မောင်ရေခဲ နှင့် အတ္တကြီးသူ၏ နောင်တ(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် အတ္တကြီးသူ၏ နောင်တ(စ/ဆုံး)
——————————————————–
ဖုန်ထောင်းထောင်းထသည့်လှည်းလမ်းမကြီးအတိုင်း နွားညိုနှစ်ကောင်ကထားသောလှည်းတစ်စီးက လှည်းလမ်းမကြီးအတိုင်းလာနေသည်။ ထိုလှည်းပေါ်၌ လှည်းမောင်းသည့်ဦးကြီးတစ်ယောက်နှင့် လူရွယ်နှစ်ယောက်က တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်လျှက်လိုက်ပါလာကြသည်။ ထိုလူရွယ်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အချစ်များပြည့်ရွှမ်းသောအကြည့်များဖြင့်ကြည့်ရင်း တိတ်ဆိတ်စွာလိုက်ပါလာခဲ့ခြင်းပင်။ ထိုတိတ်ဆိတ်ခြင်းကို ဖောက်ခွင်းလိုက်သူကား လှည်းမောင်းနေသည့် ဦးကြီးပင်။
” မောင်ရင်…. ခုကိစ္စကိုတကယ်စိတ်ရင်းနဲ့ဆုံးဖြတ်ပြီးပြီလား…သားမွေးမယားကျွေးတဲ့ကိစ္စက ထင်သလောက်လွယ်တဲ့ဟာမဟုတ်ဘူးနော်….”
” ကျွန်တော်ပြောပြီးပြီကောအဘရဲ့….ကျွန်တော်အကြိမ်ကြိမ်စဉ်းစားပြီး ဆုံးဖြတ်ပြီးပြီ…ကျွန်တော်ချယ့်ကိုတကယ်ယူမှာဗျ…”
” အေးပါ…ငါကနင်တို့လူငယ်နှစ်ယောက်ရဲ့ချစ်ခြင်းကိုမခွဲချင်ပါဘူး…ဒီကိစ္စ ငါ့နှမ မြဆင့်သိရင် အဆင်ပြေပါ့လားစိုးရိမ်လို့ပါ…ပြီးတော့ ဒီကလေးမရဲ့မိဘတွေကရော သဘောတူကြည်ဖြူမတဲ့လား….”
” အမေက ကျွန်တော်ပြောရင်ရပါတယ်ဗျာ…ချယ့်ရဲ့မိဘတွေကိုတော့ ကျွန်တော့ကိုလက်ခံလာအောင်ပြောယူရတော့မှာဘဲမတတ်နိူင်ဘူး….ဒီကိစ္စနောက်မှရှင်းရအောင်အဘရယ်…ကျွန်တော့ဇနီးလောင်းလေးစိတ်ညစ်နေပါဦးမယ်….”
” အေးပါကွယ်အေးပါ….”
ဦးကြီးကထိုသို့ပြောပြီးလှည်းကိုသာ ဂရုတစိုက်ဆက်မောင်းနေ၏။ လူရွယ်ကား ချစ်ရသူမိန်းကလေး၏စိတ်အားငယ်နေမှုကိုပြေလျော့စေရန်အလို့ငှါ အားပေးနှစ်သိမ့်ရင်း ရင်ခွင်ထဲ၌ထွေးပွေ့ထားလိုက်၏။
အမှန်မှာ ထိုလူရွယ်နှစ်ယောက်က ခိုးပြေးလာကြခြင်းပင်။ ခိုးပြေးလာသည်ဆိုသော်ငြား နှစ်ဖက်မိဘကသဘောမတူ၍ ခိုးပြေးလာခြင်းမဟုတ်။ ကောင်မလေးမိဘက သမီးဖြစ်သူနဲ့မခွဲနိူင်သဖြင့် လက်ထပ်ပြီး သူနဲ့မခွဲမခွာနေနိူင်မှသာလျှင် သဘောတူမည်ပြောရာ ဤကဲ့သို့ခိုးပြေးလာကြခြင်းပင်။
ထိုသို့ဖြစ်လာစေသည့်အကြောင်းရင်းတရပ်လည်းရှိသေးသည်။ ကောင်လေး၏မိခင်မှာနာတာရှည်ရောဂါသည်ဖြစ်နေသဖြင့် ဤသားတစ်ယောက်သာအားကိုးအားထားပြုရကား ယောက္ခမအိမ်သို့ကောင်လေးက မိခင်ကိုထားပြီးလိုက်မနေနိူင်။ ကောင်မလေးကလည်း မိဘနှင့်အချစ်နှစ်ခုကြားမှအချစ်ကိုရွေးချယ်လိုက်သဖြင့် သျှောင်နောက်ဆံထုံးပါ ဆိုသလို ခိုးရာလိုက်ပြေးခြင်းပင်တည်း။
နာရီအတော်ကြာလှည်းစီးလာပြီးနောက် ကောင်လေး၏ဇာတိချက်မြုပ်ရာဇာတိရွာသို့ရောက်ရှိလာခဲ့သည်။
” မောင်….ချယ်ကြောက်တယ်…မောင့်အမေကချယ့်ကိုကြည်ဖြူပါ့မလား…”
” အမေက မောင့်သဘောပါချယ်ရဲ့…မောင်ပြောရင်ရပါတယ်…ချယ်ဘာမှစိတ်မပူနဲ့မောင်ရှိတယ်…”
” အင်းပါ…”
တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း ဖြစ်လာမည့်ပြဿနာအရပ်ရပ်ကိုရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်ကြ၏။ ခဏ၌ကောင်လေး၏အိမ်ရှေ့၌ လှည်းထိုးရပ်လိုက်၏။
” ချယ်…လာ…သေချာဆင်းဦးခြေချော်နေမှာစိုးလို့….”
” အင်းပါမောင်ရဲ့….”
” ကဲ..အဘရေမနက်မှလာခဲ့မယ်နော်…. ”
” အေးပါလူလေးရယ်… ကဲအဘပြန်ပြီဟေ့…”
လှည်းမောင်းသည့်ဦးကြီးက လှည်းဦးပြန်လှည့်ရင်းခြံပြင်သို့တငြိမ့်ငြိမ့်မောင်းထွက်သွားလေ၏။
” လာချယ်….”
လူရွယ်ကမိန်းကလေးလက်ကိုဆွဲရင်း စေ့ထားသောအိမ်တံခါးကိုညင်သာစွာဖွင့်လိုက်၏။
” အမေ…သားပြန်ရောက်ပြီ…ဒီမှာအမေ့ချွေးမလည်းပါလာတယ်…ကြိုဆိုလိုက်ပါဦးဗျ….”
” အဟွတ်အဟွတ်….သား….လာလာသမီးလေးဒီမှာလာထိုင်….အမေကြီးနေမကောင်းတော့အိမ်သန့်ရှင်းရေးမလုပ်ထားလိုက်ရဘူး….”
ဒေါ်မြဆင့်က သားဖြစ်သူ၏လုပ်ရပ်ကိုအံ့ဩမိသော်လည်း တဖက်မိန်းကလေးအနေရမခက်စေရန် အလျှင်အမြန်ပင်နေရာထိုင်ခင်းပေးလိုက်၏။
” သား….သားပြောတော့ တစ်ဖက်ရွာဆီလုပ်အားခသွားယူတာဆို… ဘယ်လိုဖြစ်လို့မိန်းကလေးကပါလာရတာလဲ….”
” မေးမနေပါနဲ့တော့အမေရာ….သားချစ်သူစိတ်ဆင်းရဲတာမမြင်ချင်ဘူး….”
” စိတ်ဆင်းရဲစေချင်လို့အမေမေးတာမဟုတ်ဘူးသား…ဒီကောင်မလေးရဲ့မိဘတွေကကော ဒီကိစ္စကိုသဘောတူမတဲ့လား….အမေတို့ရဲ့အခြေအနေကို ကောင်မလေးမိဘတွေကသိပြီးပြီလား…. သူများသားသမီးကိုယူထားရင် သူ့မိဘအိမ်လောက်မသာရင်တောင် အဲထက်မလျော့ရဘူးသားရဲ့….ခုအမေတို့အခြေနေက….အဟင့်….”
ဒေါ်မြဆင့်ကပြောရင်း ရှိုက်သံထွက်ကာပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာခဲ့သည်။ သားဖြစ်သူအရွယ်ရောက်ပြီကို သိသော်လည်း စားဝတ်နေရေးကရှိသေးသည်။ တစ်နေ့လုပ်မှတစ်နေ့စားရသူများပေမို့ အနေအစားဆင်းရဲသည်။
” ကဲပါအမေရယ်….သားတာဝန်ယူနိူင်လို့ခေါ်လာခဲ့တာပေါ့….အမေ့ကိုရော ချယ့်ကိုရော မပင်မပန်းဘဲ လူလည်းလှ ဝမ်းလည်းဝ ထားနိူင်အောင်သားကြိုးစားပါ့မယ်….”
” အမေရယ် မငိုပါနဲ့ ဘယ်လိုအခြေနေဘဲဖြစ်ဖြစ် မောင်ရှိရင်သမီးနေနိူင်ပါတယ်… သမီးကိုလည်း အမေ့သမီးအရင်းတစ်ယောက်လိုပြောဆိုဆုံးမပေးပါ….”
” အေးပါကွယ်….သားတို့သမီးတို့ပင်ပန်းလာကြရောပေါ့ နားလိုက်ကြပါဦး ….အမေလည်းနေမကောင်းလို့ခနနားလိုက်ဦးမယ်…”
ဒေါ်မြဆင့်က ဝမ်းနည်းသည့်အမူအရာဖြင့် တဘက်သို့လှည့်ကာ အိပ်နေလိုက်၏။
**************************
မောင်ရေခဲတို့ဆရာတပည့်လည်း နေရာအနံ့ဘုရားဖူးလိုက်၊အဓိဌာန်ဝင်လိုက်ဖြင့် ဆေးကုမှုကိုလအတော်ကြာနားထားကြသည်။ သည်ကြားထဲတွင်ထင်ပေါ်ကိုလည်း ပညာအဆင့်တိုးပေးရင်း သူကိုယ်တိုင်လည်း ဆရာ့ဆရာများထံမှ လေ့လာသင်ယူ၏။
” ကျွန်တော်တို့်ရွာလှည့်ပြီး ဆေးမကုတာကြာပြီနော်ဆရာ…ခုရောဘယ်ဆက်သွားကြမလဲ….”
” ဒီလိုဘဲ အချိန်ရတုန်းဖူးခွင့်ကြုံတုန်း ဘုရားတွေလှည့်ပတ်ဖူးရင်း ကူညီသင့်တဲ့လူတွေကို ကူညီရမှာပေါ့ထင်ပေါ်ရေ..”
” ဒါနဲ့ဆရာ ကျွန်တော်တို့ရောက်ခဲ့တဲ့ဘုရားတွေတိုင်း တန်ခိုးကြီးဘုရားတွေချည်းနော်….. ”
” ဒါပေါ့….ငါတို့ဖူးခဲ့တဲ့ဘုရားတွေက ပွင့်ခဲ့လေပြီးတဲ့ ဘုရားအဆူဆူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ပစ္စည်းတွေ၊အသုံးအဆောင်တွေကိုဌာပနာထားတဲ့ဘုရားတွေကွ…ဘာလို့ဒီလိုတန်ခိုးကြီးဘုရားတွေဘဲရွေးပြီး အဓိဌာန်ဝင်ရတယ်ဆိုတာမင်းသိလားထင်ပေါ်….”
” မသိဘူးဆရာ….”
” အေးမသိရင်ပြောပြမယ်….ဘာလို့လဲဆိုတော့ ငါတို့ရဲ့ဆရာသခင်တွေကလဲ ဒီတန်ခိုးကြီးဘုရားတွေကိုဖူးရင်း၊အဓိဌာန်ဝင်ရင်း ကြုံတောင့်ကြုံခဲတဲ့ ဘုရားရှင်လက်ထက်ကနတ်မင်းကြီးတွေဆီကနေ ဘုရားဟောတဲ့တရားဓမ္မအစစ်ကို နာယူခဲ့ရဖူးလို့ကွ….”
” ဟင်…တရားဓမ္မကအတူတူဘဲမလားဆရာ….”
” ဘယ်တူမလဲကွာ…. ဘုရားတစ်ဆူနဲ့တစ်ဆူကတရားဟောပုံခြင်းဘယ်တူပါ့မလဲ….ပြီးတော့ ဘုရားရှင်ရဲ့တရားကိုလက်တွေ့နာဖူးတဲ့သူနဲ့ ဘုရားရှင်ဟောခဲ့တာဆိုပြီးခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့တရားဓမ္မတွေကို ပြန်ဟောတဲ့သူနဲ့ကွာတော့သွားတာပေါ့….ပြောရရင်တော့အနှစ်သာရပေါ့သွားတာမျိုးပေါ့ကွာ….”
” ဒါနဲ့လေဆရာ…. ဘုရားရှင်တွေပွင့်ခဲ့တာ ကဂုသန်ဘုရားအစ ဂေါတမဘုရားအဆုံး လေးဆူတွေရဲ့ တရားဓမ္မကိုနာကြားဖူးတဲ့ နတ်တွေကတကယ်ရောရှိပါ့မလား…. ”
” ဆရာသခင်ပြောတာတော့ သက်တော်ရှည်နတ်ဘိုးဘိုးကြီးတွေရှိတယ်တဲ့ သူတို့ကနေ မြတ်ဘုရားလေးဆူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ယူပြီးဌာပနာတိုက်သွင်းပူဇော်တာတဲ့ထင်ပေါ်ရဲ့….”
” အဲလို့ဆိုတော့လည်း ကျွန်တော်အဲဒီသက်တော်ရှည်နတ်ဘိုးဘိုးကြီးဆီကနေ ပွင့်တော်မူသွားခဲ့တဲ့ မြတ်ဘုရားလေးဆူတို့ရဲ့ပုံပန်းသွင်ပြင်နဲ့ တရားဓမ္မစကားတွေကို မေးစမ်းနာယူချင်ပါရဲ့ဗျာ….”
” နာခွင့်ကြုံရင်တော့ နာရမှာပေါ့ငါ့တပည့်ကြီးရေ ကဲ…ဒီနေ့တော့ဥက္ကလာပမင်းတည်ထားကိုးကွယ်ခဲ့တဲ့ ရွှေတိဂုံစေတီတော်မြတ်ကို ဝင်ဖူးကြစို့ရဲ့…..”
ဤသို့ဖြင့်ဆရာတပည့်နှစ်ယောက်သား ရွှေတိဂုံဘုရား၏မြောက်ဘက်စောင်းတန်းမှတက်လာကြပြီး လက်ယာရစ်ပတ်ပြီးလျှင် ရာဟုထောင့်၌ ပုတီးစိပ်တရားထိုင်နေလိုက်ကြ၏။
***************************
ငပုတောကျေးရွာသို့ ရောက်လာခဲ့ပြီးနောက်ပိုင်း မိခင်ဆီသို့မပြန်ဖြစ်တော့ပေ။ ချမ်းသာသည့်ဘဝမှ ဆင်းရဲသည့်ဘဝသို့ရောက်သွားသော်လည်း ညည်းညူမှုမရှိဘဲ မရှိရှိတာလေးနဲ့ မျှဝေစားသောက်တတ်နေလေပြီ။ မိဘအိမ်မှာဂျီးများခဲ့သမျှ ယခုမူကား ငပိရေကျိုနဲ့ပင် ထမင်းစားတတ်ခဲ့လေပြီ။ ဤဘဝလေးကိုပင် ချယ်ပျော်ပျော်ကြီးလက်ခံတတ်နေပေပြီ။ သူမကိုအရမ်းချစ်သောမောင်နှင့် သမီးအရင်းပမာမေတ္တာပေးသော ယောက္ခမဖြစ်သူမောင့်အမေကြောင့် သူမအိမ်ကိုထင်သလောက်မလွမ်းမိခြင်းပင်။ တွေးနေရင်းဖြင့်ပင် လက်မှပတ်ထားသောနာရီကိုကြည့်မိမှ ညနေ၄နာရီပင်ထိုးတော့မည်။
” ဟယ်…လေးနာရီထိုးတော့မှာဘဲ မောင်တောင်ပြန်လာတော့မယ်…. မဖြစ်ဘူး ထမင်းချက်လိုက်ဦးမှပါ….”
ထိုသို့တွေးပြီး ထမင်းချက်ရန်မီးမွှေးသည်။ ထမင်းချက်ရန်ဆန်အိုးကိုလှပ်လိုက်သည်အခါ ဆန်ကပုံးဖင်ကပ်နေပြီကိုတွေ့လိုက်ရသည်။
” အင်းမနက်ချက်ဖို့ ဆန်မရှိဘူး…. မောင့်လုပ်အားခရှင်းတဲ့ရက်က သုံးရက်တောင်လိုသေးတယ်….ဘယ်လိုလုပ်ရပါ့….”
ထိုသို့တွေးပြီး ရှိသည်ဆန်ကိုချင်ထဲ့ကာ ဆေးပြီးတည်ထားလိုက်သည်။
” အမေ…သမီးထမင်းအိုးတည်ထားတယ်နော်…. သမီးအပြင်ခဏသွားမလို့ ခဏကြည့်ပေးအုံး….”
” အေးအေးသမီးလေး ဘယ်သွားမှာလဲပြောသွားဦး….ညည်းယောကျာ်းက ပြန်လာလို့မတွေ့ရင် အမေ့ကိုနားပူနားဆာလုပ်တော့မှာ….”
” ခဏထဲပါအမေရဲ့… မောင်ပြန်မရောက်ခင် အမှီပြန်ခဲ့မယ်….”
” အေးအေးအဲဆိုလည်း မြန်မြန်သွား မြန်မြန်ပြန်လာခဲ့နော်….”
” ဟုတ်အမေ….”
ထိုသို့ပြန်ဖြေပြီး ခပ်သုတ်သုတ်ထွက်သွား၏။ ဒေါ်အေးမူမှာ နာတာရှည်ရောဂါသည်တစ်ယောက်ဖြစ်သော်လည်း လုံးဝမထနိူင်သည်မဟုတ်။ သွေးဆုံးကိုင်မီးယပ်ဖြစ်နေခြင်းပင်။
ချယ်ချယ်ထွက်သွားပြီး ခဏ၌ ယောကျာ်းဖြစ်သူ အောင်ညို ပြန်လာခဲ့၏။ အိမ်အပေါက်ဝရောက်သည်နှင့်
” ချယ်ရေ မောင်ပြန်ရောက်ပြီ…ထွက်လာကြိုပါအုံးဗျ….”
