ဘဝ၏လောကဓံ(စ/ဆုံး)

Unicode Version

ဘဝ၏လောကဓံ(စ/ဆုံး)
—————————–
“သမီးရေ…”
“ရှင်အမေ”
“ဒီကိုခဏလာပါဦး”
“ဟုတ်အမေ”
နှင်းနှင်းလည်းမိခင်ထံသို့
ရောက်လာပြီး……
“အမေသမီးကိုဘာခိုင်းမလို့လဲ”
“ဘာမှမခိုင်းပါဘူးသမီးရယ်
အမေသမီးကိုပြောမလို့ …”
“ဟုတ်ပြောလေ အမေ”
“အမေမုန့်ရောင်းသွားတော့မလို့
အဲ့ဒါသမီးမောင်လေးနိုးရင်
ကြောင်အိမ်ထဲကဘီစကွပ်မုန့်လေးနဲ့
လက်ဖက်ရည်တစ်ထုပ်ဖျော်တိုက်လိုက်
အမေပြန်လာမှထမင်းချက်ပေးမယ်နော်
သမီး …”
“ဟုတ်အမေ”
“အပြင်တွေလျှောက်မသွားနဲ့နော်
အခုခေတ်ကဘယ်သူ့ကိုမှယုံကြည်ရတာ
မဟုတ်ဘူး။
“သမီးဘယ်မှမသွားပါဘူးအမေရဲ့
အိမ်မှာပဲမောင်လေးနဲ့အတူဆော့မှာပါ”
“အေးအေး
အမေ့ကိုတစ်ဖက်လောက်ပင့်ပေးဦး”
နှင်းနှင်းကမမှီတမှီဖြင့်
ဈေးတောင်းကိုမိခင်ခေါင်းပေါ်သို့
မတင်ပေးလိုက်သည်။
ဒေါ်ခင်သိန်းလည်းဈေးတောင်း
ခေါင်းပေါ်ရွက်ကာအိမ်မှထွက်လာ
ခဲ့တော့သည်။
သားအမိ၃ယောက် ဘဝကို
ဒေါ်ခင်သိန်းကဦးဆောင်ပြီး
ရှာဖွေကျွေးရလေသည်။
သမီးကြီးနှင်းနှင်းကယခုမှအသက်၁၁နှစ်
ပဲရှိသေးသည်။
အငယ်ဆုံးလေးဖြိုးဖြိုးက
၇နှစ်သာရှိသေးသည်၊ခင်ပွန်းဖြစ်သူ
ဦးအောင်စိန်ကလွန်ခဲ့သည့်၁နှစ်ခန့်က
ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
ခင်ပွန်းမဆုံးခင်က ယခုလောက်
ဘဝဟာမကြမ်းတမ်းခဲ့ပေ။
ခင်ပွန်းမရှိသည့်နောက် အရာအားလုံး
ခက်ခဲကြမ်းတမ်းလာခဲ့သည်။
သို့ပေမယ့် ဒေါ်ခင်သိန်းတစ်ယောက်
လုံးဝအားမငယ်ခဲ့ပါ။
ရှိတာလေးနှင့်ဝမ်းရေးကိုဖြေရှင်းခဲ့သည်။
သားနှင့်သမီးကလည်း ငယ်ရွယ်ပေမယ့်
မိခင်၏အခက်အခဲကိုနားလည်ကြသည်။
မိခင်ထံမှဘာစားချင်ပါတယ်
ဘာသောက်ချင်ပါတယ်ဟု
မပူဆာကြပေ။
ထို့ကြောင့်ဒေါ်ခင်သိန်းအတွက်
အနည်းငယ်အမောပြေရသေးသည်။
ယခုလည်းကိုယ်တိုင်လုပ်
မုန့်လေးများကိုရပ်ထဲရွာလှည့်ကာ
ရောင်းနေသည်။
“မုန့်လက်ကောက်၊နှမ်းကပ်မုန့်
