ခုတင်ကခြောက်သစ်ကနှောက်(စ/ဆုံး)

Unicode Version

ခုတင်ကခြောက်သစ်ကနှောက်(စ/ဆုံး)
————————————————
ကျွန်ုပ် အိပ်ရာမှ ဖျတ်ခနဲ နိုးလာသည်။ ဒါကလည်း အလေ့အကျင့် တစ်ခုဖြစ်သည်။ ယင်းသို့နိုးလာလျှင်ကျွန်ုပ်ရေအိမ်သို့ သွားရမည်။ ရေအိမ် သွားရန် ထ.လိုက်သည့်အခါ ကျွန်ုပ်သိလိုက်ပြီ။ သည်နေရာက ကျွန်ုပ်၏ နေအိမ်မဟုတ်ချေ။တရားစခန်းအဆောင်ဖြစ်သည်။ ရေအိမ်မှာအဆောင်
၏အပြင်တွင်ရှိ၍အပြင်သို့ထွက်ရမည်။အဆောင်၏အလယ်တွင်မီးချောင်း တစ်ချောင်းထွန်းထား၍အဆောင်တစ်ခုလုံးမြင်ရသည်။ ကျွန်ုပ်၏လှုပ်ရှား မှုကို အတတ်နိုင်ဆုံး ညင်ညင်သာသာ ပြုရသည်။ ကျွန်ုပ် နိုးထချိန်တွင် လူ (၂၄)ယောက်ကအိပ်ပျော်နေကြသည်။အိပ်ပျော်နေသမှနှစ်နှစ်ခြိုက်ခြိုက် ပင်။ အချို့ဟောက်များပင် ဟောက်နေသေးသည်။
အဆောင်က ခန်းမဖြစ်သည်။ ကျွန်ုပ်တို့ဘက်တွင် ခုတင်(၁၀)လုံး အခြားတစ်ဘက်တွင် ခုတင် (၁၅)လုံး ရှိသည်။ ကျွန်ုပ်တို့က အပြင်တန်း (တံခါးပေါက်များဘက်)ဖြစ်၍ တံခါးငါးပေါက်ကြားတွင် ခုတင် (၂)လုံး ပူး ထားခြင်း ဖြစ်သည်။ ကျွန်ုပ် ခုတင်ပေါ်မှ ညင်သာစွာ ဆင်းပြီး ကပ်လျက်

ခုတင်မှ မိတ်ဆွေကြီး ကိုအုန်းဖေကို တစ်ချက်ကြည့်လိုက်သည်။ သူလည်း အိပ်မောကျနေသည်ပင်။
ကျွန်ုပ်ခြေကို ဖွဖွနင်းကာ အပြင်ထွက်ပေါက်တံခါးကြီးသို့ သွားသည်။ ထိုးထားသော တံခါးမင်းတုပ်ကို အသာအယာ ဖြုတ်သည်။ တံခါးရွက်တစ် စုံကို ဖွဖွလေးဟပြီး မင်းတုပ်ကိုလှည့်တော့ အသံမမြည်ဘဲ တံခါးပွင့်သွား သည်။ အဆောင်တွင်းမှာ အိုက်စပ်စပ်ဖြစ်ပေမဲ့ အပြင်ရောက်တော့ လေ ပြည်အေးလေး တိုးဝှေ့တိုက်ခတ်လိုက်တာ ခံစားရသည်။ နွေရာသီ မတ်လ ဆိုတော့ နေ့လယ်နေ့ခင်းမှာ အပူဒဏ်က ကဲလေသည်။ ရေအိမ်ဝင်ကာ အပေါ့စွန့်ပြီး ရေနှင့်သန့်စင်ခဲ့သည်။ လက်မှ နာရီကို ကြည့်လိုက်တော့ ညသန်းခေါင်ကျော် (၂)နာရီ။ “ဥဩ-ဥဩ-ဥဩ”
အလွန်စွဲမက်ဖွယ်၊ လွမ်းမောဖွယ်ကောင်းသောအသံကို ကြားလိုက်ရ သည်။ ဥဩငှက်လေး ဘယ်ဆီကနေတွန်ကျူးနေပါလိမ့်။
ဥဩငှက် အော်မြည်သံကို ကျွန်ုပ် အလွန်နှစ်သက်သည်။ အသံသည် ဆွဲဆွဲငင်ငင်ရှိသည်။ လေးလေးပင်ပင်ရှိသည်။ပြီးတော့အလွန်နွဲ့ပြီးပဲ့တင် သံထပ်သည်။ ကျေးငှက်တို့၏အော်မြည်တွန်ကျူးသံများတွင် ကရဝိက်နှင့် ကြိုးကြာသံသည်အလွန်သာယာသည်ဟုစာပေတွင်ဖတ်ရသည်။သို့သော် ယင်းတို့၏တွန်ကျူးမြည်သံကိုကျွန်ုပ် မကြားဖူးပါ။
ကျွန်ုပ်သည်ငယ်စဉ်ကကျေးလက်တောရွာမှာနေခဲ့သည်။ ကျေးငှက် မျိုးစုံတို့၏ မြည်သံ၊ တွန်သံများကို ကြားဖူးခဲ့သည်။ ယခုလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင်နေသဖြင့် ကျေးငှက်သာရကာ မြည်ကျူးသံ မျိုးစုံကြားရ သည်။မိုးလင်းသည်နှင့်အိမ်ဝန်းကျင်သစ်ပင်များမှငှက်ကလေးများ၏တေး ဆိုသံမျိုးစုံ ကြားရသည်။ ကျီကျီကျာကျာမြည်သံများလည်း နားဆင်ရသည်။ တီတီတာတာ ချွဲသံ နဲ့သံလေးများလည်း နားဝင်ပီယံ ဖြစ်ရသည်။ ငှက်မြည်

သံကလေးတွေမှာကြည်နူးစရာ၊ပီတိဖြစ်စရာပင်။ကြားရသည့်ငှက်မြည်သံ
များမှ မှတ်မှတ်ထင်ထင်ဖြစ်ရသည့် ငှက်မြည်သံမှာ-
“ရွှေပြည်စိုး – ရွှေပြည်စိုး”
ဟုမြည်ကျူးသောရွှေပြည်စိုးငှက်မြည်သံကလေးပင်။ ငှက်ကလေး၏ မြည်သံမှာ ဂရုစိုက်နားထောင်လေ၊ “ရွှေပြည်စိုး”ဟု ပီပီသသကြားရလေ ဖြစ်သည်။နောက်ငှက်သံလေးတစ်သံမှတ်မိနေတာရှိသေးသည်။ ဘာငှက် ရယ်ဟုတော့ မသိပါ။ သူမြည်ကြွေးပုံအသံက- “ရွှီး-ရွှီး-ရွှီး-ရွှီး-ကျိလိလိ”
ဟု ဖြစ်သည်။ ထပ်ခါ ထပ်ခါ မြည်တတ်သည်။ မိုးလင်းသည်နှင့် မြည် ကြွေးတတ်သောငှက်ကလေးဖြစ်သည်။ထိုငှက်ကလေးကို“လေချွန်ငှက်” ဟု ခေါ်ကြသည်။ နောက် ကျွန်ုပ် နှစ်သက်သော ငှက်မြည်သံတစ်သံ ရှိပါ သေးသည်။ စာဖတ်သူများလည်း သည်ငှက်ကလေး၏ တွန်ကျူးသံကို ကြားကြ၊ သိကြ၊ နှစ်သက်ကြမည်ထင်ပါသည်။
“တကူကူး-ကူး-တကူကူး“ကူး”
ချိုးငှက်ကလေး၏ တွန်ကျူးသံ ဖြစ်ပါသည်။ ယင်းအသံကို ချိုးကူသံ ဟုဆိုကြသည်။ ချိုးကူသံသည် ချွဲပါသည်။ နွဲ့ပါသည်။ နှစ်သက်ဖွယ်ကောင်း ပါသည်။ သို့သော် ဥဩတွန်သံလောက် လွမ်းမောဖွယ် မကောင်းပါ။ စွဲမက် ဖွယ် မကောင်းပါ။ ယခုလို မတ်လ(နွေရာသီ)မှာ ချိုးနှင့် ဥဩတို့ သီချင်းဆို ပြိုင်သောအခါဖြစ်သည်။
ဥဩသည် ကျွန်ုပ်ကို ဆွဲဆောင်လိုက်သဖြင့် ကျွန်ုပ်၏ ခြေလှမ်းသည် အဆောင်ဘက်သို့ မရောက်တော့ဘဲ အဆောင်ရှေ့သို့ ထွက်လာခဲ့မိတော့ သည်။ စင်စစ်အားဖြင့် အဆောင်သည် ဌာနဆိုင်ရာ ဓမ္မာရုံတစ်ခု ဖြစ်သည်။ ပုံမှန်တရားရိပ်သာမဟုတ်ပါ။ ထိုဌာနမှဝန်ကြီးက သူ၏အဘိဓမ္မာဆရာနှင့် ပေါင်းကာ (၇)ရက်တရားစခန်း ဖွင့်ခြင်း ဖြစ်သည်။ ကျွန်ုပ်မှာ ထိုဝန်ကြီးနှင့်

တစ်နွယ်ငင်တစ်စင်ပါ တရားစခန်းဝင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသား (၂၅)ဦး နှင့် အမျိုးသမီး (၃၅)ဦး၊ စုစုပေါင်း တရားစခန်းဝင်သူ (၆ဝ)ဦး ဖြစ်သည်။
ဓမ္မာရုံ တည်နေရာမှာ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ကြီး၏ မြောက် ဘက်၊ အာဇာနည်ဗိမာန်လမ်းဘေးတွင် ဖြစ်သည်။ ကျွန်ုပ် အဆောင်ရှေ့ ထွက်လိုက်တော့ အာဇာနည်ဗိမာန်လမ်းက အောက်ဘက်တွင် ငြိမ်သက် တိတ်ဆိတ်နေသည်။ ကားအသွားအလာ လုံးဝမရှိတော့။ တပေါင်းလပြည့် ကျော်ပြီးဖြစ်သဖြင့် လရောင်မှာလင်းပျပျ သာလျက်ရှိသည်။ အဆောင် တည်ရှိရာသည် သိင်္ဂုတ္တရကုန်းတော်၏ တောင်စောင်းမှာ ဖြစ်၍ ကားလမ်းက အောက်ဘက်အနားတွင် တည်ရှိသည်။ ရှေ့ဘက်တူရူတွင် သွေးဆေးကန် ရေပြင်က ပကတိငြိမ်သက်နေသည်။ လရောင်ဆမ်းသော ငွေလွှာပြင်ကို ရှုမောရသည်မှာ ရင်ဝယ်အေးမြလှသည်။
ရေလွှာပြင်၏ ဟိုဘက်တွင် မူလ ကမ္ဘာအေးစေတီနှင့် ပတ်ဝန်းကျင် သာသနိကအဆောက်အအုံများကို မြင်ရသည်။ (မူလ ကမ္ဘာအေးစေတီဆို ရာ၌ ခရစ်နှစ် ၁၉၅၆ – ခုနှစ်က သာသနာ (၂၅ဝဝ)ပြည့် အထိမ်းအမှတ် အဖြစ် တည်ခဲ့သော ကမ္ဘာအေးစေတီ ပေါ်လာသောကြောင့် ယခင်ရှိနှင့် သောကမ္ဘာအေးစေတီလေးကို မူလတပ်၍ခေါ်ကြခြင်း ဖြစ်သည်။) ကမ္ဘာအေးစေတီလေး၏ဟိုဘက် အနည်းငယ်မြင့်သော တောင်ကုန်း လေးပေါ်တွင် မင်္ဂလာတောင်တော်ဦးစေတီကိုလည်း ဖူးတွေ့ရသည်။ လက် ဝဲဘက်မြင်ကွင်းမှာတော့ အာဇာနည်ဗိမာန်ကို သစ်ပင်များကြားမှာမှိုင်းပျပျ မြင်ရသည်။
“ဥဩ-ဥဩ-ဥဩ”
သည်အသံကြားလျှင် ကျွန်ုပ်ရင်မှာ တသိမ့်သိမ့်ခံစားရသည်။ စင်စစ် ဥဩသံကား ရင်ကို ထိခိုက်စေသည် မဟုတ်ပါလော။ ဥဩမြည်သံက နီးနီး က၊ဝေးဝေးကလှည့်ပတ်ကြားနေရသည်။ ကျွန်ုပ်ရန်ကုန်တက္ကသိုလ်တက်