အလုပ်ကပြန်လာတိုင်းဇနီးသည်၏ မျက်နှာလေးကိုမြင်ရမှ ပင်ပန်းသမျှအမောပြေသည်မို့ ဝိုင်းဝရောက်သည်နှင့်ဇနီးသည်ကိုလှမ်းခေါ်ခြင်းပင်။
” ချယ်ရေ…မိန်းမရေ…မောင်ပြန်ရောက်ပြီလို့…. ထွက်ကြိုပါအုံး….အိပ်ပျော်နေတာလား….”
ထွက်မလာသဖြင့် ထပ်မံခေါ်ကာ အိမ်ထဲသို့ဝင်လာခဲ့၏။
” အမေ…ချယ်ရောမတွေ့ပါလား….အိပ်နေတာလား….”
” အမေတစ်ယောက်လုးံ နင့်ရှေ့ရောက်နေတာတောင် နေကောင်းလားတစ်ခွန်းမမေးဘူး….မိန်းမကိုဘဲမေးနေတယ်….တော်တော်မွေးရကျိုးနပ်တဲ့သား….ညည်းမိန်းမ ရွာထဲခဏသွားနေတယ်ဟဲ့….”
” ဟဲဟဲအမေကလည်း….အမေနေကောင်းနေတာသားတွေ့နေတာဘဲအမေရဲ့…ဒီတော့ မတွေ့တဲ့လူကိုမေးရတာပေါ့ဗျ….ဒါနဲ့ချယ်ကရွာထဲဘာသွားလုပ်တာလဲအမေရ….”
” ဘာသွားလုပ်တာလဲပြောမသွားဘူး…ခဏဘဲဆိုပြီးသွားခဲ့တာဘဲ…”
” ဘုတ်…ဘုတ်…ဘုတ်….”
” မောင်ညိုရေ ဆန်အိတ်လေးထိန်းကူပေးအုံးဗျ…ဆိုင်ကယ်လှဲမှာစိုးလို့….”
စကားပြောနေတုံး အိမ်ရှေ့သို့ဆိုင်ကယ်တစ်စီးထိုးရပ်ပြီး ဆန်အိတ်ထိန်းကူခိုင်း၏။
” ဟ…ဘမောင်…ဒါဘယ်သူ့ဆန်အိတ်လဲဟ…ငါမမှာထားရပါဘူး….”
” မမချယ်လာပို့ခိုင်းတာ မောင်ညိုရ… ကဲကဲသေချာထိန်းနော်ကျွန်တော်ဆိုင်ကယ်ပေါ်ကဆင်းမလို့ဗျ…”
” ချယ်ကပိ့ုခိုင်းတာဟုတ်လားဘမောင်…”
” အေးလေကွာ…ဘာလဲမျက်လုံးမျက်ဆန်ပြုးပြဲနဲ့ကြည့်နေတာ… ဖယ်တော့ရပြီ… ဘယ်နေရာထားပေးရမလဲနေသာပြ ကျုပ်ထမ်းပို့ပေးမလို့….”
” အေး…အေးပါ…အိမ်မီးဖိုဆောင်ဘက်ကိုပို့ပေးကွာ….”
ခဏ၌ ချယ်သည်အထုပ်အပိုးမနိူင်မနင်းနဲ့ ခြံထဲဝင်လာခဲ့၏။
” မောင်…ဘာရပ်ကြည့်နေတာလဲ… လာယူကူပါအုံးရှင့်….”
” ချယ်…ဘာတွေဒီလောက်အများကြီးဝယ်လာတာတုံး…ဒီပိတ်ဆံတွေချယ်ဘယ်ကနေယူတာတုံး….”
” ဟယ်မောင်ကလည်း စကားတွေများနေလိုက်တာ…ရော့ရော့ ဒီဆီပုံးကိုယူပြီးအိမ်ထဲထည့်လိုက်….”
” အစ်မကျွန်တော်ပြန်တော့မယ်ဗျ….”
” အေးအေးမောင်လေး…ဆန်အိတ်ပို့ခဘယ်လောက်လဲ…”
” အစ်မဘဲကြည့်ကြပ်ပြီး ပေးလိုက်ပါဗျ…”
” အေးအေး…ရော့…ကျေးဇူးဘဲနော်မောင်လေး….”
” ဘုတ်…ဘုတ်…ဘုတ်….”
ဆိုင်ကယ်သမားက ပိတ်ဆံယူပြီး ပြန်သွား၏။
” ချယ်…ဒါကဘာတွေလဲ….”
” အိမ်မှာလိုနေတဲ့ဟာတွေလေမောင်ရဲ့…”
” ချယ်…မင်းဒါတွေဝယ်ဖို့ဘယ်ကငွေတွေရတာလဲ…မင်းနားကပ်တွေရောင်းလိုက်တာမလား…”
နားပေါက်ဟောင်းလောင်းဖြစ်နေသော ချယ်၏နားကိုသေချာကြည့်ပြီး ပြောနေခြင်းပင်။
” ဟုတ်တယ်လေမောင်… ဒါတွေချယ်မှမလိုအပ်တော့တာ….”
” ချယ်…ဘာလိ့ုဒီလိုတွေလုပ်ရတာလဲ…. မောင်ချယ့်ကိုယူတာချယ့်ဆီကဒါတွေမျှော်လင့်လို့ယူတာမဟုတ်ဘူးနော်….ဘာလဲချယ်ကမောင်ရှာကျွေးနိူင်တယ်ဆိုတာကိုမယုံတာလား….”
” မဟုတ်ပါဘူးမောင်ရယ်….မောင်တစ်ယောက်ထဲရုန်းကန်ရတာချယ်မကြည့်ရက်လို့ပါ….”
” တော်တော့ချယ်….သူများတွေအမြင်မှာ မောင်တို့သားအမိက ချယ့်မိဘတွေဆင်ထားတဲ့ပစ္စည်းတွေနဲ့ ထိုင်စားနေုကြတယ်လို့ အထင်မခံနိူင်ဘူး….ချယ်ဘယ်သူ့ကိုရောင်းခဲ့တာလဲ မောင်ငွေပြန်စုပြီး ပြန်ယူမယ်….”
ကိုအောင်ညိုကထိုသို့ပြောပြီး စိတ်ဆိုးကာ အိမ်ထဲသို့ဝင်သွားခဲ့၏။ ဒေါ်မြဆင့်က ချယ်ချယ့်အနားလာထိုင်ပြီး
” သမီးလေးရယ်…ဘာလို့ဒီလိုတွေလုပ်ရတာလဲကွယ်….သမီးကဒီလိုလုပ်တော့ ပတ်ဝန်းကျင်ကအမေတို့ကိုဘယ်လိုထင်ကြမလဲ…..”
” အို…အမေရယ် ဘယ်သူတွေဘယ်လိုဘဲမြင်မြင်…သမီးပိုင်တဲ့ပစ္စည်းသမီးဘာဘဲလုပ်လုပ် ဘယ်သူ့ကိုမှထောက်ထားစရာမလိုဘူး….သမီးခိုးလာဝှက်လာတဲ့ဟာမှမဟုတ်တာ…”
ချယ်ချယ်ကထိုသို့ပြောပြီး ဝယ်ခြမ်းလာသည့်ပစ္စည်းများကိုနေရာတကျသိမ်းဆည်းနေ၏။
**************************
စာဘူးတောင်းရွာလေးသည်ကား စီးပွားရေးအချက်အချာကျသည့် လမ်းနံဘေးရှိရွာကလေးဖြစ်ရာ ရွာသူရွာသားများလည်း သူဋ္ဌေးသူကြွယ်ပေါ၏။ မြို့နဲ့သိပ်မဝေးသဖြင့် မြို့မှဈေးသည်များက ဆိုင်ကယ်ဖြင့်တစ်မျိုး စက်ဘီးဖြင့်တစ်ဖုံ လာရောက်ကာ ဟင်းသီးဟင်းရွက်နဲ့အသားငါးတို့ကိုလာရောင်းကြ၏။ ဒေါ်ခင်လတ်ကားခြံဝမှဈေးသည်ကိုမျှော်ရင်း
” ဒီနေ့တော့ ကြက်ကာလသားချက်ရမယ်…”
ကြက်ကာလသားဆိုမှ သမီးဖြစ်သူကိုသတိရမိ၏။ သမီးဖြစ်သူမှာ ကြက်ကာလသားဟင်းကိုအလွန်ကြိုက်၏။ မိဘစကားနားမထောင်ဘဲ လူရောင်မပြောင်သည့် အကောင်နောက်ကောက်ကောက်ပါအောင်လိုက်ပါသွားခဲ့သဖြင့် စိတ်ဆိုးကာ ပြန်မခေါ်ဘဲပစ်ထားမိသော်လည်း မိဘဟူသည်ကား သားသမီးကိုပစ်ထားရိုးထုံးစံမရှိသဖြင့် သတိရလွမ်းဆွတ်နေသည်ကအမှန်။
” ငါ့သမီးလေး အဆင်မှပြေရဲ့လား…. ဟိုငမွဲကောင်က သွေးဆောင်လု့ိသာပါသွားခဲ့ရတာ …ကိုယ့်အခြေကိုမမြင်ဘဲ မတန်မရာမှန်းရတယ်လို့….”
” ဗျို့…အဒေါ်ကြီးဘာယူမလဲဗျ….ကြက်သားပါတယ်…ငါးပါတယ်….ဒီနေ့မနက်မှလာတဲ့အသားတွေအတော်လတ်တယ်ဗျ…”
ဈေးသည်ရောက်လာမှ ဒေါ်ခင်လတ်အတွေးစရပ်သွားပြးီ
” အေးအေးသား… ကြက်သား၅၀သားပေး…လတ်တာသေချာတယ်နော်…တော်ကြာရေထိုးထားတဲ့ဟာနဲ့ညားမှာစိုးလို့အေ့….”
” စိတ်ချအဒေါ်ကြီး….ကျွန်တော့ကြက်သားကရေမထိုး ၊ အလေးမခိုးဘူးဗျ….”
” အေးပါအေ… ပြောတတ်ပါ့…ကဲ…ငါးကြင်းဖြူအစိတ်သားပါထပ်ထဲ့လိုက်… ”
” ဟုတ်ဟုတ်ရမယ်အဒေါ်….”
လင်မယားနှစ်ယောက်သာရှိသော်လည်း အထူးဧည့်သည်ရောက်လာမည်ဖြစ်သဖြင့် ကြက်သားရော ငါးပါဝယ်ထားလိုက်ခြင်းပင်။
ယောကျာ်းဖြစ်သူက သမီးစိတ်ဖြင့် အိပ်ယာထဲလှဲနေလေပြီ။ အသားငါးဝယ်ပြီး ဆေးကြောကာအကောင်းဆုံးဖြစ်အောင်ချက်ပြုတ်ထားလိုက်သည်။
***************************
ချယ်ချယ်နားကပ်ရောင်းပြီးသည့်နောက် အောင်ညိုကအလုပ်ကိုနှစ်ဆပို၍ကြိုးစားသည်။ ချယ့်နားကပ်ပြန်ဝယ်ပေးနိူင်ရန်နှင့်ဆန်ပုံးထဲကိုဆန်အမြဲမပြတ်ဖြည့်ထားနိူင်ရန်ဖြစ်သည်။
” ချယ်…မောင်အလုပ်သွားတော့မယ် …ချယ်နေမကောင်းဘူးလား ညကအိပ်မပျော်ဘူးလား ချယ့်မျက်တွင်းတွေကျနေသလိုဘဲ….”
” ခုရက်ပိုင်းဘာဖြစ်တာလဲမသိပါဘူးမောင်ရယ်…နေရတာကောင်းမနေဘူး… ချယ့်အနားမှာတစ်ယောက်ယောက်ရှိနေသလိုခံစားရတယ်….”
” ချယ်အိပ်ရေးမဝလို့နေမှာပါ… ကဲ… သေချာအနားယူနေ့လည်နေ့ခင်းတရေးတမောအိပ်လိုက်ဦး အဝတ်တွေလည်းလျှော်မနေနဲ့ မောင်ပြန်လာမှလျှော်လိမ့်မယ်ကြားလား…”
” အွန်းပါ…မောင်လည်းအလုပ်လုပ်ရင်ဂရုစိုက်နော်…ထိမိခိုက်မိမဖြစ်စေနဲ့…အိမ်ကိုစောစောပြန်လာခဲ့ဦး….”
” အင်းပါမောင့်ကိုစိတ်ချပါ…ကဲမောင်သွားပြီ…အမေရေသားသွားပြီဗျို့….”
” အေးပါသားရေ ဂရုစိုက်နော်”
” ဟုတ်အမေ…”
ဤသို့ဖြင့် ဝဝဖြိုးဖြိုးဖြစ်ခဲ့သောချယ်ချယ်မှာ တဖြေးဖြေးရုပ်ကျလာပြီး အရိုးပေါ်အရေတင်ဖြစ်လာသည်။ အစားလည်းတရှောင်ရှောင်ဖြစ်လာသည်။ သမားတော်ကိုခေါ်ပြသော်လည်း ဘာရောဂါမှ မယ်မယ်ရရ မရှိ။ သို့ကြောင့်လက်လျှော့ထားရသည့်အခြေအနေသို့ရောက်ရှိလာခဲ့သည်။
သာယာသောနေ့တစ်နေ့၌ အောင်ညိုသည် ဇနီးသည်ကိုဖေးမကူညီရင်း ခြံဝန်းထဲ၌လမ်းလျှောက်နေကြသည်။ ထိုစဉ်နွားလှည်းတစ်စီးက အိမ်ရှေ့၌ထိုးရပ်သွားပြီး မျက်နှာထားတင်းမာခက်ထန်သော အမျိုးသမီးကြီးတစ်ယောက်ဆင်းလာခဲ့သည်။ ထိုအမျိုးသမီးကြီးက ခြံဝန်းကိုအကဲခတ်ကြည့်ရင်း
” ဟဲ့သူငယ်…ဒါကဒေါ်မြဆင့်ရဲ့အိမ်ဟုတ်သလား….”
အောင်ညိုတို့လင်မယားကိုနောက်ကျောဘက်မှမြင်ရသဖြင့် အော်မေးလိုက်ခြင်းပင်။
အောင်ညိုတို့လင်မယားလည်း ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ယောက္ခမဖြစ်သူ ဒေါ်ခင်လတ်မှန်းသိလိုက်ရသဖြင့် မျက်နှာမှာဇီးရွက်လောက်သာကျန်တော့သည်။ ချယ်ချယ်လည်း မိခင်ဖြစ်သူကိုမြင်လိုက်ရသဖြင့် ဝမ်းသာသွားသလိုဖြစ်သွားပြီး ချက်ချင်းပင် မျက်နှာလေးကပြန်ညိုးကျသွားပြီး ယောကျာ်းဖြစ်သူ၏လက်မောင်းကို အားကိုးတကြီးဆုပ်ကိုင်ထားမိသည်။
” ဪ…ဘယ်သူများလဲလို့ ငါ့သမီးကိုခိုးသွားတဲ့သူခိုးပါလား…ကဲဘယ်မှာလဲငါ့သမီးခေါ်ပေးစမ်း….”
” အမေ…စိတ်အေးအေးထားပါ…ကျွန်တော်ရှင်းပြ…ပြ….”
” တော်စမ်းမျက်နှာမွဲကောင်…. ကိုယ့်အခြေနေကိုမသိ အနူလက်နဲ့ရွှေခွက်နိုက်ချင်နေရတယ်လို့… ထွီး….မတန်မရာမှန်းတတ်လွန်းပါ့အေ….”
အောင်ညို့စကားပင်မဆုံးသေး ဒေါ်ခင်လတ်က ထဘီစွန်တောင်ဆွဲခါးထောက်ကာ ဆဲရေးတိုင်းထွာတော့၏။ အောင့်ညို့ဘေးမှ သူ့သမီးကိုမှတ်မိပုံမပေါ်ချေ။
” ငါ့သမီးကိုငါပြန်လာခေါ်တာ…ပြောစမ်းငါ့သမီးဘယ်မှာလဲ….”
” အမေ…အမေ….သမီးဒီမှာလေ…”
ထိုစကားကြောင့် ဒေါ်ခင်လတ်က အောင်ညို့ဘေးမှ ကလေးမကိုသတိထားမိသွားပြီး
” အမလေး…အမလေး…ဘုရားဘုရား…ချယ်ချယ်…သမီးလေး….ဒါငါ့သမီးလေးချယ်ချယ်မှဟုတ်ပါလေစ….အမလေးသမီးရယ် မမှတ်မိနိူင်လောက်အောင်ကို မွဲတေစုတ်ပြတ်နေပါရောလားကွဲ့…ကြည့်စမ်း မင်းသမီး တစ်ပါးလိုနေရတဲ့ငါ့သမီးက လူရုပ်မပေါက်တဲ့အထိခိုင်းစားရက်ကြတယ်ပေါ့…ကလေကချေအုတ်ကြားမြက်ပေါက်တွေရဲ့….”
” မဟုတ်ဘူးအမေ….သမီးနေမကောင်းလို့ရုပ်ကျသွားတာပါ မောင်နဲံမဆိုင်ပါဘူး…

” အမလေး လင်ထိပ်ထားစံမရဲ့…ကမ္မဋ္ဌာန်းရုပ်ပေါက်နေတာတောင် ဒီမျက်နှာမွဲကောင်ကို ကာကွယ်ပေးနေတုန်းပါလား…. လာစမ်းအမေနဲ့ပြန်လိုက်ခဲ့….ရွှေဘုံပေါ်ထားတာကို ပြာပုံထဲတိုးမဝင်ချင်စမ်းပါနဲ့….”
ဒေါ်ခင်လတ်ကအတင်းဆွဲခေါ်ပါသော်လည်း ချယ်ချယ်ကအောင်ညို့လက်မောင်းကိုသာ မြဲစွာဆုပ်ကိုင်ထားဆဲပင်။
္ဖ” တော်ပါတော့အမေ…သမီးသေရမယ်ဆိုရင်တောင် သမီးချစ်တဲ့သူနားမှာဘဲသေမယ်…သမီးပြန်မလိုက်နိူင်ဘူး တောင်းပန်ပါတယ်အမေပြန်ပါတော့… အဖေ့ကိုလည်းပြောပေးပါ သမီးတောင်းပန်ပါတယ်လို့….”
