တစ်ဦးမေတ္တာတစ်ဦးမှာ(စ/ဆုံး)

Unicode Version

တစ်ဦးမေတ္တာတစ်ဦးမှာ(စ/ဆုံး)
————————————–
“ညောင် – ညောင်”
“ညောင် – ညောင်”
ကြောင်အော်သံများ ကြားလိုက်ရ
သဖြင့်ဦးခင်လှခြေလှမ်းရပ်သွားခဲ့သည်။ ဦးခင်လှသည် ခြေစုံရပ်ကာ အသံလာ ရာနေရာကို မျက်လုံးဝှေ့ယမ်းရှာကြည့်
လိုက်သည်။
“ညောင် – ညောင် – ညောင် –
ညောင်”
လမ်းဘေးချုံထံမှ အော်သံများ

ကြားနေရခြင်းဖြစ်သည်။ ထို့ကြောင့် ချုံထဲကိုတိုးဝှေ့ကြည့်လိုက်ရာ… “တောကြောင်လေးတွေပါလား- လေးကောင်တောင်မှပဲ”
ထို့ကြောင့်ဦးခင်လှသည်ချုံကိုတိုး ဝှေ့၍ ကြောင်ကလေးများရှိရာသို့ သွား
ခဲ့သည်။ ထိုစဉ် အပုပ်နံ့က နှာခေါင်းထဲ ဝင်လာသဖြင့်ဦးခင်လှကြက်သီးထသွား
တော့သည်။
“ဟာ- ပုပ်စော်နံလိုက်တာ”

ထို့ကြောင့် ဦးခင်လှ ဘေးဘယ် ညာသို့ ဝှေ့ယမ်းကြည့်လိုက်ရာ ကြောင် ကလေးများအနီးမှဖြတ်သွားရာတောထဲ
တွင် ကြောင်မကြီးမှာ ပုပ်ပွသေဆုံးနေ
သည်ကိုတွေ့မြင်လိုက်ရသည်။ကြောင်မ
ကြီးမှာ ပုပ်ပွနေပြီဖြစ်သဖြင့် သေဆုံးခဲ့
သည်မှာ လေးငါးရက်ခန့် ရှိနေပြီဖြစ်
သည်။ ကြောင်ကလေးများ နို့စို့အရွယ်
လေးများဖြစ်၍အစာမရှာနိုင်၊ နို့မစို့ရဖြစ်
နေသဖြင့်ခြေလှမ်းများပင်မှန်မှန်မလှမ်း
နိုင်။ ထို့ ကြောင့် ဦးခင်လှသည် ကြောင်
လိုက်သည်။
ကလေးများကိုကြည့်၍ ရေရွတ်ပြောဆို
“ကြောင်ကလေးတွေဟာဒီအတိုင်း ဆိုရင် အာဟာရပြတ်ပြီး သေသွားနိုင်
တယ်။မသေတာတောင်တခြားတိရစ္ဆာန်
ကြီးတွေရဲ့အစာ ဖြစ်သွားနိုင်တယ်။
ငါကလည်းဒီတောထဲထင်းလာခုတ်တာ
နဲ့သူတို့နဲ့လာတိုးနေတာ။သူတို့ကုသိုလ်
ကံပဲလေ။ သူတို့ကို အိမ်ယူသွားပြီး မွေး
ထားလိုက်မယ်။ သွားနိုင်လာနိုင်ဖြစ်မှ
ဒီတောထဲမှာ ပြန်လာလွှတ်ပေးလိုက်
မယ်”

ထို့နောက် ဦးခင်လှသည် ကြောင်
ကလေး လေးကောင်ကို ပုဆိုးနှင့်ထုပ်
ကာ ခုတ်ဖြတ်ထားသော ထင်းခြောက်
များကို စုစည်းလိုက်သည်။ ပြီးလျှင်
ကြောင်ကလေးများ ထည့်ထားသော ပုဆိုးကိုလွယ်၍ ထင်းစည်းကိုထမ်းကာ ရွာသို့ ပြန်လာခဲ့လေတော့သည်။

ဦးခင်လှသည်တောကြောင်ကလေး
လေးကောင်ကိုပြုစုကုသပေးကာ နွားနို့
တိုက်၍ မွေးခဲ့သည်။ တောကြောင် ကလေးများကို ခက်ခက်ခဲခဲ ကျွေးမွေး ပြုစုကုသလာခဲ့ရာ တစ်ပတ်ခန့်အကြာ တွင် ထူထူထောင်ထောင် ဖြစ်လာခဲ့ကြ
သည်။ တောကြောင်ကလေးများကို
တောထဲတွင် ထင်းခုတ်သွားရာမှ
ကောက်ယူလာခဲ့သဖြင့်“ကောက်ရတစ်၊
ကောက်ရနှစ်၊ကောက်ရသုံး၊ ကောက်ရ
လေး”ဟူ၍ အမည်ပေးခဲ့ သည် ။
“ကောက်ရ”ကလေး လေးကောင်ကို

ရင်နှစ်သည်းချာ သားသမီးများကဲ့သို့
တယုတယ ပြုစုစောင့်ရှောက်ခဲ့သည်။
နှစ်လခန့်အကြာတွင် ကြောင်ကလေး
များမှာ ကျန်းမာဝဖြိုးလာပြီး ပြေးလွှား ဆော့ကစားနိုင်သည်အထိကျန်းမာရေး
ကောင်းမွန်လာခဲ့ကြသည်။
ဦးခင်လှမှာ အားလပ်သည်နှင့် ကြောင်ကလေးများနှင့် အတူရှိနေခဲ့ သည်။“ကောက်ရ”ကလေးလေးကောင်
ကို လိမ္မာလာစေရန် သင်ကြားပြသပေး
ခဲ့သည်။ ထို့ကြောင့် ကောက်ရကလေး
များသည် ကျွမ်းထိုးခိုင်းလျှင် ကျွမ်းထိုး
ပြကြသည်။ ကခိုင်းလျှင် မတ်တတ်ရပ်
ကာလက်နှစ်ဖက်ကိုလှုပ်ကာယမ်းကာ
ကပြကြသည်။ တစ်စုံတစ်ခုကို သွား
ရောက်ယူခိုင်းလျှင်လည်း ယူပေးကြ
သည်။ လယ်ထဲမှ ပြန်လာလျှင် အိမ်ဝမှ
ဆီးကြိုနေတတ်ကြသည်။ အိမ်ပေါ်သို့
အောင်နက်တို့၊ ရန်လုံတို့မှလွဲ၍ အခြား
ခွေးများတက်လာလျှင် လေးကောင် စလုံးဝိုင်း၍အော်ဟစ်ကုတ်ခြစ်ကြတော့
သည်။ ထို့ကြောင့် ဦးခင်လှ၏ အိမ်သို့ အခြားခွေးများမလာရဲကြပေ။ ထို့အပြင်

ကောက်ရကလေးလေးကောင်ကသုတ်
သင် ရှင်းလင်းလိုက်သဖြင့် ကြွက်
အန္တရာယ်လည်း မရှိတော့။ ထို့ကြောင့်
ကောက်ရညီနောင် လေးကောင်မှာ
ဦးခင်လှ၏အချစ်တော်ကလေးများဖြစ်
ရုံမကဘဲ ပတ်ဝန်းကျင်၏ ချစ်ခင်ယုယ
မှုကိုပါခံနေရသည်။ကောက်ရညီနောင်
များတွင် ပတ်ဝန်းကျင်မှ လာရောက်
ကျွေးမွေးနေသော မုန့်ပဲသရေစာများ အလျှံပယ်ဖြစ်နေခဲ့တော့သည်။ ကောက်ရကလေးများမှာ တော
ကြောင်ကလေးများပင်ဖြစ်သော်လည်း
ဦးခင်လှနှင့် ပတ်ဝန်းကျင်ကို ခင်တွယ်
နေကြပြီဖြစ်သည်။ ထို့ကြောင့် တောထဲ
သို့ပြန်လွှတ်ပေးခဲ့သော်လည်း ဦးခင်လှ
နောက်သို့သာပြန်လိုက်လာခဲ့ကြသည်။
ပတ်ဝန်းကျင်မှလည်း ကောက်ရညီ
နောင်ကို တောထဲသို့ ပြန်မသွားစေလို ကြပေ။ထို့ကြောင့်ဦးခင်လှကပင်ဆက်
လက်မွေးမြူထားခဲ့သည်။
တစ်နေ့တွင် ဦးခင်လှသည် အိမ်
သာပေါ်မှအောက်သို့လှမ်းဆင်းလိုက်ရာ မြွေဟောက်တစ်ကောင်၏ ဦးခေါင်းကို

အမှတ်မထင် တက်နင်းမိလိုက်သဖြင့် အော်ဟစ်ကာ လန့်ခုန်လိုက်သည်။ “အမလေးဗျ – လုပ်ကြပါဦး” ဦးခင်လှမှာမြွေဟောက်နှင့် သုံးပေ ခန့်အကွာသို့ရောက်ရှိသွားခဲ့သည်။မြွေ
ဟောက်မှာအိမ်သာအရှေ့မှဖြတ်အသွား
ဦးခင်လှကလည်းအိမ်သာပေါ်မှအဆင်း
တိုက်တိုက်ဆိုင်ဆိုင်ပင် မြွေဟောက်၏
ဦးခေါင်းကိုနင်းမိခဲ့ခြင်းဖြစ်သည်။ ဦးခင် လှမှာစိုးရိမ်ထိတ်လန့်စွာမြွေဟောက်ကို
လှမ်းကြည့်လိုက်ရာထိတ်လန့်တုန်လှုပ်
သွားတော့သည်။ “ဟာ-ဒုက္ခပဲ”
မြွေကြီးမှာ ပါးပျဉ်းထောင်၍ ဦးခင်
လှကိုပေါက်သတ်ရန်မလှုပ်မယှက်ငြိမ် သက်နေသည်။ ဦးခင်လှ လှုပ်ရှားလိုက် သည်နှင့် မြွေဟောက်ကလည်း လှမ်း ပေါက်လိုက်တော့မည်ဖြစ်သည်။အကယ်
၍ မြွေဟောက်လှမ်းပေါက်လိုက်လျှင် ဦးခင်လှမလွတ်နိုင်။ထို့ကြောင့် ဦးခင်လှ မှာ လုံးဝမလှုပ်ရှားရဲပဲ ငြိမ်သက်နေရ သဖြင့်ချွေးသီးချွေးပေါက်များပင်ကျလာ နေတော့သည်။ ထိုစဉ်..

