မဖဲဝါ

ကွင်းပိုင်နှမ မဖဲဝါ (စ/ဆုံး)

——မူရင်းရေးသားသူ – ဆရာတာတေ

 

ခုတလော ကျုပ် အိပ်ရာထတာ နောက်ကျ

တယ်ဗျ။ တန်ခူး ကဆုန်စွေစွေခုန်ဆိုတဲ့ အ

တိုင်းပါပဲဗျာ။ သင်္ကြန်ပြီးကတည်းက တစ်

နေ့တခြား ပူလာလိုက်တာ ကဆုန်လထဲ

လည်း ရောက်ရော နေ့ရော ညရော ပူ

တော့တာပါပဲဗျာ။ တစ်ညလုံး ချွေးတွေ

ထွက်လို့ ဘယ်မှာ နှစ်နှစ်ခြိုက်ခြိုက်

အိပ်ပျော်မှာတုံးဗျာ။

အိပ်ရာထဲမယ် ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့်နဲ့

မနက်လင်းအားကြီးလောက်ရောက်မှ နှစ်

နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တာဗျ။

ဒီတော့လည်း အိပ်ရာက စောစောမထနိုင်

တော့ဘူးပေါ့ဗျာ

“ကိုကြီးတာတေ၊ ကိုကြီးတာတေ”

ကျုပ်ကို ခေါ်တဲ့အသံကို သဲ့သဲ့တော့ကြား

သားဗျ။ မျက်လုံးက ဖွင့်ကိုမရတာဗျို့။

“ဟဲ့ တာတေ၊ ထစမ်း၊ ထစမ်း၊ ဝိုင်းထဲက

နေ နင့်ကို ခေါ်နေတာဟဲ့”

အမေနှိုးတော့မှပဲ ကျုပ်ကြည်ကြည်လင်

လင် နိုးသွားတာဗျ။ ကျုပ်လည်း အိပ်မှုန်

စုံမွှားနဲ့ ထကြည့်လိုက်တယ်။ ဟာ

ကျောက်ခဲ ဝိုင်းထဲမဝင်ဘဲ ဝိုင်းဝကနေ

အော်ခေါ်နေတာဗျ။

“ကျောက်ခဲ လာလေ၊ ဘာလို့ ဝင်မလာ

ဘဲ အော်ခေါ်နေတာတုံး”

ကျုပ်အော်လိုက်တော့မှ ကျောက်ခဲက

ဝိုင်းထဲကို ခပ်သုတ်သုတ်လျှောက်ပြီး

ဝင်လာတာဗျ။ အိမ်ပေါ်ကို တန်းတက်

လာတာဗျို့။

“စိတ်စောနေလို့ ကိုကြီးတာတေရေ၊

ဝိုင်းဝကပဲ အော်ခေါ်နေတာဗျို့”

“အောင်မာ ကျောက်ခဲရာ၊ မင်းမှာ ဘာ

တွေများ စိတ်စောစရာတွေ ရှိနေလို့တုံးကွ”

ကျောက်ခဲက ထိုင်တောင် မထိုင်ဘူးဗျ။

မတ်တတ်ရပ်ပြီးတော့ တန်းပြောတာဗျ။

“ကိုကြီးတာတေတို့ သမုန်းတောယာထဲ

မှာ ခြေရာကြီး အကြီးကြီးတွေ တွေ့

လို့တဲ့ဗျ”

“ဟေ …ငါတို့ယာထဲမှာ ဟုတ်လား၊

ခြေရာက ဘယ်လောက်ကြီးလို့တုံး

“ဘိုးစံကွန့် ပြောတာဗျ၊ သူတို့က ပဲတီ

စိမ်းတွေ၊ မတ်ပဲတွေစိုက်ထားတော့

ပဲခင်းသွားတာလေဗျာ၊ သမုန်းတော

ယာကို သူတို့က ဖြတ်သွားနေကြလေ။

အဲဒီမှာ ခြေရာကြီးတွေ တွေ့လို့ ဆိုပြီး

ပြန်လာကြတာ။ ရွာထဲမှာ ဘိုးစံကွန့်က

ဒီအကြောင်းကို ပြောပြနေတာ ကြားလို့၊

ကျုပ်က လာပြောတာဗျ၊ ကဲ…ကိုကြီး

တာတေ မျက်နှာမြန်မြန်သစ်ဗျာ၊သမုန်း

တောယာကို မြန်မြန်သွားကြည့်ရအောင်”

ကျောက်ခဲနဲ့ ကျုပ် ယာထဲကို ရောက်

တော့ ဘိုးစံကွန့်ပြောတဲ့ ခြေရာကြီး

တွေကို လိုက်ရှာကြတယ်။ ကျောက်

ခဲက တစ်ဖက်၊ ကျုပ်ကတစ်ဖက်

လူခွဲပြီး ရှာတာဗျ။ သမုန်းပင်တွေ

ခြောက်ပင်၊ ခုနှစ်ပင် ပြုံပေါက်နေတဲ့

ယာကွက်မို့လို့ သမုန်းတောယာလို့

ခေါ်နေကြတာဗျ။

“ဟာ…တွေ့ပြီဗျို့၊ ကိုကြီးတာတေရေ၊

ဟောဒီမှာဗျို့ အကြီးကြီးတွေပဲဗျ”

ကျုပ်က ကျောက်ခဲဆီကို ပြေးသွားပြီး

ငုံ့ကြည့်လိုက်တယ်။ ဟုတ်ပါ့ဗျာ၊ နည်း

တဲ့ခြေရာကြီးတွေ မဟုတ်ဘူးဗျာ၊ စ

ကောတစ်ချပ်စာလောက် ရှိမယ်ဗျ။ဒါ

ပေမဲ့ အဝိုင်းမဟုတ်ဘူး။ လူခြေရာလို

ပဲဗျ။ ခြေချောင်းရာတွေပါ ပါတယ်။

ခြေချောင်းရာကလည်း ငါးချောင်းပဲ။

ခြေမနေရာကလည်း အကြီးကြီးဗျ။

အုန်းမှုတ်ခွက်တစ်ခွက်စာလောက်

ရှိတယ်။ ပြီးတော့ ခြေရာက မြေကြီး

ပေါ်မှာ ပါးပါးလေးပဲ ထင်နေတာဗျ။

ဒီလောက်ကြီးတဲ့ ခြေရာကြီးဆိုရင် အ

ကောင်ကလည်း အကြီးကြီး ဖြစ်မှာပေါ့

ဗျ။ မြေကြီးထဲမှာ ခြေရာက နက်နက်

ကြီး ထင်နေရမှာပေါ့။ အခု အဲဒီလို မ

ဟုတ်ဘူးဗျ။ သဲမြေပေါ်မှာ ပါးပါးလေး

ပဲ ထင်နေတာ။ ကျုပ် လိုက်ပြီးရေကြည့်

တယ်။ တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု အား

လုံးဆယ့်လေးခု။ ကျုပ် သေသေချာချာ

ကြည့်တော့ ခြေရာက ဘယ်ခြေရာ၊ ညာ

ခြေရာစုံဗျ။ ခြေရာဆယ့်လေးခုဆိုတော့

ခြေလှမ်းခုနှစ်လှမ်း လှမ်းထားတာဗျ။

ခြေရာတစ်ခုနဲ့ တစ်ခုကြား အကွာအ

ဝေးကို ကျုပ် ခန့်မှန်းကြည့်တော့ လက်

တံတစ်လံလောက်ခြားတယ်ဗျ။ ဒါဆိုရင်

ဒီခြေရာပိုင်ရှင်ဟာ နည်းတဲ့အရပ်ကြီးမှ

မဟုတ်တာဗျာ။ကျုပ်က ဒီအကြောင်း

ပြောပြတော့ ကျောက်ခဲ ဆိုတာ

ကြောက်သွားပြီး မျက်နှာလေး

ဆီရွက်လောက်ပဲ ရှိတော့တာဗျို့။

ကျောက်ခဲကိုသာ ပြောရတယ်။

ကျုပ်ကိုယ်တိုင်လည်း ကြောက်တာပဲဗျ။

စောစောကတည်းက ကြက်သီးတွေ

နှစ်ခါလောက် ထသွားပြီးသားဗျ။ ဟော

ကျုပ်တို့ရွာထဲက လူတွေ ထွက်လာကြပြီ

ဗျို့။ ဒီသတင်းကကျုပ်တို့ရွာထဲမယ် ပြန့်

သွားပြီထင်တယ်။ဘိုးစံကွန့်ကလည်း

တွေ့သမျလူကို အကုန်လျှောက်ပြော

နေတာလေဗျာ။

ကျုပ်နဲ့ ကျောက်ခဲလည်း ခြေရာကြည့်ဖို့

ထွက်လာတဲ့ လူတွေနဲ့ မတွေ့အောင်

ဘိုးညီလေး ထန်းတောဘက်ကပတ်ပြီး

ရွာကို ပြန်ခဲ့ကြတယ်။ ဧရာမခြေရာကြီး

တွေရဲ့ ပိုင်ရှင်က ခြေလှမ်းခုနှစ်လှမ်း

လှမ်းပြီး ပျောက်သွားပုံရတယ်ဗျ။

နောက်ထပ် ခြေရာမကျန်ခဲ့တော့ဘူး။

ကျုပ်တို့ ထနောင်းကုန်းသားတွေအ

တွက်ကတော့ ဒီနေ့ဟာ’ခြေရာနေ့’

