ဖုတ်ဝင်သူနှင့်ဆရာလိမ်

# ဖုတ်ဝင်သူ နှင့် ဆရာလိမ် #

 

“နောင်..ဝေ…ဝေ…”

 

“သံဃာတော်များဆွမ်းခံရန်ကြွလာပါပြီခင်ဗျာ..”

 

မနက်အာရုဏ်တက်ချိန်မှာကြားရသော အသံက နိဗ္ဗာန်ဆော်၏ ဆွမ်းလောင်းလှူရန်နှိုးဆော်သံ အသိပေးသံမို့ သာယာနာပျော်ဖွယ်ရှိလှပါဘိ..။ မနက်ခင်းဆို ကြေးစည်သံနှင့် နိဗ္ဗာန်ဆော်သံက အသာယာဆုံးမနက်ခင်းတေးသွားများပင်..။

 

ရွာဦးကျောင်းက ကပ္ပိယကြီးရဲ့နိဗ္ဗာန်ဆော်သံနှင့်အတူ ရွာတန်းတစ်လျှောက်မှာဆွမ်းလောင်းလှူဖို့အဆင်သင့်ဖြစ်နေသော ရွာသူရွာသားများ…။ စီတန်း၍ မျက်လွှာချကာ အိနြေ္ဒသိက္ခာရှိစွာကြွလှမ်းလာသော ရွာဦးကျောင်းမှ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများလောင်းလှူကာ ရှိခိုးဦးချကြသော ပုံရိပ်များက ဒီရွာလေးကို သာယာအေးချမ်းသောရွာလေးအဖြစ် ပုံပေါ်စေသည်..။

 

တကယ်လဲ ဒီရွာလေးက သာယာအေးချမ်းသည့်ရွာလေးပင်..။ ရွာလေးအမည်က သပြေတန်းရွာဖြစ်ကာ ဒီရွာလေးက ပဲခူးရိုးမနှင့်ကပ်လျက်ရှိနေသော တောင်ခြေရွာလေးပင်..။ ရွာမှလူများကလဲ တောတက်၍ မီးသွေးဖုတ်ခြင်း ၊ သစ်ခုတ်ခြင်း ၊ တောင်ယာစိုက်ခြင်းများပြုလုပ်ကာ အသက်မွေးကြသူများပင်..။သူခိုးသူဝှက်ကင်းရှင်းကာ တောအရက်ဆိုင်ပင်မရှိသည့် ရွာလေးဖြစ်ကာ တစ်ရွာလုံးက ဘာသာတရားကိုင်းရှိူင်းကြသည်..။

 

မနက်စောစောဆွမ်းလောင်းပြီးသည်နှင့် တစ်ရွာလုံးသက်ဆိုင်ရာ အလုပ်ခွင်ဝင်ဖို့ပြင်ကြဆင်ကြတော့သည်..။ ဒီထဲမှာလဲ ကိုသာလှနှင့်မခင်မြတို့လင်မယားလဲအပါအဝင်ပင်..။ကိုသာလှက တောတက်ကာသစ်ခုတ်ရင်းမီးသွေးဖုတ်သူ ဖြစ်ပြီး မခင်မြကတော့ရွာထိပ်ဘက်မှာကိုယ်ပိုင်စိုက်ခင်းလေးရှိတာမို့ နှစ်ကိုယ်တည်းသမားတွေမို့ချောင်လည်သူတွေပင်ဖြစ်ကြသည်..။

 

“ကိုသာလှ..တော်ဒီနေ့ တောမတက်ပါနဲ့လားတော်..ကျုပ်ညကအိပ်မက်မကောင်းဘူးတော့..”

 

ခင်ပွန်းသည်ကိုပြောလိုက်ရင်းမခင်မြတစ်ယောက် ညကအိပ်မက်ကိုသတိရလိုက်မိသည်..။ညက အိပ်မက်ထဲမှာကိုသာလှကို လူမဲကြီးများကအပိုင်းပိုင်းအတစ်တစ်ခုတ်ထစ်နေကြတာလို့ အိပ်မက်မက်တာမို့ တကယ်စိတ်လေးနေမိတာပါ..။ ဘာရယ်မသိပေမဲ့ ဒီနေ့တစ်ခုခုဖြစ်တော့မှာလို့ထင်နေမိတာကြောင့် ကိုသာလှကိုတောမသွားစေလို…။

 

“ဟ..အိပ်မက်ဆိုတာသွေးလေခြောက်ချားလို့မက်တတ်တာမျိုးပါ မခင်မြရယ်..ငါ့အတွက်စိတ်ပူမနေနဲ့..ထမင်းရောထုပ်ပြီးပြီလား..”

 

“ပြီးပါပြီတော်..ဘာဖြစ်ဖြစ်သတိတော့ထားနော်..ကျုပ်တအားစိတ်လေးနေတာတော့…”

 

ဇနီးဖြစ်သူရဲ့ စိုးရိမ်စကားကိုခေါင်းဆတ်ပြကာ ပြင်ထားသောထမင်းထုပ်ကိုယူကာ အလုပ်ခွင်သို့ထွက်လာခဲ့လိုက်သည်..။ တောင်ခြေက သစ်ကွက်ထဲမှာသူ့ရဲ့မီးသွေးဖိုရှိတာမို့ မီးသွေးဖိုကိုထွက်လာခြင်းပင်..။ ခုရာသီမှာ သစ်ခုတ်ပြီးမီးသွေးများများလုပ်ထားနိုင်မှဈေးကောင်းရမည်မို့..နေ့တိုင်းပြီးနိုင်သမျှပြီးအောင်လုပ်ရမည်..။ ဇောနှင့်လျှောက်လာလိုက်တာ နှင်းမကွဲမီပင်မီးသွေးဖိုစီသို့ရောက်လာခဲ့သည်..။

 

မီးသွေးဖိုဆိုတာလဲတစ်ဖိုကျကာနီးမို့သူလဲသိပ်တော့မပင်ပန်းတော့ပဲ အပြင်ဘက်မှမီးထိုးပြီးနောက်တစ်ဖိုလုပ်ဖို့ကျင်းတူးထားရာသို့လာကြည့်လိုက်ရင်း ဆက်တူးလိုက် မြေသယ်အပြင်ထုတ်လိုက်နှင့် ဆောင်းမနက်ခင်းအေးစက်စက်မှာချွေးဒီးဒီးကျသွားရတော့သည်..။နေ့လည်ထမင်းစားချိန်ရောက်တော့ မခင်မြထည့်ပေးလိုက်သည့် ထမင်းနှင့်ငါးခြောက်ကြော်ကိုစားကာ အသင့်ပါသည့်ရေဘူးမှရေသောက်ပြီးထမင်းလုံးစီလိုက်သည်..။ နေထန်းတစ်ဖျားကျော်သည့်တိုင် တောထဲတောင်ထဲမို့ သစ်ရိပ်ဝါးရိပ်တို့ပြည့်ကာအေးစက်နေလျက်မို့မှေးခနဲဖြစ်သွားရတော့သည်..။

 

“ဝေါ…ဝရော…ဝရော…ဖျော…ဖျော…”

 

ပြင်းထန်သည့်လေတိုက်သံနှင့် သစ်ရွက်ခြင်းထိခိုက်ပွတ်တိုက်သည့်အသံတို့ကြောင့်ဖျတ်ခနဲနိုးလာတော့ညနေတောင်ရောက်တော့မည်မို့..သယ်ထုတ်လက်စမြေကြီးများကို စွန့်ပစ်ရင်းအလုပ်လက်စသတ်ဖို့ ကျင်းထဲတစ်ခါပြန်ဆင်းလာလိုက်သည်..။ မြေစာများကိုတောင်းနှင့်သယ်နေရင်းမှ နောက်ဆုံးအခေါက်သယ်ဖို့ကျင်းစီပြန်အလာတွင်..နောက်ပါးမှခြေသံတစ်ရှပ်ရှပ်ကြားလိုက်ရတာမို့ လှည့်ကြည့်လိုက်မိသည်..။

 

ထိုသို့ကြည့်လိုက်မိသည်ကပင် ကိုသာလှအတွက်အမှားဖြစ်သွားကာ..ကျင်းဝတွင်ချထားသည့်တူရွင်းပြားကိုနင်းမိရင်းခြေချော်က မြေကျင်းထဲပြုတ်ကျသွားသလို ကိုသာလှ၏ နာနာကျင်ကျင်အော်လိုက်သံကြီးကတောင်ခြေတွင်ပဲ့တင်ထပ်သွားတော့သည်..။

 

==============

 

ပြန်နေကျအချိန်ရောက်နေတာတောင် ကိုသာလှတစ်ယောက်ပြန်မလာသေးတာမို့ မခင်မြတစ်ယောက်လည်တစ်ဆန့်ဆန့်ဖြစ်နေရသည်..။ မိုးချုပ်စပြုမှ ကိုသာလှတစ်ယောက်တူရွင်းတွေပေါက်တူးတွေထမ်းကာပြန်ဝင်လာတာတွေ့တာမို့စိတ်အေးသွားရသည်..။

 

“ကိုသာလှရယ်..တော့်မလဲနောက်ကျလိုက်တာတော်..”

