“နိမိတ်ဖတ်သူ”(စ/ဆုံး)

Unicode Version

“နိမိတ်ဖတ်သူ”(စ/ဆုံး)
—————————–
သဘာဝအလှတရားနှင့် လွန်စွာလှပသည့် ရခိုင်ရိုးမတောင်တန်းဒေသ တစ်နေရာတွင် သားမိနှစ်ယောက်
ပဲနေထိုင်. ကြသတဲ့။ တောင်ပေါ်ပတ်လည်တွင်သဘာ
ဝအလျှာက် ပေါက်နေတဲ့ သစ်ပင်စားပင်ကြီးများနှင့်
ကကွ၊ရာသီပေါ်အသီးနှံအပြင် ဆန်စပါးခင်းကြီးများ
ပါစိုက်ပျိုးထားခြင်းကြောင့် တောင်တန်းတစ်ခွင်လုံး စိမ်းလန်းစိုပြေနေလေသည်။တောင်ချေရဲ့အောက်မှာတော့ ရွာလေးတစ်ရွာရှိတယ်။ထိုကျေးရွာလေး
ရဲ့အနောက်ဘက်မှာလည်း မြစ်ချောင်းသဖွယ်စီးဆင်း
နေတဲ့ မြစ်တစ်ခုလည်း ရှိနေပြန်လေသည်။တောင်ထိပ်ကနေ ထိုမြင်ကွင်းရဲ့ အလှတရားကို
အသက်၁၂နှစ်ခန့် အရွယ်သာရှိသေးတဲ့ ကလေးတစ်
ဦး ငေးကြည့်နေရင်းကနေ မိခင်ဖြစ်သူထံ ခြေလှမ်းကျဲကြီးတွေဖြင့် ရင်ထဲမှာ မတင်မကျဖြစ်နေတဲ့
အကြောင်းအရာများ မေးမြန်းဖို့လျှောက်လာခဲ့
လေသည်။

“မေမေ. …ဘာကြောင့် လူတွေနဲ့ ဝေးရာမှာ
သားတို့ နေထိုင်ရတာလဲ….”

သားဖြစ်သူအမေးကြောင့်ဆေးပေါ့လိတ်ကြီး
ပါးစပ်မှာခဲထားတဲ့ ဒေါ်ခင်လေးဖြူက ထိုဆေး
လိတ်ကို လက်ညားမှာညပ်လိုက်ပြီး သားဖြစ်သူ
ဘက်သို့လှည့်လိုက်လေသည်။
တစ်ချိန်ကျ ဒီလိုမေးခွန်းတွေ မေးလာမယ်ဆိုတာ
သူမ ကြိုသိနေပြီးဖြစ်သည်။

“.သားရယ်. .အမေဒီအကြောင်းတွေ တွေးမိတိုင်း
ရင်တွေအရမ်းနာကျင်လွန်းလှပါတယ်။အမေကံဇာ
တာ ကိုက ဒီလိုအကြောင်းတရားတွေဖြစ်ဖို့
ကံပါလာခဲ့တာလား အမေ မသိတော့ဘူး။ ဘယ်
လောက်ကောင်းအောင်လုပ်ခဲ့လုပ်ခဲ့.
အပြစ်တွေပဲ ပုံချခံရတယ် ။.ငါသားလေး ခုလို
လူတွေနဲ့ကင်းကွာနေရတာ အမေကြောင့်ပါပဲ ”

ပြောရင်ဖြင့် ပါးပြင်ထက်က တလိမ့်လိမ့်စီးဆင်း
လာတဲ့ မျက်ရည်တွေကို သူမသုတ်လိုက်ပြီး
မျက်လုံးအိမ်ထဲက မျက်ရည်စတချို့ကိုတော့မျက်
တောင်များဖြင့် ပုက်ခက်သိမ်းဆည်းလိုက်သည်။
ထိုနောက် ရင်ထဲမှာ နှစ်အတန်ကြာအောင်သိမ်းဆည်းထားတဲ့ မိမိဇာတ်လမ်းကို သားဖြစ်သူအား.. စိတ်မကောင်းစွာဖြင့် ပြန်လည်ပြောကြား
နေမိလေသည်။ .

” သားကိုယ်ဝန်လွယ်ရတဲ့အချိန်.က စလို့ပေါ့ ”

•••••••••••••••••••

တိတ်ဆိတ်ငြိမ်သက်နေတဲ့ညတစ်ညမှာ မမျော်လင့်
ပဲ လူတစ်စု မီးတုတ်ကိုယ်စီရောက်လာခဲ့လေသည်။

“ကဝေမ…စုန်းမ. .ထွက်ခဲ့စမ်း. . ”

မီးတုတ်တွေကြားက လူအုပ်ကြီးတစ်စုခေါ်ဆိုသံ
တွေကြောင့် ခင်လေးဖြူ တစ်ယောက် ဘုရားဝတ်
ပြုရင်းကနေ ဆီးမီးအိမ်လေးအား လက်မှာ
ကိုင်ဆွဲလာပြီး မပေါ့မပါးကြီးဖြင့် အိမ်အပြင်ဘက်
သို့ ထွက်လာခဲ့လေသည်။

“ညကြီး.မိုးချုပ် ဘာဖြစ်လာကြတာလဲရှင်.”

လူအုပ်ကြီးကြားက. .မိန်းမကြီးတစ်ဦး ထွက်လာပြီး. .
“ဘာဖြစ်ရမှာလဲ…ည.ည်းကြောင့်..
ငါသားလေး အပင်ပေါ်ပြုတ်ကျလို့သေပြီး.ဟဲ့ .”

“ရှင်”.
နားထဲကြားလိုက်ရတဲ့ စကားကြောင့် ကိုယ်နား
ကိုယ့်တောင် မယုံသင်္ကာဖြစ်မိလိုက်သည်။ ညနေ့ခင်း စိုက်ခင်းကအပြန် ဖိုးချစ်နှင့်အတူ ရွာထဲကလေး၂ယောက်အပါအဝင် အပင်ပေါ်ဆော့
ကစားနေကြတဲ့ မြင်ကွင်းကြောင့် သူမလည်း
စိုးရိမ်းတွေဖြင့် ပြောခဲ့မိခြင်းပင်ဖြစ်သည်။

“ဟဲ့ …ဟဲ့.ကလေးတွေ .ဆော့စရာဒီလောက်
ရှားရသလား.. .အပင်ပေါ်.တတ်ဆော့.ရတယ်လို့ကွယ်…ဆင်း.ခဲ့.မြန်မြန် တော်ကြာပြုတ်ကျသေတော့
မှာပဲ”

ခင်လေးဖြူ စကားက ဆော့ကစားနေတဲ့.ကလေးတွေ. အစ အဖက်မလုပ်ကြပေ။

“ဟာ..ဒီစုန်းမကြီး ကွ ကိုယ်ဟာကိုယ်ဆော့တာ
ဘာဖြစ်လဲ ”

သူမအား ရိုင်းပျစွာဆံဆက်လိုက်‌လေသည်။
စေတနာနဲ့ ပြောဆိုဆုံးမသော်လဲ မိမိစကားအား
အရာမရောက်ခဲ့တာနဲ့အတူ အိမ်သို့ခပ်သွက်သွက်
လေးလျှောက်လာခဲ့ခြင်းပင်ဖြစ်သည်။

“ကျွန်မ. သူတို့လေးတွေကို..စေတနာနဲ့..ဆုံးမပေး
တာပါ ၊ ပြုတ်ကျတယ်ဆိုတာကလဲ ကျွန်မနဲ့
မဆိုင်ပါဘူး ”

“အို. ..ဘာမဆိုင်ရမှာလဲအေ‌…ညည်းစကားကြောင့်
ဟို. လပိုင်းက ဦးဘကောင်း.မြွကိုက်လို့ သေသွားတယ်လေ အဲ့ဒါ ညည်းဘာငြင်းအုန်းမှာလဲ.”

” အဲ့နေ့က ကျွန်မလည်း ဦးလေးဘကောင်းကို
မသွားဖို့အတန်တန်ပြောပါသေးတယ်၊ ကျွန်မအာရုံ
ထဲမှာ မြွေတွေ မြင်တွေ့နေရလို့ သူ့အန္တရယ်ဖြစ်မှာစိုး
လို့ တားမိပါသေးတယ် သူ့ လဲ ကျွန်မစကားကို
နားမထောင်ခဲ့ဘူးလေ”

” အဲ့တာ ညည်းက ဝမ်းတွင်စုန်း. .”
“ရှင်..”..
“ဟုတ်တယ် ဟုတ်တယ် ဝမ်းတွင်းစုန်းမကြီး ”

ဘူးမသိဘာမသိ ဒေါ်ပုမကဝင်ပြောတော့
ကျန်တဲ့သူအားလုံးလည်း ဝိုင်းထောက်ကြလေ
သည်။.

“သူကြီးသမီး အင်းကြင်းလည်း သူအောက်လမ်းနဲ့
လုပ်လို့သေပြီး”

ဘုတ်ဆုံမ ထပ်ပြောလိုက်တဲ့စကားကြောင့်
ရွာသူကြီး မျက်နှာ နီမြန်း သွားလေပြီး
ခင်လေးဖြူအား မကျေမနှပ်ဖြင့် လှန်းကြည့်လိုက်
လေသည်။

“အဲ့စုန်းမရှိနေလို့ ရွာနာနေတာကွ”

“ဟုတ်တယ်.ဟုတ်တယ…ဒီစုန်းမကြောင့် .ဒီရွာမှာ
တစ်ယောက်ပြီး တစ်ယောက်သေနေတာ၊
အရင်နှစ်တုန်းကလည်း အရက်သမား.ဖိုတေ. .
ရေနစ်သေတယ်.သူနူတ်ကြောင့်ပဲ….”

တစ်ယောက်တစ်ပေါက်အပြစ်တင်ပြောဆိုလို့
မကုန်ဖြစ်နေကြလေသည်။ ခင်လေးဖြူ ကလည်း
တတ်နိုင်သလောက်ရှင်းပြသော်လည်းမည်သူ
ကမှ သူမစကားအား လက်မခံကြတော့ချေ။ …

“ခု ညည်း ဒီရွာမှာ..မနေနဲ့. .အခုဆင်း..”

“ရှင်.”