ဖြစ်သွားတော့တာပေါ့ဗျာ။ ဟိုနားစုစု

ဒီနားစုစုနဲ့ တစ်နေ့လုံး ဒီခြေရာအ

ကြောင်းတွေပဲ ပြောနေတော့တာပေါ့

ဗျာ။ ရွာထဲက သက်ကြီးရွယ်အိုတွေ

ကလည်း သူတို့ဘဝမှာ တွေ့ကြုံခဲ့

ဖူးတဲ့ ခြေရာတွေအကြောင်း ပြော

ကြတော့တာပေါ့ဗျာ။

တချို့ကလည်း ဒါကို ဘီလူးခြေရာ

လို့ ပြောကြတယ်။ ရွာနီးတစ်ဝိုက်

ညဘက် မသွားဖို့ မလာဖို့ ပြောတဲ့

လူတွေကပြော၊ နေဝင်ရင် ရွာပြင်

မထွက်ကြနဲ့ ရွာနားကို ဘီလူးကပ်

တယ်လို့ ဆိုသူကဆို၊ ညဘက်ကို

ကလေးငယ်လေးတွေ သိပ်မငို

အောင် အမေတွေက ဂရုစိုက်ဖို့

ပြောတဲ့လူကပြော။ တချို့လူကြီး

တွေကျတော့လည်း ဒါဟာ မြေ

ဘုတ်ဘီလူးခြေရာလို့ ပြောကြ

တယ်။ ညရောက်ရင် ဝိုင်းဝက

မြေကြီးပေါ်မှာ ဖယောင်းတိုင်

ငါးတိုင်စိုက်ပြီး ထွန်းဖို့ ပြောကြ

တယ်။

ဒီတော့မှ ကျုပ်လည်း ခြေရာဆို

တာ လူတွေ စိတ်ဝင်စားတဲ့ အရာ

တစ်ခုပဲဆိုတာ သိရတော့တယ်။

အိမ်ပြန်ရောက်တော့ အဘနဲ့

အမေက ကျုပ်ကို ဆီးမေးရောဗျ။

“ဟဲ့ တာတေ၊ ခြေရာကြီးတွေဆိုတာ

ဟုတ်လား”

“ဟုတ်တယ် အမေ”

“ခြေရာက တော်တော်ကြီးလား လူလေး”

အဘကလည်း မေးတယ်ဗျ။ ကျုပ်က

ခေါင်းညိတ်ပြလိုက်တယ်။

“ဘယ်လောက်တောင် ကြီးလို့တုံး”

“စကောချပ်ကြီးလောက် ရှိတယ် အဘရဲ့၊

ဒါပေမဲ့ စကောလို အဝိုင်းတော့ မဟုတ်ဘူး၊

လူခြေရာဗျ”

“ကျုပ် ရေကြည့်တာ အားလုံး ဆယ့်လေး

ခုရှိတယ်။ ခြေလှမ်း ခုနှစ်လှမ်း လှမ်းထား

တဲ့ အရာဗျ။ ပြီးတော့ ခြေလှမ်းကို ကျုပ်

တိုင်းကြည့်တာ လူကြီးလက်တံတစ်လံ

လောက် ရှိတယ်”

“အို…မနည်းပါလား၊ ခြေလှမ်း ဒီလောက်

ကျဲရင် အကောင်တော်တော်ကြီးလို့ပေါ့ကွ”

“ဟုတ်တယ် အဘရေ၊ ဒါပေမဲ့ အကောင်

သာကြီးတာဗျ၊ ခြေရာက မြေကြီးထဲကို

နက်မဝင်ဘူး၊ သဲပေါ်မှာ ဖွဖွလေးပဲ ထင်

နေတာ”

“ဟေ…ဟုတ်လား၊ ဒါဆိုရင် အကောင်

ကြီးပေမယ့် ပေါ့ပေါ့လေးမို့လို့ပေါ့ လူ

လေးရ”

“ဟုတ်တယ် အဘ၊ ဟုတ်တယ်”

“အို…ဘယ်နှယ့်ဟာတုံး၊ ရွာထဲက

ကောင်တွေကတော့ ဒါ ဘီလူးခြေရာ

ပဲဆိုပြီး ရွာထဲကို ဘီလူးမဝင်နိုင်အောင်

ဘယ်လိုလုပ်မလဲလို့ ပြောကြဆိုကြ

လုပ်နေတယ်ကွ”

“အဘသိတဲ့အတိုင်းပဲ၊ ကျုပ်တို့ရွာ

သားတွေကတော့ ဒီလိုထူးထူးဆန်း

ဆန်း အကြောင်းလေးတွေဆိုရင်

လွှတ်စိတ်ဝင်စားကြတာဗျ။ ပြီးရင်

လည်း ဘယ်လိုကြောက်ရမလဲ

ဆိုတာကိုပဲ တွေးနေကြတာ”

“အေးပေါ့ လူလေးရယ်၊ တောသူတောင်

သားတွေကိုကွယ်၊ ဘာမဆို ယုံလွယ်

ကြတာကလားကွဲ့”

