ကျောက်မျက်လုံးဂူ

ကျောက်မျက်လုံးဂူ (စ/ဆုံး)📖📖📖

နတ်တော်လလေဗျာ။အေးချက်က လွန်
ရော။စောင်ခြုံလို့လည်း မနွေး။ကွေးလို့
လည်း မလုံ။အိပ်လို့လည်း မပျော်။

နောက်ညတွေဆိုရင်တော့ မီးလှုံရတော့
မယ်ထင်တယ်။ ကျုပ်တောင် အိပ်မပျော်
မှတော့ အဘတို့ အမေတို့ဆိုရင် ပိုဆိုး
တာပေါ့ဗျာ။

“အုန်း၊ အုန်း၊ အုန်း၊ ဝုန်း”

ဘာသံတွေတုံး။အချိန်က သန်းခေါင်
ကျော်ဗျ။ သွပ်မိုးပေါ်ကို တစ်ခုခုကျတဲ့
အသံဗျ။
“ဟဲ့ တာတေ၊ နင် နိုးနေလား”

အမေက ကျုပ်ကို လှမ်းမေးတယ်။
ကျုပ်ကလည်း ဘာသံလဲလို့ နားစွင့်
နေရာကနေအမေ့ကိုဖြေလိုက်ရတယ်။

“နိုးတာ မဟုတ်ဘူး အမေရ
အိပ်လို့မရတာ၊ အေးချက်ဗျာ”

“ဟဲ့ တာတေ၊ နင့်ကို အေးတာပြော
မလို့ မဟုတ်ဘူး၊ ‘အုန်း အုန်း’နဲ့
ဘာသံကြားတုံး ကြားလား”

“ကျုပ်ကြားတယ် အမေ အဲဒါပဲ
နားစွင့်နေတာ။ ဘာသံတုံးတော့
မသိဘူးဗျ။သွပ်မိုးသံလို့ ထင်တာပဲ”

“အိမ်ခေါင်းပေါ်ကို အုန်းသီးကြွေတာ
ထင်တယ်”

အမေက သူထင်တာ ပြောတာဗျို့။

“အခုကြားတာ တောင်ပိုင်းကမို့လား။
တောင်ပိုင်းက အောင်ဆင့်တို့ဝိုင်းက
အုန်းပင်ကြီးတွေ သီးလို့ရှိမှာ၊ အဲဒါ
ခေါင်မိုးပေါ်ကို ကြွေတာ ဖြစ်မယ်”

အမေပြောသလို မဟုတ်ဘူးဗျ။
ကျုပ် သေသေချာချာ ကြားလိုက်
တာပဲ။ အုန်းသီးကြွေရင် အုန်းဆိုတဲ့
အသံက တစ်ချက်ပဲ မြည်မှာပေါ့ဗျ။
အခုဟာက ‘အုန်း၊ အုန်း၊ အုန်း၊ ဝုန်း’
ဆိုပြီး မြည်တာ။

“အုန်း၊ အုန်း၊ အုန်း၊ အုန်း၊ အုန်း”

ဟာ မြည်ပြန်ပြီဗျို့။ဒါ အိမ်ခေါင်မိုး
တွေပေါ်မှာ လူတစ်ယောက် လျှောက်
ပြေးတဲ့အသံဗျ။

“ဟော ဟော ကြားလား တာတေ၊
ဒါ အုန်းသီးကြွေတာ မဟုတ်ဘူး၊
ခေါင်မိုးတွေပေါ် လျှောက်ပြေးနေ
တာဟဲ့၊ ကြောင်တွေ ပြေးတာ
ထင်ပါရဲ့”

“အင်း…ဟုတ်မယ် အမေ၊ ဒါပေမဲ့
ကြောင်ဆိုရင်လည်း အကောင်ကြီး
ကြီးဖြစ်မယ်ဗျ”

“ဟဲ့ …တာတေရဲ့၊ အောင်ဖေတို့အိမ်က
ကြောင်ကြီးတွေများ ခွေးလောက်ရှိတာ၊
အားလုံး သင်းထားတာ၊ ပြီးတော့ ကွမ်း
သီးနဲ့ ထန်းလျက်ကလေးရောထောင်း၊
အလုံးကလေးတွေလုံးပြီး ပါးစပ်ထဲ
ထည့်ကျွေးပေးတာ သံကျတယ်ဆို
လားပဲ နည်းတဲ့အကောင်ကြီးတွေ
မဟုတ္ဘူးဟဲ့”

အမေပြောတာလည်း ဟုတ်သားဗျ။
ကိုအောင်ဖေတို့အိမ်က ကြောင်ကြီး
တွေက တော်တော်ကိုကြီးတာ။
ကြောင်သင်းကြီးတွေလေဗျာ။ကျုပ်
တော့ငရဲကြောက်လို့ ကျုပ်တို့ကြောင်
ကို မသင်းဝံ့ပါဘူးဗျာ။

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

” ဟဲ့ ဟဲ့ တာတေ၊ ဒါ ကြောင်မဟုတ်
လောက်ဘူး၊ ကြောင်ထက် အပုံကြီး
ကြီးတယ်”

“ဟဲ့ ငွေစိန်၊ ကြောင်မဟုတ်ရင် ဆင်
တွေ ဘာတွေလားမှ မသိတာ”

“တော်စမ်း ကိုဥာဏ်၊ပေါက်ကရပြော
ဖို့ပဲ သိတယ်၊ ရှင် မကြားဘူးလား
အသံတွေ”

“ကြားပါတယ် ငွေစိန်ရဲ့၊ ငါလည်း
နားထောင်နေတာပါဟဲ့ ”

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

ဟော ရွာထဲက ကင်းတွေ သံချောင်း
ခေါက်ပြီဗျို့။သံချောင်းကို တစ်ချက်ချင်း
မှန်မှန်ခေါက်တာဗျ။ဒါက ရွာကို သတိ
ပေးတာ။နိုးနိုးကြားကြား နေကြဖို့၊သတိ
နဲ့နေဖို့ပေါ့ဗျာ။ယောက်ျားမှန်သမျှ တစ်
အိမ်တစ်ယောက် ထွက်ဆိုရင် သံချောင်း
ကို အတွဲလိုက် ခေါက်တာဗျ။ခုဟာက
သတိပေးရုံ ပေးတာပါ။

“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”

ဟာ ကျုပ်တို့ဝိုင်းရှေ့လမ်းက ဖြတ်ပြေး
သွားတဲ့ အသံဗျ။

“ဒေါင်ဒေါင်၊ဒေါင်ဒေါင်၊ဒေါင်ဒေါင်၊
ဒေါင်ဒေါင်”

ဟော ကင်းကလည်း သံချောင်းကို
အတွဲလိုက်ခေါက်ပြီဗျို့။

“ဘိုးဥာဏ်၊ ဘိုးဥာဏ်”

“အေး၊ နိုးတယ်ဟေ့၊ စံမောင်ရေ
နိုးတယ်၊ နိုးတယ်”

” အရီးငွေစိန်၊ အရီးငွေစိန်”

“ဟေ၊ နိုးတယ်ဟေ့၊ လုံးတင်ရေ၊
အရီးတို့ နိုးတယ်”

တောင်ဘက် မြောက်ဘက်က ဝိုင်းတွေ
က အဘနဲ့အမေကို လှမ်းနှိုးတာဗျို့။တစ်
ယောက်နဲ့တစ်ယောက် အသံပေးကြတာ
ပေါ့ဗျာ။

“ဖူး၊ ဖူး၊ ဖူး၊ ဖူး၊ ဖူး”

ဟာ ကျုပ်တို့နွားကြီးတွေ နှာမှုတ်ကြပြီ
ဗျို့။မှုတ်လိုက်တာမှ တဖူးဖူးကို ဖြစ်နေ
တာဗ်။

“အီ၊ အီ၊ အီ၊ အီ၊ အီ”

ဟာ တောင်ဘက်ဝိုင်းက ခွေးနှစ်
ကောင်ကြောက်ပြီးအော်နေတဲ့အ
သံဗျို့။တကယ်ကို အံ့သြစရာပါဗျာ။
ရွာထဲကိုနာနာဘာဝတို့ မကောင်းဆိုး
ဝါးတို့ ဝင်ပြီဆိုရင် လူထက်ပိုပြီး
ကြောက်တာက ခွေးတွေပဲဗျ။

ဒီကောင်တွေ ကြောက်တာမှ ပုန်းစရာ
မရှိအောင်ကိုကြောက်တာဗျို့။ အခု
လည်း ခွေးတွေ တအီအီနဲ့ ဟိုတိုး
ဒီတိုးလုပ်နေကြပြီဗျ။

“အင်း၊ နွားတွေ၊ ခွေးတွေ ဒီလောက်
လန့်နေရင်တော့ သိပ်မကောင်းဘူး
ကိုဥာဏ်ရေ၊ ရွာထဲကို မကောင်းဆိုး
ဝါး ဝင်ပြီး ထင်တယ်”

“ဂီး၊ ဂီး၊ ဂီး၊ ကွတ်၊ ကွတ်၊ ကတော်”

“ဟဲ့ ကြက်သံတွေလည်း ကြားနေရ
ပါလား၊ သရဲက ကြက်တွေ ဝင်ဆွဲပြီ
ထင်တယ်”

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

ဟာ သံချောင်းတွေ အဆင်မပြတ်
ခေါက်ပြီဗျို့။ဟော လူသံတွေ ကြား
တယ်။ လူတွေ ထွက်လာကြပြီထင်
တယ်ဗျ။ကျုပ်လည်း ထွက်ခဲ့တယ်။

“ကိုကြီးတာတေ”

ကျုပ် လှည့်ကြည့်လိုက်တော့ ကြည်
ထွေးဆိုတဲ့ကောင်ဗျ။ကျုပ်သူငယ်ချင်း
ကြည်အေးရဲ့ညီ။

“ဟေ…ကြည်ထွေး”

“ကျုပ် ကိုကြီးတာတေကို တွေ့လို့
လိုက်လာတာဗျ။ပြောစရာရှိလို့ ”

“အေး၊ ပြောလေ ကြည်ထွေး၊
ဘာများတုံး”

“ကျုပ် ဒီည ကင်းတွဲတဲ့အထဲမှာ
ပါတယ်ဗျ”

“ဟေ ဟုတ်လား၊ မင်းက ဘယ်ကင်း
တဲမြာတုံး”

“တောင်ပိုင်းက လမ်းဆုံကင်းတဲမှာဗျ”

“ဟာ ဒါဆိုရင် သံချောင်းစခေါက်တာ
မင်းတို့ပေါ့ ”

“ဟုတ်တယ် ကိုကြီးတာတေ၊ ကျုပ်တို့
ကင်းက စခေါက်တာ၊ကျုပ်တို့ခေါက်သံ
ကြားမှ အရှေ့ပိုင်းက ခေါက်တာ၊ပြီး
တော့မှ ကျန်တဲ့ကင်းတဲတွေက ခေါက်
ကြတာ”

“အေး၊ မင်းတို့ ဘာမြင်လိုက်လို့တုံးကွ၊
ကြည်ထွေးရ”

“ပထမတော့ မမြင်ရဘူးဗျ၊ ခွေးတွေ
အီတဲ့အသံတွေ၊ နွားတွေ နှာမှုတ်တဲ့
အသံတွေပဲ ကြားရတာ၊နောက်တော့
အိမ်ခေါင်မိုးတွေပေါ်မှာ ပြေးတော့
တာဗျ။ ကျုပ်လည်း အသံကြားတဲ့
နောက်ကို ပြေးလိုက်ပြီးကြည့်တာ
ကိုကြီးတာတေရ”

“ဟေ ဟုတ်လားကွ၊ ဘာမြင်ရတုံး
ကြည်ထွေးရ”

“ပထမတော့ မမြင်ရဘူးဗျ၊ အသံ
ကြီးက ဘိုးညီမောင်တို့ ခေါင်မိုးပေါ်
ကို ရောက်သွားတော့မှ မြင်ရတာဗျို့”

“ဟာ ဘာကိုမြင်တုံး”

“လူပုံစံပဲဗျာ၊ အဝတ်အစားတော့ မပါ
ဘူး၊ တစ်ကိုယ်လုံးမှာ အမွေးမည်းမည်း
ကြီးတွေ အုပ်နေတယ်”

“အရွယ်က လူအရွယ်ပဲလား”

“မကဘူးဗျ၊ လူထက် နှစ်ဆလောက်
ကြီးလိမ့်မယ်၊ ကျုပ်လည်း အိမ်ခေါင်
မိုးတွေပေါ်မှာ ပြေးနေတဲ့ မည်းမည်း
အကောင်ကြီးလည်းတွေ့ရော ကင်း
တဲကို ပြန်ပြေးပြီး ကင်းတဲမှာ ကျန်
ခဲ့တဲ့ ဂျပုနဲ့ အောင်မြကို သံချောင်း
ခေါက်ခိုင်းလိုက်တာဗျ။နောက်တော့
ဒီအကောင်ကြီးက အိမ်ခေါင်မိုးပေါ်
မှာမပြေးဘဲ လမ်းတွေပေါ် လျှောက်
ပြေးရောဗျို့”

“မင်းတို့ မြင်ရလားကွ”

“ရိပ်ကနဲ ရိပ်ကနဲပဲ မြင်ရတာဗျ။
ကျုပ်တို့ကင်းတဲက ဂျပုတို့ အောင်
မြတို့လည်း မြင်လိုက်ကြတယ်။ဒီ
မှာတင် ကျုပ်တို့လည်း သံချောင်း
ကို ခပ်စိပ်စိပ် ခေါက်ရတော့တာ
ပေါ့ဗျာ။ အိမ်တွေက လူတွေ တုတ်
ဆွဲ၊ ဓါးဆွဲနဲ့ ဓါတ်မီးတွေ တဝင်းဝင်း
ထိုးပြီး ထွက်လာတော့မှ အဲဒီမည်း
မည်းကြီးပျောက်သွားတာဗျ”

“နို့ နေပါဦးကွ၊ ကြည်ထွေးရ၊
ငါ ကြက်သံတွေလည်း ကြား
လိုက်ပါတယ်၊ဘာဖြစ်တာတုံး”

“အဲဒါ တောင်ပိုင်းက ကိုအောင်သစ်
တို့ဝိုင်းထဲက အိပ်တန်းတက်နေတဲ့
ကြက်သုံးကောင်ကို ဝင်ပြီးဆွဲသွား
တာတဲ့ဗ်”

“ဟေ သုံးကောင်လုံး ဆွဲသွားတာလား
ကွ ကြည်ထွေးရ”

“ဟုတ်ပါ့ဗျာ၊ သုံးကောင်လုံးကို ဆွဲ
သွားရုံတင် မဟုတ်ဘူးဗျို့။ လမ်း
လျှောက်စားသွားပုံရတယ်ဗျ။လမ်း
ပေါ်မှာ ကြက်မွေးတွေ သွေးစက်
တွေကျကျန်ခဲ့တာကိုကြီးတာတေ”

ကျုပ်တို့ရွာထဲက လူတွေတော့ ဓါတ်မီး
တဝင်းဝင်းနဲ့ ရွာထဲပတ်နေကြရောဗျို့။
ကျုပ်လည်း ကြည်ထွေးပြောတာ ပြည့်
စုံနေပြီဆိုတာ ဆက်ပြီးမသွားတော့ဘဲ
အိမ်ပဲ ပြန်လာခဲ့ရောဗျ။

“ဟဲ့ တာတေ၊ ဘာတွေဖြစ်တာတဲ့တုံး”

အမေနဲ့ အဘက ငုတ်တုတ်ကလေး
တွေထိုင်ပြီး ကျုပ်ကို စောင့်နေကြ
တာဗျ။ အမေ လိပ်ထားတဲ့ ပြောင်းဖူး
ဖက်ဆေးလိပ်ကြီးတွေတစ်ယောက်
တစ်လိပ် ဖွာလို့ပေါ့ဗျာ။

“ကြည်ထွေးတို့ ရွာတောင်ပိုင်းကင်းက
စပြီးခေါက်တာ အမေရ၊ အိမ်ခေါင်မိုး
တွေပေါ်မှာ လျှောက်ပြေးနေတာဆိုပဲ”

“ဟေ၊ ဘာကောင်က ပြေးတာတုံး”

” ဘာကောင်မှန်းတော့ မသိဘူးတဲ့
အမေရ၊ ကြည်ထွေးပြောတာတော့
လူ့ရဲ့နှစ်ဆလောက် ရှိတယ်ပြော
တာပဲ၊ လူပုံစံပဲတဲ့။တစ်ကိုယ်လုံး
အမွေးမည်းကြီးတွေ အုပ်နေတာ
ဆိုပဲဗျ။ပထမတော့ အိမ်ခေါင်မိုး
တွေပေါ်မှာ လျှောက်ပြေးနေတာ
တဲ့ဗ်”

“ဟေ၊ နေပါဦး လူလေးရဲ့၊ အိမ်တွေ
က တစ်လုံးနဲ့တစ်လုံး ကပ်နေတာမှ
မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ခေါင်း
မိုးတွေပေါ် ပြေးတုံး”

“ခုန်ကူးတာရှိမှာပေါ့ အဘရ၊ လူမှ
မဟုတ်တာ၊ နာနာဘာဝပဲဟာ”

“အေး၊ အေး၊ ဒါလည်း ဟုတ်သားပဲ”

အဘက ပြောပြီးတော့ ပြောင်းဖူးဖက်
ဆေးလိပ်ကြီးကို မီးတရဲရဲနဲ့ ဖွာနေပြန်
ရောဗျ။

“နောက်တော့ ရွာလမ်းတွေမှာပြေးရင်း
နဲ့ ကိုအောင်သစ်တို့အိမ်က ကြက်သုံး
ကောင် ဝင်ဆွဲသွားဆိုပဲ”

“ဟေ ကြက်သုံးကောင်တောင်
ဆွဲသွားတာလား”

အမေက အံ့သြပြီး ဝင်ပြောတယ်ဗျ။
အဘကတော့ ခေါင်းတညိတ်ညိတ်နဲ့
လုပ်နေတယ်။ ကျုပ်တို့သားအဖတွေ
ပြန်အိပ်တော့ပဲ မနက်သုံးနာရီ ထိုးနေ
ပြီဗျ။ နောက်နေ့ရောက်တော့ တစ်
ရွာလုံး ဒီအကြောင်းပဲ ပြောနေတော့
တာပေါ့ဗျာ။ ဟိုဝိုင်းထဲ စုစု စုစု၊ ဒီဝိုင်း
ထဲ စုစု စုစုနဲ့ ညကအကြောင်းပဲ
ပြောနေကြတာဗျ။

သူကြီး ဦးဘိုးထင်ရဲ့ အမိန့်နဲ့ ဆယ်အိမ်
ခေါင်းတွေက ရွာထဲမှာ ကင်းပြန်တွဲကြ
တယ်ဗျ။ ကင်းကို နှစ်မျိုးချတာဗျ။လှည့်
ကင်းနဲ့ ထိုင်ကင်းပေါ့ဗျာ။ ရွာလမ်းတိုင်း
မှာ လှည့်ကင်းတွေ ချထားတာဗျ။ထိုင်
ကင်းမှာ နှစ်ယောက်ပဲ ထားတော့တာ။
လှည့်ကင်းနှစ်ယောက်မှာ တစ်ယောက်
က ဓါတ်မီးနဲ့ လက်နက်တစ်ခုကိုင်ပေါ့
ဗျာ။နောက်တစ်ယောက်က သံချောင်း
ခေါက်ဖို့ ကိုင်ရတာဗျ။

ညရှစ်နာရီကျော်ကတည်းက စအေး
တာဗျို့။ညမိုးချုပ်စ အအေးထက် တစ်
စလောက် ပိုတက်လာတာဗျ။ဝိုင်းထဲမှာ
လည်း ယောက်ျားတွေစုပြီး မီးလှုံပြီး
အကြမ်းသောက်ကြ၊ လက်ဖက်စား
ကြနဲ့ မအိပ်ကြဘူးဗျ။အားလုံးအသင့်
ပြင်ထားကြတာ။

