ဆံပင်ရှည်သရဲမ(စ/ဆုံး)

Unicode Version

ဆံပင်ရှည်သရဲမ(စ/ဆုံး)
—————————-
ကျွန်တော် ဆယ်တန်းအောင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါဗျာ …

တနေ့ကမှစဉ်းစားမိလို့ပြန်တင်လိုက်တာပါ…

အဖြစ်ကဒီလိုဗျ…..

ကျွန်တော်ဆယ်တန်းအောင်တော့ ဖုန်းပြင်သင်တန်းတက်ချင်တာနဲ့ ရန်ကုန်က အသိအိမ်မှာနေပြီး တက်တာပေါ့ဗျာ။ ပုံမှန်နေ့တွေကတော့ဘာမှမဖြစ်ပါဘူး။ တနေ့ကျတော့ အပြန် အန်တီ့မိတ်ဆွေတွေဆီကနေအကြွေးယူရင်းကြာသွားတယ်ဗျ။အပြန်ကျတော့ ည၈နာရီထိုးခါနီးပြီ ဆိုတော့ မှောင်ပြီပေါ့ဗျာ။ မရမ်းကုန်း မြို့နယ် ကြိုးဖြူရေပိုက်လိုင်းနားဗျ ။ ရထားလမ်းနဲ့လည်းနီးတယ်။ လူနေအိမ်လည်းကျဲတယ်ဗျ။ ပထမ ဖြတ်သွားတော့ စိတ်ထဲ ရှိန်းခနဲပူသွားတယ် ။ ကြက်သီးတွေလည်းထလာတယ်ဗျ။ ဘုရားစာတွေရွတ်တာလည်း အယောင်ယောင်အမှားမှား။ အဲတာပြောတာနေမှာ ခလုတ်ထိအမိတ သရဲတွေ့မှဘုရားတတဲ့။ မတွေ့သေးဘူး ဘုရားကတနေရပြီ။
ဒီလိုနဲ့ ကုက္ကိုပင်လားမသိဘူးဗျ ရောက်သွားတော့အစကတော့ဝိုးတိုးဝါးတား ပုံရိပ်လို့ထင်တာပဲဗျ။ သေချာကြည့်မှ မိန်းကလေးတစ်ယောက်မှန်း သိတာ။ အသက်က ၂၀ကျော်လောက်ပေါ့ဗျာ။ အသားအရောင်ကလည်းခပ်လက်လက် ဆံပင်ကလည်းသန်သဗျ။ မြန်မာရင်ဖုံးလေးဝတ်ပြီး ထိုင်နေတာဗျ။ ဒါဆိုရင် ညည့်ငှက်မဟုတ်တာတော့သေချာပြီဗျ။ ဒါနဲ့ကျွန်တော်လည်းအကျိုးအကြောင်းကိုသွားမေးတာပေါ့ဗျ။

“ဒီမှာ အမ ဘာစောင့်နေတာလဲ၊ ”

သူကဝမ်းနည်းတဲ့ပုံစံနဲ့ ငိုပြီးပြောတယ်ဗျ.
“အော် မောင်လေး အမကို ချစ်သူက ခိုးပြေးမယ်ပြောပြီး လာမခေါ်တာ တစ်လရှိပြီ ”

“အော် အမရယ် ဆက်စောင့်မနေနဲ့တော့လေ သူဘက်က ကတိဖျက်ခဲ့တာပဲ အဲလောက်ကြီးထိ ဆက်စောင့်မနေပါနဲ့တော့ဗျာ”

“မောင်လေးရယ် အမက သူ့ကိုခုချိန်ထိယုံနေတုန်းပဲလေ.အာ့ကြောင့်လဲ ခုချိန်ထိစောင့်နေတာပေါ့ နောက်ပြီး အမ ခုဘယ်ကိုသွားရမှန်းမသိတော့ဘူး အဟင်းဟင့်ဟင့်”

“အာ မငိုပါနဲ့ဗျာ လူတွေကြားရင်တမျိုးထင်ကုန်လိမ့်မယ်၊ ဒီလိုလုပ်ဗျာ
မောင်လေးအမကိုအိမ်ပြန်လိုက်ပို့မယ်လေ ”

“မောင်လေးကကော အိမ်မပြန်ဘူးလား?”

“ရပါတယ်ဗျာ ကျွန်တော်ကယောကျ်ားလေး အမကမိန်းကလေးဆိုတော့ စိတ်မချဘူးလေ အာ့ကြောင့်လိုက်ပို့မယ်”

“အော် မောင်လေး အမကိုအိမ်ပြန်မပို့ဘဲ မောင်လေးတခါတည်းခေါ်ထားလိုက်ပါလားဟင်”

ကျွန်တော်နည်းနည်း စိတ်တိုသွားတယ်ဗျ။

“ဒီမှာအမ ပေးတဲ့အကူအညီကိုမယူချင်နေပါ စေတနာကိုတော့မစော်ကားပါနဲ့ဗျ၊ ကျွန်တော်အမကိုစမြင်ကတည်းက ခုချိန်ထိ တဏှာစိတ်နဲ့ ကူညီတာမဟုတ်ဘူး မြန်မာလူမျိုးပီပီ လမ်းမှာမိန်းကလေးတစ်ယောက်တည်းမို့လို့ မသင့်တော်လို့လိုက်ပို့ပေးမယ်ပြောတာ…တောက်”

ရော်… ကျွန်တော်ကသာစိတ်ဆိုးနေတာ သူကတော့ပြုံးပြုံးကြီး စိတ်ထဲမှာတော့ ဘယ်လိုကြီးလဲဟပေါ့
သူကပြောတယ်ဗျ….

