အတ္တနဲ့ခြားတဲ့ နံရံ(စ/ဆုံး)

Unicode Version

အတ္တနဲ့ခြားတဲ့ နံရံ(စ/ဆုံး)
———————————
“ဒေါ်ရင်ကြည်ရှိလား ဒေါ်ရင်ကြည်”
“ဟုတ်ကဲ့ ရှိပါတယ်”
“ရှေ့က တစ်ယောက်ပြီးရင် ဝင်မယ်နော်၊ ရော့ ဒီမှာ စာအုပ်ကိုင်ထား”
သမီးရဲ့ ဆေးခန်းကို လိုက်လာရင် ကျွန်မ လုပ်တဲ့အလုပ်က လူနာနာမည်မှတ်ပေး၊ အလှည့်ကျရင်ခေါ်ပေးနဲ့ ကျသင့်ငွေ ဆေးဖိုးဝါး ခကိုသိမ်းတာ။ သမီးက မလုပ်ခိုင်းပါဘူး။ ကျွန်မဘာသာ ဆေးခန်းကို ဇွတ်လိုက်လာ ပြီးလုပ်တာ။ မလုပ်လို့လည်း မရတော့ဘူးလေ။ တစ်နေ့တစ်နေ့ ဆေးခန်းမှာ ဇီဝိတဒါန လုပ်လုပ်ပစ်နေတဲ့ သမီးကြောင့် ဆေးခန်းဝင် ငွေက တဖြည်းဖြည်းနဲ့ အနုတ်လက္ခဏာ ဆောင်နေပြီ။ ဒီတော့ ထိန်းသိမ်းကြပ်မတ်ပေး တဲ့ ကျွန်မရှိမှသာ ဆေးခန်းရဲ့ဝင်ငွေက နာလန် ပြန်ထူနိုင်တော့မှာ။
ဒီနေ့ဆို သမီးဆေးခန်းကို ကျွန်မလိုက် လာတာ သုံးလအတိအကျပဲ။ သုံးလဆို ဆိုသ လောက်လည်း ဆေးခန်းဝင်ငွေက ကျွန်မအိတ် ထဲမှာ သိသိသာသာလေးပါနိုင်ခဲ့တယ်။ ဒီအတိုင်းသာဆို နောက်နှစ်နည်းနည်းလောက် နေရင် သမီးအတွက် သွားရေးလာရေးအဆင် ပြေအောင် ကားလေးတစ်စီးတော့ ဝယ်ပေး နိုင်လောက်မယ်ထင်တယ်။ ကျွန်မ အံဆွဲထဲက ပိုက်ဆံတွေကို စီထပ်၊ ရေတွက်နေရင်း ကိုယ့် အတွေးနဲ့ကိုယ် ကြိတ်ပျော်နေမိတယ်။
“တူမကြီး ဆေးဖိုး ဘယ်လောက်ကျလဲ ကွယ့်”
“ဪ အင်း ဆေးက သုံးရက်စာပေး လိုက်တာဆိုတော့ လေးထောင့်ငါးရာပါ အဒေါ်”
“ဟေ အေး အဒေါ့်မှာ နှစ်ထောင်ပဲပါလာ တယ်ကွယ်”
“ဟင်း အဒေါ်တို့ကတော့ လုပ်ပြန်ပြီ”
“မေမေရေ တစ်ထောင်ပဲ ယူထားလိုက်ပါ မေမေရယ်။ အဘွားပိုတဲ့ပိုက်ဆံကို အိမ်ပြန် ရောက်တာနဲ့ အားရှိအောင် စွပ်ပြုတ်လေး တစ်ပွဲ ဝယ်သောက်ဖြစ်အောင် ဝယ်သောက် လိုက်နော်”
“အေးပါကွယ် ငါ့သမီးဆရာဝန်မလေး ကျန်းမာ၊ ချမ်းသာလို့ ဒီထက်မက အောင်မြင် ပါစေကွယ်”
ဆေးဖိုးကို အပြည့်အဝမယူလာတဲ့ လူနာ ကို ကျွန်မ ဆူဆူအောင့်အောင့်လုပ်ဖို့ရှိသေး။ သမီးက ထွက်လာပြီး လူနာအစား ဈေးဝင် ဆစ်တော့တာပဲ။ ကျွန်မသမီးကို မျက်လုံး ပြူးပြီးကြည့်တော့ သမီးက ပြုံးရုံသာလုပ်ပြပြီး လူနာစမ်းသပ်ခန်းထဲ ပြန်ဝင်သွားတယ်။ သမီး ကြောင့် အဲဒါတွေခက်တာ။ လူနာတွေဆီက ဆေးဖိုးတောင်းပြီဆိုရင် သမီးနဲ့ကျွန်မက အမြဲ ရန်တစ်ရန်။
“သမီးက အသပြာဆရာဝန်မဟုတ်ဘဲ စေတနာဆရာဝန်သာဖြစ်ချင်တာ။ ပီတိကိုစား အားရှိတယ် မေမေရဲ့”
ဒီလိုသာ ဆေးဖိုးတွေလျှော့ယူ၊ ဆေး အလကားကုပေး၊ ဓာတ်စာဖိုးပြန်လှူနဲ့။ ကြာရင် ဆေးခန်းတော့ ပြုတ်တော့မှာပဲ။
ဟူး. . . . . .