“အဲ့လိုမလုပ်ကြပါနဲ့.ရှင်၊ ကျွန်မ.ခင်းပွန်း သူ့အမေနေ
မကောင်းလို့မြို့တတ်သွားလို့ပါ၊ ခု ကျွန်မ ကိုယ်ဝန်ရင့်ကြီးနဲ့ဆိုတော့.ချက်ချင်းပြောင်းဖို့ဆိုတာ
ဘယ်နည်းနဲ့မှ မဖြစ်နိုင်လို့ပါ ”

“အေး. .နင်ကိုကလေး မွေးတဲ့အထိ အချိန်ပေးမယ်
ကလေးမွေးပြီးလို့ နင် ယောက်ကျားမလာခဲ့ရင်တော့
နင်ထိုက်နဲ့နင်ကံပေါ့”

ရွာသူကြီးဦးကောင်းမြတ်ပြောစကားနဲ့အတူ. .ရွာထဲက
လူတွေလဲ. အတွန့်မတတ်ကြတော့ပဲမိမိ.အိမ်သို့ပြန်
လည်သွားကြလေတော့သည် ။

အကို.ဘုန်းထက်လွင်ရယ် ရှင်မြန်မြန်ပြန်လာပါ
တော့။စိတ်ထဲက ခင်ပွန်းဖြစ်သူအား တောင်းတရင်း
အားငယ်စိတ်တွေကြောင့် ပါးပြင်းထက်က မျက်ရည်တွေလည်း ကျဆင်းလာလေသည်.။
ကိုဘုန်းထက်လွင်ဆိုတာ မြို့သားစစ်စစ် ၊ပိုက်ဆံ
ရှိ ဆရာဝန်လောင်းဖြစ်သည်။ရွာမှာ တာဝန်နဲ့
ရောက်လာခဲ့ခြင်းဖြစ်သည်။ ကိုဘုန်းထက်လွင်
ကရုပ်ချော၊.ပညာတတ် .ဆရာဝန်ဆိုတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီဆိုလည်း မမှားပေ။ မမျော်လင့်ပဲ
သူနဲ့တွေဆုံကာ. .ချစ်ကြိုက်မိခဲ့လေသည်။ သူ့မိဘ
တွေက ခင်လေးဖြူတို့လို သူဆင်းရဲမကို လုံးဝ
သဘောမတူခဲ့ဘူး ။ကိုဘုန်းထက်လွင်ကလည်း
မိဘတွေမောင်နှမတွေကြားထဲက အတိုက်အခိုက်
.လုပ်ရင်း. ခလေးဖြူကို လက်ထက်ခဲ့တယ်။

“ဆရာလေးကို .ပြူးစားလိုက်ကြတယ်တဲ့..
အဲ့ကောင်မ. .က”

“ရှူး.တိုးတိုး. .ပြောပါ.အေ. .
ဟိုမှာ..ကြားသွား.မှာဖြင့်”

လူတွေရဲ့ တိုးလျှို ပြောဆို သံတွေကြားကို အံတုရင်း
နေထိုင်ခဲ့ရလေသည်။အကိုက အစစအရာရာ နား
လည်မူရှိပြီး ခင်လေးဖြူကို အလွန်ဂရုစိုက်လေသည်။
ကိုယ်ဝန် ၉လထဲရောက်တော့ ကိုဘုန်းထက်လွင်
အမေအသဲအသန်ဖြစ်လို့.မြို့ကိုထွက်သွားခဲ့တာ
ဒီနေ့ဆို၅ရက်ရှိသွားပြီးဖြစ်သည်။ စိတ်ထဲက
ယောက်က္ခမဖြစ်သူ ကိုလည်း ကျန်းမာဖို့ ဆုတောင်း
မိသလို၊ ခင်ပွန်းဖြစ်သူကိုလည်း အမြန်ပြန်ရောက်
ဖို့ တတောင်းနေမိတော့သည်။
•••••••••••••••••••

“ကဲ.ခင်လေးဖြူ ပြောထားတဲ့အတိုင်း ဒီရွာကနေကလေးကိုခေါ်ပြီးထွက်ခွာပေးပါ. .”

“အို.သူကြီးရယ်. ..ကျွန်မသားလေးက၊ .လသားအရွယ်မရောက်သေးလို့ အကိုဘုန်းထက်လွင်
ပြန်လာတဲ့အထိ. .ထပ်နေခွင့်ပြုပါအုန်း…ဒါမဟုတ်.
သားလေး တစ်လပြည့်တဲ့အထိ.စောင့်ပေးပါ”

ခင်လေးဖြူစကားသံကြောင့်. သူကြီးမျက်မှောင်
ကြုတ်မိလိုက်သည်။ ရွာသူကြီးဘေးနားက
ဒေါ်ပုမကလည်း လေသံတိုးတိတ်စွာဖြင့်
“သူ..ယောက်ကျားက ဗိုက်ကြီးမှ စုန်းမမှန်းသိ
လို့ ပစ်ထားသွားသလားမသိ.”

“ဟုတ်ပါရဲ့. .”

လျို့ဝှက်ပြောဆိုသံတချို့ကြောင့် ခင်လေးဖြူလည်း အလိုလိုဝမ်းနည်းလာခဲ့သည်။ အကို တစ်ကယ်ပဲ
ခင်လေးတို့ သားအမိကို ထားသွားခဲ့ပြီးလား ။

သူကြီးကဆက်လျက်၍.ပြောလိုက်သည်
..” ဒီမှာခင်လေးဖြူ မင်းကြောင့် အားလုံးဒုက္ခ
ရောက်မယ့်အရာမျိုး ငါမလိုလားဘူး၊
ဒါကြောင့် တို့ဒီရွာလေးက..အမြန်ဆုံးပြောင်းပေးပါ
.. ငါ မေတ္တာရပ်ခံပါတယ်”

သူကြီးစကားကြောင့်အားလုံးက ထောက်ခံကြလေသည်.။
အို.လူတွေ စာနာစိတ်မရှိလိုက်ကြတာ အခုလို
သူ့တစ်ပါးဒုက္ခရောက်နေတာတောင် မကူညီတဲ့အပြင်.ဝိုင်းဝန်. အပြစ်တွေတင်လိုက်ကြတာ.။
မြေနိမ့်ရာ လှံစိုက်ချင်နေကြပါလား။

” တစ်ချိန်ကျ ဒီရွာသူရွာသားတွေလည်း ကျွန်မလို
ဒုက္ခမရောက်ပါစေနဲ့လို့ ကျွန်မဆုတောင်းပေးခဲ့ပါ
တယ် ”

ခင်လေးဖြူ စကားကြောင့် တစ်ရွာလုံးကလူတွေ
အားလုံးလည်း တုန်လူပ်ချောက်ခြားသွားစေတာ
အမှန်ပင်ဖြစ်သည်။

ခင်လေးဖြူလည်း မျက်ရည်စတွေ သုတ်လိုက်ပြီး
ဤရွာက ထွက်ခွာသွားဖို့ အမြန်ဆုံးပြင်ဆင်လိုက်
တော့သည်။ ကလေးတစ်ဖက်နဲ့မို့ အဝတ်အစားတစ်ချို့ နှင့်အတူ မိမိသားလေးအား ပွေ့ချီကာ
ဤရွာလေးအား ကျောခိုင်းထွက်လာခဲ့သည်။
ကံဆိုးမသွားရာမိုးလိုက်ရွာဆိုသကဲ့သို့ မိုးကတော့
အညိုးကြီးစွာ ရွာချနေမိတော့သည်။ ရင်ခွင်
ထဲ က သားကို မိုးရေမဆိုအောင် အရိပ်ကောင်း
တဲ့အပင်တစ်ခုမှာ နားခိုလိုက်ပြီး ပါးပြင်ထက်က
မျက်ရည်တွေကလည်း မိုးနဲ့အတူ ရောနှောသွား
လေတော့သည်။ မိုးလည်း တိတ်သွားတော့
သူမလည်း ဘယ်ကိုခရီးဆက်ရမလဲဆိုတာ မစဉ်စားတတ်တော့ပေ။

” အလို မိန်းကလေးပါလား ”

အသံကြားရာ လှည့်ကြည့်တော့ အဖိုးအိုတို့
ဇနီးမောင်နှံပင် ဖြစ်လေသည်။

” ဒီက သမီးက ဘယ်ကိုခရီးဆက်မလို့လဲ”

” ဘယ်ကိုသွားလို့ ဘယ်ကိုလာရမှန်းမသိတော့ပါ
ဘူးအဘိုးနဲ့ အဘွားရယ် ” ပြောရင်း မျက်ရည်တွေကျလာပြီး သူမဘဝရဲ့ ဖြစ်ကြောင်းကုန်စင် အား ပြောပြမိလေသည်။

” သမီး ဘဝရဲ့ အကြောင်းတွေကြားရတာ
စိတ်မချမ်းမြေ့စရာပါပဲ၊ ဘာမှ စိတ်အား မငယ်
ပါနဲ့ကွယ်၊ အဖိုးတို့နဲ့ လိုက်ခဲ့နော် ၊အဖိုးတို့ဇနီး
မောင်နှံ က ဟိုတောင်ပေါ်မှာ နေထိုင်ကြတာကွယ်
အခု မျှစ်ချိုးလာရင်းနဲ့ မိုးခိုနေကြတာ”

ကျွန်မလည်း မငြင်းသာတော့ပဲ အဖိုးတို့နဲ့အတူ
လိုက်ဖို့ဆုံးဖြတ်ချက်ချမိလိုက်တော့သည်။
အဖိုးတို့အဘွားတို့ ကောင်းမူနဲ့ ပဲ အသက်ရှင်
နေထိုင်ခဲ့ပြီး တောင်ရာအလုပ်ကိုလည်း အဘိုးတို့
ဇနီးမောင်နှံအတူ လုပ်ကိုင်နေထိုင်ခဲ့ကြလေသည်။
အဖိုးနှင့်အဘွားကလည်း သားသမီးအရင်းလို
ချစ်ကြပြီး ခင်လေးဖြူကလည်း မိခင်အရင်းပမာ
ပြုစုလုပ်ကျွေးနေမိတော့သည်။အချိန်တွေလည်း တစ်ရွေ့ရွေ့ ကုန်ဆုံးသွားတာနှင့်အတူ သားဖြစ်သူ
၇နှစ်ပြည့်နေ့မှာပဲအဖိုးတို့ဇနှီးမောင်နှံလည်း ရှေ့
ဆင့်နောက်ဆင့် ကွယ်လွန်သွားကြလေတော့သည်။

•••••••••••••••••••••

အမေဖြစ်သူရဲ့ဘဝအမှန်ကြားလိုက်ရတော့
ဆူးထက်လည်း ရွာကလူတွေအပေါ်တော်တော်
လေး စိတ်နာမိခဲ့တာအမှန်။

“ဒါနဲ့အမေ..အဖေ .ပြန်လာခဲ့လားဟင်..”

