” အောင်မြတ်သာနှင့်မြေမနင်းထားသောဝိဉာဉ်”(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်မြေမနင်းထားသောဝိဉာဉ်”(စ/ဆုံး)
———————————————————————
စာရေးဆရာ -ဇေယန(ရာမည)

” အူဝူး…….”

တိတ်ဆိတ်တဲ့ညသန်းခေါင်အချိန် ထွက်ပေါ်လာတဲ့ ခွေးအူသံကြောင့် ဝါးထရံကာထားတဲ့ အိမ်တစ်အိမ်ထဲကနေ မီးအလင်းရောင်မှိန်ပြပြတစ်ခုပေါ်ထွက်လာခဲ့တယ်။
” ဆရာကြီး… ဆရာကြီး…”

” အေး ဘယ်သူလဲကွ … ဒီအချိန်ကြီး”
” ကျွန်တော်… ဖိုးတေပါ”အိမ်ထဲကနေ ထွက်လာတဲ့အသံကြောင့် ပုဆိုးတိုတိုဝတ်ထားတဲ့လူက တံခါးကိုအသာဆွဲဖွင့်ပြီးဝင်လာခဲ့လိုက်တယ်။
” ဆရာကြီး တပည့်​ကျော် ဖမ်းခံထိသွားပြီ”
” ဟင် ဘယ်လိုဖြစ်တာလဲ”
” ကိုယ်ဝန်ရှိနေတဲ့ မိန်းကလေးဗိုက်ထဲက ကလေးကို ခိုးတဲ့အမှူလို့ပြောတာပဲ…”
” ဒီကောင် အလုပ်ကိုဘယ်လိုလုပ်တာလဲ… ဒုက္ခတော့များပြီထင်တယ်”
” သိပ်လဲစိတ်ပူမနေပါနဲ့ဆရာ.. သူက ဆရာကြီးအကြောင်းတစ်ခွန်းမှ မဟခဲ့ဘူး”
” အခု မင်းငါ့ဆီလာတာ ဒီကိစ္စပြောချင်လို့လား”
” ဒါတင်ဘယ်ဟုတ်မလဲဗျာ… ဟောဒီမှာဆရာကြီးအတွက်ယူလာတာ”
ဖိုးတေက လွယ်အိတ်ထဲထည့်လာတဲ့ အထုပ်တစ်ထုပ်ကို ဖြေချလိုက်ရာ အထဲကနေ ခြောက်သွေ့စပြုနေတဲ့ သန္ဓေသားအလောင်းတစ်ခုထွက်လာခဲ့တယ်။

” စနေ​နေ့ ညမှာ ဆရာကိုယ်တိုင်ဗိုက်ထဲကနေ ခွဲထုတ်ထားတာ… ဒီလို သန္ဓေသားအစိမ်းရဖို့က မလွယ်ဘူးမဟုတ်လား”

ဖိုးတေစကားကြောင့် ဆရာကြီးဆိုသူရဲ့မျက်နှာ ဝင်းခနဲဖြစ်သွားပြီး
” မင်းတော်တယ်.. ဖိုးတေ… အခု မင်းအနေနဲ့ ငါ့ဆီမှာပုန်းပြီးနေနေဦး.. နောက်အလုပ်ကိစ္စရှိရင် မင်းကိုနေရာပေးမယ်”

” ကျေးဇူးတင်ပါတယ်ဆရာကြီး… ဒါနဲ့ ဟိုးထောင့်မှာ ငုတ်တုပ်ထိုင်နေတာ ဘယ်သူများလဲ”

ဖိုးတေက အခန်းထောင့်ကို လက်ညိုးထိုးပြီးမေးလိုက်တော့ ဆရာကြီးက ခပ်ထေ့ထေ့ရယ်လိုက်ပြီး

” ဒီကောင်က ဓါးထိုးခံရပြီးသေသွားတဲ့ ဝိဉာဉ်ပါ.. လူ့ဘဝထဲက ခပ်ဆိုးဆိုးခပ်မိုက်မိုက်မို့ နည်းနည်းပညာပေးပြီး အခန်းထဲချုပ်ထားတာ.. သွား သွား အောက်ထပ်မှာ အခန်းလွတ်တစ်ခုရှိတယ် .. နားလိုက်ဦး”

စကားဆုံးတာနဲ့ ဖိုးတေလဲ လွယ်အိတ်ကိုကောက်လွယ်ကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။ အောက်ကိုရောက်တော့ လှေကားရင်းမှာ ငုတ်တုတ်ထိုင်နေကြတဲ့ နာနာဘာဝတွေအပြင် ခြံထဲမှာ လှည့်ပတ်သွားလာနေကြတဲ့ ခြံစောင့်ဘီလူးအချို့ကို ခပ်ဝါးဝါးမြင်တွေ့လိုက်ရတယ်။
++++++
မနက်မိုးလင်းတော့ အင်္ကျီလည်ကတုံးနဲ့ ပုဆိုးကို ကျနစွာဝတ်ထားတဲ့ လူတစ်ယောက် ခြံရှေ့ကိုရောက်လာပြီး
” ဆရာကြီးစိန်ထွားနဲ့တွေ့ချင်လို့” ဆိုပြီးအော်​ခေါ်နေတဲ့အသံကိုကြားလိုက်ရတယ်။

” ဟေ့ ဘိုသန်း … ဒီကောင် ခြံထိပ်မှာမရှိပဲ ဘယ်သွားနေပြန်တာလဲ”

ဆရာကြီးက ခြံစောင့်အလုပ်သမားဘိုသန်းကိုမတွေ့တာကြောင့် ဗျစ်တောက်ဗျစ်တောက်ရေရွတ်နေချိန် ဖိုးတေ အိမ်အောက်ကနေထွက်လာပြီး
” ကျွန်တော်သွားဖွင့်ပေးလိုက်ပါမယ်ဆရာကြီး” လို့ပြောကာ ဧည့်သည်တွေကိုခြံထဲခေါ်လာခဲ့လိုက်တယ်။

” ဟော ဘယ်သူများလဲလို့… အောင်မြင့်တို့ဖြစ်နေတာကိုး … ဘာကိစ္စများရှိလို့လဲ”

ဖိုးတေက အပေါ်ကိုလိုက်တက်လာတာကြောင့် ဧည့်သည်တွေက ဆရာကြီးကို ဘာမှမပြောပဲ အင်တင်တင်လုပ်နေခဲ့တယ်။

” ရပါတယ် ပြောပါ… ဒီကောင်လေးက ကျုပ်တပည့်လိုပါပဲ”

ဆရာကြီးဆီက အမိန့်ရမှ ဧည့်သည်တွေထဲက အောင်မြင့်ဆိုတဲ့လူက
” ဒီတစ်ခါ ကျွန်တော်တို့အလုပ်ကိစ္စတစ်ခု လုပ်တာ အဆင်မပြေဖြစ်နေတယ်.. ဒါကြောင့်ဆရာကြီးဆီကို အကူညီလာတောင်းတာပါ”

” ဘယ်လိုအဆင်မပြေဖြစ်နေတာလဲ.. ပြောပါဦး”

” အခုကျွန်တော်တို့ဝယ်မယ့်ခြံပိုင်ရှင်က အင်တင်တင်လုပ်နေလို့ဆရာကြီးရေ.. အဲဒါကလဲ ဝယ်သူတွေက နေရာကိုကြိုက်လို့ ဈေးတွေတိုးပေးနေကြတာကြောင့်လဲပါတယ်”

” အဲဒီတော့ မင်းတို့က ဘယ်လိုဖြစ်ချင်လဲ”

” ကျွန်တော်တို့က ဒီခြံကိုရမှဖြစ်မယ်… ဒါကြောင့် ခြံထဲမှာ ဘာညာရှိတယ်ဆိုပြီး သတင်းခပ်သဲ့သဲ့လွှင့်ထားတယ်။ ကျွန်တော်တို့သတင်းလွှင့်ထားတဲ့အတိုင်း ဖြစ်အောင်လုပ်ချင်လို့ပါဆရာကြီး”

အောင်မြင့်စကားကိုကြားတော့ ဆရာကြီးက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြီး
” မင်းတို့ဒီနေ့ရောက်လာတာ အတော်ကံံကောင်းတာပဲကွ”

” ဟင် ဘာဖြစ်လို့လဲဆရာကြီး’

” ညကမှ ငါစီရင်ထားတဲ့ အကောင်တစ်ကောင်ရှိတယ်… မြေမနင်းအစီအရင်လို့ခေါ်တယ်။ မင်းတို့လိုချင်ရင်တော့ ပေးလိုက်မယ်.. ဒါပေမယ့် ကြေးတော့များမယ်နော်”

” ဆရာကြီးကလဲ ကိစ္စသာအဆင်ပြေမယ်ဆို ကျွန်တော်တို့ကလက်မတွန့်ပါဘူး.. ”

” အေး ခဏစောင့်”
ဆရာကြီးက ဧည့်သည်တွေကိုစောင့်ခိုင်းပြီး အခန်းထဲဝင်သွားကာ တစ်ထွာသာသာလောက်ရှိတဲ့ သားရည်ပြားတစ်ချပ်ကိုယူထုတ်လာပြီး
” ဒါက မြေမနင်းသန္ဓေသားရဲ့ အရည်ပြားပဲ.. သူ့အပေါ်မှာ လိုအပ်တဲ့အင်းတွေ အစီအမံတွေ ရေးဆွဲထားတာမို့ .. မင်းတို့လိုချင်တဲ့ခြံရဲ့ အနောက်ဘက်တစ်နေရာမှာ ည၂နာရီတိတိမြုပ်ရမယ်၊ ဒါဆိုရင် ခြံထဲရောက်လာတဲ့ ဘယ်သူကိုမဆို ဒီကောင်က မနေနိုင်အောင် ခြောက်လှန့်မောင်းထုတ်ပစ်လိမ့်မယ်” လို့ပြောကာ အရည်ပြားပေါ်ကို ခုံပေါ်မှာရှိတဲ့ သွေးခွက်ထဲက သွေးစအချို့ကို ပက်ဖြန်းလိုက်တယ်။

သွေးစတွေက အရည်ပြားပေါ်ကျတာနဲ့ အင်းဆံတွေအပေါ်ကိုဖောင်းကြွလာတာကိုလဲ ကြက်သီးထစရာကောင်းအောင် မျက်မြင်ကြုံတွေ့လိုက်ရတယ်။

” သဘောကျတယ်ဆရာကြီး… ဒါက ဆရာကြီးအတွက် ကန်တော့တာပါ”
ဧည့်သည်တွေက လက်ဆွဲအိတ်ထဲအသင့်ပါလာတဲ့ ငွေစက္ကူတစ်ထပ်နဲ့ ကန်တော့ပြီး မြေမနင်းအစီအမံလုပ်ထားတဲ့ သားရည်ပြားကို သေတ္တာဘူးထဲထည့်ယူကာ ပြန်ထွက်သွားခဲ့ကြတယ်။

ဧည့်သည်တွေပြန်သွားတော့ ဆရာကြီးက ငွေစက္ကူအုပ်ထဲက အချို့ကိုဖြုတ်ယူလိုက်ပြီး
” ဖိုးတေ ဒါကမင်းလိုတဲ့နေရာသုံးဖို့ ယူထားလိုက်” လို့ပြောကာကမ်းပေးလိုက်တယ်။

” ကျေးဇူးတင်ပါတယ်ဆရာကြီး… ဒါနဲ့ တစ်ညထဲ အစီရင်ကိုအောင်မြင်အောင်လုပ်နိုင်တာ တကယ်လက်ဖျားခါလောက်စရာပဲဗျာ၊ ဒါကြောင့်လဲ အောက်နယ်တစ်ဝိုက်မှာ ဆရာကြီးစိန်ထွားဆိုတာ တန်ခိုးကြီးနေတာကိုး”

ဆရာကြီးက ဖိုးတေစကားကို သဘောကျစွာနဲ့ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး မီးကျွမ်းနေတဲ့ သစ်သားနဲ့ထုထားတဲ့ အရုပ်တစ်ရုပ်ကို ယူကာ အနုစိပ်ပြန်လည်ပြုပြင်နေခဲ့တယ်။
+++++++
လူသူပြတ်ဆဲဆဲဖြစ်နေတဲ့ ညဦးယံအချိန်မှာတော့ ရိုးပြတ်တွေကျိုးတိုးကျဲဲတဖြစ်နေတဲ့ ကွင်းပြင်ထဲကို အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခပ်သုတ်သုတ်ဝင်လာခဲ့ကြတယ်။

လမ်းလျောက်နေရင်း အနောက်ကနေ တစ်ရှပ်ရှပ်မြည်ပြီးလိုက်လာတဲ့ခြေသံကြောင့် ရှေ့ကိုဆက်မသွားတော့ပဲ ရပ်လိုက်ပြီး
” ဘယ်သူလဲ အနောက်ကနေ လိုက်လာတာ” လို့မေးလိုက်ပေမယ့် အသံမကြားတာကြောင့် နောက်ကိုလှည့်ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းကန်သင်းရိုးပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ လူဝံလိုလို မဲမဲကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။

” ဆရာ ဒီကောင် အနောက်ကနေလိုက်လာတာ အတော်ကြာပြီ… ကျွန်တော်တို့ကိုဘာပြောစရာရှိလဲမသိဘူး… ကျွန်တော် ခေါ်ပြီးမေးလိုက်ရမလား”

” မလုပ်နဲ့ဦး … သူ့ပုံစံကြည့်ရတာ စကားမပြောနိုင်တဲ့ပုံပဲ… အင်း ငါတို့ ကွင်းထဲကနေ ဖြတ်လာတာမို့ လိုက်စောင့်ရှောက်တာလဲဖြစ်နိုင်တယ်”

” ဒါဆို ကျွန်တော်တို့က အာရုံထဲမှာပေါ်လာတဲ့ ရွာကိုဆက်သွားရမှာလား”

” ရှေ့တစ်ကွင်းရောက်လို့ ဘာမှ မနှောက်ယှက်ဘူးဆိုရင် သူ့လမ်းသူသွားပါစေ… ငါတို့လဲ ထန်းပင်ခြောက်ရွာကို ညမနက်ခင်အရောက်သွားဖို့လိုလိမ့်မယ်”

ဆရာတပည့်နှစ်ယောက်ဆက်လျောက်သွားတော့ ကန်သင်းရိုးမှာထိုင်နေတဲ့ကောင်က တစ်ရှပ်ရှပ်နဲ့ထပ်လိုက်လာခဲ့တယ်။ လယ်၅ဧကလောက်ကို ကျော်ပြီးချိန်မှာတော့ အနောက်ကလိုက်လာတဲ့ခြေသံကိုမကြားရတော့ပဲ မီးလောင်ညှော်နံ့နဲ့အပုတ်နံ့ရောနေတဲ့ အနံ့တစ်ခုကိုထပ်ရလိုက်တယ်။

” ဒီတစ်ခါလဲ ကွင်းပိုင်တွေ အနောက်ကလိုက်လာပြန်ပီထင်တယ်… မောင်ကောင်း မင်းလမ်းမှာဘာလုပ်ခဲ့သေးလဲ”

” ဘာမှမလုပ်ခဲ့ဘူးဆရာ… အဲ တစ်ခုတော့ရှိတယ် ကျွန်​တော်တို့သွားမယ့်ရွာကို လမ်းပြပေးမယ့်သူရှိရင်ကောင်းမှာပဲဆိုပြီးတော့ နှုတ်ကနေ ပြောမိခဲ့တယ်”

” လက်စသတ်တော့ ဒါကြောင့် သူတို့ကလိုက်လာတာကိုး… ကဲကဲ အနှောက်အယှက်မပေးပဲ ကူညီမယ့်ပုဂ္ဂိုလ်ဆိုရင် ရှေ့ကိုရောက်စေ… နှုတ်လဲဖွင့်နိုင်စေ”

အောင်မြတ်သာရဲ့နှုတ်အမိန့်ကြောင့် တစ်ကိုယ်လုံးခြောက်သွေ့မဲနက်ပြီး အငွေ့တစ်ထောင်းထောင်းထနေတဲ့ နာနာဘာဝတစ်ကောင်ပေါ်လာပြီး
” ဆရာတို့ သွားမယ့်လမ်းကို အချိန်တိုတိုနဲ့​ရောက်စေဖို့ ကွင်းပိုင်ချုပ်အဖိုးက တာဝန်ပေးထားတာကြောင့် အပိုင်နယ်မြေတစ်လျောက်က လိုက်ပါနေခဲ့တာပါ”

” ဒါဖြင့် ခုနက လိုက်လာတဲ့ပုဂ္ဂိုလ်က ဘာကြောင့် မေးတာကိုမဖြေရတာလဲ”

” သူက လူ့ဘဝတုန်းက လျာဖြတ်ပြီး အသတ်ခံရတဲ့ ကွင်းပိုင်မောင်အပါ… ဒါကြောင့် ဆရာတို့ပြောတာကိုပြန်မဖြေနိုင်ဘူးဖြစ်ခဲ့တာ၊ ကျုပ်ကတော့ ဆရာတို့အခွင့်မ​ပေးသေးတာကြောင့် ဘာမှမပြောပဲ လိုက်လာခဲ့မိတာပါ”

” ဒါဖြင့် ကျုပ်တို့သွားရမယ့် ထန်းခြောက်ကုန်းရွာဆိုတာ ဒီလမ်းကနေသွားရတာမဟုတ်လား”

” ဟုတ်ပါတယ် ဒါပေမယ့် ဒီထက်နီးတဲ့လမ်းတစ်ခုလဲရှိနေပါသေးတယ်၊ ဆရာတို့ခွင့်ပြုမယ်ဆိုရင် ကျုပ်လမ်းပြပေးပါမယ်”

” ကောင်းပြီ ကွင်းပိုင်ကြီး… သင် အရှေ့ကလမ်းပြပါ”

အောင်မြတ်သာစကားအဆုံးမှာ တစ်ကိုယ်လုံးမဲနက်နေတဲ့ကွင်းပိုင်ကြီးက မြေကြီးပေါ်ဝမ်းလျားမှောက်လိုက်ရာ လူကြီးတစ်ယောက် ပေါင်ရင်းလောက်ရှိတဲ့ ခွေးနက်ကြီးအဖြစ်ပြောင်းသွားပြီး ကန်သင်းရိုးဘေးက မြေနီလမ်းအတိုင်းခေါ်ဆောင်သွားခဲ့တယ်။