 

“အေး…အလုပ်များသွားလို့…”

 

မခင်မြအပြောကိုခပ်ပြတ်ပြတ်ပြန်ဖြေရင်း အိမ်နောက်ဘက်မှကွေ့ပတ်ကာအိမ်ပေါ်တက်သွားတာမို့မခင်မြလဲအိမ်ပေါ်တက်လိုက်လာမိသည်..။ သာမန်နှင့်မတူကာ ကိုသာလှတစ်ယောက်အင်္ကျီတွေမှာ မြေကြီး တွေပေကျံပြီးမျက်နှာကလဲသာမန်ထက်ပိုတည်နေသလို…။

 

“ကိုသာလှ..အလုပ်ရော အဆင်ပြေရဲ့လား…”

 

“ပြေတယ်..ထမင်းစားမယ်ကွာ..ထမင်းခူးတော့..”

 

“တော်ရေမချိုးဘူးလား…”

 

“မချိုးတော့ဘူးကွာ…အဝတ်ပဲလဲလိုက်တော့မယ်..”

 

အခန်းထဲဝင်ကာ ခပ်နွမ်းနွမ်းအဝတ်တွေကိုဝတ်ပြီးပြန်ထွက်လာရင်းထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်..။ ချက်ထားသော အမဲသားနှင့်ထမင်းကိုတစ်ထိုင်တည်းသုံးပန်ကန်လောက်ကုန်အောင်စားပြီးချက်ချင်းကို အိပ်ခန်းထဲဝင်သွားတော့သည်..။ အရင်လိုမဟုတ်ပဲထူးခြားနေပေမဲ့ အလုပ်ပင်ပန်းလို့နေမှာပါဟုတွေးကာ စားသောက်ထားသောပန်းကန်ခွက်ယောက်တွေဆေးကြောပြီးမှ..ပိုသောဟင်းများကိုမနက်အတွက်ရည်ရွယ်ရွယ်ပြီးကြောင်အိမ်ထဲထည့်ကာသေချာသိမ်းဆည်းထားလိုက်တော့သည်…။

 

=================

 

“တုံ..တုံ…တုံ..”

 

ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံနှင့်အတူနိုးလာတော့ ကိုသာလှတစ်ယောက်ဘေးမှာအိပ်တုန်း..။

 

“ကိုသာလှ…ဆွမ်းလောင်းဖို့ပြင်ကြမယ်လေ..ထပါတော့လား ..”

 

“ငါသိပ်နေမကောင်းလို့ဟာ..နင်ပဲလောင်းလိုက်တော့..”

 

မငြင်းစဖူးငြင်းတာကြောင့်အံ့ဩရသလို နေမကောင်းဘူးဆိုတာကြောင့် နဖူးစမ်းကြည့်တော့ အသားတွေကရေခဲတမျှအေးစက်နေလျှက်..။

 

“တော့်အသားတွေအေးစက်နေတာပဲ..စောင်လေးခြုံထား..”

 

စောင်ထပ်ခြုံပေးလိုက်ရင်း အမှတ်တမဲ့မြင်လိုက်မိတာက ကိုသာလှခြေထောက်မှာပေကျံနေသောရွံ့များ..။ ညကပဲခြေလက်ဆေးမအိပ်တာလား တွေးမိပေမဲ့ကြာကြာမတွေးနိုင်ပဲ အာရုဏ်ဆွမ်းအတွက်ပြင်ဆင်ပြီးထိုအကြောင်းကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားရတော့သည်..။

 

“ကုန်ပါပြီတော်..ကုန်ပါပြီ..ငါ့ကြက်တွေကုန်ပါပြီ…”

 

ဘေးအိမ်မှ ရွှေမိအသံကြောင့် ကိုသာလှအတွက်ထမင်းထုပ်ပြင်နေရင်းမှ အပြေးအလွှားထွက်လာမိရသလို..အိမ်နီးနားချင်းအချို့ကလဲ မရွှေမိအိမ်ရောက်နေချေပြီ..။ မခင်မြရောက်ချိန်မှာ မြင်ရသည့်မြင်ကွင်းကမကောင်း..။ မရွှေမိအိမ်က ကြက်ခြံထဲက ကြက်တွေကိုတစ်ကောင်ကောင်လာစားသွားဟန်နှင့် အရိုးစ သွေးစများနှင့် ကြက်မွှေးများကမြင်မကောင်းအောင်ရှုပ်ပေပွနေလျှက်..။

 

“အဲ့တာဘယ်လိုဖြစ်တာတုန်း ရွှေမိရယ်..”

 

“ကျုပ်လဲမသိပါဘူးတော်..မနက်ပိုင်းကြက်စာကျွေးဖို့အလာမှာဒီလိုမြင်ရတာပဲတော့..”

 

ရွှေမိရဲ့ငိုသံပါကြီးနှင့်ပြောသံအဆုံးမှာ အနားရောက်နေသည့်လူအုပ်ထဲမှ တီးတိုးတီးတိုးသံများထွက်ပေါ်လာကာ သို့လောသို့လောတွေပါဖြစ်ကုန်ကြတော့သည်..။ တစ်ခါမှဒီလိုမဖြစ်ဖူးသလို..အကောင်တစ်ကောင်ကောင်ဝင်စားသည်ပြောရအောင်ကလဲ တောင်ခြေစိုက်ခင်းတွေတောင်အကောင်တွေမှမဝင်တတ်တာ…။

 

မရွှေမိအိမ်မှပြန်ရောက်သည်ထိ ကိုသာလှတစ်ယောက်အိပ်ယာမထသေးသလို မခင်မြပြောပြသည်ကိုလဲ အင်းမလုပ် အဲမလုပ်နှင့်နားထောင်လျှက်…။ အတော်ကြာကာမှ အိပ်ယာမှဆတ်ခနဲထထိုင်လိုက်ကာ

 

“မခင်မြ …ဘာစားဖို့ရှိလဲ..ငါဗိုက်ဆာပြီ..”

 

“မနေ့ကကျန်တဲ့ဟင်းတွေရှိတယ်လေ..တော်ခဏစောင့် ကျုပ်ဟင်းတွေနွှေးပေးမယ်…”

 

ကြောင်အိမ်ကိုဖွင့်ကာ ညကသိမ်းထားသည့်အမဲသားဟင်းများကိုကြည့့်တော့..ဟင်ခနဲဖြစ်သွားရသည်..။ ညက အကျအနသိမ်းထားသည့် အမဲသားဟင်းများက တစ်စက်တောင်မကျန်တော့အောင် ပြောင်သလင်းခါနေလျှက်..။

 

“ကိုသာလှရေ… အခုမှအခက်ပဲတော်..ဟင်းတွေမရှိတော့ဘူးတော့…”

 

“ဟေ..ဟုတ်လား..တစ်ကောင်ကောင်ဝင်စားတာဖြစ်မှာပေါ့…”

 

မထူးဆန်းသလိုပြန်ပြောပေမဲ့ မခင်မြစိတ်ထဲမှာတော့ အတော်ထူးဆန်းနေလျှက်..။အကောင်ဝင်စားရအောင်လဲ ကြောင်အိမ်အပေါ်ဆုံးထပ်မှာတင်ထားတာဖြစ်ကာ အိမ်မှာက ခွေးရောကြောင်ပါမရှိဘူးလေ..။ ထိုနေ့ကတော့ ဖြစ်သလိုပင်ကြက်ဥကြော်၊ ငပိရည်တို့နှင့်ပြီးလိုက်ရကာ ကိုသာလှတစ်ယောက်ဆိုထမင်းတောင်သိပ်မစားနိုင်..။

 

==========

 

ထိုနေ့မှစကာ..ရွာထဲမှာရက်ဆက်သလို ဟင်းတွေပျောက်လိုက် အကောင်တွေသေလိုက်နှင့် ညဘက်ဆိုလဲငှက်တွေလန့်လိုက် ကျီးပျိုလိုက်နှင့်မို့ တစ်ရွာလုံးထိတ်လန့်စိုးရိမ်လာကြသည်..။ ဘယ်နေ့ ဘယ်အိမ်ကဘာဖြစ်မလဲတွေးရင်းကနော ဘုရားတရားတောင်မလုပ်နိုင်ကြသည်ထိ အကြောက်ပိုလာကြသည်..။

