အစိမ်းသေမရန်ငြိုး_-_အောင်ဓူဝံ
===============
အခန်း(1)
မစိမ်းလဲ့တစ်ယောက်ကိုယ်ဝန်
ကြီးတကားကားဖြင့်ဟင်းရွက်
ဗန်းအားခေါင်းပေါ်တင်ကာရွာရိုး
ကိုးပေါက်လည်ပြီးစျေးရောင်း
နေရလေသည်။
ခင်ပွန်းသည်ကိုအောင်မြင့်က
အလုပ်လုပ်ပြီးရှာကျွေးပေမယ့်
ခင်ပွန်းသည်၏လုပ်စာဖြင့်
မလောက်ငှသဖြင့်မိမိကိုယ်တိုင်
စျေးရောင်းထွက်ခြင်းဖြစ်သည်။
အိမ်ထောင်သက်၃နှစ်ကျော်မှ
ပထမဦးဆုံးကိုယ်ဝန်ရခဲ့ခြင်း
ဖြစ်သည်။
ခင်ပွန်းသည်ကိုအောင်မြင့်က
မစိမ်းလဲ့အားအိမ်မှာနေစေချင်ပြီး
ဘာအလုပ်မှမလုပ်စေလိုပေ။
ရသည့်လုပ်အားခလေးဖြင့်
လင်မယားနှစ်ယောက်ချွေတာ
စားသောက်ကာမစိမ်းလဲ့အား
အိမ်မှာအငြိမ်းစားနေစေချင်သည်။
သို့ပေမယ့်မစိမ်းလဲ့ကအိမ်မှာနေပြီး
အငြိမ့်သားထိုင်စားနေရသည်ကို
မကြိုက်ဟုဆိုသည့်အတွက်ကြောင့်
လွှတ်ထားရခြင်းဖြစ်သည်။
“ဟင်းရွက်စုံပါတယ်နော်
ယူကြဦးမလား……”
“စိမ်းလဲ့ရေလာပါဦး”
“လာပြီမတင်ရေ ဘာယူမလဲ”
“ဟင်းရွက်စုံပါတယ်”
“ငါ့ကိုကန်စွန်းရွက်ပေး
ကြက်ဥနဲ့ကြော်စားချင်လို့”
“ဘယ်နှစီးယူမလဲမတင်”
“၄စီးပေး စိမ်းလဲ့
အိမ်မှာကကလေးတွေကအများကြီး
ဆိုတော့၄စီးလောက်မှ
လောက်မှာ…”
“၅စီးပေးလိုက်မယ် မတင်
တစ်စီးကအပိုပေးတာလောက်လောက်
ငှငှစားရအောင်လို့……”
“ကျေးဇူးပါပဲ စိမ်းလဲ့ရယ်
ရော့ဒီမှာ၂၀၀”
“ဟုတ် မတင်”
“စိမ်းလဲ့နင်ကိုယ်ဝန်ဘယ်နှလရှိပြီလဲ”
“၄လကျော်ပြီ မတင်ရဲ့”
“နားနားနေနေနေပါဦးလား
စိမ်းလဲ့ရယ်
နင့်ကြည့်လိုက်ရင်အမြဲတမ်းအလုပ်နဲ့
လက်နဲ့မပြတ်ဘူး”
“လုပ်နိုင်တုန်းလေးလုပ်ရတာ
မတင်ရေ၊အခုအချိန်ငွေစုထားကာမှ
ကလေးမွေးရင်တော်ကာကြမယ်မလား။
ပြီးတော့ကျွန်မအခုစျေးရောင်းနေတာ
မပင်ပန်းပါဘူးရှင်။
လမ်းလျှောက်ပြီးသားတောင်ရသေး”
“အေးပါဟယ်
ငါကနင့်လဲမှာစိုးလို့ပြောနေတာအေ့”
“မတင်ရဲ့စေတနာကို
ကျွန်မနားလည်ပါတယ်ရှင်။
ကဲကျွန်မသွားဦးမယ်နော်……”
“အေးအေး နေဦးငါပင့်ပေးမယ်
ဖြည်းဖြည်းထ…”
မတင်ကစျေးဗန်းအားပင့်ပြီး
ခေါင်းပေါ်တင်ပေးလိုက်သည်။
မစိမ်းလဲ့လည်းကျန်နေသေးသည့်
ဟင်းရွက်များအားဆက်ရောင်းရန်
ထွက်လာခဲ့တော့သည်။
==============
အခန်း(2)
“ကိုအောင်မြင့်ရေ ကိုအောင်မြင့်”
“ဟာငါ့မိန်းမပြန်လာပြီလား
နောက်ကျလိုက်တာကွာ။
ငါတောင်အိမ်ပြန်ရောက်တာကြာပေါ့”
“ဟုတ်တယ်တော်ရေ
ဗန်းထဲကအရွက်လေးတွေ
ကုန်အောင်လှည့်ရောင်းနေလို့
ကြာသွားတာ။
“ဒီမှာခဏထိုင်နေဦး
ငါရေသွားခပ်ပေးမယ်…”
ကိုအောင်မြင့်လည်း အိမ်ထဲဝင်ပြီး
သောက်ရေတစ်ခွက်အားခပ်လာ
ခဲ့သည်။
“ရော့ မိန်းမဖြည်းဖြည်းသောက်”
“ကျေးဇူးပါတော်”
မစိမ်းလဲ့လည်းကိုအောင်မြင့်
လက်ထဲမှသောက်ရေခွက်အား
ယူပြီးသောက်လိုက်သည်။
“အား…အခုမှပဲ အမောပြေသွားတော့တယ်”
“ဒါကြောင့်မိန်းမကိုပြောတာပေါ့
အိမ်မှာပဲနားနားနေနေနေပါလို့”
“မနေချင်ပါဘူးကိုအောင်မြင့်ရယ်
ကျွန်မလုပ်နိုင်တုန်းမလို့လုပ်တာပါ။
ကလေးမွေးပြီးရင်ကလေးတစ်ဖက်
နဲ့အလုပ်လုပ်မှာမဟုတ်ဘူး။
ဒါကြောင့်အခုကတည်းက
ပိုက်ဆံကိုကုန်းရှာနေရတာ”
“ရှာတာလည်းရှာတာပေါ့ကွာ
ကိုယ့်ကျန်းမာရေးကရှိသေးတယ်
မလား”
“ဟုတ်ပါတယ် ဒါကြောင့်
လုပ်လည်းလုပ်ကျန်းမာရေးကိုလည်း
ဂရုစိုက်ပြီးနေနေရတာ”
“ခဏနားပြီးမှရေချိုးလိုက်တော့
ငါကတော့ချိုးပြီးသွားပြီ။
မင်းရေချိုးပြီးရင်ညစာထမင်းစားဖို့
ငါအဆင်သင့်လုပ်ထားလိုက်မယ်…”
“အင်းပါ”
မစိမ်းလဲ့ရေချိုးပြီးသွားတော့
ကိုအောင်မြင့်ကထမင်းဝိုင်းမှာ
အဆင်သင့်စောင့်နေလေသည်။
“လာမိန်းမ အားလုံးအဆင်သင့်ဖြစ်ပြီစားကြရအောင်
“ဟင်းတွေကမနက်ကတည်းက
ကျွန်မချက်ထားခဲ့တာရှင်ပြန်ပြီး
နွှေးထားတာလား…”
“ဟုတ်တယ်လေ မင်းပြန်လာရင်
အဆင်သင့်စားရအောင်လို့လေ”
“ရှင်ကတခြားယောက်ျားတွေနဲ့
မတူဘူးကိုအောင်မြင့်၊အဲ့ဒါကြောင့်
ကျွန်မကရှင့်ကိုလေးစားပြီး
ချစ်နေရတာပါရှင်……”
“ဘာကိုပြောချင်တာလဲမိန်းမ”
“ဟုတ်တယ်လေ
အခုပဲကြည့်ကျွန်မမနက်က
ချက်ထားတဲ့ဟင်းတွေကို
ရှင်ကအလိုက်တသိပြန်ပြီးနွှေးထားတယ်
တခြာယောက်ျားတွေဆို
ကိုယ်နဲ့မဆိုင်တဲ့ကိစ္စဆိုပြီး
မိန်းမတွေကိုအပြစ်ရှာပြီး
ရန်ဆောင်တတ်ကြတယ်။
ဒါပေမယ့်ရှင်ကအဲ့သလိုမဟုတ်ဘူးလေ”
“သြော်…မိန်းမရယ်
ဒီလင်နဲ့ဒီမယားနှစ်ယောက်ပဲရှိတာ၊
ကိုယ့်အလုပ်သူ့အလုပ်ဆိုပြီး
ခွဲနေလို့မှမဖြစ်တာ။
အိမ်ထောင်တစ်ခုမှာဒါလေးတွေလည်း
အလိုက်သိဖို့လိုအပ်တယ်လို့
ယောက်ျားထင်တယ်……”
“ရှင့်ကိုအိမ်ထောင်ဘက်အဖြစ်
ရွေးချယ်ခဲ့တာသိပ်မှန်တာပဲ”
“ကဲထမင်းလေးစားလိုက်ဦးမိန်းမ
ဟင်းတွေအေးကုန်တော့မယ်…”
“အင်း…”
လင်မယားနှစ်ယောက်ရဲ့
ထမင်းဝိုင်းလေးကတော့အေးချမ်းစွာ
ပြီးဆုံးသွားခဲ့သည်။
မစိမ်းလဲ့လည်းနောက်တစ်နေ့
ရောင်းရန်အတွက်ဟင်းရွက်ကန်စွန်းရွက်များအားကြိုးဖြင့်စည်းလိုက်သည်။
တချို့ အရွက်များကိုတော့
အနုအကြမ်းခွဲပြီးရေစိုပုဆိုးဖြင့်
အုပ်ထားလိုက်သည်။
ရေစိုပုဆိုးဖြင့်အုပ်ထားပါမှ
မနက်ရောင်းသည့်အခါ အရွက်များက
ဝယ်သူအကြိုက်လန်းနေမည်ဖြစ်သည်။
ဆေးကြောစရာရှိတာဆေး
လုပ်စရာရှိတာလုပ်ပြီးမှအိပ်ရာ
ဝင်ခဲ့တော့သည်။
=============
အခန်း(3)
“မိန်းမရေအစောကြီးနိုးနေပြီလား”
“အင်းဟုတ်တယ်
မင်းနဲ့ဟင်းတော့ကျက်သွားပြီ၊
အခုထမင်းကြော်နေတာလေ
ရှင်အလုပ်သွားရင်စားရအောင်လို့…”
“ဒါဖြင့်ငါမျက်နှာသစ်ပြီးရင်
မအေးဆီအကြော်သွားဝယ်လိုက်မယ်”
“အင်းအင်း…ကောင်းသားပဲ”
ကိုအောင်မြင့်လည်းမျက်နှာသစ်ပြီး
ရွာထဲသို့အကြော်ဝယ်ရန်ထွက်လာ
ခဲ့တော့သည်။
အကြော်သည်မအေးကရွာအလယ်ပိုင်း
၌အကြော်ဆိုင်ထွက်လေသည်။
တစ်ရွာလုံးမအေး၏အကြော်ဆိုလျှင်
သိပ်ကြိုက်ကြသည်။
ဘူးသီးကြော်၊ပယာကြော်
ကြက်သွန်းပေါင်းကြော်၊တို့ဟူးကြော်
ပဲမုန့်ကြော်၊ကုလားပဲကြမ်းကြော်
ဆိုလျှင်လက်မလည်အောင်
ရောင်းရလေသည်။
ကိုအောင်မြင့်လည်းမအေးအကြော်
ဆိုင်သို့ရောက်လာခဲ့သည်။
“မအေးရေ အကြော်၃၀၀ဖိုးဗျို့ ”
“အေးအေး အောင်မြင့်
အဲ့ဗန်းထဲကမင်းကြိုက်တဲ့အကြော်
ထည့်ယူသွား။
ငါဒီမှာလက်ကမအားလို့ဟေ့”
“ဟုတ်ရပါတယ်ဗျာ
ထည့်လိုက်ပါ့မယ်……”
“ဒါနဲ့နင့်မိန်းမစိမ်းလဲ့က
ဗိုက်ကြီးနေပြီဆိုအောင်မြင့်”
“ဟုတ်ပါ့ဗျာ”
“ဘယ်နှလရှိနေပြီတုန်းဟဲ့”
“၄လဲရှိပြီ မအေးရဲ့”
“၄လတောင်ရှိနေပြီလား
ငါလည်းသူ့ကိုမမြင်တာကို
ကြာပေါ့၊နေကောင်းတယ်မလား”
“ကောင်းပါ့ဗျာ ကောင်းပါ့
ရွာရိုးကိုးပေါက်လှည့်ပြီးစျေးရောင်း
နေလေရဲ့မအေးရေ”
“ငါကြားပါ့ ကြားပါ့
စိမ်းလဲ့ကအပျိုဘဝကတည်းက
အလုပ်တအားလုပ်တာဟဲ့။
မင်းလည်းသူ့ကိုဂရုစိုက်ဦး
သားဦးသမီးဦးမလားဒါကြောင့်သူ့ကို
သေချာလေးဂရုစိုက်ဟဲ့…”
“ဂရုစိုက်နေရတာပဲ မအေးရေ
အခုတောင်သူ့ကိုစျေးထွက်မရောင်းဖို့
ပြောနေတာပြောလို့မရဘူးဗျို့ …”
“ဟုတ်မယ်ဟုတ်မယ်
စိမ်းလဲ့ကသူများကိုအားကိုးပြီး
နေချင်တဲ့သူမဟုတ်တာငါသိတယ်။
အောင်မြင့်အကြော်တစ်ခု
အပိုထည့်သွား၊အချဉ်ရေကအထုပ်လေး
တွေထုပ်ထားတယ်လိုချင်သလောက်
ယူသွား……”
“ဟုတ်ယူသွားပြီနော် ဒီမှာတစ်ခု”
“အေးပါပြနေရမယ့်လူတွေမှ
မဟုတ်တာယူသာသွား……”
ကိုအောင်မြင့်လည်းအကြော်
ဝယ်ပြီးအိမ်သို့ပြန်လာခဲ့သည်။
“ကိုအောင်မြင့်ပြန်လာပြီလား”
“ပြန်လာပြီ
အကြော်ဆိုင်မှာမအေးနဲ့စကားကောင်း
နေလို့ကြာသွားတာ…”
“ဟုတ်လား မအေးနဲ့တောင်
မတွေ့တာကြာပေ့ါ”
“သူကမင်းကိုတောင်မေးနေတာ
ကိုယ်ဝန်ဘယ်နှလရှိနေပြီလဲ
နေကောင်းလားဆိုပြီးမေးနေသေးတာ။
သားဦးသမီးဆိုတော့ကိုယ်ဝန်ကို
ဂရုစိုက္တဲ့…”
“ကျွန်မကတော့လေ
ကိုယ်ဝန်ရှိတယ်လို့ကိုမထင်ဘူး။
ဗိုက်ထဲမှာပေ့ါပါးနေတာပဲ”
“ထမင်းကြမ်းစားရအောင်
မင်းလည်းပြီးကြရင်စျေးရောင်း
သွားရဦးမှာမလား။
ယောက်ျားနဲ့တစ်ခါတည်းစားလိုက်…”
“အင်း…စားမှာပါ”
လင်မယားနှစ်ယောက်
ထမင်းကြမ်းအားအကြော်နှင့်စားလိုက်
ကြသည်။
ထမင်းစားပြီးသည်နှင့်မစိမ်းလဲ့လည်း
စျေးဗန်းအားရွက်ကာအိမ်မှထွက်လာ
ခဲ့သည်။
============
အခန်း(4)
တဖြည်းဖြည်းနှင့်မစိမ်းလဲ့၏
ကိုယ်ဝန်ကနေ့စေ့လစေ့ဖြစ်
လာခဲ့သည်။
မစိမ်းလဲ့လည်းမွေးခါနီးဖွားခါနီးမို့
အရင်လိုစျေးရောင်းမထွက်တော့ပဲ
အိမ်မှာသာနေခဲ့သည်။
ဤသို့ဖြင့် မစိမ်းလဲ့မီးဖွားမည့်နေ့ကို
ရောက်လာခဲ့သည်။
ရွာထဲမှလက်သည်မခိုင်က
မစိမ်းလဲ့အားမွေးပေးလေသည်။
“စိမ်းလဲ့ရေညှစ်ထား
ကလေးကမမြင်ရသေးဘူးအေ့
အားနည်းနည်းစိုက်ထား”
“အမယ်လေးနာလိုက်တာရှင်”
“အီး အား”
ကိုအောင်မြင့်လည်းအခန်းရှေ့ ၌
ပြာယာခက်နေတော့သည်။
အခန်းထဲမှာဇနီးသည်ကမွေးရဖွားရ
ခက်နေသည့်အတွက်အပူလုံးက
ထကြွနေလေသည်။
“အောင်မြင့်ရေ အောင်မြင့်”
အခန်းထဲမှလက်သည်ဒေါ်ခိုင်
ပြာပြာသလဲထွက်လာသည်။
“မခိုင်ဘာဖြစ်လို့လဲ ကျုပ်မိန်းမ
အဆင်ပြေလား”
“မပြေဘူး အောင်မြင့်ရေ
ငါလည်းအတတ်နိုင်ဆုံးမွေးပေးတာပဲ။
ကလေးကထွားလွန်းလို့ထင်တယ်
စိမ်းလဲ့မမွေးနိုင်ပဲဖြစ်နေတယ်။
လှည်းပြင်ပြီးမြို့ ကဆေးရုံကိုပို့မှ
ဖြစ်လိမ့်မယ်…”
“ဗျာ…”
“မြန်မြန်လုပ် အချိန်သိပ်မရှိဘူး
နောက်ကျရင်အသက်အန္တရာယ်
စိုးရိမ်ရတယ်…”
“ဟုတ် ဟုတ်ကဲ့”
ကိုအောင်မြင့်လည်းအိမ်ပေါ်မှ
ပြေးဆင်းလာခဲ့သည်။
အိမ်မှာကလည်းလှည်းမရှိသဖြင့်
လှည်းရှိသည့်အိမ်များအားအကူအညီ
လိုက်တောင်းရတော့သည်။
“ဦးကြီးဆွေ ဦးကြီးဆွေ”
“ဟေး အောင်မြင့်ဘာဖြစ်လို့လဲ”