သမီးရဲ့လုပ်ရပ်တွေကိုကြည့်ပြီး ကျွန်မ မပြောသာတာနဲ့ သက်ပြင်းပဲ ချမိတော့တယ်။
၂။
ကျွန်မက သမီးဆရာဝန်မကို အကြောင်း ပြုပြီး ဒီလို ပိုက်ဆံမှ ပိုက်ဆံ၊ ငွေမှငွေဖြစ်နေ လို့ ကျွန်မကို ငွေမက်မကြီးလို့ ကွယ်ရာမှာ ဝေဖန်၊ ပြောဆိုနေကြတာတွေကို သိပါတယ်။ ဒါပေမယ့် ဘယ်သူတွေဘယ်လို ဝေဖန်ဝေဖန် ကျွန်မကတော့ ဂရုမစိုက်ဘူး။ ကျွန်မကို လောကမှာ ဟောဒီလို ငွေကို ဘုရားတစ်ဆူလို ကိုးကွယ်ရာဖြစ်မိအောင် လုပ်ခဲ့ကြတာလည်း လူထဲကလူတွေပဲလေ။
တကယ်တမ်း ပြန်တွေးကြည့်ရင် ကျွန်မ အတိတ်က ယဉ်သလိုနဲ့ ကြမ်းခဲ့ရတယ်။ စောစောစီးစီး မုဆိုးမဖြစ်ဖို့ ကံပါလာတဲ့ ကျွန်မ မှာ ခင်ပွန်းသည် ဆုံးပါးသွားတော့ သမီးလေး တစ်ယောက်နဲ့ ဘာမှမလုပ်တတ်၊ မကိုင်တတ် ရယ်။ အိမ်ထောင်သက်တစ်လျှောက်လုံးက ခင်ပွန်းသည် ရှာဖွေပေးသမျှကိုသာ စားတန် စား၊ စုတန်စုနဲ့ အိမ်ရှင်မတာဝန်ကို ယူခဲ့သူဆို တော့ ခင်ပွန်း မရှိတော့တာနဲ့ ကျွန်မဘဝချာ လည် လည်တော့တာပဲ။ အဲဒီအချိန်တုန်းက ကျွန်မလည်း ဒုက္ခရောက်နေသူတို့ရဲ့ထုံးစံ အတိုင်း နီးစပ်ရာ ကောက်ရိုးမျှင်တွေကို အားကိုးတကြီးနဲ့လိုက်ပြီး ဖမ်းဆုပ်ခဲ့ဖူးတယ်။
ကျွန်မဆိုတဲ့ မိန်းမကလည်း ခင်ပွန်းနဲ့မို့ သာ အမှီရှိလို့ ခိုချင်ခိုမယ်။ ကိုယ်တိုင် အရေး ကြုံရင်တော့ တက်မရှိလည်း လက်နဲ့လှော် မယ်ဆိုတဲ့ မိန်းမစားမျိုးပဲ။ ဒါကြောင့်မို့လည်း ကျွန်မလို ငွေမရှိရင် မျက်နှာမွဲရတယ်ဆိုတဲ့ အဖြစ်မျိုး သမီးလေးမှာ မကြုံရလေအောင် ကြုံလာသမျှ လောကဓံ ရင်ဆိုင်အန်တုလို့ ကြိုးစားရုန်းကန်ခဲ့တာ။ မိန်းမသားရှာတဲ့ စီးပွားရေးမို့ ရုန်းတလှည့်၊ ကျပ်ကျပ်တလှည့်ဖြစ်ရ တယ်ဆိုပေမယ့်လည်း ကံတရားရဲ့ မျက်နှာသာ ပေးမှုကြောင့် ပညာရေးမှာ ထူးချွန်လွန်းတဲ့ သမီးလေးကို ဆေးကျောင်းပြီးအောင်တော့ ပံ့ပိုးပေးနိုင်ခဲ့တယ်။ ဒါပေမယ့် သမီးဆရာဝန် ဖြစ်တဲ့အချိန် အိမ်ရဲ့ပိုင်ဆိုင်မှုလည်း ဗလာ ဖြစ်သွားခဲ့ပြီ။
ဆရာဝန်ဆိုတာ ဝင်ငွေကောင်းတယ်တဲ့။ ကျွန်မ ကြားဖူးခဲ့တာ။ သမီးနဲ့အတူတူ ဆေး ကျောင်းပြီးတဲ့ ကလေးမလေးတွေဆိုရင် ကိုယ်ပိုင်ဆေးခန်းတွေဖွင့်၊ ပုဂ္ဂလိကဆေးရုံ တွေမှာ အလုပ်ဝင်နဲ့ ဝင်ငွေကိုဖြောင့်လို့။ အခု ကျွန်မသမီး ဆရာဝန်မမှာတော့ ဝင်ငွေ ဟုတ်တိပတ်တိရတယ်ရယ်လို့ မရှိပါဘူး။ သမီး ကို အများနည်းတူ ပုဂ္ဂလိကဆေးရုံတွေလို ဝင်ငွေကောင်းတဲ့နေရာတွေမှာ အလုပ်ဝင်စေ ချင်ခဲ့ပေမယ့် မျက်နှာကြီးရာ ဟင်းဖတ်ပါရ သလို၊ အပြုံးနဲ့ငွေကြေးလဲလှယ်ရတဲ့ အလုပ်မျိုး မို့တဲ့။ မလုပ်ချင်ဘူးဆိုပြီး သမီးက သူစိတ်အား ထက်သန်ရာ အများပြည်သူªဆေးရုံကြီးမှာသာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါပေမယ့်လည်း သမီးက အဲဒီမှာ သူရသမျှလစာတွေကို မပြေ လည်တဲ့ ဆေးရုံတက်လူမမာတွေ၊ သွေးစစ်ဖို့၊ ခွဲစိတ်ဖို့ ငွေကြေးလိုအပ်နေသူတွေကို အကုန် ပြန်လှူပေးနေပြန်တော့ သမီးရဲ့ဆရာဝန်တစ် ယောက် ဝင်ငွေဆိုတာ ဘာမှန်းတောင် ကျွန်မ မသိရတော့ဘူး။ ဒါကြောင့်လည်း ငါ့သမီးလေး ကိုယ်ပိုင်ဆေးခန်းဖွင့်ရင်တော့ ဝင်ငွေကောင်း မှာပဲလို့တွေးပြီး အခုလို ဆေးခန်းဖွင့်ဖို့ အကြံ ပေးမိပါတယ်။ သူက မရှိဆင်းရဲသားများတဲ့ ဒီလိုဆင်ခြေဖုံးရပ်ကွက်မှာ ဆေးခန်းလာဖွင့် ပြီး ဇီဝိတအလှူလာလုပ်နေတယ်လေ။ ကိုယ် က ဆရာဝန်မို့ တတ်ထားတဲ့ပညာတွေနဲ့ လှူ အသက်ကို ကယ်ချင်တယ်ဆိုပေမယ့် ဆေးခန်း ငှားခတွေ၊ ဆေးဝါးပစ္စည်းတွေက ပိုက်ဆံ အများကြီး အကုန်အကျခံထားရတာ။ သမီးက ဒါတွေကို ဘယ်တော့မှ ထည့်မတွေးဘူး။ သူအလကားကုပေးလိုက်တဲ့ လူနာတွေက ဆရာမ စားဖို့ဆိုပြီး မုန့်ကလေး၊ ပဲကလေးတွေ လာပေးရင်ကိုပဲ။
