ကဝေတစ်ကောင်ချည်တဲ့ကြိုး(စ/ဆုံး)

Unicode Version

ကဝေတစ်ကောင်ချည်တဲ့ကြိုး(စ/ဆုံး)
———————————————
” ပြည့်ဖြိုးရေ တို့တော့တာဝန်တစ်ခုတော့ ကျလာပြီကွ ”
” ဆရာ ဘယ်လိုတာဝန်များတုံးဗျ ”
” ဒီလိုကွ အထက်ဆရာသခင်တွေက ငါတို့ကို မြေလျှောက်ဝိဇ္ဇာတွေရဲ့ လမ်းစဉ်အစဖြစ်တဲ့ မြေလျှောက်ခြင်းခရီးစဉ်ကို စပြီးအဓိဋ္ဌာန်ဝင်ဖို့ အမိန့်ချမှတ်လိုက်တယ်ကွ ”
” ဆရာ မြေလျှောက်ခြင်းခရီးစဉ်ဆိုတာ ဘယ်လိုဟာမျိုးကိုပြောတာလဲ ”
” မြေလျှောက်ခြင်းခရီးစဉ်ဆိုတာ ငါတို့နေထိုင်တဲ့အိုးအိမ်ကိုစွန့်ပြီးတော့လောကကြီးအနှံ့ကိုလျှောက်သွားမယ် ဒုက္ခရောက်နေတဲ့ ၇ရက်သားသမီးတွေကို ကယ်တင်ကြမယ်ပေါ့ကွာ….”
” ဒါဆို ကျွန်တော်တို့ကအိမ်ကို ပြန်လို့မရတော့ဘူးပေါ့ ”
” အဲဒါကတော့ ဆရာသခင်တွေပြန်ခွင့်ပြုတဲ့အချိန်ကြရင် ပြန်လို့ရတယ်ကွ… ခွင့်မပြုသေးရင်တော့ လောကကြီးအနှံ့ကို ခြေဆန့်ရအုံးမှာပေါ့ကွာ ”
” ဒါဆိုရင် အခုကဘယ်ကိုဦးတည်ပြီး သွားရမှာလည်းဆရာ ”
” ငါတို့နေရပ်နဲ့ဝေးလံတဲ့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းရွာလေးတစ်ရွာကို သွားရမယ်လို့ ဆရာသခင်တွေအမိန့်ရှိတယ်ကွ ”
” ဟုတ်ကဲ့ဆရာ ရှမ်းပြည်တောင်ပိုင်းဆိုတော့ အရမ်းအေးမှာပဲနော် ကျွန်တော်တို့အနွေးထည်တွေပါ ထည့်သွားရမယ်ထင်တယ် ”
” အနွေးထည်တင်ဘယ်ကမလည်းကွာ လိုအပ်တဲ့ဆေးဝါးတွေပါထည့်သွားရမယ် …ငါတို့က မြေလျှောက်ခရီးစဉ်အဓိဋ္ဌာန်ဖြစ်တဲ့အတွက် အထက်လမ်းဆရာမှန်းလူတွေမသိအောင် သွားလာနေထိုင်ရမယ်ကွ… ပြီးတော့ငါတို့က တိုင်းရင်းဆေးဆရာအဖြစ်နဲ့သွားရမှာ …အဲဒီတော့ကာ အဝတ်အစား အသုံးအဆောင် လွယ်အိတ်ကစလို့ ဆေးဆရာတွေသုံးတဲ့ပုံစံနဲ့ပဲ ဝတ်စားဆင်ယင်ပြီး သွားလာရမှာကွ ”
” ဟုတ်ကဲ့ဆရာ ကျွန်တော်လိုအပ်တာတွေပြင်ဆင်လိုက်ပါ့မယ် ”
ပြည့်ဖြိုးတစ်ယောက်လည်း ဆရာဖြစ်သူ၏မိန့်မှာချက်အတိုင်း မြေလျှောက်ခြင်းခရီးစဉ်အတွက် လိုအပ်သည့်အသုံးအဆောင်များ၊ဆေးဝါးများ၊ ကျောက်သင်ပုန်းဖြင့် ရေးဆွဲထားသောစမများအား လွယ်အိတ်ဖားဖားကြီးတစ်လုံးထဲသို့ စနစ်တကျစီရီ၍ထည့်လိုက်သည်။ ပြီးသည်နှင့် ဆရာဖြစ်သူ၏လွယ်အိတ်ငယ်လေးအားယူ၍ သက်စောင့်ဆေးတော်များနှင့် ပညာခဏ်းနှင့်ပတ်သက်သော အရေးကြီးပစ္စည်းများအား ထည့်ထားလိုက်သည်။
” အောက် ..အီး ..အွတ် ”
” အောက် ..အီး .. အွတ် ”
လင်းကြက်တွန်သံနှင့်အတူ သူရိယနေမင်းကြီးသည်လည်း ထွက်စပြုလာကာ အမှောင်ထုအားဖြိုခွင်းပြီး ကမ္ဘာမြေကြီးပေါ်သို့ အလင်းရောင်များဖြန့်ကျက်လာလေသည်။ ၎င်း သူရိယနေမင်းကြီး၏ အလင်းရောင်အောက်ရှိ ဒေါ်ငြိမ်းရွာလေး၏လမ်းမကြီးထက်၌ အသက်နှစ်ဆယ်ကျော်ဝန်းကျင်ခန့်ရှိ လူရွယ်နှစ်ယောက်တို့သည်ကား လွယ်အိတ်များအား ကိုယ်စီလွယ်ကာ ရွာအပြင်သို့ထွက်လာနေသည်။ ရွာအပြင်သို့ရောက်သော် ထိုလူရွယ်နှစ်ယောက်တို့သည် ရွာဘက်အား တစ်ချက်လှည့်ကြည့်လိုက်ပြီး နှုတ်ဆက်ဟန်ပါသော အပြုံးတစ်ခုအားပြုံးလိုက်ပြီးအဝေးတစ်နေရာသို့ ဦးတည်ကာထွက်ခွါသွားကြသည်။ ထိုလူရွယ်တို့သည်ကား မင်းအောင်နှင့်ပြည့်ဖြိုးတို့ပင်ဖြစ်လေသည်။
+++++++++++++++++++++++
မင်းအောင်နှင့်ပြည့်ဖြိုးတို့ ဆရာတပည့်နှစ်ယောက်လည်း တစ်ရွာဝင်တစ်ရွာထွက်ခရီးများဆက်ခဲ့ရာ ရှမ်းပြည်တောင်ပိုင်းသို့ပင် ရောက်လာခဲ့ချေပြီ။
” ဆရာ ရှမ်းပြည်ကသာယာတယ်နော် ”
” ဒါပေါ့ကွာ ရှမ်းပြည်ကတောင်ပေါ်ဒေသဆိုတော့ သာယာတာပေါ့ ”
” ဟုတ်တယ်ဆရာရေ.. ကျွန်တော်တို့နေတာက ပင်လယ်ကမ်းရိုးတန်းဒေသဆိုတော့ မြေပြင်ထက် ရေပြင်ကအထိတွေ့များတယ်လေ အခုလို တောတွေတောင်တွေ မြင်လိုက်ရတော့ စိတ်ထဲမှာကြည်လင်အေးချမ်းသွားတာပဲ ”
” ဟုတ်တယ်ပြည့်ဖြိုးရေ ကိုယ်မမြင်ဖူးတဲ့
တောတောင်ရှုခင်းတွေကိုကြည့်ပြီး ခရီးသွားရတာ ပင်ပမ်းမှန်းမသိသာဘူးကွ ”
မင်းအောင်နှင့်ပြည့်ဖြိုးတို့ ဆရာတပည့်နှစ်ယောက်လည်း ရှမ်းပြည်၏အလှအပများအားကြည့်ရှု့ခံစားရင်းခရီးဆက်လာရာ ဓနုရွာ၊ပလောင်ရွာ၊စသည့်တကယ့်တိုင်းရင်းသားရွာများအား ကျော်ဖြတ်လာပြီး လုံးဟီးအမည်ရသည့်ရွာထိပ်သို့ပင် ရောက်ရှိလာလေသည်။ ၎င်း လုံးဟီးရွာလေးတွင် ပအိုဝ်းလူမျိုးများနေထိုင်ကြလေသည်။
” ဆရာကျွန်တော်တို့ ဘယ်မှာတည်းခိုကြမလည်း ”
” ဘုန်းကြီးကျောင်း တစ်ကျောင်းကျောင်းကို ရှာပြီး တည်းခိုကြတာပေါ့ကွာ ”
ကျွန်တော်နှင့်ပြည့်ဖြိုး စကားပြောနေချိန်၌ လုံးဟီးရွာအတွင်းမှ ပအိုဝ်းသူလေးနှစ်ယောက်ထွက်လာသည်ကိုမြင်သဖြင့်ပြည့်ဖြိုးမှ..
” ဟေ့ ..ဟေ့ ..ညီမလေးတစ်ခုလောက်မေးချင်လို့ ”
” ရှင်….ဘာမေးမလိုလည်း အစ်ကိုတို့ ”
” အစ်ကိုတို့ဘုန်းကြီးကျောင်းသွားချင်လို့ ဘယ်လမ်းကနေသွားရတာလည်း မေးချင်လို့ပါ ”
” အစ်ကိုတို့က ဒီကမဟုတ်ဘူးထင်တယ် ဘုန်းကြီးကျောင်းသွားတဲ့လမ်းက ဒီလမ်းကနေတည့်တည့်သွားလိုက် အရှေ့တောင်ကြောကြရင် ဘယ်ဘက်ကိုချိုးပြီး တောင်ပေါ်ကိုတက်လိုက် တောင်ထိပ်မှာဘုန်းကြီးကျောင်းရှိတယ် ”
” အခုလိုလမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးဗျ…”
” ဟုတ်ကဲ့… အစ်ကိုတို့ကဒီကိုဘာလာလုပ်ကြတာလဲ ရှင့် ”
” ကျွန်တော်တို့က တိုင်းရင်းဆေးဆရာတွေပါ… နယ်လှည့်ပြီးလူနာတွေကို ကုသနေတာဆိုပါတော့….”
ပအိုဝ်းမလေးက ပြည့်ဖြိုးအား ထိုသို့မေးလိုက်စဉ် ကျွန်တော်လည်းကြားဖြတ်၍ ဝင်ဖြေလိုက်၏။
” သြော်… ဒီကအစ်ကိုတွေက ဆေးဆရာလေးတွေလား.. ဒါနဲ့အစ်ကိုတို့နာမည်တွေကရော ”
ပအိုဝ်းမလေးနှစ်ယောက်သည် ကျွန်တော်တို့နှစ်ယောက်အား ဆေးဆရာမှန်းသိသွားသဖြင့် နှစ်လိုဖွယ်သောအပြုံးလေးများဖြင့်ပြုံးကာ ပအို့သံဝဲဝဲလေးများဖြင့် မိတ်ဆက်လေသည်။
” ကျွန်တော်နမည်ကတော့ပြည့်ဖြိုးပါ ဒီကကျွန်တော့်ဆရာနာမည်ကတော့ မင်းအောင်လို့ခေါ်ပါတယ် ..ဒါနဲ့ညီမလေးတို့အမည်ကရော ”
” ညီမကနန်းဟွမ်လွီး ပါ ”
” ညီမကတော့ နန်းမွိ့စီပါ ”
ဟုမိတ်ဆက်ကြ၏။
ကျွန်တော်တို့လည်း ပအိုဝ်းမလေးနှစ်ယောက်အားနှုတ်ဆက်၍ ဘုန်းကြီးကျောင်းရှိရာဘက်သို့ ထွက်လာခဲ့လိုက်သည်။
” ပြည့်ဖြိုး ဒီတောင်ကြောက ဘယ်ဘက်ချိုးပြီး တောင်ပေါ်ဆက်တက်ရမှာ ဟုတ်လား ”
” ဟုတ်တယ်ဆရာ ရှေ့နားဆိုဘုန်းကြီးကျောင်းနားရောက်လောက်ပြီ ထင်တယ် ”
ကျွန်တော်တို့နှစ်ယောက်လည်း လမ်းညွှန်သည့်အတိုင်း လျှောက်လာရာ ထမင်းအိုးတစ်လုံးကျက်ခန့် ကြာချိန်ရောက်တော့ လုံးဟီးရွာလေး၏တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည်။
ထို့နောက်ကျွန်တော်တို့လည်း ဆရာတော်အား အကျိုးအကြောင်းရှင်းပြ၍ တည်းခိုရန်လျှောက်တင်လိုက်ရာ ဆရာတော်မှခွင့်ပြုသဖြင့် ဘုန်းကြီးကျောင်း၌သာ တည်းခိုလိုက်၏။ ဤသို့ဖြင့် ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်သည်ကား ဘုန်းကြီးကျောင်း၌ တည်းခိုနေသည်မှာ သုံးရက်တာပင် ကုန်လွန်ခဲ့လေသည်။
ကျွန်တော်တို့လည်း ဘုန်းကြီးကျောင်းမှာတည်းခိုနေစဉ်အတောအတွင်း
အမှိုက်လှဲခြင်း၊ထင်းခွဲခြင်း၊ရေခပ်ခြင်း အစရှိသော သာသန့ာဝေယျာဝစ္စများအား ကူညိလုပ်ကိုင်ပေးလျက်နေလေသည်။
” အောက်.. အီး.. အီး ..အွတ် ”
” အောက် .. အီး.. အီး.. အွတ် ”
