တစ္ဆေဖမ်းပေးတဲ့လူသတ်မှု(စ/ဆုံး)

Unicode Version

တစ္ဆေဖမ်းပေးတဲ့လူသတ်မှု(စ/ဆုံး)
——————————————-
“စေတနာဆိုတာလူတိုင်းနဲ့မထိုက် တန်ဘူး”လို့ ကျွန်တော့်အဘိုးက အမြဲ
တမ်း ဆုံးမတယ်။
“ငါ့မြေးကငယ်သေးတော့ သိသင့် သိထိုက်တာတွေကိုအဘိုးပြောပြမယ်။ သေသေချာချာနာယူမှတ်သားထားပါ”
“နံပါတ်တစ်၊ လင်မယားချင်း ရန် ဖြစ်နေတာတွေ့ရင် ဘယ်ဘက်ကမှ ဝင်
မဆွဲနဲ့။ ဒေါသဖြစ်နေတဲ့အချိန်ဆိုရင်
အဲဒီလူကရှေ့နောက်မစဉ်းစားတတ်ဘူး။
ဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာလုပ်တတ်ကြ
တယ်”
“မိန်းမကိုဝင်ဆွဲမိရင်ယောက်ျားက

မင်းကို သူ့မိန်းမ လက်ကို ဆွဲပါတယ်ဆို ပြီး လက်ဆွဲမှုနဲ့ တရားစွဲခံရမယ်၊ ဒါမှ မဟုတ် လက်သီးစာမိမယ်”
“ယောက်ျားကိုသွားဆွဲမိလို့မင်းက ယောက်ျားကိုမလွှတ်တမ်းဆွဲထားတုန်း
မိန်းမကသူ့ယောက်ျားပါးကိုပဲရိုက်ရိုက်၊
ကိုက်ပြီးတော့ပဲ ဆွဲဆွဲ၊ မင်းကိုင်ပေးလို့ အလုပ်ခံရတာဆိုပြီး မင်းကို မုန်းလိမ့် မယ်၊ အဆဲခံရလိမ့်မယ်”
“နံပါတ်နှစ်၊ ရန်ဖြစ်နေတဲ့ လူနှစ် ယောက်ကြားကိုဘယ်တော့မှဝင်ပြီးမပါ
မိစေနဲ့။ ဝင်မဆွဲနဲ့။ ဝင်ဆွဲမိရင်ရန်ဖြစ်နေ
တဲ့လူနှစ်ယောက်ခုတ်ကြ၊ ထစ်ကြလုပ်

နေတဲ့အချိန်မှာ ကိုယ့်ကို ခုတ်မိ၊ ထစ်မိ မယ်”
“သုံး၊ ငွေကြေးချေးငှားရင်လည်း ဘယ်တော့မှမချေးလေနဲ့။ ချေးတုန်းပြုံး ပြုံး၊ တောင်းတော့ မုန်းရော”
“နံပါတ်လေးအနေနဲ့ နောက်ဆုံး သတိပေးချင်တာက အမူးသမားကို ဘယ်တော့မှ အကူအညီမပေးနဲ့။ ကူညီ မိရင် အမူးသမားက မင်းကို ကျေးဇူး မတင်တဲ့အပြင်အကြောင်းတစ်ခုခုရှာပြီး မင်းကိုရန်လုပ်လိမ့်မယ်”
“အဲဒီလိုလူမျိုးတွေကို ကူညီလိုက် မိရင်မင်းဒုက္ခရောက်မယ်။ ဒါကြောင့် သူ တစ်ပါးအပေါ်မှာ စေတနာထားတာ ကောင်းတယ်ဆိုပေမယ့်..”
“စေတနာဆိုတာ လူတိုင်းနဲ့ မတန်
ဘူး-ငါ့မြေး- သတိထား”
လို့ ကျွန်တော် ဆယ့်နှစ်နှစ်သား အရွယ်တုန်းက ကျွန်တော့်အဘိုးက ဆုံးမဖူးတယ်။
အဲဒီတုန်းက အဘိုးပြောတဲ့စကား ကို လိပ်ပတ်လည်အောင် နားမလည်ခဲ့
ဘူး။
“ငါ့အဘိုးကတော့ လူမှုရေးစိတ် ဓာတ်နည်းလိုက်တာလို့”အပြစ်တင်မိခဲ့
တယ်။

စိတ်ထဲက
မှတ်ချက်ချခဲ့တာပါ။
အဘိုးကို ကြောက်ရလို့ ဖွင့်မပြောခဲ့
ပါဘူး။
ကိုယ်တိုင် လူလားမြောက်လို့
အရွယ်ရောက်လာတော့မှ အဖိုး ဆုံးမခဲ့ တာတွေလက်တွေ့ကြုံပြီး အော်-အဖိုး
ပြောတာ မှန်ပါ့လားလို့ သိခဲ့ရတယ်။
ဒီလိုသိရှိခဲ့ရတဲ့အကြောင်းက
တော့ ။
ရဲတပ်သား၊မောင်အေးဟာနာမည်
နဲ့လိုက်အောင်အေးတယ်။
သူ့ကို အကြပ်တပ်သားနဲ့ ရဲအုပ်၊ ဌာနာအုပ်အားလုံးက ချစ်ကြတယ်။
သူက မြင်းကွန်းရဲစခန်းက တပ် သားကလေး။ သူ့တာဝန်က မြို့အထူး။
မြို့အထူးဆိုပေမယ့် သူလုပ်ရတဲ့အလုပ်
ကမြင်းကွန်းနဲ့မကွေးစာပို့ရတာ။ အရေး ကြီးရင်တစ်ရက်ချင်းပို့ရပြီးအရေးမကြီး ရင်တော့ တစ်ပတ်တစ်ခါ ပို့ရတယ်။ စာမပို့တဲ့ရက်တွေဆိုရင်တော့ဆိပ်
ကမ်းမှာ တာဝန်ထမ်းဆောင်ရတယ်။ တစ်ရက်တလေ ဂါတ်စာရေးက အလုပ်
မနိုင်ရင် သူက စီဒီတွေ ဝင်ဆွဲပေးရ တယ်။ လစာက(၈၂)ပဲရတာ။ ဒါပေမဲ့
အဲဒီရှစ်ဆယ့်နှစ်ကျပ်လုံးပိုတယ်။
တစ်လမှာ လေးပတ်ရှိတယ်။
မကွေး၊ မြင်းကွန်းကားခက သုံးကျပ်။ အသွားအပြန်ဆိုတော့ ခြောက်ကျပ်။
အဲဒီတုန်းက ရဲတွေ ခရီးထွက်ရင် ကားခ
သုံးဆ ရတယ်။
ဒီတော့ မောင်အေး ကားခ(၁၈)
ကျပ်ရတယ်။ ထမင်းစရိတ်က ညမနက် (၅)ကျပ်ပေးတယ်။အားလုံးပေါင်းတော့ (၂၃)ကျပ်ရတယ်။
လေးပတ်ဆိုတော့ (၉၂)ကျပ်ရ တယ်။ တွက်ခြေကိုက်တယ်။ လုပ်အားခ က တစ်လမှ (၈၂)ကျပ် သူ ခရီးထွက် တာက (၉၂)ကျပ်၊ ငွေတစ်ဆယ်ကြီး တောင်ပါတယ်။ လစာထက် (၁၀)ပိုတယ်။
အဲဒီတုန်းက လက်ဖက်ရည်တစ် ခွက် (၂၅)ပြား၊ ဆီတစ်ပိဿာ (၃)ကျပ် (၅ဝ)ပြား၊ ဆန်တစ်ပြည် ပြား(၆၀)ပြား၊ ရွှေတစ်ကျပ်သား (၂၅၀)ကျပ်။ ကိုင်း- မောင်အေး အဆင်မပြေဘူးလား” မောင်အေးကရဲဆိုပေမယ့် သာမန် ရဲမဟုတ်ဘူး။ (မြို့အထူး) မြို့အထူးဆို
တာအခုခေတ်အခေါ်တော့ (နယ်ထိန်း) (ဆားပုလင်း) (လူဆိုးထိန်း)လို့ခေါ်တာ
ပေါ့။
ကားသမားဆိုတာကလူရတုန်းလူ
ရသလောက်တင်၊ ကုန်ရတုန်း
ရသလောက်တင်ဆိုတော့ သတ်မှတ်
ထားတဲ့ ယာဉ်တန်ချိန် (၃)တန်။ ကုန်
ရတာလေ။
တန်ချိန်(၃)တန်ဆိုတာတွေထက်ပိုတင်
ကားက နံနက်(၅)နာရီမှာ ကုန် အပြည့်နဲ့ မြင်ကွန်းက စထွက်တယ်။
ညနေ(၆)နာရီမှမြင်းကွန်းပြန်ဝင်တယ်။ ဒါကနေ့စဉ်ထွက်နေတဲ့မကွေး၊မြင်းကွန်း၊ ကုန်တင်လူစီးကားရဲ့နေ့စဉ်အလုပ်။
အဲဒီခေတ်က (ယာဉ်ထိန်းရဲ) မရှိ တော့။ ဒီမြို့အထူးမောင်အေးပဲဖမ်းခွင့်ရှိ တယ်။ဒီတော့ကားသမားကမောင်အေး
ကိုပေါင်းရတာပေါ့။
မောင်အေးဆိုရင်ကားခအလကား အပြင်ထမင်း၊လက်ဖက်ရည်ကြိုက်တာ
ပြော။ တစ်လမှ လေးရက်ပဲ လောကွတ်
(ဖား)ရတာဆိုတော့ ကားသမားက
မောင်အေးဆိုလာထားပဲ။
မောင်အေးက စရိတ်သိပ်မရှိဘူး။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက် မသောက်။ အဲ – လက်ဖက်ရည်တော့ (ဂျိုး)တက်အောင် သောက်တယ်။
မြင်ကွန်းက စထွက်ကတည်းက
ပြန်ရောက်တဲ့အထိ။ အဲဒီတစ်နေ့လုံး
အတွက်မောင်အေးတာဝန်ကားသမား
က ခံတာဆိုတော့ အဲဒီနေ့တွက်တွေ အကုန်လုံးမောင်အေးတစ်ပြားတစ်ချပ်
မှ မကုန်ဘူး။
ဒါပေမဲ့ – မောင်အေးပါးပုံ ပြောဦး
မယ်။ ဆိပ်ကမ်းမှာ တာဝန်ကျတာဆို
တော့မကွေးကိုသွားမယ့်နေ့မှာပိုက်ကြီး
ဆွဲတဲ့တံငါတွေဆီက အခမဲ့ရတဲ့ငါးကို
ကြော်သွားပြီး မကွေးမြို့နယ်မှူးရုံးက ရုံး
အုပ်ကြီးကိုခင်လတ်အတွက် ယူသွား
တယ်။
လူဆိုတာက အလကားရရင် သေ ဆေးတောင် သောက်ကြမယ့်လူတွေ
လေ။မောင်အေးကငါးတွေလက်ဆောင်
ပေးတော့ မောင်အေးဆိုရင် ဘာမှမစစ်ဘူး။
ဒီနေ့ရောက်၊ ဒီနေ့ပြန်တဲ့ မောင်
မှာရေးထိုးပေးတယ်။
အေးကိုမကွေးမှာတစ်ရက်ပိုအနေပြပြီး
နောက်နေ့ရက်စွဲနဲ့ ခရီးသွားလက်မှတ်
တစ်ရက်ပိုအနေပြပေးတော့ (၅)
ကျပ် ပိုရတာပေါ့။ အဲဒီခေတ်က ငါးကျပ်
ဆိုရင်လည်း မနည်းဘူး။ ဆန်တစ်ပြည်
ပြား(၆ဝ)နဲ့ တွက်ရင် ဆန်(၈)ပြည် ရ
တယ်လေ။ အလကားရတဲ့ငါးနဲ့ ဆန်(၈)
ပြည်နဲ့ လဲလိုက်တာပဲ။
ဒီလောက်ကောင်းတဲ့နေရာကို
မောင်အေးတစ်ယောက်တည်း ဘာ
ကြောင့် စွဲစွဲမြဲမြဲထားသလဲ မေးစရာရှိ
တယ်။ ဒီအတွက် မပူနဲ့။ မောင်အေးက
တအား ပါးတာ။ တအားလည်တာ။
ဂါတ်စာရေး ကို အပိုင်ပေါင်းထားတာ။
မြင်းကွန်းမြို့ကကျဉ်းတော့ အရက်ဆိုင်၊
ဘိန်းဆိုင်၊ ဖဲဝိုင်း၊ ကြက်ဝိုင်းနဲ့ မကောင်း
တာလုပ် စားနေတဲ့၊ မိန်းကလေးတွေနဲ့
လုပ်စားနေတဲ့ ဒုစရိုက်အိမ်တွေကရတဲ့
ပိုက်ဆံ မှန်သမျှ ရဲဂါတ်စာရေးကို တစ်
ပြားမချန် ပေးတယ်။
ဂါတ်စာရေးကမှတစ်ဆင့်ဌာနအုပ်
ကို ဝေပုံချပြီး ပေးတယ်။ အဲဒီငွေကို မောင်အေးက တစ်ပြားမှ မယူဘူး။ ဒီတော့မောင်အေးမှ မောင်အေးပေါ့။ ဒုစရိုက်သမားတွေဘက်က ကြည့်
ပြန်တော့ မောင်အေးက ချစ်ဖို့ကောင်း
တယ်။ မောင်အေးကလစဉ်ကြေးကိုပေး
တဲ့နေ့မှ ယူတယ်။ ပေးသလောက်ပဲ ယူ
တယ်။ဒုက္ခမပေးဘူး။ ဒါ့ကြောင့်ဒုစရိုက်
သမားတွေက မောင်အေးကို ရန်သူလို့
သဘောမထားကြဘူး။မိတ်ဆွေကောင်း
တစ်ယောက်လို့ သဘောထား ဆက်ဆံ
ကြတယ်။ မောင်အေးအလှူတစ်ခုခုလုပ်
မယ်ဆိုရင် ဒုစရိုက်သမားတွေက
ငွေအားလူအား အားလုံးကူညီတယ်။
အဲဒီတုန်းက စာရေးသူက မကွေး မြို့နယ်မှူးရုံးမှာလက်ပုံစံဌာနတာဝန်ယူ
ရတယ်။
စာရေးသူဟာစနေနဲ့ တနင်္ဂနွေ နေ့မှာ မကွေးတိုင်းအတွင်းရှိတဲ့ မြို့နယ်
တွေကို ခရီးထွက်ခွင့်ရှိတယ်။ စာရေးသူလည်းကားခ(၃)ဆနဲ့ဒု၊ တပ်ကြပ်ဖြစ်လို့ ထမင်းစရိတ် (၁၀)ရ တယ်။ အဲဒီပိုက်ဆံက တစ်လရဲ့ ဘာ
အလုပ်မှ မလုပ်ရပဲရတဲ့လစာပဲ။ ဘာ့
ကြောင့်လဲဆိုတော့ အမြို့မြို့ကစာပို့လာ
ကြတဲ့မောင်အေးလိုရဲတွေကိုစာရေးသူ
ရဲ့ ခရီးသွားလက်မှတ်(ဝါးရမ်း)ကို ပေး
လိုက်ပြီး သက်ဆိုင်ရာ စခန်းမှူး (ဒါမှ မဟုတ်) ဂါတ်စာရေးရဲ့လက်မှတ်နဲ့ အဲဒီ စခန်းရဲ့တံဆိပ်အဝိုင်း နှိပ်ပေးလိုက်ရင် တရားဝင်သွားပြီ။
ဒါပေမဲ့ – တစ်ခုရှိတာက မကွေးရုံး ကနေနေ့စဉ်မှတ်တမ်းစာအုပ်မှာအဝင်၊
အထွက်နေ့စဉ်ပြရတယ်။ဟိုဘက်မြို့မှာ
လည်း အဝင်အထွက် ရှိရတယ်။ ဒါတွေ ကို နယ်အတွက်တော့ စာပို့ရဲတွေက တာဝန်ယူရတယ်။
ဒါကြောင့် နယ်က စာပို့သမားနဲ့ စာရေးသူတို့က မုန်းလို့မရဘူး။ တခြား စခန်းက စာပို့ရဲက တစ်လနှစ်လဆို လူ ပြောင်းသွားပေမယ့်မြင်းကွန်းကမောင်
အေးကတော့ မပြောင်းဘူး။ ဒါကြောင့် မောင်အေးကို ညီအစ်ကိုအရင်းထက် တောင် ချစ်ခင်မိတယ်။
စာရေးသူကဒီတစ်ပတ်၊ မြင်းကွန်း မြို့ကိုအထွက်ပြထားတာဆိုတော့မောင် အေးကိုမျှော်နေမိတယ်။
ဒါပေမဲ့- မောင်အေးရောက်မလာပဲ ထွန်းတောက်ဆိုတဲ့ ရဲသား ရောက်လာ တယ်။ ဒါနဲ့ – မောင်အေး ဘာဖြစ်လို့ မလာသလဲလို့ မေးကြည့်တော့ မောင် အေးလူသတ်ခံရသတဲ့။
“ညက မောင်အေး လူသတ်ခံရ
တယ် – ဆရာ။ ဒီဓားက မောင်အေးကို
ထိုးသတ်သွားတဲ့ ဓားမြှောင်ပဲ”လို့
သတင်းစာစက္ကူနဲ့ သေသေချာချာ ပတ်
ထုပ်ထားတဲ့ဓားမြှောင်ကိုကျွန်တော့်ကို
ပေးတယ်။
“သတ်တဲ့လူမိသလား” “မမိဘူး- ဆရာ” “ဟင် – ဒါဆို – သတ်တဲ့လူကို မသိ
ဘူးပေါ့”
“သိတယ် – ဆရာအေး” “မင်းဟာကလဲ – မေးမှပဲ ပြောနေ
တယ်။ အကုန်လုံးစုံစုံစေ့စေ့ ပြောပြစမ်းပါကွာ”
လို့စာရေးသူကစိတ်မရှည်ပဲစကား
ကိုမာမာဆတ်ဆတ်ပြောလိုက်မိတယ်။
ဟုတ်တယ်လေ။ ဒီလောက် သဘောကောင်းတဲ့မောင်အေးကိုဘယ်
လိုလူက သတ်ရတာတဲ့လဲ။ သိချင်လိုက်
တာ။
“ဆရာ မောင်အေးအလောင်း ပါလာတယ် – ဆရာ။ ဆေးရုံမှာ ပို့ထား တယ်။ကျွန်တော်တို့ဆေးရုံကို သွားရင်း မောင်အေး သေရတဲ့အကြောင်းပြောပြ
မယ်”
လို့ ထွန်းတောက်က ပြောတယ်။ “အေး – သွားတာပေါ့။ ဒါနဲ့ နေဦး ဒီသက်သေခံပစ္စည်းကို ရန်ကုန်မြို့က
အင်းစိန် CID ကို ပို့ရမယ်။ မင်း သွားမှာ လား။မင်းတို့စခန်းကတစ်ယောက်သွား
မှာလား”
“ရဲအုပ် ကိုလှဘူး ပါလာတယ်။ ဒီလူသတ်မှုကို သူကိုင်တယ်။ သူ သွား မယ်ထင်တယ်”
“ကိုလှဘူးက ရုံးကိုမလာပဲ ဘယ်
သွားနေတာလဲ”
“ဆေးရုံမှာဆရာဝန်ရဲ့ဆေးစစ်ချက်
ယူဖို့ စောင့်နေတယ်။ ကျွန်တော့်ကို
ဆရာ့ဆီ အရင်လွှတ်လိုက်တာ”
“အေး-ဒါဆိုလည်း တို့ ဆေးရုံကို
သွားကြတာပေါ့”
ဆေးရုံကမကွေးမြို့လွတ်လပ်ရေး
ကျောက်တိုင်ရဲ့တောင်ဘက်၊ မြစ်ကမ်း
နဖူးမှာ ရှိတယ်။ အခုတော့ – မကွေးမြို့
နယ်တရားရုံးကတစ်မိုင်တောင်မရှိဘူး။ နှစ်ယောက်သား စက်ဘီးနဲ့ သွားခဲ့ကြ
တယ်။
ရဲရုံးက အခုတော့ (တဝက)ရုံးဖြစ် နေပြီ။ ထွန်းတောက်က စာရေးသူနဲ့ လက်ကိုင်ကြားကစက်ဘီးဘားတန်းပေါ်
ကထိုင်ပြီးလိုက်လာတယ်။
စာရေးသူရဲ့စက်ဘီးက နောက်က လူပိုတင်လို့ရတဲ့(ကယ်ရီယာ) ခုံမပါဘူး။ ဒါကြောင့် စာရေးသူရဲ့ရှေ့ဘားတန်းပေါ်
က စီးပြီး လိုက်လာရတာ။
ရုံးက ထွက် တယ် ဆို ရင် ပဲ ထွန်းတောက်က မောင်အေး သေရတဲ့ အကြောင်း အောက်ပါအတိုင်း ပြောပြတယ်။
ထားမိတဲ့စေတနာ အမှား မောင်အေးနဲ့ အိမ်နီးချင်း ငတေဆို တာက အရက်သမား၊ ဖဲသမား၊ ဘိန်းစား၊
လက်ကြောမတင်းဘူး။ ဘာအလုပ် မှမလုပ်ဘူး။ ရွာအပြင်ကအရက်ဆိုင်မှာ

