ကျွတ်လွတ်သွားသူများ(စ/ဆုံး)

Unicode Version

ကျွတ်လွတ်သွားသူများ(စ/ဆုံး)
————————————-
အစ်မရေ – အစ်မရဲ့အဖြစ်ကတော့ မယုံနိုင်စရာပဲ။ တကယ် – တကယ်
မသူဇာတို့တုန်းကဆိုရင် ခြောက်လိုက်တာမှ အိပ်လို့တောင် မရဘူးတဲ့။ ဟော-မသူဇာရှေ့က ဒေါက်တာယဉ်နွယ်တို့အသုတ်ကျပြန်တော့လည်း မသေရုံတစ်မည်ပဲဆို။ အစ်မ ကြောက်မှာစိုးလို့သာ ပြန်မပြောဖြစ်ခဲ့တာ။ ဟိုးတစ်နှစ်က ညွှန်ကြားရေးမှူးတစ်ယောက်ဆိုရင် ညအိပ်ခါနီး ထုပ်တန်း ပေါ်မှာကြောင်လှလှကြီးတစ်ကောင်ကိုတွေ့လို့ သဘောကျတာနဲ့ ထုပ်တန်း ပေါ်တက်ပြီး လိုက်ဖမ်းရင်း ပြုတ်ကျတာ ဦးဆက်ပွင့်ပြီး သေပါရော မဟုတ် လား။ အဲ-ထူးခြားတာတစ်ခုက သူ မသေခင် ပြောပြောနေတဲ့ အဲဒီကြောင် ကြီးကို သူကလွဲပြီး အတူနေသူတွေထဲက ဘယ်သူတစ်ယောက်မှ မတွေ့ မြင်ခဲ့ပါဘူးတဲ့။ အင်း – အဲဒီအဆောင်ကဒီဌာနမှာတော့ နာမည်ကြီး အစ်မရဲ့၊ အစ်မ ရောက်လာခါစကဆို ကျွန်မတို့မှာ ရင်တထိတ်ထိတ်နဲ့ နားစွင့်နေခဲ့ ရတာ။ စိတ်ပူနေတာလည်းအမှန်ပါအစ်မရယ်။ဒါပေသိ- သတိလည်းမပေး ရဲ၊ ပြောလည်းမပြောရဲဘူးလေ။ မယုံတဲ့လူဆိုစိတ်ဆိုးသွားမှာ စိုးလို့ပါ။ အခု တော့ အစ်မက ဘာအန္တရာယ်မှ မတွေ့တဲ့အပြင် ပိုက်ဆံတောင် တစ်သိန်း
ရခဲ့တယ်ဆိုတော့ ဒါ အကြောင်းတစ်ခုခု ရှိလို့ဖြစ်ရမယ်။ ကဲ – ဘယ်လို ကြောင့်လည်းဆိုတာ ကျွန်မကို ပြောပြပါဦး။
အင်း – ဟုတ်တယ်၊ အစ်မရဲ့အဖြစ်အပျက်ကို ပြောပြရင် ညီမ စိတ်ဝင် စားမှာအမှန်ပဲ။ ဒါပေမဲ့ – အစ်မရဲ့ အကြောင်းကို မပြောခင်မှာ အစ်မရှေ့က လူတွေအကြောင်းကို အရင်အသေးစိတ် ပြန်ပြောပြရဦးမယ်။ ဒါမှ ညီမ ဇာတ်ရည်လည်သွားမှာ မဟုတ်လား။
မယဉ်နွယ်ကဒေါက်တာဘွဲ့ရပညာရှင်တစ်ယောက်။ သတ္တဗေဒပညာ
ကို နိုင်ငံခြားမှာပင် သွားရောက်သင်ယူလာခဲ့သော နိုင်ငံခြားပြန်ပီပီ သရဲ တစ္ဆေဆိုလျှင် တော်ရုံတန်ရုံ ကြောက်တတ်သူမဟုတ်။ ဂျပန်မှာ ပညာသွား သင်စဉ်က လည်ရှည်ဖိနပ်စီးသရဲနှင့် ပက်ပင်းတွေ့ ကြုံကာ အခြောက်လှန့် ခံခဲ့ရတာတောင် နည်းနည်းမျှ မကြောက်တတ်ခဲ့သူ။ ယခုလည်း ကြားထား သည့်သတင်းများကို လျစ်လျူရှုကာ ထိုတစ္ဆေခြောက်သည် ဟူသော အဆောင်တွင် တစ်ယောက်တည်း တစ်ခန်းအိပ်သည်။ အခြားမိန်းကလေး များနှင့် အတူတိုးဝှေ့အိပ်ပါရောလား။ ခေါ်မရ။ တစ်ယောက်တည်းသာ အိပ် တတ်သည်ဟုဆိုကာ တစ်ခန်းယူလေသည်။
အဆောင်တည်နေပုံကို အနည်းအကျဉ်းဖော်ပြရသော် အဆောင်များ က ခြေတံရှည်ဖြစ်ပြီး တစ်ဆောင်နှင့်တစ်ဆောင် ကပ်လျက်တည်ရှိနေကြ သည်။ မယဉ်နွယ်တည်းခိုနေထိုင်သောအဆောင်မှာရှည်လျားသောအနေ အထားရှိပြီး အိပ်ခန်းသုံးခန်းပါသည်။ အိပ်ခန်းသုံးခန်းက တစ်ခန်းနှင့် တစ်ခန်း မျက်နှာချင်းဆိုင် တြိဂံပုံသဏ္ဌာန်တည်ရှိနေသည်။ ထိုသုံးခန်းကို ကျော်လွန်သွားပါက ဧည့်ခန်းတစ်ခန်းရှိ၏။ မြို့တော်သစ်တိုးချဲ့ရာ၌ ဝန်ထမ်း များနေထိုင်ရန် ဆောက်လုပ်ခဲ့သော အဆောင်များဖြစ်၍ သက်တမ်းအား ဖြင့် နှစ်နှစ်မျှသာ ရှိဦးမည်မို့ သစ်လွင်တောက်ပနေသေးသည်။

မယဉ်နွယ်က တစ်ဖက်အဆောင်နှင့် မျက်နှာချင်းဆိုင် အခန်းတွင်
နေရာယူလိုက်သည်။ တစ်ဖက်အဆောင်မှ အမျိုးသမီးများက မယဉ်နွယ်နှင့် ဌာနတူပဲမို့ မသိသူများတော့ မဟုတ်။ မျက်မှန်းတန်းရုံမျှတော့ ရင်းနှီးကြ သည်။ မယဉ်နွယ်နှင့်တစ်ဆောင်တည်းအတူတူနေထိုင်ရသော သင်းသင်း၊ လဲ့ကြည်၊ မူမူနှင့် ယုသန္တာတို့က ယခင် တာဝန်ကျခဲ့သော ရန်ကုန်ရုံးချုပ်မှာ ကတည်းက ရင်းနှီးပြီးသား လုပ်ဖော်ကိုင်ဖက်များဖြစ်၍ တစ်ကိုယ်တည်း သမားမယဉ်နွယ်ကို အကူအညီပေးရန် အဆင်သင့်။ သို့ကြောင့်လည်း မယဉ်နွယ်အဖို့ ဘာကိုမျှ ပူပန်စရာမလိုပေ။ ရောက်လာသည်နှင့် အခန်း တစ်ခန်းကိုယူကာ ပစ္စည်းပစ္စယများ နေရာချထားပြီး နားနားနေအပန်းဖြေ သည်။ အတူနေကောင်မလေးများ ချက်ပြုတ်ကျွေးသောညနေစာကိုစားပြီး မနက်ဖြန် လုပ်ကိုင်ရမည့်လုပ်ငန်းများအကြောင်း စဉ်းစားသည်။ သို့ဖြင့်ပင် တဖြည်းဖြည်း မိုးချုပ်ခဲ့ပြီ။
မယဉ်နွယ်တစ်ယောက် ဟိုတွေး သည်တွေးနှင့် နာရီကို ကြည့်လိုက် တော့ (၁၀)နာရီ ထိုးတော့မည်။ ရန်ကုန်မှ မြို့တော်သစ်သို့ ကားစီးလာခဲ့ ရသည့်အရှိန်ကြောင့် တစ်ကိုယ်လုံး နုံးချိလျက်ရှိ၏။ အိပ်စက်သင့်ပြီဟု ကိုယ့်ကိုယ်ကိုယ်သတိပေးရင်းအိပ်ရာဝင်လိုက်သည်။ဟိုဘက်အိပ်ခန်းတွင် နှစ်ယောက်တစ်တွဲစီ အတူရှိနေသော သင်းသင်းတို့တွေကတော့ အိပ် ပျော်နေလောက်ပြီ။ သူတို့ကကိုယ့်ထက်အသက်ရောလုပ်ငန်းအတွေ့အကြုံ
ပါငယ်ရွယ်နုနယ်သူများဖြစ်၍အပူအပင်နည်းပါးကြပေမည်ပေါ့။ မယဉ်နွယ် ကတော့ မနက်ဖြန် အတွက် ပူပန်စရာများရှိသည်မှန်ပေမယ့် အလုပ်ကိစ္စ အားလုံးကို မေ့ဖျောက်ထားလိုက်ပြီး သူ့ထုံးစံအတိုင်း အိပ်ဖို့ပြင်အပြီး လေ့ ကျင့်ခန်း လုပ်တော့သည်။ ဒါကလည်း သူ့အကျင့်။ အိပ်ခါနီး လေ့ကျင့်ခန်း ယူတတ်သည်။ ပြင်းပြင်းထန်ထန် သဘောမျိုးတော့ မဟုတ်။ အိပ်ထမတင် မျှသာ ဖြစ်သည်။
“အမလေး – နေပြည်တော် ရာသီဥတုကလည်း ပူလိုက်အိုက်လိုက် တာနော်”
“ဟုတ်ပါ့အေ၊ မနေတတ်အောင်ပဲ။ ဒါနဲ့မယဉ်နွယ်ကော-ဒီဒေါက်တာမ ဘာတွေလုပ်နေလဲ”
“လေ့ကျင့်ခန်း လုပ်နေတယ်လေ။ အမလေး – ပူလိုက်တာနော်” မယဉ်နွယ်နှင့် ကပ်လျက်ဧည့်ခန်းမှ စကားပြောသံ ဆူညံညံများကို ကျယ်လောင်စွာ ကြားလိုက်ရ၍မယဉ်နွယ်စိတ်တိုသွားမိသည်။ ဘယ့်နှယ် ဟိုကောင်မလေး လေးယောက် မအိပ်ကြသေးပါလား။ မိမိကိုတော့ မကြား လောက်ဟုထင်ကာ အတင်းတုပ်နေကြသည်။ ကိုယ်က လူကြီးဖြစ်နေ၍ တိုသွားသည့်စိတ်ကိုထိန်းချုပ်ကာ နှုတ်က ထုတ်မပြောတော့ဘဲ ဥပေက္ခာ ပြုထားလိုက်သည်။ လုပ်လက်စအလုပ်ကိုသာမြန်မြန်သွက်သွက် ဆက်လုပ် နေလိုက်၏။
မယဉ်နွယ်က ငြိမ်နေပါသော်လည်း ဧည့်ခန်းဆီမှ စကားပြောသံများ ကတော့ တိုးတိတ်မသွားသည့်အပြင် ပို၍ပင် ကျယ်လောင်လာသည်။ သို့သော် စောစောကကဲ့သို့ သဲသဲကွဲကွဲမကြားရတော့ဘဲ စကားသံများက လုံးထွေးကာ ဝေါ-ဝေါ-ဝူး – ဝူး အသံမျိုးသာ ကြားနေရသည်။ ဘာတွေကို ပြောနေကြမှန်း မသိရ။ ကြည့်ရတာ တစ်ဖက်ခန်းများမှ ဟိုလေးယောက် ပူအိုက်လွန်းလို့ မအိပ်နိုင်၍ စကားထွက်ထိုင်ပြောနေကြခြင်း ဖြစ်လိမ့်မည်။ လေ့ကျင့်ခန်းလုပ်ပြီးသည့်အခါတွင် မယဉ်နွယ်လည်း အိပ်မပျော်သည့် အတူတူ ကောင်မလေးတစ်အုပ်နှင့် စကားထွက်ပြောဦးမှဟူသောအတွေး
ဖြင့်အိပ်ခန်းနှင့်ကပ်လျက်ဧည့်ခန်းဆီသို့မယဉ်နွယ်ထွက်လာခဲ့လိုက်သည်။ ထိုအချိန်ထိ စကားသံများက တဝူးဝူးတဝေါဝေါနှင့်။
“အယ်တော်…”
မယဉ်နွယ် ဧည့်ခန်းဆီရောက်သည်နှင့် တစ်ဧည့်ခန်းလုံး တိတ်ဆိတ် ကာလူလည်းတစ်ဦးတစ်ယောက်မှမရှိသည်ကိုတွေ့လိုက်ရချေပြီ။ ဘယ်လို
ပါလိမ့်”