ဟူသောလင်းကြက်တွန်သံနှင့်အတူ ကျွန်တော်တို့ဆရာတပည်နှစ်ယောက်လည်း အိပ်ရာမှထလိုက်ပြီး ဘုန်းကြီးကျောင်းပေါ်ရှိ ဆရာတော်များအတွက် အာရုဏ်ဆွမ်းများအား ဝိုင်း၍ပြင်ပေးလိုက်လေသည်။ ပြီးသည်နှင့် တံမြက်စီးတစ်ယောက်တစ်ချောင်းယူကာ ကျောင်းဝင်းအတွင်းရှိ စေတီငယ်လေးဆီသို့ သန့်ရှင်းရေးလုပ်ရန် ထွက်လာခဲ့လိုက်သည်။ စေတီငယ်လေး၏ရင်ပြင်ပေါ်ရှိ သစ်ရွက်ခြောက်အမှိုက်များအားလှဲကျင်း၍ သန့်ရှင်းရေးများပြုလုပ်ပြီးစီးသောအချိန်၌ သူရိယနေမင်းကြီးသည် တောင်တန်းများအထက်မှထွက်လာ၍ အလင်းရောင်တို့သည်ကား တောင်တန်းများပေါ်သို့ ဖြာကျလျက် လင်းလက်တောက်ပနေလေသည်။ တောင်တန်းများပေါ်မှ ဖြတ်ကျော်၍တိုက်ခက်လာသော လေနုလေးများသည်လည်း ကျွန်တော်တို့ထံသို့ အအေးဓာတ်ကလေးများအား ယူဆောင်လာ၏။ ထို့နောက်ကျွန်တော်နှင့်ပြည့်ဖြိုးလည်း နေမင်းကြီး၏ အလင်းရောင်ခြည်အား ထိတွေ့ခံစားလိုက်ရသောအခါ ရင်ထဲ၌ပင် နွေးထွေးလာလေသည်။
ကျွန်တော်လည်း နေရောင်ခြည်များဖြာကျ၍ရှိသော ရှမ်းတောင်တန်းများ၏အလှအပများအား ခံစားကြည့်ရှုနေရင်း ကျွန်တော်၏ရင်တွင်း၌ အတိတ်ကအလွမ်းပုံရိပ်လေးတစ်ခုအား တမ်းတ၍လွမ်းမိလာနေစဉ်အခိုက်
” ဆရာ ဘာတွေတွေးနေတာတုံးဗျ ”
” ဘာရယ်မဟုတ်ဘူး ပြည့်ဖြိုးရာ ”
ပြည့်ဖြိုးလည်း ဆရာဖြစ်သူမင်းအောင်၏ မျက်နှာလေး ငြိုးငယ်နေသည်ကို ရိပ်စားမိ၍
” ဆရာ မမဝတီကိုသတိရနေတာလား ”
” ဆိုပါတော့ကွာ ငါတို့ကအရိယာသူတော်စင်တွေမှ မဖြစ်သေးတာ…ပုတုဇဉ်လူသားတွေ အဆင့်ပဲရှိသေးတာဆိုတော့ ချစ်ခြင်း၊မုန်းခြင်း၊တွေ့ဆုံခြင်း၊ခွဲခွာခြင်းအစရှိတဲ့ ကာမဂုဏ်အာရုံဝဲဂယက်ထဲကနေ အပြီးအပိုင် ဘယ်လိုရုံးထွက်နိုင်ပါအုံးမလဲကွာ ငါတစ်ခါလေကြရင် တို့မြတ်စွာဘုရားကို သိပ်ကျေးဇူးတင်တယ် ”
” ဘာဖြစ်လို့လည်း ဆရာ ”
” မင်း စဉ်းစားကြည့်လေပြည့်ဖြိုးရဲ့
တွေ့ဆုံကြုံကွဲ ဝမ်းနည်းခြင်းသည်သာ ဓမ္မတာ ဆိုတဲ့လောကဓံတရားတွေနဲ့ ကြုံလာခဲ့ရင် ဘယ်လိုအရာမျိုးတွေနဲ့ ဖြေသိမ့်နိုင်မှာလဲ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့တဲ့ အနတ္တဆိုသည့် အစိုးမရတဲ့ ပျက်စီးခြင်းတရားတွေကြောင့်သာ အရာရာဟာ ဖြစ်ပြီးရင်ပျက်ပါလားဆိုပြီး ဖြေသိမ့်နိုင်တာပေါ့ကွာ အဲဒါကြောင့်အနတ္တတရားကိုဟောကြားပေးခဲ့တဲ့ မြတ်စွာဘုရားကို သိပ်ကျေးဇူးတင်တယ်လို့… ပြောတာပေါ့ကွ ”
” ဆရာပြောတာလည်း ဟုတ်တာပဲနော် ”
ကျွန်တော်နှင့်ပြည့်ဖြိုး စကားပြောနေစ၌်အခိုက်
” ဒကာလေးရေ …ဒကာလေး ”
ဟုအော်ခေါ်ပြီး ကျွန်တော်တို့ထံသို့
ဦးဇင်းငယ်တစ်ပါး ရောက်လာသည်။
“တင်ပါ့ဘုရား တပည့်တော်တို့ကိုခေါ်တာဘာကိစ္စများရှိလို့ပါလည်းဘုရား ”
” ဒီလိုဒကာလေးရေ ဒကာလေးတို့ကို ရွာထဲမှာနေတဲ့ ဒကာမလေးတစ်ယောက်က တွေ့ချင်တယ်ဆိုလို့ဦးဇင်းက လာခေါ်ပေးတာ ”
” တင်ပါ့ဘုရား ဦးဇင်းရှေ့ကကြွပါဘုရား တပည့်တော်တို့ နောက်ကနေလိုက်ခဲ့ပါမယ်ဘုရား ”
ကျွန်တော်နဲ့ပြည့်ဖြိုးလည်း ဦးဇင်းလေးရဲ့ နောက်ကနေလိုက်လာရာ ခနအကြာတွင် ဘုန်းကြီးကျောင်း၏ကျောင်းအဝသို့ပင်ရောက်လာခဲ့လေသည်။ ထိုကျောင်းအဝ၌ အနက်ရောင်ပအိုဝ်းဝတ်စုံလေးအား ဝတ်ဆင်ထားပြီး ဦးခေါင်း၌ပအို့ခေါင်းပေါင်းအား ပေါင်းထားသော မိန်းမငယ်လေးတစ်ဦးအား တွေ့လိုက်ရလေသည်။ထိုမိန်းမငယ်လေးမှ
” ဆရာလေးတို့က တိုင်းရင်းဆေးဆရာတွေဆို ”
” ဟုတ်ပါတယ်ညီမ ဒါနဲ့အစ်ကိုတို့ကို တိုင်းရင်းဆေးဆရာမှန်း ဘယ်လိုသိတာလည်း ”
” သြော်.. ဒါလား ညီမကိုတိုင်းရင်းဆေးဆရာလေးတွေ တောင်ပေါ်ကဘုန်းကြီးကျောင်းမှာ ရောက်နေတယ်လို့
နန်းဟွမ်လွီးနဲ့နန်းမွိ့စီကပြောလိုက်တာပါ ”
” သြော်…ဟိုနှစ်ယောက်ကို ”
ဟု ပြည့်ဖြိုးမှ တီးတိုးပြောလိုက်လေသည်။ ထိုနှစ်ယောက်သည်ကား မင်းအောင်နှင့်ပြည့်ဖြိုးအား ဘုန်းကြီးကျောင်းသို့သွားရန် လမ်းညွှန့်လိုက်သော ပအိုဝ်းမလေးနှစ်ယောက်ပင်ဖြစ်လေသည်။ မထူးတော့သည်မို့ ကျွန်တော်လည်း
” ညီမ အစ်ကိုတို့ဆီလာတာ ဘာကိစ္စများရှိလို့လဲ ”
” ဟုတ်ကဲ့ဆရာလေးရေ ဆရာလေးတို့ကိုဆေးကုဖို့လာပင့်တာပါ ”
” သြော်..ဆေးကုဖို့လာပင့်တာလား… ဒါနဲ့အစ်ကိုတို့ကဘယ်သူ့ကို ဆေးကုပေးရမှာလဲညီမ ”
ကျွန်တော်က ထိုသို့မေးလိုက်ရာ
” ဒီလိုပါဆရာလေး ညီမနာမည်ကနန်းခမ်းလော့ပါ ညီမအမျိုးသားနာမည်က ခွန်တဖေလို့ခေါ်ပါတယ်… ဆရာလေးတို့ဆေးကုပေးရမှာက ညီမအမျိုးသားခွန်တဖေကိုပါ ”
” လူနာက ဘာဖြစ်တာလဲညီမ ”
” ညီမအမျိုးသားက ချော်လဲပြီးထဲက လမ်းမလျှောက်နိုင်တော့တာပါ အခုနောက်ပိုင်းဆို အိပ်ယာထဲကနေတောင် မထနိုင်တော့ပါဘူးဆရာလေးရယ် ကယ်နိုင်ရင်ကယ်ပေးပါအုံးနော် ”
ဟုပြောကာ ထိုမိန်းမငယ်လေးရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်စကလေးများသည် အပြင်သို့ပင်လျှံ၍ထွက်လာကာ ပါးပြင်ထက်သို့ပင် စီးကျလာလေသည်။
အဘယ့်ကြောင့်ဆိုသော် လင်ယောက်ျားနေမကောင်းသော မိန်းမတစ်ယောက်သည် မည်သို့မျှစိတ်မချမ်းသာနိုင်ချေ။ သားကိုသခင် လင်ကိုဘုရားအဖြစ်သတ်မှတ်ထားသောမိန်းမများအဖို့ လင်ယောက်ျားဖြစ်သူနေမကောင်းလျှင် သူတို့နေရာ၌အစားဝင်ကာ မိမိသာနေမကောင်းဖြစ်လိုက်ချင်သောစိတ်က အစဉ်မြဲရှိနေ၏။
(စာရေးသူ မှတ်ချက် = ဤနေရာတွင် မိန်းကလေးများ၏ချစ်တတ်မှုများအား ဖော်ကျုးထားသည့်စာပိုဒ်လေးအား ကျွန်တော်၏ သူငယ်ချင်းဖြစ်သူ အခွန်းစာမူမှယူ၍ ကောက်နှုတ်ဖော်ပြလိုက်လေသည် )
” ဒါနဲ့.. ညီမအမျိုးသားက အခုလိုဖြစ်တာ ကြာပြီလား ”
ဟုကျွန်တော်က မေးလိုက်ရာ
” သုံးလလောက်တော့ရှိပြီ ဆရာလေးရေ ”
” ကောင်းပါပြီ အစ်ကိုတို့ညီမအမျိုးသားကို နေပြန်ကောင်းလာအောင် ဆေးကုပေးပါ့မယ် ”
ထိုစကားကြားလိုက်ရာနန်းခမ်းလော့ အမည်ရသောပအိုဝ်းသူလေးမှာ သွားတက်ကလေးများပေါ်အောင်ပင် ပြုံးရယ်လိုက်ပြီး ဝမ်းသာအားရဖြစ်ကာ
” ကျေဇူးတင်လိုက်တာ ဆရာလေးတို့ရယ် အခုလိုညီမအမျိုးသားကို ဆေးကုပေးမယ်ပြောတာနဲ့တင် ကျေးဇူးအတော်တင်နေပါပြီ ”
” ဒါနဲ့ ညီမအိမ်ကရော ဘယ်နေရာမှာလဲ ဝေးလား ”
” မဝေးဘူးဆရာလေး ဒီတောင်ခြေနားလေးတင်ပဲ ”
ထို့နောက် ကျွန်တော်လည်းပြည့်ဖြိုးအား ကျောင်းပေါ်ရှိ ဆေးလွယ်အိတ်များအား သွားယူစေပြီးနောက် နန်းခမ်းလော့ဟူသော ပအိုဝ်းမလေးနှင့်အတူ ၎င်းအိမ်ရှိရာဘက်သို့ထွက်လာခဲ့လိုက်သည်။ သိပ်၍ပင်မသွားလိုက် ခနအကြာတွင်
” ဆရာလေးတို့ ဒါညီမအိမ်ပဲ အိမ်ထဲကိုကြွကြပါ ”
နန်းခမ်းလော့ဟူသော ပအိုဝ်းမလေးက ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်အား ၎င်းအိမ်ထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။ ပအိုဝ်းမလေး၏အိမ်သည်ကား ဝါးများဖြင့် သေသပ်စွာ ဆောက်လုပ်ထားသော အိမ်ငယ်လေးတစ်လုံးပင်ဖြစ်လေသည်။ ကျွန်တော်တို့နှစ်ယောက်လည်း ၎င်းအိမ်လေးပေါ်သို့တက်လာရာ အိမ်လေး၏အရှေ့ခန်းတွင် အသက်၂၅ဝန်းကျင်ခန့်ရှိ လဲလျောင်းနေသော အမျိုးသားတစ်ဦးအား တွေ့လိုက်ရလေသည်။ ၎င်း အမျိုးသည် ခန္ဓာကိုယ်တစ်ခုလုံး ပိန်လှီနေကာ မျက်တွင်းများမှာ အနက်ရောင်ဘက်သို့ပင် ကူးသန်းနေသည်ကို ထူးဆန်းစွာထပ်မံတွေ့လိုက်ရလေသည်။ ထို့နောက် ကျွန်တော်မှ
” ဒါ..ညီမအမျိုးသားလား ”
” ဟုတ်ပါတယ်ဆရာလေး ဒါကညီမအမျိုးသားခွန်တဖေပါ သူကအခုမှိန်းနေတာပါ ညညဆို သူ့မှာမအိပ်နိုင်ရှာပါဘူးဆရာလေးရယ် တစ်ကိုယ်လုံးကိုက်တယ်နာတယ်ဆိုပြီး အော်ဟစ်နေရှာတာ… ”
ဟုပြောကာ နန်းခမ်းလော့တစ်ယောက်သည် မျက်နှာလေးမှာ ညိုးငယ်သွားရှာလေသည်။
ကျွန်တော်လည်း ထိုလဲလျောင်းနေသောအမျိုးသားအား အာရုံစူးစိုက်၍ကြည့်လိုက်ရာ
” အို….ကျွတ်.. ကျွတ် ”
ကျွန်တော့်နှုတ်မှ အာမေဋိတ်အသံများပင် ထွက်လာလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအမျိုးသား၏ ခြေထောက်မှစ၍ ဦးခေါင်းအထိကို သေးငယ်သော အနက်ရောင်ကြိုးချည်မျှင်များဖြင့် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ထိုအနက်ရောင်ကြိုးများအား သာမန်လူတွေ မမြင်နိုင်ချေ။
ကျွန်တော်လည်း ထိုအမျိုးသားအား စိုက်ကြည့်နေခိုက်..
