” မျက်စိတစ်ဖက်မှိတ်တောဘီလူး “(စ/ဆုံး)

Unicode Version

” မျက်စိတစ်ဖက်မှိတ်တောဘီလူး “(စ/ဆုံး)
——————————————-

အရှေ့မြောက်ဘက်တွင် အုတ်ဂူ
ဖွေးဖွေး၊ မြေပုံမို့မို့တို့သည် သင်္ခါရတရား
တို့ဖြင့် ထုံမွှန်းကာ ငြိမ်သက်တိတ်ဆိတ်
နေလေသောသင်္ချိုင်းမြေ။ကျွန်တော်နှင့်
ခိုင်သည် ခြံစပ်အဆုံးထိ လျှောက်သွား
ကာမျက်စိတစ်ဆုံးကျယ်ပြောလှသော
လယ်ကွင်းပြင်နှင့်တကွ သဘာဝရှုခင်း
များကို တရှိုက်မက်မက် ကြည့်ရှုပေး
မောကာ ဆွတ်ပျံ့သောလေကို ရှူရှိုက်
နေကြသော်လည်းနေအိမ်သို့ပြန်လှည့်
ရန် သတိတော့ ရှိကြသည်။
ကျွန်တော်၏ဇနီးခိုင်သည်ရန်ကုန်
မြို့သူဖြစ်ကာ သည်လိုစိတ်လွတ် ကိုယ်
လွတ် နားအေးလှသော၊ ဆူညံသံကင်း
လှသောကျေးတောရွာများသို့ အလည်
သွားလေ့သွားထ မရှိသဖြင့် ကျွန်တော်
က ပထမဦးဆုံး ကျေးလက်သို့ ခေါ်
ဆောင်လာခဲ့ခြင်းပင်။ ကျေးလက်ဆို
သော်လည်း ကျွန်တော်၏ မိဘများပိုင်
ဆိုင်သော ဘိုးဘွားပိုင် အမွေခံဟု ဆို
ရပေမည်။ပေနှစ်ရာကျော်ပတ်လည်ခန့်
သစ်ပင်များဖြင့် ကျယ်ဝန်းသော ခြံမြေ
ထဲတွင် ခိုင်ခန့်သော ပျဉ်ထောင်အိမ်
သေးသေးကလေးကမြစ်ပြင်ကိုမျက်နှာ
မူကာဆောက်လုပ်ထားခြင်းဖြစ်ရာအမြဲ
တစေလှိုင်းပုတ်သံ၊လေတိုးသံကိုကြား
နေရတတ်သည်။တစ်ရွာလုံးသည်ဆွေ
ရိပ်မျိုးရိပ်မကင်းကြပေရာကျွန်တော်တို့
ခြံ၏လက်ဝဲဘက်တွင် အဘွား၏မောင်
ပိုင်ဆိုင်သောခြံရှိသည်။အရှေ့ဘက်တွင်
ကျွန်တော်၏နှမဝမ်းကွဲနှင့်သူ၏မိသားစု
နေထိုင်သည်။ ဆွေရိပ်မျိုးရိပ်မကင်းကြ
သူတွေချည်းပင်၊ ဆွေမျိုးတွေလက်ညှိုးထိုးမလွဲပေ။

ညနေခင်းနေခြည်သည် တစ်စ တစ်စမှုန်
ဝါးကာ အမှောင်ရိပ်သမ်းလာ သည်။
လေပြည်ချိုသည် အရှိန်သေခါစမြားတစ်
စင်းလို နှေးကွေးလေးလံလာ သည်။
ဆွတ်ပျံ့သော လေပြည်ကတော့
သာသာဆဆ တိုက်ခတ်နေမြဲ။ ကျွန်
တော်သည်တဖြည်းဖြည်းအလင်းရောင်
ပျောက်လာသောပတ်ဝန်းကျင်ကိုအကဲ
ခတ်ရင်းဟိုး – ဝေးဝေးသင်္ချိုင်းမြေဆီသို့
လက်ညှိုးညွှန်ကာ …
“ခိုင်ရေ- အဲဒီသင်္ချိုင်းမှာ ကိုယ်တို့
အဘိုး၊အဘွားတွေ၊ဒီရွာပတ်ဝန်းကျင်က
ဆွေမျိုးအပေါင်းအသင်းတွေကို မြှုပ်နှံ
တဲ့နေရာပေါ့ခိုင်။ ငြိမ်းချမ်းစွာ ထာဝရ
အိပ်စက်နေကျတဲ့ နေရာပေါ့”
ခိုင်သည် မျက်စိမျက်နှာပျက်ကာ ကျွန်
တော့်ရင်ခွင်ထဲ တိုးဝင်လာသည်။
“အစ်ကိုကလဲ–ညနေဘက်နေဝင်
ရီတရောကြီးမှာ မဦးမချွတ်၊ နမိတ်မရှိ၊
နမာမရှိ ခိုင် ကြောက်တယ်၊ ရွာကို ခုမှပဲ
ရောက်တယ်။ ချက်ချင်း ပြန်မှာနော်”
“ဟား-ဟား-ဟား– – ဘာကြောက်
စရာ လိုသလဲကွယ်၊ လူသေတွေထက်
လူရှင်တွေကိုကြောက်ရမှာခိုင်ရဲ့၊ကိုယ်
တို့ ခြံဘေးက ကိုယ့်အဘိုးလေးဆိုရင်
တကယ် လူဆိုးလူပေ လူရွတ်ကြီးကွ၊
သရဲနဲ့နပန်းလုံးဖူးတယ်။ သင်္ချိုင်းကုန်းက
အစိမ်းသေ သေတဲ့အုတ်ဂူမှာ တစ်ည
အိပ်အလောင်းအစားလုပ်တယ်။အစ်ကို
တစ်ဝမ်းကွဲဆိုရင် …” “တော်ပါတော့ – ကဲ”
ခိုင်သည် အလန့်တကြားဖြင့် ကျွန် တော်၏
ပါးစပ်ကို အတင်းပိတ်လေ သည်။အမှန်ပင်
ခိုင်သည်ကြောက်လန့် နေသည်။တုန်ယင်
နေသောသူ၏လက်ကလေးတွေက သက်သေပြနေသည်။
“ကဲပါကွယ် – မပြောတော့ပါဘူး” ကျွန်တော်
တို့ ခြံစပ်မှ နေအိမ်ရှိရာ သို့ ခပ်သွက်သွက်
လျှောက်လာကြပေသည်။ အမှောင်သည်
လျင်မြန်စွာ ချင်းနင်းကျရောက်လာသည်။
ခြံလယ်ရှိ နေအိမ်ကလေးသည် မှုန်ရီပျိုးစ
ညနေခင်းအောက်တွင် ငြိမ်သက်တိတ်ဆိတ်လျက်…
“ခိုင် – မြွေပါး ကင်းပါးနော်။ သိပ်
အလျင်မလိုနဲ့ – ဖြည်းဖြည်း”
မှန်ပေသည်။ သည်အရပ်က မြွေ
ဆိုးပေါသည်၊ အန္တရာယ်များသည်။ကျွန်
တော်တို့ ခြံထဲ ဝင်ရောက်တော့ မှောင်
ပေပြီ။အဘိုးလေးခြံကိုလှမ်းကြည့်တော့
အိမ်ကို မြင်နေရသော်လည်း မီးရောင်
မတွေ့ရပေ။ခြံစောင့်ကတော့ခြံထောင့်ရှိ
တဲတွင်ရှိပေလိမ့်မည်။ ကျွန်တော်တို့ရွာ
ကလေးကို ရောက်သည်မှာ မနက်ပိုင်း
ကပင် ဖြစ်သည်။ ဆွေမျိုးတွေကို လက်
ဆောင်တွေပေးရင်း လိုက်လံနှုတ်ဆက်
ကြရာတွင် အဘိုးလေးနေအိမ်တွင် မရှိ
ပေ။မိသားစုတစ်ခုလုံးဖားအံရှိသမီးကြီး
ထံသို့ အလည်အပတ် သွားရောက်ကြ
သည်မှာ (၁၀) ရက်ခန့်ရှိပြီဟု ပြောကြ
သည်။ ခြံစောင့်တော့ နေရစ်ခဲ့သည်။ ခြံ
စောင့်ကလည်း ညဘက်တွင် ရွာထဲပြန်
အိပ်သည်။ ထို့ကြောင့် အဘိုးလေးခြံ
သည်မှောင်မည်းကာမီးရောင်မမြင်ရဘဲ
တိတ်ဆိတ်နေခြင်း ဖြစ်သည်။ “ခိုင် –
မကြောက်နဲ့နော်”ဘူး”
“အစ်ကို ရှိသားပဲ – မကြောက်ပါ
မကြောက်ပါဘူးပြောသော ခိုင်၏ အသံ
သည်မသိမသာတုန်ယင်နေသည်။
ခိုင် ကြောက်မည်ဆိုကလည်း ကြောက်
စရာပင်။ တစ်အိမ်နှင့်တစ်အိမ်တစ်မျှော်
တစ်ခေါ်ဝေးကွာကာ သစ်ပင်တွေဖြင့်
သာ အုံ့ဆိုင်းတိတ်ဆိတ်နေသဖြင့်
ကြောက်မည်ဆိုကကြောက်ပေမည်၊ပြီး
တော့ကျွန်တော်တို့အိမ်တွင်ကျွန်တော်
နှင့်ခိုင်သာရှိသည်။ကျန်အချိန်များတွင်
တံခါးပိတ်ထားကာရံစောင့်သာရှိသည်။
ယခုတော့ခြံစောင့်ကလည်းကျွန်တော်
တို့ ရောက်လာသဖြင့် ရွာထဲရှိ ဘုန်းကြီး
ကျောင်းဘက် ထွက်သွားသည်။ မနက်
ဖြန် ဘုန်းတော်ကြီးကျောင်းတွင် ရှင်ပြု
အလှူရှိသည်။ဝိုင်းလုပ်ဝိုင်းစားကုသိုလ်ယူ။
ကျွန်တော်တို့သည် ပါလာသော ဂက်စ်မီးအိမ်၊
ဖယောင်းတိုင်တို့ကို တစ်ခန်းလုံး လင်းအောင်
ထွန်းလိုက်ကြသည်။ ဤအိမ်ကြီးတွင်
ကျွန်တော်တို့နှစ်လခန့် အနားယူ နေထိုင်ကြရပေမည်။
“ဒီအိမ်ကြီးထဲမှာ ကိုယ်နဲ့ ခိုင်နဲ့ပဲ
နော်။ အင်း-တစ်လကျော်ကျော် အနား
ယူကြရဦးမှာကွာ၊ ပျော်စရာကောင်း
တယ် – ခိုင်ရဲ့။ ခိုင်ကော မပျော်ဘူးလားဟင်”
ခိုင်ကခေါင်းညိတ်သည်။တောက်ပစွာပြုံးပါသည်။
“ရွာကလေးက သိပ်သာယာတာပဲ နော်-
အစ်ကို။ ဆန်ရေစပါးပေါ၊သားငါး
ဆိုတာ လတ်လတ်ဆတ်ဆတ်၊ သီးနှံ
တွေဆိုလည်း လတ်လတ်ဆတ်ဆတ်ပဲနော်”
ရောက်ရောက်ချင်း ရွာထဲရှိ ရေး တန်းကို
ရောက်ရှိသွားသဖြင့် ခိုင်က ကျေနပ်သ
ဘောကျနေခြင်း ဖြစ်သည်။ ကျွန်တော်တို့
အိပ်ရာဝင်ကြတော့ မြစ် ပြင်ရှိ ရေလှိုင်းပုတ်သံ၊
ခြံထဲရှိ သစ်ပင် တွေကို လေတိုးသံ သဲ့သဲ့ကြားနေရ
သည်။ ပြီးတော့ – တောကောင်ကလေး များ၏ခြေသံ။
ညသည်အေးချမ်းလှပစွာရွေ့လျား
နေသည်။ ထိုညက လသာလေသည်။
ကျွန်တော်ဖျတ်ခနဲအိပ်ရာမှနိုးသွား
သည်။ ကျွန်တော်၏အသိအာရုံထဲသို့
ရုတ်တရက် ဝင်လာသော ပေါက်ကွဲသံ
များကြောင့် အသိအာရုံနှင့် ခန္ဓာကိုယ်
လွင့်စဉ်သွားကာ နှစ်ခြိုက်စွာ အိပ်ပျော်
နေရာမှ လန့်၍ နိုးသွားခြင်းပင်။ စိတ်
အနှောင့်အယှက်ဖြစ်သွားမိသည်။
အသံလာရာသို့ နားစွင့်လိုက်မိ သည်။
ဂလုံဂလွမ်ဟူသောအသံတစ်သံ
နောက်ဆက်တွဲထွက်ပေါ်လာပြန်သည်။
ဘာသံပါလိမ့်၊ ကျွန်တော်တို့ အိမ်ထဲ
ကတော့မဟုတ်ပေ။အသံသည်ဘထွေး
ဦးအောင်ထွန်းတို့ ခြံထဲနေအိမ်မှထွက်
ပေါ်လာသောအသံတွေဖြစ်နိုင်ခြေရှိပေ
သည်။ ဘထွေး ပြန်ရောက်လာလေပြီ
လော။ မဖြစ်နိုင်၊ ဘထွေးသည် ဖားအံ
တွင် ရက်ကြာကြာနေထိုင်ဦးမည်ဟု
သိ ထားသည်။ ခြံစောင့် ကိုအုံးကြိုင်ပေ
လော။သူသည်အရက်မူးမူးဖြင့်အိုးခွက်
တွေကို ပေါက်ခွဲနေခြင်းပေလော၊
“ဝုန်း”
“ချလွတ်”
ရုတ်တရက်မြည်ဟည်းသွားသော
ပေါက်ခွဲလိုက်သံကြောင့်ဒေါသနှင့်ယှဉ်
သော အသိစိတ်ဖြင့် အိပ်နေရာမှ ကျွန်
တော် ထထိုင်လိုက်သည်။ ခိုင်ထံမှ
ညည်းညူသံတစ်ချက်နှင့် ရွေ့လျားသံ
တစ်ချက်ကြားလိုက်ကာ ပြန်လည်ငြိမ်
သက်သွားသည်။ကျွန်တော်သည်ခုတင်
ပေါ်မှ အသာလျှောဆင်းကာ စားပွဲပေါ်မှ
ဖယောင်းတိုင်ကို ထွန်းညှိသည်။ ခိုင့်ကို
ကြည့်တော့ နှစ်ခြိုက်စွာအိပ်ပျော်နေပေ
ပြီ။ လွတ်လပ်ပေါ့ပါး စွာ အိပ်ပျော်ပါစေတော့
ကျွန်တော်သည် လက်နှိပ်ဓာတ်မီးကိုအ
သာအရာ ဆွဲယူကာပြတင်းပေါက် ဆီသို့
ရွေ့လျားလိုက်ပြီးအသာဖွင့်လိုက် သည်။
လေစိမ်းတွေက ကျွန်တော်၏
မျက်နှာကို ပွတ်တိုက်ကျီစယ်ရွေ့လျား
သွားသည်၊ တစီစီမြည်နေသော ပုရစ်၊
တောကောင်ကလေးများ၏ အသံနှင့်
အတူလရောင်သည်ရွှန်းမြစွာ သာကာခြံ
ထဲသို့ ဣန္ဒြေရစွာဖြာဆင်းနေပေသည်။
ကျွန်တော်သည် အဘိုးလေး၏ ခြံထဲသို့
စူးစိုက်ကြည့်ကာ အသံတွေလာရာကို
ရှာဖွေနေမိသည်။ သစ်ရိပ်ကြားမှလတွင်
အမှုန်အစက်တွေက မြေပြင်မှာ..
အဘိုးလေး၏ အိမ်သည် တိတ် ဆိတ်ငြိမ်
သက်ကာ မှောင်မည်းလျက်။
မည်သည့်လှုပ်ရှားမှုမှ မတွေ့ရ။ ခြံစောင့်
ကိုအုံးကြိုင်၏ အရိပ်အရောင်လည်း
မတွေ့ရပေ။လရောင်အောက်တွင် ငြိမ်း
ချမ်းစွာ ငြိမ်သက်နေပေသည်။ ကျွန်
တော်သည် စောစောက အသံတွေ
ကြောက်ခမန်းလိလိ ဝုန်းဒိုင်းကြဲ ထွက်
ပေါ်နေသော အိမ်ဆီသို့ ဇဝေဇဝါအသိ
ဖြင့် စူးစမ်းကြည့်နေမိသည်။ အံ့ဩစရာ
ပင်။ အသံတွေ ငြိမ်သက်တိတ်ဆိတ်
လွန်းလှသည်။ကိုအုံးကြိုင်သည်အရက်
မူးမူးနှင့်ပေါက်ခွဲကာတစ်နေရာသို့ထွက်
သွားလေပြီလော။ကျွန်တော်သည်အသံ
တွေ ပြန်လည်ထွက်ပေါ်လာထွက်ပေါ်
ငြားတိတ်ဆိတ်စွာ စောင့်ကြည့်သော်
လည်းမည် သည့်အသံများမှ ထွက်ပေါ်
မလာတော့ ပေ။ ထို့ကြောင့် ပြတင်းပေါက်တံခါးကို
ပြန်ပိတ်ကာ အိပ်ရာဆီသို့ ငြိမ်သက်
တိတ်ဆိတ်စွာ ပြန်ရောက်လာသည်။
ကြောက်မက်ဖွယ်လရောင်သည် တိတ်
ဆိတ်ခြင်းအသံဖြင့် ဆက်လက် ရွေ့လျားနေလေသည်။
ကျွန်တော်နှင့် ခိုင်သည် မနက်မိုး
လင်းကတည်းကပင် ရွာထဲရှိ ဆွေမျိုး
တွေအိမ်သို့ ရောက်ရှိနေကြပေပြီ။ ခိုင်
ကတော့ ရွာထဲရှိ ကျွန်တော်၏ ဝမ်းကွဲ
အစ်မ၊ နှမများနှင့် ငယ်ပေါင်းကြီးဖော်
များပမာရယ်စရာမောစရာများဖြင့်ပျော်
ရွှင်နေကြပေပြီ။ခိုင်ဆိုသောမိန်းကလေး
သည် သူတစ်ထူးကို အတိုက်အခံမလုပ်
သည်သာမက လိုက်လျောညီထွေ နေ
တတ်သောသူ ဖြစ်ပေရာ ကျွန်တော်၏
ဆွေမျိုးသားချင်းများ၊ ရိုသားလှသော
ဝမ်းကွဲညီမများနှင့် အဆင်ပြေလိုက်
လျော ညီထွေရှိသည်မှာ မဆန်းကြယ်
လှပါပေ။
ရွာကလေးသည် ဧရာဝတီတိုင်း၏
မြို့နယ်နှစ်ခုဖြစ်သည့် ကျိုက်လတ်နှင့်
ဖျာပုံ ဆက်စပ်နေသော နယ်နမိတ်ရွာ
ကလေးဖြစ်သဖြင့် စည်ကားသည်။ ထို့
အတူ ဧရာဝတီ သင်္ဘောကြီးများလည်း
ဆိုက်ကပ်တတ်ပေရာ ရန်ကုန်မြို့နှင့်နေ့
စဉ်ဆက်သွယ်မှု ရှိသည်။ ကလရပ်ရွာ၊
ရှမ်းကွင်းကြီး၊ ဂျိုဝါ စသည့်ရွာများသည်
မြစ်ကမ်းနံဘေး ရွာစဉ်ရွာတန်းများ ဖြစ်
သည်။ ကျွန်တော်တို့ ရောက်ရှိနေချိန်
သည် တောင်သူလယ်သမားများ၊ ခြံ
သမားများ၊ ကျောင်းသူကျောင်းသား
များ လုပ်ငန်းခွင်အားလပ်ချိန် ဖြစ်သည်
သာမကနှစ်စဉ်ရွာဘုရားပွဲလည်းကျင်းပ
လေ့ရှိရာစည်ကားလေ့ရှိသည်။ သင်္ကြန်
၏နှစ်ဆန်းတစ်ရက်နှင့် နှစ်ရက်နေ့ကို
ဇာတ်ပွဲကျင်းပလေ့ရှိရာ မကြာမီ စည်
ကားစွာ ကျင်းပပေတော့မည်။ ထို့အတူ
အလှူပွဲ၊ ရှင်ပြုပွဲများလည်း ပါဝင်ကြပေ
မည်။ကျွန်တော်သည် ညဦးပိုင်းက ဖြစ်
ပျက်သွားခဲ့သော အဖြစ်အပျက်များကို
ဇဝေဇဝါဖြင့် မကျေနပ်နိုင်သေးဘဲရှိရာ
ခြံစောင့်ကိုအုံးကြိုင်ကို ရှာဖွေရန် ရွာ
လယ် လက်ဖက်ရည်ဆိုင်သို့ ထွက်လာ
ခဲ့လေသည်။ ရွာလယ်လမ်းတွင်ဆွေမျိုး
သင်္ဂဟများကို တွေ့ဆုံရာ မာကြောင်း
သာကြောင်း နှုတ်ဆက်ရလေသည်။
တစ်ဆက်တည်း ကိုအုံးကြိုင်ကိုမြန်းရာ
“ရှိတယ်ကွ – မနက်စောစောက တောင်
ဘုန်းကြီးကျောင်းမှာ ရွာအလှူ
တစ်ခုအတွက်ရေခပ်ပေးနေသေးတယ်။
ရှိမယ် – ရှိမယ်။ အော်- ဗွီဒီယိုရုံဘေးက
လက်ဖက်ရည်ဆိုင် ဘက် လျှောက်
ကြည့်ပါလား- ကိုဝင်းဆွေ”
“ဟုတ်ကဲ့ – ကျွန်တော် သွားရှာ
ကြည့်လိုက်ဦးမယ်”
ကျွန်တော် ရွာလယ်ပိုင်းဆီသို့
ဆက်၍လျှောက်လာမိသည်။ ကျေးရွာ
ကလေးသည် လွန်ခဲ့သည့် နှစ်ပေါင်း
(၃ဝ)ခန့်ကနှင့် အခြေအနေချင်း လုံးဝ
ကွာခြားနေပေပြီ။လွန်ခဲ့သည့်နှစ်ပေါင်း
များစွာကဆိုလျှင် ဤရွာကလေးနှင့်
ဆက်စပ်မြို့များ၊ ရွာများသည် ရေလမ်း
တစ်ခုတည်းသာ ရှိသည်။ တစ်ရွာနှင့်
တစ်ရွာကူးသန်းသွားလာရာတွင် လက်
ခတ်လှေကလေးတွေကို အားပြုအား
ထားခဲ့ရသည်။ တယ်လီဗီးရှင်းမဆိုထား
နှင့်ရေဒီယိုပင်တစ်ရွာလုံးမှာနှစ်လုံးမရှိ
ပေ။ ခုတော့ – အားလုံးပြောင်းလဲသွားပေ
ပြီ။လက်ခတ်လှေတွေပျောက်ကွယ်ကာ
အင်ဂျင်သုံးစက်လှေတွေ ဖြစ်ကုန်ပြီ။
တီဗွီ၊ စလောင်း၊ နိုင်ငံတကာသတင်း
တွေ၊ ဘောလုံးပွဲတွေ၊ စပိန်ပွဲ၊ အင်္ဂလန်ပွဲ၊
ဂျာနယ်တွေ၊ စာစောင်တွေရောက်ကုန်ပြီ။
ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ကာရာအို
ကေတွေ ပြန့်နှံ့စီးဝင်နေပြီ။ ကျွန်တော်သည် ရင်းနှီးကျွမ်းဝင်
သူများကို နှုတ်ဆက်ရင်း ကိုအုန်းကြိုင်
ရှိမည်ထင်ရာကို လှည့်လည်ရှာဖွေနေမိသည်။
ရွာလယ် လက်ဖက်ရည်ဆိုင်
ရောက်တော့ အဆင်သင့်ပင် ကိုအုန်း
ကြိုင်ကိုတွေ့လိုက်ရသည်။ကိုအုန်းကြိုင်
သည်အသားညိုညို၊ အရပ်ပုပျပ်ပျပ်၊လူ
ဖလံကလေးသာဖြစ်သည်။ သို့သော် –
ကျွန်တော်တို့အဘိုးလေးဦးအောင်ထွန်း
အပေါ်တော့ အသက်ပေး၍ သစ္စာရှိသူ
တစ်ယောက်ဟု ဆိုရပေမည်။ ရိုသေ
ကိုင်းရှိုင်းသည်။ မခိုးမဝှက်၊ ရိုးသားသူဖြစ်သည်။
“ကိုဝင်းဆွေ – လာဗျ၊ ကျွန်တော်ခုပဲ
ဘုန်းကြီးကျောင်းက ပြန်လာတာ။
ဒီနေ့ ရှင်ပြုက သိမ်ဆင်းရှိတယ်လေ။
ဆရာတော်ကတောင် ကိုဝင်းဆွေကို
မေးနေသေးတယ်”
လက်ဖက်ရည်ဆိုင်သည် မြေစိုက်
တဲကလေးဖြစ်သော်လည်း ကျယ်ဝန်း
သည်။ ကာရာအိုကေ ရှိသည်။ ဂြိုဟ်တု
စလောင်းတပ်ထားသည်။ တော်တော်
ခေတ်မီနေပြီပဲ။ ကျွန်ုပ် ဝမ်းသာမုဒိတာ
ပွားမိသည်။
“ညကကိုအုန်းကြိုင် ခြံထဲမှာမအိပ်ဘူးနော်”
“ဟုတ်ပါရဲ့- ကိုဝင်းဆွေရေ၊ အဘ
ခရီးသွားနေတုန်း ကျွန်တော် ရွာထဲပြန်
အိပ်တာပါ။ ရွာစွန်မှာ နေပေမယ့် ကျွန်
တော်တို့ရွာက သူခိုးသူဝှက် မရှိဘူးဗျို့။
ကိုဝင်းဆွေ စိတ်ချလက်ချသာ အိပ်ဗျ။
ရွာက အိမ်တွေ တဲတွေဆိုတာ တံခါးရှိ
တာမဟုတ်ဘူးဗျို့ကျွန်တော်ပြုံးလိုက်သည်။
“ဒါပေမဲ့ — ညက ဘထွေးလေး ခြံ
ဘက်က အိမ်ထဲမှာ အသံတွေ ကြားရ
တယ်ဗျ။ ဒေါသတကြီး ပေါက်ကွဲပစ်
ပေါက်သံတွေ၊ ည နှစ်ချက်တီးလောက်
ရှိမယ်။ ကျွန်တော်လန့်နိုးသွားတယ်”
ကိုအုန်းကြိုင်သည် အံ့ဩတကြီး
မျက်နှာဖြင့် ငေးကြည့်နေရာမှ မျက်နှာ
တစ်ချက် ပျက်သွားသည်ကို သတိပြုမိ
လိုက်သည်။”ဟုတ်လား- ဘာသံတွေပါလိမ့်။
ကျွန်တော်က ရွာထဲ ရောက်နေတယ်ဆိုတော့….”
“မသိဘူး-အိမ်ထဲသူခိုးဝင်သလား
မှတ်ရတယ်။ ကျွန်တော့် အမျိုးသမီးမနိုး
တာ ခပ်ကောင်းကောင်းပဲ။ နိုးရင် သူ
ကတော့ကြောက်တတ်တော့ ကြောက်
မှာ။ ကျွန်တော် ထကြည့်တော့ ဘာမှ
မတွေ့ရဘူးလေ။ လကလည်း သာနေတယ်”
ပြုံးယောင်သမ်းသော မျက်နှာဖြင့်
ကျွန်တော့်ကို တစ်ချက်ကြည့်ကာ
ကိုအုန်းကြိုင်က …
“အိပ်မက်ယောင်တာတော့မဟုတ်ပါဘူးနော်”
“ဟာဗျာ- အသံတွေ ဆူညံလာလို့
ကျွန်တော်လန့်နိုးတာပေါ့”
“ဒါဆို – အိမ်ထဲက အိမ်ပြင်မထွက်
တာပဲ ကောင်းမယ်။ သူခိုးတော့မဟုတ်
လောက်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ကိုဝင်း
ဆွေ -စိတ်ချလက်ချ နေပါ။ ကျွန်တော်
ခြံထဲလာပါဦးမယ်။တော်ကြာ –
သူ မရှိတုန်း ခြံကို ပစ်ထားတယ် ပြောဦး
မယ်။ကိုဝင်းဆွေလည်းရောက်လာတုန်း
ဆိုတော့ကျွန်တော်လာပါဦးမယ်။အော်
ကိုဝင်းဆွေ၊ဒီမှာ ပျော်သလောက်နေဗျ။
ရွာကလေးက သာယာလှပပါတယ်။
ခဏမို့လို့ အိပ်ရာအပြောင်းအလဲ ဖြစ်
တာနေမှာပါ။ ဘာမှမဖြစ်ပါဘူး – စိတ်ထဲ
က ဘယ်လိုမှ မထင်ပါနဲ့”
“ကျွန်တော်ကတော့ ဘာမှ မကြောက်ပါဘူး။
ခိုင်က အမျိုးသမီးဆို တော့ ကြောက်တတ်
တယ်လေ၊ သူခိုး သူဝှက်မရှိရင် ပြီးတာပဲပေါ့။
ကိုအုန်းကြိုင်ရာ-ကျွန်တော်စိတ်ထင်လို့လည်း
ဖြစ်ချင်ဖြစ်မှာပေါ့”ကျွန်တော့်စကားဆုံးတော့
ကိုအုန်း ကြိုင်က တဟားဟား ရယ်လေသည်။
ထို့နောက်နှုတ်ဆက်ကာစွပ်ကျယ်လက်ပြတ်ကို
ပခုံးပေါ်တင်ကာ ရွာအနောက် ဘက်သို့
ထွက်သွားလေသည်။ ကျွန် တော်၏ရင်ထဲ
မှာတော့ ကိုအုန်းကြိုင်သည် ညကဖြစ်ပျက်ခဲ့
သည့် အဖြစ် အပျက်ကိုသိရှိမည်ဟု ခံစားရသည်။ သူ
ပင်မူးမူးရူးရူးဖြင့်သောင်းကျန်းပြီးထွက်
သွားခဲ့လေသလော။ ကျွန်တော်ပြောဆို
မည်စိုးရိမ်၍ ငြင်းခဲ့လေသလော မပြော
တတ်ပေ။ ဘာပဲဖြစ်ဖြစ် သူ၏ အဖြေကို
တော့ ကျွန်တော် ဘဝင်မကျလှပေ။ သူ
၏မျက်ဝန်းများတွင် အောင့်အည်းမျို
သိပ်မှုတစ်ခုရှိနေသည်ဟု ကျွန်တော်
ခံစားနေရသည်။ကျွန်တော်သူ့ကိုအကဲ
ခတ်နေမှန်းသူသိရှိရိပ်မိကာစကားလမ်း
ကြောင်းလွှဲ၍လျင်မြန်စွာ ထွက်ခွာသွား
ခြင်းဟု ကျွန်တော် ထင်မြင်ယူဆနေမိ
သည်။ အဖြစ်အပျက်သည် ကျွန်တော်
အိပ်မက်ယောင်ခြင်းမဟုတ်တာသေချာစွာပြောရဲသည်။
သန်းခေါင်ယံညမှာ လူမရှိသည့် အိမ်ကြီး
ထဲမှ ရုတ်တရက် ထွက်ပေါ်လာ သည့်
ဆူညံသံတွေက ဘာတွေလဲ –
ဘယ်ကလဲ။ ဒါမှမဟုတ် ဘယ်သူတွေ
လဲ၊ကျွန်တော်၏ခေါင်းထဲတွင်ရှုပ်ထွေး
နောက်ကျိစွာဖြင့် အတွေးတွေ ဝင်လာသည်။
ညမှောင်မှောင်ရွာစွန်ခြံကြီးထဲတွင်
ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်
တည်းရှိနေခြင်းဟူသောအသိကတစ်ခါ
တစ်ရံ အားငယ်စိတ် ဝင်လာမိရိုး ဖြစ်
သော်လည်းထိုအားငယ်စိတ်ကိုခိုင့်အား
ပြောပြ၍ မဖြစ်ပေ။ ဘာပဲဖြစ်ဖြစ် ခြံနီး
ကပ် ဘထွေးလေး အိမ်ထဲမှ မိမိကိုယ်
တိုင် ကြားသိလိုက်ရသည့် အသံဗလံ
များအပေါ်သံသယစိတ်ဖြင့် ညဉ့်နက်
သန်းခေါင်အချိန်ကို ထပ်မံမျှော်လင့်နေ
မိသည်။ ဆူညံရိုက်ခွဲသံများနှင့်အတူ
ရွာထဲပြန်သွားသောကိုအုန်းကြိုင်၏လျှို့
ဝှက်သိပ်သည်းသော အပြုံးများသည်
ကျွန်တော့်အား မေးခွန်းကို ရှုပ်ထွေးစေ
ခဲ့သည် မဟုတ်ပါလား။
ညသည် တိတ်ဆိတ်ကာ နက်ရှိုင်း
ထူထဲလာသည်။ပိုးပုရစ်သံကလေးများ၊
သစ်ရွက်ခြောက်များပေါ်သို့ တဖျောက်
ဖျောက်ကျနေသော နှင်းစက်၊ တော
တောင်ကလေးများ၊ ရှဉ့်၊ မြွေ၊ ဖား
ကလေးများ၏ ပြေးလွှားသံများသည်
တောရွာကလေး၏ ဘာသာဘာဝတေး
သံဟု ဆိုရပေမည်။ခိုင်ကတော့ ကလေး
ငယ်တစ် ယောက်ပမာအိပ်ပျော်နေပါပြီ။
ညနေကကျွန်တော့်၏နှမဝမ်းကွဲချက်ကျွေးသော
တောငါးပိရည်ပျစ်ပျစ်၊ တို့စရာ၊ မြစ်ငါး
ကြင်းတို့ကို စားကာ အိပ်ပျော်နေပေပြီ။
ထိုစဉ် ကျွန်တော်၏ နားထဲသို့
တဖျပ်ဖျပ် လျှောက်လာသော ခြေသံ
တစ်စုံက ဝင်ရောက်လာသည်။ ခြေသံ
သည် လူတစ်ယောက် ခပ်ကြမ်းကြမ်း
နင်းလျှောက်လာသောခြေသံဖြစ်သည်။
သစ်ရွက်ခြောက်တွေ ကျိုးကျေမွစေ
သည့် ဖိနင်းသည့် ခြေသံမျိုး ဖြစ်သည်။
ကိုအုန်းကြိုင် ပြန်ရောက်လာပြီလား။
တိရစ္ဆာန်ကလေးများ၏ပေါ့ဖွဖွခြေသံ
မဟုတ်။လျှောတိုက်ပြေးသွားသောမြွေ
တစ်ကောင်၏ခြေသံရွေ့လျားသံလည်းမဟုတ်။
ကျွန်တော်သည်ခုတင်ပေါ်မှအသာလျှော
ဆင်းလိုက်မိသည်။ ခိုင် လန့်နိုး သွားမှာလည်း
စိုးရိမ်ရသေးသည်။ ကျွန် တော်သည်
အရန်သင့် တင်ထားသောလက်နှိပ်ဓာတ်မီး
ကိုအသာလှမ်းယူကာခြေဖွနင်း၍ လျှောက်
သွားမိသည်။ စော စောက မြည်နေသော ပိုးပုရစ်များ၏
အသံများလည်း လုံးဝတိတ်ဆိတ် သွား တော့သည်။
ကြမ်းတမ်းသော ခြေသံတစ်စုံ
သည်ထွေးလေးခြံဘက်မှကျွန်တော်တို့
ခြံဘက်ဆီသို့ တိုးကပ်လာသော ခြေသံ
ဖြစ်သည်။ တဖြည်းဖြည်း ကျယ်လောင်
လာသည့်အသံ သည် ရုတ်တရက် ရပ်
တန့်သွားသည်။ ကျွန်တော်သည် မိမိ
အသက်ရှူသံကိုပင်မကြားရလေအောင်
ထိန်းချုပ်ပြီး တံခါးချပ်ကို အသာအရာ
ကိုင်လိုက်သည်။ ရုတ်တရက် မဖွင့်ရဲ
သေး။ တစ်ဖက်မှ ခြေသံသည် ကိုအုန်း
ကြိုင် ခြေသံလော။ အကယ်၍ ကိုအုန်း
ကြိုင်ဆိုပါကသူသည် မအိပ်ဘဲ ခြံထဲ
တွင် ဘာလုပ်နေသနည်း။ တစ်ခုခု ကြံ
စည်နေသည်လော၊ ဒါမှ မဟု တ် –
တာဝန်စောင့်သိသော ဘထွေးလေး၏
လူယုံအဖြစ် ခြံမြေကိုစောင့်ကြပ်ကြည့်ရှု
နေခြင်းပေလော။
ခြေသံသည်ရပ်တန့်သွားရာမှမိနစ်
အနည်းငယ်မျှရွေ့လျားမှုမရှိဘဲငြိမ်သက်
နေသည်။ကျွန်တော်သည်ခြေသံအပေါ်
သံသယဖြစ်လာသည်။ ခြေသံရှင်သည်
ရပ်တန့်နေရာမှလူရှိနေသောကျွန်တော်
တို့အိမ်ဘက်ဆီသို့ငေးမျှော်စောင့်ကြည့်
နေခြင်းလော။ တံခါးကို မဖွင့်ရဲသေး
ကျွန်တော်စောင့်ကြည့်နေမှန်းခြေသံရှင်
သိရှိသွား၍မဖြစ်သေး။
ကျွန်တော်သည် ငြိမ်သက်စောင့်
ကြည့်နေရာမှ အနည်းငယ်ဟနေသော
လက်တစ်လုံးသာသာ အပေါက်ကြားမှ
ချောင်းကြည့်ရန်ကြိုးစားလိုက်စဉ်မှာပင်
ခြေသံသည် ဆန့်ကျင်ဘက်ဆီသို့ ရွေ့
လျားသွားသည်ကို ကြားလိုက်ရပေသည်။
“ဖျပ် – ဖျပ် – ဖျပ်”
ခြေသံသည် ဘထွေးလေး ခြံ၏ မြောက်ဘက်
သို့ထွက်သွားသောခြေသံ ဖြစ်သည်။
ကျွန်တော်သည် အသက်ကို
မရဲတရဲရှူသွင်းရင်း ပြတင်းတံခါးပေါက်
ကိုအသံမကြားရလေအောင်ဖြည်းညင်း
စွာ ဖွင့်လိုက်သည်။ ဆွတ်ပျံ့သော လေ
ပြည်စိမ်းသည် လက်တစ်ဝါးသာသာ
ဟလိုက်သော တံခါးရွက်ကြားမှတိုးဝင်
လာသည်။ကျွန်တော်သည်လတ်ဆတ်
အေးမြသော လေ၏အရသာကို မခံစား
နိုင်ဘဲ တံခါးရွက်ကြားမှ ခြေသံရှိရာသို့
မဝံ့မရဲလှမ်းကြည့်လိုက်စဉ်မှာပင်…
“ဟင်”
မြင်လိုက်ရသော မြင်ကွင်းကြောင့်
ကျွန်တော်၏နှုတ်ဖျားမှထွက်လာသော
အာမေဍိတ်သံသည်ပြင်းရှသောလေထု
ထဲမှာပင် အငွေ့ပျံခန်းခြောက်သွားလေ
သည်။ ဆတ်ခနဲ တုန်ယင်သွားသော
ကျွန်တော်၏ ဒူးနှစ်ဖက်သည် အလို
အလျောက် ညွတ်ကွေးကျသွားကာ
နှလုံးခုန်သံသည် ရင်ညွှန့်ဆီမှ ဒုန်းခနဲ
ဆောင့်တက်သွားလေသည်။ထို့နောက်
တုန်လှုပ်ချောက်ချားမှုဖြင့် အာမေဍိတ်
သံတစ်သံ ထွက်ပေါ်သွားပေရာ“အား”
ဟု အော်လိုက်လေသလား။ ဒါမှမဟုတ်
အမလေးဟု မြည်လိုက်လေသလားဟု
အမှတ်မရတော့ပေ။ ဘာကိုမျှ မမြင်
လိုက်ရပဲ အသိဉာဏ်သည် ဗလာဟင်း
လင်း ဖြစ်သွားသော ခံစားမှုမျိုး ဖြစ်ပေလိမ့်မည်။
ကျွန်တော် မြင်တွေ့လိုက်ရသည့်အခြင်း
အရာကြီးကားအရပ်ခုနစ်ပေ၊ရှစ် ပေခန့်ရှိ
ဧရာမလူကြီးတစ်ယောက်ပင်တည်း။
လရောင်အောက်တွင် ထင်ရှား စွာ မြင်နေရသည်။
ခိုင်းကျွဲပေါက်ပမာ ထွားကြိုင်းကာ
မည်းနက်ပြောင်လက်နေသော
အသားအရောင်၊ အပေါ်ပိုင်းအင်္ကျီမပါဘဲ ပုဆိုး
တိုတိုဝတ်ကာလက်ထဲတွင်တစ်လံသာ
သာ တုတ်တစ်ချောင်း ကိုင်ထားသော
ခေါင်းတုံးပြောင်ပြောင်နှင့်ကြောက်မက်
ဖွယ် ကောင်းလှသော ဧရာမလူတစ်
ယောက်သည် ကျွန်တော့်ကို ကျောပေး
ကာ ထွက်သွားခြင်းပင် ဖြစ်သည်။
ကြောက်မက်ဖွယ် ထွားကြိုင်းလှသော
ခန္ဓာကိုယ် အတ္တဘောကြီးနှင့် ဧရာမ
တုတ်ကြီးကိုင်ထားသော အနှီလူထွား
ကြီးသည်လူမှဟုတ်ပါလေစ။ဒါမှမဟုတ်
တစ္ဆေလော၊ ထိုပုဂ္ဂိုလ်ကြီး ရှိနေခြင်းကို
ဘထွေးဦးအောင်ထွန်းသိမှသိပါလေစ။
ကိုအုန်းကြိုင်ကကော မသိဘဲနေမည်မထင်ပေ။
မြင်လိုက်ရသောကြောက်မက်ထူးဆန်းဖွယ်
မြင်ကွင်းသည် ကျွန်တော့်အသိဉာဏ်ကို
ရှပ်တိုက်ပြေးသွားရုံသာ ရှိပေလိမ့်မည်။
ကျွန်တော်သည်လက်ထဲမှာကိုင်ထားသော
လက်နှိပ်ဓာတ်မီး ကို အမှောင်ထဲမှပင်
စမ်း၍ တန်းပေါ်ကို ယောင်ယမ်းကာ
လှမ်းတင်လိုက်မိ သည်။ သို့သော်ဆလင်ဒါလုံးချောသော
လက်နှိပ်ဓာတ်မီးသည် တန်းပေါ်တွင်
အထိုင်မကျဘဲလိမ့်ကာကြမ်းပြင်ပေါ်သို့
အရှိန်ပြင်းစွာ ကျရောက်သွားတော့သည်။
“ဒိုင်း”
သာမန်အချိန်ဆိုလျှင် လက်နှိပ်
ဓာတ်မီးနှင့် ကြမ်းပြင်ထိခတ်သံသည်
ကျယ်လောင်လှမည် မဟုတ်သော်
လည်းယခုလိုတိတ်ဆိတ်လှသောညဉ့်
နက်သန်းခေါင်အချိန်တွင် ကြမ်းပေါ်သို့
ကျရောက်သွားသော အသံသည် ရိုင်
ဖယ်သေနတ်သံတမျှကျယ်လောင်သွား
ခဲ့သည်။ထိုပြင်းထန်ကျယ်လောင်သွား
သော အသံကြောင့် ကျောပေးထွက်ခွာ
သွားသောဧရာမလူထွားကြီးသည် မြေ
လှမ်းတုံ့ခနဲရပ်လိုက်ပြီးဖျတ်ခနဲပျောက်
ကွယ်သွားလေသည်။
“ဘုရား – ဘုရား-ဘုရား-လူမှမဟုတ်ဘဲ-တစ္ဆေ”
ကျွန်တော့် နှုတ်ဖျားမှ အာမေဍိတ်သံနှင့်
အတူ တံခါးကို လျင်မြန်စွာ ပိတ်လိုက်ရ
တော့သည်။ နွေဦးညဉ့်ယံသည်
တိတ်ဆိတ်အေးစက်နေကာ လရောင်
တွေတသဲသဲကြွေကျနေပုံမှာကျွန်တော်
၏အသိတရားချောက်ချားစေပါသည်။
ကိုအုန်းကြိုင်သည် ကိုင်းခုတ်ဓား
တစ်လက်ဖြင့် ခြံရှင်းနေရာမှ ခေတ္တရပ်
လိုက်ကာ ကျွန်တော် ပြောသမျှကို စိတ်
ဝင်တစား နားထောင်သည်။ ပြီးမှ သက်
ပြင်းချလိုက်ရင်း.