“ကျုပ်ကိုလှည်းလေးငှားပါဦးဗျာ
ကျုပ်မိန်းမမီးမဖွားနိုင်လို့ဆေးရုံ
ပို့ချင်လို့ဗျ”
“ဟေအဲ့ဒါမှခက်ရော
ငါ့လှည်းကငါ့သားကြီးမောင်းသွားပြီ
မရှိတော့ဘူး။
မောင်သိန်းတို့အိမ်သွားမေးကြည့်ပါလား”
“ဟုတ်ကဲ့”
ကိုအောင်မြင့်လည်း မောင်သိန်းအိမ်သို့ပြေးရပြန်သည်။
“ကိုမောင်သိန်း ကိုမောင်သိန်း”
“ဟေးဘာလဲ အောင်မြင့်”
“ကျုပ်မိန်းမမီးမဖွားနိုင်လို့
ဆေးရုံပို့ရမှာ လှည်းငှားချင်လို့
ကိုမောင်သိန်း”
“အေးအေး ငှားရမှာပေါ့ကွ
နေဦးငါလှည်းကောက်လိုက်ဦးမယ်
မင်းအိမ်ကိုအရင်ပြန်နှင့်
ငါလှည်းကောက်ပြီးတာနဲ့
တစ်ခါတည်းလိုက်လာခဲ့မယ်”
“ဟုတ် ဟုတ်ကဲ့
ကျေးဇူးပါပဲ ကိုမောင်သိန်းရာ”
“ရပါတယ်ကွာ မလိုပါဘူး”
“ဒါဖြင့်ကျုပ်ပြန်ဦးမယ်”
“အေးအေး”
ကိုအောင်မြင့်လည်းအိမ်ကို
အပြေးတပိုင်းဖြင့်ပြန်ရောက်လာ
ခဲ့သည်။
“မခိုင် မခိုင်ကျုပ်မိန်းမဘယ်လိုနေသေးလဲ”
“နင့်မိန်းမကတစ်ချက်တစ်ချက်
သတိလစ်လစ်သွားတယ်။
လှည်းကောရခဲ့လား”
“ရခဲ့တယ် ကိုမောင်သိန်းလိုက်လာလိမ့်မယ်ဗျ”
“ဒါဖြင့်လိုအပ်မယ်ထင်တာတွေ
မြန်မြန်ထည့်လိုက် အောင်မြင့်”
“ဟုတ်ကဲ့”
“က်ြီ”
“အောင်မြင့်ရေ လှည်းရောက်ပြီဟေ့”
“ဟုတ် ဟုတ်လာပြီ
ကိုမောင်သိန်း”
“အောင်မြင့် နင်ကနင့်မိန်းမကို
လှည်းပေါ်ပွေ့ချီပြီးတင်လိုက်
ငါကဒီအထုပ်တွေကိုယူခဲ့မယ်”
“ဟုတ် မခိုင်”
ကိုအောင်မြင့်လည်းမစိမ်းလဲ့အား
ပွေ့ချီကာလှည်းပေါ်တင်လိုက်သည်။
လက်သည်မခိုင်ကအထုပ်များအား
လှည်းပေါ်တင်ပေးလေသည်။
“ဟဲ့နွား သွားစမ်း”
“ဖြန်း”
ကိုမောင်သိန်းကလှည်းကို
ခပ်မြန်မြန်မောင်းကာရွာမှထွက်လာ
ခဲ့ကြသည်။
“မိန်းမ အားတင်းထားနော်
ဆေးရုံကိုသွားနေပြီ”
“အင်း…နာလိုက်တာ
ယောက်ျားရယ် ကျွန်မမရတော့ဘူး”
“ဟာဘာတွေလျှောက်ပြောနေတာလဲ
ခဏလေးသည်းခံပြီးစောင့်နော်
ရောက်တော့မှာပါ”
“အားကျွတ်ကျွတ်ကျွတ်”
“အမယ်လေး”
“မိန်းမ မိန်းမ သတိထားပါဦးကွာ”
“အင်းဟင်းဟင်း”
“ဟာ…လုပ် လုပ်ပါဦး
ကိုမောင်သိန်း ကျုပ်မိန်းမမျက်ဖြူလန်
နေပြီဗျ”
ိကိုမောင်သိန်းလည်းလှည်းမောင်းရင်း
နောက်သို့လှည့်ကြည့်လိုက်သည်။
“အင်းဟင်းဟင်း”
“မိန်းမ အဲ့လိုမလုပ်ပါနဲ့ကွာ
ငါရှိပါတယ်ကွ”
မစိမ်းလဲ့ကမျက်ဖြူကြီးလန်ကာ
သတိလစ်လစ်သွားလေသည်။
“အင်း”
“ဟင်…မိန်းမ မိန်းမ”
“လုပ် လုပ်ပါဦး ကိုမောင်သိန်း
ကျုပ်မိန်းမခေါ်လို့မရတော့ဘူးဗျ”
“မှန်းစမ်း”
ကိုမောင်သိန်းကမစိမ်းလဲ့၏
နှာခေါင်းဝအားလက်ဖြင့်တေ့ကြည့်
လိုက်သည်။
ပြီးမှစိတ်မကောင်းသည့်
မျက်လုံးများဖြင့်ကိုအောင်မြင့်အား
ကြည့်ကာခေါင်းရမ်းပြလိုက်သည်။
“ဟင်…ဖြစ်မှဖြစ်ရလေကွာ”
“စိတ်ကိုထိန်းပါ အောင်မြင့်ရာ
ငါတို့ရွာကိုလှည့်ပြန်မှဖြစ်မယ်”
“အင်းပါဗျာ
ကျုပ်မိန်းမအဖြစ်ဆိုးလိုက်တာဗျာ”
“စိမ်းလဲ့ရေ ကိုယ့်ကိုတစ်ယောက်တည်းထား
ခဲ့ပြီလားကွာ။
တို့ရဲ့ရင်သွေးလေးကိုတောင်တို့မြင်ခွင့်
မရေတာ့ပါလားကြာ”
ကိုအောင်မြင့်လည်းလှည်းပေါ်၌
ချုံးပွဲချကာငိုကြွေးနေတော့သည်။
မယားလည်းဆုံးကလေးလည်း
ဆုံးသွားသည်မို့ဖြေမဆည်နိုင်
ဖြစ်နေရတော့သည်။
ကိုမောင်သိန်းလည်းလှည်းကို
ရွာသို့လှည့်ပြန်ပြီးမောင်းလာခဲ့
သည်။
==============
အခန်း(5)
မစိမ်းလဲ့ကွယ်လွန်သွားသည့်
သတင်းကြောင့်တစ်ရွာလုံးက
စိတ်မကောင်းဖြစ်နေကြလေသည်။
ကျန်ရစ်ခဲ့သည့်ကိုအောင်မြင့်အတွက်
ပို၍စိတ်မကောင်းဖြစ်ကြရသည်။
ရွာထဲမှလူများကမစိမ်းလဲ့နာရေးအား
ဝိုင်းဝန်းပြီးလုပ်ကိုင်ပေးကြလေသည်။
ညနေ၃နာရီကျော်တော့မစိမ်းလဲ့
နာရေးအားတစ်ရွာလုံးလိုက်လံ
ပို့ဆောင်ကြလေသည်။
သုသာန်ထဲသို့ရောက်တော့
ကိုအောင်မြင့်တစ်ယောက်
သတိပင်လစ်သွားရလေသည်။
အားလုံးကသတိပြန်ရအောင်
ပြုစုပေးပြီးကိုအောင်မြင့်ကို
သုသာန်အတွင်းမှဆွဲခေါ်သွားကြ
လေသည်။
မစိမ်းလဲ့အားမြေချသည့်အချိန်
ကိုအောင်မြင့်တစ်ယောက်စိတ်ကို
မထိန်းနိုင်မည်စိုး၍ခေါ်သွားကြ
ခြင်းဖြစ်သည်။
နောက်ဆုံးမစိမ်းလဲ့အား
မြေမြှုပ်ရန်ရွာထဲမှ ကိုဖိုးကျော်၊ကိုခင်စံ
နှင့်ကိုသာခင်တို့သုံးယောက်သာ
ကျန်ခဲ့လေသည်။
“ကဲ…ငါတို့တွေစိမ်းလဲ့အလောင်းကို
မြှုပ်လိုက်ကြတာပေါ့ကွာ”
ကိုဖိုးကျော်ကပြောလိုက်သည်။
“နေဦး ငါမင်းတို့ကိုပြောစရာရှိတယ်”
“ဘာပြောမှာလဲ ခင်စံ”
“ဒီလိုသာခင်ရ……”
သုံးယောက်သားခေါင်းချင်းဆိုင်ကာ
တီးတိုးပြောဆိုနေကြသည်။
“ဖြစ်ပါ့မလား ခင်စံရ
တော်ကြာလူတွေသိသွားရင်
ဘယ်လိုလုပ်ကြမလဲ”
“အေးဟုတ်တယ်ခင်စံရ
လူတွေသိသွားရင်ငါတို့သုံးယောက်လုံး
ဒုက္ခရောက်လိမ့်မယ်ကွ။
“ဖိုးကျော်၊သာခင်မင်းတို့ကလည်း
ဘယ်သူကသိမှာလဲကွ။
ဒီသင်္ချိုင်းထဲမှာငါတို့ပဲရှိတာလေကွာ
မင်းတို့ပဲစဉ်းစားကြည့်ကြလေ”
“အင်းဒါလည်းဟုတ်တာပဲ
ဘယ်သူမှရှိတာမဟုတ်ဘူးကွ။
ဒါဖြင့်ရင်လည်းလုပ်ကြတာပေါ့ကွာ”
“ဖိုးကျော် မင်းရောဘယ်လိုလဲ”
“ပြီးရောကွာ ငါလည်းပါမယ်”
“ဒါဖြင့်ဒီကိစ္စကို မင်းတို့တွေ
နှုတ်လုံစေနော်”
“စိတ်ချစမ်းပါ
ဘယ်သူကကိုယ့်လည်ပင်းကို
ကြိုးနဲ့စွပ်မှာလဲကွ။
ဖိုးကျော်၊ခင်စံနဲ့သာခင်လည်း
မကြံကောင်းသည်ကိုကြံကြတော့
သည်။
=============
အခန်း(6)
“သြော် …စိမ်းလဲ့စိမ်းလဲ့
မင်းမရှိတဲ့ဒီအိမ်ကြီးဟာ
ငါ့အတွက်အဓိပ္ပာယ်မဲ့လိုက်တာ
မိန်းမရာ”
ကိုအောင်မြင့်တစ်ယောက်
အိမ်တိုင်ကိုမှီပြီးမစိမ်းလဲ့အား
လွမ်းဆွတ်တမ်းတနေမိသည်။
အိမ်ကြီးထဲမှာပျော်ပါးခဲ့ဖူးတဲ့
အမှတ်တရများကိုပြန်လည်
စဉ်းစားပြီးကျမျက်ရည်မဆည်နိုင်
ဖြစ်ရတော့သည်။
“အူ ဝူ ဝူး”
“အူဝူး ဝူဝူ”
ခွေးအူသံများကကြက်သီး
ထစဖွယ်လွင့်ပျံလာသည်။
ကိုဖိုးကျော်တစ်ယောက်အိပ်၍
မပျော်နိုင်ဖြစ်နေသည်။
အိပ်ရာထဲလူးလွန့်ရင်းဟိုတွေးသည်တွေး
တွေးနေမိသည်။
“တော်ပါပြီ ငါဒီအကြောင်းကို
မတွေးတာပဲကောင်းမယ်”
ကိုဖိုးကျော်လည်း
တွေးလက်စအတွေးကိုဖျောက်ပြီး
အိမ်အောက်သို့ဆင်းလာခဲ့
သည်။
အိမ်နောက်ဖေးသို့အပေါ့သွားရန်
အိမ်သာရှိရာသို့လာခဲ့သည်။
“က်ြီ”
အိမ်သာတံခါးကိုဖွင့်ပြီး
အိမ်သာထဲဝင်လိုက်သည်။
“ရှပ် ရှပ် ရှပ်”
“ဟင်…ခြေသံပါလား
အိမ်မှာကလည်းငါတစ်ယောက်ပဲ
နေတာပါ။
ဘယ်သူများပါလိမ့်……”
“အဟင်း အဟင်း ဘယ်သူလဲ ”
“ရှပ် ရှပ် ”
“ဘယ်သူလဲလို့မေးနေတယ်”
ကိုဖိုးကျော်လည်းအိမ်သာရေလောင်းပြီးဆင်းလာခဲ့သည်။
အိမ်သာမှအထွက်ခြေသံပိုင်ရှင်အား
လိုက်လံရှာဖွေကြည့်လိုက်သည်။
မည်သူမှရှိမနေ……
ကိုဖိုးကျော်လည်းနားကြားမှားသည်
အထင်ဖြင့်အိမ်ထဲဝင်ရန်ခြေလှမ်း
မည်အပြု ……
“နင် နင် လူယုတ်မာ”
“ဟင်……”
အသံလာရာနောက်သို့လှည့်ကြည့်
လိုက်ရာကိုဖိုးကျော်၏မျက်လုံးများ
ပြူးသွားရသည်။
ကြောက်မက်ဖွယ်မျက်နှာကြီးဖြင့်
စားမတတ်ဝါးမတတ်ကြည့်နေသည့်
မစိမ်းလဲ့ပင်ဖြစ်သည်။
“စိမ်း စိမ်း စိမ်းလဲ့”
“နင် နင်ငါ့အိမ်ထဲဘာလာလုပ်တာလဲ”
“သွား အခုထွက်သွား”
ကိုဖိုးကျော်တစ်ယောက်
တုန်တုန်ယင်ယင်ဖြစ်နေတော့သည်။
“နင်တို့တွေ ငါ့ကိုသေတာတောင်
ယုတ်မာခဲ့ကြတယ်”
“ငါမကျေနပ်ဘူး ”
“နင်တို့ကိုငါပြန်သတ်မယ်”
“မလာနဲ့ မလာနဲ့ သွားသွား”
“ဟား ဟားဟားဟား”
“နင်သေရမယ်”
သရဲမစိမ်းလဲ့ကသူ၏သန်မာလှသည့်
လက်ကြီးနှစ်ဖက်ဖြင့် ကိုဖိုးကျော်၏
လည်မျိုအားညှစ်ထားလေသည်။
ကိုဖိုးကျော်လည်း မြေပေါ်မှ၂ပေခန့်
မြောက်တက်ပြီးခြေကားယားဖြစ်နေ
သည်။
“အု အ အ”
ကိုဖိုးကျော်တစ်ယောက်အသက်ရှူ
ကြပ်လာပြီးမျက်လုံးများပင်ပြာလာ
သည်။
မည်သို့ပင်ရုန်းကန်နေပေမယ့်
သန်မာလှသည့်စိမ်းလဲ့၏လက်ကြီးများမှ
လွတ်မြောက်နိုင်စွမ်းမရှိပေ။
တဖြည်းဖြည်းနှင့်ကိုဖိုးကျော်
ငြိမ်ကျသွားလေသည်။
သရဲမစိမ်းလဲ့လည်း အသက်မဲ့သွားသည့်
ကိုဖိုးကျော်၏ အလောင်းအားမြေပေါ်သို့
ပစ်ချလိုက်သည်။
===============
“ဟေ့ကောင် ခင်စံ ဖိုးကျော်သေပြီတဲ့”
“ဘာ…ဘာပြောတယ် ဖိုးကျော်သေပြီဟုတ်လား”
“ဟုတ်တယ်ကွ မနေ့ညကသူ့ဝိုင်းထဲမှာ
မျက်လုံးကြီးပြူးခုတ်ကြီးကျိုးပြီး
သေနေတာတဲ့ကွ။
“ဟင်…ဘယ်သူကများဖိုးကျော်ကို
သတ်သွားသလဲမသိဘူး”
“ငါ့အထင်ပြေရရင် ဟို ဟိုစိမ်းလဲ့များ
သရဲဖြစ်ပြီး သတ်သွားသလားမသိဘူး။
ဟိုကိစ္စကိုမကျေမနပ်ဖြစ်ပြီး”
“တော်စမ်း သာခင်”
ကိုခင်စံ၏အော်သံကြောင့်
အရက်ဆိုင်ထဲမှလူများကဝိုင်းပြီး
ကြည့်နေကြလေသည်။
“ဒီကိစ္စကိုမင်းလျှောက်ပြီးပြောလို့
ကတော့မင်းသေပြီသာမှတ် ”
“ငါမပြောပါဘူးကွ ငါကထင်တာကို
ပြောတာပါကွာ”
“ထွီ…အဓိပ္ပါယ်မရှိလိုက်တာ
ဘယ်လိုလုပ်သရဲကလူသတ်လို့ရမှာလဲ
သာခင်ရ…
မင်းဦးနောက်မရှိဘူးလားကွ ဟမ်”
“ပြောမရဘူးလေ ဟုတ်ချင်လည်း
ဟုတ်နေမှာပေါ့ ”
“တော် တိတ်ထပ်မပြောနဲ့တော့ သာခင်
မင်းကကိုယ့်လည်ပင်းကိုယ်ကြိုးစွပ်
မယ့်အကောင်ပဲ။
ကိုခင်စံကငေါက်လိုက်သဖြင့်
ကိုသာခင်လည်းထပ်မပြောရဲတော့ပဲ
အရက်ကိုသာသောက်နေမိသည်။
ကိုဖိုးကျော်သေဆုံးပြီးနောက်ပိုင်း
ကိုသာခင်နှင့်ကိုခင်စံလည်းဟန်မပျက်
နေခဲ့ကြသည်။
==============
“ကလေးကကိုယ်တွေပူပြီး
အဖျားတွေတက်နေတယ် ကိုသာခင်
ဆေးလေးသွားဝယ်ပြီး တိုက်မှဖြစ်မယ်”
“မင်းကလည်း ညကြီးမိုးချုပ်
ငါကရွာအနောက်ပိုင်းထိဆေးသွားဝယ်
ရမှာလားကွ။
“အိုတော်… ရှင်ယောက်ျားမဟုတ်ဘူးလား
ရွာအနောက်ပိုင်းလေးတောင်မသွားရဲဘူးလား။
ဘယ်လိုဖအေမျိုးလဲ ကိုယ့်သားသမီး
နေမကောင်းတာတောင် ဆေးလေးသွားဝယ်မပေးချင်ဘူး
အံ့သြပါ့တော်.
