နဂါးသိုက်

အောင်မြတ်သာနှင့်နဂါးသိုက်နန်း(စ-ဆုံး)
+++++++++++++++++

“ရွှမ်း..ရွှမ်း..ရွှမ်း..”
“အမလေး နာလှချည်ရဲ့
နှိပ်စက်တာတွေရပ်ပါတော့”

“နှိပ်စက်တာရပ်ချင်ရင်
သိုက်တံခါးကိုဖွင့်စမ်း”

“အမတော် မဖွင့်ပေးနဲ့
သေရင်သေပါစေ
ဒီပစ္စည်းတွေက
နောင်ပွင့်မယ့်ဘုရားအတွက်
ရည်စူးထားတာ
ငါတို့ဆိုထားတဲ့ သစ္စာကို
မဖောက်နဲ့”

“ဟဲ့ ဒီကောင်မ စကားတော်တော်များပါလား
ကဲဟာ.. ကဲဟာ..
ရွှမ်း..ရွှမ်း..”

ကြိမ်နဲ့ရိုက်သံတွေ
အော်ဟစ်ညဉ်းညူသံတွေက
အိပ်တန်းတက်နေတဲ့
ငှက်တွေကိုတောင်
လန့်ပျံစေခဲ့သည်။

“နင်တို့ ခေါင်းမာနိုင်မလား
ငါကပဲ ရိုက်နိုင်မလား
ကြည့်ရသေးတာပေါ့”

လာဘ ဆိုတဲ့လူက
လွယ်အိတ်ထဲက
ချည်မန်းကွင်းကိုထုတ်ကာ
သိုက်တံခါး အဝမှာ ပိတ်ထားတဲ့
အမျိုးသမီးငယ်ခေါင်းမှာစွပ်လိုက်သည်။

“အား ပူတယ် ပူတယ်
လှုပ်လို့လဲမရတော့ဘူး
အဘိုးကလဲ ဘယ်ရောက်နေလဲမသိဘူး”

သိုက်တံခါး နှစ်ချပ်ပွင့်သွားပီမို့
ကျန်တဲ့နောက်ဆုံးအချပ်ကိုဖွင့်နိုင်ရင်
ဆယ်သက်စားမကုန်တဲ့
ရတနာပစ္စည်းတွေ
ရပီဆိုတဲ့ အတွေးက
လူ့လောဘသားတစ်သိုက်ကို
ရူးသွပ်စေခဲ့သည်။

စည်းဝိုင်းထဲက လူက
ခြေဖနောင့်ကိုတစ်ချက်ပေါက်ကာ
လက်စွဲတော်ကြိမ်နဲ့
အဆက်မပြတ်ရိုက်နှက်လေတော့သည်။

ပွင့်နေတဲ့သိုက်တံခါးနှစ်ချပ်
အနီးမှာလဲ အရွယ်စုံ
ပုံသဏ္ဍာန်စုံ ပြိတ္တာတွေ
လဲသူကလဲ
မှောက်သူကမှောက်
တစ်ချို့တွေက
ချည်မန်းကွင်းတွေနဲ့
ရစ်ပတ်ခံထိပြီး
မလှုပ်မရှားနိုင်
ဖြစ်နေတာကို
တွေ့ရတယ်။
….
တစ်ဘက်မှာလဲ..
ညအမှောင်ထုကို
လရောင်အားကိုးနဲ့
တိုးလာရင်း
တစ်ဖြေးဖြေးတောက
နက်သည်ထက်နက်လာခဲ့သည်။

ကညင်ပင်နှစ်ပင်
အနားရောက်တော့
အဘိုးအိုက
“ဆရာလေးတို့
ဒီအပင်ကြားထဲကနေသွားရင်
သိုက်နန်းကိုရောက်ပီ
ဒါကသာမန်လူတွေမမြင်နိုင်အောင်
ကွယ်ထားတဲ့သိုက်စည်းအစပဲ”

ကညင်ပင်နှစ်ပင်ကြားထဲကို
တိုးဝင်လိုက်တဲ့အခါမှာတော့
ယောဂီဝတ်စုံဝတ်ထားတဲ့
လူ၄ယောက်က စည်းအစပ်မှာ
ထိုင်နေတာမြင်လိုက်ရသည်။

ဘေးမှာတော့
ဓားရှည်ကိုင်ထားတဲ့
လူလတ်ပိုင်း ၆ယောက်

ဒါသိုက္တူးတဲ့
အဖွဲ့ပဲဖြစ်ရမယ်။

အောင်မြတ်သာတို့ကိုမြင်တော့
ဓားကိုင်ထားတဲ့
လူ၆ယောက်က

“မင်းတို့ကဘယ်သွားမလို့လဲ
ဒီနေရာကနေသွားလို့မရဘူး”လို့ပြောတော့

အောင်မြတ်သာက
“ငါတို့လဲဒီနေရာကိုပဲလာတာ
မင်းတို့ရဲ့ မိုက်မဲတဲ့လုပ်ရပ်တွေကို
တားဖို့လာခဲ့တာ”

အဲလိုပြောလိုက်တော့
ယောဂီဝတ်လူတွေနဲ့
ဓားကိုင်ထားတဲ့လူတွေ
ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

ဘာလို့လဲဆိုတော့
ဒီနေရာကိုကျော်လိုက်တာနဲ့
အတွင်းစည်းကိုရောက်ပီ။

အတွင်းစည်းကိုရောက်တာနဲ့
စည်းပေါက်ပီ ။
ချုပ်ထားတဲ့ချည်မန်းကွင်းတွေ
ပေါက်ထားတဲ့ ဆေးတွေအားလုံး
အစွမ်းပျက်ပီ။

ဒါကိုသိတဲ့ ယောဂီဝတ်လူတွေက
“အဲသုံးယောက်ကို
သတ်ကြစမ်း”လို့
ပြောလိုက်တယ်ဆိုရင်ဖြင့်

ဓားကိုင်ထားတဲ့
လူတွေက ခုတ်ဖို့
ပြေးဝင်လာကြတယ်။

အဲဒီအချိန်
“ဖလူး.ဖလူး…
ဖူးး… ဖူးး”
နှာမှုတ်သံကြားလို့
ကြည့်လိုက်တော့
ဘေးနားကအဘိုးအိုက
လူကြီးပေါင်လုံးလောက်ရှိတဲ့
မြွေနဂါးအဖြူ ရောင်ဖြစ်သွားပြီး
ရှူ းရှူ း ရှဲရှဲနဲ့
ဝင်လာတဲ့ လူတွေကို
အမြီးနဲ့ရိုက်ပါလေရော။

……..