” မောင်လေးရဲ့စိတ်ဓာတ်ကိုတော့အမလေးစားသွားပြီ၊
တဖက်သားကိုကူညီတဲ့စိတ်ရှိတာရယ် ၊ မဟုတ်ရင်မခံတဲ့စိတ်လေးရှိတာရယ် တကယ်ကိုရှာမှရှားယောကျ်ားတစ်ယောက်ပဲ အမအတွက်သာ ကံကြမ္မာကမျက်နှာသာပေးရင် မောင်လေးလိုလူမျိုးနဲ့သာထပ်တွေ့ချင်ပါတယ်”

” ဗျာ… အမဘာတွေပြောနေတာလဲဗျ၊ ကျွန်တော်နားမလည်ဘူး”

“ခုချိန်တော့ဘာမှနားလည်မှာမဟုတ်သေးဘူး ၊မနက်ဖြန်ကျဒီနားကလူတွေကိုမေးကြည့်ပါ နားလည်လာပါလိမ့်မယ် ခုတော့မောင်လေးလဲအိမ်ပြန်တော့ အမလည်းပြန်ရတော့မယ်၊”

လိုက်ပို့မယ်ပြောမလို့ပါးစပ်ဟတုန်းရှိသေးတယ်

“လိုက်ပို့စရာမလိုတော့ပါဘူးမောင်လေး အမကဒီနားမှာပဲနေတာပါမောင်လေးသွားတော့”

ဘယ်လိုကြီးပါလိမ့် ကျွန်တော်တောင်မပြောရသေးဘူးသူကသိနေတယ် သူ့ကြည့်လိုက်တော့ ကြက်သီးတွေထလာတာနဲ့ “အာ့ဆိုပြီးရောဗျာ “ဆိုပြီး လှည့်ထွက်ခဲ့တယ် စိတ်ထဲမှာတော့သူဘယ်တော့ငါ့လှမ်းခေါ်ပြီး အကူအညီတောင်းမလဲပေါ့ လမ်းလျှောက်ရင်းလှည့်ကြည့်လိုက်တော့ အားပါးပါး သစ်ပင်ထဲကိုဝင်သွားတာ ကိုယ်တစ်ဝက်ပဲကျန်တော့တယ်ဗျ။ ဘာပြောကောင်းမလဲဗျာ။ ကျွန်တော့်ရဲ့စူပါ ပါဝါကိုထုတ်သုံးရပြီလေ…🏃🏃🏃ပြေးပြီဗျို့🏃🏃🏃ပြေးတာမြန်မမြန်တော့မသိဘူး အရင် အိမ်ကို နာရီဝက်လမ်းလျှောက်ပြန်မှရောက်တာခုတော့ ၅မိနစ်နဲ့ရောက်သွားရော လမ်းမှာတွေ့တဲ့တက္ကစီတွေတောင်မျက်လုံးပြုးကြီးတွေနဲ့ကြည့်လို့ဗျ။

အိမ်ရောက်တော့ ရေသောက် ဘုရားရှိခိုးပြီးအိပ်လိုက်တာပဲ။နောက်နေ့မနက်ရောက်တော့ညကအကြောင်းပြန်တွေးမိပြီး သင်တန်းပိတ်ရက်လည်းဖြစ်တော့ သွားစုံစမ်းမယ်ဆိုပြီး အိမ်ကထွက်လာခဲ့လိုက်တယ်။

အဲရပ်ကွက်ထဲပြန်သွားရမှာ နည်းနည်းတော့ခပ်လန့်လန့်ရယ် ဘာလို့လဲဆိုမနေ့ကမှသရဲမကိုစိတ်တိုပြီးငေါက်ခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် ယောကျာ်းဘသားဟူသော ဆောင်ပုဒ်ကိုအားကိုးကာ ထွက်လာခဲ့ခြင်ဖြစ်သည်။ ပေါ့သေးသေးတော့မမှတ်နဲ့ဗျ လက်နှစ်ဘက်မှာကပတီးနှစ်ကုံး လည်ပင်းမှာကပုတီးနှစ်ကုံး အင်အားတောင့်တင်းတယ် နောက်ထပ်လိုရမယ်ရဆိုပြီး အော်စကာဖိနပ်တောင်ဝတ်လာသေးသဗျာ။ သွားရင်းနဲ့ သစ်ပင်နားဝေ့ကြည့်တော့ ဘာအိမ်မှမရှိဘူးဗျ။ အဲခပ်လှမ်းလှမ်းမှာတော့ အိမ်စုတ် တဲသာသာလောက်အိမ်တစ်လုံးတွေ့တာနဲ့လှမ်းသွားလိုက်တယ်ဗျ။ ကွြပ်ပစ်ပေါ်မှာ အဘိုးအရွယ်လူတစ်ယောက်ထိုင်နေတယ်ဗျ။

“လာမောင်ရင်ထိုင်ကွယ့် ….ဒါနဲ့ဒီကမောင်ရင်ကဒီကိုဘာကိစ္စများရှိသတုန်းကွဲ့”

” အော် ဒီလိုပါအဘ ဟို… ကုက္ကိုပင် အောက်ကဆံပင်ရှည်နဲ့မိန်းကလေး..အဲ.. သရဲမ ဟာ ဘယ်လိုပြောရမလဲ သူ..သူဗျာ ”

“ဟိုးထား အဘသိပြီ ဟင် မင်းသူမနဲ့တွေ့ခဲ့ရတာကိုး မင်းအသက်မသေတာကံကောင်းတယ်မှတ်ရော”

“ဗျာ ဘယ်လိုလဲအဘရဲ့ ကျွန်တော့်ကိုရှင်းပြပါအုံး”

“အေး ရှင်းပြရမပေါ့ ထန်းလျက်လည်းစား ရေနွေးလည်းသောက်အုံး… တကယ်တော့ ဒီလိုကွ….

ဒီလိုကွ အဲကလေးမနာမည်က မေသူဇင် တဲ့။ ကုမ္ပဏီ တစ်ခုမှာအလုပ်ဝင်လုပ်တယ်။ အလယ်အလတ် လူတန်းစားပါပဲ။ အဘနဲ့ဆိုသိပ်ခင်တာ။ လွန်ခဲ့သောနှစ်လလောက်ကပေါ့ဒီအဖြစ်ဆိုးကြီးစဖြစ်တာ။ ကလေးမမှာ သူသိပ်ချစ်ရှာတဲ့ သူဋေးသားလို့ပြောရမှာပေါ့ကွာ သူတစ်ယောက်ရှိတယ်ကွ။ ဟိုကအကြံသမား သူ့များသားသမီးကို ဖျက်ဆီး ပြီးမှလာခိုးပါ့မယ်ဆိုပြီး ကတိဖျက်ခဲ့တာလေ။ ကောင်မလေးက အဲနေ့မှာ ကုက္ကိုပင်အောက်မှာ ည၈ထိုးအထိတစ်ယောက်တည်း နောက် အဲအချိန်က အရက်သမားတွေကလည်းမူးရူးပြီး သူ့ကို….”

