” သရဲလိုက်လာတယ် ”(စ/ဆုံး)

Unicode Version

” သရဲလိုက်လာတယ် ”(စ/ဆုံး)
————————————–

ဖိုးတေတစ်ယောက် နေ့လည်ကတည်းက
၀က်အမဲပေါ်လို့ရွာနဲ့အတော်အလှမ်းဝေးတဲ့ ကျေးတောပြင်ကိုသွားလေရဲ့

ခွဲကြခြမ်းကြနဲ့ အချိန်တော်လင့်မှ ရွာကိုပြန်လာခဲ့ရသည် လက်ထဲမှာတော့ လတ်လတ်ကြီးရှိသေးတဲ့ ၀က်သားတွဲတစ်ခု

နဂိုကတည်းကအသားဟင်းကြိုက်တဲ့ သူ့အဖို့ကတော့ ဒီနေ့ညနေထမင်းမြိန်ပြီဆိုတဲ့အတွေးနဲ့ကျေနပ်လာခဲ့တာပေါ့

ကျေးတောပြင်နဲ့ ရွာကအလှမ်း​ေ၀းတော့ ကြားထဲလယ်ကွင်းတွေ တောတောင်တွေကျော်ဖြတ်သွားရသည်

အနည်းဆုံး နာရီ၀က်လောက်သွားမှ ရောက်တဲ့ခရီးဖြစ်တော့ ယခုလည်းနေအတော်စောင်းမှ ရွာကိုပြန်လာရ၏

ဆိုးတာတစ်ခုက ကျေးတောပြင်မရောက်ခင် သူတော်တောင်ကိုဖြတ်ရသည့်အတွက်ကြောင့်ပင်
သူတော်တောင်ဆိုတာ နတ်ကြီးတယ် နေ၀င်ရီတရောဆို ​​အခြောက်အလှန့်လည်းကြမ်းတာပေါ့

ဖိုးတေမှာ ၀က်သားတွဲနဲ့ပြန်လာတော့ ရှေ့မှမဖြစ်မနေဖြတ်ရမည့်သူတော်တောင်ကိုတွေးပြီးရင်လေးနေသည်

အမှန်ဆို တောသားလူရင့်မာတစ်ယောက်ဖြစ်ပေမယ့် ကြောက်စိတ်တော့ရှိ၏ သူတော်တောင်အကြောင်းလည်း ကောင်းကောင်းသိလို့ တစ်ယောက်ထဲစိတ်ထဲမ၀ံ့မရဲဖြစ်နေသည်

တစ်လမ်းလုံးပြုံးပျော်ပြီးလာသမျှ သူတော်တောင်ထဲခြေလှမ်းစလှမ်းတော့ ကြက်သီးတွေတဖြန်းဖြန်းထသွားမိသည်

လာတုန်းကဘာမှမဖြစ်ပေမယ့် အခုကအချိန်အတော်လင့်နေပြီး မှောင်ရီသန်းနေပြီဖြစ်၏

ဖိုးတေတစ်ယောက် ​​ခြေလှမ်းကပုံမှန်ထက်ပိုနှေးလာသည်ကိုသတိထားမိလာတယ် ဘယ်လိုမှန်းမသိ
တစ်စုံတစ်ရာက ကိုယ့်အားဆွဲယူထားသလိုဖြစ်တော့ ခပ်မြန်မြန်လျှောက်ဖို့လုပ်တိုင်း နှေးကွေးသွားရသည်

စိတ်ကိုတင်းတင်းကြိတ်ကာ ဘာမှမဖြစ်သလိုသွားဖို့တွေးလိုက်တော့ သူ့ခြေထောက်အားတစက်စက်ကျနေတဲ့အရာတစ်ခုအားခံစားလိုက်ရ၏

ဖိုးတေငုံ့ကြည့်လိုက်တော့ သူကိုင်ထားတဲ့၀က်သားတွဲမှ သွေးတွေဆက်တိုက်ကျနေခြင်းပင်
ဖိုးတေမျက်လုံးပြုးသွားသည် အကုန်လုံးမီးကင်ပြီးသေချာပြင်လာတဲ့ဟာက ဘယ်လိုလုပ်ပြီးသွေးစိမ်းတွေကျနေရတာလဲပေါ့

” အမယ်လေး”

ဖိုးတေခြေကုန်သုတ်ကာပြေးတော့၏ နောက်ကိုပင်လှည့်မကြည့်ပဲ​ ကြောက်အားလန့်အားနဲ့ပြေးရာ အိမ်ရောက်တော့ အမောလုံးတွေဆို့နေသည်

ခနတဖြုတ်နားပြီးမှ မိန်းမဖြစ်သူအားခေါ်ကာ ၀က်သားချက်ရန်ခိုင်းလိုက်၏

မိုးချုပ်လို့စားပြီးသောက်ပြီးတော့ ဖိုးတေတို့လင်မယားမှာ ဗိုက်တကားကားဖြစ်အိပ်ပျော်သွားခဲ့သည်

ဒီလိုနဲ့ ညနက်ချိန်ရောက်တော့ အိမ်နောက်ဖေး ၀က်ခြံမှ ၀က်အော်သံတွေကိုကြားလိုက်ရတယ်
ဖိုးတေတို့လင်မယားမှာ ရောင်းဖို့မွေးထားတဲ့ ၀က်သုံးကောင်ရှိ၏ အိမ်နောက်ဖေးတွင် ခြံလုပ်ပြီးထားတော့ ၀က်ခြံနဲ့အိမ်က ကပ်လျက်ပင်

