လိပ်ပြာနူတ်သူ(စ/ဆုံး)

Unicode Version

လိပ်ပြာနူတ်သူ(စ/ဆုံး)
—————————-
သစ်ခွပန်းအဝယ်ဒိုင်များအဝင်အထွက်များလာသဖြင့် ရွာထဲရှိယောကျာ်းသားများ တောသို့တက်ကာ ပန်းရှာထွက်ခဲ့ကြသည်။ သစ်ခွအနွယ်ဝင်ပန်းတို့သည်ကား အမျိုးအမည်များပြားလှသလို ဈေးလည်းအတော်အသင့်ရ၏။ ငွေရလွယ်သောကြောင့်ဤအလုပ်ကိုတစ်ရွာလုံးရှိကျန်းမာရေးကောင်းသူတို့လုပ်ကြ၏။ အနီးအနားရှိသစ်ပင်တွင်ပန်းရှာဖွေသူများသောကြောင့် ပန်းများမရှိတော့ချေ။ သို့ကြောင့် ရွာထဲရှိယောကျာ်းသားတို့သည်အိုးစားများဖွဲ့ကာ ရက်အတော်တန်ကြာသည်အထိတောထဲဝင်ကြ၏။
သာပြေကျေးရွာသည်ဧရိယာကျယ်သော တောကြီးနှင့်အတန်အသင့်နီးသည်ဖြစ်ရာတောထဲသို့ဝင်ခြင်းသည် အထူးအဆန်းမဟုတ်။ လူသူမစည်ကားသေးသည့်အရပ်ဖြစ်သောကြောင့် တောကြီးသည်အုံ့မှိုင်းထူထပ်နေဆဲ၊တောပျော်တိရစ္ဆာန်များမြူးထူးစွာကျက်စားနေဆဲ၊သစ်ခွအမျိုးမျိုးနှင့်သစ်ဥသစ်ဖုတို့ပေါများနေဆဲဖြစ်သည်။
သက်လတ်ပိုင်းအရွယ်ဖြစ်သောဦးစိုးမောင်သည်လည်း တောတက်ရာတွင်လိုအပ်မည့်ပစ္စည်းပစ္စယများကိုသေချာထည့်နေသည်။ တောသူတောင်သားတို့အဖို့ တောတက်ရာတွင်ကျောပိုးအိတ်ဟူ၍သပ်သပ်ဝယ်စရာမလို။ အလွယ်တကူရသောဆလာအိတ်အဖြူအား နံဘေးအစလေးဖက်တွင်ပုဆိုးဖြင့်သေချာတွဲချည်လိုက်ပြီးကျောပိုးအိတ်သဏ္ဍာန်လုပ်သည်။ ထိုဆလာအိတ်ကျောပိုးအိတ်ထဲသို့ဆန်နှင့်လိုအိပ်မည့်အရာများကိုတစ်ခုမှမကျန်ရလေအောင်အသေအချာထည့်သည်။

ထည့်စရာများထည့်ပြီးသည်နှင့် အသွားထက်လှသောဓားမြှောင်ကိုခါး၌ချိတ်လိုက်သည်။ ပြီးလျှင်တောလည်သေနတ်ကိုပုဆိုးဖြင့်သေချာပတ်ပြီးပုခုံး၌ထမ်းလိုက်သည်။ သစ်ခွပန်းရှာထွက်မည်ဆိုသော်ငြားလည်း သူ၏ဟန်ပန်သည် ပန်းရှာသမားနှင့်မတူ။ တောပစ်ထွက်မည့်မုဆိုးတစ်ဦးနှင့်ပင်တူနေတော့သည်။ ဦးစိုးမောင်သည်ပြင်ဆင်စရာပြီးသွားသည်နှင့်တဲအပြင်ထွက်ကာ တောစီးဖိနပ်ကိုစီးသည်။ တောစီးဖိနပ်ဆိုသော်ငြား ရုပ်ရှင်ထဲကလိုဖိနပ်မျိုးမဟုတ်။ လိပ်ဖိနပ်ကိုသံဆူးကြိုးတပ်ထားခြင်းပင်။ ထိုသို့လုပ်ထားရခြင်းမှာလမ်းလျှောက်တိုင်းခြေမချော်စေရန်အတွက်ဖြစ်ခြိမ့်မည်။

” အစ်ကို….ဟောဒီမယ်အစ်ကို့သောက်ရေဘူးမေ့ခဲ့တော့မလို့….ရော့သေချာထည့်ဦး….တောထဲရောက်လို့အပင်ပေါ်ဘာညာတက်ရင်လည်း ဂရုစိုက်ဦးနော်အစ်ကို….”

” အေးပါခင်နုရယ်….နင့်မလဲပူနေလိုက်တာမသိရင်ငါကတောမတက်ဖူးတာကျနေတာဘဲ….”

” ပူရတာပေါ့အစ်ကိုရယ်….ကဲပါ…အစ်ကို့အိုးစားတွေစောင့်နေရော့မယ်….သွားချေဦး…..”

” အေးအေး….နင်လည်းကလေးတွေကိုသေချာဂရုစိုက်ဦး….”

ဟုပြောပြီးအိမ်မှထွက်လာခဲ့သည်။ မခင်နုလည်းယောကျာ်းဖြစ်သူ၏ကျောပြင်ကိုမျက်စိတဆုံးကြည့်ပြီး ပျောက်ကွယ်သွားမှအိမ်ထဲသို့ဝင်ခဲ့လိုက်သည်။

စုရပ်သို့ရောက်သည်နှင့် မိမိတို့၏အိုးစားများနှင့်အတူ တောတက်ခြင်းခရီးကိုစတင်ခဲ့ကြသည်။ တောထဲရောက်သည်နှင့်ပန်းရှာသမားများကကိုယ့်အုပ်စုနှင့်ကိုယ် သာသောနေရာတွင်တဲထိုးပြီးနေကြသည်။ တောအစပ်ပိုင်းတွင်ကားတောကောင်တို့၏အန္တရာယ်ကိုမမှုရချေ။ နေရာချပြီးသည်နှင့်ထိုနေ့အဖို့ချက်ပြုတ်စားသောက်ကြပြီး တောပိုင်တောင်ပိုင်တို့ကိုပူဇော်ပသအမျှဝေကာ အနားယူကြ၏။

ညမှောင်သည်နှင့်မှက်၊ခြင်တို့၏ရန်မှကင်းဝေးစေရန် မီးဖိုလိုက်ကြ၏။ ဦးစိုးမောင်ကမီးဖိုနေရင်း

” မင်းတို့တွေဒီတောဒီတောင်ထဲရောက်ရင် ဘာဘဲလုပ်လုပ်တောပိုင်တောင်ပိုင်ကိုခွင့်တောင်းပြီးမှလုပ်နော်….”

” ဟုတ်ကဲ့ပါ ဦးစိုးမောင်…ဒါနဲ့ဒီတောဒီတောင်ထဲမှာပန်းလာရှာသူဒီလောက်များတာ ကျွန်တော်တို့တွေသစ်ခွပန်းရှာလို့တွေ့ပါ့မလားနော်….”

” ပင်လယ်ရေသောက်လို့မကုန်နိူင်ပါဘူးကွာ…ကိုယ်နဲ့ထိုက်သင့်သလောက်တော့ရကြမှာပါ….”

” ဒီတောကြီးထဲမှာမုဆိုးတွေအချင်းချင်းအမြင်မှားပြီး ပစ်သတ်ကြတာရှိတယ်လို့ကြားဖူးတယ်နော်….တကယ်ဟုတ်ပါ့မလား…”

” ဟုတ်တာပေါ့…ဒါကြောင့်ဒီတောဒီတောင်ထဲမှာ ဘယ်နေရာဘဲဖြစ်ဖြစ်လူသေအလောင်းမြုပ်တဲ့သချုႋင်းမြေဖြစ်နိူင်တယ်…မကျွတ်မလွတ်တဲ့နာနာဘာဝတွေရှိနိူင်တယ်…ဒီတော့စားချိန်သောက်ချိန်ကိုယ့်အပေါင်းအသင်းကိုခေါ်ရင်နာမည်တပ်ပြီးခေါ်ကြ….ထမင်းစားမယ်ဟေ့လို့တုံးတိကြီးမခေါ်ရဘူး…”

ဦးစိုးမောင်ကမိမိ၏အိုးစားများကို မဖြစ်သင့်တာမဖြစ်ရလေအောင် ကြိုတင်သတိပေးထား၏။

” ဝါး….အိပ်တောင်အိပ်ချင်လာပြီကွာ….မနက်အစောတောထဲဝင်ကြရမှာဆိုတော့ငါတို့တွေအိပ်ကြရအောင်…”

” အေးကွ…ငါတို့လည်းအိပ်ချင်လာပြီ…အိပ်ကြတာပေါ့…”

ညည့်နက်လာသည်နှင့်တောထဲတွင်အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွား၏။ စောစောကတဖျစ်ဖျစ်တောက်လောင်နေသောမီးဖိုမှာလည်း ငြိမ်းစပြုနေချေပြီ။ လူသားအပေါင်းတို့လည်းအိပ်မောကျနေချေပြီဖြစ်သည်။ တစ်ခါတစ်လေဝေးဝေးမှကြားရသောတောကောင်တို့၏အသံဗလံများကိုကြားရ၏။

” ရှပ်…ရှပ်…ရှပ်…”

တောအုပ်ဘက်မှ သစ်ရွက်ခြောက်များကိုနင်းလာသောအသံတစ်သံသည် ဦးစိုးမောင်တို့ရှိရာတဲအနီးသို့ရောက်လာ၏။ အိပ်ရေးဆတ်သောဦးစိုးမောင်က ထိုအသံကိုကြားလိုက်ရပြီး ခေါင်းရင်းမှထောင်ထားသောသေနတ်ကိုလှမ်းယူပြီးအသင့်အနေအထားလုပ်လိုက်၏။ တဲအတွင်းမှာမှောင်မဲနေပြီး
ဘာဆိုဘာမျှပင်မမြင်ရ။ တဲအတွင်း၌အိပ်နေသောအဖော်များ၏ဟောက်သံကား တခူးခူးထွက်ပေါ်နေ၏။

အပြင်မှခြေသံသည်တဲတံခါးပေါက်နား၌ရပ်သွား၏။ တောထဲ၌ထိုးထားသောတဲဖြစ်၍ အမိုးအကာကမလုံ။ သို့ကြောင့်တဲအပြင်ဘက်ကိုဝိုးတဝါးမြင်နေရ၏။

” အသံကိုမကြားရတော့ပါလား….တောကောင်ကြီးတွေအစာရှာထွက်လာတာဆိုရင်တော့ ခက်ရချည်သေးရဲ့….”

ဦးစိုးမောင်ကတဲအပြင်ကိုကြည့်ရင်းတစ်ယောက်ထဲအတွေးကွန့်နေ၏။

” အစ်ကို….မီးတစ်တို့လောက်ပေးပါလား…”

သူအတွေးထဲနှစ်မြောနေစဉ် အပြင်ဘက်ရှိအမှောင်ထဲမှ မီးတောင်းနေသောအသံဩဩကြီးထွက်လာ၏။ ဒီအချိန်ကြီးမီးလာတောင်းတာလူမဖြစ်နိူင် ဟုစိတ်ထဲမှသိနေသဖြင့် ခွန်းတုံ့မပြန်ဘဲတုံဏှိဘာဝေလုပ်နေ၏။

” တဲထဲကထိုင်နေတဲ့လူ…ကျုပ်ကိုမီးတစ်တို့လောက်ပေးစမ်းပါဗျာ….ကျုပ်ဆေးလိပ်သောက်ချင်လွန်းလို့ပါ….”

အမှောင်ထဲမှစကားသံထပ်မံထွက်လာပြန်၏။ အကယ်၍လူဖြစ်ရိုးမှန်လျှင်မှောင်မဲမဲတဲထဲ၌ထိုင်နေသောသူ့ကိုမြင်နိူင်မည်မဟုတ်။ ဧကန္တတစ္ဆေ၊သရဲတစ်ကောင်နှင့်တွေနေရပြီဟူသောအသိကြောင့် ကြက်သီးမွေးညှင်းများထလာသည်နှင့်တပြိုင်နက်နူတ်မှလည်း သရဏဂုံကိုအလိုလိုရွတ်မိလျက်သားဖြစ်သွား၏။

” ဟာ…..မရွတ်နဲ့….ဆက်မရွတ်နဲ့….”

အမှောင်ထဲမှအသံသည်စောစောကထက်ပို၍အက်ကွဲရှလာပြီး ဒေါသ သံစွက်နေ၏။ ထိုခဏ၍တဲအပြင်ဘက်မှနီရဲစူးရှနေသောမျက်လုံးအစုံကိုလှမ်းမြင်လိုက်ရ၏။
ထို့အတူမြေစိုက်တဲလေးသည်လည်း ငလျင်လှုပ်သကဲ့သို့သိမ့်ခနဲတုန်သွား၏။ သို့သော်ထိုအဖြစ်အပျက်ကို သူမှလွဲ၌တခြားသူများသိပုံမပေါ်ချေ။

နောက်နေ့မနက်၌အဖော်များသည် တက်ကြွလန်းဆန်းနေသောပုံစံများဖြင့် နိူးထလာကြသဖြင့် သူလည်းညကကိစ္စကိုမပြောပြဖြစ်ခဲ့ချေ။ မနက်စာချက်ပြုတ်စားသောက်ပြီးသည်နှင့်တောထဲဝင်ရန်ပြင်ဆင်ကြ၏။

” စားပြီးသောက်ပြီးပြီဆိုတော့ တောထဲဝင်ကြမယ်…အဓိကပြောချင်တာတစ်ခုက တောထဲရောက်လို့အဖွဲ့ကွဲသွားရင် နာမည်ခေါ်ပြီးမရှာကြနဲ့နော်…လက်ခေါက်မှုတ်ပြီးအသံပြုကြ….ဒီတစ်ခေါက်ငါတို့တောထဲလာတာ သစ်ခွပန်းမျိုးတွေရှာဖို့ဆိုတော့ပန်းရှာတာကလွဲပြီး တခြားဘာမှမလုပ်မိစေနဲ့…”

” ဦးစိုးမောင်ပြောတဲ့အတိုင်းလိုက်နာပါ့မယ်…”

မှာစရာရှိတာမှာပြီး တောထဲသို့ဝင်သွားကြ၏။ တောထဲရောက်သည်နှင့်သစ်ခွပန်းများကိုလိုက်ရှာကြ၏။ နှစ်ယောက်တစ်ဖွဲ့သွားသည်ဖြစ်ရာ အဖွဲ့ထဲမှကိုမောင်လေးနှင့်ကိုသိန်းစိုးမှာတစ်ဖွဲ့ကျ၏။

” သိန်းစိုး…ဒီတစ်ခေါက်တောထဲဝင်တာ ဦးစိုးမောင်ကြီးကဩဇာအာဏာအရမ်းပြနေသလားလို့နော်….”

” အေးလေ…မသိရင်ငါတို့ကတောထဲမဝင်ဖူးတာကြနေတာဘဲ…ဒီတောဒီတောင်ဆိုတာကလည်း ငါတို့နဲ့မှမစိမ်းဘဲ….လူကြီးမို့ပြန်ခံမပြောချင်လို့ငြိမ်နေရတာ….နိူ့မို့ဆိုမလွယ်ဘူး….”

” အေးလေ…ငါလည်းပြန်ပြောချင်တာမှပါးစပ်ကိုယားလို့…သူကအဖွဲ့ခေါင်းဆောင်မို့ငြိမ်ခံနေရတာ….”

” ဒီဖက်မှာသူတို့အဖွဲ့ရောက်ပြီးနေလောက်ပြီ…လာငါတို့အထဲထိဝင်သွားကြရအောင်…”

” အေးကောင်းတယ်ကွ…”

တောကြီးမှာအစအဆုံးကိုမမြင်နိူင်ရလောက်အောင်ကြီးမားလွန်းလှသဖြင့် တောထဲ၌မည်သည့်အန္တရာယ်များကိုကြုံတွေ့နိူင်မည်မသိချေ။ နှစ်ယောက်သားဘေးချင်းယှဉ်ဝင်သွားရင်း တောနက်ထဲသို့ရောက်မှန်းမသိရောက်သွား၏။

” ဟာ…ဟိုးအပင်ကြီးပေါ်မှာပန်းတွေမနဲမနောပါလားကွ…လာငါတို့အတူတူသွားယူရအောင်…”

သိန်းစိုးက အပေါ်မော့ကြည့်ရင်း လူငါးယောက်ဖက်စာခန့်ရှိသည့် သစ်ပင်ကြီးပေါ်ရှိပန်းများကိုတက်ယူရန်အဖော်ညှိ၏။ ကိုမောင်လေးလည်းသစ်ပင်ကြီးကိုမော့ကြည့်ရင်း

” အေးတက်ကြမယ်ကွ….ဒီအပင်မှာပန်းတွေမနဲမနောဘဲ.. ”

ပြောပြောဆိုဆို သူ့ထက်ငှါအရင်ဦးအောင် သစ်ပင်ပေါ်ကုတ်တက်ကြ၏။ ပင်စည်မှာခပ်ဖြောင့်ဖြောင့်ဖြစ်နေသဖြင့် တက်ရခက်၏။ သို့ကြောင့်ပါလာသောဓားဖြင့် ခုတ်ထစ်ကာ ခက်ခက်ခဲခဲတက်သွားကြ၏။ သစ်ပင်မှာပင်စည်ကြီးသလို အကိုင်းအခက်လည်းဝေဆာလွန်းလှ၏။ သို့ကြောင့်သစ်ခွပန်းအနွယ်ဝင်များလည်း သစ်ကိုင်းများပေါ်၌ အစုလိုက်ပေါက်နေကြ၏။ အပင်ပေါ်ရောက်သည်နှင့် ပန်းကပ်ပေါက်နေသည့်သစ်ကိုင်းများကိုရွေးပြီးထပ်တက်ကာ တယုတယခွာယူကြ၏။

အဖူးအပွင့်စုံလင်လှသောသစ်ခွအနွယ်တို့မှာ မြင်သူတိုင်းစိတ်ချမ်းသာစေသည်။ ဤပန်းများသည်ဈေးအလွန်ရှိသဖြင့် ပန်းရှာသူတို့အဖို့မက်လောက်စရာပင်။ ပန်းများကိုခွာယူရင်း ကိုသိန်းစိုးသည် အဖော်ဖြစ်သူကိုမောင်လေးရှိရာအကိုင်းသို့လှည့်ကြည့်လိုက်၏။

” အင်း…သူ့အကိုင်းမှာ ပန်းတွေပိုများနေပါလား….ဒီတိုင်းဆိုငါ့ထက်သူကပိုအရများတော့မှာဘဲ…ဘယ်လိုလုပ်ရင်ကောင်းမလဲ….”

ကိုသိန်းစိုးတစ်ယောက် သူငယ်ချင်းဖြစ်သူအပေါ်မနာလိုစိတ်ဖြစ်ပေါ်နေ၏။

” အင်း…ငါသိပြီ…သူ့ကိုဒီသစ်ပင်ပေါ်ကနေတွန်းချပစ်လိုက်ရင် ဒီပန်းတွေအကုန်ငါ့အပိုင်ဖြစ်လာမှာဘဲ…ပြီးတော့မှဟိုလူတွေကို ဒီကောင်သစ်ပင်ပေါ်ကခြေချော်ကျသွားတာလို့ လီဆယ်ပြောရမယ်…အဟင်း….”

ထိုသို့တွေးပြီးကောက်ကျစ်စွာပြုံးလိုက်၏။
ထိုအတွေးကိုအကောင်အထည်ဖော်ရန်ချက်ချင်းပင် ကြံစည်လိုက်၏။

” ကိုမောင်လေး…မင်းတက်တဲ့အကိုင်းကပန်းတွေအများကြီးဘဲကွ…ငါလည်းမင့်အကိုင်းဆီကူးလာမယ်နော်ရတယ်မို့လားသူငယ်ချင်း…”

ကိုသိန်းစိုး၏စကားကို သဘောရိုးထင်ပြီး ကိုမောင်လေးက

” လာပေါ့ဟေ့ကောင်ရာ…ငါတို့တွေအတူတူယူကြတာပေါ့ ….”

ဆိုပြီး့ပြန်ပြော၏။ သူ့အကွက်ထဲဝင်ပြီဟုတွေးပြီး ကိုသိန်းစိုးတစ်ယောက်ထပ်ပြီးရက်စက်သောအပြုံးကိုချွေလိုက်ပြန်သည်။
ထို့နောက်ကိုမောင်လေးရှိရာအကိုင်းသို့ကူးလာပြီး အနားသို့ရောက်လျှင်ပန်းကိုခွာသလိုလိုလုပ်ကာ

” သူငယ်ချင်း….ငါတို့တွေမတော်လို့ဒီအပင်ကနေပြုတ်ကျလို့သေသွားခဲ့ရင်ဘယ်လိုလုပ်မလဲ …”

” ဟာ….နမိတ်မရှိတာကွာ….ငါတို့ကဘာလို့ပြုတ်ကျမှာလဲ… သေချာဂရုစိုက်ရင်ဘာမှမပြုတ်ကျဘူး….”

” ငါကသဘောပြောတာပါကွာ….အကယ်၍ပြုတ်ကျခဲ့ရင်ကော မင်းအနေနဲ့မင်းမိသားစုကိုဘာမှာခဲ့ချင်လဲ….”

” ဒီကောင်ပြောလေကဲလေပါလားကွာ….ပေါက်တတ်ကရတွေ…ပြုတ်ကျသင့်ရင်မင်းဘဲပြုတ်ကျမှာ ငါကအိမ်မှာမျှော်နေတဲ့ငါ့မိန်းမနဲ့ကလေးတွေရှိတယ်ပြုတ်ကျလို့မဖြစ်သေးဘူး…မင်းကသာ…ဟားဟားဟား….”

ကိုမောင်လေးကစကားနာပြန်ထိုးလိုက်ရာ ကိုသိန်းစိုး၏မျက်နှာမှာ ရွာတော့မည့်မိုးကဲ့သို့မည်းမှောင်သွား၏။

” ဟား…ဟား…ဟား…မောင်လေး…မောင်လေး…မင်းကငါ့ကိုဖဲ့တယ်ပေါ့ဟုတ်လား….အေးကွာငါလည်းမင်းပြောသလိုတကယ်လဲမိန်းမသားသမီးတွေမှမရှိဘဲကိုး….ဒါပေမဲ့မင်းလည်းခုကစပြီးမင်းကိုမျှော်နေတဲ့သူတွေဆီပြန်လာနိူင်တော့မှာမဟုတ်ဘူးကွ… ”

” မင်းဘာစကားပြောတာလဲသိန်းစိုး….”

” မင်းကြားတဲ့အတိုင်းဘဲဟေ့ကောင်….

ကဲဟာ…..”

” ဟာ…မင်း…မင်း….အား……”

သိန်းစိုးကပြောပြောဆိုဆို ကိုမောင်လေးကိုသစ်ပင်ပေါ်မှတွန်းချပစ်လိုက်၏။ ကိုမောင်လေးမှာ ဘာမှမပြောနိူင်တော့ဘဲ သစ်ပင်ပေါ်မှပြုတ်ကျသွားတော့၏။

” ခုတော့မင်းကိုမျှော်နေတဲ့သူဆီမပြန်နိူင်တော့ဘူးမလားကွ…ဟားဟားဟား….ဒီပန်းတွေအကုန်ငါ့အပိုင်ဘဲ….”

