ဘွားမယ်စိန်နှင့် လူဝင်စား(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နှင့် လူဝင်စား(စ/ဆုံး)
—————————————–
“ဦးစိုးကြည်…….ဗျို့ ဦးစိုးကြည်…….”
“ဟေ…ဘယ်သူတုန်း………”
“ကျုပ်ပါ…ဝင်းမောင်ပါဗျ”
ဦးစိုးကြည်သည် သူနေထိုင်သော တဲအိမ်လေးအတွင်းမှ
ထွက်လာခဲ့လေသည်။

တဲအိမ်အရှေ့၌ရပ်နေသော ဝင်းမောင်ကိုမြင်လေတော့…
“အေး…ဝင်းမောင် ဘာအရေးရှိလို့တုန်းကွ”
“အရေးတော့မရှိပါဘူးဗျာ…ကျုပ်အမေက ဒီမှာလေ
ခင်ဗျားစားဖို့မျှစ်ကြော်လေးပို့ခိုင်းလိုက်လို့ပါဗျ…”
“ဟာ…အတော်ပဲဟေ့…ငါတော့ဒီနေ့ထမင်းလွတ်ပဲ

စားရပြီလို့ထင်နေတာ…ကျေးဇူးပါပဲကွာ…မင်းအမေကိုလည်း
ငါကကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါဦးဝင်းမောင်ရ…”
“ရပါတယ်ဗျာ…ပြောစရာလူတွေမှ မဟုတ်တာပဲ”
ဝင်းမောင်ပေးသော မျှစ်ကြော်ပန်းကန်ကို
လဲလှယ်ဆေးကြောပေးပြီး ဦးစိုးကြည်သည်
ကျေးဇူးတင်စကားပြောလိုက်၏။
ဝင်းမောင်ပြန်သွားလေတော့ ဦးစိုးကြည်မိမိဘဝကို

မိမိပြန်တွေးရင်းမျက်ရည်လေးကလည်ကလည်ဖြစ်ရပြန်သည်။
ယခင်ကဦးစိုးကြည်နေထိုင်သော တဲလေး၌
ဇနီးသည် ဒေါ်ပွေ နှင့်အတူနေထိုင်ခဲ့ကြသည်။
ဥိးစိုးကြည်က လယ်ငှားလိုက်လုပ်ပြီး
အားသောရက်များ၌ ကြွက်ရှာ…ဖားရှာဖြင့်

ဝမ်းရေးကိုဖြေရှင်းခဲ့ကြ၏။
“ တော့် ကိုစိုးကြည်…”
“ဘာလဲ မပွေ…”
“ကျုပ်တို့အိမ်ထောင်သက်လည်းအတော်ကြာပြီ…
ကျုပ်တို့မှာရင်သွေးလေးလည်းရှိသင့်နေပြီတော်…”
အိမ်ထောင်သက်ကြာပြီဖြစ်သော်လည်း
သားသမီးရတနာမရ ၍ ဒေါ်ပွေတစ်ယောက်စိတ်မကောင်းပေ။

ဦးစိုးကြည်ကတော့ လင်မယားနှစ်ယောက်ဝမ်းရေးကိုပင်
ကြုံရာလုပ်ကိုင်စားသောက်နေရသည်မို့
နောက်ထပ်ပါးစပ်တစ်ပေါက်ကို မလိုချင်ရှာ။
“မိန်းမရာ…မင်းကလည်း ကလေးရှိလာတော့
တို့တွေဘဝ ပိုခက်ခဲလာမှာပေါ့ဟ…”

“အို…တော်မို့ပြောထွက်ရက်တယ်တော်…
ကျုပ်တို့လည်း သူများတွေလို သားဟယ်…သမီးဟယ်နဲ့
နေချင်တာပေါ့…ဝမ်းရေးက
အခုလည်းအဆင်ပြေအောင်ရှာဖွေနေကြတာပဲတော်…”
ဒေါ်ပွေသည် သားသမီးလွန်စွာရရှိချင်ရှာသည်။
ငွေကြေးမရှိသည့်ကြားမှ ဗေဒင်မေးယတြာချေ ဖြင့်
ကလေးရဖို့ကြိုးစားရှာသည်။

ဒါတင်မကသေး ဟိုဘက်ရွာကညောင်ပင်…
ဒီဘက်ရွာကညောင်ပင် အစုံပင်ရောက်၍
သားဆုပန်ဆုတောင်းရှာသည်။
သို့သော်လည်း ထိုက်မှရသည်ဟူသော ဆိုရိုးစကားကို

ဒေါ်ပွေ လက်ခံလိုက်ရ၏။

သားသမီးလွန်စွာရချင်ရှာသော မိန်းမဖြစ်သူကိုကြည့်၍

ဦးစိုးကြည်လည်းစိတ်မကောင်းဖြစ်ရရှာသည်။

ထိုသို့ဖြင့်လကို နှစ်စား၍ အချိန်များတဖြေးဖြေး

ပြောင်းလဲလာခဲ့တော့သည်။

ကံကောင်းခြင်းများသည် ဦးစိုးကြည်တို့

ဘဝထဲသို့ရောက်ရှိလာပုံရ၏။

ကလေးအလွန်ရချင်ရှာသော ဒေါ်ပွေတစ်ယောက်

ကိုယ်ဝန်လွယ်ထားရလေပြီ။

ဒေါ်ပွေနည်းတူပင် ဦးစိုးကြည်မှာလည်းအလွန်ပျော်ရွှင်နေ၏။

သားလားသမီးလားမသဲကွဲသေးသော်လည်း

ကိုယ့်ရင်သွေးဆိုသော စိတ်ဖြင့်အလုပ်ကို ပို၍

ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့လေသည်။

ကလေး၏ကံသည်ပဲကောင်းခြင်းပေလားမသိ…

ကိုယ်ဝန်ဆောင်ချိန်မှစ၍ ဦးစိုးကြည်တို့၌ငွေရေးကြေးရေးအတော်အတန်အဆင်ပြေလာခဲ့သည်။

ကလေးမွေးလေတော့ သမီးလေးဖြစ်နေခဲ့၏။

သမီးရတနာလေးကို ချစ်မဝဖြစ်နေကြသော

ဥိးစိုးကြည်တို့လင်မယားသည်

သမီးဖြစ်သူ၏အမည်ကိုပင် ဝိုင်းချစ်ဟုခေါ်ကြသည်။

ဝိုင်းချစ်ဟုလည်းခေါ်စရာပင်အကြောင်းမှာက

အသားမည်းကြုတ်လှသောမိဘနှစ်ပါးမှ

ဖြူဖွေးကာ ချစ်ခင်ဖွယ်ကောင်းသော သမီးလေးကို

ပိုင်ဆိုင်ထားခြင်းကြောင့် တစ်ရွာလုံးမှ

မဝိုင်းချစ်ကိုအလွန်ချစ်ကြ၏။

ဝိုင်းချစ်လေးအတွက်ဆိုပြီး မုန့်များ…

အထည်များပေးတတ်ကြသည်မို့ ဝိုင်းချစ်အတွက်

ဦးစိုးကြည်တို့ပူပင်စရာမလိုခဲ့ကြ။

“ဘယ်နဲ့ရှိစ ကိုစိုးကြည်…အရင်ကတော့

တော်ပဲသားသမီးရှိလာခဲ့ရင်ကျုပ်တို့

ပိုပြီး အဆင်မပြေဖြစ်ကြရလိမ့်မယ်ဆို…

အခုတော့ကြည့်စမ်းပါဦး

ကျုပ်တို့သမီးလေးကိုချစ်လိုက်ကြတာ…

ဟော…သမီးလေးအတွက်ဆိုလည်းကျုပ်တို့

ဘာများပူပန်ရတယ်လို့ရှိသလဲတော်…….”

ဟု…ဒေါ်ပွေမှပြောလေတော့…

“ဟ…ငါက အိမ်ထောင်ဦးစီးလေ မပွေရာ…

မိသားစုအတွက်အရာရာကြိုတွေးပြီးပြောရတာပေါ့…

အခုလိုကျပြန်တော့လည်းငါ့သမီးလေးကိုချစ်တာပေါ့ဟာ…။

သူများပေးတာကျွေးတာထက်ငါကိုယ်တိုင်လည်း

သမီးအတွက်ပိုပြီးရှာဖွေနေတာ မင်းလည်းအသိပဲဟာ…”

“ဟုတ်ပါတယ်တော်…ဟုတ်ပါတယ်…

ကျုပ်တို့သမီးလေးအတွက် ကျုပ်လည်းကြိုးစားမှာပါ

ကိုစိုးကြည်ရယ်…..”