“ပေးပေး သွားဝယ်ပေးမယ်
ငါ့ကိုတော့နားငြီးအောင်လာမပြောနဲ့”
“ပြောမှာပဲ ရှင်လုပ်တာဟုတ်လို့လား”
“ရော့ ပိုက်ဆံသေချာကိုင်သွားဦး
အရက်သမားလက်ဆိုတော့ တုန်တုန်
ယင်ယင်နဲ့ကျနေဦးမယ်”
“သိပ်လျာရှည်တဲ့မိန်းမပဲကွာ”
ကိုသာခင်လည်းပိုက်ဆံယူပြီး
အိမ်ထဲမှထွက်ခဲ့သည်။
“စိတ်ပျက်စရာပဲ
သွားရမယ့်နေရာက ရွာအနောက်ပိုင်း
စိမ်းလဲ့နေခဲ့တဲ့နေရာကလည်း
ရွာအနောက်ပိုင်းဆိုတော့ အင်း
ယောက်ျားပဲကွာ မဖြစ်ဖြစ်အောင်တော့သွားရမှာပဲ”
ကိုသာခင်လည်းအားတင်းပြီး
ရှေ့ဆက်ခဲ့သည်။
ကိုသာခင်ကတခြားယောက်ျားများနှင့်
မတူသရဲတစ္ဆေဆိုသိပ်ကြောက်တတ်သူ
ဖြစ်သည်။
ကိုသာခင်လည်းပိုက်ဆံကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး
လျှောက်လာခဲ့သည်။
တဖြည်းဖြည်းနှင့်စိမ်းလဲ့နေသည့်
အိမ်နားမှဖြတ်လျှောက်လာခဲ့သည်။
မဝံ့မရဲဖြင့် စိမ်းလဲ့အိမ်ဘက်သို့
ကြည့်လိုက်မိသည်။
တစ်အိမ်လုံးမှောင်မည်းပြီးတိတ်ဆိတ်နေ
လေသည်။
“အိမ်ကြီးကတော့မှောင်မည်းနေတာပဲ
အောင်မြင့်တော့ ဘယ်လိုစိတ်နဲ့နေသလဲ
မသိဘူး”
ကိုအောင်မြင့်အတွက်ကြံဖန်ပြီး
ပူပေးနေမိသည်။
“ဟင်…နံလိုက်တာဘာအနံ့ကြီးလဲ”
“ပုပ်စော်ကြီးနံလိုက်တာ
ဘာကောင်သေနေတာလဲမသိဘူး”
ကိုသာခင်လည်းနှာခေါင်းကို
ပိတ်ပြီးပြစ်တင်ပြောဆိုနေမိသည်။
“ဘယ်သွားမလို့လဲ……”
“ဟင်…”
နောက်မှပြောလိုက်သည့်စကားသံ
ကြောင့်ကိုသာခင်၏ခြေလှမ်းများ
တုံ့ဆိုင်းသွားရလေသည်။
“နင်ငါ့ကိုဘာလုပ်ခဲ့သလဲ”
“ဟာ ဟာ မလာနဲ့ မလာနဲ့
စိမ်းလဲ့ နင် ငါ့အနားမလာနဲ့ သွား”
“နင်အခုမှကြောက်နေပြီလား ဟမ်
နင်တို့ငါ့ကိုဘာလုပ်ခဲ့ကြသလဲ”
“ငါမသိဘူး သွားသွား”
“ဟား ဟားဟား နင်လုပ်ပြီးမှ
မသိလို့ရမလား သာခင် နင်တို့အလှည့်
မကြာခင်ရောက်လာလိမ့်မယ်ဟေ့”
“ဟင်…”
သရဲမစိမ်းလဲ့လည်း ပြောချင်ရာပြောပြီး
ပျောက်ကွယ်သွားတော့သည်။
ကိုသာခင်လည်း ဖနောင့်နဲ့တင်ပါး
တသားတည်းကျအောင်ဆေးရောင်းတဲ့
အိမ်ကိုအတင်းပြေးလာခဲ့တော့သည်။
ဆေးဝယ်ပြီးအိမ်သို့ တုန်တုန်ယင်ယင်
့ဖြင့်ပြန်ရောက်လာသည်။
“ရှင်ဆေးသွားဝယ်တာလည်း
ကြာလိုက်တာရှင် ကလေးကတအား
ဖျားနေပြီရှင့်”
“ဆေးပေး”
“ရော့ ရော့”
“ဘာလို့လက်တွေတုန်နေတာလဲ
ကိုသာခင် ရှင်အရက်သောက်ချင်
ပြန်ပြီလား”
“အေး ဟုတ် ဟုတ်တယ်ဟ”
“ရှင့်မလည်းနော် အချိန်ပြည့်
ဒီအရည်ပဲမြိုချင်နေတယ်”
“မဟုတ်ပါဘူးကွာ
ငါ ငါအိပ်တော့မယ် မိန်းမ”
“အိပ်တော့မှာလားအစောကြီးရှိသေး”
“အေး အိပ်တော့မယ်”
“အင်း အင်းအိပ်လေ”
ကိုသာခင်လည်းခေါင်းအုံးပေါ်
လှဲပြီးအိပ်လိုက်သည်။
မအိပ်ခင် သရဲမစိမ်းလဲ့၏မျက်နာအား
ပြန်မြင်ယောင်နေမိတော့သည်။
“မလာနဲ့ မလာနဲ့သွားသွား ငါ့အနားမလာနဲ့ ”
“ကိုသာခင် ကိုသာခင်
ဘာဖြစ်တာလဲ
“ငါ ငါကြောက်တယ် မိန်းမ”
“ဘာဖြစ်တာလဲ ဘာကိုကြောက်တာလဲ”
“ဟိုဟိုမှာ သရဲ သရဲမငါ့ကိုလိုက်ခြောက်နေတယ်”
“မရှိပါဘူးရှင် ဘယ်ကသရဲမလဲ
ရှင်ဘာဖြစ်လာတာလဲ”
“ငါကြောက်တယ် ငါ့အနားမှာနေပေးပါလား”
“ရှင့်အနားမှာပဲတစ်ညလုံး
အိပ်နေတာလေ ဘာမှမရှိပါဘူး
ကြောက်မနေပါနဲ့။
“မဟုတ်ဘူး ရှိနေတယ် ရှိနေတယ်
ခုနကခြင်ထောင်နားမှာမတ်တပ်ရပ်
နေတာငါမြင်လိုက်တယ်”
“ရှင်စိတ်ထင်နေလို့ဖြစ်မှာပါ မရှိပါဘူး”
“နေဦးနေဦး ရေမန်းလေးတိုက်ဦးမယ်”
ကိုသာခင်မိန်းမလည်းထသွားပြီး
ရေမန်းပုလင်းအားယူလာခဲ့သည်။
“ရော့ သောက်လိုက်ဦး လန့်နေတာ
ပျောက်သွားအောင်လို့ ”
“အင်း အင်း”
“ဖြည်းဖြည်းသောက်ဦး
ရှင်အော်လိုက်တာ ကလေးတောင်လန့်
နိုးသွားပြီ”
“သောက်ပြီးရင်ပြန်အိပ်လိုက်ဦး
အစောကြီးရှိသေးတယ် ”
“အင်း ငါ့ကိုသေချာကြည့်ထားနော်
မိန်းမ သူပြန်ရောက်လာမှာစိုးလို့”
“မရောက်ပါဘူး ရှိလည်းမရှိဘူး
စိတ်ချလက်ချနဲ့သာအိပ် ”
ကိုသာခင်လည်းဟိုကြည့်သည်ကြည့်
ကြည့်ပြီးပြန်အိပ်လိုက်သည်။
ထိုနေ့ညကဘာသံမှထပ်မကြားပဲ
အိပ်ပျော်သွားသည်။
===============
“ခင်စံ ငါမင်းကိုပြောစရာရှိတယ်”
“ဘာလဲပြော”
“မနေ့ညက ငါ့ဆီကိုစိမ်းလဲ့ရောက်လာတယ်”
“ဘာ…စိမ်းလဲ့မင်းဆီရောက်လာတယ်”
“ဟုတ်တယ် မနေ့ကညကြီးအချိန်မတော်ငါ့သား
နေမကောင်းလို့ ရွာနောက်ပိုင်းကို
ဆေးသွားဝယ်တာ စိမ်းလဲ့ကငါ့ကို
ခြောက်လွှတ်လိုက်တယ်။
ငါ့ကိုပြောသွားသေးတယ်
မကြာခင်နင်တို့အလှည့်ရောက်လာတော့မယ်ဆိုပြီး”
“သွားစမ်းပါကွာ ပါးစပ်ရှိတိုင်းလာဖြီးမနေနဲ့
နောက်တစ်ခါ စိမ်းလဲ့နဲ့တွေ့ရင်ပြောလိုက် နောက်ထပ်
ငါစော်ကားတာမခံချင်ရင်
အသာနေလို့……”
“ငါပြောတာယုံပါ ခင်စံရာ
သူတကယ်ငါတို့ကိုမကျေနပ်ဘူး
ဖိုးကျော်ကိုသတ်တာလည်း
သူပဲဖြစ်မယ်ကွ။
“သာခင် မင်းမလည်းယောက်ျားကြီး
ဖြစ်ပြီးကြောက်တတ်လိုက်တာ
မင်းကြောက်နေရင် ဘာလို့အဲ့နေ့ကတည်းက လုပ်ခဲ့သေးလဲ”
“အဲ့ဒါက အဲ့ဒါကပေါ့ကွာ
ဒါပေမယ့် ငါအခုအဲ့လိုလုပ်မိလို့
နောင်တတွေရနေပြီ ခင်စံ”
“ဘာပြောတယ် နောင်တတွေရနေပြီ
ဟုတ်လား ဟား ဟား ဟား ဟား”
“ရယ်ရတယ် သာခင်ရာ
မသာကောင်ကိုဟိုဒင်းဟိုဟာပြုတာ
နောင်တရစရာဘာအကြောင်းမှမရှိဘူး
အသက်မဲ့နေတဲ့အလောင်းလေ
သူသိမှာလဲ သူဘာခံစားရမှာလဲ
သူဘာတွေနစ်နာသွားသလဲ ပြောစမ်းပါဦး သာခင်ရ”
“မသိတော့ဘူးကွာ သူညတိုင်းအဲ့သလိုသာလာခြောက်ရင်
ငါတော့ရူးတော့မယ် ခင်စံ”
“မင်းကြောက်ပြီး အကုန်ပေါ်ကုန်လို့တော့ မင်းကိုအရှင်
မထားဘူး သာခင် မင်းငါ့အကြောင်း
သိပါတယ်”
“သိပါတယ် ခင်စံရာ”
ကိုသာခင်လည်း ကိုခင်စံအကြောင်း
သိထားသဖြင့် ဘာမှမပြောတော့ပဲ
အသာငြိမ်နေလိုက်သည်။
===============
“အောင်မြင့်ရေ အောင်မြင့်”
“သြော် ကိုမောင်သိန်းပါလား
လာလေအိမ်ထဲ ”
“စိမ်းလဲ့ဆွမ်းတရားနာအတွက်
ကူညီစရာရှိတာ ကူညီနိုင်အောင်
လာမေးတာ ဘာတွေလိုအပ်သေးလဲ”
“ရွာထဲကလူတွေအကုန်လုံးက
လာပြီးလုပ်ကိုင်ပေးကြလို့ အားလုံး
အဆင်ပြေပါတယ်ဗျ။
ဘာမှမလိုတော့ပါဘူး”
“အေးကွာ ငါလည်းမအားတာနဲ့
မရောက်ဖြစ်တာ မနက်ဖြန်စိမ်းလဲ့
ဆွမ်းတရားမှပဲ ငါလာခဲ့ဦးမယ်”
“ကျေးဇူးပါပဲ ကိုမောင်သိန်းရာ”
“ဒါနဲ့တစ်ခုတော့ပြောချင်သေးတယ်
အောင်မြင့်”
“ဘာလဲပြောလေ ကိုမောင်သိန်း”
“ဟုတ်မဟုတ်တော့ မသိဘူးကွာ
ငါလည်းနားစွန်နားဖျားကြားခဲ့တာပါ
မင်းစိတ်မဆိုးလောက်ဘူးလို့
ထင်ပါတယ်”
“စိတ်ဆိုးစရာလားဗျာ
ပြောမှာသာပြောစမ်းပါ ကိုမောင်သိန်းရ
“အေးဒီလိုကွ
ဖိုးကျော်သေတာမင်းသိတယ်မလား”
“အင်း သိတယ်လေ”
“ဖိုးကျော်ကရိုးရိုးသေတာမဟုတ်ဘူးတဲ့
အသတ္ခံရတာတဲ့”
“ဗျာ ဟုတ်လား ဘယ်သူကသတ်တာလဲ”
“ငါလည်းအဲ့ဒါကိုပြောမလို့ပဲ
ရွာထဲကတချို့ လူတွေပြောနာတော့
ဖိုးကျော်ကိုသတ်တာ စိမ်းလဲ့တဲ့”
“ဗျာ”
“ဟုတ်တယ် အဲ့လိုပြောနေကြတယ်
အကြောင်းအရင်းအတိအကျကိုတော့
ငါလည်းသေချာမသိဘူး။
စိမ်းလဲ့ကဘာကြောင့်ဖိုးကျော်ကို
သတ်ပစ်တာလဲ သတ်ပစ်ရလောက်အောင် ဘာတွေဖြစ်ခဲ့တာလဲ ”
“တော်ဗျာ တော်တော် အကျိုးအကြောင်းမရှိတဲ့ဟာတွေကို
ကိုမောင်သိန်းဆက်မပြောပါနဲ့တော့
စိမ်းလဲ့ကဘာကြောင့်ကိုဖိုးကျော်ကို
သတ်ရမှာလဲ ပြီးတော့စိမ်းလဲ့က
ကျုပ်ကိုအရိပ်အယောင်လေးတောင်
ပြတာမဟုတ်ဘူးဗျ။
သရဲဖြစ်ဖို့ဆိုတာဝေလာဝေး”
“ငါလည်း သူတို့စကားတွေကို
မယုံပါဘူး အောင်မြင့်ရာ ဒီအတိုင်း
ပြောပြတာပါ။
ငါသွားဦးမယ် မနက်ဖြန်မှငါလာခဲ့မယ်”
“အင်း…”
ကိုမောင်သိန်းထွက်သွားတော့
ကိုအောင်မြင့်တစ်ယောက်စိတ်ဆိုးပြီး
ကျန်နေခဲ့သည်။
“အလကား ပေါက်တတ်ကရ
သတင်းတွေလာပြောနေတယ်
ငါ့မိန်းမကဘာကြောင့် ကိုဖိုးကျော်
ကိုသတ်မှာလဲ၊ငါ့မိန်းမကဖြင့်ဘယ်ဘဝ
ရောက်နေပြီလဲတောင်မသိဘူး
အခြေအမြစ်မရှိလာပြောနေတယ်”
===============
“ကိုသာခင် မအိပ်ခင်ဘုရားလေး
ကန်တော့ဦး ပြီးတော့ရှင်ကထထအော်
နေတာ”
“အေးပါ ကန်တော့ပါ့မယ်”
ကိုသာခင်လည်းဘုရားစင်ရှေ့သွားပြီး
ကန်တော့လိုက်သည်။
“ရှင်ဘာမဟုတ်တာလုပ်ထားလို့
အခုတလောကြောက်လန့်နေတာလဲ
ကိုသာခင်”
“ဟာ ငါကဘာမဟုတ်တာလုပ်ရမှာလဲ
သူ့ဟာသူသရဲကလာခြောက်တာ
ငါဘယ်လိုလုပ်သိမှာလဲ။
တော်ပြီဟာ အိပ်တော့မယ် ”
ကိုသာခင်၏ဇနီးလည်း
ဘာမှမပြောတော့ပဲအိပ်လိုက်သည်။
“နင်တို့ငါ့ကိုယုတ်မာကြတယ်
နင်တို့ငါ့ကိုသေပြီးတာတောင်
အလွတ်မပေးကြဘူး တဏှာရူးတွေ
ဒင်းတို့ကိုငါသတ်မယ် ငါသတ်မယ်”
“အား…ကြောက် ကြောက်ပါပြီ”
“မသတ်ပါနဲ့ တောင်း တောင်းပန်ပါတယ်
“ငါမှားပါတယ် စိမ်းလဲ့ရယ်
င့ါကိုမသတ်ပါနဲ့ ”
“နင့်အလှည့်ရောက်မှကြောက်နေပြီလား