” အမလေး….အမေ့ကိုတောင်ကက်ကက်လန်ပြီးပြန်ခံပြောနေပါ့မလားမိချယ်…ညည်းလည်းမျက်နှာမွဲတွေနဲ့ပေါင်းပြီး မကောင်းတဲ့အကျင့်တွေတတ်နေပြီဘဲ…ညည်းသဘောဘဲလေ… ငါကငါ့သမီးလေးကောင်းကောင်းမွန်မွန်နေရပါစေတော့ဆိုပြီး ရှေ့မျက်နှာနောက်ထား ပြန်လာခေါ်ရတာ…ညည်းကဒီလိုဆိုမှတော့လည်း ညည်းထိုက်နဲ့ ည ည်းကံဘဲအေ့….နောက်မှမအေကိုလာမတနဲ့….”
ဒေါ်ခင်လတ်ကထိုသို့ပြောပြီး ခြံထဲမှချာခနဲလှည့်ထွက်သွား၏။ ချယ်ချယ့်မှာမိခင်ကိုကြည့်ရင်း မြေကြီးပေါ်သို့ခွေခနဲလဲကျသွားသဖြင့် အောင်ညိုကအမြန်ဖမ်းထိန်းထားလိုက်ရ၏။
” ချယ်…ချယ်…သတိထားဦး…ချယ်ရေ……မောင်ခေါ်နေတယ်လေကွထပါအုံး…ချယ်…”
အောင်ညိုလည်း ဇနီးသည်ကိုပွေ့ချီပြီး အိမ်ထဲသို့ခေါ်သွားလိုက်၏။ ထိုနေ့မှစပြီး ချယ်ချယ့်မှာ သတိရတချက် မရတချက်ဖြစ်နေ၏။ သတိရလာလျှင်လည်း ကယောင်ကတမ်းဖြစ်ကာ ကြောက်လန့်တကြားအော်ဟစ်ငိုကြွေးနေ၏။ အောင်ညိုလည်း ဘာလုပ်ပေးရမှန်းမသိတော့ချေ။ ဇနီးသည်နေမကောင်းထဲက အလုပ်လည်းပျက်သည်ဖြစ်ရာ ဝင်ငွေလည်းမရှိတော့ပေ။ သို့ကြောင့် ဇနီးသည်ကို ဆေးနည်းတိုဆရာတွေဖြင့်သာ ကုသရင်း မျှော်လင့်နေရ၏။
တစ်နေ့တွင်ဘကြီးသာစက လူငယ်နှစ်ယောက်ကို လှည်းဖြင့်လိုက်ပို့ရင်းစကားစပ်မိကြရာ အထက်လမ်းဆရာမှန်းသိသွားသဖြင့် အကူအညီတောင်းကြည့်ရာ ရသဖြင့်အောင်ညို၏အိမ်သို့ပင့်လာခဲ့၏။
” ငညိုရေ…ငညို…ရှိလားဟေ့…”
” ရှိပါတယ်ဘကြီးဝင်ခဲ့ပါ…..”
” အေးအေး….”
ဦးသာစကဧည့်သည်နှစ်ယောက်ကိုခေါ်ရင်း အိမ်ထဲသို့ခေါ်လာခဲ့၏။
” ဟာ…ဘကြီးလာလာ…ဧည့်သည်တွေလဲပါလာတာကိုး…. ထိုင်ကြပါအုံးဗျ….”
” ငညို…ဒါကနယ်နယ်ရရဧည့်သည်မဟုတ်ဘူးကွ….အထက်လမ်းဆရာတွေဘဲ မင်းမိန်းမအတွက်ငါခေါ်လာခဲ့တာ….”
” ဟာဘကြီးရာ….ခုတလောကျွန်တော့အခြေနေကိုသိရက်သားနဲ့ ဗျာ..ဆရာတွေကျွန်တော်ဘယ်လိုပင့်နိူင်မှာလဲဗျ….”
” ကျွန်တော်တို့ကအသပြာဆရာတွေမဟုတ်ပါဘူးညီငယ်…. မေတ္တာ နဲ့ကုသပေးနေတဲ့သူတွေပါ….”
” ဒီလိုဆိုရင်တေ့ာကောင်းတာပေါ့ဗျာ….”
” ဒါနဲ့ လူနာကဘယ်မှာလဲဗျ…ကျွန်တော် တချက်ကြည့်ပါရစေ….”
” ဟိုမှာပါဆရာ….”
ချယ်ချယ်မှာ အိပ်ယာထဲ၌မှိန်းမောနေဆဲပင်။ ဆရာက လူနာအနားသို့သွားပြီးကြည့်လိုက်ရာ ပြုစားခံနေရသည်ကိုတွေ့လိုက်ရသည်။ ခဏ၌ဘုရားစင်ရှေ့ပြန်လာထိုင်ပြီး
” ညီကလူနာနဲ့ဘာတော်လဲ…”
” ကျွန်တော့်ဇနီးပါဆရာ….”
” ဪအင်းအင်း…မိန်းကလေးက ပြုစားခံထားရလု့ိပါ အချိန်မှီမကယ်တင်နိူင်ရင် အသက်ဆုံးရှုံးရလိမ့်မယ်….”
” ဗျာ……ကယ်…ကယ်ပါဦးဆရာရယ်…ကျွန်တော့်ဇနီးကိုကယ်တင်ပေးပါဦး ကျေးဇူးမမေ့ပါဘူးဗျာ….”
” ဖယောင်းတိုင်ရနိူင်မလား…”
” ရပါတယ်ဆရာ…”
အောင်ညိုက ဘုရားကျောင်းဆောင်ထက်မှ ဖယောင်းတိုင်ကြီးတစ်တိုင်ကိုယူပေးလိုက်၏။ ဆရာက ထိုဖယောင်းတိုင်ကိုယူုပြီး ကညှစ်တံဖြင့် တစ်ခုခုကိုရေးဆွဲလိုက်၏။
အားလုံးပြီးသွားမှ ထိုဖယောင်းတိုင်ကိုယူပြီး မီးစာထွန်းညှိကာ ဘုရားကိုပူဇော်လိုက်၏။
ဖငေယာင်းမီးကားဟိုယိုင်သည်ယိုင်ဖြင့် တဖျစ်ဖျစ်တောက်လောင်လျှက်ရှိ၏။
” ဟင်း….ဟင်း….ဟင်း….”
” တောက်! ……ဟင်း…ဟင်း….”
ထိုစဉ်အိပ်ယာထဲမှိန်းမောနေသော လူမမာမိန်းကလေးမှာ ငုတ်တုတ်ထထိုင်ပြီး ဒေါသတကြီးဖြင့် တောက်တခေါက်ခေါက်ခတ်နေလေ၏။ လူမမာအမျိုးသားမှာအလန့်တကြားဖြင့်
” ချယ်….နိူးလာပြီလား… ချယ်ဘာဖြစ်တာလဲ….”
” ဖယ်စမ်း…..”
ချယ်ချယ်က အောင်ညို့ကို ဘယ်လက်ဖြင့် တွန်းလိုက်ရာ အောင်ညိုကအနောက်ဘက်သို့ ပက်လက်လန်ကျသွား၏။
” ချယ်….ဘာဖြစ်တာလဲ….ဘာတွေစိတ်ဆိုးနေတာလဲ….”
” သူတို့နှစ်ယောက် ကိုမောင်းထုတ်လိုက်စမ်း…..”
” ဟာချယ်….ဘာတွေပြောနေတာလဲ…. သူတို့က ချယ့်ရောဂါကိုကုပေးမဲ့ဆရာတွေလေ အားနာစရာဖြစ်ကုန်ပြီ….”
” အိုတော်…ရှင်ကဘာဖြစ်နေတာလဲ….ချယ်ကမောင်းထုတ်လိုက်ဆို မောင်းထုတ်လိုက်ပေါ့….”
” ချယ်…ချယ်….နေမကောင်းသေးရင်အေးဆေးအနား….နား….”
” ဖြန်း….ဖြန်း….”
” အား….”
အောင်ညိုပြော၍ပင်မပြီးသေး ချယ်ချယ်ကအောင့်ညို့ပါးကိုဘယ်ပြန်ညာပြန်ရိုက်ချလိုက်ရာ အောင်ညိုမှာမူးမေ့မလိုပင်ဖြစ်သွား၏။ ထိုစဉ်ဆရာက
” မဆိုင်တဲ့လူကိုမနှောင့်ယှက်ပါနဲ့….ကျွန်ုပ်ကိုမကျေနပ်ရင် ကျွနု်ပ်နဲ့ဘဲရှင်းပါ….”
” ထွီး….ဘယ်ကလာပြီး ဘယ်ကိုသွားရမှန်းမသိတဲ့ ကလေကဝ အုတ်ကြားမြက်ပေါက်တွေကများ ငါ့လာစိန်ခေါ်ရဲရတယ်လို့….ဒီမယ်ညည်းတို့ကိုငါပြောမယ်…ကို့ယ်နဲ့မဆိုင်တဲ့ကိစ္စကို လျှာရှည်ပြီး ဝင်မပါချင်စမ်းပါနဲ့ အသက်ငယ်ငယ်လေးဘဲရှိသေးတယ်အသေမစောချင်စမ်းနဲ့….ရှေ့ဆက်လူလုပ်ချင်သေးရင် ဒီအိမ်ကနေထွက်သွားလိုက်တော့….”
” ဟားဟား ဟားဟား…. အမိကဟာသလည်းပြောတတ်သကိုး….ကဲပါ ထွက်သွားရမဲ့လူကဘယ်သူလဲဆိုတာကြည့်ကြသေးတာပေ့ါ…. ကဲလာခဲ့စမ်း ငါ့အရှေ့လာထိုင်စမ်း….”
” မထိုင်တော့ဘာဖြစ်လဲ…. နင့်အစွမ်းရှိရင် ဒီထိလာခေါ်လေ….”
” လာခေါ်စရာမလိုပါဘူး….မင်းမလာဘဲနေလို့မရပါဘူး ခေါင်းမမာချင်စမ်းနဲ့….ကဲထင်ပေါ် နေရာဖယ်ပေးလိုက်…. လာစမ်းဒီကို…”
ဆရာကသူ့အရှေ့မှ ကြမ်းခင်းကို လက်ဖြင့်သုံးချက်ပုတ်လိုက်၏။
” အား….လွှတ်စမ်း…ဖယ်ကြစမ်း….အား…နာတယ်…ငါ့ဆံပင်တွေကျွတ်ကုန်ပြီထင်ပါ့….”
ထိုစဉ်မိန်းမရွယ်က လူးလွန့်နေပြီး တအားအားအော်ကာ တစ်ယောက်ယောက်ကဆံပင်မှဒရွတ်တိုက်ဆွဲလာပြီး ဆရာ့ရှေ့လာထိုင်ခိုင်း၏။
” ဟင်းဟင်းဟင်း….သူများအားကိုးနဲ့နိူင်ထက်စီးနင်းလုပ်တဲ့ဆရာစုတ်…”
” ဘုန်း….”
” အင့်….”
ဆရာ့ရှေ့ရောက်သည်နှင့်ထိုင်ရာမှချက်ချင်းထပြီး တံခါးဝရှိရာသို့ပြေး၏။ ထိုစဉ် ရောင်ဝါထွန်းလင်းသောနတ်တစ်ပါးက ဆီးကန်လိုက်ရာ မိန်းမရွယ်မှာ ဘုန်းခနဲအင့်ခနဲနေအောင်ခံလိုက်ရပြီးဆရာ့ရှေ့ ပြန်ရောက်လာ၏။
” ကဲအမိ….မေတ္တာနဲ့ပြောရင်နာခံပါ…အတင်းအကြပ်မလုပ်ယူချင်ဘူး အသားမနာချင်စမ်းပါနဲ့…. ”
” နင်နိူင်နေတုန်းလုပ်ထားပေါ့….”
” ကဲလက်အုပ်ချီပြီး ဘုရားကိုဦးတိုက်လိုက်…”
ဆရာကထိုသို့ပြောရာ မိန်းမရွယ်က မလုပ်ချင်လုပ်ချင်ဖြင့် ဘုရားကန်တော့လိုက်၏။
” ကဲဖြေ… တနင်္လာသမီးကိုဘာလုပ်ထားတာလဲ….”
” ဘာလုပ်ရမှာလဲ ဖျားသေနာသေအာင်လုပ်ထားတာပေါ့….”
” ယုတ်မာလှချည်လား မင်းဘယ်သူလဲဘယ်ကလဲဆိုတာငါမသိချင်ဘူး ဒါပေမဲ့ ဒီတနင်္လာသမီးကိုလုပ်ထားတာတွေပြန်ယူသွားရမယ်….”
ထိုစဉ်မိန်းမရွယ်မှာခေါင်းငိုက်စိုက်ကျသွား၏။ ခဏ၌ခေါင်းပြန်ထောင်လာပြီး
” ငါ့အလုပ်ကိုဘယ်သူဝင်နှောင့်ယှက်ဝံ့တာလဲ….”
ဟူသောအသံဩဩကြီးဖြင့် ထိုင်ရာမှထ၏။
” ဪ….နင်တို့က နှစ်ယောက်ပေါင်းပြီး ပြုစားကြတာကိုး….တယ်လဲယုတ်ညံ့တဲ့လူတွေ….”
” ဟားဟားဟား….ဒီမှာသူငယ် ကိုယ့်အလုပ်ကိုယ့်ထမင်းကိုစား ကိုယ့်လမ်းကိုသွားစမ်းပါ မဆိုင်တာတွေဝင်မရှုပ်ချင်စမ်းပါနဲ့….”
မိန်းမရွယ်ကခါးထောက်ပြီး ပြန်ပြောခြင်းပင်။ ထိုအခါဆရာက
” ပြန်ထိုင်စမ်း….”
” ကိုယ့်ထက်ကြီးတဲ့လူကိုမင်းဘယ်လိုပြောဆိုနေတာလဲ မင်းမှာဂါရဝတရားမရှိဘူးလား မင်းမြန်မာလူမျိုးမဟုတ်ဘူးလား…. ”
” မင်းလိုယုတ်ညံ့တဲ့ကောင်က ဂါရဝတရားဆိုတဲ့စကားကိုပြောထွက်သေးတယ်နော်….ကဲထိုင်စမ်း ငါ့ရှေ့မှာအချိုးမပြေတာတွေလာမလုပ်နဲ့…ထိုင်….ဆွဲထိုင်လိုက်စမ်း…”
ဆရာကထိုသို့ပြောလိုက်စဉ်တွင် တစ်စုံတစ်ဦးက ထိုလူအားဆွဲထိုင်သကဲ့သို့ဖြစ်သွား၏။
” ဘုန်း….”
သို့သော်ထိုလူကဖနှောင့်တစ်ချက်ပေါက်လိုက်သည်တွင် ဘုန်းခနဲအသံနှင့်အတူ အိမ်တစ်ခုလုံးသိမ့်သိမ့်တုန်သွားတော့သည်။
” ဟားဟားဟား….အိမ်စောင့်နတ်လောက်နဲ့ ငါ့လာမခြိမ်းခြောက်နဲ့ နတ်သက်ကြွေသွားမယ်ဘာမှတ်နေလဲ….”
” မင်းကအတော်စွမ်းနေတယ်ပေါ့ဟုတ်လား…. ထိုင်စမ်း….ခုချက်ချင်းထိုင်ချလိုက်စမ်း….”
ဆရာကထိုသို့အမိန့်ပြန်လိုက်သည်နှင့် မိန်းမရွယ်၏ဒူးနှစ်ဖက်စလုံးမှာညွှတ်ကျလာပြီး ထိုင်လျှက်သားဖြစ်သွား၏။
” လွှတ်စမ်းငါ့ကို….ဘာကိစ္စသူများအလုပ်ကိုဝင်ရှုပ်နေရတာလဲ….”
” ငါဒါတွေစိတ်မဝင်စားဘူး…တနင်္လာသမီးကိုလုပ်ထားတာတွေပြန်ယူသွားတာဘဲငါလိုချင်တယ်…”
” ဟားဟားဟား…ပြန်မယူတော့ဘာဖြစ်လဲကွာ….မင်းနိူင်ရင်လုပ်ကြည့်လိုက်လေ…”
” အေးငါလဲအဲလို့မျိုးကိုကြိုက်တာ…ကဲရေတစ်ခွက်ပေးစမ်းထင်ပေါ်….”
” ဟုတ်ဆရာ….”
ခဏ၌ထင်ပေါ်ကရေတစ်ခွက်ကိုဖလားထဲထည့်ပြီးယူလာပေး၏။ ဆရာလည်းထိုရေခွင်ကိုယူပြီး စမတစ်ချပ်ကိုစိမ်လိုက်၏။
” ကဲ…ငါနောက်ဆုံးမေးမယ်…တနင်္လာသမီးကိုလုပ်ထားတာတွေပြန်ယူမှာလားမယူဘူးလားဒါဘဲဖြေ….”
” မယူဘူးကွာ…မြန်မာစကားနားမလည်ဘူးလားမယူဘူး….”
” ကောင်းပြီ… ဒါမင်းရဲ့ရွေးချယ်မှုနော်…ငါ့ကိုအပြစ်မတင်လေနဲ့….ကဲ..ရော့…မယူချင်အုံး….”
” အား…..အား…..သေပါပြီ…သေပါပြီ….ပူတယ်…ပူတယ်…. ”
ခေါင်းပေါ်သို့ရေစင်တောက်လိုက်သည်နှင့် ထိုလူမှာခေါင်းပေါ်သို့ချော်ရည်ပူလောင်းချသကဲ့သို့ခံစားလိုက်ရပြီး တအားအားအော်ကာ ရုန်းကန်နေတော့၏။
” ဘယ်လိုလဲ မင်းပြန်ယူမှာလား….”
” ယူပါ့မယ်ယူပါ့မယ် တော်ပါတော့….”
ဆိုကာ တုန်တုန်ရီရီဖြင့် ခေါင်းမှခြေအဆုံးသပ်ချသွား၏။
” ကုန်ပြီလား လုပ်ထားတာတွေ….ကုန်…ကုန်ပြီဆရာ….ဒါ…ဒါပေမဲ့ သင်္ချိုင်းကုန်းမှာမြုပ်ထားတဲ့ သူ့နေ့နံနဲ့ ကြက်ဥတစ်လုံးကျန်နေသေးတယ်….”