“တွေ့လားမေမေ စေတနာရောင်ပြန်ဟပ် တာတွေ့လား။ သမီးကမေတ္တာထားတော့ သူတို့ကလည်း သမီးကို မေတ္တာတွေနဲ့ တခုတ် တရ ပြန်သိတတ်ကြတယ်”ဆိုပြီး မက်လောက် စရာ ဘာတန်ဖိုးမှ မရှိတာတွေနဲ့ကို သူ့မှာ ဝမ်းသာလွန်းပြီး အူရွှင်လို့၊ ကြည်နူးလို့။ ကျွန်မ မှာသာ ဒီလို အဖိုးမတန်တာတွေအတွက် ပျော်မဆုံးဖြစ်နေတဲ့ သမီးကို ကြည့်ပြီးတိုင်း ကိုယ့်ဆရာဝန်အဆင့်နဲ့ တန်ရာလောဘ မထားတတ်ရကောင်းလားလို့သာ အပြစ်တင်၊ ဆူပစ်လိုက်ချင်တော့တယ်။ ကျွန်မကတော့ ကိုယ်တိုင် လက်တွေ့မကြုံဖူးခဲ့ရတဲ့ စေတနာ တန်ပြန်တာတွေ၊ မေတ္တာရောင်ပြန်တာတွေကို အယုံအကြည်လုံးဝမရှိဘူး။ လောကမှာ အရေးအကြီးဆုံးဖြစ်တဲ့ ပိုက်ဆံဆိုတာကိုပဲ ပြည့်ပြည့်၀၀ လိုချင်တယ်။ ဒါကြောင့်လည်း ကျွန်မရှေ့မှာ လူနာတွေက ဆေးဖိုးမပါလို့၊ မလောက်လို့၊ မရှိလို့ဆိုပြီး လာမပြောနဲ့။ မရ ဘူး။ ကျွန်မက အကြွေးမှတ်ထားပြီးတော့ကို မရရအောင် ပြောဆိုပြီး ပြန်တောင်းပစ်တာ။ ကျွန်မ ဒီလိုတွေလုပ်တိုင်း ကျွန်မသမီးကတော့ မျက်နှာပူလျက်ပေါ့။
၃။
“ဘာပြောတယ်”
စိတ်တိုတိုနဲ့ ဒေါသထွက်ပြီး အော်လိုက် တဲ့ ကျွန်မအသံက ဆေးခန်းလေးထဲ ဟိန်း ထွက်သွားတယ်။ ကျွန်မ ဒေါသမထွက် နေနိုင် ပါ့မလား။ သမီးရဲ့ လူနာတွေက တစ်ဆင့်တိုးပြီး တရားလွန်လာကြတာ။ ဆေးအလကားကု၊ ဆေးဖိုးလျှော့ယူ ရရုံတင်မဟုတ်တော့ဘူး။ အခု ဆေးရုံတက်စရိတ်ပါ လာတောင်းနေကြ ပြီလေ။
“နင်တို့တွေ ငါ့သမီးဆရာဝန်မက သဘောကောင်းတယ်ဆိုပြီး ရောင့်တက်လာ ကြတာလား။ ဘယ်လိုဆရာဝန်မျိုးက ဆေး အလကားကုပေးပြီး ဆေးရုံတက်စရိတ်ပါ ထုတ်ပေးတာရှိလို့လဲ. . . ဟင်”
“ဟို ဟို ကျွန်မ၊ ကျွန်မတို့”
“ကဲပါမေမေရယ် အဲဒါတွေ ပြောမနေပါ နဲ့။ သမီးကထုတ်ပေးမယ်ပြောထားလို့ပါ။ ရော့ ရော့ ဒီမှာအဒေါ် ပိုက်ဆံလေးသောင်းယူသွား။ ကလေးခေါ်ပြီး ဆေးရုံအမြန်ပြေးတော့။ ဒီပိုက်ဆံက သွေးစစ်တဲ့နေရာမှာလိုလိမ့်မယ်၊ သွားတော့နော် သွားတော့”
“ကျေးဇူးတင်ပါတယ် ဆရာမရယ်။ ကျွန်မ ဒီပိုက်ဆံကို ပြန်ဆပ်ပေးပါ့မယ်နော်”
သမီးက ကျွန်မတားနေတဲ့ကြားက အမျိုး သမီးကို ပိုက်ဆံရအောင် ထုတ်ပေးလိုက်တယ်။
ကျွန်မမှာတော့ ဒေါသထွက်ရလွန်းလို့ သနားစိတ်ရော၊ မေတ္တာစိတ်ရော ဘာမှမရှိနိုင် ဘူး။ အဲဒီအချိန်မှာ ကျွန်မအရင်တည်းက လုပ်ဖို့ရည်ရွယ်ထားပေမယ့် သမီးမျက်နှာ ထောက်မိလို့ မလုပ်ဖြစ်လိုက်တဲ့ အရာတစ်ခု ကို လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
“ယနေ့မှစ၍ မည်သှူကိုမှ အခမဲ့ ဆေးမ ကုသပေးပါ။ ဆေးဖိုး အကြွေးမရပါ။ ဆေးဖိုး ဝါးခအပြည့်အဝယူလာပါ။ ဟင် မေမေ အဲဒါ ဘာကြီးလဲ၊ ဘာလုပ်တာလဲ၊ ဆေးခန်းမှာ မကပ်ပါနဲ့ မေမေရယ်၊ မသင့်တော်ပါဘူး”
သမီးက ဆေးခန်းနံရံမှာ ကွန်ပျူတာနဲ့ စာစီရေးပြီး ကပ်ထားတဲ့စာရွက်တွေကို လိုက် ဖတ်ကြည့်ရင်း မျက်စိပျက်၊ မျက်နှာပျက်နဲ့ အထိတ်တလန့်တားတယ်။
“သမီး ဒီလိုမှမလုပ်ရင် သမီးဆေးခန်းက ဘာဝင်ငွေမှမရဘဲ ပရဟိတ အသက်ကယ်ရုံ ဖြစ်တော့မယ်။ သမီးရဲ့ လူနာတွေက တအား လွန်လာပြီ။ မေမေ သည်းမခံနိုင်တော့ဘူး။ ဒီလိုဆင်းရဲသားရပ်ကွက်မှာ ဆေးခန်းလာဖွင့် တာကိုက သမီးအမှား”
“မေမေရယ် ဆရာဝန်ဆိုတာ လူ့အသက် ကို ကယ်ပေးရတဲ့သူတွေပါ။ ဒီလုပ်ရပ်က မလုပ်သင့်၊ မလုပ်ထိုက်ပါဘူး။ မလုပ်ပါနဲ့နော်။ မေမေလိုချင်တဲ့ ပိုက်ဆံတွေ ရရပါစေမယ်။ ဒီစာရွက်ကြီးတွေတော့ မကပ်ပါနဲ့မေမေရယ် နော် သမီးလူနာတွေကို မျက်နှာပူ၊ အားနာ လွန်းလို့ပါ”
အစကတော့ လူနာတွေသိဖို့ ရည်ရွယ်ပြီး ဒီစာရွက်တွေကို ကပ်ခဲ့တာ။ ဒါပေမယ့် သူ့လူနာတွေဆို သနားတတ်လွန်း၊ စာနာ တတ်လွန်းတဲ့ သမီးက ငိုတော့မယ့်မျက်နှာနဲ့ ကတိအထပ်ထပ်ပေးပြီး အတင်းကာရော တောင်းပန်လာလို့ သမီးကို သနားပြီး စာရွက် တွေကို ဖြုတ်သိမ်းပေးလိုက်ရတယ်။
၄။
“အား. . .ကျွတ် ကျွတ်. . . ကျွတ်”
ဗိုက်ညာဘက်ခြမ်းက ထိုးအောင့်နေတဲ့ ဝေဒနာကပိုပိုပြီး ခံရခက်လာတယ်။ ပြီးခဲ့တဲ့ ရက်တွေကတည်းက အဲဒီဗိုက်နာတဲ့ ဝေဒနာက ဒုက္ခပေးနေတာ။ သမီးကို ပြောပြရင် စိတ်ပူပြီး ကျွန်မအတွက်နဲ့ အလုပ်များနေမှာစိုးလို့ ကိုယ့်ဟာကိုယ် လေဆေး၊ အစာအိမ်ဆေးတွေ သောက်ပြီး ရမ်းကုလုပ်နေတာ။ အခုတော့ ဗိုက်က မခံမရပ်နိုင်အောင် တဆစ်ဆစ်နဲ့ နာလာတယ်။ သမီးကလည်း ဒီနေ့မှ ဆေးရုံက ဂျူတီချိန်းတာ နောက်ကျမယ်တဲ့။ သူလာမှ ဆေးခန်းဖွင့်ဖို့ပြောပေမယ့် ဆေးခန်းဖွင့်တာ နောက်ကျရင် ပိတ်တယ်ထင်ပြီး လူနာတွေ မရောက်လာမှာစိုးလို့ ကျွန်မတစ်ယောက် တည်း လောဘစိတ်နဲ့ ဆေးခန်းတံခါး အရင် လာဖွင့်တာ။
“အား. . .”