ခဲ့စဉ်က သည်အချိန်ဆို တက္ကသိုလ် ပရိဝုဏ်တစ်ခွင်လုံး ဥဩသံ လွှမ်းနေ မြဲဖြစ်သည်။အဓိပတိလမ်းတစ်လျှောက်ကံ့ကော်တွေပွင့်ချိန်၊ကံ့ကော်ပန်း
ရနံ့တွေ မွှေးပျံ့သင်းကြိုင်နေချိန်ဖြစ်သည်။
ဥဩဆိုသည့်အကောင်ကလည်း အသံသာ ကြားရပြီး အကောင်ကို မတွေ့ရသောသတ္တဝါ ဖြစ်သည်။ တက္ကသိုလ်ထဲမှာဆိုတော့ သစ်ပင်တွေ များသဖြင့် ဥဩကို ရှာရဖို့ ခက်သည်။ သစ်ပုပ်ပင်ဆီကလား၊ ဘွဲ့နှင်းသဘင် နောက်ကလား၊ အာစီဘေးကလား၊ စာကြည့်တိုက်ဘက်ကလား၊ တောင်ငူ ဆောင်ရှေ့ ကညင်ပင်ဆီကလား၊ ဂျပ်ဆင်ဟောလ်ဘက်ကလား မှန်းဆရ ခက်လေသည်။
ဥဩသံ၏အာရုံတွင်နစ်မျောသွားရာမှနာရီကြည့်လိုက်တော့(၂)နာရီ ထိုးတော့မည်။ (၇)ရက်စခန်းက သည်နေ့မှ စခြင်းဖြစ်သည်။ အိပ်တော့မှ ဖြစ်မည်။ အိပ်ရေးမဝလျှင် တရားထိုင်ရင်း အိပ်ငိုက်နေဦးမည်။ ကျွန်ုပ် အဆောင်ထဲ ပြန်ဝင်သည်။ စေ့ထားခဲ့သော တံခါးကို အသာဖွင့်၍ အသံ မမြည်အောင် မင်းတုပ်ကို ထိုးရသည်။ ခြေကို ဖွဖွနင်းကာ အိပ်ရာထဲ ဝင်လှဲ လိုက်သည်။ ဘေးခုတင်မှ ကိုအုန်းဖေကတော့ အိပ်မောကျနေဆဲပင်။ ခဏမျှ ဘယ်ဘက်စောင်း၊ ညာဘက်စောင်းလူးလှိမ့်အိပ်လိုက်ရာအိပ် ပျော်သွားသည်။
“အယ့် – အယ့် – အယ့်”
အသံတစ်မျိုး ကြားလိုက်ရသည်။ ထိုအသံကြောင့်ပင် ကျွန်ုပ် နိုးလာ ရခြင်း ဖြစ်သည်။ အိပ်ရာမှ မထဘဲ လဲလျောင်းရက်ကပင် အသံကို အာရုံ စိုက် နားစွင့်လိုက်သည်။
“အယ့် – အယ့် – အယ့်”

ငိုသံတော့ မဟုတ်။ သို့သော် တော်တော်ကျက်သရေမရှိသောအသံ မျိုး ဖြစ်သည်။ ဆိုရသော် တော်တော်ရင်တုန်ဖွယ်ရာကောင်းသောအသံ၊ ကြက်သီးထဖွယ်ကောင်းသောအသံမျိုးဖြစ်သည်။

စာရှုသူများ ကျေးလက်တောရွာတွင် နေဖူးပါက မိုးတွင်းကာလ လယ် ထဲယာထဲရေစပ်စပ်ထဲမှ ညအခါ စားဖားကြီးတွေ အော်သံကို ကြားဖူးကြပါ လိမ့်မည်။ အသံကကြီးကြီး၊ ဩဩဖြစ်သည်။ လူ၏လည်ချောင်းမှ ထွက် သောအသံမျိုးမဟုတ်နိုင်။ ဘာသံလဲ။ ဘယ်ကမြည်နေတာလဲ။ ကျွန်ုပ်စိတ် များချောက်ချားသွားပါသည်။
စိတ်ကို တင်း၍ အသာထ,ထိုင်လိုက်သည်။ အသံက အမြဲမြည်နေ သည် မဟုတ်ပါ။ တစ်ခါမြည်ပြီး ရပ်သွားသည်။ ခဏကြာတော့ တစ်ခါမြည် ပြန်သည်။ ကျွန်ုပ် ထ.ထိုင်ပြီး အာရုံစူးစိုက်နားထောင်သည်။ အသံမမြည်ပါ။ “ဥဩ-ဥဩ-ဥဩ”
မြည်လာသည်က ဥဩအသံ။ သည်ဥဩကောင် တစ်ညလုံး မအိပ်ဘဲ လျှောက်အော်နေသည်လား။ ခုခါတွင် ဥဩသံကို ကျွန်ုပ် မခံစားနိုင်တော့ ပါ။ ဘာမှန်းမသိသော မြည်သံကြီးသည် ကျွန်ုပ်စိတ်ကို ချောက်ချားနေစေ ပါသည်။ ဥဩသံ တဖြည်းဖြည်းဝေးသွားသည်။ “အယ် – အယ့် – အယ့်”
ကျွန်ုပ်ခေါင်းနားပန်းကြီးသွားသည်။ ကြားရပါပြီ။ လူသံမဟုတ်သည်မှာ သေချာပြီ။ အပြင်ကအသံ မဟုတ်သည်မှာလည်း သေချာပြီ။ အဆောင်ထဲ ကအသံဖြစ်သည်။ ပြီးတော့ ကျွန်ုပ်နှင့် တော်တော်နီးသည်။ အသံကခေါင်း ရင်းဘက်က လာတာဖြစ်သည်။ ကျွန်ုပ် ထိုင်နေရာခုတင်ပေါ်က ဆင်း လိုက်သည်။ ခေါင်းရင်းတွင် ပြတင်းပေါက်ရှိသည်။ပြတင်းပေါက်တွင်တံခါး ရွက် (၂)ချပ်နှင့် ကျည်းပေါင် ရှိသည်။
ဓမ္မာရုံက အုတ်တိုက် အဆောက်အအုံအသစ် ဖြစ်သည်။ RC အုတ် တိုက်ဖြစ်၍သစ်သားဆို၍ပြတင်းပေါက်ပေါင်နှင့်ကျည်းပေါင်သာပါသည်။ ကျွန်ုပ် ကျည်းပေါင်သစ်သားနားတွင် ရပ်၍ အာရုံစူးစိုက်ထားလိုက်သည်။ စိတ်ကို ငြိမ်အောင်ထားသည်။ ကျွန်ုပ် တစ်ခုတွေးထင်ထားတာ ရှိသည်။ ထိုအတွေးကြောင့်ပင် စိတ်ချောက်ချားခြင်းများ ပြေပျောက်သွားသည်။

ကျွန်ုပ်မှာ ညကြီးသန်းခေါင် အိပ်ရာမှ ထ,ကာ ပြတင်းပေါက်နား ရပ်နေ သည်မှာ တစ်ယောက်ယောက် နိုးလာ၍ တွေ့သွားက တော်တော်ပြောရ ခက်လိမ့်မည်။ “ဥဩ-ဥဩ-ဥဩ”
ခက်ပြီ။ ကိုရွှေဥဩကတစ်ညလုံးမအိပ်တော့ဘူးထင်ပါရဲ့၊ ဥဩသံကို အာရုံမှဖယ်ထုတ်လိုက်သည်။အာရုံစူးစိုက်ရမှာကတံခါးပေါက်ကျည်းပေါင် သစ်သား။ ကျွန်ုပ် စိတ်ရှည်ရှည်ထားပြီးစောင့်သည်။
“အယ့် – အယ့် – အယ့်”
မြည်သံကြီး ထွက်ပေါ်လာသည်။ ကျွန်ုပ်ထင်သည့်အတိုင်း ကျည်း ပေါင်ဆီကပင် ဖြစ်သည်။ ပို၍ သေချာအောင် ကျွန်ုပ် ကျည်းပေါင်ကို နားနှင့် ကပ်လိုက်သည်။ “အယ့် – အယ့် – အယ့်”
သေချာပါပြီ။ကျည်းပေါင်ကမြည်တဲ့အသံသေချာပါပြီ။ကျည်းပေါင်က ဘယ်လိုအသံမြည်နိုင်သလဲ။ ဘာကြောင့်မြည်တာလဲ။ ဒါက သစ်သား မြည်တဲ့အသံ ဖြစ်သည်။ ဒါကို “သစ်ကြိတ်”ဟု ခေါ်သည်။ ကျွန်ုပ်ကြောက် စိတ်များ ပြေပါပြီ။ စိတ်လည်း ငြိမ်သွားပါပြီ။ ခုတင်ပေါ်ပြန်တက်ပြီး ကိုအုန်း ဖေကို ကြည့်လိုက်သည်။ သူ့ကို ပြောရကောင်းမလား။ သူက အိပ်ပျော်နေ ဆဲဖြစ်သည်။ ရှိစေတော့။ ခုအိပ်လိုက်ဦးမည်။ စည်းကမ်းအရဝစီပိတ်(တစ် ဦးနှင့်တစ်ဦး စကားမပြောရ)ဖြစ်ပေမဲ့ မနက်မိုးလင်းမှ ကိုအုန်းဖေကို လက် တို့ပြီး ခိုးပြောရမည်။
မနက် (၃)နာရီထိုးပြီ။ အဖြေရှာ၍ရသဖြင့် ကြောက်စိတ်ပြေပြီး တည် ငြိမ်သွားကာ ခေါင်းနှင့် ခေါင်းအုံးတွေ့စဉ်ခဏမှာပင် အိပ်ပျော်သွားခဲ့သည်။ အသံကပဲ မမြည်တော့တာလား။ ကျွန်ုပ်က အိပ်မောကျလေသလားမသိ။

မနက် (၅)နာရီ အများ နိုးမှနိုးလာသည်။ ညက အိပ်ရေးပျက်ထားတော့ မျက်လုံးများက ဖန်တွတ်တွတ်ဖြစ်နေသည်။
ဘေးခုတင်မှာ ကိုအုန်းဖေ မရှိ။ ကိုယ်လက်သုတ်သင်ဖို့ ထွက်သွားပြီ ထင်သည်။ ဟုတ်သည်။ ရေချိုးခန်းဘက်ရောက်တော့ ကိုအုန်းဖေ မျက်နှာ သစ်နေသည်ကို တွေ့ရသည်။ ကျွန်ုပ်လည်း ပြုဖွယ်ကိစ္စများကိုပြုပြီး အဆောင်ထဲပြန်ဝင်သည်။ ကိုအုန်းဖေ အဝတ်လဲနေသည်။
ကျွန်ုပ် ညကကိစ္စ ပြောချင်နေသည်မှာ လျှာက ယားနေပြီ။ စည်းကမ်း ကလည်း“စကားမပြောရ”။ မတတ်နိုင်။ စည်းကမ်းဖောက်ရပေတော့မည်။ ကျွန်ုပ် သူ့ကိုလက်တို့ခေါ်ကာခေါင်းရင်းဝရန်တာဘက် ထွက်လိုက်သည်။ “ရှူး – ကိုအုန်းဖေ” “ပြော- ကိုစိန်လှ”
ကျွန်ုပ်က လေသံနှင့်ပြောတော့ သူကလည်း လေသံနှင့်ပင် တုံ့ပြန် သည်။ ကျွန်ုပ် သူ့ကို အကျဉ်းချုံး၊ အတိုဆုံး ပြောပြလိုက်မိသည်။ “ဗျာ- သစ်ကြိတ် – ဟုတ်လား” သူကတအံ့တဩပြောသည်။
“ဟုတ်တယ်- ကိုအုန်းဖေ။ သစ်ကြိတ်တဲ့၊ သစ်ခြောက်တဲ့ ရှိတယ်ဗျာ။ ညကျရင် ကျုပ်လက်တို့မယ်။ ထသာနားထောင်ပေတော့”
ကျွန်ုပ်တို့နှစ်ယောက် စကားပြောနေကြသည်ကို သိကြမည်မဟုတ်။ နှစ်ယောက်သား ဝရန်တာတွင်ရပ်ကာ အပြင်သို့ ကြည့်နေကြသည်ဟုသာ ထင်ကြပေမည်။
သည်နေ့က စခန်းဝင်ပြီး ဒုတိယနေ့ ဖြစ်သည်။ တစ်မြန်နေ့ ညနေက စခန်းဝင် ယောဂီများ ရောက်ကြသည်။ သတင်းပို့ကြ၊ နေရာယူကြ၊ ပြင်ကြ၊ ဆင်ကြနှင့် နေရာချပြီးတော့ အပေါ်ထပ်ခန်းမတွင် အဘိဓမ္မာဆရာစံက စခန်းဝင်သူယောဂီများကို ဩဝါဒပေးသည်။ ထိုည အိပ်ကြတော့ ကျွန်ုပ် သည်ခုတင်မှာပင်အိပ်သည်။ဘာသံမျှမကြားရ။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်