 

ထိုသို့ဖြစ်နေသည့်ရက်ပိုင်းအတွင်းမှာပင် ရွာထဲသို့ပယောဂဆရာတစ်ယောက်ရောက်လာတာမို့ အားကိုးတကြီးအပူကပ်ကြရတော့သည်…။ ပယောဂဆရာနာမည်ကဆရာကျော်ဖြစ်ကာ တိုက်ပုံအနက်နှင့်ဆေးလွယ်အိတ်ကိုဟန်ပါပါလွယ်ကာ လက်ထဲမှာလဲ ကြိမ်လုံးကိုင်ထားတာမို့ ရွာလူကြီးကအစရှိန်နေကာ အလိုလိုလေးစားနေကြသည်..။

 

“သူကြီးရဲ့..ခင်ဗျားတို့ရွာမှာက မကောင်းဆိုးဝါးအကြီးစားကိုကပ်နေတာဗျ..ကျုပ်အချိန်မီရောက်လို့သာပေါ့..ကျုပ်သာမရောက်ရင် ခင်ဗျားတို့ရွာပျက်သည်အထိဖြစ်တော့မှာ…”

 

“အမလေး..ကြောက်စရာကြီးပါလား ဆရာရယ်..ကျုပ်တို့ရွာလေးကိုကယ်ပါအုံးဆရာ..”

 

“ဟုတ်ပါတယ် ဆရာရယ်..ကျုပ်တို့ရွာမှာရှိတဲ့မကောင်းဆိုးဝါးကိုမောင်းထုတ်ပေးပါ..”

 

“မောင်းထုတ်ပေးပါ ဆရာ…”

 

ရွာသူရွာသားတွေရဲ့တစ်ယောက်တစ်ပေါက်စကားတွေကြားမှာ ကောက်ကျစ်စဉ်းလဲစွာပြုံးလိုက်သူက ပယောဂဆရာ ကျော်..ပင်။ ထိုညနေမှာပင်ရွာထိပ်ဘက်မှာ ရာဇမတ်ကာသဲဖြူခင်းလိုက်ရင်းငှက်ပျောပွဲအုန်းပွဲတွေပြင်ကာ အပီအပြင်နေရာချနေတော့သည်..။ ရွာသူရွာသားတွေခင်မျာတော့ မကောင်းဆိုးဝါးကပ်နေသည်ဆိုသော စကားအောက်မှာကြောက်လန့်တုန်လှုပ်ကာ ပယောဂဆရာလုပ်သမျှကိုအဟုတ်မှတ်ပြီး အားကိုးယုံစားနေကြတော့သည်..။

 

“ကဲ..ကျုပ်ခုညနေ ပယောဂထုတ်တော့မယ်..ကျုပ်ကိုတစ်ယောက်တော့ကူညီရမယ်..သတ္တိကောင်းတဲ့ရွာသားတစ်ယောက်လောက်က မကောင်းဆိုးဝါးပူးကပ်ခံဖို့ ကျုပ်နဲ့အတူပါဝင်မှရမယ်..”

 

ပယောဂဆရာရဲ့စကားမှာ ကြောက်လန့်တကြားဖြစ်သွားကြကာ တိတ်ဆိတ်သွားကြတော့သည်..။ အတန်ကြာသည်ထိတစ်ယောက်မှထွက်မလာတော့..ဆရာကျော်တစ်ယောက်မျက်မှောင်ကုတ်တာ..လူအုပ်ကြီးဘက်ကိုခပ်စိမ်းစိမ်းကြည့်ရင်း..

 

“ခင်များတို့မကူညီရင်တော့ာ…ဘယ်လိုမှနှင်ထုတ်လို့ရမှာမဟုတ်တော့ဘူး..ဒီတော့တစ်ယောက်တော့ထွက်လာခဲ့ပါ..ခင်ဗျားတို့အသက်အန္တရယ်အတွက်ကျုပ်တာဝန်ယူတယ်..”

 

ထိုအခိုက်မှာပင် ရွာသားများထဲမှာ ထွန်းခဆိုသူက ထွက်လာကာ..ခေါင်းမော့ရင်ကော့ပြီး..

 

“ကျုပ် ကူညီမယ်…”

 

“ဟုတ်ပြီ..မကောင်းဆိုးဝါးမထုတ်ခင်..ဒီဖလားထဲကိုကန်တော့ကြေးထည့်ရမယ်..ဒါမှဆရာစွမ်းထက်မယ်..”

 

ပြောရင်းနှင့်ငွေဖလားတစ်လုံးကိုထုတ်ကာရှေ့ချပေးလိုက်ရင်း..ရွာသားများဘက်ကိုကြည့်လိုက်သည်..။ ထိုအခါမှ တစ်ယောက်ချင်းနှစ်ယောက်ချင်းထကာ ငွေစက္ကူများထည့်ပေးကြတော့သည်..။ တစ်ချို့ကတော့ ရာတန်..တစ်ချို့ကတော့ထောင်တန်ဖြစ်ကာ ရွာထဲမှအကြွားသန်သော ဒေါ်တိုး ဆိုရင်လက်မှာဝတ်ထားသောရွှေလက်စွပ်ကြီးကိုပင်ချွတ်ကာဖလားထဲထည့်လိုက်သေးသည်..။

 

ရွာရှိလူအကုန်ထည့်ပြီးတော့ဖလားကြီးကမောက်ပြည့်သွားသလို ပယောဂဆရာကျော်၏မျက်လုံးအိမ်မှာလဲလောဘနှင့်ကောက်ကျစ်စဉ်းလဲမှုကအထင်းသား..။

 

“ကဲ…ခင်ဗျားက ဒီနေရာမှာလှဲလိုက်ပါ…”

 

ရာဇမတ်ထဲမှနေရာကိုညွှန်ပြကာ ထွန်းခကိုလှဲလျောင်းခိုင်းလိုက်သည်..။ ထို့နောက် ရေတစ်ခွက်ကိုယူကာ မန်းမှုတ်ပြီး ရေစက်တစ်ချို့နဲ့တောက်လိုက်ပြန်ကာ…ဘာမှန်းမသိသောစကားတစ်ချို့ကိုရွတ်ဖတ်နေဂင်းကနေ လက်ကကြိမ်ကိုကိုင်ကာ ခင်းထားသောသဲဖြူပေါ်ကိုဖျန်းခနဲရိုက်ချပစ်လိုက်တော့ ကြည့်နေကြသော ရွာသားများမှဆတ်ခနဲလန့်သွားကြသည်..။

 

“ကဲ…မကောင်းဆိုးဝါး…ခုချက်ချင်းဖြေစမ်း..နင်ဘယ်ကလဲ..”

 

“…..”

 

“တယ်..ပေကပ်ကပ်လုပ်နေတာလားဟ…ဖျန်း..”

 

“ငါက ရွာနောက်ဘက်ကကုက္ကိုလ်ပင်ကြီးမှာနေတဲ့သဘက်ကြီးပဲ..”

 

“ကဲ..နင်ငါ့ကိုပြောစမ်း..ဘာကိစ္စရွာကိုဝင်နှောင့်ယှက်နေတာလဲ..”

 

“ငါစားချင်လို့…စားချင်လိုဝင်နေတာ…”

 

“ကဲ..ငါပြောမယ်..နင့်ကိုလဲအမြဲအစာကျွေးမယ်…ရွာလဲဝင်မနှောင့်ယှက်နဲ့တော့…”

 

“ငါလက်မခံဘူး…ငါတရွာလုံးကိုစားမှာ…”

 

မျက်လုံးတွေနီကာ အသံဩကြီးနှင့်ပြောနေသောထွန်းခကိုကြည့်ရင်းရွာသူရွာသားများခင်မျာ..တစ်ချက်တောင်မလှုပ်ရဲပဲငြိမ်သက်နေကြသည်..။ ထွန်းခပုံစံကြီးကလဲ မျက်နှာကြီးနီရဲနေကာအသံကြီးကဩဩကြီးဖြစ်နေတာမို့…အကုန်လုံးကလဲကြောက်ရွံ့နေကြသည်..။ တဖြေးဖြေးနှင့်ပတ်ဝန်းကျင်မှာလဲမှောင်လာကာ..ခုချိန်ထိလဲထွန်းခစီမှမကောင်းဆိုးဝါးကောင်ကမထွက်သေး…။ထိုအချိန်မှာပင်.. ရွာထဲမှ စွဲစွဲငင်ငင်အူလိုက်သောခွေးအူသံနှင့်အတူ ငှက်တွေလန့်ဖျပ် ပျံကုန်ကြတာမို့…ရွာသားတွေအကုန်မတိုင်ပင်ပဲလှည့်ကြည့်ကုန်ကြတော့သည်..။

 

“မင်းတို့တယ်ရိုးကြသကိုး…ငါသာမလာရင်မင်းတို့အကုန်အလိမ်ခံရပြီး ခုတ်ရာတခြား ရှရာတခြားဖြစ်တော့မယ်..”

