ငါးစိမ်းသည်မပုကြွယ်(စ/ဆုံး)

Unicode Version

ငါးစိမ်းသည်မပုကြွယ်(စ/ဆုံး)
———————————–
မပုကြွယ်ဆိုလို့ မူလတန်းဖတ်စာအုပ်ထဲမှာပါတဲ့ မပုကြွယ်နဲ့ ခရုငယ် လို့ မထင်လိုက်ပါနှင့်။ သည်ကမပုကြွယ်က ငါးစိမ်းသည် မပုကြွယ်သာ ဖြစ်ပါသည်။ ငါးစိမ်းသည်ဆိုတော့ သိတဲ့အတိုင်း အပြောအဆိုကြမ်းတမ်း သည်။ ငါးခူ၊ ငါးကျည်းများဆိုရင်လည်း ကုတ်ချိုးပေးရမလား၊ ခေါင်းထုပြီး ရောင်းရမလား၊ ကြိုက်သလိုခိုင်း၊ ရောင်းရရင်ပြီးရော၊ ပိုက်ဆံရရင်ပြီးရော ဒီလိုမိန်းမမျိုး။ မပုကြွယ် ငယ်ငယ်လေးကတည်းက သေစာ၊ ရှင်စာသာ ရေးတတ်၊ ဖတ်တတ်သည်။ . ဒါပေမဲ့-တစ်ခုပြောစရာရှိတာက ဘယ် လောက် အပြောအဆို ကြမ်းတမ်းကြမ်းတမ်း၊ ငါးတွေအပေါ်ဘယ်လောက် ပဲ ရက်စက် ရက်စက်၊ မိခင် ဒေါ်ပုစီအပေါ်တော့ အလွန်ကောင်းသည်။ မိခင်ကြီးအား ရိုသေ၍ အမြဲဂရုစိုက်သည်။ သူမမှာ ပြောစရာရှိသည်က သူများ အသက်သတ်၍အသက်မွေးခြင်းပင်တည်း။

မပုကြွယ်သည်မိခင်ဒေါ်ပုစီနေမကောင်းလျှင်ပျာယာခတ်ပြီးဘာလုပ် ရမှန်းမသိကာ စိတ်လည်းတိုနေတတ်၏။ . သူမစိတ်တိုနေလျှင် သူ၏ ယောက်ျားကိုအုန်းလှနှင့်သားသမီးများနေစရာမရှိတော့။
ကိုအုန်းလှလူရိုး လူအေး ဖြစ်သော်လည်း ထန်းရည်လေးတော့ တစ်ကျိုက်၊ နှစ်ကျိုက်မော့ တတ်သည်။ အလုပ်လက်ကြောမတင်း၊ ဒါကို မပုကြွယ်က ခွင့်လွှတ်သည်။ မူးလာရင် မရစ်နှင့် အိပ်တော့။ မပုကြွယ်က ဒီလို မိန်းမမျိုး။ သူကသာ သေစာရှင်စာ ရေးတတ်သော်လည်း သားနဲ့သမီးကျတော့ ပညာရေးကို ဂရုစိုက်သည်။ ပညာတတ်ဖြစ်ချင်သည်။ သားက (၄) တန်း၊ သမီးလေးက (၂)တန်း။ကလေးများကလည်းမိခင်၏စိတ်ဓာတ်ထက်မြက်ပုံကိုသိသည်။
ပညာကိုတော့ ကြိုးစားကြသည်။
မပုကြွယ်သည် ကလေးများကို ကစားချိန်မှာ ကစား၊ စာကျက်ရန် ခေါ် လျှင်လည်း တစ်ခါ၊ နှစ်ခါ။ အော်ခေါ်တုန်း လာလျှင်လာ။ သုံးခါအော်ခေါ် ရပြီဆိုရင် သေဖို့သာပြင်တော့။ မပူကြွယ်၏ မိခင်ဒေါ်ပုစီကလေးများကို နနွင်းလူးဖို့သာ ပြင်ထား။ ဒီလို မိခင်မျိုး ဖြစ်သည်။ သားသမီးကို သူလို ပညာမဲ့ကာ အသက်သတ်၍ အသက်မွေးသူ မဖြစ်စေချင်၊ မိခင်စိတ် အပြည့်အဝရှိသူဟု ဆိုရမည်။
တစ်နေ့တွင် သူတို့၏မိသားစုထံသို့ မထင်မှတ်သောအဖြစ်အပျက် တစ်ခု ဝင်ရောက်လာတော့သည်။ ထိုနေ့က ဖြစ်ချင်တော့မပုကြွယ် ငါးရောင်း မကောင်းသဖြင့် မပုကြွယ်လည်း အိမ်မှာ ချက်စားရန်နှင့် ရွာထဲ တွင်အကြွေးလိုက်ရောင်းမည်ဆိုသည့် စိတ်ကူးနှင့် ငါးများကိုပြန်သယ်လာ ခဲ့လေသည်။ အိမ်ရောက်တော့ မပုကြွယ်၏ မိခင် ဒေါ်ပုစီ အိမ်အဝ၌ ဆီးကြိုနေသည်။ မပုကြွယ်ကလှမ်း၍…. “ကိုအုန်းလှရော – အမေ”
“ညည်းလင် – အုန်းလှ ဘယ်တုံးက အိမ်ကပ်ဖူးလို့လဲ၊ ထူးထူးဆန်း ဆန်းမေးနေသေးတယ်”

“ကိုအုန်းလှတစ်ယောက်ကတော့ လည်ရာပြန်စားရေးပဲ၊ အိမ်မှာ ဝိုင်း လုပ်စရာရှိရင် သူမရှိတော့ဘူး၊ ဒီမှာ မကုန်တဲ့ငါးတွေချက်စရာရှိတာချက်၊ ရောင်းစရာရှိတာရောင်းရဦးမယ်အမေ”
“ညည်းယောက်ျား ထန်းတောထဲမှာရှိမှာပေါ့”
“လိုက်မရှာတော့ဘူး – အမေ။ အဲဒီတောင်းထဲမှာ ငါးကျည်းတွေ ရှိ တယ်၊ ယူကြော်ထားအမေ။ ငါးခူနဲ့ ကျန်တဲ့ငါးတွေ ရွာထဲလိုက်ရောင်း လိုက်ဦးမယ်၊ ကလေးတွေကျောင်းကပြန်လာရင်ထမင်းကျွေးပြီးစာကျက် ခိုင်းဦး၊ သမီး သွားတော့မယ်”
ပြောပြောဆိုဆို ငါးများ ထည့်ထားသော တောင်းကို ရွက်၍ မပုကြွယ် တစ်ယောက်ထွက်သွားသည်။
ရင်ထဲ၌လည်း အိမ်မှာ ငါ့မိခင်အိုကြီးရှိလို့သာပေါ့၊ နို့မို့မလွယ်ဘူးဟု တွေးရင်း မိခင်ကြီးအတွက် လိုအပ်သည့် အားဆေးနှင့် ခပ်နွေးနွေးအနွေး ထည်လေးတစ်ထည် ဝယ်ပေးရန်ဟု စိတ်ကူးဖြင့် တွေးတောနေမိသည်။ မပုကြွယ်သည်သူ၏အစ်မဝမ်းကွဲနေထိုင်သောအရှေ့ရွာဘက်သို့ငါးရောင်း ရန် ထွက်လာလေသည်။ မပုကြွယ်တို့ ရွာနှင့် အရှေ့ရွာသည် ရွာသုသာန် တစ်ခုခြားသည်။ထိုသုသာန်သည်သရဲအလွန်ချောက်သည်ဟုနာမည်ကြီး သည်။ ကြောက်မနေအား။ ဝမ်းစာရေးက အရေးကြီးသည်။ ယောက်ျား ငပျင်းကို အားကိုး၍မဖြစ်။ ထမင်းငတ်သေဖို့ရှိသည်။
“ဟောဒီမှာ- ငါးခူး၊ ငါးကျည်း၊ ငါးရှဉ့် အစုံရမယ်နော်”
“မပုကြွယ်ရေ…လာဦးဟေ့”
“ဟုတ်ကဲ့အဒေါ်…”
“ကဲ…ပြပါဦး၊ ဘာငါးတွေပါလဲ”
“အဒေါ်ရယ် စုံနေတာပဲ၊ ငါးခူလေးတွေ လတ်ဆတ်လိုက်တာ” “ငါးခူ (၃၀) ဆယ်သားပေး”

“ဟုတ်ကဲ့ (၃ဝ) သား ခုနစ်ရာပဲပေး” “မနက်ဖြန်လာယူနော်မပုကြွယ်” “ဟုတ်ကဲ့…ရပါတယ်အဒေါ်”
“ဟောဒီမှာငါး၊ ငါးတွေ အစုံရမယ်နော်”
“ဟေ့…လာဦး” “ဟုတ်…လာပါပြီအဘကျော်ဇံ”
“ငါးကျည်း အစိတ်သားပေး”
“ဟုတ်ကဲ့”
“ပိုက်ဆံ နက်ဖြန်လာယူ” “ရပါတယ် – အဘ” “အေး…အေး”
မပုကြွယ်သည် ငါးများကို လက်ငင်းရော၊ အကြွေးပါ ရောင်းပြီးသော အခါ သူ၏ ဆွေမျိုးတော်သူ အစ်မဝမ်းကွဲထံသို့ ဝင်လိုက်လေသည်။ သူ၏ ဝမ်းကွဲအစ်မ တည်ခင်းကျွေးမွေးသော ကောက်ညှင်းပေါင်းနှင့် ရေနွေးကြမ်း ပူပူလေးကို သောက်၍ အမောပြေ နားခိုရင်း ညီအစ်မနှစ်ယောက် ရောက် တတ်ရာရာ စကားပြောဆိုကြပြီး မပုကြွယ်လည်း ငါးတောင်းလေးရွက်၍ သူမ၏ရွာရှိရာသို့ ပြန်လာခဲ့လေသည်။
မပုကြွယ်အိမ်ပြန်ချိန်သည် နေ့အလင်းကုန်၍ မှောင်ရီပျိုးစပြုနေပေပြီ။ မပုကြွယ် အိမ်သားများ စောင့်မျှော်နေလေပြီဟု တွေးရင်း ခပ်သုတ်သုတ် လျှောက်လာခဲ့လေသည်။ သင်္ချိုင်းကုန်းနားအဖြတ်တွင် ရိပ်ခနဲ လှုပ်ရှားမှု နှင့်အတူ။