“သိုက်တံခါး.ဖွင့်စမ်း
နောက်ဆုံးအကြိမ်ပြောမယ်
သိုက်တံခါးဖွင့်စမ်း”

သိုက်ဆရာရဲ့ ကြိမ်းဝါးသံနဲ့အတူ
နောက်ဆုံးသိုက်တံခါးကြီးက
ဂျိမ်းး…ဆိုတဲ့အသံနဲ့အတူ
ပွင့်ထွက်သွားလေသည်။

“အမတော်
ရက်စက်လှပါလား
ညီမတော်တို့ကို
တာဝန်ပေးထားတဲ့
သိုက်ချုပ်အဘိုးကို.
ဘယ်လိုရင်ဆိုင်ရမလဲ”

“ငါမဖွင့်ပေးရင်
အားလုံးနှိပ်စက်ခံရတော့မှာပေါ့
ငါ့ထိုက်နဲ့ငါ့ကံရှိပါစေတော့ညီမငယ်”
……

ဂျိမ်း ဆိုတဲ့အသံကြီးကို
အောင်မြတ်သာတို့
ဆရာတပည့်နှစ်ဦး
ကြားလိုက်ရတယ်။

အဖြူ ရောင်မြွေတစ်ဖြစ်လဲ
အဘိုးအိုက
ဓားကိုင်ထားတဲ့
လူတွေကို
အမြီးနဲ့လှမ်းရိုက်ရင်း
သိုက်တံခါးပွင့်သံကြားလိုက်ရတော့

မိုးထားတဲ့ပါးပျဉ်းက
ရုတ်တရက်ဆိုသလို
ပြေကျသွားတယ်။

အဲဒါကိုသိတဲ့
သိုက်ဆရာတွေက
လွယ်အိတ်ထဲကနေ
ချည်မန်းကွင်းကိုထုတ်ပြီး
မြွေနဂါးအဖြူ ကို
ရစ်ပစ်လိုက်တယ်။

မြေနဂါးအဖြူ တစ်ဖြစ်လဲ.
အဘိုးအိုက
ရုန်းရင်းရုန်းရင်း
တစ်ဖြေးဖြေး
လူပုံသဏ္ဍာန်ဖြစ်သွားတယ်။

“ငါတို့က လူကုန်ပီထင်နေတာ
ဒီအဘိုးကြီးကျန်နေသေးတာကိုး
ဒီလူငယ်နှစ်ယောက်ကိုလဲ
ဒီအဘိုးကြီး.ခေါ်လာတာပဲဖြစ်မယ်”

အဘိုးအိုက
မျက်ရည်အရွှဲသားနဲ့
အောင်မြတ်သာကိုကြည့်ကာ
“သွားပါပီ ဆရာလေးရယ်
သိုက်တံခါးတွေပွင့်ကုန်ပီ
နောင်ပွင့်မယ့်ဘုရားအတွက်
ရည်စူးထားတာတွေ
ကုန်ပါပီ”

ထိုအခါအောင်မြတ်သာက
“အဘိုး.ပွဲကမပြီးသေးပါဘူး
ခုမှအစပဲရှိသေးတယ်
အဘိုးတို့ ပစ္စည်းတွေ
ဘာတစ်ခုမှ မပါစေရဘူး
ကျွန်တော်အောင်မြတ်သာ
ကတိပေးတယ်
သက်ခိုင် မင်းငါ့အနောက်
ငါးတောင်အကွာကနေပဲလိုက်
ဘုရားသာသနာတည်မြဲစေဖို့
ငါတို့ကူညီခွင့်ရပီ”

“ဟေ့ မင်းက ဘယ်သူလဲ
ငါတို့အလုပ်မှာ
ဘာလို့လာရှုပ်တာလဲ
မသေချင်ရင်.အေးဆေးပြန်ကြ”

“ငါက သေမှာလဲ မကြောက်ဘူး
သူတစ်ပါးပစ္စည်းကိုလဲ
အချောင်မယူဘူး
သူတစ်ပါးကိုလဲ
ဒုက္ခရောက်အောင်မလုပ်ဘူး
ငါ့နာမည် အောင်မြတ်သာ
မင်းတို့ပညာလေး.မတောက်တစ်ခေါက်နဲ့
ဒီလိုသိုက်နန်းကို ဖွင့်လို့ရတယ်ဆိုပြီး
ပျော်မနေနဲ့ဦး
ဒီသိုက်နန်းက
ဘုရားတရား
မေ့လျော့နေလို့သာ
မင်းတို့လွယ်လွယ်ဖွင့်လို့ရတာ
အခုမင်းတို့ဖမ်းထားတဲ့
အဘိုးက ဒီသိုက်နန်းကမဟုတ်ဘူး
သူ့ကိုလွှတ်ပေးလိုက်ပါ”

“မင်းအစွမ်းအစရှိရင်
ငါ့တို့ဆီကနေရအောင်
်ကယ်ပေါ့
ဟား ဟား ဟား”

အောင်မြတ်သာက
“ကောင်းပီလေ
သက်ခိုင် အဘိုးကိုကြိုးဖြေပေးလိုက်
ကြိုးဖြေတဲ့အခါ ဒီတိုင်းဖြေရင်
ပိုပိုကြပ်လာလိမ့်မယ်
မဖြေခင်မှာ ၄ကွက်အင်းကို
ကြိုးပတ်လည်မှာ စည်းချ
သူတို့စည်းကို ငါတို့စည်းနဲ့
ကာထားလိုက်”

သက်ခိုင်လဲ
အဘိုးရှိရာကို လှမ်းလိုက်တဲ့အချိန်

လေထဲက ဝဲပြီးဆင်းလာတဲ့
ငှက်ကြီးတောင်ဓားတစ်ချောင်း

ဝှီး…..

