မသာမြူးတဲ့ ဆိုင်းသံ (စ/ဆုံး)

Unicode Version

မသာမြူးတဲ့ ဆိုင်းသံ (စ/ဆုံး)
———————————
တောရွာလေးတစ်နေရာတွင် ဖြစ်သည် ။ လောက
တွင် ကျွန်ုပ်အပါအဝင် စာဖတ်သူတို့ အတွက်
မယုံကြည်နိုင်စရာ လက်လှမ်းမမီနိုင်သည့် အကြောင်း အရာ များစွာရှိနေသည် မဟုတ်ပါ
လား။ မျက်စိနှင့် မြင်မှသာ နားဖြင့်ကြားရမှသာ
ယုံကြည်ရမည် မဟုတ်ပေ အကယ်၍ သက်သေ
များ အထောက်အထားများနှင့် တကွ လက်ဆုပ်
လက်ကိုင် တိ တိ ကျကျ ပြလာခဲ့မည်ဆိုလျှင်
ကျွန်ုပ်ကော သင်တို့ပါ ထိုအချင်းအရာများကို
အကြွင်းမဲ့ မဟုတ်တောင် ငါးဆယ် ရာခိုင်နှုန်းထက် မနည်း လက်ခံရပေလိမ့်မည်။
ထိုနည်း အတူပင် လောကတွင် သရဲ တစ္ဆေ ဖုတ်
ပြိတ္တာ နာနာဘာဝ ပရလောက သားများရှိသည်
ကိုလည်း သင်ယုံကြည်ရပေမည်။ အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သော ပရိတ်တရားတော်များတွင်
ပါ ၎င်းသုံး ဆယ့်တစ်ဘုံသားများပင် ပါဝင်နေကြ
သောကြောင့်ဖြစ်သည်။ ပြောမရုံကြုံမှသိဆို
သော လူများသည် တစ်ခါတစ်ရံ ဒုက္ခရောက်
တတ် ကြသည်။ တားမြစ်ထားသော စည်းဘောင်
များကို ကျော်လွန်မိ၍ လည်းဒုက္ခရောက်တတ်
ကြသည်။ သူတို့အား ဒုက္ခပေးသော အရာများ
သည်ကား အခြား မဟုတ် နာနာဘာဝ ပရလော
ကသားများပင် ဖြစ်လေတော့၏ ။

*************

”သာယာ လိုက်တဲ့ အသံကွာ”

”ဟုတ်ပ ဒိုးလုံးရာ ငါတောင် ထခုန်ချင်
စိတ်ပေါက်လာလေရဲ့”

”အေးကွာ ဆရာကြီး လက်သံကလည်း ပြောင်ပ”

”အို နယ်နယ်ရရ ဆရာကြီးမှ မဟုတ်တာကွာ”

ဆိုင်းဆရာကြီး ဦးတေဇ ၏ ဆိုင်းသံကို ကြားရ
သူအပေါင်း ချီးမကျူးဘဲ မနေနိုင်။ နေမကောင်း
သော သူပင် ဦးတေဇ ၏ ဆိုင်းသံကို ကြားရမည်
ဆိုလျှင် ချက်ချင်း အားအင်ပြည့်လာသလို
ခံစားရသည်ဟု လူတစ်ချို့ကပြောဖူးလေသည်။
ယခုလည်း ရွာကာလသားများ ဖြစ်ကြသော
ဘဒင် နှင့် ဒိုးလုံးက ဆိုင်းဆရာကြီးဦးတေဇအား
ချီးမွမ်းထောပနာ ပြုနေကြလေတော့သည်။ထို
စဉ်

”ဒီက အကိုတို့”

ဒိုးလုံးတို့ ပြိုင် တူ ခေါင်းလှည့်ပြီးကြည့်လိုက်
တော့ ရွာထဲက လူငယ်လေး ပေါ်ထွန်းအားတွေ့
လိုက်ရလေတော့သည်။

”အေး ပေါ်ထွန်း ဘာလဲ”

”ဟို ဟို ဟိုလေ ဆရာကြီး ဦးတေဇ ရှိလား”

”ရှိမှာပေါ့ဟ ဆိုင်းသံတွေ ကြားနေရတာပဲ”

”အဆင်သင့်လိုက်တာ ကျေးဇူးပဲဗျို့”

ပေါ်ထွန်းလည်း ဝမ်းသာ အားရ ဦးတေဇ နေထိုင်
ရာ ခြံဝန်းကြီးထဲ ပြေးဝင်သွားလိုက်လေတော့
သည်။ ဒိုးလုံးတို့ကတော့ ပေါ်ထွန်းအားကြည့်ရင်း

”ဘယ်လိုကောင်လဲဟ ”

”အေး ပေါကြောင်ကြောင်နဲ့”

”ထားလိုက်တော့ လာဟေ့ကောင် ကိုသာဗျော
ဆိုင်သွားပြီး ထန်းရေလေး တစ်မြူလောက်ဆွဲ
ကြတာပါ့”

”နှိပ်ဟ သွားပြီလေ”

ဒိုးလုံး နှင့် ဘဒင်လည်း အတိုင်အပေါက်ညီစွာ
တစ်ယောက် ပုခုံးကို တစ်ယောက်ဖက်ရင်း
ရွာထိပ်က ကိုသာဗျော ထန်းတောကြီးဆီသို့
ခြေလှမ်းများကို ဦးတည်လိုက်လေတော့သည်။
ပေါ်ထွန်းမှာတော့ ဆိုင်းဆရာကြီး ဦးတေဇ အိမ်ထဲ သို့ဝင်သွားလိုက်တော့၏။

ဦးတေဇ အိမ်ကြီးထဲ သို့ရောက်လျှင်ရောက်ချင်း
ရှေးမြန်မာ တူရိယာ များကို ပေါ်ထွန်းတွေ့ရလေ
သည်။ သို့သော် သူအိမ်ထဲ တန်းမဝင် အိမ်အပြင်
ဘက်မှနေ၍

”ဗျို့ လေးတေဇ ”

”ဗျို့ လေးတေဇ ရှိလား”

ဆိုင်းဆရာကြီးရှိသည်ကို သူသိသည်။ အဘယ်
ကြောင့်ဆိုသော် အိမ်ထဲ တွင်ဆိုင်းဝိုင်းကို
တစ်ယောက်တည်း မြိုင်ဆိုင်စွာတီးနေသံကို
ကြားနေရသည်မဟုတ်ပါလား။ သူခေါ်သော်
လည်း အထဲ မှ အကြောင်းပြန်သံတစိုးတစိမှ
မကြားရပေ။ ဆိုင်းသံသာ အဆက်မပြတ်ထွက်ပေါ် နေလေတော့၏။
ပေါ်ထွန်း ယခုရောက်လာခဲ့သည့် အကြောင်းမှာ
မူကား လွန်ခဲ့သော နှစ်ရက် ခန့်က ပေါ်ထွန်း
တစ်ယောက် ဆိုင်းတီးပညာကို တတ်မြောက်ချင်
သည်ဟု ဆရာကြီး ဦးတေဇ အား ပြောခဲ့သော
ကြောင့်ပင်။ သို့ကြောင့်လည်း ယခု မနက်ကိုးနာ
ရီ အချိန်တွင် ဦးတေဇက ၎င်းအား သင်ပေးမည်
ဖြစ်ကြောင်းပြောထားသောကြောင့် ရောက်လာ
ခြင်းပင် ဖြစ်လေ၏။

”ဗျိုးဦးတေဇ”

ငါးမိနစ်ခန့်ကြာတော့ မှ အိမ်ထဲ မှ ဆိုင်းတီးသံ
လည်း ပျောက်သွားလေတော့သည်။ ခနကြာတော့ ထိုအိမ်ကြီးထဲမှ အသက်ခြောက်
ဆယ်အရွယ် ယောကျာ်း ကြီးတစ်ယောက်ထွက်
လာပြီး

”အေး ကောင်လေးရောက်လာပြီလား”

”ဟုတ် ဦးလေးတေဇ”

”အေး အာ့ဆို လာဒီမှာ လာထိုင် ငါမင်းကို သတိပေး စရာကော မေးစရာကော ရှိတယ်”

ဟုပြောကာ ထန်းလျက်ခဲနှင့် ရေနွေးကြမ်းကရား
တစ်လုံးတင်ထားသော စားပွဲဆီသို့ ပေါ်ထွန်း အား
ခေါ်လိုက်လေတော့သည်။ ပေါ်ထွန်းလည်း ဦးတေဇ နှင့် မျက်နှာချင်းဆိုင် နေရာတွင် ဝင်ထိုင်
လိုက်လေတော့၏။ ထိုအခါ ဦးတေဇက

”မင်းက ဘာလို့ ဒီဆိုင်းတီးပညာကို သင်ချင်ရတာ
လဲ”

”မြန်မာလူမျိုးတစ်ယောက် ဖြစ်လို့ တတ်မြောက်
ထားသင့်တယ် လို့ကျွန်တော်ထင်တယ် နောက်ပြီး
ကျွန်တော်က ဂီတ ကိုအားကြီးဝါသနာပါတာ”

”အေးရည်ရွယ်ချက်ကတော့ ကောင်းပါတယ်
ငါလည်း ကျောထောက်နောက်ခံ သားသမီး မရှိ
တော့ ဒီပညာတွေ ငါသေသွားရင် အလကား
ဖြစ်မှာ မင်းသင်ချင်တယ် ဆိုတော့ ငါဝမ်းသာပါ
တယ်ကောင်လေး”

”ဟုတ်ကဲ့”

”ဒါပေမယ့် ”””””’