အထိတ်ထိတ်အလန့်လန့်ဖြင့် အိပ်ခန်းနှစ်ခန်းဆီသို့ သွားကြည့်မိ
တော့ ဟိုလေးယောက်စလုံး တခေါခေါနှင့် အိပ်မောကျနေကြသည်။ လုံးဝ မကြောက်တတ်ပါဘူးဟူသောမယဉ်နွယ်ကိုယ်တိုင်ပင် အနည်းငယ် ထိတ် လန့်သွားမိ၏။ သို့ပေမဲ့ – ကြောက်စိတ်ကို မျိုသိပ်ကာ အိပ်ရာပေါ်လှဲချပြီး အိပ်ပျော်အောင် အိပ်ပစ်လိုက်သည်။
“အစ်မကြီး – အမလေး၊ မလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ အဖန်ငါးရာ ငါးကမ္ဘာ ဝဋ်ခံရတတ်တယ်လေ။ မလုပ်လိုက်ပါနဲ့”
မျက်နှာချင်းဆိုင် တစ်ဖက်ဆောင်ဆီမှ အော်သံဟစ်သံများကြောင့် မယဉ်နွယ်တစ်ယောက်အိပ်မက်မှလန့်နိုးလာခဲ့သည်။ မျက်လုံးများကိုဖြည်း
ညင်းစွာဖွင့်နေစဉ်တွင် ချမ်းစိမ့်သောလေအေးကမျက်နှာကိုဝေ့ခနဲလာရိုက် ခတ်၏။ အေးမြသော လေ၏ထိတွေ့မှုကြောင့် မယဉ်နွယ်လည်း ကြက်သီး မွေးညင်းများ ထောင်ထသွားခဲ့ရ၍ စိတ်ချောက်ချားစွာဖြင့် ဘေးပတ်ဝန်း ကျင်ကို စောင်းငဲ့ကြည့်လိုက်တော့…
“အို-အမလေးလေး-ကံကောင်းလို့ပါလား – ဘုရား – ဘုရား” မယဉ်နွယ် ထိတ်လန့်အံ့ဩသွားမိသည်။ မိမိက အိပ်ရာထဲမှာ မဟုတ် တော့ဘဲ သေမင်း၏ နှုတ်ခမ်းဝနားသို့ ရောက်ရှိနေသောကြောင့် ဖြစ်၏။ ရိုးရှင်းစွာဆိုရလျှင် မယဉ်နွယ်ရောက်ရှိနေသည့်နေရာက အိပ်ခန်း၏ပြတင်း ပေါက်ပေါင်ပေါ်တွင် ဖြစ်သည်။ ဤအဆောင်မှ ပြတင်းပေါက်များက လူ တစ်ရပ်လောက်မြင့်မားပြီး သံဆန်ကာ ကာရံထားခြင်းလည်း မရှိ။ ပကတိ ဟင်းလင်းကြီး။
အဆောင်အမြင့်က ရှစ်ပေကျော်ကျော်လောက်မြင့်မားသဖြင့် အကယ် ၍သာပြတင်းပေါက်မှ အောက်သို့ပြုတ်ကျသွားပါက အသက်သေဆုံးသွား နိုင်သည်မို့ မယဉ်နွယ် သွေးပျက်သွားခဲ့ရသည်။ ကတုန်ကယင်ဖြင့် ခုတင်

ပေါ်သို့ ပြန်ဆင်းလိုက်သည်။ နောက်ပြီး အိပ်ရာပေါ်တွင် အိပ်မောကျနေရာ မှ အိပ်ရာနံဘေးက ပြတင်းပေါက်ပေါင်ပေါ်ကို မည်သို့ ရောက်ရှိသွားရ သလဲဆိုတာ မယဉ်နွယ် နားမလည်နိုင်ပါ။ ဘုရားသိကြားမလို့ တစ်ဖက် အဆောင်မှ မိန်းကလေးများ လှမ်းအော်သတိပေးလိုက်သောကြောင့်သာ မယဉ်နွယ် အသက်မသေဆုံးခဲ့ရခြင်း ဖြစ်သည်။ ငါးယောက်သား ထိုနေ့၌ ပင် တခြားသို့ ပြောင်းရွှေ့ သွားခဲ့ကြသည်။ နောက်မှသိခဲ့ရသည်က မယဉ်နွယ်မှမဟုတ်ကျန်လေးယောက်လည်းခုတင်ကိုလာလှုပ်ခြင်း၊ တံခါး လာခေါက်ခြင်း စသော ခြောက်လှန့်မှုများကို ကြုံတွေ့ခဲ့ရလေသည်။
မသူဇာအလှည့်ကျတော့ တစ်မျိုး။ ရောက်သည့်နေ့ကစပြီး တစ်ပတ် အတွင်းတော့ ဘာခြောက်လှန့်မှုမျိုးမှ မကြုံတွေ့ရပေ။ မသူဇာကလည်း မေတ္တာပို့သည်။ အမျှဝေသည်။ သို့ပေမဲ့ ရံဖန်ရံခါတော့ မေ့မေ့လျော့လျော့ အိပ်ပျော်သွားတတ်တာမျိုးလည်းရှိသည်။ တစ်ပတ်ပြည့်သည့် တနင်္လာနေ့ မှ စတင်ကာ မသူဇာတို့ခြောက်ယောက်စလုံး အေးအေးဆေးဆေး မနေရ တော့။ ဟိုနားသွားလည်း ပုတ်သင်ညိုတစ်ကောင် ခြေထောက်ပေါ်ဖြတ် ပြေးသဖြင့် အော်ရဟစ်ရတာ တစ်မျိုး။ သည်နားသွားလည်း ကြွက်ကြီး တစ်ကောင် ခေါင်းပေါ်ပြုတ်ကျလို့ ကြောက်ရလန့်ရတာတစ်ဖုံနှင့် အထိတ် တလန့် ဖြစ်ခဲ့ရသည်။ ပို၍ထူးဆန်းသည်က ညဘက်ဆိုအိပ်လို့မရ။ မျက်နှာ ကြက်ပေါ်တွင် စက်ရုံမှာ အလုပ်သမားတွေ အလုပ်လုပ်နေသလိုမျိုး အသံ ပေါင်းစုံကြားနေရသည်။ အိပ်ပျော်သွားခဲ့လျှင်လည်း ကောက်စိုက်သမကြီး တစ်ယောက်က ငါ့အခန်းထဲက ထွက်သွားဟု လာရောက်ရန်တွေ့သော အိပ်မက်မျိုးကိုအမြဲမြင်မက်နေသည်။ ကြာတော့ သူဇာတို့ခြောက်ယောက် လုံး မနေဝံ့တော့။ တာဝန်ချိန် သုံးလ မပြည့်ခင်မှာပင် အခြားသို့ ပြောင်းပြေး ခဲ့ရသည်။

များမကြာမီ၌ထိုအဆောင်ဆီသို့ဒေါ်ပြုံးပြုံးရွှေရောက်လာခဲ့လေသည်။ အဆောင်ပုံသဏ္ဌာန်က ရှေ့မှာ ပြောခဲ့သလိုပါပဲ။ အမြင့်ရှစ်ပေအထက်တွင် အိမ်လေးလုံးကို စတုဂံပုံစံမျိုး တစ်အိမ်နှင့်တစ်အိမ် (တစ်ဆောင်နှင့်တစ် ဆောင်) မျက်နှာချင်းဆိုင်တည်ရှိနေကာ ခြေတံရှည်အိမ်ကလေးများအသွင် ဆောက်လုပ်ထားပြီးတစ်ဆောင်နှင့်တစ်ဆောင်ကြား၌ ဝရန်တာစင်္ကြံလမ်း လေးများဖြင့် ဆက်သွယ်ပေးထားသည်။ ပြောရလျှင် ဟိုဘက်အိမ်ကလူ တွေကို သည်ဘက်ကလှမ်းကြည့်လျှင် မြင်နေရသည်။ ဆက်သွယ်ပေးထား သောစင်္ကြံလမ်းလေးမှနေလည်းအလွယ်တကူကူးလူးသွားလာနိုင်သည်မို့ ထိုအိမ်လေးအိမ်လုံး၌ လူသူလေးပါးရှိနေပါက ဒေါ်ပြုံးပြုံးရွှေ နည်းနည်းမှ