အဘဆက်မပြောနိုင်တော့ မျက်ရည်များစီးကျလာတယ်။ကျွန်တော်လည်းကြားပြီးမှတော်ဝမ်းနည်းမိတာဗျာ ကိုက်ထားတဲ့ထန်းလျက် မြိုချရမှာတောင်မေ့နေတယ်ဗျ။

” ဒီလို သူ့ကိုဝိုင်းပြီးအဓမပြုကျင့်တယ်ထင်ရဲ့ကွာ ကောင်မလေးကအော်တော့အနီးဝန်းကျင်ကလူတွေ တုတ်တွေဆွဲပြီး ပြေးလာကြတယ်။ အဲတော့မှ အရက်သမားတွေလည်းခွေးပြေးပြေးရတော့တာပဲ။ ကောင်မလေးမှာလည်းတစ်ရှက်ကနှစ်ရှက်ဖြသ်တယ်ဆိုပြီး ရထားလမ်းမှာပဲကိုယ့်ကိုယ်သတ်သေသွားရှာတယ်။အဘအချိန်မီတားဖို့ကြိုးစားပါသေးတယ်ကွာဒါပေမယ့်အချိန်မမီလိုက်တော့ဘူး။ အဘရှေ့မှာတင်ဖြစ်သွားတာ။

အဲနေ့ကစပြီးခုချိန်ထိ သူဟာမကျွတ်မလွတ်ပဲ လူတွေကိုအထူးသဖြင့်ယောကျ်ားတွေကို လိုက်နှောက်ယှက်တော့တာပါပဲ။ အမူးသမားတွေဆိုတစ်ယောက်မှဖြတ်မလျှောက်ရဲဘူး လပြည့်လကွယ်ဆိုတအားခြောက်တာ အဲ ကုက္ကိုပင်အောက်မှာသွားပြီးစော်ကားလို့သေတာ
ခုချိန်ထိဆိုနှစ်ယောက်ရှိပြီ။ သေတဲ့သူနှစ်ယောက်လုံးကလည်းလည်ပင်းမှာ အနီရောင်အရာကျန်ပြီး ဆံပင်တစ်ချောင်းကအမြဲရစ်ထားတယ်ကွာ..(အဘပြောတုန်းကွကိုယ်လည်ပင်းပြန်စမ်းမိတယ်ဗျ မနေ့ကသာအဲလိုလုပ်သွားရင် ဒီနေ့ဆို ပရဟိတကားလားဦးကျော်သူများလား မသဲကွဲဘူး-စာရေးသူ)
ဒါနဲ့မင်းကတော်တော်ကံကောင်းတာပဲ ဘယ်လိုတွေ့ခဲ့လဲ ငါ့ပြောပါအုံး
“ဒီလိုဗျ..” အားလုံးရှင်းပြလိုက်တော့…

အော် ဒါကြောင့်ကိုး မင်းသိပ်တော်တယ်လူကလေး မင်းဗေဒင်ဆရာတွေဆီသွားစရာမလိုဘူး ငါဟောလိုက်မယ် မင်းအဲစိတ်ဓာတ်ကိုနေ့တိုင်းထား တနေ့မင်းချမ်းသာလာလိမ့်မယ်ကွ…

“ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်” ကျွန်တော့်အသံကတော့တိမ်ဝင်နေတယ်ဗျ။

“အဘတို့က သူမကျွတ့်သေးကြောင်း သူ့မိဘတွေဆီသွားမပြောဘူးလားဗျ”

“ပြောပါတယ်ကွာသူ့မိဘတွေကလည်းလာလုပ်သွားပါတယ် ဒါပေမယ် မေသူဇင် လေးက မငြိုးကြီးတော့ မကျွတ်ရှာဘုးကွယ်”

“ဒီလိုရအောင်အဘ မမေသူဇင်နေတဲ့နေရာကိုကျွန်တော့်ကိုပြောပြ ကျွန်တော်သွားပြီးသူ့မိဘတွေကိုပြောကြည့်မယ်ဗျာ ရတော့မေသူဇင်အတွက်ကောင်းတာပေါ့ မရတော့လည်းကျွန်တော်အချုပ်ထဲရောက်ရုံထက်မပိုပါဘူး

ဟားဟား ငါ့ကောင်လေးက ဟာသလဲပြောတက်သားပဲကွဟေ

ကဲလိုက်မှတ်ကွာ…
အိမ်အမှတ်- ()
လမ်း၊ မရမ်းကုန်း ၂ဈေးအနောက်ဘက်

ဟုတ်သွားကြည့်လိုက်ပါ့မယ်…

(⊙.⊙(☉_☉)⊙.⊙)(⊙.⊙(☉_☉)⊙.☜(ˆ▽ˆ)

အဘပြောတဲ့အတိုင်းသွားကြည့်တော့တွေ့တယ်ဗျ သူ့မိဘနှစ်ယောက်လုံး ကျွန်တော်လည်းဖြစ်ကြောင်းကုန်စင်ရှင်းပြရင်း မမေသူဇင်အတွက်ကြိုးစားကြည့်ချင်ကြောင်းပြောပြီး လာမယ့်လကွယ်နေ့မှာ အမျှဝေဖို့ဆုံးဖြတ်လိုက်တယ်ဗျ။
လကွယ်နေ့ရောက်တော့ကျွန်တော်ရယ် ဘုန်းကြီးသုံးပါးရယ် သူ့မိဘဆွေမျိုးတွေရယ်အနီးအနားကအဘိုးအဘွားတွေရယ် သံရဏဂုံတည်ပြီးအမျှဝေတဲ့အခါမှာကျွန်တော်ကဖြည့်စွက်ပြီး ရေအိုးကိုကိုင် မရဲတရဲနဲ့ ကုက္ကိုပင် ခြေရင်းသွားပြီး
“အမမေသူဇင် ကျွန်တော်နဲ့သိတာရက်ပိုင်းမျှသာဖြစ်ပါတယ် ခုပြုလုပ်တဲ့ကုသိုလ်အနုမောဒါနဟာ အမအတွက် လုပ်တာပါ လောကမှာလက်စားချေလိုက်ရင်အမှားတစ်ခုကိုထပ်ကျူးလွန်သလိုဖြစ်သွားလိမ့်မယ်အမ ကံတရားရဲ့စီမံမှုအောက်မှာ ကျွန်တော်တို့နေရတာပါ။ တခါတလေ ကံဆိုတဲ့အရာကိုအပြစ်ပုံချချင်ပေမယ့် အဲကံဆိုတာကြီးကို မျက်စိနဲ့မမြင်နိူင်ဘူးလေ
အဲတော့ ဖြစ်သမျှအကောင်းပဲမှတ်ယူပြီး ဘဝအသစ်ကိုကူးပြောင်းသွားပါတော့ ကံစီမံရာအတိုင်းသာလိုက်လျောလိုက်ပါအမ …..”
……