၀က်အော်သံတွေကြားတော့ မြမြရင် နိုးလာခဲ့တယ်

” ဒီအချိန်ဘာထဖြစ်တာတုန်း
ညနေကလည်း အစာအ၀ကျွေးထားတာကို
သူခိုးတွေများကပ်တာလား”

စိတ်ထဲဇ​ေ၀ဇ၀ါဖြစ်ကာ ရေနံဆီမီးကိုယူပြီး အိမ်အောက်ဆင်းလာခဲ့၏ မီးကိုခပ်အုပ်အုပ်ထွန်းကာ
အိမ်နောက်ဖေးရောက်တော့ ၀က်ခြံဆီမှ ရိပ်ခနဲပြေးထွက်သွားတဲ့ အရိပ်တစ်ခုကိုတွေ့လိုက်ရသည်

မြမြရင်မှာ ၀က်ခြံဆီကိုအပြေးသွားကာ ၀က်တွေကိုကြည့်လိုက်၏ ၀က်တွေမှာတော့အော်မြည်ခြင်းမပြုကြတော့ပဲ တရူးရူးမွှန်ကာ အိပ်စက်နေကြသည်

” ခုနက ငါအမြင်မှားတာလား”

အိမ်ခြံ၀ိုင်းအား သေချာစစ်ဆေးပြီး အိမ်ပေါ်ကိုပြန်တတ်လာခဲ့တော့ ချမ်းချမ်းနှင့်စောင်ခြုံကာပြန်အိပ်ရတော့၏

မနက်မိုးလင်းလို့ မြမြရင်တစ်ယောက် ၀က်စာကျွေးရန်လာခဲ့တယ်

” ဗုဒ္ဓေါ ”

၀က်စာအိုးမှာလက်က လွတ်ကျသွားရသည် ၀က်သုံးကောင်မှ အကြီးဆုံးအကောင်မှာ ဗိုက်တွေပွင့်ပြီး ယင်တွေတ၀ီ၀ီအုံမြည်နေကြ၏

” ဘယ်လိုဖြစ်ရတာလဲ
ကိုဖိုးတေ ကိုဖိုးတေ လာပါအုံး”

” ဟေဘာတုန်းဟ”

” ဒီမှာလာကြည့်ပါအုံး”

ဖိုးတေ မှာ၀က်ခြံနားဆီကိုရောက်ပြီး လက်ညှိုးထားကာပြလိုက်သည်

” ဟာ ဒါ ဘာဖြစ်တာလဲ”

” မသိဘူး မနေ့ညကတောင် ၀က်တွေအော်တာကြားတော့ ကျုပ်ဆင်းကြည့်သေးတယ်
အဲ့မှာ ကျုပ်ရှေ့ကဖြတ်သွားတဲ့ လူရိပ်ကိုတွေ့လိုက်တယ် ကျုပ်ကသူခိုးထင်လို့ အိမ်၀ိုင်းတွေကိုစစ်ကြည့်သေးတယ်
ခုမိုးလင်းတော့ ဒီလိုဖြစ်နေတာ”

ဖိုးတေတို့လင်မယားမှာ အဖြေရှာမရဘဲ ခေါင်းတွေချာချာလည်နေကြတယ် အရင်ကဒီလိုမဖြစ်ဖူးတော့ ဘယ်လိုဖြစ်သွားမှန်းလဲမသိကြဘူး

သေနေတဲ့၀က်အား ဆာလာအိတ်ဖြင့်ထုပ်ကာ
မြှုပ်ရန်သာရှိတော့၏ ဖိုးတေမှာ ပေါက်တူးတလက်ကိုယူပြီး မြုုတွေဆိုင်းနေတဲ့ ဓနိတောထဲ၀င်လာခဲ့သည်

ပြီးတော့ မြေကိုပေါက်တူးဖြင့်တူးကာ ခါးလောက်ရောက်တော့ ၀က်သေအားပစ်ချလိုက်ပြီးမြေဖို့ပြီးသည်နှင့် စိတ်မကောင်းစွာနဲ့အိမ်ပြန်လာရ၏

ထိုစဥ် ဓနိတောဆီမှ တဖွားဖွားယက်နေတဲ့အသံကိုရုတ်တရက်ကြားလိုက်ရသည်
ဖိုးတေမှာအသံကြားတော့ ပြန်လှည့်ကာ မြုုတွေကြားထဲမှ ဓနိပင်ကြားကိုကြည့်လိုက်၏

ထိုစဥ် သူမြှပ်ခဲ့တဲ့ ၀က်သေနေရာတွင် ဆံပင်ဖားယားနဲ့လူတစ်ယောက်မှာ ၀က်သေကောင်အား ပလောင်းပလဲစားသောက်နေတာကိုမြင်တော့ ဖိုးတေတစ်ယောက် ခြေလှမ်းခပ်ဖွဖွ​ဖြင့်​ အနားကိုလျှောက်သွားလိုက်ပြီး

“အဲ့မှာ ဘယ်သူလဲ”

ဖိုးတေမေးလိုက်တော့ အငမ်းမရစားနေတဲ့ လူက
၀က်သေအားယူ၍ဓနိတောထဲကိုပြေးကာ၀င်ရောက်ပျောက်ကွယ်သွားတော့သည်

ဖိုးတေတစ်ယောက် အဖြစ်အပျက်ကိုနားမလည်နိုင်ဘဲ ကြောက်စိတ်ကကြီးစိုးလာခဲ့တယ်
စိတ်ထဲ၌လည်း

” ဒါ လူမဖြစ်နိုင်ဘူး”