ကိုသိန်းစိုးကသစ်ပင်အောက်မှဆန့်တငင်ငင်ဖြစ်နေသော သူငယ်ချင်းဖြစ်သူကိုမောင်လေးကိုငုံ့ကြည့်ပြီး သူရူးတစ်ယောက်နှယ်ရယ်မောနေ၏။ သစ်ပင်ပေါ်ရှိပန်းများကိုခွာပြီးသည်နှင့်သစ်ပင်ပေါ်မှဆင်းလာခဲ့၏။ သစ်ပင်အောက်မှ ကိုမောင်လေးသည်ကားကျောက်တုံးနှင့်ရိုက်မိကာသွေးအိမ်ထဲ၌မျက်လုံးအပြုးသားဖြင့် အသက်မဲ့နေချေပြီတကား။ မြေပေါ်သို့ ပြန်ရောက်လျှင်ကိုသိန်းစိုးသည်ကိုမောင်လေးရရှိသောပန်းအချို့ကိုယူလိုက်၏။

” အေးဆေးအနားယူတော့သူငယ်ချင်းရေ….နင့်ပန်းကိုငါရောင်းပေးမယ်…ဟားဟားဟား….ဟင်…ဒီကောင့်လက်ချောင်းမှာလဲကျောက်နီလက်စွပ်တစ်ကွင်းစွပ်ထားလို့ပါလား….ငါတော့အမြတ်ပေါ့ကွာဟားဟားဟား….”

ကိုသိန်းစိုးသည်လောဘဖုံးလွှမ်းနေသောကြောင့် အမှားအမှန်ခွဲခြားနိူင်စွမ်းမရှိတော့ဘဲ သူငယ်ချင်းဖြစ်သူ၏လက်ချောင်းမှကျောက်နီလက်စွပ်ကိုဖြုတ်ယူပြီးသိမ်းထားလိုက်၏။ ထို့နောက် သူ၏အပြစ်ကိုဖုံးကွယ်ရန်အတွက် ထိုနေရာမှထွက်လာခဲ့ပြီး အလျင်လိုနေသည့်ပုံစံဖြင့်မိမိ၏အိုးစားများရှိရာသို့အမောတကောပြေးလာ၏။

” ဝှစ်…ဝေါက်….ဝေါက်….”

” ဝှစ်…ဝေါက်…ဝေါက်….”

အဖွဲ့သားများကိုလက်ခေါက်မှုတ်ကာခေါ်လိုက်၏။ ကိုသိန်းစိုး၏လက်ခေါက်မှုတ်သံကို သစ်ပင်ပေါ်၌ရှိသည့်ဦးစိုးမောင် ရှင်းရှင်းလင်းလင်းကြားနေရသဖြင့် ပြန်ပြီးအသံပြုလိုက်၏။

” ဝှစ်…ဝေါက်….ဝေါက်….”

” ဒီကောင်ဘာအရေးကြီးနေလို့လဲ….အချိန်ကအစောကြီးရှိနေပါသေးတယ်…တောထဲကနေပြန်ထွက်ဖို့ခေါ်တာတော့မဖြစ်နိူင်ဘူး….”

ဦးစိုးမောင်ထိုသို့တွေးမိပြီး သစ်ပင်ပေါ်မှကမန်းကတန်းဆင်းလာခဲ့သည်။ သစ်ပင်အောက်ရောက်သည်နှင့်အခြားအဖွဲ့သားများကိုလည်း စုစည်းလိုက်ပြီးသိန်းစိုးရှိရာသို့သွား၏။

” အဟီး…ဟင့်…ဟင့်…သူငယ်ချင်းရယ်…ငါတို့တွေအတူတူလာကြပြီး…ခုတော့မင်းကငါတို့ကိုထားခဲ့ပြီပေါ့….အဟီးဟီး… ရွှတ်….”

ကိုသိန်းစိုးအနားသို့ရောက်လာသည်နှင့် တရှုံ့ရှုံ့ငိုနေသည်ကိုတွေ့ရသဖြင့် အဖွဲ့သားများထိန်လန့်ကြကုန်၏။ အဖွဲ့ခေါင်းဆောင်က

” သိန်းစိုး…မင်းဘာဖြစ်လို့ငိုနေရတာလဲပြောစမ်း….”

” အေး….ဟေ့ကောင်…မင်းဘာလို့ဝမ်းပန်းတနည်းငိုနေရတာလဲ….”

အဖွဲ့သားများကဝိုင်းဝန်းမေးလိုက်မှ သိန်းစိုးလည်းတုန်ရီနေသောငိုသံစွက်ကြီးဖြင့်

” ဟို…ဟိုကောင်….မောင်လေး….မောင်လေး… အပင်ပေါ်ကနေပြုတ်ကျပြီး…. သေသွားပြီဗျ….အဟင့်ဟင့်….”

မောင်လေးသေပြီဟူသောအသံကြောင့် ဦးလေးစိုးမောင်တို့မှာခေါင်းကိုမိုးကြိုးပစ်လိုက်သကဲ့သို့ ချာချာလည်သွားတော့၏။

” သိန်းစိုး… မင်း…မင်းပြောတာသေချာလား….ဒါဆိုမောင်လေးကဘယ်မှာလဲ…သူကမင်းနှင့်အတူတူသွားတာမဟုတ်ဘူးလား….”

” ကျွန်တော်တကယ်ပြောတာဦးလေးစိုးမောင်ရ…မောင်လေးကလောဘကြီးပြီး သစ်ပင်ထိပ်ဖျားထိတက်ပန်းတက်ခွာတာ….ကျွန်တော်ကသတိထားဦးပြုတ်ကျမယ်ပြောတာတောင်သူကမမှုခဲ့လို့ ခုလိုဖြစ်ရတာဗျ….”

” ဟာ…ဒါဆိုမဖြစ်ဘူး….အလောင်းကိုဒီတိုင်းထားခဲ့လို့မဖြစ်ဘူး…ဟေ့ကောင်သိန်းစိုး မင်းလမ်းပြစမ်း….”

” ဟုတ်…ဟုတ်ဦးလေး…”

ယူလာသည့်ပန်းများကိုမြေပေါ်၌ချထားခဲ့ကြပြီး ကိုမောင်လေးအလောင်းရှိရာတောထဲသို့ဝင်သွားလိုက်ကြ၏။ တအောင့်ကြာသည်နှင့် သွေးညှီနံ့ကြောင့် ယင်မမဲများတဝီဝီအုံနေသော ကိုမောင်လေးအလောင်းနားသို့ရောက်လာခဲ့၏။

” ဟာ….မောင်လေး….မင်း…မင်းမိန်းမနဲ့ကလေးတွေကိုငါဘယ်လိုပြန်ပြောပြရပါ့မလဲကွာ….မင်းနှယ်ကွာ….အပင်ပေါ်တက်ရင်သတိထားပါလို့ငါအတန်တန်သတိပေးထားရက်နဲ့…ခုတော့ကွာ….”

သွေးအိုင်ထဲလှဲနေသောကိုမောင်လေး၏အသက်မဲ့နေသောအလောင်းကိုကြည့်ပြီး အဖွဲ့သားများလည်း စိတ်မကောင်းဖြစ်ရုံမှလွဲ၍ဘာမျှမတတ်နိုင်တော့ချေ။

” ဒီတိုင်းထားလို့မဖြစ်ဘူး…နေ့မကူးခင်အလောင်းကိုမြေချမှရမယ်….ဟေ့ကောင်တွေရရာနဲ့မြေကျွင်းတူးပြီး သူ့ကိုကောင်းကောင်းမွန်မွန်သဂြိုလ်ပေးကြရအောင်….”

အချိန်အတော်ကြာသည်အထိမြေကျွင်းတူးပြီး ကိုမောင်လေး၏အလောင်းကိုသဂြိုလ်ပေးလိုက်၏။ ကိုမောင်လေးရှာဖွေရလာခဲ့သောပန်းများကိုလည်း သူ့မြေပုံပေါ်၌ပင် တင်ထားပေးလိုက်၏။

” ကဲ…ညီရေ…အေးချမ်းစွာအိပ်စက်အနားယူပေဦးတော့….မင်းမိန်းမနဲ့ကလေးတွေကိုလည်း ငါတို့သေချာကြည့်ပြောပေးလိုက်ပါ့မယ်…မင်းအတွက်ရက်လည်ဆွမ်းသွပ်ဖို့လည်းငါသေချာပြောပေးပါ့မယ်ကွာ…”

” သူငယ်ချင်းရယ်…နင်သာငါ့စကားနားထောင်ခဲ့ရင် ခုလိုဖြစ်လာမှာမဟုတ်ဘူး…ခုတော့… ဟင့်ဟင့်….”

သိန်းစိုးက သေဆုံးသူ၏မြေပုံဘေး၌ငိုနေပြန်၏။ အဖွဲ့သားတို့ကား သူ့ကိုလူသတ်သမားမှန်းသံသယမဝင်ခဲ့မိချေ။

ကိုမောင်လေးတောထဲတွင်သေဆုံးသွားပြီးနောက် ဦးစိုးမောင်တို့အဖွဲ့လည်း တောမှပြန်လာပြီး အကျိုးအကြောင်းပြောပြလိုက်၏။ ကိုမောင်လေး၏ဇနီးဖြစ်သူကား သတင်းကြားကြားပြီးခြင်း ပဋာစာရီကဲ့သို့အရူးတစ်ပိုင်းဖြစ်ကာ လူးလှိမ့်ငိုကြွေးနေတော့သည်။ ဦးစိုးမောင်တို့လည်း နှစ်သိမ့်ပေးရုံမှလွဲ၍ ဘာတစ်ခုမှမတတ်နိူင်တော့ချေ။

ကိုမောင်လေးသေဆုံးပြီး၇နှစ်ရက်မြောက်နေ့၌ နေအိမ်တွင်ဆွမ်းသွပ်တရားနာပေး၏။ ထိုနေ့အထိစိုးသိန်းမှာနာရေးအိမ်၌လာပြီးကူညီလုပ်ကိုင်ပေးနေဆဲပင်။ စိတ်ပါ၍ကူညီလုပ်ကိုင်ပေးသည်တော့မဟုတ်။
ဤအဖြစ်များဖြစ်ပျက်သွားပြီးတစ်လခန့်ကြာလျှင် သိန်းစိုးသည်သစ်ခွပန်းများကိုမြို့၌သွားရောင်းမည်ဟုဆိုကာမြို့သို့တက်ခဲ့သည်။ မြို့ရောက်သော်ရွှေဆိုင်တစ်ဆိုင်၌ဝင်ပြီး ကိုမောင်လေးထံမှချွတ်ယူလာသောရွှေလက်စွပ်ကိုရောင်းချ၏။ ထိုရလာသောငွေဖြင့်ကောင်းပေ့ဆိုသည့်အစားအသောက်များဝယ်ပြီးအိမ်သို့ပြန်လာခဲ့၏။

ကိုသိန်းစိုးဆိုသူကားတစ်ဦးတည်းသောသားဖြစ်၍ မိဘနှစ်ပါးကွယ်လွန်ပြီးချိန်၌ တစ်ကောင်ကြွက်ဘဝရောက်သွားရှာသူဖြစ်၏။ အပေါင်းအသင်းမက်၏။ ကိုမောင်လေးအိမ်ထောင်ရက်သားကျသွားသဖြင့်သူမှာအဖော်မဲ့သွားရရှာ၏။ မိသားစုဘဝဖြင့်သာယာနေသော သူငယ်ချင်းဖြစ်သူကိုစိတ်ထဲမှမနာလိုဖြစ်နေမိသည်။ သို့ကြောင့် သူငယ်ချင်းဖြစ်သူကိုရှင်းပစ်ရန်အခွင့်ရှာနေသည်မှာကြာခဲ့ပြီ။ ယခုမူကားသူ့အကြံစည်သည်ကောင်းမွန်ပီပြင်စွာအောင်မြင်ခဲ့သဖြင့် အောင်သေအောင်သားစားရန် လိုအပ်သည်များဝယ်ယူခဲ့ခြင်းဖြစ်၏။

အိမ်ရောက်သည်နှင့်အထဲဝင်ပြီးအထဲမှကန့်လန့်ထိုးထားလိုက်၏။ အိမ်ထဲ၌သိန်းစိုးတစ်ယောက်ထဲစိမ်ပြေနပြေ အရက်သောက်လိုက်၊အမြည်းစားလိုက်လုပ်နေ၏။ ခါးသက်သက်အရက်ကိုရေမရောဘဲသည်အတိုင်းမော့ချပစ်သည်။ ပထမတစ်ခွက်၌အရက်သည် သူ့လည်ချောင်းထဲ၌ပူခနဲဖြစ်သွား၏။ သုံးလေးခွက်ဆက်တိုက်မော့ချလိုက်ပြီးသော် ခေါင်းထဲရီဝေဝေဖြစ်လာပြီး နားရွက်နှစ်ဖက်နီမြန်းလာသည်။

” ငါ့ကိုခွင့်လွှတ်ပါသူငယ်ချင်းရာ….ငါကမလုပ်ချင်ပေမဲ့လည်း မင်းကငါ့ထက်အရာရာသာနေတော့ငါမနာလိုမရှုစိမ့်ဖြစ်မိလို့ လုပ်မိတာကွာ…မင်းငါ့ဘဝကိုနားလည်ပေးနိူင်မယ်ထင်တယ်သူငယ်ချင်း….”

အာလေးလျှာလေးအသံဖြင့်သူ့တစ်ယောက်ထဲပြောနေခြင်းပင်။ အရက်သောက်လိုက်၊စကားပြောလိုက်ဖြင့် ညအချိန်သို့ရောက်မှန်းမသိရောက်လာခဲ့သည်။ ညရောက်သည်နှင့် ခွေးလေခွေးလွင့်တို့ကလည်း ရွာလမ်းမတစ်လျှောက်၌ အုပ်စုလိုက်ဆွဲဆွဲငင်ငင်အူနေကြသည်။

” တောက်! ဒီခွေးတွေနှယ် ဒီလောက်အူနေရသလားကွာ…နားတွေကိုငြီးနေတာဘဲ…ထွီး….”

ကိုသိန်းစိုးတစ်ယောက် အရက်ခွက်ကိုယူပြီးမော့သောက်ရင်း လမ်းမပေါ်ရှိခွေးများကိုမြည်တွန်တောက်တီးနေ၏။ တဖြည်းဖြည်းနှင့်ခွေးအူသံသည် သူ့အိမ်နှင့်ပို၍နီးကပ်လာ၏။

” အူ…ဝူး….ဝုတ်…ဝုတ်..”

” ဝုတ်…ဝုတ်…ဝုတ်….”

” ဝူး…အီ….အီ….”

တစ်ခုခုကိုမြင်၍ထိုးဟောင်နေသလားမပြောတတ်ချေ။ ခွေးအူသံများသည်ကား သူ့အိမ်ရှေ့၌ဆူညံနေတော့၏။

” ပြောနေတဲ့ကြားကငါ့အိမ်ရှေ့ထိလာအူနေကြရတယ်လို့ကွာ…ဒီကောင်တွေငါနဲ့တွေ့မယ်….ခွေးသားတော့စားရချည်သေးရဲ့…ဟားဟားဟား….”

ပြောပြောဆိုဆိုကိုသိန်းစိုးက နံရံပေါ်မှချိတ်ထားသောလွယ်အိတ်ထဲမှလောက်လေးခွနှင့်လောက်စာလုံးများကိုယူပြီးအိမ်တံခါးဖွင့်ကာ တအီအီလုပ်နေသောခွေးအုပ်ထဲသို့ပစ်လွှတ်လိုက်၏။

” ဝူး….ဝုတ်…ဝုတ်….”

” ဝူး…အီ….အီ….”

ခွေးအုပ်ကိုလောက်စာလုံးလာမှန်သောကြောင့် ဟောင်နေသောခွေးအုပ်စုက အမှောင်ထဲသို့ထွက်ပြေးကြကုန်၏။

” ဟားဟားဟား…အူချင်ဟောင်ချင်ကြအုံးလေးကွာ….ခုကျတစ်ကောင်တစ်မြီးမှမကျန်အောင်ပြေးနေကြပါလား….”

အုပ်စုကွဲသွားသောခွေးအုပ်ကိုကြည့်ပြီး ကိုသိန်းစိုးကျေနပ်အားရစွာဆို၏။ ထိုစဉ်အမှောင်ထဲမှခွေးနှစ်ကောင်ဘေးချင်းယှဉ်လျက်ထွက်လာ၏။ ထိုခွေးနှစ်ကောင်၏မျက်လုံးတို့မှာမီးကျဉ်ခဲသဖွယ်ရဲတောက်နေ၏။

” ဂီး….ဂီး….ဂီး….”

” ဂီး…ဂီး…ဂီး…”

ထိုခွေးနှစ်ကောင်မှာ သူ့ထံသို့ရိုးရိုးတန်းတန်းလာခြင်းမဟုတ်။ သွားစွယ်အဖွေးသားဖြင့် တဂီးဂီးမာန်ဖီ၍လာခြင်းဖြစ်၏။

” ဪ…ဒင်းတို့နှစ်ကောင်က ငါ့လက်ချက်နဲ့သေချင်ကြတာကိုး…ကဲကွာ….”

” ဝှီး….ဘုတ်…”

” ဝှီး….ဘုတ်….”

လောက်လေးမျှော့ကြိုးကိုတဆုံးဆွဲပြီး သူ့ဆီဦးတည်လာနေသည့်ခွေးနှစ်ကောင်ဆီတည့်တည့်လှမ်းပစ်လိုက်၏။ သူ၏လောက်စာလုံးများက ခွေးနှစ်ကောင်၏ ဦးခေါင်းကိုထိမှန်သော်လည်း ဘာမှမဖြစ်သည့်အတိုင်းပင် ခေါင်းခါပြီးဆက်လာနေဆဲ။

” ဟင်…ဒင်းတို့ကငါ့ကိုပမာမခန့်နဲ့…ရော့ကွာ…သေစမ်း….”

” ဝှီး…ဘုတ်….”

သို့သော်ခွေးမှာရပ်မသွားဘဲဘေးချင်းယှဉ်လာနေဆဲ။

” ဟာ…ဒီကောင်တွေ….သေစမ်း…”

” ဝှီး…ဘုတ်…”

သူကြည့်နေရင်းမှာပင်ထိုခွေးနှစ်ကောင်မှာတဖြည်းဖြည်းအရွယ်အစားကြီးလာပြီး လူနှစ်ယောက်၏ပုံသဏ္ဍာန်ဖြစ်သွား၏။

” ဟာ….ငါမူးပြီး ဘာတွေမြင်နေတာလဲ….”

ခွေးကနေလူပုံသဏ္ဍာန်ဖြစ်သွားသည်ကိုမြင်လိုက်ရသဖြင့် သိန်းစိုးကသူ့မျက်လုံးကိုလက်ဖြင့်ပွတ်သပ်ကာသေချာပြန်ကြည့်၏။

” ဟာ…ဟို…ဟိုကောင်…မောင်…မောင်လေး….”

သေချာပြန်ကြည့်မှသူ့ဆီဦးတည်လာနေသည့်သူမှာ တလောကမှသူအကောက်ကြံခဲ့သည့်သူငယ်ချင်းဖြစ်သူကိုမောင်လေးဖြစ်ပြီး ကိုမောင်လေး၏ဘေးရှိလူကိုကား သူမသိချေ။ ကိုမောင်လေးမှာခြေထောက်တစ်ချောင်းထော့နှဲ့ထော့နှဲ့ဖြစ်နေပြီး ခေါင်းတခြမ်းလည်းအတွင်းသို့ချိုင့်ဝင်နေ၏။ သူ့တကိုယ်လုံးလည်းသွေးများမြင်မကောင်းအောင်စီးကျနေသည်။ ကျန်တစ်ယောက်မှာ ရင်ဘတ်ကသေနတ်ကျည်ထိမှန်ထားသကဲ့သို့ ဟောင်းလောင်းကြီးပွင့်နေ၏။

” ဟာ…ဒီကောင်ပြန်ရောက်လာတာလား….မဖြစ်နိူင်ဘူး…ငါမူးပြီးအမြင်မှားနေတာ….”

ကိုသိန်းစိုးတစ်ယောက်ထိုမြင်ကွင်းကြောင့်သွေးလေချောက်ခြားပြီး အိမ်ထဲသို့ပြေးဝင်ကာတံခါးကိုပိတ်ရန်ပြု၏။

” ဝုန်း….”

” ဟာ…သရဲ…သရဲ…သွားကြ…မလာနဲ့…မလာနဲ့….”

တံခါးမပိတ်မိခင်အချိန်၌ ရင်ဘတ်ဟောင်းလောင်းပေါက်နေသောလူကြီးသည် သူ့အိမ်တံခါးကိုဝုန်းခနဲတွန်းဖွင့်လိုက်၏။ ထို့အတူသူလည်းအနောက်သို့လွှင့်ထွက်သွား၏။

” ငါ့…လက်…စွပ်…ပြန်…ပေး…ငါ့…လက်…စွပ်…ပြန်…ပေး….”

သူကုန်းမထနိူင်သေးသည့်အချိန်မှာပင် ခေါင်းတခြမ်းချိုင့်ဝင်နေသည့်သရဲသည် အိမ်ထဲသို့တလှမ်းချင်းဝင်လာပြီး လက်တစ်ဖက်ကိုရှေ့သို့ဆန့်တန်းကာသူ့လက်စွပ်ကိုပြန်ပေးရန်အက်ရှရှအသံဖြင့်ပြောနေ၏။

” ဘာလက်စွပ်လဲ…ငါမသိဘူး…ငါမယူရဘူး….”

” နင်..ယူ…တယ်…နင်…ငါ့…ကို…တွန်း…ချ…တယ်….”

ထိုသရဲကထပ်မံပြောပြန်၏။

” တောင်း…တောင်းပန်…ပါတယ်သူငယ်ချင်းရာ….ငါ….ငါမှားသွားပါတယ်….ငါ့ကို…ငါ့ကိုခွင့်လွှတ်ပါကွာနော်….”

မူးနေသည့်အရက်ပင်ဘယ်နားရောက်သွားသည်မသိ။ ကြောက်စိတ်ကြောင့်တကိုယ်လုံးချွေးပြန်ကာရွှဲရွှဲစိုနေချေပြီ။ သို့တိုင်လက်အုပ်ချီမိုးကာ သရဲနှစ်ကောင်ကိုတောင်းပန်နေဆဲ။

” ငါ့…လက်…စွပ်…ပြန်…ပေး….”

” ဂွပ်….”

” အား….”

သူတောင်းပန်နေစဉ်မှာပင် ရင်ဘတ်ဟောင်းလောင်းဖြစ်နေသောသရဲကြီးသည် ကိုသိန်းစိုး၏လည်ပင်းအား ဂွပ်ခနဲမြည်အောင်လိမ်ချိုးပစ်လိုက်တော့သည်။ သရဲကြီး၏လက်ချက်ကြောင့် သိန်းစိုးမှာမျက်နှာကြောဘက်ရောက်သွားကာဆန့်တငင်ငင်ဖြစ်ပြီးအသက်ထွက်သွားတော့သည်။

” အူး…ဝူး…ဝူး…”

” ဝူး…ဝုတ်…ဝုတ်…ဝုတ်…”

သိန်းစိုး၏အိမ်ထဲမှမဲမဲကြီးနှစ်ကောင်ထွက်လာသည်နှင့် ခွေးအုပ်စုတို့လည်းထပ်မံရောက်လာပြီး ထိုမဲမဲအရာကြီးအားထိုးထိုးဟောင်နေ၏။ ရွာတစ်ပတ်ပြည့်သွားသောအခါခွေးဟောင်သံမှာ ပြန်လည်ငြိမ်သက်သွားတော့သည်။

” အောက်အီးအီးအွတ်…အောက်အီးအီးအွတ်… ”

” တုန်…..တုန်….တုန်…တုန်..တုန်တုန်တုန်….”