…..
ယခုပြုသမျှကုသိုလ်အားလုံးကို အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု…

ယခုပြုလုပ်သောကုသိုလ်ကောင်းမှုအစုစုတို့ကို မမေဇင်သူနဲ့တကွ အနီးအနားမှ ပရလောကသားများအားလုံးအမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု…

အားလုံး အားလုံး အားလုံး ကြားကြားသမျှ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု….

ကုသိုလ်ပြုလုပ်ပြီး နောက်နေ့ညမှာပဲ ကျွန်တော့်ကိုအိပ်မက်လာပေးတယ်ဗျ။

“မောင်လေးရေ မောင်လေးရဲ့စေတနာတွေကြောင့်ခုအမဟာ ဒီထက်ကောင်းတဲ့ဘုံဘဝကိုရောက်သွားပြီ ကံမကုန်ရင်ပြန်ဆုံဦးမှာပါ မောင်လေးရဲ့ကျေးဇူးကို မမပြန်ဆပ်နိူင်အောင်ကြိုးစားပါ့မယ့်။”

” ဝုန်း”

(လန့်မသွားပါနဲ့ ကုတင်ပေါ်ကပြုတ်ကျတာပါ-စာရေးသူ)
သူဆပ်တာမဆပ်တာ အပထား သူခုလို လွတ်မြောက်သွားပြီဆိုကတည်းက ကျွန်တော်ဝမ်းသာမဆုံးပါဘူးဗျာ
ကဲ စာလေးလည်းရှည်သွားပြီ…၁၂လည်းထိုးပြီ အိပ်ကျတော့လေဗျာ…

ကြိုးစားပါအုံးမည် ပရိတ်သတ်၏ချစ်ခင်မှုကိုအစဉ်အလေးထားလျက်…:

မိုးမခ တောင်တွင်း

Zawgyi Version

ဆံပင္​႐ွည္​သရဲမ(စ/ဆံုး)
—————————-
ကြၽန္​​ေတာ္​ ဆယ္​တန္​း​ေအာင္​တုန္​းက ၾကံဳ​ေတြ႔ခဲ့ရတဲ့ အျဖစ္​အပ်က္​​ေလးပါ​ဗ်ာ …

တ​ေန႔ကမွစဥ္​းစားမိလုိ႔ျပန္​တင္​လိုက္​တာပါ…

အျဖစ္​ကဒီလို​ဗ်…..

ကြၽန္​​ေတာ္​ဆယ္​တန္​း​ေအာင္​​ေတာ့ ဖုန္​းျပင္​သင္​တန္​းတက္​ခ်င္​တာနဲ႔ ရန္ကုန္​က အသိအိမ္​မွာ​ေနၿပီး တက္​တာ​ေပါ့​ဗ်ာ။ ပံုမွန္​​ေန႔​ေတြက​ေတာ့ဘာမွမျဖစ္​ပါဘူး။ တ​ေန႔က်​ေတာ့ အျပန္​ အန္​တီ့မ္​ိတ္​​ေဆြ​ေတြဆီက​ေနအ​ေႂကြးယူရင္​းၾကာသြားတယ္​​ဗ်။အျပန္​က်​ေတာ့ ည၈နာရီထိုးခါနီးၿပီ ဆို​ေတာ့ ​ေမွာင္​ၿပီ​ေပါ့​ဗ်ာ။ မရမ္​းကုန္​း ၿမိဳ႕နယ္​​ ႀကိဳးျဖဴ​ေရပိုက္​လိုင္​းနား​ဗ် ။ ရထားလမ္​းနဲ႔လည္​းနီးတယ္​။ ​လူ​ေနအိမ္​လည္​းက်ဲတယ္​​ဗ်။ ပထမ ျဖတ္​သြား​ေတာ့ စိတ္​ထဲ ႐ွိန္​းခနဲပူသြားတယ္​ ။ ၾကက္​သီး​ေတြလည္​းထလာတယ္​​ဗ်။ ဘုရားစာ​ေတြရြတ္​တာလည္​း အ​ေယာင္​​ေယာင္​အမွားမွား။ အဲတာ​ေျပာတာ​ေနမွာ ခလုတ္​ထိအမိတ သရဲ​ေတြ႔မွဘုရားတတဲ့။ မ​ေတြ႔​ေသးဘူး ဘုရားကတ​ေနရၿပီ။
ဒီလိုနဲ႔ ကုကၠိဳပင္​လားမသိဘူး​ဗ် ​ေရာက္​သြား​ေတာ့အစက​ေတာ့ဝိုးတိုးဝါးတား ပံုရိပ္​လို႔ထင္​တာပဲ​ဗ်။ ​​ေသခ်ာၾကည္​့မွ မိန္​းက​ေလးတစ္​​ေယာက္​မွန္​း သိတာ။ အသက္​က ၂၀​ေက်ာ္​​ေလာက္​​ေပါ့​ဗ်ာ။ အသားအ​ေရာင္​ကလည္​းခပ္​လက္​လက္​ ဆံပင္​ကလည္​းသန္​သ​ဗ်။ ျမန္​မာရင္​ဖံုး​ေလးဝတ္​ၿပီး ထိုင္​​ေနတာ​ဗ်။ ဒါဆိုရင္​ ညည္​့ငွက္​မဟုတ္​တာ​ေတာ့​ေသခ်ာၿပီ​ဗ်။ ဒါန​ဲ့ကြၽန​္​ေတာ္လည္း​​အက်ိဳးအ​ေၾကာင္​းကိုသြား​ေမးတာ​ေပါ့​ဗ်။