အတန်ကြာသွားပြီးတဲ့နောက်မှာတော့ ညီညာဖြောင့်ဖြူးနေတဲ့မြေနီလမ်းတစ်ခုစီကိုရောက်လာခဲ့တယ်။လမ်းမြေအစပ်ကိုရောက်တော့ ခွေးနက်ကြီးက ဆက်မသွားတော့ပဲ ပဒပ်ရပ်ရပ်လိုက်ရာ မူလပုံစံအဖြစ်ပြောင်းသွားပြီး
” ဒါကတော့ ထန်းခြောက်ပင်ရွာအဝင်လမ်းပဲ… ကျုပ်အနေနဲ့ ဒီထိပဲလိုက်ပို့နိုင်တာကြောင့် ဆရာတို့ခွင့်လွှတ်ပေးပါ”လို့ပြောတော့ အောင်မြတ်သာက

” ဒီထိလိုက်ပို့ပေးတာပဲ ကျေးဇူးတင်နေပါပြီ.. ကျုပ်တို့လဲ လုပ်စရာရှိတာတွေလုပ်ရဦးမှာမို့ သင်လဲ ပြန်နိုင်ပါပြီ” လို့ပြောလိုက်ရာ ကွင်းပိုင်ကြီးက အရိုအသေပေးပြီး လာရာလမ်းရဲ့အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာတို့ရွာထဲစဝင်လာတဲ့အချိန်မှာပဲ နံ့သာဖြူနံ့နဲ့အတူ အနီရောင်ခေါင်းစည်းစည်းထားတဲ့လူတစ်ယောက်က အမှောင်ထဲကနေ ထွက်လာခဲ့တယ်။

” ဆရာတို့ရောက်လာမယ်ဆိုတာသိလို့ ကျုပ်ကစောင့်နေတာ”

” သင်က ဘယ်သူပါလဲ..”
” ကျုပ်က ဒီရွာရဲ့ သက်တော်ရှည်ရွာစောင့်နတ်ပါ.. ကျုပ်ရဲ့မူလရုပ်သွင်က အတော်ကိုအိုမင်းနေပြီမို့ ဆရာတို့အမြင်သင့်တယ်အောင် ဖန်ဆင်းပြီး နှုတ်ခွန်းဆက်သရခြင်းဖြစ်ပါတယ်”
” ဒါဖြင့် ကျုပ်တို့ကို စောင့်နေရတဲ့အကြောင်းက ဘာများဖြစ်မလဲ”
” ဆရာတို့ လုပ်ဆောင်နေတဲ့အမှုကိစ္စမှာ ကျုပ်ကိုပါဝင်ပေးဖို့ နယ်ပိုင်အချုပ်ပုဂ္ဂိုလ်က တာဝန်ပေးထားပါတယ်၊ ဆရာတို့သိချင်တာ ခိုင်းစေချင်တာရှိရင် ကျုပ်ကိုပြောပါ”
” ဒါကြောင့် ကျုပ်တို့လမ်းခရီးတစ်လျောက် အသင့်ကူညီပေးတဲ့သူတွေရှိနေတာကိုး… ဒီတာဝန်ပြီးဆုံးတဲ့အခါ နယ်ပိုင်အချုပ်ပုဂ္ဂိုလ်ကိုတွေ့ပြီး ကျေးဇူးတင်ကြောင်းပြောပါဦးမယ်၊ ခုလောလောဆယ် ​သားသည်မိခင်ဝိဉာဉ်တစ်ယောက် အကူညီတောင်းထားတဲ့ကိစ္စလေး သင့်ကိုမေးပါရစေ… ဒီရွာထဲမှာ အောက်လမ်းအတတ်ပညာတတ်တဲ့သူတွေများရှိပါသလား”

” ရှိတာပေါ့ဆရာလေးတို့ရယ်… တစ်ယောက်ထဲတင်မကဘူး ပညာစဉ်အဆင့်လိုက် သူ့အလွှာနဲ့သူရှိကြတယ်။ ဆရာလေးတို့က ဘယ်သူ့ကိုရှာချင်တာလဲ”

” ကျုပ်တို့ရှာချင်တဲ့သူက အမိဝမ်းထဲကမထွက်ရသေးတဲ့သန္ဓေသားလောင်းကို ပညာနဲ့စီရင်အသုံးပြုနေတဲ့သူပဲ.. သူက ဒီရွာနယ်နိမိတ်မှာ ရှိတယ်ဆိုတာတော့ အတိအကျသိထားတယ်”

” ဆရာတို့ပြောပုံအရ ဒီပုဂ္ဂိုလ်က အောက်ခြေအဆင့်ပညာသည်တော့မဖြစ်နိုင်ဘူး.. ရွာမှာ တန်ခိုးအာဏာအတန်သင့်ရှိတဲ့သူတွေထဲက ဘယ်သူများဖြစ်မလဲ”

သက်တော်ရှည်ရွာစောင့်နတ်က အတန်ကြာစဉ်းစားလိုက်ပြီးမှ
” ဆရာစိန်ထွားမဟုတ်ရင် ဆရာဘ​စောပဲဖြစ်လိမ့်မယ်၊ သူတို့နှစ်ယောက်က ဒီအနီးတစ်ဝိုက်မှာ အတော်လေးနာမည်ကြီးသလို လောကီအစီအရင်တွေမှာလဲ ထိရောက်ကြတယ်”

” ဒါဆိုသူတို့နှစ်ယောက်နေတဲ့ အိမ်ကို လမ်းညွှန်ပေးလို့ရမလား… ”

” ကျုပ်ကိုယ်တိုင်သွားရင် သူတို့ရိပ်မိမှာမို့ ကျုပ်လက်အောက်မှာရှိတဲ့ တပည့်တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပါ့မယ်”

ရွာ​စောင့်နတ်လဲ စကားဆုံးတာနဲ့ လက်ဖျောက်တစ်ချက်တီးလိုက်ရာ ခြေထောက်နားက မြေစာတွေမို့တက်လာပြီးအထဲကနေ နားရွက်ကားကား သွားခေါခေါနဲ့ လူပုတစ်ယောက်ထွက်လာခဲ့တယ်။

” သူ့နာမည်က ငစိန်ပုလို့ခေါ်တယ်… ဒီရွာမှာ သူမသိတဲ့နေရာရယ်လို့မရှိလောက်အောင် နှံ့နှံ့စပ်စပ်နိုင်တယ်ဆရာ.. စိန်ပု ဒီကဆရာတွေက ဦးစိန်ထွားနဲ့ ဦးဘစောတို့နေတဲ့ အိမ်ကိုသွားချင်လို့ လိုက်ပို့ပေးလိုက်ဥိီး၊ လမ်းမှာအမှားတစ်စုံတစ်ရာဖြစ်လို့ကတော့ မင်းကိုရွာပြင်ကဆူးတောထဲပို့ပစ်မယ်.. ကြားလား”

ရွာစောင့်နတ်ရဲ့စကားကို စိန်ပုဆိုတဲ့မှင်စာလေးက ကြောက်ရွံ့ရိုသေဟန်နဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြပြီး ရှေ့ကနေ ထွက်သွားခဲ့တယ်။

အောငမြတ်သာတို့လဲ ငစိန်ပုခေါ်တဲ့နောက်ကို လိုက်သွားရာ လူကြီးပေါင်လုံးလောက်ရှိတဲ့သစ်လုံးတွေကို ခြံစည်းရိုးပုံစံလုပ်ထားတဲ့အိမ်တစ်လုံးရှေ့ရောက်လာခဲ့တယ်။
” ဒါက ဆရာကြီးဘစောနေတဲ့အိမ်ပဲဲဲ…. သူက ကျုပ်လိုက်လာတာသိရင် ချည်မန်းကွင်းနဲ့စွပ်ပြီး အပြစ်ပေးမှာ.. ဒါကြောင့် ကျုပ်ခပ်လှမ်းလှမ်းကနေ စောင့်နေပေးမယ်”

ငစိန်ပုက အတော်ကိုကြောက်ရွံ့နေတဲ့ဟန်နဲ့ ခပ်လှမ်းလှမ်းကိုထွက်သွားပြီး သစ်ပင်အကွယ်ကနေ ချောင်းကြည့်နေခဲ့တယ်။

” ဆရာ … ဦးဘစောဆိုတဲ့သူကိုဘယ်လိုမြင်လဲ.. ကျွန်တော်ကြည့်တာတော့ သူအိမ်က သာမန်အိမ်တွေအတိုင်းဖြစ်နေပါလား”

” သာမန်အိမ်ဟုတ်မဟုတ် သိရအောင် တန်ပြန်အင်းတစ်ချပ် သူ့အိမ်ပရဝဏ်အတွင်း ပစ်ထည့်ကြည့်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းက အသင့်ပါလာတဲ့ တန်ပြန်အင်းတစ်ချပ်ကို ယူကာ ခြံစည်းရိုးအနားသွားပြီး ပစ်ထည့်လိုက်ရာ အင်းချပ်က ခြံထဲကမြေကြီးကိုမထိခင်မှာပဲ လူတစ်ရပ်လောက်မြင့်တဲ့ မီးတောက်တစ်ခုထွက်ပေါ်လာပြီး အင်းချပ်က ခြံပြင်ကိုပြန်လွင့်ထွက်လာခဲ့တယ်။

” ဟင် … ဘယ်လိုဖြစ်တာလဲ… ”

” သူလဲ အိမ်နဲ့ခြံကို လုံလောက်တဲ့အကာအကွယ်လုပ်ထားတယ်ဆိုတာ မြင်ပြီမဟုတ်လား။ ဒါပေမယ့် သူခြံထဲဲဲမှာ မကောင်းတဲ့အငွေ့အသက်က ထင်သလောက်မရှိဘူးဖြစ်နေတယ်”

” ဒါဆိုရင် ဦးဘစောက အောက်လမ်းပညာသည်မဟုတ်ဘူးလို့ပြောချင်တာလား”

” အောက်လမ်းတိုင်း မကောင်းဘူးလို့ ပြောမရဘူးမောင်ကောင်းရဲ့… အချို့ပညာသည်တွေက အောက်ပညာကို ယူထားပေမယ့် သူတို့ရဲ့မူရင်းစိတ်သန္တာန်က ဖြူစင်နေရင် အောင်ပညာဖြစ်ပစေ လူတွေရဲ့အကျိုးကိုသယ်ပိုးလို့ရတယ်။ ဒီလူကလဲ သူ့ပညာစွမ်းတွေကို မကောင်းတဲ့နေရာဘက်မှာ မသုံးပဲ ကိုယ့်အိုးကိုယ့်အိမ်ကိုကာကွယ်ဖို့လောက်ပဲသုံးထားတာမို့ ငါတို့ရှာနေတဲ့သူမဖြစ်နိုင်ဘူးလို့ထင်တယ်”

” ဒါဆို နောက်တစ်အိမ်ကိုသွားကြည့်တာပေါ့ဆရာ… ဟင် ဟိုမှင်စာလေး ဘယ်ရောက်သွားပါလိမ့်”

” ဒီမှာပါဆရာ… ”

အသံကြားလို့ကြည့်လိုက်တော့ လူတစ်ရပ်သာသာမြင့်တဲ့ ကနစိုးပင်ပေါ်မှာ ရွယ်တူမှင်စာတစ်ကောင်နဲ့ စကားထိုင်ပြောနေတာကိုမြင်လိုက်ရတယ်။

” ငစိန်ပု ဒီကိုလာဦး…”
မောင်ကောင်းခေါ်သံကြောင့် ငစိန်ပုက ကနစိုးပင်ပေါ်ကနေဆင်းလာပြီး
” နောက်တစ်အိမ်သွားမလို့လားဆရာ”

“ဟုတ်တယ် ဒီအိမ်မှာနေတဲ့သူက ငါတို့လိုချင်တဲ့သူမဟုတ်ဘူး… ”
” ဒါဆို ဆရာစိန်ထွားပဲကျန်တော့တာပဲ… သူက ဦးဘစောထက်ပိုကြောက်ဖို့ကောင်းတယ်နော်၊ ခုနက မှင်စာငနီပြောပုံအရဆိုရင် ဆရာစိန်ထွားဆီကို လူဝင်လူထွက်လဲများတယ်တဲ့… ”
” အဲဒါဆို သူနေတဲ့အိမ်ကို လိုက်ပို့ပေးပါဦး”
မောင်ကောင်းစကားကို မှင်စာငစိန်ပုက မျက်လုံးလေးကလယ်ကလယ်နဲ့ အင်တင်တင်လုပ်နေခဲ့တယ်။

” မင်းဘာမှမဖြစ်စေရပါဘူး… သူ့အိမ်ကိုလမ်းညွှန်ပြီးတာနဲ့ မင်းကိုပြန်လွှတ်လိုက်မှာ စိတ်ချ”

” ဒါဖြင့်လဲ ပြီးတာပါပဲဆရာတို့ရယ်… ဦးစိန်ထွားအိမ်ကိုသွားရင် ဘဖြူဆိုတဲ့ ခြံစောင့်ကိုသတိထားနော်၊ သူက ဦးစိန်ထွားတပည့်တွေထဲမှာ အကြမ်းဆုံးပဲ”

ငစိန်ပုက အောင်မြတ်သာတို့ကိုသတိပေးရင်း ဦးစိန်ထွားနေတဲ့အိမ်ရှိရာဘက်ကိုခေါ်သွားခဲ့တယ်။ လမ်းတစ်လျောက်မှာတော့ အစာရှာထွက်နေကြတဲ့ ပြိတ္တာတွေအပြင် ပြေးလွှားဆော့ကစားနေကြတဲ့ နာနာဘာဝကလေးတွေကိုလဲမြင်တွေ့ခဲ့ရတယ်။

သူတို့ကတော့ အောင်မြတ်သာတို့လာတာနဲ့ ခပ်​ဝေးဝေးကိုရှောင်ထွက်သွားကြပြီး သစ်ပင်ခြံနွယ်​တွေ အနောက်ကနေ ပုန်းအောင်းပြီးကြည့်နေခဲ့ကြတယ်။

ရွာအနောက်ဘက် လူနေကျဲတဲ့နေရာကိုရောက်တော့ အတန်သင့်ကျယ်ဝန်းပြီး ဝါးကပ်တွေနဲ့ကာထားတဲ့ ခြံတစ်လုံးကိုလှမ်းမြင်လိုက်ရတယ်။
” ဆရာ ဟိုးရှေ့မှာမြင်ရတဲ့ ခြံက ဦးစိန်ထွားပိုင်တဲ့ခြံပဲ… သူကခြံထဲမှာ အကောင်တွေအများကြီးမွေးထားတာနော်… သတိထားကြဦး”

” ဒီလောက်ဆို သင့်တာဝန်ကျေပါပြီ .. ကျန်တာကျုပ်တို့ဆက်လုပ်မှာမို့ ရွာထိပ်ကိုပြန်လို့ရပါပြီ”

အောင်မြတ်သာလဲ ငစိန်ပုကို ပြန်လွှတ်လိုက်ပြီး ခြံပရဝဏ်အနားကို ဖြေးဖြေးချင်းကပ်သွားခဲ့တယ်။ အနားကိုမရောက်ခင်မှာပဲ နှာခေါင်းထဲကို ဆနွင်းနံ့တွေ၊ အပုတ်နံ့တွေအပြင် ရေမွှေးနံ့အချို့ပါဝင်လာခဲ့တယ်။

” ဒီပုဂ္ဂိုလ်က အစိမ်းသရဲတွေအပြင် အောက်နတ်အချို့ကိုပါ ခိုင်းစေထားတာပဲ၊ ငါတို့တော့ သတိကြီးကြီးထားရမယ်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းက သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး ပတ်ဝန်းကျင်ရဲ့အရိပ်အခြေကို အကဲခတ်နေလိုက်တယ်။အဲဒီအချိန် ခြံထဲကနေ ဖယောင်းတိုင်မီးအလင်းရောင်အချို့ပေါ်လာတာကြောင့် ဆရာတပည့်နှစ်ယောက် သစ်ပင်အကွယ်နောက်ကိုဝင်လိုက်ကြတယ်။

” ဘာမှလဲမရှိပါဘူး ဖိုးတေရယ်… ဆရာကြီးစိတ်ထဲထင်နေတာနေမှာ”

” မင်းမသိရင်အသာနေစမ်းပါ ဘိုသန်းရာ… ဆရာကြီးက မသေချာပဲမပြောဘူး၊ သူတစ်ခုခုကိုခံစားမိလို့ ငါတို့ကိုလာရှာခိုင်းတာ”
ဖိုးတေဆိုတဲ့သူက ခြံအပြင်ကို အတန်ကြာတဲ့အထိလိုက်ကြည့်ပြီး စိတ်ချရပြီဆိုမှ ပြန်ဝင်သွားခဲ့တယ်။ မကြာခင် ခြံဝင်းထဲကနေ အစောင့်တွေကို နှိုးတဲ့ဂါထာရွတ်သံတွေထွက်လာခဲ့တယ်။

” ဆရာ… ဒီလူက တကယ်ပါးနပ်တာပဲ.. ”
” တကယ်စွမ်းတဲ့ ပညာသည်တွေက ငါတို့ကိုယ်ကထွက်တဲ့ ပညာလှိုင်းတွေကို ခံစားမိတယ်၊ အခုလဲ သူ့ခြံဝင်းထဲရှိတဲ့ အစောင့်တွေကို နှိုးလိုက်တာမြင်တယ်မဟုတ်လား”
” ဒါဖြင့် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ… အဲဒီ သန္ဓေသားဝိဉာဉ်က သူ့မှာရှိမရှိဆိုတာလဲ အတည်ပြုရဦးမယ်မဟုတ်လားဆရာ”
” ဒီရွာမှာရှိမယ်ဆိုတာသေချာလို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက လိုက်ပါကူညီခဲ့တာကိုရောသတိထားမိလား၊ အခုငါတို့လုပ်ရမှာက ခြံထဲကိုဖောက်ဝင်ပြီး သန္ဓေသားဝိဉာဉ်ကိုခေါ်ထုတ်သွားဖို့ပဲ၊ အချိန်မရှိဘူး ခြံဝင်းတစ်ဝိုက်ကို စည်းချဖို့ပြင်ပေတော့”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ စည်းချရာမှာရွတ်တဲ့ ဂါထာတစ်ပုဒ်ကို ဌာန်ကရိုင်းကျကျရွတ်ဖတ်ပြီး ညာဘက်လက်ညိုးနဲ့ လိုရာအပိုင်းအခြားကို ရေးဆွဲလိုက်တယ်။

စည်းချပြီးတာနဲ့ အောင်မြတ်သာက ခြံစည်းရိုးတည့်တည့်ကိုဝင်သွားပြီး တွန်းဖွင့်လိုက်ရာ
” ကျုပ်တို့ရဲ့ ခြံနန်းကနေ ကြိုဆိုပါတယ်ဗျာ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