“ကိုဝင်းဆွေ – အိပ်မက်ယောင်နေ
တာများလားဗျာကျွန်တော်ခေါင်းခါလိုက်သည်။
“ကျွန်တော့် မျက်စိနဲ့ တပ်အပ်မြင်
လိုက်တာဗျ။ ဒီခြံထဲမှာ တစ်ခုခု ထူးခြား
ချက်တော့ ရှိနေပြီ။ ကိုအုန်းကြိုင် ကျွန်
တော့်ကိုဆက်ပြီးမသိချင်ယောင်ဆောင်
မနေပါနဲ့တော့။ ကျွန်တော့်ကို ပွင့်ပွင့်
လင်းလင်းပြောပါ။ကိုအုန်းကြိုင် သိထား
ဖို့က ကျွန်တော်က ဘိုးလေးဦးအောင်ထွန်းရဲ့
မြေးနော်။ ဒီခြံထဲမှာ မကျွတ် မလွတ်တဲ့
တစ္ဆေရှိနေတယ်။ကျွန်တော့် အမျိုးသမီး
ကလည်း ကြောက်တတ် တယ်။ တစ္ဆေ
ခြောက်တယ်ဆိုရင် ဒီခြံထဲမှာတစ်မိနစ်
တောင်နေမှာမဟုတ်ဘူး”
ကိုအုန်းကြိုင်၏ မျက်နှာတွင် စိတ်
ပျက်လက်ပျက်အမူအရာဟန်မဆောင်
နိုင်လောက်အောင် ပေါ်လာလေသည်။
သူသည် ကိုင်းခုတ်ဓားကို ပစ်ချသည်။
သစ်ပင်ခွကြားတွင်ညှပ်ထားသောဆေး
ပေါ့လိပ်ကို လှမ်းယူသည်။ မီးခြစ် ခြစ်
သည်။ တစ်ရှိုက် နှစ်ရိုက် ဖွာသည်။
“ခက်တယ်ဗျာ”
ခက်တယ်ဗျာဟူသော ညည်းညူ
သံ၏နောက်တွင် သိုဝှက်မှုတစ်ခုရှိမည်။
ဆက်၍…
“ကျွန်တော်က ဘကြီးရဲ့ ဆန်ကို
စားနေရတဲ့လူပါ။ သူ့ဆန်စားမှ ရဲရမှာ
လေ-ကိုဝင်းဆွေ၊ သူ့အပေါ်သစ္စာရှိရမယ်ဗျ”
“သစ္စာရှိရမယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။
ဒါပေမဲ့ – သူ့အကျိုး စီးပွား၊ သူ့အသက်စည်းစိမ်
ထိခိုက်မယ့်ကိစ္စမျိုးကျတော့မျက်စိမှိတ်နေ
လို့မဖြစ် ဘူးလေ။ဥပမာ- သူထန်းရေမူးနေမယ်၊
အရက်မူးနေမယ်ဆိုရင် မူးယစ်ခြင်းရဲ့
အကျိုးအပြစ်ကိုတော့သခင်ကိုထောက်

 

ပြနိုင်၊ ဖျောင်းဖျနိုင်တဲ့လူတော့ဖြစ်ရမယ်လေ။
ဆိုးတာ မကောင်းတာကို သိသိ ကြီးနဲ့
မျက်နှာလွှဲခဲပစ်တာတော့” “ရှုပ်ကုန်ပြီထင်တယ်ဗျာ”
“မရှုပ်ပါဘူးဗျာ။ ဘထွေးရဲ့အကျိုး
စီးပွားကိုလိုရင် ဘထွေးမြေးတော်တဲ့
ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောစေ
ချင်တယ်။ ဘထွေးရဲ့အကျိုးစီးပွား ပျက်
စီးရာ ပျက်စီးကြောင်းကို ကျွန်တော်
မလုပ်ဘူး။ စိတ်နဲ့တောင် မပြစ်မှားဘူးဗျာ”
ကိုအုန်းကြိုင်သည်တစ်ချက်ညည်း
ညူလိုက်သည်။ သူသည် တစ်စုံတစ်ခု
ကိုဝန်ခံပြောပြရန် လွန်မင်းစွာ ဝန်လေး
နေပုံရသည်။“ဘထွေးက ဒီကိစ္စတွေကို
သိရင်ကျွန်တော့်ကို သတ်မှာဗျ”
“စိတ်ချ – ကိုအုန်းကြိုင်၊ ခင်ဗျား အပေါ်
အမှုမပတ်စေရဘူး။ ဒီကိစ္စ ကျွန် တော်
တာဝန်ယူတယ်။ နှုတ်လုံတယ်။ ခိုင်တောင်
မသိစေရဘူး။ ခိုင့်ကိုလည်းမပြောနဲ့”
ကိုအုန်းကြိုင်၏မျက်နှာသည် ချက်
ချင်းတည်သွားသည်။ သူသည်ပတ်ဝန်း
ကျင်ကို လှည့်ပတ်ကြည့်ရှုပြီး တိုးညင်း
သောလေသံဖြင့် “ကို ဝင်းဆွေ မြင်လိုက်
ရတဲ့ အကောင်ကြီးက တကယ်ပဲဗျ။
ဘထွေး မွေးထားတဲ့ သရဲကြီး
“ဗျာ”
ကျွန်တော် အံ့ဩတကြီး အထိတ်
တလန့်ဖြစ်သွားသည်။ ဘထွေးမွေးထား
တဲ့ သရဲကြီးတဲ့၊ ဘထွေးက သရဲမွေးသတဲ့၊
“ဘထွေးကအဓိပ္ပာယ်မရှိတာတွေ
ဗျား မလုပ်ကောင်းမလုပ်ထိုက်တာတွေ
ပဲ သူ လျှောက်လုပ်တာတွေ ဘယ်သူမှ
မတားကြဘူးလား”အဓိပ္ပာယ်မရှိသော
လုပ်ရပ်တစ်ခုကို လုပ်သော ဘထွေးကို
ကျွန်တော်စိတ်ဆိုးသွားမိ၏။
ကိုအုန်းကြိုင်သည် ဆေးလိပ်တစ် ရှိုက်
နစ်ရှိုက်တော့ ဖွာသည်။ ဒေါ်လေးကတော့
တားတယ်ဗျာ။ ဘထွေးစိတ်ကကိုဝင်းဆွေ
တို့ သိတဲ့ အတိုင်းပဲ။ တစ်ဇောက်ကန်းတ
ဇွတ်ထိုး မှုတ်လား။ တားတဲ့လူနဲ့ ရန်ဖြစ်
ရန်ရှာ တော့၊ ကြာတော့ ဘယ်သူမှ မတားကြ
တော့ဘူး။ သူ မွေးထားတဲ့ သရဲက အိမ်
သားတွေကိုတော့ ရန်မလုပ်ပါဘူး။
အပြင်လူစိမ်း ခြံထဲဝင်လာပြီး သီးနှံတွေ
လာခိုးရင် မသိဘဲယူရင်တော့ ဒုက္ခ ရောက်
မှာသေချာတယ်ဗျို့”
“ဒါကြောင့် ကိုအုန်းကြိုင် ခြံကိုပစ်
ပြီး ရွာထဲသွားအိပ်တာကိုး”
“ဒီလိုလည်း လက်လွတ်စပယ်ပစ်ထားတာ
မဟုတ်ပါဘူး။ ကျွန်တော်ကိစ္စ
ရှိလို့ လာမအိပ်တာပါ။ ဒီညတွေတော့
ကိုဝင်းဆွေလည်း ရှိနေတော့ စကား
ပြောဖော်လည်းရ၊ ဆွေမျိုးတွေလည်း
ဖြစ်နေတော့ ဒီမှာပဲ ညအိပ်တော့မယ်
“ကောင်းတယ်ဗျာ။ အဖော်ရတာ
ပေါ့။ ဒါနဲ့- ဘထွေးက ဘယ်လိုသရဲမွေး
တာလဲဗျ။စီရင်ပုံစီရင်နည်းလေးလုပ်ပါဦး”
သည်တော့ကိုအုန်းကြိုင်ကခေါင်းခါသည်။
“အဲဒါတော့သူဘယ်သူကိုမှမပြော
ဘူး။ တစ်လတစ်ခါအမဲသားကျွေးတယ်
ပြောတာပဲ။ သူ့ကိုစီရင်ပုံစီရင်နည်းလမ်း
ညွှန်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ အဲဒီလူပြောတဲ့
အတိုင်း လျှောက်လုပ်တာပဲဗျို့။ အော်-
ဒါထက် ဆက်ပြောရဦးမယ်။ပြီးခဲ့တဲ့သုံး
လလောက်က ရွာထဲက အရက်သမား
လှငွေသေသွားသေးတယ် ကိုဝင်းဆွေ၊
ဒီခြံထဲကစပါးပုတ်ထဲက စပါးတွေဝင်ခိုး
တာ ဘယ်လိုဘယ်လို အရိုက်ခံလိုက်
ရသလဲ မသိဘူး။“အောင်မယ်လေးဗျ
ဆိုပြီး အော်ပြေးတာ ရွာထိပ်နတ်စင်
အောက်လည်း ရောက်ရောပါးစပ်ထဲက
အမြှုပ်တွေ တစီစီထွက်ပြီး သေပါလေ
ရာ၊ သေခါနီးမှာ “အကောင်ကြီး-
အကောင်ကြီး – ရိုက်တယ် – ရိုက်တယ်-
ပြောပြီးသေတာပါပဲ။ အဲဒါ ဘထွေးခြံထဲ
က ဖြစ်သွားတာ။ ဘယ်သူမှ မသိလိုက်
ကြဘူး။ သေတော့လည်း ရွာထိပ်မှာဆို
တော့ အမှုမပတ်ဘူးပေါ့။ ကြောက်စရာ
ပဲဗျို့၊သေတော့မှဖိုးလှငွေအလောင်းကို
ရှာကြတော့ ကျောကုန်းမှာ ယပ်တောင်
လောက်ရှိတဲ့ လက်ဝါးအရာကြီး”
“မလွယ်ပါလား-ကြောက်စရာပဲ
ကျွန်တော်ပခုံးတစ်ချက်တွန့်လိုက်
မိသည်။လူရွတ်လူပေဘထွေးသည်သူ
၏ခြံထဲမှ စပါးများ၊ သီးနှံများမကြာခဏ
ပျောက်ဆုံးတတ်သဖြင့် ပရလောက
သားတစ်ဦးကိုအစာကျွေးကာ အစောင့်
ထားခြင်းပေတည်း၊ ထိုကိစ္စမျိုးသည်
လွန်မင်းစွာအန္တရာယ်ကြီးသောလုပ်ရပ်
ပေတည်း။ အစာမကျွေးပါက သခင်ကို
ပြန်၍ သတ်ဖြတ်တတ်သောပရဘုံသား
များပေတည်း။ ဘာပဲဖြစ်ဖြစ် တစ္ဆေသရဲ
မမွေးဘဲ မိမိခြံကို လုံခြုံအောင် စောင့်
ရှောက်ရမည်မှာ မိမိတာဝန်ပင်၊ ထို့ပြင်
ဤရွာကလေးသည် ပြောပလောက်
အောင်သူခိုးသူဝှက်ပေါနေသောနေရာ
မဟုတ်။ နာမည်ပျက်မရှိ၊ ကြုံလျှင် ကြုံ
သလို အချောင်ဝင်သုတ်တတ်သော
လှငွေတို့လိုတစ်ဦးစနှစ်ယောက်စတော့
ရှိတတ်သည်ပင်။ ဒါကလည်း ဖြစ်ပျက်
တတ်သော လူ့သဘာဝ အားနည်းချက်ပင်။
ထိုစဉ် ကျွန်တော်တို့ စကားပြောနေရာသို့
ခိုင် ရောက်လာလေရာ စကားပြတ်သွားသည်။
ခိုင်သည် ရောက်စက နှင့်မတူဘဲမြူးမြူး
ထူးထူးရှိသည်။ ရေ ပြောင်းမြေပြောင်း
ဒေသအသစ် မိတ် ဆွေအသစ်များကိုပင်
တိုတောင်းလှစွာ သော ကာလ ကလေးမှာပင်
တွေ့ဆုံခင်မင်သွားပေရာဝမ်းသာရပေသည်။
ယခု လည်းခိုင်သည်ခြံထွက်အဖြူရောင်ဆန်
ကွဲပန်းများပန်ထားကာရောင်စုံပန်းတွေ
တစ်ပွေ့တစ်ပိုက်နှင့် ပြုံးရွှင်ဝင်ရောက်လာခြင်းဖြစ်သည်။
ကျွန်တော် ခိုင်နှင့် ကိုအုန်းကြိုင်တို့
သည် မိမိတို့ ပိုင်ဆိုင်သော ခြံမြေကို
တတ်နိုင်သမျှလောက်ရှင်းလင်းရေးလုပ်
နေမိကြသည်။ ကိုအုန်းကြိုင်ကတော့
ကျွမ်းကျင်သောခြံလုပ်သားပီပီဘထွေး
ခြံစပ်မှဖြတ်၍စီးဆင်းသွားသောရိုးပြတ်
ချောင်းကလေးမှရေကိုခပ်ကာ သစ်ပင်
တွေရေလောင်းနေသည်။ကျွန်တော်နှင့်
ခိုင်ကတော့ ခြံတွင်း စိုက်ပျိုးထားသော
အုန်း၊ ငှက်ပျော၊ ကွမ်းသီး၊ သရက်ပင်
ခြေမှ သစ်ရွက်ကြွေများ၊ အမှိုက်သရိုက်
များကိုစုကာ မီးရှို့နေမိကြသည်။
ကျွန် တော်တို့ အမွေရရှိထားသော ခြံမြေ
သည်ပြုပြင်မှုမရှိဘဲလပေါင်းများစွာပစ်
ပယ်ထားမိရာ အမှိုက်များ၊ ချုံပုတ်များ
နှင့်ကြီးထွားချင်တိုင်းကြီးထွားနေသည်။
ခိုင်ကတော့ သူ့အင်အားရှိသ၍ ဝိုင်းကူ
သည်။ခိုင်သည်မိန်းကလေးပီပီခြံတွင်းရှိ
ပန်းပင်များကိုသာစိတ်ဝင်စားနေသည်။
ခြံမြေသည် အစဉ်တိတ်ဆိတ်နေတတ်
ကာ သစ်ပင်ကြီးများသာ ရှိသဖြင့် နေ
ပြောက်မထိုးပေ။ တစ်ခါတစ်ရံ မြစ်ပြင်
ဆီမှလှိုင်းပုတ်သံသည်မြစ်ကမ်းစပ်တွင်
စိုက်ထားသောဓနိတောတန်းကိုတဝုန်း
ဝုန်း ဖြတ်ကျော်လျက်ရှိသည်။ “အစ်ကို
ညနေကျရင် ရွာထဲကထမင်းစားဖိတ်ထားတယ်”
“တယ်ဟုတ်ပါလား – ခို င်ကတောင်ထမင်း
စားဖိတ်မယ့်လူတွေဘာတွေနဲ့ ဘယ်ဆိုးလို့လဲ
တိုးတက်လာပြီ” ခိုင်သည် ကျွန်တော်၏ အစ်မ၊ နှမ
ဝမ်းကွဲများကိုအကြောင်းပြုကာ ရွာထဲမှ
အမျိုးသမီးများနှင့် ကာလတိုကလေး
အတွင်းမှာပင် ရင်းနှီးကျွမ်းဝင်သွားပေ
ပြီ။ ကျေးရွာကလေးများ၏ ချစ်စဖွယ်
ဓလေ့ဖြစ်သည့် စုပေါင်းညီညာဝိုင်းလုပ်
ဝိုင်းစား၊ အလှူရှိလျှင် ရွာလုံးကျွတ်မီးခိုး
တိတ်ဓလေ့ကိုခိုင်မျက်ဝါးထင်ထင်တွေ့
ရှိသွားပေပြီ။ရန်ကုန်မြို့၏ဘေးချင်းကပ်
တိုက်ခန်းများမှပင်လျှင် မဖိတ်လျှင်
မသွား၊ မလာတတ်သောသူစိမ်းဆန်လှ
သည့်ထုံးစံ လူ့စရိုက်များ တောရွာတွင်
မရှိ။ ခုတော့ – ခိုင်သည်ရွာထဲမှာအလှူရှိ
လျှင် ဧည့်သည်ဆိုပြီး အမိန့်သား မနေ
ဘဲသွားရောက်ကူညီလုပ်ကိုင်ပေးတတ်ပေပြီ။
ခိုင်ကပြုံး၍သာနေပေသည်။
“အော်- ခိုင်ရေကိုအုန်းကြိုင်ရှိတုန်းဘထွေး
တို့ခြံဘက်ကူးကြစို့။ တော်ကြာ သူပြန်လာရင်
ခြံဘက်မလာဘူးပြောဦးမယ်”
“နေဦး-ခိုင် ပန်းတွေအိမ်ပေါ်သွား
ထားလိုက်ဦးမယ်။ ဘုရားတင်ဖို့ ခူးလာတာ”
ခိုင် ထွက်သွားသည်။ ကျွန်တော် သည်
နှစ်ခြံစပ်ဧရိယာစပ်သို့ လျှောက်
လာသည်။ဧရိယာဆိုသော်လည်းခြံဝင်း
ခတ်ထားခြင်းမရှိ။ နှစ်ဦးသဘောတူနား
လည်မှုယူထားသော အမှတ်သင်္ကေတ
မျိုးသာဖြစ်သည်။ တစ်ရွာလုံးထိုအမှတ်
သင်္ကေတနှင့်ပင် သတ်မှတ်ထားကြခြင်း
ပင်၊ ကျွန်တော်တို့ ခြံနှင့် ဘထွေးခြံကို
မာလကာပင်၊ အုန်းပင်နှင့် သတ်မှတ်
ထားကြခြင်းဖြစ်ပေရာပိုင်ဆိုင်မှုနှင့်ပတ်
သက်၍ ပြဿနာမရှိလှပေ။ အိမ်ရှေ့
မာလကာပင် ခြံနောက် မြစ်ကမ်းစပ်ထိ
အုန်းပင်နှင့် သတ်မှတ်ထားခြင်းသာဖြစ်
ပေသည်။ကျွန်တော် ဘထွေးခြံထဲ ဝင်လိုက်
စဉ်မှာပင် လုံချည်တိုတိုဝတ်ကာ ပေါက်
တူး ကိုင်ထားသော ကိုအုန်းကြိုင်က
ချောင်းကလေးပေါ်မှ တက်လာသည်။
ကျွန်တော်နောက်သို့လှည့်ကြည့်လိုက်
ရာဘထွေး၏ ခြံက ထူးခြားလျက် ရှိ
သည်။ ဘထွေးသည် သစ်ပင်စိုက်
ဝါသနာပါသည့်အလျှောက် ပန်းပင်၊
ဂမုန်းပင်များကိုပင်တယုတယစိုက်လေ့
ရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ခြံရှေ့တံစက်မြိတ်အောက်တွင် အမျိုး
အမည်စုံလင်လှစွာ သော ပန်းအိုး (၁ဝ)
အိုးခန့် ရှိသည်။ ပန်းအိုးများသည် ရေ
ငတ်နေကာ အပေါ်ယံမြေသားတွေပင်
ခြောက်သွေ့နေသည်။ ကိုအုန်းကြိုင်က
လည်း စားပင်သီးပင်မှလွဲ၍ အလှစိုက်
ကာ ဂမုန်းပင်များကို အရေးတယူ ဂရု
စိုက်ကာ ရေလောင်းလိုဟန် မတူပေ။
ဂမုန်းပင်များမှာ အမျိုးအစား စုံလင်
သည်။ ကျွန်တော် သိရှိရသလောက်
ဒေါင်းဂမုန်း၊ အင်းဂမုန်း၊ နဂါးစက်ဂမုန်း၊
ငုံးဂမုန်းစသည်စသည့်တခြားဂမုန်းပင်
များကိုတော့ကျွန်တော်မသိချေ။အရွက်
အခက်တွေက အရောင်စုံ အသွေးစုံဖြစ်
ကာ လှပကြသည်။ အကယ်၍ရေသာ
နေ့စဉ် မှန်မှန်လောင်းပါက မည်သည့်
သစ်ပင်မဆိုလှပစိမ်းစိုနေမည်သာပင်။
“အစ်ကိုရေ- တစ်ရွာလုံးဂမုန်းစိုက်
တဲ့လူမရှိသလောက်ပဲ။ အစ်ကိုဘထွေး
ကတော့ ဂမုန်းပင်တွေ စိုက်လို့ပါလား။
ဒါပေမဲ့- အပင်တွေကရေငတ်နေတယ်
နော်။ လှတဲ့ တစ်အိုးတော့ ခိုင်တို့ဘက်
ရှေ့ထားမှပဲ”
“ခိုင်ရယ် ရွေ့မယ့် ရှေ့အကုန်သာ
ရွှေ့တော့တော့၊ ပြန်တော့ ပြန်ထားမှာ
ပေါ့။ ကိုယ်တို့ ရှိတုန်း ရေလောင်းပေးတာပေါ့”
“ကောင်းတယ်-ပြန်မှ ရွေ့ကြတာ
ပေါ့။ ကိုအုန်းကြိုင်လည်း ရှိတုန်းပေါ့-
ဟုတ်ဖူးလား”ကျွန်တော်တို့သည် အားတက်
သရောဖြင့် မမောနိုင်မပန်းနိုင် ခြံတွင်
အမှိုက်သရိုက်များ မီးရှို့ခြင်း၊ သစ်ပိုင်းပို
များခုတ်ထွင်ရှင်းလင်းခြင်းများကိုကိုယ်
ထူကိုယ်ထဆောင်ရွက်ကြသည်။ ခိုင်က
တော့ဘထွေးခြံတွင်လှည့်လည်ကြည့်ရှု
ရှင်းလင်းရန် ထွက်သွားသည်။ခဏကြာ
တော့ ခိုင် ပြန်ရောက်လာ သည်။ ခိုင့်
မျက်နှာသည် ချွေးများစို့ကာ မျက်နှာ
အမူအရာပြောင်းလဲနေသည်ဟု
ကျွန်တော်ခံစားမိသည်။ ခိုင်သည်ကျွန်
တော့်အနီးသို့ ရောက်လာပြီး…
“အစ်ကို – ဘထွေးတို့ ခြံထဲကို
လျှောက်ကြည့်ရတာ တစ်မျိုးကြီးပဲ။
ကြက်သီးထစရာ ကောင်းလိုက်တာ။
တစ်ယောက်ယောက်က ခိုင့်ကို စောင့်
ကြည့်နေသလိုမျိုး ခံစားရတယ်။ ဘယ်
လိုဖြစ်မှန်းမသိဘူး။ပြီးတော့ခြံစောင့်က
ထပ်တစ်ရာပန်းပင်က မွေးလိုက်တာ။
အဲဒါ- ခိုင်ပန်းတစ်ပွင့်ခူးဖို့ လုပ်လိုက်
တုန်းသစ်ကိုင်းကိုတစ်ယောက်ယောက်
ကဆွဲလှန်လိုက်သလိုမျိုးမြောက်တက်
သွားတယ်။ အံ့ဩစရာကောင်းလိုက်
တာ။ ဒါနဲ့ – ပန်းနဲ့ ခိုင့်လက်နဲ့ ဝေးသွားလို့
ခူးလို့ မရတော့ဘူး။ နောက်ပြီး-ခိုင်ကြောက်
တာနဲ့ ချက်ချင်းထွက်ခဲ့တာ” ကျွန်တော်က
ခိုင့်စကားကို အရေးမထားဟန်ဖြင့်
ချက်ချင်းချေဖျက်လိုက်ရသည်။
“ဟာကွာ – ခိုင်ကလည်း ကြံဖန်ပြီး
တွေးကြောက်နေပြန်ပါပြီ။ ခြံမြေက စိမ့်
တောကြီးလိုဖြစ်နေတာလေ။နေပူကနေ
လျှောက်လာသူတစ်ယောက်ကအဲယား
ကွန်းအခန်းထဲကိုရုတ်တရက်ဝင်လိုက်
တော့ အေးစိမ့်သွားတဲ့ ခံစားမှုမျိုးပေါ့
ကွာ။ ဘာဆန်းကြယ်တာမှတ်လို့။ ပန်းခူး
တုန်းက သစ်ကိုင်းက ကိုင်းချင်းချိတ်ပြီး
ငြိနေတာပါ၊ ခိုင် လှမ်းယူလိုက်တော့
လွတ်သွားပြီး ဆွဲလှန်လိုက်သလို ဖြစ်
သွားတာပေါ့။ ဟား- ဟား – ဟား – ခိုင်
ကတော့ ခက်နေပြန်ပါပြီ”
ကျွန်တော့် ဖြေရှင်းချက်ကို ခိုင်ကမကျေ
မနပ်ခေါင်းခါသည်။“မဟုတ်ဘူး – ကို ခြံ
ကြီးကတစ်မျိုး ကြီးပဲ၊ ခိုင် ကြောက်တယ်”
ကျွန်တော်က ခိုင့်ခါးကိုညင်သာစွာဖက်လိုက်ပြီး
“ကလေးကလားကွာကိုအုန်းကြိုင်
ကော ရှိတယ်။ ထင်းတွေ နေလှန်းနေတယ်”
“ကဲပါကွယ် – ကိုအုန်းကြိုင်ကို ခေါ်
ပြီး ကိုယ်တို့ အိမ်ပေါ်မှာ ထမင်းစားကြ
ရအောင်။ သူ့ကို ခိုင် ကြိုက်တဲ့အလှဆုံး
ဂမုန်းပန်းအိုး ရွှေ့ခိုင်းရအောင်”
ကျွန်တော့် စကားဆုံးတော့ ခိုင်
သည် ဘထွေး အိမ်ရှေ့ရှိ သီးခြားဖြစ်နေ
သော ပန်းအိုးတစ်အိုးဆီသို့ အကြည့်
ရောက်သွားသည်။ အိမ်ရှေ့တွင် မျိုးမတူ
သော ပန်းဂမုန်းအိုး ငါးအိုးခန့် ရှိသည်။
သို့ခြံစောင့် ဟိုးခပ်ဝေးဝေးထောင့်တွင်
သီးခြားရှိနေသော ဂမုန်းအိုးကတော့
အလှဆုံးဖြစ်မည် ထင်သည်။ အိမ်ရှေ့ရှိ
ဂမုန်းပင်များမှာ ချိုးဂမုန်း၊ ကျီးဂမုန်း၊
ဒေါင်းဂမုန်းတို့ ဖြစ်သည်။ ထိုဂမုန်းပင်
များမှာ ခြံထောင့်ရှိမြေပြင်တွင် တစ်အိုး
တည်းသီးခြားချထားသောဂမုန်းပင်နှင့်
ယှဉ်လျှင် လှပမှု မရှိပေ။ ခိုင်သည် ခြံ
ထောင့်မှ တစ်ပင်တည်းသော ဂမုန်းပင်
ကိုမြင်လျှင် ဣန္ဒြေမဆည်နိုင်ပဲ …
“လှလိုက်တဲ့ အပင်ပဲ- အစ်ကို၊
ကြည့်စမ်း – ခိုင်တို့ ပြန်ရင် မျိုးတောင်း
သွားမယ်နော်”
ကျွန်တော် လှမ်းကြည့်လိုက်တော့
အရိုးတံနီနီ၊ အရွက်အလယ်ကြောနီညို
ရောင်ရှိကာ အရွက်အားလုံး ဗဟို
အကြောမကြီးမှ ရွက်ကြောပြိုင်များ
ထွက်နေသော ဂမုန်းပင်ဖြစ်ကြောင်း
တွေ့လိုက်ရသည်။ အရွက်ပုံသဏ္ဌာန်
ရှည်၍ ချွန်မျောမျော ဖြစ်သည်။ အပေါ်
ဘက် အရွက်စိမ်းဖြစ်ကာ လှပသော
ဂမုန်းပင်ဖြစ်မှန်းသိလိုက်ရသည်။ အမျိုး
အမည်တော့ မခွဲခြားတတ်။ ခိုင် ကြိုက်
မည်ဆိုလျှင် ကြိုက်စရာပင်၊
“ကဲ- ကိုအုန်းကြိုင်ရေ၊ သစ်ပင်
လှလှကလေးတွေ မြင်နေရတာ ရေ
လောင်းနေရတာပဲ စိတ်ချမ်းသာတယ်
ဗျာ။ အဲဒီအရိုးနီနဲ့ ပန်းအိုး ကျွန်တော်တို့
ခြံဘက်ခဏရွေ့ထားပေးပါဗျာ၊ ဘထွေး
ကဘယ်တော့ပြန်လာမှန်းမသိဘူး။ရေ
မလောင်းရင်အပင်တွေခြောက်ပြီးသေ
ကုန်မယ်။ ကျွန်တော်တို့ ရန်ကုန်ပြန်
တော့ သန်သန်မာမာ မျိုးယူသွားလို့
ရတာပေါ့ဗျာ။ ဟုတ်ဖူးလား”
“ရတယ် – ကိုဝင်းဆွေ၊ ဘထွေးကကို
ဝင်းဆွေတို့ လိုတာတောင်းရင်ပေး
မှာသေချာတယ်ဗျို့၊ကျွန်တော်ကတော့
အပင်တစ်ပင်ဟာစားလို့မရ။ခူးလို့လည်း
မရဘူးဆိုရင် သိပ်ပြီး စိတ်ဝင်စားတာ
မဟုတ်ဘူး။ရေမလောင်းဘဲပစ်ထားတာ
သာ ကြည့်တော့၊ ရှုပ်တဲ့ အပင်တွေပါဗျာ”
ကိုအုန်းကြိုင်သည်ပြောပြောဆိုဆို
ပန်းအိုးကို ချက်ချင်းမက ကျွန်တော်တို့
ခြံဘက်သို့ ရွှေ့လေသည်။ နေရာတကျ
တည်ပြီးသောအခါခိုင်သည်ဂမုန်းပင်ကို
ရေလောင်းသည်။ ပင်ခြေကို ဓားဦးချွန်
ဖြင့်မြေဆွပေးသည်။ သည်လိုနှင့်နံနက်
စာ စားချိန်ရောက်လာသည်။ ခဏကြာ
လျှင်ကျွန်တော်တို့မနက် စာ စားသည်။
အလုပ်ပင်ပန်းသောကြောင့် ဟင်းမကောင်း
သော်လည်းထမင်းမြိန်ကြသည်။ဂုန်မင်းဟင်းခါး၊ တို့
စရာ၊ ၊ ငါးပိကောင် ကြော်ဖြင့် ထမင်းစား
ပြီးတော့ ကိုအုန်းကြိုင် သူ့ ခြံဘက်သို့ ပြန်သွားသည်။
ညနေစောင်းချိန်…
အဝါရောင်ငှက်ကလေး တစ်
ကောင်သည်ခြံရှေ့သစ်ပင်တွင် နားရာမှ
ရုတ်တရက်ပျံပြေးသွားသည်။ ခိုင်သည်
အိမ်ရှေ့မြေပြောင်ပြောင်မှ အမှိုက်များ
ကို တံမြက်စည်းကြမ်းဖြင့် လှည်းကျင်း
ပြီး တစ်ဖက်ခြံမှ ယူလာသော ပန်းအိုး
တွေကိုနေရာရွှေ့ပြန်သည်။
“အစ်ကိုရေ- ဒီခြံထောင့်ကပင်စည်အနီရောင်
ဂမုန်းက အလှဆုံးပဲ နော်။ မနက်က
ဟိုဘက်ခြံက သယ်လာ တုန်းက ခိုင်
တစ်ခါပဲ ရေလောင်းရသေးတယ်။ ခု-ပိုပြီး
လန်းဆန်းလာသလိုပဲ နော်။ကြည့်စမ်း
အပွင့်တောင်ပွင့်တော့ မယ်။ အဖူးနှစ်ဖူး
ထွက်ချင်ပြီနဲ့တူတယ်။အငုံလေးနှစ်ခုသေ
ချာပါပြီ။ ရေလောင်းလိုက်လို့ထင်တယ်။
တစ်ခုက အရင်ပွင့် မှာ၊ နောက်တစ်ဖူးက
မသေချာသေး ဘူး။ တော်တော်သေး,
သေးတယ် အစ်ကို။ ဒီမှာ – လာကြည့်စမ်း”
ကျွန်တော်ကခိုင်ပြသောဂမုန်းပင်
၏ပင်စည်အလက်ကြားမှတိုးထွက်လာ
သော ရိုးတံအနီကလေးမှ ခပ်ကြီးကြီး
အဖူးကလေးနှင့် ခပ်သေးသေး ငုံခါစ
အဖူးသေးသေးလေးကို မြင်တွေ့လိုက်ရပေသည်။
”ဟုတ်တယ်ကွ – ရေငတ်နေကြ
တာကိုး။ တစ်ဖူးက ခု တစ်ရက်နှစ်ရက်
ဆို ပွင့်ပြီကွ၊ နောက်တစ်ဖူးကတော့ ကြာဦးမယ်ခိုင်။
ရေတော့ မှန်မှန် လောင်းပေးလိုက်ပါကွာ”
ခိုင်က ရေပုံးတစ်ပုံးဆွဲကာ နောက် ဘေးစဉ့်
အိုးရှိရာသို့ ထွက်သွားလေ သည်။ ကျွန်တော်
သည်ထိုရိုးတံနီဂမုန်း ကို ကြည့်နေရာမှ ရင်ထဲမှ
တစ်မျိုးခံစား လာရသည်။ ထိုခံစား မှုသည်
မသိစိတ် နှင့်အတူကြောက်ရွံ့ထိတ်လန့်စိတ်တစ်
မျိုး ဖြစ်မည်ထင်သည်။ ထိုခံစားမှု ဖျတ်
ခနဲ ပျောက်သွားပြီးနောက်တွင်းပေါက်
ငယ်ကလေးတစ်ခုထဲမှအဆိပ်ပြင်းထန်
လှသော သတ္တဝါတစ်ကောင် ချောင်း
ကြည့်နေသလိုမျိုးခံစားရပြန်သည်။ ဤ
ဂမုန်းပင်သည် ကျွန်တော်၏အတွင်း
စိတ်ကိုနှိုးဆွနေသည်လား။ သစ်ပင်များ
တွင် ထူးဆန်းသော အာရုံသိတစ်မျိုး
ရှိသည်ကို ကျွန်တော် စာအုပ်တစ်အုပ်
မှာ ဖတ်မှတ်ဖူးသည်။ ဥပမာ – မသီးဘဲ
မြုံနေသောသစ်ပင်အောက်တွင်
ဂီတသံကိုဖွင့်လှစ်ပေးထားမည်ဆိုပါက
ထိုသစ်ပင်သည်မကြာမီကာလအတွင်း
အသီး သီးတော့မည်ဆိုသည့် စိတ်နယ်
လွန်ကိစ္စမျိုး။ရုတ်တရက်ကျွန်တော်၏
အနံ့အာရုံထဲသို့ စူးရှလှသော အနံ့တစ်မျိုး
ဝင်လာသည်။အော်ဂလီဆန်ဖွယ်ပုပ်ဟောင်လှ
သောရနံ့ဖြစ်သည်။အဆုတ်လေရှူအင်္ဂါ
ထဲသို့ ဝင်ရောက်လာသော ထိုပုပ်အက်
စူးရှလှသော ရနံ့ကြောင့် ရင်ထဲမှာ ရုတ်
တရက် ပျို့အန်ချင်လောက်အောင် ဖြစ်
သွားမိသည်။ ဘယ်ကထွက်လာတဲ့ ရနံ့
ပါလိမ့်။ ဒီပန်းအိုးအောက်ကလား၊ ပန်း
အိုးအောက်မှာ သတ္တဝါတစ်ကောင်
ကောင် သေနေပြီထင်ပါရဲ့။ ကြွက်လား၊
ဒါမှမဟုတ် မြွေတစ်ကောင်လား၊ ဒါမှ .
