သပြေပင်စောင့်တဲ့ဘီလူး(စ/ဆုံး)

Unicode Version

သပြေပင်စောင့်တဲ့ဘီလူး(စ/ဆုံး)
————————————–
“ကဲ…ရောက်ပြီသမီးရေ
ဟောဒီအိမ်ပဲ”
“အိမ်ကြီးကတော့မဆိုးဘူး
ဒါပေမယ့်ကြည့်ရတာကျောချမ်းစရာကြီး…”
“သြော် သမီးရယ်
အမေတို့မှာက ပိုက်ဆံပေါပေါများများ
မရှိဘူးလေ……
ဒါကြောင့်ဈေးသင့်တဲ့အိမ်ကိုပဲ ငှားရတာပေါ့။
လောလောဆယ်နေလို့ထိုင်လို့ရတာတင်ပဲ
ကံကောင်းတယ်လို့ပြောရမယ်၊
နောက်တော့အဆင်ပြေသွားမှာပါ
သမီးရယ် လာ လာ အိမ်ထဲဝင်ကြရအောင်”
“ဟုတ်အမေ”
ဒေါ်ခင်ကြွယ်လည်း အဝတ်ထုပ်အား
ဆွဲကာအိမ်ထဲသို့ဝင်လာခဲ့လေသည်။
သမီးဖြစ်သူမယုခိုင်လည်း မိခင်နောက်မှ
ဝင်လာခဲ့လေသည်။
ဒေါ်ခင်ကြွယ်တို့ သားအမိနှစ်ယောက်
လောင်းကစားကြောင့်အကြွေးများ
တင်ခဲ့လေသည်။
ထို့ကြောင့်အိမ်နှင့်ဝိုင်းအား အတိုးဖြင့်သူတစ်ပါးထံ၌ ပေါင်ခဲ့ရလေသည်။
အိမ်ဝိုင်းတစ်ခုလုံးအပေါင်ခံထားရပေမယ့်
လောင်းကစားလုပ်ခြင်းအား
ရပ်တန့်မသွားခဲ့ပေ။
ယခု ပေါင်နှံထားသည့်အိမ်နှင့်ဝိုင်းအား
ပြန်မရွေးနိုင်သဖြင့်အိမ်ပေါ်မှဆင်းလာခဲ့ရခြင်း
ဖြစ်သည်။
လက်ထဲရှိသည့်ငွေလေးနှင့်
တခြားရပ်ကွက်သို့အိမ်ငှားဘဝဖြင့်
ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။
ဒေါ်ခင်ကြွယ်နှင့်မယုခိုင် တို့သားအမိ
နှစ်ယောက်လည်း ပါလာသည့်အဝတ်များအား
နေရာတကျခေါက်ထားလိုက်သည်။
“သမီးရေ အိမ်တစ်ခုလုံးလည်း
ဖုန်တွေနဲ့ပင့်ကူမျှင်တွေချည်းပဲ
အဲ့ဒါတွေအရင်ရှင်းလိုက်ရအောင်”
“ဟုတ်အမေ”
“ဟိုမှာ တံမြက်စည်းရှိတယ်
သမီးကကြမ်းပြင်တွေပေါ်လှည်းလိုက်
အမေကပင့်ကူအိမ်တွေရှင်းလိုက်မယ်”
မယုခိုင်လည်း မီးဖိုချောင်နံဘေး၌
ရှိသောတံမြက်စည်းအားယူကာ
ကြမ်းပေါ်တွင်ရှိသောဖုန်နှင့်အမှိုက်
အနည်းငယ်အားလှည်းကျင်း
လိုက်သည်။
ဒေါ်ခင်ကြွယ်ကတော့ လက်လှမ်းမှီသမျှ
ပင့်ကူအိမ်များအားဖယ်ရှား
နေတော့သည်။
တစ်မနက်ခင်းလုံးအိမ်သန့်ရှင်းရေး
ပြုလုပ်ပြီးမှအနားယူနိုင်ကြတော့သည်။
“အမေ တစ်အိမ်လုံးလည်း
သန့်ရှင်းရေးလုပ်ပြီးပြီ……
ဗိုက်လည်းဆာနေပြီ ဘာမှလည်းမချက်ရ
သေးဘူးအမေ”
“ဒီနေ့တော့မချက်တော့ဘူးသမီးရယ်
လမ်းထိပ်ကဆိုင်ကပဲဝယ်စားကြတာပေါ့”
ထို့နောက်သားအမိနှစ်ယောက်
အိမ်မှထွက်လာပြီးထမင်းဆိုင်၌
နေ့လယ်စာစားလိုက်ကြလေသည်။
စားပြီးသည်နှင့်ကျသင့်ငွေရှင်းကာ
အိမ်ပြန်လာခဲ့ကြသည်။
“ဟာ…အမေ အခုမှကြည့်မိတယ်
ဟိုမှာသပြေပင်လေးစိုက်ထားတာပါလား
အညွှန့်လေးတွေကိုရဲနေတာပဲ”
“အဲ့ဒါအိမ်ပိုင်ရှင် မတိုးတိုး
စိုက္ခဲ့တာတဲ့……
အဲဒီသပြေပင်မှာအစောင့်ရှိတယ်ဆိုပြီး
မတိုးတိုးပြောဖူးတယ်၊
အပင်ကိုမခုတ်ရဘူး၊ကိုင်းကိုလည်းမချိုးမဖဲ့ရဘူးတဲ့အပင်စောင့်တဲ့
ပုဂ္ဂိုလ်ကမကြိုက်ဘူးတဲ့လေ။
“ဟင်…အမေကလည်း
ဒေါ်တိုးတိုးကသူစိုက်ထားတဲ့အပင်ကို