“ဒီမွာ အမ ဘာ​ေစာင္​့​ေနတာလဲ၊ ”

သူကဝမ္​းနည္​းတဲ့ပံုစံနဲ႔ ငိုၿပီး​ေျပာတယ္​​ဗ်.
“​ေအာ္​ ​ေမာင္​​ေလး အမကို ခ်စ္​သူက ​ခိုး​ေျပးမယ္​​ေျပာၿပီး လာမ​ေခၚတာ တစ္​လ႐ွိၿပီ ”

“​ေအာ္​ အမရယ္​ ဆက္​​ေစာင္​့မ​ေနနဲ႔​ေတာ့​ေလ သူဘက္​က ကတိဖ်က္​ခဲ့တာပဲ အဲ​ေလာက္​ႀကီးထိ ဆက္​​ေစာင္​့မ​ေနပါနဲ႔​ေတာ့​ဗ်ာ”

“​ေမာင္​​ေလးရယ္​ အမက သူ႔ကုိခုခ်ိန္​ထိယံု​ေနတုန္​းပဲ​ေလ.အာ့​ေၾကာင္​့လဲ ​ခုခ်ိန္​ထိ​ေစာင္​့​ေနတာ​ေပါ့ ​ေနာက္​ၿပီး အမ ခုဘယ္​ကိုသြားရမွန္​းမသိ​ေတာ့ဘူး အဟင္​းဟင္​့ဟင္​့”

“အာ မငိုပါနဲ႔​ဗ်ာ လူ​ေတြၾကားရင္​တမ်ိဳးထင္​ကုန္​လိမ္​့မယ္​၊ ဒီလုိလုပ္​​ဗ်ာ
​ေမာင္​​ေလးအမကိုအိမ္​ျပန္​လိုက္​ပို႔မယ္​​ေလ ”

“​ေမာင္​​ေလးက​ေကာ အိမ္​မျပန္​ဘူးလား?”

“ရပါတယ္​​ဗ်ာ ကြၽန္​​ေတာ္​က​ေယာက်္​ား​ေလး အမကမိန္​းက​ေလးဆို​ေတာ့ စိတ္​မခ်ဘူး​ေလ အာ့​ေၾကာင္​့လိုက္​ပို႔မယ္​”

“​ေအာ္​ ​ေမာင္​​ေလး အမကိုအိမ္​ျပန္​မပို႔ဘဲ ​ေမာင္​​ေလးတခါတည္​း​ေခၚထားလိုက္​ပါလားဟင္​”

ကြၽန္​​ေတာ္​နည္​းနည္​း စိတ္​တိုသြားတယ္​​ဗ်။

“ဒီမွာအမ ​ေပးတဲ့အကူအညီကိုမယူခ်င္​​ေနပါ ​ေစတနာကို​ေတာ့မ​ေစာ္​ကားပါနဲ႔​ဗ်၊ က​ြၽန္​​ေတာ္​အမကိုစျမင္​ကတည္​းက ခုခ်ိန္​ထိ တဏွာစိတ္​နဲ႔ ကူညီတာမဟုတ္​ဘူး ျမန္​မာလူမ်ိဳးပီပီ လမ္​းမွာမိန္​းက​ေလးတစ္​​ေယာက္​တည္​းမို႔လို႔ မသင္​့​ေတာ္​လို႔လိုက္​ပို႔​ေပးမယ္​​ေျပာတာ…​ေတာက္​”

​ေရာ္​… ကြၽန္​​ေတာ္​ကသာစိတ္​ဆိုး​ေနတာ သူက​ေတာ့ျပံဳးျပံဳးႀကီး စိတ္ထဲမွာ​​ေတာ့​ ဘယ္​လိုႀကီးလဲဟ​ေပါ့
သူက​ေျပာတယ္​​ဗ်….

” ​ေမာင္​​ေလးရဲ႕စိတ္​ဓာတ္​ကို​ေတာ့အမ​ေလးစားသြားၿပီ၊
တဖက္​သားကိုကူညီတဲ့စိတ္​႐ွိတာရယ္​ ၊ မဟုတ္​ရင္​မခံတဲ့စိတ္​​ေလး႐ွိတာရယ္​ တကယ္​ကို႐ွာမွ႐ွား​ေယာက်္​ားတစ္​​ေယာက္​ပဲ အမအတြက္​သာ ကံၾကမၼာကမ်က္​ႏွာသာ​ေပးရင္​ ​ေမာင္​​ေလးလိုလူမ်ိဳးနဲ႔သာ​ထပ္​ေတြ႔ခ်င္​ပါတယ္​”

” ​ဗ်ာ… အမဘာ​ေတြ​ေျပာ​ေနတာလဲ​ဗ်၊ ကြၽန္​​ေတာ္​နားမလည္​ဘူး”

“ခုခ်ိန္​​ေတာ့ဘာမွနားလည္​မွာမဟုတ္​​ေသးဘူး ၊မနက္​ျဖန္​က်ဒီနားကလူ​ေတြကို​ေမးၾကည္​့ပါ နားလည္​လာပါလိမ္​့မယ္​ ခု​ေတာ့​ေမာင္​​ေလးလဲအိမ္​ျပန္​​ေတာ့ အမလည္​းျပန္​ရ​ေတာ့မယ္​၊”

​လိုက္​ပို႔မယ္​​ေျပာမလို႔ပါးစပ္​ဟတုန္​း႐ွိ​ေသးတယ္​

“လိုက္​ပို႔စရာမလို​ေတာ့ပါဘူး​ေမာင္​​ေလး အမကဒီနားမွာပဲ​ေနတာပါ​ေမာင္​​ေလးသြား​ေတာ့”