ဦးတေဇ တစ်ယောက် စကားကို ဆက်မပြောပဲ
ရေနွေးခွက်ကြီးကိုကိုင်ကာ အဝေးကိုငေးနေမိ
လေသည်။ ပေါ်ထွန်းလည်း စိတ်မရှည်စွာဖြင့်

”ဒါပေမယ့် ဘာဖြစ်လဲ ဦးလေးတေဇ”

”ဒါပေမယ့် မင်းဆိုင်းလက်သံကို မသာအိမ်တွေမှာ
မတီးမိ ဖို့သတိထားပါ”

မမျှော်လင့်ထားသော စကားလုံးတစ်ချို့ ဦးတေဇ
နှုတ်ဖျားမှ ထွက်ကျလာလေတော့သည်။ ပေါ်ထွန်း လည်းခေါင်းကို တဗျင်းဗျင်း ကုပ်ရင်း

”ဘာလို့လဲ ဦးလေးတေဇ”

”မင်းတို့ ခေတ်လူငယ်တွေ ဆိုတော့ ငါပြောလည်း
နားလည်မယ် မထင်ဘူး အရေးကြီးတာတော့
မင်းဆိုင်းကို ဘယ်တော့မှ မသာအိမ်မှာ မတီးမိပါ
စေနဲ့ ”

ပေါ်ထွန်း၏ နားထဲ သို့ ထိုစကားသံကြီးက ပဲ့တင်
ထပ်နေလေတော့သည်။ ဆရာကြီးဦးတေဇ၏
ဆုံးမ စကားများဤ တွင်ရပ်ကာ ဆိုင်းပညာများ
ကို ပေါ်ထွန်းအား စတင်သင်ကြားပေးလေတော့
၏။ သိပ်ကြာကြာ ပင်မသင်လိုက်ရပေ ပေါ်ထွန်း
မှာ ပါရမီ ဓာတ်ခံလည်း ရှိသလို သင်ချင်စိတ်ပြင်း
ပျနေသည့် အလျောက်သုံးလလောက်အကြာ
တွင် ပေါ်ထွန်းဆိုင်းပညာ ကိုဆရာတစ်ပါး လိုတီး
ခတ်တတ်သွားလေတော့သတည်း။ ။

***********

”ဟေ့ ပေါ်ထွန်း ကြားပြီးပြီလား”

ရုတ်တရက် ကောက်ခါငင်ခါမေးလာသော သာလှ
၏ စကားကြောင့် ဆိုင်းဆရာပေါက်စလေး
ပေါ် ထွန်း ကြောင်အမ်းအမ်း ဖြစ်သွားလေတော့
သည်။

”ဘာကိုလဲဟ သာလှ ရာ”

”ဟိုလေ မင်းငယ်သူငယ်ချင်း တိုးအောင် မိန်းမ
မအိမ်စည် မနေ့ည ကပဲ ဆုံးပြီတဲ့”

”ဟေ”

”အေ ငါတောင် ခုပဲ နာရေးမေးပြီး ပြန်လာတာ”

”အေး ငါသွားကြည့်လိုက်အုံးမယ်”

”အေးကွာ တိုးအောင် သနားပါတယ် ပိုက်ဆံက
လည်း မရှိ အခု မိန်းမ ကသေတော့ ဒုက္ခပင်လယ်
ဝေနေရှာတာ”

”အေးပါ ဒါဆို ငါသွားကြည့်လိုက်အုံးမယ်”

”အေအေ ”

ပေါ်ထွန်းလည်း သာလှအား လက်ပြနှုတ်ဆက်
ရင်း တိုးအောင် နေထိုင်ရာ တဲဇနပုဒ်လေး ဆီသို့
ခြေလှမ်းလိုက်လေတော့သည်။

ပေါ်ထွန်း ထိုအိမ်ထဲ သို့ ရောက်လျှင်ရောက်ခြင်း
သတိထားမိလိုက်သည်ကား တိတ်ဆိတ် လျက်
စကားပြောသံ မျှပင် မကြားရပေ။ ပေါ်ထွန်း
လည်း

”တိုးအောင် ရေ သူငယ်ချင်း”

လှမ်း၍ အသံပြုလိုက်တော့မှ

”အေ ပေါ်ထွန်း အိမ်ပေါ်လာလေကွာ”

တိုးအောင်က အိမ်ပြတင်းပေါက်ကလေးမှ ခေါင်း
ပြူထွက်ကာ ကြေကွဲ အက်ရှသော အသံဖြင့်လှမ်း ခေါ်လိုက်လေတော့သည်။

”အေး ငါကြားပြီးပါပြီ စိတ်မကောင်းပါဘူး
သူငယ်ချင်းရာ လိုအပ်တာ ရှိရင်ပြော ငါတို့ကူညီ
ပေးမယ်”

”အေးပါ ပေါ်ထွန်းရာ ငါမင်းစကားကြားရတာ
အားရှိပါတယ် ဒါပေမယ့်”

”ဒါပေမယ့် ဘာဖြစ်လဲ သူငယ်ချင်း ငါဘာကူညီ
ရမလဲ”

”ငါ့မိန်းမ အိမ်စည် ရဲ့အသုဘ မှာ ငါ ဆိုင်းဝိုင်း
လေးထည့် ချင်လို့ တို့ရွာဓလေ့ အရလည်း ဆိုင်း
ဝိုင်းလေးပါမှ မသာ အထမြောက်မယ် မဟုတ်
လား”

တိုးအောင်၏ အသံမှာ ငိုသံစွက်နေလေသည်။
သူ့ချစ်လှစွာသော ဇနီးလေး၏ အသုဘကို ဈာပန
ကို ကောင်းသည် ထက်ကောင်းစေချင်သည်ကို
ပေါ်ထွန်းနားလည်လေသည်။ တိုးအောင်မျက်နှာ
များ ညှို့ မှိုင်းလို့နေလေတော့၏။

”အေး ထည့်ပေါ သူငယ်ချင်းရ”

ပေါ်ထွန်းလည်း အားပေးရှာလေသည်။ သို့သော်
ဆိုင်းဝိုင်းတစ်ဝိုင်း၏ ဌားခ ဈေးနှုန်းကား ကြီးလှ
သည်မဟုတ်ပါလား။

”ဒါပေမယ့် သူငယ်ချင်းရာ မင်းသိတဲ့ အတိုင်းပဲ
ငါ့ ဆီမှာ ငွေ ငွေ ငွေ မှမရှိတာ ငါ့မိန်းမ ဈာပန
က်ုတောင် ငါစည်ကားအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး အီးဟီးဟီးးးးးးးး”

ပြောကာဆိုကာ ဖြင့် တိုးအောင် တစ်ယောက်
ယောကျာ်း ကြီးတန်မဲ့ လက်ဖျံဖြင့် မျက်စိ အစုံကို
အုပ်ကာ အားရပါးရ ငိုချလေတော့၏။ ပေါ်ထွန်း
လည်း တိုးအောင်၏ ပုခုံးအား ဆုပ်ကိုင်ရင်း

”အားမငယ် နဲ့ သူငယ်ချင်း ဆိုင်းမဌားနိုင်လဲ
ဘာဖြစ်လဲ ငါတီးပေးမယ် ရွာဦူကျောင်းက ဆရာ
တော်ဆီမှာ ဆိုင်းဝိုင်းရှိသားပဲ ဌားလိုက် ငါတီး
ပေးမယ်”

”ဟင် သူငယ်ချင်း ပေါ်ထွန်း မင်း မင်းတကယ်
ပြောတာလား ”

”နှစ်ခါ မပြောဘူး လုပ်လိုက် ငါတတ်နိုင်တာ
ကူညီရတာပဲ ကျေနပ်တယ်”

”ဒါပေမယ့် မင်းဆရာ ဦးတေဇ ကမသာအိမ်မှာ
မတီးဖို့ မှာထားတယ် မလား”

”ဟာ ဟေ့ကောင် ဆိုင်းကွ ဘယ်မှာတီးတီး ဒီအသံ
ပဲ ခုလည်း ဆရာကြီး မြို့တက်သွားတာ တော်တော် နဲ့ပြန်လာမယ် မဟုတ်ဘူး ငါတီးပေး
မယ် မင်းစိတ်သာချ”

တိုးအောင် လည်း ဝမ်းသာအားရ မျက်ရည်များ
ကို လက်ဖဝါးဖြင့် သုတ်ချလိုက်ရင်း

”ဝမ်း ဝမ်း လိုက်တာ သူငယ်ချင်းရာ ငါမင်း
ကျေးဇူးတွေ ဒီတစ်သက် ဆပ်ကုန်မယ် မထင်
ဘူးကွာ”

ဟုပြောရင်း ပေါ်ထွန်းအား သိုင်းဖက်ချလိုက်လေ
တော့သည်။ ပေါ်ထွန်းလည်း ပြန်ကာ ဖက်ထား
ရင်း ပီတိမျကိရည် များ တွေတွေ စီးကျနေလေ
သည်။ သူငယ်ချင်း အတွက် မိုက်မဲသော ဆုံးဖြတ်
ချက်ကို ပေါ်ထွန်း တစ်ယောက် ရဲရဲကြီး ချလိုက်
လေတော့သည်။ သူမှားသွားခဲ့ပြီ ဆရာကြီးဦးတေ
ဇ ပြောခဲ့သလို မျိုး မင်းတို့ ခေတ်လူငယ်တွေ
ပြောရင်လည်း နားလည်မှာ မဟုတ်ပါဘူး ကွာ
ဟူသော စကားသည် မှန်လေစွ။ ။

************

”ကျီ ကျီ ကျီ ”