ကျုပ်လည်း ခုံတန်းလျားလေးပေါ်ထိုင်

ပြီး နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိ

ပြီး ဖွာနေလိုက်တယ်။

အဘလည်း သူ့အတွေးနဲ့သူ ငြိမ်နေ

တယ်ဗျ။အမေကတော့ မီးဖိုထဲ ဝင်

သွားလေရဲ့၊ကျုပ်လည်း အမျိုးမျိုး

တွေးကြည့်တာပေါ့ဗျာ။ ဒါပေမဲ့ ဘာ

ဆိုတာကို ကျုပ်မမှန်းဆနိုင်ဘူးဗျ။ ထမင်းစားပြီးချိန်လောက်ကျတော့

ကျောက်ခဲ ကျုပ်ဆီကို တစ်ခေါက်

ထပ်လာတယ်။ သူနဲ့ ကျုပ်နဲ့ မန်

ကျည်းပင်ကြီးအောက်က ကွပ်

ပျစ်မှာ ထိုင်ပြီး အကြမ်းသောက်

ရင်း စကားပြောကြတယ်။

ကျောက်ခဲက ကျုပ်တို့ယာထဲမှာ

တွေ့တဲ့ ခြေရာကြီးတွေအကြောင်း

ရွာထဲမှာ ပြောကြဆိုကြတာတွေကို

လိုက်နားထောင်ပြီး ကျုပ်ဆီကို သ

တင်းတွေ သယ်လာတာဗျ။ ညနေ

သာ စောင်းသွားတယ်။ ဒီခြေရာတွေ

နဲ့ ပက်သက်ပြီး ကျုပ် ဘာမှမသိဘူး

ဗျ။ ကျောက်ခဲလည်း အိမ်ပြန်သွား

တယ်။ ညနေစောင်းတော့ သူကြီး

လွှတ်လိုက်တဲ့ ဆယ်အိမ်ခေါင်းတွေ

က တစ်ဝိုင်းဝင် တစ်ဝိုင်းထွက်

လိုက်ပြောကြတယ်

ခြောက်နာရီထိုးတာနဲ့ ရွာတံခါးပိတ်မယ့်

အကြောင်း၊ အကြောင်းကိစ္စမရှိဘဲ ည

ဘက် ရွာထဲကို မသွားမလာဖို့၊ အိမ်တံ

ခါးကို စောစောပိတ်ပြီး မိသားစုတွေ

တစ်စုတစ်ဝေးတည်း နေကြဖို့၊ အ

ကြောင်းရှိရင် အိမ်တိုင်းမှာရှိတဲ့ အချက်

ပေး ကုလားတက်တွေ ခေါက်ဖို့ပေါ့ဗျာ။

မနက်က ကျုပ်တို့ ယာထဲမှာတွေ့တဲ့

ခြေရာကြီးတွေကြောင့် ကျုပ်တို့ရွာသား

တွေတော့ လန့်သွားတာ အမှန်ပဲဗျ။

အဲဒီည ကျုပ် အိပ်ရာမဝင်ခင် မဖဲဝါရဲ့

ကိုယ်ခွဲအရုပ်ကလေးကို ကိုင်ပြီး မဖဲဝါ

ကို မေးတယ်။ ပြီး အရုပ်ကလေးကို

ခေါင်းအုံးအောက်မှာထားပြီး အိပ်လိုက်

တယ်။ အေးစိမ့်နေတဲ့ လေတွေတိုက်

နေတာဗျ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ

လည်း မှောင်မဲနေတယ်။ ကျုပ်ရောက်

နေတာ သင်္ချိုင်းကုန်းကြီးဗျ။

သင်္ချိုင်းကုန်းမှ သေးသေးမဟုတ်ဘူး၊

အကြီးကြီးဗျာ။ ရွာသင်္ချိုင်း ဟုတ်ပုံမ

ပေါ်ဘူးဗျ။ မြို့တစ်မြို့ရဲ့ သင်္ချိုင်းပဲ။

ဒါပေမဲ့ အုတ်ဂူတွေက ဒီခေတ်အုတ်ဂူ

မဟုတ်ဘူးဗျ။ ရှေးခေတ်ပုံစံ အုတ်ဂူ

တွေဗျို့။ ကျုပ်လည်း လရောင်ဝိုးတ

ဝါးအောက်မှာ တစ်ယောက်တည်း

ဂူတွေကို လျှောက်ကြည့်နေမိတယ်။

ကျုပ်ရှေ့တည့်တည့်က ဂူကြီးတစ်လုံးကို

သေသေချာချာ ကြည့်နေမိတာဗျ။ ဒီအုတ်

ဂူကြီးကို ကျုပ်မြင်ဖူးပါတယ်။ ဂူက အကြီး

ကြီးဗျ။ အပေါ်မှာ ပြာသာဒ်ပုံစံလုပ်ထားတဲ့

အင်္ဂတေ ပန်းတမော့ လက်ရာတွေနဲ့ဗျ။

ပြာသာဒ်ကြီးကလည်း အမြင့်ကြီးပါဗျာ။

အိမ်ခပ်သေးသေးတစ်လုံးလောက်ကို

ရှိတာဗျ။ ဘေးတစ်ဖက်တစ်ချက်မှာ

ဂူတစ်လုံးစီ ရှိတယ်ဗျ။ အဲဒီဂူကြီးနှစ်

လုံးကလည်း အကြီးကြီးတွေပဲ။ ဒါပေမဲ့

ပြာသာဒ်တွေတော့ မပါဘူး။ ကျုပ် အဲဒီ

ရှေးဟောင်းဂူကြီး သုံးလုံးကို မြင်ဖူးသ

လို ရှိတာနဲ့ ရပ်ပြီး ကြည့်နေတာဗျို့။

သြော်…သိပြီ၊ ကျုပ် သိပြီ၊ ဒါ မီးလောင်

ကုန်းသင်္ချိုင်းနောက်ဘက်က ကုက္ကို

တောထဲက ဂူဟောင်းကြီးတွေပဲဗျ။

ချုံတွေ အုပ်နေလို့ ဂူတွေကို မြင်တောင်

မမြင်ရတော့ဘူး။ ကျုပ်ကသာ နေရာ

တကာ လိုက်ပြီးစပ်စုတဲ့ကောင်မို့လို့

ဒီဂူတွေကို မှတ်မိနေတာဗျို့။

ကျုပ် မဖဲဝါကို လိုက်ရှာလိုက်တယ်။

မတွေ့ဘူးဗျ။ ခါတိုင်းဆိုရင် ကျုပ်မဖဲဝါ

ကို တွေ့နေကျဗျ။ အခု သင်္ချိုင်းဟောင်း

ကြီးကိုပဲ မြင်တယ်။ မဖဲဝါကို မမြင်ဘူး။

ဟာ…မီးလုံးကြီးဗျို့၊ မီးလုံးကြီးတစ်လုံး

ပြာသာဒ်ဂူကြီးထဲက ထွက်လာတာ၊

ကောင်းကင်ကို ပျံတက်သွားတယ်။

“အောင်မာ သရဲမက ငါ့အလစ်မှာ မီး

လုံးတွေ ဘာတွေ လွှတ်နေပါလား၊

ကဲဟာ ကဲဟာ၊ နင့်လိုသရဲမကို ဘယ်

သူက လာပြီးကယ်မှာမို့လို့ နင်က မီး

လုံးလွှတ်ရတာတုံး၊ ကဲဟာ ကဲဟာ”

“အား အား အား ”

ဟာ ကြိမ်းမောင်းတဲ့ အသံကြီးနဲ့ အော်

သံကြီးဗျ။ အော်သံက မဖဲဝါအသံဗျ။

မဖဲဝါရဲ့ မချိမဆံ့ ခံစားပြီး အော်တဲ့

အသံ။ ကျုပ် သိပြီ။ မဖဲဝါကို ရန်သူ

ဖမ်းထားပြီဗျ။ ခက်တာက မဖဲဝါကို

ရော သူ့ကိုဖမ်းထားတဲ့ ရန်သူကိုရော

ကျုပ် မတွေ့ရဘူးဗျ။ ဒါပေမဲ့ နေရာ

တော့ ကျုပ်သိပြီ၊ ဟောဒီရှေးဟောင်း

ထဲမှာပဲဗျ။

“ဝူး…ဝူး…ဝူး…ဝူး …အိ…အိ…အိ”

ကျုပ်လန့်နိုးသွားတယ်၊ ခွေးအူသံကြီး

နားထဲဝင်လာလို့ နိုးသွားတာဗျို့။ ကျုပ်

နိုးသွားတော့ တွေးနေမိတာ၊ ဒီခွေးအူသံ

က အပြင်မှာ ကြားတာလား၊ အိပ်မက်

ထဲမှာ ကြားတာလားလို့ပေါ့ဗျာ။

“ခွေးကြီးတစ်ကောင်ကလည်း ဆွဲဆွဲ

ငင်ငင် အူလိုက်တာတော်၊ ဘာတွေများ

ဖြစ်နေလို့တုံး မသိဘူး ကိုဉာဏ်ရေ”