အချိုမုန့်လေးတွေရမယ်နော် …”
“လေးလေးခင်သိန်းလာပါဦး”
အိမ်တစ်အိမ်မှလှမ်းခေါ်လိုက်သဖြင့်
ဒေါ်ခင်သိန်းလည်းဈေးဝယ်မှန်းသိ
သဖြင့်ပြုံးရွှင်ကာရောက်လာခဲ့သည်။
“ခိုင်ဇင် ဘာယူမလဲ
ဒီကနေ့မုန့်လေးတွေအစုံပါတယ်အေ့”
“မုန့်လက်ကောက်၅ခုယူမယ်
အိမ်ကကလေးတွေက လေးလေးခင်သိန်း
မုန့်ဆိုတအားကြိုက်ကြတာလေ”
“ဟုတ်လား
လေးလေးကတော့ ဘာပဲလုပ်ရောင်း
လုပ်ရောင်းစေတနာအပြည့်ထားပြီး
လုပ်ရောင်းတာကွယ့် ဒါကြောင့်ကလေးတွေကြိုက်ကြတာ
ဖြစ်မယ် …”
“ဒီမှာလေးခင်သိန်းပိုက်ဆံ”
“အေးအေး သွားဦးမယ်ဟေ့”
မခိုင်ဇင်ကမုန့်တောင်းကို
ကူမပေးလိုက်သည်။
ဒေါ်ခင်သိန်းလည်း ကျန်ရှိနေသည့်
မုန့်များရောင်းရန်အတွက်
ဟစ်ကာအော်ကာလှည့်လည်ရောင်းနေ
တော့သည်။
မနက်လင်းကတည်းက
နေရာစုံအောင်လိုက်လံပြီးရောင်းရသည်။
ရောင်းကောင်းသည့်ရက်များဆို
အချိန်တိုအတွင်းကုန်တတ်သည်။
တချို့ ရက်များတွင်တော့ မုန့်အနည်းငယ်ကျန်နေတတ်သည်။
ယနေ့ဒေါ်ခင်သိန်းတစ်ယောက်
ဈေးရောင်းကောင်းသဖြင့်အချိန်တို
အတွင်းအိမ်ကိုပြန်လာခဲ့ရသည်။
“သမီးရေ”
“ဟာအမေပြန်လာပြီ မမ”
သားနဲ့သမီးကမိခင်အား
ပြေးကြိုကြသဖြင့်ဒေါ်ခင်သိန်း၏
ဘဝအမောများပြေပျောက်သွားရသည်။
“အမေဒီနေ့ပြန်လာတာစောတယ်နော်”
“ဟုတ်တယ်သမီးရဲ့ ဒီကနေ့
ဈေးရောင်းကောင်းလို့လေ……”
“အမေသားဗိုက်ဆာတယ်”
“သားကဗိုက်ဆာနေပြီလား
အမေသားနဲ့သမီးအတွက်
ဈေးကမုန့်လေးတွေဝယ်လာတယ်…”
“ဟေး မုန့်စားမယ်ဟေ့”
သားငယ်ဖြိုးဖြိုးက ကလေးပီပီ
ထအော်ကာဝမ်းသာနေရှာသည်။
“သမီး မောင်လေးနဲ့မျှစားလိုက်ကြနော်
အမေထမင်းအိုးတည်ဖို့လုပ်လိုက်ဦးမယ်”
“ဟုတ်အမေ”
ဒေါ်ခင်သိန်းလည်းဈေးရောင်းရာက
ပြန်လာရပေမယ့်အနားမနေရပါ။
မီးဖိုချောင်ထဲဝင်ပြီးထမင်းချက်ရန်
ပြင်ဆင်ရတော့သည်။
“ဟောတော် ထင်းကကုန်တော့မှာပါလား
လက်ထဲမှာလည်းပိုက်ဆံကသိပ်မကျန်
တော့ဘူး၊ဆန်မှုန့်ဆိုင်ကိုလည်းယူထားတဲ့