ကျုပ်နဲ့အဘနဲ့လည်း မအိပ်ကြဘူးဗျ။
ဘာများဖြစ်လာဦးမလဲဆိုပြီး စောင့်နေ
ကြတာ။ အမေကတော့ ဇက်နည်းနည်း
ထိုးလို့ ဆိုပြီး အိပ်ရာထဲ ဝင်လှဲနေပြီဗျ။
ကျုပ်တို့သားအဖလည်း စောင်ကြီးတွေ
ခြုံပြီး ထိုင်နေကြရတာ။အကြမ်းပူပူလေး
သောက်လိုက်။ ကျုပ်က နဂါးဆေးပေါ့
လိပ်ကလေးဖွာ၊အဘက ပြောင်းဖူးဖက်
ဆေးလိပ်ကြီးဖွာလို့ဗျာ။သန်းခေါင်တော့
ရောက်ပြီဗျ။ ခုထိတော့ ငြိမ်နေတုန်းပဲ။
ရွာထဲက လူတွေလည်း မအ်ပ်ဘဲစောင့်
နေကြတာဗျို့။ဟိုဝိုင်း ဒီဝိုင်းက စကား
သံတွေ ခပ်သဲ့သဲ့ ကြားနေရတုန်းဗျ။

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

ဟာ ခေါက်ပြီဗျို့၊ သံချောင်းခေါက်ပြီ။
တောင်ပိုင်းက စတာပဲဗျ။

“မီးဟေ့၊ မီး၊ မီး ရေပုံးနဲ့ ရေခပ်ခဲ့ကြဟေ့”

“ဟာ မီးဆိုပါလား တာတေ၊ ပြေးစမ်း၊
ပြေးစမ်း၊ မြန်မြန်”

ကျုပ်လည်း ရေပုံးနဲ့ ရေခပ်ပြီး တောင်
ပိုင်းကို စွတ်ပြေးရတော့တာပေါ့ဗျာ။
ကျုပ်လိုပဲဗျ။ ဝိုင်းတိုင်းကလူတွေ ရေ
ပုံးတွေနဲ့ ပြေးထွက်လာကြတာပေါ့ဗျာ။

“ဘယ်မှာတုံးဟ၊ မီးလောင်တာ၊
ဘယ်သူ့ဝိုင်းတုံး”

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

တစ်ရွာလုံးကို ညံနေတော့တာပေါ့ဗျာ။
ကျုပ်တို့အညာသားတွေ အကြောက်ဆုံး
က မီးပဲလေဗျာ။ မိန်းမသံတွေရော က
လေးငိုသံတွေရော ကျွတ်ကျွတ်ကိုညံ
နေတော့တာပေါ့ဗျာ။

“နှံပြည်စုတ်တို့ ဝိုင်းမှာတဲ့ဟေ့”

နှံပြည်စုတ်ဆိုတဲ့ကောင်က ကျုပ်ထက်
ငါးနှစ်လောက်ငယ်တယ်။အကောင်သေး
သေးလေးဗျ။ ထွားလည်းမလာဘူး။ ဒါ
ကြောင့် ဒီကောင့်ကို တစ်ရွာလုံးက နှံ
ပြည်စုတ်ပဲ ခေါ်ကြတာ။ ဟုတ်တယ်
ဗျို့။ ကျုပ်တောင်ပိုင်း ရောက်တော့
နှံပြည်စုတ်တို့ဝိုင်းထဲမှာမီးတွေတောက်
နေတာဗျို့။ ဟာ…အဆန်းပါလားဗျ။

မီးက မြေကြီးမှာ လောင်နေတာဗျ။
နည်းတဲ့မီးတောက်ကြီး မဟုတ်ဘူး။
လူတစ်ရပ်ကျော်ကျော်လောက်ကို
တက်နေတာ။အဝိုင်းကတော့ဆယ်
ပေပတ်လည်လောက်ရှိမယ်။မြေကြီး
ပေါ်မှာ လောင်နေတာဗျ။အဆောက်
အဦးတွေကို လောင်တာမဟုတ်ဘူး။

“ဗွမ်း၊ ဗွမ်း၊ ဗွမ်း၊ ဗွမ်း”

ဟာ…ရေပုံးတွေနဲ့ ဝိုင်းပက်ကြတာ၊
မီးက နည်းနည်းမှကို တုန့်မသွားဘူးဗျ။

“ဟ…ဒါ ဘာမီးတုံးကွ၊ရေနဲ့လောင်းတာ
လည်း မငြိမ်းပါလား၊ပြီးတော့ မီးလောင်
စရာ ဘာရှိလို့တုံး။မြေအပြောင်မှာ ဒီအ
တိုင်းကြီးကို ထတောက်ပါရောလား”

ကျုပ်လည်း ကြောင်ပြီး ကြည့်နေမိတာ
ပေါ့ဗျာ။ ကျုပ်လည်း ရွာထဲကလူတွေ
ပြောသလိုပဲ အံ့သြနေတာဗျ။ဟာ…
ကျုပ် တွေးမိပြီဗျို့။ဒါ ရိုးရိုးမီး မဟုတ်
ဘူး။ပုဏ္ဏကမီးဗျ။ အလိုလိုထတောက်
တာ။ ကျုပ်လည်ပင်းမှာ အိတ်နဲ့အမြဲ
ဆွဲထားတဲ့ သစ်စုန်းဆေးတော်ကို က
ပျာကယာ ထုတ်ယူပြီး ကျုပ်ဆွဲလာ
တဲ့ ရေပုံးထဲမှာ လက်သည်းနဲ့ နည်း
နည်း ခြစ်ထည့်လိုက်တယ်။ပြီးတော့
ရေတွေကို လက်နဲ့ မွှေလိုက်တယ်။

“ဖယ်ကြ၊ ဖယ်ကြ၊ ကျုပ် ပက်မယ်”

“ဟာ တာတေပါလား၊ လုပ်စမ်းပါဦး
ကွ တာတေရ၊ ဒါ ဘာဖြစ်တာတုံးဟ”

ကျုပ်ရှေ့က လူတွေက ဘေးကိုဖယ်
ပေးကြတယ်။ကျုပ်က ရေပုံးကြီးဆွဲ
ပြီး မီးတောက်ကြီးထဲကို လှမ်းပက်
လိုက်တယ်။ ဟော ငြိမ်းသွားပြီဗျို့။
ကျုပ် ဘာမှမပြောတော့ဘဲ ကျုပ်
ဆရာတော်ကျောင်းကို တန်းပြေးရ
တော့တာပေါ့ဗျာ။

ဆရာတော့်ဆီရောက်တော့ အကျိုး
အကြောင်းကိုခပ်သုတ်သုတ်လျှောက်
ပြီး သစ်စုန်းတောင်ဝှေးကို တောင်း
လိုက်တယ်

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

ဟာ မြောက်ပိုင်းက ခေါက်ပြန်ပြီဗျို့။
လူတွေ မြောက်ပိုင်းကို စွတ်ပြေးကြ
ပြန်ပြီဗျို့။

“မြောက်ပိုင်းက တင်ဝင်းတို့ဝိုင်းထဲ
မှာ လောင်ပြန်ပြီဟေ့”

ကျုပ်လည်း ရှေ့ကပြေးတဲ့လူတွေကို
အမီလိုက်ပြေးရတော့တာပေါ့ဗျာ။

“လေးလေးချက်ကြီး နေဦး၊ ကျုပ်
ဆေးမွှေပေးမယ်၊ရေပုံးပေး၊ရေပုံးပေး”

ကျုပ်က လေးလေးချက်ကြီးရဲ့ရေပုံး
ထဲကို ဆရာတော်ရဲ့သစ်စုန်းတောင်
ဝှေးနဲ့ မွှေပေးလိုက်တယ်။

“ရပြီ၊ လေးလေး၊ ရပြီ။ အဲဒီရေနဲ့
သွားပက်တော့”

တင်ဝင်းတို့ဝိုင်းမှာလည်း နှံပြည်စုတ်
တို့ဝိုင်းလိုပဲ မြေပြောင်ကနေ မီးတွေ
ထတောက်တာဗျ။

“ဟေ့ ဖယ်ကြစမ်း၊ ဖယ်ကြစမ်း၊
မင်းတို့ရေနဲ့ပက်လို့မရဘူးကွ၊
ဒါတာတေ ဆေးမွှေထားတဲ့ရေ၊
ဖယ်၊ ဖယ်၊ ငါပက်မယ်”

“ဗွမ်း”

လေးလေးချက်ကြီးက သူ့ရေပုံးကိုလွှဲပြီး
အားနဲ့ပက်ချလိုက်တာ မီးတောက်ကြီး
ငြိမ်းသွားပြီဗျို့။

“တာတေ ဒါ ဘယ်လိုဖြစ်တာတုံးကွ”

ကျုပ်ကို ဝိုင်းမေးကြရောဗျို့။အားလုံး
လည်း လန့်နေကြပြီဗျ။ကျုပ်ပြောပါ
ကော။ကျုပ်တို့အညာသားတွေ အ
ကြောက်ဆုံးက မီးပဲဗျ။

“ကျုပ်ထင်တာတော့ ဒါ ပုဏ္ဏကမီးလို့
ထင်တယ်ဗျ”

“ဟေ၊ ပုဏ္ဏမီးက ဘယ်လိုဖြစ်ပြီး တို့
ရွာကို ရောက်လာတာတုံး တာတေရဲ့”

“အကြောင်းရှိမယ် ဘထွေးရဲ့၊ခုတော့
ကျုပ်လည်း မသိသေးဘူး၊ကဲ ဘထွေး
တို့ လာကြ၊ ရေတွေကို ကျုပ် ဒီဆေးနဲ့
မွှေပေးထားမယ်”

ကျုပ်က ရေပုံးတွေထဲကို ဆရာတော်ရဲ့
ဆေးတောင်ဝှေးနဲ့ မွှေပေးလိုက်တယ်။
ကျုပ်ရေပုံးတွေမွှေလို့ပြီးရုံပဲရှိသေးတယ်။

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

“ဟာ ခေါက်ပြန်ပြီဟေ့၊ ဒါ အနောက်
ပိုင်းကကွ၊ လာဟေ့ ပြေးကြစို့ ”

ကျုပ်တို့ရွာသားတွေလည်း ရေပုံးတွေ
ကိုယ်စီဆွဲပြီး ရွာနောက်ပိုင်းကို ပြေး
ကြပြန်ရောဗျို့။ကျုပ်လည်းပြေးရတာ
ပေါ့ဗျာ။

“ဘယ်မျာတုံး၊ ဘယ်မှာလောင်တာ
တုံးဟေ့”

“ဘိုးတင်မောင်တို့ဝိုင်းဟေ့၊
ဘိုးတင်မောင်တို့ဝိုင်းဟ”

ဟုတ်ပါ့ဗျာ၊ ကျုပ်ရောက်တော့ တစ်
ယောက်က ကျုပ်ဆေးမွှေပေးထားတဲ့
ရေနဲ့ ပက်လိုက်တာ မီးတောက်ကြီး
ငြိမ်းသွားရောဗျ။

“တော်ပါသေးရဲ့ကွာ၊ တာတေ ကယ်
ပေလို့၊ မဟုတ်ရင် တစ်ရွာလုံး ပြုတ်
လောက်တယ်”

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

“ဟာ ရွာရှေ့ပိုင်းက ခေါက်ပြန်ပြီဟေ့”

ဒီတစ်ခါတော့ ကျုပ်ရှေ့ဆုံးက ရောက်
သွားတာဗျို့။အရီးမယ်လုံးတို့ဝိုင်းမှာထ
တောက်တာဗျ။ကျုပ်နောက်က ရေပုံး
ကြီးတွေနဲ့ ပြေးဝင်လာတဲ့လူတွေရဲ့ရေ
ပုံးတွေကို ကျုပ်က ဆရာတော့် ဆေး
တောင်ဝှေးနဲ့ လိုက်မွှေပေးလိုက်ရတာ
ပေါ့ဗျာ။

“ဗွမ်း၊ ဗွမ်း၊ ဗွမ်း”

“ဝုန်း”

ငြိမ်းသွားပြီဗျို့။မီးတောက်ကြီး
ဝုန်းကနဲမြည်ပြီး ငြိမ်းသွားပြီ။

“တာတေရေ၊ ငါတို့တစ်ရွာလုံး ဒီည
အိပ်ရမှာ မဟုတ်တော့ဘူး ထင်တယ်ဟေ့”

“ဟုတ်တယ် ကိုကြီးဖိုးထောင်ရေ၊ ချမ်းရ
တဲ့ကြားထဲမှာ လူတွေလည်း ရေအရွှဲသား
နဲ့ ခိုက်ခိုက်တုန်နေကြပြီဗျ”

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ေ ဒါင်၊ ဒေါင်”

“ဟာ တောင်ပိုင်းက ခေါက်ပြန်ပြီဟေ့
ပြေးကြ၊ ပြေးကြဟ၊ဘယ်သူ့ဝိုင်းတုံးဟ”

တောင်ပိုင်းပြီးတော့ အလယ်ပိုင်း၊ အ
လယ်ပိုင်းပြီးတော့ အရှေ့ပိုင်း၊အနောက်
ပိုင်း၊ မြောက်ပိုင်း အို…တစ်ညလုံး ပတ်
လောင်နေတော့တာဗျာ။ကျုပ်တို့မပြောနဲ့၊
ဒီအဖြစ်မျိုးကို ကျုပ်တို့ရွာက အသက်
အကြီးဆုံး ကိုးဆယ့်ခြောက်နှစ်ရှိနေတဲ့
ဘိုးဒွေးလှတို့ အဘိုးကြီးတောင် ဒါမျိုး
တစ်ခါမှ ကြားလည်း မကြားဖူး၊ ကြုံ
လည်း မကြုံဖူးဘူးလို့ ပြောတာဗျ။

မြေပြောင်ပြောင်မှာ ဝုန်းကနဲ ထ
တောက်တဲ့မီးက မနက်လေးနာရီ
လောက်ရောက်တော့မှ ငြိမ်သွား
တာဗျို့။ဒါပေမဲ့ ကျုပ်တို့ရွာသားတွေ
ကတော့ ရေပုံးတွေကိုယ်စီ မိုးစင်စင်
လင်းတဲ့အထိ ခိုက်ခိုက်တုန်ပြီး ကင်း
စောင့်နေကြရတော့တာပေါ့ဗျာ။

ကျုပ်လည်း မိုးလင်းတော့မှ အိမ်ပြန်
ရောက်ခဲ့တော့တာ။အဘနဲ့အမေလည်း
တစ်ညလုံး မအိပ်ကြပါဘူးဗျာ။တစ်ရွာ
လုံး ဒီလောက် ဆူပွက်နေမှတော့ ဘယ်
သူက အိပ်ပျော်မှာတုံးဗျာ။ပြီး ဖြစ်တဲ့
ကိစ္စက မီးရေးလေဗျာ၊ တစ်ရွာလုံး
ပြာဖြစ်သွားနိုင်တဲ့ ကိစ္စဗျ။

ကျုပ်လည်း တစ်ညလုံး ပြေးလွှားထား
ရတော့ အိပ်ရာထဲ ဝင်လိုက်တာနဲ့ အိပ်
ပျော်သွားလိုက်တာ အမေ လာနှိုးမှကို
နိုးတော့တာဗျို့။

“ဟဲ့ တာတေ၊ ထတက်ပြီး ထမင်းလေး
ဘာလေး စားဦးလေ”

“ဟင် ဘယ်အချိန်ရှိပြီလဲ အမေ”

“ညနေ သုံးနာရီတောင် ထိုးပြီဟဲ့”

” ဗျာ၊ ဒီလောက်တောင် ရှိပြီလား”

ကျုပ် အိပ်ရာက ကပျာကယာထပြီး
ထမင်းခပ်သုတ်သုတ် စားလိုက်တယ်။
အချိန်တောင် နည်းနေပြီဗျ။ ခဏနေ
တော့ ကျောက်ခဲနဲ့ သံမဏိရောက်လာ
တယ်။ကျုပ်က သံမဏိကို ကြက်ဝယ်
ခိုင်းတယ်။ကျောက်ခဲကိုမီးလောင်ကုန်း
က နတ်ဝင်သည် ဒေါ်ထွန်းကိုခေါ်ခိုင်း
တယ်။တကယ်တေည့ ဒေါ်ထွန်းက
ငွေတွင်းကုန်းကဗျ။

သူ့သားအိမ်ထောင်ကျပြီးမီးလောင်
ကုန်းကိုပြောင်းနေတော့သူပါမီးလောင်
ကုန်းကို လိုက်လာတာ။ကျုပ်တို့အတွက်
ကတော့ ပိုနီးသွားတာပေါ့ဗျာ။

“ကိုကြီးတာတေ၊ ဒေါ်ထွန်းအတွက်တော့
မပူနဲ့ဗျ၊ ဒေါ်ထွန်း ကျုပ်တို့ရွာကို ရောက်
နေတယ်။ညကတည်းက သူရှိတယ်။ကျုပ်
တို့ဖြစ်တာတွေကို ဒေါ်ထွန်း အားလုံးသိ
တယ်။ခုလည်း ဒေါ်ထွန်းက ကျုပ်ကို…

“ဒီညတော့ တာတေ တစ်ခုခုလုပ်
လိမ့်မယ်ထင်တယ်တဲ့၊ ကိစ္စရှိရင်
ငါ့လာပြော၊ ကြားလား ကျောက်ခဲ။
ငါ နင့်အရီးလေး လုံးကြည်တို့အိမ်
မှာရှိတယ်’လို့ ပြောလိုက်တယ်ဗျ။
အဲဒါလည်း ပြောရင်း ကိုကြီးတာ
တေ တစ်ခုခုလုပ်ရင် ကူပြီးလုပ်
ပေးရအောင် လာတာဗျ”

“သြော်…အေး၊ ဒါဆိုရင် မင်းပါ
သံမဏိနဲ့ လိုက်သွားကွာ၊ ပြီးရင်
ငှက်ပျောဖက်ပါ ခုတ်ခဲ့”

“ဟုတ်ကဲ့ ဟုတ်ကဲ”

ဒီကိစ္စတွေကိုဒီကောင်နှစ်ကောင်လုပ်
နေကျပဲဗျာ။ အားလုံးကို သိနေပါပြီ။
ကျုပ်က ဝိုင်းထဲမှာ မီးမွှေးပြီး ထမင်း
အိုးတည်ထားလိုက်တယ်။ပြီးတော့
ငရုတ်သီးထောင်းထားတယ်။ကျောက်
ခဲတို့နှစ်ယောက် ကြက်ဝယ်ပြီး ပြန်
လာတော့ ကျုပ်ထမင်းအိုးက ဆူ
တောင်နေပြီ။ ဟင်းအိုးကျက်တော့
ညနေ ခြောက်နာရီလောက် ရှိပြီ။
ဆောင်းတွင်းဆိုတော့ မှောင်တာ
စောတာပေါ့ဗျာ။

ကျောက်ခဲနဲ့ သံမဏိကိုပါ အမေက
အိမ်မှာ ထမင်းကျွေးတယ်။ကျုပ်အိပ်
နေကတည်းက အမေက ကြက်သား
တစ်အိုး ချက်ထားတာဗျ။အိမ်မှာဟင်း
ရှိတော့ ကျောက်ခဲတို့ကိုပါ ထမင်း
ကျွေးတာပေါ့ဗျာ။ ကျောက်ခဲနဲ့သံ
မဏိကလည်း ကျုပ်တို့အိမ်မှာ စား
နေကျပါ။ ညရှစ်နာရီဆိုတာ ကျုပ်
တို့ရွာဓလေ့တော့ မိုးတော်တော်
ချုပ်နေပြီဗျ။

ဒေါ်ထွန်းကို ခေါ်ပြီး ကျုပ်ရယ်၊ကျောက်
ခဲရယ်၊ သံမဏိရယ်၊ ထနောင်းကုန်းသ
င်္ချိုင်းကို လာခဲ့တယ်။ ကျောင်းအစ်မကြီး
ရဲ့အုတ်ဂူကြီးပေါ်မှာ ငှက်ပျောဖက်ခင်း
ပြီး ကျောက်ခဲထမ်းလာတဲ့ ထမင်းတောင်း
ထဲက ထမင်းတွေ ဟင်းတွေကို သေ
သေချာချာ ပြင်လိုက်တယ်။ကြက်သား
ဟင်းရဲ့မဆလာနံ့က သင်္ချိုင်းကုန်းတစ်
ခုလုံးကို မွှေးသွားတာဗျ။