” ဆရာလေးဘာဖြစ်လို့လည်း ထိုင်ပါအုံး ”
ဟုပြောကာ နန်းခမ်းလော့တစ်ယောက်သည် ကျွန်တော်တို့အားထိုင်ရန် ဖျာများခင်းပေးလေသည်။ ကျွန်တော်တို့လည်း ၎င်းခင်းပေးထားသော ဖျာပေါ်၌ထိုင်လိုက်ပြီး
” ညီမအမျိုးသား အခုလိုမဖြစ်ခင်က ဘယ်သူတွေနဲ့စကားများရန်ဖြစ်ဖူးသေးလည်း”
” ဘာဖြစ်လို့လဲ ဆရာလေး ”
” ဒီလိုညီမရ… ညီမအမျိုးသားအခုလို ခံစားနေရတဲ့ဝေဒနာက သာမန်ဝေဒနာမျိုးမဟုတ်ဘူး ကဝေပညာသည်တစ်ယောက်ရဲ့ ပြုစားခြင်းခံထားရတာပဲ ”
” ရှင်…..ဆရာလေးဒါဆိုရင် ဘယ်လိုလုပ်ကြမလည်း ”
” စိတ်မပူပါနဲ့ညီမ အစ်ကိုတို့ကအထက်လမ်းပညာလည်း မတောက်တခေါက်တတ်ပါတယ်…အဲဒီတော့ညီမအမျိုးသားကို ကယ်တင်ကုသပေးပါ့မယ် ”
” ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာလေးရယ် ဒါနဲ့ညီမအမျိုးသားက ဘယ်လိုမျိုးအပြုစားခံထားရတာလည်း ”
” ဒီလို..ညီမရဲ့.. ညီမအမျိုးသားကို ပြုစားထားတာက ကဝေတွေရဲ့အတတ်ပညာဖြစ်တဲ့ စက်ကြိုးတွေနဲ့ချည်နှောင်ပြီး ပြုစားထားတာပဲ ”
” ရှင်…ရက်စက်လိုက်ကြတာ လုပ်ရက်လိုက်ကြတာ. ဟီး…ဟီး..ဟီး ”
ဟုပြောပြီးနန်းခမ်းလော့တစ်ယောက်လည်း ငိုကြွေးလေသည်။
” စိတ်မပူပါနဲ့ ညီမအမျိုးသားအခုလိုခံစားနေရတာကို အစ်ကိုတို့ကပျောက်ကင်းအောင်ကုသပေးမှာပါ ဒါနဲ့ညီမအမျိုးသားအခုလိုမဖြစ်ခင် တစ်စုံတစ်ယောက်နဲ့စကားများရန်ဖြစ်ခဲ့သေးလား ”
ဟု ကျွန်တော်လည်းထပ်မံမေးလိုက်ရာ
နန်းခမ်းလော့ ဟူဟောပအိုဝ်းမလေးသည် မျက်မှောင်တစ်ချက်ကြုတ်ကာ စဉ်းစားလိုက်ပြီး
” ရန်ဖြစ်ခဲ့ဖူးတယ်ဆရာလေးရဲ့ ဖြစ်ပုံကဒီလို…”
“.နှောင်း .. နှောင်း…နှောင်း.. နှောင်းဗေထုံ ”
မောင်းသံများ၊ အိုးစည်သံများ၊ ဗုံတိုဗုံရှည်သံများဖြင့် စီကားသိုက်မြိုက်နေသော လုံးဟီးရွာလေး၏အလှူ၌ အနက်ရောင်ချည်မျှင်များဖြင့်ယက်လုပ်ထားသော ပအိုဝ်းရိုးရာဝတ်စုံလေးအား ဝတ်ဆင်ထားကာ အနက်နှင့်အနီစပ်ဖောက်ထားသော ခေါင်းပေါင်းလေးအား ပေါင်းထားသော နန်းခမ်းလော့၏အလှသည် လုံးဟီးရွာလေး၏မိန်းမပျိုများထဲ၌ ထင်ပေါ်နေလေ၏။ နန်းခမ်းလော့တစ်ယောက်သည် မိမိရွာတွင်ပြုလုပ်သောအလှူ၌ ကျွေးမွေးရန်အတွက် ဝက်သားဟင်းများအား ပြင်ဆင်နေခိုက်
” ဟေ့ ကောင်မလေး ကိုကြီးကိုဝက်သားဟင်းလေးထည့်ပေးပါအုံး ”
ဟူသောအသံနှင့်အတူ လူစိမ်းတစ်ယောက်သည် နန်းခမ်းလော့အား ရိသက်သက်နိုင်သောအမူယာဖြင့် လာပြော၏။ ထိုလူသည် နန်းခမ့်လော့တို့ရွာသားမဟုတ်သည့်မျက်နှာစိမ်း တခြားရွာသားပင်ဖြစ်လေသည်။
ထို့နောက် နန်းခမ်းလော့သည်လည်း ဝက်သားဟင်းများအား ထိုလူ၏ရှေ့ရှိဟင်းပန်ကန်ထဲသို့ ထည့်ပေးလိုက်သောအခါ ထိုလူမှ
” ဒီအလှူကိုလာရတာတန်သွားပြီကွာ ဒီလိုလှပတဲ့ကောင်မလေးရဲ့လက်နဲ့ ထည့်ပေးတဲ့ဟင်းကိုစားလိုက်ရလို့..ကွ ”
” ဟား ဟား ဟား”
ထိုလူစိမ်းနှင့်ပါလာသော လူများကပါ ဝိုင်း၍ရယ်လေသည်။ သို့ဖြစ်ပါသောကြောင့်နန်းခမ်းလာလည်း ရှက်၍နောက်သို့လှည့်အထွက်
” နေပါအုံးညီမလေးရယ် ကိုကြီးကချစ်လို့စတာပါ ”
ဟုပြောကာ နန်းခမ်းလော့၏လက်အား လှမ်းဆွဲထားလေရာ
” ဝှစ်…ခွက်…အား ”
အသံနဲ့အတူ ထိုလူစိမ်းသည်စားပွဲပေါ်သို့ လဲကြသွားလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘယ်တုန်းက ရောက်နေမှန်းမသိသော နန်းခမ်းလော့၏အမျိုးသားခွန်တဖေမှ ထိုလူစိမ်း၏မျက်နှာအား ထိုးလိုက်သောကြောင့်ပင်ဖြစ်လေသည်။ ထိုအချင်းအရာများဖြစ်သွားသောကြောင့် အလှူမဏ္ဍပ်အတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်သွားကာ လဲကျနေသောလူစိမ်းမှလည်း လူပုံအလယ်တွင်အရှက်ခွဲခံလိုက်ရသဖြင့်
” တောက်! မင်းတို့ရွာဆိုတော့ မင်းတို့လုပ်ထားအုံးပေါ့ တစ်နေ့ငါ့အကြောင်းကောင်းကောင်းသိစေရမယ် ”
ဟုပြောကာ လဲကျနေရမှထ၍ သူ၏အပေါင်းအပါများနဲ့အတူ ၎င်းအလှူမဏ္ဍပ်လေးအတွင်းမှထွက်ကာ လုံးဟီးရွာအပြင်ဘက်သို့ပင် ထွက်ခါသွားလေသည်။
“အဲဒါပါပဲ ဆရာလေးရယ် ”
ဟုနန်းခမ်းလော့တစ်ယောက်လည်း မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား ရှည်လျားစွာရှင်းပြလိုက်လေသည်။
” သြော်..ဒါနဲ့ညီမ အဲဒီလူစိမ်းတွေကရွာကိုပြန်လာသေးလား ”
” မလာတော့ဘူးဆရာလေးရေ .နောက်တော့ အဲဒီလူတွေက တကဲ့တိုင်းရင်သားရွာသားတွေလို့ သိလိုက်ရတယ် …အဲဒီလိုရန်ဖြစ်ပြီးသုံးရက်လောက်ကြာတော့ ညီမရဲ့အမျိုးသားခွန်တဖေလည်း အိမ်ရှေ့မှာသစ်ငုတ်ကိုခလုတ်တိုက်ပြီး ချော်လဲတော့တာပဲ ချော်လဲပြီးနောက်ပိုင်းတဖြည်းဖြည်းနဲ့ အခုလိုအိပ်ယာထဲလဲှတော့တာပါပဲ ဆရာလေးရယ် ”
ဟု ငြိုးးငယ်စွာဖြင့် ပြောလေသည်။
” အစ်ကိုတို့အနေနဲ့ အဲဒီလောက်သိရရင် လုံလောက်ပါပြီ ညီမအမျိုးသားကို ကုဖို့အတွက် ကန်တော့ပွဲပြင်ရမယ် ကန်တော့ပွဲအတွက်လိုအပ်တာတွေကို ညီမအနေနဲ့ရှာပေးနိုင်မလား ”
” ဟုတ်ကဲ့ရပါတယ် ဆရာလေးတို့အနေနဲ့သာ လိုအပ်တာတာပြောပါ ညီမရှာပေးပါ့မယ် ”
” လိုအပ်ဒါကတော့ အုန်းသီးတစ်လုံး၊ငှက်ပျောသီးသုံးဖီး၊ဖယောင်းတိုင်၈တိုင် ၊ပိတ်ဖြူငါးတောင်၊ပိတ်နီငါးတောင် ၊ပန်းကိုးခက်ရယ် အမွှေးနံသာရယ်ဆိုရင်ရပါပြီ ”
ကျွန်တော်လည်း နန်းခမ်းလော့အား ကုပွဲအတွက်လိုအပ်သည်များအား ပြောကြားလိုက်ရာ
” ဆရာလေးမှာတဲ့ထဲက ပိတ်ဖြူပိတ်နီကလွဲလို့ ကျန်တဲ့ဟာအကုန် ဒီရွာမှာရှာလို့ရပါတယ် ”
” ဆရာ ကျွန်တော်လွယ်အိတ်ထဲမှာ ပိတ်ဖြူနဲ့ပိတ်နီပါတယ် ”
ကျွန်တော်နဲ့နန်းခမ်းလော့ ပြောနေစဉ်အခိုက် ပြည့်ဖြိုးမှ ဝင်ပြောလိုက်ခြင်းပင်။
” ဒါဆို ဟန်ကျတာပေါ့….ပြည့်ဖြိုးရာ ဒီတော့ကာ ပိတ်ဖြူပိတ်နီကအကိုတို့ဆီမှာပါတယ်ဆိုတော့ ညီမကကျန်တာတွေပဲရှာလိုက်ပေါ့ ”
” ဟုတ်ကဲ့ပါဆရာလေးတို့ …ဒါဆိုဒီမှာခနစောင့်ကြပါအုံး ညီမရွာထဲမှာလိုအပ်တာတွေသွားရှာလိုက်အုံးမယ် ”
ဟုပြောပြီး နန်ခမ်းလော့တစ်ယောက်လည်း အိမ်ပေါ်ကနေဆင်းကာ ရွာထဲသို့ထွက်သွားလေသည်။ ထမင်းအိုးနှစ်လုံးကျက်ခန့်လောက် ကြာချိန်ရောက်သောအခါ နန်းခမ်းလော့တစ်ယောက် အုန်းသီးနှင့်ငှက်ပျောသီးများပိုက်ကာ ပြန်ရောက်လာ၏။
ထို့နောက် ကျွန်တော်တို့လည်း လိုအပ်သည့်စ္စည်းများရသဖြင့် ဆေးပွဲအားဆင်လိုက်လေသည်။
( ဆေးပွဲဆိုသည်မှာ ပရောဂါကုသရန် ပြင်ဆင်ထားသောပွဲကို ဆိုလိုသည်။ ကန်တော့ပွဲများမှာ အမျိုးအစားသုံးမျိုးရှိလေသည် ထိုကန်တော့ပွဲအမျိုးအစားများအား နောက်ဝတ္ထုများတွင် အခါသင့်ရင် ရှင်းလင်းဖော်ပြသွားပါမည် )
ဆေးပွဲများဆင်ပြီးသောအခါ ကဝေပြုစားခံရသူ ခွန်တဖေအစား နန်းခမ်းလော့အား တည်၍စတင်ကုသ၏။
” ပြည့်ဖြိုးရေ မင်းပဲဆက်ကုလိုက် ငါဘေးကနေ ကြည့်နေပေးမယ် ”
” ဟုတ်ကဲ့ဆရာ ”
ပြည့်ဖြိုးလည်း ဆရာဖြစ်သူမင်းအောင်၏ ခွင့်ပြုချက်ရသဖြင့် နန်းခန်းလော့အား ဆေးပွဲရှေ့တွင် တင်ပလ္လင်လွှဲထိုင်စေပြီး လက်အုပ်အုပ်ချီခိုင်းလိုက်လေသည်။ ထို့နောက် နန်းခမ်းလော့၏ လက်ယာစည်း၊လက်ဝဲစည်း အနောက်စည်းဟု၍ စည်းသုံးစည်းနေရာ၌ မီးစက်သုံးခုအား ချလိုက်ပြီးနောက် ပြည့်ဖြိုးလည်း မျက်စိစုံမှိတ်ကာ
” ပဋ္ဌမံဂိုဏ်းမှ လက်ယာကိုးသိန်း လက်ဝဲကိုသိန်း အဘဆရာသခင်များသည်လည်း သားတော်လူဆရာ ကြာသပတေးသား၏ ဦးခေါင်းထက်သော်၌လည်းကောင်း၊လက်ယာလက်ဝဲ ပခုံးများထက်သော်
လည်းကောင်း နာရီမဆိုင်းမိနစ်မဆိုင်း စုံလင်စွာကြွရောက်ပြီးတည်ရှိပါစေသား …. အဘဆရာများကိုယ်တိုင် ကြွရောက်ပြီးပါက အဘဆရာများထံသို့ အပြုစားခံထားရသော ခွန်တဖေ၏အသက်နဲ့ခန္ဓာအားလည်း အဘဆရာများထံသို့ အပ်နှံလှူဒါန်းပါ၏ …ခွန်တဖေအား ပြုစားနှောက်ယှက်ထားသော ပုဂ္ဂိုလ်သည်လည်း မီးစက်အတွင်းသို့ရောက်ရှိနေသော နန်းခမ်းလော့၏ခန္ဓာကိုယ်၌ ဝင်ရောက်ပူးကပ်ပါစေသား ”
ဟု ပြည့်ဖြိုးလည်းပြောလိုက်ရာ ခနအကြာတွင် မီးစက်အတွင်းရှိ နန်းခမ်းလော့တစ်ယောက် တုန်ရီလာကာ လက်နှစ်ဖက်အား ငှက်များအတောင်ခက်သလိုခက်လာပြီး
” ဟား..ဟား..ဟား ငါ့ကိုခေါ်နိုင်လို့ ဘယ်လိုဆရာမျိုးလည်းအောက်မေ့တယ် ဆရာပေါက်စ လက်တောက်လောက်လေးကို ဟား ဟား ”
ဟုအော်ရီကာ တင်ပလ္လင်ခွေ ထချိတ်လေရာ ကျွန်တော်လည်း အခြေနေကိုရိပ်စားမိ၍
” ပြည့်ဖြိုး အဲဒီကဝေကောင်ကို ဆရာကြီးတွေနဲ့အပ်ပြီး နင်းချခိုင်းထား ”
” ဟုတ်ကဲ့ဆရာ ”
ပြည့်ဖြိုးလည်း ဆရာဖြစ်သူပြောသည့်အတိုင်း ၎င်းကဝေကောင်အား
” မီးစက်မီးတောက်ဆရာကြီးများ အဲဒီကဝေကောင်ကို မီးစက်မီးတောက်များအခိုင်အမာချထားပြီး ချုပ်နှောင်ထားပေးပါ ”
ထိုသို့ပြောလိုက်ရာ ကဝေကောင်ဝင်အပူးခံနေရသော နန်းခမ်းလော့၏ လက်များသည် ကြိုးများနဲ့အတုပ်ခံထားရသကဲ့သို့ ပူးကပ်သွားလေသည်။ ပြည့်ဖြိုးလည်း
” ကဲခဗျားအခုတော့ ဘာတတ်နိုင်သေးလဲ…ကျုပ်တို့ကမေတ္တာနဲ့ပြောရင် ခဗျားဘက်ကလည်းမေတ္တာနဲ့ ပြန်တုန့်ပြန်ပေးပါ ဒီက ခွန်တဖေကိုပြုစားထာတဲ့ ခဗျားရဲ့ခြေရာလက်ရာတွေကို အကုန်ပြန်ယူသွားပါ ”
ပြည့်ဖြိုးက ထိုသို့ပြောလိုက်ရာ နန်းခမ်းလော့အား ဝင်ရောက်ပူးကပ်နေသော ကဝေကောင်မှ
” မယူနိုင်ဘူးကွာ လုံးဝမယူနိုင်ဘူး ဒီကောင်ကို ငါသေအောင်သတ်မှာ တစ်မြေ့မြေ့ခံစားရပြီး သေအောင်လို့လုပ်ထားတာ…. ဟား ဟား ”
