မကြောက်တတ်ဖူးဆို(ဖြစ်ရပ်မှန် စ/ဆုံး)

Unicode Version

မကြောက်တတ်ဖူးဆို(ဖြစ်ရပ်မှန် စ/ဆုံး)
============================
ကျွန်တော်တို့နေထိုင်ကြတဲ့ လူ့လောက လူ့ကမ္ဘာကြီးမှာ ပရလောကလို့ခေါ်တဲ့ လောကတစ်ခု ကလည်း တည်ရှိ ဖြစ်တည်လျှက်ရှိတယ် ။ အဲ့ဒီ ပရလောကကြီးမှာ ဘုရားဟော ကြမ်းဂန်တွေထဲမှာ ပါ၀င်ကြတဲ့ ‘ ပြိတ္တာ ဘုံသားတွေ ’ နေထိုင်ကြတယ် ၊ သူတို့တွေဟာ ကျွန်တော်တို့ လူသားများနှင့်မတူညီကြပဲ ကြောက်မက်ဖွယ် ရုပ်အဆင်းသဏ္ဍန် များ ခြောက်ခြားဖွယ်ရာ အသံများ စတာတွေကို ပိုင်းဆိုင်ထားကြသူတွေဖြစ်တယ် ၊ ဘုရားဟော အရာဆိုရင်တော့ လူ့ ထက် နိမ့်ကျတဲ့ အောက်ဘုံ(အပ္ပယ်ဘုံ) သားတွေလို့ပဲ ဆိုရပါမယ် ၊ ဒါကိုကျွန်တော်တို့ လက်ခံရမယ် ၊ တနည်းအားဖြင့် ပုံမှန်ဆိုလျှင် ကျွန်တော်တို့ လူသာမာန် မျက်စိအမြင်နဲ့ မမြင်နိုင်တဲ့ ပရလောကသားတွေဟာ ကျွန်တော်တို့ ပတ်၀န်းကျင်မှာပဲ တည်ရှိနေတယ်လို့ဆိုရမယ့် အမှန်တရားတစ်ခုကို ယုံကြည်ကြရမယ် ။

ဘာသာရေးအမြင်အရ ကျွန်တော် တင်ပြခြင်းဖြစ်သည် ၊ ဟုတ်ပြီ လက်တွေ့အနေနဲ့ရောလို့မေးစရာရှိလာပါပြီး ၊ ပရလောကဆိုတာ တကယ်ရှိပါတယ် ၊ ‘ ပြောမယုံ ကြုံဖူးမှ သိ ’ ဆိုတဲ့စကားကအလကားဖြစ်လာတာမဟုတ်ပါဘူး ၊ လောကကြီးမှာ သရဲတစ္ဆေလို့ခေါ်တဲ့ ပြိတ္တာဘုံသား ပရလောကသားတွေရဲ့အကြောင်း ကို စာတွေ ၊ ရုပ်ရှင် ဇာတ်လမ်းတွေ ၊ အချို့သော ဓါတ်ပုံတွေမှာ အကျယ်တ၀င့် ဖော်ပြနေတာကို စာဖတ်သူတို့လည်း မျက်ဝါးထင်ထင် မြင်ကြရမှာပါ ၊ ကျွန်တော် ယခုလို နိဒါန်းပျိုးနေရခြင်းမှာ အခြားမဟုတ်ကျွန်တော့် ကိုယ်တွေ့ ပရလောက ဖြစ်ရန်မှန် ဇာတ်လမ်းလေးကို စာဖတ်သူတို့ အားလုံ သိစေဖို့ရာ ရေးသား ဖော်ပြတော့မှာ ဖြစ်တဲ့အတွက်ပါ ။ယခုတင်ပြမယ့် ဇာတ်လမ်းလေးမှာ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်တဲ့အတွက်ကြောင့် တစ်ချို့နေရာတွေမှာ လက်တွေ့မဆန်တဲ့အကြောင်းအရာလေးတွေ ပါကောင်းပါနေမှာပါ၊ကာယကံရှင် လူတစ်ချို့တွေရဲ့ အမည်နာမတွေကိုလည်း ကျွန်တော် လွဲပြီးတော့ ရေးသားထားပါတယ် ။ကျွန်တော့်အတွက်ကတော့ ဒီဇာတ်လမ်းလေး ကြုံတွေ့ခဲ့ရတဲ့ အချိန် အခိုက်အတန့်က ဘ၀မှာ ဘယ်တော့မှ မေ့ဖျောက်နိုင်တော့မှာ မဟုတ်တဲ့ ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးကြီးတစ်ခု အဖြစ်နဲ့ ထာ၀ရတည်ရှိနေမှာပါ ….

ဇာတ်လမ်းလေးက ဒီလို…………

ကျွန်တော့် နာမည်က ‘ မိုးစွေ ’ ပါ ။ မော်လမြိုင်မြိုကလေးက ကျွန်တော့်မွေးရပ်ပေါ့ ၊ ကျွန်တော်တို့ မိသားစုက မော်လမြိုင်မြို့ရဲ့ မြို့စွန် ရပ်ကွက်ငယ်လေးတစ်ခု မှာ နေကြတယ် ၊အိမ်မှာက ကျွန်တော်ရယ် ၊ အဖိုးရယ် ၊ ကျွန်တော်တော့် အဖေနဲ့ အမေရယ် ပေါင်း လေးယောက် အတူတူနေထိုင်ကြတယ် ။ ကျွန်တော်တို့ မိသားစုကို ရပ်ကွက်ထဲမှာ မသိတဲ့သူ မရှိသလောက်ပဲ တစ်ခြားကြောင့်တော့မဟုတ်ပါဘူး ၊ ကျွန်တော့်ရဲ့ အာဂ အဖိုး ‘ ဦးကြည် ’ ကြောင့်ပေါ့ ၊ အဖိုးက ဘာလို့နာမည်ကြီးတာလည်းဆိုရင် သတ္တိကောင်းလို့ဗျ ၊ ရပ်ကွက်ထဲမှာ ‘ ဦးကြည်’ လို့မေးလိုက်ရင် ကလေးကအစ လူကြီးအဆုံး အကုန်လုံးသိကြတယ်လေ ၊ အဖိုးနာမည်ကြီးတာက အကြောင်းရှိတယ် ဒီလိုဗျ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ ကအရင်တုန်းက စစ်သားကြီး ၊ ပြီးတော့ သူက အကြောက်အလန့်ကလည်းမရှိတတ်ဘူး ၊ လူလူခြင်းမပြောနဲ့သရဲနဲ့တောင် တစ်ယောက်ချင်း နပန်းလုံးသတဲ့လေ ။

အဲ့ဒီ အဖြစ်အပျက် ဖြစ်တုန်းက မှတ်မှတ်ရရ ၁၉၉၆ / ၉၇ ၀န်းကျင်လောက်ကဗျ ။ ကျွန်တော်ဒီလို ခုနစ် တိတိကျကျပြောနိုင်တာကလည်း အဖိုး ‘ ဦးကြည် ’ က ဒီအဖြစ်အပျက်ကို ခဏခဏ ပြန်ပြောပြနေတော့ နားထဲစွဲနေတာပေါ့လေ ။ အဲ့ဒီအချိန်က အဖိုးက အမှတ် (… ) တပ်မတော်ထဲမှာ (…)ရာထူးနဲ့ တာ၀န်ထမ်းဆောင်နေတဲ့အချိန်ပါ ၊ သူတို့ တပ်စခန်းအနေအထားကို နဲနဲရှင်းပြမယ် ၊ တပ်ရဲက ၀န်းထဲမှာကဘောလုံးကွင်း ကွင်းပြင် အကျယ်ကြီးတစ်ခုရှိတယ် ၊ အဲ့ဒီ ကွင်းကြီး ကနာမည်ကြီးပဲ သရဲအရမ်းခြောက်တာဘောလုံးကွင်းကြီးနား ညပိုင်း ဂျူတီကျတဲ့ တပ်သားတိုင်းလိုလို သရဲနဲ့ ကြုံဖူးကြတယ်ဗျ ၊ ကြေက်ဖျား ဖျားပြီးတော်တော်လေးကုလိုက်မှပြန်ကောင်းလာတဲ့လူတွေလဲရှိတယ် ၊ ကြမ်းတာလည်း မပြောနဲ့လေ အဲ့ဒီ ဘောလုံးကွင်းကြီးက တစ်ခါတုန်းက သုသာန်ဟောင်းကြီးလေ ၊ အဲ့ဒါကို မင်းမိန့်(စစ်မိန့်) နဲ့ မြင်အပ်မမြင်အပ်ပရလောကသားတွေကို နေရာရွေ့ပေးလိုက်ကြပြီး ဘောလုံးကွင်းအဖြစ် မြေပြန် ညှိထားတာပေါ့ ၊ ဒါပေမယ့် နေရာရွေ့တော့ မပါသွားပဲ ကျန်ရစ်ခဲ့တဲ့ တစ္ဆေ ရှိတဲ့ပုံပဲ ၊ ဒါ့ကြောင့် ခြောက်လန့်နေတာပေါ့ ၊ အဲ့ဒီ တစ္ဆေကထူးဆန်းတယ် တစ်နေကုန်အကောင်း ညပိုင်း အပုတ်ချိန်၀င်ခါစနွားရိုင်းသိမ်းချိန် ဖြစ်တဲ့နေ၀င်ရီတရော အချိန်ဆိုရင် စပြီးတော့ ခြောက်လန့်တော့တာပဲ ။

တစ်နေ့မှာပေါ့ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ သရဲခြောက်တာကြမ်းတဲ့ ဘောလုံးကွင်းကြီးနားကိုညပိုင်း ကင်းစောင့်ဖို့ တာ၀န်ကျလာတယ် ၊ တပ်ထဲမှာက အမိန့်တစ်ခုရှိတယ် ညဆိုရင် ကင်း တာ၀န်ကျတဲ့သူကလွဲရင် ကျန်တဲ့သူ ဘယ်သူမှ ၊ ဘာကိစ္စနဲ့မှ အပြင်ကို ထွက်ခွင့် မရှိဘူး ။ ညပိုင်း ည ၁၀ နာရီလောက် မှာကျွန်တော်တို့အဖိုးလည်း သူတာ၀န်ကျတဲ့နေရာမှာ ကင်းစောင့်ဖို့ ဂတ်ထဲကနေ ထွက်လာခဲ့တယ် ၊သူကင်းစောင့်ရမယ့် နေရာလည်း ရောက်ရော ညမှောင်မှောင် ဘောလုံးကွင်းကြီးထဲမှာ စစ် စွတ်ကျယ် နဲ့ ဘောက်ဘီတို ကို၀တ် ထားတဲ့ လူတစ်ယောက် ပြေးလွှားနေတာကို တွေ့သတဲ့ ၊ အဖိုးကလည်း အဲ့ဒီအချိန်ထိလူလို့ပဲထင်နေတာ အဲ့တာနဲ့ သူလည်း ပြေးနေတဲ့သူကို ဓါတ်မီးနဲ့ ထိုးပြီး အဲ့ဒီ လူအနားပြေးသွားပြီး ပါးစပ်ကလည်း လှမ်းအော်ပြောလိုက်တယ် …. ။

“ ဟေ့လူ ခင်ဗျား စည်းကမ်းနားမလည်ဘူးလားဗျ ၊ ဒီအချိန်ကြီး အပြင် မထွက်ရဘူးဆိုတာ ”

အဲ့ဒီလို မေးနေရင်း ကွင်းထဲမှာ ပြေးလွှားနေတဲ့ သူ အနားကို အဖိုးလည်းရောက်ရော အဲ့ဒီလူကမျက်စိရှေ့တင် ပျောက်သွားရော ၊ အဖိုးလည်း ကြောင်သွားတာပေါ့ ၊နောက်ပြီးတော့ သူသိလိုက်တယ် ဒါ ဘောလုံးကွင်းထဲက တစ္ဆေက သူ့ကို ခြောက်လန့်နေပြီဆိုတာကိုလေ ၊ ဒါပေမယ့် အဖိုးက မကြောက်တတ်ဘူး သူ့ကို စနောက်ပြီး ခြောက်လန့်ရကောင်းမလားဆိုပြီး ပျောက်သွားတဲ့ တစ္ဆေကိုဒေါသတွေထွက်ပြီး လက်ထဲက ဓါတ်မီးနဲ့ ဟိုဟိုဒီဒီလိုက်ရှာနေတော့ သကောင့်သား တစ္ဆေကဟိုး… ကွင်းအစပ်နားကနေ လက်ပိုက်ပြီး အဖိုးကိုကြည့်နေသတဲ့ ၊ ကိုယ်တွေအဖိုးကလည်း ခေသူမဟုတ်ဒေါသတကြီးနဲ့ ပါးစပ်ကလည်း အယုတ်တ အန္နတတွေ ဆဲဆိုရင်းနဲ့ ကွင်းအစ်က တစ္ဆေကို စိန်ခေါ်နေတာပေါ့ ၊တစ္ဆေကလည်း သူ့ကို ကျွန်တော်တို့အဖိုးက ဆဲ့ဆိုပြီး စိန်ခေါ် စော်ကားနေမှန်းသိတော့ ကွင်းအစပ်နေရာကနေချက်ချင်း ကိုယ်ပျောက်သွားတယ် ၊ အဖိုးကလည်း ဒေါသတကြီးနဲ့ ဓါတ်မီးအလင်းရောင်နဲ့ ပတ်၀န်းကျင်မှာလိုက်ရှာနေတာ ၊ အဲ့ဒီအချိန်မှာ အဖိုးနားတဝိုက်မှာ အေးသလိုဖြစ်သွားတော့ အဖိုးကသူ့ဘေးနားကိုဓါတ်မီးနဲက ထိုးကြည့်လိုက်တယ် အဲ့ဒီမှာ .. ဘုရားဘုရား ရုပ်ပျက်ဆင်းပျက် မျက်နာကြီးနဲ့ ခုနက ကွင်းထဲပြေးနေတဲ့ တစ္ဆေကြီးဖြစ်နေတယ် ၊ မကြောက်တက်တဲ့ အဖိုးတောင် ရုတ်တရက်ဆိုတော့ လန့်ပြီး အနောက်ဆုတ်သွားမိတယ် တစ္ဆေကြီးကလည်း ချက်ချင်းဆိုသလို သူ့ရဲ့ သန်မာတဲံ လက်ကြီးနှစ်ဖက်နဲ့အဖိုးရဲ့ လည်ပင်းကို ညှစ်တော့တာပဲ အဖိုးကလည်း စစ်သားဆိုတော့ ဘယ်ရမလည်း သင်ထားသမျှ ကိုယ်ခံပညာတွေနဲ့ တစ္ဆေကြီးလက်ကနေ ရအောင် ရုန်းတယ် ၊ နောက်ဆုံး အဖိုးလွတ်ကျသွားပြီးမြေပြင်ပေါ် ပြစ်လဲသွားတာနဲ့ ချက်ချင်းပြန်ထလိုက်ပြီး တက်ကျွမ်းသမျှ လက်သီးထိုးနည်းတွေနဲ့တစ္ဆေကြီးကို တရစပ်ကို ထိုးတော့တာပဲ သူထိုးသမျှကို တစ္ဆေကြီးက ဘာမှပြန်မလုပ်ပဲ ရင်ကော့ခံပေးထားတယ် ထိုးသာ ထိုးနေရတယ် ဖွဲအိတ်ကြီး ထိုးနေရသလိုပဲ တစ္ဆေကြီးက အပြုံးမပျက်ဘူး ၊ နောက်တော့ အဖိုးမောလောက်ပြီဆိုမှ တစ္ဆေကြီးက ဘုန်းသီးအသေးအရွယ်လောက်ရှိတဲ့ သူရဲ့ လက်သီးလုံးကြီးနဲ့တစ်ချက်ပြီးတစ်ချက် အဖိုးကို ပစ်ထိုးတော့တာပဲ အဖိုးကလည်း ဒီတိုင်းခံထိုးနေရင် အဆင်မပြေမှန်းရိပ်စားမိပြီးသူ့ကို စစ္ဆေကြီး ဆက်ထိုးလို့မရအောင် တစ္ဆေကြီးရဲက ကိုယ်ကို အတင်းပြေးဖတ်ပြီး နပန်းလုံးတော့တာပဲဟိုကလည်း ငြိမ်မနေဘူး ပြန်လုံးတာ အဲ့လိုလုံးနေတော့လဲ တစ္ဆေကြီးက အားဘယ်လောက် ကြီးသလည်းမမေးနဲ့ အဖိုးဆို တစ်ကိုယ်လုံး အရိုးတွေ ကျိုးကြေသွားသလား အောက့်မေ့ရတယ်ဆိုပဲ ။

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ ရဲ့ အထပ်က အရာရှိက အဖိုးဂျူတီချိန်ပြီးတာတောင် ပြန်မလာသေးတော့ တစ်နေရာရာမှာများ မူးပြီး အိပ်နေတာလားဆိုပြီး နောက်ထပ် ရဲဘော်နှစ်ယောက်ကို အဖိုးနောက်လိုက်ခိုင်လိုက်ရော ၊ ရုံးကနေ လာတဲ့ရဲဘော်နှစ်ယောက်က အဖိုးဂျူတီကျတဲ့နေရာရောက်တော့ ညအမှောက်ကြီး ကွင်းထဲမှာ အော်ဟစ်ပြီး ဖုံတလုံးလုံးနဲ့ နပန်းလုံး ထိုးကျိတ်နေကြတဲ့ တစ္ဆေကြီးနဲ့ အဖိုးကို မြင်တော့ ဓါတ်မီးနဲ့လှမ်းထိုးပြီး အဖိုးနားပြေးလာတဲ့အချိန်မှာပဲ အဖိုးနဲက ထိုးနေတဲ့ တစ္ဆေကြီးက ကွင်းကြီးရဲ့ တစ်နေရာကို ထွက်ပြေးသွားခဲ့တယ် ။အဖိုးကလည်း ဒဏ်ရာတွေနဲ့ သက်မျော့မျော့ပဲ ကျန်တော့တဲ့ ရဲဘော်နှစ်ယောက်လည်း အဖိုးကိုထမ်းပြီး တပ်မတော် ဆေးရုံအမြန်ပို့လိုက်ကြရတယ်လေ ။ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ ရဲ့ အထပ်ကအရာရှိကလည်း ဆေးရုံအထိလာကြည့်တယ် မယုံတာလည်း ပါတာပေါ့ နောက်တော့ အဖိုးလည်ပင်းကညိုမဲနေတဲ့ လက်ရာကြီးကို မြင်မှ လက်ခံသွားတယ် ၊ အဖိုးက ဆေးရုံတော့ တော်တော်ကြာကြာလေးကိုတက်လိုက်ရတယ် ၊ အဲ့ကတည်းကစပြီး သရဲနဲ့ နပန်းလုံးတဲ့ တစ္ဆေမကြောက် ‘ ဦးကြည် ’ ဆိုပြီးဖြစ်လာခဲ့တာပေါ့ ။

ဒါက ကျွန်တော်တို့အဖိုးရပ်ကွက်ထဲမှာ နာမည်ကြီးရတဲ့ အဖြစ်လေး ၊ သူနဲကအတူ တာ၀န်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းအဖိုးကြီးတွေ ဆုံရင်လည်း အဖိုးအကြောင်း အမြဲပြောပြကြတယ် ။ အဖိုး ‘ ဦးကြည် ’ ကသတ္တိ ဘယ်လောက်ကောင်းကြောင်း ၊ သရဲနဲကတောင် နပန်းလုံးဖူးကြောင်းစသဖြင့်ပေါ့ ၊ ဒါပေမယ့် တစ္ဆေမကြောက်သူ ကျွန်တော်တို့ အဖိုးရဲ့ အဖြစ်က ဒီလိုနဲ့ ပြီးမသွားသေးဘူးဗျ ၊ နောက်ဆက်တွဲက ကျန်သေးတယ် ၊ အခုဖြစ်ရပ်ကြတော့ ကျွန်တော်ပါ ပါတယ် တစ်ကယ်ကိုယ်တွေ့ပေါ့ဗျာ ။

အဲ့ဒီတုန်းက ၂၀၀၅ ခုနစ် ၊ ကျွန်တော် ငါးတန်းကျောင်းသား အရွယ်ပဲရှိသေးတယ် ။ အဖိုး ‘ ဦးကြည် ’ ကတော့ အသက်အရွယ်အရ တပ်ကထွက်ပြီး အငြိမ်းစားဘ၀နဲ့ပေါ့ ။ ကျွန်တော်တို့ မော်လမြိုင်မှာ ‘ သရက်ကုန်း ’ ဆိုတဲ့ နေရာလေးတစ်ခုရှိတယ်ဗျ ။ အဲ့ဒီမှာက တရုတ်နဲ့ ကုလား လူမျိုးတွေ ပဲအများဆုံးနေကြတာ မြန်မာဆိုတာ ခပ်ရှားရှားပဲ ။ သူတို့တွေက များသောအားဖြင့် ခြံစိုက်စားကြတယ် ၊ ရာသီအလိုက် ရာသီပေါ် သီးနှံတွေမျိုးစုံ ကိုစိုက်ပျိုးကြတယ် ဒါသူတို့ရဲ စီးပွားရေးလုပ်ငန်းပေါ့ ၊ အဲ့ဒီလို ခြံတွေထဲမှာမှ ‘ ဦးဂွမ်တီး ’ ဆိုတဲ့ တရုတ် အဖိုးကြီးတစ်ယောက် ပိုင်တဲ့ ခြံကြီးတစ်ခြံရှိတယ်ဗျ ၊အဲ့ဒီခြံကြီးက သရဲ တစ္ဆေ အရမ်းခြောက်ပြီး မြေကြမ်းတဲ့ခြံကြီးရယ်လို့ လူသိများကြ တယ် ။ နေ့ခင်းကြောင်တောင် အချိန်မှာတောင် အခြောက်အလန့်က ရှိလို့ လူတွေက အဲ့ဒီခြံကြီးအနားဆိုရင်ဖြတ်မသွားရဲကြဘူး ရှောင် ကွင်းပြီး သွားကြတယ် ၊ ဒီအကြောင်းတွေကို ခြံပိုင်ရှင်တွေလည်းသိပုံရတယ် ၊ဒါပေမယ့် ခြံကြီးထဲမှာ ထူးထူးခြားခြား ဘုန်းကြီးပင့်တာတို့ ၊ ဘုရားစာရွတ်ဆိုတာတို့ သရဲနှင်တာတို့လုပ်ကြတာ တစ်ခါမှတော့ မမြင်ဖူးဘူး ဘာကြောင့်မှန်းတော့ သေချာမသိ ။

ကျွန်တော်တို့ နေတဲ့ အိမ်နဲ့ ‘ သရက်ကုန်း ’ က သိပ်မဝေးသလို နီးလည်းမနီးဘူးဗျ ။မှတ်မိသေးတယ် အဲ့ဒီအချိန်က ဇွန်လ မိုးတွင်းအချိန်ကာလ ကြီး ၊ ကောင်ကင်ကမိုးရေစက်တွေကအိမ်ခေါင်များပေါ်ကတစ်ဆင့် တစက်မြိတ်လေးကနေ မြေပြင်ကို အပြေးအလွှား ပြေးဆင်းနေကြတဲ့အချိန် ၊ မိုးမျှော် ဖားတွေ မြူးတူးနေကြပြီး ၊ ကောင်ကင်ကြီး ၀မ်းနည်းနေတဲ့ အခိုက်အတန့်တစ်ခု ။တစ်နေ့မှာ ညနေနေ၀င်ရီတရော အချိန်ကျွန်တော့် အဖိုး ‘ ဦးကြည် ’ က အိမ်အပြင်ဘက်ကိုမျှော်ကြင့်နေရင်း သူ့နဘေးမှာ ထိုင်နေတဲ့ မြေးဖြစ်သူ ကျွန်တော်ကို စကားဆိုလာတယ် ။