ခွက်ဆေးသလို၊ မီးပျိုးပေးသလိုလိုလာ သမျှလူဆီကကပ်မြှောင်သောက်နေတဲ့
အကောင်း
တစ်ခါတစ်ရံသွေးကဆိုးသေး။ ရန်
က ဖြစ်ချင်သေး။ သူ့မှာ သားသမီး(၃) ယောက်ရှိတယ်။ အကြီးဆုံးက ယောက်ျားလေး။အလတ်ကမိန်းကလေး။
အငယ်ဆုံးက မိန်းကလေး။ အကြီးဆုံးကောင်က (၁၀)နှစ်။ အလတ်က (၈)နှစ်။ အငယ်ဆုံးက (၃) နှစ်သား။ ငတေရဲ့မိန်းမ ဂွက်ထော်က ကလေးတွေတာဝန်ယူရတာ။
ကြုံရာအိမ်မှာ အဝတ်ဖွပ်၊ ထင်းခွဲ၊
နင်းနှိပ်ပေးလို့ရတဲ့ပိုက်ဆံလေးနဲ့ စား
သောက်နေကြရတာ။
အကြီးဆုံးကောင်က မောင်အေးရဲ့
သားခိုးလုံးနဲ့တစ်ဖက်၊ကျောင်းနေဘက်။
အဲဒီတုန်းက တန်းကျောင်းတွေက (၇) တန်းထိ ပိုက်ဆံတစ်ပြားမှ မပေးရဘူး။ ကျူရှင်ကလည်း လုံးဝမရှိဘူး။ ကျူရှင် ဆိုတာကြားတောင်မကြားဖူးဘူး။ များသောအားဖြင့် ဂွက်ထော်က မောင်အေးအိမ်မှာ အနေများတယ်။ မောင်အေးမိန်းမမဖြူကနာမည်နဲ့ လိုက်အောင်စိတ်ရင်းဖြူစင်တယ်။စီးတဲ့ ရေ၊ဆည်တဲ့ကန်သင်းဆိုသလိုပဲ။ မောင်
အေးရှာတဲ့ပိုက်ဆံမှန်သမျှ ခြစ်ခြစ်ကုတ် ကုတ်သုံးတယ်။
ပိုလာတဲ့ပိုက်ဆံကို ရွှေစုတယ်။
နေတာ ထိုင်တာ သိုသိပ်တယ်။ တခြား
ရဲကတော်တွေ မနာလိုတာဖြစ်မှာ ကြောက်လို့ ဘယ်တော့မှ ထုတ်မဝတ်
ဘူး။သေတ္တာထဲမှာပဲသိမ်းထားပြီးသူ့မှာ
ရွှေစုမိတာလူသိမခံဘူး။
ဒါပေမဲ့ -ဂွက်ထော်အပေါ်တော့
တော်တော်ကျတယ်။ ဂွက်ထော်ကိုညီမ
အရင်းလို ချစ်တယ်။ ဂွက်ထော်ကို အား လည်းကိုးတယ်။
မဖြူ ဈေးသွားရင် ဂွက်ထော်က လက်ဆွဲခြင်းကိုင်ရတယ်။ အိမ်ရောက် တော့လည်း ဂွက်ထော်က အစအဆုံး ချက်ပေးတာ။
ဒီတော့ – မဖြူက ခြေမွေးမီး မလောင်၊ လက်မွေးမီးမလောင်နေရ တော့ ဂွက်ထော်တို့ သားအမိလေး ယောက်ကို မငြိုမငြင် ကျွေးတယ်။ ကလေးသုံးယောက်က ဘာစားနိုင်တာ မှတ်လို့။
ဒါတွေ မောင်အေးက သိတယ်။ မဖြူကျေနပ်ရင်ဘာမဆိုလုပ်လို့ရတယ်။
မဖြူကို အသက်လောက်ချစ်တာ။ ပိုပြီး မအေးက ဂွက်ထော်ကို လက်ခံတာက
ဆင်းရဲပေမယ့်စာရိတ္တမယိုင်ဘူး၊ ခိုးခြင်း ဖွက်ခြင်း မရှိဘူး။
ဂွက်ထော်က မောင်အေးဝတ်သမျှ
အဝတ်အစားတွေကိုဖွပ်လျှော်ပြီးမီးပူပါ
တိုက်ပေးတော့ ရဲယူနီဖောင်းဆိုရင် ရဲစခန်းထဲမှာ မောင်အေး အဝတ်က
အကောင်းဆုံးဖြစ်နေတယ်။
မောင်အေးက အဲဒါတွေ ထောက် ထားပြီး ဂွက်ထော်ရဲ့ အကြီးကောင်
ကျောင်းသွားရင် မုန့်ဖိုး ငါးမူး အမြဲပေး တယ်။ ဒါတွေကို ငတေသိတော့ မူးမူးရူး
ရူးနဲ့ ဂွက်ထော်ကို မောင်အေးနဲ့ နောက်
မီးလင်းပါတယ်လို့ စွပ်စွဲပြီး ခဏခဏ
အပြစ်ရှာရိုက်တယ်။
အခုလည်း ငတေ လူမှန်းမသိ အောင်မူးပြီးအိမ်ပြန်လာတဲ့။ သူပြန်လာ တဲ့အချိန်မှာဂွက်ထော်ကမအေးတို့အိမ် မှာအဝတ်တွေမီးပူတိုက်နေတယ်။
အိမ်မှာအဆင်သင့်မတွေ့ရကောင်း
လားဆိုပြီး မအေးအိမ်ပေါ်တက်ပြီး သူ့
မယားဂွက်ထော်ကို ရိုက်တယ်။ ရိုက်တာကလည်းလူတစ်ယောက် ရိုက်နေတာနဲ့ မတူဘူး။ နွားသတ်နေ သလိုပဲ။ ဆံပင်ဆွဲ၊ ပါးရိုက်၊ ခြေထောက်နဲ့
ကန်၊ မအေး ဝင်ဆွဲတာ၊ မရဘူး။ မူးသာ
မူးတာ ဒီကျတော့ တော်တော်သန်တာ။ “နင်ကနင့်လင်ငယ်အိမ်ကကိုပြန် တယ်မရှိဘူး။ နင့်လင်ငယ်က ငါ့ထက်
တော်တော်ကောင်းသလား”
လို့မေးမေးပြီးရိုက်နေတာ။
ဒီတော့မဖြူကကျွေးလည်းထားရ
သေး၊ တော်တော်ကျေးဇူးကန်းတဲ့ အကောင်လို့ တွက်ပြီး သူ့ယောက်ျားထိ
တော့မခံဘူး။
“ဟဲ့ – ငါ့ယောက်ျားက နင့်လို အမူး သမားမဟုတ်ဘူး။ ငါ့ယောက်ျားကို
ထည့်မပြောနဲ့”
ဆိုပြီး ငတေပါးကို “ဖြန်း”ခနဲ နေ
အောင် ရိုက်လိုက်တယ်။
ဒီတော့ – ငတေက မဖြူကို တွန်း
လိုက်တယ်။ ပက်လက်လန်လဲကျ အသွား ရဲစခန်းက အပြန်၊ မောင်အေး မြင်တော့ သူ့မိန်းမကို ငတေက လုပ်ရ
ကောင်းလားဆိုပြီး…
ဖြောင့်လက်သီး၊ ဝိုက်လက်သီး၊ ပါးကပ်လက်သီး။
တံတောင်နဲ့ ဒူးတွေ အကုန်သုံးပြီး ငတေကို လောကအပြင်ဘက်ရောက်
အောင် ပို့လိုက်တယ်။
နောက်ပြီး ငတေကို လက်ထိတ်
ခတ်ပြီး ရဲစခန်းအချုပ်ထဲ တစ်ညချုပ်
ထားလိုက်တယ်။အမှုဖွင့်မယ်ဆိုရင်တော့ အိမ်တက်
ကျူးလွန်မှု၊မဖြူကိုရိုက်မှု၊
အရက်အလွန်အကျွံသောက်မှု တွေအစုံနဲ့ထောင်ကျနိုင်တယ်။ ကလေး
တွေမျက်နှာ၊ ဂွက်ထော်ရဲ့မျက်နှာနဲ့ ဘာ
အမှုမှမဖွင့်ပါဘူး။
ဒီလိုနဲ့ငတေအချုပ်တစ်ညခံလိုက်
ရတယ်။
မနက်ရောက်တော့ မောင်အေးက ငတေကို အချုပ်ထဲက ပြန်ထုတ်တယ်။ “အစ်ကိုကြီးရယ် – ကျွန်တော်အမူး လွန်ပြီး မှားသွားတာပါ။ အစ်ကိုကြီး လောက် ကျွန်တော်တို့မိသားစုအပေါ် ကောင်းတဲ့လူ မရှိပါဘူး”
လို့ ပြောလည်းပြော၊ ငိုလည်း ငိုပြီး

မောင်အေးခြေထောက်ကို ဖက်ပြီး တောင်းပန်တယ်။
မြင်ရတဲ့လူတွေက ရယ်တာပေါ့။
ငတေ စွပ်စွဲသလိုမဟုတ်ဘူးဆိုတာ လည်း ရဲစခန်းတစ်ခုလုံးသာမက မြင်း ကွန်းတစ်မြို့လုံးက သိတယ်။
မောင်အေးကရှုပ်ရှုပ်ပွေပွေလူစား
မှမဟုတ်တာပဲ။
“ခွေးမြီးကောက် ကျည်တောက်
စွပ်”ဆိုသလိုပဲ။
ကောက်နေတဲ့ခွေးမြီးကို ဖြောင့်
အောင်ဆိုပြီးဝါးလုံးကျည်တောက်နဲ့စွပ်
ထားရင်စွပ်ထားတုန်းခဏပဲဖြောင့်တာ။
ကျည်တောက်ဖြုတ်လိုက်ရင် ပြန်
ကောက်သလိုပါပဲ။
ငတေ အရက်ဆိုင် တန်းပြေးတော့
တာပဲ။ အိမ်ကိုမပြန်ဘူး။
“မင်းမို့ ဒီကောင်မျိုးနဲ့ ပတ်သက်ရ တယ်လို့ကွာ”လို့ ဂါတ်စာရေးက မောင် အေးကိုပြောတယ်။
“အင်း- ပုလိပ်အရာရှိတစ်ဦးပြော သလိုပါပဲ။ အိမ်ပေါ်တက်လာတဲ့အမှုဆို တာ ဒါပဲ – ဆရာ၊ သူက ကျွန်တော့်အိမ် ပေါ်တက်လာပြီးစော်ကားလို့ကျွန်တော် ဆုံးမမိတာပါ။ သူတို့အိမ်မှာဖြစ်တာဆို ကျွန်တော် ဘယ်တော့မှ ဝင်မပါပါဘူး”

ဟု မောင်အေးက ပြော၏။
“မနက်ဖြန် မကွေးသွားတော့ ယူ သွားဖို့ စာနဲ့ ပစ္စည်းတွေရော စစ်ပြီးပြီ
လား”
“စစ်ပြီးပြီ – ဆရာ။ ဒါလေးတစ်ခုပဲ ဆရာလက်မှတ်ထိုးပေးဖို့ ကျန်တယ်”
ဟုပြောကာ စာရွက်ကိုထိုးပေး၏။ “ဘာလဲ-ကိုညိုစိမ့်စာရွက်လား” “ဟုတ်ပါတယ် – ဆရာ” “နေ့စဉ်စာအုပ်ထဲမှာကော အဝင် အထွက်စာရင်း ရေသွင်းပြီးပြီလား” “ပြီးပါပြီ – ဆရာ”
“အင်း- ဒီမြို့နယ်မှူးရုံးက စာရေး၊ စာချီ။ ရဲသားတွေလည်း အစိုးရပိုက်ဆံ
ညာယူနေတာ။ နှစ်နဲ့ ချီနေပြီနော်” “ဆရာ – အဲဒါတွေ သွားမပြောနဲ့
ဆရာ”“ဟေ-ဘာလို့လဲ”
“ကျွန်တော်တို့ရဲ့ဂါတ်မှာတပ်ဖွဲ့ဝင် နှစ်ဆယ့်ငါးယောက်ပဲ ရှိတာ – ဆရာ” “အေးလေ – အဲဒါ ဘာဖြစ်လဲ” “ဆရာက လည်ရှည်ဖိနပ်၊ ဆွယ် တာအင်္ကျီ၊ ကာကီယူနီဖောင်းတွေကို နှစ်ဆယ့်ငါးယောက်စာပဲ တောင်းရမှာ။ လူသုံးဆယ်စာ တောင်းပြီး ပိုတဲ့ပစ္စည်း တွေ လယ်သမားတွေဆီကို ရောင်းစားနေတာသိတယ်-ဆရာရာ။ ဘာအရေး
မယူ တာက ဆရာက အဲသလို သူတို့
မလာပဲ၊ မရောက်ပဲ ရောက်တယ်၊ လာ
တယ်လို့လက်မှတ်ထိုးပေးနေလို့
ဆရာ စားပါစေတော့လို့ မသိချင်ဟန်ဆောင်
နေတာ ဆရာ”
“ဟာကွာ-ဒါကတော့သူတို့ပစ္စည်း
ပေးရတာမှမဟုတ်ပဲ”
“ဆရာကရော – ဆရာ့ပိုက်ဆံ သူ
တို့ကို ပေးနေရလို့လား။ ဆရာလုပ်နေ
တာတွေကမှ ပြည်သူပိုင်ပစ္စည်းတွေ ခြောက်တစ်နော်”
“ဟာ-ဟိတ်ကောင်-တော်တော့။
သွားသွား- ငါ့အနားက မြန်မြန်ထွက်
သွား”
“မြန်မြန်သွားစေချင်ရင်လက်မှတ်
မြန်မြန်ထိုးပေးလေ”
“ဟင်း-ဟင်း-ဟင်း – မင်းနော်
မင်း စကားကို ဘယ်တော့မှ မှန်တဲ့
အတိုင်းမပြောနဲ့ကွ”
“ဟား – ဟား- ဟား”
မောင်အေးတဟားဟားဖြင့်ရယ်ပြီး
ရဲဌာနထဲမှ ထွက်သွားလေတော့ သတည်း။
စေတနာသည် လူတိုင်းနဲ့ မထိုက်တန်
မောင်အေးတို့ ကုန်ကားက မြို့ ရောက်ခါနီးမှ ပျက်သွားသည်။ မြို့ရောက်ဖို့နှစ်မိုင်ပဲလိုတော့သည်။ နာရီက ခြောက်နာရီ။ နေမင်းကြီးက ရခိုင်ရိုးမ၊ တောင်စွယ်ကို ဝင်စပြုပြီ။
မြင်းကွန်းမြို့ကမြို့ရယ်လို့အများက
သတ်မှတ်ပေမယ့်ရွာသာသာပဲရှိသည်။ လူတွေအားလုံး ရိုးသားကြသည်။ တောင်သူလယ်လုပ်၊ ဓားမခုတ်သမား များဖြစ်သည်။
တချို့က မော်တော်ပိုင်ကြသည်။ တချို့ရေလယ်ကျွန်းမှယာကွက်များပိုင် ကြရာရာသီစာများစိုက်ပျိုးစားသောက်
နေထိုင်ကြသည်။
ညနေဘက် အလုပ်သိမ်းချိန်တွင် ယောက်ျားသားများက ရွာထိပ်မှ ထန်း ရည်ဆိုင်၊အရက်ဖြူဆိုင်များတွင် အပန်း ဖြေစားသောက်ကြ၏။
တစ်နေ့တာပင်ပန်းသမျှကို ဤသို့ သောက်စားရင်ဖြင့် အပန်းဖြေကြ၏။ ကားပျက်သွားသဖြင့်ကုန်ပါသူများ
က ကုန်များကို ကားပေါ်ထားခဲ့ပြီး မြင်း
ကွန်းသို့ ခြေကျင်လျှောက်၍ ပြန်ခဲ့ကြ သည်။ ထိုလူများထဲတွင် ရဲတပ်သား
မောင်အေးလည်း ပါလာ၏။
နာရီဝက်ခန့် လျှောက်လာသော အခါ ဦးကုလားပိုင်သော ထန်းရည်ဆိုင် အနီးသို့ရောက်လာကြ၏။
“မင်းက ငါတို့ထန်းရည်ခွက်ကို ယူ သောက်ရအောင် လူမိုက်လားကွ”
“ဒီကောင် – တစ်ရက်လည်း
မဟုတ်၊နှစ်ရက်လည်းမဟုတ်၊ခဏခဏ
ပဲကွ-ဆော်ကွာ” “ခွပ်”
“အင့်”
“ခွမ်း”
ဆော်ကြပြီ၊တီးကြပြီးတစ်ယောက်
နဲ့ သုံးယောက်။
ငတေက တစ်ယောက်တည်း။ ဟို
ဘက်က သုံးယောက်။
ငတေက စပြီး ထန်းရည်အိုးနဲ့ တစ် ဖက်လူရဲ့ ဦးခေါင်းကို ရိုက်ခွဲလိုက်တာ။
တစ်ယောက်အရိုက်ခံရတော့ကျန်
တဲ့လူနှစ်ယောက်က မခံဘူး။ ထပြီးထိုး
တော့တာပဲ။
တွေ့ရာပစ္စည်းနဲ့ ခွဲရိုက်တာ။ ငတေမှောက်ပြီ။
မှောက်သွားတဲ့ ငတေကို ခြေ
ထောက်နဲ့ကန်၊ မြူအိုးနဲ့ပေါက်။ ကြာရင်
ငတေသေတော့မယ်
ငတေကံကောင်းတာကမကွေးပြန်
လာတဲ့ ရဲသား မောင်အေး ခြေကျင်
လျှောက်လာလို့ပေါ့။
ငတေခံနေရတာ၊မောင်အေးသိလို့ ဝင်လာတာမဟုတ်ပါဘူး။ရဲတစ်ယောက်
ဖြစ်နေတော့ တာဝန်သိတဲ့စိတ်ဓာတ်နဲ့ ဝင်ကြည့်တာပါ။ “ဦးကုလား”
“ဗျာ”
“ဘာဖြစ်ကြတာလဲ။ ရန်မဖြစ်ကြ စေနဲ့လေဗျာ။ ခင်ဗျားက လိုင်စင်ရှိတာ မဟုတ်ဘူး။ ဟာ -ငတေပါလား။ သွေး တွေနဲ့ – သေများသွားပြီလား” ရဲသားမောင်အေးကပြောပြောဆို
ဆိုနဲ့ ငတေကိုမ.ထူပေးတယ်။
“ပြော မပြောချင်တော့ဘူး – ဆရာ အေးရေ။ဒီကောင်ကလူမိုက်လိုလို၊ ဘာ လိုလိုနဲ့။ထန်းရည်သောက်နေတဲ့လူတွေ
ဆီက သောက်လက်စခွက်တွေကို မပြောမဆိုနဲ့ ယူယူသောက်တယ်” “မတူမတန်လို့ အဖက်လုပ်ပြီး သူ့ ကို မပြောကြတာ။ အဲဒါ- သူက သူ့ကို ကြောက်လို့ထင်ပြီး နေ့တိုင်း ဒီလိုပဲ ရမ်း နေတာ။ အခုတော့ မခံတဲ့လူတွေနဲ့တွေ့ တော့သူခံရပြီလေ။ဒီလူတွေကလူစိမ်း တွေ။ သူ့ကိုမသိကြဘူး”