သည်။ ဒုတိယညကျမှ ဥဩက မအိပ်ချင်အောင်အသံဖြင့် ဆွဲဆောင်သည်။
ပြီးတော့
သစ်သားကျည်းပေါင်ကကျွနု်ပ်ကိုအသံဖြင့်ခြောက်သည်။ မနက်(၅း၃၀)မှစ၍အချိန်ဇယားအတိုင်းလှုပ်ရှားလုပ်ဆောင်ရသည်။ (၁၁)နာရီတွင် နံနက်စာ သုံးဆောင်ရ၍ (၁၂း၃ဝ)အထိ နားချိန်ရသည်။ ထမင်းစားပြီးကျွန်ုပ်ခုတင်တွင်ခေတ္တလဲလျောင်းသည်။ကိုအုန်းဖေကဝရန် တာတွင် လမ်းလျှောက်နေသည်။ ကျွန်ုပ်မှာ တရားသဘောကို နှလုံးမသွင်း နိုင်။ တကယ်ဆိုလျှင် ဆရာစံ ပြောထားသည့်အတိုင်း ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုတ် သုံးမျိုးစလုံးတွင် မည်သည့် ဣရိယာပုတ်မှာပင်ဖြစ်စေတရား သဘောကို နှလုံးသွင်းရမည် ဖြစ်သည်။ ကျွန်ုပ်၏ စိတ်အာရုံတွင် တရား သဘောမရှိ။ သစ်၏ချောက်ချားမှုသာဝင်စားနေသည်။
“ငါ့တူရဲ့- ဘကြီးက သစ်တောဌာနမှာလည်း တောခေါင်းလုပ်ဖူးတော့ သစ်ပင် ဝါးပင်တွေနဲ့ တော်တော်နီးနီးစပ်စပ်နေရတာကလား။ ခု ငါ့တူ တွေ့ ရတာက သစ်ခြောက်လို့ခေါ်တယ်”
ကျွန်ုပ်ငယ်စဉ်ကရွာမှာအသက်(၁၅)နှစ်အထိနေခဲ့ရသည်။ဘုန်းကြီး ကျောင်းသား ကျောင်းအိပ်ကျောင်းစားအဖြစ် နေရသည်။ ကျောင်းကြီးမှာ ရှေးဟောင်းသစ်သားကျောင်းကြီးဖြစ်၍ အဆောင် (၇)ဆောင်၊ တိုင်ပေါင်း (၁၁၁)လုံး ရှိသည်။ အားလုံးကျွန်းသားဖြစ်၍ တိုင်များမှာ ရှစ်လက်မပတ် လည် ကျွန်းတိုင်များ ဖြစ်သည်။ ခြေတံရှည်ကျောင်းကြီးဖြစ်၍ ကျောင်း အောက်တွင်လူလက်ခုပ်တစ်ဖောင်ခန့်မြင့်သည်။အမိုးမှာဘုံဆင့်ပြာသာဒ် (၂)ဆောင် ရှိသည်။ ကျောင်းမကြီး အလယ်ဗဟိုဆောင်မှာ ဘုံ(၉)ဆင့် ပြာသာဒ်ရှိသည်။ ဘုရားဆောင်မှာ ဘုံ(၇)ဆင့် ပြာသာဒ်ရှိသည်။ ဗဟို ကျောင်းဆောင်ကြီးကိုတွဲ၍ အဆောင်များ ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ကျွန်ုပ်တို့ ဘုန်းကြီးကျောင်းသားများ ဆွမ်းစားဆောင်၏ ထောင့်တစ် နေရာတွင် စုအိပ်ကြသည်။ ဆွမ်းစားဆောင်သည် ကျောင်းကြီး၏ နောက်

ဘက်အစွန်တွင် ရှိ၍ ထောင့်တိုင်ကြီးတစ်လုံးမှာ ဖျိုးဖျိုးဖျစ်ဖျစ် မြည်တတ် သည်။ မည်သည့်အချိန်ကလည်း ညဉ့်နက်ပိုင်း ဖြစ်သည်။ ကျွန်ုပ်တို့ ဘုန်း ကြီးကျောင်းသားများမှာ ကြောက်ရကောင်းမှန်း မသိပါ။ တိုင်ကြီးက မြည် ပြီဆိုလျှင် တိုင်ကြီးကို ကြည့်၍အသံကိုဝိုင်းနားထောင်ကြသည်။
မြည်သံက ဖျိုးဖျိုးဖျစ်ဖျစ်ဆိုရာတွင် စာရှုသူများ သစ်ပင်သစ်ကိုင်းများ ခုတ်ချသည့်အခါ ကျိုးသွားပြီး ဖျစ်ဖျစ်အသံမြည်တာကို ကြားဖူးမည် ထင်ပါ သည်။ ထိုမြည်သံမှာ သစ်ကိုင်းများ ကျိုးသည့်အခါ မြည်သည့် ဖျစ်ဖျစ်မြည် သံ ဖြစ်ပါသည်။ ကျွန်ုပ်တို့ထဲမှာ နီတွတ်ဆိုသည့်ကောင်က တော်တော်ကဲ သည်။
“ဟေ့ကောင် – တိတ်စမ်း။ တို့အိပ်လို့မရဘူး”
ဆိုကာ တိုင်ကို လက်ဝါးဖြင့် ပုတ်ကာ ပြောသည်။ နီတွတ်ထက် ပိုဆိုး သည်ကဝတုတ်။ လူကပုပုနဲ့ တော်တော်စိတ်တိုသည့်အကောင်ဖြစ်သည်။ “ဟေ့ကောင် – တိတ်နော်။ ဒီတစ်ခါအော်ရင် ငါ ဓားနဲ့ ခုတ်မှာ” ဟုဆိုကာမီးဖိုဆောင်သို့သွားမည်ပြုသည်။ကျော်ကြီးကခြေမြန်လက်
မြန် ဝတုတ်ကို ဖမ်းဆွဲ၍ –
“မလုပ်နဲ့ – ကိုယ့်လူ။ မင်းဓားနဲ့ခုတ်တော့ တိုင်ကြီးပဲ့ကုန်မှာပေါ့။ ဘုန်း ကြီးကြိမ်လုံးအကြောင်း မင်းသိတယ် မဟုတ်လား”
ဟု ပြောလိုက်သည်။ သို့သော် ထိုကိစ္စ ပြေလည်သွားပါသည်။ ကျွန်ုပ် တို့၏ သစ်ခြောက်ကိစ္စ။ ဘကြီးက ဆက်ပြောသည်။
“အဲ-သစ်သားတွေမှာလေးမျိုးရှိတယ်ကွ။ခုငါ့တူတို့ရဲ့တိုင်ကမြည်သံ ဟာ“သစ်ခြောက်”ခေါ်တယ်။နောက်တစ်မျိုးက“သစ်တောက်”တဲ့။နောက် “သစ်ကြိတ်”ဆိုတာရှိသေးတယ်။ နောက် “သစ်စုန်း” ဆိုတာပဲ” “ရှင်းပြပါဦး – ဘကြီး”
“သစ်ခြောက်ကိုတော့ ငါ့တူတို့ ကြုံရပြီ မဟုတ်လား။ သူက သစ်ကိုင်း ကျိုးတဲ့အသံမျိုး မြည်တတ်တာပါပဲ။ တောတွေ တောင်တွေထဲမှာ သစ်ပင်

တွေခုတ်၊ သစ်ကိုင်းတွေ ကျိုးကျ၊ သစ်ပင်တွေလှဲတော့ လဲကျတဲ့အသံတွေ ဟာ သစ်လုံး သစ်ကိုင်းတွေမှာ ပါလာတတ်တာမျိုးပဲကွ”
“သစ်ကြိတ်ဆိုတာပြောပြ-ဦးဘကြီး”
“ဒါကတော့ တောတောင်သစ်တောတွေမှာ လေတိုက်တဲ့အခါ သစ် ကိုင်းချင်း ယှက်ပြီး ထပ်နေတဲ့နေရာက သစ်ကိုင်းအချင်းချင်း ပွတ်မိကြမိ တယ်လေ။ အဲဒီမှာ အိအိ အယ့်အယ့်အသံတွေ မြည်တာပေါ့ကွာ။ နွေရာသီ သိပ်ပူပြင်းတဲ့အခါ သစ်ကိုင်းကလည်း ခြောက်နေမယ်ဆိုရင် သစ်ကိုင်းချင်း ပွတ်တာ ကြိတ်တာဟာ မီးပွင့်တယ်တဲ့။ တောမီးလောင်တာအဲဒီမီးပွားတွေ က အောက်က ခြောက်နေတဲ့မြက်ခင်းပေါ်ကျ၊ မြက်ခင်း မီးစွဲရာက လောင် တာမျိုး။ အဲဒီအကိုင်းချင်းကြိတ်တဲ့သစ်ကိုင်းမှာကြိတ်တဲ့အသံတွေ ပါလာ တာဟာ သစ်ကြိတ်ဆိုတာပါပဲ-ငါ့တူရာ”
“သစ်တောက်ကကော။ ဘယ်လိုဖြစ်တာတုံး – ဘကြီးရဲ့” “ငါတူတို့ သစ်တောက်ငှက်ကို သိတယ်နော်” “ဟုတ်ကဲ့ – သိပါတယ်”
“နှုတ်သီးအင်မတန်မာတဲ့ငှက်ကလေးပေါ့ကွာ။အဲဒီသစ်တောက်ငှက်
ရဲ့ အစာရှာမှုက ထူးခြားတယ်။ မြေပြင်မှာ အစာမရှာဘူး။ တောတွေထဲမှာ အပင်အချို့ဟာ သေပြီး တစ်ပင်လုံး ခြောက်နေတာရှိတယ်။ တချို့အကိုင်း တစ်ကိုင်း ခြောက်နေတာရှိတယ်။ အပင်အကိုင်းခြောက်တော့ အခေါက် အပွေးလည်း ခြောက်တာပေါ့။ အဲဒီအခေါက်တွေ အပွေးတွေကြားမှာ ပိုး ကောင်၊ မွှားကောင်လေးတွေ နေကြတယ်။ အဲဒီပိုးကောင်လေးတွေက လောက်တွေလို ဖြူဖြူနုနုလေးတွေ။ အဲဒီအကောင်လေးတွေကို စားဖို့ သစ်
တောက်ငှက်ကသစ်ခေါက်ကိုနှုတ်သီးနဲ့ပေါက်တာ။သစ်တောက်ငှက်နှုတ်
သီးနဲ့ သစ်ပင်ကို ပေါက်တာ တော်တော်ကျယ်ကျယ်ကြားရတယ်။ သစ် တောက်ဆိုတာ အဲဒီအသံတွေ သစ်ပင်တစ်ကိုင်းမှာ ပါလာပြီး “တောက်- တောက်”မြည်သံပါပဲကွယ်”

“သစ်စုန်းဆိုတာကော- ဘကြီး”
“အေး- သူကလည်း တောတောင်ထဲက သစ်ပင်တွေမှာ သဘာဝ တရားအရ အလင်းဓာတ်တွေ ဝင်နေတာ။ အဲဒီသစ်မျိုးတွေ လှေ၊ သမ္ဗန်၊ မော်တော်စပ်တဲ့နေရာမှာပါသွားရင်လည်းဖြစ်တတ်တယ်။ နောက်တစ်မျိုး က လှေ၊ မော်တော်တွေရဲ့ သစ်သားမှာ ပင်လယ်မီးစုန်းဓာတ်က တွယ်ကပ် နေပြီ။ ညမှောင်တဲ့အခါ လှေက၊ မော်တော်ကမီးရောင် ဖျတ်ခနဲ လင်းတတ် တာမျိုး ဖြစ်တယ်။ အဲဒီသစ်စုန်းက တောက်တဲ့အရောင်ဟာ ဘာအရောင်နဲ့ မှမတူဘူးတဲ့။ သိပ်ပြီး စူးစူးရှရှ လင်းသတဲ့”
ဘကြီးကရှင်းပြပြီး ဆက်ပြောသည်။
“ငါ့တူတို့ကိစ္စ ဘကြီးလုပ်ပေးမယ်။ နောက်ဆို အသံမကြားရတော့ပါ ဘူး။ ညကျရင် ဘကြီး ကျောင်းကိုလာခဲ့မယ်”
ညကျတော့ ဘကြီး ကျောင်းသို့ ရောက်လာသည်။ ဆရာတော်ကို ဝတ်ပြုစကားပြောပြီး ကျွန်တော်တို့ဆီလာသည်။ “မင်းတို့သစ်ခြောက်က ဘယ်တိုင်လဲ ပြပါဦး” ကျွန်ုပ်တို့က တိုင်ကို ပြလိုက်သည်။
“ကဲ-နီတွတ်လည်းတိုင်ကိုပုတ်မနေနဲ့တော့။ လက်နာတယ်။ ဝတုတ် လည်းဓားနဲ့မခုတ်ရတော့ဘူး။ ဘကြီးလုပ်ပေးမယ်။ ဒါသစ်မင်းလို့ခေါ်တယ်” ဘကြီးက သစ်စအချောင်းလေးတစ်ခုကို ပြသည်။
“ဒီသစ်မင်း အစလေးဟာ ဘယ်လောက်မာတဲ့အသားဖြစ်ဖြစ် သစ်
သားသာ ဖြစ်ပါစေ၊ ရိုက်သွင်းရင် ဝင်သွားတာပဲ – ကြည့်”
ဘကြီးသည်သူ့ခါးကြားတွင်ထိုးလာသောတူကလေးကိုယူကာသစ်စ
လေးကိုအသာရိုက်သွင်းလိုက်ရာ အဆုံးထိမြုပ်ဝင်သွားလေသည်။
“ကဲ-ငါ့တူကိုကောင်းကောင်းအိပ်ရပါပြီ။သည်တိုင်ကမြည်မှာ
မဟုတ်တော့ဘူး”