ထက်မံမေးလိုက်တဲ့ စူးထက် စကားကြောင့်
ဒေါ်ခင်လေးဖြူလည်း အောက်နှာခမ်းသားအား
ပြတ်လုမတတ်ကိုက်မိလိုက်သည်။

“မင်း.အဖေက.အမေနဲ့မင်းကို.အပြီးထားသွားခဲ့တာ.”

အမေစကားကြောင့် ဆူးခက်နှလုံးသားထဲ နင့်ခနဲ ဖြစ်မိသွားလေသည်။ အဖေအကြာင်းကြားရတော့ အဖေကိုအရမ်းမုန်းမိသည်။

“ဒါဆို…အဖေက အရမ်းရက်စက်တာပဲတာ”.

“အို..သားရယ်…သားအဖေကိုတော့
မပြစ်မမှားမိစေနဲ့..အဖေက..အဖေပါပဲ…”

“ဟုတ်ကဲ့ပါ..အမေ..”

စကားပြောဆိုနေရင်း..ဒေါ်ခင်လေးဖြူ တစ်စုံတစ်ခု
ကို ရုတ်တရက် လှန်းမြင်လိုက်တာကြောင့် ချက်ချင်း မတ်တတ်ထ ရပ်လိုက်သည်။

“သားသား..လောင်းစာဆီနဲ့မီးမြန်မြန်ယူခဲ့…”
“ဗျာ”
အမေဖြစ်သူရဲ့ရုတ်တရပ်..စကားသံကြောင့်သားဖြစ်
သူ စူးထက် ဘာမှနားမလဲဖြစ်နေမိတော့သည်။

“ဟဲ့..ကြားလား..အမေပြောတာ”

“ဟုတ်ဟုတ်..ကဲ့…အမေ…”

စူးထက်.လည်း ဘာမှတွေးဝေမနေတော့ပဲ
အိမ်ထဲသို့အလျင်အမြန်ပြေးသွားခဲ့လေသည်။
ဒေါ်ခင်လေးဖြူက စပါးစိုက်ခင်းနားရပ်နေ
ရင်းကနေ သားဖြစ်သူရောက်လာတော့…
“သား…စပါးခင်းတွေကို..လောင်းစာဆီတွေလောင်း
ပြီး မီးရိူ့လိုက်”
“ဟုတ်.ဟုတ်.အမေ..”
အမေဖြစ်သူရဲ့ ခိုင်းစေချက်ကို နားမလည်နိုင်ပေ
မယ့် အမေဆန္ဒအတိုင်း လုပ်ပေးလိုက်လေသည်။
ဆူးထက်လည်း ယူဆောင်လာတဲ့ လောင်းစာဆီ
မီးတုတ်အား မနုမရင့် ရွှေဝါရောင်သန်နေတဲ့စပါးခင်းအား စတင်မီးရိူ့လိုက်လေသည်။ ဝုန်းကတည်း မီးတောက်ကြီးနှင့်အတူ စပါခင်းကြီးအားမီးတွေရဲ့
ဝါးမြိုခြင်းကိုခံလိုက်ရလေတော့သည်။
•••••••••••••••••••

“သူကြီး..သူကြီး…မီးမီး…မီးဗျို့”

“ဟဲ့..ဘယ်မှာလောင်းနေတာလဲ…”

“တောင်ပေါ်မှာ..”
.
“ဟေ..ဒါဆိုဘယ်ဖြစ်မလဲ၊ တောင်ထိတ်
မီးလောင်ရင် ရွာအန္တရယ် ကျရောက်မယ်လို့
ငါအဖေပြောတာ ကြားဖူးတယ်၊ ချက်ချင်း မောင်းထုကြော်ငြာပြီး တောင်ပေါ်သို့ တစ်ယာက်မကျန်သွားကြရအောင်….”

“ဟုတ်ကဲ့…သူကြီး”

.လှအေးလည်း.ချက်ချင်းဆိုသလို အပြေးအလွှာ
သွားကာ မောင်းထု..အသိပေးနိုးဆော်လိုက်သည်။
ခဏအကြာ ရွာထဲ.က..‌ယောက်ကျား.၊မိန်းမ
.ကလေးပါမကျန်အကုန်ရောက်ရှိလာလေသည်။

.”.ကဲ,,,ကဲ..ရွာမှာအန္တာရယ် တစ်ခုဖြစ်တော့မယ်..
ဒါကြောင့်.နတ်တွေက..သတိပေးနေတာနေမှာ
လာ..လာအကုန်လုံးတောင်ပေါ်တတ်ကြအောင်”

ပြောပြောဆိုဖြင့် တောင်ပေါ်သို့ရင်တထိတ် နဲ့
အားလုံး တတ်လာကြလေသည်….။

“..ဟိုစုန်းမ..ပြောသလို တို့ရွာဒုက္ခရောက်တော့မှာ
အမှန်.ပဲလား ”

တောင်ပေါ်သို့ ရင်တမမဖြင့် တတ်လာကြလေသည်။
တောင်ထိပ်ရောက်တော့.ခင်လေးဖြူတို့ သားမိအား
မြင်လိုက်ကြတော့ ရွာသူရွာသားတွေလည်း
ပါး‌စပ်ဟောင်းသား ဖြစ်နေကြသည်

” နင် နင် ခင်လေးဖြူ မဟုတ်လား ”

သူကြီးဦးကောင်းမြတ် အမေးကြောင့် ခင်လေးဖြူက ခေါင်းညိမ့်ပြလိုက်လေသည်။

“သိတ် ဟုတ်တာပေါ့ရှင် …ရှင်တို့ တွေ လူမဆန်
စွာ ရွာကမောင်းထုတ်လိုက်လို့ ဒီတောင်ထိပ်ပေါ်
မှာ ဇာတ်မြုတ်ပြီး နေခဲ့တာ ၁၂နှစ်တောင် ကြာ
ခဲ့ပြီးပေါ့ …”

“ဒါဆို.ငါတို့အလိမ်ခံပြီးပေါ့… ရွာဒုက္ခရောက်မယ်
ဆိုတာ.တစ်ကယ်မဟုတ်ဖူး”

“ဟုတ်ပအေ..အလကား၊ အားအားယားယား
စပါးခင်းကြီးကို မီးရိူ့ရတယ်လို”

ရွာသူရွာသားတွေရဲ့ တစ်ယောက်တစ်ပေါက်
ပြောဆိုသံတွေကြားက သူကြီးဦးကောင်းမြတ်က
ဆက်ပြောလေသည်..

“..ခင်လေးဖြူ..နင်ရူးနေသလား ပင်ပင်ပန်းပန်း
စိုက်ထားတဲ့..စပါးခင်းကြီးကို.မီးရိူ့ရတယ်လို့.
နောက်ပြီး ငါ.တို့ကို.အလန့်တကြားလုပ်တယ်”
ဦးကောင်းမြတ် အမေးကြောင့် ခင်လေးဖြူက
နီမြန်းနေတဲ့မိုးကောင်းကင်ကြီးကို လက်ညိုးထိုး
ပြလိုက်သည်။

“ဟိုမှာတွေ့လား ဦးကောင်းမြတ်..”

ခင်လေးဖြူ လက်ညိုးထိုးတဲ့.ဘက်သို့ စူးထက်
အပါဝင် ရွာသားတွေအကုန်..ဝိုင်းကြည့်ကြလေသည်။

နီရဲတောက်နေတဲ့..ထောင့် တစ်နေရာက တိမ်စိုင်းတွေ
အဖြေးဖြေး မဲညို့လာလေပြီး လေညင်း
လေး တစ်ချက် တိုက်ခိုက်သွားလေသည်။
ထိုအရာကို မြင်တော့ ရွာသူရွာသားတွေလည်း
စိုးရိမ်တကြီး ဖြစ်မိကြလေသည်။

“မုန်းတိုင်း…မုန်းတိုင်း..လာနေပြီးလားမသိဟေ့”

“အေး..ကြောက်စရာကြီး……”

“.အေးဟယ် ”

စကားသံတွေအဆုံးမှာပဲ လေများစတင်တိုက်ခိုက်
လာတော့ တစ်ရွာလုံးကလူတွေလည်း ရုန်းရင်းဆန်
ခတ် ဖြစ်နေကြလေသည်။

“ဘာရပ်ကြည့်နေကြတာလဲ မကြာခင်မုန်းတိုင်း
ဝင်တော့မှာ…ကလေး.တွေ.အမျိုးသမီးတွေ
အသက်ကြီးအဘိုးအဘွားတွေ ကျွန်မ
တဲအတွင်းထဲ.ဝင်နေကြပါ ”

ခင်လေးဖြူ ရဲ့ စိုးရိမ် စကားကြားလိုက်ရတော့
သူ့မအပေါ် အကောင်းမမြင်ခဲ့ကြတဲ့ ရွာသူရွာသား
တွေလည်းနောင်တအကြီးအကျယ်ရနေမိတော့
သည်။

ခင်လေးဖြူတို့တဲလေးက ခိုင်မာမူဆောက်ထားတဲ့
အပြင် တဲအိမ်အတွင်းကလည်း ထင်ထားတာထက်
ပိုကျယ်ဝန်းသည်။ လူအယောက်၅၀နီးပါး ခိုဝင်လို့
ရသည့်မဟုတ်လား။

စူးထက်က မိမိအိမ်အတွင်းသို့ လာရောက်တဲခိုတဲ့
သူတွေကိုလည်း နေရာထိုင်ခင်းရေး အမြန်ပြု
လုပ်ပေးနေလေသည်။ ခဏအကြာ ကောင်ကင်ကြီး
တစ်ခွင်လုံး အမှောင်ကျသွားပြီး လေပြင်းများနဲ့အတူ..မိုးသည်းထန်စွာသွင်းနေမိလာတော့သည်.။

“ဝေါ..ဝေါ……”

ကြောက်မက်ဖွယ် ရေလိူင်းလုံးကြီးတွေကလည်း
တောင်ခြေက ရွာလေးအား လေပြင်းများနှင့်အတူ
ဝါးမြိုလိုက်တော့သည်။