အမေနဲ့ အဘ စကားပြောသံ ကြား

တော့မှ ခွေးအူသံကို အိပ်မက်ထဲမှာ

ကြားတာ မဟုတ်ဘဲ အပြင်မှာ တ

ကယ်ကြားမှန်းသိလိုက်ရတယ်။

ခဏနေတော့ အဘရဲ့ဟောက်သံ

ထွက်လာတယ်။ အမေလည်းတရှူး

ရှူးနဲ့ အိပ်ပျော်သွားတယ်။ ကျုပ်

လည်း မျက်စိတွေ လေးလာရောဗျ။

လေတွေ တဝူးဝူးတိုက်နေတဲ့ အသံ

ကို ကြားနေရတယ်။ ဘာမှမြင်ရတာ

မဟုတ်ဘူး။ အသံပဲ ကြားရတာ။

အဲဒီလေတိုက်တဲ့အသံထဲမှာ အသံ

တစ်ခုရောပြီး ပါလာတယ်။အမှတ်

တမဲ့ ဆိုရင်တော့ ကြားစရာမရှိဘူး။

ကျုပ်က သေသေချာချာ နားထောင်

လို့သာ ကြားရတာ။

“တာတေ၊ ငါ့ကို ရန်သူ ဖမ်းထားတယ်၊

ရန်သူက ကဝေတစ်ယောက်ပဲ၊ ဒါပေမဲ့

ဒီကောင်က သိုက်ဆရာကဝေဟဲ့၊ ပြာ

သာဒ် ဂူဟောင်းကြီးထဲမှာ မြို့စားကြီး

ဦးဒိဗ္ဗ မြှုပ်ထားတဲ့ ရွှေတွေ၊ ရတနာတွေ

ရှိတယ်၊ သင်္ချိုင်းသိုက်ကြီးမို့လို့ ငါစောင့်

ရတာ။ အခု ရန်သူက ငါ့ကို ဖမ်းထားပြီး

ညှဉ်းဆဲနေတယ်။ သိုက်ဖွင့်ပေးဖို့ ပြော

နေတယ်။ ဒီလောက်လုံခြုံတဲ့သိုက်ကို

ဒီကဝေက ဘယ်က သိုက်စာရလို့

လာတူးတာတုံး မသိဘူး၊ ငါ့အစ်ကို

ကွင်းပိုင်ကြီးက ငါ့ကို အမြဲကြည့်နေ

တာ၊ အခု ငါပျောက်သွားလို့ လိုက်

ရှာနေတယ်၊ နင့်ဆီမှာ ငါ့ကိုယ်ပွား

အရုပ် ရှိနေတာကို နင်တို့ ရွာထဲက

ငါ့ကို ဖမ်းထားတယ် ထင်ပြီး နင်တို့

ရွာကို ငါ့အစ်ကို ကွင်းပိုင်ကြီးက

လာပြီး စောင့်ကြည့်နေတယ်။

နက်ဖြန် လကွယ်ညသန်းခေါင်မှာ

ငါ့အစ်ကို နင်တို့ ရွာပြင်မှာ ရှိလိမ့်

မယ်။ ငါ ကိုယ်ပွားရုပ်ကိုပြပြီး ငါ့

အစ်ကိုကို နင်ခေါ်လာခဲ့၊ ပြီးတော့

ပြာသာဒ်ဂူကို လက်ညှိုးထိုးပြလိုက်။

ပြီးရင် ဆရာကြီးတွေ ပေးထားတဲ့

သိုက်ဖော်ဆေးလုံးနဲ့ ပြာသာဒ်ဂူ

ကြီးကို ပေါက်လိုက်။ မြို့စားကြီးရဲ့

ဥစ္စာသိုက်ရော ငါရော ပေါ်လာ

လိမ့်မယ်။ ဒီတော့မှ သိုက်ဆရာ

ကဝေကို နင်တို့ တွေ့ရလိမ့်မယ်”

“ဟဲ့ တာတေ၊ မထသေးဘူးလား၊

ဒီမှာ ကျောက်ခဲတောင် ရောက်လို့”

ဒီတော့မှပဲ ကျုပ်နိုးသွားတာဗျို့။

မျက်စိဖွင့်ကြည့်လိုက်တော့ မိုးတောင်

လင်းနေမှကိုး။ ကျောက်ခဲက အိမ်ရှေ့

က တန်းလျားခုံလေးမှာ တင်ပလ္လင်ခွေ

ပြီး ထိုင်လို့ဗျ။

“ဟာ ကျောက်ခဲ စောစောစီးစီးပါလား

ကွ၊ တစ်ခုခုတော့ ထူးပြီထင်တယ်”

“ကိုကြီးတာတေရေ၊ တစ်ခုခုတောင်

မကဘူး၊ နှစ်ခုခုဗျို့၊ နှစ်ခုခု”

“ဟေ …ပြောပါဦးကွ၊ ကျောက်ခဲရ”

ကျုပ်က အိပ်ရာသိမ်းရင် ကျောက်ခဲကို

မေးလိုက်တယ်။

“မနေ့က တွေ့တဲ့ ခြေရာကြီးတွေ၊

ဒီမနက် အများကြီးကို တွေ့တာဗျို့”

“ဟေ …ဟုတ်လား၊ ဘယ်နေရာမှာ

တွေ့ပြန်တာတုံးကွ”

“ဟာ ကိုကြီးတာတေကလည်း ကျုပ်တို့

ရွာကို ပတ်နေတာဗျ။ ကြည့်ရတာ တစ်

ညလုံး ပတ်နေတဲ့ပုံဗျို့”

ကျုပ်ကျောက်ခဲနဲ့ ချက်ချင်းထလိုက်ပြီး

ခြေရာကြီးတွေကို ကြည့်တယ်။ ဟာ

ဟုတ်ပါ့ဗျာ၊ နည်းတဲ့ခြေရာကြီးမှ မဟုတ်

တာ၊ ကျုပ်တို့ရွာကို တစ်ညလုံး ပတ်နေ

တာ သေချာတယ်ဗျ။

“ဟင်…ဟိုမှာ ခွေးနှစ်ကောင် သေနေ

ပါလား ကျောက်ခဲရ”

“ဟုတ်တယ်ဗျ၊ ကိုကြီးတာတေ၊ ရွာလယ်

ပိုင်းက ကိုဘအုန်းကြီး ကိုင်ကြည့်တာ

တော့ အရိုးတွေ အပိုင်းပိုင်းကျိုးနေတယ်

တဲ့ဗျ၊ သူ့ကိုဟောင်လို့ ခြေထောက်နဲ့

ကန်ပစ်ခဲ့တာ ဖြစ်မယ်ဗျ”

ဒါဟာ ဘယ်သူ့ခြေရာဆိုတာ ကျုပ်က

တော့ သိနေတာပေါ့ဗျာ။ ညက အိပ်မက်

ထဲမှာ ကျုပ်ကို မဖဲဝါ ပြောလိုက်တာပဲ။

မဖဲဝါကို ကျုပ်က အသံပဲ ကြားရတာ။

လေတိုးသံနဲ့ ရောပါလာတဲ့အသံကို

မနည်းနားထောင်ယူရတာ။ သူ့ရုပ်ကို

တောင် ပြလို့မရဘူးဆိုတော့ သူ့ကို

ဖမ်းထားတဲ့ ရန်သူက တော်တော်ကို

အဆင့်မြင့်တဲ့ပုံပဲဗျ။

သိုက်ဆရာဆိုတဲ့ ကဝေကောင်က

သူ့ကိုယ်သူလည်း ရုပ်ဖျောက်ထားလို့

ရတယ်ထင်တယ်ဗျ။ ဒါကြောင့် မဖဲဝါ

က ‘သိုက်ဖော်ဆေး’ပေါက်ခိုင်းတာ။

သိုက်ဖော်ဆေး ပေါက်လိုက်ရင် ဒီ

ကဝေ ကိုယ်ရောင်ဖျောက်ထားလို့

မရဘူးဗျ။ ဒီကဝေမျိုး ကျုပ် တစ်ခါ

မှကို မကြားဖူးဘူးဗျို့။

သိုက်တူးတဲ့ ကဝေဆိုတာလည်း

ဒီတစ်ခါပဲ ကြားဖူးတာ။ ပြီးတော့

သူတူးတဲ့သိုက်က ဘုရားသိုက်တွေ

ဘာတွေတော့ မဟုတ်ဘူးဗျ။ ပုဂ္ဂလိက

သိုက်ကို တူးတဲ့လူဗျ။ အခု ဒီလူ မဖဲ

ဝါကို ဖမ်းချုပ်ပြီး ဝှက်ထားလိုက်တယ်။

သူ့ကိုယ်သူလည်း ကိုယ်ဖျောက်ထား

တယ်။ မဖဲဝါကို မျက်ခြည်မပြတ်ကြည့်

နေတဲ့ သူ့အစ်ကို ကွင်းပိုင်ကြီးက မဖဲ

ဝါကို ပျောက်သွားလို့ လိုက်ရှာတယ်။

ကျုပ်ဆီမှာရှိတဲ့ မဖဲဝါရဲ့ ကိုယ်ခွဲရုပ်

ကလေးမှာ မဖဲဝါရဲ့ဝိညာဉ် တွယ်

ကပ်နေတာဆိုတော့ ကွင်းပိုင်ကြီး

က သူ့ညီမ မဖဲဝါကို ကျုပ်တို့ရွာထဲ

မှာ ဖမ်းထားတယ်ထင်ပြီး ရွာကို

ပတ်နေတော့တာပေါ့ဗျာ။ ကျုပ်

ကတော့ သဘောပေါက်သွားပြီဗျို့။

ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူ

ကိုမှ အမှန်အတိုင်း မပြောရဲဘူးဗျ။

ရွာကလူတွေ တအားကြောက်သွား

မှာ စိုးရတယ်။ ပြီးတော့ ကျုပ်ဆီမှာ

မဖဲဝါအရုပ်ကလေး ရှိနေတာကို

ရွာထဲမှာ သိတဲ့သူ တစ်ယောက်မှ

မရှိဘူးလေဗျာ။ ဒီတော့ ကျုပ် ဒါကို

ပြောလို့မရဘူးဗျ။ လကွယ်ညတော့

ရောက်ပြီဗျို့။

ကျောက်ခဲဆိုတဲ့အကောင်ကလည်း

ကျုပ်ကို အမြဲတမ်း အကဲခတ်နေတာဗျ။

ဒီကိစ္စကို ကျုပ် တစ်ခုခုလုပ်မယ် ဆိုတာ

တော့ သိတာပေါ့ဗျာ။

“ကိုကြီးတာတေ၊ ဒီည တစ်ခုခုလုပ်တော့

မယ်ပုံပဲ၊ ကိုကြီးတာတေ တစ်နေရာသွား

မယ်ဆိုရင် ကျုပ်ကို ခေါ်နော်၊ ကျုပ်လိုက်

မယ်”