.. “ဟိတ် – ဘာလုပ်နေတာလဲ”
ကျွန်တော့်ခန္ဓာကိုယ်ရှိသွေးကြော
များ ရပ်တန့်တောင့်တင်းသွားသလို
ခံစားလိုက်ရသည်။ အသံသည် နောက်
ကျောဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်
သည်။ ကျွန်တော် လှည့်ကြည့်လိုက်သည်။
“လန့်လိုက်တာ – ခိုင်ရယ်”
ရေပုံးဆွဲ၍ပြုံးရွှင်သောမျက်နှာနှင့်
ခိုင် ဝင်လာသည်။ ကျွန်တော် ခိုင်ထံမှ
ရေပုံးကိုယူကာ ရေတစ်ခွက်ခပ်၍ဂမုန်း
ပင်ပေါ်သို့လောင်းချလိုက်မိသည်။ အပုပ်
နံ့ ပျောက်သွားပြန်သည်။ နောက်တစ်
ခွက် ခပ်၍လောင်းရန် ပြင်လိုက်စဉ်မှာ
ပင် ခိုင်ထံမှ ထူးဆန်းသောအသံ ကြား
လိုက်ရလေသည်။
“အစ်ကို – ညည်းသံလိုလို ကြား
လိုက်မိတယ်”
ကျွန်တော် ခိုင့်မျက်နှာကို လှမ်း
ကြည့်လိုက်တော့ ခိုင်က မျက်မှောင်
ကြုတ်ထားသည်။ စူးစမ်းဟန်ဖြင့် ပတ်
ဝန်းကျင်ကို လှည့်ပတ်ရှာဖွေနေသည်။
ညည်းညူသံတဲ့။ ကျွန်တော် မကြားမိ
ပေ။ ကျွန်တော်က စောစောက အပုပ်နံ့
ရသည်။ ခု-ခိုင်က ညည်းညူသံတဲ့။
“ဟာကွာ-လေတိုးလို့ သစ်ရွက်
ချင်း ပွတ်သံပါကွ”
“ဟုတ်ဖူး – ကိုရဲ့။ ခိုင့်နားနဲ့ ဆတ်
ဆတ်ကြားလိုက်ရတာ။ နားနားကို ကပ်
ပြီး ပြောလိုက်သလို၊ ညည်းလိုက်သလိုပဲ”
“တိတ်ဆိတ်တဲ့အချိန် ပတ်ဝန်း
ကျင်မှာ သစ်ပင်တွေထူထပ်ချိန်မှာဒီလို ပဲ
စိတ်ထဲမှာ ထင်ယောင်ထင်မှားတွေ
ဖြစ်တတ်တယ် – ခိုင်ရဲ့။ ခိုင် – စိတ်ထင်လို့ပါ”
ကျွန်တော်က ခိုင် ကြောက်မည်စိုး၍
ဖြေသိမ့်ပြောပြောရသော်လည်းစော
စောကလို စူးရှပုပ်အက်လှသော အပုပ်
နံ့ကြီးကို ရှူရှိုက်မိမည်ဆိုပါက ခိုင်သည်
ကျွန်တော့် ကို မည်သည့်မှတ်ချက်ပေး
မည်နည်း။ ကျွန်တော် မည်သို့ပြန်ဖြေ
ရမည်နည်း။ဤခြံမြေကြီးနှင့် အိမ်သည်
ကျွန်တော်တို့အားနားလည်ရခက်သောမေး
ခွန်းပုစ္ဆာများကို စတင်ဖြန့်ချနေရာ ဘုံ
ဌာနဖြစ်ကြောင်းခံစားလိုက်မိပေသည်။
တကယ်တော့ ဤခြံကြီးသည် မျိုသိပ်မှု
များ ရေငုံနှုတ်ပိတ်ပြဿနာများနှင့်
ယောင်ကိုင်းဖောင်းကားနေသောကြောက်
မက်ဖွယ် သေတ္တာနက်ကြီး တစ်လုံးသာ
ဖြစ်နေပေသည်တကား။ဘထွေး၏ခြံဘက်
မှဂမုန်းပင်အချို့ကျွန်တော်တို့ခြံဘက်သို့
ရွှေ့ပြောင်းလိုက်သည့်အချိန်မှစ၍ခြံမြေ
သည် ထူးခြားမှုများနှင့် စတင်တွေ့ဆုံလာရလေ
တော့သည်။ ကျွန်တော်သည် ဗုဒ္ဓဘာ
သာဝင် တစ်ယောက်ဖြစ်သည့် အား
လျော်စွာ ကံတရား၊ (၃၁)ဘုံသားကျင်
လည်ရာဘဝ စသည်တို့ကို ယုံကြည်
သော်လည်းတစ္ဆေ၊ သရဲတို့ကိုကြောက်
ရွံ့ထိတ်လန့် ခြင်းမရှိသလို ၎င်းတို့အား
စော်ကားမော်ကားမထီမဲ့မြင်ပြုလုပ်ခြင်း
မျိုးလည်း မရှိခဲ့ပေ။
ထိုညတွင်ကျွန်တော်တို့ဇနီးမောင်
နှံနှင့် ကိုအုန်းကြိုင်သည် ရောက်တတ်
ရာရာပြောဆိုကြပေရာညဉ့်တော်တော်
နက်ပါမှ စကားဝိုင်းကို သိမ်းနိုင်တော့
လေသည်။ ခိုင်ကတော့ တစ်နေကုန် ခြံ
အလုပ်တွေ ပင်ပန်းကြီးစွာ လုပ်ကိုင်
ရသဖြင့် ကိုယ်လက် နာကျင်ကိုက်ခဲ
သည်ဆိုကာ(၈)နရီခန့်ကပင်အိပ်ရာဝင်
သွားခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်
ကညဉ့်(၁၀)နာရီထိရုပ်ရှင်အကြောင်း၊
မြို့ရွာအကြောင်းပြောရင်းညဉ့်နက်သွား
ခြင်းဖြစ်သည်။
ကိုအုန်းကြိုင်ပြန်သွားမှကျွန်တော်
အိပ်ရာဝင်နိုင်သည်။ ကိုအုန်းကြိုင်က
လည်းကျွန်တော်တို့ရှိ၍ညအိပ်ခြင်းဖြစ်
ပေရာ အဖော်တော့ ရပေသည်။
ကျွန်တော်အိပ်ရာထဲရောက်တော့
(၁ဝ) နာရီခွဲပေပြီ။ညသည်တိတ်ဆိတ်
ငြိမ်သက်မှုဖြင့် ချောက်ချားစဖွယ်ရနံ့များဖြင့်၊ ထွေပြား
ဝေဝါးသော အဓိပ္ပာယ်များဖြင့် ဆက်
လက်စီးမျောနေပေသည်။ ငြိမ်သက်
တိတ်ဆိတ်နေသောပတ်ဝန်းကျင်သည်
ကျွန်တော် အိပ်ပျော်ခါစတွင် ထူးခြားမှ
တစ်စုံတစ်ရာ ဖြင့် စတင်ပြောင်းလဲလာလေသည်။
အိမ်ရှေ့ရှိ သရက်ပင်ကြီးဆီမှ အိပ်
တန်းတက်နေကြသောငှက်များ၏လှုပ်
လှုပ်ရွရွတွန်သံမြည်သံများစတင်ထွက်
ပေါ်လာခြင်းဖြစ်သည်။ဂစ်ခနဲအော်မြည်
လိုက်သောငှက်တစ်ကောင်၏အထိတ်
တလန့် အော်သံ။ အခြားငှက်များ၏
တောင်ပံတွေ တဖျပ်ဖျပ်ရိုက်ခတ်သံ၊
ပျံထွက်ပြေးသွားသော အသံများသည်
မိနစ်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပေါ်
နေသေးသည်၊ ငှက်ငယ်ကလေးများ၏
တစီစီမြည်သံ။ ကိုင်းတစ်ကိုင်းမှ တစ်
ကိုင်းဆီသို့ တိုးဝှေ့ခုန်တက်သံများပါ
အဆက်မပြတ်ကြားနေရခြင်း ဖြစ်ပေ
သည်။ သစ်ပင်ပေါ်တွင် မြွေ သို့မဟုတ်
တောကြောင်တစ်ကောင် တောင်တက်
၍မွှေနှောက်နေပြီလောမပြောတတ်ပေ။
တလှုပ်လှုပ်တရွရွ ဖြစ်နေသော သရက်
ပင်ကြီးဆီမှ အသံများသည် မိနစ်ပေါင်း
များစွာ ရုန့်ရင်းဆန်ခတ်ဖြစ်သွားပြီး
နောက်ပြန်လည်ငြိမ်သက်သွားပြန်လေ
သည်။မိုးလင်းသည်ထိ မည်သည့်အသံ
များမှမကြားရတော့ပေ။ နံနက်မိုးလင်း၍
အိမ်အောက်ဆင်း ၍တံမြက်စည်းလှည်း
ရန်တံခါးဖွင့်လိုက်သည်နှင့် တုန်လှုပ်ချောက်
ချားဖွယ် မြင် ကွင်းက ကျွန်တော့်ကို ဆီးကြိုနေပေ
သည်။ ခိုင်ကနောက်ဖေးတွင်ထင်းမီးဖြင့်
ရေနွေးအိုးတည်နေသည်။ တံခါးဖွင့်၍
ဆင်းဆင်းချင်း မြင်တွေ့ လိုက်ရသည့်
ထိတ်လန့်ဖွယ်မြင်ကွင်းမှာကား..
သရက်ပင်ကြီး၏ခြေရင်းတွင်ဗျိုင်း၊
လင်းဝက်နှင့်အခြားအမည်မသိငှက်များ
သည် လည်ပင်များပြတ်ကာ သွေးသံ
ရဲရဲဖြင့် အတုံးအရုန်းပြုတ်ကျ သေဆုံး
နေကြခြင်း ဖြစ်သည်။ ဒဏ်ရာများဖြင့်
သေဆုံးနေကြသော (၁၀)ကောင်ခန့်
သော ငှက်များကို မည်သည့်တိရစ္ဆာန်
ကြီးက အပင်ပေါ်တက်ကာ သတ်ဖြတ်
လေသနည်း။ ရက်စက် ယုတ်မာလွန်း
ချေသည်တကား။ ရိုင်းစိုင်းလှချေသည်
တကား။ကျွန်တော်သည်အပြစ်မဲ့သော
တိရစ္ဆာန်ကလေးများ ရုတ်တရက် သေ
ဆုံးရခြင်းအပေါ်ဒေါသထွက်ကာနာကျင်
ကြေကွဲမိသွားသည်။ကျွန်တော်သည်
ကိုအုန်းကြိုင်နှင့်ခိုင်ကိုခေါ်ပြမိသည်။
ခိုင်သည် အထိတ်တလန့်ဖြစ်ကာ
မျက်ရည်ဝဲနေမိသည်။ကိုအုန်းကြိုင်က
တော့အံ့ဩကာတွေဝေနေသည်။
ခိုင်သည် တိရစ္ဆာန်အသေကောင်ကလေး
များကိုမျက်ရည်ဝဲစွာဖြင့် ကြည့် ရင်း
အိမ်ပေါ်ပြန်တက်သွားသည်။ ကျွန်
တော်နှင့် ကိုအုန်းခိုင်က ခြင်းကြားတစ်ခု
ထဲသို့ တိရစ္ဆာန်အသေကောင်များကို
စုထည့်ကာ ခြံနောက်ဘက်သို့ သယ်ယူ
သွားသည်။ နှစ်တောင်သာသာ ကျင်း
နက်တူးကာ စု၍မြှုပ်နှံပစ်လိုက်သည်။
ကျွန်တော်၏ ရင်ထဲတွင် ဖိစီးလေးလံ
နေသော အရာများက တိရစ္ဆာန်များ
အဘယ်ကြောင့် အစုအဝေးလိုက်၊
တစ် ပြုံတစ်မကြီးသေဆုံးရခြင်းဆိုသောမေး
ခွန်းသာ ဖြစ်ပေသည်။ ရောဂါဝေဒနာ
ကြောင့်တစ်ကောင်နှင့်တစ်ကောင်ကူး
စက်ကာသေဆုံးရခြင်းမဟုတ်ဘဲသွေး
သံရဲရဲဖြင့် သစ်ပင်ထက်မှာ သေကြရ
ခြင်းကပို၍ဆန်းကြယ်နေသည်မဟုတ်
ပါ လား။ တစ်စုံတစ်ယောက်သော အင်
အားကြီးသတ္တဝါကြောင့်သေကြေရခြင်း
သာဖြစ်ပေမည်။ထိုသတ္တဝါကားမည်သို့
သော သတ္တဝါဖြစ်ပေမည်နည်း။ လွန်ခဲ့သော
နှစ်ညသုံးညခန့် က ဘထွေးတို့ခြံထဲမှ
ဧရာမဖုတ်ပြိတ္တာသတ္တဝါကြီး၏လက်
ချက်ပေလော။ စဉ်း စားရ ခက်လှသည်။
ထိုနေ့အဖို့ကျွန်တော်နှင့် ခိုင်သည်
ထွေထွေထူးထူး ပြောဆိုခြင်းမပြုကြဘဲ
မနက်စာစားပြီးကတည်းက ရွာထဲသို့
လျှောက်လည်ဖြစ်ကြသည်။ ညနေ
စောင်းအထိရွာထဲတစ်အိမ်ဝင်တစ်အိမ်
ထွက်အိမ်ရှင်များဧည့်ခံကျွေးမွေးသော
ရွာထွက်သီးနှံ၊မုန့်မျိုးစုံကိုစားရင်းအချိန်
ဖြုန်းခဲ့ကြသည်။
ရွာထဲတွင် နွေရာသီကာလဖြစ်
သည့်အားလျော်စွာ ရှင်ပြုအလှူများ
ကလည်း ရက်ဆက်သလို ဖြစ်နေရာ
သီချင်းသံ၊ လောက်စပီကာသံများက
ဆူညံစွာထွက်ပေါ်နေပေသည်။ကလေး
သူငယ်များ အပျိုပေါက်ကလေးများ
သည်ညနေဆိုလျှင်ဖီးလိမ်း၊ပြင်ဆင်ကာ
ရွာလယ်လမ်းမ ရွာရှိသင်္ဘောဆိပ်၊ ရွာ
ဘုန်းတော်ကြီးကျောင်းဝင်းရှိ လောက
မာန်အောင်ဘုရားပေါ်တွင် တဝုန်းဝုန်း
တပျော်တပါး ဖြစ်နေကြသည်။ တဖြည်း
ဖြည်းနှင့် သင်္ကြန်ကာလ လည်း လွန်စွာ
နီးကပ်လာပေပြီ။ ဘုန်း ကြီးကျောင်းလှေ
ဆိပ်ရှိ ပိတောက်ပင် ကြီးမှ ဖူးတံတွေ
လေယူရာတိမ်းကာ သင်္ကြန်အမီပွင့်အာ
ဖို့စောင့်မျှော်နေပေ ပြီ။ မြစ်ထဲတွင်
ဧရာဝတီသင်္ဘောကြီး များ၊ ကြားသင်္ဘော
ခေါ်ပုဂ္ဂလိက တစ် ထပ်လွှာချင်း
သင်္ဘောကလေးများ စုန်ဆန်ဥဒဟိုကူးလူး
ဖြတ်သန်းနေကြ သည်။ တစ်နှစ်ပတ်လုံး
ငြိမ်သက်တိတ်ဆိတ်နေရသောရွာကလေးသည်
သည်လို နွေရာသီ ကာလကျမှပင် ဆူညံဝေ
စည်ရခြင်းဖြစ်သည်။ဇာတိရပ်ရွာသို့ပြန်
လာကြသောအဝေးရောက်မိသားစုများ
လည်းသည်အချိန်သည်ကာလရောက်
မှပင်တစ်ယောက်မျက်နှာတစ်ယောက်
ပြည့်ဝစွာ မြင်ရသည် မဟုတ်ပါလော။
ခိုင်သည် ရွာကလေးမှ အမျိုးသမီးမိတ်
ဆွေများ၊ ဆွေမျိုးသားချင်းများ၊
ကျွန်တော်နှင့် ပတ်သက်ကာ တဖြည်း
ဖြည်း ရင်းနှီးလာခဲ့ပြီဖြစ်ရာ ချောက်ချား
ဖွယ် ပဟေဠိများဖြင့် ပြည့်နှက်နေသည့်
ရွာစွန် တစ်ဖက်ကမ်းရှိ အမွေရထား
သောခြံဝင်းကျယ် အိမ်ကြီးတွင် နေလို
ခြင်းမရှိပေ။ ရွာထဲတွင် လူစုလူဝေးနှင့်
ပျော်ပျော်ပါးပါးနေလိုသည်မှာ ထင်ရှား
ပေသည်။ ပြီးတော့ ခိုင်သည် လှေစီး၍
မြစ်ကူးချောင်းကူးသွားရသော ခံစားမှု
မျိုးကို နှစ်ခြိုက်ပေရာ တစ်ခါတစ်ရံတွင်
ကျွန်တော်၏ ညီမဝမ်းကွဲများနှင့်အတူ
အခြားရွာများသို့ ရေလမ်းခရီးကို လှေ
ဖြင့် လိုက်ပါသွားတတ်သည်။ သို့သော်-
ခိုင်သည်တက္ကသိုလ်ကျောင်းသူဘဝက
တက္ကသိုလ်လက်ရွေးစင်ရေကူးချန်ပီယံ
ဖြစ်ပေရာ ရေနစ်မှာကိုတော့ စိုးရိမ်စရာ
လိုမည်မထင်ပေ။
ထိုနေ့က ကျွန်တော်တို့ ခြံထဲ ရောက်
တော့မှောင်ရီပျိုးစပြုပေပြီ၊တစ်
ဖက်ကမ်းရှိ အစ်ကိုဝမ်းကွဲတစ်ယောက်
ကလိုက်ပို့သည်။ လှေဖြင့် လိုက်ပို့ခြင်း
ဖြစ်သည်။ ခြံဝရောက်တော့ ခိုင်က
“အစ်ကို – ပန်းပင်လေးတွေရေလောင်းဖို့
အချိန်ရသေးတယ်၊ မမှောင်သေးဘူး”
ခိုင်က ပြောပြောဆိုဆို အိမ်ဘေးရှိ
စဉ့်အိုးကြီးဆီသို့ အပြေးတစ်ပိုင်းဖြင့်
သွားကာရေပုံးဖြင့်ရေခပ်ယူလာသည်။
နောက်ပန်းပင် ဂမုန်းပင်တွေကိုတစ်အိုး
ချင်း ခပ်ရွဲရွဲ လိုက်လောင်းသည်။ “တို့ရွာ
ကတော့ မှောင်ပြီဆိုတာနဲ့ တိတ်ဆိတ်
သွားတော့တာပဲ ခိုင်ရေ။ တို့ ဒီဘက်ကမ်း
ကတော့ ပိုဆိုးလိမ့်ပဲ။ တစ် ခြံနဲ့တစ်ခြံ
အော်မကြား၊ ခေါ်မကြား”
ထိုစဉ် ခိုင်သည် ရေလောင်းနေရာ
“အို – အစ်ကိုရေ၊ ဒီခြံဝက သီးခြားချထားတဲ့
အလှဆုံးဂမုန်းပင်ကို လာ ကြည့်စမ်း။
အပွင့်ပွင့်ချင်ပြီလားမသိဘူး။ အဖူးလေးနှစ်ဖူးထွက်နေပြီ”
ခိုင်သည် ဝမ်းသာမြူးထူးစွာအော်ဟစ်လိုက်ခြင်း
ဖြစ်သည်။ ကျွန်တော်၏ ပန်းအိုးတွင်းမှ
ဂမုန်းပင်ကို သေချာစိုက်ကြည့်လိုက်တော့
ခိုင် လောင်းချထားသောရေစက်ရေမှုန်တွေကြားကိုင်းပွား
ကလေးတစ်ခုကြားမှ အဖူးနှစ်ခုက ပြိုင်
ကာ ထွက်ပြူနေသည်ကို တွေ့လိုက်
ရလေသည်။ ခိုင်က ပန်းပင်ကို ရေတစ်
ခွက် ထပ်လောင်း ပြန်သည်။ အရောင်
အစူးကလေးတွေဖြစ်သည်။
“တော်ပြီလေ – ခိုင်၊ရေမွန်းပြီးသေ
သွားဦးမယ်ကွ။ တော်တော် ရွှဲနစ်နေပြီ။
ရေဝဝလောင်းလို့လားတော့ မသိဘူး-
ခိုင်ရေ။နှစ်ရက်ပဲရှိသေးတယ်။ စိမ်းစိုပြီး
သန်လာလိုက်တာ။ တော်တော်လှတဲ့
အပင်လေးတွေ။ ပန်းဖူးလည်း အဖြူပွင့်
လေးဖြစ်မယ်ကွ။ မနက်ဖြန်လောက်ဆို
ပွင့်ပြီ။စပယ်ပန်းအရွယ်ကလေးပဲနော်-ခိုင်”
ခိုင်၏မျက်ဝန်းများသည်ချက်ချင်း
တောက်ပသွားပေသည်။ ငုံ့ကိုင်းကာ….။
“ဟုတ်ပါရဲ့- ရိုးတံနီနီကလေးမှာ စပယ်ပန်း
အရွယ် အပွင့်ဖြူဖြူကလေး
ပွင့်မှာ။တစ်ပွင့်ကတော့မသေသေးဘူး
နော်။ အပွင့်က အရွက်လား ခွဲခြားလို့
မရသေးဘူး- အစ်ကိုရေ။ သုံးလေးရက်
လောက်တော့ စောင့်ကြည့်ရဦးမှာ၊ အင်း –
အပွင့်လှလှလေးပဲ ဖြစ်ပါစေ”
“ဘာဂမုန်းမှန်း မသိဘူးကွ၊ တော်
တော်လှတယ်။ ဆွဲဆောင်မှု ရှိတယ်”
“ခိုင် ရန်ကုန်ပြန်ရင် အပင်လိုက်တောင်း
သွားမှပဲ။ မရဘူး – ဘာပင်ဖြစ်ဖြစ်”
ခိုင်က ကလေးတစ်ယောက်ကို
ဇွတ်ပြောနေလေသည်။ထိုစဉ်ပတ်ဝန်း
ကျင်သည် အမှောင်ထုအဖြစ် တစ်စ
တစ်စ နက်ရှိုင်းလာလေသည်။
“ကဲ – ခိုင်ရေ၊ အိမ်ပေါ်တက်ကြစို့။
မနက်အလှူတစ်ခုရှိတယ်”
“ဟုတ်တယ် – အစ်ကို၊ခိုင်ကိုဆက်
ဆက်ခဲ့ပါတဲ့။ အစ်ကိုတို့ အမျိုးတွေက
ခိုင်မှ ခိုင် ဖြစ်နေကြပြီ”ခိုင်သည် ရေပုံးကို
ကိုင်ကာ အိမ် နောက်ဘက်ဆီသို့ခပ်သွက်
သွက်ထွက် သွားသည်။ အမှောင်သည်
သစ်ရိပ် အကြားဆီသို့ လျင်မြန်စွာတိုးဝင်လာ
သည်။ သစ်ရွက်ကို လေတိုးသဖြင့် တရှဲ ရှိ မြည်သံ၊
ကျေးငှက်တွေ အိပ်တန်းဝင် သံ ခပ်ဝေးဝေးဆီမှ
မြစ်၏လှိုင်းပုတ်သံ တို့သည် တစ်ရံမလပ်
ဆက်တိုက်ထွက် ပေါ်လာသည်။
ခိုင်သည် ဆိုလာမီးအိမ်ကိုထွန်းညှိ လိုက်သည်။
ကျွန်တော် အိမ်တံခါးပိတ်ချိန်တွင် အမှောင်ကွယ်လှပေပြီ…။
ကျွန်တော်၏ အသိအာရုံထဲသို့ ပထမဦးဆုံး
ဝင်လာသည်ကခိုင်၏ ပြင်း
ထန်လှသော အသက်ရှူသံ ဖြစ်သည်။
ခိုင်သည် အိပ်ပျော်လျှင် ဟောက်သံ
အသက်ပြင်းပြင်း ရှူသံမထွက်သော
အအိပ်နူးညံ့ သည် မိန်းကလေးဖြစ် သည်။
ပြင်းထန်သော အသက်ရှူသံ သည်ရပ်တန့်
မသွားဘဲကျယ်လောင်စွာ ဖြင့် ခပ်စိပ်စိပ်
ထွက်ပေါ်လာသည်။ ကျွန်တော်၏ ခန္ဓာ
ကိုယ်နှင့် အသိ ကို လျင်မြန်စွာဆက်စပ်ရန်
အာရုံကို နိုးထလိုက်ချိန်တွင် ကျွန်တော် စတင်
သတိပြုမိလိုက်သည်က အခန်းသည်
အသက်ရှူကြပ်လောက်ဖွယ်မှောင်မိုက်
နေခြင်း ဖြစ်သည်။ ဆိုလာမီးအိမ်ငယ်
သည်ဘက်ထရီအားလျှော့ကာ ငြိမ်းနေ
ပေပြီ။ ရုတ်တရက်ဆိုတော့ ကျွန်တော်
တို့အိမ်ပျော်နေရာ အခန်းကျဉ်းကလေး
သည် ပကတိမှောင်မိုက်နေပေရာ တစ်
ကမ္ဘာလုံး၌ကျွန်တော်တို့သာအထီးကျန်
နေရသကဲ့သို့ မွန်းကြပ်စွာခံစားလိုက်
ရခြင်းဖြစ်မည်ဟု အိပ်ရာမှ လူးလဲထရန်
ကြိုးစားလိုက်ချိန်တွင် ခိုင့် ထံမှ ရှိုက်သံ
ကို စတင်ကြားလိုက်ရသည်။ ခိုင်သည်
အသက်ရှူပြင်းထန်နေရာမှရုတ်တရက်
ငိုရှိုက်လိုက်ခြင်း ဖြစ်သည်။ “ခိုင် – ဘာဖြစ်တာလဲ”
ကျွန်တော်သည် မှောင်ထဲမှပင် စားပွဲပေါ်
တင်ထားသောဖယောင်းတိုင်
နှင့် မီးခြစ်ကို စမ်းနေချိန်တွင် ခိုင့်ထံမှ
တသိမ့်သိမ့်ငိုရှိုက်သံကို ကြားနေရလေပြီ။
“ခိုင်”
ကျွန်တော်သည် ဖယောင်းတိုင်မီး
အလင်းအောက်မှပင်ခိုင်ကိုရှာဖွေကြည့်
လိုက်စဉ် ကျောပေးအိပ်နေလျက်ပင်။
တသိမ့်သိမ့် ရှိုက်ငိုနေခြင်းပင်တည်း။
ကျွန်တော်သည် ခိုင့်ပခုံးကို ကိုင်ကာ
လှုပ်ယမ်းရင်း ဆွဲထူရန် ကြိုးစားသည်။
ခိုင်သည် မျက်လုံးများ မှိတ်ထားလျက်
ကပင် အိပ်မက်ယောင်ကာ တရှိုက်ရှိုက်
ငိုနေသည်။
“ထစမ်း-ခိုင် – ခိုင် ဘာဖြစ်တာ
ကျွန်တော်သည်ခိုင့်ပခုံးကိုဆွဲကာ
မ.ထူသည်။ ခိုင်သည် ခန္ဓာကိုယ် အရုပ်
ကြိုး ပြတ်ယိုင်နေကာ မျက်စိမဖွင့်သေး
ဘဲ ငိုရှိုက်နေဆဲပင်။ ကျွန်တော်သည်
ထိုအခါမှ ခိုင့်မျက်နှာကို လက်နှစ်ဖက်
ဖြင့်ကိုင်ကာလှုပ်နှိုးသည်။ထိုအခါမှခိုင်
သည်အသိဝင်လာကာမျက်စိဖွင့်ကြည့်
သည်။ ကျွန်တော့်ကို မြင်လိုက်သည်နှင့်
ရင်ခွင်ထဲသို့ ဝင်ကာ ကလေးငယ်တစ်
ယောက်လိုရှိုက်ကြီးတငင်ငိုနေပေတော့
သည်တကား …။
“ကြောက်တယ် – ကြောက်တယ်”
“ခိုင် ဘာကိုကြောက်တာလဲ။ ခိုင်
အိပ်မက်ယောင်နေပြီ”
“ကြောက်လိုက်တာ – အိပ်မက်ထဲ
မှာ ဘီလူးကြီး”
ကျွန်တော်သည် ခိုင့်ခန္ဓာကိုယ်
ကလေးကို ပွေ့ဖက်ထားမိသည်။ ခိုင့်
တစ်ကိုယ်လုံးသည် တဆတ်ဆတ်တုန်
နေသည်။ ခိုင်က ကျွန်တော့်ပခုံးပေါ်
မေးတင်နေရာမှ…
“အိပ်မက်ထဲမှာ အရပ်အမြင့်
အသားမည်းမည်း ကျောကုန်းပြောင်
ဘီလူးကြီးတစ်ကောင် – ကိုရဲ့”
“ပြောလေ- ခိုင်၊ ဘီလူးကြီးက ဘာ ဖြစ်သလဲ၊
ပြော – ခိုင်”ခိုင်ကား ကြောက်မက်ချောက်ချား
ဖွယ် အိပ်မက်ကို မက်နေလေပြီကော၊
“မျက်လုံးနီနီ၊ အသားမည်းမည်း၊ လုံချည်တိုတိုနဲ့
တုတ်ကြီးကိုင်ထားတဲ့ ဘီလူးကြီးအစ်ကို၊မျက်လုံး
တစ်ဖက်က အနီရောင်၊ ကျန်တစ်ဖက်ကမပွင့်
သေး ဘူး။ မှိတ်ထားတယ်။ မျက်စိတစ်ဖက်
မှိတ်တစ်ဖက်ပွင့်နဲ့ စကားပြောသံက
ကြောက်စရာ၊အသံနက်နက်ဩဩကြီး
အစ်ကို။ သူက ခိုင့်ကို လက်ညှိုးငေါက်ငေါက်
ထိုးပြီး ငါ့အပေါ်ကို နင် ရေတွေ
လောင်းချတာရေသန့်တွေနဲ့ လောင်းချ
တာ ငါ မကြိုက်ဘူးတဲ့။ အမဲသွေး၊ ဝက်သွေး၊
ကြက်သွေး၊ ငါးဆေးရေတွေနဲ့ လောင်းစမ်း။
ငါ့ကို ဘာမှတ်နေသလဲဟေ့၊ငါမစားမသောက်
ရတာကြာပြီ။ ငါမျက်လုံးတစ်လုံးမပွင့်နိုင်သေးဘူး။ ခုထိ
ပိတ်နေတုန်းရှိသေးတယ်၊နင်-ငါ့ကိုငါ
စားချင်တာတွေ ကျွေးရင်ကျွေး၊ မကျွေး
လို့ကတော့ကောင်မလေးရေ၊နင်အစား
ခံဖို့သာ ပြင်ထားပေတော့။ နင့်ကို ငါစား
စေရဘူး။ငါ့မျက်စိတစ်ဖက်သာပွင့်သေး
တယ်။ နှစ်ဖက်စလုံး ပွင့်လို့ကတော့ နင့်
ကိုစားပစ်မယ်လို့ပြောတယ်။အသံနက်
ကြီးနဲ့ ကြောက်လိုက်တာ အစ်ကို” ခိုင်သည်
ကြောက်ရွံ့လွန်းသဖြင့် ခန္ဓာကိုယ်တသိမ့်သိမ့်
တုန်ကာ တုန် လှုပ်၍ငိုနေပေသည်။
“ခိုင်ရယ် – တကယ်ဖြစ်နေတာမှ မဟုတ်တာ။
အိပ်မက်ပါ။ မနက်မိုးလင်းမှ ဂမုန်းပင်
ကျွမ်းကျင်တဲ့ရွာဦးဆရာတော် ကျောင်းက
ကပ္ပိယကြီးဆီမှာ မေးမြန်းကြည့်ပြီးတစ်
ခုခုလုပ်ကြတာပေါ့ကွယ်၊
ကဲ – ကဲ – ခု ပြန်ပြီး အိပ်လိုက်ဦး။ မနက်
တစ်နာရီပဲ ရှိသေးတယ်”သည်။
ခိုင်သည် ခေါင်းတစ်ချက် ယမ်းခါ
“ခိုင် ရန်ကုန်ပြန်တော့မယ်။ ဆက်
မနေတော့ဘူး။ ကြောက်တယ်။ ဒီခြံကြီး
ထဲမှာ နေရထိုင်ရတာကိုက စိတ်ထဲမှာ
ချောက်ချားကြောက်လန့်နေတယ်၊တစ်
ခုခုဖြစ်တော့မယ့်အတိုင်းပဲ နေရတာ
စိတ်ထဲမှာမသိုးမသန့် ခံစားနေရတယ်၊
ပြီးတော့ – တစ်ယောက်ယောက် လိုက်
ကြည့်နေသလို အမြဲတမ်း ခံစားနေရ
တယ်။ ခိုင် – ရန်ကုန် ပြန်ချင်ပြီ”
သည်တော့ အတတ်နိုင်ဆုံး ခိုင့်ကို
ပြန်ချော့ရသည်။”ခိုင်ပဲ ရွာကလေးက
ချစ်စရာကောင်းတယ်၊၊ ရွာသူရွာသားတွေက
ခင်မင်ဖော်ရွေတယ်ဆို။ ဒီလို ပြဿနာ
ကြီးကိုပစ်ပြီး ရန်ကုန်ပြန်လို့ရှိရင် ကိုယ်
သိက္ခာကျတာ ပေါ့ကွဲ့၊ ရောက်တာမှ
တစ်ပတ်မရှိသေးဘူး။ နည်းနည်းတော့
သည်းခံပါ ခိုင်ရယ်။ ခိုင် မနေချင်ရင် ရွာ
ထဲကကိုယ့်အစ်မတစ်ဝမ်းကွဲဆီမှာသွား
နေလည်း ရတယ်။ ကိုယ်ပါလိုက်နေမှာ
ပေါ့။ဟိုကလည်းခေါ်နေတာ။နည်းနည်း
တော့ သည်းခံပါကွယ်၊ ပြဿနာရဲ့
အရင်းအမြစ်ကို ရှာရဦးမယ်၊ ကိုယ်
ကတော့ အရှုံးမပေးဘူး၊ ဘီလူးမကလို့
နတ်ဆိုးပဲဖြစ်ဖြစ် လောကပါလ နတ်
ကောင်းနတ်မြတ်တွေ ရှိပါသေးတယ်။
သူတို့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။
မနက်ကျတော့ ရွာထဲသွားမယ်၊ ဟုတ်ပြီလား”
ခိုင့်ဆီမှ စကားပြန်မကြားရတော့။
ကျွန်တော် နာရီကိုကြည့်တော့ ည
တစ်နာရီခွဲပေပြီ။ ညကား ကြောက်မက်
ချောက်ချားဖွယ်တိတ်ဆိတ်နေဆဲ။ပြတ်
တောင်းပြတ်တောင်း တွန်နေသောမြွေ
ဆိုးတစ်ကောင်၏အစာလိုဟန်တွန်သံ
ထွက်ပေါ်နေသည်။ ခိုင်ကား ပြန်လည်
အိပ်ပျော်သွားပေပြီ။ အပြင်ဘက်တွင်
အုန်းပင်၊ ကွမ်းသီးပင်များသည် ကင်း
စောင့်တစ္ဆေကြီးတွေလိုအမှောင်ထဲတွင်
ငြိမ်သက်တည်ငြိမ်စွာ ရပ်တန့်ငေးမော
နေကြသည်။
လေတိုက်သဖြင့် ဖယောင်းတိုင်
မီးအလင်းသည် တဆတ်ဆတ်တုန်ခါ
နေသည်။ထို့နောက်တဖျစ်ဖျစ်မြည်ကာ
ဟုပ်ခနဲငြိမ်းသွားသည်။ စိမ့်ချွန်မြသော
ညလေသည်တံခါးကြားမှနေကာအဓမ္မ
တိုးစိမ့်ဝင်ရောက်လာပြီး ကျွန်တော်တို့
ဇနီးမောင်နှံကို တိုးတိုက်ရပ်တန့်သွားသည်။
မနက်မိုးလင်းခြင်းပင်လင်းခြင်းခိုင် သည်ည
လယ်ကမက်ခဲ့သည့် အိပ်မက် ကိုအကြောင်း
ပြုကာ တစ်ဖက်ကမ်း လူ စည်ကားရာ
ရွာအခြမ်းသို့ လှေဖြင့် ကူး
သွားလေသည်။ကျွန်တော်၏နှမဝမ်းကွဲ
များခြံတွင်သွားရောက်နေထိုင်ခြင်းဖြစ်
သည်။ တစ်ဖက်ကမ်းတွင် ဘထွေးနှမ
ကျွန်တော့် ဒွေးလေးရှိသေးသည်။ ဧည့်
သည်မျှော်နေသော ဒွေးလေးသည် ခိုင်
ရောက်သွားသည့်အခါ သမီးအရင်းနှင့်
မခြားနွေးထွေးစွာလက်ခံကြိုဆိုသည်။
“သမီးလေးရဲ့- နင်တို့ ဘထွေးက ပြောဆိုမရ
အကောင်တဲ့။ သူ့ခြံထဲမှာ သရဲမွေးထားတယ်လို့
တစ်ရွာလုံးပြော လို့ ဘယ်သူမှ ခြံနားမကပ်ရဲကြဘူး။ လူ
မမြင်ရဘဲနဲ့ ရိုက်ရိုက်လွှတ်တယ်လို့
သတင်းကြားနေရတယ်။ မနေနဲ့ – မောင်
ဝင်းဆွေနဲ့ မနေနဲ့။ အိမ်ကိုသော့ခတ်ပြီး
ဒီမှာလာနေကြ။ ကဆုန်လပြည့်ကျော်မှ
ရန်ကုန်ပြန်ကြကွဲ့”
အမှန်တော့ ဒွေးလေးပြောသလို
မလွယ်ပါ။ ဒီလောက်သရဲအစောင့် ရှိ
သည်။လူတွေကိုအိပ်မက်မှခြိမ်းခြောက်
နေသည်ဆိုကတည်းက သဘာဝမကျ
ပေ။ ပစ်ထားလျှင် သာ၍ဆိုးသွမ်းလာပေမည်။
ကျွန်တော်သည် ခိုင့်ကို စိတ်ချလက်ချထား
ခဲ့ကာ ရွာဦးကျောင်းမှကပ္ပိယကြီး ဦးထူးထံသို့
နေ့လယ်ပိုင်း တွင်ရောက်လာသည်။
အကြောင်းစုံကို မခြွင်းမချန် ရှင်းပြလိုက်သည်။
“သစ်ပင်ကို ရေလောင်းရာကနေ
ပြဿနာ စဖြစ်တာပဲကွယ်။ မစိုက်
ကောင်းတဲ့ သစ်ပင်တစ်ပင် ရှိနေပြီဆို
တာ သေချာပြီ။ ငါ ဂမုန်းပင်တွေ
အကြောင်း သိတယ်ကွာ။ အဂ္ဂိရတ်ထိုး
ရင်တောင် ဂမုန်းပင်တွေလည်း ထိုးဖူး
တယ်လေ။ ကိုယ်က မစိုက်ကောင်းတဲ့
ဂမုန်းပြောပေမယ့် သူကတော့ သရဲမွေး
ချင်သူဆိုတော့ မစိုက်ကောင်းတဲ့ အပင်
ကို ရွေးချယ်ပြီး စိုက်မှာလေ။ မှန်တယ်
မှုတ်လား – မောင်ဝင်းဆွေ။ ဂမုန်းစောင့်
က ရေသန့် လောင်းတာ မကြိုက်ပဲသွေး
နဲ့ အညှီအဟောက် သစ်ပင်လောင်းခိုင်း
ပြီဆိုကတည်းက ငါ သိလိုက်ရပါတယ်။
အရေးကြီးရင် ညအိပ်စောင့်ကြတာပေါ့
ကွယ်။ အုန်းကြိုင်လည်း ရှိတယ် – မှုတ်လား”
“ရှိတယ် – – အဘ၊ ကျွန်တော့်အမျိုး
သမီးကတော့ဒီဘက်ကမ်းမှာပဲနေမှာ”
“ကောင်းပါတယ်ကွယ်-သူကမိန်း ကလေးကိုး။
ကြောက်ရှာမှာပေါ့။ ညနေကွာလိုအပ်တဲ့
ပစ္စည်းမှန်သမျှ ယူပြီးလိုက်မယ်။ ကိစ္စက
ကြာရင် မကောင်းဘူးကွ၊ အနာဆွေးကို
မွေးထားသလိုပဲဟေ့”သည်လိုနှင့်
စကားစပြတ်သွားကာညနေမစောင်းခင်
ခြံထဲသွားကြရန် ဆုံး ဖြတ်လိုက်ကြပေသည်။
ကျွန်တော် ကပ္ပိယကြီး ဦးထူးနှင့်
ကိုအုန်းကြိုင် ရောက်ချိန်တွင် ညနေ
စောင်းနေပြီ၊ ညနေစာ စားပြီး ညဘက်
အေးအေးလူလူစကားပြောရန် ဆေး
လိပ်၊ ကွမ်း၊ ရိက္ခာ အပြည့်ဖြင့်ကျွန်တော့်
ခြံဘက်သို့ ရောက်လာကြခြင်း ဖြစ်သည်။
ဦးထူးသည် ပယောဂအတတ်၊
ဆေးဝါးအတတ်ကို အတန်ငယ် တတ်
ကျွမ်းသောပုဂ္ဂိုလ်ကြီးတစ်ဦးလည်းဖြစ်
ပေသည်။ဦးထူးသည်ခြံထဲရောက်သည်
နှင့် ခိုင် ရေလောင်းခဲ့သော သစ်ပင်တွေ
ကိုလိုက်ပြခိုင်းသည်။ ခိုင်သည် သစ်ပင်
ကြီးများကို ရေလောင်းခြင်း မဟုတ်ဘဲ
ဘထွေးခြံထဲမှရွှေ့ယူလာသောဂမုန်းပင်
လေး၊ ငါးဆယ်ပင်ခန့်ကိုသာ ကွက်၍
ရေလောင်းခဲ့ခြင်းဖြစ်ပေရာ လွယ်ကူစွာ
ရှာဖွေခဲ့ရပေသည်။ကျွန်တော်တွေးထင်
သည့်အတိုင်း ရွှေ့ပြောင်းသယ်ယူလာ
ခဲ့သော ဂမုန်းပင်ထဲမှ အလှဆုံး အရိုးနီ
အရွက်တွေနီဂမုန်းပင် ဖြစ်နေပေတော့သည်။
ဦးထူးသည်မြင်မြင်ချင်းအံ့ဩသွား
ကာအပင်ရှေ့တွင်ခါးထောက်ရပ်လက်
ညှိုး ထိုးလိုက်ရင်း ..