အကြွေးတွေကပေးရဦးမယ်
စိတ်ညစ်တာပါပဲ ဘယ်လိုလုပ်ရပါ့ ”
ဒေါ်ခင်သိန်းလည်းစိတ်ညစ်ပြီး
ညည်းတွားနေမိသည်။
ဈေးကဝယ်လာတဲ့ ကြက်ဥ၂လုံးကို
ဆီနည်းနည်းဖြင့်ကြော်လိုက်သည်။
ငရုပ်သီးမှုန့်ကိုတော့ ကြက်သွန်နီလေးဖြင့်သုပ်လိုက်သည်။
မနက်စာအတွက်တော့
အားလုံးအဆင်ပြေသွားပြီဖြစ်သည်။
ထမင်းစားရန်အတွက်သားနဲ့သမီးကို
လှမ်းခေါ်လိုက်သည်။
“သားနဲ့သမီး ထမင်းစားကြမယ်”
“ဟုတ်လာပြီအမေ”
“မမ မမနဲ့မောင်လေးဘယ်သူ
အရင်ရောက်ရောက် ……”
“အေး ၁ ၂ ၃”
မောင်နှမနှစ်ယောက်ထမင်းဝိုင်းဆီကို
အပြေးပြိုင်ပြီးရောက်လာကြသည်။
“ဟေး…မောင်လေးနိုင်ပြီနော်”
“မောင်လေးကမမထက်
အပြေးမြန်တာကိုး မမက မောင်လေးလောက်မတော်ဘူးလေ”
“ဟား ဟား မမကတမင်အရှုံးပေးမှန်း
မောင်လေးသိသားပဲ ……”
“ကဲဒီမောင်နှမနှစ်ယောက်
လက်ဆေးပြီးထမင်းစားကြတော့…”
“ဟုတ်အမေ”
“ဟာ ကြက်ဥကြော်ကြီးပါလား
သားကြိုက်တယ် မေမေ”
“သားကြိုက်ရင် စားစား”
“ရော့ သမီးအတွက် ဒါကသားအတွက်”
“ဟင်…အမေ့ကဘာနဲ့စားမှာလဲ
ကြက်ဥကြော်နှစ်ခုလုံးသားနဲ့သမီး
အတွက်ဆိုတော့ ……”
“အမေက ဒီငရုပ်သီးသုပ်နဲ့
စားမှာပေ့ါသမီးရဲ့ အမေစားနိုင်ပါတယ်”
“ဟင်း အဲ့လိုကြီးကြသမီး
မြိုမကျပါဘူးအမေရယ်
ရော့အမေတစ်ဝက်စား……”
“နေပါစေသမီးရယ်
အမေမကြိုက်လို့မစားတာပါ။
“အမေရော့သားလာစား”
“စားပါအမေရဲ့”
သားနဲ့သမီးကဇွတ်အတင်းကျွေး
နေကြသဖြင့်ဒေါ်ခင်သိန်းလည်း
ကြက်ဥကြော်အနည်းငယ်အား
ဖဲ့ယူလိုက်သည်။
သားနဲ့သမီးကမိခင်ဖြစ်သူအား
မကြည့်ရက်လို့ကျွေးနေကြမှန်း
ဒေါ်ခင်သိန်းသိလေသည်။
ထို့ကြောင့်သားသမီးတွေရဲ့ သိတတ်မှုအပေါ်ဒေါ်ခင်သိန်း ပီတိဖြစ်ရပြန်သည်,
“သမီးနဲ့သား အိမ်မှာခဏနေခဲ့ဦးနော်
အမေအပြင်သွားစရာရှိလို့”
“အမေသားရောလိုက်မယ်”
“မလိုက်ပါနဲ့သားရယ်
အမေကပြီးကြရန်ပြန်လာမှာပါ
ခဏလေးပဲသားကလိမ္မာပါတယ်”
“မောင်လေးလိုက်ရင် မမက