 

ရောက်လာသူက ကပ္ပိယကြီးဖြစ်ကာ..သူ့အနောက်မှာလိုက်ပါလာသူက ကြိုးနီများနှင့်အထပ်ထပ်ရစ်ပတ်ထားသော ကိုသာလှ..။ ကိုသာလှမျက်နှာကအရင်ပုံစံနှင့်တော့မတူပဲ မျက်တွင်းဟောက်ပက်နှင့် ဖြူစုတ်နေလျက်..ဖြစ်ကာ မချိမဆန့်ခံစားနေရဟန်နှင့်ရှုံ့တွနေလျက်..။

 

“ဟဲ့..လူလိမ်ပယောဂဆရာ..မသိနားမလည်တဲ့ရွာသားတွေကိုလှည့်ပတ်လိမ်နေတာအားမရသေးဘူးလား..”

 

“ကျုပ်ဘာလိမ်လို့လဲ အဘိုးကြီး..ခင်ဗျားလာမရှုပ်စမ်းနဲ့..မကောင်းဆိုးဝါးနှင်ထုတ်မရပဲ ဖြစ်တော့မယ်..”

 

“ကဲ..မင်းဒီလောက်နှင်ထုတ်ချင်ရင်ဒီမှာနှင်ထုတ်စမ်း..”

 

ပြောရင်းမှ တုတ်တစ်ချောင်းကောက်ကာ မြေကြီးပေါ်စည်းသားလိုက်တော့ ထွန်းခနှင့် ပယောဂဆရာကစည်းဝိုင်းထဲရောက်လျှက်သား..။ ဒီနောက်မှာတော့ ကြိုးတုပ်ခံထားရသော ကိုသာလှကိုစည်းဝိုင်းထဲသွားစေလျှက်..ကြိုးများဖြေပေးလိုက်သည်..။

 

“ကဲ..သာလှကိုဝင်စီးနေတဲ့ မကောင်းဆိုးဝါး ကိုရအောင်ထုတ်စမ်း..”

 

အောက်မှကြည့်နေသော ရွာသားများမှာဆွံ့အမတတ်စိတ်ဝင်တစားကြည့်နေကြသလို ပယောဂဆရာနှင့် ထွန်းခမှာလဲ မျက်လုံးများကလယ်ကလယ်နှင့် ကြည့်နေကြလျက်..။ ပယောဂဆရာကတော့ဟန်ကိုယ့်ဖို့နှင့် လက်ထဲကကြိမ်ကိုမြှောက်ကာ အမိန့်ပေးတော့မလို့ကြံရွယ်စဉ်မှာပင် သာလှရဲ့လက်က ပယောဂဆရာလည်ပင်းမှာ ဖျစ်ညှစ်လျက်သား..။ ထိုမြင်ကွင်းကိုကြည့်နေသော ထွန်းခမှာတော့ ဖင်ထိုင်လျက်လဲကျကာအသားများတဆတ်ဆတ်တုန်လျက်..။

 

“ရွာထဲမှာ တိရစ္ဆာန်တွေညဘက်ပျောက်တာ..ဟင်းထမင်းတွေပျောက်တာက သာလှလက်ချက်ပဲ..သာလှကတောထဲမှာ မီးသွေးဖိုမြေတူးရင်းနဲ့သေပြီ….အနီးတဝိုက်မှာရှိနေတဲ့ မကောင်းဆိုးဝါးကသာလှကိုယ်ထဲဝင်စီးပြီး သာလှပုံစံနဲ့စားသောက်နေတာပဲ…”

 

“မခင်မြက သာလှနေမကောင်းဖြစ်ပြီးမှအမူအယာထူးခြားနေတယ်ပြောလို့ ငါလိုက်ကြည့်အပေးမှာသာလှကိုဖုတ်ဝင်နေတာသိတာပဲ..”

 

ရွာသားများဘက်လှည့်ကာပြောနေရင်းမှပင် ပယောဂဆရာလိမ်ရဲ့ဝူးဝူးဝါးဝါးအသံတွေကြောင့် လှည့်ကြည့်လိုက်ကာ…

 

“ဟဲ့..မကောင်းဆိုးဝါးဖုတ်ကောင်..ဒါနင့်နေရာမဟုတ်ဘူး….သွားတော့…”

 

ဲကပ္ပိယကြီးကပြောရင်းမှ လက်ထဲမှတုတ်ချောင်းလေးနှင့်ပစ်ပေါက်လိုက်တော့..သာလှတစ်ယောက်နေရာမှာတင်ပုံခနဲလဲကျကာ ခဏလေးအတွင်းမှာပင် ပုတ်ပွကာအရည်တရွှဲရွှဲနှင့် အပုတ်နံ့ကဟိန်းထွက်သွားတော့…အကုန်လုံးမှာ ဟာခနဲ ဟင်ခနဲဖြစ်သွားသလို.. ပယောဂဆရာလိမ်နှင့် ထွန်းခတို့မှာလဲ လက်သွက်သော ရွာသားအချို့၏ဖမ်းဆီးခြင်းကိုခံလိုက်ရတော့သည်..။

 

ရွာသူရွာသားများသေချာမသိလိုက်သည်က ရွာဦးကျောင်းမှကပ္ပိယကြီးမှာ အထက်လမ်းဆရာကြီးတစ်ယောက်ဖြစ်သည်ဆိုတာပင်..။

 

ဒါတင်မက…ရွာသူရွာသားများ၏ စုပေါင်းအလှုဖြင့် သံဃာတော်အရှင်မြတ်များ၏ပရိတ်ရွတ်ဖတ်ပွဲလဲကျင်းပလိုက်ကြကာ တစ်ရွာလုံးအနှံ့ပရိတ်ရေ ပရိတ်သဲပက်ဖျန်းခြင်းများပြုလုပ်ကြရင်း ရွာသန့်လိုက်ကြတော့သည်..။ ဒါပေမဲ့ ထိုအချိန်မှာမျက်ရည်များတွေတွေကျရင်း အလှူကိုကူလုပ်နေသူက မခင်မြဖြစ်မည်ဆိုတာတော့..ပြေးကြည့်စရာမလိုအောင်ကိုသိနေမည်ထင်ပါသည်…။

 

ပြီးပါပြီ

 

=================

 

အပျော်တမ်းစာရေးသူမို့ လိုအပ်ချက်များတစ်စုံတစ်ရာရှိခဲ့ရင်တောင်းပန်ပါတယ်ရှင့်❤

Writer-လရိပ်ညို💚

#လေးစားစွာcreditပေးပါသည်

# ဖုတ္ဝင္သူ ႏွင့္ ဆရာလိမ္ #

“ေနာင္..ေဝ…ေဝ…”

“သံဃာေတာ္မ်ားဆြမ္းခံရန္ႂကြလာပါၿပီခင္ဗ်ာ..”

မနက္အာ႐ုဏ္တက္ခ်ိန္မွာၾကားရေသာ အသံက နိဗၺာန္ေဆာ္၏ ဆြမ္းေလာင္းလႉရန္ႏႈိးေဆာ္သံ အသိေပးသံမို႔ သာယာနာေပ်ာ္ဖြယ္ရွိလွပါဘိ..။ မနက္ခင္းဆို ေၾကးစည္သံႏွင့္ နိဗၺာန္ေဆာ္သံက အသာယာဆုံးမနက္ခင္းေတးသြားမ်ားပင္..။

႐ြာဦးေက်ာင္းက ကပၸိယႀကီးရဲ႕နိဗၺာန္ေဆာ္သံႏွင့္အတူ ႐ြာတန္းတစ္ေလွ်ာက္မွာဆြမ္းေလာင္းလႉဖို႔အဆင္သင့္ျဖစ္ေနေသာ ႐ြာသူ႐ြာသားမ်ား…။ စီတန္း၍ မ်က္လႊာခ်ကာ အိေျႏၵသိကၡာရွိစြာႂကြလွမ္းလာေသာ ႐ြာဦးေက်ာင္းမွ သံဃာေတာ္မ်ားအား ဆြမ္းႏွင့္ဆြမ္းဟင္းမ်ားေလာင္းလႉကာ ရွိခိုးဦးခ်ၾကေသာ ပုံရိပ္မ်ားက ဒီ႐ြာေလးကို သာယာေအးခ်မ္းေသာ႐ြာေလးအျဖစ္ ပုံေပၚေစသည္..။