သတ်ကိုသစ်ပစ်ရမယ် နင်တို့သေမှအေးမယ် ဖိုးကျော်ဆိုတဲ့
အကောင်တော့ ငါသတ်လို့သေပြီ
နင်နဲ့ခင်စံပဲကျန်တော့တယ်။
နင်တို့လည်းကြာကြာမနေရဘူးမှတ်”
“ဟား ဟား ဟားဟား”
“မလာနဲ့ စိမ်းလဲ့ စိမ်းလဲ့ ငါ့ကိုမသတ်ပါနဲ့
“ကိုသာခင် ကိုသာခင်
ဘာတွေထအော်နေပြန်တာလဲ”
“အမေ အဖေဘာဖြစ်လို့ထအော်တာလဲ”
“ကိုသာခင် တစ်ကိုယ်လုံးလည်း
ချွေးတွေနဲ့ပါလား ရှင်အိပ်မက်ဆိုးတွေ
မက်ပြန်ပြီလား”
“ငါ့ကိုသရဲမသတ်ဖို့ ကြိုးစားနေတယ်”
“စိမ်းလဲ့လို့ပြောလိုက်တဲ့အသံကြားတယ်
ရှင်ဘာတွေလုပ်ထားတာလဲ
ကျွန်မကိုအမှန်အတိုင်းပြောနော်
ကိုသာခင်”
“ငါ ငါတောင်းပန်ပါတယ်မိန်းမရာ”
“ငါ့ကိုခွင့်လွှတ်ပါ ”
“ရှင်ဘာလုပ်ခဲ့သလဲဆိုတာသာပြော
ရှင်ပြောမှကျွန်မသိရမှာပေါ့ ဘာဖြစ်ခဲ့သလဲပြော ”
“ဒီ လိုပါဟာ……”
ကိုသာခင်လည်းဖုံးကွယ်မထားနိုင်
တော့ပဲ ဇနီးသည်အားအမှန်အတိုင်း
ဖွင့်ပြောလိုက်တော့သည်။
“ရှင်…ဘုရား ဘုရား ကိုသာခင် ရှင်မိန်းမကြီးရှိပါလျက်
အဲ့သလောက်နံ့ကြောထရသလားဟမ်
လူကြားလို့မှမကောင်းတော်
ပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာပြရ
မလဲတော့”
“ငါလည်းအဲ့တုန်းကမူးမူးနဲ့
ဖြစ်သွားတာပါ မိန်းမရာ”
“တော်စမ်းပါရှင် မူးနေတယ်ဆိုတဲ့
အကြောင်းပြချက်ပေးပြီး ရှင့်အမှား
ကိုပေါ့အောင်လုပ်မနေစမ်းပါနဲ့
ဒီကိစ္စဘယ်လိုလုပ်ကြမလဲပြော”
“ငါဒီအတိုင်းဆက်ပြီးနေရင်
စိမ်းလဲ့ငါ့ကိုခြောက်လို့ ငါရူးရင်ရူး
မဟုတ်ရင် သူသတ်လို့ငါသေမှာဟ
ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုအမှန်အတိုင်း
ဖွင့်ပြောလိုက်တော့မယ်ဟာ”
“ရှင်ကြောင့် ကျွန်မတို့သားအမိ
ရွာထဲမှာဘယ်လိုမျက်နှာပြရတော့မလဲ
ကိုသာခင်ရယ် အီး ဟီးးဟီး”
“ငါမှားပါတယ် မိန်းမရာ ငါမှားပါတယ်”
“ရှင့်အမှားကိုရှင်သိရင်
ရှင့်အပြစ်ကိုခံယူပါ ကိုသာခင်”
“အေးပါ ငါခံယူပါ့မယ်
ငါ့ကြောင့်မင်းတို့သားအမိတွေ
အရှက်တကွဲဖြစ်ရလို့ တောင်းပန်ပါတယ်
“ဘယ်တတ်နိုင်မလဲရှင်
ဖြစ်လာမှတော့ခါးစည်းခံရုံပဲ
ရှိတော့တာပေါ့”
နောက်တစ်နေ့မနက်လင်းတော့
မစိမ်းလဲ့၏ဆွမ်းတရားနာပြုလုပ်
နေကြသည်။
ကိုမောင်သိန်းလည်းကူညီလုပ်ကိုင်ရန်
ရောက်ရှိနေလေသည်။
ရွာထဲမှအသိမိတ်ဆွေများက
မစိမ်းလဲ့၏ဆွမ်းတရားနာသို့ လာရောက်
ကြလေသည်။
နေမြင့်တော့လူသိပ်မရှိတော့ပေ
ဆွမ်းတရားနာမည့်သူအနည်းငယ်နှင့်
ကူညီလုပ်ကိုင်ပေးသည့်သူအနည်းငယ်သာကျန်နေခဲ့လေသည်။
ခဏနေတော့ ဘုန်းကြီးများကြွလာကြပြီး
မစိမ်းလဲ့အတွက်ရည်စူးပြီးတရားတစ်ပုဒ်ကိုဟောလေသည်။
တရားပြီးဆုံးသွားတော့ ကိုအောင်မြင့်က
ရေစက်ခွက်ကိုကိုင်ပြီးအမျှပေးသည်။
“အားလုံးကြားကြားသမျှ အမျှအမျှ အမျှ
ယူတော်မူကြပါကုန်လော့ သာဓုသာဓုသာဓု ”
“အားလုံးကြားကြားသမျှ”
“ကိုအောင်မြင့် ကိုအောင်မြင့်”
အမျှဝေနေရင်း မိန်းကလေးတစ်ယောက်ကငိုကြီး
ချက်မဖြင့်ထခေါ်သဖြင့်အားလုံး
တိတ်ဆိတ်သွားလေသည်။
“ကိုအောင်မြင့် ကျွန်မစိမ်းလဲ့ပါ”
“ဟင်…”
“ဟာ”
“ကျွန်မစိမ်းလဲ့ပါ ပြောစရာရှိလို့
ကျွန်မရောက်လာရတာပါ ”
“ဘာပြောချင်လို့လဲ မိန်းမ ယောက်ျားကိုပြောလေ”
“ကျွန်မမကျေနပ်ဘူး မကျေနပ်ဘူး”
“ဘယ်သူ့ကိုလဲ ပြောလေ”
“ဟိုလူယုတ်မာတွေ ကျွန်မကို
သေပြီးတာတောင် စော်ကားကြတယ်”
“ဟင်”
“ဟာ”
“ဘာ ဘာပြောတယ် ”
“ရွာထဲက ဖိုးကျော်၊ခင်စံနဲ့သာခင်တို့
ကျွန်မကိုသေပြီးတာတောင်
အလွတ်မပေးပဲ စော်ကားကြတယ်”
“တောက် ခွေးမသားတွေကတော့”
“ဒကာကြီးစိတ်လျှော့ပါ ဒကာမကြီး
ပြောတာကိုဆုံးအောင်နားထောင်ပါဦး”
ဆရာတော်တစ်ပါးမှတားလိုက်သဖြင့်
ကိုအောင်မြင့်စိတ်ကိုလျှော့ထားလိုက်
သည်။
“ဖိုးကျော်ကို ကျွန်မလက်စားချေခဲ့ပြီးပြီ
ကျန်တဲ့၂ယောက်ကိုလည်း ကျွန်မ
မကျေနပ်ဘူး သူတို့ကိုသတ်ပြီးမှ
သာဓုခေါ်မယ် ကိုအောင်မြင့်ရေ”
“ဟင်…ဒါဆိုဖိုးကျော်ကိုသတ်တာ
စိမ်းလဲ့ဆိုတာမှန်နေပြီပေါ့”
“အေး ဒါကြောင့်ဖိုးကျော်
အသေဆိုးနဲ့သေတာပေါ့အေ့”
ဆွမ်းတရားနာနေကြသည့်
လူများကအမျိုးမျိုးပြောဆိုနေကြသည်။
“ဖြစ်မှဖြစ်ရလေ မိန်းမရာ”
“ဒကာမကြီး ဘုန်းဘုန်းပြောတာကို
နားထောင်ပါ ဒီရှေ့ကိုလာခဲ့ပါ ”
ဆရာတော်ကမိန့်ကြားသဖြင့်
မစိမ်းလဲ့ဝင်ပူးထားသောမိန်းကလေးက
ဆရာတော်ကြီးရှေ့သို့ ရောက်လာသည်။
“ဒကာမကြီးဘာကြောင့်လူတွေကို
ထပ်သတ်နေဦးမှာလဲ၊ဒီလိုသာ
ကြီးမားတဲ့အကုသိုလ်ကို ဆက်ပြီးပြုလုပ်နေမယ်ဆိုရင်
ဒကာမကြီးဒီဘဝကကျွတ်လွတ်နိုင်ပါ
တော့မလား။
သေချာစဉ်းစားပါ ဒကာမကြီး
အပြစ်ရှိတဲ့သူကိုအပြစ်ရှိတဲ့အတိုင်း
အပြစ်ပေးဖို့တရားဥပဒေဆိုတာ
ရှိပါတယ် ဒါကြောင့်မကောင်းတဲ့
အကုသိုလ်တွေကိုမလုပ်မိဖို့
ဆရာတော်တားမြစ်ပါရစေ ဒကာမကြီး”
“တင်ပါ့ဘုရား တပည့်တော်မ
သေပြီးတာတောင် သူတို့တွေ
အခုလိုပြုလုပ်ကြတယ် ဘုရား
တပည့်တော်မခွင့်မလွှတ်နိုင်ဘူးဘုရား”
“အင်း…ဒါဟာအကြောင်းတရားကြောင့်
အကျိုးတရားဆိုတာဖြစ်လာတာပဲ
ဒကာမကြီး ဒါကြောင့်အငြိုးအတေးတွေကို
လျှော့ပြီးသာဓုခေါ်ပါ
အပြစ်ရှိသူကအပြစ်၏အကျိုးကို
ခံစားရပါလိမ့်မယ်”
“ဟုတ်တယ် စိမ်းလဲ့ အပြစ်ရှိသူကို
အပြစ်ပေးရမှာပဲ”
“ဟင် သူကြီး”
“ဟုတ်တယ် အခုလေးတင်ပဲ
သာခင်ကအားလုံးဝန်ခံပြီးသွားပြီ
ခင်စံကိုလည်းဖမ်းမိထားပါတယ်။
သွားရမယ့်လမ်းကိုနောက်ဆံမတင်းပဲ
ဖြောင့်ဖြောင့်သွားပါလို့ သူကြီးပြောချင်တယ်၊ဒီ၂ကောင်ကိုလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုပေးဖို့ စီစဉ်ထားပါတယ် စိမ်းလဲ့”
“ကျွန်မ သိပ်ကျေနပ်တယ် သူကြီး
ဒါကြောင့် ကျွန်မနောက်ဆံမတင်းပဲ
သာဓုခေါ်ပါတော့မယ်ရှင်”
“ကိုအောင်မြင့် ကျွန်မမရှိတော့လို့
ကျွန်မကိုအမြဲလွမ်းဆွတ်တမ်းတနေမယ့်
အစား အကောင်းမွန်ဆုံးဖြစ်အောင်
နေပြီးရှင်သန်နေပေးပါနော်”
“စိတ်ချပါဟာ ငါအကောင်းဆုံး
ဖြစ်အောင်နေထိုင်ပါ့မယ် ”
“ကဲ…ဒကာကြီး ရေစက်ခွက်ကိုကိုင်
ဒကာမကြီးက နောက်ကလိုက်ပြီးဆို
ပြီးရင်သာဓုခေါ်ရမယ်”
“တင်ပါ့ဘုရား”
“ဒကာမစိမ်းလဲ့နှင့်တကွအားလုံး
ကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့”
“သာဓု သာဓု သာဓု”
အမျှဝေသံပြီးဆုံးသွားသည်နှင့်
မစိမ်းလဲ့လည်းသာဓုသုံးကြိမ်ခေါ်ဆို
လေသည်။
ကိုအောင်မြင့်ကိုပြုံးပြပြီး ထွက်ခွာသွားလေတော့သည်။
မသာတောင်အငြိမ်မနေရသည့်
တရားခံကိုသာခင်နှင့်ကိုခင်စံလည်း
သူတို့ကျူးလွန်သည့်ပြစ်မှုကြောင့်
ထောင်ဒဏ်နှစ်များစွာကျခံလိုက်ရ
လေသည်။
ပြီးပါပြီ။
အစိမ္းေသမရန္ၿငိဳး_-_ေအာင္ဓူဝံ
===============
အခန္း(1)
မစိမ္းလဲ့တစ္ေယာက္ကိုယ္ဝန္
ႀကီးတကားကားျဖင့္ဟင္း႐ြက္
ဗန္းအားေခါင္းေပၚတင္ကာ႐ြာ႐ိုး
ကိုးေပါက္လည္ၿပီးေစ်းေရာင္း
ေနရေလသည္။
ခင္ပြန္းသည္ကိုေအာင္ျမင့္က
အလုပ္လုပ္ၿပီးရွာေကြၽးေပမယ့္
ခင္ပြန္းသည္၏လုပ္စာျဖင့္
မေလာက္ငွသျဖင့္မိမိကိုယ္တိုင္
ေစ်းေရာင္းထြက္ျခင္းျဖစ္သည္။
အိမ္ေထာင္သက္၃ႏွစ္ေက်ာ္မွ
ပထမဦးဆုံးကိုယ္ဝန္ရခဲ့ျခင္း
ျဖစ္သည္။
ခင္ပြန္းသည္ကိုေအာင္ျမင့္က
မစိမ္းလဲ့အားအိမ္မွာေနေစခ်င္ၿပီး
ဘာအလုပ္မွမလုပ္ေစလိုေပ။
ရသည့္လုပ္အားခေလးျဖင့္
လင္မယားႏွစ္ေယာက္ေခြၽတာ
စားေသာက္ကာမစိမ္းလဲ့အား
အိမ္မွာအၿငိမ္းစားေနေစခ်င္သည္။
သို႔ေပမယ့္မစိမ္းလဲ့ကအိမ္မွာေနၿပီး
အၿငိမ့္သားထိုင္စားေနရသည္ကို
မႀကိဳက္ဟုဆိုသည့္အတြက္ေၾကာင့္
လႊတ္ထားရျခင္းျဖစ္သည္။
“ဟင္း႐ြက္စုံပါတယ္ေနာ္
ယူၾကဦးမလား……”
“စိမ္းလဲ့ေရလာပါဦး”
“လာၿပီမတင္ေရ ဘာယူမလဲ”
“ဟင္း႐ြက္စုံပါတယ္”
“ငါ့ကိုကန္စြန္း႐ြက္ေပး
ၾကက္ဥနဲ႔ေၾကာ္စားခ်င္လို႔”
“ဘယ္ႏွစီးယူမလဲမတင္”
“၄စီးေပး စိမ္းလဲ့
အိမ္မွာကကေလးေတြကအမ်ားႀကီး
ဆိုေတာ့၄စီးေလာက္မွ
ေလာက္မွာ…”
“၅စီးေပးလိုက္မယ္ မတင္
တစ္စီးကအပိုေပးတာေလာက္ေလာက္
ငွငွစားရေအာင္လို႔……”
“ေက်းဇူးပါပဲ စိမ္းလဲ့ရယ္
ေရာ့ဒီမွာ၂၀၀”
“ဟုတ္ မတင္”
“စိမ္းလဲ့နင္ကိုယ္ဝန္ဘယ္ႏွလရွိၿပီလဲ”
“၄လေက်ာ္ၿပီ မတင္ရဲ႕”
“နားနားေနေနေနပါဦးလား
စိမ္းလဲ့ရယ္
နင့္ၾကည့္လိုက္ရင္အၿမဲတမ္းအလုပ္နဲ႔
လက္နဲ႔မျပတ္ဘူး”
“လုပ္ႏိုင္တုန္းေလးလုပ္ရတာ
မတင္ေရ၊အခုအခ်ိန္ေငြစုထားကာမွ
ကေလးေမြးရင္ေတာ္ကာၾကမယ္မလား။
ၿပီးေတာ့ကြၽန္မအခုေစ်းေရာင္းေနတာ
မပင္ပန္းပါဘူးရွင္။
လမ္းေလွ်ာက္ၿပီးသားေတာင္ရေသး”
“ေအးပါဟယ္
ငါကနင့္လဲမွာစိုးလို႔ေျပာေနတာေအ့”
“မတင္ရဲ႕ေစတနာကို