“ မြေးရေ ‘ မိုးစွေ ’ ရာသီဥတုက ညပိုင်းမိုးရွာမယ့်ပုံကွ ”

အဖိုးဘာလုပ်ချင်တာလဲဆိုတာကို သိနှင့်နေတဲ့ ကျွန်တော်ကလည်း အလိုက်တသိ အဖိုးစကားကိုလမ်းဖွင့်ပေးပြီး …

“ ဟုတ်တယ် အဖိုး ဒီအချိန်ဆို အပြင်မှာ ဖားတွေ မြူးနေလောက်ပြီ ”

အဖိုးက ကျွန်တော့်စကားကြောင့် သူ့ရဲ ကျို့တို့ကျဲတဲ သွားတွေ အကုန်ပေါ်အောင်ပြုံးရယ်လိုက်ရင်း …

“ အဟတ်အဟတ် ငါ့မြေးကဘယ်ဆိုးလို့လဲကွ ၊ အဖိုးလည်း အဲ့တာပဲစဉ်းစားနေတာအိမ်မှာနေတာ ပြင်းပြင်းရှိတာနဲ့ စိတ်ပြေလက်ပြောက် အိမ်အပြင်မှာ ဟင်းစားလေးသွားရှာမလားလို့ ”

“ ဟာ အဖိုးကလည်း ပြောနေကြာတယ် ကျွန်တော်အခုပဲ ပစ္စည်းတွေယူလိုက်မယ်ဗျို့ ”

ကျွန်တော်လည်း ပြောပြောဆိုဆိုနဲ့ ပုဆိုးကို ခါးထောင်းကျိုက်ပြီး ၊ ဓားတစ်လက် ၊ပလိုင်းတစ်လုံး ကိုယူ ခမောက်ကြီးတစ်လုံးဆောင်းပြီး အဖိုးနဲကလိုက်သွားဖို့ပြင်လိုက်တယ် ၊အဖိုးကလည်း အိမ်ရှေ့မှာ ခါးထောင်းကျိုက်ကြီးနဲ့ ခါးမောက်ကြီးဆောင်းလို့ ကျွန်တော့်ကိုစောင့်နေလေရဲ့ ။ ပြောရဦးမယ် ကျွန်တော်တို့ မိသားစုက ဖေဖေ့ လစာလေးနဲ့ လူတန်းစေ့နေနိုင်ပါရက်နဲ့ဖိုးဖိုးနဲ့ ကျွန်တော်က ဝါသနာတူ အပျော် ငါးဖမ်းတယ် ၊ ဖားရိုက်တယ် ။ ဒါတွေက ကျွန်တော့်ကလေးဘ၀က သိပ်ကို ပျော်စရာကောင်းတဲ့ မိုးတွင်း အဖိုးနဲ့ အမှတ်တရတွေပေါ့ဗျာ ။

“ မေမေ သားတို့သွားပြီနော် .. ”

အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ မေမေကို ကျွန်တော် နှုတ်ဆက်ပြီးခုန်ပေါက်လို့ အဖိုးနောက်လိုက်သွားခဲ့ပြီလေ အိမ်ထဲက အမေလှမ်းပြီးတော့ မှာတမ်းချွေနေတဲ့စကားသံတွေက တစ်ဖြည်းဖြည်း ဝေးလို့ …… ။

ထူးဆန်းတယ်ဗျ ခါတိုင်းဆိုရင် လမ်းတစ်လျှောက်မှာ ဖားတွေရော ငါးတွေပါ မနည်းဘူးတွေ့နေရယ် ၊ ဒီနေ့ကြမှ ဖားဆိုရင်လည်းတစ်ကောင် စ နှစ်ကောင် စ ၊ငါးဆိုရင်လည်း အကောင်သေးသေးလေးတွေပဲ မြင်နေရတယ် ၊ အဖိုးရော ကျွန်တော်ပါမကျေမချမ်း ဇောနဲ့ ဟင်းစားရှာနေရင်းနဲ့ တစ်ဖြည်းဖြည်း ‘ သရက်ကုန်း ’ ဘက်ကိုရောက်မှန်းမသိရောက်သွားခဲ့တယ် မိုးဖွဲလေးတွေတောင်ကျနေပြီ ။

“ ငါ့မြေး အဖိုးဒီနေ့ဘာဖြစ်လည်းမသိဘူး ၊ နေရတာတစ်မျိုးပဲ နေရထိုင်ရတာသိပ်မကောင်းဘူးကွာ ၊ နေမကောင်းဖြစ်ချင်လာတယ် ထင်တယ် ”

“ ဟာအဖိုး ဒါဆို မိုးမိလို့ဘယ်ဖြစ်မလည်း ပြန်ကြရအောင် လာ အဖိုး ”

ကျွန်တော်လည်း ဖား ငါးမရတာက တစ်ကြောင်း မိုးရွာစပြုနေပြီးအဖိုးက နေမကောင်းဘူးဆိုတာက တစ်ကြောင်းကြောင့် အိမ်ပြန်ဖို့ရာ အဖိုးလက်ကိုဆွဲနေစဉ်…

“ ရတယ်မြေး ငါတို့ ဟင်းစားလေးတော့ ရအောင်ရှာကြမယ် ၊ပြီးမှ ပြန်ကြတာပေါ့ အိမ်ရောက်ရင် အိပ်ခါနီးဆေးလေးသောက်လိုက်ရင် သက်သာသွားမှာပါ ”

ဇွဲကြီးတဲ့ အဖိုးကြောင့် ကျွန်တော်လည်း ယောက်ရမ်းပြီး ခေါင်းငြိမ့်လိုက်မိတယ် ၊ ဒီလိုနဲ့ ကျွန်တော်တို့ မြေးအဖိုးနှစ်ယောက် ဟင်းစားရှာရင်းနဲ့ အမှုမဲ့ အမှတ်မဲ့ သရက်ကုန်းခြံတွေထဲရောက်သွားပြီး အဲ့ဒီကနေ ‘ ဦးဂွမ်တီး ’ ရဲက ခြံကြီးထဲကို ရောက်သွားခဲ့ကြတယ် ။နေမင်းရဲ့ အလင်းဓါတ်က မေးမှိန်သည်ထက် မှေးမှန်လာပြီး ကောင်းကင်တစ်ခွင်လုံးနိမိတ်ဆိုးကို ဆောင်ယူလာမည့် ဟန်ရှိတဲ့ တိမ်ညို တိမ်မှိုင်းတွေက နေရာယူလို့ထားလေပြီ ၊မိုးကလည်း သည်းသထက် သည်းလို့လာပြီး ပတ်၀န်းကျင်မှာ သာမန်ထက်ပင်ပိုလို့ မှောင်မိုက်လာခဲ့တယ် ။

“ ဟ အဖိုးရေ ကျွန်တော်တို့တို့တော့ ဒုက္ခရောက်ပြီ မီးအလင်းရောက်လဲမပါဘူး ၊မိုးကလည်း ပိုသည်းလာပြီ ပတ်၀န်းကျင်က မှောင်မဲနေပြီ ကြာရင်မလွယ်ဘူး ဟင်းစားမရရင်လည်းနေပါစေတာ့ ပြန်ကြရအောင်အဖိုး ”

ကြောက်စိတ်နဲက သတိပေးတဲ့ကျွန်တော့်စကားကြောင့် အဖိုးလည်း သတိ၀င်သွားပြီး..

“ အေးကွ ငါတို့ထွက်လာတာ တော်တော်ကြာနေပြီပဲ ပြန်ကြရအောင် ”

ကျွန်တော်တို့ မြေးအဖိုနှစ်ယောက် မိုးရေကြောင့်ဗွက်ထနေသော မြေပြင်ကိုခြေလှမ်းကျဲကြီးတွေနဲ့ နင်းပြီး အိမ်ပြန်ဖို့ရာ လာလမ်းအတိုင်းနောက်လည့်ပြန်ခဲ့လိုက်တယ် ၊ရှေ့ကသွားသူ အဖိုးနောက်ကို ကျွန်တော် အနောက်က အမှီလိုက်နေရတယ် မဟုတ်လို့တစ်ယောက်တည်း ကျန်နေရစ်ရင် ဒုက္ခ ။

“ အဖိုးရေ ခဏလေးစောင့်ပါဦး ကျွန်တော် အပေါ့သွားချင်လာလို့ပါ ”

အဖိုးကလည်း ကျွန်တော့်စကားကြောင့် သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီးကျွန်တော့်ကိုပြန်ပြောတယ် …

“ အေး … မိုးကလည်း သည်းလိုက်တာကွာ ငါလည်း အပေါ့သွားချင်နေတာအတော်ပဲ ”

ကျွန်တော်တို့နှစ်ယောက် ခြုံငယ်လေးတစ်ခုအနားမှာ ကိစ္စရှင်းပြီးတော့ခရီးဆက်နေတုန်းမှာပဲ အဖိုးက ရပ်လိုက်ပြီး ပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်တယ် မှောင်မဲနေပေမယ့် အလင်းရောင်ဖျော့ဖျော့ကြောင့် မြင်နိုင်စွမ်းတော့ ကျန်နေသေး သဗျ ။

“ ဟာ ပြသနာပဲ ”

“ ဘာဖြစ်လို့လဲ အဖိုး ”

“ ငါတို့ရောက်နေတာ ‘ ဦးဂွမ်တီး ’ တို့ခြံကြီးထဲမှာပဲကွ ”

‘ ဦးဂွမ်တီး ’ တို့ခြာံကီးထဲမှာ ဆိုတဲ့စကားကြောင့် မိုးရေရွှဲနေတဲ့ ကျွန်တော့်တစ်ကိုယ်လုံး ရေခဲတိုက်ထဲရောက်သွားသလို အေးစက်သွားသော ခံစားချက်ကို ခဏတာ ခံစားလိုက်ရပြီးခန္ဓာကိုယ်အနှံ့ ကြက်သီးမွှေးညှင်းတွေ ထလာခဲ့တယ် နောက်ပြီး တုန်တုန်ရင်ရင်နဲ့ ….

“ ဟုတ်…ဟုတ်..လို့လားအဖိုးရ အနောက်ပါနဲ့ ”

“ မြေးကလည်း ငါကဘာလို့နောက်ရမှာလည်း မကြောက်ပါနဲ့ကွာမင်းအဖိုးက သရဲတစ္ဆေမကြောက်တက်ပါဘူး နှပန်းတောင်ဖတ်လုံးခဲ့တဲ့ကောင်ပါကွ ဟား… ”

အဖိုးစကားကြောင့် ကျွန်တော့်စိုးရိမ်စိတ် ကြောက်ရွံ့စိတ်တွေ နဲနဲတော့ ပြေသွားပေမယ့်ကြောက်စိတ်က မသိစိတ်နောက်မှာကိန်းအောင်းနေသေးတယ်ဆိုတာကို ကျွန်တော့်ကိုယ်ကျွန်တော်ရိပ်စားမိနေတုန်းပဲ ၊ အဖိုးနောက်အမှီလိုက်ရင်း လက်ထဲက ဓါးကို ကျစ်ကျစ်ပါအောင်ဆုန်ထားလိုက်တယ်တစ်ခါတစ်ခါ လေးအေးအေးလေးတွေ ဝှေးရမ်းတိုက်သွားသလို ကျွန်တော့် နောက်ကျောမှာ အေးခနဲအေးခနဲဖြစ်သွားတော့ ကျွန်တော်လည်း နောက်ကျောမလုံမလဲဖြစ်ပြီး အနောက်ကို မကြာမကြာ လှည့်ကြည့်ဖြစ်ခဲ့တယ် ။

“ မြေး ရ ‘ မိုးစွေ ’ အမှောင်ထဲ ငါတို့ လမ်းပျောက်နေပြီ ၊ လာတုန်းက ဒီလမ်းပါ။ငါသေချာမှတ်ထားတာ အခု ၀င်္ကပါကြီးကြနေတာပဲ ဒီနေရာက ကို အလွတ်သေးဘူး ၊ဘယ်လောက်ဝေးဝေးကို သွားသွား ပြန်ပြန်ရောက်လာတယ် ”

အဖိုးပြောလည်းပြောစရာ ကျွန်တော်လည်း ရိပ်စားမိနေတယ် အလာတုန်းက ဒီလောက်တောင်မသွားရဘူးအခု ခြံကြီးထဲမှာ တလည်လည် ဖြစ်နေပြီလေ ၊ ပတ်၀န်းကျင်ကလည်း ခြံကြီးတစ်ခုထက်တောအုပ်ကြီး … အတော်လေးတက်တဲ့တောနက်ကြီးထဲ ရောက်တေဲ့အတိုင်းကို ဖြစ်နေတယ် ၊စိုးရိမ်စိတ်နဲကအတူ ကြောက်စိတ်က အလုံးအရင်းနဲ့ ၀င်လာခဲ့တော့ ကျွန်တော့ တစ်ကိုယ်လုံးအားမရှိတော့တဲ့လူပမာလို ခံစားနေရတယ် ၊ အဖိုးကတော့ ကြောက်ရွံ့ပုံမရပေမယ့် သူ့မျက်နာမှာ စိုးရိမ်မှုတွေကို ကျွန်တော်မြင်နေရတယ် ။

ကျွန်တော်တို့ မြေးအဖိုးနှစ်ယောက် ရပ်ပြီး စကားပြောနေစဉ်မှာပဲ ကျွန်တော်တို့အရှေ့နားကသစ်ပင်အချို့က လေမတိုက်ပါပဲ လှုပ်ရမ်းနေတယ် တောတိုးသံလိုလို ၊ ခြုံတိုးသံလိုလိုကိုလည်းမိုးထဲလေထဲကနေ ကြားနေရတယ် ၊ ကြောက်နေတဲ့သူကို မိုးက မစာမနာ သည်းပြနေတဲ့အပြင် တစ်ခါတစ်ရန် “ ဝုန်း …ဂျိမ်း ..” ဟူသော မိုးခြိမ်းသံ အကျယ်ကြီးတွေနဲ့လည်း နှိပ်စက်ပြန်တယ် ။ဟင်းစားရှာဖို့ အဖိုးနောက်လိုက်ခဲ့တာကိုပဲ ကိုယ်ဘာကိုယ် အပြစ်တင်နေမိတယ် ။

ထိုစဉ်မှာပဲ ဓါတ်မီးအလင်းလိုလို အလင်းရောင်တစ်ခုနှင့်အတူ ကျွန်တော်တို့အရှေ့နားမှာ တစ်စုံတစ်ရာ လာနေပြီဆိုတာကို အဖိုးရောကျွန်တော်ပါ သိနေနှင့်ကြတဲ့အတိုင်း ကျွန်တော်က လက်ထဲက ဓါးကိုပိုပြီး တင်းတင်းကြပ်ကြပ်ကိုင်ထားမိလိုက်တယ် ။ အဲ့ဒီအချိန်မှာပဲ လျှပ်စီးတစ်ချက်လက်သွားခဲ့တယ် ကျွန်တော်တို့နဲ့ လက်တစ်ကမ်းအကွာကို ရောက်နေနှင့်ပြီဖြစ်တဲ့ အရာကို သေချာစွာမြင်လိုက်ရတယ် ။
အသက် ၃၀ ၀န်းကျင် အမျိုးသမီးတစ်ဦး အသားခပ်မဲမဲ ၊ လူသာမန်တွေလိုပဲ ၀တ်ဆင်ထားတယ် ၊လက်ထဲမှာလည်း ဓါတ်မီးတစ်လက်ပါသေးတယ် မျက်နာကရွက်ကြမ်းရေကျို ၊ အထူးခြားဆုံးက မျက်၀န်းတွေ သူ့မျက်၀န်းတွေက လူတစ်ယောက်နဲ့လားလားမှ မတူဘူးလို့ကျွန်တော်ခံစားနေမိတယ်မိုးရေကြောင့်သူ့မျက်လုံးတွေ နီနေတာနေမှာပါဆိုပြီး ကျွန်တော့် သံသယကို ကျွန်တော် ချက်ချင်းခြေဖျက်လိုက်တယ် ၊ တစ်ချိန်တည်းမှာပဲ သူမက ကျွန်တော်တို့မြေးအဖိုးကို ကြည့်ပြီး စကားပြောပုံက ဘုစပ်စပ်နဲ့ ရန်တွေ့တော့တာပဲ …

“ လူတွေက ကိုယ့်နေရာ ကိုယ်မနေကြဘူး ၊မဆိုင်တဲ့နေရာမှာ ဘာလာလုပ်ကြတာလဲ ….. ”

စသဖြင့်ပေါ့ဗျာ ကျွန်တော်တို့ နှစ်ယောက်ကို ဟောက်တော့တာပဲ ။အဖိုးကလည်း သူများခြံဆိုတော့ တောင်းပန်တာပေါ့ ၊ ကျွန်တော်ကတော့ ကိုယ်အဖေအရွယ်လူကြီးတစ်ယောက်ကို ဒီမိန်းမက ရိုင်းလိုက်တာလို့ပဲ တွေးနေမိတယ် ။ သူပြောလို့ဝတော့ ကျွန်တော်တို့နှစ်ယောက်ကိုခြံအ၀ ပြန်ပို့ပေးမယ့်အကြောင်းနဲ့ သူ့အနောက်ကလိုက်ခဲ့ဖို့ပြောတယ် ကျွန်တော်တို့ မြေးအဖိုးလည်းပြန်ရောက်ပြီးရောဆိုပြီး သူမ အနောက်ကို လိုက်သွားခဲ့လိုက်ကြတယ် …..

မိုးရေတွေကြားမှာ သူမက မိုးမစိုသလိုပဲ ၊ ကျွန်တော်လည်းအတွေးတွေကို တက်နိုင်သမျှ ရပ်ထားလိုက်တယ် ၊ လျှပ်စီးများလက်လိုက်ရင် ကျွန်တော်တို့ သွားနေတဲ့ လမ်း နံဘေးက အပင်ကြီးတွေအပေါ်မှာလည်း အရိပ်မဲကြီးတွေက မျောက်တွေလို သွားလာနေတယ်လို့ ကျွန်တော်ခံစားနေရတယ် မြင်လည်းမြင်နေရတယ် အဖိုးလည်းသိမယ်လို့ထင်ရပေမယ့် လေတိုက်လို့ ယိမ်းနေကြတဲ့ အပင်အကိုင်းအခတ် အလတ်တွေလည်း ဖြစ်နိုင်တယ်မဟုတ်လား ။ဒီလိုနဲ့ မိနစ်ပိုင်းလောက် ရှေ့က စကားမပြောပဲ ပုံမှန်ခြေလှမ်းနဲ့ သွားနေတဲ့ အမျိုးသမီးအနောက်ကိုလိုက်သွားတော့ ကျွန်တော်တို့ မြေးအဖိုး ‘ ဦးဂွမ်တီး ’ ခြံကြီးရဲ့ အပေါက်၀ကို ပြန်ရောက်ခဲ့ကြတယ် ။ကျွန်တော်လည်း အဲ့ဒီကြမှ သက်ပြင်းချနိုင်တော့တယ် ၊ အဖိုးကတော့ လိုက်ပို့တဲ့ အမျိုးသမီးကို ကျေးဇူးတင်စကားဆိုလို့ပေါ့ ။

ခြံကြီးကနေ ထွက်ပြီး ခပ်လှမ်းလှမ်းလောက်ရောက်တော့ ကျွန်တော်တို့ မြေးအဖိုးနှစ်ယောက်ထောင်ကလွတ်သွားသလို ခံစားနေရပြီး ပျော်ပျော်နဲ့ အနောက်က ခြံကြီးကို လှမ်းကြည့်လိုက်တော့ခြံအ၀မှာ ကျွန်တော်တို့ကို ရန်တွေ့ပြီး လိုက်ပို့ပေးတဲ့ အမျိုးသမီးက လူသေကောင်လိုမျိုး မလှုပ်မရှားရပ်ပြီး ကျွန်တော်တို့ ရှိတဲ့နေရာကို လှမ်းကြည့်နေတုန်းဗျ သူ့လက်ထဲမှု ဓါတ်မီးအလင်းကို မြင်ရတော့သူရှိနေတာကို သိနိုင်တယ်လေ ၊ အဖိုးနဲ့ ကျွန်တော်လည်း သူ့ကို ကျေးဇူးတင်တဲ့ အနေနဲ့ နှုတ်ဆက်သလို လက်တွေဝှေ့ရမ်းပြလိုက်တော့ အဲ့ဒီအမျိုးသမီးရဲ့ အသက်မပါတဲ့အပြုံးတစ်ချက်ကိုမသဲမကွဲလှမ်းမြင်လိုက်ရတယ် အဲ့ဒီအချိန်မှာ စက္ကန့်ပိုင်းလောက် လျှက်စီးတစ်ချက်လက်လိုက်တော့အမျိုးသမီးကို သေချာမြင်လိုက်ရတယ်လေ ၊ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့် သံသယတွေကမှန်နေတယ်ဆိုတာကို သိလိုက်ရပြီး ကျွန်တော် ဒူးနှစ်ချောင်း က တိုင်ပင်ကိုက်ထားသလို တစ်ချောင်းနဲ့ တစ်ချာင်း ရိုက်ခက်နေတော့တယ် ၊ မြင်လိုက်ရတာက …

ကျွန်တော်တို့ ကို လိုက်ပို့ပေးတဲ့ အမျိုးသမီးက ကြောက်စရာကောင်းလောက်အောင်လူသေကောင်အပြုံးမျိုးပြုံးပြနေပြီး သူမရဲ့ ၀မ်းဗိုက်က ပွင့်နေပြီး သွေးသံရဲရဲဖြင့် အတွင်းမှ အူတွေ ၊ ကလီစာတွေ စတာတွေကို အတိုင်းသားအကုန်မြင်နေရတယ် ၊ အဲ့ဒီအချိန်ထိ ကျွန်တော်တို့မြေးအဖိုး သူမကို ကြောက်ပြီးကြည့်နေမိတုန်း ၊ ကျွန်တော်ကတော့ အပေါ့တွေပါ ထွက်သွားခဲ့တယ် ထင်တယ် ။