တကယ္လဲ ဒီ႐ြာေလးက သာယာေအးခ်မ္းသည့္႐ြာေလးပင္..။ ႐ြာေလးအမည္က သေျပတန္း႐ြာျဖစ္ကာ ဒီ႐ြာေလးက ပဲခူး႐ိုးမႏွင့္ကပ္လ်က္ရွိေနေသာ ေတာင္ေျခ႐ြာေလးပင္..။ ႐ြာမွလူမ်ားကလဲ ေတာတက္၍ မီးေသြးဖုတ္ျခင္း ၊ သစ္ခုတ္ျခင္း ၊ ေတာင္ယာစိုက္ျခင္းမ်ားျပဳလုပ္ကာ အသက္ေမြးၾကသူမ်ားပင္..။သူခိုးသူဝွက္ကင္းရွင္းကာ ေတာအရက္ဆိုင္ပင္မရွိသည့္ ႐ြာေလးျဖစ္ကာ တစ္႐ြာလုံးက ဘာသာတရားကိုင္းရွိူင္းၾကသည္..။

မနက္ေစာေစာဆြမ္းေလာင္းၿပီးသည္ႏွင့္ တစ္႐ြာလုံးသက္ဆိုင္ရာ အလုပ္ခြင္ဝင္ဖို႔ျပင္ၾကဆင္ၾကေတာ့သည္..။ ဒီထဲမွာလဲ ကိုသာလွႏွင့္မခင္ျမတို႔လင္မယားလဲအပါအဝင္ပင္..။ကိုသာလွက ေတာတက္ကာသစ္ခုတ္ရင္းမီးေသြးဖုတ္သူ ျဖစ္ၿပီး မခင္ျမကေတာ့႐ြာထိပ္ဘက္မွာကိုယ္ပိုင္စိုက္ခင္းေလးရွိတာမို႔ ႏွစ္ကိုယ္တည္းသမားေတြမို႔ေခ်ာင္လည္သူေတြပင္ျဖစ္ၾကသည္..။

“ကိုသာလွ..ေတာ္ဒီေန႔ ေတာမတက္ပါနဲ႔လားေတာ္..က်ဳပ္ညကအိပ္မက္မေကာင္းဘူးေတာ့..”

ခင္ပြန္းသည္ကိုေျပာလိုက္ရင္းမခင္ျမတစ္ေယာက္ ညကအိပ္မက္ကိုသတိရလိုက္မိသည္..။ညက အိပ္မက္ထဲမွာကိုသာလွကို လူမဲႀကီးမ်ားကအပိုင္းပိုင္းအတစ္တစ္ခုတ္ထစ္ေနၾကတာလို႔ အိပ္မက္မက္တာမို႔ တကယ္စိတ္ေလးေနမိတာပါ..။ ဘာရယ္မသိေပမဲ့ ဒီေန႔တစ္ခုခုျဖစ္ေတာ့မွာလို႔ထင္ေနမိတာေၾကာင့္ ကိုသာလွကိုေတာမသြားေစလို…။

“ဟ..အိပ္မက္ဆိုတာေသြးေလေျခာက္ခ်ားလို႔မက္တတ္တာမ်ိဳးပါ မခင္ျမရယ္..ငါ့အတြက္စိတ္ပူမေနနဲ႔..ထမင္းေရာထုပ္ၿပီးၿပီလား..”

“ၿပီးပါၿပီေတာ္..ဘာျဖစ္ျဖစ္သတိေတာ့ထားေနာ္..က်ဳပ္တအားစိတ္ေလးေနတာေတာ့…”

ဇနီးျဖစ္သူရဲ႕ စိုးရိမ္စကားကိုေခါင္းဆတ္ျပကာ ျပင္ထားေသာထမင္းထုပ္ကိုယူကာ အလုပ္ခြင္သို႔ထြက္လာခဲ့လိုက္သည္..။ ေတာင္ေျခက သစ္ကြက္ထဲမွာသူ႔ရဲ႕မီးေသြးဖိုရွိတာမို႔ မီးေသြးဖိုကိုထြက္လာျခင္းပင္..။ ခုရာသီမွာ သစ္ခုတ္ၿပီးမီးေသြးမ်ားမ်ားလုပ္ထားႏိုင္မွေဈးေကာင္းရမည္မို႔..ေန႔တိုင္းၿပီးႏိုင္သမွ်ၿပီးေအာင္လုပ္ရမည္..။ ေဇာႏွင့္ေလွ်ာက္လာလိုက္တာ ႏွင္းမကြဲမီပင္မီးေသြးဖိုစီသို႔ေရာက္လာခဲ့သည္..။

မီးေသြးဖိုဆိုတာလဲတစ္ဖိုက်ကာနီးမို႔သူလဲသိပ္ေတာ့မပင္ပန္းေတာ့ပဲ အျပင္ဘက္မွမီးထိုးၿပီးေနာက္တစ္ဖိုလုပ္ဖို႔က်င္းတူးထားရာသို႔လာၾကည့္လိုက္ရင္း ဆက္တူးလိုက္ ေျမသယ္အျပင္ထုတ္လိုက္ႏွင့္ ေဆာင္းမနက္ခင္းေအးစက္စက္မွာေခြၽးဒီးဒီးက်သြားရေတာ့သည္..။ေန႔လည္ထမင္းစားခ်ိန္ေရာက္ေတာ့ မခင္ျမထည့္ေပးလိုက္သည့္ ထမင္းႏွင့္ငါးေျခာက္ေၾကာ္ကိုစားကာ အသင့္ပါသည့္ေရဘူးမွေရေသာက္ၿပီးထမင္းလုံးစီလိုက္သည္..။ ေနထန္းတစ္ဖ်ားေက်ာ္သည့္တိုင္ ေတာထဲေတာင္ထဲမို႔ သစ္ရိပ္ဝါးရိပ္တို႔ျပည့္ကာေအးစက္ေနလ်က္မို႔ေမွးခနဲျဖစ္သြားရေတာ့သည္..။

“ေဝါ…ဝေရာ…ဝေရာ…ေဖ်ာ…ေဖ်ာ…”

ျပင္းထန္သည့္ေလတိုက္သံႏွင့္ သစ္႐ြက္ျခင္းထိခိုက္ပြတ္တိုက္သည့္အသံတို႔ေၾကာင့္ဖ်တ္ခနဲႏိုးလာေတာ့ညေနေတာင္ေရာက္ေတာ့မည္မို႔..သယ္ထုတ္လက္စေျမႀကီးမ်ားကို စြန္႔ပစ္ရင္းအလုပ္လက္စသတ္ဖို႔ က်င္းထဲတစ္ခါျပန္ဆင္းလာလိုက္သည္..။ ေျမစာမ်ားကိုေတာင္းႏွင့္သယ္ေနရင္းမွ ေနာက္ဆုံးအေခါက္သယ္ဖို႔က်င္းစီျပန္အလာတြင္..ေနာက္ပါးမွေျခသံတစ္ရွပ္ရွပ္ၾကားလိုက္ရတာမို႔ လွည့္ၾကည့္လိုက္မိသည္..။

ထိုသို႔ၾကည့္လိုက္မိသည္ကပင္ ကိုသာလွအတြက္အမွားျဖစ္သြားကာ..က်င္းဝတြင္ခ်ထားသည့္တူ႐ြင္းျပားကိုနင္းမိရင္းေျခေခ်ာ္က ေျမက်င္းထဲျပဳတ္က်သြားသလို ကိုသာလွ၏ နာနာက်င္က်င္ေအာ္လိုက္သံႀကီးကေတာင္ေျခတြင္ပဲ့တင္ထပ္သြားေတာ့သည္..။

==============

ျပန္ေနက်အခ်ိန္ေရာက္ေနတာေတာင္ ကိုသာလွတစ္ေယာက္ျပန္မလာေသးတာမို႔ မခင္ျမတစ္ေယာက္လည္တစ္ဆန္႔ဆန္႔ျဖစ္ေနရသည္..။ မိုးခ်ဳပ္စျပဳမွ ကိုသာလွတစ္ေယာက္တူ႐ြင္းေတြေပါက္တူးေတြထမ္းကာျပန္ဝင္လာတာေတြ႕တာမို႔စိတ္ေအးသြားရသည္..။

“ကိုသာလွရယ္..ေတာ့္မလဲေနာက္က်လိုက္တာေတာ္..”

