ဖုတ်ဘုရင်ဝင်ပူးခံရသူ(စ/ဆုံး)

ဖုတ်ဘုရင်၀င်ပူးခံရသူ

———————————————–

တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ ကဘူရွာ။ ထားဝယ်မြစ်အနောက်ဘက်ခြမ်းတွင်ရှိသောရွာ

ငယ်တစ်ရွာဖြစ်၏ ။

 

ကဘူရွာနဲ့ခပ်လှမ်းလှမ်း

တောင်ကုန်းတစ်ခုပေါ်မှရှေးခေတ်လက်ရာ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးက ရေနံချေးနိူင်နိူင်သုတ်ထားခြင်းကြောင့်မဲပြောင်စွာ

ရှိနေပါသည်။

 

တောင်တစ်ခုလုံးသီးပင်စားပင်ကြီးများ၊ ညောင်၊ကက္ကိုလ်ပင်လိုအရိပ်ရအပင်ကြီးများကြောင့်စိမ်းစိုစွာဖြင့်နွေရာသီကာလများမှာပင်အပူဒဏ်သက်သာသောနေရာမျိုးဖြစ်သည်။

 

ခြံရှေ့လမ်းမကြီးရှိနေပြီးမိုင်ငါးဆယ်ခန့်အိမ်နဲ့ဝေး၏ ။

 

ကားလမ်း၏တဖက်အခြမ်း၊ထားဝယ်မြစ်ဘေးတွင်ပုဇွန်စက်ရုံရှိနေကာတစ်ခြားသောလူနေအိမ်များရှိမနေပေ။

 

တောင်ကုန်းပေါ်မှနှစ်ထပ်အိမ်ကြီးပိုင်ရှင်အမည်မှာ

ဖိုးကွန်းဟုအမည်ရပြီးကောင်စီခေတ်ကာလအချိန်ကကျေးရွာအုပ်ချုပ်ရေးမူးတစ်ယောက်လုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်၏ ။

 

မိန်းမဖြစ်သူမှာသားအငယ်ငါးနှစ်သားအရွယ်တွင်ဆုံးပါးသွားပြီဖြစ်သည်။

 

သားသမီးခုနှစ်ယောက်ရှိပြီး သားလေးယောက်၊သမီးသုံးယောက်ရှိပြီး၊ အကြီးဆုံးက

ယောက်ကျားလေးဖြစ်ကာအသက်ပင်လေးဆယ်နီးပါးရှိနေပြီဖြစ်ပါတယ်။

 

အကြီးဆုံးသားအောက်တွင်သမီးသုံးယောက်ရှိနေ

 

ပြီးအားလုံးသုံးဆယ်ကျော်အရွယ်များဖြစ်ကြ၏ ။

 

သူတို့အောက်တွင်ယောက်ကျားလေးသုံးယောက်

ရှိနေကာထိုသုံးယောက်ထဲမှအကြီးဆုံးမှာနှစ်ဆယ့်ငါးအရွယ်သူ့အောက်မှနှစ်ယောက်ကဆယ့်ကိုးနှစ်ဆယ်အရွယ်များဖြစ်ကြသည် ။

 

သားကြီးနဲ့သမီးသုံးယောက်မှာအိမ်ထောင်ကျပြီး

ကိုယ်စီအိမ်ခွဲသွားကြသလို သားအငယ်ဆုံးနှစ်ယောက်ကလည်းထိုင်းနိူင်ငံတွင်

အလုပ်လုပ်ကိုင်နေကြရာအိမ်တွင်ဦးဖိုးကွန်းနဲ့နိူင်ဝင်းတို့သားအဖနှစ်ယောက်သာကျန်နေရစ်ခဲ့ကြသည်။

 

ဦးဖိုးကွန်းမှာ အသက် ၆၅ကျော်စပင်ပြုနေပြီ

ဖြစ်သော်လည်း ငယ်စဉ်ကတည်းကပင်စိတ်မြန်လက်မြန်ရှိသလို၊ကျန်းမာရေးကောင်းသူမို့ ခပ်လှမ်းလှမ်းအရပ်တွင်

ရှိသောရွာသို့တစ်ယောက်တည်းတောင်ဝှေးတစ်ချောင်းဖြင့်မကြာခနသွားလာနေသူဖြစ်သည် ။

 

ဦးဖိုးကွန်းဟိုးယခင်ကပစ္စည်းဥစ္စာကြွယ်ဝပြီးကောင်း

ကောင်းနေကောင်းကောင်းစားတတ်သူတစ်ယောက်ဖြစ်ကာ ထိုအချိန်က

ကိုယ်ပိုင်မီးစက်တီဗွီကအိမ်တိုင်းမ၀ယ်နိူင်

ကြသေးပေမယ့်၀ယ်နိူင်သူစာရင်းတွင်ဦးဖိုး

ကွန်းပါသည်။

 

အတွင်းပစ္စည်း၊လယ်ယာမြေများမှာအိမ်

ထောင်ကျသားသမီးများကိုခွဲပေးလိုက်သောကြောင့်ဘာမှမရှိတော့သော်လည်း၊

ထိုင်းရောက်နေသောသားငယ်နှစ်

ယောက်ပို့ပေးနေသောငွေဖြင့် အဆင်ပြေစွာစား

သောက်နေနိုင်ခြင်းဖြစ်၏ ။

နိူင်ဝင်းမှာဖခင်ကြီးနဲ့အတူနေထိုင်ရင်းလမ်းတဖက်ပုဇွန်စက်ရုံတွင်အလုပ်ဝင်လုပ်ရာမှဘဝတူအလုပ်သမလေး ချိုချိုမြင့်နဲ့ချစ်ကြိုက်ကာအိမ်ထောင်ပြု

လိုက်ကြပြီးညားကာစအိမ်ခွဲနေရန်အဆင်မပြေသောကြောင့်ဖခင်ကြီးအိမ်မှာပင်ဆက်နေပြီးလင်မယားနှစ်ယောက်ပုဇွန်စက်ရုံတွင်အလုပ်ဆက်လုပ်ပြီးပိုက်ဆံစုနေကြသည်။

 

လင်မယားနှစ်ယောက်လုံးအလုပ်ကြိုးစားမူကြောင့်

နိူင်ဝင်းတို့လင်မယားကိုပုဇွန်စက်ရုံသူဌေး

မှကော့သောင်းတွင်စက်ရုံအသစ်တစ်ခုဖွင့်သည့်အချိန်တွင်လင်မယားနှစ်ယောက်လုံးရာထူးတိုးလစာတိုးပေးပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခိုင်းတာကြောင့်နိူင်ဝင်းတို့လင်မယားနှစ်ယောက်မှာ ဦးဖိုးကွန်းကိုအကျိုးအကြောင်းပြောပြပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခဲ့ကြပါတော့သည် ။

 

တစ်ခြားသားသမီးများမှာဦးဖိုးကွန်းနဲ့ဘယ်သူမှ

လာနေရန်အဆင်မပြေသောကြောင့်အိမ်ကြီးတွင်ဦးဖိုးကွန်းတစ်ယောက်သာကျန်နေရစ်ခဲ့တော့သည်။

 

နိူင်ဝင်းတို့လင်မယားမှာကော့သောင်းမြို့တွင်

အလုပ်လုပ်ရင်းဇနီးချိုချိုမြင့်မှာသားဦးလေးတစ်ယောက်မွေးတာကြောင့်နိူင်ဝင်းတစ်ယောက်အလုပ်ကိုနဂိုကထက်ပိုပြီးကြိုးစားလုပ်ရင်းရှိနေ၏ ။

 

ထိုအချိန်မှာပင်.. ၊လူကြုံဖြင့်နိူင်ဝင်းထံသတင်းဆိုးတစ်ခုရောက်လာပါသည်။

 

ဖခင်ကြီးမှာနေမကောင်းအသည်းအသန်ဖြစ်နေ

သောသတင်းပင်ဖြစ်ပါတယ်။

 

နိူင်ဝင်းလည်းသူတစ်ယောက်တည်း ထားဝယ်ပြန်လာပြီးဖခင်ကြီးအခြေအနေက်ုကြည့်ရာတစ်ယောက်တည်းထား၍မဖြစ်နိူင်တာမို့ တခြားညီအစ်ကိုမောင်နှမများနဲ့တိုင်ပင်ကြည့်ရာ

ဘယ်သူမှဖခင်ကြီးအနားမနေနိူင်ဟုဆိုလာကြတာ

ကြောင့် စက်ရုံပိုင်ရှင်သူဌေးကိုပြောပြီး ထားဝယ်ပြန်ပြောင်းလာခဲ့ကြ၏ ။

 

ဇနီးဖြစ်သူမှာခလေးငယ်လေးနဲ့မို့အလုပ်ထွက်ခိုင်းပြီးသူတစ်ယောက်တည်းပုဇွန်စက်ရုံမှာအလုပ်ဆင်းပါတော့တယ် ။