ဦးစိုးကြည်တို့လင်မယားမှာ သမီးဖြစ်သူ

မဝိုင်းချစ်အတွက် အလုပ်ကိုပို၍ကြိုးစားကြ၏။

မဝိုင်းချစ်လေးကလည်းတဖြေးဖြေးကြီးပျင်းလာခဲ့ပြီး

ပို၍ချောမောလာခဲ့သည်။

မဝိုင်းချစ်ကို ပိုးပန်းချင်သူ…မြန်းချင်သူများကလည်း

အများသားပင်။

“အဖေ…ကျုပ်ကိုကြွက်မိရင်ကြော်ကျွေးဦးနော်…”

“အေးပါငါ့သမီးရယ်…အဖေကြော်ပေးပါ့မယ်…”

မဝိုင်းချစ်သည်က ဖခင်ဖမ်းလာသည့်

ကြွက်များကိုကြော်ကျွေးလျှင်လွန်စွာကြိုက်နှစ်သက်၏။

အပျိုရွယ်ဖြစ်လာသော်လည်း မိဘမှလွဲ၍ကျန်တာမသိသော

မဝိုင်းချစ်သည်…

“အမေ…အမေလို့….”

“ဟေ…….”

ဒေါ်ပွေ သမီးဖြစ်သူအခေါ်ကိုထူးလိုက်သောအခါ…

“ကျုပ်ကို ဘယ်တော့ သောင်ထွန်းရွာကိုလိုက်ပို့မှာလဲ”

ဟု.. မေးလေတော့ ဒေါ်ပွေ၏နှုတ်မှ..

“ဟေ…….”

ဟုသောအံ့သြသံကထွက်ပေါ်လာခဲ့လေသည်။

လုပ်လက်စအလုပ်ကိုပင်ဆက်၍မလုပ်နိုင်တော့ဘဲ

သမီးဖြစ်သူ မဝိုင်းချစ်ဘက်သို့ လှည့်ကာကြည့်လိုက်ပြီး…

“ဘာလို့တုန်းငါ့သမီးရဲ့… အဲ့သည်ရွာကဘယ်အရပ်မှာ

ရှိတယ်ဆိုတာညည်းကသိလို့လား”

“ဟော…အမေတို့ကတော့လုပ်ပြီတော်…

ကျုပ်ငယ်ငယ်ကတည်းက ခဏခဏပြောထားပါရဲ့နဲ့”

ဟု…ပြောရင်းမဝိုင်းချစ်သည် စိတ်ဆိုးဟန်ဖြင့်

နေရာမှ ကောက်ခါငင်ခါ ထွက်သွားတော့၏။

မဝိုင်းချစ်ပြောလျှင်လည်းပြောစရာပင်…

မဝိုင်းချစ်ငယ်စဉ်စကားပြောတတ်စအရွယ်မှစ၍…

“ဝိုင်းချစ်ရေ…သမီးလေး………”

“ဟော…ငါ့သမီးလေးခေါ်နေတာထူးလေကွယ်….

ဝိုင်းချစ်ရဲ့”

“ဝိုင်းချစ်ဟုတ်ဖူး…ကျုပ်နာမည် ပြုံးချို……..”

“ဟေ…ပြူံးချိုဘယ်ကပြုံးချိုတုန်းငါ့သမီးရဲ့”

“ကျုပ်နာမည်ပြုံးချို အမေနဲ့တောထဲမျှစ်ခူးလိုက်ရင်း

မြွေကိုက်လို့သေခဲ့ရတာ…ဟင်း…သေနာမြွေစုတ်တွေ…

ဟင်းးးး”

မဝိုင်းချစ်သည် ငယ်စဉ်ကတည်းကထိုသို့ပြောတတ်၏။

ကလေးပေမို့ရောက်တတ်ရာရာများပြောသည်ဟု

ဦးစိုးကြည်တို့မှတ်ယူထားသော်လည်း

ထိုသို့မဟုတ်ဘဲ မဝိုင်းချစ်သည် မကြာခဏဆိုသလိုပြောတတ်ပေသည်။

သမီးဖြစ်သူကို လူဝင်စားပေပဲလားဟု ဦးစိုးကြည်တို့ခမြာ

ယုံရခက် မယုံရခက်ဖြင့်နေလာခဲ့ကြရာ…

မဝိုင်းချစ်ပင်အပျိုအရွယ်သို့ပင်ရောက်လာခဲ့လေသည်။

ငယ်စဉ်ကကဲ့သို့မပြောတတ်တော့၍

ဦးစိုးကြည်တို့စိတ်အေးနေခဲ့ရာမှ ယခုတော့ မဝိုင်းချစ်၏စကားကြောင့် ဦးစိုးကြည်တို့လင်မယားမှာစဉ်းစားရကြပ်ကုန်

ကြသည်။

“ကိုစိုးကြည်…ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ…

တော့်သမီးကအတော်ပြောရခက်နေပြီ…”

“အင်း…ငါလည်းအဲ့တာကိုပဲခေါင်းခဲနေတာမပွေရဲ့…

ဘာလုပ်လို့ဘာကိုင်ရမယ်ဆိုတာမသိတော့ပါဘူးကွာ…”

ဦးစိုးကြည်တို့လင်မယားမှာ

သမီးဖြစ်သူမဝိုင်းချစ်အတွက်မည်သို့လုပ်ပေးရမည်မသိကြ။

မိမိတို့မှာလည်း စားဖို့တောင်အနိုင်နိုင်ပေမို့

မဝိုင်းချစ်ပြောသောရွာအား လိုက်ရှာမပေးနိုင်ကြပေ။

“ကိုစိုးကြည်… တော့်သမီးကျုပ်ကိုစကားမပြောဘူးတော့”

“အင်း….ငါ့လည်းအတူတူပါပဲကွာ…

ဒီကလေး သူပြောတဲ့ရွာလိုက်မပို့လို့များတို့ကိုစိတ်ဆိုးနေတယ်ထင်တယ် မပွေရဲ့”

“ဟုတ်မှာပေါ့တော်…ကျုပ်တော့ သမီးလေးဆန္ဒကိုသာ

လိုက်လျောပစ်လိုက်ချင်တယ်ကိုစိုးကြည်ရယ်…”

“ဟ…ပြောတာကတော့လွယ်တာပေါ့ မပွေရယ်…

အဲ့ရွာကိုသွားဖို့ခရီးစရိတ်တွေကရှိသေးတယ်လေကွာ…”

မိခင်ဖြစ်သူတို့၏စကားကိုကြားလိုက်ရသော မဝိုင်းချစ်သည်…

“အဲ့အတွက်မပူပါနဲ့တော်…ကျုပ်လယ်တောဆင်းလို့ရသမျှကို

စုပေးပါ့မယ်…ကျုပ်ကိုသာ သောင်ထွန်းရွာကို လိုက်ပို့ပေးပါ

အဖေရယ်”

ဟု…ဝင်ပြောလေတော့ ဦးစိုးကြည်တို့မှာလည်း

မတတ်သာသည့်အဆုံးသမီးဖြစ်သူ၏ ဆန္ဒကို သဘောတူလိုက်ကြရသည်။

ထို့နောက်တော့ ဦးစိုးကြည်တို့ရရှိသော လုပ်အားခများကို

လမ်းခရီး၌သုံးဖို့စုဆောင်းကြတော့၏။

လမ်း၌သုံးဖို့ရန် ခရီးစရိတ်ရသည့်အချိန်၌

သောင်ထွန်းရွာရှိရာကိုစုံစမ်းမေးမြန်းပြီး

ခရီးထွက်လာကြလေသည်။

“သူငယ်…ဒါသောင်ထွန်းရွာလားကွဲ့…”

“ဟုတ်ပါတယ်ဦးကြီး…ဒါသောင်ထွန်းရွာပါဗျ…

ကြည့်ရတာဧည့်သည်တွေထင်တယ်…

ဘယ်သူ့အိမ်ကိုလာတာလည်း ကျုပ်လိုက်ပို့ပေးပါ့မယ်…”

ရွာသားလူငယ်၏စကားကြောင့် ဦးစိုးကြည်တစ်ယောက်

သမီးဖြစ်သူ မဝိုင်းချစ်ကိုကြည့်လိုက်သည်။

မဝိုင်းချစ်မှ…

“ရွာတောင်ပိုင်းက ဒေါ်ပု အိမ်ကိုပါ…

ဒေါ်ပုကော ရှိသေးတယ်မဟုတ်လားဟင်…”

“သြော်…ကြီးတော်ပုလား…ရှိတာပေါ့ဗျာ…

လာလာ…ကျုပ်လိုက်ပို့ပေးမယ်…”

မဝိုင်းချစ်၏စကားကြောင့် ဦးစိုးကြည်တို့

လင်မယားနှစ်ယောက်

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

မဝိုင်းချစ်ကတော့ပျော်နေပုံရ၏။

ဟိုကိုကြည့်လိုက် ဒီကိုကြည့်လိုက်ဖြင့် မျက်နှာထက်၌

အပြုံးများကဝေဆာနေခဲ့ပေသည်။

ရွာသားလူငယ်လည်း ဒေါ်ပု ၏အိမ်ဆီသို့ လိုက်ပို့ပေးလေသည်။

ဒေါ်ပု၏အိမ်ဆီသို့ရောက်တော့…

“ကြီးတော်ပု…ဗျို့ကြီးတော်ပုရေ…

ဒီမှာ ဧည့်သည်ဗျို့…ဧည့်သည်……..”