“ဟာ – ဒီအပင်ကြောင့်ကွ။ ဒီအပင်
ကြောင့်ဖြစ်တာ။ ဒီအပင်မှာ အစောင့်ရှိ တယ်”
ကျွန်တော်နှင့် ကိုအုန်းကြိုင်သည်
အပင်ကို ဝိုင်းဝန်းကြည့်ကြသည်။ ပင်
စည်အရိုးနီသော်လည်းအရွက်မှာနနွင်း
ရွက်ကဲ့သို့ သဏ္ဌာန်ရှိသည်။ ရှည်မျော
မျော ဖြစ်သည်။
“သေသေချာချာကြည့်ဟေ့ – ဟို
ကလေးမလေးကို အိပ်မက်ပေးတဲ့
အတိုင်းပဲကွ။ မျက်စိတစ်လုံးပဲ ပွင့်သေး
တယ်။ နှစ်လုံးပွင့်ရင် နင့်ကိုစားမယ်လို့
ပြောတာလေ။ ဒီမှာကြည့်ကြ၊ အပွင့်ဖြူ
ကလေးစံပယ်ပန်းလောက်ပွင့်နေပြီဟ။
နောက်တစ်ပွင့်လည်း ပွင့်တော့မယ်၊
ကိုင်းလက်ကြားမှာ အငုံကလေးဖြစ်
နေသေးတယ်။ ကြည့်ထားကြ – ကြည့်
ကြဟေ့-တကယ့်အန္တရာယ်ပဲ”
ကျွန်တော်သည် အပင်ကို ကြည့် ကာ
အနည်းငယ်တော့ စိတ်လှုပ်ရှား
သွားမိသည်။ အပင်ကို သေသေချာချာ
စူးစမ်းကြည့်မိပြန်တော့ ထူးဆန်းစရာ၊
ပန်းအဖြူ ကလေးတစ်ပွင့်က ပွင့်အာ
နေပြီးတစ်ပွင့်ကပွင့်အာရန်အစပျိုးနေပြီ
လား။ အပင်စောင့်ဆိုသူက ဤအရာကို
ရည်ညွှန်းကာ ပြောလိုက်လေသည်ပဲ
လား။ သတ္တလောကကြီးသည် လွန်မင်း
စွာထူးဆန်းသောအရာများနှင့်ပြည့်နှက်
နေပေသည်တကား။
“ဒါ-ဘာဂမုန်းလို့ခေါ်သလဲသဗျ” “ဒီအရပ်
မှာတော့ တောဘီလူး ဂမုန်းလို့ ခေါ်တယ်။
တစ်ကျောင်းတစ်ဂါထာတစ်ရွာတစ်ပုဒ်ဆန်း
သလို တခြား အရပ်ဒေသမှာလည်း တစ်မျိုးအခေါ်
ရှိချင်ရှိမှာပေါ့။ ဒီမှာတော့ကွယ်-တော
ဘီလူးဂမုန်းလို့ခေါ်တယ်။ သိပ်ကြောက်
စရာကောင်းတဲ့ဂမုန်းပေါ့။ တခြားမစိုက်
ကောင်းတဲ့ ဘီလူးဂမုန်းတွေထက် ပိုပြီး
ကြောက်စရာကောင်းတယ်၊ လုပ်ရင်
အသေပဲ”
“ကျွန်တော် ယူပြီး မီးရှို့ သတ်ပစ်
လိုက်မယ်- အဘ”
ကျွန်တော့် စကားဆုံးတော့ ဦးထူး
ကငြင်းပါသည်။
“အင်း- ဒီလိုလုပ်ရင် မကောင်း
သေးဘူးကွယ့်။ အဘကတော့ အမြစ်
ပြတ်ခြေမှုန်းပစ်လိုက်ချင်တယ်။အားလုံး
အန္တရာယ်ကင်းရှင်းပေါ့။ နို့မို့ဆို – အပြစ်
မဲ့တဲ့ လူတွေကို ဒုက္ခပေးနေဦးမယ်၊ ပြီး
တော့ – မင်းတို့ ဘထွေးက ယုံယုံကြည်
ကြည်စိုက်ထားတာ။မကောင်းတာတော့
မှန်တယ်။ သူ့အပင်ကို မင်းတို့ ခြံထဲ ရွှေ့
စိုက်ထားတာတောင် လွန်လှပါပြီ။ ဖျက်
ဆီးပစ်လို့သူပြန်လာရင်ဂမုန်းပင် မတွေ့
ရင်ပြဿနာအကြီးအကျယ်ပဲဟေ့။ အဲဒီ
တော့ဒီအကောင်ကြီးမြန်မြန်ထွက်ပြေး
အောင် အပြတ်ရှင်းရရင် ပိုကောင်းလိမ့်
မယ်ကွယ့်။ ကဲ – မောင်ဝင်းဆွေ၊ ဒီနေ့ တော့
အဘတို့ မိုးလည်းချုပ်လုပါပြီ ကွယ်။ မနက်ဖြန်
ကျမှအကောင်းဆုံးစီမံ ကြတာပေါ့နော်။ဂမုန်းကိုဂမုန်းချင်းပြန်
တိုက်ကြတာပေါ့ကွယ်။ ကဲ- ဒီညတော့
ဒီကိစ္စကို ခေတ္တမေ့ထားပြီး မနက်ဖြန်
ကျမှ ဘယ်သူက သာသလဲ၊ဘယ်သူက
ခွေးပြေးဝက်ပြေး ပြေးရမလဲဆိုတာ
စောင့်ကြည့်ကြတာပေါ့ကွယ်”
သည်လိုနှင့် ကျွန်တော်တို့ သုံး
ယောက် ပြောလက်စ စကားများကို
ဖြတ်ကြကာ အိမ်ပေါ်သို့ တက်လိုက်ကြသည်။
ကျွန်တော်တို့ခေါင်းရင်းဘက်တွင်ခြင်
ထောင်တစ်ယောက်တစ်လုံးစီဖြင့် အိပ်ရင်း
စကားပြောကြသည်။ မအိပ်မီ
ဦးထူးက ပရိတ်ကြီး (၁၁) သုတ်၊ပဋ္ဌာန်း
တရားတော်တို့ကို ရွတ်ဖတ်ပြီး အမျှဝေသည်။
တိတ်ဆိတ်နေသော ည (၈)နာရီ ခန့်တွင်
ခြံထဲတွင် ခြေသံတွေ တရှပ်ရှပ်
ကြားလာရသည်။ ရံဖန်ရံခါ ညည်းညူ
သလိုလို မကျေမနပ် ဒေါသထွက်သလို
ကြားရတတ်သည်။
ည(၉)နာရီခန့်တွင်အသံဗလံများ
ပျောက်ကွယ်သွားပြီးမည်သည့်အသံမျှ
မကြားရတော့။ တိတ်ဆိတ်သွားသည်
မှာ နံနက်မိုးလင်းထိ ဖြစ်လေသည်။ ည
(၁ဝ)နာရီမထိုးမီထွေရာလေးပါးရောက်
တတ်ရာရာ စကားပြောနေကြသော
ကျွန်တော်တို့လည်း အိပ်ရာဝင်လိုက်ကြသည်။
နောက်တစ်နေ့ မိုးလင်းလျှင် လင်း
ချင်းကပ္ပိယကြီးဦးထူးသည် ကျွန်တော်
နှင့်ကိုအုန်းကြိုင်ကိုစောင့်ဆိုင်းရန်ပြော
ဆိုပြီး လှေကလေးနှင့် တစ်ဖက်ကမ်း
ဘုန်းတော်ကြီးသို့ လိုအပ်သည်များ ယူ
ဆောင်ရန် ပြန်လည်ထွက်ခွာသွားလေသည်။
နံနက်ကိုးနာရီခန့်တွင် ကပ္ပိယကြီး သည်
အပင်တစ်ပင်ပါသော ဂမုန်းပန်း အိုး
တစ်အိုးနှင့် ပြန်လည်ရောက်ရှိလာ
သည်။ ကျွန်တော်နှင့် ကိုအုန်းကြိုင်က
ကူညီသယ်မပေးသည်။ခြံလှေဆိပ်တွင်
လှေကိုချည်ကာ ကျွန်တော်တို့ ခြံထဲသို့
ပြန်ဝင်လာကြ သည်။
“ဟို ဘက်ကမ်းက အလှူမှာ ကလေးမလေးကို
သူ့အစ်မကြီးတွေ၊သူငယ်ချင်းတွေနဲ့ကူညီပေးနေတာတွေ့
ခဲ့တယ်မောင်ဝင်းဆွေ။ သူဒီရွာမှာပျော်
မှာပါကွာ။ နောက်တစ်ပတ်လောက်ဆို
ရွာဘုရားပွဲနဲ့ ဆုံရမှာပါ။ အဲဒီအခါကျမှ
ပိုပြီးပျော်စရာကောင်းမှာပါမောင်။ ကဲ –
အလုပ် လုပ်လိုက်ကြစို့ရဲ့” ကျွန်တော်တို့သည် ယူလာသော
ပန်းအရိုးကို တောဘီလူးဂမုန်းနှင့် တံ
တောင်သာသာ အကွာအဝေးတွင် ချ
ထားလိုက်သည်။
“သေသေချာချာ ကြည့်စမ်းကွဲ့၊ ဒီ
ဂမုန်းပင်နှစ်ပင်ကို တောဘီလူး၊ ဂမုန်း
ပင်ကတောင် ပိုပြီးလှပသလို ထင်ရ တယ်။
တောဘီလူးက အရိုးနီ၊ အရွက် အလယ်ကြော
နီညိုရောင်အရွက်တွေ က ဗဟိုကြောမကြီးကနေ
ပြိုင်ပြီးထွက် တယ်။ ရွက်ချွန်ကနနွင်းရွက်နဲ့တူတယ်၊
အဘယူလာတဲ့ မင်းသားကြီးဂမုန်းရွက်
ကလည်း တောဘီလူးဂမုန်းလိုပါပဲ။
အရွက်သဏ္ဌာန်ချင်းတူပေမယ့် အရွက်
ရိုး ဝါတယ်။ သူလည်း အလယ်ကြောမ
ကြီးအနီဖျော့ရှိတယ်၊တောဘီလူးဂမုန်း
လောက်တော့ မနီဘူးပေါ့။ ဒီမင်းသား
ကြီးဂမုန်းပင်ကို အဘ မြင့်မြင့်မြတ်မြတ်
နဲ့ ရတနာ (၇)ပါးစီခြယ် မြေသန့်ခံပြီး
ပရိတ်တရားတွေ ရွတ်ပြီး စိုက်ပျိုးထား
တာပါ။ဂါထာနဲ့နေ့စဉ်နေ့တိုင်းနံ့သာရည်
(၇)ပါးနဲ့ ပင်ခြေကို လောင်းပြီး အသက်
သွင်းထားတာ၊ သိပ်စွမ်းတယ်။ ဟိုဘက်
ကတောဘီလူးဂမုန်းကတော့နံ့သာရည်
နဲ့လောင်းဖို့နေနေသာသာရိုးရိုးရေသန့်
နဲ့လောင်းတာတောင် မကြိုက်ဘူးဟေ့။
သွေးအညှီအဟောက် ရေနဲ့လောင်းမှ
ကျေနပ်တာ။ကလေးမလေးရေလောင်း
တော့အပုပ်နံ့ထွက်လာတယ်ဆိုတာသူ
မကြိုက်ကြောင်း အနံ့နဲ့ သတိပေးတာ။
ဇာတိပြတာပေါ့ကွယ်။ မင်းဘထွေးက
အပင်ကို သူကြိုက်တာတွေနဲ့ ကျွေးမွေး
ခဲ့တာကိုး။ ဒီလိုကိစ္စမျိုးက အစာမကျွေး
ရင် တစ်ချိန် သခင်ကိုတောင် ပြန်ပြီးရန်
ရှာတတ်တဲ့။ သတ်ပစ်တတ်တဲ့ သာဓက
တွေရှိတယ်။ဂမုန်းစောင့်ထဲမှာကြောက်
စရာ အကောင်းဆုံး။ အဲဒီလို ကြောက် စရာ
အကောင်းဆုံးကိုနိုင်တဲ့ ဂမုန်းကလည်းကိုယ်
တော်ကြီးဂမုန်းပဲဖြစ်တယ်။ ကဲ-ဒီညတော့
ပွဲကြီးပွဲကောင်း စောင့်ကြည့်ကြတာပေါ့ကွယ်။
ဒီညကစပြီးဘယ်သူသာတယ်။ဘယ်သူဘုန်းတန်ခိုး
ရှိတယ်ဆိုတာ ညလယ်မှာ တွေ့ကြပြီပေါ့။
ကပ္ပိယကြီးသည် ကျွန်တော်တို့ကို
ရှင်းလင်းပြောပြပြီးကိုယ်တော်ကြီးဂမုန်း
ကိုနံ့သာရည်များဖြင့် ရိုသေစွာပက်ဖြန်း
ပေးခြင်း၊ အမွှေးနံ့သာ ဆွတ်ဖျန်းခြင်း
အမွှေးတိုင် ဖယောင်းတိုင်ထွန်းခြင်း၊
ဂါထာမန္တန် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ကို
စည်းစနစ်ကျန စွာ လုပ်ဆောင်သွား
ပေရာ ကျွန်တော်တို့မှာ ကြည်နူးခြင်း၊
အားတက်သရောဖြစ်ခြင်းဖြစ်ကြပေရာ
ရင်ဆိုင်ရတော့မည့် ညကာလကို မျှော်
မှန်းရင်ခုန်နေမိပေသည်။
“ကဲ-ဟိုဘက်ကမ်းက ရှင်ပြုဖိတ် ထားတယ်။
ငါတို့သုံးယောက် ချီတက် ကြစို့ရဲ့။ ညနေ
စောင်းတော့ ပြန်လာကြ တာပေါ့ကွယ်။
ခုပဲ-၁ဝ နာရီကျော်နေ
“ဟုတ်ကဲ့” ”ဟုတ်ကဲ့- အဘ”
ညနေစောင်းသည်နှင့် ကျွန်တော်
တို့သုံးဦး ခြံထဲသို့ ပြန်လာကြသည်။
ကပ္ပိယကြီးက ထပ်မံ၍ မင်းသားကြီး
အပင်ကို နံ့သာရေလောင်းကာ အမွှေး
တိုင်၊ အလင်းတိုင်များ ထပ်မံပူဇော်
သည်။ တောဘီလူးဂမုန်းကိုတော့ မည်
သည့်ပူဇော်ပသခြင်းမှမပြုလုပ်ဘဲနေပူ
ထဲတွင် မနက်တည်းက ပစ်ထားခဲ့ရာ
ဆက်၍ မရွှေ့မပြောင်းဘဲ ထားလေ
သည်။ရွတ်ဖတ်ပူဇော်မှုပြီးစီးသွားသော
အခါ ကပ္ပိယကြီးသည် ကျွန်တော်တို့
နှစ်ယောက်ကို အရေးတကြီး ခေါ်ယူ
ပြသလေသည်။
“ဒီမှာ – ကြည့်စမ်း၊ ဒီမှာ- ကြည့်ကြ ဟေ့။
တောဘီလူးဂမုန်းထင်ထင်ရှားရှား
ပြနေပြီကွ၊ သူ့အရွက်တွေကိုကြည့်စမ်း။
လေမတိုက်ဘဲနဲ့ တဆတ်ဆတ် တဖျပ် ဖျပ်
တုန်ခါနေတာ တွေ့ပြီ မြင်ပြီမဟုတ်လား”
မှန်ပေသည်။ တောဘီလူး ဂမုန်း ပင်အရွက်
များသည် လေမတိုက်ပါဘဲလျက် နေရောင်
အောက်တွင် တစ်စုံ တစ်ယောက်ကကိုင်၍
ခါလှုပ်နေသလိုတဆတ်ဆတ် တုန်နေခြင်း
ပင်တည်း၊ မင်းသားကြီးဂမုန်းကတော့အနည်းငယ်
မျှလှုပ်ခတ်တုန်ခါခြင်း မရှိပေ။ ကျွန်တော်သည်
ကပ္ပိယကြီးဦးထူး ကိုလှမ်း၍ကြည့်လိုက်ကာ..
“ဒီတောဘီလူးဂမုန်းတော့ ဒေါသ ထွက်နေပြီ
ထင်တယ်။ တုန်ခါနေတာဦးထူးသည်
ဆေးပြင်းလိပ်ကို တစ် ရှိုက်ဖွာကာ ရယ်မောလိုက်သည်။
“ဟား- ဟား- ဟား-ဒေါသထွက်
နေတာ မှုတ်ဖူး – မောင်ဝင်းဆွေရေ၊
ကြောက်လို့ တုန်နေတာ။ ကြောက်လို့
တုန်နေတာကွယ့်။ ညကျရင် သူရင်ဆိုင်
ရမယ့် ပြဿနာကြီးကို တွေးပြီး ပြေး
ပေါက်ရှာတုန်လှုပ်နေတာကွယ့်”
ကျွန်တော်နှင့် ကိုအုန်းကြိုင်သည်
အံ့ဩတကြီး ပါးစပ်အဟောင်းသားနှင့်
ဖြစ်ရသည်။ရုက္ခလောကသည် သည်လို
ထူးဆန်းလှသည့် သဘာဝလွန်ဖြစ်ရပ်
တွေလည်းရှိပါသေးလားဟု ယုံကြည်ရ
ခက်လှစွာဖြင့် အတွေးအိမ်ထဲမှာ ချာချာ
လည်နေရခြင်းဖြစ်ပေသည်။
ကျွန်တော်တို့သည် ညဘက်တွင်
တွေ့ကြုံရင်ဆိုင်ရမည့်အခြေအနေ တစ်
ရပ်ကိုယခုတည်းကပင်ကြိုတင်မျှော်မှန်း
တွေးဆကာ ရင်ခုန်နေမိကြပေသည်။
ညအမှောင်ထုကား မြင်းအိုကြီး တစ်ကောင်
ရွေ့လျားရုန်းကန်နေသလို
နှေးကွေးလေးလံစွာ ဆက်လက်ရွေ့
လျားနေသည်။ပတ်ဝန်းကျင်အမှောင်ထု
သည် ကြောက်မက်ဖွယ် တိတ်ဆိတ်စွာ
ငြိမ်သက်နေသည်မှာ မကြာခင် ဖြစ်ပွား
တော့မည့် အရေးအခင်းတစ်ခုကိုစောင့်
ကြည့်နေသကဲ့သို့ ရှိသည်။ လေသည်
ငြိမ်သက်လျက်ရှိသည်။ တစ်ခါတစ်ရံ
သာ တောအုပ်ကိုဖြတ်၍ တိုးတိတ်စွာ
ပျံသန်းနေသော ညပျော်ငှက်တစ်
ကောင်တလေသာရှိသည်။ တိတ်ဆိတ်
မှုဟူသည် ဟောဒီနွေတစ်ညအတွက်
တစ်ကမ္ဘာလုံးမှာရှိသော တိတ်ဆိတ်မှု
တွေကို ဖိတ်ခေါ်ယူထားသကဲ့သို့ရှိပြီး
ကျွန်တော်တို့ကိုရင်ခုန်လှုပ်ရှားမှုတွေနဲ့
ဆန့်ကျင်ဘက် စည်းဝါးတစ်ခုကိုပဲ ပံ့ပိုး
နေသကဲ့သို့ ရှိသည်။ စိုးထိတ်သော
အာရုံသစ်တစ်ခုသည် ကျွန်တော်တို့
စောင့်ကြည့်နေမှုကို စားသောက်ပစ်
တော့မှာလား။ မကြာခင် ဖြစ်ပေါ်တော့
မည့် စီးချင်းထိုးတိုက်ပွဲတစ်ခုကို အမှန်
ပင် မြင်လိုလှပါပြီ။
ကျွန်တော်တို့သုံးယောက်အမှောင်
ထုထဲမှ တိတ်ဆိတ်စွာထိုင်ရင်း ရင်ခုန်
နေရသည်မှာ ကမ္ဘာပေါင်းများစွာ ကြာ
မြင့်သွားပြီဟုထင်မှတ်နေမိသည်။ကျွန်
တော်သည် အတွေးစကိုဖြတ်ကာစားပွဲ
ပေါ်တင်ထားသော ဓာတ်မီးကို လှမ်း၍
ယူရင်း အိမ် ရှေ့လရောင်အောက်ဆီသို့
လှမ်းကြည့်လိုက်စဉ်မှာပင် တံစက်မြိတ်
အောက်မှအိပ်တန်းတက်နေသောငှက်
တစ်ကောင်၏“ဂစ်”ခနဲဟူသောအလန့်
တကြား အော်သံနှင့်အတူ အမှောင်ထု
ထဲသို့ဝင်တိုးပျောက်ကွယ်သွားသံထွက်
ပေါ်လာသည်။ထိုငှက်၏အလန့်တကြား
အော်သံသည်သာတိတ်ဆိတ်နေသော
ပတ်ဝန်းကျင်၏ ငြိမ်သက်မှုကို ဖျက်ဆီး
လိုက်သောအသံဖြစ်ပေမည်။ထို့နောက်
အိမ်ရှေ့သရက်ပင်ကြီးဆီမှ အိပ်တန်း
တက် ငှက်များ၏ အလန့်တကြား မြည်
တွန်သံများ၊ တောင်ပံ တဖျတ်ဖျတ်ခတ်
သံများ၊ လူးလွန့်တိုးဝှေ့သံများ ခပ်ဝေး
ဝေး ခြံတစ်ခြံဆီမှ ခွေးတစ်ကောင်၏
ဝမ်းခေါင်းသံကြီးဖြင့် အူသံများသည်
ဆက်တိုက်ထွက်ပေါ်လာတော့သည်။
တစ်ခုသည်ချက်ချင်းဆူညံစွာပြောင်းလဲ
တိတ်ဆိတ်နေသော ကမ္ဘာကလေး
သွားခြင်း ဖြစ်သည်။
သို့တစေ-ထိုအသံများသည်
မကြာလိုက်ပါ။ တိခနဲ ရပ်တန့်သွားပြန်
သည်။ ထိုစဉ်…
“ဘုတ်- ဘုတ် – ဘုတ်”
“အွတ် – အွတ်” “ခွပ် – ခွပ်” ဟူသော
ကျယ်လောင်သောအသံ များ ထွက်ပေါ်
လာပြီး လူနှစ်ယောက်၏ တွန်းထိုးရိုက်
ပုတ်ရုန်းကန်သံများ ကြား လိုက်ရလေသည်။
တစ်စုံတစ်ယောက် က ရိုက်နှက်ထိုးပုတ်သဖြင့်
ကျန်တစ် ယောက်၏မချိမဆံ့အော်ဟစ်ညည်းညူ
သံမျိုး ဖြစ်သည်။
“မီးထွန်း- မီးထွန်း – မောင်ဝင်းဆွေ
မီးထွန်း၊ ဓာတ်မီးနဲ့ သွားမထိုးနဲ့”
ကပ္ပိယကြီး၏ လေသံဖြင့် ပြော
လိုက်သံအဆုံးတွင် ကျွန်တော်သည်
ဖယောင်းတိုင်မီးနှင့် ဂက်စ်မီးအိမ်ကို
ထွန်းညှိလိုက်ပါသည်၊ ကျွန်တော်တို့
အားလုံး၏ မျက်ဝန်းများ အိမ်ရှေ့မြေ
တလင်းရှိရုန့်ရင်းဆန်ခတ်ဖြစ်နေသော
နေရာသို့ ကြည့်လိုက်ကြရာ မြင်ကွင်း
ကား -ဧရာမယောက်ျားကြီးနှစ်ယောက်
သတ်ပုတ်နေကြခြင်းပင်တည်း။ အပေါ်အင်္ကျီဗလာ အသားမည်း
ပြောင် ပြောင်လူကြီးတစ်ယောက်သည်
မြေပြင်တွင် ဒူးတုပ်ပြားဝပ်နေပြီး သူ၏
အပေါ်မှအင်္ကျီအဖြူ လုံချည်တောင်ရှည်
ပုဆိုးအဝါဝတ်၍ ဆံပင်ရှည်ကို ခေါင်း
ပေါင်း ပေါင်းထားသော ဧရာမလူကြီး
တစ်ယောက်က ပိုင်ပိုင်နိုင်နိုင် ခွစီးကာ
အောက်မှ ကျောပြောင်ကြီးကို အားပါး တရ
ဘယ်ညာတံတောင်များဖြင့် ထု ထောင်းနေခြင်းပင်တည်း။
“ဒုတ် – ဒုတ် – ဒုတ်”
“အွတ် – အွတ် – အွတ် – အီး” အပေါ်က
ဖြူဖြူပုဂ္ဂိုလ်ကြီးက အောက်မှ မည်းမည်းသဏ္ဌာန်ကြီးကို
ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထုထောင်းနေ
ခြင်းမှာ ဆင်နှင့် ဆိတ်ယှဉ်ပြိုင်ထိုးသတ်
နေသကဲ့သို့ တစ်ဖက်သတ် ဆန်လှပါ
သည်။အောက်မှမည်းမည်းကျောပြောင်
ခေါင်းတုံးနှင့်လူကြီးမှာတစ်ချက်ကလေး
မျှပင် ပြန်၍ မခုခံမတုံ့ပြန်နိုင်ရှာပေ။
အောက်ကလူကအတင်းရုန်း၊ အပေါ်က
တအင့်အင့်နှင့်သာ အော်နေရသည်။
ပုဂ္ဂိုလ်က အတင်းဖိကာ မလွှတ်တမ်း။
“အောက်ကတော့မချိမဆံ့ကိုခံနေ
ရပြီကိုဝင်းဆွေ”
“ဟုတ်တယ် – ကိုအုန်းကြိုင်ရေ။ အပေါ်က
မင်းသားကြီးဗျ။ အောက်က ကျောပြောင်
ခေါင်းတုံးကြီးက တော ဘီလူးဗျ၊ အလူးအလဲ
ခံနေရပြီ” “ဟုတ်တယ်ဗျို့- ကြည့်လို့တော့
မြိန်သဗျ။မင်းသားကြီးကဘယ်ပြန်ညာ
ပြန် ထောင်းထုနေလိုက်တာများစိန်ဗေဒါကြီး
ပတ်ဝိုင်းတီးနေသလား မှတ်ရတယ်ဗျို့”
“ဟုတ်ပ – ကိုအုန်းကြိုင်ရေ၊ မရှု
မလှပဲဗျ။ တော်တော်နိုင်တာပဲကွယ့်။
ဟော-ဟော- အပေါ်က အလျှော့ပေး
လိုက်တယ် ထင်တယ်။ အောက်တော
ဘီလူးကုန်းထလာပြီ – ကုန်းထလာပြီ”
လရောင်ဖွေးဖွေးအောက်တွင် ဧရာမ
လူကြီးနှစ်ယောက်၏ ရုန်းကန်မှု နှင့်အတူ
တစ်ဖက်သတ် ထိုးကြိတ်ထု ထောင်းမှုက
အခြေအနေတစ်ရပ်သို့ ပြောင်းလဲသွားလေသည်။ တောဘီလူး
ကောင်ကြီးသည် အတင်းကုန်းရုန်းထ
ကာ ဖျပ်ခနဲ ကြုံးထလိုက်ပြီး လူတစ်ရပ်
ကျော်ကျော်ခြံစည်းရိုးသဖွယ်စိုက်ထား
သောဆန်ကွဲပန်းချုံကိုလွှားခနဲခုန်ကျော်
ကာ ခြံအပြင်ဘက်ဆီသို့ ထွက်ပြေး
လွတ်မြောက်သွားလေသည်။
တောဘီလူးကောင်ကြီးသည်ရွာ၏
အနောက်မြောက်ဘက်ရှိ သင်္ချိုင်းရှိရာ
သို့ကမူးရှူးထိုးထွက်ပြေးလွတ်မြောက်သွားခြင်းပင်။
ထိုအခါ မင်းသားကြီးသည် ပြောင်
လက်နေသောဓားရှည်ကြီးကိုဆွဲယူကာ
ဆယ်ပေခန့်မြင့်သော အုန်းပင်တန်းကို
အသာအယာပင် ပေါ့ပါးစွာ လွှားခနဲ ခုန်
ကာ တောဘီလူး ထွက်ပြေးရာနောက်
ဆီသို့ ပြေးလိုက်သွားလေသည်။ ကပ္ပိယ
ကြီးဦးထူးသည်တစ်ချက်မျှ ပြုံးကာ
ဦးခေါင်းကိုအဓိပ္ပာယ်ပါပါညိတ်
လိုက်သည်။ ကျွန်တော်တို့မှာ ပြန်လည်
တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်ကို
ငေးမောကြည့်ရှုရင်း ထူးဆန်းသောဖြစ်
ရပ်များ ဖြစ်ပျက်သွားခဲ့သည့် ပတ်ဝန်းကျင်
ကိုသာ မေးခွန်းပေါင်း မြောက်မြား စွာနှင့်
စိုက်ကြည့်နေကြရင်း ရေငုံနှုတ် ပိတ်ငြိမ်သက်နေကြပေသည်။
ထိုအခါ အခင်းဖြစ်ပွားစဉ်က ရုတ် တရက်
ငြိမ်သက်တိတ်ဆိတ်သွားကြ သော
ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင်
ဝမ်းနည်းပက်လက်ဟန်ဖြင့် အူသံ၊ အိပ်
တန်းတက် ငှက်ကလေးများ၏ စိုးစိုးစီစီ
မြည်သံ၊ ဟိုးခပ်ဝေးဝေး ခြံထောင့်မှ မြွေ
တစ်ကောင်၏တွန်သံတို့သည် ခပ်သာ
သာထွက်ပေါ်လာပြီးပြန်လည်တိတ်ဆိတ်
ငြိမ်သက်သွားလေသည်။ မည်သည့်
အရာမျှအလှုပ်အရှားမရှိတော့ပေ။
လရောင်ကတော့ ဣန္ဒြေကြီးစွာ
ဖြင့်သစ်ရွက်တွေပေါ်ဖွနင်းကာညင်သာစွာ
လျှောက်လှမ်းနေဆဲ။ လေပြည်ပင်
အရှက်သည်းသော ကောင်မလေး တစ်
ယောက်လို တိတ်ဆိတ်ငြိမ်သက်နေပေသည်။
ကျွန်တော်တို့သုံးယောက်သည် မေးခွန်းတချို့
ကို နားလည်သဘော ပေါက်ဟန် ဖြင့်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
ထွန်းညှိထား သော မီးအိမ်နှင့် ဖယောင်းတိုင်ကို
ညင် သာစွာ ငြိမ်းလိုက်ပါသည်။ အခန်းကလေး
သည်အိမ်ရှေ့လရောင်အရှိန်ဖြင့် လင်းရှင်းနေပါသေးသည်။

Zawgyi Version

” မ်က္စိတစ္ဖက္မွိတ္ေတာဘီလူး “(စ/ဆုံး)
——————————————-

အေရွ႕ေျမာက္ဘက္တြင္ အုတ္ဂူ
ေဖြးေဖြး၊ ေျမပုံမို႔မို႔တို႔သည္ သခၤါရတရား
တို႔ျဖင့္ ထုံမႊန္းကာ ၿငိမ္သက္တိတ္ဆိတ္
ေနေလေသာသခ်ႋဳင္းေျမ။ကြၽန္ေတာ္ႏွင့္
ခိုင္သည္ ၿခံစပ္အဆုံးထိ ေလွ်ာက္သြား
ကာမ်က္စိတစ္ဆုံးက်ယ္ေျပာလွေသာ
လယ္ကြင္းျပင္ႏွင့္တကြ သဘာဝရႈခင္း
မ်ားကို တရႈိက္မက္မက္ ၾကည့္ရႈေပး
ေမာကာ ဆြတ္ပ်ံ႕ေသာေလကို ရႉရႈိက္
ေနၾကေသာ္လည္းေနအိမ္သို႔ျပန္လွည့္
ရန္ သတိေတာ့ ရွိၾကသည္။
ကြၽန္ေတာ္၏ဇနီးခိုင္သည္ရန္ကုန္
ၿမိဳ႕သူျဖစ္ကာ သည္လိုစိတ္လြတ္ ကိုယ္
လြတ္ နားေအးလွေသာ၊ ဆူညံသံကင္း
လွေသာေက်းေတာ႐ြာမ်ားသို႔ အလည္
သြားေလ့သြားထ မရွိသျဖင့္ ကြၽန္ေတာ္
က ပထမဦးဆုံး ေက်းလက္သို႔ ေခၚ
ေဆာင္လာခဲ့ျခင္းပင္။ ေက်းလက္ဆို
ေသာ္လည္း ကြၽန္ေတာ္၏ မိဘမ်ားပိုင္
ဆိုင္ေသာ ဘိုးဘြားပိုင္ အေမြခံဟု ဆို
ရေပမည္။ေပႏွစ္ရာေက်ာ္ပတ္လည္ခန႔္
သစ္ပင္မ်ားျဖင့္ က်ယ္ဝန္းေသာ ၿခံေျမ
ထဲတြင္ ခိုင္ခန႔္ေသာ ပ်ဥ္ေထာင္အိမ္
ေသးေသးကေလးကျမစ္ျပင္ကိုမ်က္ႏွာ
မူကာေဆာက္လုပ္ထားျခင္းျဖစ္ရာအၿမဲ
တေစလႈိင္းပုတ္သံ၊ေလတိုးသံကိုၾကား
ေနရတတ္သည္။တစ္႐ြာလုံးသည္ေဆြ
ရိပ္မ်ိဳးရိပ္မကင္းၾကေပရာကြၽန္ေတာ္တို႔
ၿခံ၏လက္ဝဲဘက္တြင္ အဘြား၏ေမာင္
ပိုင္ဆိုင္ေသာၿခံရွိသည္။အေရွ႕ဘက္တြင္
ကြၽန္ေတာ္၏ႏွမဝမ္းကြဲႏွင့္သူ၏မိသားစု
ေနထိုင္သည္။ ေဆြရိပ္မ်ိဳးရိပ္မကင္းၾက
သူေတြခ်ည္းပင္၊ ေဆြမ်ိဳးေတြလက္ညႇိဳးထိုးမလြဲေပ။

ညေနခင္းေနျခည္သည္ တစ္စ တစ္စမႈန္
ဝါးကာ အေမွာင္ရိပ္သမ္းလာ သည္။
ေလျပည္ခ်ိဳသည္ အရွိန္ေသခါစျမားတစ္
စင္းလို ေႏွးေကြးေလးလံလာ သည္။
ဆြတ္ပ်ံ႕ေသာ ေလျပည္ကေတာ့
သာသာဆဆ တိုက္ခတ္ေနၿမဲ။ ကြၽန္
ေတာ္သည္တျဖည္းျဖည္းအလင္းေရာင္
ေပ်ာက္လာေသာပတ္ဝန္းက်င္ကိုအကဲ
ခတ္ရင္းဟိုး – ေဝးေဝးသခ်ႋဳင္းေျမဆီသို႔
လက္ညႇိဳးၫႊန္ကာ …
“ခိုင္ေရ- အဲဒီသခ်ႋဳင္းမွာ ကိုယ္တို႔
အဘိုး၊အဘြားေတြ၊ဒီ႐ြာပတ္ဝန္းက်င္က
ေဆြမ်ိဳးအေပါင္းအသင္းေတြကို ျမႇဳပ္ႏွံ
တဲ့ေနရာေပါ့ခိုင္။ ၿငိမ္းခ်မ္းစြာ ထာဝရ
အိပ္စက္ေနက်တဲ့ ေနရာေပါ့”
ခိုင္သည္ မ်က္စိမ်က္ႏွာပ်က္ကာ ကြၽန္
ေတာ့္ရင္ခြင္ထဲ တိုးဝင္လာသည္။
“အစ္ကိုကလဲ–ညေနဘက္ေနဝင္
ရီတေရာႀကီးမွာ မဦးမခြၽတ္၊ နမိတ္မရွိ၊
နမာမရွိ ခိုင္ ေၾကာက္တယ္၊ ႐ြာကို ခုမွပဲ
ေရာက္တယ္။ ခ်က္ခ်င္း ျပန္မွာေနာ္”
“ဟား-ဟား-ဟား– – ဘာေၾကာက္
စရာ လိုသလဲကြယ္၊ လူေသေတြထက္
လူရွင္ေတြကိုေၾကာက္ရမွာခိုင္ရဲ႕၊ကိုယ္
တို႔ ၿခံေဘးက ကိုယ့္အဘိုးေလးဆိုရင္
တကယ္ လူဆိုးလူေပ လူ႐ြတ္ႀကီးကြ၊
သရဲနဲ႔နပန္းလုံးဖူးတယ္။ သခ်ႋဳင္းကုန္းက
အစိမ္းေသ ေသတဲ့အုတ္ဂူမွာ တစ္ည
အိပ္အေလာင္းအစားလုပ္တယ္။အစ္ကို
တစ္ဝမ္းကြဲဆိုရင္ …” “ေတာ္ပါေတာ့ – ကဲ”
ခိုင္သည္ အလန႔္တၾကားျဖင့္ ကြၽန္ ေတာ္၏
ပါးစပ္ကို အတင္းပိတ္ေလ သည္။အမွန္ပင္
ခိုင္သည္ေၾကာက္လန႔္ ေနသည္။တုန္ယင္
ေနေသာသူ၏လက္ကေလးေတြက သက္ေသျပေနသည္။
“ကဲပါကြယ္ – မေျပာေတာ့ပါဘူး” ကြၽန္ေတာ္
တို႔ ၿခံစပ္မွ ေနအိမ္ရွိရာ သို႔ ခပ္သြက္သြက္
ေလွ်ာက္လာၾကေပသည္။ အေမွာင္သည္
လ်င္ျမန္စြာ ခ်င္းနင္းက်ေရာက္လာသည္။
ၿခံလယ္ရွိ ေနအိမ္ကေလးသည္ မႈန္ရီပ်ိဳးစ
ညေနခင္းေအာက္တြင္ ၿငိမ္သက္တိတ္ဆိတ္လ်က္…
“ခိုင္ – ေႁမြပါး ကင္းပါးေနာ္။ သိပ္
အလ်င္မလိုနဲ႔ – ျဖည္းျဖည္း”
မွန္ေပသည္။ သည္အရပ္က ေႁမြ
ဆိုးေပါသည္၊ အႏၲရာယ္မ်ားသည္။ကြၽန္
ေတာ္တို႔ ၿခံထဲ ဝင္ေရာက္ေတာ့ ေမွာင္
ေပၿပီ။အဘိုးေလးၿခံကိုလွမ္းၾကည့္ေတာ့
အိမ္ကို ျမင္ေနရေသာ္လည္း မီးေရာင္
မေတြ႕ရေပ။ၿခံေစာင့္ကေတာ့ၿခံေထာင့္ရွိ
တဲတြင္ရွိေပလိမ့္မည္။ ကြၽန္ေတာ္တို႔႐ြာ
ကေလးကို ေရာက္သည္မွာ မနက္ပိုင္း
ကပင္ ျဖစ္သည္။ ေဆြမ်ိဳးေတြကို လက္
ေဆာင္ေတြေပးရင္း လိုက္လံႏႈတ္ဆက္
ၾကရာတြင္ အဘိုးေလးေနအိမ္တြင္ မရွိ
ေပ။မိသားစုတစ္ခုလုံးဖားအံရွိသမီးႀကီး
ထံသို႔ အလည္အပတ္ သြားေရာက္ၾက
သည္မွာ (၁၀) ရက္ခန႔္ရွိၿပီဟု ေျပာၾက
သည္။ ၿခံေစာင့္ေတာ့ ေနရစ္ခဲ့သည္။ ၿခံ
ေစာင့္ကလည္း ညဘက္တြင္ ႐ြာထဲျပန္
အိပ္သည္။ ထို႔ေၾကာင့္ အဘိုးေလးၿခံ
သည္ေမွာင္မည္းကာမီးေရာင္မျမင္ရဘဲ
တိတ္ဆိတ္ေနျခင္း ျဖစ္သည္။ “ခိုင္ –
မေၾကာက္နဲ႔ေနာ္”ဘူး”
“အစ္ကို ရွိသားပဲ – မေၾကာက္ပါ
မေၾကာက္ပါဘူးေျပာေသာ ခိုင္၏ အသံ
သည္မသိမသာတုန္ယင္ေနသည္။
ခိုင္ ေၾကာက္မည္ဆိုကလည္း ေၾကာက္
စရာပင္။ တစ္အိမ္ႏွင့္တစ္အိမ္တစ္ေမွ်ာ္
တစ္ေခၚေဝးကြာကာ သစ္ပင္ေတြျဖင့္
သာ အုံ႔ဆိုင္းတိတ္ဆိတ္ေနသျဖင့္
ေၾကာက္မည္ဆိုကေၾကာက္ေပမည္၊ၿပီး
ေတာ့ကြၽန္ေတာ္တို႔အိမ္တြင္ကြၽန္ေတာ္
ႏွင့္ခိုင္သာရွိသည္။က်န္အခ်ိန္မ်ားတြင္
တံခါးပိတ္ထားကာရံေစာင့္သာရွိသည္။
ယခုေတာ့ၿခံေစာင့္ကလည္းကြၽန္ေတာ္
တို႔ ေရာက္လာသျဖင့္ ႐ြာထဲရွိ ဘုန္းႀကီး
ေက်ာင္းဘက္ ထြက္သြားသည္။ မနက္
ျဖန္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ရွင္ျပဳ
အလႉရွိသည္။ဝိုင္းလုပ္ဝိုင္းစားကုသိုလ္ယူ။
ကြၽန္ေတာ္တို႔သည္ ပါလာေသာ ဂက္စ္မီးအိမ္၊
ဖေယာင္းတိုင္တို႔ကို တစ္ခန္းလုံး လင္းေအာင္
ထြန္းလိုက္ၾကသည္။ ဤအိမ္ႀကီးတြင္
ကြၽန္ေတာ္တို႔ႏွစ္လခန႔္ အနားယူ ေနထိုင္ၾကရေပမည္။
“ဒီအိမ္ႀကီးထဲမွာ ကိုယ္နဲ႔ ခိုင္နဲ႔ပဲ
ေနာ္။ အင္း-တစ္လေက်ာ္ေက်ာ္ အနား
ယူၾကရဦးမွာကြာ၊ ေပ်ာ္စရာေကာင္း
တယ္ – ခိုင္ရဲ႕။ ခိုင္ေကာ မေပ်ာ္ဘူးလားဟင္”
ခိုင္ကေခါင္းညိတ္သည္။ေတာက္ပစြာၿပဳံးပါသည္။
“႐ြာကေလးက သိပ္သာယာတာပဲ ေနာ္-
အစ္ကို။ ဆန္ေရစပါးေပါ၊သားငါး
ဆိုတာ လတ္လတ္ဆတ္ဆတ္၊ သီးႏွံ
ေတြဆိုလည္း လတ္လတ္ဆတ္ဆတ္ပဲေနာ္”
ေရာက္ေရာက္ခ်င္း ႐ြာထဲရွိ ေရး တန္းကို
ေရာက္ရွိသြားသျဖင့္ ခိုင္က ေက်နပ္သ
ေဘာက်ေနျခင္း ျဖစ္သည္။ ကြၽန္ေတာ္တို႔
အိပ္ရာဝင္ၾကေတာ့ ျမစ္ ျပင္ရွိ ေရလႈိင္းပုတ္သံ၊
ၿခံထဲရွိ သစ္ပင္ ေတြကို ေလတိုးသံ သဲ့သဲ့ၾကားေနရ
သည္။ ၿပီးေတာ့ – ေတာေကာင္ကေလး မ်ား၏ေျခသံ။
ညသည္ေအးခ်မ္းလွပစြာေ႐ြ႕လ်ား
ေနသည္။ ထိုညက လသာေလသည္။
ကြၽန္ေတာ္ဖ်တ္ခနဲအိပ္ရာမွႏိုးသြား
သည္။ ကြၽန္ေတာ္၏အသိအာ႐ုံထဲသို႔
႐ုတ္တရက္ ဝင္လာေသာ ေပါက္ကြဲသံ
မ်ားေၾကာင့္ အသိအာ႐ုံႏွင့္ ခႏၶာကိုယ္
လြင့္စဥ္သြားကာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္
ေနရာမွ လန႔္၍ ႏိုးသြားျခင္းပင္။ စိတ္
အေႏွာင့္အယွက္ျဖစ္သြားမိသည္။
အသံလာရာသို႔ နားစြင့္လိုက္မိ သည္။
ဂလုံဂလြမ္ဟူေသာအသံတစ္သံ
ေနာက္ဆက္တြဲထြက္ေပၚလာျပန္သည္။
ဘာသံပါလိမ့္၊ ကြၽန္ေတာ္တို႔ အိမ္ထဲ
ကေတာ့မဟုတ္ေပ။အသံသည္ဘေထြး
ဦးေအာင္ထြန္းတို႔ ၿခံထဲေနအိမ္မွထြက္
ေပၚလာေသာအသံေတြျဖစ္ႏိုင္ေျခရွိေပ
သည္။ ဘေထြး ျပန္ေရာက္လာေလၿပီ
ေလာ။ မျဖစ္ႏိုင္၊ ဘေထြးသည္ ဖားအံ
တြင္ ရက္ၾကာၾကာေနထိုင္ဦးမည္ဟု
သိ ထားသည္။ ၿခံေစာင့္ ကိုအုံးႀကိဳင္ေပ
ေလာ။သူသည္အရက္မူးမူးျဖင့္အိုးခြက္
ေတြကို ေပါက္ခြဲေနျခင္းေပေလာ၊
“ဝုန္း”
“ခ်လြတ္”
႐ုတ္တရက္ျမည္ဟည္းသြားေသာ
ေပါက္ခြဲလိုက္သံေၾကာင့္ေဒါသႏွင့္ယွဥ္
ေသာ အသိစိတ္ျဖင့္ အိပ္ေနရာမွ ကြၽန္
ေတာ္ ထထိုင္လိုက္သည္။ ခိုင္ထံမွ
ညည္းညဴသံတစ္ခ်က္ႏွင့္ ေ႐ြ႕လ်ားသံ
တစ္ခ်က္ၾကားလိုက္ကာ ျပန္လည္ၿငိမ္
သက္သြားသည္။ကြၽန္ေတာ္သည္ခုတင္
ေပၚမွ အသာေလွ်ာဆင္းကာ စားပြဲေပၚမွ
ဖေယာင္းတိုင္ကို ထြန္းညႇိသည္။ ခိုင့္ကို
ၾကည့္ေတာ့ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနေပ
ၿပီ။ လြတ္လပ္ေပါ့ပါး စြာ အိပ္ေပ်ာ္ပါေစေတာ့
ကြၽန္ေတာ္သည္ လက္ႏွိပ္ဓာတ္မီးကိုအ
သာအရာ ဆြဲယူကာျပတင္းေပါက္ ဆီသို႔
ေ႐ြ႕လ်ားလိုက္ၿပီးအသာဖြင့္လိုက္ သည္။
ေလစိမ္းေတြက ကြၽန္ေတာ္၏
မ်က္ႏွာကို ပြတ္တိုက္က်ီစယ္ေ႐ြ႕လ်ား
သြားသည္၊ တစီစီျမည္ေနေသာ ပုရစ္၊
ေတာေကာင္ကေလးမ်ား၏ အသံႏွင့္
အတူလေရာင္သည္႐ႊန္းျမစြာ သာကာၿခံ
ထဲသို႔ ဣေျႏၵရစြာျဖာဆင္းေနေပသည္။
ကြၽန္ေတာ္သည္ အဘိုးေလး၏ ၿခံထဲသို႔
စူးစိုက္ၾကည့္ကာ အသံေတြလာရာကို
ရွာေဖြေနမိသည္။ သစ္ရိပ္ၾကားမွလတြင္
အမႈန္အစက္ေတြက ေျမျပင္မွာ..