“မင်းမလိုက်နဲ့ ကျောက်ခဲ၊ အန္တရာယ်

တော်တော်ရှိတယ်”

ကျောက်ခဲတစ်ယောက်တော့ မျက်နှာ

ပျက်ပျက်နဲ့ ထပြန်သွားရောဗျို့။ မီး

လောင်ကုန်းဆိုတာက ရောက်တဲ့ရွာ

ပဲလေ။ ညသန်းခေါင်နီးလာတော့ အ

ဘနဲ့ အမေနဲ့က အိပ်နေကြပြီပေါ့ဗျာ။

ကျုပ် တစ်ခုခုလုပ်ဖို့ ပြင်ဆင်နေတယ်

ဆိုတာလည်း အမေက ရိပ်မိပြီးသား

ဗျ။ ညနေကတည်းက ကျုပ်လည်း

ဆေးလွယ်အိတ်ကို စစ်ဆေးခဲ့ရတာ

ဗျ။ ကျုပ်က ဆရာ မဟုတ်ပေမဲ့ အ

ရေးကြီးကြုံရင်သုံးဖိုး ဆေးတွေ၊ အင်း

တွေ၊ ရုပ်တုတွေက ကျုပ်ဆေးလွယ်

အိတ်မှာ အပြည့်ဗျ။

ဆရာကြီး ဒေါက်တာမင်းအောင်၊

ဆရာနွံဖ၊ ဆရာအို၊ ဆရာညို၊ ဆရာ

ကြီး ဘိုးပေတလူ၊ ဆရာကြီး ဘိုးလူပေ

တို့ ပေးထား အပ်ထားတဲ့ ဆေးဝါး၊ အင်း၊

ခြေမန်းကွင်းတွေက ကျုပ်မှာ စုံလို့လေ။

အဟိန်းဂါထာတွေ၊ အနှိုးဂါထာတွေ၊

မန္တန်တွေလည်း ကျုပ်တော်တော်များ

များ နှုတ်တက်ရခဲ့တာဗျ။ ကျုပ်လည်း

မျက်ကွင်းဆေး ကွင်းထားလိုက်တယ်။

မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ

တစ်ယောက်တည်း ထိုင်နေရင်း နဂါး

ဆေးပေါ့လိပ်ကလေး ဖွာနေလိုက်တယ်။

“ဝူး၊ ဝူး၊ ဝူး၊ ဝုတ်၊ ဝုတ်”

ဟော ရွာတောင်ဘက်က ခွေးအူသံ

တွေရော၊ ခွေးဟောင်သံတွေရော

ကြားလိုက်ရတယ်ဗျ။ ကျုပ်လည်း

ဆေးပေါ့လိပ်ကို မီးငြိမ်းလိုက်ပြီး

ဆေးလွယ်အိတ်ကို စလွယ်သိုင်း

လိုက်တယ်။ ပြီးတာနဲ့ ဝိုင်းထဲကနေ

ထွက်ချလာခဲ့တယ်ဗျ။ ရွာတောင်

ပိုင်းကိုရောက်တော့ ခွေးဟောင်သံ

တွေကို ပိုပြီး ဆူညံလာတယ်ဗျို့။

“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝူး၊ ဝူး”

ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ

တောင်ဘက်တံခါးကိုဖွင့်ပြီး ရွာပြင်

ထွက်လိုက်တယ်။ယာခင်းတွေကို

ဖြတ်ပြီး တိုက်လာတဲ့ လေအေးအေး

လေးက ကျုပ်ကို ဖြတ်တိုက်သွားတယ်။

တစ်ကိုယ်လုံး အေးပြီးလန်းဆန်းသွား

ရောဗျ။

“ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်”

ကျုပ်က ခပ်သုတ်သုတ် လျှောက်လေ

ကွင်းပိုင်ကြီးရဲ့ခြေသံကလည်း ခပ်သုတ်

သုတ်ကြားရလေပဲဗျ။ ကျုပ်တော့ နောက်

ကိုတစ်ချက်မှ လှည့်မကြည့်တော့ဘူး။

ဖြစ်ချင်ရာသာ ဖြစ်ပစေတော့လို့ တွေး

ထားလိုက်တယ်။ မီးလောင်ကုန်းသင်္ချိုင်း

ကိုရောက်တော့ သင်္ချိုင်းနောက်ဘက်က

ကုက္ကိုတောကို ကျုပ် ဝင်ခဲ့တယ်။ မြို့စား

ရဲ့ ဂူဟောင်းကြီးနားကိုရောက်တော့

ကျုပ် ရပ်လိုက်တယ်။ ကျုပ်နောက်က

ခြေသံကြီးလည်း ရပ်သွားပြီဗျ။

“ဟဲ့ သရဲမ၊ ဒီပစ္စည်းတွေဟာ နင့်ပစ္စည်း

မဟုတ်ဘူး၊ ဘာဖြစ်လို့ နင်ကာကွယ်

နေရတာလဲ၊ နင့်ကိုနင် ငါ ဒီလောက်

နှိပ်စက်တာတောင် နင်ခံနိုင်နေသေး

တယ်၊ ကဲ…အခု နောက်ဆုံးမေးမယ်၊

ပစ္စည်းတွေ ငါ့ကို အပ်မလား မအပ်

ဘူးလား၊ မအပ်ရင် ငါ နင့်ကို မီးလောင်

တိုက်သွင်းပစ်မယ်၊ နင်ဖွက်ထားတဲ့

မြို့စားရဲ့သိုက်ကို အခု ဖော်လိုက်စမ်း

ဟေ့၊ ဖျန်း”

“အောင်မယ်လေး ပူလိုက်တာတော်”

မဖဲဝါရဲ့ မချိမဆံ့ အော်လိုက်တဲ့အသံ

ကြီးဗျ။ အသံနက်ကြီးနဲ့အော်လိုက်တာ

ဗျ။ ကျုပ်တောင် လန့်သွားတယ်။နောက်

ကို ကျုပ် လှည့်ကြည့်လိုက်တော့ ကွင်း

ပိုင်ကြီးက လက်သီးကြီးတွေ ဆုပ်ထား

ပြီး အံ့ကြီးကြိတ်ထားတယ်။ ကွင်းပိုင်ကြီး

ရဲ့လက်သီးကြီးတွေက တင်းတောင်း

ကြီးတွေလောက် ရှိတာဗျ။

အံကြိတ်လိုက်တော့မှ ကြယ်ရောင်

အောက်မှာ အစွယ်ကြီးတွေ ဖွေးနေ

တာကို တွေ့လိုက်ရတာဗျ။ သိုက်ဆရာ

ကဝေရဲ့ ကြိမ်းမောင်းသံကြီးတွေ၊ မဖဲ

ဝါရဲ့ မချိမဆံ့အော်သံ၊ ကွင်းပိုင်ကြီးရဲ့

အစွယ်ဖွေးဖွေးနဲ့ ဒေါသမျက်နှာကြီး

တွေကို တွေ့လိုက်ရတော့ ကျုပ်ဖြင့်

လိပ်ပြာလွင့်မသွားအောင် မနည်းကို

သတိထားနေရတော့တာဗျို့။

ကျုပ်လုပ်ရမယ့် အလုပ်ကိုလုပ်ဖို့

‘သိုက်ဖော်’ဆေးလုံးကို ယူလိုက်တယ်။

ဒီဆေးတော်က ဆရာဖိုး ပေးခဲ့တာဗျ။

ဆရာဖိုးဆိုတာ ‘ဘင်ဂျိုဘစော’ဝတ္ထုမှာ

ပါတဲ့ သိုက်ဆရာကြီးလေဗျာ။အင်မတန်

အစွမ်းထက်သလောက် အင်မတန် တည်

ကြည်ပြီး အင်မတန်မှ ကတိသစ္စာတည်

တဲ့ ပုဂ္ဂိုလ်ကြီးပါဗျာ၊ ကျုပ်တို့ရွာက

ပျောက်သွားတဲ့ ဘင်ဂျိုဘစောကြီးကို

သိုက်ထဲမှာတွေ့လို့ ဆရာဖိုးနဲ့ ကျုပ်

ပြန်ခေါ်ခဲ့ကြတာလေဗျာ။ ဒီဆေးလုံး

ကို ကတ္တီပါဘူးလေးနဲ့ ထည့်ထားတာဗျ။

“မောင်တာတေ၊ မင်း ကြည့်ကွဲ့၊ ဆေး

တော်က တစ်လုံးတည်းပဲ၊ ဒါပေမဲ့ မင်း

ဘယ်နှခါပဲသုံးသုံး၊ သုံးပြီးတာနဲ့ ဒီက

တ္တီပါဘူးထဲကို သူ့အလိုလို ပြန်ရောက်

နေလိမ့်မယ်”