“ဒုတ်…ဒုတ်” “အား…”
လူတစ်ယောက်က မပုကြွယ်၏ နောက်ကျောကို ဒုတ်ခနဲ ရိုက်ချလိုက် လေသည်။ မပုကြွယ်လည်း“အား”ဟုတစ်ချက်သာအော်နိုင်ပြီးလဲကျသွား လေတော့သည်။ ငါးတောင်းတွေ၊ ပိုက်ဆံတွေ လွင့်စဉ်ကျကုန်သည်။ မပု ကြွယ်လုယက်ခံရလေပြီ။ အမှောင်ထုထဲတွင် အားပြု၍ ရိုက်သူကို ကြည့် လိုက်သောအခါ အရပ်(၇)ပေ၊ (၈)ပေခန့်ရှိ ဧရာမလူထွားကြီးတွေ ဖြစ်နေ သည်။အင်္ကျီမပါ၊ ကျောပြောင်တွေဖြစ်ပြီး သည်အရပ်တွင် မတွေ့ ဘူးသော လူတွေ။ ဘုရား-ဘုရားလူတွေမဖြစ်နိုင်၊ သရဲတစ္ဆေတွေလား…။
မပုကြွယ် လဲကျသွားသောအခါ ထိုလူသည် မပုကြွယ်၏ နားထဲမှ နား ကပ်ကို ချွတ်ယူလိုက်ပြီး ငါးရောင်းရငွေများကိုပါ ယူဆောင်၍ ထိုနေရာမှ ထွက်ခွာသွားလေသည်။ ထွက်ခွာမသွားခင် မပုကြွယ်အား အုတ်ဂူတစ်ခု အနီးသို့ ဒရွတ်တိုက် ဆွဲခေါ်သွားပြီး လူမမြင်အောင် အုတ်ဂူနှင့် ကွယ်ခဲ့လေ သည်။
“အမလေး – သေပါပြီရှင့်”
ငါတစ်ခါမှ မရောက်ဘူးတဲ့နေရာပဲ။ ဘယ်နေရာပါလိမ့်၊ ဒီအတိုင်း ထိုင်နေလို့ မဖြစ်သေးပါဘူး။ ငါ အိမ်ပြန်ရောက်မှ ဖြစ်မယ်ဟု မပုကြွယ် လည်း ပြောပြောဆိုဆို ထိုင်နေရာမှ ထလိုက်ပြီး ရှေ့တွင် မြင်နေရသည့် မြက်တောလေးဖြစ်နေသော လမ်းလိုလို ဖြစ်ပေါ်နေသည့်နေရာကို ဖြတ်ရန် ခြေလှမ်းလိုက်လေတော့သည်။ နောက်ကျောပြင်တစ်ခုလုံးနာကျင်နေမိ သည်။ အဆုတ်ကွာလုမတတ် ခံစားရခြင်းဖြစ်သည်။ ထိုစဉ်… “လိုက်ကြဟေ့ – လိုက်ကြ၊ ဖမ်းကြဟေ့ – ဖမ်းကြ”
လူတစ်စု၏အသံ။ မပုကြွယ်ရှိရာသို့ လာသည့်အသံများအား မပုကြွယ် ကြားသောအခါ“ဒီအသံတွေကငါ့ဆီကိုလာနေတဲ့အသံတွေပဲ။ဟိုချုံပုတ်ထဲ

ဝင်ပြီးနေမှ” မပုကြွယ်လည်း ကြောက်ကြောက်လန့်လန့်နှင့် နီးစပ်ရာ ချုံပုတ် ဆီသို့ ဝင်ပုန်းနေလိုက်ပြီး အသံကြားရာဆီသို့ စောင့်ကြည့်နေမိသည်။ ရင် တွေခုန်ကာ တုန်လှုပ်ချောက်ချားနေမိသည်။
ထိုစဉ်လူလေးငါးယောက်ကမပုကြွယ်ရှိသည့်မြက်တောလမ်းလေးဆီ
သို့ လာနေကြသည်။ သူတို့လက်ထဲတွင်လည်း ဓား၊ လှံနဲ့တကွ တင်းပုတ် သဏ္ဌာန်လက်နက်များလည်း ကိုင်ဆောင်၍ ထားကြလေသည်။ ရုပ်ဆင်း သဏ္ဌာန်များမှာလည်း ဘီလူးလိုလို၊ တစ္ဆေလိုလို လူတွေ-။ အင်္ကျီဗလာ ကျောပြောင်ဖြင့်၊ သရဲတစ္ဆေပုံစံများဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။ မပုကြွယ်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး ဇောချွေးများပင် ပြန်လာကာ အပေါ်သွားနှင့် အောက်သွားများ တထပ်ထပ် အချင်းချင်း ရိုက်ခတ်နေသည်။ အသက်ကို ပြင်းပြင်းထန်ထန်ပင် မရှူရဲတော့။ တုန်လှုပ် ချောက်ချားစွာ ငြိမ်သက်နေမိသည်။ သူ့ရင်ထဲမှာ တစ်သက်လုံး သားငါး များကို သတ်ဖြတ်လာခဲ့ရာ ပထမဦးဆုံးအကြိမ်ဘုရားတမိပြန်သည်။
“ဘုရား…ဘုရား…ဘုရား…ကယ်တော်မူပါဘုရား”
“ဘုရား…ဘုရား ကယ်တော်မူပါ။ လူဘီလူးတွေဆိုတာဒါကိုခေါ်တာနဲ့
တူတယ်။ ငါတော့ ဒုက္ခရောက်ပြီနဲ့တူတယ်။ ငါ – ငါးခေါင်းတွေ အရှင်လတ် လတ်ထုထောင်းသတ်ဖြတ်လာတာ၊ အခု ငါ – အရှင်လတ်လတ် ငါးခေါင်း အထုခံရသလိုအထုခံရပြီးအရှင်လတ်လတ်အသတ်ခံရမှာပါလား။ဒီလူတွေ လက်ထဲ ရောက်သွားရင် မလွယ်ဘူး။ ငါ . . .ငါ . . . ဘုရားစာလည်း မရဘူး ဒုက္ခပဲ။ အမေရေ . . . ကယ်ပါဦး – သမီးကို ကယ်ပါဦးအမေရယ်” ဟု မပုကြွယ်လည်း မိခင်ကို တမ်းတငိုကြွေးနေလေသည်။ ကြောက်လန့် တကြားအော်သည်။
ထိုအချိန်တွင်ထိုလူစုထဲမှစကားပြောသံကြားရလေသည်။

“အခုလေးတင် ဒီနားမှာ ပျောက်သွားတယ်။ ငါတို့ရွာကို ရောက်လာရင်
ဘယ်သူမှ မလွတ်စေရဘူး။ တို့တစ်တွေ ဟင်းစားဖူလုံပြီ။ မတွေ့တွေ့အောင် ရှာဖွေကွာ၊ တွေ့ရင်အကြောင်းကြား၊ ငါရွာထဲခဏပြန်လိုက်ဦးမယ်။ တွေ့ရင် မလွတ်စေနဲ့”ဟုပြောပြီး အသားမည်းမည်း ကိုယ်လုံးတုတ်တုတ်၊ ဂင်တိုတို လူလိုလို၊ ဘီလူးပုံ မျက်လုံးနီနီနှင့် သဏ္ဌာန်ရှိသောလူသည် ပြောပြီး လှည့် ထွက်သွားလေသည်။ ကျန်ရှိသောသူများ မပုကြွယ်ကို နေရာအနှံ့ ရှာဖွေ ကြသည်။
မပုကြွယ်လည်း ကြောက်ရွံ့ စွာနှင့် ဘုရားတလိုက်၊ မိခင်ကို တလိုက် ဇောချွေးတွေပြန်နေရှာသည်။ ထိုစဉ်…
“ဟာ – ဟိုမှာ … ဖွတ်တစ်ကောင်”
“ဟေ့….မိအောင်ဖမ်းကြ”
ထိုလူစုသည်သစ်ပင်တစ်ခုတွင်ကပ်နေသောဖွတ်ကြီးအားလှံနှင့်လှမ်း
ပစ်လိုက်လေသည်။ ဖွတ်ကြီး ပြုတ်ကျလာသောအခါ ဖွတ်ကြီး၏ခေါင်းအား တင်းပုတ်နှင့် ထုလိုက်လေသည်။ ဖွတ်ကြီး၏ ခေါင်းစဉ်တစ်ခုလုံး ကျေမွ၍ ဆန့်ငင်ဆန့်ငင် ငြိမ်သက်သွားသည်။ ထိုအခါ မပုကြွယ်စဉ်းစားတွေးတောမိ လေသည်။
သူမမှာနောင်တတွေရင်ထဲမှာပြည့်လျှံနေပြီဖြစ်သည်။
“အင်း…ငါလည်း ငါးခေါင်းတွေကိုထုသတ်လာတာ၊ ဝဋ်လည်ပြီထင်ပါ ရဲ့။ ဒီလူစု လက်ထဲကို ငါရောက်သွားရင် ဒီဖွတ်ကြီးကို သတ်သလို ငါကို အသတ်ခံရမှာပဲ။ ဒါ – ငရဲခံနေရတဲ့ အသူရကာယ်ရွာကို ငါရောက်သွားတာပဲ နေမှာ။ ဒါပေမဲ့ ငါမသေနိုင်ပါဘူး၊ လူ့ဘုံမှာပဲ ရှိသေးတယ်။ ငါမရှိရင် ငါ့မိခင် အိုကြီးနဲ့ ကလေးနှစ်ယောက်ကို ဘယ်သူတာဝန်ယူမှာလဲ။ ကိုအုန်းလှက လည်းလက်ကြောတင်းအောင်အလုပ်လုပ်တာမဟုတ်ဘူး။လူပျင်း – ငါ့မိခင်