ကြောက်ရွံ့စိတ်ဝင်လိမ့်မည် မဟုတ်။ မိမိကိုယ်တိုင်ကလည်း နဂိုကတည်း ကမှ သိပ်ကြောက်တတ်သူ မဟုတ်။ သို့သော် ယခုတော့ ထိုလေးအိမ်လုံး ပေါင်းမှ နေထိုင်သူဟူ၍ မိမိတစ်ယောက်တည်းရယ်။
လူတွေနှင့်။
များတွင်
ရှေ့တွင်နေခဲ့ပြီး တစ္ဆေအခြောက်ခံရ၍ ထွက်ပြေးသွားသော သူများ အားလုံးတွင် အခန်းဖော်ကိုယ်စီနှင့်။ မျက်နှာချင်းဆိုင်အဆောင်တွင်လည်း မိမိအလှည့်ကျမှဌာနတူအဖော်တွေအားလုံး ဤအဆောင်ကြီး မနေထိုင်ဝံ့ကြ၍တခြားသို့ပြောင်းရွှေ့သွားကြသဖြင့် ဤအဆောင် တွင် မိမိတစ်ယောက်သာကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ မိမိက အပျိုကြီးပေမယ့် ကပ်စီးကလည်း ခပ်နည်းနည်း။ ဌာနကအဆောင်ပေးလျက်သားနှင့်တခြား ၌ ပိုက်ဆံအကုန်ခံပြီး သွားမနေထိုင်ချင်။ ရှေ့ကလူတွေ ပြောပြခဲ့သော သရဲ ခြောက်တဲ့အကြောင်းများကိုကြားမိထားသော်လည်းကိုယ်ကဘာသာရေး သမားမို့ သိပ်မကြောက်လှ။ အိတ်ကိုနေရာချပြီးသည်နှင့် ပါလာသောပရိတ် ရေဖြင့် အိမ်အနှံ့ပက်ဖြန်းလိုက်ကာ ပရိတ်ရွတ်သည်။ မေတ္တာပို့ကာ အမျှ ပေးဝေလိုက်သည်။ ဟော- တဖြည်းဖြည်းနှင့် ညနေစောင်းလာခဲ့ပြီ။
ညရောက်တော့ ထူးထူးခြားခြား ပူအိုက်လွန်းလှသည့် နေပြည်တော် နွေဥတုကို အန်တုကာ ဝရန်တာတွင် ထွက်ထိုင်နေမိသည်။ ပုစဉ်းရင်ကွဲ ကောင်လေးများက ဘယ်နေရာကမှန်းမသိ တစီစီ အော်မြည်လျက်ရှိ၏။ မကြောက်တတ်ပေမဲ့ ဤခြံကြီးတစ်ခုလုံးတွင် မိမိတစ်ယောက်တည်းဟု တွေးမိလျှင် အနည်းငယ်တော့ အားငယ်သလို ဖြစ်မိသည်။ သို့သော်-ဟို ဘက်ခြံမှာလည်း ငါးဌာနကလူတွေ ရှိတာပါပဲလေဟု ကိုယ့်ကိုယ်ကိုယ် အားပေးရသည်။
“မပြုံး – တစ်ယောက်တည်းလား”
တစ်ယောက်တည်းငိုင်နေမိစဉ် မိမိနာမည်ကို ရင်းရင်းနှီးနှီးခေါ်ဆိုကာ လှမ်းအော်နှုတ်ဆက်လိုက်သော် မိန်းမတစ်ယောက်ကို မျက်နှာချင်းဆိုင်
တစ်ဖက်အဆောင်၌
တွေ့မြင်လိုက်ရ၍ဒေါ်ပြုံးပြုံးရွှေရင်ထိတ်သွားမိသည်။
မှောင်ကလည်း မှောင်နေပြီမို့ ရုတ်တရက် ထိုမိန်းမကို မည်သူမည်ဝါမှန်း မသိ။ တစ္ဆေသရဲမဟုတ်ပါစေနဲ့ဟု ဆုတောင်းနေမိသည်။
“ညီမက ဘယ်သူတုံး”
“အမလေး – ကျွန်မတောင် မမှတ်မိတော့ဘူးလား။ ဟိုတစ်လောကပဲ အသုဘပို့မှာ တွေ့ကြသေးတယ်လေ”

“ဪ-မှောင်နေလို့ မမှတ်မိတာပါ သိင်္ဂီရယ်။ ဒါနဲ့ − ခုနက သိင်္ဂီကို
မမပြုံး မမြင်မိပါလား”
ထိုအခါမှ သိင်္ဂီဝင်းမော်မှန်း မှတ်မိတော့သည်။ သိင်္ဂီဝင်းမော်က ဒေါ်ပြုံးပြုံးရွှေ၏ ယခင်ဌာနမှ မိတ်ဆွေတစ်ယောက်ဖြစ်၏။ မမှတ်မိစဉ်က အထိတ်ထိတ်အမျာပျာဖြစ်သွားသော ဒေါ်ပြုံးပြုံးရွှေ၏ အမူအရာကြောင့် သိင်္ဂီက သဘောကျစွာ ပြုံးရယ်လိုက်ရင်း …
“မပြုံးက သိင်္ဂီကို သရဲထင်နေလို့လား – ဟင်း – ဟင်း။ အခုပဲရောက်တာ ဟိုမှာ ကိုကျော်စိုးလည်း ပါတယ်။ အိတ်သွား သယ်နေလို့။ သိတဲ့အတိုင်း ပဲလေ။ မပြောင်းမနေရဆိုတော့လည်း ထမင်းအိုးအကွဲခံပြီး ပြောင်းလာရ တာပဲ။ ကလေးနှစ်ယောက်ကတော့ ရန်ကုန်မှာ သူ့အဘွားနဲ့ ကျန်ခဲ့ကြ တယ်။ ဒါနဲ့ မပြုံးရဲ့ အဆောင်မှာ မပြုံးတစ်ယောက်တည်းများလား။ ဟို မပြုံး တစ်ယောက်တည်း အိပ်ရဲ့ရဲ့လား။ ကိုကျော်စိုးကို တစ်ယောက်တည်း အိပ်ခိုင်းပြီး သိင်္ဂီ – မပြုံးနဲ့အတူ လာအိပ်ပေးရမလား”
“ရပါတယ်- နေပါစေ၊ နင်တို့ လင်မယားပဲ အိပ်ကြ။ တော်ကြာ-အပျို ကြီးက အလိုက်မသိဘူးလို့ အပြောခံနေရမှာ ကြောက်လွန်းလို့”
သိင်္ဂီက ဒေါ်ပြုံးပြုံးရွှေကို “တစ္ဆေခြောက်သည့်အဆောင်”တွင် တစ်ယောက်တည်းမနေစေလိုပေမဲ့ သူကိုယ်တိုင်လည်းလာရောက်အဖော်

ပြုရန် ရွံ့ကြောက်နေသည့်ဟန်။ အတူလာနေဖို့ ခေါ်ရအောင်ကလည်း ဒေါ်ပြုံးပြုံးရွှေက အပျိုကြီးဖြစ်နေ၍ သူ့ယောက်ျားနှင့် တစ်ဆောင်တည်း ထားရမှာကို အားနာနေပုံရသည်။ သို့ကြောင့် – ဒေါ်ပြုံးပြုံးရွှေကပဲ အလိုက် တသိနှင့် နှုတ်ဆက်ကာ အဆောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။
ရန်ကုန်တွင်ဆိုလျှင် သည်အချိန် ရုပ်ရှင်ကြည့်နေရ၍ မအိပ်ဖြစ်သေး ပေမဲ့ ဒီမှာတော့ ဘာအလုပ်မှ မရှိသဖြင့် အိပ်ဖို့ အိပ်ရာပြင်ကာ ဘုရားရှိခိုး တော့သည်။
“ဩကာသ-ဩကာသ ဩကာသ”
ဩကာသမှ အစချီကာ မေတ္တသုတ်၊ ခန္ဓသုတ်၊ ဓရဏပရိတ်တို့အပြင် ပဋ္ဌာန်းတရားတော်ကြီးကိုပါ ဆက်လက်ပွားများရွတ်ဆိုသည်။ ပြတင်းပေါက် မှ လေတဖြူးဖြူးဝင်နေသဖြင့် ဒေါ်ပြုံးပြုံးရွှေသည် ပူအိုက်မှုကို မခံစားရဘဲ ဘုရားကို ကောင်းမွန်စွာ ဝတ်ပြုရှိခိုးရ၏။ “သာဓု-သာဓု-သာဓု”
ထူးခြားမှုတစ်ခုကို ဒေါ်ပြုံးပြုံးရွှေ ခံစားလိုက်မိသည်။ သာဓုခေါ်သံက မိမိတစ်ယောက်တည်း၏အသံ မဟုတ်ဘဲ လူစုလူဝေးကြီးနှင့် သံပြိုင် ခေါ်နေရသလိုဟိန်းထွက်လျက်ရှိသည်။ ထူးဆန်းလိုက်ပါဘိ။ စိတ်သန္တန်၏ ထင်ယောင်ထင်မှားဖြစ်မှု မဟုတ်မှန်း ကိုယ့်ဟာကိုယ် သိသည်။ မည်သို့ပင် ဖြစ်စေ မိမိ ပြုလုပ်သောကောင်းမှုကုသိုလ်ကို ဝေနေယျသတ္တဝါများလည်း ရရှိသွားကြသည်ဟု ယုံကြည်၍ စိတ်ထဲတွင် ကြည်နူးပီတိ ဖြစ်မိ၏။
“သိင်္ဂီ-သိင်္ဂီရေ”
ဒေါ်ပြုံးပြုံးရွှေက တံခါးကို ထုလည်းထု၊ နာမည်ကိုလည်း အော်ခေါ် သည်။ သို့သော် အိမ်ထဲ၌ လူတစ်ယောက်မှ မရှိသည့်အလား မှောင်မည်း တိတ်ဆိတ်နေ၍ စိတ်ထဲ၌ပင် ထိတ်ခနဲ ဖြစ်သွားမိသည်။ လက်ထဲတွင်
သယ်ယူလာသော ပူတင်းမုန့်ကို ငုံ့ကြည့်ရင်း
သက်ပြင်းရှိုက်လိုက်မိသည်။ ဘုရားရှိခိုး၊ အမျှဝေပြီးသည့်နောက် စိတ်ကြည်လင်သွားပြီး ချောက်ချား ထိတ်လန့်စိတ်များလည်း ကင်းဝေးသွားခဲ့ရ၍ ပျင်းပျင်းရှိသည်နှင့် ပူတင်း ဖုတ်နေခြင်း ဖြစ်သည်။
ဒေါ်ပြုံးပြုံးရွှေက သူကိုယ်တိုင်လုပ်သော ပူတင်းကိုအလွန်နှစ်သက်သူ ဖြစ်သည်။ ကြက်ဥ၊ ပေါင်မုန့်ကျွတ်၊ နို့မှုန့်၊ ပျားရည်တို့ကို သမအောင်ရောမွှေ ခလောက်ပြီး ချိုင့်တစ်ချိုင့်ထဲထည့်၊ အဖုံးဖုံးပြီး ကျိုက်ကျိုက်ဆူနေသော ရေနွေးဒန်အိုးထဲသို့ ထည့်သည်။ နာရီဝက်ခန့်အကြာတွင် လှပပြီး စား၍ အလွန်ကောင်းသော ဒေါ်ပြုံးပြုံးရွှေ၏ လက်လုပ်ပူတင်းမုန့်ကလေးကို ရရှိ သည်။ ပူတင်းလေးကျက်တော့ တစ်ယောက်တည်း မစားရက် မသောက် ရက်။ အရသာကလည်းပျားရည်၏မွေးပျံ့အီဆိမ့်သည့်အရသာနှင့်ကြက်ဥ၏
ဆိမ့်ချိုသောအရသာတို့ပေါင်းစပ်နေသည့်ပူတင်းလေးက အလွန်စားပျော် အရသာရှိလှသဖြင့် တစ်ယောက်ယောက်ကို ကျွေးချင်မိသည်။ သို့ဖြင့် တစ်ဖက်ဆောင်မှာ သိင်္ဂီတို့ဆီသို့ ဝရန်တာစင်္ကြံလမ်းလေးမှတစ်ဆင့် ကူးသန်းလာကာ လာပို့ရခြင်းဖြစ်သည်။ ပို့သူက လာပို့ပါလျက်ဖြင့် ယူမည့် လူက ထွက်မလာ၍ စိတ်ညစ် ရပြီ။
“ဪ – ဒီလင်မယား ဘာတွေများ လုပ်နေကြပါလိမ့်။ မပြောလိုက် ချင်ဘူး။ ငါ ဒီလောက်အော်ခေါ်တာကို မကြားကြဘူးလား မသိ။ ငါ့မှာ တော့ အခန်းဖော်လေးရလို့ မုန့်လုပ်ထားတာလေး လာပို့မိပါတယ်။ ည (၉) နာရီမထိုးသေးဘူး။ အိပ်တာ သိုးနေကြပြီတူရဲ့”
နောက်ဆုံး ဒေါ်ပြုံးပြုံးရွှေ လက်လျှော့ကာ အခန်းရှိရာသို့ ပြန်လာ လိုက်သည်။ သွားပို့သောပူတင်းပန်းကန်ကိုလည်း မိမိဘာသာ စားသောက် ပစ်လိုက်သည်။ ည (၁၀)နာရီထိုးသည်အထိမျက်လုံးတွေကမအိပ်ချင်သေး ဘဲ ကြောင်နေ၏။ သို့ပေမဲ့ နံနက်ကျလျှင် ရုံးတက်ရဦးမည်မို့ ခြင်ထောင် ထဲဝင်ကာ ကြိတ်မှိတ်အိပ်ပစ်လိုက်သည်။