အောင်မြတ်သာတို့လဲ အသံကြားရာကိုကြည့်လိုက်ရာ လေးဘက်လေးတန်ထွန်းထားတဲ့ဝါဆိုဖယောင်းတိုင်အလယ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ လူတစ်ယောက်။ သူ့အရှေ့မှာတော့ အနီရောင်သက္ကလပ်ကော်ဇောကိုခင်းထားပြီး ပုံစံမျိုးစံအရုပ်တွေကို စီတန်းချထားခဲ့တယ်။

” ဆရာ… ဆရာစိန်ထွားဆိုတာ ဒီလူများလား… သူပုံစံကြည့်ရတာ အသက်လဲမကြီးသေးဘူးနော်”

မောင်ကောင်းက သူ့အရှေ့မှာထိုင်နေတဲ့လူကိုကြည့်ပြီးမေးလိုက်ရာ အောင်မြတ်သာက ဖယောင်တိုင်တွေအလယ်မှာထိုင်နေတဲ့လူကိုစိုက်ကြည့်ပြီး
” မင်းရဲ့ဆရာ ဘယ်မှာလဲ… ငါတို့ကိုရင်မဆိုင်ချင်လို့ ရှောင်တိမ်းနေတာများလား”

” ဟားဟား ခင်ဗျားတို့က အတော် အပြောကြီးတာပဲ၊ ဆရာကိုတွေ့ချင်ရင် ဖိုးတေဆိုတဲ့ကျုပ်ကို နိုင်အောင်အရင်တိုက်စမ်းပါ”

” လက်စသတ်တော့ ဒင်းက သူ့တပည့်ကိုလွှတ်ပြီး ရှောင်နေတာကိုး… ဒီကောင်လောက်ကတော့ ကျွန်​တော်လုပ်လိုက်မယ်ဆရာ”
မောင်ကောင်းက ခပ်တည်တည်နဲ့ခွင့်တောင်းပြီး အရှေ့ကိုတိုးသွားခဲ့တယ်။ အောင်မြတ်သာကတော့ အနောက်ကိုတစ်လှမ်းဆုတ်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။

” ဟိုလူ… ခင်ဗျားမွေးထားတဲ့ကောင်တွေထဲက အဆိုးဆုံးနဲ့အကြမ်းဆုံးကောင်တွေပဲလွှတ်နော်၊ ဂျိုးကျိုးနားရွက်ပဲ့ကောင်တွေဆို ကျုပ်စိတ်မဝင်စားလို့”

မောင်ကောင်းက သူ့ဝသီအတိုင်း ထေ့ငေါ့လိုက်ရာ ဖိုးတေတစ်ယောက် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး အနီရောင်အရုပ်တစ်ရုပ်ကို ဆွဲယူပြီး မြေကြီးပေါ်ကိုဖျောင်းခနဲမြည်အောင်ရိုက်ချလိုက်တယ်။

အရုပ်နဲ့မြေကြီးထိတာနဲ့တစ်ပြိုင်နက် အိမ်ခေါင်မိုးပေါ်ကနေ ဒူးဆစ်ရိုးနှစ်ချောင်ကိုဆွဲကိုင်ထားတဲ့ သရဲလိုလို ဘီလူးလိုလိုကောင်တစ်ကောင် ခုန်ဆင်းလာခဲ့တယ်။
” ဒီညတော့ ခြံထဲဝင်လာတဲ့ ကျူးကျော်သူတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့လတ်ဆတ်တဲ့သွေးတွေကို သောက်သုံးလိုက်စမ်း”
ဖိုးတေက သူ့တပည့်ဖြစ်ဟန်တူတဲ့ကောင်ကို အမိန့်ပေးလိုက်ရာ သခင်ခိုင်းတိုင်းဘာမဆိုလုပ်မယ့်ပုံပေါက်နေတဲ့ ကောင်က မောင်ကောင်းဆီကို ကြီးမားတဲ့ခြေလှမ်းတွေနဲ့ပြေးဝင်လာခဲ့တယ်။

” ဟိတ် ဆိုင်ရာက ခြေထောက်ကိုဆွဲချုပ်ထားလိုက်စမ်း”

မောင်ကောင်းရဲ့ အာဏာအပြည့်ပါတဲ့အသံက ဟိန်းထွက်သွားပြီး ပြေးဝင်လာတဲ့ကောင်ရဲ့ ခြေထောက်တွေကို ဘယ်ကရောက်လာမှန်းမသိတဲ့ လက်နှစ်ဖက်က လှုပ်မရအောင်ဆွဲချုပ်ထားလိုက်တယ်။

” မင်းတို့သုံးတဲ့ကောင်တွေက သာမန်လူတွေအတွက် ကြောက်စရာကောင်းပေမယ့် ငါတို့အတွက်ဆိုရင် လသားကလေးနဲ့ အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်လို အသိဉာဏ်ကွာတယ်ကွ”

မောင်ကောင်းက ဖိုးတေကို မျက်နှာထားတင်းတင်းနဲ့ပြောလိုက်ပြီး ချုပ်နှောင်ခံထားရတဲ့ကောင်ကို လက်ပြန်ရိုက်လိုက်ရာ ဝုန်းခနဲအနောက်ကိုလွင့်ထွက်သွားခဲ့တယ်။

” ဒီကောင်ကို ထပ်ပြီးလှုပ်မရအောင် လေးဘက်လေးတန်မှာရှိတဲ့ ဓါးပိုင်တွေက လည်မြိုကိုတေ့ပြီးထောက်ထားကြ… ”

မောင်ကောင်းရဲ့အမိန့်စကားသံအဆုံးမှာ ဒူးဆစ်ရိုးကိုင်ထားတဲ့ကောင်ရဲ့ခန္ဓာကိုယ်က လုံးကိုမလှုပ်ရှားတော့ပဲ ကျောက်ရုပ်လိုငြိမ်သက်သွားခဲ့တယ်။

ဖိုးတေကတော့ မောင်ကောင်းရဲ့ အမိန့်အာဏာစက်ကိုမြင်ပြီး အနည်းငယ်ရှိန်သွားပေမယ့် လက်မလျော့သေးပဲ ခြံထဲကအစောင့်တွေကိုခေါ်ပြီး တိုက်ခိုင်းဖို့ နှုတ်ကနေ အမိန့်ပေးပါလေရော။

” ဒီကောင်တော့ ခုထိလက်မလျော့သေးပါလား… ကိုင်း ဒီလောက်တောင်ဖြစ်လှ… ခြံဝင်းထဲမှာ မှီခိုနေထိုင်ကြတဲ့ နာနာဘာဝကောင်တွေအားလုံး မည်သည့်အမိန့်စကားသံမှမကြားရအောင် နားစည်တွေအကုန်ပိတ်စေ… ဆိုင်ရာပုဂ္ဂိုလ်တွေက ကျုပ်ကိုကူညီပေးပါ”

လက်ညိုးထိုးပြီး အမိန့်ပြန်လိုက်ရာ ဖိုးတေတစ်ယောက် ဂါထာဘယ်လောက်ရွတ်ရွတ် သူ့အမိန့်ကိုဘယ်သူမှမနာခံတော့ပဲ ခြံတစ်ခုလုံးတိတ်ဆိတ်နေတာကိုမြင်လိုက်ရတယ်။

” ဟိုငရဲကောင် မင်းအစွမ်းတွေကုန်ပီလား … ကုန်ရင်တော့ငါ့အလှည့်ပဲ”
မောင်ကောင်းက ဒီတစ်ခါတော့ အာဏာစက်ကိုမသုံးတော့ပဲ အနားမှာထောင်ထားတဲ့ ပေါက်တူးကိုဆွဲယူကာ ဖိုးတေဆီကိုအားကိုလွှဲရိုက်လိုက်တယ်။

” ဝုန်း…. ”
“အား”
သတိရှိတဲ့ဖိုးတေက သူ့ဆီဝင်လာတဲ့ ပေါက်တူးရိုးကို ခုန်​ရှောင်လိုက်ပေမယ့် ပဲ့ထွက်လာတဲ့ သစ်သားစက ဘယ်ဘက်ပေါင်ထဲကိုစိုက်ဝင်သွားခဲ့တယ်။

မောင်ကောင်းလဲ ဟန်ချက်ပျက်သွားတဲ့ ဖိုးတေရဲ့ ညိုသကျဉ်းကို ထပ်ရိုက်ဖို့ဟန်ပြင်လိုက်ချိန် အောင်မြတ်သာကအနောက်ကနေလှမ်းဆွဲလိုက်ပြီး
” သူ့ကိုလွှတ်ပေးလိုက်”လို့ပြောတာကိုကြားလိုက်ရတယ်။

အခြေအနေမကောင်းတာကိုသိတဲ့ဖိုးတေက ဘာမှပင်မယူနိုင်ပဲ ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ ခြေထောက်ကိုအားယူကာ အိမ်အနောက်ဘက် အမှောင်ထုထဲကို ပြေးဝင်သွားခဲ့တယ်။

” ဆရာ ဒီကောင်ကို ဘာလို့လွှတ်ပေးလိုက်တာလဲ… ”

” သွားပစေကွာ… သူသွားမယ့်နေရာကို ငါတို့လိုက်သွားရင် ဦးစိန်ထွားဆိုတဲ့လူနဲ့သေချာပေါက်တွေ့ရမှာပဲ”

” ဒါပေမယ့် သူဘယ်သွားလဲဆိုတာ ကျွန်တော်တို့မှမသိတာ”

” သိပ်လဲစိတ်ပူမနေပါနဲ့ … ငါတို့တားထားတဲ့စည်းထဲကထွက်တာနဲ့ ဘယ်ကိုသွားလဲဆိုတာလိုက်ကြည့်ဖို့ အင်းစောင့်တွေကိုပြောထားပီးသားပါ”

မောင်ကောင်းလဲ အဲဒီတော့မှ သက်ပြင်းချနိုင်ပြီး ခြံထဲမှာရှိတဲ့နာနာဘာဝတွေအားလုံးကို အမိန့်ပြန်တမ်းနဲ့ဖမ်းချုပ်ထားလိုက်တယ်။ ပြီးတာနဲ့ အိမ်ပေါ်တက်ပြီး ရှာကြည့်ရာ အောက်လမ်းပညာမှာအသုံးပြုတဲ့ ပစ္စည်းတွေအပြင် အစိမ်းသေတွေရဲ့ခြေသည်းလက်သည်းဆံပင်တွေကို နေ့နာမ်နဲ့ နာမည်အလိုက် တစ်ခုချင်းစီ ခွဲထားတာကိုမြင်တွေ့လိုက်ရတယ်။ဒါပေမယ့် သန္ဓေသားဝိဉာဉ်စီရင်ထားတဲ့ အရာကိုတော့မတွေ့ခဲ့ရဘူး။

အောင်မြတ်သာတို့လဲ အစီရင်ပြုလုပ်ရာမှာသုံးတဲ့ပစ္စည်းတွေကိုအကုန်ဆွဲချကာမီးပုံရှို့နေချိန်မှာတော့ သစ်ရွက်နှစ်ရွက်ကိုခေါင်းမှာထိုးထားပြီး ပလွေကိုင်ထားတဲ့ပုဂ္ဂိုလ်တစ်ပါးပေါ်လာခဲ့တယ်။

” ဘယ်လိုလဲ နွားကျောင်းသား… တည်နေရာသိရပြီလား”

” သိရပြီဆရာ … ဒီကောင်တွေ ရွာအနောက်ဘက်က ငှက်ပျောတောထဲမှာ ရှိနေတယ်”

” တော်တယ် … ခုလောလောဆယ်မင်းက ဒီခြံထဲမှာရှိတဲ့ နာနာဘာဝတွေကို စောင့်ကြည့်ထားလိုက်၊ ငါတို့ပြန်လာတဲ့အခါ သူတို့ကိုသက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေဆီကို အပ်မယ်”

အောင်မြတ်သာစကားကို နွားကျောင်းသားလို့ခေါ်တဲ့ ပုဂ္ဂိုလ်က ခေါင်းညိမ့်ကာ သဘောတူလိုက်ပြီး လက်ထဲကပုလွေကိုခါးပုံစထဲထိုးကာ ခြံထောင့်ကိုထွက်သွားခဲ့တယ်။

အောင်​မြတ်သာတို့လဲ တည်နေရာသိရပြီမို့ ခြံအနောက်ဘက်စည်းရိုးကနေ ငှက်ပျောတောရှိရာဘက်ကိုထွက်လာခဲ့ကြတယ်။

လမ်းသွားနေရင်းမောင်ကောင်းက
” ခုနက နွားကျောင်းသားဆိုတဲ့သူက ဘယ်သူများလဲဆရာ… ကျွန်တော်တစ်ခါမှမကြားဖူးဘူး”

” သူက စိတ်ရိုင်းဝင်နေတဲ့နွားခွေ့တာခံရပြီး သေခဲ့တဲ့လူလေ… တစ်ကိုယ်ရေတစ်ကောင်ကြွက်မို့ သေတာတောင် နာမည်ခေါ်ပြီးဆွမ်းသွပ်မခံခဲ့ရဘူး၊ ဒီလိုဘဝနဲ့ သေတဲ့နေရာမှာ နွားကျောင်းလို့မရအောင် အမျိုးမျိုးခြောက်လှန့်နေတာကြောင့် လိမ်မာအောင်ဆုံးမပြီး ဂိုဏ်းထဲဆွဲထည့်ထားတာ၊ ဂိုဏ်းစောင့်တွေကိုခေါ်ရင် သူက ပလွေတစ်ချောင်းခါးကြားထိုးပြီး လိုက်လာလေ့ရှိတယ်”

မောင်ကောင်းလဲ နွားကျောင်းသားဆိုတဲ့ပုဂ္ဂိုလ်အကြောင်းသိလိုက်ရပြီမို့ ထပ်မမေးတော့ပဲ ဦးစိန်ထွားတို့ပုန်းအောင်းနေတဲ့ငှက်ပျောတောဆီကို ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်တယ်။

” အား ကျွတ် ကျွတ်”
ဖိုးတေက ပေါင်မှာစိုက်နေတဲ့ သစ်သားစကိုဆွဲထုတ်လိုက်ပြီး တဲနံရံကိုမှီထားလိုက်တယ်။ သူ့အရှေ့မှာတော့ ဆရာဖြစ်သူက အရိုးခေါင်းတစ်လုံးပေါ်မှာ အင်းစမတွေဆွဲပြီး ဂါထာမန္တာန်တွေကို မရပ်မနားရွတ်ဖတ်နေခဲ့တယ်။

အတန်ကြာရွတ်ဖိတ်ပြီးချိန်မှာတော့ အရိုးခေါင်းပေါ်မှာထွန်းထားတဲ့မီးတောက်က တဲခေါင်မိုးထိပ်ထိ ဟုန်းခနဲထတောက်ပြီး အပြာရောင်မီးတောက်တွေ လွင့်တက်လာခဲ့တယ်။

” အောင်ပြီကွ… နှစ်တစ်ရာအစိမ်းသေအစီအရင် အောင်ပြီကွ… ငါ့တပည့် မင်းဒီနားကိုလာစမ်း”

” ဟုတ်ကဲ့ဆရာ”
” မင်းဒဏ်ရာကဒါလားကွ”
ဦးစိန်ထွားက သွေးတွေထွက်နေတဲ့ဒဏ်ရာကို အရိုးခေါင်းပေါ်မှာတင်ထားတဲ့အင်းပြားနဲ့ဖိကပ်လိုက်ပြီး လက်နဲ့ရိုက်ချလိုက်ရာ ဖိုးတေ မျက်လုံးတွေမီးပွင့်ထွက်မတတ်နာသွားပြီး အသံနက်ကြီးနဲ့အော်မိသွားခဲ့တယ်။

” ဟေ့ကောင် မင်းဒဏ်ရာရှိသေးလားလို့ ပြန်ကြည့်စမ်း”

ဖိုးတေလဲ လက်နဲ့အုပ်ထားတဲ့ပေါင်က ဒဏ်ရာကိုကြည့်လိုက်ရာ သွေးတွေပေနေတာပဲမြင်ရပြီး ဒဏ်ရာကအနာရွတ်တောင်မကျန်အောင်ပျောက်သွားတာကိုထူးဆန်းစွာမြင်လိုက်ရတယ်။

” ဆရာ ဟို နှစ်ယောက် ဒီကို မလိုက်လာလောက်ဘူးမဟုတ်လား”

” လိုက်လာလဲဘာဖြစ်လဲ ငါက သူတ်ို့ကိုကြောက်လို့ ရှောင်နေတယ်များထင်နေလို့လား… ဟားဟား”

” မဟုတ်ပါဘူးဆရာ… ကျွန်တော်အဲဒီသဘောပြောတာမဟုတ်ပါဘူး”

” ဒီမှာ ဖိုးတေ … ငါက အခုစီရင်နေတဲ့ကိစ္စမပြီးပြတ်သေးလို့သာ ရှောင်ထွက်လာတာ ၊ ဒင်းတို့လဲစွမ်းသလို ငါလဲခေသူမဟုတ်ဘူးကွ… သေမှာမကြောက်တဲ့ကောင်တွေ လာကြစမ်းပါစေကွာ”

ဦးစိန်ထွားက သူ့လက်ထဲက အင်းချပ်ကို အရိုးခေါင်းနဲ့ဖိလိုက်ပြီး လက်သီးဆုပ်အရွယ်ရှိတဲ့ အရိုးခေါင်းလေးကိုလှမ်းကိုင်လိုက်တဲ့အချိန်

” မဖိတ်ခေါ်ပဲရောက်လာလို့ တောင်းပန်ပါတယ်ဗျာ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

” ဆရာ ဒါ ဟိုလူနှစ်ယောက်အသံ”

ဖိုးတေစကားကြောင့် ဦးစိန်ထွားက စီရင်ထားတဲ့အင်းချပ်ကို ဆွဲယူပြီးတဲပြင်ကိုထွက်လာခဲ့လိုက်တယ်။

” မိတ်ဆွေတို့က ဘာအရေးကြောင့် ကျုပ်ဆီရောက်လာကြတာလဲ”

” ခင်ဗျားက ဦးစိန်ထွားဆိုတဲ့သူလား”

” ဟုတ်ပါတယ်ဗျာ.. ကျုပ်နာမည်စိန်ထွားပါ… ဘာဖြစ်လို့လဲ”

” ခင်ဗျားဆီမှာ မြေမနင်းထားတဲ့သန္ဓေသားအစီအရင်တစ်ခုရှိတယ်မဟုတ်လား၊ ရှိတယ်ဆိုရင် ကျုပ်တို့ကိုပြန်ပေးဖို့တောင်းဆိုပါတယ်”

အောင်မြတ်သာစကားကြောင့် ဦးစိန်ထွား မျက်မှောင်ကျုတ်လိုက်ပြီး
” ဒီအစီအရင်က ခင်ဗျားတို့နဲ့ဘယ်လိုပတ်သတ်နေရတာလဲ”