“ေအး…အလုပ္မ်ားသြားလို႔…”

မခင္ျမအေျပာကိုခပ္ျပတ္ျပတ္ျပန္ေျဖရင္း အိမ္ေနာက္ဘက္မွေကြ႕ပတ္ကာအိမ္ေပၚတက္သြားတာမို႔မခင္ျမလဲအိမ္ေပၚတက္လိုက္လာမိသည္..။ သာမန္ႏွင့္မတူကာ ကိုသာလွတစ္ေယာက္အက်ႌေတြမွာ ေျမႀကီး ေတြေပက်ံၿပီးမ်က္ႏွာကလဲသာမန္ထက္ပိုတည္ေနသလို…။

“ကိုသာလွ..အလုပ္ေရာ အဆင္ေျပရဲ႕လား…”

“ေျပတယ္..ထမင္းစားမယ္ကြာ..ထမင္းခူးေတာ့..”

“ေတာ္ေရမခ်ိဳးဘူးလား…”

“မခ်ိဳးေတာ့ဘူးကြာ…အဝတ္ပဲလဲလိုက္ေတာ့မယ္..”

အခန္းထဲဝင္ကာ ခပ္ႏြမ္းႏြမ္းအဝတ္ေတြကိုဝတ္ၿပီးျပန္ထြက္လာရင္းထမင္းစားပြဲမွာဝင္ထိုင္လိုက္သည္..။ ခ်က္ထားေသာ အမဲသားႏွင့္ထမင္းကိုတစ္ထိုင္တည္းသုံးပန္ကန္ေလာက္ကုန္ေအာင္စားၿပီးခ်က္ခ်င္းကို အိပ္ခန္းထဲဝင္သြားေတာ့သည္..။ အရင္လိုမဟုတ္ပဲထူးျခားေနေပမဲ့ အလုပ္ပင္ပန္းလို႔ေနမွာပါဟုေတြးကာ စားေသာက္ထားေသာပန္းကန္ခြက္ေယာက္ေတြေဆးေၾကာၿပီးမွ..ပိုေသာဟင္းမ်ားကိုမနက္အတြက္ရည္႐ြယ္႐ြယ္ၿပီးေၾကာင္အိမ္ထဲထည့္ကာေသခ်ာသိမ္းဆည္းထားလိုက္ေတာ့သည္…။

=================

“တုံ..တုံ…တုံ..”

႐ြာဦးေက်ာင္းမွအုန္းေမာင္းေခါက္သံႏွင့္အတူႏိုးလာေတာ့ ကိုသာလွတစ္ေယာက္ေဘးမွာအိပ္တုန္း..။

“ကိုသာလွ…ဆြမ္းေလာင္းဖို႔ျပင္ၾကမယ္ေလ..ထပါေတာ့လား ..”

“ငါသိပ္ေနမေကာင္းလို႔ဟာ..နင္ပဲေလာင္းလိုက္ေတာ့..”

မျငင္းစဖူးျငင္းတာေၾကာင့္အံ့ဩရသလို ေနမေကာင္းဘူးဆိုတာေၾကာင့္ နဖူးစမ္းၾကည့္ေတာ့ အသားေတြကေရခဲတမွ်ေအးစက္ေနလွ်က္..။

“ေတာ့္အသားေတြေအးစက္ေနတာပဲ..ေစာင္ေလးၿခဳံထား..”

ေစာင္ထပ္ၿခဳံေပးလိုက္ရင္း အမွတ္တမဲ့ျမင္လိုက္မိတာက ကိုသာလွေျခေထာက္မွာေပက်ံေနေသာ႐ြံ႕မ်ား..။ ညကပဲေျခလက္ေဆးမအိပ္တာလား ေတြးမိေပမဲ့ၾကာၾကာမေတြးႏိုင္ပဲ အာ႐ုဏ္ဆြမ္းအတြက္ျပင္ဆင္ၿပီးထိုအေၾကာင္းကိုေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားရေတာ့သည္..။

“ကုန္ပါၿပီေတာ္..ကုန္ပါၿပီ..ငါ့ၾကက္ေတြကုန္ပါၿပီ…”

ေဘးအိမ္မွ ေ႐ႊမိအသံေၾကာင့္ ကိုသာလွအတြက္ထမင္းထုပ္ျပင္ေနရင္းမွ အေျပးအလႊားထြက္လာမိရသလို..အိမ္နီးနားခ်င္းအခ်ိဳ႕ကလဲ မေ႐ႊမိအိမ္ေရာက္ေနေခ်ၿပီ..။ မခင္ျမေရာက္ခ်ိန္မွာ ျမင္ရသည့္ျမင္ကြင္းကမေကာင္း..။ မေ႐ႊမိအိမ္က ၾကက္ၿခံထဲက ၾကက္ေတြကိုတစ္ေကာင္ေကာင္လာစားသြားဟန္ႏွင့္ အ႐ိုးစ ေသြးစမ်ားႏွင့္ ၾကက္ေမႊးမ်ားကျမင္မေကာင္းေအာင္ရႈပ္ေပပြေနလွ်က္..။

“အဲ့တာဘယ္လိုျဖစ္တာတုန္း ေ႐ႊမိရယ္..”

“က်ဳပ္လဲမသိပါဘူးေတာ္..မနက္ပိုင္းၾကက္စာေကြၽးဖို႔အလာမွာဒီလိုျမင္ရတာပဲေတာ့..”

ေ႐ႊမိရဲ႕ငိုသံပါႀကီးႏွင့္ေျပာသံအဆုံးမွာ အနားေရာက္ေနသည့္လူအုပ္ထဲမွ တီးတိုးတီးတိုးသံမ်ားထြက္ေပၚလာကာ သို႔ေလာသို႔ေလာေတြပါျဖစ္ကုန္ၾကေတာ့သည္..။ တစ္ခါမွဒီလိုမျဖစ္ဖူးသလို..အေကာင္တစ္ေကာင္ေကာင္ဝင္စားသည္ေျပာရေအာင္ကလဲ ေတာင္ေျခစိုက္ခင္းေတြေတာင္အေကာင္ေတြမွမဝင္တတ္တာ…။

မေ႐ႊမိအိမ္မွျပန္ေရာက္သည္ထိ ကိုသာလွတစ္ေယာက္အိပ္ယာမထေသးသလို မခင္ျမေျပာျပသည္ကိုလဲ အင္းမလုပ္ အဲမလုပ္ႏွင့္နားေထာင္လွ်က္…။ အေတာ္ၾကာကာမွ အိပ္ယာမွဆတ္ခနဲထထိုင္လိုက္ကာ

“မခင္ျမ …ဘာစားဖို႔ရွိလဲ..ငါဗိုက္ဆာၿပီ..”

“မေန႔ကက်န္တဲ့ဟင္းေတြရွိတယ္ေလ..ေတာ္ခဏေစာင့္ က်ဳပ္ဟင္းေတြေႏႊးေပးမယ္…”

ေၾကာင္အိမ္ကိုဖြင့္ကာ ညကသိမ္းထားသည့္အမဲသားဟင္းမ်ားကိုၾကည့့္ေတာ့..ဟင္ခနဲျဖစ္သြားရသည္..။ ညက အက်အနသိမ္းထားသည့္ အမဲသားဟင္းမ်ားက တစ္စက္ေတာင္မက်န္ေတာ့ေအာင္ ေျပာင္သလင္းခါေနလွ်က္..။

“ကိုသာလွေရ… အခုမွအခက္ပဲေတာ္..ဟင္းေတြမရွိေတာ့ဘူးေတာ့…”

“ေဟ..ဟုတ္လား..တစ္ေကာင္ေကာင္ဝင္စားတာျဖစ္မွာေပါ့…”

မထူးဆန္းသလိုျပန္ေျပာေပမဲ့ မခင္ျမစိတ္ထဲမွာေတာ့ အေတာ္ထူးဆန္းေနလွ်က္..။အေကာင္ဝင္စားရေအာင္လဲ ေၾကာင္အိမ္အေပၚဆုံးထပ္မွာတင္ထားတာျဖစ္ကာ အိမ္မွာက ေခြးေရာေၾကာင္ပါမရွိဘူးေလ..။ ထိုေန႔ကေတာ့ ျဖစ္သလိုပင္ၾကက္ဥေၾကာ္၊ ငပိရည္တို႔ႏွင့္ၿပီးလိုက္ရကာ ကိုသာလွတစ္ေယာက္ဆိုထမင္းေတာင္သိပ္မစားႏိုင္..။

==========

ထိုေန႔မွစကာ..႐ြာထဲမွာရက္ဆက္သလို ဟင္းေတြေပ်ာက္လိုက္ အေကာင္ေတြေသလိုက္ႏွင့္ ညဘက္ဆိုလဲငွက္ေတြလန္႔လိုက္ က်ီးပ်ိဳလိုက္ႏွင့္မို႔ တစ္႐ြာလုံးထိတ္လန္႔စိုးရိမ္လာၾကသည္..။ ဘယ္ေန႔ ဘယ္အိမ္ကဘာျဖစ္မလဲေတြးရင္းကေနာ ဘုရားတရားေတာင္မလုပ္ႏိုင္ၾကသည္ထိ အေၾကာက္ပိုလာၾကသည္..။