ဆေးခန်းတံခါးသော့ကို ဖွင့်နေရင်းက ကျွန်မတောင့်ခံနိုင်စွမ်းမရှိတော့ဘူး။ နာလာ တဲ့ဗိုက်ကိုဖိပြီး မြေကြီးပေါ် ဆောင့်ကြောင့် ထိုင်အချ ကျွန်မအသိတွေ အမှောင်ကျသွား တော့တယ်။
၅။
“ဟော. . . ဆရာမအမေ သတိရလာပြီ”
“မေမေ နိုးပြီလား၊ နေသာလားမေမေ”
ဦးဆုံးမြင်လိုက်ရတဲ့ မျက်နှာကျက်အဖြူ ရောင်နဲ့ နားထဲမှာ ကြားရတဲ့အသံတွေကြောင့် ပတ်ဝန်းကျင်ကို ကျွန်မ သတိထားကြည့်မိ တယ်။ ကျွန်မဆေးရုံရောက်နေတာပဲ။ ညာဘက်ခြမ်းဗိုက်နားကလည်း နည်းနည်း နာသလို တင်းသလိုဖြစ်နေတာကလွဲလို့ စူးစူး ဝါးဝါးနာကျင်တာမျိုးလည်း ဖြစ်မနေတော့ဘူး။
“]မေမေရယ်၊ အူအတက်ပေါက်တာ ခွဲတာ အချိန်မီလိုက်လို့ပေါ့။ အရင်ရက်ကတည်းက ဗိုက်အောင့် အောင့်နေတတ်တာမို့လား။ သမီး ကိုဘာလို့ မပြောပြခဲ့ရတာလဲ။ အခုတော့ ကံကောင်းလို့ပေါ့။ ဆေးခန်းကိုလာတဲ့ လူနာ တွေကတွေ့ပြီး မေမေ့ကို ဆေးရုံကို အမြန်ပို့ ပေးခဲ့ကြလို့သာပေါ့”
“ကျွန်မတို့က ဆရာမကို ပေးဖို့ကျန်တဲ့ ဆေးဖိုးကြွေးကျန်တာလေး လာပေးတာ၊ ဆေးခန်းရှေ့မှာ ဆရာမအမေလဲနေတာတွေ့လို့ လေ။ ဘာလုပ်ရမှန်းမသိတာနဲ့ ဆေးရုံပဲအပြေး ခေါ်လာလိုက်တာ”
“ကျေးဇူးတင်ပါတယ်၊ အဒေါ်တို့ရယ်၊ အဒေါ်တို့ကယ်လို့သာ မေမေ့ကို အချိန်မီ ခွဲစိတ်ပေးနိုင်လိုက်တာ။ မဟုတ်လို့ကတော့ မတွေးဝံ့စရာပဲ။ အဒေါ်တို့ကို ဘယ်လို ကျေးဇူး ပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်”
“ရပါတယ် ဆရာမရယ်၊ ဆရာမက ကျွန်မတို့ရပ်ကွက်က လူတွေရဲ့ အသက်တွေကို ကယ်ပေးခဲ့တာ မနည်းတော့ပါဘူး။ ဆရာမရဲ့ ကျေးဇူးတွေကသာ ဆပ်မကုန်တာပါ။ ဪ ဒါနဲ့၊ ဆရာမအမေလည်း သတိရ လာပြီဆိုတော့ ဆရာမ အိမ်ခဏပြန်နားဦး လေ၊ ဆရာမအမေကို ကျွန်မတို့တွေတစ်လှည့် စီစောင့်ပေးထားပါ့မယ်။ စိတ်ချပြန်ပါ”
“သမီးနဲ့ သမီးကူညီခဲ့ဖူး၊ အခမဲ့ဆေးကု ပေးခဲ့ဖူးတဲ့ သူ့လူနာတွေက ကျေးဇူးတင်စကား တွေကို အပြန်အလှန် ဖလှယ်နေကြတယ်။ ကျွန်မကတော့ ဘာစကားကို ဘယ်လို ဝင်ပြောရမှန်းတောင် မသိတော့ဘူး။
“တကယ်တမ်း အရေးကြုံတော့ သမီး နဲ့အမေ ဒီနှစ်ယောက်တည်းသာရှိတဲ့ ကျွန်မ တို့မှာ ဟိုဟာလေးခိုင်းခိုင်း၊ ဒီဟာလေးခိုင်းခိုင်း သမီးလူနာတွေကိုပဲ အားကိုးနေရတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ အိမ်ကို ပြေးလိုက်လွှားလိုက် လုပ်ပြီး ပင်ပန်းနေရှာတဲ့ သမီးမှာလည်း ကျွန်မ ဝေယျာဝစ္စနဲ့ပတ်သက်ပြီး မလုပ်အားလို့ သူ့လူနာတွေနဲ့သာ မျက်နှာလွှဲထားရတယ်။ သူတို့ကလည်း ဗိုက်ခွဲထားရလို့ မလှုပ်နိုင်၊ မရှားနိုင်ဖြစ်နေတဲ့ ကျွန်မကို အညစ်အကြေး ကအစ အောက်ခြေသိမ်း အကုန်လိုက်လုပ် ပေးပြီး။
“ဆရာမအမေခိုင်းပါနော်၊ အားမနာနဲ့ နော်၊ ဘာလုပ်ပေးရဦးမလဲ။ ဆရာမက ကျွန်မ တို့ရဲ့ အသက်သခင်ကျေးဇူးရှင်ဆိုတော့ ဆရာမ အမေကလည်း ကျွန်မတို့ရဲ့ ကျေးဇူးရှင်ပါပဲ”
“ဆိုတဲ့စကားကိုသာ ပါးစပ်ဖျားကမချ။ ကျွန်မမျက်နှာရိပ်၊ မျက်နှာကဲကိုကြည့်ပြီး အလိုက်တသိ လုပ်ပေးကြပါတယ်။ ဒီလိုဆို တော့လည်း ကျွန်မမှာတစ်ချိန်က သူတို့အပေါ် မောက်မောက်မာမာ ပြောခဲ့ဆိုခဲ့၊ မချေမငံ ဆက်ဆံခဲ့ဖူးတာတွေကို ပြန်တွေးမိပြီး မျက်နှာ ပူမိရပြန်တယ်။ တော်သေးတာပေါ့။ ကျွန်မက သမီးရဲ့ ဖြူစင်တဲ့စိတ်စေတနာတွေကို လောဘတွေ၊ အတ္တတွေနဲ့ အမြင်မှားအောင် စည်းခြားထားခဲ့မိတာ။ သမီးရဲ့လူနာတွေက ကျွန်မခြားထားတဲ့ အတ္တစည်းရဲ့ အခြားတစ် ဖက်မှာရှိမနေခဲ့လို့။
ပန်းမြတ်သော် (ကမ်းလက်)
ကြေးမုံသတင်းစာ👸

Zawgyi Version

အတၱနဲ႔ျခားတဲ့ နံရံ(စ/ဆံုး)