နံနက်(၆)နာရီဒေါ်ပြုံးပြုံးရွှေအိပ်ရာနိုးလာချိန် ဝရန်တာတွင်ထွက်ကာ အပျင်းကြောဆန့်နေစဉ် တစ်ဖက်အဆောင်မှ မသိင်္ဂီတို့လင်မယား အထုပ် အပိုးတွေဆွဲကာ အိမ်ထဲမှ ထွက်လာကြသည်။
လား”
“ဟဲ့ – နင်တို့လင်မယား ဒါ ဘယ်တုံး။ ညက ငါခေါ်တာ မကြားကြဘူး
ဒေါ်ပြုံးပြုံးရွှေက အပြေးအလွှားသွားမေးသည်။ သိင်္ဂီက မျက်နှာငယ် လေးနှင့် ကိုကျော်စိုး၏လက်မောင်းကို အတင်းဆုပ်ကိုင်ထားရင်း…
“အမလေး – မပြုံးရယ် ညက ဘယ်သူခေါ်တာမှ ကျွန်မတို့လင်မယား မကြားနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တံခါးကိုလေ ဟိုကလေးငယ်တစ် ယောက်ကို အခန်းပိတ်လှောင်ထားလို့ ကြောက်အားလန့်အား ထုနေသလို မျိုး တဒုန်းဒုန်းနဲ့ဝုန်းဒိုင်းကို ကြဲနေတာပဲ။ နောက်ပြီး ငါ့အခန်းထဲက အခု ထွက်သွားလို့လည်း အော်သေးတယ်။ အစ်မရယ် – ကြောက်စရာကောင်း လိုက်တာ။ ကျွန်မဖြင့် တစ်ညလုံး အိပ်မရဘူး။ လင်မယားနှစ်ယောက် တစ် ယောက်ကိုတစ်ယောက်ဖက်တွယ်ရင်းကြောက်နေရတာ မိုးလင်းတဲ့ အထိ ပဲ။ အစ်မလည်းမနေပါနဲ့တော့။ ကျွန်မတို့လင်မယားလည်း ကြောက်လွန်းလို့ ခုပဲ ပြောင်းကြတော့မလို့”
သိင်္ဂီစကားကြောင့် ဒေါ်ပြုံးပြုံးရွှေအံ့ဩသွားသည်။ ကြောက်စိတ်မဝင် ဘဲ အံ့ဩစိတ်က ပိုကဲသွားသည်။ ဘယ်လိုသဘောပါလိမ့်။ အမှန်ဆို နှစ်ယောက်ရှိနေသောအခန်းကိုချောက်လှန့်မည့်အစားတစ်ယောက်တည်း နေသော မိမိကို ချောက်လှန့်ရမှာ မဟုတ်လား။ အဘယ်ကြောင့် မခြောက် လှန့်ကြပါသနည်း။ မေတ္တာပို့ အမျှပေးဝေသော အကျိုးတရားများကြောင့် ဖြစ်လိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်လိုက်မိသည်။
“သိင်္ဂီတို့ – ညက ဘုရားရှိခိုးကြရဲ့လား”
“ပင်ပန်းတာနဲ့ မရှိခိုးမိပါဘူး မပြုံးရယ်။ ဘုရားရှိခိုးအိပ်ရင် မခြောက် လောက်ပါဘူးဆိုပြီးမတားပါနဲ့တော့။ ဆက်နေရင်သိင်္ဂီကြောက်လို့သေလိမ့်

မယ်။ ခုတောင် သိပ်ကြောက်နေပြီ၊ ပြောင်းမှကို ဖြစ်မှာ။ သွားပြီနော် – မပြုံး”
သိင်္ဂီတို့ ဆင်းသွားသည်ကို ဒေါ်ပြုံးပြုံးရွှေ မျက်စိတစ်ဆုံး လိုက်ကြည့် နေမိ၏။ နောက်ပြီးတာဝန်ချိန် မကုန်မချင်း ဘယ်ကိုမှ မပြောင်းရွှေ့တော့ဟု သန္နိဋ္ဌာန်ချလိုက်သည်။ ဤအဆောင်တွင်သာ နေထိုင်ကာ ကျွတ်လွတ် ချင်နေကြသော ပုဂ္ဂိုလ်များကို အမျှပေးဝေမည်။ ကုသိုလ်မျှဝေမည်ဟု ဆုံးဖြတ်ချက် ချလိုက်မိသည်။
အဲဒါပဲ-ညီမရေ။ အစ်မက နေ့တိုင်း မနက်စောစောထပြီး ကက်ဆက် ဖွင့်၊ တရားနာတယ်။ ပရိတ်ရွတ်တယ်။ မေတ္တာပို့၊ အမျှပေးဝေတယ်။ သူဇာ တို့ပြောသလို ကြွက်ဆိုတာလည်း တစ်ကောင်မှ မတွေ့ခဲ့ဘူး။ သရဲ တစ္ဆေ လည်း တစ်ခါမှ အခြောက်မခံခဲ့ရဘူး။ အဲ- ထူးဆန်းတာတစ်ခုက အစ်မ အိပ်ပြီဆို ခြင်ထောင်ဘေးမှာ လိပ်ပြာတွေ လာပျံဝဲနေတတ်တယ်။ တစ်ခါ တလေဆိုအကောင်နှစ်ဆယ်လောက်ရှိတယ်။ ဆင်လိပ်ပြာကြီးတွေလည်း ပါတယ်။ သိပ်လှတာပဲ။ သူတို့ရောက်လာရင်အခန်းလေးကအေးနေသလိုပဲ။ ငြိမ်းချမ်းလိုက်တာ။ အဲ့သည့်တစ်ခုတော့နည်းနည်းထူးဆန်းတယ်ပေါ့နော်။ ပိုက်ဆံတစ်သိန်းကတော့ အခြားမယုံကြည်သူအမြင်မှာတော့ တိုက်ဆိုင် တာပါလို့ ပြောကောင်း ပြောလိမ့်မယ်။ အလုပ်က ပေးတာပဲ ကိုယ့်အရည် အချင်းကြောင့် ဘောက်ဆူးရတာပဲလို့ ပြောချင်ပြောကြလိမ့်မယ်။ ဒါပေမဲ့ အစ်မစိတ်ထဲမှာတော့ သူတို့ရဲ့ အကူအညီကြောင့် ရခဲ့တာလို့ ထင်နေမိ တယ်။ လက်ပေါက်ကတ်တဲ့အထက်လူကြီးဆီက ဘောက်ဆူးရဖို့ ဘယ် လောက်ခက်သလဲဆိုတာ အစ်မ အသိဆုံးပါ။ သူက ဆုကြေးကို လိုလို လားလား ခေါ်ပေးတယ်လေ။ ဒီတော့ သူတို့ ကူညီလို့ဖြစ်နိုင်သလို မေတ္တာပို့၊ ပဋ္ဌာန်းရွတ်ပွားတဲ့ ကျေးဇူးတွေလည်း သေချာပေါက်ပါတယ်လို့ ဆိုရမယ်။

သူတို့ဆိုတာ လူတွေကို ပြောတာမဟုတ်ဘူး ညီမရဲ့။ အစ်မဆိုလို ချင်တဲ့“သူတို့”ကအစ်မအမျှပေးဝေလိုက်လို့ကျွတ်လွတ်သွားကြတဲ့သူတွေ
ကိုပေါ့။ တစ်ဦးမေတ္တာတစ်ဦးမှာပေါ့..”
(ကြီးတော်ကြီး ပြောပြသော ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဆီလျော်သလို တင်ပြလိုက်ရပါသည်။)