တွေးရင် ကြက်သီးတွေထလာတော့ ထိုနေရာမှအမြန်ဆုံးပြေးထွက်လာခဲ့တော့၏

**************

မြမြရင်မှာ တစ်နေ့လုံးမှိုင်နေသည် အကြောင်းအရင်းရှာမရတဲ့ ၀က်သေတဲ့အကြောင်းကိုစိတ်ထဲကထုတ်မရပေ

” ဒီနေ့ညအဲ့လိုထပ်ဖြစ်ရင် တစ်ညလုံးမအိပ်ဘဲစောင့်အုံးမယ်”

ဆိုပြီးလည်း အတွေးတွေထုတ်နေမိသည်

ယနေ့ညလည်း ပုံမှန်တိုင်းပဲ အချမ်းဓာတ်တွေပြည့်နှက်လျက် တစ်ခါတစ်ခါရွာအရှေ့တောင်တန်းဆီကနေလာတဲ့ မြေခွေးအူသံတို့ကတိတ်ဆိတ်မှုကိုခွင်း၍ကြားနေရသည်

ဖိုးတေတို့မှာ ဆီမီးခွက်ကိုတိုင်မှာချိတ်ပြီး ၀က်ခြံဆီကိုအာရုံရောက်နေကြ၏
ထိုစဥ် အိမ်ရှေ့ဆီမှ၀င်လာတဲ့ခြေသံကိုကြားလိုက်ရသည် လင်မယားနှစ်ယောက် ဘယ်သူလဲလို့ထွက်ကြည့်တော့ ခြံ၀တွင်ခေါင်းငုံ့ကာရပ်နေတဲ့လူတစ်ယောက်ကိုမြင်ကြသည်

” ဘယ်သူလဲ ”

မြမြရင်မေးတော့ ထိုလူမှာခေါင်းဖော်လိုက်ပြီး

” ငါပါ သိန်းဆိုင်ပါ ”

” ဟင် ကိုသိန်းဆိုင် ဘာကိစ္စရှိလို့လဲ”

” မင်းတို့အိမ်နားက ၀က်တွေအော်သံကြားလို့
ဘယ်တုန်းကမွေးထားတာလဲ”

အရင်းမရှိအဖျားမရှိပြောလိုက်တဲ့စကားကြောင့်
ဖိုးတေတို့လင်မယားမှာ သိန်းဆိုင်အားနာမလည်နိုင်ပေ

” ကိုသိန်းဆိုင်ကလဲ နောက်ပြီ
၀က်၀ယ်တုန်းက ကိုသိန်းဆိုင်တို့လင်မယားလဲ
ပါတာပဲလေ”

” သြော် အေး ငါကဒီအတိုင်းမေးကြည့်တာပါ”

ဆိုပြီး သိန်းဆိုင်မှာ ဆက်မပြောတော့ဘဲ ခြံရှေ့မှထွက်ကာ အမှောင်ထဲတိုး၀င်ပျောက်ကွယ်သွားတော့၏

ဖိုးတေတို့မှာ ကြောင်အမ်းအမ်းဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်မေးငေါ့ကာ အိမ်နောက်ဖေးကို၀င်လာခဲ့ကြသည်

အိမ်နောက်ဖေးရောက်တော့ သူတို့မထင်မှတ်ထားတဲ့အရာတစ်ခုကဆီးကြိုနေတယ် ဘာလဲဆိုတော့
မနက်တုန်းကလိုပဲ ၀က်တစ်ကောင်မှာ ဗိုက်တွေပွင့်ပြီးသေနေသည်

” အလို ဘုရားဘုရား
ဘယ်လိုဖြစ်ပြန်တာလဲ”

” ကိုဖိုးတေ တစ်ခုခုတော့မှားနေပြီနော်
ကျုပ်ကြောက်လာပြီ ခုနကပဲအကောင်းတိုင်းရှိသေးတာ ”

“ရိုးတော့မရိုးသားတော့ဘူး
နင်ဒီမှာနေခဲ့ ငါရွာထဲက ဦးညာဏကိုသွားခေါ်ပြီးပြန်လာခဲ့မယ်”

” မနေဘူး ကျုပ်မနေရဲဘူး”

” မနေလို့မရဘူးလေ ငါတို့မရှိရင် ကျန်တော့တဲ့
ဒီ၀က်လဲသေအုံးမှာ ခနပဲကြာမှာနော်”

” ကျုပ်မနေရဲဘူးတော်”

” ရော့ ဒီဆီမီးခွက်ကိုယူထား ဟိုနားကဓားကိုကိုင်ထား ငါမရောက်ခင်ဘာပဲလာလာ ခုတ်ပစ်”

” ကိုဖိုးတေ….”

ဖိုးတေမှာ ဆက်မပြောတော့ဘဲ ရွာထဲကိုပြေးသွားတော့သည် ကျန်နေခဲ့တဲ့မြမြရင်မှာတော့ ကြောက်ကြောက်လန့်လန့်ဖြင့် ဟိုကြည့်ဒီကြည့်ဖြင့်ကျန်နေခဲ့၏

” ရှဲ ရှဲ ရှဲ”

ခနကြာတော့ သူ့အနောက်မှ လာနေတဲ့ခြေသံကိုကြားလိုက်ရသည် မြမြရင်မှာ ဒူးပင်မခိုင်ချင်တော့
မမြဲတမြဲကိုင်ထားတဲ့ဓားမှာလည်း တုန်တုန်ရီရီနဲ့
ဆီမီးခွက်ကို ရမ်းကာ ခြေသံလာရာကိုမရဲတရဲကြည့်လိုက်၏