 

ဦးဖိုးကွန်းဟာတစ်ယောက်တည်းဖြစ်သလိုစားသောက်ပြီးအဟာရချို့တဲ့ကာ အိပ်ယာထဲလဲနေခြင်းပင်။

ပြုစုမယ့်သူရှိပြီးစားကောင်းသောက်ကောင်းစားး

ရချိန်မှာတော့ပြန်ပြီးကျန်းမာလာပါတော့သည် ။

 

ဒီလိုနဲ့နေလာကြရင်းနှစ်နှစ်လောက်ကြာချိန်ရောက်

တော့ ပြာသာနာတစ်ခုပေါ်ပေါက်လာ၏ ။

 

ထိုအရာမှာတခြားမဟုတ်မိသားစုတိုင်းဖြစ်လေ့ဖြစ်ထရှိသောအမွေကိစ္စပင်ဖြစ်သည်။

 

တစ်ခြားသောညီအစ်ကိုမောင်နှမများကဘာစကားမှမပြောသော်လည်းနိူင်ဝင်းအစ်မအကြီးနှစ်ယာက်မှာအဖေဖြစ်သူဦးဖိုးကွန်းကိုအနီးကပ်ပြုစုနေသောကြောင့်အိမ်ကိုတဦးတည်းအမွေအဖြစ်ရသွားမည်စိုးကာမကျေမနပ်စကားဆိုလာပါတော့သည် ။

 

”….နင်တို့လည်း ခလေးတစ်ယောက်ရလို့နောက်တစ်ဗိုက်ရနေပြီ

အိမ်ခွဲမနေသေးဘူးလားနိူင်ဝင်း…”

 

”.. အစ်မစကားကလည်းအစ်မတို့ပဲ အဖေကို

အနီးကပ်မစောင့်ရှောက်နိူင်ဘူးဆိုလို့ ကျွန်တော်

အလုပ်ကိုဒီကိုပြန်ပြောင်းပြီးနေတာ အစ်မလည်း

အသိသားပဲ…. ”

 

”…ဒီလိုဆိုရင်အဖေ သေသွားရင်လည်းနင်တို့

ကဒီမှာပဲဆက်နေမှာလား…”

 

”…ဟာ..အစ်မတို့များနေပြီနော် ကိုယ့်အဖေကျန်းကျန်းမာမာရှိနေတာကိုဒီလိုစကားမျိုးအစ်မမို့ပါးစပ်ကပြောထွက်တယ်…”

 

”..ခုရူတ်မှနောက်ရှင်းပြောစရာရှိတာပြောထားရမှာပဲနိူင်ဝင်း..”

 

နိူင်ဝင်းမှာအစ်မနှစ်ယောက်နဲ့စကားများကြပြီးနောက်

ဆုံးတွင် အဖေဖြစ်သူကို သားသမီးများတစ်ယောက်

နှစ်လစီအိမ်တွင်ခေါ်ထားရန်ညှိနိူင်းလိုက်ကြသည်။

 

ယခုအိမ်ကိုခြံတခါးပိတ်ထားပြီး ဘယ်သားသမီးမှမနေရန်လည်းသဘောတူညီချက်ထားပေးရပြန်သည်။

 

အစ်မများမှာထားဝယ်မြို့တွင်ကိုယ်ပိုင်အိမ်များရှိ၍

နေစရာပြသာနာမရှိသော်လည်း နိူင်ဝင်းမှာတော့နေစရာကိစ္စအတွက်ခေါင်းပူရတော့သည်။

 

ကဘူရွာ၏အနောက်ဖက်ဆယ်မိုင်ခန့်ဝေးသောအရပ်တွင်ဆင်ကူးပြင်ဟူသောရွာတစ်ရွာရှိ၏ ။

 

ထိုဆင်ကူးပြင်ရွာတွင်ဦးဖိုးကွန်းပိုင်ဥယျာဉ်ခြံတစ်ခု

ရှိနေရာနိူင်ဝင်လည်းအစ်မများရှေ့တွင် ထိုဥယျာဉ်ခြံကိုကာလပေါက်စျေးအတိုင်းငွေပေးချေကာဝယ်ယူခဲ့သည်။

 

စုဆောင်းထားသမျငွေကြေးလေးများမှာခြံဝယ်ရန်

သုံးလိုက်ရသောကြောင့်ကုန်သွားပြီဖြစ်ရာအိမ်ဆောက်ရန်ငွေမသုံးနိူင်သောတော့ပေ။

 

ထိုေ့ကြာင့်..

 

ဝါးကြမ်းခင်းဓနိမိုးမြေစိုက်အိမ်လေးတစ်လုံးဥယျဉ်ခြံတွင်ဆောက်ပြီးအိမ်ပြောင်းလာခဲ့ကြပါတယ် ။

 

နိူင်ဝင်းတို့လင်မယားအတွက်ယခုကာလကအလွန်

ခက်ခဲနေပါတယ်။

မိန်းမကနောက်ထပ်ကိုယ်ဝန်ရှိနေသည့်အပြင်

ပုဇွန်စက်ရုံတွင်လည်းအလုပ်ဆင်းရန်မဖြစ်နိူင်တာကြောင့်အလုပ်ထွက်လိုက်ရာဝင်ငွေမရှိအလုပ်မရှိတော့ပေ။

 

လက်ထဲပိုက်ဆံကလည်းမရှိတော့တာမို့ဖြစ်သလို

စားသောက်ရင်းသင်္ဘောဆောက်သောနေရာတွင်နေ့စားအလုပ်ရသောကြောင့်အလုပ်ရွေးမနေနိူင်တော့ပဲဝင်လုပ်ရတော့သည်။

 

မနက်ခြောက်နာရီမှစ၍လုပ်ငန်းခွင်ရှိရာစောစောသွား

ရပြီးနေဝင်မိုးချုပ်မှသာအိမ်ကိုပြန်ရောက်သောနိူင်ဝင်းမှာသားငယ်လေးနဲ့ဇနီးရှေ့တွင်မောပန်းလာသမျငြီးငြူလေ့မရှိပဲ မိသားစုကိုအားမငယ်ရန်၊သူအလုပ်ကြိုးစားကာမိသားစုအဆင်ပြေရန်ကြိုးစားနေကြောင်းအားပေးစကားပင်ဆိုနေသေး၏ ။

 

သမီးကြီးတစ်ယောက်အိမ်တွင်နှစ်လနေပြီး နိူင်ဝင်းအိမ်ရောက်လာသောဦးဖိုးကွန်းတစ်ယောက်နိူင်ဝင်းတို့မိသားစုအခြေအနေကိုမြင်ရသောအခါမိဘပီပီမျက်ရည်စို့ရှာသည်။

 

ဟင်းမရှိပဲဆီဆမ်းပြီးစားနေရသောမြေးငယ်လေးအဖြစ်ကိုမမြင်ရက်စွာကဘူရွာသို့သွား၍အသားငါးများသွားဝယ်ပါတယ် ။

 

နေ့လည်နေ့ခင်းစားသောက်ပြီးချိန်ထွက်သွားသော

ဦးဖိုးကွန်းမှာသူ့အိမ်ရှိရာသွား၍သံယောဇဉ်မကုန်စွာသွားကြည့်နေတတ်ပြီးညနေစောင်းအချိန် ကဘူရွာတွင်အမဲသား၊ဝက်သားတစ်ခုမဟုတ်၊

တခုလက်မှဆွဲပြီးဆင်ကူးပြင်သို့ပြန်လာတတ်သည်။

ကဘူးရွာနဲ့ဆင်ကူးပြင်ကြားတွင်သချိုင်္င်းကုန်းတစ်ခုရှိပြီးနွားလှည်းလမ်းကသချိုင်္င်းကုန်းနဲ့ကပ်ရက်ဖောက်လုပ်ထားခြင်းဖြစ်သည်။

 

တစ်နေ့ ဦးဖိုးကွန်းတစ်ယောက် ခါတိုင်းလိုအမဲသားတွဲတစ်တွဲဆွဲပြီးဆင်ကူးပြင်ကိုပြန်လာခဲ့ပါတယ် ။

 

ခုနေ့ကတော့ကဘူးရွာကထွက်လာတာအနည်းငယ်နောက်ကျတာကြောင့်မှောင်ရီပျိုးစပင်ပြုသွားပြီဖြစ်ပါတယ်။

 

ဆင်ကူးပြင်ရွာသွားလမ်းကလူသွားလူလာ

ပြတ်လပ်နေပြီး သချိုင်္င်းမှာမှတ်တိုင်ထိုးထိုးထောင်

မြေစာပုံမို့မို့များကတောသချိုင်္င်းပီပီခြုံနွယ်များကြားရှိနေပါတယ် ။

 