“အရှေ့နေထွက်၊ အနောက်နေဝင်၊
တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်း
ရောက်ရာအရပ်၊ စားပွဲသောက်ပွဲပေး
ပြီး ပင့်ဖိတ်ပါတယ်၊ မြန်မကြာ လှမ်း
ကာ ကြွာခဲ့ပါ သင်္ချိုင်းရှင်မ မဖဲဝါဗျာ။
ကြွပါ၊ ကြွပါ၊ ကြွပါ”

“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟာ ဒီတစ်ခါ တော်တော်မြန်တာပဲဗျ။
ကျုပ်ပင့်လို့ စကားဆုံးတာနဲ့ မဖဲဝါရဲ့
ခွေးကြီးအူသံကို ကြားရတော့တာပဲဗျ။
ဒေါ်ထွန်းကတော့ ထုံးစံအတိုင်းပေါ့ဗျာ။
ကျောင်းအစ်မကြီးရဲ့ဂူရှေ့က မြက်ခင်း
ပေါ်မှာ ကြုံ့ကြုံ့လေးထိုင်ပြီး မဖဲဝါအ
လာကို အဆင်သင့်စောင့်နေတယ်။
နတ်ဝင်သည်တို့ရဲ့ ပညာနဲ့သူ့လိပ်ပြာ
ကို သူသိပ်နေမှာပေါ့ဗျာ။ဆံပင်က
တော့ဖြည်ချထားတာဗျ။ ဟာ လာ
ပြီဗျို့။ မဖဲဝါ လာပြီ။ ဂူတွေအပေါ်
ကနေရိပ်ကနဲ ရိပ်ကနဲ ရွေ့လာတာ
ဗျ။ဟော ဒေါ်ထွန်းဆီကို ဖြူဖြူအ
ရိပ်ကြီး ပြေးကပ်လိုက်ပြီဗျို့။

“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး”

ဟော ဒေါ်ထွန်း လက်ကြီးတွေ ကွေး
ကောက်ပြီး ထလာပြီဗျို့။ဟာ ဂူကြီး
ပေါ်ကို ဒေါ်ထွန်း လွှားကနဲ ခုန်တက်
သွားပြီဗျ။ဟော ထမင်းပွဲကို ငုံ့ကြည့်
ပြီး ရယ်နေတယ်ဗျ။

“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး”

ဒူးကြီးတစ်ဖက်ထောင်၊ တစ်ဖက်လှဲပြီး
စားပြီဗျို့။ကြက်သားတုံးအကြီးကြီးတွေ
ကို အားရပါးရ စားပြီဗျ။ထမင်းတွေလည်း
စားတယ်။ စားရင်းနဲ့ ဆံပင်ဖားလျားကြီး
ကြားက မျက်လုံးပြူးပြူးနဲ့ ကျုပ်ကိုလှမ်း
ကြည့်တယ်။

“ဒီလိုပါ မဖဲဝါ၊ ကျုပ်တို့ရွာမှာ ပုဏ္ဏက
တိုက်သလိုဖြစ်ပြီး မီးတွေ ထထတောက်
နေတယ်ဗျ။ ဟိုညကတော့ အိမ်ခေါင်မိုး
တွေပေါ်မှာ လျှောက်ပြေးနေတယ်။အဲ
ဒါ ဘာဖြစ်တာတုံးဆိုတာ သိချင်လို့ပါ
မဖဲဝါ။ ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆို
တာလဲ ပြောပါဗျာ”

“တာတေ၊နင်တို့ရွာတောင်ပိုင်းက
တောထဲဝင်ဝင်ပြီး ဘိထောင်တဲ့
ကောင် နှစ်ကောင်”

“သြော်၊ ကိုရွှေဝါးနဲ့ ကိုငွေဝါးတို့ကို
ပြောတာထင်တယ်”

“အေး ဟုတ်တယ်၊ ဒီကောင်နှစ်ကောင်
တောထဲကို ဘိထောင်သွားရင်း ကျောက်
မျက်လုံးဂူကိုရောက်သွားတယ်။အဲဒီဂူထဲ
မှာ ဘီလူးကနေ ကျောက်ဖြစ်သွားတဲ့
ကျောက်တုံးကြီးတစ်တုံး ရှိတယ်။ အဲဒီ
ကျောက်တုံးမှာ ကျောက်ဖြစ်သွားတဲ့
ဘီလူးမျက်လုံးကြီးကို မြင်နေရတယ်။
ဒီဘီလူးက ကျောက်မဖြစ်ခင်ကတည်း
က နဖူးမှာ မျက်လုံးတစ်လုံးပဲ ရှိတာ။
ထူးဆန်းတာက အဲဒီကျောက်မျက်လုံး
ကြီးက မျက်တောင်ခတ်တယ်။အဲဒါကို
သွားတွေ့တဲ့ ရွှေဝါးနဲ့ ငွေဝါးကကျောက်
မျက်လုံးကြီး ရအောင်ထုတ်ယူလာတယ်။
အခု နင်တို့ရွာမှာ လာပြီးသောင်းကျန်း
နေတဲ့အကောင်က အဲဒီကျောက်မျက်
လုံးကို စောင့်ရတဲ့ ‘တာပန’လို့ခေါ်တဲ့
ဘီလူး။

ရွှေဝါးတို့ ငွေဝါးတို့ ကျောက်မျက်လုံးထုတ်
ယူတဲ့အချိန်မှာ ဒီဘီလူးကနတ်မင်းကြီးတွေ
ခိုင်းထားတာရှိလို့ တစ်နေရာကိုသွားနေရ
တယ်။အဲဒီမျက်လုံးက ကျောက်ဖြစ်နေတဲ့
ဘီလူး မျက်လုံးအစစ် တာတေ၊ အင်မတန်
အစွမ်းထက်တယ်။လူတွေလက်ထဲမှာ ဒါ
ကို ထားမှာမဟုတ်ဘူး။ ရွေးစေ့လောက်
ကလေးပဲ ဖဲ့ယူပြီး ဆောင်ထားရင်တောင်
တုတ်၊ ဓါး၊ လှံ၊ သေနတ်၊ မီးပေါက် ဘယ်
လိုလက်နက်မျိုးမဆို ပီးတယ်။

မီးမလောင်ဘူး၊ ရေမှာ မမြုပ်ဘူး။ဒါကို
‘တာပန’ဘီလူးက ရအောင်ပြန်ယူလိမ့်
မယ်။ဒီတာဝန်က သူ့ကို နတ်မင်းကြီး
တွေ ပေးထားတဲ့ တာဝန်ပဲ တာတေ၊
သူ ဒီကျောက်မျက်လုံးကို မရ,ရအောင်
ပြန်ယူမှာပဲ”

“ဒါဆို ဘယ်လိုလုပ်ရမတုံးဗျ”

“ဟဲ့ အဲဒီမျက်လုံးကို ကျောက်မျက်လုံး
ဂူမှာ ပြန်ထားလိုက်ပေါ့”

“ဟာ ဒါကို သွားထားတုန်း’တာပန’ဘီလူး
က သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မတုံးဗျ”

” နင်တို့ သွားမပို့ခင် ငါ့ကို အကြောင်း
ပြုလိုက်။ နတ်မင်းကြီးတွေကို ငါလျှောက်
ပြီး ‘တာပန’ဘီလူးကို ဖယ်ခိုင်းထားမယ်၊
နင်လည်း ‘တာပန’စားဖို့ ဆိတ်အရှင်တစ်
ကောင်ကို ကြိုးချည်ပြီး ထားခဲ့ရမယ်”

ဟာ မဖဲဝါ ကြွသွားပြီဗျို့။ဒေါ်ထွန်း
လက်ကြီးအပေါ် မြှောက်ပြီး ဂူပေါ်မှာ
ခွေကနဲ လဲကျသွားတယ်။ ကျုပ်က
ဒေါ်ထွန်းကို သစ်စုန်းဆေးတော် ခပ်
ထားတဲ့ရေနဲ့ တောက်ပေးလိုက်တယ်။

ဒေါ်ထွန်း သတိပြန်ရတော့ ကျုပ်တို့
ရွာထဲကို ပြန်ဝင်ခဲ့ကြတယ်။ဒေါ်ထွန်း
ကို အရီးလုံးတင်အိမ် ပြန်ပို့ပြီး ကျုပ်တို့
သူကြီးအိမ်ကို လာခဲ့ကြတယ်။သူကြီး
ကို အဖြစ်အပျက်တွေအားလုံးပြောပြ
လိုက်တော့ သူကြီးက ဆယ်အိမ်ခေါင်း
ကိုဆယ်ကို ချက်ချင်းလွှတ်ပြီး ကိုရွှေ
ဝါးနဲ့ ကိုငွေဝါးတို့ ညီအစ်ကိုကို ခေါ်
ခိုင်းလိုက်တယ်။ခဏနေတော့ ကို
ရွှေဝါး ပါလာတယ်။

“ဟေ့ကောင် ငွေဝါး၊ မင်းအစ်ကို
ရွှေဝါးက ဘာလို့ လိုက်မလာတာတုံး၊
ငါ့ကို ပမာမခန့် လုပ်တာလားဟေ့”

သူကြီးဆိုတာလည်း အကြောင်းကြုံ
လာရင် နည်းနည်းတော့ အာဏာပြ
ပေးရတယ်ဗျ။ဒီလိုမှ မလုပ်ရင်လည်း
လူတွေက မခန့်ကြဘူးဗျ။

“ဟာ မဟုတ်ရပါဘူး သူကြီးရယ်၊
သူကြီးကို ပမာမခန့်လုပ်တာ မဟုတ်
ပါဘူးဗျာ၊ ကျုပ်အစ်ကို ရွှေဝါးက ရန်
ကုန်ကို သွားနေလို့ပါဗျာ”

“ဘာကွ၊ ရွှေဝါးက ရန်ကုန်သွားတယ်
ဟုတ်လား၊ ဘာသွားလုပ်တာတုံး၊ ဘိ
ထောင်လို့ရတဲ့ အသားတွေ ရန်ကုန်
တက်ရောင်းတာလား”

သူကြီးက ငေါ့တော့တော့ မေးတာဗျ။

“ဟာ မဟုတ်ပါဘူး သူကြီးရဲ့၊ ကျောက်
သွားရောင်းတာပါ”

“ဟေ၊ ကျောက်ဟုတ်လား၊ ဘာကျောက်
တုံး၊ ပတ္တမြားလား”

သူကြီးက တမင်မေးနေတာဗျ။ကျုပ်ပြော
ပြထားလို့ အားလုံးသိနေပြီးသားဗျ။

“ဟာ ပတ္တမြား မဟုတ်ပါဘူးဗျ။ ရိုးရိုး
ကျောက်ပါ”

“သြော် မျက်လုံးပုံလေးလားကွ၊ ငွေဝါးရ”

“ဟာ ဟုတ်တယ်၊ ဟုတ်တယ် သူကြီး၊
နို့ နေပါဦးဗျ၊ သူကြီးက ဒီကျောက်က
လေးအကြောင်းကို ဘယ်လိုသိနေတာ
တုံး”

“ဟေ့ကောင် ငွေဝါး၊ ငါ သူကြီးကွ၊
ဒီရွာမှာ အပ်ကျတာကအစ ငါသိ
တယ် သိလား”

“သြော်…ဟုတ်၊ ဟုတ်ကဲ့ပါ သူကြီး”

“မင်းအစ်ကို ရွှေဝါး အဲဒီကျောက်မျက်
လုံးလေးကို ရန်ကုန်သွားရောင်းတယ်
ဆိုတာ တကယ်လား”

“ဟုတ်ပါတယ် သူကြီး၊ ကျုပ်တကယ်
ပြောတာပါ”

“အေး၊ ငါပြောမယ် ငွေဝါး၊ မင်းတို့ညီ
အစ်ကို ဂူကြီးတစ်ခုက ကျောက်မျက်
လုံးလေးကို ယူလာလို့ ဒီရွာတစ်ရွာလုံး
ဗြောင်းဆန်နေတာရော သိသလားကွ”

“ဗျာ၊ အဲ အဲဒါ ကျောက်မျက်လုံးနဲ့
ဆိုင်လို့လားဗျ သူကြီးရ”

“အေး ဆိုင်တယ်ဟေ့၊ သိပ်ဆိုင်တယ်
ကွ၊ အဲဒီကျောက်မျက်လုံးကိုစောင့်တဲ့
ဘီလူး လိုက်လာပြီး ရွာထဲမှာ သောင်း
ကျန်းနေတာကွ သိသလား၊ မင်းအစ်
ကို ရွှေဝါးက ဒီကျောက်မျက်လုံးကို
ဘယ်သူ့ဆီမှာ ရောင်းမှာတုံး”

“ဒါတော့ ကျုပ်မသိဘူး သူကြီး၊ရန်ကုန်
က ကျုပ်တို့ဦးလေးကကျောက်မျက်လုံး
ယူပြီးလိုက်ခဲ့၊ သူရောင်းပေးမယ်ဆိုလို့
လိုက်သွားတာဗျ။ ဒါပေမဲ့ သူတို့တွေ
စမ်းကြည့်ဦးမှာပါ၊ တကယ်စွမ်းမှ
ရောင်းလို့ရမှာပါဗျာ”

“ဒါဆိုရင် ရွှေဝါးက ဘယ်တုန်းက
ရန်ကုန်ကို သွားတာတုံး”

” ဒီမနက်ပဲသွားတာ သူကြီး၊ ဒါပေမဲ့
ရန်ကုန်ကို ချက်ချင်းသွားမှာ မဟုတ်
သေးဘူး၊ မြို့မှာ တစ်ရက် နှစ်ရက်
နေဦးမှာ”

“ဒါဆိုရင် မနက်ဖြန် မနက်စောစော
ထပြီး မင်းကိုယ်တိုင် ရွှေဝါးကို မြို့မှာ
လိုက်ခေါ်ပေတော့၊ အဲဒီကျောက်မျက်
လုံးမပါဘဲ မင်းတို့နှစ်ယောက်ထနောင်း
ကုန်းကို ပြန်မလာခဲ့နဲ့။ အဲဒါ မပါဘဲ
ပြန်လာရင်တော့ ဒီတစ်ရွာလုံးကလူတွေ
မင်းတို့နှစ်ယောက်ကို ဝိုင်းပြီးသတ်ကြ
လိမ့်မယ်၊ ဒီညလည်း ရွာထဲမှာ ဘာဖြစ်
ဦးမယ် မသိဘူး”

“ဟုတ်၊ ဟုတ်ကဲ့ပါ သူကြီး၊ ကျုပ်မနက်
စောစောထပြီး မြို့ကို လိုက်သွားမယ်။
ပြီးရင် ကျုပ်အစ်ကို ရွှေဝါးကိုခေါ်ပြီး
ချက်ချင်းပြန်ခဲ့ပါ့မယ်”

ညသန်းခေါင်ကျော်တော့ ကင်းစောင့်
တဲ့လူတွေရော၊ ရွာသားတွေရော တစ်
ယောက်မျက်နှာ တစ်ယောက် ကြည့်
ကြတော့တာပေါ့ဗျာ၊ မျက်နှာတွေဆို
တာလည်းဆီးရွက်လောက်ကိုရှိတော့
တာဗျ။ မျက်နှာငယ်လေးတွေနဲ့ဗျို့။

“ဒုန်း၊ ဒေါင်း၊ ဒေါင်း၊ ဒေါင်း၊ ဒုန်း”

ဟာ ရွာထဲက အိမ်ခေါင်မိုးတွေပေါ်ကို
ခဲလုံးတွေ ကျနေတာဗျို့။ အိုး ကောင်း
ကင်ကနေပြီး ခဲလုံးမိုးတွေ ရွာနေသ
လား မှတ်ရတယ်ဗျာ။

“ခဲတွေ ကျလာပြီဟေ့၊သတိထားကြဟ”

ဆန်းတော့ ဆန်းသားဗျ။ ခဲလုံးတွေက
အိမ်ခေါင်မိုးတွေပေါ်ကိုပဲ ကျတာဗျ။
ရွာလမ်းမပေါ်ကိုတော့ ခဲတစ်လုံးမှ
မကျဘူးဗျ။ တစ်ရွာလုံးလည်း တဒုန်း
ဒုန်း တဒုန်းဒုန်းနဲ့ ဗြောင်းဆန်နေတော့
တာပေါ့ဗျာ။ ကျုပ်ကို မဖဲဝါပြောလိုက်
တဲ့ အကြောင်းကိုသာ ဒီရွာသားတွေ
ကို ပြောပြလိုက်ရရင်တော့ ကိုရွှေဝါး
တို့ ကိုငွေဝါးတို့အိမ်ကို ဝိုင်းပြီးများ
ဖျက်ပစ်ကြမလားတောင် မသိဘူးဗျ။

ကျုပ်လည်း ဘယ်ပြောလို့ဖြစ်မှာတုံး။
သူကြီးတစ်ယောက်ကိုပဲ ပြောပြရတာ။
တစ်ညလုံး တဒုန်းဒုန်းကျနေတဲ့ ခဲတွေ
မနက်သုံးနာရီလောက်မှ ရပ်သွားတာ
ဗျို့။ အိပ်ရေးတွေပျက်ပြီး ယာထဲလည်း
မဆင်းနိုင်ကြဘူးဗျ။

မနက်မိုးလင်းကာနီးမှ အိပ်ကြရတာ
မို့လား။ ကျုပ်တို့လည်း ဒီအတိုင်းပါပဲ
ဗျာ။ တော်သေးတယ်လို့ပဲ ပြောရ
တော့မှာပဲဗျာ။ ညနေလောက်ရောက်
တော့ ကိုငွေဝါး လိုက်ခေါ်တဲ့ သူ့အစ်
ကို ကိုရွှေဝါး ပြန်ရောက်လာတယ်။
ကျုပ်ကို သူကြီးက ခေါ်ခိုင်းလို့ ကျုပ်
လိုက်သွားတယ်။ သူကြီးက ကနုတ်
ပန်းတွေဖော်ထားတဲ့ ကုလားထိုင်
ကြီးမှာ ခန့်ခန့်ကြီးထိုင်ပြီး ကိုရွှေ
ဝါးတို့ ကိုငွေဝါးတို့ ညီအစ်ကိုက
သူကြီးရှေ့မှာ ယို့ယို့လေးတွေ
ထိုင်နေကြတာဗျို့။

သူကြီးက ကျုပ်ကို လက်ကိုင်ပုဝါနဲ့
ထုပ်ထားတဲ့ အထုပ်ကလေးတစ်ထုပ်
ပေးတယ်ဗျ။ ကျုပ်ကလည်း ရိုရိုသေ
သေ လှမ်းယူပြီး ဖြည်ကြည့်လိုက်
တော့ အံ့သြစရာပါပဲ။

လူ့မျက်လုံးအရွယ်လောက်ရှိတဲ့ ကျောက်
မျက်လုံးလေးဗျ။ တကယ်မျက်လုံးအတိုင်း
ပါပဲဗျာ။မျက်လုံးအဖြူသားနဲ့ အလယ်မျက်
လုံးအနက်နဲ့ အထဲမှာလည်း သူငယ်အိမ်နဲ့
ဗျ။ ကျုပ် သူငယ်အိမ်ထဲကို သေသေချာ
ချာ ကြည့်လိုက်တော့ အောင်မယ်လေး
အထဲမှာ ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေ
တဲ့ ဘီလူးဗျ။ လက်ထဲမှာလည်း တင်း
ပုတ်ကို ပခုံးပေါ်မှာထမ်းထားတယ်။

ကျောက်ဖြစ်သွားတဲ့ ဘီလူးရဲ့ဝိညာဉ်
က ဒီထဲမှာ ကိန်းနေတာကိုး။ဒါကြောင့်
ဒီကျောက်မျက်လုံးက မျက်တောင်ခတ်
တာကိုး။

“ကိုရွှေဝါး၊ ဒီမျက်လုံးကို ခင်ဗျားတို့
တွေ့တုန်းက မျက်တောင်ခတ်တယ်ဆို”