ထိုစဥ် ​တဖြည်းဖြည်းလျှောက်လာတဲ့အရာက ရပ်လိုက်ပြီး အမှောင်ထဲမှငေါ့ငေါ့ကြီးထွက်လာကာ
တုန်ရီနေတဲ့မြမြရင်ရှေ့သို့ ၀ုန်းခနဲခုန်ချလိုက်သည်

” အမယ်လေး သရဲ သရဲ”

ပါးစပ်တွင်သွေးအလိမ်းလိမ်းကပ်နေပြီး ၀က်အူတွေကိုငုံထား၏ မဲနက်ပြီးအမွှေးတွေမှာတစ်ကိုယ်လုံးပြည့်နက်နေတဲ့အရာကြီးမှာ မြမြရင်အား

“ဂါးးးးးး”

ဆိုပြီးခုန်အုပ်လိုက်တော့သည်

“မြန်မြန်လာပါ ဦးလေးရ ဟိုမှာမြရင်တစ်ယောက်ထဲ ”

” ငါလဲလျှောက်နေတာပဲကွာ ဓာတ်မီးက သိပ်မလင်းတော့ အဆင်မပြေဘူးဟ”

ဖိုးတေနဲ့ဦးညာဏတို့နှစ်ယောက်မှာပြောပြောဆိုဖြင့် ခြံထဲ၀င်လိုက်ကြ၏

” မြရင်ရေ ဟေ့မြရင်”

ဖိုးတေအော်ခေါ်ပေမယ့် မြမြရင်ရဲ့အသံမကြားရပေ နှစ်ယောက်သားအိမ်နောက်ဖေး၀င်ခဲ့ကြတော့
ငြိမ်းနေတဲ့ဆီမီးခွက် လွှင့်ပစ်ထားဟန်ရှိတဲ့ဓားမတစ်လက် ဗိုက်တွေပွင့်နေတဲ့၀က်သေတစ်ကောင်ကိုသာတွေ့ရတော့၏

” ဘယ်မလဲ မြမြရင်”

” လုပ်ပါအုံးဦးလေး မြရင်တစ်ခုခုဖြစ်နေပြီလားမသိဘူး မလာခင်တုန်းကကျုပ်အသေချာမှာခဲ့တာ
ပြီးတော့ ဒီမှာလည်း ကျန်နေတဲ့၀က်လည်းမရှိတော့ဘူး”

ဖိုးတေတို့မှာ တွေ့လိုတွေ့ငြားရှာဖွေကြပေမယ့်
မြမြရင်ရဲ့အရိပ်ပင်မတွေ့တော့ပေ ရွာကလူတွေခေါ်ပြီး တစ်ရွာလုံးရှာပေမယ့် မြမြရင်မှာရွာမှပျောက်ချင်းမလှပျောက်သွားတော့သည်

မနက်မိုးလင်းပြီး ဖိုးတေမှာစိတ်ဓာတ်ကျစွာဖြင့်
ကွက်ပျစ်တွင်ထိုင်နေ၏
ထိုစဥ်အိမ်ပေါ်မှ အိုးသံခွက်သံတွေကြားလိုက်ရသည်
ဖိုးတေတစ်ယောက်စိတ်ညစ်ညစ်ဖြင့်အိမ်ပေါ်တတ်လာတော့ မီးဖိုချောင်ထဲတွင် သွေးအလိမ်းလိမ်းနဲ့၀က်ကလီစာတွေကိုအငမ်းမရစားသောက်နေတဲ့
သရဲမအားတွေ့လိုက်ရသည် အနားမှာကားလဲနေတဲ့မြမြရင်ရဲ့အလောင်း

” မြ……”

အသံကြားတော့ သရဲမက ဖိုးတေအားကြည့်ကာ

” အဲ့ဒီနေ့က ၀က်သားကို
ထားခဲ့ရမှာကို နင်ကဂရုတောင်မစိုက်ခဲ့ပေါ့လေ
အဲ့၀က်သားနဲ့ပဲငါနင်နဲ့လိုက်ပါလာခဲ့တာ”

ဆိုပြီး ဘောလုံးပူဖောင်းလေလျော့သလိုဖြစ်ကာ
ထိုနေရာမှပျောက်ကွယ်သွားတော့သည်

ဖိုးတေမှာ သေပြီးနေတဲ့ သူ့မိန်းမအားကြည့်ကာ
ယူကျုံးမရဖြစ်နေရ၏
ပြီးတော့စိတ်ကိုဒုန်းဒုန်းချကာ အနားမှာရှိတဲ့ကြိုးနဲ့ပဲ သူ့ကိုယ်သူအဆုံးစီရင်သွားတော့သည်

ပြီးပါပြီ——–>

နွေးကိုယ်တိုင်ရေးသားသည်

Zawgyi Version

” သရဲလိုက္လာတယ္ ”(စ/ဆုံး)
————————————–

ဖိုးေတတစ္ေယာက္ ေန႔လည္ကတည္းက
၀က္အမဲေပၚလို႔႐ြာနဲ႔အေတာ္အလွမ္းေဝးတဲ့ ေက်းေတာျပင္ကိုသြားေလရဲ႕

ခြဲၾကျခမ္းၾကနဲ႔ အခ်ိန္ေတာ္လင့္မွ ႐ြာကိုျပန္လာခဲ့ရသည္ လက္ထဲမွာေတာ့ လတ္လတ္ႀကီးရွိေသးတဲ့ ၀က္သားတြဲတစ္ခု

နဂိုကတည္းကအသားဟင္းႀကိဳက္တဲ့ သူ႔အဖို႔ကေတာ့ ဒီေန႔ညေနထမင္းၿမိန္ၿပီဆိုတဲ့အေတြးနဲ႔ေက်နပ္လာခဲ့တာေပါ့

