အောက်လမ်းဆရာမ မယ်နု

#အောက်လမ်းဆရာမ_မယ်နု (ဖြစ်ရပ်မှန်)

—————————————–

#အနည်းဆုံး စုန်း ၇ ယောက်မရှိရင် ရွာတည်လို့မရဘူး

#Credit

 

ရှေးလူကြီးတွေပြောတာကြားဖူးတာပေါ့

စုန်းးးး ဆိုတဲ့အရာကို မြို့မှာနေတဲ့သူတွေကတော့

သိပ်အယုံအကြည်မရှိပေမယ့် တောရွာတွေမှာနေတဲ့

သူတော်တော်များမျာကတော့ အယုံအကြည်ရှိကြတယ်

စုန်း တွေမှာ ဝမ်းတွင်းစုန်းနှင့် ကာလအခြေအနေကြောင့်

ဖြစ်လာတဲ့ စုန်းဆိုပြီး ရှိတယ် ဝမ်းတွင်းစုန်းဆိုတာကတော့

သိကြတဲ့အတိုင်း အတိတ်ဘဝ ကံကြောင့်မွေးထဲက

ပညာပါလာပြီးသား

 

ဒါပေမယ့် အဲဒါတွေကတကယ့်

ဆရာကောင်းသမားကောင်းတွေနဲ့တွေ့ရင်

စွန့်လွှတ်လို့ရပါတယ် အခြေအနေကြောင့်ဖြစ်လာတဲ့

စုန်းဆိုတာကတော့ မိမိရဲ့မိဘ အဘွား (သို့) တယောက်ယောက်က

အမွေပေးခဲ့တဲ့သဘောမျိုးပေါ့ တချို့ကဝမ်းတွင်းလဲမဟုတ်

အမွေရတာလဲမဟုတ်ဘဲ စုန်းဖြစ်တတ်ပါတယ်

 

အကြောင်းကတော့ ဓါတ်ကြီးလေးပါထဲက

တေဇောဓါတ်ကြောင့်ပါဘဲ ဒေါသတွေမောဟတွေ လောဘတွေ

အရမ်းများလာရင် မိမိတောင်ကိုယ်တိုင်မသိလိုက်ဘဲ

စုန်းဓါတ်ခံဖြစ်သွားနိုင်ပါတယ်

 

အထူးသဖြင့် မိန်းကလေးတွေ ပိုဖြစ်တတ်တယ်

မိန်းကလေးဆိုတာက မနာလိုစိတ် လောဘစိတ်ယောက်ျားတွေ

ထက်ပိုများတတ်တယ်

 

အဲလိုဖြစ်တိုင်း စုန်းချက်ချင်းမဖြစ်ပါ

အဲဒီမကောင်းတဲ့ စိတ်တွေ တဖြည်းဖြည်းကြီးထွားလာပြီး

အစိုင်အခဲတစ်ခုလိုဖြစ်သွားတဲ့ အချိန်ပေါ့ စုန်းတွေဟာ လူတွေနဲ့

တောရွာမှာရော မြို့မှာပါ ရောနှော နေတတ်ကြတယ်

 

မိမိက စုန်းဆိုပြီးလဲ ဘယ်သူမှမပြောကြပါဘူး

စုန်းဓါတ်ခံရှိတဲ့ သူတွေဟာ ကိုယ်ယောင်ကိုယ်ဝါ မထည်ဝါကြဘူးတဲ့

စုန်းဓါတ်ခံရှိတဲ့ မိန်းမတွေဟာ လင်ယောကျာ်းအပေါ် အရမ်းနိုင်စားတယ်

 

မိမိလိုရာကို လှည့်ပတ်နိုင်စွမ်းအားလဲရှိကြတယ်

ယောကျာ်းက ဘုရားတရားလိုက်စားပြီး

ဘုန်းကံအရမ်းမြင့်နေရင်တော့ လုပ်လို့မရဘူးပေါ့

 

စုန်းတော်တော်များများတူရာ အချက်က အဲဒီပညာကိုတန်ဖိုးထားပြီး

လုံးဝမစွန့်လွှတ်နိုင်တာပါဘဲ

 

(လေ့လာကြားဖူးသလောက် စုန်းအကြောင်းလေးပေါ့ )

 

ခုလောလောဆယ်တော့ ကျွန်မပြောမယ့် ဇာတ်ကြောင်းလေး

စလိုက်ရအောင်

 

ခုအဖြစ်အပျက်လေးကတော.

ယောမြို့နယ် ရွာလေးတစ်ရွာက အဖြစ်အပျက်လေးပေါ့းးးးးးးးးး

 

ဇာတ်လမ်းအစက ဒီလိုးးး

ကျွန်မတို့NGO အဖွဲ့အစည်းဆိုတာကမြန်မာပြည်အနှံ့

တာက်လျှောက် ခရီးနှင်နေရတာလေ အများအားဖြင့်

အစိုးရအဖွဲ့အစည်းတွေ မသွားနိုင်တဲ့ ဝေးလံခေါင်ဖျားတဲ့

ရွာတွေကိုသွားရတာများတယ်

 

ဒီတခေါက်တော့ ကျွန်မတို့တာဝန်ကျတဲ့ မြို့လေးက ယော !