ဓားချက်က သက်ခိုင်
လည်ကုတ်ဆီသို့

ဓားချက်က သက်ခိုင်လည်ကုတ်ဆီ
ရောက်ဖို့ တစ်ထွာအကွာမှာ
တုံ့ခနဲရပ်သွားသည်။

သက်ခိုင်ကြည့်လိုက်တော့
ရွှေဓားနှစ်လက်က ကုတ်ပေါ်ကနေ
ဆီးပြီးတော့ခံထားတာ
တွေ့လိုက်ရတယ်။

အင်းစောင့်မင်းညီနောင်နှစ်ပါး
ရောက်လာခဲ့ပြီ။

“အော် လက်စသတ်တော့
မင်းတို့လဲ ပညာသည်ပဲကိုး
ဒီနေရာကိုအရင်ကျော်နိုင်မှ
သိုက်နန်းတံခါးဆီကို
ရောက်မှာဆိုတော့
စမ်းကြည့်ရတာပေါ့”

အောင်မြတ်သာလဲ
ဘာမှထပ်မပြောတော့ပဲ
ဆယ်တောင်အကွာကနေ
ပတ်ပတ်လည်ကို
စည်းထပ်တားလိုက်သည်။

စည်းတားပြီးတာနဲ့
မြေကြီးထဲကနေ
ရွှေအိုရောင်အမျှင်တန်းတွေက
ပိုက်ကွန်သဖွယ်
ထိုးထွက်လာခဲ့သည်။

ပိုက်ကွန်အပြင်မှာတော့
လှံရှည်ကိုယ်စီကိုင်ထားတဲ့
ပုဂ္ဂိုလ်တွေက
စောင့်နေကြသည်။

အောင်မြတ်သာက
“ဒီလောက်ဆို
ငါတို့ဘာလဲဆိုတာ
သိလောက်ပီထင်တယ်
မင်းတို့ရဲ့စွမ်းလှပါရဲ့ဆိုတဲ့
စူဋ္ဌဂန္ဓာရီ အတတ်ပညာတွေ
မှော်အတတ်တွေကို
ထုတ်သုံးတော့လေ”

ထုံးဖြူ စည်းဝိုင်းထဲက
သိုက်ဆရာတွေ
မျက်လုံးပြူ းကုန်တယ်
တကယ်တော့
သူတို့က
သာမန်သရဲတစ္ဆေတွေကို
နိုင်တဲ့အစွမ်းပဲရှိတာ
ခုလိုမြင်လိုက်ရတော့
ကြောက်စိတ်က
ငယ်ထိပ်ကိုရောက်လာခဲ့သည်။

“ဟေ့ကောင်တွေ
ဘာလုပ်နေတာလဲ
ဒီကောင်တွေကို
ခုတ်ကြလေ”

ဘယ်သူမှရှေ့မတိုးရဲ
ဘာလို့ဆိုတော့
သူတို့မြင်နေရတာက
အစွယ်ပြူ းပြူ းနဲ့
ဘီလူးတွေက
သူတို့စည်းအပြင်မှာအပြည့်
ဘယ်လိုသတ္တိနဲ့
ထွက်ရဲတော့မလဲ

သာမန်လူတွေကိုမကြောက်တဲ့
ဓားသမားတွေကလဲ
ဒီလိုမမြင်အပ်မြင်အပ်
ပုဂ္ဂိုလ်တွေကိုမြင်တော့
ကြောက်ဒူးတုန်နေတော့သည်။

သိုက်ဆရာတွေကလဲ
ကြောက်စိတ်ကိုတင်းကာ
လွယ်အိတ်ထဲက
ဆေးရုပ်ကို
မန်းမှုတ်လိုက်တယ်ဆိုရင်ဖြင့်

မဲပြောင်နေတဲ့
တိုက်ကျွဲ တစ်ကောင်
ဖြစ်သွားတယ်။

တိုက်ကျွဲက
နှာမှုတ်ပြီး
ဂျိုကိုထောင်ကာ
အောင်မြတ်သာထံ
ပြေးဝင်လာခဲ့သည်။
…….

သိုက်တံခါးပွင့်သွားတော့
အထဲကနေ
ပြိုးခနဲ ပြက်ခနဲထွက်လာတဲ့
အလင်းရောင်…

သိုက်ဆရာလာဘ
မျက်လုံးဝင်းထွက်သွားတယ်။
ဘေးမှာရှိနေတဲ့
လက်စွဲတော်တပည့်နှစ်ယောက်ကို
သိုက်အထဲကိုဝင်ဖို့
မျက်စပြစ်ပြလိုက်တယ်။

ဘေးမှာထိုင်နေတဲ့
နှစ်ယောက်က
လွယ်အိတ်ကိုယ်စီလွယ်ကာ
ပွင့်နေတဲ့ သိုက်ထဲကို
လှမ်းဝင်ခဲ့လိုက်တယ်။

သူတို့တွေ့လိုက်ရတာက
လှည်း၃စီးတိုက်မျှ
များပြားသော
ရတနာပစ္စည်းမျိုးစုံ

အရည်အသွေးကောင်းလွန်းတဲ့
ကျောက်တွေရဲ့အရောင်က
မ်က္စိထဲကို
စူးပီးဝင်လာခဲ့တယ်။

“ဆရာလာဘ
လာကြည့် လာကြည့်ပါဦး
ကျုပ်တို့ချမ်းသာပီ

ဟီးဟီး
ကျပ်တို့သုံးမကုန်တော့ဘူးဗျ”

ဝမ်းသာအားရ အော်သံက
သိုက်အတွင်းကနေ
ထွက်လာခဲ့တယ်။
သိုက်တံခါးအဝမှာ
ဖမ်းခံထားရတဲ့
သိုက်စောင့်တွေ
သိုက်နန်းရှင်တွေကတော့
အံ့တကြိတ်ကြိတ်နဲ့
မျက်စောင်းထိုးကာ
ကျိန်ဆဲနေရုံကလွဲ၍
ဘာမှမတတ်နိုင်။