ေက်းေတာျပင္နဲ႔ ႐ြာကအလွမ္း​ေ၀းေတာ့ ၾကားထဲလယ္ကြင္းေတြ ေတာေတာင္ေတြေက်ာ္ျဖတ္သြားရသည္

အနည္းဆုံး နာရီ၀က္ေလာက္သြားမွ ေရာက္တဲ့ခရီးျဖစ္ေတာ့ ယခုလည္းေနအေတာ္ေစာင္းမွ ႐ြာကိုျပန္လာရ၏

ဆိုးတာတစ္ခုက ေက်းေတာျပင္မေရာက္ခင္ သူေတာ္ေတာင္ကိုျဖတ္ရသည့္အတြက္ေၾကာင့္ပင္
သူေတာ္ေတာင္ဆိုတာ နတ္ႀကီးတယ္ ေန၀င္ရီတေရာဆို ​​အေျခာက္အလွန္႔လည္းၾကမ္းတာေပါ့

ဖိုးေတမွာ ၀က္သားတြဲနဲ႔ျပန္လာေတာ့ ေရွ႕မွမျဖစ္မေနျဖတ္ရမည့္သူေတာ္ေတာင္ကိုေတြးၿပီးရင္ေလးေနသည္

အမွန္ဆို ေတာသားလူရင့္မာတစ္ေယာက္ျဖစ္ေပမယ့္ ေၾကာက္စိတ္ေတာ့ရွိ၏ သူေတာ္ေတာင္အေၾကာင္းလည္း ေကာင္းေကာင္းသိလို႔ တစ္ေယာက္ထဲစိတ္ထဲမ၀ံ့မရဲျဖစ္ေနသည္

တစ္လမ္းလုံးၿပဳံးေပ်ာ္ၿပီးလာသမွ် သူေတာ္ေတာင္ထဲေျခလွမ္းစလွမ္းေတာ့ ၾကက္သီးေတြတျဖန္းျဖန္းထသြားမိသည္

လာတုန္းကဘာမွမျဖစ္ေပမယ့္ အခုကအခ်ိန္အေတာ္လင့္ေနၿပီး ေမွာင္ရီသန္းေနၿပီျဖစ္၏

ဖိုးေတတစ္ေယာက္ ​​ေျခလွမ္းကပုံမွန္ထက္ပိုေႏွးလာသည္ကိုသတိထားမိလာတယ္ ဘယ္လိုမွန္းမသိ
တစ္စုံတစ္ရာက ကိုယ့္အားဆြဲယူထားသလိုျဖစ္ေတာ့ ခပ္ျမန္ျမန္ေလွ်ာက္ဖို႔လုပ္တိုင္း ေႏွးေကြးသြားရသည္

စိတ္ကိုတင္းတင္းႀကိတ္ကာ ဘာမွမျဖစ္သလိုသြားဖို႔ေတြးလိုက္ေတာ့ သူ႔ေျခေထာက္အားတစက္စက္က်ေနတဲ့အရာတစ္ခုအားခံစားလိုက္ရ၏

ဖိုးေတငုံ႔ၾကည့္လိုက္ေတာ့ သူကိုင္ထားတဲ့၀က္သားတြဲမွ ေသြးေတြဆက္တိုက္က်ေနျခင္းပင္
ဖိုးေတမ်က္လုံးျပဳးသြားသည္ အကုန္လုံးမီးကင္ၿပီးေသခ်ာျပင္လာတဲ့ဟာက ဘယ္လိုလုပ္ၿပီးေသြးစိမ္းေတြက်ေနရတာလဲေပါ့

” အမယ္ေလး”

ဖိုးေတေျခကုန္သုတ္ကာေျပးေတာ့၏ ေနာက္ကိုပင္လွည့္မၾကည့္ပဲ​ ေၾကာက္အားလန္႔အားနဲ႔ေျပးရာ အိမ္ေရာက္ေတာ့ အေမာလုံးေတြဆို႔ေနသည္

ခနတျဖဳတ္နားၿပီးမွ မိန္းမျဖစ္သူအားေခၚကာ ၀က္သားခ်က္ရန္ခိုင္းလိုက္၏

မိုးခ်ဳပ္လို႔စားၿပီးေသာက္ၿပီးေတာ့ ဖိုးေတတို႔လင္မယားမွာ ဗိုက္တကားကားျဖစ္အိပ္ေပ်ာ္သြားခဲ့သည္

ဒီလိုနဲ႔ ညနက္ခ်ိန္ေရာက္ေတာ့ အိမ္ေနာက္ေဖး ၀က္ၿခံမွ ၀က္ေအာ္သံေတြကိုၾကားလိုက္ရတယ္
ဖိုးေတတို႔လင္မယားမွာ ေရာင္းဖို႔ေမြးထားတဲ့ ၀က္သုံးေကာင္ရွိ၏ အိမ္ေနာက္ေဖးတြင္ ၿခံလုပ္ၿပီးထားေတာ့ ၀က္ၿခံနဲ႔အိမ္က ကပ္လ်က္ပင္

၀က္ေအာ္သံေတြၾကားေတာ့ ျမျမရင္ ႏိုးလာခဲ့တယ္

” ဒီအခ်ိန္ဘာထျဖစ္တာတုန္း
ညေနကလည္း အစာအ၀ေကြၽးထားတာကို
သူခိုးေတြမ်ားကပ္တာလား”