ကြၽန္မနားလည္ပါတယ္ရွင္။
ကဲကြၽန္မသြားဦးမယ္ေနာ္……”
“ေအးေအး ေနဦးငါပင့္ေပးမယ္
ျဖည္းျဖည္းထ…”
မတင္ကေစ်းဗန္းအားပင့္ၿပီး
ေခါင္းေပၚတင္ေပးလိုက္သည္။
မစိမ္းလဲ့လည္းက်န္ေနေသးသည့္
ဟင္း႐ြက္မ်ားအားဆက္ေရာင္းရန္
ထြက္လာခဲ့ေတာ့သည္။
==============
အခန္း(2)
“ကိုေအာင္ျမင့္ေရ ကိုေအာင္ျမင့္”
“ဟာငါ့မိန္းမျပန္လာၿပီလား
ေနာက္က်လိုက္တာကြာ။
ငါေတာင္အိမ္ျပန္ေရာက္တာၾကာေပါ့”
“ဟုတ္တယ္ေတာ္ေရ
ဗန္းထဲကအ႐ြက္ေလးေတြ
ကုန္ေအာင္လွည့္ေရာင္းေနလို႔
ၾကာသြားတာ။
“ဒီမွာခဏထိုင္ေနဦး
ငါေရသြားခပ္ေပးမယ္…”
ကိုေအာင္ျမင့္လည္း အိမ္ထဲဝင္ၿပီး
ေသာက္ေရတစ္ခြက္အားခပ္လာ
ခဲ့သည္။
“ေရာ့ မိန္းမျဖည္းျဖည္းေသာက္”
“ေက်းဇူးပါေတာ္”
မစိမ္းလဲ့လည္းကိုေအာင္ျမင့္
လက္ထဲမွေသာက္ေရခြက္အား
ယူၿပီးေသာက္လိုက္သည္။
“အား…အခုမွပဲ အေမာေျပသြားေတာ့တယ္”
“ဒါေၾကာင့္မိန္းမကိုေျပာတာေပါ့
အိမ္မွာပဲနားနားေနေနေနပါလို႔”
“မေနခ်င္ပါဘူးကိုေအာင္ျမင့္ရယ္
ကြၽန္မလုပ္ႏိုင္တုန္းမလို႔လုပ္တာပါ။
ကေလးေမြးၿပီးရင္ကေလးတစ္ဖက္
နဲ႔အလုပ္လုပ္မွာမဟုတ္ဘူး။
ဒါေၾကာင့္အခုကတည္းက
ပိုက္ဆံကိုကုန္းရွာေနရတာ”
“ရွာတာလည္းရွာတာေပါ့ကြာ
ကိုယ့္က်န္းမာေရးကရွိေသးတယ္
မလား”
“ဟုတ္ပါတယ္ ဒါေၾကာင့္
လုပ္လည္းလုပ္က်န္းမာေရးကိုလည္း
ဂ႐ုစိုက္ၿပီးေနေနရတာ”
“ခဏနားၿပီးမွေရခ်ိဳးလိုက္ေတာ့
ငါကေတာ့ခ်ိဳးၿပီးသြားၿပီ။
မင္းေရခ်ိဳးၿပီးရင္ညစာထမင္းစားဖို႔
ငါအဆင္သင့္လုပ္ထားလိုက္မယ္…”
“အင္းပါ”
မစိမ္းလဲ့ေရခ်ိဳးၿပီးသြားေတာ့
ကိုေအာင္ျမင့္ကထမင္းဝိုင္းမွာ
အဆင္သင့္ေစာင့္ေနေလသည္။
“လာမိန္းမ အားလုံးအဆင္သင့္ျဖစ္ၿပီစားၾကရေအာင္
“ဟင္းေတြကမနက္ကတည္းက
ကြၽန္မခ်က္ထားခဲ့တာရွင္ျပန္ၿပီး
ေႏႊးထားတာလား…”
“ဟုတ္တယ္ေလ မင္းျပန္လာရင္
အဆင္သင့္စားရေအာင္လို႔ေလ”
“ရွင္ကတျခားေယာက္်ားေတြနဲ႔
မတူဘူးကိုေအာင္ျမင့္၊အဲ့ဒါေၾကာင့္
ကြၽန္မကရွင့္ကိုေလးစားၿပီး
ခ်စ္ေနရတာပါရွင္……”
“ဘာကိုေျပာခ်င္တာလဲမိန္းမ”
“ဟုတ္တယ္ေလ
အခုပဲၾကည့္ကြၽန္မမနက္က
ခ်က္ထားတဲ့ဟင္းေတြကို
ရွင္ကအလိုက္တသိျပန္ၿပီးေႏႊးထားတယ္
တျခာေယာက္်ားေတြဆို
ကိုယ္နဲ႔မဆိုင္တဲ့ကိစၥဆိုၿပီး
မိန္းမေတြကိုအျပစ္ရွာၿပီး
ရန္ေဆာင္တတ္ၾကတယ္။
ဒါေပမယ့္ရွင္ကအဲ့သလိုမဟုတ္ဘူးေလ”
“ေၾသာ္…မိန္းမရယ္
ဒီလင္နဲ႔ဒီမယားႏွစ္ေယာက္ပဲရွိတာ၊
ကိုယ့္အလုပ္သူ႔အလုပ္ဆိုၿပီး
ခြဲေနလို႔မွမျဖစ္တာ။
အိမ္ေထာင္တစ္ခုမွာဒါေလးေတြလည္း
အလိုက္သိဖို႔လိုအပ္တယ္လို႔
ေယာက္်ားထင္တယ္……”
“ရွင့္ကိုအိမ္ေထာင္ဘက္အျဖစ္
ေ႐ြးခ်ယ္ခဲ့တာသိပ္မွန္တာပဲ”
“ကဲထမင္းေလးစားလိုက္ဦးမိန္းမ
ဟင္းေတြေအးကုန္ေတာ့မယ္…”
“အင္း…”
လင္မယားႏွစ္ေယာက္ရဲ႕
ထမင္းဝိုင္းေလးကေတာ့ေအးခ်မ္းစြာ
ၿပီးဆုံးသြားခဲ့သည္။
မစိမ္းလဲ့လည္းေနာက္တစ္ေန႔
ေရာင္းရန္အတြက္ဟင္း႐ြက္ကန္စြန္း႐ြက္မ်ားအားႀကိဳးျဖင့္စည္းလိုက္သည္။
တခ်ိဳ႕ အ႐ြက္မ်ားကိုေတာ့
အႏုအၾကမ္းခြဲၿပီးေရစိုပုဆိုးျဖင့္
အုပ္ထားလိုက္သည္။
ေရစိုပုဆိုးျဖင့္အုပ္ထားပါမွ
မနက္ေရာင္းသည့္အခါ အ႐ြက္မ်ားက
ဝယ္သူအႀကိဳက္လန္းေနမည္ျဖစ္သည္။
ေဆးေၾကာစရာရွိတာေဆး
လုပ္စရာရွိတာလုပ္ၿပီးမွအိပ္ရာ
ဝင္ခဲ့ေတာ့သည္။
=============
အခန္း(3)
“မိန္းမေရအေစာႀကီးႏိုးေနၿပီလား”
“အင္းဟုတ္တယ္
မင္းနဲ႔ဟင္းေတာ့က်က္သြားၿပီ၊
အခုထမင္းေၾကာ္ေနတာေလ
ရွင္အလုပ္သြားရင္စားရေအာင္လို႔…”
“ဒါျဖင့္ငါမ်က္ႏွာသစ္ၿပီးရင္
မေအးဆီအေၾကာ္သြားဝယ္လိုက္မယ္”
“အင္းအင္း…ေကာင္းသားပဲ”
ကိုေအာင္ျမင့္လည္းမ်က္ႏွာသစ္ၿပီး
႐ြာထဲသို႔အေၾကာ္ဝယ္ရန္ထြက္လာ
ခဲ့ေတာ့သည္။
အေၾကာ္သည္မေအးက႐ြာအလယ္ပိုင္း
၌အေၾကာ္ဆိုင္ထြက္ေလသည္။
တစ္႐ြာလုံးမေအး၏အေၾကာ္ဆိုလွ်င္
သိပ္ႀကိဳက္ၾကသည္။
ဘူးသီးေၾကာ္၊ပယာေၾကာ္
ၾကက္သြန္းေပါင္းေၾကာ္၊တို႔ဟူးေၾကာ္
ပဲမုန္႔ေၾကာ္၊ကုလားပဲၾကမ္းေၾကာ္
ဆိုလွ်င္လက္မလည္ေအာင္
ေရာင္းရေလသည္။
ကိုေအာင္ျမင့္လည္းမေအးအေၾကာ္
ဆိုင္သို႔ေရာက္လာခဲ့သည္။
“မေအးေရ အေၾကာ္၃၀၀ဖိုးဗ်ိဳ႕ ”
“ေအးေအး ေအာင္ျမင့္
အဲ့ဗန္းထဲကမင္းႀကိဳက္တဲ့အေၾကာ္
ထည့္ယူသြား။
ငါဒီမွာလက္ကမအားလို႔ေဟ့”
“ဟုတ္ရပါတယ္ဗ်ာ
ထည့္လိုက္ပါ့မယ္……”
“ဒါနဲ႔နင့္မိန္းမစိမ္းလဲ့က
ဗိုက္ႀကီးေနၿပီဆိုေအာင္ျမင့္”
“ဟုတ္ပါ့ဗ်ာ”
“ဘယ္ႏွလရွိေနၿပီတုန္းဟဲ့”
“၄လဲရွိၿပီ မေအးရဲ႕”
“၄လေတာင္ရွိေနၿပီလား
ငါလည္းသူ႔ကိုမျမင္တာကို
ၾကာေပါ့၊ေနေကာင္းတယ္မလား”
“ေကာင္းပါ့ဗ်ာ ေကာင္းပါ့
႐ြာ႐ိုးကိုးေပါက္လွည့္ၿပီးေစ်းေရာင္း
ေနေလရဲ႕မေအးေရ”
“ငါၾကားပါ့ ၾကားပါ့
စိမ္းလဲ့ကအပ်ိဳဘဝကတည္းက
အလုပ္တအားလုပ္တာဟဲ့။
မင္းလည္းသူ႔ကိုဂ႐ုစိုက္ဦး
သားဦးသမီးဦးမလားဒါေၾကာင့္သူ႔ကို
ေသခ်ာေလးဂ႐ုစိုက္ဟဲ့…”
“ဂ႐ုစိုက္ေနရတာပဲ မေအးေရ
အခုေတာင္သူ႔ကိုေစ်းထြက္မေရာင္းဖို႔
ေျပာေနတာေျပာလို႔မရဘူးဗ်ိဳ႕ …”
“ဟုတ္မယ္ဟုတ္မယ္
စိမ္းလဲ့ကသူမ်ားကိုအားကိုးၿပီး
ေနခ်င္တဲ့သူမဟုတ္တာငါသိတယ္။
ေအာင္ျမင့္အေၾကာ္တစ္ခု
အပိုထည့္သြား၊အခ်ဥ္ေရကအထုပ္ေလး
ေတြထုပ္ထားတယ္လိုခ်င္သေလာက္
ယူသြား……”
“ဟုတ္ယူသြားၿပီေနာ္ ဒီမွာတစ္ခု”
“ေအးပါျပေနရမယ့္လူေတြမွ
မဟုတ္တာယူသာသြား……”
ကိုေအာင္ျမင့္လည္းအေၾကာ္
ဝယ္ၿပီးအိမ္သို႔ျပန္လာခဲ့သည္။
“ကိုေအာင္ျမင့္ျပန္လာၿပီလား”
“ျပန္လာၿပီ
အေၾကာ္ဆိုင္မွာမေအးနဲ႔စကားေကာင္း
ေနလို႔ၾကာသြားတာ…”
“ဟုတ္လား မေအးနဲ႔ေတာင္
မေတြ႕တာၾကာေပ့ါ”
“သူကမင္းကိုေတာင္ေမးေနတာ
ကိုယ္ဝန္ဘယ္ႏွလရွိေနၿပီလဲ
ေနေကာင္းလားဆိုၿပီးေမးေနေသးတာ။
သားဦးသမီးဆိုေတာ့ကိုယ္ဝန္ကို
ဂ႐ုစိုကၱဲ့…”
“ကြၽန္မကေတာ့ေလ
ကိုယ္ဝန္ရွိတယ္လို႔ကိုမထင္ဘူး။
ဗိုက္ထဲမွာေပ့ါပါးေနတာပဲ”
“ထမင္းၾကမ္းစားရေအာင္
မင္းလည္းၿပီးၾကရင္ေစ်းေရာင္း
သြားရဦးမွာမလား။
ေယာက္်ားနဲ႔တစ္ခါတည္းစားလိုက္…”
“အင္း…စားမွာပါ”
လင္မယားႏွစ္ေယာက္
ထမင္းၾကမ္းအားအေၾကာ္ႏွင့္စားလိုက္
ၾကသည္။
ထမင္းစားၿပီးသည္ႏွင့္မစိမ္းလဲ့လည္း
ေစ်းဗန္းအား႐ြက္ကာအိမ္မွထြက္လာ
ခဲ့သည္။
============
အခန္း(4)
တျဖည္းျဖည္းႏွင့္မစိမ္းလဲ့၏
ကိုယ္ဝန္ကေန႔ေစ့လေစ့ျဖစ္
လာခဲ့သည္။
မစိမ္းလဲ့လည္းေမြးခါနီးဖြားခါနီးမို႔
အရင္လိုေစ်းေရာင္းမထြက္ေတာ့ပဲ
အိမ္မွာသာေနခဲ့သည္။
ဤသို႔ျဖင့္ မစိမ္းလဲ့မီးဖြားမည့္ေန႔ကို
ေရာက္လာခဲ့သည္။
႐ြာထဲမွလက္သည္မခိုင္က
မစိမ္းလဲ့အားေမြးေပးေလသည္။
“စိမ္းလဲ့ေရညႇစ္ထား
ကေလးကမျမင္ရေသးဘူးေအ့
အားနည္းနည္းစိုက္ထား”
“အမယ္ေလးနာလိုက္တာရွင္”
“အီး အား”
ကိုေအာင္ျမင့္လည္းအခန္းေရွ႕ ၌
ျပာယာခက္ေနေတာ့သည္။
အခန္းထဲမွာဇနီးသည္ကေမြးရဖြားရ
ခက္ေနသည့္အတြက္အပူလုံးက
ထႂကြေနေလသည္။
“ေအာင္ျမင့္ေရ ေအာင္ျမင့္”
အခန္းထဲမွလက္သည္ေဒၚခိုင္
ျပာျပာသလဲထြက္လာသည္။
“မခိုင္ဘာျဖစ္လို႔လဲ က်ဳပ္မိန္းမ
အဆင္ေျပလား”
“မေျပဘူး ေအာင္ျမင့္ေရ
ငါလည္းအတတ္ႏိုင္ဆုံးေမြးေပးတာပဲ။
ကေလးကထြားလြန္းလို႔ထင္တယ္
စိမ္းလဲ့မေမြးႏိုင္ပဲျဖစ္ေနတယ္။
လွည္းျပင္ၿပီးၿမိဳ႕ ကေဆး႐ုံကိုပို႔မွ
ျဖစ္လိမ့္မယ္…”
“ဗ်ာ…”
“ျမန္ျမန္လုပ္ အခ်ိန္သိပ္မရွိဘူး
ေနာက္က်ရင္အသက္အႏၲရာယ္
စိုးရိမ္ရတယ္…”
“ဟုတ္ ဟုတ္ကဲ့”
ကိုေအာင္ျမင့္လည္းအိမ္ေပၚမွ
ေျပးဆင္းလာခဲ့သည္။
အိမ္မွာကလည္းလွည္းမရွိသျဖင့္
လွည္းရွိသည့္အိမ္မ်ားအားအကူအညီ
လိုက္ေတာင္းရေတာ့သည္။
“ဦးႀကီးေဆြ ဦးႀကီးေဆြ”
“ေဟး ေအာင္ျမင့္ဘာျဖစ္လို႔လဲ”
“က်ဳပ္ကိုလွည္းေလးငွားပါဦးဗ်ာ
က်ဳပ္မိန္းမမီးမဖြားႏိုင္လို႔ေဆး႐ုံ
ပို႔ခ်င္လို႔ဗ်”
“ေဟအဲ့ဒါမွခက္ေရာ
ငါ့လွည္းကငါ့သားႀကီးေမာင္းသြားၿပီ
မရွိေတာ့ဘူး။
ေမာင္သိန္းတို႔အိမ္သြားေမးၾကည့္ပါလား”
“ဟုတ္ကဲ့”
ကိုေအာင္ျမင့္လည္း ေမာင္သိန္းအိမ္သို႔ေျပးရျပန္သည္။
“ကိုေမာင္သိန္း ကိုေမာင္သိန္း”
“ေဟးဘာလဲ ေအာင္ျမင့္”
“က်ဳပ္မိန္းမမီးမဖြားႏိုင္လို႔
ေဆး႐ုံပို႔ရမွာ လွည္းငွားခ်င္လို႔
ကိုေမာင္သိန္း”
“ေအးေအး ငွားရမွာေပါ့ကြ
ေနဦးငါလွည္းေကာက္လိုက္ဦးမယ္
မင္းအိမ္ကိုအရင္ျပန္ႏွင့္
ငါလွည္းေကာက္ၿပီးတာနဲ႔
တစ္ခါတည္းလိုက္လာခဲ့မယ္”
“ဟုတ္ ဟုတ္ကဲ့
ေက်းဇူးပါပဲ ကိုေမာင္သိန္းရာ”
“ရပါတယ္ကြာ မလိုပါဘူး”
“ဒါျဖင့္က်ဳပ္ျပန္ဦးမယ္”
“ေအးေအး”
ကိုေအာင္ျမင့္လည္းအိမ္ကို
အေျပးတပိုင္းျဖင့္ျပန္ေရာက္လာ
ခဲ့သည္။
“မခိုင္ မခိုင္က်ဳပ္မိန္းမဘယ္လိုေနေသးလဲ”