ထိုအခါ ပြည့်ဖြိုးလည်း
” ကျုပ်တို့ကမေတ္တာနဲ့ပြောတာကို ခဗျားကလက်မခံတော့လည်း ပဋ္ဌမံဂိုဏ်းတော်ကြီးအား စောင့်ကြပ်ပါသော လက်ယာလက်ဝဲ နတ်ဂုမ္ဘာန်ကြီးများ အဲဒီကဝေကောင်ကို မာန်မကျမချင်း နင်းချထားပေးပါ ခန္ဓာရှင်နန်းခမ်းလော့၏အသက်နှင့်ခန္ဓာအား ထိခိုက်ခြင်းမရှိစေရ ”
ဟုပြောလိုက်ရာ ကဝေကောင်၏ဦးခေါင်းသည်ကြမ်းပြင်ပေါ်သို့ ကျလာလေသည်။
ထိုအခါ ပြည့်ဖြိုးမှ
” ကဲ ..ခဗျားကိုကျုပ်ပြောမယ် ခဗျားဒီမိသားစုကိုပြုစားထားတာတွေ အကုန်လုံးပြန်ယူသွားပါ ခဗျားခေါင်းမမာပါနဲ့ ခေါင်းမာလို့ခဗျားအတွက်အကျိုးမရှိဘူး ”
ထိုသို့ပြောလိုက်ရာ ကဝေကောင် ဝင်ပူးခံနေရသောနန်းခမ်းလော့မှ
” မယူနိုင်ဘူးကွာ ဒီကောင်ကိုငါအသေသတ်မှာ မင်းတို့ပိုင်နက်ထဲရောက်တော့ ငါ့ကိုနှိပ်စက်ထားပေါ့ကွာ ”
” မင်းဘက်က အဲဒီလောက်တောင်ခေါင်းမာနေမှတော့ ငါကလည်းလုပ်သင့်တာလုပ်ရတော့မှာပေါ့ ”
ဟုပြောပြီး ပြည့်ဖြိုးလည်း နန်းခမ်းလော့အိမ်အတွင်းမှ ကျောက်ပြင်တစ်ချပ်အားယူလိုက်ပြီး ကဝေကောင်၏အရှေ့သို့ချလိုက်ကာ
” လက်ဝဲလက်ယာ ဂုမ္ဘာန်ကြီးများ
ဒီလောက်တောင်ခေါင်းမာတဲ့ ကဝေကောင်ကို သူ့ခြေရာလက်ရာပြန်မယူမခြင်း ကျောက်ပြင်အား နဖူးဖြင့်ခပ်ပြင်းပြင်းတိုက်ပေးပါ ခန္ဓာရှင်အား ထိခိုက်ခြင်းမရှိစေရ ”
ဟုပြောလိုက်ရာ ကဝေကောင်ဝင်ပူးခံနေရသော နန်းခမ်းလော့သည် နဖူးနှင့်ကျောက်ပြင်အား
” တ..ဒုန်း..ဒုန်း ”
တိုက်လေသည်။ ( ဆေးကုသရာ၌ တစ်ခြားအထက်လမ်းဂိုဏ်းများလို့ အမိန့်အာဏာမသုံးပါဘူး အထက်ဆရာသခင်များအား တိုင်တယ်၍သာ ကုသသောဂိုဏ်းဖြစ်သည်။ )
ထိုသို့ဖြင့် ခနကြာသောအခါ
” ရပ်ပါတော့ဗျာ ကျုပ်ခြေရာလက်ရာတွေ အကုန်ပြန်ယူပါ့မယ် …ကျုပ်ခဗျားတို့ကိုမနိုင်ပါဘူး ကျုပ်အရှုံးပေးပါတယ် ကျုပ်ခေါင်းတွေနာလှပါပြီ ”
နန်းခမ်းလော့အားဝင်ပူးနေသော ကဝေကောင်မှ ထိုသို့ပြောရာ
” မင်းနောက်နောင် ဒီမိသားစုကို ဒုက္ခမပေးတော့ပါဘူးဆိုတဲ့ သစ္စာရေပါသောက်ရမယ် ဘယ်လိုလည်း ”
ကျွန်တော်က ထိုသို့ဝင်ပြောလိုက်ရာ
” သောက်ပါ့မယ်ဗျာ ကျုပ်နောက်နောင် ဒီမိသားစုကို မပြုစားတော့ပါဘူး ”
” ကဲ..ဒါဆိုရင်ပြည့်ဖြိုးရေ အဲဒီကဝေကောင်ကို သူ့ရဲ့ခြေယာလက်ရာတွေ အကုန်ပြန်ယူခိုင်းပြီး သစ္စာရေကိုငါ့စမချပ်ထည့်ပြီး မန်းတိုက်လိုက်ကွာ..ရော့ ”
ကျွန်တော်လည်းပြည့်ဖြိုးအား ကျွန်တော်လွယ်အိတ်လေးထဲကနေ စမချပ်လေးတစ်ချပ်အားထုတ်၍ ပေးလိုက်လေသည်။ ပြည့်ဖြိုးလည်း ကဝေကောင်အား စမထည့်၍မန်းထားသော သစ္စာရေအားတိုက်လိုက်ရာ ၎င်းကဝေကောင်သည်လည်း သစ္စာရေမန်းများအား သောက်ပြီးသောအခါ နန်းခမ်းလော့၏ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။ ကဝေကောင်မှ ဝင်ရောက်ပူးကပ်နေသည်မှာ ကြာသွားသည်ဖြစ်၍ ပင်ပမ်းကာသတိလစ်သွားသည်ဖြစ်ရာ ကျွန်တော်လည်းနန်းခမ်းလော့၏လက်မောင်းအရင်းနားရှိ ကျဉ်ကျောအား အသာလေးနှိပ်လိုက်ရာ
” ကျွတ်.. ကျွတ် ”
ဟူသောစုတ်သပ်သံနှင့်အတူ သတိရလာလေသည်။ ထို့နောက် နန်းခမ်းလော့အား
” ညီမ နဖူးတွေ နာနေသေးလား ”
ဟုမေးလိုက်ရာ
” မနာဘူးဆရာလေးရယ် ဒါနဲ့ညီမတို့ကို အခုလိုလုပ်တာ ဘယ်သူလည်းဟင် ”
” ဘယ်သူလည်းဆိုတာတော့ အစ်ကိုတို့မှာပြောခွင့်မရှိလို့ မပြောတော့ဘူး…. ရော့..ညီမဒီစမရေမန်းကို ညီမအမျိုးသားကိုတိုက်လိုက် ”
နန်းခမ်းလော့လည်း မင်းအောင်ပေးသော ရေမန်းခွက်အားယူလိုက်ပြီး လဲလျောင်းနေသောခွန်တဖေအား တိုက်လိုက်လေသည်။
” အဟွန်း…ဟွတ်..ဟွတ် ”
ရေမန်းသောက်ပြီးသည်နှင့်ချောင်းဆိုးသံနှင့်အတူ ခွန်တဖေတစ်ယောက် ငုတ်တုတ်ပင် ထထိုင်နိူင်သည်။ မိမိအမျိုးသား ဤကဲ့သို့ ပြန်ကောင်းလာသည်ကို နန်းခမ်းလော့တစ်ယောက် မြင်လိုက်ရသောအခါ ဝမ်းသာအားရဖြစ်ကာ ခွန်တဖေအားဖက်ကာ ငိုကြွေးလေသည်။ မိမိချစ်ရပါသောလူတစ်ယောက် ရုတ်တရက်နာမကျန်းဖြစ်ပြီး ရုတ်တရက်ပြန်ကောင်းလာသည်ကို တွေ့ကြုံလိုက်ရသောကြောင့် ပတ်ဝန်းကျင်အားမေ့ကာ အားပါးတရဖက်ကာ ငိုကြွေးနေခြင်းသာဖြစ်လေသည်။ကျွန်တော်လည်း နန်းခမ်းလော့တို့မိသားစုအတွက် ရည်ရွယ်ကာ စမဖယောင်းတိုင်တစ်တိုင်အား ရေးဆွဲပြီး
” ညီမရေ ဒီမှာစမဖယောင်းတိုင် …ညကြရင်ညီမဘုရားစင်မှာ ဒီဖယောင်းတိုင်ကိုမီးထွန်းပြီး ဘုရားကိုမီးပူဇော်လိုက် ”
ဟု ပြောလိုက်တော့မှ နန်းခမ်းလော့တစ်ယောက်လည်း ပတ်ဝန်းကျင်ကိုသတိရကာ ခွန်တဖေကိုဖက်ထားသည့်သူမ၏လက်များအားဖယ်လိုက်ပြီးရှက်ဟန်မျက်နှာပေးဖြင့်
” ဆရာလေး ကန်တော့နော် ”
ဟုပြောပြီး ဖယောင်းတိုင်အား လှမ်းယူလေသည်။ ကျွန်တော်လည်း ခွန်တဖေအား
” အစ်ကို နေလို့ထိုင်လို့ကောင်းရဲ့လား ”
” ဟုတ်ကဲ့ ကောင်းပါတယ်ဆရာလေး ဒါပေမဲ့အကျောတွေ တင်းနေသလိုခံစားရတယ် ”
” အေးပေါ့လေ အစ်ကိုက လနဲ့ချီပြီးလဲလျောင်းနေရတာဆိုတော့ အကြောတွေဆိုင်းပြီးတင်းတောင့်ကုန်ပြီပေါ့ ”
” ဟုတ်မယ်ထင်တယ် ဆရာလေးရေ ကျွန်တော့ကို အခုလိုကယ်တင်ပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ ”
ဟုပြောပြီး လက်အုပ်ချီ၍ ကန်တော့လေသည်။
ကျွန်တော်လည်း
” ပြည့်ဖြိုးရေ မင်းလွယ်အိတ်ထဲက တိုင်းရင်းအမှတ်၂၉ ဆေးကိုထုတ်ပြီး ဒီကအကိုလူးဖို့အတွက် ပေးထားခဲ့လိုက်အုံး ”
” ဟုတ်ကဲ့ဆရာ ”
ပြည့်ဖြိုးလည်း မိမိလွယ်အိတ်ထဲကဆေးထုပ်အားယူ၍ ခွန်တဖေအား လိမ်းပေးရန်အတွက် နန်းခမ်းလော့ လက်ထဲသို့ထည့်ပေးလိုက်လေသည်။ ထိုအခါ နန်းခမ်းလော့မှ
” ဆရာလေး ဒီဆေးကဘာနဲ့လိမ်းပေးရမှာလည်း ”
ဟု မေးလိုက်ရာ
” ဒီဆေးက အကြောလိမ်းဆေးပဲညီမရဲ့ နှမ်းဆီသို့မဟုတ်အုန်းဆီနဲ့ရောစပ်ပြီး လူးပေးလိုက်ပါ ညီမအမျိုးသား ရက်ပိုင်းအတွင်း လူကောင်းပကတိအတိုင်း ပြန်ဖြစ်လာမှာပါ ”
နန်းခမ်းလော့တို့လင်မယားနှစ်ယောက်လည်း မိမိတို့စုဆောင်းထားသော ငွေကြေးအသပြာများဖြင့် မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား ကန်တော့လေသည်။ မင်းအောင်တို့လည်း ထိုကန်တော့ငွေများအား လက်မခံပဲ မိမိတို့တည်းခိုရာ ဘုန်ကြီးကျောင်းသို့ပင်ပြန်လာခဲ့လေသည်။ ပြုဖွယ်ကိစ္စအဝဝပြီးသွားသည်နှင့် ဆရာတော်ဘုရားကိုနူတ်ဆက်ကဆရာတပည့်နှစ်ယောက်သည်လည်း လုံးဟီးရွာလေးမှပင် ထွက်လာခဲ့လေသည်။
ကျွန်တော်နှင့်ပြည့်ဖြိုးလည်း လုံးဟီးရွာလေးက ထွက်လာပြီးနောက် တကဲ့တိုင်းရင်းသားကျေးရွာသို့ရောက်သောအခါ ရွာလယ်လမ်းမကြီးထက်၌
” ငါသာရှင်ဘုရင် ဖြစ်လိုက်ချင်တယ်
ချစ်တဲ့သူကို တောင်ယာထားလို့
ပျော်ပျော်ပါးပါး စံမြန်းဖို့ရည်ရွယ်တယ်
.တေ့… ဗေတိုးဂျီ…ဗေတိုးဂျီ..ဗေ.. ဗေ..ဂျီ ..ဗြောင်း ”
မြန်မာသီချင်းအား ပအိုဝ်းသံဝဲဝဲဖြင့်ဆိုနေသော အသက်၃၀ ဝန်းကျင်ခန့်ရှိ အရူးတစ်ယောက်အား တွေ့လိုက်ရလေသည်။
” ဆရာ ဒီအရူးက ”
” ဟုတ်တယ်ပြည့်ဖြိုး အဲဒီအရူးကနန်းခမ်းလော့တို့ကိုဒုက္ခပေးတဲ့ ကဝေကောင်ပဲ ”
” ဆရာ ဒီကဝေကောင်ကဘာဖြစ်လို့ ရူးသွားတာလည်း ”
” ဒီကဝေကောင်က ကတိသစ္စာမတည်ပဲ နန်းခမ်းလော့တို့ကို ဒုက္ခပေးဖို့ ကြံစည်လို့ပေါ့ကွာ… ဒီလိုကဝေကောင်တွေက ကတိသစ္စာတွေကို တန်ဖိုးထားတတ်တဲ့ကောင်မျိုးတွေ မဟုတ်ဘူး အဲဒါကြောင့် သူသောက်မဲ့သစ္စာရေခွက်ထဲကို သစ္စာဖောက်ရင်ပညာပျောက် ဆိုတဲ့စမကို ထည့်ခဲ့တာပေါ့ကွာ ”
” သြော်..အဲဒီလိုကိုး… ဒါနဲ့ဆရာ နန်းခမ်းလော့တို့ကို ပေးခဲ့တဲ့စမဖယောင်းတိုင်က နောက်နောင် နန်းခမ်းလော့တို့ကို
ဘယ်သူမှဒုက္ခမပေးနိုင်အောင် ကာကွယ်ပေးတဲ့ တန်ပြန်စမဖယောင်းတိုင် မဟုတ်လား ”
” ဟုတ်တာပေါ့ကွာ ငါ့တပည့်ပြည့်ဖြိုးကြီးလည်း တော်လာပြီပဲ ”
” ဟဲ ဟဲ ဆရာကောင်းတပည့် ပန်းကောင်းပန်လေ ဆရာရ ”
ထို့နောက် မင်းအောင်နှင့်ပြည့်ဖြိုးလည်း နေရာတစ်ခုစီသို့ ဦးတည်၍ ထွက်လာခဲ့လိုက်သည်။
# ပြီး # စာရေးသူ = ပိုင်လေး (မအူပင်မြေ )
ဤဇာတ်လမ်းလေးအား ဖြစ်ရပ်မှန်လေးကိုကျောရိုးခံ၍ ဖော်ကျူးရေးသားထားရာ မြို့ရွာအမည်များ လူအမည်များ တိုက်ဆိုင်ခဲ့ရင် ဤနေရာကနေ ကျွန်တော်စာရေးသူ ပိုင်လေးမှ တောင်းပန်အပ်ပါသည် ။
ဤဇာတ်လမ်းလေးအား ဖြစ်မြောက်အောင် စာမူစစ်ပေးသော အခွန်းနှင့် ဇာတ်လမ်းရဲ့ Logo အားဆွဲပေးပါသော ကိုထက် အားအထူးပင်ကျေးဇူးတင်ရှိပါသည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Zawgyi Version

ကေဝတစ္ေကာင္ခ်ည္တဲ့ႀကိဳး(စ/ဆံုး)
———————————————
” ျပည့္ၿဖိဳးေရ တို႔ေတာ့တာဝန္တစ္ခုေတာ့ က်လာၿပီကြ ”
” ဆရာ ဘယ္လိုတာဝန္မ်ားတုံးဗ် ”
” ဒီလိုကြ အထက္ဆရာသခင္ေတြက ငါတို႔ကို ေျမေလွ်ာက္ဝိဇၨာေတြရဲ႕ လမ္းစဥ္အစျဖစ္တဲ့ ေျမေလွ်ာက္ျခင္းခရီးစဥ္ကို စၿပီးအဓိ႒ာန္ဝင္ဖို႔ အမိန႔္ခ်မွတ္လိုက္တယ္ကြ ”
” ဆရာ ေျမေလွ်ာက္ျခင္းခရီးစဥ္ဆိုတာ ဘယ္လိုဟာမ်ိဳးကိုေျပာတာလဲ ”
” ေျမေလွ်ာက္ျခင္းခရီးစဥ္ဆိုတာ ငါတို႔ေနထိုင္တဲ့အိုးအိမ္ကိုစြန႔္ၿပီးေတာ့ေလာကႀကီးအႏွံ႔ကိုေလွ်ာက္သြားမယ္ ဒုကၡေရာက္ေနတဲ့ ၇ရက္သားသမီးေတြကို ကယ္တင္ၾကမယ္ေပါ့ကြာ….”