Zawgyi Version

ကြၽတ္လြတ္သြားသူမ်ား(စ/ဆုံး)
————————————-
အစ္မေရ – အစ္မရဲ႕အျဖစ္ကေတာ့ မယုံႏိုင္စရာပဲ။ တကယ္ – တကယ္
မသူဇာတို႔တုန္းကဆိုရင္ ေျခာက္လိုက္တာမွ အိပ္လို႔ေတာင္ မရဘူးတဲ့။ ေဟာ-မသူဇာေရွ႕က ေဒါက္တာယဥ္ႏြယ္တို႔အသုတ္က်ျပန္ေတာ့လည္း မေသ႐ုံတစ္မည္ပဲဆို။ အစ္မ ေၾကာက္မွာစိုးလို႔သာ ျပန္မေျပာျဖစ္ခဲ့တာ။ ဟိုးတစ္ႏွစ္က ၫႊန္ၾကားေရးမႉးတစ္ေယာက္ဆိုရင္ ညအိပ္ခါနီး ထုပ္တန္း ေပၚမွာေၾကာင္လွလွႀကီးတစ္ေကာင္ကိုေတြ႕လို႔ သေဘာက်တာနဲ႔ ထုပ္တန္း ေပၚတက္ၿပီး လိုက္ဖမ္းရင္း ျပဳတ္က်တာ ဦးဆက္ပြင့္ၿပီး ေသပါေရာ မဟုတ္ လား။ အဲ-ထူးျခားတာတစ္ခုက သူ မေသခင္ ေျပာေျပာေနတဲ့ အဲဒီေၾကာင္ ႀကီးကို သူကလြဲၿပီး အတူေနသူေတြထဲက ဘယ္သူတစ္ေယာက္မွ မေတြ႕ ျမင္ခဲ့ပါဘူးတဲ့။ အင္း – အဲဒီအေဆာင္ကဒီဌာနမွာေတာ့ နာမည္ႀကီး အစ္မရဲ႕၊ အစ္မ ေရာက္လာခါစကဆို ကြၽန္မတို႔မွာ ရင္တထိတ္ထိတ္နဲ႔ နားစြင့္ေနခဲ့ ရတာ။ စိတ္ပူေနတာလည္းအမွန္ပါအစ္မရယ္။ဒါေပသိ- သတိလည္းမေပး ရဲ၊ ေျပာလည္းမေျပာရဲဘူးေလ။ မယုံတဲ့လူဆိုစိတ္ဆိုးသြားမွာ စိုးလို႔ပါ။ အခု ေတာ့ အစ္မက ဘာအႏၲရာယ္မွ မေတြ႕တဲ့အျပင္ ပိုက္ဆံေတာင္ တစ္သိန္း
ရခဲ့တယ္ဆိုေတာ့ ဒါ အေၾကာင္းတစ္ခုခု ရွိလို႔ျဖစ္ရမယ္။ ကဲ – ဘယ္လို ေၾကာင့္လည္းဆိုတာ ကြၽန္မကို ေျပာျပပါဦး။
အင္း – ဟုတ္တယ္၊ အစ္မရဲ႕အျဖစ္အပ်က္ကို ေျပာျပရင္ ညီမ စိတ္ဝင္ စားမွာအမွန္ပဲ။ ဒါေပမဲ့ – အစ္မရဲ႕ အေၾကာင္းကို မေျပာခင္မွာ အစ္မေရွ႕က လူေတြအေၾကာင္းကို အရင္အေသးစိတ္ ျပန္ေျပာျပရဦးမယ္။ ဒါမွ ညီမ ဇာတ္ရည္လည္သြားမွာ မဟုတ္လား။
မယဥ္ႏြယ္ကေဒါက္တာဘြဲ႕ရပညာရွင္တစ္ေယာက္။ သတၱေဗဒပညာ
ကို ႏိုင္ငံျခားမွာပင္ သြားေရာက္သင္ယူလာခဲ့ေသာ ႏိုင္ငံျခားျပန္ပီပီ သရဲ တေစၦဆိုလွ်င္ ေတာ္႐ုံတန္႐ုံ ေၾကာက္တတ္သူမဟုတ္။ ဂ်ပန္မွာ ပညာသြား သင္စဥ္က လည္ရွည္ဖိနပ္စီးသရဲႏွင့္ ပက္ပင္းေတြ႕ ႀကဳံကာ အေျခာက္လွန႔္ ခံခဲ့ရတာေတာင္ နည္းနည္းမွ် မေၾကာက္တတ္ခဲ့သူ။ ယခုလည္း ၾကားထား သည့္သတင္းမ်ားကို လ်စ္လ်ဴရႈကာ ထိုတေစၦေျခာက္သည္ ဟူေသာ အေဆာင္တြင္ တစ္ေယာက္တည္း တစ္ခန္းအိပ္သည္။ အျခားမိန္းကေလး မ်ားႏွင့္ အတူတိုးေဝွ႔အိပ္ပါေရာလား။ ေခၚမရ။ တစ္ေယာက္တည္းသာ အိပ္ တတ္သည္ဟုဆိုကာ တစ္ခန္းယူေလသည္။
အေဆာင္တည္ေနပုံကို အနည္းအက်ဥ္းေဖာ္ျပရေသာ္ အေဆာင္မ်ား က ေျခတံရွည္ျဖစ္ၿပီး တစ္ေဆာင္ႏွင့္တစ္ေဆာင္ ကပ္လ်က္တည္ရွိေနၾက သည္။ မယဥ္ႏြယ္တည္းခိုေနထိုင္ေသာအေဆာင္မွာရွည္လ်ားေသာအေန အထားရွိၿပီး အိပ္ခန္းသုံးခန္းပါသည္။ အိပ္ခန္းသုံးခန္းက တစ္ခန္းႏွင့္ တစ္ခန္း မ်က္ႏွာခ်င္းဆိုင္ ႀတိဂံပုံသဏၭာန္တည္ရွိေနသည္။ ထိုသုံးခန္းကို ေက်ာ္လြန္သြားပါက ဧည့္ခန္းတစ္ခန္းရွိ၏။ ၿမိဳ႕ေတာ္သစ္တိုးခ်ဲ႕ရာ၌ ဝန္ထမ္း မ်ားေနထိုင္ရန္ ေဆာက္လုပ္ခဲ့ေသာ အေဆာင္မ်ားျဖစ္၍ သက္တမ္းအား ျဖင့္ ႏွစ္ႏွစ္မွ်သာ ရွိဦးမည္မို႔ သစ္လြင္ေတာက္ပေနေသးသည္။

မယဥ္ႏြယ္က တစ္ဖက္အေဆာင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ အခန္းတြင္
ေနရာယူလိုက္သည္။ တစ္ဖက္အေဆာင္မွ အမ်ိဳးသမီးမ်ားက မယဥ္ႏြယ္ႏွင့္ ဌာနတူပဲမို႔ မသိသူမ်ားေတာ့ မဟုတ္။ မ်က္မွန္းတန္း႐ုံမွ်ေတာ့ ရင္းႏွီးၾက သည္။ မယဥ္ႏြယ္ႏွင့္တစ္ေဆာင္တည္းအတူတူေနထိုင္ရေသာ သင္းသင္း၊ လဲ့ၾကည္၊ မူမူႏွင့္ ယုသႏၲာတို႔က ယခင္ တာဝန္က်ခဲ့ေသာ ရန္ကုန္႐ုံးခ်ဳပ္မွာ ကတည္းက ရင္းႏွီးၿပီးသား လုပ္ေဖာ္ကိုင္ဖက္မ်ားျဖစ္၍ တစ္ကိုယ္တည္း သမားမယဥ္ႏြယ္ကို အကူအညီေပးရန္ အဆင္သင့္။ သို႔ေၾကာင့္လည္း မယဥ္ႏြယ္အဖို႔ ဘာကိုမွ် ပူပန္စရာမလိုေပ။ ေရာက္လာသည္ႏွင့္ အခန္း တစ္ခန္းကိုယူကာ ပစၥည္းပစၥယမ်ား ေနရာခ်ထားၿပီး နားနားေနအပန္းေျဖ သည္။ အတူေနေကာင္မေလးမ်ား ခ်က္ျပဳတ္ေကြၽးေသာညေနစာကိုစားၿပီး မနက္ျဖန္ လုပ္ကိုင္ရမည့္လုပ္ငန္းမ်ားအေၾကာင္း စဥ္းစားသည္။ သို႔ျဖင့္ပင္ တျဖည္းျဖည္း မိုးခ်ဳပ္ခဲ့ၿပီ။
မယဥ္ႏြယ္တစ္ေယာက္ ဟိုေတြး သည္ေတြးႏွင့္ နာရီကို ၾကည့္လိုက္ ေတာ့ (၁၀)နာရီ ထိုးေတာ့မည္။ ရန္ကုန္မွ ၿမိဳ႕ေတာ္သစ္သို႔ ကားစီးလာခဲ့ ရသည့္အရွိန္ေၾကာင့္ တစ္ကိုယ္လုံး ႏုံးခ်ိလ်က္ရွိ၏။ အိပ္စက္သင့္ၿပီဟု ကိုယ့္ကိုယ္ကိုယ္သတိေပးရင္းအိပ္ရာဝင္လိုက္သည္။ဟိုဘက္အိပ္ခန္းတြင္ ႏွစ္ေယာက္တစ္တြဲစီ အတူရွိေနေသာ သင္းသင္းတို႔ေတြကေတာ့ အိပ္ ေပ်ာ္ေနေလာက္ၿပီ။ သူတို႔ကကိုယ့္ထက္အသက္ေရာလုပ္ငန္းအေတြ႕အႀကဳံ
ပါငယ္႐ြယ္ႏုနယ္သူမ်ားျဖစ္၍အပူအပင္နည္းပါးၾကေပမည္ေပါ့။ မယဥ္ႏြယ္ ကေတာ့ မနက္ျဖန္ အတြက္ ပူပန္စရာမ်ားရွိသည္မွန္ေပမယ့္ အလုပ္ကိစၥ အားလုံးကို ေမ့ေဖ်ာက္ထားလိုက္ၿပီး သူ႔ထုံးစံအတိုင္း အိပ္ဖို႔ျပင္အၿပီး ေလ့ က်င့္ခန္း လုပ္ေတာ့သည္။ ဒါကလည္း သူ႔အက်င့္။ အိပ္ခါနီး ေလ့က်င့္ခန္း ယူတတ္သည္။ ျပင္းျပင္းထန္ထန္ သေဘာမ်ိဳးေတာ့ မဟုတ္။ အိပ္ထမတင္ မွ်သာ ျဖစ္သည္။
“အမေလး – ေနျပည္ေတာ္ ရာသီဥတုကလည္း ပူလိုက္အိုက္လိုက္ တာေနာ္”
“ဟုတ္ပါ့ေအ၊ မေနတတ္ေအာင္ပဲ။ ဒါနဲ႔မယဥ္ႏြယ္ေကာ-ဒီေဒါက္တာမ ဘာေတြလုပ္ေနလဲ”
“ေလ့က်င့္ခန္း လုပ္ေနတယ္ေလ။ အမေလး – ပူလိုက္တာေနာ္” မယဥ္ႏြယ္ႏွင့္ ကပ္လ်က္ဧည့္ခန္းမွ စကားေျပာသံ ဆူညံညံမ်ားကို က်ယ္ေလာင္စြာ ၾကားလိုက္ရ၍မယဥ္ႏြယ္စိတ္တိုသြားမိသည္။ ဘယ့္ႏွယ္ ဟိုေကာင္မေလး ေလးေယာက္ မအိပ္ၾကေသးပါလား။ မိမိကိုေတာ့ မၾကား ေလာက္ဟုထင္ကာ အတင္းတုပ္ေနၾကသည္။ ကိုယ္က လူႀကီးျဖစ္ေန၍ တိုသြားသည့္စိတ္ကိုထိန္းခ်ဳပ္ကာ ႏႈတ္က ထုတ္မေျပာေတာ့ဘဲ ဥေပကၡာ ျပဳထားလိုက္သည္။ လုပ္လက္စအလုပ္ကိုသာျမန္ျမန္သြက္သြက္ ဆက္လုပ္ ေနလိုက္၏။
မယဥ္ႏြယ္က ၿငိမ္ေနပါေသာ္လည္း ဧည့္ခန္းဆီမွ စကားေျပာသံမ်ား ကေတာ့ တိုးတိတ္မသြားသည့္အျပင္ ပို၍ပင္ က်ယ္ေလာင္လာသည္။ သို႔ေသာ္ ေစာေစာကကဲ့သို႔ သဲသဲကြဲကြဲမၾကားရေတာ့ဘဲ စကားသံမ်ားက လုံးေထြးကာ ေဝါ-ေဝါ-ဝူး – ဝူး အသံမ်ိဳးသာ ၾကားေနရသည္။ ဘာေတြကို ေျပာေနၾကမွန္း မသိရ။ ၾကည့္ရတာ တစ္ဖက္ခန္းမ်ားမွ ဟိုေလးေယာက္ ပူအိုက္လြန္းလို႔ မအိပ္ႏိုင္၍ စကားထြက္ထိုင္ေျပာေနၾကျခင္း ျဖစ္လိမ့္မည္။ ေလ့က်င့္ခန္းလုပ္ၿပီးသည့္အခါတြင္ မယဥ္ႏြယ္လည္း အိပ္မေပ်ာ္သည့္ အတူတူ ေကာင္မေလးတစ္အုပ္ႏွင့္ စကားထြက္ေျပာဦးမွဟူေသာအေတြး
ျဖင့္အိပ္ခန္းႏွင့္ကပ္လ်က္ဧည့္ခန္းဆီသို႔မယဥ္ႏြယ္ထြက္လာခဲ့လိုက္သည္။ ထိုအခ်ိန္ထိ စကားသံမ်ားက တဝူးဝူးတေဝါေဝါႏွင့္။
“အယ္ေတာ္…”
မယဥ္ႏြယ္ ဧည့္ခန္းဆီေရာက္သည္ႏွင့္ တစ္ဧည့္ခန္းလုံး တိတ္ဆိတ္ ကာလူလည္းတစ္ဦးတစ္ေယာက္မွမရွိသည္ကိုေတြ႕လိုက္ရေခ်ၿပီ။ ဘယ္လို
ပါလိမ့္”