“အေး ဟုတ်တယ် တာတေ၊ မင်းကို
ဘယ်သူပြောတာတုံး”

“ကျုပ်ကို မဖဲဝါ ပြောတာဗျ”

ကျုပ်က မဖဲဝါ ပြောတာတွေကို သူတို့
ညီအစ်ကိုကိုပြောပြလိုက်တယ်။ဒီတော့
မှ ညီအစ်ကိုနှစ်ယောက်စလုံး လန့်သွား
ကြရောဗျို့။သူကြီးကလည်း သူတို့ညီ
အစ်ကိုကို လှမ်းကျိန်းတော့တာပေါ့ဗျာ။

“သူကြီးရယ်၊ ကျုပ်တို့ ဒါတွေ ဘာမှ
မသိလို့ ယူခဲ့မိတာပါဗျာ။ထူးဆန်းနေ
တော့ ကျုပ်တို့လည်း စိတ်ဝင်စားပြီး
ယူခဲ့ကြတာပါ။ နောက်မှ ရန်ကုန်က
ကျုပ်ဦးလေးက ဒီလိုပစ္စည်းဆန်းဆို
ရင် ယူလာပြီး ပြကြည့်ပေါ့။ ကြိုက်
တဲ့လူတွေ့ရင် စျေးကောင်းရတတ်
တယ်ဆိုလို့ ကျုပ်လည်း သွားပြ
ကြည့်မလို့ပါဗျာ။ ရွာထဲမှာ ဖြစ်နေ
တဲ့ကိစ္စတွေဟာ ဒီပစ္စည်းကြောင့်
ဖြစ်တာမှန်း ကျုပ် လုံးဝမတွေးမိ
ဘူးဗျာ။ အခုလည်း ဒီကျောက်
မျက်လုံးကို သူကြီးဆီမှာ အပ်ပါ
တယ်။သူကြီး ကြိုက်သလိုသာ
စီစဉ်ပါဗျာ”

ကိုရွှေဝါး ပြောတာကို ကြားတော့
သူကြီးက မျက်နှာကွက်ကနဲ ပျက်
သွားတယ်ဗျို့။

“ဟဲ့ကောင် ရွှေဝါး၊ ဘယ့်နှယ် ငါက
စီစဉ်ရမှာတုံး၊မင်းတို့ညီအစ်ကိုယူလာ
တာ။ မင်းတို့ ပြန်ပို့မှ ဖြစ်မှာပေါ့ကွ၊
မနက်ဖြန် ဆိတ်တစ်ကောင်ဝယ်ပြီး
ကျောက်မျက်လုံးဂူကို ပြန်သွားပြီး
ကျောက်မျက်လုံးကို ပြန်ပို့လိုက်၊
တာတေ လိုက်လုပ်ပေးလိမ့်မယ်”

“ဟုတ်၊ ဟုတ်ကဲ့ပါ သူကြီး”

အဲဒီညလည်း တစ်ညလုံး မအိပ်ကြရ
ပါဘူးဗျာ။လေပြင်းတွေတိုက်၊အိမ်ခေါင်
ပေါ်ကို ခဲတွေကျ၊ ခွေးတွေက ကြောက်
လန့်ပြီး နွားတွေက တဖူးဖူး နှာမှုတ်၊ လူ
တွေလည်း နေစရာမရှိအောင် ကြောက်
ကုန်ကြပြီပေါ့ဗျာ။တိုက်လိုက်တဲ့လေတွေ
ဆိုတာ မနက်မိုးလင်းကာနီးမှ ငြိမ်သွား
တာဗ်

ကျုပ်စိတ်ထင်တော့ တစ်နာရီမိုင်ခြောက်
ဆယ်နှုန်းလောက် ရှိမယ်ထင်တယ်။ဒီပုံစံ
အတိုင်း နောက်သုံးလေးရက်လောက်
ဆက်ဖြစ်နေရင်တော့ ကျုပ်တို့ရွာကလူ
တွေ တခြားကို ပြောင်းပြေးကြမလား
တောင် မသိဘူးဗျ။

ကိုရွှေဝါးတို့ ညီအစ်ကိုနဲ့ ကျုပ် မနက်
အစောကြီး ရွာကထွက်လာခဲ့တယ်။
ရွာပြင်ရောက်တာနဲ့ ကိုရွှေဝါးကလက်
ကိုင်ပုဝါနဲ့ ထုပ်ထားတဲ့ ကျောက်မျက်
လုံးလေးကို ကျုပ်လက်ထဲထည့်လိုက်
တယ်။သူတို့ရောက်ခဲ့တဲ့ ကျောက်မျက်
လုံးဂူ ဆိုတာကို သူတို့က သိမှာပေါ့
ဗျာ။ ရှေ့ဆုံးက ကိုရွှေဝါး၊ ကျုပ်က
အလယ်က၊ နောက်ဆုံးမှာက ဆိတ်
တစ်ကောင် ကြိုးနဲ့ဆွဲပြီး လိုက်လာ
တာက ကိုငွေဝါးဗျ။

ဒီလူနှစ်ယောက်လည်း မိဘမှာ လက်
ငုတ်လက်ရင်းလေး ရှိပေမယ့် ယာလုပ်
တာက နည်းနည်း၊ တောထဲဝင်ပြီး ဘိ
ထောင်တာက များများဖြစ်နေတာဗျ။
ဘိထောင်တယ်ဆိုတာက တောထဲ
မှာ သားကောင်ကို ထောင်ချောက်
ထောင်ပြီး ဖမ်းတာကို ပြောတာဗျ။

ကျုပ်ကတော့ ညကတည်းက မဖဲဝါကို
အကြောင်းပြုထားပြီးသားဗျ။ဒီနေ့ကျုပ်
မျက်လုံးဂူကို သွားမယ့်အကြောင်းပေါ့
ဗျာ။ ကျုပ်တို့သုံးယောက် ရိုးမပေါ်ကို
တက်လာပြီး နှစ်နာရီလောက်ကြာတော့
တောင်ကမ်းပါးကိုပတ်ပြီး လျှောက်ရတဲ့
လူလျှောက်လမ်းလေးကို တွေ့တယ်ဗျ။

“ဒီလမ်းပဲ တာတေ၊ ဒီလမ်းအတိုင်းသွား
ရင် အဲဒီဂူပေါက်ကို တွေ့လိမ့်မယ်။မင်း
ပဲ သွားထားလိုက်တော့ကွာ၊ငါတို့မလိုက်
ဝံ့တော့ဘူး”

ကိုရွှေဝါးက ပြောတာဗျ။

“ဟာ၊ ဘယ်ဖြစ်မှာတုံးဗျ၊ ခင်ဗျားတို့
ယူခဲ့တဲ့ နေရာကို ကျုပ်မှ မသိတာ။
ပြီးတော့ ကျုပ်က သွားထားပါပြီတဲ့၊
ခင်ဗျားတို့ ညီအစ်ကို ဒီနေရာမှာ
နေခဲ့ရဲလား”

ကျုပ်မေးလိုက်တော့မှ ညီအစ်ကိုနှစ်
ယောက် တစ်ယောက်မျက်နှာ တစ်
ယောက်ကြည့်ပြီး…

“ဟာ၊ အဲဒီလိုလည်း မနေရဲဘူးကွ၊
ဟာ မထူးပါဘူးကွာ၊ မင်းနဲ့ပဲ လိုက်
ခဲ့ပါမယ်”

“ကဲ ဒါဆိုရင် ကိုရွှေဝါး ရှေ့က သွား
ပေတော့”

လူသွားလမ်းကလေးက တော်တော်ရှည်
တာဗျ။တော်တော်လေး သွားမိတော့မှ
ကျောက်ဂူကို တွေ့ရတာဗျို့။ဂူက အဝ
ကလည်း ကျယ်တယ်၊ အထဲမှာလည်း
တော်တော်ကျယ်သားဗျ။

ကျုပ်တို့ ဂူထဲကို ဝင်လာတယ်။

“ဟိုမှာ တာတေ၊ အဲဒီကျောက်တုံးကြီး
မှာ ဒီကျောက်မျက်လုံးကို တွေ့တာ”

ဂူထဲမှာက အလင်းရောင်ဖျော့ဖျော့လေး
လင်းနေတယ်။ကျောက်တုံးကြီးက လူ
ကြီးတစ်ယောက် ထိုင်နေသလိုလိုပဲဗျ။
ဒါပေမဲ့ ပီပီပြင်ပြင်တော့ မရှိလှဘူး။
လူခေါင်းလို့ ထင်ရတဲ့နေရာမှာ တွင်း
ကလေး ဖြစ်နေတာဗျ။မဖဲဝါ ပြောသ
လိုဆိုရင် ဒီကျောက်တုံးကြီးက ဘီလူး
ကြီး ကျောက်ဖြစ်သွားတဲ့ ကျောက်တုံး
ကြီးပဲဗျ။ ဒီတွင်းကလေးက ကိုရွှေဝါး
ဓါးနဲ့ ကော်ထုတ်ခဲ့တဲ့ ကျောက်မျက်
လုံးအရာကလေးပဲ။

ဒါဆိုရင် ဒီနေရာဟာ ဘီလူးကြီးရဲ့နဖူး
နေရာပဲ ဖြစ်မယ်။ဘာဖြစ်လို့တုံးဆိုတော့
မဖဲဝါ ပြောတာက အဲဒီဘီလူးကြီးက နဖူး
မှာ မျက်လုံးတစ်လုံးပဲ ပါတာဆိုပဲဗျ။ကျုပ်
က လက်ကိုင်ပုဝါနဲ့ ထုပ်ထားတဲ့ ကျောက်
မျက်လုံးကလေးကို ထုတ်ယူပြီး ကျောက်
တုံးကြီးပေါ်ကို တွယ်တက်ခဲ့တယ်။

နည်းနည်းလောက် တက်လိုက်တော့
တွင်းနေရာလေးကို လမ်းလှမ်းလို့ မှီ
သွားပြီဗျ။ ကျောက်မျက်လုံးကို တွင်း
ကလေးထဲ သေသေချာချာ ပြန်ထည့်
လိုက်တယ်။ အံဝင်ခွင်ကျကို ဝင်သွား
တာဗျ။ ကျုပ် သေသေချာချာ ကြည့်
လိုက်တော့ ဟာ မျက်တောင်ခတ်နေ
တယ်ဗျို့။ကျုပ်လည်း ကျောက်တုံးကြီး
ပေါ်က မြန်မြန်ပြန်ဆင်းလာတယ်။

ဘာက ဘယ်လိုခတ်နေတာလဲတော့
မသိဘူးဗျ။ကျောက်မျက်လုံးလေးက
မျက်တောင်ခတ်နေတာတော့ အမှန်ပဲ
ဗျို့။ မဖဲဝါ ပြောသလိုဆိုရင် ကျုပ်တို့
ရွာကို လာပြီးခြောက်လှန့်နေတဲ့ တာ
ပနလို့ခေါ်တဲ့ ဘီလူးက ဒီကျောက်မျက်
လုံးကိုလူတွေလက်ထဲ မရောက်အောင်
စောင့်နေရတဲ့ ဘီလူးဗျ။

မဖဲဝါက နတ်မင်းကြီးတွေကို လျှောက်
လိုက်လို့ တာပနကို တစ်နေရာရာလွှတ်
လိုက်တာ ဖြစ်မယ်ဗျ။ အချိန်တော့ သိပ်
ကြာလို့ မဖြစ်ဘူး။ မတော်လို့ တာပန
့ပြန်ရောက်လာရင် ကျုပ်တို့ ဒီနေရာမှာ
တင် ကိစ္စပြတ်သွားမှာဗျို့။

ကိုငွေဝါးလက်ထဲက ဆိတ်ကိုယူပြီး
တိုင်လို ဖြစ်နေတဲ့ ကျောက်ပန်းဆွဲကြီး
တစ်ခုမှာ ကြိုးချည်ထားလိုက်တယ်။ပြီး
တာနဲ့ ကျုပ်တို့သုံးယောက် သုတ်ခြေတင်
တော့တာဗျို့။ကျုပ်တို့ကျောက်မျက်လုံးဂူ
နဲ့ တော်တော်လေး ဝေးလာတဲ့အချိန်မှာ…

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

ဟာ တောကြီးတစ်တောလုံး လေပြင်း
တိုက်တော့တာပဲဗျို့။

“ဟား ဟား ဟား ဟား ဟီး ဟီး ဟီး”

ကျောက်မျက်လုံးဂူဘက်က ထွက်လာ
တဲ့ ရယ်သံကြီးဗျို့။ ကျောက်မျက်လုံး
စောင့်တဲ့ ဘီလူးတာပန ပြန်ရောက်
လာပြီ ထင်တယ်ဗျ။

“ဟား ဟား ဟား ဟား ၊ ပဲ ဟဲ ဟဲ”

ဟာ ဆိတ်အော်သံပါ ကြားရတယ်ဗျို့၊
ကျုပ်တို့ထားခဲ့တဲ့ ဆိတ်ကလေးကို
ဘီလူး စားနေပြီ ထင်တယ်ဗျို့။

ဘီလူးရယ်တဲ့ အသံကြီး ကြားရလေ
ကျုပ်တို့သုံးယောက်လည်း ခြေလှမ်း
တွေ ပိုသွက်လာလေပဲဗျို့။ နေမွန်း
တည့်တာနဲ့ ကျုပ်တို့ ရွာပြန်ရောက်
ကြတယ်။ကျုပ်တို့ အိမ်တန်းမပြန်ဘဲ
သူကြီးအိမ်ကို သွားပြီး အကျိုးအ
ကြောင်း ပြောပြရသေးတာပေါ့ဗျာ။

ညရောက်တော့ ကျုပ်လည်း စိတ်ထဲ
မှာ တထင့်ထင့်နဲ့စောင့်နေရတာဗျ။
ကိုရွှေဝါးတို့ ညီအစ်ကိုလည်း ကျုပ်
လိုပဲ ရှိမှာပေါ့ဗျာ။ သန်းခေါင်ကျော်
တော့ ကင်းစောင့်နေတဲ့လူတွေရော
ရွာသားတွေရော တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ကြောက်နေ
ကြပြန်တာပေါ့ဗျာ။

ဘယ်နားကများ မီးတွေ ထတောက်
မလဲ။ခဲလုံးတွေများ ကျလာဦးမလား၊
ခေါင်မိုးတွေပေါ်ကို လျှောက်ပြေးဦး
မှာလား။ ဒါမှမဟုတ်ရင်လည်းကိုယ့်
နောက်ကများ အကောင်ကြီး တစ်
ကောင် ဘွားကနဲ ပေါ်လာမှာလားဆို
ပြီး တွေးနေကြမှာပေါ့ဗျာ။

ညတစ်ချက်တီး။ နှစ်ချက်တီး။ ဘာမှ
မဖြစ်ဘူးဗျို့။သုံးချက်တီး အားလုံး
စိတ်ချလက်ချနဲ့ အိမ်ပြန်ပြီး အိပ်ကြ
ပြီဗျို့။ အဲဒီညကစပြီး နောက်ညတွေ
လည်း ဘာမှမဖြစ်တော့ဘူး။

ကျုပ်လည်း သစ်စုန်းတောင်ဝှေးကို
ဆရာတော်ဆီ ပြန်အပ်လိုက်တယ်။

ရွာကလူတွေလည်း ခါတိုင်းလိုပဲ
ယာထဲဆင်းတဲ့လူကဆင်း၊ ထင်း
ခွေတဲ့သူခွေ၊ ရေစည်တိုက်တဲ့သူ
ကတိုက်နဲ့ ထနောင်းကုန်းလည်း
ပုံမှန်ပြန်ပြီး လှုပ်ရှားလာတော့
တာပေါ့ဗျာ။

မူရင်းရေးသူ ဆရာတာတေ

#စာဖတ်သူများစိတ်ရွှင်လန်းပါစေ
#အသစ်တင်တိုင်းဖတ်ရှုရအောင်PageကိုLike&Followလုပ်ထားပါအူံးနော်😍😍😗

ေက်ာက္မ်က္လုံးဂူ (စ/ဆုံး)📖📖📖

နတ္ေတာ္လေလဗ်ာ။ေအးခ်က္က လြန္
ေရာ။ေစာင္ၿခဳံလို႔လည္း မေႏြး။ေကြးလို႔
လည္း မလုံ။အိပ္လို႔လည္း မေပ်ာ္။

ေနာက္ညေတြဆိုရင္ေတာ့ မီးလႈံရေတာ့
မယ္ထင္တယ္။ က်ဳပ္ေတာင္ အိပ္မေပ်ာ္
မွေတာ့ အဘတို႔ အေမတို႔ဆိုရင္ ပိုဆိုး
တာေပါ့ဗ်ာ။

“အုန္း၊ အုန္း၊ အုန္း၊ ဝုန္း”

ဘာသံေတြတုံး။အခ်ိန္က သန္းေခါင္
ေက်ာ္ဗ်။ သြပ္မိုးေပၚကို တစ္ခုခုက်တဲ့
အသံဗ်။
“ဟဲ့ တာေတ၊ နင္ ႏိုးေနလား”

အေမက က်ဳပ္ကို လွမ္းေမးတယ္။
က်ဳပ္ကလည္း ဘာသံလဲလို႔ နားစြင့္
ေနရာကေနအေမ့ကိုေျဖလိုက္ရတယ္။

“ႏိုးတာ မဟုတ္ဘူး အေမရ
အိပ္လို႔မရတာ၊ ေအးခ်က္ဗ်ာ”

“ဟဲ့ တာေတ၊ နင့္ကို ေအးတာေျပာ
မလို႔ မဟုတ္ဘူး၊ ‘အုန္း အုန္း’နဲ႔
ဘာသံၾကားတုံး ၾကားလား”

“က်ဳပ္ၾကားတယ္ အေမ အဲဒါပဲ
နားစြင့္ေနတာ။ ဘာသံတုံးေတာ့
မသိဘူးဗ်။သြပ္မိုးသံလို႔ ထင္တာပဲ”

“အိမ္ေခါင္းေပၚကို အုန္းသီးေႂကြတာ
ထင္တယ္”

အေမက သူထင္တာ ေျပာတာဗ်ိဳ႕။

“အခုၾကားတာ ေတာင္ပိုင္းကမို႔လား။
ေတာင္ပိုင္းက ေအာင္ဆင့္တို႔ဝိုင္းက
အုန္းပင္ႀကီးေတြ သီးလို႔ရွိမွာ၊ အဲဒါ
ေခါင္မိုးေပၚကို ေႂကြတာ ျဖစ္မယ္”

အေမေျပာသလို မဟုတ္ဘူးဗ်။
က်ဳပ္ ေသေသခ်ာခ်ာ ၾကားလိုက္
တာပဲ။ အုန္းသီးေႂကြရင္ အုန္းဆိုတဲ့
အသံက တစ္ခ်က္ပဲ ျမည္မွာေပါ့ဗ်။
အခုဟာက ‘အုန္း၊ အုန္း၊ အုန္း၊ ဝုန္း’
ဆိုၿပီး ျမည္တာ။

“အုန္း၊ အုန္း၊ အုန္း၊ အုန္း၊ အုန္း”

ဟာ ျမည္ျပန္ၿပီဗ်ိဳ႕။ဒါ အိမ္ေခါင္မိုး
ေတြေပၚမွာ လူတစ္ေယာက္ ေလွ်ာက္
ေျပးတဲ့အသံဗ်။

“ေဟာ ေဟာ ၾကားလား တာေတ၊
ဒါ အုန္းသီးေႂကြတာ မဟုတ္ဘူး၊
ေခါင္မိုးေတြေပၚ ေလွ်ာက္ေျပးေန
တာဟဲ့၊ ေၾကာင္ေတြ ေျပးတာ
ထင္ပါရဲ႕”

“အင္း…ဟုတ္မယ္ အေမ၊ ဒါေပမဲ့
ေၾကာင္ဆိုရင္လည္း အေကာင္ႀကီး
ႀကီးျဖစ္မယ္ဗ်”