လို့ထန်းရည်ဆိုင်ပိုင်ရှင်ကိုကုလား
က ရှင်းပြတယ်။
“ခင်ဗျားလည်း သတိထားရောင်း။ လူစိမ်းတွေက ဘာမှန်းမသိ၊ ညာမှန်း မသိ။ ဒီမြို့ကို ဓားပြတိုက်ဖို့လာတာဆို ရင် ခင်ဗျားလည်း ကြံရာပါနဲ့ အဖမ်းခံရ
မယ်”
“ဟေ့ကောင်လာ- ဒေသန္တရဆေး
ခန်း သွားရအောင်”
ရဲတပ်သားမောင်အေးကငတေကို
ဆွဲထူပြီး ကွဲသွားတဲ့ခေါင်းကိုချုပ်ဖို့ အိမ် ကိုပြန်ခေါ်လာတယ်။
ရဲသားမောင်အေးကငတေရဲ့ဘယ်
ဘက်ချိုင်းကြားထဲ သူ့ပခုံးလျှိုပြီးတွဲခေါ်
လာတယ်။
နေကဝင်သွားပြီ။ လမ်းမီးကလည်းမရှိဘူး။
ဘေးတစ်ဖက်တစ်ချက်မှာပေတစ်
ရာလောက်မြင့်တဲ့ မန်ကျည်းပင်ကြီး
တွေ၊ကုက္ကိုပင်ကြီးတွေကတန်းစီပေါက်
နေတယ်။
သွားနေကျ၊ လာနေကျလမ်းဆို တော့ အခက်အခဲမရှိပါဘူး။ ကိုကုလား ဆိုင်က ထွက်လာလို့ ငါးလှမ်းလောက် ရောက်တော့ နောက်ကနေ ကိုကုလား ကလှမ်းပြီးသတိပေးစကား ပြောတယ်။
“ဆရာအေး – အဲဒီကောင် ခါးကြား မှာဓားမြှောင်တစ်ချောင်းပါတယ်။ သတိ
ထားနော်”
“ဟုတ်ကဲ့- ကျွန်တော်သိပါတယ်။
ဒီကောင်ကိုင်နေကျားပါ။ ရေမြွေပါဗျာ။ ဘာမှမဖြစ်ပါဘူး”
အိမ်နီးချင်းဆိုတော့ ယုံတာ။
ဒီကောင် မူးလာရင် ဓားတဝင့်ဝင့်
လုပ်တတ်တယ်။ဒါပေမဲ့- တကယ်သတ္တိ
ရှိတဲ့ကောင်မဟုတ်ဘူး။ မလုပ်ရဲပါဘူးလို့
ရဲသားမောင်အေးကလျှော့တွက်တယ်။
အိမ်နီးနားချင်း ငယ်နိုင်လည်းဖြစ်နေ
တော့ သိပ်ပြီးဂရုမစိုက်ပါဘူး။ ပေါ့ပေါ့ပဲလေ
နောက်ပြီး အခုလောက် သွက်ချာ ပါဒလိုက်အောင် မူးနေတဲ့ကောင်ကို
လုံးဝဆိုမှ လုံးဝ ဂရုမစိုက်ခဲ့တာ။ ရဲသား မောင်အေး သေနေ့စေ့လို့ပဲလေ။ “ကိုမောင်အေး” “ဟေ-ဘာလဲကွ
“ကျွန်တော့်ရဲ့ သားနဲ့ သမီးတွေကို တော်တော်ချစ်သလား”
“ချစ်တာ၊မချစ်တာအဓိကမဟုတ်
ဘူးကွ။ သားသမီးချင်း ကိုယ်ချင်းစာ
တရားထားတာ။ မင်းက ဖခင်ဝတ္တရားမှ မကျေပဲ။ သားသမီးကိုကျောင်းထားချိန်
ထားရမယ်၊ ကျွေးချိန်တန် ကျွေးရမယ်ကွ
“ကျွန်တော်ကလည်း ဖခင်တစ် ယောက်ရဲ့ တာဝန် ကျေချင်ပါတယ်။ ဒါပေမဲ့ – ဘဝအကျိုးပေးက ကျေခွင့် မပေးဘူးဗျ။ ဘုရားသခင်ကလည်းမကူညီဘူး”
“ကူညီရအောင် ငါတို့ဘုရားသခင်
က သူ့ကိုယ်သူ တန်ခိုးရှင်မဟုတ်ဘူးလို့
ပြောပြီးသားကွ”
“မင်းလူဖြစ်လာလို့လည်းဖန်ဆင်း မပေးဘူး၊ ဖန်ဆင်းလို့လဲမပေးနိုင်ဘူး” “မင်း သူဌေးကြီးဖြစ်ပါစေ၊ ဆင်းရဲ သားဖြစ်ပါစေဆိုပြီးလည်းဖန်ဆင်းမပေး
နိုင်ဘူး”
“ဘုရားဒကာ၊ ကျောင်းဒကာ ဖြစ်ပါစေ။ လူဆိုးသူခိုး၊ အရက်သမား၊
ဘိန်းစားဖြစ်ပါစေသတည်းလို့လည်း
ငါတို့ဘုရားသခင်က ဖန်ဆင်းမပေးနိုင်ဘူး”
“ငါတို့မြတ်စွာဘုရားရှင်က ကိုယ်
လုပ်မှကိုယ်ရမှာလို့ ဟောခဲ့တာပဲ” “မင်း အရင် ဘဝက ဆရာတော် ဘုရားများအတွက် ပိဋကတ်သုံးဘုံလှူ ရင် ဒီဘဝမှာ ပညာတတ်ကြီးဖြစ်မယ်” “အရင်ဘဝက သင်္ကန်း၊ ပရိက္ခရာ
တွေလှူခဲ့ရင်ဒီဘဝမှာဝတ်ကောင်းစား
လှဝတ်ရမယ်”
“အရင်ဘဝကမြေ၊ကျောင်းနဲ့ဖိနပ်
လှူခဲ့ရင် ဒီဘဝမှာ တိုက်နဲ့ ကားနဲ့ နေရ
မယ်”
“ဒါပဲ ငတေ – မြတ်စွာဘုရားသခင် က လူတွေကို သိစေချင်တာက ကိုယ် ကောင်းတာလုပ်ခဲ့ရင်ဒီဘဝမှာကောင်း တာဖြစ်မယ်။ အရင်ဘဝက မကောင်းခဲ့ ရင် ဒီဘဝမှာ မကောင်းတာဖြစ်မှာပဲ” “နောက်ဆုံးပြောရရင်တော့ကွာ။ အရင်ဘဝက မင်း မကောင်းတာတွေ အများကြီးလုပ်ခဲ့လို့ ဒီဘဝမှာ အရက် သမားဘိန်းစားဖြစ်နေရတာပဲ” “နောက်ဘဝဆိုရင်လည်း…” “ကိုအောင်အေး- တော်တော့ – ခင်ဗျားက ကျွန်တော့်ကို နောက်ဘဝ မှာလဲ ဒီလို ကလေကချေဖြစ်မှာပဲလို့ ပြောမလို့ မဟုတ်လား။
ဒီမယ် ကိုမောင်အေး – ကျွန်တော် က အခုဘဝမှာ ဘယ်သူ့ကိုမှလည်း မလိမ်ခဲ့ဘူး။ ဘယ်သူ့ကိုမှလည်း မျက် ရည်ပေါက်ကြီးငယ်ကျအောင် မလုပ်ဘူး”
“ကုသိုလ်မှမလုပ်တာ မှန်ပေမယ့် ဘယ်သူ့အပေါ်မှလည်းစိတ်ဆိုး၊ စိတ်ပုပ်
မရှိခဲ့တော့ နောက်ဘဝမှာ ကျွန်တော် ကောင်းမှာပါ”
“အေး-ဒါက မင်းအထင်ကိုးကွ။
မင်းက ဗုဒ္ဓဘာသာရဲ့သဘောထားတွေ သိအောင် ဆရာတော်တွေ ရေးတဲ့စာ
အုပ်တွေလည်းမဖတ်ဘူး၊ယုတ်စွအဆုံး
ကွာ၊ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဂျာနယ်
တွေ၊ မဂ္ဂဇင်းတွေ အများကြီးထွက်နေပါ
တယ်။ အဲဒါတွေလည်းမဖတ်ဘူး” “နောက်ဆုံးတရားသွားပြီးမနာနိုင် ရင်တောင်မှ တရားခွေကိုဖွင့်ပြီး နား ထောင်ရင်တောင်မှ ဒီသဘောတရား တွေကိုမင်းသိမှာ”
“အခုတော့ – မင်းမှာ နားပါလျက်နဲ့
နားမကြားပဲ ဖြစ်နေတယ်” “မျက်စိပါလျက်နဲ့မမြင်နိုင်ပဲဖြစ်နေတယ်”
“မင်း မသေမချင်း မှတ်ထားကွ။ အခုဘဝမှာ သေရည်သေရက်သောက် စားမူးယစ်နေတဲ့သူ၊ ဘိန်းစားနေတဲ့လူ၊
မူးယစ်ဆေးဝါးနွံထဲနစ်နေတဲ့လူတွေဟာ
ဒီဘဝမှာလည်း မူးတုန်းခဏ ရူးနေတာပဲ”
“သေပြီး နောက်ဘဝရောက်ရင် လုံးဝအရူးဘဝရောက်မှာလို့ဟောထားတယ်ကွ”

“မင်းမသေခင် အရက်ဖြတ်ပြီး ဘာသာရေးလုပ်မယ်ဆိုရင်ဒါတွေလွတ် မယ်လို့လဲဟောခဲ့တယ်”
“ဒါကြောင့် – မြတ်စွာဘုရားသခင် က ကိုယ်လုပ်မှ ကိုယ်ရမယ်လို့ ဟောခဲ့၊
ပြောခဲ့တာကွ။ မင်းကြုံကြိုက်ရင် ကြာနီ
ကန်ဆရာတော်ရဲ့တရားတွေကို နာဖြစ် အောင် နာ၊ ကြာနီကန်ဆရာတော်ရဲ့
တရားတွေကို နာဖြစ်အောင် နာ။ ကြာနီ ကန်ဆရာတော်ရဲ့ တိတ်ခွေတွေလည်း ထွက်နေတယ်။ ရယ်လည်းရယ်ရတယ် ကွ။ မင်း တရားနာဖြစ်အောင်နာ” ရဲတပ်သား မောင်အေးက လူဆိုး
ငတေကို တရားချနေ၏။
“ဒါနဲ့ ကိုမောင်အေး- ခင်ဗျား ကျွန် တော့်မိန်းမကိုတော်တော်ချစ်သလား”
“ဟကောင် – မင်းစကားက ဘာ
စကားလဲကွ။ အရည်မရ၊ အဖတ်မရ
စကားတွေ။ ငါချစ်လို့မဟုတ်ဘူးဟေ့။
ငါ့မိန်းမက မင်းမိန်းမကိုရော၊ မင်းသား
သမီးတွေရောကို ချစ်နေလို့…”
“ဘာဖြစ်လို့ ကျွန်တော့်ဇနီးကို ချစ်
တာတဲ့လဲ”
“ဖင်ပေါ့လို့တဲ့”
“ဖင်ပေါ့လို့ – ဟား- ဟား- ဟား။
ကျုပ်မိန်းမကဖင်ပေါ့တယ် – ဟား- ဟား

ဟုတ်တယ်ဗျ။ ကျုပ်မိန်းမက ဖင်ပေါ့ တယ် – ဟား- ဟား- ဟား”
“ဟကောင် – မင်းရူးသွားပြီလား”
“ရူးတာမဟုတ်ဘူးဗျို့။ အသည်းနာ
တာ၊ အသည်းနာတာ” “ဘာတွေကြောင့်လဲ” “ဘာတွေကြောင့်ရမှာလဲဗျ။ အခု ဆိုရင်ကျုပ်မိန်းမကရော၊ကျုပ်သားသမီး
ကရော ခင်ဗျားကို ချစ်နေကြတယ်။
ကျုပ်ထက်လည်းခင်ဗျားကိုအထင်ကြီး
နေတယ်”
“နေပါဦး – ဒါနဲ့ – ခင်ဗျားက ကျုပ် သားကို ချစ်တယ်လဲဆိုရဲ့၊ ဘာ့ကြောင့်
ဟိုနေ့ကရိုက်တာတုန်း။ ကျုပ်ကိုယ်တိုင်
တောင် ကျုပ်သားသမီးတွေကို ရိုက်ဖို့
မပြောနဲ့၊ လက်နဲ့ တောင် မရွယ်ခဲ့ဖူးဘူး”
“လိမ္မာစေချင်လို့ပေါ့ကွ”
“လိမ္မာသည်ဖြစ်စေ၊ မလိမ္မာသည် ဖြစ်စေနောက်မရိုက်ပါနဲ့”
“ရိုက်တော့မင်းက ဘာလုပ်ချင်လို့
လမ်းလျှောက်ရင်းမှ ရပ်ပြီးမေး
လိုက်၏။ တဖြည်းဖြည်းချင်း လျှောက် လာလိုက်တာ၊ မြို့ထဲသို့ရောက်လုပြီဖြစ်
၏။

မြို့အဝင် မန်ကျည်းပင်တန်းသို့ပင် ရောက်ခဲ့ပြီဖြစ်သည်။
တုံး”
“ဘာပြောတယ်ဗျ”
“ရိုက်တော့မင်းက ဘာလုပ်ချင်လို့
“ဒါလုပ်ချင်တယ်ဗျာ”
“စွပ်”
“အင့်”
“စွပ်”
“အား-ဟေ့ကောင်- ငတေ-တေ
တေ-တေ”
ငတေကဓားကိုခါးကြားမှထုတ်ပြီး မောင်အေး၏ ဘယ်ဘက်ရင်အုံသို့ ထိုး
စိုက်လိုက်ရာ နှလုံးကို တည့်တည့်ဝင်
သွားသည်။
ပွဲချင်းပြီးသေသွား၏။ငတေဓားကို
ထားခဲ့ပြီး တစ်ချိုးတည်း ထွက်ပြေးလေ တော့သတည်း။
တစ္ဆေက ဖမ်းပေးတဲ့တရားခံ “လူကို ခွေးက သတ်လို့ သေရတာ နာတယ်- ဆရာရေ။ဒီလောက်သဘော ကောင်းတဲ့သူသေရတာရင်နာလွန်းလို့
ဗျာ။ ကိုမောင်အေးမိန်းမ မဖြူရော၊ ငတေ့မိန်းမ ဂွက်ထော်ရော၊ ကလေး

တွေရော ငိုလိုက်ကြတာ တက်မတတ်ပါပဲ”
“ဂွက်ထော်ကဆို – သူတို့အားကိုး နေရတဲ့ ဒေါက်တိုင်ကြီးတော့ ပြိုလဲပါပြီ ပေါ့။ ဒီကောင်ကိုမိရင် ကျေးဇူးကန်းရ ကျိုးနပ်အောင် ဒီကောင် ငတေကို သူ ကိုယ်တိုင်သတ်ပြီး စက်တိုင်တက်မယ်
လို့ပြောပြောပြီးငိုလိုက်တာဗျာ။မဖြူက တောင် သူ့ကို တရားချနေရတယ်”

“အင်း- ဟုတ်တာပေါ့ဗျာ။ အငတ် ငတ်ဘဝကနေ တစ်စိတ်တစ်ဒေသ လွတ်မြောက်အောင် ကူညီနေတဲ့လူဆို
တော့ သူတို့အားကိုးမယ်ဆိုလည်းအား
ကိုးလောက်ပါတယ်။ ယောက်ျားကမှ
သုံးမရပဲကိုဗျ”
ဗျာ”
“လောကကြီးက မတရားပါဘူး

“ဗျာ-ဘာတွေများကြောင့်မတရား
ဘူးပြောရတာလဲဗျ”
“ကြည့်လေ – ဆရာရယ်။ ခင်ဗျား
လည်း မြင်တွေ့နေရမှာပါ။ မိဘကို လုပ်
ကျွေးနေတဲ့လူ၊သူတစ်ပါးအပေါ်ကောင်း
ပြီး မကောင်းတာဆို ဘာမှမလုပ်တဲ့လူ၊
ဘုရားမှန်း တရားမှန်း သိတဲ့လူ၊ ကိုယ်
ကောင်းရင်ခေါင်းဘယ်မှမရွေ့ဘူးဆိုတဲ့
လူတွေကိုပဲ သေမင်းက ရွေးပြီးခေါ်နေ
တာမဟုတ်လားဗျ”
“ဒါကတော့ကွာ-လိမ္မာတဲ့လူတွေ ကို လူမိုက်တွေနဲ့ အတူတူရောမထား ချင်လို့ ခေါ်တာဖြစ်မှာပေါ့”
“အဲဒါပြောတာပေါ့- ဆရာရဲ့။ ကျွန် တော်ကစောစော မသေချင်သေးတော့
မိုက်ရ ဆိုးရတော့မလို ဖြစ်နေပြီဗျ” “ဟဲ့ကောင် – အယူလွဲလို့ ငရဲ ရောက်လိမ့်မယ်ကွ။ မင်းအတွေးကတစ်
ချက်ချော်သွားပြီ” “ဘာဖြစ်လို့လဲ – ဆရာ”
“ငါတို့ထေရဝါဒဗုဒ္ဓဘာသာတရား
တော်မှာငရဲကြီးရှစ်ထပ်ဆိုတာရှိတယ်။
အဲဒါတွေကသိင်္ချိုင်းငရဲ၊ကာလသုတ်ငရဲ၊
သင်္ခါတငရဲ၊ ရောဂုဝငရဲ၊ မဟာရောဂုဝ
ငရဲ၊တာပနငရဲ၊မဟာတာပနငရဲနဲ့အဝီစိ ငရဲဆိုပြီး ငရဲကြီးရှစ်ထပ်ရှိတယ်ကွ။

အပြစ်နည်းနည်းနဲ့မရပဲ၊ အပြစ်များ
များလုပ်မှ အောက်ဆုံးငရဲပြည်ရောက် မှာ။ဒါ့ကြောင့် – အဝီစိငရဲရောက်မယ့်လူ
ဟာဘယ်လောက်ဆိုးဆိုး၊သူများအပေါ်
ဘယ်လောက်ပဲ မကောင်း၊ မကောင်း
လူ့ပြည်မှာ ကြာကြာနေရတယ်။ ငယ်
ငယ်ရွယ်ရွယ်နဲ့ မသေဘူး။ အဆိုး တကာ့ထိပ်ခေါင်ဖြစ်အောင် အသက်
ရှည်ပေးရတာ”
“ဟာ – ဟုတ်ပါ့မလား- ဆရာရဲ့။
စောစောသေတော့ကောအဲဒီကောင်ကို
အဝီစိငရဲထိ ချက်ချင်းရောက်အောင်
ပို့မရဘူးလား”
“ဘယ်ရမလဲကွ။ မင်းရှင်းအောင် သာဓကပြရရင် သူငယ်တန်းအောင်တာ နဲ့တက္ကသိုလ်တက်လို့ရသလားကွ”
“ဟာ – ဆရာကလဲဗျာ။ သူငယ် တန်းကျောင်းသားကတက္ကသိုလ်တက် လို့ရမလားဗျ။ ဆယ်တန်းအောင်မှ တက္ကသိုလ်တက်လို့ရမှာပေါ့”
“အေး-အဲသလိုပဲကွ။ အဝီစိ ရောက်မယ့်ကောင်က ကာလသုတ်ငရဲ ကျရုံနဲ့ မပြီးဘူး၊ သူ့ကို အဝီစိရောက် အောင်၊ မကောင်းတာ ဆက်လုပ်နိုင် အောင် အသက်ရှည်ပေးရတယ်။ ပိုက် ဆံချမ်းသာအောင်၊ လုပ်ပိုင်ခွင့်အာဏာ

တွေရအောင် လုပ်ပေးရတယ်ကွ။ အသက်ရှည်ပြီး ချမ်းသာမှ သူများသား
မယားကိုစော်ကားနိုင်မယ်။
လုပ်ပိုင်ခွင့်
အာဏာတွေရှိမှမကောင်းတာ၊ မတရား
တာ များများလုပ်နိုင်မယ်။ ဒါမှ ဒီကောင် အဝီစိငရဲ ရောက်မှာကွ။ အသက်ရှည် တိုင်း၊ အာဏာရှိတိုင်း၊ ပိုက်ဆံချမ်းသာ တိုင်းကောင်းတယ်များ မထင်နဲ့” “တစ်ခုတော့ ရှိတာပေါ့ကွာ။ အာဏာလည်း ရှိမယ်၊ ပိုက်ဆံလည်းရှိ
မယ်။ အစာဂုဏ် ငွေဂုဏ်၊ လုပ်ပိုင်ခွင့်
ဂုဏ်တွေကိုအရင်းတည်ပြီးကောင်းတာ
များများလုပ်ရင်တော့ နတ်ပြည်ခြောက်
ထပ်ကိုရောက်မှာပေါ့”
လို့စာရေးသူကသူနားလည်အောင် ရှင်းပြရတယ်။ စာရေးသူတို့လည်းစကား တပြောပြောနဲ့ သွားလိုက်တာ မောင် အေးအလောင်းနားရောက်သွားတယ်။
မောင်အေးအလောင်းက ရင်ခွဲရုံ
ထဲမှာဆရာဝန်ကစစ်ဆေးချက်ယူပြီးပြီ။
ဓားဒဏ်ရာက နှစ်ချက်။ နှလုံးကိုထိပြီး ချက်ချင်းသေသွားခဲ့တာ။
အလောင်းကို ကြည့်ရတာ တော် တော်ကိုမကျေမနပ်ဖြစ်နေပုံပေါ်တယ်။
မျက်လုံးကြီးနှစ်ဖက်ကပြူးလို့။
လက်နဲ့ ပြူးနေတဲ့မျက်လုံးနှစ်လုံး
ကိုမှိတ်ကြည့်တာမရဘူး။ ပြန်ပြူးတာပဲ။
အံကလည်း ကြိတ်ထားတယ်။ “လူရိုးစိတ်တို”ဆိုတာဒါပဲ။ ရိုးသား တဲ့လူစိတ်တိုလာတော့သေတာတောင် ဖြောင့်ဖြောင့်မသေဘူး။ ဒေါသကြီးနဲ့
သေနေတယ်။
“ဟေ့ကောင် မောင်အေး – မင်းကို
ဘယ်သူသတ်တယ်ဆိုတာ သိသိကြီးနဲ့၊ ဖမ်းလို့မမိဘူးဖြစ်နေတယ်။ မင်း ဒေါသ ဖြစ်နေမယ့် အစား ရက်လည်ဆွမ်း
မကျွေးခင်အဲဒီကောင်ကိုမင်းကိုယ်တိုင်
ဖမ်းပေးမှဖြစ်မယ်”
“မင်းဖမ်းပေးမယ်လို့လဲငါယုံတယ်။ ဆွမ်းကျွေးမယ့်နေ့မှာ ငါကိုယ်တိုင်လာ မယ်။ အဲဒါ မင်းကူညီဦး”
လို့ စာရေးသူက မောင်အေး အလောင်းရဲ့နားနားကိုကပ်ပြီး အကူ အညီ တောင်းခဲ့တယ်။
“မင်းငါပြောတာကြားတယ်။ကူညီ
မယ်ဆိုရင် စိတ်အေးအေးထားပြီး လုပ် စရာလုပ်ဖို့၊ ဒီကောင့်ကို ဖမ်းဖို့ မင်းပြင်
တော့။ မင်းမျက်လုံးလည်း မှိတ်တော့။
အံတင်းထားတာကိုလည်း ဖြေလိုက်
တော့”
လို့ပြောပြီးစာရေးသူကမောင်အေး ရဲ့မျက်လုံးနှစ်လုံးကို လက်ဝါးနဲ့ဖိပြီး အပေါ်က အောက်ကို ဆွဲချလိုက်တော့ မျက်လုံး မှိတ်သွားတယ်။
တင်းတင်းကြီးကြိတ်ထားတဲ့အံကို
လည်းစာရေးသူလက်နှစ်ဖက်နဲ့ညှပ်ပြီး
ပွတ်ဆွဲပေးလိုက်တော့ ပါးစပ်က အေး
ချမ်းတဲ့ပုံပြန်ဖြစ်သွားပြီးမသေခင်ကရုပ်
ပြန်ပေါ်လာတယ်။
ပြုံးယောင်ကလေးများတောင် သန်းလို့။ အသက်ရှင်စဉ်က မောင်အေး က စကားပြောတဲ့အခါ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ ပြောတယ်။ ဒေါသ ဘယ်လောက်ထွက် ထွက် ရင်ထဲမှာပဲ ကြိတ်ထားတယ်။ ဘယ်တော့မှ လူသိအောင် ထုတ်မပြဘူး။
စာရေးသူ ယုံတယ်။ တရားခံကို မောင်အေးရှာပေးမယ်လို့လေ။
ရှားလော့ဟုန်း လက်မြှောက်ရတဲ့ လူသတ်သမား စာရေးသူလည်း သေသူ မောင် အေးကိုမှာချင်တာမှာ၊ပြောချင်တာတွေ ပြောပြီးနောက် ယခုအမှုကို ကိုင်နေ သော ရဲအုပ် ဦးလှဘူးနှင့် အမှုအခြေ အနေကိုမေးကြည့်မိတယ်။ “ဗိုလ်ကြီး-အမှုအခြေအနေက
ဘယ်လိုရှိနေပြီလဲ”
“အမှုကပိတ်ရတော့မယ်– ဆရာ”
“ဗျာ- ဘာဖြစ်လို့လဲ- ဗိုလ်ကြီး