” ဒါဆို ကြၽန္ေတာ္တို႔ကအိမ္ကို ျပန္လို႔မရေတာ့ဘူးေပါ့ ”
” အဲဒါကေတာ့ ဆရာသခင္ေတြျပန္ခြင့္ျပဳတဲ့အခ်ိန္ၾကရင္ ျပန္လို႔ရတယ္ကြ… ခြင့္မျပဳေသးရင္ေတာ့ ေလာကႀကီးအႏွံ႔ကို ေျခဆန႔္ရအုံးမွာေပါ့ကြာ ”
” ဒါဆိုရင္ အခုကဘယ္ကိုဦးတည္ၿပီး သြားရမွာလည္းဆရာ ”
” ငါတို႔ေနရပ္နဲ႔ေဝးလံတဲ့ ရွမ္းျပည္ေတာင္ပိုင္းမွာရွိတဲ့ ပအိုဝ္း႐ြာေလးတစ္႐ြာကို သြားရမယ္လို႔ ဆရာသခင္ေတြအမိန႔္ရွိတယ္ကြ ”
” ဟုတ္ကဲ့ဆရာ ရွမ္းျပည္ေတာင္ပိုင္းဆိုေတာ့ အရမ္းေအးမွာပဲေနာ္ ကြၽန္ေတာ္တို႔အေႏြးထည္ေတြပါ ထည့္သြားရမယ္ထင္တယ္ ”
” အေႏြးထည္တင္ဘယ္ကမလည္းကြာ လိုအပ္တဲ့ေဆးဝါးေတြပါထည့္သြားရမယ္ …ငါတို႔က ေျမေလွ်ာက္ခရီးစဥ္အဓိ႒ာန္ျဖစ္တဲ့အတြက္ အထက္လမ္းဆရာမွန္းလူေတြမသိေအာင္ သြားလာေနထိုင္ရမယ္ကြ… ၿပီးေတာ့ငါတို႔က တိုင္းရင္းေဆးဆရာအျဖစ္နဲ႔သြားရမွာ …အဲဒီေတာ့ကာ အဝတ္အစား အသုံးအေဆာင္ လြယ္အိတ္ကစလို႔ ေဆးဆရာေတြသုံးတဲ့ပုံစံနဲ႔ပဲ ဝတ္စားဆင္ယင္ၿပီး သြားလာရမွာကြ ”
” ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္လိုအပ္တာေတြျပင္ဆင္လိုက္ပါ့မယ္ ”
ျပည့္ၿဖိဳးတစ္ေယာက္လည္း ဆရာျဖစ္သူ၏မိန႔္မွာခ်က္အတိုင္း ေျမေလွ်ာက္ျခင္းခရီးစဥ္အတြက္ လိုအပ္သည့္အသုံးအေဆာင္မ်ား၊ေဆးဝါးမ်ား၊ ေက်ာက္သင္ပုန္းျဖင့္ ေရးဆြဲထားေသာစမမ်ားအား လြယ္အိတ္ဖားဖားႀကီးတစ္လုံးထဲသို႔ စနစ္တက်စီရီ၍ထည့္လိုက္သည္။ ၿပီးသည္ႏွင့္ ဆရာျဖစ္သူ၏လြယ္အိတ္ငယ္ေလးအားယူ၍ သက္ေစာင့္ေဆးေတာ္မ်ားႏွင့္ ပညာခဏ္းႏွင့္ပတ္သက္ေသာ အေရးႀကီးပစၥည္းမ်ားအား ထည့္ထားလိုက္သည္။
” ေအာက္ ..အီး ..အြတ္ ”
” ေအာက္ ..အီး .. အြတ္ ”
လင္းၾကက္တြန္သံႏွင့္အတူ သူရိယေနမင္းႀကီးသည္လည္း ထြက္စျပဳလာကာ အေမွာင္ထုအားၿဖိဳခြင္းၿပီး ကမာၻေျမႀကီးေပၚသို႔ အလင္းေရာင္မ်ားျဖန႔္က်က္လာေလသည္။ ၎ သူရိယေနမင္းႀကီး၏ အလင္းေရာင္ေအာက္ရွိ ေဒၚၿငိမ္း႐ြာေလး၏လမ္းမႀကီးထက္၌ အသက္ႏွစ္ဆယ္ေက်ာ္ဝန္းက်င္ခန႔္ရွိ လူ႐ြယ္ႏွစ္ေယာက္တို႔သည္ကား လြယ္အိတ္မ်ားအား ကိုယ္စီလြယ္ကာ ႐ြာအျပင္သို႔ထြက္လာေနသည္။ ႐ြာအျပင္သို႔ေရာက္ေသာ္ ထိုလူ႐ြယ္ႏွစ္ေယာက္တို႔သည္ ႐ြာဘက္အား တစ္ခ်က္လွည့္ၾကည့္လိုက္ၿပီး ႏႈတ္ဆက္ဟန္ပါေသာ အၿပဳံးတစ္ခုအားၿပဳံးလိုက္ၿပီးအေဝးတစ္ေနရာသို႔ ဦးတည္ကာထြက္ခြါသြားၾကသည္။ ထိုလူ႐ြယ္တို႔သည္ကား မင္းေအာင္ႏွင့္ျပည့္ၿဖိဳးတို႔ပင္ျဖစ္ေလသည္။
+++++++++++++++++++++++
မင္းေအာင္ႏွင့္ျပည့္ၿဖိဳးတို႔ ဆရာတပည့္ႏွစ္ေယာက္လည္း တစ္႐ြာဝင္တစ္႐ြာထြက္ခရီးမ်ားဆက္ခဲ့ရာ ရွမ္းျပည္ေတာင္ပိုင္းသို႔ပင္ ေရာက္လာခဲ့ေခ်ၿပီ။
” ဆရာ ရွမ္းျပည္ကသာယာတယ္ေနာ္ ”
” ဒါေပါ့ကြာ ရွမ္းျပည္ကေတာင္ေပၚေဒသဆိုေတာ့ သာယာတာေပါ့ ”
” ဟုတ္တယ္ဆရာေရ.. ကြၽန္ေတာ္တို႔ေနတာက ပင္လယ္ကမ္း႐ိုးတန္းေဒသဆိုေတာ့ ေျမျပင္ထက္ ေရျပင္ကအထိေတြ႕မ်ားတယ္ေလ အခုလို ေတာေတြေတာင္ေတြ ျမင္လိုက္ရေတာ့ စိတ္ထဲမွာၾကည္လင္ေအးခ်မ္းသြားတာပဲ ”
” ဟုတ္တယ္ျပည့္ၿဖိဳးေရ ကိုယ္မျမင္ဖူးတဲ့
ေတာေတာင္ရႈခင္းေတြကိုၾကည့္ၿပီး ခရီးသြားရတာ ပင္ပမ္းမွန္းမသိသာဘူးကြ ”
မင္းေအာင္ႏွင့္ျပည့္ၿဖိဳးတို႔ ဆရာတပည့္ႏွစ္ေယာက္လည္း ရွမ္းျပည္၏အလွအပမ်ားအားၾကည့္ရႈ႕ခံစားရင္းခရီးဆက္လာရာ ဓႏု႐ြာ၊ပေလာင္႐ြာ၊စသည့္တကယ့္တိုင္းရင္းသား႐ြာမ်ားအား ေက်ာ္ျဖတ္လာၿပီး လုံးဟီးအမည္ရသည့္႐ြာထိပ္သို႔ပင္ ေရာက္ရွိလာေလသည္။ ၎ လုံးဟီး႐ြာေလးတြင္ ပအိုဝ္းလူမ်ိဳးမ်ားေနထိုင္ၾကေလသည္။
” ဆရာကြၽန္ေတာ္တို႔ ဘယ္မွာတည္းခိုၾကမလည္း ”
” ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းေက်ာင္းကို ရွာၿပီး တည္းခိုၾကတာေပါ့ကြာ ”
ကြၽန္ေတာ္ႏွင့္ျပည့္ၿဖိဳး စကားေျပာေနခ်ိန္၌ လုံးဟီး႐ြာအတြင္းမွ ပအိုဝ္းသူေလးႏွစ္ေယာက္ထြက္လာသည္ကိုျမင္သျဖင့္ျပည့္ၿဖိဳးမွ..
” ေဟ့ ..ေဟ့ ..ညီမေလးတစ္ခုေလာက္ေမးခ်င္လို႔ ”
” ရွင္….ဘာေမးမလိုလည္း အစ္ကိုတို႔ ”
” အစ္ကိုတို႔ဘုန္းႀကီးေက်ာင္းသြားခ်င္လို႔ ဘယ္လမ္းကေနသြားရတာလည္း ေမးခ်င္လို႔ပါ ”
” အစ္ကိုတို႔က ဒီကမဟုတ္ဘူးထင္တယ္ ဘုန္းႀကီးေက်ာင္းသြားတဲ့လမ္းက ဒီလမ္းကေနတည့္တည့္သြားလိုက္ အေရွ႕ေတာင္ေၾကာၾကရင္ ဘယ္ဘက္ကိုခ်ိဳးၿပီး ေတာင္ေပၚကိုတက္လိုက္ ေတာင္ထိပ္မွာဘုန္းႀကီးေက်ာင္းရွိတယ္ ”
” အခုလိုလမ္းၫႊန္ေပးတဲ့အတြက္ ေက်းဇူးဗ်…”
” ဟုတ္ကဲ့… အစ္ကိုတို႔ကဒီကိုဘာလာလုပ္ၾကတာလဲ ရွင့္ ”
” ကြၽန္ေတာ္တို႔က တိုင္းရင္းေဆးဆရာေတြပါ… နယ္လွည့္ၿပီးလူနာေတြကို ကုသေနတာဆိုပါေတာ့….”
ပအိုဝ္းမေလးက ျပည့္ၿဖိဳးအား ထိုသို႔ေမးလိုက္စဥ္ ကြၽန္ေတာ္လည္းၾကားျဖတ္၍ ဝင္ေျဖလိုက္၏။
” ေၾသာ္… ဒီကအစ္ကိုေတြက ေဆးဆရာေလးေတြလား.. ဒါနဲ႔အစ္ကိုတို႔နာမည္ေတြကေရာ ”
ပအိုဝ္းမေလးႏွစ္ေယာက္သည္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အား ေဆးဆရာမွန္းသိသြားသျဖင့္ ႏွစ္လိုဖြယ္ေသာအၿပဳံးေလးမ်ားျဖင့္ၿပဳံးကာ ပအို႔သံဝဲဝဲေလးမ်ားျဖင့္ မိတ္ဆက္ေလသည္။
” ကြၽန္ေတာ္နမည္ကေတာ့ျပည့္ၿဖိဳးပါ ဒီကကြၽန္ေတာ့္ဆရာနာမည္ကေတာ့ မင္းေအာင္လို႔ေခၚပါတယ္ ..ဒါနဲ႔ညီမေလးတို႔အမည္ကေရာ ”
” ညီမကနန္းဟြမ္လြီး ပါ ”
” ညီမကေတာ့ နန္းမြိ႕စီပါ ”
ဟုမိတ္ဆက္ၾက၏။
ကြၽန္ေတာ္တို႔လည္း ပအိုဝ္းမေလးႏွစ္ေယာက္အားႏႈတ္ဆက္၍ ဘုန္းႀကီးေက်ာင္းရွိရာဘက္သို႔ ထြက္လာခဲ့လိုက္သည္။
” ျပည့္ၿဖိဳး ဒီေတာင္ေၾကာက ဘယ္ဘက္ခ်ိဳးၿပီး ေတာင္ေပၚဆက္တက္ရမွာ ဟုတ္လား ”
” ဟုတ္တယ္ဆရာ ေရွ႕နားဆိုဘုန္းႀကီးေက်ာင္းနားေရာက္ေလာက္ၿပီ ထင္တယ္ ”
ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း လမ္းၫႊန္သည့္အတိုင္း ေလွ်ာက္လာရာ ထမင္းအိုးတစ္လုံးက်က္ခန႔္ ၾကာခ်ိန္ေရာက္ေတာ့ လုံးဟီး႐ြာေလး၏ေတာင္ေပၚရွိ ဘုန္းႀကီးေက်ာင္းသို႔ ေရာက္ရွိလာသည္။
ထို႔ေနာက္ကြၽန္ေတာ္တို႔လည္း ဆရာေတာ္အား အက်ိဳးအေၾကာင္းရွင္းျပ၍ တည္းခိုရန္ေလွ်ာက္တင္လိုက္ရာ ဆရာေတာ္မွခြင့္ျပဳသျဖင့္ ဘုန္းႀကီးေက်ာင္း၌သာ တည္းခိုလိုက္၏။ ဤသို႔ျဖင့္ ကြၽန္ေတာ္တို႔ဆရာတပည့္ႏွစ္ေယာက္သည္ကား ဘုန္းႀကီးေက်ာင္း၌ တည္းခိုေနသည္မွာ သုံးရက္တာပင္ ကုန္လြန္ခဲ့ေလသည္။
ကြၽန္ေတာ္တို႔လည္း ဘုန္းႀကီးေက်ာင္းမွာတည္းခိုေနစဥ္အေတာအတြင္း
အမႈိက္လွဲျခင္း၊ထင္းခြဲျခင္း၊ေရခပ္ျခင္း အစရွိေသာ သာသန႔ာေဝယ်ာဝစၥမ်ားအား ကူညိလုပ္ကိုင္ေပးလ်က္ေနေလသည္။
” ေအာက္.. အီး.. အီး ..အြတ္ ”
” ေအာက္ .. အီး.. အီး.. အြတ္ ”
ဟူေသာလင္းၾကက္တြန္သံႏွင့္အတူ ကြၽန္ေတာ္တို႔ဆရာတပည္ႏွစ္ေယာက္လည္း အိပ္ရာမွထလိုက္ၿပီး ဘုန္းႀကီးေက်ာင္းေပၚရွိ ဆရာေတာ္မ်ားအတြက္ အာ႐ုဏ္ဆြမ္းမ်ားအား ဝိုင္း၍ျပင္ေပးလိုက္ေလသည္။ ၿပီးသည္ႏွင့္ တံျမက္စီးတစ္ေယာက္တစ္ေခ်ာင္းယူကာ ေက်ာင္းဝင္းအတြင္းရွိ ေစတီငယ္ေလးဆီသို႔ သန႔္ရွင္းေရးလုပ္ရန္ ထြက္လာခဲ့လိုက္သည္။ ေစတီငယ္ေလး၏ရင္ျပင္ေပၚရွိ သစ္႐ြက္ေျခာက္အမႈိက္မ်ားအားလွဲက်င္း၍ သန႔္ရွင္းေရးမ်ားျပဳလုပ္ၿပီးစီးေသာအခ်ိန္၌ သူရိယေနမင္းႀကီးသည္ ေတာင္တန္းမ်ားအထက္မွထြက္လာ၍ အလင္းေရာင္တို႔သည္ကား ေတာင္တန္းမ်ားေပၚသို႔ ျဖာက်လ်က္ လင္းလက္ေတာက္ပေနေလသည္။ ေတာင္တန္းမ်ားေပၚမွ ျဖတ္ေက်ာ္၍တိုက္ခက္လာေသာ ေလႏုေလးမ်ားသည္လည္း ကြၽန္ေတာ္တို႔ထံသို႔ အေအးဓာတ္ကေလးမ်ားအား ယူေဆာင္လာ၏။ ထို႔ေနာက္ကြၽန္ေတာ္ႏွင့္ျပည့္ၿဖိဳးလည္း ေနမင္းႀကီး၏ အလင္းေရာင္ျခည္အား ထိေတြ႕ခံစားလိုက္ရေသာအခါ ရင္ထဲ၌ပင္ ေႏြးေထြးလာေလသည္။