” သွားပြန်ယူခဲ့….ထွက်ပြေးမယ်လို့တော့မကြံနဲ့ မင်းအသက်ဗူးငါ့လက်ထဲမှာနော်…”
” မလုပ်ဝံ့ပါဘူးဆရာ…ခုသွားယူပါ့မယ်…”
ထိုစဉ် မိန်းမရွယ်ကခေါင်းငိုက်စိုက်ကျသွားပြီး တအောင့်၌ပြန်ထောင်လာ၏။
” ဒီမှာပါဆရာ…”
ဆိုပြီး တနင်္လာနေ့နံပါသောကြက်ဥတစ်လုံးကို ဆရာအားကမ်းပေး၏။ ထိုလူမှာမြေကြောရှုံ့သည့်အတတ်ဖြင့် ပြန်ယူသည်ဖြစ်ရကား အချိန်ခဏမျှပင်ကြာသည်ဟူ၏။
” အားလုံးကုန်ပြီလား…”
” ကုန်ပါပြီဆရာ…”
” ဘာလို့ဒီလိုလုပ်ရတာလဲ…”
” ကျွန်တော့သဘောအရလုပ်တာမဟုတ်ပါဘူးဆရာ… သူ့အမေကလုပ်ခိုင်းလို့လုပ်ရတာပါ…”
” ဟေ့ကောင် မင်းကလီကမာမပြောနဲ့ ဘယ်မိဘကသားသမီးကိုမကောင်းကြံစဉ်ခိုင်းမလဲ….”
” အတည်ပြောတာပါဆရာ…. သူကသူ့သမီးလေး သူနဲ့အတူပြန်နေအောင်လုပ်ထားခိုင်းတာပါ…. သူ့သမီးကိုချစ်တဲ့အတ္တစိတ်နဲ့လုပ်ခိုင်းတာပါ….”
” မင်းပြောလို့သာ ငါကြားရတာ ယုံဖြင့်မယုံနိူင်ဘူး….”
” ကဲကဲမင်းသွားတော့ မင်းပညာကိုငါမသိမ်းဘူး… ဒါပေမဲ့ ဒီပညာကိုသုံးပြီး ဘယ်သူ့ကိုမှဒုက္ခမပေးပါဘူးလို့ သစ္စာဆိုရမယ်…ဘယ်လိုလဲမင်းလုပ်နိူင်မလား….”
” လုပ်နိူင်ပါတယ်ဆရာ…”
” ကဲဒါဖြင့်ရင် ဘုရားကိုတိုင်တည်သစ္စာဆိုပြီး သွားလိုရာသွားလို့ရပြီ….”
ထိုလူလည်း ဆရာခိုင်းသည့်အတိုင်း သစ္စာဆိုပြီးထွက်သွားတော့သည်။ သို့သော် မိန်းမရွယ်၏ကိုယ်ပေါ်ရှိစက်ကြိုးက ရစ်ပတ်နေဆဲ။
” မင်းဘယ်သူလဲဆိုတာငါသိတယ် ဝင်လာခဲ့….”
ထိုစဉ်မိန်းမရွယ်မှာ ခေါင်းပြန်ထောင်လာပြီး
” ဘာသဘောလဲ…. ညည်းကငါ့အစီစဉ်ကိုသိပြီးပြီဆိုတော့ ငါ့ကို ဒဏ်ခတ်မလို့လား….”
” အစ်မကြီး….အမှားမှန်းသိရက်နဲ့ဘာလို့အမှန်မပြင်နိူင်တာလဲ…ခုခံရတဲ့သူက အစ်မကြီးရဲ့ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သမီးနော်…”
” ငါ့ဝမ်းနဲ့လွယ်ပြီးမွေးထားခဲ့တာမို့ ငါပြန်ခေါ်တာပေါ့ဟဲ့….ဒီကောင်မက မိဘကိုသူ့လင်လောက်တောင်မချစ်ဘူး…လင်မျက်နှာတစ်ကမ္ဘာထင်ပြီး မိဘကိုပြန်အာခံနေတာ…”
” ငယ်ရွယ်သေးတဲ့သူမို့အချစ်ကို ကိုးကွယ်တာမဆန်းပါဘူးအစ်မကြီး…အစ်မကြီးကသာ မလုပ်သင့်တာတွေလုပ်မိလို့ အပြစ်သင့်နေပြီဆိုတာသိပါရဲ့လား…”
” အိုတော်… ဘာဘဲဖြစ်ဖြစ်ကျုပ်ဂရုမစိုက်ဘူး…ကျုပ်သမီးကိုသာကျုပ်ဆီပြန်လာနေအောင်မရ ရတဲ့နည်းနဲ့ခေါ်မှာ….”
” ပြောမရတော့လဲလုပ်ပေါ့…မလုပ်ခင်အစ်မကြီးသွားရမဲ့လမ်းကိုအရင်ကြည့်လိုက်ပါဦး…”
ဆိုပြီးဆရာက မိန်းမရွယ်၏မျက်နှာကို လက်ဖြင့်သပ်ချလိုက်၏။
” အို! ဒါဘယ်နေရာလဲ မိစ္ဆာဓိဋ္ဌိ မြင်ကွင်းတွေပါလား….”
မိန်းမရွယ်မှာထိုသို့ပြောပြီး ချွေးသီးချွေးပေါက်များ ဒီဒီးကျလာ၏။
” ဒါငရဲလို့ခေါ်တယ်အစ်မကြီး…ချမ်းသာခြင်းကင်းတဲ့အရပ်ပေါ့….အစ်မကြီးဒီဘဝကနေ သေလွန်တဲ့အခါဒီအရပ်ကိုဆင်းရလိမ့်မယ်….”
” အို! မသွားနိူင်ပါဘူးတော်….”
” မသွားချင်လို့မရဘူး….အစ်မကြီးရဲ့ပညါနဲ့အကုသိုလ်တွေဆက်လုပ်နေရင်ဒီလမ်းဘဲသွားရမှာ….”
” တော်ပါတော့ ကြောက်ပါပြီ…အဲဒါတွေမမြင်ချင်တော့ဘူး….”
” အစ်မကြီးပညာတွေစွန့််မှာလား…စွန့်ရင်တော့ဒီမြင်ကွင်းကိုဖျောက်ပေးမယ်…မစွန့်ချင်လည်းသဘောဘဲနော်….”
” အမလေး…ကြောက်ပါပြီ..ကြောက်ပါပြီ… စွန့်ပါ့မယ်…သမီးလေးကိုချစ်တဲ့စိတ်နဲ့လုပ်မိတာပါ…မိဘဆိုတော့သားသမီးနဲ့အတူနေချင်ကြတာသဘာဝဘဲလေ….ဒါပေမဲ့ ငါမှားသွားခဲ့တယ်…ငါ့သမီးလေးကိုချစ်တဲ့အချစ်က အဆိပ်ဖြစ်သွားတယ်…ဒီအကြောင်းကိုသမီးလေးကိုမပြောပြပါနဲ့နော်….သမီးလေးသာသိသွားရင် ငါ့ကိုအမုန်းကြီးမုန်းနေမှာ….ဂတိပေးပါနော်….အဟင့်…”
” ကျွန်တော်နားလည်ပါတယ်အစ်မကြီး…ဂတိပေးပါတယ်…”
” ကျေးဇူးပါကွယ်…အစ်မလည်းနောင်တတွေနဲ့အသက်ရှင်ရတော့မယ်…”
” ထင်ပေါ်… ဒီအစ်မကြီးကိုထွေးအင်လေးကမ်းပေးလိုက်ပါဦး…”
ထင်ပေါ်လည်း ဆရာဖြစ်သူခိုင်းသည့်အတိုင်း ထွေးအင်ကိုယူကာ မိန်းမရွယ်ကိုပေးလိုက်၏။ မိန်းမရွယ်မှာ လည်ချောင်းထဲလက်ထိုးအန်ရင်း နောက်ဆုံး၌မည်းပုပ်ပုပ်အရည်များနှင့်အတူ ဝင်းဖန့်သောအရာတစ်ခုကိုအန်ထုတ်လိုက်၏။
” ရပါပြီဆရာ….”
” သာဓု…သာဓု…သာဓု…အစ်မကြီး….အမှားမြင်လို့အမှန်ုပြင်တဲ့အတွက်တကယ်ကိုဝမ်းသာပါတယ်…ရှေ့ဆက်ကောင်းကောင်းရှင်သန်ပါ….သွားလို့ရပါပြီ…”
ဆရာကထိုသို့ပြောလိုက်သည်နှင့် မိန်းမရွယ်မှာ ဘုရားကိုရှိခိုးပြီး ပြန်ထမလာတော့ချေ။
” ချယ်…ချယ်….မိန်းမ….ဆရာရေလုပ်ပါဦး…”
” စိတ်မပူပါနဲ့ညီ…ညီ့မိန်းမ အားနည်းလို့မေ့မြောသွားတာပါ… မကြာခင်သတိပြန်ရလာလိမ့်မယ်….သတိပြန်ရလာရင် အားရှိတာတွေကျွေးပြီး လုံလောက်အောင်အနားယူခိုင်းလိုက်ပါ…လုံးဝနေကောင်းသွားပြီဆိုတာနဲ့ သူ့မိဘအိမ်ကိုအလည်လိုက်ပို့ပေးလိုက်ပါ….ပြီးတော့ထွေးအင်ထဲကအရာတွေကို အိမ်နောက်ဘေးမှာကျင်းနက်နက်တူးပြီးမြုပ်ပစ်လိုက်ပါ…”
” ဟုတ်ကဲ့ပါဆရာ…တကယ်ကျေးဇူးတင်ပါတယ်…ဒါနဲ့ ဆရာတို့ဆေးကုခဘယ်လောက်ယူပါသလဲ….”
” တပြားတချပ်မှမယူပါဘူးညီ…ငွေကြေးအတွက်စိတ်မပူပါနဲ့ ကျုပ်စေတနာနဲ့ကူညီတာပါ…ရော့ဒီငွေကိုယူထား တရားသဖြင့်ရတဲ့အလုပ်မှန်သမျှလုပ်ပါ….မိဘကျေးဇူးသိတတ်တဲ့အတွက်ဘုရားကစောင်မလိုက်မယ်….ကျုပ်တို့ကိုခွင့်ပြုပါဦး…”
” ဟင်….”
အောင်ညိုမှာ တို့ဆေးမိသကဲ့သို့ပင်ဘာမှပြန်မပြောနိူင်ဘဲ အတိုင်းသားငေးနေမိသည်။
ထိုပုဂ္ဂိုလ်နှစ်ယောက် သူ့မြင်ကွင်းထဲ ပျောက်သွားမှသတိပြန်ဝင်လာခဲ့သည်။ ထိုစဉ်တွင်အမေက ဘုန်းကြီးကျောင်းမှပြန်လာပြီး
” ဟဲ့သား….ဘာတွေငေးကြည့်နေတာလဲ…”
” ဪ…မ…မဟုတ်ပါဘူးအမေ…လူ…လူနှစ်ယောက်ကိုကြည့်နေတာပါ…”
” အင်းပါအင်းပါ…ဒါနဲ့သမီးရောဘယ်မှာလဲ…”
” အနားယူနေတယ်အမေ…”
” အေးအေး…”
အမေကထိုမျှသာပြောပြီးအိမ်ထဲသို့ဝင်သွား၏။
***************************
မောင်ရေခဲ တို့ဆရာတပည့်နှစ်ယောက်လည်း လူနာကိုကယ်တင်ပြီးသည်နှင့် ခရီးဆက်ကြလေ၏။ ထိုအခါ မောင်ထင်ပေါ်က
” ဆရာ… အဲကြက်ဥကဘာအတွက်လုပ်တာလဲ…တစ်ခါမှမကြားဖူးဘူး…”
” အောက်ပညာလို့ခေါ်တယ်ထင်ပေါ်…ကိုယ်မနာလိုတဲ့သူ၊မုန်းတီးတဲ့သူ ရဲ့နာမည်နဲ့နေ့နံကို ကြက်ဥပေါ်ရေးပြီး ဂါထာ၃၇ချက်အုပ်ပြီးရင် သချုႋင်းကုန်းမှာသွားမြုပ်…. မြုပ်ပြီးရင်နောက်ကဘာသံကြားကြား ပြန်လှည့်မကြည့်ဘဲ အိမ်ရောက်အောင်ပြန်ခဲ့….နောက်နေ့အဲဒီကြက်ဥပေါ်ကရေးထားတဲ့နာမည်နဲ့နေ့နံ ရေးခံရတဲ့လူ ဖျားတော့တာဘဲ….သေတော့မသေနိူင်ဘူး…အဖျားကဘယ်လိုကုကုမပျောက်ဘူး…လုပ်ထားတဲ့လူကုမှပျောက်တာ….”
” ဪ…ဒါဆိုဟိုအဒေါ်ကြီးကသူ့သမီးကိုပြန်လာစေချင်တဲ့အတ္တစိတ်နဲ့လုပ်မိတာပေါ့နော်….”
” ဒါပေါ့… သူကမလုပ်တတ်တော့ လုပ်တတ်တဲ့လူနဲ့ပေါင်းပြီး လုပ်တာဟိုလူက အဲဒါလုပ်တာတောင်မကဘူး ပြုပါစားလိုက်တော့ ကောင်အလေးခဗျာမှာ မခံနိူင်တော့ဘူးလေ….”
” ဪအတ္တ…အတ္တ…အတော်ကြောက်ဖို့ကောင်းတာဘဲဗျို့….ဒါနဲ့ဒီကြက်ဥကိုဘာလုပ်ရမလဲဆရာ…”
” ရေစီးသန်တဲ့ချောင်းထဲမျောပစ်ရမှာထင်ပေါ်….”
ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက်စကားပြောရင်းသွားရင်းဖြင့် ဦးတည်ချက်မဲ့သောခရီးရှည်ကိုလျှောက်လှမ်းသွားကြတော့သည်။….။
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ အတၱႀကီးသူ၏ ​ေနာင္တ(စ/ဆံုး)
——————————————————–
ဖုန္​ေထာင္း​ေထာင္းထသည့္လွည္းလမ္းမႁကီးအတိုင္း ႏြားညိဳႏွစ္​ေကာင္ကထား​ေသာလွည္းတစ္စီးက လွည္းလမ္းမႀကီးအတိုင္းလာ​ေနသည္။ ထိုလွည္း​ေပၚ၌ လွည္း​ေမာင္းသည့္ဦးႀကီးတစ္​ေယာက္ႏွင့္ လူရြယ္ႏွစ္​ေယာက္က တစ္​ေယာက္လက္တစ္​ေယာက္ဆုပ္ကိုင္လ်ွက္လိုက္ပါလာၾကသည္။ ထိုလူရြယ္ႏွစ္​ေယာက္က တစ္​ေယာက္ႏွင့္တစ္​ေယာက္ အခ်စ္မ်ားျပည့္ရႊမ္း​ေသာအၾကည့္မ်ားျဖင့္ၾကည့္ရင္း တိတ္ဆိတ္စြာလိုက္ပါလာခဲ့ျခင္းပင္။ ထိုတိတ္ဆိတ္ျခင္းကို ​ေဖာက္ခြင္းလိုက္သူကား လွည္း​ေမာင္း​ေနသည့္ ဦးႀကီးပင္။
” ေမာင္ရင္…. ခုကိစၥကိုတကယ္စိတ္ရင္းနဲ႔ဆံုးျဖတ္ၿပီးၿပီလား…သားေမြးမယားေကြၽးတဲ့ကိစၥက ထင္သေလာက္လြယ္တဲ့ဟာမဟုတ္ဘူးေနာ္….”
” ကြၽန္ေတာ္ေျပာၿပီးၿပီေကာအဘရဲ႕….ကြၽန္ေတာ္အႀကိမ္ႀကိမ္စဥ္းစားၿပီး ဆံုးျဖတ္ၿပီးၿပီ…ကြၽန္ေတာ္ခ်ယ့္ကိုတကယ္ယူမွာဗ်…”
” ေအးပါ…ငါကနင္တို႔လူငယ္ႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းကိုမခဲြခ်င္ပါဘူး…ဒီကိစၥ ငါ့ႏွမ ျမဆင့္သိရင္ အဆင္ေျပပါ့လားစိုးရိမ္လို႔ပါ…ၿပီးေတာ့ ဒီကေလးမရဲ႕မိဘေတြကေရာ သေဘာတူၾကည္ျဖဴမတဲ့လား….”
” အေမက ကြၽန္ေတာ္ေျပာရင္ရပါတယ္ဗ်ာ…ခ်ယ့္ရဲ႕မိဘေတြကိုေတာ့ ကြၽန္ေတာ့ကိုလက္ခံလာေအာင္ေျပာယူရေတာ့မွာဘဲမတတ္ႏိူင္ဘူး….ဒီကိစၥေနာက္မွ႐ွင္းရေအာင္အဘရယ္…ကြၽန္ေတာ့ဇနီးေလာင္းေလးစိတ္ညစ္ေနပါဦးမယ္….”
” ေအးပါကြယ္ေအးပါ….”