“ဝုန်း”
“ဦး – ဦး- ဂီး- ဂီး – ဦး” “အောင်မလေး-
မြတ်စွာဘုရား” ထိုစဉ်ကောက်ရလေးတစ်ကောင်
က အော်ဟစ်မာန်ဖီကာ မြွေဟောက်၏
ဦးခေါင်းကို ခုန်အုပ်လိုက်သည်။မမျှော် လင့်ဘဲရုတ်တရက်ဖြစ်လာသဖြင့်ဦးခင်
လှ လန့်၍အော်လိုက်ခြင်း ဖြစ်သည်။
“ကောက်ရ”လေးသည် မြွေ၏ ဦးခေါင်း
ကို ဖိကိုက်ထားပြီး ကိုယ်လုံးနှင့် ဖိထား
သဖြင့် လူးလွန့်လိမ်တွန့်ကာ ကောက်ရ
ကလေးကိုကိုယ်လုံးနှင့်ရစ်ပတ်ချီနှောင်
လိုက်သည်။ ထို့ကြောင့် ဦးခင်လှကအိမ်
သားများကို အော်ဟစ်ခေါ်လိုက်သည်။
“လာကြပါဦးဟ – ဒီမှာ ကောက်ရ
လေးသေတော့မယ်”
ထိုစဉ် ကောက်ရလေးသုံးကောင်
ထပ်မံရောက်ရှိလာပြီး အော်ဟစ်မာန် ဖီကာ မြွေဟောက်ကို ပါးစပ်နှင့်ကိုက်၊
လက်သည်းနှင့် ကုတ်ခြစ်ကာ ဝိုင်းအုံ
တိုက်ခိုက်ကြတော့သည်။ အိမ်သားများ
ရောက်ရှိလာကြပြီဖြစ်သော်လည်း မြွေ

ဟောက်နှင့် ကြောင်ကလေး “လေး
ကောင်”မှာ ထွေးလုံးရစ်ပတ် ဖြစ်နေ
သဖြင့် ဦးခင်လှနှင့် အိမ်သားများမှာ
ကောက်ရကလေးလေးကောင်ကိုမကူ
ညီနိုင်ကြပဲသည်အတိုင်း ကြည့်နေခဲ့ကြ
ရသည်။ ခဏအကြာတွင် မြွေဟောက်
တစ်ကိုယ်လုံးမှာပေါက်ပြဲစုတ်ပြတ်ကာ
ဒဏ်ရာများမှ သွေးများယိုစိမ့်ထွက်ကျ
လာကာ ကြောင်ကလေးများမှလည်း
သွေးများနှင့် ပေကျံနေတော့သည်။
(၁၀)မိနစ်ခန့် အကြာတွင် မြွေဟောက်
မှာ ငြိမ်သက်သွားခဲ့ပြီး ကောက်ရလေး
တစ်ကောင်ကို ကိုယ်လုံးနှင့် ရစ်ပတ်ချီ
နှောင်ထားရာမှ ပြေလျှော့သွားခဲ့သည်။
မြွေဟောက်မှာ လုံးဝသေဆုံးသွားခဲ့ပြီ
ဖြစ်သည်။
ထို့ကြောင့် ဦးခင်လှနှင့် အိမ်သား
များသည်ကောက်ရလေးများကိုအပြေး
အလွှား ကောက်ယူကြည် ခဲ့ ကြရာ
ကောက်ရလေး လေးကောင်စလုံးမှာ
ဒဏ်ရာဒဏ်ချက်များ မရရှိခဲ့ကြသဖြင့်
စိတ်သက်သာရာရခဲ့ကြသည်။ထို့ကြောင့်

ဦးခင်လှသည် ကောက်ရလေးများကို တယုတယ ကိုင်တွယ်ရင်း လေးလေး နက်နက် ပြောဆိုလိုက်တော့သည်။
“ငါ့ကို မင်းတို့ အသက်နဲ့လဲပြီးကာ
ကွယ်ပေးခဲ့အတွက် ကျေးဇူးတင်ပါ
တယ်။ ငါ့မှာ မင်းတို့ပေးတဲ့ အသက်ပဲရှိ
ပါတော့တယ်။မင်းတို့ရဲ့ကျေးဇူးသိတတ်
မှုတွေကြောင့် သံသရာအဆက်ဆက် မှာ အပါယ်ဘုံသားတိရစ္ဆာန်ဘဝက လွတ်မြောက်နိုင်ကြပါစေကွယ်”
ဦးခင်လှသည် တောထဲတွင် အစာ ရေစာပြတ်၍သေအံ့ဆဲဆဲအချိန်တွင်
ကောက်ရလေးများ၏အသက်ကိုကယ်
တင်ခဲ့သကဲ့သို့ ကောက်ရလေးများက
လည်းဦးခင်လှမြွေပေါက်ခံရတော့မည့်
ဆဲဆဲတွင် ဦးခင်လှ၏အသက်ကိုကယ်
တင်ခဲ့သဖြင့် မိသားစုမှ ကောက်ရလေး များကို ပို၍ပင် အကြင်နာပိုခဲ့ကြတော့ သည်။ ကြောင်ကလေး လေးကောင်ကို
သားသမီးလေးယောက်ကဲ့သို့ပင်ကျွေး မွေးစောင့်ရှောက်နေခဲ့ကြသည်။ဤသို့
ဖြင့် တစ်လကျော်ကျော်ခန့်အကြာ တစ်
နေ့တွင် ဦးခင်လှသည် အိပ်ရာမှ ထ၍ မျက်နှာသစ်ရန် ရေအိုးနံဘေးတွင် ထိုင် လိုက်သည်။ ထိုစဉ်..
“ရှူး – ရှူး – ရှူး – ရှူး”
တရှူးရှူး မြည်သံကြားနေရသဖြင့် အနောက်ဘက်သို့ လှည့်ကြည့်လိုက်
ရာ
“ဟိုက် – မြတ်စွာဘုရား – ကယ်
တော်မူပါ”
ဦးခင်လှမှာ မြွေနှင့် ရေစက်ပါနေပုံ ရသည်။ ဦးခင်လှနှင့် ငါးပေခန့်အကွာ
တွင် ပါးပျဉ်းထောင်နေသော မြွေ
ဟောက်ကြီးတစ်ကောင်ကို တွေ့လိုက်
ရသဖြင့် ဦးခင်လှ ဘုရားတလိုက်ခြင်း
ဖြစ်သည်။ မြွေဟောက်ကြီးမှာ ပါးပျဉ်း
ထောင်၍ ဦးခင်လှအား ပေါက်ရန် ချိန်
ရွယ်ထားပြီးဖြစ်နေသဖြင့် ဦးခင်လှမှာ
ငုတ်တုတ်ထိုင်နေရာမှ လုံးဝမလှုပ်ရှား
ရဲတော့ပေ။ အနည်းငယ်လှုပ်ရှားလိုက်
လျှင်ပင်မြွေဟောက်ကလှမ်းပေါက်တော့
မည်ဖြစ်သဖြင့် ဦးခင်လှမှာအသက်ပင်

မရှူရဲပဲ တုန်လှုပ်ချောက်ချားနေတော့
သည်။အိမ်သားများမှလည်းတစ်ဦးတစ်
ယောက်မှနိုးမလာကြသေးသဖြင့်ကူညီ
သူမရှိဘဲ မျှော်လင့်ချက် ကင်းမဲ့နေ
သည်။ထို့ကြောင့်စိတ်ထဲမှနေ၍ဓာရဏ
ပရိတ်ကိုသာ တုန်လှုပ်ချောက်ချားစွာ
ရွတ်ဖတ်နေမိသည်။ ထိုစဉ်ရုတ်တရက်
ကြောင်ကလေးနှစ်ကောင် ပြေးထွက်
လာပြီး ပါးပျဉ်းထောင်နေသော မြွေ
ဟောက်၏ပါးပျဉ်းကို အနောက်ဘက်မှ
နေ၍ ပြိုင်တူခုန်အုပ်လိုက်ကြရာ မြွေ
ဟောက်ပါးပျဉ်းမှာ လဲကျသွားတော့
သည်။ ကြောင်ကလေးနှစ်ကောင်မှာ
လည်း မြွေဟောက်ရှေ့တွင် လဲကျသွား
သည်။ ထို့ကြောင့် မြွေဟောက်က လှမ်း
ပေါက်လိုက်သည်။ ကြောင်ကလေး နှစ်
ကောင်မှာ ခုန်ရှောင်လိုက်သဖြင့် မြွေ
ဟောက်အန္တရာယ်မှလွတ်မြောက်သွား
တော့သည်။ မြွေဟောက်မှာ နောက်
တစ်ကြိမ် ထပ်ပေါက်ရန် ပါးပျဉ်းထောင်
လိုက်စဉ်…
“ဦး- ဂီး- ဂီး-ဦး”
ကြောင်ကလေးနှစ်ကောင် မာန်ဖီ
အော်ဟစ်ကာထပ်မံရောက်ရှိလာသဖြင့်

မြွေဟောက်မှာ အသံလာရာဘက်သို့
လှမ်းကြည့်လိုက်သည်။ ထိုစဉ် ကြောင်
ကလေးနှစ်ကောင်မှာ မြွေဟောက်၏
ပါးပျဉ်းကိုပြိုင်တူလှမ်းခုန်အုပ်လိုက်ပြန်
သည်။ မြွေဟောက်မှာ အငိုက်မိသွား
သဖြင့် ဦးခေါင်းစိုက်ကျသွားပြန်သည်။
ကြောင်ကလေး နှစ်ကောင်မှာ မြွေ
ဟောက်၏ဦးခေါင်းကိုကိုက်ခဲကုတ်ခြစ်
ကာ မြေကြီးနှင့် ဖိကပ်ထားကြသည်။
မြွေဟောက်မှာ ကြောင်ကလေးများကို
အမြီးနှင့် ရစ်ပတ်လိမ်ညှစ်ကာ ဆွဲယူ
လိုက်သဖြင့်ကြောင်ကလေးများမှာမြွေ
ဟောက်ကိုကိုက်ခဲနေရာမှလွတ်ထွက်
သွားခဲ့သည်။ ထိုစဉ် ကျန်ရှိနေသော
ကြောင်ကလေးတစ်ကောင်မှာလည်း
မြွေဟောက်ဦးခေါင်းကိုကိုက်ထားရာမှ
လွတ်ထွက်သွားခဲ့သည်။ ထို့ကြောင့်
မြွေဟောက်မှာ ကြောင်ကလေးများကို
အဆက်မပြတ် လိုက်ပေါက်နေရာ
ကြောင်ကလေးများမှာ ခုန်ပျံရှောင်တိမ်း
နေကြရတော့သည်။ ထိုအခါမှ ဦးခင်လှ
မှာ သတိရလာပြီး အိမ်ပေါ်သို့ အပြေး
အလွှားတက်လာကာ အိမ်သားများကို
အော်ဟစ်နှိုးလိုက်တော့သည်။

“ထကြစမ်း- ဟေ့ – ထကြစမ်း။ ဟိုမှာ ကောက်ရလေးတွေနဲ့ မြွေနဲ့ တွေ့ နေကြလို့ – မြန်မြန်ထကြစမ်း” ဦးခင်လှမှာ အော်ဟစ်နှိုးပြီး
ကောက်ရတို့ဆီသို့ တစ်ခါပြန်ပြေးလာ
ခဲ့သည်။ အိမ်သားများမှာလည်းဦးခင်လှ
နောက်သို့ ပြေးလိုက်လာခဲ့ကြသည်။
ဦးခင်လှတို့ ပြန်လည်ရောက်ရှိလာချိန်
တွင်ကြောင်ကလေးများကမြွေဟောက်
ကိုဝိုင်းရံနေကြပြီးမြွေဟောက်မှာလည်း
ကြောင်ကလေးများ၏ အလယ်တွင်
ပါးပျဉ်းကို ဘယ်ညာယိမ်းထိုးကာ ပြန်
လည်တိုက်ခိုက်ရန်ဟန်ပြင်နေသည်ကို
တွေ့ကြရသည်။ ထိုစဉ် ကောက်ရလေး
တစ်ကောင်သည် မြွေဟောက်၏အမြီး
ကို ဝင်ကိုက်လိုက်ရာ မြွေဟောက်က
နောက်ပြန်လှည့်၍ ပေါက်လိုက်သည်။ သို့သော် ကြောင်ကလေးက ခုန်ရှောင် လိုက်သဖြင့် အန္တရာယ်မှ လွတ်မြောက် သွားခဲ့သည်။မြွေဟောက်ကလှမ်းပေါက်
လိုက်စဉ် မြွေကြီးပေါ်သို့ ငိုက်ဆင်းသွား သော မြွေဟောက်၏ ဦးခေါင်းပေါ်သို့ ကြောင်ကလေးတစ်ကောင်က ခုန်အုပ်