“ဟေ…အေး…အေး….ဝင်လာကြလေ….”

ထန်းလက်တဲလေးအတွင်းမှအသံကြောင့်

ဦးစိုးကြည်တို့ခြံဝိုင်းထဲဝင်လာကြ၏။

မဝိုင်းချစ်ကတော့ ဝမ်းသားအားရပြေးဝင်သွားလေပြီ…

ထိုအခါ

ဦးစိုးကြည်တို့လည်းနောက်မှအလျင်လိုက်ကြရရှာသည်။

“အမေ……….”

“ဟင်…….”

တဲလေးအတွင်း မီးဖိုနားတွင်ထိုင်နေသော

အဘွားအိုအား အမေဟု…

မဝိုင်းချစ်ဝမ်းသာအားရခေါ်လိုက်သည်။

အဘွားအိုသည်

နှုတ်မှအံ့သြသံများထွက်ပေါ်လာချိန်၌

မဝိုင်းချစ်သည်ထိုအဘွားအိုကို ပြေး၍ပွေ့ဖက်နေလေပြီ။

အဘွားအိုကတော့ နားမလည်သလို…အံ့သြသလိုပုံစံဖြင့်

မဝိုင်းချစ်ကိုကြည့်နေရှာ၏။

မဝိုင်းချစ်မှာ…

ပွေ့ဖက်ထားသည်ကိုပင်မလွှတ်သေးဘဲ…

“အမေ…ကျုပ်…ကျုပ်လေအမေရဲ့…

ကျုပ်ပြုံးချိုမ လေတော်…အမေ့ရဲ့သမီးပြုံးချိုမ ပါ”

“ဟင်…ပြုံးချိုမ………”

အဘွားအိုထံမှ ဒုတိယအကြိမ်

အံ့သြသံထွက်ပေါ်လာပြန်သည်။

“သမီး….ဟဲ့သမီး…အကျိုးအကြောင်းလေး

အရင်ပြောပြလိုက်ဦးလေကွယ်…”

ဟု ဒေါ်ပွေမှ ပြောလိုက်သောအခါ မဝိုင်းချစ်သည်

ပွေ့ဖက်ထားတာကို ခွာလိုက်ပြီး…မျက်ရည်များဖြင့်…

“အမေ…ကျုပ်ကိုမမှတ်မိဘူးလားဟင်…

ကျုပ်ကိုအမေမေ့သွားပြီလားတော့…….”

ဟုဝမ်းနည်းစွာပြောလေတော့ အဘွားအိုသည်

ဒေါ်ပွေတို့လင်မယားကိုကြည့်လေသည်။

ထိုအခါ ဒေါ်ပွေမှ…

“ကျုပ်တို့သမီးလေးစကားပြောတတ်စကတည်းက

သူ့နာမည်ကို ပြုံးချိုလို့မကြာခဏပြောတတ်တယ်အစ်မရယ်…

သူဘယ်ရွာမှာနေပါတယ်…သူဘယ်လိုဆုံးရပါတယ်ဆိုပြီး

ခဏခဏပြောလွန်းလာတော့ ကျုပ်တို့လည်း

သူဟာလူဝင်စားဆိုတာသိလိုက်ရပါတယ်…

ဒါပေမယ့်အရွယ်ရောက်လာပြန်တော့ သူလည်း

ဒီအကြောင်းတွေသိပ်မပြောတော့ ကျုပ်တို့

စိတ်အေးသွားရပေမယ့်…ကျုပ်တို့ထင်သလို

ဖြစ်မလာခဲ့ဘူးလေ…ဒီရွာမှာနေတဲ့သူ့အမေဆီကိုသွားချင်ပါတယ်ဆိုပြီး ကျုပ်တို့ကိုမခေါ်နိုင်မပြောနိုင်ဖြစ်လာတော့

ကျုပ်တို့လင်မယားလည်းငွေကြေးရှိတဲ့သူတွေမဟုတ်ပြန်တော့ရတဲ့လုပ်အားခလေးတွေစုပြီးအခုလိုလိုက်ပို့ရတာပါ။

ဒီကိုရောက်မှပဲသူပြောလာတဲ့အကြောင်းအရာတွေကို

ကျုပ်တို့ယုံကြည်သွားရပါတယ်အဘွားရယ်……..”

ဟု…ပြောသောအခါ၌ အဘွားအိုသည် ဒေါ်ပွေကိုကြည့်နေရင်းမှ မဝိုင်းချစ်ထံပြန်လည်ကြည့်လိုက်ပြီး…

“သမီး…ညည်းက အမေ့သမီး ပြုံးချိုမပေါ့လေ ဟုတ်လား”

“ဟုတ်ပါတယ်အမေ…ကျုပ်ပြုံးချိုမပါ…

အမေ့ရဲ့သမီးပြုံးချိုမအစစ်ပါအမေ…

အဲ့နေ့ကလေ ကျုပ်နဲ့အမေမျှစ်သွားချိုးတာ

မျှစ်တွေအတော်ရခဲ့ပေမယ့်

ကျုပ်ပိုးထိခဲ့တယ်လေအမေရယ်…

ကျုပ်အမေ့လက်ပေါ်မှာပဲဆုံးခဲ့ရတာလေတော်……”

“သမီးးး………အမေ့သမီးပြုံးချိုမ”

“အမေ…….”

အဘွားအိုနှင့်မဝိုင်းချစ်တို့သည် ငိုရှိုက်နေကြရင်းမှ

တစ်ဦးကိုယ်တစ်ဦးပွေ့ဖက်ထားကြလေသည်။

အဘွားအိုမှ မဝိုင်းချစ်၏ပါးကိုနမ်းရှိုက်ရှာသည်။

ပြီးလေမှ အဘွားအိုသည် မဝိုင်းချစ်၏မိဘများကိုနေရာထိုင်ခင်းပေး၏။

အဘွားအို၏မျက်နှာထက်၌လည်းအပြုံးများက

ဝေဆာနေခဲ့သည်။

ထိုမျှမကသောင်ထွန်းရွာသူကြီးနှင့်ဘွားမယ်စိန်တို့ကိုပါ

အိမ်သို့ပင်ဖိတ်ထားလေသည်။

ဘွားမယ်စိန်သည် ပြုံးချိုမ ဝင်စားသော

မဝိုင်းချစ်ကိုကြည့်နေ၏။

မဝိုင်းချစ်ကတော့ ရောက်လာကြသောအမျိုးသမီးများထဲမှ

အသက်ငါးဆယ်အရွယ်မိန်းမကြီးများနှင့်စကားပြောနေခဲ့သည်။

“ဟဲ့…နင်ကတကယ်ပြုံးချိုမပေါ့နော်….”