မနက်အာရုံတက်ချိန်၌လင်းကြက်တွန်သံနှင့်ရွာဦးကျောင်းမှ တုံးမောင်းခေါက်သံတို့သာယာစွာထွက်ပေါ်လာ၏။ အိမ်ရှင်မတို့လည်း အိပ်ယာမှထကာဆွမ်းချက်ပြုတ်ရန်ပြင်ဆင်နေကြ၏။ ထိုမနက်ခင်းအလှကိုဖျက်ဆီးသည့်အရာကား

” ဗျို့..ဦးလေးစိုးမောင်ရေ…ဦးလေးစိုးမောင်…အိပ်ယာကထပြီလားဗျ…”

ဟူသောအသံနှင့်ဝင်လာသူက သိန်းစိုး၏ဆွေမျိုးတော်စပ်သူဖြစ်သည့် ဖိုးထိုက်။ ထိုအသံကြောင့်ချက်ပြုတ်နေသောဒေါ်သိန်းရင်က အလန့်တကြားဖြင့်

” ဟဲ့ဟဲ့…မနက်စောစောစီးစီး ဘာတွေဖြစ်လာတာတုံးငထိုက်ရဲ့… မင်းဦးလေးမထသေးဘူးကွဲ့…”

” ဦးလေးကိုနိူးပေးပါဒေါ်ကြီး…အရေးတကြီးပြောစရာရှိတယ်ဗျ…”

” စောစာစီးစီး ဘာတွေဖြစ်လာတာလဲငါ့တူ…”

ဟူသောအသံကြောင့်အပေါ်ထပ်မှဆင်းလာသူကဦးစိုးမောင်ဖြစ်၏။

” ဦးလေးနိူးပြီလားဗျ…”

” မနိူးဘဲရှိမလားကွ…မင်းကစောစောစီးစီးအိမ်လာပြီးဆူညံဆူညံလုပ်တာကို….”

” ကျွန်တော်အရေးတကြီးပြောစရာရှိလို့ပါဦးလေးရာ…”

” အေးကွာ…ပြော…မင်းဘာတွေဖြစ်လာတာလဲ…”

” ကျွန်တော်ဖြစ်တာမဟုတ်ဘူးဦးလေး…ကျွန်တော့်အစ်ကို ကိုသိန်းစိုးကြီးဖြစ်တာဗျ…”

” ဟေ…ဘယ်လိုဘယ်လို..သိန်းစိုးကြီးဘာဖြစ်နေလို့လဲကွ…”

” ဒီမနက်ကျွန်တော် ကိုသိန်းစိုးအိမ်သွားတော့ နိူးလို့ထမတာလာနဲ့အိမ်ထဲဝင်ပြီးကြည့်လိုက်တော့ ကိုသိန်းစိုးကအိမ်ထဲမှာမှောက်ရက်လဲှနေတာတွေ့ခဲ့တယ်ဗျ…သူ့မျက်နှာကကျောဘက်ရောက်နေလို့ ကျွန်တော်လည်းကြောက်ပြီးပြန်ပြေးလာတာဦးလေးရ…”

” မင်းပြောတာတကယ်လားငထိုက်ရ…”

” တကယ်ပါဆိုဦးလေးရ….ဦးလေးမယုံရင်သွားကြည့်ကြည့်…”

” ဒီကောင်မနေ့ကမြို့ကိုပန်းရောင်းဖို့သွားခဲ့တာ ပန်းရောင်းရငွေနဲ့ အရက်တွေဝယ်သောက်ပြီးအမူးလွန်သွားတာဖြစ်ရမယ်…ဟေ့ကောင် ငထိုက်…မင်းငါနဲ့လိုက်ခဲ့…ဟိုရောက်လို့မင်းပြောသလိုမဟုတ်ရင်အတီးခံရပြီသာမှတ်…”

” တကယ်ပါဆိုဦးလေးကလည်း…”

ဤသို့ဖြင့်နှစ်ယောက်သား ကိုသိန်းစိုး၏အိမ်သို့ရောက်လာခဲ့၏။ အိမ်ထဲသို့ဝင်သွားသည်နှင့် အရက်ပုလင်းများကြား၌မှောက်ရက်လှဲနေသောကိုသိန်းစိုးကိုတွေ့လိုက်ကြရ၏။

” ဟာ…ဒီကောင်…သိန်းစိုး…သိန်းစိုး…ထစမ်းကွ….”

ဦးစိုးမောင်ကသိန်းစိုးအားလှုပ်နိူး၏။ သို့သော် အင်းအဲပြန်မလုပ်။

” ဒီကောင်ငထိုက်ပြောသလိုတကယ်များသေ သွားခဲ့ပြီလားကွ…သူ့မျက်နှာကလည်းကျောဘက်ရောက်နေတယ်…အမူးလွန်ပြီးလှဲကျတာအခန့်မသင့်လို့အုန်းလွဲသွားတာနေမှာ….ဒီကောင်ကွာ…လွန်လွန်ကျူးကျူးသောက်ရတယ်လို့. …ငထိုက်မင်းရွာထဲကိုဒီအကြောင်းသွားပြောလိုက်ချေ…”

” ဟုတ်ဦးလေး…”

တအောင့်အကြာ၌ ရွာထဲရှိလူများ ကိုသိန်းစိုးအိမ်သို့ရောက်လာကြ၏။

” ဒီကောင်ပန်းရောင်းရငွေနဲ့ ခွေးသောက်ဝက်သောက် သောက်ပြီးသေသွားတာနေမှာ…”

” ဟုတ်မှာပေါ့…သောက်တတ်ရင်ဆေး၊မသောက်တတ်ရင်ဘေးတဲ့ကွ…ဒီကောင် ညကအမူးလွန်ပြီးလဲှကျသေဆုံးသွားတာနေမှာပေါ့….”

တစ်ယောက်တမျိုးထင်ကြေးပေးနေကြ၏။
မသာကိုနှစ်ရက်ထားပြီး သဂြိုလ်လိုက်ကြ၏။

ကိုသိန်းစိုးသေဆုံးပြီးသည်နှင့် ညစဉ်ညတိုင်းခွေးတစ်အုပ်သည်ရွာကိုပတ်၍ဟောင်နေကြ၏။ ကလေးသူငယ်များလည်းခွေးအူသံကြားလျှင်အလန့်တကြားငိုယိုနေကြ၏။ ရွာတပတ်ပတ်ပြီးလျှင်ခွေးအူသံမှာပြန်လည်ငြိမ်သက်သွား၏။

လမိုက်ညတစ်ည၌ ဒေါ်ရွှေအိမ်သည်ဗိုက်ထဲမှရစ်သီသီဖြစ်လာသဖြင့် မီးအိမ်ကိုဆွဲကာနောက်ဖေးသို့သွား၏။ ကျေးတောရွာဖြစ်သဖြင့် အိမ်သာမှာအိမ်မကြီးနှင့်အတော်လှမ်း၏။

” အူး…ဝူး…ဝူး…..”

” အူး…ဝူး…ဝူး….”

ခွေးအူသံမှာရွာအနောက်ပိုင်းမှလာ၍သူမတို့အိမ်ဖက်သို့တဖြည်းဖြည်းနီးကပ်လာ၏။

” ဟွေး…ကိစ္စကလည်းမပြီးသေးဘူး…ခွေးကလည်းအူနေလိုက်ကြတာတော်…အား
….ကျွတ်…ကျွတ်… ”

ရေအိမ်ထဲ၌ကိစ္စရှင်းနေသောဒေါ်ရွှေအိမ်တစ်ယောက် ခွေးအူသံကြောင့်ကြောက်စိတ်တို့လွှမ်းမိုးလာ၏။

” အူး…ဝူး….ဝူး….ဝူး….”

” အူး….ဝူး…ဝူး….”

ခွေးအူသံမှာတစတစနီးသထက်နီးလာ၏။

” မဖြစ်ဘူး…ခွေးအူသံကပိုပြီးနီးလာပြီ ကိစ္စရပ်လိုက်မှဖြစ်မယ်….”

ထိုသို့ပြောပြီး အိမ်သာထဲမှထွက်လာကာ အိမ်မကြီးဘက်သို့ခပ်သုတ်သုတ်ပြန်သွား၏။ မကြာမီခွေးတစ်အုပ်သည်သူ့အိမ်ရှေ့သို့ရောက်ချလာ၏။

” အူး…ဝူး…ဝူး….ဝုတ်…ဝုတ်….”

” အူး…ဝုတ်…ဝုတ်…ဝုတ်….”

ခွေးအူသံကြောင့်လမ်းမဘက်သို့သူကြည့်လိုက်မိ၏။

” အမလေး….ဘုရားဘုရား…ဘာကြီးလဲ….”

ကြောက်စရာကောင်းလွန်းလှသောခွေးအုပ်စုရှေ့မှအကောင်နှစ်ကောင်ကြောင့် ဒေါ်ရွှေအိမ်လန့်ဖျတ်သွားပြီးတံခါးကိုကမန်းကတမ်းဖွင့်ကာအိမ်ထဲသို့်ဝင်သွားလိုက်၏။

နောက်တစ်နေ့မနက်၌ မိုးသူဇာသည်မိခင်အားထမင်းစားရန်နိူး၏။

” ဒေါက်…ဒေါက်…ဒေါက်…”

” အမေ…အမေ…ထမင်းစားမယ်လေ…ထတော့…အမေ…အမေ….”

တံခါးခေါက်ပြီးနိူးသော်လည်းမိခင်၏ပြန်ထူးသံမကြားသဖြင့် အခန်းထဲသို့ဝင်ပြီးနိူးလိုက်၏။

” ဟင်…အမေနေမကောင်းဘူးလား…အေးစက်နေတာဘဲ…အမေ…အမေရေ…အမေ….”

မည်မျှပင်နိူးသော်လည်းမိခင်ကြီးမှာ နိူးထလာခြင်းမရှိတော့ချေ။

ရွာထဲ၌လူတစ်ယောက်ပြီးတစ်ယောက်သေဆုံးနေသဖြင့် ရွာသူရွာသားများထိတ်လန့်လာကြသည်။ ရွာကိုတစ်ပတ်ပတ်ပြီးဟောင်နေကြသည့်ခွေးအူသံကြောင့်ကလေးများလည်း လိပ်ပြာလန့်နေကြပြီ။ ယခုရွာထဲ၌လူများသေဆုံးမှုသည်လည်း ထိုခွေးဟောင်သံနှင့်ပတ်သက်နေလိမ့်မည်ဟုကောက်ချက်ချကြ၏။ သို့ကြောင့်ထိုပြဿနာအားဖြေရှင်းရန်တဖက်ရွာမှအထက်လမ်းဆရာကြီးဦးမြအောင်အားသွားပင့်ရန် ရွာသားနှစ်ယောက်ကိုလွှတ်လိုက်၏။

ဆရာပင့်ရန်ထွက်လာခဲ့ကြသောရွာသားနှစ်ယောက်သည်စကားတပြောပြောဖြင့် တဖက်ရွာသို့သွားနေကြ၏။ ရွာတစ်ရွာနှင့်တစ်ရွာသည်အလှမ်းဝေးကွာလွန်းလှသဖြင့် အနားယူရန်လမ်းဘေးရှိဇရပ်သို့လာခဲ့ကြ၏။ ထိုဇရပ်ပေါ်၌သူတို့ထက်ဦးစွာရောက်နှင့်နေသော လူနှစ်ယောက်ကအေးဆေးစွာထိုင်နေကြ၏။

” ထိုင်ခွင့်ပြုပါမိတ်ဆွေတို့….”

ဇရပ်နားရောက်လျှင်ရွာသားနှစ်ယောက်က ဇရပ်ပေါ်ရှိလူနှစ်ယောက်ထံမှ ထိုင်ခွင့်ပြုရန်ခွင့်တောင်း၏။ ထိုလူလည်းရွာသားဘက်သို့လှည့်ကြည့်ပြီး

” ထိုင်ပါဗျာ…ထိုင်ပါ…ဇရပ်ဆိုတာလူတိုင်းနားခိုဖို့ဆောက်ထားတာဘဲ…ခွင့်တောင်းစရာမလိုပါဘူးဗျာ….”

” အဲသလိုဆိုပေမဲ့လည်း မိတ်ဆွေတို့ကကျုပ်တို့ထက်အရင်ဦးအောင်ရောက်နှင့်နေတာမို့ယဉ်ကျေးမှုအရ မေးရတာပါဗျာ…”

” ဟုတ်ပါပြီဗျာ…လာထိုင်ကြပါ…”

ရွာသားနှစ်ယောက်လည်း ဇရပ်ပေါ်တက်ပြီး ရေအိုးစင်မှရေကိုခပ်ယူသောက်သုံးကာ အပန်းဖြေနေကြ၏။ ဇရပ်ပေါ်မှလူနှစ်ယောက်အနက်တစ်ယောက်မှာ သူတို့ဝင်လာသည်ကိုလှည့်၍ပင်မကြည့်ဘဲ မလှုပ်မယှက်ထိုင်နေဆဲပင်။ ရွာသားတစ်ယောက်က ခမောက်ဖြင့် ယပ်ခပ်ရင်း

” တဖက်ရွာကိုရောက်ဖို့ကအဝေးကြီးလိုသေးတယ်ဗျာ….ငါတို့နေ့ချင်းပြန်ရောက်နိူင်ပါ့မလား…”

” မရောက်နိူင်တော့လည်း မနက်အစောကျမှ ဆရာပင့်ပြီးပြန်လာကြတာပေါ့ကွာ…ဒီနည်းဘဲရှိတော့တယ်….”

” ငါတို့ဒီလိုနောက်ကျနေရင် ရွာထဲကလူတစ်ယောက်ထပ်သေနေရဦးမယ်ကွာ…ဒီညဘဲဆရာကိုမရရအောင်ပင့်လာခဲ့မှရမှာကွ…”

” အေးကွာ…ငါတို့ရွာကလည်းဘာဖြစ်နေမှန်းကိုမသိပါဘူးကွာ….”

ရွာသားနှစ်ယောက်၏စကားကို ဇရပ်ပေါ်ရှိဧည့်သည်ကစိတ်ဝင်တစားနားစွင့်နေ၏။ ပြီးနောက်

” ဒီကမိတ်ဆွေတို့ကဘာဖြစ်နေကြလို့လဲဗျ…”

စပ်စုချင်သဖြင့် ထိုသို့မေးလိုက်၏။ ထိုအမေးကြောင့်ရွာသားနှစ်ယောက်လည်းလှည့်ကြည့်လာပြီး

” ကျွန်တော်တို့ကဘာမှမဖြစ်ပါဘူးဗျာ….ကျွန်တော်တို့ရွာကဖြစ်တာ…”

” ဘာဖြစ်လို့လဲပြောပြလို့ရမလား…ကျွန်တော်တို့ကူညီပေးနိူင်ရင်ကူညီပေးလို့ရတာပေါ့ဗျ…”

ထိုစကားကြောင့်ရွာသားနှစ်ယောက်၏မျက်လုံးမှာဝင်းလက်သွား၏။

” ဒီကမိတ်ဆွေကကျွန်တော်တို့ရဲ့အခက်အခဲကိုတကယ်ကူညီပေးနိူင်လို့လားဗျ…”

” ကျွန်တော်မကူညီပေးနိူင်ပေမဲ့ကျွန်တော့ဆရာတော်ကူညီပေးနိူင်တယ်ဗျ…”

ဧည့်သည်ကတရားထိုင်နေသောလူကိုရွာသားနှစ်ယောက်အားမေးငေါ့ပြ၏။

” ဒီလိုဆိုရင်တော့ဝမ်းသာစရာပေါ့ဗျာ…ဒီလိုဗျ…ခုတလောကျွန်တော်တို့ရွာမှာ ညဘက်ဆိုခွေးတွေကရွာကိုတစ်ပတ်ပတ်ပြီးဟောင်နေကြတာဗျ….အဲဒီခွေးဟောင်သံအူသံကြောင့်ကလေးတွေလည်းလန့်ငိုနေကြတယ်…နောက်ပြီးတော့ရွာထဲကလူတွေလည်း ရောဂါမရှိဘဲကောက်ကာငင်ကာသေသွားကြတာဗျ…”

” အဖြစ်ကအရမ်းထူးဆန်းနေပါလား…အရင်ကလည်းခွေးတွေကဒီလိုဘဲရွာပတ်ပြီးဟောင်နေကြသလား….”

” မဟောင်ဘူးဗျ…ရွာထဲကလူတစ်ယောက်တောထဲမှာအပင်ပေါ်ပြုတ်ကျပြီးသေသွားတာမကြာဘူးခွေးတွေဒီလိုမျိုးဟောင်နေကြတော့တာဘဲဗျ…”

” ဟုတ်လား…ဒါဆိုရင်တော့တစ်ခုခုတော့ထူးနေပြီဗျ…”

သူတို့သုံးယောက်စကားပြောနကြစဉ်တချိန်လုံးငြိမ်သက်နေသောဧည့်သည်သည် အညောင်းအညာဆန့်ရင်း သူတို့ဘက်လှည့်လာ၏။

” တရားဖြုတ်ပြီလားဆရာ….ကျွန်တော်တို့ကူညီရမဲ့သူတွေပေါ်လာပြီဗျ…”

” ငါအားလုံးကြားလိုက်တယ်ထင်ပေါ်…ဒီကိစ္စကတောထဲမှာသေဆုံးသွားတဲ့သူနဲ့ဆိုင်နေတယ်….”

မောင်ရေခဲ၏စကားကြောင့်ရွာသားနှစ်ယောက်မှာ အံဩသွား၏။

” ဒါဆိုကျွန်တော်တို့ကိုကူညီပေးလို့ရမလားဆရာလေးတို့…ခုကျွန်တော်တို့ဒီရောက်လာရတာကလည်းတဖက်ရွာကိုဆရာအပင့်သွားမလို့ပါ….ခုတော့တဖက်ရွာကိုမရောက်ခင်မှာဘဲကူညီမဲ့သူတွေတွေ့ရတော့ဝမ်းသာလိုက်တာဗျာ….”

” ကျွန်တော်တို့အဆုံးထိကူညီပေးပါ့မယ်…မိတ်ဆွေတို့ရှေ့ကလမ်းပြပါ…နောက်ကျရင်အသက်တွေစတေးနေရလိမ့်မယ်ဗျ…”

” ဟုတ်ကဲ့ပါဗျာ…ဟုတ်ကဲ့…ဒီဖက်ကြွပါဆရာလေးတို့…”

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ရွာသားများ၏နောက်မှလိုက်လာခဲ့ကြ၏။ ညနေစောင်းအချိန်၌ရွာသို့ပြန်ရောက်လာခဲ့ကြပြီး မောင်ရေခဲတို့ကိုသူကြီးအိမ်သို့ပို့လိုက်၏။

” သူကြီးရေ…သူကြီး…ကျွန်တော်တို့ဆရာပင့်လာခဲ့ပြီဗျ…”

ထိုအသံကြောင့်သူကြီးဖြစ်သူလည်းအပေါ်ထပ်မှဝမ်းပန်းတသာဆင်းလာခဲ့၏။ အောက်ထပ်သို့ရောက်လျှင် သူအပင့်ခိုင်းသောဆရာဦးမြအောင်မဟုတ်သောကြောင့် သူကြီး၏မျက်နှာမှာပြန်လည်ညိုးနွမ်းသွား၏။

” ဟင်…မင်းတို့ကဆရာဦးမြအောင်ကိုမပင့်ဘဲ သူ့တပည့်တွေကိုပင့်လာလို့ ဒီကိစ္စကိုကိုင်တွယ်နိူင်ပါ့မလားဖိူးပြူးရ…”

သူကြီးကမောင်ရေခဲတို့အား ဆရာဦးမြအောင်၏တပည့်အထင်ရောက်သွား၏။ ဖိုးပြူးဆိုသည့်ရွာသားကလည်း

” ဟာ…ဘယ်ကသာဆရာဦးမြအောင်ရဲ့တပည့်ဖြစ်ရမှာလဲဗျ….ဒီဆရာလေးတို့ကတခြားဆရာပါသူကြီးရ…”

” နင်တို့ကခိုင်းလိုက်ရင်တလွဲ…ဆရာဦးမြအောင်ကိုပင့်လာခဲ့ပါဆို…”

” ဒီဆရာတွေကလည်းကျွန်တော်တို့ရွာရဲ့ပြဿနာကိုဖြေရှင်းပေးနိူင်မှာပါသူကြီးရ…”

” အေးကွ….မင်းတို့ပင့်လာခဲ့ကြပြီဘဲ ဘယ်တတ်နိူင်မလဲ…ထိုင်ကြဆရာလေးတို့….ဦးတို့ကြုံတွေ့နေရတဲ့ပြဿနာကိုဟိုနှစ်ကောင်ကဆရာလေးတို့ကိုပြောပြပြီးပြီထင်….”

” ကျွန်တော်အကုန်လုံးသိပြီးပါပြီဦးလေး…ဒီတော့ဒီနေဘဲပြဿနာကိုဖြေရှင်းရအောင်လို့ ကျွန်တော်တို့အတွက်လိပ်ပြာလှတဲ့နတ်ဝင်သည်တစ်ယောက်ရှာပေးလို့ရနိူင်မလားဗျ….”

” နတ်ဝင်သည်တော့မရှိဘူးဆရာလေးတို့…ဒါပေမဲ့လိပ်ပြာလှလို့ခဏခဏတခြားဘုံသားတွေပူးကပ်ခြင်းခံရတဲ့မိန်းကလေးတော့ရှိတယ်…အဆင်ပြေနိူင်မလားဆရာလေး….”

” အဆင်ပြေတယ်ဦးလေး…”

” ဟေ့ကောင်ငပြူး….မင်းရွာတောင်ပိုင်းကမိဇူးကိုသွားခေါ်ခဲ့ခုချက်ချင်းငါကအခေါ်ခိုင်းလိုက်တယ်လို့ပြော….မြန်မြန်နော်…”

” ဟုတ်သူကြီး…”

ငပြူးဆိုသည့်ရွာသားထွက်သွားပြီးကွမ်းတစ်ယာညှက်လောက်သည့်အချိန်၌ငပြူးနှင့်အတူခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်ပါလာ၏။

” အခေါ်ခိုင်းလိုက်တယ်ဆိုသူကြီး…မိဇူးကိုဘာပြောမို့လဲရှင့်…”

” ဟောဒီကဆရာလေးတို့ကိုကူညီပေးဖို့ခေါ်လိုက်တာမိဇူးမရေ….”

” ဪ…ဟုတ်ကဲ့ရှင့်…”

” ကဲ…လိုအပ်တာလည်းရပြီဆိုတော့ ဟောဟိုခြံထောင့်မှာဖျာတချပ်ခင်းပေးထားဗျ…ပြီးတော့ပရိတ်ပန်း(သပြေ၊မြေစာမြက်)
အိုးထဲကင်ပွန်းမှုန့်လည်းထည့်ခဲ့ပေးပါ…”

” ဟုတ်ကဲ့ဆရာလေး…”

လိုအပ်သည်များပြင်ဆင်ပြီးသည်နှင့် အပုပ်ချိန်ရောက်လျှင်ထိုမိန်းကလေးအား ခင်းထားသောဖျာထဲသို့ဝင်ထိုင်စေ၏။ ထိုဖျာချပ်၏နံဘေးပတ်ပတ်လည်ကိုဝင်ပေါက်သာချန်ထားပြီးစည်းတားထားလိုက်၏။ မောင်ရေခဲသည်ပရိတ်အိုးကိုကိုင်ပြီး ထိုမိန်းခလေးရှေ့၌ရပ်ကာ

” ရွာစည်းပေါက်အောင်လုပ်ပြီး လူတွေရဲ့လိပ်ပြာကိုဖမ်းစားတတ်တဲ့အကောင်…ခုချက်ချင်း ရောက်ရာအရပ်ကနေငါ့အရှေ့ရောက်လာခဲ့စမ်း….”

မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်မှသစ်ပင်တို့သည်လေမတိုက်ဘဲယိမ်းထိုးနေ၏။ ထိုယိမ်းထိုးနေသောသစ်ပင်အားကြည့်လိုက်ရာ သရဲနှစ်ကောင်သည် သစ်ပင်တစ်ပင်မှတစ်ပင်သို့ခုန်ကူးလာနေသည်ကိုတွေ့လိုက်ရ၏။ ခဏ၌သရဲနှစ်ကောင်သည်မြေပေါ်သို့ခုန်ဆင်းလာပြီး စည်းဝိုင်းထဲသို့ဝင်ရောက်သွားပြီးကောင်မလေးကိုဝင်ပူး၏။

” ထင်ပေါ်…စောစောကဖွင့်ထားတဲ့စည်းကိုပိတ်လိုက်တော့….”

” ဟုတ်ဆရာ…”

” အား…စူးတယ်…စူးတယ်…”

ဝင်ပူးခံရသောမိန်းကလေးမှာမျက်လုံးနှစ်ဖက်ကိုလက်ဖြင့်အုပ်ရင်း စူးတယ်စူးတယ်ဟုအော်နေ၏။ မောင်ရေခဲလည်း မိမိကိုယ်ကိုယ်လက်ဖြင့်သပ်လိုက်၏။

” ရပြီ…မျက်လုံးဖွင့်ပြီး ငါမေးတာဖြေတော့…မင်းတို့နှစ်ကောင်ကဘာအတွက် ရွာသူရွာသားနဲ့ကလေးတွေရဲ့လိပ်ပြာကိုနူတ်ယူနေရတာလဲ…”

” သူလုပ်တာဆရာ…ကျွန်တော်မလုပ်ဘူး…”

” မင်းလုပ်ခိုင်းတာလေ…”

” ဟာ…မိန်းကလေးတစ်ယောက်ရဲ့ပါးစပ်ကနေယောကျာ်းနှစ်ယောက်ရဲ့အသံထွက်နေပါလား…”

ဝင်ပူးခံရသူမိန်းကလေး၏အသံကြောင့် သူကြီးမှာအံ့ဩသွား၏။
မောင်ရေခဲလည်း သူ့အရှေ့၌ငြင်းနေကြသောသရဲနှစ်ကောင်ကိုပရိတ်ပန်းဖြင့်ပရိတ်ရေတောက်လိုက်၏။

” အား…ပူတယ်…ပူတယ်…”

” အားတီးတီး…ပူလိုက်တာဗျာ…”

” ထပ်ပြီးမပူချင်ရင်ငါမေးတာဖြေ…ဘာလို့လုပ်ရတာလဲ…”

” ဒီကောင့်ကိုကူညီတာပါ…”

” ဘာအတွက်ကူညီရတာလဲ…”

” ဒီကောင်က ဒီရွာသားဘဲ…သူ့ကိုသူ့ငယ်ချင်းဆိုတဲ့လူကအကောက်ကြံလိုက်လို့သေသွားရရှာတာ…သူ့ကိုငါကသနားလို့ကူညီပေးနေတာ…”

” ဟာ….ဒါ…ဒါဆိုရင်…မောင်လေးသေတာဟာသိန်းစိုးကြောင့်ပေါ့….ဒီကောင်ရက်စက်လိုက်တာဗျာ…သူငယ်ချင်းအချင်းချင်းကိုသူမို့လုပ်ရက်တယ်…”

သရဲကြီး၏စကားကြောင့်သူကြီးမှာကိုမောင်လေးသေရခြင်း၏အကြောင်းရင်းကိုပါသိလိုက်ရ၏။

” သူ့ကိုဘယ်လိုကူညီတာလဲ…”

” အမဲသားကျွေးရင်ပြောပြမယ်လေ…”

” ဒီသရဲငါ့လာဈေးဆစ်နေသေးတယ်…ကဲ
ဈေးဆစ်ချင်ဦး….”

” အားလားလား…ပူတယ်ဗျ..ပူတယ်….မပြောတော့ပါဘူး…အဲရေနဲ့မပက်ပါနဲ့တော့ …”

မောင်ရေခဲကသရဲကြီးအား ပရိတ်ရေဖြင့်ထပ်မံတောက်လိုက်ရာသရဲကြီးမှာ လူးလိမ့်အော်ဟစ်နေတော့၏။

” ကဲပြောအဲဆို…ဘယ်လိုကူညီတာလဲ…”

” သူ့ကိုသတ်ပြီးသူ့လက်စွပ်ပါယူခဲ့တဲ့ကောင်ကို ငါကလည်လိမ်ချိုးသတ်လိုက်တာ…”

” အဲလောက်ထိလုပ်စရာလိုလို့လား…ထားတော့…ဒါဆိုရင်တခြားလူတွေကိုကောဘာလို့လိပ်ပြာနူတ်ရတာလဲ…”

” ဒီကောင်ပျော်အောင်လို့…ဒီကောင်ကကျန်ခဲ့တဲ့သူ့မိန်းမနဲ့ကလေးတွေကိုလွမ်းဆွတ်ပြီးတမှိုင်မှိုင်လုပ်နေတာငါကမကြည့်ရက်လို့…”

” ခုကစပြီးမင်းတို့တွေဒီလိုလုပ်ပိုင်ခွင့်မရှိတော့ဘူး…မင်းတို့အတွက်အလှူအတန်းလုပ်ပေးမယ်…မင်းတို့သာဓုခေါ်ပြီးပိုကောင်းတဲ့ဘဝကိုကူးကြတော့…”

” ဆရာ…ကျွန်တော့မိန်းမနဲ့ကလေးကိုတွေ့ချင်သေးတယ်…”

ခေါင်းတခြမ်းချိုင့်ဝင်နေသောသရဲကပြောလိုက်ခြင်းဖြစ်၏။

” အင်း…မင်းတောင်းဆိုတာငါလိုက်လျောပေးမယ်…ကဲသူကြီး ကိုမောင်လေးရဲ့မိန်းမနဲ့ခလေးကိုခေါ်လာခဲ့ပေးလိုက်…”

” ဟုတ်ဆရာလေး…ငပြူးမင်းသွားခေါ်လိုက်….”

ငပြူးထွက်သွားပြီးတအောင့်အကြာ ဖိုသီဖပ်သီရှိလှသောအမျိုးသမီးတစ်ဦးသည် တစ်နှစ်အရွယ်ကလေးငယ်ကိုခါးထစ်ခွင်လျှက်သူကြီး၏အိမ်သို့ရောက်ရှိလာ၏။

” သူကြီး…ကျွန်မကိုအခေါ်ခိုင်းတယ်ဆို…”

” ဟုတ်တယ်နှမ…ကျွန်တော်ခေါ်ခိုင်းလိုက်တာပါ…ဒီကိုလာပါအုံးဗျ…”

ထိုအမျိုးသမီးအား စည်းဝိုင်းအပြင်ဘက်၌ထိုင်စေနေလိုက်၏။ ပြီးသော်

” ကဲ.. သင့်ဇနီးရောက်လာပြီ…ပြောစရာရှိတာပြောပါ…”

မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် သရဲပူးကပ်နေသောမိန်းကလေးသည် ထိုအမျိုးသမီးဘက်လှည့်ပြီး

” မနွယ်…ကိုယ်ပါမောင်လေးလေ….”

” ရှင့်! ….ကို…ကိုမောင်လေးဟုတ်လား…ကျွန်မအိပ်မက်မက်နေတာများလား….”

” မဟုတ်ဘူးမနွယ်…တကယ်ဖြစ်နေတာပါ…ကိုယ်ကသစ်ပင်ပေါ်ကနေမတော်တဆပြုတ်ကျတာမဟုတ်ဘူး…တွန်းချခံရတာပါ…”

” ဟင်…အစ်ကို့ကိုဘယ်သူကချောက်တွန်းလိုက်တာလဲဟင်…ပြောစမ်းပါအနွယ့်ကိုပြောစမ်းပါအစ်ကိုရယ်…”

” သံသရာဝဋ်ကြွေးမရှည်ချင်စမ်းပါနဲ့မနွယ်ရာ….သူလည်းသူ့လမ်းသူသွားခဲ့ပါပြီ…ကျွန်တော်မရှိတော့တဲ့နောက်ပိုင်းမနွယ်တစ်ယောက်ထဲခက်ခဲပင်ပန်းစွာရုန်းကန်နေရရှာမှာဘဲ…မနွယ်…ကိုယ်တို့သားလေးအတွက်ဆက်ပြီးအားတင်းထားပေးပါနော်…ကိုယ်အသတ်ခံရတာဟာအလဟာသမဖြစ်စေရပါဘူး….ကိုယ့်အသက်ရဲ့တန်ရာတန်ကြေးအတိုင်းသူကြီးကဆောက်ရွက်ပေးလိမ့်မယ်လို့ယုံကြည်ပါတယ်…အဲဒီကရတဲ့အဖိုးအခကိုယူပြီး မင်းနှင့်သားလေးဘဝကိုကောင်းကောင်းရှင်သန်ပေးပါနော်…မင်းလည်းအရွယ်ရှိသေးတာဘဲ…တပင်လဲတစ်ပင်ထူဆိုသလိုမင်းနောက်ယောကျာ်းယူချင်လည်းကိုယ်ခွင့်ပြုတယ်နော်မနွယ်….”

” အဟင့်ဟင့်…အစ်ကိုရယ်…အနွယ်လေကိုနဲ့နောက်ထပ်ဒီလိုပြောရဦးမယ်လို့ဘယ်တော့မှမထင်ထားခဲ့ဘူး….အနွယ့်ဘဝမှာကိုယ်မရှိတော့ပေမဲ့ကိုယ့်ရဲ့ကိုယ်ပွားလေးရှိနေသေးတာဘဲ….တခြားဘယ်သူမှမလိုအပ်ပါဘူး….အစ်ကို့အတွက်အနွယ်လေ…ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပေးမယ်နော်…ကိုသာဓုခေါ်ပါနော်….”

” အင်းပါမနွယ်…ကိုယ့်အတွက်မကဘူးကိုယ့်နဲ့အတူပါလာတဲ့အဖော်အတွက်ပါအလှူလုပ်အမျှဝေပေးနော်…”

” အင်းပါအစ်ကိုရယ်…”

” မနွယ်.. သားလေးကိုဂရုစိုက်နော်…ဒီဘဝမှာကိုယ်နဲ့မနွယ်ထပ်ဆုံခွင့်မရှိတော့ဘူး…”

” မပြောပါနဲ့တော့ကိုရယ်…အဟင့်ဟင့်…ရွှတ်…..”

ကိုမောင်လေးတို့လင်မယား၏အပြန်အလှန်ပြောသောစကားကြောင့် ဘေး၌ကြည့်နေကြသော လူများမှာမျက်ရည်များဝေ့တက်လာကြ၏။ စကားပြောစရာများပြီးသည်နှင့် ဝင်ပူးခံရသူလည်းမောင်ရေခဲရှေ့လှည့်လာ၏။

” ပြောစရာရှိတာပြောပြီးသွားပြီဆိုတော့ ဒီကနေထွက်သွားဖို့အချိန်တန်ပြီ…မင်းတို့နှစ်ကောင်လုံးဒီရွာသူရွာသားတွေကိုနှောင့်ယှက်ခွင့်မရှိတော့ဘူး….မင်းတို့အတွက်အမျှအတမ်းပေးဝေတဲ့အချိန်ကျရင်တော့သာဓုခေါ်ကြပါ…”

” နေ…နေပါအုံးဆရာ..ကျွန်တော့်သေဆုံးမှုအတွက်သူကြီးကဘယ်လိုဆုံးဖြတ်ပေးမလဲသိချင်သေးတယ်…”

ထိုအသံကြောင့်သူကြီးလည်း စည်းဝိုင်းရှေ့ကိုသွားပြီး

” မင်းနောက်ဆံမတင်းဘဲစိတ်ဖြောင့်ဖြောင့်သွားပါမောင်လေး….မင်းရဲ့သေဆုံးမှုအတွက် လုပ်ကြံသူရဲ့ပိုင်ဆိုင်မှုထဲကနေသုံးပုံတစ်ပုံကိုမင်းရဲ့နစ်နာမှုအဖြစ်ပေးမယ်….လုပ်ကြံသူဟာလည်းလူ့လောကမှာမရှိတော့တဲ့အတွက်ငါဒီလိုဘဲဆုံးဖြတ်ပေးနိုင်မယ်…မင်းအနေနဲ့လက်ခံသဘောတူညီပါသလား….”

” သဘောတူပါတယ်ဗျာ…သူလည်းသူ့လမ်းသူသွားခဲ့ပါပြီ….ကျွန်တော်ရတဲ့နစ်နာကြေးကို ကျွန်တော့သားမယားကိုအပ်ပေးပါဗျာ….”

” ဟုတ်ပါပြီ….”

သူကြီးနှင့်သရဲတို့ပြောစရာရှိသည်ကိုပြောပြီးသည်နှင့် မောင်ရေခဲလည်းလုပ်စရာရှိသည်များကိုလုပ်လိုက်၏။

” ကဲ…မင်းတို့ကိုအမျှပေးဝေမဲ့အချိန်အထိမင်းတို့ကိုရွာတော်ရှင်ဆီအပ်ထားမယ်…မင်းတို့အတွက်အမျှအတမ်းပေးဝေမဲ့အချိန်ကျရင်သူတို့လာခေါ်လိုက်မယ်….စောင့်နေကြပေါ့…”

” ဟုတ်ကဲ့ပါဆရာ…ကျွန်တော်တို့ဆက်ဆက်စောင့်နေပါ့မယ်….”

” ဤရွာကိုစောင့်ရှောက်တဲ့ရွာတော်ရှင်… ကျွနု်ပ်ရှေ့သို့ရောက်လာခဲ့ပေးပါ….”

မောင်ရေခဲကထိုသို့ဖိတ်ခေါ်လိုက်သည်နှင့် ပုဆိုးခါးတောင်းကျိုက်ထားသောလူတစ်ယောက်ပေါ်လာပြီး

” ရောက်ပါပြီဆရာလေး…”

” ဒီနှစ်ကောင်ကိုရွာတော်ရှင်ဖြစ်တဲ့သင့်ဆီခဏအပ်ထားမယ်…သူတို့ကိုအမျှပေးဝေမဲ့အချိန်ထိပေါ့…သင်ကူညီနိူင်မလား…”

” စိတ်ချပါဆရာလေး…ကျွနု်ပ်သေချာစောင့်ရှောက်လိုက်ပါ့မယ်…”

” ကျေးဇူးပါရွာတော်ရှင် …ဟိုနှစ်ကောင်…မင်းတို့ဒီပုဂ္ဂိုလ်နောက်လိုက်သွားချေတော့….”

” ဟုတ်ကဲ့ပါဆရာ…”

ရွာတော်ရှင်ပြန်သွားသည်နှင့်မောင်ရေခဲလည်းတားထားသောစည်းကိုပရိတ်ပန်းဖြင့် ဖျက်ပေးလိုက်၏။ သရဲနှစ်ကောင်ထွက်သွားသည်နှင့် မိဇူးလည်းဘေးသို့ပုံပုံကလေးလှဲကျသွား၏။ မောင်ရေခဲကရေစင်ဖြင့် ထိုမိန်းခလေးကိုသတိပြန်လည်လာစေလိုက်ပြီး
အဆောင်လက်ဖွဲ့ကြိုးတစ်ဆူချီးမြှင့်လိုက်၏။ လိပ်ပြာလှသဖြင့် တခြားဘုံဘဝသားများပူးကပ်ခြင်းမှကင်းဝေးရန်ဖြစ်၏။

” ကဲ…ရွာလည်းဘေးကင်းသွားပြီ…ဒီလက်ဖွဲ့ကြိုးကို ကလေးတွေရဲ့လည်ပင်းမှာဆွဲထားပေးလိုက်ပါ…ဘေးအန္တာရယ်ကင်းရှင်းစေတဲ့လိပ်ပြာချုပ်ကြိုးဘဲ….”

ထိုသို့ပြောပြီး ချည်ကြိုးနီနီကိုသူကြီးလက်သို့အပ်လိုက်၏။

” ဆရာလေး….ညနေကဆရာလေးတို့ကိုပြောမိဆိုမိခဲ့တာကိုခွင့်လွှတ်ပေးပါနော်….”

” ရပါတယ်ဦးလေးရာ…ကျွန်တော်တို့ဘယ်လိုမှသဘောမထားပါဘူး…ကိစ္စပြီးပြီဆိုတော့ကျွန်တော်တို့ကိုခွင့်ပြုပါဦး…”

” ဟာ…ဒီတစ်ညတော့နားပါအုံးလားဆရာလေးတို့…မှောင်လည်းမှောင်နေပါပြီကော….”

” ကျွန်တော်တို့အတွက်မပူပါနဲ့ဗျာ…ကဲ..ခွင့်ပြုကြပါဦးဗျ…”

” အစ်ကိုဆရာလေး….ကျွန်မယောကျာ်းနဲ့စကားပြောခွင့်ရအောင်လုပ်ပေးလို့ကျေးဇူးတင်ပါတယ်နော်…အစ်ကိုဆရာတို့ရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးရှင့်…”

” ဟုတ်ပါပြီနှမငယ်…ခွင့်ပြုပါဦးဗျ…”

သူကြီးတို့ကိုနူတ်ဆက်ပြီး တောထဲရှိစေတီပျက်လေးဆီသို့ဦးတည်လိုက်ကြတော့သည်။

မစောနွယ်လည်း နစ်နာကြေးရပြီးသည်နှင့် ယောကျာ်းဖြစ်သူနှင့်အဖော်ပါလာသောသရဲကြီးအတွက် အလှူအတန်းလုပ်အမျှပေးဝေ၏။ သရဲနှစ်ကောင်လည်း အမျှပေးဝေသည်များကို ကျေနပ်စွာသာဓုခေါ်ပြီးတခြားဘုံဘဝသို့ကူးပြောင်းသွားခဲ့ကြတော့သည်။…..။

( အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေသောဝ်)

Zawgyi Version

လိပ္ျပာႏူတ္သူ(စ/ဆံုး)
—————————-
သစ္ခြပန္းအဝယ္ဒိုင္မ်ားအဝင္အထြက္မ်ားလာသျဖင့္ ရြာထဲ႐ွိေယာက်ာ္းသားမ်ား ေတာသို႔တက္ကာ ပန္း႐ွာထြက္ခဲ့ၾကသည္။ သစ္ခြအႏြယ္ဝင္ပန္းတို႔သည္ကား အမ်ိဳးအမည္မ်ားျပားလွသလို ေစ်းလည္းအေတာ္အသင့္ရ၏။ ေငြရလြယ္ေသာေၾကာင့္ဤအလုပ္ကိုတစ္ရြာလံုး႐ွိက်န္းမာေရးေကာင္းသူတို႔လုပ္ၾက၏။ အနီးအနား႐ွိသစ္ပင္တြင္ပန္း႐ွာေဖြသူမ်ားေသာေၾကာင့္ ပန္းမ်ားမ႐ွိေတာ့ေခ်။ သို႔ေၾကာင့္ ရြာထဲ႐ွိေယာက်ာ္းသားတို႔သည္အိုးစားမ်ားဖဲြ႔ကာ ရက္အေတာ္တန္ၾကာသည္အထိေတာထဲဝင္ၾက၏။
သာေျပေက်းရြာသည္ဧရိယာက်ယ္ေသာ ေတာႀကီးႏွင့္အတန္အသင့္နီးသည္ျဖစ္ရာေတာထဲသို႔ဝင္ျခင္းသည္ အထူးအဆန္းမဟုတ္။ လူသူမစည္ကားေသးသည့္အရပ္ျဖစ္ေသာေၾကာင့္ ေတာႀကီးသည္အံု႔မိႈင္းထူထပ္ေနဆဲ၊ေတာေပ်ာ္တိရစၦာန္မ်ားျမဴးထူးစြာက်က္စားေနဆဲ၊သစ္ခြအမ်ိဳးမ်ိဳးႏွင့္သစ္ဥသစ္ဖုတို႔ေပါမ်ားေနဆဲျဖစ္သည္။
သက္လတ္ပိုင္းအရြယ္ျဖစ္ေသာဦးစိုးေမာင္သည္လည္း ေတာတက္ရာတြင္လိုအပ္မည့္ပစၥည္းပစၥယမ်ားကိုေသခ်ာထည့္ေနသည္။ ေတာသူေတာင္သားတို႔အဖို႔ ေတာတက္ရာတြင္ေက်ာပိုးအိတ္ဟူ၍သပ္သပ္ဝယ္စရာမလို။ အလြယ္တကူရေသာဆလာအိတ္အျဖဴအား နံေဘးအစေလးဖက္တြင္ပုဆိုးျဖင့္ေသခ်ာတဲြခ်ည္လိုက္ၿပီးေက်ာပိုးအိတ္သ႑ာန္လုပ္သည္။ ထိုဆလာအိတ္ေက်ာပိုးအိတ္ထဲသို႔ဆန္ႏွင့္လိုအိပ္မည့္အရာမ်ားကိုတစ္ခုမွမက်န္ရေလေအာင္အေသအခ်ာထည့္သည္။

ထည့္စရာမ်ားထည့္ၿပီးသည္ႏွင့္ အသြားထက္လွေသာဓားေျမႇာင္ကိုခါး၌ခ်ိတ္လိုက္သည္။ ၿပီးလ်ွင္​ေတာလည္​ေသနတ္ကိုပုဆိုးျဖင့္​ေသခ်ာပတ္ၿပီးပုခံုး၌ထမ္းလိုက္သည္။ သစ္ခြပန္း႐ွာထြက္မည္ဆိုေသာ္ျငားလည္း သူ၏ဟန္ပန္သည္ ပန္း႐ွာသမားႏွင့္မတူ။ ေတာပစ္ထြက္မည့္မုဆိုးတစ္ဦးႏွင့္ပင္တူေနေတာ့သည္။ ဦးစိုးေမာင္သည္ျပင္ဆင္စရာၿပီးသြားသည္ႏွင့္တဲအျပင္ထြက္ကာ ေတာစီးဖိနပ္ကိုစီးသည္။ ေတာစီးဖိနပ္ဆိုေသာ္ျငား ႐ုပ္႐ွင္ထဲကလိုဖိနပ္မ်ိဳးမဟုတ္။ လိပ္ဖိနပ္ကိုသံဆူးႀကိဳးတပ္ထားျခင္းပင္။ ထိုသို႔လုပ္ထားရျခင္းမွာလမ္းေလ်ွာက္တိုင္းေျခမေခ်ာ္ေစရန္အတြက္ျဖစ္ၿခိမ့္မည္။

” အစ္ကို….ေဟာဒီမယ္အစ္ကို႔ေသာက္ေရဘူးေမ့ခဲ့ေတာ့မလို႔….ေရာ့ေသခ်ာထည့္ဦး….ေတာထဲေရာက္လို႔အပင္ေပၚဘာညာတက္ရင္လည္း ဂ႐ုစိုက္ဦးေနာ္အစ္ကို….”

” ေအးပါခင္ႏုရယ္….နင့္မလဲပူေနလိုက္တာမသိရင္ငါကေတာမတက္ဖူးတာက်ေနတာဘဲ….”