ထိုသို႔ျဖစ္ေနသည့္ရက္ပိုင္းအတြင္းမွာပင္ ႐ြာထဲသို႔ပေယာဂဆရာတစ္ေယာက္ေရာက္လာတာမို႔ အားကိုးတႀကီးအပူကပ္ၾကရေတာ့သည္…။ ပေယာဂဆရာနာမည္ကဆရာေက်ာ္ျဖစ္ကာ တိုက္ပုံအနက္ႏွင့္ေဆးလြယ္အိတ္ကိုဟန္ပါပါလြယ္ကာ လက္ထဲမွာလဲ ႀကိမ္လုံးကိုင္ထားတာမို႔ ႐ြာလူႀကီးကအစရွိန္ေနကာ အလိုလိုေလးစားေနၾကသည္..။

“သူႀကီးရဲ႕..ခင္ဗ်ားတို႔႐ြာမွာက မေကာင္းဆိုးဝါးအႀကီးစားကိုကပ္ေနတာဗ်..က်ဳပ္အခ်ိန္မီေရာက္လို႔သာေပါ့..က်ဳပ္သာမေရာက္ရင္ ခင္ဗ်ားတို႔႐ြာပ်က္သည္အထိျဖစ္ေတာ့မွာ…”

“အမေလး..ေၾကာက္စရာႀကီးပါလား ဆရာရယ္..က်ဳပ္တို႔႐ြာေလးကိုကယ္ပါအုံးဆရာ..”

“ဟုတ္ပါတယ္ ဆရာရယ္..က်ဳပ္တို႔႐ြာမွာရွိတဲ့မေကာင္းဆိုးဝါးကိုေမာင္းထုတ္ေပးပါ..”

“ေမာင္းထုတ္ေပးပါ ဆရာ…”

႐ြာသူ႐ြာသားေတြရဲ႕တစ္ေယာက္တစ္ေပါက္စကားေတြၾကားမွာ ေကာက္က်စ္စဥ္းလဲစြာၿပဳံးလိုက္သူက ပေယာဂဆရာ ေက်ာ္..ပင္။ ထိုညေနမွာပင္႐ြာထိပ္ဘက္မွာ ရာဇမတ္ကာသဲျဖဴခင္းလိုက္ရင္းငွက္ေပ်ာပြဲအုန္းပြဲေတြျပင္ကာ အပီအျပင္ေနရာခ်ေနေတာ့သည္..။ ႐ြာသူ႐ြာသားေတြခင္မ်ာေတာ့ မေကာင္းဆိုးဝါးကပ္ေနသည္ဆိုေသာ စကားေအာက္မွာေၾကာက္လန္႔တုန္လႈပ္ကာ ပေယာဂဆရာလုပ္သမွ်ကိုအဟုတ္မွတ္ၿပီး အားကိုးယုံစားေနၾကေတာ့သည္..။

“ကဲ..က်ဳပ္ခုညေန ပေယာဂထုတ္ေတာ့မယ္..က်ဳပ္ကိုတစ္ေယာက္ေတာ့ကူညီရမယ္..သတၱိေကာင္းတဲ့႐ြာသားတစ္ေယာက္ေလာက္က မေကာင္းဆိုးဝါးပူးကပ္ခံဖို႔ က်ဳပ္နဲ႔အတူပါဝင္မွရမယ္..”

ပေယာဂဆရာရဲ႕စကားမွာ ေၾကာက္လန္႔တၾကားျဖစ္သြားၾကကာ တိတ္ဆိတ္သြားၾကေတာ့သည္..။ အတန္ၾကာသည္ထိတစ္ေယာက္မွထြက္မလာေတာ့..ဆရာေက်ာ္တစ္ေယာက္မ်က္ေမွာင္ကုတ္တာ..လူအုပ္ႀကီးဘက္ကိုခပ္စိမ္းစိမ္းၾကည့္ရင္း..

“ခင္မ်ားတို႔မကူညီရင္ေတာ့ာ…ဘယ္လိုမွႏွင္ထုတ္လို႔ရမွာမဟုတ္ေတာ့ဘူး..ဒီေတာ့တစ္ေယာက္ေတာ့ထြက္လာခဲ့ပါ..ခင္ဗ်ားတို႔အသက္အႏၲရယ္အတြက္က်ဳပ္တာဝန္ယူတယ္..”

ထိုအခိုက္မွာပင္ ႐ြာသားမ်ားထဲမွာ ထြန္းခဆိုသူက ထြက္လာကာ..ေခါင္းေမာ့ရင္ေကာ့ၿပီး..

“က်ဳပ္ ကူညီမယ္…”

“ဟုတ္ၿပီ..မေကာင္းဆိုးဝါးမထုတ္ခင္..ဒီဖလားထဲကိုကန္ေတာ့ေၾကးထည့္ရမယ္..ဒါမွဆရာစြမ္းထက္မယ္..”

ေျပာရင္းႏွင့္ေငြဖလားတစ္လုံးကိုထုတ္ကာေရွ႕ခ်ေပးလိုက္ရင္း..႐ြာသားမ်ားဘက္ကိုၾကည့္လိုက္သည္..။ ထိုအခါမွ တစ္ေယာက္ခ်င္းႏွစ္ေယာက္ခ်င္းထကာ ေငြစကၠဴမ်ားထည့္ေပးၾကေတာ့သည္..။ တစ္ခ်ိဳ႕ကေတာ့ ရာတန္..တစ္ခ်ိဳ႕ကေတာ့ေထာင္တန္ျဖစ္ကာ ႐ြာထဲမွအႂကြားသန္ေသာ ေဒၚတိုး ဆိုရင္လက္မွာဝတ္ထားေသာေ႐ႊလက္စြပ္ႀကီးကိုပင္ခြၽတ္ကာဖလားထဲထည့္လိုက္ေသးသည္..။

႐ြာရွိလူအကုန္ထည့္ၿပီးေတာ့ဖလားႀကီးကေမာက္ျပည့္သြားသလို ပေယာဂဆရာေက်ာ္၏မ်က္လုံးအိမ္မွာလဲေလာဘႏွင့္ေကာက္က်စ္စဥ္းလဲမႈကအထင္းသား..။

“ကဲ…ခင္ဗ်ားက ဒီေနရာမွာလွဲလိုက္ပါ…”

ရာဇမတ္ထဲမွေနရာကိုၫႊန္ျပကာ ထြန္းခကိုလွဲေလ်ာင္းခိုင္းလိုက္သည္..။ ထို႔ေနာက္ ေရတစ္ခြက္ကိုယူကာ မန္းမႈတ္ၿပီး ေရစက္တစ္ခ်ိဳ႕နဲ႔ေတာက္လိုက္ျပန္ကာ…ဘာမွန္းမသိေသာစကားတစ္ခ်ိဳ႕ကို႐ြတ္ဖတ္ေနဂင္းကေန လက္ကႀကိမ္ကိုကိုင္ကာ ခင္းထားေသာသဲျဖဴေပၚကိုဖ်န္းခနဲ႐ိုက္ခ်ပစ္လိုက္ေတာ့ ၾကည့္ေနၾကေသာ ႐ြာသားမ်ားမွဆတ္ခနဲလန္႔သြားၾကသည္..။

“ကဲ…မေကာင္းဆိုးဝါး…ခုခ်က္ခ်င္းေျဖစမ္း..နင္ဘယ္ကလဲ..”

“…..”

“တယ္..ေပကပ္ကပ္လုပ္ေနတာလားဟ…ဖ်န္း..”

“ငါက ႐ြာေနာက္ဘက္ကကုကၠိဳလ္ပင္ႀကီးမွာေနတဲ့သဘက္ႀကီးပဲ..”

“ကဲ..နင္ငါ့ကိုေျပာစမ္း..ဘာကိစၥ႐ြာကိုဝင္ေႏွာင့္ယွက္ေနတာလဲ..”

