင္မတန္
တန္ဖိုးမျဖတ္ႏိုင္ဘူး။ေမတၱာျဖန႔္ၿပီးကုရင္ေရေတာင္
ေဆးျဖစ္တယ္။ ကြၽႏ္ုပ္ရဲ႕ႏိုင္ေဆးဟာေမတၱာပဲ။ဒါပါ
ပဲကြယ္ထူးထူးေထြေထြဘာမွမဟုတ္ပါဘူး။
ေမတၱာအဓိကပါ”ဟုေလေျပျဖင့္ ေျဖလိုက္မိေလသတည္း။
(၁၉၅၂ – ခုႏွစ္ဝန္းက်င္ကယခုေ႐ႊျပည္သာၿမိဳ႕သစ္
တည္ရာဝန္းက်င္ရွိ ႐ြာမ်ားတြင္ နာမည္ႀကီးခဲ့သည္
အဘိုးဆရာႀကီးအမည္ခံေႁမြႏွင့္ပတ္သက္သမွ်ကု
စားေပးခဲ့သည့္ ဆရာႀကီးတစ္ဦးထင္ရွားစြာေပၚခဲ့ၿပီး
ခႏၶသုတ္ကို စဥ္ဆက္မျပတ္ပြားမ်ားရာကပရေလာ
ကႏြယ္သည့္ေႁမြကိုပင္ကုႏိုင္ခဲ့သည္ဟု ထင္ရွားခဲ့ပါသည္။)