အဘိုးေလး၏ အိမ္သည္ တိတ္ ဆိတ္ၿငိမ္
သက္ကာ ေမွာင္မည္းလ်က္။
မည္သည့္လႈပ္ရွားမႈမွ မေတြ႕ရ။ ၿခံေစာင့္
ကိုအုံးႀကိဳင္၏ အရိပ္အေရာင္လည္း
မေတြ႕ရေပ။လေရာင္ေအာက္တြင္ ၿငိမ္း
ခ်မ္းစြာ ၿငိမ္သက္ေနေပသည္။ ကြၽန္
ေတာ္သည္ ေစာေစာက အသံေတြ
ေၾကာက္ခမန္းလိလိ ဝုန္းဒိုင္းႀကဲ ထြက္
ေပၚေနေသာ အိမ္ဆီသို႔ ဇေဝဇဝါအသိ
ျဖင့္ စူးစမ္းၾကည့္ေနမိသည္။ အံ့ဩစရာ
ပင္။ အသံေတြ ၿငိမ္သက္တိတ္ဆိတ္
လြန္းလွသည္။ကိုအုံးႀကိဳင္သည္အရက္
မူးမူးႏွင့္ေပါက္ခြဲကာတစ္ေနရာသို႔ထြက္
သြားေလၿပီေလာ။ကြၽန္ေတာ္သည္အသံ
ေတြ ျပန္လည္ထြက္ေပၚလာထြက္ေပၚ
ျငားတိတ္ဆိတ္စြာ ေစာင့္ၾကည့္ေသာ္
လည္းမည္ သည့္အသံမ်ားမွ ထြက္ေပၚ
မလာေတာ့ ေပ။ ထို႔ေၾကာင့္ ျပတင္းေပါက္တံခါးကို
ျပန္ပိတ္ကာ အိပ္ရာဆီသို႔ ၿငိမ္သက္
တိတ္ဆိတ္စြာ ျပန္ေရာက္လာသည္။
ေၾကာက္မက္ဖြယ္လေရာင္သည္ တိတ္
ဆိတ္ျခင္းအသံျဖင့္ ဆက္လက္ ေ႐ြ႕လ်ားေနေလသည္။
ကြၽန္ေတာ္ႏွင့္ ခိုင္သည္ မနက္မိုး
လင္းကတည္းကပင္ ႐ြာထဲရွိ ေဆြမ်ိဳး
ေတြအိမ္သို႔ ေရာက္ရွိေနၾကေပၿပီ။ ခိုင္
ကေတာ့ ႐ြာထဲရွိ ကြၽန္ေတာ္၏ ဝမ္းကြဲ
အစ္မ၊ ႏွမမ်ားႏွင့္ ငယ္ေပါင္းႀကီးေဖာ္
မ်ားပမာရယ္စရာေမာစရာမ်ားျဖင့္ေပ်ာ္
႐ႊင္ေနၾကေပၿပီ။ခိုင္ဆိုေသာမိန္းကေလး
သည္ သူတစ္ထူးကို အတိုက္အခံမလုပ္
သည္သာမက လိုက္ေလ်ာညီေထြ ေန
တတ္ေသာသူ ျဖစ္ေပရာ ကြၽန္ေတာ္၏
ေဆြမ်ိဳးသားခ်င္းမ်ား၊ ႐ိုသားလွေသာ
ဝမ္းကြဲညီမမ်ားႏွင့္ အဆင္ေျပလိုက္
ေလ်ာ ညီေထြရွိသည္မွာ မဆန္းၾကယ္
လွပါေပ။
႐ြာကေလးသည္ ဧရာဝတီတိုင္း၏
ၿမိဳ႕နယ္ႏွစ္ခုျဖစ္သည့္ က်ိဳက္လတ္ႏွင့္
ဖ်ာပုံ ဆက္စပ္ေနေသာ နယ္နမိတ္႐ြာ
ကေလးျဖစ္သျဖင့္ စည္ကားသည္။ ထို႔
အတူ ဧရာဝတီ သေဘၤာႀကီးမ်ားလည္း
ဆိုက္ကပ္တတ္ေပရာ ရန္ကုန္ၿမိဳ႕ႏွင့္ေန႔
စဥ္ဆက္သြယ္မႈ ရွိသည္။ ကလရပ္႐ြာ၊
ရွမ္းကြင္းႀကီး၊ ဂ်ိဳဝါ စသည့္႐ြာမ်ားသည္
ျမစ္ကမ္းနံေဘး ႐ြာစဥ္႐ြာတန္းမ်ား ျဖစ္
သည္။ ကြၽန္ေတာ္တို႔ ေရာက္ရွိေနခ်ိန္
သည္ ေတာင္သူလယ္သမားမ်ား၊ ၿခံ
သမားမ်ား၊ ေက်ာင္းသူေက်ာင္းသား
မ်ား လုပ္ငန္းခြင္အားလပ္ခ်ိန္ ျဖစ္သည္
သာမကႏွစ္စဥ္႐ြာဘုရားပြဲလည္းက်င္းပ
ေလ့ရွိရာစည္ကားေလ့ရွိသည္။ သၾကၤန္
၏ႏွစ္ဆန္းတစ္ရက္ႏွင့္ ႏွစ္ရက္ေန႔ကို
ဇာတ္ပြဲက်င္းပေလ့ရွိရာ မၾကာမီ စည္
ကားစြာ က်င္းပေပေတာ့မည္။ ထို႔အတူ
အလႉပြဲ၊ ရွင္ျပဳပြဲမ်ားလည္း ပါဝင္ၾကေပ
မည္။ကြၽန္ေတာ္သည္ ညဦးပိုင္းက ျဖစ္
ပ်က္သြားခဲ့ေသာ အျဖစ္အပ်က္မ်ားကို
ဇေဝဇဝါျဖင့္ မေက်နပ္ႏိုင္ေသးဘဲရွိရာ
ၿခံေစာင့္ကိုအုံးႀကိဳင္ကို ရွာေဖြရန္ ႐ြာ
လယ္ လက္ဖက္ရည္ဆိုင္သို႔ ထြက္လာ
ခဲ့ေလသည္။ ႐ြာလယ္လမ္းတြင္ေဆြမ်ိဳး
သဂၤဟမ်ားကို ေတြ႕ဆုံရာ မာေၾကာင္း
သာေၾကာင္း ႏႈတ္ဆက္ရေလသည္။
တစ္ဆက္တည္း ကိုအုံးႀကိဳင္ကိုျမန္းရာ
“ရွိတယ္ကြ – မနက္ေစာေစာက ေတာင္
ဘုန္းႀကီးေက်ာင္းမွာ ႐ြာအလႉ
တစ္ခုအတြက္ေရခပ္ေပးေနေသးတယ္။
ရွိမယ္ – ရွိမယ္။ ေအာ္- ဗြီဒီယို႐ုံေဘးက
လက္ဖက္ရည္ဆိုင္ ဘက္ ေလွ်ာက္
ၾကည့္ပါလား- ကိုဝင္းေဆြ”
“ဟုတ္ကဲ့ – ကြၽန္ေတာ္ သြားရွာ
ၾကည့္လိုက္ဦးမယ္”
ကြၽန္ေတာ္ ႐ြာလယ္ပိုင္းဆီသို႔
ဆက္၍ေလွ်ာက္လာမိသည္။ ေက်း႐ြာ
ကေလးသည္ လြန္ခဲ့သည့္ ႏွစ္ေပါင္း
(၃ဝ)ခန႔္ကႏွင့္ အေျခအေနခ်င္း လုံးဝ
ကြာျခားေနေပၿပီ။လြန္ခဲ့သည့္ႏွစ္ေပါင္း
မ်ားစြာကဆိုလွ်င္ ဤ႐ြာကေလးႏွင့္
ဆက္စပ္ၿမိဳ႕မ်ား၊ ႐ြာမ်ားသည္ ေရလမ္း
တစ္ခုတည္းသာ ရွိသည္။ တစ္႐ြာႏွင့္
တစ္႐ြာကူးသန္းသြားလာရာတြင္ လက္
ခတ္ေလွကေလးေတြကို အားျပဳအား
ထားခဲ့ရသည္။ တယ္လီဗီးရွင္းမဆိုထား
ႏွင့္ေရဒီယိုပင္တစ္႐ြာလုံးမွာႏွစ္လုံးမရွိ
ေပ။ ခုေတာ့ – အားလုံးေျပာင္းလဲသြားေပ
ၿပီ။လက္ခတ္ေလွေတြေပ်ာက္ကြယ္ကာ
အင္ဂ်င္သုံးစက္ေလွေတြ ျဖစ္ကုန္ၿပီ။
တီဗြီ၊ စေလာင္း၊ ႏိုင္ငံတကာသတင္း
ေတြ၊ ေဘာလုံးပြဲေတြ၊ စပိန္ပြဲ၊ အဂၤလန္ပြဲ၊
ဂ်ာနယ္ေတြ၊ စာေစာင္ေတြေရာက္ကုန္ၿပီ။
႐ုပ္ရွင္ေတြ၊ သီခ်င္းေတြ၊ ကာရာအို
ေကေတြ ျပန႔္ႏွံ႔စီးဝင္ေနၿပီ။ ကြၽန္ေတာ္သည္ ရင္းႏွီးကြၽမ္းဝင္
သူမ်ားကို ႏႈတ္ဆက္ရင္း ကိုအုန္းႀကိဳင္
ရွိမည္ထင္ရာကို လွည့္လည္ရွာေဖြေနမိသည္။
႐ြာလယ္ လက္ဖက္ရည္ဆိုင္
ေရာက္ေတာ့ အဆင္သင့္ပင္ ကိုအုန္း
ႀကိဳင္ကိုေတြ႕လိုက္ရသည္။ကိုအုန္းႀကိဳင္
သည္အသားညိဳညိဳ၊ အရပ္ပုပ်ပ္ပ်ပ္၊လူ
ဖလံကေလးသာျဖစ္သည္။ သို႔ေသာ္ –
ကြၽန္ေတာ္တို႔အဘိုးေလးဦးေအာင္ထြန္း
အေပၚေတာ့ အသက္ေပး၍ သစၥာရွိသူ
တစ္ေယာက္ဟု ဆိုရေပမည္။ ႐ိုေသ
ကိုင္းရႈိင္းသည္။ မခိုးမဝွက္၊ ႐ိုးသားသူျဖစ္သည္။
“ကိုဝင္းေဆြ – လာဗ်၊ ကြၽန္ေတာ္ခုပဲ
ဘုန္းႀကီးေက်ာင္းက ျပန္လာတာ။
ဒီေန႔ ရွင္ျပဳက သိမ္ဆင္းရွိတယ္ေလ။
ဆရာေတာ္ကေတာင္ ကိုဝင္းေဆြကို
ေမးေနေသးတယ္”
လက္ဖက္ရည္ဆိုင္သည္ ေျမစိုက္
တဲကေလးျဖစ္ေသာ္လည္း က်ယ္ဝန္း
သည္။ ကာရာအိုေက ရွိသည္။ ၿဂိဳဟ္တု
စေလာင္းတပ္ထားသည္။ ေတာ္ေတာ္
ေခတ္မီေနၿပီပဲ။ ကြၽႏ္ုပ္ ဝမ္းသာမုဒိတာ
ပြားမိသည္။
“ညကကိုအုန္းႀကိဳင္ ၿခံထဲမွာမအိပ္ဘူးေနာ္”
“ဟုတ္ပါရဲ႕- ကိုဝင္းေဆြေရ၊ အဘ
ခရီးသြားေနတုန္း ကြၽန္ေတာ္ ႐ြာထဲျပန္
အိပ္တာပါ။ ႐ြာစြန္မွာ ေနေပမယ့္ ကြၽန္
ေတာ္တို႔႐ြာက သူခိုးသူဝွက္ မရွိဘူးဗ်ိဳ႕။
ကိုဝင္းေဆြ စိတ္ခ်လက္ခ်သာ အိပ္ဗ်။
႐ြာက အိမ္ေတြ တဲေတြဆိုတာ တံခါးရွိ
တာမဟုတ္ဘူးဗ်ိဳ႕ကြၽန္ေတာ္ၿပဳံးလိုက္သည္။
“ဒါေပမဲ့ — ညက ဘေထြးေလး ၿခံ
ဘက္က အိမ္ထဲမွာ အသံေတြ ၾကားရ
တယ္ဗ်။ ေဒါသတႀကီး ေပါက္ကြဲပစ္
ေပါက္သံေတြ၊ ည ႏွစ္ခ်က္တီးေလာက္
ရွိမယ္။ ကြၽန္ေတာ္လန႔္ႏိုးသြားတယ္”
ကိုအုန္းႀကိဳင္သည္ အံ့ဩတႀကီး
မ်က္ႏွာျဖင့္ ေငးၾကည့္ေနရာမွ မ်က္ႏွာ
တစ္ခ်က္ ပ်က္သြားသည္ကို သတိျပဳမိ
လိုက္သည္။”ဟုတ္လား- ဘာသံေတြပါလိမ့္။
ကြၽန္ေတာ္က ႐ြာထဲ ေရာက္ေနတယ္ဆိုေတာ့….”
“မသိဘူး-အိမ္ထဲသူခိုးဝင္သလား
မွတ္ရတယ္။ ကြၽန္ေတာ့္ အမ်ိဳးသမီးမႏိုး
တာ ခပ္ေကာင္းေကာင္းပဲ။ ႏိုးရင္ သူ
ကေတာ့ေၾကာက္တတ္ေတာ့ ေၾကာက္
မွာ။ ကြၽန္ေတာ္ ထၾကည့္ေတာ့ ဘာမွ
မေတြ႕ရဘူးေလ။ လကလည္း သာေနတယ္”
ၿပဳံးေယာင္သမ္းေသာ မ်က္ႏွာျဖင့္
ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္ကာ
ကိုအုန္းႀကိဳင္က …
“အိပ္မက္ေယာင္တာေတာ့မဟုတ္ပါဘူးေနာ္”
“ဟာဗ်ာ- အသံေတြ ဆူညံလာလို႔
ကြၽန္ေတာ္လန႔္ႏိုးတာေပါ့”
“ဒါဆို – အိမ္ထဲက အိမ္ျပင္မထြက္
တာပဲ ေကာင္းမယ္။ သူခိုးေတာ့မဟုတ္
ေလာက္ပါဘူး။ ဘာမွမျဖစ္ပါဘူး။ကိုဝင္း
ေဆြ -စိတ္ခ်လက္ခ် ေနပါ။ ကြၽန္ေတာ္
ၿခံထဲလာပါဦးမယ္။ေတာ္ၾကာ –
သူ မရွိတုန္း ၿခံကို ပစ္ထားတယ္ ေျပာဦး
မယ္။ကိုဝင္းေဆြလည္းေရာက္လာတုန္း
ဆိုေတာ့ကြၽန္ေတာ္လာပါဦးမယ္။ေအာ္
ကိုဝင္းေဆြ၊ဒီမွာ ေပ်ာ္သေလာက္ေနဗ်။
႐ြာကေလးက သာယာလွပပါတယ္။
ခဏမို႔လို႔ အိပ္ရာအေျပာင္းအလဲ ျဖစ္
တာေနမွာပါ။ ဘာမွမျဖစ္ပါဘူး – စိတ္ထဲ
က ဘယ္လိုမွ မထင္ပါနဲ႔”
“ကြၽန္ေတာ္ကေတာ့ ဘာမွ မေၾကာက္ပါဘူး။
ခိုင္က အမ်ိဳးသမီးဆို ေတာ့ ေၾကာက္တတ္
တယ္ေလ၊ သူခိုး သူဝွက္မရွိရင္ ၿပီးတာပဲေပါ့။
ကိုအုန္းႀကိဳင္ရာ-ကြၽန္ေတာ္စိတ္ထင္လို႔လည္း
ျဖစ္ခ်င္ျဖစ္မွာေပါ့”ကြၽန္ေတာ့္စကားဆုံးေတာ့
ကိုအုန္း ႀကိဳင္က တဟားဟား ရယ္ေလသည္။
ထို႔ေနာက္ႏႈတ္ဆက္ကာစြပ္က်ယ္လက္ျပတ္ကို
ပခုံးေပၚတင္ကာ ႐ြာအေနာက္ ဘက္သို႔
ထြက္သြားေလသည္။ ကြၽန္ ေတာ္၏ရင္ထဲ
မွာေတာ့ ကိုအုန္းႀကိဳင္သည္ ညကျဖစ္ပ်က္ခဲ့
သည့္ အျဖစ္ အပ်က္ကိုသိရွိမည္ဟု ခံစားရသည္။ သူ
ပင္မူးမူး႐ူး႐ူးျဖင့္ေသာင္းက်န္းၿပီးထြက္
သြားခဲ့ေလသေလာ။ ကြၽန္ေတာ္ေျပာဆို
မည္စိုးရိမ္၍ ျငင္းခဲ့ေလသေလာ မေျပာ
တတ္ေပ။ ဘာပဲျဖစ္ျဖစ္ သူ၏ အေျဖကို
ေတာ့ ကြၽန္ေတာ္ ဘဝင္မက်လွေပ။ သူ
၏မ်က္ဝန္းမ်ားတြင္ ေအာင့္အည္းမ်ိဳ
သိပ္မႈတစ္ခုရွိေနသည္ဟု ကြၽန္ေတာ္
ခံစားေနရသည္။ကြၽန္ေတာ္သူ႔ကိုအကဲ
ခတ္ေနမွန္းသူသိရွိရိပ္မိကာစကားလမ္း
ေၾကာင္းလႊဲ၍လ်င္ျမန္စြာ ထြက္ခြာသြား
ျခင္းဟု ကြၽန္ေတာ္ ထင္ျမင္ယူဆေနမိ
သည္။ အျဖစ္အပ်က္သည္ ကြၽန္ေတာ္
အိပ္မက္ေယာင္ျခင္းမဟုတ္တာေသခ်ာစြာေျပာရဲသည္။
သန္းေခါင္ယံညမွာ လူမရွိသည့္ အိမ္ႀကီး
ထဲမွ ႐ုတ္တရက္ ထြက္ေပၚလာ သည့္
ဆူညံသံေတြက ဘာေတြလဲ –
ဘယ္ကလဲ။ ဒါမွမဟုတ္ ဘယ္သူေတြ
လဲ၊ကြၽန္ေတာ္၏ေခါင္းထဲတြင္ရႈပ္ေထြး
ေနာက္က်ိစြာျဖင့္ အေတြးေတြ ဝင္လာသည္။
ညေမွာင္ေမွာင္႐ြာစြန္ၿခံႀကီးထဲတြင္
ကြၽန္ေတာ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္
တည္းရွိေနျခင္းဟူေသာအသိကတစ္ခါ
တစ္ရံ အားငယ္စိတ္ ဝင္လာမိ႐ိုး ျဖစ္
ေသာ္လည္းထိုအားငယ္စိတ္ကိုခိုင့္အား
ေျပာျပ၍ မျဖစ္ေပ။ ဘာပဲျဖစ္ျဖစ္ ၿခံနီး
ကပ္ ဘေထြးေလး အိမ္ထဲမွ မိမိကိုယ္
တိုင္ ၾကားသိလိုက္ရသည့္ အသံဗလံ
မ်ားအေပၚသံသယစိတ္ျဖင့္ ညဥ့္နက္
သန္းေခါင္အခ်ိန္ကို ထပ္မံေမွ်ာ္လင့္ေန
မိသည္။ ဆူညံ႐ိုက္ခြဲသံမ်ားႏွင့္အတူ
႐ြာထဲျပန္သြားေသာကိုအုန္းႀကိဳင္၏လွ်ိဳ႕
ဝွက္သိပ္သည္းေသာ အၿပဳံးမ်ားသည္
ကြၽန္ေတာ့္အား ေမးခြန္းကို ရႈပ္ေထြးေစ
ခဲ့သည္ မဟုတ္ပါလား။
ညသည္ တိတ္ဆိတ္ကာ နက္ရႈိင္း
ထူထဲလာသည္။ပိုးပုရစ္သံကေလးမ်ား၊
သစ္႐ြက္ေျခာက္မ်ားေပၚသို႔ တေဖ်ာက္
ေဖ်ာက္က်ေနေသာ ႏွင္းစက္၊ ေတာ
ေတာင္ကေလးမ်ား၊ ရွဥ့္၊ ေႁမြ၊ ဖား
ကေလးမ်ား၏ ေျပးလႊားသံမ်ားသည္
ေတာ႐ြာကေလး၏ ဘာသာဘာဝေတး
သံဟု ဆိုရေပမည္။ခိုင္ကေတာ့ ကေလး
ငယ္တစ္ ေယာက္ပမာအိပ္ေပ်ာ္ေနပါၿပီ။
ညေနကကြၽန္ေတာ့္၏ႏွမဝမ္းကြဲခ်က္ေကြၽးေသာ
ေတာငါးပိရည္ပ်စ္ပ်စ္၊ တို႔စရာ၊ ျမစ္ငါး
ၾကင္းတို႔ကို စားကာ အိပ္ေပ်ာ္ေနေပၿပီ။
ထိုစဥ္ ကြၽန္ေတာ္၏ နားထဲသို႔
တဖ်ပ္ဖ်ပ္ ေလွ်ာက္လာေသာ ေျခသံ
တစ္စုံက ဝင္ေရာက္လာသည္။ ေျခသံ
သည္ လူတစ္ေယာက္ ခပ္ၾကမ္းၾကမ္း
နင္းေလွ်ာက္လာေသာေျခသံျဖစ္သည္။
သစ္႐ြက္ေျခာက္ေတြ က်ိဳးေက်မြေစ
သည့္ ဖိနင္းသည့္ ေျခသံမ်ိဳး ျဖစ္သည္။
ကိုအုန္းႀကိဳင္ ျပန္ေရာက္လာၿပီလား။
တိရစာၦန္ကေလးမ်ား၏ေပါ့ဖြဖြေျခသံ
မဟုတ္။ေလွ်ာတိုက္ေျပးသြားေသာေႁမြ
တစ္ေကာင္၏ေျခသံေ႐ြ႕လ်ားသံလည္းမဟုတ္။
ကြၽန္ေတာ္သည္ခုတင္ေပၚမွအသာေလွ်ာ
ဆင္းလိုက္မိသည္။ ခိုင္ လန႔္ႏိုး သြားမွာလည္း
စိုးရိမ္ရေသးသည္။ ကြၽန္ ေတာ္သည္
အရန္သင့္ တင္ထားေသာလက္ႏွိပ္ဓာတ္မီး
ကိုအသာလွမ္းယူကာေျခဖြနင္း၍ ေလွ်ာက္
သြားမိသည္။ ေစာ ေစာက ျမည္ေနေသာ ပိုးပုရစ္မ်ား၏
အသံမ်ားလည္း လုံးဝတိတ္ဆိတ္ သြား ေတာ့သည္။
ၾကမ္းတမ္းေသာ ေျခသံတစ္စုံ
သည္ေထြးေလးၿခံဘက္မွကြၽန္ေတာ္တို႔
ၿခံဘက္ဆီသို႔ တိုးကပ္လာေသာ ေျခသံ
ျဖစ္သည္။ တျဖည္းျဖည္း က်ယ္ေလာင္
လာသည့္အသံ သည္ ႐ုတ္တရက္ ရပ္
တန႔္သြားသည္။ ကြၽန္ေတာ္သည္ မိမိ
အသက္ရႉသံကိုပင္မၾကားရေလေအာင္
ထိန္းခ်ဳပ္ၿပီး တံခါးခ်ပ္ကို အသာအရာ
ကိုင္လိုက္သည္။ ႐ုတ္တရက္ မဖြင့္ရဲ
ေသး။ တစ္ဖက္မွ ေျခသံသည္ ကိုအုန္း
ႀကိဳင္ ေျခသံေလာ။ အကယ္၍ ကိုအုန္း
ႀကိဳင္ဆိုပါကသူသည္ မအိပ္ဘဲ ၿခံထဲ
တြင္ ဘာလုပ္ေနသနည္း။ တစ္ခုခု ႀကံ
စည္ေနသည္ေလာ၊ ဒါမွ မဟု တ္ –
တာဝန္ေစာင့္သိေသာ ဘေထြးေလး၏
လူယုံအျဖစ္ ၿခံေျမကိုေစာင့္ၾကပ္ၾကည့္ရႈ
ေနျခင္းေပေလာ။
ေျခသံသည္ရပ္တန႔္သြားရာမွမိနစ္
အနည္းငယ္မွ်ေ႐ြ႕လ်ားမႈမရွိဘဲၿငိမ္သက္
ေနသည္။ကြၽန္ေတာ္သည္ေျခသံအေပၚ
သံသယျဖစ္လာသည္။ ေျခသံရွင္သည္
ရပ္တန႔္ေနရာမွလူရွိေနေသာကြၽန္ေတာ္
တို႔အိမ္ဘက္ဆီသို႔ေငးေမွ်ာ္ေစာင့္ၾကည့္
ေနျခင္းေလာ။ တံခါးကို မဖြင့္ရဲေသး
ကြၽန္ေတာ္ေစာင့္ၾကည့္ေနမွန္းေျခသံရွင္
သိရွိသြား၍မျဖစ္ေသး။
ကြၽန္ေတာ္သည္ ၿငိမ္သက္ေစာင့္
ၾကည့္ေနရာမွ အနည္းငယ္ဟေနေသာ
လက္တစ္လုံးသာသာ အေပါက္ၾကားမွ
ေခ်ာင္းၾကည့္ရန္ႀကိဳးစားလိုက္စဥ္မွာပင္
ေျခသံသည္ ဆန႔္က်င္ဘက္ဆီသို႔ ေ႐ြ႕
လ်ားသြားသည္ကို ၾကားလိုက္ရေပသည္။
“ဖ်ပ္ – ဖ်ပ္ – ဖ်ပ္”
ေျခသံသည္ ဘေထြးေလး ၿခံ၏ ေျမာက္ဘက္
သို႔ထြက္သြားေသာေျခသံ ျဖစ္သည္။
ကြၽန္ေတာ္သည္ အသက္ကို
မရဲတရဲရႉသြင္းရင္း ျပတင္းတံခါးေပါက္
ကိုအသံမၾကားရေလေအာင္ျဖည္းညင္း
စြာ ဖြင့္လိုက္သည္။ ဆြတ္ပ်ံ႕ေသာ ေလ
ျပည္စိမ္းသည္ လက္တစ္ဝါးသာသာ
ဟလိုက္ေသာ တံခါး႐ြက္ၾကားမွတိုးဝင္
လာသည္။ကြၽန္ေတာ္သည္လတ္ဆတ္
ေအးျမေသာ ေလ၏အရသာကို မခံစား
ႏိုင္ဘဲ တံခါး႐ြက္ၾကားမွ ေျခသံရွိရာသို႔
မဝံ့မရဲလွမ္းၾကည့္လိုက္စဥ္မွာပင္…
“ဟင္”
ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္
ကြၽန္ေတာ္၏ႏႈတ္ဖ်ားမွထြက္လာေသာ
အာေမဍိတ္သံသည္ျပင္းရွေသာေလထု
ထဲမွာပင္ အေငြ႕ပ်ံခန္းေျခာက္သြားေလ
သည္။ ဆတ္ခနဲ တုန္ယင္သြားေသာ
ကြၽန္ေတာ္၏ ဒူးႏွစ္ဖက္သည္ အလို
အေလ်ာက္ ၫြတ္ေကြးက်သြားကာ
ႏွလုံးခုန္သံသည္ ရင္ၫႊန႔္ဆီမွ ဒုန္းခနဲ
ေဆာင့္တက္သြားေလသည္။ထို႔ေနာက္
တုန္လႈပ္ေခ်ာက္ခ်ားမႈျဖင့္ အာေမဍိတ္
သံတစ္သံ ထြက္ေပၚသြားေပရာ“အား”
ဟု ေအာ္လိုက္ေလသလား။ ဒါမွမဟုတ္
အမေလးဟု ျမည္လိုက္ေလသလားဟု
အမွတ္မရေတာ့ေပ။ ဘာကိုမွ် မျမင္
လိုက္ရပဲ အသိဉာဏ္သည္ ဗလာဟင္း
လင္း ျဖစ္သြားေသာ ခံစားမႈမ်ိဳး ျဖစ္ေပလိမ့္မည္။
ကြၽန္ေတာ္ ျမင္ေတြ႕လိုက္ရသည့္အျခင္း
အရာႀကီးကားအရပ္ခုနစ္ေပ၊ရွစ္ ေပခန႔္ရွိ
ဧရာမလူႀကီးတစ္ေယာက္ပင္တည္း။
လေရာင္ေအာက္တြင္ ထင္ရွား စြာ ျမင္ေနရသည္။
ခိုင္းကြၽဲေပါက္ပမာ ထြားႀကိဳင္းကာ
မည္းနက္ေျပာင္လက္ေနေသာ
အသားအေရာင္၊ အေပၚပိုင္းအက်ႌမပါဘဲ ပုဆိုး
တိုတိုဝတ္ကာလက္ထဲတြင္တစ္လံသာ
သာ တုတ္တစ္ေခ်ာင္း ကိုင္ထားေသာ
ေခါင္းတုံးေျပာင္ေျပာင္ႏွင့္ေၾကာက္မက္
ဖြယ္ ေကာင္းလွေသာ ဧရာမလူတစ္
ေယာက္သည္ ကြၽန္ေတာ့္ကို ေက်ာေပး
ကာ ထြက္သြားျခင္းပင္ ျဖစ္သည္။
ေၾကာက္မက္ဖြယ္ ထြားႀကိဳင္းလွေသာ
ခႏၶာကိုယ္ အတၱေဘာႀကီးႏွင့္ ဧရာမ
တုတ္ႀကီးကိုင္ထားေသာ အႏွီလူထြား
ႀကီးသည္လူမွဟုတ္ပါေလစ။ဒါမွမဟုတ္
တေစၦေလာ၊ ထိုပုဂၢိဳလ္ႀကီး ရွိေနျခင္းကို
ဘေထြးဦးေအာင္ထြန္းသိမွသိပါေလစ။
ကိုအုန္းႀကိဳင္ကေကာ မသိဘဲေနမည္မထင္ေပ။
ျမင္လိုက္ရေသာေၾကာက္မက္ထူးဆန္းဖြယ္
ျမင္ကြင္းသည္ ကြၽန္ေတာ့္အသိဉာဏ္ကို
ရွပ္တိုက္ေျပးသြား႐ုံသာ ရွိေပလိမ့္မည္။
ကြၽန္ေတာ္သည္လက္ထဲမွာကိုင္ထားေသာ
လက္ႏွိပ္ဓာတ္မီး ကို အေမွာင္ထဲမွပင္
စမ္း၍ တန္းေပၚကို ေယာင္ယမ္းကာ
လွမ္းတင္လိုက္မိ သည္။ သို႔ေသာ္ဆလင္ဒါလုံးေခ်ာေသာ
လက္ႏွိပ္ဓာတ္မီးသည္ တန္းေပၚတြင္
အထိုင္မက်ဘဲလိမ့္ကာၾကမ္းျပင္ေပၚသို႔
အရွိန္ျပင္းစြာ က်ေရာက္သြားေတာ့သည္။
“ဒိုင္း”
သာမန္အခ်ိန္ဆိုလွ်င္ လက္ႏွိပ္
ဓာတ္မီးႏွင့္ ၾကမ္းျပင္ထိခတ္သံသည္
က်ယ္ေလာင္လွမည္ မဟုတ္ေသာ္
လည္းယခုလိုတိတ္ဆိတ္လွေသာညဥ့္
နက္သန္းေခါင္အခ်ိန္တြင္ ၾကမ္းေပၚသို႔
က်ေရာက္သြားေသာ အသံသည္ ႐ိုင္
ဖယ္ေသနတ္သံတမွ်က်ယ္ေလာင္သြား
ခဲ့သည္။ထိုျပင္းထန္က်ယ္ေလာင္သြား
ေသာ အသံေၾကာင့္ ေက်ာေပးထြက္ခြာ
သြားေသာဧရာမလူထြားႀကီးသည္ ေျမ
လွမ္းတုံ႔ခနဲရပ္လိုက္ၿပီးဖ်တ္ခနဲေပ်ာက္
ကြယ္သြားေလသည္။
“ဘုရား – ဘုရား-ဘုရား-လူမွမဟုတ္ဘဲ-တေစၦ”
ကြၽန္ေတာ့္ ႏႈတ္ဖ်ားမွ အာေမဍိတ္သံႏွင့္
အတူ တံခါးကို လ်င္ျမန္စြာ ပိတ္လိုက္ရ
ေတာ့သည္။ ေႏြဦးညဥ့္ယံသည္
တိတ္ဆိတ္ေအးစက္ေနကာ လေရာင္
ေတြတသဲသဲေႂကြက်ေနပုံမွာကြၽန္ေတာ္
၏အသိတရားေခ်ာက္ခ်ားေစပါသည္။
ကိုအုန္းႀကိဳင္သည္ ကိုင္းခုတ္ဓား
တစ္လက္ျဖင့္ ၿခံရွင္းေနရာမွ ေခတၱရပ္
လိုက္ကာ ကြၽန္ေတာ္ ေျပာသမွ်ကို စိတ္
ဝင္တစား နားေထာင္သည္။ ၿပီးမွ သက္
ျပင္းခ်လိုက္ရင္း.