” ပူရတာေပါ့အစ္ကိုရယ္….ကဲပါ…အစ္ကို႔အိုးစားေတြေစာင့္ေနေရာ့မယ္….သြားေခ်ဦး…..”

” ေအးေအး….နင္လည္းကေလးေတြကိုေသခ်ာဂ႐ုစိုက္ဦး….”

ဟုေျပာၿပီးအိမ္မွထြက္လာခဲ့သည္။ မခင္ႏုလည္းေယာက်ာ္းျဖစ္သူ၏ေက်ာျပင္ကိုမ်က္စိတဆံုးၾကည့္ၿပီး ေပ်ာက္ကြယ္သြားမွအိမ္ထဲသို႔ဝင္ခဲ့လိုက္သည္။

စုရပ္သို႔ေရာက္သည္ႏွင့္ မိမိတို႔၏အိုးစားမ်ားႏွင့္အတူ ေတာတက္ျခင္းခရီးကိုစတင္ခဲ့ၾကသည္။ ေတာထဲေရာက္သည္နွင့္ပန္း႐ွာသမားမ်ားကကိုယ့္အုပ္စုႏွင့္ကိုယ္ သာေသာေနရာတြင္တဲထိုးၿပီးေနၾကသည္။ ေတာအစပ္ပိုင္းတြင္ကားေတာေကာင္တို႔၏အႏၱရာယ္ကိုမမႈရေခ်။ ေနရာခ်ၿပီးသည္ႏွင့္ထိုေန႔အဖို႔ခ်က္ျပဳတ္စားေသာက္ၾကၿပီး ေတာပိုင္ေတာင္ပိုင္တို႔ကိုပူေဇာ္ပသအမ်ွေဝကာ အနားယူၾက၏။

ညေမွာင္သည္ႏွင့္မွက္၊ျခင္တို႔၏ရန္မွကင္းေဝးေစရန္ မီးဖိုလိုက္ၾက၏။ ဦးစိုးေမာင္ကမီးဖိုေနရင္း

” မင္းတို႔ေတြဒီေတာဒီေတာင္ထဲေရာက္ရင္ ဘာဘဲလုပ္လုပ္ေတာပိုင္ေတာင္ပိုင္ကိုခြင့္ေတာင္းၿပီးမွလုပ္ေနာ္….”

” ဟုတ္ကဲ့ပါ ဦးစိုးေမာင္…ဒါနဲ႔ဒီေတာဒီေတာင္ထဲမွာပန္းလာ႐ွာသူဒီေလာက္မ်ားတာ ကြၽန္ေတာ္တို႔ေတြသစ္ခြပန္း႐ွာလို႔ေတြ႔ပါ့မလားေနာ္….”

” ပင္လယ္ေရေသာက္လို႔မကုန္ႏိူင္ပါဘူးကြာ…ကိုယ္နဲ႔ထိုက္သင့္သေလာက္ေတာ့ရၾကမွာပါ….”

” ဒီေတာႀကီးထဲမွာမုဆိုးေတြအခ်င္းခ်င္းအျမင္မွားၿပီး ပစ္သတ္ၾကတာ႐ွိတယ္လို႔ၾကားဖူးတယ္​ေနာ္….တကယ္ဟုတ္ပါ့မလား…”

” ဟုတ္တာေပါ့…ဒါေၾကာင့္ဒီေတာဒီေတာင္ထဲမွာ ဘယ္ေနရာဘဲျဖစ္ျဖစ္လူေသအေလာင္းျမဳပ္တဲ့သခ်ဳႋင္းေျမျဖစ္ႏိူင္တယ္…မကြၽတ္မလြတ္တဲ့နာနာဘာဝေတြ႐ွိႏိူင္တယ္…ဒီေတာ့စားခ်ိန္​ေသာက္ခ်ိန္ကိုယ့္အ​ေပါင္းအသင္းကို​ေခၚရင္နာမည္တပ္ႁပီး​ေခၚၾက….ထမင္းစားမယ္ေဟ့လို႔တံုးတိႀကီးမေခၚရဘူး…”

ဦးစိုးေမာင္ကမိမိ၏အိုးစားမ်ားကို မျဖစ္သင့္တာမျဖစ္ရ​ေလ​ေအာင္ ႀကိဳတင္သတိေပးထား၏။

” ဝါး….အိပ္ေတာင္အိပ္ခ်င္လာၿပီကြာ….မနက္အေစာေတာထဲဝင္ၾကရမွာဆိုေတာ့ငါတို႔ေတြအိပ္ၾကရေအာင္…”

” ေအးကြ…ငါတို႔လည္းအိပ္ခ်င္လာၿပီ…အိပ္ၾကတာေပါ့…”

ညည့္နက္လာသည္ႏ​ွင့္​ေတာထဲတြင္အပ္က်သံပင္မၾကားရ​ေလာက္​ေအာင္တိတ္ဆိတ္ၿငိမ္သက္သြား၏။ ေစာေစာကတဖ်စ္ဖ်စ္ေတာက္ေလာင္ေနေသာမီးဖိုမွာလည္း ၿငိမ္းစျပဳေနေခ်ၿပီ။ လူသားအေပါင္းတို႔လည္းအိပ္ေမာက်ေနေခ်ၿပီျဖစ္သည္။ တစ္ခါတစ္ေလေဝးေဝးမွၾကားရေသာေတာေကာင္တို႔၏အသံဗလံမ်ားကိုၾကားရ၏။

” ႐ွပ္…႐ွပ္…႐ွပ္…”

ေတာအုပ္ဘက္မွ သစ္ရြက္ေျခာက္မ်ားကိုနင္းလာေသာအသံတစ္သံသည္ ဦးစိုးေမာင္တို႔႐ွိရာတဲအနီးသို႔ေရာက္လာ၏။ အိပ္ေရးဆတ္ေသာဦးစိုးေမာင္က ထိုအသံကိုၾကားလိုက္ရၿပီး ေခါင္းရင္းမွေထာင္ထားေသာေသနတ္ကိုလွမ္းယူၿပီးအသင့္အေနအထားလုပ္လိုက္၏။ တဲအတြင္းမွာေမွာင္မဲေနၿပီး
ဘာဆိုဘာမွွ်ပင္မျမင္ရ။ တဲအတြင္း၌အိပ္ေနေသာအ​ေဖာ္မ​်ား၏​ေဟာက္သံကား တခူးခူးထြက္ေပၚေန၏။

အျပင္မွ​ေျခသံသည္တဲတံခါး​ေပါက္နား၌ရပ္သြား၏။ ေတာထဲ၌ထိုးထားေသာတဲျဖစ္၍ အမိုးအကာကမလံု။ သို႔ေၾကာင့္တဲအျပင္ဘက္ကိုဝိုးတဝါးျမင္ေနရ၏။

” အသံကိုမၾကားရေတာ့ပါလား….ေတာေကာင္ႀကီးေတြအစာ႐ွာထြက္လာတာဆိုရင္ေတာ့ ခက္ရခ်ည္ေသးရဲ႕….”

ဦးစိုးေမာင္ကတဲအျပင္ကိုၾကည့္ရင္းတစ္ေယာက္ထဲအေတြးကြန႔္ေန၏။

” အစ္ကို….မီးတစ္တို႔ေလာက္ေပးပါလား…”

သူအေတြးထဲႏွစ္ေျမာေနစဥ္ အျပင္ဘက္႐ွိအေမွာင္ထဲမွ မီးေတာင္းေနေသာအသံဩဩႀကီးထြက္လာ၏။ ဒီအခ်ိန္ႀကီးမီးလာေတာင္းတာလူမျဖစ္ႏိူင္ ဟုစိတ္ထဲမွသိေနသျဖင့္ ခြန္းတံု႔မျပန္ဘဲတံုဏွိဘာေဝလုပ္ေန၏။

” တဲထဲကထိုင္ေနတဲ့လူ…က်ဳပ္ကိုမီးတစ္တို႔ေလာက္ေပးစမ္းပါဗ်ာ….က်ဳပ္ေဆးလိပ္ေသာက္ခ်င္လြန္းလို႔ပါ….”

အေမွာင္ထဲမွစကားသံထပ္မံထြက္လာျပန္၏။ အကယ္၍လူျဖစ္႐ိုးမွန္လ်ွင္ေမွာင္မဲမဲတဲထဲ၌ထိုင္ေနေသာသူ႔ကိုျမင္ႏိူင္မည္မဟုတ္။ ဧကႏၱတ​ေစၦ၊သရဲတစ္​ေကာင္ႏွင့္​ေတြ​ေနရၿပီဟူ​ေသာအသိ​ေၾကာင့္ ၾကက္သီးေမြးညႇင္းမ်ားထလာသည္ႏွင့္တၿပိဳင္နက္ႏူတ္မွလည္း သရဏဂံုကိုအလိုလိုရြတ္မိလ်က္သားျဖစ္သြား၏။

” ဟာ…..မရြတ္နဲ႔….ဆက္မရြတ္နဲ႔….”

အေမွာင္ထဲမွအသံသည္ေစာေစာကထက္ပို၍အက္ကဲြ႐ွလာၿပီး ေဒါသ သံစြက္ေန၏။ ထိုခဏ၍တဲအျပင္ဘက္မွနီရဲစူး႐ွေနေသာမ်က္လံုးအစံုကိုလွမ္းျမင္လိုက္ရ၏။
ထို႔အတူေျမစိုက္တဲေလးသည္လည္း ငလ်င္လႈပ္သကဲ့သို႔သိမ့္ခနဲတုန္သြား၏။ သို႔ေသာ္ထိုအျဖစ္အပ်က္ကို သူမွလဲြ၌တျခားသူမ်ားသိပံုမေပၚေခ်။

ေနာက္ေန႔မနက္၌အေဖာ္မ်ားသည္ တက္ႂကြလန္းဆန္းေနေသာပံုစံမ်ားျဖင့္ ႏိူးထလာၾကသျဖင့္ သူလည္းညကကိစၥကိုမေျပာျပျဖစ္ခဲ့ေခ်။ မနက္စာခ်က္ျပဳတ္စားေသာက္ၿပီးသည္ႏွင့္ေတာထဲဝင္ရန္ျပင္ဆင္ၾက၏။

” စားၿပီးေသာက္ၿပီးၿပီဆိုေတာ့ ေတာထဲဝင္ၾကမယ္…အဓိကေျပာခ်င္တာတစ္ခုက ေတာထဲေရာက္လို႔အဖဲြ႔ကဲြသြားရင္ နာမည္ေခၚၿပီးမ႐ွာၾကနဲ႔ေနာ္…လက္ေခါက္မႈတ္ၿပီးအသံျပဳၾက….ဒီတစ္ေခါက္ငါတို႔ေတာထဲလာတာ သစ္ခြပန္းမ်ိဳးေတြ႐ွာဖို႔ဆိုေတာ့ပန္း႐ွာတာကလဲြၿပီး တျခားဘာမွမလုပ္မိေစနဲ႔…”

” ဦးစိုးေမာင္ေျပာတဲ့အတိုင္းလိုက္နာပါ့မယ္…”

မွာစရာ႐ွိတာမွာၿပီး ေတာထဲသို႔ဝင္သြားၾက၏။ ေတာထဲေရာက္သည္ႏွင့္သစ္ခြပန္းမ်ားကိုလိုက္႐ွာၾက၏။ ႏွစ္ေယာက္တစ္ဖဲြ႔သြားသည္ျဖစ္ရာ အဖဲြ႔ထဲမွကိုေမာင္ေလးႏွင့္ကိုသိန္းစိုးမွာတစ္ဖဲြ႔က်၏။

” သိန္းစိုး…ဒီတစ္ေခါက္ေတာထဲဝင္တာ ဦးစိုးေမာင္ႀကီးကဩဇာအာဏာအရမ္းျပေနသလားလို႔ေနာ္….”

” ေအးေလ…မသိရင္ငါတို႔ကေတာထဲမဝင္ဖူးတာၾကေနတာဘဲ…ဒီေတာဒီေတာင္ဆိုတာကလည္း ငါတို႔နဲ႔မွမစိမ္းဘဲ….လူႀကီးမို႔ျပန္ခံမေျပာခ်င္လို႔ၿငိမ္ေနရတာ….ႏိူ႔မို႔ဆိုမလြယ္ဘူး….”

” ေအးေလ…ငါလည္းျပန္ေျပာခ်င္တာမွပါးစပ္ကိုယားလို႔…သူကအဖဲြ႔ေခါင္းေဆာင္မို႔ၿငိမ္ခံေနရတာ….”

” ဒီဖက္မွာသူတို႔အဖဲြ႔ေရာက္ၿပီးေနေလာက္ၿပီ…လာငါတို႔အထဲထိဝင္သြားၾကရေအာင္…”

” ေအးေကာင္းတယ္ကြ…”

ေတာႀကီးမွာအစအဆံုးကိုမျမင္ႏိူင္ရေလာက္ေအာင္ႀကီးမားလြန္းလွသျဖင့္ ေတာထဲ၌မည္သည့္အႏၱရာယ္မ်ားကိုၾကံဳေတြ႔ႏိူင္မည္မသိေခ်။ ႏွစ္ေယာက္သားေဘးခ်င္းယွဥ္ဝင္သြားရင္း ေတာနက္ထဲသို႔ေရာက္မွန္းမသိေရာက္သြား၏။

” ဟာ…ဟိုးအပင္ႀကီးေပၚမွာပန္းေတြမနဲမေနာပါလားကြ…လာငါတို႔အတူတူသြားယူရေအာင္…”

သိန္းစိုးက အေပၚေမာ့ၾကည့္ရင္း လူငါးေယာက္ဖက္စာခန္႔႐ွိသည့္ သစ္ပင္ႀကီးေပၚ႐ွိပန္းမ်ားကိုတက္ယူရန္အေဖာ္ညိွ၏။ ကိုေမာင္ေလးလည္းသစ္ပင္ႀကီးကိုေမာ့ၾကည့္ရင္း

” ေအးတက္ၾကမယ္ကြ….ဒီအပင္မွာပန္းေတြမနဲမေနာဘဲ.. ”

ေျပာေျပာဆိုဆို သူ႔ထက္ငွါအရင္ဦးေအာင္ သစ္ပင္ေပၚကုတ္တက္ၾက၏။ ပင္စည္မွာခပ္ေျဖာင့္ေျဖာင့္ျဖစ္ေနသျဖင့္ တက္ရခက္၏။ သို႔ေၾကာင့္ပါလာေသာဓားျဖင့္ ခုတ္ထစ္ကာ ခက္ခက္ခဲခဲတက္သြားၾက၏။ သစ္ပင္မွာပင္စည္ႀကီးသလို အကိုင္းအခက္လည္းေဝဆာလြန္းလွ၏။ သို႔ေၾကာင့္သစ္ခြပန္းအႏြယ္ဝင္မ်ားလည္း သစ္ကိုင္းမ်ားေပၚ၌ အစုလိုက္ေပါက္ေနၾက၏။ အပင္ေပၚေရာက္သည္ႏွင့္ ပန္းကပ္ေပါက္ေနသည့္သစ္ကိုင္းမ်ားကိုေရြးၿပီးထပ္တက္ကာ တယုတယခြာယူၾက၏။

အဖူးအပြင့္စံုလင္လွေသာသစ္ခြအႏြယ္တို႔မွာ ျမင္သူတိုင္းစိတ္ခ်မ္းသာေစသည္။ ဤပန္းမ်ားသည္ေစ်းအလြန္႐ွိသျဖင့္ ပန္း႐ွာသူတို႔အဖို႔မက္ေလာက္စရာပင္။ ပန္းမ်ားကိုခြာယူရင္း ကိုသိန္းစိုးသည္ အေဖာ္ျဖစ္သူကိုေမာင္ေလး႐ွိရာအကိုင္းသို႔လွည့္ၾကည့္လိုက္၏။

” အင္း…သူ႔အကိုင္းမွာ ပန္းေတြပိုမ်ားေနပါလား….ဒီတိုင္းဆိုငါ့ထက္သူကပိုအရမ်ားေတာ့မွာဘဲ…ဘယ္လိုလုပ္ရင္ေကာင္းမလဲ….”

ကိုသိန္းစိုးတစ္ေယာက္ သူငယ္ခ်င္းျဖစ္သူအေပၚမနာလိုစိတ္ျဖစ္ေပၚေန၏။

” အင္း…ငါသိၿပီ…သူ႔ကိုဒီသစ္ပင္ေပၚကေနတြန္းခ်ပစ္လိုက္ရင္ ဒီပန္းေတြအကုန္ငါ့အပိုင္ျဖစ္လာမွာဘဲ…ၿပီးေတာ့မွဟိုလူ​ေတြကို ဒီေကာင္သစ္ပင္ေပၚကေျခေခ်ာ္က်သြားတာလို႔ လီဆယ္ေျပာရမယ္…အဟင္း….”

ထိုသို႔ေတြးၿပီး​ေကာက္က်စ္စြာျပံဳးလိုက္၏။
ထိုအေတြးကိုအေကာင္အထည္ေဖာ္ရန္ခ်က္ခ်င္းပင္ ၾကံစည္လိုက္၏။

” ကိုေမာင္ေလး…မင္းတက္တဲ့အကိုင္းကပန္းေတြအမ်ားႀကီးဘဲကြ…ငါလည္းမင့္အကိုင္းဆီကူးလာမယ္ေနာ္ရတယ္မို႔လားသူငယ္ခ်င္း…”

ကိုသိန္းစိုး၏စကားကို သေဘာ႐ိုးထင္ၿပီး ကိုေမာင္ေလးက

” လာေပါ့ေဟ့ေကာင္ရာ…ငါတို႔​ေတြအတူတူယူၾကတာ​ေပါ့ ….”

ဆိုၿပီး့ျပန္ေျပာ၏။ သူ႔အကြက္ထဲဝင္ၿပီဟုေတြးၿပီး ကိုသိန္းစိုးတစ္ေယာက္ထပ္ၿပီးရက္စက္ေသာအျပံဳးကိုေခြၽလိုက္ျပန္သည္။
ထို႔ေနာက္ကိုေမာင္ေလး႐ွိရာအကိုင္းသို႔ကူးလာၿပီး အနားသို႔ေရာက္လ်ွင္ပန္းကိုခြာသလိုလိုလုပ္ကာ

” သူငယ္ခ်င္း….ငါတို႔​ေတြမ​ေတာ္လို႔ဒီအပင္က​ေနျပဳတ္က်လို႔​ေသသြားခဲ့ရင္ဘယ္လိုလုပ္မလဲ …”

” ဟာ….နမိတ္မ႐ွိတာကြာ….ငါတို႔ကဘာလို႔ျပဳတ္က်မွာလဲ… ေသခ်ာဂ႐ုစိုက္ရင္ဘာမွမျပဳတ္က်ဘူး….”

” ငါကသေဘာေျပာတာပါကြာ….အကယ္၍ျပဳတ္က်ခဲ့ရင္​ေကာ မင္းအေနနဲ႔မင္းမိသားစုကိုဘာမွာခဲ့ခ်င္လဲ….”

” ဒီေကာင္ေျပာေလကဲေလပါလားကြာ….ေပါက္တတ္ကရေတြ…ျပဳတ္က်သင့္ရင္မင္းဘဲျပဳတ္က်မွာ ငါကအိမ္မွာေမ်ွာ္ေနတဲ့ငါ့မိန္းမနဲ႔ကေလးေတြ႐ွိတယ္ျပဳတ္က်လို႔မျဖစ္ေသးဘူး…မင္းကသာ…ဟားဟားဟား….”

ကိုေမာင္ေလးကစကားနာျပန္ထိုးလိုက္ရာ ကိုသိန္းစိုး၏မ်က္ႏွာမွာ ရြာေတာ့မည့္မိုးကဲ့သို႔မည္းေမွာင္သြား၏။

” ဟား…ဟား…ဟား…ေမာင္ေလး…ေမာင္ေလး…မင္းကငါ့ကိုဖဲ့တယ္ေပါ့ဟုတ္လား….ေအးကြာငါလည္းမင္းေျပာသလိုတကယ္လဲမိန္းမသားသမီးေတြမွမ႐ွိဘဲကိုး….ဒါေပမဲ့မင္းလည္းခုကစၿပီးမင္းကိုေမ်ွာ္ေနတဲ့သူေတြဆီျပန္လာႏိူင္ေတာ့မွာမဟုတ္ဘူးကြ… ”

” မင္းဘာစကားေျပာတာလဲသိန္းစိုး….”

” မင္းၾကားတဲ့အတိုင္းဘဲေဟ့ေကာင္….

ကဲဟာ…..”

” ဟာ…မင္း…မင္း….အား……”

သိန္းစိုးကေျပာေျပာဆိုဆို ကိုေမာင္ေလးကိုသစ္ပင္ေပၚမွတြန္းခ်ပစ္လိုက္၏။ ကိုေမာင္ေလးမွာ ဘာမွမေျပာႏိူင္ေတာ့ဘဲ သစ္ပင္ေပၚမွျပဳတ္က်သြားေတာ့၏။

” ခုေတာ့မင္းကိုေမ်ွာ္ေနတဲ့သူဆီမျပန္ႏိူင္ေတာ့ဘူးမလားကြ…ဟားဟားဟား….ဒီပန္းေတြအကုန္ငါ့အပိုင္ဘဲ….”

ကိုသိန္းစိုးကသစ္ပင္ေအာက္မွဆန္႔တငင္ငင္ျဖစ္ေနေသာ သူငယ္ခ်င္းျဖစ္သူကို​ေမာင္​ေလးကိုငံု႔ၾကည့္ၿပီး သူ႐ူးတစ္ေယာက္ႏွယ္ရယ္ေမာေန၏။ သစ္ပင္ေပၚ႐ွိပန္းမ်ားကိုခြာၿပီးသည္ႏွင့္သစ္ပင္ေပၚမွဆင္းလာခဲ့၏။ သစ္ပင္ေအာက္မွ ကိုေမာင္ေလးသည္ကားေက်ာက္တံုးႏွင့္႐ိုက္မိကာေသြးအိမ္ထဲ၌မ်က္လံုးအျပဳးသားျဖင့္ အသက္မဲ့ေနေခ်ၿပီတကား။ ေျမေပၚသို႔ ျပန္ေရာက္လ်ွင္ကိုသိန္းစိုးသည္ကိုေမာင္ေလးရ႐ွိေသာပန္းအခ်ိဳ႕ကိုယူလိုက္၏။

” ေအးေဆးအနားယူေတာ့သူငယ္ခ်င္းေရ….နင့္ပန္းကိုငါေရာင္းေပးမယ္…ဟားဟားဟား….ဟင္…ဒီေကာင့္လက္ေခ်ာင္းမွာလဲေက်ာက္နီလက္စြပ္တစ္ကြင္းစြပ္ထားလို႔ပါလား….ငါေတာ့အျမတ္ေပါ့ကြာဟားဟားဟား….”

ကိုသိန္းစိုးသည္ေလာဘဖံုးလႊမ္းေနေသာေၾကာင့္ အမွားအမွန္ခဲြျခားႏိူင္စြမ္းမ႐ွိေတာ့ဘဲ သူငယ္ခ်င္းျဖစ္သူ၏လက္​ေခ်ာင္းမွ​ေက်ာက္နီလက္စြပ္ကိုျဖဳတ္ယူၿပီးသိမ္းထားလိုက္၏။ ထို႔ေနာက္ သူ၏အျပစ္ကိုဖံုးကြယ္ရန္အတြက္ ထိုေနရာမွထြက္လာခဲ့ၿပီး အလ်င္လိုေနသည့္ပံုစံျဖင့္မိမိ၏အိုးစားမ်ား႐ွိရာသို႔အေမာတေကာေျပးလာ၏။

” ဝွစ္…ေဝါက္….ေဝါက္….”