စာရေးသူတို့ လက်နက်ကိုင်အဖွဲ့ စည်းရဲ့စည်းကမ်းချက်တစ်ခုက
မိမိက
ဘယ်လောက်ပဲ ရာထူးကြီးကြီး လက် မောင်းပေါ်မှာအရစ်ပါလာရင်ဆရာလို့ပဲ
ခေါ်ကြပါတယ်။
“ဒီကောင် ဧရာဝတီမြစ်ထဲ ဆင်း
သေသွားပြီ – ဆရာ” “ဟာ-သေချာရဲ့လား-ဆရာ” “သိပ်ပြီးသေချာတာပေါ့ – ဆရာ” “ဘယ်လိုအထောက်အထားတွေ့
လို့ တက်တက်တူတူပြောနေရတာလဲ
ဆရာ
“ကျွန်တော်တို့ ငတေရဲ့အမျိုးတွေ ရှိတဲ့ မင်းလှမြို့ကို ချက်ချင်းလိုက်တယ်
ဆရာ။ သူ့အမျိုးတွေရဲ့ အိမ်ပေါက်စေ့ လိုက်မေးတယ်။ ရပ်ကွက်ထဲကကလေး လူကြီး အကုန်မေးကြည့်တယ်။ ငတေ
မလာဘူးတဲ့။
အဲဒါနဲ့ ကျွန်တော်တို့ မြင်းကွန်းပြန်
လာတော့ကမ်းနဖူးမှာလူတွေရုတ်ရုတ် သဲသဲ ဖြစ်နေတာတွေ့လို့ သွားကြည့် လိုက်တော့ … သွေးစွန်းနေတဲ့လုံချည်နဲ့ အင်္ကျီရယ်၊ သူစီးနေကျ ဂျပန်ဖိနပ်ဖင်မီး ငုတ်တိုရယ်ကို တွေ့တာ – ဆရာ”
“နောက်ပြီး – သူ့လက်ရေးနဲ့စာတစ် စောင်လဲ ရေးထားခဲ့တယ်”
“ဘယ်လိုများ ရေးထားခဲ့ တာ
ဗိုလ်ကြီး”
“မိဂွက်ထော်နဲ့ မဖြူတဲ့” “ကျေးဇူးရှင်ကိုလူစိတ်မရှိပဲ သတ်
မိလို့ ဒဏ်ခတ်တဲ့အနေနဲ့ ဧရာဝတီမြစ် ရေထဲ ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ် သေသွားပါပြီတဲ့”
“တမလွန်ဘဝမှာ ကိုအေးကို တွေ့
အောင်ရှာပြီးငါမှားကြောင်း တောင်းပန်
ပါ့မယ်တဲ့”
“အဲဒီစာကိုရော သိမ်းထားလား
“ငါ့ကို ခွင့်လွှတ်ပါ” “ငတေ”တဲ့ဗျာ။
ဗိုလ်ကြီး”
“ဟာ – သက်သေခံပစ္စည်းဆိုတော့
ရှာဖွေပုံစံနဲ့ကို သိမ်းထားပါတယ်” “ကောင်းတယ်-ဗိုလ်ကြီး။ ဒီစာက ရုံးကို တင်တဲ့အခါ သူသတ်ကြောင်း ခိုင်လုံတဲ့သက်သေပဲဗျ”
“ဟော- ဆရာကတော့ပြောပြီးရေ
ထဲ ဆင်းသေသွားပါတယ်ဆိုမှ ဒီစာကို ဘယ်ရုံးသွားတင်ဦးမှာလဲ – ဆရာညိုစိမ့်
ရဲ့
ရဲအုပ် ဦးလှဘူးက ခိုင်ခိုင်လုံလုံ ပြောနေ၏။

“အင်း-ငတေ – ငတေ – တော်
တော်လည်တဲ့ကောင်ပဲ။ မူးကြောင် မူး ကြောင်နဲ့အရူးလို့ထင်နေတာ။ဒီကောင် မရူးဘူးပဲ- ဗိုလ်ကြီးလှဘူး” “ဒီကောင်ကတော့ ကမ္ဘာကျော် စုံထောက်ကြီး ရှားလော့ဟုန်းနဲ့ မြန်မာ နိုင်ငံမှာ ကျော်ကြားတဲ့ ဆားပုလင်း နှင်းမောင်တို့၊ လူဆိုးထိန်းမောင်ကြီးတို့ တောင်လက်မြှောက်အရှုံးပေးရလောက် အောင် ဉာဏ်များတဲ့ကောင်ပဲ” လို့ စာရေးသူက ညည်းလိုက်
တော့ –
“ဘာတွေပြောနေတာလဲ – ဆရာ
ညို”
“ဒီကောင်မသေဘူးဗျ။ အမှုမပိတ်
လိုက်နဲ့”
“ဗျာ”
“ဟုတ်တယ်-ဗိုလ်ကြီးလှဘူး။ ဒီကောင် မသေဘူး။ ဘယ့်နှယ်ဗျာ-ရေ ထဲ ဆင်းသေမယ့်အကောင်က စာတစ် တန်၊ ပေတစ်တန် ရေးမတဲ့လားဗျ။ နောက်ပြီး ရေချိုးဆင်းသလို၊ အဝတ် တွေကို ကမ်းစပ်မှာ သေသေချာပုံထား မတဲ့လား”
“ဝတ်ထားတဲ့အဝတ်အစားနဲ့ ရေ ထဲတန်းဆင်းသွားမှာပေါ့ဗျ။ ဖိနပ်ထားခဲ့
တာနဲ့ စာထားခဲ့တာက ယုတ္တိရှိပါတယ်။

အဝတ်တွေချွတ်ထားတာကတော့လုပ်
ဇာတ်ပဲဗျ”
လို့စာရေးသူကမယုံကြောင်းပြော
“ဒါနဲ့ ပြောရဦးမယ် – ဆရာ”
“ဘာများလဲဗျ – ပြောပါ” “ပြောရမှာ ဆရာ့ကိုအားနာလို့” “ဘာအားနာစရာရှိလဲဗျာ။ပြောမှာ
သာပြောပါ-ဗိုလ်ကြီး”
“အခုတလော – ဆရာ့သူငယ်ချင်း
မောင်အေးကတော်တော်လေးသောင်း
ကျန်းလာပြီ”
“ဘာတွေများဖြစ်လို့လဲ” “မြို့အပြင်ကထန်းရည်ဆိုင်တွေကို တစ်ညတစ်ဆိုင်လာပြီး ညသန်းခေါင် ကျော်မှာကြော်လှော်ထားတဲ့အသားငါး
တွေ၊ အအေးစိမ်ထားတဲ့ ထန်းရည်တွေ ကို လာလာသောက်နေလို့။ သရဲဖမ်းပွဲ ကြီး ကျင်းပနေတာ။ မြင်းကွန်းမြို့မှာ တော့ ဒီရက်ပိုင်းမှာ ပွဲတော်ကြီးကျနေ တာပဲဗျာ”
“ဟာ – မဟုတ်က၊ ဟုတ်ကဗျာ။ ကျွန်တော့်သူငယ်ချင်းက လူ့ဘဝမှာ တုန်းက ထန်းရည်မပြောနဲ့၊ ဆေးလိပ် တောင်သောက်တဲ့လူမဟုတ်ဘူးဗျ”
“အော် – ဆရာရယ် – သရဲဘဝ ရောက်လို့ ကျွေးမယ့်လူမရှိ၊ မွေးမယ့်
လူမရှိတော့ အလစ်သုတ်ပြီပေါ့- ဆရာ ရယ်။ ငတ်တော့ ခိုးစားပြီပေါ့” “လိုက်ဖမ်းကြတာမမိဘူးတဲ့လား” “လူမှမဟုတ်ပဲ၊ နာနာဘာဝပဲ ဆရာရယ်။ ဘယ်မိလိမ့်မလဲ။တစ္ဆေသရဲ မှန်း ပိုပြီးသေချာသိရတာက အဲဒီမောင်
အေးက သူ အသတ်ခံရတဲ့နေရာလဲ ရောက်ရော ပျောက်၊ ပျောက်သွားတဲ့
ဆရာ”
“သူ အသတ်ခံရတဲ့ နေရာက
မန်ကျည်းပင်ကြီးတွေကအမြင့်ကြီးတွေ၊ တစ်ပင်နဲ့တစ်ပင် ယှက်ပေါက်နေတာ။ မှောင်ရိပ်ကလည်းကောင်းသလားမမေး
နဲ့ – ဆရာ။ မှောင်လွန်းတော့ သရဲဖမ်းတဲ့ လူတွေ ဆက်မလိုက်ရဲတော့ဘူး ဆရာ” “ဟာ- ဟုတ်ပြီဗျို့။ ကျွန်တော် သဘောပေါက်ပြီ။လာ-မြို့ပြန်ပြီးတရား
ခံဖမ်းကြစို့”
“ဘာပြောတယ် – ဆရာညို”
“ငတေကိုသွားဖမ်းကြမယ်လို့ပြော
တာဗျ။ လာလာ – ရုံးသွားပြီးရဲမှူးဦးတင် နွယ်ရဲ့ကားကို ငှားပြီး လူသတ်ကောင် ကို သွားဖမ်းကြစို့”
“ဆရာညိုစိမ့် – ခင်ဗျား စိတ်ကော မှန်ရဲ့လားဗျ။ ကျွန်တော်တို့ မြင်းကွန်း တစ်မြို့လုံး လှည်းနေလှေအောင်း၊ မြင်း ဇောင်းနဲ့နွားတင်းကုတ်ပါမကျန်အောင်
ရှာပြီးပြီဗျ။ ဘယ်မှမတွေ့ဘူး။ ဒီလို ကောင်မျိုး သတ္တိ ဘယ်လောက်ရှိရှိ
ရဲစခန်းနားကပ်ပြီးတော့မနေရဲလောက်
ပါဘူးဗျာ”
လို့ရဲအုပ်ဦးလှဘူးကပြော၏။ “ဗိုလ်ကြီးတို့က လှည်းနေလှေ အောင်း၊ မြင်းဇောင်းမကျန်ရှာပြီးတာ
တော့ဟုတ်ပါပြီ။ အဲဒီတစ္ဆေသရဲပျောက်
ပျောက်သွားတဲ့ မန်ကျည်းပင်တွေပေါ်
ကောရှာပြီးပြီလား” “ဗျာ”
“မန်ကျည်းပင် – ဟုတ်လား” “ဟုတ်တယ်လေဗျာ။မန်ကျည်းပင် ပေါ်မှာနေ့မှာနေပြီ။ညကျမှသရဲယောင်
ဆောင်ပြီးဒီကောင်လာစား၊လာသောက်
နေတာကော မဖြစ်နိုင်ဘူးလား။ အရက်
သမားက အချိန်ကျရင် မသောက်ပဲကို
မနေနိုင်ဘူးဗျ”
စာရေးသူကရှင်းပြတော့ အံ့ဩတဲ့ မျက်လုံးတွေနဲ့ ရဲအုပ်ကိုလှဘူးက စာ ရေးသူကို ကြည့်တယ်။
“ဟာ-တော်လိုက်တဲ့ ဆရာဗျာ။ အဲဒီတစ်ချက်ကျွန်တော်တို့မတွေးမိဘူး။
ကျွန်တော်တို့သွားရင်တစ်နာရီလောက်
ကြာမယ်။ စခန်းကို ဖုန်းနဲ့ဆက်ပြီး ဖမ်း
ထားဖို့ပြောရအောင်ဗျာ”

ဟု ဦးလှဘူးက ပြောကာ ဆေးရုံ
ရုံးခန်းထဲမှ ကြိုးဖုန်းကို ခွင့်တောင်းပြီး မြင်းကွန်းစခန်းသို့ ဆက်၍ ငတေကို အဖမ်းခိုင်းလိုက်လေတော့၏။
တစ္ဆေမောင်အေးကို ကြောက်လို့
စာရေးသူတို့ မြင်းကွန်းရဲစခန်းထဲ
ရောက်တော့ ရုံးခန်းထဲမှာ လူတွေဝိုင်း
လို့။
ငတေကို လက်ပြန်ကြိုးတုပ်ထား ပြီး ဌာနာအုပ်က ကုလားထိုင်တစ်လုံးနဲ့ ထိုင်ပြီးစစ်နေပြီလေ။
စာရေးသူတို့ ရုံးခန်းထဲ ဝင်သွား တော့ ဌာနာအုပ်က ခရီးဦးကြိုပြုတယ်။ “ဟော-လာဟေ့-လှဘူး။ မင်းဆက်ပြီးမေးစမ်းပါဦးကွာ။ ဒီကောင် ဘာ
တွေပြောနေမှန်းမသိဘူး။ သရဲတွေ
လည်းပါရဲ့။ တစ္ဆေတွေလည်း ပါရဲ့ကွာ”
လို့ပြောတယ်။
“ဟေ့ကောင် ငတေ- မင်း မန်
ကျည်းပင်ပေါ်မှာ နေရတာ အဆင်
ပြေရဲ့လား”
“အဆင်ပြေဆို – ဗိုလ်ကြီးရယ်။
မန်ကျည်းပင်ပေါ်မှာက သိန်းစွန်နေတဲ့
ငှက်သိုက်ကြီးရှိတယ်။ အဲဒီအပေါ်မှာ
ထိုင်နေရင် မန်ကျည်းခက်၊ မန်ကျည်း

ရွက်တွေက ကွယ်နေတာရယ်၊ သစ်ပင် ထိပ်ဖျားမှာရယ်ဆိုတော့အောက်ကလူ
တွေက ကျွန်တော့်ကို ဘယ်မြင်မလဲ။ တစ်ခုမကောင်းတာက …”
ငတေက စကားကို ဆက်မပြောပဲ
ရပ်ထားသဖြင့် စာရေးသူတို့ စိတ်ရှည်
ရှည်ထားပြီး စောင့်နေကြရသည်။ ကြာ
တော့ ရဲအုပ် လှဘူးက စိတ်မရှည်တော့
ပဲ-
“ပြောမှာပြောစမ်းပါကွာ။ငါထကန်
လိုက်ရ”ဟု ငေါက်လေ၏။
“ပြောမလို့ဟာ – ကျောထဲ စိမ့် ကြောက်ပြီးနေလို့ဗျ”ဟုပြော၏။
“အော် -လူသတ်တုန်းကတော့ သတ္တိရှိပြီးအခုပြောရမှာတော့ကြောက်
နေတယ်ပေါ့”
ရဲအုပ် လှဘူးက မကျေမနပ် ပြော
“တစ်ခုမကောင်းတာက ညညကျ
၏။
ရင် ကျွန်တော်သတ်လိုက်တဲ့ မောင်
အေးကကျွန်တော့်ကိုအဖမ်းခံပါတဲ့။ သူ
ရက်မလည်ခင်အဖမ်းခံပါ။ အဖမ်းမခံရင်
ဒီသစ်ပင်ပေါ်ကတွန်းချမယ်လို့ညတိုင်း
လာလာပြောနေတာ၊ အိပ်ကို မအိပ်ရပါ
ဘူးဗျာ။
နောက်ပြီး – မြို့အပြင်က ထန်းရည် ဆိုင်တွေမှာ သွားပြီး လူမသိအောင် ခိုး
သောက်၊ ခိုးစားတာဒီကောင်လိုက်လာ ပြီးအသံမြည်အောင်ခွက်တွေ၊ ပန်းကန်
တွေကို တွန်းတွန်းချပြီး အသံပေးလို့
ကျွန်တော့်မှာ ခွေးပြေးဝက်ပြေးပြေးခဲ့ရ တာလဲညတိုင်းပါပဲ”
“အင်း-ဒီနေ့ဆိုရင် မောင်အေး
သေတာ ခုနစ်ရက်ပြည့်တဲ့နေ့ပဲ။ ရဲကြီး
တွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်
ဗျာ”
“ရဲကြီးတွေသာ ကျွန်တော့်ကိုလာ
မဖမ်းရင်ကျွန်တော်သစ်ပင်ပေါ်ကတွန်း
ချခံရမယ့်နေ့ပဲဗျ”
“ဒီကောင်မလုပ်ဘူး မပြောနဲ့၊ လုပ်
မယ့်အကောင်”
ဟု ပြောကာ ၎င်းသတ်ကြောင်း ဖြောင့်ချက်ပေးသဖြင့် တရားရုံးသို့ အမှု တွဲကို ခိုင်လုံစွာ တည်ဆောက်ပြီး (ပ) အမှတ်၊ ၃၂/၆၂ ပုဒ်မ (၃၀၂)ဖြင့် တင် လိုက်နိုင်ပါကြောင်းပါ ခင်ဗျား။
မှတ်ချက်
အဖြစ်မှန်ဖြစ်၍အမည်များပြောင်း
သဗ္ဗေ၊ အနိစ္စ၊ သင်္ခါရ
မကွေး ညိုစိမ့်

Zawgyi Version

တေစၦဖမ္းေပးတဲ့လူသတ္မႈ(စ/ဆုံး)
——————————————-
“ေစတနာဆိုတာလူတိုင္းနဲ႔မထိုက္ တန္ဘူး”လို႔ ကြၽန္ေတာ့္အဘိုးက အၿမဲ
တမ္း ဆုံးမတယ္။
“ငါ့ေျမးကငယ္ေသးေတာ့ သိသင့္ သိထိုက္တာေတြကိုအဘိုးေျပာျပမယ္။ ေသေသခ်ာခ်ာနာယူမွတ္သားထားပါ”
“နံပါတ္တစ္၊ လင္မယားခ်င္း ရန္ ျဖစ္ေနတာေတြ႕ရင္ ဘယ္ဘက္ကမွ ဝင္
မဆြဲနဲ႔။ ေဒါသျဖစ္ေနတဲ့အခ်ိန္ဆိုရင္
အဲဒီလူကေရွ႕ေနာက္မစဥ္းစားတတ္ဘူး။
ျဖစ္ခ်င္ရာျဖစ္၊ လုပ္ခ်င္ရာလုပ္တတ္ၾက
တယ္”
“မိန္းမကိုဝင္ဆြဲမိရင္ေယာက္်ားက

မင္းကို သူ႔မိန္းမ လက္ကို ဆြဲပါတယ္ဆို ၿပီး လက္ဆြဲမႈနဲ႔ တရားစြဲခံရမယ္၊ ဒါမွ မဟုတ္ လက္သီးစာမိမယ္”
“ေယာက္်ားကိုသြားဆြဲမိလို႔မင္းက ေယာက္်ားကိုမလႊတ္တမ္းဆြဲထားတုန္း
မိန္းမကသူ႔ေယာက္်ားပါးကိုပဲ႐ိုက္႐ိုက္၊
ကိုက္ၿပီးေတာ့ပဲ ဆြဲဆြဲ၊ မင္းကိုင္ေပးလို႔ အလုပ္ခံရတာဆိုၿပီး မင္းကို မုန္းလိမ့္ မယ္၊ အဆဲခံရလိမ့္မယ္”
“နံပါတ္ႏွစ္၊ ရန္ျဖစ္ေနတဲ့ လူႏွစ္ ေယာက္ၾကားကိုဘယ္ေတာ့မွဝင္ၿပီးမပါ
မိေစနဲ႔။ ဝင္မဆြဲနဲ႔။ ဝင္ဆြဲမိရင္ရန္ျဖစ္ေန
တဲ့လူႏွစ္ေယာက္ခုတ္ၾက၊ ထစ္ၾကလုပ္

ေနတဲ့အခ်ိန္မွာ ကိုယ့္ကို ခုတ္မိ၊ ထစ္မိ မယ္”
“သုံး၊ ေငြေၾကးေခ်းငွားရင္လည္း ဘယ္ေတာ့မွမေခ်းေလနဲ႔။ ေခ်းတုန္းၿပဳံး ၿပဳံး၊ ေတာင္းေတာ့ မုန္းေရာ”
“နံပါတ္ေလးအေနနဲ႔ ေနာက္ဆုံး သတိေပးခ်င္တာက အမူးသမားကို ဘယ္ေတာ့မွ အကူအညီမေပးနဲ႔။ ကူညီ မိရင္ အမူးသမားက မင္းကို ေက်းဇူး မတင္တဲ့အျပင္အေၾကာင္းတစ္ခုခုရွာၿပီး မင္းကိုရန္လုပ္လိမ့္မယ္”
“အဲဒီလိုလူမ်ိဳးေတြကို ကူညီလိုက္ မိရင္မင္းဒုကၡေရာက္မယ္။ ဒါေၾကာင့္ သူ တစ္ပါးအေပၚမွာ ေစတနာထားတာ ေကာင္းတယ္ဆိုေပမယ့္..”
“ေစတနာဆိုတာ လူတိုင္းနဲ႔ မတန္
ဘူး-ငါ့ေျမး- သတိထား”
လို႔ ကြၽန္ေတာ္ ဆယ့္ႏွစ္ႏွစ္သား အ႐ြယ္တုန္းက ကြၽန္ေတာ့္အဘိုးက ဆုံးမဖူးတယ္။
အဲဒီတုန္းက အဘိုးေျပာတဲ့စကား ကို လိပ္ပတ္လည္ေအာင္ နားမလည္ခဲ့
ဘူး။
“ငါ့အဘိုးကေတာ့ လူမႈေရးစိတ္ ဓာတ္နည္းလိုက္တာလို႔”အျပစ္တင္မိခဲ့
တယ္။

