ဖခင်နှင့်သား၃ယောက်(စ/ဆုံး)

Unicode Version

ဖခင်နှင့်သား၃ယောက်(စ/ဆုံး)
———————————–
တစ်ခါကရွာတစ်ရွာမှာ
ချမ်းသာတဲ့သူဌေးကြီးဦးလှိုင်ဘွား
ရှိလေသည်။

သူဌေးကြီးဦးလှိုင်ဘွားမှာ
သာကျော်၊သာမော်၊သာဇော်ဆိုတဲ့
သားသုံးယောက်လည်းရှိသည်။

သားကြီးသာကျော်က
အပြောချိုပြီးလောင်းကစားအလွန်
ခုံမင်သူဖြစ်သည်။

သားလတ်သာမော်က
စကားနည်းသူဖြစ်ပေမယ့်
မိန်းမကိစ္စနှင့်အရက်ကိုခုံမင်သူ
ဖြစ်သည်။

သားအငယ်ဆုံးသာဇော်က
ပြောပေါက်ကအင်မတန်ဆိုးသည်။
အသောက်အစားလည်းမလုပ်တတ်၊
လောင်းကစားလည်းမပြုလုပ်ပေ။

တစ်နေ့တော့သူဌေးကြီး
ဦးလှိုင်ဘွားကသားသုံးယောက်ကို
ခေါ်ပြီးစကားတစ်ခွန်းပြောသည်။

“ငါ့သားတို့ အေဖဟာ
အသက်လည်းကြီးပြီ၊မကြာခင်
အဖေလူ့လောကထဲကထွက်သွား
ခဲ့ရင်အဖေ့ရဲ့စည်းစိမ်ဥစ္စာတွေဟာ
ငါ့သားသုံးယောက်အတွက်ကျန်နေ
ခဲ့လိမ့်မယ်”

“ဒါကြောင့်အဖေက
မင်းတို့ကိုအဖေမသေခင်မှာ
အမွေခွဲပေးခဲ့ချင်တယ်သားတို့
အေဖသားတို့ဆီကေနစကားသံ
လေးကြားချင်တယ်”

“အဖေကောင်းသလိုသာ
စီစဉ်ပါ သားကတော့အဖေကလွဲပြီး
ဘာမှမမက်မောပါဘူး”

သားကြီးဖြစ်သူ သာကျော်
ပြောလိုက်သည့်စကားကြောင့်
သူဌေးကြီးဦးလှိုင်ဘွား
အတော်ကလေးသဘောကျသွားသည်။

“သားလတ်ကရော”

“အဖေ့သဘောပါပဲ
သားကလည်းအဖေကလွဲရင်
ဘာပစ္စည်းဥစ္စာမှမမက်ပါဘူး”

သူဌေးကြီးဦးလှိုင်ဘွားလည်း
သားလတ်ပြောလိုက်သည့်
စကားကြောင့်ထပ်မံ၍ပီတိဖြစ်
သွားရလေသည်။

“ကဲဒါဖြင့် သားအငယ်ဆုံးကရော
ဘာပြောချင်လဲ”

“သားကတော့ဘာမှမပြောချင်ဘူး
အဖေ အဖေပေးချင်ပေး
မပေးချင်နေပါ၊သားကတော့
အဖေ့ပစ္စည်းတွေစိတ်မဝင်ဘူး
သေရင်ကိုယ့်နောက်ပါမယ့်
အရာတွေမှမဟုတ်တာ…”

အငယ်ဆုံးသားပြောလိုက်သည့်
စကားအားသူဌေးကြီးဦးလှိုင်ဘွား
စိတ်ဆိုးသွားသည်။

“သာဇော်မင်းက ကိုယ့်အဖေ
ပီတိဖြစ်မယ့်စကားလေးတစ်ခွန်း
တောင်မပြောပဲ ငါ့ကိုသေခြင်း
တရားတွေဟောနေပါလားကွ။
တော်ပြီငါပိုင်ဆိုင်တဲ့စည်းစိမ်တွေကို
ငါ့သားကြီးနှစ်ယောက်ကိုပိုပြီးပေးမယ်
မင်းကိုတော့ထိုက်သင့်သလောက်ပဲ
ငါခွဲပေးမယ်…”

“ရပါတယ်အဖေ ကိစ္စမရှိပါဘူး”

သာကျော်နှင့်သာမော်တို့အား
သူဌေးကြီးဦးလှိုင်ဘွားကသူပိုင်ဆိုင်
သည့်အမွေများကိုသာဇော်ထက်
ပို၍ခွဲဝေပေးလိုက်တော့သည်။

အမွေရသွားသည့်သားဖြစ်သူ
သာကျော်နှင့်သာမော်တို့လည်း
ဖခင်ဆီမှရလာသည့်အမွေတို့ဖြင့်
သောက်စားပျော်ပါးကာထင်တိုင်း
သုံးဖြုန်းကြတော့သည်။