“အေးပါဆို ခွေးမရယ်…နင်တောင်

တော်တော်အသက်ကြီးနေပြီနော်…

အရင်ကဆိုရင်တို့တွေ ဘကြီးကျော်လယ်တောမှာ

အတူတူပျိုးနုတ်၊ကောက်စိုက်နဲ့

အတော်ပျော်ခဲ့ကြတာကိုနင်မှတ်မိသေးလား”

“ဟယ်…တကယ်ပြုံးချိုမတော့…”

“အမယ်…နင့်ယားနာတွေပေါက်တော့ငါပဲဆေးလိမ်းပေးရတာလေ…ဘယ်နားဆိုတာကအစငါပြောရဦးမလား”

“အမယ်လေး…တော်ပါပြီအေ…ငါယုံပါပြီဟဲ့…”

ဒေါ်ခွေးမတစ်ယောက် သူ၏ငယ်ပေါင်းဖြစ်သော

ပြုံးချိုမ ဝင်စားသော

မဝိုင်းချစ်နှင့်စကားလက်ဆုံကြနေပေသည်။

အဘွားဒေါ်ပုကတော့ ဘွားမယ်စိန်အား…

“မယ်စိန်…ညည်းဘယ်လိုထင်တုန်းအေ့”

ဟုမေးလေတော့ ဘွားမယ်စိန်သည်…

“အင်း…သေလွန်ပြီးရင်လူဖြစ်ဖြစ်၊နတ်ဖြစ်ဖြစ်၊တိရိစ္ဆာန်ဖြစ်ဖြစ် အတိတ်ဘဝကိုမှတ်မိတဲ့သူဆိုတာရှိကြတယ်…။

အတိတ်ဘဝကိုမှတ်မိရခြင်းက ဇာတိဿရညဏ်ကြောင့်ပေါ့လေ…ဇာတိဿရညဏ်ဆိုတာ လူဝင်စားတွေမှရရှိတဲ့ညဏ်ပေါ့တော်…ဒါပေမယ့်လို့သေလွန်ပြီးတဲ့လူတိုင်းမှာတော့

အဲ့သည်ညဏ်မျိုးကို မပိုင်ဆိုင်နိုင်ကြပါဘူး

ဒါဟာလည်းသူ့ရဲ့အတိတ်ကကံနဲ့

ဆက်စပ်နေတာကြောင့်ပေါ့လေ….”

“ဒါဆိုရင်ဘယ်လိုဆက်လုပ်ကြမလဲ အဘွားရယ်…

ကျုပ်တို့မှာလည်းဒီသမီးလေးပဲရှိတာပါ…

ကျုပ်သမီးလေးကိုခေါ်ထားကြမှာလားဟင်……..”

ဒေါ်ပွေသည် သမီးဖြစ်သူကိုထားခဲ့ရမည်ကိုစိုးရိမ်နေရှာသည်။

ထိုအခါအဘွားပုမှ…

“ဒီက မိဘများကိုလည်း ကိုယ်ချင်းစာပါတယ်ကွယ်…

အဘွားမှာ ဟိုးတုန်းကတော့ အသက်သုံးဆယ်ကျော်အရွယ်

သမီးဖြစ်သူ ပြုံးချိုမနဲ့ဘဝကိုသားအမိနှစ်ယောက်ရုန်းကန်ခဲ့ကြတာပေါ့လေ…ဒါပေမယ့်ကံဆိုးချင်လာတော့

သမီးဖြစ်သူပိုးထိလို့ဆုံးသွားခဲ့ရပြန်တယ်…

အဲ့အချိန်ကစလို့အဘွားလည်း

ကိုယ့်ဘဝကိုယ်ရုန်းကန်လာခဲ့ရတာပါ…

အခုချိန်ကျမှသမီးလေးဝင်စားပြီးပြန်ရောက်လာတယ်ဆိုတော့

ဝမ်းသာမိသွားတာအမှန်ပါ…

ဒါပေမယ့်လည်း သမီးလေးဆန္ဒကိုပဲ

အဘွားဘက်ကအလေးထားပါတယ်…ဒါကြောင့်မို့…

တူမကြီးတို့ကိုလည်းမစိုးရိမ်ကြပါနဲ့

အဘွားဘက်ကပြန်ခေါ်မယ်လို့မပြောပါဘူးကွယ်…..”

အဘွားပုစကားကြားလေတော့ ဒေါ်ပွေနှင့်ဦးစိုးကြည်တို့

စိတ်မကောင်းဖြစ်နေကြရှာသည်။

သို့သော်လည်း နောက်ဆုံး၌ မဝိုင်းချစ်သည် မိဘများကို

သောင်ထွန်းရွာသို့ပြောင်းရွေ့နေထိုင်ခိုင်းတော့၏။

ထိုအခါအဘွားပုကလည်းကြည်ဖြူရှာသည်။

“အင်း…ငါ့သမီးဆန္ဒကိုအဖေသိပါတယ်လေ…

ဒါပေမယ့် အဖေကလည်းဟိုရွာမှာပဲပျော်တာငါ့သမီးရဲ့…”

ဦးစိုးကြည်စကားကြောင့် မဝိုင်းချစ်တွေဝေသွားပြန်သည်။

ထိုအခါဒေါ်ပွေမှ…

“တော့် ကိုစိုးကြည်ကလည်း…ကျုပ်ကသမီးနဲ့အတူ

ဒီရွာမှာနေမယ်…တော်ကပျင်းရင်ဟိုရွာကိုပြန်…

ဒီလိုပဲအသွားအလာလုပ်ပေါ့…

ကျုပ်တို့ရွာကဖြင့်ဟောသည်သောင်ထွန်းရွာလောက်

အလုပ်အကိုင်မပေါတော့…ကျုပ်ဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ပြီတော်”

ဒေါ်ပွေသည်လည်းသောင်ထွန်းရွာ၌နေဖို့ရန်ဆုံးဖြတ်လေသည်။

ထိုအခါ ဦးစိုးကြည်တစ်ယောက်သာသောင်ထွန်းရွာနှင့်

မိမိရွာကို ကူးလူးသွားလာရတော့၏။

ဥိးစိုးကြည်တစ်ယောက်…

အတိတ်ကိုပြန်တွေးရင်း

ရေနွေးကြမ်းတစ်အိုးကုန်လေသောအခါ…

“အင်း…မဖြစ်ချေဘူး…ဒီတစ်ခေါက်သောင်ထွန်းရွာကို

လာရင်ငါ့သမီးက ကြွက်ကင်ကောင်းကောင်းလေးစားချင်တယ်လို့ပြောနေရှာတာ…အချိန်ဆွဲနေလို့မကောင်းပါဘူးလေ

အခုပဲကြွက်သွားဖမ်းဦးမှပါ…….”

ဟု..တွေးရင်းနေရာမှထ၍ ကြွက်ဖမ်းသွားတော့လေသည်။

ထိုသို့ဖြင့် ဇာတ်လမ်းလေးပြီးဆုံးသွားခဲ့ပါသည်။

ပြီးပါပြီ။

ယဉ်မင်း(ကန့်ဘလူ)ဘွားမယ်စိန်နှင့် လူဝင်စား

Zawgyi Version

ဘြားမယ္စိန္ႏွင့္ လူဝင္စား(စ/ဆုံး)
—————————————–
“ဦးစိုးၾကည္…….ဗ်ိဳ႕ ဦးစိုးၾကည္…….”
“ေဟ…ဘယ္သူတုန္း………”
“က်ဳပ္ပါ…ဝင္းေမာင္ပါဗ်”
ဦးစိုးၾကည္သည္ သူေနထိုင္ေသာ တဲအိမ္ေလးအတြင္းမွ
ထြက္လာခဲ့ေလသည္။

တဲအိမ္အေရွ႕၌ရပ္ေနေသာ ဝင္းေမာင္ကိုျမင္ေလေတာ့…
“ေအး…ဝင္းေမာင္ ဘာအေရးရွိလို႔တုန္းကြ”
“အေရးေတာ့မရွိပါဘူးဗ်ာ…က်ဳပ္အေမက ဒီမွာေလ
ခင္ဗ်ားစားဖို႔မွ်စ္ေၾကာ္ေလးပို႔ခိုင္းလိုက္လို႔ပါဗ်…”
“ဟာ…အေတာ္ပဲေဟ့…ငါေတာ့ဒီေန႔ထမင္းလြတ္ပဲ

စားရၿပီလို႔ထင္ေနတာ…ေက်းဇူးပါပဲကြာ…မင္းအေမကိုလည္း
ငါကေက်းဇူးတင္ပါတယ္လို႔ေျပာလိုက္ပါဦးဝင္းေမာင္ရ…”
“ရပါတယ္ဗ်ာ…ေျပာစရာလူေတြမွ မဟုတ္တာပဲ”
ဝင္းေမာင္ေပးေသာ မွ်စ္ေၾကာ္ပန္းကန္ကို
လဲလွယ္ေဆးေၾကာေပးၿပီး ဦးစိုးၾကည္သည္
ေက်းဇူးတင္စကားေျပာလိုက္၏။
ဝင္းေမာင္ျပန္သြားေလေတာ့ ဦးစိုးၾကည္မိမိဘဝကို