“ကိုဝင္းေဆြ – အိပ္မက္ေယာင္ေန
တာမ်ားလားဗ်ာကြၽန္ေတာ္ေခါင္းခါလိုက္သည္။
“ကြၽန္ေတာ့္ မ်က္စိနဲ႔ တပ္အပ္ျမင္
လိုက္တာဗ်။ ဒီၿခံထဲမွာ တစ္ခုခု ထူးျခား
ခ်က္ေတာ့ ရွိေနၿပီ။ ကိုအုန္းႀကိဳင္ ကြၽန္
ေတာ့္ကိုဆက္ၿပီးမသိခ်င္ေယာင္ေဆာင္
မေနပါနဲ႔ေတာ့။ ကြၽန္ေတာ့္ကို ပြင့္ပြင့္
လင္းလင္းေျပာပါ။ကိုအုန္းႀကိဳင္ သိထား
ဖို႔က ကြၽန္ေတာ္က ဘိုးေလးဦးေအာင္ထြန္းရဲ႕
ေျမးေနာ္။ ဒီၿခံထဲမွာ မကြၽတ္ မလြတ္တဲ့
တေစၦရွိေနတယ္။ကြၽန္ေတာ့္ အမ်ိဳးသမီး
ကလည္း ေၾကာက္တတ္ တယ္။ တေစၦ
ေျခာက္တယ္ဆိုရင္ ဒီၿခံထဲမွာတစ္မိနစ္
ေတာင္ေနမွာမဟုတ္ဘူး”
ကိုအုန္းႀကိဳင္၏ မ်က္ႏွာတြင္ စိတ္
ပ်က္လက္ပ်က္အမူအရာဟန္မေဆာင္
ႏိုင္ေလာက္ေအာင္ ေပၚလာေလသည္။
သူသည္ ကိုင္းခုတ္ဓားကို ပစ္ခ်သည္။
သစ္ပင္ခြၾကားတြင္ညႇပ္ထားေသာေဆး
ေပါ့လိပ္ကို လွမ္းယူသည္။ မီးျခစ္ ျခစ္
သည္။ တစ္ရႈိက္ ႏွစ္႐ိုက္ ဖြာသည္။
“ခက္တယ္ဗ်ာ”
ခက္တယ္ဗ်ာဟူေသာ ညည္းညဴ
သံ၏ေနာက္တြင္ သိုဝွက္မႈတစ္ခုရွိမည္။
ဆက္၍…
“ကြၽန္ေတာ္က ဘႀကီးရဲ႕ ဆန္ကို
စားေနရတဲ့လူပါ။ သူ႔ဆန္စားမွ ရဲရမွာ
ေလ-ကိုဝင္းေဆြ၊ သူ႔အေပၚသစၥာရွိရမယ္ဗ်”
“သစၥာရွိရမယ္ဆိုတာ ကြၽန္ေတာ္လက္ခံပါတယ္။
ဒါေပမဲ့ – သူ႔အက်ိဳး စီးပြား၊ သူ႔အသက္စည္းစိမ္
ထိခိုက္မယ့္ကိစၥမ်ိဳးက်ေတာ့မ်က္စိမွိတ္ေန
လို႔မျဖစ္ ဘူးေလ။ဥပမာ- သူထန္းေရမူးေနမယ္၊
အရက္မူးေနမယ္ဆိုရင္ မူးယစ္ျခင္းရဲ႕
အက်ိဳးအျပစ္ကိုေတာ့သခင္ကိုေထာက္

 

ျပႏိုင္၊ ေဖ်ာင္းဖ်ႏိုင္တဲ့လူေတာ့ျဖစ္ရမယ္ေလ။
ဆိုးတာ မေကာင္းတာကို သိသိ ႀကီးနဲ႔
မ်က္ႏွာလႊဲခဲပစ္တာေတာ့” “ရႈပ္ကုန္ၿပီထင္တယ္ဗ်ာ”
“မရႈပ္ပါဘူးဗ်ာ။ ဘေထြးရဲ႕အက်ိဳး
စီးပြားကိုလိုရင္ ဘေထြးေျမးေတာ္တဲ့
ကြၽန္ေတာ့္ကိုပြင့္ပြင့္လင္းလင္းေျပာေစ
ခ်င္တယ္။ ဘေထြးရဲ႕အက်ိဳးစီးပြား ပ်က္
စီးရာ ပ်က္စီးေၾကာင္းကို ကြၽန္ေတာ္
မလုပ္ဘူး။ စိတ္နဲ႔ေတာင္ မျပစ္မွားဘူးဗ်ာ”
ကိုအုန္းႀကိဳင္သည္တစ္ခ်က္ညည္း
ညဴလိုက္သည္။ သူသည္ တစ္စုံတစ္ခု
ကိုဝန္ခံေျပာျပရန္ လြန္မင္းစြာ ဝန္ေလး
ေနပုံရသည္။“ဘေထြးက ဒီကိစၥေတြကို
သိရင္ကြၽန္ေတာ့္ကို သတ္မွာဗ်”
“စိတ္ခ် – ကိုအုန္းႀကိဳင္၊ ခင္ဗ်ား အေပၚ
အမႈမပတ္ေစရဘူး။ ဒီကိစၥ ကြၽန္ ေတာ္
တာဝန္ယူတယ္။ ႏႈတ္လုံတယ္။ ခိုင္ေတာင္
မသိေစရဘူး။ ခိုင့္ကိုလည္းမေျပာနဲ႔”
ကိုအုန္းႀကိဳင္၏မ်က္ႏွာသည္ ခ်က္
ခ်င္းတည္သြားသည္။ သူသည္ပတ္ဝန္း
က်င္ကို လွည့္ပတ္ၾကည့္ရႈၿပီး တိုးညင္း
ေသာေလသံျဖင့္ “ကို ဝင္းေဆြ ျမင္လိုက္
ရတဲ့ အေကာင္ႀကီးက တကယ္ပဲဗ်။
ဘေထြး ေမြးထားတဲ့ သရဲႀကီး
“ဗ်ာ”
ကြၽန္ေတာ္ အံ့ဩတႀကီး အထိတ္
တလန႔္ျဖစ္သြားသည္။ ဘေထြးေမြးထား
တဲ့ သရဲႀကီးတဲ့၊ ဘေထြးက သရဲေမြးသတဲ့၊
“ဘေထြးကအဓိပၸာယ္မရွိတာေတြ
ဗ်ား မလုပ္ေကာင္းမလုပ္ထိုက္တာေတြ
ပဲ သူ ေလွ်ာက္လုပ္တာေတြ ဘယ္သူမွ
မတားၾကဘူးလား”အဓိပၸာယ္မရွိေသာ
လုပ္ရပ္တစ္ခုကို လုပ္ေသာ ဘေထြးကို
ကြၽန္ေတာ္စိတ္ဆိုးသြားမိ၏။
ကိုအုန္းႀကိဳင္သည္ ေဆးလိပ္တစ္ ရႈိက္
နစ္ရႈိက္ေတာ့ ဖြာသည္။ ေဒၚေလးကေတာ့
တားတယ္ဗ်ာ။ ဘေထြးစိတ္ကကိုဝင္းေဆြ
တို႔ သိတဲ့ အတိုင္းပဲ။ တစ္ေဇာက္ကန္းတ
ဇြတ္ထိုး မႈတ္လား။ တားတဲ့လူနဲ႔ ရန္ျဖစ္
ရန္ရွာ ေတာ့၊ ၾကာေတာ့ ဘယ္သူမွ မတားၾက
ေတာ့ဘူး။ သူ ေမြးထားတဲ့ သရဲက အိမ္
သားေတြကိုေတာ့ ရန္မလုပ္ပါဘူး။
အျပင္လူစိမ္း ၿခံထဲဝင္လာၿပီး သီးႏွံေတြ
လာခိုးရင္ မသိဘဲယူရင္ေတာ့ ဒုကၡ ေရာက္
မွာေသခ်ာတယ္ဗ်ိဳ႕”
“ဒါေၾကာင့္ ကိုအုန္းႀကိဳင္ ၿခံကိုပစ္
ၿပီး ႐ြာထဲသြားအိပ္တာကိုး”
“ဒီလိုလည္း လက္လြတ္စပယ္ပစ္ထားတာ
မဟုတ္ပါဘူး။ ကြၽန္ေတာ္ကိစၥ
ရွိလို႔ လာမအိပ္တာပါ။ ဒီညေတြေတာ့
ကိုဝင္းေဆြလည္း ရွိေနေတာ့ စကား
ေျပာေဖာ္လည္းရ၊ ေဆြမ်ိဳးေတြလည္း
ျဖစ္ေနေတာ့ ဒီမွာပဲ ညအိပ္ေတာ့မယ္
“ေကာင္းတယ္ဗ်ာ။ အေဖာ္ရတာ
ေပါ့။ ဒါနဲ႔- ဘေထြးက ဘယ္လိုသရဲေမြး
တာလဲဗ်။စီရင္ပုံစီရင္နည္းေလးလုပ္ပါဦး”
သည္ေတာ့ကိုအုန္းႀကိဳင္ကေခါင္းခါသည္။
“အဲဒါေတာ့သူဘယ္သူကိုမွမေျပာ
ဘူး။ တစ္လတစ္ခါအမဲသားေကြၽးတယ္
ေျပာတာပဲ။ သူ႔ကိုစီရင္ပုံစီရင္နည္းလမ္း
ၫႊန္တဲ့ ပုဂၢိဳလ္ရွိတယ္။ အဲဒီလူေျပာတဲ့
အတိုင္း ေလွ်ာက္လုပ္တာပဲဗ်ိဳ႕။ ေအာ္-
ဒါထက္ ဆက္ေျပာရဦးမယ္။ၿပီးခဲ့တဲ့သုံး
လေလာက္က ႐ြာထဲက အရက္သမား
လွေငြေသသြားေသးတယ္ ကိုဝင္းေဆြ၊
ဒီၿခံထဲကစပါးပုတ္ထဲက စပါးေတြဝင္ခိုး
တာ ဘယ္လိုဘယ္လို အ႐ိုက္ခံလိုက္
ရသလဲ မသိဘူး။“ေအာင္မယ္ေလးဗ်
ဆိုၿပီး ေအာ္ေျပးတာ ႐ြာထိပ္နတ္စင္
ေအာက္လည္း ေရာက္ေရာပါးစပ္ထဲက
အျမႇဳပ္ေတြ တစီစီထြက္ၿပီး ေသပါေလ
ရာ၊ ေသခါနီးမွာ “အေကာင္ႀကီး-
အေကာင္ႀကီး – ႐ိုက္တယ္ – ႐ိုက္တယ္-
ေျပာၿပီးေသတာပါပဲ။ အဲဒါ ဘေထြးၿခံထဲ
က ျဖစ္သြားတာ။ ဘယ္သူမွ မသိလိုက္
ၾကဘူး။ ေသေတာ့လည္း ႐ြာထိပ္မွာဆို
ေတာ့ အမႈမပတ္ဘူးေပါ့။ ေၾကာက္စရာ
ပဲဗ်ိဳ႕၊ေသေတာ့မွဖိုးလွေငြအေလာင္းကို
ရွာၾကေတာ့ ေက်ာကုန္းမွာ ယပ္ေတာင္
ေလာက္ရွိတဲ့ လက္ဝါးအရာႀကီး”
“မလြယ္ပါလား-ေၾကာက္စရာပဲ
ကြၽန္ေတာ္ပခုံးတစ္ခ်က္တြန႔္လိုက္
မိသည္။လူ႐ြတ္လူေပဘေထြးသည္သူ
၏ၿခံထဲမွ စပါးမ်ား၊ သီးႏွံမ်ားမၾကာခဏ
ေပ်ာက္ဆုံးတတ္သျဖင့္ ပရေလာက
သားတစ္ဦးကိုအစာေကြၽးကာ အေစာင့္
ထားျခင္းေပတည္း၊ ထိုကိစၥမ်ိဳးသည္
လြန္မင္းစြာအႏၲရာယ္ႀကီးေသာလုပ္ရပ္
ေပတည္း။ အစာမေကြၽးပါက သခင္ကို
ျပန္၍ သတ္ျဖတ္တတ္ေသာပရဘုံသား
မ်ားေပတည္း။ ဘာပဲျဖစ္ျဖစ္ တေစၦသရဲ
မေမြးဘဲ မိမိၿခံကို လုံၿခဳံေအာင္ ေစာင့္
ေရွာက္ရမည္မွာ မိမိတာဝန္ပင္၊ ထို႔ျပင္
ဤ႐ြာကေလးသည္ ေျပာပေလာက္
ေအာင္သူခိုးသူဝွက္ေပါေနေသာေနရာ
မဟုတ္။ နာမည္ပ်က္မရွိ၊ ႀကဳံလွ်င္ ႀကဳံ
သလို အေခ်ာင္ဝင္သုတ္တတ္ေသာ
လွေငြတို႔လိုတစ္ဦးစႏွစ္ေယာက္စေတာ့
ရွိတတ္သည္ပင္။ ဒါကလည္း ျဖစ္ပ်က္
တတ္ေသာ လူ႔သဘာဝ အားနည္းခ်က္ပင္။
ထိုစဥ္ ကြၽန္ေတာ္တို႔ စကားေျပာေနရာသို႔
ခိုင္ ေရာက္လာေလရာ စကားျပတ္သြားသည္။
ခိုင္သည္ ေရာက္စက ႏွင့္မတူဘဲျမဴးျမဴး
ထူးထူးရွိသည္။ ေရ ေျပာင္းေျမေျပာင္း
ေဒသအသစ္ မိတ္ ေဆြအသစ္မ်ားကိုပင္
တိုေတာင္းလွစြာ ေသာ ကာလ ကေလးမွာပင္
ေတြ႕ဆုံခင္မင္သြားေပရာဝမ္းသာရေပသည္။
ယခု လည္းခိုင္သည္ၿခံထြက္အျဖဴေရာင္ဆန္
ကြဲပန္းမ်ားပန္ထားကာေရာင္စုံပန္းေတြ
တစ္ေပြ႕တစ္ပိုက္ႏွင့္ ၿပဳံး႐ႊင္ဝင္ေရာက္လာျခင္းျဖစ္သည္။
ကြၽန္ေတာ္ ခိုင္ႏွင့္ ကိုအုန္းႀကိဳင္တို႔
သည္ မိမိတို႔ ပိုင္ဆိုင္ေသာ ၿခံေျမကို
တတ္ႏိုင္သမွ်ေလာက္ရွင္းလင္းေရးလုပ္
ေနမိၾကသည္။ ကိုအုန္းႀကိဳင္ကေတာ့
ကြၽမ္းက်င္ေသာၿခံလုပ္သားပီပီဘေထြး
ၿခံစပ္မွျဖတ္၍စီးဆင္းသြားေသာ႐ိုးျပတ္
ေခ်ာင္းကေလးမွေရကိုခပ္ကာ သစ္ပင္
ေတြေရေလာင္းေနသည္။ကြၽန္ေတာ္ႏွင့္
ခိုင္ကေတာ့ ၿခံတြင္း စိုက္ပ်ိဳးထားေသာ
အုန္း၊ ငွက္ေပ်ာ၊ ကြမ္းသီး၊ သရက္ပင္
ေျခမွ သစ္႐ြက္ေႂကြမ်ား၊ အမႈိက္သ႐ိုက္
မ်ားကိုစုကာ မီးရႈိ႕ေနမိၾကသည္။
ကြၽန္ ေတာ္တို႔ အေမြရရွိထားေသာ ၿခံေျမ
သည္ျပဳျပင္မႈမရွိဘဲလေပါင္းမ်ားစြာပစ္
ပယ္ထားမိရာ အမႈိက္မ်ား၊ ခ်ဳံပုတ္မ်ား
ႏွင့္ႀကီးထြားခ်င္တိုင္းႀကီးထြားေနသည္။
ခိုင္ကေတာ့ သူ႔အင္အားရွိသ၍ ဝိုင္းကူ
သည္။ခိုင္သည္မိန္းကေလးပီပီၿခံတြင္းရွိ
ပန္းပင္မ်ားကိုသာစိတ္ဝင္စားေနသည္။
ၿခံေျမသည္ အစဥ္တိတ္ဆိတ္ေနတတ္
ကာ သစ္ပင္ႀကီးမ်ားသာ ရွိသျဖင့္ ေန
ေျပာက္မထိုးေပ။ တစ္ခါတစ္ရံ ျမစ္ျပင္
ဆီမွလႈိင္းပုတ္သံသည္ျမစ္ကမ္းစပ္တြင္
စိုက္ထားေသာဓနိေတာတန္းကိုတဝုန္း
ဝုန္း ျဖတ္ေက်ာ္လ်က္ရွိသည္။ “အစ္ကို
ညေနက်ရင္ ႐ြာထဲကထမင္းစားဖိတ္ထားတယ္”
“တယ္ဟုတ္ပါလား – ခို င္ကေတာင္ထမင္း
စားဖိတ္မယ့္လူေတြဘာေတြနဲ႔ ဘယ္ဆိုးလို႔လဲ
တိုးတက္လာၿပီ” ခိုင္သည္ ကြၽန္ေတာ္၏ အစ္မ၊ ႏွမ
ဝမ္းကြဲမ်ားကိုအေၾကာင္းျပဳကာ ႐ြာထဲမွ
အမ်ိဳးသမီးမ်ားႏွင့္ ကာလတိုကေလး
အတြင္းမွာပင္ ရင္းႏွီးကြၽမ္းဝင္သြားေပ
ၿပီ။ ေက်း႐ြာကေလးမ်ား၏ ခ်စ္စဖြယ္
ဓေလ့ျဖစ္သည့္ စုေပါင္းညီညာဝိုင္းလုပ္
ဝိုင္းစား၊ အလႉရွိလွ်င္ ႐ြာလုံးကြၽတ္မီးခိုး
တိတ္ဓေလ့ကိုခိုင္မ်က္ဝါးထင္ထင္ေတြ႕
ရွိသြားေပၿပီ။ရန္ကုန္ၿမိဳ႕၏ေဘးခ်င္းကပ္
တိုက္ခန္းမ်ားမွပင္လွ်င္ မဖိတ္လွ်င္
မသြား၊ မလာတတ္ေသာသူစိမ္းဆန္လွ
သည့္ထုံးစံ လူ႔စ႐ိုက္မ်ား ေတာ႐ြာတြင္
မရွိ။ ခုေတာ့ – ခိုင္သည္႐ြာထဲမွာအလႉရွိ
လွ်င္ ဧည့္သည္ဆိုၿပီး အမိန႔္သား မေန
ဘဲသြားေရာက္ကူညီလုပ္ကိုင္ေပးတတ္ေပၿပီ။
ခိုင္ကၿပဳံး၍သာေနေပသည္။
“ေအာ္- ခိုင္ေရကိုအုန္းႀကိဳင္ရွိတုန္းဘေထြး
တို႔ၿခံဘက္ကူးၾကစို႔။ ေတာ္ၾကာ သူျပန္လာရင္
ၿခံဘက္မလာဘူးေျပာဦးမယ္”
“ေနဦး-ခိုင္ ပန္းေတြအိမ္ေပၚသြား
ထားလိုက္ဦးမယ္။ ဘုရားတင္ဖို႔ ခူးလာတာ”
ခိုင္ ထြက္သြားသည္။ ကြၽန္ေတာ္ သည္
ႏွစ္ၿခံစပ္ဧရိယာစပ္သို႔ ေလွ်ာက္
လာသည္။ဧရိယာဆိုေသာ္လည္းၿခံဝင္း
ခတ္ထားျခင္းမရွိ။ ႏွစ္ဦးသေဘာတူနား
လည္မႈယူထားေသာ အမွတ္သေကၤတ
မ်ိဳးသာျဖစ္သည္။ တစ္႐ြာလုံးထိုအမွတ္
သေကၤတႏွင့္ပင္ သတ္မွတ္ထားၾကျခင္း
ပင္၊ ကြၽန္ေတာ္တို႔ ၿခံႏွင့္ ဘေထြးၿခံကို
မာလကာပင္၊ အုန္းပင္ႏွင့္ သတ္မွတ္
ထားၾကျခင္းျဖစ္ေပရာပိုင္ဆိုင္မႈႏွင့္ပတ္
သက္၍ ျပႆနာမရွိလွေပ။ အိမ္ေရွ႕
မာလကာပင္ ၿခံေနာက္ ျမစ္ကမ္းစပ္ထိ
အုန္းပင္ႏွင့္ သတ္မွတ္ထားျခင္းသာျဖစ္
ေပသည္။ကြၽန္ေတာ္ ဘေထြးၿခံထဲ ဝင္လိုက္
စဥ္မွာပင္ လုံခ်ည္တိုတိုဝတ္ကာ ေပါက္
တူး ကိုင္ထားေသာ ကိုအုန္းႀကိဳင္က
ေခ်ာင္းကေလးေပၚမွ တက္လာသည္။
ကြၽန္ေတာ္ေနာက္သို႔လွည့္ၾကည့္လိုက္
ရာဘေထြး၏ ၿခံက ထူးျခားလ်က္ ရွိ
သည္။ ဘေထြးသည္ သစ္ပင္စိုက္
ဝါသနာပါသည့္အေလွ်ာက္ ပန္းပင္၊
ဂမုန္းပင္မ်ားကိုပင္တယုတယစိုက္ေလ့
ရွိေသာ ပုဂၢိဳလ္တစ္ေယာက္ ျဖစ္သည္။
ၿခံေရွ႕တံစက္ၿမိတ္ေအာက္တြင္ အမ်ိဳး
အမည္စုံလင္လွစြာ ေသာ ပန္းအိုး (၁ဝ)
အိုးခန႔္ ရွိသည္။ ပန္းအိုးမ်ားသည္ ေရ
ငတ္ေနကာ အေပၚယံေျမသားေတြပင္
ေျခာက္ေသြ႕ေနသည္။ ကိုအုန္းႀကိဳင္က
လည္း စားပင္သီးပင္မွလြဲ၍ အလွစိုက္
ကာ ဂမုန္းပင္မ်ားကို အေရးတယူ ဂ႐ု
စိုက္ကာ ေရေလာင္းလိုဟန္ မတူေပ။
ဂမုန္းပင္မ်ားမွာ အမ်ိဳးအစား စုံလင္
သည္။ ကြၽန္ေတာ္ သိရွိရသေလာက္
ေဒါင္းဂမုန္း၊ အင္းဂမုန္း၊ နဂါးစက္ဂမုန္း၊
ငုံးဂမုန္းစသည္စသည့္တျခားဂမုန္းပင္
မ်ားကိုေတာ့ကြၽန္ေတာ္မသိေခ်။အ႐ြက္
အခက္ေတြက အေရာင္စုံ အေသြးစုံျဖစ္
ကာ လွပၾကသည္။ အကယ္၍ေရသာ
ေန႔စဥ္ မွန္မွန္ေလာင္းပါက မည္သည့္
သစ္ပင္မဆိုလွပစိမ္းစိုေနမည္သာပင္။
“အစ္ကိုေရ- တစ္႐ြာလုံးဂမုန္းစိုက္
တဲ့လူမရွိသေလာက္ပဲ။ အစ္ကိုဘေထြး
ကေတာ့ ဂမုန္းပင္ေတြ စိုက္လို႔ပါလား။
ဒါေပမဲ့- အပင္ေတြကေရငတ္ေနတယ္
ေနာ္။ လွတဲ့ တစ္အိုးေတာ့ ခိုင္တို႔ဘက္
ေရွ႕ထားမွပဲ”
“ခိုင္ရယ္ ေ႐ြ႕မယ့္ ေရွ႕အကုန္သာ
ေ႐ႊ႕ေတာ့ေတာ့၊ ျပန္ေတာ့ ျပန္ထားမွာ
ေပါ့။ ကိုယ္တို႔ ရွိတုန္း ေရေလာင္းေပးတာေပါ့”
“ေကာင္းတယ္-ျပန္မွ ေ႐ြ႕ၾကတာ
ေပါ့။ ကိုအုန္းႀကိဳင္လည္း ရွိတုန္းေပါ့-
ဟုတ္ဖူးလား”ကြၽန္ေတာ္တို႔သည္ အားတက္
သေရာျဖင့္ မေမာႏိုင္မပန္းႏိုင္ ၿခံတြင္
အမႈိက္သ႐ိုက္မ်ား မီးရႈိ႕ျခင္း၊ သစ္ပိုင္းပို
မ်ားခုတ္ထြင္ရွင္းလင္းျခင္းမ်ားကိုကိုယ္
ထူကိုယ္ထေဆာင္႐ြက္ၾကသည္။ ခိုင္က
ေတာ့ဘေထြးၿခံတြင္လွည့္လည္ၾကည့္ရႈ
ရွင္းလင္းရန္ ထြက္သြားသည္။ခဏၾကာ
ေတာ့ ခိုင္ ျပန္ေရာက္လာ သည္။ ခိုင့္
မ်က္ႏွာသည္ ေခြၽးမ်ားစို႔ကာ မ်က္ႏွာ
အမူအရာေျပာင္းလဲေနသည္ဟု
ကြၽန္ေတာ္ခံစားမိသည္။ ခိုင္သည္ကြၽန္
ေတာ့္အနီးသို႔ ေရာက္လာၿပီး…
“အစ္ကို – ဘေထြးတို႔ ၿခံထဲကို
ေလွ်ာက္ၾကည့္ရတာ တစ္မ်ိဳးႀကီးပဲ။
ၾကက္သီးထစရာ ေကာင္းလိုက္တာ။
တစ္ေယာက္ေယာက္က ခိုင့္ကို ေစာင့္
ၾကည့္ေနသလိုမ်ိဳး ခံစားရတယ္။ ဘယ္
လိုျဖစ္မွန္းမသိဘူး။ၿပီးေတာ့ၿခံေစာင့္က
ထပ္တစ္ရာပန္းပင္က ေမြးလိုက္တာ။
အဲဒါ- ခိုင္ပန္းတစ္ပြင့္ခူးဖို႔ လုပ္လိုက္
တုန္းသစ္ကိုင္းကိုတစ္ေယာက္ေယာက္
ကဆြဲလွန္လိုက္သလိုမ်ိဳးေျမာက္တက္
သြားတယ္။ အံ့ဩစရာေကာင္းလိုက္
တာ။ ဒါနဲ႔ – ပန္းနဲ႔ ခိုင့္လက္နဲ႔ ေဝးသြားလို႔
ခူးလို႔ မရေတာ့ဘူး။ ေနာက္ၿပီး-ခိုင္ေၾကာက္
တာနဲ႔ ခ်က္ခ်င္းထြက္ခဲ့တာ” ကြၽန္ေတာ္က
ခိုင့္စကားကို အေရးမထားဟန္ျဖင့္
ခ်က္ခ်င္းေခ်ဖ်က္လိုက္ရသည္။
“ဟာကြာ – ခိုင္ကလည္း ႀကံဖန္ၿပီး
ေတြးေၾကာက္ေနျပန္ပါၿပီ။ ၿခံေျမက စိမ့္
ေတာႀကီးလိုျဖစ္ေနတာေလ။ေနပူကေန
ေလွ်ာက္လာသူတစ္ေယာက္ကအဲယား
ကြန္းအခန္းထဲကို႐ုတ္တရက္ဝင္လိုက္
ေတာ့ ေအးစိမ့္သြားတဲ့ ခံစားမႈမ်ိဳးေပါ့
ကြာ။ ဘာဆန္းၾကယ္တာမွတ္လို႔။ ပန္းခူး
တုန္းက သစ္ကိုင္းက ကိုင္းခ်င္းခ်ိတ္ၿပီး
ၿငိေနတာပါ၊ ခိုင္ လွမ္းယူလိုက္ေတာ့
လြတ္သြားၿပီး ဆြဲလွန္လိုက္သလို ျဖစ္
သြားတာေပါ့။ ဟား- ဟား – ဟား – ခိုင္
ကေတာ့ ခက္ေနျပန္ပါၿပီ”
ကြၽန္ေတာ့္ ေျဖရွင္းခ်က္ကို ခိုင္ကမေက်
မနပ္ေခါင္းခါသည္။“မဟုတ္ဘူး – ကို ၿခံ
ႀကီးကတစ္မ်ိဳး ႀကီးပဲ၊ ခိုင္ ေၾကာက္တယ္”
ကြၽန္ေတာ္က ခိုင့္ခါးကိုညင္သာစြာဖက္လိုက္ၿပီး
“ကေလးကလားကြာကိုအုန္းႀကိဳင္
ေကာ ရွိတယ္။ ထင္းေတြ ေနလွန္းေနတယ္”
“ကဲပါကြယ္ – ကိုအုန္းႀကိဳင္ကို ေခၚ
ၿပီး ကိုယ္တို႔ အိမ္ေပၚမွာ ထမင္းစားၾက
ရေအာင္။ သူ႔ကို ခိုင္ ႀကိဳက္တဲ့အလွဆုံး
ဂမုန္းပန္းအိုး ေ႐ႊ႕ခိုင္းရေအာင္”
ကြၽန္ေတာ့္ စကားဆုံးေတာ့ ခိုင္
သည္ ဘေထြး အိမ္ေရွ႕ရွိ သီးျခားျဖစ္ေန
ေသာ ပန္းအိုးတစ္အိုးဆီသို႔ အၾကည့္
ေရာက္သြားသည္။ အိမ္ေရွ႕တြင္ မ်ိဳးမတူ
ေသာ ပန္းဂမုန္းအိုး ငါးအိုးခန႔္ ရွိသည္။
သို႔ၿခံေစာင့္ ဟိုးခပ္ေဝးေဝးေထာင့္တြင္
သီးျခားရွိေနေသာ ဂမုန္းအိုးကေတာ့
အလွဆုံးျဖစ္မည္ ထင္သည္။ အိမ္ေရွ႕ရွိ
ဂမုန္းပင္မ်ားမွာ ခ်ိဳးဂမုန္း၊ က်ီးဂမုန္း၊
ေဒါင္းဂမုန္းတို႔ ျဖစ္သည္။ ထိုဂမုန္းပင္
မ်ားမွာ ၿခံေထာင့္ရွိေျမျပင္တြင္ တစ္အိုး
တည္းသီးျခားခ်ထားေသာဂမုန္းပင္ႏွင့္
ယွဥ္လွ်င္ လွပမႈ မရွိေပ။ ခိုင္သည္ ၿခံ
ေထာင့္မွ တစ္ပင္တည္းေသာ ဂမုန္းပင္
ကိုျမင္လွ်င္ ဣေျႏၵမဆည္ႏိုင္ပဲ …
“လွလိုက္တဲ့ အပင္ပဲ- အစ္ကို၊
ၾကည့္စမ္း – ခိုင္တို႔ ျပန္ရင္ မ်ိဳးေတာင္း
သြားမယ္ေနာ္”
ကြၽန္ေတာ္ လွမ္းၾကည့္လိုက္ေတာ့
အ႐ိုးတံနီနီ၊ အ႐ြက္အလယ္ေၾကာနီညိဳ
ေရာင္ရွိကာ အ႐ြက္အားလုံး ဗဟို
အေၾကာမႀကီးမွ ႐ြက္ေၾကာၿပိဳင္မ်ား
ထြက္ေနေသာ ဂမုန္းပင္ျဖစ္ေၾကာင္း
ေတြ႕လိုက္ရသည္။ အ႐ြက္ပုံသဏၭာန္
ရွည္၍ ခြၽန္ေမ်ာေမ်ာ ျဖစ္သည္။ အေပၚ
ဘက္ အ႐ြက္စိမ္းျဖစ္ကာ လွပေသာ
ဂမုန္းပင္ျဖစ္မွန္းသိလိုက္ရသည္။ အမ်ိဳး
အမည္ေတာ့ မခြဲျခားတတ္။ ခိုင္ ႀကိဳက္
မည္ဆိုလွ်င္ ႀကိဳက္စရာပင္၊
“ကဲ- ကိုအုန္းႀကိဳင္ေရ၊ သစ္ပင္
လွလွကေလးေတြ ျမင္ေနရတာ ေရ
ေလာင္းေနရတာပဲ စိတ္ခ်မ္းသာတယ္
ဗ်ာ။ အဲဒီအ႐ိုးနီနဲ႔ ပန္းအိုး ကြၽန္ေတာ္တို႔
ၿခံဘက္ခဏေ႐ြ႕ထားေပးပါဗ်ာ၊ ဘေထြး
ကဘယ္ေတာ့ျပန္လာမွန္းမသိဘူး။ေရ
မေလာင္းရင္အပင္ေတြေျခာက္ၿပီးေသ
ကုန္မယ္။ ကြၽန္ေတာ္တို႔ ရန္ကုန္ျပန္
ေတာ့ သန္သန္မာမာ မ်ိဳးယူသြားလို႔
ရတာေပါ့ဗ်ာ။ ဟုတ္ဖူးလား”
“ရတယ္ – ကိုဝင္းေဆြ၊ ဘေထြးကကို
ဝင္းေဆြတို႔ လိုတာေတာင္းရင္ေပး
မွာေသခ်ာတယ္ဗ်ိဳ႕၊ကြၽန္ေတာ္ကေတာ့
အပင္တစ္ပင္ဟာစားလို႔မရ။ခူးလို႔လည္း
မရဘူးဆိုရင္ သိပ္ၿပီး စိတ္ဝင္စားတာ
မဟုတ္ဘူး။ေရမေလာင္းဘဲပစ္ထားတာ
သာ ၾကည့္ေတာ့၊ ရႈပ္တဲ့ အပင္ေတြပါဗ်ာ”
ကိုအုန္းႀကိဳင္သည္ေျပာေျပာဆိုဆို
ပန္းအိုးကို ခ်က္ခ်င္းမက ကြၽန္ေတာ္တို႔
ၿခံဘက္သို႔ ေ႐ႊ႕ေလသည္။ ေနရာတက်
တည္ၿပီးေသာအခါခိုင္သည္ဂမုန္းပင္ကို
ေရေလာင္းသည္။ ပင္ေျခကို ဓားဦးခြၽန္
ျဖင့္ေျမဆြေပးသည္။ သည္လိုႏွင့္နံနက္
စာ စားခ်ိန္ေရာက္လာသည္။ ခဏၾကာ
လွ်င္ကြၽန္ေတာ္တို႔မနက္ စာ စားသည္။
အလုပ္ပင္ပန္းေသာေၾကာင့္ ဟင္းမေကာင္း
ေသာ္လည္းထမင္းၿမိန္ၾကသည္။ဂုန္မင္းဟင္းခါး၊ တို႔
စရာ၊ ၊ ငါးပိေကာင္ ေၾကာ္ျဖင့္ ထမင္းစား
ၿပီးေတာ့ ကိုအုန္းႀကိဳင္ သူ႔ ၿခံဘက္သို႔ ျပန္သြားသည္။
ညေနေစာင္းခ်ိန္…
အဝါေရာင္ငွက္ကေလး တစ္
ေကာင္သည္ၿခံေရွ႕သစ္ပင္တြင္ နားရာမွ
႐ုတ္တရက္ပ်ံေျပးသြားသည္။ ခိုင္သည္
အိမ္ေရွ႕ေျမေျပာင္ေျပာင္မွ အမႈိက္မ်ား
ကို တံျမက္စည္းၾကမ္းျဖင့္ လွည္းက်င္း
ၿပီး တစ္ဖက္ၿခံမွ ယူလာေသာ ပန္းအိုး
ေတြကိုေနရာေ႐ႊ႕ျပန္သည္။
“အစ္ကိုေရ- ဒီၿခံေထာင့္ကပင္စည္အနီေရာင္
ဂမုန္းက အလွဆုံးပဲ ေနာ္။ မနက္က
ဟိုဘက္ၿခံက သယ္လာ တုန္းက ခိုင္
တစ္ခါပဲ ေရေလာင္းရေသးတယ္။ ခု-ပိုၿပီး
လန္းဆန္းလာသလိုပဲ ေနာ္။ၾကည့္စမ္း
အပြင့္ေတာင္ပြင့္ေတာ့ မယ္။ အဖူးႏွစ္ဖူး
ထြက္ခ်င္ၿပီနဲ႔တူတယ္။အငုံေလးႏွစ္ခုေသ
ခ်ာပါၿပီ။ ေရေလာင္းလိုက္လို႔ထင္တယ္။
တစ္ခုက အရင္ပြင့္ မွာ၊ ေနာက္တစ္ဖူးက
မေသခ်ာေသး ဘူး။ ေတာ္ေတာ္ေသး,
ေသးတယ္ အစ္ကို။ ဒီမွာ – လာၾကည့္စမ္း”
ကြၽန္ေတာ္ကခိုင္ျပေသာဂမုန္းပင္
၏ပင္စည္အလက္ၾကားမွတိုးထြက္လာ
ေသာ ႐ိုးတံအနီကေလးမွ ခပ္ႀကီးႀကီး
အဖူးကေလးႏွင့္ ခပ္ေသးေသး ငုံခါစ
အဖူးေသးေသးေလးကို ျမင္ေတြ႕လိုက္ရေပသည္။
”ဟုတ္တယ္ကြ – ေရငတ္ေနၾက
တာကိုး။ တစ္ဖူးက ခု တစ္ရက္ႏွစ္ရက္
ဆို ပြင့္ၿပီကြ၊ ေနာက္တစ္ဖူးကေတာ့ ၾကာဦးမယ္ခိုင္။
ေရေတာ့ မွန္မွန္ ေလာင္းေပးလိုက္ပါကြာ”
ခိုင္က ေရပုံးတစ္ပုံးဆြဲကာ ေနာက္ ေဘးစဥ့္
အိုးရွိရာသို႔ ထြက္သြားေလ သည္။ ကြၽန္ေတာ္
သည္ထို႐ိုးတံနီဂမုန္း ကို ၾကည့္ေနရာမွ ရင္ထဲမွ
တစ္မ်ိဳးခံစား လာရသည္။ ထိုခံစား မႈသည္
မသိစိတ္ ႏွင့္အတူေၾကာက္႐ြံ႕ထိတ္လန႔္စိတ္တစ္
မ်ိဳး ျဖစ္မည္ထင္သည္။ ထိုခံစားမႈ ဖ်တ္
ခနဲ ေပ်ာက္သြားၿပီးေနာက္တြင္းေပါက္
ငယ္ကေလးတစ္ခုထဲမွအဆိပ္ျပင္းထန္
လွေသာ သတၱဝါတစ္ေကာင္ ေခ်ာင္း
ၾကည့္ေနသလိုမ်ိဳးခံစားရျပန္သည္။ ဤ
ဂမုန္းပင္သည္ ကြၽန္ေတာ္၏အတြင္း
စိတ္ကိုႏႈိးဆြေနသည္လား။ သစ္ပင္မ်ား
တြင္ ထူးဆန္းေသာ အာ႐ုံသိတစ္မ်ိဳး
ရွိသည္ကို ကြၽန္ေတာ္ စာအုပ္တစ္အုပ္
မွာ ဖတ္မွတ္ဖူးသည္။ ဥပမာ – မသီးဘဲ
ၿမဳံေနေသာသစ္ပင္ေအာက္တြင္
ဂီတသံကိုဖြင့္လွစ္ေပးထားမည္ဆိုပါက
ထိုသစ္ပင္သည္မၾကာမီကာလအတြင္း
အသီး သီးေတာ့မည္ဆိုသည့္ စိတ္နယ္
လြန္ကိစၥမ်ိဳး။႐ုတ္တရက္ကြၽန္ေတာ္၏
အနံ႔အာ႐ုံထဲသို႔ စူးရွလွေသာ အနံ႔တစ္မ်ိဳး
ဝင္လာသည္။ေအာ္ဂလီဆန္ဖြယ္ပုပ္ေဟာင္လွ
ေသာရနံ႔ျဖစ္သည္။အဆုတ္ေလရႉအဂၤါ
ထဲသို႔ ဝင္ေရာက္လာေသာ ထိုပုပ္အက္
စူးရွလွေသာ ရနံ႔ေၾကာင့္ ရင္ထဲမွာ ႐ုတ္
တရက္ ပ်ိဳ႕အန္ခ်င္ေလာက္ေအာင္ ျဖစ္
သြားမိသည္။ ဘယ္ကထြက္လာတဲ့ ရနံ႔
ပါလိမ့္။ ဒီပန္းအိုးေအာက္ကလား၊ ပန္း
အိုးေအာက္မွာ သတၱဝါတစ္ေကာင္
ေကာင္ ေသေနၿပီထင္ပါရဲ႕။ ႂကြက္လား၊
ဒါမွမဟုတ္ ေႁမြတစ္ေကာင္လား၊ ဒါမွ .