” ဝွစ္…ေဝါက္…ေဝါက္….”

အဖဲြ႔သားမ်ားကိုလက္ေခါက္မႈတ္ကာေခၚလိုက္၏။ ကိုသိန္းစိုး၏လက္ေခါက္မႈတ္သံကို သစ္ပင္ေပၚ၌႐ွိသည့္ဦးစိုးေမာင္ ႐ွင္း႐ွင္းလင္းလင္းၾကားေနရသျဖင့္ ျပန္ၿပီးအသံျပဳလိုက္၏။

” ဝွစ္…ေဝါက္….ေဝါက္….”

” ဒီေကာင္ဘာအေရးႀကီးေနလို႔လဲ….အခ်ိန္ကအေစာႀကီး႐ွိေနပါေသးတယ္…ေတာထဲကေနျပန္ထြက္ဖို႔ေခၚတာေတာ့မျဖစ္ႏိူင္ဘူး….”

ဦးစိုးေမာင္ထိုသို႔ေတြးမိၿပီး သစ္ပင္ေပၚမွကမန္းကတန္းဆင္းလာခဲ့သည္။ သစ္ပင္ေအာက္ေရာက္သည္ႏွင့္အျခားအဖဲြ႔သားမ်ားကိုလည္း စုစည္းလိုက္ၿပီးသိန္းစိုး႐ွိရာသို႔သြား၏။

” အဟီး…ဟင့္…ဟင့္…သူငယ္ခ်င္းရယ္…ငါတို႔​ေတြအတူတူလာၾကၿပီး…ခုေတာ့မင္းကငါတို႔ကိုထားခဲ့ၿပီေပါ့….အဟီးဟီး… ရႊတ္….”

ကိုသိန္းစိုးအနားသို႔ေရာက္လာသည္ႏွင့္ တ႐ွံု႔႐ွံု႔ငိုေနသည္ကိုေတြ႔ရသျဖင့္ အဖဲြ႔သားမ်ားထိန္လန္႔ၾကကုန္၏။ အဖဲြ႔ေခါင္းေဆာင္က

” သိန္းစိုး…မင္းဘာျဖစ္လို႔ငိုေနရတာလဲေျပာစမ္း….”

” ေအး….ေဟ့ေကာင္…မင္းဘာလို႔ဝမ္းပန္းတနည္းငိုေနရတာလဲ….”

အဖဲြ႔သားမ်ားကဝိုင္းဝန္းေမးလိုက္မွ သိန္းစိုးလည္းတုန္ရီေနေသာငိုသံစြက္ႀကီးျဖင့္

” ဟို…ဟိုေကာင္….ေမာင္ေလး….ေမာင္ေလး… အပင္ေပၚကေနျပဳတ္က်ၿပီး…. ေသသြားၿပီဗ်….အဟင့္ဟင့္….”

ေမာင္ေလးေသၿပီဟူေသာအသံေၾကာင့္ ဦး​ေလးစိုးေမာင္တို႔မွာေခါင္းကိုမိုးႀကိဳးပစ္လိုက္သကဲ့သို႔ ခ်ာခ်ာလည္သြားေတာ့၏။

” သိန္းစိုး… မင္း…မင္းေျပာတာေသခ်ာလား….ဒါဆိုေမာင္ေလးကဘယ္မွာလဲ…သူကမင္းႏွင့္အတူတူသြားတာမဟုတ္ဘူးလား….”

” ကြၽန္ေတာ္တကယ္ေျပာတာဦး​ေလးစိုးေမာင္ရ…ေမာင္ေလးကေလာဘႀကီးၿပီး သစ္ပင္ထိပ္ဖ်ားထိတက္ပန္းတက္ခြာတာ….ကြၽန္ေတာ္ကသတိထားဦးျပဳတ္က်မယ္ေျပာတာေတာင္သူကမမႈခဲ့လို႔ ခုလိုျဖစ္ရတာဗ်….”

” ဟာ…ဒါဆိုမျဖစ္ဘူး….အေလာင္းကိုဒီတိုင္းထားခဲ့လို႔မျဖစ္ဘူး…ေဟ့ေကာင္သိန္းစိုး မင္းလမ္းျပစမ္း….”

” ဟုတ္…ဟုတ္ဦး​ေလး…”

ယူလာသည့္ပန္းမ်ားကိုေျမေပၚ၌ခ်ထားခဲ့ၾကၿပီး ကိုေမာင္ေလးအေလာင္း႐ွိရာေတာထဲသို႔ဝင္သြားလိုက္ၾက၏။ တေအာင့္ၾကာသည္ႏွင့္ ေသြးညႇီနံ႔ေၾကာင့္ ယင္မမဲမ်ားတဝီဝီအံုေနေသာ ကိုေမာင္ေလးအေလာင္းနားသို႔ေရာက္လာခဲ့၏။

” ဟာ….ေမာင္ေလး….မင္း…မင္းမိန္းမနဲ႔ကေလးေတြကိုငါဘယ္လိုျပန္ေျပာျပရပါ့မလဲကြာ….မင္းႏွယ္ကြာ….အပင္ေပၚတက္ရင္သတိထားပါလို႔ငါအတန္တန္သတိေပးထားရက္နဲ႔…ခုေတာ့ကြာ….”

ေသြးအိုင္ထဲလွဲေနေသာကိုေမာင္ေလး၏အသက္မဲ့ေနေသာအေလာင္းကိုၾကည့္ၿပီး အဖဲြ႔သားမ်ားလည္း စိတ္မေကာင္းျဖစ္ရံုမွလဲြ၍ဘာမ်ွမတတ္ႏိုင္ေတာ့ေခ်။

” ဒီတိုင္းထားလို႔မျဖစ္ဘူး…ေန႔မကူးခင္အေလာင္းကိုေျမခ်မွရမယ္….ေဟ့ေကာင္ေတြရရာနဲ႔ေျမကြၽင္းတူးၿပီး သူ႔ကိုေကာင္းေကာင္းမြန္မြန္သၿဂိဳလ္ေပးၾကရေအာင္….”

အခ်ိန္အေတာ္ၾကာသည္အထိေျမကြၽင္းတူးၿပီး ကိုေမာင္ေလး၏အေလာင္းကိုသၿဂိဳလ္ေပးလိုက္၏။ ကိုေမာင္ေလး႐ွာေဖြရလာခဲ့ေသာပန္းမ်ားကိုလည္း သူ႔ေျမပံုေပၚ၌ပင္ တင္ထားေပးလိုက္၏။

” ကဲ…ညီေရ…ေအးခ်မ္းစြာအိပ္စက္အနားယူေပဦးေတာ့….မင္းမိန္းမနဲ႔က​ေလး​ေတြကိုလည္း ငါတို႔​ေသခ်ာ​ၾကည့္​ေျပာ​ေပးလိုက္ပါ့မယ္…မင္းအတြက္ရက္လည္ဆြမ္းသြပ္ဖို႔လည္းငါေသခ်ာေျပာေပးပါ့မယ္ကြာ…”

” သူငယ္ခ်င္းရယ္…နင္သာငါ့စကားနားေထာင္ခဲ့ရင္ ခုလိုျဖစ္လာမွာမဟုတ္ဘူး…ခုေတာ့… ဟင့္ဟင့္….”

သိန္းစိုးက ေသဆံုးသူ၏ေျမပံုေဘး၌ငိုေနျပန္၏။ အဖဲြ႔သားတို႔ကား သူ႔ကိုလူသတ္သမားမွန္းသံသယမဝင္ခဲ့မိေခ်။

ကိုေမာင္ေလးေတာထဲတြင္ေသဆံုးသြားၿပီးေနာက္ ဦးစိုးေမာင္တို႔အဖဲြ႔လည္း ေတာမွျပန္လာၿပီး အက်ိဳးအေၾကာင္းေျပာျပလိုက္၏။ ကိုေမာင္ေလး၏ဇနီးျဖစ္သူကား သတင္းၾကားၾကားၿပီးျခင္း ပဋာစာရီကဲ့သို႔အ႐ူးတစ္ပိုင္းျဖစ္ကာ လူးလွိမ့္ငိုေႂကြး​ေနေတာ့သည္။ ဦးစိုးေမာင္တို႔လည္း ႏွစ္သိမ့့္ေပးရံုမွလဲြ၍ ဘာတစ္ခုမွမတတ္ႏိူင္ေတာ့ေခ်။

ကိုေမာင္ေလးေသဆံုးၿပီး၇ႏွစ္ရက္ေျမာက္ေန႔၌ ေနအိမ္တြင္ဆြမ္းသြပ္တရားနာေပး၏။ ထိုေန႔အထိစိုးသိန္းမွာနာေရးအိမ္၌လာၿပီးကူညီလုပ္ကိုင္ေပးေနဆဲပင္။ စိတ္ပါ၍ကူညီလုပ္ကိုင္ေပးသည္ေတာ့မဟုတ္။
ဤအျဖစ္မ်ားျဖစ္ပ်က္သြားၿပီးတစ္လခန္႔ၾကာလ်ွင္ သိန္းစိုးသည္သစ္ခြပန္းမ်ားကိုၿမိဳ႕၌သြားေရာင္းမည္ဟုဆိုကာၿမိဳ႕သို႔တက္ခဲ့သည္။ ၿမိဳ႕ေရာက္ေသာ္ေရႊဆိုင္တစ္ဆိုင္၌ဝင္ၿပီး ကိုေမာင္ေလးထံမွခြၽတ္ယူလာေသာေရႊလက္စြပ္ကိုေရာင္းခ်၏။ ထိုရလာေသာေငြျဖင့္ေကာင္းေပ့ဆိုသည့္အစားအေသာက္မ်ားဝယ္ၿပီးအိမ္သို႔ျပန္လာခဲ့၏။

ကိုသိန္းစိုးဆိုသူကားတစ္ဦးတည္းေသာသားျဖစ္၍ မိဘႏွစ္ပါးကြယ္လြန္ၿပီးခ်ိန္၌ တစ္ေကာင္ႂကြက္ဘဝေရာက္သြား႐ွာသူျဖစ္၏။ အေပါင္းအသင္းမက္၏။ ကိုေမာင္ေလးအိမ္ေထာင္ရက္သားက်သြားသျဖင့္သူမွာအေဖာ္မဲ့သြားရ႐ွာ၏။ မိသားစုဘဝျဖင့္သာယာေနေသာ သူငယ္ခ်င္းျဖစ္သူကိုစိတ္ထဲမွမနာလိုျဖစ္ေနမိသည္။ သို႔ေၾကာင့္ သူငယ္ခ်င္းျဖစ္သူကို႐ွင္းပစ္ရန္အခြင့္႐ွာေနသည္မွာၾကာခဲ့ၿပီ။ ယခုမူကားသူ႔အၾကံစည္သည္ေကာင္းမြန္ပီျပင္စြာေအာင္ျမင္ခဲ့သျဖင့္ ေအာင္ေသေအာင္သားစားရန္ လိုအပ္သည္မ်ားဝယ္ယူခဲ့ျခင္းျဖစ္၏။

အိမ္ေရာက္သည္ႏွင့္အထဲဝင္ၿပီးအထဲမွကန္႔လန္႔ထိုးထားလိုက္၏။ အိမ္ထဲ၌သိန္းစိုးတစ္ေယာက္ထဲစိမ္ေျပနေျပ အရက္ေသာက္လိုက္၊အျမည္းစားလိုက္လုပ္ေန၏။ ခါးသက္သက္အရက္ကိုေရမေရာဘဲသည္အတိုင္းေမာ့ခ်ပစ္သည္။ ပထမတစ္ခြက္၌အရက္သည္ သူ႔လည္ေခ်ာင္းထဲ၌ပူခနဲျဖစ္သြား၏။ သံုးေလးခြက္ဆက္တိုက္ေမာ့ခ်လိုက္ၿပီးေသာ္ ေခါင္းထဲရီေဝေဝျဖစ္လာၿပီး နားရြက္ႏွစ္ဖက္နီျမန္းလာသည္။

” ငါ့ကိုခြင့္လႊတ္ပါသူငယ္ခ်င္းရာ….ငါကမလုပ္ခ်င္ေပမဲ့လည္း မင္းကငါ့ထက္အရာရာသာေနေတာ့ငါမနာလိုမ႐ႈစိမ့္ျဖစ္မိလို႔ လုပ္မိတာကြာ…မင္းငါ့ဘဝကိုနားလည္ေပးႏိူင္မယ္ထင္တယ္သူငယ္ခ်င္း….”

အာေလးလ်ွာေလးအသံျဖင့္သူ႔တစ္ေယာက္ထဲေျပာေနျခင္းပင္။ အရက္ေသာက္လိုက္၊စကား​ေျပာလိုက္ျဖင့္ ညအခ်ိန္သို႔ေရာက္မွန္းမသိေရာက္လာခဲ့သည္။ ညေရာက္သည္ႏွင့္ ေခြးေလေခြးလြင့္တို႔ကလည္း ရြာလမ္းမတစ္ေလ်ွာက္၌ အုပ္စုလိုက္ဆဲြဆဲြငင္ငင္အူေနၾကသည္။

” ေတာက္! ဒီေခြးေတြႏွယ္ ဒီေလာက္အူေနရသလားကြာ…နားေတြကိုၿငီးေနတာဘဲ…ထီြး….”

ကိုသိန္းစိုးတစ္ေယာက္ အရက္ခြက္ကိုယူၿပီးေမာ့ေသာက္ရင္း လမ္းမေပၚ႐ွိေခြးမ်ားကိုျမည္တြန္ေတာက္တီးေန၏။ တျဖည္းျဖည္းႏွင့္​ေခြးအူသံသည္ သူ႔အိမ္ႏွင့္ပို၍နီးကပ္လာ၏။

” အူ…ဝူး….ဝုတ္…ဝုတ္..”

” ဝုတ္…ဝုတ္…ဝုတ္….”

” ဝူး…အီ….အီ….”

တစ္ခုခုကိုျမင္၍ထိုးေဟာင္ေနသလားမေျပာတတ္ေခ်။ ေခြးအူသံမ်ားသည္ကား သူ႔အိမ္ေ႐ွ႕၌ဆူညံေနေတာ့၏။

” ေျပာေနတဲ့ၾကားကငါ့အိမ္ေ႐ွ႕ထိလာအူေနၾကရတယ္လို႔ကြာ…ဒီေကာင္​ေတြငါနဲ႔​ေတြ႕မယ္….ေခြးသားေတာ့စားရခ်ည္ေသးရဲ႕…ဟားဟားဟား….”

ေျပာေျပာဆိုဆိုကိုသိန္းစိုးက နံရံေပၚမွခ်ိတ္ထားေသာလြယ္အိတ္ထဲမွေလာက္ေလးခြႏွင့္ေလာက္စာလံုးမ်ားကိုယူၿပီးအိမ္တံခါးဖြင့္ကာ တအီအီလုပ္ေနေသာေခြးအုပ္ထဲသို႔ပစ္လႊတ္လိုက္၏။

” ဝူး….ဝုတ္…ဝုတ္….”

” ဝူး…အီ….အီ….”

ေခြးအုပ္ကိုေလာက္စာလံုးလာမွန္ေသာေၾကာင့္ ေဟာင္ေနေသာေခြးအုပ္စုက အေမွာင္ထဲသို႔ထြက္ေျပးၾကကုန္၏။

” ဟားဟားဟား…အူခ်င္ေဟာင္ခ်င္ၾကအံုးေလးကြာ….ခုက်တစ္ေကာင္တစ္ၿမီးမွမက်န္ေအာင္ေျပးေနၾကပါလား….”

အုပ္စုကဲြသြားေသာေခြးအုပ္ကိုၾကည့္ၿပီး ကိုသိန္းစိုး​ေက်နပ္အားရစြာဆို၏။ ထိုစဥ္အေမွာင္ထဲမွေခြးႏွစ္ေကာင္ေဘးခ်င္းယွဥ္လ်က္ထြက္လာ၏။ ထိုေခြးႏွစ္ေကာင္၏မ်က္လံုးတို႔မွာမီးက်ဥ္ခဲသဖြယ္ရဲေတာက္ေန၏။

” ဂီး….ဂီး….ဂီး….”

” ဂီး…ဂီး…ဂီး…”

ထိုေခြးႏွစ္ေကာင္မွာ သူ႔ထံသို႔႐ိုး႐ိုးတန္းတန္းလာျခင္းမဟုတ္။ သြားစြယ္အေဖြးသားျဖင့္ တဂီးဂီးမာန္ဖီ၍လာျခင္းျဖစ္၏။

” ဪ…ဒင္းတို႔ႏွစ္ေကာင္က ငါ့လက္ခ်က္နဲ႔ေသခ်င္ၾကတာကိုး…ကဲကြာ….”

” ဝွီး….ဘုတ္…”

” ဝွီး….ဘုတ္….”

ေလာက္ေလးေမ်ွာ့ႀကိဳးကိုတဆံုးဆဲြၿပီး သူ႔ဆီဦးတည္လာေနသည့္ေခြးႏွစ္ေကာင္ဆီတည့္တည့္လွမ္းပစ္လိုက္၏။ သူ၏ေလာက္စာလံုးမ်ားက ေခြးႏွစ္ေကာင္၏ ဦး​ေခါင္းကိုထိမွန္​ေသာ္လည္း ဘာမွမျဖစ္သည့္အတိုင္းပင္ ေခါင္းခါၿပီးဆက္လာေနဆဲ။

” ဟင္…ဒင္းတို႔ကငါ့ကိုပမာမခန္႔နဲ႔…ေရာ့ကြာ…ေသစမ္း….”

” ဝွီး…ဘုတ္….”

သို႔ေသာ္ေခြးမွာရပ္မသြားဘဲေဘးခ်င္းယွဥ္လာေနဆဲ။

” ဟာ…ဒီေကာင္ေတြ….ေသစမ္း…”

” ဝွီး…ဘုတ္…”

သူၾကည့္ေနရင္းမွာပင္ထိုေခြးႏွစ္ေကာင္မွာတျဖည္းျဖည္းအရြယ္အစားႀကီးလာၿပီး လူႏွစ္ေယာက္၏ပံုသ႑ာန္ျဖစ္သြား၏။

” ဟာ….ငါမူးၿပီး ဘာေတြျမင္ေနတာလဲ….”

ေခြးကေနလူပံုသ႑ာန္ျဖစ္သြားသည္ကိုျမင္လိုက္ရသျဖင့္ သိန္းစိုးကသူ႔မ်က္လံုးကိုလက္ျဖင့္ပြတ္သပ္ကာေသခ်ာျပန္ၾကည့္၏။

” ဟာ…ဟို…ဟိုေကာင္…ေမာင္…ေမာင္ေလး….”

ေသခ်ာျပန္ၾကည့္မွသူ႔ဆီဦးတည္လာေနသည့္သူမွာ တေလာကမွသူအေကာက္ၾကံခဲ့သည့္သူငယ္ခ်င္းျဖစ္သူကိုေမာင္ေလးျဖစ္ၿပီး ကိုေမာင္ေလး၏ေဘး႐ွိလူကိုကား သူမသိေခ်။ ကိုေမာင္ေလးမွာေျခေထာက္တစ္ေခ်ာင္းေထာ့ႏွဲ႔ေထာ့ႏွဲ႔ျဖစ္ေနၿပီး ေခါင္းတျခမ္းလည္းအတြင္းသို႔ခ်ိဳင့္ဝင္ေန၏။ သူ႔တကိုယ္လံုးလည္းေသြးမ်ားျမင္မေကာင္းေအာင္စီးက်ေနသည္။ က်န္တစ္ေယာက္မွာ ရင္ဘတ္ကေသနတ္က်ည္ထိမွန္ထားသကဲ့သို႔ ေဟာင္းေလာင္းႀကီးပြင့္ေန၏။

” ဟာ…ဒီေကာင္ျပန္ေရာက္လာတာလား….မျဖစ္ႏိူင္ဘူး…ငါမူးၿပီးအျမင္မွားေနတာ….”

ကိုသိန္းစိုးတစ္ေယာက္ထိုျမင္ကြင္းေၾကာင့္ေသြးေလေခ်ာက္ျခားၿပီး အိမ္ထဲသို႔ေျပးဝင္ကာတံခါးကိုပိတ္ရန္ျပဳ၏။

” ဝုန္း….”

” ဟာ…သရဲ…သရဲ…သြားၾက…မလာနဲ႔…မလာနဲ႔….”

တံခါးမပိတ္မိခင္အခ်ိန္၌ ရင္ဘတ္ေဟာင္းေလာင္းေပါက္ေနေသာလူႀကီးသည္ သူ႔အိမ္တံခါးကိုဝုန္းခနဲတြန္းဖြင့္လိုက္၏။ ထို႔အတူသူလည္းအေနာက္သို႔လႊင့္ထြက္သြား၏။

” ငါ့…လက္…စြပ္…ျပန္…ေပး…ငါ့…လက္…စြပ္…ျပန္…ေပး….”

သူကုန္းမထႏိူင္ေသးသည့္အခ်ိန္မွာပင္ ေခါင္းတျခမ္းခ်ိဳင့္ဝင္ေနသည့္သရဲသည္ အိမ္ထဲသို႔တလွမ္းခ်င္းဝင္လာၿပီး လက္တစ္ဖက္ကိုေ႐ွ႕သို႔ဆန္႔တန္းကာသူ႔လက္စြပ္ကိုျပန္ေပးရန္အက္႐ွ႐ွအသံျဖင့္ေျပာေန၏။

” ဘာလက္စြပ္လဲ…ငါမသိဘူး…ငါမယူရဘူး….”

” နင္..ယူ…တယ္…နင္…ငါ့…ကို…တြန္း…ခ်…တယ္….”

ထိုသရဲကထပ္မံေျပာျပန္၏။

” ေတာင္း…ေတာင္းပန္…ပါတယ္သူငယ္ခ်င္းရာ….ငါ….ငါမွားသြားပါတယ္….ငါ့ကို…ငါ့ကိုခြင့္လႊတ္ပါကြာေနာ္….”

မူးေနသည့္အရက္ပင္ဘယ္နားေရာက္သြားသည္မသိ။ ေၾကာက္စိတ္ေၾကာင့္တကိုယ္လံုးေခြၽးျပန္ကာရႊဲရႊဲစိုေနေခ်ၿပီ။ သို႔တိုင္လက္အုပ္ခ်ီမိုးကာ သရဲႏွစ္ေကာင္ကိုေတာင္းပန္ေနဆဲ။

” ငါ့…လက္…စြပ္…ျပန္…ေပး….”

” ဂြပ္….”

” အား….”

သူေတာင္းပန္ေနစဥ္မွာပင္ ရင္ဘတ္ေဟာင္းေလာင္းျဖစ္ေနေသာသရဲႀကီးသည္ ကိုသိန္းစိုး၏လည္ပင္းအား ဂြပ္ခနဲျမည္​ေအာင္လိမ္ခ်ိဳးပစ္လိုက္ေတာ့သည္။ သရဲႀကီး၏လက္ခ်က္ေၾကာင့္ သိန္းစိုးမွာမ်က္ႏွာေၾကာဘက္ေရာက္သြားကာဆန္႔တငင္ငင္ျဖစ္ၿပီးအသက္ထြက္သြားေတာ့သည္။

” အူး…ဝူး…ဝူး…”

” ဝူး…ဝုတ္…ဝုတ္…ဝုတ္…”

သိန္းစိုး၏အိမ္ထဲမွမဲမဲႀကီးႏွစ္ေကာင္ထြက္လာသည္ႏွင့္ ေခြးအုပ္စုတို႔လည္းထပ္မံေရာက္လာၿပီး ထိုမဲမဲအရာႀကီးအားထိုးထိုးေဟာင္ေန၏။ ရြာတစ္ပတ္ျပည့္သြားေသာအခါေခြးေဟာင္သံမွာ ျပန္လည္ၿငိမ္သက္သြားေတာ့သည္။

” ေအာက္အီးအီးအြတ္…ေအာက္အီးအီးအြတ္… ”

” တုန္…..တုန္….တုန္…တုန္..တုန္တုန္တုန္….”