ဦးႀကီးကထိုသို႔ေျပာၿပီးလွည္းကိုသာ ဂ႐ုတစိုက္ဆက္ေမာင္းေန၏။ လူရြယ္ကား ခ်စ္ရသူမိန္းကေလး၏စိတ္အားငယ္ေနမႈကိုေျပေလ်ာ့ေစရန္အလို႔ငွါ အားေပးႏွစ္သိမ့္ရင္း ရင္ခြင္ထဲ၌ေထြးေပြ႔ထားလိုက္၏။
အမွန္မွာ ထိုလူရြယ္ႏွစ္​ေယာက္က ခိုး​ေျပးလာၾကျခင္းပင္။ ခိုး​ေျပးလာသည္ဆို​ေသာ္ျငား ႏွစ္ဖက္မိဘကသ​ေဘာမတူ၍ ခိုး​ေျပးလာျခင္းမဟုတ္။ ​ေကာင္မ​ေလးမိဘက သမီးျဖစ္သူနဲ႔မခဲြႏိူင္သျဖင့္ လက္ထပ္ၿပီး သူနဲ႔မခဲြမခြာ​ေနႏိူင္မွသာလ်ွင္ သ​ေဘာတူမည္​ေျပာရာ ဤကဲ့သို႔ခိုး​ေျပးလာၾကျခင္းပင္။
ထိုသို႔ျဖစ္​လာ​ေစသည့္အ​ေၾကာင္းရင္းတရပ္လည္း႐ွိ​ေသးသည္။ ေကာင္​ေလး၏မိခင္မွာနာတာ႐ွည္​ေရာဂါ​သည္ျဖစ္​ေနသျဖင့္ ဤသားတစ္​ေယာက္သာအားကိုးအားထားျပဳရကား ​ေယာကၡမအိမ္သို႔​ေကာင္​ေလးက မိခင္ကိုထားၿပီးလိုက္မ​ေနႏိူင္။ ​ေကာင္မ​ေလးကလည္း မိဘႏွင့္အခ်စ္ႏွစ္ခုၾကားမွအခ်စ္ကို​ေရြးခ်ယ္လိုက္သျဖင့္ ​ေသ်ွာင္​ေနာက္ဆံထံုးပါ ဆိုသလို ခိုးရာလိုက္​ေျပးျခင္းပင္တည္း။
နာရီအ​ေတာ္ၾကာလွည္းစီးလာၿပီး​ေနာက္ ​ေကာင္​ေလး၏ဇာတိခ်က္ျမဳပ္ရာဇာတိရြာသို႔​ေရာက္႐ွိလာခဲ့သည္။
” ေမာင္….ခ်ယ္ေၾကာက္တယ္…ေမာင့္အေမကခ်ယ့္ကိုၾကည္ျဖဴပါ့မလား…”
” အေမက ေမာင့္သေဘာပါခ်ယ္ရဲ႕…ေမာင္ေျပာရင္ရပါတယ္…ခ်ယ္ဘာမွစိတ္မပူနဲ႔ေမာင္႐ွိတယ္…”
” အင္းပါ…”
တစ္ေယာက္နဲ႔တစ္ေယာက္ အားေပးရင္း ျဖစ္လာမည့္ျပႆနာအရပ္ရပ္ကိုရင္ဆိုင္ရန္ အသင့္ျပင္ထားလိုက္ၾက၏။ ခဏ၌​ေကာင္​ေလး၏အိမ္​ေ႐ွ႕၌ လွည္းထိုးရပ္လိုက္၏။
” ခ်ယ္…လာ…ေသခ်ာဆင္းဦးေျခေခ်ာ္ေနမွာစိုးလို႔….”
” အင္းပါေမာင္ရဲ႕….”
” ကဲ..အဘေရမနက္မွလာခဲ့မယ္ေနာ္…. ”
” ေအးပါလူေလးရယ္… ကဲအဘျပန္ၿပီ​ေဟ့…”
လွည္းေမာင္းသည့္ဦးႀကီးက လွည္းဦးျပန္လွည့္ရင္းျခံျပင္သို႔တၿငိမ့္ၿငိမ့္ေမာင္းထြက္သြားေလ၏။
” လာခ်ယ္….”
လူရြယ္ကမိန္းကေလးလက္ကိုဆဲြရင္း ေစ့ထားေသာအိမ္တံခါးကိုညင္သာစြာဖြင့္လိုက္၏။
” အေမ…သားျပန္ေရာက္ၿပီ…ဒီမွာအေမ့ေခြၽးမလည္းပါလာတယ္…ႀကိဳဆိုလိုက္ပါဦးဗ်….”
” အဟြတ္္အဟြတ္….သား….လာလာသမီးေလးဒီမွာလာထိုင္….အေမႀကီးေနမေကာင္းေတာ့အိမ္သန္႔႐ွင္းေရးမလုပ္ထားလိုက္ရဘူး….”
ေဒၚျမဆင့္က သားျဖစ္သူ၏လုပ္ရပ္ကိုအ့့ံဩမိ​ေသာ္လည္း တဖက္မိန္းက​ေလးအ​ေနရမခက္​ေစရန္ အလ်ွင္အျမန္ပင္​ေနရာထိုင္ခင္း​ေပးလိုက္၏။
” သား….သားေျပာေတာ့ တစ္ဖက္ရြာဆီလုပ္အားခသြားယူတာဆို… ဘယ္လိုျဖစ္လို႔မိန္းကေလးကပါလာရတာလဲ….”
” ေမးမေနပါနဲ႔ေတာ့အေမရာ….သားခ်စ္သူစိတ္ဆင္းရဲတာမျမင္ခ်င္ဘူး….”
” စိတ္ဆင္းရဲေစခ်င္လို႔အေမေမးတာမဟုတ္ဘူးသား…ဒီေကာင္မေလးရဲ႕မိဘေတြကေကာ ဒီကိစၥကိုသေဘာတူမတဲ့လား….အေမတို႔ရဲ႕အေျခအေနကို ေကာင္မေလးမိဘေတြကသိၿပီးၿပီလား…. သူမ်ားသားသမီးကိုယူထားရင္ သူ႔မိဘအိမ္ေလာက္မသာရင္ေတာင္ အဲထက္မေလ်ာ့ရဘူးသားရဲ႕….ခုအေမတို႔အေျခေနက….အဟင့္….”
ေဒၚျမဆင့္ကေျပာရင္း ရွိုက္သံထြက္ကာပါးျပင္ေပၚသို႔မ်က္ရည္မ်ားစီးက်လာခဲ့သည္။ သားျဖစ္သူအရြယ္ေရာက္ၿပီကို သိေသာ္လည္း စားဝတ္ေနေရးက႐ွိေသးသည္။ တစ္ေန႔လုပ္မွတစ္ေန႔စားရသူမ်ား​ေပမို႔ အ​ေနအစားဆင္းရဲသည္။
” ကဲပါအေမရယ္….သားတာဝန္ယူႏိူင္လို႔ေခၚလာခဲ့တာေပါ့….အေမ့ကိုေရာ ခ်ယ့္ကိုေရာ မပင္မပန္းဘဲ လူလည္းလွ ဝမ္းလည္းဝ ထားႏိူင္ေအာင္သားႀကိဳးစားပါ့မယ္….”
” အေမရယ္ မငိုပါနဲ႔ ဘယ္လိုအေျခေနဘဲျဖစ္ျဖစ္ ေမာင္႐ွိရင္သမီးေနႏိူင္ပါတယ္… သမီးကိုလည္း အေမ့သမီးအရင္းတစ္ေယာက္လ္ိုေျပာဆိုဆံုးမေပးပါ….”
” ေအးပါကြယ္….သားတို႔သမီးတို႔ပင္ပန္းလာၾကေရာေပါ့ နားလိုက္ၾကပါဦး ….အ​ေမလည္း​ေနမ​ေကာင္းလို႔ခနနားလိုက္ဦးမယ္…”
ေဒၚျမဆင့္က ဝမ္းနည္းသည့္အမူအရာျဖင့္ တဘက္သို႔လွည့္ကာ အိပ္​ေနလိုက္၏။
**************************
​ေမာင္​ေရခဲတို႔ဆရာတပည့္လည္း ​ေနရာအနံ႔ဘုရားဖူးလိုက္၊အဓိဌာန္ဝင္လိုက္ျဖင့္ ေဆးကုမႈကိုလအေတာ္ၾကာနားထားၾကသည္။ သည္ၾကားထဲတြင္ထင္ေပၚကိုလည္း ပညာအဆင့္တိုးေပးရင္း သူကိုယ္တိုင္လည္း ဆရာ့ဆရာမ်ားထံမွ ေလ့လာသင္ယူ၏။
” ကြၽန္​ေတာ္တို္႔ရြာလွည့္ၿပီး ​ေဆးမကုတာၾကာႁပီ​ေနာ္ဆရာ…ခုေရာဘယ္ဆက္သြားၾကမလဲ….”
” ဒီလိုဘဲ အခ်ိန္ရတုန္းဖူးခြင့္ၾကံဳတုန္း ဘုရားေတြလွည့္ပတ္ဖူးရင္း ကူညီသင့္တဲ့လူေတြကို ကူညီရမွာေပါ့ထင္ေပၚေရ..”
” ဒါနဲ႔ဆရာ ကြၽန္ေတာ္တို႔ေရာက္ခဲ့တဲ့ဘုရားေတြတိုင္း တန္ခိုးႀကီးဘုရားေတြခ်ည္းေနာ္….. ”
” ဒါေပါ့….ငါတို႔ဖူးခဲ့တဲ့ဘုရားေတြက ပြင့္ခဲ့ေလၿပီးတဲ့ ဘုရားအဆူဆူတို႔ရဲ႕ ႂကြင္းက်န္ရစ္တဲ့ပစၥည္းေတြ၊အသံုးအေဆာင္ေတြကိုဌာပနာထားတဲ့ဘုရားေတြကြ…ဘာလို႔ဒီလိုတန္ခိုးႀကီးဘုရား​ေတြဘဲ​ေရြးၿပီး အဓိဌာန္ဝင္ရတယ္ဆိုတာမင္းသိလားထင္​ေပၚ….”
” မသိဘူးဆရာ….”
” ေအးမသိရင္ေျပာျပမယ္….ဘာလို႔လဲဆိုေတာ့ ငါတို႔ရဲ႕ဆရာသခင္ေတြကလဲ ဒီတန္ခိုးႀကီးဘုရားေတြကိုဖူးရင္း၊အဓိဌာန္ဝင္ရင္း ၾကံဳ​ေတာင့္ႂကံဳခဲတဲ့ ​ဘုရား႐ွင္လက္ထက္ကနတ္မင္းႀကီး​ေတြဆီက​ေန ဘုရား​ေဟာတဲ့တရားဓမၼအစစ္ကို နာယူခဲ့ရဖူးလို႔ကြ….”
” ဟင္…တရားဓမၼကအတူတူဘဲမလားဆရာ….”
” ဘယ္တူမလဲကြာ…. ဘုရားတစ္ဆူနဲ႔တစ္ဆူကတရားေဟာပံုျခင္းဘယ္တူပါ့မလဲ….ၿပီးေတာ့ ဘုရား႐ွင္ရဲ႕တရားကိုလက္ေတြ႔နာဖူးတဲ့သူနဲ႔ ဘုရား႐ွင္ေဟာခဲ့တာဆိုၿပီးေခတ္အဆက္ဆက္ ျဖတ္သန္းလာခဲ့တဲ့တရားဓမၼေတြကို ျပန္​ေဟာတဲ့သူနဲ႔ကြာ​ေတာ့သြားတာ​ေပါ့….​ေျပာရရင္​ေတာ့အႏွစ္သာရ​ေပါ့သြားတာ​မ်ိဳး​ေပါ့ကြာ….”
” ဒါနဲ႔ေလဆရာ…. ဘုရား႐ွင္ေတြပြင့္ခဲ့တာ ကဂုသန္ဘုရားအစ ေဂါတမဘုရားအဆံုး ေလးဆူေတြရဲ႕ တရားဓမၼကိုနာၾကားဖူးတဲ့ နတ္ေတြကတကယ္ေရာ႐ွိပါ့မလား…. ”
” ဆရာသခင္ေျပာတာေတာ့ သက္ေတာ္႐ွည္နတ္ဘိုးဘိုးႀကီးေတြ႐ွိတယ္တဲ့ သူတို႔ကေန ျမတ္ဘုရားေလးဆူရဲ႕ အသံုးအေဆာင္ပစၥည္းေတြကို ယူၿပီးဌာပနာတိုက္သြင္းပူေဇာ္တာတဲ့ထင္ေပၚရဲ႕….”
” အဲလို႔ဆိုေတာ့လည္း ကြၽန္ေတာ္အဲဒီသက္ေတာ္႐ွည္နတ္ဘိုးဘိုးႀကီးဆီကေန ပြင့္ေတာ္မူသြားခဲ့တဲ့ ျမတ္ဘုရားေလးဆူတို႔ရဲ႕ပံုပန္းသြင္ျပင္နဲ႔ တရားဓမၼစကားေတြကို ေမးစမ္းနာယူခ်င္ပါရဲ႕ဗ်ာ….”
” နာခြင့္ၾကံဳရင္ေတာ့ နာရမွာေပါ့ငါ့တပည့္ႀကီးေရ ကဲ…ဒီေန႔ေတာ့ဥကၠလာပမင္းတည္ထားကိုးကြယ္ခဲ့တဲ့ ေရႊတိဂံုေစတီေတာ္ျမတ္ကို ဝင္ဖူးၾကစို႔ရဲ႕…..”
ဤသို႔ျဖင့္ဆရာတပည့္ႏွစ္ေယာက္သား ေရႊတိဂံုဘုရား၏ေျမာက္ဘက္ေစာင္းတန္းမွတက္လာၾကၿပီး လက္ယာရစ္ပတ္ၿပီးလ်ွင္ ရာဟုေထာင့္၌ ပုတီးစိပ္တရားထိုင္ေနလိုက္ၾက၏။
***************************
ငပုေတာေက်းရြာသို႔ ေရာက္လာခဲ့ၿပီးေနာက္ပိုင္း မိခင္ဆီသို႔မျပန္ျဖစ္ေတာ့ေပ။ ခ်မ္းသာသည့္ဘဝမွ ဆင္းရဲသည့္ဘဝသို႔ေရာက္သြားေသာ္လည္း ညည္းညဴမႈမ႐ွိဘဲ မ႐ွိ႐ွိတာေလးနဲ႔ မ်ွေဝစားေသာက္တတ္ေနေလၿပီ။ မိဘအိမ္မွာဂ်ီးမ်ားခဲ့သမ်ွ ယခုမူကား ငပိေရက်ိဳနဲ႔ပင္ ထမင္းစားတတ္ခဲ့ေလၿပီ။ ဤဘဝေလးကိုပင္ ခ်ယ္ေပ်ာ္ေပ်ာ္ႀကီးလက္ခံတတ္ေနေပၿပီ။ သူမကိုအရမ္းခ်စ္​ေသာ​ေမာင္ႏွင့္ သမီးအရင္းပမာ​ေမတၱာ​ေပး​ေသာ ​ေယာကၡမျဖစ္သူ​ေမာင့္အ​ေမ​ေၾကာင့္ သူမအိမ္ကိုထင္သ​ေလာက္မလြမ္းမိျခင္းပင္။ ​ေတြး​ေနရင္းျဖင့္ပင္ လက္မွပတ္ထား​ေသာနာရီကိုၾကည့္မိမွ ည​ေန၄နာရီပင္ထိုး​ေတာ့မည္။
” ဟယ္…ေလးနာရီထိုးေတာ့မွာဘဲ ေမာင္ေတာင္ျပန္လာေတာ့မယ္…. မျဖစ္ဘူး ထမင္းခ်က္လိုက္ဦးမွပါ….”
ထိုသို႔ေတြးၿပီး ထမင္းခ်က္ရန္မီးေမႊးသည္။ ထမင္းခ်က္ရန္ဆန္အိုးကိုလွပ္လိုက္သည္အခါ ဆန္ကပံုးဖင္ကပ္ေနၿပီကိုေတြ႔လိုက္ရသည္။
” အင္းမနက္ခ်က္ဖို႔ ဆန္မ႐ွိဘူး…. ေမာင့္လုပ္အားခ႐ွင္းတဲ့ရက္က သံုးရက္ေတာင္လိုေသးတယ္….ဘယ္လိုလုပ္ရပါ့….”
ထိုသို႔ေတြးၿပီး ႐ွိသည္္ဆန္ကိုခ်င္ထဲ့ကာ ေဆးၿပီးတည္ထားလိုက္သည္။
” အေမ…သမီးထမင္းအိုးတည္ထားတယ္ေနာ္…. သမီးအျပင္ခဏသြားမလို႔ ခဏၾကည့္ေပးအံုး….”
” ေအးေအးသမီးေလး ဘယ္သြားမွာလဲေျပာသြားဦး….ညည္းေယာက်ာ္းက ျပန္လာလို႔မေတြ႔ရင္ အေမ့ကိုနားပူနားဆာလုပ္ေတာ့မွာ….”
” ခဏထဲပါအေမရဲ႕… ေမာင္ျပန္မေရာက္ခင္ အမွီျပန္ခဲ့မယ္….”
” ေအးေအးအဲဆိုလည္း ျမန္ျမန္သြား ျမန္ျမန္ျပန္လာခဲ့ေနာ္….”
” ဟုတ္အေမ….”
ထိုသို႔ျပန္ေျဖၿပီး ခပ္သုတ္သုတ္ထြက္သြား၏။ ေဒၚေအးမူမွာ နာတာ႐ွည္ေရာဂါသည္တစ္ေယာက္ျဖစ္ေသာ္လည္း လံုးဝမထႏိူင္သည္မဟုတ္။ ေသြးဆံုးကိုင္မီးယပ္ျဖစ္ေနျခင္းပင္။
ခ်ယ္ခ်ယ္ထြက္သြားၿပီး ခဏ၌ ​ေယာက်ာ္းျဖစ္သူ ​ေအာင္ညိဳ ျပန္လာခဲ့၏။ အိမ္အေပါက္ဝေရာက္သည္ႏွင့္
” ခ်ယ္ေရ ေမာင္ျပန္ေရာက္ၿပီ…ထြက္လာႀကိဳပါအံုးဗ်….”
အလုပ္ကျပန္လာတိုင္းဇနီးသည္၏ မ်က္ႏွာေလးကိုျမင္ရမွ ပင္ပန္းသမ်ွအေမာေျပသည္မို႔ ဝိုင္းဝေရာက္သည္ႏွင့္ဇနီးသည္ကိုလွမ္းေခၚျခင္းပင္။
” ခ်ယ္ေရ…မိန္းမေရ…ေမာင္ျပန္ေရာက္ၿပီလို႔…. ထြက္ႀကိဳပါအံုး….အိပ္ေပ်ာ္ေနတာလား….”
ထြက္မလာသျဖင့္ ထပ္မံေခၚကာ အိမ္ထဲသို႔ဝင္လာခဲ့၏။
” အေမ…ခ်ယ္ေရာမေတြ႔ပါလား….အိပ္ေနတာလား….”
” အေမတစ္ေယာက္လုးံ နင့္ေ႐ွ႕ေရာက္ေနတာေတာင္ ေနေကာင္းလားတစ္ခြန္းမေမးဘူး….မိနး္မကိုဘဲေမးေနတယ္….ေတာ္ေတာ္ေမြးရက်ိဳးနပ္တဲ့သား….ညည္းမိန္းမ ရြာထဲခဏသြားေနတယ္ဟဲ့….”