ဘယ်သူနဲ့ဆော့ရမှာလဲ …”
“ဒါဆိုသားမလိုက်တော့ အမေ
မမနဲ့ဆော့ဖို့နေခဲ့မယ် ……”
“အေးဒါမှအမေ့သား”
ဒေါ်ခင်သိန်းလည်းအိမ်မှထွက်
လာခဲ့သည်။
“မချိုမာရေ မချိုမာ”
“မခင်သိန်းလာလေ”
“ဟုတ်”
“ဆန်မှုန့်ဖိုးလာပေးတာလားမခင်သိန်း”
“ဟိုလေ အဲ့ဒါပဲလာပြောတာ
မချိုမာရဲ့အခုရက်ပိုင်းဈေးကသိပ်
ရောင်းမကောင်းလို့ အဲ့ဒါ”
“ဆန်မှုန့်ဖိုးမပေးနိုင်သေးဘူး
ဆိုပါတော့…”
“ဟုတ် ဟုတ်ပါတယ် မချိုမာ
အဲ့ဒါအခုဆန်မှုန့်လေးလာယူရင်းနဲ့
အကျိုးအကြောင်းလာပြောတာပါ”
“အရင်ဟာဖိုးတောင်မပေးရသေးပဲနဲ့
နောက်ထပ်ကျွန်မမပေးနိုင်ဘူး
မခင်သိန်း။
ကျွန်မမှာလည်းရှင်တစ်ဦးတည်းနဲ့
လုပ်စားနေရတာမဟုတ်ဘူး
ကျွန်မလည်းငွေလိုလို့ဈေးရောင်းစား
နေတာပါမခင်သိန်း
ဈေးသည်အချင်းချင်း ကိုယ်ချင်းစာစိတ်လေးတော့
ရှိစေချင်တယ် …”
“ကျွန်မနားလည်ပါတယ်
မချိုမာရယ် နောက်ရက်ကြရင်
ဆက်ဆက်လာပေးပ့ါမယ်
အခုတော့ဆန်မှုန့်လေးအကြွေးယူခွင့်ပြုပါမချိုမာရယ်…”
“မရဘူးမခင်သိန်း
ကျွန်မအပြတ်ပြောပြီးသား
နောက်ထပ်အကြွေးလည်း
မပေးနိုင်တော့ဘူးရှင် …”
“ကူညီပါဦးမချိုမာရယ်”
“မကူညီနိုင်တော့ဘူး မခင်သိန်း”
မချိုမာကခါးခါးသီးသီး
ငြင်းဆန်နေသဖြင့်မခင်သိန်းလည်း
ပြန်လာခဲ့ရသည်။
“ငါဘယ်လိုလုပ်ရပါ့
မနက်ဖြန်မုန့်တောင်ဘယ်လိုရောင်းရမလဲ
မသိတော့ဘူး စိတ်ညစ်တာပါပဲ”
ဒေါ်ခင်သိန်းလည်းစိတ်ပျက်စွာဖြင့်
ညည်းညူနေမိတော့သည်။
“ဆံပင်တွေဝယ်တယ် ဆံပင်ကျွတ်တွေဝယ်တယ်…”
ဒေါ်ခင်သိန်းနံဘေးမှ ဆံပင်ဝယ်သည့်
အမျိုးသမီးတစ်ဦးကဖြတ်သွားသည်။
ဒေါ်ခင်သိန်းလည်းကိုယ့်ခေါင်းကိုယ်
စမ်းမိလိုက်သည်။
“အင်း.ငါ့ဆံပင်ကတော်တော်ရှည်တဲ့
အထဲပါတယ် ငါငါ့ဆံပင်ကိုဖြတ်ရောင်းပြီး
ဝယ်စရာရှိတာဝယ်လိုက်ရင်
ညကြငါ့သားသမီးတွေစားဖို့နဲ့
နောက်ရက်အတွက်ဈေးဖိုးရမှာပဲ…”
ဒေါ်ခင်သိန်းလည်းဆံပင်ဖြတ်ရောင်း
ရန်ဆုံးဖြတ်လိုက်သည်။