ညပုရစ်များ၏ အသံကား မသာအိမ် ဝန်းကျင်တွင် စီစီညံလျက်။

”အိမ်စည် တန်ခိုး နှစ်ကဒ်ပေါင်း ကိုး ”

” ဟာ ဘူတဲ့ကွာ”

တိုးအောင် အိမ်ရှေ့တွင် မဏ္ဏပ်ထိုးထားလေသည်
ထိုမဏ္ဏပ်နေရာအတွင်း ဝါးကပ်စင်ကြီးဖြင့်
မအိမ်စည်၏ အခေါင်းကြီးကို အဖုံးလှပ်ကာ တင်
ထားလေသည်။ ထိုနံဘေးတွင်လည်း ရွာကာလ
သားများ အကြိုက် မသာအိမ် တွင် ဖဲ ရိုက်နေကြ
ခြင်းဖြစ်လေသည်။ ထိုစဉ် ရွာကာလသားခေါင်း
သာဒင်က

”ဟေ့ကောင် ပေါ်ထွန်း အိပ်ချင်ပြေ မျောက်မင်း
အူသံလေး တစ်ပုဒ်လောက်တီးစမ်းကွာ”

ရုတ်တရက်ထကာပြောလိုက်တော့ ပေါ်ထွန်း
လည်းကြောင်အမ်းအမ်း ဖြစ်သွားရင်း

”ဟာ ညကြီးကိုကွာ”

”အို ဘာဖြစ်လဲ ချကွာ တစ်ပုဒ်ထဲရယ် ”

”ဟုတ်တယ်ဟေ့ လုပ်စမ်းပါ”

ပေါ်ထွန်းအား ဝိုင်းကာ အားပေးမြောက်ပင့်
ကြတော့သည်။ ယခုမှ တက်စလူငယ်လေး ဖြစ်
သည့်ပေါ်ထွန်းလည်း လူစုံတုန်း ပညာပြချင်
လေ၏။ ထို့ကြောင့် ဆ်ုင်းဝိုင်းထဲတွင် အကျအန
ဝင်ထိုင်လိုက်ကာ တဗြောင်းဗြောင်းတီးခတ်
လေတော့သည်။

”ဟ ဦးတေဇ ကြီးကျနေတာပဲ လက်သံကတော့”

”ဟုတ်ပ အိမ်စည်တောင် ထကလာတော့မယ်
ဟားဟားးးးးးး”

”ဟေ့ကောင် ဒိုးလုံး ဘာတွေပြောနေတာလဲမ
်ပြောကောင်းဘူး ညကြီးမိုးချုပ်”

သာဒင်ငေါက်လိုက်တော့မှ ဒိုးးလူံး လည်း ဇက်ကလေး ပုကာ ငြိမ်ကျသွားလေတော့သည်။
ဒီလိုနဲ့ ပေါ်ထွန်း သီချင်းတစ်ပုဒ်ပြီးသွားသည်မို့
ဆိုင်းဝိုင်းအပြင်ထွက်ကာ ဆေးလိပ်တစ်လိပ်ကို
မီးညှိသောက်လိုက်လေတော့သည်။

”ဟေးးးးးးးးး”

”ဖြောင်း ဖြောင်း ဖြောင်းးးးး”

သူ့သူငယ်ချင်းများ က ဝိုင်းဝန်းကာ လက်ခုပ်တီး
အားပေကြလေတော့၏ ။ အချိန်ကား ည ကိုး
နာရီ ဝန်းကျင် ပတ်ဝန်းကျင်တွင်လည်း ပေါ်ထွန်း
၏ ဆိုင်းသံ ပျောက်ကွယ်ပြီးနောက် ဘာသံမျှ
မထွက်ပေါ်လာတော့ပေ။

”ကဲ အိပ်မယ်ဟေ့”

”အေး အိပ်ကြရအောင်ကွာ မျက်လုံးတွေလည်း
မှေးလာပြီ”

”အိပ်ပြီကွာ ဟိုကောင်တွေ ဟင်းအိုးတွေ သေချာ
သိမ်းထား ခွေးဆွဲမယ်”

ရွာကာလ သားများ လည်းတစ်ယောက်တစ်
ပေါက်ပြောကာ ထိုဝါးကပ်ပေါ်တွင် တန်းစီကာ
အိပ်ကြလေတော့၏။ ပေါ်ထွန်းလည်းတနေကုန်
ပင်ပန်း ထားပြီမို့ ကြမ်းခင်းပေါ် ခေါင်းချလိုက်
သည်နှင့် တစ်ပြိုင်နက် နှစ်ခြိုက်စွာ အိပ်မော
ကျသွားလေတော့သတည်း။ ။

*************

”ဝုတ် ဝုတ် ဝုတ် အူ ဝူးးးးးး ဝူးးးးးးးးး”

ည၏ တိတ်ဆိတ်ခြင်းကို ကျက်သရေယုတ်လှ
သော ခွေးအူသံကြီးက ထိုးခွင်းသွားလေတော့
သည်။ ပေါ်ထွန်းလည်း ထိုခွေးအူသံကြောင့်
ရုတ်တရက် လန့်နိုးလာလေတော့သည်။

”အု အုအု အူဝူးးးးးးးးး”

ခွေးမှာ နာနာဘာဝကို မြင်နေဘိအလား ကြောက်
ရွံ့စွာ အူနေသည်ကို ပေါ်ထွန်းသတိထားမိသည်
နှင့် တစ်ပြိုင်နက် ကျောများစိမ့် ကနဲ စိမ့်ကနဲ
အေးသွားလေတေ့ာသည်။ ထိုစဉ်

”ကျွီးး ကျွီ ကျွီးးး”

”ဟာ”

မအိမ်စည် အသက် ၂၃ နှစ်ဟုရေးထားသော
မသာခေါင်းကြီးမှာ တဖြေးဖြေး လှုပ်လာသည်ကို
ပေါ်ထွန်း အတိုင်းသား မြင်လိုက်ရလေသည်။

”ဖြုန်း”

”အမလေး မြတ်စွာဘုရား ကယ်တော်မူပါ”

ထိုအခေါင်းထဲ မှ လက်ကြီးတစ်ဖက် အပြင်
ကိုသိသိ သာသာ ထွက်လာသည်ကို ပေါ်ထွန်း
သေသေချာချာ မြင်လိုက်လေတော့သည်။
ကြောက်စိတ်များ ကြီးစိုးနေပြီး ပေါ်ထွန်း
ထိုအရာ ကိုဆက်မကြည့်နိုင်ပဲ မျက်စိကိုသာ
အားပြုကာ မှိတ်ထားလိုက်လေတော့သည်။
ခနကြာတော့ အသံများတိတ်ဆိတ်သွားလေတော့
သည်။ ထွန်းထားသော ရေနံစီ မီးခွက်မှာလည်း
မီးစာ ကုန်ခါနီးမို့ မီးရောင် မိန်မိန် မျှသာလင်းနေ
တော့၏။

”ဟဲ့ ပေါ်ထွန်း ဟဲ့ပေါ်ထွန်း”

”ဟင် အ အ အမလေး သရဲ”

အေးစက်သော လက်ကြီးနှစ်ဖက်ကာ ပေါ်ထွန်း
၏ ခြေထောက်အား လာဆွဲကာ လှုပ်နိုးလေ
တော့သည်။ နားထဲ တွင်လည်း ပေါ်ထွန်း ပေါ်ထွန်း ဟုခေါ်နေသည်ကို သွေးပျက်ဖွယ်ကြား
နေရတော့၏။

”ငါ အိမ်စည်ပါ နင့်ဆိုင်းသံလေး ကြားချင်လို့”

အိမ်စည် ဟုတ်တယ် ဒါအိမ် စည့်အသံ သူကောင်း
ကောင်းမှတ်မိသည်။ သူမျက်စိကို အားတင်း
ပြီးဖွင့်လိုက်တော့

”ဟာ ဟာ ဟာ”

သူမြင်ရသော အရာကား အခေါင်းထဲမှ ထွက်လာ
သော အိမ်စည်ဖြစ်နေလေတော့သည်။ မျက်ကွင်း
များလည်း ညိုမဲကာ ဝတ်စုံဖြူကြီးကိုသာ
ဝတ်ဆင်ထားသည်ကို တွေ့ရလေသည်။ ဆံပင်များ လည်းဖွာလန်ကျဲပြီး စူးရဲသော
မျက်လုံး နီကြီးများဖြင့် ပေါ်ထွန်းအား စိုက်ကြည့်
နေလေတော့၏။

”သွား အိမ်စည် မလာနဲ့ ငါတို့ နဲ့နင်က ဘဝခြား
သွားပြီ မလာပါနဲ့ မခြောက်ပါနဲ့ အိမ်စည်”

ပေါ်ထွန်း အသံကား ကြောက်လန့်မှုကြောင့်တ
ဆက်ဆက်တုန်နေလေသည်။

”နင် တီးမှာလား ငါဂုတ်ချိုးသတ်ရမှာလား”

”ဘုရား ဘုရား”

ပေါ်ထွန်း ခေါင်းနပန်းကြီးသွားလေတော့သည်။
သူမြင်နေသော မိန်းမကား အိမ်စည် မှဟုတ်ရဲ့
လား အသံကြီးမှာ စူးရဲအက်ရှကာ ကြောက်စရာ
ကောင်းလွန်းလှပေသည်။

”အေအေ ငါ ငါ ငါ တီးပါ့မယ် ”

”အေး နင်တီး ငါကမယ်”