သားငယ်သာဇော်ကတော့
ဖခင်ပေးသည့်အမွေအနည်းငယ်ဖြင့်
မြေကွက်တစ်ကွက်ကိုဝယ်ယူပြီး
အိမ်ခွဲနေခဲ့သည်။

ပိုလျှံသည့်ငွေများကို
စီးပွားရေးလုပ်ငန်းများထဲသို့
ထည့်ထားလေသည်။

အမွေခွဲဝေပေးလိုက်သည့်
သူဌေးကြီးဦးလှိုင်ဘွားလည်း
သားကြီးသာကျော်အိမ်၌
နေထိုင်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ
သားကြီးဖြစ်သူသာကျော်ရရှိထားသည့်
ပစ္စည်းဥစ္စာများလည်းကုန်ဆုံးခဲ့သည်။

ထို့ကြောင့်ဖခင်ဖြစ်သူအား
အိမ်ပေါ်တင်ပြီးကျွေးမထားနိုင်ဟု
ဆိုကာဖခင်အားအိမ်ပေါ်မှ
မောင်းချလိုက်လေသည်။

သူဌေးကြီးဦးလှိုင်ဘွားလည်း
သားလတ်ဖြစ်သူသာမော်အိမ်သို့
ရောက်လာပြီးအတူနေထိုင်ခဲ့သည်။

သားလတ်ဖြစ်သူလည်းထို့အတူပင်
အမွေရထားသည့်ပစ္စည်းများအား
မိန်းမပျက်များကိုပေးကမ်းပြီး
သုံးဖြုန်းကာရှိသည့်ပစ္စည်းများ
ကုန်သွားပြန်သည်။

သုံးဖြုန်းစရာငွေမရှိတော့
ဖခင်ဖြစ်သူအားပက်ရမ်းသဖြင့်
သူဌေးကြီးဦးလှိုင်ဘွားလည်း
သားဖြစ်သူနှင့်စကားများကာ
အိမ်ပေါ်မှဆင်းသွားတော့သည်။

သူဌေးကြီးဦးလှိုင်ဘွားလည်း
ကြံရာမရတော့သည့်အဆုံး
သားအငယ်ဆုံးသာဇော်အိမ်သို့
ရောက်လာတော့သည်။

သာဇော်မှာဖခင်ပေးသည့်
အမွေအနည်းငယ်လေးဖြင့်
အရင်နှင့်မတူပဲ ကြီးပွားတိုးတက်
နေလေသည်။

သူဌေးကြီးဦးလှိုင်ဘွားလည်း
သားငယ်သာဇော်အားအဖြစ်
အပျက်အလုံးစုံကိုပြောပြလိုက်
သည်။

“အဲ့ဒါကြောင့်အဖေ့ကို
သားပြောခဲ့တာပေါ့ အဖေ့သား
၂ယောက်ကအဖေ့အကြိုက်
လိုက်ပြီးတီတီတာတာစကားတွေနဲ့
အဖေ့ပစ္စည်းတွေကိုရအောင်
ပျားရည်သကာလောင်းပြီး
ပြောနေကြတာ။
တကယ့်တကယ်အဖေ့ကို
ချစ်ခြင်းမေတ္တာအစစ်နဲ့ ချစ်ကြတာမှ
မဟုတ်တာ”

“အဖေနားလည်ပါပြီသားငယ်
အဖေဟာအပလီစကားတွေကို
အဟုတ်ထင်ပြီး အဖေ့သားငယ်လေးအပေါ်
ရက်သက်သလိုလုပ္ခဲ့မိလို့
အဖေတောင်းပန်ပါတယ်သားရယ်”

“မလိုပါဘူးအဖေ
သားအိမ်မှာအဖေကြိုက်သလိုနေ
ဒါအဖေ့အိမ်ပါပဲ။
ဒါအဖေ့ပစ္စည်းတွေပါပဲ
အဖေလှူချင်တာလှူလို့ရတယ်
စားချင်တာစားလို့ရတယ်”

“သာဓု သာဓု သာဓုပါသားရယ်”

သူဌေးကြီးဦးလှိုင်ဘွားလည်း
သား၃ယောက်ထဲမှသားပီသ
သည့်သူအားရှာဖွေတွေ့ရှိသွား
တော့သည်။

ပြီးပါပြီ။ အများသိအောင်Shareသွားပေး

Zawgyi Version

ဖခင္ႏွင့္သား၃ေယာက္(စ/ဆံုး)
———————————–
တစ္ခါကရြာတစ္ရြာမွာ
ခ်မ္းသာတဲ့သူေဌးျကီးဦးလိႈင္ဘြား
ရွိေလသည္။

သူေဌးျကီးဦးလိႈင္ဘြားမွာ
သာေက်ာ္၊သာေမာ္၊သာေဇာ္ဆိုတဲ့
သားသံုးေယာက္လည္းရွိသည္။

သားျကီးသာေက်ာ္က
အေျပာခ်ိုျပီးေလာင္းကစားအလြန္
ခံုမင္သူျဖစ္သည္။

သားလတ္သာေမာ္က
စကားနည္းသူျဖစ္ေပမယ့္
မိန္းမကိစၥႏွင့္အရက္ကိုခံုမင္သူ
ျဖစ္သည္။

သားအငယ္ဆံုးသာေဇာ္က
ေျပာေပါက္ကအင္မတန္ဆိုးသည္။
အေသာက္အစားလည္းမလုပ္တတ္၊
ေလာင္းကစားလည္းမျပုလုပ္ေပ။

တစ္ေန့ေတာ့သူေဌးျကီး
ဦးလိႈင္ဘြားကသားသံုးေယာက္ကို
ေခၚျပီးစကားတစ္ခြန္းေျပာသည္။

“ငါ့သားတို့ ေအဖဟာ
အသက္လည္းျကီးျပီ၊မျကာခင္
အေဖလူ့ေလာကထဲကထြက္သြား
ခဲ့ရင္အေဖ့ရဲ႕စည္းစိမ္ဥစၥာေတြဟာ
ငါ့သားသံုးေယာက္အတြက္က်န္ေန
ခဲ့လိမ့္မယ္”

“ဒါေျကာင့္အေဖက
မင္းတို့ကိုအေဖမေသခင္မွာ
အေမြခြဲေပးခဲ့ခ်င္တယ္သားတို့
ေအဖသားတို့ဆီေကနစကားသံ
ေလးျကားခ်င္တယ္”

“အေဖေကာင္းသလိုသာ
စီစဥ္ပါ သားကေတာ့အေဖကလြဲျပီး
ဘာမွမမက္ေမာပါဘူး”

သားျကီးျဖစ္သူ သာေက်ာ္
ေျပာလိုက္သည့္စကားေျကာင့္
သူေဌးျကီးဦးလိႈင္ဘြား
အေတာ္ကေလးသေဘာက်သြားသည္။

“သားလတ္ကေရာ”

“အေဖ့သေဘာပါပဲ
သားကလည္းအေဖကလြဲရင္
ဘာပစၥည္းဥစၥာမွမမက္ပါဘူး”

သူေဌးျကီးဦးလိႈင္ဘြားလည္း
သားလတ္ေျပာလိုက္သည့္
စကားေျကာင့္ထပ္မံ၍ပီတိျဖစ္
သြားရေလသည္။

“ကဲဒါျဖင့္ သားအငယ္ဆံုးကေရာ
ဘာေျပာခ်င္လဲ”

“သားကေတာ့ဘာမွမေျပာခ်င္ဘူး
အေဖ အေဖေပးခ်င္ေပး
မေပးခ်င္ေနပါ၊သားကေတာ့
အေဖ့ပစၥည္းေတြစိတ္မဝင္ဘူး
ေသရင္ကိုယ့္ေနာက္ပါမယ့္
အရာေတြမွမဟုတ္တာ…”

အငယ္ဆံုးသားေျပာလိုက္သည့္
စကားအားသူေဌးျကီးဦးလိႈင္ဘြား
စိတ္ဆိုးသြားသည္။

“သာေဇာ္မင္းက ကိုယ့္အေဖ
ပီတိျဖစ္မယ့္စကားေလးတစ္ခြန္း
ေတာင္မေျပာပဲ ငါ့ကိုေသျခင္း
တရားေတြေဟာေနပါလားကြ။
ေတာ္ျပီငါပိုင္ဆိုင္တဲ့စည္းစိမ္ေတြကို
ငါ့သားျကီးႏွစ္ေယာက္ကိုပိုျပီးေပးမယ္
မင္းကိုေတာ့ထိုက္သင့္သေလာက္ပဲ
ငါခြဲေပးမယ္…”

“ရပါတယ္အေဖ ကိစၥမရွိပါဘူး”

သာေက်ာ္ႏွင့္သာေမာ္တို့အား
သူေဌးျကီးဦးလိႈင္ဘြားကသူပိုင္ဆိုင္
သည့္အေမြမ်ားကိုသာေဇာ္ထက္
ပို၍ခြဲေဝေပးလိုက္ေတာ့သည္။

အေမြရသြားသည့္သားျဖစ္သူ
သာေက်ာ္ႏွင့္သာေမာ္တို့လည္း
ဖခင္ဆီမွရလာသည့္အေမြတို့ျဖင့္
ေသာက္စားေပ်ာ္ပါးကာထင္တိုင္း
သံုးျဖုန္းျကေတာ့သည္။

သားငယ္သာေဇာ္ကေတာ့
ဖခင္ေပးသည့္အေမြအနည္းငယ္ျဖင့္
ေျမကြက္တစ္ကြက္ကိုဝယ္ယူျပီး
အိမ္ခြဲေနခဲ့သည္။

ပိုလ်ွံသည့္ေငြမ်ားကို
စီးပြားေရးလုပ္ငန္းမ်ားထဲသို့
ထည့္ထားေလသည္။

အေမြခြဲေဝေပးလိုက္သည့္
သူေဌးျကီးဦးလိႈင္ဘြားလည္း
သားျကီးသာေက်ာ္အိမ္၌
ေနထိုင္ခဲ့သည္။

အခ်ိန္ျကာလာသည္ႏွင့္အမ်ွ
သားျကီးျဖစ္သူသာေက်ာ္ရရွိထားသည့္
ပစၥည္းဥစၥာမ်ားလည္းကုန္ဆံုးခဲ့သည္။

ထို့ေျကာင့္ဖခင္ျဖစ္သူအား
အိမ္ေပၚတင္ျပီးေက်ြးမထားနိုင္ဟု
ဆိုကာဖခင္အားအိမ္ေပၚမွ
ေမာင္းခ်လိုက္ေလသည္။

သူေဌးျကီးဦးလိႈင္ဘြားလည္း
သားလတ္ျဖစ္သူသာေမာ္အိမ္သို့
ေရာက္လာျပီးအတူေနထိုင္ခဲ့သည္။

သားလတ္ျဖစ္သူလည္းထို့အတူပင္
အေမြရထားသည့္ပစၥည္းမ်ားအား
မိန္းမပ်က္မ်ားကိုေပးကမ္းျပီး
သံုးျဖုန္းကာရွိသည့္ပစၥည္းမ်ား
ကုန္သြားျပန္သည္။

သံုးျဖုန္းစရာေငြမရွိေတာ့
ဖခင္ျဖစ္သူအားပက္ရမ္းသျဖင့္
သူေဌးျကီးဦးလိႈင္ဘြားလည္း
သားျဖစ္သူႏွင့္စကားမ်ားကာ
အိမ္ေပၚမွဆင္းသြားေတာ့သည္။

သူေဌးျကီးဦးလိႈင္ဘြားလည္း
ျကံရာမရေတာ့သည့္အဆံုး
သားအငယ္ဆံုးသာေဇာ္အိမ္သို့
ေရာက္လာေတာ့သည္။

သာေဇာ္မွာဖခင္ေပးသည့္
အေမြအနည္းငယ္ေလးျဖင့္
အရင္ႏွင့္မတူပဲ ျကီးပြားတိုးတက္
ေနေလသည္။

သူေဌးျကီးဦးလိႈင္ဘြားလည္း
သားငယ္သာေဇာ္အားအျဖစ္
အပ်က္အလံုးစံုကိုေျပာျပလိုက္
သည္။

“အဲ့ဒါေျကာင့္အေဖ့ကို
သားေျပာခဲ့တာေပါ့ အေဖ့သား
၂ေယာက္ကအေဖ့အျကိုက္
လိုက္ျပီးတီတီတာတာစကားေတြနဲ႔
အေဖ့ပစၥည္းေတြကိုရေအာင္
ပ်ားရည္သကာေလာင္းျပီး
ေျပာေနျကတာ။
တကယ့္တကယ္အေဖ့ကို
ခ်စ္ျခင္းေမတၱာအစစ္နဲ႔ ခ်စ္ျကတာမွ
မဟုတ္တာ”

“အေဖနားလည္ပါျပီသားငယ္
အေဖဟာအပလီစကားေတြကို
အဟုတ္ထင္ျပီး အေဖ့သားငယ္ေလးအေပၚ
ရက္သက္သလိုလုပၡဲ့မိလို့
အေဖေတာင္းပန္ပါတယ္သားရယ္”

“မလိုပါဘူးအေဖ
သားအိမ္မွာအေဖျကိုက္သလိုေန
ဒါအေဖ့အိမ္ပါပဲ။
ဒါအေဖ့ပစၥည္းေတြပါပဲ
အေဖလွဴခ်င္တာလွဴလို့ရတယ္
စားခ်င္တာစားလို့ရတယ္”

“သာဓု သာဓု သာဓုပါသားရယ္”

သူေဌးျကီးဦးလိႈင္ဘြားလည္း
သား၃ေယာက္ထဲမွသားပီသ
သည့္သူအားရွာေဖြေတြ့ရွိသြား
ေတာ့သည္။

ျပီးပါျပီ။ အမ်ားသိေအာင္Shareသြားေပး