———————————
“ေဒၚရင္ၾကည္ရွိလား ေဒၚရင္ၾကည္”
“ဟုတ္ကဲ့ ရွိပါတယ္”
“ေရွ႕က တစ္ေယာက္ၿပီးရင္ ဝင္မယ္ေနာ္၊ ေရာ့ ဒီမွာ စာအုပ္ကိုင္ထား”
သမီးရဲ့ ေဆးခန္းကို လိုက္လာရင္ ကၽြန္မ လုပ္တဲ့အလုပ္က လူနာနာမည္မွတ္ေပး၊ အလွည့္က်ရင္ေခၚေပးနဲ႔ က်သင့္ေငြ ေဆးဖိုးဝါး ခကိုသိမ္းတာ။ သမီးက မလုပ္ခိုင္းပါဘူး။ ကၽြန္မဘာသာ ေဆးခန္းကို ဇြတ္လိုက္လာ ၿပီးလုပ္တာ။ မလုပ္လို့လည္း မရေတာ့ဘူးေလ။ တစ္ေန႔တစ္ေန႔ ေဆးခန္းမွာ ဇီဝိတဒါန လုပ္လုပ္ပစ္ေနတဲ့ သမီးေၾကာင့္ ေဆးခန္းဝင္ ေငြက တျဖည္းျဖည္းနဲ႔ အႏုတ္လကၡဏာ ေဆာင္ေနၿပီ။ ဒီေတာ့ ထိန္းသိမ္းၾကပ္မတ္ေပး တဲ့ ကၽြန္မရွိမွသာ ေဆးခန္းရဲ့ဝင္ေငြက နာလန္ ျပန္ထူနိုင္ေတာ့မွာ။
ဒီေန႔ဆို သမီးေဆးခန္းကို ကၽြန္မလိုက္ လာတာ သုံးလအတိအက်ပဲ။ သုံးလဆို ဆိုသ ေလာက္လည္း ေဆးခန္းဝင္ေငြက ကၽြန္မအိတ္ ထဲမွာ သိသိသာသာေလးပါနိုင္ခဲ့တယ္။ ဒီအတိုင္းသာဆို ေနာက္ႏွစ္နည္းနည္းေလာက္ ေနရင္ သမီးအတြက္ သြားေရးလာေရးအဆင္ ေျပေအာင္ ကားေလးတစ္စီးေတာ့ ဝယ္ေပး နိုင္ေလာက္မယ္ထင္တယ္။ ကၽြန္မ အံဆြဲထဲက ပိုက္ဆံေတြကို စီထပ္၊ ေရတြက္ေနရင္း ကိုယ့္ အေတြးနဲ႔ကိုယ္ ႀကိတ္ေပ်ာ္ေနမိတယ္။
“တူမႀကီး ေဆးဖိုး ဘယ္ေလာက္က်လဲ ကြယ့္”
“ဪ အင္း ေဆးက သုံးရက္စာေပး လိုက္တာဆိုေတာ့ ေလးေထာင့္ငါးရာပါ အေဒၚ”
“ေဟ ေအး အေဒါ့္မွာ ႏွစ္ေထာင္ပဲပါလာ တယ္ကြယ္”
“ဟင္း အေဒၚတို့ကေတာ့ လုပ္ျပန္ၿပီ”
“ေမေမေရ တစ္ေထာင္ပဲ ယူထားလိုက္ပါ ေမေမရယ္။ အဘြားပိုတဲ့ပိုက္ဆံကို အိမ္ျပန္ ေရာက္တာနဲ႔ အားရွိေအာင္ စြပ္ျပဳတ္ေလး တစ္ပြဲ ဝယ္ေသာက္ျဖစ္ေအာင္ ဝယ္ေသာက္ လိုက္ေနာ္”
“ေအးပါကြယ္ ငါ့သမီးဆရာဝန္မေလး က်န္းမာ၊ ခ်မ္းသာလို့ ဒီထက္မက ေအာင္ျမင္ ပါေစကြယ္”
ေဆးဖိုးကို အျပည့္အဝမယူလာတဲ့ လူနာ ကို ကၽြန္မ ဆူဆူေအာင့္ေအာင့္လုပ္ဖို့ရွိေသး။ သမီးက ထြက္လာၿပီး လူနာအစား ေဈးဝင္ ဆစ္ေတာ့တာပဲ။ ကၽြန္မသမီးကို မ်က္လုံး ျပဴးၿပီးၾကည့္ေတာ့ သမီးက ျပဳံး႐ုံသာလုပ္ျပၿပီး လူနာစမ္းသပ္ခန္းထဲ ျပန္ဝင္သြားတယ္။ သမီး ေၾကာင့္ အဲဒါေတြခက္တာ။ လူနာေတြဆီက ေဆးဖိုးေတာင္းၿပီဆိုရင္ သမီးနဲ႔ကၽြန္မက အျမဲ ရန္တစ္ရန္။
“သမီးက အသျပာဆရာဝန္မဟုတ္ဘဲ ေစတနာဆရာဝန္သာျဖစ္ခ်င္တာ။ ပီတိကိုစား အားရွိတယ္ ေမေမရဲ့”
ဒီလိုသာ ေဆးဖိုးေတြေလၽွာ့ယူ၊ ေဆး အလကားကုေပး၊ ဓာတ္စာဖိုးျပန္လွူနဲ႔။ ၾကာရင္ ေဆးခန္းေတာ့ ျပဳတ္ေတာ့မွာပဲ။
ဟူး. . . . . .
သမီးရဲ့လုပ္ရပ္ေတြကိုၾကည့္ၿပီး ကၽြန္မ မေျပာသာတာနဲ႔ သက္ျပင္းပဲ ခ်မိေတာ့တယ္။
၂။
ကၽြန္မက သမီးဆရာဝန္မကို အေၾကာင္း ျပဳၿပီး ဒီလို ပိုက္ဆံမွ ပိုက္ဆံ၊ ေငြမွေငြျဖစ္ေန လို့ ကၽြန္မကို ေငြမက္မႀကီးလို့ ကြယ္ရာမွာ ေဝဖန္၊ ေျပာဆိုေနၾကတာေတြကို သိပါတယ္။ ဒါေပမယ့္ ဘယ္သူေတြဘယ္လို ေဝဖန္ေဝဖန္ ကၽြန္မကေတာ့ ဂ႐ုမစိုက္ဘူး။ ကၽြန္မကို ေလာကမွာ ေဟာဒီလို ေငြကို ဘုရားတစ္ဆူလို ကိုးကြယ္ရာျဖစ္မိေအာင္ လုပ္ခဲ့ၾကတာလည္း လူထဲကလူေတြပဲေလ။
တကယ္တမ္း ျပန္ေတြးၾကည့္ရင္ ကၽြန္မ အတိတ္က ယဥ္သလိုနဲ႔ ၾကမ္းခဲ့ရတယ္။ ေစာေစာစီးစီး မုဆိုးမျဖစ္ဖို့ ကံပါလာတဲ့ ကၽြန္မ မွာ ခင္ပြန္းသည္ ဆုံးပါးသြားေတာ့ သမီးေလး တစ္ေယာက္နဲ႔ ဘာမွမလုပ္တတ္၊ မကိုင္တတ္ ရယ္။ အိမ္ေထာင္သက္တစ္ေလၽွာက္လုံးက ခင္ပြန္းသည္ ရွာေဖြေပးသမၽွကိုသာ စားတန္ စား၊ စုတန္စုနဲ႔ အိမ္ရွင္မတာဝန္ကို ယူခဲ့သူဆို ေတာ့ ခင္ပြန္း မရွိေတာ့တာနဲ႔ ကၽြန္မဘ၀ခ်ာ လည္ လည္ေတာ့တာပဲ။ အဲဒီအခ်ိန္တုန္းက ကၽြန္မလည္း ဒုကၡေရာက္ေနသူတို့ရဲ့ထုံးစံ အတိုင္း နီးစပ္ရာ ေကာက္ရိုးမၽွင္ေတြကို အားကိုးတႀကီးနဲ႔လိုက္ၿပီး ဖမ္းဆုပ္ခဲ့ဖူးတယ္။