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့မြင်နေရတဲ့ ဗိုက်ပွင့်နေတဲ့ အမျိုးသမီးက တဖြည်းဖြည်းခြင်းပျောက်ကွယ်သွားပြီး ခြံကြီးထဲမှာ အရိပ်မဲမဲကြီးတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို မြင်လိုက်ရတယ် နောက်ပြီး အပင်ကြီးတွေပေါ်ကနေ လူထက်ကြီးတဲ့ လူဝံ့လိုမျိုး တစ်ကိုယ်လုံးအမွေးတွေ ဗလပွနဲ့အကောင်ကြီးတွေက ပြေးဆင်းလာပြီး ကျွန်တော်တို့ နှစ်ယာက်ရပ်နေတဲ့နေရာကို ဦးတည်ပြီးလာနေကြတယ် ပြေးလာကြတာ အတော်ကို မြန်လွန်းတယ် ၊ ကျွန်တော်နဲ့ အဖိုးလည်းနောက်ကိုလှည့်မကြည့်တော့ပဲ အော်ပြီးတော့ အိမ်ရှိတဲ့ဘက်ကို ခြေကုန်ပြေးကြတော့တာပဲ ကျွန်တော့်မျက်လုံးတွေလည်း ပြာနေပြီး နာကျင်နေတဲ့ ခြေဖဝါးကို ဂရုမစိုက်အားပဲ အသက်ဘေးလွတ်ဖို့အစွမ်းကုန် ပြေးတော့တာပဲ ။နောက်ဆုံးမှာ ကျွန်တော် အိမ်ပြန်ရောက်လာခဲ့တယ် အိမ်ရောက်တော့ ဘာမှမလုပ်နိုင်ပဲအိမ်ပေါ်အရင်တက် ရေအဝသောက်ပြီးကြမ်းပေါ်ပစ်လဲသွားခဲ့တယ် ၊လဲရင်းအမောဖြေနေတုန်း ၊ရွံ့တွေ ဗွပ်တွေနဲ့ ကျွန်တော့်ကို အမေက ကြည့်ပြီး …

“ ဟဲ့သား ဘာဖြစ်လာတာလဲ နင့်အဖိုးရော… ”

မေမေ မေးမှ ကျွန်တော် အဖိုးကို သတိရတယ် ၊ ဟုတ်တယ် အဖိုး….အဖိုးဘယ်မှာ ကျန်ခဲ့တာလဲ ကျွန်တော်မှတ်မိတာက မိုးထဲလေထဲမှာ အနောက်က မဲမဲအကောင်ကြီးတွေ ပြေးလိုက်ကြလို့ အဖိုးနဲ့အတူတူပြေးနေတယ် မှောင်မဲနေတဲ့လမ်းမှာ ကျွန်တော်တို့နှစ်ယောက် တောင်ပို့ကြီး တစ်ခုကို မမြင်ပဲ ပြိုင်တူ ခလုပ်တိုက်ပြီပစ်လဲသွားတယ် ကျွန်တော်က ချက်ချင်းပြန်ထပြီးပြေးတယ် အဖိုးက….. အင်း.. အဖိုးက… အဖိုးကျန်ရစ်ခဲ့တယ် ။

ကျွန်တော် အရမ်းစိတ်ပူသွားတယ် ကိုယ်လွတ်ရုန်းလာမိတာကို နောက်တရမိတယ် ချက်ချင်းပဲ အဖေဖေ နဲ့ မေမေကို အကျိုးအကြောင်းပြောတာ့ အဖေကဆောင်ဓါးတစ်ချာင်းကို ယူလာပြီး အမေက ရပ်ကွက်ထဲက လူတွေကို သွားခေါ်ရင်း ဓါတ်မီးကိုယ်စီနဲ့ ကျွန်တော်တို့ တတွေ အဖိုးလဲကျခဲ့တဲ့နေရာကို ပြန်သွားရှာခဲ့ကြတယ် အဖိုးကိုမတွေ့တော့ဘူး ၊ အဲ့တာနဲက ကျွန်တော်က ဦးဆောင်ပြီး ‘ ဦးဂွမ်တီး ’ တို့ ခြံကြီးရှေ့မှာ အဖိုးကို တွေ့လိုတွေ့ငြား သွားရှာရအောင်ဆိုပြီးပြေးရှာကြတော့ ထင်တဲ့အတိုင်းပဲ ခြံကြီးရှေ့မှာ လဲကျရင်း ရုန်းကန် အော်ဟစ်နေတဲ့ ကျွန်တော်အဖိုး‘ ဦးကြည် ’ နဲ့ သူ့ဘေးနားမှာ ပုရွတ်စိတ် အုံလို ဝိုင်းအုံနေကြတဲ့ မဲမဲသဏ္ဍန် အရာတွေကို မြင်လိုက်ရတယ် ၊ မဲမဲ သဏ္ဍန်တွေက တစ်ချို့က ပုပုကွကွတွေ တစ်ချို့က လူထက်ကြီးတယ် လူဝံ့လိုကောက်ကြီးတွေထူးခြားတာက သူတို့အားလုံးနီးပါး မျက်လုံးနီကြီးတွေနဲ့ တစ်ကိုယ်လုံး အမွှေမဲကြီးတွေနဲ့ တစ်ချို့ကအရိပ်လိုမျိုး ၊ အဖိုးကို ခြံထဲ ဆွဲသွင်းနေကြပုံရတယ် ကျွန်တော်တို့ လည်း ဓါတ်မီးတွေနဲ့ အရင်လှမ်းထိုးလိုက်တယ် လူအုပ်လာတာကို မြင်တော့ သူတို့အားလုံး ရှဲသွားကြတယ် ၊တစ်ချို့က အပင်ကြီးတွေပေါ်မျောက်တွေလို ပြေးတက် တစ်ချို့က ခြံထဲပြေး၀င် တစ်ချို့ကနေရာမှာတင် အရောင်တစ်ဖြည်းဖြည်းမှန်သွားခဲ့တယ် ၊ မကြောက်တက်ပါဘူးလို့ဆိုတဲ့ ရပ်ကွက်ထဲက လူတွေတောင် ဒူးတုန်တဲ့သူတုန် ၊ မူးလဲတဲ့သူလဲနဲက ကံကောင်းတာက လူများနေတော့ အားရှိတယ်လေ ၊

ဒီအဖြစ်အပျက်ကို မြင်ခဲ့တဲ့သူက ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ လူတွေအားလုံးလည်းကျွန်တော်တို့ ဖြစ်ရပ်ကို လက်မခံလို့မရတော့ဘူးပေါ့ ၊ ကျွန်တော်တို့တတွေလည်း စိုးရိမ်စိတ်နဲ့အတူအဖိုးအနားကို အလျှင်အမြန်ပြေးသွားကြည့်တော့ တစ်ကိုယ်လုံး ဒဏ်ရာတွေ သွေးတွေနဲ့ ကွဲပြဲ ဖုယောက်နေပြီး အဖိုးက သတိလစ်နေပြီ အဲ့တာနဲ့ အဖိုးကိုဝိုင်းထမ်းကြပြီး ဆေးရုံကို အမြန်ပိုကလိုက်ကြရတယ် ၊ ဆရာ၀န်ရဲ့ မှတ်ချက်က …

“ အအေးမိပြီး ၊ အဆုတ်ပွသွားတယ် ၊ နံရိုးတစ်ချောင်းလည်း ကျိုးသွားတယ် နောက်ပြီးလူကြီးဖြစ်နေတော့ အမောဆို့သွား ပုံရတယ် ” တဲ့လေ ၊ ဆရာ၀န်ကိုတော့ အဖြစ်အပျက်တွေအမှန်မပြောပြဖြစ်တော့ဘူး ။

အဲ့ဒီနေ့က ကျွန်တော်တို့မိသားစု တစ်ယောက်မှ အိမ်မပြန်ပဲ အဖိုးနားမှာ လူနာစောင့်နေပေးကြတယ် ၊အဖိုးသတိရလာတော့ သူဖြစ်တာတွေပြောပြတယ် ။

“ ငါ့မြေးနဲ့ငါ ပြေးရင်းကနေ အတူတူချော်လဲပြီး မြေးက ချက်ချင်းပြန်ထပြီးပြေးသွားတယ် ၊ငါက ဒူးအရိုးထိသွားတော့ မထနိုင်ဘူးလေ ငါလည်းမြေးကို လှမ်းခေါ်သေးတယ် ၊ မိုးထဲလေထဲလေနောက်ပြီးသူလည်း ကြောက်နေတော့ ဘယ်ကြားပါ့မလဲ … အဟွတ်အဟွတ် ”

“ အဖေ ခဏနားဦး ရော့ ရေလေးသောက်လိုက် ”

ကျွန်တော့်အမေက အဖိုးကို ရေတိုက်ပေးလိုက်တော့ အဖိုးက နေရသောက်ပြီးအသက်ကို ဝအောင်ရူနေတယ်ပြီးတော့ စကားပြန်ဆက်တော့တာပဲ …

“ ငါတစ်ယောက်တည်း ကျန်နေတုန်း ငါ့အနောက်က လိုက်လာတဲ့ မဲမဲအကောင်ကြီးတွေကငါ့ကို ဝိုင်းပြီး ထိုးကြ ကျိတ်ကြတယ် ငါလည်း သူသေကိုယ်သေ ပြန်ချတာပေါ့ ဒီကောင်တွေကအကောင်လည်းကြီး အုပ်စုကလည်း များတော့ ငါဘယ်လိုမှ တောင့်မခံနိုင်တော့တာနဲ့ အားလျော့လိုက်တယ် အဲ့ကျတော့ သူတို့က ငါ့ကို ခြံကြီးထဲထမ်းသွားတယ် ငါလည်း ခြံကြီးထဲရောက်ရင်သေမှာကိုသိနေတာနဲ့ ရှိသမျှ နောက်ဆုံးကျန် အားတွေအကုန်ထုတ်လိုက်ပြီး အသားကုန်ရုန်းပြီးတော့ ခြေထောက်နာနေလျှက်နဲ့ ဒီကောင်တွေလက်က လွတ်အောင်ပြေးတာ ငါလည်းပြေးရောခြံထဲကနေ ငါနောက်ကို မဲမဲကောင်တွေ ပြေးလိုက်ကြတယ် အကောင်တွေက ပိုများလာတယ်အရွယ်စုံပဲ အကုန်လုံးက ကြောက်စရာပုံစံနဲ့ သွေးပျက်စရာရုပ်ကြီးတွေနဲ့ ငါလည်း ပြေး သူတို့ကလည်းလိုက်နဲ့ နောက်ဆုံးခြံအ၀အလွန်မှာ ငါပြန်လဲသွားတယ် အဲ့အချိန်မှာ ခြံကြီးထဲက နှစ်ချို့နေတဲ့ပုံနဲ့ သရဲမကြီးတစ်ကောင် ပြေးထွက်လာပြီးငါကို “ ဟဲ့ငကြည် နင်က မကြောက်တတ်ဘူးဆို ၊ မကြောက်တတ်ဘူးဆို ” လို့ပြေားရင်းနဲ့သူ့ရဲ့ ကြောက်စရာမျက်နာကြီး ၊ မျက်လုံး နီရဲရဲကြီးကို ပြူးပြလိုက် လျှာအရှည် တစ်လစ်ကြီးကို ထုတ်ပြလိုက်နဲ့ လက်ကလည်း ငါကို ထိုးကျိတ်လိုက် ရိုက်လိုက် နှက်လိုက်နဲ့ ပေါ့ ၊ငါလည်း ကြောက်လန့်ပြီး သူ့ကို ပြန်ထိုး ပေမယ့် မရဘူး သူထို့ချက် ရိုက်ချက်တွေက ပိုနာတယ် ၊မောလာပြီး လူက အားမရှိတော့ မဟန်နိုင်တော့ပဲ ပစ်လဲသွားမှ သူ့အနောက်က သရဲကြီးတွေကငါ့ကို ချုပ်ပြီး ထိုးကျိတ်ရင်း ခြံထဲ ပြန်ဖမ်းသွားတုန်း ငါလည်း လည်ချောင်းကွဲမတက်အကူအညီတောင်းနေမိတယ်၊ အဲ့မှာပဲ မင်းတို့တွေ့ရောက်လာခဲ့တာ ၊ လူတွေကလည်း များတာကို မဟုတ်ရင် ငါတကယ်သေပြီ ”

စကားစဆုံးသွားတော့ အဖိုးက နည်းနည်းငယ်ထပ်သောက်ပြီး ကျွန်တော့်ကို ဘာဖြစ်သေးလည်းလို့မေးတယ် ကျွန်တော်လည်း ဘာမှမဖြစ်ကြောင်း ဒဏ်ရာအသေးလေးပဲရကြောင်းပြောပြလိုက်တယ် ။အဲ့နေ့ညက (….) ဆေးရုံ့မှာ ကျွန်တော်တို့ အဖိုးကို လူနာစောင့်အိပ်ပေးပြီး မှေးခနဲကအိပ်ပျော်နေတုန်း အဖိုးကအသံနက်ကြီးနဲက ထအော်ပါလေရော ….

“ အား…..သရဲမကြီး မလာနဲက ငါ့ဆီမလာနဲ့ သွားသွား….အား… ”

သရဲမကြီး ဆိုတဲ့အသံနဲ့ အဖိုးအော်သံကြောင့် ကျွန်တော်တို့ အကုန်နိုးလာပြီး အဖိုးကို ဘာဖြစ်လာလဲ စသဖြင့် မေးကြတာပေါ့ ၊ အဖိုးက ပြောပြတယ် ။

“ ငါသိတယ် ငါတကယ် မြင်လိုက်တယ် သူတို့ငါ့ကို အလွှတ်ပေးမှာ မဟုတ်ဘူး ၊ငါခြံထဲကလွှတ်လာပေမယ် ငါ့နောက်ကို သရဲမတစ်ကောင် လိုက်လာတယ် အဲ့သရဲမက အတော် နှစ်ချို့နေပြီ ၊ ခုနက ငါအိပ်ပျော်နေတုန်း ငါ့ကုတင်ပေါ်ကိုတစ်ယောက်ယောက် တက်လိုက်သလို အိသွားတော့ မျက်လုံးဖွင့်ကြည့်လိုက်တာ ငါ့မျက်နာရှေ့တည့် တည့်မှာဆံပင်ဖါးလျားနဲ့ ရုပ်ပျက်ဆင်းပျက် မျက်နာနဲ့ သရဲမကြီး…. သရဲမကြီး ”

“ အဖေအဖေ စိတ်ကို ထိန်းပါဦး သတိထားပါဦး အဖေ ဘုရားကို အာရုံပြု ”

ကျွန်တော့် အဖေရဲ့ အားပေးစကားတွေက အဖိုးအတွက် ထိရောက်သွားသလိုပဲအဖိုးခဏတွင်းမှာ အိပ်ပျော်သွားပြန်တယ် ကျွန်တော်တို့ကတော့ မအိပ်ရဲကြတော့ဘူး ၊ ဆေးရုံက နက်(စ်) တွေတောင် ဘာဖြစ်တာလဲဆိုပြီး လာကြည့်ကြသေးတယ် ။ဒီလိုနဲ့ အဖိုးသက်သာလာတော့ ဆေးရုံ ဆင်းလာကြတယ်လေ၊ အဲ့ဒီအချိန်ထိ ပြသနာက မပြီးသေးဘူး။

ဖြစ်ပုံက ‘ ဦးဂွမ်တီး ’ ခြံကြီး အကြောင်းအဖိုး အိမ်မက်ခဏ ခဏ မက်တယ်တဲ့လေ ။အိမ်မက်ထဲမှာ ‘ ဦးဂွမ်တီး ’ တို့ ခြံကြီးထဲမှာ မကျွတ်မလွတ်ကြသေးတဲ့ အရွယ်စုံသရဲတွေ ပရလောကသားတွေက စုနေကြတယ်တဲ့ နောက်ပြီး သူတို့ထဲက သရဲမတစ်ကောင်ကအဖိုးကို တစ်ခုခု မကျေမတပ်ဖြစ်ပြီး လိုက်လာတယ်တဲ့ ကျွန်တော်တို့ ဘာအမှာလပ်ခဲ့မိတယ်ဆိုတာကိုအခုထိမစဉ်းစားမိသေးဘူး ကျွန်တော့်စိတ်ထင် ‘ ခွင့်မတောင်းပဲ အပေါ့သွား ’ ခဲ့တာများလား ၊လောကကြီးက ကိုယ်မသိတာတွေ အများကြီးဆိုတော့ သေချာတော့ မပြောတက်ပါဘူး ။
နောက်တစ်နေ့မှာ ဖေဖေ က အဖိုး စိတ်ချမ်းသာအောင် ရဟန်းတစ်ပါးကိုအိမ်ကို ပင့်ပြီး အဖိုးလက်နဲက ကိုယ်တိုင် သင်္က္ကန်း ကပ်လှူ စေခဲ့တယ် ။ကိစ္စတွေဖြစ်ပွားပြီး တစ်ပတ်လောက်နေတော့ တစ်ညမှာ ည သန်းခေါင်းအချိန်ကြီးတစ်အိမ်လုံးအိပ်နေတုန်း အိမ်ရှေ့ကနေ တစ်ယောက်ယောက်လာအော်သလိုကြောက်မက်ဖွယ် စူးရှရှ အသံနက်ကြီးကို တစ်အိမ်သားလုံးကြားလိုက်ကြရတယ် ..

“ ‘ င ကြည် ’ နင် ငါတို့ နဲ့ လိုက်လာဖို့ ပြင်ထား….ငါ လာခေါ်မယ် ပြင်ထား…. ”

အသံက လုံး၀မိန်းမအသံ လူတစ်ယောက်အသံတော့မဟုတ်ဘူး ၊ကျွန်တော့်ဘ၀မှာ တစ်ခါမှမကြားဘူးတဲ့အသံမျိုး လှိုင်သံပါတယ်.. ၊ထူးခြားတာက တိတ်ဆိတ်နေတဲ့ ညကြီမှာ ဒီလောက်တစ်ရပ်ကွက်လုံးနိုးလောက်တဲ့အသံကြီးနဲ့ လာအော်တာကို ရပ်ကွက်မပြောနဲ့ ဘေးအိပ်ကတောင်မကြားဘူးတဲ့လေ ၊ကျွန်တော်တို့ တစ်အိပ်မဲကြားရတဲ့အသဲတဲ့ ၊ ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အသံကြီး ။

တစ်ချိန်က တစ္ဆေ နဲ့ တစ်ယောက်ချင်း နပန်းလုံးလာခဲ့ပါတယ် ၊ တစ္ဆေ မကြောက်ပါဘူး ၊ သတ္တိကောင်းပါတယ် ဆိုတဲ့ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ ကတော့ အိမ်ထဲက အိမ်ပြင်တောင်မထွက်ရဲတော့ဘူးဗျ ၊ သူဘာမှားခဲ့မှန်းသူလည်းကျွန်တော့်လိုပဲ တကယ်မသိဘူးတဲ့လေ ။အဲ့ဒီအသံကြီးက တစ်ညတည်းမဟုတ်ပဲ ညစဉ်ရက်ဆက် အချိန်မှန် ကြားနေရတော့အဖိုးရော ကျွန်တော်တို့တစ်အိမ်လုံး မအိပ်ရဲဖြစ်နေကြတယ် ၊ အဖိုးဆို အိပ်ရေးပျက်တဲ့ဒဏ်မခံနိုင်တော့လို့ ကျန်းမာရေးထိခိုက်ပြီး အိပ်ရာထဲလဲပါလေရော ၊ ညဆို ကျွန်တော့်ကိုလည်းမကြာခဏခေါ်ပြီး အိမ်အပြင်ကို လက်ညှိုးထိုးပြတယ် …

“ ဟိုမှာ ကြည့် မြေး မြင်လား ငါတို့အိမ် ပတ်လည်မှာ မဲမဲအကောင်တွေ အများကြီးပဲဟော့ ဟို အပင်နားက အကြီးဆုံးအကောင်ကြီးကို ကြည့်စမ်း အမလေးလေး မျက်လုံးနီနီကြီးနည်းတဲ့ မျက်လုံးကြီးလား အချိန်ပြည့် အဖိုးကို လှမ်းကြည့်နေတာ မြေးရဲ့ တွေ့ရဲ့လား… ”

ကျွန်တော့်အဖိုး ကရောင်ကတန်းပြောနေတာမဟုတ်မှန်း တစ်အိမ်လုံးသိကြတယ် အဖိုးစကားတွေက အမှန်တွေပါ ၊ သူပြောသလိုတော့ ကျွန်တော်တို့ မမြင်ကြရပေမယ့် အိမ်ပတ်၀န်းကျင်မှာ စကားပြောသံတွေ လူသွားသံတွေ လမ်းလျှောက်သံတွေ အကုန်လုံးကို အတိုင်းသားကြားနေရတယ် ကြည့်လိုက်တော့လည်း ဘာမှကိုမရှိဘူး ။

တစ်ရက်တော့ မေမေက ဘုန်းတော်ကြီး ငါးပါးပင့်ပြီး အိမ်သန့်သွားအောင် ပရိတ်ပဋ္ဌာန်း ဒေသနာတော် မြတ်ကြီးကို ရွယတ်ဖတ် ပူဇော် ချီးမြင့်ပေးဖို့ရာ လျှောက်ထားတော့သံဃာတော် အရှင်မြတ်တွေက ချီးမြင့်ပေးခဲ့တယ် အဖိုးကိုလည်း ကိုယ်တိုင်ကိုယ်ကျဆွမ်းကပ်ပေးခြင်း သက္ကင်္န်း ကပ်လှူစေခြင်းတွေလုပ်ခိုင်းစေခဲ့တယ် ။အဲ့ဒီနေ့ညက ကျွန်တော်တို့ အိမ်ပတ်၀န်းကျင်မှာ ဘာအသံမှမကြားရတော့ဘူး ။

ဒါပေမယ့် သိပ်တော့မကြာပါဘူး …. တစ်လ၀န်းကျင်လောက်ကြာတော့ထုံးစံအတိုင်းကြားနေကြ ညအချိန်ရောက်ရင် အိမ်၀န်းကျင်မှာ လူတွေသွားလာနေသံစကားပြောနေသံ ၊ တောက်ခေါက်နေသံတွေ ၊ ခေါ်သံတွေ ကို အတိုင်းသားကြားနေရတယ် ၊ညတိုင်းနော် အဲ့ဒီအသံတွေက သန်းခေါင်ယံကစပြီး မနက် အာရုံတက် ကြမှ ပျောက်သွားတာအပြင်မှာလည်း ခါတိုင်းထက် အကောင်တွေ ပိုများလာပုံရတယ် စကားသံတွေက ပိုဆူလာတာကိုကြားပြီး ခန့်မှန်းလို့ရတယ်လေ ။ ကျွန်တော်တို့မိသားစုက ယခင်ကတည်းက ဘုရားတရားလုပ်တာ ကိုအားနည်းခဲ့တာလေ အဲ့ဒီအချိန်မှာလည်း ပိုလုပ်ရကောင်းမှန်းမသိခဲ့ကြဘူး ၊ အဖိုးကအစပေါ့ ။

ညတိုင်းတစ်မိသားစုလုံးမအိပ်ရဲကြဘူး အိမ်တံခါးတွေလည်း မဖွင့်ရဲ ကုန်ကုန်ပြောရရင်အိမ်သာတောင် မသွားရဲကြသလောက်ပဲ ၊ ဒီကြားထဲ

“ ‘ င ကြည် ’ နင် ငါတို့ နဲ့ လိုက်လာဖို့ ပြင်ထား….ငါ လာခေါ်မယ် ပြင်ထား…. ”