” ဒီကလေးမိခင်က ကျုပ်တို့ကိုအကူညီတောင်းထားလို့ သူ့ကလေးရဲ့ ဝိဉာဉ်ကိုပြန်လာခေါ်တာပါ၊ ခင်ဗျားနဲ့ကျုပ်တို့နဲ့ကလမ်းစဉ်ခြင်းမတူပေမယ့် ရန်သူလဲမဟုတ်ကြဘူးမလား”

” ဟားဟား စကားပြောတော်တော်ကောင်းတဲ့သူတွေပဲ၊ ဒါပေမယ့် ကျုပ်ဆီရောက်လာပြီဆိုတော့လဲ ဒီတိုင်းတော့ ပေးလိုက်လို့ဘယ်ဖြစ်မလဲဗျ။ ဖိုးတေ ဟိုကလေးအရိုးခေါင်းသွားယူလာစမ်း”

” ဒီမှာ ရပါပြီဆရာ”

ဦးစိန်ထွားက လက်သီးဆုပ်လောက်ရှိတဲ့အရိုးခေါင်းကိုလက်ထဲမှာကိုင်ပြီး
” ဒါက သူနဲ့ပတ်သတ်ပြီး ထိန်းချုပ်ထားတဲ့အရာပဲ… မင်းတို့လိုချင်ရင် ငါနဲ့ပညာချင်းပြိုင်ရမယ်၊ ငါရှုံးရင်တော့ မင်းတို့လိုချင်တဲ့အရာကိုပေးမယ်၊ ရှုံးရင်တော့ မင်းတို့ ဦးခေါင်းခွံက ငါ့အတွက် အလုပ်လုပ်ပေးမယ့် အရာဖြစ်သွားမှာနော်” လို့ပြောတော့ အောင်မြတ်သာက

” သဘောတူတယ်လေ… ဒါဖြင့် ခင်ဗျားဘက်ကပဲ အရင်စတိုက်ပါ”

အောင်မြတ်သာက မောင်ကောင်းကိုအနောက်ဆုတ်ဖို့ပြောကာ ရင်ကိုကော့ပြီးရပ်နေခဲ့လိုက်တယ်။ ဦးစိန်ထွားလဲ လတ်တလောစီရင်ထားတဲ့အင်းချပ်ကို တံတွေးနဲ့ထွေးပြီး
” ငါဆရာအမိန့် ငါဆရာအာဏာစက်အကုန်လုံး သင့်ဆီရောက်စေ” လို့ပြောကာ ဖနောင့်နဲ့ပေါက်ချလိုက်တယ်။

အင်းချပ်က ဖနောင့်နဲ့ထိတာနဲ့ အပြာရောင် မီးတောက်တွေ ဝုန်းခနဲထတောက်ပြီး အထဲကနေ ရုပ်ဆိုးအကျဉ်းတန်တဲ့သရဲတစ်ကောင်ခုန်ထွက်လာခဲ့တယ်။ သူ့ကျောကုန်းမှာတော့ ပင့်ကူတွေလိုလက် လက်ခြောက်ချောင်းပါပြီး မျက်နှာတစ်ခြမ်းမှာတော့ လက်ညိုးလုံးလောက်ရှိတဲ့ လောက်ကောင်တွေ တစ်ဖွားဖွားတက်နေခဲ့တယ်။

” ငါ့တပည့်ရုပ်သွင်က အတော်ခန့်ညားတာပဲ… ”

ဦးထိန်ထွားက သူမွေးထားတဲ့ကောင်ကို သဘောကျစွာနဲ့ချီးကျူးလိုက်ပြီး အောင်မြတ်သာကိုတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။

မျက်နှာတစ်ခြမ်းပဲပါပြီး လောက်တွေတစ်ဖွားဖွားတက်နေတဲ့ နာနာဘာဝကောင်အနားကိုရောက်လာတဲ့အချိန်မှာတော့ မျက်စိစူးမတတ်လင်းထိန်တဲ့ရွှေရောင်အလင်းတန်းတွေက အောင်မြတ်သာရဲ့ကျောပြင်အနောက်ကနေ ထွက်ပေါ်လာခဲ့တယ်။ တစ်ဆက်ထဲမှာပဲ အလင်းရောင်ထဲကနေ မင်းညီမင်းသားတွေလိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်ခုန် ရှေ့ကိုခုန်ထွက်လာခဲ့တယ်။

တစ်ကိုယ်လုံး ရွှေအတိပြီးတဲ့ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး လက်နှစ်ဖက်မှာ စမအက္ခရာတွေပါတဲ့ဓါးနှစ်လက်ကိုင်ထားသူက မြေကြီးပေါ်မှာ ဓါးဦးနဲ့စည်းတားလိုက်ပြီး မလှုပ်မယှက်ရပ်ကြည့်နေခဲ့တယ်။

ပြေးဝင်လာတဲ့နာနာဘာဝကောင်ကလဲ အောင်မြတ်သာရှေ့မှာ ပိတ်ထားတဲ့ပုဂ္ဂိုလ်ကိုမြင်တော့ အသံနက်ကြီးနဲ့အော်လိုက်ပြီး လက်တံတွေကိုဆန့်ထုတ်ကာ ဦးဆုံးတိုက်ခိုက်ခဲ့တယ်။
ချွန်ထက်နေတဲ့ လက်သည်းရှည်တွေက ရွှေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားတဲ့သူရဲ့ကိုယ်ထဲကို နစ်ဝင်သွားပေမယ့် ရပ်နေတဲ့သူက ဘာမှမဖြစ်ပဲ ခပ်ပြုံးပြုံးမျက်နှာထားနဲ့သာ စိုက်ကြည့်နေခဲ့တယ်။ ထူးဆန်းတာက နာနာဘာဝကောင်ရဲ့ လက်သည်းတွေပြန်ထုတ်မရတော့ပဲ အင်္ဂတေထဲနစ်ဝင်သလို တစ်စတစ်စနစ်မြုပ်လာခဲ့တယ်။

ဦးစိန်ထွားလဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့ဩသွားပြီး အောင်မြတ်သာကို အထူးအဆန်းမျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။

” ဘယ်လိုလဲ ဦးစိန်ထွား… ခုထိကျုပ်မတိုက်သေးဘူးနော်… အရှုံးပေးပြီလား”

” တောက်”

ဦးစိန်ထွားက တောက်တစ်ချက်ခတ်လိုက်ပြီး အံကိုကြိတ်ကာ ဖနောင့်ကိုမြေကြီးနဲ့ခပ်ကြမ်းကြမ်းပေါက်ချလိုက်ချိန်မှာတော့ မျက်နှာပေါ်တက်နေတဲ့ လောက်ကောင်တွေမြေကြီးပေါ်တစ်ဖြုတ်ဖြုတ်ကျလာ​ပြီး အထဲကနေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သရဲပေါက်စလေးတွေ အုံလိုက်ကျင်းလိုက် ထွက်လာခဲ့တယ်။

ပုရွတ်ဆိတ်တွေလို များပြားတဲ့ သရဲပေါက်စတွေက အောင်မြတ်သာရှေ့မှာရပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ကို အငမ်းမရကိုက်ဖဲ့စားသောက်ဖို့ကြိုးစားပေမယ့် ဝတ်ဆင်ထားတဲ့ချပ်ဝတ်ကို မြူတစ်မှုန်စာပဲ့အောင်တောင်ပင်မစွမ်းဆောင်နိုင်ခဲ့ဘူး။

” ကဲ … သင့်အလှည့်ပီးပီဆိုတော့ ကျုပ်အလှည့်ရောက်ပြီ”

အောင်မြတ်သာ ခပ်ပြုံးပြုံးပြောလိုက်ပြီး မျက်စိကိုမှိတ်ကာ ခေါင်းကိုညိမ့်ပြလိုက်ရုံနဲ့ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေတဲ့ ပုဂ္ဂိုလ်ရဲ့လက်တွေ လျှပ်တစ်ပြက်လှုပ်ရှားလာခဲ့တယ်။

” ရွှပ်… ဇွပ်… ရွှပ်”

လေအလျင်လို မြန်တဲ့ဓါးချက်တွေကြောင့် ကိုယ်ပေါ်မှာအုံခဲနေတဲ့ သရဲပေါက်စတွေအကုန်လုံး ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်ကာ လွင့်ထွက်ကုန်ကြတယ်။ ပြီးတာနဲ့ ခန္ဓာကိုယ်ထဲစိုက်ဝင်နေတဲ့ လက်ချောင်းတွေကို ဓါးဦးနဲ့ဖြတ်ထုတ်ပြီး လောက်တွေတက်နေတဲ့မျက်နှာကို ဓါးနှောင့်နဲ့ ရိုက်ချလိုက်ရာ ” ဖုန်း” ဆိုတဲ့အသံနဲ့အတူ အနောက်ကို ငါးပေလောက်လွင့်ထွက်သွားခဲ့တယ်။

အခြေအနေကပြောင်းပြန်ဖြစ်သွားတာမို့ ဦးစိန်ထွားတစ်ယောက် ရယ်ကျဲကျဲမျက်နှာနဲ့ ရှေ့တိုးလာပြီး
” ဆရာတို့ပညာတွေက တကယ်အံ့မခန်းပါပဲဗျာ… ကျုပ်ရှုံးတာကိုလက်ခံတယ်” လို့ပြောပြီး ဒူးထောက်ထိုင်ချလိုက်တယ်။

” ဒါဖြင့် သင့်ကတိအတိုင်း မြေမနင်းသန္ဓေသားဝိဉာဉ်ကိုကျုပ်ဆီပြန်ပေးပါ”

” ပေးမှာပါ ဆရာ… ဒါပေမယ့် အဲဒီကလေးဝိဉာဉ်ကို ကျုပ်တစ်ခြားသူတွေအသုံးပြုဖို့ပေးထားတာကြောင့် ခဏစောင့်ပေးလို့ရမလား”

” ကျုပ်တို့ ဆယ်မိနစ်အချိန်ပေးမယ်… သင်စီရင်ထားတာကို သင်ကိုယ်တိုင်ပြန်ခေါ်ပါ”

” ဒါဖြင့် ဆရာတို့ခဏစောင့်ပါ … ကျုပ်ပြန်ခေါ်ပေးပါမယ်”

ဦးစိန်ထွားလဲ အောင်မြတ်သာစကားဆုံးတာနဲ့ တဲထဲကိုပြန်ဝင်သွားခဲ့တယ်။ ခဏကြာတော့ သန္ဓေသားအလောင်းတစ်ခုလုံးကိုအခြောက်ခံပြီးထည့်ထားတဲ့ သေတ္တာတစ်လုံးယူထုတ်လာပြီး
” သူ့ဝိဉာဉ်ကိုပြန်ခေါ်ပြီးပါပြီ … မကြာခင် ကလေးငိုသံကြားရပါလိမ့်မယ်” လို့ပြောကာ သေတ္တာကိုကမ်းပေးလိုက်တယ်။

” ခင်ဗျားအနေနဲ့ ဒီပညာရပ်တွေကို စွန့်လွှတ်ဖို့ရော အစီအစဉ်မရှိဘူးလား”

” ဟားဟား ဆရာတို့ကတော့ နောက်ပီဗျာ… ကျုပ်က ဒီပညာနဲ့အသက်မွေးဝမ်းကြောင်းလုပ်နေတာလေ၊ ဒါကိုတော့မစွန့်လွှတ်ခိုင်းပါနဲ့ဗျာ၊ ဆရာတို့နဲ့ ထပ်ပြီးထိပ်တိုက်မတွေ့အောင်ရှောင်ပါ့မယ်”

” သင်တို့အလုပ်က ငရဲကိုမကြောက်လို့လုပ်တာမလို့ ကျုပ်အနေနဲ့အထွေထူးပြောစရာမရှိပါဘူး၊ ကျုပ်တို့ကိုခွင့်ပြုပါဦး”

အောင်မြတ်သာတို့လဲ ဦးစိန်ထွားကမ်းပေးတဲ့သေတ္တာကို ယူပြီးပြန်ထွက်လာတဲ့လမ်းမှာတော့ မွေးကင်းစကလေးငိုသံသဲ့သဲ့ကိုကြားလိုက်ရတယ်။
မကြာခင် ဦးစိန်ထွားနေတဲ့အိမ်ကိုပြန်ရောက်လာပြီး ချုပ်နှောင်ထားတဲ့ နာနာဘာဝတွေကို ဆိုင်ရာပိုင်ရာတွေလက်ထဲအပ်နှံကာ ရွာပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်။

ရွာပြင်ကိုရောက်တော့ ကညင်တိုင်မီးတုတ်ကိုကိုင်ထားတဲ့လူကြီးတစ်ယောက်ကို ပြုံးရွှင်တဲ့မျက်နှာထားနဲ့ကြိုဆိုနေပြီး သူ့ဘေးနားမှာတော့ ချည်ထည်အင်္ကျီခပ်နွမ်းနွမ်းဝတ်ဆင်ထားတဲ့မိန်းမတစ်ယောက်ရပ်နေခဲ့တယ်။

အောင်မြတ်သာလဲ အဲဒီမိန်းမကိုမြင်တော့ လက်ထဲပါလာတဲ့ သေတ္တာကိုကမ်းပေးလိုက်တဲ့အချိန် ကလေးငိုသံက တစ်မဟုတ်ချင်းဆူညံသွားခဲ့တယ်။ ဒီတစ်ခါ ကြားရတဲ့ကလေးငိုသံက ကြောက်လန့်လို့ငိုတဲ့အသံမဟုတ်ပဲ မိခင်နဲ့ပြန်တွေ့တဲ့ ကလေးတစ်ယောက်ရဲ့ ငိုကြွေးသံဆိုတာကို စာဖတ်သူတွေသိကြမယ်လို့ထင်ပါတယ်။

နောက်ဝတ္တုမှာတော့ နယ်ပိုင်အချုပ်ပုဂ္ဂိုလ်ရဲ့ အကူညီတောင်းမှုနဲ့ သင်းကွဲပြီးနယ်ကျော်လာတဲ့ ကဝေမတစ်ကောင်ကိုဆုံးမခဲ့ရသေးတယ်။

ဒီအကြောင်းရာကိုတော့ အောင်မြတ်သာနှင့်အူစုံစားကဝေဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ေျမမနင္းထားေသာဝိဉာဥ္”(စ/ဆုံး)
———————————————————————
စာေရးဆရာ -ေဇယန(ရာမည)

” အူဝူး…….”

တိတ္ဆိတ္တဲ့ညသန္းေခါင္အခ်ိန္ ထြက္ေပၚလာတဲ့ ေခြးအူသံေၾကာင့္ ဝါးထရံကာထားတဲ့ အိမ္တစ္အိမ္ထဲကေန မီးအလင္းေရာင္မွိန္ျပျပတစ္ခုေပၚထြက္လာခဲ့တယ္။
” ဆရာႀကီး… ဆရာႀကီး…”

” ေအး ဘယ္သူလဲကြ … ဒီအခ်ိန္ႀကီး”
” ကြၽန္ေတာ္… ဖိုးေတပါ”အိမ္ထဲကေန ထြက္လာတဲ့အသံေၾကာင့္ ပုဆိုးတိုတိုဝတ္ထားတဲ့လူက တံခါးကိုအသာဆြဲဖြင့္ၿပီးဝင္လာခဲ့လိုက္တယ္။
” ဆရာႀကီး တပည့္​ေက်ာ္ ဖမ္းခံထိသြားၿပီ”
” ဟင္ ဘယ္လိုျဖစ္တာလဲ”
” ကိုယ္ဝန္ရွိေနတဲ့ မိန္းကေလးဗိုက္ထဲက ကေလးကို ခိုးတဲ့အမႉလို႔ေျပာတာပဲ…”
” ဒီေကာင္ အလုပ္ကိုဘယ္လိုလုပ္တာလဲ… ဒုကၡေတာ့မ်ားၿပီထင္တယ္”
” သိပ္လဲစိတ္ပူမေနပါနဲ႔ဆရာ.. သူက ဆရာႀကီးအေၾကာင္းတစ္ခြန္းမွ မဟခဲ့ဘူး”
” အခု မင္းငါ့ဆီလာတာ ဒီကိစၥေျပာခ်င္လို႔လား”
” ဒါတင္ဘယ္ဟုတ္မလဲဗ်ာ… ေဟာဒီမွာဆရာႀကီးအတြက္ယူလာတာ”
ဖိုးေတက လြယ္အိတ္ထဲထည့္လာတဲ့ အထုပ္တစ္ထုပ္ကို ေျဖခ်လိုက္ရာ အထဲကေန ေျခာက္ေသြ႕စျပဳေနတဲ့ သေႏၶသားအေလာင္းတစ္ခုထြက္လာခဲ့တယ္။

” စေန​ေန႔ ညမွာ ဆရာကိုယ္တိုင္ဗိုက္ထဲကေန ခြဲထုတ္ထားတာ… ဒီလို သေႏၶသားအစိမ္းရဖို႔က မလြယ္ဘူးမဟုတ္လား”

ဖိုးေတစကားေၾကာင့္ ဆရာႀကီးဆိုသူရဲ႕မ်က္ႏွာ ဝင္းခနဲျဖစ္သြားၿပီး
” မင္းေတာ္တယ္.. ဖိုးေတ… အခု မင္းအေနနဲ႔ ငါ့ဆီမွာပုန္းၿပီးေနေနဦး.. ေနာက္အလုပ္ကိစၥရွိရင္ မင္းကိုေနရာေပးမယ္”

” ေက်းဇူးတင္ပါတယ္ဆရာႀကီး… ဒါနဲ႔ ဟိုးေထာင့္မွာ ငုတ္တုပ္ထိုင္ေနတာ ဘယ္သူမ်ားလဲ”

ဖိုးေတက အခန္းေထာင့္ကို လက္ညိဳးထိုးၿပီးေမးလိုက္ေတာ့ ဆရာႀကီးက ခပ္ေထ့ေထ့ရယ္လိုက္ၿပီး

” ဒီေကာင္က ဓါးထိုးခံရၿပီးေသသြားတဲ့ ဝိဉာဥ္ပါ.. လူ႔ဘဝထဲက ခပ္ဆိုးဆိုးခပ္မိုက္မိုက္မို႔ နည္းနည္းပညာေပးၿပီး အခန္းထဲခ်ဳပ္ထားတာ.. သြား သြား ေအာက္ထပ္မွာ အခန္းလြတ္တစ္ခုရွိတယ္ .. နားလိုက္ဦး”