ယောမြို့ဆိုတော်တော်များများသိကြပါတယ်

ယောလုံချည် နာမည်ကြီးဘဲလေ

 

ဒါပေမယ့် ကျွန်မတို့နေရမယ့်နေရာက ယောမြို့ထဲမဟုတ်ပါဘူး

မြို့ကနေတော်တော်ဝေးတယ် လမ်းကြမ်းတွေကိုဖြတ်ပြီး

ဆိုင်ကယ်တစ်မျိုး လှေတစ်မျိုးနဲ့အဆင့်ဆင့်သွားရတဲ့ရွာလေးပါ

 

အဲဒီရွာလေးမှာဘဲ ကျွန်မတို့ အခြေချပြီး

ကျန်းမားရေးဝန်ဆောင်မှု့ လုပ်ငန်းတွေစတင်လုပ်ဆောင်ကြတာပေါ့

အာကာရေ ငါတို့ ရွာထဲလျှောက်ကြည့်ရအာင်

 

(အာကာဆိုတာက ကျောင်းထဲက ကျွန်မအခင်ဆုံးသူငယ်ချင်း

NGO တွေနဲ့ join တော့ ကျွန်မနဲ့ အတူတူဒီအဖွဲ့လေးထဲပါလာတာပေါ့)

 

သူငယ်ချင်း၂ယောက် ရွာထဲလျှောက်ကြည့် ရွာခံတွေကိုမိတ်ဆက်ပြီး

ရွာလယ်မှာဌားထားတဲ့ ကျွန်မတို့ရုံး(သို့)အိမ်လေးစီ ပြန်လာတာပေ့ါ

 

ကျွန်မတို့ အဖွဲ့က ကျွန်မအပါအဝင် အားလုံးပေါင်း ၈ယောက်

ယောကျာ်းလေး၅ယောက် မိန်းကလေး၃ယောက်

အားလုံးက ကျောင်းမှာလဲ လူသေတွေ ပရယ်တီကယ်တွေ

အမြဲလုပ်ရတော့ သိပ်ပြီးမကြောက်တတ်ကြပါဘူး

 

တစ်နေ့တော့ ကျွန်မတို့ အဖွဲ့ကို ရွာထဲက တိုင်းရင်းဆေးဆရာမတစ်ယောက်ကထမင်းဖိတ်ကျွေးတယ်

စားကြ ကလေးတို့ အကြီးက ကလေးတို့ဒီရွာရောက်နေတယ်

သတင်းကြားထဲက ထမင်းဖိတ်ကျွေးချင်တာ အားရပါးရစားနော်

 

တို့တောသူတွေက အဝစားမှကြိုက်တာ စိတ်ချအကြီးရေ သားတို့က

အလှစားမဟုတ်ဘူး အဝစားဗျ

အာကာကတော့ ငတ်ကြီးကျနေပြန်ပြီ

 

သူငတ်လဲ ငတ်ချင်စရာ ဟင်းတွေက လုံးဝသရေကျချင်စရာ

ကြက်သားကာလသားချက် ငပိရည်တို့စရာ အချည်ဟင်းစုံလို့

ကဲ ကလေးးတို့အေးဆေးစားကြ အကြီး နောက်ဖေးမှာဆေးပင်သွားလှန်းလိုက်အုံးမယ်

 

အန်တီကြီးထွက်သွားတော့ ကျွန်မတို့လဲအားရပါးရစားမယ်ပေါ့

အာကာက ကာလသားကြက်ဆို အရမ်းကြိုက်

ကြက်သားကိုခပ်မယ်လို့လုပ်လိုက်တဲ့အချိန်မှာ

 

ကတွန့် ကတွန့်:::::

 

အမလေး ကျွန်မတို့အားလုံးလန့်ပြီး ထမင်းစာပွဲးကထခုန်မိတယ်

ပန်းကန်ထဲက ကြက်သားတုံးက ကြက်ဖြစ်ပြီး တွန်နေတာ

 

ကျွန်မတို့အော်သံကြားတော့ အန်တီကြီး

အိမ်ပေါ်အပြေးအလွှားတက်လာပြီး ဘာဖြစ်လို့လဲကလေးတို့

 

အကြီး ကြက် ကြက်ထပျံလို့

အန်တီကြီးကပြုံးလို့ ဘယ်မှာလဲမရှိပါဘူး

သားတို့အမြင်မှားတာနေမှာပါ ကြည့်ကြည့်ပါအုံး ပန်းကန်ထဲကို

 

ကျွန်မတို့ပြန်ကြည့်ကြည့်တော့ ကြက်သားတုံးပါဘဲ ကြက်မတွေ့တော့ဘူး

ကဲ ကဲ ပြန်စားကြ ထိုင် ထိုင်

ကျွန်မတို့ တယောက်မျက်နှာတယောက်ကြည့်ပြီး

အားလုံးစိတ်ထဲမှာတော့ တခုခု တော့ တခုခုဘဲ

 

အကုန်လုံးမြင်တာ ဆိုတော့ အမြင်မှားတာမဖြစ်နိုင်ဘူး

အဲနေ့ကထမင်းဝိုင်းလေးကတော့ ဟန်မပျက် ဆက်စားရပေမယ့်

ကြက်သားပန်းကန်ကိုတော့ တစ်ယောက်မှ မနှိုက်ကြပေ

 

အဲဒါနဲ့ကျွန်မတို့အိမ်ပြန်ရောက်တော့

ခေါင်းချင်ဆိုင် ဆွေးနွေးကြတာပေါ့့

 

ဒါနဲ့ကျွန်မတို့နှစ်အိမ်ကျော်မှာ ဦးအောင်ဆိုတဲ့

လူကြီးတစ်ယောက်ရှိတယ် သူက အသက်၄၀အရွယ်လူပျိုကြီး

အရက်အရမ်းသောက်လို့ ကျွန်မတို့က မနည်းတားနေရတယ်

 

ကျွန်မတို့နဲ့လဲခင်ပါတယ် သူမူးလာပြီဆို ဘာမှမသိတော့ဘူး

ကျွန်မတို့ရုံးလာပြီး ပြေားချင်ရာတွေပြေားတော့တာ

ငယ်ချစ်ဟောင်းအကြောင်းတွေရော သရဲအကြောင်းတွေရောစုံလို့

 

အခုလဲ ကျွန်မတို့ ဆွေးနွေးနေတုံး အရက်ပုလင်းကိုင်ပြီး

ရောက်လာတယ်။ ဟိတ်ကလေးတွေ ဘကြီးလာပြီ်

မင်းတို့ဒီနေ့ကြက်ပျံပွဲသွာကြည့်ခဲ့တာမလား

 