ဟုတ်ပါသည်။ထိုတိုင်မှနောက်ပိုင်းဘာသံမျှမကြားရတော့ပါ။ ကျွန်ုပ် မှာအတွေးများဖြာဝေနေခိုက်အချိန်ကျသဖြင့်လူးလဲထကာတရားဆောင်
သို့ ပြေးရသည်။
ထိုညက သန်းခေါင်ကျော်လောက်တွင် သစ်ကြိတ်မြည်သံ ကြားရ သဖြင့် ကျွန်ုပ် ထ.ထိုင်လိုက်သည်။ တစ်ဖက် ခုတင်မှ ကိုအုန်းဖေကို လက်တို့၍-
“ကိုအုန်းဖေ”
“ဗျာ”
“အသံမြည်ပြီ-ထ-ထ”
သူထ,လာပြီးတံခါးကျည်းပေါင်နား သွားကြသည်။

“ဟုတ်တယ် – ကျွန်တော် ကြားတယ်”
“ဒါပဲ- ကိုအုန်းဖေ။ ပြန်အိပ်တော့”
သည်သစ်ကြိတ်ကိစ္စ အရေးမကြီးတော့။ ဘာလုပ်ရမည် ကျွန်ုပ် သိပြီ။ သည်ကိစ္စ တစ်ယောက်ကို ပြောရဦးမည်။ ကျွန်ုပ်တို့မိတ်ဆွေ သုံးယောက် တရားစခန်းဝင်ကြတာ။ သူကဓာတုဗေဒဒေါက်တာ။ သူ့ကို ပြောတော့ – “ဟုတ်ရဲ့လားဗျာ။ အဲဒီသစ်သားပေါင်ထဲမှာ ပိုးကောင်တွေ၊ ဘာတွေ ဝင်နေတာလားဗျာ။ဥပမာပိတုန်းလို၊ နကျယ်လိုအကောင်မျိုးပေါ့။ သူတို့က သစ်သားကို ဖောက်ဝင်နိုင်တယ်။ ကျည်းပေါင်သားက အပွကြီးလားဗျာ”
သူပြောသဖြင့် ကိုအုန်းဖေနှင့် ကျွန်ုပ်တို့ ထမင်းစားပြီး နားချိန်တွင် ကျည်းပေါင်ကို သေသေချာချာ စစ်ဆေးသည်။ ဘာအပေါက်မျှ မတွေ့ပါ။ မရှိပါ။ သစ်သားကို လက်နှင့် တောက်ကြည့်၊ ခေါက်ကြည့်သည်။ ခေါင်းပွ မဟုတ်၊ ပကတိ အမာသား။ ပျဉ်းကတိုးအသား ဖြစ်ပါသည်။

ထိုညက ကိုအုန်းဖေနှင့်အတူ ပြန်အိပ်ကြသည်။ သစ်သားအတွက် စိတ်တွင် အနှောင့်အယှက် မဖြစ်တော့ပါ။ စိတ်အေး တည်ငြိမ်စွာ အိပ်ပျော် သွားပါသည်။
ကျွန်ုပ် ဖျတ်ခနဲ နိုးလာပြန်သည်။ ဖျတ်ခနဲ ထ,ထိုင်လိုက်သည်။ ကျွန်ုပ် ၏ခြေထောက်ကိုလက်အေးကြီးတစ်စုံကလာကိုင်သည်ကိုကျွန်ုပ်သိလိုက် သည်။ ကျွန်ုပ်မိမိခြေထောက်ကိုစမ်းကြည့်သည်။တစ်ဆောင်လုံးအိပ်မော ကျချိန် ည(၁)နာရီ။ ဒါဘာလဲ။ ဘာဖြစ်တာလဲ။ ခြေထောက်ကို အကိုင်ခံရ တာသေချာသည်။ သည်ကိစ္စ ကိုအုန်းဖေကို မပြောတော့ပါ။
အိပ်ရာမှာ ပြန်လှဲသည်။ စိတ်တော့ နည်းနည်းချောက်ချားသွားသည်။ အိပ်၍မရတော့။ အိပ်မပျော် တပျော် ခပ်မှေးမှေး ဖြစ်နေချိန်တွင် ခြေဖျားကို လက်အေးကြီးလာကိုင်ပြန်သည်။စောစောကအိပ်ပျော်နေစဉ်လာထိကိုင် သဖြင့် နိုးတာ၊ ခုဟာက အိပ်မပျော်ခင်ဖြစ်တာဆိုတော့သေချာပါပြီ။ ကျွန်ုပ် မိုးလင်းသည်အထိ အိပ်မပျော်တော့။ (၅)နာရီထ.ရသည်။
မနက် အရုဏ်စာစားပြီးတော့ ဆရာစံကို တွေ့ရသည်။ မတတ်နိုင် တော့။ အကျိုးအကြောင်း ပြောပြပြီ။
“ဒီတော့ – ဆရာရယ်။တရားထိုင်ရင်းကျွန်တော်အိပ်ငိုက်ရင်ခွင့်လွှတ် ပါ- ဆရာ။ ကျွန်တော်တတ်နိုင်သမျှ သတိထားပါ့မယ်”
“အေးဗျာ – စိတ်ကို ငြိမ်ငြိမ်ထား။ တရားသာ ဂရုစိုက်မှတ်။ အဆင်ပြေ သွားမှာပါ”
ဆရာစံကတော့ ဒါလောက်ပဲပြောသည်။မိမိမှာသာ ခုတင်ကဖောက်၊ သစ်က ခြောက်နှင့် နောက်ညများ ဘယ်လို စခန်းသွားရမည် မသိ ဖြစ်နေ သည်။

စိတ်ကို တင်းရသည်။ ဖြေရသည်။ တရားကိုသာ နှလုံးသွင်းရတော့ သည်။ သစ်ကြိတ်ကိစ္စ သိပ်အရေးမပါတော့။ သည်လက်အေးကြီးက ညတိုင်းလာကိုင်နေမှာလား။
ကျွန်ုပ် အချိန်ရသလောက် ခုတင်မှာ ထိုင်ပြီး ပရိတ်တွေ၊ ပဋ္ဌာန်းတွေ ရွတ်ဖတ်သည်။ အသံတော့ ထွက်လို့မရပါ။ လေသံနှင့် ရွတ်ဖတ်ရသည်။
ကျွန်ုပ်၏ အခက်အခဲ ပြေလည်သွားပုံက ထူးဆန်းလှသည်။ ကျည်း
ပေါင်က သစ်ကြိတ်ကို ကျွန်ုပ် ပျောက်အောင် မလုပ်နိုင်သေးပါ။ လက်အေး ကြီးကိစ္စလည်း ပရိတ်ရွတ်ဆဲပင်။ ည လာကိုင်၊ မကိုင် မသိနိုင်ပါ။ ပြေလည် သွားပုံကထူးပါသည်။
စခန်းဝင်သည့်အထဲတွင် လူငယ်သင်္ဘောသားတစ်ဦး ပါသည်။သင်္ဘော သားထုံးစံ တစ်ခေါက်ပြန်လာပြီး နားနေခိုက် စခန်းဝင်လာခြင်း ဖြစ်သည်။ နောက်နေ့တွင် စခန်းဝင် သင်္ဘောသားမောင်ဘုန်းဝင်းအတွက်ဖုန်းဝင်လာ သည်။ သင်္ဘောထွက်ရက်ချိန်းသည့် ဖုန်းဖြစ်၍ မောင်ဘုန်းဝင်း ဆရာထံ ခွင့်ပန်တိုင်ကြားပြီး စခန်းမှ ထွက်သွားသည်။
ဤတွင်ကျွန်ုပ်ကိစ္စပြေလည်သွားတော့သည်။ကိစ္စလည်းတော်တော်
သိနေပြီဖြစ်၍ ကျွန်ုပ် မောင်ဘုန်းဝင်း ခုတင်သို့ ပြောင်းရွှေ့လိုက်သည်။ ခြောက်သောသစ်သား၊ခြောက်သောခုတင်တို့နှင့်လွတ်ကင်းသွား၍ ကောင်းကောင်းအိပ်ရသည်။တရားအလုပ်ကောင်းစွာလုပ်နိုင်သည်။
တရားစခန်း ခုနစ်ရက်ပြည့်မြောက်ခဲ့သည်။
စခန်းထွက်သည့်နေ့က ကျွန်ုပ်နှင့် ကိုအုန်းဖေ ဓမ္မာရုံစောင့်ကြီးကို ခေါ်
၍ခြောက်သော ကျည်းပေါင်ကိုပြကာ-
“ဆရာကြီး – ဒီတံခါးကျည်းပေါင်ကို သစ်မင်းစ,လေး ရှာပြီး ရိုက်ထည့်
လိုက်ပါ”
ဟုအကျိုးအကြောင်းပြောပြလိုက်ရသည်။

သည်ဓမ္မာရုံက ဆောက်ပြီးတာ မကြာသေးပါ။ တရားစခန်းလည်း မဟုတ်ပါ။ ဝန်ကြီးက ခေတ္တတရားစခန်းလုပ်ခြင်းသာ ဖြစ်သည်။ ဓမ္မာရုံ စောင့်ကိုမေးကြည့်သည်။
“ဒီမှာ ခုတင်တွေက ဒီမှာ ရှိတာတွေလား။ အဟောင်းတွေ ထင်တာပဲ” “ဒီမှာ ခုတင်တွေ မရှိပါဘူး။ မင်္ဂလာဒုံတပ်ထဲက ယူလာတာတွေ။တပ် တန်းလျားက၊ ဆေးရုံက ခုတင်တွေ၊ ဒါတွေ ပြန်ပို့ရမှာ”
ကျွန်ုပ်သိလိုက်ပြီ။ဝန်ကြီးကဗိုလ်မှူးကြီးဖြစ်သည်။တပ်တန်းလျားက၊
ဆေးရုံကခုတင်တွေခေတ္တယူလာတာဖြစ်သည်။ သည်တွင်ခုတင်တစ်ခုက
လူသေဖူးတာဖြစ်ပြီးသေသူဝိညာဉ်စွဲကာထိုခုတင်ကိုကျွန်ုပ်ကအိပ်ရခြင်း
ဖြစ်သည်။
ထိုမှလွဲ၍ အခြားမဖြစ်နိုင်ပါ။
အင်္ဂရာဏ

Zawgyi Version

ခုတင္ကေျခာက္သစ္ကေႏွာက္(စ/ဆုံး)
————————————————
ကြၽႏ္ုပ္ အိပ္ရာမွ ဖ်တ္ခနဲ ႏိုးလာသည္။ ဒါကလည္း အေလ့အက်င့္ တစ္ခုျဖစ္သည္။ ယင္းသို႔ႏိုးလာလွ်င္ကြၽႏ္ုပ္ေရအိမ္သို႔ သြားရမည္။ ေရအိမ္ သြားရန္ ထ.လိုက္သည့္အခါ ကြၽႏ္ုပ္သိလိုက္ၿပီ။ သည္ေနရာက ကြၽႏ္ုပ္၏ ေနအိမ္မဟုတ္ေခ်။တရားစခန္းအေဆာင္ျဖစ္သည္။ ေရအိမ္မွာအေဆာင္
၏အျပင္တြင္ရွိ၍အျပင္သို႔ထြက္ရမည္။အေဆာင္၏အလယ္တြင္မီးေခ်ာင္း တစ္ေခ်ာင္းထြန္းထား၍အေဆာင္တစ္ခုလုံးျမင္ရသည္။ ကြၽႏ္ုပ္၏လႈပ္ရွား မႈကို အတတ္ႏိုင္ဆုံး ညင္ညင္သာသာ ျပဳရသည္။ ကြၽႏ္ုပ္ ႏိုးထခ်ိန္တြင္ လူ (၂၄)ေယာက္ကအိပ္ေပ်ာ္ေနၾကသည္။အိပ္ေပ်ာ္ေနသမွႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ပင္။ အခ်ိဳ႕ေဟာက္မ်ားပင္ ေဟာက္ေနေသးသည္။
အေဆာင္က ခန္းမျဖစ္သည္။ ကြၽႏ္ုပ္တို႔ဘက္တြင္ ခုတင္(၁၀)လုံး အျခားတစ္ဘက္တြင္ ခုတင္ (၁၅)လုံး ရွိသည္။ ကြၽႏ္ုပ္တို႔က အျပင္တန္း (တံခါးေပါက္မ်ားဘက္)ျဖစ္၍ တံခါးငါးေပါက္ၾကားတြင္ ခုတင္ (၂)လုံး ပူး ထားျခင္း ျဖစ္သည္။ ကြၽႏ္ုပ္ ခုတင္ေပၚမွ ညင္သာစြာ ဆင္းၿပီး ကပ္လ်က္

