တလွဲမာန

*တလွဲမာန*📖📖📖

 

#မျက်ရည်ခိုင်မှ ဖတ်ပါ

 

 

” ဟဲ့ နင့်မှာ ဘာစောက်လုပ် ရှိလို့လဲ ပိုက်ဆံတွေ အရမ်းသုံးဖြုန်းနေတာ ”

 

” ဟာ အမေကလဲ ကျုပ်ဆိုရင် အမြဲအကောင်း မမြင်ဘူး ”

 

” ဟဲ့ မသာကောင် ငါပြောတာ ဘာမှားလို့လဲ သေနာရဲ့ ”

 

” အမေ သားကိုပဲ ဆဲနေတာပဲ…တော်ပြီဗျာ မနှိပ်ပေးတော့ဘူး ”

 

” မနှိပ်ပေးလဲ နေ ကြွ ကြွ…”

 

ဘူးသီးကြော်ရောင်းတဲ့ အမေက စိတ်တိုတိုဖြင့် ပြောလိုက်သည် ။

 

နောက်တစ်နေ့မှာ မိုးကလဲ အတော်ချုပ်နေပြီ သားဖြစ်သူ ကလဲ ပြန်မလာသေး………

 

” ဒီကောင်စုတ်လေး ဘယ်တွေလျှောက် သွားနေလဲ မသိဘူး ”

 

အမေဖြစ်သူက စိတ်ပူနေတာပေါ့ ။ ကို သံချောင်းက စာလာပို့သည် ။ ကိုသံချောင်းဆိုသည်မှာရွာထဲက ဆိုက်ကားဆရာ ဦးလေးကြီးပါ…

 

” ဟဲ့ မမြဝင်း နင့်သားက ငါ့ကိုစာပေးသွားတယ် ”

 

မိခင်ကစာကို ကပြာကရာ ယူပြီး အမလေး ထူးထူးဆန်းဆန်းပါလာတော်။ ပြီးတာနဲ့စာကို ဖတ်လိုက်တယ် စာထဲမှာ ရေးထားတာက > > >

 

” အမေ သားကိုတစ်နေ့တစ်နေ့ ဆူပဲဆူနေတယ်၊ ဆဲပဲ ဆဲနေတယ် ၊ သားကိုဆယ်တန်းမအောင် လို့ အပြစ်ပဲ မြင်နေတယ်မဟုတ်လား ။ အမေ ပြောသလူမျိုး ဆယ်တန်းအောင် ပညာ တက်ဘွဲ့ ရမှာ ချမ်းသာမှာမဟုတ်ဘူး ဆိုတာ သား အမေ့ကိုသား လက်တွေ့သက်သေပြမယ်သားချမ်းသာ လာတဲ့တစ်နေ့မှ အမေ့စီပြန်ခဲ့မယ် ”

 

( စာကို ဖတ်ပြီးသွားတော့ )

 

” သားလေးရယ် မေမေ့ ကိုထားသွားပြီလား ကွယ် မင်းအထင်လွဲနေပြီကွယ် ”

 

ပြောပြောဆိုဆိုနဲ့ ငုတ်တုပ်ထိုင်ကာ ငိုချလိုက် သည် ။

 

ဆိုက်ကား ဆရာကိုသံချောင်းက….

 

” ဟဲ့ မမြဝင်း ဘာဖြစ်တာလဲ ဘာဖြစ်တာလဲဟဲ့။

 

တရှုံရှုံ တရှိုက်ရှိုက်ငိုယိုနေသော မမြဝင်းက ငိုသံလှိုဏ်ခေါင်း ဝဲဝဲ ကြီးဖြင့် ပြန်ပြောသည်။

 

” ကိုသံချောင်းရယ်…ကျွန်မသားလေး ကျွန်မကို အထင်လွဲသွားပြီ ။ သူ ကျွန်မ ကိုထားသွားပြီး သူ ငွေသွားရှာပြီ သူအမြင်တွေမှားနေပြီ…”

 

” အေ ဟုတ်လား ”

 

” ဟုတ်တယ် ရှင် ”

 

မမြဝင်းသည် အသက် ၁၅ နှစ်အရွယ် သားဖြစ် သူကို စိတ်ပူနေလေရဲ့ …ဒီလိုနဲ့ပဲ သားဖြစ်သူက

 

တစ်ရက်လဲ ပြန်မလာ ။

 

နှစ်ရက်လဲ ပြန်မလာ ။

 

တစ်နှစ်လဲ ပြန်မလာ ။

 

နှစ်နှစ်လဲ ပြန်မလာ ။

 

ဆယ်နှစ်လောက်နေမှ ပြန်လာသည် ။

 