အိမ်စည်၏ အသံကြီးကား နှလုံးသွေးများပင်
ရပ်တန့်သွားလောက်အောင် ကြောက်စရာကောင်း
လှပေ၏။ ပေါ်ထွန်းလည်း မတတ်သာ သည့်အဆုံး ဆိုင်းဝိုင်းထဲ ဝင်ကာ တီးပေးရလေ
တော့သည်။ အိမ်စည် သရဲမ မှာတော့ ပေါ်ထွန်း
တီးသော ဆိုင်းသံ နှင့် အလိုက်ပျော်ပျော်ကြီး
ကနေသည်ကို သွေးပျက်ခြောက်ချားဖွယ်
မြင်တွေ့နေရလေတော့သည်။ ဆယ့်ငါးမိနစ်ခန့်ကြာတော့ သရဲမက

”ဟဲ့ ငါ ဗိုက်ဆာတယ် ဘာရှိလဲ”

”ဟို ဟိုဖက်မှာ ဟင်း ဟင်းအိုးတွေ”

သရဲမ အိမ်စည်လည်း ဟင်းအိုးများရှိရာသို့
ဇက်ကြီး စောင်းကာ စောင်းကာ လျှောက်သွား
ရင်း ဝက်သားအိုးတစ်အိုးကို ယူကာ အထဲမှ
အသားတုံးများကို တစ်တုံးပြီးတစ်တုံးကောက်
ကာ ပါးစပ်ထဲ သွပ်ထည့်လေတော့သည်။
သရဲမလည်း စားလို့ပြီးတော့ ပေါ်ထွန်းက

”အိမ်စည် ဒီတစ်ခါ နင်တီး ငါကမယ်”

သရဲမ လည်း ပေါ်ထွန်းပြောသည် နှင့် ဆ်ုင်းဝိုင်း
ထဲဝင်ကာ တဗြောင်းဗြောင်း တီးခတ်လေတော့
သည်။ ပေါ်ထွန်း လည်း ကချင်ဟန်ဆောင်ကာ
အိပ်ပျော်နေသော ရွာကာလသားများကိုခြေ
ထောက်ဖြင့် တို့ကာ နှိုးလေတော့သည်။ သို့တိုင်
အောင် တစ်ယောက်မှ နိုးမလာကြ။ ပေါ်ထွန်း
လည်း ကြံရာမရသည့် နောက်ဆုံး ကနေရင်းမှ
တစ်ချိုးတည်း လစ်ပြေးလေတော့သည်။

”ပေါ်ထွန်း မပြေးနဲ့”

သရဲမ အိမ်စည် လည်း ကြောက်စရာကောင်း
လှသော အသံကြီးဖြင့် အော်ကာ လေပေါ်မှ ပျံသန်းကာ ပေါ်ထွန်းနောက်လိုက်လေတော့၏။

”မလာနဲ့ သွား သွား မလာနဲ့ မလာနဲ့”

ပေါ်ထွန်း သွေးပျက်ခမန်း အော်ဟစ်ရင်း ခြေဦး
တည့် ရသို့တရကြမ်းပြေးလေတော့သည်။
တစ်နေရာ အရောက်တွင် ပေါ်ထွန်း နတ်ကွန်း
ဆောက်ထား သော ညောင်ပင်ကြီး ကိုတွေ့တော့
မှ အားတက်သွားလေတော့သည်။ ပေါ်ထွန်း
လည်း ညောင်ပင် အောက်ရောက်တော့ သရဲမ
ဆက်လိုက်မလာနိုင်တော့ပေ။

”ပြန်လာခဲ့ ပေါ်ထွန်း ပြန်လာ”

ညောင်ပင် နှင့် ကိုက်ရငါးဆယ် အကွာလောက်က
ပင် လက်ကြီးယပ်ကာပေါ်ထွန်းအား အသံနက်ကြီး ဖြင့် အော်ခေါ်နေလေတော့သည်။
သရဲမလည်း နောက်ဆုံး မတတ်နိုင်တော့ပဲ
ညောင်ပင်ကြီးကို ခုနစ်ပတ်ပတ်ကာ အမှောင်
ရိပ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကို
ထူးဆန်းအံ့သြဖွယ် တွေ့လိုက်ရလေတော့သည်။

***********

”ဟာ ဟေ့ကောင် ပေါ်ထွန်း ဘာ လို့ညောင်ပင်
အောက်မှာ လာအိပ်နေတာလဲ”

”အား မလာနဲ့ သွား သွား ”

”ဟဟေ့ကောင်ရ ငါတို့ပါဟ”

ပေါ်ထွန်း လည်း မျက်စိကို ပွတ်သပ်ကြည့်
လိုက်တော့မှ ရွာကာလသားများဖြစ်နေသည်
ကိုတွေ့လိုက်ရလေတော့သည်။

”ငါ ငါ ငါ့ကို ညက အိမ်စည် လိုက် နှောက် ယှက် နေလို့”

”ဟေ ”

”ဘာ ”

”ဘယ်လို ”

ပေါ်ထွန်းလည်း ညက မဖြစ်အပျက်များကို
သေသေချာချာပြန်ပြောပြလေတော့သည်။

”အေး မင်းတို့ မယုံရင် အိမ်စည့် အလောင်းမှာ
ဝက်သား ဟင်းတွေပေနေတာတွေ့ လိမ့်မယ်ကွာ”

မှန်ပေသည်။ပေါ်ထွန်းပြောခဲ့သလို မျိုး အိမ်စည်
၏ အလောင်းတွင် လက်ရော ပါးစပ်များတွင်ပါ
ဝက်သား ဟင်းအနှစ်များ ပေကျံနေသည်ကို
ခြောက်ချားဖွယ် တွေ့လိုက်ရလေတော့သည်။
ပေါ်ထွန်း တစ်ယောက်လည်း အဖျားကြီးကာ
အိပ်ရာ ပေါ်ဘုန်းဘုန်းလဲသည့် အဆင့်သို့ရောက်
ခဲ့ရလေတော့သည်။ ပေါ်ထွန်း အဖျားကြီးနေ
သည်ကား ယနေ့ နှင့် ဆ်ုလျှင် ခုနစ်ရက်တိတိ
ရှိလေပြီဖြစ်လေတော့သည်။ သူကယောင်ကတမ်း အော်ဟစ်ပြောဆ်ုသော
စကားလုံး အချို့မှာ

”အိမ်စည်မလာနဲ့ သွားသွား မလိုက်ဘူး ငါ့ကို
မခေါ်သွားပါနဲ့ ကွာ သွားသွား သရဲမ သွား”

ဟူ၍ အသံနက်ကြီးဖြင် ယောင်ရမ်းကာ အော်
တတ်စမြဲ။ ထူးဆန်းမှုကား ဆက်တိုက်ဆိုသ
လို ခုနစ်ရက်မြောက်တိတိ တွင်ပေါ်ထွန်းတစ်
ယောက် အဖျားကြီး ပြီး သေဆုံးသွားခဲ့လေတော့
သည်။ သူနောက်ဆုံးကြားနေရသော စကားသံ
ကား

”မသာ အိမ်မှာ ဘယ်တော့မှ မင်းဆိုင်းသံကို
မတီးပါ နဲ့ ”

”မသာ အိမ်မှာ ဘယ်တော့မှ မင်းဆိုင်းကို မတီးပါ
ိဲနဲ့”

အမှန်တော့ အမှန်တကယ်တော့ နာမည်တစ်မျိုး
ပေးကာ ခေါ်ရမည် ဆို လျှင်ထိုအသံသည်ကား

”””’မသာ မြူးတဲ့ ဆိုင်းသံ ””””””””

ဟူ၍ ပင်ဖြစ်လေတော့သတည်း။ ။

&&&&&&&&&&&

ပြီးပါပြီ

စာဖတ်သူတို့အားအစဉ်လေးစားလျက်

လျှပ်ပန်းအိမ်

Zawgyi Version

မသာျမဴးတဲ့ ဆိုင္းသံ (စ/ဆုံး)
———————————
ေတာ႐ြာေလးတစ္ေနရာတြင္ ျဖစ္သည္ ။ ေလာက
တြင္ ကြၽႏ္ုပ္အပါအဝင္ စာဖတ္သူတို႔ အတြက္
မယုံၾကည္ႏိုင္စရာ လက္လွမ္းမမီႏိုင္သည့္ အေၾကာင္း အရာ မ်ားစြာရွိေနသည္ မဟုတ္ပါ
လား။ မ်က္စိႏွင့္ ျမင္မွသာ နားျဖင့္ၾကားရမွသာ
ယုံၾကည္ရမည္ မဟုတ္ေပ အကယ္၍ သက္ေသ
မ်ား အေထာက္အထားမ်ားႏွင့္ တကြ လက္ဆုပ္
လက္ကိုင္ တိ တိ က်က် ျပလာခဲ့မည္ဆိုလွ်င္
ကြၽႏ္ုပ္ေကာ သင္တို႔ပါ ထိုအခ်င္းအရာမ်ားကို
အႂကြင္းမဲ့ မဟုတ္ေတာင္ ငါးဆယ္ ရာခိုင္ႏႈန္းထက္ မနည္း လက္ခံရေပလိမ့္မည္။
ထိုနည္း အတူပင္ ေလာကတြင္ သရဲ တေစၦ ဖုတ္
ၿပိတၱာ နာနာဘာဝ ပရေလာက သားမ်ားရွိသည္
ကိုလည္း သင္ယုံၾကည္ရေပမည္။ အဘယ္ေၾကာင့္ ဆိုေသာ္ ဗုဒၶဘုရားရွင္ ေဟာၾကားခဲ့ေသာ ပရိတ္တရားေတာ္မ်ားတြင္
ပါ ၎သုံး ဆယ့္တစ္ဘုံသားမ်ားပင္ ပါဝင္ေနၾက
ေသာေၾကာင့္ျဖစ္သည္။ ေျပာမ႐ုံႀကဳံမွသိဆို
ေသာ လူမ်ားသည္ တစ္ခါတစ္ရံ ဒုကၡေရာက္
တတ္ ၾကသည္။ တားျမစ္ထားေသာ စည္းေဘာင္
မ်ားကို ေက်ာ္လြန္မိ၍ လည္းဒုကၡေရာက္တတ္
ၾကသည္။ သူတို႔အား ဒုကၡေပးေသာ အရာမ်ား
သည္ကား အျခား မဟုတ္ နာနာဘာဝ ပရေလာ
ကသားမ်ားပင္ ျဖစ္ေလေတာ့၏ ။