ကိုပြန်ပြီးရှာဖွေကျွေးမွေးရဦးမှာ။ အမေရယ် – သမီးဒီမှာအဖြစ်ဆိုးနေတယ်
ကယ်ပါဦး”ဟုကျိတ်၍အော်ဟစ်ငိုကြွေးနေလေသည်။
မပုကြွယ်၏မိခင်ကြီးမှာလည်းရွာသို့ပြန်မရောက်သေးသောမပုကြွယ်
ကိုမျှော်ပြီး မေတ္တာပို့နေလေသည်။ သမက်အုန်းလှလည်း ဘယ်နေရာမှာ မူး ပြီး လဲနေမှန်း မသိပေ။ ကလေးနှစ်ယောက်ကတော့ အိပ်နေပြီ။ အမေသည် အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ပြီး သမီးပြန်အလာကို မျှော်နေမိလေသည်။ မပု ကြွယ် ပြန်မလာ၊ မိုးလင်း၍ မနက် (၆) နာရီပင် ထိုးနေပေပြီ။ မပုကြွယ်၏ မိခင်လည်း မပုကြွယ်အား စောင့်ရင်းနှင့် မိုးချုပ်မှ ရုတ်တရက် အိပ်ပျော်သွား သဖြင့် မနက်မိုးလင်းမှ နိုးလေသည်။ နိုးနိုးချင်း သမီး မပုကြွယ်ကို သတိရ သဖြင့်…
GUI
ပါ။
“ညက သမီးပြန်မှလာရဲ့လားမသိဘူး။ အခန်းထဲဝင်ကြည့်မှ”
ကလေးတွေ အိပ်နေသော ခြင်ထောင်ကို လှန်ကြည့်ရာ သမီးကို မတွေ့
ပို၍ စိတ်ပူပန်သွားမိသည်။ ရင်ထဲမှာ တုန်ခါသွားသည်။ ဘယ်လိုလုပ်ရ
“…အုန်းလှ၊……နင် – ဘယ်အချိန်ကအိမ်ပြန်ရောက်လာသလဲ၊ အိမ်ရှေ့ ကွပ်ပျစ်ကြီးမှာ အိပ်နေလိုက်တာ။ အပူအပင်မရှိဘူး။ သူကတော့ အရက်လေးတမြမြနဲ့ ငါ့သမီးက ဘယ်ရောက်နေလဲ မသိဘူး။ ကိုယ့်မိန်းမ မရှိလို့ မရှိမှန်း မသိ။ ဪ…ဒီအမိုက်ကောင်တော့ တကယ်ပဲဟေ့။ အုန်းလှ ထပါဦး”ဟု ဒေါ်ပုစီလည်း စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ သမက်အား အတင်းနိုးလေ

သည်။ ဒေါသထွက်ကာ ကုန်းအော်သည် ထိုအခါမှ အုန်းလှသည် အိပ်ချင်မူး တူးဖြင့်ပြူးတူးပြဲတဲထထိုင်လေသည်။
“ဟင်း…ဟင်း…ဘာဖြစ်လို့လဲ…မပုကြွယ်”
“မပုကြွယ် အိမ်ကိုပြန်မရောက်သေးဘူး၊ ရှာဖို့ထဦး”
“ဟာဗျာ … အမေကလည်း အိပ်လို့ကောင်းနေတာ အတင်းလာနိုးနေ တယ်။ ပုကြွယ်က ကလေးမှမဟုတ်တာ၊ ငါးသွားယူပြီး ဈေးတောင်ထွက် လောက်ပြီ”
“ဟဲ့-နင့်မိန်းမ မပုကြွယ်က ညထဲကပြန်မလာတာ၊ ထရှာဦး – ငါက လည်း ကလေးတွေနဲ့ မျက်စိကလည်း မကောင်းဘူး၊ ခြေထောက်ကလည်း မသန်ဘူး၊ ထပြီး ရှာပါဦးဟ”

“ဟင် . . . အမေ ဟုတ်ရဲ့လားဗျာ၊ ပုကြွယ် ညထဲက ပြန်မလာဘူးဟုတ် လား။ ဟာ … ဒီမိန်းမ မဟုတ်မှလွဲရော လင်ငယ်နောက်လိုက်သွားတာ ထင် တယ်အမေ”
“ဟဲ့ကောင်ရဲ့ … မိုက်ရိုင်းလှချည်လား။ နင်တို့စားဖို့သောက်ဖို့စီးပွားရှာ နေတာလေ”
“ပေါက်ပေါက်ရှာရှာဟယ်။ မနေ့ကငါးတွေမကုန်လို့ဟိုဘက်ရွာမှသွား
ရောင်းတာဟဲ့”
“ဟင်…ဟုတ်လား၊ဘာလို့သွားတာလဲ။ အပြန်နေစောင်းရင်သင်္ချိုင်းကို ဖြတ်ပြန်ရမှာ၊ အန္တရာယ်ကြီးကကြီးနဲ့- ပုကြွယ်တစ်ယောက်တော့ ဒုက္ခ ရောက်ပြီနဲ့ တူတယ် အမေရယ်။ ဒုက္ခပဲ – သား သွားရှာမယ်၊ ရွာထဲက ကိုဖိုးသားကြီးကိုဝင်ခေါ်လိုက်ဦးမယ်”
“အေ…အေး…”
သုတ်သုတ်ပျာပျာ ထွက်သွားသော သားမက်၏ နောက်ကျောပြင်ကြီး ကို ကြည့်ပြီး ဒေါသထွက်ကာ သမီးပုကြွယ်ကို အန္တရာယ်မရှိဘဲ ပြန်ရှာတွေ့ ရင်သာ ဆုတောင်းနေလေတော့သည်။ ထိုအချိန် အုန်းလှသည် ရွာထဲဝင် ကာကိုဖိုးသာအားဝင်ခေါ်ပြီး အကျိုးအကြောင်းရှင်းပြလေတော့သည်။
“ဟာ..အုန်းလှရာ အခုမှ သိလားကွာ၊ တယ်ပေါ့ဆတာပဲ၊ လာ…လာ အချိန်ရှိတုန်း အရှေ့ ရွာကို လိုက်ရှာကြမယ်” ကိုအုန်းလှနှင့် ကိုဖိုးသားတို့ နှစ်ယောက် မပုကြွယ်ကို ရှာရန် အရှေ့ရွာသို့ထွက်လာကြလေသည်။ အရှေ့ ရွာသို့ ရောက်သောအခါ မပုကြွယ်တို့၏ အစ်မဝမ်းကွဲအိမ်သို့ ဝင်စုံစမ်းသော အခါ (၆)နာရီလောက်ကပင် ပြန်သွားကြောင်း။ သူနှင့်အတူ ကောက်ညှင်း ပေါင်းစား၍ညနေနေဝင်ရီတရော ပြန်သွားကြောင်း သိရလေသည်။
သို့ဖြင့် အရှေ့ရွာသို့ သွားကာ ရွာသားများကို အကျိုးအကြောင်း ပြောပြ လေသည်။ ထိုရွာသားများက သင်္ချိုင်းသို့ဝင်ရောက်ရှာဖွေသင့်ကြောင်းပြော

ပြလေသည်။ထိုသင်္ချိုင်းသည်နေ့ခင်းမှာပင်တစ်ယောက်ထဲမဖြတ်ကြရာနာ
မည်ကြီးနေလေသည်။ မပုကြွယ် အန္တရာယ်တစ်ခုခု ကြုံနေသည်မှာ သေချာ သလောက်ပင် ဖြစ်ကြောင်း အကြောင်းသိ ရွာသားက ရှင်းပြပြီး ရွာသားနှစ် ယောက်၊ သုံးယောက်သည် အုန်းလှနှင့် ဝိုင်းရှာဖွေရန် ဓား၊ တုတ် ဆွဲ၍ ထွက်လာခဲ့ကြသည်။
သင်္ချိုင်းသို့ရောက်သောအခါမပုကြွယ်အားသတိမေ့မျောလျက်တွေ့ရှိ ကြလေသည်။အုန်းလှနှင့်ရွာသားအချို့သည်မပုကြွယ်ကိုရွာသို့ပြန်ခေါ်လာ
ကြပြီး ဆေးကုသလေသည်။ ထိုအချိန်ထိ မပုကြွယ်သည် မေ့မျောနေဆဲ ဖြစ်လေသည်။ ထိုအချိန်တွင် မပုကြွယ်သည် တခြားလောကသားများ၏ လက်မှ လွတ်ရန် အသက်လုနေသည်။ မပုကြွယ်လည်း ငိုကြွေးနေရာမှ ဘုရားစာများကို ရသလောက် ရွတ်ဖတ်၍ တောစောင့်နတ်၊ တောင်စောင့် နတ်များကို မေတ္တာပို့နေသည်။ မပုကြွယ်သည် ကြားဖူးနားဝဖြစ်သည့် သစ္စာဆိုလျှင် ပိုရောက်ထိရောက်ပြီး သစ္စာမှန်ကန်ပါက အန္တရာယ်အသွယ် သွယ်ကပင်လွတ်မြောက်သည်ဟုယုံကြည်ကာအောက်ပါအတိုင်း သစ္စာပြု
လေသည်။
“ကျွန်မ မပုကြွယ်ငါးများကို ရက်စက်စွာ သတ်ဖြတ်၍ ငါးစိမ်းသည် အလုပ်ကို လုပ်ကိုင်စားသောက်သည်မှာ မှန်ကန်ပါသည်ဘုရား။ ထိုရလာ သည့်အမြတ်ငွေဖြင့် တပည့်တော်မ၏ဖခင် ဆုံးပါးသွားစဉ်ငယ်ရွယ်စဉ်အခါ ကပင်တပည့်တော်သည် ပင်ပန်းကြီးစွာ ရွာစဉ်လည်ကာ ငါးရောင်း၍ မိခင် အိုကြီးကို လုပ်ကိုင်ကျွေးမွေးပြုစုလာခဲ့သည်မှာ ယခုအချိန်ထိပင် ဖြစ်ပါ သည်။ ထိုမှန်ကန်သော သစ္စာတရားကြောင့်ယခုသေဘေးမှ လွတ်မြောက် ပါစေသား”ဟုသစ္စာပြုလေသည်။