စကားဆုံးတာနဲ႔ ဖိုးေတလဲ လြယ္အိတ္ကိုေကာက္လြယ္ကာ ေအာက္ထပ္ကိုဆင္းလာခဲ့လိုက္တယ္။ ေအာက္ကိုေရာက္ေတာ့ ေလွကားရင္းမွာ ငုတ္တုတ္ထိုင္ေနၾကတဲ့ နာနာဘာဝေတြအျပင္ ၿခံထဲမွာ လွည့္ပတ္သြားလာေနၾကတဲ့ ၿခံေစာင့္ဘီလူးအခ်ိဳ႕ကို ခပ္ဝါးဝါးျမင္ေတြ႕လိုက္ရတယ္။
++++++
မနက္မိုးလင္းေတာ့ အက်ႌလည္ကတုံးနဲ႔ ပုဆိုးကို က်နစြာဝတ္ထားတဲ့ လူတစ္ေယာက္ ၿခံေရွ႕ကိုေရာက္လာၿပီး
” ဆရာႀကီးစိန္ထြားနဲ႔ေတြ႕ခ်င္လို႔” ဆိုၿပီးေအာ္​ေခၚေနတဲ့အသံကိုၾကားလိုက္ရတယ္။

” ေဟ့ ဘိုသန္း … ဒီေကာင္ ၿခံထိပ္မွာမရွိပဲ ဘယ္သြားေနျပန္တာလဲ”

ဆရာႀကီးက ၿခံေစာင့္အလုပ္သမားဘိုသန္းကိုမေတြ႕တာေၾကာင့္ ဗ်စ္ေတာက္ဗ်စ္ေတာက္ေရ႐ြတ္ေနခ်ိန္ ဖိုးေတ အိမ္ေအာက္ကေနထြက္လာၿပီး
” ကြၽန္ေတာ္သြားဖြင့္ေပးလိုက္ပါမယ္ဆရာႀကီး” လို႔ေျပာကာ ဧည့္သည္ေတြကိုၿခံထဲေခၚလာခဲ့လိုက္တယ္။

” ေဟာ ဘယ္သူမ်ားလဲလို႔… ေအာင္ျမင့္တို႔ျဖစ္ေနတာကိုး … ဘာကိစၥမ်ားရွိလို႔လဲ”

ဖိုးေတက အေပၚကိုလိုက္တက္လာတာေၾကာင့္ ဧည့္သည္ေတြက ဆရာႀကီးကို ဘာမွမေျပာပဲ အင္တင္တင္လုပ္ေနခဲ့တယ္။

” ရပါတယ္ ေျပာပါ… ဒီေကာင္ေလးက က်ဳပ္တပည့္လိုပါပဲ”

ဆရာႀကီးဆီက အမိန႔္ရမွ ဧည့္သည္ေတြထဲက ေအာင္ျမင့္ဆိုတဲ့လူက
” ဒီတစ္ခါ ကြၽန္ေတာ္တို႔အလုပ္ကိစၥတစ္ခု လုပ္တာ အဆင္မေျပျဖစ္ေနတယ္.. ဒါေၾကာင့္ဆရာႀကီးဆီကို အကူညီလာေတာင္းတာပါ”

” ဘယ္လိုအဆင္မေျပျဖစ္ေနတာလဲ.. ေျပာပါဦး”

” အခုကြၽန္ေတာ္တို႔ဝယ္မယ့္ၿခံပိုင္ရွင္က အင္တင္တင္လုပ္ေနလို႔ဆရာႀကီးေရ.. အဲဒါကလဲ ဝယ္သူေတြက ေနရာကိုႀကိဳက္လို႔ ေဈးေတြတိုးေပးေနၾကတာေၾကာင့္လဲပါတယ္”

” အဲဒီေတာ့ မင္းတို႔က ဘယ္လိုျဖစ္ခ်င္လဲ”

” ကြၽန္ေတာ္တို႔က ဒီၿခံကိုရမွျဖစ္မယ္… ဒါေၾကာင့္ ၿခံထဲမွာ ဘာညာရွိတယ္ဆိုၿပီး သတင္းခပ္သဲ့သဲ့လႊင့္ထားတယ္။ ကြၽန္ေတာ္တို႔သတင္းလႊင့္ထားတဲ့အတိုင္း ျဖစ္ေအာင္လုပ္ခ်င္လို႔ပါဆရာႀကီး”

ေအာင္ျမင့္စကားကိုၾကားေတာ့ ဆရာႀကီးက ေခါင္းတစ္ဆတ္ဆတ္ညိမ့္ၿပီး
” မင္းတို႔ဒီေန႔ေရာက္လာတာ အေတာ္ကံံေကာင္းတာပဲကြ”

” ဟင္ ဘာျဖစ္လို႔လဲဆရာႀကီး’

” ညကမွ ငါစီရင္ထားတဲ့ အေကာင္တစ္ေကာင္ရွိတယ္… ေျမမနင္းအစီအရင္လို႔ေခၚတယ္။ မင္းတို႔လိုခ်င္ရင္ေတာ့ ေပးလိုက္မယ္.. ဒါေပမယ့္ ေၾကးေတာ့မ်ားမယ္ေနာ္”

” ဆရာႀကီးကလဲ ကိစၥသာအဆင္ေျပမယ္ဆို ကြၽန္ေတာ္တို႔ကလက္မတြန႔္ပါဘူး.. ”

” ေအး ခဏေစာင့္”
ဆရာႀကီးက ဧည့္သည္ေတြကိုေစာင့္ခိုင္းၿပီး အခန္းထဲဝင္သြားကာ တစ္ထြာသာသာေလာက္ရွိတဲ့ သားရည္ျပားတစ္ခ်ပ္ကိုယူထုတ္လာၿပီး
” ဒါက ေျမမနင္းသေႏၶသားရဲ႕ အရည္ျပားပဲ.. သူ႔အေပၚမွာ လိုအပ္တဲ့အင္းေတြ အစီအမံေတြ ေရးဆြဲထားတာမို႔ .. မင္းတို႔လိုခ်င္တဲ့ၿခံရဲ႕ အေနာက္ဘက္တစ္ေနရာမွာ ည၂နာရီတိတိျမဳပ္ရမယ္၊ ဒါဆိုရင္ ၿခံထဲေရာက္လာတဲ့ ဘယ္သူကိုမဆို ဒီေကာင္က မေနႏိုင္ေအာင္ ေျခာက္လွန႔္ေမာင္းထုတ္ပစ္လိမ့္မယ္” လို႔ေျပာကာ အရည္ျပားေပၚကို ခုံေပၚမွာရွိတဲ့ ေသြးခြက္ထဲက ေသြးစအခ်ိဳ႕ကို ပက္ျဖန္းလိုက္တယ္။

ေသြးစေတြက အရည္ျပားေပၚက်တာနဲ႔ အင္းဆံေတြအေပၚကိုေဖာင္းႂကြလာတာကိုလဲ ၾကက္သီးထစရာေကာင္းေအာင္ မ်က္ျမင္ႀကဳံေတြ႕လိုက္ရတယ္။

” သေဘာက်တယ္ဆရာႀကီး… ဒါက ဆရာႀကီးအတြက္ ကန္ေတာ့တာပါ”
ဧည့္သည္ေတြက လက္ဆြဲအိတ္ထဲအသင့္ပါလာတဲ့ ေငြစကၠဴတစ္ထပ္နဲ႔ ကန္ေတာ့ၿပီး ေျမမနင္းအစီအမံလုပ္ထားတဲ့ သားရည္ျပားကို ေသတၱာဘူးထဲထည့္ယူကာ ျပန္ထြက္သြားခဲ့ၾကတယ္။

ဧည့္သည္ေတြျပန္သြားေတာ့ ဆရာႀကီးက ေငြစကၠဴအုပ္ထဲက အခ်ိဳ႕ကိုျဖဳတ္ယူလိုက္ၿပီး
” ဖိုးေတ ဒါကမင္းလိုတဲ့ေနရာသုံးဖို႔ ယူထားလိုက္” လို႔ေျပာကာကမ္းေပးလိုက္တယ္။

” ေက်းဇူးတင္ပါတယ္ဆရာႀကီး… ဒါနဲ႔ တစ္ညထဲ အစီရင္ကိုေအာင္ျမင္ေအာင္လုပ္ႏိုင္တာ တကယ္လက္ဖ်ားခါေလာက္စရာပဲဗ်ာ၊ ဒါေၾကာင့္လဲ ေအာက္နယ္တစ္ဝိုက္မွာ ဆရာႀကီးစိန္ထြားဆိုတာ တန္ခိုးႀကီးေနတာကိုး”

ဆရာႀကီးက ဖိုးေတစကားကို သေဘာက်စြာနဲ႔ဟက္ဟက္ပက္ပက္ရယ္လိုက္ၿပီး မီးကြၽမ္းေနတဲ့ သစ္သားနဲ႔ထုထားတဲ့ အ႐ုပ္တစ္႐ုပ္ကို ယူကာ အႏုစိပ္ျပန္လည္ျပဳျပင္ေနခဲ့တယ္။
+++++++
လူသူျပတ္ဆဲဆဲျဖစ္ေနတဲ့ ညဦးယံအခ်ိန္မွာေတာ့ ႐ိုးျပတ္ေတြက်ိဳးတိုးက်ဲဲတျဖစ္ေနတဲ့ ကြင္းျပင္ထဲကို ေအာင္ျမတ္သာတို႔ဆရာတပည့္ႏွစ္ေယာက္ ခပ္သုတ္သုတ္ဝင္လာခဲ့ၾကတယ္။

လမ္းေလ်ာက္ေနရင္း အေနာက္ကေန တစ္ရွပ္ရွပ္ျမည္ၿပီးလိုက္လာတဲ့ေျခသံေၾကာင့္ ေရွ႕ကိုဆက္မသြားေတာ့ပဲ ရပ္လိုက္ၿပီး
” ဘယ္သူလဲ အေနာက္ကေန လိုက္လာတာ” လို႔ေမးလိုက္ေပမယ့္ အသံမၾကားတာေၾကာင့္ ေနာက္ကိုလွည့္ၾကည့္လိုက္ရာ ခပ္လွမ္းလွမ္းကန္သင္း႐ိုးေပၚမွာ ငုတ္တုတ္ထိုင္ေနတဲ့ လူဝံလိုလို မဲမဲေကာင္တစ္ေကာင္ကိုျမင္လိုက္ရတယ္။

” ဆရာ ဒီေကာင္ အေနာက္ကေနလိုက္လာတာ အေတာ္ၾကာၿပီ… ကြၽန္ေတာ္တို႔ကိုဘာေျပာစရာရွိလဲမသိဘူး… ကြၽန္ေတာ္ ေခၚၿပီးေမးလိုက္ရမလား”

” မလုပ္နဲ႔ဦး … သူ႔ပုံစံၾကည့္ရတာ စကားမေျပာႏိုင္တဲ့ပုံပဲ… အင္း ငါတို႔ ကြင္းထဲကေန ျဖတ္လာတာမို႔ လိုက္ေစာင့္ေရွာက္တာလဲျဖစ္ႏိုင္တယ္”

” ဒါဆို ကြၽန္ေတာ္တို႔က အာ႐ုံထဲမွာေပၚလာတဲ့ ႐ြာကိုဆက္သြားရမွာလား”

” ေရွ႕တစ္ကြင္းေရာက္လို႔ ဘာမွ မေႏွာက္ယွက္ဘူးဆိုရင္ သူ႔လမ္းသူသြားပါေစ… ငါတို႔လဲ ထန္းပင္ေျခာက္႐ြာကို ညမနက္ခင္အေရာက္သြားဖို႔လိုလိမ့္မယ္”

ဆရာတပည့္ႏွစ္ေယာက္ဆက္ေလ်ာက္သြားေတာ့ ကန္သင္း႐ိုးမွာထိုင္ေနတဲ့ေကာင္က တစ္ရွပ္ရွပ္နဲ႔ထပ္လိုက္လာခဲ့တယ္။ လယ္၅ဧကေလာက္ကို ေက်ာ္ၿပီးခ်ိန္မွာေတာ့ အေနာက္ကလိုက္လာတဲ့ေျခသံကိုမၾကားရေတာ့ပဲ မီးေလာင္ေညႇာ္နံ႔နဲ႔အပုတ္နံ႔ေရာေနတဲ့ အနံ႔တစ္ခုကိုထပ္ရလိုက္တယ္။

” ဒီတစ္ခါလဲ ကြင္းပိုင္ေတြ အေနာက္ကလိုက္လာျပန္ပီထင္တယ္… ေမာင္ေကာင္း မင္းလမ္းမွာဘာလုပ္ခဲ့ေသးလဲ”

” ဘာမွမလုပ္ခဲ့ဘူးဆရာ… အဲ တစ္ခုေတာ့ရွိတယ္ ကြၽန္​ေတာ္တို႔သြားမယ့္႐ြာကို လမ္းျပေပးမယ့္သူရွိရင္ေကာင္းမွာပဲဆိုၿပီးေတာ့ ႏႈတ္ကေန ေျပာမိခဲ့တယ္”

” လက္စသတ္ေတာ့ ဒါေၾကာင့္ သူတို႔ကလိုက္လာတာကိုး… ကဲကဲ အေႏွာက္အယွက္မေပးပဲ ကူညီမယ့္ပုဂၢိဳလ္ဆိုရင္ ေရွ႕ကိုေရာက္ေစ… ႏႈတ္လဲဖြင့္ႏိုင္ေစ”

ေအာင္ျမတ္သာရဲ႕ႏႈတ္အမိန႔္ေၾကာင့္ တစ္ကိုယ္လုံးေျခာက္ေသြ႕မဲနက္ၿပီး အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့ နာနာဘာဝတစ္ေကာင္ေပၚလာၿပီး
” ဆရာတို႔ သြားမယ့္လမ္းကို အခ်ိန္တိုတိုနဲ႔​ေရာက္ေစဖို႔ ကြင္းပိုင္ခ်ဳပ္အဖိုးက တာဝန္ေပးထားတာေၾကာင့္ အပိုင္နယ္ေျမတစ္ေလ်ာက္က လိုက္ပါေနခဲ့တာပါ”

” ဒါျဖင့္ ခုနက လိုက္လာတဲ့ပုဂၢိဳလ္က ဘာေၾကာင့္ ေမးတာကိုမေျဖရတာလဲ”

” သူက လူ႔ဘဝတုန္းက လ်ာျဖတ္ၿပီး အသတ္ခံရတဲ့ ကြင္းပိုင္ေမာင္အပါ… ဒါေၾကာင့္ ဆရာတို႔ေျပာတာကိုျပန္မေျဖႏိုင္ဘူးျဖစ္ခဲ့တာ၊ က်ဳပ္ကေတာ့ ဆရာတို႔အခြင့္မ​ေပးေသးတာေၾကာင့္ ဘာမွမေျပာပဲ လိုက္လာခဲ့မိတာပါ”

” ဒါျဖင့္ က်ဳပ္တို႔သြားရမယ့္ ထန္းေျခာက္ကုန္း႐ြာဆိုတာ ဒီလမ္းကေနသြားရတာမဟုတ္လား”

” ဟုတ္ပါတယ္ ဒါေပမယ့္ ဒီထက္နီးတဲ့လမ္းတစ္ခုလဲရွိေနပါေသးတယ္၊ ဆရာတို႔ခြင့္ျပဳမယ္ဆိုရင္ က်ဳပ္လမ္းျပေပးပါမယ္”

” ေကာင္းၿပီ ကြင္းပိုင္ႀကီး… သင္ အေရွ႕ကလမ္းျပပါ”

ေအာင္ျမတ္သာစကားအဆုံးမွာ တစ္ကိုယ္လုံးမဲနက္ေနတဲ့ကြင္းပိုင္ႀကီးက ေျမႀကီးေပၚဝမ္းလ်ားေမွာက္လိုက္ရာ လူႀကီးတစ္ေယာက္ ေပါင္ရင္းေလာက္ရွိတဲ့ ေခြးနက္ႀကီးအျဖစ္ေျပာင္းသြားၿပီး ကန္သင္း႐ိုးေဘးက ေျမနီလမ္းအတိုင္းေခၚေဆာင္သြားခဲ့တယ္။

အတန္ၾကာသြားၿပီးတဲ့ေနာက္မွာေတာ့ ညီညာေျဖာင့္ျဖဴးေနတဲ့ေျမနီလမ္းတစ္ခုစီကိုေရာက္လာခဲ့တယ္။လမ္းေျမအစပ္ကိုေရာက္ေတာ့ ေခြးနက္ႀကီးက ဆက္မသြားေတာ့ပဲ ပဒပ္ရပ္ရပ္လိုက္ရာ မူလပုံစံအျဖစ္ေျပာင္းသြားၿပီး
” ဒါကေတာ့ ထန္းေျခာက္ပင္႐ြာအဝင္လမ္းပဲ… က်ဳပ္အေနနဲ႔ ဒီထိပဲလိုက္ပို႔ႏိုင္တာေၾကာင့္ ဆရာတို႔ခြင့္လႊတ္ေပးပါ”လို႔ေျပာေတာ့ ေအာင္ျမတ္သာက

” ဒီထိလိုက္ပို႔ေပးတာပဲ ေက်းဇူးတင္ေနပါၿပီ.. က်ဳပ္တို႔လဲ လုပ္စရာရွိတာေတြလုပ္ရဦးမွာမို႔ သင္လဲ ျပန္ႏိုင္ပါၿပီ” လို႔ေျပာလိုက္ရာ ကြင္းပိုင္ႀကီးက အ႐ိုအေသေပးၿပီး လာရာလမ္းရဲ႕အေမွာင္ထုထဲကို တိုးဝင္ေပ်ာက္ကြယ္သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔႐ြာထဲစဝင္လာတဲ့အခ်ိန္မွာပဲ နံ႔သာျဖဴနံ႔နဲ႔အတူ အနီေရာင္ေခါင္းစည္းစည္းထားတဲ့လူတစ္ေယာက္က အေမွာင္ထဲကေန ထြက္လာခဲ့တယ္။

” ဆရာတို႔ေရာက္လာမယ္ဆိုတာသိလို႔ က်ဳပ္ကေစာင့္ေနတာ”

