ချစ်သူ့ကျိန်စာ(စ/ဆုံး)

Unicode Version

ချစ်သူ့ကျိန်စာ(စ/ဆုံး)
——————————
မောင် ကားမှောက်လို့ ဒီပြန်ခေါ်လာပြီး ဆေးရုံ တင်ထားရတော့နေခြည်လိုက်သွားရင်
သူ့အတွက်
မျှော်လင့်ချက်ရှိတယ်တဲ့။ နေခြည်တို့နှစ်ယောက် တွေ့ဆုံခဲ့ရသော ဆိုးရွားတဲ့ကံကြမ္မာရေစက်ဆိုး တွေလား၊ မောင့်ဆီ မသွားနိုင်ပေမဲ့ စိုးရိမ်ပူပန်စိတ် တွေအမြဲရှိနေမှာပါ။
နေခြည်နဲ့မောင် … … … ပေါင်းဖက်လို့ မရတဲ့ . အကြောင်းတွေကမိသားစုကိုပြိုကွဲအောင်လုပ်ပြီး ဖေဖေနဲ့ယူခဲ့သောဒေါ်မာလာရဲ့မောင်နှမတော်စပ်မှု ဒီတစ်သက်ပြောင်းလဲလို့ မရတဲ့အရာပဲ။ နာကြည်း ခြင်းအဖြစ်အပျက်တွေ မေ့နိုင်ပြီဆိုရင် မောင်တို့ ပြန်ဆုံခွင့်ရှိမယ် မဟုတ်လားတဲ့။

မောင်ခေါ်တဲ့နောက်ကိုလိုက်ခဲ့ရင်နေခြည်မုန်းသောဒေါ်မာလာနဲ့
အမျိုးတော်ရပြီးမေမေလည်းတစ်သက်လုံးစိတ်ချမ်းသာမှာမဟုတ်ဘူး။ အချစ်နဲ့အမုန်းတွေကနေ နေခြည်ဆီ ဘာလို့များ တစ်ပြိုင်နက်တည်း
ရောက်လာတာလဲ။
ဝမ်းနည်းငိုချင်စိတ်ကို ရင်ထဲမှာ သိမ်းထားပြီး တိတ်ဆိတ်သော အခန်းတွင်စာတိုက်ကနေခြည်ပို့ခဲ့သောမောင့်စာကိုနာရီပေါင်းများစွာ ပြန်ဖတ်လိုက်သည်။ နေခြည့်ကိုမြင်ရင် မောင့်စိတ်တွေ မထိန်းနိုင်ပဲ ရူး သွားမလားလို့ ထင်မိတယ်။ မောင်နဲ့ အဝေးဆုံးမှာ နေချင်တယ်ဆိုတဲ့ အတွက် အဝေးကို ထွက်သွားခဲ့ပြီး ကျေနပ်ပါတော့နော်။ နေခြည် – မောင့်ကို မမေ့ဘူးဆိုရင်ပျော်နေမှာပါ။
ဖောက်ပြန်ခဲ့သော ဖေဖေ့ရဲ့အကျိုးဆက်တွေကြောင့် သမီးနှလုံး သားတွေနာကျင်ဝမ်းနည်းခဲ့ရပြီ။နေကြည့်ရင်ထဲဘယ်လောက်ပဲနာကျင်
နေပါစေ၊ အေးချမ်းသောဘဝလေး စိတ်ဆင်းရဲအောင်လုပ်ခဲ့သော ဒေါ်မာလာကိုသေတဲ့အထိ ခွင့်မလွှတ်နိုင်ပဲ မုန်းနေဦးမှာ။ “သမီး-ဧည့်သည်ရောက်နေတယ်”
နေခြည်-အပြင်ထွက်ကြည့်လိုက်တော့တစ်ချိန်ကဖေဖေကိုရပြီ
ဆိုတဲ့မျက်နှာနဲ့ မော်ကြွားပြုံးခဲ့သော မျက်ဝန်းတစ်စုံက မျက်ရည်တွေ
ပြည့်လျက် မြင်နေရတယ်။
တစ်ခဏတာ အပျော်မဟုတ်ဘဲ တစ်ဘဝလုံး ပိုင်ဆိုင်ခဲ့သော ဒေါ်မာလာကိုမြင်လိုက်တော့နေခြည်ရင်ထဲဒေါသတွေပူလောင်လျက်
တစ်ကိုယ်လုံးတုန်လာသည်။သေသည့်အထိမမေ့နိုင်သောနာကျင်မှုပဲ