ထိုအချိန်တွင် မပုကြွယ်ရှိရာသို့ လက်တွင် ဆေးမင်ကြောင်များကို ထိုး ထားပြီး ပုဆိုးအနီကွက် ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးရောက်လာလေ သည်။ ဆံပင်ကိုလည်း သျှောင်တစောင်း ထုံးထားသည်။ ထိုအဘိုးအို၏ လက်ထဲတွင် ပလွေလေးတစ်ချောင်း ကိုင်ဆောင်ထားလေသည်။ ပလွေ သည်ဝါးပလွေကလေးတစ်ချောင်းသာဖြစ်သည်။
အဘိုးအိုက
“ထွက်ခဲ့သမီးထွက်ခဲ့လေ”ဟုခေါ်လေသည်။
မပုကြွယ်လည်း ချုံပုတ်ထဲမှ ထွက်လာလေသည်။ ကြောက်လွန်း၍
အဘိုးအိုအားသေချာပင် မော့မကြည့်ရဲပေ။
“အဘိုး – သမီးကိုမသတ်ပါနဲ့ – အဘိုးရယ်”
ထိုအခါ – အဘိုးအိုက ညင်သာသော အသံဖြင့်… “ဟဲ့…ညည်းကိုကယ်ဖို့ငါလာတာ။ ငါ့နောက်ကလိုက်ခဲ့”
“ဟုတ်…ဟုတ်ကဲ့အဘိုး”
မပုကြွယ်လည်း အဘိုးအို၏ နောက်မှ လိုက်သွားလေသည်။ အဘိုးအို သည် ရှေ့မှ ပုလွေကို မှုတ်ပြီး ဦးဆောင်၍မပုကြွယ်ကို ခေါ်ဆောင်သွားလေ သည်။ ပလွေမှုတ်ရာ လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်မှ မတွေ့ရ တော့ပေ။ ဘီလူး၊ သရဲလို လူတွေကိုလည်း မတွေ့ ရပေ။ ထိုလူတွေ ဘယ် ရောက်သွားပါလိမ့်…။
“ကဲ … သမီး၊ အဲဒီ – လမ်းတည့်တည့်သာ ပြန်သွား၊ ညည်းအိမ်ရောက် လိမ့်မယ်။ စိတ်ချသွား… ဘုရား၊ တရားမြဲပါ။ မကောင်းမှုကိုမလုပ်ပါနဲ့” “ဟုတ်ကဲ့…အဘိုး”

မပုကြွယ်သည်အမည်မသိအဘိုးအိုအားကန်တော့၍ထွက်လာခဲ့လေ
သည်။ နောက်မှ ပလွေမှုတ်သံသဲ့သဲ့ကို ကြားရလေသည်။ မပုကြွယ်၏ ခန္ဓာ ကိုယ်သည် သစ်ရွက်ကလေးကို လေထဲမှာ လွင့်မျော၍ လွင့်ပါသွားလေ သည်။ ပလွေသံသည်တဖြည်းဖြည်းဝေး၍ဝေး၍ကျန်ရစ်ခဲ့လေပြီတကား။
“ဟင်း…ဟင်း…ဟင်း…ရေ…ရေပေးပါ”
ညည်းသံဖြင့်မပုကြွယ် သတိရလာလေသည်။
“ဟင် . . . သမီး သတိရလာပြီလား။ ပုကြွယ်ဟဲ့ – အုန်းလှ နင့်မိန်းမ နိုးလာပြီ။ ရေပေးစမ်းပါရေတောင်းနေတယ်”
ကိုအုန်းလှလည်း… “ဗျာ…ဟုတ်ကဲ့”
“အမေ..ကိုအုန်းလှ၊ ကျွန်မမသေလို့ပြန်ရောက်လာတာ” မပုကြွယ်သည် မိခင်ကြီးကိုဖက်၍ရှိုက်ကြီးတငင် ငိုလေသည်။ ထို့ နောက်နှစ်ခြိုက်စွာ အိပ်ပျော်သွားပြန်သည်။ အိပ်ရာမှ နိုးလာသော အခါ… “အမေနဲ့ ကိုအုန်းလှ – ကျွန်မ ဒီငါးရောင်းတဲ့အလုပ်ကို မလုပ်တော့ဘူး။ တခြားအလုပ်ပဲပြောင်းလုပ်တော့မယ်”
ထိုသို့ပြောပြီး မပုကြွယ်လည်း ကြုံတွေ့ လာသော အဖြစ်အပျက်အန္တ ရာယ်များကိုရင်ဖွင့်ပြောပြလေသည်။
“ကောင်းတာပေါ့ သမီးရယ်၊ အမေ ဝမ်းသာတယ် ကွယ်လွန်သွားတဲ့
အဖေ သိရင် အရမ်းဝမ်းသာမှာ သမီးရယ်၊ သမီးအဖေက သတ္တဝါတွေရဲ့

အသက် သတ်တာမကြိုက်ဘူး။ မွေးနေ့အခါကြီး ရက်ကြီးတို့ဆိုရင် ဥပုသ် စောင့်တယ်။ အသား၊ ငါးရှောင်တယ်။ ဘုရား၊ တရား၊ အလွန်ရိုသေကိုင်းရိုင်း တယ်။ သမီး အခုလို အမြင်မှန်ရပြီး၊ အသား ငါးမရောင်းတော့တာသိရင် ရောက်ရာဘဝကနေပြီး သာဓုခေါ်နေမှာ -အမေလည်း အရမ်းဝမ်းသာတယ် သာဓုပါ… သမီးသာဓုပါ”
ဟု မပုကြွယ်၏ မိခင်သည် မျက်ရည်များ စီးကျလာပြီး သာဓုခေါ်လေ
သည်။ထိုအချိန်တွင်ပင်မပုကြွယ်တို့၏အိမ်ခေါင်းရင်းဘုရားကျောင်းဆောင်
ထားရှိရာ ဘုရားကျောင်းဆောင်၏နေရာမှ အိမ်မြှောင်တစ်ကောင်၏ ကျယ် လောင်စွာ စုတ်ထိုးသံမြည်ဟိန်း ထွက်ပေါ်လာပြီး မပုကြွယ်တို့ အိမ်ထဲသို့ လေညင်းလေးနှင့်အတူ အမွှေးနံ့ သင်းသင်းလေးတစ်ခု ဝေ့ဝဲတိုက်ခတ်သွား လေသည်။
အေသင်ဇာသက်ဝေ

Zawgyi Version

ငါးစိမ္းသည္မပုႂကြယ္(စ/ဆုံး)
———————————–
မပုႂကြယ္ဆိုလို႔ မူလတန္းဖတ္စာအုပ္ထဲမွာပါတဲ့ မပုႂကြယ္နဲ႔ ခ႐ုငယ္ လို႔ မထင္လိုက္ပါႏွင့္။ သည္ကမပုႂကြယ္က ငါးစိမ္းသည္ မပုႂကြယ္သာ ျဖစ္ပါသည္။ ငါးစိမ္းသည္ဆိုေတာ့ သိတဲ့အတိုင္း အေျပာအဆိုၾကမ္းတမ္း သည္။ ငါးခူ၊ ငါးက်ည္းမ်ားဆိုရင္လည္း ကုတ္ခ်ိဳးေပးရမလား၊ ေခါင္းထုၿပီး ေရာင္းရမလား၊ ႀကိဳက္သလိုခိုင္း၊ ေရာင္းရရင္ၿပီးေရာ၊ ပိုက္ဆံရရင္ၿပီးေရာ ဒီလိုမိန္းမမ်ိဳး။ မပုႂကြယ္ ငယ္ငယ္ေလးကတည္းက ေသစာ၊ ရွင္စာသာ ေရးတတ္၊ ဖတ္တတ္သည္။ . ဒါေပမဲ့-တစ္ခုေျပာစရာရွိတာက ဘယ္ ေလာက္ အေျပာအဆို ၾကမ္းတမ္းၾကမ္းတမ္း၊ ငါးေတြအေပၚဘယ္ေလာက္ ပဲ ရက္စက္ ရက္စက္၊ မိခင္ ေဒၚပုစီအေပၚေတာ့ အလြန္ေကာင္းသည္။ မိခင္ႀကီးအား ႐ိုေသ၍ အၿမဲဂ႐ုစိုက္သည္။ သူမမွာ ေျပာစရာရွိသည္က သူမ်ား အသက္သတ္၍အသက္ေမြးျခင္းပင္တည္း။