ဆရာဖိုး ကျုပ်ကို မှာသွားတာဗျ။

ကျုပ်ဆေးတော်ကို ထုတ်ယူလိုက်

တယ်။ ပြီးတော့ ဆေးတော်နှိုးတဲ့

ဂါထာကို ကျုပ်ရွတ်လိုက်တယ်။

ကျုပ်လက်ထဲမှာ ဆုပ်ထားတဲ့

‘သိုက်ဖော်’ဆေးတော်လုံးကခုန်

နေပြီဗျို့။

“ကဲကြာ”

မြို့စားမင်းရဲ့ ဂူဟောင်းကြီးကို

ကျုပ်ဆေးလုံးနဲ့ ပစ်လိုက်ပြီဗျို့။

“ဝုန်း၊ ဖျန်း၊ ဖျန်း၊ ဖျန်း ”

ဟာ မီးခိုးလုံးကြီး ဝုန်းကနဲ ပေါ်လာ

တာဗျို့။ ဟာ မီးတွေ မီးတွေ၊ ဟာ

မဟုတ်ဘူးဗျ၊ စက်တွေဗျ၊ စက်တွေ။

ဒါ ကဝေစက်တွေဗျ။ ကျုပ် ချက်ချင်း

ပဲ နောက်ကို ခြေလှမ်းသုံးလေးလှမ်း

ဆုတ်လိုက်တယ်။ ဟာ ကွင်းပိုင်ကြီး

ပြေးလာပြီဗျို့။ အခိုးအငွေ့တွေ

ပျောက်သွားတော့ ကဝေရဲ့စက်

ရောင်ကြီးက လင်းပြီး ကျန်ရစ်ခဲ့

တယ်။ ဟော…တွေ့ပြီ၊ တွေ့ပြီ။

ဟိုမှာ မဖဲဝါ၊ မဖဲဝါရဲ့တစ်ကိုယ်လုံး

ကို စက်တွေလွှတ်ပြီး ကြိုးတုပ်သလို

တုပ်ထားတာဗျို့၊ မဖဲဝါက ဆံပင်ဖား

လျားကြီးနဲ့ ဒူးတုပ်လျက်ကြီးဗျ။ကဝေ

က ဆေးကြိမ်လုံးကြီး ကိုင်လို့ဗျ။ ဒီဆေး

ကြိမ်လုံးနဲ့ မဖဲဝါကို ရိုက်ပြီး သိုက်ဖော်

ခိုင်းနေတာဗျ။ ရုတ်တရက် အခိုးအငွေ့

တွေထပြီး မြို့စားသိုက် ပေါ်လာတော့

ဝမ်းသာအားရနဲ့ ဖြစ်သွားတာဗျို့။

“ကဲ ဘယ်လိုတုံး သရဲမ၊ နင် နောက်ဆုံး

တော့ နင်စောင့်ရတဲ့သိုက်ကို ဖော်လိုက်

ရပြီမို့လား၊ ဟား ဟား ဟား ဟား”

ကျုပ်ကြည့်လိုက်တော့ သော့ခတ်ထားတဲ့

ကြေးသေတ္တာတွေဗျ၊ ရှေးဟောင်းသေတ္တာ

ကြီးတွေဗျို့။ ဘယ်နှလုံးမှန်းတော့ မသိဘူး၊

တစ်လုံးပေါ်တစ်လုံး ဆင့်ထားတာဗျ။ ကျုပ်

သိုက်ဖော်ဆေးနဲ့ ပစ်လိုက်လို့ သိုက်ပေါ်

လာတာကို ကဝေက မဖဲဝါ သူနှိပ်စက်တာ

ကို မခံနိုင်လို့ သိုက်ဖော်ပေးလိုက်တယ်

ထင်ပြီး ဝမ်းသာအားရ ဖြစ်နေတာဗျ။

“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”

ကွင်းပိုင်ကြီး သူ့ညီမကို မြင်လိုက်တော့

ချက်ချင်းပဲ ရှေ့ကို ပြေးထွက်ပြီး ကဝေ

ကို ဖမ်းဖို့ လုပ်တာဗျ။ ကျုပ် သိလိုက်

တယ်။ ကွင်းပိုင်ကြီး မှားသွားပြီ။ ဒီ

လောက် အစွမ်းထက်တဲ့ ကဝေကို

သူ ဘယ်လိုမှ ယှဉ်လို့မရနိုင်ဘူးဆို

တာ သူ မသိဘူးဗျ။ မြို့စားသိုက်က

ရတနာသေတ္တာတွေကို မြင်လိုက်

ရလို့ ဝမ်းသာအားရ ဖြစ်နေတဲ့ က

ဝေက ရုတ်တရက်ကြီး ပြေးဝင်လာ

တဲ့ ကွင်းပိုင်ကြီးကို မြင်လိုက်တော့

အံ့သြပြီး သူ့လက်ထဲက ဆေးကြိမ်

လုံးနဲ့ ရမ်းလိုက်တယ်။

ကွင်းပိုင်ကြီး တုံ့ကနဲ ရပ်သွားတယ်။

ရှေ့ကိုတိုးလို့ မရတော့ဘူးဗျ။ ဒီမှာ

တင် ကဝေက သူ့ပါးစပ်ထဲက စိမ်း

ပြာပြာ အရောင်တလက်လက်

တောက်နေတဲ့ စက်တွေကို ခပ်မြန်

မြန် လွှတ်ပြီး ကွင်းပိုင်ကြီးကို စက်

တွေနဲ့ ပတ်ထားလိုက်ရောဗျာ။

ကွင်းပိုင်ကြီး လှုပ်ကို မလှုပ်နိုင်

တော့တာဗျ။ လှုပ်လိုက်တာနဲ့

တအားပူပြီး အသံနက်ကြီးနဲ့

အော်ရတော့တာဗျို့။

“ဟား ဟား ဟား ဟား လက်စသတ်

တော့ ကွင်းပိုင်က မင်းနှမကို ဖမ်းထား

လို့ မင်းလိုက်လာတာပေါ့ ဟုတ်စ၊

သိပ်ကောင်းတာပေါ့ကွာ၊ ယုန်ထောင်

တာ ကြောင်ပါမိနေတော့ သိပ်ကောင်း

တာပေါ့၊ ဟား ဟား ဟား ဟား”

မဖဲဝါရော ကွင်းပိုင်ရော ခေါင်းငိုက်

စိုက်ကျသွားပြီဗျို့။

“ကဲ…ဟောဒီပုလင်းထဲကို ကွင်းပိုင်

ဝင်စမ်းဟေ့”