“နင့္မိန္းမကတစ္ခ်က္တစ္ခ်က္
သတိလစ္လစ္သြားတယ္။
လွည္းေကာရခဲ့လား”
“ရခဲ့တယ္ ကိုေမာင္သိန္းလိုက္လာလိမ့္မယ္ဗ်”
“ဒါျဖင့္လိုအပ္မယ္ထင္တာေတြ
ျမန္ျမန္ထည့္လိုက္ ေအာင္ျမင့္”
“ဟုတ္ကဲ့”
“က္ျီ”
“ေအာင္ျမင့္ေရ လွည္းေရာက္ၿပီေဟ့”
“ဟုတ္ ဟုတ္လာၿပီ
ကိုေမာင္သိန္း”
“ေအာင္ျမင့္ နင္ကနင့္မိန္းမကို
လွည္းေပၚေပြ႕ခ်ီၿပီးတင္လိုက္
ငါကဒီအထုပ္ေတြကိုယူခဲ့မယ္”
“ဟုတ္ မခိုင္”
ကိုေအာင္ျမင့္လည္းမစိမ္းလဲ့အား
ေပြ႕ခ်ီကာလွည္းေပၚတင္လိုက္သည္။
လက္သည္မခိုင္ကအထုပ္မ်ားအား
လွည္းေပၚတင္ေပးေလသည္။
“ဟဲ့ႏြား သြားစမ္း”
“ျဖန္း”
ကိုေမာင္သိန္းကလွည္းကို
ခပ္ျမန္ျမန္ေမာင္းကာ႐ြာမွထြက္လာ
ခဲ့ၾကသည္။
“မိန္းမ အားတင္းထားေနာ္
ေဆး႐ုံကိုသြားေနၿပီ”
“အင္း…နာလိုက္တာ
ေယာက္်ားရယ္ ကြၽန္မမရေတာ့ဘူး”
“ဟာဘာေတြေလွ်ာက္ေျပာေနတာလဲ
ခဏေလးသည္းခံၿပီးေစာင့္ေနာ္
ေရာက္ေတာ့မွာပါ”
“အားကြၽတ္ကြၽတ္ကြၽတ္”
“အမယ္ေလး”
“မိန္းမ မိန္းမ သတိထားပါဦးကြာ”
“အင္းဟင္းဟင္း”
“ဟာ…လုပ္ လုပ္ပါဦး
ကိုေမာင္သိန္း က်ဳပ္မိန္းမမ်က္ျဖဴလန္
ေနၿပီဗ်”
ိကိုေမာင္သိန္းလည္းလွည္းေမာင္းရင္း
ေနာက္သို႔လွည့္ၾကည့္လိုက္သည္။
“အင္းဟင္းဟင္း”
“မိန္းမ အဲ့လိုမလုပ္ပါနဲ႔ကြာ
ငါရွိပါတယ္ကြ”
မစိမ္းလဲ့ကမ်က္ျဖဴႀကီးလန္ကာ
သတိလစ္လစ္သြားေလသည္။
“အင္း”
“ဟင္…မိန္းမ မိန္းမ”
“လုပ္ လုပ္ပါဦး ကိုေမာင္သိန္း
က်ဳပ္မိန္းမေခၚလို႔မရေတာ့ဘူးဗ်”
“မွန္းစမ္း”
ကိုေမာင္သိန္းကမစိမ္းလဲ့၏
ႏွာေခါင္းဝအားလက္ျဖင့္ေတ့ၾကည့္
လိုက္သည္။
ၿပီးမွစိတ္မေကာင္းသည့္
မ်က္လုံးမ်ားျဖင့္ကိုေအာင္ျမင့္အား
ၾကည့္ကာေခါင္းရမ္းျပလိုက္သည္။
“ဟင္…ျဖစ္မွျဖစ္ရေလကြာ”
“စိတ္ကိုထိန္းပါ ေအာင္ျမင့္ရာ
ငါတို႔႐ြာကိုလွည့္ျပန္မွျဖစ္မယ္”
“အင္းပါဗ်ာ
က်ဳပ္မိန္းမအျဖစ္ဆိုးလိုက္တာဗ်ာ”
“စိမ္းလဲ့ေရ ကိုယ့္ကိုတစ္ေယာက္တည္းထား
ခဲ့ၿပီလားကြာ။
တို႔ရဲ႕ရင္ေသြးေလးကိုေတာင္တို႔ျမင္ခြင့္
မေရတာ့ပါလားၾကာ”
ကိုေအာင္ျမင့္လည္းလွည္းေပၚ၌
ခ်ဳံးပြဲခ်ကာငိုေႂကြးေနေတာ့သည္။
မယားလည္းဆုံးကေလးလည္း
ဆုံးသြားသည္မို႔ေျဖမဆည္ႏိုင္
ျဖစ္ေနရေတာ့သည္။
ကိုေမာင္သိန္းလည္းလွည္းကို
႐ြာသို႔လွည့္ျပန္ၿပီးေမာင္းလာခဲ့
သည္။
==============
အခန္း(5)
မစိမ္းလဲ့ကြယ္လြန္သြားသည့္
သတင္းေၾကာင့္တစ္႐ြာလုံးက
စိတ္မေကာင္းျဖစ္ေနၾကေလသည္။
က်န္ရစ္ခဲ့သည့္ကိုေအာင္ျမင့္အတြက္
ပို၍စိတ္မေကာင္းျဖစ္ၾကရသည္။
႐ြာထဲမွလူမ်ားကမစိမ္းလဲ့နာေရးအား
ဝိုင္းဝန္းၿပီးလုပ္ကိုင္ေပးၾကေလသည္။
ညေန၃နာရီေက်ာ္ေတာ့မစိမ္းလဲ့
နာေရးအားတစ္႐ြာလုံးလိုက္လံ
ပို႔ေဆာင္ၾကေလသည္။
သုသာန္ထဲသို႔ေရာက္ေတာ့
ကိုေအာင္ျမင့္တစ္ေယာက္
သတိပင္လစ္သြားရေလသည္။
အားလုံးကသတိျပန္ရေအာင္
ျပဳစုေပးၿပီးကိုေအာင္ျမင့္ကို
သုသာန္အတြင္းမွဆြဲေခၚသြားၾက
ေလသည္။
မစိမ္းလဲ့အားေျမခ်သည့္အခ်ိန္
ကိုေအာင္ျမင့္တစ္ေယာက္စိတ္ကို
မထိန္းႏိုင္မည္စိုး၍ေခၚသြားၾက
ျခင္းျဖစ္သည္။
ေနာက္ဆုံးမစိမ္းလဲ့အား
ေျမျမႇဳပ္ရန္႐ြာထဲမွ ကိုဖိုးေက်ာ္၊ကိုခင္စံ
ႏွင့္ကိုသာခင္တို႔သုံးေယာက္သာ
က်န္ခဲ့ေလသည္။
“ကဲ…ငါတို႔ေတြစိမ္းလဲ့အေလာင္းကို
ျမႇဳပ္လိုက္ၾကတာေပါ့ကြာ”
ကိုဖိုးေက်ာ္ကေျပာလိုက္သည္။
“ေနဦး ငါမင္းတို႔ကိုေျပာစရာရွိတယ္”
“ဘာေျပာမွာလဲ ခင္စံ”
“ဒီလိုသာခင္ရ……”
သုံးေယာက္သားေခါင္းခ်င္းဆိုင္ကာ
တီးတိုးေျပာဆိုေနၾကသည္။
“ျဖစ္ပါ့မလား ခင္စံရ
ေတာ္ၾကာလူေတြသိသြားရင္
ဘယ္လိုလုပ္ၾကမလဲ”
“ေအးဟုတ္တယ္ခင္စံရ
လူေတြသိသြားရင္ငါတို႔သုံးေယာက္လုံး
ဒုကၡေရာက္လိမ့္မယ္ကြ။
“ဖိုးေက်ာ္၊သာခင္မင္းတို႔ကလည္း
ဘယ္သူကသိမွာလဲကြ။
ဒီသခ်ႋဳင္းထဲမွာငါတို႔ပဲရွိတာေလကြာ
မင္းတို႔ပဲစဥ္းစားၾကည့္ၾကေလ”
“အင္းဒါလည္းဟုတ္တာပဲ
ဘယ္သူမွရွိတာမဟုတ္ဘူးကြ။
ဒါျဖင့္ရင္လည္းလုပ္ၾကတာေပါ့ကြာ”
“ဖိုးေက်ာ္ မင္းေရာဘယ္လိုလဲ”
“ၿပီးေရာကြာ ငါလည္းပါမယ္”
“ဒါျဖင့္ဒီကိစၥကို မင္းတို႔ေတြ
ႏႈတ္လုံေစေနာ္”
“စိတ္ခ်စမ္းပါ
ဘယ္သူကကိုယ့္လည္ပင္းကို
ႀကိဳးနဲ႔စြပ္မွာလဲကြ။
ဖိုးေက်ာ္၊ခင္စံနဲ႔သာခင္လည္း
မႀကံေကာင္းသည္ကိုႀကံၾကေတာ့
သည္။
=============
အခန္း(6)
“ေၾသာ္ …စိမ္းလဲ့စိမ္းလဲ့
မင္းမရွိတဲ့ဒီအိမ္ႀကီးဟာ
ငါ့အတြက္အဓိပၸာယ္မဲ့လိုက္တာ
မိန္းမရာ”
ကိုေအာင္ျမင့္တစ္ေယာက္
အိမ္တိုင္ကိုမွီၿပီးမစိမ္းလဲ့အား
လြမ္းဆြတ္တမ္းတေနမိသည္။
အိမ္ႀကီးထဲမွာေပ်ာ္ပါးခဲ့ဖူးတဲ့
အမွတ္တရမ်ားကိုျပန္လည္
စဥ္းစားၿပီးက်မ်က္ရည္မဆည္ႏိုင္
ျဖစ္ရေတာ့သည္။
“အူ ဝူ ဝူး”
“အူဝူး ဝူဝူ”
ေခြးအူသံမ်ားကၾကက္သီး
ထစဖြယ္လြင့္ပ်ံလာသည္။
ကိုဖိုးေက်ာ္တစ္ေယာက္အိပ္၍
မေပ်ာ္ႏိုင္ျဖစ္ေနသည္။
အိပ္ရာထဲလူးလြန္႔ရင္းဟိုေတြးသည္ေတြး
ေတြးေနမိသည္။
“ေတာ္ပါၿပီ ငါဒီအေၾကာင္းကို
မေတြးတာပဲေကာင္းမယ္”
ကိုဖိုးေက်ာ္လည္း
ေတြးလက္စအေတြးကိုေဖ်ာက္ၿပီး
အိမ္ေအာက္သို႔ဆင္းလာခဲ့
သည္။
အိမ္ေနာက္ေဖးသို႔အေပါ့သြားရန္
အိမ္သာရွိရာသို႔လာခဲ့သည္။
“က္ျီ”
အိမ္သာတံခါးကိုဖြင့္ၿပီး
အိမ္သာထဲဝင္လိုက္သည္။
“ရွပ္ ရွပ္ ရွပ္”
“ဟင္…ေျခသံပါလား
အိမ္မွာကလည္းငါတစ္ေယာက္ပဲ
ေနတာပါ။
ဘယ္သူမ်ားပါလိမ့္……”
“အဟင္း အဟင္း ဘယ္သူလဲ ”
“ရွပ္ ရွပ္ ”
“ဘယ္သူလဲလို႔ေမးေနတယ္”
ကိုဖိုးေက်ာ္လည္းအိမ္သာေရေလာင္းၿပီးဆင္းလာခဲ့သည္။
အိမ္သာမွအထြက္ေျခသံပိုင္ရွင္အား
လိုက္လံရွာေဖြၾကည့္လိုက္သည္။
မည္သူမွရွိမေန……
ကိုဖိုးေက်ာ္လည္းနားၾကားမွားသည္
အထင္ျဖင့္အိမ္ထဲဝင္ရန္ေျခလွမ္း
မည္အျပဳ ……
“နင္ နင္ လူယုတ္မာ”
“ဟင္……”
အသံလာရာေနာက္သို႔လွည့္ၾကည့္
လိုက္ရာကိုဖိုးေက်ာ္၏မ်က္လုံးမ်ား
ျပဴးသြားရသည္။
ေၾကာက္မက္ဖြယ္မ်က္ႏွာႀကီးျဖင့္
စားမတတ္ဝါးမတတ္ၾကည့္ေနသည့္
မစိမ္းလဲ့ပင္ျဖစ္သည္။
“စိမ္း စိမ္း စိမ္းလဲ့”
“နင္ နင္ငါ့အိမ္ထဲဘာလာလုပ္တာလဲ”
“သြား အခုထြက္သြား”
ကိုဖိုးေက်ာ္တစ္ေယာက္
တုန္တုန္ယင္ယင္ျဖစ္ေနေတာ့သည္။
“နင္တို႔ေတြ ငါ့ကိုေသတာေတာင္
ယုတ္မာခဲ့ၾကတယ္”
“ငါမေက်နပ္ဘူး ”
“နင္တို႔ကိုငါျပန္သတ္မယ္”
“မလာနဲ႔ မလာနဲ႔ သြားသြား”
“ဟား ဟားဟားဟား”
“နင္ေသရမယ္”
သရဲမစိမ္းလဲ့ကသူ၏သန္မာလွသည့္
လက္ႀကီးႏွစ္ဖက္ျဖင့္ ကိုဖိုးေက်ာ္၏
လည္မ်ိဳအားညႇစ္ထားေလသည္။
ကိုဖိုးေက်ာ္လည္း ေျမေပၚမွ၂ေပခန္႔
ေျမာက္တက္ၿပီးေျခကားယားျဖစ္ေန
သည္။
“အု အ အ”
ကိုဖိုးေက်ာ္တစ္ေယာက္အသက္ရႉ
ၾကပ္လာၿပီးမ်က္လုံးမ်ားပင္ျပာလာ
သည္။
မည္သို႔ပင္႐ုန္းကန္ေနေပမယ့္
သန္မာလွသည့္စိမ္းလဲ့၏လက္ႀကီးမ်ားမွ
လြတ္ေျမာက္ႏိုင္စြမ္းမရွိေပ။
တျဖည္းျဖည္းႏွင့္ကိုဖိုးေက်ာ္
ၿငိမ္က်သြားေလသည္။
သရဲမစိမ္းလဲ့လည္း အသက္မဲ့သြားသည့္
ကိုဖိုးေက်ာ္၏ အေလာင္းအားေျမေပၚသို႔
ပစ္ခ်လိုက္သည္။
===============
“ေဟ့ေကာင္ ခင္စံ ဖိုးေက်ာ္ေသၿပီတဲ့”
“ဘာ…ဘာေျပာတယ္ ဖိုးေက်ာ္ေသၿပီဟုတ္လား”
“ဟုတ္တယ္ကြ မေန႔ညကသူ႔ဝိုင္းထဲမွာ
မ်က္လုံးႀကီးျပဴးခုတ္ႀကီးက်ိဳးၿပီး
ေသေနတာတဲ့ကြ။
“ဟင္…ဘယ္သူကမ်ားဖိုးေက်ာ္ကို
သတ္သြားသလဲမသိဘူး”
“ငါ့အထင္ေျပရရင္ ဟို ဟိုစိမ္းလဲ့မ်ား
သရဲျဖစ္ၿပီး သတ္သြားသလားမသိဘူး။
ဟိုကိစၥကိုမေက်မနပ္ျဖစ္ၿပီး”
“ေတာ္စမ္း သာခင္”
ကိုခင္စံ၏ေအာ္သံေၾကာင့္
အရက္ဆိုင္ထဲမွလူမ်ားကဝိုင္းၿပီး
ၾကည့္ေနၾကေလသည္။
“ဒီကိစၥကိုမင္းေလွ်ာက္ၿပီးေျပာလို႔
ကေတာ့မင္းေသၿပီသာမွတ္ ”
“ငါမေျပာပါဘူးကြ ငါကထင္တာကို
ေျပာတာပါကြာ”
“ထြီ…အဓိပၸါယ္မရွိလိုက္တာ
ဘယ္လိုလုပ္သရဲကလူသတ္လို႔ရမွာလဲ
သာခင္ရ…
မင္းဦးေနာက္မရွိဘူးလားကြ ဟမ္”
“ေျပာမရဘူးေလ ဟုတ္ခ်င္လည္း
ဟုတ္ေနမွာေပါ့ ”
“ေတာ္ တိတ္ထပ္မေျပာနဲ႔ေတာ့ သာခင္
မင္းကကိုယ့္လည္ပင္းကိုယ္ႀကိဳးစြပ္
မယ့္အေကာင္ပဲ။
ကိုခင္စံကေငါက္လိုက္သျဖင့္
ကိုသာခင္လည္းထပ္မေျပာရဲေတာ့ပဲ
အရက္ကိုသာေသာက္ေနမိသည္။
ကိုဖိုးေက်ာ္ေသဆုံးၿပီးေနာက္ပိုင္း
ကိုသာခင္ႏွင့္ကိုခင္စံလည္းဟန္မပ်က္
ေနခဲ့ၾကသည္။
==============
“ကေလးကကိုယ္ေတြပူၿပီး
အဖ်ားေတြတက္ေနတယ္ ကိုသာခင္
ေဆးေလးသြားဝယ္ၿပီး တိုက္မွျဖစ္မယ္”
“မင္းကလည္း ညႀကီးမိုးခ်ဳပ္
ငါက႐ြာအေနာက္ပိုင္းထိေဆးသြားဝယ္
ရမွာလားကြ။
“အိုေတာ္… ရွင္ေယာက္်ားမဟုတ္ဘူးလား
႐ြာအေနာက္ပိုင္းေလးေတာင္မသြားရဲဘူးလား။
ဘယ္လိုဖေအမ်ိဳးလဲ ကိုယ့္သားသမီး
ေနမေကာင္းတာေတာင္ ေဆးေလးသြားဝယ္မေပးခ်င္ဘူး
အံ့ၾသပါ့ေတာ္.