” ဟဲဟဲအေမကလည္း….အေမေနေကာင္းေနတာသားေတြ႔ေနတာဘဲအေမရဲ႕…ဒီေတာ့ မေတြ႔တဲ့လူကိုေမးရတာေပါ့ဗ်….ဒါနဲ႔ခ်ယ္ကရြာထဲဘာသြားလုပ္တာလဲအေမရ….”
” ဘာသြားလုပ္တာလဲေျပာမသြားဘူး…ခဏဘဲဆိုၿပီးသြားခဲ့တာဘဲ…”
” ဘုတ္…ဘုတ္…ဘုတ္….”
” ေမာင္ညိဳေရ ဆန္အိတ္ေလးထိန္းကူေပးအံုးဗ်…ဆိုင္ကယ္လွဲမွာစိုးလို႔….”
စကားေျပာေနတံုး အိမ္ေ႐ွ႕သို႔ဆိုင္ကယ္တစ္စီးထိုးရပ္ၿပီး ဆန္အိတ္ထိန္းကူခိုင္း၏။
” ဟ…ဘေမာင္…ဒါဘယ္သူ႔ဆန္အိတ္လဲဟ…ငါမမွာထားရပါဘူး….”
” မမခ်ယ္လာပို႔ခိုင္းတာ ေမာင္ညိဳရ… ကဲကဲေသခ်ာထိန္းေနာ္ကြၽန္ေတာ္ဆိုု္င္ကယ္ေပၚကဆင္းမလို႔ဗ်…”
” ခ်ယ္ကပိ့ုခိုင္းတာဟုတ္လားဘေမာင္…”
” ေအးေလကြာ…ဘာလဲမ်က္လံုးမ်က္ဆန္ျပဳးျပဲနဲ႔ၾကည့္ေနတာ… ဖယ္ေတာ့ရၿပီ… ဘယ္ေနရာထားေပးရမလဲေနသာျပ က်ဳပ္ထမ္းပို႔ေပးမလို႔….”
” ေအး…ေအးပါ…အိမ္မီးဖိုေဆာင္ဘက္ကိုပို႔ေပးကြာ….”
ခဏ၌ ခ်ယ္သည္အထုပ္အပိုးမႏိူင္မနင္းနဲ႔ ျခံထဲဝင္လာခဲ့၏။
” ေမာင္…ဘာရပ္ၾကည့္ေနတာလဲ… လာယူကူပါအံုး႐ွင့္….”
” ခ်ယ္…ဘာေတြဒီေလာက္အမ်ားႀကီးဝယ္လာတာတံုး…ဒီပိတ္ဆံေတြခ်ယ္ဘယ္ကေနယူတာတံုး….”
” ဟယ္ေမာင္ကလည္း စကားေတြမ်ားေနလိုက္တာ…ေရာ့ေရာ့ ဒီဆီပံုးကိုယူၿပီးအိမ္ထဲထည့္လိုက္….”
” အစ္မကြၽန္ေတာ္ျပန္ေတာ့မယ္ဗ်….”
” ေအးေအးေမာင္ေလး…ဆန္အိတ္ပို႔ခဘယ္ေလာက္လဲ…”
” အစ္မဘဲၾကည့္ၾကပ္ၿပီး ေပးလိုက္ပါဗ်…”
” ေအးေအး…ေရာ့…ေက်းဇူးဘဲေနာ္ေမာင္ေလး….”
” ဘုတ္…ဘုတ္…ဘုတ္….”
ဆိုင္ကယ္သမားက ပိတ္ဆံယူၿပီး ျပန္သြား၏။
” ခ်ယ္…ဒါကဘာေတြလဲ….”
” အိမ္မွာလိုေနတဲ့ဟာေတြေလေမာင္ရဲ႕…”
” ခ်ယ္…မင္းဒါေတြဝယ္ဖို႔ဘယ္ကေငြေတြရတာလဲ…မင္းနားကပ္ေတြေရာင္းလိုက္တာမလား…”
နားေပါက္ေဟာင္းေလာင္းျဖစ္ေနေသာ ခ်ယ္၏နားကို​ေသခ်ာၾကည့္ၿပီး ​ေျပာ​ေနျခင္းပင္။
” ဟုတ္တယ္ေလေမာင္… ဒါေတြခ်ယ္မွမလိုအပ္ေတာ့တာ….”
” ခ်ယ္…ဘာလိ့ုဒီလိုေတြလုပ္ရတာလဲ…. ေမာင္ခ်ယ့္ကိုယူတာခ်ယ့္ဆီကဒါေတြေမ်ွာ္လင့္လို႔ယူတာမဟုတ္ဘူးေနာ္….ဘာလဲခ်ယ္ကေမာင္႐ွာေကြၽးႏိူင္တယ္ဆိုတာကိုမယံုတာလား….”
” မဟုတ္ပါဘူးေမာင္ရယ္….ေမာင္တစ္ေယာက္ထဲ႐ုန္းကန္ရတာခ်ယ္မၾကည့္ရက္လို႔ပါ….”
” ေတာ္ေတာ့ခ်ယ္….သူမ်ားေတြအျမင္မွာ ေမာင္တို႔သားအမိက ခ်ယ့္မိဘေတြဆင္ထားတဲ့ပစၥည္းေတြနဲ႔ ထိုင္စားေႏုၾကတယ္လို႔ အထင္မခံႏိူင္ဘူး….ခ်ယ္ဘယ္သူ႔ကိုေရာင္းခဲ့တာလဲ ေမာင္ေငြျပန္စုၿပီး ျပန္ယူမယ္….”
ကိုေအာင္ညိဳကထိုသို႔ေျပာၿပီး စိတ္ဆိုးကာ အိမ္ထဲသို႔ဝင္သြားခဲ့၏။ ေဒၚျမဆင့္က ခ်ယ္ခ်ယ့္အနားလာထိုင္ၿပီး
” သမီးေလးရယ္…ဘာလို႔ဒီလိုေတြလုပ္ရတာလဲကြယ္….သမီးကဒီလိုလုပ္ေတာ့ ပတ္ဝန္းက်င္ကအေမတို႔ကိုဘယ္လိုထင္ၾကမလဲ…..”
” အို…အေမရယ္ ဘယ္သူ​ေတြဘယ္လိုဘဲျမင္ျမင္…သမီးပိုင္တဲ့ပစၥည္းသမီးဘာဘဲလုပ္လုပ္ ဘယ္သူ႔ကို​မွေထာက္ထားစရာမလိုဘူး….သမီးခိုးလာဝွက္လာတဲ့ဟာမွမဟုတ္တာ…”
ခ်ယ္ခ်ယ္ကထိုသို႔​ေျပာၿပီး ဝယ္ျခမ္းလာသည့္ပစၥည္းမ်ားကို​ေနရာတက်သိမ္းဆည္း​ေန၏။
**************************
စာဘူးေတာင္းရြာေလးသည္ကား စီးပြားေရးအခ်က္အခ်ာက်သည့္ လမ္းနံေဘး႐ွိရြာကေလးျဖစ္ရာ ရြာသူရြာသားမ်ားလည္း သူေ႒းသူႂကြယ္ေပါ၏။ ၿမိဳ႕နဲ႔သိပ္မ​ေဝးသျဖင့္ ၿမိဳ႕မွ​ေစ်းသည္မ်ားက ဆိုင္ကယ္ျဖင့္တစ္မ်ိဳး စက္ဘီးျဖင့္တစ္ဖံု လာ​ေရာက္ကာ ဟင္းသီးဟင္းရြက္နဲ႔အသားငါးတို႔ကိုလာ​ေရာင္းၾက၏။ ​ေဒၚခင္လတ္ကားျခံဝမွ​ေစ်းသည္ကို​ေမ်ွာ္ရင္း
” ဒီေန႔ေတာ့ ၾကက္ကာလသားခ်က္ရမယ္…”
ၾကက္ကာလသားဆိုမွ သမီးျဖစ္သူကိုသတိရမိ၏။ သမီးျဖစ္သူမွာ ၾကက္ကာလသားဟင္းကိုအလြန္ႀကိဳက္၏။ မိဘစကားနားမ​ေထာင္ဘဲ လူ​ေရာင္မ​ေျပာင္သည့္ အ​ေကာင္​ေနာက္​ေကာက္​ေကာက္ပါ​ေအာင္လိုက္ပါသြားခဲ့သျဖင့္ စိတ္ဆိုးကာ ျပန္မ​ေခၚဘဲပစ္ထားမိ​ေသာ္လည္း မိဘဟူသည္ကား သားသမီးကိုပစ္ထား႐ိုးထံုးစံမ႐ွိသျဖင့္ သတိရလြမ္းဆြတ္​ေနသည္ကအမွန္။
” ငါ့သမီးေလး အဆင္မွေျပရဲ႕လား…. ဟိုငမဲြေကာင္က ေသြးေဆာင္လု့ိသာပါသြားခဲ့ရတာ …ကိုယ့္အ​ေျခကိုမျမင္ဘဲ မတန္မရာမွန္းရတယ္လို႔….”
” ဗ်ိဳ႕…အေဒၚႀကီးဘာယူမလဲဗ်….ၾကက္သားပါတယ္…ငါးပါတယ္….ဒီေန႔မနက္မွလာတဲ့အသားေတြအေတာ္လတ္တယ္ဗ်…”
ေစ်းသည္ေရာက္လာမွ ေဒၚခင္လတ္အေတြးစရပ္သြားၿပးီ
” ေအးေအးသား… ၾကက္သား၅၀သားေပး…လတ္တာေသခ်ာတယ္ေနာ္…ေတာ္ၾကာေရထိုးထားတဲ့ဟာနဲ႔ညားမွာစိုးလို႔ေအ့….”
” စိတ္ခ်အေဒၚႀကီး….ကြၽန္ေတာ့ၾကက္သားကေရမထိုး ၊ အေလးမခိုးဘူးဗ်….”
” ေအးပါေအ… ေျပာတတ္ပါ့…ကဲ…ငါးၾကင္းျဖဴအစိတ္သားပါထပ္ထဲ့လိုက္… ”
” ဟုတ္ဟုတ္ရမယ္အေဒၚ….”
လင္မယားႏွစ္ေယာက္သာ႐ွိေသာ္လည္း အထူးဧည့္သည္ေရာက္လာမည္ျဖစ္သျဖင့္ ၾကက္သားေရာ ငါးပါဝယ္ထားလိုက္ျခင္းပင္။
ေယာက်ာ္းျဖစ္သူက သမီးစိတ္ျဖင့္ အိပ္ယာထဲလွဲေနေလၿပီ။ အသားငါးဝယ္ၿပီး ​ေဆး​ေၾကာကာအ​ေကာင္းဆံုးျဖစ္​ေအာင္ခ်က္ျပဳတ္ထားလိုက္သည္။
***************************
ခ်ယ္ခ်ယ္နားကပ္ေရာင္းၿပီးသည့္ေနာက္ ​ေအာင္ညိဳကအလုပ္ကိုႏွစ္ဆပို၍ႀကိဳးစားသည္။ ခ်ယ့္နားကပ္ျပန္ဝယ္ေပးႏိူင္ရန္ႏွင့္ဆန္ပံုးထဲကိုဆန္အျမဲမျပတ္ျဖည့္ထားႏိူင္ရန္ျဖစ္သည္။
” ခ်ယ္…ေမာင္အလုပ္သြားေတာ့မယ္ …ခ်ယ္​ေနမ​ေကာင္းဘူးလား ညကအိပ္မ​ေပ်ာ္ဘူးလား ခ်ယ့္မ်က္တြင္း​ေတြက်​ေနသလိုဘဲ….”
” ခုရက္ပိုင္းဘာျဖစ္တာလဲမသိပါဘူးေမာင္ရယ္…ေနရတာေကာင္းမေနဘူး… ခ်ယ့္အနားမွာတစ္ေယာက္ေယာက္႐ွိေနသလိုခံစားရတယ္….”
” ခ်ယ္အိပ္ေရးမဝလို႔ေနမွာပါ… ကဲ… ေသခ်ာအနားယူေန႔လည္ေန႔ခင္းတေရးတေမာအိပ္လိုက္ဦး အဝတ္ေတြလည္းေလ်ွာ္မေနနဲ႔ ေမာင္ျပန္လာမွေလ်ွာ္လိမ့္မယ္ၾကားလား…”
” အြန္းပါ…ေမာင္လည္းအလုပ္လုပ္ရင္ဂ႐ုစိုက္ေနာ္…ထိမိခိုက္မိမျဖစ္ေစနဲ႔…အိမ္ကိုေစာေစာျပန္လာခဲ့ဦး….”
” အင္းပါေမာင့္ကိုစိတ္ခ်ပါ…ကဲေမာင္သြားၿပီ…အေမ​ေရသားသြားၿပီဗ်ိဳ႕….”
” ေအးပါသားေရ ဂ႐ုစိုက္ေနာ္”
” ဟုတ္အေမ…”
ဤသို႔ျဖင့္ ဝဝၿဖိဳးၿဖိဳးျဖစ္ခဲ့ေသာခ်ယ္ခ်ယ္မွာ တေျဖးေျဖး႐ုပ္က်လာၿပီး အ႐ိုး​ေပၚအ​​ေရတင္ျဖစ္လာသည္။ အစားလည္းတ​ေ႐ွာင္​ေ႐ွာင္ျဖစ္လာသည္။ သမား​ေတာ္ကို​ေခၚျပ​ေသာ္လည္း ဘာ​ေရာဂါမွ မယ္မယ္ရရ မ႐ွိ။ သို႔​ေၾကာင့္လက္​ေလ်ွာ့ထားရသည့္အ​ေျခ​အ​ေနသို႔​ေရာက္႐ွိလာခဲ့သည္။
သာယာ​ေသာ​ေန႔တစ္​ေန႔၌ ​ေအာင္ညိဳသည္ ဇနီးသည္ကို​ေဖးမကူညီရင္း ျခံဝန္းထဲ၌လမ္း​ေလ်ွာက္​ေနၾကသည္။ ထိုစဥ္ႏြားလွည္းတစ္စီးက အိမ္​ေ႐ွ႕၌ထိုးရပ္သြားၿပီး မ်က္ႏွာထားတင္းမာခက္ထန္​ေသာ အမ်ိဳးသမီးႀကီးတစ္​ေယာက္ဆင္းလာခဲ့သည္။ ထိုအမ်ိဳးသမီးႀကီးက ျခံဝန္းကိုအကဲခတ္ၾကည့္ရင္း
” ဟဲ့သူငယ္…ဒါကေဒၚျမဆင့္ရဲ႕အိမ္ဟုတ္သလား….”
ေအာင္ညိဳတို႔လင္မယားကိုေနာက္ေက်ာဘက္မွျမင္ရသျဖင့္ ေအာ္ေမးလိုက္ျခင္းပင္။
ေအာင္ညိဳတို႔လင္မယားလည္း ေခၚသံၾကားသျဖင့္ လွည့္ၾကည့္လိုက္ရာ ေယာကၡမျဖစ္သူ ေဒၚခင္လတ္မွန္းသိလိုက္ရသျဖင့္ မ်က္ႏွာမွာဇီးရြက္ေလာက္သာက်န္ေတာ့သည္။ ခ်ယ္ခ်ယ္လည္း မိခင္ျဖစ္သူကိုျမင္လိုက္ရသျဖင့္ ဝမ္းသာသြားသလိုျဖစ္သြားၿပီး ခ်က္ခ်င္းပင္ မ်က္ႏွာေလးကျပန္ညိဳးက်သြားၿပီး ေယာက်ာ္းျဖစ္သူ၏လက္ေမာင္းကို အားကိုးတႀကီးဆုပ္ကိုင္ထားမိသည္။
” ဪ…ဘယ္သူမ်ားလဲလို႔ ငါ့သမီးကိုခိုးသြားတဲ့သူခိုးပါလား…ကဲဘယ္မွာလဲငါ့သမီးေခၚေပးစမ္း….”
” အေမ…စိတ္ေအးေအးထားပါ…ကြၽန္ေတာ္႐ွင္းျပ…ျပ….”
” ေတာ္စမ္းမ်က္ႏွာမဲြေကာင္…. ကိုယ့္အေျခေနကုိမသိ အႏူလက္နဲ႔ေရႊခြက္ႏိုက္ခ်င္ေနရတယ္လို႔… ထီြး….မတန္မရာမွန္းတတ္လြန္းပါ့ေအ….”
ေအာင္ညိဳ႕စကားပင္မဆံုး​ေသး ​ေဒၚခင္လတ္က ထဘီစြန္​ေတာင္ဆဲြခါး​ေထာက္ကာ ဆဲ​ေရးတိုင္းထြာ​ေတာ့၏။ ေအာင့္ညိဳ႕ေဘးမွ သူ႔သမီးကိုမွတ္မိပံုမ​ေပၚ​ေခ်။
” ငါ့သမီးကိုငါျပန္လာေခၚတာ…ေျပာစမ္းငါ့သမီးဘယ္မွာလဲ….”
” အေမ…အေမ….သမီးဒီမွာေလ…”
ထိုစကားေၾကာင့္ ေဒၚခင္လတ္က ​ေအာင္ညိဳ႕​ေဘးမွ ကေလးမကိုသတိထားမိသြားၿပီး
” အမေလး…အမေလး…ဘုရားဘုရား…ခ်ယ္ခ်ယ္…သမီးေလး….ဒါငါ့သမီးေလးခ်ယ္ခ်ယ္မွဟုတ္ပါေလစ….အမေလးသမီးရယ္ မမွတ္မိႏိူင္ေလာက္ေအာင္ကို မဲြေတစုတ္ျပတ္ေနပါေရာလားကဲြ႔…ၾကည့္စမ္း မင္းသမီး တစ္ပါးလိုေနရတဲ့ငါ့သမီးက လူ႐ုပ္မေပါက္တဲ့အထိခိုင္းစားရက္ၾကတယ္ေပါ့…ကေလကေခ်အုတ္ၾကားျမက္ေပါက္ေတြရဲ႕….”