“ဟဲ့ …တာေတရဲ႕၊ ေအာင္ေဖတို႔အိမ္က
ေၾကာင္ႀကီးေတြမ်ား ေခြးေလာက္ရွိတာ၊
အားလုံး သင္းထားတာ၊ ၿပီးေတာ့ ကြမ္း
သီးနဲ႔ ထန္းလ်က္ကေလးေရာေထာင္း၊
အလုံးကေလးေတြလုံးၿပီး ပါးစပ္ထဲ
ထည့္ေကြၽးေပးတာ သံက်တယ္ဆို
လားပဲ နည္းတဲ့အေကာင္ႀကီးေတြ
မဟုတၻဴးဟဲ့”

အေမေျပာတာလည္း ဟုတ္သားဗ်။
ကိုေအာင္ေဖတို႔အိမ္က ေၾကာင္ႀကီး
ေတြက ေတာ္ေတာ္ကိုႀကီးတာ။
ေၾကာင္သင္းႀကီးေတြေလဗ်ာ။က်ဳပ္
ေတာ့ငရဲေၾကာက္လို႔ က်ဳပ္တို႔ေၾကာင္
ကို မသင္းဝံ့ပါဘူးဗ်ာ။

“ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း”

” ဟဲ့ ဟဲ့ တာေတ၊ ဒါ ေၾကာင္မဟုတ္
ေလာက္ဘူး၊ ေၾကာင္ထက္ အပုံႀကီး
ႀကီးတယ္”

“ဟဲ့ ေငြစိန္၊ ေၾကာင္မဟုတ္ရင္ ဆင္
ေတြ ဘာေတြလားမွ မသိတာ”

“ေတာ္စမ္း ကိုဥာဏ္၊ေပါက္ကရေျပာ
ဖို႔ပဲ သိတယ္၊ ရွင္ မၾကားဘူးလား
အသံေတြ”

“ၾကားပါတယ္ ေငြစိန္ရဲ႕၊ ငါလည္း
နားေထာင္ေနတာပါဟဲ့ ”

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္”

ေဟာ ႐ြာထဲက ကင္းေတြ သံေခ်ာင္း
ေခါက္ၿပီဗ်ိဳ႕။သံေခ်ာင္းကို တစ္ခ်က္ခ်င္း
မွန္မွန္ေခါက္တာဗ်။ဒါက ႐ြာကို သတိ
ေပးတာ။ႏိုးႏိုးၾကားၾကား ေနၾကဖို႔၊သတိ
နဲ႔ေနဖို႔ေပါ့ဗ်ာ။ေယာက္်ားမွန္သမွ် တစ္
အိမ္တစ္ေယာက္ ထြက္ဆိုရင္ သံေခ်ာင္း
ကို အတြဲလိုက္ ေခါက္တာဗ်။ခုဟာက
သတိေပး႐ုံ ေပးတာပါ။

“ဘုန္း၊ ဘုန္း၊ ဘုန္း၊ ဘုန္း၊ ဘုန္း”

ဟာ က်ဳပ္တို႔ဝိုင္းေရွ႕လမ္းက ျဖတ္ေျပး
သြားတဲ့ အသံဗ်။

“ေဒါင္ေဒါင္၊ေဒါင္ေဒါင္၊ေဒါင္ေဒါင္၊
ေဒါင္ေဒါင္”

ေဟာ ကင္းကလည္း သံေခ်ာင္းကို
အတြဲလိုက္ေခါက္ၿပီဗ်ိဳ႕။

“ဘိုးဥာဏ္၊ ဘိုးဥာဏ္”

“ေအး၊ ႏိုးတယ္ေဟ့၊ စံေမာင္ေရ
ႏိုးတယ္၊ ႏိုးတယ္”

” အရီးေငြစိန္၊ အရီးေငြစိန္”

“ေဟ၊ ႏိုးတယ္ေဟ့၊ လုံးတင္ေရ၊
အရီးတို႔ ႏိုးတယ္”

ေတာင္ဘက္ ေျမာက္ဘက္က ဝိုင္းေတြ
က အဘနဲ႔အေမကို လွမ္းႏႈိးတာဗ်ိဳ႕။တစ္
ေယာက္နဲ႔တစ္ေယာက္ အသံေပးၾကတာ
ေပါ့ဗ်ာ။

“ဖူး၊ ဖူး၊ ဖူး၊ ဖူး၊ ဖူး”

ဟာ က်ဳပ္တို႔ႏြားႀကီးေတြ ႏွာမႈတ္ၾကၿပီ
ဗ်ိဳ႕။မႈတ္လိုက္တာမွ တဖူးဖူးကို ျဖစ္ေန
တာဗ္။

“အီ၊ အီ၊ အီ၊ အီ၊ အီ”

ဟာ ေတာင္ဘက္ဝိုင္းက ေခြးႏွစ္
ေကာင္ေၾကာက္ၿပီးေအာ္ေနတဲ့အ
သံဗ်ိဳ႕။တကယ္ကို အံ့ၾသစရာပါဗ်ာ။
႐ြာထဲကိုနာနာဘာဝတို႔ မေကာင္းဆိုး
ဝါးတို႔ ဝင္ၿပီဆိုရင္ လူထက္ပိုၿပီး
ေၾကာက္တာက ေခြးေတြပဲဗ်။

ဒီေကာင္ေတြ ေၾကာက္တာမွ ပုန္းစရာ
မရွိေအာင္ကိုေၾကာက္တာဗ်ိဳ႕။ အခု
လည္း ေခြးေတြ တအီအီနဲ႔ ဟိုတိုး
ဒီတိုးလုပ္ေနၾကၿပီဗ်။

“အင္း၊ ႏြားေတြ၊ ေခြးေတြ ဒီေလာက္
လန္႔ေနရင္ေတာ့ သိပ္မေကာင္းဘူး
ကိုဥာဏ္ေရ၊ ႐ြာထဲကို မေကာင္းဆိုး
ဝါး ဝင္ၿပီး ထင္တယ္”

“ဂီး၊ ဂီး၊ ဂီး၊ ကြတ္၊ ကြတ္၊ ကေတာ္”

“ဟဲ့ ၾကက္သံေတြလည္း ၾကားေနရ
ပါလား၊ သရဲက ၾကက္ေတြ ဝင္ဆြဲၿပီ
ထင္တယ္”

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္”

ဟာ သံေခ်ာင္းေတြ အဆင္မျပတ္
ေခါက္ၿပီဗ်ိဳ႕။ေဟာ လူသံေတြ ၾကား
တယ္။ လူေတြ ထြက္လာၾကၿပီထင္
တယ္ဗ်။က်ဳပ္လည္း ထြက္ခဲ့တယ္။

“ကိုႀကီးတာေတ”

က်ဳပ္ လွည့္ၾကည့္လိုက္ေတာ့ ၾကည္
ေထြးဆိုတဲ့ေကာင္ဗ်။က်ဳပ္သူငယ္ခ်င္း
ၾကည္ေအးရဲ႕ညီ။

“ေဟ…ၾကည္ေထြး”

“က်ဳပ္ ကိုႀကီးတာေတကို ေတြ႕လို႔
လိုက္လာတာဗ်။ေျပာစရာရွိလို႔ ”

“ေအး၊ ေျပာေလ ၾကည္ေထြး၊
ဘာမ်ားတုံး”

“က်ဳပ္ ဒီည ကင္းတြဲတဲ့အထဲမွာ
ပါတယ္ဗ်”

“ေဟ ဟုတ္လား၊ မင္းက ဘယ္ကင္း
တဲျမာတုံး”

“ေတာင္ပိုင္းက လမ္းဆုံကင္းတဲမွာဗ်”

“ဟာ ဒါဆိုရင္ သံေခ်ာင္းစေခါက္တာ
မင္းတို႔ေပါ့ ”

“ဟုတ္တယ္ ကိုႀကီးတာေတ၊ က်ဳပ္တို႔
ကင္းက စေခါက္တာ၊က်ဳပ္တို႔ေခါက္သံ
ၾကားမွ အေရွ႕ပိုင္းက ေခါက္တာ၊ၿပီး
ေတာ့မွ က်န္တဲ့ကင္းတဲေတြက ေခါက္
ၾကတာ”

“ေအး၊ မင္းတို႔ ဘာျမင္လိုက္လို႔တုံးကြ၊
ၾကည္ေထြးရ”

“ပထမေတာ့ မျမင္ရဘူးဗ်၊ ေခြးေတြ
အီတဲ့အသံေတြ၊ ႏြားေတြ ႏွာမႈတ္တဲ့
အသံေတြပဲ ၾကားရတာ၊ေနာက္ေတာ့
အိမ္ေခါင္မိုးေတြေပၚမွာ ေျပးေတာ့
တာဗ်။ က်ဳပ္လည္း အသံၾကားတဲ့
ေနာက္ကို ေျပးလိုက္ၿပီးၾကည့္တာ
ကိုႀကီးတာေတရ”

“ေဟ ဟုတ္လားကြ၊ ဘာျမင္ရတုံး
ၾကည္ေထြးရ”

“ပထမေတာ့ မျမင္ရဘူးဗ်၊ အသံ
ႀကီးက ဘိုးညီေမာင္တို႔ ေခါင္မိုးေပၚ
ကို ေရာက္သြားေတာ့မွ ျမင္ရတာဗ်ိဳ႕”

“ဟာ ဘာကိုျမင္တုံး”

“လူပုံစံပဲဗ်ာ၊ အဝတ္အစားေတာ့ မပါ
ဘူး၊ တစ္ကိုယ္လုံးမွာ အေမြးမည္းမည္း
ႀကီးေတြ အုပ္ေနတယ္”

“အ႐ြယ္က လူအ႐ြယ္ပဲလား”

“မကဘူးဗ်၊ လူထက္ ႏွစ္ဆေလာက္
ႀကီးလိမ့္မယ္၊ က်ဳပ္လည္း အိမ္ေခါင္
မိုးေတြေပၚမွာ ေျပးေနတဲ့ မည္းမည္း
အေကာင္ႀကီးလည္းေတြ႕ေရာ ကင္း
တဲကို ျပန္ေျပးၿပီး ကင္းတဲမွာ က်န္
ခဲ့တဲ့ ဂ်ပုနဲ႔ ေအာင္ျမကို သံေခ်ာင္း
ေခါက္ခိုင္းလိုက္တာဗ်။ေနာက္ေတာ့
ဒီအေကာင္ႀကီးက အိမ္ေခါင္မိုးေပၚ
မွာမေျပးဘဲ လမ္းေတြေပၚ ေလွ်ာက္
ေျပးေရာဗ်ိဳ႕”

“မင္းတို႔ ျမင္ရလားကြ”

“ရိပ္ကနဲ ရိပ္ကနဲပဲ ျမင္ရတာဗ်။
က်ဳပ္တို႔ကင္းတဲက ဂ်ပုတို႔ ေအာင္
ျမတို႔လည္း ျမင္လိုက္ၾကတယ္။ဒီ
မွာတင္ က်ဳပ္တို႔လည္း သံေခ်ာင္း
ကို ခပ္စိပ္စိပ္ ေခါက္ရေတာ့တာ
ေပါ့ဗ်ာ။ အိမ္ေတြက လူေတြ တုတ္
ဆြဲ၊ ဓါးဆြဲနဲ႔ ဓါတ္မီးေတြ တဝင္းဝင္း
ထိုးၿပီး ထြက္လာေတာ့မွ အဲဒီမည္း
မည္းႀကီးေပ်ာက္သြားတာဗ်”

“ႏို႔ ေနပါဦးကြ၊ ၾကည္ေထြးရ၊
ငါ ၾကက္သံေတြလည္း ၾကား
လိုက္ပါတယ္၊ဘာျဖစ္တာတုံး”

“အဲဒါ ေတာင္ပိုင္းက ကိုေအာင္သစ္
တို႔ဝိုင္းထဲက အိပ္တန္းတက္ေနတဲ့
ၾကက္သုံးေကာင္ကို ဝင္ၿပီးဆြဲသြား
တာတဲ့ဗ္”

“ေဟ သုံးေကာင္လုံး ဆြဲသြားတာလား
ကြ ၾကည္ေထြးရ”

“ဟုတ္ပါ့ဗ်ာ၊ သုံးေကာင္လုံးကို ဆြဲ
သြား႐ုံတင္ မဟုတ္ဘူးဗ်ိဳ႕။ လမ္း
ေလွ်ာက္စားသြားပုံရတယ္ဗ်။လမ္း
ေပၚမွာ ၾကက္ေမြးေတြ ေသြးစက္
ေတြက်က်န္ခဲ့တာကိုႀကီးတာေတ”

က်ဳပ္တို႔႐ြာထဲက လူေတြေတာ့ ဓါတ္မီး
တဝင္းဝင္းနဲ႔ ႐ြာထဲပတ္ေနၾကေရာဗ်ိဳ႕။
က်ဳပ္လည္း ၾကည္ေထြးေျပာတာ ျပည့္
စုံေနၿပီဆိုတာ ဆက္ၿပီးမသြားေတာ့ဘဲ
အိမ္ပဲ ျပန္လာခဲ့ေရာဗ်။

“ဟဲ့ တာေတ၊ ဘာေတြျဖစ္တာတဲ့တုံး”

အေမနဲ႔ အဘက ငုတ္တုတ္ကေလး
ေတြထိုင္ၿပီး က်ဳပ္ကို ေစာင့္ေနၾက
တာဗ်။ အေမ လိပ္ထားတဲ့ ေျပာင္းဖူး
ဖက္ေဆးလိပ္ႀကီးေတြတစ္ေယာက္
တစ္လိပ္ ဖြာလို႔ေပါ့ဗ်ာ။

“ၾကည္ေထြးတို႔ ႐ြာေတာင္ပိုင္းကင္းက
စၿပီးေခါက္တာ အေမရ၊ အိမ္ေခါင္မိုး
ေတြေပၚမွာ ေလွ်ာက္ေျပးေနတာဆိုပဲ”

“ေဟ၊ ဘာေကာင္က ေျပးတာတုံး”

” ဘာေကာင္မွန္းေတာ့ မသိဘူးတဲ့
အေမရ၊ ၾကည္ေထြးေျပာတာေတာ့
လူ႔ရဲ႕ႏွစ္ဆေလာက္ ရွိတယ္ေျပာ
တာပဲ၊ လူပုံစံပဲတဲ့။တစ္ကိုယ္လုံး
အေမြးမည္းႀကီးေတြ အုပ္ေနတာ
ဆိုပဲဗ်။ပထမေတာ့ အိမ္ေခါင္မိုး
ေတြေပၚမွာ ေလွ်ာက္ေျပးေနတာ
တဲ့ဗ္”

“ေဟ၊ ေနပါဦး လူေလးရဲ႕၊ အိမ္ေတြ
က တစ္လုံးနဲ႔တစ္လုံး ကပ္ေနတာမွ
မဟုတ္တာ၊ ဘယ္လိုလုပ္ၿပီး ေခါင္း
မိုးေတြေပၚ ေျပးတုံး”

“ခုန္ကူးတာရွိမွာေပါ့ အဘရ၊ လူမွ
မဟုတ္တာ၊ နာနာဘာဝပဲဟာ”

“ေအး၊ ေအး၊ ဒါလည္း ဟုတ္သားပဲ”

အဘက ေျပာၿပီးေတာ့ ေျပာင္းဖူးဖက္
ေဆးလိပ္ႀကီးကို မီးတရဲရဲနဲ႔ ဖြာေနျပန္
ေရာဗ်။

“ေနာက္ေတာ့ ႐ြာလမ္းေတြမွာေျပးရင္း
နဲ႔ ကိုေအာင္သစ္တို႔အိမ္က ၾကက္သုံး
ေကာင္ ဝင္ဆြဲသြားဆိုပဲ”

“ေဟ ၾကက္သုံးေကာင္ေတာင္
ဆြဲသြားတာလား”

အေမက အံ့ၾသၿပီး ဝင္ေျပာတယ္ဗ်။
အဘကေတာ့ ေခါင္းတညိတ္ညိတ္နဲ႔
လုပ္ေနတယ္။ က်ဳပ္တို႔သားအဖေတြ
ျပန္အိပ္ေတာ့ပဲ မနက္သုံးနာရီ ထိုးေန
ၿပီဗ်။ ေနာက္ေန႔ေရာက္ေတာ့ တစ္
႐ြာလုံး ဒီအေၾကာင္းပဲ ေျပာေနေတာ့
တာေပါ့ဗ်ာ။ ဟိုဝိုင္းထဲ စုစု စုစု၊ ဒီဝိုင္း
ထဲ စုစု စုစုနဲ႔ ညကအေၾကာင္းပဲ
ေျပာေနၾကတာဗ်။

သူႀကီး ဦးဘိုးထင္ရဲ႕ အမိန္႔နဲ႔ ဆယ္အိမ္
ေခါင္းေတြက ႐ြာထဲမွာ ကင္းျပန္တြဲၾက
တယ္ဗ်။ ကင္းကို ႏွစ္မ်ိဳးခ်တာဗ်။လွည့္
ကင္းနဲ႔ ထိုင္ကင္းေပါ့ဗ်ာ။ ႐ြာလမ္းတိုင္း
မွာ လွည့္ကင္းေတြ ခ်ထားတာဗ်။ထိုင္
ကင္းမွာ ႏွစ္ေယာက္ပဲ ထားေတာ့တာ။
လွည့္ကင္းႏွစ္ေယာက္မွာ တစ္ေယာက္
က ဓါတ္မီးနဲ႔ လက္နက္တစ္ခုကိုင္ေပါ့
ဗ်ာ။ေနာက္တစ္ေယာက္က သံေခ်ာင္း
ေခါက္ဖို႔ ကိုင္ရတာဗ်။

ညရွစ္နာရီေက်ာ္ကတည္းက စေအး
တာဗ်ိဳ႕။ညမိုးခ်ဳပ္စ အေအးထက္ တစ္
စေလာက္ ပိုတက္လာတာဗ်။ဝိုင္းထဲမွာ
လည္း ေယာက္်ားေတြစုၿပီး မီးလႈံၿပီး
အၾကမ္းေသာက္ၾက၊ လက္ဖက္စား
ၾကနဲ႔ မအိပ္ၾကဘူးဗ်။အားလုံးအသင့္
ျပင္ထားၾကတာ။

က်ဳပ္နဲ႔အဘနဲ႔လည္း မအိပ္ၾကဘူးဗ်။
ဘာမ်ားျဖစ္လာဦးမလဲဆိုၿပီး ေစာင့္ေန
ၾကတာ။ အေမကေတာ့ ဇက္နည္းနည္း
ထိုးလို႔ ဆိုၿပီး အိပ္ရာထဲ ဝင္လွဲေနၿပီဗ်။
က်ဳပ္တို႔သားအဖလည္း ေစာင္ႀကီးေတြ
ၿခဳံၿပီး ထိုင္ေနၾကရတာ။အၾကမ္းပူပူေလး
ေသာက္လိုက္။ က်ဳပ္က နဂါးေဆးေပါ့
လိပ္ကေလးဖြာ၊အဘက ေျပာင္းဖူးဖက္
ေဆးလိပ္ႀကီးဖြာလို႔ဗ်ာ။သန္းေခါင္ေတာ့
ေရာက္ၿပီဗ်။ ခုထိေတာ့ ၿငိမ္ေနတုန္းပဲ။
႐ြာထဲက လူေတြလည္း မအ္ပ္ဘဲေစာင့္
ေနၾကတာဗ်ိဳ႕။ဟိုဝိုင္း ဒီဝိုင္းက စကား
သံေတြ ခပ္သဲ့သဲ့ ၾကားေနရတုန္းဗ်။

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္”

ဟာ ေခါက္ၿပီဗ်ိဳ႕၊ သံေခ်ာင္းေခါက္ၿပီ။
ေတာင္ပိုင္းက စတာပဲဗ်။

“မီးေဟ့၊ မီး၊ မီး ေရပုံးနဲ႔ ေရခပ္ခဲ့ၾကေဟ့”

“ဟာ မီးဆိုပါလား တာေတ၊ ေျပးစမ္း၊
ေျပးစမ္း၊ ျမန္ျမန္”

က်ဳပ္လည္း ေရပုံးနဲ႔ ေရခပ္ၿပီး ေတာင္
ပိုင္းကို စြတ္ေျပးရေတာ့တာေပါ့ဗ်ာ။
က်ဳပ္လိုပဲဗ်။ ဝိုင္းတိုင္းကလူေတြ ေရ
ပုံးေတြနဲ႔ ေျပးထြက္လာၾကတာေပါ့ဗ်ာ။