စကားမပြောချင်လို့ နေခြည်အခန်းထဲ ပြန်ဝင်သွားတာကို လက်လှမ်း ဆွဲပြီးပြောခဲ့သည်။
“တို့မောင်လေးအတွက် မင်းအဖေကို ကွာရှင်းလိုက်ပြီ။ တို့အမှား တွေအတွက် တစ်သက်လုံး နောင်တရနေမှာပါ။ မောင်လေးက မင်းကို

တမ်းတနေတယ်။ အသေဖြောင့်ပါစေလား။ မင်းကို မမြင်ရမချင်း နောက် ဆုံးအချိန် ပင်ပန်းတကြီးစောင့်နေရမှာတို့လည်းစိတ်ဆင်းရဲနေပါပြီ”
နေခြည်တို့သားအမိရင်တွေ ဘယ်လောက်နာကျင်ခံစားရမလဲဆိုတာ
ကိုကိုယ်ချင်းမစာတတ်သောဒေါ်မာလာသူ့မောင်အတွက်သောကရောက် နေပြီပေါ့။စိတ်တိုလာပြီးမျက်လုံးထဲဘာမှမမြင်တော့ဘဲဆွဲထားသောလက်
ကိုတွန်းပစ်လိုက်တယ်။
“သမီး- လူကြီးကို မရိုင်းနဲ့။ ဒီလောက်တောင်းပန်နေတဲ့လူရဲ့ဆန္ဒကို လိုက်လျောပေးပါ။ ဖေဖေ့အပေါ်စိတ်နာတာမှန်ပေမယ့် နေပိုင်က သမီး ချစ်ခဲ့ဖူးတဲ့လူ မဟုတ်လား”
သမီးတို့သားအမိတွေရင်ထဲ နာကျင်ခံစားရတာကို လှည့်မကြည့်ဘဲ ဖေဖေချစ်တဲ့မိန်းမဒေါ်မာလာဝမ်းနည်းနေတာကိုမမြင်ရက်ဘူးပေါ့။တကယ် လို့များ နေခြည့်ကို မတွေ့လိုက်ပဲ မောင်သေသွားခဲ့ရင် ရင်နာမဆုံး ဖြစ်ရမှာ
လား။
မောင်ကိုမြင်ရင် ဒေါ်မာလာမျက်နှာ မြင်ယောင်လာပြီး အမုန်းတွေ ပိုမိ မှာစိုးတယ်။ ဖေဖေတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် နေခြည်တို့ နှစ်ယောက် ချစ်လျက်နဲ့ ဝေးကွာပြီး နောက်ဆုံးသေကွဲခွဲရတော့မယ်။ “မေမေကတော့ – အဲဒီ့မိန်းမဆီမှာ အရင်ဘဝ ကြွေးဟောင်းရှိခဲ့လို့ သဘောထားတယ်။ သမီး- တွေဝေမနေနဲ့။ နေပိုင်မှာအပြစ်မရှိဘူး။ ပြီးခဲ့တာ တွေပြီးပါစေတော့ – သွားတွေ့လိုက်ပါ”
ဆေးရုံရောက်တော့နေခြည်ကိုစောင့်နေသည့်မောင်ကဆေးရည်ပိုက်
တွေနှာခေါင်းပိုက်ကြိုးသွယ်တန်းထားတဲ့ကြားမှာ နှစ်ခြိုက်စွာအိပ်ပျော်နေ သလိုပဲ မောင်မျက်နှာ ဖြူစင်သန့်စင်းမှုတွေမရှိဘဲ မျက်ကွင်းကျပြီး ခေါင်းမှ ပတ်တီးစည်းလျက်။
စက်အကူအညီဖြင့် အသက်ဆက်ရသော မောင့်နှလုံးခုန်သံတွေ မြန် ဆန်မှုမရှိတာမြင်ရတော့ နေခြည် ကျိန်စာ တကယ်ဖြစ်လာပြီပေါ့။ မိသားစု ပြိုကွဲပြီး စိတ်ဆင်းရဲအောင်လုပ်ခဲ့သောဒေါ်မာလာကို သူချစ်သော မောင်

ထာဝရဆုံးရှုံးပါစေလို့ကျိန်ခဲ့မိတယ်။ ခုတင်ဘေးမှငိုနေသောမောင့်အမေက နေခြည့်လက်ကိုကိုင်ပြီး ပြောလိုက်တယ်။