နှမြောလို့ပြောတာဖြစ်မှာပါအမေရဲ့
ဘယ်လိုလုပ်ပြီးဒီအပင်သေးသေးလေးမှာ
အစောင့်ကနေမှာတုန်း
နေမယ့်နေအပင်ကြီးတွေမှာပဲနေမှာပေါ့”
“အဲ့ဒါတော့အမေလည်း မသိဘူးလေ
မတိုးတိုးပြောပြလို့အမေလည်း သမီးကို
ပြန်ပြောပြတာ……”
“လာအမေအိမ်ထဲဝင်ရအောင်”
===========
ည၉နာရီခန့်ရောက်တော့ သားအမိနှစ်ယောက်
အိပ်ရာဝင်ခဲ့ကြသည်။
အိပ်ရာထဲရောက်တက်ရာရာများပြောပြီး
မကြာခင်အိပ်ပျော်သွားကြလေသည်။
**************
မနက်လင်းတော့ ဒေါ်ခင်ကြွယ်
ဈေးသွားရန်ပြင်ဆင်နေလေသည်။
“အမေ ဈေးသွားရင်ဘုရားပန်းလေး
ဝယ်ခဲ့ပါအုံး။
“အေးအေး သမီး အမေဝယ်ခဲ့မယ်”
“ဟုတ်အမေ”
ဒေါ်ခင်ကြွယ်လည်းခြင်းတောင်းအား
ဆွဲကာဈေးသို့ထွက်သွားတော့သည်။
မယုခိုင်လည်းအိမ်၌လုပ်စရာရှိသည့်
အလုပ်များလုပ်နေလေသည်။
နာရီပိုင်းခန့်ကြာတော့ ဒေါ်ခင်ကြွယ်
ဈေးမှပြန်ရောက်လာလေသည်။
“အမေ သမီးမှာလိုက်တဲ့ဘုရားပန်းလည်းပါ
မလာဘူး”
“ဟော်တော် အမေလည်း
ကပြာကယာနဲ့မေ့လာလိုက်တာ
မနက်ဖြန်မှဝယ်ပြီးကပ်လိုက်မယ်
သမီးရယ်”
“အမေတို့ကတော့ဒါလေးမှာ
လိုက်တာကိုမေ့နေရတယ်လို့”
“သမီးရယ်အမေကအသက်ကြီး
ပြီလေ၊အရင်ကလိုတော့ဘယ်မှတ်
ထားနိုင်ပါ့မလဲ”
“အင်းပါ မရှိတော့လည်း
ရှိတဲ့ပန်းပဲကပ်ရမှာပေါ့”
“ကဲ အမေချက်စရာရှိတာ
ချက်လိုက်အုံးမယ်။
သမီးလည်းအဝတ်ပေတွေဘာတွေ
ရှိရင်လျှော်လိုက်ဦး”
“စောပါသေးတယ်အမေရယ်
နေမြင့်မှလျှော်လိုက်ပါ့မယ်”
“အေးပါ ညည်းဟာညည်း
လုပ်ချင်သလိုလုပ်တော့
ငါတော့ချက်လိုက်ပြုတ်လိုက်ဦးမယ်”
“ဘာတွေဝယ်လာခဲ့လဲအမေ”
“ကြက်သားလေးနဲ့အာလူး
ဝယ်လာတယ်ရောချက်မလို့လေ”
“ဟာကောင်းတယ်အမေ
ရှယ်ပဲ”
“သမီးကြိုက်ဖို့ အဓိကပါပဲ”
ဒေါ်ခင်ကြွယ်လည်းမီးဖိုချောင်ထဲ
သို့ဝင်သွားလေသည်။
မယုခိုင်ကတော့အိမ်ထဲမှထွက်ကာ
ခြံထဲလမ်းလျှောက်နေလေသည်။
“ဟာ…သပြေပင်မှာအညွှန့်တွေ
ရဲနေတာပဲ၊ဘုရားပန်းအိုးထိုးလို့
ရတာပဲဟာကို ငါလည်းဦးနှောက်ပါပဲ”
မယုခိုင်လည်းအိမ်ထဲဝင်ကာ
ကပ်ကြေးတစ်လက်အားယူလာခဲ့
လေသည်။
ထို့နောက်သပြေပင်မှ သပြေညွှန့်
အကိုင်းအခက်များအားကပ်ကြေး
ဖြင့်ညှပ်လိုက်လေသည်။
သပြေညွှန့်ဆယ်ညွှန့်ခန့် ညှပ်လိုက်ပြီးမှအိမ်ထဲသို့ဝင်လာခဲ့သည်။
“သမီးကပ်ကြေးကဘာလုပ်ဖို့
ယူသွားတာလဲ”
“ဘုရားစင်မှာဘုရားပန်း
မရှိတာနဲ့ခြံထဲက သပြေပင်က
သပြေညွှန့်ကိုညှပ်ပြီးဘုရားပန်း
ကပ်မလို့လေ”
“ဟင်…ညှပ်ပြီးပြီလား”
“အင်းပြီးပြီလေ”
“ဒုက္ခပါပဲသမီးရယ် သပြေပင်မှာ
အစောင့်ရှိပါတယ်ဆိုနေမှ……
ဘာဖြစ်လို့အခုလိုလုပ်ရတာလဲ
ပြဿနာတွေတော့တက်ကုန်တော့မှာပဲ”
“မတက်ပါဘူးအမေရယ်…
ဘုရားပန်းကပ်ဖို့ပဲဟာကို
မကောင်းတာလုပ်မှာမှတ်လို့”
“ဟဲ့ဒါကညည်းအတွေးလေ
ညည်းကခွင့်လေးဘာလေးတောင်းပြီး
ညှပ်တာမှမဟုတ်တာ။
ညည်းအဲ့သလိုလုပ်လို့သူက