မနက္အာရံုတက္ခ်ိန္၌လင္းၾကက္တြန္သံႏွင့္ရြာဦးေက်ာင္းမွ တုံုးေမာင္းေခါက္သံတို႔သာယာစြာထြက္ေပၚလာ၏။ အိမ္႐ွင္မတို႔လည္း အိပ္ယာမွထကာဆြမ္းခ်က္ျပဳတ္ရန္ျပင္ဆင္ေနၾက၏။ ထိုမနက္ခင္းအလွကိုဖ်က္ဆီးသည့္အရာကား

” ဗ်ိဳ႕..ဦးေလးစိုးေမာင္​ေရ…ဦးေလးစိုးေမာင္…အိပ္ယာကထၿပီလားဗ်…”

ဟူေသာအသံႏွင့္ဝင္လာသူက သိန္းစိုး၏​ေဆြမ်ိဳး​ေတာ္စပ္သူျဖစ္သည့္ ဖိုးထိုက္။ ထိုအသံေၾကာင့္ခ်က္ျပဳတ္ေနေသာေဒၚသိန္းရင္က အလန္႔တၾကားျဖင့္

” ဟဲ့ဟဲ့…မနက္ေစာေစာစီးစီး ဘာေတြျဖစ္လာတာတံုးငထိုက္ရဲ႕… မင္းဦးေလးမထေသးဘူးကဲြ႔…”

” ဦးေလးကိုႏိူးေပးပါေဒၚႀကီး…အေရးတႀကီးေျပာစရာ႐ွိတယ္ဗ်…”

” ေစာစာစီးစီး ဘာေတြျဖစ္လာတာလဲငါ့တူ…”

ဟူေသာအသံေၾကာင့္အေပၚထပ္မွဆင္းလာသူကဦးစိုးေမာင္ျဖစ္၏။

” ဦးေလးႏိူးၿပီလားဗ်…”

” မႏိူးဘဲ႐ွိမလားကြ…မင္းကေစာေစာစီးစီးအိမ္လာၿပီးဆူညံဆူညံလုပ္တာကို….”

” ကြၽန္ေတာ္အေရးတႀကီးေျပာစရာ႐ွိလို႔ပါဦးေလးရာ…”

” ေအးကြာ…ေျပာ…မင္းဘာေတြျဖစ္လာတာလဲ…”

” ကြၽန္ေတာ္ျဖစ္တာမဟုတ္ဘူးဦးေလး…ကြၽန္ေတာ့္အစ္ကို ကိုသိန္းစိုးႀကီးျဖစ္တာဗ်…”

” ေဟ…ဘယ္လိုဘယ္လို..သိန္းစိုးႀကီးဘာျဖစ္ေနလို႔လဲကြ…”

” ဒီမနက္ကြၽန္ေတာ္ ကိုသိန္းစိုးအိမ္သြားေတာ့ ႏိူးလို႔ထမတာလာနဲ႔အိမ္ထဲဝင္ၿပီးၾကည့္လိုက္ေတာ့ ကိုသိန္းစိုးကအိမ္ထဲမွာေမွာက္ရက္လဲွေနတာေတြ႔ခဲ့တယ္ဗ်…သူ႔မ်က္ႏွာကေက်ာဘက္ေရာက္​ေနလို႔ ကြၽန္ေတာ္လည္းေၾကာက္ၿပီးျပန္ေျပးလာတာဦးေလးရ…”

” မင္းေျပာတာတကယ္လားငထိုက္ရ…”

” တကယ္ပါဆိုဦးေလးရ….ဦးေလးမယံုရင္သြားၾကည့္ၾကည့္…”

” ဒီေကာင္မေန႔ကၿမိဳ႕ကိုပန္းေရာင္းဖို႔သြားခဲ့တာ ပန္းေရာင္းရေငြနဲ႔ အရက္ေတြဝယ္ေသာက္ၿပီးအမူးလြန္သြားတာျဖစ္ရမယ္…ေဟ့ေကာင္ ငထိုက္…မင္းငါနဲ႔လိုက္ခဲ့…ဟိုေရာက္လို႔မင္းေျပာသလိုမဟုတ္ရင္အတီးခံရၿပီသာမွတ္…”

” တကယ္ပါဆိုဦးေလးကလည္း…”

ဤသို႔ျဖင့္ႏွစ္ေယာက္သား ကိုသိန္းစိုး၏အိမ္သို႔​ေရာက္လာခဲ့၏။ အိမ္ထဲသို႔ဝင္သြားသည္ႏွင့္ အရက္ပုလင္းမ်ားၾကား၌ေမွာက္ရက္လွဲေနေသာကိုသိန္းစိုးကိုေတြ႔လိုက္ၾကရ၏။

” ဟာ…ဒီေကာင္…သိန္းစိုး…သိန္းစိုး…ထစမ္းကြ….”

ဦးစိုးေမာင္ကသိန္းစိုးအားလႈပ္ႏိူး၏။ သို႔ေသာ္ အင္းအဲျပန္မလုပ္။

” ဒီေကာင္ငထိုက္ေျပာသလိုတကယ္မ်ားေသ သြားခဲ့ၿပီလားကြ…သူ႔မ်က္ႏွာကလည္းေက်ာဘက္ေရာက္ေနတယ္…အမူးလြန္ၿပီးလွဲက်တာအခန္႔မသင့္လို႔အုန္းလဲြသြားတာေနမွာ….ဒီေကာင္ကြာ…လြန္လြန္က်ဴးက်ဴးေသာက္ရတယ္လို႔. …ငထိုက္မင္းရြာထဲကိုဒီအေၾကာင္းသြားေျပာလိုက္ေခ်…”

” ဟုတ္ဦးေလး…”

တေအာင့္အၾကာ၌ ရြာထဲ႐ွိလူမ်ား ကိုသိန္းစိုးအိမ္သို႔ေရာက္လာၾက၏။

” ဒီေကာင္ပန္းေရာင္းရေငြနဲ႔ ေခြးေသာက္ဝက္ေသာက္ ေသာက္ၿပီးေသသြားတာ​ေနမွာ…”

” ဟုတ္မွာေပါ့…ေသာက္တတ္ရင္ေဆး၊မေသာက္တတ္ရင္ေဘးတဲ့ကြ…ဒီေကာင္ ညကအမူးလြန္ၿပီးလဲွက်ေသဆံုးသြားတာေနမွာေပါ့….”

တစ္ေယာက္တမ်ိဳးထင္ေၾကးေပးေနၾက၏။
မသာကုိႏွစ္ရက္ထားၿပီး သၿဂိဳလ္လိုက္ၾက၏။

ကိုသိန္းစိုးေသဆံုးၿပီးသည္ႏွင့္ ညစဥ္ညတိုင္းေခြးတစ္အုပ္သည္ရြာကိုပတ္၍ေဟာင္ေနၾက၏။ ကေလးသူငယ္မ်ားလည္းေခြးအူသံၾကားလ်ွင္အလန္႔တၾကားငိုယိုေနၾက၏။ ရြာတပတ္ပတ္ၿပီးလ်ွင္ေခြးအူသံမွာျပန္လည္ၿငိမ္သက္သြား၏။

လမိုက္ညတစ္ည၌ ေဒၚေရႊအိမ္သည္ဗိုက္ထဲမွရစ္သီသီျဖစ္လာသျဖင့္ မီးအိမ္ကိုဆဲြကာေနာက္ေဖးသို႔သြား၏။ ေက်းေတာရြာျဖစ္သျဖင့္ အိမ္သာမွာအိမ္မႀကီးႏွင့္အေတာ္လွမ္း၏။

” အူး…ဝူး…ဝူး…..”

” အူး…ဝူး…ဝူး….”

ေခြးအူသံမွာရြာအေနာက္ပိုင္းမွလာ၍သူမတို႔အိမ္ဖက္သို႔တျဖည္းျဖည္းနီးကပ္လာ၏။

” ေဟြး…ကိစၥကလည္းမၿပီးေသးဘူး…ေခြးကလည္းအူေနလိုက္ၾကတာေတာ္…အား
….ကြၽတ္…ကြၽတ္… ”

ေရအိမ္ထဲ၌ကိစၥ႐ွင္းေနေသာေဒၚေရႊအိမ္တစ္ေယာက္ ေခြးအူသံေၾကာင့္ေၾကာက္စိတ္တို႔လႊမ္းမိုးလာ၏။

” အူး…ဝူး….ဝူး….ဝူး….”

” အူး….ဝူး…ဝူး….”

ေခြးအူသံမွာတစတစနီးသထက္နီးလာ၏။

” မျဖစ္ဘူး…ေခြးအူသံကပိုၿပီးနီးလာၿပီ ကိစၥရပ္လိုက္မွျဖစ္မယ္….”

ထိုသို႔ေျပာၿပီး အိမ္သာထဲမွထြက္လာကာ အိမ္မႀကီးဘက္သို႔ခပ္သုတ္သုတ္ျပန္သြား၏။ မၾကာမီေခြးတစ္အုပ္သည္သူ႔အိမ္ေ႐ွ႕သို႔ေရာက္ခ်လာ၏။

” အူး…ဝူး…ဝူး….ဝုတ္…ဝုတ္….”

” အူး…ဝုတ္…ဝုတ္…ဝုတ္….”

ေခြးအူသံေၾကာင့္လမ္းမဘက္သို႔သူၾကည့္လိုက္မိ၏။

” အမေလး….ဘုရားဘုရား…ဘာႀကီးလဲ….”

ေၾကာက္စရာေကာင္းလြန္းလွေသာေခြးအုပ္စုေ႐ွ႕မွအေကာင္ႏွစ္ေကာင္ေၾကာင့္ ေဒၚေရႊအိမ္လန္႔ဖ်တ္သြားၿပီးတံခါးကိုကမန္းကတမ္းဖြင့္ကာအိမ္ထဲသို္႔ဝင္သြားလိုက္၏။

ေနာက္တစ္ေန႔မနက္၌ မိုးသူဇာသည္မိခင္အားထမင္းစားရန္ႏိူး၏။

” ေဒါက္…ေဒါက္…ေဒါက္…”

” အေမ…အေမ…ထမင္းစားမယ္ေလ…ထေတာ့…အေမ…အေမ….”

တံခါးေခါက္ၿပီးႏိူးေသာ္လည္းမိခင္၏ျပန္ထူးသံမၾကားသျဖင့္ အခန္းထဲသို႔ဝင္ၿပီးႏိူးလိုက္၏။

” ဟင္…အေမေနမေကာင္းဘူးလား…ေအးစက္ေနတာဘဲ…အေမ…အေမေရ…အေမ….”

မည္မ်ွပင္ႏိူးေသာ္လည္းမိခင္ႀကီးမွာ ႏိူးထလာျခင္းမ႐ွိေတာ့ေခ်။

ရြာထဲ၌လူတစ္ေယာက္ၿပီးတစ္ေယာက္ေသဆံုးေနသျဖင့္ ရြာသူရြာသားမ်ားထိတ္လန္႔လာၾကသည္။ ရြာကိုတစ္ပတ္ပတ္ၿပီးေဟာင္ေနၾကသည့္ေခြးအူသံေၾကာင့္ကေလးမ်ားလည္း လိပ္ျပာလန္႔ေနၾကၿပီ။ ယခုရြာထဲ၌လူမ်ားေသဆံုးမႈသည္လည္း ထိုေခြးေဟာင္သံႏွင့္ပတ္သက္ေနလိမ့္မည္ဟုေကာက္ခ်က္ခ်ၾက၏။ သို႔ေၾကာင့္ထိုျပႆနာအားေျဖ႐ွင္းရန္တဖက္ရြာမွအထက္လမ္းဆရာႀကီးဦးျမေအာင္အားသြားပင့္ရန္ ရြာသားႏွစ္ေယာက္ကိုလႊတ္လိုက္၏။

ဆရာပင့္ရန္ထြက္လာခဲ့ၾကေသာရြာသားႏွစ္ေယာက္သည္စကားတေျပာ​ေျပာျဖင့္ တဖက္ရြာသို႔သြားေနၾက၏။ ရြာတစ္ရြာႏွင့္တစ္ရြာသည္အလွမ္းေဝးကြာလြန္းလွသျဖင့္ အနားယူရန္လမ္းေဘး႐ွိဇရပ္သို႔လာခဲ့ၾက၏။ ထိုဇရပ္ေပၚ၌သူတို႔ထက္ဦးစြာေရာက္ႏွင့္ေနေသာ လူႏွစ္ေယာက္ကေအးေဆးစြာထိုင္ေနၾက၏။

” ထိုင္ခြင့္ျပဳပါမိတ္ေဆြတို႔….”

ဇရပ္နားေရာက္လ်ွင္ရြာသားႏွစ္ေယာက္က ဇရပ္ေပၚ႐ွိလူႏွစ္ေယာက္ထံမွ ထိုင္ခြင့္ျပဳရန္ခြင့္ေတာင္း၏။ ထိုလူလည္းရြာသားဘက္သို႔လွည့္ၾကည့္ၿပီး

” ထိုင္ပါဗ်ာ…ထိုင္ပါ…ဇရပ္ဆိုတာလူတိုင္းနားခိုဖို႔ေဆာက္ထားတာဘဲ…ခြင့္ေတာင္းစရာမလိုပါဘူးဗ်ာ….”

” အဲသလိုဆိုေပမဲ့လည္း မိတ္ေဆြတို႔ကက်ဳပ္တို႔ထက္အရင္ဦးေအာင္ေရာက္ႏွင့္ေနတာမို႔ယဥ္ေက်းမႈအရ ေမးရတာပါဗ်ာ…”

” ဟုတ္ပါၿပီဗ်ာ…လာထိုု္င္ၾကပါ…”

ရြာသားႏွစ္ေယာက္လည္း ဇရပ္ေပၚတက္ၿပီး ေရအိုးစင္မွေရကိုခပ္ယူေသာက္သံုးကာ အပန္းေျဖေနၾက၏။ ဇရပ္ေပၚမွလူႏွစ္ေယာက္အနက္တစ္ေယာက္မွာ သူတို႔ဝင္လာသည္ကိုလွည့္၍ပင္မၾကည့္ဘဲ မလႈပ္မယွက္ထိုင္ေနဆဲပင္။ ရြာသားတစ္ေယာက္က ခေမာက္ျဖင့္ ယပ္ခပ္ရင္း

” တဖက္ရြာကိုေရာက္ဖို႔ကအေဝးႀကီးလိုေသးတယ္ဗ်ာ….ငါတို႔​ေန႔ခ်င္းျပန္​ေရာက္ႏိူင္ပါ့မလား…”

” မေရာက္ႏိူင္ေတာ့လည္း မနက္အေစာက်မွ ဆရာပင့္ၿပီးျပန္လာၾကတာ​ေပါ့ကြာ…ဒီနည္းဘဲ႐ွိေတာ့တယ္….”

” ငါတို႔ဒီလိုေနာက္က်ေနရင္ ရြာထဲကလူတစ္ေယာက္ထပ္ေသေနရဦးမယ္ကြာ…ဒီညဘဲဆရာကိုမရရေအာင္ပင့္လာခဲ့မွရမွာကြ…”

” ေအးကြာ…ငါတို႔ရြာကလည္းဘာျဖစ္ေနမွန္းကိုမသိပါဘူးကြာ….”

ရြာသားႏွစ္ေယာက္၏စကားကို ဇရပ္ေပၚ႐ွိဧည့္သည္ကစိတ္ဝင္တစားနားစြင့္ေန၏။ ၿပီးေနာက္

” ဒီကမိတ္ေဆြတို႔ကဘာျဖစ္ေနၾကလို႔လဲဗ်…”

စပ္စုခ်င္သျဖင့္ ထိုသို႔ေမးလိုက္၏။ ထိုအေမးေၾကာင့္ရြာသားႏွစ္ေယာက္လည္းလွည့္ၾကည့္လာၿပီး

” ကြၽန္ေတာ္တို႔ကဘာမွမျဖစ္ပါဘူးဗ်ာ….ကြၽန္ေတာ္တို႔ရြာကျဖစ္တာ…”

” ဘာျဖစ္လို႔လဲေျပာျပလို႔ရမလား…ကြၽန္ေတာ္တို႔ကူညီ​ေပးႏိူင္ရင္ကူညီ​ေပးလို႔ရတာ​ေပါ့ဗ်…”

ထိုစကားေၾကာင့္ရြာသားႏွစ္ေယာက္၏မ်က္လံုးမွာဝင္းလက္သြား၏။

” ဒီကမိတ္ေဆြကကြၽန္ေတာ္တို႔ရဲ႕အခက္အခဲကိုတကယ္ကူညီေပးႏိူင္လို႔လားဗ်…”

” ကြၽန္ေတာ္မကူညီေပးႏိူင္ေပမဲ့ကြၽန္ေတာ့ဆရာေတာ္ကူညီေပးႏိူင္တယ္ဗ်…”

ဧည့္သည္ကတရားထိုင္ေနေသာလူကိုရြာသားႏွစ္ေယာက္အားေမးေငါ့ျပ၏။

” ဒီလိုဆိုရင္ေတာ့ဝမ္းသာစရာေပါ့ဗ်ာ…ဒီလိုဗ်…ခုတေလာကြၽန္ေတာ္တို႔ရြာမွာ ညဘက္ဆိုေခြးေတြကရြာကိုတစ္ပတ္ပတ္ၿပီးေဟာင္ေနၾကတာဗ်….အဲဒီေခြးေဟာင္သံအူသံေၾကာင့္ကေလးေတြလည္းလန္႔ငိုေနၾကတယ္…ေနာက္ၿပီးေတာ့ရြာထဲကလူေတြလည္း ေရာဂါမ႐ွိဘဲေကာက္ကာငင္ကာေသသြားၾကတာဗ်…”

” အျဖစ္ကအရမ္းထူးဆန္းေနပါလား…အရင္ကလည္းေခြးေတြကဒီလိုဘဲရြာပတ္ၿပီးေဟာင္ေနၾကသလား….”

” မေဟာင္ဘူးဗ်…ရြာထဲကလူတစ္ေယာက္ေတာထဲမွာအပင္ေပၚျပဳတ္က်ၿပီးေသသြားတာမၾကာဘူး​ေခြး​ေတြဒီလိုမ်ိဳး​ေဟာင္​ေနၾက​ေတာ့တာဘဲဗ်…”

” ဟုတ္လား…ဒါဆိုရင္ေတာ့တစ္ခုခုေတာ့ထူးေနၿပီဗ်…”

သူတို႔သံုးေယာက္စကားေျပာနၾကစဥ္တခ်ိန္လံုးၿငိမ္သက္ေနေသာဧည့္သည္သည္ အေညာင္းအညာဆန္႔ရင္း သူတို႔ဘက္လွည့္လာ၏။

” တရားျဖဳတ္ၿပီလားဆရာ….ကြၽန္​ေတာ္တို႔ကူညီရမဲ့သူ​ေတြ​ေပၚလာၿပီဗ်…”

” ငါအားလံုးၾကားလိုက္တယ္ထင္ေပၚ…ဒီကိစၥကေတာထဲမွာေသဆံုးသြားတဲ့သူနဲ႔ဆိုင္ေနတယ္….”

ေမာင္ေရခဲ၏စကားေၾကာင့္ရြာသားႏွစ္ေယာက္မွာ အံဩသြား၏။

” ဒါဆိုကြၽန္ေတာ္တို႔ကိုကူညီေပးလို႔ရမလားဆရာ​ေလးတို႔…ခုကြၽန္ေတာ္တို႔ဒီေရာက္လာရတာကလည္းတဖက္ရြာကိုဆရာအပင့္သြားမလို႔ပါ….ခုေတာ့တဖက္ရြာကိုမ​ေရာက္ခင္မွာဘဲကူညီမဲ့သူ​ေတြ​ေတြ႕ရ​ေတာ့ဝမ္းသာလိုက္တာဗ်ာ….”

” ကြၽန္ေတာ္တို႔အဆံုးထိကူညီေပးပါ့မယ္…မိတ္ေဆြတို႔ေ႐ွ႕ကလမ္းျပပါ…ေနာက္က်ရင္အသက္ေတြစေတးေနရလိမ့္မယ္ဗ်…”

” ဟုတ္ကဲ့ပါဗ်ာ…ဟုတ္ကဲ့…ဒီဖက္ႂကြပါဆရာ​ေလးတို႔…”

ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း ရြာသားမ်ား၏ေနာက္မွလိုက္လာခဲ့ၾက၏။ ညေနေစာင္းအခ်ိန္၌ရြာသို႔ျပန္ေရာက္လာခဲ့ၾကၿပီး ေမာင္ေရခဲတို႔ကိုသူႂကီးအိမ္သို႔ပို႔လိုက္၏။

” သူႀကီးေရ…သူႀကီး…ကြၽန္ေတာ္တို႔ဆရာပင့္လာခဲ့ၿပီဗ်…”

ထိုအသံေၾကာင့္သူႀကီးျဖစ္သူလည္းအေပၚထပ္မွဝမ္းပန္းတသာဆင္းလာခဲ့၏။ ေအာက္ထပ္သို့ေရာက္လ်ွင္ သူအပင့္ခိုင္းေသာဆရာဦးျမ​ေအာင္မဟုတ္​ေသာ​ေၾကာင့္ သူႀကီး၏မ်က္ႏွာမွာျပန္လည္ညိဳးႏြမ္းသြား၏။

” ဟင္…မင္းတို႔ကဆရာဦးျမေအာင္ကိုမပင့္ဘဲ သူ႔တပည့္ေတြကိုပင့္လာလို႔ ဒီကိစၥကိုကိုင္တြယ္ႏိူင္ပါ့မလားဖိူးျပဴးရ…”

သူႀကီးကေမာင္ေရခဲတို႔အား ဆရာဦးျမေအာင္၏တပည့္အထင္ေရာက္သြား၏။ ဖိုးျပဴးဆိုသည့္ရြာသားကလည္း

” ဟာ…ဘယ္ကသာဆရာဦးျမေအာင္ရဲ႕တပည့္ျဖစ္ရမွာလဲဗ်….ဒီဆရာေလးတို႔ကတျခားဆရာပါသူႀကီးရ…”

” နင္တို႔ကခိုင္းလိုက္ရင္တလဲြ…ဆရာဦးျမေအာင္ကိုပင့္လာခဲ့ပါဆို…”

” ဒီဆရာေတြကလည္းကြၽန္ေတာ္တို႔ရြာရဲ႕ျပႆနာကိုေျဖ႐ွင္းေပးႏိူင္မွာပါသူႀကီးရ…”

” ေအးကြ….မင္းတို႔ပင့္လာခဲ့ၾကၿပီဘဲ ဘယ္တတ္ႏိူင္မလဲ…ထိုင္ၾကဆရာေလးတို႔….ဦးတို႔ၾကံဳေတြ႔ေနရတဲ့ျပႆနာကိုဟိုႏွစ္ေကာင္ကဆရာေလးတို႔ကိုေျပာျပၿပီးၿပီထင္….”

” ကြၽန္ေတာ္အကုန္လံုးသိၿပီးပါၿပီဦးေလး…ဒီေတာ့ဒီေနဘဲျပႆနာကိုေျဖ႐ွင္းရေအာင္လို႔ ကြၽန္ေတာ္တို႔အတြက္လိပ္ျပာလွတဲ့နတ္ဝင္သည္တစ္ေယာက္႐ွာေပးလို႔ရႏိူင္မလားဗ်….”