ကဝေက လက်နှစ်ဖက်ကို ရှေ့တန်းပြီး

ကွင်းပိုင်ဆီကို အနီရဲရောင်တွေ ထပ်

လွှတ်လိုက်တာ ကွင်းပိုင်ကြီး အရွယ်

တဖြည်းဖြည်း သေးသွားလိုက်တာ

ကဝေ မြေကြီးပေါ်မှာ ထောင်ပြီးချထား

တဲ့ ပုလင်းထက်တောင် သေးသွား

တာဗျို့။ နောက်ဆုံးတော့စိမ်းပြာရောင်

စက်တွေနဲ့ တုပ်နှောင်ထားတဲ့ ကွင်း

ပိုင်ကြီးဟာ ကျုပ်ရဲ့ လက်သန်းလောက်

အရွယ်ကလေး ဖြစ်သွားရောဗျ။

ကဝေက ကွင်းပိုင်သေးသေးလေးကို

ဆတ်ကနဲ ကောက်ပြီး ပုလင်းထဲကို

ထည့်လိုက်တယ်။ ပြီးတာနဲ့ ပုလင်းကို

ဝက်အူရစ်အဖုံးနဲ့ ဖုံးလိုက်ရောဗျို့။

သူ့လွယ်အိတ်ထဲက နောက်ထပ်

ပုလင်းတစ်လုံးကို ထုတ်ပြီး မဖဲဝါ

ကိုလည်း အနီရောင် စက်နဲ့ လွှတ်

ပြီး သေးသေးလေး လုပ်လိုက်တယ်။

ကျုပ်ကြည့်နေတုန်းမှာပဲ မဖဲဝါလည်း

ကျုပ်လက်သန်းအရွယ်လောက်ပဲ

ရှိတော့တာဗျို့။ ကဝေက မဖဲဝါကို

လည်း ကောက်ယူပြီး ငှက်ပျောဖူး

ပုလင်းထဲကို ထည့်လိုက်တယ်။

ပြီးတော့ ဝက်အူရစ်အဖုံးကို ဖုံး

လိုက်တယ်။ မဖဲဝါရော သူ့အစ်ကို

ကွင်းပိုင်ကြီးရော ပုလင်းတွေထဲ

ရောက်ကုန်ပြီဗျို့။

“ဟား ဟား ဟား ဟား၊ ငါက အစ

တုန်းက မဖဲဝါကို ဖမ်းထားပြီး သ

င်္ချိုင်းတွေထဲမှာရှိတဲ့ သိုက်တွေကို

တူးဖို့ ကြံတာ၊ ခုတော့ ကွင်းပိုင်ပါ

ရလိုက်ပြီဆိုတော့ သင်္ချိုင်းထဲက

ပစ္စည်းတင်မကဘူး၊ ကွင်းတွေထဲ

က ပစ္စည်းတွေကိုပါ ရတော့မှာပေါ့

ကွာ၊ ဟား ဟား ဟား ဟား ငါတော့

သူဋ္ဌေးကြီး ဖြစ်ပြီဟေ့”

ကျုပ်လည်း မတ်တတ်တောင် ထမရပ်

ရဲဘူးဗျ။ ဘိစပ်ချုံကြီးနောက်မှာကွယ်ပြီး

ငြိမ်နေရတယ်။ကျုပ်တွေးတယ်။ကျုပ်

ဘာလုပ်ရမလဲ။ ဒီအတိုင်းဆိုရင်တော့

ဒီသိုက်ဆရာဟာ ကွင်းပိုင်နဲ့ မဖဲဝါကို

တကယ်ဖမ်းသွားတော့မှာဗျ။ ပြီးရင်

တစ်သက်လုံး ခိုင်းစားတော့မှာ သေ

ချာတယ်။ ကျုပ် စလွယ်သိုင်းလွယ်

ထားတဲ့ လွယ်အိတ်ထဲက အင်းတစ်

ချပ် ထုတ်လိုက်တယ်။ ဒါ ကျုပ်ကို

ဘိုးလူပေ ပေးခဲ့တဲ့ အင်းဗျ။

‘ ကဝေစက်ဖြတ်အင်း’တဲ့။ ဘယ်မှာ

အစွမ်းမထက်ဘဲ ရှိမှာတုံး။ ဘိုးလူပေ

အကြောင်းကို ‘မဖဲဝါမွေးတဲ့သား’စာ

အုပ်ထဲက’ကဝေ့သွေး’ဝတ္ထုမှာ ဖတ်

ကြည့်ပေါ့ဗျာ။ ကျုပ်အင်းကို လက်

ထဲမှာ တင်းတင်းဆုပ်ပြီး အင်းဟိန်း

ဂါထာ ရွတ်လိုက်တယ်။

ဘိုးလူပေရဲ့အင်းက ကျုပ်လက်ထဲမှာ

ခုန်နေတယ်ဗျ။ ကျုပ်သိတာပေါ့။ ဒါ

အင်းအသက်ဝင်တာဗျ။ အင်းကို တင်း

တင်းဆုပ်ပြီး ဘိစပ်ချုံ ရှေ့ကို ကျုပ်

ထွက်လိုက်တယ်။သိုက်ဆရာ ကဝေ

က ကျုပ်ကို ဖျက်ကနဲ မြင်သွားတယ်။

“ဟေ့ကောင်လေး မင်းက ဘယ်သူတုံး၊

အချိန်မတော်ကြီးမှာ ဘယ်ကနေ ဘယ်

ကို သွားမှာတုံး”

“ကျုပ်နာမည် တာတေတဲ့၊ ကျုပ်က ထနောင်းကုန်းမှာနေတာ”

“သြော် …ဟား၊ ဟား၊ ဟား၊ အေးပေါ့ကွာ၊

မင်းတို့လို ကာလသားတွေက ဒီအချိန်

ရည်းစားနဲ့ တစ်ဝချိန်းတွေ့ပြီး ရွာပြန်ကြ

မှာပေါ့ ဟုတ်လား ကောင်လေး၊ မင်း

ငါ့ကို ဟောဒီသေတ္တာတွေ လှည်းနဲ့တင်

ပြီး လိုက်ပို့မလား၊ မင်းကို ငါ တစ်သက်

စာ စားဖို့ပေးမယ်”

“ဟား၊ ဟား၊ ဟား၊ ဟား သိုက်ဆရာကြီး

ခင်ဗျားမှားနေပြီ၊ ကျုပ်က ပစ္စည်းလိုချင်

လို့ လာတာ မဟုတ်ဘူးဗျ၊ ဟောဒါလေး

ပေးချင်လို့ လာတာ၊ ရော့ ”

ကျုပ်က ဘာမှမပြောတော့ဘဲ’ကဝေ

စက်ဖြတ်အင်း’ပစ်လိုက်တယ်။

“ဝုန်း”

မီးတွေ ထတောက်သွားတာဗျ။ ဘိုးလူ

ပေက ကျုပ်ကို ပြောဖူးတယ်။ ကဝေရဲ့

စက်က ပြင်းလေ မီးတောက်တွေ ကြီး

ထွားလေပဲတဲ့။ ဒါဆိုရင်တော့ ဒီကဝေ

ရဲ့စက်ဟာ တော်တော်ပြင်းလို့ပဲ ဖြစ်

မှာပဲ။ ထတောက်တဲ့ မီးတောက်ကြီး

တွေက နည်းတာကြီးတွေမှ မဟုတ်

တာဗျ။ ကဝေ အငိုက်မိသွားတာဗျ။

ဘာမှမတတ်နိုင်တော့ဘူးလေဗျာ။

စက်တွေအားလုံး ပျောက်သွားပြီ ။

ကြယ်ရောင်ပဲ ရှိတော့တာဗျ။

“ဟေ့ကောင် မင်းက မလောက်လေး

မလောက်စားနဲ့ ဘာကောင်တုံး မင်းက”

ကျုပ်က တန်၏ မတန်၏ နားမလည်းဘူး

လေဗျာ။ ဆရာကြီး ဦးမင်းအောင်ပေး

ခဲ့တဲ့ ကဝေစက်ဖြတ်အင်းကို အဆင်သင့်

ထပ်ကိုင်ထားတာဗျ။

“ခွမ်း၊ ခွမ်း”

ဟာ စက်တွေ ပျောက်သွားတော့ ကွင်း

ပိုင်နဲ့ မဖဲဝါ သူတို့ကို ဖမ်းထားတဲ့ ပုလင်း

တွေကို ခွဲထွက်လာပြီဗျို့။ ကဝေ လန့်

သွားပြီဗျို့။ ချက်ချင်း စက်တွေ ထပ်

ထုတ်တယ်။ ဒါပေမဲ့ စက်တွေက သူ့

ကိုယ်မှာပဲ လင်းနေတော့တယ်ဗျို့။

ရှေ့ကို နည်းနည်းလေးမှ ထွက်မလာ

တော့ဘူး။

“ဝီး”

ခုန်ပြီ။ ဆံပင်ဖားလျားကြီးနဲ့ မဖဲဝါ

ကြီး လေထဲကို ခုန်တက်သွားပြီဗျို့။

ဟော အောက်ကို ပြန်ကျလာပြီ။

“ဘုန်း”

ကဝေရဲ့ကျောပေါ်ကို မဖဲဝါရဲ့လက်

ဝါးကြီး ကျသွားပြီ။ ကဝေ ကျောကြီး

ကော့တက်သွားပြီဗျို့။ ဒါပေမဲ့ လဲ

ကျမသွားဘူးဗျ။ သူ့ပညာအဆင့်က

နည်းနည်းနောနောတော့ မဟုတ်

ဘူးဗျို့။

“ဘုန်း”