ဟယ်အဘ ဘယ်လိုသိ တာလဲ သိတာပေါ့ကွ

ငါက အကုန်သိ အကုန်တတ်

ဘအောင်တဲ့မှတ်ထားနော် ဟားဟားဟား

မင်းတို့လာတော့ သူ့စားခွက်ပျောက်မှာကြောက်နေတာပေါ့

 

ဟားဟားးဟားး မယ်နု မယ်န

ဘကြီးအောင်တယောက် ပြောချင်ရာပြော

ရယ်မောပြီးထွက်သွားတော့တယ် ကျွန်မတို့လဲ

အဲအချိန်ထိ ဘာမှနားမလည်

 

နောက်နေ့ကျွန်မတို့စီလူုနာတစ်ယောက်လာတယ်

ပူတယ်ပူတယ်ဘဲပြေားတယ် ရောဂါစမ်းကြည့်တော့လဲ

ထူးထူးခြားခြားမပြ အစားမှားလား ဆိုတော့လဲ

လူနာပြေားပုံအရ အစားမမှား

 

ကျွန်မတို့လဲဘာလုပ်ရမှန်းမသိ ဆရာဝန်ပေါက်စတွေဆိုတော့

ရမ်းသန်းမလုပ်ရဲဘူးလေ အဲဒါနဲ့လူနာရှင်ကလဲ စိတ်တိုပြီး

ကဲ ဆရာမ မယ်နုစီဘဲ ခေါ်သွားတော့ လာလာ

ဒီကလေးတွေဘာမှသိတာမဟုတ်ဘူးး

 

နောက်နေ့အဲဒီလူနာသက်သာသွားတယ်တဲ့

ဆရာမ မယ်နုဘာဆေးတိုက်လဲ စုံစမ်းကြည့်တော့ . . . .

ရွက်ခြောက်တဲ့ ကျွန်မတို့လဲတော်တော်အံ့သြတယ်

ဆရာမက တော်တော်စွမ်းပါလားပေါ့

 

နောက်နေ့အာကာနဲ့ကျွန်မ ဟိုဘက်ရွာတွေ ဆေးလိုက်ကုပေးပြီး

ရွာအပြန်အချိန်က ည ၁၂နာရီကျော်နေပြီ

ဟိုဘက်ရွာမှာ ပွဲရှိတာနဲ့ကျွန်မလဲ အာကာကို ပွဲခနကြည့်ချင်တယ်

ပုဆာလို့ပွဲခနကြည့်ပြီး ပြန်လာတော့ အချိန်ကနောက်ကျသွားတယ်

 

အာကာရေ ငါတို့ရွာထဲဝင်ဖို့သင်္ချိုင်းဖြတ်ရမှာမလား

အေးလေ နင့်ကိုငါပြောသားဘဲ နောက်ကျပါမယ်ဆိုမှ

နင်ကပွဲကြည့်ချင်တာကိုး မကြောက်ပါနဲ့ ငါ့ခါးကိုဖက်ထား

 

ဟီးဟီး နင်တော့နော် သေတော့မယ်

 

ကျွန်မတို့ဆိုင်ကယ်လေး သင်္ချိုင်းနားအရောက်

အာကာ အာကာ ဟိုမှာ ဟိုဆရာမ မလား

အေး ဟုတ်မယ်ထင်တယ် သူက ဒီအချိန်ကြီးဘာလို့

သင်းင်္ချိုင်းထဲသွားတာလား လာ သွားလိုက်ကြည့်မလား

 

ဟာ ကြောက်စရာကြီး မကြည့်ဘူး မြန်မြန်မောင်းအာကာ မြန်မြန်

ကျွန်မတို့ အိမ်ပြန်ရောက်တော့ ကြားရတဲ့သတင်းက ဘကြီးအောင်

ဆုံးပြီတဲ့့့့ မူးပြီး ချောင်းထဲပြုတ်ကျ ရေနစ်သေတာတဲ့

 

ကျွန်မတို့တကယ်စိတ်မကောင်းဘူး ဘကြီးအောင်က

တစ်ကောင်ကြွက်ဆိုတော့ အသုဘ နာရေးကိစ္စတွေကို ရွာသားတွေနဲ့

အတူ ကျမတို့ဝိုင်းကူညီပြီးလုပ်ပေးကြပါတယ်

 

ရက်လည်မရောက်ခင် ၂ရက်အလိုမှာပေါ့

 

အာကာနဲ့ကျွန်မ ‘ဇော်ကြီးနဲ့ငြိမ်းချမ်း ညဘက်ဟိုဘက်ရွာ

လူနာသွားကြည့်ပြီးအပြန်

 

(ဒီတခါတော့ ရွာထဲမှာ လူလဲသေထားတော့ ၂ယောက်ထဲမသွားဘူး

ဆိုင်ကယ်၂စီး လူ ၄ယောက်သွားကြတာပေါ့)

 

ထုံးစံအတိုင်း သင်္ချိင်းကနေဖြတ်တော့

ကျွန်မ မကြည့်ဘူး အတန်တန်ထိန်းထားတဲ့ကြားက

သင်င်္ချိုင်းထဲကို ကြည့်ဖြစ်အောင်ကြည့်လိုက်တော့

 

အမလေး ဟိုဆရာမ ဆံပင်ဖားလျားကြီး နဲ့

အနောက်မှာက ဘကြီးအောင် တောင့်တောင့်ကြီးလျှောက်ပြီး

သင်းင်္ချိုင်းထဲဝင်သွားတယ် ကျွန်မလဲ အာကာ ခါးကိုအသားကုန်ဖတ်ပြီး တလမ်းလုံး ဘုရားစာရွတ်လာတာ အိမ်ရောက်တော့

အာကာမျက်နှာက ဖြီးလို့

 

ငနဲတွေက မတွေ့ဘူးလေ သင်္ချိုင်းမရောက်ခင်ထဲက ဘယ်သူမှ

အဲဘက်မကြည့်နဲ့လို့မှာထားကြတာ ကျွန်မသာ လျှာရှည်ပြီးကြည့်မိလိုိ့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘယ်သူမှလဲမပြောတော့ဘူး

 

ရက်လည်မရောက်ခင် တစ်ရက်အလို. .