“ဘယ္မွာတုံးဟ၊ မီးေလာင္တာ၊
ဘယ္သူ႔ဝိုင္းတုံး”

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္”

တစ္႐ြာလုံးကို ညံေနေတာ့တာေပါ့ဗ်ာ။
က်ဳပ္တို႔အညာသားေတြ အေၾကာက္ဆုံး
က မီးပဲေလဗ်ာ။ မိန္းမသံေတြေရာ က
ေလးငိုသံေတြေရာ ကြၽတ္ကြၽတ္ကိုညံ
ေနေတာ့တာေပါ့ဗ်ာ။

“ႏွံျပည္စုတ္တို႔ ဝိုင္းမွာတဲ့ေဟ့”

ႏွံျပည္စုတ္ဆိုတဲ့ေကာင္က က်ဳပ္ထက္
ငါးႏွစ္ေလာက္ငယ္တယ္။အေကာင္ေသး
ေသးေလးဗ်။ ထြားလည္းမလာဘူး။ ဒါ
ေၾကာင့္ ဒီေကာင့္ကို တစ္႐ြာလုံးက ႏွံ
ျပည္စုတ္ပဲ ေခၚၾကတာ။ ဟုတ္တယ္
ဗ်ိဳ႕။ က်ဳပ္ေတာင္ပိုင္း ေရာက္ေတာ့
ႏွံျပည္စုတ္တို႔ဝိုင္းထဲမွာမီးေတြေတာက္
ေနတာဗ်ိဳ႕။ ဟာ…အဆန္းပါလားဗ်။

မီးက ေျမႀကီးမွာ ေလာင္ေနတာဗ်။
နည္းတဲ့မီးေတာက္ႀကီး မဟုတ္ဘူး။
လူတစ္ရပ္ေက်ာ္ေက်ာ္ေလာက္ကို
တက္ေနတာ။အဝိုင္းကေတာ့ဆယ္
ေပပတ္လည္ေလာက္ရွိမယ္။ေျမႀကီး
ေပၚမွာ ေလာင္ေနတာဗ်။အေဆာက္
အဦးေတြကို ေလာင္တာမဟုတ္ဘူး။

“ဗြမ္း၊ ဗြမ္း၊ ဗြမ္း၊ ဗြမ္း”

ဟာ…ေရပုံးေတြနဲ႔ ဝိုင္းပက္ၾကတာ၊
မီးက နည္းနည္းမွကို တုန္႔မသြားဘူးဗ်။

“ဟ…ဒါ ဘာမီးတုံးကြ၊ေရနဲ႔ေလာင္းတာ
လည္း မၿငိမ္းပါလား၊ၿပီးေတာ့ မီးေလာင္
စရာ ဘာရွိလို႔တုံး။ေျမအေျပာင္မွာ ဒီအ
တိုင္းႀကီးကို ထေတာက္ပါေရာလား”

က်ဳပ္လည္း ေၾကာင္ၿပီး ၾကည့္ေနမိတာ
ေပါ့ဗ်ာ။ က်ဳပ္လည္း ႐ြာထဲကလူေတြ
ေျပာသလိုပဲ အံ့ၾသေနတာဗ်။ဟာ…
က်ဳပ္ ေတြးမိၿပီဗ်ိဳ႕။ဒါ ႐ိုး႐ိုးမီး မဟုတ္
ဘူး။ပုဏၰကမီးဗ်။ အလိုလိုထေတာက္
တာ။ က်ဳပ္လည္ပင္းမွာ အိတ္နဲ႔အၿမဲ
ဆြဲထားတဲ့ သစ္စုန္းေဆးေတာ္ကို က
ပ်ာကယာ ထုတ္ယူၿပီး က်ဳပ္ဆြဲလာ
တဲ့ ေရပုံးထဲမွာ လက္သည္းနဲ႔ နည္း
နည္း ျခစ္ထည့္လိုက္တယ္။ၿပီးေတာ့
ေရေတြကို လက္နဲ႔ ေမႊလိုက္တယ္။

“ဖယ္ၾက၊ ဖယ္ၾက၊ က်ဳပ္ ပက္မယ္”

“ဟာ တာေတပါလား၊ လုပ္စမ္းပါဦး
ကြ တာေတရ၊ ဒါ ဘာျဖစ္တာတုံးဟ”

က်ဳပ္ေရွ႕က လူေတြက ေဘးကိုဖယ္
ေပးၾကတယ္။က်ဳပ္က ေရပုံးႀကီးဆြဲ
ၿပီး မီးေတာက္ႀကီးထဲကို လွမ္းပက္
လိုက္တယ္။ ေဟာ ၿငိမ္းသြားၿပီဗ်ိဳ႕။
က်ဳပ္ ဘာမွမေျပာေတာ့ဘဲ က်ဳပ္
ဆရာေတာ္ေက်ာင္းကို တန္းေျပးရ
ေတာ့တာေပါ့ဗ်ာ။

ဆရာေတာ့္ဆီေရာက္ေတာ့ အက်ိဳး
အေၾကာင္းကိုခပ္သုတ္သုတ္ေလွ်ာက္
ၿပီး သစ္စုန္းေတာင္ေဝွးကို ေတာင္း
လိုက္တယ္

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္”

ဟာ ေျမာက္ပိုင္းက ေခါက္ျပန္ၿပီဗ်ိဳ႕။
လူေတြ ေျမာက္ပိုင္းကို စြတ္ေျပးၾက
ျပန္ၿပီဗ်ိဳ႕။

“ေျမာက္ပိုင္းက တင္ဝင္းတို႔ဝိုင္းထဲ
မွာ ေလာင္ျပန္ၿပီေဟ့”

က်ဳပ္လည္း ေရွ႕ကေျပးတဲ့လူေတြကို
အမီလိုက္ေျပးရေတာ့တာေပါ့ဗ်ာ။

“ေလးေလးခ်က္ႀကီး ေနဦး၊ က်ဳပ္
ေဆးေမႊေပးမယ္၊ေရပုံးေပး၊ေရပုံးေပး”

က်ဳပ္က ေလးေလးခ်က္ႀကီးရဲ႕ေရပုံး
ထဲကို ဆရာေတာ္ရဲ႕သစ္စုန္းေတာင္
ေဝွးနဲ႔ ေမႊေပးလိုက္တယ္။

“ရၿပီ၊ ေလးေလး၊ ရၿပီ။ အဲဒီေရနဲ႔
သြားပက္ေတာ့”

တင္ဝင္းတို႔ဝိုင္းမွာလည္း ႏွံျပည္စုတ္
တို႔ဝိုင္းလိုပဲ ေျမေျပာင္ကေန မီးေတြ
ထေတာက္တာဗ်။

“ေဟ့ ဖယ္ၾကစမ္း၊ ဖယ္ၾကစမ္း၊
မင္းတို႔ေရနဲ႔ပက္လို႔မရဘူးကြ၊
ဒါတာေတ ေဆးေမႊထားတဲ့ေရ၊
ဖယ္၊ ဖယ္၊ ငါပက္မယ္”

“ဗြမ္း”

ေလးေလးခ်က္ႀကီးက သူ႔ေရပုံးကိုလႊဲၿပီး
အားနဲ႔ပက္ခ်လိုက္တာ မီးေတာက္ႀကီး
ၿငိမ္းသြားၿပီဗ်ိဳ႕။

“တာေတ ဒါ ဘယ္လိုျဖစ္တာတုံးကြ”

က်ဳပ္ကို ဝိုင္းေမးၾကေရာဗ်ိဳ႕။အားလုံး
လည္း လန္႔ေနၾကၿပီဗ်။က်ဳပ္ေျပာပါ
ေကာ။က်ဳပ္တို႔အညာသားေတြ အ
ေၾကာက္ဆုံးက မီးပဲဗ်။

“က်ဳပ္ထင္တာေတာ့ ဒါ ပုဏၰကမီးလို႔
ထင္တယ္ဗ်”

“ေဟ၊ ပုဏၰမီးက ဘယ္လိုျဖစ္ၿပီး တို႔
႐ြာကို ေရာက္လာတာတုံး တာေတရဲ႕”

“အေၾကာင္းရွိမယ္ ဘေထြးရဲ႕၊ခုေတာ့
က်ဳပ္လည္း မသိေသးဘူး၊ကဲ ဘေထြး
တို႔ လာၾက၊ ေရေတြကို က်ဳပ္ ဒီေဆးနဲ႔
ေမႊေပးထားမယ္”

က်ဳပ္က ေရပုံးေတြထဲကို ဆရာေတာ္ရဲ႕
ေဆးေတာင္ေဝွးနဲ႔ ေမႊေပးလိုက္တယ္။
က်ဳပ္ေရပုံးေတြေမႊလို႔ၿပီး႐ုံပဲရွိေသးတယ္။

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္”

“ဟာ ေခါက္ျပန္ၿပီေဟ့၊ ဒါ အေနာက္
ပိုင္းကကြ၊ လာေဟ့ ေျပးၾကစို႔ ”

က်ဳပ္တို႔႐ြာသားေတြလည္း ေရပုံးေတြ
ကိုယ္စီဆြဲၿပီး ႐ြာေနာက္ပိုင္းကို ေျပး
ၾကျပန္ေရာဗ်ိဳ႕။က်ဳပ္လည္းေျပးရတာ
ေပါ့ဗ်ာ။

“ဘယ္မ်ာတုံး၊ ဘယ္မွာေလာင္တာ
တုံးေဟ့”

“ဘိုးတင္ေမာင္တို႔ဝိုင္းေဟ့၊
ဘိုးတင္ေမာင္တို႔ဝိုင္းဟ”

ဟုတ္ပါ့ဗ်ာ၊ က်ဳပ္ေရာက္ေတာ့ တစ္
ေယာက္က က်ဳပ္ေဆးေမႊေပးထားတဲ့
ေရနဲ႔ ပက္လိုက္တာ မီးေတာက္ႀကီး
ၿငိမ္းသြားေရာဗ်။

“ေတာ္ပါေသးရဲ႕ကြာ၊ တာေတ ကယ္
ေပလို႔၊ မဟုတ္ရင္ တစ္႐ြာလုံး ျပဳတ္
ေလာက္တယ္”

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္”

“ဟာ ႐ြာေရွ႕ပိုင္းက ေခါက္ျပန္ၿပီေဟ့”

ဒီတစ္ခါေတာ့ က်ဳပ္ေရွ႕ဆုံးက ေရာက္
သြားတာဗ်ိဳ႕။အရီးမယ္လုံးတို႔ဝိုင္းမွာထ
ေတာက္တာဗ်။က်ဳပ္ေနာက္က ေရပုံး
ႀကီးေတြနဲ႔ ေျပးဝင္လာတဲ့လူေတြရဲ႕ေရ
ပုံးေတြကို က်ဳပ္က ဆရာေတာ့္ ေဆး
ေတာင္ေဝွးနဲ႔ လိုက္ေမႊေပးလိုက္ရတာ
ေပါ့ဗ်ာ။

“ဗြမ္း၊ ဗြမ္း၊ ဗြမ္း”

“ဝုန္း”

ၿငိမ္းသြားၿပီဗ်ိဳ႕။မီးေတာက္ႀကီး
ဝုန္းကနဲျမည္ၿပီး ၿငိမ္းသြားၿပီ။

“တာေတေရ၊ ငါတို႔တစ္႐ြာလုံး ဒီည
အိပ္ရမွာ မဟုတ္ေတာ့ဘူး ထင္တယ္ေဟ့”

“ဟုတ္တယ္ ကိုႀကီးဖိုးေထာင္ေရ၊ ခ်မ္းရ
တဲ့ၾကားထဲမွာ လူေတြလည္း ေရအ႐ႊဲသား
နဲ႔ ခိုက္ခိုက္တုန္ေနၾကၿပီဗ်”

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေ ဒါင္၊ ေဒါင္”

“ဟာ ေတာင္ပိုင္းက ေခါက္ျပန္ၿပီေဟ့
ေျပးၾက၊ ေျပးၾကဟ၊ဘယ္သူ႔ဝိုင္းတုံးဟ”

ေတာင္ပိုင္းၿပီးေတာ့ အလယ္ပိုင္း၊ အ
လယ္ပိုင္းၿပီးေတာ့ အေရွ႕ပိုင္း၊အေနာက္
ပိုင္း၊ ေျမာက္ပိုင္း အို…တစ္ညလုံး ပတ္
ေလာင္ေနေတာ့တာဗ်ာ။က်ဳပ္တို႔မေျပာနဲ႔၊
ဒီအျဖစ္မ်ိဳးကို က်ဳပ္တို႔႐ြာက အသက္
အႀကီးဆုံး ကိုးဆယ့္ေျခာက္ႏွစ္ရွိေနတဲ့
ဘိုးေဒြးလွတို႔ အဘိုးႀကီးေတာင္ ဒါမ်ိဳး
တစ္ခါမွ ၾကားလည္း မၾကားဖူး၊ ႀကဳံ
လည္း မႀကဳံဖူးဘူးလို႔ ေျပာတာဗ်။

ေျမေျပာင္ေျပာင္မွာ ဝုန္းကနဲ ထ
ေတာက္တဲ့မီးက မနက္ေလးနာရီ
ေလာက္ေရာက္ေတာ့မွ ၿငိမ္သြား
တာဗ်ိဳ႕။ဒါေပမဲ့ က်ဳပ္တို႔႐ြာသားေတြ
ကေတာ့ ေရပုံးေတြကိုယ္စီ မိုးစင္စင္
လင္းတဲ့အထိ ခိုက္ခိုက္တုန္ၿပီး ကင္း
ေစာင့္ေနၾကရေတာ့တာေပါ့ဗ်ာ။

က်ဳပ္လည္း မိုးလင္းေတာ့မွ အိမ္ျပန္
ေရာက္ခဲ့ေတာ့တာ။အဘနဲ႔အေမလည္း
တစ္ညလုံး မအိပ္ၾကပါဘူးဗ်ာ။တစ္႐ြာ
လုံး ဒီေလာက္ ဆူပြက္ေနမွေတာ့ ဘယ္
သူက အိပ္ေပ်ာ္မွာတုံးဗ်ာ။ၿပီး ျဖစ္တဲ့
ကိစၥက မီးေရးေလဗ်ာ၊ တစ္႐ြာလုံး
ျပာျဖစ္သြားႏိုင္တဲ့ ကိစၥဗ်။

က်ဳပ္လည္း တစ္ညလုံး ေျပးလႊားထား
ရေတာ့ အိပ္ရာထဲ ဝင္လိုက္တာနဲ႔ အိပ္
ေပ်ာ္သြားလိုက္တာ အေမ လာႏႈိးမွကို
ႏိုးေတာ့တာဗ်ိဳ႕။

“ဟဲ့ တာေတ၊ ထတက္ၿပီး ထမင္းေလး
ဘာေလး စားဦးေလ”

“ဟင္ ဘယ္အခ်ိန္ရွိၿပီလဲ အေမ”

“ညေန သုံးနာရီေတာင္ ထိုးၿပီဟဲ့”

” ဗ်ာ၊ ဒီေလာက္ေတာင္ ရွိၿပီလား”

က်ဳပ္ အိပ္ရာက ကပ်ာကယာထၿပီး
ထမင္းခပ္သုတ္သုတ္ စားလိုက္တယ္။
အခ်ိန္ေတာင္ နည္းေနၿပီဗ်။ ခဏေန
ေတာ့ ေက်ာက္ခဲနဲ႔ သံမဏိေရာက္လာ
တယ္။က်ဳပ္က သံမဏိကို ၾကက္ဝယ္
ခိုင္းတယ္။ေက်ာက္ခဲကိုမီးေလာင္ကုန္း
က နတ္ဝင္သည္ ေဒၚထြန္းကိုေခၚခိုင္း
တယ္။တကယ္ေတည့ ေဒၚထြန္းက
ေငြတြင္းကုန္းကဗ်။

သူ႔သားအိမ္ေထာင္က်ၿပီးမီးေလာင္
ကုန္းကိုေျပာင္းေနေတာ့သူပါမီးေလာင္
ကုန္းကို လိုက္လာတာ။က်ဳပ္တို႔အတြက္
ကေတာ့ ပိုနီးသြားတာေပါ့ဗ်ာ။

“ကိုႀကီးတာေတ၊ ေဒၚထြန္းအတြက္ေတာ့
မပူနဲ႔ဗ်၊ ေဒၚထြန္း က်ဳပ္တို႔႐ြာကို ေရာက္
ေနတယ္။ညကတည္းက သူရွိတယ္။က်ဳပ္
တို႔ျဖစ္တာေတြကို ေဒၚထြန္း အားလုံးသိ
တယ္။ခုလည္း ေဒၚထြန္းက က်ဳပ္ကို…

“ဒီညေတာ့ တာေတ တစ္ခုခုလုပ္
လိမ့္မယ္ထင္တယ္တဲ့၊ ကိစၥရွိရင္
ငါ့လာေျပာ၊ ၾကားလား ေက်ာက္ခဲ။
ငါ နင့္အရီးေလး လုံးၾကည္တို႔အိမ္
မွာရွိတယ္’လို႔ ေျပာလိုက္တယ္ဗ်။
အဲဒါလည္း ေျပာရင္း ကိုႀကီးတာ
ေတ တစ္ခုခုလုပ္ရင္ ကူၿပီးလုပ္
ေပးရေအာင္ လာတာဗ်”

“ေၾသာ္…ေအး၊ ဒါဆိုရင္ မင္းပါ
သံမဏိနဲ႔ လိုက္သြားကြာ၊ ၿပီးရင္
ငွက္ေပ်ာဖက္ပါ ခုတ္ခဲ့”

“ဟုတ္ကဲ့ ဟုတ္ကဲ”

ဒီကိစၥေတြကိုဒီေကာင္ႏွစ္ေကာင္လုပ္
ေနက်ပဲဗ်ာ။ အားလုံးကို သိေနပါၿပီ။
က်ဳပ္က ဝိုင္းထဲမွာ မီးေမႊးၿပီး ထမင္း
အိုးတည္ထားလိုက္တယ္။ၿပီးေတာ့
င႐ုတ္သီးေထာင္းထားတယ္။ေက်ာက္
ခဲတို႔ႏွစ္ေယာက္ ၾကက္ဝယ္ၿပီး ျပန္
လာေတာ့ က်ဳပ္ထမင္းအိုးက ဆူ
ေတာင္ေနၿပီ။ ဟင္းအိုးက်က္ေတာ့
ညေန ေျခာက္နာရီေလာက္ ရွိၿပီ။
ေဆာင္းတြင္းဆိုေတာ့ ေမွာင္တာ
ေစာတာေပါ့ဗ်ာ။

ေက်ာက္ခဲနဲ႔ သံမဏိကိုပါ အေမက
အိမ္မွာ ထမင္းေကြၽးတယ္။က်ဳပ္အိပ္
ေနကတည္းက အေမက ၾကက္သား
တစ္အိုး ခ်က္ထားတာဗ်။အိမ္မွာဟင္း
ရွိေတာ့ ေက်ာက္ခဲတို႔ကိုပါ ထမင္း
ေကြၽးတာေပါ့ဗ်ာ။ ေက်ာက္ခဲနဲ႔သံ
မဏိကလည္း က်ဳပ္တို႔အိမ္မွာ စား
ေနက်ပါ။ ညရွစ္နာရီဆိုတာ က်ဳပ္
တို႔႐ြာဓေလ့ေတာ့ မိုးေတာ္ေတာ္
ခ်ဳပ္ေနၿပီဗ်။

ေဒၚထြန္းကို ေခၚၿပီး က်ဳပ္ရယ္၊ေက်ာက္
ခဲရယ္၊ သံမဏိရယ္၊ ထေနာင္းကုန္းသ
ခ်ႋဳင္းကို လာခဲ့တယ္။ ေက်ာင္းအစ္မႀကီး
ရဲ႕အုတ္ဂူႀကီးေပၚမွာ ငွက္ေပ်ာဖက္ခင္း
ၿပီး ေက်ာက္ခဲထမ္းလာတဲ့ ထမင္းေတာင္း
ထဲက ထမင္းေတြ ဟင္းေတြကို ေသ
ေသခ်ာခ်ာ ျပင္လိုက္တယ္။ၾကက္သား
ဟင္းရဲ႕မဆလာနံ႔က သခ်ႋဳင္းကုန္းတစ္
ခုလုံးကို ေမႊးသြားတာဗ်။