ကိုက်ခဲလိုက်သည်။ထိုစဉ်ကျန်နေသော
ကြောင်ကလေးသုံးကောင်ကလည်း
မြွေဟောက်၏ခန္ဓာကိုယ်ပေါ်သို့ပြေးဝင်
ခုန်အုပ်ကိုက်ခဲကုတ်ခြစ်၍တိုက်ခိုက်ကြ
တော့သည်။ ထို့ကြောင့်ကြောင်ကလေး
လေးကောင်နှင့်မြွေဟောက်မှာလုံးထွေး
ရစ်ပတ်ကာ တစ်ဖက်နှင့်တစ်ဖက် ပြင်း
ပြင်းထန်ထန် တိုက်ခိုက်နေကြလေ
တော့သည်။
ဦးခင်လှနှင့်မိသားစုမှာ ကောက်ရ
ညီနောင်နှင့် မြွေဟောက်တို့၏ တိုက်ပွဲ
တွင်ဝင်ရောက်ကူညီရန်အကွက်ချောင်း
နေကြသော်လည်း ရစ်ပတ်လုံးထွေးနေ
ကြသဖြင့်ကူညီရန်အခွင့်မသာခဲ့။ ထိုစဉ်
ပတ်ဝန်းကျင်မှလူများပါရောက်ရှိလာခဲ့
ကြရာ ဦးခင်လှ၏ အိမ်ရှေ့တွင် လူစည်
ကားနေခဲ့သော်လည်း ကောက်ရညီ
နောင်တို့ကို အကူအညီမပေးနိုင်ကြပဲ
ကြည့်၍သာနေခဲ့ကြရသည်။တိုက်ပွဲမှာ
(၁၅)မိနစ်ခန့်အကြာတွင် မြွေဟောက်
မှာ လုံးဝလှုပ်ရှားခြင်း မပြုနိုင်တော့ပဲ
ငြိမ်သက်သွားတော့သည်။ ကောက်ရ
ညီနောင်လေးကောင်သည် ငြိမ်သက်

နေသောမြွေဟောက်ကိုဦးခေါင်း၊ အမြီး၊
ခါးတို့မှပြိုင်တူကိုက်ချီလာကြပြီးလူအုပ်
အတွင်းရှိ သူတို့၏ သခင် ဦးခင်လှ၏
အရှေ့တွင် ချထားလိုက်ကြသည်။
ကောက်ရညီနောင် လေးကောင်စလုံး
မှာပါးစပ်၊ ခြေ၊ လက်နှင့် ခန္ဓာကိုယ်တစ်
ကိုယ်လုံးမှာ သွေးများ ပေကျံနေပြီး မြွေ
ဟောက်မှာလည်း လုံးဝသေဆုံးနေခဲ့ပြီ
ဖြစ်သည်။ ဦးခင်လှနှင့်အတူ ပရိသတ်
များမှာကောက်ရညီနောင်တို့၏လှုပ်ရှား
မှုကို တအံ့တသြ ကြည့်နေခဲ့ကြသည်။
ထိုစဉ်…
“ဟာ-ကြောင်ကလေးတစ်ကောင်
လဲသွားပြီ”
“နောက်တစ်ကောင်လည်းလဲသွား
ပြန်ပြီ”
“လေးကောင်စလုံးလဲကျသွားပြီ”
ကောက်ရညီနောင်တို့မှာရပ်နေရာ
မှတစ်ကောင်ပြီးတစ်ကောင်လဲကျသွား
ခဲ့သဖြင့်အံ့ဩစွာပြောဆိုလိုက်ကြသည်။
ထို့ကြောင့် ဦးခင်လှသည် ကောက်ရ
ညီနောင်လေးကောင်ကို အလျင်အမြန်

ကောက်ယူကြည့်လိုက်သည်။ထို့နောက်
ယူကြုံးမရဖြစ်ကာ မျက်ရည်များ ဝိုင်း
လာပြီးပရိသတ်ကိုဝမ်းနည်းကြေကွဲစွာ
ပြောလိုက်သည်။
“ကျုပ်သားလေးတွေ မြွေကိုက်ခံ
လိုက်ရလို့သေကြရပြီဗျာ”
“ဟာ- ဖြစ်မှဖြစ်ရလေကွာ” “ကောက်ရညီနောင်က ဦးခင်လှ
အစားဝင်ခံသွားခဲ့တာ”
“တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလို
ပေါ့ဗျာ”
“ဦးခင်လှက သူတို့ကို သားသမီး
အရင်းလို စေတနာထားတော့ သူတို့
ကလည်းမိဘအသက်ကိုသူတို့အသက်
နဲ့လဲပြီးကာကွယ်သွားခဲ့ကြတာ”
“ကောက်ရကလေးတွေ ကောင်း
ရာသုဂတိလားပါစေဗျာ”
“ဒီလောက်တောင်ကျေးဇူးသိတတ်
နေတာကောင်းရာမွန်ရာရောက်မှာသေ
ချာတယ်”
ပရိသတ်မှ ဝမ်းနည်းကြေကွဲစွာ
ပြောဆိုနေကြသော်လည်း ဦးခင်လှနား

ထဲသို့မရောက်၊ ဆို့နင့်ကြေကွဲကာမျက်
ရည်များ တသွင်သွင် စီးကျနေတော့
“ဦးလေး- ကောက်ရတို့ညီအစ်ကို
သည်။
ကို ဘယ်လိုလုပ်မလဲ”
တူဖြစ်သူ ကိုသန်းဦးမေးလိုက်မှ
ဦးခင်လှ အသိပြန်ဝင်လာတော့သည်။
ထို့ကြောင့် ဦးခင်လှက အသံတုန်ရီစွာ နှင့် ပြန်ပြောလိုက်တော့သည်။ “သံဃာတော်တွေနဲ့သရဏဂုံတင်
ပြီးမှတို့ခြံထဲမှာပဲမြေမြှုပ်သင်္ဂြိုဟ်ပေးကြ
ပါတော့ကွယ်”
ထို့ကြောင့် ကောက်ရညီနောင်
လေးကောင်ကို ဦးခင်လှဆန္ဒအတိုင်း
သင်္ဂြိုဟ်ရန် စီစဉ်ဆောင်ရွက်ကြလေ
တော့သည်။ ကောက်ရညီနောင်လေး
ကောင်ကိုလူသားများ၏အသုဘကဲ့သို့
စီစဉ်ဆောင်ရွက်ခဲ့သည်။သေတ္တာလေး
လေးခုပြုလုပ်ပြီး ကောက်ရညီနောင်
လေးကောင်ကိုထည့်ကာသုံးရက်ပြည့်မှ
သံဃာတော်များပင့်ဖိတ် သရဏဂုံတင်
ပြီးဦးခင်လှ၏ခြံထဲတွင်မြေမြှုပ်သင်္ဂြိုဟ်
ခဲ့ကြသည်။ကောက်ရညီနောင်အသုဘ
ချသည့်နေ့တွင်လည်းလိုက်ပါပို့ဆောင်

သူများပြားခဲ့သည်။ (၇)ရက်ပြည့်သော အခါ ရက်လည်ဆွမ်းသွတ် တရားနာခဲ့
သည်။ ရက်လည်ဆွမ်းသွတ်တရားနာ
စဉ်ဆရာတော်မှဦးခင်လှနှင့်ကောက်ရ
ညီနောင်တို့ကို ဥပမာပေး၍ မေတ္တာ
စေတနာအကြောင်း ဟောပြောခဲ့
သည်။
“မေတ္တာဆိုတာ တုံ့ပြန်တတ်တဲ့
သဘောရှိတယ်။စေတနာဆိုတာလည်း
ရောင်ပြန်ဟပ်လေ့ရှိတယ်။ စေတနာဆို
တာမေတ္တာကိုအခြေခံပြီးဖြစ်ပေါ်လာခဲ့
တာ။ဒါကြောင့်- မေတ္တာသာအရင်းခံဖြစ်
တယ်။ မေတ္တာနဲ့ပြည့်စုံရင် စေတနာ
လည်း ပြည့်စုံပြီး ဖြစ်တယ်။ မေတ္တာ
စေတနာဆိုတာ ထားတဲ့လူကို ပြန်ပြီး
ရောင်ပြန်ဟပ်တယ်။ ဒကာကြီးဦးခင်လှ
ရဲ့အသက်ကိုကောက်ရကယ်ခဲ့တာတစ်
ကြိမ်တစ်ခါထဲမဟုတ်ဘူး။နှစ်ကြိမ်နှစ်ခါ၊
တစ်ကြိမ်တစ်ခါတည်းဆိုရင်တော့တိုက်
ဆိုင်မှုလို့ ပြောရင်ဖြစ်တယ်။ နှစ်ကြိမ်
နှစ်ခါဆိုတော့တိုက်ဆိုင်မှုမဟုတ်တော့
ဘူး။ ထူးခြားမှုဖြစ်လာပြီး ဘာလို့ထူးခြား မှုဖြစ်လာတာလဲဆိုတော့မေတ္တာကြောင့် ထူးခြားမှုတွေ ဖြစ်လာရတာ။ကောက်ရ

ညီနောင်အပေါ်မှာ ဒကာကြီး ဦးခင်လှ က မေတ္တာထားတယ်။ မေတ္တာရှိတော့
စေတနာရှိတယ်။ အဲဒီမေတ္တာ စေတနာ တွေရဲ့ ရောင်ပြန်ဟပ်မှု၊ တုံ့ပြန်မှုတွေ
ကြောင့် ကောက်ရညီနောင်ဟာ ဒကာ
ကြီးဦးခင်လှရဲ့အသက်ကိုသူတို့အသက်
နဲ့လဲပြီး ကာကွယ်ခဲ့တာပဲ။ ဒါကြောင့် –
မေတ္တာစေတနာဆိုတာ လူသားအချင်း
ချင်းအပေါ်မှာမဆိုထားနဲ့၊ တိရစ္ဆာန်တွေ
ပေါ်မှာ ထားနိုင်ခဲ့ရင်တောင် ရောင်ပြန်
ဟပ်မှု အကျိုးသက်ရောက်မှု ရှိပါတယ်။
ဒါကြောင့် – ဘုန်းကြီးတို့ရဲ့ဒကာ၊ ဒကာမ
တွေတစ်ဦးပေါ်တစ်ဦးမေတ္တာမပျက်ကြ ပါနဲ့၊ မေတ္တာထားနိုင်ကြပါစေ”
“တစ်ဦးမေတ္တာတစ်ဦးမှာတည်နိုင်
ကြပါစေ”
ထို့နောက်ရေစက်ချကာကောက်ရ
ညီနှောင်နှင့်တကွ ကြားကြားသမျှကို
အမျှပေးဝေခဲ့ကြသည်။ ဤသို့ဖြင့်
ကောက်ရညီနောင်တို့၏ ဘဝနိဂုံးမှာ
အဆုံးသတ်သွားခဲ့တော့သည်။