 

ဒီတခါကြုံတာ

ကျွန်မတို့အဖွဲ့ထဲက ယောကျာ်းလေးတွေပေါ့

အိမ်ကို အပြေးအလွှားဝင်လာပြီး ခြံတံခါးပိတ် အိမ်တံခါးတွေပိတ်ပြီး

ဘုရားဆောင်က ရေတွေယူသောက် ဘုရားကို ဖင်ထောင်အောင်ရှိခိုးပြီး

 

ဘာဖြစ်တာလဲမေးတော့

ငါတို့ ရွာထဲမှာ ဆေးလိပ်ဝယ်ပြီး ပြန်လာတာ

ဘကြီးအောင် အိမ်ရှေ့ရောက်တော့ အုပ်စုလဲတောင့်တာနဲ့

ခြံထဲဝင်ကြည့်မယ်ဆိုပြီး ဝင်ကြည့်တာ

 

ဟာ လုံးဝပက်ပင်းတိုးတာ ကွပ်ပျစ်မှာ ငုတ်တုတ်ကြီးထိုင်နေတာ

တကိုယ်လုံးလဲ ရေတွေရွှဲလို့ မျက်လုံးကလဲပြူးနေတာဘဲ

ငါတို့ကို ဘာပြေားလဲသိလား အရက်တစ်လုံးလောက်

ဝယ်ပေးပါလားတဲ့လေ ငါတို့လဲတချိုးထဲပြေးတော့တာဘဲ

 

နောက်နေ့တွေကစပြီး ကျွန်မတို့လဲ

သတိဝိရိယနဲ့နေကြတာပေါ့ ကိုယ့်ကိစ္စမဟုတ်ရင်ဝင်မပါဘူး

ဘကြီးအောင်က မကျွတ်ဘူးလို့လဲပြောကြတယ်

ညဘက်တွေ သူသေတဲ့ ချောင်းနားမှာ အရက်ထိုင်သောက်နေတာ

တွေ့ကြတယ်တဲ့

ကျွန်မ စဉ်းစားတာ အဲဒီအရက်တွေက ဘယ်ကရတာလဲ

နေ့ခင်းဘက်မင်္သကာတာနဲ့ ကျွန်မ အာကာတို့ကိုခေါ်ပြီး

ဘကြီးအောင် မြေပုံလေးကိုသွားကြည့်တော့

မြေပုံဘေးနားမှာ အရက်ပုလင်းခွံတွေအများကြီးတွေ့ရတယ်

 

နောက်ရွာထဲက တချို့သူတွေ ပြေားကြတာကြားရတာတော့

မယ်နုက ဘကြီးအောင်ကို မွေးထားတာတဲ့

အရက်တွေလဲ သူဘဲတိုက်တာတဲ့ ရွာထဲက တချို့ရောဂါတွေလဲ

သူ့ဘာသာအောက်လမ်းနဲ့လုပ်ပြီး သူ့ဘာသာပြန်ကုတာတဲ့

 

ဆရာမမယ်နုက အစိမ်းသေ တော်တော်များများကိုလဲ

မွေးထားတယ်တဲ့ အရပ်ပြောစကားတွေပေါ့

 

ကျွန်မတို့လဲ ဘာမှဝင်မပါတော့ဘူး အချိန်တန်

အဲဒီရွာလေးကနေ ပြန်ရမယ့်သူတွေလေ

ကျွန်မတို့ပြန်တော့ ရွာထိပ်အထိ ရွာသားတွေ လိုက်ပို့ကြတယ်

 

မယ်နုဆိုတဲ့အဒေါ်ကြီးက ကျွန်မတို့ကိုနောက်တခါ

လမ်းကြုံလာလည်ပါတဲ့

ကြက်သားဟင်းချက်ကျွေးမယ်တဲ့့

ကျွန်မတို့လဲ ဟီဟီး မချိုမချည်အပြုံးနဲ့

သွားလေးဘဲဖြဲပြတော့တာပေါ့ bye bye လမ်းလဲမကြုံတော့ပါဘူး

 

(ဒီအဖြစ်အပျက်လေးက NGO field ထဲက senior

အမတစ်ယောက်ပြောပြတဲ့ ဖြစ်ရပ်လေးကို ကိုးကားပြီးရေးထားတာပါ

အမှားပါရင်ခွင့်လွှတ်ပေးကြပါနော်)

 

ကျေးဇူးအထူးတင်ရှိပါတယ်

Credit

#ေအာက္လမ္းဆရာမ_မယ္ႏု (ျဖစ္ရပ္မွန္)
—————————————–
#အနည္းဆုံး စုန္း ၇ ေယာက္မရွိရင္ ႐ြာတည္လို႔မရဘူး
#Credit

ေရွးလူႀကီးေတြေျပာတာၾကားဖူးတာေပါ့
စုန္းးးး ဆိုတဲ့အရာကို ၿမိဳ႕မွာေနတဲ့သူေတြကေတာ့
သိပ္အယုံအၾကည္မရွိေပမယ့္ ေတာ႐ြာေတြမွာေနတဲ့
သူေတာ္ေတာ္မ်ားမ်ာကေတာ့ အယုံအၾကည္ရွိၾကတယ္
စုန္း ေတြမွာ ဝမ္းတြင္းစုန္းႏွင့္ ကာလအေျခအေနေၾကာင့္
ျဖစ္လာတဲ့ စုန္းဆိုၿပီး ရွိတယ္ ဝမ္းတြင္းစုန္းဆိုတာကေတာ့
သိၾကတဲ့အတိုင္း အတိတ္ဘဝ ကံေၾကာင့္ေမြးထဲက
ပညာပါလာၿပီးသား