ခုတင္မွ မိတ္ေဆြႀကီး ကိုအုန္းေဖကို တစ္ခ်က္ၾကည့္လိုက္သည္။ သူလည္း အိပ္ေမာက်ေနသည္ပင္။
ကြၽႏ္ုပ္ေျခကို ဖြဖြနင္းကာ အျပင္ထြက္ေပါက္တံခါးႀကီးသို႔ သြားသည္။ ထိုးထားေသာ တံခါးမင္းတုပ္ကို အသာအယာ ျဖဳတ္သည္။ တံခါး႐ြက္တစ္ စုံကို ဖြဖြေလးဟၿပီး မင္းတုပ္ကိုလွည့္ေတာ့ အသံမျမည္ဘဲ တံခါးပြင့္သြား သည္။ အေဆာင္တြင္းမွာ အိုက္စပ္စပ္ျဖစ္ေပမဲ့ အျပင္ေရာက္ေတာ့ ေလ ျပည္ေအးေလး တိုးေဝွ႔တိုက္ခတ္လိုက္တာ ခံစားရသည္။ ေႏြရာသီ မတ္လ ဆိုေတာ့ ေန႔လယ္ေန႔ခင္းမွာ အပူဒဏ္က ကဲေလသည္။ ေရအိမ္ဝင္ကာ အေပါ့စြန႔္ၿပီး ေရႏွင့္သန႔္စင္ခဲ့သည္။ လက္မွ နာရီကို ၾကည့္လိုက္ေတာ့ ညသန္းေခါင္ေက်ာ္ (၂)နာရီ။ “ဥဩ-ဥဩ-ဥဩ”
အလြန္စြဲမက္ဖြယ္၊ လြမ္းေမာဖြယ္ေကာင္းေသာအသံကို ၾကားလိုက္ရ သည္။ ဥဩငွက္ေလး ဘယ္ဆီကေနတြန္က်ဴးေနပါလိမ့္။
ဥဩငွက္ ေအာ္ျမည္သံကို ကြၽႏ္ုပ္ အလြန္ႏွစ္သက္သည္။ အသံသည္ ဆြဲဆြဲငင္ငင္ရွိသည္။ ေလးေလးပင္ပင္ရွိသည္။ၿပီးေတာ့အလြန္ႏြဲ႕ၿပီးပဲ့တင္ သံထပ္သည္။ ေက်းငွက္တို႔၏ေအာ္ျမည္တြန္က်ဴးသံမ်ားတြင္ ကရဝိက္ႏွင့္ ႀကိဳးၾကာသံသည္အလြန္သာယာသည္ဟုစာေပတြင္ဖတ္ရသည္။သို႔ေသာ္ ယင္းတို႔၏တြန္က်ဴးျမည္သံကိုကြၽႏ္ုပ္ မၾကားဖူးပါ။
ကြၽႏ္ုပ္သည္ငယ္စဥ္ကေက်းလက္ေတာ႐ြာမွာေနခဲ့သည္။ ေက်းငွက္ မ်ိဳးစုံတို႔၏ ျမည္သံ၊ တြန္သံမ်ားကို ၾကားဖူးခဲ့သည္။ ယခုလည္း ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)တြင္ေနသျဖင့္ ေက်းငွက္သာရကာ ျမည္က်ဴးသံ မ်ိဳးစုံၾကားရ သည္။မိုးလင္းသည္ႏွင့္အိမ္ဝန္းက်င္သစ္ပင္မ်ားမွငွက္ကေလးမ်ား၏ေတး ဆိုသံမ်ိဳးစုံ ၾကားရသည္။ က်ီက်ီက်ာက်ာျမည္သံမ်ားလည္း နားဆင္ရသည္။ တီတီတာတာ ခြၽဲသံ နဲ႔သံေလးမ်ားလည္း နားဝင္ပီယံ ျဖစ္ရသည္။ ငွက္ျမည္

သံကေလးေတြမွာၾကည္ႏူးစရာ၊ပီတိျဖစ္စရာပင္။ၾကားရသည့္ငွက္ျမည္သံ
မ်ားမွ မွတ္မွတ္ထင္ထင္ျဖစ္ရသည့္ ငွက္ျမည္သံမွာ-
“ေ႐ႊျပည္စိုး – ေ႐ႊျပည္စိုး”
ဟုျမည္က်ဴးေသာေ႐ႊျပည္စိုးငွက္ျမည္သံကေလးပင္။ ငွက္ကေလး၏ ျမည္သံမွာ ဂ႐ုစိုက္နားေထာင္ေလ၊ “ေ႐ႊျပည္စိုး”ဟု ပီပီသသၾကားရေလ ျဖစ္သည္။ေနာက္ငွက္သံေလးတစ္သံမွတ္မိေနတာရွိေသးသည္။ ဘာငွက္ ရယ္ဟုေတာ့ မသိပါ။ သူျမည္ေႂကြးပုံအသံက- “႐ႊီး-႐ႊီး-႐ႊီး-႐ႊီး-က်ိလိလိ”
ဟု ျဖစ္သည္။ ထပ္ခါ ထပ္ခါ ျမည္တတ္သည္။ မိုးလင္းသည္ႏွင့္ ျမည္ ေႂကြးတတ္ေသာငွက္ကေလးျဖစ္သည္။ထိုငွက္ကေလးကို“ေလခြၽန္ငွက္” ဟု ေခၚၾကသည္။ ေနာက္ ကြၽႏ္ုပ္ ႏွစ္သက္ေသာ ငွက္ျမည္သံတစ္သံ ရွိပါ ေသးသည္။ စာဖတ္သူမ်ားလည္း သည္ငွက္ကေလး၏ တြန္က်ဴးသံကို ၾကားၾက၊ သိၾက၊ ႏွစ္သက္ၾကမည္ထင္ပါသည္။
“တကူကူး-ကူး-တကူကူး“ကူး”
ခ်ိဳးငွက္ကေလး၏ တြန္က်ဴးသံ ျဖစ္ပါသည္။ ယင္းအသံကို ခ်ိဳးကူသံ ဟုဆိုၾကသည္။ ခ်ိဳးကူသံသည္ ခြၽဲပါသည္။ ႏြဲ႕ပါသည္။ ႏွစ္သက္ဖြယ္ေကာင္း ပါသည္။ သို႔ေသာ္ ဥဩတြန္သံေလာက္ လြမ္းေမာဖြယ္ မေကာင္းပါ။ စြဲမက္ ဖြယ္ မေကာင္းပါ။ ယခုလို မတ္လ(ေႏြရာသီ)မွာ ခ်ိဳးႏွင့္ ဥဩတို႔ သီခ်င္းဆို ၿပိဳင္ေသာအခါျဖစ္သည္။
ဥဩသည္ ကြၽႏ္ုပ္ကို ဆြဲေဆာင္လိုက္သျဖင့္ ကြၽႏ္ုပ္၏ ေျခလွမ္းသည္ အေဆာင္ဘက္သို႔ မေရာက္ေတာ့ဘဲ အေဆာင္ေရွ႕သို႔ ထြက္လာခဲ့မိေတာ့ သည္။ စင္စစ္အားျဖင့္ အေဆာင္သည္ ဌာနဆိုင္ရာ ဓမၼာ႐ုံတစ္ခု ျဖစ္သည္။ ပုံမွန္တရားရိပ္သာမဟုတ္ပါ။ ထိုဌာနမွဝန္ႀကီးက သူ၏အဘိဓမၼာဆရာႏွင့္ ေပါင္းကာ (၇)ရက္တရားစခန္း ဖြင့္ျခင္း ျဖစ္သည္။ ကြၽႏ္ုပ္မွာ ထိုဝန္ႀကီးႏွင့္

တစ္ႏြယ္ငင္တစ္စင္ပါ တရားစခန္းဝင္ခဲ့ျခင္းျဖစ္သည္။ အမ်ိဳးသား (၂၅)ဦး ႏွင့္ အမ်ိဳးသမီး (၃၅)ဦး၊ စုစုေပါင္း တရားစခန္းဝင္သူ (၆ဝ)ဦး ျဖစ္သည္။
ဓမၼာ႐ုံ တည္ေနရာမွာ ရန္ကုန္ၿမိဳ႕၊ ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ ေျမာက္ ဘက္၊ အာဇာနည္ဗိမာန္လမ္းေဘးတြင္ ျဖစ္သည္။ ကြၽႏ္ုပ္ အေဆာင္ေရွ႕ ထြက္လိုက္ေတာ့ အာဇာနည္ဗိမာန္လမ္းက ေအာက္ဘက္တြင္ ၿငိမ္သက္ တိတ္ဆိတ္ေနသည္။ ကားအသြားအလာ လုံးဝမရွိေတာ့။ တေပါင္းလျပည့္ ေက်ာ္ၿပီးျဖစ္သျဖင့္ လေရာင္မွာလင္းပ်ပ် သာလ်က္ရွိသည္။ အေဆာင္ တည္ရွိရာသည္ သိဂၤုတၱရကုန္းေတာ္၏ ေတာင္ေစာင္းမွာ ျဖစ္၍ ကားလမ္းက ေအာက္ဘက္အနားတြင္ တည္ရွိသည္။ ေရွ႕ဘက္တူ႐ူတြင္ ေသြးေဆးကန္ ေရျပင္က ပကတိၿငိမ္သက္ေနသည္။ လေရာင္ဆမ္းေသာ ေငြလႊာျပင္ကို ရႈေမာရသည္မွာ ရင္ဝယ္ေအးျမလွသည္။
ေရလႊာျပင္၏ ဟိုဘက္တြင္ မူလ ကမာၻေအးေစတီႏွင့္ ပတ္ဝန္းက်င္ သာသနိကအေဆာက္အအုံမ်ားကို ျမင္ရသည္။ (မူလ ကမာၻေအးေစတီဆို ရာ၌ ခရစ္ႏွစ္ ၁၉၅၆ – ခုႏွစ္က သာသနာ (၂၅ဝဝ)ျပည့္ အထိမ္းအမွတ္ အျဖစ္ တည္ခဲ့ေသာ ကမာၻေအးေစတီ ေပၚလာေသာေၾကာင့္ ယခင္ရွိႏွင့္ ေသာကမာၻေအးေစတီေလးကို မူလတပ္၍ေခၚၾကျခင္း ျဖစ္သည္။) ကမာၻေအးေစတီေလး၏ဟိုဘက္ အနည္းငယ္ျမင့္ေသာ ေတာင္ကုန္း ေလးေပၚတြင္ မဂၤလာေတာင္ေတာ္ဦးေစတီကိုလည္း ဖူးေတြ႕ရသည္။ လက္ ဝဲဘက္ျမင္ကြင္းမွာေတာ့ အာဇာနည္ဗိမာန္ကို သစ္ပင္မ်ားၾကားမွာမႈိင္းပ်ပ် ျမင္ရသည္။
“ဥဩ-ဥဩ-ဥဩ”
သည္အသံၾကားလွ်င္ ကြၽႏ္ုပ္ရင္မွာ တသိမ့္သိမ့္ခံစားရသည္။ စင္စစ္ ဥဩသံကား ရင္ကို ထိခိုက္ေစသည္ မဟုတ္ပါေလာ။ ဥဩျမည္သံက နီးနီး က၊ေဝးေဝးကလွည့္ပတ္ၾကားေနရသည္။ ကြၽႏ္ုပ္ရန္ကုန္တကၠသိုလ္တက္

ခဲ့စဥ္က သည္အခ်ိန္ဆို တကၠသိုလ္ ပရိဝုဏ္တစ္ခြင္လုံး ဥဩသံ လႊမ္းေန ၿမဲျဖစ္သည္။အဓိပတိလမ္းတစ္ေလွ်ာက္ကံ့ေကာ္ေတြပြင့္ခ်ိန္၊ကံ့ေကာ္ပန္း
ရနံ႔ေတြ ေမႊးပ်ံ႕သင္းႀကိဳင္ေနခ်ိန္ျဖစ္သည္။
ဥဩဆိုသည့္အေကာင္ကလည္း အသံသာ ၾကားရၿပီး အေကာင္ကို မေတြ႕ရေသာသတၱဝါ ျဖစ္သည္။ တကၠသိုလ္ထဲမွာဆိုေတာ့ သစ္ပင္ေတြ မ်ားသျဖင့္ ဥဩကို ရွာရဖို႔ ခက္သည္။ သစ္ပုပ္ပင္ဆီကလား၊ ဘြဲ႕ႏွင္းသဘင္ ေနာက္ကလား၊ အာစီေဘးကလား၊ စာၾကည့္တိုက္ဘက္ကလား၊ ေတာင္ငူ ေဆာင္ေရွ႕ ကညင္ပင္ဆီကလား၊ ဂ်ပ္ဆင္ေဟာလ္ဘက္ကလား မွန္းဆရ ခက္ေလသည္။
ဥဩသံ၏အာ႐ုံတြင္နစ္ေမ်ာသြားရာမွနာရီၾကည့္လိုက္ေတာ့(၂)နာရီ ထိုးေတာ့မည္။ (၇)ရက္စခန္းက သည္ေန႔မွ စျခင္းျဖစ္သည္။ အိပ္ေတာ့မွ ျဖစ္မည္။ အိပ္ေရးမဝလွ်င္ တရားထိုင္ရင္း အိပ္ငိုက္ေနဦးမည္။ ကြၽႏ္ုပ္ အေဆာင္ထဲ ျပန္ဝင္သည္။ ေစ့ထားခဲ့ေသာ တံခါးကို အသာဖြင့္၍ အသံ မျမည္ေအာင္ မင္းတုပ္ကို ထိုးရသည္။ ေျခကို ဖြဖြနင္းကာ အိပ္ရာထဲ ဝင္လွဲ လိုက္သည္။ ေဘးခုတင္မွ ကိုအုန္းေဖကေတာ့ အိပ္ေမာက်ေနဆဲပင္။ ခဏမွ် ဘယ္ဘက္ေစာင္း၊ ညာဘက္ေစာင္းလူးလွိမ့္အိပ္လိုက္ရာအိပ္ ေပ်ာ္သြားသည္။
“အယ့္ – အယ့္ – အယ့္”
အသံတစ္မ်ိဳး ၾကားလိုက္ရသည္။ ထိုအသံေၾကာင့္ပင္ ကြၽႏ္ုပ္ ႏိုးလာ ရျခင္း ျဖစ္သည္။ အိပ္ရာမွ မထဘဲ လဲေလ်ာင္းရက္ကပင္ အသံကို အာ႐ုံ စိုက္ နားစြင့္လိုက္သည္။
“အယ့္ – အယ့္ – အယ့္”