ကြိုက်မှာတဲ့လား”
“သူကြိုက်မကြိုက်မသိဘူးအမေ
အခုတော့ဘုရားပန်းလဲဖို့လုပ်လိုက်ဦး
မယ်”
“ဒီကလေးမှလုပ်လိုက်ရင်တော့လေ
မအေကိုဘာမပြောညာမပြောနဲ့”
ဒေါ်ခင်ကြွယ်လည်းသမီးဖြစ်သူအား
စိတ်ဆိုးကာဒေါသဖြစ်နေမိတော့သည်။
===========
“ဒုန်း ဒုန်း ဒုန်း”
“ဟဲ့ ဘာသံလဲသမီး”
“မသိဘူးအမေ အိမ်ခေါင်မိုးပေါ်ကို
တစ္ခုခုက်တဲ့အသံပဲ”
“ညကြီးအချိန်မတော်
ဘယ်သူတွေများငါတို့အိမ်ကိုခဲနဲ့
ထုနေသလဲမသိဘူး”
“ဘုန်း ဘုန်း ဘုန်း”
“ဟင်…”
“အမယ်လေး”
“အမေ အိမ်ထရံတွေကို
ပုတ်တဲ့အသံပဲအမေ သမီးကြောက်လာပြီ
“အေးဟဲ့ အရင်နေ့ကဒီလိုမဖြစ်ပါဘူး
အခုမှဘယ်လို ဖြစ်……
ဟင် သမီးနေ့လယ်က သပြေပင်က
သပြေညွှန့်တွေညှပ်ပစ်လို့
အပင်စောင့်တဲ့ပုဂ္ဂိုလ်ကမကျေနပ်လို့
လာလုပ်တာများလား”
“ဟာအမေကလည်း
ကြောက်နေရတဲ့ကြားထဲမှာ
လာပြီးဖြဲခြောက်နေပြန်ပြီ”
“ငါလည်းထင်တာပြောတာပေါ့အေ့”
“ဒုံး ဒုံး ဒုံး”
“ဟင်…အိမ်ပေါ်ကကြမ်းပြင်ကို
တစ်ယောက်ယောက်နင်းနေတဲ့
အသံပဲ သမီး”
“အမေသမီးမနေရဲတော့ဘူး”
“မနေရဲလို့နင်ကဘယ်သွားနေမှာလဲ
အသာထိုင်နေစမ်း”
ဒေါ်ခင်ကြွယ်ကငေါက်လိုက်မှ
မယုခိုင်လည်းအသာငြိမ်ပြီးထိုင်နေ
လိုက်သည်။
အချိန်တော်တော်ကြာသည်အထိ
တဒုန်းဒုန်းအသံများကြားနေရသည်။
အိမ်ခေါင်မိုးပေါ်သို့ ခဲဖြင့်ထုသည့်
အသံများမှာအတော်ကြာမှရပ်သွား
လေသည်။
“ပြီးသွားပြီ ထင်တယ် သမီး
ဘာမှထပ်မကြားရတော့ဘူး”
“အမေ အမေပြောတာများ
ဖြစ်နေမလားမသိဘူး”
“ပြောမရဘူး ဟုတ်ရင်လည်း
ဟုတ်နေမှာပဲ။
နင်ကိုကမဆင်မခြင်လုပ်တာကိုး”
“သမီးဘယ်လိုလုပ်ရမလဲ အမေ
နောက်ရက်ကြရင်ဒီထက်ပိုဆိုးလာမှာ
စိုးတယ်”
“အမေလည်းမပြောတတ်သေးဘူး
အခြေအနေကိုကြည့်လုပ်ရမှာပဲ
အခုတော့အခန်းထဲဝင်ပြီးအိပ်ကြတာ
ပေါ့…”
“ဟုတ်အမေ”
သားအမိနှစ်ယောက်အခန်းထဲ
ဝင်လာပြီးကုတင်ပေါ်တက်အိပ်
လိုက်သည်။
နောက်ထပ်မည်သည့်အသံများ
ကြားမလဲဟုနားစွင့်ရင်း
အိပ်ပျော်သွားကြလေသည်။
“မကျေနပ်ဘူးဟေ့”
“ဟင်…ဘယ်သူလဲ ဘယ်သူလဲ”
“နင်ကပမာမခန့်နဲ့ ငါနေတဲ့
အပင်ကိုလာပြီးဖျက်လို့ဖျက်ဆီး
လုပ်တာ၊ငါ့ကိုစမ်းတာလားဟေ့”
“ရှင်…ရှင်ကဘယ်သူလဲ
ရှင့်ကိုကျွန်မမသိဘူး၊ကျွန်မကိုထပ်ပြီး
မခြောက်လှန့်ပါနဲ့တော့
ကျွန်မတောင်းပန်ပါတယ်ရှင်”
“ဟား ဟား ဟား
ငါကသပြေပင်မှာစောင့်တဲ့ဘီလူးပဲဟေ့
“ရှင်…သပြေပင်မှာစောင့်တဲ့ဘီလူး
ဟုတ်လား”
“အေး ဟုတ်တယ်
နင်ကအခုမှကြောက်နေပြီလား…
နင့်အမေအတန်တန်တားနေတဲ့
ကြားကငါ့အပင်ကိုလာပြီး
ဖျက်ဆီးပစ်တယ်လေ။
ဒီတော့ငါလည်းကျောင်းမှန်းကန်မှန်းသိအောင်လုပ်ပြလိုက်တာ
နင်တို့သားအမိတော်တော်မှ လန့်သွားကြရဲ့လားဟေ့”
“ကျွန်မမသိလို့ လုပ်မိတာပါ
ကျွန်မတောင်းပန်ပါတယ်ရှင်
ကျွန်မတို့သားအမိကိုထပ်ပြီး
မခြောက်လှန့်ပါနဲ့တော့။