မပုႂကြယ္သည္မိခင္ေဒၚပုစီေနမေကာင္းလွ်င္ပ်ာယာခတ္ၿပီးဘာလုပ္ ရမွန္းမသိကာ စိတ္လည္းတိုေနတတ္၏။ . သူမစိတ္တိုေနလွ်င္ သူ၏ ေယာက္်ားကိုအုန္းလွႏွင့္သားသမီးမ်ားေနစရာမရွိေတာ့။
ကိုအုန္းလွလူ႐ိုး လူေအး ျဖစ္ေသာ္လည္း ထန္းရည္ေလးေတာ့ တစ္က်ိဳက္၊ ႏွစ္က်ိဳက္ေမာ့ တတ္သည္။ အလုပ္လက္ေၾကာမတင္း၊ ဒါကို မပုႂကြယ္က ခြင့္လႊတ္သည္။ မူးလာရင္ မရစ္ႏွင့္ အိပ္ေတာ့။ မပုႂကြယ္က ဒီလို မိန္းမမ်ိဳး။ သူကသာ ေသစာရွင္စာ ေရးတတ္ေသာ္လည္း သားနဲ႔သမီးက်ေတာ့ ပညာေရးကို ဂ႐ုစိုက္သည္။ ပညာတတ္ျဖစ္ခ်င္သည္။ သားက (၄) တန္း၊ သမီးေလးက (၂)တန္း။ကေလးမ်ားကလည္းမိခင္၏စိတ္ဓာတ္ထက္ျမက္ပုံကိုသိသည္။
ပညာကိုေတာ့ ႀကိဳးစားၾကသည္။
မပုႂကြယ္သည္ ကေလးမ်ားကို ကစားခ်ိန္မွာ ကစား၊ စာက်က္ရန္ ေခၚ လွ်င္လည္း တစ္ခါ၊ ႏွစ္ခါ။ ေအာ္ေခၚတုန္း လာလွ်င္လာ။ သုံးခါေအာ္ေခၚ ရၿပီဆိုရင္ ေသဖို႔သာျပင္ေတာ့။ မပူႂကြယ္၏ မိခင္ေဒၚပုစီကေလးမ်ားကို နႏြင္းလူးဖို႔သာ ျပင္ထား။ ဒီလို မိခင္မ်ိဳး ျဖစ္သည္။ သားသမီးကို သူလို ပညာမဲ့ကာ အသက္သတ္၍ အသက္ေမြးသူ မျဖစ္ေစခ်င္၊ မိခင္စိတ္ အျပည့္အဝရွိသူဟု ဆိုရမည္။
တစ္ေန႔တြင္ သူတို႔၏မိသားစုထံသို႔ မထင္မွတ္ေသာအျဖစ္အပ်က္ တစ္ခု ဝင္ေရာက္လာေတာ့သည္။ ထိုေန႔က ျဖစ္ခ်င္ေတာ့မပုႂကြယ္ ငါးေရာင္း မေကာင္းသျဖင့္ မပုႂကြယ္လည္း အိမ္မွာ ခ်က္စားရန္ႏွင့္ ႐ြာထဲ တြင္အေႂကြးလိုက္ေရာင္းမည္ဆိုသည့္ စိတ္ကူးႏွင့္ ငါးမ်ားကိုျပန္သယ္လာ ခဲ့ေလသည္။ အိမ္ေရာက္ေတာ့ မပုႂကြယ္၏ မိခင္ ေဒၚပုစီ အိမ္အဝ၌ ဆီးႀကိဳေနသည္။ မပုႂကြယ္ကလွမ္း၍…. “ကိုအုန္းလွေရာ – အေမ”
“ညည္းလင္ – အုန္းလွ ဘယ္တုံးက အိမ္ကပ္ဖူးလို႔လဲ၊ ထူးထူးဆန္း ဆန္းေမးေနေသးတယ္”

“ကိုအုန္းလွတစ္ေယာက္ကေတာ့ လည္ရာျပန္စားေရးပဲ၊ အိမ္မွာ ဝိုင္း လုပ္စရာရွိရင္ သူမရွိေတာ့ဘူး၊ ဒီမွာ မကုန္တဲ့ငါးေတြခ်က္စရာရွိတာခ်က္၊ ေရာင္းစရာရွိတာေရာင္းရဦးမယ္အေမ”
“ညည္းေယာက္်ား ထန္းေတာထဲမွာရွိမွာေပါ့”
“လိုက္မရွာေတာ့ဘူး – အေမ။ အဲဒီေတာင္းထဲမွာ ငါးက်ည္းေတြ ရွိ တယ္၊ ယူေၾကာ္ထားအေမ။ ငါးခူနဲ႔ က်န္တဲ့ငါးေတြ ႐ြာထဲလိုက္ေရာင္း လိုက္ဦးမယ္၊ ကေလးေတြေက်ာင္းကျပန္လာရင္ထမင္းေကြၽးၿပီးစာက်က္ ခိုင္းဦး၊ သမီး သြားေတာ့မယ္”
ေျပာေျပာဆိုဆို ငါးမ်ား ထည့္ထားေသာ ေတာင္းကို ႐ြက္၍ မပုႂကြယ္ တစ္ေယာက္ထြက္သြားသည္။
ရင္ထဲ၌လည္း အိမ္မွာ ငါ့မိခင္အိုႀကီးရွိလို႔သာေပါ့၊ ႏို႔မို႔မလြယ္ဘူးဟု ေတြးရင္း မိခင္ႀကီးအတြက္ လိုအပ္သည့္ အားေဆးႏွင့္ ခပ္ေႏြးေႏြးအေႏြး ထည္ေလးတစ္ထည္ ဝယ္ေပးရန္ဟု စိတ္ကူးျဖင့္ ေတြးေတာေနမိသည္။ မပုႂကြယ္သည္သူ၏အစ္မဝမ္းကြဲေနထိုင္ေသာအေရွ႕႐ြာဘက္သို႔ငါးေရာင္း ရန္ ထြက္လာေလသည္။ မပုႂကြယ္တို႔ ႐ြာႏွင့္ အေရွ႕႐ြာသည္ ႐ြာသုသာန္ တစ္ခုျခားသည္။ထိုသုသာန္သည္သရဲအလြန္ေခ်ာက္သည္ဟုနာမည္ႀကီး သည္။ ေၾကာက္မေနအား။ ဝမ္းစာေရးက အေရးႀကီးသည္။ ေယာက္်ား ငပ်င္းကို အားကိုး၍မျဖစ္။ ထမင္းငတ္ေသဖို႔ရွိသည္။
“ေဟာဒီမွာ- ငါးခူး၊ ငါးက်ည္း၊ ငါးရွဥ့္ အစုံရမယ္ေနာ္”
“မပုႂကြယ္ေရ…လာဦးေဟ့”
“ဟုတ္ကဲ့အေဒၚ…”
“ကဲ…ျပပါဦး၊ ဘာငါးေတြပါလဲ”
“အေဒၚရယ္ စုံေနတာပဲ၊ ငါးခူေလးေတြ လတ္ဆတ္လိုက္တာ” “ငါးခူ (၃၀) ဆယ္သားေပး”

“ဟုတ္ကဲ့ (၃ဝ) သား ခုနစ္ရာပဲေပး” “မနက္ျဖန္လာယူေနာ္မပုႂကြယ္” “ဟုတ္ကဲ့…ရပါတယ္အေဒၚ”
“ေဟာဒီမွာငါး၊ ငါးေတြ အစုံရမယ္ေနာ္”
“ေဟ့…လာဦး” “ဟုတ္…လာပါၿပီအဘေက်ာ္ဇံ”
“ငါးက်ည္း အစိတ္သားေပး”
“ဟုတ္ကဲ့”
“ပိုက္ဆံ နက္ျဖန္လာယူ” “ရပါတယ္ – အဘ” “ေအး…ေအး”
မပုႂကြယ္သည္ ငါးမ်ားကို လက္ငင္းေရာ၊ အေႂကြးပါ ေရာင္းၿပီးေသာ အခါ သူ၏ ေဆြမ်ိဳးေတာ္သူ အစ္မဝမ္းကြဲထံသို႔ ဝင္လိုက္ေလသည္။ သူ၏ ဝမ္းကြဲအစ္မ တည္ခင္းေကြၽးေမြးေသာ ေကာက္ညႇင္းေပါင္းႏွင့္ ေရေႏြးၾကမ္း ပူပူေလးကို ေသာက္၍ အေမာေျပ နားခိုရင္း ညီအစ္မႏွစ္ေယာက္ ေရာက္ တတ္ရာရာ စကားေျပာဆိုၾကၿပီး မပုႂကြယ္လည္း ငါးေတာင္းေလး႐ြက္၍ သူမ၏႐ြာရွိရာသို႔ ျပန္လာခဲ့ေလသည္။
မပုႂကြယ္အိမ္ျပန္ခ်ိန္သည္ ေန႔အလင္းကုန္၍ ေမွာင္ရီပ်ိဳးစျပဳေနေပၿပီ။ မပုႂကြယ္ အိမ္သားမ်ား ေစာင့္ေမွ်ာ္ေနေလၿပီဟု ေတြးရင္း ခပ္သုတ္သုတ္ ေလွ်ာက္လာခဲ့ေလသည္။ သခ်ႋဳင္းကုန္းနားအျဖတ္တြင္ ရိပ္ခနဲ လႈပ္ရွားမႈ ႏွင့္အတူ။