” သင္က ဘယ္သူပါလဲ..”
” က်ဳပ္က ဒီ႐ြာရဲ႕ သက္ေတာ္ရွည္႐ြာေစာင့္နတ္ပါ.. က်ဳပ္ရဲ႕မူလ႐ုပ္သြင္က အေတာ္ကိုအိုမင္းေနၿပီမို႔ ဆရာတို႔အျမင္သင့္တယ္ေအာင္ ဖန္ဆင္းၿပီး ႏႈတ္ခြန္းဆက္သရျခင္းျဖစ္ပါတယ္”
” ဒါျဖင့္ က်ဳပ္တို႔ကို ေစာင့္ေနရတဲ့အေၾကာင္းက ဘာမ်ားျဖစ္မလဲ”
” ဆရာတို႔ လုပ္ေဆာင္ေနတဲ့အမႈကိစၥမွာ က်ဳပ္ကိုပါဝင္ေပးဖို႔ နယ္ပိုင္အခ်ဳပ္ပုဂၢိဳလ္က တာဝန္ေပးထားပါတယ္၊ ဆရာတို႔သိခ်င္တာ ခိုင္းေစခ်င္တာရွိရင္ က်ဳပ္ကိုေျပာပါ”
” ဒါေၾကာင့္ က်ဳပ္တို႔လမ္းခရီးတစ္ေလ်ာက္ အသင့္ကူညီေပးတဲ့သူေတြရွိေနတာကိုး… ဒီတာဝန္ၿပီးဆုံးတဲ့အခါ နယ္ပိုင္အခ်ဳပ္ပုဂၢိဳလ္ကိုေတြ႕ၿပီး ေက်းဇူးတင္ေၾကာင္းေျပာပါဦးမယ္၊ ခုေလာေလာဆယ္ ​သားသည္မိခင္ဝိဉာဥ္တစ္ေယာက္ အကူညီေတာင္းထားတဲ့ကိစၥေလး သင့္ကိုေမးပါရေစ… ဒီ႐ြာထဲမွာ ေအာက္လမ္းအတတ္ပညာတတ္တဲ့သူေတြမ်ားရွိပါသလား”

” ရွိတာေပါ့ဆရာေလးတို႔ရယ္… တစ္ေယာက္ထဲတင္မကဘူး ပညာစဥ္အဆင့္လိုက္ သူ႔အလႊာနဲ႔သူရွိၾကတယ္။ ဆရာေလးတို႔က ဘယ္သူ႔ကိုရွာခ်င္တာလဲ”

” က်ဳပ္တို႔ရွာခ်င္တဲ့သူက အမိဝမ္းထဲကမထြက္ရေသးတဲ့သေႏၶသားေလာင္းကို ပညာနဲ႔စီရင္အသုံးျပဳေနတဲ့သူပဲ.. သူက ဒီ႐ြာနယ္နိမိတ္မွာ ရွိတယ္ဆိုတာေတာ့ အတိအက်သိထားတယ္”

” ဆရာတို႔ေျပာပုံအရ ဒီပုဂၢိဳလ္က ေအာက္ေျခအဆင့္ပညာသည္ေတာ့မျဖစ္ႏိုင္ဘူး.. ႐ြာမွာ တန္ခိုးအာဏာအတန္သင့္ရွိတဲ့သူေတြထဲက ဘယ္သူမ်ားျဖစ္မလဲ”

သက္ေတာ္ရွည္႐ြာေစာင့္နတ္က အတန္ၾကာစဥ္းစားလိုက္ၿပီးမွ
” ဆရာစိန္ထြားမဟုတ္ရင္ ဆရာဘ​ေစာပဲျဖစ္လိမ့္မယ္၊ သူတို႔ႏွစ္ေယာက္က ဒီအနီးတစ္ဝိုက္မွာ အေတာ္ေလးနာမည္ႀကီးသလို ေလာကီအစီအရင္ေတြမွာလဲ ထိေရာက္ၾကတယ္”

” ဒါဆိုသူတို႔ႏွစ္ေယာက္ေနတဲ့ အိမ္ကို လမ္းၫႊန္ေပးလို႔ရမလား… ”

” က်ဳပ္ကိုယ္တိုင္သြားရင္ သူတို႔ရိပ္မိမွာမို႔ က်ဳပ္လက္ေအာက္မွာရွိတဲ့ တပည့္တစ္ေယာက္ကို လိုက္ပို႔ခိုင္းလိုက္ပါ့မယ္”

႐ြာ​ေစာင့္နတ္လဲ စကားဆုံးတာနဲ႔ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ရာ ေျခေထာက္နားက ေျမစာေတြမို႔တက္လာၿပီးအထဲကေန နား႐ြက္ကားကား သြားေခါေခါနဲ႔ လူပုတစ္ေယာက္ထြက္လာခဲ့တယ္။

” သူ႔နာမည္က ငစိန္ပုလို႔ေခၚတယ္… ဒီ႐ြာမွာ သူမသိတဲ့ေနရာရယ္လို႔မရွိေလာက္ေအာင္ ႏွံ႔ႏွံ႔စပ္စပ္ႏိုင္တယ္ဆရာ.. စိန္ပု ဒီကဆရာေတြက ဦးစိန္ထြားနဲ႔ ဦးဘေစာတို႔ေနတဲ့ အိမ္ကိုသြားခ်င္လို႔ လိုက္ပို႔ေပးလိုက္ဥိီး၊ လမ္းမွာအမွားတစ္စုံတစ္ရာျဖစ္လို႔ကေတာ့ မင္းကို႐ြာျပင္ကဆူးေတာထဲပို႔ပစ္မယ္.. ၾကားလား”

႐ြာေစာင့္နတ္ရဲ႕စကားကို စိန္ပုဆိုတဲ့မွင္စာေလးက ေၾကာက္႐ြံ႕႐ိုေသဟန္နဲ႔ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပၿပီး ေရွ႕ကေန ထြက္သြားခဲ့တယ္။

ေအာငျမတ္သာတို႔လဲ ငစိန္ပုေခၚတဲ့ေနာက္ကို လိုက္သြားရာ လူႀကီးေပါင္လုံးေလာက္ရွိတဲ့သစ္လုံးေတြကို ၿခံစည္း႐ိုးပုံစံလုပ္ထားတဲ့အိမ္တစ္လုံးေရွ႕ေရာက္လာခဲ့တယ္။
” ဒါက ဆရာႀကီးဘေစာေနတဲ့အိမ္ပဲဲဲ…. သူက က်ဳပ္လိုက္လာတာသိရင္ ခ်ည္မန္းကြင္းနဲ႔စြပ္ၿပီး အျပစ္ေပးမွာ.. ဒါေၾကာင့္ က်ဳပ္ခပ္လွမ္းလွမ္းကေန ေစာင့္ေနေပးမယ္”

ငစိန္ပုက အေတာ္ကိုေၾကာက္႐ြံ႕ေနတဲ့ဟန္နဲ႔ ခပ္လွမ္းလွမ္းကိုထြက္သြားၿပီး သစ္ပင္အကြယ္ကေန ေခ်ာင္းၾကည့္ေနခဲ့တယ္။

” ဆရာ … ဦးဘေစာဆိုတဲ့သူကိုဘယ္လိုျမင္လဲ.. ကြၽန္ေတာ္ၾကည့္တာေတာ့ သူအိမ္က သာမန္အိမ္ေတြအတိုင္းျဖစ္ေနပါလား”

” သာမန္အိမ္ဟုတ္မဟုတ္ သိရေအာင္ တန္ျပန္အင္းတစ္ခ်ပ္ သူ႔အိမ္ပရဝဏ္အတြင္း ပစ္ထည့္ၾကည့္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းက အသင့္ပါလာတဲ့ တန္ျပန္အင္းတစ္ခ်ပ္ကို ယူကာ ၿခံစည္း႐ိုးအနားသြားၿပီး ပစ္ထည့္လိုက္ရာ အင္းခ်ပ္က ၿခံထဲကေျမႀကီးကိုမထိခင္မွာပဲ လူတစ္ရပ္ေလာက္ျမင့္တဲ့ မီးေတာက္တစ္ခုထြက္ေပၚလာၿပီး အင္းခ်ပ္က ၿခံျပင္ကိုျပန္လြင့္ထြက္လာခဲ့တယ္။

” ဟင္ … ဘယ္လိုျဖစ္တာလဲ… ”

” သူလဲ အိမ္နဲ႔ၿခံကို လုံေလာက္တဲ့အကာအကြယ္လုပ္ထားတယ္ဆိုတာ ျမင္ၿပီမဟုတ္လား။ ဒါေပမယ့္ သူၿခံထဲဲဲမွာ မေကာင္းတဲ့အေငြ႕အသက္က ထင္သေလာက္မရွိဘူးျဖစ္ေနတယ္”

” ဒါဆိုရင္ ဦးဘေစာက ေအာက္လမ္းပညာသည္မဟုတ္ဘူးလို႔ေျပာခ်င္တာလား”

” ေအာက္လမ္းတိုင္း မေကာင္းဘူးလို႔ ေျပာမရဘူးေမာင္ေကာင္းရဲ႕… အခ်ိဳ႕ပညာသည္ေတြက ေအာက္ပညာကို ယူထားေပမယ့္ သူတို႔ရဲ႕မူရင္းစိတ္သႏၲာန္က ျဖဴစင္ေနရင္ ေအာင္ပညာျဖစ္ပေစ လူေတြရဲ႕အက်ိဳးကိုသယ္ပိုးလို႔ရတယ္။ ဒီလူကလဲ သူ႔ပညာစြမ္းေတြကို မေကာင္းတဲ့ေနရာဘက္မွာ မသုံးပဲ ကိုယ့္အိုးကိုယ့္အိမ္ကိုကာကြယ္ဖို႔ေလာက္ပဲသုံးထားတာမို႔ ငါတို႔ရွာေနတဲ့သူမျဖစ္ႏိုင္ဘူးလို႔ထင္တယ္”

” ဒါဆို ေနာက္တစ္အိမ္ကိုသြားၾကည့္တာေပါ့ဆရာ… ဟင္ ဟိုမွင္စာေလး ဘယ္ေရာက္သြားပါလိမ့္”

” ဒီမွာပါဆရာ… ”

အသံၾကားလို႔ၾကည့္လိုက္ေတာ့ လူတစ္ရပ္သာသာျမင့္တဲ့ ကနစိုးပင္ေပၚမွာ ႐ြယ္တူမွင္စာတစ္ေကာင္နဲ႔ စကားထိုင္ေျပာေနတာကိုျမင္လိုက္ရတယ္။

” ငစိန္ပု ဒီကိုလာဦး…”
ေမာင္ေကာင္းေခၚသံေၾကာင့္ ငစိန္ပုက ကနစိုးပင္ေပၚကေနဆင္းလာၿပီး
” ေနာက္တစ္အိမ္သြားမလို႔လားဆရာ”

“ဟုတ္တယ္ ဒီအိမ္မွာေနတဲ့သူက ငါတို႔လိုခ်င္တဲ့သူမဟုတ္ဘူး… ”
” ဒါဆို ဆရာစိန္ထြားပဲက်န္ေတာ့တာပဲ… သူက ဦးဘေစာထက္ပိုေၾကာက္ဖို႔ေကာင္းတယ္ေနာ္၊ ခုနက မွင္စာငနီေျပာပုံအရဆိုရင္ ဆရာစိန္ထြားဆီကို လူဝင္လူထြက္လဲမ်ားတယ္တဲ့… ”
” အဲဒါဆို သူေနတဲ့အိမ္ကို လိုက္ပို႔ေပးပါဦး”
ေမာင္ေကာင္းစကားကို မွင္စာငစိန္ပုက မ်က္လုံးေလးကလယ္ကလယ္နဲ႔ အင္တင္တင္လုပ္ေနခဲ့တယ္။

” မင္းဘာမွမျဖစ္ေစရပါဘူး… သူ႔အိမ္ကိုလမ္းၫႊန္ၿပီးတာနဲ႔ မင္းကိုျပန္လႊတ္လိုက္မွာ စိတ္ခ်”

” ဒါျဖင့္လဲ ၿပီးတာပါပဲဆရာတို႔ရယ္… ဦးစိန္ထြားအိမ္ကိုသြားရင္ ဘျဖဴဆိုတဲ့ ၿခံေစာင့္ကိုသတိထားေနာ္၊ သူက ဦးစိန္ထြားတပည့္ေတြထဲမွာ အၾကမ္းဆုံးပဲ”

ငစိန္ပုက ေအာင္ျမတ္သာတို႔ကိုသတိေပးရင္း ဦးစိန္ထြားေနတဲ့အိမ္ရွိရာဘက္ကိုေခၚသြားခဲ့တယ္။ လမ္းတစ္ေလ်ာက္မွာေတာ့ အစာရွာထြက္ေနၾကတဲ့ ၿပိတၱာေတြအျပင္ ေျပးလႊားေဆာ့ကစားေနၾကတဲ့ နာနာဘာဝကေလးေတြကိုလဲျမင္ေတြ႕ခဲ့ရတယ္။

သူတို႔ကေတာ့ ေအာင္ျမတ္သာတို႔လာတာနဲ႔ ခပ္​ေဝးေဝးကိုေရွာင္ထြက္သြားၾကၿပီး သစ္ပင္ၿခံႏြယ္​ေတြ အေနာက္ကေန ပုန္းေအာင္းၿပီးၾကည့္ေနခဲ့ၾကတယ္။

႐ြာအေနာက္ဘက္ လူေနက်ဲတဲ့ေနရာကိုေရာက္ေတာ့ အတန္သင့္က်ယ္ဝန္းၿပီး ဝါးကပ္ေတြနဲ႔ကာထားတဲ့ ၿခံတစ္လုံးကိုလွမ္းျမင္လိုက္ရတယ္။
” ဆရာ ဟိုးေရွ႕မွာျမင္ရတဲ့ ၿခံက ဦးစိန္ထြားပိုင္တဲ့ၿခံပဲ… သူကၿခံထဲမွာ အေကာင္ေတြအမ်ားႀကီးေမြးထားတာေနာ္… သတိထားၾကဦး”

” ဒီေလာက္ဆို သင့္တာဝန္ေက်ပါၿပီ .. က်န္တာက်ဳပ္တို႔ဆက္လုပ္မွာမို႔ ႐ြာထိပ္ကိုျပန္လို႔ရပါၿပီ”

ေအာင္ျမတ္သာလဲ ငစိန္ပုကို ျပန္လႊတ္လိုက္ၿပီး ၿခံပရဝဏ္အနားကို ေျဖးေျဖးခ်င္းကပ္သြားခဲ့တယ္။ အနားကိုမေရာက္ခင္မွာပဲ ႏွာေခါင္းထဲကို ဆႏြင္းနံ႔ေတြ၊ အပုတ္နံ႔ေတြအျပင္ ေရေမႊးနံ႔အခ်ိဳ႕ပါဝင္လာခဲ့တယ္။

” ဒီပုဂၢိဳလ္က အစိမ္းသရဲေတြအျပင္ ေအာက္နတ္အခ်ိဳ႕ကိုပါ ခိုင္းေစထားတာပဲ၊ ငါတို႔ေတာ့ သတိႀကီးႀကီးထားရမယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းက သက္ျပင္းရွည္တစ္ခ်က္ကိုခ်လိုက္ၿပီး ပတ္ဝန္းက်င္ရဲ႕အရိပ္အေျခကို အကဲခတ္ေနလိုက္တယ္။အဲဒီအခ်ိန္ ၿခံထဲကေန ဖေယာင္းတိုင္မီးအလင္းေရာင္အခ်ိဳ႕ေပၚလာတာေၾကာင့္ ဆရာတပည့္ႏွစ္ေယာက္ သစ္ပင္အကြယ္ေနာက္ကိုဝင္လိုက္ၾကတယ္။

” ဘာမွလဲမရွိပါဘူး ဖိုးေတရယ္… ဆရာႀကီးစိတ္ထဲထင္ေနတာေနမွာ”

” မင္းမသိရင္အသာေနစမ္းပါ ဘိုသန္းရာ… ဆရာႀကီးက မေသခ်ာပဲမေျပာဘူး၊ သူတစ္ခုခုကိုခံစားမိလို႔ ငါတို႔ကိုလာရွာခိုင္းတာ”
ဖိုးေတဆိုတဲ့သူက ၿခံအျပင္ကို အတန္ၾကာတဲ့အထိလိုက္ၾကည့္ၿပီး စိတ္ခ်ရၿပီဆိုမွ ျပန္ဝင္သြားခဲ့တယ္။ မၾကာခင္ ၿခံဝင္းထဲကေန အေစာင့္ေတြကို ႏႈိးတဲ့ဂါထာ႐ြတ္သံေတြထြက္လာခဲ့တယ္။

” ဆရာ… ဒီလူက တကယ္ပါးနပ္တာပဲ.. ”
” တကယ္စြမ္းတဲ့ ပညာသည္ေတြက ငါတို႔ကိုယ္ကထြက္တဲ့ ပညာလႈိင္းေတြကို ခံစားမိတယ္၊ အခုလဲ သူ႔ၿခံဝင္းထဲရွိတဲ့ အေစာင့္ေတြကို ႏႈိးလိုက္တာျမင္တယ္မဟုတ္လား”
” ဒါျဖင့္ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ… အဲဒီ သေႏၶသားဝိဉာဥ္က သူ႔မွာရွိမရွိဆိုတာလဲ အတည္ျပဳရဦးမယ္မဟုတ္လားဆရာ”
” ဒီ႐ြာမွာရွိမယ္ဆိုတာေသခ်ာလို႔ သက္ဆိုင္ရာပုဂၢိဳလ္ေတြက လိုက္ပါကူညီခဲ့တာကိုေရာသတိထားမိလား၊ အခုငါတို႔လုပ္ရမွာက ၿခံထဲကိုေဖာက္ဝင္ၿပီး သေႏၶသားဝိဉာဥ္ကိုေခၚထုတ္သြားဖို႔ပဲ၊ အခ်ိန္မရွိဘူး ၿခံဝင္းတစ္ဝိုက္ကို စည္းခ်ဖို႔ျပင္ေပေတာ့”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းလဲ စည္းခ်ရာမွာ႐ြတ္တဲ့ ဂါထာတစ္ပုဒ္ကို ဌာန္က႐ိုင္းက်က်႐ြတ္ဖတ္ၿပီး ညာဘက္လက္ညိဳးနဲ႔ လိုရာအပိုင္းအျခားကို ေရးဆြဲလိုက္တယ္။

စည္းခ်ၿပီးတာနဲ႔ ေအာင္ျမတ္သာက ၿခံစည္း႐ိုးတည့္တည့္ကိုဝင္သြားၿပီး တြန္းဖြင့္လိုက္ရာ
” က်ဳပ္တို႔ရဲ႕ ၿခံနန္းကေန ႀကိဳဆိုပါတယ္ဗ်ာ” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

ေအာင္ျမတ္သာတို႔လဲ အသံၾကားရာကိုၾကည့္လိုက္ရာ ေလးဘက္ေလးတန္ထြန္းထားတဲ့ဝါဆိုဖေယာင္းတိုင္အလယ္မွာ တင္ပလႅင္ေခြထိုင္ေနတဲ့ လူတစ္ေယာက္။ သူ႔အေရွ႕မွာေတာ့ အနီေရာင္သကၠလပ္ေကာ္ေဇာကိုခင္းထားၿပီး ပုံစံမ်ိဳးစံအ႐ုပ္ေတြကို စီတန္းခ်ထားခဲ့တယ္။