အထိတ္ထိတ္အလန႔္လန႔္ျဖင့္ အိပ္ခန္းႏွစ္ခန္းဆီသို႔ သြားၾကည့္မိ
ေတာ့ ဟိုေလးေယာက္စလုံး တေခါေခါႏွင့္ အိပ္ေမာက်ေနၾကသည္။ လုံးဝ မေၾကာက္တတ္ပါဘူးဟူေသာမယဥ္ႏြယ္ကိုယ္တိုင္ပင္ အနည္းငယ္ ထိတ္ လန႔္သြားမိ၏။ သို႔ေပမဲ့ – ေၾကာက္စိတ္ကို မ်ိဳသိပ္ကာ အိပ္ရာေပၚလွဲခ်ၿပီး အိပ္ေပ်ာ္ေအာင္ အိပ္ပစ္လိုက္သည္။
“အစ္မႀကီး – အမေလး၊ မလုပ္ပါနဲ႔။ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာ အဖန္ငါးရာ ငါးကမာၻ ဝဋ္ခံရတတ္တယ္ေလ။ မလုပ္လိုက္ပါနဲ႔”
မ်က္ႏွာခ်င္းဆိုင္ တစ္ဖက္ေဆာင္ဆီမွ ေအာ္သံဟစ္သံမ်ားေၾကာင့္ မယဥ္ႏြယ္တစ္ေယာက္အိပ္မက္မွလန႔္ႏိုးလာခဲ့သည္။ မ်က္လုံးမ်ားကိုျဖည္း
ညင္းစြာဖြင့္ေနစဥ္တြင္ ခ်မ္းစိမ့္ေသာေလေအးကမ်က္ႏွာကိုေဝ့ခနဲလာ႐ိုက္ ခတ္၏။ ေအးျမေသာ ေလ၏ထိေတြ႕မႈေၾကာင့္ မယဥ္ႏြယ္လည္း ၾကက္သီး ေမြးညင္းမ်ား ေထာင္ထသြားခဲ့ရ၍ စိတ္ေခ်ာက္ခ်ားစြာျဖင့္ ေဘးပတ္ဝန္း က်င္ကို ေစာင္းငဲ့ၾကည့္လိုက္ေတာ့…
“အို-အမေလးေလး-ကံေကာင္းလို႔ပါလား – ဘုရား – ဘုရား” မယဥ္ႏြယ္ ထိတ္လန႔္အံ့ဩသြားမိသည္။ မိမိက အိပ္ရာထဲမွာ မဟုတ္ ေတာ့ဘဲ ေသမင္း၏ ႏႈတ္ခမ္းဝနားသို႔ ေရာက္ရွိေနေသာေၾကာင့္ ျဖစ္၏။ ႐ိုးရွင္းစြာဆိုရလွ်င္ မယဥ္ႏြယ္ေရာက္ရွိေနသည့္ေနရာက အိပ္ခန္း၏ျပတင္း ေပါက္ေပါင္ေပၚတြင္ ျဖစ္သည္။ ဤအေဆာင္မွ ျပတင္းေပါက္မ်ားက လူ တစ္ရပ္ေလာက္ျမင့္မားၿပီး သံဆန္ကာ ကာရံထားျခင္းလည္း မရွိ။ ပကတိ ဟင္းလင္းႀကီး။
အေဆာင္အျမင့္က ရွစ္ေပေက်ာ္ေက်ာ္ေလာက္ျမင့္မားသျဖင့္ အကယ္ ၍သာျပတင္းေပါက္မွ ေအာက္သို႔ျပဳတ္က်သြားပါက အသက္ေသဆုံးသြား ႏိုင္သည္မို႔ မယဥ္ႏြယ္ ေသြးပ်က္သြားခဲ့ရသည္။ ကတုန္ကယင္ျဖင့္ ခုတင္

ေပၚသို႔ ျပန္ဆင္းလိုက္သည္။ ေနာက္ၿပီး အိပ္ရာေပၚတြင္ အိပ္ေမာက်ေနရာ မွ အိပ္ရာနံေဘးက ျပတင္းေပါက္ေပါင္ေပၚကို မည္သို႔ ေရာက္ရွိသြားရ သလဲဆိုတာ မယဥ္ႏြယ္ နားမလည္ႏိုင္ပါ။ ဘုရားသိၾကားမလို႔ တစ္ဖက္ အေဆာင္မွ မိန္းကေလးမ်ား လွမ္းေအာ္သတိေပးလိုက္ေသာေၾကာင့္သာ မယဥ္ႏြယ္ အသက္မေသဆုံးခဲ့ရျခင္း ျဖစ္သည္။ ငါးေယာက္သား ထိုေန႔၌ ပင္ တျခားသို႔ ေျပာင္းေ႐ႊ႕ သြားခဲ့ၾကသည္။ ေနာက္မွသိခဲ့ရသည္က မယဥ္ႏြယ္မွမဟုတ္က်န္ေလးေယာက္လည္းခုတင္ကိုလာလႈပ္ျခင္း၊ တံခါး လာေခါက္ျခင္း စေသာ ေျခာက္လွန႔္မႈမ်ားကို ႀကဳံေတြ႕ခဲ့ရေလသည္။
မသူဇာအလွည့္က်ေတာ့ တစ္မ်ိဳး။ ေရာက္သည့္ေန႔ကစၿပီး တစ္ပတ္ အတြင္းေတာ့ ဘာေျခာက္လွန႔္မႈမ်ိဳးမွ မႀကဳံေတြ႕ရေပ။ မသူဇာကလည္း ေမတၱာပို႔သည္။ အမွ်ေဝသည္။ သို႔ေပမဲ့ ရံဖန္ရံခါေတာ့ ေမ့ေမ့ေလ်ာ့ေလ်ာ့ အိပ္ေပ်ာ္သြားတတ္တာမ်ိဳးလည္းရွိသည္။ တစ္ပတ္ျပည့္သည့္ တနလၤာေန႔ မွ စတင္ကာ မသူဇာတို႔ေျခာက္ေယာက္စလုံး ေအးေအးေဆးေဆး မေနရ ေတာ့။ ဟိုနားသြားလည္း ပုတ္သင္ညိဳတစ္ေကာင္ ေျခေထာက္ေပၚျဖတ္ ေျပးသျဖင့္ ေအာ္ရဟစ္ရတာ တစ္မ်ိဳး။ သည္နားသြားလည္း ႂကြက္ႀကီး တစ္ေကာင္ ေခါင္းေပၚျပဳတ္က်လို႔ ေၾကာက္ရလန႔္ရတာတစ္ဖုံႏွင့္ အထိတ္ တလန႔္ ျဖစ္ခဲ့ရသည္။ ပို၍ထူးဆန္းသည္က ညဘက္ဆိုအိပ္လို႔မရ။ မ်က္ႏွာ ၾကက္ေပၚတြင္ စက္႐ုံမွာ အလုပ္သမားေတြ အလုပ္လုပ္ေနသလိုမ်ိဳး အသံ ေပါင္းစုံၾကားေနရသည္။ အိပ္ေပ်ာ္သြားခဲ့လွ်င္လည္း ေကာက္စိုက္သမႀကီး တစ္ေယာက္က ငါ့အခန္းထဲက ထြက္သြားဟု လာေရာက္ရန္ေတြ႕ေသာ အိပ္မက္မ်ိဳးကိုအၿမဲျမင္မက္ေနသည္။ ၾကာေတာ့ သူဇာတို႔ေျခာက္ေယာက္ လုံး မေနဝံ့ေတာ့။ တာဝန္ခ်ိန္ သုံးလ မျပည့္ခင္မွာပင္ အျခားသို႔ ေျပာင္းေျပး ခဲ့ရသည္။

မ်ားမၾကာမီ၌ထိုအေဆာင္ဆီသို႔ေဒၚၿပဳံးၿပဳံးေ႐ႊေရာက္လာခဲ့ေလသည္။ အေဆာင္ပုံသဏၭာန္က ေရွ႕မွာ ေျပာခဲ့သလိုပါပဲ။ အျမင့္ရွစ္ေပအထက္တြင္ အိမ္ေလးလုံးကို စတုဂံပုံစံမ်ိဳး တစ္အိမ္ႏွင့္တစ္အိမ္ (တစ္ေဆာင္ႏွင့္တစ္ ေဆာင္) မ်က္ႏွာခ်င္းဆိုင္တည္ရွိေနကာ ေျခတံရွည္အိမ္ကေလးမ်ားအသြင္ ေဆာက္လုပ္ထားၿပီးတစ္ေဆာင္ႏွင့္တစ္ေဆာင္ၾကား၌ ဝရန္တာစႀကႍလမ္း ေလးမ်ားျဖင့္ ဆက္သြယ္ေပးထားသည္။ ေျပာရလွ်င္ ဟိုဘက္အိမ္ကလူ ေတြကို သည္ဘက္ကလွမ္းၾကည့္လွ်င္ ျမင္ေနရသည္။ ဆက္သြယ္ေပးထား ေသာစႀကႍလမ္းေလးမွေနလည္းအလြယ္တကူကူးလူးသြားလာႏိုင္သည္မို႔ ထိုအိမ္ေလးအိမ္လုံး၌ လူသူေလးပါးရွိေနပါက ေဒၚၿပဳံးၿပဳံးေ႐ႊ နည္းနည္းမွ