*************

”သာယာ လိုက္တဲ့ အသံကြာ”

”ဟုတ္ပ ဒိုးလုံးရာ ငါေတာင္ ထခုန္ခ်င္
စိတ္ေပါက္လာေလရဲ႕”

”ေအးကြာ ဆရာႀကီး လက္သံကလည္း ေျပာင္ပ”

”အို နယ္နယ္ရရ ဆရာႀကီးမွ မဟုတ္တာကြာ”

ဆိုင္းဆရာႀကီး ဦးေတဇ ၏ ဆိုင္းသံကို ၾကားရ
သူအေပါင္း ခ်ီးမက်ဴးဘဲ မေနႏိုင္။ ေနမေကာင္း
ေသာ သူပင္ ဦးေတဇ ၏ ဆိုင္းသံကို ၾကားရမည္
ဆိုလွ်င္ ခ်က္ခ်င္း အားအင္ျပည့္လာသလို
ခံစားရသည္ဟု လူတစ္ခ်ိဳ႕ကေျပာဖူးေလသည္။
ယခုလည္း ႐ြာကာလသားမ်ား ျဖစ္ၾကေသာ
ဘဒင္ ႏွင့္ ဒိုးလုံးက ဆိုင္းဆရာႀကီးဦးေတဇအား
ခ်ီးမြမ္းေထာပနာ ျပဳေနၾကေလေတာ့သည္။ထို
စဥ္

”ဒီက အကိုတို႔”

ဒိုးလုံးတို႔ ၿပိဳင္ တူ ေခါင္းလွည့္ၿပီးၾကည့္လိုက္
ေတာ့ ႐ြာထဲက လူငယ္ေလး ေပၚထြန္းအားေတြ႕
လိုက္ရေလေတာ့သည္။

”ေအး ေပၚထြန္း ဘာလဲ”

”ဟို ဟို ဟိုေလ ဆရာႀကီး ဦးေတဇ ရွိလား”

”ရွိမွာေပါ့ဟ ဆိုင္းသံေတြ ၾကားေနရတာပဲ”

”အဆင္သင့္လိုက္တာ ေက်းဇူးပဲဗ်ိဳ႕”

ေပၚထြန္းလည္း ဝမ္းသာ အားရ ဦးေတဇ ေနထိုင္
ရာ ၿခံဝန္းႀကီးထဲ ေျပးဝင္သြားလိုက္ေလေတာ့
သည္။ ဒိုးလုံးတို႔ကေတာ့ ေပၚထြန္းအားၾကည့္ရင္း

”ဘယ္လိုေကာင္လဲဟ ”

”ေအး ေပါေၾကာင္ေၾကာင္နဲ႔”

”ထားလိုက္ေတာ့ လာေဟ့ေကာင္ ကိုသာေဗ်ာ
ဆိုင္သြားၿပီး ထန္းေရေလး တစ္ျမဴေလာက္ဆြဲ
ၾကတာပါ့”

”ႏွိပ္ဟ သြားၿပီေလ”

ဒိုးလုံး ႏွင့္ ဘဒင္လည္း အတိုင္အေပါက္ညီစြာ
တစ္ေယာက္ ပုခုံးကို တစ္ေယာက္ဖက္ရင္း
႐ြာထိပ္က ကိုသာေဗ်ာ ထန္းေတာႀကီးဆီသို႔
ေျခလွမ္းမ်ားကို ဦးတည္လိုက္ေလေတာ့သည္။
ေပၚထြန္းမွာေတာ့ ဆိုင္းဆရာႀကီး ဦးေတဇ အိမ္ထဲ သို႔ဝင္သြားလိုက္ေတာ့၏။

ဦးေတဇ အိမ္ႀကီးထဲ သို႔ေရာက္လွ်င္ေရာက္ခ်င္း
ေရွးျမန္မာ တူရိယာ မ်ားကို ေပၚထြန္းေတြ႕ရေလ
သည္။ သို႔ေသာ္ သူအိမ္ထဲ တန္းမဝင္ အိမ္အျပင္
ဘက္မွေန၍

”ဗ်ိဳ႕ ေလးေတဇ ”

”ဗ်ိဳ႕ ေလးေတဇ ရွိလား”

ဆိုင္းဆရာႀကီးရွိသည္ကို သူသိသည္။ အဘယ္
ေၾကာင့္ဆိုေသာ္ အိမ္ထဲ တြင္ဆိုင္းဝိုင္းကို
တစ္ေယာက္တည္း ၿမိဳင္ဆိုင္စြာတီးေနသံကို
ၾကားေနရသည္မဟုတ္ပါလား။ သူေခၚေသာ္
လည္း အထဲ မွ အေၾကာင္းျပန္သံတစိုးတစိမွ
မၾကားရေပ။ ဆိုင္းသံသာ အဆက္မျပတ္ထြက္ေပၚ ေနေလေတာ့၏။
ေပၚထြန္း ယခုေရာက္လာခဲ့သည့္ အေၾကာင္းမွာ
မူကား လြန္ခဲ့ေသာ ႏွစ္ရက္ ခန႔္က ေပၚထြန္း
တစ္ေယာက္ ဆိုင္းတီးပညာကို တတ္ေျမာက္ခ်င္
သည္ဟု ဆရာႀကီး ဦးေတဇ အား ေျပာခဲ့ေသာ
ေၾကာင့္ပင္။ သို႔ေၾကာင့္လည္း ယခု မနက္ကိုးနာ
ရီ အခ်ိန္တြင္ ဦးေတဇက ၎အား သင္ေပးမည္
ျဖစ္ေၾကာင္းေျပာထားေသာေၾကာင့္ ေရာက္လာ
ျခင္းပင္ ျဖစ္ေလ၏။

”ဗ်ိဳးဦးေတဇ”

ငါးမိနစ္ခန႔္ၾကာေတာ့ မွ အိမ္ထဲ မွ ဆိုင္းတီးသံ
လည္း ေပ်ာက္သြားေလေတာ့သည္။ ခနၾကာေတာ့ ထိုအိမ္ႀကီးထဲမွ အသက္ေျခာက္
ဆယ္အ႐ြယ္ ေယာက်ာ္း ႀကီးတစ္ေယာက္ထြက္
လာၿပီး

”ေအး ေကာင္ေလးေရာက္လာၿပီလား”

”ဟုတ္ ဦးေလးေတဇ”

”ေအး အာ့ဆို လာဒီမွာ လာထိုင္ ငါမင္းကို သတိေပး စရာေကာ ေမးစရာေကာ ရွိတယ္”

ဟုေျပာကာ ထန္းလ်က္ခဲႏွင့္ ေရေႏြးၾကမ္းကရား
တစ္လုံးတင္ထားေသာ စားပြဲဆီသို႔ ေပၚထြန္း အား
ေခၚလိုက္ေလေတာ့သည္။ ေပၚထြန္းလည္း ဦးေတဇ ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ေနရာတြင္ ဝင္ထိုင္
လိုက္ေလေတာ့၏။ ထိုအခါ ဦးေတဇက

”မင္းက ဘာလို႔ ဒီဆိုင္းတီးပညာကို သင္ခ်င္ရတာ
လဲ”

”ျမန္မာလူမ်ိဳးတစ္ေယာက္ ျဖစ္လို႔ တတ္ေျမာက္
ထားသင့္တယ္ လို႔ကြၽန္ေတာ္ထင္တယ္ ေနာက္ၿပီး
ကြၽန္ေတာ္က ဂီတ ကိုအားႀကီးဝါသနာပါတာ”

”ေအးရည္႐ြယ္ခ်က္ကေတာ့ ေကာင္းပါတယ္
ငါလည္း ေက်ာေထာက္ေနာက္ခံ သားသမီး မရွိ
ေတာ့ ဒီပညာေတြ ငါေသသြားရင္ အလကား
ျဖစ္မွာ မင္းသင္ခ်င္တယ္ ဆိုေတာ့ ငါဝမ္းသာပါ
တယ္ေကာင္ေလး”

”ဟုတ္ကဲ့”

”ဒါေပမယ့္ ”””””’

ဦးေတဇ တစ္ေယာက္ စကားကို ဆက္မေျပာပဲ
ေရေႏြးခြက္ႀကီးကိုကိုင္ကာ အေဝးကိုေငးေနမိ
ေလသည္။ ေပၚထြန္းလည္း စိတ္မရွည္စြာျဖင့္

”ဒါေပမယ့္ ဘာျဖစ္လဲ ဦးေလးေတဇ”

”ဒါေပမယ့္ မင္းဆိုင္းလက္သံကို မသာအိမ္ေတြမွာ
မတီးမိ ဖို႔သတိထားပါ”