ခွေးအတစ်အုပ်ကလည်းနေအလင်းပျောက်သည်နဲ့

သချိုင်္င်းကုန်းအတွင်းလူပ်ရှားသွားလာရင်းအစာရှာနေကြကာဦးဖိုးကွန်းလက်ထဲကလတ်လတ်ဆတ်ဆတ်အမဲသားတွဲရဲ့ သွေးနံ့ကိုလေအဝှေ့မှာရတာကြောင့်ခြုံပုတ်များကြားပုန်းအောင်းကြည့်ပြီး လျှာရည်တမျှားမျှားကျနေကြပေမယ့် ၊ ဝင်ဆွဲရဲတဲ့ သတ္တိတော့မရှိပါဘူး ။

 

ဦးဖိုးကွန်းသွားရာလမ်းတလျောက်အမဲသားသွေးများတစက်စက်ကျလျှက်ရှိနေပါ၏ ။

 

အဲဒီအချိန်မှာပဲအမဲသားတွဲကိုဆွဲထားတဲ့ဦးဖိုးကွန်းရဲ့လက်ကတုန့်ခနဲဖြစ်သွားတာကြောင့်နောက်ကိုတချက်လှည့်ကြည့်လိုက်တော့အသားတွဲကိုနောက်မှလူတစ်ယောက်ဆွဲထားတာတွေ့လိုက်ရပါတယ် ။

 

တစ်ကိုယ်လုံးမီးလောင်ကျွမ်းထားသလိုမဲနက်နေတဲ့လူတစ်ယောက်ကအမဲသားတွဲကိုဆွဲထားခြင်းဖြစ်ပြီးထိုသူ့ထံမှအသားညှော်နံ့များရတာကြောင့်ဦးဖိုးကွန်းရင်ထိတ်ခနဲခုန်သွားမိသည်။

 

ဦးဖိုးကွန်းမှာသူအမဲသားကိုလာဆွဲသူမှာ

လူမဟုတ်မှန်းစိတ်ထဲသိလိုက်သလို၊ နေ့ခင်းပိုင်းအချိန်က

ကဘူးရွာမှအိမ်တစ်အိမ်ကိုမီးလောင်ရာတွင်

အိမ်တစ်လုံးမီးလောင်ကျွမ်း၍မူးပြီးအိပ်နေသူတစ်

ယောက်မီးထဲပါသွားရာချက်ခြင်းသဂြိင်္ုလ်လိုက်ကြောင်းသတင်းကိုဦးဖိုးကွန်းကြားလာရာသူ့အမဲသားလာဆွဲသူမှာထိုသူများလားဟုတွေးပြီးရင်ထိတ်သွားမိခြင်းပင်ဖြစ်ပါ၏ ။

 

..ဟေ့…ဟေ့ကောင်လွတ်စမ်း..

ဟာ..မလွတ်အုံးကွာ..ကဲ…ဝှီး….ဘုတ်…

 

…ဟင်…

 

…ဘုံး..

 

…ခွပ်…

 

…အား….

 

ဦးဖိုးကွန်းမှာအကြောက်အလန့်နည်းပြီးစိတ်တိုစိတ်

ဆတ်သူပီပီသူ့အမဲသားလာဆွဲသော သရဲကိုလက်မှတောင်ဝှေးဖြင့်ရိုက်လိုက်ရာထိုသရဲကိုတောင်ဝှေးထိမှန်သွားသော်လည်းနာကျင်သည့်ဟန်မပြပဲအမဲသားကိုသာအားကုန်ဆောင့်ဆွဲလိုက်ရာဦးဖိုးကွန်းမှာအမဲသားတွဲလျှော်ကြိုးကိုလက်တွင်ရစ်ပတ်ထားသောကြောင့်ရှေ့သို့ငိုက်ကာအရှိန်လွန်လဲကျသွားရာလမ်းဘေးကျောက်တုံးတွင်နဖူးထိပြီးမှောက်ရက်ကြီးငြိမ်သက်သွားတော့သည်။

 

သရဲကြီးမှာဦးဖိုးကွန်းလက်မှအမဲသားတွဲကိုယူပြီး

သချိုင်္င်းအတွင်းဝင်ရောက်ပျောက်ကွယ်သွား၏ ။

 

ဦးဖိုးကွန်းမှာနဖူးမှသွေးများမှာအိုင်ထွန်းနေလျှက်မလူပ်မယှက်အချိန်အတော်ကြာငြိမ်သက်နေချိန်တွင် သချိုင်္င်းအတွင်းညောင်မြိုထားသော ကက္ကိုလ်ပင်ကြီးပေါ်မှ အမဲရောင်အရိပ်ကြီးတစ်ခုဆင်းလာပြီးလဲကျနေ

သောဦးဖိုးကွန်းကိုယ်ထဲတိုးဝင်သွားရာ ဦးဖိုးကွန်းတစ်ယောက်ခြေလက်များမလူပ်ရှားပဲတောင့်တောင့်ကြီးမတ်တတ်ရပ်လာပါတော့သည် ။

 

”…အဖေ နောက်ကျ လှချည်လား အဖေလမ်းမှာ

တစ်ခုခုဖြစ်နေတာလားဆိုပြီးလာရှာဖို့ကလည်း

အဖေ့သားလည်းရောက်မလာသေးလို့.. ဟင်..နဖူးမှာလည်းသွေးတွနဲ့… ”

 

”..ဘာမှမဖြစ်ဘူးသမီးရတယ် လမ်းမှာခလုတ်

တိုက်ပြီးလဲလာတာ…”

 

”…ဒဏ်ရာကမသေးပါလားအဖေရယ် သမီးဆေးထည့်ပေးမယ်… ”

 

လင်ယောက်ကျားနဲ့ ယောက်က္ခထီးမရောက်လာသေးသောကြောင့်ဆီမီးခွက်ထွန်း၍စောင့်နေသော ချိုချိုမြင့်မှာ ဦးဖိုးကွန်းနဖူးမှသွေးကျနေသောဒဏ်ရာကြောင့် ဆေးမူန့်သိပ်ပြီးပုဆိုးဟောင်းတစ်ထည်ကိုဆုတ်ဖြဲပြီးပတ်တီးစီးပေးနေစဉ်ခင်ပွန်းဖြစ်သူရောက်လာ၍အကျိုးအကြောင်းပြောပြနေသည်။

 

”…သမီးငါဗိုက်ဆာနေတယ် ဘာစားစရာရှိလဲ…”

 

”..ကြက်ဥဟင်းချက်ရှိတယ်အဖေ သမီးထမင်းခူးပေးမယ်…”

 

ဦးဖိုးကွန်းတစ်ယောက်ကြက်ဥနှစ်ခြမ်းခွဲချက်ထား

သည့်ဟင်းနဲ့ထမင်းကိုပါးစပ်အပြည့်သိပ်ထည့်ရင်းပလုတ်ပလောင်းစားနေပါ၏ ။

 

ကြက်ဥတခြမ်းကိုတလုပ်ထဲပါးစပ်ထဲပစ်ထည့်ပြီး

ခါတိုင်းထမင်းအနည်းငယ်ကိုပင်မကုန်သောဦးဖိုးကွန်းတစ်ယောက်နိူင်ဝင်းအတွက်ပါမကျန်အောင်ခနခနမဝသေးဟုဆိုကာထည့်ခိုင်းကာအားလုံးစားပြီးအိပ်ယာဝင်သွားတော့သည်။

 

” ကိုနိူင်ဝင်းအဖေဘာဖြစ်လဲမသိဘူး ဒီနေ့ကျမှထမင်းတွေစားလိုက်တာ ရှင့်အတွက်တောင်မကျန်တော့ဘူး

ပြန်ချက်ရတော့မယ်… ”

 

”…ရပါတယ်ကွာ ငါတို့အိမ်မှာဟင်းမကောင်းလို့

အဖေထမင်းမစားနိူင်တာမြင်တော့စိတ်မကောင်းဖြစ်နေတာ ခုခံတွင်းတွေ့လို့စားတာထင်တယ် စားပါစေကွာငါမဆာသေးပါဘူး ကျက်မှစားတာပေါ့….”