” နတ္ဝင္သည္ေတာ့မ႐ွိဘူးဆရာေလးတို႔…ဒါေပမဲ့လိပ္ျပာလွလို႔ခဏခဏတျခားဘံုသားေတြပူးကပ္ျခင္းခံရတဲ့မိန္းကေလးေတာ့႐ွိတယ္…အဆင္ေျပႏိူင္မလားဆရာေလး….”

” အဆင္ေျပတယ္ဦးေလး…”

” ေဟ့ေကာင္ငျပဴး….မင္းရြာေတာင္ပိုင္းကမိဇူးကိုသြားေခၚခဲ့ခုခ်က္ခ်င္းငါကအေခၚခိုင္းလိုက္တယ္လို႔ေျပာ….ျမန္ျမန္ေနာ္…”

” ဟုတ္သူႀကီး…”

ငျပဴးဆိုသည့္ရြာသားထြက္သြားၿပီးကြမ္းတစ္ယာညႇက္ေလာက္သည့္အခ်ိန္၌ငျပဴးႏွင့္အတူခပ္ငယ္ငယ္ေကာင္မေလးတစ္ေယာက္ပါလာ၏။

” အေခၚခိုင္းလိုက္တယ္ဆိုသူႀကီး…မိဇူးကိုဘာေျပာမို႔လဲ႐ွင့္…”

” ေဟာဒီကဆရာေလးတို႔ကိုကူညီေပးဖို႔ေခၚလိုက္တာမိဇူးမေရ….”

” ဪ…ဟုတ္ကဲ့႐ွင့္…”

” ကဲ…လိုအပ္တာလည္းရၿပီဆိုေတာ့ ေဟာဟိုျခံေထာင့္မွာဖ်ာတခ်ပ္ခင္းေပးထားဗ်…ၿပီးေတာ့ပရိတ္ပန္း(သေျပ၊ေျမစာျမက္)
အိုးထဲကင္ပြန္းမႈန္႔လည္းထည့္ခဲ့ေပးပါ…”

” ဟုတ္ကဲ့ဆရာေလး…”

လိုအပ္သည္မ်ားျပင္ဆင္ၿပီးသည္ႏွင့္ အပုပ္ခ်ိန္ေရာက္လ်ွင္ထိုမိန္းကေလးအား ခင္းထားေသာဖ်ာထဲသို႔ဝင္ထိုင္ေစ၏။ ထိုဖ်ာခ်ပ္၏နံေဘးပတ္ပတ္လည္ကိုဝင္ေပါက္သာခ်န္ထားၿပီးစည္းတားထားလိုက္၏။ ေမာင္ေရခဲသည္ပရိတ္အိုးကိုကိုင္ၿပီး ထိုမိန္းခေလးေ႐ွ႕၌ရပ္ကာ

” ရြာစည္းေပါက္ေအာင္လုပ္ၿပီး လူေတြရဲ႕လိပ္ျပာကိုဖမ္းစားတတ္တဲ့အေကာင္…ခုခ်က္ခ်င္း ေရာက္ရာအရပ္ကေနငါ့အေ႐ွ႕ေရာက္လာခဲ့စမ္း….”

ေမာင္ေရခဲကထိုသို႔ေျပာလိုက္သည္ႏွင့္ ေဘးပတ္ဝန္းက်င္မွသစ္ပင္တို႔သည္ေလမတိုက္ဘဲယိမ္းထိုးေန၏။ ထိုယိမ္းထိုးေနေသာသစ္ပင္အားၾကည့္လိုက္ရာ သရဲႏွစ္ေကာင္သည္ သစ္ပင္တစ္ပင္မွတစ္ပင္သို႔ခုန္ကူးလာေနသည္ကိုေတြ႔လိုက္ရ၏။ ခဏ၌သရဲႏွစ္ေကာင္သည္ေျမေပၚသို႔ခုန္ဆင္းလာၿပီး စည္းဝိုင္းထဲသို႔ဝင္ေရာက္သြားၿပီးေကာင္မေလးကိုဝင္ပူး၏။

” ထင္ေပၚ…ေစာေစာကဖြင့္ထားတဲ့စည္းကိုပိတ္လိုက္​ေတာ့….”

” ဟုတ္ဆရာ…”

” အား…စူးတယ္…စူးတယ္…”

ဝင္ပူးခံရေသာမိန္းကေလးမွာမ်က္လံုးႏွစ္ဖက္ကိုလက္ျဖင့္အုပ္ရင္း စူးတယ္စူးတယ္ဟုေအာ္ေန၏။ ေမာင္ေရခဲလည္း မိမိကိုယ္ကိုယ္လက္ျဖင့္သပ္လိုက္၏။

” ရၿပီ…မ်က္လံုးဖြင့္ၿပီး ငါေမးတာေျဖေတာ့…မင္းတို႔ႏွစ္ေကာင္ကဘာအတြက္ ရြာသူရြာသားနဲ႔ကေလးေတြရဲ႕လိပ္ျပာကိုႏူတ္ယူေနရတာလဲ…”

” သူလုပ္တာဆရာ…ကြၽန္ေတာ္မလုပ္ဘူး…”

” မင္းလုပ္ခိုင္းတာေလ…”

” ဟာ…မိန္းကေလးတစ္ေယာက္ရဲ႕ပါးစပ္ကေနေယာက်ာ္းႏွစ္ေယာက္ရဲ႕အသံထြက္ေနပါလား…”

ဝင္ပူးခံရသူမိန္းကေလး၏အသံေၾကာင့္ သူႀကီးမွာအံ့ဩသြား၏။
ေမာင္ေရခဲလည္း သူ႔အေ႐ွ႕၌ျငင္းေနၾကေသာသရဲႏွစ္ေကာင္ကိုပရိတ္ပန္းျဖင့္ပရိတ္ေရေတာက္လိုက္၏။

” အား…ပူတယ္…ပူတယ္…”

” အားတီးတီး…ပူလိုက္တာဗ်ာ…”

” ထပ္ၿပီးမပူခ်င္ရင္ငါေမးတာေျဖ…ဘာလို႔လုပ္ရတာလဲ…”

” ဒီေကာင့္ကိုကူညီတာပါ…”

” ဘာအတြက္ကူညီရတာလဲ…”

” ဒီေကာင္က ဒီရြာသားဘဲ…သူ႔ကိုသူ႔ငယ္ခ်င္းဆိုတဲ့လူကအေကာက္ၾကံလိုက္လို႔ေသသြားရ႐ွာတာ…သူ႔ကိုငါကသနားလို႔ကူညီေပးေနတာ…”

” ဟာ….ဒါ…ဒါဆိုရင္…ေမာင္ေလးေသတာဟာသိန္းစိုးေၾကာင့္ေပါ့….ဒီေကာင္ရက္စက္လိုက္တာဗ်ာ…သူငယ္ခ်င္းအခ်င္းခ်င္းကိုသူမို႔လုပ္ရက္တယ္…”

သရဲႀကီး၏စကားေၾကာင့္သူႀကီးမွာကိုေမာင္ေလးေသရျခင္း၏အေၾကာင္းရင္းကိုပါသိလိုက္ရ၏။

” သူ႔ကိုဘယ္လိုကူညီတာလဲ…”

” အမဲသားေကြၽးရင္ေျပာျပမယ္​ေလ…”

” ဒီသရဲငါ့လာေစ်းဆစ္ေနေသးတယ္…ကဲ
ေစ်းဆစ္ခ်င္ဦး….”

” အားလားလား…ပူတယ္ဗ်..ပူတယ္….မေျပာေတာ့ပါဘူး…အဲေရနဲ႔မပက္ပါနဲ႔ေတာ့ …”

ေမာင္ေရခဲကသရဲႀကီးအား ပရိတ္ေရျဖင့္ထပ္မံေတာက္လိုက္ရာသရဲႀကီးမွာ လူးလိမ့္ေအာ္ဟစ္ေနေတာ့၏။

” ကဲေျပာအဲဆို…ဘယ္လိုကူညီတာလဲ…”

” သူ႔ကိုသတ္ၿပီးသူ႔လက္စြပ္ပါယူခဲ့တဲ့ေကာင္ကို ငါကလည္လိမ္ခ်ိဳးသတ္လိုက္တာ…”

” အဲေလာက္ထိလုပ္စရာလိုလို႔လား…ထားေတာ့…ဒါဆိုရင္တျခားလူေတြကိုေကာဘာလို႔လိပ္ျပာႏူတ္ရတာလဲ…”

” ဒီေကာင္ေပ်ာ္ေအာင္လို႔…ဒီေကာင္ကက်န္ခဲ့တဲ့သူ႔မိန္းမနဲ႔ကေလးေတြကိုလြမ္းဆြတ္ၿပီးတမိႈင္မိႈင္လုပ္ေနတာငါကမၾကည့္ရက္လို႔…”

” ခုကစၿပီးမင္းတို႔ေတြဒီလိုလုပ္ပိုင္ခြင့္မ႐ွိေတာ့ဘူး…မင္းတို႔အတြက္အလႉအတန္းလုပ္​ေပးမယ္…မင္းတို႔သာဓုေခၚၿပီးပိုေကာင္းတဲ့ဘဝကိုကူးၾကေတာ့…”

” ဆရာ…ကြၽန္ေတာ့မိန္းမနဲ႔ကေလးကိုေတြ႔ခ်င္ေသးတယ္…”

ေခါင္းတျခမ္းခ်ိဳင့္ဝင္ေနေသာသရဲကေျပာလိုက္ျခင္းျဖစ္၏။

” အင္း…မင္းေတာင္းဆိုတာငါလိုက္ေလ်ာေပးမယ္…ကဲသူႀကီး ကိုေမာင္ေလးရဲ႕မိန္းမနဲ႔ခေလးကိုေခၚလာခဲ့ေပးလိုက္…”

” ဟုတ္ဆရာေလး…ငျပဴးမင္းသြားေခၚလိုုိက္….”

ငျပဴးထြက္သြားၿပီးတေအာင့္အၾကာ ဖိုသီဖပ္သီ႐ွိလွေသာအမ်ိဳးသမီးတစ္ဦးသည္ တစ္ႏွစ္အရြယ္ကေလးငယ္ကိုခါးထစ္ခြင္လ်ွက္သူႀကီး၏အိမ္သို႔ေရာက္႐ွိလာ၏။

” သူႀကီး…ကြၽန္မကိုအေခၚခိုင္းတယ္ဆို…”

” ဟုတ္တယ္ႏွမ…ကြၽန္ေတာ္​ေခၚခိုင္းလိုက္တာပါ…ဒီကိုလာပါအံုးဗ်…”

ထိုအမ်ိဳးသမီးအား စည္းဝိုင္းအျပင္ဘက္၌ထိုင္ေစေနလိုက္၏။ ၿပီးေသာ္

” ကဲ.. သင့္ဇနီးေရာက္လာၿပီ…ေျပာစရာ႐ွိတာေျပာပါ…”

ေမာင္ေရခဲကထိုသို႔ေျပာလိုက္သည္ႏွင့္ သရဲပူးကပ္ေနေသာမိန္းကေလးသည္ ထိုအမ်ိဳးသမီးဘက္လွည့္ၿပီး

” မႏြယ္…ကိုယ္ပါေမာင္ေလးေလ….”

” ႐ွင့္! ….ကို…ကိုေမာင္ေလးဟုတ္လား…ကြၽန္မအိပ္မက္မက္ေနတာမ်ားလား….”

” မဟုတ္ဘူးမႏြယ္…တကယ္ျဖစ္ေနတာပါ…ကိုယ္ကသစ္ပင္ေပၚကေနမေတာ္တဆျပဳတ္က်တာမဟုတ္ဘူး…တြန္းခ်ခံရတာပါ…”

” ဟင္…အစ္ကို႔ကိုဘယ္သူကေခ်ာက္တြန္းလိုက္တာလဲဟင္…ေျပာစမ္းပါအႏြယ့္ကိုေျပာစမ္းပါအစ္ကိုရယ္…”

” သံသရာဝဋ္ေႂကြးမ႐ွည္ခ်င္စမ္းပါနဲ႔မႏြယ္ရာ….သူလည္းသူ႔လမ္းသူသြားခဲ့ပါၿပီ…ကြၽန္​ေတာ္မ႐ွိ​ေတာ့တဲ့​ေနာက္ပိုင္းမႏြယ္တစ္​ေယာက္ထဲခက္ခဲပင္ပန္းစြာ႐ုန္းကန္​ေနရ႐ွာမွာဘဲ…မႏြယ္…ကိုယ္တို႔သားေလးအတြက္ဆက္ၿပီးအားတင္းထားေပးပါ​ေနာ္…ကိုယ္အသတ္ခံရတာဟာအလဟာသမျဖစ္ေစရပါဘူး….ကိုယ့္အသက္ရဲ႕တန္ရာတန္​ေၾကးအတိုင္းသူႀကီးက​ေဆာက္ရြက္​ေပးလိမ့္မယ္လို႔ယံုၾကည္ပါတယ္…အဲဒီကရတဲ့အဖိုးအခကိုယူၿပီး မင္းႏွင့္သားေလးဘဝကိုေကာင္းေကာင္း႐ွင္သန္ေပးပါေနာ္…မင္းလည္းအရြယ္႐ွိ​ေသး​တာဘဲ…တပင္လဲတစ္ပင္ထူဆိုသလိုမင္းေနာက္ေယာက်ာ္းယူခ်င္လည္းကိုယ္ခြင့္ျပဳတယ္ေနာ္မႏြယ္….”

” အဟင့္ဟင့္…အစ္ကိုရယ္…အႏြယ္ေလကိုနဲ႔ေနာက္ထပ္ဒီလိုေျပာရဦးမယ္လို႔ဘယ္ေတာ့မွမထင္ထားခဲ့ဘူး….အႏြယ့္ဘဝမွာကိုယ္မ႐ွိေတာ့ေပမဲ့ကိုယ့္ရဲ႕ကိုယ္ပြားေလး႐ွိေနေသးတာဘဲ….တျခားဘယ္သူမွမလိုအပ္ပါဘူး….အစ္ကို႔အတြက္အႏြယ္ေလ…ကုသိုလ္ေကာင္းမႈေတြအမ်ားႀကီးလုပ္ေပးမယ္ေနာ္…ကိုသာဓုေခၚပါေနာ္….”

” အင္းပါမႏြယ္…ကိုယ့္အတြက္မကဘူးကိုယ့္နဲ႔အတူပါလာတဲ့အေဖာ္အတြက္ပါအလႉလုပ္အမ်ွေဝေပးေနာ္…”

” အင္းပါအစ္ကိုရယ္…”

” မႏြယ္.. သားေလးကိုဂ႐ုစိုက္ေနာ္…ဒီဘဝမွာကိုယ္နဲ႔မႏြယ္ထပ္ဆံုခြင့္မ႐ွိေတာ့ဘူး…”

” မေျပာပါနဲ႔ေတာ့ကိုရယ္…အဟင့္ဟင့္…ရႊတ္…..”

ကိုေမာင္ေလးတို႔လင္မယား၏အျပန္အလွန္ေျပာ​ေသာစကားေၾကာင့္ ေဘး၌ၾကည့္ေနၾကေသာ လူမ်ားမွာမ်က္ရည္မ်ားေဝ့တက္လာၾက၏။ စကားေျပာစရာမ်ားၿပီးသည္ႏွင့္ ဝင္ပူးခံရသူလည္းေမာင္ေရခဲေ႐ွ႕လွည့္လာ၏။

” ေျပာစရာ႐ွိတာေျပာၿပီးသြားၿပီဆိုေတာ့ ဒီကေနထြက္သြားဖို႔အခ်ိန္တန္ၿပီ…မင္းတို႔ႏွစ္ေကာင္လံုးဒီရြာသူရြာသားေတြကိုေႏွာင့္ယွက္ခြင့္မ႐ွိေတာ့ဘူး….မင္းတို႔အတြက္အမ်ွအတမ္းေပးေဝတဲ့အခ်ိန္က်ရင္ေတာ့သာဓုေခၚၾကပါ…”

” ေန…ေနပါအံုးဆရာ..ကြၽန္ေတာ့္​ေသဆံုးမႈအတြက္သူႀကီးကဘယ္လိုဆံုးျဖတ္​ေပးမလဲသိခ်င္​ေသးတယ္…”

ထိုအသံေၾကာင့္သူႀကီးလည္း စည္းဝိုင္းေ႐ွ႕ကိုသြားၿပီး

” မင္းေနာက္ဆံမတင္းဘဲစိတ္ေျဖာင့္ေျဖာင့္သြားပါေမာင္ေလး….မင္းရဲ႕ေသဆံုးမႈအတြက္ လုပ္ၾကံသူရဲ႕ပိုင္ဆိုင္မႈထဲကေနသံုးပံုတစ္ပံုကိုမင္းရဲ႕နစ္နာမႈအျဖစ္ေပးမယ္….လုပ္ၾကံသူဟာလည္းလူ႔ေလာကမွာမ႐ွိေတာ့တဲ့အတြက္ငါဒီလိုဘဲဆံုးျဖတ္ေပးႏိုင္မယ္…မင္းအေနနဲ႔လက္ခံသေဘာတူညီပါသလား….”

” သေဘာတူပါတယ္ဗ်ာ…သူလည္းသူ႔လမ္းသူသြားခဲ့ပါၿပီ….ကြၽန္ေတာ္ရတဲ့နစ္နာေၾကးကို ကြၽန္ေတာ့သားမယားကိုအပ္ေပးပါဗ်ာ….”

” ဟုတ္ပါၿပီ….”

သူႀကီးႏွင့္သရဲတို႔ေျပာစရာ႐ွိသည္ကိုေျပာၿပီးသည္ႏွင့္ ေမာင္ေရခဲလည္းလုပ္စရာ႐ွိသည္မ်ားကိုလုပ္လိုက္၏။

” ကဲ…မင္းတို႔ကိုအမ်ွ​ေပး​ေဝမဲ့အခ်ိန္အထိမင္းတို႔ကိုရြာ​ေတာ္႐ွင္ဆီအပ္ထားမယ္…မင္းတို႔အတြက္အမ်ွအတမ္းေပးေဝမဲ့အခ်ိန္က်ရင္သူတို႔လာေခၚလိုက္မယ္….ေစာင့္ေနၾကေပါ့…”

” ဟုတ္ကဲ့ပါဆရာ…ကြၽန္ေတာ္တို႔ဆက္ဆက္ေစာင့္ေနပါ့မယ္….”

” ဤရြာကိုေစာင့္ေ႐ွာက္တဲ့ရြာေတာ္႐ွင္… ကြၽႏု္ပ္ေ႐ွ႕သို႔ေရာက္လာခဲ့ေပးပါ….”

ေမာင္ေရခဲကထိုသို႔ဖိတ္ေခၚလိုက္သည္ႏွင့္ ပုဆိုးခါးေတာင္းက်ိဳက္ထားေသာလူတစ္ေယာက္​ေပၚလာၿပီး

” ေရာက္ပါၿပီဆရာေလး…”

” ဒီႏွစ္ေကာင္ကိုရြာေတာ္႐ွင္ျဖစ္တဲ့သင့္ဆီခဏအပ္ထားမယ္…သူတို႔ကိုအမ်ွေပးေဝမဲ့အခ်ိန္ထိေပါ့…သင္ကူညီႏိူင္မလား…”

” စိတ္ခ်ပါဆရာေလး…ကြၽႏု္ပ္ေသခ်ာေစာင့္ေ႐ွာက္လိုက္ပါ့မယ္…”

” ေက်းဇူးပါရြာေတာ္႐ွင္ …ဟိုႏွစ္ေကာင္…မင္းတို႔ဒီပုဂၢိဳလ္ေနာက္လိုက္သြားေခ်ေတာ့….”

” ဟုတ္ကဲ့ပါဆရာ…”

ရြာေတာ္႐ွင္ျပန္သြားသည္ႏွင့္ေမာင္ေရခဲလည္းတားထားေသာစည္းကိုပရိတ္ပန္းျဖင့္ ဖ်က္ေပးလိုက္၏။ သရဲႏွစ္ေကာင္ထြက္သြားသည္ႏွင့္ မိဇူးလည္းေဘးသို႔ပံုပံုကေလးလွဲက်သြား၏။ ေမာင္ေရခဲက​ေရစင္ျဖင့္ ထိုမိန္းခေလးကိုသတိျပန္လည္လာေစလိုက္ၿပီး
အေဆာင္လက္ဖဲြ႔ႀကိဳးတစ္ဆူခ်ီးျမႇင့္လိုက္၏။ လိပ္ျပာလွသျဖင့္ တျခားဘံုဘဝသားမ်ားပူးကပ္ျခင္းမွကင္းေဝးရန္ျဖစ္၏။

” ကဲ…ရြာလည္းေဘးကင္းသြားၿပီ…ဒီလက္ဖဲြ႔ႀကိဳးကို ကေလးေတြရဲ႕လည္ပင္းမွာဆဲြထားေပးလိုက္ပါ…ေဘးအနၱာရယ္ကင္း႐ွင္းေစတဲ့လိပ္ျပာခ်ဳပ္ႀကိဳးဘဲ….”

ထိုသို႔ေျပာၿပီး ခ်ည္ႀကိဳးနီနီကိုသူႀကီးလက္သို႔အပ္လိုက္၏။

” ဆရာေလး….ညေနကဆရာေလးတို႔ကိုေျပာမိဆိုမိခဲ့တာကိုခြင့္လႊတ္ေပးပါေနာ္….”

” ရပါတယ္ဦးေလးရာ…ကြၽန္ေတာ္တို႔ဘယ္လိုမွသ​ေဘာမထားပါဘူး…ကိစၥၿပီးၿပီဆိုေတာ့ကြၽန္ေတာ္တို႔ကိုခြင့္ျပဳပါဦး…”

” ဟာ…ဒီတစ္ညေတာ့နားပါအံုးလားဆရာေလးတို႔…ေမွာင္လည္းေမွာင္ေနပါၿပီေကာ….”

” ကြၽန္ေတာ္တို႔အတြက္မပူပါနဲ႔ဗ်ာ…ကဲ..ခြင့္ျပဳၾကပါဦးဗ်…”

” အစ္ကိုဆရာေလး….ကြၽန္မေယာက်ာ္းနဲ႔စကားေျပာခြင့္ရေအာင္လုပ္ေပးလို႔ေက်းဇူးတင္ပါတယ္ေနာ္…အစ္ကိုဆရာတို႔ရဲ႕ေက်းဇူးကိုဘယ္ေတာ့မွမေမ့ပါဘူး႐ွင့္…”

” ဟုတ္ပါၿပီႏွမငယ္…ခြင့္ျပဳပါဦးဗ်…”

သူႀကီးတို႔ကိုႏူတ္ဆက္ၿပီး ေတာထဲ႐ွိေစတီပ်က္ေလးဆီသို႔ဦးတည္လိုက္ၾကေတာ့သည္။

မေစာႏြယ္လည္း နစ္နာေၾကးရၿပီးသည္ႏွင့္ ေယာက်ာ္းျဖစ္သူႏွင့္အေဖာ္ပါလာေသာသရဲႀကီးအတြက္ အလႉအတန္းလုပ္အမ်ွေပးေဝ၏။ သရဲႏွစ္ေကာင္လည္း အမ်ွေပးေဝသည္မ်ားကို ေက်နပ္စြာသာဓုေခၚၿပီးတျခားဘံုဘဝသို႔ကူးေျပာင္းသြားခဲ့ၾကေတာ့သည္။…..။

( အားေပးဖတ္႐ႈသူအေပါင္း ကိုယ္စိတ္ႏွလံုး က်န္းမာၾကပါေစေသာဝ္)