စိတ္ထဲက
မွတ္ခ်က္ခ်ခဲ့တာပါ။
အဘိုးကို ေၾကာက္ရလို႔ ဖြင့္မေျပာခဲ့
ပါဘူး။
ကိုယ္တိုင္ လူလားေျမာက္လို႔
အ႐ြယ္ေရာက္လာေတာ့မွ အဖိုး ဆုံးမခဲ့ တာေတြလက္ေတြ႕ႀကဳံၿပီး ေအာ္-အဖိုး
ေျပာတာ မွန္ပါ့လားလို႔ သိခဲ့ရတယ္။
ဒီလိုသိရွိခဲ့ရတဲ့အေၾကာင္းက
ေတာ့ ။
ရဲတပ္သား၊ေမာင္ေအးဟာနာမည္
နဲ႔လိုက္ေအာင္ေအးတယ္။
သူ႔ကို အၾကပ္တပ္သားနဲ႔ ရဲအုပ္၊ ဌာနာအုပ္အားလုံးက ခ်စ္ၾကတယ္။
သူက ျမင္းကြန္းရဲစခန္းက တပ္ သားကေလး။ သူ႔တာဝန္က ၿမိဳ႕အထူး။
ၿမိဳ႕အထူးဆိုေပမယ့္ သူလုပ္ရတဲ့အလုပ္
ကျမင္းကြန္းနဲ႔မေကြးစာပို႔ရတာ။ အေရး ႀကီးရင္တစ္ရက္ခ်င္းပို႔ရၿပီးအေရးမႀကီး ရင္ေတာ့ တစ္ပတ္တစ္ခါ ပို႔ရတယ္။ စာမပို႔တဲ့ရက္ေတြဆိုရင္ေတာ့ဆိပ္
ကမ္းမွာ တာဝန္ထမ္းေဆာင္ရတယ္။ တစ္ရက္တေလ ဂါတ္စာေရးက အလုပ္
မႏိုင္ရင္ သူက စီဒီေတြ ဝင္ဆြဲေပးရ တယ္။ လစာက(၈၂)ပဲရတာ။ ဒါေပမဲ့
အဲဒီရွစ္ဆယ့္ႏွစ္က်ပ္လုံးပိုတယ္။
တစ္လမွာ ေလးပတ္ရွိတယ္။
မေကြး၊ ျမင္းကြန္းကားခက သုံးက်ပ္။ အသြားအျပန္ဆိုေတာ့ ေျခာက္က်ပ္။
အဲဒီတုန္းက ရဲေတြ ခရီးထြက္ရင္ ကားခ
သုံးဆ ရတယ္။
ဒီေတာ့ ေမာင္ေအး ကားခ(၁၈)
က်ပ္ရတယ္။ ထမင္းစရိတ္က ညမနက္ (၅)က်ပ္ေပးတယ္။အားလုံးေပါင္းေတာ့ (၂၃)က်ပ္ရတယ္။
ေလးပတ္ဆိုေတာ့ (၉၂)က်ပ္ရ တယ္။ တြက္ေျခကိုက္တယ္။ လုပ္အားခ က တစ္လမွ (၈၂)က်ပ္ သူ ခရီးထြက္ တာက (၉၂)က်ပ္၊ ေငြတစ္ဆယ္ႀကီး ေတာင္ပါတယ္။ လစာထက္ (၁၀)ပိုတယ္။
အဲဒီတုန္းက လက္ဖက္ရည္တစ္ ခြက္ (၂၅)ျပား၊ ဆီတစ္ပိႆာ (၃)က်ပ္ (၅ဝ)ျပား၊ ဆန္တစ္ျပည္ ျပား(၆၀)ျပား၊ ေ႐ႊတစ္က်ပ္သား (၂၅၀)က်ပ္။ ကိုင္း- ေမာင္ေအး အဆင္မေျပဘူးလား” ေမာင္ေအးကရဲဆိုေပမယ့္ သာမန္ ရဲမဟုတ္ဘူး။ (ၿမိဳ႕အထူး) ၿမိဳ႕အထူးဆို
တာအခုေခတ္အေခၚေတာ့ (နယ္ထိန္း) (ဆားပုလင္း) (လူဆိုးထိန္း)လို႔ေခၚတာ
ေပါ့။
ကားသမားဆိုတာကလူရတုန္းလူ
ရသေလာက္တင္၊ ကုန္ရတုန္း
ရသေလာက္တင္ဆိုေတာ့ သတ္မွတ္
ထားတဲ့ ယာဥ္တန္ခ်ိန္ (၃)တန္။ ကုန္
ရတာေလ။
တန္ခ်ိန္(၃)တန္ဆိုတာေတြထက္ပိုတင္
ကားက နံနက္(၅)နာရီမွာ ကုန္ အျပည့္နဲ႔ ျမင္ကြန္းက စထြက္တယ္။
ညေန(၆)နာရီမွျမင္းကြန္းျပန္ဝင္တယ္။ ဒါကေန႔စဥ္ထြက္ေနတဲ့မေကြး၊ျမင္းကြန္း၊ ကုန္တင္လူစီးကားရဲ႕ေန႔စဥ္အလုပ္။
အဲဒီေခတ္က (ယာဥ္ထိန္းရဲ) မရွိ ေတာ့။ ဒီၿမိဳ႕အထူးေမာင္ေအးပဲဖမ္းခြင့္ရွိ တယ္။ဒီေတာ့ကားသမားကေမာင္ေအး
ကိုေပါင္းရတာေပါ့။
ေမာင္ေအးဆိုရင္ကားခအလကား အျပင္ထမင္း၊လက္ဖက္ရည္ႀကိဳက္တာ
ေျပာ။ တစ္လမွ ေလးရက္ပဲ ေလာကြတ္
(ဖား)ရတာဆိုေတာ့ ကားသမားက
ေမာင္ေအးဆိုလာထားပဲ။
ေမာင္ေအးက စရိတ္သိပ္မရွိဘူး။ ေဆးလိပ္မေသာက္၊ ကြမ္းမစား၊ အရက္ မေသာက္။ အဲ – လက္ဖက္ရည္ေတာ့ (ဂ်ိဳး)တက္ေအာင္ ေသာက္တယ္။
ျမင္ကြန္းက စထြက္ကတည္းက
ျပန္ေရာက္တဲ့အထိ။ အဲဒီတစ္ေန႔လုံး
အတြက္ေမာင္ေအးတာဝန္ကားသမား
က ခံတာဆိုေတာ့ အဲဒီေန႔တြက္ေတြ အကုန္လုံးေမာင္ေအးတစ္ျပားတစ္ခ်ပ္
မွ မကုန္ဘူး။
ဒါေပမဲ့ – ေမာင္ေအးပါးပုံ ေျပာဦး
မယ္။ ဆိပ္ကမ္းမွာ တာဝန္က်တာဆို
ေတာ့မေကြးကိုသြားမယ့္ေန႔မွာပိုက္ႀကီး
ဆြဲတဲ့တံငါေတြဆီက အခမဲ့ရတဲ့ငါးကို
ေၾကာ္သြားၿပီး မေကြးၿမိဳ႕နယ္မႉး႐ုံးက ႐ုံး
အုပ္ႀကီးကိုခင္လတ္အတြက္ ယူသြား
တယ္။
လူဆိုတာက အလကားရရင္ ေသ ေဆးေတာင္ ေသာက္ၾကမယ့္လူေတြ
ေလ။ေမာင္ေအးကငါးေတြလက္ေဆာင္
ေပးေတာ့ ေမာင္ေအးဆိုရင္ ဘာမွမစစ္ဘူး။
ဒီေန႔ေရာက္၊ ဒီေန႔ျပန္တဲ့ ေမာင္
မွာေရးထိုးေပးတယ္။
ေအးကိုမေကြးမွာတစ္ရက္ပိုအေနျပၿပီး
ေနာက္ေန႔ရက္စြဲနဲ႔ ခရီးသြားလက္မွတ္
တစ္ရက္ပိုအေနျပေပးေတာ့ (၅)
က်ပ္ ပိုရတာေပါ့။ အဲဒီေခတ္က ငါးက်ပ္
ဆိုရင္လည္း မနည္းဘူး။ ဆန္တစ္ျပည္
ျပား(၆ဝ)နဲ႔ တြက္ရင္ ဆန္(၈)ျပည္ ရ
တယ္ေလ။ အလကားရတဲ့ငါးနဲ႔ ဆန္(၈)
ျပည္နဲ႔ လဲလိုက္တာပဲ။
ဒီေလာက္ေကာင္းတဲ့ေနရာကို
ေမာင္ေအးတစ္ေယာက္တည္း ဘာ
ေၾကာင့္ စြဲစြဲၿမဲၿမဲထားသလဲ ေမးစရာရွိ
တယ္။ ဒီအတြက္ မပူနဲ႔။ ေမာင္ေအးက
တအား ပါးတာ။ တအားလည္တာ။
ဂါတ္စာေရး ကို အပိုင္ေပါင္းထားတာ။
ျမင္းကြန္းၿမိဳ႕ကက်ဥ္းေတာ့ အရက္ဆိုင္၊
ဘိန္းဆိုင္၊ ဖဲဝိုင္း၊ ၾကက္ဝိုင္းနဲ႔ မေကာင္း
တာလုပ္ စားေနတဲ့၊ မိန္းကေလးေတြနဲ႔
လုပ္စားေနတဲ့ ဒုစ႐ိုက္အိမ္ေတြကရတဲ့
ပိုက္ဆံ မွန္သမွ် ရဲဂါတ္စာေရးကို တစ္
ျပားမခ်န္ ေပးတယ္။
ဂါတ္စာေရးကမွတစ္ဆင့္ဌာနအုပ္
ကို ေဝပုံခ်ၿပီး ေပးတယ္။ အဲဒီေငြကို ေမာင္ေအးက တစ္ျပားမွ မယူဘူး။ ဒီေတာ့ေမာင္ေအးမွ ေမာင္ေအးေပါ့။ ဒုစ႐ိုက္သမားေတြဘက္က ၾကည့္
ျပန္ေတာ့ ေမာင္ေအးက ခ်စ္ဖို႔ေကာင္း
တယ္။ ေမာင္ေအးကလစဥ္ေၾကးကိုေပး
တဲ့ေန႔မွ ယူတယ္။ ေပးသေလာက္ပဲ ယူ
တယ္။ဒုကၡမေပးဘူး။ ဒါ့ေၾကာင့္ဒုစ႐ိုက္
သမားေတြက ေမာင္ေအးကို ရန္သူလို႔
သေဘာမထားၾကဘူး။မိတ္ေဆြေကာင္း
တစ္ေယာက္လို႔ သေဘာထား ဆက္ဆံ
ၾကတယ္။ ေမာင္ေအးအလႉတစ္ခုခုလုပ္
မယ္ဆိုရင္ ဒုစ႐ိုက္သမားေတြက
ေငြအားလူအား အားလုံးကူညီတယ္။
အဲဒီတုန္းက စာေရးသူက မေကြး ၿမိဳ႕နယ္မႉး႐ုံးမွာလက္ပုံစံဌာနတာဝန္ယူ
ရတယ္။
စာေရးသူဟာစေနနဲ႔ တနဂၤေႏြ ေန႔မွာ မေကြးတိုင္းအတြင္းရွိတဲ့ ၿမိဳ႕နယ္
ေတြကို ခရီးထြက္ခြင့္ရွိတယ္။ စာေရးသူလည္းကားခ(၃)ဆနဲ႔ဒု၊ တပ္ၾကပ္ျဖစ္လို႔ ထမင္းစရိတ္ (၁၀)ရ တယ္။ အဲဒီပိုက္ဆံက တစ္လရဲ႕ ဘာ
အလုပ္မွ မလုပ္ရပဲရတဲ့လစာပဲ။ ဘာ့
ေၾကာင့္လဲဆိုေတာ့ အၿမိဳ႕ၿမိဳ႕ကစာပို႔လာ
ၾကတဲ့ေမာင္ေအးလိုရဲေတြကိုစာေရးသူ
ရဲ႕ ခရီးသြားလက္မွတ္(ဝါးရမ္း)ကို ေပး
လိုက္ၿပီး သက္ဆိုင္ရာ စခန္းမႉး (ဒါမွ မဟုတ္) ဂါတ္စာေရးရဲ႕လက္မွတ္နဲ႔ အဲဒီ စခန္းရဲ႕တံဆိပ္အဝိုင္း ႏွိပ္ေပးလိုက္ရင္ တရားဝင္သြားၿပီ။
ဒါေပမဲ့ – တစ္ခုရွိတာက မေကြး႐ုံး ကေနေန႔စဥ္မွတ္တမ္းစာအုပ္မွာအဝင္၊
အထြက္ေန႔စဥ္ျပရတယ္။ဟိုဘက္ၿမိဳ႕မွာ
လည္း အဝင္အထြက္ ရွိရတယ္။ ဒါေတြ ကို နယ္အတြက္ေတာ့ စာပို႔ရဲေတြက တာဝန္ယူရတယ္။
ဒါေၾကာင့္ နယ္က စာပို႔သမားနဲ႔ စာေရးသူတို႔က မုန္းလို႔မရဘူး။ တျခား စခန္းက စာပို႔ရဲက တစ္လႏွစ္လဆို လူ ေျပာင္းသြားေပမယ့္ျမင္းကြန္းကေမာင္
ေအးကေတာ့ မေျပာင္းဘူး။ ဒါေၾကာင့္ ေမာင္ေအးကို ညီအစ္ကိုအရင္းထက္ ေတာင္ ခ်စ္ခင္မိတယ္။
စာေရးသူကဒီတစ္ပတ္၊ ျမင္းကြန္း ၿမိဳ႕ကိုအထြက္ျပထားတာဆိုေတာ့ေမာင္ ေအးကိုေမွ်ာ္ေနမိတယ္။
ဒါေပမဲ့- ေမာင္ေအးေရာက္မလာပဲ ထြန္းေတာက္ဆိုတဲ့ ရဲသား ေရာက္လာ တယ္။ ဒါနဲ႔ – ေမာင္ေအး ဘာျဖစ္လို႔ မလာသလဲလို႔ ေမးၾကည့္ေတာ့ ေမာင္ ေအးလူသတ္ခံရသတဲ့။
“ညက ေမာင္ေအး လူသတ္ခံရ
တယ္ – ဆရာ။ ဒီဓားက ေမာင္ေအးကို
ထိုးသတ္သြားတဲ့ ဓားေျမႇာင္ပဲ”လို႔
သတင္းစာစကၠဴနဲ႔ ေသေသခ်ာခ်ာ ပတ္
ထုပ္ထားတဲ့ဓားေျမႇာင္ကိုကြၽန္ေတာ့္ကို
ေပးတယ္။
“သတ္တဲ့လူမိသလား” “မမိဘူး- ဆရာ” “ဟင္ – ဒါဆို – သတ္တဲ့လူကို မသိ
ဘူးေပါ့”
“သိတယ္ – ဆရာေအး” “မင္းဟာကလဲ – ေမးမွပဲ ေျပာေန
တယ္။ အကုန္လုံးစုံစုံေစ့ေစ့ ေျပာျပစမ္းပါကြာ”
လို႔စာေရးသူကစိတ္မရွည္ပဲစကား
ကိုမာမာဆတ္ဆတ္ေျပာလိုက္မိတယ္။
ဟုတ္တယ္ေလ။ ဒီေလာက္ သေဘာေကာင္းတဲ့ေမာင္ေအးကိုဘယ္
လိုလူက သတ္ရတာတဲ့လဲ။ သိခ်င္လိုက္
တာ။
“ဆရာ ေမာင္ေအးအေလာင္း ပါလာတယ္ – ဆရာ။ ေဆး႐ုံမွာ ပို႔ထား တယ္။ကြၽန္ေတာ္တို႔ေဆး႐ုံကို သြားရင္း ေမာင္ေအး ေသရတဲ့အေၾကာင္းေျပာျပ
မယ္”
လို႔ ထြန္းေတာက္က ေျပာတယ္။ “ေအး – သြားတာေပါ့။ ဒါနဲ႔ ေနဦး ဒီသက္ေသခံပစၥည္းကို ရန္ကုန္ၿမိဳ႕က
အင္းစိန္ CID ကို ပို႔ရမယ္။ မင္း သြားမွာ လား။မင္းတို႔စခန္းကတစ္ေယာက္သြား
မွာလား”
“ရဲအုပ္ ကိုလွဘူး ပါလာတယ္။ ဒီလူသတ္မႈကို သူကိုင္တယ္။ သူ သြား မယ္ထင္တယ္”
“ကိုလွဘူးက ႐ုံးကိုမလာပဲ ဘယ္
သြားေနတာလဲ”
“ေဆး႐ုံမွာဆရာဝန္ရဲ႕ေဆးစစ္ခ်က္
ယူဖို႔ ေစာင့္ေနတယ္။ ကြၽန္ေတာ့္ကို
ဆရာ့ဆီ အရင္လႊတ္လိုက္တာ”
“ေအး-ဒါဆိုလည္း တို႔ ေဆး႐ုံကို
သြားၾကတာေပါ့”
ေဆး႐ုံကမေကြးၿမိဳ႕လြတ္လပ္ေရး
ေက်ာက္တိုင္ရဲ႕ေတာင္ဘက္၊ ျမစ္ကမ္း
နဖူးမွာ ရွိတယ္။ အခုေတာ့ – မေကြးၿမိဳ႕
နယ္တရား႐ုံးကတစ္မိုင္ေတာင္မရွိဘူး။ ႏွစ္ေယာက္သား စက္ဘီးနဲ႔ သြားခဲ့ၾက
တယ္။
ရဲ႐ုံးက အခုေတာ့ (တဝက)႐ုံးျဖစ္ ေနၿပီ။ ထြန္းေတာက္က စာေရးသူနဲ႔ လက္ကိုင္ၾကားကစက္ဘီးဘားတန္းေပၚ
ကထိုင္ၿပီးလိုက္လာတယ္။
စာေရးသူရဲ႕စက္ဘီးက ေနာက္က လူပိုတင္လို႔ရတဲ့(ကယ္ရီယာ) ခုံမပါဘူး။ ဒါေၾကာင့္ စာေရးသူရဲ႕ေရွ႕ဘားတန္းေပၚ
က စီးၿပီး လိုက္လာရတာ။
႐ုံးက ထြက္ တယ္ ဆို ရင္ ပဲ ထြန္းေတာက္က ေမာင္ေအး ေသရတဲ့ အေၾကာင္း ေအာက္ပါအတိုင္း ေျပာျပတယ္။
ထားမိတဲ့ေစတနာ အမွား ေမာင္ေအးနဲ႔ အိမ္နီးခ်င္း ငေတဆို တာက အရက္သမား၊ ဖဲသမား၊ ဘိန္းစား၊
လက္ေၾကာမတင္းဘူး။ ဘာအလုပ္ မွမလုပ္ဘူး။ ႐ြာအျပင္ကအရက္ဆိုင္မွာ