“ေပးေပး သြားဝယ္ေပးမယ္
ငါ့ကိုေတာ့နားၿငီးေအာင္လာမေျပာနဲ႔”
“ေျပာမွာပဲ ရွင္လုပ္တာဟုတ္လို႔လား”
“ေရာ့ ပိုက္ဆံေသခ်ာကိုင္သြားဦး
အရက္သမားလက္ဆိုေတာ့ တုန္တုန္
ယင္ယင္နဲ႔က်ေနဦးမယ္”
“သိပ္လ်ာရွည္တဲ့မိန္းမပဲကြာ”
ကိုသာခင္လည္းပိုက္ဆံယူၿပီး
အိမ္ထဲမွထြက္ခဲ့သည္။
“စိတ္ပ်က္စရာပဲ
သြားရမယ့္ေနရာက ႐ြာအေနာက္ပိုင္း
စိမ္းလဲ့ေနခဲ့တဲ့ေနရာကလည္း
႐ြာအေနာက္ပိုင္းဆိုေတာ့ အင္း
ေယာက္်ားပဲကြာ မျဖစ္ျဖစ္ေအာင္ေတာ့သြားရမွာပဲ”
ကိုသာခင္လည္းအားတင္းၿပီး
ေရွ႕ဆက္ခဲ့သည္။
ကိုသာခင္ကတျခားေယာက္်ားမ်ားႏွင့္
မတူသရဲတေစၦဆိုသိပ္ေၾကာက္တတ္သူ
ျဖစ္သည္။
ကိုသာခင္လည္းပိုက္ဆံကို
က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ၿပီး
ေလွ်ာက္လာခဲ့သည္။
တျဖည္းျဖည္းႏွင့္စိမ္းလဲ့ေနသည့္
အိမ္နားမွျဖတ္ေလွ်ာက္လာခဲ့သည္။
မဝံ့မရဲျဖင့္ စိမ္းလဲ့အိမ္ဘက္သို႔
ၾကည့္လိုက္မိသည္။
တစ္အိမ္လုံးေမွာင္မည္းၿပီးတိတ္ဆိတ္ေန
ေလသည္။
“အိမ္ႀကီးကေတာ့ေမွာင္မည္းေနတာပဲ
ေအာင္ျမင့္ေတာ့ ဘယ္လိုစိတ္နဲ႔ေနသလဲ
မသိဘူး”
ကိုေအာင္ျမင့္အတြက္ႀကံဖန္ၿပီး
ပူေပးေနမိသည္။
“ဟင္…နံလိုက္တာဘာအနံ႔ႀကီးလဲ”
“ပုပ္ေစာ္ႀကီးနံလိုက္တာ
ဘာေကာင္ေသေနတာလဲမသိဘူး”
ကိုသာခင္လည္းႏွာေခါင္းကို
ပိတ္ၿပီးျပစ္တင္ေျပာဆိုေနမိသည္။
“ဘယ္သြားမလို႔လဲ……”
“ဟင္…”
ေနာက္မွေျပာလိုက္သည့္စကားသံ
ေၾကာင့္ကိုသာခင္၏ေျခလွမ္းမ်ား
တုံ႔ဆိုင္းသြားရေလသည္။
“နင္ငါ့ကိုဘာလုပ္ခဲ့သလဲ”
“ဟာ ဟာ မလာနဲ႔ မလာနဲ႔
စိမ္းလဲ့ နင္ ငါ့အနားမလာနဲ႔ သြား”
“နင္အခုမွေၾကာက္ေနၿပီလား ဟမ္
နင္တို႔ငါ့ကိုဘာလုပ္ခဲ့ၾကသလဲ”
“ငါမသိဘူး သြားသြား”
“ဟား ဟားဟား နင္လုပ္ၿပီးမွ
မသိလို႔ရမလား သာခင္ နင္တို႔အလွည့္
မၾကာခင္ေရာက္လာလိမ့္မယ္ေဟ့”
“ဟင္…”
သရဲမစိမ္းလဲ့လည္း ေျပာခ်င္ရာေျပာၿပီး
ေပ်ာက္ကြယ္သြားေတာ့သည္။
ကိုသာခင္လည္း ဖေနာင့္နဲ႔တင္ပါး
တသားတည္းက်ေအာင္ေဆးေရာင္းတဲ့
အိမ္ကိုအတင္းေျပးလာခဲ့ေတာ့သည္။
ေဆးဝယ္ၿပီးအိမ္သို႔ တုန္တုန္ယင္ယင္
့ျဖင့္ျပန္ေရာက္လာသည္။
“ရွင္ေဆးသြားဝယ္တာလည္း
ၾကာလိုက္တာရွင္ ကေလးကတအား
ဖ်ားေနၿပီရွင့္”
“ေဆးေပး”
“ေရာ့ ေရာ့”
“ဘာလို႔လက္ေတြတုန္ေနတာလဲ
ကိုသာခင္ ရွင္အရက္ေသာက္ခ်င္
ျပန္ၿပီလား”
“ေအး ဟုတ္ ဟုတ္တယ္ဟ”
“ရွင့္မလည္းေနာ္ အခ်ိန္ျပည့္
ဒီအရည္ပဲၿမိဳခ်င္ေနတယ္”
“မဟုတ္ပါဘူးကြာ
ငါ ငါအိပ္ေတာ့မယ္ မိန္းမ”
“အိပ္ေတာ့မွာလားအေစာႀကီးရွိေသး”
“ေအး အိပ္ေတာ့မယ္”
“အင္း အင္းအိပ္ေလ”
ကိုသာခင္လည္းေခါင္းအုံးေပၚ
လွဲၿပီးအိပ္လိုက္သည္။
မအိပ္ခင္ သရဲမစိမ္းလဲ့၏မ်က္နာအား
ျပန္ျမင္ေယာင္ေနမိေတာ့သည္။
“မလာနဲ႔ မလာနဲ႔သြားသြား ငါ့အနားမလာနဲ႔ ”
“ကိုသာခင္ ကိုသာခင္
ဘာျဖစ္တာလဲ
“ငါ ငါေၾကာက္တယ္ မိန္းမ”
“ဘာျဖစ္တာလဲ ဘာကိုေၾကာက္တာလဲ”
“ဟိုဟိုမွာ သရဲ သရဲမငါ့ကိုလိုက္ေျခာက္ေနတယ္”
“မရွိပါဘူးရွင္ ဘယ္ကသရဲမလဲ
ရွင္ဘာျဖစ္လာတာလဲ”
“ငါေၾကာက္တယ္ ငါ့အနားမွာေနေပးပါလား”
“ရွင့္အနားမွာပဲတစ္ညလုံး
အိပ္ေနတာေလ ဘာမွမရွိပါဘူး
ေၾကာက္မေနပါနဲ႔။
“မဟုတ္ဘူး ရွိေနတယ္ ရွိေနတယ္
ခုနကျခင္ေထာင္နားမွာမတ္တပ္ရပ္
ေနတာငါျမင္လိုက္တယ္”
“ရွင္စိတ္ထင္ေနလို႔ျဖစ္မွာပါ မရွိပါဘူး”
“ေနဦးေနဦး ေရမန္းေလးတိုက္ဦးမယ္”
ကိုသာခင္မိန္းမလည္းထသြားၿပီး
ေရမန္းပုလင္းအားယူလာခဲ့သည္။
“ေရာ့ ေသာက္လိုက္ဦး လန္႔ေနတာ
ေပ်ာက္သြားေအာင္လို႔ ”
“အင္း အင္း”
“ျဖည္းျဖည္းေသာက္ဦး
ရွင္ေအာ္လိုက္တာ ကေလးေတာင္လန္႔
ႏိုးသြားၿပီ”
“ေသာက္ၿပီးရင္ျပန္အိပ္လိုက္ဦး
အေစာႀကီးရွိေသးတယ္ ”
“အင္း ငါ့ကိုေသခ်ာၾကည့္ထားေနာ္
မိန္းမ သူျပန္ေရာက္လာမွာစိုးလို႔”
“မေရာက္ပါဘူး ရွိလည္းမရွိဘူး
စိတ္ခ်လက္ခ်နဲ႔သာအိပ္ ”
ကိုသာခင္လည္းဟိုၾကည့္သည္ၾကည့္
ၾကည့္ၿပီးျပန္အိပ္လိုက္သည္။
ထိုေန႔ညကဘာသံမွထပ္မၾကားပဲ
အိပ္ေပ်ာ္သြားသည္။
===============
“ခင္စံ ငါမင္းကိုေျပာစရာရွိတယ္”
“ဘာလဲေျပာ”
“မေန႔ညက ငါ့ဆီကိုစိမ္းလဲ့ေရာက္လာတယ္”
“ဘာ…စိမ္းလဲ့မင္းဆီေရာက္လာတယ္”
“ဟုတ္တယ္ မေန႔ကညႀကီးအခ်ိန္မေတာ္ငါ့သား
ေနမေကာင္းလို႔ ႐ြာေနာက္ပိုင္းကို
ေဆးသြားဝယ္တာ စိမ္းလဲ့ကငါ့ကို
ေျခာက္လႊတ္လိုက္တယ္။
ငါ့ကိုေျပာသြားေသးတယ္
မၾကာခင္နင္တို႔အလွည့္ေရာက္လာေတာ့မယ္ဆိုၿပီး”
“သြားစမ္းပါကြာ ပါးစပ္ရွိတိုင္းလာၿဖီးမေနနဲ႔
ေနာက္တစ္ခါ စိမ္းလဲ့နဲ႔ေတြ႕ရင္ေျပာလိုက္ ေနာက္ထပ္
ငါေစာ္ကားတာမခံခ်င္ရင္
အသာေနလို႔……”
“ငါေျပာတာယုံပါ ခင္စံရာ
သူတကယ္ငါတို႔ကိုမေက်နပ္ဘူး
ဖိုးေက်ာ္ကိုသတ္တာလည္း
သူပဲျဖစ္မယ္ကြ။
“သာခင္ မင္းမလည္းေယာက္်ားႀကီး
ျဖစ္ၿပီးေၾကာက္တတ္လိုက္တာ
မင္းေၾကာက္ေနရင္ ဘာလို႔အဲ့ေန႔ကတည္းက လုပ္ခဲ့ေသးလဲ”
“အဲ့ဒါက အဲ့ဒါကေပါ့ကြာ
ဒါေပမယ့္ ငါအခုအဲ့လိုလုပ္မိလို႔
ေနာင္တေတြရေနၿပီ ခင္စံ”
“ဘာေျပာတယ္ ေနာင္တေတြရေနၿပီ
ဟုတ္လား ဟား ဟား ဟား ဟား”
“ရယ္ရတယ္ သာခင္ရာ
မသာေကာင္ကိုဟိုဒင္းဟိုဟာျပဳတာ
ေနာင္တရစရာဘာအေၾကာင္းမွမရွိဘူး
အသက္မဲ့ေနတဲ့အေလာင္းေလ
သူသိမွာလဲ သူဘာခံစားရမွာလဲ
သူဘာေတြနစ္နာသြားသလဲ ေျပာစမ္းပါဦး သာခင္ရ”
“မသိေတာ့ဘူးကြာ သူညတိုင္းအဲ့သလိုသာလာေျခာက္ရင္
ငါေတာ့႐ူးေတာ့မယ္ ခင္စံ”
“မင္းေၾကာက္ၿပီး အကုန္ေပၚကုန္လို႔ေတာ့ မင္းကိုအရွင္
မထားဘူး သာခင္ မင္းငါ့အေၾကာင္း
သိပါတယ္”
“သိပါတယ္ ခင္စံရာ”
ကိုသာခင္လည္း ကိုခင္စံအေၾကာင္း
သိထားသျဖင့္ ဘာမွမေျပာေတာ့ပဲ
အသာၿငိမ္ေနလိုက္သည္။
===============
“ေအာင္ျမင့္ေရ ေအာင္ျမင့္”
“ေၾသာ္ ကိုေမာင္သိန္းပါလား
လာေလအိမ္ထဲ ”
“စိမ္းလဲ့ဆြမ္းတရားနာအတြက္
ကူညီစရာရွိတာ ကူညီႏိုင္ေအာင္
လာေမးတာ ဘာေတြလိုအပ္ေသးလဲ”
“႐ြာထဲကလူေတြအကုန္လုံးက
လာၿပီးလုပ္ကိုင္ေပးၾကလို႔ အားလုံး
အဆင္ေျပပါတယ္ဗ်။
ဘာမွမလိုေတာ့ပါဘူး”
“ေအးကြာ ငါလည္းမအားတာနဲ႔
မေရာက္ျဖစ္တာ မနက္ျဖန္စိမ္းလဲ့
ဆြမ္းတရားမွပဲ ငါလာခဲ့ဦးမယ္”
“ေက်းဇူးပါပဲ ကိုေမာင္သိန္းရာ”
“ဒါနဲ႔တစ္ခုေတာ့ေျပာခ်င္ေသးတယ္
ေအာင္ျမင့္”
“ဘာလဲေျပာေလ ကိုေမာင္သိန္း”
“ဟုတ္မဟုတ္ေတာ့ မသိဘူးကြာ
ငါလည္းနားစြန္နားဖ်ားၾကားခဲ့တာပါ
မင္းစိတ္မဆိုးေလာက္ဘူးလို႔
ထင္ပါတယ္”
“စိတ္ဆိုးစရာလားဗ်ာ
ေျပာမွာသာေျပာစမ္းပါ ကိုေမာင္သိန္းရ
“ေအးဒီလိုကြ
ဖိုးေက်ာ္ေသတာမင္းသိတယ္မလား”
“အင္း သိတယ္ေလ”
“ဖိုးေက်ာ္က႐ိုး႐ိုးေသတာမဟုတ္ဘူးတဲ့
အသတၡံရတာတဲ့”
“ဗ်ာ ဟုတ္လား ဘယ္သူကသတ္တာလဲ”
“ငါလည္းအဲ့ဒါကိုေျပာမလို႔ပဲ
႐ြာထဲကတခ်ိဳ႕ လူေတြေျပာနာေတာ့
ဖိုးေက်ာ္ကိုသတ္တာ စိမ္းလဲ့တဲ့”
“ဗ်ာ”
“ဟုတ္တယ္ အဲ့လိုေျပာေနၾကတယ္
အေၾကာင္းအရင္းအတိအက်ကိုေတာ့
ငါလည္းေသခ်ာမသိဘူး။
စိမ္းလဲ့ကဘာေၾကာင့္ဖိုးေက်ာ္ကို
သတ္ပစ္တာလဲ သတ္ပစ္ရေလာက္ေအာင္ ဘာေတြျဖစ္ခဲ့တာလဲ ”
“ေတာ္ဗ်ာ ေတာ္ေတာ္ အက်ိဳးအေၾကာင္းမရွိတဲ့ဟာေတြကို
ကိုေမာင္သိန္းဆက္မေျပာပါနဲ႔ေတာ့
စိမ္းလဲ့ကဘာေၾကာင့္ကိုဖိုးေက်ာ္ကို
သတ္ရမွာလဲ ၿပီးေတာ့စိမ္းလဲ့က
က်ဳပ္ကိုအရိပ္အေယာင္ေလးေတာင္
ျပတာမဟုတ္ဘူးဗ်။
သရဲျဖစ္ဖို႔ဆိုတာေဝလာေဝး”
“ငါလည္း သူတို႔စကားေတြကို
မယုံပါဘူး ေအာင္ျမင့္ရာ ဒီအတိုင္း
ေျပာျပတာပါ။
ငါသြားဦးမယ္ မနက္ျဖန္မွငါလာခဲ့မယ္”
“အင္း…”
ကိုေမာင္သိန္းထြက္သြားေတာ့
ကိုေအာင္ျမင့္တစ္ေယာက္စိတ္ဆိုးၿပီး
က်န္ေနခဲ့သည္။