စိတ္ထဲဇ​ေ၀ဇ၀ါျဖစ္ကာ ေရနံဆီမီးကိုယူၿပီး အိမ္ေအာက္ဆင္းလာခဲ့၏ မီးကိုခပ္အုပ္အုပ္ထြန္းကာ
အိမ္ေနာက္ေဖးေရာက္ေတာ့ ၀က္ၿခံဆီမွ ရိပ္ခနဲေျပးထြက္သြားတဲ့ အရိပ္တစ္ခုကိုေတြ႕လိုက္ရသည္

ျမျမရင္မွာ ၀က္ၿခံဆီကိုအေျပးသြားကာ ၀က္ေတြကိုၾကည့္လိုက္၏ ၀က္ေတြမွာေတာ့ေအာ္ျမည္ျခင္းမျပဳၾကေတာ့ပဲ တ႐ူး႐ူးမႊန္ကာ အိပ္စက္ေနၾကသည္

” ခုနက ငါအျမင္မွားတာလား”

အိမ္ၿခံ၀ိုင္းအား ေသခ်ာစစ္ေဆးၿပီး အိမ္ေပၚကိုျပန္တတ္လာခဲ့ေတာ့ ခ်မ္းခ်မ္းႏွင့္ေစာင္ၿခဳံကာျပန္အိပ္ရေတာ့၏

မနက္မိုးလင္းလို႔ ျမျမရင္တစ္ေယာက္ ၀က္စာေကြၽးရန္လာခဲ့တယ္

” ဗုေဒၶါ ”

၀က္စာအိုးမွာလက္က လြတ္က်သြားရသည္ ၀က္သုံးေကာင္မွ အႀကီးဆုံးအေကာင္မွာ ဗိုက္ေတြပြင့္ၿပီး ယင္ေတြတ၀ီ၀ီအုံျမည္ေနၾက၏

” ဘယ္လိုျဖစ္ရတာလဲ
ကိုဖိုးေတ ကိုဖိုးေတ လာပါအုံး”

” ေဟဘာတုန္းဟ”

” ဒီမွာလာၾကည့္ပါအုံး”

ဖိုးေတ မွာ၀က္ၿခံနားဆီကိုေရာက္ၿပီး လက္ညႇိဳးထားကာျပလိုက္သည္

” ဟာ ဒါ ဘာျဖစ္တာလဲ”

” မသိဘူး မေန႔ညကေတာင္ ၀က္ေတြေအာ္တာၾကားေတာ့ က်ဳပ္ဆင္းၾကည့္ေသးတယ္
အဲ့မွာ က်ဳပ္ေရွ႕ကျဖတ္သြားတဲ့ လူရိပ္ကိုေတြ႕လိုက္တယ္ က်ဳပ္ကသူခိုးထင္လို႔ အိမ္၀ိုင္းေတြကိုစစ္ၾကည့္ေသးတယ္
ခုမိုးလင္းေတာ့ ဒီလိုျဖစ္ေနတာ”

ဖိုးေတတို႔လင္မယားမွာ အေျဖရွာမရဘဲ ေခါင္းေတြခ်ာခ်ာလည္ေနၾကတယ္ အရင္ကဒီလိုမျဖစ္ဖူးေတာ့ ဘယ္လိုျဖစ္သြားမွန္းလဲမသိၾကဘူး

ေသေနတဲ့၀က္အား ဆာလာအိတ္ျဖင့္ထုပ္ကာ
ျမႇဳပ္ရန္သာရွိေတာ့၏ ဖိုးေတမွာ ေပါက္တူးတလက္ကိုယူၿပီး ျမဳုေတြဆိုင္းေနတဲ့ ဓနိေတာထဲ၀င္လာခဲ့သည္

ၿပီးေတာ့ ေျမကိုေပါက္တူးျဖင့္တူးကာ ခါးေလာက္ေရာက္ေတာ့ ၀က္ေသအားပစ္ခ်လိုက္ၿပီးေျမဖို႔ၿပီးသည္ႏွင့္ စိတ္မေကာင္းစြာနဲ႔အိမ္ျပန္လာရ၏

ထိုစဥ္ ဓနိေတာဆီမွ တဖြားဖြားယက္ေနတဲ့အသံကို႐ုတ္တရက္ၾကားလိုက္ရသည္
ဖိုးေတမွာအသံၾကားေတာ့ ျပန္လွည့္ကာ ျမဳုေတြၾကားထဲမွ ဓနိပင္ၾကားကိုၾကည့္လိုက္၏

ထိုစဥ္ သူျမႇပ္ခဲ့တဲ့ ၀က္ေသေနရာတြင္ ဆံပင္ဖားယားနဲ႔လူတစ္ေယာက္မွာ ၀က္ေသေကာင္အား ပေလာင္းပလဲစားေသာက္ေနတာကိုျမင္ေတာ့ ဖိုးေတတစ္ေယာက္ ေျခလွမ္းခပ္ဖြဖြ​ျဖင့္​ အနားကိုေလွ်ာက္သြားလိုက္ၿပီး

“အဲ့မွာ ဘယ္သူလဲ”

ဖိုးေတေမးလိုက္ေတာ့ အငမ္းမရစားေနတဲ့ လူက
၀က္ေသအားယူ၍ဓနိေတာထဲကိုေျပးကာ၀င္ေရာက္ေပ်ာက္ကြယ္သြားေတာ့သည္

ဖိုးေတတစ္ေယာက္ အျဖစ္အပ်က္ကိုနားမလည္ႏိုင္ဘဲ ေၾကာက္စိတ္ကႀကီးစိုးလာခဲ့တယ္
စိတ္ထဲ၌လည္း

” ဒါ လူမျဖစ္ႏိုင္ဘူး”