ခြက္ေဆးသလို၊ မီးပ်ိဳးေပးသလိုလိုလာ သမွ်လူဆီကကပ္ေျမႇာင္ေသာက္ေနတဲ့
အေကာင္း
တစ္ခါတစ္ရံေသြးကဆိုးေသး။ ရန္
က ျဖစ္ခ်င္ေသး။ သူ႔မွာ သားသမီး(၃) ေယာက္ရွိတယ္။ အႀကီးဆုံးက ေယာက္်ားေလး။အလတ္ကမိန္းကေလး။
အငယ္ဆုံးက မိန္းကေလး။ အႀကီးဆုံးေကာင္က (၁၀)ႏွစ္။ အလတ္က (၈)ႏွစ္။ အငယ္ဆုံးက (၃) ႏွစ္သား။ ငေတရဲ႕မိန္းမ ဂြက္ေထာ္က ကေလးေတြတာဝန္ယူရတာ။
ႀကဳံရာအိမ္မွာ အဝတ္ဖြပ္၊ ထင္းခြဲ၊
နင္းႏွိပ္ေပးလို႔ရတဲ့ပိုက္ဆံေလးနဲ႔ စား
ေသာက္ေနၾကရတာ။
အႀကီးဆုံးေကာင္က ေမာင္ေအးရဲ႕
သားခိုးလုံးနဲ႔တစ္ဖက္၊ေက်ာင္းေနဘက္။
အဲဒီတုန္းက တန္းေက်ာင္းေတြက (၇) တန္းထိ ပိုက္ဆံတစ္ျပားမွ မေပးရဘူး။ က်ဴရွင္ကလည္း လုံးဝမရွိဘူး။ က်ဴရွင္ ဆိုတာၾကားေတာင္မၾကားဖူးဘူး။ မ်ားေသာအားျဖင့္ ဂြက္ေထာ္က ေမာင္ေအးအိမ္မွာ အေနမ်ားတယ္။ ေမာင္ေအးမိန္းမမျဖဴကနာမည္နဲ႔ လိုက္ေအာင္စိတ္ရင္းျဖဴစင္တယ္။စီးတဲ့ ေရ၊ဆည္တဲ့ကန္သင္းဆိုသလိုပဲ။ ေမာင္
ေအးရွာတဲ့ပိုက္ဆံမွန္သမွ် ျခစ္ျခစ္ကုတ္ ကုတ္သုံးတယ္။
ပိုလာတဲ့ပိုက္ဆံကို ေ႐ႊစုတယ္။
ေနတာ ထိုင္တာ သိုသိပ္တယ္။ တျခား
ရဲကေတာ္ေတြ မနာလိုတာျဖစ္မွာ ေၾကာက္လို႔ ဘယ္ေတာ့မွ ထုတ္မဝတ္
ဘူး။ေသတၱာထဲမွာပဲသိမ္းထားၿပီးသူ႔မွာ
ေ႐ႊစုမိတာလူသိမခံဘူး။
ဒါေပမဲ့ -ဂြက္ေထာ္အေပၚေတာ့
ေတာ္ေတာ္က်တယ္။ ဂြက္ေထာ္ကိုညီမ
အရင္းလို ခ်စ္တယ္။ ဂြက္ေထာ္ကို အား လည္းကိုးတယ္။
မျဖဴ ေဈးသြားရင္ ဂြက္ေထာ္က လက္ဆြဲျခင္းကိုင္ရတယ္။ အိမ္ေရာက္ ေတာ့လည္း ဂြက္ေထာ္က အစအဆုံး ခ်က္ေပးတာ။
ဒီေတာ့ – မျဖဴက ေျခေမြးမီး မေလာင္၊ လက္ေမြးမီးမေလာင္ေနရ ေတာ့ ဂြက္ေထာ္တို႔ သားအမိေလး ေယာက္ကို မၿငိဳမျငင္ ေကြၽးတယ္။ ကေလးသုံးေယာက္က ဘာစားႏိုင္တာ မွတ္လို႔။
ဒါေတြ ေမာင္ေအးက သိတယ္။ မျဖဴေက်နပ္ရင္ဘာမဆိုလုပ္လို႔ရတယ္။
မျဖဴကို အသက္ေလာက္ခ်စ္တာ။ ပိုၿပီး မေအးက ဂြက္ေထာ္ကို လက္ခံတာက
ဆင္းရဲေပမယ့္စာရိတၱမယိုင္ဘူး၊ ခိုးျခင္း ဖြက္ျခင္း မရွိဘူး။
ဂြက္ေထာ္က ေမာင္ေအးဝတ္သမွ်
အဝတ္အစားေတြကိုဖြပ္ေလွ်ာ္ၿပီးမီးပူပါ
တိုက္ေပးေတာ့ ရဲယူနီေဖာင္းဆိုရင္ ရဲစခန္းထဲမွာ ေမာင္ေအး အဝတ္က
အေကာင္းဆုံးျဖစ္ေနတယ္။
ေမာင္ေအးက အဲဒါေတြ ေထာက္ ထားၿပီး ဂြက္ေထာ္ရဲ႕ အႀကီးေကာင္
ေက်ာင္းသြားရင္ မုန႔္ဖိုး ငါးမူး အၿမဲေပး တယ္။ ဒါေတြကို ငေတသိေတာ့ မူးမူး႐ူး
႐ူးနဲ႔ ဂြက္ေထာ္ကို ေမာင္ေအးနဲ႔ ေနာက္
မီးလင္းပါတယ္လို႔ စြပ္စြဲၿပီး ခဏခဏ
အျပစ္ရွာ႐ိုက္တယ္။
အခုလည္း ငေတ လူမွန္းမသိ ေအာင္မူးၿပီးအိမ္ျပန္လာတဲ့။ သူျပန္လာ တဲ့အခ်ိန္မွာဂြက္ေထာ္ကမေအးတို႔အိမ္ မွာအဝတ္ေတြမီးပူတိုက္ေနတယ္။
အိမ္မွာအဆင္သင့္မေတြ႕ရေကာင္း
လားဆိုၿပီး မေအးအိမ္ေပၚတက္ၿပီး သူ႔
မယားဂြက္ေထာ္ကို ႐ိုက္တယ္။ ႐ိုက္တာကလည္းလူတစ္ေယာက္ ႐ိုက္ေနတာနဲ႔ မတူဘူး။ ႏြားသတ္ေန သလိုပဲ။ ဆံပင္ဆြဲ၊ ပါး႐ိုက္၊ ေျခေထာက္နဲ႔
ကန္၊ မေအး ဝင္ဆြဲတာ၊ မရဘူး။ မူးသာ
မူးတာ ဒီက်ေတာ့ ေတာ္ေတာ္သန္တာ။ “နင္ကနင့္လင္ငယ္အိမ္ကကိုျပန္ တယ္မရွိဘူး။ နင့္လင္ငယ္က ငါ့ထက္
ေတာ္ေတာ္ေကာင္းသလား”
လို႔ေမးေမးၿပီး႐ိုက္ေနတာ။
ဒီေတာ့မျဖဴကေကြၽးလည္းထားရ
ေသး၊ ေတာ္ေတာ္ေက်းဇူးကန္းတဲ့ အေကာင္လို႔ တြက္ၿပီး သူ႔ေယာက္်ားထိ
ေတာ့မခံဘူး။
“ဟဲ့ – ငါ့ေယာက္်ားက နင့္လို အမူး သမားမဟုတ္ဘူး။ ငါ့ေယာက္်ားကို
ထည့္မေျပာနဲ႔”
ဆိုၿပီး ငေတပါးကို “ျဖန္း”ခနဲ ေန
ေအာင္ ႐ိုက္လိုက္တယ္။
ဒီေတာ့ – ငေတက မျဖဴကို တြန္း
လိုက္တယ္။ ပက္လက္လန္လဲက် အသြား ရဲစခန္းက အျပန္၊ ေမာင္ေအး ျမင္ေတာ့ သူ႔မိန္းမကို ငေတက လုပ္ရ
ေကာင္းလားဆိုၿပီး…
ေျဖာင့္လက္သီး၊ ဝိုက္လက္သီး၊ ပါးကပ္လက္သီး။
တံေတာင္နဲ႔ ဒူးေတြ အကုန္သုံးၿပီး ငေတကို ေလာကအျပင္ဘက္ေရာက္
ေအာင္ ပို႔လိုက္တယ္။
ေနာက္ၿပီး ငေတကို လက္ထိတ္
ခတ္ၿပီး ရဲစခန္းအခ်ဳပ္ထဲ တစ္ညခ်ဳပ္
ထားလိုက္တယ္။အမႈဖြင့္မယ္ဆိုရင္ေတာ့ အိမ္တက္
က်ဴးလြန္မႈ၊မျဖဴကို႐ိုက္မႈ၊
အရက္အလြန္အကြၽံေသာက္မႈ ေတြအစုံနဲ႔ေထာင္က်ႏိုင္တယ္။ ကေလး
ေတြမ်က္ႏွာ၊ ဂြက္ေထာ္ရဲ႕မ်က္ႏွာနဲ႔ ဘာ
အမႈမွမဖြင့္ပါဘူး။
ဒီလိုနဲ႔ငေတအခ်ဳပ္တစ္ညခံလိုက္
ရတယ္။
မနက္ေရာက္ေတာ့ ေမာင္ေအးက ငေတကို အခ်ဳပ္ထဲက ျပန္ထုတ္တယ္။ “အစ္ကိုႀကီးရယ္ – ကြၽန္ေတာ္အမူး လြန္ၿပီး မွားသြားတာပါ။ အစ္ကိုႀကီး ေလာက္ ကြၽန္ေတာ္တို႔မိသားစုအေပၚ ေကာင္းတဲ့လူ မရွိပါဘူး”
လို႔ ေျပာလည္းေျပာ၊ ငိုလည္း ငိုၿပီး

ေမာင္ေအးေျခေထာက္ကို ဖက္ၿပီး ေတာင္းပန္တယ္။
ျမင္ရတဲ့လူေတြက ရယ္တာေပါ့။
ငေတ စြပ္စြဲသလိုမဟုတ္ဘူးဆိုတာ လည္း ရဲစခန္းတစ္ခုလုံးသာမက ျမင္း ကြန္းတစ္ၿမိဳ႕လုံးက သိတယ္။
ေမာင္ေအးကရႈပ္ရႈပ္ေပြေပြလူစား
မွမဟုတ္တာပဲ။
“ေခြးၿမီးေကာက္ က်ည္ေတာက္
စြပ္”ဆိုသလိုပဲ။
ေကာက္ေနတဲ့ေခြးၿမီးကို ေျဖာင့္
ေအာင္ဆိုၿပီးဝါးလုံးက်ည္ေတာက္နဲ႔စြပ္
ထားရင္စြပ္ထားတုန္းခဏပဲေျဖာင့္တာ။
က်ည္ေတာက္ျဖဳတ္လိုက္ရင္ ျပန္
ေကာက္သလိုပါပဲ။
ငေတ အရက္ဆိုင္ တန္းေျပးေတာ့
တာပဲ။ အိမ္ကိုမျပန္ဘူး။
“မင္းမို႔ ဒီေကာင္မ်ိဳးနဲ႔ ပတ္သက္ရ တယ္လို႔ကြာ”လို႔ ဂါတ္စာေရးက ေမာင္ ေအးကိုေျပာတယ္။
“အင္း- ပုလိပ္အရာရွိတစ္ဦးေျပာ သလိုပါပဲ။ အိမ္ေပၚတက္လာတဲ့အမႈဆို တာ ဒါပဲ – ဆရာ၊ သူက ကြၽန္ေတာ့္အိမ္ ေပၚတက္လာၿပီးေစာ္ကားလို႔ကြၽန္ေတာ္ ဆုံးမမိတာပါ။ သူတို႔အိမ္မွာျဖစ္တာဆို ကြၽန္ေတာ္ ဘယ္ေတာ့မွ ဝင္မပါပါဘူး”

ဟု ေမာင္ေအးက ေျပာ၏။
“မနက္ျဖန္ မေကြးသြားေတာ့ ယူ သြားဖို႔ စာနဲ႔ ပစၥည္းေတြေရာ စစ္ၿပီးၿပီ
လား”
“စစ္ၿပီးၿပီ – ဆရာ။ ဒါေလးတစ္ခုပဲ ဆရာလက္မွတ္ထိုးေပးဖို႔ က်န္တယ္”
ဟုေျပာကာ စာ႐ြက္ကိုထိုးေပး၏။ “ဘာလဲ-ကိုညိဳစိမ့္စာ႐ြက္လား” “ဟုတ္ပါတယ္ – ဆရာ” “ေန႔စဥ္စာအုပ္ထဲမွာေကာ အဝင္ အထြက္စာရင္း ေရသြင္းၿပီးၿပီလား” “ၿပီးပါၿပီ – ဆရာ”
“အင္း- ဒီၿမိဳ႕နယ္မႉး႐ုံးက စာေရး၊ စာခ်ီ။ ရဲသားေတြလည္း အစိုးရပိုက္ဆံ
ညာယူေနတာ။ ႏွစ္နဲ႔ ခ်ီေနၿပီေနာ္” “ဆရာ – အဲဒါေတြ သြားမေျပာနဲ႔
ဆရာ”“ေဟ-ဘာလို႔လဲ”
“ကြၽန္ေတာ္တို႔ရဲ႕ဂါတ္မွာတပ္ဖြဲ႕ဝင္ ႏွစ္ဆယ့္ငါးေယာက္ပဲ ရွိတာ – ဆရာ” “ေအးေလ – အဲဒါ ဘာျဖစ္လဲ” “ဆရာက လည္ရွည္ဖိနပ္၊ ဆြယ္ တာအက်ႌ၊ ကာကီယူနီေဖာင္းေတြကို ႏွစ္ဆယ့္ငါးေယာက္စာပဲ ေတာင္းရမွာ။ လူသုံးဆယ္စာ ေတာင္းၿပီး ပိုတဲ့ပစၥည္း ေတြ လယ္သမားေတြဆီကို ေရာင္းစားေနတာသိတယ္-ဆရာရာ။ ဘာအေရး
မယူ တာက ဆရာက အဲသလို သူတို႔
မလာပဲ၊ မေရာက္ပဲ ေရာက္တယ္၊ လာ
တယ္လို႔လက္မွတ္ထိုးေပးေနလို႔
ဆရာ စားပါေစေတာ့လို႔ မသိခ်င္ဟန္ေဆာင္
ေနတာ ဆရာ”
“ဟာကြာ-ဒါကေတာ့သူတို႔ပစၥည္း
ေပးရတာမွမဟုတ္ပဲ”
“ဆရာကေရာ – ဆရာ့ပိုက္ဆံ သူ
တို႔ကို ေပးေနရလို႔လား။ ဆရာလုပ္ေန
တာေတြကမွ ျပည္သူပိုင္ပစၥည္းေတြ ေျခာက္တစ္ေနာ္”
“ဟာ-ဟိတ္ေကာင္-ေတာ္ေတာ့။
သြားသြား- ငါ့အနားက ျမန္ျမန္ထြက္
သြား”
“ျမန္ျမန္သြားေစခ်င္ရင္လက္မွတ္
ျမန္ျမန္ထိုးေပးေလ”
“ဟင္း-ဟင္း-ဟင္း – မင္းေနာ္
မင္း စကားကို ဘယ္ေတာ့မွ မွန္တဲ့
အတိုင္းမေျပာနဲ႔ကြ”
“ဟား – ဟား- ဟား”
ေမာင္ေအးတဟားဟားျဖင့္ရယ္ၿပီး
ရဲဌာနထဲမွ ထြက္သြားေလေတာ့ သတည္း။
ေစတနာသည္ လူတိုင္းနဲ႔ မထိုက္တန္
ေမာင္ေအးတို႔ ကုန္ကားက ၿမိဳ႕ ေရာက္ခါနီးမွ ပ်က္သြားသည္။ ၿမိဳ႕ေရာက္ဖို႔ႏွစ္မိုင္ပဲလိုေတာ့သည္။ နာရီက ေျခာက္နာရီ။ ေနမင္းႀကီးက ရခိုင္႐ိုးမ၊ ေတာင္စြယ္ကို ဝင္စျပဳၿပီ။
ျမင္းကြန္းၿမိဳ႕ကၿမိဳ႕ရယ္လို႔အမ်ားက
သတ္မွတ္ေပမယ့္႐ြာသာသာပဲရွိသည္။ လူေတြအားလုံး ႐ိုးသားၾကသည္။ ေတာင္သူလယ္လုပ္၊ ဓားမခုတ္သမား မ်ားျဖစ္သည္။
တခ်ိဳ႕က ေမာ္ေတာ္ပိုင္ၾကသည္။ တခ်ိဳ႕ေရလယ္ကြၽန္းမွယာကြက္မ်ားပိုင္ ၾကရာရာသီစာမ်ားစိုက္ပ်ိဳးစားေသာက္
ေနထိုင္ၾကသည္။
ညေနဘက္ အလုပ္သိမ္းခ်ိန္တြင္ ေယာက္်ားသားမ်ားက ႐ြာထိပ္မွ ထန္း ရည္ဆိုင္၊အရက္ျဖဴဆိုင္မ်ားတြင္ အပန္း ေျဖစားေသာက္ၾက၏။
တစ္ေန႔တာပင္ပန္းသမွ်ကို ဤသို႔ ေသာက္စားရင္ျဖင့္ အပန္းေျဖၾက၏။ ကားပ်က္သြားသျဖင့္ကုန္ပါသူမ်ား
က ကုန္မ်ားကို ကားေပၚထားခဲ့ၿပီး ျမင္း
ကြန္းသို႔ ေျခက်င္ေလွ်ာက္၍ ျပန္ခဲ့ၾက သည္။ ထိုလူမ်ားထဲတြင္ ရဲတပ္သား
ေမာင္ေအးလည္း ပါလာ၏။
နာရီဝက္ခန႔္ ေလွ်ာက္လာေသာ အခါ ဦးကုလားပိုင္ေသာ ထန္းရည္ဆိုင္ အနီးသို႔ေရာက္လာၾက၏။
“မင္းက ငါတို႔ထန္းရည္ခြက္ကို ယူ ေသာက္ရေအာင္ လူမိုက္လားကြ”
“ဒီေကာင္ – တစ္ရက္လည္း
မဟုတ္၊ႏွစ္ရက္လည္းမဟုတ္၊ခဏခဏ
ပဲကြ-ေဆာ္ကြာ” “ခြပ္”
“အင့္”
“ခြမ္း”
ေဆာ္ၾကၿပီ၊တီးၾကၿပီးတစ္ေယာက္
နဲ႔ သုံးေယာက္။
ငေတက တစ္ေယာက္တည္း။ ဟို
ဘက္က သုံးေယာက္။
ငေတက စၿပီး ထန္းရည္အိုးနဲ႔ တစ္ ဖက္လူရဲ႕ ဦးေခါင္းကို ႐ိုက္ခြဲလိုက္တာ။
တစ္ေယာက္အ႐ိုက္ခံရေတာ့က်န္
တဲ့လူႏွစ္ေယာက္က မခံဘူး။ ထၿပီးထိုး
ေတာ့တာပဲ။
ေတြ႕ရာပစၥည္းနဲ႔ ခြဲ႐ိုက္တာ။ ငေတေမွာက္ၿပီ။
ေမွာက္သြားတဲ့ ငေတကို ေျခ
ေထာက္နဲ႔ကန္၊ ျမဴအိုးနဲ႔ေပါက္။ ၾကာရင္
ငေတေသေတာ့မယ္
ငေတကံေကာင္းတာကမေကြးျပန္
လာတဲ့ ရဲသား ေမာင္ေအး ေျခက်င္
ေလွ်ာက္လာလို႔ေပါ့။
ငေတခံေနရတာ၊ေမာင္ေအးသိလို႔ ဝင္လာတာမဟုတ္ပါဘူး။ရဲတစ္ေယာက္
ျဖစ္ေနေတာ့ တာဝန္သိတဲ့စိတ္ဓာတ္နဲ႔ ဝင္ၾကည့္တာပါ။ “ဦးကုလား”
“ဗ်ာ”
“ဘာျဖစ္ၾကတာလဲ။ ရန္မျဖစ္ၾက ေစနဲ႔ေလဗ်ာ။ ခင္ဗ်ားက လိုင္စင္ရွိတာ မဟုတ္ဘူး။ ဟာ -ငေတပါလား။ ေသြး ေတြနဲ႔ – ေသမ်ားသြားၿပီလား” ရဲသားေမာင္ေအးကေျပာေျပာဆို
ဆိုနဲ႔ ငေတကိုမ.ထူေပးတယ္။
“ေျပာ မေျပာခ်င္ေတာ့ဘူး – ဆရာ ေအးေရ။ဒီေကာင္ကလူမိုက္လိုလို၊ ဘာ လိုလိုနဲ႔။ထန္းရည္ေသာက္ေနတဲ့လူေတြ
ဆီက ေသာက္လက္စခြက္ေတြကို မေျပာမဆိုနဲ႔ ယူယူေသာက္တယ္” “မတူမတန္လို႔ အဖက္လုပ္ၿပီး သူ႔ ကို မေျပာၾကတာ။ အဲဒါ- သူက သူ႔ကို ေၾကာက္လို႔ထင္ၿပီး ေန႔တိုင္း ဒီလိုပဲ ရမ္း ေနတာ။ အခုေတာ့ မခံတဲ့လူေတြနဲ႔ေတြ႕ ေတာ့သူခံရၿပီေလ။ဒီလူေတြကလူစိမ္း ေတြ။ သူ႔ကိုမသိၾကဘူး”