မေမွ်ာ္လင့္ထားေသာ စကားလုံးတစ္ခ်ိဳ႕ ဦးေတဇ
ႏႈတ္ဖ်ားမွ ထြက္က်လာေလေတာ့သည္။ ေပၚထြန္း လည္းေခါင္းကို တဗ်င္းဗ်င္း ကုပ္ရင္း

”ဘာလို႔လဲ ဦးေလးေတဇ”

”မင္းတို႔ ေခတ္လူငယ္ေတြ ဆိုေတာ့ ငါေျပာလည္း
နားလည္မယ္ မထင္ဘူး အေရးႀကီးတာေတာ့
မင္းဆိုင္းကို ဘယ္ေတာ့မွ မသာအိမ္မွာ မတီးမိပါ
ေစနဲ႔ ”

ေပၚထြန္း၏ နားထဲ သို႔ ထိုစကားသံႀကီးက ပဲ့တင္
ထပ္ေနေလေတာ့သည္။ ဆရာႀကီးဦးေတဇ၏
ဆုံးမ စကားမ်ားဤ တြင္ရပ္ကာ ဆိုင္းပညာမ်ား
ကို ေပၚထြန္းအား စတင္သင္ၾကားေပးေလေတာ့
၏။ သိပ္ၾကာၾကာ ပင္မသင္လိုက္ရေပ ေပၚထြန္း
မွာ ပါရမီ ဓာတ္ခံလည္း ရွိသလို သင္ခ်င္စိတ္ျပင္း
ပ်ေနသည့္ အေလ်ာက္သုံးလေလာက္အၾကာ
တြင္ ေပၚထြန္းဆိုင္းပညာ ကိုဆရာတစ္ပါး လိုတီး
ခတ္တတ္သြားေလေတာ့သတည္း။ ။

***********

”ေဟ့ ေပၚထြန္း ၾကားၿပီးၿပီလား”

႐ုတ္တရက္ ေကာက္ခါငင္ခါေမးလာေသာ သာလွ
၏ စကားေၾကာင့္ ဆိုင္းဆရာေပါက္စေလး
ေပၚ ထြန္း ေၾကာင္အမ္းအမ္း ျဖစ္သြားေလေတာ့
သည္။

”ဘာကိုလဲဟ သာလွ ရာ”

”ဟိုေလ မင္းငယ္သူငယ္ခ်င္း တိုးေအာင္ မိန္းမ
မအိမ္စည္ မေန႔ည ကပဲ ဆုံးၿပီတဲ့”

”ေဟ”

”ေအ ငါေတာင္ ခုပဲ နာေရးေမးၿပီး ျပန္လာတာ”

”ေအး ငါသြားၾကည့္လိုက္အုံးမယ္”

”ေအးကြာ တိုးေအာင္ သနားပါတယ္ ပိုက္ဆံက
လည္း မရွိ အခု မိန္းမ ကေသေတာ့ ဒုကၡပင္လယ္
ေဝေနရွာတာ”

”ေအးပါ ဒါဆို ငါသြားၾကည့္လိုက္အုံးမယ္”

”ေအေအ ”

ေပၚထြန္းလည္း သာလွအား လက္ျပႏႈတ္ဆက္
ရင္း တိုးေအာင္ ေနထိုင္ရာ တဲဇနပုဒ္ေလး ဆီသို႔
ေျခလွမ္းလိုက္ေလေတာ့သည္။

ေပၚထြန္း ထိုအိမ္ထဲ သို႔ ေရာက္လွ်င္ေရာက္ျခင္း
သတိထားမိလိုက္သည္ကား တိတ္ဆိတ္ လ်က္
စကားေျပာသံ မွ်ပင္ မၾကားရေပ။ ေပၚထြန္း
လည္း

”တိုးေအာင္ ေရ သူငယ္ခ်င္း”

လွမ္း၍ အသံျပဳလိုက္ေတာ့မွ

”ေအ ေပၚထြန္း အိမ္ေပၚလာေလကြာ”

တိုးေအာင္က အိမ္ျပတင္းေပါက္ကေလးမွ ေခါင္း
ျပဴထြက္ကာ ေၾကကြဲ အက္ရွေသာ အသံျဖင့္လွမ္း ေခၚလိုက္ေလေတာ့သည္။

”ေအး ငါၾကားၿပီးပါၿပီ စိတ္မေကာင္းပါဘူး
သူငယ္ခ်င္းရာ လိုအပ္တာ ရွိရင္ေျပာ ငါတို႔ကူညီ
ေပးမယ္”

”ေအးပါ ေပၚထြန္းရာ ငါမင္းစကားၾကားရတာ
အားရွိပါတယ္ ဒါေပမယ့္”

”ဒါေပမယ့္ ဘာျဖစ္လဲ သူငယ္ခ်င္း ငါဘာကူညီ
ရမလဲ”

”ငါ့မိန္းမ အိမ္စည္ ရဲ႕အသုဘ မွာ ငါ ဆိုင္းဝိုင္း
ေလးထည့္ ခ်င္လို႔ တို႔႐ြာဓေလ့ အရလည္း ဆိုင္း
ဝိုင္းေလးပါမွ မသာ အထေျမာက္မယ္ မဟုတ္
လား”

တိုးေအာင္၏ အသံမွာ ငိုသံစြက္ေနေလသည္။
သူ႔ခ်စ္လွစြာေသာ ဇနီးေလး၏ အသုဘကို ဈာပန
ကို ေကာင္းသည္ ထက္ေကာင္းေစခ်င္သည္ကို
ေပၚထြန္းနားလည္ေလသည္။ တိုးေအာင္မ်က္ႏွာ
မ်ား ညႇိဳ႕ မႈိင္းလို႔ေနေလေတာ့၏။

”ေအး ထည့္ေပါ သူငယ္ခ်င္းရ”

ေပၚထြန္းလည္း အားေပးရွာေလသည္။ သို႔ေသာ္
ဆိုင္းဝိုင္းတစ္ဝိုင္း၏ ဌားခ ေဈးႏႈန္းကား ႀကီးလွ
သည္မဟုတ္ပါလား။

”ဒါေပမယ့္ သူငယ္ခ်င္းရာ မင္းသိတဲ့ အတိုင္းပဲ
ငါ့ ဆီမွာ ေငြ ေငြ ေငြ မွမရွိတာ ငါ့မိန္းမ ဈာပန
က္ုေတာင္ ငါစည္ကားေအာင္ လုပ္ေပးႏိုင္မွာ မဟုတ္ဘူး အီးဟီးဟီးးးးးးးး”

ေျပာကာဆိုကာ ျဖင့္ တိုးေအာင္ တစ္ေယာက္
ေယာက်ာ္း ႀကီးတန္မဲ့ လက္ဖ်ံျဖင့္ မ်က္စိ အစုံကို
အုပ္ကာ အားရပါးရ ငိုခ်ေလေတာ့၏။ ေပၚထြန္း
လည္း တိုးေအာင္၏ ပုခုံးအား ဆုပ္ကိုင္ရင္း

”အားမငယ္ နဲ႔ သူငယ္ခ်င္း ဆိုင္းမဌားႏိုင္လဲ
ဘာျဖစ္လဲ ငါတီးေပးမယ္ ႐ြာဦူေက်ာင္းက ဆရာ
ေတာ္ဆီမွာ ဆိုင္းဝိုင္းရွိသားပဲ ဌားလိုက္ ငါတီး
ေပးမယ္”

”ဟင္ သူငယ္ခ်င္း ေပၚထြန္း မင္း မင္းတကယ္
ေျပာတာလား ”

”ႏွစ္ခါ မေျပာဘူး လုပ္လိုက္ ငါတတ္ႏိုင္တာ
ကူညီရတာပဲ ေက်နပ္တယ္”

”ဒါေပမယ့္ မင္းဆရာ ဦးေတဇ ကမသာအိမ္မွာ
မတီးဖို႔ မွာထားတယ္ မလား”

”ဟာ ေဟ့ေကာင္ ဆိုင္းကြ ဘယ္မွာတီးတီး ဒီအသံ
ပဲ ခုလည္း ဆရာႀကီး ၿမိဳ႕တက္သြားတာ ေတာ္ေတာ္ နဲ႔ျပန္လာမယ္ မဟုတ္ဘူး ငါတီးေပး
မယ္ မင္းစိတ္သာခ်”

တိုးေအာင္ လည္း ဝမ္းသာအားရ မ်က္ရည္မ်ား
ကို လက္ဖဝါးျဖင့္ သုတ္ခ်လိုက္ရင္း

”ဝမ္း ဝမ္း လိုက္တာ သူငယ္ခ်င္းရာ ငါမင္း
ေက်းဇူးေတြ ဒီတစ္သက္ ဆပ္ကုန္မယ္ မထင္
ဘူးကြာ”

ဟုေျပာရင္း ေပၚထြန္းအား သိုင္းဖက္ခ်လိုက္ေလ
ေတာ့သည္။ ေပၚထြန္းလည္း ျပန္ကာ ဖက္ထား
ရင္း ပီတိမ်ကိရည္ မ်ား ေတြေတြ စီးက်ေနေလ
သည္။ သူငယ္ခ်င္း အတြက္ မိုက္မဲေသာ ဆုံးျဖတ္
ခ်က္ကို ေပၚထြန္း တစ္ေယာက္ ရဲရဲႀကီး ခ်လိုက္
ေလေတာ့သည္။ သူမွားသြားခဲ့ၿပီ ဆရာႀကီးဦးေတ
ဇ ေျပာခဲ့သလို မ်ိဳး မင္းတို႔ ေခတ္လူငယ္ေတြ
ေျပာရင္လည္း နားလည္မွာ မဟုတ္ပါဘူး ကြာ
ဟူေသာ စကားသည္ မွန္ေလစြ။ ။