 

အလုပ်မှပြန်လာပြီးရေမိုးချိုးနေသောနိူင်ဝင်းမှာ

တနေကုန်အလုပ်ကြမ်းလုပ်ပြီးဝမ်းဗိုက်ဟာကာ

ဆာနေသော်လည်း ဖခင်ဖြစ်သူထမင်းစားကောင်း

သည်ဆိုခြင်းအတွက်ဝမ်းပင်သာလျှက်ဇနီးဖြစ်သူ

ချက်ပြုတ်နေစဉ်ဆေးပေါ့လိပ်ကလေးဖွာကာငြိမ်

ပြီးထိုင်စောင့်နေလျက်ရှိသည်။

 

ဦးဖိုးကွန်းမှာနောက်တစ်နေ့တွင်အိမ်ပြင်မထွက်

တော့ပဲ ပိုက်ဆံထုတ်ပေးပြီး ချိုချိုမြင့်ကိုအမဲသားစားချင်၍တစ်ပိသာနှစ်ပိသာခန့်သွားဝယ်ခိုင်းသည် ။

 

ချိုချိုမြင့်ချက်ပြုတ်နေစဉ်အငမ်းမရမျက်လုံးများဖြင့်

ဟင်းကိုကြည့်ကာကျက်ပြီလားဟုမကြာခနမေးနေတတ်သည် ။

 

ထမင်းဟင်းကျက်သောအခါတွင်လည်းအမဲသား

ဟင်းနဲ့ထမင်းကိုအငမ်းမရပါးစပ်အပြည့်သိပ်ထည့်ပြီးစားရာ အမဲသားနှစ်ပိသာမှာ ကုန်လုနီးပါးဖြစ်ပြီး

ချိုချိုမြင့်ထပ်မထည့်ပေး၍သာကျန်ခြင်းဖြစ်၏။

 

ထမင်းမှာလည်းသားဖြစ်သူနဲ့ သူမစားရန်ပင်မကျန်တက်တက်ပြောင်သွားတော့သည်။

 

ချိုချိုမြင့်တစ်ယောက်ယောက်က္ခထီးခုလိုစားသောက်နေတာစိတ်အတွင်းမသင်္ကာဖြစ်ပေမယ့်ယောက်ကျားဖြစ်သူကိုတော့ ဖွင့်မပြောဖြစ်ပေ၊ သူအဖေကိုစေတနာမရှိမကျွေးချင်ဟုအထင်ခံရမည်စိုးသောကြောင့်ဖြစ်သည်။

 

နေ့လည်ပိုင်းတွင်ဥယျာဉ်ခြံအတွင်းမှပီလောပီနံဥမျာ

တူးပြီးပြုတ်ရာဦးဖိုးကွန်းကိုစားခိုင်းရာမစားပဲအိပ်နေတာကြောင့်လုပ်စရာရှိတာလုပ်နေချိန် နောက်ဖေးသို့ရုတ်တရက်ကြည့်မိရာ ပီလောပီနံဥနှစ်ပိသာခန့်ထည့်ပြုတ်ထားသောအိုးအနီးဆောင့်ကြောင်ထိုင်ပြီး အခွံပင်မခွာပဲ အငမ်းမရစားနေသောဦးဖိုးကွန်းကိုကြည့်၍ထိတ်လန့်သွားမိ၏ ။

 

”..အစ်ကို…ပြောစရာရှိလို့.. ကျွန်မကိုတစ်မျိုးတော့မထင်နဲ့နော်… ”

 

”..ဟေ..လင်မယားခြင်းအထူးအဆန်းဘာပြောစရာရှိလို့လဲကွ… ပြောလေ….”

 

”..ဟိုလေ..အဖေကိုခုတလောသတိထားကြည့်မိသေး လား အဖေကခါတိုင်းအိမ်ထဲအောင်းနေတတ်သူမဟုတ်ဘူး.. ခုအိမ်ထဲကအိမ်ပြင်မထွက်ဘူးတနေကုန်အိပ်ယာထဲပဲနေတယ် နောက်စားတော့လဲ အရင်ထက်သုံးလေး

ဆလောက်ပိုစားနေတယ် အစ်ကို….”

 

”အော်..ဒါကတော့သူခံတွင်းတွေ့လို့နေမှာပေါ့ကွာ

စားပါစေ..ငါတို့လည်းကုသိုလ်ရတာပေါ့ …”

 

”..အဲလိုမဟုတ်ဘူး..အစ်ကိုအဖေဟာလည်း

ညီမအဖေလိုပါပဲ.. ခုဟာက အမဲသားဆိုရင်ပိသာလိုက်စားတယ် ဆန်ဆိုရင်ရင်

သုံးလေးလုံးချက်တာတောင်မဝချင်ဘူး…

ဟိုနေ့ကဆိုပီလောပီနံဥ နှစ်ပိသာတစ်ယောက်တည်းအကုန်စားတာ …”

 

”..ဟေ…ဟုတ်ပါ့မလားကွ..မင်းဟာက…”

 

”..အစ်ကိုကမနက်ဆိုအလုပ်သွား ညမှောင်မှပြန်လာတော့ဘာမှမသိတာ အစ်ကိုအဖေအခြေအနေမူမမှန်

တာအစ်ကိုစောင့်ကြည့်စေချင်တယ်…”

 

”…အေးပါကွာ…”

 

နိူင်ဝင်းအလုပ်တစ်ရက်နားချိန်တွင်ဇနီးဖြစ်သူမှ

ဦးဖိုးကွန်းမူမမှန်ဖြစ်နေသောအခြေအနေကိုပြောပြနေရာနိူင်ဝင်းမှာ ယုံရခက်ကြီးဖြစ်နေ၏ ။

 

ဇနီးဖြစ်သူချိုချိုမြင့်မှာစိတ်သဘောထားကောင်းသူဖြစ်ပြီးမဟုတ်မမှန်လုပ်ကြံမပြောတတ်သူဖြစ်ကြောင်းလည်းနိူင်ဝင်းအသိဆုံးပင်ဖြစ်သည်။

 

”…သားရေ… နိူင်ဝင်း…ခနလာပါအုံးကွာ…”

 

” ..အဖေခေါ်နေတယ် မိန်းမရေ… ဘာပြောမလို့လဲ

မသိဘူး သွားကြည့်လိုက်အုံးမယ်… ”

 

လင်မယားနှစ်ယောက်အိမ်ရှေ့သစ်ပင်အောက်

ကွက်ပစ်ပေါ်ထိုင်စကားပြောနေကြချိန်ဦးဖိုးကွန်းခေါ်သံကြောင့်နိူင်ဝင်းမှာဖခင်အိပ်ယာအနီးသွားလိုက်ရာဒေါင့်တဒေါင့်တွင်ခွေခွေလေးကုတ်နေသောဖခင်ကိုတွေ့လိုက်ရသည် ။

 

”…မင်းအားနေတုန်း ခိုင်းရအုံးမယ် ဒီမှာကြည့်ပါအုံးကွာနေရောင်ထိတာ… အိမ်အမိုးခနတက်ပြီးဖာထေးပေးစမ်းပါ…”

 

”..ဟာ..အဖေမီးလောင်သလိုတောင်ဖြစ်နေပါလာ

နေရောင်ထိတာကော ဟုတ်ရဲ့လားဗျာ…”

 

”..ဟုတ်ပါတယ်ဆိုမင်းကလည်းစစ်လားဆေးလားနဲ့

..”

 

အိမ်ဓနိအမိုးမှာပေါက်ပြဲသောနေရာမှနေရောင်ကွက်

လေးများအိပ်ယာပေါ်ဟိုတစ်ကွက်၊ဒီတကွက်ကျနေခြင်းကိုဦးဖိုးကွန်းကနိူင်ဝင်း ဖာထေးခိုင်းခြင်းနဲ့အတူ သူ့အကျီ င်္

င်္ချွတ်ပြရာမီးပူဟပ်မိသကဲ့သို့အရည်ကြည်ဖုများ ရင်ဘတ်ပေါ် သုံးလေးခုထနေခြင်းနဲ့ အတူ၊အသားပြည့်ပြည့်

သူ့အဖေမှာသုံးလေးရက်အတွင်းနံရိုးပျိုင်းပျိုင်းပေါ်လျက်ပိန်ချုံးကျနေသည်ကိုတွေ့လိုက်ရ၏ ။

 

နိူင်ဝင်းတို့အိမ်တွင်နေချိန်နှစ်လအတွင်းဦးဖိုးကွန်းမှာထူးဆန်းသောအပြုအမူများမူမမှန်သောအပြုအမူများရှိနေ၏။

 

ထမင်းကိုလူနှစ်ယောက်စာခန့်စားခြင်း၊ မကြာခနအသားဟင်းစားရန်တောင်းခြင်း အသားဟင်းများနေဖို့ညစာချန်ထားလျင် ညဖက်ချန်ထား၍မနက်မိုးလင်းကြည့်ပါက ဟင်းအိုးအတွင်းဘာမှရှိနေခြင်းကို

ချိုချိုမြင့်က ဦးဖိုးကွန်းစားမှန်းသိသော်လည်း သူယောက်ကျားကိုပြောလျှင်စေတနာမရှိ၍ပြောသည်ထင်မည်စိုး၍ ကျိတ်မှိတ်မြိုသိပ်၍သာနေ၏ ။

 