လို႔ထန္းရည္ဆိုင္ပိုင္ရွင္ကိုကုလား
က ရွင္းျပတယ္။
“ခင္ဗ်ားလည္း သတိထားေရာင္း။ လူစိမ္းေတြက ဘာမွန္းမသိ၊ ညာမွန္း မသိ။ ဒီၿမိဳ႕ကို ဓားျပတိုက္ဖို႔လာတာဆို ရင္ ခင္ဗ်ားလည္း ႀကံရာပါနဲ႔ အဖမ္းခံရ
မယ္”
“ေဟ့ေကာင္လာ- ေဒသႏၲရေဆး
ခန္း သြားရေအာင္”
ရဲတပ္သားေမာင္ေအးကငေတကို
ဆြဲထူၿပီး ကြဲသြားတဲ့ေခါင္းကိုခ်ဳပ္ဖို႔ အိမ္ ကိုျပန္ေခၚလာတယ္။
ရဲသားေမာင္ေအးကငေတရဲ႕ဘယ္
ဘက္ခ်ိဳင္းၾကားထဲ သူ႔ပခုံးလွ်ိဳၿပီးတြဲေခၚ
လာတယ္။
ေနကဝင္သြားၿပီ။ လမ္းမီးကလည္းမရွိဘူး။
ေဘးတစ္ဖက္တစ္ခ်က္မွာေပတစ္
ရာေလာက္ျမင့္တဲ့ မန္က်ည္းပင္ႀကီး
ေတြ၊ကုကၠိဳပင္ႀကီးေတြကတန္းစီေပါက္
ေနတယ္။
သြားေနက်၊ လာေနက်လမ္းဆို ေတာ့ အခက္အခဲမရွိပါဘူး။ ကိုကုလား ဆိုင္က ထြက္လာလို႔ ငါးလွမ္းေလာက္ ေရာက္ေတာ့ ေနာက္ကေန ကိုကုလား ကလွမ္းၿပီးသတိေပးစကား ေျပာတယ္။
“ဆရာေအး – အဲဒီေကာင္ ခါးၾကား မွာဓားေျမႇာင္တစ္ေခ်ာင္းပါတယ္။ သတိ
ထားေနာ္”
“ဟုတ္ကဲ့- ကြၽန္ေတာ္သိပါတယ္။
ဒီေကာင္ကိုင္ေနက်ားပါ။ ေရေႁမြပါဗ်ာ။ ဘာမွမျဖစ္ပါဘူး”
အိမ္နီးခ်င္းဆိုေတာ့ ယုံတာ။
ဒီေကာင္ မူးလာရင္ ဓားတဝင့္ဝင့္
လုပ္တတ္တယ္။ဒါေပမဲ့- တကယ္သတၱိ
ရွိတဲ့ေကာင္မဟုတ္ဘူး။ မလုပ္ရဲပါဘူးလို႔
ရဲသားေမာင္ေအးကေလွ်ာ့တြက္တယ္။
အိမ္နီးနားခ်င္း ငယ္ႏိုင္လည္းျဖစ္ေန
ေတာ့ သိပ္ၿပီးဂ႐ုမစိုက္ပါဘူး။ ေပါ့ေပါ့ပဲေလ
ေနာက္ၿပီး အခုေလာက္ သြက္ခ်ာ ပါဒလိုက္ေအာင္ မူးေနတဲ့ေကာင္ကို
လုံးဝဆိုမွ လုံးဝ ဂ႐ုမစိုက္ခဲ့တာ။ ရဲသား ေမာင္ေအး ေသေန႔ေစ့လို႔ပဲေလ။ “ကိုေမာင္ေအး” “ေဟ-ဘာလဲကြ
“ကြၽန္ေတာ့္ရဲ႕ သားနဲ႔ သမီးေတြကို ေတာ္ေတာ္ခ်စ္သလား”
“ခ်စ္တာ၊မခ်စ္တာအဓိကမဟုတ္
ဘူးကြ။ သားသမီးခ်င္း ကိုယ္ခ်င္းစာ
တရားထားတာ။ မင္းက ဖခင္ဝတၱရားမွ မေက်ပဲ။ သားသမီးကိုေက်ာင္းထားခ်ိန္
ထားရမယ္၊ ေကြၽးခ်ိန္တန္ ေကြၽးရမယ္ကြ
“ကြၽန္ေတာ္ကလည္း ဖခင္တစ္ ေယာက္ရဲ႕ တာဝန္ ေက်ခ်င္ပါတယ္။ ဒါေပမဲ့ – ဘဝအက်ိဳးေပးက ေက်ခြင့္ မေပးဘူးဗ်။ ဘုရားသခင္ကလည္းမကူညီဘူး”
“ကူညီရေအာင္ ငါတို႔ဘုရားသခင္
က သူ႔ကိုယ္သူ တန္ခိုးရွင္မဟုတ္ဘူးလို႔
ေျပာၿပီးသားကြ”
“မင္းလူျဖစ္လာလို႔လည္းဖန္ဆင္း မေပးဘူး၊ ဖန္ဆင္းလို႔လဲမေပးႏိုင္ဘူး” “မင္း သူေဌးႀကီးျဖစ္ပါေစ၊ ဆင္းရဲ သားျဖစ္ပါေစဆိုၿပီးလည္းဖန္ဆင္းမေပး
ႏိုင္ဘူး”
“ဘုရားဒကာ၊ ေက်ာင္းဒကာ ျဖစ္ပါေစ။ လူဆိုးသူခိုး၊ အရက္သမား၊
ဘိန္းစားျဖစ္ပါေစသတည္းလို႔လည္း
ငါတို႔ဘုရားသခင္က ဖန္ဆင္းမေပးႏိုင္ဘူး”
“ငါတို႔ျမတ္စြာဘုရားရွင္က ကိုယ္
လုပ္မွကိုယ္ရမွာလို႔ ေဟာခဲ့တာပဲ” “မင္း အရင္ ဘဝက ဆရာေတာ္ ဘုရားမ်ားအတြက္ ပိဋကတ္သုံးဘုံလႉ ရင္ ဒီဘဝမွာ ပညာတတ္ႀကီးျဖစ္မယ္” “အရင္ဘဝက သကၤန္း၊ ပရိကၡရာ
ေတြလႉခဲ့ရင္ဒီဘဝမွာဝတ္ေကာင္းစား
လွဝတ္ရမယ္”
“အရင္ဘဝကေျမ၊ေက်ာင္းနဲ႔ဖိနပ္
လႉခဲ့ရင္ ဒီဘဝမွာ တိုက္နဲ႔ ကားနဲ႔ ေနရ
မယ္”
“ဒါပဲ ငေတ – ျမတ္စြာဘုရားသခင္ က လူေတြကို သိေစခ်င္တာက ကိုယ္ ေကာင္းတာလုပ္ခဲ့ရင္ဒီဘဝမွာေကာင္း တာျဖစ္မယ္။ အရင္ဘဝက မေကာင္းခဲ့ ရင္ ဒီဘဝမွာ မေကာင္းတာျဖစ္မွာပဲ” “ေနာက္ဆုံးေျပာရရင္ေတာ့ကြာ။ အရင္ဘဝက မင္း မေကာင္းတာေတြ အမ်ားႀကီးလုပ္ခဲ့လို႔ ဒီဘဝမွာ အရက္ သမားဘိန္းစားျဖစ္ေနရတာပဲ” “ေနာက္ဘဝဆိုရင္လည္း…” “ကိုေအာင္ေအး- ေတာ္ေတာ့ – ခင္ဗ်ားက ကြၽန္ေတာ့္ကို ေနာက္ဘဝ မွာလဲ ဒီလို ကေလကေခ်ျဖစ္မွာပဲလို႔ ေျပာမလို႔ မဟုတ္လား။
ဒီမယ္ ကိုေမာင္ေအး – ကြၽန္ေတာ္ က အခုဘဝမွာ ဘယ္သူ႔ကိုမွလည္း မလိမ္ခဲ့ဘူး။ ဘယ္သူ႔ကိုမွလည္း မ်က္ ရည္ေပါက္ႀကီးငယ္က်ေအာင္ မလုပ္ဘူး”
“ကုသိုလ္မွမလုပ္တာ မွန္ေပမယ့္ ဘယ္သူ႔အေပၚမွလည္းစိတ္ဆိုး၊ စိတ္ပုပ္
မရွိခဲ့ေတာ့ ေနာက္ဘဝမွာ ကြၽန္ေတာ္ ေကာင္းမွာပါ”
“ေအး-ဒါက မင္းအထင္ကိုးကြ။
မင္းက ဗုဒၶဘာသာရဲ႕သေဘာထားေတြ သိေအာင္ ဆရာေတာ္ေတြ ေရးတဲ့စာ
အုပ္ေတြလည္းမဖတ္ဘူး၊ယုတ္စြအဆုံး
ကြာ၊ဗုဒၶဘာသာနဲ႔ပတ္သက္တဲ့ဂ်ာနယ္
ေတြ၊ မဂၢဇင္းေတြ အမ်ားႀကီးထြက္ေနပါ
တယ္။ အဲဒါေတြလည္းမဖတ္ဘူး” “ေနာက္ဆုံးတရားသြားၿပီးမနာႏိုင္ ရင္ေတာင္မွ တရားေခြကိုဖြင့္ၿပီး နား ေထာင္ရင္ေတာင္မွ ဒီသေဘာတရား ေတြကိုမင္းသိမွာ”
“အခုေတာ့ – မင္းမွာ နားပါလ်က္နဲ႔
နားမၾကားပဲ ျဖစ္ေနတယ္” “မ်က္စိပါလ်က္နဲ႔မျမင္ႏိုင္ပဲျဖစ္ေနတယ္”
“မင္း မေသမခ်င္း မွတ္ထားကြ။ အခုဘဝမွာ ေသရည္ေသရက္ေသာက္ စားမူးယစ္ေနတဲ့သူ၊ ဘိန္းစားေနတဲ့လူ၊
မူးယစ္ေဆးဝါးႏြံထဲနစ္ေနတဲ့လူေတြဟာ
ဒီဘဝမွာလည္း မူးတုန္းခဏ ႐ူးေနတာပဲ”
“ေသၿပီး ေနာက္ဘဝေရာက္ရင္ လုံးဝအ႐ူးဘဝေရာက္မွာလို႔ေဟာထားတယ္ကြ”

“မင္းမေသခင္ အရက္ျဖတ္ၿပီး ဘာသာေရးလုပ္မယ္ဆိုရင္ဒါေတြလြတ္ မယ္လို႔လဲေဟာခဲ့တယ္”
“ဒါေၾကာင့္ – ျမတ္စြာဘုရားသခင္ က ကိုယ္လုပ္မွ ကိုယ္ရမယ္လို႔ ေဟာခဲ့၊
ေျပာခဲ့တာကြ။ မင္းႀကဳံႀကိဳက္ရင္ ၾကာနီ
ကန္ဆရာေတာ္ရဲ႕တရားေတြကို နာျဖစ္ ေအာင္ နာ၊ ၾကာနီကန္ဆရာေတာ္ရဲ႕
တရားေတြကို နာျဖစ္ေအာင္ နာ။ ၾကာနီ ကန္ဆရာေတာ္ရဲ႕ တိတ္ေခြေတြလည္း ထြက္ေနတယ္။ ရယ္လည္းရယ္ရတယ္ ကြ။ မင္း တရားနာျဖစ္ေအာင္နာ” ရဲတပ္သား ေမာင္ေအးက လူဆိုး
ငေတကို တရားခ်ေန၏။
“ဒါနဲ႔ ကိုေမာင္ေအး- ခင္ဗ်ား ကြၽန္ ေတာ့္မိန္းမကိုေတာ္ေတာ္ခ်စ္သလား”
“ဟေကာင္ – မင္းစကားက ဘာ
စကားလဲကြ။ အရည္မရ၊ အဖတ္မရ
စကားေတြ။ ငါခ်စ္လို႔မဟုတ္ဘူးေဟ့။
ငါ့မိန္းမက မင္းမိန္းမကိုေရာ၊ မင္းသား
သမီးေတြေရာကို ခ်စ္ေနလို႔…”
“ဘာျဖစ္လို႔ ကြၽန္ေတာ့္ဇနီးကို ခ်စ္
တာတဲ့လဲ”
“ဖင္ေပါ့လို႔တဲ့”
“ဖင္ေပါ့လို႔ – ဟား- ဟား- ဟား။
က်ဳပ္မိန္းမကဖင္ေပါ့တယ္ – ဟား- ဟား

ဟုတ္တယ္ဗ်။ က်ဳပ္မိန္းမက ဖင္ေပါ့ တယ္ – ဟား- ဟား- ဟား”
“ဟေကာင္ – မင္း႐ူးသြားၿပီလား”
“႐ူးတာမဟုတ္ဘူးဗ်ိဳ႕။ အသည္းနာ
တာ၊ အသည္းနာတာ” “ဘာေတြေၾကာင့္လဲ” “ဘာေတြေၾကာင့္ရမွာလဲဗ်။ အခု ဆိုရင္က်ဳပ္မိန္းမကေရာ၊က်ဳပ္သားသမီး
ကေရာ ခင္ဗ်ားကို ခ်စ္ေနၾကတယ္။
က်ဳပ္ထက္လည္းခင္ဗ်ားကိုအထင္ႀကီး
ေနတယ္”
“ေနပါဦး – ဒါနဲ႔ – ခင္ဗ်ားက က်ဳပ္ သားကို ခ်စ္တယ္လဲဆိုရဲ႕၊ ဘာ့ေၾကာင့္
ဟိုေန႔က႐ိုက္တာတုန္း။ က်ဳပ္ကိုယ္တိုင္
ေတာင္ က်ဳပ္သားသမီးေတြကို ႐ိုက္ဖို႔
မေျပာနဲ႔၊ လက္နဲ႔ ေတာင္ မ႐ြယ္ခဲ့ဖူးဘူး”
“လိမၼာေစခ်င္လို႔ေပါ့ကြ”
“လိမၼာသည္ျဖစ္ေစ၊ မလိမၼာသည္ ျဖစ္ေစေနာက္မ႐ိုက္ပါနဲ႔”
“႐ိုက္ေတာ့မင္းက ဘာလုပ္ခ်င္လို႔
လမ္းေလွ်ာက္ရင္းမွ ရပ္ၿပီးေမး
လိုက္၏။ တျဖည္းျဖည္းခ်င္း ေလွ်ာက္ လာလိုက္တာ၊ ၿမိဳ႕ထဲသို႔ေရာက္လုၿပီျဖစ္
၏။

ၿမိဳ႕အဝင္ မန္က်ည္းပင္တန္းသို႔ပင္ ေရာက္ခဲ့ၿပီျဖစ္သည္။
တုံး”
“ဘာေျပာတယ္ဗ်”
“႐ိုက္ေတာ့မင္းက ဘာလုပ္ခ်င္လို႔
“ဒါလုပ္ခ်င္တယ္ဗ်ာ”
“စြပ္”
“အင့္”
“စြပ္”
“အား-ေဟ့ေကာင္- ငေတ-ေတ
ေတ-ေတ”
ငေတကဓားကိုခါးၾကားမွထုတ္ၿပီး ေမာင္ေအး၏ ဘယ္ဘက္ရင္အုံသို႔ ထိုး
စိုက္လိုက္ရာ ႏွလုံးကို တည့္တည့္ဝင္
သြားသည္။
ပြဲခ်င္းၿပီးေသသြား၏။ငေတဓားကို
ထားခဲ့ၿပီး တစ္ခ်ိဳးတည္း ထြက္ေျပးေလ ေတာ့သတည္း။
တေစၦက ဖမ္းေပးတဲ့တရားခံ “လူကို ေခြးက သတ္လို႔ ေသရတာ နာတယ္- ဆရာေရ။ဒီေလာက္သေဘာ ေကာင္းတဲ့သူေသရတာရင္နာလြန္းလို႔
ဗ်ာ။ ကိုေမာင္ေအးမိန္းမ မျဖဴေရာ၊ ငေတ့မိန္းမ ဂြက္ေထာ္ေရာ၊ ကေလး

ေတြေရာ ငိုလိုက္ၾကတာ တက္မတတ္ပါပဲ”
“ဂြက္ေထာ္ကဆို – သူတို႔အားကိုး ေနရတဲ့ ေဒါက္တိုင္ႀကီးေတာ့ ၿပိဳလဲပါၿပီ ေပါ့။ ဒီေကာင္ကိုမိရင္ ေက်းဇူးကန္းရ က်ိဳးနပ္ေအာင္ ဒီေကာင္ ငေတကို သူ ကိုယ္တိုင္သတ္ၿပီး စက္တိုင္တက္မယ္
လို႔ေျပာေျပာၿပီးငိုလိုက္တာဗ်ာ။မျဖဴက ေတာင္ သူ႔ကို တရားခ်ေနရတယ္”

“အင္း- ဟုတ္တာေပါ့ဗ်ာ။ အငတ္ ငတ္ဘဝကေန တစ္စိတ္တစ္ေဒသ လြတ္ေျမာက္ေအာင္ ကူညီေနတဲ့လူဆို
ေတာ့ သူတို႔အားကိုးမယ္ဆိုလည္းအား
ကိုးေလာက္ပါတယ္။ ေယာက္်ားကမွ
သုံးမရပဲကိုဗ်”
ဗ်ာ”
“ေလာကႀကီးက မတရားပါဘူး

“ဗ်ာ-ဘာေတြမ်ားေၾကာင့္မတရား
ဘူးေျပာရတာလဲဗ်”
“ၾကည့္ေလ – ဆရာရယ္။ ခင္ဗ်ား
လည္း ျမင္ေတြ႕ေနရမွာပါ။ မိဘကို လုပ္
ေကြၽးေနတဲ့လူ၊သူတစ္ပါးအေပၚေကာင္း
ၿပီး မေကာင္းတာဆို ဘာမွမလုပ္တဲ့လူ၊
ဘုရားမွန္း တရားမွန္း သိတဲ့လူ၊ ကိုယ္
ေကာင္းရင္ေခါင္းဘယ္မွမေ႐ြ႕ဘူးဆိုတဲ့
လူေတြကိုပဲ ေသမင္းက ေ႐ြးၿပီးေခၚေန
တာမဟုတ္လားဗ်”
“ဒါကေတာ့ကြာ-လိမၼာတဲ့လူေတြ ကို လူမိုက္ေတြနဲ႔ အတူတူေရာမထား ခ်င္လို႔ ေခၚတာျဖစ္မွာေပါ့”
“အဲဒါေျပာတာေပါ့- ဆရာရဲ႕။ ကြၽန္ ေတာ္ကေစာေစာ မေသခ်င္ေသးေတာ့
မိုက္ရ ဆိုးရေတာ့မလို ျဖစ္ေနၿပီဗ်” “ဟဲ့ေကာင္ – အယူလြဲလို႔ ငရဲ ေရာက္လိမ့္မယ္ကြ။ မင္းအေတြးကတစ္
ခ်က္ေခ်ာ္သြားၿပီ” “ဘာျဖစ္လို႔လဲ – ဆရာ”
“ငါတို႔ေထရဝါဒဗုဒၶဘာသာတရား
ေတာ္မွာငရဲႀကီးရွစ္ထပ္ဆိုတာရွိတယ္။
အဲဒါေတြကသိခ်ႋဳင္းငရဲ၊ကာလသုတ္ငရဲ၊
သခၤါတငရဲ၊ ေရာဂုဝငရဲ၊ မဟာေရာဂုဝ
ငရဲ၊တာပနငရဲ၊မဟာတာပနငရဲနဲ႔အဝီစိ ငရဲဆိုၿပီး ငရဲႀကီးရွစ္ထပ္ရွိတယ္ကြ။

အျပစ္နည္းနည္းနဲ႔မရပဲ၊ အျပစ္မ်ား
မ်ားလုပ္မွ ေအာက္ဆုံးငရဲျပည္ေရာက္ မွာ။ဒါ့ေၾကာင့္ – အဝီစိငရဲေရာက္မယ့္လူ
ဟာဘယ္ေလာက္ဆိုးဆိုး၊သူမ်ားအေပၚ
ဘယ္ေလာက္ပဲ မေကာင္း၊ မေကာင္း
လူ႔ျပည္မွာ ၾကာၾကာေနရတယ္။ ငယ္
ငယ္႐ြယ္႐ြယ္နဲ႔ မေသဘူး။ အဆိုး တကာ့ထိပ္ေခါင္ျဖစ္ေအာင္ အသက္
ရွည္ေပးရတာ”
“ဟာ – ဟုတ္ပါ့မလား- ဆရာရဲ႕။
ေစာေစာေသေတာ့ေကာအဲဒီေကာင္ကို
အဝီစိငရဲထိ ခ်က္ခ်င္းေရာက္ေအာင္
ပို႔မရဘူးလား”
“ဘယ္ရမလဲကြ။ မင္းရွင္းေအာင္ သာဓကျပရရင္ သူငယ္တန္းေအာင္တာ နဲ႔တကၠသိုလ္တက္လို႔ရသလားကြ”
“ဟာ – ဆရာကလဲဗ်ာ။ သူငယ္ တန္းေက်ာင္းသားကတကၠသိုလ္တက္ လို႔ရမလားဗ်။ ဆယ္တန္းေအာင္မွ တကၠသိုလ္တက္လို႔ရမွာေပါ့”
“ေအး-အဲသလိုပဲကြ။ အဝီစိ ေရာက္မယ့္ေကာင္က ကာလသုတ္ငရဲ က်႐ုံနဲ႔ မၿပီးဘူး၊ သူ႔ကို အဝီစိေရာက္ ေအာင္၊ မေကာင္းတာ ဆက္လုပ္ႏိုင္ ေအာင္ အသက္ရွည္ေပးရတယ္။ ပိုက္ ဆံခ်မ္းသာေအာင္၊ လုပ္ပိုင္ခြင့္အာဏာ

ေတြရေအာင္ လုပ္ေပးရတယ္ကြ။ အသက္ရွည္ၿပီး ခ်မ္းသာမွ သူမ်ားသား
မယားကိုေစာ္ကားႏိုင္မယ္။
လုပ္ပိုင္ခြင့္
အာဏာေတြရွိမွမေကာင္းတာ၊ မတရား
တာ မ်ားမ်ားလုပ္ႏိုင္မယ္။ ဒါမွ ဒီေကာင္ အဝီစိငရဲ ေရာက္မွာကြ။ အသက္ရွည္ တိုင္း၊ အာဏာရွိတိုင္း၊ ပိုက္ဆံခ်မ္းသာ တိုင္းေကာင္းတယ္မ်ား မထင္နဲ႔” “တစ္ခုေတာ့ ရွိတာေပါ့ကြာ။ အာဏာလည္း ရွိမယ္၊ ပိုက္ဆံလည္းရွိ
မယ္။ အစာဂုဏ္ ေငြဂုဏ္၊ လုပ္ပိုင္ခြင့္
ဂုဏ္ေတြကိုအရင္းတည္ၿပီးေကာင္းတာ
မ်ားမ်ားလုပ္ရင္ေတာ့ နတ္ျပည္ေျခာက္
ထပ္ကိုေရာက္မွာေပါ့”
လို႔စာေရးသူကသူနားလည္ေအာင္ ရွင္းျပရတယ္။ စာေရးသူတို႔လည္းစကား တေျပာေျပာနဲ႔ သြားလိုက္တာ ေမာင္ ေအးအေလာင္းနားေရာက္သြားတယ္။
ေမာင္ေအးအေလာင္းက ရင္ခြဲ႐ုံ
ထဲမွာဆရာဝန္ကစစ္ေဆးခ်က္ယူၿပီးၿပီ။
ဓားဒဏ္ရာက ႏွစ္ခ်က္။ ႏွလုံးကိုထိၿပီး ခ်က္ခ်င္းေသသြားခဲ့တာ။
အေလာင္းကို ၾကည့္ရတာ ေတာ္ ေတာ္ကိုမေက်မနပ္ျဖစ္ေနပုံေပၚတယ္။
မ်က္လုံးႀကီးႏွစ္ဖက္ကျပဴးလို႔။
လက္နဲ႔ ျပဴးေနတဲ့မ်က္လုံးႏွစ္လုံး
ကိုမွိတ္ၾကည့္တာမရဘူး။ ျပန္ျပဴးတာပဲ။
အံကလည္း ႀကိတ္ထားတယ္။ “လူ႐ိုးစိတ္တို”ဆိုတာဒါပဲ။ ႐ိုးသား တဲ့လူစိတ္တိုလာေတာ့ေသတာေတာင္ ေျဖာင့္ေျဖာင့္မေသဘူး။ ေဒါသႀကီးနဲ႔
ေသေနတယ္။
“ေဟ့ေကာင္ ေမာင္ေအး – မင္းကို
ဘယ္သူသတ္တယ္ဆိုတာ သိသိႀကီးနဲ႔၊ ဖမ္းလို႔မမိဘူးျဖစ္ေနတယ္။ မင္း ေဒါသ ျဖစ္ေနမယ့္ အစား ရက္လည္ဆြမ္း
မေကြၽးခင္အဲဒီေကာင္ကိုမင္းကိုယ္တိုင္
ဖမ္းေပးမွျဖစ္မယ္”
“မင္းဖမ္းေပးမယ္လို႔လဲငါယုံတယ္။ ဆြမ္းေကြၽးမယ့္ေန႔မွာ ငါကိုယ္တိုင္လာ မယ္။ အဲဒါ မင္းကူညီဦး”
လို႔ စာေရးသူက ေမာင္ေအး အေလာင္းရဲ႕နားနားကိုကပ္ၿပီး အကူ အညီ ေတာင္းခဲ့တယ္။
“မင္းငါေျပာတာၾကားတယ္။ကူညီ
မယ္ဆိုရင္ စိတ္ေအးေအးထားၿပီး လုပ္ စရာလုပ္ဖို႔၊ ဒီေကာင့္ကို ဖမ္းဖို႔ မင္းျပင္
ေတာ့။ မင္းမ်က္လုံးလည္း မွိတ္ေတာ့။
အံတင္းထားတာကိုလည္း ေျဖလိုက္
ေတာ့”
လို႔ေျပာၿပီးစာေရးသူကေမာင္ေအး ရဲ႕မ်က္လုံးႏွစ္လုံးကို လက္ဝါးနဲ႔ဖိၿပီး အေပၚက ေအာက္ကို ဆြဲခ်လိုက္ေတာ့ မ်က္လုံး မွိတ္သြားတယ္။
တင္းတင္းႀကီးႀကိတ္ထားတဲ့အံကို
လည္းစာေရးသူလက္ႏွစ္ဖက္နဲ႔ညႇပ္ၿပီး
ပြတ္ဆြဲေပးလိုက္ေတာ့ ပါးစပ္က ေအး
ခ်မ္းတဲ့ပုံျပန္ျဖစ္သြားၿပီးမေသခင္က႐ုပ္
ျပန္ေပၚလာတယ္။
ၿပဳံးေယာင္ကေလးမ်ားေတာင္ သန္းလို႔။ အသက္ရွင္စဥ္က ေမာင္ေအး က စကားေျပာတဲ့အခါ ၿပဳံးၿပဳံး၊ ၿပဳံးၿပဳံးနဲ႔ ေျပာတယ္။ ေဒါသ ဘယ္ေလာက္ထြက္ ထြက္ ရင္ထဲမွာပဲ ႀကိတ္ထားတယ္။ ဘယ္ေတာ့မွ လူသိေအာင္ ထုတ္မျပဘူး။
စာေရးသူ ယုံတယ္။ တရားခံကို ေမာင္ေအးရွာေပးမယ္လို႔ေလ။
ရွားေလာ့ဟုန္း လက္ေျမႇာက္ရတဲ့ လူသတ္သမား စာေရးသူလည္း ေသသူ ေမာင္ ေအးကိုမွာခ်င္တာမွာ၊ေျပာခ်င္တာေတြ ေျပာၿပီးေနာက္ ယခုအမႈကို ကိုင္ေန ေသာ ရဲအုပ္ ဦးလွဘူးႏွင့္ အမႈအေျခ အေနကိုေမးၾကည့္မိတယ္။ “ဗိုလ္ႀကီး-အမႈအေျခအေနက
ဘယ္လိုရွိေနၿပီလဲ”
“အမႈကပိတ္ရေတာ့မယ္– ဆရာ”
“ဗ်ာ- ဘာျဖစ္လို႔လဲ- ဗိုလ္ႀကီး