“အို – ဖခင်”
ခေါ်သံကြားလိုက်သဖြင့် ဦးခင်လှ
လှည့်ကြည့်လိုက်သည်။
သစ်လွင်
တောက်ပစွာ ဝတ်ဆင်ထားသော လူ
ရွယ်လေးယောက်ကို တွေ့ မြင်လိုက်ရ
သည်။ ထိုစဉ် လူရွယ်တစ်ယောက်က
ပြောလိုက်သည်။
“ကျွန်တော်တို့က ဖခင်ရဲ့သားတွေ
လေ”
“မောင်ရင်တို့ကကျုပ်ရဲ့သားတွေ”
ဦးခင်လှက ရေရွတ်ပြောဆိုလိုက် သည်။ ထို့ကြောင့် လူရွယ်တစ်ယောက်
က ရယ်ပြုံးပြီး ပြောလိုက်ပြန်သည်။
“ဟုတ်ပါတယ် – ကျွန်တော်တို့က
ဖခင်ရဲ့သားလေးယောက်ပါ။ ကျွန်တော်
ကကောက်ရတစ်၊ သူကကောက်ရနှစ်၊
ဟိုတစ်ယောက်က ကောက်ရသုံး၊ ကျန် တစ်ယောက်က ကောက်ရလေး” “ကောက်ရတစ်၊ နှစ်၊ သုံးလေးဆို
တော့ ကျုပ်ရဲ့ကြောင်ကလေးတွေပါ။
အခု- သူတို့ သေသွားခဲ့ကြပြီ” “ဟုတ်ပါတယ်။ သားတို့ညီနောင် ဟာ ဖခင်ရဲ့အသက်အန္တရာယ်ကို သား

တို့ရဲ့အသက်နဲ့လဲပြီး ကာကွယ်ကျေးဇူး ပြုခဲ့ကြတယ်။ အဲဒီလိုကျေးဇူးဆပ်ခွင့်ရ
လို့ သားတို့ဝမ်းသာပီတိဖြစ်ကြရတယ်။
အဲဒီပီတိစိတ်နဲ့ သေဆုံးခဲ့ရတဲ့အတွက်
သားတို့ကိုအခုလိုတွေ့မြင်နေရတာပါ –
ဖခင်”
လူရွယ်တစ်ဦးက ရှင်းလင်းပြောပြ
လိုက်သဖြင့် ဦးခင်လှ အံ့ဩသွားခဲ့ရ သည်။ ထို့ကြောင့် ရေရွတ်ပြောဆိုလိုက်
သည်။
“ဒါဆို – ကောက်ရညီနောင်တို့
ကောင်းရာမွန်ရာ ရောက်နေကြတာ
“ဟုတ်ပါတယ်။ ဖခင်ပေးပို့တဲ့အမျှ
ပေါ့”
ကိုလည်း ကျွန်တော်တို့ သာဓုခေါ်နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ ဖခင် ဖြစ်စေချင် သလို အပါယ်ဘုံသားတိရစ္ဆာန် ဘဝ
ကလည်း လွတ်မြောက်ခဲ့ကြပါပြီ။ ကျွန်
တော်တို့အတွက်နဲ့ ဖခင်ပူဆွေးနေမှာ
စိုးရိမ်လို့ဖခင်ဝမ်းသာရအောင်လာပြော
တာပါ။ ကျွန်တော်တို့အတွက် ဝမ်းသာ
ပါတော့ – ဖခင်”
“အေး – အေး – ဝမ်းသာသကွယ်-
ဝမ်းသာတယ်-ဝမ်းသာလိုက်တာ”

“ကိုခင်လှ – ကိုခင်လှ – ဘာတွေ ယောင်ပြီးအော်နေတာလဲ”
“အေး- ဝမ်းသားပါတယ်ကွယ် – ဝမ်းသာတယ် – ဝမ်းသာလိုက်တာ”
“ကိုခင်လှ – ကိုခင်လှ – ဘာတွေ
ယောင်ပြီးအော်နေတာလဲ”
နံဘေးတွင် အိပ်နေသော ဇနီးဖြစ် သူက လှုပ်ခါယမ်းနှိုးလိုက်သဖြင့် ဦးခင်
လှ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့ ကြောင့်ဇနီးဖြစ်သူကပြောလိုက်သည်။
“တော် – ဝမ်းသာလိုက်တာ – ဝမ်း သာလိုက်တာနဲ့ယောင်ပြီးအော်နေတာ။
ဘာဖြစ်တာလဲ – အိပ်မက်မက်နေတာ
လား”
“အိပ်မက်”
ဦးခင်လှက “အိပ်မက်”ဟု ရေရွတ်
ပြောဆိုလိုက်သည်။ ထို့ကြောင့် ဇနီးဖြစ်
သူမှာ စိတ်မရှည်နိုင်ဘဲ အော်ဟစ်ပြော
လိုက်တော့သည်။
“တော် – အိပ်မက်မက်နေတာလား
လို့မေးနေတာ”
ဇနီးဖြစ်သူ၏ အော်ဟစ်ပြောဆိုမှု
ကြောင့်အိမ်သားများနိုးလာကာဝိုင်းအုံ
လာခဲ့ကြတော့သည်။ထိုအခါမှဦးခင်လှ

မှာ သူ့အိပ်မက်အကြောင်းကို သူ ပြန် စဉ်းစားမိတော့သည်။ ထို့ကြောင့်မိသား စုကိုပြောလိုက်သည်။
“ကောက်ရညီနောင်လေးကောင်
စလုံး ကောင်းရာမွန်ရာ ရောက်သွားကြ
ပြီဟ။ အခု – ငါ့ကို အိပ်မက်ပေးလို့ ငါ ဝမ်းသာပြီးအော်နေတာ”
ထို့ကြောင့် ဇနီးဖြစ်သူက အားရ
ဝမ်းသာမေးလိုက်သည်။
“ဟုတ်လား- သူတို့ ဘယ်ဘုံဌာန
ကိုရောက်သွားကြလဲ”
“အဲဒါတော့ ငါမသိဘူး၊ မေးလည်း မမေးလိုက်မိဘူး။ သူတို့ဝတ်စားထား
တာတော့ တောက်တောက်ပြောင်
ပြောင်ပဲ။ အပါယ်ဘုံက လွတ်သွားပြီလို့
လည်း ပြောတယ်။ အပါယ်ဘုံက လွတ်
ပြီဆိုတော့ ကောင်းတဲ့ဘုံဌာနပဲ ဖြစ်မှာ
ပေါ့ဟယ်”
ထို့နောက် မိသားစုကို အိပ်မက်
အကြောင်း ပြောပြလိုက်ရာ မိသားစု

မှာလည်း ဝမ်းသာကြည်နူးဖြစ်ခဲ့ကြရ
သည်။ထို့နောက်ဦးခင်လှကပြောလိုက်
သည်။
“ကဲ-ကဲ-ပြန်အိပ်ကြတော့။မနက်
ကျရင် ရွာထဲကလူတွေလည်း ဝမ်းသာ
ရအောင်လျှောက်ပြောရဦးမယ်”
ထို့ကြောင့်မိသားစုအိပ်ရာဝင်ခဲ့ကြ
တော့သည်။
နောက်တစ်နေ့တွင် ဦးခင်လှနှင့်
မိသားစုမှကောက်ရညီနောင်ကောင်းရာ
မွန်ရာရောက်နေကြပြီဖြစ်ကြောင်း၊ အိပ်
မက်အကြောင်းကို ပြောပြခဲ့ကြရာ ပတ်
ဝန်းကျင်မှာလည်းဝမ်းသာပီတိဖြစ်ခဲ့ကြ
ရသည်။ ထိုသို့ဦးခင်လှမှ သူ၏အိပ်မက်
အကြောင်းကို ဝမ်းသာအားရ ပြောလို့
မဆုံးဖြစ်နေသကဲ့သို့ပင် ဦးခင်လှနှင့်
ကောက်ရညီနောင်တို့၏တစ်ဦးမေတ္တာ
တစ်ဦးမှာ ရောင်ပြန်ဟပ်မှုများကိုလည်း
ယခုတိုင်မရိုးနိုင်သောပုံပြင်တစ်ပုဒ်ပမာ ပြောဆိုနေကြဆဲပင် ဖြစ်သည်။

Zawgyi Version

တစ္ဦးေမတၱာတစ္ဦးမွာ(စ/ဆုံး)
————————————–
“ေညာင္ – ေညာင္”
“ေညာင္ – ေညာင္”
ေၾကာင္ေအာ္သံမ်ား ၾကားလိုက္ရ
သျဖင့္ဦးခင္လွေျခလွမ္းရပ္သြားခဲ့သည္။ ဦးခင္လွသည္ ေျခစုံရပ္ကာ အသံလာ ရာေနရာကို မ်က္လုံးေဝွ႔ယမ္းရွာၾကည့္
လိုက္သည္။
“ေညာင္ – ေညာင္ – ေညာင္ –
ေညာင္”
လမ္းေဘးခ်ဳံထံမွ ေအာ္သံမ်ား

ၾကားေနရျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ခ်ဳံထဲကိုတိုးေဝွ႔ၾကည့္လိုက္ရာ… “ေတာေၾကာင္ေလးေတြပါလား- ေလးေကာင္ေတာင္မွပဲ”
ထို႔ေၾကာင့္ဦးခင္လွသည္ခ်ဳံကိုတိုး ေဝွ႔၍ ေၾကာင္ကေလးမ်ားရွိရာသို႔ သြား
ခဲ့သည္။ ထိုစဥ္ အပုပ္နံ႔က ႏွာေခါင္းထဲ ဝင္လာသျဖင့္ဦးခင္လွၾကက္သီးထသြား
ေတာ့သည္။
“ဟာ- ပုပ္ေစာ္နံလိုက္တာ”