ထပ်ရိုက်ပြီ။ မဖဲဝါက နောက်တစ်ချက်

ထပ်ရိုက်တယ်။ ဟော ကျောကြီး ကော့

တက်သွားပြန်ပြီ။ ဒါပေမဲ့ လဲကျမသွား

ဘူးဗျ။ မဖဲဝါ နောက်ကို ခုန်ဆုတ်သွား

ပြီ။ ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ မ

ဖဲဝါရဲ့ လက်ဝါးစာမိလို့ကတော့ ဘယ်

သူမှ အသက်မရှင်နိုင်ဘူးလေဗျာ။

ခုတော့ မဖဲဝါ လက်လျော့သွားပြီဗျ။

ဒါမျိုး ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။

မဖဲဝါက သူ့အစ်ကို ကွင်းပိုင်ကို တစ်

ချက် လှမ်းကြည့်ပြီး ခေါင်းညိတ်ပြ

တယ်။ ဟာ…ပြေးလာပြီ။ ကွင်းပိုင်

ကြီး ပြေးလာပြီဗျို့။ ထန်းပင်လုံး

လောက်ရှိတဲ့ ခြေသလုံးကြီးနဲ့ ၊

စကောလောက်ရှိတဲ့ ခြေဖဝါးကြီး

တွေနဲ့ပြေးလာတာဗျ။

လက်မောင်းအိုးကြီးတွေက ထန်း

ပင်အရင်းပိုင်းလောက်ကြီးကို ရှိ

တာဗျ။ ဟာ…ကဝေကို လှမ်းဆွဲ

လိုက်ပြီဗျို့။ ဘာစက်မှ ထုတ်လို့

ထွက်မလာတော့ဘဲ ကဝေကို

သူ့လက်ကြီးနဲ့ လှမ်းဆွဲလိုက်

တာဗ်။

ကဝေကို ခြေထောက်ကတစ်ဖက်၊

ခေါင်းက တစ်ဖက်ကိုင်ပြီး စွေ့ကနဲ

မ,ယူသွားပြီဗျို့။ ဟော…ဟော

ကွင်းပိုင်ကြီး ဒေါသတကြီးနဲ့ ပါးစပ်

ကြီးဖြဲထားလိုက်တာ အစွယ်ကြီး

တွေ တွေ့တာနဲ့ သိနိုင်တယ်ဗျို့။

ဟာ…ကိုက်ပြီ။ လည်ပင်းကို ကိုက်

ပြီ။ ဟာ ကဝေကြီးရဲ့လည်ပင်းက

သွေးတွေ ဖြာကနဲ ပန်းကျလာပြီဗျို့။

“အား…အား…အား”

ကဝေအော်သံကြီးက အကျယ်ကြီး

ပါဗျာ။ မချိမဆံ့ဝေဒနာ ခံစားပြီးအော်

တဲ့ ရင်ခေါင်းသံကြီးဗျ။

“အား အား အား အား ဝေါ”

ဟာ သစ်ပင်ကြီးတွေပေါ်မှာ အိပ်တန်း

တက်နေတဲ့ ကျီးကန်းတွေတောင် လန့်

ပြီး ပြိုကုန်ကြပြီဗျို့။ ကဝေက ကွင်းပိုင်

ကြီးရဲ့ လက်ထဲမှာတင် ဆန့်ငင်ဆန့်ငင်

ငြိမ်ကျသွားပြီဗျ။ ကွင်းပိုင်ကြီးက ကဝေ

ရဲ့ လည်ချောင်းသွေးကို စုပ်ယူပြီး ကဝေ

ရဲ့ကိုယ်ကြီးကို မြေကြီးပေါ် ပစ်ချလိုက်

တယ်။

“ဘုန်း”

အသက်မရှိတော့တဲ့ ကဝေရဲ့ ခန္ဓာကိုယ်

ကြီး မြေပေါ်ကို ကျလာပြီး နှစ်ပတ်တောင်

လိမ့်သွားတယ်

“ဟင်း၊ ဟင်း၊ ဟင်း၊ ဟင်း”

ကွင်းပိုင်ကြီးက သွားကြီးတွေစိပြီး

အော်လိုက်တယ်။ ပြီးတော့ ကျုပ်ကို

တစ်ချက် လှည့်ကြည့်တယ်။

“တာတေ”

မဖဲဝါက ကျုပ်နာမည်ကို လှမ်းပြော

လိုက်တယ်။

“ဟီး”

ကျုပ်တို့ရွာဘက်ကို လက်ညှိုးထိုးပြတယ်။

“ဟုတ်တယ်၊ ထနောင်းကုန်းက”

ကျုပ်ဖြင့် ကွင်းပိုင်ကြီး ကျုပ်ကို ကြည့်

နေတာ ကြောက်လိုက်တာဗျာ။ ကြက်

သီးတွေဆိုတာ တဖျန်းဖျန်း ထလို့ဗျ။

ကွင်းပိုင်ကြီးက ချာကနဲ လှည့်ထွက်

သွားတယ်။ ကျုပ်လည်း ပေနှစ်ဆယ်

လောက်မြင့်တဲ့ ကွင်းပိုင်ကြီးရဲ့ကျော

ကုန်းကို ငေးကြည့်ရင်း ကြက်သီးတွေ

ထနေတော့တာပေါ့ဗျာ။ ကျုပ် မဖဲဝါ

ကို လှည့်ကြည့်လိုက်တော့ မြို့စားရဲ့

သိုက်ကို ပြန်ပြီး ဖျောက်နေတယ်ဗျ။

မဖဲဝါက လက်နှစ်ဖက်ကို ရှေ့ကို

ဆန့်ပြီး သိုက်ကို မန်းမှုတ်နေတာဗျ။

ဟော မြို့စားရဲ့သိုက်ကြီး ပျောက်

သွားပြီဗျို့။ နဂိုအတိုင်း ဂူဟောင်း

ကြီး ပြန်ပေါ်နေပြီဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ ဝူး၊ ဝူး”

ဟာ…ဒါ မဖဲဝါရဲ့ခွေးကြီးနက်ကျော်

အသံဗျ။ နက်ကျော်လည်း သူသခင်

မကြီးပျောက်သွားလို့ လိုက်ရှာနေပုံ

ရတယ်ဗျ။ ဟော…ရောက်လာပြီ။

နက်ကျော်ကြီး ရောက်လာပြီ။ နက်

ကျော်ကြီးက နွားပေါက်တစ်ကောင်

လောက် ရှိတာဗျ။ နက်ကျော်က

သူ့သခင်မကြီးကို တစ်လှည့် ကျုပ်

ကို တစ်လှည့်ကြည့်တယ်။

ကိစ္စအားလုံး ပြီးသွားပြီ။ မဖဲဝါ

မီးလောင်ကုန်းသင်္ချိုင်းကနေ

တရွေ့ရွေ့ ထွက်သွားပြီ။ ဂူတွေ

အပေါ်ကနေ ရွေ့သွားတာဗျ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ခွေးနက်ကြီး နက်ကျော်လည်း

နောက်ကနေ ပါသွားလေရဲ့ဗျာ။

ကျုပ် အိမ်ပြန်ရောက်ပြီး သိပ်

မကြာဘူးဗျ။ ဆရာတော့်ကျောင်း

က အုန်းမောင်းခေါက်သံ ကြားရ

တာပဲ။ နောက်တစ်နေ့ ကျုပ် အိပ်

ရာကနိုးတော့ ဆယ်နာရီတောင်

ထိုးနေပြီ။ ကျောက်ခဲက ခုံတန်း

လေးမှာ ထိုင်ပြီး ကျုပ်ကို စောင့်

နေတယ်။

“ကျောက်ခဲရေ…ဧရာမခြေရာကြီး

ကိစ္စတော့ ပြီးသွားပြီဟေ့၊ ဒါပေမဲ့

မီးလောင်ကုန်းသားတွေတော့ သူ

တို့သင်္ချိုင်းထဲမှာ လည်ပင်း အ

ပေါက်ကြီးနဲ့ အလောင်းတစ်လောင်း

တွေ့လို့ အလုပ်ရှုပ်သွားမှာ သေ

ချာတယ်ဟေ့”ကျုပ်ပြောတာတွေကို ဘာမှ

နားမလည်တဲ့ ပုံစံနဲ့ ကျောက်ခဲကကျုပ်ကို ကြည့်နေရောဗျာ။

 

ပြီးပါပြီ