ငိုသံေတာ့ မဟုတ္။ သို႔ေသာ္ ေတာ္ေတာ္က်က္သေရမရွိေသာအသံ မ်ိဳး ျဖစ္သည္။ ဆိုရေသာ္ ေတာ္ေတာ္ရင္တုန္ဖြယ္ရာေကာင္းေသာအသံ၊ ၾကက္သီးထဖြယ္ေကာင္းေသာအသံမ်ိဳးျဖစ္သည္။

စာရႈသူမ်ား ေက်းလက္ေတာ႐ြာတြင္ ေနဖူးပါက မိုးတြင္းကာလ လယ္ ထဲယာထဲေရစပ္စပ္ထဲမွ ညအခါ စားဖားႀကီးေတြ ေအာ္သံကို ၾကားဖူးၾကပါ လိမ့္မည္။ အသံကႀကီးႀကီး၊ ဩဩျဖစ္သည္။ လူ၏လည္ေခ်ာင္းမွ ထြက္ ေသာအသံမ်ိဳးမဟုတ္ႏိုင္။ ဘာသံလဲ။ ဘယ္ကျမည္ေနတာလဲ။ ကြၽႏ္ုပ္စိတ္ မ်ားေခ်ာက္ခ်ားသြားပါသည္။
စိတ္ကို တင္း၍ အသာထ,ထိုင္လိုက္သည္။ အသံက အၿမဲျမည္ေန သည္ မဟုတ္ပါ။ တစ္ခါျမည္ၿပီး ရပ္သြားသည္။ ခဏၾကာေတာ့ တစ္ခါျမည္ ျပန္သည္။ ကြၽႏ္ုပ္ ထ.ထိုင္ၿပီး အာ႐ုံစူးစိုက္နားေထာင္သည္။ အသံမျမည္ပါ။ “ဥဩ-ဥဩ-ဥဩ”
ျမည္လာသည္က ဥဩအသံ။ သည္ဥဩေကာင္ တစ္ညလုံး မအိပ္ဘဲ ေလွ်ာက္ေအာ္ေနသည္လား။ ခုခါတြင္ ဥဩသံကို ကြၽႏ္ုပ္ မခံစားႏိုင္ေတာ့ ပါ။ ဘာမွန္းမသိေသာ ျမည္သံႀကီးသည္ ကြၽႏ္ုပ္စိတ္ကို ေခ်ာက္ခ်ားေနေစ ပါသည္။ ဥဩသံ တျဖည္းျဖည္းေဝးသြားသည္။ “အယ္ – အယ့္ – အယ့္”
ကြၽႏ္ုပ္ေခါင္းနားပန္းႀကီးသြားသည္။ ၾကားရပါၿပီ။ လူသံမဟုတ္သည္မွာ ေသခ်ာၿပီ။ အျပင္ကအသံ မဟုတ္သည္မွာလည္း ေသခ်ာၿပီ။ အေဆာင္ထဲ ကအသံျဖစ္သည္။ ၿပီးေတာ့ ကြၽႏ္ုပ္ႏွင့္ ေတာ္ေတာ္နီးသည္။ အသံကေခါင္း ရင္းဘက္က လာတာျဖစ္သည္။ ကြၽႏ္ုပ္ ထိုင္ေနရာခုတင္ေပၚက ဆင္း လိုက္သည္။ ေခါင္းရင္းတြင္ ျပတင္းေပါက္ရွိသည္။ျပတင္းေပါက္တြင္တံခါး ႐ြက္ (၂)ခ်ပ္ႏွင့္ က်ည္းေပါင္ ရွိသည္။
ဓမၼာ႐ုံက အုတ္တိုက္ အေဆာက္အအုံအသစ္ ျဖစ္သည္။ RC အုတ္ တိုက္ျဖစ္၍သစ္သားဆို၍ျပတင္းေပါက္ေပါင္ႏွင့္က်ည္းေပါင္သာပါသည္။ ကြၽႏ္ုပ္ က်ည္းေပါင္သစ္သားနားတြင္ ရပ္၍ အာ႐ုံစူးစိုက္ထားလိုက္သည္။ စိတ္ကို ၿငိမ္ေအာင္ထားသည္။ ကြၽႏ္ုပ္ တစ္ခုေတြးထင္ထားတာ ရွိသည္။ ထိုအေတြးေၾကာင့္ပင္ စိတ္ေခ်ာက္ခ်ားျခင္းမ်ား ေျပေပ်ာက္သြားသည္။

ကြၽႏ္ုပ္မွာ ညႀကီးသန္းေခါင္ အိပ္ရာမွ ထ,ကာ ျပတင္းေပါက္နား ရပ္ေန သည္မွာ တစ္ေယာက္ေယာက္ ႏိုးလာ၍ ေတြ႕သြားက ေတာ္ေတာ္ေျပာရ ခက္လိမ့္မည္။ “ဥဩ-ဥဩ-ဥဩ”
ခက္ၿပီ။ ကိုေ႐ႊဥဩကတစ္ညလုံးမအိပ္ေတာ့ဘူးထင္ပါရဲ႕၊ ဥဩသံကို အာ႐ုံမွဖယ္ထုတ္လိုက္သည္။အာ႐ုံစူးစိုက္ရမွာကတံခါးေပါက္က်ည္းေပါင္ သစ္သား။ ကြၽႏ္ုပ္ စိတ္ရွည္ရွည္ထားၿပီးေစာင့္သည္။
“အယ့္ – အယ့္ – အယ့္”
ျမည္သံႀကီး ထြက္ေပၚလာသည္။ ကြၽႏ္ုပ္ထင္သည့္အတိုင္း က်ည္း ေပါင္ဆီကပင္ ျဖစ္သည္။ ပို၍ ေသခ်ာေအာင္ ကြၽႏ္ုပ္ က်ည္းေပါင္ကို နားႏွင့္ ကပ္လိုက္သည္။ “အယ့္ – အယ့္ – အယ့္”
ေသခ်ာပါၿပီ။က်ည္းေပါင္ကျမည္တဲ့အသံေသခ်ာပါၿပီ။က်ည္းေပါင္က ဘယ္လိုအသံျမည္ႏိုင္သလဲ။ ဘာေၾကာင့္ျမည္တာလဲ။ ဒါက သစ္သား ျမည္တဲ့အသံ ျဖစ္သည္။ ဒါကို “သစ္ႀကိတ္”ဟု ေခၚသည္။ ကြၽႏ္ုပ္ေၾကာက္ စိတ္မ်ား ေျပပါၿပီ။ စိတ္လည္း ၿငိမ္သြားပါၿပီ။ ခုတင္ေပၚျပန္တက္ၿပီး ကိုအုန္း ေဖကို ၾကည့္လိုက္သည္။ သူ႔ကို ေျပာရေကာင္းမလား။ သူက အိပ္ေပ်ာ္ေန ဆဲျဖစ္သည္။ ရွိေစေတာ့။ ခုအိပ္လိုက္ဦးမည္။ စည္းကမ္းအရဝစီပိတ္(တစ္ ဦးႏွင့္တစ္ဦး စကားမေျပာရ)ျဖစ္ေပမဲ့ မနက္မိုးလင္းမွ ကိုအုန္းေဖကို လက္ တို႔ၿပီး ခိုးေျပာရမည္။
မနက္ (၃)နာရီထိုးၿပီ။ အေျဖရွာ၍ရသျဖင့္ ေၾကာက္စိတ္ေျပၿပီး တည္ ၿငိမ္သြားကာ ေခါင္းႏွင့္ ေခါင္းအုံးေတြ႕စဥ္ခဏမွာပင္ အိပ္ေပ်ာ္သြားခဲ့သည္။ အသံကပဲ မျမည္ေတာ့တာလား။ ကြၽႏ္ုပ္က အိပ္ေမာက်ေလသလားမသိ။

မနက္ (၅)နာရီ အမ်ား ႏိုးမွႏိုးလာသည္။ ညက အိပ္ေရးပ်က္ထားေတာ့ မ်က္လုံးမ်ားက ဖန္တြတ္တြတ္ျဖစ္ေနသည္။
ေဘးခုတင္မွာ ကိုအုန္းေဖ မရွိ။ ကိုယ္လက္သုတ္သင္ဖို႔ ထြက္သြားၿပီ ထင္သည္။ ဟုတ္သည္။ ေရခ်ိဳးခန္းဘက္ေရာက္ေတာ့ ကိုအုန္းေဖ မ်က္ႏွာ သစ္ေနသည္ကို ေတြ႕ရသည္။ ကြၽႏ္ုပ္လည္း ျပဳဖြယ္ကိစၥမ်ားကိုျပဳၿပီး အေဆာင္ထဲျပန္ဝင္သည္။ ကိုအုန္းေဖ အဝတ္လဲေနသည္။
ကြၽႏ္ုပ္ ညကကိစၥ ေျပာခ်င္ေနသည္မွာ လွ်ာက ယားေနၿပီ။ စည္းကမ္း ကလည္း“စကားမေျပာရ”။ မတတ္ႏိုင္။ စည္းကမ္းေဖာက္ရေပေတာ့မည္။ ကြၽႏ္ုပ္ သူ႔ကိုလက္တို႔ေခၚကာေခါင္းရင္းဝရန္တာဘက္ ထြက္လိုက္သည္။ “ရႉး – ကိုအုန္းေဖ” “ေျပာ- ကိုစိန္လွ”
ကြၽႏ္ုပ္က ေလသံႏွင့္ေျပာေတာ့ သူကလည္း ေလသံႏွင့္ပင္ တုံ႔ျပန္ သည္။ ကြၽႏ္ုပ္ သူ႔ကို အက်ဥ္းခ်ဳံး၊ အတိုဆုံး ေျပာျပလိုက္မိသည္။ “ဗ်ာ- သစ္ႀကိတ္ – ဟုတ္လား” သူကတအံ့တဩေျပာသည္။
“ဟုတ္တယ္- ကိုအုန္းေဖ။ သစ္ႀကိတ္တဲ့၊ သစ္ေျခာက္တဲ့ ရွိတယ္ဗ်ာ။ ညက်ရင္ က်ဳပ္လက္တို႔မယ္။ ထသာနားေထာင္ေပေတာ့”
ကြၽႏ္ုပ္တို႔ႏွစ္ေယာက္ စကားေျပာေနၾကသည္ကို သိၾကမည္မဟုတ္။ ႏွစ္ေယာက္သား ဝရန္တာတြင္ရပ္ကာ အျပင္သို႔ ၾကည့္ေနၾကသည္ဟုသာ ထင္ၾကေပမည္။
သည္ေန႔က စခန္းဝင္ၿပီး ဒုတိယေန႔ ျဖစ္သည္။ တစ္ျမန္ေန႔ ညေနက စခန္းဝင္ ေယာဂီမ်ား ေရာက္ၾကသည္။ သတင္းပို႔ၾက၊ ေနရာယူၾက၊ ျပင္ၾက၊ ဆင္ၾကႏွင့္ ေနရာခ်ၿပီးေတာ့ အေပၚထပ္ခန္းမတြင္ အဘိဓမၼာဆရာစံက စခန္းဝင္သူေယာဂီမ်ားကို ဩဝါဒေပးသည္။ ထိုည အိပ္ၾကေတာ့ ကြၽႏ္ုပ္ သည္ခုတင္မွာပင္အိပ္သည္။ဘာသံမွ်မၾကားရ။ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္