ကၽြန္မဆိုတဲ့ မိန္းမကလည္း ခင္ပြန္းနဲ႔မို့ သာ အမွီရွိလို့ ခိုခ်င္ခိုမယ္။ ကိုယ္တိုင္ အေရး ၾကဳံရင္ေတာ့ တက္မရွိလည္း လက္နဲ႔ေလွာ္ မယ္ဆိုတဲ့ မိန္းမစားမ်ိဳးပဲ။ ဒါေၾကာင့္မို့လည္း ကၽြန္မလို ေငြမရွိရင္ မ်က္ႏွာမြဲရတယ္ဆိုတဲ့ အျဖစ္မ်ိဳး သမီးေလးမွာ မၾကဳံရေလေအာင္ ၾကဳံလာသမၽွ ေလာကဓံ ရင္ဆိုင္အန္တုလို့ ႀကိဳးစား႐ုန္းကန္ခဲ့တာ။ မိန္းမသားရွာတဲ့ စီးပြားေရးမို့ ႐ုန္းတလွည့္၊ က်ပ္က်ပ္တလွည့္ျဖစ္ရ တယ္ဆိုေပမယ့္လည္း ကံတရားရဲ့ မ်က္ႏွာသာ ေပးမွုေၾကာင့္ ပညာေရးမွာ ထူးခၽြန္လြန္းတဲ့ သမီးေလးကို ေဆးေက်ာင္းၿပီးေအာင္ေတာ့ ပံ့ပိုးေပးနိုင္ခဲ့တယ္။ ဒါေပမယ့္ သမီးဆရာဝန္ ျဖစ္တဲ့အခ်ိန္ အိမ္ရဲ့ပိုင္ဆိုင္မွုလည္း ဗလာ ျဖစ္သြားခဲ့ၿပီ။
ဆရာဝန္ဆိုတာ ဝင္ေငြေကာင္းတယ္တဲ့။ ကၽြန္မ ၾကားဖူးခဲ့တာ။ သမီးနဲ႔အတူတူ ေဆး ေက်ာင္းၿပီးတဲ့ ကေလးမေလးေတြဆိုရင္ ကိုယ္ပိုင္ေဆးခန္းေတြဖြင့္၊ ပုဂၢလိကေဆး႐ုံ ေတြမွာ အလုပ္ဝင္နဲ႔ ဝင္ေငြကိုေျဖာင့္လို့။ အခု ကၽြန္မသမီး ဆရာဝန္မမွာေတာ့ ဝင္ေငြ ဟုတ္တိပတ္တိရတယ္ရယ္လို့ မရွိပါဘူး။ သမီး ကို အမ်ားနည္းတူ ပုဂၢလိကေဆး႐ုံေတြလို ဝင္ေငြေကာင္းတဲ့ေနရာေတြမွာ အလုပ္ဝင္ေစ ခ်င္ခဲ့ေပမယ့္ မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါရ သလို၊ အျပဳံးနဲ႔ေငြေၾကးလဲလွယ္ရတဲ့ အလုပ္မ်ိဳး မို့တဲ့။ မလုပ္ခ်င္ဘူးဆိုၿပီး သမီးက သူစိတ္အား ထက္သန္ရာ အမ်ားျပည္သူªေဆး႐ုံႀကီးမွာသာ တာဝန္ထမ္းေဆာင္ခဲ့တယ္။ ဒါေပမယ့္လည္း သမီးက အဲဒီမွာ သူရသမၽွလစာေတြကို မေျပ လည္တဲ့ ေဆး႐ုံတက္လူမမာေတြ၊ ေသြးစစ္ဖို့၊ ခြဲစိတ္ဖို့ ေငြေၾကးလိုအပ္ေနသူေတြကို အကုန္ ျပန္လွူေပးေနျပန္ေတာ့ သမီးရဲ့ဆရာဝန္တစ္ ေယာက္ ဝင္ေငြဆိုတာ ဘာမွန္းေတာင္ ကၽြန္မ မသိရေတာ့ဘူး။ ဒါေၾကာင့္လည္း ငါ့သမီးေလး ကိုယ္ပိုင္ေဆးခန္းဖြင့္ရင္ေတာ့ ဝင္ေငြေကာင္း မွာပဲလို့ေတြးၿပီး အခုလို ေဆးခန္းဖြင့္ဖို့ အႀကံ ေပးမိပါတယ္။ သူက မရွိဆင္းရဲသားမ်ားတဲ့ ဒီလိုဆင္ေျခဖုံးရပ္ကြက္မွာ ေဆးခန္းလာဖြင့္ ၿပီး ဇီဝိတအလွူလာလုပ္ေနတယ္ေလ။ က္ိုယ္ က ဆရာဝန္မို့ တတ္ထားတဲ့ပညာေတြနဲ႔ လွူ အသက္ကို ကယ္ခ်င္တယ္ဆိုေပမယ့္ ေဆးခန္း ငွားခေတြ၊ ေဆးဝါးပစၥည္းေတြက ပိုက္ဆံ အမ်ားႀကီး အကုန္အက်ခံထားရတာ။ သမီးက ဒါေတြကို ဘယ္ေတာ့မွ ထည့္မေတြးဘူး။ သူအလကားကုေပးလိုက္တဲ့ လူနာေတြက ဆရာမ စားဖို့ဆိုၿပီး မုန႔္ကေလး၊ ပဲကေလးေတြ လာေပးရင္ကိုပဲ။
“ေတြ႕လားေမေမ ေစတနာေရာင္ျပန္ဟပ္ တာေတြ႕လား။ သမီးကေမတၱာထားေတာ့ သူတို့ကလည္း သမီးကို ေမတၱာေတြနဲ႔ တခုတ္ တရ ျပန္သိတတ္ၾကတယ္”ဆိုၿပီး မက္ေလာက္ စရာ ဘာတန္ဖိုးမွ မရွိတာေတြနဲ႔ကို သူ႔မွာ ဝမ္းသာလြန္းၿပီး အူရႊင္လို့၊ ၾကည္ႏူးလို့။ ကၽြန္မ မွာသာ ဒီလို အဖိုးမတန္တာေတြအတြက္ ေပ်ာ္မဆုံးျဖစ္ေနတဲ့ သမီးကို ၾကည့္ၿပီးတိုင္း ကိုယ့္ဆရာဝန္အဆင့္နဲ႔ တန္ရာေလာဘ မထားတတ္ရေကာင္းလားလို့သာ အျပစ္တင္၊ ဆူပစ္လိုက္ခ်င္ေတာ့တယ္။ ကၽြန္မကေတာ့ ကိုယ္တိုင္ လက္ေတြ႕မၾကဳံဖူးခဲ့ရတဲ့ ေစတနာ တန္ျပန္တာေတြ၊ ေမတၱာေရာင္ျပန္တာေတြကို အယုံအၾကည္လုံး၀မရွိဘူး။ ေလာကမွာ အေရးအႀကီးဆုံးျဖစ္တဲ့ ပိုက္ဆံဆိုတာကိုပဲ ျပည့္ျပည့္၀၀ လိုခ်င္တယ္။ ဒါေၾကာင့္လည္း ကၽြန္မေရွ႕မွာ လူနာေတြက ေဆးဖိုးမပါလို့၊ မေလာက္လို့၊ မရွိလို့ဆိုၿပီး လာမေျပာနဲ႔။ မရ ဘူး။ ကၽြန္မက အေႂကြးမွတ္ထားၿပီးေတာ့ကို မရရေအာင္ ေျပာဆိုၿပီး ျပန္ေတာင္းပစ္တာ။ ကၽြန္မ ဒီလိုေတြလုပ္တိုင္း ကၽြန္မသမီးကေတာ့ မ်က္ႏွာပူလ်က္ေပါ့။