သိုက်ဆရာလာဘက
ဆေးလွယ်အိတ်ကိုလွယ်ပြီး
သိုက်အတွင်းကို
ဝင်လာခဲ့တယ်။

“ငါရထားတဲ့သတင်းက
မှန်နေတာပဲ
ငါတို့တူးလာသမျှ
သိုက်တွေထဲမှာ
ဒီတစ်ခါအချီကြီးပဲ”ဆိုပြီး
ရွှေဒင်္ဂါးတစ်ပြားကိုကောက်ကာ
လက်နဲ့ပွတ်သပ်နေလိုက်တယ်။
…….
နှာမှုတ်ခွာယက်ကာ
ပြေးဝင်လာတဲ့
တိုက်ကျွဲကိုကြည့်ပြီး
သက်ခိုင်အနည်းငယ်
စိတ်ပူသွားတယ်။
ဘာလို့ဆိုတော့
တိုက်ကျွဲက
ဆရာအနာ
းရောက်ခါနီးနေပီ
ဆရာက
မတုန်မလှုပ်ရပ်နေဆဲမို့လို့ပဲ။

အရှိန်နဲ့ပြေးဝင်လာတဲ့
တိုက်ကျွဲက
အောင်မြတ်သာအနား
နှစ်တောင်အကွာလဲရောက်ရော
အောင်မြတ်သာရဲ့
ကျောအနောက်ကနေ
ခုန်ထွက်လာတဲ့
ကိုးတောင်ကျားတစ်ကောင်

ကျားနဲ့ကျွဲ
မျက်နှာချင်းဆိုင်တည်ထားတဲ့
အနေအထားကိုမြင်တော့
သက်ခိုင်
သက်ပြင်းတစ်ချက်
မှုတ်ထုတ်လိုက်တယ်။

ကိုးတောင်ကျားက
သားကောင်ကို
အလစ်မပေးတဲ့ပုံစံနဲ့
တိုက်ကျွဲကို
လှည့်ပတ်ကာ
ချောင်းနေတော့တယ်။

တိုက်ကျွဲကလဲ
မကြောက်မလန့်
နှာကိုမှုတ်
ခွာကိုယက်ပြီး
ကိုးတောင်ကျားရှိရာကို
ပြေးဝင်လာခဲ့တယ်။

“ဝေါင်း..”
မာန်ဖီတဲ့အသံနဲ့အတူ
ကိုးတောင်ကျားက
လေပေါ်ကို
ခုန်တက်ကာ
တိုက်ကျွဲရဲ့ ဂုတ်ကို
အမိအရခဲထားပါလေရော။

တိုက်ကျွဲကလဲ
ဂုတ်ပေါ်မှာ
ခဲထားတဲ့
ကိုးတောင်ကျားကို
ခါချပြီး ဂျိုနဲ့လှမ်းပက်ဖို့
ကြိုးစားတယ်။
ဒါပေမယ့် အချည်းနှီးသာ

ကိုးတောင်ကျားရဲ့
လျင်မြန်တဲ့
လက်သည်းကုတ်ချက်တွေက
တိုက်ကျွဲရဲ့
ကျောပြင်ပေါ်ကို
ကျလာခဲ့တယ်။

နောက်ဆုံးမှာတော့
ဂုတ်ကိုခဲထားတဲ့ ဒဏ်
လက်သည်းနဲ့
ကုတ်တဲ့ဒဏ်တွေကို
မခံနိုင်တော့ပဲ
အမြီးထောင်ကာ
ပြန်လှည့်ပြေးပါလေရော။

ကိုးတောင်ကျားက
ဆက်မလိုက်တော့ပဲ
အောင်မြတ်သာဘေးမှာ
ဝိုက်ကာ မာန်ဖီနေတော့တယ်။

အောက်လမ်းဆရာတွေလဲ
တိုက်ကျွဲနဲ့မနိုင်မှန်းသိတော့
သူတို့မွေးထားတဲ့
အစိမ်းသရဲတွေနဲ့
ထပ်မံတိုက်ခိုက်လာတော့သည်။

အစိမ်းသေရဲ့
ဆံပင်နဲ့ပတ်ထားတဲ့
အရုပ်တစ်ရုပ်
အစိမ်းသေရဲ့
ခြေသည်းလက်သည်းနဲ့
ထုပ်ထားတဲ့အထုပ်တစ်ထုပ်
အစိမ်းသေရဲ့
အရိုးနဲ့ ထွင်းထားတဲ့
အရုပ်တစ်ရုပ်ကို
မြေကြီးပေါ်မှာ
ထောင်ပြီး
မန်းမှုတ်လိုက်ရုံနဲ့
မြေကြီးထဲကနေ
ကုတ်တွယ်ထွက်လာတဲ့
နာနာဘာဝသုံးကောင်။

ဆနွင်းနံ့က
သက်ခိုင်နှာခေါင်းထဲကို
တိုးဝင်လာခဲ့တယ်။

ပထမဆုံးထွက်လာတဲ့သူက
တစ်ကိုယ်လုံးဝါထိန်နေပြီး
ဗိုက်ကဟောင်းလောင်းကွဲကာ
ဗိုက်ထဲကနေ သွေးစိမ်းတွေ
တစ်တောက်တောက်ကျနေတဲ့
အစိမ်းသေသရဲမ

ဒုတိယထွက်လာတဲ့သူက
ဦးခေါင်းက ပြတ်ပြီး
အနောက်ကိုလန်ကျနေတယ်။
ပြတ်နေတဲ့လည်ပင်းကနေ
ပန်းထွက်နေတဲ့သွေးတွေက
မြေကြီးပေါ်မှာအိုင်ထွန်းနေတဲ့
ခေါင်းပြတ်အစိမ်းသေ