ေၾကာက္႐ြံ႕စိတ္ဝင္လိမ့္မည္ မဟုတ္။ မိမိကိုယ္တိုင္ကလည္း နဂိုကတည္း ကမွ သိပ္ေၾကာက္တတ္သူ မဟုတ္။ သို႔ေသာ္ ယခုေတာ့ ထိုေလးအိမ္လုံး ေပါင္းမွ ေနထိုင္သူဟူ၍ မိမိတစ္ေယာက္တည္းရယ္။
လူေတြႏွင့္။
မ်ားတြင္
ေရွ႕တြင္ေနခဲ့ၿပီး တေစၦအေျခာက္ခံရ၍ ထြက္ေျပးသြားေသာ သူမ်ား အားလုံးတြင္ အခန္းေဖာ္ကိုယ္စီႏွင့္။ မ်က္ႏွာခ်င္းဆိုင္အေဆာင္တြင္လည္း မိမိအလွည့္က်မွဌာနတူအေဖာ္ေတြအားလုံး ဤအေဆာင္ႀကီး မေနထိုင္ဝံ့ၾက၍တျခားသို႔ေျပာင္းေ႐ႊ႕သြားၾကသျဖင့္ ဤအေဆာင္ တြင္ မိမိတစ္ေယာက္သာက်န္ရစ္ခဲ့ျခင္းျဖစ္သည္။ မိမိက အပ်ိဳႀကီးေပမယ့္ ကပ္စီးကလည္း ခပ္နည္းနည္း။ ဌာနကအေဆာင္ေပးလ်က္သားႏွင့္တျခား ၌ ပိုက္ဆံအကုန္ခံၿပီး သြားမေနထိုင္ခ်င္။ ေရွ႕ကလူေတြ ေျပာျပခဲ့ေသာ သရဲ ေျခာက္တဲ့အေၾကာင္းမ်ားကိုၾကားမိထားေသာ္လည္းကိုယ္ကဘာသာေရး သမားမို႔ သိပ္မေၾကာက္လွ။ အိတ္ကိုေနရာခ်ၿပီးသည္ႏွင့္ ပါလာေသာပရိတ္ ေရျဖင့္ အိမ္အႏွံ႔ပက္ျဖန္းလိုက္ကာ ပရိတ္႐ြတ္သည္။ ေမတၱာပို႔ကာ အမွ် ေပးေဝလိုက္သည္။ ေဟာ- တျဖည္းျဖည္းႏွင့္ ညေနေစာင္းလာခဲ့ၿပီ။
ညေရာက္ေတာ့ ထူးထူးျခားျခား ပူအိုက္လြန္းလွသည့္ ေနျပည္ေတာ္ ေႏြဥတုကို အန္တုကာ ဝရန္တာတြင္ ထြက္ထိုင္ေနမိသည္။ ပုစဥ္းရင္ကြဲ ေကာင္ေလးမ်ားက ဘယ္ေနရာကမွန္းမသိ တစီစီ ေအာ္ျမည္လ်က္ရွိ၏။ မေၾကာက္တတ္ေပမဲ့ ဤၿခံႀကီးတစ္ခုလုံးတြင္ မိမိတစ္ေယာက္တည္းဟု ေတြးမိလွ်င္ အနည္းငယ္ေတာ့ အားငယ္သလို ျဖစ္မိသည္။ သို႔ေသာ္-ဟို ဘက္ၿခံမွာလည္း ငါးဌာနကလူေတြ ရွိတာပါပဲေလဟု ကိုယ့္ကိုယ္ကိုယ္ အားေပးရသည္။
“မၿပဳံး – တစ္ေယာက္တည္းလား”
တစ္ေယာက္တည္းငိုင္ေနမိစဥ္ မိမိနာမည္ကို ရင္းရင္းႏွီးႏွီးေခၚဆိုကာ လွမ္းေအာ္ႏႈတ္ဆက္လိုက္ေသာ္ မိန္းမတစ္ေယာက္ကို မ်က္ႏွာခ်င္းဆိုင္
တစ္ဖက္အေဆာင္၌
ေတြ႕ျမင္လိုက္ရ၍ေဒၚၿပဳံးၿပဳံးေ႐ႊရင္ထိတ္သြားမိသည္။
ေမွာင္ကလည္း ေမွာင္ေနၿပီမို႔ ႐ုတ္တရက္ ထိုမိန္းမကို မည္သူမည္ဝါမွန္း မသိ။ တေစၦသရဲမဟုတ္ပါေစနဲ႔ဟု ဆုေတာင္းေနမိသည္။
“ညီမက ဘယ္သူတုံး”
“အမေလး – ကြၽန္မေတာင္ မမွတ္မိေတာ့ဘူးလား။ ဟိုတစ္ေလာကပဲ အသုဘပို႔မွာ ေတြ႕ၾကေသးတယ္ေလ”

“ဪ-ေမွာင္ေနလို႔ မမွတ္မိတာပါ သိဂႌရယ္။ ဒါနဲ႔ − ခုနက သိဂႌကို
မမၿပဳံး မျမင္မိပါလား”
ထိုအခါမွ သိဂႌဝင္းေမာ္မွန္း မွတ္မိေတာ့သည္။ သိဂႌဝင္းေမာ္က ေဒၚၿပဳံးၿပဳံးေ႐ႊ၏ ယခင္ဌာနမွ မိတ္ေဆြတစ္ေယာက္ျဖစ္၏။ မမွတ္မိစဥ္က အထိတ္ထိတ္အမ်ာပ်ာျဖစ္သြားေသာ ေဒၚၿပဳံးၿပဳံးေ႐ႊ၏ အမူအရာေၾကာင့္ သိဂႌက သေဘာက်စြာ ၿပဳံးရယ္လိုက္ရင္း …
“မၿပဳံးက သိဂႌကို သရဲထင္ေနလို႔လား – ဟင္း – ဟင္း။ အခုပဲေရာက္တာ ဟိုမွာ ကိုေက်ာ္စိုးလည္း ပါတယ္။ အိတ္သြား သယ္ေနလို႔။ သိတဲ့အတိုင္း ပဲေလ။ မေျပာင္းမေနရဆိုေတာ့လည္း ထမင္းအိုးအကြဲခံၿပီး ေျပာင္းလာရ တာပဲ။ ကေလးႏွစ္ေယာက္ကေတာ့ ရန္ကုန္မွာ သူ႔အဘြားနဲ႔ က်န္ခဲ့ၾက တယ္။ ဒါနဲ႔ မၿပဳံးရဲ႕ အေဆာင္မွာ မၿပဳံးတစ္ေယာက္တည္းမ်ားလား။ ဟို မၿပဳံး တစ္ေယာက္တည္း အိပ္ရဲ႕ရဲ႕လား။ ကိုေက်ာ္စိုးကို တစ္ေယာက္တည္း အိပ္ခိုင္းၿပီး သိဂႌ – မၿပဳံးနဲ႔အတူ လာအိပ္ေပးရမလား”
“ရပါတယ္- ေနပါေစ၊ နင္တို႔ လင္မယားပဲ အိပ္ၾက။ ေတာ္ၾကာ-အပ်ိဳ ႀကီးက အလိုက္မသိဘူးလို႔ အေျပာခံေနရမွာ ေၾကာက္လြန္းလို႔”
သိဂႌက ေဒၚၿပဳံးၿပဳံးေ႐ႊကို “တေစၦေျခာက္သည့္အေဆာင္”တြင္ တစ္ေယာက္တည္းမေနေစလိုေပမဲ့ သူကိုယ္တိုင္လည္းလာေရာက္အေဖာ္

ျပဳရန္ ႐ြံ႕ေၾကာက္ေနသည့္ဟန္။ အတူလာေနဖို႔ ေခၚရေအာင္ကလည္း ေဒၚၿပဳံးၿပဳံးေ႐ႊက အပ်ိဳႀကီးျဖစ္ေန၍ သူ႔ေယာက္်ားႏွင့္ တစ္ေဆာင္တည္း ထားရမွာကို အားနာေနပုံရသည္။ သို႔ေၾကာင့္ – ေဒၚၿပဳံးၿပဳံးေ႐ႊကပဲ အလိုက္ တသိႏွင့္ ႏႈတ္ဆက္ကာ အေဆာင္ထဲသို႔ ဝင္လာခဲ့လိုက္သည္။
ရန္ကုန္တြင္ဆိုလွ်င္ သည္အခ်ိန္ ႐ုပ္ရွင္ၾကည့္ေနရ၍ မအိပ္ျဖစ္ေသး ေပမဲ့ ဒီမွာေတာ့ ဘာအလုပ္မွ မရွိသျဖင့္ အိပ္ဖို႔ အိပ္ရာျပင္ကာ ဘုရားရွိခိုး ေတာ့သည္။
“ဩကာသ-ဩကာသ ဩကာသ”
ဩကာသမွ အစခ်ီကာ ေမတၱသုတ္၊ ခႏၶသုတ္၊ ဓရဏပရိတ္တို႔အျပင္ ပ႒ာန္းတရားေတာ္ႀကီးကိုပါ ဆက္လက္ပြားမ်ား႐ြတ္ဆိုသည္။ ျပတင္းေပါက္ မွ ေလတျဖဴးျဖဴးဝင္ေနသျဖင့္ ေဒၚၿပဳံးၿပဳံးေ႐ႊသည္ ပူအိုက္မႈကို မခံစားရဘဲ ဘုရားကို ေကာင္းမြန္စြာ ဝတ္ျပဳရွိခိုးရ၏။ “သာဓု-သာဓု-သာဓု”
ထူးျခားမႈတစ္ခုကို ေဒၚၿပဳံးၿပဳံးေ႐ႊ ခံစားလိုက္မိသည္။ သာဓုေခၚသံက မိမိတစ္ေယာက္တည္း၏အသံ မဟုတ္ဘဲ လူစုလူေဝးႀကီးႏွင့္ သံၿပိဳင္ ေခၚေနရသလိုဟိန္းထြက္လ်က္ရွိသည္။ ထူးဆန္းလိုက္ပါဘိ။ စိတ္သႏၲန္၏ ထင္ေယာင္ထင္မွားျဖစ္မႈ မဟုတ္မွန္း ကိုယ့္ဟာကိုယ္ သိသည္။ မည္သို႔ပင္ ျဖစ္ေစ မိမိ ျပဳလုပ္ေသာေကာင္းမႈကုသိုလ္ကို ေဝေနယ်သတၱဝါမ်ားလည္း ရရွိသြားၾကသည္ဟု ယုံၾကည္၍ စိတ္ထဲတြင္ ၾကည္ႏူးပီတိ ျဖစ္မိ၏။
“သိဂႌ-သိဂႌေရ”
ေဒၚၿပဳံးၿပဳံးေ႐ႊက တံခါးကို ထုလည္းထု၊ နာမည္ကိုလည္း ေအာ္ေခၚ သည္။ သို႔ေသာ္ အိမ္ထဲ၌ လူတစ္ေယာက္မွ မရွိသည့္အလား ေမွာင္မည္း တိတ္ဆိတ္ေန၍ စိတ္ထဲ၌ပင္ ထိတ္ခနဲ ျဖစ္သြားမိသည္။ လက္ထဲတြင္
သယ္ယူလာေသာ ပူတင္းမုန႔္ကို ငုံ႔ၾကည့္ရင္း
သက္ျပင္းရႈိက္လိုက္မိသည္။ ဘုရားရွိခိုး၊ အမွ်ေဝၿပီးသည့္ေနာက္ စိတ္ၾကည္လင္သြားၿပီး ေခ်ာက္ခ်ား ထိတ္လန႔္စိတ္မ်ားလည္း ကင္းေဝးသြားခဲ့ရ၍ ပ်င္းပ်င္းရွိသည္ႏွင့္ ပူတင္း ဖုတ္ေနျခင္း ျဖစ္သည္။
ေဒၚၿပဳံးၿပဳံးေ႐ႊက သူကိုယ္တိုင္လုပ္ေသာ ပူတင္းကိုအလြန္ႏွစ္သက္သူ ျဖစ္သည္။ ၾကက္ဥ၊ ေပါင္မုန႔္ကြၽတ္၊ ႏို႔မႈန႔္၊ ပ်ားရည္တို႔ကို သမေအာင္ေရာေမႊ ခေလာက္ၿပီး ခ်ိဳင့္တစ္ခ်ိဳင့္ထဲထည့္၊ အဖုံးဖုံးၿပီး က်ိဳက္က်ိဳက္ဆူေနေသာ ေရေႏြးဒန္အိုးထဲသို႔ ထည့္သည္။ နာရီဝက္ခန႔္အၾကာတြင္ လွပၿပီး စား၍ အလြန္ေကာင္းေသာ ေဒၚၿပဳံးၿပဳံးေ႐ႊ၏ လက္လုပ္ပူတင္းမုန႔္ကေလးကို ရရွိ သည္။ ပူတင္းေလးက်က္ေတာ့ တစ္ေယာက္တည္း မစားရက္ မေသာက္ ရက္။ အရသာကလည္းပ်ားရည္၏ေမြးပ်ံ႕အီဆိမ့္သည့္အရသာႏွင့္ၾကက္ဥ၏
ဆိမ့္ခ်ိဳေသာအရသာတို႔ေပါင္းစပ္ေနသည့္ပူတင္းေလးက အလြန္စားေပ်ာ္ အရသာရွိလွသျဖင့္ တစ္ေယာက္ေယာက္ကို ေကြၽးခ်င္မိသည္။ သို႔ျဖင့္ တစ္ဖက္ေဆာင္မွာ သိဂႌတို႔ဆီသို႔ ဝရန္တာစႀကႍလမ္းေလးမွတစ္ဆင့္ ကူးသန္းလာကာ လာပို႔ရျခင္းျဖစ္သည္။ ပို႔သူက လာပို႔ပါလ်က္ျဖင့္ ယူမည့္ လူက ထြက္မလာ၍ စိတ္ညစ္ ရၿပီ။
“ဪ – ဒီလင္မယား ဘာေတြမ်ား လုပ္ေနၾကပါလိမ့္။ မေျပာလိုက္ ခ်င္ဘူး။ ငါ ဒီေလာက္ေအာ္ေခၚတာကို မၾကားၾကဘူးလား မသိ။ ငါ့မွာ ေတာ့ အခန္းေဖာ္ေလးရလို႔ မုန႔္လုပ္ထားတာေလး လာပို႔မိပါတယ္။ ည (၉) နာရီမထိုးေသးဘူး။ အိပ္တာ သိုးေနၾကၿပီတူရဲ႕”
ေနာက္ဆုံး ေဒၚၿပဳံးၿပဳံးေ႐ႊ လက္ေလွ်ာ့ကာ အခန္းရွိရာသို႔ ျပန္လာ လိုက္သည္။ သြားပို႔ေသာပူတင္းပန္းကန္ကိုလည္း မိမိဘာသာ စားေသာက္ ပစ္လိုက္သည္။ ည (၁၀)နာရီထိုးသည္အထိမ်က္လုံးေတြကမအိပ္ခ်င္ေသး ဘဲ ေၾကာင္ေန၏။ သို႔ေပမဲ့ နံနက္က်လွ်င္ ႐ုံးတက္ရဦးမည္မို႔ ျခင္ေထာင္ ထဲဝင္ကာ ႀကိတ္မွိတ္အိပ္ပစ္လိုက္သည္။