ကျွန်မအနူးအညွှတ်တောင်းပန်ပါတယ်”
“နင်တောင်းပန်ချင်ရင် ငါ့ကို
ဒီလိုမတောင်းပန်နဲ့၊ငါနေတဲ့ သပြေပင်
အောက်မှာ အမွှေးနံ့သာအစုံနဲ့
ငါစားဖို့ထမင်းပွဲတစ်ပွဲပြင်ပေးရမယ်
နောက်နောင်ထပ်မလုပ်တော့ပါဘူးလို့
ငါ့ကိုကတိပေးရမယ်၊ဒါဆိုရင် နင့်ကို
ငါခွင့်လွှတ်ပေးမယ်”
“ဖြစ်စေရပါမယ်ရှင် ကျွန်မ
သေချာလုပ်ပြီးတောင်းပန်ပါ့မယ်
ကတိလည်းပေးပါတယ်
နောက်မဖြစ်စေရပါဘူးရှင်……
“သမီး ဟဲ့ သမီး ထစမ်း ထစမ်း
ဘာတွေယောင်နေတာလဲ”
“ဟင်…”
“အေမ ”
“သမီးဘာဖြစ်တာလဲ အိပ်နေရင်း
ကယောင်ကတမ်းတွေထအော်လို့
အမေ့မှာလန့်သွားတာပဲ သမီးရယ်
ကြည့်ပါဦးတစ်ကိုယ်လုံးလည်း
ချွေးတွေရွှဲနစ်နေတာပဲ”
“အမေ အမေ သမီးလေ
အိပ်မက် မက်တယ်သိလား
အိပ်မက်ထဲမှာ ဘီလူးကြီးတစ်ကောင်ကသမီးကို
စကားတွေလာပြောတယ်
သူ့ကိုမမြင်ရပေမယ့် သူ့အသံကြီးက
ကြောက်စရာကြီးအမေ၊
သမီးကိုလာပြီးတောင်းပန်ခိုင်းနေတယ်အမေ”
“ဘာကိုတောင်းပန်ခိုင်းတာလဲ သမီး”
“ညနေက သူနေတဲ့သပြေပင်ကို
ဖျက်လို့ဖျက်ဆီးလုပ်ပစ်လို့တဲ့
သမီးတို့ကိုကြောက်အောင်ခြောက်လှန့်တာတဲ့၊ပြီးတော့သူနေတဲ့အပင်အောက်မှာ
အမွှေးနံ့သာအစုံနဲ့ထမင်းပွဲတစ်ပွဲ
ပြင်ဆင်ပြီးနောက်မလုပ်တော့ပါဘူးလို့ကတိပေးတောင်းပန်ရမယ်တဲ့လေ”
“ဟင်…ဒါဆို မတိုးတိုးပြောတာ
အမှန်ပဲပေါ့၊ဘာပဲဖြစ်ဖြစ်
လူ့အသက်
အန္တရာယ်မဖြစ်တာပဲတော်သေးတယ်။
မနက်ကြရင် သမီးပြောသလို
သပြေပင်အောက်သွားပြီး
တောင်းပန်ရမယ်၊သူ့ဘက်ကလည်း
ကျေအေပေးမှာပါ”
“ဟုတ်အမေ သမီးတော့
တကယ်ကြောက်သွားပြီအမေ
သမီးမဆင်မခြင်လုပ်မိလို့ အမေပါ
ထိတ်လန့်ခဲ့ရတယ်……
သမီးတောင်းပန်ပါတယ်အမေ”
“ရပါတယ်သမီးရယ်
သမီးကလူငယ်ပဲအမှားတော့
ရှိမှာပေါ့……
“‘ကဲ စောသေးတယ်ပြန်အိပ်ကြစို့
သမီး…”
“ဟုတ်အမေ”
သားအမိနှစ်ယောက်ပြန်ပြီး
အိပ်ရာဝင်ခဲ့ကြသည်။
နံနက်လင်းသည်နှင့်ထမင်းပွဲ
အမွှေးနံ့သာများဖြင့် သပြေပင်အောက်
သို့သားအမိနှစ်ယောက် ရောက်လာခဲ့ကြသည်။
“ဤသပြေပင်၌ စောင့်ကြပ်နေသော
ပုဂ္ဂိုလ်အား ထမင်းပွဲ၊အမွှေးနံ့သာများ
ဖြင့်လာရောက်တောင်းပန်
အပ်ပါသည်။
ကျွန်မသမီးလေးရဲ့အမိုက်အမှားကို
ကျေနပ်ခွင့်လွှတ်ပေးစေလိုပါတယ်။
ထမင်းပွဲကိုလည်း စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်……
ဒီအိမ်နဲ့ဒီမိသားစုကိုလည်း
စောင့်ရှောက်ကာကွယ်ပေးပါလို့
မေတ္တာရပ်ပါတယ်၊သမီးလေးရဲ့ အမှားများကိုလည်းခွင့်လွှတ်ပေးပါ
အသင်ဘီလူးရှင့်”
ဒေါ်ခင်ကြွယ်လည်း တတ်သလောက်
မှတ်သလောက်ပြောဆိုပြီး အိမ်ထဲပြန်ဝင်လာခဲ့တော့သည်။
သပြေပင်မှာနေတဲ့ဘီလူးအား
တောင်းပန်လိုက်သည့်အချိန်မှစ၍
နောက်ထပ်မည်ကဲ့သို့သော
ခြောက်လှန့်ခြင်း၊အသံပေးခြင်းများလည်း မရှိတော့ပေ……………”
ပြီးပါပြီ။ ။ လက်မလေးနှိပ်ပြီး
အားပေးသွားကြပါချစ်ဆုံးတို့ရေ.
လိုအပ်ချက်များအား နားလည်ပေးပါ
စာဖတ်သူတို့ရွှင်လန်းကြပါစေ။

Zawgyi Version

သေျပပင္ေစာင့္တဲ့ဘီလူး(စ/ဆံုး)
————————————–
“ကဲ…ေရာက္ျပီသမီးေရ
ေဟာဒီအိမ္ပဲ”
“အိမ္ျကီးကေတာ့မဆိုးဘူး
ဒါေပမယ့္ျကည့္ရတာေက်ာခ်မ္းစရာျကီး…”
“ေျသာ္ သမီးရယ္
အေမတို့မွာက ပိုက္ဆံေပါေပါမ်ားမ်ား
မရွိဘူးေလ……
ဒါေျကာင့္ေစ်းသင့္တဲ့အိမ္ကိုပဲ ငွားရတာေပါ့။
ေလာေလာဆယ္ေနလို့ထိုင္လို့ရတာတင္ပဲ
ကံေကာင္းတယ္လို့ေျပာရမယ္၊
ေနာက္ေတာ့အဆင္ေျပသြားမွာပါ
သမီးရယ္ လာ လာ အိမ္ထဲဝင္ျကရေအာင္”
“ဟုတ္အေမ”
ေဒၚခင္ျကြယ္လည္း အဝတ္ထုပ္အား
ဆြဲကာအိမ္ထဲသို့ဝင္လာခဲ့ေလသည္။
သမီးျဖစ္သူမယုခိုင္လည္း မိခင္ေနာက္မွ
ဝင္လာခဲ့ေလသည္။
ေဒၚခင္ျကြယ္တို့ သားအမိႏွစ္ေယာက္
ေလာင္းကစားေျကာင့္အေျကြးမ်ား
တင္ခဲ့ေလသည္။
ထို့ေျကာင့္အိမ္ႏွင့္ဝိုင္းအား အတိုးျဖင့္သူတစ္ပါးထံ၌ ေပါင္ခဲ့ရေလသည္။
အိမ္ဝိုင္းတစ္ခုလံုးအေပါင္ခံထားရေပမယ့္
ေလာင္းကစားလုပ္ျခင္းအား
ရပ္တန့္မသြားခဲ့ေပ။
ယခု ေပါင္ႏွံထားသည့္အိမ္ႏွင့္ဝိုင္းအား
ျပန္မေရြးနိုင္သျဖင့္အိမ္ေပၚမွဆင္းလာခဲ့ရျခင္း
ျဖစ္သည္။
လက္ထဲရွိသည့္ေငြေလးႏွင့္
တျခားရပ္ကြက္သို့အိမ္ငွားဘဝျဖင့္
ေျပာင္းေရႊ႕လာျကျခင္းျဖစ္သည္။
ေဒၚခင္ျကြယ္ႏွင့္မယုခိုင္ တို့သားအမိ
ႏွစ္ေယာက္လည္း ပါလာသည့္အဝတ္မ်ားအား
ေနရာတက်ေခါက္ထားလိုက္သည္။
“သမီးေရ အိမ္တစ္ခုလံုးလည္း
ဖုန္ေတြနဲ႔ပင့္ကူမ်ွင္ေတြခ်ည္းပဲ
အဲ့ဒါေတြအရင္ရွင္းလိုက္ရေအာင္”
“ဟုတ္အေမ”
“ဟိုမွာ တံျမက္စည္းရွိတယ္
သမီးကျကမ္းျပင္ေတြေပၚလွည္းလိုက္
အေမကပင့္ကူအိမ္ေတြရွင္းလိုက္မယ္”
မယုခိုင္လည္း မီးဖိုေခ်ာင္နံေဘး၌
ရွိေသာတံျမက္စည္းအားယူကာ
ျကမ္းေပၚတြင္ရွိေသာဖုန္ႏွင့္အမိႈက္
အနည္းငယ္အားလွည္းက်င္း
လိုက္သည္။
ေဒၚခင္ျကြယ္ကေတာ့ လက္လွမ္းမွီသမ်ွ
ပင့္ကူအိမ္မ်ားအားဖယ္ရွား
ေနေတာ့သည္။
တစ္မနက္ခင္းလံုးအိမ္သန့္ရွင္းေရး
ျပုလုပ္ျပီးမွအနားယူနိုင္ျကေတာ့သည္။
“အေမ တစ္အိမ္လံုးလည္း
သန့္ရွင္းေရးလုပ္ျပီးျပီ……
ဗိုက္လည္းဆာေနျပီ ဘာမွလည္းမခ်က္ရ
ေသးဘူးအေမ”
“ဒီေန့ေတာ့မခ်က္ေတာ့ဘူးသမီးရယ္
လမ္းထိပ္ကဆိုင္ကပဲဝယ္စားျကတာေပါ့”
ထို့ေနာက္သားအမိႏွစ္ေယာက္
အိမ္မွထြက္လာျပီးထမင္းဆိုင္၌
ေန့လယ္စာစားလိုက္ျကေလသည္။
စားျပီးသည္ႏွင့္က်သင့္ေငြရွင္းကာ
အိမ္ျပန္လာခဲ့ျကသည္။
“ဟာ…အေမ အခုမွျကည့္မိတယ္
ဟိုမွာသေျပပင္ေလးစိုက္ထားတာပါလား
အညႊန့္ေလးေတြကိုရဲေနတာပဲ”
“အဲ့ဒါအိမ္ပိုင္ရွင္ မတိုးတိုး
စိုကၡဲ့တာတဲ့……
အဲဒီသေျပပင္မွာအေစာင့္ရွိတယ္ဆိုျပီး
မတိုးတိုးေျပာဖူးတယ္၊
အပင္ကိုမခုတ္ရဘူး၊ကိုင္းကိုလည္းမခ်ိုးမဖဲ့ရဘူးတဲ့အပင္ေစာင့္တဲ့
ပုဂိၢုလ္ကမျကိုက္ဘူးတဲ့ေလ။
“ဟင္…အေမကလည္း
ေဒၚတိုးတိုးကသူစိုက္ထားတဲ့အပင္ကို
ႏွေျမာလို့ေျပာတာျဖစ္မွာပါအေမရဲ႕
ဘယ္လိုလုပ္ျပီးဒီအပင္ေသးေသးေလးမွာ
အေစာင့္ကေနမွာတုန္း
ေနမယ့္ေနအပင္ျကီးေတြမွာပဲေနမွာေပါ့”
“အဲ့ဒါေတာ့အေမလည္း မသိဘူးေလ
မတိုးတိုးေျပာျပလို့အေမလည္း သမီးကို
ျပန္ေျပာျပတာ……”
“လာအေမအိမ္ထဲဝင္ရေအာင္”
===========
ည၉နာရီခန့္ေရာက္ေတာ့ သားအမိႏွစ္ေယာက္
အိပ္ရာဝင္ခဲ့ျကသည္။
အိပ္ရာထဲေရာက္တက္ရာရာမ်ားေျပာျပီး
မျကာခင္အိပ္ေပ်ာ္သြားျကေလသည္။
**************
မနက္လင္းေတာ့ ေဒၚခင္ျကြယ္
ေစ်းသြားရန္ျပင္ဆင္ေနေလသည္။
“အေမ ေစ်းသြားရင္ဘုရားပန္းေလး
ဝယ္ခဲ့ပါအံုး။
“ေအးေအး သမီး အေမဝယ္ခဲ့မယ္”
“ဟုတ္အေမ”
ေဒၚခင္ျကြယ္လည္းျခင္းေတာင္းအား
ဆြဲကာေစ်းသို့ထြက္သြားေတာ့သည္။
မယုခိုင္လည္းအိမ္၌လုပ္စရာရွိသည့္
အလုပ္မ်ားလုပ္ေနေလသည္။
နာရီပိုင္းခန္႔ျကာေတာ့ ေဒၚခင္ျကြယ္
ေစ်းမွျပန္ေရာက္လာေလသည္။
“အေမ သမီးမွာလိုက္တဲ့ဘုရားပန္းလည္းပါ
မလာဘူး”
“ေဟာ္ေတာ္ အေမလည္း
ကျပာကယာနဲ့ေမ့လာလိုက္တာ
မနက္ျဖန္မွဝယ္ျပီးကပ္လိုက္မယ္
သမီးရယ္”
“အေမတို့ကေတာ့ဒါေလးမွာ
လိုက္တာကိုေမ့ေနရတယ္လို့”
“သမီးရယ္အေမကအသက္ျကီး
ျပီေလ၊အရင္ကလိုေတာ့ဘယ္မွတ္
ထားနိုင္ပါ့မလဲ”
“အင္းပါ မရွိေတာ့လည္း
ရွိတဲ့ပန္းပဲကပ္ရမွာေပါ့”
“ကဲ အေမခ်က္စရာရွိတာ
ခ်က္လိုက္အံုးမယ္။
သမီးလည္းအဝတ္ေပေတြဘာေတြ
ရွိရင္ေလ်ွာ္လိုက္ဦး”
“ေစာပါေသးတယ္အေမရယ္
ေနျမင့္မွေလ်ွာ္လိုက္ပါ့မယ္”
“ေအးပါ ညည္းဟာညည္း
လုပ္ခ်င္သလိုလုပ္ေတာ့
ငါေတာ့ခ်က္လိုက္ျပုတ္လိုက္ဦးမယ္”
“ဘာေတြဝယ္လာခဲ့လဲအေမ”
“ျကက္သားေလးနဲ႔အာလူး
ဝယ္လာတယ္ေရာခ်က္မလို့ေလ”
“ဟာေကာင္းတယ္အေမ
ရွယ္ပဲ”
“သမီးျကိုက္ဖို့ အဓိကပါပဲ”
ေဒၚခင္ျကြယ္လည္းမီးဖိုေခ်ာင္ထဲ
သို့ဝင္သြားေလသည္။
မယုခိုင္ကေတာ့အိမ္ထဲမွထြက္ကာ
ျခံထဲလမ္းေလ်ွာက္ေနေလသည္။
“ဟာ…သေျပပင္မွာအညႊန့္ေတြ
ရဲေနတာပဲ၊ဘုရားပန္းအိုးထိုးလို့
ရတာပဲဟာကို ငါလည္းဦးေႏွာက္ပါပဲ”
မယုခိုင္လည္းအိမ္ထဲဝင္ကာ
ကပ္ေျကးတစ္လက္အားယူလာခဲ့
ေလသည္။
ထို့ေနာက္သေျပပင္မွ သေျပညႊန့္
အကိုင္းအခက္မ်ားအားကပ္ေျကး
ျဖင့္ညွပ္လိုက္ေလသည္။
သေျပညႊန့္ဆယ္ညႊန့္ခန့္ ညွပ္လိုက္ျပီးမွအိမ္ထဲသို့ဝင္လာခဲ့သည္။
“သမီးကပ္ေျကးကဘာလုပ္ဖို့
ယူသြားတာလဲ”
“ဘုရားစင္မွာဘုရားပန္း
မရွိတာနဲ႔ျခံထဲက သေျပပင္က
သေျပညႊန့္ကိုညွပ္ျပီးဘုရားပန္း
ကပ္မလို့ေလ”
“ဟင္…ညွပ္ျပီးျပီလား”
“အင္းျပီးျပီေလ”
“ဒုကၡပါပဲသမီးရယ္ သေျပပင္မွာ
အေစာင့္ရွိပါတယ္ဆိုေနမွ……
ဘာျဖစ္လို့အခုလိုလုပ္ရတာလဲ
ျပႆနာေတြေတာ့တက္ကုန္ေတာ့မွာပဲ”
“မတက္ပါဘူးအေမရယ္…
ဘုရားပန္းကပ္ဖို့ပဲဟာကို
မေကာင္းတာလုပ္မွာမွတ္လို့”
“ဟဲ့ဒါကညည္းအေတြးေလ
ညည္းကခြင့္ေလးဘာေလးေတာင္းျပီး
ညွပ္တာမွမဟုတ္တာ။
ညည္းအဲ့သလိုလုပ္လို့သူက
ျကိုက္မွာတဲ့လား”
“သူျကိုက္မျကိုက္မသိဘူးအေမ
အခုေတာ့ဘုရားပန္းလဲဖို့လုပ္လိုက္ဦး
မယ္”
“ဒီကေလးမွလုပ္လိုက္ရင္ေတာ့ေလ
မေအကိုဘာမေျပာညာမေျပာနဲ့”
ေဒၚခင္ျကြယ္လည္းသမီးျဖစ္သူအား
စိတ္ဆိုးကာေဒါသျဖစ္ေနမိေတာ့သည္။
===========
“ဒုန္း ဒုန္း ဒုန္း”
“ဟဲ့ ဘာသံလဲသမီး”
“မသိဘူးအေမ အိမ္ေခါင္မိုးေပၚကို
တစၡဳခုက္တဲ့အသံပဲ”
“ညျကီးအခ်ိန္မေတာ္
ဘယ္သူေတြမ်ားငါတို့အိမ္ကိုခဲနဲ့
ထုေနသလဲမသိဘူး”
“ဘုန္း ဘုန္း ဘုန္း”
“ဟင္…”
“အမယ္ေလး”
“အေမ အိမ္ထရံေတြကို
ပုတ္တဲ့အသံပဲအေမ သမီးေျကာက္လာျပီ
“ေအးဟဲ့ အရင္ေန့ကဒီလိုမျဖစ္ပါဘူး
အခုမွဘယ္လို ျဖစ္……
ဟင္ သမီးေန့လယ္က သေျပပင္က
သေျပညႊန့္ေတြညွပ္ပစ္လို့
အပင္ေစာင့္တဲ့ပုဂိၢုလ္ကမေက်နပ္လို့
လာလုပ္တာမ်ားလား”
“ဟာအေမကလည္း
ေျကာက္ေနရတဲ့ျကားထဲမွာ
လာျပီးျဖဲေျခာက္ေနျပန္ျပီ”
“ငါလည္းထင္တာေျပာတာေပါ့ေအ့”
“ဒံုး ဒံုး ဒံုး”
“ဟင္…အိမ္ေပၚကျကမ္းျပင္ကို
တစ္ေယာက္ေယာက္နင္းေနတဲ့
အသံပဲ သမီး”
“အေမသမီးမေနရဲေတာ့ဘူး”
“မေနရဲလို့နင္ကဘယ္သြားေနမွာလဲ
အသာထိုင္ေနစမ္း”
ေဒၚခင္ျကြယ္ကေငါက္လိုက္မွ
မယုခိုင္လည္းအသာျငိမ္ျပီးထိုင္ေန
လိုက္သည္။
အခ်ိန္ေတာ္ေတာ္ျကာသည္အထိ
တဒုန္းဒုန္းအသံမ်ားျကားေနရသည္။
အိမ္ေခါင္မိုးေပၚသို့ ခဲျဖင့္ထုသည့္
အသံမ်ားမွာအေတာ္ျကာမွရပ္သြား
ေလသည္။
“ျပီးသြားျပီ ထင္တယ္ သမီး
ဘာမွထပ္မျကားရေတာ့ဘူး”
“အေမ အေမေျပာတာမ်ား
ျဖစ္ေနမလားမသိဘူး”
“ေျပာမရဘူး ဟုတ္ရင္လည္း
ဟုတ္ေနမွာပဲ။
နင္ကိုကမဆင္မျခင္လုပ္တာကိုး”
“သမီးဘယ္လိုလုပ္ရမလဲ အေမ
ေနာက္ရက္ျကရင္ဒီထက္ပိုဆိုးလာမွာ
စိုးတယ္”
“အေမလည္းမေျပာတတ္ေသးဘူး
အေျခအေနကိုျကည့္လုပ္ရမွာပဲ
အခုေတာ့အခန္းထဲဝင္ျပီးအိပ္ျကတာ
ေပါ့…”
“ဟုတ္အေမ”
သားအမိႏွစ္ေယာက္အခန္းထဲ
ဝင္လာျပီးကုတင္ေပၚတက္အိပ္
လိုက္သည္။
ေနာက္ထပ္မည္သည့္အသံမ်ား
ျကားမလဲဟုနားစြင့္ရင္း
အိပ္ေပ်ာ္သြားျကေလသည္။
“မေက်နပ္ဘူးေဟ့”
“ဟင္…ဘယ္သူလဲ ဘယ္သူလဲ”
“နင္ကပမာမခန့္နဲ့ ငါေနတဲ့
အပင္ကိုလာျပီးဖ်က္လို့ဖ်က္ဆီး
လုပ္တာ၊ငါ့ကိုစမ္းတာလားေဟ့”
“ရွင္…ရွင္ကဘယ္သူလဲ
ရွင့္ကိုက်ြန္မမသိဘူး၊က်ြန္မကိုထပ္ျပီး
မေျခာက္လွန့္ပါနဲ့ေတာ့
က်ြန္မေတာင္းပန္ပါတယ္ရွင္”
“ဟား ဟား ဟား
ငါကသေျပပင္မွာေစာင့္တဲ့ဘီလူးပဲေဟ့
“ရွင္…သေျပပင္မွာေစာင့္တဲ့ဘီလူး
ဟုတ္လား”
“ေအး ဟုတ္တယ္
နင္ကအခုမွေျကာက္ေနျပီလား…
နင့္အေမအတန္တန္တားေနတဲ့
ျကားကငါ့အပင္ကိုလာျပီး
ဖ်က္ဆီးပစ္တယ္ေလ။
ဒီေတာ့ငါလည္းေက်ာင္းမွန္းကန္မွန္းသိေအာင္လုပ္ျပလိုက္တာ
နင္တို့သားအမိေတာ္ေတာ္မွ လန့္သြားျကရဲ့လားေဟ့”
“က်ြန္မမသိလို့ လုပ္မိတာပါ
က်ြန္မေတာင္းပန္ပါတယ္ရွင္
က်ြန္မတို့သားအမိကိုထပ္ျပီး
မေျခာက္လွန့္ပါနဲ့ေတာ့။
က်ြန္မအနူးအညႊတ္ေတာင္းပန္ပါတယ္”
“နင္ေတာင္းပန္ခ်င္ရင္ ငါ့ကို
ဒီလိုမေတာင္းပန္နဲ့၊ငါေနတဲ့ သေျပပင္
ေအာက္မွာ အေမႊးနံ့သာအစံုနဲ႔
ငါစားဖို႔ထမင္းပြဲတစ္ပြဲျပင္ေပးရမယ္
ေနာက္ေနာင္ထပ္မလုပ္ေတာ့ပါဘူးလို့
ငါ့ကိုကတိေပးရမယ္၊ဒါဆိုရင္ နင့္ကို
ငါခြင့္လႊတ္ေပးမယ္”
“ျဖစ္ေစရပါမယ္ရွင္ က်ြန္မ
ေသခ်ာလုပ္ျပီးေတာင္းပန္ပါ့မယ္
ကတိလည္းေပးပါတယ္
ေနာက္မျဖစ္ေစရပါဘူးရွင္……
“သမီး ဟဲ့ သမီး ထစမ္း ထစမ္း
ဘာေတြေယာင္ေနတာလဲ”
“ဟင္…”
“ေအမ ”
“သမီးဘာျဖစ္တာလဲ အိပ္ေနရင္း
ကေယာင္ကတမ္းေတြထေအာ္လို့
အေမ့မွာလန့္သြားတာပဲ သမီးရယ္
ျကည့္ပါဦးတစ္ကိုယ္လံုးလည္း
ေခ်ြးေတြရႊဲနစ္ေနတာပဲ”
“အေမ အေမ သမီးေလ
အိပ္မက္ မက္တယ္သိလား
အိပ္မက္ထဲမွာ ဘီလူးျကီးတစ္ေကာင္ကသမီးကို
စကားေတြလာေျပာတယ္
သူ့ကိုမျမင္ရေပမယ့္ သူ့အသံျကီးက
ေျကာက္စရာျကီးအေမ၊
သမီးကိုလာျပီးေတာင္းပန္ခိုင္းေနတယ္အေမ”
“ဘာကိုေတာင္းပန္ခိုင္းတာလဲ သမီး”
“ညေနက သူေနတဲ့သေျပပင္ကို
ဖ်က္လို့ဖ်က္ဆီးလုပ္ပစ္လို့တဲ့
သမီးတို့ကိုေျကာက္ေအာင္ေျခာက္လွန့္တာတဲ့၊ျပီးေတာ့သူေနတဲ့အပင္ေအာက္မွာ
အေမႊးနံ့သာအစံုနဲ့ထမင္းပြဲတစ္ပြဲ
ျပင္ဆင္ျပီးေနာက္မလုပ္ေတာ့ပါဘူးလို့ကတိေပးေတာင္းပန္ရမယ္တဲ့ေလ”
“ဟင္…ဒါဆို မတိုးတိုးေျပာတာ
အမွန္ပဲေပါ့၊ဘာပဲျဖစ္ျဖစ္
လူ့အသက္
အႏၱရာယ္မျဖစ္တာပဲေတာ္ေသးတယ္။
မနက္ျကရင္ သမီးေျပာသလို
သေျပပင္ေအာက္သြားျပီး
ေတာင္းပန္ရမယ္၊သူ့ဘက္ကလည္း
ေက်ေအေပးမွာပါ”
“ဟုတ္အေမ သမီးေတာ့
တကယ္ေျကာက္သြားျပီအေမ
သမီးမဆင္မျခင္လုပ္မိလို့ အေမပါ
ထိတ္လန့္ခဲ့ရတယ္……
သမီးေတာင္းပန္ပါတယ္အေမ”
“ရပါတယ္သမီးရယ္
သမီးကလူငယ္ပဲအမွားေတာ့
ရွိမွာေပါ့……
“‘ကဲ ေစာေသးတယ္ျပန္အိပ္ျကစို့
သမီး…”
“ဟုတ္အေမ”
သားအမိနွစ္ေယာက္ျပန္ျပီး
အိပ္ရာဝင္ခဲ့ျကသည္။
နံနက္လင္းသည္ႏွင့္ထမင္းပြဲ
အေမႊးနံ့သာမ်ားျဖင့္ သေျပပင္ေအာက္
သို့သားအမိႏွစ္ေယာက္ ေရာက္လာခဲ့ျကသည္။
“ဤသေျပပင္၌ ေစာင့္ျကပ္ေနေသာ
ပုဂိၢုလ္အား ထမင္းပြဲ၊အေမႊးနံ့သာမ်ား
ျဖင့္လာေရာက္ေတာင္းပန္
အပ္ပါသည္။
က်ြန္မသမီးေလးရဲ႕အမိုက္အမွားကို
ေက်နပ္ခြင့္လႊတ္ေပးေစလိုပါတယ္။
ထမင္းပြဲကိုလည္း စိတ္ျကိုက္သံုးေဆာင္နိုင္ပါတယ္……
ဒီအိမ္နဲ့ဒီမိသားစုကိုလည္း
ေစာင့္ေရွာက္ကာကြယ္ေပးပါလို့
ေမတၱာရပ္ပါတယ္၊သမီးေလးရဲ့ အမွားမ်ားကိုလည္းခြင့္လႊတ္ေပးပါ
အသင္ဘီလူးရွင့္”
ေဒၚခင္ျကြယ္လည္း တတ္သေလာက္
မွတ္သေလာက္ေျပာဆိုျပီး အိမ္ထဲျပန္ဝင္လာခဲ့ေတာ့သည္။
သေျပပင္မွာေနတဲ့ဘီလူးအား
ေတာင္းပန္လိုက္သည့္အခ်ိန္မွစ၍
ေနာက္ထပ္မည္ကဲ့သို့ေသာ
ေျခာက္လွန္႔ျခင္း၊အသံေပးျခင္းမ်ားလည္း မရွိေတာ့ေပ……………”
ျပီးပါျပီ။ ။ လက္မေလးႏွိပ္ျပီး
အားေပးသြားျကပါခ်စ္ဆံုးတို့ေရ.
လိုအပ္ခ်က္မ်ားအား နားလည္ေပးပါ
စာဖတ္သူတို႔ရႊင္လန္းျကပါေစ။