သည္။ ဒုတိယညက်မွ ဥဩက မအိပ္ခ်င္ေအာင္အသံျဖင့္ ဆြဲေဆာင္သည္။
ၿပီးေတာ့
သစ္သားက်ည္းေပါင္ကကြၽႏု္ပ္ကိုအသံျဖင့္ေျခာက္သည္။ မနက္(၅း၃၀)မွစ၍အခ်ိန္ဇယားအတိုင္းလႈပ္ရွားလုပ္ေဆာင္ရသည္။ (၁၁)နာရီတြင္ နံနက္စာ သုံးေဆာင္ရ၍ (၁၂း၃ဝ)အထိ နားခ်ိန္ရသည္။ ထမင္းစားၿပီးကြၽႏ္ုပ္ခုတင္တြင္ေခတၱလဲေလ်ာင္းသည္။ကိုအုန္းေဖကဝရန္ တာတြင္ လမ္းေလွ်ာက္ေနသည္။ ကြၽႏ္ုပ္မွာ တရားသေဘာကို ႏွလုံးမသြင္း ႏိုင္။ တကယ္ဆိုလွ်င္ ဆရာစံ ေျပာထားသည့္အတိုင္း ရပ္၊ ထိုင္၊ ေလ်ာင္း ဣရိယာပုတ္ သုံးမ်ိဳးစလုံးတြင္ မည္သည့္ ဣရိယာပုတ္မွာပင္ျဖစ္ေစတရား သေဘာကို ႏွလုံးသြင္းရမည္ ျဖစ္သည္။ ကြၽႏ္ုပ္၏ စိတ္အာ႐ုံတြင္ တရား သေဘာမရွိ။ သစ္၏ေခ်ာက္ခ်ားမႈသာဝင္စားေနသည္။
“ငါ့တူရဲ႕- ဘႀကီးက သစ္ေတာဌာနမွာလည္း ေတာေခါင္းလုပ္ဖူးေတာ့ သစ္ပင္ ဝါးပင္ေတြနဲ႔ ေတာ္ေတာ္နီးနီးစပ္စပ္ေနရတာကလား။ ခု ငါ့တူ ေတြ႕ ရတာက သစ္ေျခာက္လို႔ေခၚတယ္”
ကြၽႏ္ုပ္ငယ္စဥ္က႐ြာမွာအသက္(၁၅)ႏွစ္အထိေနခဲ့ရသည္။ဘုန္းႀကီး ေက်ာင္းသား ေက်ာင္းအိပ္ေက်ာင္းစားအျဖစ္ ေနရသည္။ ေက်ာင္းႀကီးမွာ ေရွးေဟာင္းသစ္သားေက်ာင္းႀကီးျဖစ္၍ အေဆာင္ (၇)ေဆာင္၊ တိုင္ေပါင္း (၁၁၁)လုံး ရွိသည္။ အားလုံးကြၽန္းသားျဖစ္၍ တိုင္မ်ားမွာ ရွစ္လက္မပတ္ လည္ ကြၽန္းတိုင္မ်ား ျဖစ္သည္။ ေျခတံရွည္ေက်ာင္းႀကီးျဖစ္၍ ေက်ာင္း ေအာက္တြင္လူလက္ခုပ္တစ္ေဖာင္ခန႔္ျမင့္သည္။အမိုးမွာဘုံဆင့္ျပာသာဒ္ (၂)ေဆာင္ ရွိသည္။ ေက်ာင္းမႀကီး အလယ္ဗဟိုေဆာင္မွာ ဘုံ(၉)ဆင့္ ျပာသာဒ္ရွိသည္။ ဘုရားေဆာင္မွာ ဘုံ(၇)ဆင့္ ျပာသာဒ္ရွိသည္။ ဗဟို ေက်ာင္းေဆာင္ႀကီးကိုတြဲ၍ အေဆာင္မ်ား ေဆာက္လုပ္ထားျခင္း ျဖစ္သည္။
ကြၽႏ္ုပ္တို႔ ဘုန္းႀကီးေက်ာင္းသားမ်ား ဆြမ္းစားေဆာင္၏ ေထာင့္တစ္ ေနရာတြင္ စုအိပ္ၾကသည္။ ဆြမ္းစားေဆာင္သည္ ေက်ာင္းႀကီး၏ ေနာက္

ဘက္အစြန္တြင္ ရွိ၍ ေထာင့္တိုင္ႀကီးတစ္လုံးမွာ ဖ်ိဳးဖ်ိဳးဖ်စ္ဖ်စ္ ျမည္တတ္ သည္။ မည္သည့္အခ်ိန္ကလည္း ညဥ့္နက္ပိုင္း ျဖစ္သည္။ ကြၽႏ္ုပ္တို႔ ဘုန္း ႀကီးေက်ာင္းသားမ်ားမွာ ေၾကာက္ရေကာင္းမွန္း မသိပါ။ တိုင္ႀကီးက ျမည္ ၿပီဆိုလွ်င္ တိုင္ႀကီးကို ၾကည့္၍အသံကိုဝိုင္းနားေထာင္ၾကသည္။
ျမည္သံက ဖ်ိဳးဖ်ိဳးဖ်စ္ဖ်စ္ဆိုရာတြင္ စာရႈသူမ်ား သစ္ပင္သစ္ကိုင္းမ်ား ခုတ္ခ်သည့္အခါ က်ိဳးသြားၿပီး ဖ်စ္ဖ်စ္အသံျမည္တာကို ၾကားဖူးမည္ ထင္ပါ သည္။ ထိုျမည္သံမွာ သစ္ကိုင္းမ်ား က်ိဳးသည့္အခါ ျမည္သည့္ ဖ်စ္ဖ်စ္ျမည္ သံ ျဖစ္ပါသည္။ ကြၽႏ္ုပ္တို႔ထဲမွာ နီတြတ္ဆိုသည့္ေကာင္က ေတာ္ေတာ္ကဲ သည္။
“ေဟ့ေကာင္ – တိတ္စမ္း။ တို႔အိပ္လို႔မရဘူး”
ဆိုကာ တိုင္ကို လက္ဝါးျဖင့္ ပုတ္ကာ ေျပာသည္။ နီတြတ္ထက္ ပိုဆိုး သည္ကဝတုတ္။ လူကပုပုနဲ႔ ေတာ္ေတာ္စိတ္တိုသည့္အေကာင္ျဖစ္သည္။ “ေဟ့ေကာင္ – တိတ္ေနာ္။ ဒီတစ္ခါေအာ္ရင္ ငါ ဓားနဲ႔ ခုတ္မွာ” ဟုဆိုကာမီးဖိုေဆာင္သို႔သြားမည္ျပဳသည္။ေက်ာ္ႀကီးကေျချမန္လက္
ျမန္ ဝတုတ္ကို ဖမ္းဆြဲ၍ –
“မလုပ္နဲ႔ – ကိုယ့္လူ။ မင္းဓားနဲ႔ခုတ္ေတာ့ တိုင္ႀကီးပဲ့ကုန္မွာေပါ့။ ဘုန္း ႀကီးႀကိမ္လုံးအေၾကာင္း မင္းသိတယ္ မဟုတ္လား”
ဟု ေျပာလိုက္သည္။ သို႔ေသာ္ ထိုကိစၥ ေျပလည္သြားပါသည္။ ကြၽႏ္ုပ္ တို႔၏ သစ္ေျခာက္ကိစၥ။ ဘႀကီးက ဆက္ေျပာသည္။
“အဲ-သစ္သားေတြမွာေလးမ်ိဳးရွိတယ္ကြ။ခုငါ့တူတို႔ရဲ႕တိုင္ကျမည္သံ ဟာ“သစ္ေျခာက္”ေခၚတယ္။ေနာက္တစ္မ်ိဳးက“သစ္ေတာက္”တဲ့။ေနာက္ “သစ္ႀကိတ္”ဆိုတာရွိေသးတယ္။ ေနာက္ “သစ္စုန္း” ဆိုတာပဲ” “ရွင္းျပပါဦး – ဘႀကီး”
“သစ္ေျခာက္ကိုေတာ့ ငါ့တူတို႔ ႀကဳံရၿပီ မဟုတ္လား။ သူက သစ္ကိုင္း က်ိဳးတဲ့အသံမ်ိဳး ျမည္တတ္တာပါပဲ။ ေတာေတြ ေတာင္ေတြထဲမွာ သစ္ပင္

ေတြခုတ္၊ သစ္ကိုင္းေတြ က်ိဳးက်၊ သစ္ပင္ေတြလွဲေတာ့ လဲက်တဲ့အသံေတြ ဟာ သစ္လုံး သစ္ကိုင္းေတြမွာ ပါလာတတ္တာမ်ိဳးပဲကြ”
“သစ္ႀကိတ္ဆိုတာေျပာျပ-ဦးဘႀကီး”
“ဒါကေတာ့ ေတာေတာင္သစ္ေတာေတြမွာ ေလတိုက္တဲ့အခါ သစ္ ကိုင္းခ်င္း ယွက္ၿပီး ထပ္ေနတဲ့ေနရာက သစ္ကိုင္းအခ်င္းခ်င္း ပြတ္မိၾကမိ တယ္ေလ။ အဲဒီမွာ အိအိ အယ့္အယ့္အသံေတြ ျမည္တာေပါ့ကြာ။ ေႏြရာသီ သိပ္ပူျပင္းတဲ့အခါ သစ္ကိုင္းကလည္း ေျခာက္ေနမယ္ဆိုရင္ သစ္ကိုင္းခ်င္း ပြတ္တာ ႀကိတ္တာဟာ မီးပြင့္တယ္တဲ့။ ေတာမီးေလာင္တာအဲဒီမီးပြားေတြ က ေအာက္က ေျခာက္ေနတဲ့ျမက္ခင္းေပၚက်၊ ျမက္ခင္း မီးစြဲရာက ေလာင္ တာမ်ိဳး။ အဲဒီအကိုင္းခ်င္းႀကိတ္တဲ့သစ္ကိုင္းမွာႀကိတ္တဲ့အသံေတြ ပါလာ တာဟာ သစ္ႀကိတ္ဆိုတာပါပဲ-ငါ့တူရာ”
“သစ္ေတာက္ကေကာ။ ဘယ္လိုျဖစ္တာတုံး – ဘႀကီးရဲ႕” “ငါတူတို႔ သစ္ေတာက္ငွက္ကို သိတယ္ေနာ္” “ဟုတ္ကဲ့ – သိပါတယ္”
“ႏႈတ္သီးအင္မတန္မာတဲ့ငွက္ကေလးေပါ့ကြာ။အဲဒီသစ္ေတာက္ငွက္
ရဲ႕ အစာရွာမႈက ထူးျခားတယ္။ ေျမျပင္မွာ အစာမရွာဘူး။ ေတာေတြထဲမွာ အပင္အခ်ိဳ႕ဟာ ေသၿပီး တစ္ပင္လုံး ေျခာက္ေနတာရွိတယ္။ တခ်ိဳ႕အကိုင္း တစ္ကိုင္း ေျခာက္ေနတာရွိတယ္။ အပင္အကိုင္းေျခာက္ေတာ့ အေခါက္ အေပြးလည္း ေျခာက္တာေပါ့။ အဲဒီအေခါက္ေတြ အေပြးေတြၾကားမွာ ပိုး ေကာင္၊ မႊားေကာင္ေလးေတြ ေနၾကတယ္။ အဲဒီပိုးေကာင္ေလးေတြက ေလာက္ေတြလို ျဖဴျဖဴႏုႏုေလးေတြ။ အဲဒီအေကာင္ေလးေတြကို စားဖို႔ သစ္
ေတာက္ငွက္ကသစ္ေခါက္ကိုႏႈတ္သီးနဲ႔ေပါက္တာ။သစ္ေတာက္ငွက္ႏႈတ္
သီးနဲ႔ သစ္ပင္ကို ေပါက္တာ ေတာ္ေတာ္က်ယ္က်ယ္ၾကားရတယ္။ သစ္ ေတာက္ဆိုတာ အဲဒီအသံေတြ သစ္ပင္တစ္ကိုင္းမွာ ပါလာၿပီး “ေတာက္- ေတာက္”ျမည္သံပါပဲကြယ္”