၃။
“ဘာေျပာတယ္”
စိတ္တိုတိုနဲ႔ ေဒါသထြက္ၿပီး ေအာ္လိုက္ တဲ့ ကၽြန္မအသံက ေဆးခန္းေလးထဲ ဟိန္း ထြက္သြားတယ္။ ကၽြန္မ ေဒါသမထြက္ ေနနိုင္ ပါ့မလား။ သမီးရဲ့ လူနာေတြက တစ္ဆင့္တိုးၿပီး တရားလြန္လာၾကတာ။ ေဆးအလကားကု၊ ေဆးဖိုးေလၽွာ့ယူ ရ႐ုံတင္မဟုတ္ေတာ့ဘူး။ အခု ေဆး႐ုံတက္စရိတ္ပါ လာေတာင္းေနၾက ၿပီေလ။
“နင္တို့ေတြ ငါ့သမီးဆရာဝန္မက သေဘာေကာင္းတယ္ဆိုၿပီး ေရာင့္တက္လာ ၾကတာလား။ ဘယ္လိုဆရာဝန္မ်ိဳးက ေဆး အလကားကုေပးၿပီး ေဆး႐ုံတက္စရိတ္ပါ ထုတ္ေပးတာရွိလို့လဲ. . . ဟင္”
“ဟို ဟို ကၽြန္မ၊ ကၽြန္မတို့”
“ကဲပါေမေမရယ္ အဲဒါေတြ ေျပာမေနပါ နဲ႔။ သမီးကထုတ္ေပးမယ္ေျပာထားလို့ပါ။ ေရာ့ ေရာ့ ဒီမွာအေဒၚ ပိုက္ဆံေလးေသာင္းယူသြား။ ကေလးေခၚၿပီး ေဆး႐ုံအျမန္ေျပးေတာ့။ ဒီပ္ိုက္ဆံက ေသြးစစ္တဲ့ေနရာမွာလိုလိမ့္မယ္၊ သြားေတာ့ေနာ္ သြားေတာ့”
“ေက်းဇူးတင္ပါတယ္ ဆရာမရယ္။ ကၽြန္မ ဒီပိုက္ဆံကို ျပန္ဆပ္ေပးပါ့မယ္ေနာ္”
သမီးက ကၽြန္မတားေနတဲ့ၾကားက အမ်ိဳး သမီးကို ပိုက္ဆံရေအာင္ ထုတ္ေပးလိုက္တယ္။
ကၽြန္မမွာေတာ့ ေဒါသထြက္ရလြန္းလို့ သနားစိတ္ေရာ၊ ေမတၱာစိတ္ေရာ ဘာမွမရွိနိုင္ ဘူး။ အဲဒီအခ်ိန္မွာ ကၽြန္မအရင္တည္းက လုပ္ဖို့ရည္ရြယ္ထားေပမယ့္ သမီးမ်က္ႏွာ ေထာက္မိလို့ မလုပ္ျဖစ္လိုက္တဲ့ အရာတစ္ခု ကို လုပ္ဖို့ဆုံးျဖတ္ခ်က္ခ်လိုက္ေတာ့တယ္။
“ယေန႔မွစ၍ မည္သွူကိုမွ အခမဲ့ ေဆးမ ကုသေပးပါ။ ေဆးဖိုး အေႂကြးမရပါ။ ေဆးဖိုး ဝါးခအျပည့္အဝယူလာပါ။ ဟင္ ေမေမ အဲဒါ ဘာႀကီးလဲ၊ ဘာလုပ္တာလဲ၊ ေဆးခန္းမွာ မကပ္ပါနဲ႔ ေမေမရယ္၊ မသင့္ေတာ္ပါဘူး”
သမီးက ေဆးခန္းနံရံမွာ ကြန္ပ်ဴတာနဲ႔ စာစီေရးၿပီး ကပ္ထားတဲ့စာရြက္ေတြကို လိုက္ ဖတ္ၾကည့္ရင္း မ်က္စိပ်က္၊ မ်က္ႏွာပ်က္နဲ႔ အထိတ္တလန႔္တားတယ္။
“သမီး ဒီလိုမွမလုပ္ရင္ သမီးေဆးခန္းက ဘာဝင္ေငြမွမရဘဲ ပရဟိတ အသက္ကယ္႐ုံ ျဖစ္ေတာ့မယ္။ သမီးရဲ့ လူနာေတြက တအား လြန္လာၿပီ။ ေမေမ သည္းမခံနိုင္ေတာ့ဘူး။ ဒီလိုဆင္းရဲသားရပ္ကြက္မွာ ေဆးခန္းလာဖြင့္ တာကိုက သမီးအမွား”
“ေမေမရယ္ ဆရာဝန္ဆိုတာ လူ႔အသက္ ကို ကယ္ေပးရတဲ့သူေတြပါ။ ဒီလုပ္ရပ္က မလုပ္သင့္၊ မလုပ္ထိုက္ပါဘူး။ မလုပ္ပါနဲ႔ေနာ္။ ေမေမလိုခ်င္တဲ့ ပိုက္ဆံေတြ ရရပါေစမယ္။ ဒီစာရြက္ႀကီးေတြေတာ့ မကပ္ပါနဲ႔ေမေမရယ္ ေနာ္ သမီးလူနာေတြကို မ်က္ႏွာပူ၊ အားနာ လြန္းလို့ပါ”
အစကေတာ့ လူနာေတြသိဖို့ ရည္ရြယ္ၿပီး ဒီစာရြက္ေတြကို ကပ္ခဲ့တာ။ ဒါေပမယ့္ သူ႔လူနာေတြဆို သနားတတ္လြန္း၊ စာနာ တတ္လြန္းတဲ့ သမီးက ငိုေတာ့မယ့္မ်က္ႏွာနဲ႔ ကတိအထပ္ထပ္ေပးၿပီး အတင္းကာေရာ ေတာင္းပန္လာလို့ သမီးကို သနားၿပီး စာရြက္ ေတြကို ျဖဳတ္သိမ္းေပးလိုက္ရတယ္။
၄။
“အား. . .ကၽြတ္ ကၽြတ္. . . ကၽြတ္”
ဗိုက္ညာဘက္ျခမ္းက ထိုးေအာင့္ေနတဲ့ ေဝဒနာကပိုပိုၿပီး ခံရခက္လာတယ္။ ၿပီးခဲ့တဲ့ ရက္ေတြကတည္းက အဲဒီဗိုက္နာတဲ့ ေဝဒနာက ဒုကၡေပးေနတာ။ သမီးကို ေျပာျပရင္ စိတ္ပူၿပီး ကၽြန္မအတြက္နဲ႔ အလုပ္မ်ားေနမွာစိုးလို့ ကိုယ့္ဟာကိုယ္ ေလေဆး၊ အစာအိမ္ေဆးေတြ ေသာက္ၿပီး ရမ္းကုလုပ္ေနတာ။ အခုေတာ့ ဗိုက္က မခံမရပ္နိုင္ေအာင္ တဆစ္ဆစ္နဲ႔ နာလာတယ္။ သမီးကလည္း ဒီေန႔မွ ေဆး႐ုံက ဂ်ဴတီခ်ိန္းတာ ေနာက္က်မယ္တဲ့။ သူလာမွ ေဆးခန္းဖြင့္ဖို့ေျပာေပမယ့္ ေဆးခန္းဖြင့္တာ ေနာက္က်ရင္ ပိတ္တယ္ထင္ၿပီး လူနာေတြ မေရာက္လာမွာစိုးလို့ ကၽြန္မတစ္ေယာက္ တည္း ေလာဘစိတ္နဲ႔ ေဆးခန္းတံခါး အရင္ လာဖြင့္တာ။
“အား. . .”