“အေရွ႕ေနထြက္၊ အေနာက္ေနဝင္၊
ေတာင္တံငါကြန္၊ ေျမာက္ဓူဝံအတြင္း
ေရာက္ရာအရပ္၊ စားပြဲေသာက္ပြဲေပး
ၿပီး ပင့္ဖိတ္ပါတယ္၊ ျမန္မၾကာ လွမ္း
ကာ ႂကြာခဲ့ပါ သခ်ႋဳင္းရွင္မ မဖဲဝါဗ်ာ။
ႂကြပါ၊ ႂကြပါ၊ ႂကြပါ”

“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟာ ဒီတစ္ခါ ေတာ္ေတာ္ျမန္တာပဲဗ်။
က်ဳပ္ပင့္လို႔ စကားဆုံးတာနဲ႔ မဖဲဝါရဲ႕
ေခြးႀကီးအူသံကို ၾကားရေတာ့တာပဲဗ်။
ေဒၚထြန္းကေတာ့ ထုံးစံအတိုင္းေပါ့ဗ်ာ။
ေက်ာင္းအစ္မႀကီးရဲ႕ဂူေရွ႕က ျမက္ခင္း
ေပၚမွာ ႀကဳံ႕ႀကဳံ႕ေလးထိုင္ၿပီး မဖဲဝါအ
လာကို အဆင္သင့္ေစာင့္ေနတယ္။
နတ္ဝင္သည္တို႔ရဲ႕ ပညာနဲ႔သူ႔လိပ္ျပာ
ကို သူသိပ္ေနမွာေပါ့ဗ်ာ။ဆံပင္က
ေတာ့ျဖည္ခ်ထားတာဗ်။ ဟာ လာ
ၿပီဗ်ိဳ႕။ မဖဲဝါ လာၿပီ။ ဂူေတြအေပၚ
ကေနရိပ္ကနဲ ရိပ္ကနဲ ေ႐ြ႕လာတာ
ဗ်။ေဟာ ေဒၚထြန္းဆီကို ျဖဴျဖဴအ
ရိပ္ႀကီး ေျပးကပ္လိုက္ၿပီဗ်ိဳ႕။

“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး”

ေဟာ ေဒၚထြန္း လက္ႀကီးေတြ ေကြး
ေကာက္ၿပီး ထလာၿပီဗ်ိဳ႕။ဟာ ဂူႀကီး
ေပၚကို ေဒၚထြန္း လႊားကနဲ ခုန္တက္
သြားၿပီဗ်။ေဟာ ထမင္းပြဲကို ငုံ႔ၾကည့္
ၿပီး ရယ္ေနတယ္ဗ်။

“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး”

ဒူးႀကီးတစ္ဖက္ေထာင္၊ တစ္ဖက္လွဲၿပီး
စားၿပီဗ်ိဳ႕။ၾကက္သားတုံးအႀကီးႀကီးေတြ
ကို အားရပါးရ စားၿပီဗ်။ထမင္းေတြလည္း
စားတယ္။ စားရင္းနဲ႔ ဆံပင္ဖားလ်ားႀကီး
ၾကားက မ်က္လုံးျပဴးျပဴးနဲ႔ က်ဳပ္ကိုလွမ္း
ၾကည့္တယ္။

“ဒီလိုပါ မဖဲဝါ၊ က်ဳပ္တို႔႐ြာမွာ ပုဏၰက
တိုက္သလိုျဖစ္ၿပီး မီးေတြ ထထေတာက္
ေနတယ္ဗ်။ ဟိုညကေတာ့ အိမ္ေခါင္မိုး
ေတြေပၚမွာ ေလွ်ာက္ေျပးေနတယ္။အဲ
ဒါ ဘာျဖစ္တာတုံးဆိုတာ သိခ်င္လို႔ပါ
မဖဲဝါ။ ၿပီးေတာ့ ဘယ္လိုလုပ္ရမယ္ဆို
တာလဲ ေျပာပါဗ်ာ”

“တာေတ၊နင္တို႔႐ြာေတာင္ပိုင္းက
ေတာထဲဝင္ဝင္ၿပီး ဘိေထာင္တဲ့
ေကာင္ ႏွစ္ေကာင္”

“ေၾသာ္၊ ကိုေ႐ႊဝါးနဲ႔ ကိုေငြဝါးတို႔ကို
ေျပာတာထင္တယ္”

“ေအး ဟုတ္တယ္၊ ဒီေကာင္ႏွစ္ေကာင္
ေတာထဲကို ဘိေထာင္သြားရင္း ေက်ာက္
မ်က္လုံးဂူကိုေရာက္သြားတယ္။အဲဒီဂူထဲ
မွာ ဘီလူးကေန ေက်ာက္ျဖစ္သြားတဲ့
ေက်ာက္တုံးႀကီးတစ္တုံး ရွိတယ္။ အဲဒီ
ေက်ာက္တုံးမွာ ေက်ာက္ျဖစ္သြားတဲ့
ဘီလူးမ်က္လုံးႀကီးကို ျမင္ေနရတယ္။
ဒီဘီလူးက ေက်ာက္မျဖစ္ခင္ကတည္း
က နဖူးမွာ မ်က္လုံးတစ္လုံးပဲ ရွိတာ။
ထူးဆန္းတာက အဲဒီေက်ာက္မ်က္လုံး
ႀကီးက မ်က္ေတာင္ခတ္တယ္။အဲဒါကို
သြားေတြ႕တဲ့ ေ႐ႊဝါးနဲ႔ ေငြဝါးကေက်ာက္
မ်က္လုံးႀကီး ရေအာင္ထုတ္ယူလာတယ္။
အခု နင္တို႔႐ြာမွာ လာၿပီးေသာင္းက်န္း
ေနတဲ့အေကာင္က အဲဒီေက်ာက္မ်က္
လုံးကို ေစာင့္ရတဲ့ ‘တာပန’လို႔ေခၚတဲ့
ဘီလူး။

ေ႐ႊဝါးတို႔ ေငြဝါးတို႔ ေက်ာက္မ်က္လုံးထုတ္
ယူတဲ့အခ်ိန္မွာ ဒီဘီလူးကနတ္မင္းႀကီးေတြ
ခိုင္းထားတာရွိလို႔ တစ္ေနရာကိုသြားေနရ
တယ္။အဲဒီမ်က္လုံးက ေက်ာက္ျဖစ္ေနတဲ့
ဘီလူး မ်က္လုံးအစစ္ တာေတ၊ အင္မတန္
အစြမ္းထက္တယ္။လူေတြလက္ထဲမွာ ဒါ
ကို ထားမွာမဟုတ္ဘူး။ ေ႐ြးေစ့ေလာက္
ကေလးပဲ ဖဲ့ယူၿပီး ေဆာင္ထားရင္ေတာင္
တုတ္၊ ဓါး၊ လွံ၊ ေသနတ္၊ မီးေပါက္ ဘယ္
လိုလက္နက္မ်ိဳးမဆို ပီးတယ္။

မီးမေလာင္ဘူး၊ ေရမွာ မျမဳပ္ဘူး။ဒါကို
‘တာပန’ဘီလူးက ရေအာင္ျပန္ယူလိမ့္
မယ္။ဒီတာဝန္က သူ႔ကို နတ္မင္းႀကီး
ေတြ ေပးထားတဲ့ တာဝန္ပဲ တာေတ၊
သူ ဒီေက်ာက္မ်က္လုံးကို မရ,ရေအာင္
ျပန္ယူမွာပဲ”

“ဒါဆို ဘယ္လိုလုပ္ရမတုံးဗ်”

“ဟဲ့ အဲဒီမ်က္လုံးကို ေက်ာက္မ်က္လုံး
ဂူမွာ ျပန္ထားလိုက္ေပါ့”

“ဟာ ဒါကို သြားထားတုန္း’တာပန’ဘီလူး
က သတ္ပစ္လိုက္ရင္ ဘယ္လိုလုပ္မတုံးဗ်”

” နင္တို႔ သြားမပို႔ခင္ ငါ့ကို အေၾကာင္း
ျပဳလိုက္။ နတ္မင္းႀကီးေတြကို ငါေလွ်ာက္
ၿပီး ‘တာပန’ဘီလူးကို ဖယ္ခိုင္းထားမယ္၊
နင္လည္း ‘တာပန’စားဖို႔ ဆိတ္အရွင္တစ္
ေကာင္ကို ႀကိဳးခ်ည္ၿပီး ထားခဲ့ရမယ္”

ဟာ မဖဲဝါ ႂကြသြားၿပီဗ်ိဳ႕။ေဒၚထြန္း
လက္ႀကီးအေပၚ ေျမႇာက္ၿပီး ဂူေပၚမွာ
ေခြကနဲ လဲက်သြားတယ္။ က်ဳပ္က
ေဒၚထြန္းကို သစ္စုန္းေဆးေတာ္ ခပ္
ထားတဲ့ေရနဲ႔ ေတာက္ေပးလိုက္တယ္။

ေဒၚထြန္း သတိျပန္ရေတာ့ က်ဳပ္တို႔
႐ြာထဲကို ျပန္ဝင္ခဲ့ၾကတယ္။ေဒၚထြန္း
ကို အရီးလုံးတင္အိမ္ ျပန္ပို႔ၿပီး က်ဳပ္တို႔
သူႀကီးအိမ္ကို လာခဲ့ၾကတယ္။သူႀကီး
ကို အျဖစ္အပ်က္ေတြအားလုံးေျပာျပ
လိုက္ေတာ့ သူႀကီးက ဆယ္အိမ္ေခါင္း
ကိုဆယ္ကို ခ်က္ခ်င္းလႊတ္ၿပီး ကိုေ႐ႊ
ဝါးနဲ႔ ကိုေငြဝါးတို႔ ညီအစ္ကိုကို ေခၚ
ခိုင္းလိုက္တယ္။ခဏေနေတာ့ ကို
ေ႐ႊဝါး ပါလာတယ္။

“ေဟ့ေကာင္ ေငြဝါး၊ မင္းအစ္ကို
ေ႐ႊဝါးက ဘာလို႔ လိုက္မလာတာတုံး၊
ငါ့ကို ပမာမခန္႔ လုပ္တာလားေဟ့”

သူႀကီးဆိုတာလည္း အေၾကာင္းႀကဳံ
လာရင္ နည္းနည္းေတာ့ အာဏာျပ
ေပးရတယ္ဗ်။ဒီလိုမွ မလုပ္ရင္လည္း
လူေတြက မခန္႔ၾကဘူးဗ်။

“ဟာ မဟုတ္ရပါဘူး သူႀကီးရယ္၊
သူႀကီးကို ပမာမခန္႔လုပ္တာ မဟုတ္
ပါဘူးဗ်ာ၊ က်ဳပ္အစ္ကို ေ႐ႊဝါးက ရန္
ကုန္ကို သြားေနလို႔ပါဗ်ာ”

“ဘာကြ၊ ေ႐ႊဝါးက ရန္ကုန္သြားတယ္
ဟုတ္လား၊ ဘာသြားလုပ္တာတုံး၊ ဘိ
ေထာင္လို႔ရတဲ့ အသားေတြ ရန္ကုန္
တက္ေရာင္းတာလား”

သူႀကီးက ေငါ့ေတာ့ေတာ့ ေမးတာဗ်။

“ဟာ မဟုတ္ပါဘူး သူႀကီးရဲ႕၊ ေက်ာက္
သြားေရာင္းတာပါ”

“ေဟ၊ ေက်ာက္ဟုတ္လား၊ ဘာေက်ာက္
တုံး၊ ပတၱျမားလား”

သူႀကီးက တမင္ေမးေနတာဗ်။က်ဳပ္ေျပာ
ျပထားလို႔ အားလုံးသိေနၿပီးသားဗ်။

“ဟာ ပတၱျမား မဟုတ္ပါဘူးဗ်။ ႐ိုး႐ိုး
ေက်ာက္ပါ”

“ေၾသာ္ မ်က္လုံးပုံေလးလားကြ၊ ေငြဝါးရ”

“ဟာ ဟုတ္တယ္၊ ဟုတ္တယ္ သူႀကီး၊
ႏို႔ ေနပါဦးဗ်၊ သူႀကီးက ဒီေက်ာက္က
ေလးအေၾကာင္းကို ဘယ္လိုသိေနတာ
တုံး”

“ေဟ့ေကာင္ ေငြဝါး၊ ငါ သူႀကီးကြ၊
ဒီ႐ြာမွာ အပ္က်တာကအစ ငါသိ
တယ္ သိလား”

“ေၾသာ္…ဟုတ္၊ ဟုတ္ကဲ့ပါ သူႀကီး”

“မင္းအစ္ကို ေ႐ႊဝါး အဲဒီေက်ာက္မ်က္
လုံးေလးကို ရန္ကုန္သြားေရာင္းတယ္
ဆိုတာ တကယ္လား”

“ဟုတ္ပါတယ္ သူႀကီး၊ က်ဳပ္တကယ္
ေျပာတာပါ”

“ေအး၊ ငါေျပာမယ္ ေငြဝါး၊ မင္းတို႔ညီ
အစ္ကို ဂူႀကီးတစ္ခုက ေက်ာက္မ်က္
လုံးေလးကို ယူလာလို႔ ဒီ႐ြာတစ္႐ြာလုံး
ေျဗာင္းဆန္ေနတာေရာ သိသလားကြ”

“ဗ်ာ၊ အဲ အဲဒါ ေက်ာက္မ်က္လုံးနဲ႔
ဆိုင္လို႔လားဗ် သူႀကီးရ”

“ေအး ဆိုင္တယ္ေဟ့၊ သိပ္ဆိုင္တယ္
ကြ၊ အဲဒီေက်ာက္မ်က္လုံးကိုေစာင့္တဲ့
ဘီလူး လိုက္လာၿပီး ႐ြာထဲမွာ ေသာင္း
က်န္းေနတာကြ သိသလား၊ မင္းအစ္
ကို ေ႐ႊဝါးက ဒီေက်ာက္မ်က္လုံးကို
ဘယ္သူ႔ဆီမွာ ေရာင္းမွာတုံး”

“ဒါေတာ့ က်ဳပ္မသိဘူး သူႀကီး၊ရန္ကုန္
က က်ဳပ္တို႔ဦးေလးကေက်ာက္မ်က္လုံး
ယူၿပီးလိုက္ခဲ့၊ သူေရာင္းေပးမယ္ဆိုလို႔
လိုက္သြားတာဗ်။ ဒါေပမဲ့ သူတို႔ေတြ
စမ္းၾကည့္ဦးမွာပါ၊ တကယ္စြမ္းမွ
ေရာင္းလို႔ရမွာပါဗ်ာ”

“ဒါဆိုရင္ ေ႐ႊဝါးက ဘယ္တုန္းက
ရန္ကုန္ကို သြားတာတုံး”

” ဒီမနက္ပဲသြားတာ သူႀကီး၊ ဒါေပမဲ့
ရန္ကုန္ကို ခ်က္ခ်င္းသြားမွာ မဟုတ္
ေသးဘူး၊ ၿမိဳ႕မွာ တစ္ရက္ ႏွစ္ရက္
ေနဦးမွာ”

“ဒါဆိုရင္ မနက္ျဖန္ မနက္ေစာေစာ
ထၿပီး မင္းကိုယ္တိုင္ ေ႐ႊဝါးကို ၿမိဳ႕မွာ
လိုက္ေခၚေပေတာ့၊ အဲဒီေက်ာက္မ်က္
လုံးမပါဘဲ မင္းတို႔ႏွစ္ေယာက္ထေနာင္း
ကုန္းကို ျပန္မလာခဲ့နဲ႔။ အဲဒါ မပါဘဲ
ျပန္လာရင္ေတာ့ ဒီတစ္႐ြာလုံးကလူေတြ
မင္းတို႔ႏွစ္ေယာက္ကို ဝိုင္းၿပီးသတ္ၾက
လိမ့္မယ္၊ ဒီညလည္း ႐ြာထဲမွာ ဘာျဖစ္
ဦးမယ္ မသိဘူး”

“ဟုတ္၊ ဟုတ္ကဲ့ပါ သူႀကီး၊ က်ဳပ္မနက္
ေစာေစာထၿပီး ၿမိဳ႕ကို လိုက္သြားမယ္။
ၿပီးရင္ က်ဳပ္အစ္ကို ေ႐ႊဝါးကိုေခၚၿပီး
ခ်က္ခ်င္းျပန္ခဲ့ပါ့မယ္”

ညသန္းေခါင္ေက်ာ္ေတာ့ ကင္းေစာင့္
တဲ့လူေတြေရာ၊ ႐ြာသားေတြေရာ တစ္
ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္
ၾကေတာ့တာေပါ့ဗ်ာ၊ မ်က္ႏွာေတြဆို
တာလည္းဆီး႐ြက္ေလာက္ကိုရွိေတာ့
တာဗ်။ မ်က္ႏွာငယ္ေလးေတြနဲ႔ဗ်ိဳ႕။

“ဒုန္း၊ ေဒါင္း၊ ေဒါင္း၊ ေဒါင္း၊ ဒုန္း”

ဟာ ႐ြာထဲက အိမ္ေခါင္မိုးေတြေပၚကို
ခဲလုံးေတြ က်ေနတာဗ်ိဳ႕။ အိုး ေကာင္း
ကင္ကေနၿပီး ခဲလုံးမိုးေတြ ႐ြာေနသ
လား မွတ္ရတယ္ဗ်ာ။

“ခဲေတြ က်လာၿပီေဟ့၊သတိထားၾကဟ”

ဆန္းေတာ့ ဆန္းသားဗ်။ ခဲလုံးေတြက
အိမ္ေခါင္မိုးေတြေပၚကိုပဲ က်တာဗ်။
႐ြာလမ္းမေပၚကိုေတာ့ ခဲတစ္လုံးမွ
မက်ဘူးဗ်။ တစ္႐ြာလုံးလည္း တဒုန္း
ဒုန္း တဒုန္းဒုန္းနဲ႔ ေျဗာင္းဆန္ေနေတာ့
တာေပါ့ဗ်ာ။ က်ဳပ္ကို မဖဲဝါေျပာလိုက္
တဲ့ အေၾကာင္းကိုသာ ဒီ႐ြာသားေတြ
ကို ေျပာျပလိုက္ရရင္ေတာ့ ကိုေ႐ႊဝါး
တို႔ ကိုေငြဝါးတို႔အိမ္ကို ဝိုင္းၿပီးမ်ား
ဖ်က္ပစ္ၾကမလားေတာင္ မသိဘူးဗ်။

က်ဳပ္လည္း ဘယ္ေျပာလို႔ျဖစ္မွာတုံး။
သူႀကီးတစ္ေယာက္ကိုပဲ ေျပာျပရတာ။
တစ္ညလုံး တဒုန္းဒုန္းက်ေနတဲ့ ခဲေတြ
မနက္သုံးနာရီေလာက္မွ ရပ္သြားတာ
ဗ်ိဳ႕။ အိပ္ေရးေတြပ်က္ၿပီး ယာထဲလည္း
မဆင္းႏိုင္ၾကဘူးဗ်။

မနက္မိုးလင္းကာနီးမွ အိပ္ၾကရတာ
မို႔လား။ က်ဳပ္တို႔လည္း ဒီအတိုင္းပါပဲ
ဗ်ာ။ ေတာ္ေသးတယ္လို႔ပဲ ေျပာရ
ေတာ့မွာပဲဗ်ာ။ ညေနေလာက္ေရာက္
ေတာ့ ကိုေငြဝါး လိုက္ေခၚတဲ့ သူ႔အစ္
ကို ကိုေ႐ႊဝါး ျပန္ေရာက္လာတယ္။
က်ဳပ္ကို သူႀကီးက ေခၚခိုင္းလို႔ က်ဳပ္
လိုက္သြားတယ္။ သူႀကီးက ကႏုတ္
ပန္းေတြေဖာ္ထားတဲ့ ကုလားထိုင္
ႀကီးမွာ ခန္႔ခန္႔ႀကီးထိုင္ၿပီး ကိုေ႐ႊ
ဝါးတို႔ ကိုေငြဝါးတို႔ ညီအစ္ကိုက
သူႀကီးေရွ႕မွာ ယို႔ယို႔ေလးေတြ
ထိုင္ေနၾကတာဗ်ိဳ႕။