သို့ရာတွင်စိတ်အတွင်းဦးဖိုးကွန်းကိုသင်္ကာမကင်းစိတ်ဝင်ပြီး သားဖြစ်သူကိုဦးဖိုးကွန်းနဲ့နှစ်ယောက်တည်း

ဘယ်တော့မှမထားပဲ သွားလေရာခေါ်ကာမျက်စိအောက်ကအပျောက်မခံ

ထားတတ်သည် ။

 

နှစ်လပြည့်ချိန် ဒုတိယအစ်မကဦးဖိုးကွန်းကိုလာခေါ်ရာပိန်ချုံးနေသောဦးဖိုးကွန်းကိုကြည့်ပြီးအဖေဖြစ်သူကိုမကျွေးမွေး၍ပိန်နေတာဖြစ်ကြောင်းအော်ကြီးဟစ်ကျယ်ပြောဆိုကာခေါ်သွားတော့သည် ။

 

ဦးဖိုးကွန်း ရောက်ပြီးတပတ်မပြည့်မှီမှာပင် ဒုတိယအစ်မဖြစ်သူမှာ အငယ်ဆုံးညီမထံသို့ ဦးဖိုးကွန်းကိုလာပို့၏ ။

 

အိမ်တွင်ချက်ထားသမျနေ့ဖို့ညစာအကုန်စားကြောင်း အသားငါးများချက်ပါက ချက်သမျအကုန်စားပြီး

ချန်ထားသမျလည်းပျောက်ကုန်သောကြောင့်သူ့ယောက်ကျားမှာထမင်းစားမည်ကြံတိုင်းဟင်းမရှိသောကြောင့်သူနဲ့ပြသာနာမကြာခနဖြစ်သောကြောင့်လင်မယားပင်ကွဲနိူင်သောအခြေအနေမို့ကူညီပေးပါရန်ညီမဖြစ်သူထံလာပို့ထားသည်။

 

တတိယောက်မြောက်သမီးမှာအစ်မပြောစကား

မယုံသော်လည်း ဦးဖိုးကွန်းအိမ်ရောက်သောအခါ

ဦးဖိုးကွန်းစားသောက်မူကိုကြည့်ပြီးမျက်လုံးပြူး

ရတော့၏ ။

 

အသားဟင်းမချက်သောနေ့များဆိုလျှင် အိမ်ကိုခြေဆောင့်နင်းပြီးမကျေမနပ်တောက်ခေါက်လျှက်ရှိနေသောသူ့အဖေနဲ့လင်ဖြစ်သူအရက်သမားကမကြာခနပြသာနာတက်လာတော့သည်။

 

ထိုသို့ဖြင့်ဦးဖိုးကွန်းတစ်ယောက်သားကြီးနဲ့သမီးများ

အိမ်တွင်နေထိုင်၍တစ်လမပြည့်မှီအချိန်မှာပင် နိူင်ဝင်းထံပြန်လာပို့ကြတော့၏ ။

 

သားသမီးများကမိဘမို့သည်းခံနိူင်သော်လည်း တစ်ခြားသူများဖြစ်သောဇနီးခင်ပွန်းများကလက်မခံကြသောကြောင့်နိူင်းဝင်းထံရောက်လာကြခြင်းဖြစ်၏။

 

လိုအပ်သောဆန်ဆီဆားများသူတို့ပေးမည်ဖြစ်ကြောင်းနဲ့နိူင်ဝင်းတို့မှဦးဖိုးကွန်းကိုစောင့်ရှောက်ပေးရန်ပြောလာသည်။

 

နိူင်ဝင်းမှာ ညီအစ်ကိုမောင်နှမများအားလုံးတွင်

စီးပွားရေးမပြေလည်ဆုံးဖြစ်၏ ။

 

သို့ရာတွင် တနေ့တခြားပိန်ချုံးလာသောဖခင်ကိုကြည့်၍ စိတ်မကောင်းဖြစ်ကာလက်ခံထားလိုက်သည် ။

 

”…အစ်ကို ဒီတစ်နေ့အလုပ်နားလိုက်ပါလား…”

 

”…ဟေ..ဘာဖြစ်လို့လဲ မိန်းမရ….”

 

”…နားလိုက်ပါ.. အစ်ကိုရယ်.. ညီမအစ်ကို့ကို

လက်တွေ့ပြစရာတစ်ခုရှိတယ်…”

 

”..ဘာများလဲမိန်းမရ လင်မယားခြင်းလျို့ဝှက်ချက်တွေနဲ့ အခုပြောပြလို့

မရဘူးလား….”

 

”…မကြာခင် အစ်ကိုသိရပါလိမ့်မယ်..အခုတော့

ပြောပြလို့မရသေးဘူး…”

 

ချိုချိုမြင့်တစ်ယောက် ညနေစောင်းတွင်အိမ်တွင်မွေး

ထားသောကြက်ဖကြီးတစ်ကောင်ကိုနိူင်ဝင်းကိုသတ်ခိုင်း၍ဆီပြန်ဟင်းချက်နေရာကြက်သား ဟင်းအနံ့ကတအိမ်လုံးပျံ့နေ၏ ။

 

ချိုချိုမြင့်တစ်ယောက်ကြက်သားဟင်းချက်ရင်း

ဦးဖိုးကွန်းကိုမသိမသာခိုးကြည့်ရာဂနာမငြိမ်စွာဖြင့်ရှိနေသည်ကိုမြင်တွေ့နေရသည်။

 

ညစာထမင်းစားချိန်ဦးဖိုးကွန်းတစ်ယောက်

ထမင်းကိုအနည်းငယ်မျသာစားပြီးအိပ်ယာဝင်သွားသည်။

 

ညဆယ်နာရီခန့်တွင်ဆီမီးခွက်မီးကိုငြိမ်းလိုက်ရာ

တစ်အိမ်လုံးမှောင်မဲသွားသည်။

 

ချိုချိုမြင့်မှာတစ်နေကုန်အိပ်ထားသောကြောင့်

အိပ်ယာတွင်မအိပ်ပဲငြိမ်သက်စွာဖြင့်ရှိနေ၏။

 

ထိုအချိန်

ခြေဖွနင်းသော်လည်းဝါးကြမ်းခင်းဖြစ်သောကြောင့် တကျွီကျွီမြည်သံထွက်လာသောအသံထွက်လာရာ

ခင်ပွန်းဖြစ်သူကိုလူပ်နိူးပြီးလေသံတိုးတိုးဖြင့်….. …

 

..အစ်ကိုအသံမထွက်နဲ့ ဖြည်းဖြည်းထပြီးတော့ မီးဖိုချောင်ကိုမီးထိုးကြည့် …

 

ဇနီးဖြစ်သူကနိူင်ဝင်းကိုလူပ်နိူးပြီးလေသံတိုးတိုးနားကိုကပ်သတိပေးစကားပြောရင်းလက်နှိပ်ဓတ်မီးပေးလာရာနိူင်ဝင်းမှာ ဘာကိစ္စမှန်းမသိသော်လည်း အရေးကြီးကိစ္စတစ်ခုခုရှိရမည်တွေးပြီး အသံမမြည်အောင်ထထိုင်ပြီး လက်နှိပ်ဓတ်မီးဖြင့် ဇနီးဖြစ်သူပြောသောမီးဖိုချောင်ကိုထိုးကြည့်လိုက်တော့၏ ။

 

”…ဟာ…အဖေ….”

 

လက်နှိပ်မီးရောင်အောက်မြင်လိုက်ရသောမြင်ကွင်းမှာနိူင်ဝင်းကိုအံ့သြကြောင်ငေးသွားစေသည်။

 

ဦးဖိုးကွန်းတစ်ယောက်ညနေကကျန်သောကြက်သားအိုးအနီးတွင်ဆောင့်ကြောင့်ထိုင်ပြီး အိုးအတွင်းမှကြက်သားများကိုအငမ်းမရနိူက်စားနေခြင်းကိုလက်ပူးကြပ်တွေ့လိုက်ရခြင်းပင်ဖြစ်သည် ။

 

”..အဖေ..အရမ်းဗိုက်ဆာလာလို့ ထစားနေတာပါကွာ….”

 

”..အမှောင်ထဲမှာ စမ်းတဝါးဝါးအဖေရာ ကြမ်း

ပေါက်ကျွံနေမှဖြင့်လာလာ…အိပ်ယာကိုသားလိုက်

ပို့ပေးမယ်….”

 

နိူင်ဝင်းတစ်ယောက်ဖခင်လက်ကိုဆွဲပြီးအိပ်ယာအတွင်းလိုက်ပို့ပေးလိုက်၏ ။

 

ချိုချိုမြင့်မှာနိူင်ဝင်းကိုလက်ကုတ်ပြီးအိမ် အောက်သို့ခေါ်သွားလိုက်သည်။

 

”..ဘယ်လို.. လုပ်ကြမလဲ.. အစ်ကို….