အားလုံးသော ရွာသူရွာသားတွေလည်း
ခင်လေးဖြူ.တို့သားမိရဲ့ ကယ်တင်မူကြောင့်
အသက်ဘေးမှလွတ်မြှောက်သွားခဲ့လေသည်။
လေပြင်း တိုက်ခိုက်မူဒဏ်တွေကြောင့်လည်း
တောင်ခြေအနားက ရွာလေးကတော့
မြစ်ရေများ ဖုံးလွမ်းသွားခဲ့လေတော့သည်။

အားလုံးသော ရွာသူရွာသားတွေလဲ ခင်လေးဖြူ
တို့ သားမိအား ကျေးဇူးတင်မိ အကြောင်း
ပြောလို့မကုန်ဖြစ်နေမိကြသည်။

တချို့ကမိမိအမှားများကိုဝန်ချတောင်းပန်ကြ
လေသည်.။ ၂ရက်အကြာမှာတော့ မြစ်ရေများ
ကျဆင်းသွား၍ သူကြီးမပါအဝင် အားလုံးက
လူ‌တွေလည်းရွာမှာ ပြန်နေကြ.ဖို့ ပြောဆိုကြသော်
လည်း ခင်လေးဖြူက.ငြင်းဖယ်ခဲ့လေသည်.။
သူကြီးဦးကောင်းမြတ်လည်း ခင်လေးဖြူတို့
သားမိအားနူတ်ဆက်ကာ မိမိရွာသို့ ရွာသူရွာသား
တွေနဲ့ပြန်လာခဲ့ကြလေတော့သည်.။

**********

“ခင်ရေ ..ခင်ရေ…”

အသက်၄၀ကျော်ခန့် အမျိုးသားတစ်ဦးခေါ်ဆိုသံ
ကြောင့် စူးထက်လည်း .ထိုအမျိုးသားကိုအကဲခက်
ကြည့် မိလိုက်လေသည်။ ထိုလူက စူးထက် မြင်တော့ ဝမ်းသာအားရဖြစ်သွားလေသည်။

“သားတောင်အရွယ်ရောက်နေပြီးပဲ..
ဒါနဲ့သားအမေရော..”

“ရှိ…ရှိတယ်ဦး. .”

စူးထက် စကားဆုံးတော့ အနောက်က ခင်လေး
ဖြူလည်းရောက်လာခဲ့လေသည်။

“ရှင်…ရှင်.ကိုဘုန်းထက်လွင်..”

“ဟုတ်ပါတယ်… ကိုယ်.မင်းတို့သားမိအပေါ်
တာဝန်မကျေဖြစ်သွားခဲ့တာ အကိုတောင်းပန်
ပါတယ်ကွာ ”

” အော်.ရှင်.က ကိုယ်အပြစ်တော့ကိုယ်သိသားပဲ”

“အဲ့လို.မဟုတ်ဘူး. ခင် ကိုယ်ရှင်းပြပါရစေ..”

“အို….ဘာမှလာမရှင်းပြနဲ့..ရှင်.ပြစ်ထားခဲ့တဲ့ အချိန်မှာ
ကျွန်မတို့သားမိ..ဘယ်လောက်ထိဒုက္ခရောက်တယ်ဆိုတာရှင်မှမသိတာ…”

ထိုအချိန်..သူကြီး ဦးကောင်းမြတ်ရောက်ရှိလာလေ
သည်။

” ခင်လေးဖြူ..အဲ့.ဒါ.ဦး.အပြစ်ပါ.ကွယ်”

“ရှင်.”

.ဦးကောင်းမြတ်.စကားသံကြောင့်
ခင်လေးဖြူလည်း .နားမလည်အကြည့်မျိုး
ဖြင့်ကြည့်မိလိုက်လေသည်။

“ဟုတ်တယ်..ခွင့်မလွတ်နိုင်တဲ့အပြစ်ပါ”

ဦးကောင်းမြတ်က..သူ့အပြစ်ကို.ပြန်လည်ပြောကြား
ခဲ့လေသည်…။

“အဖြစ်ကဒီလိုပါကွယ်..မောင်ဘုန်းထက်လွင် အမေအသည်အသန်ဖြစ်လို့မြို့တတ်သွားတော့..သူ့အမေဆုံးပါးသွားတယ်လေ။ မိခင်.နာရေးကိစ္စနဲ.သူ့လည်းရက်ကြာသွားခဲ့တယ်။ရွာပြန်ရောက်တော့ ခင်လေးဖြူတို့.သားမိ မရှိတာနဲ့ဦးလေးလည်း သေဆုံးသွား
ခဲ့တဲ့သမီးစိတ်နဲ့ ခင်လေးဖြူအပေါ် အရမ်းမုန်းတီး
ခဲ့တယ်။ သမီးဖြစ်သူ အင်ကြင်းကမောင်ဘုန်းထက်ကို အရူးအမူးချစ်ခဲ့တယ်လေ.ခင်လေးဖြူနဲ့လက်ထက်သွားတော့ သမီးလေးအင်ကြင်း ခင်ဗျာ.
အလွမ်းတွေရဲ့.နှိမ်စက်မူဒဏ်ကြောင့် စားမဝင်၊အိပ်မပျော် ဖြစ်ခဲ့ပြီးသေဆုံးသွားရှာတယ်.၊ .အဲ့ဒါနဲ့ပဲ…ခင်လေးဖြူကို. ဦးအပြစ်မရှိမပြစ်ရှာခဲ့တယ်။ ဒါနဲ့မောင်ထက်ဘုန်းလွင်ပြန်ရောက်လာတော့..
ခင်လေးဖြူတို့သားမိအကြောင်းမေးတော့…မီးဖွားခါနီးမှာ..ဆုံးပါးသွားခဲ့တယ်လို့ ပလီဆယ်ပြီးပြောဆိုမိခဲ့တယ်။မောင်ထက်ဘုန်းလွင်လဲ. အတော်ခံစားသွားရရှာတယ်.။ဒီရွာ.မှာနေရင်..ခင်လေးဖြူကို.သတိရမှာစိုးလို့
ဆိုပြီး မြို့ကို.ပြန်.တတ်သွားခဲ့.ရှာတယ်ပေါ့ “..

“ဟုတ်ပါတယ်..ခင် .ခုဦးလေးကောင်းမြတ် သတင်း
ပေးမူကြောင့်ပဲ .ခင်လေးတို့သားမိဆီ.အရာက်.ပြေး
လာခဲ့တာပေါ့.. ခု..ခင်လေး တို့သားမိကို..မြို့ခေါ်သွားမယ်.”.

ဖေဖေ.အကြောင်းအား အကြောင်းအစုံ..သိခဲ့.ရတော့.
ဆူးခက်လည်း အရမ်းပျော်သွားခဲ့လေသည်။

“အမေ..အဖေမှာ.အပြစ်မရှိလောက်ပါဘူး
ကံစေရာအတိုင်း..ဖြစ်သွားခဲ့တာပါ ဖေဖေ.ကို
ခွင့်လွတ်ပေးလိုက်ပါ..နော်.”

ခင်လေးဖြူလည်း သားလေးကိုကြည့်ရင်း
ပြုံးပြလိုက်လေသည်။…ဘုန်းထက်လွင်လည်း
.ခင်လေးဖြူအနား တိုးကပ်လာရင်း ခင်လေးဖြူ
လက်တစ်စုံအား ဆုတ်ကိုင်ကာ.
“ကိုယ်.ဘယ်တော့မှ…ခင်လေးတို့သားအမိကို
ခွဲမသွားတော့ဆိုတာ ကိုယ့်အသက်ကိုလောင်းကြေး
ထပ်ပြီး ကတိပေးပါတယ် ခင်ရယ် ”

ပြောရင်းဖြင့် ခင်လေးဖြူတို့သားမိကိုအား
တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်လေသည်။.

သူကြီးဦးကောင်းမြတ်လဲ သူတို့နှစ်ဦးကို ကြည့်မိပြီး
ပီတိ .မျက်ရည်များကျလာလေတော့သည်။

ထိုအချိန်ကစ၍ တစ်ရွာလုံးကလူတွေလည်းအယူသီးမူ မရှိကြတော့ပဲ အေးအေးချမ်းချမ်း
လုပ်ကိုင်စားသောက်နေထိုင်ကြလေတော့သည်။
(ပြီးပါပြီး)

စာပေချစ်မြတ်နိုးသူအားလုံး ချစ်ခင်လေးစားလျက်ပါ
စာရေးသူ – အလင်းရောင်

Zawgyi Version

“နိမိတ္ဖတ္သူ”(စ/ဆံုး)
—————————–
သဘာဝအလွတရားႏွင့္ လြန္စြာလွပသည့္ ရခိုင္႐ိုးမေတာင္တန္းေဒသ တစ္ေနရာတြင္ သားမိႏွစ္ေယာက္
ပဲေနထိုင္. ၾကသတဲ့။ ေတာင္ေပၚပတ္လည္တြင္သဘာ
ဝအလွ်ာက္ ေပါက္ေနတဲ့ သစ္ပင္စားပင္ႀကီးမ်ားႏွင့္
ကကြ၊ရာသီေပၚအသီးႏွံအျပင္ ဆန္စပါးခင္းႀကီးမ်ား
ပါစိုက္ပ်ိဳးထားျခင္းေၾကာင့္ ေတာင္တန္းတစ္ခြင္လုံး စိမ္းလန္းစိုေျပေနေလသည္။ေတာင္ေခ်ရဲ႕ေအာက္မွာေတာ့ ႐ြာေလးတစ္႐ြာရွိတယ္။ထိုေက်း႐ြာေလး
ရဲ႕အေနာက္ဘက္မွာလည္း ျမစ္ေခ်ာင္းသဖြယ္စီးဆင္း
ေနတဲ့ ျမစ္တစ္ခုလည္း ရွိေနျပန္ေလသည္။ေတာင္ထိပ္ကေန ထိုျမင္ကြင္းရဲ႕ အလွတရားကို
အသက္၁၂ႏွစ္ခန္႔ အ႐ြယ္သာရွိေသးတဲ့ ကေလးတစ္
ဦး ေငးၾကည့္ေနရင္းကေန မိခင္ျဖစ္သူထံ ေျခလွမ္းက်ဲႀကီးေတြျဖင့္ ရင္ထဲမွာ မတင္မက်ျဖစ္ေနတဲ့
အေၾကာင္းအရာမ်ား ေမးျမန္းဖို႔ေလွ်ာက္လာခဲ့
ေလသည္။

“ေမေမ. …ဘာေၾကာင့္ လူေတြနဲ႔ ေဝးရာမွာ
သားတို႔ ေနထိုင္ရတာလဲ….”