“ညီမရေ ညီမ”
“ရှင်အစ်မ”
“အစ်မဆံပင်လေးရောင်းချင်လို့”
“သြော် ဟုတ်အစ်မ”
ဆံပင်ဝယ်သည့်အမျိုးသမီးက
ဒေါ်ခင်သိန်းအနီးသို့ရောက်လာသည်။
“အစ်မကိုစည်းလို့ရယုံလေးတင်
ညှပ်ပေးပါ ဘယ်လောက်ပေးမလဲညီမ”
“အစ်မဆံပင်ကရှည်ပါတယ်
ညီမ၅၅၀၀၀ပေးမယ်လေ”
“ဟင်ညီမကလည်း၆၀၀၀၀တော့ပေးပါ
၆၀၀၀၀မရရင်မရောင်းတော့ဘူး”
“ကဲပါ ညီမပေးလိုက်ပါ့မယ်”
ဆံပင်ဝယ်တဲ့အမျိုးသမီးက
ဒေါ်ခင်သိန်းအားဆံပင်ညှပ်ပေး
လိုက်သည်။
“အစ်မဒီမှာ၆၀၀၀၀နော်
ပြည့်မပြည့်ရေကြည့်ဦး …”
ဒေါ်ခင်သိန်းလည်းပိုက်ဆံ
အထပ်လိုက်လေးအားရေတွက်ကြည့်
လိုက်သည်။
“ပြည့်တယ်ညီမလေး”
“ဟုတ်အစ်မ သွားခွင့်ပြုပါဦး”
“အေးအေး”
ဒေါ်ခင်သိန်းလည်းပိုက်ဆံ၆သောင်းကို
ယူပြီးအိမ်သို့ပြန်လာခဲ့သည်။
“အမေပြန်လာပြီမောင်လေး”
“ဟာအမေပြန်လာပြီ”
“ဟင်.အမေဆံပင်တွေညှပ်ပစ်လိုက်
တာလား”
“အေးဟုတ်တယ် သမီးရဲ့
အမေဆံပင်ရှည်ထားရတာအလုပ်ရှုပ်လို့
ညှပ်ပစ်လိုက်တာ”
“အမေပဲဆံပင်ရှည်ကိုမြတ်နိုးလို့
ထားထားတာဆို …”
“သြော် သမီးရယ် ဒီဆံပင်တွေက
အသက်ပဲကြီးပြီဘာလုပ်ဖို့
အရှည်ထားနေဦးမှာလဲ
ဒါကြောင့်အမေကညှပ်ပစ်လိုက်တာပေါ့”
“အမေကဆံပင်တိုနဲ့လည်း
လှတယ်ဗျ ”
“အမေ့သားလေးကမြှောက်ပြော
နေပြန်ပြီ ဘာစားချင်လို့လဲပြော…”
“အမေတကယ်ဝယ်ကျွေးမှာလား”
“ကျွေးမှာပေါ့သားရဲ့ ညနေကြရင်
မောင်နှမနှစ်ယောက်လုံး
ဈေးလိုက်ခဲ့ကြ …”
“ဟုတ်ကဲ့ အမေ”
==============
“အမေ သားဟိုမုန့်လေးစားမယ်”
“ယူလေသား သမီးလည်းဘာစားမှာလဲ”
“သမီးလည်းအဲ့ဒီဟာပဲစားမယ်အမေ”
မောင်နှမနှစ်ယောက်မုန့်တစ်ခုစီ
ယူလိုက်ကြသည်။
လက်ထဲငွေလေးရှိလျှင် သားသမီးကို
ကျွေးချင်မွေးချင်ကြသည်မှာ
မိဘတို့၏မေတ္တာတရားပင်ဖြစ်သည်။
ဒေါ်ခင်သိန်းလည်းလိုအပ်မယ့်
အရာများဝယ်ပြီးဈေးမှပြန်ခဲ့ကြသည်။
အိမ်ပြန်ရောက်တော့ သားသမီးများစားနိုင်အောင်ချက်ရပြုတ်ရ
ပြန်သည်။