ဒါေပမယ့္ အဲဒါေတြကတကယ့္
ဆရာေကာင္းသမားေကာင္းေတြနဲ႔ေတြ႕ရင္
စြန္႔လႊတ္လို႔ရပါတယ္ အေျခအေနေၾကာင့္ျဖစ္လာတဲ့
စုန္းဆိုတာကေတာ့ မိမိရဲ႕မိဘ အဘြား (သို႔) တေယာက္ေယာက္က
အေမြေပးခဲ့တဲ့သေဘာမ်ိဳးေပါ့ တခ်ိဳ႕ကဝမ္းတြင္းလဲမဟုတ္
အေမြရတာလဲမဟုတ္ဘဲ စုန္းျဖစ္တတ္ပါတယ္

အေၾကာင္းကေတာ့ ဓါတ္ႀကီးေလးပါထဲက
ေတေဇာဓါတ္ေၾကာင့္ပါဘဲ ေဒါသေတြေမာဟေတြ ေလာဘေတြ
အရမ္းမ်ားလာရင္ မိမိေတာင္ကိုယ္တိုင္မသိလိုက္ဘဲ
စုန္းဓါတ္ခံျဖစ္သြားႏိုင္ပါတယ္

အထူးသျဖင့္ မိန္းကေလးေတြ ပိုျဖစ္တတ္တယ္
မိန္းကေလးဆိုတာက မနာလိုစိတ္ ေလာဘစိတ္ေယာက္်ားေတြ
ထက္ပိုမ်ားတတ္တယ္

အဲလိုျဖစ္တိုင္း စုန္းခ်က္ခ်င္းမျဖစ္ပါ
အဲဒီမေကာင္းတဲ့ စိတ္ေတြ တျဖည္းျဖည္းႀကီးထြားလာၿပီး
အစိုင္အခဲတစ္ခုလိုျဖစ္သြားတဲ့ အခ်ိန္ေပါ့ စုန္းေတြဟာ လူေတြနဲ႔
ေတာ႐ြာမွာေရာ ၿမိဳ႕မွာပါ ေရာေႏွာ ေနတတ္ၾကတယ္

မိမိက စုန္းဆိုၿပီးလဲ ဘယ္သူမွမေျပာၾကပါဘူး
စုန္းဓါတ္ခံရွိတဲ့ သူေတြဟာ ကိုယ္ေယာင္ကိုယ္ဝါ မထည္ဝါၾကဘူးတဲ့
စုန္းဓါတ္ခံရွိတဲ့ မိန္းမေတြဟာ လင္ေယာက်ာ္းအေပၚ အရမ္းႏိုင္စားတယ္

မိမိလိုရာကို လွည့္ပတ္ႏိုင္စြမ္းအားလဲရွိၾကတယ္
ေယာက်ာ္းက ဘုရားတရားလိုက္စားၿပီး
ဘုန္းကံအရမ္းျမင့္ေနရင္ေတာ့ လုပ္လို႔မရဘူးေပါ့

စုန္းေတာ္ေတာ္မ်ားမ်ားတူရာ အခ်က္က အဲဒီပညာကိုတန္ဖိုးထားၿပီး
လုံးဝမစြန္႔လႊတ္ႏိုင္တာပါဘဲ

(ေလ့လာၾကားဖူးသေလာက္ စုန္းအေၾကာင္းေလးေပါ့ )

ခုေလာေလာဆယ္ေတာ့ ကြၽန္မေျပာမယ့္ ဇာတ္ေၾကာင္းေလး
စလိုက္ရေအာင္

ခုအျဖစ္အပ်က္ေလးကေတာ.
ေယာၿမိဳ႕နယ္ ႐ြာေလးတစ္႐ြာက အျဖစ္အပ်က္ေလးေပါ့းးးးးးးးးး

ဇာတ္လမ္းအစက ဒီလိုးးး
ကြၽန္မတို႔NGO အဖြဲ႕အစည္းဆိုတာကျမန္မာျပည္အႏွံ႔
တာက္ေလွ်ာက္ ခရီးႏွင္ေနရတာေလ အမ်ားအားျဖင့္
အစိုးရအဖြဲ႕အစည္းေတြ မသြားႏိုင္တဲ့ ေဝးလံေခါင္ဖ်ားတဲ့
႐ြာေတြကိုသြားရတာမ်ားတယ္

ဒီတေခါက္ေတာ့ ကြၽန္မတို႔တာဝန္က်တဲ့ ၿမိဳ႕ေလးက ေယာ !
ေယာၿမိဳ႕ဆိုေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္
ေယာလုံခ်ည္ နာမည္ႀကီးဘဲေလ

ဒါေပမယ့္ ကြၽန္မတို႔ေနရမယ့္ေနရာက ေယာၿမိဳ႕ထဲမဟုတ္ပါဘူး
ၿမိဳ႕ကေနေတာ္ေတာ္ေဝးတယ္ လမ္းၾကမ္းေတြကိုျဖတ္ၿပီး
ဆိုင္ကယ္တစ္မ်ိဳး ေလွတစ္မ်ိဳးနဲ႔အဆင့္ဆင့္သြားရတဲ့႐ြာေလးပါ

အဲဒီ႐ြာေလးမွာဘဲ ကြၽန္မတို႔ အေျခခ်ၿပီး
က်န္းမားေရးဝန္ေဆာင္မႈ႕ လုပ္ငန္းေတြစတင္လုပ္ေဆာင္ၾကတာေပါ့
အာကာေရ ငါတို႔ ႐ြာထဲေလွ်ာက္ၾကည့္ရအာင္

(အာကာဆိုတာက ေက်ာင္းထဲက ကြၽန္မအခင္ဆုံးသူငယ္ခ်င္း
NGO ေတြနဲ႔ join ေတာ့ ကြၽန္မနဲ႔ အတူတူဒီအဖြဲ႕ေလးထဲပါလာတာေပါ့)