အဖေအခြေအနေက အတော်ဆိုးလာပြီ……”

 

”…ဟေ..ဘာဖြစ်လို့လဲကွ.. အဖေကအသက်ကြီးလို့

သူငယ်ပြန်ချင်တာလား..ဖြစ်မယ်ထင်ပါတယ်…. ”

 

”…မဟုတ်ဘူး …အစ်ကို….အဖေအခြေအနေကိုကျွန်မ မသင်္ကာဘူး…

 

…ကျွန်မရှင်းရှင်းပဲပြောမယ်အစ်ကို အဖေကို

ဖုတ်ဝင်နေတာများ….”

 

”…တော်….နင့်စကားဒီမှာတင်ရပ်…ငါလင်မယားပြသာနာမဖြစ်ချင်ဘူးဟာ…”

 

နိူင်ဝင်းမှာဇနီးဖြစ်သူပြောစကားကြောင့်ဒေါသပေါက်ကွဲသွားသည်။

 

ချိုချိုမြင့်တစ်ယောက်ပြောလက်စ စကားကိုပင်ဆုံးအောင်မပြောလိုက်ရလင်မယားပြသာနာဖြစ်နိူင်သည့်အခြေအနေမို့ငြိမ်နေလိုက်ရ၏ ။

 

ထိုအချိန်မှာပင်အိပ်ယာပေါ်တွင်ကျန်ခဲ့သော

သားဖြစ်သူ၏ စူးရှစွာအော်ငိုသံကြောင့်လင်မယား

နှစ်ယောက်အိမ်ပေါ် စိုးရိမ်တကြီးပြေးတက်ရင်းနိူင်ဝင်းကလက်နှိပ်ဓတ်မီးဖြင့်ခလေးကိုမီးထွန်းကြည့်လိုက်၏ ။

 

”…အမလေး…ငါ့သားလေး….”

 

…အဖေ..ဘာလုပ်တာလဲ… ခလေးလက်နာနေပြီ

လွတ်လိုက် အဖေ…

 

…ဟာ.. လွတ်လေဗျာ…ကဲကွာ.

 

….ဖျောင်း..ဖျောင်း….ဝုန်း….

 

…နောက်ဆို ကျုပ်သားအနားကို လုံးဝမကပ်နဲ့ အဖေ..

 

လက်နှိပ်မီးရောင်အောက်မြင်လိုက်ရသောမြင်ကွင်းကသွေးပျက်စရာအခြေအနေတစ်ခုပင်။

 

နှစ်နှစ်ကျော်စသားငယ်လက်ကောက်ဝတ်နှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်ဆုတ်ကိုင်ဖျစ်ညှစ်ထားသော ဦးဖိုးကွန်းကိုတွေ့လိုက်ရ၏။

 

ခလေးမှာနာကျင်လွန်း၍အသံကုန်ခြစ်အော်ငိုနေသည်။

 

ဦးဖိုးကွန်းမျက်လုံးများကမျက်ဆံနက်ပျောက်လျက်မျက်သားဖြူကြီးဖြင့်ရှိနေကာ လင်မယားနှစ်ယောက်စိုးရိမ်တကြီးတားမြစ်ဟန့်တားခြင်းကိုအရေးမလုပ်ပဲခလေးလက်ကိုသာမလွတ်တမ်းတင်းကြပ်စွာညှစ်ထား၏။

 

ချိုချိုမြင့်မှာသားငယ်အဖြစ်ကြောင့် သူပါငိုယိုကာ ဦးဖိုးကွန်းလက်ကိုလင်မယားနှစ်ယောက်ဆွဲဖြုတ်ကြသော်လည်းမရပဲရှိနေရာနိူင်ဝင်းမှာသားဇောကြောင့်ဖခင်လက်တဖက်စီကို ဓတ်မီးဖြင့် အားကုန်လွဲရိုက်ချပြီးရင်ဘတ်ကိုဆောင့်တွန်းလိုက်မှ ဦးဖိုးကွန်းနောက်သို့လန်ကျသွားသည်။

 

နိူင်ဝင်းမှာနာကျင်မူကြောင့်ငိုနေသောသားငယ်လက်နှစ်ဖက်ကိုကြည့်ရာရဲရဲနီလျက်ရှိနေရာ ဒေါသဖြင့်ဦးဖိုးကွန်းကိုပြောဆိုမိခြင်းပင်ဖြစ်၏ ။

 

ချိုချိုမြင့်ကတော့ ငိုနေသောသားဖြစ်သူကိုရင်ခွင်ထဲထည့်ချော့မြူနေလျက်ရှိနေသည်။

 

တစ်ညလုံးဆေးပေါ့လိပ်ဖွာရင်းမအိပ်ပဲ နောက်တစ်နေ့တွင်လည်းနိူင်ဝင်းတစ်ယောက်အလုပ်မဆင်းဖြစ်ပဲရှိနေပါ၏ ။

 

”…မင်းတို့သားအမိတွေ မင်းမိဘတွေဆီခနတဖြုတ် သွားနေကြကွာ… ”

 

”…ဟင်..အစ်ကိုက ဘာလုပ်မလို့လဲ….”

 

”…အဖေ့အခြေအနေက အန္တရယ်ရှိလာပြီလေ

ဒီတော့ဘာလဲဆိုတာသိရအောင် လုပ်ရမယ်….”

 

ချိုချိုမြင့်ကိုမိဘများရှိရာမြို့ထဲသို့သားငယ်နဲ့သွားနေရန်နိူင်ဝင်းလိုက်ပို့ပေး၏ ။

 

ချိုချိုမြင့်မှာ မနေ့ညကကြုံခဲ့ရသောသားငယ်အဖြစ်ကြောင့် မိဘထံသွားနေရန်မငြင်းဆန်သော်လည်းခင်ပွန်းဖြစ်သူကိုစိတ်မချစွာသတိထားနေရန်တတွတ်တွတ်မှာကြားနေသည်။

 

နိူင်ဝင်းအိမ်ပြန်ရောက်ချိန်တွင်ဖခင်ကြီးအခန်းဝင်ကြည့်ရာ ညကအဖြစ်ကိုသူမသိသည်အလား ကွေးကွေးလေးအိပ်နေကြောင်းတွေ့ရ၏ ။

 

နိူင်ဝင်းမှာဖခင်အားဒေါသဖြင့်ပြောဆိုမိသည်ကိုခွင့်လွတ်ရန်စိတ်အတွင်းမှပြောဆိုတောင်းပန်နေမိသည်။

 

”…နိူင်ဝင်း…နိူင်ဝင်း……”

 

”..မမြမေ မလာစဖူး လက်မှာလည်းဟင်းခွက်တွေနဲ့

ဘာဖြစ်လို့လဲ…..”

 

”…နင်အဖေအိမ်မှာရှိတယ်မလား။ ”

 

”ရှိတယ် အိပ်နေတယ် အဖေနဲ့တွေ့ချင်လို့လား

နိူးပေးရမလား….”

 

”…မနိူးနဲ့.. မနိူးနဲ့…နင်ကိုပြောစရာရှိလို့.. မနေ့ကညနေက. ငါ့သားအငယ်အကောင် အကောင်း

ကြီးကနေ တငိုငိုတရီရီနဲ့သရဲပူးသလိုဖြစ်နေတာ

အဲဒါရွာထဲက နတ်ဆရာမငွေပုကိုခေါ်ပြတော့ နင့်အဖေကို အသားတပိသာသွားကျွေးရမယ်တဲ့

တကယ်လို့မကျွေးရင်ဒါထက်ဆိုးသွားမယ်တဲ့…

ကျွေးပါမယ်ကတိပေးမှ အကောင်းအတိုင်းပြန်ဖြစ်

သွားတာ…..”

 

”…ဟာ…ဟုတ်ကော…ဟုတ်ရဲ့လားဗျာ….”

 

”…မဟုတ်ပဲပြောပါ့မလားကွယ် ပတ်ဝန်းကျင်အကုန်သိတယ် ဘာလို့မင်းအဖေကို

အသားကျွေးခိုင်းတာလဲ ငါလည်းမတွေးတတ်ဘူး

ရော့..ရော့…ဝက်ပေါ်တာနဲ့ဝက်သား ချက်လာတယ်…

မင်းအဖေကိုကျွေးဖြစ်အောင်ကျွေးလိုက်ပါကွယ်… ”

 

နိူင်ဝင်းမှာ မမြမေသား သရဲဝင်ပူးခံရပြီး

ဖခင်ကိုအသားကျွေးမှပြန်ကောင်းမည်ဆိုခြင်းစကားကိုနားမလည်နိူင်ဖြစ်ရ၏ ။

 

၀က်သားဟင်းကို အိမ်အပြင်တစ်ခြားနေရာတွင်ဝှက်ထားခဲ့ပြီးရွာထဲဖက်လျောက်လာရင်းဘုန်းကြီးကျောင်းအတွင်းဝင်လိုက်ရာသူနဲ့ခင်သောကပ္ပိယကြီးဦးသံလုံးတစ်ယောက်ကျောင်းဝင်းအတွင်းတမြက်စည်းလှဲနေသည်ကိုတွေ့လိုက်ရသည်။

 

”..နိူင်ဝင်း..ခုမှပဲတွေ့ရတော့တယ်…. …”

 

”..အလုပ်ဆင်းနေရလို့ မအားဘူးဖြစ်နေတာ ဦးလေးရေ…”

 

”..ဒါနဲ့ မင်းအဖေရောနေကောင်းထိုင်ကောင်းရှိတယ်မို့လား….”