“သမီးတို့သားအမိတွေ နာကျင်ခံစားခဲ့သော အန်တီသမီးအမှားတွေ ကြောင့် သား ထိခိုက်ဒဏ်ရာရပြီး ဝဋ်လည်တာပဲ” နေခြည်-စိတ်မကောင်းလို့အမုန်းတွေမေ့ထားပြီးအနားကပ်မောင့်ကို သူတွေ့ချင်သောချစ်သူအသံကိုစိတ်ထဲကြားရတော့မျက်
ခေါ်လိုက်မိတယ်။
လုံးတွေကို အားယူဖွင့်ကြည့်လိုက်တယ်။ သတိရလာပြီး ငေးစိုက်ပြောနေ သော မောင့်မျက်ဝန်းက အချစ်တွေကို နေခြည် မသိချင်ယောင်ဆောင်ခဲ့မိ တယ်။
“အစ်မနဲ့ပတ်သက်ပြီး မောင့်ကို မုန်းခဲ့တာတွေရှိရင် ဒီဘဝမှာပဲကျေပါ စေ။နေခြည့်ကိုတစ်ရက်မှမမေ့ပါဘူး။ မောင်သေဆုံးသွားလည်းနေခြည်ကို ချစ်တဲ့အချစ်တွေအမြဲရှင်သန်နေမှာပါ။ နောင်ဘဝမှဆုံနိုင်မယ်ဆိုရင်နောင် ဘဝထိစောင့်ပါ့မယ်”
ရက်စက်တယ်လို့မထင်ပါနဲ့ – မောင်ရယ်။ နေခြည်ကိုစိတ်ရင်းနဲ့ချစ်တာ သိသော်လည်းရင်ထဲအမုန်းဒဏ်ရာတွေမပျောက်သရွေ့ဘယ်ဘဝရောက် နေပါစေ၊ မဆုံချင်ဘူး။ သူ- မျက်လုံးတွေ ဝါးလာပြီး စကားတွေ ပြောချင်ပေ မယ့် အသက်ရှူရတာ ပင်ပန်းလာတယ်။
သတိမလွတ်အောင် ထိန်းထားသောမောင့်ကို ခဏနားပါဦး- နေခြည် မပြန်သေးဘူးလို့ ပြောလိုက်တော့မှ အိပ်ပျော်သွားခဲ့သောမောင် တစ်ဖန် ပြန်လည်နိုးလာနိုင်ပါ့မလား။ တစ်ချိန်က နေခြည်တို့နှစ်ယောက်ရဲ့ ပုံရိပ် ဟောင်းလေးဆီသို့ တမ်းတလျက်…။

“ကိုကို-မာလာကိုချစ်တယ်။ သူ့ဘဝကိုလည်းတာဝန်ယူစောင့်ရှောက် မယ်လို့ကတိပေးထားပြီ။ခွင့်လွှတ်ပါ – ခင်လေးရယ်။ကိုယ်တို့ကွဲသွားပေမယ့် သမီးကိုတော့ ပြန်ကြည့်မှာပါ”
တခြားမိန်းမကိုချစ်တယ်ဆိုတဲ့စကားဖေဖေမို့နေခြည်တို့သားအမိရှေ့ မှာ ပြောထွက်ရက်ပြီး ရက်စက်သောစကားလုံးတွေနဲ့ ရင်ကို မမေ့ပျောက် နိုင်သော စူးချက်သွင်းလိုက်သလိုပဲ။ နှစ်ပေါင်းများစွာ ပေါင်းသင်းလာတဲ့ မေမေ ခံစားချက်မျက်ရည်တွေက ဖေဖေ့အတွက် အရေးမပါတော့တာလား။ ဒေါ်မာလာနဲ့ ယူသွားသောအဖေကြောင့် မေမေ အထီးကျန်ခဲ့ရပြီး နေခြည်လည်းသူငယ်ချင်းတွေကြားမှာမျက်နှာငယ်ရတယ်။ အရင်ကပျော် စရာကောင်းတဲ့အိမ်လေးရယ်မောသံတွေပျောက်ဆုံးကုန်ပြီ။ တစ်ခါတလေ အိမ်လာခဲ့ရင် နေခြည်သုံးဖို့ပိုက်ဆံပေးသောအဖေကို ကြာလာတော့ စိတ် နာတာကြောင့် ပြောလိုက်မိတယ်။