သူငယ္ခ်င္း၂ေယာက္ ႐ြာထဲေလွ်ာက္ၾကည့္ ႐ြာခံေတြကိုမိတ္ဆက္ၿပီး
႐ြာလယ္မွာဌားထားတဲ့ ကြၽန္မတို႔႐ုံး(သို႔)အိမ္ေလးစီ ျပန္လာတာေပ့ါ

ကြၽန္မတို႔ အဖြဲ႕က ကြၽန္မအပါအဝင္ အားလုံးေပါင္း ၈ေယာက္
ေယာက်ာ္းေလး၅ေယာက္ မိန္းကေလး၃ေယာက္
အားလုံးက ေက်ာင္းမွာလဲ လူေသေတြ ပရယ္တီကယ္ေတြ
အၿမဲလုပ္ရေတာ့ သိပ္ၿပီးမေၾကာက္တတ္ၾကပါဘူး

တစ္ေန႔ေတာ့ ကြၽန္မတို႔ အဖြဲ႕ကို ႐ြာထဲက တိုင္းရင္းေဆးဆရာမတစ္ေယာက္ကထမင္းဖိတ္ေကြၽးတယ္
စားၾက ကေလးတို႔ အႀကီးက ကေလးတို႔ဒီ႐ြာေရာက္ေနတယ္
သတင္းၾကားထဲက ထမင္းဖိတ္ေကြၽးခ်င္တာ အားရပါးရစားေနာ္

တို႔ေတာသူေတြက အဝစားမွႀကိဳက္တာ စိတ္ခ်အႀကီးေရ သားတို႔က
အလွစားမဟုတ္ဘူး အဝစားဗ်
အာကာကေတာ့ ငတ္ႀကီးက်ေနျပန္ၿပီ

သူငတ္လဲ ငတ္ခ်င္စရာ ဟင္းေတြက လုံးဝသေရက်ခ်င္စရာ
ၾကက္သားကာလသားခ်က္ ငပိရည္တို႔စရာ အခ်ည္ဟင္းစုံလို႔
ကဲ ကေလးးတို႔ေအးေဆးစားၾက အႀကီး ေနာက္ေဖးမွာေဆးပင္သြားလွန္းလိုက္အုံးမယ္

အန္တီႀကီးထြက္သြားေတာ့ ကြၽန္မတို႔လဲအားရပါးရစားမယ္ေပါ့
အာကာက ကာလသားၾကက္ဆို အရမ္းႀကိဳက္
ၾကက္သားကိုခပ္မယ္လို႔လုပ္လိုက္တဲ့အခ်ိန္မွာ

ကတြန္႔ ကတြန္႔:::::

အမေလး ကြၽန္မတို႔အားလုံးလန္႔ၿပီး ထမင္းစာပြဲးကထခုန္မိတယ္
ပန္းကန္ထဲက ၾကက္သားတုံးက ၾကက္ျဖစ္ၿပီး တြန္ေနတာ

ကြၽန္မတို႔ေအာ္သံၾကားေတာ့ အန္တီႀကီး
အိမ္ေပၚအေျပးအလႊားတက္လာၿပီး ဘာျဖစ္လို႔လဲကေလးတို႔

အႀကီး ၾကက္ ၾကက္ထပ်ံလို႔
အန္တီႀကီးကၿပဳံးလို႔ ဘယ္မွာလဲမရွိပါဘူး
သားတို႔အျမင္မွားတာေနမွာပါ ၾကည့္ၾကည့္ပါအုံး ပန္းကန္ထဲကို

ကြၽန္မတို႔ျပန္ၾကည့္ၾကည့္ေတာ့ ၾကက္သားတုံးပါဘဲ ၾကက္မေတြ႕ေတာ့ဘူး
ကဲ ကဲ ျပန္စားၾက ထိုင္ ထိုင္
ကြၽန္မတို႔ တေယာက္မ်က္ႏွာတေယာက္ၾကည့္ၿပီး
အားလုံးစိတ္ထဲမွာေတာ့ တခုခု ေတာ့ တခုခုဘဲ

အကုန္လုံးျမင္တာ ဆိုေတာ့ အျမင္မွားတာမျဖစ္ႏိုင္ဘူး
အဲေန႔ကထမင္းဝိုင္းေလးကေတာ့ ဟန္မပ်က္ ဆက္စားရေပမယ့္
ၾကက္သားပန္းကန္ကိုေတာ့ တစ္ေယာက္မွ မႏႈိက္ၾကေပ

အဲဒါနဲ႔ကြၽန္မတို႔အိမ္ျပန္ေရာက္ေတာ့
ေခါင္းခ်င္ဆိုင္ ေဆြးေႏြးၾကတာေပါ့့

ဒါနဲ႔ကြၽန္မတို႔ႏွစ္အိမ္ေက်ာ္မွာ ဦးေအာင္ဆိုတဲ့
လူႀကီးတစ္ေယာက္ရွိတယ္ သူက အသက္၄၀အ႐ြယ္လူပ်ိဳႀကီး
အရက္အရမ္းေသာက္လို႔ ကြၽန္မတို႔က မနည္းတားေနရတယ္

ကြၽန္မတို႔နဲ႔လဲခင္ပါတယ္ သူမူးလာၿပီဆို ဘာမွမသိေတာ့ဘူး
ကြၽန္မတို႔႐ုံးလာၿပီး ေျပားခ်င္ရာေတြေျပားေတာ့တာ
ငယ္ခ်စ္ေဟာင္းအေၾကာင္းေတြေရာ သရဲအေၾကာင္းေတြေရာစုံလို႔

အခုလဲ ကြၽန္မတို႔ ေဆြးေႏြးေနတုံး အရက္ပုလင္းကိုင္ၿပီး
ေရာက္လာတယ္။ ဟိတ္ကေလးေတြ ဘႀကီးလာၿပီ္
မင္းတို႔ဒီေန႔ၾကက္ပ်ံပြဲသြာၾကည့္ခဲ့တာမလား