” ဆရာ… ဆရာစိန္ထြားဆိုတာ ဒီလူမ်ားလား… သူပုံစံၾကည့္ရတာ အသက္လဲမႀကီးေသးဘူးေနာ္”

ေမာင္ေကာင္းက သူ႔အေရွ႕မွာထိုင္ေနတဲ့လူကိုၾကည့္ၿပီးေမးလိုက္ရာ ေအာင္ျမတ္သာက ဖေယာင္တိုင္ေတြအလယ္မွာထိုင္ေနတဲ့လူကိုစိုက္ၾကည့္ၿပီး
” မင္းရဲ႕ဆရာ ဘယ္မွာလဲ… ငါတို႔ကိုရင္မဆိုင္ခ်င္လို႔ ေရွာင္တိမ္းေနတာမ်ားလား”

” ဟားဟား ခင္ဗ်ားတို႔က အေတာ္ အေျပာႀကီးတာပဲ၊ ဆရာကိုေတြ႕ခ်င္ရင္ ဖိုးေတဆိုတဲ့က်ဳပ္ကို ႏိုင္ေအာင္အရင္တိုက္စမ္းပါ”

” လက္စသတ္ေတာ့ ဒင္းက သူ႔တပည့္ကိုလႊတ္ၿပီး ေရွာင္ေနတာကိုး… ဒီေကာင္ေလာက္ကေတာ့ ကြၽန္​ေတာ္လုပ္လိုက္မယ္ဆရာ”
ေမာင္ေကာင္းက ခပ္တည္တည္နဲ႔ခြင့္ေတာင္းၿပီး အေရွ႕ကိုတိုးသြားခဲ့တယ္။ ေအာင္ျမတ္သာကေတာ့ အေနာက္ကိုတစ္လွမ္းဆုတ္ၿပီး အေျခအေနကို ေစာင့္ၾကည့္ေနခဲ့တယ္။

” ဟိုလူ… ခင္ဗ်ားေမြးထားတဲ့ေကာင္ေတြထဲက အဆိုးဆုံးနဲ႔အၾကမ္းဆုံးေကာင္ေတြပဲလႊတ္ေနာ္၊ ဂ်ိဳးက်ိဳးနား႐ြက္ပဲ့ေကာင္ေတြဆို က်ဳပ္စိတ္မဝင္စားလို႔”

ေမာင္ေကာင္းက သူ႔ဝသီအတိုင္း ေထ့ေငါ့လိုက္ရာ ဖိုးေတတစ္ေယာက္ မဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္ၿပီး အနီေရာင္အ႐ုပ္တစ္႐ုပ္ကို ဆြဲယူၿပီး ေျမႀကီးေပၚကိုေဖ်ာင္းခနဲျမည္ေအာင္႐ိုက္ခ်လိုက္တယ္။

အ႐ုပ္နဲ႔ေျမႀကီးထိတာနဲ႔တစ္ၿပိဳင္နက္ အိမ္ေခါင္မိုးေပၚကေန ဒူးဆစ္႐ိုးႏွစ္ေခ်ာင္ကိုဆြဲကိုင္ထားတဲ့ သရဲလိုလို ဘီလူးလိုလိုေကာင္တစ္ေကာင္ ခုန္ဆင္းလာခဲ့တယ္။
” ဒီညေတာ့ ၿခံထဲဝင္လာတဲ့ က်ဴးေက်ာ္သူေတြကို သတ္ျဖတ္ၿပီး သူတို႔ရဲ႕လတ္ဆတ္တဲ့ေသြးေတြကို ေသာက္သုံးလိုက္စမ္း”
ဖိုးေတက သူ႔တပည့္ျဖစ္ဟန္တူတဲ့ေကာင္ကို အမိန႔္ေပးလိုက္ရာ သခင္ခိုင္းတိုင္းဘာမဆိုလုပ္မယ့္ပုံေပါက္ေနတဲ့ ေကာင္က ေမာင္ေကာင္းဆီကို ႀကီးမားတဲ့ေျခလွမ္းေတြနဲ႔ေျပးဝင္လာခဲ့တယ္။

” ဟိတ္ ဆိုင္ရာက ေျခေထာက္ကိုဆြဲခ်ဳပ္ထားလိုက္စမ္း”

ေမာင္ေကာင္းရဲ႕ အာဏာအျပည့္ပါတဲ့အသံက ဟိန္းထြက္သြားၿပီး ေျပးဝင္လာတဲ့ေကာင္ရဲ႕ ေျခေထာက္ေတြကို ဘယ္ကေရာက္လာမွန္းမသိတဲ့ လက္ႏွစ္ဖက္က လႈပ္မရေအာင္ဆြဲခ်ဳပ္ထားလိုက္တယ္။

” မင္းတို႔သုံးတဲ့ေကာင္ေတြက သာမန္လူေတြအတြက္ ေၾကာက္စရာေကာင္းေပမယ့္ ငါတို႔အတြက္ဆိုရင္ လသားကေလးနဲ႔ အသက္ႏွစ္ဆယ္အ႐ြယ္လူငယ္တစ္ေယာက္လို အသိဉာဏ္ကြာတယ္ကြ”

ေမာင္ေကာင္းက ဖိုးေတကို မ်က္ႏွာထားတင္းတင္းနဲ႔ေျပာလိုက္ၿပီး ခ်ဳပ္ေႏွာင္ခံထားရတဲ့ေကာင္ကို လက္ျပန္႐ိုက္လိုက္ရာ ဝုန္းခနဲအေနာက္ကိုလြင့္ထြက္သြားခဲ့တယ္။

” ဒီေကာင္ကို ထပ္ၿပီးလႈပ္မရေအာင္ ေလးဘက္ေလးတန္မွာရွိတဲ့ ဓါးပိုင္ေတြက လည္ၿမိဳကိုေတ့ၿပီးေထာက္ထားၾက… ”

ေမာင္ေကာင္းရဲ႕အမိန႔္စကားသံအဆုံးမွာ ဒူးဆစ္႐ိုးကိုင္ထားတဲ့ေကာင္ရဲ႕ခႏၶာကိုယ္က လုံးကိုမလႈပ္ရွားေတာ့ပဲ ေက်ာက္႐ုပ္လိုၿငိမ္သက္သြားခဲ့တယ္။

ဖိုးေတကေတာ့ ေမာင္ေကာင္းရဲ႕ အမိန႔္အာဏာစက္ကိုျမင္ၿပီး အနည္းငယ္ရွိန္သြားေပမယ့္ လက္မေလ်ာ့ေသးပဲ ၿခံထဲကအေစာင့္ေတြကိုေခၚၿပီး တိုက္ခိုင္းဖို႔ ႏႈတ္ကေန အမိန႔္ေပးပါေလေရာ။

” ဒီေကာင္ေတာ့ ခုထိလက္မေလ်ာ့ေသးပါလား… ကိုင္း ဒီေလာက္ေတာင္ျဖစ္လွ… ၿခံဝင္းထဲမွာ မွီခိုေနထိုင္ၾကတဲ့ နာနာဘာဝေကာင္ေတြအားလုံး မည္သည့္အမိန႔္စကားသံမွမၾကားရေအာင္ နားစည္ေတြအကုန္ပိတ္ေစ… ဆိုင္ရာပုဂၢိဳလ္ေတြက က်ဳပ္ကိုကူညီေပးပါ”

လက္ညိဳးထိုးၿပီး အမိန႔္ျပန္လိုက္ရာ ဖိုးေတတစ္ေယာက္ ဂါထာဘယ္ေလာက္႐ြတ္႐ြတ္ သူ႔အမိန႔္ကိုဘယ္သူမွမနာခံေတာ့ပဲ ၿခံတစ္ခုလုံးတိတ္ဆိတ္ေနတာကိုျမင္လိုက္ရတယ္။

” ဟိုငရဲေကာင္ မင္းအစြမ္းေတြကုန္ပီလား … ကုန္ရင္ေတာ့ငါ့အလွည့္ပဲ”
ေမာင္ေကာင္းက ဒီတစ္ခါေတာ့ အာဏာစက္ကိုမသုံးေတာ့ပဲ အနားမွာေထာင္ထားတဲ့ ေပါက္တူးကိုဆြဲယူကာ ဖိုးေတဆီကိုအားကိုလႊဲ႐ိုက္လိုက္တယ္။

” ဝုန္း…. ”
“အား”
သတိရွိတဲ့ဖိုးေတက သူ႔ဆီဝင္လာတဲ့ ေပါက္တူး႐ိုးကို ခုန္​ေရွာင္လိုက္ေပမယ့္ ပဲ့ထြက္လာတဲ့ သစ္သားစက ဘယ္ဘက္ေပါင္ထဲကိုစိုက္ဝင္သြားခဲ့တယ္။

ေမာင္ေကာင္းလဲ ဟန္ခ်က္ပ်က္သြားတဲ့ ဖိုးေတရဲ႕ ညိဳသက်ဥ္းကို ထပ္႐ိုက္ဖို႔ဟန္ျပင္လိုက္ခ်ိန္ ေအာင္ျမတ္သာကအေနာက္ကေနလွမ္းဆြဲလိုက္ၿပီး
” သူ႔ကိုလႊတ္ေပးလိုက္”လို႔ေျပာတာကိုၾကားလိုက္ရတယ္။

အေျခအေနမေကာင္းတာကိုသိတဲ့ဖိုးေတက ဘာမွပင္မယူႏိုင္ပဲ ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနတဲ့ ေျခေထာက္ကိုအားယူကာ အိမ္အေနာက္ဘက္ အေမွာင္ထုထဲကို ေျပးဝင္သြားခဲ့တယ္။

” ဆရာ ဒီေကာင္ကို ဘာလို႔လႊတ္ေပးလိုက္တာလဲ… ”

” သြားပေစကြာ… သူသြားမယ့္ေနရာကို ငါတို႔လိုက္သြားရင္ ဦးစိန္ထြားဆိုတဲ့လူနဲ႔ေသခ်ာေပါက္ေတြ႕ရမွာပဲ”

” ဒါေပမယ့္ သူဘယ္သြားလဲဆိုတာ ကြၽန္ေတာ္တို႔မွမသိတာ”

” သိပ္လဲစိတ္ပူမေနပါနဲ႔ … ငါတို႔တားထားတဲ့စည္းထဲကထြက္တာနဲ႔ ဘယ္ကိုသြားလဲဆိုတာလိုက္ၾကည့္ဖို႔ အင္းေစာင့္ေတြကိုေျပာထားပီးသားပါ”

ေမာင္ေကာင္းလဲ အဲဒီေတာ့မွ သက္ျပင္းခ်ႏိုင္ၿပီး ၿခံထဲမွာရွိတဲ့နာနာဘာဝေတြအားလုံးကို အမိန႔္ျပန္တမ္းနဲ႔ဖမ္းခ်ဳပ္ထားလိုက္တယ္။ ၿပီးတာနဲ႔ အိမ္ေပၚတက္ၿပီး ရွာၾကည့္ရာ ေအာက္လမ္းပညာမွာအသုံးျပဳတဲ့ ပစၥည္းေတြအျပင္ အစိမ္းေသေတြရဲ႕ေျခသည္းလက္သည္းဆံပင္ေတြကို ေန႔နာမ္နဲ႔ နာမည္အလိုက္ တစ္ခုခ်င္းစီ ခြဲထားတာကိုျမင္ေတြ႕လိုက္ရတယ္။ဒါေပမယ့္ သေႏၶသားဝိဉာဥ္စီရင္ထားတဲ့ အရာကိုေတာ့မေတြ႕ခဲ့ရဘူး။

ေအာင္ျမတ္သာတို႔လဲ အစီရင္ျပဳလုပ္ရာမွာသုံးတဲ့ပစၥည္းေတြကိုအကုန္ဆြဲခ်ကာမီးပုံရႈိ႕ေနခ်ိန္မွာေတာ့ သစ္႐ြက္ႏွစ္႐ြက္ကိုေခါင္းမွာထိုးထားၿပီး ပေလြကိုင္ထားတဲ့ပုဂၢိဳလ္တစ္ပါးေပၚလာခဲ့တယ္။

” ဘယ္လိုလဲ ႏြားေက်ာင္းသား… တည္ေနရာသိရၿပီလား”

” သိရၿပီဆရာ … ဒီေကာင္ေတြ ႐ြာအေနာက္ဘက္က ငွက္ေပ်ာေတာထဲမွာ ရွိေနတယ္”

” ေတာ္တယ္ … ခုေလာေလာဆယ္မင္းက ဒီၿခံထဲမွာရွိတဲ့ နာနာဘာဝေတြကို ေစာင့္ၾကည့္ထားလိုက္၊ ငါတို႔ျပန္လာတဲ့အခါ သူတို႔ကိုသက္ဆိုင္တဲ့ပုဂၢိဳလ္ေတြဆီကို အပ္မယ္”

ေအာင္ျမတ္သာစကားကို ႏြားေက်ာင္းသားလို႔ေခၚတဲ့ ပုဂၢိဳလ္က ေခါင္းညိမ့္ကာ သေဘာတူလိုက္ၿပီး လက္ထဲကပုေလြကိုခါးပုံစထဲထိုးကာ ၿခံေထာင့္ကိုထြက္သြားခဲ့တယ္။

ေအာင္​ျမတ္သာတို႔လဲ တည္ေနရာသိရၿပီမို႔ ၿခံအေနာက္ဘက္စည္း႐ိုးကေန ငွက္ေပ်ာေတာရွိရာဘက္ကိုထြက္လာခဲ့ၾကတယ္။

လမ္းသြားေနရင္းေမာင္ေကာင္းက
” ခုနက ႏြားေက်ာင္းသားဆိုတဲ့သူက ဘယ္သူမ်ားလဲဆရာ… ကြၽန္ေတာ္တစ္ခါမွမၾကားဖူးဘူး”

” သူက စိတ္႐ိုင္းဝင္ေနတဲ့ႏြားေခြ႕တာခံရၿပီး ေသခဲ့တဲ့လူေလ… တစ္ကိုယ္ေရတစ္ေကာင္ႂကြက္မို႔ ေသတာေတာင္ နာမည္ေခၚၿပီးဆြမ္းသြပ္မခံခဲ့ရဘူး၊ ဒီလိုဘဝနဲ႔ ေသတဲ့ေနရာမွာ ႏြားေက်ာင္းလို႔မရေအာင္ အမ်ိဳးမ်ိဳးေျခာက္လွန႔္ေနတာေၾကာင့္ လိမ္မာေအာင္ဆုံးမၿပီး ဂိုဏ္းထဲဆြဲထည့္ထားတာ၊ ဂိုဏ္းေစာင့္ေတြကိုေခၚရင္ သူက ပေလြတစ္ေခ်ာင္းခါးၾကားထိုးၿပီး လိုက္လာေလ့ရွိတယ္”

ေမာင္ေကာင္းလဲ ႏြားေက်ာင္းသားဆိုတဲ့ပုဂၢိဳလ္အေၾကာင္းသိလိုက္ရၿပီမို႔ ထပ္မေမးေတာ့ပဲ ဦးစိန္ထြားတို႔ပုန္းေအာင္းေနတဲ့ငွက္ေပ်ာေတာဆီကို ခပ္သုတ္သုတ္ထြက္လာခဲ့လိုက္တယ္။

” အား ကြၽတ္ ကြၽတ္”
ဖိုးေတက ေပါင္မွာစိုက္ေနတဲ့ သစ္သားစကိုဆြဲထုတ္လိုက္ၿပီး တဲနံရံကိုမွီထားလိုက္တယ္။ သူ႔အေရွ႕မွာေတာ့ ဆရာျဖစ္သူက အ႐ိုးေခါင္းတစ္လုံးေပၚမွာ အင္းစမေတြဆြဲၿပီး ဂါထာမႏၲာန္ေတြကို မရပ္မနား႐ြတ္ဖတ္ေနခဲ့တယ္။

အတန္ၾကာ႐ြတ္ဖိတ္ၿပီးခ်ိန္မွာေတာ့ အ႐ိုးေခါင္းေပၚမွာထြန္းထားတဲ့မီးေတာက္က တဲေခါင္မိုးထိပ္ထိ ဟုန္းခနဲထေတာက္ၿပီး အျပာေရာင္မီးေတာက္ေတြ လြင့္တက္လာခဲ့တယ္။

” ေအာင္ၿပီကြ… ႏွစ္တစ္ရာအစိမ္းေသအစီအရင္ ေအာင္ၿပီကြ… ငါ့တပည့္ မင္းဒီနားကိုလာစမ္း”

” ဟုတ္ကဲ့ဆရာ”
” မင္းဒဏ္ရာကဒါလားကြ”
ဦးစိန္ထြားက ေသြးေတြထြက္ေနတဲ့ဒဏ္ရာကို အ႐ိုးေခါင္းေပၚမွာတင္ထားတဲ့အင္းျပားနဲ႔ဖိကပ္လိုက္ၿပီး လက္နဲ႔႐ိုက္ခ်လိုက္ရာ ဖိုးေတ မ်က္လုံးေတြမီးပြင့္ထြက္မတတ္နာသြားၿပီး အသံနက္ႀကီးနဲ႔ေအာ္မိသြားခဲ့တယ္။

” ေဟ့ေကာင္ မင္းဒဏ္ရာရွိေသးလားလို႔ ျပန္ၾကည့္စမ္း”

ဖိုးေတလဲ လက္နဲ႔အုပ္ထားတဲ့ေပါင္က ဒဏ္ရာကိုၾကည့္လိုက္ရာ ေသြးေတြေပေနတာပဲျမင္ရၿပီး ဒဏ္ရာကအနာ႐ြတ္ေတာင္မက်န္ေအာင္ေပ်ာက္သြားတာကိုထူးဆန္းစြာျမင္လိုက္ရတယ္။

” ဆရာ ဟို ႏွစ္ေယာက္ ဒီကို မလိုက္လာေလာက္ဘူးမဟုတ္လား”

” လိုက္လာလဲဘာျဖစ္လဲ ငါက သူတ္ို႔ကိုေၾကာက္လို႔ ေရွာင္ေနတယ္မ်ားထင္ေနလို႔လား… ဟားဟား”

” မဟုတ္ပါဘူးဆရာ… ကြၽန္ေတာ္အဲဒီသေဘာေျပာတာမဟုတ္ပါဘူး”

” ဒီမွာ ဖိုးေတ … ငါက အခုစီရင္ေနတဲ့ကိစၥမၿပီးျပတ္ေသးလို႔သာ ေရွာင္ထြက္လာတာ ၊ ဒင္းတို႔လဲစြမ္းသလို ငါလဲေခသူမဟုတ္ဘူးကြ… ေသမွာမေၾကာက္တဲ့ေကာင္ေတြ လာၾကစမ္းပါေစကြာ”