“သစ္စုန္းဆိုတာေကာ- ဘႀကီး”
“ေအး- သူကလည္း ေတာေတာင္ထဲက သစ္ပင္ေတြမွာ သဘာဝ တရားအရ အလင္းဓာတ္ေတြ ဝင္ေနတာ။ အဲဒီသစ္မ်ိဳးေတြ ေလွ၊ သမၺန္၊ ေမာ္ေတာ္စပ္တဲ့ေနရာမွာပါသြားရင္လည္းျဖစ္တတ္တယ္။ ေနာက္တစ္မ်ိဳး က ေလွ၊ ေမာ္ေတာ္ေတြရဲ႕ သစ္သားမွာ ပင္လယ္မီးစုန္းဓာတ္က တြယ္ကပ္ ေနၿပီ။ ညေမွာင္တဲ့အခါ ေလွက၊ ေမာ္ေတာ္ကမီးေရာင္ ဖ်တ္ခနဲ လင္းတတ္ တာမ်ိဳး ျဖစ္တယ္။ အဲဒီသစ္စုန္းက ေတာက္တဲ့အေရာင္ဟာ ဘာအေရာင္နဲ႔ မွမတူဘူးတဲ့။ သိပ္ၿပီး စူးစူးရွရွ လင္းသတဲ့”
ဘႀကီးကရွင္းျပၿပီး ဆက္ေျပာသည္။
“ငါ့တူတို႔ကိစၥ ဘႀကီးလုပ္ေပးမယ္။ ေနာက္ဆို အသံမၾကားရေတာ့ပါ ဘူး။ ညက်ရင္ ဘႀကီး ေက်ာင္းကိုလာခဲ့မယ္”
ညက်ေတာ့ ဘႀကီး ေက်ာင္းသို႔ ေရာက္လာသည္။ ဆရာေတာ္ကို ဝတ္ျပဳစကားေျပာၿပီး ကြၽန္ေတာ္တို႔ဆီလာသည္။ “မင္းတို႔သစ္ေျခာက္က ဘယ္တိုင္လဲ ျပပါဦး” ကြၽႏ္ုပ္တို႔က တိုင္ကို ျပလိုက္သည္။
“ကဲ-နီတြတ္လည္းတိုင္ကိုပုတ္မေနနဲ႔ေတာ့။ လက္နာတယ္။ ဝတုတ္ လည္းဓားနဲ႔မခုတ္ရေတာ့ဘူး။ ဘႀကီးလုပ္ေပးမယ္။ ဒါသစ္မင္းလို႔ေခၚတယ္” ဘႀကီးက သစ္စအေခ်ာင္းေလးတစ္ခုကို ျပသည္။
“ဒီသစ္မင္း အစေလးဟာ ဘယ္ေလာက္မာတဲ့အသားျဖစ္ျဖစ္ သစ္
သားသာ ျဖစ္ပါေစ၊ ႐ိုက္သြင္းရင္ ဝင္သြားတာပဲ – ၾကည့္”
ဘႀကီးသည္သူ႔ခါးၾကားတြင္ထိုးလာေသာတူကေလးကိုယူကာသစ္စ
ေလးကိုအသာ႐ိုက္သြင္းလိုက္ရာ အဆုံးထိျမဳပ္ဝင္သြားေလသည္။
“ကဲ-ငါ့တူကိုေကာင္းေကာင္းအိပ္ရပါၿပီ။သည္တိုင္ကျမည္မွာ
မဟုတ္ေတာ့ဘူး”

ဟုတ္ပါသည္။ထိုတိုင္မွေနာက္ပိုင္းဘာသံမွ်မၾကားရေတာ့ပါ။ ကြၽႏ္ုပ္ မွာအေတြးမ်ားျဖာေဝေနခိုက္အခ်ိန္က်သျဖင့္လူးလဲထကာတရားေဆာင္
သို႔ ေျပးရသည္။
ထိုညက သန္းေခါင္ေက်ာ္ေလာက္တြင္ သစ္ႀကိတ္ျမည္သံ ၾကားရ သျဖင့္ ကြၽႏ္ုပ္ ထ.ထိုင္လိုက္သည္။ တစ္ဖက္ ခုတင္မွ ကိုအုန္းေဖကို လက္တို႔၍-
“ကိုအုန္းေဖ”
“ဗ်ာ”
“အသံျမည္ၿပီ-ထ-ထ”
သူထ,လာၿပီးတံခါးက်ည္းေပါင္နား သြားၾကသည္။

“ဟုတ္တယ္ – ကြၽန္ေတာ္ ၾကားတယ္”
“ဒါပဲ- ကိုအုန္းေဖ။ ျပန္အိပ္ေတာ့”
သည္သစ္ႀကိတ္ကိစၥ အေရးမႀကီးေတာ့။ ဘာလုပ္ရမည္ ကြၽႏ္ုပ္ သိၿပီ။ သည္ကိစၥ တစ္ေယာက္ကို ေျပာရဦးမည္။ ကြၽႏ္ုပ္တို႔မိတ္ေဆြ သုံးေယာက္ တရားစခန္းဝင္ၾကတာ။ သူကဓာတုေဗဒေဒါက္တာ။ သူ႔ကို ေျပာေတာ့ – “ဟုတ္ရဲ႕လားဗ်ာ။ အဲဒီသစ္သားေပါင္ထဲမွာ ပိုးေကာင္ေတြ၊ ဘာေတြ ဝင္ေနတာလားဗ်ာ။ဥပမာပိတုန္းလို၊ နက်ယ္လိုအေကာင္မ်ိဳးေပါ့။ သူတို႔က သစ္သားကို ေဖာက္ဝင္ႏိုင္တယ္။ က်ည္းေပါင္သားက အပြႀကီးလားဗ်ာ”
သူေျပာသျဖင့္ ကိုအုန္းေဖႏွင့္ ကြၽႏ္ုပ္တို႔ ထမင္းစားၿပီး နားခ်ိန္တြင္ က်ည္းေပါင္ကို ေသေသခ်ာခ်ာ စစ္ေဆးသည္။ ဘာအေပါက္မွ် မေတြ႕ပါ။ မရွိပါ။ သစ္သားကို လက္ႏွင့္ ေတာက္ၾကည့္၊ ေခါက္ၾကည့္သည္။ ေခါင္းပြ မဟုတ္၊ ပကတိ အမာသား။ ပ်ဥ္းကတိုးအသား ျဖစ္ပါသည္။

ထိုညက ကိုအုန္းေဖႏွင့္အတူ ျပန္အိပ္ၾကသည္။ သစ္သားအတြက္ စိတ္တြင္ အေႏွာင့္အယွက္ မျဖစ္ေတာ့ပါ။ စိတ္ေအး တည္ၿငိမ္စြာ အိပ္ေပ်ာ္ သြားပါသည္။
ကြၽႏ္ုပ္ ဖ်တ္ခနဲ ႏိုးလာျပန္သည္။ ဖ်တ္ခနဲ ထ,ထိုင္လိုက္သည္။ ကြၽႏ္ုပ္ ၏ေျခေထာက္ကိုလက္ေအးႀကီးတစ္စုံကလာကိုင္သည္ကိုကြၽႏ္ုပ္သိလိုက္ သည္။ ကြၽႏ္ုပ္မိမိေျခေထာက္ကိုစမ္းၾကည့္သည္။တစ္ေဆာင္လုံးအိပ္ေမာ က်ခ်ိန္ ည(၁)နာရီ။ ဒါဘာလဲ။ ဘာျဖစ္တာလဲ။ ေျခေထာက္ကို အကိုင္ခံရ တာေသခ်ာသည္။ သည္ကိစၥ ကိုအုန္းေဖကို မေျပာေတာ့ပါ။
အိပ္ရာမွာ ျပန္လွဲသည္။ စိတ္ေတာ့ နည္းနည္းေခ်ာက္ခ်ားသြားသည္။ အိပ္၍မရေတာ့။ အိပ္မေပ်ာ္ တေပ်ာ္ ခပ္ေမွးေမွး ျဖစ္ေနခ်ိန္တြင္ ေျခဖ်ားကို လက္ေအးႀကီးလာကိုင္ျပန္သည္။ေစာေစာကအိပ္ေပ်ာ္ေနစဥ္လာထိကိုင္ သျဖင့္ ႏိုးတာ၊ ခုဟာက အိပ္မေပ်ာ္ခင္ျဖစ္တာဆိုေတာ့ေသခ်ာပါၿပီ။ ကြၽႏ္ုပ္ မိုးလင္းသည္အထိ အိပ္မေပ်ာ္ေတာ့။ (၅)နာရီထ.ရသည္။
မနက္ အ႐ုဏ္စာစားၿပီးေတာ့ ဆရာစံကို ေတြ႕ရသည္။ မတတ္ႏိုင္ ေတာ့။ အက်ိဳးအေၾကာင္း ေျပာျပၿပီ။
“ဒီေတာ့ – ဆရာရယ္။တရားထိုင္ရင္းကြၽန္ေတာ္အိပ္ငိုက္ရင္ခြင့္လႊတ္ ပါ- ဆရာ။ ကြၽန္ေတာ္တတ္ႏိုင္သမွ် သတိထားပါ့မယ္”
“ေအးဗ်ာ – စိတ္ကို ၿငိမ္ၿငိမ္ထား။ တရားသာ ဂ႐ုစိုက္မွတ္။ အဆင္ေျပ သြားမွာပါ”
ဆရာစံကေတာ့ ဒါေလာက္ပဲေျပာသည္။မိမိမွာသာ ခုတင္ကေဖာက္၊ သစ္က ေျခာက္ႏွင့္ ေနာက္ညမ်ား ဘယ္လို စခန္းသြားရမည္ မသိ ျဖစ္ေန သည္။

စိတ္ကို တင္းရသည္။ ေျဖရသည္။ တရားကိုသာ ႏွလုံးသြင္းရေတာ့ သည္။ သစ္ႀကိတ္ကိစၥ သိပ္အေရးမပါေတာ့။ သည္လက္ေအးႀကီးက ညတိုင္းလာကိုင္ေနမွာလား။
ကြၽႏ္ုပ္ အခ်ိန္ရသေလာက္ ခုတင္မွာ ထိုင္ၿပီး ပရိတ္ေတြ၊ ပ႒ာန္းေတြ ႐ြတ္ဖတ္သည္။ အသံေတာ့ ထြက္လို႔မရပါ။ ေလသံႏွင့္ ႐ြတ္ဖတ္ရသည္။
ကြၽႏ္ုပ္၏ အခက္အခဲ ေျပလည္သြားပုံက ထူးဆန္းလွသည္။ က်ည္း
ေပါင္က သစ္ႀကိတ္ကို ကြၽႏ္ုပ္ ေပ်ာက္ေအာင္ မလုပ္ႏိုင္ေသးပါ။ လက္ေအး ႀကီးကိစၥလည္း ပရိတ္႐ြတ္ဆဲပင္။ ည လာကိုင္၊ မကိုင္ မသိႏိုင္ပါ။ ေျပလည္ သြားပုံကထူးပါသည္။
စခန္းဝင္သည့္အထဲတြင္ လူငယ္သေဘၤာသားတစ္ဦး ပါသည္။သေဘၤာ သားထုံးစံ တစ္ေခါက္ျပန္လာၿပီး နားေနခိုက္ စခန္းဝင္လာျခင္း ျဖစ္သည္။ ေနာက္ေန႔တြင္ စခန္းဝင္ သေဘၤာသားေမာင္ဘုန္းဝင္းအတြက္ဖုန္းဝင္လာ သည္။ သေဘၤာထြက္ရက္ခ်ိန္းသည့္ ဖုန္းျဖစ္၍ ေမာင္ဘုန္းဝင္း ဆရာထံ ခြင့္ပန္တိုင္ၾကားၿပီး စခန္းမွ ထြက္သြားသည္။
ဤတြင္ကြၽႏ္ုပ္ကိစၥေျပလည္သြားေတာ့သည္။ကိစၥလည္းေတာ္ေတာ္
သိေနၿပီျဖစ္၍ ကြၽႏ္ုပ္ ေမာင္ဘုန္းဝင္း ခုတင္သို႔ ေျပာင္းေ႐ႊ႕လိုက္သည္။ ေျခာက္ေသာသစ္သား၊ေျခာက္ေသာခုတင္တို႔ႏွင့္လြတ္ကင္းသြား၍ ေကာင္းေကာင္းအိပ္ရသည္။တရားအလုပ္ေကာင္းစြာလုပ္ႏိုင္သည္။
တရားစခန္း ခုနစ္ရက္ျပည့္ေျမာက္ခဲ့သည္။
စခန္းထြက္သည့္ေန႔က ကြၽႏ္ုပ္ႏွင့္ ကိုအုန္းေဖ ဓမၼာ႐ုံေစာင့္ႀကီးကို ေခၚ
၍ေျခာက္ေသာ က်ည္းေပါင္ကိုျပကာ-
“ဆရာႀကီး – ဒီတံခါးက်ည္းေပါင္ကို သစ္မင္းစ,ေလး ရွာၿပီး ႐ိုက္ထည့္
လိုက္ပါ”
ဟုအက်ိဳးအေၾကာင္းေျပာျပလိုက္ရသည္။

သည္ဓမၼာ႐ုံက ေဆာက္ၿပီးတာ မၾကာေသးပါ။ တရားစခန္းလည္း မဟုတ္ပါ။ ဝန္ႀကီးက ေခတၱတရားစခန္းလုပ္ျခင္းသာ ျဖစ္သည္။ ဓမၼာ႐ုံ ေစာင့္ကိုေမးၾကည့္သည္။
“ဒီမွာ ခုတင္ေတြက ဒီမွာ ရွိတာေတြလား။ အေဟာင္းေတြ ထင္တာပဲ” “ဒီမွာ ခုတင္ေတြ မရွိပါဘူး။ မဂၤလာဒုံတပ္ထဲက ယူလာတာေတြ။တပ္ တန္းလ်ားက၊ ေဆး႐ုံက ခုတင္ေတြ၊ ဒါေတြ ျပန္ပို႔ရမွာ”
ကြၽႏ္ုပ္သိလိုက္ၿပီ။ဝန္ႀကီးကဗိုလ္မႉးႀကီးျဖစ္သည္။တပ္တန္းလ်ားက၊
ေဆး႐ုံကခုတင္ေတြေခတၱယူလာတာျဖစ္သည္။ သည္တြင္ခုတင္တစ္ခုက
လူေသဖူးတာျဖစ္ၿပီးေသသူဝိညာဥ္စြဲကာထိုခုတင္ကိုကြၽႏ္ုပ္ကအိပ္ရျခင္း
ျဖစ္သည္။
ထိုမွလြဲ၍ အျခားမျဖစ္ႏိုင္ပါ။
အဂၤရာဏ