သားျဖစ္သူအေမးေၾကာင့္ေဆးေပါ့လိတ္ႀကီး
ပါးစပ္မွာခဲထားတဲ့ ေဒၚခင္ေလးျဖဴက ထိုေဆး
လိတ္ကို လက္ညားမွာညပ္လိုက္ၿပီး သားျဖစ္သူ
ဘက္သို႔လွည့္လိုက္ေလသည္။
တစ္ခ်ိန္က် ဒီလိုေမးခြန္းေတြ ေမးလာမယ္ဆိုတာ
သူမ ႀကိဳသိေနၿပီးျဖစ္သည္။

“.သားရယ္. .အေမဒီအေၾကာင္းေတြ ေတြးမိတိုင္း
ရင္ေတြအရမ္းနာက်င္လြန္းလွပါတယ္။အေမကံဇာ
တာ ကိုက ဒီလိုအေၾကာင္းတရားေတြျဖစ္ဖို႔
ကံပါလာခဲ့တာလား အေမ မသိေတာ့ဘူး။ ဘယ္
ေလာက္ေကာင္းေအာင္လုပ္ခဲ့လုပ္ခဲ့.
အျပစ္ေတြပဲ ပုံခ်ခံရတယ္ ။.ငါသားေလး ခုလို
လူေတြနဲ႔ကင္းကြာေနရတာ အေမေၾကာင့္ပါပဲ ”

ေျပာရင္ျဖင့္ ပါးျပင္ထက္က တလိမ့္လိမ့္စီးဆင္း
လာတဲ့ မ်က္ရည္ေတြကို သူမသုတ္လိုက္ၿပီး
မ်က္လုံးအိမ္ထဲက မ်က္ရည္စတခ်ိဳ႕ကိုေတာ့မ်က္
ေတာင္မ်ားျဖင့္ ပုက္ခက္သိမ္းဆည္းလိုက္သည္။
ထိုေနာက္ ရင္ထဲမွာ ႏွစ္အတန္ၾကာေအာင္သိမ္းဆည္းထားတဲ့ မိမိဇာတ္လမ္းကို သားျဖစ္သူအား.. စိတ္မေကာင္းစြာျဖင့္ ျပန္လည္ေျပာၾကား
ေနမိေလသည္။ .

” သားက္ိုယ္ဝန္လြယ္ရတဲ့အခ်ိန္.က စလို႔ေပါ့ ”

•••••••••••••••••••

တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ညတစ္ညမွာ မေမ်ာ္လင့္
ပဲ လူတစ္စု မီးတုတ္ကိုယ္စီေရာက္လာခဲ့ေလသည္။

“ကေဝမ…စုန္းမ. .ထြက္ခဲ့စမ္း. . ”

မီးတုတ္ေတြၾကားက လူအုပ္ႀကီးတစ္စုေခၚဆိုသံ
ေတြေၾကာင့္ ခင္ေလးျဖဴ တစ္ေယာက္ ဘုရားဝတ္
ျပဳရင္းကေန ဆီးမီးအိမ္ေလးအား လက္မွာ
ကိုင္ဆြဲလာၿပီး မေပါ့မပါးႀကီးျဖင့္ အိမ္အျပင္ဘက္
သို႔ ထြက္လာခဲ့ေလသည္။

“ညႀကီး.မိုးခ်ဳပ္ ဘာျဖစ္လာၾကတာလဲရွင္.”

လူအုပ္ႀကီးၾကားက. .မိန္းမႀကီးတစ္ဦး ထြက္လာၿပီး. .
“ဘာျဖစ္ရမွာလဲ…ည.ည္းေၾကာင့္..
ငါသားေလး အပင္ေပၚျပဳတ္က်လို႔ေသၿပီး.ဟဲ့ .”

“ရွင္”.
နားထဲၾကားလိုက္ရတဲ့ စကားေၾကာင့္ ကိုယ္နား
ကိုယ့္ေတာင္ မယုံသကၤာျဖစ္မိလိုက္သည္။ ညေန႔ခင္း စိုက္ခင္းကအျပန္ ဖိုးခ်စ္ႏွင့္အတူ ႐ြာထဲကေလး၂ေယာက္အပါအဝင္ အပင္ေပၚေဆာ့
ကစားေနၾကတဲ့ ျမင္ကြင္းေၾကာင့္ သူမလည္း
စိုးရိမ္းေတြျဖင့္ ေျပာခဲ့မိျခင္းပင္ျဖစ္သည္။

“ဟဲ့ …ဟဲ့.ကေလးေတြ .ေဆာ့စရာဒီေလာက္
ရွားရသလား.. .အပင္ေပၚ.တတ္ေဆာ့.ရတယ္လို႔ကြယ္…ဆင္း.ခဲ့.ျမန္ျမန္ ေတာ္ၾကာျပဳတ္က်ေသေတာ့
မွာပဲ”

ခင္ေလးျဖဴ စကားက ေဆာ့ကစားေနတဲ့.ကေလးေတြ. အစ အဖက္မလုပ္ၾကေပ။

“ဟာ..ဒီစုန္းမႀကီး ကြ ကိုယ္ဟာကိုယ္ေဆာ့တာ
ဘာျဖစ္လဲ ”

သူမအား ႐ိုင္းပ်စြာဆံဆက္လိုက္‌ေလသည္။
ေစတနာနဲ႔ ေျပာဆိုဆုံးမေသာ္လဲ မိမိစကားအား
အရာမေရာက္ခဲ့တာနဲ႔အတူ အိမ္သို႔ခပ္သြက္သြက္
ေလးေလွ်ာက္လာခဲ့ျခင္းပင္ျဖစ္သည္။

“ကြၽန္မ. သူတို႔ေလးေတြကို..ေစတနာနဲ႔..ဆုံးမေပး
တာပါ ၊ ျပဳတ္က်တယ္ဆိုတာကလဲ ကြၽန္မနဲ႔
မဆိုင္ပါဘူး ”

“အို. ..ဘာမဆိုင္ရမွာလဲေအ‌…ညည္းစကားေၾကာင့္
ဟို. လပိုင္းက ဦးဘေကာင္း.ႁမြကိုက္လို႔ ေသသြားတယ္ေလ အဲ့ဒါ ညည္းဘာျငင္းအုန္းမွာလဲ.”

” အဲ့ေန႔က ကြၽန္မလည္း ဦးေလးဘေကာင္းကို
မသြားဖို႔အတန္တန္ေျပာပါေသးတယ္၊ ကြၽန္မအာ႐ုံ
ထဲမွာ ေႁမြေတြ ျမင္ေတြ႕ေနရလို႔ သူ႔အႏၲရယ္ျဖစ္မွာစိုး
လို႔ တားမိပါေသးတယ္ သူ႔ လဲ ကြၽန္မစကားကို
နားမေထာင္ခဲ့ဘူးေလ”

” အဲ့တာ ညည္းက ဝမ္းတြင္စုန္း. .”
“ရွင္..”..
“ဟုတ္တယ္ ဟုတ္တယ္ ဝမ္းတြင္းစုန္းမႀကီး ”

ဘူးမသိဘာမသိ ေဒၚပုမကဝင္ေျပာေတာ့
က်န္တဲ့သူအားလုံးလည္း ဝိုင္းေထာက္ၾကေလ
သည္။.

“သူႀကီးသမီး အင္းၾကင္းလည္း သူေအာက္လမ္းနဲ႔
လုပ္လို႔ေသၿပီး”

ဘုတ္ဆုံမ ထပ္ေျပာလိုက္တဲ့စကားေၾကာင့္
႐ြာသူႀကီး မ်က္ႏွာ နီျမန္း သြားေလၿပီး
ခင္ေလးျဖဴအား မေက်မႏွပ္ျဖင့္ လွန္းၾကည့္လိုက္
ေလသည္။

“အဲ့စုန္းမရွိေနလို႔ ႐ြာနာေနတာကြ”

“ဟုတ္တယ္.ဟုတ္တယ…ဒီစုန္းမေၾကာင့္ .ဒီ႐ြာမွာ
တစ္ေယာက္ၿပီး တစ္ေယာက္ေသေနတာ၊
အရင္ႏွစ္တုန္းကလည္း အရက္သမား.ဖိုေတ. .
ေရနစ္ေသတယ္.သူႏူတ္ေၾကာင့္ပဲ….”

တစ္ေယာက္တစ္ေပါက္အျပစ္တင္ေျပာဆိုလို႔
မကုန္ျဖစ္ေနၾကေလသည္။ ခင္ေလးျဖဴ ကလည္း
တတ္ႏိုင္သေလာက္ရွင္းျပေသာ္လည္းမည္သူ
ကမွ သူမစကားအား လက္မခံၾကေတာ့ေခ်။ …

“ခု ညည္း ဒီ႐ြာမွာ..မေနနဲ႔. .အခုဆင္း..”

“ရွင္.”