ေတြးရင္ ၾကက္သီးေတြထလာေတာ့ ထိုေနရာမွအျမန္ဆုံးေျပးထြက္လာခဲ့ေတာ့၏

**************

ျမျမရင္မွာ တစ္ေန႔လုံးမႈိင္ေနသည္ အေၾကာင္းအရင္းရွာမရတဲ့ ၀က္ေသတဲ့အေၾကာင္းကိုစိတ္ထဲကထုတ္မရေပ

” ဒီေန႔ညအဲ့လိုထပ္ျဖစ္ရင္ တစ္ညလုံးမအိပ္ဘဲေစာင့္အုံးမယ္”

ဆိုၿပီးလည္း အေတြးေတြထုတ္ေနမိသည္

ယေန႔ညလည္း ပုံမွန္တိုင္းပဲ အခ်မ္းဓာတ္ေတြျပည့္ႏွက္လ်က္ တစ္ခါတစ္ခါ႐ြာအေရွ႕ေတာင္တန္းဆီကေနလာတဲ့ ေျမေခြးအူသံတို႔ကတိတ္ဆိတ္မႈကိုခြင္း၍ၾကားေနရသည္

ဖိုးေတတို႔မွာ ဆီမီးခြက္ကိုတိုင္မွာခ်ိတ္ၿပီး ၀က္ၿခံဆီကိုအာ႐ုံေရာက္ေနၾက၏
ထိုစဥ္ အိမ္ေရွ႕ဆီမွ၀င္လာတဲ့ေျခသံကိုၾကားလိုက္ရသည္ လင္မယားႏွစ္ေယာက္ ဘယ္သူလဲလို႔ထြက္ၾကည့္ေတာ့ ၿခံ၀တြင္ေခါင္းငုံ႔ကာရပ္ေနတဲ့လူတစ္ေယာက္ကိုျမင္ၾကသည္

” ဘယ္သူလဲ ”

ျမျမရင္ေမးေတာ့ ထိုလူမွာေခါင္းေဖာ္လိုက္ၿပီး

” ငါပါ သိန္းဆိုင္ပါ ”

” ဟင္ ကိုသိန္းဆိုင္ ဘာကိစၥရွိလို႔လဲ”

” မင္းတို႔အိမ္နားက ၀က္ေတြေအာ္သံၾကားလို႔
ဘယ္တုန္းကေမြးထားတာလဲ”

အရင္းမရွိအဖ်ားမရွိေျပာလိုက္တဲ့စကားေၾကာင့္
ဖိုးေတတို႔လင္မယားမွာ သိန္းဆိုင္အားနာမလည္ႏိုင္ေပ

” ကိုသိန္းဆိုင္ကလဲ ေနာက္ၿပီ
၀က္၀ယ္တုန္းက ကိုသိန္းဆိုင္တို႔လင္မယားလဲ
ပါတာပဲေလ”

” ေၾသာ္ ေအး ငါကဒီအတိုင္းေမးၾကည့္တာပါ”

ဆိုၿပီး သိန္းဆိုင္မွာ ဆက္မေျပာေတာ့ဘဲ ၿခံေရွ႕မွထြက္ကာ အေမွာင္ထဲတိုး၀င္ေပ်ာက္ကြယ္သြားေတာ့၏

ဖိုးေတတို႔မွာ ေၾကာင္အမ္းအမ္းျဖစ္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ေမးေငါ့ကာ အိမ္ေနာက္ေဖးကို၀င္လာခဲ့ၾကသည္

အိမ္ေနာက္ေဖးေရာက္ေတာ့ သူတို႔မထင္မွတ္ထားတဲ့အရာတစ္ခုကဆီးႀကိဳေနတယ္ ဘာလဲဆိုေတာ့
မနက္တုန္းကလိုပဲ ၀က္တစ္ေကာင္မွာ ဗိုက္ေတြပြင့္ၿပီးေသေနသည္

” အလို ဘုရားဘုရား
ဘယ္လိုျဖစ္ျပန္တာလဲ”

” ကိုဖိုးေတ တစ္ခုခုေတာ့မွားေနၿပီေနာ္
က်ဳပ္ေၾကာက္လာၿပီ ခုနကပဲအေကာင္းတိုင္းရွိေသးတာ ”

“႐ိုးေတာ့မ႐ိုးသားေတာ့ဘူး
နင္ဒီမွာေနခဲ့ ငါ႐ြာထဲက ဦးညာဏကိုသြားေခၚၿပီးျပန္လာခဲ့မယ္”

” မေနဘူး က်ဳပ္မေနရဲဘူး”

” မေနလို႔မရဘူးေလ ငါတို႔မရွိရင္ က်န္ေတာ့တဲ့
ဒီ၀က္လဲေသအုံးမွာ ခနပဲၾကာမွာေနာ္”

” က်ဳပ္မေနရဲဘူးေတာ္”

” ေရာ့ ဒီဆီမီးခြက္ကိုယူထား ဟိုနားကဓားကိုကိုင္ထား ငါမေရာက္ခင္ဘာပဲလာလာ ခုတ္ပစ္”

” ကိုဖိုးေတ….”