မိမိျပန္ေတြးရင္းမ်က္ရည္ေလးကလည္ကလည္ျဖစ္ရျပန္သည္။
ယခင္ကဦးစိုးၾကည္ေနထိုင္ေသာ တဲေလး၌
ဇနီးသည္ ေဒၚေပြ ႏွင့္အတူေနထိုင္ခဲ့ၾကသည္။
ဥိးစိုးၾကည္က လယ္ငွားလိုက္လုပ္ၿပီး
အားေသာရက္မ်ား၌ ႂကြက္ရွာ…ဖားရွာျဖင့္

ဝမ္းေရးကိုေျဖရွင္းခဲ့ၾက၏။
“ ေတာ့္ ကိုစိုးၾကည္…”
“ဘာလဲ မေပြ…”
“က်ဳပ္တို႔အိမ္ေထာင္သက္လည္းအေတာ္ၾကာၿပီ…
က်ဳပ္တို႔မွာရင္ေသြးေလးလည္းရွိသင့္ေနၿပီေတာ္…”
အိမ္ေထာင္သက္ၾကာၿပီျဖစ္ေသာ္လည္း
သားသမီးရတနာမရ ၍ ေဒၚေပြတစ္ေယာက္စိတ္မေကာင္းေပ။

ဦးစိုးၾကည္ကေတာ့ လင္မယားႏွစ္ေယာက္ဝမ္းေရးကိုပင္
ႀကဳံရာလုပ္ကိုင္စားေသာက္ေနရသည္မို႔
ေနာက္ထပ္ပါးစပ္တစ္ေပါက္ကို မလိုခ်င္ရွာ။
“မိန္းမရာ…မင္းကလည္း ကေလးရွိလာေတာ့
တို႔ေတြဘဝ ပိုခက္ခဲလာမွာေပါ့ဟ…”

“အို…ေတာ္မို႔ေျပာထြက္ရက္တယ္ေတာ္…
က်ဳပ္တို႔လည္း သူမ်ားေတြလို သားဟယ္…သမီးဟယ္နဲ႔
ေနခ်င္တာေပါ့…ဝမ္းေရးက
အခုလည္းအဆင္ေျပေအာင္ရွာေဖြေနၾကတာပဲေတာ္…”
ေဒၚေပြသည္ သားသမီးလြန္စြာရရွိခ်င္ရွာသည္။
ေငြေၾကးမရွိသည့္ၾကားမွ ေဗဒင္ေမးယၾတာေခ် ျဖင့္
ကေလးရဖို႔ႀကိဳးစားရွာသည္။

ဒါတင္မကေသး ဟိုဘက္႐ြာကေညာင္ပင္…
ဒီဘက္႐ြာကေညာင္ပင္ အစုံပင္ေရာက္၍
သားဆုပန္ဆုေတာင္းရွာသည္။
သို႔ေသာ္လည္း ထိုက္မွရသည္ဟူေသာ ဆို႐ိုးစကားကို

ေဒၚေပြ လက္ခံလိုက္ရ၏။

သားသမီးလြန္စြာရခ်င္ရွာေသာ မိန္းမျဖစ္သူကိုၾကည့္၍

ဦးစိုးၾကည္လည္းစိတ္မေကာင္းျဖစ္ရရွာသည္။

ထိုသို႔ျဖင့္လကို ႏွစ္စား၍ အခ်ိန္မ်ားတေျဖးေျဖး

ေျပာင္းလဲလာခဲ့ေတာ့သည္။

ကံေကာင္းျခင္းမ်ားသည္ ဦးစိုးၾကည္တို႔

ဘဝထဲသို႔ေရာက္ရွိလာပုံရ၏။

ကေလးအလြန္ရခ်င္ရွာေသာ ေဒၚေပြတစ္ေယာက္

ကိုယ္ဝန္လြယ္ထားရေလၿပီ။

ေဒၚေပြနည္းတူပင္ ဦးစိုးၾကည္မွာလည္းအလြန္ေပ်ာ္႐ႊင္ေန၏။

သားလားသမီးလားမသဲကြဲေသးေသာ္လည္း

ကိုယ့္ရင္ေသြးဆိုေသာ စိတ္ျဖင့္အလုပ္ကို ပို၍

ႀကိဳးစားပမ္းစားလုပ္ကိုင္ခဲ့ေလသည္။

ကေလး၏ကံသည္ပဲေကာင္းျခင္းေပလားမသိ…

ကိုယ္ဝန္ေဆာင္ခ်ိန္မွစ၍ ဦးစိုးၾကည္တို႔၌ေငြေရးေၾကးေရးအေတာ္အတန္အဆင္ေျပလာခဲ့သည္။

ကေလးေမြးေလေတာ့ သမီးေလးျဖစ္ေနခဲ့၏။

သမီးရတနာေလးကို ခ်စ္မဝျဖစ္ေနၾကေသာ

ဥိးစိုးၾကည္တို႔လင္မယားသည္

သမီးျဖစ္သူ၏အမည္ကိုပင္ ဝိုင္းခ်စ္ဟုေခၚၾကသည္။

ဝိုင္းခ်စ္ဟုလည္းေခၚစရာပင္အေၾကာင္းမွာက

အသားမည္းၾကဳတ္လွေသာမိဘႏွစ္ပါးမွ

ျဖဴေဖြးကာ ခ်စ္ခင္ဖြယ္ေကာင္းေသာ သမီးေလးကို

ပိုင္ဆိုင္ထားျခင္းေၾကာင့္ တစ္႐ြာလုံးမွ

မဝိုင္းခ်စ္ကိုအလြန္ခ်စ္ၾက၏။

ဝိုင္းခ်စ္ေလးအတြက္ဆိုၿပီး မုန႔္မ်ား…

အထည္မ်ားေပးတတ္ၾကသည္မို႔ ဝိုင္းခ်စ္အတြက္

ဦးစိုးၾကည္တို႔ပူပင္စရာမလိုခဲ့ၾက။

“ဘယ္နဲ႔ရွိစ ကိုစိုးၾကည္…အရင္ကေတာ့

ေတာ္ပဲသားသမီးရွိလာခဲ့ရင္က်ဳပ္တို႔

ပိုၿပီး အဆင္မေျပျဖစ္ၾကရလိမ့္မယ္ဆို…

အခုေတာ့ၾကည့္စမ္းပါဦး

က်ဳပ္တို႔သမီးေလးကိုခ်စ္လိုက္ၾကတာ…

ေဟာ…သမီးေလးအတြက္ဆိုလည္းက်ဳပ္တို႔

ဘာမ်ားပူပန္ရတယ္လို႔ရွိသလဲေတာ္…….”

ဟု…ေဒၚေပြမွေျပာေလေတာ့…

“ဟ…ငါက အိမ္ေထာင္ဦးစီးေလ မေပြရာ…

မိသားစုအတြက္အရာရာႀကိဳေတြးၿပီးေျပာရတာေပါ့…

အခုလိုက်ျပန္ေတာ့လည္းငါ့သမီးေလးကိုခ်စ္တာေပါ့ဟာ…။

သူမ်ားေပးတာေကြၽးတာထက္ငါကိုယ္တိုင္လည္း

သမီးအတြက္ပိုၿပီးရွာေဖြေနတာ မင္းလည္းအသိပဲဟာ…”

“ဟုတ္ပါတယ္ေတာ္…ဟုတ္ပါတယ္…

က်ဳပ္တို႔သမီးေလးအတြက္ က်ဳပ္လည္းႀကိဳးစားမွာပါ

ကိုစိုးၾကည္ရယ္…..”

ဦးစိုးၾကည္တို႔လင္မယားမွာ သမီးျဖစ္သူ

မဝိုင္းခ်စ္အတြက္ အလုပ္ကိုပို၍ႀကိဳးစားၾက၏။

မဝိုင္းခ်စ္ေလးကလည္းတေျဖးေျဖးႀကီးပ်င္းလာခဲ့ၿပီး

ပို၍ေခ်ာေမာလာခဲ့သည္။

မဝိုင္းခ်စ္ကို ပိုးပန္းခ်င္သူ…ျမန္းခ်င္သူမ်ားကလည္း

အမ်ားသားပင္။

“အေဖ…က်ဳပ္ကိုႂကြက္မိရင္ေၾကာ္ေကြၽးဦးေနာ္…”

“ေအးပါငါ့သမီးရယ္…အေဖေၾကာ္ေပးပါ့မယ္…”

မဝိုင္းခ်စ္သည္က ဖခင္ဖမ္းလာသည့္

ႂကြက္မ်ားကိုေၾကာ္ေကြၽးလွ်င္လြန္စြာႀကိဳက္ႏွစ္သက္၏။

အပ်ိဳ႐ြယ္ျဖစ္လာေသာ္လည္း မိဘမွလြဲ၍က်န္တာမသိေသာ

မဝိုင္းခ်စ္သည္…

“အေမ…အေမလို႔….”