ဘယ္​လိုႀကီးပါလိမ္​့ က​ြၽန္​​ေတာ္​​ေတာင္​မ​ေျပာရ​ေသးဘူးသူကသိ​ေနတယ္​ သူ႔ၾကည္​့လိုက္​​ေတာ့ ၾကက္​သီး​ေတြထလာတာနဲ႔ “အာ့ဆိုၿပီး​ေရာ​ဗ်ာ “ဆိုၿပီး လွည္​့ထြက္​ခဲ့တယ္​ စိတ္​ထဲမွာ​ေတာ့သူဘယ္​​ေတာ့ငါ့လွမ္​း​ေခၚၿပီး အကူအညီ​ေတာင္​းမလဲ​ေပါ့ လမ္​း​ေလွ်ာက္​ရင္​းလွည္​့ၾကည္​့လုိက္​​ေတာ့ အားပါးပါး သစ္​ပင္​ထဲကိုဝင္​သြားတာ ကိုယ္​တစ္​ဝက္​ပဲက်န္​​ေတာ့တယ္​​ဗ်။ ဘာ​ေျပာ​ေကာင္​းမလဲ​ဗ်ာ။ ကြၽန္​​ေတာ့္​ရဲ႕စူပါ ပါဝါကိုထုတ္​သံုးရၿပီ​ေလ…​🏃🏃🏃ေျပးၿပီ​ဗ်ိဳ႕🏃🏃🏃​ေျပးတာျမန္​မျမန္​​ေတာ့မသိဘူး အရင္​ အိမ္​ကို နာရီဝက္​လမ္​း​ေလွ်ာက္​ျပန္​မွ​ေရာက္​တာခု​ေတာ့ ၅မိနစ္​နဲ႔​ေရာက္​သြား​ေရာ လမ္​းမွာ​ေတြ႔တဲ့တကၠစီ​ေတြ​ေတာင္​မ်က္​လံုးျပဳးႀကီး​ေတြနဲ႔ၾကည္​့လို႔​ဗ်။

အိမ္​​ေရာက္​​ေတာ့ ​ေရ​ေသာက္​ ဘုရား႐ွိခိုးၿပီးအိပ္​လိုက္​တာပဲ။​ေနာက္​​ေန႔မနက္​​ေရာက္​​ေတာ့ညကအ​ေၾကာင္​းျပန္​​ေတြးမိၿပီး သင္​တန္​းပိတ္​ရက္​လည္​းျဖစ္​​ေတာ့ သြားစံုစမ္​းမယ္​ဆိုၿပီး အိမ္​ကထြက္​လာခဲ့လိုက္​တယ္​။

အဲရပ္​ကြက္​ထဲျပန္​သြားရမွာ နည္​းနည္​း​ေတာ့ခပ္​လန္​႔လန္​႔ရယ္​ ဘာလို႔လဲဆိုမ​ေန႔ကမွသရဲမကိုစိတ္​တိုၿပီး​ေငါက္​ခဲ့တာ​ေလ။ ဘာပဲျဖစ္​ျဖစ္​ ​ေယာက်ာ္​း​ဘသားဟူေသာ ​ေဆာင္​ပုဒ္​ကိုအားကိုးကာ ထြက္​လာခဲ့ျခင္​ျဖစ္​သည္​။ ​ေပါ့​ေသး​ေသး​ေတာ့မမွတ္​နဲ႔​ဗ် လက္​ႏွစ္​ဘက္​မွာကပတီးႏွစ္​ကံုး လည္​ပင္​းမွာကပုတီးႏွစ္​ကုံး အင္​အား​ေတာင္​့တင္​းတယ္​ ​ေနာက္​ထပ္​လိုရမယ္​ရဆိုၿပီး ​ေအာ္​စကာဖိနပ္​​ေတာင္​ဝတ္​လာ​ေသးသ​ဗ်ာ။ သြားရင္​းနဲ႔ သစ္​ပင္​နား​ေဝ့ၾကည္​့​ေတာ့ ဘာအိမ္​မွမ႐ွိဘူး​ဗ်။ အဲခပ္​လွမ္​းလွမ္​းမွာ​ေတာ့ အိမ္​စုတ္​ တဲသာသာ​ေလာက္​အိမ္​တစ္​လံုး​ေတြ႔တာနဲ႔လွမ္​း​သြားလိုက္​တယ္​​ဗ်။ ကြပျ္​ပစ္​​ေပၚမွာ အဘိုးအရြယ္​လူတစ္​​ေယာက္​ထိုင္​​ေနတယ္​​ဗ်။

“လာ​ေမာင္​႐င္​ထိုင္​ကြယ္​့ ….ဒါနဲ႔ဒီက​ေမာင္​ရင္​ကဒီကိုဘာကိစၥမ်ား႐ွိသတုန္​းကြဲ႔”

” ​ေအာ္​ ဒီလုိပါအဘ ဟို… ကုကၠိဳပင္​ ​ေအာက္​ကဆံပင္​႐ွည္​နဲ႔မိန္​းက​ေလး..အဲ.. သရဲမ ဟာ ဘယ္​လို​ေျပာရမလဲ သူ..သူ​ဗ်ာ ”

“ဟိုးထား အဘသိၿပီ ဟင္​ မင္​းသူမနဲ႔​ေတြ႔ခဲ့ရတာကိုး မင္​းအသက္​မ​ေသတာကံ​ေကာင္​းတယ္​မွတ္​​ေရာ”

“​ဗ်ာ ဘယ္​လိုလဲအဘရဲ႕ ကြၽန္​​ေတာ့္​ကို႐ွင္​းျပပါအံုး”

“​ေအး ႐ွင္​းျပရမ​ေပါ့ ထန္​းလ်က္​လည္​းစား ​ေရ​ေႏြးလည္​း​ေသာက္​အံုး… တကယ္​​ေတာ့ ဒီလိုကြ….

ဒီလိုကြ အဲက​ေလးမနာမည္​က ​ေမသူဇင္​ တဲ့။ ကုမၸဏီ တစ္​ခုမွာအလုပ္​ဝင္​လုပ္​တယ္​။ အလယ္​အလတ္​ လူတန္​းစားပါပဲ။ အဘနဲ႔ဆိုသိပ္​ခင္​တာ။ လြန္​ခဲ့​ေသာႏွစ္​လ​ေလာက္​က​ေပါ့ဒီအျဖစ္​ဆိုးႀကီးစျဖစ္​တာ။ က​ေလးမမွာ သူသိပ္​ခ်စ္​႐ွာတဲ့ သူ​ေဋးသားလို႔​ေျပာရမွာ​ေပါ့ကြာ သူတစ္​​ေယာက္​႐ွိတယ္​ကြ။ ဟိုကအၾကံသမား သူ႔မ်ားသားသမီးကို ဖ်က္​ဆီး ၿပီးမွလာခိုးပါ့မယ္​ဆိုၿပီး ကတိဖ်က္​ခဲ့တာ​ေလ။ ​ေကာင္​မ​ေလးက အဲ​ေန႔မွာ ကုကၠိဳပင္​​ေအာက္​မွာ ည၈ထိုးအထိ​တစ္​​ေယာက္​တည္​း ​ေနာက္​ အဲအခ်ိန္​က အရက္​သမား​ေတြကလည္​းမူး႐ူးၿပီး သူ႔ကို….”