 

”…အဖေ့ကိစ္စကြောင့်ပဲခေါင်းကိုက်နေရတာဦးလေးရေ…”

 

”..ဟေ..ဘာဖြစ်လို့လဲကွ….”

 

ကျောင်းခြံဝင်းအတွင်းသစ်ပင်ကြီးတစ်ပင်အောက်

ခုံတန်းတွင်ထိုင်ပြီးကပ္ပိယကြီးနဲ့စကားစမြည်ပြောရင်းနိူင်ဝင်းကသူဖခင်ဖြစ်ပျက်နေသောအခြေအနေကိုမချွင်းမချန်ပြောပြလိုက်တော့သည်။

 

”..နိူင်ဝင်းရေ မင်းအဖေအခြေအနေကိုငါမသင်္ကာဘူးကွာ…”

 

”…ဘယ်လိုမျိုးမသင်္ကာတာလဲဦးလေး…”

 

”…မင်းစိတ်တော့မဆိုးနဲ့ကွာ မင်းအဖေကို

ဖုတ်ဝင်ပူးနေတယ်လို့ငါထင်တယ်……”

 

”..ဗျာ…ဖုတ်ဝင်ပူးနေတယ် ဟုတ်လားဦးလေး…”

 

”..အေး..နိူင်ဝင်းပိုသေချာသွားအောင်မင်းပြန်ရင်

သြဇာရွက်တွေခူးသွား..၊

 

ပြီးတော့ မင်းအဖေမသိအောင်သူအိပ်မယ့်အိပ်ယာအောက်မှာအတည့်တစ်ရွက်ပြောင်းပြန်တစ်ရွက် ခုနှစ်ရွက်စီပြီးဖျာအောက်ထည့်ထားကြည့်။

 

တကယ်ဖူတ်ဝင်နေတာမှန်ရင်မင်းအဖေအဲဒီအိပ်ယာပေါ်လုံးဝအိပ်လို့မရဘူး…ဆရာတော်ဝေယျဝစ္စလုပ်ပြီးရင်နေ့လည်ပိုင်းငါလည်းတခေါက်လာကြည့်ပေးပါ့မယ်…”

 

နိူင်ဝင်းမှာကပ္ပိယကြီးစကားကြောင့်သူ့အဖေအခြေအနေကိုစိုးရိမ်သွားပြီးကျောင်းဝင်းအတွင်းသြဇာပင်မှသြဇာရွက်များခူးကာအိမ်ပြန်လာခဲ့သည်။

 

”..အဖေရေ ထမင်းစားရအောင်… ”

 

”…ဟင်းက ဒါပဲလား… မြမေအိမ်က အသားဟင်းလာမပို့ဘူးလားကွ…”

 

”..ဟင်…မမြမေအိမ်က ဟင်းလာပို့မှာ အဖေဘယ်လိုသိတာလဲ…”

 

နိူင်ဝင်းမှာဖခင်ကိုစမ်းသပ်လို၍လာပို့သောဟင်းကို

ထုတ်မကျွေးပဲဝှက်ထားရာဦးဖိုးကွန်းပြောလာသော

စကားကြောင့်အံ့သြစွာပြန်မေးလိုက်ရာဦးဖိုးကွန်းကမသိသလိုလုပ်နေ၏ ။

 

ဝှက်ထားသောဝက်သားဟင်းကိုဦးဖိုးကွန်းကို

ထုတ်ကျွေးရာဦးဖိုးကွန်းမှာအငမ်းမရတပျပ်ပျပ်မြည်အောင်စားသောက်နေစဉ်နိူင်ဝင်းမှာ ထမင်းစားပွဲမှအသာထလာပြီး ဦးဖိုးကွန်းအိပ်ယာအောက်သြဇာရွက်ခုနှစ်ရွက်ကို

အတည့်တရွက်ပြောင်းပြန်တစ်ရွက်ခုနှစ်ရွက်

ထည့်ထားလိုက်တော့သည် ။

 

ဦးဖိုးကွန်းတစ်ယောက်ဝက်သားတစ်ပိသာကိုတစ်

ယောက်တည်းစားသောက်ပြီးအိပ်ယာသို့ပြန်သွားချိန်နိူင်ဝင်းမှာရင်တခုန်ခုန်ဖြင့်အခြေအနေကိုမသိမသာခိုးကြည့်နေလျက်ရှိသည်။

 

…အား..အောင်မလေး…ပူလိုက်တာအား……

 

..အဖေ….အဖေ…ဘာဖြစ်လို့လဲ…

 

…မင်းငါ့အိပ်ယာကိုဘာလုပ်ထားတာလဲပြောစမ်း

 

..မလုပ်ပါဘူးအဖေရ ဘာဖြစ်လို့လဲ..

 

..ငါမသိဘူးမထင်နဲ့ ဟေ့ကောင် မင်းလုပ်ထားတာတွေမင်းပြန်ဖယ်လိုက်နော်

ငါဒေါသထွက်လာပြီ….

 

..ဘာမှမလုပ်ဘူးအဖေရာယုံချင်ယုံ၊မယုံလည်း

မတတ်နိူင်ဘူးဗျာ…

 

အိပ်ယာပေါ်လှဲချလိုက်သောဦးဖိုးကွန်းတစ်ယောက်

ကျောကုန်းကိုမီးစွဲသလိုမီးခိုးထွက်ပြီးအသားညှော်နံ့များထွက်လာ၍နာကျင်စွာအော်ဟစ်ကာ အခန်းထောင့်တွင်ကုတ်ရင်းလာမေးသောနိူင်ဝင်းကိုဒေါသတကြီးပြောဆိုနေရာနိူင်ဝင်းလည်းသူ့အဖေအခြေအနေမဟန်မှန်းသိရပြီမို့စကားခပ်မာမာပြောရင်းအောက်သို့ဆင်းလာခဲ့တော့၏ ။

 

ခြံဝင်းမှကွက်ပစ်တွင်ထိုင်ပြီးဘာလုပ်ရမည်တွေးမရ၍ဆေးပေါ့လိပ်ကိုသာနာနာဖိဖွာလျက်ရှိပါသည်။

ထိုအချိန်မှာပင်ကပ္ပိကြီးဦးသံလုံးရောက်လာပါတော့၏။

 

” အခြေအနေဘယ်လိုလဲ နိူင်ဝင်း စမ်းပြီးပြီလား…”

 

”..ထူးတယ်ဦးလေးရေ အခြေအနေကအတော်ကိုထူးဆန်းနေတာ…”

 

နိူင်ဝင်းတစ်ယောက်အစောကဦးဖိုးကွန်းအခြေအနေကိုခပ်တိုးတိုးပြောပြလိုက်ရာ ကပ္ပိယကြီးမှာမျက်လုံးပြူးသွားတော့သည်။

 

နိူင်ဝင်းကိုခြံအပြင်လက်ကုတ်ခေါ်ရင်းမှ

အိမ်နဲ့ခပ်ဝေးဝေးရောက်သောအခါ…

 

”..မင်းအဖေဖုတ်ဝင်နေတာသေချာသွားပြီနိူင်ဝင်း..”

 

”..ကျွန်တော် ဘာဆက်လုပ်ရမလဲဦးလေးရာ….”

 

”..မင်းသဘောတူရင် ကဘူရွာမှာ အတော်စွမ်းတဲ့

ဆရာတစ်ယောက်ရှိတယ် ။ သူ့ကိုသွားပင့်ပြီးဖူတ်ထုတ်ခိုင်းရမယ်..”

 

”..ဦးလေးပဲကောင်းသလိုကြည့်စီစဉ်ပေးပါတော့ဗျာ…”

 

ကပ္ပိယကြီးအားသူ့အဖေကိစ္စကူညီပေးရန်နိူင်ဝင်းကလွဲအပ်လိုက်ပါတော့တယ်။

 

နှစ်ယောက်သားကဘူရွာသို့ပယောဂဆရာသွားခေါ်ရာရာကံကောင်းထောက်မစွာအိမ်တွင်တွေ့ရသောကြောင့်အကျိုးအကြောင်းရှင်းပြ၍အိမ်သို့ခေါ်လာခဲ့ကြတော့သည်။

 

..တောက် မတက်နဲ့.. အိမ်ပေါ်ကိုတက်မလာနဲ့ဆရာလိုလိုဘာလိုလိုအကောင်ခေါ်လာကြတာပေါ့ အားလုံးသေသွားမယ်..