“မေမေ့အပေါ်အားနာတဲ့စိတ်လေးရှိရင်နောက်ထပ်အိမ်ကိုမလာပါနဲ့။ သမီးကို လမ်းတွေ့ခဲ့ရင် သူစိမ်းလိုသဘောထားပြီး မသိချင်ယောင် ဆောင် ပေးပါ။ အဖေ့ဆီကပိုက်ဆံနဲ့ ဘာအကူအညီကိုမှ မလိုချင်ဘူး”
နေခြည် – ကုမ္ပဏီအလုပ်ဝင်ပြီး သားအမိနှစ်ယောက်တည်း ပတ်ဝန်း ကျင်သစ်မှာ အဖေ့ကိုလည်း အဆက်အသွယ်မလုပ်ခဲ့ဘူး။ ချစ်လို့ ယူခဲ့ကြ သောမေမေတို့အိမ်ထောင်ရေး မတည်မြဲတာကိုကြည့်ပြီး သစ္စာမရှိ ဖောက် ပြန်တတ်တဲ့လူကိုတွေ့မှာ ကြောက်မိတယ်။
တစ်ချိန်ချိန်မှာ အချစ်ဆိုတာကို ကြုံရဦးမယ်ဆိုတဲ့စကားအတိုင်း နေခြည့်နှလုံးသားထဲတစ်ယောက်သောသူနှင့်တွေ့ဆုံခဲ့ရတယ်။ ရုံးသွားရုံး ပြန်ချိန်တွေ သိပ်မလှမ်းကွာသည့် တစ်နေရာမဟုတ် တစ်နေရာမှာ ရောက် ရှိလာပြီးနေခြည်ကိုတွေ့ရင်ပြုံးကြည့်နေတတ်သောသူ့ကိုအမြဲလိုတွေ့မြင်
လာမိတယ်။
သူကဘာစကားမှမပြော၊အနားမကပ်ရဲသော်လည်းနေခြည့်အတွက်
တော့ စိတ်အနှောင့်အယှက်တစ်ခုပဲ။ အချိန်ကြာလာတော့ – သူ ဒီထက် ပိုနီးစပ်အောင် မလုပ်ခဲ့သည်မို့ စိတ်သက်သာနှင့် မေ့ထားမည်ဟု ကြံစည် သည့်တစ်နေ့…

ရုံးဆင်းတော့ – အမေ့အတွက် မုန့်ဝင်ဝယ်နေခိုက် ဘယ်အချိန်ရောက်
နေမှန်းမသိ၊ အမြဲတွေ့ရသောသူကနေခြည့်ကိုခုမှပြန်ရတာလားတဲ့။ သူ့ကို “မိန်းကလေးတစ်ယောက်ကို တမင်သက်သက် နှောင့်ယှက်နေတာလား။ ဘယ်လိုလူလဲမသိဘူး။ နောက်တစ်ခါလိုက်လာရင် နေခြည့်ကိုအဆိုးမဆို နဲ့”လို့ ပြောပြီးထွက်သွားခဲ့တယ်။
ကိုယ့်ကို အရေးမစိုက်ချင်သည့်မိန်းကလေး၏အရိပ်ကို မြင်ရုံဖြင့် သူ့ ရင်တွေ ခုန်နေပြီ။ အချိန်တိုင်း မြင်တွေ့ချင်တဲ့ ရင်ထဲကခံစားချက်ကို ထိန်း ချုပ်လို့မရပါ။ သူ့ကိုတွေ့တိုင်း ရန်သူလို သဘောထားနေတော့ ရှေ့ဆက်ဖို့ အခွင့်အရေး ရှိပါ့မလား။
ပြောခွင့်ကြုံမယ့်တစ်ချိန်ကျရင် နေခြည်ကို သူ ချစ်တယ်ဆိုတဲ့ အကြောင်းပြောချင်သေးတယ်။ အိမ်ပြန်လာတော့ခြံရှေ့ရပ်ထားတဲ့ကားထဲ မှာ ထိုင်စောင့်သော ထိုလူကိုမြင်တာကြောင့် သူ မတွေ့ချင်သော အစ်မ ရောက်နေပြီဆိုတာ သိလိုက်တယ်။
ပြန်လှည့်ထွက်သွားရကောင်းမလား။ အစ်မကို -ပြီးတော့ – မိသားစု ရှိလျက် ဖောက်ပြန်ခဲ့သည့် ထိုလူနှစ်ယောက်စလုံး စကားမပြောဘဲ အိမ် တောင်မလာနဲ့လို့ ပြောခဲ့သည့်အစ်မကိုမြင်ရင် သူ့ဒေါသထွက်ပြီး ပြဿနာ မဖြစ်ချင်တာကြောင့် တံခါးဝမှာ ရပ်နေသော်လည်း အမေ့အသံ အပြင်က ကြားနေရတယ်။