တတိယထွက်လာတဲ့သူက
မျက်လုံးနှစ်လုံးလုံးဝမရှိ
ချိုင့်ဝင်နေတဲ့ မျက်တွင်းက
ဟောက်ပတ်
လက်နှစ်ဖက်မှာလဲ
လူဒူးရိုးနှစ်ချောင်းကိုကိုင်ထားပြီး
နီကျင်ကျင်လျာကြီးကို
ရင်ဘတ်လောက်ထိ
ထုတ်ထားတဲ့
မကောင်းဆိုးဝါး

“မိရင် ငထူးနဲ့ ငဒူး
အရှေ့က လူတွေကို
သတ်စမ်း”လို့သိုက်ဆရာတွေက
အမိန့်ပေးလိုက်တော့
သုံးယောက်လုံး
အောင်မြတ်သာဆီ
ပြေးဝင်လာခဲ့တယ်။

အောင်မြတ်သာဘေးမှာရှိနေတဲ့
ကိုးတောင်ကျားက ခုန်အုပ်ပြီး
ကိုက်မလို့လုပ်တော့

ငဒူးဆိုတဲ့ ကောင်က
လက်ထဲက အရိုးနဲ့
ကိုးတောင်ကျားကို
ဖြတ်ရိုက်ချလိုက်တယ်။

ပါးစောင်ကိုထိသွားတဲ့
ကိုးတောင်ကျားက
ဗုန်းကနဲပစ်လဲသွားတာ
မြင်လိုက်ရတယ်။

သုံးယောက်လုံး
အောင်မြတ်သာဆီ
ပြေးဝင်လာတဲ့အချိန်
“ဖြောင်း ဖြောင်း ဖြောင်း”ဆိုတဲ
အသံနဲ့အတူ
ပြေးဝင်လာတဲ့
မကောင်းဆိုးဝါးသုံးကောင်
အနောက်ကို လဲကျသွားတယ်။

သက်ခိုင်လှမ်းကြည့်လိုက်တော့
ရွှေရောင်ပိုးပုဆိုးကို
ခါးထောင်းကျိုက်ပြီး
ရင်စီးအနီကိုတင်းကျပ်စွာ
စည်းထားတဲ့
လူငယ်နှစ်ယောက်

ရုပ်ချင်းခွဲမရအောင်တူပြီး
လက်ထဲမှာ
ငှက်ကြီးတောင်ဓားကို
ကျစ်ကျစ်ပါနေအောင်
ဆုပ်ကိုင်ထားတဲ့
လူငယ်နှစ်ဦး

လူငယ်နှစ်ဦးထဲက
လက်ယာဘက်ကလူငယ်က
“တယ် ရာရာစစ
ငါစီးတော်ကျားကိုမှ
အနာတရဖြစ်အောင်လုပ်တဲ့
မင်းတို့တွေ
ငါရဲ့လက်သုံးတော်
ဓားအကြောင်းသိရမယ်ဟေ့”ဆိုပြီး
ဓားကိုဝင့်ကာ
ပြေးဝင်သွားပါလေရော။

ဓားခုတ်ချက်တွေက
လျှပ်စီးလက်သလို
မြန်တာကို
ဖြတ်ခနဲ.ဖြတ်ခနဲ
လှမ်းတွေ့နေရတယ်။

ညီနောင်နှစ်ပါးရဲ့
ဓားခုတ်ချက်တွေကြောင့်
အစိမ်းသရဲသုံးကောင်
အထိနာနေတဲ့အချိန်
ဗိုက်ဟောင်းလောင်းပွင့်နေတဲ့
အစိမ်းသရဲမရဲ့ရင်အုံတည့်တည့်ကို
ထိုးမလို့ ဓားကို
မြှောက်လိုက်တဲ့အချိန်မှာ
“ဝုန်း”ဆိုတဲ့အသံနဲ့အတူ
ညီနောင်နှစ်ပါး အနောက်ကို
လန်ကျသွားတယ်။

သက်ခိုင်ကြည့်လိုက်တော့
အောက်လမ်းဆရာ
သုံးယောက်ထဲက
တစ်ယောက်ရဲ့လက်မှာကိုင်ထားတဲ့
သစ်ကနက်ဆေးကြိမ်လုံး

ဆေးကြိမ်လုံးဒဏ်ကို
ညီနောင်နှစ်ပါးမခံနိုင်ပဲ
အနောက်ကို
ဆုတ်လာခဲ့တယ်။

အဲဒီအချိန် အောင်မြတ်သာက
ညီနောင်နှစ်ပါးရဲ့
နဖူးမှာ
အင်းတစ်ကွက်စီရေးပေးလိုက်တယ်
အင်းကွက်လဲရေးပြီးတော့
“ကဲ ပေါက္ကံပြည့်ရှင်
ဘုရင်ကိုယ်တိုင်
ချီးမြှင့်မြှောက်စားခဲ့တဲ့
မင်းညီနောင်
သင်တို့အစွမ်းကိုပြကြလော့”ဆိုပြီး
ပြောလိုက်တယ်ဆိုရင်ဖြင့်
လဲကျနေတဲ့ညီနောင်နှစ်ပါးက
လက်ခမောင်းထခတ်ကာ
“ကျား…”ဆိုတဲ့
မာန်သွင်းသံနဲ့အတူ
အောက်လမ်းဆရာတွေရှိရာကို
တဟုန်ထိုးပြေးဝင်ကာ
ဓားနဲ့ထိုးခုတ်တော့တယ်။

အစိမ်းသရဲသုံးကောင်လဲ
နဖူးကနေ စက်ရောက်တွေ
တလက်လက်တောက်နေတဲ့
ညီနောင်နှစ်ပါးကို
ဆက်လက်
ခုခံနိုင်စွမ်းမရှိတော့ပဲ
အောက်လမ်းဆရာတွေနောက်ကို
ပြေးပါလေရော။

အောက်လမ်းဆရာတွေကလဲ
ဆေးကြိမ်းလုံးနဲ့ဆီးရိုက်တယ်။
မင်းညီနောင်နှစ်ပါးကလဲ
ရိုက်ချက်တွေကို
ဓားနဲ့ကာတယ်
ဓားအိမ်နဲ့ဖယ်တယ်။