“ဒုတ္…ဒုတ္” “အား…”
လူတစ္ေယာက္က မပုႂကြယ္၏ ေနာက္ေက်ာကို ဒုတ္ခနဲ ႐ိုက္ခ်လိုက္ ေလသည္။ မပုႂကြယ္လည္း“အား”ဟုတစ္ခ်က္သာေအာ္ႏိုင္ၿပီးလဲက်သြား ေလေတာ့သည္။ ငါးေတာင္းေတြ၊ ပိုက္ဆံေတြ လြင့္စဥ္က်ကုန္သည္။ မပု ႂကြယ္လုယက္ခံရေလၿပီ။ အေမွာင္ထုထဲတြင္ အားျပဳ၍ ႐ိုက္သူကို ၾကည့္ လိုက္ေသာအခါ အရပ္(၇)ေပ၊ (၈)ေပခန႔္ရွိ ဧရာမလူထြားႀကီးေတြ ျဖစ္ေန သည္။အက်ႌမပါ၊ ေက်ာေျပာင္ေတြျဖစ္ၿပီး သည္အရပ္တြင္ မေတြ႕ ဘူးေသာ လူေတြ။ ဘုရား-ဘုရားလူေတြမျဖစ္ႏိုင္၊ သရဲတေစၦေတြလား…။
မပုႂကြယ္ လဲက်သြားေသာအခါ ထိုလူသည္ မပုႂကြယ္၏ နားထဲမွ နား ကပ္ကို ခြၽတ္ယူလိုက္ၿပီး ငါးေရာင္းရေငြမ်ားကိုပါ ယူေဆာင္၍ ထိုေနရာမွ ထြက္ခြာသြားေလသည္။ ထြက္ခြာမသြားခင္ မပုႂကြယ္အား အုတ္ဂူတစ္ခု အနီးသို႔ ဒ႐ြတ္တိုက္ ဆြဲေခၚသြားၿပီး လူမျမင္ေအာင္ အုတ္ဂူႏွင့္ ကြယ္ခဲ့ေလ သည္။
“အမေလး – ေသပါၿပီရွင့္”
ငါတစ္ခါမွ မေရာက္ဘူးတဲ့ေနရာပဲ။ ဘယ္ေနရာပါလိမ့္၊ ဒီအတိုင္း ထိုင္ေနလို႔ မျဖစ္ေသးပါဘူး။ ငါ အိမ္ျပန္ေရာက္မွ ျဖစ္မယ္ဟု မပုႂကြယ္ လည္း ေျပာေျပာဆိုဆို ထိုင္ေနရာမွ ထလိုက္ၿပီး ေရွ႕တြင္ ျမင္ေနရသည့္ ျမက္ေတာေလးျဖစ္ေနေသာ လမ္းလိုလို ျဖစ္ေပၚေနသည့္ေနရာကို ျဖတ္ရန္ ေျခလွမ္းလိုက္ေလေတာ့သည္။ ေနာက္ေက်ာျပင္တစ္ခုလုံးနာက်င္ေနမိ သည္။ အဆုတ္ကြာလုမတတ္ ခံစားရျခင္းျဖစ္သည္။ ထိုစဥ္… “လိုက္ၾကေဟ့ – လိုက္ၾက၊ ဖမ္းၾကေဟ့ – ဖမ္းၾက”
လူတစ္စု၏အသံ။ မပုႂကြယ္ရွိရာသို႔ လာသည့္အသံမ်ားအား မပုႂကြယ္ ၾကားေသာအခါ“ဒီအသံေတြကငါ့ဆီကိုလာေနတဲ့အသံေတြပဲ။ဟိုခ်ဳံပုတ္ထဲ

ဝင္ၿပီးေနမွ” မပုႂကြယ္လည္း ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ နီးစပ္ရာ ခ်ဳံပုတ္ ဆီသို႔ ဝင္ပုန္းေနလိုက္ၿပီး အသံၾကားရာဆီသို႔ ေစာင့္ၾကည့္ေနမိသည္။ ရင္ ေတြခုန္ကာ တုန္လႈပ္ေခ်ာက္ခ်ားေနမိသည္။
ထိုစဥ္လူေလးငါးေယာက္ကမပုႂကြယ္ရွိသည့္ျမက္ေတာလမ္းေလးဆီ
သို႔ လာေနၾကသည္။ သူတို႔လက္ထဲတြင္လည္း ဓား၊ လွံနဲ႔တကြ တင္းပုတ္ သဏၭာန္လက္နက္မ်ားလည္း ကိုင္ေဆာင္၍ ထားၾကေလသည္။ ႐ုပ္ဆင္း သဏၭာန္မ်ားမွာလည္း ဘီလူးလိုလို၊ တေစၦလိုလို လူေတြ-။ အက်ႌဗလာ ေက်ာေျပာင္ျဖင့္၊ သရဲတေစၦပုံစံမ်ားျဖင့္ ေၾကာက္မက္ဖြယ္ေကာင္းလွသည္။ မပုႂကြယ္သည္ အလြန္အမင္း ထိတ္လန႔္တုန္လႈပ္သြားၿပီး ေဇာေခြၽးမ်ားပင္ ျပန္လာကာ အေပၚသြားႏွင့္ ေအာက္သြားမ်ား တထပ္ထပ္ အခ်င္းခ်င္း ႐ိုက္ခတ္ေနသည္။ အသက္ကို ျပင္းျပင္းထန္ထန္ပင္ မရႉရဲေတာ့။ တုန္လႈပ္ ေခ်ာက္ခ်ားစြာ ၿငိမ္သက္ေနမိသည္။ သူ႔ရင္ထဲမွာ တစ္သက္လုံး သားငါး မ်ားကို သတ္ျဖတ္လာခဲ့ရာ ပထမဦးဆုံးအႀကိမ္ဘုရားတမိျပန္သည္။
“ဘုရား…ဘုရား…ဘုရား…ကယ္ေတာ္မူပါဘုရား”
“ဘုရား…ဘုရား ကယ္ေတာ္မူပါ။ လူဘီလူးေတြဆိုတာဒါကိုေခၚတာနဲ႔
တူတယ္။ ငါေတာ့ ဒုကၡေရာက္ၿပီနဲ႔တူတယ္။ ငါ – ငါးေခါင္းေတြ အရွင္လတ္ လတ္ထုေထာင္းသတ္ျဖတ္လာတာ၊ အခု ငါ – အရွင္လတ္လတ္ ငါးေခါင္း အထုခံရသလိုအထုခံရၿပီးအရွင္လတ္လတ္အသတ္ခံရမွာပါလား။ဒီလူေတြ လက္ထဲ ေရာက္သြားရင္ မလြယ္ဘူး။ ငါ . . .ငါ . . . ဘုရားစာလည္း မရဘူး ဒုကၡပဲ။ အေမေရ . . . ကယ္ပါဦး – သမီးကို ကယ္ပါဦးအေမရယ္” ဟု မပုႂကြယ္လည္း မိခင္ကို တမ္းတငိုေႂကြးေနေလသည္။ ေၾကာက္လန႔္ တၾကားေအာ္သည္။
ထိုအခ်ိန္တြင္ထိုလူစုထဲမွစကားေျပာသံၾကားရေလသည္။

“အခုေလးတင္ ဒီနားမွာ ေပ်ာက္သြားတယ္။ ငါတို႔႐ြာကို ေရာက္လာရင္
ဘယ္သူမွ မလြတ္ေစရဘူး။ တို႔တစ္ေတြ ဟင္းစားဖူလုံၿပီ။ မေတြ႕ေတြ႕ေအာင္ ရွာေဖြကြာ၊ ေတြ႕ရင္အေၾကာင္းၾကား၊ ငါ႐ြာထဲခဏျပန္လိုက္ဦးမယ္။ ေတြ႕ရင္ မလြတ္ေစနဲ႔”ဟုေျပာၿပီး အသားမည္းမည္း ကိုယ္လုံးတုတ္တုတ္၊ ဂင္တိုတို လူလိုလို၊ ဘီလူးပုံ မ်က္လုံးနီနီႏွင့္ သဏၭာန္ရွိေသာလူသည္ ေျပာၿပီး လွည့္ ထြက္သြားေလသည္။ က်န္ရွိေသာသူမ်ား မပုႂကြယ္ကို ေနရာအႏွံ႔ ရွာေဖြ ၾကသည္။
မပုႂကြယ္လည္း ေၾကာက္႐ြံ႕ စြာႏွင့္ ဘုရားတလိုက္၊ မိခင္ကို တလိုက္ ေဇာေခြၽးေတြျပန္ေနရွာသည္။ ထိုစဥ္…
“ဟာ – ဟိုမွာ … ဖြတ္တစ္ေကာင္”
“ေဟ့….မိေအာင္ဖမ္းၾက”
ထိုလူစုသည္သစ္ပင္တစ္ခုတြင္ကပ္ေနေသာဖြတ္ႀကီးအားလွံႏွင့္လွမ္း
ပစ္လိုက္ေလသည္။ ဖြတ္ႀကီး ျပဳတ္က်လာေသာအခါ ဖြတ္ႀကီး၏ေခါင္းအား တင္းပုတ္ႏွင့္ ထုလိုက္ေလသည္။ ဖြတ္ႀကီး၏ ေခါင္းစဥ္တစ္ခုလုံး ေက်မြ၍ ဆန႔္ငင္ဆန႔္ငင္ ၿငိမ္သက္သြားသည္။ ထိုအခါ မပုႂကြယ္စဥ္းစားေတြးေတာမိ ေလသည္။
သူမမွာေနာင္တေတြရင္ထဲမွာျပည့္လွ်ံေနၿပီျဖစ္သည္။
“အင္း…ငါလည္း ငါးေခါင္းေတြကိုထုသတ္လာတာ၊ ဝဋ္လည္ၿပီထင္ပါ ရဲ႕။ ဒီလူစု လက္ထဲကို ငါေရာက္သြားရင္ ဒီဖြတ္ႀကီးကို သတ္သလို ငါကို အသတ္ခံရမွာပဲ။ ဒါ – ငရဲခံေနရတဲ့ အသူရကာယ္႐ြာကို ငါေရာက္သြားတာပဲ ေနမွာ။ ဒါေပမဲ့ ငါမေသႏိုင္ပါဘူး၊ လူ႔ဘုံမွာပဲ ရွိေသးတယ္။ ငါမရွိရင္ ငါ့မိခင္ အိုႀကီးနဲ႔ ကေလးႏွစ္ေယာက္ကို ဘယ္သူတာဝန္ယူမွာလဲ။ ကိုအုန္းလွက လည္းလက္ေၾကာတင္းေအာင္အလုပ္လုပ္တာမဟုတ္ဘူး။လူပ်င္း – ငါ့မိခင္