“သူ့အမှားကိုသိလို့ပိုတောင်ပိုက်ဆံထောက်ပံ့ဖြည့်ဆည်းပေးနေတာ
ပဲ။ သူတို့ရဲ့အခွင့်အရေး ဘာမှမဆုံးရှုံးပါဘူး”
အမေ-ဘယ်လိုပဲပြောနေပါစေ-အစ်မကတော့စကားနားမထောင်ခဲ့ ပါ။ စိန်နားကပ် တဖျတ်ဖျတ်ဝတ်ထားသော အစ်မဟာ အကောင်းကြိုက်ပြီး အဆင့်အတန်းမြင့်နဲ့နေချင်တော့ပိုက်ဆံချမ်းသာသော်လည်းအိမ်ထောင်ရှိ
တဲ့လူနှင့် လက်မှတ်ထိုးယူခဲ့ကြတယ်။
အဲဒီလူသားသမီးတွေ ဘယ်လိုခံစားရမလဲဆိုတာကို ထည့်မစဉ်းစား ပေးသော အစ်မရဲ့ တဇွတ်ထိုးစိတ်ဓာတ် ကြောက်စရာကောင်းလှတယ်။

ကိုယ့်ကောင်းစားရေးအတွက် ကိုယ်ကျင့်တရားဆိုတာကို အလေးမထား သည့်အစ်မနဲ့ထိုလူ့မျက်နှာကိုထပ်မမြင်ချင်တော့ အိမ်ထဲဝင်ပြီးပြောလိုက်
တယ်။
“ဒီကိုဘာလာလုပ်တာလဲ။အရှက်မရှိတဲ့အစ်မယောက်ျားကိုခေါ်ပြီးပြန်
တော့။ ကြာရင် – ကျွန်တော်တစ်ခုလုပ်မိလိမ့်မယ်”
“နင် – သိပ်ရိုင်းပါလား- နေပိုင်။ နင့်ထက် အသက်ကြီးတဲ့လူကို ရိုသေ လေးစားမှု ရှိမှာပေါ့။ ငါ့ဘဝ အကောင်းအဆိုးကို ဘယ်သူမှ လာပြောစရာ မလိုဘူး။ မောင်နှမတွေကြား သံယောဇဉ်ပြတ်အောင် မလုပ်နဲ့”
ရုတ်တရက် အမေက အစ်မကို ထရိုက်ပြီး ဝယ်လာတဲ့ သစ်သီးတွေ လွှင့်ပစ်လိုက်ရင်း“နင့်မျက်နှာ ငါ မမြင်ချင်ဘူး – မာလာ”လို့ ပြောခဲ့သည်။ စိတ်ဓာတ်ပြင်းသော အစ်မကလည်း ဘာစကားမှ ဆက်မပြောပဲ ချက်ချင်း ထပြန်သွားတော့တယ်။

သူ့ကိုအရင်တစ်ခါပြောဆိုခဲ့တာတောင် နေခြည့်နောက်မလှမ်းမကမ်း နေရာမှာ လိုက်ပါတုန်းပဲ။ ရုံးဆင်းချိန်ဆို – တံခါးပေါက် မယောင်မလည် ရောက်လာတတ်သော သူ့ကို သူငယ်ချင်းတွေကဝိုင်းပြီး“နေခြည်ရေ-နင့် ကိုယ်ရံတော် အချိန်မှန်လာစောင့်နေပါလား”တဲ့။
သူ့ရဲ့မျက်ဝန်းတွေက ရိုးသားပြီး ချစ်တတ်တဲ့လူလို့ ပြောကြပေမယ့် နေခြည်ကတော့ မျက်လုံးချင်း မဆုံမိအောင် နေခဲ့တယ်။ သူ့ကိုမြင်ရင် မျက် နှာလွှဲတတ်သောသူမရဲ့စိတ်ထဲမှာဘယ်လိုစိတ်သဘောထားရှိတယ်ဆိုတာ
နားလည်ဖို့ ခက်ခဲလိုက်တာ။
နေ့၊လ၊ရက်တွေပြောင်းသွားတာတောင် သူကတော့နေခြည်အိမ်ပြန် တဲ့အထိ ပါလာစမြဲ။ ခုတလော – ကံပဲ ဆိုးနေတာလားမသိ။ ရုံးဆင်းတော့ သူငယ်ချင်းတွေနဲ့ မှတ်တိုင်မှာ ရပ်နေခိုက် ဟိုဘက်လမ်းမကြီးနံဘေး ကား