ဒါတောင် လမ်းမှာ ကိုသံချောင်းကို မှတ်မိလို့ပေါ့။

 

” အန်ကယ် အန်ကယ်က ဦးသံချောင်းမလား ကျွန်တော့်ကို မမှတ်မိဘူးလား ၊ ကျွန်တော် မောင်ကျောက်ခဲလေ……

 

အကောင်စား ကားကြီးပေါ်ကနေဆင်းလာတဲ့ မောင်ကျောက်ခဲပါလား ။ အံ့ဩလှပေစွသကား။

 

” ဟေ မင်းက မောင်ကျောက်ခဲလား ”

 

” ဟုတ်ကဲ့ ကျွန်တော်မောင်ကျောက်ခဲပါ ဒါက ကျွန်တော့်အမျိုးသမီး စုနှင်း ပါ ”

 

” တွေ့ ရတာ ဝမ်းသာပါတယ် အန်ကယ် ”

 

” အေးအေး သမီး ဝမ်းသာပါတယ် ”

 

ဒါနဲ့ ” အန်ကယ် အမေကော ကျွန်တော့်အမေရောနေ ကောင်းတယ်မလားဗျ။ ”

 

” မင်း အမေလား ”

 

” ဟုတ်တယ်လေ ကျွန်တော့် အမေ ဘူးသီးကြော် မမြဝင်းလေ ”

 

” ဘူးသီးကြော် မမြဝင်းရဲ့ သားတဲ့ဟယ် ” အေ့ဟယ် အတော်လေးကို ပြောင်းလဲသွားတယ် ဆယ်နှစ်ကြာမှ အတော်လေး ချမ်းသာလာတယ် ကားတွေဘာတွေနဲ့တော့်…..

 

ဒီလိုနဲ့ အမေနေတဲ့ ဓနိမိုးထရံကာ အိမ်ဟောင်း လေးကို ပြန်ရောက်ခဲ့သည် ။ အရမ်းကို လွမ်းမောစရာ အငွေ့ သက်လေးတွေ က တဖျင်းဖျင်း ရိုက်ခက်နေသည် ။ အိမ်ဦးခန်းမှာလဲ အမေ့ရဲ့ ဓာတ်ပုံ ကိုချိတ် ထားသည်…..။အိမ်ပေါ်မှာလဲ ဖုန်အလူးလူးနဲ့ဓနိတွေကလည်းအောက်ကို ဆွေးပြီးတွဲကျနေခဲ့တယ်။

 

ပြီးတော့သိလိုက်ရတာက အမေသေတာ ၅ နှစ်ကြာခဲ့ပြီတဲ့။

အမေက ကျွန်တော်ထွက်သွားပြီ ၂ နှစ်အကြာမှာ လေဖြတ်တယ်တဲ့။

 

လေဖြတ်နေတဲ့ အမေ့ရဲ့ ဘေးနားမှာ ဘယ်သူမှ မရှိကြဘူးလေ…

 

၃ နှစ်လောက် အမေဟာ အိပ်ရာ ထဲမှာ ဆန့်ငင် ဆန့်ငင်နဲ့ ချီးတလူးလူး သေးတလူးလူး ဖြစ်ခဲ့ရ တယ် ။

 

ဆိုက်ကားဆရာ ဦးသံချောင်းရဲ့ သမီးတွေက လာပြီး ပြုစုပေးတယ်တဲ့ ဒါပေမယ့်လည်း ကိုယ့်သွေးကိုယ့်သားမဟုတ်တော့ ခဏပဲပေါ့။

 

မေမေ က ကျွန်တော့်ကို စောင့်ရင်း မိုးသည်းတဲ့ညတစ်ညမှာ အအေးမိပြီးလေဖြတ်သွားတာတဲ့ဗျာ။

 

မျက်ရည်တွေ စီးကျရင်း ဦးသံချောင်းက ပြော နေသည် ။ မောင်ကျောက်ခဲလဲ မျက်ရည်တွေစီးကျရင်း ဘူးသီးကြော်အမေ မမြဝင်းရဲ့ ဓာတ်ပုံကို ကြည့် နေလေရဲ့….။

 

” မင်း အမေက မင်းကို သိပ်ချစ်ရှာတယ်ကွယ် မင်း အိမ်ကထွက်သွားပြီးတော့ သူ့ခင်ဗျာ မစားနိုင် ၊ မအိပ်နိုင် တမှိုင်မှိုင်တထွေထွေ နဲ့ ။ ဈေးလဲ မရောင်းနိုင် အိမ်ရှေ့ ထရံကာ အဝမှာ မင်း ပြန်လာမဲ့အချိန်ထိ သူစောင့်နေတာမင်းက သူ့ရဲ့ တစ်ဦးတည်းသော သားကိုး။