စာေရးသူတို႔ လက္နက္ကိုင္အဖြဲ႕ စည္းရဲ႕စည္းကမ္းခ်က္တစ္ခုက
မိမိက
ဘယ္ေလာက္ပဲ ရာထူးႀကီးႀကီး လက္ ေမာင္းေပၚမွာအရစ္ပါလာရင္ဆရာလို႔ပဲ
ေခၚၾကပါတယ္။
“ဒီေကာင္ ဧရာဝတီျမစ္ထဲ ဆင္း
ေသသြားၿပီ – ဆရာ” “ဟာ-ေသခ်ာရဲ႕လား-ဆရာ” “သိပ္ၿပီးေသခ်ာတာေပါ့ – ဆရာ” “ဘယ္လိုအေထာက္အထားေတြ႕
လို႔ တက္တက္တူတူေျပာေနရတာလဲ
ဆရာ
“ကြၽန္ေတာ္တို႔ ငေတရဲ႕အမ်ိဳးေတြ ရွိတဲ့ မင္းလွၿမိဳ႕ကို ခ်က္ခ်င္းလိုက္တယ္
ဆရာ။ သူ႔အမ်ိဳးေတြရဲ႕ အိမ္ေပါက္ေစ့ လိုက္ေမးတယ္။ ရပ္ကြက္ထဲကကေလး လူႀကီး အကုန္ေမးၾကည့္တယ္။ ငေတ
မလာဘူးတဲ့။
အဲဒါနဲ႔ ကြၽန္ေတာ္တို႔ ျမင္းကြန္းျပန္
လာေတာ့ကမ္းနဖူးမွာလူေတြ႐ုတ္႐ုတ္ သဲသဲ ျဖစ္ေနတာေတြ႕လို႔ သြားၾကည့္ လိုက္ေတာ့ … ေသြးစြန္းေနတဲ့လုံခ်ည္နဲ႔ အက်ႌရယ္၊ သူစီးေနက် ဂ်ပန္ဖိနပ္ဖင္မီး ငုတ္တိုရယ္ကို ေတြ႕တာ – ဆရာ”
“ေနာက္ၿပီး – သူ႔လက္ေရးနဲ႔စာတစ္ ေစာင္လဲ ေရးထားခဲ့တယ္”
“ဘယ္လိုမ်ား ေရးထားခဲ့ တာ
ဗိုလ္ႀကီး”
“မိဂြက္ေထာ္နဲ႔ မျဖဴတဲ့” “ေက်းဇူးရွင္ကိုလူစိတ္မရွိပဲ သတ္
မိလို႔ ဒဏ္ခတ္တဲ့အေနနဲ႔ ဧရာဝတီျမစ္ ေရထဲ ဆင္းၿပီး ကိုယ့္ကိုယ္ကိုယ္ သတ္ ေသသြားပါၿပီတဲ့”
“တမလြန္ဘဝမွာ ကိုေအးကို ေတြ႕
ေအာင္ရွာၿပီးငါမွားေၾကာင္း ေတာင္းပန္
ပါ့မယ္တဲ့”
“အဲဒီစာကိုေရာ သိမ္းထားလား
“ငါ့ကို ခြင့္လႊတ္ပါ” “ငေတ”တဲ့ဗ်ာ။
ဗိုလ္ႀကီး”
“ဟာ – သက္ေသခံပစၥည္းဆိုေတာ့
ရွာေဖြပုံစံနဲ႔ကို သိမ္းထားပါတယ္” “ေကာင္းတယ္-ဗိုလ္ႀကီး။ ဒီစာက ႐ုံးကို တင္တဲ့အခါ သူသတ္ေၾကာင္း ခိုင္လုံတဲ့သက္ေသပဲဗ်”
“ေဟာ- ဆရာကေတာ့ေျပာၿပီးေရ
ထဲ ဆင္းေသသြားပါတယ္ဆိုမွ ဒီစာကို ဘယ္႐ုံးသြားတင္ဦးမွာလဲ – ဆရာညိဳစိမ့္
ရဲ႕
ရဲအုပ္ ဦးလွဘူးက ခိုင္ခိုင္လုံလုံ ေျပာေန၏။

“အင္း-ငေတ – ငေတ – ေတာ္
ေတာ္လည္တဲ့ေကာင္ပဲ။ မူးေၾကာင္ မူး ေၾကာင္နဲ႔အ႐ူးလို႔ထင္ေနတာ။ဒီေကာင္ မ႐ူးဘူးပဲ- ဗိုလ္ႀကီးလွဘူး” “ဒီေကာင္ကေတာ့ ကမာၻေက်ာ္ စုံေထာက္ႀကီး ရွားေလာ့ဟုန္းနဲ႔ ျမန္မာ ႏိုင္ငံမွာ ေက်ာ္ၾကားတဲ့ ဆားပုလင္း ႏွင္းေမာင္တို႔၊ လူဆိုးထိန္းေမာင္ႀကီးတို႔ ေတာင္လက္ေျမႇာက္အရႈံးေပးရေလာက္ ေအာင္ ဉာဏ္မ်ားတဲ့ေကာင္ပဲ” လို႔ စာေရးသူက ညည္းလိုက္
ေတာ့ –
“ဘာေတြေျပာေနတာလဲ – ဆရာ
ညိဳ”
“ဒီေကာင္မေသဘူးဗ်။ အမႈမပိတ္
လိုက္နဲ႔”
“ဗ်ာ”
“ဟုတ္တယ္-ဗိုလ္ႀကီးလွဘူး။ ဒီေကာင္ မေသဘူး။ ဘယ့္ႏွယ္ဗ်ာ-ေရ ထဲ ဆင္းေသမယ့္အေကာင္က စာတစ္ တန္၊ ေပတစ္တန္ ေရးမတဲ့လားဗ်။ ေနာက္ၿပီး ေရခ်ိဳးဆင္းသလို၊ အဝတ္ ေတြကို ကမ္းစပ္မွာ ေသေသခ်ာပုံထား မတဲ့လား”
“ဝတ္ထားတဲ့အဝတ္အစားနဲ႔ ေရ ထဲတန္းဆင္းသြားမွာေပါ့ဗ်။ ဖိနပ္ထားခဲ့
တာနဲ႔ စာထားခဲ့တာက ယုတၱိရွိပါတယ္။

အဝတ္ေတြခြၽတ္ထားတာကေတာ့လုပ္
ဇာတ္ပဲဗ်”
လို႔စာေရးသူကမယုံေၾကာင္းေျပာ
“ဒါနဲ႔ ေျပာရဦးမယ္ – ဆရာ”
“ဘာမ်ားလဲဗ် – ေျပာပါ” “ေျပာရမွာ ဆရာ့ကိုအားနာလို႔” “ဘာအားနာစရာရွိလဲဗ်ာ။ေျပာမွာ
သာေျပာပါ-ဗိုလ္ႀကီး”
“အခုတေလာ – ဆရာ့သူငယ္ခ်င္း
ေမာင္ေအးကေတာ္ေတာ္ေလးေသာင္း
က်န္းလာၿပီ”
“ဘာေတြမ်ားျဖစ္လို႔လဲ” “ၿမိဳ႕အျပင္ကထန္းရည္ဆိုင္ေတြကို တစ္ညတစ္ဆိုင္လာၿပီး ညသန္းေခါင္ ေက်ာ္မွာေၾကာ္ေလွာ္ထားတဲ့အသားငါး
ေတြ၊ အေအးစိမ္ထားတဲ့ ထန္းရည္ေတြ ကို လာလာေသာက္ေနလို႔။ သရဲဖမ္းပြဲ ႀကီး က်င္းပေနတာ။ ျမင္းကြန္းၿမိဳ႕မွာ ေတာ့ ဒီရက္ပိုင္းမွာ ပြဲေတာ္ႀကီးက်ေန တာပဲဗ်ာ”
“ဟာ – မဟုတ္က၊ ဟုတ္ကဗ်ာ။ ကြၽန္ေတာ့္သူငယ္ခ်င္းက လူ႔ဘဝမွာ တုန္းက ထန္းရည္မေျပာနဲ႔၊ ေဆးလိပ္ ေတာင္ေသာက္တဲ့လူမဟုတ္ဘူးဗ်”
“ေအာ္ – ဆရာရယ္ – သရဲဘဝ ေရာက္လို႔ ေကြၽးမယ့္လူမရွိ၊ ေမြးမယ့္
လူမရွိေတာ့ အလစ္သုတ္ၿပီေပါ့- ဆရာ ရယ္။ ငတ္ေတာ့ ခိုးစားၿပီေပါ့” “လိုက္ဖမ္းၾကတာမမိဘူးတဲ့လား” “လူမွမဟုတ္ပဲ၊ နာနာဘာဝပဲ ဆရာရယ္။ ဘယ္မိလိမ့္မလဲ။တေစၦသရဲ မွန္း ပိုၿပီးေသခ်ာသိရတာက အဲဒီေမာင္
ေအးက သူ အသတ္ခံရတဲ့ေနရာလဲ ေရာက္ေရာ ေပ်ာက္၊ ေပ်ာက္သြားတဲ့
ဆရာ”
“သူ အသတ္ခံရတဲ့ ေနရာက
မန္က်ည္းပင္ႀကီးေတြကအျမင့္ႀကီးေတြ၊ တစ္ပင္နဲ႔တစ္ပင္ ယွက္ေပါက္ေနတာ။ ေမွာင္ရိပ္ကလည္းေကာင္းသလားမေမး
နဲ႔ – ဆရာ။ ေမွာင္လြန္းေတာ့ သရဲဖမ္းတဲ့ လူေတြ ဆက္မလိုက္ရဲေတာ့ဘူး ဆရာ” “ဟာ- ဟုတ္ၿပီဗ်ိဳ႕။ ကြၽန္ေတာ္ သေဘာေပါက္ၿပီ။လာ-ၿမိဳ႕ျပန္ၿပီးတရား
ခံဖမ္းၾကစို႔”
“ဘာေျပာတယ္ – ဆရာညိဳ”
“ငေတကိုသြားဖမ္းၾကမယ္လို႔ေျပာ
တာဗ်။ လာလာ – ႐ုံးသြားၿပီးရဲမႉးဦးတင္ ႏြယ္ရဲ႕ကားကို ငွားၿပီး လူသတ္ေကာင္ ကို သြားဖမ္းၾကစို႔”
“ဆရာညိဳစိမ့္ – ခင္ဗ်ား စိတ္ေကာ မွန္ရဲ႕လားဗ်။ ကြၽန္ေတာ္တို႔ ျမင္းကြန္း တစ္ၿမိဳ႕လုံး လွည္းေနေလွေအာင္း၊ ျမင္း ေဇာင္းနဲ႔ႏြားတင္းကုတ္ပါမက်န္ေအာင္
ရွာၿပီးၿပီဗ်။ ဘယ္မွမေတြ႕ဘူး။ ဒီလို ေကာင္မ်ိဳး သတၱိ ဘယ္ေလာက္ရွိရွိ
ရဲစခန္းနားကပ္ၿပီးေတာ့မေနရဲေလာက္
ပါဘူးဗ်ာ”
လို႔ရဲအုပ္ဦးလွဘူးကေျပာ၏။ “ဗိုလ္ႀကီးတို႔က လွည္းေနေလွ ေအာင္း၊ ျမင္းေဇာင္းမက်န္ရွာၿပီးတာ
ေတာ့ဟုတ္ပါၿပီ။ အဲဒီတေစၦသရဲေပ်ာက္
ေပ်ာက္သြားတဲ့ မန္က်ည္းပင္ေတြေပၚ
ေကာရွာၿပီးၿပီလား” “ဗ်ာ”
“မန္က်ည္းပင္ – ဟုတ္လား” “ဟုတ္တယ္ေလဗ်ာ။မန္က်ည္းပင္ ေပၚမွာေန႔မွာေနၿပီ။ညက်မွသရဲေယာင္
ေဆာင္ၿပီးဒီေကာင္လာစား၊လာေသာက္
ေနတာေကာ မျဖစ္ႏိုင္ဘူးလား။ အရက္
သမားက အခ်ိန္က်ရင္ မေသာက္ပဲကို
မေနႏိုင္ဘူးဗ်”
စာေရးသူကရွင္းျပေတာ့ အံ့ဩတဲ့ မ်က္လုံးေတြနဲ႔ ရဲအုပ္ကိုလွဘူးက စာ ေရးသူကို ၾကည့္တယ္။
“ဟာ-ေတာ္လိုက္တဲ့ ဆရာဗ်ာ။ အဲဒီတစ္ခ်က္ကြၽန္ေတာ္တို႔မေတြးမိဘူး။
ကြၽန္ေတာ္တို႔သြားရင္တစ္နာရီေလာက္
ၾကာမယ္။ စခန္းကို ဖုန္းနဲ႔ဆက္ၿပီး ဖမ္း
ထားဖို႔ေျပာရေအာင္ဗ်ာ”

ဟု ဦးလွဘူးက ေျပာကာ ေဆး႐ုံ
႐ုံးခန္းထဲမွ ႀကိဳးဖုန္းကို ခြင့္ေတာင္းၿပီး ျမင္းကြန္းစခန္းသို႔ ဆက္၍ ငေတကို အဖမ္းခိုင္းလိုက္ေလေတာ့၏။
တေစၦေမာင္ေအးကို ေၾကာက္လို႔
စာေရးသူတို႔ ျမင္းကြန္းရဲစခန္းထဲ
ေရာက္ေတာ့ ႐ုံးခန္းထဲမွာ လူေတြဝိုင္း
လို႔။
ငေတကို လက္ျပန္ႀကိဳးတုပ္ထား ၿပီး ဌာနာအုပ္က ကုလားထိုင္တစ္လုံးနဲ႔ ထိုင္ၿပီးစစ္ေနၿပီေလ။
စာေရးသူတို႔ ႐ုံးခန္းထဲ ဝင္သြား ေတာ့ ဌာနာအုပ္က ခရီးဦးႀကိဳျပဳတယ္။ “ေဟာ-လာေဟ့-လွဘူး။ မင္းဆက္ၿပီးေမးစမ္းပါဦးကြာ။ ဒီေကာင္ ဘာ
ေတြေျပာေနမွန္းမသိဘူး။ သရဲေတြ
လည္းပါရဲ႕။ တေစၦေတြလည္း ပါရဲ႕ကြာ”
လို႔ေျပာတယ္။
“ေဟ့ေကာင္ ငေတ- မင္း မန္
က်ည္းပင္ေပၚမွာ ေနရတာ အဆင္
ေျပရဲ႕လား”
“အဆင္ေျပဆို – ဗိုလ္ႀကီးရယ္။
မန္က်ည္းပင္ေပၚမွာက သိန္းစြန္ေနတဲ့
ငွက္သိုက္ႀကီးရွိတယ္။ အဲဒီအေပၚမွာ
ထိုင္ေနရင္ မန္က်ည္းခက္၊ မန္က်ည္း

႐ြက္ေတြက ကြယ္ေနတာရယ္၊ သစ္ပင္ ထိပ္ဖ်ားမွာရယ္ဆိုေတာ့ေအာက္ကလူ
ေတြက ကြၽန္ေတာ့္ကို ဘယ္ျမင္မလဲ။ တစ္ခုမေကာင္းတာက …”
ငေတက စကားကို ဆက္မေျပာပဲ
ရပ္ထားသျဖင့္ စာေရးသူတို႔ စိတ္ရွည္
ရွည္ထားၿပီး ေစာင့္ေနၾကရသည္။ ၾကာ
ေတာ့ ရဲအုပ္ လွဘူးက စိတ္မရွည္ေတာ့
ပဲ-
“ေျပာမွာေျပာစမ္းပါကြာ။ငါထကန္
လိုက္ရ”ဟု ေငါက္ေလ၏။
“ေျပာမလို႔ဟာ – ေက်ာထဲ စိမ့္ ေၾကာက္ၿပီးေနလို႔ဗ်”ဟုေျပာ၏။
“ေအာ္ -လူသတ္တုန္းကေတာ့ သတၱိရွိၿပီးအခုေျပာရမွာေတာ့ေၾကာက္
ေနတယ္ေပါ့”
ရဲအုပ္ လွဘူးက မေက်မနပ္ ေျပာ
“တစ္ခုမေကာင္းတာက ညညက်
၏။
ရင္ ကြၽန္ေတာ္သတ္လိုက္တဲ့ ေမာင္
ေအးကကြၽန္ေတာ့္ကိုအဖမ္းခံပါတဲ့။ သူ
ရက္မလည္ခင္အဖမ္းခံပါ။ အဖမ္းမခံရင္
ဒီသစ္ပင္ေပၚကတြန္းခ်မယ္လို႔ညတိုင္း
လာလာေျပာေနတာ၊ အိပ္ကို မအိပ္ရပါ
ဘူးဗ်ာ။
ေနာက္ၿပီး – ၿမိဳ႕အျပင္က ထန္းရည္ ဆိုင္ေတြမွာ သြားၿပီး လူမသိေအာင္ ခိုး
ေသာက္၊ ခိုးစားတာဒီေကာင္လိုက္လာ ၿပီးအသံျမည္ေအာင္ခြက္ေတြ၊ ပန္းကန္
ေတြကို တြန္းတြန္းခ်ၿပီး အသံေပးလို႔
ကြၽန္ေတာ့္မွာ ေခြးေျပးဝက္ေျပးေျပးခဲ့ရ တာလဲညတိုင္းပါပဲ”
“အင္း-ဒီေန႔ဆိုရင္ ေမာင္ေအး
ေသတာ ခုနစ္ရက္ျပည့္တဲ့ေန႔ပဲ။ ရဲႀကီး
ေတြကိုကြၽန္ေတာ္ေက်းဇူးတင္ပါတယ္
ဗ်ာ”
“ရဲႀကီးေတြသာ ကြၽန္ေတာ့္ကိုလာ
မဖမ္းရင္ကြၽန္ေတာ္သစ္ပင္ေပၚကတြန္း
ခ်ခံရမယ့္ေန႔ပဲဗ်”
“ဒီေကာင္မလုပ္ဘူး မေျပာနဲ႔၊ လုပ္
မယ့္အေကာင္”
ဟု ေျပာကာ ၎သတ္ေၾကာင္း ေျဖာင့္ခ်က္ေပးသျဖင့္ တရား႐ုံးသို႔ အမႈ တြဲကို ခိုင္လုံစြာ တည္ေဆာက္ၿပီး (ပ) အမွတ္၊ ၃၂/၆၂ ပုဒ္မ (၃၀၂)ျဖင့္ တင္ လိုက္ႏိုင္ပါေၾကာင္းပါ ခင္ဗ်ား။
မွတ္ခ်က္
အျဖစ္မွန္ျဖစ္၍အမည္မ်ားေျပာင္း
သေဗၺ၊ အနိစၥ၊ သခၤါရ
မေကြး ညိဳစိမ့္