ပေါ်က ဆင်းလာသော ဖေဖေနှင့် ဒေါ်မာလာကို အဝေးက လှမ်းမြင်လိုက်
တာ။
နေခြည်တို့သားအမိကိုမေ့ပြီးနောက်မိန်းမနဲ့မျက်နှာကပြုံးပျော်နေလို့ ပါလား။ မုန်းနေပါတယ်ဆိုတဲ့ဖေဖေနဲ့ထိုမိန်းမကိုဘာကြောင့်များတိုက်ဆိုင် စွာတွေ့နေရတာလဲ။ ဒေါ်မာလာ့မျက်နှာကမာယာများနဲ့ မောက်မာဟန်ရှိပြီး
ယောက်ျားတွေကိုလှည့်စားနိုင်တဲ့ရုပ်မျိုးပဲ။
ပလက်ဖောင်းအစပ်မှာ ရပ်နေသောနေခြည်ကို မမြင်သော ဖေဖေက တော့ ခဏကြာ – ဒေါ်မာလာနဲ့ အတူတွဲလာပြီး ကားမောင်းထွက်သွားတာ ကြည့်ရင်းရင်ထဲဒေါသတွေမျိုသိပ်ထားရတယ်။ အိမ်ပြန်လမ်းမှာစိတ်တွေ
ရှုပ်နေတာကြောင့် သူငယ်ချင်းစကားပြောတာကိုမကြားနိုင်တော့ပါ။ မှတ်တိုင်ဆင်းတော့ – စိတ်နဲ့ကိုယ် မကပ်နိုင်အောင် ကားဟွန်းသံကို သတိမထားမိဘဲ လမ်းကွေ့ထဲ ဖြတ်လျှောက်လိုက်သည့်အခိုက်အတန့်မှာ ခန္ဓာကိုယ် တစ်စုံတစ်ရာနှင့် ပြင်းထန်စွာတိုက်မိပြီး တွန်းထုတ်ခံလိုက်ရ တယ်။
ကတ္တရာလမ်းအစပ်မှာလဲပြိုကျသွားတုန်းကားဘရိတ်အုပ်သံနှင့်အတူ
တိုက်မိလို့ အော်ဟစ်သံကြား တစ်စုံတစ်ယောက်သွေးစက်တွေလိမ့်လျက် ထိတ်လန့်ချောက်ချား နာကျင်မှုများကြား အားယူထကြည့်တော့ နေခြည် အမြဲတွေ့ရတဲ့သူပါလား။
လမ်းမပေါ်ခွေလဲကျနေသည့် သူ့ဆီ ရွေ့သွားမိပြီး သွေးတွေ စီးကျနေ သောသူ့လက်တွေကိုနေခြည်ယောင်ယမ်းဆုပ်ကိုင်ထားမိသည်။ နေခြည့်
အတွက် သူ့ရဲ့အသက်မနှမြောပဲ ပေးဆပ်အနစ်နာခံဖို့လိုအပ်လား။ နေခြည်ကတော့ပွန်းပဲ့ဒဏ်ရာလေးရပြီး သတိမေ့မြောနေသောသူ့ကို ဆေးရုံပို့လိုက်ကြတယ်။ သူလုပ်တဲ့ ကုမ္ပဏီကနေ အိမ်ဖုန်းနံပါတ်တောင်း ဆက်တော့ မကြာခင်မှာ သူ့အမေရောက်လာခဲ့တယ်။
နံရံမှာမှီလျက်လက်တွေ့အေးစက်တုန်ယင်စွာဖြင့်ထိုင်စောင့်နေသော
နေခြည်ကို သူ့အမေက အပြစ်မပြောတဲ့အပြင် “သားအတွက် မစိုးရိမ်ပါနဲ့

ဘာမှမဖြစ်လောက်ဘူး။ သတိရလာရင်ဖုန်းဆက်လိုက်မယ် – သမီးကြည့်ရ
တာပင်ပန်းနေသလိုပဲ-အိမ်ပြန်နားပါလား”တဲ့။
ညနေခင်းဆီကအဖြစ်အပျက်တွေခဏလေးဆိုပေမယ့်နေခြည်တော့
လန့်ဖျားချင်နေတယ်။ အိမ်ပြန်ရောက်သော်လည်း သူ ဘယ်လိုများနေမှာ ပါလိမ့်။ နာကျင်ခံစားရမှာလား၊ ထိခိုက်မှုတွေကပုံမှန်အတိုင်း သွားလာလှုပ် ရှားနိုင်ပါ့မလား။