ထို႔ေၾကာင့္ ဦးခင္လွ ေဘးဘယ္ ညာသို႔ ေဝွ႔ယမ္းၾကည့္လိုက္ရာ ေၾကာင္ ကေလးမ်ားအနီးမွျဖတ္သြားရာေတာထဲ
တြင္ ေၾကာင္မႀကီးမွာ ပုပ္ပြေသဆုံးေန
သည္ကိုေတြ႕ျမင္လိုက္ရသည္။ေၾကာင္မ
ႀကီးမွာ ပုပ္ပြေနၿပီျဖစ္သျဖင့္ ေသဆုံးခဲ့
သည္မွာ ေလးငါးရက္ခန႔္ ရွိေနၿပီျဖစ္
သည္။ ေၾကာင္ကေလးမ်ား ႏို႔စို႔အ႐ြယ္
ေလးမ်ားျဖစ္၍အစာမရွာႏိုင္၊ ႏို႔မစို႔ရျဖစ္
ေနသျဖင့္ေျခလွမ္းမ်ားပင္မွန္မွန္မလွမ္း
ႏိုင္။ ထို႔ ေၾကာင့္ ဦးခင္လွသည္ ေၾကာင္
လိုက္သည္။
ကေလးမ်ားကိုၾကည့္၍ ေရ႐ြတ္ေျပာဆို
“ေၾကာင္ကေလးေတြဟာဒီအတိုင္း ဆိုရင္ အာဟာရျပတ္ၿပီး ေသသြားႏိုင္
တယ္။မေသတာေတာင္တျခားတိရစာၦန္
ႀကီးေတြရဲ႕အစာ ျဖစ္သြားႏိုင္တယ္။
ငါကလည္းဒီေတာထဲထင္းလာခုတ္တာ
နဲ႔သူတို႔နဲ႔လာတိုးေနတာ။သူတို႔ကုသိုလ္
ကံပဲေလ။ သူတို႔ကို အိမ္ယူသြားၿပီး ေမြး
ထားလိုက္မယ္။ သြားႏိုင္လာႏိုင္ျဖစ္မွ
ဒီေတာထဲမွာ ျပန္လာလႊတ္ေပးလိုက္
မယ္”

ထို႔ေနာက္ ဦးခင္လွသည္ ေၾကာင္
ကေလး ေလးေကာင္ကို ပုဆိုးႏွင့္ထုပ္
ကာ ခုတ္ျဖတ္ထားေသာ ထင္းေျခာက္
မ်ားကို စုစည္းလိုက္သည္။ ၿပီးလွ်င္
ေၾကာင္ကေလးမ်ား ထည့္ထားေသာ ပုဆိုးကိုလြယ္၍ ထင္းစည္းကိုထမ္းကာ ႐ြာသို႔ ျပန္လာခဲ့ေလေတာ့သည္။

ဦးခင္လွသည္ေတာေၾကာင္ကေလး
ေလးေကာင္ကိုျပဳစုကုသေပးကာ ႏြားႏို႔
တိုက္၍ ေမြးခဲ့သည္။ ေတာေၾကာင္ ကေလးမ်ားကို ခက္ခက္ခဲခဲ ေကြၽးေမြး ျပဳစုကုသလာခဲ့ရာ တစ္ပတ္ခန႔္အၾကာ တြင္ ထူထူေထာင္ေထာင္ ျဖစ္လာခဲ့ၾက
သည္။ ေတာေၾကာင္ကေလးမ်ားကို
ေတာထဲတြင္ ထင္းခုတ္သြားရာမွ
ေကာက္ယူလာခဲ့သျဖင့္“ေကာက္ရတစ္၊
ေကာက္ရႏွစ္၊ေကာက္ရသုံး၊ ေကာက္ရ
ေလး”ဟူ၍ အမည္ေပးခဲ့ သည္ ။
“ေကာက္ရ”ကေလး ေလးေကာင္ကို

ရင္ႏွစ္သည္းခ်ာ သားသမီးမ်ားကဲ့သို႔
တယုတယ ျပဳစုေစာင့္ေရွာက္ခဲ့သည္။
ႏွစ္လခန႔္အၾကာတြင္ ေၾကာင္ကေလး
မ်ားမွာ က်န္းမာဝၿဖိဳးလာၿပီး ေျပးလႊား ေဆာ့ကစားႏိုင္သည္အထိက်န္းမာေရး
ေကာင္းမြန္လာခဲ့ၾကသည္။
ဦးခင္လွမွာ အားလပ္သည္ႏွင့္ ေၾကာင္ကေလးမ်ားႏွင့္ အတူရွိေနခဲ့ သည္။“ေကာက္ရ”ကေလးေလးေကာင္
ကို လိမၼာလာေစရန္ သင္ၾကားျပသေပး
ခဲ့သည္။ ထို႔ေၾကာင့္ ေကာက္ရကေလး
မ်ားသည္ ကြၽမ္းထိုးခိုင္းလွ်င္ ကြၽမ္းထိုး
ျပၾကသည္။ ကခိုင္းလွ်င္ မတ္တတ္ရပ္
ကာလက္ႏွစ္ဖက္ကိုလႈပ္ကာယမ္းကာ
ကျပၾကသည္။ တစ္စုံတစ္ခုကို သြား
ေရာက္ယူခိုင္းလွ်င္လည္း ယူေပးၾက
သည္။ လယ္ထဲမွ ျပန္လာလွ်င္ အိမ္ဝမွ
ဆီးႀကိဳေနတတ္ၾကသည္။ အိမ္ေပၚသို႔
ေအာင္နက္တို႔၊ ရန္လုံတို႔မွလြဲ၍ အျခား
ေခြးမ်ားတက္လာလွ်င္ ေလးေကာင္ စလုံးဝိုင္း၍ေအာ္ဟစ္ကုတ္ျခစ္ၾကေတာ့
သည္။ ထို႔ေၾကာင့္ ဦးခင္လွ၏ အိမ္သို႔ အျခားေခြးမ်ားမလာရဲၾကေပ။ ထို႔အျပင္

ေကာက္ရကေလးေလးေကာင္ကသုတ္
သင္ ရွင္းလင္းလိုက္သျဖင့္ ႂကြက္
အႏၲရာယ္လည္း မရွိေတာ့။ ထို႔ေၾကာင့္
ေကာက္ရညီေနာင္ ေလးေကာင္မွာ
ဦးခင္လွ၏အခ်စ္ေတာ္ကေလးမ်ားျဖစ္
႐ုံမကဘဲ ပတ္ဝန္းက်င္၏ ခ်စ္ခင္ယုယ
မႈကိုပါခံေနရသည္။ေကာက္ရညီေနာင္
မ်ားတြင္ ပတ္ဝန္းက်င္မွ လာေရာက္
ေကြၽးေမြးေနေသာ မုန႔္ပဲသေရစာမ်ား အလွ်ံပယ္ျဖစ္ေနခဲ့ေတာ့သည္။ ေကာက္ရကေလးမ်ားမွာ ေတာ
ေၾကာင္ကေလးမ်ားပင္ျဖစ္ေသာ္လည္း
ဦးခင္လွႏွင့္ ပတ္ဝန္းက်င္ကို ခင္တြယ္
ေနၾကၿပီျဖစ္သည္။ ထို႔ေၾကာင့္ ေတာထဲ
သို႔ျပန္လႊတ္ေပးခဲ့ေသာ္လည္း ဦးခင္လွ
ေနာက္သို႔သာျပန္လိုက္လာခဲ့ၾကသည္။
ပတ္ဝန္းက်င္မွလည္း ေကာက္ရညီ
ေနာင္ကို ေတာထဲသို႔ ျပန္မသြားေစလို ၾကေပ။ထို႔ေၾကာင့္ဦးခင္လွကပင္ဆက္
လက္ေမြးျမဴထားခဲ့သည္။
တစ္ေန႔တြင္ ဦးခင္လွသည္ အိမ္
သာေပၚမွေအာက္သို႔လွမ္းဆင္းလိုက္ရာ ေႁမြေဟာက္တစ္ေကာင္၏ ဦးေခါင္းကို

အမွတ္မထင္ တက္နင္းမိလိုက္သျဖင့္ ေအာ္ဟစ္ကာ လန႔္ခုန္လိုက္သည္။ “အမေလးဗ် – လုပ္ၾကပါဦး” ဦးခင္လွမွာေႁမြေဟာက္ႏွင့္ သုံးေပ ခန႔္အကြာသို႔ေရာက္ရွိသြားခဲ့သည္။ေႁမြ
ေဟာက္မွာအိမ္သာအေရွ႕မွျဖတ္အသြား
ဦးခင္လွကလည္းအိမ္သာေပၚမွအဆင္း
တိုက္တိုက္ဆိုင္ဆိုင္ပင္ ေႁမြေဟာက္၏
ဦးေခါင္းကိုနင္းမိခဲ့ျခင္းျဖစ္သည္။ ဦးခင္ လွမွာစိုးရိမ္ထိတ္လန႔္စြာေႁမြေဟာက္ကို
လွမ္းၾကည့္လိုက္ရာထိတ္လန႔္တုန္လႈပ္
သြားေတာ့သည္။ “ဟာ-ဒုကၡပဲ”
ေႁမြႀကီးမွာ ပါးပ်ဥ္းေထာင္၍ ဦးခင္
လွကိုေပါက္သတ္ရန္မလႈပ္မယွက္ၿငိမ္ သက္ေနသည္။ ဦးခင္လွ လႈပ္ရွားလိုက္ သည္ႏွင့္ ေႁမြေဟာက္ကလည္း လွမ္း ေပါက္လိုက္ေတာ့မည္ျဖစ္သည္။အကယ္
၍ ေႁမြေဟာက္လွမ္းေပါက္လိုက္လွ်င္ ဦးခင္လွမလြတ္ႏိုင္။ထို႔ေၾကာင့္ ဦးခင္လွ မွာ လုံးဝမလႈပ္ရွားရဲပဲ ၿငိမ္သက္ေနရ သျဖင့္ေခြၽးသီးေခြၽးေပါက္မ်ားပင္က်လာ ေနေတာ့သည္။ ထိုစဥ္..

“ဝုန္း”
“ဦး – ဦး- ဂီး- ဂီး – ဦး” “ေအာင္မေလး-
ျမတ္စြာဘုရား” ထိုစဥ္ေကာက္ရေလးတစ္ေကာင္
က ေအာ္ဟစ္မာန္ဖီကာ ေႁမြေဟာက္၏
ဦးေခါင္းကို ခုန္အုပ္လိုက္သည္။မေမွ်ာ္ လင့္ဘဲ႐ုတ္တရက္ျဖစ္လာသျဖင့္ဦးခင္
လွ လန႔္၍ေအာ္လိုက္ျခင္း ျဖစ္သည္။
“ေကာက္ရ”ေလးသည္ ေႁမြ၏ ဦးေခါင္း
ကို ဖိကိုက္ထားၿပီး ကိုယ္လုံးႏွင့္ ဖိထား
သျဖင့္ လူးလြန႔္လိမ္တြန႔္ကာ ေကာက္ရ
ကေလးကိုကိုယ္လုံးႏွင့္ရစ္ပတ္ခ်ီေႏွာင္
လိုက္သည္။ ထို႔ေၾကာင့္ ဦးခင္လွကအိမ္
သားမ်ားကို ေအာ္ဟစ္ေခၚလိုက္သည္။
“လာၾကပါဦးဟ – ဒီမွာ ေကာက္ရ
ေလးေသေတာ့မယ္”
ထိုစဥ္ ေကာက္ရေလးသုံးေကာင္
ထပ္မံေရာက္ရွိလာၿပီး ေအာ္ဟစ္မာန္ ဖီကာ ေႁမြေဟာက္ကို ပါးစပ္ႏွင့္ကိုက္၊
လက္သည္းႏွင့္ ကုတ္ျခစ္ကာ ဝိုင္းအုံ
တိုက္ခိုက္ၾကေတာ့သည္။ အိမ္သားမ်ား
ေရာက္ရွိလာၾကၿပီျဖစ္ေသာ္လည္း ေႁမြ