တစ်ဖြေးဖြေးနဲ့
အောက်လမ်းဆရာတွေ
ဝိုင်းထားတဲ့စည်းအနားကို
ရောက်လာခဲ့တယ်။

“ငထွန်း ပြေးတော့
ဆရာကြီးကိုအကြောင်းသွားကြား
ငါတို့စည်းပေါက်တော့မယ်
မြန်မြန်”
ဆေးကြိမ်လုံးကိုင်ထားတဲ့
အောက်လမ်းဆရာက
ငထွန်းဆိုတဲ့လူကို
လှမ်းပြောလိုက်တယ်။

ငထွန်းဆိုတဲ့လူလဲ
စည်းအပြင်ကိုထွက်ကာ
ပြေးတဲ့အချိန်

“ဝုန်း ဝုန်း
ဖလူး ရှူ း ရှူ းး”ဆိုတဲ့အသံနဲ့အတူ
ချည်မန်းကွင်းထဲမှာမိနေတဲ့
အဘိုးအိုက
မြွေနဂါးအသွင်ပြောင်းသွားတယ်။

စည်းပေါက်ပီဟေ့
စည်းပေါက်ပီပြေးကြတော့

ဓားနဲ့လိုက်ခုတ်နေတဲ့
ညီနောင်နှစ်ပါးအပြင်
မြွေနဂါးအဖြူ ရောင်ကပါ
ပြေးလမ်းအရှေ့ကနေ
ပိတ်ထားတော့
သိုက်ဆရာတွေ
ပြေးလမ်းမရှိတော့ပေ။

မြွေနဂါးအဖြူ ရောင်က
အရှေ့မှာရှိနေတဲ့
သိုက်ဆရာနှစ်ယောက်ကို
အမြီးနဲ့ပတ်ကာ
သစ်ပင်နဲ့ရိုက်ဖို့ပြင်တော့
“အဘိုး စိတ်ထိန်းပါ
အဘိုးကျင့်ကြံထားတဲ့
သီလသမာဓိတွေကို
ဒီလိုလူအတ္တသမားတွေကြောင့်
ပျက်စီးခံတော့မလို့လား”ဆိုတဲ့
အောင်မြတ်သာရဲ့အသံကြောင့်
ရစ်ပတ်ထားတဲ့
အမြီးကတစ်ဖြေးဖြေး
လျော့ကျလာခဲ့တယ်။

“ဒီလူတွေထိုက်သင့်တဲ့အပြစ်ကို
သူတို့ပြန်ခံရမှာပါ
အဘိုးက
သူတို့ကိုကြည့်ထားပေးပါ
ကျွန်တော်သိုက်နန်းကို
သွားလိုက်မယ်”လို့ပြောပြီး
အောင်မြတ်သာနဲ့သက်ခိုင်တို့နှစ်ဦး
သိုက်နန်းရှိရာဘက်ကို
ထွက်လာခဲ့လိုက်တယ်။
…..

“ဆရာ..
ဆရာလာဘ
ဒုက္ခတော့ရောက်ပီ”ဆိုတဲ့
အသံကိုကြားတော့
သိုက်နန်းအထဲကနေ
သိုက်ဆရာလာဘ
ပြေးထွက်လာလိုက်တယ်။

“ဘာဖြစ်တာလဲ ငထွန်း”

“ကျွန်တော်တို့ပထမစည်းပေါက်သွားပီ
ဘယ်ကရောက်လာမှန်းမသိတဲ့
ဆရာတွေကြောင့်
စည်းပေါက်သွားပီ
တောက်ထိန်နဲ့
ဗသိန်းနှစ်ယောက်လဲ
အခြေအနေမကောင်းဘူး”

“ဟာကြာ
အောင်မြင်ခါနီးမှ
အဖျက်ဝင်လာပီ
ငါတို့စည်းထဲသူတို့ဝင်လာရင်
ဒုတိယစည်းထပ်ပေါက်တော့မှာပဲ
ဒုတိယစည်းပေါက်ရင်
အားလုံးသေကုန်တော့မှာပဲ
ဒုတိယစည်းထိပ်ကနေ
ကာကွယ်ရမှာပဲ
မင်းတို့နှစ်ယောက်က
သိုက်ထဲက ပစ္စည်းတွေကို
ရသလောက် ယူခဲ့ကြ
ကြားလား”

“ဟုတ်ကဲ့ဆရာ”

သိုက်ဆရာလာဘလဲ
ဒုတိယစည်းရှိရာကို
အလောတကြီး
ထွက်လာခဲ့လိုက်တယ်။

စည်းထိပ်ရောက်တော့
စည်းဝိုင်းအပြင်မှာ
ရပ်နေတဲ့လူငယ်နှစ်ယောက်

“အဲဒီလူတွေပဲ
အဲဒီလူတွေကြောင့်
ပထမစည်းပေါက်သွားတာ”

ထိုအခါအောင်မြတ်သာက
“သိုက်တံခါးသုံးချပ်လုံး
ဖွင့်နိုင်တယ်ဆိုတော့
မင်းရဲ့ပညာကလဲ
ပေါ့သေးသေးတော့
မဟုတ်လောက်ဘူး
မင်းပညာတွေကို
ကောင်းတဲ့ဘက်မှာ
သုံးရင် လူသားတွေ
အကျိုးကိုအများကြီး
ကူညီနိုင်မှာ”

“မင်းတို့ကဘယ်သူလဲ
ငါတို့အလုပ်ကို
ဝင်ရှုပ်တဲ့ကောင်တွေ
သေပေတော့”ဆိုပြီး
လွယ်အိတ်ထဲကနေ
ဆေးလုံးငါးလုံးကို
အောင်မြတ်သာထံလှမ်းပေါက်လိုက်တယ်။

ဆေးလုံးတွေက
မြေကြီးပေါ်ရောက်တာနဲ့
လက်မောင်းလုံးလောက်ရှိတဲ့
တောကြီးမြွေဟောက်
ငါးကောင်အဖြစ်
ပြောင်းသွားပြီး
ပါးပျဉ်းထောင်ကာ
အောင်မြတ်သာတို့ကို
ပေါက်သတ်ဖို့
လာပါလေရော