ဖေဖေနှင့်ဒေါ်မာလာကိုနေ့ခင်းတုန်းကမြင်လို့ရင်ထဲဒေါသတွေဖြစ်နေ တာတွေ မေ့သွားပြီး သူ့အတွက် စိုးရိမ်ပူပန်စိတ်ကြောင့် တစ်ညလုံး အိပ် မပျော်ခဲ့ပါ။ မနက်ရောက်တော့ သူ့အမေက နေခြည်ဆီကို သူ သတိရလာ ပြီလို့ ဖုန်းဆက်ပြောခဲ့တယ်။

ဆေးရုံသွားကြည့်တော့ခြေထောက်နှင့်လက်တွေမှာကျောက်ပတ်တီး
စည်းထားပြီး မလှုပ်ရှားနိုင်တဲ့သူက နေခြည်ကိုမြင်တော့ ထိခိုက်သွားသေး လားတဲ့။ သူ့ဒဏ်ရာအခြေအနေကိုနေခြည်ရုံးဆင်းချိန်ဆိုအမြဲလိုသွားကြည့် ဖြစ်တယ်။
နံဘေးတွင် သူရှိနေသည့်နေ့ရက်တွေ ကြာလာတော့ ခင်မင်ရင်းနှီးမှု သံယောဇဉ်ထက်ပိုပြီး နှလုံးသားထဲက ရင်ခုန်သံတွေနှင့်အတူ သူ့ကို ချစ်တယ်ဆိုတဲ့အကြောင်း သိအောင်ဖွင့်ပြောလိုက်မိတယ်။
“နေခြည့်ကို ကျွန်တော် စတွေ့မြင်ကတည်းက ရင်ထဲ သဘောကျချစ် နေခဲ့တာကြာပြီ။ ဘယ်အချိန်ပဲ ဖြစ်ပါစေ၊ နေခြည့်ဆီကအချစ်ကို စောင့် နေခွင့် ရှိတယ်မဟုတ်လား”
သူ့ရဲ့ပြုံးရိပ်သမ်းနေသည့်မျက်ဝန်းကို ကြည့်လိုက်ရုံဖြင့် နေခြည်ပေါ် ထားရှိတဲ့အချစ်တွေကို သိမြင်ခံစားလို့ရတယ်။ ကြိုမမြင်နိုင်တဲ့ ကံတရား တွေကြောင့် ဖေဖေလို ဖောက်ပြန်သွားမလားဆိုတဲ့ သံသယစိတ်နဲ့ လူတစ် ယောက်ကို ယုံကြည်စွာ မချစ်ရဲတော့။ နေခြည်တို့ သူငယ်ချင်းအဖြစ်ပဲ ခင်မင်ကြတာပေါ့။
သူငယ်ချင်းဆိုတာ လမ်းမှာဆုံလျှင် ပြုံးပြနှုတ်ဆက်ပြီး အကူအညီလို ရင် လုပ်ပေးတဲ့ ရင်ခုန်သံမပါသည့် ဖြူစင်ခြင်းသက်သက်ပဲ။ ဆေးရုံဆင်း တော့ လမ်းလျှောက်လို့ မရသေးတာမို့ အိမ်မှာနေပေမယ့် နေခြည့်ကို တွေ့ ချင်နေမိတယ်။
ရုံးဆင်းတိုင်းအမြဲတွေ့နေကျသူ့ကိုရက်ပိုင်းလောက်မမြင်ရတော့နေမှ ကောင်းရဲ့လားလို့ စိတ်ထဲတွေးပူပြီး သတိရမိတယ်။ ရက်လတွေကြာတော့ သူ့ရင်ထဲကချစ်ခြင်းကို နေခြည်နှလုံးသား ခံစားချစ်တတ်လာခဲ့ပြီ။

မျှော်လင့်မထားတဲ့နှင်းတွေဝေနေသည့်ဒီဇင်ဘာနံနက်ခင်းရဲ့နေ့တစ်
နေ့မှာနေခြည့်ဆီကအချစ်ကိုရရှိခဲ့တယ်။ ရုံးဆင်းရုံးတက်ချိန်တိုင်းချစ်သူကို စောင့်ကြိုခွင့်ရသော ကျွန်တော့်အတွက်တော့ ရင်ခုန်စရာ နေ့ရက်တွေပဲ။