အဘဆက္​မ​ေျပာႏိုင္​​ေတာ့ မ်က္​ရည္​မ်ားစီးက်လာတယ္​။ကြၽန္​​ေတာ္​လည္​းၾကားၿပီးမွ​ေတာ္​ဝမ္​းနည္​းမိတာ​ဗ​်ာ ကိုက္​ထားတဲ့ထန္​းလ်က္​​ ၿမိဳခ်ရမွာ​ေတာင္​​ေမ့​ေနတယ္​​ဗ်။

” ဒီလို သူ႔ကိုဝိုင္​းၿပီးအဓမျပဳက်င္​့တယ္​ထင္​ရဲ႕ကြာ ​ေကာင္​မ​ေလးက​ေအာ္​​ေတာ့အနီးဝန္​းက်င္​က​လူ​ေတြ တုတ္​​ေတြဆြဲၿပီး ​ေျပးလာၾကတယ္​။ အဲ​ေတာ့မွ အရက္​သမား​ေတြလည္​း​ေခြး​ေျပး​ေျပးရ​ေတာ့တာပဲ။ ​ေကာင္​မ​ေလးမွာလည္​းတစ္​႐ွက္​ကႏွစ္​႐ွက္​ျဖသ္​တယ္​ဆိုၿပီး ရထားလမ္​းမွာပဲကိုယ္​့ကို္​ယ္​သတ္​​ေသသြား႐ွာတယ္​။အဘအခ်ိန္​မီတားဖို႔ႀကိဳးစားပါ​ေသးတယ္​ကြာဒါ​ေပမယ္​့အခ်ိန္​မမီလိုက္​​ေတာ့ဘူး။ အဘ​ေ႐ွ႕မွာတင္​ျဖစ္​သြားတာ။

အဲ​ေန႔ကစၿပီးခုခ်ိန္​ထိ သူဟာမကြၽတ္​မလြတ္​ပဲ လူ​ေတြကိုအထူးသျဖင္​့​ေယာက်္​ား​ေတြကို လိုက္​​ေႏွာက္​ယွက္​​ေတာ့တာပါပဲ။ အမူးသမား​ေတြဆိုတစ္​​ေယာက္​မွျဖတ္​မ​ေလွ်ာက္​ရဲဘူး လျပည္​့လကြယ္​ဆိုတအား​ေျခာက္​တာ အဲ ကုကၠိဳပင္​​ေအာက္​မွာသြားၿပီး​ေစာ္​ကားလို႔​ေသတာ
ခုခ်ိန္​ထိဆိုႏွစ္​​ေယာက္​႐ွိၿပီ။ ​ေသတဲ့သူႏွစ္​​ေယာက္​လံုးကလည္​းလည္​ပင္​းမွာ အနီ​ေရာင္​အရာက်န္​ၿပီး ဆံပင္​တစ္​​ေခ်ာင္​းကအျမဲရစ္​ထားတယ္​ကြာ..(အဘ​ေျပာတုန္​းကြကိုယ္​လည္​ပင္​းျပန္​စမ္​းမိတယ္​​ဗ် မ​ေန႔ကသာအဲလိုလုပ္​သြားရင္​ ဒီ​ေန႔ဆို ​ပရဟိတကားလားဦး​ေက်ာ္​သူမ်ားလား မသဲကြဲဘူး-စာ​ေရးသူ)
ဒါနဲ႔မင္​းက​ေတာ္​​ေတာ္​ကံ​ေကာင္​းတာပဲ ဘယ္​လို​ေတြ႔ခဲ့လဲ ငါ့​ေျပာပါအံုး
“ဒီလို​ဗ်..” အားလံုး႐ွင္​းျပလိုက္​​ေတာ့…

​ေအာ္​ ဒါ​ေၾကာင္​့ကိုး မင္​းသိပ္​​ေတာ္​တယ္​လူက​ေလး မင္​း​ေဗဒင္​ဆရာ​ေတြဆီသြားစရာမလိုဘူး ငါ​ေဟာလိုက္​မယ္​ မင္​းအဲစိတ္​ဓာတ္​ကို​ေန႔တိုင္​းထား တ​ေန႔မင္​းခ်မ္​းသာလာလိမ္​့မယ္​ကြ…

“ဟုတ္​ကဲ့ ကြၽန္​​ေတာ္​ႀကိဳးစားပါ့မယ္​” က​ြၽန္​​ေတာ္​့အသံက​ေတာ့တိမ္​ဝင္​​ေနတယ္​​ဗ်။

“အဘတို႔က သူမကြၽတ့္​​ေသး​ေၾကာင္​း သူ႔မိဘ​ေတြဆီသြားမ​ေျပာဘူးလား​ဗ်”

“​ေျပာပါတယ္​ကြာသူ႔မိဘ​ေတြကလည္​းလာလုပ္​သြားပါတယ္​ ဒါ​ေပမယ္​ ​ေမသူဇင္​ ​ေလးက မၿငိဳးႀကီး​ေတာ့ မကြၽတ္​႐ွာဘုးကြယ္​”

“ဒီလို​ရ​ေအာင္​အဘ မ​ေမသူဇင္​​ေနတဲ့​ေနရာကိုကြၽန္​​ေတာ့္​ကို​ေျပာျပ ကြၽန္​​ေတာ္​သြားၿပီးသူ႔မိဘ​ေတြကို​ေျပာၾကည္​့မယ္​​ဗ်ာ ရ​ေတာ့​ေမသူဇင္​အတြက္​​ေကာင္​းတာ​ေပါ့ မရ​ေတာ့လည္​းကြၽန္​​ေတာ္​အခ်ဳပ္​ထဲ​ေရာက္​ရံုထက္​မပိုပါဘူး