“ငါစားခ်င္လို႔…စားခ်င္လိုဝင္ေနတာ…”

“ကဲ..ငါေျပာမယ္..နင့္ကိုလဲအၿမဲအစာေကြၽးမယ္…႐ြာလဲဝင္မေႏွာင့္ယွက္နဲ႔ေတာ့…”

“ငါလက္မခံဘူး…ငါတ႐ြာလုံးကိုစားမွာ…”

မ်က္လုံးေတြနီကာ အသံဩႀကီးႏွင့္ေျပာေနေသာထြန္းခကိုၾကည့္ရင္း႐ြာသူ႐ြာသားမ်ားခင္မ်ာ..တစ္ခ်က္ေတာင္မလႈပ္ရဲပဲၿငိမ္သက္ေနၾကသည္..။ ထြန္းခပုံစံႀကီးကလဲ မ်က္ႏွာႀကီးနီရဲေနကာအသံႀကီးကဩဩႀကီးျဖစ္ေနတာမို႔…အကုန္လုံးကလဲေၾကာက္႐ြံ႕ေနၾကသည္..။ တေျဖးေျဖးႏွင့္ပတ္ဝန္းက်င္မွာလဲေမွာင္လာကာ..ခုခ်ိန္ထိလဲထြန္းခစီမွမေကာင္းဆိုးဝါးေကာင္ကမထြက္ေသး…။ထိုအခ်ိန္မွာပင္.. ႐ြာထဲမွ စြဲစြဲငင္ငင္အူလိုက္ေသာေခြးအူသံႏွင့္အတူ ငွက္ေတြလန္႔ဖ်ပ္ ပ်ံကုန္ၾကတာမို႔…႐ြာသားေတြအကုန္မတိုင္ပင္ပဲလွည့္ၾကည့္ကုန္ၾကေတာ့သည္..။

“မင္းတို႔တယ္႐ိုးၾကသကိုး…ငါသာမလာရင္မင္းတို႔အကုန္အလိမ္ခံရၿပီး ခုတ္ရာတျခား ရွရာတျခားျဖစ္ေတာ့မယ္..”

ေရာက္လာသူက ကပၸိယႀကီးျဖစ္ကာ..သူ႔အေနာက္မွာလိုက္ပါလာသူက ႀကိဳးနီမ်ားႏွင့္အထပ္ထပ္ရစ္ပတ္ထားေသာ ကိုသာလွ..။ ကိုသာလွမ်က္ႏွာကအရင္ပုံစံႏွင့္ေတာ့မတူပဲ မ်က္တြင္းေဟာက္ပက္ႏွင့္ ျဖဴစုတ္ေနလ်က္..ျဖစ္ကာ မခ်ိမဆန္႔ခံစားေနရဟန္ႏွင့္ရႈံ႕တြေနလ်က္..။

“ဟဲ့..လူလိမ္ပေယာဂဆရာ..မသိနားမလည္တဲ့႐ြာသားေတြကိုလွည့္ပတ္လိမ္ေနတာအားမရေသးဘူးလား..”

“က်ဳပ္ဘာလိမ္လို႔လဲ အဘိုးႀကီး..ခင္ဗ်ားလာမရႈပ္စမ္းနဲ႔..မေကာင္းဆိုးဝါးႏွင္ထုတ္မရပဲ ျဖစ္ေတာ့မယ္..”

“ကဲ..မင္းဒီေလာက္ႏွင္ထုတ္ခ်င္ရင္ဒီမွာႏွင္ထုတ္စမ္း..”

ေျပာရင္းမွ တုတ္တစ္ေခ်ာင္းေကာက္ကာ ေျမႀကီးေပၚစည္းသားလိုက္ေတာ့ ထြန္းခႏွင့္ ပေယာဂဆရာကစည္းဝိုင္းထဲေရာက္လွ်က္သား..။ ဒီေနာက္မွာေတာ့ ႀကိဳးတုပ္ခံထားရေသာ ကိုသာလွကိုစည္းဝိုင္းထဲသြားေစလွ်က္..ႀကိဳးမ်ားေျဖေပးလိုက္သည္..။

“ကဲ..သာလွကိုဝင္စီးေနတဲ့ မေကာင္းဆိုးဝါး ကိုရေအာင္ထုတ္စမ္း..”

ေအာက္မွၾကည့္ေနေသာ ႐ြာသားမ်ားမွာဆြံ႕အမတတ္စိတ္ဝင္တစားၾကည့္ေနၾကသလို ပေယာဂဆရာႏွင့္ ထြန္းခမွာလဲ မ်က္လုံးမ်ားကလယ္ကလယ္ႏွင့္ ၾကည့္ေနၾကလ်က္..။ ပေယာဂဆရာကေတာ့ဟန္ကိုယ့္ဖို႔ႏွင့္ လက္ထဲကႀကိမ္ကိုေျမႇာက္ကာ အမိန္႔ေပးေတာ့မလို႔ႀကံ႐ြယ္စဥ္မွာပင္ သာလွရဲ႕လက္က ပေယာဂဆရာလည္ပင္းမွာ ဖ်စ္ညႇစ္လ်က္သား..။ ထိုျမင္ကြင္းကိုၾကည့္ေနေသာ ထြန္းခမွာေတာ့ ဖင္ထိုင္လ်က္လဲက်ကာအသားမ်ားတဆတ္ဆတ္တုန္လ်က္..။

“႐ြာထဲမွာ တိရစာၦန္ေတြညဘက္ေပ်ာက္တာ..ဟင္းထမင္းေတြေပ်ာက္တာက သာလွလက္ခ်က္ပဲ..သာလွကေတာထဲမွာ မီးေသြးဖိုေျမတူးရင္းနဲ႔ေသၿပီ….အနီးတဝိုက္မွာရွိေနတဲ့ မေကာင္းဆိုးဝါးကသာလွကိုယ္ထဲဝင္စီးၿပီး သာလွပုံစံနဲ႔စားေသာက္ေနတာပဲ…”

“မခင္ျမက သာလွေနမေကာင္းျဖစ္ၿပီးမွအမူအယာထူးျခားေနတယ္ေျပာလို႔ ငါလိုက္ၾကည့္အေပးမွာသာလွကိုဖုတ္ဝင္ေနတာသိတာပဲ..”

႐ြာသားမ်ားဘက္လွည့္ကာေျပာေနရင္းမွပင္ ပေယာဂဆရာလိမ္ရဲ႕ဝူးဝူးဝါးဝါးအသံေတြေၾကာင့္ လွည့္ၾကည့္လိုက္ကာ…

“ဟဲ့..မေကာင္းဆိုးဝါးဖုတ္ေကာင္..ဒါနင့္ေနရာမဟုတ္ဘူး….သြားေတာ့…”

ဲကပၸိယႀကီးကေျပာရင္းမွ လက္ထဲမွတုတ္ေခ်ာင္းေလးႏွင့္ပစ္ေပါက္လိုက္ေတာ့..သာလွတစ္ေယာက္ေနရာမွာတင္ပုံခနဲလဲက်ကာ ခဏေလးအတြင္းမွာပင္ ပုတ္ပြကာအရည္တ႐ႊဲ႐ႊဲႏွင့္ အပုတ္နံ႔ကဟိန္းထြက္သြားေတာ့…အကုန္လုံးမွာ ဟာခနဲ ဟင္ခနဲျဖစ္သြားသလို.. ပေယာဂဆရာလိမ္ႏွင့္ ထြန္းခတို႔မွာလဲ လက္သြက္ေသာ ႐ြာသားအခ်ိဳ႕၏ဖမ္းဆီးျခင္းကိုခံလိုက္ရေတာ့သည္..။

႐ြာသူ႐ြာသားမ်ားေသခ်ာမသိလိုက္သည္က ႐ြာဦးေက်ာင္းမွကပၸိယႀကီးမွာ အထက္လမ္းဆရာႀကီးတစ္ေယာက္ျဖစ္သည္ဆိုတာပင္..။

ဒါတင္မက…႐ြာသူ႐ြာသားမ်ား၏ စုေပါင္းအလႈျဖင့္ သံဃာေတာ္အရွင္ျမတ္မ်ား၏ပရိတ္႐ြတ္ဖတ္ပြဲလဲက်င္းပလိုက္ၾကကာ တစ္႐ြာလုံးအႏွံ႔ပရိတ္ေရ ပရိတ္သဲပက္ဖ်န္းျခင္းမ်ားျပဳလုပ္ၾကရင္း ႐ြာသန္႔လိုက္ၾကေတာ့သည္..။ ဒါေပမဲ့ ထိုအခ်ိန္မွာမ်က္ရည္မ်ားေတြေတြက်ရင္း အလႉကိုကူလုပ္ေနသူက မခင္ျမျဖစ္မည္ဆိုတာေတာ့..ေျပးၾကည့္စရာမလိုေအာင္ကိုသိေနမည္ထင္ပါသည္…။

ၿပီးပါၿပီ

=================

အေပ်ာ္တမ္းစာေရးသူမို႔ လိုအပ္ခ်က္မ်ားတစ္စုံတစ္ရာရွိခဲ့ရင္ေတာင္းပန္ပါတယ္ရွင့္❤
Writer-လရိပ္ညိဳ💚
#ေလးစားစြာcreditေပးပါသည္