ကြၽန္ေတာ္လည္း ေနေရာင္ျခည္မ်ားျဖာက်၍ရွိေသာ ရွမ္းေတာင္တန္းမ်ား၏အလွအပမ်ားအား ခံစားၾကည့္ရႈေနရင္း ကြၽန္ေတာ္၏ရင္တြင္း၌ အတိတ္ကအလြမ္းပုံရိပ္ေလးတစ္ခုအား တမ္းတ၍လြမ္းမိလာေနစဥ္အခိုက္
” ဆရာ ဘာေတြေတြးေနတာတုံးဗ် ”
” ဘာရယ္မဟုတ္ဘူး ျပည့္ၿဖိဳးရာ ”
ျပည့္ၿဖိဳးလည္း ဆရာျဖစ္သူမင္းေအာင္၏ မ်က္ႏွာေလး ၿငိဳးငယ္ေနသည္ကို ရိပ္စားမိ၍
” ဆရာ မမဝတီကိုသတိရေနတာလား ”
” ဆိုပါေတာ့ကြာ ငါတို႔ကအရိယာသူေတာ္စင္ေတြမွ မျဖစ္ေသးတာ…ပုတုဇဥ္လူသားေတြ အဆင့္ပဲရွိေသးတာဆိုေတာ့ ခ်စ္ျခင္း၊မုန္းျခင္း၊ေတြ႕ဆုံျခင္း၊ခြဲခြာျခင္းအစရွိတဲ့ ကာမဂုဏ္အာ႐ုံဝဲဂယက္ထဲကေန အၿပီးအပိုင္ ဘယ္လို႐ုံးထြက္ႏိုင္ပါအုံးမလဲကြာ ငါတစ္ခါေလၾကရင္ တို႔ျမတ္စြာဘုရားကို သိပ္ေက်းဇူးတင္တယ္ ”
” ဘာျဖစ္လို႔လည္း ဆရာ ”
” မင္း စဥ္းစားၾကည့္ေလျပည့္ၿဖိဳးရဲ႕
ေတြ႕ဆုံႀကဳံကြဲ ဝမ္းနည္းျခင္းသည္သာ ဓမၼတာ ဆိုတဲ့ေလာကဓံတရားေတြနဲ႔ ႀကဳံလာခဲ့ရင္ ဘယ္လိုအရာမ်ိဳးေတြနဲ႔ ေျဖသိမ့္ႏိုင္မွာလဲ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီး ေဟာၾကားခဲ့တဲ့ အနတၱဆိုသည့္ အစိုးမရတဲ့ ပ်က္စီးျခင္းတရားေတြေၾကာင့္သာ အရာရာဟာ ျဖစ္ၿပီးရင္ပ်က္ပါလားဆိုၿပီး ေျဖသိမ့္ႏိုင္တာေပါ့ကြာ အဲဒါေၾကာင့္အနတၱတရားကိုေဟာၾကားေပးခဲ့တဲ့ ျမတ္စြာဘုရားကို သိပ္ေက်းဇူးတင္တယ္လို႔… ေျပာတာေပါ့ကြ ”
” ဆရာေျပာတာလည္း ဟုတ္တာပဲေနာ္ ”
ကြၽန္ေတာ္ႏွင့္ျပည့္ၿဖိဳး စကားေျပာေနစ၌္အခိုက္
” ဒကာေလးေရ …ဒကာေလး ”
ဟုေအာ္ေခၚၿပီး ကြၽန္ေတာ္တို႔ထံသို႔
ဦးဇင္းငယ္တစ္ပါး ေရာက္လာသည္။
“တင္ပါ့ဘုရား တပည့္ေတာ္တို႔ကိုေခၚတာဘာကိစၥမ်ားရွိလို႔ပါလည္းဘုရား ”
” ဒီလိုဒကာေလးေရ ဒကာေလးတို႔ကို ႐ြာထဲမွာေနတဲ့ ဒကာမေလးတစ္ေယာက္က ေတြ႕ခ်င္တယ္ဆိုလို႔ဦးဇင္းက လာေခၚေပးတာ ”
” တင္ပါ့ဘုရား ဦးဇင္းေရွ႕ကႂကြပါဘုရား တပည့္ေတာ္တို႔ ေနာက္ကေနလိုက္ခဲ့ပါမယ္ဘုရား ”
ကြၽန္ေတာ္နဲ႔ျပည့္ၿဖိဳးလည္း ဦးဇင္းေလးရဲ႕ ေနာက္ကေနလိုက္လာရာ ခနအၾကာတြင္ ဘုန္းႀကီးေက်ာင္း၏ေက်ာင္းအဝသို႔ပင္ေရာက္လာခဲ့ေလသည္။ ထိုေက်ာင္းအဝ၌ အနက္ေရာင္ပအိုဝ္းဝတ္စုံေလးအား ဝတ္ဆင္ထားၿပီး ဦးေခါင္း၌ပအို႔ေခါင္းေပါင္းအား ေပါင္းထားေသာ မိန္းမငယ္ေလးတစ္ဦးအား ေတြ႕လိုက္ရေလသည္။ထိုမိန္းမငယ္ေလးမွ
” ဆရာေလးတို႔က တိုင္းရင္းေဆးဆရာေတြဆို ”
” ဟုတ္ပါတယ္ညီမ ဒါနဲ႔အစ္ကိုတို႔ကို တိုင္းရင္းေဆးဆရာမွန္း ဘယ္လိုသိတာလည္း ”
” ေၾသာ္.. ဒါလား ညီမကိုတိုင္းရင္းေဆးဆရာေလးေတြ ေတာင္ေပၚကဘုန္းႀကီးေက်ာင္းမွာ ေရာက္ေနတယ္လို႔
နန္းဟြမ္လြီးနဲ႔နန္းမြိ႕စီကေျပာလိုက္တာပါ ”
” ေၾသာ္…ဟိုႏွစ္ေယာက္ကို ”
ဟု ျပည့္ၿဖိဳးမွ တီးတိုးေျပာလိုက္ေလသည္။ ထိုႏွစ္ေယာက္သည္ကား မင္းေအာင္ႏွင့္ျပည့္ၿဖိဳးအား ဘုန္းႀကီးေက်ာင္းသို႔သြားရန္ လမ္းၫႊန႔္လိုက္ေသာ ပအိုဝ္းမေလးႏွစ္ေယာက္ပင္ျဖစ္ေလသည္။ မထူးေတာ့သည္မို႔ ကြၽန္ေတာ္လည္း
” ညီမ အစ္ကိုတို႔ဆီလာတာ ဘာကိစၥမ်ားရွိလို႔လဲ ”
” ဟုတ္ကဲ့ဆရာေလးေရ ဆရာေလးတို႔ကိုေဆးကုဖို႔လာပင့္တာပါ ”
” ေၾသာ္..ေဆးကုဖို႔လာပင့္တာလား… ဒါနဲ႔အစ္ကိုတို႔ကဘယ္သူ႔ကို ေဆးကုေပးရမွာလဲညီမ ”
ကြၽန္ေတာ္က ထိုသို႔ေမးလိုက္ရာ
” ဒီလိုပါဆရာေလး ညီမနာမည္ကနန္းခမ္းေလာ့ပါ ညီမအမ်ိဳးသားနာမည္က ခြန္တေဖလို႔ေခၚပါတယ္… ဆရာေလးတို႔ေဆးကုေပးရမွာက ညီမအမ်ိဳးသားခြန္တေဖကိုပါ ”
” လူနာက ဘာျဖစ္တာလဲညီမ ”
” ညီမအမ်ိဳးသားက ေခ်ာ္လဲၿပီးထဲက လမ္းမေလွ်ာက္ႏိုင္ေတာ့တာပါ အခုေနာက္ပိုင္းဆို အိပ္ယာထဲကေနေတာင္ မထႏိုင္ေတာ့ပါဘူးဆရာေလးရယ္ ကယ္ႏိုင္ရင္ကယ္ေပးပါအုံးေနာ္ ”
ဟုေျပာကာ ထိုမိန္းမငယ္ေလးရဲ႕ မ်က္ဝန္းအိမ္မွ မ်က္ရည္စကေလးမ်ားသည္ အျပင္သို႔ပင္လွ်ံ၍ထြက္လာကာ ပါးျပင္ထက္သို႔ပင္ စီးက်လာေလသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ လင္ေယာက္်ားေနမေကာင္းေသာ မိန္းမတစ္ေယာက္သည္ မည္သို႔မွ်စိတ္မခ်မ္းသာႏိုင္ေခ်။ သားကိုသခင္ လင္ကိုဘုရားအျဖစ္သတ္မွတ္ထားေသာမိန္းမမ်ားအဖို႔ လင္ေယာက္်ားျဖစ္သူေနမေကာင္းလွ်င္ သူတို႔ေနရာ၌အစားဝင္ကာ မိမိသာေနမေကာင္းျဖစ္လိုက္ခ်င္ေသာစိတ္က အစဥ္ၿမဲရွိေန၏။
(စာေရးသူ မွတ္ခ်က္ = ဤေနရာတြင္ မိန္းကေလးမ်ား၏ခ်စ္တတ္မႈမ်ားအား ေဖာ္က်ဳးထားသည့္စာပိုဒ္ေလးအား ကြၽန္ေတာ္၏ သူငယ္ခ်င္းျဖစ္သူ အခြန္းစာမူမွယူ၍ ေကာက္ႏႈတ္ေဖာ္ျပလိုက္ေလသည္ )
” ဒါနဲ႔.. ညီမအမ်ိဳးသားက အခုလိုျဖစ္တာ ၾကာၿပီလား ”
ဟုကြၽန္ေတာ္က ေမးလိုက္ရာ
” သုံးလေလာက္ေတာ့ရွိၿပီ ဆရာေလးေရ ”
” ေကာင္းပါၿပီ အစ္ကိုတို႔ညီမအမ်ိဳးသားကို ေနျပန္ေကာင္းလာေအာင္ ေဆးကုေပးပါ့မယ္ ”
ထိုစကားၾကားလိုက္ရာနန္းခမ္းေလာ့ အမည္ရေသာပအိုဝ္းသူေလးမွာ သြားတက္ကေလးမ်ားေပၚေအာင္ပင္ ၿပဳံးရယ္လိုက္ၿပီး ဝမ္းသာအားရျဖစ္ကာ
” ေက်ဇူးတင္လိုက္တာ ဆရာေလးတို႔ရယ္ အခုလိုညီမအမ်ိဳးသားကို ေဆးကုေပးမယ္ေျပာတာနဲ႔တင္ ေက်းဇူးအေတာ္တင္ေနပါၿပီ ”
” ဒါနဲ႔ ညီမအိမ္ကေရာ ဘယ္ေနရာမွာလဲ ေဝးလား ”
” မေဝးဘူးဆရာေလး ဒီေတာင္ေျခနားေလးတင္ပဲ ”
ထို႔ေနာက္ ကြၽန္ေတာ္လည္းျပည့္ၿဖိဳးအား ေက်ာင္းေပၚရွိ ေဆးလြယ္အိတ္မ်ားအား သြားယူေစၿပီးေနာက္ နန္းခမ္းေလာ့ဟူေသာ ပအိုဝ္းမေလးႏွင့္အတူ ၎အိမ္ရွိရာဘက္သို႔ထြက္လာခဲ့လိုက္သည္။ သိပ္၍ပင္မသြားလိုက္ ခနအၾကာတြင္
” ဆရာေလးတို႔ ဒါညီမအိမ္ပဲ အိမ္ထဲကိုႂကြၾကပါ ”
နန္းခမ္းေလာ့ဟူေသာ ပအိုဝ္းမေလးက ကြၽန္ေတာ္တို႔ဆရာတပည့္ႏွစ္ေယာက္အား ၎အိမ္ထဲသို႔ဝင္ရန္ ဖိတ္ေခၚလိုက္ေလသည္။ ပအိုဝ္းမေလး၏အိမ္သည္ကား ဝါးမ်ားျဖင့္ ေသသပ္စြာ ေဆာက္လုပ္ထားေသာ အိမ္ငယ္ေလးတစ္လုံးပင္ျဖစ္ေလသည္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း ၎အိမ္ေလးေပၚသို႔တက္လာရာ အိမ္ေလး၏အေရွ႕ခန္းတြင္ အသက္၂၅ဝန္းက်င္ခန႔္ရွိ လဲေလ်ာင္းေနေသာ အမ်ိဳးသားတစ္ဦးအား ေတြ႕လိုက္ရေလသည္။ ၎ အမ်ိဳးသည္ ခႏၶာကိုယ္တစ္ခုလုံး ပိန္လွီေနကာ မ်က္တြင္းမ်ားမွာ အနက္ေရာင္ဘက္သို႔ပင္ ကူးသန္းေနသည္ကို ထူးဆန္းစြာထပ္မံေတြ႕လိုက္ရေလသည္။ ထို႔ေနာက္ ကြၽန္ေတာ္မွ
” ဒါ..ညီမအမ်ိဳးသားလား ”
” ဟုတ္ပါတယ္ဆရာေလး ဒါကညီမအမ်ိဳးသားခြန္တေဖပါ သူကအခုမွိန္းေနတာပါ ညညဆို သူ႔မွာမအိပ္ႏိုင္ရွာပါဘူးဆရာေလးရယ္ တစ္ကိုယ္လုံးကိုက္တယ္နာတယ္ဆိုၿပီး ေအာ္ဟစ္ေနရွာတာ… ”
ဟုေျပာကာ နန္းခမ္းေလာ့တစ္ေယာက္သည္ မ်က္ႏွာေလးမွာ ညိဳးငယ္သြားရွာေလသည္။
ကြၽန္ေတာ္လည္း ထိုလဲေလ်ာင္းေနေသာအမ်ိဳးသားအား အာ႐ုံစူးစိုက္၍ၾကည့္လိုက္ရာ
” အို….ကြၽတ္.. ကြၽတ္ ”
ကြၽန္ေတာ့္ႏႈတ္မွ အာေမဋိတ္အသံမ်ားပင္ ထြက္လာေလသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ထိုအမ်ိဳးသား၏ ေျခေထာက္မွစ၍ ဦးေခါင္းအထိကို ေသးငယ္ေသာ အနက္ေရာင္ႀကိဳးခ်ည္မွ်င္မ်ားျဖင့္ ခ်ည္ေႏွာင္ခံထားရသည္ကို ေတြ႕လိုက္ရေသာေၾကာင့္ပင္။ ထိုအနက္ေရာင္ႀကိဳးမ်ားအား သာမန္လူေတြ မျမင္ႏိုင္ေခ်။
ကြၽန္ေတာ္လည္း ထိုအမ်ိဳးသားအား စိုက္ၾကည့္ေနခိုက္..