ကိုျပန္ၿပီးရွာေဖြေကြၽးေမြးရဦးမွာ။ အေမရယ္ – သမီးဒီမွာအျဖစ္ဆိုးေနတယ္
ကယ္ပါဦး”ဟုက်ိတ္၍ေအာ္ဟစ္ငိုေႂကြးေနေလသည္။
မပုႂကြယ္၏မိခင္ႀကီးမွာလည္း႐ြာသို႔ျပန္မေရာက္ေသးေသာမပုႂကြယ္
ကိုေမွ်ာ္ၿပီး ေမတၱာပို႔ေနေလသည္။ သမက္အုန္းလွလည္း ဘယ္ေနရာမွာ မူး ၿပီး လဲေနမွန္း မသိေပ။ ကေလးႏွစ္ေယာက္ကေတာ့ အိပ္ေနၿပီ။ အေမသည္ အိမ္ေရွ႕ကြပ္ပ်စ္တြင္ ထိုင္ၿပီး သမီးျပန္အလာကို ေမွ်ာ္ေနမိေလသည္။ မပု ႂကြယ္ ျပန္မလာ၊ မိုးလင္း၍ မနက္ (၆) နာရီပင္ ထိုးေနေပၿပီ။ မပုႂကြယ္၏ မိခင္လည္း မပုႂကြယ္အား ေစာင့္ရင္းႏွင့္ မိုးခ်ဳပ္မွ ႐ုတ္တရက္ အိပ္ေပ်ာ္သြား သျဖင့္ မနက္မိုးလင္းမွ ႏိုးေလသည္။ ႏိုးႏိုးခ်င္း သမီး မပုႂကြယ္ကို သတိရ သျဖင့္…
GUI
ပါ။
“ညက သမီးျပန္မွလာရဲ႕လားမသိဘူး။ အခန္းထဲဝင္ၾကည့္မွ”
ကေလးေတြ အိပ္ေနေသာ ျခင္ေထာင္ကို လွန္ၾကည့္ရာ သမီးကို မေတြ႕
ပို၍ စိတ္ပူပန္သြားမိသည္။ ရင္ထဲမွာ တုန္ခါသြားသည္။ ဘယ္လိုလုပ္ရ
“…အုန္းလွ၊……နင္ – ဘယ္အခ်ိန္ကအိမ္ျပန္ေရာက္လာသလဲ၊ အိမ္ေရွ႕ ကြပ္ပ်စ္ႀကီးမွာ အိပ္ေနလိုက္တာ။ အပူအပင္မရွိဘူး။ သူကေတာ့ အရက္ေလးတျမျမနဲ႔ ငါ့သမီးက ဘယ္ေရာက္ေနလဲ မသိဘူး။ ကိုယ့္မိန္းမ မရွိလို႔ မရွိမွန္း မသိ။ ဪ…ဒီအမိုက္ေကာင္ေတာ့ တကယ္ပဲေဟ့။ အုန္းလွ ထပါဦး”ဟု ေဒၚပုစီလည္း စိတ္ဆိုးမာန္ဆိုးနဲ႔ သူ႔ သမက္အား အတင္းႏိုးေလ

သည္။ ေဒါသထြက္ကာ ကုန္းေအာ္သည္ ထိုအခါမွ အုန္းလွသည္ အိပ္ခ်င္မူး တူးျဖင့္ျပဴးတူးၿပဲတဲထထိုင္ေလသည္။
“ဟင္း…ဟင္း…ဘာျဖစ္လို႔လဲ…မပုႂကြယ္”
“မပုႂကြယ္ အိမ္ကိုျပန္မေရာက္ေသးဘူး၊ ရွာဖို႔ထဦး”
“ဟာဗ်ာ … အေမကလည္း အိပ္လို႔ေကာင္းေနတာ အတင္းလာႏိုးေန တယ္။ ပုႂကြယ္က ကေလးမွမဟုတ္တာ၊ ငါးသြားယူၿပီး ေဈးေတာင္ထြက္ ေလာက္ၿပီ”
“ဟဲ့-နင့္မိန္းမ မပုႂကြယ္က ညထဲကျပန္မလာတာ၊ ထရွာဦး – ငါက လည္း ကေလးေတြနဲ႔ မ်က္စိကလည္း မေကာင္းဘူး၊ ေျခေထာက္ကလည္း မသန္ဘူး၊ ထၿပီး ရွာပါဦးဟ”

“ဟင္ . . . အေမ ဟုတ္ရဲ႕လားဗ်ာ၊ ပုႂကြယ္ ညထဲက ျပန္မလာဘူးဟုတ္ လား။ ဟာ … ဒီမိန္းမ မဟုတ္မွလြဲေရာ လင္ငယ္ေနာက္လိုက္သြားတာ ထင္ တယ္အေမ”
“ဟဲ့ေကာင္ရဲ႕ … မိုက္႐ိုင္းလွခ်ည္လား။ နင္တို႔စားဖို႔ေသာက္ဖို႔စီးပြားရွာ ေနတာေလ”
“ေပါက္ေပါက္ရွာရွာဟယ္။ မေန႔ကငါးေတြမကုန္လို႔ဟိုဘက္႐ြာမွသြား
ေရာင္းတာဟဲ့”
“ဟင္…ဟုတ္လား၊ဘာလို႔သြားတာလဲ။ အျပန္ေနေစာင္းရင္သခ်ႋဳင္းကို ျဖတ္ျပန္ရမွာ၊ အႏၲရာယ္ႀကီးကႀကီးနဲ႔- ပုႂကြယ္တစ္ေယာက္ေတာ့ ဒုကၡ ေရာက္ၿပီနဲ႔ တူတယ္ အေမရယ္။ ဒုကၡပဲ – သား သြားရွာမယ္၊ ႐ြာထဲက ကိုဖိုးသားႀကီးကိုဝင္ေခၚလိုက္ဦးမယ္”
“ေအ…ေအး…”
သုတ္သုတ္ပ်ာပ်ာ ထြက္သြားေသာ သားမက္၏ ေနာက္ေက်ာျပင္ႀကီး ကို ၾကည့္ၿပီး ေဒါသထြက္ကာ သမီးပုႂကြယ္ကို အႏၲရာယ္မရွိဘဲ ျပန္ရွာေတြ႕ ရင္သာ ဆုေတာင္းေနေလေတာ့သည္။ ထိုအခ်ိန္ အုန္းလွသည္ ႐ြာထဲဝင္ ကာကိုဖိုးသာအားဝင္ေခၚၿပီး အက်ိဳးအေၾကာင္းရွင္းျပေလေတာ့သည္။
“ဟာ..အုန္းလွရာ အခုမွ သိလားကြာ၊ တယ္ေပါ့ဆတာပဲ၊ လာ…လာ အခ်ိန္ရွိတုန္း အေရွ႕ ႐ြာကို လိုက္ရွာၾကမယ္” ကိုအုန္းလွႏွင့္ ကိုဖိုးသားတို႔ ႏွစ္ေယာက္ မပုႂကြယ္ကို ရွာရန္ အေရွ႕႐ြာသို႔ထြက္လာၾကေလသည္။ အေရွ႕ ႐ြာသို႔ ေရာက္ေသာအခါ မပုႂကြယ္တို႔၏ အစ္မဝမ္းကြဲအိမ္သို႔ ဝင္စုံစမ္းေသာ အခါ (၆)နာရီေလာက္ကပင္ ျပန္သြားေၾကာင္း။ သူႏွင့္အတူ ေကာက္ညႇင္း ေပါင္းစား၍ညေနေနဝင္ရီတေရာ ျပန္သြားေၾကာင္း သိရေလသည္။
သို႔ျဖင့္ အေရွ႕႐ြာသို႔ သြားကာ ႐ြာသားမ်ားကို အက်ိဳးအေၾကာင္း ေျပာျပ ေလသည္။ ထို႐ြာသားမ်ားက သခ်ႋဳင္းသို႔ဝင္ေရာက္ရွာေဖြသင့္ေၾကာင္းေျပာ