ဦးစိန္ထြားက သူ႔လက္ထဲက အင္းခ်ပ္ကို အ႐ိုးေခါင္းနဲ႔ဖိလိုက္ၿပီး လက္သီးဆုပ္အ႐ြယ္ရွိတဲ့ အ႐ိုးေခါင္းေလးကိုလွမ္းကိုင္လိုက္တဲ့အခ်ိန္

” မဖိတ္ေခၚပဲေရာက္လာလို႔ ေတာင္းပန္ပါတယ္ဗ်ာ” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

” ဆရာ ဒါ ဟိုလူႏွစ္ေယာက္အသံ”

ဖိုးေတစကားေၾကာင့္ ဦးစိန္ထြားက စီရင္ထားတဲ့အင္းခ်ပ္ကို ဆြဲယူၿပီးတဲျပင္ကိုထြက္လာခဲ့လိုက္တယ္။

” မိတ္ေဆြတို႔က ဘာအေရးေၾကာင့္ က်ဳပ္ဆီေရာက္လာၾကတာလဲ”

” ခင္ဗ်ားက ဦးစိန္ထြားဆိုတဲ့သူလား”

” ဟုတ္ပါတယ္ဗ်ာ.. က်ဳပ္နာမည္စိန္ထြားပါ… ဘာျဖစ္လို႔လဲ”

” ခင္ဗ်ားဆီမွာ ေျမမနင္းထားတဲ့သေႏၶသားအစီအရင္တစ္ခုရွိတယ္မဟုတ္လား၊ ရွိတယ္ဆိုရင္ က်ဳပ္တို႔ကိုျပန္ေပးဖို႔ေတာင္းဆိုပါတယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ဦးစိန္ထြား မ်က္ေမွာင္က်ဳတ္လိုက္ၿပီး
” ဒီအစီအရင္က ခင္ဗ်ားတို႔နဲ႔ဘယ္လိုပတ္သတ္ေနရတာလဲ”

” ဒီကေလးမိခင္က က်ဳပ္တို႔ကိုအကူညီေတာင္းထားလို႔ သူ႔ကေလးရဲ႕ ဝိဉာဥ္ကိုျပန္လာေခၚတာပါ၊ ခင္ဗ်ားနဲ႔က်ဳပ္တို႔နဲ႔ကလမ္းစဥ္ျခင္းမတူေပမယ့္ ရန္သူလဲမဟုတ္ၾကဘူးမလား”

” ဟားဟား စကားေျပာေတာ္ေတာ္ေကာင္းတဲ့သူေတြပဲ၊ ဒါေပမယ့္ က်ဳပ္ဆီေရာက္လာၿပီဆိုေတာ့လဲ ဒီတိုင္းေတာ့ ေပးလိုက္လို႔ဘယ္ျဖစ္မလဲဗ်။ ဖိုးေတ ဟိုကေလးအ႐ိုးေခါင္းသြားယူလာစမ္း”

” ဒီမွာ ရပါၿပီဆရာ”

ဦးစိန္ထြားက လက္သီးဆုပ္ေလာက္ရွိတဲ့အ႐ိုးေခါင္းကိုလက္ထဲမွာကိုင္ၿပီး
” ဒါက သူနဲ႔ပတ္သတ္ၿပီး ထိန္းခ်ဳပ္ထားတဲ့အရာပဲ… မင္းတို႔လိုခ်င္ရင္ ငါနဲ႔ပညာခ်င္းၿပိဳင္ရမယ္၊ ငါရႈံးရင္ေတာ့ မင္းတို႔လိုခ်င္တဲ့အရာကိုေပးမယ္၊ ရႈံးရင္ေတာ့ မင္းတို႔ ဦးေခါင္းခြံက ငါ့အတြက္ အလုပ္လုပ္ေပးမယ့္ အရာျဖစ္သြားမွာေနာ္” လို႔ေျပာေတာ့ ေအာင္ျမတ္သာက

” သေဘာတူတယ္ေလ… ဒါျဖင့္ ခင္ဗ်ားဘက္ကပဲ အရင္စတိုက္ပါ”

ေအာင္ျမတ္သာက ေမာင္ေကာင္းကိုအေနာက္ဆုတ္ဖို႔ေျပာကာ ရင္ကိုေကာ့ၿပီးရပ္ေနခဲ့လိုက္တယ္။ ဦးစိန္ထြားလဲ လတ္တေလာစီရင္ထားတဲ့အင္းခ်ပ္ကို တံေတြးနဲ႔ေထြးၿပီး
” ငါဆရာအမိန္႔ ငါဆရာအာဏာစက္အကုန္လုံး သင့္ဆီေရာက္ေစ” လို႔ေျပာကာ ဖေနာင့္နဲ႔ေပါက္ခ်လိုက္တယ္။

အင္းခ်ပ္က ဖေနာင့္နဲ႔ထိတာနဲ႔ အျပာေရာင္ မီးေတာက္ေတြ ဝုန္းခနဲထေတာက္ၿပီး အထဲကေန ႐ုပ္ဆိုးအက်ဥ္းတန္တဲ့သရဲတစ္ေကာင္ခုန္ထြက္လာခဲ့တယ္။ သူ႔ေက်ာကုန္းမွာေတာ့ ပင့္ကူေတြလိုလက္ လက္ေျခာက္ေခ်ာင္းပါၿပီး မ်က္ႏွာတစ္ျခမ္းမွာေတာ့ လက္ညိဳးလုံးေလာက္ရွိတဲ့ ေလာက္ေကာင္ေတြ တစ္ဖြားဖြားတက္ေနခဲ့တယ္။

” ငါ့တပည့္႐ုပ္သြင္က အေတာ္ခန႔္ညားတာပဲ… ”

ဦးထိန္ထြားက သူေမြးထားတဲ့ေကာင္ကို သေဘာက်စြာနဲ႔ခ်ီးက်ဴးလိုက္ၿပီး ေအာင္ျမတ္သာကိုတိုက္ခိုက္ဖို႔ အမိန႔္ေပးလိုက္တယ္။

မ်က္ႏွာတစ္ျခမ္းပဲပါၿပီး ေလာက္ေတြတစ္ဖြားဖြားတက္ေနတဲ့ နာနာဘာဝေကာင္အနားကိုေရာက္လာတဲ့အခ်ိန္မွာေတာ့ မ်က္စိစူးမတတ္လင္းထိန္တဲ့ေ႐ႊေရာင္အလင္းတန္းေတြက ေအာင္ျမတ္သာရဲ႕ေက်ာျပင္အေနာက္ကေန ထြက္ေပၚလာခဲ့တယ္။ တစ္ဆက္ထဲမွာပဲ အလင္းေရာင္ထဲကေန မင္းညီမင္းသားေတြလိုဝတ္ဆင္ထားတဲ့ လူတစ္ေယာက္ခုန္ ေရွ႕ကိုခုန္ထြက္လာခဲ့တယ္။

တစ္ကိုယ္လုံး ေ႐ႊအတိၿပီးတဲ့ခ်ပ္ဝတ္တန္ဆာကိုဝတ္ဆင္ထားၿပီး လက္ႏွစ္ဖက္မွာ စမအကၡရာေတြပါတဲ့ဓါးႏွစ္လက္ကိုင္ထားသူက ေျမႀကီးေပၚမွာ ဓါးဦးနဲ႔စည္းတားလိုက္ၿပီး မလႈပ္မယွက္ရပ္ၾကည့္ေနခဲ့တယ္။

ေျပးဝင္လာတဲ့နာနာဘာဝေကာင္ကလဲ ေအာင္ျမတ္သာေရွ႕မွာ ပိတ္ထားတဲ့ပုဂၢိဳလ္ကိုျမင္ေတာ့ အသံနက္ႀကီးနဲ႔ေအာ္လိုက္ၿပီး လက္တံေတြကိုဆန႔္ထုတ္ကာ ဦးဆုံးတိုက္ခိုက္ခဲ့တယ္။
ခြၽန္ထက္ေနတဲ့ လက္သည္းရွည္ေတြက ေ႐ႊေရာင္ခ်ပ္ဝတ္ကိုဝတ္ဆင္ထားတဲ့သူရဲ႕ကိုယ္ထဲကို နစ္ဝင္သြားေပမယ့္ ရပ္ေနတဲ့သူက ဘာမွမျဖစ္ပဲ ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔သာ စိုက္ၾကည့္ေနခဲ့တယ္။ ထူးဆန္းတာက နာနာဘာဝေကာင္ရဲ႕ လက္သည္းေတြျပန္ထုတ္မရေတာ့ပဲ အဂၤေတထဲနစ္ဝင္သလို တစ္စတစ္စနစ္ျမဳပ္လာခဲ့တယ္။

ဦးစိန္ထြားလဲ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ အံ့ဩသြားၿပီး ေအာင္ျမတ္သာကို အထူးအဆန္းမ်က္လုံးေတြနဲ႔ၾကည့္ေနခဲ့တယ္။

” ဘယ္လိုလဲ ဦးစိန္ထြား… ခုထိက်ဳပ္မတိုက္ေသးဘူးေနာ္… အရႈံးေပးၿပီလား”

” ေတာက္”

ဦးစိန္ထြားက ေတာက္တစ္ခ်က္ခတ္လိုက္ၿပီး အံကိုႀကိတ္ကာ ဖေနာင့္ကိုေျမႀကီးနဲ႔ခပ္ၾကမ္းၾကမ္းေပါက္ခ်လိုက္ခ်ိန္မွာေတာ့ မ်က္ႏွာေပၚတက္ေနတဲ့ ေလာက္ေကာင္ေတြေျမႀကီးေပၚတစ္ျဖဳတ္ျဖဳတ္က်လာ​ၿပီး အထဲကေန ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ သရဲေပါက္စေလးေတြ အုံလိုက္က်င္းလိုက္ ထြက္လာခဲ့တယ္။

ပု႐ြတ္ဆိတ္ေတြလို မ်ားျပားတဲ့ သရဲေပါက္စေတြက ေအာင္ျမတ္သာေရွ႕မွာရပ္ေနတဲ့ ပုဂၢိဳလ္ရဲ႕ခႏၶာကိုယ္ကို အငမ္းမရကိုက္ဖဲ့စားေသာက္ဖို႔ႀကိဳးစားေပမယ့္ ဝတ္ဆင္ထားတဲ့ခ်ပ္ဝတ္ကို ျမဴတစ္မႈန္စာပဲ့ေအာင္ေတာင္ပင္မစြမ္းေဆာင္ႏိုင္ခဲ့ဘူး။

” ကဲ … သင့္အလွည့္ပီးပီဆိုေတာ့ က်ဳပ္အလွည့္ေရာက္ၿပီ”

ေအာင္ျမတ္သာ ခပ္ၿပဳံးၿပဳံးေျပာလိုက္ၿပီး မ်က္စိကိုမွိတ္ကာ ေခါင္းကိုညိမ့္ျပလိုက္႐ုံနဲ႔ ေက်ာက္႐ုပ္တစ္႐ုပ္လိုၿငိမ္သက္ေနတဲ့ ပုဂၢိဳလ္ရဲ႕လက္ေတြ လွ်ပ္တစ္ျပက္လႈပ္ရွားလာခဲ့တယ္။

” ႐ႊပ္… ဇြပ္… ႐ႊပ္”

ေလအလ်င္လို ျမန္တဲ့ဓါးခ်က္ေတြေၾကာင့္ ကိုယ္ေပၚမွာအုံခဲေနတဲ့ သရဲေပါက္စေတြအကုန္လုံး ေခါင္းတစ္ျခားကိုယ္တစ္ျခားျဖစ္ကာ လြင့္ထြက္ကုန္ၾကတယ္။ ၿပီးတာနဲ႔ ခႏၶာကိုယ္ထဲစိုက္ဝင္ေနတဲ့ လက္ေခ်ာင္းေတြကို ဓါးဦးနဲ႔ျဖတ္ထုတ္ၿပီး ေလာက္ေတြတက္ေနတဲ့မ်က္ႏွာကို ဓါးေႏွာင့္နဲ႔ ႐ိုက္ခ်လိုက္ရာ ” ဖုန္း” ဆိုတဲ့အသံနဲ႔အတူ အေနာက္ကို ငါးေပေလာက္လြင့္ထြက္သြားခဲ့တယ္။

အေျခအေနကေျပာင္းျပန္ျဖစ္သြားတာမို႔ ဦးစိန္ထြားတစ္ေယာက္ ရယ္က်ဲက်ဲမ်က္ႏွာနဲ႔ ေရွ႕တိုးလာၿပီး
” ဆရာတို႔ပညာေတြက တကယ္အံ့မခန္းပါပဲဗ်ာ… က်ဳပ္ရႈံးတာကိုလက္ခံတယ္” လို႔ေျပာၿပီး ဒူးေထာက္ထိုင္ခ်လိုက္တယ္။

” ဒါျဖင့္ သင့္ကတိအတိုင္း ေျမမနင္းသေႏၶသားဝိဉာဥ္ကိုက်ဳပ္ဆီျပန္ေပးပါ”

” ေပးမွာပါ ဆရာ… ဒါေပမယ့္ အဲဒီကေလးဝိဉာဥ္ကို က်ဳပ္တစ္ျခားသူေတြအသုံးျပဳဖို႔ေပးထားတာေၾကာင့္ ခဏေစာင့္ေပးလို႔ရမလား”

” က်ဳပ္တို႔ ဆယ္မိနစ္အခ်ိန္ေပးမယ္… သင္စီရင္ထားတာကို သင္ကိုယ္တိုင္ျပန္ေခၚပါ”

” ဒါျဖင့္ ဆရာတို႔ခဏေစာင့္ပါ … က်ဳပ္ျပန္ေခၚေပးပါမယ္”

ဦးစိန္ထြားလဲ ေအာင္ျမတ္သာစကားဆုံးတာနဲ႔ တဲထဲကိုျပန္ဝင္သြားခဲ့တယ္။ ခဏၾကာေတာ့ သေႏၶသားအေလာင္းတစ္ခုလုံးကိုအေျခာက္ခံၿပီးထည့္ထားတဲ့ ေသတၱာတစ္လုံးယူထုတ္လာၿပီး
” သူ႔ဝိဉာဥ္ကိုျပန္ေခၚၿပီးပါၿပီ … မၾကာခင္ ကေလးငိုသံၾကားရပါလိမ့္မယ္” လို႔ေျပာကာ ေသတၱာကိုကမ္းေပးလိုက္တယ္။

” ခင္ဗ်ားအေနနဲ႔ ဒီပညာရပ္ေတြကို စြန႔္လႊတ္ဖို႔ေရာ အစီအစဥ္မရွိဘူးလား”

” ဟားဟား ဆရာတို႔ကေတာ့ ေနာက္ပီဗ်ာ… က်ဳပ္က ဒီပညာနဲ႔အသက္ေမြးဝမ္းေၾကာင္းလုပ္ေနတာေလ၊ ဒါကိုေတာ့မစြန႔္လႊတ္ခိုင္းပါနဲ႔ဗ်ာ၊ ဆရာတို႔နဲ႔ ထပ္ၿပီးထိပ္တိုက္မေတြ႕ေအာင္ေရွာင္ပါ့မယ္”

” သင္တို႔အလုပ္က ငရဲကိုမေၾကာက္လို႔လုပ္တာမလို႔ က်ဳပ္အေနနဲ႔အေထြထူးေျပာစရာမရွိပါဘူး၊ က်ဳပ္တို႔ကိုခြင့္ျပဳပါဦး”

ေအာင္ျမတ္သာတို႔လဲ ဦးစိန္ထြားကမ္းေပးတဲ့ေသတၱာကို ယူၿပီးျပန္ထြက္လာတဲ့လမ္းမွာေတာ့ ေမြးကင္းစကေလးငိုသံသဲ့သဲ့ကိုၾကားလိုက္ရတယ္။
မၾကာခင္ ဦးစိန္ထြားေနတဲ့အိမ္ကိုျပန္ေရာက္လာၿပီး ခ်ဳပ္ေႏွာင္ထားတဲ့ နာနာဘာဝေတြကို ဆိုင္ရာပိုင္ရာေတြလက္ထဲအပ္ႏွံကာ ႐ြာျပင္ကိုျပန္ထြက္လာခဲ့လိုက္တယ္။

႐ြာျပင္ကိုေရာက္ေတာ့ ကညင္တိုင္မီးတုတ္ကိုကိုင္ထားတဲ့လူႀကီးတစ္ေယာက္ကို ၿပဳံး႐ႊင္တဲ့မ်က္ႏွာထားနဲ႔ႀကိဳဆိုေနၿပီး သူ႔ေဘးနားမွာေတာ့ ခ်ည္ထည္အက်ႌခပ္ႏြမ္းႏြမ္းဝတ္ဆင္ထားတဲ့မိန္းမတစ္ေယာက္ရပ္ေနခဲ့တယ္။

ေအာင္ျမတ္သာလဲ အဲဒီမိန္းမကိုျမင္ေတာ့ လက္ထဲပါလာတဲ့ ေသတၱာကိုကမ္းေပးလိုက္တဲ့အခ်ိန္ ကေလးငိုသံက တစ္မဟုတ္ခ်င္းဆူညံသြားခဲ့တယ္။ ဒီတစ္ခါ ၾကားရတဲ့ကေလးငိုသံက ေၾကာက္လန႔္လို႔ငိုတဲ့အသံမဟုတ္ပဲ မိခင္နဲ႔ျပန္ေတြ႕တဲ့ ကေလးတစ္ေယာက္ရဲ႕ ငိုေႂကြးသံဆိုတာကို စာဖတ္သူေတြသိၾကမယ္လို႔ထင္ပါတယ္။

ေနာက္ဝတၱဳမွာေတာ့ နယ္ပိုင္အခ်ဳပ္ပုဂၢိဳလ္ရဲ႕ အကူညီေတာင္းမႈနဲ႔ သင္းကြဲၿပီးနယ္ေက်ာ္လာတဲ့ ကေဝမတစ္ေကာင္ကိုဆုံးမခဲ့ရေသးတယ္။

ဒီအေၾကာင္းရာကိုေတာ့ ေအာင္ျမတ္သာႏွင့္အူစုံစားကေဝဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)
#မူရင္းေရးသားေသာသူမ်ားႏွင့္
စာေရးဆရာ-ေဇယန(ရာမည)အားေလးစားလ်က္ေမတၱာျဖင့္မွ်ေဝသည္။🙏🙏🙏

🔰(Like & Share ေလးနဲ႔အား ေပးသြားခဲ့ၾကပါ)🔰