မောင့်အမေရဲ့ ပြည့်ဝတဲ့စိတ်ရင်းနှင့် နေခြည့်မေမေကလည်း သဘော တူခဲ့တာကြောင့် ပျော်ရွှင်ရမယ်လို့ ယုံကြည်ထားတယ်။ လက်ထပ်ဖို့ ရည် ရွယ်ပြီးချစ်တယ်ဆိုသောမောင်ဟာ သူ့မိသားစုအကြောင်းနေခြည်ကိုပြော
ပြခဲ့တယ်။
အစ်မတစ်ယောက်ရှိပေမယ့် အိမ်ထောင်ရှိသောလူနဲ့ ယူသွားတာ ကြောင့်စကားမပြောတဲ့မောင့်စိတ်ကိုနားလည်တယ်။ ဘာဖြစ်လို့လည်းဆို တော့ နေခြည့်အဖေတောင် နောက်အိမ်ထောင်သစ် ထူသွားလို့ စိတ်နာပြီး မခေါ်ပဲနေလာကြတယ်မဟုတ်လား။
ကောင်းကင်လို ကြည်လင်ရှင်းနေခဲ့သည့် ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂတ်ဘဝထဲ ဆိုးရွားလှသော အကျိုးဆက်ကိုဖန်တီးသူကတော့ မမနဲ့ သူ့ယောက်ျားဦးရဲထွန်းပဲပေါ့။ နေခြည်နဲ့ ချစ်သူတွေဆိုတာသိတဲ့အစ်မဟာ အိမ်ကိုရောက်လာခဲ့တယ်။
လောကကြီးမှာ မပတ်သက်ချင်ဆုံး အစ်မယောက်ျားရဲ့ တစ်ဦးတည်း သောသမီးကကျွန်တော့်ချစ်သူနေခြည်ဖြစ်နေတယ်။ မဖြစ်နိုင်ဘူးပြောရင်း နံရံကို လက်ဖြင့် ထိုးပြီး သွေးထွက်လာတာကိုမြင်တဲ့အစ်မလည်း မျက်ရည် တွေကျပြောခဲ့တယ်။
“အစ်မရဲ့မောင်မှန်းသိရင် သူ့အမေက သဘောတူမှာ မဟုတ်ဘူး။ နေခြည်ကိုယ်တိုင်ကလည်းမောင်လေးကိုဆက်ချစ်နိုင်ပါ့မလား။ လက်ထပ်
ဖို့မစဉ်းစားတော့နဲ့။ ပတ်ဝန်းကျင်မှာလည်းပြောစရာဖြစ်မယ်။မောင်လေးကို ဒီထက်ပိုမခံစားစေချင်လို့ လမ်းခွဲလိုက်ပါလား”
“ဆက်မပြောတော့နဲ့။ ကျွန်တော့်ရင်ကို ကြေမွအောင်ခွဲပြီး နင်းချေပစ် လိုက်ပြီလား။ အစ်မဘဝအတွက် နောက်ထပ် ဘာတွေပေးဆပ်ရဦးမှာလဲ။

နေခြည့်ကိုကျွန်တော့်အသက်ထက်ပိုချစ်ခဲ့တာ။ အရူးတစ်ယောက်လိုခံစား နေရတာကိုအစ်မမြင်ရင်စိတ်ချမ်းသာနိုင်တယ်ပေါ့။ သေတဲ့အထိအစ်မကို
ကျွန်တော်မတွေ့ချင်ဘူး”
နေခြည်နဲ့
ကျွန်တော့်ကြားရှေ့ဆက်အချစ်ဆိုတာမရှိပဲဝေးကြရတော့
မယ်။ ချစ်သူကိုတွေ့ရဖို့ ကျွန်တော့်မှာ သတ္တိမရှိတာကြောင့် မတွေ့မိအောင် ကြိုးစားရင် အလွမ်းတွေနဲ့ ကုန်ဆုံးခဲ့တယ်။
မောင်တစ်ယောက်နေခြည့်ဆီကိုဖုန်းလည်းမဆက်၊ ရုံးဆင်းရင် အရင်
လိုလာမစောင့်တာကြာပြီ။ ကမ္ဘာကြီးကကျဉ်းမြောင်းလွန်းအောင်မမြင်ချင် ဆုံးသောဖေဖေနဲ့သူ့မိန်းမတို့တစ်နေ့ အိမ်ရောက်လာတာကိုမေမေဒေါသ တကြီးထပြောလိုက်သည်။
“အရှက်မရှိ ