ထူးဆန်းသောလက်တစ်ဖက်(စ/ဆုံး)

Unicode Version

ထူးဆန်းသောလက်တစ်ဖက်(စ/ဆုံး)
———————————————
ယခုဖော်ပြမည့်ဇာတ်လမ်းမှာ မြန်မာနိုင်ငံ၏ အထက်ပိုင်းအရပ် မှမြို့ကြီးတစ်မြို့တွင်တွေ့ရှိခဲ့ရသည့်ဖြစ်ရပ်ဆန်းကြယ်ပင်ဖြစ်ပါသည်။ဇာတ် လမ်းတွင်ပါဝင်သောအထောက်အထားပစ္စည်းမှာယခုတိုင်မျက်မြင်ထင်ရှား ရှိနေသေးခြင်း၊ ထိုပစ္စည်းမည်သည့်နေရာတွင်ရှိကြောင်း ဤစာမူကိုဖတ်၍ သိရှိသွားပါက ပစ္စည်းအတွက် မသမာသူများအန္တရာယ်ကို စိုးရိမ်ရခြင်း တို့ကြောင့်မည်သည့်မြို့ ဖြစ်သည်ကိုမဖော်ပြတော့ပါ။
နောက်တစ်ကြောင်းမှာလည်း ကျွန်ုပ်သည် ဤပစ္စည်းလေးနှင့် ပတ် သက်၍ဗဟုသုတသဖွယ်မှတ်သားရုံမျှသာမှတ်သားခဲ့ခြင်းဖြစ်သည်။လမ်း ကြုံ၍ ကြားသိခဲ့ရခြင်းဖြစ်ပြီး ထိုအကြောင်းအရာနှင့် ပတ်သက်၍ လေ့လာ သုတေသနပြုခြင်း မပြုလုပ်ခဲ့ရပါ။ သုတေသန ပြုလုပ်ရန်လည်း မလိုအပ် တော့ပါ၍ဆန်းကြယ်သောဇာတ်လမ်းဇာတ်ကွက်တစ်ခုကို သိစေလိုသော သဘောဖြင့် တင်ပြခြင်းသာဖြစ်ပေသည်။
ထိုမြို့သို့ကျွန်ုပ်အားဖိတ်ကြားသူမှာမြို့မိမြို့ဖတစ်ဦးဖြစ်သည့်ဦးရာမောင် ဆိုသူ ဖြစ်သည်။ ဦးရာမောင်က သူ၏ဆွေမျိုးသားချင်းထဲမှ မိန်းမပျိုတစ်ဦး ၏ ဝိညာဉ်ဆိုင်ရာဆန်းကြယ်သည့်ကိစ္စတစ်ခုကို ကျွန်ုပ်အား ဖိတ်ခေါ်ပြသ ခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်ုပ်သည် ဦးရာမောင်ဖိတ်ခေါ်ပြသသည့် ကိစ္စအား လေးရက်တိုင် တိုင်လေ့လာသုတေသနပြုခဲ့ရာ ပြီးဆုံးခဲ့ပေပြီ။
“ဆရာကြီး … ကျွန်တော်တို့မြို့ကို ရောက်တုန်းရောက်ခိုက် ထူးခြား ဆန်းကြယ်တဲ့ပစ္စည်းတစ်ခုကို ပြရဦးမယ်။ မပြန်ခင် လေ့လာသွားပါဦး
ဆရာကြီး”
..
“ဘာများလည်း… ဦးရာမောင်” “ဖုတ်သွင်း… မင်းသမီးလက်တော်ပါ”
“ဗျာ”

“ဖုတ်သွင်းမင်းသမီးလက်တော်ကရာဇဝင်နဲ့ဗျ။ သူယောင်မယ်ဆိုတာ
ဆရာကြီးသိမှာပေါ့”
“သူယောင်မယ်- သူယောင်မယ်ဆိုတာသူယောင်သီးကနေလူဖြစ်လာ
တဲ့မိန်းမပဲ။ဇော်ဂျီတွေကဆေးတောင်ဝှေးနဲ့တို့မှအသက်ဝင်လာပြီးဇော်ဂျီနဲ့ ပေါင်းသင်းတယ်ဆိုတာမျိုး ပုံပြင်ထဲမှာပါတာတော့ သိပါတယ် ဦးရာမောင် ဦးရာမောင်ကကျွန်တော့်ကို တကယ့်သူယောင်မယ်ကို ပြမလို့လား” “တကယ့်သူယောင်မယ်ကတော့ မရှိတော့ဘူး ဆရာကြီး။ ကျွန်တော် ပြမှာက သူယောင်မယ်လို့ ဆိုရမယ့်မိန်းမရဲ့ ညာဘက်လက်ပါ”
“ဗျာ”
“အသေကောင်ရဲ့အကြွင်းအကျန်လက်တစ်ဖက်ဆိုပါတော့” “စိတ်ဝင်စားစရာ ကောင်းလှချေလားဗျာ .. ဘယ်မှာရှိတာလဲ၊ သူယောင်မယ် ဖြစ်တယ်ဆိုတာကော အထောက်အထားရှိသလား” “ဆရာကြီးလေ့လာနိုင်အောင်ကျွန်တော်စီစဉ်ထားပြီးပါပြီ။ ပိုင်ရှင်ဖြစ်တဲ့ သူတွေကဒီအကြောင်းကို ဘယ်သူမှ မသိစေချင်တော့ဘူး။ ဇာတ်မြှုပ်ထား တာ တော်တော်ကြာပြီ။ ရှေးလူကြီးတွေ သိပေမယ့် နောင်လာနောင်သား တွေက မသိကြတော့ဘူး။ ကျွန်တော်တောင် ပိုင်ရှင်ရဲ့အဆက်အနွယ်က ကျွန်တော့်သူငယ်ချင်းမို့လို့ သိနေတာ။ အခုလည်းဆရာကြီးကိုပြချင်တယ် ဆိုတာတော်တော်ပြောယူရတယ်။ ဆရာကြီးလုပ်နေတဲ့လုပ်ငန်းနဲ့ဆရာကြီး ရဲ့ဂုဏ်ပုဒ်တွေကိုပြောပြမှ ခွင့်မပြုချင် ပြုချင်နဲ့ပြုတော့တာ ဆရာကြီး” “အားနာစရာများ… ဖြစ်နေမလားဗျာ”
“အို… အားနာရတာထက် ထူးဆန်းတဲ့အကြောင်းအရာတစ်ခုကို သိရ မြင်ရတာက ပိုပြီး တန်ဖိုးရှိပါတယ် ဆရာကြီး။ ကျွန်တော်က ဆရာကြီး မြင် စေချင်လို့ သူငယ်ချင်းအဖေကိုဇွတ်တောင်းဆိုထားတာ”
“ဒီလောက်တောင်ပဲလားဗျာ”
“သူတို့က ခွင့်ပြုတယ်ဆိုတာတောင်တစ်ခုတော့ကန့်သတ်လိုက်သေး တယ်ဗျ၊ ဖုတ်သွင်းမင်းသမီးလက်ကို ဓာတ်ပုံရိုက်ခွင့် မပြုနိုင်ဘူးတဲ့” “ဓာတ်ပုံမရိုက်ရတာ ကိစ္စမရှိပါဘူးဗျာ၊ ထူးဆန်းတဲ့အကြောင်းအရာ
တစ်ခု သိခွင့် ကြုံရရင်ပဲကျေနပ်ပါပြီ”

“ဒီနေ့လပြည့်နေ့ဖြစ်တာသိပ်ဟန်ကျတာပဲဆရာကြီး-နို့မို့ဖြင့်လပြည့်
နေ့ရောက်အောင် ဆရာကြီး စောင့်နေရဦးမယ်”
“လပြည့်နေ့နဲ့ သူယောင်မယ်ရဲ့လက်က သက်ဆိုင်လို့လားဗျာ” “ဟိုရောက်တော့ သိရမှာပေါ့ဆရာကြီး”
ညနေ ခြောက်နာရီခန့်တွင် ဖုတ်သွင်းမင်းသမီးလက်တော်ရှိသည်ဆို သည့်ဦးရာမောင်၏သူငယ်ချင်းအိမ်သို့ထွက်ခဲ့ကြလေသည်။ အိမ်ချင်းမဝေး လှ၍ခြေကျင်ပင် လျှောက်ခဲ့ကြသည်။
ဦးရာမောင်အိမ်ကကမ်းနားလမ်းတွင်ရှိရာကျွန်ုပ်နှင့်ဦးရာမောင်သည် ဧရာဝတီမြစ်ကမ်းဘေးကမ်းနားလမ်းအတိုင်းလျှောက်ခဲ့ကြလေ၏။ ညနေ
ခင်းအချိန် မြစ်ကမ်းနဖူးအတိုင်း လမ်းလျှောက်ရသည်မှာ လေကောင်း လေသန့်ရ၍အေးအေးလူလူ ရှိလှပေသည်။
ကျွန်ုပ်တို့သည်တောင်ဘက်သို့လျှောက်လာခဲ့ရာ(၂)မိုင်ခန့်လျှောက်
မိသည်တွင် ဦးရာမောင်ကမြစ်ကမ်းဘေးမှ ခြံကျယ်ကြီးတစ်ခုကိုလက်ညှိုး ညွန်ပြလိုက်လေ၏။
“ကျွန်တော်တို့သွားမှာ… အဲဒီခြံပဲ ဆရာကြီး”
ကျွန်ုပ်ကဦးရာမောင်ညွှန်ပြသောခြံကျယ်ကြီးကိုလှမ်းမျှော်ကြည့်လိုက် ရာအတော်အတန်ကျယ်ဝန်းပြီးခြံထဲ၌အဆောက်အအုံများစွာကိုတွေ့မြင်
ရလေသည်။ တစ်ခုသော အဆောက်အအုံ၏ မီးခိုးခေါင်းတိုင်မှ မီးခိုးများ ထွက်နေသည်ကို မြင်ရရာ စက်ရုံတစ်ခုဖြစ်ကြောင်း ခန့်မှန်းမိလေသည်။ ထရပ်ကားအသေးစားသုံးလေးစီးရပ်ထားသည်ကိုလည်းတွေ့ရ၏။
“ဘာစက်ရုံလည်းဗျာ”
“နို့ချက်စက်ရုံပါ…ဟောဟိုကမြင်ရတဲ့တဲတန်းရှည်ကနွားတွေမွေးထား တဲ့ခြံလေ။ နွားကောင်ရေတစ်ထောင်ကျော်ရှိတယ်။ အားလုံးနို့စားချည်းပဲ၊ နို့လုပ်ငန်းကိုအထက်မြန်မာပြည်မှာ သူတို့အတွင်ကျယ်ဆုံးလုပ်နေတာပေါ့” “ဦးရာမောင် … သူငယ်ချင်းက တော်တော်ချမ်းသာတာပဲ”
“ချမ်းသာတာတော့ မပြောနဲ့ … အိမ်ဝင်းထဲမှာတင် သစ်စက်ရှိသေး တယ်။ ဒီကနေ လှမ်းမမြင်ရလို့ မြို့ထဲက စူပါမားကက်ကလည်း သူတို့ပိုင် တာပဲ”

“ဒါတွေအားလုံးဟာဖုတ်သွင်းမင်းသမီးလက်တော်ရဲ့အကျိုးပေးကြောင့်
လို့ သူတို့က ယုံကြည်ကြတယ်ဗျ”
ဖုတ်သွင်းမင်းသမီးလက်က မည်သို့ အကျိုးပေးသည်ကို စိတ်ဝင်စားမိ သော်လည်းခြံနှင့်နီးလာပြီဖြစ်၍ ဆက်မမေးဖြစ်တော့ပေ။
လူနေအိမ်မှာ စက်ရုံများ၊ အလုပ်ရုံများ၊ အရောင်းခန်းမများ၏ နောက် ဘက် ခပ်ကျကျတွင်ရှိသော ကြီးမားသည့် သုံးထပ်တိုက်ကြီး ဖြစ်လေ သည်။
ကျွန်ုပ်တို့သုံးထပ်တိုက်ရှေ့သို့အရောက်တွင်ဦးရာမောင်၏သူငယ်ချင်း ကကြိုဆိုနေလေ၏။ ဦးရာမောင်ကကျွန်ုပ်နှင့်၎င်း၏သူငယ်ချင်းဦးထွဋ်ခေါင် ကိုမိတ်ဆက်ပေးလိုက်သည်။
“အလယ်ထပ်ကို ကြွပါ ဆရာကြီး… ကျွန်တော့်အဖေနဲ့ တွေ့လိုက်ပါဦး ခင်ဗျာ။ ဖေဖေ စောင့်နေပါတယ်”
ကျွန်ုပ်တို့ အလယ်ထပ်ကို ရောက်သည့်အခါ ဧည့်ခန်း၌ ထိုင်နေသော အတော်အိုမင်းနေသည့် အဘိုးကြီးတစ်ယောက်ကိုတွေ့ရလေသည်။ “ဖေဖေ … ဒါ – ရာမောင့်ရဲ့ဧည့် သည် ဒေါက်တာစိုးထိုက်ဆိုတာပါ။ ဖုတ်သွင်းမင်းသမီးလက်တော်ကိုကြည့်ဖို့ ခွင့်တောင်းထားတဲ့ ဧည့်သည်ပါ
ဖေဖေ”
အဘိုးကြီးမှာနားလေးဟန်တူပါသည်။ ဦးထွဋ်ခေါင်ကစကားခပ်ကျယ် ကျယ်ပြောနေသည်ကိုတွေ့ရ၏။
ရှိပါပြီ”
“ကျွန်တော့်အဖေ – ဦးဘုံပျံပါဆရာကြီး…….ဖေဖေကအသက်(၉၈)နှစ်
“တွေ့ရတာ …ဝမ်းသာပါတယ် ဦးကြီးခင်ဗျာ”
ကျွန်ုပ်က ဦးဘုံပျံကို လက်အုပ်ချီကာ နှုတ်ဆက်ဂါရဝ ပြုလိုက်လေ သည်။

“ဒေါက်တာစိုးထိုက်… ဆိုတော့ ဆေးဆရာဝန်လား” “ဟုတ်ပါတယ် .. ခင်ဗျာ”
“ဖုတ်သွင်းမင်းသမီးလက်ကို ကြည့်ချင်တယ်ဆိုတာ တကယ့်လူရဲ့ လက်ဟုတ်-မဟုတ် ဆေးပညာနဲ့စစ်ဆေးချင်လို့လား”
“မဟုတ်ပါဘူး.. အဘရယ် ဆရာကြီးက ဝိညာဉ်နဲ့ နာနာဘာဝကိစ္စ တွေကို သုတေသန လုပ်နေတဲ့ သုတေသီတစ်ယောက်ပါ။ ဖုတ်သွင်း မင်းသမီးလက်ကို ကျွန်တော်က မြင်စေချင်လို့ ဆရာကြီးကို ခေါ်လာပြီး ပြတာပါ”
ဦးရာမောင်ကဝင်ရှင်းပြလိုက်သည်။
“ဪ.. ဟုတ်လား- တကယ့်လူသားရဲ့လက် ဟုတ်မဟုတ် စစ်ဆေး မယ်ဆိုရင်တော့စစ်လို့မရနိုင်ဘူးလို့အဘကပြောမလို့ပါ။မျက်မြင်အတိုင်းက တော့ သစ်သားအပိုင်း အစတစ်ခုပဲလေ။ ရာဇဝင်ကိုသိမှသာ စိတ်ဝင်စား စရာကောင်းမှာကိုး၊ ရာမောင်က ဖုတ်သွင်းမင်းသမီးရာဇဝင်ကို ပြောပြပြီး ပလား”
“မပြောရသေးပါဘူးအဘ…လက်ကိုပြရင်းကမှပြောမလို့ပါ” “အေး..ကောင်းတယ်-ထွဋ်ခေါင်ယူပြလိုက်ပါကွယ်”
ဦးထွဋ်ခေါင် ပြန်ဝင်လာသည့်အခါ လက်ထဲတွင် ငွေလင်ပန်းလေး တစ်ချပ်နှင့်အတူ လင်ပန်းထဲတွင် ကတ္တီပါအနီစခံ၍ ထည့်ထားသော လက် တစ်ဖက်ကိုတွေ့ရလေသည်။
ဦးထွဋ်ခေါင်က ငွေလင်ပန်းလေးကို ဆက်တီစားပွဲပေါ်သို့ ချလိုက်
လေ၏။
ကျွန်ုပ်က လင်ပန်းပေါ်မှ လက်ကလေးကို ကြည့်လိုက်ရာ လက်မှာ လက်ကောက်ဝတ်အောက်နားဆီမှပြတ်နေသည်ကိုမြင်ရလေ၏။ လက်၏ သေးသွယ်ညွတ်ပျောင်းပုံမှာမိန်းမတစ်ယောက်၏လက်ဖြစ်ကြောင်းသိသာ လှပါသည်။ လက်သီးဆုပ်ထားသည့်သဏ္ဌာန်အတိုင်းတည်ရှိနေပေသည်။ “သဘာဝအတိုင်း ဒီပုံစံ ဖြစ်နေတာလားဗျာ”
ကျွန်ုပ်က စားပွဲဆီသို့ ငုံ့ကိုင်း၍ကြည့်ရင်းမေးလိုက်လေသည်။

“မဟုတ်ပါဘူး…သစ်သားကိုထုထားတာပါ။ သစ်သားကိုမိန်းမပုံထုထား ရာက အရုပ်ကိုမီးရှို့လို့ ကျန်တဲ့အပိုင်းအစပါ ဆရာကြီး ကိုင်ကြည့်နိုင်ပါ တယ်ကိုင်ကြည့်ပါ”
ကိုင်ကြည့်ခွင့်ပြုလိုက်သည့်အတွက် ကျွန်ုပ်က လက်ပြတ်ကလေးကို လင်ပန်းပေါ်မှ အသာမယူလိုက်လေသည်။
“အို… တော်တော်လက်ရာမြောက်တာပဲ၊ လက်ဆစ်ကလေးတွေ အကြောကလေးတွေကအစပါအောင်ထုထားတာပဲနော်။ လက်သည်းတွေ ကလည်း တကယ့်လက်သည်းအတိုင်းပါလားဗျာ။ အရုပ်တစ်ခုလုံးများ ကြည့်ရရင် ဘယ်လောက်လက်ရာမြောက်လိုက်မလဲ၊ အရုပ်က ဘာလို့ မီးလောင်သွားတာလဲ”
“မီးလောင်သွားတာမဟုတ်ဘူးကွဲ့..တမင်ရှို့ပစ်လိုက်တာ၊ အဲ- အရှု့ခံ
ရတာ ဆိုပါတော့”
ဦးဘုံပျံကပက်လက်ကုလားထိုင်တွင်ထိုင်နေရာမှကျွန်ုပ်ကိုလှမ်းပြော
လိုက်သည်။
“ဪ… ဒီလိုလား”
“လက်ပြတ်ရဲ့ ရာဇဝင်ကို ကြားရရင် မောင်ရင် ရှင်းသွားပါလိမ့်မယ်။ ထွဋ်ခေါင်ကပြောပြပါလိမ့်မယ်။ အဘတော့ နားဦးမယ်ကွယ်။ အသက်ကြီး တော့ ကြာကြာထိုင်လို့ မရဘူး။ ခါးက နာတယ်ကွဲ့”
“ဟုတ်ကဲ့… နားပါအဘ – နားပါ”
“ထွဋ်ခေါင် .. ငါ့ကို အခန်းထဲလိုက်ပို့စမ်း ပြီးရင် ဆရာဝန်ကို ဖုတ်သွင်း မင်းသမီးအကြောင်းပြည့်စုံအောင် ပြောပြလိုက်”
ဦးထွဋ်ခေါင် အဘိုးကြီးကို အခန်းထဲလိုက်ပို့စဉ် ကျွန်ုပ်က လက်ပြတ် ကလေးကိုအပြန်ပြန်အလှန်လှန်ကြည့်နေမိလေသည်။ လက်ကောက်ဝတ် အရင်းနားဆီမှ ပြတ်နေရာ မီးလောင်ထားသော အစအနများကို မြင်ရလေ
၏။
“ဟင်… လက်ဝါးမှာလက္ခဏာအရေးအကြောင်းလေးတွေပါထည့်ထု ထားတာပဲ၊ အသေးစိတ်လိုက်တာဦးရာမောင်ရယ်”

“လက်သူကြွယ်ကို သတိထားကြည့်ပါဦး ဆရာကြီး၊ အရင်းနားမှာ နည်းနည်း သိမ်နေတာ သတိထားမိလား”
“အင်း.. ဟုတ်ပါရဲ့”
“အဲဒါ- လက်စွပ်ဝတ်ထားလို့ သိမ်နေတာလေ”
“ဟင် .. အရုပ်ကိုထုတော့ လက်စွပ်ဝတ်တဲ့ ပုံစံထုတာလား။ ဒီလိုဆို လက်စွပ်က ဘယ်ရောက်သွားလဲ။ လက်ပုံစံချည်းထုပြီးမှ လက်စွပ်ကို စွပ် ပေးတာလား။ ဒီလိုဆိုလည်း သစ်သားဆိုတော့ လူ့အသားအရည်လို သိမ် သွားတဲ့ အရာမျိုးမှ မဟုတ်ပဲ”
“သစ်သားပန်းပုရုပ်ဘဝမှာလက်စွပ်ဝတ်တာမဟုတ်ပါဘူးဆရာကြီး။ အသက်ဝင်လာမှ လက်စွပ်ဝတ်လို့ လက်စွပ်နေရာမှာ သိမ်နေတာပါ” “ဦးရာမောင်ဆိုလိုတာကသစ်သားပန်းပုရုပ်ဟာအသက်ဝင်လာခဲ့တယ်
ဆိုတဲ့ သဘောပေါ့”
ကျွန်ုပ်က အံ့ဩစွာနှင့် မယုံသင်္ကာစွာမေးလိုက်မိလေသည်။ “ဒါတွေကို … ကိုထွဋ်ခေါင် ပြောပြရင် ရှင်းသွားပါလိမ့်မယ်” ဦးထွဋ်ခေါင် ပြန်ရောက်လာလေသည်။
ဦးထွဋ်ခေါင်က ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ဝင်ထိုင်
လိုက်၏။
“ကဲ- ကိုထွဋ်ခေါင် – ဒေါက်တာစိုးထိုက်ကတော့ ဖုတ်သွင်းမင်းသမီး အကြောင်းကို သိပ်စိတ်ဝင်စားနေပြီ။ ပြောပြပေတော့”
ဦးထွဋ်ခေါင် ပြောပြသည့်အကြောင်းများ၌ မည်သည့်ခေတ်ကာလ၊ မည်သည့်မင်းလက်ထက်မင်းနေပြည်တော်တည်နေရာစသည်များတိကျစွာ ပါဝင်ပါသည်။ သို့ရာတွင် ကာယကံရှင်များမှ ဖုတ်သွင်းမင်းသမီးလက်ကို ဓာတ်ပုံရိုက်ခွင့် မပြုရုံမက လူထုပရိသတ် သိရှိအောင် ကြေငြာခြင်း မပြုရန် ကတိတောင်းခံလိုက်သည့်အတွက် ဇာတ်အသွားအလာလောက်ကိုသာ ပြန်လည်ဖော်ပြလိုက်ပါသည်။

ထူးဆန်းသောဖြစ်ရပ်ဖြစ်ပွားရာမြို့မှာထိုခေတ်ကမြန်မာနိုင်ငံအထက် အညာအရပ်တွင် ထင်ရှားသည့်မြို့တစ်မြို့ ဖြစ်ပါသည်။ ယခုခေတ်တွင်ထိုမြို့ ကြီးမှာတိမ်ကောသွားပြီဖြစ်၍ကျေးရွာအဆင့်သာတည်ရှိပါတော့သည်။
မြို့ကြီးတွင် ငနက်ကျော်ဆိုသူ မင်းမှုထမ်းတစ်ဦးက မြို့စားမင်းအဖြစ် အုပ်ချုပ်နေချိန်ဖြစ်ပေသည်။ ငနက်ကျော်မှာရက်စက်ကြမ်းကြုတ်ပြီး မြို့သူ
မြို့သားများအားကြမ်းတမ်းစွာအုပ်ချုပ်စီရင်တတ်သူဖြစ်ပေသည်။မည်မျှပင်
ကြမ်းကြုတ်ရက်စက်သူဖြစ်သော်လည်းရပ်ရွာငြိမ်ဝပ်ပိပြားအောင်အုပ်ချုပ်
နိုင်သူဖြစ်၍ဘုရင်မင်းမြတ်ကိုယ်တိုင်ပင်ငနက်ကျော်အားဘွဲ့ထူးဂုဏ်ထူးများ
ချီးမြှင့်ကာမြှောက်စားခိုင်းစားခိုင်းစေရခြင်းဖြစ်ဟန်တူပေသည်။ငနက်ကျော် ကလည်း အခွန်တော်များ တိကျစွာ ကောက်ခံပေးခြင်း၊ ပုန်ကန်ထကြွသူ များကို ရက်စက်စွာ နှိမ်နင်းပေးခြင်းအပြင် ဘုရင်မင်းမြတ်အတွက် လက် ဆောင်ပဏ္ဏာများဆက်သကာဖြင့် မင်းအလိုကျဆောင်ရွက်ပေးလျက်ရှိရာ သူ့မြို့သူ့ရွာ၌ ငနက်ကျော်သည် ဘုရင်တစ်ဆူသဖွယ် မင်းမူလျက် ရှိလေ
သည်။
မြို့နှင့်ခရီးနှစ်တိုင်ခန့်ဝေးသောအရပ်၌ ရွာငယ်တစ်ခု ရှိပေသည်။ ရွာကလေးမှာအိမ်ခြေငါးဆယ်ခန့်သာရှိပြီး လယ်ယာကိုင်းကျွန်းလုပ်ငန်းဖြင့် အသက်မွေးသူများ နေထိုင်ကြပေသည်။
ထိုရွာမှဦးဒိဗ္ဗဆိုသူလူတစ်ဦးရှိလေသည်။ဦးဒိဗ္ဗသည်လက်ယာလုပ်ငန်း ကိုမလုပ်ကိုင်ပဲထူးခြားစွာပင်ပန်းပုလုပ်ငန်းဖြင့်အသက်မွေးလျက်ရှိပေ၏။ မျိုးရိုးစဉ်ဆက် ပန်းပုပညာရှင်များဖြစ်ရာ အဘိုးအဖေတို့၏ ပညာများကို ကောင်းမွန်စွာ သင်ယူနိုင်ခဲ့သူ ဖြစ်ပေ၏။ ဦးဒိဗ္ဗ၏ပန်းပုလက်ရာများမှာ ကောင်းလွန်းလှ၍မြို့အရပ်မှပင်မှာယူခြင်း၊အလုပ်အပ်ခြင်းများပြုလုပ်ရလေ သည်။ ဦးဒိဗ္ဗကလည်းသူထုလုပ်ထားသောပန်းပုရုပ်များကိုတစ်လတစ်ကြိမ် မြို့ပေါ်သို့ သွားပို့လေ့ရှိလေသည်။
ဦးဒိဗ္ဗသည် သူ၏ ပန်းပုပညာဖြင့် မြို့ ပြတွင် အခြေတကျ နေထိုင်နိုင် သော်လည်းတောရွာဇနပုဒ်ခွာလို့မဖြစ်သည့်အကြောင်းတစ်ရပ်ရှိပေသည်။ ဦးဒိဗ္ဗ၏ ဇနီးဖြစ်သူမှာ ရပ်ရွာမှ စုန်းအဖြစ် စွပ်စွဲခံထားရသော မိန်းမကြီး တစ်ယောက် ဖြစ်လေသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ရပ်ရွာထဲတွင်ကပ်ရောဂါသင့်၍လူအများအပြားသေလွန်ခဲ့ရာရှေးကျသောတောအရပ်၏
ထုံးစံအတိုင်းဦးဒိဗ္ဗ၏ဇနီးက ပြုစားသည်ဆိုကာစုန်းဟုယိုးစွပ်ကြလေတော့
သည်။
ဦးဒိဗ္ဗ၏ဇနီးဒေါ်အိုဇာမှာလည်းမဟုတ်မခံဆတ်ဆတ်ကြဲဖြစ်ပေရာသူမ အပေါ်အထင်မှားအမြင်မှားရှိသည်များကိုမဖြေရှင်းဘဲငါဟာစုန်းပဲ၊
ဘာဖြစ်
သေးလည်းဟု အရွဲ့တိုက်ကာ ပြောဆိုခဲ့ပေသည်။ ဒေါ်အိုဇာတကယ် စုန်း၊ ဟုတ်၊ မဟုတ်ကို မည်သူမျှ မသိကြပေ။ မရှိခိုးနိုး၊ မလှစုန်းရိုးဆိုသည့်စကား အတိုင်း မရှိလည်းမရှိ၊ မလှလည်း မလှရှာသော ဒေါ်အိုဇာသည် ရပ်ရွာ၏ တစ်ဖက်သတ်စွပ်စွဲခြင်းကို ခံခဲ့ရသည်။ ပြန်၍လည်း မဖြေရှင်းခဲ့ပေ။
နောက်ဆုံး ဒေါ်အိုဇာတို့လင်မယားအား ရွာထဲတွင် မထားတော့ဘဲ ရွာအပြင်သို့နှင်ထုတ်လိုက်ကြလေတော့သည်။ စုန်းများကိုရွာထဲအဝင်မခံ
ဘဲရွာပြင်တွင်သာနေခွင့်ပေးသည့်ထုံးစံမှာထိုခေတ်အခါကစခဲ့သောထုံးစံ
တစ်ခုဖြစ်ပေသည်။
ဤဇာတ်လမ်းဖြစ်ပေါ်ချိန်၌ အသက်ကြီးလှပြီဖြစ်သော ဒေါ်အိုဇာကြီး သည်မျက်စိကွယ်လျက်ရှိလေပြီ။
ဦးဒိဗ္ဗမှာမူ ပန်းပုပညာတွင် အောင်မြင်ပေါက်မြောက်ပြီး မြို့ပြ၌ သွားရောက် စီးပွား ရှာနိုင်ပါလျက် မျက်မမြင် ဇနီးကိုငဲ့ကာ တောအရပ်၌ပင် နေထိုင်ခဲ့ခြင်း ဖြစ်ပေ၏။
ရွာရှိလူများသည် လယ်ယာလုပ်ငန်းခွင်သို့ ဝင်သည့်အခါ ရွာပြင်ဘက် တွင် နေထိုင်သည့် ဦးဒိဗ္ဗနှင့်ဒေါ်အိုဇာတို့လင်မယားတဲရှေ့မှ ဖြတ်သွားရမြဲ ဖြစ်လေသည်။ထိုအခါတဲရှေ့တွင် ဦးဒိဗ္ဗပန်းထုထုပ်နေသည့်မြင်ကွင်းကို၎င်း၊ ဦးဒိဗ္ဗိထုလုပ်ပြီးသည့်ပန်းပုရုပ်များ ချထားသည်ကို၎င်း မြင်တွေ့နေတတ် ပေ၏။ ဒေါ်အိုဇာကြီးသည်လည်း ခင်ပွန်းဖြစ်သူ အလုပ်လုပ်သည့်အနီးတွင် တောင်ဝှေးကြီး ထောက်လျက်ထိုင်နေတတ်လေသည်။
ဦးဒိဗ္ဗ၏ပန်းပုလက်ရာများမှာ လှပ၍အသက်ဝင်နေတတ်ရာ မနေနိုင် သူအချို့က ပန်းပုလက်ရာများကို အနီးကပ် လာရောက်ကြည့်ရှုကြလေ သည်။ ဦးဒိဗ္ဗ၏လက်ရာများမှာ မချီးမွမ်းပဲ မနေနိုင်လောက်အောင်ပင် ကောင်းမွန်သေသပ်၍အသက်ဝင်လှပေ၏။

တစ်နေ့သ၌ မြို့စားမင်းငနက်ကျော်၏ မင်းမှုထမ်းများ ဦးဒိဗ္ဗ၏တဲသို့
ရောက်လာကြလေသည်။လာကြသည့်အကြောင်းရင်းမှာဦးဒိဗ္ဗအားပန်းပုရုပ်
တစ်ခု အပ်နှံရန် ဖြစ်ပေ၏။ မြို့စားမင်း ငနက်ကျော်ကိုယ်တိုင်က ဦးဒိဗ္ဗ၏ ပန်းပုလက်ရာများကောင်းမွန်ကြောင်း သတင်းကိုကြားသိရကာဦးဒိဗ္ဗဆီသို့
အလုပ်အပ်ရန် စေလွှတ်လိုက်ခြင်းဖြစ်လေသည်။
မင်းမှုထမ်းများသည်အသင့်ခုတ်ယူလာပြီးဖြစ်သော သစ်သားတုံးကြီး ကိုလှည်းဖြင့်တင်ဆောင်လာကာဦးဒိဗ္ဗအားပန်းပုရုပ်ထုပေးရန်အပ်နှံလေ
သည်။
“မောင်မင်းရဲ့ပန်းပုလက်ရာများကို မြို့စားမင်းကိုယ်တိုင် နှစ်သက်လို့ ဤသစ်တုံးအား ပန်းပုရုပ်ထုလုပ်ရန် စေလွှတ်လိုက်ခြင်း ဖြစ်ပေတယ်။ မောင်မင်းရဲ့လက်ရာ ပန်းပုရုပ်များဖြင့် မြို့စားမင်း၏နေအိမ်၌ အလှအပ ဆင်ယင်ထားပြီးလည်းဖြစ်တယ်။အခုဆောင်ယူလာတဲ့သစ်တုံးကိုမိန်းမလှ ရုပ်တစ်ခုထုလုပ်ပေးဖို့မြို့စားမင်းကအမိန့်တော်ချမှတ်လိုက်တယ်မောင်မင်း။ မိန်းမလှရုပ်ကိုဘုရင်မင်းတရားကြီးအားလက်ဆောင်ပဏ္ဏာအဖြစ်အပ်နှင်းဖို့ ရည်ရွယ်ထားတယ် မောင်မင်း။ သည်တော့ကာ မြို့စားမင်းသာမက ဘုရင်မင်းမြတ် နှစ်သက်တော်မူရန်ပါ ကြိုးစားထုလုပ်ပေတော့”
မင်းမှုထမ်းများကလက်ခအဖြစ်ရွှေဒင်္ဂါးအနည်းငယ်ကြိုတင်ပေးခဲ့ကာ
ဦးဒိဗ္ဗအား ပန်းပုရုပ်ထုပေးရန် အပ်နှံလေသည်။
မင်းမှုထမ်းများကလက်ခအဖြစ်ရွှေဒင်္ဂါးအနည်းငယ်ကြိုတင်ပေးခဲ့ကာ
ဦးဒိဗ္ဗအား မိန်းမလှရုပ်ထုလုပ်ရန် အပ်နှံခဲ့ပေသည်။
ထိုနေ့နောက်ပိုင်းမှစ၍ဦးဒိဗ္ဗတစ်ယောက်မြို့စားမင်းအပ်နှံလိုက်သည့်
သစ်သားတုံးအား မိန်းမလှရုပ်ဖြစ်အောင် ထုလုပ်နေသော မြင်ကွင်းကို ရွာသူ၊ရွာသားများ မြင်တွေ့နေရတော့သည်။
သစ်သားတုံးမှာ လူတစ်ရပ်စာရှိ၍ လုံးပတ်မှာလည်း လူကြီးတစ်ဖက် စာမျှ ကျယ်လေရာ ပကတိလူအရွယ်အစားရှိသည့် မိန်းမရုပ်ကို ထုလုပ်ရန် လုံလောက်နေပေသည်။ဦးဒိဗ္ဗကသူတတ်ကျွမ်းသောပညာဖြင့်ပန်းပုရုပ်အား အကြမ်းထည် ထုလုပ်လိုက်လေ၏။ တစ်ပတ်မျှကြာချိန်တွင် မိန်းမ

တစ်ယောက်၏ ကိုယ်ဟန်အနေအထားကို ခန့်မှန်းနိုင်သော အကြမ်းထည် ပြီးစီးသွားလေသည်။
မိန်းကလေးတစ်ယောက်သည် ညာဘက်လက်ကို ရွေ့၍ ရပ်နေကာ ဘယ်ဘက်ဘက်ကို ရင်ပတ်ပေါ်၌ တင်ထားလေသည်။ ညာဘက်လက်ဖြင့် ပခုံးမှကျလာသောပုဝါကိုမခို့တရို့ကိုင်ထားဟန်မှာအကြမ်းထည်ပန်းပုရုပ်
ကို ကြည့်ခြင်းဖြင့် ပုံပေါ်နေလေ၏။
ထို့နောက်ဦးဒိဗ္ဗသည်အရုပ်ကိုအထက်ပိုင်းမှစ၍အသေးစိတ်ချယ်မှုန်း
လေတော့သည်။ ဦးခေါင်းပိုင်းအား အသေးစိတ်စတင်ထုလုပ်ရာ တစ်ပတ်
ခန့်အကြာတွင်နတ်တမျှလှပသောမိန်းကလေးတစ်ယောက်၏ဦးခေါင်းပိုင်း
မှာ ရုပ်လုံးပေါ်လာလေတော့၏။
ဦးဒိဗ္ဗတို့အိမ်ရှေ့မှဖြတ်သွားသူများသည်မိန်းမငယ်၏မျက်နှာအလှကို နှစ်ခါပြန် မကြည့်ဘဲ မနေနိုင်။ ဒေါ်အိုစာကို စုန်းအဖြစ် ကြောက်ရွံ့၍ အဝင် အထွက်မပြုရဲသူများပင်ကြောက်သည်ကိုအသာထား၍အိမ်ဝင်ထဲဝင်လာ ကာငေးမောကြည့်ရှုကြလေသည်။ ချီးမွမ်းကြလေသည်။
ခင်ပွန်းသည်အား ချီးမွမ်းသံများကို ကြားနေရသည့်ဒေါ်အိုဇာသည် တပြုံးပြုံးဖြင့် ကျေနပ်နေရှာလေ၏။
နောက်တစ်ပတ်ခန့်ကြာသည့်အခါခန္ဓာကိုယ်အထက်ပိုင်းကိုခြယ်မှုန်း ပြီးစီးသွားပြန်လေသည်။ ဦးဒိဗ္ဗသည် မိန်းမလှရုပ်ကိုစတင်ထုလုပ်သည့်နေ့ မှစ၍ အခြားအရုပ်များကို မကိုင်တော့ဘဲ မိန်းမလှရုပ်ကိုသာ တစ်နေ့လုံး ထုလုပ်နေတော့သည်။ လသာသောညများဆိုလျှင် ညအချိန်ကိုပါ အအား မထားပဲ ပန်းပုထုခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့လေ၏။
တစ်စတစ်စနှင့် ရုပ်လုံးပေါ်လာသော မိန်းမလှရုပ်မှာ မိန်းမမြတ်တို့ ကြန်အင်လက္ခဏာနှင့် ပြည့်စုံရုံမက လှပချောမောကာ နန်းဆန်သော မြို့ကြီးသူတစ်ယောက်ဟန်ပန်ဖြင့် မြင်သူတကာကို အံ့ဩမှင်တက်စေလေ
တော့သည်။
ဦးဒိဗ္ဗကိုယ်တိုင်လည်း မိမိထုလုပ်သည့် မိန်းမရုပ်၏လှပချောမွေ့မှုကို ကြည့်ကာမိန်းမလှရုပ်အားသမီးလေးတစ်ယောက်ကဲ့သို့ချစ်ခင်မြတ်နိုးစိတ်
များတဖွားဖွားပေါ်ပေါက်လာရလေတော့၏။

မနက်ခင်းများတွင် အိမ်ရှေ့မှ ဖြတ်သွားသူများသည် အိမ်ဝင်းထဲသို့ ဝင်လာကာ မိန်းမလှရုပ်ကို ကြည့်ရှုလေသည်။
“လှပါဘိ..ချောပါဘိတော့ – အသက်များရှိရင်လူလို့တောင်ထင်စရာ မရှိ၊ နတ်သမီးတစ်ပါးလို့ ထင်မိရမှာပဲကွယ်ရို့”
“ဟုတ်ပါရဲ့….ဒီအရုပ်မလေးကိုအသက်ရှင်ရက်နဲ့လူလို့တောင်ထင်စရာ မရှိ၊ နတ်သမီးတစ်ပါးလို့ ထင်မိမှာပဲကွယ်ရို့”
တယ်”
“ဟုတ်ပါရဲ့….ဒီအရုပ်မလေးကိုအသက်ရှင်ရက်နဲ့မြင်ချင်စမ်းပါဘိတော့
“ဦးဒိဗ္ဗရယ် – အရုပ်အပေါ်မှာ မေတ္တာယိုဖိတ်ပြီး ထုလုပ်လို့ ဒါလောက် လှနေတာများလားဗျာ”
အများသူငါ ချီးမွမ်းပြောဆိုသည့်စကားများကို ကြားနေရသည့် ဒေါ်အိုဇာသည်-
“ငါ့ယောက်ျားထုထားတဲ့ အရုပ်ကလေးဟာ အဲ့သလောက်တောင် လှသလားဟဲ့ မြင်ချင်စမ်းပါဘိတော့တယ်”
“သိပ်လှတာပဲရီးအိုဇာ-ရီးအိုဇာမြင်ရရင်တော့ ငါ့သမီးလေးသာ
ဖြစ်လိုက်ပါတော့လို့ တွေးမိမှာပဲဗျို့”
“ငါကလည်း သမီးချောသမီးလှလေးတစ်ယောက် လိုချင်နေတာ ကြာပါပြီကွယ်။ ဒီ မိန်းမလှရုပ်လေးသာ အသက်ဝင်လာရင် ဘယ်လောက် ကောင်းလိုက်မလဲဟေ့”
“အသက်ဝင်လာအောင် ရီးအိုဇာက လုပ်လိုက်ပေါ့”
“ဘာဟဲ့… ငါက အရုပ်ကိုအသက်ဝင်အောင်လုပ်ရမယ် ဟုတ်လား” “ရီးဇာအိုရဲ့ပညာနဲ့ အသက်ဝင်အောင်လုပ်ပြီး အရုပ်မလေးကို သမီး အဖြစ် မွေးစားလိုက်ပေါ့ရီးအိုဇာ”
ထိုအခါ စုန်းမဟု စွပ်စွဲခံထားရသော မျက်မမြင်မိန်းမအိုကြီးက ကျယ် လောင်စွာ အော်ဟစ်ရယ်မောလိုက်လေတော့သည်။ “ကောင်းတယ်ဟေ့…ကောင်းတယ် – အရုပ်မလေးအသက်ဝင်လာရင် သိပ်ကောင်းမှာပဲ။ ငါသမီးတစ်ယောက်ရတာပေါ့ဟား- ဟား”
ဦးဒိဗ္ဗထုလုပ်သည့်မိန်းမလှရုပ်၏သတင်းကိုကြားသိသောမင်းချင်းများ သည် အရုပ်ကို ဆောင်ယူရန်အတွက် ရွာသို့ ရောက်လာကြလေသည်။ မင်းချင်းများအား ဦးဒိဗ္ဗ၏အိမ်ဝင်းထဲတွင်မတ်တတ်ရပ်နေသောမိန်းမ လှရုပ်ကလေးက ဆီးကြိုနေလေသည်။
“အို…လှပါဘိ၊ချောပါဘိ၊ကျက်သရေရှိပါဘိ၊အရုပ်သာဆိုတယ်၊လူမက
နတ်တမျှ လှပါကလားကွယ်ရို – သဟာဖြင့် မောင်မင်းကို ဆုတော်လာဘ် တော်များ မြို့စားမင်းက ချီးမြှင့်မှာမြင်ယောင်သေးတယ်မောင်မင်း”

မင်းချင်းများက ပန်းပုရုပ်ကိုကြည့်ရင်း ချီးမွန်းခန်း ဖွင့်လိုက်လေသည်။ “ဟုတ်ပါဘိအရုပ်ဖြစ်တာတောင်တောရွာဇနပုဒ်နဲ့မတန်နန်းဆန်လှပါ
ဘိ၊ မြို့စားမင်းစိတ်ကြိုက်တွေ့ ဦးမှာပ”
“မိန်းမလှပန်းပုရုပ်ကို ငါတို့ဆောင်ယူသွားတော့မယ်မောင်မင်း” “သည်းခံပါမင်းချင်းတို့ ပန်းပုရုပ်ဟာ မပြီးဆုံးသေးပါ။ လက်စမသတ် သေးပါ။ အလုံးစုံပြီးမြောက်အောင် ကျွန်တော်မျိုး ထုလုပ်ပါရစေဦး” “အို.. ဒါလောက်တောင် လှပနေတဲ့ပန်းပုရုပ်ကို မပြီးစီးသေးဘူးလို့ မောင်မင်းဆိုချင်သလား”
“မှန်လှပါ… ဒီ့ထက်ပြီးပြည့်စုံအောင်မွမ်းမံပြင်ဆင်ပါရစေဦး၊ မြို့စားမင်း ထံမျက်နှာပန်းလှလှအပ်နှံချင်လို့ပါ”
စစ်စ်ဦးဒိဗ္ဗသည်ပန်းပုရုပ်အားပေးလိုက်ရမည်ကိုနှမျောလွန်းလှသော
ကြောင့် ဥပါယ်တံမျဉ်ဖြင့် ဆင်ခြေပေးလိုက်ခြင်း ဖြစ်လေသည်။ သူသည် ပန်းပုရုပ် မိန်းကလေးကို မစွန့်လွှတ်နိုင်အောင်ပင် ချစ်ခင်လျက်ရှိလေပြီ။ မင်းချင်းများကမူဦးဒီပါစကားကိုယုံကြည်ကာပြန်သွားကြလေတော့၏။ နောက်တစ်နေ့မနက်တွင် ဦးဒိဗ္ဗထုလုပ်ထားသော မိန်းမလှပန်းပုရုပ် ပျောက်ဆုံးသွားသောသတင်းမှာရွာအတွင်းသို့ပျံ့နှံ့သွားလေတော့၏။ ဦးဒိဗ္ဗသည်ကြီးမားသောပန်းပုရုပ်များကို၎င်းတို့တဲကလေးအတွင်းသို့
မသွင်းဘဲ အိမ်ခြံဝင်းထဲ၌ပင် ထားလေသည်။ ဦးဒိဗ္ဗ၏ပန်းပုရုပ်များ အိမ် အပြင်ဘက်တွင် သည်အတိုင်းထားသော်လည်း ပျောက်ဆုံးသွားသည်ဟု မရှိခဲ့ဘူးပေ။
မိန်းမလှရုပ်ကိုလည်း ဦးဒိဗ္ဗအိမ်ရှေ့မှ ဖြတ်သွားသူတိုင်းက မြင်နေရမြဲ ဖြစ်လေ၏။ မိန်းမလှလေးသည်လမ်းသွားလမ်းလာများကိုနှုတ်ခွန်းဆက်သ
နေသည့်သဖွယ်နေ့စဉ်မြင်တွေ့နေရခြင်းဖြစ်သည်။
ယနေ့မနက်တွင်လယ်တောသို့အဦးဆုံးထွက်ခွာလာသူလူတစ်စုသည် မြင်နေကျပန်းပုရုပ်ကိုမမြင်တွေ့သည့်အခါဦးဒိဗ္ဗ၏တဲသို့ဝင်၍မေးမြန်းကြ
လေသည်။
ထိုအခါမှ ဦးဒိဗ္ဗကိုယ်တိုင်လည်းပန်းပုရုပ်ပျောက်ဆုံးနေကြောင်းသိရ
လေတော့သည်။

“လူဆိုးသူခိုးတွေ
ခိုးဝှက်ယူငင်သွားပြီထင်ပါရဲ့ကွယ့်”
တစ်ရွာလုံးမှ ပန်းပုရုပ်ပျောက်ဆုံးမှုအတွက် ဝမ်းပမ်းတနည်းခံစားကြ
ရလေသည်။
“ဦးဒိဗ္ဗ မင်းပြစ်မင်းဒဏ်သင့်နေပါဦးမယ်ဗျာ”
“မတတ်နိုင်ဘူး…ပျောက်ဆုံးသွားတဲ့အကြောင်းမြို့စားမင်းကိုသံတော်
ဦးတင်ရတော့မှာပဲ”
ဦးဒိဗ္ဗသည်ထိုနေ့မှာပင်မြို့သို့သွားကာအဖြစ်အပျက်ကိုမြို့စားမင်းအား
တင်လျှောက်လိုက်လေတော့၏။
မိန်းမလှပန်းပုရုပ်ကိုအမှန်တကယ်ပင်ပျောက်ဆုံးသွားသည်ဟုရွာသူ ရွာသားများက အစပိုင်းတွင် ယုံကြည်ကြလေ၏။
သို့သော်တစ်ပတ်ခန့်ကြာသည့်အခါဦးဒိဗ္ဗအိမ်မှအပြောင်းအလဲများကို မြင်တွေ့ရသော ရွာသားများအဖို့ သံသယဖြစ်ဖွယ်များ တွေ့လာရတော့
သည်။
ထိုလ၏လပြည့်ညတွင်ဦးဒိဗ္ဗ၏အိမ်ဝိုင်းထဲ၌ဦးဒိဗ္ဗ၊ဒေါ်အိုဇာတို့နှင့်အတူ မိန်းကလေးတစ်ဦး အိမ်ရှေ့ကွပ်ပစ်ပေါ်၌ ထိုင်နေသည့် မြင်ကွင်းကိုလည်း ကောင်း မြင်တွေ့ရလေသည်။ ဦးဒိဗ္ဗ၊ ဒေါ်အိုဇာနှင့်မိန်းကလေးတို့သည် ချစ်ခင်ရင်းနှီးစွာ ရှိနေကြပေသည်။
နေ့ပိုင်းတွင်မူမည်သည့်ထူးခြားမှုမရှိဘဲအခြားသောပန်းပုရုပ်အငယ်စား များကို ထုလုပ်နေသည့် ဦးဒိဗ္ဗနှင့်ဘေးမှ ထိုင်နေသော ဒေါ်အိုဇာတို့ကိုသာ မြင်ကြရလေသည်။
မသင်္ကာသောရွာသားများက ညအချိန်တွင် ဦးဒိဗ္ဗအိမ်အနီးမှ ချောင်း မြောင်း ကြည့်ရှုကြရာ ညစဉ်ပင် ဦးဒိဗ္ဗတို့လင်မယားနှင့်မိန်းကလေးတစ်ဦး တို့ ချစ်ချစ်ခင်ခင် ရှိနေသည့်မြင်ကွင်းကို တွေ့ မြင်ကြရလေတော့သည်။ ထိုမိန်းကလေးသည် ဦးဒိဗ္ဗနှင့်ဒေါ်အိုဇာကို မိဘသဖွယ် ပြုစုပေးနေသည့် မြင်ကွင်းကိုလည်းတွေ့မြင်ရလေသည်။
ရဲတင်းသော ကာလသားများက အိမ်အနီးအထိ ချဉ်းကပ်၍ ချောင်းမြောင်းကြည့်ရှုကြရာမိန်းကလေးမှာပန်းပုရုပ်နှင့်ချွတ်စွပ်တူညီသော
မိန်းကလေးတစ်ယောက်ဖြစ်နေသည်ကိုတွေ့ ကြရလေတော့သည်။

“သည်အတိုင်းဖြင့် ဦးဒိဗ္ဗထုလုပ်တဲ့ ပန်းပုရုပ်က အသက်ဝင်လာတာ ဖြစ်မယ်”
“အလိုလိုအသက်ဝင်လာတာဟုတ်နိုင်ပါ့မလား။ သူ့မိန်းမစုန်းမကြီးက အသက်ဝင်အောင် ဖုတ်သွင်းပေးထားတာဖြစ်မှာပေါ့”
ဦးဒိဗ္ဗတို့တဲသို့ မိန်းမတစ်ယောက် ရောက်ရှိနေသည့်အကြောင်းမှာ တစ်နေ့တခြား မဖုံးနိုင်မဖိနိုင် ပေါ်လွင်လာလေတော့သည်။
သတင်းကိုကြားသိသောသူကြီးမင်းမှာမနေနိုင်တော့ဘဲ ဦးဒိဗ္ဗအိမ်သို့
သွားရောက်ကာ စုံစမ်း စစ်ဆေးရတော့၏။
“ဦးဒိဗ္ဗ၊ သင်တို့အိမ်မှာ လူပိုမိန်းမတစ်ယောက် ရောက်ရှိနေတယ်လို့ ကြားရတယ်။ ငြင်းကွယ်လိုသလား ငြင်းကွယ်လျှင်ဖြင့် ကျုပ်ကိုယ်တိုင် သင်တို့ တဲအတွင်း ဝင်ရောက်ရှာဖွေရလိမ့်မည်”
“မငြင်းကွယ်ပါ… သူကြီးမင်းအောက်ပြည်အောက်ရွာကကျွန်တော်မျိုးရဲ့
တူမလေးဖြစ်ပါတယ်။
မိဘများကွယ်လွန်တိမ်းပါးသွားလို့ကျွန်တော်မျိုးထံ
လာရောက်ခိုလှုံခြင်း ဖြစ်ပါတယ် သူကြီးမင်း”
“အောက်ပြည်အောက်ရွာက ဟုတ်စ – အဲဒီမိန်းကလေးကို ကျုပ်
ကြည့်ချင်တယ်။ ကျုပ်ရှေ့ကို ခေါ်ပါဘိ”
သည်။
ဦးဒိဗ္ဗက သူ၏တူမဆိုသူကိုတဲထဲမှ ခေါ်ထုတ်လာခဲ့လေသည်။
“အို” “ဟင်”
“ဟာ”
သူကြီးမင်းနှင့်တကွ လိုက်ပါလာသူအားလုံး အံ့အားသင့်သွားကြလေ
ဦးဒိဗ္ဗ၏တူမဆိုသောမိန်းကလေးမှာပျောက်ဆုံးသွားသောပန်းပုရုပ်နှင့်
တစ်ထေရာတည်းပါတကား။
“ဦးဒိဗ္ဗ – ဒီမိန်းကလေးဟာ သင်ပျောက်ဆုံးသွားတဲ့ပန်းပုရုပ်ဖြစ်သည်။ ဘာငြင်းချင်သေးသလဲ”

“ပန်းပုရုပ်ကလူသားဘယ်လိုဖြစ်နိုင်မှာလည်း သူကြီးမင်း – ကျွန်တော် မျိုးရဲ့ တူမလေးသာ ဖြစ်ပါတယ်”
“မပြေးသော်လည်း ကန်ရာက ရှိချေပြီ။ သင်ပျောက်ဆုံးသွားတဲ့ပန်းပု ရုပ်နဲ့ဒီမိန်းကလေးတို့ ရုပ်ချင်းချွတ်စွပ်တူနေကြတယ်။ ပန်းပုရုပ်ကို ကျုပ် ကိုယ်တိုင် လာရောက် လေ့လာခဲ့ဖူးလို့ ရုပ်ရည်သွင်ပြင်ကို အသေအချာ မှတ်မိနေတယ်။ ပန်းပုရုပ်ဟာလည်း နှယ်နှယ်ရရ မဟုတ်၊ မြို့စားမင်းကိုယ် တိုင်က ထုလုပ်မည့်သစ်သားစပေးပြီး သင့်ကို အပ်နှံထားခြင်း ဖြစ်တယ်။ သင်တော့ ရာဇဝတ်ဘေးသင့်တော့မှာပဲ ဦးဒိဗ္ဗ”
“မဟုတ်ပါသူကြီးမင်း… အောက်အရပ်က အမျိုးတွေက အညာဆန် လှေကြုံနဲ့ တူမလေးကိုထည့်ပေးလိုက်လို့ရောက်နေခြင်း ဖြစ်ပါတယ်” “မိန်းကလေး …. သူပြောတာ အမှန်ပဲလား၊ ငါကျေနပ်အောင် လျှောက် တင်စမ်း”
“သူကြီးမင်း… ကျွန်တော့်တူမလေးဟာ စကားမပြောတတ်တဲ့ အ,အ မလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ကိုမေးလို့ ထူးခြားမည် မဟုတ်ပါ”
“ဦးဒိဗ္ဗ – သင်ပြောတဲ့ အချက်အလက်တွေက အံချော်လွဲမှားတယ်။ သင့်အနေနဲ့အောက်အရပ်ကဆွေမျိုးတစ်ဦးမှီခိုဖို့လာရောက်နေတာမှန်ရင် အစကတည်းက ကျုပ် သူကြီးမင်းကို အကြောင်းကြားအသိပေးဖို့ ကောင်း တယ်။ခုလိုတိတ်တိတ်ပုန်းလက်ခံထားတာဟာမရိုးသားလို့ဘဲ။ သင့်ရဲ့မရိုး သားတဲ့လုပ်ရပ်ကို ဖုံးကွယ်ချင်လို့ပဲလို့ ကျုပ်ယူဆတယ်”
“သူကြီးမင်း….ကျွန်တော်မျိုးတို့ဇနီးမောင်နှံဟာအပယ်ခံပါ။ ကျွန်တော် မျိုးရဲ့ဇနီးကို တစ်ရွာလုံးက စုန်းလို့ယိုးစွပ်ပြီး ရွာအပြင်နှင်ထုတ်ထားတာ သူကြီးမင်း အသိပါ။ ကျွန်တော်ဟာ အနှိမ်ခံ အပယ်ခံ ရွာအပြင်ဘက်မှာ နေထိုင်သူတစ်ယောက်မို့ဘာမဟုတ်တဲ့ကိစ္စလေးကိုလည်း သူကြီးမင်းအား အကြောင်းမကြားခဲ့ခြင်း ဖြစ်ပါတယ်”
သူကြီးမင်းက ခေါင်းကို ခါယမ်းလိုက်လေသည်။
“သင့်တူမနဲ့ ပျောက်သွားတဲ့ ပန်းပုရုပ် တူနေတာကတော့ သံသယ ဖြစ်ဖွယ်ပဲဦးဒိဗ္ဗ၊ သင်ပြောတဲ့စကားများကိုကျုပ်မယုံ-ယုံလောက်ဖွယ်လည်း

မရှိ၊ မိန်းကလေးဟာလူအများပြောသလိုအရုပ်ကို အသက်ဝင်အောင် စုန်း အတတ်နဲ့ ဖုတ်သွင်းခံထားရခြင်း ဖြစ်တယ်။ ဒါဟာလည်း တခြားလူက ဆောင်ရွက်ပေးတာ မဟုတ်၊ မောင်ရင့်ဇနီးစုန်းမကြီးဒေါ်အိုဇာကိုယ်တိုင် ပန်းပုရုပ်ကို ဖုတ်သွင်းပြီး အသက်ဝင်အောင် လုပ်ထားတာ ဖြစ်လိမ့်မယ်။ အိမ်း- ဘယ်သို့ရှိစေ၊ ကျုပ်ကတော့ သူကြီးတစ်ယောက် ဝတ္တရားအတိုင်း အထက်ကို သတင်းပို့အကြောင်းကြားရလိမ့်မယ် ဦးဒိဗ္ဗ”
သူကြီးမင်း သတင်းပေးပို့လိုက်သည့်အတွက် နောက်တစ်နေ့တွင် မြို့စားမင်းကိုယ်တိုင် နောက်ပါအခြွေအရံများနှင့် ရွာသို့ ရောက်ရှိလာလေ သည်။
မြို့စားမင်းငနက်ကျော်သည် ကြားရသောသတင်းစကားများကြောင့် ဒေါသအမျက်ထွက်လျက်ရှိလေသည်။ ဦးဒိဗ္ဗတို့တဲရှေ့ရောက်သည်နှင့် – “ပန်းပုဆရာရဲ့တူမဆိုသူကိုငါ့ရှေ့တော်မှောက်ခစားစေ”
ဦးဒိဗ္ဗ၏တူမချောလေးမြို့စားမင်းရှေ့သို့ရောက်လာသည့်အခါမြို့စားမင်း
ငနက်ကျော်ကိုယ်တိုင်အံ့အားသင့်သွားလေသည်။
“အလို … နန်းဆန်ဆန် အထက်တန်းဟန်ပန်နဲ့ တောအရပ်နှင့်မတန် လှပချောမော လှချေကလားကွယ်ရို့၊ မင်းချင်းတို့ သူငယ်မရဲ့ရုပ်သွင်ဟာ ပျောက်ဆုံးသွားတယ်ဆိုတဲ့ ပန်းပုရုပ်နဲ့ တူတယ်ဆိုတာ ဟုတ်သလား မောင်မင်းများ”
“မှန်လှပါ … ချွတ်စွပ်တူကြောင်းပါ – သူငယ်မဟာ ပန်းပုရုပ်ကနေ အသက်ဝင်လာတဲ့သူဖြစ်ကြောင်း ကျမ်းကျိန်ပြီး ရဲရဲဝံ့ဝံ့ တင်လျှောက်ဝံ့ ပါတယ် မြို့စားမင်း”
“အိမ်း … အရုပ်က အသက်ဝင်လာတာ အသာထား ပန်းပုဆရာဟာ ဒီလို ချောမောလှပပြီး နန်းဆန်တဲ့ မိန်းမမြတ်ကြန်အင်လက္ခဏာ ပြည့်စုံသူ တစ်ယောက်ကိုငါ့အားမဆက်သဘဲသူ့သဘောနှင့်သူအိမ်မှာ သိုဝှက်ထားပြီ ဆိုကတည်းကရာဇဝတ်မှုသင့်လှပေပြီ။သူငယ်မသည်တောအရပ်နှင့်လည်း
မတန်၊ ပန်းပုဆရာနေအိမ်နှင့်လည်းမထိုက်၊ ကုန်ကုန်ပြောရရင် မြို့စားမင်း
ဖြစ်သော ငါကိုယ်တော်မြတ်နှင့်ပင် မထိုက်တန်ပါလေ၊ သူငယ်မ၏အလှ သည်နေပြည်တော်နန်းမဆောင်၌အပျိုတော်အဖြစ်ခံစားရမည့်အလှပိုင်ရှင်
မျိုးဖြစ်ပေသည်။ ဤမိန်းမလှအား ဘဝရှင်မင်းတရားကြီးထံဆက်သပေအံ့၊ မင်းချင်းများ မိန်းမလှကိုဝေါယာဉ်ဖြင့်ဆောင်ယူခဲ့ပေလော့”
“သည်းခံပါမြို့စားမင်း..မိန်းကလေးဟာ ကျွန်တော်မျိုးတို့ဇနီးမောင်နှံ ဆီမှာခိုလှုံရန်ရောက်ရှိလာသူမို့”
“တော်-တန် – တိတ်”
“ပြီးတော့… သူဟာစကားမပြောတတ်တဲ့အ-အမလေးတစ်ယောက် သာ ဖြစ်ပါတယ်။ အင်္ဂါမစုံသူမို့ နန်းတော်ကြီးနဲ့ မထိုက်ပါ” “သယ် … ဆင်ခြေစကားများကို ငါမကြားလို၊ မောင်မင်းပန်းပုဆရာ – ငါဟာ မောင်မင်းကို ပန်းပုရုပ်အပ်နှံစဉ်က အလွတ်အပ်နှံခဲ့ခြင်း မဟုတ်၊ ငါ့စိတ်ကြိုက် သစ်သားစကို ရှာဖွေကာ သစ်သားကိုသင့်ထံပို့၍ပန်းပုထုလုပ် စေခြင်းသာ ဖြစ်တယ်။ သင်ကပန်းပုရုပ်ကိုပျောက်အောင် ဖျောက်ဖျက်ပစ် ခဲ့တယ်။မိန်းမငယ်ဟာပန်းပုရုပ်အဖြစ်ကဘဝပြောင်းလာသူဟုတ်သည်ဖြစ်
စေ၊ မဟုတ်သည်ဖြစ်စေ၊ပန်းပုရုပ်ကိုပျောက်ဆုံးအောင်ပြုလုပ်တဲ့ရာဇဝတ်
မှုကသင့်အပေါ်မှာတင်ရှိနေပြီးဖြစ်တယ်။ သည်တော့ကာစကားမရှည်လင့် တော့ ငါကိုယ်တော်မြတ် စိတ်အခန့်မသင့်အောင် မပြုနှင့်တော့။ သင့်တူမ ဆိုသူကိုဆောင်ယူသွား၍ဘုရင်မင်းတရားကြီးအား ဆက်သပေအံ့၊မင်းချင်း များ-မိန်းမငယ်ကိုယခုပင် မနှေးအမြန် ဆောင်ယူခဲ့စေဗျား” မြို့စားမင်းငနက်ကျော်နှင့်အစေအပါးများသည် ဦးဒိဗ္ဗ၏ တူမဖြစ်သူ မိန်းမငယ်အားဝေါယာဉ်ပေါ်တွင်တင်ဆောင်၍ခေါ်ဆောင်သွားကြလေ၏။
သို့ရာတွင် မြို့ကိုရောက်၍ ဝေါယာဉ်အား ခြုံလွှမ်းထားသော ကန့်လန့် ကာကို လှပ်၍ ကြည့်လိုက်သည့်အခါ သူတို့ ခေါ်ဆောင်လာသော မင်းသမီး ငယ်မှာ ပန်းပုရုပ်ဘဝသို့ ပြန်လည် ရောက်ရှိနေသည်ကို တွေ့ရလေတော့
၏။
မြို့စားမင်းငနက်ကျော်မှာဒေါသူပုန်ထသွားလေသည်။

ချက်ချင်းပင်ရွာသို့ပြန်စေကာဦးဒိဗ္ဗနှင့်သူ့ဇနီးအားဖမ်းချုပ်ခေါ်ဆောင်
စေလိုက်၏။
“မောင်မင်း
မင်းချင်းများ ဦးဒိဗ္ဗတို့လင်မယားကိုဖမ်းဆီးခေါ်ဆောင်လာသည့်အခါ – … မောင်မင်းရဲ့တူမဟာ တို့လက်ထဲမှာ ပန်းပုရုပ်ဘဝကို ပြန်လည်ပြောင်းလဲသွားခဲ့ပြီ။ဒီတော့မောင်မင်းပြောခဲ့သလိုဒီမိန်းကလေးဟာ
အောက်ပြည်အောက်ရွာက
ရောက်လာတဲ့မိန်းကလေးမဟုတ်ဘူးဆိုတာ
ထင်ရှားနေပြီ။ ပန်းပုရုပ်ကနေအသက်ဝင်အောင် ဖုတ်သွင်းထားတဲ့လူသား တစ်ယောက်ပဲ။ ဒီတော့ကာပန်းပုရုပ်ဖြစ်နေတဲ့မိန်းမငယ်ကိုအသက်ပြန်ဝင် လာအောင် လုပ်ဆောင်ပေးပေတော့”
“မြို့စားမင်းခင်ဗျား … မြို့စားမင်းဟာ ကျွန်တော်မျိုးကို ပန်းပုရုပ်ထုလုပ် ရန်အပ်နှံ့ခဲ့ခြင်းဖြစ်ပါတယ်။ အခုအခါမြို့စားမင်းအလိုရှိတဲ့အတိုင်းပန်းပုရုပ် အဖြစ်ကို ပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့အတွက် အရုပ်အတိုင်း ရယူလိုက် ရန်သာရှိပါတော့တယ်။ အရုပ်ကိုအသက်သွင်းရန်ကျွန်တော်မျိုးမတတ်နိုင်
ပါ”
“သယ် … ကျေးတောသား- လူပါးဝလှချေလား။ ငါဟာ မင်းသမီးကို သက်ရှိလူဘဝနဲ့ မြင်တွေ့ပြီး ဖြစ်တယ်။ ဖုတ်သွင်းမင်းသမီးကို သက်ရှိလူ အဖြစ်နဲ့ ဘုရင်မင်းမြတ်ကို အပ်နှံဖို့ ဆုံးဖြတ်ထားပြီးပြီ။ ဒီတော့ ပန်းပုရုပ်ကို အသက်ဝင်အောင် ပြန်လုပ်ပေးပေတော့”
“မြို့စားမင်း … ပန်းပုရုပ်ဘဝကနေ သက်ရှိလူအဖြစ်ရောက်အောင် ကျွန်တော်မျိုးလုပ်ဆောင်ထားခြင်းမဟုတ်ပါ။ သူ့အလိုအလျှောက်အသက် ဝင်လာခြင်းသာ ဖြစ်ပါတယ်။ အသက်ဝင်လာပြီးမှ ကျွန်တော်မျိုးတို့ရဲ့ သမီးလေးအဖြစ်နဲ့ မွေးစားထားခြင်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်မျိုးတို့ နေအိမ်မှာသာ အသက်ဝင်လှုပ်ရှားနိုင်သူမျိုး ဖြစ်ပါလိမ့်မယ်။ အရုပ်ဘဝ ပြန်ပြောင်းသွားခြင်းအပေါ်ကျွန်တော်မျိုးနားမလည်ပါ။ အရုပ်ကိုအသက်ဝင် လာအောင် လုပ်ဆောင်တဲ့အတတ်ပညာမျိုးလည်း ကျွန်တော်မျိုး မတတ် ကျွမ်းပါ”
“မောင်မင်းမတတ်ကျွမ်းရင်မောင်မင်းရဲ့ဇနီးကတော့တတ်ကျွမ်းမှာပေါ့၊

မောင်မင်းရဲ့ဇနီးဟာ စုန်းမကြီးတစ်ယောက်ဖြစ်ကြောင်း ငါသိထားပြီးပြီ။ စုန်းမကြီးက သူ့အတတ်ပညာနဲ့ဖုတ်သွင်းထားခြင်းပဲဖြစ်မယ်။ ဒီတော့စုန်းမ အမယ်အို သင့်ရဲ့အတတ်ပညာနဲ့ပန်းပုရုပ်မိန်းကလေးကို အသက်ပြန်ဝင် အောင်လုပ်ပေးပေတော့”
“ ငါ… မလုပ်တတ် – ငါဟာ စုန်းလည်းမဟုတ်” “သယ်..ငါလိုမြို့စားမင်းအမိန့်ကိုမနာခံဘူးလား။ငါ့အမိန့်ကိုလွန်ဆန်ရင်
သင်တို့လင်မယားဒုက္ခကြုံသွားရလိမ့်မယ်။ ဒီတော့ငြင်းဆန်မနေနှင့်မနှေး အမြန် အသက်သွင်းပေးပေတော့”
“အသက်သွင်းသည့်ပညာကို ငါမတတ်၊ ငါဟာ မျက်မမြင်ဒုက္ခိတ တစ်ယောက်သာ ဖြစ်တယ်။ စုန်းမဟုတ်”
ဦးဒိဗ္ဗတို့လင်မယား ခေါင်းမာနေကြခြင်းအပေါ်တွင် မြို့စားမင်းငနက် ကျော်၏ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။
ငနက်ကျော်ကဦးဒိဗ္ဗနှင့်ဒေါ်အိုဇာအားသတ်စေအမိန့်ချမှတ်လိုက်လေ
၏။ အသက်ဝင်လာရန် မျှော်လင့်ချက်မရှိတော့သောမင်းသမီးရုပ်ကိုလည်း တစ်ပြိုင်တည်းမီးရှို့စေရန် အမိန့်ပေးလိုက်၏။
တောင်စွယ်နေကွယ်ချိန်တွင် သူသတ်ကုန်း၌ မင်းသမီးရုပ်ကို ဦးဒိဗ္ဗ၊ စုန်းမကြီးဒေါ်အိုဇာတို့နှင့်အတူတွဲ၍ကြိုးချည်ကာမီးရှို့ကွပ်မျက်လိုက်ကြလေ
တော့သည်။
ဦးထွဋ်ခေါင်ပြောပြသောဒဏ္ဍာရီကပြီးဆုံးသွားပေပြီ။
ကျွန်ုပ်က စားပွဲပေါ်မှ သစ်သားလက်ပြတ်ကလေးကို နောက်တစ်ဖန် ပြန်ကောက်ယူပြီး စေ့စေ့စပ်စပ် ကိုင်ကြည့်လိုက်ပြန်၏။
“ဒါဟာဦးထွဋ်ခေါင်ပြောခဲ့တဲ့ပုံပြင်ထဲကမင်းသမီးပန်းပုရုပ်ရဲ့မီးမလောင်
ပဲ ကျန်ရစ်ခဲ့တဲ့ လက်ပြတ်ပဲပေါ့နော်”
“ဟုတ်ပါတယ်… ဆရာကြီး”
“မင်းသမီးပန်းပုရုပ်ရဲ့လက်ပြတ်အမှန်ဖြစ်တယ်လို့ဘာကြောင့်ပြောနိုင် ရတာလည်း ဦးထွဋ်ခေါင်၊ ဦးထွဋ်ခေါင်ပြောသလိုဆိုရင်ဒါတွေဖြစ်ပျက်ခဲ့တဲ့
ခေတ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာကျော်ကမဟုတ်လား။အထောက်အထား
တိတိကျကျ ရှိသလား”

“ရှိပါတယ်… ဆရာကြီး၊ ဦးဒိဗ္ဗတို့ကိုမီးရှို့ရတဲ့အာဏာပါးကွက်သားက ဒီလက်ပြတ်ကိုမင်းသမီးပန်းပုရုပ်ပြာမကျခင်မှာ မီးပုံထဲကဆွဲထုတ်ယူထား
တာ ဖြစ်ပါတယ်။ အဲဒီ အာဏာပါးကွက်သားဟာ တခြားလူမဟုတ်ပါဘူး။ ကျွန်တော့်နေရာကတွက်ရင် ကျွန်တော်ရဲ့အထက် (၁၂)ဆက်မြောက် အဘိုးတစ်ဦး ဖြစ်ပါတယ်”
“ဪ”
“အာဏာပါးကွက်သားအဘိုးကသားစဉ်မြေးဆက်လက်ဆင့်ကမ်းခဲ့တဲ့ အတွက်အခုအချိန်ထိ ရှိနေခြင်းဖြစ်ပါတယ်”

“ဒဏ္ဍာရီဟာ အမှန်တကယ်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထား တစ်ခုပေါ့လေ။ ဒါပေမဲ့ သစ်သားပန်းပုရုပ်က အသက်ဝင်ပြီး လူဖြစ်လာ တယ်ဆိုတဲ့အချက်ကတော့ပုံပြင်ဆန်လွန်းနေတယ်။ နှစ်ပေါင်းရာနဲ့ချီကြာခဲ့ ပြီဆိုတော့လည်းနောက်ကြောင်းပြန် စုံစမ်းဖို့မဖြစ်နိုင်တော့ဘူးပေါ့” “ပုံပြင်ဆန်တာတော့မှန်ပါတယ်။ ပန်းပုရုပ်ကအသက်ဝင်တယ်ဆိုတာ တော့ စုံစမ်းဖို့ မခက်ပါဘူး ဆရာကြီး။ မကြာခင်ဘဲ သက်သေရတော့မှာပါ။ ဒါကိုပြချင်လို့လည်းဆရာကြီးကိုလပြည့်ညနဲ့အချိန်ကိုက်ပြီးဒီကိုခေါ်လာခဲ့
တာပါ ဆရာကြီး”
“ဘာကိုဆိုလိုတာလဲဦးရာမောင်”
“ပန်းပုရုပ်ရဲ့အပိုင်းအစတစ်ခုဖြစ်တဲ့ဟောဒီလက်ဟာလပြည့်ညတိုင်း
မှာအသက်ဝင်လာတတ်ပါတယ် ဆရာကြီး” “ဗျာ”
“ဟုတ်ပါတယ်…အခုဆရာကြီးမြင်နေရတဲ့လက်ကလက်သီးဆုပ်ဟန်
ပြုနေတဲ့ ပုံစံနော်။ ဒါဟာ ပုဝါကို ကိုင်ထားတဲ့ ညာဘက်လက် ဖြစ်တယ်လို့ ကျွန်တော်တို့အဘိုးကပြောခဲ့ပါတယ်။လက်ကလေးကိုဆုပ်ဟန်ပြပြီးလက်မ နဲ့ လက်ညှိုးကပ်ထားပုံဟာ တစ်စုံတစ်ခုကို ညှပ်ကိုင်ထားတဲ့ အနေအထား ပေါ်မနေဘူးလားဗျာ။ မြင်ယောင်ကြည့်ရင် ပုဝါစကို ကိုင်ထားတဲ့ ဟန်တစ်ခု ဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်”
ဦးထွဋ်ခေါင်ရှင်းပြသောကြောင့်ကျွန်ုပ်ကလက်ပြတ်ကလေးကိုနောက် တစ်ဖန်မယူလိုက်ကာ ပြန်စစ်ဆေးကြည့်လိုက်သည်။
“ဟုတ်ပါတယ်…တစ်ခုခုကိုလက်မနဲ့လက်ညှိုးကြားမှာညှပ်ကိုင်ထား
တဲ့ဟန်ပဲ။ ဦးထွဋ်ခေါင် အသက်ဝင်လာတယ်ဆိုတာက ဘယ်လိုလဲ” “လပြည့်ညတွေရောက်ရင် သန်းခေါင်အချိန်မှာ ဒီလက်ကလေးဟာ ဆုပ်ထားရာက ဖြန့်လာပါတယ် ဆရာကြီး”
“ဟင်”
လက်ဟာမိနစ်ပိုင်းလောက်ဖြန့်လာပြီး နဂိုပုံစံအတိုင်းဖြစ်သွားပါတယ်။ “လပြည့်နေ့မှ … ဖြစ်တာလား”

“ဟုတ်ပါတယ် .. ဒီလက်ကလေးကို ရရှိပြီးနောက်ပိုင်းမှာ ကျွန်တော့်
အဘိုးအာဏာပါးကွက်သားကြီးဟာနည်းလမ်းအမျိုးမျိုးနဲ့ ချမ်းသာကြွယ်ဝ လာခဲ့တယ်လို့ ဆိုပါတယ်။ အဘိုးက ပန်းပုရုပ်မင်းသမီးရဲ့ လက်ပြတ်က အကျိုးပေးတာလို့ တစ်ထစ်ချ မှတ်ယူထားခဲ့ပါတယ် ဆရာကြီး – ဒါကြောင့် လည်းကျွန်တော်တို့ဆွေစဉ်မျိုးဆက်တစ်လျှောက်လုံးမင်းသမီးလက်ပြတ် ကိုလာဘ်ကောင်းတဲ့အဆောင်တစ်ခုအဖြစ်ဆောင်ထားခဲ့ကြတာပါ” “မျိုးဆက်(၁၂)ဆက်တောင်တိုင်ခဲ့ပြီဆိုတော့ပွားများလာတဲ့အမျိုးတွေ
ထဲမှာ မင်းသမီးလက်ပြတ်ကို ထိန်းသိမ်းဖို့ အငြင်းပွားတာမျိုးရော မဖြစ်ခဲ့ ဘူးလား။ လက်ပြတ်ကလာဘ်ကောင်းတဲ့အဆောင်တစ်ခုအနေနဲ့ တန်ဖိုးရှိ နေတယ်ဆိုလို့ပါ”
“ကျွန်တော်တို့အဘိုး ပါးကွက်အာဏာသားကြီးက ဒီပြဿနာမျိုး မပေါ်အောင် သူ မသေခင်ကတည်းက စီစဉ်ခဲ့ပါတယ်။ ဖုတ်သွင်းမင်းသမီး လက်ပြတ်ကို အကြီးဆုံးသားသမီးတွေကသာ အမွေဆက်ခံခွင့်ရှိပါတယ်။ အမွေဆက်ခံခွင့်ရတဲ့ အကြီးဆုံးသားသမီးများဟာ သူတို့ကဖွေးဖွားလာတဲ့ အကြီးဆုံးသားသမီးများကို တစ်ဆင့်ပြီးတစ်ဆင့်လက်လွှဲပြီး ပိုင်ဆိုင်ရပါ တယ်။ ကျွန်တော့်ဖခင် ဦးဘုံပျံ ကွယ်လွန်ရင် ကျွန်တော်က ဆက်ခံရမှာပါ ဆရာကြီး”
“ဒါပေမဲ့ – ဖုတ်သွင်းမင်းသမီးလက်ပြတ်ကို ရယူချင်လို့ လုယက်ခံရ တာ၊ ဓားပြတိုက်ခံရတာတွေလည်း ရှိခဲ့သေးတယ်လေ၊ ပြောပြလိုက်ပါဦး ကိုထွဋ်ခေါင်”
“ဟုတ်ပါတယ်… ဆရာကြီးမင်းသမီးလက်ပတ်ဟာလာဘ်ကောင်းတဲ့ အဆောင်တစ်ခုလို ဖြစ်နေတာကိုသိတဲ့လူတချို့က အိမ်ကိုလာပြီး ဓားပြ တိုက်လုယက်ခဲ့ဖူးပါတယ်။ လက်ပြတ်ကိုလည်း အပါယူသွားနိုင်ခဲ့ပါတယ်” “အော်”
“ဓားပြတွေက လက်ပြတ်ကိုယူပြီး လှေနဲ့မြစ်ကိုဖြတ်အကူးမှာ လှေ မှောက်ခဲ့ပါတယ်။ လှေမှောက်ပုံကလည်း မြစ်ထဲကနေ လက်ကြီးတစ်ဖက် ပေါ်လာပြီးလှေကိုဆွဲနှစ်တာတဲ့၊ ရေထဲကပေါ်လာတဲ့လက်ကြီးဟာလှေကို

လက်ဝါးထဲ ထည့်ထားလို့ရလောက်အောင် ကြီးမားတဲ့လက်ကြီးတဲ့ ဆရာ ကြီး..။မင်းသမီးလက်ပြတ်နဲ့ တစ်ထေရာတည်းတူတဲ့ လက်ပြတ်ကြီးလို့ ပြောပါတယ်။ လှေသမား ပြန်ပြောပြလို့ သိရတာပါ။ လှေသမားအပ ဓားပြ (၆)ယောက်လုံး ရေနစ်ပြီး သေသွားခဲ့တယ်။ မင်းသမီးလက်ပြတ်ကတော့ အိမ်က ဘုရားကျောင်းဆောင်ပေါ်မှာတင်ထားတဲ့အတိုင်း”
“ဘယ်အချိန်တုံးကဖြစ်ခဲ့တာလဲ”
“ဂျပန်ခေတ်မှာပါ။ ကျွန်တော့်အဖေဦးဘုံးပျံ လက်ထက်မှာ ကြုံခဲ့ရတဲ့ အဖြစ်ပါ ဆရာကြီး – အဲဒီအဖြစ်ကြောင့် ကျွန်တော်တို့လည်း ဖုတ်သွင်း မင်းသမီးရဲ့လက်ပြတ်အကြောင်းကို မပြောတော့ဘဲ ဇာတ်မြှုပ်ထားခဲ့လိုက် ပါတယ်။ ခုခေတ်မှာတော့ အတွင်းသိလူတချို့ပဲ သိကြပါတော့တယ်”
“အဲဒါကြောင့် ..ကိုထွဋ်ခေါင်တို့ကဖုတ်သွင်းမင်းသမီးရဲ့လက်ပြတ်ကို ဓာတ်ပုံရိုက်တာ၊ အများပြည်သူသိအောင် ကြော်ငြာတာမျိုး ခွင့်မပြုချင်တာ ပါ ဆရာကြီး”
“သဘောပေါက်ပါပြီ”
“ကဲ – ကိုရာမောင်ရေ-မိုးလည်းချုပ်လာပြီ။ သန်းခေါင်တိုင်ရင် လက်တော်ဖြန့်တာကောင်းကောင်းမြင်နိုင်ဖို့ကျွန်တော်တို့အမိုးပေါ်ကိုနေရာ
ရွှေ့ကြစို့ဗျာ”
ဦးထွဋ်ခေါင်တို့၏ သုံးထပ်တိုက်ခေါင်မိုးမှာ အနားယူအပန်းဖြေရန် အမိုးပြန့်အဖြစ် ဆောက်လုပ်ထားခြင်းဖြစ်ပေ၏။
ကျွန်ုပ်တို့သည် ညဆယ်နာရီခန့်တွင် အမိုးပေါ်သို့ တက်ခဲ့ကြ၏။ ဖုတ်သွင်းမင်းသမီး၏ လက်ပြတ်ကလေးပါသော လင်ပန်းကို ဦးထွဋ် ခေါင်ကလင်ပန်းကို စားပွဲအလယ်တည့်တည့်၌ ချထားလိုက်လေ၏။ ခြံဝင်းကြီးမှာဧရာဝတီမြစ်ကမ်းနံဘေး၌တည်ရှိခြင်းဖြစ်လေရာမြင့်မား
သောအမိုးပေါ်မှနေ၍ မြစ်၏ မြင်ကွင်းကို သာယာလှပစွာ မြင်နေရပေ သည်။လကလည်းသာလွန်းမကသာနေပေရာလရောင်အောက်၌မြစ်ပြင်

သည် ငွေရောင်တောက်နေပြီး လှေသင်္ဘောများ ဖြတ်သန်းသွားလာနေပုံ သည်လွမ်းမောဖွယ်ပန်းချီကားတစ်ချပ်နှယ် ဖြစ်နေပေ၏။
အိမ်ဖော်မလေးကကျွန်ုပ်တို့အတွက်ရေနွေးကြမ်းနှင့်လက်ဖက်သုတ် များလာချပေးထားသည့်အတွက်ကျွန်ုပ်တို့သည်ထွေရာလေးပါးစကားများ
ပြောရင်း ညသန်းခေါင်ချိန်ရောက်သည်ထိ အချိန်ဖြုန်းနေခဲ့ကြလေသည်။
ကျွန်ုပ်ကဦးထွဋ်ခေါင်နှင့်ဦးရာမောင်အားကျွန်ုပ်လေ့လာခဲ့သောအမှုတွဲများ
အားပြောပြလျက်ရှိလေသည်။
လသည်တစ်စတစ်စမြင့်တက်လာခဲ့ရာအကာအရံမရှိသောအမိုးပြင် ပြန့်ပြန့်ပေါ်သို့ အဆီးအတားမရှိ။ လရောင်ဆမ်းကျလျက် ရှိပေသည်။ စားပွဲ ပေါ်တင်ထားသောလင်ပန်းလေးထဲမှဖုတ်သွင်းမင်းသမီး၏လက်သည်လည်း လရောင်အောက်တွင် ထင်ရှားစွာ ပေါ်လျက်ရှိလေသည်။ သို့ဖြင့် ညသန်းခေါင်အချိန်သို့ နီးကပ်လာခဲ့လေသည်။
ဦးထွဋ်ခေါင်က စားပွဲပေါ်မှရေနွေးကြမ်းကရား၊ ခွက်များနှင့်လက်ဖက် သုပ် ပန်းကန်များကိုဖယ်ရှားစေလိုက်သည်။
“ကဲ- သန်းခေါင်နီးပြီ – ဆရာကြီးကျွန်တော်တို့ကမြင်တွေ့ဖန်များလို့ရိုး နေပါပြီ။ ည(၁၂)နာရီနိုးတာနဲ့လက်ဟာတဖြည်းဖြည်းပြန့်လာပြီး (၁၂)နာရီ တိတိ အချိန်မှာ လက်ဝါး အပြန့်ဆုံး အနေအထားကို မြင်ရတတ်ပါတယ်။ ခုအချိန်ကစပြီး မင်းသမီးလက်တော်ကို လေ့လာကြည့်ပါ ဆရာကြီး” ကျွန်ုပ်တို့ကုလားထိုင်သုံးလုံးအား စားပွဲ၏ အနားသုံးဖက်တွင် နေရာ
ပြုပြင် ချထားလိုက်၏။
လသည်တဖြည်းဖြည်းမြင့်တက်လာခဲ့ရာကျွန်ုပ်တို့ခေါင်းပေါ်သို့ရောက်
လာခဲ့လေပြီ။
ဖုတ်သွင်းမင်းသမီးလက်ဖဝါးပြန့်လာသည်မှာတစ်ခဏမျှသာကြာလေ
သည်။ သို့သော် အမှန်တကယ်ပင် ဖြန့်ပြခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ စိတ် ထင်ယောင်ထင်မှား ဖြစ်ခြင်း မဟုတ်ပါ။ လက်ဖဝါးသည် ဆုပ်ထားရာမှ တဖြည်းဖြည်းချင်းဖြေလျှော့လာပြီးအပြန့်ဆုံးအနေအထားအထိရောက်သွား

သည်။ ချက်ချင်းပင် လက်ဝါးကို ပြန်၍ ဆုပ်လိုက်သည်မှာ လက်ဖဝါးဖြေ လာစဉ်က အမြန်နှုန်း အတိုင်းပင် ဖြစ်၏။
လက်ဝါးပြန့်လာပုံကို ခေတ္တခဏသာ မြင်တွေ့လိုက်ရသော်လည်း အသေးစိတ် အလုံးစုံကိုမူ မြင်တွေ့ ခွင့်ရလိုက်ပါသည်။ ထိုအခါမှပင် ကျွန်ုပ် သည် ဖုတ်သွင်းမင်းသမီး၏ လက်ဖဝါးအား ဓာတ်ပုံဖြင့် မှတ်တမ်းတင်ခွင့် မရခြင်းအပေါ်စိတ်မချင့်မရဲ ဖြစ်မိပေတော့သည်။ ဗီဒီယို ကင်မရာဖြင့်သာ လက်ဖဝါး ပြန့်လာပုံအဆင့်ဆင့်ကိုရိုက်ကူးထားပါကအလွန်အသုံးဝင်သော မှတ်တမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
လက်ဝါးပြန့်လာခြင်း၊ အစွမ်းကုန်ပြန့်လာပြီးနောက် ပြန်၍ နဂို အနေ အထားသို့ ရောက်သွားခြင်းများမှာ တစ်မိနစ်ခန့်မျှသာ ကြာပါသည်။ ဖြစ်ရပ်အားလုံးပြီးစီးသည်နှင့်သွေးရောင်လွှမ်းနေသောအနေအထား
လည်းပျောက်ကွယ်သွားကာ သစ်သားပန်းပုရုပ်အဖြစ်သို့ပြန်လည်ရောက်ရှိ သွားလေ၏။
“ကဲ- ဒါပါပဲ ဆရာကြီး … ဖုတ်သွင်းမင်းသမီးလက်တော်ရဲ့ဆန်းကြယ် မှုဟာ ဒါလောက်ပါပဲ”
“လက်တော်ဖြန့်တာကို မိနစ်ပိုင်းလောက် မြင်လိုက်ရပေမယ့် တန်ဖိုး ရှိလှပါတယ် ဦးထွဋ်ခေါင်”
“ဆရာကြီး…အခုမြင်ရတဲ့ဖြစ်ရပ်အပေါ်မှာသိပ္ပံနည်းကျအမြင်အနေနဲ့
ဘယ်လို မြင်သလဲ ဆရာကြီး”
ဦးရာမောင်က မေးလိုက်၏။
“ပြောရခက်သားပဲဗျာ”
ကျွန်ုပ်ကတွေးတွေးဆဆပင် ပြန်ဖြေလိုက်သည်။ ဦးထွဋ်ခေါင်ကဝင်ရောက်ဆွေးနွေးသည်။
“အစဉ်အဆက် ပြောစကားအရ မြို့စားငနက်ကျော်ဟာ ပန်းပုထုဖို့ သစ်ပင်ကို ရွေးချယ်ခုတ်ယူရာမှာ ခုတ်ယူမိတဲ့အပင်ဟာ အမှတ်မထင် သူ ယောင်ပင် ဖြစ်နေတယ်လို့ ဆိုကြပါတယ် ဆရာကြီး”
“သူယောင်ပင်.. သူယောင်ပင်ရယ်လို့သတ်သတ်မှတ်မှတ်ရှိနိုင်သလား
ဦးထွဋ်ခေါင်”
“ဇော်ဂျီတွေ တောင်ဝှေးနဲ့တို့ပြီး ပျော်ပါးတဲ့ သူယောင်မယ်တွေဟာ သူယောင်သီးကဖြစ်လာတာလို့ နိပါတ်တော်ပုံပြင်တွေက ဆိုထားတာကိုး။ သူယောင်သီးရှိရင် သူယောင်ပင်ရှိရမှာပေါ့။အဲ…သာမန်လူများတွေ့ဖို့တော့ ခဲယဉ်းတဲ့အပင်မျိုး ဖြစ်မှာပေါ့ ဆရာကြီး” “ဟုတ်ကဲ့ … ဖြစ်နိုင်ပါတယ်”
“သူယောင်ပင်ရဲ့အသားကိုပန်းပုထုမိလို့ ပန်းပုရုပ်ဟာ သူယောင်ပင် ရဲ့အာနိသင်အတိုင်း အသက်ဝင်လာရတယ်လို့ ထင်ကြေးပေးကြတယ်တဲ့။ စုန်းမကြီးဒေါ်အိုစာဆိုတာကလည်း ဖြစ်ရပ်ထဲမှာ ပါနေသေးတယ်လေ။ စုန်းမကြီးကိုယ်တိုင် အသက်သွင်းပေးတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
“နှစ်ကာလ ကြာလာတော့ ယုံတမ်းစကားတွေ ဖြစ်ကုန်ပြီပေါ့ ဦးထွဋ် ခေါင်၊ ကျွန်တော်တို့ကလည်း ကိုယ်မသိမီတဲ့ခေတ်က အဖြစ်အပျက်ကို ဘယ်လိုလုပ်ပြီး ဝေဖန်နိုင်တော့မှာလဲဗျာ။ ဒါပေမဲ့- အရုပ်ရဲ့လက်ပြတ်က လက်ဖြန့်တာကိုမျက်မြင်မြင်ရပြီမို့ထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်ဆိုတာတော့
လက်ခံရမှာပါပဲ ဦးထွဋ်ခေါင်”
“ကျွန်တော်မေးထားတာလေးလည်းဖြေပါဦး။ သိပ္ပံနည်းကျတဲ့အတွေး အခေါ်နဲ့ဆိုရင် ဘယ်လိုတွေးခေါ်လို့ရနိုင်မလည်း ဆရာကြီး” “အင်း…အပင်တွေမှာအသက်ရှိတာကိုတော့ကျောင်းစာမှာကျွန်တော်
တို့ သင်ခဲ့ပြီးပြီလေ။ ဒါပေမဲ့-ရုက္ခဗေဒပညာရှင်တွေ ဆိုလိုတဲ့ အပင်မှာ အသက်ရှိတယ်ဆိုတာကမြေဩဇာကိုစားသုံးတာ၊လေထဲကအောက်ဆီဂျင် ဓာတ်ကိုရယူတာ၊နေရောင်ရဲ့သဘာဝဓာတ်ကိုခံယူတာတွေကြောင့်သစ်ပင်
တစ်ပင်ရှင်သန်လာတာမျိုးကိုပဲဆိုလိုတာလေ။ သစ်ပင်ကလမ်းထလျှောက် တာမျိုးကို ဆိုလိုတာ မဟုတ်ဘူးဆိုတာတော့ ရှင်းပါတယ်နော်” “ဒါတော့ … ဟုတ်ပါတယ် ဆရာကြီး”
“နေကြာပင်တို့ကုမုဒြာကြာပန်းတို့ရဲ့သဘောသဘာဝကိုကြည့်ရအောင် နေကြာပန်းပွင့်ဟာ နေသွားရာနောက်ကို ပန်းရဲ့မျက်နှာလိုက်လှည့်ကြ တယ်။ ကုမုဒြာကြာတွေဟာလရောင်နဲ့မှပွင့်ကြတယ်။အဲဒီသဘောသဘာ

ဝတွေကတော့အပင်တချို့ရဲ့ရှင်သန်မှုဟာနေရောင်၊လရောင်ဆိုတဲ့သဘာဝ ဓာတ်တွေအပေါ်မှာ တည်မှီနေတာကို တွေ့ရပြန်ရော”
“ဟုတ်ပါတယ်”
“ပိုးကောင်မွှားကောင်တွေကိုစားတဲ့ သစ်ပင်မျိုးရှိတာလည်း ကြားဖူး မှာပေါ့။ တောင်အမေရိကမှာပေါက်တဲ့ နွယ်ပင်တစ်မျိုးဟာ သူ့အပေါ်ကို လာနားတဲ့ ခြင်လို၊ လိပ်ပြာလိုအကောင်မျိုးကို နွယ်ပင်လို လိပ်ဖမ်းပြီး စား လိုက်တယ်။ စားပြီးရင်တော့ နွယ်ပင်အတိုင်း ပြန်ပြီး ပြန့်နေပြန်ရော။ ဒါကို ကြည့်ရင် တချို့အပင်များဟာ သူ့အလိုလို လိပ်နိုင်ဖြန့်နိုင်တဲ့ စွမ်းအားရှိတာ ကိုသိသာတာပေါ့”
“ဟုတ်သားပဲ”
“ဖုတ်သွင်းမင်းသမီးလက်က ဆုပ်တာဖြန့်တာဟာ ကျွန်တော် နမူနာ ပေးခဲ့တဲ့ အပင်တွေရဲ့ သဘာဝနဲ့များ ဆက်နွယ်နေမလားလို့ စဉ်းစား
မိတယ်။
“ဆိုပါဦး … ဆရာကြီး စိတ်ဝင်စားစရာပဲ”
“ဖုတ်သွင်းမင်းသမီးလက်ရဲ့ပြောင်းလဲမှုဟာလပြည့်ညမှာသာဖြစ်တယ်
ဆိုလို့ပါ။ လရဲ့ ကမ္ဘာလောကပေါ်က သက်ရှိသက်မဲ့တွေအပေါ်ဩဇာ သက်ရောက်မှုဟာလည်း ထူးခြားလှတယ် မဟုတ်လား။ ပင်လယ်ထဲက ဒီရေတွေဟာ လအဆန်းအဆုတ်အတိုင်း အတက်၊ အကျ ဖြစ်ကြတယ်။ လရဲ့ဆွဲငင်အားကြောင့်ပေါ့။လူတွေရဲ့စိတ်တွေတောင်လရောင်အောက်မှာ တစ်မျိုးပြောင်းတတ်ကြတယ်လေ။စိတ်ကြည်နူးတာကနေစိတ်ဖောက်ပြန်
တာအထိဖြစ်ပေါ်တတ်ပါတယ်။ မင်းသမီးလက်ဟာလည်းကျွန်တော်နမူနာ
ပေးခဲ့တဲ့အပင်တွေကိုလရောင်ကြောင့်အပြောင်းအလဲဖြစ်တဲ့အပင်တစ်မျိုးနဲ့ ထုလုပ်ထားမိလို့များလားဆိုတာ စဉ်းစားမိတာပါ”
“ဆရာကြီးရဲ့အတွေးအခေါ်က သဘာဝကျပါတယ်” “ကျွန်တော်ကဖြစ်နိုင်ခြေလောက်ကိုတွေးပြီးစိတ်အထင်နဲ့ပြောတာပါ။ တကယ်တော့ ကျွန်တော့်စိတ်အထင် အတွေးတွေဟာ မင်းသမီးလက်ရဲ့ တကယ့်ပြောင်းလဲမှုတွေအပေါ်မှာမလွှမ်းမိုးနိုင်ပါဘူးဦးရာမောင်၊ ဖုတ်သွင်း

မင်းသမီးလက်ဟာ အမှန်ကို ထူးခြားလှပါတယ်။ ဂမ္ဘီရဆန်လှပါတယ်။ တကယ်တော့ရှေးပဝေသဏီကရှိခဲ့ပြီးဖြစ်တဲ့ထူးဆန်းအံ့သြဖွယ်အကြောင်း အရာတစ်ခုကို ဝေဖန်တာ ဆန်းစစ်တာတွေ လုပ်ကို မလုပ်သင့်ပါဘူးလေ။ ရှိပြီးသား ထူးဆန်းအံ့ဩဖွယ် ဖြစ်ရပ်တစ်ခုကို သေးသိမ်အောင် လုပ်ရာကျ ပါတယ်။ ဂမ္ဘီရဆန်လှတဲ့ ဖုတ်သွင်းမင်းသမီးလက်တော်ရဲ့ ရာဇဝင်ကို သူ့ အတိုင်းလက်ခံလိုက်တာ အကောင်းဆုံးပါပဲဗျာ”
ကျွန်ုပ်ကလင်ပန်းထဲရှိကတ္တီပါစပေါ်မှဖုတ်သွင်းမင်းသမီး၏ကြွင်းကျန်
ရစ်သော လက်ဖဝါးလေးကိုကြည့်ရင်း လေးနက်စွာ ပြောလိုက်မိလေတော့
သည်။
> ဆောင်းလုလင်

Zawgyi Version

ထူးဆန္းေသာလက္တစ္ဖက္(စ/ဆုံး)
———————————————
ယခုေဖာ္ျပမည့္ဇာတ္လမ္းမွာ ျမန္မာႏိုင္ငံ၏ အထက္ပိုင္းအရပ္ မွၿမိဳ႕ႀကီးတစ္ၿမိဳ႕တြင္ေတြ႕ရွိခဲ့ရသည့္ျဖစ္ရပ္ဆန္းၾကယ္ပင္ျဖစ္ပါသည္။ဇာတ္ လမ္းတြင္ပါဝင္ေသာအေထာက္အထားပစၥည္းမွာယခုတိုင္မ်က္ျမင္ထင္ရွား ရွိေနေသးျခင္း၊ ထိုပစၥည္းမည္သည့္ေနရာတြင္ရွိေၾကာင္း ဤစာမူကိုဖတ္၍ သိရွိသြားပါက ပစၥည္းအတြက္ မသမာသူမ်ားအႏၲရာယ္ကို စိုးရိမ္ရျခင္း တို႔ေၾကာင့္မည္သည့္ၿမိဳ႕ ျဖစ္သည္ကိုမေဖာ္ျပေတာ့ပါ။
ေနာက္တစ္ေၾကာင္းမွာလည္း ကြၽႏ္ုပ္သည္ ဤပစၥည္းေလးႏွင့္ ပတ္ သက္၍ဗဟုသုတသဖြယ္မွတ္သား႐ုံမွ်သာမွတ္သားခဲ့ျခင္းျဖစ္သည္။လမ္း ႀကဳံ၍ ၾကားသိခဲ့ရျခင္းျဖစ္ၿပီး ထိုအေၾကာင္းအရာႏွင့္ ပတ္သက္၍ ေလ့လာ သုေတသနျပဳျခင္း မျပဳလုပ္ခဲ့ရပါ။ သုေတသန ျပဳလုပ္ရန္လည္း မလိုအပ္ ေတာ့ပါ၍ဆန္းၾကယ္ေသာဇာတ္လမ္းဇာတ္ကြက္တစ္ခုကို သိေစလိုေသာ သေဘာျဖင့္ တင္ျပျခင္းသာျဖစ္ေပသည္။
ထိုၿမိဳ႕သို႔ကြၽႏ္ုပ္အားဖိတ္ၾကားသူမွာၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သည့္ဦးရာေမာင္ ဆိုသူ ျဖစ္သည္။ ဦးရာေမာင္က သူ၏ေဆြမ်ိဳးသားခ်င္းထဲမွ မိန္းမပ်ိဳတစ္ဦး ၏ ဝိညာဥ္ဆိုင္ရာဆန္းၾကယ္သည့္ကိစၥတစ္ခုကို ကြၽႏ္ုပ္အား ဖိတ္ေခၚျပသ ခဲ့ျခင္း ျဖစ္ပါသည္။
ကြၽႏ္ုပ္သည္ ဦးရာေမာင္ဖိတ္ေခၚျပသသည့္ ကိစၥအား ေလးရက္တိုင္ တိုင္ေလ့လာသုေတသနျပဳခဲ့ရာ ၿပီးဆုံးခဲ့ေပၿပီ။
“ဆရာႀကီး … ကြၽန္ေတာ္တို႔ၿမိဳ႕ကို ေရာက္တုန္းေရာက္ခိုက္ ထူးျခား ဆန္းၾကယ္တဲ့ပစၥည္းတစ္ခုကို ျပရဦးမယ္။ မျပန္ခင္ ေလ့လာသြားပါဦး
ဆရာႀကီး”
..
“ဘာမ်ားလည္း… ဦးရာေမာင္” “ဖုတ္သြင္း… မင္းသမီးလက္ေတာ္ပါ”
“ဗ်ာ”

“ဖုတ္သြင္းမင္းသမီးလက္ေတာ္ကရာဇဝင္နဲ႔ဗ်။ သူေယာင္မယ္ဆိုတာ
ဆရာႀကီးသိမွာေပါ့”
“သူေယာင္မယ္- သူေယာင္မယ္ဆိုတာသူေယာင္သီးကေနလူျဖစ္လာ
တဲ့မိန္းမပဲ။ေဇာ္ဂ်ီေတြကေဆးေတာင္ေဝွးနဲ႔တို႔မွအသက္ဝင္လာၿပီးေဇာ္ဂ်ီနဲ႔ ေပါင္းသင္းတယ္ဆိုတာမ်ိဳး ပုံျပင္ထဲမွာပါတာေတာ့ သိပါတယ္ ဦးရာေမာင္ ဦးရာေမာင္ကကြၽန္ေတာ့္ကို တကယ့္သူေယာင္မယ္ကို ျပမလို႔လား” “တကယ့္သူေယာင္မယ္ကေတာ့ မရွိေတာ့ဘူး ဆရာႀကီး။ ကြၽန္ေတာ္ ျပမွာက သူေယာင္မယ္လို႔ ဆိုရမယ့္မိန္းမရဲ႕ ညာဘက္လက္ပါ”
“ဗ်ာ”
“အေသေကာင္ရဲ႕အႂကြင္းအက်န္လက္တစ္ဖက္ဆိုပါေတာ့” “စိတ္ဝင္စားစရာ ေကာင္းလွေခ်လားဗ်ာ .. ဘယ္မွာရွိတာလဲ၊ သူေယာင္မယ္ ျဖစ္တယ္ဆိုတာေကာ အေထာက္အထားရွိသလား” “ဆရာႀကီးေလ့လာႏိုင္ေအာင္ကြၽန္ေတာ္စီစဥ္ထားၿပီးပါၿပီ။ ပိုင္ရွင္ျဖစ္တဲ့ သူေတြကဒီအေၾကာင္းကို ဘယ္သူမွ မသိေစခ်င္ေတာ့ဘူး။ ဇာတ္ျမႇဳပ္ထား တာ ေတာ္ေတာ္ၾကာၿပီ။ ေရွးလူႀကီးေတြ သိေပမယ့္ ေနာင္လာေနာင္သား ေတြက မသိၾကေတာ့ဘူး။ ကြၽန္ေတာ္ေတာင္ ပိုင္ရွင္ရဲ႕အဆက္အႏြယ္က ကြၽန္ေတာ့္သူငယ္ခ်င္းမို႔လို႔ သိေနတာ။ အခုလည္းဆရာႀကီးကိုျပခ်င္တယ္ ဆိုတာေတာ္ေတာ္ေျပာယူရတယ္။ ဆရာႀကီးလုပ္ေနတဲ့လုပ္ငန္းနဲ႔ဆရာႀကီး ရဲ႕ဂုဏ္ပုဒ္ေတြကိုေျပာျပမွ ခြင့္မျပဳခ်င္ ျပဳခ်င္နဲ႔ျပဳေတာ့တာ ဆရာႀကီး” “အားနာစရာမ်ား… ျဖစ္ေနမလားဗ်ာ”
“အို… အားနာရတာထက္ ထူးဆန္းတဲ့အေၾကာင္းအရာတစ္ခုကို သိရ ျမင္ရတာက ပိုၿပီး တန္ဖိုးရွိပါတယ္ ဆရာႀကီး။ ကြၽန္ေတာ္က ဆရာႀကီး ျမင္ ေစခ်င္လို႔ သူငယ္ခ်င္းအေဖကိုဇြတ္ေတာင္းဆိုထားတာ”
“ဒီေလာက္ေတာင္ပဲလားဗ်ာ”
“သူတို႔က ခြင့္ျပဳတယ္ဆိုတာေတာင္တစ္ခုေတာ့ကန႔္သတ္လိုက္ေသး တယ္ဗ်၊ ဖုတ္သြင္းမင္းသမီးလက္ကို ဓာတ္ပုံ႐ိုက္ခြင့္ မျပဳႏိုင္ဘူးတဲ့” “ဓာတ္ပုံမ႐ိုက္ရတာ ကိစၥမရွိပါဘူးဗ်ာ၊ ထူးဆန္းတဲ့အေၾကာင္းအရာ
တစ္ခု သိခြင့္ ႀကဳံရရင္ပဲေက်နပ္ပါၿပီ”

“ဒီေန႔လျပည့္ေန႔ျဖစ္တာသိပ္ဟန္က်တာပဲဆရာႀကီး-ႏို႔မို႔ျဖင့္လျပည့္
ေန႔ေရာက္ေအာင္ ဆရာႀကီး ေစာင့္ေနရဦးမယ္”
“လျပည့္ေန႔နဲ႔ သူေယာင္မယ္ရဲ႕လက္က သက္ဆိုင္လို႔လားဗ်ာ” “ဟိုေရာက္ေတာ့ သိရမွာေပါ့ဆရာႀကီး”
ညေန ေျခာက္နာရီခန႔္တြင္ ဖုတ္သြင္းမင္းသမီးလက္ေတာ္ရွိသည္ဆို သည့္ဦးရာေမာင္၏သူငယ္ခ်င္းအိမ္သို႔ထြက္ခဲ့ၾကေလသည္။ အိမ္ခ်င္းမေဝး လွ၍ေျခက်င္ပင္ ေလွ်ာက္ခဲ့ၾကသည္။
ဦးရာေမာင္အိမ္ကကမ္းနားလမ္းတြင္ရွိရာကြၽႏ္ုပ္ႏွင့္ဦးရာေမာင္သည္ ဧရာဝတီျမစ္ကမ္းေဘးကမ္းနားလမ္းအတိုင္းေလွ်ာက္ခဲ့ၾကေလ၏။ ညေန
ခင္းအခ်ိန္ ျမစ္ကမ္းနဖူးအတိုင္း လမ္းေလွ်ာက္ရသည္မွာ ေလေကာင္း ေလသန႔္ရ၍ေအးေအးလူလူ ရွိလွေပသည္။
ကြၽႏ္ုပ္တို႔သည္ေတာင္ဘက္သို႔ေလွ်ာက္လာခဲ့ရာ(၂)မိုင္ခန႔္ေလွ်ာက္
မိသည္တြင္ ဦးရာေမာင္ကျမစ္ကမ္းေဘးမွ ၿခံက်ယ္ႀကီးတစ္ခုကိုလက္ညႇိဳး ၫြန္ျပလိုက္ေလ၏။
“ကြၽန္ေတာ္တို႔သြားမွာ… အဲဒီၿခံပဲ ဆရာႀကီး”
ကြၽႏ္ုပ္ကဦးရာေမာင္ၫႊန္ျပေသာၿခံက်ယ္ႀကီးကိုလွမ္းေမွ်ာ္ၾကည့္လိုက္ ရာအေတာ္အတန္က်ယ္ဝန္းၿပီးၿခံထဲ၌အေဆာက္အအုံမ်ားစြာကိုေတြ႕ျမင္
ရေလသည္။ တစ္ခုေသာ အေဆာက္အအုံ၏ မီးခိုးေခါင္းတိုင္မွ မီးခိုးမ်ား ထြက္ေနသည္ကို ျမင္ရရာ စက္႐ုံတစ္ခုျဖစ္ေၾကာင္း ခန႔္မွန္းမိေလသည္။ ထရပ္ကားအေသးစားသုံးေလးစီးရပ္ထားသည္ကိုလည္းေတြ႕ရ၏။
“ဘာစက္႐ုံလည္းဗ်ာ”
“ႏို႔ခ်က္စက္႐ုံပါ…ေဟာဟိုကျမင္ရတဲ့တဲတန္းရွည္ကႏြားေတြေမြးထား တဲ့ၿခံေလ။ ႏြားေကာင္ေရတစ္ေထာင္ေက်ာ္ရွိတယ္။ အားလုံးႏို႔စားခ်ည္းပဲ၊ ႏို႔လုပ္ငန္းကိုအထက္ျမန္မာျပည္မွာ သူတို႔အတြင္က်ယ္ဆုံးလုပ္ေနတာေပါ့” “ဦးရာေမာင္ … သူငယ္ခ်င္းက ေတာ္ေတာ္ခ်မ္းသာတာပဲ”
“ခ်မ္းသာတာေတာ့ မေျပာနဲ႔ … အိမ္ဝင္းထဲမွာတင္ သစ္စက္ရွိေသး တယ္။ ဒီကေန လွမ္းမျမင္ရလို႔ ၿမိဳ႕ထဲက စူပါမားကက္ကလည္း သူတို႔ပိုင္ တာပဲ”

“ဒါေတြအားလုံးဟာဖုတ္သြင္းမင္းသမီးလက္ေတာ္ရဲ႕အက်ိဳးေပးေၾကာင့္
လို႔ သူတို႔က ယုံၾကည္ၾကတယ္ဗ်”
ဖုတ္သြင္းမင္းသမီးလက္က မည္သို႔ အက်ိဳးေပးသည္ကို စိတ္ဝင္စားမိ ေသာ္လည္းၿခံႏွင့္နီးလာၿပီျဖစ္၍ ဆက္မေမးျဖစ္ေတာ့ေပ။
လူေနအိမ္မွာ စက္႐ုံမ်ား၊ အလုပ္႐ုံမ်ား၊ အေရာင္းခန္းမမ်ား၏ ေနာက္ ဘက္ ခပ္က်က်တြင္ရွိေသာ ႀကီးမားသည့္ သုံးထပ္တိုက္ႀကီး ျဖစ္ေလ သည္။
ကြၽႏ္ုပ္တို႔သုံးထပ္တိုက္ေရွ႕သို႔အေရာက္တြင္ဦးရာေမာင္၏သူငယ္ခ်င္း ကႀကိဳဆိုေနေလ၏။ ဦးရာေမာင္ကကြၽႏ္ုပ္ႏွင့္၎၏သူငယ္ခ်င္းဦးထြဋ္ေခါင္ ကိုမိတ္ဆက္ေပးလိုက္သည္။
“အလယ္ထပ္ကို ႂကြပါ ဆရာႀကီး… ကြၽန္ေတာ့္အေဖနဲ႔ ေတြ႕လိုက္ပါဦး ခင္ဗ်ာ။ ေဖေဖ ေစာင့္ေနပါတယ္”
ကြၽႏ္ုပ္တို႔ အလယ္ထပ္ကို ေရာက္သည့္အခါ ဧည့္ခန္း၌ ထိုင္ေနေသာ အေတာ္အိုမင္းေနသည့္ အဘိုးႀကီးတစ္ေယာက္ကိုေတြ႕ရေလသည္။ “ေဖေဖ … ဒါ – ရာေမာင့္ရဲ႕ဧည့္ သည္ ေဒါက္တာစိုးထိုက္ဆိုတာပါ။ ဖုတ္သြင္းမင္းသမီးလက္ေတာ္ကိုၾကည့္ဖို႔ ခြင့္ေတာင္းထားတဲ့ ဧည့္သည္ပါ
ေဖေဖ”
အဘိုးႀကီးမွာနားေလးဟန္တူပါသည္။ ဦးထြဋ္ေခါင္ကစကားခပ္က်ယ္ က်ယ္ေျပာေနသည္ကိုေတြ႕ရ၏။
ရွိပါၿပီ”
“ကြၽန္ေတာ့္အေဖ – ဦးဘုံပ်ံပါဆရာႀကီး…….ေဖေဖကအသက္(၉၈)ႏွစ္
“ေတြ႕ရတာ …ဝမ္းသာပါတယ္ ဦးႀကီးခင္ဗ်ာ”
ကြၽႏ္ုပ္က ဦးဘုံပ်ံကို လက္အုပ္ခ်ီကာ ႏႈတ္ဆက္ဂါရဝ ျပဳလိုက္ေလ သည္။

“ေဒါက္တာစိုးထိုက္… ဆိုေတာ့ ေဆးဆရာဝန္လား” “ဟုတ္ပါတယ္ .. ခင္ဗ်ာ”
“ဖုတ္သြင္းမင္းသမီးလက္ကို ၾကည့္ခ်င္တယ္ဆိုတာ တကယ့္လူရဲ႕ လက္ဟုတ္-မဟုတ္ ေဆးပညာနဲ႔စစ္ေဆးခ်င္လို႔လား”
“မဟုတ္ပါဘူး.. အဘရယ္ ဆရာႀကီးက ဝိညာဥ္နဲ႔ နာနာဘာဝကိစၥ ေတြကို သုေတသန လုပ္ေနတဲ့ သုေတသီတစ္ေယာက္ပါ။ ဖုတ္သြင္း မင္းသမီးလက္ကို ကြၽန္ေတာ္က ျမင္ေစခ်င္လို႔ ဆရာႀကီးကို ေခၚလာၿပီး ျပတာပါ”
ဦးရာေမာင္ကဝင္ရွင္းျပလိုက္သည္။
“ဪ.. ဟုတ္လား- တကယ့္လူသားရဲ႕လက္ ဟုတ္မဟုတ္ စစ္ေဆး မယ္ဆိုရင္ေတာ့စစ္လို႔မရႏိုင္ဘူးလို႔အဘကေျပာမလို႔ပါ။မ်က္ျမင္အတိုင္းက ေတာ့ သစ္သားအပိုင္း အစတစ္ခုပဲေလ။ ရာဇဝင္ကိုသိမွသာ စိတ္ဝင္စား စရာေကာင္းမွာကိုး၊ ရာေမာင္က ဖုတ္သြင္းမင္းသမီးရာဇဝင္ကို ေျပာျပၿပီး ပလား”
“မေျပာရေသးပါဘူးအဘ…လက္ကိုျပရင္းကမွေျပာမလို႔ပါ” “ေအး..ေကာင္းတယ္-ထြဋ္ေခါင္ယူျပလိုက္ပါကြယ္”
ဦးထြဋ္ေခါင္ ျပန္ဝင္လာသည့္အခါ လက္ထဲတြင္ ေငြလင္ပန္းေလး တစ္ခ်ပ္ႏွင့္အတူ လင္ပန္းထဲတြင္ ကတၱီပါအနီစခံ၍ ထည့္ထားေသာ လက္ တစ္ဖက္ကိုေတြ႕ရေလသည္။
ဦးထြဋ္ေခါင္က ေငြလင္ပန္းေလးကို ဆက္တီစားပြဲေပၚသို႔ ခ်လိုက္
ေလ၏။
ကြၽႏ္ုပ္က လင္ပန္းေပၚမွ လက္ကေလးကို ၾကည့္လိုက္ရာ လက္မွာ လက္ေကာက္ဝတ္ေအာက္နားဆီမွျပတ္ေနသည္ကိုျမင္ရေလ၏။ လက္၏ ေသးသြယ္ၫြတ္ေပ်ာင္းပုံမွာမိန္းမတစ္ေယာက္၏လက္ျဖစ္ေၾကာင္းသိသာ လွပါသည္။ လက္သီးဆုပ္ထားသည့္သဏၭာန္အတိုင္းတည္ရွိေနေပသည္။ “သဘာဝအတိုင္း ဒီပုံစံ ျဖစ္ေနတာလားဗ်ာ”
ကြၽႏ္ုပ္က စားပြဲဆီသို႔ ငုံ႔ကိုင္း၍ၾကည့္ရင္းေမးလိုက္ေလသည္။

“မဟုတ္ပါဘူး…သစ္သားကိုထုထားတာပါ။ သစ္သားကိုမိန္းမပုံထုထား ရာက အ႐ုပ္ကိုမီးရႈိ႕လို႔ က်န္တဲ့အပိုင္းအစပါ ဆရာႀကီး ကိုင္ၾကည့္ႏိုင္ပါ တယ္ကိုင္ၾကည့္ပါ”
ကိုင္ၾကည့္ခြင့္ျပဳလိုက္သည့္အတြက္ ကြၽႏ္ုပ္က လက္ျပတ္ကေလးကို လင္ပန္းေပၚမွ အသာမယူလိုက္ေလသည္။
“အို… ေတာ္ေတာ္လက္ရာေျမာက္တာပဲ၊ လက္ဆစ္ကေလးေတြ အေၾကာကေလးေတြကအစပါေအာင္ထုထားတာပဲေနာ္။ လက္သည္းေတြ ကလည္း တကယ့္လက္သည္းအတိုင္းပါလားဗ်ာ။ အ႐ုပ္တစ္ခုလုံးမ်ား ၾကည့္ရရင္ ဘယ္ေလာက္လက္ရာေျမာက္လိုက္မလဲ၊ အ႐ုပ္က ဘာလို႔ မီးေလာင္သြားတာလဲ”
“မီးေလာင္သြားတာမဟုတ္ဘူးကြဲ႕..တမင္ရႈိ႕ပစ္လိုက္တာ၊ အဲ- အရႈ႕ခံ
ရတာ ဆိုပါေတာ့”
ဦးဘုံပ်ံကပက္လက္ကုလားထိုင္တြင္ထိုင္ေနရာမွကြၽႏ္ုပ္ကိုလွမ္းေျပာ
လိုက္သည္။
“ဪ… ဒီလိုလား”
“လက္ျပတ္ရဲ႕ ရာဇဝင္ကို ၾကားရရင္ ေမာင္ရင္ ရွင္းသြားပါလိမ့္မယ္။ ထြဋ္ေခါင္ကေျပာျပပါလိမ့္မယ္။ အဘေတာ့ နားဦးမယ္ကြယ္။ အသက္ႀကီး ေတာ့ ၾကာၾကာထိုင္လို႔ မရဘူး။ ခါးက နာတယ္ကြဲ႕”
“ဟုတ္ကဲ့… နားပါအဘ – နားပါ”
“ထြဋ္ေခါင္ .. ငါ့ကို အခန္းထဲလိုက္ပို႔စမ္း ၿပီးရင္ ဆရာဝန္ကို ဖုတ္သြင္း မင္းသမီးအေၾကာင္းျပည့္စုံေအာင္ ေျပာျပလိုက္”
ဦးထြဋ္ေခါင္ အဘိုးႀကီးကို အခန္းထဲလိုက္ပို႔စဥ္ ကြၽႏ္ုပ္က လက္ျပတ္ ကေလးကိုအျပန္ျပန္အလွန္လွန္ၾကည့္ေနမိေလသည္။ လက္ေကာက္ဝတ္ အရင္းနားဆီမွ ျပတ္ေနရာ မီးေလာင္ထားေသာ အစအနမ်ားကို ျမင္ရေလ
၏။
“ဟင္… လက္ဝါးမွာလကၡဏာအေရးအေၾကာင္းေလးေတြပါထည့္ထု ထားတာပဲ၊ အေသးစိတ္လိုက္တာဦးရာေမာင္ရယ္”

“လက္သူႂကြယ္ကို သတိထားၾကည့္ပါဦး ဆရာႀကီး၊ အရင္းနားမွာ နည္းနည္း သိမ္ေနတာ သတိထားမိလား”
“အင္း.. ဟုတ္ပါရဲ႕”
“အဲဒါ- လက္စြပ္ဝတ္ထားလို႔ သိမ္ေနတာေလ”
“ဟင္ .. အ႐ုပ္ကိုထုေတာ့ လက္စြပ္ဝတ္တဲ့ ပုံစံထုတာလား။ ဒီလိုဆို လက္စြပ္က ဘယ္ေရာက္သြားလဲ။ လက္ပုံစံခ်ည္းထုၿပီးမွ လက္စြပ္ကို စြပ္ ေပးတာလား။ ဒီလိုဆိုလည္း သစ္သားဆိုေတာ့ လူ႔အသားအရည္လို သိမ္ သြားတဲ့ အရာမ်ိဳးမွ မဟုတ္ပဲ”
“သစ္သားပန္းပု႐ုပ္ဘဝမွာလက္စြပ္ဝတ္တာမဟုတ္ပါဘူးဆရာႀကီး။ အသက္ဝင္လာမွ လက္စြပ္ဝတ္လို႔ လက္စြပ္ေနရာမွာ သိမ္ေနတာပါ” “ဦးရာေမာင္ဆိုလိုတာကသစ္သားပန္းပု႐ုပ္ဟာအသက္ဝင္လာခဲ့တယ္
ဆိုတဲ့ သေဘာေပါ့”
ကြၽႏ္ုပ္က အံ့ဩစြာႏွင့္ မယုံသကၤာစြာေမးလိုက္မိေလသည္။ “ဒါေတြကို … ကိုထြဋ္ေခါင္ ေျပာျပရင္ ရွင္းသြားပါလိမ့္မယ္” ဦးထြဋ္ေခါင္ ျပန္ေရာက္လာေလသည္။
ဦးထြဋ္ေခါင္က ကြၽႏ္ုပ္ႏွင့္မ်က္ႏွာခ်င္းဆိုင္ ကုလားထိုင္တြင္ ဝင္ထိုင္
လိုက္၏။
“ကဲ- ကိုထြဋ္ေခါင္ – ေဒါက္တာစိုးထိုက္ကေတာ့ ဖုတ္သြင္းမင္းသမီး အေၾကာင္းကို သိပ္စိတ္ဝင္စားေနၿပီ။ ေျပာျပေပေတာ့”
ဦးထြဋ္ေခါင္ ေျပာျပသည့္အေၾကာင္းမ်ား၌ မည္သည့္ေခတ္ကာလ၊ မည္သည့္မင္းလက္ထက္မင္းေနျပည္ေတာ္တည္ေနရာစသည္မ်ားတိက်စြာ ပါဝင္ပါသည္။ သို႔ရာတြင္ ကာယကံရွင္မ်ားမွ ဖုတ္သြင္းမင္းသမီးလက္ကို ဓာတ္ပုံ႐ိုက္ခြင့္ မျပဳ႐ုံမက လူထုပရိသတ္ သိရွိေအာင္ ေၾကျငာျခင္း မျပဳရန္ ကတိေတာင္းခံလိုက္သည့္အတြက္ ဇာတ္အသြားအလာေလာက္ကိုသာ ျပန္လည္ေဖာ္ျပလိုက္ပါသည္။

ထူးဆန္းေသာျဖစ္ရပ္ျဖစ္ပြားရာၿမိဳ႕မွာထိုေခတ္ကျမန္မာႏိုင္ငံအထက္ အညာအရပ္တြင္ ထင္ရွားသည့္ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ပါသည္။ ယခုေခတ္တြင္ထိုၿမိဳ႕ ႀကီးမွာတိမ္ေကာသြားၿပီျဖစ္၍ေက်း႐ြာအဆင့္သာတည္ရွိပါေတာ့သည္။
ၿမိဳ႕ႀကီးတြင္ ငနက္ေက်ာ္ဆိုသူ မင္းမႈထမ္းတစ္ဦးက ၿမိဳ႕စားမင္းအျဖစ္ အုပ္ခ်ဳပ္ေနခ်ိန္ျဖစ္ေပသည္။ ငနက္ေက်ာ္မွာရက္စက္ၾကမ္းၾကဳတ္ၿပီး ၿမိဳ႕သူ
ၿမိဳ႕သားမ်ားအားၾကမ္းတမ္းစြာအုပ္ခ်ဳပ္စီရင္တတ္သူျဖစ္ေပသည္။မည္မွ်ပင္
ၾကမ္းၾကဳတ္ရက္စက္သူျဖစ္ေသာ္လည္းရပ္႐ြာၿငိမ္ဝပ္ပိျပားေအာင္အုပ္ခ်ဳပ္
ႏိုင္သူျဖစ္၍ဘုရင္မင္းျမတ္ကိုယ္တိုင္ပင္ငနက္ေက်ာ္အားဘြဲ႕ထူးဂုဏ္ထူးမ်ား
ခ်ီးျမႇင့္ကာေျမႇာက္စားခိုင္းစားခိုင္းေစရျခင္းျဖစ္ဟန္တူေပသည္။ငနက္ေက်ာ္ ကလည္း အခြန္ေတာ္မ်ား တိက်စြာ ေကာက္ခံေပးျခင္း၊ ပုန္ကန္ထႂကြသူ မ်ားကို ရက္စက္စြာ ႏွိမ္နင္းေပးျခင္းအျပင္ ဘုရင္မင္းျမတ္အတြက္ လက္ ေဆာင္ပဏၰာမ်ားဆက္သကာျဖင့္ မင္းအလိုက်ေဆာင္႐ြက္ေပးလ်က္ရွိရာ သူ႔ၿမိဳ႕သူ႔႐ြာ၌ ငနက္ေက်ာ္သည္ ဘုရင္တစ္ဆူသဖြယ္ မင္းမူလ်က္ ရွိေလ
သည္။
ၿမိဳ႕ႏွင့္ခရီးႏွစ္တိုင္ခန႔္ေဝးေသာအရပ္၌ ႐ြာငယ္တစ္ခု ရွိေပသည္။ ႐ြာကေလးမွာအိမ္ေျခငါးဆယ္ခန႔္သာရွိၿပီး လယ္ယာကိုင္းကြၽန္းလုပ္ငန္းျဖင့္ အသက္ေမြးသူမ်ား ေနထိုင္ၾကေပသည္။
ထို႐ြာမွဦးဒိဗၺဆိုသူလူတစ္ဦးရွိေလသည္။ဦးဒိဗၺသည္လက္ယာလုပ္ငန္း ကိုမလုပ္ကိုင္ပဲထူးျခားစြာပင္ပန္းပုလုပ္ငန္းျဖင့္အသက္ေမြးလ်က္ရွိေပ၏။ မ်ိဳး႐ိုးစဥ္ဆက္ ပန္းပုပညာရွင္မ်ားျဖစ္ရာ အဘိုးအေဖတို႔၏ ပညာမ်ားကို ေကာင္းမြန္စြာ သင္ယူႏိုင္ခဲ့သူ ျဖစ္ေပ၏။ ဦးဒိဗၺ၏ပန္းပုလက္ရာမ်ားမွာ ေကာင္းလြန္းလွ၍ၿမိဳ႕အရပ္မွပင္မွာယူျခင္း၊အလုပ္အပ္ျခင္းမ်ားျပဳလုပ္ရေလ သည္။ ဦးဒိဗၺကလည္းသူထုလုပ္ထားေသာပန္းပု႐ုပ္မ်ားကိုတစ္လတစ္ႀကိမ္ ၿမိဳ႕ေပၚသို႔ သြားပို႔ေလ့ရွိေလသည္။
ဦးဒိဗၺသည္ သူ၏ ပန္းပုပညာျဖင့္ ၿမိဳ႕ ျပတြင္ အေျခတက် ေနထိုင္ႏိုင္ ေသာ္လည္းေတာ႐ြာဇနပုဒ္ခြာလို႔မျဖစ္သည့္အေၾကာင္းတစ္ရပ္ရွိေပသည္။ ဦးဒိဗၺ၏ ဇနီးျဖစ္သူမွာ ရပ္႐ြာမွ စုန္းအျဖစ္ စြပ္စြဲခံထားရေသာ မိန္းမႀကီး တစ္ေယာက္ ျဖစ္ေလသည္။ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက ရပ္႐ြာထဲတြင္ကပ္ေရာဂါသင့္၍လူအမ်ားအျပားေသလြန္ခဲ့ရာေရွးက်ေသာေတာအရပ္၏
ထုံးစံအတိုင္းဦးဒိဗၺ၏ဇနီးက ျပဳစားသည္ဆိုကာစုန္းဟုယိုးစြပ္ၾကေလေတာ့
သည္။
ဦးဒိဗၺ၏ဇနီးေဒၚအိုဇာမွာလည္းမဟုတ္မခံဆတ္ဆတ္ႀကဲျဖစ္ေပရာသူမ အေပၚအထင္မွားအျမင္မွားရွိသည္မ်ားကိုမေျဖရွင္းဘဲငါဟာစုန္းပဲ၊
ဘာျဖစ္
ေသးလည္းဟု အ႐ြဲ႕တိုက္ကာ ေျပာဆိုခဲ့ေပသည္။ ေဒၚအိုဇာတကယ္ စုန္း၊ ဟုတ္၊ မဟုတ္ကို မည္သူမွ် မသိၾကေပ။ မရွိခိုးႏိုး၊ မလွစုန္း႐ိုးဆိုသည့္စကား အတိုင္း မရွိလည္းမရွိ၊ မလွလည္း မလွရွာေသာ ေဒၚအိုဇာသည္ ရပ္႐ြာ၏ တစ္ဖက္သတ္စြပ္စြဲျခင္းကို ခံခဲ့ရသည္။ ျပန္၍လည္း မေျဖရွင္းခဲ့ေပ။
ေနာက္ဆုံး ေဒၚအိုဇာတို႔လင္မယားအား ႐ြာထဲတြင္ မထားေတာ့ဘဲ ႐ြာအျပင္သို႔ႏွင္ထုတ္လိုက္ၾကေလေတာ့သည္။ စုန္းမ်ားကို႐ြာထဲအဝင္မခံ
ဘဲ႐ြာျပင္တြင္သာေနခြင့္ေပးသည့္ထုံးစံမွာထိုေခတ္အခါကစခဲ့ေသာထုံးစံ
တစ္ခုျဖစ္ေပသည္။
ဤဇာတ္လမ္းျဖစ္ေပၚခ်ိန္၌ အသက္ႀကီးလွၿပီျဖစ္ေသာ ေဒၚအိုဇာႀကီး သည္မ်က္စိကြယ္လ်က္ရွိေလၿပီ။
ဦးဒိဗၺမွာမူ ပန္းပုပညာတြင္ ေအာင္ျမင္ေပါက္ေျမာက္ၿပီး ၿမိဳ႕ျပ၌ သြားေရာက္ စီးပြား ရွာႏိုင္ပါလ်က္ မ်က္မျမင္ ဇနီးကိုငဲ့ကာ ေတာအရပ္၌ပင္ ေနထိုင္ခဲ့ျခင္း ျဖစ္ေပ၏။
႐ြာရွိလူမ်ားသည္ လယ္ယာလုပ္ငန္းခြင္သို႔ ဝင္သည့္အခါ ႐ြာျပင္ဘက္ တြင္ ေနထိုင္သည့္ ဦးဒိဗၺႏွင့္ေဒၚအိုဇာတို႔လင္မယားတဲေရွ႕မွ ျဖတ္သြားရၿမဲ ျဖစ္ေလသည္။ထိုအခါတဲေရွ႕တြင္ ဦးဒိဗၺပန္းထုထုပ္ေနသည့္ျမင္ကြင္းကို၎၊ ဦးဒိဗၺိထုလုပ္ၿပီးသည့္ပန္းပု႐ုပ္မ်ား ခ်ထားသည္ကို၎ ျမင္ေတြ႕ေနတတ္ ေပ၏။ ေဒၚအိုဇာႀကီးသည္လည္း ခင္ပြန္းျဖစ္သူ အလုပ္လုပ္သည့္အနီးတြင္ ေတာင္ေဝွးႀကီး ေထာက္လ်က္ထိုင္ေနတတ္ေလသည္။
ဦးဒိဗၺ၏ပန္းပုလက္ရာမ်ားမွာ လွပ၍အသက္ဝင္ေနတတ္ရာ မေနႏိုင္ သူအခ်ိဳ႕က ပန္းပုလက္ရာမ်ားကို အနီးကပ္ လာေရာက္ၾကည့္ရႈၾကေလ သည္။ ဦးဒိဗၺ၏လက္ရာမ်ားမွာ မခ်ီးမြမ္းပဲ မေနႏိုင္ေလာက္ေအာင္ပင္ ေကာင္းမြန္ေသသပ္၍အသက္ဝင္လွေပ၏။

တစ္ေန႔သ၌ ၿမိဳ႕စားမင္းငနက္ေက်ာ္၏ မင္းမႈထမ္းမ်ား ဦးဒိဗၺ၏တဲသို႔
ေရာက္လာၾကေလသည္။လာၾကသည့္အေၾကာင္းရင္းမွာဦးဒိဗၺအားပန္းပု႐ုပ္
တစ္ခု အပ္ႏွံရန္ ျဖစ္ေပ၏။ ၿမိဳ႕စားမင္း ငနက္ေက်ာ္ကိုယ္တိုင္က ဦးဒိဗၺ၏ ပန္းပုလက္ရာမ်ားေကာင္းမြန္ေၾကာင္း သတင္းကိုၾကားသိရကာဦးဒိဗၺဆီသို႔
အလုပ္အပ္ရန္ ေစလႊတ္လိုက္ျခင္းျဖစ္ေလသည္။
မင္းမႈထမ္းမ်ားသည္အသင့္ခုတ္ယူလာၿပီးျဖစ္ေသာ သစ္သားတုံးႀကီး ကိုလွည္းျဖင့္တင္ေဆာင္လာကာဦးဒိဗၺအားပန္းပု႐ုပ္ထုေပးရန္အပ္ႏွံေလ
သည္။
“ေမာင္မင္းရဲ႕ပန္းပုလက္ရာမ်ားကို ၿမိဳ႕စားမင္းကိုယ္တိုင္ ႏွစ္သက္လို႔ ဤသစ္တုံးအား ပန္းပု႐ုပ္ထုလုပ္ရန္ ေစလႊတ္လိုက္ျခင္း ျဖစ္ေပတယ္။ ေမာင္မင္းရဲ႕လက္ရာ ပန္းပု႐ုပ္မ်ားျဖင့္ ၿမိဳ႕စားမင္း၏ေနအိမ္၌ အလွအပ ဆင္ယင္ထားၿပီးလည္းျဖစ္တယ္။အခုေဆာင္ယူလာတဲ့သစ္တုံးကိုမိန္းမလွ ႐ုပ္တစ္ခုထုလုပ္ေပးဖို႔ၿမိဳ႕စားမင္းကအမိန႔္ေတာ္ခ်မွတ္လိုက္တယ္ေမာင္မင္း။ မိန္းမလွ႐ုပ္ကိုဘုရင္မင္းတရားႀကီးအားလက္ေဆာင္ပဏၰာအျဖစ္အပ္ႏွင္းဖို႔ ရည္႐ြယ္ထားတယ္ ေမာင္မင္း။ သည္ေတာ့ကာ ၿမိဳ႕စားမင္းသာမက ဘုရင္မင္းျမတ္ ႏွစ္သက္ေတာ္မူရန္ပါ ႀကိဳးစားထုလုပ္ေပေတာ့”
မင္းမႈထမ္းမ်ားကလက္ခအျဖစ္ေ႐ႊဒဂၤါးအနည္းငယ္ႀကိဳတင္ေပးခဲ့ကာ
ဦးဒိဗၺအား ပန္းပု႐ုပ္ထုေပးရန္ အပ္ႏွံေလသည္။
မင္းမႈထမ္းမ်ားကလက္ခအျဖစ္ေ႐ႊဒဂၤါးအနည္းငယ္ႀကိဳတင္ေပးခဲ့ကာ
ဦးဒိဗၺအား မိန္းမလွ႐ုပ္ထုလုပ္ရန္ အပ္ႏွံခဲ့ေပသည္။
ထိုေန႔ေနာက္ပိုင္းမွစ၍ဦးဒိဗၺတစ္ေယာက္ၿမိဳ႕စားမင္းအပ္ႏွံလိုက္သည့္
သစ္သားတုံးအား မိန္းမလွ႐ုပ္ျဖစ္ေအာင္ ထုလုပ္ေနေသာ ျမင္ကြင္းကို ႐ြာသူ၊႐ြာသားမ်ား ျမင္ေတြ႕ေနရေတာ့သည္။
သစ္သားတုံးမွာ လူတစ္ရပ္စာရွိ၍ လုံးပတ္မွာလည္း လူႀကီးတစ္ဖက္ စာမွ် က်ယ္ေလရာ ပကတိလူအ႐ြယ္အစားရွိသည့္ မိန္းမ႐ုပ္ကို ထုလုပ္ရန္ လုံေလာက္ေနေပသည္။ဦးဒိဗၺကသူတတ္ကြၽမ္းေသာပညာျဖင့္ပန္းပု႐ုပ္အား အၾကမ္းထည္ ထုလုပ္လိုက္ေလ၏။ တစ္ပတ္မွ်ၾကာခ်ိန္တြင္ မိန္းမ

တစ္ေယာက္၏ ကိုယ္ဟန္အေနအထားကို ခန႔္မွန္းႏိုင္ေသာ အၾကမ္းထည္ ၿပီးစီးသြားေလသည္။
မိန္းကေလးတစ္ေယာက္သည္ ညာဘက္လက္ကို ေ႐ြ႕၍ ရပ္ေနကာ ဘယ္ဘက္ဘက္ကို ရင္ပတ္ေပၚ၌ တင္ထားေလသည္။ ညာဘက္လက္ျဖင့္ ပခုံးမွက်လာေသာပုဝါကိုမခို႔တ႐ို႕ကိုင္ထားဟန္မွာအၾကမ္းထည္ပန္းပု႐ုပ္
ကို ၾကည့္ျခင္းျဖင့္ ပုံေပၚေနေလ၏။
ထို႔ေနာက္ဦးဒိဗၺသည္အ႐ုပ္ကိုအထက္ပိုင္းမွစ၍အေသးစိတ္ခ်ယ္မႈန္း
ေလေတာ့သည္။ ဦးေခါင္းပိုင္းအား အေသးစိတ္စတင္ထုလုပ္ရာ တစ္ပတ္
ခန႔္အၾကာတြင္နတ္တမွ်လွပေသာမိန္းကေလးတစ္ေယာက္၏ဦးေခါင္းပိုင္း
မွာ ႐ုပ္လုံးေပၚလာေလေတာ့၏။
ဦးဒိဗၺတို႔အိမ္ေရွ႕မွျဖတ္သြားသူမ်ားသည္မိန္းမငယ္၏မ်က္ႏွာအလွကို ႏွစ္ခါျပန္ မၾကည့္ဘဲ မေနႏိုင္။ ေဒၚအိုစာကို စုန္းအျဖစ္ ေၾကာက္႐ြံ႕၍ အဝင္ အထြက္မျပဳရဲသူမ်ားပင္ေၾကာက္သည္ကိုအသာထား၍အိမ္ဝင္ထဲဝင္လာ ကာေငးေမာၾကည့္ရႈၾကေလသည္။ ခ်ီးမြမ္းၾကေလသည္။
ခင္ပြန္းသည္အား ခ်ီးမြမ္းသံမ်ားကို ၾကားေနရသည့္ေဒၚအိုဇာသည္ တၿပဳံးၿပဳံးျဖင့္ ေက်နပ္ေနရွာေလ၏။
ေနာက္တစ္ပတ္ခန႔္ၾကာသည့္အခါခႏၶာကိုယ္အထက္ပိုင္းကိုျခယ္မႈန္း ၿပီးစီးသြားျပန္ေလသည္။ ဦးဒိဗၺသည္ မိန္းမလွ႐ုပ္ကိုစတင္ထုလုပ္သည့္ေန႔ မွစ၍ အျခားအ႐ုပ္မ်ားကို မကိုင္ေတာ့ဘဲ မိန္းမလွ႐ုပ္ကိုသာ တစ္ေန႔လုံး ထုလုပ္ေနေတာ့သည္။ လသာေသာညမ်ားဆိုလွ်င္ ညအခ်ိန္ကိုပါ အအား မထားပဲ ပန္းပုထုျခင္းျဖင့္သာ အခ်ိန္ကုန္လြန္ခဲ့ေလ၏။
တစ္စတစ္စႏွင့္ ႐ုပ္လုံးေပၚလာေသာ မိန္းမလွ႐ုပ္မွာ မိန္းမျမတ္တို႔ ၾကန္အင္လကၡဏာႏွင့္ ျပည့္စုံ႐ုံမက လွပေခ်ာေမာကာ နန္းဆန္ေသာ ၿမိဳ႕ႀကီးသူတစ္ေယာက္ဟန္ပန္ျဖင့္ ျမင္သူတကာကို အံ့ဩမွင္တက္ေစေလ
ေတာ့သည္။
ဦးဒိဗၺကိုယ္တိုင္လည္း မိမိထုလုပ္သည့္ မိန္းမ႐ုပ္၏လွပေခ်ာေမြ႕မႈကို ၾကည့္ကာမိန္းမလွ႐ုပ္အားသမီးေလးတစ္ေယာက္ကဲ့သို႔ခ်စ္ခင္ျမတ္ႏိုးစိတ္
မ်ားတဖြားဖြားေပၚေပါက္လာရေလေတာ့၏။

မနက္ခင္းမ်ားတြင္ အိမ္ေရွ႕မွ ျဖတ္သြားသူမ်ားသည္ အိမ္ဝင္းထဲသို႔ ဝင္လာကာ မိန္းမလွ႐ုပ္ကို ၾကည့္ရႈေလသည္။
“လွပါဘိ..ေခ်ာပါဘိေတာ့ – အသက္မ်ားရွိရင္လူလို႔ေတာင္ထင္စရာ မရွိ၊ နတ္သမီးတစ္ပါးလို႔ ထင္မိရမွာပဲကြယ္႐ို႕”
“ဟုတ္ပါရဲ႕….ဒီအ႐ုပ္မေလးကိုအသက္ရွင္ရက္နဲ႔လူလို႔ေတာင္ထင္စရာ မရွိ၊ နတ္သမီးတစ္ပါးလို႔ ထင္မိမွာပဲကြယ္႐ို႕”
တယ္”
“ဟုတ္ပါရဲ႕….ဒီအ႐ုပ္မေလးကိုအသက္ရွင္ရက္နဲ႔ျမင္ခ်င္စမ္းပါဘိေတာ့
“ဦးဒိဗၺရယ္ – အ႐ုပ္အေပၚမွာ ေမတၱာယိုဖိတ္ၿပီး ထုလုပ္လို႔ ဒါေလာက္ လွေနတာမ်ားလားဗ်ာ”
အမ်ားသူငါ ခ်ီးမြမ္းေျပာဆိုသည့္စကားမ်ားကို ၾကားေနရသည့္ ေဒၚအိုဇာသည္-
“ငါ့ေယာက္်ားထုထားတဲ့ အ႐ုပ္ကေလးဟာ အဲ့သေလာက္ေတာင္ လွသလားဟဲ့ ျမင္ခ်င္စမ္းပါဘိေတာ့တယ္”
“သိပ္လွတာပဲရီးအိုဇာ-ရီးအိုဇာျမင္ရရင္ေတာ့ ငါ့သမီးေလးသာ
ျဖစ္လိုက္ပါေတာ့လို႔ ေတြးမိမွာပဲဗ်ိဳ႕”
“ငါကလည္း သမီးေခ်ာသမီးလွေလးတစ္ေယာက္ လိုခ်င္ေနတာ ၾကာပါၿပီကြယ္။ ဒီ မိန္းမလွ႐ုပ္ေလးသာ အသက္ဝင္လာရင္ ဘယ္ေလာက္ ေကာင္းလိုက္မလဲေဟ့”
“အသက္ဝင္လာေအာင္ ရီးအိုဇာက လုပ္လိုက္ေပါ့”
“ဘာဟဲ့… ငါက အ႐ုပ္ကိုအသက္ဝင္ေအာင္လုပ္ရမယ္ ဟုတ္လား” “ရီးဇာအိုရဲ႕ပညာနဲ႔ အသက္ဝင္ေအာင္လုပ္ၿပီး အ႐ုပ္မေလးကို သမီး အျဖစ္ ေမြးစားလိုက္ေပါ့ရီးအိုဇာ”
ထိုအခါ စုန္းမဟု စြပ္စြဲခံထားရေသာ မ်က္မျမင္မိန္းမအိုႀကီးက က်ယ္ ေလာင္စြာ ေအာ္ဟစ္ရယ္ေမာလိုက္ေလေတာ့သည္။ “ေကာင္းတယ္ေဟ့…ေကာင္းတယ္ – အ႐ုပ္မေလးအသက္ဝင္လာရင္ သိပ္ေကာင္းမွာပဲ။ ငါသမီးတစ္ေယာက္ရတာေပါ့ဟား- ဟား”
ဦးဒိဗၺထုလုပ္သည့္မိန္းမလွ႐ုပ္၏သတင္းကိုၾကားသိေသာမင္းခ်င္းမ်ား သည္ အ႐ုပ္ကို ေဆာင္ယူရန္အတြက္ ႐ြာသို႔ ေရာက္လာၾကေလသည္။ မင္းခ်င္းမ်ားအား ဦးဒိဗၺ၏အိမ္ဝင္းထဲတြင္မတ္တတ္ရပ္ေနေသာမိန္းမ လွ႐ုပ္ကေလးက ဆီးႀကိဳေနေလသည္။
“အို…လွပါဘိ၊ေခ်ာပါဘိ၊က်က္သေရရွိပါဘိ၊အ႐ုပ္သာဆိုတယ္၊လူမက
နတ္တမွ် လွပါကလားကြယ္႐ို – သဟာျဖင့္ ေမာင္မင္းကို ဆုေတာ္လာဘ္ ေတာ္မ်ား ၿမိဳ႕စားမင္းက ခ်ီးျမႇင့္မွာျမင္ေယာင္ေသးတယ္ေမာင္မင္း”

မင္းခ်င္းမ်ားက ပန္းပု႐ုပ္ကိုၾကည့္ရင္း ခ်ီးမြန္းခန္း ဖြင့္လိုက္ေလသည္။ “ဟုတ္ပါဘိအ႐ုပ္ျဖစ္တာေတာင္ေတာ႐ြာဇနပုဒ္နဲ႔မတန္နန္းဆန္လွပါ
ဘိ၊ ၿမိဳ႕စားမင္းစိတ္ႀကိဳက္ေတြ႕ ဦးမွာပ”
“မိန္းမလွပန္းပု႐ုပ္ကို ငါတို႔ေဆာင္ယူသြားေတာ့မယ္ေမာင္မင္း” “သည္းခံပါမင္းခ်င္းတို႔ ပန္းပု႐ုပ္ဟာ မၿပီးဆုံးေသးပါ။ လက္စမသတ္ ေသးပါ။ အလုံးစုံၿပီးေျမာက္ေအာင္ ကြၽန္ေတာ္မ်ိဳး ထုလုပ္ပါရေစဦး” “အို.. ဒါေလာက္ေတာင္ လွပေနတဲ့ပန္းပု႐ုပ္ကို မၿပီးစီးေသးဘူးလို႔ ေမာင္မင္းဆိုခ်င္သလား”
“မွန္လွပါ… ဒီ့ထက္ၿပီးျပည့္စုံေအာင္မြမ္းမံျပင္ဆင္ပါရေစဦး၊ ၿမိဳ႕စားမင္း ထံမ်က္ႏွာပန္းလွလွအပ္ႏွံခ်င္လို႔ပါ”
စစ္စ္ဦးဒိဗၺသည္ပန္းပု႐ုပ္အားေပးလိုက္ရမည္ကိုႏွေမ်ာလြန္းလွေသာ
ေၾကာင့္ ဥပါယ္တံမ်ဥ္ျဖင့္ ဆင္ေျခေပးလိုက္ျခင္း ျဖစ္ေလသည္။ သူသည္ ပန္းပု႐ုပ္ မိန္းကေလးကို မစြန႔္လႊတ္ႏိုင္ေအာင္ပင္ ခ်စ္ခင္လ်က္ရွိေလၿပီ။ မင္းခ်င္းမ်ားကမူဦးဒီပါစကားကိုယုံၾကည္ကာျပန္သြားၾကေလေတာ့၏။ ေနာက္တစ္ေန႔မနက္တြင္ ဦးဒိဗၺထုလုပ္ထားေသာ မိန္းမလွပန္းပု႐ုပ္ ေပ်ာက္ဆုံးသြားေသာသတင္းမွာ႐ြာအတြင္းသို႔ပ်ံ႕ႏွံ႔သြားေလေတာ့၏။ ဦးဒိဗၺသည္ႀကီးမားေသာပန္းပု႐ုပ္မ်ားကို၎တို႔တဲကေလးအတြင္းသို႔
မသြင္းဘဲ အိမ္ၿခံဝင္းထဲ၌ပင္ ထားေလသည္။ ဦးဒိဗၺ၏ပန္းပု႐ုပ္မ်ား အိမ္ အျပင္ဘက္တြင္ သည္အတိုင္းထားေသာ္လည္း ေပ်ာက္ဆုံးသြားသည္ဟု မရွိခဲ့ဘူးေပ။
မိန္းမလွ႐ုပ္ကိုလည္း ဦးဒိဗၺအိမ္ေရွ႕မွ ျဖတ္သြားသူတိုင္းက ျမင္ေနရၿမဲ ျဖစ္ေလ၏။ မိန္းမလွေလးသည္လမ္းသြားလမ္းလာမ်ားကိုႏႈတ္ခြန္းဆက္သ
ေနသည့္သဖြယ္ေန႔စဥ္ျမင္ေတြ႕ေနရျခင္းျဖစ္သည္။
ယေန႔မနက္တြင္လယ္ေတာသို႔အဦးဆုံးထြက္ခြာလာသူလူတစ္စုသည္ ျမင္ေနက်ပန္းပု႐ုပ္ကိုမျမင္ေတြ႕သည့္အခါဦးဒိဗၺ၏တဲသို႔ဝင္၍ေမးျမန္းၾက
ေလသည္။
ထိုအခါမွ ဦးဒိဗၺကိုယ္တိုင္လည္းပန္းပု႐ုပ္ေပ်ာက္ဆုံးေနေၾကာင္းသိရ
ေလေတာ့သည္။

“လူဆိုးသူခိုးေတြ
ခိုးဝွက္ယူငင္သြားၿပီထင္ပါရဲ႕ကြယ့္”
တစ္႐ြာလုံးမွ ပန္းပု႐ုပ္ေပ်ာက္ဆုံးမႈအတြက္ ဝမ္းပမ္းတနည္းခံစားၾက
ရေလသည္။
“ဦးဒိဗၺ မင္းျပစ္မင္းဒဏ္သင့္ေနပါဦးမယ္ဗ်ာ”
“မတတ္ႏိုင္ဘူး…ေပ်ာက္ဆုံးသြားတဲ့အေၾကာင္းၿမိဳ႕စားမင္းကိုသံေတာ္
ဦးတင္ရေတာ့မွာပဲ”
ဦးဒိဗၺသည္ထိုေန႔မွာပင္ၿမိဳ႕သို႔သြားကာအျဖစ္အပ်က္ကိုၿမိဳ႕စားမင္းအား
တင္ေလွ်ာက္လိုက္ေလေတာ့၏။
မိန္းမလွပန္းပု႐ုပ္ကိုအမွန္တကယ္ပင္ေပ်ာက္ဆုံးသြားသည္ဟု႐ြာသူ ႐ြာသားမ်ားက အစပိုင္းတြင္ ယုံၾကည္ၾကေလ၏။
သို႔ေသာ္တစ္ပတ္ခန႔္ၾကာသည့္အခါဦးဒိဗၺအိမ္မွအေျပာင္းအလဲမ်ားကို ျမင္ေတြ႕ရေသာ ႐ြာသားမ်ားအဖို႔ သံသယျဖစ္ဖြယ္မ်ား ေတြ႕လာရေတာ့
သည္။
ထိုလ၏လျပည့္ညတြင္ဦးဒိဗၺ၏အိမ္ဝိုင္းထဲ၌ဦးဒိဗၺ၊ေဒၚအိုဇာတို႔ႏွင့္အတူ မိန္းကေလးတစ္ဦး အိမ္ေရွ႕ကြပ္ပစ္ေပၚ၌ ထိုင္ေနသည့္ ျမင္ကြင္းကိုလည္း ေကာင္း ျမင္ေတြ႕ရေလသည္။ ဦးဒိဗၺ၊ ေဒၚအိုဇာႏွင့္မိန္းကေလးတို႔သည္ ခ်စ္ခင္ရင္းႏွီးစြာ ရွိေနၾကေပသည္။
ေန႔ပိုင္းတြင္မူမည္သည့္ထူးျခားမႈမရွိဘဲအျခားေသာပန္းပု႐ုပ္အငယ္စား မ်ားကို ထုလုပ္ေနသည့္ ဦးဒိဗၺႏွင့္ေဘးမွ ထိုင္ေနေသာ ေဒၚအိုဇာတို႔ကိုသာ ျမင္ၾကရေလသည္။
မသကၤာေသာ႐ြာသားမ်ားက ညအခ်ိန္တြင္ ဦးဒိဗၺအိမ္အနီးမွ ေခ်ာင္း ေျမာင္း ၾကည့္ရႈၾကရာ ညစဥ္ပင္ ဦးဒိဗၺတို႔လင္မယားႏွင့္မိန္းကေလးတစ္ဦး တို႔ ခ်စ္ခ်စ္ခင္ခင္ ရွိေနသည့္ျမင္ကြင္းကို ေတြ႕ ျမင္ၾကရေလေတာ့သည္။ ထိုမိန္းကေလးသည္ ဦးဒိဗၺႏွင့္ေဒၚအိုဇာကို မိဘသဖြယ္ ျပဳစုေပးေနသည့္ ျမင္ကြင္းကိုလည္းေတြ႕ျမင္ရေလသည္။
ရဲတင္းေသာ ကာလသားမ်ားက အိမ္အနီးအထိ ခ်ဥ္းကပ္၍ ေခ်ာင္းေျမာင္းၾကည့္ရႈၾကရာမိန္းကေလးမွာပန္းပု႐ုပ္ႏွင့္ခြၽတ္စြပ္တူညီေသာ
မိန္းကေလးတစ္ေယာက္ျဖစ္ေနသည္ကိုေတြ႕ ၾကရေလေတာ့သည္။

“သည္အတိုင္းျဖင့္ ဦးဒိဗၺထုလုပ္တဲ့ ပန္းပု႐ုပ္က အသက္ဝင္လာတာ ျဖစ္မယ္”
“အလိုလိုအသက္ဝင္လာတာဟုတ္ႏိုင္ပါ့မလား။ သူ႔မိန္းမစုန္းမႀကီးက အသက္ဝင္ေအာင္ ဖုတ္သြင္းေပးထားတာျဖစ္မွာေပါ့”
ဦးဒိဗၺတို႔တဲသို႔ မိန္းမတစ္ေယာက္ ေရာက္ရွိေနသည့္အေၾကာင္းမွာ တစ္ေန႔တျခား မဖုံးႏိုင္မဖိႏိုင္ ေပၚလြင္လာေလေတာ့သည္။
သတင္းကိုၾကားသိေသာသူႀကီးမင္းမွာမေနႏိုင္ေတာ့ဘဲ ဦးဒိဗၺအိမ္သို႔
သြားေရာက္ကာ စုံစမ္း စစ္ေဆးရေတာ့၏။
“ဦးဒိဗၺ၊ သင္တို႔အိမ္မွာ လူပိုမိန္းမတစ္ေယာက္ ေရာက္ရွိေနတယ္လို႔ ၾကားရတယ္။ ျငင္းကြယ္လိုသလား ျငင္းကြယ္လွ်င္ျဖင့္ က်ဳပ္ကိုယ္တိုင္ သင္တို႔ တဲအတြင္း ဝင္ေရာက္ရွာေဖြရလိမ့္မည္”
“မျငင္းကြယ္ပါ… သူႀကီးမင္းေအာက္ျပည္ေအာက္႐ြာကကြၽန္ေတာ္မ်ိဳးရဲ႕
တူမေလးျဖစ္ပါတယ္။
မိဘမ်ားကြယ္လြန္တိမ္းပါးသြားလို႔ကြၽန္ေတာ္မ်ိဳးထံ
လာေရာက္ခိုလႈံျခင္း ျဖစ္ပါတယ္ သူႀကီးမင္း”
“ေအာက္ျပည္ေအာက္႐ြာက ဟုတ္စ – အဲဒီမိန္းကေလးကို က်ဳပ္
ၾကည့္ခ်င္တယ္။ က်ဳပ္ေရွ႕ကို ေခၚပါဘိ”
သည္။
ဦးဒိဗၺက သူ၏တူမဆိုသူကိုတဲထဲမွ ေခၚထုတ္လာခဲ့ေလသည္။
“အို” “ဟင္”
“ဟာ”
သူႀကီးမင္းႏွင့္တကြ လိုက္ပါလာသူအားလုံး အံ့အားသင့္သြားၾကေလ
ဦးဒိဗၺ၏တူမဆိုေသာမိန္းကေလးမွာေပ်ာက္ဆုံးသြားေသာပန္းပု႐ုပ္ႏွင့္
တစ္ေထရာတည္းပါတကား။
“ဦးဒိဗၺ – ဒီမိန္းကေလးဟာ သင္ေပ်ာက္ဆုံးသြားတဲ့ပန္းပု႐ုပ္ျဖစ္သည္။ ဘာျငင္းခ်င္ေသးသလဲ”

“ပန္းပု႐ုပ္ကလူသားဘယ္လိုျဖစ္ႏိုင္မွာလည္း သူႀကီးမင္း – ကြၽန္ေတာ္ မ်ိဳးရဲ႕ တူမေလးသာ ျဖစ္ပါတယ္”
“မေျပးေသာ္လည္း ကန္ရာက ရွိေခ်ၿပီ။ သင္ေပ်ာက္ဆုံးသြားတဲ့ပန္းပု ႐ုပ္နဲ႔ဒီမိန္းကေလးတို႔ ႐ုပ္ခ်င္းခြၽတ္စြပ္တူေနၾကတယ္။ ပန္းပု႐ုပ္ကို က်ဳပ္ ကိုယ္တိုင္ လာေရာက္ ေလ့လာခဲ့ဖူးလို႔ ႐ုပ္ရည္သြင္ျပင္ကို အေသအခ်ာ မွတ္မိေနတယ္။ ပန္းပု႐ုပ္ဟာလည္း ႏွယ္ႏွယ္ရရ မဟုတ္၊ ၿမိဳ႕စားမင္းကိုယ္ တိုင္က ထုလုပ္မည့္သစ္သားစေပးၿပီး သင့္ကို အပ္ႏွံထားျခင္း ျဖစ္တယ္။ သင္ေတာ့ ရာဇဝတ္ေဘးသင့္ေတာ့မွာပဲ ဦးဒိဗၺ”
“မဟုတ္ပါသူႀကီးမင္း… ေအာက္အရပ္က အမ်ိဳးေတြက အညာဆန္ ေလွႀကဳံနဲ႔ တူမေလးကိုထည့္ေပးလိုက္လို႔ေရာက္ေနျခင္း ျဖစ္ပါတယ္” “မိန္းကေလး …. သူေျပာတာ အမွန္ပဲလား၊ ငါေက်နပ္ေအာင္ ေလွ်ာက္ တင္စမ္း”
“သူႀကီးမင္း… ကြၽန္ေတာ့္တူမေလးဟာ စကားမေျပာတတ္တဲ့ အ,အ မေလးတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ကိုေမးလို႔ ထူးျခားမည္ မဟုတ္ပါ”
“ဦးဒိဗၺ – သင္ေျပာတဲ့ အခ်က္အလက္ေတြက အံေခ်ာ္လြဲမွားတယ္။ သင့္အေနနဲ႔ေအာက္အရပ္ကေဆြမ်ိဳးတစ္ဦးမွီခိုဖို႔လာေရာက္ေနတာမွန္ရင္ အစကတည္းက က်ဳပ္ သူႀကီးမင္းကို အေၾကာင္းၾကားအသိေပးဖို႔ ေကာင္း တယ္။ခုလိုတိတ္တိတ္ပုန္းလက္ခံထားတာဟာမ႐ိုးသားလို႔ဘဲ။ သင့္ရဲ႕မ႐ိုး သားတဲ့လုပ္ရပ္ကို ဖုံးကြယ္ခ်င္လို႔ပဲလို႔ က်ဳပ္ယူဆတယ္”
“သူႀကီးမင္း….ကြၽန္ေတာ္မ်ိဳးတို႔ဇနီးေမာင္ႏွံဟာအပယ္ခံပါ။ ကြၽန္ေတာ္ မ်ိဳးရဲ႕ဇနီးကို တစ္႐ြာလုံးက စုန္းလို႔ယိုးစြပ္ၿပီး ႐ြာအျပင္ႏွင္ထုတ္ထားတာ သူႀကီးမင္း အသိပါ။ ကြၽန္ေတာ္ဟာ အႏွိမ္ခံ အပယ္ခံ ႐ြာအျပင္ဘက္မွာ ေနထိုင္သူတစ္ေယာက္မို႔ဘာမဟုတ္တဲ့ကိစၥေလးကိုလည္း သူႀကီးမင္းအား အေၾကာင္းမၾကားခဲ့ျခင္း ျဖစ္ပါတယ္”
သူႀကီးမင္းက ေခါင္းကို ခါယမ္းလိုက္ေလသည္။
“သင့္တူမနဲ႔ ေပ်ာက္သြားတဲ့ ပန္းပု႐ုပ္ တူေနတာကေတာ့ သံသယ ျဖစ္ဖြယ္ပဲဦးဒိဗၺ၊ သင္ေျပာတဲ့စကားမ်ားကိုက်ဳပ္မယုံ-ယုံေလာက္ဖြယ္လည္း

မရွိ၊ မိန္းကေလးဟာလူအမ်ားေျပာသလိုအ႐ုပ္ကို အသက္ဝင္ေအာင္ စုန္း အတတ္နဲ႔ ဖုတ္သြင္းခံထားရျခင္း ျဖစ္တယ္။ ဒါဟာလည္း တျခားလူက ေဆာင္႐ြက္ေပးတာ မဟုတ္၊ ေမာင္ရင့္ဇနီးစုန္းမႀကီးေဒၚအိုဇာကိုယ္တိုင္ ပန္းပု႐ုပ္ကို ဖုတ္သြင္းၿပီး အသက္ဝင္ေအာင္ လုပ္ထားတာ ျဖစ္လိမ့္မယ္။ အိမ္း- ဘယ္သို႔ရွိေစ၊ က်ဳပ္ကေတာ့ သူႀကီးတစ္ေယာက္ ဝတၱရားအတိုင္း အထက္ကို သတင္းပို႔အေၾကာင္းၾကားရလိမ့္မယ္ ဦးဒိဗၺ”
သူႀကီးမင္း သတင္းေပးပို႔လိုက္သည့္အတြက္ ေနာက္တစ္ေန႔တြင္ ၿမိဳ႕စားမင္းကိုယ္တိုင္ ေနာက္ပါအေႁခြအရံမ်ားႏွင့္ ႐ြာသို႔ ေရာက္ရွိလာေလ သည္။
ၿမိဳ႕စားမင္းငနက္ေက်ာ္သည္ ၾကားရေသာသတင္းစကားမ်ားေၾကာင့္ ေဒါသအမ်က္ထြက္လ်က္ရွိေလသည္။ ဦးဒိဗၺတို႔တဲေရွ႕ေရာက္သည္ႏွင့္ – “ပန္းပုဆရာရဲ႕တူမဆိုသူကိုငါ့ေရွ႕ေတာ္ေမွာက္ခစားေစ”
ဦးဒိဗၺ၏တူမေခ်ာေလးၿမိဳ႕စားမင္းေရွ႕သို႔ေရာက္လာသည့္အခါၿမိဳ႕စားမင္း
ငနက္ေက်ာ္ကိုယ္တိုင္အံ့အားသင့္သြားေလသည္။
“အလို … နန္းဆန္ဆန္ အထက္တန္းဟန္ပန္နဲ႔ ေတာအရပ္ႏွင့္မတန္ လွပေခ်ာေမာ လွေခ်ကလားကြယ္႐ို႕၊ မင္းခ်င္းတို႔ သူငယ္မရဲ႕႐ုပ္သြင္ဟာ ေပ်ာက္ဆုံးသြားတယ္ဆိုတဲ့ ပန္းပု႐ုပ္နဲ႔ တူတယ္ဆိုတာ ဟုတ္သလား ေမာင္မင္းမ်ား”
“မွန္လွပါ … ခြၽတ္စြပ္တူေၾကာင္းပါ – သူငယ္မဟာ ပန္းပု႐ုပ္ကေန အသက္ဝင္လာတဲ့သူျဖစ္ေၾကာင္း က်မ္းက်ိန္ၿပီး ရဲရဲဝံ့ဝံ့ တင္ေလွ်ာက္ဝံ့ ပါတယ္ ၿမိဳ႕စားမင္း”
“အိမ္း … အ႐ုပ္က အသက္ဝင္လာတာ အသာထား ပန္းပုဆရာဟာ ဒီလို ေခ်ာေမာလွပၿပီး နန္းဆန္တဲ့ မိန္းမျမတ္ၾကန္အင္လကၡဏာ ျပည့္စုံသူ တစ္ေယာက္ကိုငါ့အားမဆက္သဘဲသူ႔သေဘာႏွင့္သူအိမ္မွာ သိုဝွက္ထားၿပီ ဆိုကတည္းကရာဇဝတ္မႈသင့္လွေပၿပီ။သူငယ္မသည္ေတာအရပ္ႏွင့္လည္း
မတန္၊ ပန္းပုဆရာေနအိမ္ႏွင့္လည္းမထိုက္၊ ကုန္ကုန္ေျပာရရင္ ၿမိဳ႕စားမင္း
ျဖစ္ေသာ ငါကိုယ္ေတာ္ျမတ္ႏွင့္ပင္ မထိုက္တန္ပါေလ၊ သူငယ္မ၏အလွ သည္ေနျပည္ေတာ္နန္းမေဆာင္၌အပ်ိဳေတာ္အျဖစ္ခံစားရမည့္အလွပိုင္ရွင္
မ်ိဳးျဖစ္ေပသည္။ ဤမိန္းမလွအား ဘဝရွင္မင္းတရားႀကီးထံဆက္သေပအံ့၊ မင္းခ်င္းမ်ား မိန္းမလွကိုေဝါယာဥ္ျဖင့္ေဆာင္ယူခဲ့ေပေလာ့”
“သည္းခံပါၿမိဳ႕စားမင္း..မိန္းကေလးဟာ ကြၽန္ေတာ္မ်ိဳးတို႔ဇနီးေမာင္ႏွံ ဆီမွာခိုလႈံရန္ေရာက္ရွိလာသူမို႔”
“ေတာ္-တန္ – တိတ္”
“ၿပီးေတာ့… သူဟာစကားမေျပာတတ္တဲ့အ-အမေလးတစ္ေယာက္ သာ ျဖစ္ပါတယ္။ အဂၤါမစုံသူမို႔ နန္းေတာ္ႀကီးနဲ႔ မထိုက္ပါ” “သယ္ … ဆင္ေျခစကားမ်ားကို ငါမၾကားလို၊ ေမာင္မင္းပန္းပုဆရာ – ငါဟာ ေမာင္မင္းကို ပန္းပု႐ုပ္အပ္ႏွံစဥ္က အလြတ္အပ္ႏွံခဲ့ျခင္း မဟုတ္၊ ငါ့စိတ္ႀကိဳက္ သစ္သားစကို ရွာေဖြကာ သစ္သားကိုသင့္ထံပို႔၍ပန္းပုထုလုပ္ ေစျခင္းသာ ျဖစ္တယ္။ သင္ကပန္းပု႐ုပ္ကိုေပ်ာက္ေအာင္ ေဖ်ာက္ဖ်က္ပစ္ ခဲ့တယ္။မိန္းမငယ္ဟာပန္းပု႐ုပ္အျဖစ္ကဘဝေျပာင္းလာသူဟုတ္သည္ျဖစ္
ေစ၊ မဟုတ္သည္ျဖစ္ေစ၊ပန္းပု႐ုပ္ကိုေပ်ာက္ဆုံးေအာင္ျပဳလုပ္တဲ့ရာဇဝတ္
မႈကသင့္အေပၚမွာတင္ရွိေနၿပီးျဖစ္တယ္။ သည္ေတာ့ကာစကားမရွည္လင့္ ေတာ့ ငါကိုယ္ေတာ္ျမတ္ စိတ္အခန႔္မသင့္ေအာင္ မျပဳႏွင့္ေတာ့။ သင့္တူမ ဆိုသူကိုေဆာင္ယူသြား၍ဘုရင္မင္းတရားႀကီးအား ဆက္သေပအံ့၊မင္းခ်င္း မ်ား-မိန္းမငယ္ကိုယခုပင္ မေႏွးအျမန္ ေဆာင္ယူခဲ့ေစဗ်ား” ၿမိဳ႕စားမင္းငနက္ေက်ာ္ႏွင့္အေစအပါးမ်ားသည္ ဦးဒိဗၺ၏ တူမျဖစ္သူ မိန္းမငယ္အားေဝါယာဥ္ေပၚတြင္တင္ေဆာင္၍ေခၚေဆာင္သြားၾကေလ၏။
သို႔ရာတြင္ ၿမိဳ႕ကိုေရာက္၍ ေဝါယာဥ္အား ၿခဳံလႊမ္းထားေသာ ကန႔္လန႔္ ကာကို လွပ္၍ ၾကည့္လိုက္သည့္အခါ သူတို႔ ေခၚေဆာင္လာေသာ မင္းသမီး ငယ္မွာ ပန္းပု႐ုပ္ဘဝသို႔ ျပန္လည္ ေရာက္ရွိေနသည္ကို ေတြ႕ရေလေတာ့
၏။
ၿမိဳ႕စားမင္းငနက္ေက်ာ္မွာေဒါသူပုန္ထသြားေလသည္။

ခ်က္ခ်င္းပင္႐ြာသို႔ျပန္ေစကာဦးဒိဗၺႏွင့္သူ႔ဇနီးအားဖမ္းခ်ဳပ္ေခၚေဆာင္
ေစလိုက္၏။
“ေမာင္မင္း
မင္းခ်င္းမ်ား ဦးဒိဗၺတို႔လင္မယားကိုဖမ္းဆီးေခၚေဆာင္လာသည့္အခါ – … ေမာင္မင္းရဲ႕တူမဟာ တို႔လက္ထဲမွာ ပန္းပု႐ုပ္ဘဝကို ျပန္လည္ေျပာင္းလဲသြားခဲ့ၿပီ။ဒီေတာ့ေမာင္မင္းေျပာခဲ့သလိုဒီမိန္းကေလးဟာ
ေအာက္ျပည္ေအာက္႐ြာက
ေရာက္လာတဲ့မိန္းကေလးမဟုတ္ဘူးဆိုတာ
ထင္ရွားေနၿပီ။ ပန္းပု႐ုပ္ကေနအသက္ဝင္ေအာင္ ဖုတ္သြင္းထားတဲ့လူသား တစ္ေယာက္ပဲ။ ဒီေတာ့ကာပန္းပု႐ုပ္ျဖစ္ေနတဲ့မိန္းမငယ္ကိုအသက္ျပန္ဝင္ လာေအာင္ လုပ္ေဆာင္ေပးေပေတာ့”
“ၿမိဳ႕စားမင္းခင္ဗ်ား … ၿမိဳ႕စားမင္းဟာ ကြၽန္ေတာ္မ်ိဳးကို ပန္းပု႐ုပ္ထုလုပ္ ရန္အပ္ႏွံ႔ခဲ့ျခင္းျဖစ္ပါတယ္။ အခုအခါၿမိဳ႕စားမင္းအလိုရွိတဲ့အတိုင္းပန္းပု႐ုပ္ အျဖစ္ကို ျပန္လည္ ေရာက္ရွိေနၿပီျဖစ္တဲ့အတြက္ အ႐ုပ္အတိုင္း ရယူလိုက္ ရန္သာရွိပါေတာ့တယ္။ အ႐ုပ္ကိုအသက္သြင္းရန္ကြၽန္ေတာ္မ်ိဳးမတတ္ႏိုင္
ပါ”
“သယ္ … ေက်းေတာသား- လူပါးဝလွေခ်လား။ ငါဟာ မင္းသမီးကို သက္ရွိလူဘဝနဲ႔ ျမင္ေတြ႕ၿပီး ျဖစ္တယ္။ ဖုတ္သြင္းမင္းသမီးကို သက္ရွိလူ အျဖစ္နဲ႔ ဘုရင္မင္းျမတ္ကို အပ္ႏွံဖို႔ ဆုံးျဖတ္ထားၿပီးၿပီ။ ဒီေတာ့ ပန္းပု႐ုပ္ကို အသက္ဝင္ေအာင္ ျပန္လုပ္ေပးေပေတာ့”
“ၿမိဳ႕စားမင္း … ပန္းပု႐ုပ္ဘဝကေန သက္ရွိလူအျဖစ္ေရာက္ေအာင္ ကြၽန္ေတာ္မ်ိဳးလုပ္ေဆာင္ထားျခင္းမဟုတ္ပါ။ သူ႔အလိုအေလွ်ာက္အသက္ ဝင္လာျခင္းသာ ျဖစ္ပါတယ္။ အသက္ဝင္လာၿပီးမွ ကြၽန္ေတာ္မ်ိဳးတို႔ရဲ႕ သမီးေလးအျဖစ္နဲ႔ ေမြးစားထားျခင္း ျဖစ္ပါတယ္။ သူဟာ ကြၽန္ေတာ္မ်ိဳးတို႔ ေနအိမ္မွာသာ အသက္ဝင္လႈပ္ရွားႏိုင္သူမ်ိဳး ျဖစ္ပါလိမ့္မယ္။ အ႐ုပ္ဘဝ ျပန္ေျပာင္းသြားျခင္းအေပၚကြၽန္ေတာ္မ်ိဳးနားမလည္ပါ။ အ႐ုပ္ကိုအသက္ဝင္ လာေအာင္ လုပ္ေဆာင္တဲ့အတတ္ပညာမ်ိဳးလည္း ကြၽန္ေတာ္မ်ိဳး မတတ္ ကြၽမ္းပါ”
“ေမာင္မင္းမတတ္ကြၽမ္းရင္ေမာင္မင္းရဲ႕ဇနီးကေတာ့တတ္ကြၽမ္းမွာေပါ့၊

ေမာင္မင္းရဲ႕ဇနီးဟာ စုန္းမႀကီးတစ္ေယာက္ျဖစ္ေၾကာင္း ငါသိထားၿပီးၿပီ။ စုန္းမႀကီးက သူ႔အတတ္ပညာနဲ႔ဖုတ္သြင္းထားျခင္းပဲျဖစ္မယ္။ ဒီေတာ့စုန္းမ အမယ္အို သင့္ရဲ႕အတတ္ပညာနဲ႔ပန္းပု႐ုပ္မိန္းကေလးကို အသက္ျပန္ဝင္ ေအာင္လုပ္ေပးေပေတာ့”
“ ငါ… မလုပ္တတ္ – ငါဟာ စုန္းလည္းမဟုတ္” “သယ္..ငါလိုၿမိဳ႕စားမင္းအမိန႔္ကိုမနာခံဘူးလား။ငါ့အမိန႔္ကိုလြန္ဆန္ရင္
သင္တို႔လင္မယားဒုကၡႀကဳံသြားရလိမ့္မယ္။ ဒီေတာ့ျငင္းဆန္မေနႏွင့္မေႏွး အျမန္ အသက္သြင္းေပးေပေတာ့”
“အသက္သြင္းသည့္ပညာကို ငါမတတ္၊ ငါဟာ မ်က္မျမင္ဒုကၡိတ တစ္ေယာက္သာ ျဖစ္တယ္။ စုန္းမဟုတ္”
ဦးဒိဗၺတို႔လင္မယား ေခါင္းမာေနၾကျခင္းအေပၚတြင္ ၿမိဳ႕စားမင္းငနက္ ေက်ာ္၏ေဒါသမွာ အထြတ္အထိပ္သို႔ ေရာက္ရွိသြားေလသည္။
ငနက္ေက်ာ္ကဦးဒိဗၺႏွင့္ေဒၚအိုဇာအားသတ္ေစအမိန႔္ခ်မွတ္လိုက္ေလ
၏။ အသက္ဝင္လာရန္ ေမွ်ာ္လင့္ခ်က္မရွိေတာ့ေသာမင္းသမီး႐ုပ္ကိုလည္း တစ္ၿပိဳင္တည္းမီးရႈိ႕ေစရန္ အမိန႔္ေပးလိုက္၏။
ေတာင္စြယ္ေနကြယ္ခ်ိန္တြင္ သူသတ္ကုန္း၌ မင္းသမီး႐ုပ္ကို ဦးဒိဗၺ၊ စုန္းမႀကီးေဒၚအိုဇာတို႔ႏွင့္အတူတြဲ၍ႀကိဳးခ်ည္ကာမီးရႈိ႕ကြပ္မ်က္လိုက္ၾကေလ
ေတာ့သည္။
ဦးထြဋ္ေခါင္ေျပာျပေသာဒ႑ာရီကၿပီးဆုံးသြားေပၿပီ။
ကြၽႏ္ုပ္က စားပြဲေပၚမွ သစ္သားလက္ျပတ္ကေလးကို ေနာက္တစ္ဖန္ ျပန္ေကာက္ယူၿပီး ေစ့ေစ့စပ္စပ္ ကိုင္ၾကည့္လိုက္ျပန္၏။
“ဒါဟာဦးထြဋ္ေခါင္ေျပာခဲ့တဲ့ပုံျပင္ထဲကမင္းသမီးပန္းပု႐ုပ္ရဲ႕မီးမေလာင္
ပဲ က်န္ရစ္ခဲ့တဲ့ လက္ျပတ္ပဲေပါ့ေနာ္”
“ဟုတ္ပါတယ္… ဆရာႀကီး”
“မင္းသမီးပန္းပု႐ုပ္ရဲ႕လက္ျပတ္အမွန္ျဖစ္တယ္လို႔ဘာေၾကာင့္ေျပာႏိုင္ ရတာလည္း ဦးထြဋ္ေခါင္၊ ဦးထြဋ္ေခါင္ေျပာသလိုဆိုရင္ဒါေတြျဖစ္ပ်က္ခဲ့တဲ့
ေခတ္ဟာလြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးရာေက်ာ္ကမဟုတ္လား။အေထာက္အထား
တိတိက်က် ရွိသလား”

“ရွိပါတယ္… ဆရာႀကီး၊ ဦးဒိဗၺတို႔ကိုမီးရႈိ႕ရတဲ့အာဏာပါးကြက္သားက ဒီလက္ျပတ္ကိုမင္းသမီးပန္းပု႐ုပ္ျပာမက်ခင္မွာ မီးပုံထဲကဆြဲထုတ္ယူထား
တာ ျဖစ္ပါတယ္။ အဲဒီ အာဏာပါးကြက္သားဟာ တျခားလူမဟုတ္ပါဘူး။ ကြၽန္ေတာ့္ေနရာကတြက္ရင္ ကြၽန္ေတာ္ရဲ႕အထက္ (၁၂)ဆက္ေျမာက္ အဘိုးတစ္ဦး ျဖစ္ပါတယ္”
“ဪ”
“အာဏာပါးကြက္သားအဘိုးကသားစဥ္ေျမးဆက္လက္ဆင့္ကမ္းခဲ့တဲ့ အတြက္အခုအခ်ိန္ထိ ရွိေနျခင္းျဖစ္ပါတယ္”

“ဒ႑ာရီဟာ အမွန္တကယ္ျဖစ္ခဲ့ဖူးတယ္ဆိုတဲ့ အေထာက္အထား တစ္ခုေပါ့ေလ။ ဒါေပမဲ့ သစ္သားပန္းပု႐ုပ္က အသက္ဝင္ၿပီး လူျဖစ္လာ တယ္ဆိုတဲ့အခ်က္ကေတာ့ပုံျပင္ဆန္လြန္းေနတယ္။ ႏွစ္ေပါင္းရာနဲ႔ခ်ီၾကာခဲ့ ၿပီဆိုေတာ့လည္းေနာက္ေၾကာင္းျပန္ စုံစမ္းဖို႔မျဖစ္ႏိုင္ေတာ့ဘူးေပါ့” “ပုံျပင္ဆန္တာေတာ့မွန္ပါတယ္။ ပန္းပု႐ုပ္ကအသက္ဝင္တယ္ဆိုတာ ေတာ့ စုံစမ္းဖို႔ မခက္ပါဘူး ဆရာႀကီး။ မၾကာခင္ဘဲ သက္ေသရေတာ့မွာပါ။ ဒါကိုျပခ်င္လို႔လည္းဆရာႀကီးကိုလျပည့္ညနဲ႔အခ်ိန္ကိုက္ၿပီးဒီကိုေခၚလာခဲ့
တာပါ ဆရာႀကီး”
“ဘာကိုဆိုလိုတာလဲဦးရာေမာင္”
“ပန္းပု႐ုပ္ရဲ႕အပိုင္းအစတစ္ခုျဖစ္တဲ့ေဟာဒီလက္ဟာလျပည့္ညတိုင္း
မွာအသက္ဝင္လာတတ္ပါတယ္ ဆရာႀကီး” “ဗ်ာ”
“ဟုတ္ပါတယ္…အခုဆရာႀကီးျမင္ေနရတဲ့လက္ကလက္သီးဆုပ္ဟန္
ျပဳေနတဲ့ ပုံစံေနာ္။ ဒါဟာ ပုဝါကို ကိုင္ထားတဲ့ ညာဘက္လက္ ျဖစ္တယ္လို႔ ကြၽန္ေတာ္တို႔အဘိုးကေျပာခဲ့ပါတယ္။လက္ကေလးကိုဆုပ္ဟန္ျပၿပီးလက္မ နဲ႔ လက္ညႇိဳးကပ္ထားပုံဟာ တစ္စုံတစ္ခုကို ညႇပ္ကိုင္ထားတဲ့ အေနအထား ေပၚမေနဘူးလားဗ်ာ။ ျမင္ေယာင္ၾကည့္ရင္ ပုဝါစကို ကိုင္ထားတဲ့ ဟန္တစ္ခု ျဖစ္ေၾကာင္း ခန႔္မွန္းႏိုင္ပါတယ္”
ဦးထြဋ္ေခါင္ရွင္းျပေသာေၾကာင့္ကြၽႏ္ုပ္ကလက္ျပတ္ကေလးကိုေနာက္ တစ္ဖန္မယူလိုက္ကာ ျပန္စစ္ေဆးၾကည့္လိုက္သည္။
“ဟုတ္ပါတယ္…တစ္ခုခုကိုလက္မနဲ႔လက္ညႇိဳးၾကားမွာညႇပ္ကိုင္ထား
တဲ့ဟန္ပဲ။ ဦးထြဋ္ေခါင္ အသက္ဝင္လာတယ္ဆိုတာက ဘယ္လိုလဲ” “လျပည့္ညေတြေရာက္ရင္ သန္းေခါင္အခ်ိန္မွာ ဒီလက္ကေလးဟာ ဆုပ္ထားရာက ျဖန႔္လာပါတယ္ ဆရာႀကီး”
“ဟင္”
လက္ဟာမိနစ္ပိုင္းေလာက္ျဖန႔္လာၿပီး နဂိုပုံစံအတိုင္းျဖစ္သြားပါတယ္။ “လျပည့္ေန႔မွ … ျဖစ္တာလား”