” ဆရာေလးဘာျဖစ္လို႔လည္း ထိုင္ပါအုံး ”
ဟုေျပာကာ နန္းခမ္းေလာ့တစ္ေယာက္သည္ ကြၽန္ေတာ္တို႔အားထိုင္ရန္ ဖ်ာမ်ားခင္းေပးေလသည္။ ကြၽန္ေတာ္တို႔လည္း ၎ခင္းေပးထားေသာ ဖ်ာေပၚ၌ထိုင္လိုက္ၿပီး
” ညီမအမ်ိဳးသား အခုလိုမျဖစ္ခင္က ဘယ္သူေတြနဲ႔စကားမ်ားရန္ျဖစ္ဖူးေသးလည္း”
” ဘာျဖစ္လို႔လဲ ဆရာေလး ”
” ဒီလိုညီမရ… ညီမအမ်ိဳးသားအခုလို ခံစားေနရတဲ့ေဝဒနာက သာမန္ေဝဒနာမ်ိဳးမဟုတ္ဘူး ကေဝပညာသည္တစ္ေယာက္ရဲ႕ ျပဳစားျခင္းခံထားရတာပဲ ”
” ရွင္…..ဆရာေလးဒါဆိုရင္ ဘယ္လိုလုပ္ၾကမလည္း ”
” စိတ္မပူပါနဲ႔ညီမ အစ္ကိုတို႔ကအထက္လမ္းပညာလည္း မေတာက္တေခါက္တတ္ပါတယ္…အဲဒီေတာ့ညီမအမ်ိဳးသားကို ကယ္တင္ကုသေပးပါ့မယ္ ”
” ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဆရာေလးရယ္ ဒါနဲ႔ညီမအမ်ိဳးသားက ဘယ္လိုမ်ိဳးအျပဳစားခံထားရတာလည္း ”
” ဒီလို..ညီမရဲ႕.. ညီမအမ်ိဳးသားကို ျပဳစားထားတာက ကေဝေတြရဲ႕အတတ္ပညာျဖစ္တဲ့ စက္ႀကိဳးေတြနဲ႔ခ်ည္ေႏွာင္ၿပီး ျပဳစားထားတာပဲ ”
” ရွင္…ရက္စက္လိုက္ၾကတာ လုပ္ရက္လိုက္ၾကတာ. ဟီး…ဟီး..ဟီး ”
ဟုေျပာၿပီးနန္းခမ္းေလာ့တစ္ေယာက္လည္း ငိုေႂကြးေလသည္။
” စိတ္မပူပါနဲ႔ ညီမအမ်ိဳးသားအခုလိုခံစားေနရတာကို အစ္ကိုတို႔ကေပ်ာက္ကင္းေအာင္ကုသေပးမွာပါ ဒါနဲ႔ညီမအမ်ိဳးသားအခုလိုမျဖစ္ခင္ တစ္စုံတစ္ေယာက္နဲ႔စကားမ်ားရန္ျဖစ္ခဲ့ေသးလား ”
ဟု ကြၽန္ေတာ္လည္းထပ္မံေမးလိုက္ရာ
နန္းခမ္းေလာ့ ဟူေဟာပအိုဝ္းမေလးသည္ မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ကာ စဥ္းစားလိုက္ၿပီး
” ရန္ျဖစ္ခဲ့ဖူးတယ္ဆရာေလးရဲ႕ ျဖစ္ပုံကဒီလို…”
“.ေႏွာင္း .. ေႏွာင္း…ေႏွာင္း.. ေႏွာင္းေဗထုံ ”
ေမာင္းသံမ်ား၊ အိုးစည္သံမ်ား၊ ဗုံတိုဗုံရွည္သံမ်ားျဖင့္ စီကားသိုက္ၿမိဳက္ေနေသာ လုံးဟီး႐ြာေလး၏အလႉ၌ အနက္ေရာင္ခ်ည္မွ်င္မ်ားျဖင့္ယက္လုပ္ထားေသာ ပအိုဝ္း႐ိုးရာဝတ္စုံေလးအား ဝတ္ဆင္ထားကာ အနက္ႏွင့္အနီစပ္ေဖာက္ထားေသာ ေခါင္းေပါင္းေလးအား ေပါင္းထားေသာ နန္းခမ္းေလာ့၏အလွသည္ လုံးဟီး႐ြာေလး၏မိန္းမပ်ိဳမ်ားထဲ၌ ထင္ေပၚေနေလ၏။ နန္းခမ္းေလာ့တစ္ေယာက္သည္ မိမိ႐ြာတြင္ျပဳလုပ္ေသာအလႉ၌ ေကြၽးေမြးရန္အတြက္ ဝက္သားဟင္းမ်ားအား ျပင္ဆင္ေနခိုက္
” ေဟ့ ေကာင္မေလး ကိုႀကီးကိုဝက္သားဟင္းေလးထည့္ေပးပါအုံး ”
ဟူေသာအသံႏွင့္အတူ လူစိမ္းတစ္ေယာက္သည္ နန္းခမ္းေလာ့အား ရိသက္သက္ႏိုင္ေသာအမူယာျဖင့္ လာေျပာ၏။ ထိုလူသည္ နန္းခမ့္ေလာ့တို႔႐ြာသားမဟုတ္သည့္မ်က္ႏွာစိမ္း တျခား႐ြာသားပင္ျဖစ္ေလသည္။
ထို႔ေနာက္ နန္းခမ္းေလာ့သည္လည္း ဝက္သားဟင္းမ်ားအား ထိုလူ၏ေရွ႕ရွိဟင္းပန္ကန္ထဲသို႔ ထည့္ေပးလိုက္ေသာအခါ ထိုလူမွ
” ဒီအလႉကိုလာရတာတန္သြားၿပီကြာ ဒီလိုလွပတဲ့ေကာင္မေလးရဲ႕လက္နဲ႔ ထည့္ေပးတဲ့ဟင္းကိုစားလိုက္ရလို႔..ကြ ”
” ဟား ဟား ဟား”
ထိုလူစိမ္းႏွင့္ပါလာေသာ လူမ်ားကပါ ဝိုင္း၍ရယ္ေလသည္။ သို႔ျဖစ္ပါေသာေၾကာင့္နန္းခမ္းလာလည္း ရွက္၍ေနာက္သို႔လွည့္အထြက္
” ေနပါအုံးညီမေလးရယ္ ကိုႀကီးကခ်စ္လို႔စတာပါ ”
ဟုေျပာကာ နန္းခမ္းေလာ့၏လက္အား လွမ္းဆြဲထားေလရာ
” ဝွစ္…ခြက္…အား ”
အသံနဲ႔အတူ ထိုလူစိမ္းသည္စားပြဲေပၚသို႔ လဲၾကသြားေလသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဘယ္တုန္းက ေရာက္ေနမွန္းမသိေသာ နန္းခမ္းေလာ့၏အမ်ိဳးသားခြန္တေဖမွ ထိုလူစိမ္း၏မ်က္ႏွာအား ထိုးလိုက္ေသာေၾကာင့္ပင္ျဖစ္ေလသည္။ ထိုအခ်င္းအရာမ်ားျဖစ္သြားေသာေၾကာင့္ အလႉမ႑ပ္အတြင္း၌ ႐ုတ္႐ုတ္သဲသဲျဖစ္သြားကာ လဲက်ေနေသာလူစိမ္းမွလည္း လူပုံအလယ္တြင္အရွက္ခြဲခံလိုက္ရသျဖင့္
” ေတာက္! မင္းတို႔႐ြာဆိုေတာ့ မင္းတို႔လုပ္ထားအုံးေပါ့ တစ္ေန႔ငါ့အေၾကာင္းေကာင္းေကာင္းသိေစရမယ္ ”
ဟုေျပာကာ လဲက်ေနရမွထ၍ သူ၏အေပါင္းအပါမ်ားနဲ႔အတူ ၎အလႉမ႑ပ္ေလးအတြင္းမွထြက္ကာ လုံးဟီး႐ြာအျပင္ဘက္သို႔ပင္ ထြက္ခါသြားေလသည္။
“အဲဒါပါပဲ ဆရာေလးရယ္ ”
ဟုနန္းခမ္းေလာ့တစ္ေယာက္လည္း မင္းေအာင္တို႔ဆရာတပည့္ႏွစ္ေယာက္အား ရွည္လ်ားစြာရွင္းျပလိုက္ေလသည္။
” ေၾသာ္..ဒါနဲ႔ညီမ အဲဒီလူစိမ္းေတြက႐ြာကိုျပန္လာေသးလား ”
” မလာေတာ့ဘူးဆရာေလးေရ .ေနာက္ေတာ့ အဲဒီလူေတြက တကဲ့တိုင္းရင္သား႐ြာသားေတြလို႔ သိလိုက္ရတယ္ …အဲဒီလိုရန္ျဖစ္ၿပီးသုံးရက္ေလာက္ၾကာေတာ့ ညီမရဲ႕အမ်ိဳးသားခြန္တေဖလည္း အိမ္ေရွ႕မွာသစ္ငုတ္ကိုခလုတ္တိုက္ၿပီး ေခ်ာ္လဲေတာ့တာပဲ ေခ်ာ္လဲၿပီးေနာက္ပိုင္းတျဖည္းျဖည္းနဲ႔ အခုလိုအိပ္ယာထဲလဲွေတာ့တာပါပဲ ဆရာေလးရယ္ ”
ဟု ၿငိဳးးငယ္စြာျဖင့္ ေျပာေလသည္။
” အစ္ကိုတို႔အေနနဲ႔ အဲဒီေလာက္သိရရင္ လုံေလာက္ပါၿပီ ညီမအမ်ိဳးသားကို ကုဖို႔အတြက္ ကန္ေတာ့ပြဲျပင္ရမယ္ ကန္ေတာ့ပြဲအတြက္လိုအပ္တာေတြကို ညီမအေနနဲ႔ရွာေပးႏိုင္မလား ”
” ဟုတ္ကဲ့ရပါတယ္ ဆရာေလးတို႔အေနနဲ႔သာ လိုအပ္တာတာေျပာပါ ညီမရွာေပးပါ့မယ္ ”
” လိုအပ္ဒါကေတာ့ အုန္းသီးတစ္လုံး၊ငွက္ေပ်ာသီးသုံးဖီး၊ဖေယာင္းတိုင္၈တိုင္ ၊ပိတ္ျဖဴငါးေတာင္၊ပိတ္နီငါးေတာင္ ၊ပန္းကိုးခက္ရယ္ အေမႊးနံသာရယ္ဆိုရင္ရပါၿပီ ”
ကြၽန္ေတာ္လည္း နန္းခမ္းေလာ့အား ကုပြဲအတြက္လိုအပ္သည္မ်ားအား ေျပာၾကားလိုက္ရာ
” ဆရာေလးမွာတဲ့ထဲက ပိတ္ျဖဴပိတ္နီကလြဲလို႔ က်န္တဲ့ဟာအကုန္ ဒီ႐ြာမွာရွာလို႔ရပါတယ္ ”
” ဆရာ ကြၽန္ေတာ္လြယ္အိတ္ထဲမွာ ပိတ္ျဖဴနဲ႔ပိတ္နီပါတယ္ ”
ကြၽန္ေတာ္နဲ႔နန္းခမ္းေလာ့ ေျပာေနစဥ္အခိုက္ ျပည့္ၿဖိဳးမွ ဝင္ေျပာလိုက္ျခင္းပင္။
” ဒါဆို ဟန္က်တာေပါ့….ျပည့္ၿဖိဳးရာ ဒီေတာ့ကာ ပိတ္ျဖဴပိတ္နီကအကိုတို႔ဆီမွာပါတယ္ဆိုေတာ့ ညီမကက်န္တာေတြပဲရွာလိုက္ေပါ့ ”
” ဟုတ္ကဲ့ပါဆရာေလးတို႔ …ဒါဆိုဒီမွာခနေစာင့္ၾကပါအုံး ညီမ႐ြာထဲမွာလိုအပ္တာေတြသြားရွာလိုက္အုံးမယ္ ”
ဟုေျပာၿပီး နန္ခမ္းေလာ့တစ္ေယာက္လည္း အိမ္ေပၚကေနဆင္းကာ ႐ြာထဲသို႔ထြက္သြားေလသည္။ ထမင္းအိုးႏွစ္လုံးက်က္ခန႔္ေလာက္ ၾကာခ်ိန္ေရာက္ေသာအခါ နန္းခမ္းေလာ့တစ္ေယာက္ အုန္းသီးႏွင့္ငွက္ေပ်ာသီးမ်ားပိုက္ကာ ျပန္ေရာက္လာ၏။
ထို႔ေနာက္ ကြၽန္ေတာ္တို႔လည္း လိုအပ္သည့္စၥည္းမ်ားရသျဖင့္ ေဆးပြဲအားဆင္လိုက္ေလသည္။
( ေဆးပြဲဆိုသည္မွာ ပေရာဂါကုသရန္ ျပင္ဆင္ထားေသာပြဲကို ဆိုလိုသည္။ ကန္ေတာ့ပြဲမ်ားမွာ အမ်ိဳးအစားသုံးမ်ိဳးရွိေလသည္ ထိုကန္ေတာ့ပြဲအမ်ိဳးအစားမ်ားအား ေနာက္ဝတၳဳမ်ားတြင္ အခါသင့္ရင္ ရွင္းလင္းေဖာ္ျပသြားပါမည္ )
ေဆးပြဲမ်ားဆင္ၿပီးေသာအခါ ကေဝျပဳစားခံရသူ ခြန္တေဖအစား နန္းခမ္းေလာ့အား တည္၍စတင္ကုသ၏။
” ျပည့္ၿဖိဳးေရ မင္းပဲဆက္ကုလိုက္ ငါေဘးကေန ၾကည့္ေနေပးမယ္ ”
” ဟုတ္ကဲ့ဆရာ ”
ျပည့္ၿဖိဳးလည္း ဆရာျဖစ္သူမင္းေအာင္၏ ခြင့္ျပဳခ်က္ရသျဖင့္ နန္းခန္းေလာ့အား ေဆးပြဲေရွ႕တြင္ တင္ပလႅင္လႊဲထိုင္ေစၿပီး လက္အုပ္အုပ္ခ်ီခိုင္းလိုက္ေလသည္။ ထို႔ေနာက္ နန္းခမ္းေလာ့၏ လက္ယာစည္း၊လက္ဝဲစည္း အေနာက္စည္းဟု၍ စည္းသုံးစည္းေနရာ၌ မီးစက္သုံးခုအား ခ်လိုက္ၿပီးေနာက္ ျပည့္ၿဖိဳးလည္း မ်က္စိစုံမွိတ္ကာ
” ပ႒မံဂိုဏ္းမွ လက္ယာကိုးသိန္း လက္ဝဲကိုသိန္း အဘဆရာသခင္မ်ားသည္လည္း သားေတာ္လူဆရာ ၾကာသပေတးသား၏ ဦးေခါင္းထက္ေသာ္၌လည္းေကာင္း၊လက္ယာလက္ဝဲ ပခုံးမ်ားထက္ေသာ္
လည္းေကာင္း နာရီမဆိုင္းမိနစ္မဆိုင္း စုံလင္စြာႂကြေရာက္ၿပီးတည္ရွိပါေစသား …. အဘဆရာမ်ားကိုယ္တိုင္ ႂကြေရာက္ၿပီးပါက အဘဆရာမ်ားထံသို႔ အျပဳစားခံထားရေသာ ခြန္တေဖ၏အသက္နဲ႔ခႏၶာအားလည္း အဘဆရာမ်ားထံသို႔ အပ္ႏွံလႉဒါန္းပါ၏ …ခြန္တေဖအား ျပဳစားေႏွာက္ယွက္ထားေသာ ပုဂၢိဳလ္သည္လည္း မီးစက္အတြင္းသို႔ေရာက္ရွိေနေသာ နန္းခမ္းေလာ့၏ခႏၶာကိုယ္၌ ဝင္ေရာက္ပူးကပ္ပါေစသား ”
ဟု ျပည့္ၿဖိဳးလည္းေျပာလိုက္ရာ ခနအၾကာတြင္ မီးစက္အတြင္းရွိ နန္းခမ္းေလာ့တစ္ေယာက္ တုန္ရီလာကာ လက္ႏွစ္ဖက္အား ငွက္မ်ားအေတာင္ခက္သလိုခက္လာၿပီး
” ဟား..ဟား..ဟား ငါ့ကိုေခၚႏိုင္လို႔ ဘယ္လိုဆရာမ်ိဳးလည္းေအာက္ေမ့တယ္ ဆရာေပါက္စ လက္ေတာက္ေလာက္ေလးကို ဟား ဟား ”
ဟုေအာ္ရီကာ တင္ပလႅင္ေခြ ထခ်ိတ္ေလရာ ကြၽန္ေတာ္လည္း အေျခေနကိုရိပ္စားမိ၍
” ျပည့္ၿဖိဳး အဲဒီကေဝေကာင္ကို ဆရာႀကီးေတြနဲ႔အပ္ၿပီး နင္းခ်ခိုင္းထား ”
” ဟုတ္ကဲ့ဆရာ ”
ျပည့္ၿဖိဳးလည္း ဆရာျဖစ္သူေျပာသည့္အတိုင္း ၎ကေဝေကာင္အား
” မီးစက္မီးေတာက္ဆရာႀကီးမ်ား အဲဒီကေဝေကာင္ကို မီးစက္မီးေတာက္မ်ားအခိုင္အမာခ်ထားၿပီး ခ်ဳပ္ေႏွာင္ထားေပးပါ ”
ထိုသို႔ေျပာလိုက္ရာ ကေဝေကာင္ဝင္အပူးခံေနရေသာ နန္းခမ္းေလာ့၏ လက္မ်ားသည္ ႀကိဳးမ်ားနဲ႔အတုပ္ခံထားရသကဲ့သို႔ ပူးကပ္သြားေလသည္။ ျပည့္ၿဖိဳးလည္း