“ေဟ…….”

ေဒၚေပြ သမီးျဖစ္သူအေခၚကိုထူးလိုက္ေသာအခါ…

“က်ဳပ္ကို ဘယ္ေတာ့ ေသာင္ထြန္း႐ြာကိုလိုက္ပို႔မွာလဲ”

ဟု.. ေမးေလေတာ့ ေဒၚေပြ၏ႏႈတ္မွ..

“ေဟ…….”

ဟုေသာအံ့ၾသသံကထြက္ေပၚလာခဲ့ေလသည္။

လုပ္လက္စအလုပ္ကိုပင္ဆက္၍မလုပ္ႏိုင္ေတာ့ဘဲ

သမီးျဖစ္သူ မဝိုင္းခ်စ္ဘက္သို႔ လွည့္ကာၾကည့္လိုက္ၿပီး…

“ဘာလို႔တုန္းငါ့သမီးရဲ႕… အဲ့သည္႐ြာကဘယ္အရပ္မွာ

ရွိတယ္ဆိုတာညည္းကသိလို႔လား”

“ေဟာ…အေမတို႔ကေတာ့လုပ္ၿပီေတာ္…

က်ဳပ္ငယ္ငယ္ကတည္းက ခဏခဏေျပာထားပါရဲ႕နဲ႔”

ဟု…ေျပာရင္းမဝိုင္းခ်စ္သည္ စိတ္ဆိုးဟန္ျဖင့္

ေနရာမွ ေကာက္ခါငင္ခါ ထြက္သြားေတာ့၏။

မဝိုင္းခ်စ္ေျပာလွ်င္လည္းေျပာစရာပင္…

မဝိုင္းခ်စ္ငယ္စဥ္စကားေျပာတတ္စအ႐ြယ္မွစ၍…

“ဝိုင္းခ်စ္ေရ…သမီးေလး………”

“ေဟာ…ငါ့သမီးေလးေခၚေနတာထူးေလကြယ္….

ဝိုင္းခ်စ္ရဲ႕”

“ဝိုင္းခ်စ္ဟုတ္ဖူး…က်ဳပ္နာမည္ ၿပဳံးခ်ိဳ……..”

“ေဟ…ၿပဴံးခ်ိဳဘယ္ကၿပဳံးခ်ိဳတုန္းငါ့သမီးရဲ႕”

“က်ဳပ္နာမည္ၿပဳံးခ်ိဳ အေမနဲ႔ေတာထဲမွ်စ္ခူးလိုက္ရင္း

ေႁမြကိုက္လို႔ေသခဲ့ရတာ…ဟင္း…ေသနာေႁမြစုတ္ေတြ…

ဟင္းးးး”

မဝိုင္းခ်စ္သည္ ငယ္စဥ္ကတည္းကထိုသို႔ေျပာတတ္၏။

ကေလးေပမို႔ေရာက္တတ္ရာရာမ်ားေျပာသည္ဟု

ဦးစိုးၾကည္တို႔မွတ္ယူထားေသာ္လည္း

ထိုသို႔မဟုတ္ဘဲ မဝိုင္းခ်စ္သည္ မၾကာခဏဆိုသလိုေျပာတတ္ေပသည္။

သမီးျဖစ္သူကို လူဝင္စားေပပဲလားဟု ဦးစိုးၾကည္တို႔ချမာ

ယုံရခက္ မယုံရခက္ျဖင့္ေနလာခဲ့ၾကရာ…

မဝိုင္းခ်စ္ပင္အပ်ိဳအ႐ြယ္သို႔ပင္ေရာက္လာခဲ့ေလသည္။

ငယ္စဥ္ကကဲ့သို႔မေျပာတတ္ေတာ့၍

ဦးစိုးၾကည္တို႔စိတ္ေအးေနခဲ့ရာမွ ယခုေတာ့ မဝိုင္းခ်စ္၏စကားေၾကာင့္ ဦးစိုးၾကည္တို႔လင္မယားမွာစဥ္းစားရၾကပ္ကုန္

ၾကသည္။

“ကိုစိုးၾကည္…က်ဳပ္တို႔ဘယ္လိုလုပ္ၾကမလဲ…

ေတာ့္သမီးကအေတာ္ေျပာရခက္ေနၿပီ…”

“အင္း…ငါလည္းအဲ့တာကိုပဲေခါင္းခဲေနတာမေပြရဲ႕…

ဘာလုပ္လို႔ဘာကိုင္ရမယ္ဆိုတာမသိေတာ့ပါဘူးကြာ…”

ဦးစိုးၾကည္တို႔လင္မယားမွာ

သမီးျဖစ္သူမဝိုင္းခ်စ္အတြက္မည္သို႔လုပ္ေပးရမည္မသိၾက။

မိမိတို႔မွာလည္း စားဖို႔ေတာင္အႏိုင္ႏိုင္ေပမို႔

မဝိုင္းခ်စ္ေျပာေသာ႐ြာအား လိုက္ရွာမေပးႏိုင္ၾကေပ။

“ကိုစိုးၾကည္… ေတာ့္သမီးက်ဳပ္ကိုစကားမေျပာဘူးေတာ့”

“အင္း….ငါ့လည္းအတူတူပါပဲကြာ…

ဒီကေလး သူေျပာတဲ့႐ြာလိုက္မပို႔လို႔မ်ားတို႔ကိုစိတ္ဆိုးေနတယ္ထင္တယ္ မေပြရဲ႕”

“ဟုတ္မွာေပါ့ေတာ္…က်ဳပ္ေတာ့ သမီးေလးဆႏၵကိုသာ

လိုက္ေလ်ာပစ္လိုက္ခ်င္တယ္ကိုစိုးၾကည္ရယ္…”

“ဟ…ေျပာတာကေတာ့လြယ္တာေပါ့ မေပြရယ္…

အဲ့႐ြာကိုသြားဖို႔ခရီးစရိတ္ေတြကရွိေသးတယ္ေလကြာ…”

မိခင္ျဖစ္သူတို႔၏စကားကိုၾကားလိုက္ရေသာ မဝိုင္းခ်စ္သည္…

“အဲ့အတြက္မပူပါနဲ႔ေတာ္…က်ဳပ္လယ္ေတာဆင္းလို႔ရသမွ်ကို

စုေပးပါ့မယ္…က်ဳပ္ကိုသာ ေသာင္ထြန္း႐ြာကို လိုက္ပို႔ေပးပါ

အေဖရယ္”

ဟု…ဝင္ေျပာေလေတာ့ ဦးစိုးၾကည္တို႔မွာလည္း

မတတ္သာသည့္အဆုံးသမီးျဖစ္သူ၏ ဆႏၵကို သေဘာတူလိုက္ၾကရသည္။

ထို႔ေနာက္ေတာ့ ဦးစိုးၾကည္တို႔ရရွိေသာ လုပ္အားခမ်ားကို

လမ္းခရီး၌သုံးဖို႔စုေဆာင္းၾကေတာ့၏။

လမ္း၌သုံးဖို႔ရန္ ခရီးစရိတ္ရသည့္အခ်ိန္၌

ေသာင္ထြန္း႐ြာရွိရာကိုစုံစမ္းေမးျမန္းၿပီး

ခရီးထြက္လာၾကေလသည္။

“သူငယ္…ဒါေသာင္ထြန္း႐ြာလားကြဲ႕…”

“ဟုတ္ပါတယ္ဦးႀကီး…ဒါေသာင္ထြန္း႐ြာပါဗ်…

ၾကည့္ရတာဧည့္သည္ေတြထင္တယ္…

ဘယ္သူ႔အိမ္ကိုလာတာလည္း က်ဳပ္လိုက္ပို႔ေပးပါ့မယ္…”