ဆံပင်ဖြတ်ပြီးရောင်းလို့ရတဲ့ ငွေထဲမှ
ကြက်သားများလည်းဝယ်လာခဲ့သည်။
လက်ထဲရှိသည့်အခိုက်အတန့်မို့
ူသားနဲ့သမီးအတွက်ဝမ်းစာစိုစိုပြေပြေ
စားစေချင်သည့်စိတ်လည်းပါသည်။
ဒေါ်ခင်သိန်းချက်ကျွေးသည့်
ကြက်သားဟင်းကိုမောင်နှမနှစ်ယောက်
ခေါင်းမဖော်တမ်းစားလိုက်ကြသည်။
သားနဲ့သမီးစားနေပုံကိုကြည့်ပြီး
ဒေါ်ခင်သိန်းပြုံးနေမိသည်။
“အင်း…ငါ့သားနဲသမီးကို
အမြဲတမ်းဒီလိုပဲချက်ပြုတ်ကျွေးချင်
လိုက်တာ၊ခက်တာကငါဈေးရောင်းရတဲ့
ငွေလေးနဲ့တော့ဘယ်လိုမှမဖြစ်နိုင်ပါ
ဘူးလေ”
တချို့ ရက်များဆို
ရောင်းမကုန်တဲ့မုန့်လေးတွေစားပြီး
အိပ်ပျော်သွားကြတဲ့သားနဲ့သမီးကို
ကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရသည့်
အချိန်တွေလည်းရှိခဲ့ဖူးသည်။
ကြမ်းတမ်းလှသည့်လောကဓံ
ရိုက်ချက်များကြောင့်တစ်ခါတလေ
ထွက်ပြေးချင်လောက်အောင်မွန်းကြပ်
ခဲ့ဖူးသည်။
ထိုလောကဓံရိုက်ချက်များ၏ဒဏ်ကို
အံတုခံရင်းရှေ့ဆက်သွားရန်သာ
အားမွေးထားလိုက်တော့သည်။
တစ်ခါတလေဘဝရဲ့လောကဓံတွေ
ကိုမခံနိုင်ပဲအရှုံးပေးသွားကြတဲ့လူတွေ
အများအပြားရှိကြပေသည်။
အဆိုးတွေပြီးရင်အကောင်းတွေ
ဖြစ်လာမှာမို့အားတင်းရင်းရှေ့ဆက်ပေးပါ
ခက်ခဲနေတာမင်းတစ်ယောက်တည်း
မဟုတ်ဘူးသလို
ကြပ်တည်းနေတာလည်းမင်းတစ်ယောက်တည်းမဟုတ်ဘူးမိတ်ဆွေ။
ဒါကြောင့်လောကဓံကို အပြုံးမပျက်ပဲ
ကျော်လွှားလိုက်ပါ……”

Zawgyi Version

ဘဝ၏ေလာကဓံ(စ/ဆံုး)
—————————–
“သမီးရေ…”
“ရှင်အမေ”
“ဒီကိုခဏလာပါဦး”
“ဟုတ်အမေ”
ရောက်လာပြီး……
အမေသမီးကိုပြောမလို့ …”
“ဟုတ်ပြောလေ အမေ”
သမီး …”
“ဟုတ်အမေ”
မဟုတ်ဘူး။
“အေးအေး
မတင်ပေးလိုက်သည်။
ခဲ့တော့သည်။
သားအမိ၃ယောက် ဘဝကို
ရှာဖွေကျွေးရလေသည်။
ပဲရှိသေးသည်။
ဘဝဟာမကြမ်းတမ်းခဲ့ပေ။
လုံးဝအားမငယ်ခဲ့ပါ။
ဘာသောက်ချင်ပါတယ်ဟု
မပူဆာကြပေ။
ရောင်းနေသည်။
“ခိုင်ဇင် ဘာယူမလဲ
“ဟုတ်လား