ဟားဟား ငါ့​ေကာင္​​ေလးက ဟာသလဲ​ေျပာတက္​သားပဲကြ​ေဟ

ကဲလိုက္​မွတ္​ကြာ…
အိမ္​အမွတ္​- ()
လမ္​း၊ မရမ္​းကုန္​း ၂​ေစ်းအ​ေနာက္​ဘက္​

ဟုတ္​သြားျကည္​့လိုက္​ပါ့မယ္​…

(⊙.⊙(☉_☉)⊙.⊙)(⊙.⊙(☉_☉)⊙.☜(ˆ▽ˆ)

အဘ​ေျပာတဲ့အတုိင္​းသြားၾကည္​့​ေတာ့​ေတြ႔တယ္​​ဗ် သူ႔မိဘႏွစ္​​ေယာက္​လံုး ကြၽန္​​ေတာ္​လည္​းျဖစ္​​ေၾကာင္​းကုန္​စင္​႐ွင္​းျပရင္​း မ​ေမသူဇင္​အတြက္​ႀကိဳးစားၾကည္​့ခ်င္​​ေၾကာင္​း​ေျပာၿပီး လာမယ္​့လကြယ္​​ေန႔မွာ အမွ်​ေဝဖို႔ဆံုးျဖတ္​လိုက္​တယ္​​ဗ်။
လကြယ္​​ေန႔​ေရာက္​​ေတာ့ကြၽန္​​ေတာ္​ရယ္​ ဘုန္​းႀကီးသံုးပါးရယ္​ သူ႔မိဘ​ေဆြမ်ိဳး​ေတြရယ္​အနီးအနားကအဘိုးအဘြား​ေတြရယ္​ သံရဏဂံုတည္​ၿပီးအမွ်​ေဝတဲ့အခါမွာကြၽန္​​ေတာ္​ကျဖည္​့စြက္​ၿပီး ​ေရအိုးကိုကိုင္​ မရဲတရဲနဲ႔ ကုကၠိဳပင္​ ​ေျခရင္​းသြားၿပီး
“အ​မ​ေမသူဇင္​ ကြၽန္​​ေတာ္​နဲ႔သိတာရက္​ပိုင္​းမွ်သာျဖစ္​ပါတယ္​ ခုျပဳလုပ္​တဲ့ကုသိုလ္​အႏု​ေမာဒါနဟာ အမအတြက္​ လုပ္​တာပါ ​ေလာကမွာလက္​စား​ေခ်လိုက္​ရင္​အမွားတစ္​ခုကိုထပ္​က်ဴးလြန္​သလိုျဖစ္​သြားလိမ္​့မယ္​အမ ကံတရားရဲ႕စိီမံမႈ​ေအာက္​မွာ ကြၽန္​​ေတာ္​တို႔​ေနရတာပါ။ တခါတ​ေလ ကံဆိုတဲ့အရာကိုအျပစ္​ပံုခ်ခ်င္​​ေပမယ္​့ အဲကံဆိုတာႀကီးကို မ်က္​စိနဲ႔မျမင္​ႏိူင္​ဘူး​ေလ
အဲ​ေတာ့ ျဖစ္​သမ​ွ်အ​ေကာင္​းပဲမွတ္​ယူၿပီး ဘဝအသစ္​ကိုကူး​ေျပာင္​းသြားပါ​ေတာ့ ကံစီမံရာအတိုင္​းသာလိုက္​​ေလ်ာလုိက္​ပါအမ …..”
……

…..
ယခုျပဳသမွ်ကုသိုလ္​အားလံုးကို အမွ် အမွ် အမွ် ယူ​ေတာ္​မူၾကပါကုန္​​ေသာ္​ သာဓု သာဓု သာဓု…

ယခုျပဳလုပ္​​ေသာကု​သိုလ္​​ေကာင္​းမႈအစုစုတို႔ကို မ​ေမဇင္​သူနဲ႔တကြ အနီးအနားမွ ပရ​ေလာကသားမ်ားအားလံုးအမွ် အမွ် အမွ် ယူ​ေတာ္​မူၾကပါကုန္​​ေသာ္​ သာဓု သာဓု သာဓု…

အားလံုး အားလံုး အားလံုး ၾကားၾကားသမွ် ကုသိုလ္​ အမွ် အမွ် အမွ် ယူ​ေတာ္​မူၾကပါကုန္​​ေသာ္​ သာဓု သာဓု သာဓု….

ကုသိုလ္​ျပဳလုပ္​ၿပီး ​ေနာက္​​ေန႔ညမွာပဲ ကြၽန္​​ေတာ္​့ကိုအိပ္​မက္​လာ​ေပးတယ္​​ဗ်။

“​ေမာင္​​ေလး​ေရ ​ေမာင္​​ေလးရဲ႕​ေစတနာ​ေတြ​ေၾကာင္​့ခုအမဟာ ဒီထက္​​ေကာင္​းတဲ့ဘံုဘဝကို​ေရာက္​သြားၿပီ ကံမကုန္​ရင္​ျပန္​ဆံုဦးမွာပါ​ ​ေမာင္​​ေလးရဲ႕​ေက​်းဇူးကို မမျပန္​ဆပ္​ႏိူင္​​ေအာင္​ႀကိဳးစားပါ့မယ္​့။”

” ဝုန္​း”

(လန္​႔မသြားပါနဲ႔ ကုတင္​​ေပၚကျပဳတ္​က်တာပါ-စာ​ေရးသူ)
သူဆပ္​တာမဆပ္​တာ အပထား သူခုလို လြတ္​​ေျမာက္​သြားၿပီဆိုကတည္​းက ကြၽန္​​ေတာ္​ဝမ္​းသာမဆံုးပါဘူး​ဗ်ာ
ကဲ စာ​ေလးလည္​းရ​ွည္​သြားၿပီ…၁၂လည္​းထိုးၿပီ အိပ္​က်​ေတာ့​ေလ​ဗ်ာ…

ႀကိဳးစားပါအံုးမည္​ ပရိတ္​သတ္​၏ခ်စ္​ခင္​မႈကိုအစဥ္​အ​ေလးထားလ်က္​…:

မိုးမခ ေတာင္တြင္း