သူႀကီးက က်ဳပ္ကို လက္ကိုင္ပုဝါနဲ႔
ထုပ္ထားတဲ့ အထုပ္ကေလးတစ္ထုပ္
ေပးတယ္ဗ်။ က်ဳပ္ကလည္း ႐ို႐ိုေသ
ေသ လွမ္းယူၿပီး ျဖည္ၾကည့္လိုက္
ေတာ့ အံ့ၾသစရာပါပဲ။

လူ႔မ်က္လုံးအ႐ြယ္ေလာက္ရွိတဲ့ ေက်ာက္
မ်က္လုံးေလးဗ်။ တကယ္မ်က္လုံးအတိုင္း
ပါပဲဗ်ာ။မ်က္လုံးအျဖဴသားနဲ႔ အလယ္မ်က္
လုံးအနက္နဲ႔ အထဲမွာလည္း သူငယ္အိမ္နဲ႔
ဗ်။ က်ဳပ္ သူငယ္အိမ္ထဲကို ေသေသခ်ာ
ခ်ာ ၾကည့္လိုက္ေတာ့ ေအာင္မယ္ေလး
အထဲမွာ ဒူးတစ္ဖက္ေထာင္ၿပီး ထိုင္ေန
တဲ့ ဘီလူးဗ်။ လက္ထဲမွာလည္း တင္း
ပုတ္ကို ပခုံးေပၚမွာထမ္းထားတယ္။

ေက်ာက္ျဖစ္သြားတဲ့ ဘီလူးရဲ႕ဝိညာဥ္
က ဒီထဲမွာ ကိန္းေနတာကိုး။ဒါေၾကာင့္
ဒီေက်ာက္မ်က္လုံးက မ်က္ေတာင္ခတ္
တာကိုး။

“ကိုေ႐ႊဝါး၊ ဒီမ်က္လုံးကို ခင္ဗ်ားတို႔
ေတြ႕တုန္းက မ်က္ေတာင္ခတ္တယ္ဆို”

“ေအး ဟုတ္တယ္ တာေတ၊ မင္းကို
ဘယ္သူေျပာတာတုံး”

“က်ဳပ္ကို မဖဲဝါ ေျပာတာဗ်”

က်ဳပ္က မဖဲဝါ ေျပာတာေတြကို သူတို႔
ညီအစ္ကိုကိုေျပာျပလိုက္တယ္။ဒီေတာ့
မွ ညီအစ္ကိုႏွစ္ေယာက္စလုံး လန္႔သြား
ၾကေရာဗ်ိဳ႕။သူႀကီးကလည္း သူတို႔ညီ
အစ္ကိုကို လွမ္းက်ိန္းေတာ့တာေပါ့ဗ်ာ။

“သူႀကီးရယ္၊ က်ဳပ္တို႔ ဒါေတြ ဘာမွ
မသိလို႔ ယူခဲ့မိတာပါဗ်ာ။ထူးဆန္းေန
ေတာ့ က်ဳပ္တို႔လည္း စိတ္ဝင္စားၿပီး
ယူခဲ့ၾကတာပါ။ ေနာက္မွ ရန္ကုန္က
က်ဳပ္ဦးေလးက ဒီလိုပစၥည္းဆန္းဆို
ရင္ ယူလာၿပီး ျပၾကည့္ေပါ့။ ႀကိဳက္
တဲ့လူေတြ႕ရင္ ေစ်းေကာင္းရတတ္
တယ္ဆိုလို႔ က်ဳပ္လည္း သြားျပ
ၾကည့္မလို႔ပါဗ်ာ။ ႐ြာထဲမွာ ျဖစ္ေန
တဲ့ကိစၥေတြဟာ ဒီပစၥည္းေၾကာင့္
ျဖစ္တာမွန္း က်ဳပ္ လုံးဝမေတြးမိ
ဘူးဗ်ာ။ အခုလည္း ဒီေက်ာက္
မ်က္လုံးကို သူႀကီးဆီမွာ အပ္ပါ
တယ္။သူႀကီး ႀကိဳက္သလိုသာ
စီစဥ္ပါဗ်ာ”

ကိုေ႐ႊဝါး ေျပာတာကို ၾကားေတာ့
သူႀကီးက မ်က္ႏွာကြက္ကနဲ ပ်က္
သြားတယ္ဗ်ိဳ႕။

“ဟဲ့ေကာင္ ေ႐ႊဝါး၊ ဘယ့္ႏွယ္ ငါက
စီစဥ္ရမွာတုံး၊မင္းတို႔ညီအစ္ကိုယူလာ
တာ။ မင္းတို႔ ျပန္ပို႔မွ ျဖစ္မွာေပါ့ကြ၊
မနက္ျဖန္ ဆိတ္တစ္ေကာင္ဝယ္ၿပီး
ေက်ာက္မ်က္လုံးဂူကို ျပန္သြားၿပီး
ေက်ာက္မ်က္လုံးကို ျပန္ပို႔လိုက္၊
တာေတ လိုက္လုပ္ေပးလိမ့္မယ္”

“ဟုတ္၊ ဟုတ္ကဲ့ပါ သူႀကီး”

အဲဒီညလည္း တစ္ညလုံး မအိပ္ၾကရ
ပါဘူးဗ်ာ။ေလျပင္းေတြတိုက္၊အိမ္ေခါင္
ေပၚကို ခဲေတြက်၊ ေခြးေတြက ေၾကာက္
လန္႔ၿပီး ႏြားေတြက တဖူးဖူး ႏွာမႈတ္၊ လူ
ေတြလည္း ေနစရာမရွိေအာင္ ေၾကာက္
ကုန္ၾကၿပီေပါ့ဗ်ာ။တိုက္လိုက္တဲ့ေလေတြ
ဆိုတာ မနက္မိုးလင္းကာနီးမွ ၿငိမ္သြား
တာဗ္

က်ဳပ္စိတ္ထင္ေတာ့ တစ္နာရီမိုင္ေျခာက္
ဆယ္ႏႈန္းေလာက္ ရွိမယ္ထင္တယ္။ဒီပုံစံ
အတိုင္း ေနာက္သုံးေလးရက္ေလာက္
ဆက္ျဖစ္ေနရင္ေတာ့ က်ဳပ္တို႔႐ြာကလူ
ေတြ တျခားကို ေျပာင္းေျပးၾကမလား
ေတာင္ မသိဘူးဗ်။

ကိုေ႐ႊဝါးတို႔ ညီအစ္ကိုနဲ႔ က်ဳပ္ မနက္
အေစာႀကီး ႐ြာကထြက္လာခဲ့တယ္။
႐ြာျပင္ေရာက္တာနဲ႔ ကိုေ႐ႊဝါးကလက္
ကိုင္ပုဝါနဲ႔ ထုပ္ထားတဲ့ ေက်ာက္မ်က္
လုံးေလးကို က်ဳပ္လက္ထဲထည့္လိုက္
တယ္။သူတို႔ေရာက္ခဲ့တဲ့ ေက်ာက္မ်က္
လုံးဂူ ဆိုတာကို သူတို႔က သိမွာေပါ့
ဗ်ာ။ ေရွ႕ဆုံးက ကိုေ႐ႊဝါး၊ က်ဳပ္က
အလယ္က၊ ေနာက္ဆုံးမွာက ဆိတ္
တစ္ေကာင္ ႀကိဳးနဲ႔ဆြဲၿပီး လိုက္လာ
တာက ကိုေငြဝါးဗ်။

ဒီလူႏွစ္ေယာက္လည္း မိဘမွာ လက္
ငုတ္လက္ရင္းေလး ရွိေပမယ့္ ယာလုပ္
တာက နည္းနည္း၊ ေတာထဲဝင္ၿပီး ဘိ
ေထာင္တာက မ်ားမ်ားျဖစ္ေနတာဗ်။
ဘိေထာင္တယ္ဆိုတာက ေတာထဲ
မွာ သားေကာင္ကို ေထာင္ေခ်ာက္
ေထာင္ၿပီး ဖမ္းတာကို ေျပာတာဗ်။

က်ဳပ္ကေတာ့ ညကတည္းက မဖဲဝါကို
အေၾကာင္းျပဳထားၿပီးသားဗ်။ဒီေန႔က်ဳပ္
မ်က္လုံးဂူကို သြားမယ့္အေၾကာင္းေပါ့
ဗ်ာ။ က်ဳပ္တို႔သုံးေယာက္ ႐ိုးမေပၚကို
တက္လာၿပီး ႏွစ္နာရီေလာက္ၾကာေတာ့
ေတာင္ကမ္းပါးကိုပတ္ၿပီး ေလွ်ာက္ရတဲ့
လူေလွ်ာက္လမ္းေလးကို ေတြ႕တယ္ဗ်။

“ဒီလမ္းပဲ တာေတ၊ ဒီလမ္းအတိုင္းသြား
ရင္ အဲဒီဂူေပါက္ကို ေတြ႕လိမ့္မယ္။မင္း
ပဲ သြားထားလိုက္ေတာ့ကြာ၊ငါတို႔မလိုက္
ဝံ့ေတာ့ဘူး”

ကိုေ႐ႊဝါးက ေျပာတာဗ်။

“ဟာ၊ ဘယ္ျဖစ္မွာတုံးဗ်၊ ခင္ဗ်ားတို႔
ယူခဲ့တဲ့ ေနရာကို က်ဳပ္မွ မသိတာ။
ၿပီးေတာ့ က်ဳပ္က သြားထားပါၿပီတဲ့၊
ခင္ဗ်ားတို႔ ညီအစ္ကို ဒီေနရာမွာ
ေနခဲ့ရဲလား”

က်ဳပ္ေမးလိုက္ေတာ့မွ ညီအစ္ကိုႏွစ္
ေယာက္ တစ္ေယာက္မ်က္ႏွာ တစ္
ေယာက္ၾကည့္ၿပီး…

“ဟာ၊ အဲဒီလိုလည္း မေနရဲဘူးကြ၊
ဟာ မထူးပါဘူးကြာ၊ မင္းနဲ႔ပဲ လိုက္
ခဲ့ပါမယ္”

“ကဲ ဒါဆိုရင္ ကိုေ႐ႊဝါး ေရွ႕က သြား
ေပေတာ့”

လူသြားလမ္းကေလးက ေတာ္ေတာ္ရွည္
တာဗ်။ေတာ္ေတာ္ေလး သြားမိေတာ့မွ
ေက်ာက္ဂူကို ေတြ႕ရတာဗ်ိဳ႕။ဂူက အဝ
ကလည္း က်ယ္တယ္၊ အထဲမွာလည္း
ေတာ္ေတာ္က်ယ္သားဗ်။

က်ဳပ္တို႔ ဂူထဲကို ဝင္လာတယ္။

“ဟိုမွာ တာေတ၊ အဲဒီေက်ာက္တုံးႀကီး
မွာ ဒီေက်ာက္မ်က္လုံးကို ေတြ႕တာ”

ဂူထဲမွာက အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလး
လင္းေနတယ္။ေက်ာက္တုံးႀကီးက လူ
ႀကီးတစ္ေယာက္ ထိုင္ေနသလိုလိုပဲဗ်။
ဒါေပမဲ့ ပီပီျပင္ျပင္ေတာ့ မရွိလွဘူး။
လူေခါင္းလို႔ ထင္ရတဲ့ေနရာမွာ တြင္း
ကေလး ျဖစ္ေနတာဗ်။မဖဲဝါ ေျပာသ
လိုဆိုရင္ ဒီေက်ာက္တုံးႀကီးက ဘီလူး
ႀကီး ေက်ာက္ျဖစ္သြားတဲ့ ေက်ာက္တုံး
ႀကီးပဲဗ်။ ဒီတြင္းကေလးက ကိုေ႐ႊဝါး
ဓါးနဲ႔ ေကာ္ထုတ္ခဲ့တဲ့ ေက်ာက္မ်က္
လုံးအရာကေလးပဲ။

ဒါဆိုရင္ ဒီေနရာဟာ ဘီလူးႀကီးရဲ႕နဖူး
ေနရာပဲ ျဖစ္မယ္။ဘာျဖစ္လို႔တုံးဆိုေတာ့
မဖဲဝါ ေျပာတာက အဲဒီဘီလူးႀကီးက နဖူး
မွာ မ်က္လုံးတစ္လုံးပဲ ပါတာဆိုပဲဗ်။က်ဳပ္
က လက္ကိုင္ပုဝါနဲ႔ ထုပ္ထားတဲ့ ေက်ာက္
မ်က္လုံးကေလးကို ထုတ္ယူၿပီး ေက်ာက္
တုံးႀကီးေပၚကို တြယ္တက္ခဲ့တယ္။

နည္းနည္းေလာက္ တက္လိုက္ေတာ့
တြင္းေနရာေလးကို လမ္းလွမ္းလို႔ မွီ
သြားၿပီဗ်။ ေက်ာက္မ်က္လုံးကို တြင္း
ကေလးထဲ ေသေသခ်ာခ်ာ ျပန္ထည့္
လိုက္တယ္။ အံဝင္ခြင္က်ကို ဝင္သြား
တာဗ်။ က်ဳပ္ ေသေသခ်ာခ်ာ ၾကည့္
လိုက္ေတာ့ ဟာ မ်က္ေတာင္ခတ္ေန
တယ္ဗ်ိဳ႕။က်ဳပ္လည္း ေက်ာက္တုံးႀကီး
ေပၚက ျမန္ျမန္ျပန္ဆင္းလာတယ္။

ဘာက ဘယ္လိုခတ္ေနတာလဲေတာ့
မသိဘူးဗ်။ေက်ာက္မ်က္လုံးေလးက
မ်က္ေတာင္ခတ္ေနတာေတာ့ အမွန္ပဲ
ဗ်ိဳ႕။ မဖဲဝါ ေျပာသလိုဆိုရင္ က်ဳပ္တို႔
႐ြာကို လာၿပီးေျခာက္လွန္႔ေနတဲ့ တာ
ပနလို႔ေခၚတဲ့ ဘီလူးက ဒီေက်ာက္မ်က္
လုံးကိုလူေတြလက္ထဲ မေရာက္ေအာင္
ေစာင့္ေနရတဲ့ ဘီလူးဗ်။

မဖဲဝါက နတ္မင္းႀကီးေတြကို ေလွ်ာက္
လိုက္လို႔ တာပနကို တစ္ေနရာရာလႊတ္
လိုက္တာ ျဖစ္မယ္ဗ်။ အခ်ိန္ေတာ့ သိပ္
ၾကာလို႔ မျဖစ္ဘူး။ မေတာ္လို႔ တာပန
့ျပန္ေရာက္လာရင္ က်ဳပ္တို႔ ဒီေနရာမွာ
တင္ ကိစၥျပတ္သြားမွာဗ်ိဳ႕။

ကိုေငြဝါးလက္ထဲက ဆိတ္ကိုယူၿပီး
တိုင္လို ျဖစ္ေနတဲ့ ေက်ာက္ပန္းဆြဲႀကီး
တစ္ခုမွာ ႀကိဳးခ်ည္ထားလိုက္တယ္။ၿပီး
တာနဲ႔ က်ဳပ္တို႔သုံးေယာက္ သုတ္ေျခတင္
ေတာ့တာဗ်ိဳ႕။က်ဳပ္တို႔ေက်ာက္မ်က္လုံးဂူ
နဲ႔ ေတာ္ေတာ္ေလး ေဝးလာတဲ့အခ်ိန္မွာ…

“ဝုန္း၊ ဝုန္း၊ ဝုန္း၊ ဝုန္း”

ဟာ ေတာႀကီးတစ္ေတာလုံး ေလျပင္း
တိုက္ေတာ့တာပဲဗ်ိဳ႕။

“ဟား ဟား ဟား ဟား ဟီး ဟီး ဟီး”

ေက်ာက္မ်က္လုံးဂူဘက္က ထြက္လာ
တဲ့ ရယ္သံႀကီးဗ်ိဳ႕။ ေက်ာက္မ်က္လုံး
ေစာင့္တဲ့ ဘီလူးတာပန ျပန္ေရာက္
လာၿပီ ထင္တယ္ဗ်။

“ဟား ဟား ဟား ဟား ၊ ပဲ ဟဲ ဟဲ”

ဟာ ဆိတ္ေအာ္သံပါ ၾကားရတယ္ဗ်ိဳ႕၊
က်ဳပ္တို႔ထားခဲ့တဲ့ ဆိတ္ကေလးကို
ဘီလူး စားေနၿပီ ထင္တယ္ဗ်ိဳ႕။

ဘီလူးရယ္တဲ့ အသံႀကီး ၾကားရေလ
က်ဳပ္တို႔သုံးေယာက္လည္း ေျခလွမ္း
ေတြ ပိုသြက္လာေလပဲဗ်ိဳ႕။ ေနမြန္း
တည့္တာနဲ႔ က်ဳပ္တို႔ ႐ြာျပန္ေရာက္
ၾကတယ္။က်ဳပ္တို႔ အိမ္တန္းမျပန္ဘဲ
သူႀကီးအိမ္ကို သြားၿပီး အက်ိဳးအ
ေၾကာင္း ေျပာျပရေသးတာေပါ့ဗ်ာ။

ညေရာက္ေတာ့ က်ဳပ္လည္း စိတ္ထဲ
မွာ တထင့္ထင့္နဲ႔ေစာင့္ေနရတာဗ်။
ကိုေ႐ႊဝါးတို႔ ညီအစ္ကိုလည္း က်ဳပ္
လိုပဲ ရွိမွာေပါ့ဗ်ာ။ သန္းေခါင္ေက်ာ္
ေတာ့ ကင္းေစာင့္ေနတဲ့လူေတြေရာ
႐ြာသားေတြေရာ တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ၾကည့္ၿပီး ေၾကာက္ေန
ၾကျပန္တာေပါ့ဗ်ာ။

ဘယ္နားကမ်ား မီးေတြ ထေတာက္
မလဲ။ခဲလုံးေတြမ်ား က်လာဦးမလား၊
ေခါင္မိုးေတြေပၚကို ေလွ်ာက္ေျပးဦး
မွာလား။ ဒါမွမဟုတ္ရင္လည္းကိုယ့္
ေနာက္ကမ်ား အေကာင္ႀကီး တစ္
ေကာင္ ဘြားကနဲ ေပၚလာမွာလားဆို
ၿပီး ေတြးေနၾကမွာေပါ့ဗ်ာ။

ညတစ္ခ်က္တီး။ ႏွစ္ခ်က္တီး။ ဘာမွ
မျဖစ္ဘူးဗ်ိဳ႕။သုံးခ်က္တီး အားလုံး
စိတ္ခ်လက္ခ်နဲ႔ အိမ္ျပန္ၿပီး အိပ္ၾက
ၿပီဗ်ိဳ႕။ အဲဒီညကစၿပီး ေနာက္ညေတြ
လည္း ဘာမွမျဖစ္ေတာ့ဘူး။

က်ဳပ္လည္း သစ္စုန္းေတာင္ေဝွးကို
ဆရာေတာ္ဆီ ျပန္အပ္လိုက္တယ္။

႐ြာကလူေတြလည္း ခါတိုင္းလိုပဲ
ယာထဲဆင္းတဲ့လူကဆင္း၊ ထင္း
ေခြတဲ့သူေခြ၊ ေရစည္တိုက္တဲ့သူ
ကတိုက္နဲ႔ ထေနာင္းကုန္းလည္း
ပုံမွန္ျပန္ၿပီး လႈပ္ရွားလာေတာ့
တာေပါ့ဗ်ာ။

မူရင္းေရးသူ ဆရာတာေတ

#စာဖတ္သူမ်ားစိတ္႐ႊင္လန္းပါေစ
#အသစ္တင္တိုင္းဖတ္ရႈရေအာင္PageကိုLike&Followလုပ္ထားပါအူံးေနာ္😍😍😗