႐ြာသားလူငယ္၏စကားေၾကာင့္ ဦးစိုးၾကည္တစ္ေယာက္

သမီးျဖစ္သူ မဝိုင္းခ်စ္ကိုၾကည့္လိုက္သည္။

မဝိုင္းခ်စ္မွ…

“႐ြာေတာင္ပိုင္းက ေဒၚပု အိမ္ကိုပါ…

ေဒၚပုေကာ ရွိေသးတယ္မဟုတ္လားဟင္…”

“ေၾသာ္…ႀကီးေတာ္ပုလား…ရွိတာေပါ့ဗ်ာ…

လာလာ…က်ဳပ္လိုက္ပို႔ေပးမယ္…”

မဝိုင္းခ်စ္၏စကားေၾကာင့္ ဦးစိုးၾကည္တို႔

လင္မယားႏွစ္ေယာက္

တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိၾကသည္။

မဝိုင္းခ်စ္ကေတာ့ေပ်ာ္ေနပုံရ၏။

ဟိုကိုၾကည့္လိုက္ ဒီကိုၾကည့္လိုက္ျဖင့္ မ်က္ႏွာထက္၌

အၿပဳံးမ်ားကေဝဆာေနခဲ့ေပသည္။

႐ြာသားလူငယ္လည္း ေဒၚပု ၏အိမ္ဆီသို႔ လိုက္ပို႔ေပးေလသည္။

ေဒၚပု၏အိမ္ဆီသို႔ေရာက္ေတာ့…

“ႀကီးေတာ္ပု…ဗ်ိဳ႕ႀကီးေတာ္ပုေရ…

ဒီမွာ ဧည့္သည္ဗ်ိဳ႕…ဧည့္သည္……..”

“ေဟ…ေအး…ေအး….ဝင္လာၾကေလ….”

ထန္းလက္တဲေလးအတြင္းမွအသံေၾကာင့္

ဦးစိုးၾကည္တို႔ၿခံဝိုင္းထဲဝင္လာၾက၏။

မဝိုင္းခ်စ္ကေတာ့ ဝမ္းသားအားရေျပးဝင္သြားေလၿပီ…

ထိုအခါ

ဦးစိုးၾကည္တို႔လည္းေနာက္မွအလ်င္လိုက္ၾကရရွာသည္။

“အေမ……….”

“ဟင္…….”

တဲေလးအတြင္း မီးဖိုနားတြင္ထိုင္ေနေသာ

အဘြားအိုအား အေမဟု…

မဝိုင္းခ်စ္ဝမ္းသာအားရေခၚလိုက္သည္။

အဘြားအိုသည္

ႏႈတ္မွအံ့ၾသသံမ်ားထြက္ေပၚလာခ်ိန္၌

မဝိုင္းခ်စ္သည္ထိုအဘြားအိုကို ေျပး၍ေပြ႕ဖက္ေနေလၿပီ။

အဘြားအိုကေတာ့ နားမလည္သလို…အံ့ၾသသလိုပုံစံျဖင့္

မဝိုင္းခ်စ္ကိုၾကည့္ေနရွာ၏။

မဝိုင္းခ်စ္မွာ…

ေပြ႕ဖက္ထားသည္ကိုပင္မလႊတ္ေသးဘဲ…

“အေမ…က်ဳပ္…က်ဳပ္ေလအေမရဲ႕…

က်ဳပ္ၿပဳံးခ်ိဳမ ေလေတာ္…အေမ့ရဲ႕သမီးၿပဳံးခ်ိဳမ ပါ”

“ဟင္…ၿပဳံးခ်ိဳမ………”

အဘြားအိုထံမွ ဒုတိယအႀကိမ္

အံ့ၾသသံထြက္ေပၚလာျပန္သည္။

“သမီး….ဟဲ့သမီး…အက်ိဳးအေၾကာင္းေလး

အရင္ေျပာျပလိုက္ဦးေလကြယ္…”

ဟု ေဒၚေပြမွ ေျပာလိုက္ေသာအခါ မဝိုင္းခ်စ္သည္

ေပြ႕ဖက္ထားတာကို ခြာလိုက္ၿပီး…မ်က္ရည္မ်ားျဖင့္…

“အေမ…က်ဳပ္ကိုမမွတ္မိဘူးလားဟင္…

က်ဳပ္ကိုအေမေမ့သြားၿပီလားေတာ့…….”

ဟုဝမ္းနည္းစြာေျပာေလေတာ့ အဘြားအိုသည္

ေဒၚေပြတို႔လင္မယားကိုၾကည့္ေလသည္။

ထိုအခါ ေဒၚေပြမွ…

“က်ဳပ္တို႔သမီးေလးစကားေျပာတတ္စကတည္းက

သူ႔နာမည္ကို ၿပဳံးခ်ိဳလို႔မၾကာခဏေျပာတတ္တယ္အစ္မရယ္…

သူဘယ္႐ြာမွာေနပါတယ္…သူဘယ္လိုဆုံးရပါတယ္ဆိုၿပီး

ခဏခဏေျပာလြန္းလာေတာ့ က်ဳပ္တို႔လည္း

သူဟာလူဝင္စားဆိုတာသိလိုက္ရပါတယ္…

ဒါေပမယ့္အ႐ြယ္ေရာက္လာျပန္ေတာ့ သူလည္း

ဒီအေၾကာင္းေတြသိပ္မေျပာေတာ့ က်ဳပ္တို႔

စိတ္ေအးသြားရေပမယ့္…က်ဳပ္တို႔ထင္သလို

ျဖစ္မလာခဲ့ဘူးေလ…ဒီ႐ြာမွာေနတဲ့သူ႔အေမဆီကိုသြားခ်င္ပါတယ္ဆိုၿပီး က်ဳပ္တို႔ကိုမေခၚႏိုင္မေျပာႏိုင္ျဖစ္လာေတာ့

က်ဳပ္တို႔လင္မယားလည္းေငြေၾကးရွိတဲ့သူေတြမဟုတ္ျပန္ေတာ့ရတဲ့လုပ္အားခေလးေတြစုၿပီးအခုလိုလိုက္ပို႔ရတာပါ။

ဒီကိုေရာက္မွပဲသူေျပာလာတဲ့အေၾကာင္းအရာေတြကို

က်ဳပ္တို႔ယုံၾကည္သြားရပါတယ္အဘြားရယ္……..”

ဟု…ေျပာေသာအခါ၌ အဘြားအိုသည္ ေဒၚေပြကိုၾကည့္ေနရင္းမွ မဝိုင္းခ်စ္ထံျပန္လည္ၾကည့္လိုက္ၿပီး…

“သမီး…ညည္းက အေမ့သမီး ၿပဳံးခ်ိဳမေပါ့ေလ ဟုတ္လား”

“ဟုတ္ပါတယ္အေမ…က်ဳပ္ၿပဳံးခ်ိဳမပါ…

အေမ့ရဲ႕သမီးၿပဳံးခ်ိဳမအစစ္ပါအေမ…

အဲ့ေန႔ကေလ က်ဳပ္နဲ႔အေမမွ်စ္သြားခ်ိဳးတာ

မွ်စ္ေတြအေတာ္ရခဲ့ေပမယ့္

က်ဳပ္ပိုးထိခဲ့တယ္ေလအေမရယ္…

က်ဳပ္အေမ့လက္ေပၚမွာပဲဆုံးခဲ့ရတာေလေတာ္……”

“သမီးးး………အေမ့သမီးၿပဳံးခ်ိဳမ”

“အေမ…….”

အဘြားအိုႏွင့္မဝိုင္းခ်စ္တို႔သည္ ငိုရႈိက္ေနၾကရင္းမွ

တစ္ဦးကိုယ္တစ္ဦးေပြ႕ဖက္ထားၾကေလသည္။

အဘြားအိုမွ မဝိုင္းခ်စ္၏ပါးကိုနမ္းရႈိက္ရွာသည္။

ၿပီးေလမွ အဘြားအိုသည္ မဝိုင္းခ်စ္၏မိဘမ်ားကိုေနရာထိုင္ခင္းေပး၏။

အဘြားအို၏မ်က္ႏွာထက္၌လည္းအၿပဳံးမ်ားက

ေဝဆာေနခဲ့သည္။

ထိုမွ်မကေသာင္ထြန္း႐ြာသူႀကီးႏွင့္ဘြားမယ္စိန္တို႔ကိုပါ

အိမ္သို႔ပင္ဖိတ္ထားေလသည္။

ဘြားမယ္စိန္သည္ ၿပဳံးခ်ိဳမ ဝင္စားေသာ

မဝိုင္းခ်စ္ကိုၾကည့္ေန၏။

မဝိုင္းခ်စ္ကေတာ့ ေရာက္လာၾကေသာအမ်ိဳးသမီးမ်ားထဲမွ

အသက္ငါးဆယ္အ႐ြယ္မိန္းမႀကီးမ်ားႏွင့္စကားေျပာေနခဲ့သည္။

“ဟဲ့…နင္ကတကယ္ၿပဳံးခ်ိဳမေပါ့ေနာ္….”