” မဟုတ္ဘူးအေမ….သမီးေနမေကာင္းလို႔႐ုပ္က်သြားတာပါ ေမာင္နဲံမဆိုင္ပါဘူး…

” အမေလး လင္ထိပ္ထားစံမရဲ႕…ကမၼ႒ာန္း႐ုပ္ေပါက္ေနတာေတာင္ ဒီမ်က္ႏွာမဲြေကာင္ကို ကာကြယ္ေပးေနတုန္းပါလား…. လာစမ္းအေမနဲ႔ျပန္လိုက္ခဲ့….ေရႊဘံုေပၚထားတာကို ျပာပံုထဲတိုးမဝင္ခ်င္စမ္းပါနဲ႔….”
​ေဒၚခင္လတ္ကအတင္းဆဲြ​ေခၚပါ​ေသာ္လည္း ခ်ယ္ခ်ယ္က​ေအာင္ညိဳ႕လက္​ေမာင္းကိုသာ ျမဲစြာဆုပ္ကိုင္ထားဆဲပင္။
ၹ” ေတာ္ပါေတာ့အေမ…သမီးေသရမယ္ဆိုရင္ေတာင္ သမီးခ်စ္တဲ့သူနားမွာဘဲေသမယ္…သမီးျပန္မလိုက္ႏိူင္ဘူး ေတာင္းပန္ပါတယ္အေမျပန္ပါေတာ့… အေဖ့ကိုလည္းေျပာေပးပါ သမီးေတာင္းပန္ပါတယ္လို႔….”
” အမေလး….အေမ့ကိုေတာင္ကက္ကက္လန္ၿပီးျပန္ခံေျပာေနပါ့မလားမိခ်ယ္…ညည္းလည္းမ်က္ႏွာမဲြေတြနဲ႔ေပါင္းၿပီး မေကာင္းတဲ့့အက်င့္ေတြတတ္ေနၿပီဘဲ…ညည္းသေဘာဘဲေလ… ငါကငါ့သမီးေလးေကာင္းေကာင္းမြန္မြန္ေနရပါေစေတာ့ဆိုၿပီး ေ႐ွ႕မ်က္ႏွာေနာက္ထား ျပန္လာေခၚရတာ…ညည္းကဒီလိုဆိုမွေတာ့လည္း ညည္းထိုက္နဲ႔ ည ည္းကံဘဲေအ့….ေနာက္မွမေအကိုလာမတနဲ႔….”
ေဒၚခင္လတ္ကထိုသို႔ေျပာၿပီး ျခံထဲမွခ်ာခနဲလွည့္ထြက္သြား၏။ ခ်ယ္ခ်ယ့္မွာမိခင္ကိုၾကည့္ရင္း ​ေျမႀကီး​ေပၚသို႔​ေခြခနဲလဲက်သြားသျဖင့္ ေအာင္ညိဳကအျမန္ဖမ္းထိန္းထားလိုက္ရ၏။
” ခ်ယ္…ခ်ယ္…သတိထားဦး…ခ်ယ္ေရ……ေမာင္ေခၚေနတယ္ေလကြထပါအံုး…ခ်ယ္…”
ေအာင္ညိဳလည္း ဇနီးသည္ကို​ေပြ႕ခ်ီၿပီး အိမ္ထဲသို႔​ေခၚသြားလိုက္၏။ ထို​ေန႔မွစၿပီး ခ်ယ္ခ်ယ့္မွာ သတိရတခ်က္ မရတခ်က္ျဖစ္​ေန၏။ သတိရလာလ်ွင္လည္း က​ေယာင္ကတမ္းျဖစ္ကာ ​ေၾကာက္လန္႔တၾကား​ေအာ္ဟစ္ငို​ေႂကြး​ေန၏။ ေအာင္ညိဳလည္း ဘာလုပ္​ေပးရမွန္းမသိ​ေတာ့​ေခ်။ ဇနီးသည္​ေနမ​ေကာင္းထဲက အလုပ္လည္းပ်က္သည္ျဖစ္ရာ ဝင္​ေငြလည္းမ႐ွိ​ေတာ့​ေပ။ သို႔​ေၾကာင့္ ဇနီးသည္ကို ​ေဆးနည္းတိုဆရာ​ေတြျဖင့္သာ ကုသရင္း ​ေမ်ွာ္လင့္​ေနရ၏။
တစ္​ေန႔တြင္ဘႀကီး​သာစက လူငယ္ႏွစ္​ေယာက္ကို လွည္းျဖင့္လိုက္ပို႔ရင္းစကားစပ္မိၾကရာ အထက္လမ္းဆရာမွန္းသိသြားသျဖင့္ အကူအညီ​ေတာင္းၾကည့္ရာ ရသျဖင့္ေအာင္ညိဳ၏အိမ္သို႔ပင့္လာခဲ့၏။
” ငညိဳ​ေရ…ငညိဳ…႐ွိလားေဟ့…”
” ႐ွိပါတယ္ဘႀကီးဝင္ခဲ့ပါ…..”
” ေအးေအး….”
ဦးသာစကဧည့္သည္ႏွစ္​ေယာက္ကို​ေခၚရင္း အိမ္ထဲသို႔​ေခၚလာခဲ့၏။
” ဟာ…ဘႀကီးလာလာ…ဧည့္သည္ေတြလဲပါလာတာကိုး…. ထိုု္င္ၾကပါအံုးဗ်….”
” ငညိဳ…ဒါကနယ္နယ္ရရဧည့္သည္မဟုတ္ဘူးကြ….အထက္လမ္းဆရာေတြဘဲ မင္းမိန္းမအတြက္ငါေခၚလာခဲ့တာ….”
” ဟာဘႀကီးရာ….ခုတေလာကြၽန္ေတာ့အေျခေနကိုသိရက္သားနဲ႔ ဗ်ာ..ဆရာေတြကြၽန္ေတာ္ဘယ္လိုပင့္ႏိူင္မွာလဲဗ်….”
” ကြၽန္ေတာ္တို႔ကအသျပာဆရာေတြမဟုတ္ပါဘူးညီငယ္…. ေမတၱာ နဲ႔ကုသေပးေနတဲ့သူေတြပါ….”
” ဒီလိုဆိုရင္ေတ့ာေကာင္းတာေပါ့ဗ်ာ….”
” ဒါနဲ႔ လူနာကဘယ္မွာလဲဗ်…ကြၽန္ေတာ္ တခ်က္ၾကည့္ပါရေစ….”
” ဟိုမွာပါဆရာ….”
ခ်ယ္ခ်ယ္မွာ အိပ္ယာထဲ၌မွိန္းေမာေနဆဲပင္။ ဆရာက ​လူနာအနားသို႔သြားၿပီးၾကည့္လိုက္ရာ ျပဳစားခ​ံ​ေနရသည္ကို​ေတြ႕လိုက္ရသည္။ ခဏ၌ဘုရားစင္​ေ႐ွ႕ျပန္လာထိုင္ၿပီး
” ညီကလူနာနဲ႔ဘာေတာ္လဲ…”
” ကြၽန္ေတာ့္ဇနီးပါဆရာ….”
” ဪအင္းအင္း…မိန္းကေလးက ျပဳစားခံထားရလု႔ိပါ အခ်ိန္မွီမကယ္တင္ႏိူင္ရင္ အသက္ဆံုး႐ွံုးရလိမ့္မယ္….”
” ဗ်ာ……ကယ္…ကယ္ပါဦးဆရာရယ္…ကြၽန္ေတာ္ ့ဇနီးကိုကယ္တင္ေပးပါဦး ေက်းဇူးမေမ့ပါဘူးဗ်ာ….”
” ဖေယာင္းတိုင္ရႏိူင္မလား…”
” ရပါတယ္ဆရာ…”
​ေအာင္ညိဳက ဘုရားေက်ာင္းေဆာင္ထက္မွ ဖေယာင္းတိုင္ႀကီးတစ္တိုင္ကိုယူေပးလိုက္၏။ ဆရာက ထိုဖေယာင္းတိုင္ကိုယူုၿပီး ကညႇစ္တံျဖင့္ တစ္ခုခုကိုေရးဆဲြလိုက္၏။
အားလံုးၿပီးသြားမွ ထိုဖေယာင္းတိုင္ကိုယူၿပီး မီးစာထြန္းညႇိကာ ဘုရားကိုပူေဇာ္လိုက္၏။
ဖေငယာင္းမီးကားဟိုယိုင္သည္ယိုင္ျဖင့္ တဖ်စ္ဖ်စ္ေတာက္ေလာင္လ်ွက္႐ွိ၏။
” ဟင္း….ဟင္း….ဟင္း….”
” ေတာက္! ……ဟင္း…ဟင္း….”
ထိုစဥ္အိပ္ယာထဲမွိ္န္းေမာေနေသာ လူမမာမိန္းကေလးမွာ ငုတ္တုတ္ထထိုင္ၿပီး ေဒါသတႀကီးျဖင့္ ေတာက္တေခါက္ေခါက္ခတ္ေနေလ၏။ လူမမာအမ်ိဳးသားမွာအလန္႔တၾကားျဖင့္
” ခ်ယ္….ႏိူးလာၿပီလား… ခ်ယ္ဘာျဖစ္တာလဲ….”
” ဖယ္စမ္း…..”
ခ်ယ္ခ်ယ္က ေအာင္ညိဳ႕ကို ဘယ္လက္ျဖင့္ တြန္းလိုက္ရာ ေအာင္ညိဳကအေနာက္ဘက္သို႔ ပက္လက္လန္က်သြား၏။
” ခ်ယ္….ဘာျဖစ္တာလဲ….ဘာေတြစိတ္ဆိုးေနတာလဲ….”
” သူတို႔ႏွစ္ေယာက္ ကိုေမာင္းထုတ္လိုက္စမ္း…..”
” ဟာခ်ယ္….ဘာေတြေျပာေနတာလဲ…. သူတို႔က ခ်ယ့္ေရာဂါကိုကုေပးမဲ့ဆရာေတြေလ အားနာစရာျဖစ္ကုန္ၿပီ….”
” အိုေတာ္…႐ွင္ကဘာျဖစ္ေနတာလဲ….ခ်ယ္ကေမာင္းထုတ္လိုက္ဆို ေမာင္းထုတ္လိုက္ေပါ့….”
” ခ်ယ္…ခ်ယ္….ေနမေကာင္းေသးရင္ေအးေဆးအနား….နား….”
” ျဖန္း….ျဖန္း….”
” အား….”
ေအာင္ညိဳေျပာ၍ပင္မၿပီးေသး ခ်ယ္ခ်ယ္က​ေအာင့္ညိဳ႕ပါးကိုဘယ္ျပန္ညာျပန္႐ိုက္ခ်လိုက္ရာ ​ေအာင္ညိဳမွာမူး​ေမ့မလိုပင္ျဖစ္သြား၏။ ထိုစဥ္ဆရာက
” မဆိုင္တဲ့လူကိုမေႏွာင့္ယွက္ပါနဲ႔….ကြၽႏ္ုပ္ကိုမေက်နပ္ရင္ ကြၽႏု္ပ္နဲ႔ဘဲ႐ွင္းပါ….”
” ထီြး….ဘယ္ကလာၿပီး ဘယ္ကိုသြားရမွန္းမသိတဲ့ ကေလကဝ အုတ္ၾကားျမက္ေပါက္ေတြကမ်ား ငါ့လာစိန္ေခၚရဲရတယ္လို႔….ဒီမယ္ညည္းတို႔ကိုငါေျပာမယ္…ကို့ယ္နဲ႔မဆိုင္တဲ့ကိစၥကို လ်ွာ႐ွည္ၿပီး ဝင္မပါခ်င္စမ္းပါနဲ႔ အသက္ငယ္ငယ္ေလးဘဲ႐ွိေသးတယ္အေသမေစာခ်င္စမ္းနဲ႔….ေ႐ွ႕ဆက္လူလုပ္ခ်င္ေသးရင္ ဒီအိမ္ကေနထြက္သြားလိုက္ေတာ့….”
” ဟားဟား ဟားဟား…. အမိကဟာသလည္းေျပာတတ္သကိုး….ကဲပါ ထြက္သြားရမဲ့လူကဘယ္သူလဲဆိုတာၾကည့္ၾကေသးတာေပ့ါ…. ကဲလာခဲ့စမ္း ငါ့အေ႐ွ႕လာထိုင္စမ္း….”
” မထိုင္ေတာ့ဘာျဖစ္လဲ…. နင့္အစြမ္း႐ွိရင္ ဒီထိလာေခၚေလ….”
” လာေခၚစရာမလိုပါဘူး….မင္းမလာဘဲေနလို႔မရပါဘူး ေခါင္းမမာခ်င္စမ္းနဲ႔….ကဲထင္ေပၚ ေနရာဖယ္ေပးလိုက္…. လာစမ္းဒီကို…”
ဆရာကသူ႔အေ႐ွ႕မွ ၾကမ္းခင္းကို လက္ျဖင့္သံုးခ်က္ပုတ္လိုက္၏။
” အား….လႊတ္စမ္း…ဖယ္ၾကစမ္း….အား…နာတယ္…ငါ့ဆံပင္ေတြကြၽတ္ကုန္ၿပီထင္ပါ့….”
ထိုစဥ္မိန္းမရြယ္က လူးလြန္႔ေနၿပီး တအားအားေအာ္ကာ တစ္ေယာက္ေယာက္ကဆံပင္မွဒရြတ္တိုက္ဆဲြလာၿပီး ဆရာ့ေ႐ွ႕လာထိုင္ခိုင္း၏။
” ဟင္းဟင္းဟင္း….သူမ်ားအားကိုးနဲ႔ႏိူင္ထက္စီးနင္းလုပ္တဲ့ဆရာစုတ္…”
” ဘုန္း….”
” အင့္….”
ဆရာ့ေ႐ွ႕ေရာက္သည္ႏွင့္ထိုင္ရာမွခ်က္ခ်င္းထၿပီး တံခါးဝ႐ွိရာသို႔ေျပး၏။ ထိုစဥ္ ေရာင္ဝါထြန္းလင္းေသာနတ္တစ္ပါးက ဆီးကန္လိုက္ရာ မိန္းမရြယ္မွာ ဘုန္းခနဲအင့္ခနဲေနေအာင္ခံလိုက္ရၿပီးဆရာ့ေ႐ွ႕ ျပန္​ေရာက္လာ၏။
” ကဲအမိ….ေမတၱာနဲ႔ေျပာရင္နာခံပါ…အတင္းအၾကပ္မလုပ္ယူခ်င္ဘူး အသားမနာခ်င္စမ္းပါနဲ႔…. ”
” နင္ႏိူင္ေနတုန္းလုပ္ထားေပါ့….”
” ကဲလက္အုပ္ခ်ီၿပီး ဘုရားကိုဦးတိုက္လိုက္…”
ဆရာကထိုသို႔ေျပာရာ မိန္းမရြယ္က မလုပ္ခ်င္လုပ္ခ်င္ျဖင့္ ဘုရားကန္ေတာ့လိုက္၏။
” ကဲေျဖ… တနလၤာသမီးကိုဘာလုပ္ထားတာလဲ….”
” ဘာလုပ္ရမွာလဲ ဖ်ား​ေသနာ​ေသအာင္လုပ္ထားတာ​ေပါ့….”
” ယုတ္မာလွခ်ည္လား မင္းဘယ္သူလဲဘယ္ကလဲဆိုတာငါမသိခ်င္ဘူး ဒါေပမဲ့ ဒီတနလၤာသမီးကိုလုပ္ထားတာေတြျပန္ယူသြားရမယ္….”
ထိုစဥ္မိန္းမရြယ္မွာေခါင္းငိုက္စိုက္က်သြား၏။ ခဏ၌ေခါင္းျပန္ေထာင္လာၿပီး
” ငါ့အလုပ္ကိုဘယ္သူဝင္ေႏွာင့္ယွက္ဝံ့တာလဲ….”
ဟူေသာအသံဩဩႀကီးျဖင့္ ထိုင္ရာမွထ၏။
” ဪ….နင္တို႔က ႏွစ္ေယာက္ေပါင္းၿပီး ျပဳစားၾကတာကိုး….တယ္လဲယုတ္ညံ့တဲ့လူေတြ….”
” ဟားဟားဟား….ဒီမွာသူငယ္ ကိုယ့္အလုပ္ကိုယ့္ထမင္းကိုစား ကိုယ့္လမ္းကိုသြားစမ္းပါ မဆိုင္တာေတြဝင္မ႐ႈပ္ခ်င္စမ္းပါနဲ႔….”
မိန္းမရြယ္ကခါးေထာက္ၿပီး ျပန္ေျပာျခင္းပင္။ ထိုအခါဆရာက
” ျပန္ထိုင္စမ္း….”
” ကိုယ့္ထက္ႀကီးတဲ့လူကိုမင္းဘယ္လိုေျပာဆိုေနတာလဲ မင္းမွာဂါရဝတရားမ႐ွိဘူးလား မင္းျမန္မာလူမ်ိဳးမဟုတ္ဘူးလား…. ”
” မင္းလိုယုတ္ညံ့တဲ့ေကာင္က ဂါရဝတရားဆိုတဲ့စကားကိုေျပာထြက္ေသးတယ္ေနာ္….ကဲထိုင္စမ္း ငါ့ေ႐ွ႕မွာအခ်ိဳးမေျပတာေတြလာမလုပ္နဲ႔…ထိုင္….ဆဲြထိုင္လိုက္စမ္း…”
ဆရာကထိုသို႔ေျပာလိုက္စဥ္တြင္ တစ္စံုတစ္ဦးက ထိုလူအားဆဲြထိုင္သကဲ့သို႔ျဖစ္သြား၏။
” ဘုန္း….”
သို႔ေသာ္ထိုလူကဖေႏွာင့္တစ္ခ်က္ေပါက္လိုက္သည္တြင္ ဘုန္းခနဲအသံႏွင့္အတူ အိမ္တစ္ခုလံုးသိမ့္သိမ့္တုန္သြားေတာ့သည္။
” ဟားဟားဟား….အိမ္ေစာင့္နတ္ေလာက္နဲ႔ ငါ့လာမၿခိမ္းေျခာက္နဲ႔ နတ္သက္ေႂကြသြားမယ္ဘာမွတ္ေနလဲ….”
” မင္းကအေတာ္စြမ္းေနတယ္ေပါ့ဟုတ္လား…. ထိုင္စမ္း….ခုခ်က္ခ်င္းထိုင္ခ်လိုက္စမ္း….”