ေဆးခန္းတံခါးေသာ့ကို ဖြင့္ေနရင္းက ကၽြန္မေတာင့္ခံနိုင္စြမ္းမရွိေတာ့ဘူး။ နာလာ တဲ့ဗိုက္ကိုဖိၿပီး ေျမႀကီးေပၚ ေဆာင့္ေၾကာင့္ ထိုင္အခ် ကၽြန္မအသိေတြ အေမွာင္က်သြား ေတာ့တယ္။
၅။
“ေဟာ. . . ဆရာမအေမ သတိရလာၿပီ”
“ေမေမ နိုးၿပီလား၊ ေနသာလားေမေမ”
ဦးဆုံးျမင္လိုက္ရတဲ့ မ်က္ႏွာက်က္အျဖဴ ေရာင္နဲ႔ နားထဲမွာ ၾကားရတဲ့အသံေတြေၾကာင့္ ပတ္ဝန္းက်င္ကို ကၽြန္မ သတိထားၾကည့္မိ တယ္။ ကၽြန္မေဆး႐ုံေရာက္ေနတာပဲ။ ညာဘက္ျခမ္းဗိုက္နားကလည္း နည္းနည္း နာသလို တင္းသလိုျဖစ္ေနတာကလြဲလို့ စူးစူး ဝါးဝါးနာက်င္တာမ်ိဳးလည္း ျဖစ္မေနေတာ့ဘူး။
“]ေမေမရယ္၊ အူအတက္ေပါက္တာ ခြဲတာ အခ်ိန္မီလိုက္လို့ေပါ့။ အရင္ရက္ကတည္းက ဗိုက္ေအာင့္ ေအာင့္ေနတတ္တာမို့လား။ သမီး ကိုဘာလို့ မေျပာျပခဲ့ရတာလဲ။ အခုေတာ့ ကံေကာင္းလို့ေပါ့။ ေဆးခန္းကိုလာတဲ့ လူနာ ေတြကေတြ႕ၿပီး ေမေမ့ကို ေဆး႐ုံကို အျမန္ပို့ ေပးခဲ့ၾကလို့သာေပါ့”
“ကၽြန္မတို့က ဆရာမကို ေပးဖို့က်န္တဲ့ ေဆးဖိုးေႂကြးက်န္တာေလး လာေပးတာ၊ ေဆးခန္းေရွ႕မွာ ဆရာမအေမလဲေနတာေတြ႕လို့ ေလ။ ဘာလုပ္ရမွန္းမသိတာနဲ႔ ေဆး႐ုံပဲအေျပး ေခၚလာလိုက္တာ”
“ေက်းဇူးတင္ပါတယ္၊ အေဒၚတို့ရယ္၊ အေဒၚတို့ကယ္လို့သာ ေမေမ့ကို အခ်ိန္မီ ခြဲစိတ္ေပးနိုင္လိုက္တာ။ မဟုတ္လို့ကေတာ့ မေတြးဝံ့စရာပဲ။ အေဒၚတို့ကို ဘယ္လို ေက်းဇူး ျပန္ဆပ္ရမွန္းေတာင္ မသိေတာ့ပါဘူးရွင္”
“ရပါတယ္ ဆရာမရယ္၊ ဆရာမက ကၽြန္မတို့ရပ္ကြက္က လူေတြရဲ့ အသက္ေတြကို ကယ္ေပးခဲ့တာ မနည္းေတာ့ပါဘူး။ ဆရာမရဲ့ ေက်းဇူးေတြကသာ ဆပ္မကုန္တာပါ။ ဪ ဒါနဲ႔၊ ဆရာမအေမလည္း သတိရ လာၿပီဆိုေတာ့ ဆရာမ အိမ္ခဏျပန္နားဦး ေလ၊ ဆရာမအေမကို ကၽြန္မတို့ေတြတစ္လွည့္ စီေစာင့္ေပးထားပါ့မယ္။ စိတ္ခ်ျပန္ပါ”
“သမီးနဲ႔ သမီးကူညီခဲ့ဖူး၊ အခမဲ့ေဆးကု ေပးခဲ့ဖူးတဲ့ သူ႔လူနာေတြက ေက်းဇူးတင္စကား ေတြကို အျပန္အလွန္ ဖလွယ္ေနၾကတယ္။ ကၽြန္မကေတာ့ ဘာစကားကို ဘယ္လို ဝင္ေျပာရမွန္းေတာင္ မသိေတာ့ဘူး။
“တကယ္တမ္း အေရးၾကဳံေတာ့ သမီး နဲ႔အေမ ဒီႏွစ္ေယာက္တည္းသာရွိတဲ့ ကၽြန္မ တို့မွာ ဟိုဟာေလးခိုင္းခိုင္း၊ ဒီဟာေလးခိုင္းခိုင္း သမီးလူနာေတြကိုပဲ အားကိုးေနရတယ္။ ေဆး႐ုံ၊ ေဆးခန္းနဲ႔ အိမ္ကို ေျပးလိုက္လႊားလိုက္ လုပ္ၿပီး ပင္ပန္းေနရွာတဲ့ သမီးမွာလည္း ကၽြန္မ ေဝယ်ာဝစၥနဲ႔ပတ္သက္ၿပီး မလုပ္အားလို့ သူ႔လူနာေတြနဲ႔သာ မ်က္ႏွာလႊဲထားရတယ္။ သူတို့ကလည္း ဗိုက္ခြဲထားရလို့ မလွုပ္နိုင္၊ မရွားနိုင္ျဖစ္ေနတဲ့ ကၽြန္မကို အညစ္အေၾကး ကအစ ေအာက္ေျခသိမ္း အကုန္လိုက္လုပ္ ေပးၿပီး။
“ဆရာမအေမခိုင္းပါေနာ္၊ အားမနာနဲ႔ ေနာ္၊ ဘာလုပ္ေပးရဦးမလဲ။ ဆရာမက ကၽြန္မ တို့ရဲ့ အသက္သခင္ေက်းဇူးရွင္ဆိုေတာ့ ဆရာမ အေမကလည္း ကၽြန္မတို့ရဲ့ ေက်းဇူးရွင္ပါပဲ”
“ဆိုတဲ့စကားကိုသာ ပါးစပ္ဖ်ားကမခ်။ ကၽြန္မမ်က္ႏွာရိပ္၊ မ်က္ႏွာကဲကိုၾကည့္ၿပီး အလိုက္တသိ လုပ္ေပးၾကပါတယ္။ ဒီလိုဆို ေတာ့လည္း ကၽြန္မမွာတစ္ခ်ိန္က သူတို့အေပၚ ေမာက္ေမာက္မာမာ ေျပာခဲ့ဆိုခဲ့၊ မေခ်မငံ ဆက္ဆံခဲ့ဖူးတာေတြကို ျပန္ေတြးမိၿပီး မ်က္ႏွာ ပူမိရျပန္တယ္။ ေတာ္ေသးတာေပါ့။ ကၽြန္မက သမီးရဲ့ ျဖဴစင္တဲ့စိတ္ေစတနာေတြကို ေလာဘေတြ၊ အတၱေတြနဲ႔ အျမင္မွားေအာင္ စည္းျခားထားခဲ့မိတာ။ သမီးရဲ့လူနာေတြက ကၽြန္မျခားထားတဲ့ အတၱစည္းရဲ့ အျခားတစ္ ဖက္မွာရွိမေနခဲ့လို့။
ပန္းျမတ္ေသာ္ (ကမ္းလက္)
ေၾကးမုံသတင္းစာ👸