************

”က်ီ က်ီ က်ီ ”

ညပုရစ္မ်ား၏ အသံကား မသာအိမ္ ဝန္းက်င္တြင္ စီစီညံလ်က္။

”အိမ္စည္ တန္ခိုး ႏွစ္ကဒ္ေပါင္း ကိုး ”

” ဟာ ဘူတဲ့ကြာ”

တိုးေအာင္ အိမ္ေရွ႕တြင္ မဏၰပ္ထိုးထားေလသည္
ထိုမဏၰပ္ေနရာအတြင္း ဝါးကပ္စင္ႀကီးျဖင့္
မအိမ္စည္၏ အေခါင္းႀကီးကို အဖုံးလွပ္ကာ တင္
ထားေလသည္။ ထိုနံေဘးတြင္လည္း ႐ြာကာလ
သားမ်ား အႀကိဳက္ မသာအိမ္ တြင္ ဖဲ ႐ိုက္ေနၾက
ျခင္းျဖစ္ေလသည္။ ထိုစဥ္ ႐ြာကာလသားေခါင္း
သာဒင္က

”ေဟ့ေကာင္ ေပၚထြန္း အိပ္ခ်င္ေျပ ေမ်ာက္မင္း
အူသံေလး တစ္ပုဒ္ေလာက္တီးစမ္းကြာ”

႐ုတ္တရက္ထကာေျပာလိုက္ေတာ့ ေပၚထြန္း
လည္းေၾကာင္အမ္းအမ္း ျဖစ္သြားရင္း

”ဟာ ညႀကီးကိုကြာ”

”အို ဘာျဖစ္လဲ ခ်ကြာ တစ္ပုဒ္ထဲရယ္ ”

”ဟုတ္တယ္ေဟ့ လုပ္စမ္းပါ”

ေပၚထြန္းအား ဝိုင္းကာ အားေပးေျမာက္ပင့္
ၾကေတာ့သည္။ ယခုမွ တက္စလူငယ္ေလး ျဖစ္
သည့္ေပၚထြန္းလည္း လူစုံတုန္း ပညာျပခ်င္
ေလ၏။ ထို႔ေၾကာင့္ ဆ္ုင္းဝိုင္းထဲတြင္ အက်အန
ဝင္ထိုင္လိုက္ကာ တေျဗာင္းေျဗာင္းတီးခတ္
ေလေတာ့သည္။

”ဟ ဦးေတဇ ႀကီးက်ေနတာပဲ လက္သံကေတာ့”

”ဟုတ္ပ အိမ္စည္ေတာင္ ထကလာေတာ့မယ္
ဟားဟားးးးးးး”

”ေဟ့ေကာင္ ဒိုးလုံး ဘာေတြေျပာေနတာလဲမ
္ေျပာေကာင္းဘူး ညႀကီးမိုးခ်ဳပ္”

သာဒင္ေငါက္လိုက္ေတာ့မွ ဒိုးးလူံး လည္း ဇက္ကေလး ပုကာ ၿငိမ္က်သြားေလေတာ့သည္။
ဒီလိုနဲ႔ ေပၚထြန္း သီခ်င္းတစ္ပုဒ္ၿပီးသြားသည္မို႔
ဆိုင္းဝိုင္းအျပင္ထြက္ကာ ေဆးလိပ္တစ္လိပ္ကို
မီးညႇိေသာက္လိုက္ေလေတာ့သည္။

”ေဟးးးးးးးးး”

”ေျဖာင္း ေျဖာင္း ေျဖာင္းးးးး”

သူ႔သူငယ္ခ်င္းမ်ား က ဝိုင္းဝန္းကာ လက္ခုပ္တီး
အားေပၾကေလေတာ့၏ ။ အခ်ိန္ကား ည ကိုး
နာရီ ဝန္းက်င္ ပတ္ဝန္းက်င္တြင္လည္း ေပၚထြန္း
၏ ဆိုင္းသံ ေပ်ာက္ကြယ္ၿပီးေနာက္ ဘာသံမွ်
မထြက္ေပၚလာေတာ့ေပ။

”ကဲ အိပ္မယ္ေဟ့”

”ေအး အိပ္ၾကရေအာင္ကြာ မ်က္လုံးေတြလည္း
ေမွးလာၿပီ”

”အိပ္ၿပီကြာ ဟိုေကာင္ေတြ ဟင္းအိုးေတြ ေသခ်ာ
သိမ္းထား ေခြးဆြဲမယ္”

႐ြာကာလ သားမ်ား လည္းတစ္ေယာက္တစ္
ေပါက္ေျပာကာ ထိုဝါးကပ္ေပၚတြင္ တန္းစီကာ
အိပ္ၾကေလေတာ့၏။ ေပၚထြန္းလည္းတေနကုန္
ပင္ပန္း ထားၿပီမို႔ ၾကမ္းခင္းေပၚ ေခါင္းခ်လိုက္
သည္ႏွင့္ တစ္ၿပိဳင္နက္ ႏွစ္ၿခိဳက္စြာ အိပ္ေမာ
က်သြားေလေတာ့သတည္း။ ။

*************

”ဝုတ္ ဝုတ္ ဝုတ္ အူ ဝူးးးးးး ဝူးးးးးးးးး”

ည၏ တိတ္ဆိတ္ျခင္းကို က်က္သေရယုတ္လွ
ေသာ ေခြးအူသံႀကီးက ထိုးခြင္းသြားေလေတာ့
သည္။ ေပၚထြန္းလည္း ထိုေခြးအူသံေၾကာင့္
႐ုတ္တရက္ လန႔္ႏိုးလာေလေတာ့သည္။

”အု အုအု အူဝူးးးးးးးးး”

ေခြးမွာ နာနာဘာဝကို ျမင္ေနဘိအလား ေၾကာက္
႐ြံ႕စြာ အူေနသည္ကို ေပၚထြန္းသတိထားမိသည္
ႏွင့္ တစ္ၿပိဳင္နက္ ေက်ာမ်ားစိမ့္ ကနဲ စိမ့္ကနဲ
ေအးသြားေလေတ့ာသည္။ ထိုစဥ္

”ကြၽီးး ကြၽီ ကြၽီးးး”

”ဟာ”

မအိမ္စည္ အသက္ ၂၃ ႏွစ္ဟုေရးထားေသာ
မသာေခါင္းႀကီးမွာ တေျဖးေျဖး လႈပ္လာသည္ကို
ေပၚထြန္း အတိုင္းသား ျမင္လိုက္ရေလသည္။

”ျဖဳန္း”

”အမေလး ျမတ္စြာဘုရား ကယ္ေတာ္မူပါ”

ထိုအေခါင္းထဲ မွ လက္ႀကီးတစ္ဖက္ အျပင္
ကိုသိသိ သာသာ ထြက္လာသည္ကို ေပၚထြန္း
ေသေသခ်ာခ်ာ ျမင္လိုက္ေလေတာ့သည္။
ေၾကာက္စိတ္မ်ား ႀကီးစိုးေနၿပီး ေပၚထြန္း
ထိုအရာ ကိုဆက္မၾကည့္ႏိုင္ပဲ မ်က္စိကိုသာ
အားျပဳကာ မွိတ္ထားလိုက္ေလေတာ့သည္။
ခနၾကာေတာ့ အသံမ်ားတိတ္ဆိတ္သြားေလေတာ့
သည္။ ထြန္းထားေသာ ေရနံစီ မီးခြက္မွာလည္း
မီးစာ ကုန္ခါနီးမို႔ မီးေရာင္ မိန္မိန္ မွ်သာလင္းေန
ေတာ့၏။

”ဟဲ့ ေပၚထြန္း ဟဲ့ေပၚထြန္း”

”ဟင္ အ အ အမေလး သရဲ”

ေအးစက္ေသာ လက္ႀကီးႏွစ္ဖက္ကာ ေပၚထြန္း
၏ ေျခေထာက္အား လာဆြဲကာ လႈပ္ႏိုးေလ
ေတာ့သည္။ နားထဲ တြင္လည္း ေပၚထြန္း ေပၚထြန္း ဟုေခၚေနသည္ကို ေသြးပ်က္ဖြယ္ၾကား
ေနရေတာ့၏။

”ငါ အိမ္စည္ပါ နင့္ဆိုင္းသံေလး ၾကားခ်င္လို႔”

အိမ္စည္ ဟုတ္တယ္ ဒါအိမ္ စည့္အသံ သူေကာင္း
ေကာင္းမွတ္မိသည္။ သူမ်က္စိကို အားတင္း
ၿပီးဖြင့္လိုက္ေတာ့

”ဟာ ဟာ ဟာ”

သူျမင္ရေသာ အရာကား အေခါင္းထဲမွ ထြက္လာ
ေသာ အိမ္စည္ျဖစ္ေနေလေတာ့သည္။ မ်က္ကြင္း
မ်ားလည္း ညိဳမဲကာ ဝတ္စုံျဖဴႀကီးကိုသာ
ဝတ္ဆင္ထားသည္ကို ေတြ႕ရေလသည္။ ဆံပင္မ်ား လည္းဖြာလန္က်ဲၿပီး စူးရဲေသာ
မ်က္လုံး နီႀကီးမ်ားျဖင့္ ေပၚထြန္းအား စိုက္ၾကည့္
ေနေလေတာ့၏။

”သြား အိမ္စည္ မလာနဲ႔ ငါတို႔ နဲ႔နင္က ဘဝျခား
သြားၿပီ မလာပါနဲ႔ မေျခာက္ပါနဲ႔ အိမ္စည္”