ေဟာက္ႏွင့္ ေၾကာင္ကေလး “ေလး
ေကာင္”မွာ ေထြးလုံးရစ္ပတ္ ျဖစ္ေန
သျဖင့္ ဦးခင္လွႏွင့္ အိမ္သားမ်ားမွာ
ေကာက္ရကေလးေလးေကာင္ကိုမကူ
ညီႏိုင္ၾကပဲသည္အတိုင္း ၾကည့္ေနခဲ့ၾက
ရသည္။ ခဏအၾကာတြင္ ေႁမြေဟာက္
တစ္ကိုယ္လုံးမွာေပါက္ၿပဲစုတ္ျပတ္ကာ
ဒဏ္ရာမ်ားမွ ေသြးမ်ားယိုစိမ့္ထြက္က်
လာကာ ေၾကာင္ကေလးမ်ားမွလည္း
ေသြးမ်ားႏွင့္ ေပက်ံေနေတာ့သည္။
(၁၀)မိနစ္ခန႔္ အၾကာတြင္ ေႁမြေဟာက္
မွာ ၿငိမ္သက္သြားခဲ့ၿပီး ေကာက္ရေလး
တစ္ေကာင္ကို ကိုယ္လုံးႏွင့္ ရစ္ပတ္ခ်ီ
ေႏွာင္ထားရာမွ ေျပေလွ်ာ့သြားခဲ့သည္။
ေႁမြေဟာက္မွာ လုံးဝေသဆုံးသြားခဲ့ၿပီ
ျဖစ္သည္။
ထို႔ေၾကာင့္ ဦးခင္လွႏွင့္ အိမ္သား
မ်ားသည္ေကာက္ရေလးမ်ားကိုအေျပး
အလႊား ေကာက္ယူၾကည္ ခဲ့ ၾကရာ
ေကာက္ရေလး ေလးေကာင္စလုံးမွာ
ဒဏ္ရာဒဏ္ခ်က္မ်ား မရရွိခဲ့ၾကသျဖင့္
စိတ္သက္သာရာရခဲ့ၾကသည္။ထို႔ေၾကာင့္

ဦးခင္လွသည္ ေကာက္ရေလးမ်ားကို တယုတယ ကိုင္တြယ္ရင္း ေလးေလး နက္နက္ ေျပာဆိုလိုက္ေတာ့သည္။
“ငါ့ကို မင္းတို႔ အသက္နဲ႔လဲၿပီးကာ
ကြယ္ေပးခဲ့အတြက္ ေက်းဇူးတင္ပါ
တယ္။ ငါ့မွာ မင္းတို႔ေပးတဲ့ အသက္ပဲရွိ
ပါေတာ့တယ္။မင္းတို႔ရဲ႕ေက်းဇူးသိတတ္
မႈေတြေၾကာင့္ သံသရာအဆက္ဆက္ မွာ အပါယ္ဘုံသားတိရစာၦန္ဘဝက လြတ္ေျမာက္ႏိုင္ၾကပါေစကြယ္”
ဦးခင္လွသည္ ေတာထဲတြင္ အစာ ေရစာျပတ္၍ေသအံ့ဆဲဆဲအခ်ိန္တြင္
ေကာက္ရေလးမ်ား၏အသက္ကိုကယ္
တင္ခဲ့သကဲ့သို႔ ေကာက္ရေလးမ်ားက
လည္းဦးခင္လွေႁမြေပါက္ခံရေတာ့မည့္
ဆဲဆဲတြင္ ဦးခင္လွ၏အသက္ကိုကယ္
တင္ခဲ့သျဖင့္ မိသားစုမွ ေကာက္ရေလး မ်ားကို ပို၍ပင္ အၾကင္နာပိုခဲ့ၾကေတာ့ သည္။ ေၾကာင္ကေလး ေလးေကာင္ကို
သားသမီးေလးေယာက္ကဲ့သို႔ပင္ေကြၽး ေမြးေစာင့္ေရွာက္ေနခဲ့ၾကသည္။ဤသို႔
ျဖင့္ တစ္လေက်ာ္ေက်ာ္ခန႔္အၾကာ တစ္
ေန႔တြင္ ဦးခင္လွသည္ အိပ္ရာမွ ထ၍ မ်က္ႏွာသစ္ရန္ ေရအိုးနံေဘးတြင္ ထိုင္ လိုက္သည္။ ထိုစဥ္..
“ရႉး – ရႉး – ရႉး – ရႉး”
တရႉးရႉး ျမည္သံၾကားေနရသျဖင့္ အေနာက္ဘက္သို႔ လွည့္ၾကည့္လိုက္
ရာ
“ဟိုက္ – ျမတ္စြာဘုရား – ကယ္
ေတာ္မူပါ”
ဦးခင္လွမွာ ေႁမြႏွင့္ ေရစက္ပါေနပုံ ရသည္။ ဦးခင္လွႏွင့္ ငါးေပခန႔္အကြာ
တြင္ ပါးပ်ဥ္းေထာင္ေနေသာ ေႁမြ
ေဟာက္ႀကီးတစ္ေကာင္ကို ေတြ႕လိုက္
ရသျဖင့္ ဦးခင္လွ ဘုရားတလိုက္ျခင္း
ျဖစ္သည္။ ေႁမြေဟာက္ႀကီးမွာ ပါးပ်ဥ္း
ေထာင္၍ ဦးခင္လွအား ေပါက္ရန္ ခ်ိန္
႐ြယ္ထားၿပီးျဖစ္ေနသျဖင့္ ဦးခင္လွမွာ
ငုတ္တုတ္ထိုင္ေနရာမွ လုံးဝမလႈပ္ရွား
ရဲေတာ့ေပ။ အနည္းငယ္လႈပ္ရွားလိုက္
လွ်င္ပင္ေႁမြေဟာက္ကလွမ္းေပါက္ေတာ့
မည္ျဖစ္သျဖင့္ ဦးခင္လွမွာအသက္ပင္

မရႉရဲပဲ တုန္လႈပ္ေခ်ာက္ခ်ားေနေတာ့
သည္။အိမ္သားမ်ားမွလည္းတစ္ဦးတစ္
ေယာက္မွႏိုးမလာၾကေသးသျဖင့္ကူညီ
သူမရွိဘဲ ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေန
သည္။ထို႔ေၾကာင့္စိတ္ထဲမွေန၍ဓာရဏ
ပရိတ္ကိုသာ တုန္လႈပ္ေခ်ာက္ခ်ားစြာ
႐ြတ္ဖတ္ေနမိသည္။ ထိုစဥ္႐ုတ္တရက္
ေၾကာင္ကေလးႏွစ္ေကာင္ ေျပးထြက္
လာၿပီး ပါးပ်ဥ္းေထာင္ေနေသာ ေႁမြ
ေဟာက္၏ပါးပ်ဥ္းကို အေနာက္ဘက္မွ
ေန၍ ၿပိဳင္တူခုန္အုပ္လိုက္ၾကရာ ေႁမြ
ေဟာက္ပါးပ်ဥ္းမွာ လဲက်သြားေတာ့
သည္။ ေၾကာင္ကေလးႏွစ္ေကာင္မွာ
လည္း ေႁမြေဟာက္ေရွ႕တြင္ လဲက်သြား
သည္။ ထို႔ေၾကာင့္ ေႁမြေဟာက္က လွမ္း
ေပါက္လိုက္သည္။ ေၾကာင္ကေလး ႏွစ္
ေကာင္မွာ ခုန္ေရွာင္လိုက္သျဖင့္ ေႁမြ
ေဟာက္အႏၲရာယ္မွလြတ္ေျမာက္သြား
ေတာ့သည္။ ေႁမြေဟာက္မွာ ေနာက္
တစ္ႀကိမ္ ထပ္ေပါက္ရန္ ပါးပ်ဥ္းေထာင္
လိုက္စဥ္…
“ဦး- ဂီး- ဂီး-ဦး”
ေၾကာင္ကေလးႏွစ္ေကာင္ မာန္ဖီ
ေအာ္ဟစ္ကာထပ္မံေရာက္ရွိလာသျဖင့္

ေႁမြေဟာက္မွာ အသံလာရာဘက္သို႔
လွမ္းၾကည့္လိုက္သည္။ ထိုစဥ္ ေၾကာင္
ကေလးႏွစ္ေကာင္မွာ ေႁမြေဟာက္၏
ပါးပ်ဥ္းကိုၿပိဳင္တူလွမ္းခုန္အုပ္လိုက္ျပန္
သည္။ ေႁမြေဟာက္မွာ အငိုက္မိသြား
သျဖင့္ ဦးေခါင္းစိုက္က်သြားျပန္သည္။
ေၾကာင္ကေလး ႏွစ္ေကာင္မွာ ေႁမြ
ေဟာက္၏ဦးေခါင္းကိုကိုက္ခဲကုတ္ျခစ္
ကာ ေျမႀကီးႏွင့္ ဖိကပ္ထားၾကသည္။
ေႁမြေဟာက္မွာ ေၾကာင္ကေလးမ်ားကို
အၿမီးႏွင့္ ရစ္ပတ္လိမ္ညႇစ္ကာ ဆြဲယူ
လိုက္သျဖင့္ေၾကာင္ကေလးမ်ားမွာေႁမြ
ေဟာက္ကိုကိုက္ခဲေနရာမွလြတ္ထြက္
သြားခဲ့သည္။ ထိုစဥ္ က်န္ရွိေနေသာ
ေၾကာင္ကေလးတစ္ေကာင္မွာလည္း
ေႁမြေဟာက္ဦးေခါင္းကိုကိုက္ထားရာမွ
လြတ္ထြက္သြားခဲ့သည္။ ထို႔ေၾကာင့္
ေႁမြေဟာက္မွာ ေၾကာင္ကေလးမ်ားကို
အဆက္မျပတ္ လိုက္ေပါက္ေနရာ
ေၾကာင္ကေလးမ်ားမွာ ခုန္ပ်ံေရွာင္တိမ္း
ေနၾကရေတာ့သည္။ ထိုအခါမွ ဦးခင္လွ
မွာ သတိရလာၿပီး အိမ္ေပၚသို႔ အေျပး
အလႊားတက္လာကာ အိမ္သားမ်ားကို
ေအာ္ဟစ္ႏႈိးလိုက္ေတာ့သည္။