“အဲ့လိုမလုပ္ၾကပါနဲ႔.ရွင္၊ ကြၽန္မ.ခင္းပြန္း သူ႔အေမေန
မေကာင္းလို႔ၿမိဳ႕တတ္သြားလို႔ပါ၊ ခု ကြၽန္မ ကိုယ္ဝန္ရင့္ႀကီးနဲ႔ဆိုေတာ့.ခ်က္ခ်င္းေျပာင္းဖို႔ဆိုတာ
ဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္လို႔ပါ ”

“ေအး. .နင္ကိုကေလး ေမြးတဲ့အထိ အခ်ိန္ေပးမယ္
ကေလးေမြးၿပီးလို႔ နင္ ေယာက္က်ားမလာခဲ့ရင္ေတာ့
နင္ထိုက္နဲ႔နင္ကံေပါ့”

႐ြာသူႀကီးဦးေကာင္းျမတ္ေျပာစကားနဲ႔အတူ. .႐ြာထဲက
လူေတြလဲ. အတြန္႔မတတ္ၾကေတာ့ပဲမိမိ.အိမ္သို႔ျပန္
လည္သြားၾကေလေတာ့သည္ ။

အကို.ဘုန္းထက္လြင္ရယ္ ရွင္ျမန္ျမန္ျပန္လာပါ
ေတာ့။စိတ္ထဲက ခင္ပြန္းျဖစ္သူအား ေတာင္းတရင္း
အားငယ္စိတ္ေတြေၾကာင့္ ပါးျပင္းထက္က မ်က္ရည္ေတြလည္း က်ဆင္းလာေလသည္.။
ကိုဘုန္းထက္လြင္ဆိုတာ ၿမိဳ႕သားစစ္စစ္ ၊ပိုက္ဆံ
ရွိ ဆရာဝန္ေလာင္းျဖစ္သည္။႐ြာမွာ တာဝန္နဲ႔
ေရာက္လာခဲ့ျခင္းျဖစ္သည္။ ကိုဘုန္းထက္လြင္
က႐ုပ္ေခ်ာ၊.ပညာတတ္ .ဆရာဝန္ဆိုေတာ့ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီဆိုလည္း မမွားေပ။ မေမ်ာ္လင့္ပဲ
သူနဲ႔ေတြဆုံကာ. .ခ်စ္ႀကိဳက္မိခဲ့ေလသည္။ သူ႔မိဘ
ေတြက ခင္ေလးျဖဴတို႔လို သူဆင္းရဲမကို လုံးဝ
သေဘာမတူခဲ့ဘူး ။ကိုဘုန္းထက္လြင္ကလည္း
မိဘေတြေမာင္ႏွမေတြၾကားထဲက အတိုက္အခိုက္
.လုပ္ရင္း. ခေလးျဖဴကို လက္ထက္ခဲ့တယ္။

“ဆရာေလးကို .ျပဴးစားလိုက္ၾကတယ္တဲ့..
အဲ့ေကာင္မ. .က”

“ရႉး.တိုးတိုး. .ေျပာပါ.ေအ. .
ဟိုမွာ..ၾကားသြား.မွာျဖင့္”

လူေတြရဲ႕ တိုးလွ်ိဳ ေျပာဆို သံေတြၾကားကို အံတုရင္း
ေနထိုင္ခဲ့ရေလသည္။အက္ိုက အစစအရာရာ နား
လည္မူရွိၿပီး ခင္ေလးျဖဴကို အလြန္ဂ႐ုစိုက္ေလသည္။
ကိုယ္ဝန္ ၉လထဲေရာက္ေတာ့ ကိုဘုန္းထက္လြင္
အေမအသဲအသန္ျဖစ္လို႔.ၿမိဳ႕ကိုထြက္သြားခဲ့တာ
ဒီေန႔ဆို၅ရက္ရွိသြားၿပီးျဖစ္သည္။ စိတ္ထဲက
ေယာက္ကၡမျဖစ္သူ ကိုလည္း က်န္းမာဖို႔ ဆုေတာင္း
မိသလို၊ ခင္ပြန္းျဖစ္သူကိုလည္း အျမန္ျပန္ေရာက္
ဖို႔ တေတာင္းေနမိေတာ့သည္။
•••••••••••••••••••

“ကဲ.ခင္ေလးျဖဴ ေျပာထားတဲ့အတိုင္း ဒီ႐ြာကေနကေလးကိုေခၚၿပီးထြက္ခြာေပးပါ. .”

“အို.သူႀကီးရယ္. ..ကြၽန္မသားေလးက၊ .လသားအ႐ြယ္မေရာက္ေသးလို႔ အကိုဘုန္းထက္လြင္
ျပန္လာတဲ့အထိ. .ထပ္ေနခြင့္ျပဳပါအုန္း…ဒါမဟုတ္.
သားေလး တစ္လျပည့္တဲ့အထိ.ေစာင့္ေပးပါ”

ခင္ေလးျဖဴစကားသံေၾကာင့္. သူႀကီးမ်က္ေမွာင္
ၾကဳတ္မိလိုက္သည္။ ႐ြာသူႀကီးေဘးနားက
ေဒၚပုမကလည္း ေလသံတိုးတိတ္စြာျဖင့္
“သူ..ေယာက္က်ားက ဗိုက္ႀကီးမွ စုန္းမမွန္းသိ
လို႔ ပစ္ထားသြားသလားမသိ.”

“ဟုတ္ပါရဲ႕. .”

လ်ိဳ႕ဝွက္ေျပာဆိုသံတခ်ိဳ႕ေၾကာင့္ ခင္ေလးျဖဴလည္း အလိုလိုဝမ္းနည္းလာခဲ့သည္။ အကို တစ္ကယ္ပဲ
ခင္ေလးတို႔ သားအမိကို ထားသြားခဲ့ၿပီးလား ။

သူႀကီးကဆက္လ်က္၍.ေျပာလိုက္သည္
..” ဒီမွာခင္ေလးျဖဴ မင္းေၾကာင့္ အားလုံးဒုကၡ
ေရာက္မယ့္အရာမ်ိဳး ငါမလိုလားဘူး၊
ဒါေၾကာင့္ တို႔ဒီ႐ြာေလးက..အျမန္ဆုံးေျပာင္းေပးပါ
.. ငါ ေမတၱာရပ္ခံပါတယ္”

သူႀကီးစကားေၾကာင့္အားလုံးက ေထာက္ခံၾကေလသည္.။
အို.လူေတြ စာနာစိတ္မရွိလိုက္ၾကတာ အခုလို
သူ႔တစ္ပါးဒုကၡေရာက္ေနတာေတာင္ မကူညီတဲ့အျပင္.ဝိုင္းဝန္. အျပစ္ေတြတင္လိုက္ၾကတာ.။
ေျမနိမ့္ရာ လွံစိုက္ခ်င္ေနၾကပါလား။

” တစ္ခ်ိန္က် ဒီ႐ြာသူ႐ြာသားေတြလည္း ကြၽန္မလို
ဒုကၡမေရာက္ပါေစနဲ႔လို႔ ကြၽန္မဆုေတာင္းေပးခဲ့ပါ
တယ္ ”

ခင္ေလးျဖဴ စကားေၾကာင့္ တစ္႐ြာလုံးကလူေတြ
အားလုံးလည္း တုန္လူပ္ေခ်ာက္ျခားသြားေစတာ
အမွန္ပင္ျဖစ္သည္။

ခင္ေလးျဖဴလည္း မ်က္ရည္စေတြ သုတ္လိုက္ၿပီး
ဤ႐ြာက ထြက္ခြာသြားဖို႔ အျမန္ဆုံးျပင္ဆင္လိုက္
ေတာ့သည္။ ကေလးတစ္ဖက္နဲ႔မို႔ အဝတ္အစားတစ္ခ်ိဳ႕ ႏွင့္အတူ မိမိသားေလးအား ေပြ႕ခ်ီကာ
ဤ႐ြာေလးအား ေက်ာခိုင္းထြက္လာခဲ့သည္။
ကံဆိုးမသြားရာမိုးလိုက္႐ြာဆိုသကဲ့သို႔ မိုးကေတာ့
အညိဳးႀကီးစြာ ႐ြာခ်ေနမိေတာ့သည္။ ရင္ခြင္
ထဲ က သားကို မိုးေရမဆိုေအာင္ အရိပ္ေကာင္း
တဲ့အပင္တစ္ခုမွာ နားခိုလိုက္ၿပီး ပါးျပင္ထက္က
မ်က္ရည္ေတြကလည္း မိုးနဲ႔အတူ ေရာေႏွာသြား
ေလေတာ့သည္။ မိုးလည္း တိတ္သြားေတာ့
သူမလည္း ဘယ္ကိုခရီးဆက္ရမလဲဆိုတာ မစဥ္စားတတ္ေတာ့ေပ။

” အလို မိန္းကေလးပါလား ”

အသံၾကားရာ လွည့္ၾကည့္ေတာ့ အဖိုးအိုတို႔
ဇနီးေမာင္ႏွံပင္ ျဖစ္ေလသည္။

” ဒီက သမီးက ဘယ္ကိုခရီးဆက္မလို႔လဲ”

” ဘယ္ကိုသြားလို႔ ဘယ္ကိုလာရမွန္းမသိေတာ့ပါ
ဘူးအဘိုးနဲ႔ အဘြားရယ္ ” ေျပာရင္း မ်က္ရည္ေတြက်လာၿပီး သူမဘဝရဲ႕ ျဖစ္ေၾကာင္းကုန္စင္ အား ေျပာျပမိေလသည္။

” သမီး ဘဝရဲ႕ အေၾကာင္းေတြၾကားရတာ
စိတ္မခ်မ္းေျမ့စရာပါပဲ၊ ဘာမွ စိတ္အား မငယ္
ပါနဲ႔ကြယ္၊ အဖိုးတို႔နဲ႔ လိုက္ခဲ့ေနာ္ ၊အဖိုးတို႔ဇနီး
ေမာင္ႏွံ က ဟိုေတာင္ေပၚမွာ ေနထိုင္ၾကတာကြယ္
အခု မွ်စ္ခ်ိဳးလာရင္းနဲ႔ မိုးခိုေနၾကတာ”

ကြၽန္မလည္း မျငင္းသာေတာ့ပဲ အဖိုးတို႔နဲ႔အတူ
လိုက္ဖို႔ဆုံးျဖတ္ခ်က္ခ်မိလိုက္ေတာ့သည္။
အဖိုးတို႔အဘြားတို႔ ေကာင္းမူနဲ႔ ပဲ အသက္ရွင္
ေနထိုင္ခဲ့ၿပီး ေတာင္ရာအလုပ္ကိုလည္း အဘိုးတို႔
ဇနီးေမာင္ႏွံအတူ လုပ္ကိုင္ေနထိုင္ခဲ့ၾကေလသည္။
အဖိုးႏွင့္အဘြားကလည္း သားသမီးအရင္းလို
ခ်စ္ၾကၿပီး ခင္ေလးျဖဴကလည္း မိခင္အရင္းပမာ
ျပဳစုလုပ္ေကြၽးေနမိေတာ့သည္။အခ်ိန္ေတြလည္း တစ္ေ႐ြ႕ေ႐ြ႕ ကုန္ဆုံးသြားတာႏွင့္အတူ သားျဖစ္သူ
၇ႏွစ္ျပည့္ေန႔မွာပဲအဖိုးတို႔ဇႏွီးေမာင္ႏွံလည္း ေရွ႕
ဆင့္ေနာက္ဆင့္ ကြယ္လြန္သြားၾကေလေတာ့သည္။

•••••••••••••••••••••

အေမျဖစ္သူရဲ႕ဘဝအမွန္ၾကားလိုက္ရေတာ့
ဆူးထက္လည္း ႐ြာကလူေတြအေပၚေတာ္ေတာ္
ေလး စိတ္နာမိခဲ့တာအမွန္။

“ဒါနဲ႔အေမ..အေဖ .ျပန္လာခဲ့လားဟင္..”