ျပေလသည္။ထိုသခ်ႋဳင္းသည္ေန႔ခင္းမွာပင္တစ္ေယာက္ထဲမျဖတ္ၾကရာနာ
မည္ႀကီးေနေလသည္။ မပုႂကြယ္ အႏၲရာယ္တစ္ခုခု ႀကဳံေနသည္မွာ ေသခ်ာ သေလာက္ပင္ ျဖစ္ေၾကာင္း အေၾကာင္းသိ ႐ြာသားက ရွင္းျပၿပီး ႐ြာသားႏွစ္ ေယာက္၊ သုံးေယာက္သည္ အုန္းလွႏွင့္ ဝိုင္းရွာေဖြရန္ ဓား၊ တုတ္ ဆြဲ၍ ထြက္လာခဲ့ၾကသည္။
သခ်ႋဳင္းသို႔ေရာက္ေသာအခါမပုႂကြယ္အားသတိေမ့ေမ်ာလ်က္ေတြ႕ရွိ ၾကေလသည္။အုန္းလွႏွင့္႐ြာသားအခ်ိဳ႕သည္မပုႂကြယ္ကို႐ြာသို႔ျပန္ေခၚလာ
ၾကၿပီး ေဆးကုသေလသည္။ ထိုအခ်ိန္ထိ မပုႂကြယ္သည္ ေမ့ေမ်ာေနဆဲ ျဖစ္ေလသည္။ ထိုအခ်ိန္တြင္ မပုႂကြယ္သည္ တျခားေလာကသားမ်ား၏ လက္မွ လြတ္ရန္ အသက္လုေနသည္။ မပုႂကြယ္လည္း ငိုေႂကြးေနရာမွ ဘုရားစာမ်ားကို ရသေလာက္ ႐ြတ္ဖတ္၍ ေတာေစာင့္နတ္၊ ေတာင္ေစာင့္ နတ္မ်ားကို ေမတၱာပို႔ေနသည္။ မပုႂကြယ္သည္ ၾကားဖူးနားဝျဖစ္သည့္ သစၥာဆိုလွ်င္ ပိုေရာက္ထိေရာက္ၿပီး သစၥာမွန္ကန္ပါက အႏၲရာယ္အသြယ္ သြယ္ကပင္လြတ္ေျမာက္သည္ဟုယုံၾကည္ကာေအာက္ပါအတိုင္း သစၥာျပဳ
ေလသည္။
“ကြၽန္မ မပုႂကြယ္ငါးမ်ားကို ရက္စက္စြာ သတ္ျဖတ္၍ ငါးစိမ္းသည္ အလုပ္ကို လုပ္ကိုင္စားေသာက္သည္မွာ မွန္ကန္ပါသည္ဘုရား။ ထိုရလာ သည့္အျမတ္ေငြျဖင့္ တပည့္ေတာ္မ၏ဖခင္ ဆုံးပါးသြားစဥ္ငယ္႐ြယ္စဥ္အခါ ကပင္တပည့္ေတာ္သည္ ပင္ပန္းႀကီးစြာ ႐ြာစဥ္လည္ကာ ငါးေရာင္း၍ မိခင္ အိုႀကီးကို လုပ္ကိုင္ေကြၽးေမြးျပဳစုလာခဲ့သည္မွာ ယခုအခ်ိန္ထိပင္ ျဖစ္ပါ သည္။ ထိုမွန္ကန္ေသာ သစၥာတရားေၾကာင့္ယခုေသေဘးမွ လြတ္ေျမာက္ ပါေစသား”ဟုသစၥာျပဳေလသည္။

ထိုအခ်ိန္တြင္ မပုႂကြယ္ရွိရာသို႔ လက္တြင္ ေဆးမင္ေၾကာင္မ်ားကို ထိုး ထားၿပီး ပုဆိုးအနီကြက္ ဝတ္ဆင္ထားေသာ အဖိုးအိုတစ္ဦးေရာက္လာေလ သည္။ ဆံပင္ကိုလည္း ေသွ်ာင္တေစာင္း ထုံးထားသည္။ ထိုအဘိုးအို၏ လက္ထဲတြင္ ပေလြေလးတစ္ေခ်ာင္း ကိုင္ေဆာင္ထားေလသည္။ ပေလြ သည္ဝါးပေလြကေလးတစ္ေခ်ာင္းသာျဖစ္သည္။
အဘိုးအိုက
“ထြက္ခဲ့သမီးထြက္ခဲ့ေလ”ဟုေခၚေလသည္။
မပုႂကြယ္လည္း ခ်ဳံပုတ္ထဲမွ ထြက္လာေလသည္။ ေၾကာက္လြန္း၍
အဘိုးအိုအားေသခ်ာပင္ ေမာ့မၾကည့္ရဲေပ။
“အဘိုး – သမီးကိုမသတ္ပါနဲ႔ – အဘိုးရယ္”
ထိုအခါ – အဘိုးအိုက ညင္သာေသာ အသံျဖင့္… “ဟဲ့…ညည္းကိုကယ္ဖို႔ငါလာတာ။ ငါ့ေနာက္ကလိုက္ခဲ့”
“ဟုတ္…ဟုတ္ကဲ့အဘိုး”
မပုႂကြယ္လည္း အဘိုးအို၏ ေနာက္မွ လိုက္သြားေလသည္။ အဘိုးအို သည္ ေရွ႕မွ ပုေလြကို မႈတ္ၿပီး ဦးေဆာင္၍မပုႂကြယ္ကို ေခၚေဆာင္သြားေလ သည္။ ပေလြမႈတ္ရာ လမ္းတစ္ေလွ်ာက္တြင္ မည္သည့္အႏၲရာယ္မွ မေတြ႕ရ ေတာ့ေပ။ ဘီလူး၊ သရဲလို လူေတြကိုလည္း မေတြ႕ ရေပ။ ထိုလူေတြ ဘယ္ ေရာက္သြားပါလိမ့္…။
“ကဲ … သမီး၊ အဲဒီ – လမ္းတည့္တည့္သာ ျပန္သြား၊ ညည္းအိမ္ေရာက္ လိမ့္မယ္။ စိတ္ခ်သြား… ဘုရား၊ တရားၿမဲပါ။ မေကာင္းမႈကိုမလုပ္ပါနဲ႔” “ဟုတ္ကဲ့…အဘိုး”

မပုႂကြယ္သည္အမည္မသိအဘိုးအိုအားကန္ေတာ့၍ထြက္လာခဲ့ေလ
သည္။ ေနာက္မွ ပေလြမႈတ္သံသဲ့သဲ့ကို ၾကားရေလသည္။ မပုႂကြယ္၏ ခႏၶာ ကိုယ္သည္ သစ္႐ြက္ကေလးကို ေလထဲမွာ လြင့္ေမ်ာ၍ လြင့္ပါသြားေလ သည္။ ပေလြသံသည္တျဖည္းျဖည္းေဝး၍ေဝး၍က်န္ရစ္ခဲ့ေလၿပီတကား။
“ဟင္း…ဟင္း…ဟင္း…ေရ…ေရေပးပါ”
ညည္းသံျဖင့္မပုႂကြယ္ သတိရလာေလသည္။
“ဟင္ . . . သမီး သတိရလာၿပီလား။ ပုႂကြယ္ဟဲ့ – အုန္းလွ နင့္မိန္းမ ႏိုးလာၿပီ။ ေရေပးစမ္းပါေရေတာင္းေနတယ္”
ကိုအုန္းလွလည္း… “ဗ်ာ…ဟုတ္ကဲ့”
“အေမ..ကိုအုန္းလွ၊ ကြၽန္မမေသလို႔ျပန္ေရာက္လာတာ” မပုႂကြယ္သည္ မိခင္ႀကီးကိုဖက္၍ရႈိက္ႀကီးတငင္ ငိုေလသည္။ ထို႔ ေနာက္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားျပန္သည္။ အိပ္ရာမွ ႏိုးလာေသာ အခါ… “အေမနဲ႔ ကိုအုန္းလွ – ကြၽန္မ ဒီငါးေရာင္းတဲ့အလုပ္ကို မလုပ္ေတာ့ဘူး။ တျခားအလုပ္ပဲေျပာင္းလုပ္ေတာ့မယ္”
ထိုသို႔ေျပာၿပီး မပုႂကြယ္လည္း ႀကဳံေတြ႕ လာေသာ အျဖစ္အပ်က္အႏၲ ရာယ္မ်ားကိုရင္ဖြင့္ေျပာျပေလသည္။
“ေကာင္းတာေပါ့ သမီးရယ္၊ အေမ ဝမ္းသာတယ္ ကြယ္လြန္သြားတဲ့
အေဖ သိရင္ အရမ္းဝမ္းသာမွာ သမီးရယ္၊ သမီးအေဖက သတၱဝါေတြရဲ႕

အသက္ သတ္တာမႀကိဳက္ဘူး။ ေမြးေန႔အခါႀကီး ရက္ႀကီးတို႔ဆိုရင္ ဥပုသ္ ေစာင့္တယ္။ အသား၊ ငါးေရွာင္တယ္။ ဘုရား၊ တရား၊ အလြန္႐ိုေသကိုင္း႐ိုင္း တယ္။ သမီး အခုလို အျမင္မွန္ရၿပီး၊ အသား ငါးမေရာင္းေတာ့တာသိရင္ ေရာက္ရာဘဝကေနၿပီး သာဓုေခၚေနမွာ -အေမလည္း အရမ္းဝမ္းသာတယ္ သာဓုပါ… သမီးသာဓုပါ”
ဟု မပုႂကြယ္၏ မိခင္သည္ မ်က္ရည္မ်ား စီးက်လာၿပီး သာဓုေခၚေလ
သည္။ထိုအခ်ိန္တြင္ပင္မပုႂကြယ္တို႔၏အိမ္ေခါင္းရင္းဘုရားေက်ာင္းေဆာင္
ထားရွိရာ ဘုရားေက်ာင္းေဆာင္၏ေနရာမွ အိမ္ေျမႇာင္တစ္ေကာင္၏ က်ယ္ ေလာင္စြာ စုတ္ထိုးသံျမည္ဟိန္း ထြက္ေပၚလာၿပီး မပုႂကြယ္တို႔ အိမ္ထဲသို႔ ေလညင္းေလးႏွင့္အတူ အေမႊးနံ႔ သင္းသင္းေလးတစ္ခု ေဝ့ဝဲတိုက္ခတ္သြား ေလသည္။
ေအသင္ဇာသက္ေဝ