“ထၾကစမ္း- ေဟ့ – ထၾကစမ္း။ ဟိုမွာ ေကာက္ရေလးေတြနဲ႔ ေႁမြနဲ႔ ေတြ႕ ေနၾကလို႔ – ျမန္ျမန္ထၾကစမ္း” ဦးခင္လွမွာ ေအာ္ဟစ္ႏႈိးၿပီး
ေကာက္ရတို႔ဆီသို႔ တစ္ခါျပန္ေျပးလာ
ခဲ့သည္။ အိမ္သားမ်ားမွာလည္းဦးခင္လွ
ေနာက္သို႔ ေျပးလိုက္လာခဲ့ၾကသည္။
ဦးခင္လွတို႔ ျပန္လည္ေရာက္ရွိလာခ်ိန္
တြင္ေၾကာင္ကေလးမ်ားကေႁမြေဟာက္
ကိုဝိုင္းရံေနၾကၿပီးေႁမြေဟာက္မွာလည္း
ေၾကာင္ကေလးမ်ား၏ အလယ္တြင္
ပါးပ်ဥ္းကို ဘယ္ညာယိမ္းထိုးကာ ျပန္
လည္တိုက္ခိုက္ရန္ဟန္ျပင္ေနသည္ကို
ေတြ႕ၾကရသည္။ ထိုစဥ္ ေကာက္ရေလး
တစ္ေကာင္သည္ ေႁမြေဟာက္၏အၿမီး
ကို ဝင္ကိုက္လိုက္ရာ ေႁမြေဟာက္က
ေနာက္ျပန္လွည့္၍ ေပါက္လိုက္သည္။ သို႔ေသာ္ ေၾကာင္ကေလးက ခုန္ေရွာင္ လိုက္သျဖင့္ အႏၲရာယ္မွ လြတ္ေျမာက္ သြားခဲ့သည္။ေႁမြေဟာက္ကလွမ္းေပါက္
လိုက္စဥ္ ေႁမြႀကီးေပၚသို႔ ငိုက္ဆင္းသြား ေသာ ေႁမြေဟာက္၏ ဦးေခါင္းေပၚသို႔ ေၾကာင္ကေလးတစ္ေကာင္က ခုန္အုပ္

ကိုက္ခဲလိုက္သည္။ထိုစဥ္က်န္ေနေသာ
ေၾကာင္ကေလးသုံးေကာင္ကလည္း
ေႁမြေဟာက္၏ခႏၶာကိုယ္ေပၚသို႔ေျပးဝင္
ခုန္အုပ္ကိုက္ခဲကုတ္ျခစ္၍တိုက္ခိုက္ၾက
ေတာ့သည္။ ထို႔ေၾကာင့္ေၾကာင္ကေလး
ေလးေကာင္ႏွင့္ေႁမြေဟာက္မွာလုံးေထြး
ရစ္ပတ္ကာ တစ္ဖက္ႏွင့္တစ္ဖက္ ျပင္း
ျပင္းထန္ထန္ တိုက္ခိုက္ေနၾကေလ
ေတာ့သည္။
ဦးခင္လွႏွင့္မိသားစုမွာ ေကာက္ရ
ညီေနာင္ႏွင့္ ေႁမြေဟာက္တို႔၏ တိုက္ပြဲ
တြင္ဝင္ေရာက္ကူညီရန္အကြက္ေခ်ာင္း
ေနၾကေသာ္လည္း ရစ္ပတ္လုံးေထြးေန
ၾကသျဖင့္ကူညီရန္အခြင့္မသာခဲ့။ ထိုစဥ္
ပတ္ဝန္းက်င္မွလူမ်ားပါေရာက္ရွိလာခဲ့
ၾကရာ ဦးခင္လွ၏ အိမ္ေရွ႕တြင္ လူစည္
ကားေနခဲ့ေသာ္လည္း ေကာက္ရညီ
ေနာင္တို႔ကို အကူအညီမေပးႏိုင္ၾကပဲ
ၾကည့္၍သာေနခဲ့ၾကရသည္။တိုက္ပြဲမွာ
(၁၅)မိနစ္ခန႔္အၾကာတြင္ ေႁမြေဟာက္
မွာ လုံးဝလႈပ္ရွားျခင္း မျပဳႏိုင္ေတာ့ပဲ
ၿငိမ္သက္သြားေတာ့သည္။ ေကာက္ရ
ညီေနာင္ေလးေကာင္သည္ ၿငိမ္သက္

ေနေသာေႁမြေဟာက္ကိုဦးေခါင္း၊ အၿမီး၊
ခါးတို႔မွၿပိဳင္တူကိုက္ခ်ီလာၾကၿပီးလူအုပ္
အတြင္းရွိ သူတို႔၏ သခင္ ဦးခင္လွ၏
အေရွ႕တြင္ ခ်ထားလိုက္ၾကသည္။
ေကာက္ရညီေနာင္ ေလးေကာင္စလုံး
မွာပါးစပ္၊ ေျခ၊ လက္ႏွင့္ ခႏၶာကိုယ္တစ္
ကိုယ္လုံးမွာ ေသြးမ်ား ေပက်ံေနၿပီး ေႁမြ
ေဟာက္မွာလည္း လုံးဝေသဆုံးေနခဲ့ၿပီ
ျဖစ္သည္။ ဦးခင္လွႏွင့္အတူ ပရိသတ္
မ်ားမွာေကာက္ရညီေနာင္တို႔၏လႈပ္ရွား
မႈကို တအံ့တၾသ ၾကည့္ေနခဲ့ၾကသည္။
ထိုစဥ္…
“ဟာ-ေၾကာင္ကေလးတစ္ေကာင္
လဲသြားၿပီ”
“ေနာက္တစ္ေကာင္လည္းလဲသြား
ျပန္ၿပီ”
“ေလးေကာင္စလုံးလဲက်သြားၿပီ”
ေကာက္ရညီေနာင္တို႔မွာရပ္ေနရာ
မွတစ္ေကာင္ၿပီးတစ္ေကာင္လဲက်သြား
ခဲ့သျဖင့္အံ့ဩစြာေျပာဆိုလိုက္ၾကသည္။
ထို႔ေၾကာင့္ ဦးခင္လွသည္ ေကာက္ရ
ညီေနာင္ေလးေကာင္ကို အလ်င္အျမန္

ေကာက္ယူၾကည့္လိုက္သည္။ထို႔ေနာက္
ယူႀကဳံးမရျဖစ္ကာ မ်က္ရည္မ်ား ဝိုင္း
လာၿပီးပရိသတ္ကိုဝမ္းနည္းေၾကကြဲစြာ
ေျပာလိုက္သည္။
“က်ဳပ္သားေလးေတြ ေႁမြကိုက္ခံ
လိုက္ရလို႔ေသၾကရၿပီဗ်ာ”
“ဟာ- ျဖစ္မွျဖစ္ရေလကြာ” “ေကာက္ရညီေနာင္က ဦးခင္လွ
အစားဝင္ခံသြားခဲ့တာ”
“တစ္ဦးေမတၱာတစ္ဦးမွာဆိုသလို
ေပါ့ဗ်ာ”
“ဦးခင္လွက သူတို႔ကို သားသမီး
အရင္းလို ေစတနာထားေတာ့ သူတို႔
ကလည္းမိဘအသက္ကိုသူတို႔အသက္
နဲ႔လဲၿပီးကာကြယ္သြားခဲ့ၾကတာ”
“ေကာက္ရကေလးေတြ ေကာင္း
ရာသုဂတိလားပါေစဗ်ာ”
“ဒီေလာက္ေတာင္ေက်းဇူးသိတတ္
ေနတာေကာင္းရာမြန္ရာေရာက္မွာေသ
ခ်ာတယ္”
ပရိသတ္မွ ဝမ္းနည္းေၾကကြဲစြာ
ေျပာဆိုေနၾကေသာ္လည္း ဦးခင္လွနား

ထဲသို႔မေရာက္၊ ဆို႔နင့္ေၾကကြဲကာမ်က္
ရည္မ်ား တသြင္သြင္ စီးက်ေနေတာ့
“ဦးေလး- ေကာက္ရတို႔ညီအစ္ကို
သည္။
ကို ဘယ္လိုလုပ္မလဲ”
တူျဖစ္သူ ကိုသန္းဦးေမးလိုက္မွ
ဦးခင္လွ အသိျပန္ဝင္လာေတာ့သည္။
ထို႔ေၾကာင့္ ဦးခင္လွက အသံတုန္ရီစြာ ႏွင့္ ျပန္ေျပာလိုက္ေတာ့သည္။ “သံဃာေတာ္ေတြနဲ႔သရဏဂုံတင္
ၿပီးမွတို႔ၿခံထဲမွာပဲေျမျမႇဳပ္သၿဂႋဳဟ္ေပးၾက
ပါေတာ့ကြယ္”
ထို႔ေၾကာင့္ ေကာက္ရညီေနာင္
ေလးေကာင္ကို ဦးခင္လွဆႏၵအတိုင္း
သၿဂႋဳဟ္ရန္ စီစဥ္ေဆာင္႐ြက္ၾကေလ
ေတာ့သည္။ ေကာက္ရညီေနာင္ေလး
ေကာင္ကိုလူသားမ်ား၏အသုဘကဲ့သို႔
စီစဥ္ေဆာင္႐ြက္ခဲ့သည္။ေသတၱာေလး
ေလးခုျပဳလုပ္ၿပီး ေကာက္ရညီေနာင္
ေလးေကာင္ကိုထည့္ကာသုံးရက္ျပည့္မွ
သံဃာေတာ္မ်ားပင့္ဖိတ္ သရဏဂုံတင္
ၿပီးဦးခင္လွ၏ၿခံထဲတြင္ေျမျမႇဳပ္သၿဂႋဳဟ္
ခဲ့ၾကသည္။ေကာက္ရညီေနာင္အသုဘ
ခ်သည့္ေန႔တြင္လည္းလိုက္ပါပို႔ေဆာင္

သူမ်ားျပားခဲ့သည္။ (၇)ရက္ျပည့္ေသာ အခါ ရက္လည္ဆြမ္းသြတ္ တရားနာခဲ့
သည္။ ရက္လည္ဆြမ္းသြတ္တရားနာ
စဥ္ဆရာေတာ္မွဦးခင္လွႏွင့္ေကာက္ရ
ညီေနာင္တို႔ကို ဥပမာေပး၍ ေမတၱာ
ေစတနာအေၾကာင္း ေဟာေျပာခဲ့
သည္။
“ေမတၱာဆိုတာ တုံ႔ျပန္တတ္တဲ့
သေဘာရွိတယ္။ေစတနာဆိုတာလည္း
ေရာင္ျပန္ဟပ္ေလ့ရွိတယ္။ ေစတနာဆို
တာေမတၱာကိုအေျခခံၿပီးျဖစ္ေပၚလာခဲ့
တာ။ဒါေၾကာင့္- ေမတၱာသာအရင္းခံျဖစ္
တယ္။ ေမတၱာနဲ႔ျပည့္စုံရင္ ေစတနာ
လည္း ျပည့္စုံၿပီး ျဖစ္တယ္။ ေမတၱာ
ေစတနာဆိုတာ ထားတဲ့လူကို ျပန္ၿပီး
ေရာင္ျပန္ဟပ္တယ္။ ဒကာႀကီးဦးခင္လွ
ရဲ႕အသက္ကိုေကာက္ရကယ္ခဲ့တာတစ္
ႀကိမ္တစ္ခါထဲမဟုတ္ဘူး။ႏွစ္ႀကိမ္ႏွစ္ခါ၊
တစ္ႀကိမ္တစ္ခါတည္းဆိုရင္ေတာ့တိုက္
ဆိုင္မႈလို႔ ေျပာရင္ျဖစ္တယ္။ ႏွစ္ႀကိမ္
ႏွစ္ခါဆိုေတာ့တိုက္ဆိုင္မႈမဟုတ္ေတာ့
ဘူး။ ထူးျခားမႈျဖစ္လာၿပီး ဘာလို႔ထူးျခား မႈျဖစ္လာတာလဲဆိုေတာ့ေမတၱာေၾကာင့္ ထူးျခားမႈေတြ ျဖစ္လာရတာ။ေကာက္ရ