ထက္မံေမးလိုက္တဲ့ စူးထက္ စကားေၾကာင့္
ေဒၚခင္ေလးျဖဴလည္း ေအာက္ႏွာခမ္းသားအား
ျပတ္လုမတတ္ကိုက္မိလိုက္သည္။

“မင္း.အေဖက.အေမနဲ႔မင္းကို.အၿပီးထားသြားခဲ့တာ.”

အေမစကားေၾကာင့္ ဆူးခက္ႏွလုံးသားထဲ နင့္ခနဲ ျဖစ္မိသြားေလသည္။ အေဖအၾကာင္းၾကားရေတာ့ အေဖကိုအရမ္းမုန္းမိသည္။

“ဒါဆို…အေဖက အရမ္းရက္စက္တာပဲတာ”.

“အို..သားရယ္…သားအေဖကိုေတာ့
မျပစ္မမွားမိေစနဲ႔..အေဖက..အေဖပါပဲ…”

“ဟုတ္ကဲ့ပါ..အေမ..”

စကားေျပာဆိုေနရင္း..ေဒၚခင္ေလးျဖဴ တစ္စုံတစ္ခု
ကို ႐ုတ္တရက္ လွန္းျမင္လိုက္တာေၾကာင့္ ခ်က္ခ်င္း မတ္တတ္ထ ရပ္လိုက္သည္။

“သားသား..ေလာင္းစာဆီနဲ႔မီးျမန္ျမန္ယူခဲ့…”
“ဗ်ာ”
အေမျဖစ္သူရဲ႕႐ုတ္တရပ္..စကားသံေၾကာင့္သားျဖစ္
သူ စူးထက္ ဘာမွနားမလဲျဖစ္ေနမိေတာ့သည္။

“ဟဲ့..ၾကားလား..အေမေျပာတာ”

“ဟုတ္ဟုတ္..ကဲ့…အေမ…”

စူးထက္.လည္း ဘာမွေတြးေဝမေနေတာ့ပဲ
အိမ္ထဲသို႔အလ်င္အျမန္ေျပးသြားခဲ့ေလသည္။
ေဒၚခင္ေလးျဖဴက စပါးစ္ိုက္ခင္းနားရပ္ေန
ရင္းကေန သားျဖစ္သူေရာက္လာေတာ့…
“သား…စပါးခင္းေတြကို..ေလာင္းစာဆီေတြေလာင္း
ၿပီး မီး႐ိူ႔လိုက္”
“ဟုတ္.ဟုတ္.အေမ..”
အေမျဖစ္သူရဲ႕ ခိုင္းေစခ်က္ကို နားမလည္ႏိုင္ေပ
မယ့္ အေမဆႏၵအတိုင္း လုပ္ေပးလိုက္ေလသည္။
ဆူးထက္လည္း ယူေဆာင္လာတဲ့ ေလာင္းစာဆီ
မီးတုတ္အား မႏုမရင့္ ေ႐ႊဝါေရာင္သန္ေနတဲ့စပါးခင္းအား စတင္မီး႐ိူ႔လိုက္ေလသည္။ ဝုန္းကတည္း မီးေတာက္ႀကီးႏွင့္အတူ စပါခင္းႀကီးအားမီးေတြရဲ႕
ဝါးၿမိဳျခင္းကိုခံလိုက္ရေလေတာ့သည္။
•••••••••••••••••••

“သူႀကီး..သူႀကီး…မီးမီး…မီးဗ်ိဳ႕”

“ဟဲ့..ဘယ္မွာေလာင္းေနတာလဲ…”

“ေတာင္ေပၚမွာ..”
.​
“ေဟ..ဒါဆိုဘယ္ျဖစ္မလဲ၊ ေတာင္ထိတ္
မီးေလာင္ရင္ ႐ြာအႏၲရယ္ က်ေရာက္မယ္လို႔
ငါအေဖေျပာတာ ၾကားဖူးတယ္၊ ခ်က္ခ်င္း ေမာင္းထုေၾကာ္ျငာၿပီး ေတာင္ေပၚသို႔ တစ္ယာက္မက်န္သြားၾကရေအာင္….”

“ဟုတ္ကဲ့…သူႀကီး”

.လွေအးလည္း.ခ်က္ခ်င္းဆိုသလို အေျပးအလႊာ
သြားကာ ေမာင္းထု..အသိေပးႏိုးေဆာ္လိုက္သည္။
ခဏအၾကာ ႐ြာထဲ.က..‌ေယာက္က်ား.၊မိန္းမ
.ကေလးပါမက်န္အကုန္ေရာက္ရွိလာေလသည္။

.”.ကဲ,,,ကဲ..႐ြာမွာအႏၲာရယ္ တစ္ခုျဖစ္ေတာ့မယ္..
ဒါေၾကာင့္.နတ္ေတြက..သတိေပးေနတာေနမွာ
လာ..လာအကုန္လုံးေတာင္ေပၚတတ္ၾကေအာင္”

ေျပာေျပာဆိုျဖင့္ ေတာင္ေပၚသို႔ရင္တထိတ္ နဲ႔
အားလုံး တတ္လာၾကေလသည္….။

“..ဟိုစုန္းမ..ေျပာသလို တို႔႐ြာဒုကၡေရာက္ေတာ့မွာ
အမွန္.ပဲလား ”

ေတာင္ေပၚသို႔ ရင္တမမျဖင့္ တတ္လာၾကေလသည္။
ေတာင္ထိပ္ေရာက္ေတာ့.ခင္ေလးျဖဴတို႔ သားမိအား
ျမင္လိုက္ၾကေတာ့ ႐ြာသူ႐ြာသားေတြလည္း
ပါး‌စပ္ေဟာင္းသား ျဖစ္ေနၾကသည္

” နင္ နင္ ခင္ေလးျဖဴ မဟုတ္လား ”

သူႀကီးဦးေကာင္းျမတ္ အေမးေၾကာင့္ ခင္ေလးျဖဴက ေခါင္းညိမ့္ျပလိုက္ေလသည္။

“သိတ္ ဟုတ္တာေပါ့ရွင္ …ရွင္တို႔ ေတြ လူမဆန္
စြာ ႐ြာကေမာင္းထုတ္လိုက္လို႔ ဒီေတာင္ထိပ္ေပၚ
မွာ ဇာတ္ျမဳတ္ၿပီး ေနခဲ့တာ ၁၂ႏွစ္ေတာင္ ၾကာ
ခဲ့ၿပီးေပါ့ …”

“ဒါဆို.ငါတို႔အလိမ္ခံၿပီးေပါ့… ႐ြာဒုကၡေရာက္မယ္
ဆိုတာ.တစ္ကယ္မဟုတ္ဖူး”

“ဟုတ္ပေအ..အလကား၊ အားအားယားယား
စပါးခင္းႀကီးကို မီး႐ိူ႔ရတယ္လို”

႐ြာသူ႐ြာသားေတြရဲ႕ တစ္ေယာက္တစ္ေပါက္
ေျပာဆိုသံေတြၾကားက သူႀကီးဦးေကာင္းျမတ္က
ဆက္ေျပာေလသည္..

“..ခင္ေလးျဖဴ..နင္႐ူးေနသလား ပင္ပင္ပန္းပန္း
စိုက္ထားတဲ့..စပါးခင္းႀကီးကို.မီး႐ိူ႔ရတယ္လို႔.
ေနာက္ၿပီး ငါ.တို႔ကို.အလန္႔တၾကားလုပ္တယ္”
ဦးေကာင္းျမတ္ အေမးေၾကာင့္ ခင္ေလးျဖဴက
နီျမန္းေနတဲ့မိုးေကာင္းကင္ႀကီးကို လက္ညိဳးထိုး
ျပလိုက္သည္။

“ဟိုမွာေတြ႕လား ဦးေကာင္းျမတ္..”

ခင္ေလးျဖဴ လက္ညိဳးထိုးတဲ့.ဘက္သို႔ စူးထက္
အပါဝင္ ႐ြာသားေတြအကုန္..ဝိုင္းၾကည့္ၾကေလသည္။

နီရဲေတာက္ေနတဲ့..ေထာင့္ တစ္ေနရာက တိမ္စိုင္းေတြ
အေျဖးေျဖး မဲညိဳ႕လာေလၿပီး ေလညင္း
ေလး တစ္ခ်က္ တိုက္ခိုက္သြားေလသည္။
ထိုအရာကို ျမင္ေတာ့ ႐ြာသူ႐ြာသားေတြလည္း
စိုးရိမ္တႀကီး ျဖစ္မိၾကေလသည္။

“မုန္းတိုင္း…မုန္းတိုင္း..လာေနၿပီးလားမသိေဟ့”

“ေအး..ေၾကာက္စရာႀကီး……”

“.ေအးဟယ္ ”

စကားသံေတြအဆုံးမွာပဲ ေလမ်ားစတင္တိုက္ခိုက္
လာေတာ့ တစ္႐ြာလုံးကလူေတြလည္း ႐ုန္းရင္းဆန္
ခတ္ ျဖစ္ေနၾကေလသည္။

“ဘာရပ္ၾကည့္ေနၾကတာလဲ မၾကာခင္မုန္းတိုင္း
ဝင္ေတာ့မွာ…ကေလး.ေတြ.အမ်ိဳးသမီးေတြ
အသက္ႀကီးအဘိုးအဘြားေတြ ကြၽန္မ
တဲအတြင္းထဲ.ဝင္ေနၾကပါ ”

ခင္ေလးျဖဴ ရဲ႕ စိုးရိမ္ စကားၾကားလိုက္ရေတာ့
သူ႔မအေပၚ အေကာင္းမျမင္ခဲ့ၾကတဲ့ ႐ြာသူ႐ြာသား
ေတြလည္းေနာင္တအႀကီးအက်ယ္ရေနမိေတာ့
သည္။

ခင္ေလးျဖဴတို႔တဲေလးက ခိုင္မာမူေဆာက္ထားတဲ့
အျပင္ တဲအိမ္အတြင္းကလည္း ထင္ထားတာထက္
ပိုက်ယ္ဝန္းသည္။ လူအေယာက္၅၀နီးပါး ခိုဝင္လို႔
ရသည့္မဟုတ္လား။