 

” ကျွန်တော် မှားသွားပြီ ဦးသံချောင်းရာ ကျွန်တော်အရမ်းမှားသွားပြီဗျာ ။ ကျွန်တော် အမေ့ကို ပြစ်မသွားသင့်ဘူး အဝေးကြီးမှာ ငွေသွားမရှာသင့်ဘူး အမေ့မှာ အားကိုးစရာဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတာ ။ ကျွန်တော်မေ့သွားခဲ့တယ် ကျွန်တော့် ကို အမေက မချစ်ဘူးထင်ခဲ့တာ ။ ကျွန်တော့်ကို အမြဲ ဆဲဆိုနေလို့ ကျွန်တော့်ကို မချစ်ဘူးထင်ခဲ့တာ ဦးလေးရာ ”

 

” မင်းထင်လို့ပါကွာ…မင်းအမေက လေဖြတ်ပြီး အိပ်ယာထဲမှာ ဘုန်ဘုန်းလှဲနေတာတောင် အိမ်ရှေ့ ကိုပဲ ကြည့်ပြီး သူမျက်ရည်ကျနေ တာ ကွ ။ သူမင်းကိုမျှော်နေတာ ။ နောက်ဆုံး နောက်ဆုံး အသက်ထွက်ခါနီးအချိန်မှာတောင် သူမင်းကို မျှော်နေခဲ့တာပါကွာ….”

 

ကျောက်ခဲ တစ်ယောက်ဟာ သူ့မှာပါလာတဲ့

ငွေ သိန်း ၅၀၀ ကိုကြည့်လိုက်တယ် ။ကျွန်တော်ရဲ့ တလွဲမာန ကြောင့် အမှားကြီးမှားသွားခဲ့ရပြီ။

အမေ့ကိုကန်တော့ရင်း အမေ တွေ့ လား သားပြောသားပဲ ကျွန်တော် ငွေတွေ ရှာပြီးအမေ့စီ ပြန်လာမှာပါလို့ ပြောတဲ့အခါ ဝမ်းပန်းတသာနဲ့မျှော်နေတဲ့အမေ့မျက်နှာလေးကို တွေ့ရတော့မယ်ဆိုတဲ့စိတ်ကူးလေးဟာ လေနီကြမ်းတွေတိုက်သလိုလွှင့်ပါသွားခဲ့ရတယ်။မျက်ရည်တွေ ယိုစီးလာပြီး ရင်တွေလည်းနာလာရပြီ။

 

ဦးသံချောင်းက စာတစ်ရွက်တစ်ရွက်ကိုပေးတယ်။

 

” ရော့ ငါ့တူ ဒါက မင်းအမေ လေဖြတ်ရင်း အိပ်ယာ ထဲမှာ မင်းအတွက်ရေးခဲ့တဲ့ စာ ”

 

မောင်ကျောက်ခဲလဲ စီးကျနေသော မျက်ရည် တွေကို ကပြာကရာ သုတ်ပြီး ဖြည့်ဖတ်လိုက် သည် ။

 

ပညာမဲ့ တစ်ယောက်ရဲ့ လက်ရေးမို့ စားလုံးပေါင်း သတ်ပုံမသေသပ်ပါ ။ ညစ်တီးညစ်ပတ် စုတ်တီး စုတ်ပြက် ဖြစ်နေသော အမေရေးခဲ့တဲ့စာ က ဘာလဲဆိုရင်…..

 

” သားရယ် မင်းပြန်မလာသေးဘူးလားကွယ် မင်းကို အသုံးဖြုန်းကြီးတဲ့ကောင်လို့ ပြောတာ စိတ်မဆိုးပါနဲ့ကွယ်… မင်း လူဘဝမှာငွေမသုံးတက်မှာစိုးလို့ပါ ။ ငွေရဲ့ တန်ဖိုးနားမလည်မှာ စိုးလို့ပါ ။ အမေက မင်းကိုသုံးစေချင်တာပေါ့ကွယ် ။ အမေ့သားလေးပဲ ၊ အမေရှာတာ မင်းအတွက်ပဲ လေ ။ မင်းဒါတွေ နားမလည်ပါဘူး တနေ့မင်း မိဘ နေရာရောက်ရင် နားလည်လာလိမ့်မယ် ။

 

မင်းကို ဆဲတာကလဲ မင်းအပြစ်မြင်ချင်မြင်မယ် မင်းအမေ ငါက ပညာမဲ့တစ်ယောက်လေ ၊

 