ငါးပေလောက်
ရောက်တဲ့အခါမှာ
အောင်မြတ်သာက
လေထဲကနေ
လက်နဲ့ပုတ်ထုတ်လိုက်တော့
တောကြီးမြွေဟောက်တွေ
ဘေးကကခြုံပုတ်တွေရှိရာကို
လွင့်ထွက်သွားတယ်။

သိုက်ဆရာလဲ
အောင်မြတ်သာရဲ့
အစွမ်းကိုမြင်ပြီး
တွေ့ကြသေးတာပေါ့ကွာဆိုပြီး

ဘီလူးပုံထွင်းထားတဲ့
ဆေးမြစ်ကိုအောင်မြတ်သာထံ
လှမ်းပေါက်လိုက်တယ်။

ဘီလူးပုံဆေးမြစ်က
လေထဲမှာတင်
သန်လျက်ကိုင်ထားတဲ့
ဘီလူးတစ်ကောင်ဖြစ်သွားပြီး
အောင်မြတ်သာရဲ့ ခေါင်းကို
သန်လျက်နဲ့ပိုင်းဖို့
ခုန်ဝင်လာခဲ့တယ်။

အောင်မြတ်သာက
မတုန်မလှုပ်
ငြိမ်နေရင်း
ပါးလေးတွန့်ရုံ
တစ်ချက်ပြုံးလိုက်တယ်။

အရှိန်နဲ့ခုန်ဝင်လာတဲ့
ဘီလူးရဲ့သန်လျက်က
အောင်မြတ်သာရဲ့
လည်ဂုတ်ပေါ်ကို
ရောက်ခါနီး
“ချွင်”ဆိုတဲ့အသံနဲ့အတူ
သန်လျက်က အနောက်ကို
ပြန်ကန်ထွက်သွားတယ်။

အောင်မြတ်သာက
လက်နှစ်ဘက်နောက်ပြစ်ရင်း

“မင်းရဲ့ ဆေးဘီလူးနဲ့
ငါ့ရဲ့ အင်းဘီလူး
ဘယ်သူပိုစွမ်းလဲကြည့်ကြတာပေါ့”ဆိုပြီး
ပြောလိုက်တယ်ဆိုရင်ဖြင့်
အောင်မြတ်သာအနောက်ကနေ
သန်လျက်ကိုင်ထားတဲ့
ဘီလူးတစ်ကောင်
ခုန်ထွက်လာခဲ့တယ်။

ဘီလူးနှစ်ကောင်ရဲ့
တိုက်ပွဲကပြင်းထန်လှသည်။
တစ်ချက်မှာတော့
ဆေးဘီလူးရဲ့
သန်လျက်နဲ့ခုတ်ချက်ကြောင့်
အင်းဘီလူး အနောက်ကို
လန်ကျသွားတယ်။

လန်ကျသွားတဲ့အချိန်
ဆေးဘီလူးက
အပေါ်ကနေ
သန်လျက်နဲ့လှမ်းထိုးဖို့အလုပ်
လေထဲကနေ
ရွှေရောင်ပိုက်ကွန်တစ်ခု
ဆေးဘီလူးအပေါ်ကို
ကျလာခဲ့တယ်။

ဆေးဘီလူးပိုက်ကွန်နဲ့
ချုပ်ခံထိနေတဲ့အချိန်
အောင်မြတ်သာက
“မင်းရဲ့ ဆေးအစွမ်းက
ပေါ့သေးသေးမဟုတ်ပါဘူး
ဒါပေမယ့် မင်းက
မကောင်းတဲ့နေရာမှာ
အသုံးပြုတဲ့အတွက်
ဒီပညာတွေက
အဆိုးတွေဖြစ်လာခဲ့တယ်
အခုမင်းရဲ့ဒုတိယစည်း
ပေါက်တော့မယ်
မင်းရဲ့စည်းထဲကို
ငါခြေတစ်လှမ်း
ဝင်လိုက်တာနဲ့
မင်းစည်းပေါက်ပီ”

“ဝင်လာလို့ရရင်
ဝင်လာခဲ့လေ
မင်းရဲ့ပညာက
ဘယ်လောက်စွမ်းလို့လဲ”

ထိုအခါအောင်မြတ်သာက
“ကောင်းပီလေ
ငါ့ပညာကို
မင်းအသိစိတ်ရှိတဲ့အချိန်
မြင်ဖူးတယ်ရှိအောင်
ပြသွားမယ်”ဆိုပြီး

“အထက်ဆရာကြီးတွေရဲ့အမိန့်
ငါအောင်မြတ်သာအမိန့်နဲ့
ဆင့်ခေါ်သည်
ဟောဒီကမ္ဘာမြေကြီးပေါ်မှာရှိတဲ့
ရတနာသိုက်အပေါင်းကို
အုပ်ချုပ်နေတဲ့
သိုက်အချုပ်ဘိုးတော်
နတ်မင်းကြီး
ငါ့ရှေ့သို့ မဆိုင်းမတွ
လာရောက်စေသတည်း”လို့
အမ်ိန့်ပြန်လိုက်တယ်ဆိုရင်ပဲ

ရွှေရောင်တဖိတ်ဖိတ်
တောက်နေတဲ့
ပုဂ္ဂိုလ်တစ်ဦး
ကောင်းကင်ထက်မှာ
ပေါ်လာခဲ့တယ်။

သိုက်ဆရာလာဘလဲ
ပါးစပ်အဟောင်းသားနဲ့
ထူးဆန်းအံ့သြနေပြီး
သတိပြန်ဝင်လာတော့
“ခွင့်လွှတ်ပေးပါ
ကျုပ်မှားမှန်းသိပါပြီ
အသက်ချမ်းသာပေးပါ
ဒီပညာတွေနဲ့ဘယ်တော့မှ
မကောင်းတာမလုပ်တော့ပါဘူး
ခွင့်လွှတ်ပေးပါ”