စူးထက္က မိမိအိမ္အတြင္းသို႔ လာေရာက္တဲခိုတဲ့
သူေတြကိုလည္း ေနရာထိုင္ခင္းေရး အျမန္ျပဳ
လုပ္ေပးေနေလသည္။ ခဏအၾကာ ေကာင္ကင္ႀကီး
တစ္ခြင္လုံး အေမွာင္က်သြားၿပီး ေလျပင္းမ်ားနဲ႔အတူ..မိုးသည္းထန္စြာသြင္းေနမိလာေတာ့သည္.။

“ေဝါ..ေဝါ……”

ေၾကာက္မက္ဖြယ္ ေရလိူင္းလုံးႀကီးေတြကလည္း
ေတာင္ေျခက ႐ြာေလးအား ေလျပင္းမ်ားႏွင့္အတူ
ဝါးၿမိဳလိုက္ေတာ့သည္။

အားလုံးေသာ ႐ြာသူ႐ြာသားေတြလည္း
ခင္ေလးျဖဴ.တို႔သားမိရဲ႕ ကယ္တင္မူေၾကာင့္
အသက္ေဘးမွလြတ္ေျမႇာက္သြားခဲ့ေလသည္။
ေလျပင္း တိုက္ခိုက္မူဒဏ္ေတြေၾကာင့္လည္း
ေတာင္ေျခအနားက ႐ြာေလးကေတာ့
ျမစ္ေရမ်ား ဖုံးလြမ္းသြားခဲ့ေလေတာ့သည္။

အားလုံးေသာ ႐ြာသူ႐ြာသားေတြလဲ ခင္ေလးျဖဴ
တို႔ သားမိအား ေက်းဇူးတင္မိ အေၾကာင္း
ေျပာလို႔မကုန္ျဖစ္ေနမိၾကသည္။

တခ်ိဳ႕ကမိမိအမွားမ်ားကိုဝန္ခ်ေတာင္းပန္ၾက
ေလသည္.။ ၂ရက္အၾကာမွာေတာ့ ျမစ္ေရမ်ား
က်ဆင္းသြား၍ သူႀကီးမပါအဝင္ အားလုံးက
လူ‌ေတြလည္း႐ြာမွာ ျပန္ေနၾက.ဖို႔ ေျပာဆိုၾကေသာ္
လည္း ခင္ေလးျဖဴက.ျငင္းဖယ္ခဲ့ေလသည္.။
သူႀကီးဦးေကာင္းျမတ္လည္း ခင္ေလးျဖဴတို႔
သားမိအားႏူတ္ဆက္ကာ မိမိ႐ြာသို႔ ႐ြာသူ႐ြာသား
ေတြနဲ႔ျပန္လာခဲ့ၾကေလေတာ့သည္.။

**********

“ခင္ေရ ..ခင္ေရ…”

အသက္၄၀ေက်ာ္ခန္႔ အမ်ိဳးသားတစ္ဦးေခၚဆိုသံ
ေၾကာင့္ စူးထက္လည္း .ထိုအမ်ိဳးသားကိုအကဲခက္
ၾကည့္ မိလိုက္ေလသည္။ ထိုလူက စူးထက္ ျမင္ေတာ့ ဝမ္းသာအားရျဖစ္သြားေလသည္။

“သားေတာင္အ႐ြယ္ေရာက္ေနၿပီးပဲ..
ဒါနဲ႔သားအေမေရာ..”

“ရွိ…ရွိတယ္ဦး. .”

စူးထက္ စကားဆုံးေတာ့ အေနာက္က ခင္ေလး
ျဖဴလည္းေရာက္လာခဲ့ေလသည္။

“ရွင္…ရွင္.ကိုဘုန္းထက္လြင္..”

“ဟုတ္ပါတယ္… ကိုယ္.မင္းတို႔သားမိအေပၚ
တာဝန္မေက်ျဖစ္သြားခဲ့တာ အကိုေတာင္းပန္
ပါတယ္ကြာ ”

” ေအာ္.ရွင္.က ကိုယ္အျပစ္ေတာ့ကိုယ္သိသားပဲ”

“အဲ့လို.မဟုတ္ဘူး. ခင္ ကိုယ္ရွင္းျပပါရေစ..”

“အို….ဘာမွလာမရွင္းျပနဲ႔..ရွင္.ျပစ္ထားခဲ့တဲ့ အခ်ိန္မွာ
ကြၽန္မတို႔သားမိ..ဘယ္ေလာက္ထိဒုကၡေရာက္တယ္ဆိုတာရွင္မွမသ္ိတာ…”

ထိုအခ်ိန္..သူႀကီး ဦးေကာင္းျမတ္ေရာက္ရွိလာေလ
သည္။

” ခင္ေလးျဖဴ..အဲ့.ဒါ.ဦး.အျပစ္ပါ.ကြယ္”

“ရွင္.”

.ဦးေကာင္းျမတ္.စကားသံေၾကာင့္
ခင္ေလးျဖဴလည္း .နားမလည္အၾကည့္မ်ိဳး
ျဖင့္ၾကည့္မိလိုက္ေလသည္။

“ဟုတ္တယ္..ခြင့္မလြတ္ႏိုင္တဲ့အျပစ္ပါ”

ဦးေကာင္းျမတ္က..သူ႔အျပစ္ကို.ျပန္လည္ေျပာၾကား
ခဲ့ေလသည္…။

“အျဖစ္ကဒီလိုပါကြယ္..ေမာင္ဘုန္းထက္လြင္ အေမအသည္အသန္ျဖစ္လို႔ၿမိဳ႕တတ္သြားေတာ့..သူ႔အေမဆုံးပါးသြားတယ္ေလ။ မိခင္.နာေရးကိစၥနဲ.သူ႔လည္းရက္ၾကာသြားခဲ့တယ္။႐ြာျပန္ေရာက္ေတာ့ ခင္ေလးျဖဴတို႔.သားမိ မရွိတာနဲ႔ဦးေလးလည္း ေသဆုံးသြား
ခဲ့တဲ့သမီးစိတ္နဲ႔ ခင္ေလးျဖဴအေပၚ အရမ္းမုန္းတီး
ခဲ့တယ္။ သမီးျဖစ္သူ အင္ၾကင္းကေမာင္ဘုန္းထက္ကို အ႐ူးအမူးခ်စ္ခဲ့တယ္ေလ.ခင္ေလးျဖဴနဲ႔လက္ထက္သြားေတာ့ သမီးေလးအင္ၾကင္း ခင္ဗ်ာ.
အလြမ္းေတြရဲ႕.ႏွိမ္စက္မူဒဏ္ေၾကာင့္ စားမဝင္၊အိပ္မေပ်ာ္ ျဖစ္ခဲ့ၿပီးေသဆုံးသြားရွာတယ္.၊ .အဲ့ဒါနဲ႔ပဲ…ခင္ေလးျဖဴကို. ဦးအျပစ္မရွိမျပစ္ရွာခဲ့တယ္။ ဒါနဲ႔ေမာင္ထက္ဘုန္းလြင္ျပန္ေရာက္လာေတာ့..
ခင္ေလးျဖဴတို႔သားမိအေၾကာင္းေမးေတာ့…မီးဖြားခါနီးမွာ..ဆုံးပါးသြားခဲ့တယ္လို႔ ပလီဆယ္ၿပီးေျပာဆိုမိခဲ့တယ္။ေမာင္ထက္ဘုန္းလြင္လဲ. အေတာ္ခံစားသြားရရွာတယ္.။ဒီ႐ြာ.မွာေနရင္..ခင္ေလးျဖဴကို.သတ္ိရမွာစိုးလို႔
ဆိုၿပီး ၿမိဳ႕က္ို.ျပန္.တတ္သြားခဲ့.ရွာတယ္ေပါ့ “..

“ဟုတ္ပါတယ္..ခင္ .ခုဦးေလးေကာင္းျမတ္ သတင္း
ေပးမူေၾကာင့္ပဲ .ခင္ေလးတို႔သားမိဆီ.အရာက္.ေျပး
လာခဲ့တာေပါ့.. ခု..ခင္ေလး တို႔သားမိကို..ၿမိဳ႕ေခၚသြားမယ္.”.

ေဖေဖ.အေၾကာင္းအား အေၾကာင္းအစုံ..သိခဲ့.ရေတာ့.
ဆူးခက္လည္း အရမ္းေပ်ာ္သြားခဲ့ေလသည္။

“အေမ..အေဖမွာ.အျပစ္မရွိေလာက္ပါဘူး
ကံေစရာအတိုင္း..ျဖစ္သြားခဲ့တာပါ ေဖေဖ.က္ို
ခြင့္လြတ္ေပးလိုက္ပါ..ေနာ္.”

ခင္ေလးျဖဴလည္း သားေလးကိုၾကည့္ရင္း
ၿပဳံးျပလိုက္ေလသည္။…ဘုန္းထက္လြင္လည္း
.ခင္ေလးျဖဴအနား တိုးကပ္လာရင္း ခင္ေလးျဖဴ
လက္တစ္စုံအား ဆုတ္ကိုင္ကာ.
“ကိုယ္.ဘယ္ေတာ့မွ…ခင္ေလးတို႔သားအမိကို
ခြဲမသြားေတာ့ဆိုတာ ကိုယ့္အသက္ကိုေလာင္းေၾကး
ထပ္ၿပီး ကတိေပးပါတယ္ ခင္ရယ္ ”

ေျပာရင္းျဖင့္ ခင္ေလးျဖဴတို႔သားမိကိုအား
တင္းတင္းၾကပ္ၾကပ္ ဖက္ထားမိလိုက္ေလသည္။.

သူႀကီးဦးေကာင္းျမတ္လဲ သူတို႔ႏွစ္ဦးကို ၾကည့္မိၿပီး
ပီတိ .မ်က္ရည္မ်ားက်လာေလေတာ့သည္။

ထိုအခ်ိန္ကစ၍ တစ္႐ြာလုံးကလူေတြလည္းအယူသီးမူ မရွိၾကေတာ့ပဲ ေအးေအးခ်မ္းခ်မ္း
လုပ္ကိုင္စားေသာက္ေနထိုင္ၾကေလေတာ့သည္။
(ၿပီးပါၿပီး)

စာေပခ်စ္ျမတ္ႏိုးသူအားလုံး ခ်စ္ခင္ေလးစားလ်က္ပါ
စာေရးသူ – အလင္းေရာင္