“ဟုတ္ပါတယ္ .. ဒီလက္ကေလးကို ရရွိၿပီးေနာက္ပိုင္းမွာ ကြၽန္ေတာ့္
အဘိုးအာဏာပါးကြက္သားႀကီးဟာနည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ခ်မ္းသာႂကြယ္ဝ လာခဲ့တယ္လို႔ ဆိုပါတယ္။ အဘိုးက ပန္းပု႐ုပ္မင္းသမီးရဲ႕ လက္ျပတ္က အက်ိဳးေပးတာလို႔ တစ္ထစ္ခ် မွတ္ယူထားခဲ့ပါတယ္ ဆရာႀကီး – ဒါေၾကာင့္ လည္းကြၽန္ေတာ္တို႔ေဆြစဥ္မ်ိဳးဆက္တစ္ေလွ်ာက္လုံးမင္းသမီးလက္ျပတ္ ကိုလာဘ္ေကာင္းတဲ့အေဆာင္တစ္ခုအျဖစ္ေဆာင္ထားခဲ့ၾကတာပါ” “မ်ိဳးဆက္(၁၂)ဆက္ေတာင္တိုင္ခဲ့ၿပီဆိုေတာ့ပြားမ်ားလာတဲ့အမ်ိဳးေတြ
ထဲမွာ မင္းသမီးလက္ျပတ္ကို ထိန္းသိမ္းဖို႔ အျငင္းပြားတာမ်ိဳးေရာ မျဖစ္ခဲ့ ဘူးလား။ လက္ျပတ္ကလာဘ္ေကာင္းတဲ့အေဆာင္တစ္ခုအေနနဲ႔ တန္ဖိုးရွိ ေနတယ္ဆိုလို႔ပါ”
“ကြၽန္ေတာ္တို႔အဘိုး ပါးကြက္အာဏာသားႀကီးက ဒီျပႆနာမ်ိဳး မေပၚေအာင္ သူ မေသခင္ကတည္းက စီစဥ္ခဲ့ပါတယ္။ ဖုတ္သြင္းမင္းသမီး လက္ျပတ္ကို အႀကီးဆုံးသားသမီးေတြကသာ အေမြဆက္ခံခြင့္ရွိပါတယ္။ အေမြဆက္ခံခြင့္ရတဲ့ အႀကီးဆုံးသားသမီးမ်ားဟာ သူတို႔ကေဖြးဖြားလာတဲ့ အႀကီးဆုံးသားသမီးမ်ားကို တစ္ဆင့္ၿပီးတစ္ဆင့္လက္လႊဲၿပီး ပိုင္ဆိုင္ရပါ တယ္။ ကြၽန္ေတာ့္ဖခင္ ဦးဘုံပ်ံ ကြယ္လြန္ရင္ ကြၽန္ေတာ္က ဆက္ခံရမွာပါ ဆရာႀကီး”
“ဒါေပမဲ့ – ဖုတ္သြင္းမင္းသမီးလက္ျပတ္ကို ရယူခ်င္လို႔ လုယက္ခံရ တာ၊ ဓားျပတိုက္ခံရတာေတြလည္း ရွိခဲ့ေသးတယ္ေလ၊ ေျပာျပလိုက္ပါဦး ကိုထြဋ္ေခါင္”
“ဟုတ္ပါတယ္… ဆရာႀကီးမင္းသမီးလက္ပတ္ဟာလာဘ္ေကာင္းတဲ့ အေဆာင္တစ္ခုလို ျဖစ္ေနတာကိုသိတဲ့လူတခ်ိဳ႕က အိမ္ကိုလာၿပီး ဓားျပ တိုက္လုယက္ခဲ့ဖူးပါတယ္။ လက္ျပတ္ကိုလည္း အပါယူသြားႏိုင္ခဲ့ပါတယ္” “ေအာ္”
“ဓားျပေတြက လက္ျပတ္ကိုယူၿပီး ေလွနဲ႔ျမစ္ကိုျဖတ္အကူးမွာ ေလွ ေမွာက္ခဲ့ပါတယ္။ ေလွေမွာက္ပုံကလည္း ျမစ္ထဲကေန လက္ႀကီးတစ္ဖက္ ေပၚလာၿပီးေလွကိုဆြဲႏွစ္တာတဲ့၊ ေရထဲကေပၚလာတဲ့လက္ႀကီးဟာေလွကို

လက္ဝါးထဲ ထည့္ထားလို႔ရေလာက္ေအာင္ ႀကီးမားတဲ့လက္ႀကီးတဲ့ ဆရာ ႀကီး..။မင္းသမီးလက္ျပတ္နဲ႔ တစ္ေထရာတည္းတူတဲ့ လက္ျပတ္ႀကီးလို႔ ေျပာပါတယ္။ ေလွသမား ျပန္ေျပာျပလို႔ သိရတာပါ။ ေလွသမားအပ ဓားျပ (၆)ေယာက္လုံး ေရနစ္ၿပီး ေသသြားခဲ့တယ္။ မင္းသမီးလက္ျပတ္ကေတာ့ အိမ္က ဘုရားေက်ာင္းေဆာင္ေပၚမွာတင္ထားတဲ့အတိုင္း”
“ဘယ္အခ်ိန္တုံးကျဖစ္ခဲ့တာလဲ”
“ဂ်ပန္ေခတ္မွာပါ။ ကြၽန္ေတာ့္အေဖဦးဘုံးပ်ံ လက္ထက္မွာ ႀကဳံခဲ့ရတဲ့ အျဖစ္ပါ ဆရာႀကီး – အဲဒီအျဖစ္ေၾကာင့္ ကြၽန္ေတာ္တို႔လည္း ဖုတ္သြင္း မင္းသမီးရဲ႕လက္ျပတ္အေၾကာင္းကို မေျပာေတာ့ဘဲ ဇာတ္ျမႇဳပ္ထားခဲ့လိုက္ ပါတယ္။ ခုေခတ္မွာေတာ့ အတြင္းသိလူတခ်ိဳ႕ပဲ သိၾကပါေတာ့တယ္”
“အဲဒါေၾကာင့္ ..ကိုထြဋ္ေခါင္တို႔ကဖုတ္သြင္းမင္းသမီးရဲ႕လက္ျပတ္ကို ဓာတ္ပုံ႐ိုက္တာ၊ အမ်ားျပည္သူသိေအာင္ ေၾကာ္ျငာတာမ်ိဳး ခြင့္မျပဳခ်င္တာ ပါ ဆရာႀကီး”
“သေဘာေပါက္ပါၿပီ”
“ကဲ – ကိုရာေမာင္ေရ-မိုးလည္းခ်ဳပ္လာၿပီ။ သန္းေခါင္တိုင္ရင္ လက္ေတာ္ျဖန႔္တာေကာင္းေကာင္းျမင္ႏိုင္ဖို႔ကြၽန္ေတာ္တို႔အမိုးေပၚကိုေနရာ
ေ႐ႊ႕ၾကစို႔ဗ်ာ”
ဦးထြဋ္ေခါင္တို႔၏ သုံးထပ္တိုက္ေခါင္မိုးမွာ အနားယူအပန္းေျဖရန္ အမိုးျပန႔္အျဖစ္ ေဆာက္လုပ္ထားျခင္းျဖစ္ေပ၏။
ကြၽႏ္ုပ္တို႔သည္ ညဆယ္နာရီခန႔္တြင္ အမိုးေပၚသို႔ တက္ခဲ့ၾက၏။ ဖုတ္သြင္းမင္းသမီး၏ လက္ျပတ္ကေလးပါေသာ လင္ပန္းကို ဦးထြဋ္ ေခါင္ကလင္ပန္းကို စားပြဲအလယ္တည့္တည့္၌ ခ်ထားလိုက္ေလ၏။ ၿခံဝင္းႀကီးမွာဧရာဝတီျမစ္ကမ္းနံေဘး၌တည္ရွိျခင္းျဖစ္ေလရာျမင့္မား
ေသာအမိုးေပၚမွေန၍ ျမစ္၏ ျမင္ကြင္းကို သာယာလွပစြာ ျမင္ေနရေပ သည္။လကလည္းသာလြန္းမကသာေနေပရာလေရာင္ေအာက္၌ျမစ္ျပင္

သည္ ေငြေရာင္ေတာက္ေနၿပီး ေလွသေဘၤာမ်ား ျဖတ္သန္းသြားလာေနပုံ သည္လြမ္းေမာဖြယ္ပန္းခ်ီကားတစ္ခ်ပ္ႏွယ္ ျဖစ္ေနေပ၏။
အိမ္ေဖာ္မေလးကကြၽႏ္ုပ္တို႔အတြက္ေရေႏြးၾကမ္းႏွင့္လက္ဖက္သုတ္ မ်ားလာခ်ေပးထားသည့္အတြက္ကြၽႏ္ုပ္တို႔သည္ေထြရာေလးပါးစကားမ်ား
ေျပာရင္း ညသန္းေခါင္ခ်ိန္ေရာက္သည္ထိ အခ်ိန္ျဖဳန္းေနခဲ့ၾကေလသည္။
ကြၽႏ္ုပ္ကဦးထြဋ္ေခါင္ႏွင့္ဦးရာေမာင္အားကြၽႏ္ုပ္ေလ့လာခဲ့ေသာအမႈတြဲမ်ား
အားေျပာျပလ်က္ရွိေလသည္။
လသည္တစ္စတစ္စျမင့္တက္လာခဲ့ရာအကာအရံမရွိေသာအမိုးျပင္ ျပန႔္ျပန႔္ေပၚသို႔ အဆီးအတားမရွိ။ လေရာင္ဆမ္းက်လ်က္ ရွိေပသည္။ စားပြဲ ေပၚတင္ထားေသာလင္ပန္းေလးထဲမွဖုတ္သြင္းမင္းသမီး၏လက္သည္လည္း လေရာင္ေအာက္တြင္ ထင္ရွားစြာ ေပၚလ်က္ရွိေလသည္။ သို႔ျဖင့္ ညသန္းေခါင္အခ်ိန္သို႔ နီးကပ္လာခဲ့ေလသည္။
ဦးထြဋ္ေခါင္က စားပြဲေပၚမွေရေႏြးၾကမ္းကရား၊ ခြက္မ်ားႏွင့္လက္ဖက္ သုပ္ ပန္းကန္မ်ားကိုဖယ္ရွားေစလိုက္သည္။
“ကဲ- သန္းေခါင္နီးၿပီ – ဆရာႀကီးကြၽန္ေတာ္တို႔ကျမင္ေတြ႕ဖန္မ်ားလို႔႐ိုး ေနပါၿပီ။ ည(၁၂)နာရီႏိုးတာနဲ႔လက္ဟာတျဖည္းျဖည္းျပန႔္လာၿပီး (၁၂)နာရီ တိတိ အခ်ိန္မွာ လက္ဝါး အျပန႔္ဆုံး အေနအထားကို ျမင္ရတတ္ပါတယ္။ ခုအခ်ိန္ကစၿပီး မင္းသမီးလက္ေတာ္ကို ေလ့လာၾကည့္ပါ ဆရာႀကီး” ကြၽႏ္ုပ္တို႔ကုလားထိုင္သုံးလုံးအား စားပြဲ၏ အနားသုံးဖက္တြင္ ေနရာ
ျပဳျပင္ ခ်ထားလိုက္၏။
လသည္တျဖည္းျဖည္းျမင့္တက္လာခဲ့ရာကြၽႏ္ုပ္တို႔ေခါင္းေပၚသို႔ေရာက္
လာခဲ့ေလၿပီ။
ဖုတ္သြင္းမင္းသမီးလက္ဖဝါးျပန႔္လာသည္မွာတစ္ခဏမွ်သာၾကာေလ
သည္။ သို႔ေသာ္ အမွန္တကယ္ပင္ ျဖန႔္ျပခဲ့ျခင္း ျဖစ္ပါသည္။ ကြၽႏ္ုပ္၏ စိတ္ ထင္ေယာင္ထင္မွား ျဖစ္ျခင္း မဟုတ္ပါ။ လက္ဖဝါးသည္ ဆုပ္ထားရာမွ တျဖည္းျဖည္းခ်င္းေျဖေလွ်ာ့လာၿပီးအျပန႔္ဆုံးအေနအထားအထိေရာက္သြား

သည္။ ခ်က္ခ်င္းပင္ လက္ဝါးကို ျပန္၍ ဆုပ္လိုက္သည္မွာ လက္ဖဝါးေျဖ လာစဥ္က အျမန္ႏႈန္း အတိုင္းပင္ ျဖစ္၏။
လက္ဝါးျပန႔္လာပုံကို ေခတၱခဏသာ ျမင္ေတြ႕လိုက္ရေသာ္လည္း အေသးစိတ္ အလုံးစုံကိုမူ ျမင္ေတြ႕ ခြင့္ရလိုက္ပါသည္။ ထိုအခါမွပင္ ကြၽႏ္ုပ္ သည္ ဖုတ္သြင္းမင္းသမီး၏ လက္ဖဝါးအား ဓာတ္ပုံျဖင့္ မွတ္တမ္းတင္ခြင့္ မရျခင္းအေပၚစိတ္မခ်င့္မရဲ ျဖစ္မိေပေတာ့သည္။ ဗီဒီယို ကင္မရာျဖင့္သာ လက္ဖဝါး ျပန႔္လာပုံအဆင့္ဆင့္ကို႐ိုက္ကူးထားပါကအလြန္အသုံးဝင္ေသာ မွတ္တမ္းတစ္ခု ျဖစ္ေပလိမ့္မည္။
လက္ဝါးျပန႔္လာျခင္း၊ အစြမ္းကုန္ျပန႔္လာၿပီးေနာက္ ျပန္၍ နဂို အေန အထားသို႔ ေရာက္သြားျခင္းမ်ားမွာ တစ္မိနစ္ခန႔္မွ်သာ ၾကာပါသည္။ ျဖစ္ရပ္အားလုံးၿပီးစီးသည္ႏွင့္ေသြးေရာင္လႊမ္းေနေသာအေနအထား
လည္းေပ်ာက္ကြယ္သြားကာ သစ္သားပန္းပု႐ုပ္အျဖစ္သို႔ျပန္လည္ေရာက္ရွိ သြားေလ၏။
“ကဲ- ဒါပါပဲ ဆရာႀကီး … ဖုတ္သြင္းမင္းသမီးလက္ေတာ္ရဲ႕ဆန္းၾကယ္ မႈဟာ ဒါေလာက္ပါပဲ”
“လက္ေတာ္ျဖန႔္တာကို မိနစ္ပိုင္းေလာက္ ျမင္လိုက္ရေပမယ့္ တန္ဖိုး ရွိလွပါတယ္ ဦးထြဋ္ေခါင္”
“ဆရာႀကီး…အခုျမင္ရတဲ့ျဖစ္ရပ္အေပၚမွာသိပၸံနည္းက်အျမင္အေနနဲ႔
ဘယ္လို ျမင္သလဲ ဆရာႀကီး”
ဦးရာေမာင္က ေမးလိုက္၏။
“ေျပာရခက္သားပဲဗ်ာ”
ကြၽႏ္ုပ္ကေတြးေတြးဆဆပင္ ျပန္ေျဖလိုက္သည္။ ဦးထြဋ္ေခါင္ကဝင္ေရာက္ေဆြးေႏြးသည္။
“အစဥ္အဆက္ ေျပာစကားအရ ၿမိဳ႕စားငနက္ေက်ာ္ဟာ ပန္းပုထုဖို႔ သစ္ပင္ကို ေ႐ြးခ်ယ္ခုတ္ယူရာမွာ ခုတ္ယူမိတဲ့အပင္ဟာ အမွတ္မထင္ သူ ေယာင္ပင္ ျဖစ္ေနတယ္လို႔ ဆိုၾကပါတယ္ ဆရာႀကီး”
“သူေယာင္ပင္.. သူေယာင္ပင္ရယ္လို႔သတ္သတ္မွတ္မွတ္ရွိႏိုင္သလား
ဦးထြဋ္ေခါင္”
“ေဇာ္ဂ်ီေတြ ေတာင္ေဝွးနဲ႔တို႔ၿပီး ေပ်ာ္ပါးတဲ့ သူေယာင္မယ္ေတြဟာ သူေယာင္သီးကျဖစ္လာတာလို႔ နိပါတ္ေတာ္ပုံျပင္ေတြက ဆိုထားတာကိုး။ သူေယာင္သီးရွိရင္ သူေယာင္ပင္ရွိရမွာေပါ့။အဲ…သာမန္လူမ်ားေတြ႕ဖို႔ေတာ့ ခဲယဥ္းတဲ့အပင္မ်ိဳး ျဖစ္မွာေပါ့ ဆရာႀကီး” “ဟုတ္ကဲ့ … ျဖစ္ႏိုင္ပါတယ္”
“သူေယာင္ပင္ရဲ႕အသားကိုပန္းပုထုမိလို႔ ပန္းပု႐ုပ္ဟာ သူေယာင္ပင္ ရဲ႕အာနိသင္အတိုင္း အသက္ဝင္လာရတယ္လို႔ ထင္ေၾကးေပးၾကတယ္တဲ့။ စုန္းမႀကီးေဒၚအိုစာဆိုတာကလည္း ျဖစ္ရပ္ထဲမွာ ပါေနေသးတယ္ေလ။ စုန္းမႀကီးကိုယ္တိုင္ အသက္သြင္းေပးတာမ်ိဳးလည္း ျဖစ္ႏိုင္တာပဲ မဟုတ္လား”
“ႏွစ္ကာလ ၾကာလာေတာ့ ယုံတမ္းစကားေတြ ျဖစ္ကုန္ၿပီေပါ့ ဦးထြဋ္ ေခါင္၊ ကြၽန္ေတာ္တို႔ကလည္း ကိုယ္မသိမီတဲ့ေခတ္က အျဖစ္အပ်က္ကို ဘယ္လိုလုပ္ၿပီး ေဝဖန္ႏိုင္ေတာ့မွာလဲဗ်ာ။ ဒါေပမဲ့- အ႐ုပ္ရဲ႕လက္ျပတ္က လက္ျဖန႔္တာကိုမ်က္ျမင္ျမင္ရၿပီမို႔ထူးျခားဆန္းၾကယ္တဲ့ျဖစ္ရပ္ဆိုတာေတာ့
လက္ခံရမွာပါပဲ ဦးထြဋ္ေခါင္”
“ကြၽန္ေတာ္ေမးထားတာေလးလည္းေျဖပါဦး။ သိပၸံနည္းက်တဲ့အေတြး အေခၚနဲ႔ဆိုရင္ ဘယ္လိုေတြးေခၚလို႔ရႏိုင္မလည္း ဆရာႀကီး” “အင္း…အပင္ေတြမွာအသက္ရွိတာကိုေတာ့ေက်ာင္းစာမွာကြၽန္ေတာ္
တို႔ သင္ခဲ့ၿပီးၿပီေလ။ ဒါေပမဲ့-႐ုကၡေဗဒပညာရွင္ေတြ ဆိုလိုတဲ့ အပင္မွာ အသက္ရွိတယ္ဆိုတာကေျမဩဇာကိုစားသုံးတာ၊ေလထဲကေအာက္ဆီဂ်င္ ဓာတ္ကိုရယူတာ၊ေနေရာင္ရဲ႕သဘာဝဓာတ္ကိုခံယူတာေတြေၾကာင့္သစ္ပင္
တစ္ပင္ရွင္သန္လာတာမ်ိဳးကိုပဲဆိုလိုတာေလ။ သစ္ပင္ကလမ္းထေလွ်ာက္ တာမ်ိဳးကို ဆိုလိုတာ မဟုတ္ဘူးဆိုတာေတာ့ ရွင္းပါတယ္ေနာ္” “ဒါေတာ့ … ဟုတ္ပါတယ္ ဆရာႀကီး”
“ေနၾကာပင္တို႔ကုမုျဒာၾကာပန္းတို႔ရဲ႕သေဘာသဘာဝကိုၾကည့္ရေအာင္ ေနၾကာပန္းပြင့္ဟာ ေနသြားရာေနာက္ကို ပန္းရဲ႕မ်က္ႏွာလိုက္လွည့္ၾက တယ္။ ကုမုျဒာၾကာေတြဟာလေရာင္နဲ႔မွပြင့္ၾကတယ္။အဲဒီသေဘာသဘာ

ဝေတြကေတာ့အပင္တခ်ိဳ႕ရဲ႕ရွင္သန္မႈဟာေနေရာင္၊လေရာင္ဆိုတဲ့သဘာဝ ဓာတ္ေတြအေပၚမွာ တည္မွီေနတာကို ေတြ႕ရျပန္ေရာ”
“ဟုတ္ပါတယ္”
“ပိုးေကာင္မႊားေကာင္ေတြကိုစားတဲ့ သစ္ပင္မ်ိဳးရွိတာလည္း ၾကားဖူး မွာေပါ့။ ေတာင္အေမရိကမွာေပါက္တဲ့ ႏြယ္ပင္တစ္မ်ိဳးဟာ သူ႔အေပၚကို လာနားတဲ့ ျခင္လို၊ လိပ္ျပာလိုအေကာင္မ်ိဳးကို ႏြယ္ပင္လို လိပ္ဖမ္းၿပီး စား လိုက္တယ္။ စားၿပီးရင္ေတာ့ ႏြယ္ပင္အတိုင္း ျပန္ၿပီး ျပန႔္ေနျပန္ေရာ။ ဒါကို ၾကည့္ရင္ တခ်ိဳ႕အပင္မ်ားဟာ သူ႔အလိုလို လိပ္ႏိုင္ျဖန႔္ႏိုင္တဲ့ စြမ္းအားရွိတာ ကိုသိသာတာေပါ့”
“ဟုတ္သားပဲ”
“ဖုတ္သြင္းမင္းသမီးလက္က ဆုပ္တာျဖန႔္တာဟာ ကြၽန္ေတာ္ နမူနာ ေပးခဲ့တဲ့ အပင္ေတြရဲ႕ သဘာဝနဲ႔မ်ား ဆက္ႏြယ္ေနမလားလို႔ စဥ္းစား
မိတယ္။
“ဆိုပါဦး … ဆရာႀကီး စိတ္ဝင္စားစရာပဲ”
“ဖုတ္သြင္းမင္းသမီးလက္ရဲ႕ေျပာင္းလဲမႈဟာလျပည့္ညမွာသာျဖစ္တယ္
ဆိုလို႔ပါ။ လရဲ႕ ကမာၻေလာကေပၚက သက္ရွိသက္မဲ့ေတြအေပၚဩဇာ သက္ေရာက္မႈဟာလည္း ထူးျခားလွတယ္ မဟုတ္လား။ ပင္လယ္ထဲက ဒီေရေတြဟာ လအဆန္းအဆုတ္အတိုင္း အတက္၊ အက် ျဖစ္ၾကတယ္။ လရဲ႕ဆြဲငင္အားေၾကာင့္ေပါ့။လူေတြရဲ႕စိတ္ေတြေတာင္လေရာင္ေအာက္မွာ တစ္မ်ိဳးေျပာင္းတတ္ၾကတယ္ေလ။စိတ္ၾကည္ႏူးတာကေနစိတ္ေဖာက္ျပန္
တာအထိျဖစ္ေပၚတတ္ပါတယ္။ မင္းသမီးလက္ဟာလည္းကြၽန္ေတာ္နမူနာ
ေပးခဲ့တဲ့အပင္ေတြကိုလေရာင္ေၾကာင့္အေျပာင္းအလဲျဖစ္တဲ့အပင္တစ္မ်ိဳးနဲ႔ ထုလုပ္ထားမိလို႔မ်ားလားဆိုတာ စဥ္းစားမိတာပါ”
“ဆရာႀကီးရဲ႕အေတြးအေခၚက သဘာဝက်ပါတယ္” “ကြၽန္ေတာ္ကျဖစ္ႏိုင္ေျခေလာက္ကိုေတြးၿပီးစိတ္အထင္နဲ႔ေျပာတာပါ။ တကယ္ေတာ့ ကြၽန္ေတာ့္စိတ္အထင္ အေတြးေတြဟာ မင္းသမီးလက္ရဲ႕ တကယ့္ေျပာင္းလဲမႈေတြအေပၚမွာမလႊမ္းမိုးႏိုင္ပါဘူးဦးရာေမာင္၊ ဖုတ္သြင္း

မင္းသမီးလက္ဟာ အမွန္ကို ထူးျခားလွပါတယ္။ ဂမၻီရဆန္လွပါတယ္။ တကယ္ေတာ့ေရွးပေဝသဏီကရွိခဲ့ၿပီးျဖစ္တဲ့ထူးဆန္းအံ့ၾသဖြယ္အေၾကာင္း အရာတစ္ခုကို ေဝဖန္တာ ဆန္းစစ္တာေတြ လုပ္ကို မလုပ္သင့္ပါဘူးေလ။ ရွိၿပီးသား ထူးဆန္းအံ့ဩဖြယ္ ျဖစ္ရပ္တစ္ခုကို ေသးသိမ္ေအာင္ လုပ္ရာက် ပါတယ္။ ဂမၻီရဆန္လွတဲ့ ဖုတ္သြင္းမင္းသမီးလက္ေတာ္ရဲ႕ ရာဇဝင္ကို သူ႔ အတိုင္းလက္ခံလိုက္တာ အေကာင္းဆုံးပါပဲဗ်ာ”
ကြၽႏ္ုပ္ကလင္ပန္းထဲရွိကတၱီပါစေပၚမွဖုတ္သြင္းမင္းသမီး၏ႂကြင္းက်န္
ရစ္ေသာ လက္ဖဝါးေလးကိုၾကည့္ရင္း ေလးနက္စြာ ေျပာလိုက္မိေလေတာ့
သည္။
> ေဆာင္းလုလင္