ဖြစ်မယ် …”
“အေးအေး သွားဦးမယ်ဟေ့”
ကူမပေးလိုက်သည်။
တော့သည်။
မနက်လင်းကတည်းက
“သမီးရေ”
“ဟာအမေပြန်လာပြီ မမ”
သားနဲ့သမီးကမိခင်အား
“အမေသားဗိုက်ဆာတယ်”
“သားကဗိုက်ဆာနေပြီလား
အမေသားနဲ့သမီးအတွက်
“ဟေး မုန့်စားမယ်ဟေ့”
“ဟုတ်အမေ”
ပြင်ဆင်ရတော့သည်။
အကြွေးတွေကပေးရဦးမယ်
ညည်းတွားနေမိသည်။
မနက်စာအတွက်တော့
လှမ်းခေါ်လိုက်သည်။
“ဟုတ်လာပြီအမေ”
အရင်ရောက်ရောက် ……”
“အေး ၁ ၂ ၃”
“မောင်လေးကမမထက်
မောင်လေးသိသားပဲ ……”
“ဟုတ်အမေ”
သားကြိုက်တယ် မေမေ”
“သားကြိုက်ရင် စားစား”
အတွက်ဆိုတော့ ……”
စားမှာပေါ့သမီးရဲ့ အမေစားနိုင်ပါတယ်”
မြိုမကျပါဘူးအမေရယ်
ရော့အမေတစ်ဝက်စား……”
“နေပါစေသမီးရယ်
“အမေရော့သားလာစား”
“စားပါအမေရဲ့”
ဖဲ့ယူလိုက်သည်။
ဒေါ်ခင်သိန်းသိလေသည်။
“အမေသားရောလိုက်မယ်”
“မလိုက်ပါနဲ့သားရယ်
“မောင်လေးလိုက်ရင် မမက
ဘယ်သူနဲ့ဆော့ရမှာလဲ …”
“အေးဒါမှအမေ့သား”
လာခဲ့သည်။
“မချိုမာရေ မချိုမာ”
“မခင်သိန်းလာလေ”
“ဟုတ်”
ဆိုပါတော့…”
မခင်သိန်း။
နေတာပါမခင်သိန်း
ရှိစေချင်တယ် …”
“ကျွန်မနားလည်ပါတယ်
ဆက်ဆက်လာပေးပ့ါမယ်
“မရဘူးမခင်သိန်း
နောက်ထပ်အကြွေးလည်း
“ကူညီပါဦးမချိုမာရယ်”
ပြန်လာခဲ့ရသည်။
“ငါဘယ်လိုလုပ်ရပါ့
ညည်းညူနေမိတော့သည်။
စမ်းမိလိုက်သည်။
ရန်ဆုံးဖြတ်လိုက်သည်။
“ညီမရေ ညီမ”
“ရှင်အစ်မ”
“သြော် ဟုတ်အစ်မ”
“အစ်မဆံပင်ကရှည်ပါတယ်
ညီမ၅၅၀၀၀ပေးမယ်လေ”
လိုက်သည်။
“အစ်မဒီမှာ၆၀၀၀၀နော်
လိုက်သည်။
“ပြည့်တယ်ညီမလေး”
“အေးအေး”
“ဟာအမေပြန်လာပြီ”
တာလား”
“အေးဟုတ်တယ် သမီးရဲ့
ညှပ်ပစ်လိုက်တာ”
ထားထားတာဆို …”
အရှည်ထားနေဦးမှာလဲ
“အမေကဆံပင်တိုနဲ့လည်း
လှတယ်ဗျ ”
ဈေးလိုက်ခဲ့ကြ …”
“ဟုတ်ကဲ့ အမေ”
==============
ယူလိုက်ကြသည်။
ပြန်သည်။
“အင်း…ငါ့သားနဲသမီးကို
ဘူးလေ”
တချို့ ရက်များဆို
ခဲ့ဖူးသည်။
မဟုတ်ဘူးသလို
ကျော်လွှားလိုက်ပါ……”