သိုက်အချုပ်ဘိုးတော်က
“တယ် ဒီငမိုက်သား
ဘုရားသာသနာအတွက်
ရည်စူးထားတဲ့ပစ္စည်းတွေကိုမှ
လုယက်ဖို့ကြိုးစားတဲ့သင်ကို
ခွင့်မလွှတ်နိုင်ဘူး
သင်နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကို
သင်ခံစားရမယ်
ဒီအချိန်မှစပြီး
သင်နဲ့အပေါင်းအပါ
အားလုံး
လူစိတ်ပျောက်၍
ရူးသွပ်စေ
ဝဋ်ကြွေးကုန်၍
သေဆုံးသော်
ငရဲကိုသွားစေ”လို
့ပြောလိုက်တယ်ဆိုရင်ဖြင့်
သိုက်ဆရာလာဘရဲ့
မျက်လုံးသူငယ်အိမ်တွေ
တစ်ဖြေးဖြေးကျဉ်းလာပြီး

“ငရဲကိုသွားရမယ်
ပျော်လိုက်တာ
ပျော်လိုက်တာ
အားလုံးတူတူသွားကြမယ်
ဟေ့ ပလို့ဂျိ “ဆိုပြီးအော်ကာ
တောထဲကိုပြေးဝင်သွားတော့တယ်။

သိုက်ဆရာနဲ့အပေါင်းအပါအားလုံး
ခဏလေးအတွင်း
ရူးသွပ်ကြကုန်တယ်။
အောင်မြတ်သာလဲ
“သိုက်အချုပ်အဘိုး
ဒီသိုက်နန်းမှာရှိတဲ့
သူတွေက
ဘုရားတရားမသိကြဘူး
ကျုပ်တို့တရားထိုင်တာကိုတောင်
လာနှောက်ယှက်ရဲသေးတယ်”

ထိုအခါ ဝတ်စုံအစိမ်းနဲ့အမျိုးသမီးက
“ကျွန်တော်မျိုးမတို့
မှားမှန်းသိပါပြီ
နောင်ကိုဘုရားတရားလုပ်ပါ့မယ်
ဒီနေရာကိုလဲ ကာကွယ်ပါ့မယ်
အသေခံပြီးကာကွယ်ပါ့မယ်
သနားသောအားဖြင့်
စတုမဟာရာဇ်နတ်မင်းကြီးတွေထံ
မတိုင်ကြားလိုက်ပါနဲ့”

အောင်မြတ်သာက
“သိုက်နန်းမှာ
နေတယ်ဆိုတာ
ပေါ့တန်တန်
ပေါ့ပျက်ပျက်နေမရဘူး
သိုက်ဆရာတွေ
နင်တို့ကို နိုင်တယ်ဆိုတာ
နင်တို့ဘုရားတရားမေ့နေလို့နိုင်တာ
သိုက်စောင့်တွေဟာ
နေ့စဉ် နေ့တိုင်း မနက်တစ်ကြိမ်
ညတစ်ကြိမ် မတုန်လှုပ်တရား
နှစ်ကြိမ် ထိုင်ရတယ်၊
မတုန်လှုပ်တရား ဆိုတာ
မလှုပ်မရှားပဲ ငြိမ်သက်စွာ
ထိုင်ပြီး မေတ္တာ ကမ္မဌာန်း
ပွားများရတာ”

“ကဲ သိုက်အချုပ်ဘိုးတော်ကြီး
ကျုပ်တို့ ကူညီနိုင်သလောက်
ကူညီခဲ့ပြီးပြီ
က်န္တာ
သိုက်အချုပ်တို့အပိုင်း
ကျုပ်တို့သွားတော့မယ်
အာရုဏ်လဲတက်နေပြီ”ဆိုပြီး
တောလမ်းအတိုင်း
ပြန်ထွက်လာခဲ့လိုက်တယ်။

တောအစပ်လဲရောက်ရော
“ဆရာလေးတို့
ဂရုစိုက်သွားနော်
ကျုပ်လဲအဓိဌာန်ဝင်တော့မယ်”
ဆိုတဲ့အသံကြားလို့
လှည့်ကြည့်လိုက်တော့
အဝတ်ဖြူ.နဲ
့တောင်စောင့်အဘိုးအိုကို
တွေ့လိုက်ရတယ်။

အောင်မြတ်သာတို့လဲ
အဘိုးအိုကို
နှုတ်ဆက်ပြီး
တောလမ်းအတိုင်း
တောင်ခြေကို
ပြန်ဆင်းလာခဲ့လိုက်တယ်။

တစ်ရွေ့ရွေ့နဲ့
ခရီးဆက်လာတာ
ဇင်းကျိုက်တောင်တန်းကြီးကို
မှုန်ပြပြသာ
မြင်တွေ့ရတော့တယ်။

“သက်ခိုင်
ငါတို့ကို လူတစ်ယောက်
လာတွေ့လိမ့်မယ်
သူနဲ့တွေ့တဲ့အခါ
သူ့ပုံစံကိုလေ့လာကြည့်
မင်းထင်တဲ့ပုံစံငါ့ကိုပြော”

“ဘယ်တော့လာတွေ့မှာလဲဆရာ”

“မနက်ဖြန် ညနေ
ကျိုက်ပေါလောဘုရားမှာ.
ဆုံမယ်”

“သူ့နာမည်က
ဘယ်လိုခေါ်လို့လဲ”

“သူ့နာမည်က ဒီပ
အပြည့်အစုံက မဟာဒီပ”

“မဟာဒီပအကြောင်းအား
ရွှေပြည်တော်သို့အဝင်ဆိုတဲ့
ဝတ္တုလေးမှာဖတ်ရှုနိုင်ပါတယ်”
……
အောင်မြတ်သာနဲ့မဟာဒီပတို့တွေ့ဆုံပြီး
ဘာတွေဆောင်ရွက်ကြမလဲဆိုတာကို
“အောင်မြတ်သာနှင့်မဟာဒီပတွေ့ဆုံခြင်း”ဆိုတဲ့
ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

ဇေယန(ရာမည)

မူရင်းစာရေးသူ အားလေးစားစွာဖြင့် crd ပေးပါသည်ခဗျာ။

#ပရလောက
#ညမဖတ်ရ