“ေအးပါဆို ေခြးမရယ္…နင္ေတာင္

ေတာ္ေတာ္အသက္ႀကီးေနၿပီေနာ္…

အရင္ကဆိုရင္တို႔ေတြ ဘႀကီးေက်ာ္လယ္ေတာမွာ

အတူတူပ်ိဳးႏုတ္၊ေကာက္စိုက္နဲ႔

အေတာ္ေပ်ာ္ခဲ့ၾကတာကိုနင္မွတ္မိေသးလား”

“ဟယ္…တကယ္ၿပဳံးခ်ိဳမေတာ့…”

“အမယ္…နင့္ယားနာေတြေပါက္ေတာ့ငါပဲေဆးလိမ္းေပးရတာေလ…ဘယ္နားဆိုတာကအစငါေျပာရဦးမလား”

“အမယ္ေလး…ေတာ္ပါၿပီေအ…ငါယုံပါၿပီဟဲ့…”

ေဒၚေခြးမတစ္ေယာက္ သူ၏ငယ္ေပါင္းျဖစ္ေသာ

ၿပဳံးခ်ိဳမ ဝင္စားေသာ

မဝိုင္းခ်စ္ႏွင့္စကားလက္ဆုံၾကေနေပသည္။

အဘြားေဒၚပုကေတာ့ ဘြားမယ္စိန္အား…

“မယ္စိန္…ညည္းဘယ္လိုထင္တုန္းေအ့”

ဟုေမးေလေတာ့ ဘြားမယ္စိန္သည္…

“အင္း…ေသလြန္ၿပီးရင္လူျဖစ္ျဖစ္၊နတ္ျဖစ္ျဖစ္၊တိရိစာၦန္ျဖစ္ျဖစ္ အတိတ္ဘဝကိုမွတ္မိတဲ့သူဆိုတာရွိၾကတယ္…။

အတိတ္ဘဝကိုမွတ္မိရျခင္းက ဇာတိႆရညဏ္ေၾကာင့္ေပါ့ေလ…ဇာတိႆရညဏ္ဆိုတာ လူဝင္စားေတြမွရရွိတဲ့ညဏ္ေပါ့ေတာ္…ဒါေပမယ့္လို႔ေသလြန္ၿပီးတဲ့လူတိုင္းမွာေတာ့

အဲ့သည္ညဏ္မ်ိဳးကို မပိုင္ဆိုင္ႏိုင္ၾကပါဘူး

ဒါဟာလည္းသူ႔ရဲ႕အတိတ္ကကံနဲ႔

ဆက္စပ္ေနတာေၾကာင့္ေပါ့ေလ….”

“ဒါဆိုရင္ဘယ္လိုဆက္လုပ္ၾကမလဲ အဘြားရယ္…

က်ဳပ္တို႔မွာလည္းဒီသမီးေလးပဲရွိတာပါ…

က်ဳပ္သမီးေလးကိုေခၚထားၾကမွာလားဟင္……..”

ေဒၚေပြသည္ သမီးျဖစ္သူကိုထားခဲ့ရမည္ကိုစိုးရိမ္ေနရွာသည္။

ထိုအခါအဘြားပုမွ…

“ဒီက မိဘမ်ားကိုလည္း ကိုယ္ခ်င္းစာပါတယ္ကြယ္…

အဘြားမွာ ဟိုးတုန္းကေတာ့ အသက္သုံးဆယ္ေက်ာ္အ႐ြယ္

သမီးျဖစ္သူ ၿပဳံးခ်ိဳမနဲ႔ဘဝကိုသားအမိႏွစ္ေယာက္႐ုန္းကန္ခဲ့ၾကတာေပါ့ေလ…ဒါေပမယ့္ကံဆိုးခ်င္လာေတာ့

သမီးျဖစ္သူပိုးထိလို႔ဆုံးသြားခဲ့ရျပန္တယ္…

အဲ့အခ်ိန္ကစလို႔အဘြားလည္း

ကိုယ့္ဘဝကိုယ္႐ုန္းကန္လာခဲ့ရတာပါ…

အခုခ်ိန္က်မွသမီးေလးဝင္စားၿပီးျပန္ေရာက္လာတယ္ဆိုေတာ့

ဝမ္းသာမိသြားတာအမွန္ပါ…

ဒါေပမယ့္လည္း သမီးေလးဆႏၵကိုပဲ

အဘြားဘက္ကအေလးထားပါတယ္…ဒါေၾကာင့္မို႔…

တူမႀကီးတို႔ကိုလည္းမစိုးရိမ္ၾကပါနဲ႔

အဘြားဘက္ကျပန္ေခၚမယ္လို႔မေျပာပါဘူးကြယ္…..”

အဘြားပုစကားၾကားေလေတာ့ ေဒၚေပြႏွင့္ဦးစိုးၾကည္တို႔

စိတ္မေကာင္းျဖစ္ေနၾကရွာသည္။

သို႔ေသာ္လည္း ေနာက္ဆုံး၌ မဝိုင္းခ်စ္သည္ မိဘမ်ားကို

ေသာင္ထြန္း႐ြာသို႔ေျပာင္းေ႐ြ႕ေနထိုင္ခိုင္းေတာ့၏။

ထိုအခါအဘြားပုကလည္းၾကည္ျဖဴရွာသည္။

“အင္း…ငါ့သမီးဆႏၵကိုအေဖသိပါတယ္ေလ…

ဒါေပမယ့္ အေဖကလည္းဟို႐ြာမွာပဲေပ်ာ္တာငါ့သမီးရဲ႕…”

ဦးစိုးၾကည္စကားေၾကာင့္ မဝိုင္းခ်စ္ေတြေဝသြားျပန္သည္။

ထိုအခါေဒၚေပြမွ…

“ေတာ့္ ကိုစိုးၾကည္ကလည္း…က်ဳပ္ကသမီးနဲ႔အတူ

ဒီ႐ြာမွာေနမယ္…ေတာ္ကပ်င္းရင္ဟို႐ြာကိုျပန္…

ဒီလိုပဲအသြားအလာလုပ္ေပါ့…

က်ဳပ္တို႔႐ြာကျဖင့္ေဟာသည္ေသာင္ထြန္း႐ြာေလာက္

အလုပ္အကိုင္မေပါေတာ့…က်ဳပ္ဒီမွာပဲေနဖို႔ဆုံးျဖတ္လိုက္ၿပီေတာ္”

ေဒၚေပြသည္လည္းေသာင္ထြန္း႐ြာ၌ေနဖို႔ရန္ဆုံးျဖတ္ေလသည္။

ထိုအခါ ဦးစိုးၾကည္တစ္ေယာက္သာေသာင္ထြန္း႐ြာႏွင့္

မိမိ႐ြာကို ကူးလူးသြားလာရေတာ့၏။

ဥိးစိုးၾကည္တစ္ေယာက္…

အတိတ္ကိုျပန္ေတြးရင္း

ေရေႏြးၾကမ္းတစ္အိုးကုန္ေလေသာအခါ…

“အင္း…မျဖစ္ေခ်ဘူး…ဒီတစ္ေခါက္ေသာင္ထြန္း႐ြာကို

လာရင္ငါ့သမီးက ႂကြက္ကင္ေကာင္းေကာင္းေလးစားခ်င္တယ္လို႔ေျပာေနရွာတာ…အခ်ိန္ဆြဲေနလို႔မေကာင္းပါဘူးေလ

အခုပဲႂကြက္သြားဖမ္းဦးမွပါ…….”

ဟု..ေတြးရင္းေနရာမွထ၍ ႂကြက္ဖမ္းသြားေတာ့ေလသည္။

ထိုသို႔ျဖင့္ ဇာတ္လမ္းေလးၿပီးဆုံးသြားခဲ့ပါသည္။

ၿပီးပါၿပီ။

ယဥ္မင္း(ကန႔္ဘလူ)ဘြားမယ္စိန္ႏွင့္ လူဝင္စား