ညီေနာင္အေပၚမွာ ဒကာႀကီး ဦးခင္လွ က ေမတၱာထားတယ္။ ေမတၱာရွိေတာ့
ေစတနာရွိတယ္။ အဲဒီေမတၱာ ေစတနာ ေတြရဲ႕ ေရာင္ျပန္ဟပ္မႈ၊ တုံ႔ျပန္မႈေတြ
ေၾကာင့္ ေကာက္ရညီေနာင္ဟာ ဒကာ
ႀကီးဦးခင္လွရဲ႕အသက္ကိုသူတို႔အသက္
နဲ႔လဲၿပီး ကာကြယ္ခဲ့တာပဲ။ ဒါေၾကာင့္ –
ေမတၱာေစတနာဆိုတာ လူသားအခ်င္း
ခ်င္းအေပၚမွာမဆိုထားနဲ႔၊ တိရစာၦန္ေတြ
ေပၚမွာ ထားႏိုင္ခဲ့ရင္ေတာင္ ေရာင္ျပန္
ဟပ္မႈ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။
ဒါေၾကာင့္ – ဘုန္းႀကီးတို႔ရဲ႕ဒကာ၊ ဒကာမ
ေတြတစ္ဦးေပၚတစ္ဦးေမတၱာမပ်က္ၾက ပါနဲ႔၊ ေမတၱာထားႏိုင္ၾကပါေစ”
“တစ္ဦးေမတၱာတစ္ဦးမွာတည္ႏိုင္
ၾကပါေစ”
ထို႔ေနာက္ေရစက္ခ်ကာေကာက္ရ
ညီေႏွာင္ႏွင့္တကြ ၾကားၾကားသမွ်ကို
အမွ်ေပးေဝခဲ့ၾကသည္။ ဤသို႔ျဖင့္
ေကာက္ရညီေနာင္တို႔၏ ဘဝနိဂုံးမွာ
အဆုံးသတ္သြားခဲ့ေတာ့သည္။

“အို – ဖခင္”
ေခၚသံၾကားလိုက္သျဖင့္ ဦးခင္လွ
လွည့္ၾကည့္လိုက္သည္။
သစ္လြင္
ေတာက္ပစြာ ဝတ္ဆင္ထားေသာ လူ
႐ြယ္ေလးေယာက္ကို ေတြ႕ ျမင္လိုက္ရ
သည္။ ထိုစဥ္ လူ႐ြယ္တစ္ေယာက္က
ေျပာလိုက္သည္။
“ကြၽန္ေတာ္တို႔က ဖခင္ရဲ႕သားေတြ
ေလ”
“ေမာင္ရင္တို႔ကက်ဳပ္ရဲ႕သားေတြ”
ဦးခင္လွက ေရ႐ြတ္ေျပာဆိုလိုက္ သည္။ ထို႔ေၾကာင့္ လူ႐ြယ္တစ္ေယာက္
က ရယ္ၿပဳံးၿပီး ေျပာလိုက္ျပန္သည္။
“ဟုတ္ပါတယ္ – ကြၽန္ေတာ္တို႔က
ဖခင္ရဲ႕သားေလးေယာက္ပါ။ ကြၽန္ေတာ္
ကေကာက္ရတစ္၊ သူကေကာက္ရႏွစ္၊
ဟိုတစ္ေယာက္က ေကာက္ရသုံး၊ က်န္ တစ္ေယာက္က ေကာက္ရေလး” “ေကာက္ရတစ္၊ ႏွစ္၊ သုံးေလးဆို
ေတာ့ က်ဳပ္ရဲ႕ေၾကာင္ကေလးေတြပါ။
အခု- သူတို႔ ေသသြားခဲ့ၾကၿပီ” “ဟုတ္ပါတယ္။ သားတို႔ညီေနာင္ ဟာ ဖခင္ရဲ႕အသက္အႏၲရာယ္ကို သား

တို႔ရဲ႕အသက္နဲ႔လဲၿပီး ကာကြယ္ေက်းဇူး ျပဳခဲ့ၾကတယ္။ အဲဒီလိုေက်းဇူးဆပ္ခြင့္ရ
လို႔ သားတို႔ဝမ္းသာပီတိျဖစ္ၾကရတယ္။
အဲဒီပီတိစိတ္နဲ႔ ေသဆုံးခဲ့ရတဲ့အတြက္
သားတို႔ကိုအခုလိုေတြ႕ျမင္ေနရတာပါ –
ဖခင္”
လူ႐ြယ္တစ္ဦးက ရွင္းလင္းေျပာျပ
လိုက္သျဖင့္ ဦးခင္လွ အံ့ဩသြားခဲ့ရ သည္။ ထို႔ေၾကာင့္ ေရ႐ြတ္ေျပာဆိုလိုက္
သည္။
“ဒါဆို – ေကာက္ရညီေနာင္တို႔
ေကာင္းရာမြန္ရာ ေရာက္ေနၾကတာ
“ဟုတ္ပါတယ္။ ဖခင္ေပးပို႔တဲ့အမွ်
ေပါ့”
ကိုလည္း ကြၽန္ေတာ္တို႔ သာဓုေခၚႏိုင္ခဲ့ ပါတယ္။ ကြၽန္ေတာ္တို႔ ဖခင္ ျဖစ္ေစခ်င္ သလို အပါယ္ဘုံသားတိရစာၦန္ ဘဝ
ကလည္း လြတ္ေျမာက္ခဲ့ၾကပါၿပီ။ ကြၽန္
ေတာ္တို႔အတြက္နဲ႔ ဖခင္ပူေဆြးေနမွာ
စိုးရိမ္လို႔ဖခင္ဝမ္းသာရေအာင္လာေျပာ
တာပါ။ ကြၽန္ေတာ္တို႔အတြက္ ဝမ္းသာ
ပါေတာ့ – ဖခင္”
“ေအး – ေအး – ဝမ္းသာသကြယ္-
ဝမ္းသာတယ္-ဝမ္းသာလိုက္တာ”

“ကိုခင္လွ – ကိုခင္လွ – ဘာေတြ ေယာင္ၿပီးေအာ္ေနတာလဲ”
“ေအး- ဝမ္းသားပါတယ္ကြယ္ – ဝမ္းသာတယ္ – ဝမ္းသာလိုက္တာ”
“ကိုခင္လွ – ကိုခင္လွ – ဘာေတြ
ေယာင္ၿပီးေအာ္ေနတာလဲ”
နံေဘးတြင္ အိပ္ေနေသာ ဇနီးျဖစ္ သူက လႈပ္ခါယမ္းႏႈိးလိုက္သျဖင့္ ဦးခင္
လွ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ ထို႔ ေၾကာင့္ဇနီးျဖစ္သူကေျပာလိုက္သည္။
“ေတာ္ – ဝမ္းသာလိုက္တာ – ဝမ္း သာလိုက္တာနဲ႔ေယာင္ၿပီးေအာ္ေနတာ။
ဘာျဖစ္တာလဲ – အိပ္မက္မက္ေနတာ
လား”
“အိပ္မက္”
ဦးခင္လွက “အိပ္မက္”ဟု ေရ႐ြတ္
ေျပာဆိုလိုက္သည္။ ထို႔ေၾကာင့္ ဇနီးျဖစ္
သူမွာ စိတ္မရွည္ႏိုင္ဘဲ ေအာ္ဟစ္ေျပာ
လိုက္ေတာ့သည္။
“ေတာ္ – အိပ္မက္မက္ေနတာလား
လို႔ေမးေနတာ”
ဇနီးျဖစ္သူ၏ ေအာ္ဟစ္ေျပာဆိုမႈ
ေၾကာင့္အိမ္သားမ်ားႏိုးလာကာဝိုင္းအုံ
လာခဲ့ၾကေတာ့သည္။ထိုအခါမွဦးခင္လွ

မွာ သူ႔အိပ္မက္အေၾကာင္းကို သူ ျပန္ စဥ္းစားမိေတာ့သည္။ ထို႔ေၾကာင့္မိသား စုကိုေျပာလိုက္သည္။
“ေကာက္ရညီေနာင္ေလးေကာင္
စလုံး ေကာင္းရာမြန္ရာ ေရာက္သြားၾက
ၿပီဟ။ အခု – ငါ့ကို အိပ္မက္ေပးလို႔ ငါ ဝမ္းသာၿပီးေအာ္ေနတာ”
ထို႔ေၾကာင့္ ဇနီးျဖစ္သူက အားရ
ဝမ္းသာေမးလိုက္သည္။
“ဟုတ္လား- သူတို႔ ဘယ္ဘုံဌာန
ကိုေရာက္သြားၾကလဲ”
“အဲဒါေတာ့ ငါမသိဘူး၊ ေမးလည္း မေမးလိုက္မိဘူး။ သူတို႔ဝတ္စားထား
တာေတာ့ ေတာက္ေတာက္ေျပာင္
ေျပာင္ပဲ။ အပါယ္ဘုံက လြတ္သြားၿပီလို႔
လည္း ေျပာတယ္။ အပါယ္ဘုံက လြတ္
ၿပီဆိုေတာ့ ေကာင္းတဲ့ဘုံဌာနပဲ ျဖစ္မွာ
ေပါ့ဟယ္”
ထို႔ေနာက္ မိသားစုကို အိပ္မက္
အေၾကာင္း ေျပာျပလိုက္ရာ မိသားစု

မွာလည္း ဝမ္းသာၾကည္ႏူးျဖစ္ခဲ့ၾကရ
သည္။ထို႔ေနာက္ဦးခင္လွကေျပာလိုက္
သည္။
“ကဲ-ကဲ-ျပန္အိပ္ၾကေတာ့။မနက္
က်ရင္ ႐ြာထဲကလူေတြလည္း ဝမ္းသာ
ရေအာင္ေလွ်ာက္ေျပာရဦးမယ္”
ထို႔ေၾကာင့္မိသားစုအိပ္ရာဝင္ခဲ့ၾက
ေတာ့သည္။
ေနာက္တစ္ေန႔တြင္ ဦးခင္လွႏွင့္
မိသားစုမွေကာက္ရညီေနာင္ေကာင္းရာ
မြန္ရာေရာက္ေနၾကၿပီျဖစ္ေၾကာင္း၊ အိပ္
မက္အေၾကာင္းကို ေျပာျပခဲ့ၾကရာ ပတ္
ဝန္းက်င္မွာလည္းဝမ္းသာပီတိျဖစ္ခဲ့ၾက
ရသည္။ ထိုသို႔ဦးခင္လွမွ သူ၏အိပ္မက္
အေၾကာင္းကို ဝမ္းသာအားရ ေျပာလို႔
မဆုံးျဖစ္ေနသကဲ့သို႔ပင္ ဦးခင္လွႏွင့္
ေကာက္ရညီေနာင္တို႔၏တစ္ဦးေမတၱာ
တစ္ဦးမွာ ေရာင္ျပန္ဟပ္မႈမ်ားကိုလည္း
ယခုတိုင္မ႐ိုးႏိုင္ေသာပုံျပင္တစ္ပုဒ္ပမာ ေျပာဆိုေနၾကဆဲပင္ ျဖစ္သည္။