“အလကား ေပါက္တတ္ကရ
သတင္းေတြလာေျပာေနတယ္
ငါ့မိန္းမကဘာေၾကာင့္ ကိုဖိုးေက်ာ္
ကိုသတ္မွာလဲ၊ငါ့မိန္းမကျဖင့္ဘယ္ဘဝ
ေရာက္ေနၿပီလဲေတာင္မသိဘူး
အေျခအျမစ္မရွိလာေျပာေနတယ္”
===============
“ကိုသာခင္ မအိပ္ခင္ဘုရားေလး
ကန္ေတာ့ဦး ၿပီးေတာ့ရွင္ကထထေအာ္
ေနတာ”
“ေအးပါ ကန္ေတာ့ပါ့မယ္”
ကိုသာခင္လည္းဘုရားစင္ေရွ႕သြားၿပီး
ကန္ေတာ့လိုက္သည္။
“ရွင္ဘာမဟုတ္တာလုပ္ထားလို႔
အခုတေလာေၾကာက္လန္႔ေနတာလဲ
ကိုသာခင္”
“ဟာ ငါကဘာမဟုတ္တာလုပ္ရမွာလဲ
သူ႔ဟာသူသရဲကလာေျခာက္တာ
ငါဘယ္လိုလုပ္သိမွာလဲ။
ေတာ္ၿပီဟာ အိပ္ေတာ့မယ္ ”
ကိုသာခင္၏ဇနီးလည္း
ဘာမွမေျပာေတာ့ပဲအိပ္လိုက္သည္။
“နင္တို႔ငါ့ကိုယုတ္မာၾကတယ္
နင္တို႔ငါ့ကိုေသၿပီးတာေတာင္
အလြတ္မေပးၾကဘူး တဏွာ႐ူးေတြ
ဒင္းတို႔ကိုငါသတ္မယ္ ငါသတ္မယ္”
“အား…ေၾကာက္ ေၾကာက္ပါၿပီ”
“မသတ္ပါနဲ႔ ေတာင္း ေတာင္းပန္ပါတယ္
“ငါမွားပါတယ္ စိမ္းလဲ့ရယ္
င့ါကိုမသတ္ပါနဲ႔ ”
“နင့္အလွည့္ေရာက္မွေၾကာက္ေနၿပီလား
သတ္ကိုသစ္ပစ္ရမယ္ နင္တို႔ေသမွေအးမယ္ ဖိုးေက်ာ္ဆိုတဲ့
အေကာင္ေတာ့ ငါသတ္လို႔ေသၿပီ
နင္နဲ႔ခင္စံပဲက်န္ေတာ့တယ္။
နင္တို႔လည္းၾကာၾကာမေနရဘူးမွတ္”
“ဟား ဟား ဟားဟား”
“မလာနဲ႔ စိမ္းလဲ့ စိမ္းလဲ့ ငါ့ကိုမသတ္ပါနဲ႔
“ကိုသာခင္ ကိုသာခင္
ဘာေတြထေအာ္ေနျပန္တာလဲ”
“အေမ အေဖဘာျဖစ္လို႔ထေအာ္တာလဲ”
“ကိုသာခင္ တစ္ကိုယ္လုံးလည္း
ေခြၽးေတြနဲ႔ပါလား ရွင္အိပ္မက္ဆိုးေတြ
မက္ျပန္ၿပီလား”
“ငါ့ကိုသရဲမသတ္ဖို႔ ႀကိဳးစားေနတယ္”
“စိမ္းလဲ့လို႔ေျပာလိုက္တဲ့အသံၾကားတယ္
ရွင္ဘာေတြလုပ္ထားတာလဲ
ကြၽန္မကိုအမွန္အတိုင္းေျပာေနာ္
ကိုသာခင္”
“ငါ ငါေတာင္းပန္ပါတယ္မိန္းမရာ”
“ငါ့ကိုခြင့္လႊတ္ပါ ”
“ရွင္ဘာလုပ္ခဲ့သလဲဆိုတာသာေျပာ
ရွင္ေျပာမွကြၽန္မသိရမွာေပါ့ ဘာျဖစ္ခဲ့သလဲေျပာ ”
“ဒီ လိုပါဟာ……”
ကိုသာခင္လည္းဖုံးကြယ္မထားႏိုင္
ေတာ့ပဲ ဇနီးသည္အားအမွန္အတိုင္း
ဖြင့္ေျပာလိုက္ေတာ့သည္။
“ရွင္…ဘုရား ဘုရား ကိုသာခင္ ရွင္မိန္းမႀကီးရွိပါလ်က္
အဲ့သေလာက္နံ႔ေၾကာထရသလားဟမ္
လူၾကားလို႔မွမေကာင္းေတာ္
ပတ္ဝန္းက်င္ကိုဘယ္လိုမ်က္ႏွာျပရ
မလဲေတာ့”
“ငါလည္းအဲ့တုန္းကမူးမူးနဲ႔
ျဖစ္သြားတာပါ မိန္းမရာ”
“ေတာ္စမ္းပါရွင္ မူးေနတယ္ဆိုတဲ့
အေၾကာင္းျပခ်က္ေပးၿပီး ရွင့္အမွား
ကိုေပါ့ေအာင္လုပ္မေနစမ္းပါနဲ႔
ဒီကိစၥဘယ္လိုလုပ္ၾကမလဲေျပာ”
“ငါဒီအတိုင္းဆက္ၿပီးေနရင္
စိမ္းလဲ့ငါ့ကိုေျခာက္လို႔ ငါ႐ူးရင္႐ူး
မဟုတ္ရင္ သူသတ္လို႔ငါေသမွာဟ
ဘာပဲျဖစ္ျဖစ္ ဒီကိစၥကိုအမွန္အတိုင္း
ဖြင့္ေျပာလိုက္ေတာ့မယ္ဟာ”
“ရွင္ေၾကာင့္ ကြၽန္မတို႔သားအမိ
႐ြာထဲမွာဘယ္လိုမ်က္ႏွာျပရေတာ့မလဲ
ကိုသာခင္ရယ္ အီး ဟီးးဟီး”
“ငါမွားပါတယ္ မိန္းမရာ ငါမွားပါတယ္”
“ရွင့္အမွားကိုရွင္သိရင္
ရွင့္အျပစ္ကိုခံယူပါ ကိုသာခင္”
“ေအးပါ ငါခံယူပါ့မယ္
ငါ့ေၾကာင့္မင္းတို႔သားအမိေတြ
အရွက္တကြဲျဖစ္ရလို႔ ေတာင္းပန္ပါတယ္
“ဘယ္တတ္ႏိုင္မလဲရွင္
ျဖစ္လာမွေတာ့ခါးစည္းခံ႐ုံပဲ
ရွိေတာ့တာေပါ့”
ေနာက္တစ္ေန႔မနက္လင္းေတာ့
မစိမ္းလဲ့၏ဆြမ္းတရားနာျပဳလုပ္
ေနၾကသည္။
ကိုေမာင္သိန္းလည္းကူညီလုပ္ကိုင္ရန္
ေရာက္ရွိေနေလသည္။
႐ြာထဲမွအသိမိတ္ေဆြမ်ားက
မစိမ္းလဲ့၏ဆြမ္းတရားနာသို႔ လာေရာက္
ၾကေလသည္။
ေနျမင့္ေတာ့လူသိပ္မရွိေတာ့ေပ
ဆြမ္းတရားနာမည့္သူအနည္းငယ္ႏွင့္
ကူညီလုပ္ကိုင္ေပးသည့္သူအနည္းငယ္သာက်န္ေနခဲ့ေလသည္။
ခဏေနေတာ့ ဘုန္းႀကီးမ်ားႂကြလာၾကၿပီး
မစိမ္းလဲ့အတြက္ရည္စူးၿပီးတရားတစ္ပုဒ္ကိုေဟာေလသည္။
တရားၿပီးဆုံးသြားေတာ့ ကိုေအာင္ျမင့္က
ေရစက္ခြက္ကိုကိုင္ၿပီးအမွ်ေပးသည္။
“အားလုံးၾကားၾကားသမွ် အမွ်အမွ် အမွ်
ယူေတာ္မူၾကပါကုန္ေလာ့ သာဓုသာဓုသာဓု ”
“အားလုံးၾကားၾကားသမွ်”
“ကိုေအာင္ျမင့္ ကိုေအာင္ျမင့္”
အမွ်ေဝေနရင္း မိန္းကေလးတစ္ေယာက္ကငိုႀကီး
ခ်က္မျဖင့္ထေခၚသျဖင့္အားလုံး
တိတ္ဆိတ္သြားေလသည္။
“ကိုေအာင္ျမင့္ ကြၽန္မစိမ္းလဲ့ပါ”
“ဟင္…”
“ဟာ”
“ကြၽန္မစိမ္းလဲ့ပါ ေျပာစရာရွိလို႔
ကြၽန္မေရာက္လာရတာပါ ”
“ဘာေျပာခ်င္လို႔လဲ မိန္းမ ေယာက္်ားကိုေျပာေလ”
“ကြၽန္မမေက်နပ္ဘူး မေက်နပ္ဘူး”
“ဘယ္သူ႔ကိုလဲ ေျပာေလ”
“ဟိုလူယုတ္မာေတြ ကြၽန္မကို
ေသၿပီးတာေတာင္ ေစာ္ကားၾကတယ္”
“ဟင္”
“ဟာ”
“ဘာ ဘာေျပာတယ္ ”
“႐ြာထဲက ဖိုးေက်ာ္၊ခင္စံနဲ႔သာခင္တို႔
ကြၽန္မကိုေသၿပီးတာေတာင္
အလြတ္မေပးပဲ ေစာ္ကားၾကတယ္”
“ေတာက္ ေခြးမသားေတြကေတာ့”
“ဒကာႀကီးစိတ္ေလွ်ာ့ပါ ဒကာမႀကီး
ေျပာတာကိုဆုံးေအာင္နားေထာင္ပါဦး”
ဆရာေတာ္တစ္ပါးမွတားလိုက္သျဖင့္
ကိုေအာင္ျမင့္စိတ္ကိုေလွ်ာ့ထားလိုက္
သည္။
“ဖိုးေက်ာ္ကို ကြၽန္မလက္စားေခ်ခဲ့ၿပီးၿပီ
က်န္တဲ့၂ေယာက္ကိုလည္း ကြၽန္မ
မေက်နပ္ဘူး သူတို႔ကိုသတ္ၿပီးမွ
သာဓုေခၚမယ္ ကိုေအာင္ျမင့္ေရ”
“ဟင္…ဒါဆိုဖိုးေက်ာ္ကိုသတ္တာ
စိမ္းလဲ့ဆိုတာမွန္ေနၿပီေပါ့”
“ေအး ဒါေၾကာင့္ဖိုးေက်ာ္
အေသဆိုးနဲ႔ေသတာေပါ့ေအ့”
ဆြမ္းတရားနာေနၾကသည့္
လူမ်ားကအမ်ိဳးမ်ိဳးေျပာဆိုေနၾကသည္။
“ျဖစ္မွျဖစ္ရေလ မိန္းမရာ”
“ဒကာမႀကီး ဘုန္းဘုန္းေျပာတာကို
နားေထာင္ပါ ဒီေရွ႕ကိုလာခဲ့ပါ ”
ဆရာေတာ္ကမိန္႔ၾကားသျဖင့္
မစိမ္းလဲ့ဝင္ပူးထားေသာမိန္းကေလးက
ဆရာေတာ္ႀကီးေရွ႕သို႔ ေရာက္လာသည္။
“ဒကာမႀကီးဘာေၾကာင့္လူေတြကို
ထပ္သတ္ေနဦးမွာလဲ၊ဒီလိုသာ
ႀကီးမားတဲ့အကုသိုလ္ကို ဆက္ၿပီးျပဳလုပ္ေနမယ္ဆိုရင္
ဒကာမႀကီးဒီဘဝကကြၽတ္လြတ္ႏိုင္ပါ
ေတာ့မလား။
ေသခ်ာစဥ္းစားပါ ဒကာမႀကီး
အျပစ္ရွိတဲ့သူကိုအျပစ္ရွိတဲ့အတိုင္း
အျပစ္ေပးဖို႔တရားဥပေဒဆိုတာ
ရွိပါတယ္ ဒါေၾကာင့္မေကာင္းတဲ့
အကုသိုလ္ေတြကိုမလုပ္မိဖို႔
ဆရာေတာ္တားျမစ္ပါရေစ ဒကာမႀကီး”
“တင္ပါ့ဘုရား တပည့္ေတာ္မ
ေသၿပီးတာေတာင္ သူတို႔ေတြ
အခုလိုျပဳလုပ္ၾကတယ္ ဘုရား
တပည့္ေတာ္မခြင့္မလႊတ္ႏိုင္ဘူးဘုရား”
“အင္း…ဒါဟာအေၾကာင္းတရားေၾကာင့္
အက်ိဳးတရားဆိုတာျဖစ္လာတာပဲ
ဒကာမႀကီး ဒါေၾကာင့္အၿငိဳးအေတးေတြကို
ေလွ်ာ့ၿပီးသာဓုေခၚပါ
အျပစ္ရွိသူကအျပစ္၏အက်ိဳးကို
ခံစားရပါလိမ့္မယ္”
“ဟုတ္တယ္ စိမ္းလဲ့ အျပစ္ရွိသူကို
အျပစ္ေပးရမွာပဲ”
“ဟင္ သူႀကီး”
“ဟုတ္တယ္ အခုေလးတင္ပဲ
သာခင္ကအားလုံးဝန္ခံၿပီးသြားၿပီ
ခင္စံကိုလည္းဖမ္းမိထားပါတယ္။
သြားရမယ့္လမ္းကိုေနာက္ဆံမတင္းပဲ
ေျဖာင့္ေျဖာင့္သြားပါလို႔ သူႀကီးေျပာခ်င္တယ္၊ဒီ၂ေကာင္ကိုလည္း ထိုက္သင့္တဲ့ျပစ္ဒဏ္ကိုေပးဖို႔ စီစဥ္ထားပါတယ္ စိမ္းလဲ့”
“ကြၽန္မ သိပ္ေက်နပ္တယ္ သူႀကီး
ဒါေၾကာင့္ ကြၽန္မေနာက္ဆံမတင္းပဲ
သာဓုေခၚပါေတာ့မယ္ရွင္”
“ကိုေအာင္ျမင့္ ကြၽန္မမရွိေတာ့လို႔
ကြၽန္မကိုအၿမဲလြမ္းဆြတ္တမ္းတေနမယ့္
အစား အေကာင္းမြန္ဆုံးျဖစ္ေအာင္
ေနၿပီးရွင္သန္ေနေပးပါေနာ္”
“စိတ္ခ်ပါဟာ ငါအေကာင္းဆုံး
ျဖစ္ေအာင္ေနထိုင္ပါ့မယ္ ”
“ကဲ…ဒကာႀကီး ေရစက္ခြက္ကိုကိုင္
ဒကာမႀကီးက ေနာက္ကလိုက္ၿပီးဆို
ၿပီးရင္သာဓုေခၚရမယ္”
“တင္ပါ့ဘုရား”
“ဒကာမစိမ္းလဲ့ႏွင့္တကြအားလုံး
ၾကားၾကားသမွ် အမွ် အမွ် အမွ်
ယူေတာ္မူၾကပါကုန္ေလာ့”
“သာဓု သာဓု သာဓု”
အမွ်ေဝသံၿပီးဆုံးသြားသည္ႏွင့္
မစိမ္းလဲ့လည္းသာဓုသုံးႀကိမ္ေခၚဆို
ေလသည္။
ကိုေအာင္ျမင့္ကိုၿပဳံးျပၿပီး ထြက္ခြာသြားေလေတာ့သည္။
မသာေတာင္အၿငိမ္မေနရသည့္
တရားခံကိုသာခင္ႏွင့္ကိုခင္စံလည္း
သူတို႔က်ဴးလြန္သည့္ျပစ္မႈေၾကာင့္
ေထာင္ဒဏ္ႏွစ္မ်ားစြာက်ခံလိုက္ရ
ေလသည္။
ၿပီးပါၿပီ။