ဟယ္အဘ ဘယ္လိုသိ တာလဲ သိတာေပါ့ကြ
ငါက အကုန္သိ အကုန္တတ္
ဘေအာင္တဲ့မွတ္ထားေနာ္ ဟားဟားဟား
မင္းတို႔လာေတာ့ သူ႔စားခြက္ေပ်ာက္မွာေၾကာက္ေနတာေပါ့

ဟားဟားးဟားး မယ္ႏု မယ္န
ဘႀကီးေအာင္တေယာက္ ေျပာခ်င္ရာေျပာ
ရယ္ေမာၿပီးထြက္သြားေတာ့တယ္ ကြၽန္မတို႔လဲ
အဲအခ်ိန္ထိ ဘာမွနားမလည္

ေနာက္ေန႔ကြၽန္မတို႔စီလူုနာတစ္ေယာက္လာတယ္
ပူတယ္ပူတယ္ဘဲေျပားတယ္ ေရာဂါစမ္းၾကည့္ေတာ့လဲ
ထူးထူးျခားျခားမျပ အစားမွားလား ဆိုေတာ့လဲ
လူနာေျပားပုံအရ အစားမမွား

ကြၽန္မတို႔လဲဘာလုပ္ရမွန္းမသိ ဆရာဝန္ေပါက္စေတြဆိုေတာ့
ရမ္းသန္းမလုပ္ရဲဘူးေလ အဲဒါနဲ႔လူနာရွင္ကလဲ စိတ္တိုၿပီး
ကဲ ဆရာမ မယ္ႏုစီဘဲ ေခၚသြားေတာ့ လာလာ
ဒီကေလးေတြဘာမွသိတာမဟုတ္ဘူးး

ေနာက္ေန႔အဲဒီလူနာသက္သာသြားတယ္တဲ့
ဆရာမ မယ္ႏုဘာေဆးတိုက္လဲ စုံစမ္းၾကည့္ေတာ့ . . . .
႐ြက္ေျခာက္တဲ့ ကြၽန္မတို႔လဲေတာ္ေတာ္အံ့ၾသတယ္
ဆရာမက ေတာ္ေတာ္စြမ္းပါလားေပါ့

ေနာက္ေန႔အာကာနဲ႔ကြၽန္မ ဟိုဘက္႐ြာေတြ ေဆးလိုက္ကုေပးၿပီး
႐ြာအျပန္အခ်ိန္က ည ၁၂နာရီေက်ာ္ေနၿပီ
ဟိုဘက္႐ြာမွာ ပြဲရွိတာနဲ႔ကြၽန္မလဲ အာကာကို ပြဲခနၾကည့္ခ်င္တယ္
ပုဆာလို႔ပြဲခနၾကည့္ၿပီး ျပန္လာေတာ့ အခ်ိန္ကေနာက္က်သြားတယ္

အာကာေရ ငါတို႔႐ြာထဲဝင္ဖို႔သခ်ႋဳင္းျဖတ္ရမွာမလား
ေအးေလ နင့္ကိုငါေျပာသားဘဲ ေနာက္က်ပါမယ္ဆိုမွ
နင္ကပြဲၾကည့္ခ်င္တာကိုး မေၾကာက္ပါနဲ႔ ငါ့ခါးကိုဖက္ထား

ဟီးဟီး နင္ေတာ့ေနာ္ ေသေတာ့မယ္

ကြၽန္မတို႔ဆိုင္ကယ္ေလး သခ်ႋဳင္းနားအေရာက္
အာကာ အာကာ ဟိုမွာ ဟိုဆရာမ မလား
ေအး ဟုတ္မယ္ထင္တယ္ သူက ဒီအခ်ိန္ႀကီးဘာလို႔
သင္းခ်ႋဳင္းထဲသြားတာလား လာ သြားလိုက္ၾကည့္မလား

ဟာ ေၾကာက္စရာႀကီး မၾကည့္ဘူး ျမန္ျမန္ေမာင္းအာကာ ျမန္ျမန္
ကြၽန္မတို႔ အိမ္ျပန္ေရာက္ေတာ့ ၾကားရတဲ့သတင္းက ဘႀကီးေအာင္
ဆုံးၿပီတဲ့့့့ မူးၿပီး ေခ်ာင္းထဲျပဳတ္က် ေရနစ္ေသတာတဲ့

ကြၽန္မတို႔တကယ္စိတ္မေကာင္းဘူး ဘႀကီးေအာင္က
တစ္ေကာင္ႂကြက္ဆိုေတာ့ အသုဘ နာေရးကိစၥေတြကို ႐ြာသားေတြနဲ႔
အတူ က်မတို႔ဝိုင္းကူညီၿပီးလုပ္ေပးၾကပါတယ္

ရက္လည္မေရာက္ခင္ ၂ရက္အလိုမွာေပါ့

အာကာနဲ႔ကြၽန္မ ‘ေဇာ္ႀကီးနဲ႔ၿငိမ္းခ်မ္း ညဘက္ဟိုဘက္႐ြာ
လူနာသြားၾကည့္ၿပီးအျပန္

(ဒီတခါေတာ့ ႐ြာထဲမွာ လူလဲေသထားေတာ့ ၂ေယာက္ထဲမသြားဘူး
ဆိုင္ကယ္၂စီး လူ ၄ေယာက္သြားၾကတာေပါ့)

ထုံးစံအတိုင္း သခ်ႋင္းကေနျဖတ္ေတာ့
ကြၽန္မ မၾကည့္ဘူး အတန္တန္ထိန္းထားတဲ့ၾကားက
သင္ခ်ႋဳင္းထဲကို ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ေတာ့