မဆိုမဆုံးမတက်ဘူးကွယ် ၊ မင်းကိုကောင်းစေ ချင်တာပါကွယ်..။ အမေ မင်းကို လူတော် တစ်ယောက်ဖြစ်စေချင်တယ် ငါ့သား ။

 

မင်း ပညာတက် ဘွဲ့ ရအောင် အမေကိုယ်တိုင် ဘူးသီးကြော်ရောင်းပြီး ကျောင်းထားပေးမယ် ငါ့သား..။ မင်းမသိပါဘူး ငါ့သားရယ်………

 

အမေ မင်းနောက်ကွယ်မှာ ငပိရည်နဲ့ ဘူးသီး ကြော် ကိုက်နေရတဲ့အကြောင်းတွေ ။

 

မင်းအတွက် ဖယ်ဖယ် ထားပြီး ကျောင်းစရိတ်

စုထားတာတွေ ။

 

အမေတောင် အဝတ်စားသစ်မဝတ်ပဲ

မင်း ဆယ်တန်းအောင်ရင် ကျောင်းဆက်တက်

ဖို့ မင်းအတွက် အဝတ်စားသစ်တွေ အမေ

ချုပ်ထားခဲ့တယ် ။

 

မင်းဆယ်တန်းအောင်မယ်လို့ အမေထင်ခဲ့တာ ဆယ်တန်းမအောင်တော့ စိတ်တိုမိတာပေါ့ ။ မင်းမို့လို့ကွယ် အမေ့ကို ထားခဲ့ရက်တယ် ။

 

အမေ့မှာလေ မင်းကိုမျှော်နေရတာ သိလား ။ အမေမင်းကြောင့် အအေးမိပြီးလေဖြတ်သွားခဲ့ ပြီ ။အမေ့မှာ သားဆိုလို့ မင်းပဲ ရှိတာလေ ။ မင်းချမ်းသာသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ အမေ ဂရုမစိုက်ဘူး…. အမေလိုချင်တာ အမေ့ကို သိတက်မှု့ ကြင်နာမှု့ ၊ အမေ့ကိုချစ်ပါတယ်ဆိုပြီး ထွေးပွေ့ ထားမှု့ တွေပါကွယ်……..ဆိုတဲ့ စာလေးပဲဖတ်နိုင်တော့တယ် ။ အောက်ကစာတွေ ထပ်မဖတ်နိုင်တော့ဘူး ။ မောင်ကျောက်ခဲဟာ ရှိုက်ကြီးတငင်ငင်ငိုပြီး…

 

” မေမေရယ် သားမိုက်ကို ခွင့်မလွှတ်ပါနဲ့ ”

 

ကျွန်တော်မှားသွားပြီဟုဆိုကာ ပါလာသော ငွေ သိန်း၅၀ဝကို ဆွဲယူပြီး လွှင့်ပြစ် လိုက်တယ် ။

 

” ဒီဘာမဟုတ်တဲ့ ငွေလေးနဲ့ အမေ့ကိုပြစ်ထားခဲ့ တယ် ဟောဒီစောက်အသိညဏ် မရှိတဲ့ငါ ။ စောက်သုံးမကျတဲ့ငါ ဆိုပြီးကိုယ့် ခေါင်းကိုပြန် ရိုက် နေခဲ့တယ် ။

 

” တော်ပါတော့ မောင်ရယ် ”

 

အမေ သနားပါတယ် ။ အမေလေဖြတ်နေတာ တောင် အနားမှာရှိမနေပေးခဲ့ဘူး တကယ်ဆို ဒီ ငွေတွေက အမေနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ် ဘူး တကယ်တမ်းအရေးပါတာ အမေ ။ ပြောရင်းဆိုရင်းနဲ့ မောင်ကျောက်ခဲဟာ…

‘အမေ လို့ အကျယ်ကြီးအော်ခေါ်ပြီး ငိုနေလေရဲ့။

 

မိဘ ရှိစဉ် လမ်းခရီး ချောမွေ့ သည် မိဘ မရှိတော့ ဖိနပ်မပါပဲ ဆူးခင်းလမ်းကို လျှောက်နေရသလိုပါပဲ ဗျာ…..

 

အမေ….အမေ..။

 

လောကမှာ မိဘမရှိတဲ့သားသမီးတွေ အများကြီးဖြစ်လို့ ကိုယ့်ကုသိုလ်ကံကြောင့် မိနှစ်ပါးစလုံးရှိနေသေးရင် စားနိုင်တုန်းကျွေးကျပါ။ဂရုစိုက်ပေးကြပါ။

 

ရွင်လန်းချမ်းမြေ့ကြပါစေစာဖတ်သူအပေါင်း🤩🤩🤩