နံနက္(၆)နာရီေဒၚၿပဳံးၿပဳံးေ႐ႊအိပ္ရာႏိုးလာခ်ိန္ ဝရန္တာတြင္ထြက္ကာ အပ်င္းေၾကာဆန႔္ေနစဥ္ တစ္ဖက္အေဆာင္မွ မသိဂႌတို႔လင္မယား အထုပ္ အပိုးေတြဆြဲကာ အိမ္ထဲမွ ထြက္လာၾကသည္။
လား”
“ဟဲ့ – နင္တို႔လင္မယား ဒါ ဘယ္တုံး။ ညက ငါေခၚတာ မၾကားၾကဘူး
ေဒၚၿပဳံးၿပဳံးေ႐ႊက အေျပးအလႊားသြားေမးသည္။ သိဂႌက မ်က္ႏွာငယ္ ေလးႏွင့္ ကိုေက်ာ္စိုး၏လက္ေမာင္းကို အတင္းဆုပ္ကိုင္ထားရင္း…
“အမေလး – မၿပဳံးရယ္ ညက ဘယ္သူေခၚတာမွ ကြၽန္မတို႔လင္မယား မၾကားႏိုင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ တံခါးကိုေလ ဟိုကေလးငယ္တစ္ ေယာက္ကို အခန္းပိတ္ေလွာင္ထားလို႔ ေၾကာက္အားလန႔္အား ထုေနသလို မ်ိဳး တဒုန္းဒုန္းနဲ႔ဝုန္းဒိုင္းကို ႀကဲေနတာပဲ။ ေနာက္ၿပီး ငါ့အခန္းထဲက အခု ထြက္သြားလို႔လည္း ေအာ္ေသးတယ္။ အစ္မရယ္ – ေၾကာက္စရာေကာင္း လိုက္တာ။ ကြၽန္မျဖင့္ တစ္ညလုံး အိပ္မရဘူး။ လင္မယားႏွစ္ေယာက္ တစ္ ေယာက္ကိုတစ္ေယာက္ဖက္တြယ္ရင္းေၾကာက္ေနရတာ မိုးလင္းတဲ့ အထိ ပဲ။ အစ္မလည္းမေနပါနဲ႔ေတာ့။ ကြၽန္မတို႔လင္မယားလည္း ေၾကာက္လြန္းလို႔ ခုပဲ ေျပာင္းၾကေတာ့မလို႔”
သိဂႌစကားေၾကာင့္ ေဒၚၿပဳံးၿပဳံးေ႐ႊအံ့ဩသြားသည္။ ေၾကာက္စိတ္မဝင္ ဘဲ အံ့ဩစိတ္က ပိုကဲသြားသည္။ ဘယ္လိုသေဘာပါလိမ့္။ အမွန္ဆို ႏွစ္ေယာက္ရွိေနေသာအခန္းကိုေခ်ာက္လွန႔္မည့္အစားတစ္ေယာက္တည္း ေနေသာ မိမိကို ေခ်ာက္လွန႔္ရမွာ မဟုတ္လား။ အဘယ္ေၾကာင့္ မေျခာက္ လွန႔္ၾကပါသနည္း။ ေမတၱာပို႔ အမွ်ေပးေဝေသာ အက်ိဳးတရားမ်ားေၾကာင့္ ျဖစ္လိမ့္မည္ဟု တစ္ထစ္ခ် ယုံၾကည္လိုက္မိသည္။
“သိဂႌတို႔ – ညက ဘုရားရွိခိုးၾကရဲ႕လား”
“ပင္ပန္းတာနဲ႔ မရွိခိုးမိပါဘူး မၿပဳံးရယ္။ ဘုရားရွိခိုးအိပ္ရင္ မေျခာက္ ေလာက္ပါဘူးဆိုၿပီးမတားပါနဲ႔ေတာ့။ ဆက္ေနရင္သိဂႌေၾကာက္လို႔ေသလိမ့္

မယ္။ ခုေတာင္ သိပ္ေၾကာက္ေနၿပီ၊ ေျပာင္းမွကို ျဖစ္မွာ။ သြားၿပီေနာ္ – မၿပဳံး”
သိဂႌတို႔ ဆင္းသြားသည္ကို ေဒၚၿပဳံးၿပဳံးေ႐ႊ မ်က္စိတစ္ဆုံး လိုက္ၾကည့္ ေနမိ၏။ ေနာက္ၿပီးတာဝန္ခ်ိန္ မကုန္မခ်င္း ဘယ္ကိုမွ မေျပာင္းေ႐ႊ႕ေတာ့ဟု သႏၷိ႒ာန္ခ်လိုက္သည္။ ဤအေဆာင္တြင္သာ ေနထိုင္ကာ ကြၽတ္လြတ္ ခ်င္ေနၾကေသာ ပုဂၢိဳလ္မ်ားကို အမွ်ေပးေဝမည္။ ကုသိုလ္မွ်ေဝမည္ဟု ဆုံးျဖတ္ခ်က္ ခ်လိုက္မိသည္။
အဲဒါပဲ-ညီမေရ။ အစ္မက ေန႔တိုင္း မနက္ေစာေစာထၿပီး ကက္ဆက္ ဖြင့္၊ တရားနာတယ္။ ပရိတ္႐ြတ္တယ္။ ေမတၱာပို႔၊ အမွ်ေပးေဝတယ္။ သူဇာ တို႔ေျပာသလို ႂကြက္ဆိုတာလည္း တစ္ေကာင္မွ မေတြ႕ခဲ့ဘူး။ သရဲ တေစၦ လည္း တစ္ခါမွ အေျခာက္မခံခဲ့ရဘူး။ အဲ- ထူးဆန္းတာတစ္ခုက အစ္မ အိပ္ၿပီဆို ျခင္ေထာင္ေဘးမွာ လိပ္ျပာေတြ လာပ်ံဝဲေနတတ္တယ္။ တစ္ခါ တေလဆိုအေကာင္ႏွစ္ဆယ္ေလာက္ရွိတယ္။ ဆင္လိပ္ျပာႀကီးေတြလည္း ပါတယ္။ သိပ္လွတာပဲ။ သူတို႔ေရာက္လာရင္အခန္းေလးကေအးေနသလိုပဲ။ ၿငိမ္းခ်မ္းလိုက္တာ။ အဲ့သည့္တစ္ခုေတာ့နည္းနည္းထူးဆန္းတယ္ေပါ့ေနာ္။ ပိုက္ဆံတစ္သိန္းကေတာ့ အျခားမယုံၾကည္သူအျမင္မွာေတာ့ တိုက္ဆိုင္ တာပါလို႔ ေျပာေကာင္း ေျပာလိမ့္မယ္။ အလုပ္က ေပးတာပဲ ကိုယ့္အရည္ အခ်င္းေၾကာင့္ ေဘာက္ဆူးရတာပဲလို႔ ေျပာခ်င္ေျပာၾကလိမ့္မယ္။ ဒါေပမဲ့ အစ္မစိတ္ထဲမွာေတာ့ သူတို႔ရဲ႕ အကူအညီေၾကာင့္ ရခဲ့တာလို႔ ထင္ေနမိ တယ္။ လက္ေပါက္ကတ္တဲ့အထက္လူႀကီးဆီက ေဘာက္ဆူးရဖို႔ ဘယ္ ေလာက္ခက္သလဲဆိုတာ အစ္မ အသိဆုံးပါ။ သူက ဆုေၾကးကို လိုလို လားလား ေခၚေပးတယ္ေလ။ ဒီေတာ့ သူတို႔ ကူညီလို႔ျဖစ္ႏိုင္သလို ေမတၱာပို႔၊ ပ႒ာန္း႐ြတ္ပြားတဲ့ ေက်းဇူးေတြလည္း ေသခ်ာေပါက္ပါတယ္လို႔ ဆိုရမယ္။

သူတို႔ဆိုတာ လူေတြကို ေျပာတာမဟုတ္ဘူး ညီမရဲ႕။ အစ္မဆိုလို ခ်င္တဲ့“သူတို႔”ကအစ္မအမွ်ေပးေဝလိုက္လို႔ကြၽတ္လြတ္သြားၾကတဲ့သူေတြ
ကိုေပါ့။ တစ္ဦးေမတၱာတစ္ဦးမွာေပါ့..”
(ႀကီးေတာ္ႀကီး ေျပာျပေသာ ျဖစ္ရပ္မွန္ဇာတ္လမ္းကို ဆီေလ်ာ္သလို တင္ျပလိုက္ရပါသည္။)