” ကဲခဗ်ားအခုေတာ့ ဘာတတ္ႏိုင္ေသးလဲ…က်ဳပ္တို႔ကေမတၱာနဲ႔ေျပာရင္ ခဗ်ားဘက္ကလည္းေမတၱာနဲ႔ ျပန္တုန႔္ျပန္ေပးပါ ဒီက ခြန္တေဖကိုျပဳစားထာတဲ့ ခဗ်ားရဲ႕ေျခရာလက္ရာေတြကို အကုန္ျပန္ယူသြားပါ ”
ျပည့္ၿဖိဳးက ထိုသို႔ေျပာလိုက္ရာ နန္းခမ္းေလာ့အား ဝင္ေရာက္ပူးကပ္ေနေသာ ကေဝေကာင္မွ
” မယူႏိုင္ဘူးကြာ လုံးဝမယူႏိုင္ဘူး ဒီေကာင္ကို ငါေသေအာင္သတ္မွာ တစ္ေျမ့ေျမ့ခံစားရၿပီး ေသေအာင္လို႔လုပ္ထားတာ…. ဟား ဟား ”
ထိုအခါ ျပည့္ၿဖိဳးလည္း
” က်ဳပ္တို႔ကေမတၱာနဲ႔ေျပာတာကို ခဗ်ားကလက္မခံေတာ့လည္း ပ႒မံဂိုဏ္းေတာ္ႀကီးအား ေစာင့္ၾကပ္ပါေသာ လက္ယာလက္ဝဲ နတ္ဂုမာၻန္ႀကီးမ်ား အဲဒီကေဝေကာင္ကို မာန္မက်မခ်င္း နင္းခ်ထားေပးပါ ခႏၶာရွင္နန္းခမ္းေလာ့၏အသက္ႏွင့္ခႏၶာအား ထိခိုက္ျခင္းမရွိေစရ ”
ဟုေျပာလိုက္ရာ ကေဝေကာင္၏ဦးေခါင္းသည္ၾကမ္းျပင္ေပၚသို႔ က်လာေလသည္။
ထိုအခါ ျပည့္ၿဖိဳးမွ
” ကဲ ..ခဗ်ားကိုက်ဳပ္ေျပာမယ္ ခဗ်ားဒီမိသားစုကိုျပဳစားထားတာေတြ အကုန္လုံးျပန္ယူသြားပါ ခဗ်ားေခါင္းမမာပါနဲ႔ ေခါင္းမာလို႔ခဗ်ားအတြက္အက်ိဳးမရွိဘူး ”
ထိုသို႔ေျပာလိုက္ရာ ကေဝေကာင္ ဝင္ပူးခံေနရေသာနန္းခမ္းေလာ့မွ
” မယူႏိုင္ဘူးကြာ ဒီေကာင္ကိုငါအေသသတ္မွာ မင္းတို႔ပိုင္နက္ထဲေရာက္ေတာ့ ငါ့ကိုႏွိပ္စက္ထားေပါ့ကြာ ”
” မင္းဘက္က အဲဒီေလာက္ေတာင္ေခါင္းမာေနမွေတာ့ ငါကလည္းလုပ္သင့္တာလုပ္ရေတာ့မွာေပါ့ ”
ဟုေျပာၿပီး ျပည့္ၿဖိဳးလည္း နန္းခမ္းေလာ့အိမ္အတြင္းမွ ေက်ာက္ျပင္တစ္ခ်ပ္အားယူလိုက္ၿပီး ကေဝေကာင္၏အေရွ႕သို႔ခ်လိုက္ကာ
” လက္ဝဲလက္ယာ ဂုမာၻန္ႀကီးမ်ား
ဒီေလာက္ေတာင္ေခါင္းမာတဲ့ ကေဝေကာင္ကို သူ႔ေျခရာလက္ရာျပန္မယူမျခင္း ေက်ာက္ျပင္အား နဖူးျဖင့္ခပ္ျပင္းျပင္းတိုက္ေပးပါ ခႏၶာရွင္အား ထိခိုက္ျခင္းမရွိေစရ ”
ဟုေျပာလိုက္ရာ ကေဝေကာင္ဝင္ပူးခံေနရေသာ နန္းခမ္းေလာ့သည္ နဖူးႏွင့္ေက်ာက္ျပင္အား
” တ..ဒုန္း..ဒုန္း ”
တိုက္ေလသည္။ ( ေဆးကုသရာ၌ တစ္ျခားအထက္လမ္းဂိုဏ္းမ်ားလို႔ အမိန႔္အာဏာမသုံးပါဘူး အထက္ဆရာသခင္မ်ားအား တိုင္တယ္၍သာ ကုသေသာဂိုဏ္းျဖစ္သည္။ )
ထိုသို႔ျဖင့္ ခနၾကာေသာအခါ
” ရပ္ပါေတာ့ဗ်ာ က်ဳပ္ေျခရာလက္ရာေတြ အကုန္ျပန္ယူပါ့မယ္ …က်ဳပ္ခဗ်ားတို႔ကိုမႏိုင္ပါဘူး က်ဳပ္အရႈံးေပးပါတယ္ က်ဳပ္ေခါင္းေတြနာလွပါၿပီ ”
နန္းခမ္းေလာ့အားဝင္ပူးေနေသာ ကေဝေကာင္မွ ထိုသို႔ေျပာရာ
” မင္းေနာက္ေနာင္ ဒီမိသားစုကို ဒုကၡမေပးေတာ့ပါဘူးဆိုတဲ့ သစၥာေရပါေသာက္ရမယ္ ဘယ္လိုလည္း ”
ကြၽန္ေတာ္က ထိုသို႔ဝင္ေျပာလိုက္ရာ
” ေသာက္ပါ့မယ္ဗ်ာ က်ဳပ္ေနာက္ေနာင္ ဒီမိသားစုကို မျပဳစားေတာ့ပါဘူး ”
” ကဲ..ဒါဆိုရင္ျပည့္ၿဖိဳးေရ အဲဒီကေဝေကာင္ကို သူ႔ရဲ႕ေျခယာလက္ရာေတြ အကုန္ျပန္ယူခိုင္းၿပီး သစၥာေရကိုငါ့စမခ်ပ္ထည့္ၿပီး မန္းတိုက္လိုက္ကြာ..ေရာ့ ”
ကြၽန္ေတာ္လည္းျပည့္ၿဖိဳးအား ကြၽန္ေတာ္လြယ္အိတ္ေလးထဲကေန စမခ်ပ္ေလးတစ္ခ်ပ္အားထုတ္၍ ေပးလိုက္ေလသည္။ ျပည့္ၿဖိဳးလည္း ကေဝေကာင္အား စမထည့္၍မန္းထားေသာ သစၥာေရအားတိုက္လိုက္ရာ ၎ကေဝေကာင္သည္လည္း သစၥာေရမန္းမ်ားအား ေသာက္ၿပီးေသာအခါ နန္းခမ္းေလာ့၏ခႏၶာကိုယ္မွ ထြက္ခြာသြားေလသည္။ ကေဝေကာင္မွ ဝင္ေရာက္ပူးကပ္ေနသည္မွာ ၾကာသြားသည္ျဖစ္၍ ပင္ပမ္းကာသတိလစ္သြားသည္ျဖစ္ရာ ကြၽန္ေတာ္လည္းနန္းခမ္းေလာ့၏လက္ေမာင္းအရင္းနားရွိ က်ဥ္ေက်ာအား အသာေလးႏွိပ္လိုက္ရာ
” ကြၽတ္.. ကြၽတ္ ”
ဟူေသာစုတ္သပ္သံႏွင့္အတူ သတိရလာေလသည္။ ထို႔ေနာက္ နန္းခမ္းေလာ့အား
” ညီမ နဖူးေတြ နာေနေသးလား ”
ဟုေမးလိုက္ရာ
” မနာဘူးဆရာေလးရယ္ ဒါနဲ႔ညီမတို႔ကို အခုလိုလုပ္တာ ဘယ္သူလည္းဟင္ ”
” ဘယ္သူလည္းဆိုတာေတာ့ အစ္ကိုတို႔မွာေျပာခြင့္မရွိလို႔ မေျပာေတာ့ဘူး…. ေရာ့..ညီမဒီစမေရမန္းကို ညီမအမ်ိဳးသားကိုတိုက္လိုက္ ”
နန္းခမ္းေလာ့လည္း မင္းေအာင္ေပးေသာ ေရမန္းခြက္အားယူလိုက္ၿပီး လဲေလ်ာင္းေနေသာခြန္တေဖအား တိုက္လိုက္ေလသည္။
” အဟြန္း…ဟြတ္..ဟြတ္ ”
ေရမန္းေသာက္ၿပီးသည္ႏွင့္ေခ်ာင္းဆိုးသံႏွင့္အတူ ခြန္တေဖတစ္ေယာက္ ငုတ္တုတ္ပင္ ထထိုင္ႏိူင္သည္။ မိမိအမ်ိဳးသား ဤကဲ့သို႔ ျပန္ေကာင္းလာသည္ကို နန္းခမ္းေလာ့တစ္ေယာက္ ျမင္လိုက္ရေသာအခါ ဝမ္းသာအားရျဖစ္ကာ ခြန္တေဖအားဖက္ကာ ငိုေႂကြးေလသည္။ မိမိခ်စ္ရပါေသာလူတစ္ေယာက္ ႐ုတ္တရက္နာမက်န္းျဖစ္ၿပီး ႐ုတ္တရက္ျပန္ေကာင္းလာသည္ကို ေတြ႕ႀကဳံလိုက္ရေသာေၾကာင့္ ပတ္ဝန္းက်င္အားေမ့ကာ အားပါးတရဖက္ကာ ငိုေႂကြးေနျခင္းသာျဖစ္ေလသည္။ကြၽန္ေတာ္လည္း နန္းခမ္းေလာ့တို႔မိသားစုအတြက္ ရည္႐ြယ္ကာ စမဖေယာင္းတိုင္တစ္တိုင္အား ေရးဆြဲၿပီး
” ညီမေရ ဒီမွာစမဖေယာင္းတိုင္ …ညၾကရင္ညီမဘုရားစင္မွာ ဒီဖေယာင္းတိုင္ကိုမီးထြန္းၿပီး ဘုရားကိုမီးပူေဇာ္လိုက္ ”
ဟု ေျပာလိုက္ေတာ့မွ နန္းခမ္းေလာ့တစ္ေယာက္လည္း ပတ္ဝန္းက်င္ကိုသတိရကာ ခြန္တေဖကိုဖက္ထားသည့္သူမ၏လက္မ်ားအားဖယ္လိုက္ၿပီးရွက္ဟန္မ်က္ႏွာေပးျဖင့္
” ဆရာေလး ကန္ေတာ့ေနာ္ ”
ဟုေျပာၿပီး ဖေယာင္းတိုင္အား လွမ္းယူေလသည္။ ကြၽန္ေတာ္လည္း ခြန္တေဖအား
” အစ္ကို ေနလို႔ထိုင္လို႔ေကာင္းရဲ႕လား ”
” ဟုတ္ကဲ့ ေကာင္းပါတယ္ဆရာေလး ဒါေပမဲ့အေက်ာေတြ တင္းေနသလိုခံစားရတယ္ ”
” ေအးေပါ့ေလ အစ္ကိုက လနဲ႔ခ်ီၿပီးလဲေလ်ာင္းေနရတာဆိုေတာ့ အေၾကာေတြဆိုင္းၿပီးတင္းေတာင့္ကုန္ၿပီေပါ့ ”
” ဟုတ္မယ္ထင္တယ္ ဆရာေလးေရ ကြၽန္ေတာ့ကို အခုလိုကယ္တင္ေပးတာကို ေက်းဇူးတင္ပါတယ္ဗ်ာ ”
ဟုေျပာၿပီး လက္အုပ္ခ်ီ၍ ကန္ေတာ့ေလသည္။
ကြၽန္ေတာ္လည္း
” ျပည့္ၿဖိဳးေရ မင္းလြယ္အိတ္ထဲက တိုင္းရင္းအမွတ္၂၉ ေဆးကိုထုတ္ၿပီး ဒီကအကိုလူးဖို႔အတြက္ ေပးထားခဲ့လိုက္အုံး ”
” ဟုတ္ကဲ့ဆရာ ”
ျပည့္ၿဖိဳးလည္း မိမိလြယ္အိတ္ထဲကေဆးထုပ္အားယူ၍ ခြန္တေဖအား လိမ္းေပးရန္အတြက္ နန္းခမ္းေလာ့ လက္ထဲသို႔ထည့္ေပးလိုက္ေလသည္။ ထိုအခါ နန္းခမ္းေလာ့မွ
” ဆရာေလး ဒီေဆးကဘာနဲ႔လိမ္းေပးရမွာလည္း ”
ဟု ေမးလိုက္ရာ
” ဒီေဆးက အေၾကာလိမ္းေဆးပဲညီမရဲ႕ ႏွမ္းဆီသို႔မဟုတ္အုန္းဆီနဲ႔ေရာစပ္ၿပီး လူးေပးလိုက္ပါ ညီမအမ်ိဳးသား ရက္ပိုင္းအတြင္း လူေကာင္းပကတိအတိုင္း ျပန္ျဖစ္လာမွာပါ ”
နန္းခမ္းေလာ့တို႔လင္မယားႏွစ္ေယာက္လည္း မိမိတို႔စုေဆာင္းထားေသာ ေငြေၾကးအသျပာမ်ားျဖင့္ မင္းေအာင္တို႔ဆရာတပည့္ႏွစ္ေယာက္အား ကန္ေတာ့ေလသည္။ မင္းေအာင္တို႔လည္း ထိုကန္ေတာ့ေငြမ်ားအား လက္မခံပဲ မိမိတို႔တည္းခိုရာ ဘုန္ႀကီးေက်ာင္းသို႔ပင္ျပန္လာခဲ့ေလသည္။ ျပဳဖြယ္ကိစၥအဝဝၿပီးသြားသည္ႏွင့္ ဆရာေတာ္ဘုရားကိုႏူတ္ဆက္ကဆရာတပည့္ႏွစ္ေယာက္သည္လည္း လုံးဟီး႐ြာေလးမွပင္ ထြက္လာခဲ့ေလသည္။
ကြၽန္ေတာ္ႏွင့္ျပည့္ၿဖိဳးလည္း လုံးဟီး႐ြာေလးက ထြက္လာၿပီးေနာက္ တကဲ့တိုင္းရင္းသားေက်း႐ြာသို႔ေရာက္ေသာအခါ ႐ြာလယ္လမ္းမႀကီးထက္၌
” ငါသာရွင္ဘုရင္ ျဖစ္လိုက္ခ်င္တယ္
ခ်စ္တဲ့သူကို ေတာင္ယာထားလို႔
ေပ်ာ္ေပ်ာ္ပါးပါး စံျမန္းဖို႔ရည္႐ြယ္တယ္
.ေတ့… ေဗတိုးဂ်ီ…ေဗတိုးဂ်ီ..ေဗ.. ေဗ..ဂ်ီ ..ေျဗာင္း ”
ျမန္မာသီခ်င္းအား ပအိုဝ္းသံဝဲဝဲျဖင့္ဆိုေနေသာ အသက္၃၀ ဝန္းက်င္ခန႔္ရွိ အ႐ူးတစ္ေယာက္အား ေတြ႕လိုက္ရေလသည္။
” ဆရာ ဒီအ႐ူးက ”
” ဟုတ္တယ္ျပည့္ၿဖိဳး အဲဒီအ႐ူးကနန္းခမ္းေလာ့တို႔ကိုဒုကၡေပးတဲ့ ကေဝေကာင္ပဲ ”
” ဆရာ ဒီကေဝေကာင္ကဘာျဖစ္လို႔ ႐ူးသြားတာလည္း ”
” ဒီကေဝေကာင္က ကတိသစၥာမတည္ပဲ နန္းခမ္းေလာ့တို႔ကို ဒုကၡေပးဖို႔ ႀကံစည္လို႔ေပါ့ကြာ… ဒီလိုကေဝေကာင္ေတြက ကတိသစၥာေတြကို တန္ဖိုးထားတတ္တဲ့ေကာင္မ်ိဳးေတြ မဟုတ္ဘူး အဲဒါေၾကာင့္ သူေသာက္မဲ့သစၥာေရခြက္ထဲကို သစၥာေဖာက္ရင္ပညာေပ်ာက္ ဆိုတဲ့စမကို ထည့္ခဲ့တာေပါ့ကြာ ”
” ေၾသာ္..အဲဒီလိုကိုး… ဒါနဲ႔ဆရာ နန္းခမ္းေလာ့တို႔ကို ေပးခဲ့တဲ့စမဖေယာင္းတိုင္က ေနာက္ေနာင္ နန္းခမ္းေလာ့တို႔ကို
ဘယ္သူမွဒုကၡမေပးႏိုင္ေအာင္ ကာကြယ္ေပးတဲ့ တန္ျပန္စမဖေယာင္းတိုင္ မဟုတ္လား ”
” ဟုတ္တာေပါ့ကြာ ငါ့တပည့္ျပည့္ၿဖိဳးႀကီးလည္း ေတာ္လာၿပီပဲ ”
” ဟဲ ဟဲ ဆရာေကာင္းတပည့္ ပန္းေကာင္းပန္ေလ ဆရာရ ”
ထို႔ေနာက္ မင္းေအာင္ႏွင့္ျပည့္ၿဖိဳးလည္း ေနရာတစ္ခုစီသို႔ ဦးတည္၍ ထြက္လာခဲ့လိုက္သည္။
# ၿပီး # စာေရးသူ = ပိုင္ေလး (မအူပင္ေျမ )
ဤဇာတ္လမ္းေလးအား ျဖစ္ရပ္မွန္ေလးကိုေက်ာ႐ိုးခံ၍ ေဖာ္က်ဴးေရးသားထားရာ ၿမိဳ႕႐ြာအမည္မ်ား လူအမည္မ်ား တိုက္ဆိုင္ခဲ့ရင္ ဤေနရာကေန ကြၽန္ေတာ္စာေရးသူ ပိုင္ေလးမွ ေတာင္းပန္အပ္ပါသည္ ။
ဤဇာတ္လမ္းေလးအား ျဖစ္ေျမာက္ေအာင္ စာမူစစ္ေပးေသာ အခြန္းႏွင့္ ဇာတ္လမ္းရဲ႕ Logo အားဆြဲေပးပါေသာ ကိုထက္ အားအထူးပင္ေက်းဇူးတင္ရွိပါသည္။
စာဖတ္သူမ်ားအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