ဆရာကထိုသို႔အမိန္႔ျပန္လိုက္သည္ႏွင့္ မိန္းမရြယ္၏ဒူးႏွစ္ဖက္စလံုးမွာၫႊတ္က်လာၿပီး ထိုင္လ်ွက္သားျဖစ္သြား၏။
” လႊတ္စမ္းငါ့ကို….ဘာကိစၥသူမ်ားအလုပ္ကုိဝင္႐ႈပ္ေနရတာလဲ….”
” ငါဒါေတြစိတ္မဝင္စားဘူး…တနလၤာသမီးကိုလုပ္ထားတာေတြျပန္ယူသြားတာဘဲငါလိုခ်င္တယ္…”
” ဟားဟားဟား…ျပန္မယူေတာ့ဘာျဖစ္လဲကြာ….မင္းႏိူင္ရင္လုပ္ၾကည့္လိုက္ေလ…”
” ေအးငါလဲအဲလို႔မ်ိဳးကိုႀကိဳက္တာ…ကဲေရတစ္ခြက္ေပးစမ္းထင္ေပၚ….”
” ဟုတ္ဆရာ….”
ခဏ၌ထင္ေပၚကေရတစ္ခြက္ကိုဖလားထဲထည့္ၿပီးယူလာေပး၏။ ဆရာလည္းထိုေရခြင္ကိုယူၿပီး စမတစ္ခ်ပ္ကိုစိမ္လိုက္၏။
” ကဲ…ငါေနာက္ဆံုးေမးမယ္…တနလၤာသမီးကိုလုပ္ထားတာေတြျပန္ယူမွာလားမယူဘူးလားဒါဘဲေျဖ….”
” မယူဘူးကြာ…ျမန္မာစကားနားမလည္ဘူးလားမယူဘူး….”
” ေကာင္းၿပီ… ဒါမင္းရဲ႕ေရြးခ်ယ္မႈေနာ္…ငါ့ကိုအျပစ္မတင္ေလနဲ႔….ကဲ..ေရာ့…မယူခ်င္အံုး….”
” အား…..အား…..ေသပါၿပီ…ေသပါၿပီ….ပူတယ္…ပူတယ္…. ”
ေခါင္းေပၚသို႔ေရစင္ေတာက္လိုက္သည္ႏွင့္ ထိုလူမွာေခါင္းေပၚသို႔ေခ်ာ္ရည္ပူေလာင္းခ်သကဲ့သို႔ခံစားလိုက္ရၿပီး တအားအားေအာ္ကာ ႐ုန္းကန္ေနေတာ့၏။
” ဘယ္လိုလဲ မင္းျပန္ယူမွာလား….”
” ယူပါ့မယ္ယူပါ့မယ္ ေတာ္ပါေတာ့….”
ဆိုကာ တုန္တုန္ရီရီျဖင့္ ေခါင္းမွေျခအဆံုးသပ္ခ်သြား၏။
” ကုန္ၿပီလား လုပ္ထားတာေတြ….ကုန္…ကုန္ၿပီဆရာ….ဒါ…ဒါေပမဲ့ သခ်ႋဳင္းကုန္းမွာျမဳပ္ထားတဲ့ သူ႔​ေန႔နံနဲ႔ ၾကက္ဥတစ္လံုးက်န္​ေန​ေသးတယ္….”
” သြားျပန္ယူခဲ့….ထြက္ေျပးမယ္လို႔ေတာ့မၾကံနဲ႔ မင္းအသက္ဗူးငါ့လက္ထဲမွာေနာ္…”
” မလုပ္ဝံ့ပါဘူးဆရာ…ခုသြားယူပါ့မယ္…”
ထိုစဥ္ မိန္းမရြယ္ကေခါင္းငိုက္စိုက္က်သြားၿပီး တေအာင့္၌ျပန္ေထာင္လာ၏။
” ဒီမွာပါဆရာ…”
ဆိုၿပီး တနလၤာေန႔နံပါေသာၾကက္ဥတစ္လံုးကို ဆရာအားကမ္းေပး၏။ ထိုလူမွာေျမေၾကာ႐ွံု႔သည့္အတတ္ျဖင့္ ျပန္ယူသည္ျဖစ္ရကား အခ်ိန္ခဏမ်ွပင္ၾကာသည္ဟူ၏။
” အားလံုးကုန္ၿပီလား…”
” ကုန္ပါၿပီဆရာ…”
” ဘာလို႔ဒီလိုလုပ္ရတာလဲ…”
” ကြၽန္ေတာ့သေဘာအရလုပ္တာမဟုတ္ပါဘူးဆရာ… သူ႔အေမကလုပ္ခိုင္းလို႔လုပ္ရတာပါ…”
” ေဟ့ေကာင္ မင္းကလီကမာမေျပာနဲ႔ ဘယ္မိဘကသားသမီးကိုမေကာင္းၾကံစဥ္ခိုင္းမလဲ….”
” အတည္ေျပာတာပါဆရာ…. သူကသူ႔သမီးေလး သူနဲ႔အတူျပန္ေနေအာင္လုပ္ထားခိုင္းတာပါ…. သူ႔သမီးကိုခ်စ္တဲ့အတၱစိတ္နဲ႔လုပ္ခိုင္းတာပါ….”
” မင္းေျပာလို႔သာ ငါၾကားရတာ ယံုျဖင့္မယံုႏိူင္ဘူး….”
” ကဲကဲမင္းသြားေတာ့ မင္းပညာကိုငါမသိမ္းဘူး… ဒါေပမဲ့ ဒီပညာကိုသံုးၿပီး ဘယ္သူ႔ကိုမွဒုကၡမေပးပါဘူးလို႔ သစၥာဆိုရမယ္…ဘယ္လိုလဲမင္းလုပ္ႏိူင္မလား….”
” လုပ္ႏိူင္ပါတယ္ဆရာ…”
” ကဲဒါျဖင့္ရင္ ဘုရားကိုတိုင္တည္သစၥာဆိုၿပီး သြားလိုရာသြားလို႔ရၿပီ….”
ထိုလူလည္း ဆရာခိုင္းသည့္အတိုင္း သစၥာဆိုၿပီးထြက္သြားေတာ့သည္။ သို႔ေသာ္ မိန္းမရြယ္၏ကိုယ္ေပၚ႐ွိစက္ႀကိဳးက ရစ္ပတ္ေနဆဲ။
” မင္းဘယ္သူလဲဆိုတာငါသိတယ္ ဝင္လာခဲ့….”
ထိုစဥ္မိန္းမရြယ္မွာ ေခါင္းျပန္ေထာင္လာၿပီး
” ဘာသေဘာလဲ…. ညည္းကငါ့အစီစဥ္ကိုသိၿပီးၿပီဆိုေတာ့ ငါ့ကို ဒဏ္ခတ္မလို႔လား….”
” အစ္မႀကီး….အမွားမွန္းသိရက္နဲ႔ဘာလို႔အမွန္မျပင္ႏိူင္တာလဲ…ခုခံရတဲ့သူက အစ္မႀကီးရဲ႕ဝမ္းနဲ႔လြယ္ၿပီးေမြးထားတဲ့သမီးေနာ္…”
” ငါ့ဝမ္းနဲ႔လြယ္ၿပီးေမြးထားခဲ့တာမို႔ ငါျပန္ေခၚတာေပါ့ဟဲ့….ဒီေကာင္မက မိဘကိုသူ႔လင္ေလာက္ေတာင္မခ်စ္ဘူး…လင္မ်က္ႏွာတစ္ကမၻာထင္ၿပီး မိဘကိုျပန္အာခံေနတာ…”
” ငယ္ရြယ္ေသးတဲ့သူမို႔အခ်စ္ကို ကိုးကြယ္တာမဆန္းပါဘူးအစ္မႀကီး…အစ္မႀကီးကသာ မလုပ္သင့္တာေတြလုပ္မိလို႔ အျပစ္သင့္ေနၿပီဆိုတာသိပါရဲ႕လား…”
” အိုေတာ္… ဘာဘဲျဖစ္ျဖစ္က်ဳပ္ဂ႐ုမစိုက္ဘူး…က်ဳပ္သမီးကိုသာက်ဳပ္ဆီျပန္လာေနေအာင္မရ ရတဲ့နည္းနဲ႔ေခၚမွာ….”
” ေျပာမရေတာ့လဲလုပ္ေပါ့…မလုပ္ခင္အစ္မႀကီးသြားရမဲ့လမ္းကိုအရင္ၾကည့္လိုက္ပါဦး…”
ဆိုၿပီးဆရာက မိန္းမရြယ္၏မ်က္ႏွာကို လက္ျဖင့္သပ္ခ်လိုက္၏။
” အို! ဒါဘယ္ေနရာလဲ မိစၦာဓိ႒ိ ျမင္ကြင္းေတြပါလား….”
မိန္းမရြယ္မွာထိုသို႔ေျပာၿပီး ေခြၽးသီးေခြၽးေပါက္မ်ား ဒီဒီးက်လာ၏။
” ဒါငရဲလို႔ေခၚတယ္အစ္မႀကီး…ခ်မ္းသာျခင္းကင္းတဲ့အရပ္ေပါ့….အစ္မႀကီးဒီဘဝကေန ေသလြန္တဲ့အခါဒီအရပ္ကိုဆင္းရလိမ့္မယ္….”
” အို! မသြားႏိူင္ပါဘူးေတာ္….”
” မသြားခ်င္လို႔မရဘူး….အစ္မႀကီးရဲ့ပညါနဲ့အကုသိုလ္ေတြဆက္လုပ္ေနရင္ဒီလမ္းဘဲသြားရမွာ….”
” ေတာ္ပါေတာ့ ေၾကာက္ပါၿပီ…အဲဒါေတြမျမင္ခ်င္ေတာ့ဘူး….”
” အစ္မႀကီးပညာေတြစြန့္္မွာလား…စြန္႔ရင္ေတာ့ဒီျမင္ကြင္းကိုေဖ်ာက္ေပးမယ္…မစြန္႔ခ်င္လည္းသေဘာဘဲေနာ္….”
” အမေလး…ေၾကာက္ပါၿပီ..ေၾကာက္ပါၿပီ… စြန္႔ပါ့မယ္…သမီးေလးကိုခ်စ္တဲ့စိတ္နဲ႔လုပ္မိတာပါ…မိဘဆိုေတာ့သားသမီးနဲ႔အတူေနခ်င္ၾကတာသဘာဝဘဲေလ….ဒါေပမဲ့ ငါမွားသြားခဲ့တယ္…ငါ့သမီးေလးကိုခ်စ္တဲ့အခ်စ္က အဆိပ္ျဖစ္သြားတယ္…ဒီအေၾကာင္းကိုသမီးေလးကိုမေျပာျပပါနဲ႔ေနာ္….သမီးေလးသာသိသြားရင္ ငါ့ကိုအမုန္းႀကီးမုန္းေနမွာ….ဂတိေပးပါေနာ္….အဟင့္…”
” ကြၽန္ေတာ္နားလည္ပါတယ္အစ္မႀကီး…ဂတိေပးပါတယ္…”
” ေက်းဇူးပါကြယ္…အစ္မလည္း​ေနာင္တ​ေတြနဲ႔အသက္႐ွင္ရ​ေတာ့မယ္…”
” ထင္ေပၚ… ဒီအစ္မႀကီးကိုေထြးအင္ေလးကမ္းေပးလိုက္ပါဦး…”
ထင္ေပၚလည္း ဆရာျဖစ္သူခိုင္းသည့္အတိုင္း ​ေထြးအင္ကိုယူကာ မိန္းမရြယ္ကို​ေပးလိုက္၏။ မိန္းမရြယ္မွာ လည္​ေခ်ာင္းထဲလက္ထိုးအန္ရင္း ​ေနာက္ဆံုး၌မည္းပုပ္ပုပ္အရည္မ်ားႏွင့္အတူ ဝင္းဖန္႔​ေသာအရာတစ္ခုကိုအန္ထုတ္လိုက္၏။
” ရပါၿပီဆရာ….”
” သာဓု…သာဓု…သာဓု…အစ္မႀကီး….အမွားျမင္လို႔အမွႏ္ုျပင္တဲ့အတြက္တကယ္ကိုဝမ္းသာပါတယ္…ေ႐ွ႕ဆက္ေကာင္းေကာင္း႐ွင္သန္ပါ….သြားလို႔ရပါၿပီ…”
ဆရာကထိုသို႔ေျပာလိုက္သည္ႏွင့္ မိန္းမရြယ္မွာ ဘုရားကို႐ွိခိုးၿပီး ျပန္ထမလာေတာ့ေခ်။
” ခ်ယ္…ခ်ယ္….မိန္းမ….ဆရာေရလုပ္ပါဦး…”
” စိတ္မပူပါနဲ႔ညီ…ညီ့မိန္းမ အားနည္းလို႔ေမ့ေျမာသြားတာပါ… မၾကာခင္သတိျပန္ရလာလိမ့္မယ္….သတိျပန္ရလာရင္ အား႐ွိတာေတြေကြၽးၿပီး လံုေလာက္ေအာင္အနားယူခိုင္းလိုက္ပါ…လံုးဝေနေကာင္းသြားၿပီဆိုတာနဲ႔ သူ႔မိဘအိမ္ကိုအလည္လိုက္ပို႔ေပးလိုက္ပါ….ၿပီး​ေတာ့​ေထြးအင္ထဲကအရာ​ေတြကို အိမ္​ေနာက္​ေဘးမွာက်င္းနက္နက္တူးၿပီးျမဳပ္ပစ္လိုက္ပါ…”
” ဟုတ္ကဲ့ပါဆရာ…တကယ္ေက်းဇူးတင္ပါတယ္…ဒါနဲ႔ ဆရာတို႔ေဆးကုခဘယ္ေလာက္ယူပါသလဲ….”
” တျပားတခ်ပ္မွမယူပါဘူးညီ…ေငြေၾကးအတြက္စိတ္မပူပါနဲ႔ က်ဳပ္ေစတနာနဲ႔ကူညီတာပါ…ေရာ့ဒီေငြကိုယူထား တရားသျဖင့္ရတဲ့အလုပ္မွန္သမွ်လုပ္ပါ….မိဘေက်းဇူးသိတတ္တဲ့အတြက္ဘုရားကေစာင္မလိုက္မယ္….က်ဳပ္တို႔ကိုခြင့္ျပဳပါဦး…”
” ဟင္….”
ေအာင္ညိဳမွာ တို႔ေဆးမိသကဲ့သို႔ပင္ဘာမွျပန္မေျပာႏိူင္ဘဲ အတိုင္းသားေငးေနမိသည္။
ထိုပုဂၢိဳလ္ႏွစ္​ေယာက္ သူ႔ျမင္ကြင္းထဲ ​ေပ်ာက္သြားမွသတိျပန္ဝင္လာခဲ့သည္။ ထိုစဥ္တြင္အ​ေမက ဘုန္းႀကီး​ေက်ာင္းမွျပန္လာၿပီး
” ဟဲ့သား….ဘာေတြေငးၾကည့္ေနတာလဲ…”
” ဪ…မ…မဟုတ္ပါဘူးအေမ…လူ…လူႏွစ္ေယာက္ကိုၾကည့္ေနတာပါ…”
” အင္းပါအင္းပါ…ဒါနဲ႔သမီးေရာဘယ္မွာလဲ…”
” အနားယူေနတယ္အေမ…”
” ေအးေအး…”
အေမကထိုမွ်သာေျပာၿပီးအိမ္ထဲသို႔ဝင္သြား၏။
***************************
ေမာင္ေရခဲ တို႔ဆရာတပည့္ႏွစ္ေယာက္လည္း လူနာကိုကယ္တင္ၿပီးသည္ႏွင့္ ခရီးဆက္ၾကေလ၏။ ထိုအခါ ေမာင္ထင္ေပၚက
” ဆရာ… အဲၾကက္ဥကဘာအတြက္လုပ္တာလဲ…တစ္ခါမွမၾကားဖူးဘူး…”
” ေအာက္ပညာလို႔ေခၚတယ္ထင္ေပၚ…ကိုယ္မနာလိုတဲ့သူ၊မုန္းတီးတဲ့သူ ရဲ႕နာမည္နဲ႔ေန႔နံကို ၾကက္ဥေပၚေရးၿပီး ဂါထာ၃၇ခ်က္အုပ္ၿပီးရင္ သခ်ဳႋင္းကုန္းမွာသြားျမဳပ္…. ျမဳပ္ၿပီးရင္ေနာက္ကဘာသံၾကားၾကား ျပန္လွည့္မၾကည့္ဘဲ အိမ္ေရာက္ေအာင္ျပန္ခဲ့….ေနာက္ေန႔အဲဒီၾကက္ဥေပၚကေရးထားတဲ့နာမည္နဲ႔ေန႔နံ ေရးခံရတဲ့လူ ဖ်ားေတာ့တာဘဲ….ေသေတာ့မေသႏိူင္ဘူး…အဖ်ားကဘယ္လိုကုကုမေပ်ာက္ဘူး…လုပ္ထားတဲ့လူကုမွေပ်ာက္တာ….”
” ဪ…ဒါဆိုဟိုအေဒၚႀကီးကသူ႔သမီးကိုျပန္လာေစခ်င္တဲ့အတၱစိတ္နဲ႔လုပ္မိတာေပါ့ေနာ္….”
” ဒါေပါ့… သူကမလုပ္တတ္ေတာ့ လုပ္တတ္တဲ့လူနဲ႔ေပါင္းၿပီး လုပ္တာဟိုလူက အဲဒါလုပ္တာေတာင္မကဘူး ျပဳပါစားလိုက္ေတာ့ ေကာင္အေလးခဗ်ာမွာ မခံႏိူင္ေတာ့ဘူးေလ….”
” ဪအတၱ…အတၱ…အေတာ္ေၾကာက္ဖို႔ေကာင္းတာဘဲဗ်ိဳ႕….ဒါနဲ႔ဒီၾကက္ဥကိုဘာလုပ္ရမလဲဆရာ…”
” ေရစီးသန္တဲ့ေခ်ာင္းထဲေမ်ာပစ္ရမွာထင္ေပၚ….”
ဤသို႔ျဖင့္ ဆရာတပည့္ႏွစ္ေယာက္စကားေျပာရင္းသြားရင္းျဖင့္ ဦးတည္ခ်က္မဲ့​ေသာခရီး႐ွည္ကို​ေလ်ွာက္လွမ္းသြားၾက​ေတာ့သည္။….။
# ၿပီး
# ခြန္း