အမေလး ဟိုဆရာမ ဆံပင္ဖားလ်ားႀကီး နဲ႔
အေနာက္မွာက ဘႀကီးေအာင္ ေတာင့္ေတာင့္ႀကီးေလွ်ာက္ၿပီး
သင္းခ်ႋဳင္းထဲဝင္သြားတယ္ ကြၽန္မလဲ အာကာ ခါးကိုအသားကုန္ဖတ္ၿပီး တလမ္းလုံး ဘုရားစာ႐ြတ္လာတာ အိမ္ေရာက္ေတာ့
အာကာမ်က္ႏွာက ၿဖီးလို႔

ငနဲေတြက မေတြ႕ဘူးေလ သခ်ႋဳင္းမေရာက္ခင္ထဲက ဘယ္သူမွ
အဲဘက္မၾကည့္နဲ႔လို႔မွာထားၾကတာ ကြၽန္မသာ လွ်ာရွည္ၿပီးၾကည့္မိလိုိ႔ ကိုယ့္အျပစ္နဲ႔ကိုယ္မို႔ ဘယ္သူမွလဲမေျပာေတာ့ဘူး

ရက္လည္မေရာက္ခင္ တစ္ရက္အလို. .

ဒီတခါႀကဳံတာ
ကြၽန္မတို႔အဖြဲ႕ထဲက ေယာက်ာ္းေလးေတြေပါ့
အိမ္ကို အေျပးအလႊားဝင္လာၿပီး ၿခံတံခါးပိတ္ အိမ္တံခါးေတြပိတ္ၿပီး
ဘုရားေဆာင္က ေရေတြယူေသာက္ ဘုရားကို ဖင္ေထာင္ေအာင္ရွိခိုးၿပီး

ဘာျဖစ္တာလဲေမးေတာ့
ငါတို႔ ႐ြာထဲမွာ ေဆးလိပ္ဝယ္ၿပီး ျပန္လာတာ
ဘႀကီးေအာင္ အိမ္ေရွ႕ေရာက္ေတာ့ အုပ္စုလဲေတာင့္တာနဲ႔
ၿခံထဲဝင္ၾကည့္မယ္ဆိုၿပီး ဝင္ၾကည့္တာ

ဟာ လုံးဝပက္ပင္းတိုးတာ ကြပ္ပ်စ္မွာ ငုတ္တုတ္ႀကီးထိုင္ေနတာ
တကိုယ္လုံးလဲ ေရေတြ႐ႊဲလို႔ မ်က္လုံးကလဲျပဴးေနတာဘဲ
ငါတို႔ကို ဘာေျပားလဲသိလား အရက္တစ္လုံးေလာက္
ဝယ္ေပးပါလားတဲ့ေလ ငါတို႔လဲတခ်ိဳးထဲေျပးေတာ့တာဘဲ

ေနာက္ေန႔ေတြကစၿပီး ကြၽန္မတို႔လဲ
သတိဝိရိယနဲ႔ေနၾကတာေပါ့ ကိုယ့္ကိစၥမဟုတ္ရင္ဝင္မပါဘူး
ဘႀကီးေအာင္က မကြၽတ္ဘူးလို႔လဲေျပာၾကတယ္
ညဘက္ေတြ သူေသတဲ့ ေခ်ာင္းနားမွာ အရက္ထိုင္ေသာက္ေနတာ
ေတြ႕ၾကတယ္တဲ့
ကြၽန္မ စဥ္းစားတာ အဲဒီအရက္ေတြက ဘယ္ကရတာလဲ
ေန႔ခင္းဘက္မသၤကာတာနဲ႔ ကြၽန္မ အာကာတို႔ကိုေခၚၿပီး
ဘႀကီးေအာင္ ေျမပုံေလးကိုသြားၾကည့္ေတာ့
ေျမပုံေဘးနားမွာ အရက္ပုလင္းခြံေတြအမ်ားႀကီးေတြ႕ရတယ္

ေနာက္႐ြာထဲက တခ်ိဳ႕သူေတြ ေျပားၾကတာၾကားရတာေတာ့
မယ္ႏုက ဘႀကီးေအာင္ကို ေမြးထားတာတဲ့
အရက္ေတြလဲ သူဘဲတိုက္တာတဲ့ ႐ြာထဲက တခ်ိဳ႕ေရာဂါေတြလဲ
သူ႔ဘာသာေအာက္လမ္းနဲ႔လုပ္ၿပီး သူ႔ဘာသာျပန္ကုတာတဲ့

ဆရာမမယ္ႏုက အစိမ္းေသ ေတာ္ေတာ္မ်ားမ်ားကိုလဲ
ေမြးထားတယ္တဲ့ အရပ္ေျပာစကားေတြေပါ့

ကြၽန္မတို႔လဲ ဘာမွဝင္မပါေတာ့ဘူး အခ်ိန္တန္
အဲဒီ႐ြာေလးကေန ျပန္ရမယ့္သူေတြေလ
ကြၽန္မတို႔ျပန္ေတာ့ ႐ြာထိပ္အထိ ႐ြာသားေတြ လိုက္ပို႔ၾကတယ္

မယ္ႏုဆိုတဲ့အေဒၚႀကီးက ကြၽန္မတို႔ကိုေနာက္တခါ
လမ္းႀကဳံလာလည္ပါတဲ့
ၾကက္သားဟင္းခ်က္ေကြၽးမယ္တဲ့့
ကြၽန္မတို႔လဲ ဟီဟီး မခ်ိဳမခ်ည္အၿပဳံးနဲ႔
သြားေလးဘဲၿဖဲျပေတာ့တာေပါ့ bye bye လမ္းလဲမႀကဳံေတာ့ပါဘူး

(ဒီအျဖစ္အပ်က္ေလးက NGO field ထဲက senior
အမတစ္ေယာက္ေျပာျပတဲ့ ျဖစ္ရပ္ေလးကို ကိုးကားၿပီးေရးထားတာပါ
အမွားပါရင္ခြင့္လႊတ္ေပးၾကပါေနာ္)

ေက်းဇူးအထူးတင္ရွိပါတယ္
Credit