 

..ဘာမှမကြောက်ကြနဲ့အိမ်ပေါ်တက်ကြ…

 

ပယောဂဆရာနဲ့နိူင်ဝင်းတို့အိမ်နားရောက်ပြီးအိမ်ပေါ်တက်ခါနီးတွင်ဖနောင့်ပေါက်လိုက်မူကြောင့်ဝါးကြမ်းခင်းများကျိုးပြီးတစ်အိမ်လုံးသိမ့်သိမ့်ခါတုန်သွားခြင်းနဲ့အတူဦးဖိုးကွန်း၏လည်ချောင်းသံသြသြဖြင့်ချိန်းခြောက်သံကြားလိုက်ရခြင်းကြောင့်ခြေလှမ်းတုန့်ဆိုင်းသွားကြကုန်၏။

 

ပယောဂဆရာမှ မကြောက်ရန်

အိမ်ပေါ်တက်ရန်အားလုံးကိုပြောပြီး ဘုရားစင်အောက်တွင်နိူင်ဝင်းထမ်းလာသော

အုန်းပွဲငှက်ပျောပွဲချကာဘုရားစင်ပေါ်အမွေးနံ့သာတိုင်များထွန်းညှိပူဇော်လိုက်သည်။

 

”..ဦးဖိုးကွန်းကိုယ်မှာကပ်နေတဲ့မကောင်းဆိုးဝါးကို အထက်မှဆရာ့ဆရာကြီးတွေရဲ့အမိန့်အာဏာနဲ့

ဆင့်ခေါ်တယ် အခုကျုပ်ရှေ့လာဖို့ခေါ်တယ်…”

 

” ..မင်းကများ ရာရာစငါ့ကိုခေါ်တယ်

သတ္တိရှိရင်မင်းကိုယ်တိုင်လာခဲ့စမ်း…”

 

ဦးဖိုးကွန်းမှာအိမ်ထဲမှထွက်မလာပဲ လည်ချောင်းသံ

သြသြကြီးဖြင့်ပြန်လှန်အော်ဟစ်နေခြင်းဖြစ်သည်။

 

”..ဒီဖုတ်ကတော်တန်ဖုတ်မျိုးတော့မဟုတ်ဘူး

ဖုတ်ဘုရင်ဖြစ်ဖို့များတယ် သူ့အပေါ်ခေါင်မိုးက ဓနိတွေခွာချလိုက် နိူင်ဝင်း…”

 

ပယောဂဆရာဆရာစကားကြောင့်နိူင်ဝင်းမှာအိမ်အောက်ဆင်းပြီးအိမ်ဘေးမှလှေကားထောင်ကာ ဦးဖိုးကွန်းအိပ်ရာအခန်းခေါ်မိုးပေါ်တက်၍ဓနိများကိုဆွဲဖြုတ်ခွာချလိုက်သည်။

 

…အား…အောင်မယ်လေး.. ပူတယ်…..ပူတယ်…ပူတယ်..

 

နေရောင်ကဦးဖိုးကွန်းအခန်းသို့ကျလာရာ နေရောင်ထိသောအသားမှာမီးလောင်သလိုအသား

ညှော်နံ့များထွက်ပြီးဦးဖိုးကွန်းမှာအော်ဟစ်ကာ

နေရောင်မကျသောအမိုးအောက်ပြေးလာစဉ်

ပယောဂဆရာမှ သိမ်ဝင်ပုတီးကိုထုတ်ပြီး ဦးဖိုးကွန်းလည်ပင်းစွတ်ချလိုက်တော့၏ ။

 

ဦးဖိုးကွန်းတစ်ယောက်နာရချည်ရဲ့သေရချည်ရဲ့အော်ကာကြမ်းပြင်တွင်လူးလှိမ်းနေပါတော့သည်။

 

ပယောဂဆရာမှ မည်သူမည်ဝါမေးသည်ကိုအစပထမ ဒေါသတကြီးဖြင့်ဖြေဆိုရန်ငြင်းဆန်နေသော်လည်း သိမ်ဝင်ပုတီးလည်ပင်းတွင်အစွတ်ခံထားရ၍နာကျင်စွာအော်ဟစ်နေရသလို၊ရွေထီးဆောင်းပြီး ပရိတ်ရေကိုသြဇာခက်ဖြင့်ပယောဂဆရာကဖျန်းတောက်နေရာနောက်ဆုံးမှလေသံပျော့သွားတော့သည်။

 

”…ပြောစမ်း..ဒီလူ့ကိုယ်ထဲဘယ်လိုဝင်နေတာလဲ…”

 

”..ပြော..ပြောပါမယ်..ပြီးရင်.. သွားခွင့်ပြုပါနာလို့ပူလို့ သေပါတော့မယ်…

အမဲသားတွဲနဲ့သချိုင်္င်းဘေးကဒီလူဖြတ်သွားချိန်

မီးလောင်ပြီးသေလို့သူရဲဖြစ်နေတဲ့

သူရဲတစ်ကောင်က အသားကိုဝင်လုတာ ဒီလူလဲကျပြီးအသက်ပျောက်သွားလို့ သူ့ခန္ဓာကိုယ်

မှီခိုပြီးစားသောက်နေတာပါဒီလူသေသွားတာကြာပါပြီ….”

 

”..အေး..နောက်နောင်ဘယ်သူ့ကိုမှနှောင့်ယှက်တယ်အသံမကြားချင်ဘူး ကြားရင် ငါနဲ့တွေ့မယ်..

မင်းသွားလိုရာသွားနိူင်ပြီ…”

 

ပယောဂဆရာမှဦးဖိုးကွန်းလည်ပင်းမှ သိမ်ဝင်ပုတီးကိုဆွဲဖြုတ်ပေးလိုက်ပြီးဆောင်းထားသော

ရွေထီးကိုဖယ်လိုက်ချိန်

ဦးဖိုးကွန်းတစ်ယောက်မတ်တတ်ကြီးဘိုင်းခနဲလဲကျသွား၏ ။

 

ဦးဖိုးကွန်းရုပ်အလောင်းမှာလဲကျပြီးခနအတွင်း

အသားအရည်များပျော်ကျလာကာ အပုတ်နံ့များမခံမရပ်နိူင်အောင်ထွက်လာသောကြောင့်ကပ္ပိယကြီးမှရပ်ရွာလူကြီးများကိုအကျိုးအကြောင်းပြောပြ၍

ချက်ခြင်းသဂြိ င်္ုလ်ရန်စီစဉ်လိုက်ရတော့သည်။

 

နိူင်ဝင်းမှာလည်းဖခင်ကြီးအလောင်း

မီးသဂြိင်္ုလ်နေသည်ကိုကြည့်ရင်းဖခင်အပေါ်ရိုင်းစိုင်းစွာပြောဆိုမိသည်များကိုခွင့်လွတ်ပါရန်တောင်းပန်လျက်ဖြင့်ရှိနေပါတော့သတည်း။

—————————————–==—-

ပြီးပါပြီ

 

စာကြွင်း..။..။

 

chat boxမှညီငယ်လေးတစ်ယောက်ပြောပြလာသော သူ့အဖိုး၏ဖြစ်ရပ်မှန်ဇတ်လမ်းတပုတ်ဖြစ်ပါသည်။ ထိုကိစ္စများဖြစ်ပွားချိန်ကသူ့အသက်မှခြောက်နှစ်အရွယ်သာရှိသေးပြီးယခုနှစ်ဆယ့်သုံးနှစ်ကျော်ပြီမို့ ထိုအဖြစ်အပျက်မှာလွန်ခဲ့သောဆယ့်ခြောက်နှစ်ဆယ့်ခုနှစ်အချိန်က အမှန်တကယ်ဖြစ်ခဲ့သောဖြစ်ရပ်မှန်တစ်ခုဖြစ်ပါသည်။

မြို့အမည်ရွာအမည်ကိုမလွဲပြောင်းပဲရေးသားထားခြင်းဖြစ်ပြီး။

လူနာနာမည်များတချို့သောအကြောင်းအရာများမှာသက်ရှိထင်ရှားရှိနေသေးသောကာယကံရှင်များကိုထိခိုက်မည်စိုး၍နာမည်လွဲပြောင်းခြင်း။

တချို့မလိုအပ်သောအကြောင်းအရာများကိုချန်လှပ်ရေးသားသည်မှအပဖြစ်ရပ်မှန်ဇတ်လမ်းတပုတ်ဖြစ်ပါကြောင်း…..

—————————-

မြူခိုးအလင်္ကာ