.. “ဟိတ္ – ဘာလုပ္ေနတာလဲ”
ကြၽန္ေတာ့္ခႏၶာကိုယ္ရွိေသြးေၾကာ
မ်ား ရပ္တန႔္ေတာင့္တင္းသြားသလို
ခံစားလိုက္ရသည္။ အသံသည္ ေနာက္
ေက်ာဘက္မွ ထြက္ေပၚလာျခင္း ျဖစ္
သည္။ ကြၽန္ေတာ္ လွည့္ၾကည့္လိုက္သည္။
“လန႔္လိုက္တာ – ခိုင္ရယ္”
ေရပုံးဆြဲ၍ၿပဳံး႐ႊင္ေသာမ်က္ႏွာႏွင့္
ခိုင္ ဝင္လာသည္။ ကြၽန္ေတာ္ ခိုင္ထံမွ
ေရပုံးကိုယူကာ ေရတစ္ခြက္ခပ္၍ဂမုန္း
ပင္ေပၚသို႔ေလာင္းခ်လိုက္မိသည္။ အပုပ္
နံ႔ ေပ်ာက္သြားျပန္သည္။ ေနာက္တစ္
ခြက္ ခပ္၍ေလာင္းရန္ ျပင္လိုက္စဥ္မွာ
ပင္ ခိုင္ထံမွ ထူးဆန္းေသာအသံ ၾကား
လိုက္ရေလသည္။
“အစ္ကို – ညည္းသံလိုလို ၾကား
လိုက္မိတယ္”
ကြၽန္ေတာ္ ခိုင့္မ်က္ႏွာကို လွမ္း
ၾကည့္လိုက္ေတာ့ ခိုင္က မ်က္ေမွာင္
ၾကဳတ္ထားသည္။ စူးစမ္းဟန္ျဖင့္ ပတ္
ဝန္းက်င္ကို လွည့္ပတ္ရွာေဖြေနသည္။
ညည္းညဴသံတဲ့။ ကြၽန္ေတာ္ မၾကားမိ
ေပ။ ကြၽန္ေတာ္က ေစာေစာက အပုပ္နံ႔
ရသည္။ ခု-ခိုင္က ညည္းညဴသံတဲ့။
“ဟာကြာ-ေလတိုးလို႔ သစ္႐ြက္
ခ်င္း ပြတ္သံပါကြ”
“ဟုတ္ဖူး – ကိုရဲ႕။ ခိုင့္နားနဲ႔ ဆတ္
ဆတ္ၾကားလိုက္ရတာ။ နားနားကို ကပ္
ၿပီး ေျပာလိုက္သလို၊ ညည္းလိုက္သလိုပဲ”
“တိတ္ဆိတ္တဲ့အခ်ိန္ ပတ္ဝန္း
က်င္မွာ သစ္ပင္ေတြထူထပ္ခ်ိန္မွာဒီလို ပဲ
စိတ္ထဲမွာ ထင္ေယာင္ထင္မွားေတြ
ျဖစ္တတ္တယ္ – ခိုင္ရဲ႕။ ခိုင္ – စိတ္ထင္လို႔ပါ”
ကြၽန္ေတာ္က ခိုင္ ေၾကာက္မည္စိုး၍
ေျဖသိမ့္ေျပာေျပာရေသာ္လည္းေစာ
ေစာကလို စူးရွပုပ္အက္လွေသာ အပုပ္
နံ႔ႀကီးကို ရႉရႈိက္မိမည္ဆိုပါက ခိုင္သည္
ကြၽန္ေတာ့္ ကို မည္သည့္မွတ္ခ်က္ေပး
မည္နည္း။ ကြၽန္ေတာ္ မည္သို႔ျပန္ေျဖ
ရမည္နည္း။ဤၿခံေျမႀကီးႏွင့္ အိမ္သည္
ကြၽန္ေတာ္တို႔အားနားလည္ရခက္ေသာေမး
ခြန္းပုစာၦမ်ားကို စတင္ျဖန႔္ခ်ေနရာ ဘုံ
ဌာနျဖစ္ေၾကာင္းခံစားလိုက္မိေပသည္။
တကယ္ေတာ့ ဤၿခံႀကီးသည္ မ်ိဳသိပ္မႈ
မ်ား ေရငုံႏႈတ္ပိတ္ျပႆနာမ်ားႏွင့္
ေယာင္ကိုင္းေဖာင္းကားေနေသာေၾကာက္
မက္ဖြယ္ ေသတၱာနက္ႀကီး တစ္လုံးသာ
ျဖစ္ေနေပသည္တကား။ဘေထြး၏ၿခံဘက္
မွဂမုန္းပင္အခ်ိဳ႕ကြၽန္ေတာ္တို႔ၿခံဘက္သို႔
ေ႐ႊ႕ေျပာင္းလိုက္သည့္အခ်ိန္မွစ၍ၿခံေျမ
သည္ ထူးျခားမႈမ်ားႏွင့္ စတင္ေတြ႕ဆုံလာရေလ
ေတာ့သည္။ ကြၽန္ေတာ္သည္ ဗုဒၶဘာ
သာဝင္ တစ္ေယာက္ျဖစ္သည့္ အား
ေလ်ာ္စြာ ကံတရား၊ (၃၁)ဘုံသားက်င္
လည္ရာဘဝ စသည္တို႔ကို ယုံၾကည္
ေသာ္လည္းတေစၦ၊ သရဲတို႔ကိုေၾကာက္
႐ြံ႕ထိတ္လန႔္ ျခင္းမရွိသလို ၎တို႔အား
ေစာ္ကားေမာ္ကားမထီမဲ့ျမင္ျပဳလုပ္ျခင္း
မ်ိဳးလည္း မရွိခဲ့ေပ။
ထိုညတြင္ကြၽန္ေတာ္တို႔ဇနီးေမာင္
ႏွံႏွင့္ ကိုအုန္းႀကိဳင္သည္ ေရာက္တတ္
ရာရာေျပာဆိုၾကေပရာညဥ့္ေတာ္ေတာ္
နက္ပါမွ စကားဝိုင္းကို သိမ္းႏိုင္ေတာ့
ေလသည္။ ခိုင္ကေတာ့ တစ္ေနကုန္ ၿခံ
အလုပ္ေတြ ပင္ပန္းႀကီးစြာ လုပ္ကိုင္
ရသျဖင့္ ကိုယ္လက္ နာက်င္ကိုက္ခဲ
သည္ဆိုကာ(၈)နရီခန႔္ကပင္အိပ္ရာဝင္
သြားခဲ့သည္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္
ကညဥ့္(၁၀)နာရီထိ႐ုပ္ရွင္အေၾကာင္း၊
ၿမိဳ႕႐ြာအေၾကာင္းေျပာရင္းညဥ့္နက္သြား
ျခင္းျဖစ္သည္။
ကိုအုန္းႀကိဳင္ျပန္သြားမွကြၽန္ေတာ္
အိပ္ရာဝင္ႏိုင္သည္။ ကိုအုန္းႀကိဳင္က
လည္းကြၽန္ေတာ္တို႔ရွိ၍ညအိပ္ျခင္းျဖစ္
ေပရာ အေဖာ္ေတာ့ ရေပသည္။
ကြၽန္ေတာ္အိပ္ရာထဲေရာက္ေတာ့
(၁ဝ) နာရီခြဲေပၿပီ။ညသည္တိတ္ဆိတ္
ၿငိမ္သက္မႈျဖင့္ ေခ်ာက္ခ်ားစဖြယ္ရနံ႔မ်ားျဖင့္၊ ေထြျပား
ေဝဝါးေသာ အဓိပၸာယ္မ်ားျဖင့္ ဆက္
လက္စီးေမ်ာေနေပသည္။ ၿငိမ္သက္
တိတ္ဆိတ္ေနေသာပတ္ဝန္းက်င္သည္
ကြၽန္ေတာ္ အိပ္ေပ်ာ္ခါစတြင္ ထူးျခားမွ
တစ္စုံတစ္ရာ ျဖင့္ စတင္ေျပာင္းလဲလာေလသည္။
အိမ္ေရွ႕ရွိ သရက္ပင္ႀကီးဆီမွ အိပ္
တန္းတက္ေနၾကေသာငွက္မ်ား၏လႈပ္
လႈပ္႐ြ႐ြတြန္သံျမည္သံမ်ားစတင္ထြက္
ေပၚလာျခင္းျဖစ္သည္။ဂစ္ခနဲေအာ္ျမည္
လိုက္ေသာငွက္တစ္ေကာင္၏အထိတ္
တလန႔္ ေအာ္သံ။ အျခားငွက္မ်ား၏
ေတာင္ပံေတြ တဖ်ပ္ဖ်ပ္႐ိုက္ခတ္သံ၊
ပ်ံထြက္ေျပးသြားေသာ အသံမ်ားသည္
မိနစ္ေပါင္းမ်ားစြာ ဆက္တိုက္ျဖစ္ေပၚ
ေနေသးသည္၊ ငွက္ငယ္ကေလးမ်ား၏
တစီစီျမည္သံ။ ကိုင္းတစ္ကိုင္းမွ တစ္
ကိုင္းဆီသို႔ တိုးေဝွ႔ခုန္တက္သံမ်ားပါ
အဆက္မျပတ္ၾကားေနရျခင္း ျဖစ္ေပ
သည္။ သစ္ပင္ေပၚတြင္ ေႁမြ သို႔မဟုတ္
ေတာေၾကာင္တစ္ေကာင္ ေတာင္တက္
၍ေမႊေႏွာက္ေနၿပီေလာမေျပာတတ္ေပ။
တလႈပ္လႈပ္တ႐ြ႐ြ ျဖစ္ေနေသာ သရက္
ပင္ႀကီးဆီမွ အသံမ်ားသည္ မိနစ္ေပါင္း
မ်ားစြာ ႐ုန႔္ရင္းဆန္ခတ္ျဖစ္သြားၿပီး
ေနာက္ျပန္လည္ၿငိမ္သက္သြားျပန္ေလ
သည္။မိုးလင္းသည္ထိ မည္သည့္အသံ
မ်ားမွမၾကားရေတာ့ေပ။ နံနက္မိုးလင္း၍
အိမ္ေအာက္ဆင္း ၍တံျမက္စည္းလွည္း
ရန္တံခါးဖြင့္လိုက္သည္ႏွင့္ တုန္လႈပ္ေခ်ာက္
ခ်ားဖြယ္ ျမင္ ကြင္းက ကြၽန္ေတာ့္ကို ဆီးႀကိဳေနေပ
သည္။ ခိုင္ကေနာက္ေဖးတြင္ထင္းမီးျဖင့္
ေရေႏြးအိုးတည္ေနသည္။ တံခါးဖြင့္၍
ဆင္းဆင္းခ်င္း ျမင္ေတြ႕ လိုက္ရသည့္
ထိတ္လန႔္ဖြယ္ျမင္ကြင္းမွာကား..
သရက္ပင္ႀကီး၏ေျခရင္းတြင္ဗ်ိဳင္း၊
လင္းဝက္ႏွင့္အျခားအမည္မသိငွက္မ်ား
သည္ လည္ပင္မ်ားျပတ္ကာ ေသြးသံ
ရဲရဲျဖင့္ အတုံးအ႐ုန္းျပဳတ္က် ေသဆုံး
ေနၾကျခင္း ျဖစ္သည္။ ဒဏ္ရာမ်ားျဖင့္
ေသဆုံးေနၾကေသာ (၁၀)ေကာင္ခန႔္
ေသာ ငွက္မ်ားကို မည္သည့္တိရစာၦန္
ႀကီးက အပင္ေပၚတက္ကာ သတ္ျဖတ္
ေလသနည္း။ ရက္စက္ ယုတ္မာလြန္း
ေခ်သည္တကား။ ႐ိုင္းစိုင္းလွေခ်သည္
တကား။ကြၽန္ေတာ္သည္အျပစ္မဲ့ေသာ
တိရစာၦန္ကေလးမ်ား ႐ုတ္တရက္ ေသ
ဆုံးရျခင္းအေပၚေဒါသထြက္ကာနာက်င္
ေၾကကြဲမိသြားသည္။ကြၽန္ေတာ္သည္
ကိုအုန္းႀကိဳင္ႏွင့္ခိုင္ကိုေခၚျပမိသည္။
ခိုင္သည္ အထိတ္တလန႔္ျဖစ္ကာ
မ်က္ရည္ဝဲေနမိသည္။ကိုအုန္းႀကိဳင္က
ေတာ့အံ့ဩကာေတြေဝေနသည္။
ခိုင္သည္ တိရစာၦန္အေသေကာင္ကေလး
မ်ားကိုမ်က္ရည္ဝဲစြာျဖင့္ ၾကည့္ ရင္း
အိမ္ေပၚျပန္တက္သြားသည္။ ကြၽန္
ေတာ္ႏွင့္ ကိုအုန္းခိုင္က ျခင္းၾကားတစ္ခု
ထဲသို႔ တိရစာၦန္အေသေကာင္မ်ားကို
စုထည့္ကာ ၿခံေနာက္ဘက္သို႔ သယ္ယူ
သြားသည္။ ႏွစ္ေတာင္သာသာ က်င္း
နက္တူးကာ စု၍ျမႇဳပ္ႏွံပစ္လိုက္သည္။
ကြၽန္ေတာ္၏ ရင္ထဲတြင္ ဖိစီးေလးလံ
ေနေသာ အရာမ်ားက တိရစာၦန္မ်ား
အဘယ္ေၾကာင့္ အစုအေဝးလိုက္၊
တစ္ ၿပဳံတစ္မႀကီးေသဆုံးရျခင္းဆိုေသာေမး
ခြန္းသာ ျဖစ္ေပသည္။ ေရာဂါေဝဒနာ
ေၾကာင့္တစ္ေကာင္ႏွင့္တစ္ေကာင္ကူး
စက္ကာေသဆုံးရျခင္းမဟုတ္ဘဲေသြး
သံရဲရဲျဖင့္ သစ္ပင္ထက္မွာ ေသၾကရ
ျခင္းကပို၍ဆန္းၾကယ္ေနသည္မဟုတ္
ပါ လား။ တစ္စုံတစ္ေယာက္ေသာ အင္
အားႀကီးသတၱဝါေၾကာင့္ေသေၾကရျခင္း
သာျဖစ္ေပမည္။ထိုသတၱဝါကားမည္သို႔
ေသာ သတၱဝါျဖစ္ေပမည္နည္း။ လြန္ခဲ့ေသာ
ႏွစ္ညသုံးညခန႔္ က ဘေထြးတို႔ၿခံထဲမွ
ဧရာမဖုတ္ၿပိတၱာသတၱဝါႀကီး၏လက္
ခ်က္ေပေလာ။ စဥ္း စားရ ခက္လွသည္။
ထိုေန႔အဖို႔ကြၽန္ေတာ္ႏွင့္ ခိုင္သည္
ေထြေထြထူးထူး ေျပာဆိုျခင္းမျပဳၾကဘဲ
မနက္စာစားၿပီးကတည္းက ႐ြာထဲသို႔
ေလွ်ာက္လည္ျဖစ္ၾကသည္။ ညေန
ေစာင္းအထိ႐ြာထဲတစ္အိမ္ဝင္တစ္အိမ္
ထြက္အိမ္ရွင္မ်ားဧည့္ခံေကြၽးေမြးေသာ
႐ြာထြက္သီးႏွံ၊မုန႔္မ်ိဳးစုံကိုစားရင္းအခ်ိန္
ျဖဳန္းခဲ့ၾကသည္။
႐ြာထဲတြင္ ေႏြရာသီကာလျဖစ္
သည့္အားေလ်ာ္စြာ ရွင္ျပဳအလႉမ်ား
ကလည္း ရက္ဆက္သလို ျဖစ္ေနရာ
သီခ်င္းသံ၊ ေလာက္စပီကာသံမ်ားက
ဆူညံစြာထြက္ေပၚေနေပသည္။ကေလး
သူငယ္မ်ား အပ်ိဳေပါက္ကေလးမ်ား
သည္ညေနဆိုလွ်င္ဖီးလိမ္း၊ျပင္ဆင္ကာ
႐ြာလယ္လမ္းမ ႐ြာရွိသေဘၤာဆိပ္၊ ႐ြာ
ဘုန္းေတာ္ႀကီးေက်ာင္းဝင္းရွိ ေလာက
မာန္ေအာင္ဘုရားေပၚတြင္ တဝုန္းဝုန္း
တေပ်ာ္တပါး ျဖစ္ေနၾကသည္။ တျဖည္း
ျဖည္းႏွင့္ သၾကၤန္ကာလ လည္း လြန္စြာ
နီးကပ္လာေပၿပီ။ ဘုန္း ႀကီးေက်ာင္းေလွ
ဆိပ္ရွိ ပိေတာက္ပင္ ႀကီးမွ ဖူးတံေတြ
ေလယူရာတိမ္းကာ သၾကၤန္အမီပြင့္အာ
ဖို႔ေစာင့္ေမွ်ာ္ေနေပ ၿပီ။ ျမစ္ထဲတြင္
ဧရာဝတီသေဘၤာႀကီး မ်ား၊ ၾကားသေဘၤာ
ေခၚပုဂၢလိက တစ္ ထပ္လႊာခ်င္း
သေဘၤာကေလးမ်ား စုန္ဆန္ဥဒဟိုကူးလူး
ျဖတ္သန္းေနၾက သည္။ တစ္ႏွစ္ပတ္လုံး
ၿငိမ္သက္တိတ္ဆိတ္ေနရေသာ႐ြာကေလးသည္
သည္လို ေႏြရာသီ ကာလက်မွပင္ ဆူညံေဝ
စည္ရျခင္းျဖစ္သည္။ဇာတိရပ္႐ြာသို႔ျပန္
လာၾကေသာအေဝးေရာက္မိသားစုမ်ား
လည္းသည္အခ်ိန္သည္ကာလေရာက္
မွပင္တစ္ေယာက္မ်က္ႏွာတစ္ေယာက္
ျပည့္ဝစြာ ျမင္ရသည္ မဟုတ္ပါေလာ။
ခိုင္သည္ ႐ြာကေလးမွ အမ်ိဳးသမီးမိတ္
ေဆြမ်ား၊ ေဆြမ်ိဳးသားခ်င္းမ်ား၊
ကြၽန္ေတာ္ႏွင့္ ပတ္သက္ကာ တျဖည္း
ျဖည္း ရင္းႏွီးလာခဲ့ၿပီျဖစ္ရာ ေခ်ာက္ခ်ား
ဖြယ္ ပေဟဠိမ်ားျဖင့္ ျပည့္ႏွက္ေနသည့္
႐ြာစြန္ တစ္ဖက္ကမ္းရွိ အေမြရထား
ေသာၿခံဝင္းက်ယ္ အိမ္ႀကီးတြင္ ေနလို
ျခင္းမရွိေပ။ ႐ြာထဲတြင္ လူစုလူေဝးႏွင့္
ေပ်ာ္ေပ်ာ္ပါးပါးေနလိုသည္မွာ ထင္ရွား
ေပသည္။ ၿပီးေတာ့ ခိုင္သည္ ေလွစီး၍
ျမစ္ကူးေခ်ာင္းကူးသြားရေသာ ခံစားမႈ
မ်ိဳးကို ႏွစ္ၿခိဳက္ေပရာ တစ္ခါတစ္ရံတြင္
ကြၽန္ေတာ္၏ ညီမဝမ္းကြဲမ်ားႏွင့္အတူ
အျခား႐ြာမ်ားသို႔ ေရလမ္းခရီးကို ေလွ
ျဖင့္ လိုက္ပါသြားတတ္သည္။ သို႔ေသာ္-
ခိုင္သည္တကၠသိုလ္ေက်ာင္းသူဘဝက
တကၠသိုလ္လက္ေ႐ြးစင္ေရကူးခ်န္ပီယံ
ျဖစ္ေပရာ ေရနစ္မွာကိုေတာ့ စိုးရိမ္စရာ
လိုမည္မထင္ေပ။
ထိုေန႔က ကြၽန္ေတာ္တို႔ ၿခံထဲ ေရာက္
ေတာ့ေမွာင္ရီပ်ိဳးစျပဳေပၿပီ၊တစ္
ဖက္ကမ္းရွိ အစ္ကိုဝမ္းကြဲတစ္ေယာက္
ကလိုက္ပို႔သည္။ ေလွျဖင့္ လိုက္ပို႔ျခင္း
ျဖစ္သည္။ ၿခံဝေရာက္ေတာ့ ခိုင္က
“အစ္ကို – ပန္းပင္ေလးေတြေရေလာင္းဖို႔
အခ်ိန္ရေသးတယ္၊ မေမွာင္ေသးဘူး”
ခိုင္က ေျပာေျပာဆိုဆို အိမ္ေဘးရွိ
စဥ့္အိုးႀကီးဆီသို႔ အေျပးတစ္ပိုင္းျဖင့္
သြားကာေရပုံးျဖင့္ေရခပ္ယူလာသည္။
ေနာက္ပန္းပင္ ဂမုန္းပင္ေတြကိုတစ္အိုး
ခ်င္း ခပ္႐ြဲ႐ြဲ လိုက္ေလာင္းသည္။ “တို႔႐ြာ
ကေတာ့ ေမွာင္ၿပီဆိုတာနဲ႔ တိတ္ဆိတ္
သြားေတာ့တာပဲ ခိုင္ေရ။ တို႔ ဒီဘက္ကမ္း
ကေတာ့ ပိုဆိုးလိမ့္ပဲ။ တစ္ ၿခံနဲ႔တစ္ၿခံ
ေအာ္မၾကား၊ ေခၚမၾကား”
ထိုစဥ္ ခိုင္သည္ ေရေလာင္းေနရာ
“အို – အစ္ကိုေရ၊ ဒီၿခံဝက သီးျခားခ်ထားတဲ့
အလွဆုံးဂမုန္းပင္ကို လာ ၾကည့္စမ္း။
အပြင့္ပြင့္ခ်င္ၿပီလားမသိဘူး။ အဖူးေလးႏွစ္ဖူးထြက္ေနၿပီ”
ခိုင္သည္ ဝမ္းသာျမဴးထူးစြာေအာ္ဟစ္လိုက္ျခင္း
ျဖစ္သည္။ ကြၽန္ေတာ္၏ ပန္းအိုးတြင္းမွ
ဂမုန္းပင္ကို ေသခ်ာစိုက္ၾကည့္လိုက္ေတာ့
ခိုင္ ေလာင္းခ်ထားေသာေရစက္ေရမႈန္ေတြၾကားကိုင္းပြား
ကေလးတစ္ခုၾကားမွ အဖူးႏွစ္ခုက ၿပိဳင္
ကာ ထြက္ျပဴေနသည္ကို ေတြ႕လိုက္
ရေလသည္။ ခိုင္က ပန္းပင္ကို ေရတစ္
ခြက္ ထပ္ေလာင္း ျပန္သည္။ အေရာင္
အစူးကေလးေတြျဖစ္သည္။
“ေတာ္ၿပီေလ – ခိုင္၊ေရမြန္းၿပီးေသ
သြားဦးမယ္ကြ။ ေတာ္ေတာ္ ႐ႊဲနစ္ေနၿပီ။
ေရဝဝေလာင္းလို႔လားေတာ့ မသိဘူး-
ခိုင္ေရ။ႏွစ္ရက္ပဲရွိေသးတယ္။ စိမ္းစိုၿပီး
သန္လာလိုက္တာ။ ေတာ္ေတာ္လွတဲ့
အပင္ေလးေတြ။ ပန္းဖူးလည္း အျဖဴပြင့္
ေလးျဖစ္မယ္ကြ။ မနက္ျဖန္ေလာက္ဆို
ပြင့္ၿပီ။စပယ္ပန္းအ႐ြယ္ကေလးပဲေနာ္-ခိုင္”
ခိုင္၏မ်က္ဝန္းမ်ားသည္ခ်က္ခ်င္း
ေတာက္ပသြားေပသည္။ ငုံ႔ကိုင္းကာ….။
“ဟုတ္ပါရဲ႕- ႐ိုးတံနီနီကေလးမွာ စပယ္ပန္း
အ႐ြယ္ အပြင့္ျဖဴျဖဴကေလး
ပြင့္မွာ။တစ္ပြင့္ကေတာ့မေသေသးဘူး
ေနာ္။ အပြင့္က အ႐ြက္လား ခြဲျခားလို႔
မရေသးဘူး- အစ္ကိုေရ။ သုံးေလးရက္
ေလာက္ေတာ့ ေစာင့္ၾကည့္ရဦးမွာ၊ အင္း –
အပြင့္လွလွေလးပဲ ျဖစ္ပါေစ”
“ဘာဂမုန္းမွန္း မသိဘူးကြ၊ ေတာ္
ေတာ္လွတယ္။ ဆြဲေဆာင္မႈ ရွိတယ္”
“ခိုင္ ရန္ကုန္ျပန္ရင္ အပင္လိုက္ေတာင္း
သြားမွပဲ။ မရဘူး – ဘာပင္ျဖစ္ျဖစ္”
ခိုင္က ကေလးတစ္ေယာက္ကို
ဇြတ္ေျပာေနေလသည္။ထိုစဥ္ပတ္ဝန္း
က်င္သည္ အေမွာင္ထုအျဖစ္ တစ္စ
တစ္စ နက္ရႈိင္းလာေလသည္။
“ကဲ – ခိုင္ေရ၊ အိမ္ေပၚတက္ၾကစို႔။
မနက္အလႉတစ္ခုရွိတယ္”
“ဟုတ္တယ္ – အစ္ကို၊ခိုင္ကိုဆက္
ဆက္ခဲ့ပါတဲ့။ အစ္ကိုတို႔ အမ်ိဳးေတြက
ခိုင္မွ ခိုင္ ျဖစ္ေနၾကၿပီ”ခိုင္သည္ ေရပုံးကို
ကိုင္ကာ အိမ္ ေနာက္ဘက္ဆီသို႔ခပ္သြက္
သြက္ထြက္ သြားသည္။ အေမွာင္သည္
သစ္ရိပ္ အၾကားဆီသို႔ လ်င္ျမန္စြာတိုးဝင္လာ
သည္။ သစ္႐ြက္ကို ေလတိုးသျဖင့္ တရွဲ ရွိ ျမည္သံ၊
ေက်းငွက္ေတြ အိပ္တန္းဝင္ သံ ခပ္ေဝးေဝးဆီမွ
ျမစ္၏လႈိင္းပုတ္သံ တို႔သည္ တစ္ရံမလပ္
ဆက္တိုက္ထြက္ ေပၚလာသည္။
ခိုင္သည္ ဆိုလာမီးအိမ္ကိုထြန္းညႇိ လိုက္သည္။
ကြၽန္ေတာ္ အိမ္တံခါးပိတ္ခ်ိန္တြင္ အေမွာင္ကြယ္လွေပၿပီ…။
ကြၽန္ေတာ္၏ အသိအာ႐ုံထဲသို႔ ပထမဦးဆုံး
ဝင္လာသည္ကခိုင္၏ ျပင္း
ထန္လွေသာ အသက္ရႉသံ ျဖစ္သည္။
ခိုင္သည္ အိပ္ေပ်ာ္လွ်င္ ေဟာက္သံ
အသက္ျပင္းျပင္း ရႉသံမထြက္ေသာ
အအိပ္ႏူးညံ့ သည္ မိန္းကေလးျဖစ္ သည္။
ျပင္းထန္ေသာ အသက္ရႉသံ သည္ရပ္တန႔္
မသြားဘဲက်ယ္ေလာင္စြာ ျဖင့္ ခပ္စိပ္စိပ္
ထြက္ေပၚလာသည္။ ကြၽန္ေတာ္၏ ခႏၶာ
ကိုယ္ႏွင့္ အသိ ကို လ်င္ျမန္စြာဆက္စပ္ရန္
အာ႐ုံကို ႏိုးထလိုက္ခ်ိန္တြင္ ကြၽန္ေတာ္ စတင္
သတိျပဳမိလိုက္သည္က အခန္းသည္
အသက္ရႉၾကပ္ေလာက္ဖြယ္ေမွာင္မိုက္
ေနျခင္း ျဖစ္သည္။ ဆိုလာမီးအိမ္ငယ္
သည္ဘက္ထရီအားေလွ်ာ့ကာ ၿငိမ္းေန
ေပၿပီ။ ႐ုတ္တရက္ဆိုေတာ့ ကြၽန္ေတာ္
တို႔အိမ္ေပ်ာ္ေနရာ အခန္းက်ဥ္းကေလး
သည္ ပကတိေမွာင္မိုက္ေနေပရာ တစ္
ကမာၻလုံး၌ကြၽန္ေတာ္တို႔သာအထီးက်န္
ေနရသကဲ့သို႔ မြန္းၾကပ္စြာခံစားလိုက္
ရျခင္းျဖစ္မည္ဟု အိပ္ရာမွ လူးလဲထရန္
ႀကိဳးစားလိုက္ခ်ိန္တြင္ ခိုင့္ ထံမွ ရႈိက္သံ
ကို စတင္ၾကားလိုက္ရသည္။ ခိုင္သည္
အသက္ရႉျပင္းထန္ေနရာမွ႐ုတ္တရက္
ငိုရႈိက္လိုက္ျခင္း ျဖစ္သည္။ “ခိုင္ – ဘာျဖစ္တာလဲ”
ကြၽန္ေတာ္သည္ ေမွာင္ထဲမွပင္ စားပြဲေပၚ
တင္ထားေသာဖေယာင္းတိုင္
ႏွင့္ မီးျခစ္ကို စမ္းေနခ်ိန္တြင္ ခိုင့္ထံမွ
တသိမ့္သိမ့္ငိုရႈိက္သံကို ၾကားေနရေလၿပီ။
“ခိုင္”
ကြၽန္ေတာ္သည္ ဖေယာင္းတိုင္မီး
အလင္းေအာက္မွပင္ခိုင္ကိုရွာေဖြၾကည့္
လိုက္စဥ္ ေက်ာေပးအိပ္ေနလ်က္ပင္။
တသိမ့္သိမ့္ ရႈိက္ငိုေနျခင္းပင္တည္း။
ကြၽန္ေတာ္သည္ ခိုင့္ပခုံးကို ကိုင္ကာ
လႈပ္ယမ္းရင္း ဆြဲထူရန္ ႀကိဳးစားသည္။
ခိုင္သည္ မ်က္လုံးမ်ား မွိတ္ထားလ်က္
ကပင္ အိပ္မက္ေယာင္ကာ တရႈိက္ရႈိက္
ငိုေနသည္။
“ထစမ္း-ခိုင္ – ခိုင္ ဘာျဖစ္တာ
ကြၽန္ေတာ္သည္ခိုင့္ပခုံးကိုဆြဲကာ
မ.ထူသည္။ ခိုင္သည္ ခႏၶာကိုယ္ အ႐ုပ္
ႀကိဳး ျပတ္ယိုင္ေနကာ မ်က္စိမဖြင့္ေသး
ဘဲ ငိုရႈိက္ေနဆဲပင္။ ကြၽန္ေတာ္သည္
ထိုအခါမွ ခိုင့္မ်က္ႏွာကို လက္ႏွစ္ဖက္
ျဖင့္ကိုင္ကာလႈပ္ႏႈိးသည္။ထိုအခါမွခိုင္
သည္အသိဝင္လာကာမ်က္စိဖြင့္ၾကည့္
သည္။ ကြၽန္ေတာ့္ကို ျမင္လိုက္သည္ႏွင့္
ရင္ခြင္ထဲသို႔ ဝင္ကာ ကေလးငယ္တစ္
ေယာက္လိုရႈိက္ႀကီးတငင္ငိုေနေပေတာ့
သည္တကား …။
“ေၾကာက္တယ္ – ေၾကာက္တယ္”
“ခိုင္ ဘာကိုေၾကာက္တာလဲ။ ခိုင္
အိပ္မက္ေယာင္ေနၿပီ”
“ေၾကာက္လိုက္တာ – အိပ္မက္ထဲ
မွာ ဘီလူးႀကီး”
ကြၽန္ေတာ္သည္ ခိုင့္ခႏၶာကိုယ္
ကေလးကို ေပြ႕ဖက္ထားမိသည္။ ခိုင့္
တစ္ကိုယ္လုံးသည္ တဆတ္ဆတ္တုန္
ေနသည္။ ခိုင္က ကြၽန္ေတာ့္ပခုံးေပၚ
ေမးတင္ေနရာမွ…
“အိပ္မက္ထဲမွာ အရပ္အျမင့္
အသားမည္းမည္း ေက်ာကုန္းေျပာင္
ဘီလူးႀကီးတစ္ေကာင္ – ကိုရဲ႕”
“ေျပာေလ- ခိုင္၊ ဘီလူးႀကီးက ဘာ ျဖစ္သလဲ၊
ေျပာ – ခိုင္”ခိုင္ကား ေၾကာက္မက္ေခ်ာက္ခ်ား
ဖြယ္ အိပ္မက္ကို မက္ေနေလၿပီေကာ၊
“မ်က္လုံးနီနီ၊ အသားမည္းမည္း၊ လုံခ်ည္တိုတိုနဲ႔
တုတ္ႀကီးကိုင္ထားတဲ့ ဘီလူးႀကီးအစ္ကို၊မ်က္လုံး
တစ္ဖက္က အနီေရာင္၊ က်န္တစ္ဖက္ကမပြင့္
ေသး ဘူး။ မွိတ္ထားတယ္။ မ်က္စိတစ္ဖက္
မွိတ္တစ္ဖက္ပြင့္နဲ႔ စကားေျပာသံက
ေၾကာက္စရာ၊အသံနက္နက္ဩဩႀကီး
အစ္ကို။ သူက ခိုင့္ကို လက္ညႇိဳးေငါက္ေငါက္
ထိုးၿပီး ငါ့အေပၚကို နင္ ေရေတြ
ေလာင္းခ်တာေရသန႔္ေတြနဲ႔ ေလာင္းခ်
တာ ငါ မႀကိဳက္ဘူးတဲ့။ အမဲေသြး၊ ဝက္ေသြး၊
ၾကက္ေသြး၊ ငါးေဆးေရေတြနဲ႔ ေလာင္းစမ္း။
ငါ့ကို ဘာမွတ္ေနသလဲေဟ့၊ငါမစားမေသာက္
ရတာၾကာၿပီ။ ငါမ်က္လုံးတစ္လုံးမပြင့္ႏိုင္ေသးဘူး။ ခုထိ
ပိတ္ေနတုန္းရွိေသးတယ္၊နင္-ငါ့ကိုငါ
စားခ်င္တာေတြ ေကြၽးရင္ေကြၽး၊ မေကြၽး
လို႔ကေတာ့ေကာင္မေလးေရ၊နင္အစား
ခံဖို႔သာ ျပင္ထားေပေတာ့။ နင့္ကို ငါစား
ေစရဘူး။ငါ့မ်က္စိတစ္ဖက္သာပြင့္ေသး
တယ္။ ႏွစ္ဖက္စလုံး ပြင့္လို႔ကေတာ့ နင့္
ကိုစားပစ္မယ္လို႔ေျပာတယ္။အသံနက္
ႀကီးနဲ႔ ေၾကာက္လိုက္တာ အစ္ကို” ခိုင္သည္
ေၾကာက္႐ြံ႕လြန္းသျဖင့္ ခႏၶာကိုယ္တသိမ့္သိမ့္
တုန္ကာ တုန္ လႈပ္၍ငိုေနေပသည္။
“ခိုင္ရယ္ – တကယ္ျဖစ္ေနတာမွ မဟုတ္တာ။
အိပ္မက္ပါ။ မနက္မိုးလင္းမွ ဂမုန္းပင္
ကြၽမ္းက်င္တဲ့႐ြာဦးဆရာေတာ္ ေက်ာင္းက
ကပၸိယႀကီးဆီမွာ ေမးျမန္းၾကည့္ၿပီးတစ္
ခုခုလုပ္ၾကတာေပါ့ကြယ္၊
ကဲ – ကဲ – ခု ျပန္ၿပီး အိပ္လိုက္ဦး။ မနက္
တစ္နာရီပဲ ရွိေသးတယ္”သည္။
ခိုင္သည္ ေခါင္းတစ္ခ်က္ ယမ္းခါ
“ခိုင္ ရန္ကုန္ျပန္ေတာ့မယ္။ ဆက္
မေနေတာ့ဘူး။ ေၾကာက္တယ္။ ဒီၿခံႀကီး
ထဲမွာ ေနရထိုင္ရတာကိုက စိတ္ထဲမွာ
ေခ်ာက္ခ်ားေၾကာက္လန႔္ေနတယ္၊တစ္
ခုခုျဖစ္ေတာ့မယ့္အတိုင္းပဲ ေနရတာ
စိတ္ထဲမွာမသိုးမသန႔္ ခံစားေနရတယ္၊
ၿပီးေတာ့ – တစ္ေယာက္ေယာက္ လိုက္
ၾကည့္ေနသလို အၿမဲတမ္း ခံစားေနရ
တယ္။ ခိုင္ – ရန္ကုန္ ျပန္ခ်င္ၿပီ”
သည္ေတာ့ အတတ္ႏိုင္ဆုံး ခိုင့္ကို
ျပန္ေခ်ာ့ရသည္။”ခိုင္ပဲ ႐ြာကေလးက
ခ်စ္စရာေကာင္းတယ္၊၊ ႐ြာသူ႐ြာသားေတြက
ခင္မင္ေဖာ္ေ႐ြတယ္ဆို။ ဒီလို ျပႆနာ
ႀကီးကိုပစ္ၿပီး ရန္ကုန္ျပန္လို႔ရွိရင္ ကိုယ္
သိကၡာက်တာ ေပါ့ကြဲ႕၊ ေရာက္တာမွ
တစ္ပတ္မရွိေသးဘူး။ နည္းနည္းေတာ့
သည္းခံပါ ခိုင္ရယ္။ ခိုင္ မေနခ်င္ရင္ ႐ြာ
ထဲကကိုယ့္အစ္မတစ္ဝမ္းကြဲဆီမွာသြား
ေနလည္း ရတယ္။ ကိုယ္ပါလိုက္ေနမွာ
ေပါ့။ဟိုကလည္းေခၚေနတာ။နည္းနည္း
ေတာ့ သည္းခံပါကြယ္၊ ျပႆနာရဲ႕
အရင္းအျမစ္ကို ရွာရဦးမယ္၊ ကိုယ္
ကေတာ့ အရႈံးမေပးဘူး၊ ဘီလူးမကလို႔
နတ္ဆိုးပဲျဖစ္ျဖစ္ ေလာကပါလ နတ္
ေကာင္းနတ္ျမတ္ေတြ ရွိပါေသးတယ္။
သူတို႔ လုပ္ခ်င္တိုင္း လုပ္လို႔မရပါဘူး။
မနက္က်ေတာ့ ႐ြာထဲသြားမယ္၊ ဟုတ္ၿပီလား”
ခိုင့္ဆီမွ စကားျပန္မၾကားရေတာ့။
ကြၽန္ေတာ္ နာရီကိုၾကည့္ေတာ့ ည
တစ္နာရီခြဲေပၿပီ။ ညကား ေၾကာက္မက္
ေခ်ာက္ခ်ားဖြယ္တိတ္ဆိတ္ေနဆဲ။ျပတ္
ေတာင္းျပတ္ေတာင္း တြန္ေနေသာေႁမြ
ဆိုးတစ္ေကာင္၏အစာလိုဟန္တြန္သံ
ထြက္ေပၚေနသည္။ ခိုင္ကား ျပန္လည္
အိပ္ေပ်ာ္သြားေပၿပီ။ အျပင္ဘက္တြင္
အုန္းပင္၊ ကြမ္းသီးပင္မ်ားသည္ ကင္း
ေစာင့္တေစၦႀကီးေတြလိုအေမွာင္ထဲတြင္
ၿငိမ္သက္တည္ၿငိမ္စြာ ရပ္တန႔္ေငးေမာ
ေနၾကသည္။
ေလတိုက္သျဖင့္ ဖေယာင္းတိုင္
မီးအလင္းသည္ တဆတ္ဆတ္တုန္ခါ
ေနသည္။ထို႔ေနာက္တဖ်စ္ဖ်စ္ျမည္ကာ
ဟုပ္ခနဲၿငိမ္းသြားသည္။ စိမ့္ခြၽန္ျမေသာ
ညေလသည္တံခါးၾကားမွေနကာအဓမၼ
တိုးစိမ့္ဝင္ေရာက္လာၿပီး ကြၽန္ေတာ္တို႔
ဇနီးေမာင္ႏွံကို တိုးတိုက္ရပ္တန႔္သြားသည္။
မနက္မိုးလင္းျခင္းပင္လင္းျခင္းခိုင္ သည္ည
လယ္ကမက္ခဲ့သည့္ အိပ္မက္ ကိုအေၾကာင္း
ျပဳကာ တစ္ဖက္ကမ္း လူ စည္ကားရာ
႐ြာအျခမ္းသို႔ ေလွျဖင့္ ကူး
သြားေလသည္။ကြၽန္ေတာ္၏ႏွမဝမ္းကြဲ
မ်ားၿခံတြင္သြားေရာက္ေနထိုင္ျခင္းျဖစ္
သည္။ တစ္ဖက္ကမ္းတြင္ ဘေထြးႏွမ
ကြၽန္ေတာ့္ ေဒြးေလးရွိေသးသည္။ ဧည့္
သည္ေမွ်ာ္ေနေသာ ေဒြးေလးသည္ ခိုင္
ေရာက္သြားသည့္အခါ သမီးအရင္းႏွင့္
မျခားေႏြးေထြးစြာလက္ခံႀကိဳဆိုသည္။
“သမီးေလးရဲ႕- နင္တို႔ ဘေထြးက ေျပာဆိုမရ
အေကာင္တဲ့။ သူ႔ၿခံထဲမွာ သရဲေမြးထားတယ္လို႔
တစ္႐ြာလုံးေျပာ လို႔ ဘယ္သူမွ ၿခံနားမကပ္ရဲၾကဘူး။ လူ
မျမင္ရဘဲနဲ႔ ႐ိုက္႐ိုက္လႊတ္တယ္လို႔
သတင္းၾကားေနရတယ္။ မေနနဲ႔ – ေမာင္
ဝင္းေဆြနဲ႔ မေနနဲ႔။ အိမ္ကိုေသာ့ခတ္ၿပီး
ဒီမွာလာေနၾက။ ကဆုန္လျပည့္ေက်ာ္မွ
ရန္ကုန္ျပန္ၾကကြဲ႕”
အမွန္ေတာ့ ေဒြးေလးေျပာသလို
မလြယ္ပါ။ ဒီေလာက္သရဲအေစာင့္ ရွိ
သည္။လူေတြကိုအိပ္မက္မွၿခိမ္းေျခာက္
ေနသည္ဆိုကတည္းက သဘာဝမက်
ေပ။ ပစ္ထားလွ်င္ သာ၍ဆိုးသြမ္းလာေပမည္။
ကြၽန္ေတာ္သည္ ခိုင့္ကို စိတ္ခ်လက္ခ်ထား
ခဲ့ကာ ႐ြာဦးေက်ာင္းမွကပၸိယႀကီး ဦးထူးထံသို႔
ေန႔လယ္ပိုင္း တြင္ေရာက္လာသည္။
အေၾကာင္းစုံကို မႁခြင္းမခ်န္ ရွင္းျပလိုက္သည္။
“သစ္ပင္ကို ေရေလာင္းရာကေန
ျပႆနာ စျဖစ္တာပဲကြယ္။ မစိုက္
ေကာင္းတဲ့ သစ္ပင္တစ္ပင္ ရွိေနၿပီဆို
တာ ေသခ်ာၿပီ။ ငါ ဂမုန္းပင္ေတြ
အေၾကာင္း သိတယ္ကြာ။ အဂၢိရတ္ထိုး
ရင္ေတာင္ ဂမုန္းပင္ေတြလည္း ထိုးဖူး
တယ္ေလ။ ကိုယ္က မစိုက္ေကာင္းတဲ့
ဂမုန္းေျပာေပမယ့္ သူကေတာ့ သရဲေမြး
ခ်င္သူဆိုေတာ့ မစိုက္ေကာင္းတဲ့ အပင္
ကို ေ႐ြးခ်ယ္ၿပီး စိုက္မွာေလ။ မွန္တယ္
မႈတ္လား – ေမာင္ဝင္းေဆြ။ ဂမုန္းေစာင့္
က ေရသန႔္ ေလာင္းတာ မႀကိဳက္ပဲေသြး
နဲ႔ အညႇီအေဟာက္ သစ္ပင္ေလာင္းခိုင္း
ၿပီဆိုကတည္းက ငါ သိလိုက္ရပါတယ္။
အေရးႀကီးရင္ ညအိပ္ေစာင့္ၾကတာေပါ့
ကြယ္။ အုန္းႀကိဳင္လည္း ရွိတယ္ – မႈတ္လား”
“ရွိတယ္ – – အဘ၊ ကြၽန္ေတာ့္အမ်ိဳး
သမီးကေတာ့ဒီဘက္ကမ္းမွာပဲေနမွာ”
“ေကာင္းပါတယ္ကြယ္-သူကမိန္း ကေလးကိုး။
ေၾကာက္ရွာမွာေပါ့။ ညေနကြာလိုအပ္တဲ့
ပစၥည္းမွန္သမွ် ယူၿပီးလိုက္မယ္။ ကိစၥက
ၾကာရင္ မေကာင္းဘူးကြ၊ အနာေဆြးကို
ေမြးထားသလိုပဲေဟ့”သည္လိုႏွင့္
စကားစျပတ္သြားကာညေနမေစာင္းခင္
ၿခံထဲသြားၾကရန္ ဆုံး ျဖတ္လိုက္ၾကေပသည္။
ကြၽန္ေတာ္ ကပၸိယႀကီး ဦးထူးႏွင့္
ကိုအုန္းႀကိဳင္ ေရာက္ခ်ိန္တြင္ ညေန
ေစာင္းေနၿပီ၊ ညေနစာ စားၿပီး ညဘက္
ေအးေအးလူလူစကားေျပာရန္ ေဆး
လိပ္၊ ကြမ္း၊ ရိကၡာ အျပည့္ျဖင့္ကြၽန္ေတာ့္
ၿခံဘက္သို႔ ေရာက္လာၾကျခင္း ျဖစ္သည္။
ဦးထူးသည္ ပေယာဂအတတ္၊
ေဆးဝါးအတတ္ကို အတန္ငယ္ တတ္
ကြၽမ္းေသာပုဂၢိဳလ္ႀကီးတစ္ဦးလည္းျဖစ္
ေပသည္။ဦးထူးသည္ၿခံထဲေရာက္သည္
ႏွင့္ ခိုင္ ေရေလာင္းခဲ့ေသာ သစ္ပင္ေတြ
ကိုလိုက္ျပခိုင္းသည္။ ခိုင္သည္ သစ္ပင္
ႀကီးမ်ားကို ေရေလာင္းျခင္း မဟုတ္ဘဲ
ဘေထြးၿခံထဲမွေ႐ႊ႕ယူလာေသာဂမုန္းပင္
ေလး၊ ငါးဆယ္ပင္ခန႔္ကိုသာ ကြက္၍
ေရေလာင္းခဲ့ျခင္းျဖစ္ေပရာ လြယ္ကူစြာ
ရွာေဖြခဲ့ရေပသည္။ကြၽန္ေတာ္ေတြးထင္
သည့္အတိုင္း ေ႐ႊ႕ေျပာင္းသယ္ယူလာ
ခဲ့ေသာ ဂမုန္းပင္ထဲမွ အလွဆုံး အ႐ိုးနီ
အ႐ြက္ေတြနီဂမုန္းပင္ ျဖစ္ေနေပေတာ့သည္။
ဦးထူးသည္ျမင္ျမင္ခ်င္းအံ့ဩသြား
ကာအပင္ေရွ႕တြင္ခါးေထာက္ရပ္လက္
ညႇိဳး ထိုးလိုက္ရင္း ..