ဆိုတဲ့အသံကြီးကလည်း ညတိုင်းကို ကြားနေရတယ် ၊ တိုးတိုးလေးမဟုတ်ဘူးအကျယ်ကြီးကို ကြားနေရတာ ။ အဖိုးဆို အရမ်းသနားဖို့ကောင်းတယ် ပြေးစရာနေရာ ၊ပုန်းစရာနေရာမရှိတဲ့ ယုန်လေးတစ်ကောင်လိုပဲ ၊ ကျွန်တော်လည်း ငယ်သေးတော့ကြောက်ဖို့ လောက်ပဲသိတယ် အဖိုးကိုရော အိမ်အတွက်ရော ဘာမှ မကူညီနိုင်ခဲ့ဘူး ။

တစ်နေ့ အဖိုးကံဆိုးမယ့်အချိန်ရောက်လာခဲ့တယ် ။အဖိုး မဆုံးခင်ည မရောက်ခင်း တစ်ညက ကျွန်တော်တို့ အိမ်တစ်ခုလုံး ပတ်၀န်းကျင်မှာစကားသံတွေရေ အသံပလံတွေ အစုံကြားနေရတယ် ၊ ဥပမာပေးရရင် ကျွန်တော်တို့ စာသင်ခန်းအတန်းထဲမှာ အတန်းပိုင်ဆရာမမရှိရင်ကျောင်းသားတွေ အပြန်အလှန် စကားပြောနေကြသလိုမျိုး တတွတ်တွတ်နဲ့ ဆူညံပွတ်လောရိုက်နေကြသလိုပေါ့ ၊ ကျွန်တော်တို့ ၀န်းကျင်မှာ ငိုသံတွေ ၊ ရယ်သံတွေ ၊ စကားပြော ၊ခေါ်သံတွေ စတာတွေကို အတိုင်းသားကြားနေရတယ် ဘာတွေပြောနေကြတယ်တော့မသိပေမယ့် ဆူညံနေတယ် သရဲကားထဲကလို အသံတွေတော့မဟုတ်ဘူး ၊ သရဲမကလည်း ပုံမှန်ပဲ လာလာအော်ခေါ်နေတုန်း။

နောက်တစ်နေ့ည သန်းခေါင်းအချိန်ကြတော့ ကျွန်တော်တို့အိမ်ကြီးက ငလျှင်လှုပ်နေသလိုများတစ်ချက်တစ်ချက် လှုပ်သွားတယ် ။အဲ့ဒီနေ့က လဆန်းရက်ကြီး ဒါပေမယ့် ကျွန်တော်တို့ အိမ်ထဲကနေ ပတ်၀န်းကျင်ကိုဘာမှကိုမမြင်ရဘူး မှောင်မဲနေတာပဲ ပတ်၀န်းကျင်တစ်ခုလုံးမှာလည်း အရိပ်တွေမြင်နေရတယ် ။

“ ဂီး…ဂီး… ”
ငှက်ဆိုးတွန်သံ နှစ်ချက်ကို သေချာကြားလိုက်ရတယ် ၊ နတ်ဆိုးတွေကျွန်တော်တို့မိသားစုလေးအနားရောက်နေကြပြီလား ၊ သေချာတာတော့ မကောင်းဆိုးဝါးတွေက ကျွန်တော်တို့ အိမ်ပတ်၀န်းကျင်မှာ အပြည့်နေရာယူထားပုံပဲ ဘာလို့အဲ့လိုပြောနိုင်လည်းဆိုရင် ၊ ကြားနေကြ အသံတွေထပ် ပိုဆူညံနေလိုပါ ။

အပြင်မှာ ငိုသံတွေ စကားပြောသံတွေထက် ရယ်မောနေသံတွေ ၊ မြူတူးနေသံတွေကိုပိုကြားနေရတယ် ၊ ကြားနေကြ သရဲမအသံက ပုံမှန်နဲ့မတူပဲ ပျော်ရွင်နေပုံနဲ့အက်ကွဲကွဲ ရယ်သံကြီးနဲ့အတူ တစ်အိမ်သားလုံးကြားလိုက်ရတယ် ။

“ ‘ င ကြည် ’ နင် လိုက်ခဲ့ပေတော့ ဟား…. ”

အသံနှင့်အတူ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့ နေအိမ်ကလေးသိမ့်ခနဲ သိမ့်ခနဲ နေအောင် တုန်ခါ လှုပ်ရမ်းသွားတယ် ကျွန်တော်တောင် ဘေးက တိုင်ကို မြဲမြဲ ဖတ်ထားရတယ် မေမေ နဲ့ ဖေဖေ က အဖိုးကို ဆွဲကိုင်ထားကြတယ် အဖိုး ‘ ဦးကြည် ’ ကသူသေရတော့မှာကို သိလို့ကြောက်လန့်နေတဲ့ပုံပဲ ၊ ဖေဖေက အဖိုးကပြုဖူးခဲ့တဲ့ ကုသိုလ်တွေကို ဘေးကနေ ပြောပြနေပေမယ့်အဖိုးစိတ်ကတစ်ခြားရောက်ပြီး ကြောက်လန့်နေတယ် ။တစ်စုံတစ်ယောက်က ဆွဲပြီးခါရမ်းနေသလို ကျွန်တော်တိုက အိမ်ငယ်လေးက ယိမ်းထိုးနေတယ် ၊တစ်ဆက်တည်းမှာ အဖိုး ‘ ဦးကြည် ’ က အသက်ရှူကြပ်နေတဲ့ ဟန်နဲ့ သူ့လည်ပင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး “ အစ်…အစ်…အစ် ” နဲ့ရုန်းကန်နေတယ် ၊ အဲ့ဒီအချိန်မှာ ကျွန်တော်တိုကကလည်း ဘုရားစာရွတ်ဖို့ လုံး၀ကို သတိမရခဲ့ဘူး သွေးပျက်မတက်လည်းကြောက်နေမိတယ် အိမ်အပြင်မှာလည်း လက်ခုပ်တီးသံတွေပျော်ရွှင်မြူးတူသံတွေကို အတိုင်းသားကြားနေရတယ် ၊ အိမ်ကြီးကလည်း ငလျှင်လှုပ်နေသလို ခါရမ်းနေတယ်၊သိပ်မကြာပါဘူး အဖိုးလည်း ရုန်းရင်းကန်ရင်းနဲ့ တဖြည်းဖြည်း ငြိမ်ကျသွားတယ် ၊ အဲ့ကျမှာ အိမ်ကြီးလည်းမလှုပ်တော့ပဲ ငြိမ်သွားတယ် ၊ ပတ်၀န်းကျင်ကအသံတွေကလည်း အပ်ကျသံတောင်မကျရလောက်အောင်တိတ်ဆိတ်သွားတယ် ၊ အဖိုးကို ကယ်လို့လဲ မရခဲ့ဘူး ၊ကျွန်တော်တို့ အိမ်ကလေးမှာ တော့ မေမေ့ရဲ့ ငိုသံသဲသဲ ထွက်လာခဲ့တယ် ။

“ အီး..ဟီးးး… အမလေး အဖေရဲ့ အဖြစ်ဆိုးလှချည်လား အဖေရဲ့…”

မေမေ့ငိုသံကြောင့် ဘေးအိမ်က အိမ်နီးချင်းမိသားစုတွေ ကျွန်တော်တိုကအိမ်ကို ရောက်လာကြတယ်၊ရပ်ကွက်က ဆရာ၀န်ကို ချက်ချင်းပင့်ကြပြီး စစ်ဆေးခိုင်းတော့ အဖိုးက အသက်မရှိတော့ဘူးတဲ့ ၊ ကျွန်တော်လည်း ငိုတော့တာပေါ့ ၊ ထူးဆန်းတာက ခုနုက ကျွန်တော်တိုကအိမ်နားမှာ ဆူညံနေတာတွေ အသံပလံတွေကိုဘေးအိမ်တွေက လုံး၀မကြားကြဘူးတဲ့ ၊ နောက်တစ်ချက်က အဖိုးလည်ပင်းမှာ ဘူတစ်ယောက် လည်ပင်းညှစ်ထားသလိုမျိုး လက်ရာ ညိုမဲမဲကြီး ပေါ်နေတယ် ထင်းနေတာပဲ ၊ ကျွန်တော်တို့ မိသားစုလိုက်ရှိလို့သာပေါ့ ၊မဟုတ်ရင် ပတ်၀န်းကျင်က လူသတ်မှုလို့တောင်ထင်ကြမှာ ။

ဒီလိုနဲ့ အဖိုးရက်မလည်ခင်တစ်ရက်ကို ရောက်လာခဲ့တာပေါ့ ၊ အဲ့ဒီနေ့ညက ကျွန်တော်တို့ မိသားစုသုံးယောက် အလွန်ဆန်းကျယ်တဲ့ အိမ်မက်တစ်ခုတည်းကို ပြိုင်တူ မက်မြင်ကြတယ်လေ ။ ကျွန်တော်ညက မက်တဲ့ အိမ်မက်ကို ကျွန်တော့်မိဘနှစ်ပါးကို ပြောပြခဲ့တယ် ….

“ အိမ်မက်ထဲမှာ အဖိုး ကိုပြန်တွေ့တယ် ၊ အဖိုးက တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ မျက်နာလေးကလည်း အရမ်းငြိုးငယ်နေပြီးတော့ စကားတွေပြောတယ် …အဖိုးကို ကယ်ပါဦးတဲ့ သူတို့တွေ အဖိုးကို နှိပ်စက်ကြတယ် .. အဖိုးကို ကယ်ကြပါဦး ”တဲ့လေ ။ကျွန်တော်ပြောပြတဲ့စကားကို မေမေ နဲ့ ဖေဖေ က သေချာနားထောင်နေကြပြီး

အံ့သြတကြီးနဲ့ ဖေဖေ က …

“ အေး ငါလည်း သားလိုပဲ ညက အိမ်မက် တစ်ထပ်တည်းပဲ ”

ဖေဖေ့စကားကြောင့် ကျွန်တော် လန့်သွားပြီး ဖေဖေ့မျက်နာကိုကြည့်မိတယ် ဖေဖေကလည်း ကျွန်တော့်ကို ပြန်ကြည့်ပြီး ကျွန်တော်တို့နှစ်ယောက် တိုင်ပင်ထားသလိုမေမေ့ မျက်နာကို လှမ်းကြည့်လိုက်တော့ မေမေက အလွန့် ထူးဆန်းတာကို မြင်ရကြားရသလိုမျိုးအံ့သြနေသည့် မျက်နာအမူအရာနဲ့ …

“ ဟင် တကယ်ကြီးလား ၊ ကျွန်မလည်းညက အဲ့အတိုင်းမက်တယ် ၊အိမ်မက်ထဲမှာ အဖေက အကူအညီလာတောင်းနေတာ ၊ ဒါဆိုငါတို့သုံးယောက်လုံးတူတူမက်ကြတာပေါ့ ၊သေချာတာတစ်ခုက ဒါစိတ်စွဲလို့မက်တာမဟုတ်တော့ဘူး ယောကျာ်း တစ်ခုခု ကြံပါဦးအဖေ သနားပါတယ် အီး… ”

ငိုနေတဲ့ မေမေကို ကြည့်ရင်း ဖေဖေက ..

“ အေးပါ မေကြီးရယ် ငါရပ်ကွက်ထဲက (…) ကျောင်းထိုင် ဆရာတော်ကြီးကို လျောက်ကြည့်ပါမယ် ”

ဖေဖေ က ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ကို ခေါ်ပြီး ဆရာတော်ကြီးဆီသွားခဲ့ကြတယ် ၊ဟိုရောက်တော့ ဘုရားဦးတိုက် ဆရာတော်ဘုရားကို ဦးတိုက်ပြီး ဖြစ်ကြောင်းကုန်စင် လျှေက်တင်တော့ဆရာတော်ဘုရားကြီးက ဂရုဏာ ဒေါနနဲ့ ကြိမ်းမောင်းပါလေရော

“ မင်တို့ကွာ ဗုဒ္ဓဘာသာတွေဖြစ်ပြီး ဘုရားမေ့ တရားမေ့ သံဃာမေ့နေကြတယ် ၊

အကြောက်တရားတွေကို သရဏဂုံက ကာကွယ်နိုင်တယ်ဆိုတာ နားမလည်ကြတော့ အခုမဖြစ်သင့်တာတွေ ဖြစ်ကုန်ကြပြီပေါ့ ၊ ကောင်းရောကွာ ၊ ဒါကာကြီး ‘ ဦးကြည် ’ လည်းအတိတ်ဘ၀က ကံပါလာလို့ တပ်လိုက်ရတာပေါ့လေ … ကဲကဲ မနက်ဖြန်သူ့ရက်လည်ကို ‘ ဦးဂွမ်တီး ’ ခြံကြီးနားမှာ သွားလုပ်ပေးကြမယ် ၊ တစ်လက်စတည်းနောက်လူတွေ ဒုက္ခ မကြုံရလေအောင် ဘုန်းကြီးတို့ ဘုရားရှင် ဟောကြားထားခဲ့တဲ့‘ မေတ္တာသုတ် ’ တော်နဲ့ ‘ ပဋ္ဌာန်း ဒေသနာတော် မြတ်ကြီး ’ ကို သွားပြီးရွတ်ဆိုပေးမယ် ၊ဒါကာတို့အိမ်ကိုလည်း အန္တရယ်ကင်း ပရတ်ရေစင်တွေ စွန့်ကျဲပေးမယ် ။ ”

ဆရာတော်ဘုရား ရဲ့ သြ၀ါဒတွေကြောင့် ကျွန်တော်နဲက ဖေဖေ လည်း နောင်တတရားတွေရပြီးမနက်ဖြန်အတွက် လိုအပ်တာတွေ လုပ်ဖို့ ရာ ဆရာတော်ဘုရားကို ဦးတိုက်ပြီး အိမ်ကို ပြန်လာခဲ့ကြတယ် အိမ်ရောက်တော့ မေမေ့ကို အကျိုးအကြောင်းပြောပြီး မနက်ဖြန်အတွက် စီစဉ်စရာရှိတာတွေစီစဉ်ခဲ့ကြတယ် ။အဖိုးရက်လည်နေ့ရောက်တော့ ဆရာတော်ဘုရားကြီးအစီအစဉ်နဲ့ ‘ ဦးဂွမ်တီး ’ ခြံကြီး နားမှာ‘ မေတ္တာသုတ် ’ တော်နဲ့ ‘ ပဋ္ဌာန်း ဒေသနာတော် မြတ်ကြီး ’ ကို ရွတ်ဆိုပြီး မေတ္တာပို့သ အမျှအတန်းတွေ ပေးဝေခဲ့တယ်ဗျ ။ ခြံပိုင်ရှင် ‘ ဦးဂွမ်တီး ’ ကလည်း ဆရာတော်ဘုရားအမိန့်ရှိတဲ့အတိုင်း လက်ခံ လိုက်လျောပေးခဲ့တယ် ။ နောက်နေ့တွေမှာတော့ အဲ့ဒီ ခြံကြီးမှာ ဘာအသံမှမကြားရတော့သလို ပရလောကသားတွေ နှောက်ယှက်တယ်ဆိုတာကိုလည်း မကြားရတော့ပါ ၊ ကျွန်တော်တို့ အဖိုး ‘ ဦးကြင် ’

ကိုလည်း တစ်ကြိမ်တစ်ခါမှ အိမ်မက် မမက်တော့ ၊ အရာအားလုံး ပုံမှန်အတိုင်းပြန်လည် ဖြစ်လာခဲ့ပြီလေ ၊နှစ်ချို့ သရဲ ကြီးတွေလည်း ပြောင်းပြေးကြကုန်သလား ကျွတ်လွှတ်သွားလေသလားဆိုတာတော့သေချာမသိခဲ့ပါ ၊ ဘာမဟုတ်တဲ့ ဟင်းစားရှာရင်း သူများခြံထဲ အပေါ့သွားမိလိုက်တဲ့အတွက် ပြန်ပေးဆပ်လိုက်ရတာ တစ္ဆေနဲ့ နပန်းလုံးခဲ့တဲ့ အာဂလူ မကြောက်တတ်ပါဘူးဆိုတဲ့ကျွန်တော့် အဖိုး အသက်ဖြစ်နေတယ်၊ ကျွန်တော်တို့ပြန်ရလိုက်တာက ခြောက်ခြားမှုတွေ ကြောက်စရာ အိမ်မက်ဆိုးတွေ ။

ဒီအဖြစ်အပျက်ကို တွေးမိတိုင်း ငါဘာဖြစ်လို့ အဲ့ဒီအချိန်က ဘုရားစာမရွတ်မိတာလဲ ၊ဘုရားတရားပိုမလုပ်မိတာလဲ ၊ မေမေနဲ့ ဖေဖေ ကရော ဘာလို့ ဘုရားတရားပိုမလုပ်ခဲ့ကြတာလဲ ၊အဖိုးကရော ဘာလို့ ဘုရားတရားမလုပ်ရတာလဲ လို့ မသေသင့်တဲ့ အဖိုးအတွက် အမြဲ နောင်တရနေမိတယ်၊

တကယ်တော့ အဲ့ဒီအချိန်မှာ အားလုံးက ဘုရားစာရွတ်ဖို့ အမှန်ကို မေ့လျော့နေကြတာ ၊ နောက်နေ့တွေမှာလည်း ဆရာတော်ကြီးဆီ လျောက်တင်ဖို့ သတိမေ့နေကြတယ်လေ ၊ ဘာကြောင်လဲဆိုတာတော့အဖိုးကို အသံနဲ့ ခြောက်လန့်ပြီး လည်ပင်းညှစ်သက်သွားတဲ့ ‘ ဦးဂွမ်တီး ’ တို့ ခြံထဲက နှစ်ချို့ သရဲမကလွဲရင်ဘယ်သူများသိနိုင်ဦးမှာလဲဗျာ ၊ ခင်ဗျားတို့လည်း အဲ့ဒီ သရဲမနဲ့ တွေ့ရင် ကျွန်တော်တို့ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးကို မေ့သလိုမေ့မနေကြနဲ့နော် ၊ မဟုတ်ရင် …………. ။

~~~~ပြီးပါပြီ~~~

Zawgyi Version

မေၾကာက္တတ္ဖူးဆို(ျဖစ္ရပ္မွန္ စ/ဆုံး)
============================
ကြၽန္ေတာ္တို႔ေနထိုင္ၾကတဲ့ လူ႔ေလာက လူ႔ကမာၻႀကီးမွာ ပရေလာကလို႔ေခၚတဲ့ ေလာကတစ္ခု ကလည္း တည္ရွိ ျဖစ္တည္လွ်က္ရွိတယ္ ။ အဲ့ဒီ ပရေလာကႀကီးမွာ ဘုရားေဟာ ၾကမ္းဂန္ေတြထဲမွာ ပါ၀င္ၾကတဲ့ ‘ ၿပိတၱာ ဘုံသားေတြ ’ ေနထိုင္ၾကတယ္ ၊ သူတို႔ေတြဟာ ကြၽန္ေတာ္တို႔ လူသားမ်ားႏွင့္မတူညီၾကပဲ ေၾကာက္မက္ဖြယ္ ႐ုပ္အဆင္းသ႑န္ မ်ား ေျခာက္ျခားဖြယ္ရာ အသံမ်ား စတာေတြကို ပိုင္းဆိုင္ထားၾကသူေတြျဖစ္တယ္ ၊ ဘုရားေဟာ အရာဆိုရင္ေတာ့ လူ႔ ထက္ နိမ့္က်တဲ့ ေအာက္ဘုံ(အပၸယ္ဘုံ) သားေတြလို႔ပဲ ဆိုရပါမယ္ ၊ ဒါကိုကြၽန္ေတာ္တို႔ လက္ခံရမယ္ ၊ တနည္းအားျဖင့္ ပုံမွန္ဆိုလွ်င္ ကြၽန္ေတာ္တို႔ လူသာမာန္ မ်က္စိအျမင္နဲ႔ မျမင္ႏိုင္တဲ့ ပရေလာကသားေတြဟာ ကြၽန္ေတာ္တို႔ ပတ္၀န္းက်င္မွာပဲ တည္ရွိေနတယ္လို႔ဆိုရမယ့္ အမွန္တရားတစ္ခုကို ယုံၾကည္ၾကရမယ္ ။

ဘာသာေရးအျမင္အရ ကြၽန္ေတာ္ တင္ျပျခင္းျဖစ္သည္ ၊ ဟုတ္ၿပီ လက္ေတြ႕အေနနဲ႔ေရာလို႔ေမးစရာရွိလာပါၿပီး ၊ ပရေလာကဆိုတာ တကယ္ရွိပါတယ္ ၊ ‘ ေျပာမယုံ ႀကဳံဖူးမွ သိ ’ ဆိုတဲ့စကားကအလကားျဖစ္လာတာမဟုတ္ပါဘူး ၊ ေလာကႀကီးမွာ သရဲတေစၦလို႔ေခၚတဲ့ ၿပိတၱာဘုံသား ပရေလာကသားေတြရဲ႕အေၾကာင္း ကို စာေတြ ၊ ႐ုပ္ရွင္ ဇာတ္လမ္းေတြ ၊ အခ်ိဳ႕ေသာ ဓါတ္ပုံေတြမွာ အက်ယ္တ၀င့္ ေဖာ္ျပေနတာကို စာဖတ္သူတို႔လည္း မ်က္ဝါးထင္ထင္ ျမင္ၾကရမွာပါ ၊ ကြၽန္ေတာ္ ယခုလို နိဒါန္းပ်ိဳးေနရျခင္းမွာ အျခားမဟုတ္ကြၽန္ေတာ့္ ကိုယ္ေတြ႕ ပရေလာက ျဖစ္ရန္မွန္ ဇာတ္လမ္းေလးကို စာဖတ္သူတို႔ အားလုံ သိေစဖို႔ရာ ေရးသား ေဖာ္ျပေတာ့မွာ ျဖစ္တဲ့အတြက္ပါ ။ယခုတင္ျပမယ့္ ဇာတ္လမ္းေလးမွာ ျဖစ္ရပ္မွန္ ဇာတ္လမ္းေလး တစ္ပုဒ္ ျဖစ္တဲ့အတြက္ေၾကာင့္ တစ္ခ်ိဳ႕ေနရာေတြမွာ လက္ေတြ႕မဆန္တဲ့အေၾကာင္းအရာေလးေတြ ပါေကာင္းပါေနမွာပါ၊ကာယကံရွင္ လူတစ္ခ်ိဳ႕ေတြရဲ႕ အမည္နာမေတြကိုလည္း ကြၽန္ေတာ္ လြဲၿပီးေတာ့ ေရးသားထားပါတယ္ ။ကြၽန္ေတာ့္အတြက္ကေတာ့ ဒီဇာတ္လမ္းေလး ႀကဳံေတြ႕ခဲ့ရတဲ့ အခ်ိန္ အခိုက္အတန္႔က ဘ၀မွာ ဘယ္ေတာ့မွ ေမ့ေဖ်ာက္ႏိုင္ေတာ့မွာ မဟုတ္တဲ့ ေၾကာက္မက္ဖြယ္ရာ အိမ္မက္ဆိုးႀကီးတစ္ခု အျဖစ္နဲ႔ ထာ၀ရတည္ရွိေနမွာပါ ….

ဇာတ္လမ္းေလးက ဒီလို…………

ကြၽန္ေတာ့္ နာမည္က ‘ မိုးေစြ ’ ပါ ။ ေမာ္လၿမိဳင္ၿမိဳကေလးက ကြၽန္ေတာ့္ေမြးရပ္ေပါ့ ၊ ကြၽန္ေတာ္တို႔ မိသားစုက ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ ၿမိဳ႕စြန္ ရပ္ကြက္ငယ္ေလးတစ္ခု မွာ ေနၾကတယ္ ၊အိမ္မွာက ကြၽန္ေတာ္ရယ္ ၊ အဖိုးရယ္ ၊ ကြၽန္ေတာ္ေတာ့္ အေဖနဲ႔ အေမရယ္ ေပါင္း ေလးေယာက္ အတူတူေနထိုင္ၾကတယ္ ။ ကြၽန္ေတာ္တို႔ မိသားစုကို ရပ္ကြက္ထဲမွာ မသိတဲ့သူ မရွိသေလာက္ပဲ တစ္ျခားေၾကာင့္ေတာ့မဟုတ္ပါဘူး ၊ ကြၽန္ေတာ့္ရဲ႕ အာဂ အဖိုး ‘ ဦးၾကည္ ’ ေၾကာင့္ေပါ့ ၊ အဖိုးက ဘာလို႔နာမည္ႀကီးတာလည္းဆိုရင္ သတၱိေကာင္းလို႔ဗ် ၊ ရပ္ကြက္ထဲမွာ ‘ ဦးၾကည္’ လို႔ေမးလိုက္ရင္ ကေလးကအစ လူႀကီးအဆုံး အကုန္လုံးသိၾကတယ္ေလ ၊ အဖိုးနာမည္ႀကီးတာက အေၾကာင္းရွိတယ္ ဒီလိုဗ် ကြၽန္ေတာ္တို႔ အဖိုး ‘ ဦးၾကည္ ’ ကအရင္တုန္းက စစ္သားႀကီး ၊ ၿပီးေတာ့ သူက အေၾကာက္အလန္႔ကလည္းမရွိတတ္ဘူး ၊ လူလူျခင္းမေျပာနဲ႔သရဲနဲ႔ေတာင္ တစ္ေယာက္ခ်င္း နပန္းလုံးသတဲ့ေလ ။

အဲ့ဒီ အျဖစ္အပ်က္ ျဖစ္တုန္းက မွတ္မွတ္ရရ ၁၉၉၆ / ၉၇ ၀န္းက်င္ေလာက္ကဗ် ။ ကြၽန္ေတာ္ဒီလို ခုနစ္ တိတိက်က်ေျပာႏိုင္တာကလည္း အဖိုး ‘ ဦးၾကည္ ’ က ဒီအျဖစ္အပ်က္ကို ခဏခဏ ျပန္ေျပာျပေနေတာ့ နားထဲစြဲေနတာေပါ့ေလ ။ အဲ့ဒီအခ်ိန္က အဖိုးက အမွတ္ (… ) တပ္မေတာ္ထဲမွာ (…)ရာထူးနဲ႔ တာ၀န္ထမ္းေဆာင္ေနတဲ့အခ်ိန္ပါ ၊ သူတို႔ တပ္စခန္းအေနအထားကို နဲနဲရွင္းျပမယ္ ၊ တပ္ရဲက ၀န္းထဲမွာကေဘာလုံးကြင္း ကြင္းျပင္ အက်ယ္ႀကီးတစ္ခုရွိတယ္ ၊ အဲ့ဒီ ကြင္းႀကီး ကနာမည္ႀကီးပဲ သရဲအရမ္းေျခာက္တာေဘာလုံးကြင္းႀကီးနား ညပိုင္း ဂ်ဴတီက်တဲ့ တပ္သားတိုင္းလိုလို သရဲနဲ႔ ႀကဳံဖူးၾကတယ္ဗ် ၊ ေၾကက္ဖ်ား ဖ်ားၿပီးေတာ္ေတာ္ေလးကုလိုက္မွျပန္ေကာင္းလာတဲ့လူေတြလဲရွိတယ္ ၊ ၾကမ္းတာလည္း မေျပာနဲ႔ေလ အဲ့ဒီ ေဘာလုံးကြင္းႀကီးက တစ္ခါတုန္းက သုသာန္ေဟာင္းႀကီးေလ ၊ အဲ့ဒါကို မင္းမိန္႔(စစ္မိန္႔) နဲ႔ ျမင္အပ္မျမင္အပ္ပရေလာကသားေတြကို ေနရာေ႐ြ႕ေပးလိုက္ၾကၿပီး ေဘာလုံးကြင္းအျဖစ္ ေျမျပန္ ညႇိထားတာေပါ့ ၊ ဒါေပမယ့္ ေနရာေ႐ြ႕ေတာ့ မပါသြားပဲ က်န္ရစ္ခဲ့တဲ့ တေစၦ ရွိတဲ့ပုံပဲ ၊ ဒါ့ေၾကာင့္ ေျခာက္လန္႔ေနတာေပါ့ ၊ အဲ့ဒီ တေစၦကထူးဆန္းတယ္ တစ္ေနကုန္အေကာင္း ညပိုင္း အပုတ္ခ်ိန္၀င္ခါစႏြား႐ိုင္းသိမ္းခ်ိန္ ျဖစ္တဲ့ေန၀င္ရီတေရာ အခ်ိန္ဆိုရင္ စၿပီးေတာ့ ေျခာက္လန္႔ေတာ့တာပဲ ။

တစ္ေန႔မွာေပါ့ ကြၽန္ေတာ္တို႔ အဖိုး ‘ ဦးၾကည္ ’ သရဲေျခာက္တာၾကမ္းတဲ့ ေဘာလုံးကြင္းႀကီးနားကိုညပိုင္း ကင္းေစာင့္ဖို႔ တာ၀န္က်လာတယ္ ၊ တပ္ထဲမွာက အမိန္႔တစ္ခုရွိတယ္ ညဆိုရင္ ကင္း တာ၀န္က်တဲ့သူကလြဲရင္ က်န္တဲ့သူ ဘယ္သူမွ ၊ ဘာကိစၥနဲ႔မွ အျပင္ကို ထြက္ခြင့္ မရွိဘူး ။ ညပိုင္း ည ၁၀ နာရီေလာက္ မွာကြၽန္ေတာ္တို႔အဖိုးလည္း သူတာ၀န္က်တဲ့ေနရာမွာ ကင္းေစာင့္ဖို႔ ဂတ္ထဲကေန ထြက္လာခဲ့တယ္ ၊သူကင္းေစာင့္ရမယ့္ ေနရာလည္း ေရာက္ေရာ ညေမွာင္ေမွာင္ ေဘာလုံးကြင္းႀကီးထဲမွာ စစ္ စြတ္က်ယ္ နဲ႔ ေဘာက္ဘီတို ကို၀တ္ ထားတဲ့ လူတစ္ေယာက္ ေျပးလႊားေနတာကို ေတြ႕သတဲ့ ၊ အဖိုးကလည္း အဲ့ဒီအခ်ိန္ထိလူလို႔ပဲထင္ေနတာ အဲ့တာနဲ႔ သူလည္း ေျပးေနတဲ့သူကို ဓါတ္မီးနဲ႔ ထိုးၿပီး အဲ့ဒီ လူအနားေျပးသြားၿပီး ပါးစပ္ကလည္း လွမ္းေအာ္ေျပာလိုက္တယ္ …. ။

“ ေဟ့လူ ခင္ဗ်ား စည္းကမ္းနားမလည္ဘူးလားဗ် ၊ ဒီအခ်ိန္ႀကီး အျပင္ မထြက္ရဘူးဆိုတာ ”

အဲ့ဒီလို ေမးေနရင္း ကြင္းထဲမွာ ေျပးလႊားေနတဲ့ သူ အနားကို အဖိုးလည္းေရာက္ေရာ အဲ့ဒီလူကမ်က္စိေရွ႕တင္ ေပ်ာက္သြားေရာ ၊ အဖိုးလည္း ေၾကာင္သြားတာေပါ့ ၊ေနာက္ၿပီးေတာ့ သူသိလိုက္တယ္ ဒါ ေဘာလုံးကြင္းထဲက တေစၦက သူ႔ကို ေျခာက္လန္႔ေနၿပီဆိုတာကိုေလ ၊ ဒါေပမယ့္ အဖိုးက မေၾကာက္တတ္ဘူး သူ႔ကို စေနာက္ၿပီး ေျခာက္လန္႔ရေကာင္းမလားဆိုၿပီး ေပ်ာက္သြားတဲ့ တေစၦကိုေဒါသေတြထြက္ၿပီး လက္ထဲက ဓါတ္မီးနဲ႔ ဟိုဟိုဒီဒီလိုက္ရွာေနေတာ့ သေကာင့္သား တေစၦကဟိုး… ကြင္းအစပ္နားကေန လက္ပိုက္ၿပီး အဖိုးကိုၾကည့္ေနသတဲ့ ၊ ကိုယ္ေတြအဖိုးကလည္း ေခသူမဟုတ္ေဒါသတႀကီးနဲ႔ ပါးစပ္ကလည္း အယုတ္တ အႏၷတေတြ ဆဲဆိုရင္းနဲ႔ ကြင္းအစ္က တေစၦကို စိန္ေခၚေနတာေပါ့ ၊တေစၦကလည္း သူ႔ကို ကြၽန္ေတာ္တို႔အဖိုးက ဆဲ့ဆိုၿပီး စိန္ေခၚ ေစာ္ကားေနမွန္းသိေတာ့ ကြင္းအစပ္ေနရာကေနခ်က္ခ်င္း ကိုယ္ေပ်ာက္သြားတယ္ ၊ အဖိုးကလည္း ေဒါသတႀကီးနဲ႔ ဓါတ္မီးအလင္းေရာင္နဲ႔ ပတ္၀န္းက်င္မွာလိုက္ရွာေနတာ ၊ အဲ့ဒီအခ်ိန္မွာ အဖိုးနားတဝိုက္မွာ ေအးသလိုျဖစ္သြားေတာ့ အဖိုးကသူ႔ေဘးနားကိုဓါတ္မီးနဲက ထိုးၾကည့္လိုက္တယ္ အဲ့ဒီမွာ .. ဘုရားဘုရား ႐ုပ္ပ်က္ဆင္းပ်က္ မ်က္နာႀကီးနဲ႔ ခုနက ကြင္းထဲေျပးေနတဲ့ တေစၦႀကီးျဖစ္ေနတယ္ ၊ မေၾကာက္တက္တဲ့ အဖိုးေတာင္ ႐ုတ္တရက္ဆိုေတာ့ လန္႔ၿပီး အေနာက္ဆုတ္သြားမိတယ္ တေစၦႀကီးကလည္း ခ်က္ခ်င္းဆိုသလို သူ႔ရဲ႕ သန္မာတဲံ လက္ႀကီးႏွစ္ဖက္နဲ႔အဖိုးရဲ႕ လည္ပင္းကို ညႇစ္ေတာ့တာပဲ အဖိုးကလည္း စစ္သားဆိုေတာ့ ဘယ္ရမလည္း သင္ထားသမွ် ကိုယ္ခံပညာေတြနဲ႔ တေစၦႀကီးလက္ကေန ရေအာင္ ႐ုန္းတယ္ ၊ ေနာက္ဆုံး အဖိုးလြတ္က်သြားၿပီးေျမျပင္ေပၚ ျပစ္လဲသြားတာနဲ႔ ခ်က္ခ်င္းျပန္ထလိုက္ၿပီး တက္ကြၽမ္းသမွ် လက္သီးထိုးနည္းေတြနဲ႔တေစၦႀကီးကို တရစပ္ကို ထိုးေတာ့တာပဲ သူထိုးသမွ်ကို တေစၦႀကီးက ဘာမွျပန္မလုပ္ပဲ ရင္ေကာ့ခံေပးထားတယ္ ထိုးသာ ထိုးေနရတယ္ ဖြဲအိတ္ႀကီး ထိုးေနရသလိုပဲ တေစၦႀကီးက အၿပဳံးမပ်က္ဘူး ၊ ေနာက္ေတာ့ အဖိုးေမာေလာက္ၿပီဆိုမွ တေစၦႀကီးက ဘုန္းသီးအေသးအ႐ြယ္ေလာက္ရွိတဲ့ သူရဲ႕ လက္သီးလုံးႀကီးနဲ႔တစ္ခ်က္ၿပီးတစ္ခ်က္ အဖိုးကို ပစ္ထိုးေတာ့တာပဲ အဖိုးကလည္း ဒီတိုင္းခံထိုးေနရင္ အဆင္မေျပမွန္းရိပ္စားမိၿပီးသူ႔ကို စေစၦႀကီး ဆက္ထိုးလို႔မရေအာင္ တေစၦႀကီးရဲက ကိုယ္ကို အတင္းေျပးဖတ္ၿပီး နပန္းလုံးေတာ့တာပဲဟိုကလည္း ၿငိမ္မေနဘူး ျပန္လုံးတာ အဲ့လိုလုံးေနေတာ့လဲ တေစၦႀကီးက အားဘယ္ေလာက္ ႀကီးသလည္းမေမးနဲ႔ အဖိုးဆို တစ္ကိုယ္လုံး အ႐ိုးေတြ က်ိဳးေၾကသြားသလား ေအာက့္ေမ့ရတယ္ဆိုပဲ ။

တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔ အဖိုး ‘ ဦးၾကည္ ’ ရဲ႕ အထပ္က အရာရွိက အဖိုးဂ်ဴတီခ်ိန္ၿပီးတာေတာင္ ျပန္မလာေသးေတာ့ တစ္ေနရာရာမွာမ်ား မူးၿပီး အိပ္ေနတာလားဆိုၿပီး ေနာက္ထပ္ ရဲေဘာ္ႏွစ္ေယာက္ကို အဖိုးေနာက္လိုက္ခိုင္လိုက္ေရာ ၊ ႐ုံးကေန လာတဲ့ရဲေဘာ္ႏွစ္ေယာက္က အဖိုးဂ်ဴတီက်တဲ့ေနရာေရာက္ေတာ့ ညအေမွာက္ႀကီး ကြင္းထဲမွာ ေအာ္ဟစ္ၿပီး ဖုံတလုံးလုံးနဲ႔ နပန္းလုံး ထိုးက်ိတ္ေနၾကတဲ့ တေစၦႀကီးနဲ႔ အဖိုးကို ျမင္ေတာ့ ဓါတ္မီးနဲ႔လွမ္းထိုးၿပီး အဖိုးနားေျပးလာတဲ့အခ်ိန္မွာပဲ အဖိုးနဲက ထိုးေနတဲ့ တေစၦႀကီးက ကြင္းႀကီးရဲ႕ တစ္ေနရာကို ထြက္ေျပးသြားခဲ့တယ္ ။အဖိုးကလည္း ဒဏ္ရာေတြနဲ႔ သက္ေမ်ာ့ေမ်ာ့ပဲ က်န္ေတာ့တဲ့ ရဲေဘာ္ႏွစ္ေယာက္လည္း အဖိုးကိုထမ္းၿပီး တပ္မေတာ္ ေဆး႐ုံအျမန္ပို႔လိုက္ၾကရတယ္ေလ ။ ကြၽန္ေတာ္တို႔ အဖိုး ‘ ဦးၾကည္ ’ ရဲ႕ အထပ္ကအရာရွိကလည္း ေဆး႐ုံအထိလာၾကည့္တယ္ မယုံတာလည္း ပါတာေပါ့ ေနာက္ေတာ့ အဖိုးလည္ပင္းကညိဳမဲေနတဲ့ လက္ရာႀကီးကို ျမင္မွ လက္ခံသြားတယ္ ၊ အဖိုးက ေဆး႐ုံေတာ့ ေတာ္ေတာ္ၾကာၾကာေလးကိုတက္လိုက္ရတယ္ ၊ အဲ့ကတည္းကစၿပီး သရဲနဲ႔ နပန္းလုံးတဲ့ တေစၦမေၾကာက္ ‘ ဦးၾကည္ ’ ဆိုၿပီးျဖစ္လာခဲ့တာေပါ့ ။

ဒါက ကြၽန္ေတာ္တို႔အဖိုးရပ္ကြက္ထဲမွာ နာမည္ႀကီးရတဲ့ အျဖစ္ေလး ၊ သူနဲကအတူ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ စစ္မႈထမ္းေဟာင္းအဖိုးႀကီးေတြ ဆုံရင္လည္း အဖိုးအေၾကာင္း အၿမဲေျပာျပၾကတယ္ ။ အဖိုး ‘ ဦးၾကည္ ’ ကသတၱိ ဘယ္ေလာက္ေကာင္းေၾကာင္း ၊ သရဲနဲကေတာင္ နပန္းလုံးဖူးေၾကာင္းစသျဖင့္ေပါ့ ၊ ဒါေပမယ့္ တေစၦမေၾကာက္သူ ကြၽန္ေတာ္တို႔ အဖိုးရဲ႕ အျဖစ္က ဒီလိုနဲ႔ ၿပီးမသြားေသးဘူးဗ် ၊ ေနာက္ဆက္တြဲက က်န္ေသးတယ္ ၊ အခုျဖစ္ရပ္ၾကေတာ့ ကြၽန္ေတာ္ပါ ပါတယ္ တစ္ကယ္ကိုယ္ေတြ႕ေပါ့ဗ်ာ ။

အဲ့ဒီတုန္းက ၂၀၀၅ ခုနစ္ ၊ ကြၽန္ေတာ္ ငါးတန္းေက်ာင္းသား အ႐ြယ္ပဲရွိေသးတယ္ ။ အဖိုး ‘ ဦးၾကည္ ’ ကေတာ့ အသက္အ႐ြယ္အရ တပ္ကထြက္ၿပီး အၿငိမ္းစားဘ၀နဲ႔ေပါ့ ။ ကြၽန္ေတာ္တို႔ ေမာ္လၿမိဳင္မွာ ‘ သရက္ကုန္း ’ ဆိုတဲ့ ေနရာေလးတစ္ခုရွိတယ္ဗ် ။ အဲ့ဒီမွာက တ႐ုတ္နဲ႔ ကုလား လူမ်ိဳးေတြ ပဲအမ်ားဆုံးေနၾကတာ ျမန္မာဆိုတာ ခပ္ရွားရွားပဲ ။ သူတို႔ေတြက မ်ားေသာအားျဖင့္ ၿခံစိုက္စားၾကတယ္ ၊ ရာသီအလိုက္ ရာသီေပၚ သီးႏွံေတြမ်ိဳးစုံ ကိုစိုက္ပ်ိဳးၾကတယ္ ဒါသူတို႔ရဲ စီးပြားေရးလုပ္ငန္းေပါ့ ၊ အဲ့ဒီလို ၿခံေတြထဲမွာမွ ‘ ဦးဂြမ္တီး ’ ဆိုတဲ့ တ႐ုတ္ အဖိုးႀကီးတစ္ေယာက္ ပိုင္တဲ့ ၿခံႀကီးတစ္ၿခံရွိတယ္ဗ် ၊အဲ့ဒီၿခံႀကီးက သရဲ တေစၦ အရမ္းေျခာက္ၿပီး ေျမၾကမ္းတဲ့ၿခံႀကီးရယ္လို႔ လူသိမ်ားၾက တယ္ ။ ေန႔ခင္းေၾကာင္ေတာင္ အခ်ိန္မွာေတာင္ အေျခာက္အလန္႔က ရွိလို႔ လူေတြက အဲ့ဒီၿခံႀကီးအနားဆိုရင္ျဖတ္မသြားရဲၾကဘူး ေရွာင္ ကြင္းၿပီး သြားၾကတယ္ ၊ ဒီအေၾကာင္းေတြကို ၿခံပိုင္ရွင္ေတြလည္းသိပုံရတယ္ ၊ဒါေပမယ့္ ၿခံႀကီးထဲမွာ ထူးထူးျခားျခား ဘုန္းႀကီးပင့္တာတို႔ ၊ ဘုရားစာ႐ြတ္ဆိုတာတို႔ သရဲႏွင္တာတို႔လုပ္ၾကတာ တစ္ခါမွေတာ့ မျမင္ဖူးဘူး ဘာေၾကာင့္မွန္းေတာ့ ေသခ်ာမသိ ။

ကြၽန္ေတာ္တို႔ ေနတဲ့ အိမ္နဲ႔ ‘ သရက္ကုန္း ’ က သိပ္မေဝးသလို နီးလည္းမနီးဘူးဗ် ။မွတ္မိေသးတယ္ အဲ့ဒီအခ်ိန္က ဇြန္လ မိုးတြင္းအခ်ိန္ကာလ ႀကီး ၊ ေကာင္ကင္ကမိုးေရစက္ေတြကအိမ္ေခါင္မ်ားေပၚကတစ္ဆင့္ တစက္ၿမိတ္ေလးကေန ေျမျပင္ကို အေျပးအလႊား ေျပးဆင္းေနၾကတဲ့အခ်ိန္ ၊ မိုးေမွ်ာ္ ဖားေတြ ျမဴးတူးေနၾကၿပီး ၊ ေကာင္ကင္ႀကီး ၀မ္းနည္းေနတဲ့ အခိုက္အတန္႔တစ္ခု ။တစ္ေန႔မွာ ညေနေန၀င္ရီတေရာ အခ်ိန္ကြၽန္ေတာ့္ အဖိုး ‘ ဦးၾကည္ ’ က အိမ္အျပင္ဘက္ကိုေမွ်ာ္ၾကင့္ေနရင္း သူ႔နေဘးမွာ ထိုင္ေနတဲ့ ေျမးျဖစ္သူ ကြၽန္ေတာ္ကို စကားဆိုလာတယ္ ။

“ ေျမးေရ ‘ မိုးေစြ ’ ရာသီဥတုက ညပိုင္းမိုး႐ြာမယ့္ပုံကြ ”

အဖိုးဘာလုပ္ခ်င္တာလဲဆိုတာကို သိႏွင့္ေနတဲ့ ကြၽန္ေတာ္ကလည္း အလိုက္တသိ အဖိုးစကားကိုလမ္းဖြင့္ေပးၿပီး …

“ ဟုတ္တယ္ အဖိုး ဒီအခ်ိန္ဆို အျပင္မွာ ဖားေတြ ျမဴးေနေလာက္ၿပီ ”

အဖိုးက ကြၽန္ေတာ့္စကားေၾကာင့္ သူ႔ရဲ က်ိဳ႕တို႔က်ဲတဲ သြားေတြ အကုန္ေပၚေအာင္ၿပဳံးရယ္လိုက္ရင္း …

“ အဟတ္အဟတ္ ငါ့ေျမးကဘယ္ဆိုးလို႔လဲကြ ၊ အဖိုးလည္း အဲ့တာပဲစဥ္းစားေနတာအိမ္မွာေနတာ ျပင္းျပင္းရွိတာနဲ႔ စိတ္ေျပလက္ေျပာက္ အိမ္အျပင္မွာ ဟင္းစားေလးသြားရွာမလားလို႔ ”

“ ဟာ အဖိုးကလည္း ေျပာေနၾကာတယ္ ကြၽန္ေတာ္အခုပဲ ပစၥည္းေတြယူလိုက္မယ္ဗ်ိဳ႕ ”

ကြၽန္ေတာ္လည္း ေျပာေျပာဆိုဆိုနဲ႔ ပုဆိုးကို ခါးေထာင္းက်ိဳက္ၿပီး ၊ ဓားတစ္လက္ ၊ပလိုင္းတစ္လုံး ကိုယူ ခေမာက္ႀကီးတစ္လုံးေဆာင္းၿပီး အဖိုးနဲကလိုက္သြားဖို႔ျပင္လိုက္တယ္ ၊အဖိုးကလည္း အိမ္ေရွ႕မွာ ခါးေထာင္းက်ိဳက္ႀကီးနဲ႔ ခါးေမာက္ႀကီးေဆာင္းလို႔ ကြၽန္ေတာ့္ကိုေစာင့္ေနေလရဲ႕ ။ ေျပာရဦးမယ္ ကြၽန္ေတာ္တို႔ မိသားစုက ေဖေဖ့ လစာေလးနဲ႔ လူတန္းေစ့ေနႏိုင္ပါရက္နဲ႔ဖိုးဖိုးနဲ႔ ကြၽန္ေတာ္က ဝါသနာတူ အေပ်ာ္ ငါးဖမ္းတယ္ ၊ ဖား႐ိုက္တယ္ ။ ဒါေတြက ကြၽန္ေတာ့္ကေလးဘ၀က သိပ္ကို ေပ်ာ္စရာေကာင္းတဲ့ မိုးတြင္း အဖိုးနဲ႔ အမွတ္တရေတြေပါ့ဗ်ာ ။

“ ေမေမ သားတို႔သြားၿပီေနာ္ .. ”

အိမ္မွာ တစ္ေယာက္တည္း က်န္ခဲ့တဲ့ ေမေမကို ကြၽန္ေတာ္ ႏႈတ္ဆက္ၿပီးခုန္ေပါက္လို႔ အဖိုးေနာက္လိုက္သြားခဲ့ၿပီေလ အိမ္ထဲက အေမလွမ္းၿပီးေတာ့ မွာတမ္းေခြၽေနတဲ့စကားသံေတြက တစ္ျဖည္းျဖည္း ေဝးလို႔ …… ။

ထူးဆန္းတယ္ဗ် ခါတိုင္းဆိုရင္ လမ္းတစ္ေလွ်ာက္မွာ ဖားေတြေရာ ငါးေတြပါ မနည္းဘူးေတြ႕ေနရယ္ ၊ ဒီေန႔ၾကမွ ဖားဆိုရင္လည္းတစ္ေကာင္ စ ႏွစ္ေကာင္ စ ၊ငါးဆိုရင္လည္း အေကာင္ေသးေသးေလးေတြပဲ ျမင္ေနရတယ္ ၊ အဖိုးေရာ ကြၽန္ေတာ္ပါမေက်မခ်မ္း ေဇာနဲ႔ ဟင္းစားရွာေနရင္းနဲ႔ တစ္ျဖည္းျဖည္း ‘ သရက္ကုန္း ’ ဘက္ကိုေရာက္မွန္းမသိေရာက္သြားခဲ့တယ္ မိုးဖြဲေလးေတြေတာင္က်ေနၿပီ ။

“ ငါ့ေျမး အဖိုးဒီေန႔ဘာျဖစ္လည္းမသိဘူး ၊ ေနရတာတစ္မ်ိဳးပဲ ေနရထိုင္ရတာသိပ္မေကာင္းဘူးကြာ ၊ ေနမေကာင္းျဖစ္ခ်င္လာတယ္ ထင္တယ္ ”

“ ဟာအဖိုး ဒါဆို မိုးမိလို႔ဘယ္ျဖစ္မလည္း ျပန္ၾကရေအာင္ လာ အဖိုး ”

ကြၽန္ေတာ္လည္း ဖား ငါးမရတာက တစ္ေၾကာင္း မိုး႐ြာစျပဳေနၿပီးအဖိုးက ေနမေကာင္းဘူးဆိုတာက တစ္ေၾကာင္းေၾကာင့္ အိမ္ျပန္ဖို႔ရာ အဖိုးလက္ကိုဆြဲေနစဥ္…

“ ရတယ္ေျမး ငါတို႔ ဟင္းစားေလးေတာ့ ရေအာင္ရွာၾကမယ္ ၊ၿပီးမွ ျပန္ၾကတာေပါ့ အိမ္ေရာက္ရင္ အိပ္ခါနီးေဆးေလးေသာက္လိုက္ရင္ သက္သာသြားမွာပါ ”

ဇြဲႀကီးတဲ့ အဖိုးေၾကာင့္ ကြၽန္ေတာ္လည္း ေယာက္ရမ္းၿပီး ေခါင္းၿငိမ့္လိုက္မိတယ္ ၊ ဒီလိုနဲ႔ ကြၽန္ေတာ္တို႔ ေျမးအဖိုးႏွစ္ေယာက္ ဟင္းစားရွာရင္းနဲ႔ အမႈမဲ့ အမွတ္မဲ့ သရက္ကုန္းၿခံေတြထဲေရာက္သြားၿပီး အဲ့ဒီကေန ‘ ဦးဂြမ္တီး ’ ရဲက ၿခံႀကီးထဲကို ေရာက္သြားခဲ့ၾကတယ္ ။ေနမင္းရဲ႕ အလင္းဓါတ္က ေမးမွိန္သည္ထက္ ေမွးမွန္လာၿပီး ေကာင္းကင္တစ္ခြင္လုံးနိမိတ္ဆိုးကို ေဆာင္ယူလာမည့္ ဟန္ရွိတဲ့ တိမ္ညိဳ တိမ္မႈိင္းေတြက ေနရာယူလို႔ထားေလၿပီ ၊မိုးကလည္း သည္းသထက္ သည္းလို႔လာၿပီး ပတ္၀န္းက်င္မွာ သာမန္ထက္ပင္ပိုလို႔ ေမွာင္မိုက္လာခဲ့တယ္ ။

“ ဟ အဖိုးေရ ကြၽန္ေတာ္တို႔တို႔ေတာ့ ဒုကၡေရာက္ၿပီ မီးအလင္းေရာက္လဲမပါဘူး ၊မိုးကလည္း ပိုသည္းလာၿပီ ပတ္၀န္းက်င္က ေမွာင္မဲေနၿပီ ၾကာရင္မလြယ္ဘူး ဟင္းစားမရရင္လည္းေနပါေစတာ့ ျပန္ၾကရေအာင္အဖိုး ”

ေၾကာက္စိတ္နဲက သတိေပးတဲ့ကြၽန္ေတာ့္စကားေၾကာင့္ အဖိုးလည္း သတိ၀င္သြားၿပီး..

“ ေအးကြ ငါတို႔ထြက္လာတာ ေတာ္ေတာ္ၾကာေနၿပီပဲ ျပန္ၾကရေအာင္ ”

ကြၽန္ေတာ္တို႔ ေျမးအဖိုႏွစ္ေယာက္ မိုးေရေၾကာင့္ဗြက္ထေနေသာ ေျမျပင္ကိုေျခလွမ္းက်ဲႀကီးေတြနဲ႔ နင္းၿပီး အိမ္ျပန္ဖို႔ရာ လာလမ္းအတိုင္းေနာက္လည့္ျပန္ခဲ့လိုက္တယ္ ၊ေရွ႕ကသြားသူ အဖိုးေနာက္ကို ကြၽန္ေတာ္ အေနာက္က အမွီလိုက္ေနရတယ္ မဟုတ္လို႔တစ္ေယာက္တည္း က်န္ေနရစ္ရင္ ဒုကၡ ။

“ အဖိုးေရ ခဏေလးေစာင့္ပါဦး ကြၽန္ေတာ္ အေပါ့သြားခ်င္လာလို႔ပါ ”

အဖိုးကလည္း ကြၽန္ေတာ့္စကားေၾကာင့္ သူ႔ေျခလွမ္းေတြကို ရပ္လိုက္ၿပီးကြၽန္ေတာ့္ကိုျပန္ေျပာတယ္ …

“ ေအး … မိုးကလည္း သည္းလိုက္တာကြာ ငါလည္း အေပါ့သြားခ်င္ေနတာအေတာ္ပဲ ”

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ၿခဳံငယ္ေလးတစ္ခုအနားမွာ ကိစၥရွင္းၿပီးေတာ့ခရီးဆက္ေနတုန္းမွာပဲ အဖိုးက ရပ္လိုက္ၿပီး ပတ္၀န္းက်င္ကို တစ္ခ်က္ၾကည့္လိုက္တယ္ ေမွာင္မဲေနေပမယ့္ အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေၾကာင့္ ျမင္ႏိုင္စြမ္းေတာ့ က်န္ေနေသး သဗ် ။

“ ဟာ ျပသနာပဲ ”

“ ဘာျဖစ္လို႔လဲ အဖိုး ”

“ ငါတို႔ေရာက္ေနတာ ‘ ဦးဂြမ္တီး ’ တို႔ၿခံႀကီးထဲမွာပဲကြ ”

‘ ဦးဂြမ္တီး ’ တို႔ျခာံကီးထဲမွာ ဆိုတဲ့စကားေၾကာင့္ မိုးေရ႐ႊဲေနတဲ့ ကြၽန္ေတာ့္တစ္ကိုယ္လုံး ေရခဲတိုက္ထဲေရာက္သြားသလို ေအးစက္သြားေသာ ခံစားခ်က္ကို ခဏတာ ခံစားလိုက္ရၿပီးခႏၶာကိုယ္အႏွံ႔ ၾကက္သီးေမႊးညႇင္းေတြ ထလာခဲ့တယ္ ေနာက္ၿပီး တုန္တုန္ရင္ရင္နဲ႔ ….

“ ဟုတ္…ဟုတ္..လို႔လားအဖိုးရ အေနာက္ပါနဲ႔ ”

“ ေျမးကလည္း ငါကဘာလို႔ေနာက္ရမွာလည္း မေၾကာက္ပါနဲ႔ကြာမင္းအဖိုးက သရဲတေစၦမေၾကာက္တက္ပါဘူး ႏွပန္းေတာင္ဖတ္လုံးခဲ့တဲ့ေကာင္ပါကြ ဟား… ”

အဖိုးစကားေၾကာင့္ ကြၽန္ေတာ့္စိုးရိမ္စိတ္ ေၾကာက္႐ြံ႕စိတ္ေတြ နဲနဲေတာ့ ေျပသြားေပမယ့္ေၾကာက္စိတ္က မသိစိတ္ေနာက္မွာကိန္းေအာင္းေနေသးတယ္ဆိုတာကို ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ရိပ္စားမိေနတုန္းပဲ ၊ အဖိုးေနာက္အမွီလိုက္ရင္း လက္ထဲက ဓါးကို က်စ္က်စ္ပါေအာင္ဆုန္ထားလိုက္တယ္တစ္ခါတစ္ခါ ေလးေအးေအးေလးေတြ ေဝွးရမ္းတိုက္သြားသလို ကြၽန္ေတာ့္ ေနာက္ေက်ာမွာ ေအးခနဲေအးခနဲျဖစ္သြားေတာ့ ကြၽန္ေတာ္လည္း ေနာက္ေက်ာမလုံမလဲျဖစ္ၿပီး အေနာက္ကို မၾကာမၾကာ လွည့္ၾကည့္ျဖစ္ခဲ့တယ္ ။

“ ေျမး ရ ‘ မိုးေစြ ’ အေမွာင္ထဲ ငါတို႔ လမ္းေပ်ာက္ေနၿပီ ၊ လာတုန္းက ဒီလမ္းပါ။ငါေသခ်ာမွတ္ထားတာ အခု ၀ကၤပါႀကီးၾကေနတာပဲ ဒီေနရာက ကို အလြတ္ေသးဘူး ၊ဘယ္ေလာက္ေဝးေဝးကို သြားသြား ျပန္ျပန္ေရာက္လာတယ္ ”

အဖိုးေျပာလည္းေျပာစရာ ကြၽန္ေတာ္လည္း ရိပ္စားမိေနတယ္ အလာတုန္းက ဒီေလာက္ေတာင္မသြားရဘူးအခု ၿခံႀကီးထဲမွာ တလည္လည္ ျဖစ္ေနၿပီေလ ၊ ပတ္၀န္းက်င္ကလည္း ၿခံႀကီးတစ္ခုထက္ေတာအုပ္ႀကီး … အေတာ္ေလးတက္တဲ့ေတာနက္ႀကီးထဲ ေရာက္ေတဲ့အတိုင္းကို ျဖစ္ေနတယ္ ၊စိုးရိမ္စိတ္နဲကအတူ ေၾကာက္စိတ္က အလုံးအရင္းနဲ႔ ၀င္လာခဲ့ေတာ့ ကြၽန္ေတာ့ တစ္ကိုယ္လုံးအားမရွိေတာ့တဲ့လူပမာလို ခံစားေနရတယ္ ၊ အဖိုးကေတာ့ ေၾကာက္႐ြံ႕ပုံမရေပမယ့္ သူ႔မ်က္နာမွာ စိုးရိမ္မႈေတြကို ကြၽန္ေတာ္ျမင္ေနရတယ္ ။

ကြၽန္ေတာ္တို႔ ေျမးအဖိုးႏွစ္ေယာက္ ရပ္ၿပီး စကားေျပာေနစဥ္မွာပဲ ကြၽန္ေတာ္တို႔အေရွ႕နားကသစ္ပင္အခ်ိဳ႕က ေလမတိုက္ပါပဲ လႈပ္ရမ္းေနတယ္ ေတာတိုးသံလိုလို ၊ ၿခဳံတိုးသံလိုလိုကိုလည္းမိုးထဲေလထဲကေန ၾကားေနရတယ္ ၊ ေၾကာက္ေနတဲ့သူကို မိုးက မစာမနာ သည္းျပေနတဲ့အျပင္ တစ္ခါတစ္ရန္ “ ဝုန္း …ဂ်ိမ္း ..” ဟူေသာ မိုးၿခိမ္းသံ အက်ယ္ႀကီးေတြနဲ႔လည္း ႏွိပ္စက္ျပန္တယ္ ။ဟင္းစားရွာဖို႔ အဖိုးေနာက္လိုက္ခဲ့တာကိုပဲ ကိုယ္ဘာကိုယ္ အျပစ္တင္ေနမိတယ္ ။

ထိုစဥ္မွာပဲ ဓါတ္မီးအလင္းလိုလို အလင္းေရာင္တစ္ခုႏွင့္အတူ ကြၽန္ေတာ္တို႔အေရွ႕နားမွာ တစ္စုံတစ္ရာ လာေနၿပီဆိုတာကို အဖိုးေရာကြၽန္ေတာ္ပါ သိေနႏွင့္ၾကတဲ့အတိုင္း ကြၽန္ေတာ္က လက္ထဲက ဓါးကိုပိုၿပီး တင္းတင္းၾကပ္ၾကပ္ကိုင္ထားမိလိုက္တယ္ ။ အဲ့ဒီအခ်ိန္မွာပဲ လွ်ပ္စီးတစ္ခ်က္လက္သြားခဲ့တယ္ ကြၽန္ေတာ္တို႔နဲ႔ လက္တစ္ကမ္းအကြာကို ေရာက္ေနႏွင့္ၿပီျဖစ္တဲ့ အရာကို ေသခ်ာစြာျမင္လိုက္ရတယ္ ။
အသက္ ၃၀ ၀န္းက်င္ အမ်ိဳးသမီးတစ္ဦး အသားခပ္မဲမဲ ၊ လူသာမန္ေတြလိုပဲ ၀တ္ဆင္ထားတယ္ ၊လက္ထဲမွာလည္း ဓါတ္မီးတစ္လက္ပါေသးတယ္ မ်က္နာက႐ြက္ၾကမ္းေရက်ိဳ ၊ အထူးျခားဆုံးက မ်က္၀န္းေတြ သူ႔မ်က္၀န္းေတြက လူတစ္ေယာက္နဲ႔လားလားမွ မတူဘူးလို႔ကြၽန္ေတာ္ခံစားေနမိတယ္မိုးေရေၾကာင့္သူ႔မ်က္လုံးေတြ နီေနတာေနမွာပါဆိုၿပီး ကြၽန္ေတာ့္ သံသယကို ကြၽန္ေတာ္ ခ်က္ခ်င္းေျခဖ်က္လိုက္တယ္ ၊ တစ္ခ်ိန္တည္းမွာပဲ သူမက ကြၽန္ေတာ္တို႔ေျမးအဖိုးကို ၾကည့္ၿပီး စကားေျပာပုံက ဘုစပ္စပ္နဲ႔ ရန္ေတြ႕ေတာ့တာပဲ …

“ လူေတြက ကိုယ့္ေနရာ ကိုယ္မေနၾကဘူး ၊မဆိုင္တဲ့ေနရာမွာ ဘာလာလုပ္ၾကတာလဲ ….. ”

စသျဖင့္ေပါ့ဗ်ာ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကို ေဟာက္ေတာ့တာပဲ ။အဖိုးကလည္း သူမ်ားၿခံဆိုေတာ့ ေတာင္းပန္တာေပါ့ ၊ ကြၽန္ေတာ္ကေတာ့ ကိုယ္အေဖအ႐ြယ္လူႀကီးတစ္ေယာက္ကို ဒီမိန္းမက ႐ိုင္းလိုက္တာလို႔ပဲ ေတြးေနမိတယ္ ။ သူေျပာလို႔ဝေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုၿခံအ၀ ျပန္ပို႔ေပးမယ့္အေၾကာင္းနဲ႔ သူ႔အေနာက္ကလိုက္ခဲ့ဖို႔ေျပာတယ္ ကြၽန္ေတာ္တို႔ ေျမးအဖိုးလည္းျပန္ေရာက္ၿပီးေရာဆိုၿပီး သူမ အေနာက္ကို လိုက္သြားခဲ့လိုက္ၾကတယ္ …..

မိုးေရေတြၾကားမွာ သူမက မိုးမစိုသလိုပဲ ၊ ကြၽန္ေတာ္လည္းအေတြးေတြကို တက္ႏိုင္သမွ် ရပ္ထားလိုက္တယ္ ၊ လွ်ပ္စီးမ်ားလက္လိုက္ရင္ ကြၽန္ေတာ္တို႔ သြားေနတဲ့ လမ္း နံေဘးက အပင္ႀကီးေတြအေပၚမွာလည္း အရိပ္မဲႀကီးေတြက ေမ်ာက္ေတြလို သြားလာေနတယ္လို႔ ကြၽန္ေတာ္ခံစားေနရတယ္ ျမင္လည္းျမင္ေနရတယ္ အဖိုးလည္းသိမယ္လို႔ထင္ရေပမယ့္ ေလတိုက္လို႔ ယိမ္းေနၾကတဲ့ အပင္အကိုင္းအခတ္ အလတ္ေတြလည္း ျဖစ္ႏိုင္တယ္မဟုတ္လား ။ဒီလိုနဲ႔ မိနစ္ပိုင္းေလာက္ ေရွ႕က စကားမေျပာပဲ ပုံမွန္ေျခလွမ္းနဲ႔ သြားေနတဲ့ အမ်ိဳးသမီးအေနာက္ကိုလိုက္သြားေတာ့ ကြၽန္ေတာ္တို႔ ေျမးအဖိုး ‘ ဦးဂြမ္တီး ’ ၿခံႀကီးရဲ႕ အေပါက္၀ကို ျပန္ေရာက္ခဲ့ၾကတယ္ ။ကြၽန္ေတာ္လည္း အဲ့ဒီၾကမွ သက္ျပင္းခ်ႏိုင္ေတာ့တယ္ ၊ အဖိုးကေတာ့ လိုက္ပို႔တဲ့ အမ်ိဳးသမီးကို ေက်းဇူးတင္စကားဆိုလို႔ေပါ့ ။

ၿခံႀကီးကေန ထြက္ၿပီး ခပ္လွမ္းလွမ္းေလာက္ေရာက္ေတာ့ ကြၽန္ေတာ္တို႔ ေျမးအဖိုးႏွစ္ေယာက္ေထာင္ကလြတ္သြားသလို ခံစားေနရၿပီး ေပ်ာ္ေပ်ာ္နဲ႔ အေနာက္က ၿခံႀကီးကို လွမ္းၾကည့္လိုက္ေတာ့ၿခံအ၀မွာ ကြၽန္ေတာ္တို႔ကို ရန္ေတြ႕ၿပီး လိုက္ပို႔ေပးတဲ့ အမ်ိဳးသမီးက လူေသေကာင္လိုမ်ိဳး မလႈပ္မရွားရပ္ၿပီး ကြၽန္ေတာ္တို႔ ရွိတဲ့ေနရာကို လွမ္းၾကည့္ေနတုန္းဗ် သူ႔လက္ထဲမႈ ဓါတ္မီးအလင္းကို ျမင္ရေတာ့သူရွိေနတာကို သိႏိုင္တယ္ေလ ၊ အဖိုးနဲ႔ ကြၽန္ေတာ္လည္း သူ႔ကို ေက်းဇူးတင္တဲ့ အေနနဲ႔ ႏႈတ္ဆက္သလို လက္ေတြေဝွ႔ရမ္းျပလိုက္ေတာ့ အဲ့ဒီအမ်ိဳးသမီးရဲ႕ အသက္မပါတဲ့အၿပဳံးတစ္ခ်က္ကိုမသဲမကြဲလွမ္းျမင္လိုက္ရတယ္ အဲ့ဒီအခ်ိန္မွာ စကၠန္႔ပိုင္းေလာက္ လွ်က္စီးတစ္ခ်က္လက္လိုက္ေတာ့အမ်ိဳးသမီးကို ေသခ်ာျမင္လိုက္ရတယ္ေလ ၊ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ ကြၽန္ေတာ့္ သံသယေတြကမွန္ေနတယ္ဆိုတာကို သိလိုက္ရၿပီး ကြၽန္ေတာ္ ဒူးႏွစ္ေခ်ာင္း က တိုင္ပင္ကိုက္ထားသလို တစ္ေခ်ာင္းနဲ႔ တစ္ခ်ာင္း ႐ိုက္ခက္ေနေတာ့တယ္ ၊ ျမင္လိုက္ရတာက …

ကြၽန္ေတာ္တို႔ ကို လိုက္ပို႔ေပးတဲ့ အမ်ိဳးသမီးက ေၾကာက္စရာေကာင္းေလာက္ေအာင္လူေသေကာင္အၿပဳံးမ်ိဳးၿပဳံးျပေနၿပီး သူမရဲ႕ ၀မ္းဗိုက္က ပြင့္ေနၿပီး ေသြးသံရဲရဲျဖင့္ အတြင္းမွ အူေတြ ၊ ကလီစာေတြ စတာေတြကို အတိုင္းသားအကုန္ျမင္ေနရတယ္ ၊ အဲ့ဒီအခ်ိန္ထိ ကြၽန္ေတာ္တို႔ေျမးအဖိုး သူမကို ေၾကာက္ၿပီးၾကည့္ေနမိတုန္း ၊ ကြၽန္ေတာ္ကေတာ့ အေပါ့ေတြပါ ထြက္သြားခဲ့တယ္ ထင္တယ္ ။

တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔ျမင္ေနရတဲ့ ဗိုက္ပြင့္ေနတဲ့ အမ်ိဳးသမီးက တျဖည္းျဖည္းျခင္းေပ်ာက္ကြယ္သြားၿပီး ၿခံႀကီးထဲမွာ အရိပ္မဲမဲႀကီးေတြ လႈပ္လႈပ္ရွားရွား ျဖစ္ေနတာကို ျမင္လိုက္ရတယ္ ေနာက္ၿပီး အပင္ႀကီးေတြေပၚကေန လူထက္ႀကီးတဲ့ လူဝံ့လိုမ်ိဳး တစ္ကိုယ္လုံးအေမြးေတြ ဗလပြနဲ႔အေကာင္ႀကီးေတြက ေျပးဆင္းလာၿပီး ကြၽန္ေတာ္တို႔ ႏွစ္ယာက္ရပ္ေနတဲ့ေနရာကို ဦးတည္ၿပီးလာေနၾကတယ္ ေျပးလာၾကတာ အေတာ္ကို ျမန္လြန္းတယ္ ၊ ကြၽန္ေတာ္နဲ႔ အဖိုးလည္းေနာက္ကိုလွည့္မၾကည့္ေတာ့ပဲ ေအာ္ၿပီးေတာ့ အိမ္ရွိတဲ့ဘက္ကို ေျခကုန္ေျပးၾကေတာ့တာပဲ ကြၽန္ေတာ့္မ်က္လုံးေတြလည္း ျပာေနၿပီး နာက်င္ေနတဲ့ ေျခဖဝါးကို ဂ႐ုမစိုက္အားပဲ အသက္ေဘးလြတ္ဖို႔အစြမ္းကုန္ ေျပးေတာ့တာပဲ ။ေနာက္ဆုံးမွာ ကြၽန္ေတာ္ အိမ္ျပန္ေရာက္လာခဲ့တယ္ အိမ္ေရာက္ေတာ့ ဘာမွမလုပ္ႏိုင္ပဲအိမ္ေပၚအရင္တက္ ေရအဝေသာက္ၿပီးၾကမ္းေပၚပစ္လဲသြားခဲ့တယ္ ၊လဲရင္းအေမာေျဖေနတုန္း ၊႐ြံ႕ေတြ ဗြပ္ေတြနဲ႔ ကြၽန္ေတာ့္ကို အေမက ၾကည့္ၿပီး …

“ ဟဲ့သား ဘာျဖစ္လာတာလဲ နင့္အဖိုးေရာ… ”

ေမေမ ေမးမွ ကြၽန္ေတာ္ အဖိုးကို သတိရတယ္ ၊ ဟုတ္တယ္ အဖိုး….အဖိုးဘယ္မွာ က်န္ခဲ့တာလဲ ကြၽန္ေတာ္မွတ္မိတာက မိုးထဲေလထဲမွာ အေနာက္က မဲမဲအေကာင္ႀကီးေတြ ေျပးလိုက္ၾကလို႔ အဖိုးနဲ႔အတူတူေျပးေနတယ္ ေမွာင္မဲေနတဲ့လမ္းမွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေတာင္ပို႔ႀကီး တစ္ခုကို မျမင္ပဲ ၿပိဳင္တူ ခလုပ္တိုက္ၿပီပစ္လဲသြားတယ္ ကြၽန္ေတာ္က ခ်က္ခ်င္းျပန္ထၿပီးေျပးတယ္ အဖိုးက….. အင္း.. အဖိုးက… အဖိုးက်န္ရစ္ခဲ့တယ္ ။

ကြၽန္ေတာ္ အရမ္းစိတ္ပူသြားတယ္ ကိုယ္လြတ္႐ုန္းလာမိတာကို ေနာက္တရမိတယ္ ခ်က္ခ်င္းပဲ အေဖေဖ နဲ႔ ေမေမကို အက်ိဳးအေၾကာင္းေျပာတာ့ အေဖကေဆာင္ဓါးတစ္ခ်ာင္းကို ယူလာၿပီး အေမက ရပ္ကြက္ထဲက လူေတြကို သြားေခၚရင္း ဓါတ္မီးကိုယ္စီနဲ႔ ကြၽန္ေတာ္တို႔ တေတြ အဖိုးလဲက်ခဲ့တဲ့ေနရာကို ျပန္သြားရွာခဲ့ၾကတယ္ အဖိုးကိုမေတြ႕ေတာ့ဘူး ၊ အဲ့တာနဲက ကြၽန္ေတာ္က ဦးေဆာင္ၿပီး ‘ ဦးဂြမ္တီး ’ တို႔ ၿခံႀကီးေရွ႕မွာ အဖိုးကို ေတြ႕လိုေတြ႕ျငား သြားရွာရေအာင္ဆိုၿပီးေျပးရွာၾကေတာ့ ထင္တဲ့အတိုင္းပဲ ၿခံႀကီးေရွ႕မွာ လဲက်ရင္း ႐ုန္းကန္ ေအာ္ဟစ္ေနတဲ့ ကြၽန္ေတာ္အဖိုး‘ ဦးၾကည္ ’ နဲ႔ သူ႔ေဘးနားမွာ ပု႐ြတ္စိတ္ အုံလို ဝိုင္းအုံေနၾကတဲ့ မဲမဲသ႑န္ အရာေတြကို ျမင္လိုက္ရတယ္ ၊ မဲမဲ သ႑န္ေတြက တစ္ခ်ိဳ႕က ပုပုကြကြေတြ တစ္ခ်ိဳ႕က လူထက္ႀကီးတယ္ လူဝံ့လိုေကာက္ႀကီးေတြထူးျခားတာက သူတို႔အားလုံးနီးပါး မ်က္လုံးနီႀကီးေတြနဲ႔ တစ္ကိုယ္လုံး အေမႊမဲႀကီးေတြနဲ႔ တစ္ခ်ိဳ႕ကအရိပ္လိုမ်ိဳး ၊ အဖိုးကို ၿခံထဲ ဆြဲသြင္းေနၾကပုံရတယ္ ကြၽန္ေတာ္တို႔ လည္း ဓါတ္မီးေတြနဲ႔ အရင္လွမ္းထိုးလိုက္တယ္ လူအုပ္လာတာကို ျမင္ေတာ့ သူတို႔အားလုံး ရွဲသြားၾကတယ္ ၊တစ္ခ်ိဳ႕က အပင္ႀကီးေတြေပၚေမ်ာက္ေတြလို ေျပးတက္ တစ္ခ်ိဳ႕က ၿခံထဲေျပး၀င္ တစ္ခ်ိဳ႕ကေနရာမွာတင္ အေရာင္တစ္ျဖည္းျဖည္းမွန္သြားခဲ့တယ္ ၊ မေၾကာက္တက္ပါဘူးလို႔ဆိုတဲ့ ရပ္ကြက္ထဲက လူေတြေတာင္ ဒူးတုန္တဲ့သူတုန္ ၊ မူးလဲတဲ့သူလဲနဲက ကံေကာင္းတာက လူမ်ားေနေတာ့ အားရွိတယ္ေလ ၊

ဒီအျဖစ္အပ်က္ကို ျမင္ခဲ့တဲ့သူက ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ေတာ့ လူေတြအားလုံးလည္းကြၽန္ေတာ္တို႔ ျဖစ္ရပ္ကို လက္မခံလို႔မရေတာ့ဘူးေပါ့ ၊ ကြၽန္ေတာ္တို႔တေတြလည္း စိုးရိမ္စိတ္နဲ႔အတူအဖိုးအနားကို အလွ်င္အျမန္ေျပးသြားၾကည့္ေတာ့ တစ္ကိုယ္လုံး ဒဏ္ရာေတြ ေသြးေတြနဲ႔ ကြဲၿပဲ ဖုေယာက္ေနၿပီး အဖိုးက သတိလစ္ေနၿပီ အဲ့တာနဲ႔ အဖိုးကိုဝိုင္းထမ္းၾကၿပီး ေဆး႐ုံကို အျမန္ပိုကလိုက္ၾကရတယ္ ၊ ဆရာ၀န္ရဲ႕ မွတ္ခ်က္က …

“ အေအးမိၿပီး ၊ အဆုတ္ပြသြားတယ္ ၊ နံ႐ိုးတစ္ေခ်ာင္းလည္း က်ိဳးသြားတယ္ ေနာက္ၿပီးလူႀကီးျဖစ္ေနေတာ့ အေမာဆို႔သြား ပုံရတယ္ ” တဲ့ေလ ၊ ဆရာ၀န္ကိုေတာ့ အျဖစ္အပ်က္ေတြအမွန္မေျပာျပျဖစ္ေတာ့ဘူး ။

အဲ့ဒီေန႔က ကြၽန္ေတာ္တို႔မိသားစု တစ္ေယာက္မွ အိမ္မျပန္ပဲ အဖိုးနားမွာ လူနာေစာင့္ေနေပးၾကတယ္ ၊အဖိုးသတိရလာေတာ့ သူျဖစ္တာေတြေျပာျပတယ္ ။

“ ငါ့ေျမးနဲ႔ငါ ေျပးရင္းကေန အတူတူေခ်ာ္လဲၿပီး ေျမးက ခ်က္ခ်င္းျပန္ထၿပီးေျပးသြားတယ္ ၊ငါက ဒူးအ႐ိုးထိသြားေတာ့ မထႏိုင္ဘူးေလ ငါလည္းေျမးကို လွမ္းေခၚေသးတယ္ ၊ မိုးထဲေလထဲေလေနာက္ၿပီးသူလည္း ေၾကာက္ေနေတာ့ ဘယ္ၾကားပါ့မလဲ … အဟြတ္အဟြတ္ ”

“ အေဖ ခဏနားဦး ေရာ့ ေရေလးေသာက္လိုက္ ”

ကြၽန္ေတာ့္အေမက အဖိုးကို ေရတိုက္ေပးလိုက္ေတာ့ အဖိုးက ေနရေသာက္ၿပီးအသက္ကို ဝေအာင္႐ူေနတယ္ၿပီးေတာ့ စကားျပန္ဆက္ေတာ့တာပဲ …

“ ငါတစ္ေယာက္တည္း က်န္ေနတုန္း ငါ့အေနာက္က လိုက္လာတဲ့ မဲမဲအေကာင္ႀကီးေတြကငါ့ကို ဝိုင္းၿပီး ထိုးၾက က်ိတ္ၾကတယ္ ငါလည္း သူေသကိုယ္ေသ ျပန္ခ်တာေပါ့ ဒီေကာင္ေတြကအေကာင္လည္းႀကီး အုပ္စုကလည္း မ်ားေတာ့ ငါဘယ္လိုမွ ေတာင့္မခံႏိုင္ေတာ့တာနဲ႔ အားေလ်ာ့လိုက္တယ္ အဲ့က်ေတာ့ သူတို႔က ငါ့ကို ၿခံႀကီးထဲထမ္းသြားတယ္ ငါလည္း ၿခံႀကီးထဲေရာက္ရင္ေသမွာကိုသိေနတာနဲ႔ ရွိသမွ် ေနာက္ဆုံးက်န္ အားေတြအကုန္ထုတ္လိုက္ၿပီး အသားကုန္႐ုန္းၿပီးေတာ့ ေျခေထာက္နာေနလွ်က္နဲ႔ ဒီေကာင္ေတြလက္က လြတ္ေအာင္ေျပးတာ ငါလည္းေျပးေရာၿခံထဲကေန ငါေနာက္ကို မဲမဲေကာင္ေတြ ေျပးလိုက္ၾကတယ္ အေကာင္ေတြက ပိုမ်ားလာတယ္အ႐ြယ္စုံပဲ အကုန္လုံးက ေၾကာက္စရာပုံစံနဲ႔ ေသြးပ်က္စရာ႐ုပ္ႀကီးေတြနဲ႔ ငါလည္း ေျပး သူတို႔ကလည္းလိုက္နဲ႔ ေနာက္ဆုံးၿခံအ၀အလြန္မွာ ငါျပန္လဲသြားတယ္ အဲ့အခ်ိန္မွာ ၿခံႀကီးထဲက ႏွစ္ခ်ိဳ႕ေနတဲ့ပုံနဲ႔ သရဲမႀကီးတစ္ေကာင္ ေျပးထြက္လာၿပီးငါကို “ ဟဲ့ငၾကည္ နင္က မေၾကာက္တတ္ဘူးဆို ၊ မေၾကာက္တတ္ဘူးဆို ” လို႔ေျပားရင္းနဲ႔သူ႔ရဲ႕ ေၾကာက္စရာမ်က္နာႀကီး ၊ မ်က္လုံး နီရဲရဲႀကီးကို ျပဴးျပလိုက္ လွ်ာအရွည္ တစ္လစ္ႀကီးကို ထုတ္ျပလိုက္နဲ႔ လက္ကလည္း ငါကို ထိုးက်ိတ္လိုက္ ႐ိုက္လိုက္ ႏွက္လိုက္နဲ႔ ေပါ့ ၊ငါလည္း ေၾကာက္လန္႔ၿပီး သူ႔ကို ျပန္ထိုး ေပမယ့္ မရဘူး သူထို႔ခ်က္ ႐ိုက္ခ်က္ေတြက ပိုနာတယ္ ၊ေမာလာၿပီး လူက အားမရွိေတာ့ မဟန္ႏိုင္ေတာ့ပဲ ပစ္လဲသြားမွ သူ႔အေနာက္က သရဲႀကီးေတြကငါ့ကို ခ်ဳပ္ၿပီး ထိုးက်ိတ္ရင္း ၿခံထဲ ျပန္ဖမ္းသြားတုန္း ငါလည္း လည္ေခ်ာင္းကြဲမတက္အကူအညီေတာင္းေနမိတယ္၊ အဲ့မွာပဲ မင္းတို႔ေတြ႕ေရာက္လာခဲ့တာ ၊ လူေတြကလည္း မ်ားတာကို မဟုတ္ရင္ ငါတကယ္ေသၿပီ ”

စကားစဆုံးသြားေတာ့ အဖိုးက နည္းနည္းငယ္ထပ္ေသာက္ၿပီး ကြၽန္ေတာ့္ကို ဘာျဖစ္ေသးလည္းလို႔ေမးတယ္ ကြၽန္ေတာ္လည္း ဘာမွမျဖစ္ေၾကာင္း ဒဏ္ရာအေသးေလးပဲရေၾကာင္းေျပာျပလိုက္တယ္ ။အဲ့ေန႔ညက (….) ေဆး႐ုံ႔မွာ ကြၽန္ေတာ္တို႔ အဖိုးကို လူနာေစာင့္အိပ္ေပးၿပီး ေမွးခနဲကအိပ္ေပ်ာ္ေနတုန္း အဖိုးကအသံနက္ႀကီးနဲက ထေအာ္ပါေလေရာ ….

“ အား…..သရဲမႀကီး မလာနဲက ငါ့ဆီမလာနဲ႔ သြားသြား….အား… ”

သရဲမႀကီး ဆိုတဲ့အသံနဲ႔ အဖိုးေအာ္သံေၾကာင့္ ကြၽန္ေတာ္တို႔ အကုန္ႏိုးလာၿပီး အဖိုးကို ဘာျဖစ္လာလဲ စသျဖင့္ ေမးၾကတာေပါ့ ၊ အဖိုးက ေျပာျပတယ္ ။

“ ငါသိတယ္ ငါတကယ္ ျမင္လိုက္တယ္ သူတို႔ငါ့ကို အလႊတ္ေပးမွာ မဟုတ္ဘူး ၊ငါၿခံထဲကလႊတ္လာေပမယ္ ငါ့ေနာက္ကို သရဲမတစ္ေကာင္ လိုက္လာတယ္ အဲ့သရဲမက အေတာ္ ႏွစ္ခ်ိဳ႕ေနၿပီ ၊ ခုနက ငါအိပ္ေပ်ာ္ေနတုန္း ငါ့ကုတင္ေပၚကိုတစ္ေယာက္ေယာက္ တက္လိုက္သလို အိသြားေတာ့ မ်က္လုံးဖြင့္ၾကည့္လိုက္တာ ငါ့မ်က္နာေရွ႕တည့္ တည့္မွာဆံပင္ဖါးလ်ားနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ မ်က္နာနဲ႔ သရဲမႀကီး…. သရဲမႀကီး ”

“ အေဖအေဖ စိတ္ကို ထိန္းပါဦး သတိထားပါဦး အေဖ ဘုရားကို အာ႐ုံျပဳ ”

ကြၽန္ေတာ့္ အေဖရဲ႕ အားေပးစကားေတြက အဖိုးအတြက္ ထိေရာက္သြားသလိုပဲအဖိုးခဏတြင္းမွာ အိပ္ေပ်ာ္သြားျပန္တယ္ ကြၽန္ေတာ္တို႔ကေတာ့ မအိပ္ရဲၾကေတာ့ဘူး ၊ ေဆး႐ုံက နက္(စ္) ေတြေတာင္ ဘာျဖစ္တာလဲဆိုၿပီး လာၾကည့္ၾကေသးတယ္ ။ဒီလိုနဲ႔ အဖိုးသက္သာလာေတာ့ ေဆး႐ုံ ဆင္းလာၾကတယ္ေလ၊ အဲ့ဒီအခ်ိန္ထိ ျပသနာက မၿပီးေသးဘူး။

ျဖစ္ပုံက ‘ ဦးဂြမ္တီး ’ ၿခံႀကီး အေၾကာင္းအဖိုး အိမ္မက္ခဏ ခဏ မက္တယ္တဲ့ေလ ။အိမ္မက္ထဲမွာ ‘ ဦးဂြမ္တီး ’ တို႔ ၿခံႀကီးထဲမွာ မကြၽတ္မလြတ္ၾကေသးတဲ့ အ႐ြယ္စုံသရဲေတြ ပရေလာကသားေတြက စုေနၾကတယ္တဲ့ ေနာက္ၿပီး သူတို႔ထဲက သရဲမတစ္ေကာင္ကအဖိုးကို တစ္ခုခု မေက်မတပ္ျဖစ္ၿပီး လိုက္လာတယ္တဲ့ ကြၽန္ေတာ္တို႔ ဘာအမွာလပ္ခဲ့မိတယ္ဆိုတာကိုအခုထိမစဥ္းစားမိေသးဘူး ကြၽန္ေတာ့္စိတ္ထင္ ‘ ခြင့္မေတာင္းပဲ အေပါ့သြား ’ ခဲ့တာမ်ားလား ၊ေလာကႀကီးက ကိုယ္မသိတာေတြ အမ်ားႀကီးဆိုေတာ့ ေသခ်ာေတာ့ မေျပာတက္ပါဘူး ။
ေနာက္တစ္ေန႔မွာ ေဖေဖ က အဖိုး စိတ္ခ်မ္းသာေအာင္ ရဟန္းတစ္ပါးကိုအိမ္ကို ပင့္ၿပီး အဖိုးလက္နဲက ကိုယ္တိုင္ သကၤၠန္း ကပ္လႉ ေစခဲ့တယ္ ။ကိစၥေတြျဖစ္ပြားၿပီး တစ္ပတ္ေလာက္ေနေတာ့ တစ္ညမွာ ည သန္းေခါင္းအခ်ိန္ႀကီးတစ္အိမ္လုံးအိပ္ေနတုန္း အိမ္ေရွ႕ကေန တစ္ေယာက္ေယာက္လာေအာ္သလိုေၾကာက္မက္ဖြယ္ စူးရွရွ အသံနက္ႀကီးကို တစ္အိမ္သားလုံးၾကားလိုက္ၾကရတယ္ ..

“ ‘ င ၾကည္ ’ နင္ ငါတို႔ နဲ႔ လိုက္လာဖို႔ ျပင္ထား….ငါ လာေခၚမယ္ ျပင္ထား…. ”

အသံက လုံး၀မိန္းမအသံ လူတစ္ေယာက္အသံေတာ့မဟုတ္ဘူး ၊ကြၽန္ေတာ့္ဘ၀မွာ တစ္ခါမွမၾကားဘူးတဲ့အသံမ်ိဳး လႈိင္သံပါတယ္.. ၊ထူးျခားတာက တိတ္ဆိတ္ေနတဲ့ ညႀကီမွာ ဒီေလာက္တစ္ရပ္ကြက္လုံးႏိုးေလာက္တဲ့အသံႀကီးနဲ႔ လာေအာ္တာကို ရပ္ကြက္မေျပာနဲ႔ ေဘးအိပ္ကေတာင္မၾကားဘူးတဲ့ေလ ၊ကြၽန္ေတာ္တို႔ တစ္အိပ္မဲၾကားရတဲ့အသဲတဲ့ ၊ ဘ၀မွာ ဘယ္ေတာ့မွ မေမ့ႏိုင္တဲ့ အသံႀကီး ။

တစ္ခ်ိန္က တေစၦ နဲ႔ တစ္ေယာက္ခ်င္း နပန္းလုံးလာခဲ့ပါတယ္ ၊ တေစၦ မေၾကာက္ပါဘူး ၊ သတၱိေကာင္းပါတယ္ ဆိုတဲ့ ကြၽန္ေတာ္တို႔ အဖိုး ‘ ဦးၾကည္ ’ ကေတာ့ အိမ္ထဲက အိမ္ျပင္ေတာင္မထြက္ရဲေတာ့ဘူးဗ် ၊ သူဘာမွားခဲ့မွန္းသူလည္းကြၽန္ေတာ့္လိုပဲ တကယ္မသိဘူးတဲ့ေလ ။အဲ့ဒီအသံႀကီးက တစ္ညတည္းမဟုတ္ပဲ ညစဥ္ရက္ဆက္ အခ်ိန္မွန္ ၾကားေနရေတာ့အဖိုးေရာ ကြၽန္ေတာ္တို႔တစ္အိမ္လုံး မအိပ္ရဲျဖစ္ေနၾကတယ္ ၊ အဖိုးဆို အိပ္ေရးပ်က္တဲ့ဒဏ္မခံႏိုင္ေတာ့လို႔ က်န္းမာေရးထိခိုက္ၿပီး အိပ္ရာထဲလဲပါေလေရာ ၊ ညဆို ကြၽန္ေတာ့္ကိုလည္းမၾကာခဏေခၚၿပီး အိမ္အျပင္ကို လက္ညႇိဳးထိုးျပတယ္ …

“ ဟိုမွာ ၾကည့္ ေျမး ျမင္လား ငါတို႔အိမ္ ပတ္လည္မွာ မဲမဲအေကာင္ေတြ အမ်ားႀကီးပဲေဟာ့ ဟို အပင္နားက အႀကီးဆုံးအေကာင္ႀကီးကို ၾကည့္စမ္း အမေလးေလး မ်က္လုံးနီနီႀကီးနည္းတဲ့ မ်က္လုံးႀကီးလား အခ်ိန္ျပည့္ အဖိုးကို လွမ္းၾကည့္ေနတာ ေျမးရဲ႕ ေတြ႕ရဲ႕လား… ”

ကြၽန္ေတာ့္အဖိုး ကေရာင္ကတန္းေျပာေနတာမဟုတ္မွန္း တစ္အိမ္လုံးသိၾကတယ္ အဖိုးစကားေတြက အမွန္ေတြပါ ၊ သူေျပာသလိုေတာ့ ကြၽန္ေတာ္တို႔ မျမင္ၾကရေပမယ့္ အိမ္ပတ္၀န္းက်င္မွာ စကားေျပာသံေတြ လူသြားသံေတြ လမ္းေလွ်ာက္သံေတြ အကုန္လုံးကို အတိုင္းသားၾကားေနရတယ္ ၾကည့္လိုက္ေတာ့လည္း ဘာမွကိုမရွိဘူး ။

တစ္ရက္ေတာ့ ေမေမက ဘုန္းေတာ္ႀကီး ငါးပါးပင့္ၿပီး အိမ္သန္႔သြားေအာင္ ပရိတ္ပ႒ာန္း ေဒသနာေတာ္ ျမတ္ႀကီးကို ႐ြယတ္ဖတ္ ပူေဇာ္ ခ်ီးျမင့္ေပးဖို႔ရာ ေလွ်ာက္ထားေတာ့သံဃာေတာ္ အရွင္ျမတ္ေတြက ခ်ီးျမင့္ေပးခဲ့တယ္ အဖိုးကိုလည္း ကိုယ္တိုင္ကိုယ္က်ဆြမ္းကပ္ေပးျခင္း သကၠနၤ္း ကပ္လႉေစျခင္းေတြလုပ္ခိုင္းေစခဲ့တယ္ ။အဲ့ဒီေန႔ညက ကြၽန္ေတာ္တို႔ အိမ္ပတ္၀န္းက်င္မွာ ဘာအသံမွမၾကားရေတာ့ဘူး ။

ဒါေပမယ့္ သိပ္ေတာ့မၾကာပါဘူး …. တစ္လ၀န္းက်င္ေလာက္ၾကာေတာ့ထုံးစံအတိုင္းၾကားေနၾက ညအခ်ိန္ေရာက္ရင္ အိမ္၀န္းက်င္မွာ လူေတြသြားလာေနသံစကားေျပာေနသံ ၊ ေတာက္ေခါက္ေနသံေတြ ၊ ေခၚသံေတြ ကို အတိုင္းသားၾကားေနရတယ္ ၊ညတိုင္းေနာ္ အဲ့ဒီအသံေတြက သန္းေခါင္ယံကစၿပီး မနက္ အာ႐ုံတက္ ၾကမွ ေပ်ာက္သြားတာအျပင္မွာလည္း ခါတိုင္းထက္ အေကာင္ေတြ ပိုမ်ားလာပုံရတယ္ စကားသံေတြက ပိုဆူလာတာကိုၾကားၿပီး ခန္႔မွန္းလို႔ရတယ္ေလ ။ ကြၽန္ေတာ္တို႔မိသားစုက ယခင္ကတည္းက ဘုရားတရားလုပ္တာ ကိုအားနည္းခဲ့တာေလ အဲ့ဒီအခ်ိန္မွာလည္း ပိုလုပ္ရေကာင္းမွန္းမသိခဲ့ၾကဘူး ၊ အဖိုးကအစေပါ့ ။

ညတိုင္းတစ္မိသားစုလုံးမအိပ္ရဲၾကဘူး အိမ္တံခါးေတြလည္း မဖြင့္ရဲ ကုန္ကုန္ေျပာရရင္အိမ္သာေတာင္ မသြားရဲၾကသေလာက္ပဲ ၊ ဒီၾကားထဲ

“ ‘ င ၾကည္ ’ နင္ ငါတို႔ နဲ႔ လိုက္လာဖို႔ ျပင္ထား….ငါ လာေခၚမယ္ ျပင္ထား…. ”

ဆိုတဲ့အသံႀကီးကလည္း ညတိုင္းကို ၾကားေနရတယ္ ၊ တိုးတိုးေလးမဟုတ္ဘူးအက်ယ္ႀကီးကို ၾကားေနရတာ ။ အဖိုးဆို အရမ္းသနားဖို႔ေကာင္းတယ္ ေျပးစရာေနရာ ၊ပုန္းစရာေနရာမရွိတဲ့ ယုန္ေလးတစ္ေကာင္လိုပဲ ၊ ကြၽန္ေတာ္လည္း ငယ္ေသးေတာ့ေၾကာက္ဖို႔ ေလာက္ပဲသိတယ္ အဖိုးကိုေရာ အိမ္အတြက္ေရာ ဘာမွ မကူညီႏိုင္ခဲ့ဘူး ။

တစ္ေန႔ အဖိုးကံဆိုးမယ့္အခ်ိန္ေရာက္လာခဲ့တယ္ ။အဖိုး မဆုံးခင္ည မေရာက္ခင္း တစ္ညက ကြၽန္ေတာ္တို႔ အိမ္တစ္ခုလုံး ပတ္၀န္းက်င္မွာစကားသံေတြေရ အသံပလံေတြ အစုံၾကားေနရတယ္ ၊ ဥပမာေပးရရင္ ကြၽန္ေတာ္တို႔ စာသင္ခန္းအတန္းထဲမွာ အတန္းပိုင္ဆရာမမရွိရင္ေက်ာင္းသားေတြ အျပန္အလွန္ စကားေျပာေနၾကသလိုမ်ိဳး တတြတ္တြတ္နဲ႔ ဆူညံပြတ္ေလာ႐ိုက္ေနၾကသလိုေပါ့ ၊ ကြၽန္ေတာ္တို႔ ၀န္းက်င္မွာ ငိုသံေတြ ၊ ရယ္သံေတြ ၊ စကားေျပာ ၊ေခၚသံေတြ စတာေတြကို အတိုင္းသားၾကားေနရတယ္ ဘာေတြေျပာေနၾကတယ္ေတာ့မသိေပမယ့္ ဆူညံေနတယ္ သရဲကားထဲကလို အသံေတြေတာ့မဟုတ္ဘူး ၊ သရဲမကလည္း ပုံမွန္ပဲ လာလာေအာ္ေခၚေနတုန္း။

ေနာက္တစ္ေန႔ည သန္းေခါင္းအခ်ိန္ၾကေတာ့ ကြၽန္ေတာ္တို႔အိမ္ႀကီးက ငလွ်င္လႈပ္ေနသလိုမ်ားတစ္ခ်က္တစ္ခ်က္ လႈပ္သြားတယ္ ။အဲ့ဒီေန႔က လဆန္းရက္ႀကီး ဒါေပမယ့္ ကြၽန္ေတာ္တို႔ အိမ္ထဲကေန ပတ္၀န္းက်င္ကိုဘာမွကိုမျမင္ရဘူး ေမွာင္မဲေနတာပဲ ပတ္၀န္းက်င္တစ္ခုလုံးမွာလည္း အရိပ္ေတြျမင္ေနရတယ္ ။

“ ဂီး…ဂီး… ”
ငွက္ဆိုးတြန္သံ ႏွစ္ခ်က္ကို ေသခ်ာၾကားလိုက္ရတယ္ ၊ နတ္ဆိုးေတြကြၽန္ေတာ္တို႔မိသားစုေလးအနားေရာက္ေနၾကၿပီလား ၊ ေသခ်ာတာေတာ့ မေကာင္းဆိုးဝါးေတြက ကြၽန္ေတာ္တို႔ အိမ္ပတ္၀န္းက်င္မွာ အျပည့္ေနရာယူထားပုံပဲ ဘာလို႔အဲ့လိုေျပာႏိုင္လည္းဆိုရင္ ၊ ၾကားေနၾက အသံေတြထပ္ ပိုဆူညံေနလိုပါ ။

အျပင္မွာ ငိုသံေတြ စကားေျပာသံေတြထက္ ရယ္ေမာေနသံေတြ ၊ ျမဴတူးေနသံေတြကိုပိုၾကားေနရတယ္ ၊ ၾကားေနၾက သရဲမအသံက ပုံမွန္နဲ႔မတူပဲ ေပ်ာ္႐ြင္ေနပုံနဲ႔အက္ကြဲကြဲ ရယ္သံႀကီးနဲ႔အတူ တစ္အိမ္သားလုံးၾကားလိုက္ရတယ္ ။

“ ‘ င ၾကည္ ’ နင္ လိုက္ခဲ့ေပေတာ့ ဟား…. ”

အသံႏွင့္အတူ တစ္ၿပိဳင္နက္တည္းမွာပဲ ကြၽန္ေတာ္တို႔ ေနအိမ္ကေလးသိမ့္ခနဲ သိမ့္ခနဲ ေနေအာင္ တုန္ခါ လႈပ္ရမ္းသြားတယ္ ကြၽန္ေတာ္ေတာင္ ေဘးက တိုင္ကို ၿမဲၿမဲ ဖတ္ထားရတယ္ ေမေမ နဲ႔ ေဖေဖ က အဖိုးကို ဆြဲကိုင္ထားၾကတယ္ အဖိုး ‘ ဦးၾကည္ ’ ကသူေသရေတာ့မွာကို သိလို႔ေၾကာက္လန္႔ေနတဲ့ပုံပဲ ၊ ေဖေဖက အဖိုးကျပဳဖူးခဲ့တဲ့ ကုသိုလ္ေတြကို ေဘးကေန ေျပာျပေနေပမယ့္အဖိုးစိတ္ကတစ္ျခားေရာက္ၿပီး ေၾကာက္လန္႔ေနတယ္ ။တစ္စုံတစ္ေယာက္က ဆြဲၿပီးခါရမ္းေနသလို ကြၽန္ေတာ္တိုက အိမ္ငယ္ေလးက ယိမ္းထိုးေနတယ္ ၊တစ္ဆက္တည္းမွာ အဖိုး ‘ ဦးၾကည္ ’ က အသက္ရႉၾကပ္ေနတဲ့ ဟန္နဲ႔ သူ႔လည္ပင္းကိုလက္ႏွစ္ဖက္နဲ႔ကိုင္ၿပီး “ အစ္…အစ္…အစ္ ” နဲ႔႐ုန္းကန္ေနတယ္ ၊ အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္တိုကကလည္း ဘုရားစာ႐ြတ္ဖို႔ လုံး၀ကို သတိမရခဲ့ဘူး ေသြးပ်က္မတက္လည္းေၾကာက္ေနမိတယ္ အိမ္အျပင္မွာလည္း လက္ခုပ္တီးသံေတြေပ်ာ္႐ႊင္ျမဴးတူသံေတြကို အတိုင္းသားၾကားေနရတယ္ ၊ အိမ္ႀကီးကလည္း ငလွ်င္လႈပ္ေနသလို ခါရမ္းေနတယ္၊သိပ္မၾကာပါဘူး အဖိုးလည္း ႐ုန္းရင္းကန္ရင္းနဲ႔ တျဖည္းျဖည္း ၿငိမ္က်သြားတယ္ ၊ အဲ့က်မွာ အိမ္ႀကီးလည္းမလႈပ္ေတာ့ပဲ ၿငိမ္သြားတယ္ ၊ ပတ္၀န္းက်င္ကအသံေတြကလည္း အပ္က်သံေတာင္မက်ရေလာက္ေအာင္တိတ္ဆိတ္သြားတယ္ ၊ အဖိုးကို ကယ္လို႔လဲ မရခဲ့ဘူး ၊ကြၽန္ေတာ္တို႔ အိမ္ကေလးမွာ ေတာ့ ေမေမ့ရဲ႕ ငိုသံသဲသဲ ထြက္လာခဲ့တယ္ ။

“ အီး..ဟီးးး… အမေလး အေဖရဲ႕ အျဖစ္ဆိုးလွခ်ည္လား အေဖရဲ႕…”

ေမေမ့ငိုသံေၾကာင့္ ေဘးအိမ္က အိမ္နီးခ်င္းမိသားစုေတြ ကြၽန္ေတာ္တိုကအိမ္ကို ေရာက္လာၾကတယ္၊ရပ္ကြက္က ဆရာ၀န္ကို ခ်က္ခ်င္းပင့္ၾကၿပီး စစ္ေဆးခိုင္းေတာ့ အဖိုးက အသက္မရွိေတာ့ဘူးတဲ့ ၊ ကြၽန္ေတာ္လည္း ငိုေတာ့တာေပါ့ ၊ ထူးဆန္းတာက ခုႏုက ကြၽန္ေတာ္တိုကအိမ္နားမွာ ဆူညံေနတာေတြ အသံပလံေတြကိုေဘးအိမ္ေတြက လုံး၀မၾကားၾကဘူးတဲ့ ၊ ေနာက္တစ္ခ်က္က အဖိုးလည္ပင္းမွာ ဘူတစ္ေယာက္ လည္ပင္းညႇစ္ထားသလိုမ်ိဳး လက္ရာ ညိဳမဲမဲႀကီး ေပၚေနတယ္ ထင္းေနတာပဲ ၊ ကြၽန္ေတာ္တို႔ မိသားစုလိုက္ရွိလို႔သာေပါ့ ၊မဟုတ္ရင္ ပတ္၀န္းက်င္က လူသတ္မႈလို႔ေတာင္ထင္ၾကမွာ ။

ဒီလိုနဲ႔ အဖိုးရက္မလည္ခင္တစ္ရက္ကို ေရာက္လာခဲ့တာေပါ့ ၊ အဲ့ဒီေန႔ညက ကြၽန္ေတာ္တို႔ မိသားစုသုံးေယာက္ အလြန္ဆန္းက်ယ္တဲ့ အိမ္မက္တစ္ခုတည္းကို ၿပိဳင္တူ မက္ျမင္ၾကတယ္ေလ ။ ကြၽန္ေတာ္ညက မက္တဲ့ အိမ္မက္ကို ကြၽန္ေတာ့္မိဘႏွစ္ပါးကို ေျပာျပခဲ့တယ္ ….

“ အိမ္မက္ထဲမွာ အဖိုး ကိုျပန္ေတြ႕တယ္ ၊ အဖိုးက တစ္ကိုယ္လုံး ဒဏ္ရာဒဏ္ခ်က္ေတြအျပည့္နဲ႔ မ်က္နာေလးကလည္း အရမ္းၿငိဳးငယ္ေနၿပီးေတာ့ စကားေတြေျပာတယ္ …အဖိုးကို ကယ္ပါဦးတဲ့ သူတို႔ေတြ အဖိုးကို ႏွိပ္စက္ၾကတယ္ .. အဖိုးကို ကယ္ၾကပါဦး ”တဲ့ေလ ။ကြၽန္ေတာ္ေျပာျပတဲ့စကားကို ေမေမ နဲ႔ ေဖေဖ က ေသခ်ာနားေထာင္ေနၾကၿပီး

အံ့ၾသတႀကီးနဲ႔ ေဖေဖ က …

“ ေအး ငါလည္း သားလိုပဲ ညက အိမ္မက္ တစ္ထပ္တည္းပဲ ”

ေဖေဖ့စကားေၾကာင့္ ကြၽန္ေတာ္ လန္႔သြားၿပီး ေဖေဖ့မ်က္နာကိုၾကည့္မိတယ္ ေဖေဖကလည္း ကြၽန္ေတာ့္ကို ျပန္ၾကည့္ၿပီး ကြၽန္ေတာ္တို႔ႏွစ္ေယာက္ တိုင္ပင္ထားသလိုေမေမ့ မ်က္နာကို လွမ္းၾကည့္လိုက္ေတာ့ ေမေမက အလြန္႔ ထူးဆန္းတာကို ျမင္ရၾကားရသလိုမ်ိဳးအံ့ၾသေနသည့္ မ်က္နာအမူအရာနဲ႔ …

“ ဟင္ တကယ္ႀကီးလား ၊ ကြၽန္မလည္းညက အဲ့အတိုင္းမက္တယ္ ၊အိမ္မက္ထဲမွာ အေဖက အကူအညီလာေတာင္းေနတာ ၊ ဒါဆိုငါတို႔သုံးေယာက္လုံးတူတူမက္ၾကတာေပါ့ ၊ေသခ်ာတာတစ္ခုက ဒါစိတ္စြဲလို႔မက္တာမဟုတ္ေတာ့ဘူး ေယာက်ာ္း တစ္ခုခု ႀကံပါဦးအေဖ သနားပါတယ္ အီး… ”

ငိုေနတဲ့ ေမေမကို ၾကည့္ရင္း ေဖေဖက ..

“ ေအးပါ ေမႀကီးရယ္ ငါရပ္ကြက္ထဲက (…) ေက်ာင္းထိုင္ ဆရာေတာ္ႀကီးကို ေလ်ာက္ၾကည့္ပါမယ္ ”

ေဖေဖ က ေျပာေျပာဆိုဆိုနဲ႔ ကြၽန္ေတာ့္ကို ေခၚၿပီး ဆရာေတာ္ႀကီးဆီသြားခဲ့ၾကတယ္ ၊ဟိုေရာက္ေတာ့ ဘုရားဦးတိုက္ ဆရာေတာ္ဘုရားကို ဦးတိုက္ၿပီး ျဖစ္ေၾကာင္းကုန္စင္ ေလွ်က္တင္ေတာ့ဆရာေတာ္ဘုရားႀကီးက ဂ႐ုဏာ ေဒါနနဲ႔ ႀကိမ္းေမာင္းပါေလေရာ

“ မင္တို႔ကြာ ဗုဒၶဘာသာေတြျဖစ္ၿပီး ဘုရားေမ့ တရားေမ့ သံဃာေမ့ေနၾကတယ္ ၊

အေၾကာက္တရားေတြကို သရဏဂုံက ကာကြယ္ႏိုင္တယ္ဆိုတာ နားမလည္ၾကေတာ့ အခုမျဖစ္သင့္တာေတြ ျဖစ္ကုန္ၾကၿပီေပါ့ ၊ ေကာင္းေရာကြာ ၊ ဒါကာႀကီး ‘ ဦးၾကည္ ’ လည္းအတိတ္ဘ၀က ကံပါလာလို႔ တပ္လိုက္ရတာေပါ့ေလ … ကဲကဲ မနက္ျဖန္သူ႔ရက္လည္ကို ‘ ဦးဂြမ္တီး ’ ၿခံႀကီးနားမွာ သြားလုပ္ေပးၾကမယ္ ၊ တစ္လက္စတည္းေနာက္လူေတြ ဒုကၡ မႀကဳံရေလေအာင္ ဘုန္းႀကီးတို႔ ဘုရားရွင္ ေဟာၾကားထားခဲ့တဲ့‘ ေမတၱာသုတ္ ’ ေတာ္နဲ႔ ‘ ပ႒ာန္း ေဒသနာေတာ္ ျမတ္ႀကီး ’ ကို သြားၿပီး႐ြတ္ဆိုေပးမယ္ ၊ဒါကာတို႔အိမ္ကိုလည္း အႏၲရယ္ကင္း ပရတ္ေရစင္ေတြ စြန္႔က်ဲေပးမယ္ ။ ”

ဆရာေတာ္ဘုရား ရဲ႕ ၾသ၀ါဒေတြေၾကာင့္ ကြၽန္ေတာ္နဲက ေဖေဖ လည္း ေနာင္တတရားေတြရၿပီးမနက္ျဖန္အတြက္ လိုအပ္တာေတြ လုပ္ဖို႔ ရာ ဆရာေတာ္ဘုရားကို ဦးတိုက္ၿပီး အိမ္ကို ျပန္လာခဲ့ၾကတယ္ အိမ္ေရာက္ေတာ့ ေမေမ့ကို အက်ိဳးအေၾကာင္းေျပာၿပီး မနက္ျဖန္အတြက္ စီစဥ္စရာရွိတာေတြစီစဥ္ခဲ့ၾကတယ္ ။အဖိုးရက္လည္ေန႔ေရာက္ေတာ့ ဆရာေတာ္ဘုရားႀကီးအစီအစဥ္နဲ႔ ‘ ဦးဂြမ္တီး ’ ၿခံႀကီး နားမွာ‘ ေမတၱာသုတ္ ’ ေတာ္နဲ႔ ‘ ပ႒ာန္း ေဒသနာေတာ္ ျမတ္ႀကီး ’ ကို ႐ြတ္ဆိုၿပီး ေမတၱာပို႔သ အမွ်အတန္းေတြ ေပးေဝခဲ့တယ္ဗ် ။ ၿခံပိုင္ရွင္ ‘ ဦးဂြမ္တီး ’ ကလည္း ဆရာေတာ္ဘုရားအမိန္႔ရွိတဲ့အတိုင္း လက္ခံ လိုက္ေလ်ာေပးခဲ့တယ္ ။ ေနာက္ေန႔ေတြမွာေတာ့ အဲ့ဒီ ၿခံႀကီးမွာ ဘာအသံမွမၾကားရေတာ့သလို ပရေလာကသားေတြ ေႏွာက္ယွက္တယ္ဆိုတာကိုလည္း မၾကားရေတာ့ပါ ၊ ကြၽန္ေတာ္တို႔ အဖိုး ‘ ဦးၾကင္ ’

ကိုလည္း တစ္ႀကိမ္တစ္ခါမွ အိမ္မက္ မမက္ေတာ့ ၊ အရာအားလုံး ပုံမွန္အတိုင္းျပန္လည္ ျဖစ္လာခဲ့ၿပီေလ ၊ႏွစ္ခ်ိဳ႕ သရဲ ႀကီးေတြလည္း ေျပာင္းေျပးၾကကုန္သလား ကြၽတ္လႊတ္သြားေလသလားဆိုတာေတာ့ေသခ်ာမသိခဲ့ပါ ၊ ဘာမဟုတ္တဲ့ ဟင္းစားရွာရင္း သူမ်ားၿခံထဲ အေပါ့သြားမိလိုက္တဲ့အတြက္ ျပန္ေပးဆပ္လိုက္ရတာ တေစၦနဲ႔ နပန္းလုံးခဲ့တဲ့ အာဂလူ မေၾကာက္တတ္ပါဘူးဆိုတဲ့ကြၽန္ေတာ့္ အဖိုး အသက္ျဖစ္ေနတယ္၊ ကြၽန္ေတာ္တို႔ျပန္ရလိုက္တာက ေျခာက္ျခားမႈေတြ ေၾကာက္စရာ အိမ္မက္ဆိုးေတြ ။

ဒီအျဖစ္အပ်က္ကို ေတြးမိတိုင္း ငါဘာျဖစ္လို႔ အဲ့ဒီအခ်ိန္က ဘုရားစာမ႐ြတ္မိတာလဲ ၊ဘုရားတရားပိုမလုပ္မိတာလဲ ၊ ေမေမနဲ႔ ေဖေဖ ကေရာ ဘာလို႔ ဘုရားတရားပိုမလုပ္ခဲ့ၾကတာလဲ ၊အဖိုးကေရာ ဘာလို႔ ဘုရားတရားမလုပ္ရတာလဲ လို႔ မေသသင့္တဲ့ အဖိုးအတြက္ အၿမဲ ေနာင္တရေနမိတယ္၊

တကယ္ေတာ့ အဲ့ဒီအခ်ိန္မွာ အားလုံးက ဘုရားစာ႐ြတ္ဖို႔ အမွန္ကို ေမ့ေလ်ာ့ေနၾကတာ ၊ ေနာက္ေန႔ေတြမွာလည္း ဆရာေတာ္ႀကီးဆီ ေလ်ာက္တင္ဖို႔ သတိေမ့ေနၾကတယ္ေလ ၊ ဘာေၾကာင္လဲဆိုတာေတာ့အဖိုးကို အသံနဲ႔ ေျခာက္လန္႔ၿပီး လည္ပင္းညႇစ္သက္သြားတဲ့ ‘ ဦးဂြမ္တီး ’ တို႔ ၿခံထဲက ႏွစ္ခ်ိဳ႕ သရဲမကလြဲရင္ဘယ္သူမ်ားသိႏိုင္ဦးမွာလဲဗ်ာ ၊ ခင္ဗ်ားတို႔လည္း အဲ့ဒီ သရဲမနဲ႔ ေတြ႕ရင္ ကြၽန္ေတာ္တို႔ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးကို ေမ့သလိုေမ့မေနၾကနဲ႔ေနာ္ ၊ မဟုတ္ရင္ …………. ။

~~~~ၿပီးပါၿပီ~~~