ေပၚထြန္း အသံကား ေၾကာက္လန႔္မႈေၾကာင့္တ
ဆက္ဆက္တုန္ေနေလသည္။

”နင္ တီးမွာလား ငါဂုတ္ခ်ိဳးသတ္ရမွာလား”

”ဘုရား ဘုရား”

ေပၚထြန္း ေခါင္းနပန္းႀကီးသြားေလေတာ့သည္။
သူျမင္ေနေသာ မိန္းမကား အိမ္စည္ မွဟုတ္ရဲ႕
လား အသံႀကီးမွာ စူးရဲအက္ရွကာ ေၾကာက္စရာ
ေကာင္းလြန္းလွေပသည္။

”ေအေအ ငါ ငါ ငါ တီးပါ့မယ္ ”

”ေအး နင္တီး ငါကမယ္”

အိမ္စည္၏ အသံႀကီးကား ႏွလုံးေသြးမ်ားပင္
ရပ္တန႔္သြားေလာက္ေအာင္ ေၾကာက္စရာေကာင္း
လွေပ၏။ ေပၚထြန္းလည္း မတတ္သာ သည့္အဆုံး ဆိုင္းဝိုင္းထဲ ဝင္ကာ တီးေပးရေလ
ေတာ့သည္။ အိမ္စည္ သရဲမ မွာေတာ့ ေပၚထြန္း
တီးေသာ ဆိုင္းသံ ႏွင့္ အလိုက္ေပ်ာ္ေပ်ာ္ႀကီး
ကေနသည္ကို ေသြးပ်က္ေျခာက္ခ်ားဖြယ္
ျမင္ေတြ႕ေနရေလေတာ့သည္။ ဆယ့္ငါးမိနစ္ခန႔္ၾကာေတာ့ သရဲမက

”ဟဲ့ ငါ ဗိုက္ဆာတယ္ ဘာရွိလဲ”

”ဟို ဟိုဖက္မွာ ဟင္း ဟင္းအိုးေတြ”

သရဲမ အိမ္စည္လည္း ဟင္းအိုးမ်ားရွိရာသို႔
ဇက္ႀကီး ေစာင္းကာ ေစာင္းကာ ေလွ်ာက္သြား
ရင္း ဝက္သားအိုးတစ္အိုးကို ယူကာ အထဲမွ
အသားတုံးမ်ားကို တစ္တုံးၿပီးတစ္တုံးေကာက္
ကာ ပါးစပ္ထဲ သြပ္ထည့္ေလေတာ့သည္။
သရဲမလည္း စားလို႔ၿပီးေတာ့ ေပၚထြန္းက

”အိမ္စည္ ဒီတစ္ခါ နင္တီး ငါကမယ္”

သရဲမ လည္း ေပၚထြန္းေျပာသည္ ႏွင့္ ဆ္ုင္းဝိုင္း
ထဲဝင္ကာ တေျဗာင္းေျဗာင္း တီးခတ္ေလေတာ့
သည္။ ေပၚထြန္း လည္း ကခ်င္ဟန္ေဆာင္ကာ
အိပ္ေပ်ာ္ေနေသာ ႐ြာကာလသားမ်ားကိုေျခ
ေထာက္ျဖင့္ တို႔ကာ ႏႈိးေလေတာ့သည္။ သို႔တိုင္
ေအာင္ တစ္ေယာက္မွ ႏိုးမလာၾက။ ေပၚထြန္း
လည္း ႀကံရာမရသည့္ ေနာက္ဆုံး ကေနရင္းမွ
တစ္ခ်ိဳးတည္း လစ္ေျပးေလေတာ့သည္။

”ေပၚထြန္း မေျပးနဲ႔”

သရဲမ အိမ္စည္ လည္း ေၾကာက္စရာေကာင္း
လွေသာ အသံႀကီးျဖင့္ ေအာ္ကာ ေလေပၚမွ ပ်ံသန္းကာ ေပၚထြန္းေနာက္လိုက္ေလေတာ့၏။

”မလာနဲ႔ သြား သြား မလာနဲ႔ မလာနဲ႔”

ေပၚထြန္း ေသြးပ်က္ခမန္း ေအာ္ဟစ္ရင္း ေျခဦး
တည့္ ရသို႔တရၾကမ္းေျပးေလေတာ့သည္။
တစ္ေနရာ အေရာက္တြင္ ေပၚထြန္း နတ္ကြန္း
ေဆာက္ထား ေသာ ေညာင္ပင္ႀကီး ကိုေတြ႕ေတာ့
မွ အားတက္သြားေလေတာ့သည္။ ေပၚထြန္း
လည္း ေညာင္ပင္ ေအာက္ေရာက္ေတာ့ သရဲမ
ဆက္လိုက္မလာႏိုင္ေတာ့ေပ။

”ျပန္လာခဲ့ ေပၚထြန္း ျပန္လာ”

ေညာင္ပင္ ႏွင့္ ကိုက္ရငါးဆယ္ အကြာေလာက္က
ပင္ လက္ႀကီးယပ္ကာေပၚထြန္းအား အသံနက္ႀကီး ျဖင့္ ေအာ္ေခၚေနေလေတာ့သည္။
သရဲမလည္း ေနာက္ဆုံး မတတ္ႏိုင္ေတာ့ပဲ
ေညာင္ပင္ႀကီးကို ခုနစ္ပတ္ပတ္ကာ အေမွာင္
ရိပ္ထဲ တိုးဝင္ေပ်ာက္ကြယ္သြားသည္ကို
ထူးဆန္းအံ့ၾသဖြယ္ ေတြ႕လိုက္ရေလေတာ့သည္။

***********

”ဟာ ေဟ့ေကာင္ ေပၚထြန္း ဘာ လို႔ေညာင္ပင္
ေအာက္မွာ လာအိပ္ေနတာလဲ”

”အား မလာနဲ႔ သြား သြား ”

”ဟေဟ့ေကာင္ရ ငါတို႔ပါဟ”

ေပၚထြန္း လည္း မ်က္စိကို ပြတ္သပ္ၾကည့္
လိုက္ေတာ့မွ ႐ြာကာလသားမ်ားျဖစ္ေနသည္
ကိုေတြ႕လိုက္ရေလေတာ့သည္။

”ငါ ငါ ငါ့ကို ညက အိမ္စည္ လိုက္ ေႏွာက္ ယွက္ ေနလို႔”

”ေဟ ”

”ဘာ ”

”ဘယ္လို ”

ေပၚထြန္းလည္း ညက မျဖစ္အပ်က္မ်ားကို
ေသေသခ်ာခ်ာျပန္ေျပာျပေလေတာ့သည္။

”ေအး မင္းတို႔ မယုံရင္ အိမ္စည့္ အေလာင္းမွာ
ဝက္သား ဟင္းေတြေပေနတာေတြ႕ လိမ့္မယ္ကြာ”

မွန္ေပသည္။ေပၚထြန္းေျပာခဲ့သလို မ်ိဳး အိမ္စည္
၏ အေလာင္းတြင္ လက္ေရာ ပါးစပ္မ်ားတြင္ပါ
ဝက္သား ဟင္းအႏွစ္မ်ား ေပက်ံေနသည္ကို
ေျခာက္ခ်ားဖြယ္ ေတြ႕လိုက္ရေလေတာ့သည္။
ေပၚထြန္း တစ္ေယာက္လည္း အဖ်ားႀကီးကာ
အိပ္ရာ ေပၚဘုန္းဘုန္းလဲသည့္ အဆင့္သို႔ေရာက္
ခဲ့ရေလေတာ့သည္။ ေပၚထြန္း အဖ်ားႀကီးေန
သည္ကား ယေန႔ ႏွင့္ ဆ္ုလွ်င္ ခုနစ္ရက္တိတိ
ရွိေလၿပီျဖစ္ေလေတာ့သည္။ သူကေယာင္ကတမ္း ေအာ္ဟစ္ေျပာဆ္ုေသာ
စကားလုံး အခ်ိဳ႕မွာ

”အိမ္စည္မလာနဲ႔ သြားသြား မလိုက္ဘူး ငါ့ကို
မေခၚသြားပါနဲ႔ ကြာ သြားသြား သရဲမ သြား”

ဟူ၍ အသံနက္ႀကီးျဖင္ ေယာင္ရမ္းကာ ေအာ္
တတ္စၿမဲ။ ထူးဆန္းမႈကား ဆက္တိုက္ဆိုသ
လို ခုနစ္ရက္ေျမာက္တိတိ တြင္ေပၚထြန္းတစ္
ေယာက္ အဖ်ားႀကီး ၿပီး ေသဆုံးသြားခဲ့ေလေတာ့
သည္။ သူေနာက္ဆုံးၾကားေနရေသာ စကားသံ
ကား

”မသာ အိမ္မွာ ဘယ္ေတာ့မွ မင္းဆိုင္းသံကို
မတီးပါ နဲ႔ ”

”မသာ အိမ္မွာ ဘယ္ေတာ့မွ မင္းဆိုင္းကို မတီးပါ
ိဲနဲ႔”

အမွန္ေတာ့ အမွန္တကယ္ေတာ့ နာမည္တစ္မ်ိဳး
ေပးကာ ေခၚရမည္ ဆို လွ်င္ထိုအသံသည္ကား

”””’မသာ ျမဴးတဲ့ ဆိုင္းသံ ””””””””

ဟူ၍ ပင္ျဖစ္ေလေတာ့သတည္း။ ။

&&&&&&&&&&&

ၿပီးပါၿပီ

စာဖတ္သူတို႔အားအစဥ္ေလးစားလ်က္

လွ်ပ္ပန္းအိမ္