“ဟာ – ဒီအပင္ေၾကာင့္ကြ။ ဒီအပင္
ေၾကာင့္ျဖစ္တာ။ ဒီအပင္မွာ အေစာင့္ရွိ တယ္”
ကြၽန္ေတာ္ႏွင့္ ကိုအုန္းႀကိဳင္သည္
အပင္ကို ဝိုင္းဝန္းၾကည့္ၾကသည္။ ပင္
စည္အ႐ိုးနီေသာ္လည္းအ႐ြက္မွာနႏြင္း
႐ြက္ကဲ့သို႔ သဏၭာန္ရွိသည္။ ရွည္ေမ်ာ
ေမ်ာ ျဖစ္သည္။
“ေသေသခ်ာခ်ာၾကည့္ေဟ့ – ဟို
ကေလးမေလးကို အိပ္မက္ေပးတဲ့
အတိုင္းပဲကြ။ မ်က္စိတစ္လုံးပဲ ပြင့္ေသး
တယ္။ ႏွစ္လုံးပြင့္ရင္ နင့္ကိုစားမယ္လို႔
ေျပာတာေလ။ ဒီမွာၾကည့္ၾက၊ အပြင့္ျဖဴ
ကေလးစံပယ္ပန္းေလာက္ပြင့္ေနၿပီဟ။
ေနာက္တစ္ပြင့္လည္း ပြင့္ေတာ့မယ္၊
ကိုင္းလက္ၾကားမွာ အငုံကေလးျဖစ္
ေနေသးတယ္။ ၾကည့္ထားၾက – ၾကည့္
ၾကေဟ့-တကယ့္အႏၲရာယ္ပဲ”
ကြၽန္ေတာ္သည္ အပင္ကို ၾကည့္ ကာ
အနည္းငယ္ေတာ့ စိတ္လႈပ္ရွား
သြားမိသည္။ အပင္ကို ေသေသခ်ာခ်ာ
စူးစမ္းၾကည့္မိျပန္ေတာ့ ထူးဆန္းစရာ၊
ပန္းအျဖဴ ကေလးတစ္ပြင့္က ပြင့္အာ
ေနၿပီးတစ္ပြင့္ကပြင့္အာရန္အစပ်ိဳးေနၿပီ
လား။ အပင္ေစာင့္ဆိုသူက ဤအရာကို
ရည္ၫႊန္းကာ ေျပာလိုက္ေလသည္ပဲ
လား။ သတၱေလာကႀကီးသည္ လြန္မင္း
စြာထူးဆန္းေသာအရာမ်ားႏွင့္ျပည့္ႏွက္
ေနေပသည္တကား။
“ဒါ-ဘာဂမုန္းလို႔ေခၚသလဲသဗ်” “ဒီအရပ္
မွာေတာ့ ေတာဘီလူး ဂမုန္းလို႔ ေခၚတယ္။
တစ္ေက်ာင္းတစ္ဂါထာတစ္႐ြာတစ္ပုဒ္ဆန္း
သလို တျခား အရပ္ေဒသမွာလည္း တစ္မ်ိဳးအေခၚ
ရွိခ်င္ရွိမွာေပါ့။ ဒီမွာေတာ့ကြယ္-ေတာ
ဘီလူးဂမုန္းလို႔ေခၚတယ္။ သိပ္ေၾကာက္
စရာေကာင္းတဲ့ဂမုန္းေပါ့။ တျခားမစိုက္
ေကာင္းတဲ့ ဘီလူးဂမုန္းေတြထက္ ပိုၿပီး
ေၾကာက္စရာေကာင္းတယ္၊ လုပ္ရင္
အေသပဲ”
“ကြၽန္ေတာ္ ယူၿပီး မီးရႈိ႕ သတ္ပစ္
လိုက္မယ္- အဘ”
ကြၽန္ေတာ့္ စကားဆုံးေတာ့ ဦးထူး
ကျငင္းပါသည္။
“အင္း- ဒီလိုလုပ္ရင္ မေကာင္း
ေသးဘူးကြယ့္။ အဘကေတာ့ အျမစ္
ျပတ္ေျခမႈန္းပစ္လိုက္ခ်င္တယ္။အားလုံး
အႏၲရာယ္ကင္းရွင္းေပါ့။ ႏို႔မို႔ဆို – အျပစ္
မဲ့တဲ့ လူေတြကို ဒုကၡေပးေနဦးမယ္၊ ၿပီး
ေတာ့ – မင္းတို႔ ဘေထြးက ယုံယုံၾကည္
ၾကည္စိုက္ထားတာ။မေကာင္းတာေတာ့
မွန္တယ္။ သူ႔အပင္ကို မင္းတို႔ ၿခံထဲ ေ႐ႊ႕
စိုက္ထားတာေတာင္ လြန္လွပါၿပီ။ ဖ်က္
ဆီးပစ္လို႔သူျပန္လာရင္ဂမုန္းပင္ မေတြ႕
ရင္ျပႆနာအႀကီးအက်ယ္ပဲေဟ့။ အဲဒီ
ေတာ့ဒီအေကာင္ႀကီးျမန္ျမန္ထြက္ေျပး
ေအာင္ အျပတ္ရွင္းရရင္ ပိုေကာင္းလိမ့္
မယ္ကြယ့္။ ကဲ – ေမာင္ဝင္းေဆြ၊ ဒီေန႔ ေတာ့
အဘတို႔ မိုးလည္းခ်ဳပ္လုပါၿပီ ကြယ္။ မနက္ျဖန္
က်မွအေကာင္းဆုံးစီမံ ၾကတာေပါ့ေနာ္။ဂမုန္းကိုဂမုန္းခ်င္းျပန္
တိုက္ၾကတာေပါ့ကြယ္။ ကဲ- ဒီညေတာ့
ဒီကိစၥကို ေခတၱေမ့ထားၿပီး မနက္ျဖန္
က်မွ ဘယ္သူက သာသလဲ၊ဘယ္သူက
ေခြးေျပးဝက္ေျပး ေျပးရမလဲဆိုတာ
ေစာင့္ၾကည့္ၾကတာေပါ့ကြယ္”
သည္လိုႏွင့္ ကြၽန္ေတာ္တို႔ သုံး
ေယာက္ ေျပာလက္စ စကားမ်ားကို
ျဖတ္ၾကကာ အိမ္ေပၚသို႔ တက္လိုက္ၾကသည္။
ကြၽန္ေတာ္တို႔ေခါင္းရင္းဘက္တြင္ျခင္
ေထာင္တစ္ေယာက္တစ္လုံးစီျဖင့္ အိပ္ရင္း
စကားေျပာၾကသည္။ မအိပ္မီ
ဦးထူးက ပရိတ္ႀကီး (၁၁) သုတ္၊ပ႒ာန္း
တရားေတာ္တို႔ကို ႐ြတ္ဖတ္ၿပီး အမွ်ေဝသည္။
တိတ္ဆိတ္ေနေသာ ည (၈)နာရီ ခန႔္တြင္
ၿခံထဲတြင္ ေျခသံေတြ တရွပ္ရွပ္
ၾကားလာရသည္။ ရံဖန္ရံခါ ညည္းညဴ
သလိုလို မေက်မနပ္ ေဒါသထြက္သလို
ၾကားရတတ္သည္။
ည(၉)နာရီခန႔္တြင္အသံဗလံမ်ား
ေပ်ာက္ကြယ္သြားၿပီးမည္သည့္အသံမွ်
မၾကားရေတာ့။ တိတ္ဆိတ္သြားသည္
မွာ နံနက္မိုးလင္းထိ ျဖစ္ေလသည္။ ည
(၁ဝ)နာရီမထိုးမီေထြရာေလးပါးေရာက္
တတ္ရာရာ စကားေျပာေနၾကေသာ
ကြၽန္ေတာ္တို႔လည္း အိပ္ရာဝင္လိုက္ၾကသည္။
ေနာက္တစ္ေန႔ မိုးလင္းလွ်င္ လင္း
ခ်င္းကပၸိယႀကီးဦးထူးသည္ ကြၽန္ေတာ္
ႏွင့္ကိုအုန္းႀကိဳင္ကိုေစာင့္ဆိုင္းရန္ေျပာ
ဆိုၿပီး ေလွကေလးႏွင့္ တစ္ဖက္ကမ္း
ဘုန္းေတာ္ႀကီးသို႔ လိုအပ္သည္မ်ား ယူ
ေဆာင္ရန္ ျပန္လည္ထြက္ခြာသြားေလသည္။
နံနက္ကိုးနာရီခန႔္တြင္ ကပၸိယႀကီး သည္
အပင္တစ္ပင္ပါေသာ ဂမုန္းပန္း အိုး
တစ္အိုးႏွင့္ ျပန္လည္ေရာက္ရွိလာ
သည္။ ကြၽန္ေတာ္ႏွင့္ ကိုအုန္းႀကိဳင္က
ကူညီသယ္မေပးသည္။ၿခံေလွဆိပ္တြင္
ေလွကိုခ်ည္ကာ ကြၽန္ေတာ္တို႔ ၿခံထဲသို႔
ျပန္ဝင္လာၾက သည္။
“ဟို ဘက္ကမ္းက အလႉမွာ ကေလးမေလးကို
သူ႔အစ္မႀကီးေတြ၊သူငယ္ခ်င္းေတြနဲ႔ကူညီေပးေနတာေတြ႕
ခဲ့တယ္ေမာင္ဝင္းေဆြ။ သူဒီ႐ြာမွာေပ်ာ္
မွာပါကြာ။ ေနာက္တစ္ပတ္ေလာက္ဆို
႐ြာဘုရားပြဲနဲ႔ ဆုံရမွာပါ။ အဲဒီအခါက်မွ
ပိုၿပီးေပ်ာ္စရာေကာင္းမွာပါေမာင္။ ကဲ –
အလုပ္ လုပ္လိုက္ၾကစို႔ရဲ႕” ကြၽန္ေတာ္တို႔သည္ ယူလာေသာ
ပန္းအ႐ိုးကို ေတာဘီလူးဂမုန္းႏွင့္ တံ
ေတာင္သာသာ အကြာအေဝးတြင္ ခ်
ထားလိုက္သည္။
“ေသေသခ်ာခ်ာ ၾကည့္စမ္းကြဲ႕၊ ဒီ
ဂမုန္းပင္ႏွစ္ပင္ကို ေတာဘီလူး၊ ဂမုန္း
ပင္ကေတာင္ ပိုၿပီးလွပသလို ထင္ရ တယ္။
ေတာဘီလူးက အ႐ိုးနီ၊ အ႐ြက္ အလယ္ေၾကာ
နီညိဳေရာင္အ႐ြက္ေတြ က ဗဟိုေၾကာမႀကီးကေန
ၿပိဳင္ၿပီးထြက္ တယ္။ ႐ြက္ခြၽန္ကနႏြင္း႐ြက္နဲ႔တူတယ္၊
အဘယူလာတဲ့ မင္းသားႀကီးဂမုန္း႐ြက္
ကလည္း ေတာဘီလူးဂမုန္းလိုပါပဲ။
အ႐ြက္သဏၭာန္ခ်င္းတူေပမယ့္ အ႐ြက္
႐ိုး ဝါတယ္။ သူလည္း အလယ္ေၾကာမ
ႀကီးအနီေဖ်ာ့ရွိတယ္၊ေတာဘီလူးဂမုန္း
ေလာက္ေတာ့ မနီဘူးေပါ့။ ဒီမင္းသား
ႀကီးဂမုန္းပင္ကို အဘ ျမင့္ျမင့္ျမတ္ျမတ္
နဲ႔ ရတနာ (၇)ပါးစီျခယ္ ေျမသန႔္ခံၿပီး
ပရိတ္တရားေတြ ႐ြတ္ၿပီး စိုက္ပ်ိဳးထား
တာပါ။ဂါထာနဲ႔ေန႔စဥ္ေန႔တိုင္းနံ႔သာရည္
(၇)ပါးနဲ႔ ပင္ေျခကို ေလာင္းၿပီး အသက္
သြင္းထားတာ၊ သိပ္စြမ္းတယ္။ ဟိုဘက္
ကေတာဘီလူးဂမုန္းကေတာ့နံ႔သာရည္
နဲ႔ေလာင္းဖို႔ေနေနသာသာ႐ိုး႐ိုးေရသန႔္
နဲ႔ေလာင္းတာေတာင္ မႀကိဳက္ဘူးေဟ့။
ေသြးအညႇီအေဟာက္ ေရနဲ႔ေလာင္းမွ
ေက်နပ္တာ။ကေလးမေလးေရေလာင္း
ေတာ့အပုပ္နံ႔ထြက္လာတယ္ဆိုတာသူ
မႀကိဳက္ေၾကာင္း အနံ႔နဲ႔ သတိေပးတာ။
ဇာတိျပတာေပါ့ကြယ္။ မင္းဘေထြးက
အပင္ကို သူႀကိဳက္တာေတြနဲ႔ ေကြၽးေမြး
ခဲ့တာကိုး။ ဒီလိုကိစၥမ်ိဳးက အစာမေကြၽး
ရင္ တစ္ခ်ိန္ သခင္ကိုေတာင္ ျပန္ၿပီးရန္
ရွာတတ္တဲ့။ သတ္ပစ္တတ္တဲ့ သာဓက
ေတြရွိတယ္။ဂမုန္းေစာင့္ထဲမွာေၾကာက္
စရာ အေကာင္းဆုံး။ အဲဒီလို ေၾကာက္ စရာ
အေကာင္းဆုံးကိုႏိုင္တဲ့ ဂမုန္းကလည္းကိုယ္
ေတာ္ႀကီးဂမုန္းပဲျဖစ္တယ္။ ကဲ-ဒီညေတာ့
ပြဲႀကီးပြဲေကာင္း ေစာင့္ၾကည့္ၾကတာေပါ့ကြယ္။
ဒီညကစၿပီးဘယ္သူသာတယ္။ဘယ္သူဘုန္းတန္ခိုး
ရွိတယ္ဆိုတာ ညလယ္မွာ ေတြ႕ၾကၿပီေပါ့။
ကပၸိယႀကီးသည္ ကြၽန္ေတာ္တို႔ကို
ရွင္းလင္းေျပာျပၿပီးကိုယ္ေတာ္ႀကီးဂမုန္း
ကိုနံ႔သာရည္မ်ားျဖင့္ ႐ိုေသစြာပက္ျဖန္း
ေပးျခင္း၊ အေမႊးနံ႔သာ ဆြတ္ဖ်န္းျခင္း
အေမႊးတိုင္ ဖေယာင္းတိုင္ထြန္းျခင္း၊
ဂါထာမႏၲန္ ႐ြတ္ဖတ္သရဇၩာယ္ျခင္းမ်ား ကို
စည္းစနစ္က်န စြာ လုပ္ေဆာင္သြား
ေပရာ ကြၽန္ေတာ္တို႔မွာ ၾကည္ႏူးျခင္း၊
အားတက္သေရာျဖစ္ျခင္းျဖစ္ၾကေပရာ
ရင္ဆိုင္ရေတာ့မည့္ ညကာလကို ေမွ်ာ္
မွန္းရင္ခုန္ေနမိေပသည္။
“ကဲ-ဟိုဘက္ကမ္းက ရွင္ျပဳဖိတ္ ထားတယ္။
ငါတို႔သုံးေယာက္ ခ်ီတက္ ၾကစို႔ရဲ႕။ ညေန
ေစာင္းေတာ့ ျပန္လာၾက တာေပါ့ကြယ္။
ခုပဲ-၁ဝ နာရီေက်ာ္ေန
“ဟုတ္ကဲ့” ”ဟုတ္ကဲ့- အဘ”
ညေနေစာင္းသည္ႏွင့္ ကြၽန္ေတာ္
တို႔သုံးဦး ၿခံထဲသို႔ ျပန္လာၾကသည္။
ကပၸိယႀကီးက ထပ္မံ၍ မင္းသားႀကီး
အပင္ကို နံ႔သာေရေလာင္းကာ အေမႊး
တိုင္၊ အလင္းတိုင္မ်ား ထပ္မံပူေဇာ္
သည္။ ေတာဘီလူးဂမုန္းကိုေတာ့ မည္
သည့္ပူေဇာ္ပသျခင္းမွမျပဳလုပ္ဘဲေနပူ
ထဲတြင္ မနက္တည္းက ပစ္ထားခဲ့ရာ
ဆက္၍ မေ႐ႊ႕မေျပာင္းဘဲ ထားေလ
သည္။႐ြတ္ဖတ္ပူေဇာ္မႈၿပီးစီးသြားေသာ
အခါ ကပၸိယႀကီးသည္ ကြၽန္ေတာ္တို႔
ႏွစ္ေယာက္ကို အေရးတႀကီး ေခၚယူ
ျပသေလသည္။
“ဒီမွာ – ၾကည့္စမ္း၊ ဒီမွာ- ၾကည့္ၾက ေဟ့။
ေတာဘီလူးဂမုန္းထင္ထင္ရွားရွား
ျပေနၿပီကြ၊ သူ႔အ႐ြက္ေတြကိုၾကည့္စမ္း။
ေလမတိုက္ဘဲနဲ႔ တဆတ္ဆတ္ တဖ်ပ္ ဖ်ပ္
တုန္ခါေနတာ ေတြ႕ၿပီ ျမင္ၿပီမဟုတ္လား”
မွန္ေပသည္။ ေတာဘီလူး ဂမုန္း ပင္အ႐ြက္
မ်ားသည္ ေလမတိုက္ပါဘဲလ်က္ ေနေရာင္
ေအာက္တြင္ တစ္စုံ တစ္ေယာက္ကကိုင္၍
ခါလႈပ္ေနသလိုတဆတ္ဆတ္ တုန္ေနျခင္း
ပင္တည္း၊ မင္းသားႀကီးဂမုန္းကေတာ့အနည္းငယ္
မွ်လႈပ္ခတ္တုန္ခါျခင္း မရွိေပ။ ကြၽန္ေတာ္သည္
ကပၸိယႀကီးဦးထူး ကိုလွမ္း၍ၾကည့္လိုက္ကာ..
“ဒီေတာဘီလူးဂမုန္းေတာ့ ေဒါသ ထြက္ေနၿပီ
ထင္တယ္။ တုန္ခါေနတာဦးထူးသည္
ေဆးျပင္းလိပ္ကို တစ္ ရႈိက္ဖြာကာ ရယ္ေမာလိုက္သည္။
“ဟား- ဟား- ဟား-ေဒါသထြက္
ေနတာ မႈတ္ဖူး – ေမာင္ဝင္းေဆြေရ၊
ေၾကာက္လို႔ တုန္ေနတာ။ ေၾကာက္လို႔
တုန္ေနတာကြယ့္။ ညက်ရင္ သူရင္ဆိုင္
ရမယ့္ ျပႆနာႀကီးကို ေတြးၿပီး ေျပး
ေပါက္ရွာတုန္လႈပ္ေနတာကြယ့္”
ကြၽန္ေတာ္ႏွင့္ ကိုအုန္းႀကိဳင္သည္
အံ့ဩတႀကီး ပါးစပ္အေဟာင္းသားႏွင့္
ျဖစ္ရသည္။႐ုကၡေလာကသည္ သည္လို
ထူးဆန္းလွသည့္ သဘာဝလြန္ျဖစ္ရပ္
ေတြလည္းရွိပါေသးလားဟု ယုံၾကည္ရ
ခက္လွစြာျဖင့္ အေတြးအိမ္ထဲမွာ ခ်ာခ်ာ
လည္ေနရျခင္းျဖစ္ေပသည္။
ကြၽန္ေတာ္တို႔သည္ ညဘက္တြင္
ေတြ႕ႀကဳံရင္ဆိုင္ရမည့္အေျခအေန တစ္
ရပ္ကိုယခုတည္းကပင္ႀကိဳတင္ေမွ်ာ္မွန္း
ေတြးဆကာ ရင္ခုန္ေနမိၾကေပသည္။
ညအေမွာင္ထုကား ျမင္းအိုႀကီး တစ္ေကာင္
ေ႐ြ႕လ်ား႐ုန္းကန္ေနသလို
ေႏွးေကြးေလးလံစြာ ဆက္လက္ေ႐ြ႕
လ်ားေနသည္။ပတ္ဝန္းက်င္အေမွာင္ထု
သည္ ေၾကာက္မက္ဖြယ္ တိတ္ဆိတ္စြာ
ၿငိမ္သက္ေနသည္မွာ မၾကာခင္ ျဖစ္ပြား
ေတာ့မည့္ အေရးအခင္းတစ္ခုကိုေစာင့္
ၾကည့္ေနသကဲ့သို႔ ရွိသည္။ ေလသည္
ၿငိမ္သက္လ်က္ရွိသည္။ တစ္ခါတစ္ရံ
သာ ေတာအုပ္ကိုျဖတ္၍ တိုးတိတ္စြာ
ပ်ံသန္းေနေသာ ညေပ်ာ္ငွက္တစ္
ေကာင္တေလသာရွိသည္။ တိတ္ဆိတ္
မႈဟူသည္ ေဟာဒီေႏြတစ္ညအတြက္
တစ္ကမာၻလုံးမွာရွိေသာ တိတ္ဆိတ္မႈ
ေတြကို ဖိတ္ေခၚယူထားသကဲ့သို႔ရွိၿပီး
ကြၽန္ေတာ္တို႔ကိုရင္ခုန္လႈပ္ရွားမႈေတြနဲ႔
ဆန႔္က်င္ဘက္ စည္းဝါးတစ္ခုကိုပဲ ပံ့ပိုး
ေနသကဲ့သို႔ ရွိသည္။ စိုးထိတ္ေသာ
အာ႐ုံသစ္တစ္ခုသည္ ကြၽန္ေတာ္တို႔
ေစာင့္ၾကည့္ေနမႈကို စားေသာက္ပစ္
ေတာ့မွာလား။ မၾကာခင္ ျဖစ္ေပၚေတာ့
မည့္ စီးခ်င္းထိုးတိုက္ပြဲတစ္ခုကို အမွန္
ပင္ ျမင္လိုလွပါၿပီ။
ကြၽန္ေတာ္တို႔သုံးေယာက္အေမွာင္
ထုထဲမွ တိတ္ဆိတ္စြာထိုင္ရင္း ရင္ခုန္
ေနရသည္မွာ ကမာၻေပါင္းမ်ားစြာ ၾကာ
ျမင့္သြားၿပီဟုထင္မွတ္ေနမိသည္။ကြၽန္
ေတာ္သည္ အေတြးစကိုျဖတ္ကာစားပြဲ
ေပၚတင္ထားေသာ ဓာတ္မီးကို လွမ္း၍
ယူရင္း အိမ္ ေရွ႕လေရာင္ေအာက္ဆီသို႔
လွမ္းၾကည့္လိုက္စဥ္မွာပင္ တံစက္ၿမိတ္
ေအာက္မွအိပ္တန္းတက္ေနေသာငွက္
တစ္ေကာင္၏“ဂစ္”ခနဲဟူေသာအလန႔္
တၾကား ေအာ္သံႏွင့္အတူ အေမွာင္ထု
ထဲသို႔ဝင္တိုးေပ်ာက္ကြယ္သြားသံထြက္
ေပၚလာသည္။ထိုငွက္၏အလန႔္တၾကား
ေအာ္သံသည္သာတိတ္ဆိတ္ေနေသာ
ပတ္ဝန္းက်င္၏ ၿငိမ္သက္မႈကို ဖ်က္ဆီး
လိုက္ေသာအသံျဖစ္ေပမည္။ထို႔ေနာက္
အိမ္ေရွ႕သရက္ပင္ႀကီးဆီမွ အိပ္တန္း
တက္ ငွက္မ်ား၏ အလန႔္တၾကား ျမည္
တြန္သံမ်ား၊ ေတာင္ပံ တဖ်တ္ဖ်တ္ခတ္
သံမ်ား၊ လူးလြန႔္တိုးေဝွ႔သံမ်ား ခပ္ေဝး
ေဝး ၿခံတစ္ၿခံဆီမွ ေခြးတစ္ေကာင္၏
ဝမ္းေခါင္းသံႀကီးျဖင့္ အူသံမ်ားသည္
ဆက္တိုက္ထြက္ေပၚလာေတာ့သည္။
တစ္ခုသည္ခ်က္ခ်င္းဆူညံစြာေျပာင္းလဲ
တိတ္ဆိတ္ေနေသာ ကမာၻကေလး
သြားျခင္း ျဖစ္သည္။
သို႔တေစ-ထိုအသံမ်ားသည္
မၾကာလိုက္ပါ။ တိခနဲ ရပ္တန႔္သြားျပန္
သည္။ ထိုစဥ္…
“ဘုတ္- ဘုတ္ – ဘုတ္”
“အြတ္ – အြတ္” “ခြပ္ – ခြပ္” ဟူေသာ
က်ယ္ေလာင္ေသာအသံ မ်ား ထြက္ေပၚ
လာၿပီး လူႏွစ္ေယာက္၏ တြန္းထိုး႐ိုက္
ပုတ္႐ုန္းကန္သံမ်ား ၾကား လိုက္ရေလသည္။
တစ္စုံတစ္ေယာက္ က ႐ိုက္ႏွက္ထိုးပုတ္သျဖင့္
က်န္တစ္ ေယာက္၏မခ်ိမဆံ့ေအာ္ဟစ္ညည္းညဴ
သံမ်ိဳး ျဖစ္သည္။
“မီးထြန္း- မီးထြန္း – ေမာင္ဝင္းေဆြ
မီးထြန္း၊ ဓာတ္မီးနဲ႔ သြားမထိုးနဲ႔”
ကပၸိယႀကီး၏ ေလသံျဖင့္ ေျပာ
လိုက္သံအဆုံးတြင္ ကြၽန္ေတာ္သည္
ဖေယာင္းတိုင္မီးႏွင့္ ဂက္စ္မီးအိမ္ကို
ထြန္းညႇိလိုက္ပါသည္၊ ကြၽန္ေတာ္တို႔
အားလုံး၏ မ်က္ဝန္းမ်ား အိမ္ေရွ႕ေျမ
တလင္းရွိ႐ုန႔္ရင္းဆန္ခတ္ျဖစ္ေနေသာ
ေနရာသို႔ ၾကည့္လိုက္ၾကရာ ျမင္ကြင္း
ကား -ဧရာမေယာက္်ားႀကီးႏွစ္ေယာက္
သတ္ပုတ္ေနၾကျခင္းပင္တည္း။ အေပၚအက်ႌဗလာ အသားမည္း
ေျပာင္ ေျပာင္လူႀကီးတစ္ေယာက္သည္
ေျမျပင္တြင္ ဒူးတုပ္ျပားဝပ္ေနၿပီး သူ၏
အေပၚမွအက်ႌအျဖဴ လုံခ်ည္ေတာင္ရွည္
ပုဆိုးအဝါဝတ္၍ ဆံပင္ရွည္ကို ေခါင္း
ေပါင္း ေပါင္းထားေသာ ဧရာမလူႀကီး
တစ္ေယာက္က ပိုင္ပိုင္ႏိုင္ႏိုင္ ခြစီးကာ
ေအာက္မွ ေက်ာေျပာင္ႀကီးကို အားပါး တရ
ဘယ္ညာတံေတာင္မ်ားျဖင့္ ထု ေထာင္းေနျခင္းပင္တည္း။
“ဒုတ္ – ဒုတ္ – ဒုတ္”
“အြတ္ – အြတ္ – အြတ္ – အီး” အေပၚက
ျဖဴျဖဴပုဂၢိဳလ္ႀကီးက ေအာက္မွ မည္းမည္းသဏၭာန္ႀကီးကို
ပိုင္ပိုင္ႏိုင္ႏိုင္ ခ်ဳပ္ကိုင္ထုေထာင္းေန
ျခင္းမွာ ဆင္ႏွင့္ ဆိတ္ယွဥ္ၿပိဳင္ထိုးသတ္
ေနသကဲ့သို႔ တစ္ဖက္သတ္ ဆန္လွပါ
သည္။ေအာက္မွမည္းမည္းေက်ာေျပာင္
ေခါင္းတုံးႏွင့္လူႀကီးမွာတစ္ခ်က္ကေလး
မွ်ပင္ ျပန္၍ မခုခံမတုံ႔ျပန္ႏိုင္ရွာေပ။
ေအာက္ကလူကအတင္း႐ုန္း၊ အေပၚက
တအင့္အင့္ႏွင့္သာ ေအာ္ေနရသည္။
ပုဂၢိဳလ္က အတင္းဖိကာ မလႊတ္တမ္း။
“ေအာက္ကေတာ့မခ်ိမဆံ့ကိုခံေန
ရၿပီကိုဝင္းေဆြ”
“ဟုတ္တယ္ – ကိုအုန္းႀကိဳင္ေရ။ အေပၚက
မင္းသားႀကီးဗ်။ ေအာက္က ေက်ာေျပာင္
ေခါင္းတုံးႀကီးက ေတာ ဘီလူးဗ်၊ အလူးအလဲ
ခံေနရၿပီ” “ဟုတ္တယ္ဗ်ိဳ႕- ၾကည့္လို႔ေတာ့
ၿမိန္သဗ်။မင္းသားႀကီးကဘယ္ျပန္ညာ
ျပန္ ေထာင္းထုေနလိုက္တာမ်ားစိန္ေဗဒါႀကီး
ပတ္ဝိုင္းတီးေနသလား မွတ္ရတယ္ဗ်ိဳ႕”
“ဟုတ္ပ – ကိုအုန္းႀကိဳင္ေရ၊ မရႈ
မလွပဲဗ်။ ေတာ္ေတာ္ႏိုင္တာပဲကြယ့္။
ေဟာ-ေဟာ- အေပၚက အေလွ်ာ့ေပး
လိုက္တယ္ ထင္တယ္။ ေအာက္ေတာ
ဘီလူးကုန္းထလာၿပီ – ကုန္းထလာၿပီ”
လေရာင္ေဖြးေဖြးေအာက္တြင္ ဧရာမ
လူႀကီးႏွစ္ေယာက္၏ ႐ုန္းကန္မႈ ႏွင့္အတူ
တစ္ဖက္သတ္ ထိုးႀကိတ္ထု ေထာင္းမႈက
အေျခအေနတစ္ရပ္သို႔ ေျပာင္းလဲသြားေလသည္။ ေတာဘီလူး
ေကာင္ႀကီးသည္ အတင္းကုန္း႐ုန္းထ
ကာ ဖ်ပ္ခနဲ ႀကဳံးထလိုက္ၿပီး လူတစ္ရပ္
ေက်ာ္ေက်ာ္ၿခံစည္း႐ိုးသဖြယ္စိုက္ထား
ေသာဆန္ကြဲပန္းခ်ဳံကိုလႊားခနဲခုန္ေက်ာ္
ကာ ၿခံအျပင္ဘက္ဆီသို႔ ထြက္ေျပး
လြတ္ေျမာက္သြားေလသည္။
ေတာဘီလူးေကာင္ႀကီးသည္႐ြာ၏
အေနာက္ေျမာက္ဘက္ရွိ သခ်ႋဳင္းရွိရာ
သို႔ကမူးရႉးထိုးထြက္ေျပးလြတ္ေျမာက္သြားျခင္းပင္။
ထိုအခါ မင္းသားႀကီးသည္ ေျပာင္
လက္ေနေသာဓားရွည္ႀကီးကိုဆြဲယူကာ
ဆယ္ေပခန႔္ျမင့္ေသာ အုန္းပင္တန္းကို
အသာအယာပင္ ေပါ့ပါးစြာ လႊားခနဲ ခုန္
ကာ ေတာဘီလူး ထြက္ေျပးရာေနာက္
ဆီသို႔ ေျပးလိုက္သြားေလသည္။ ကပၸိယ
ႀကီးဦးထူးသည္တစ္ခ်က္မွ် ၿပဳံးကာ
ဦးေခါင္းကိုအဓိပၸာယ္ပါပါညိတ္
လိုက္သည္။ ကြၽန္ေတာ္တို႔မွာ ျပန္လည္
တိတ္ဆိတ္သြားေသာ ပတ္ဝန္းက်င္ကို
ေငးေမာၾကည့္ရႈရင္း ထူးဆန္းေသာျဖစ္
ရပ္မ်ား ျဖစ္ပ်က္သြားခဲ့သည့္ ပတ္ဝန္းက်င္
ကိုသာ ေမးခြန္းေပါင္း ေျမာက္ျမား စြာႏွင့္
စိုက္ၾကည့္ေနၾကရင္း ေရငုံႏႈတ္ ပိတ္ၿငိမ္သက္ေနၾကေပသည္။
ထိုအခါ အခင္းျဖစ္ပြားစဥ္က ႐ုတ္ တရက္
ၿငိမ္သက္တိတ္ဆိတ္သြားၾက ေသာ
ေခြးတစ္ေကာင္၏ ဆြဲဆြဲငင္ငင္
ဝမ္းနည္းပက္လက္ဟန္ျဖင့္ အူသံ၊ အိပ္
တန္းတက္ ငွက္ကေလးမ်ား၏ စိုးစိုးစီစီ
ျမည္သံ၊ ဟိုးခပ္ေဝးေဝး ၿခံေထာင့္မွ ေႁမြ
တစ္ေကာင္၏တြန္သံတို႔သည္ ခပ္သာ
သာထြက္ေပၚလာၿပီးျပန္လည္တိတ္ဆိတ္
ၿငိမ္သက္သြားေလသည္။ မည္သည့္
အရာမွ်အလႈပ္အရွားမရွိေတာ့ေပ။
လေရာင္ကေတာ့ ဣေျႏၵႀကီးစြာ
ျဖင့္သစ္႐ြက္ေတြေပၚဖြနင္းကာညင္သာစြာ
ေလွ်ာက္လွမ္းေနဆဲ။ ေလျပည္ပင္
အရွက္သည္းေသာ ေကာင္မေလး တစ္
ေယာက္လို တိတ္ဆိတ္ၿငိမ္သက္ေနေပသည္။
ကြၽန္ေတာ္တို႔သုံးေယာက္သည္ ေမးခြန္းတခ်ိဳ႕
ကို နားလည္သေဘာ ေပါက္ဟန္ ျဖင့္
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ
ထြန္းညႇိထား ေသာ မီးအိမ္ႏွင့္ ဖေယာင္းတိုင္ကို
ညင္ သာစြာ ၿငိမ္းလိုက္ပါသည္။ အခန္းကေလး
သည္အိမ္ေရွ႕လေရာင္အရွိန္ျဖင့္ လင္းရွင္းေနပါေသးသည္။