ဖိုးေတမွာ ဆက္မေျပာေတာ့ဘဲ ႐ြာထဲကိုေျပးသြားေတာ့သည္ က်န္ေနခဲ့တဲ့ျမျမရင္မွာေတာ့ ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ ဟိုၾကည့္ဒီၾကည့္ျဖင့္က်န္ေနခဲ့၏

” ရွဲ ရွဲ ရွဲ”

ခနၾကာေတာ့ သူ႔အေနာက္မွ လာေနတဲ့ေျခသံကိုၾကားလိုက္ရသည္ ျမျမရင္မွာ ဒူးပင္မခိုင္ခ်င္ေတာ့
မၿမဲတၿမဲကိုင္ထားတဲ့ဓားမွာလည္း တုန္တုန္ရီရီနဲ႔
ဆီမီးခြက္ကို ရမ္းကာ ေျခသံလာရာကိုမရဲတရဲၾကည့္လိုက္၏

ထိုစဥ္ ​တျဖည္းျဖည္းေလွ်ာက္လာတဲ့အရာက ရပ္လိုက္ၿပီး အေမွာင္ထဲမွေငါ့ေငါ့ႀကီးထြက္လာကာ
တုန္ရီေနတဲ့ျမျမရင္ေရွ႕သို႔ ၀ုန္းခနဲခုန္ခ်လိုက္သည္

” အမယ္ေလး သရဲ သရဲ”

ပါးစပ္တြင္ေသြးအလိမ္းလိမ္းကပ္ေနၿပီး ၀က္အူေတြကိုငုံထား၏ မဲနက္ၿပီးအေမႊးေတြမွာတစ္ကိုယ္လုံးျပည့္နက္ေနတဲ့အရာႀကီးမွာ ျမျမရင္အား

“ဂါးးးးးး”

ဆိုၿပီးခုန္အုပ္လိုက္ေတာ့သည္

“ျမန္ျမန္လာပါ ဦးေလးရ ဟိုမွာျမရင္တစ္ေယာက္ထဲ ”

” ငါလဲေလွ်ာက္ေနတာပဲကြာ ဓာတ္မီးက သိပ္မလင္းေတာ့ အဆင္မေျပဘူးဟ”

ဖိုးေတနဲ႔ဦးညာဏတို႔ႏွစ္ေယာက္မွာေျပာေျပာဆိုျဖင့္ ၿခံထဲ၀င္လိုက္ၾက၏

” ျမရင္ေရ ေဟ့ျမရင္”

ဖိုးေတေအာ္ေခၚေပမယ့္ ျမျမရင္ရဲ႕အသံမၾကားရေပ ႏွစ္ေယာက္သားအိမ္ေနာက္ေဖး၀င္ခဲ့ၾကေတာ့
ၿငိမ္းေနတဲ့ဆီမီးခြက္ လႊင့္ပစ္ထားဟန္ရွိတဲ့ဓားမတစ္လက္ ဗိုက္ေတြပြင့္ေနတဲ့၀က္ေသတစ္ေကာင္ကိုသာေတြ႕ရေတာ့၏

” ဘယ္မလဲ ျမျမရင္”

” လုပ္ပါအုံးဦးေလး ျမရင္တစ္ခုခုျဖစ္ေနၿပီလားမသိဘူး မလာခင္တုန္းကက်ဳပ္အေသခ်ာမွာခဲ့တာ
ၿပီးေတာ့ ဒီမွာလည္း က်န္ေနတဲ့၀က္လည္းမရွိေတာ့ဘူး”

ဖိုးေတတို႔မွာ ေတြ႕လိုေတြ႕ျငားရွာေဖြၾကေပမယ့္
ျမျမရင္ရဲ႕အရိပ္ပင္မေတြ႕ေတာ့ေပ ႐ြာကလူေတြေခၚၿပီး တစ္႐ြာလုံးရွာေပမယ့္ ျမျမရင္မွာ႐ြာမွေပ်ာက္ခ်င္းမလွေပ်ာက္သြားေတာ့သည္

မနက္မိုးလင္းၿပီး ဖိုးေတမွာစိတ္ဓာတ္က်စြာျဖင့္
ကြက္ပ်စ္တြင္ထိုင္ေန၏
ထိုစဥ္အိမ္ေပၚမွ အိုးသံခြက္သံေတြၾကားလိုက္ရသည္
ဖိုးေတတစ္ေယာက္စိတ္ညစ္ညစ္ျဖင့္အိမ္ေပၚတတ္လာေတာ့ မီးဖိုေခ်ာင္ထဲတြင္ ေသြးအလိမ္းလိမ္းနဲ႔၀က္ကလီစာေတြကိုအငမ္းမရစားေသာက္ေနတဲ့
သရဲမအားေတြ႕လိုက္ရသည္ အနားမွာကားလဲေနတဲ့ျမျမရင္ရဲ႕အေလာင္း

” ျမ……”

အသံၾကားေတာ့ သရဲမက ဖိုးေတအားၾကည့္ကာ

” အဲ့ဒီေန႔က ၀က္သားကို
ထားခဲ့ရမွာကို နင္ကဂ႐ုေတာင္မစိုက္ခဲ့ေပါ့ေလ
အဲ့၀က္သားနဲ႔ပဲငါနင္နဲ႔လိုက္ပါလာခဲ့တာ”

ဆိုၿပီး ေဘာလုံးပူေဖာင္းေလေလ်ာ့သလိုျဖစ္ကာ
ထိုေနရာမွေပ်ာက္ကြယ္သြားေတာ့သည္

ဖိုးေတမွာ ေသၿပီးေနတဲ့ သူ႔မိန္းမအားၾကည့္ကာ
ယူက်ဳံးမရျဖစ္ေနရ၏
ၿပီးေတာ့စိတ္ကိုဒုန္းဒုန္းခ်ကာ အနားမွာရွိတဲ့ႀကိဳးနဲ႔ပဲ သူ႔ကိုယ္သူအဆုံးစီရင္သြားေတာ့သည္

ၿပီးပါၿပီ——–>

ေႏြးကိုယ္တိုင္ေရးသားသည္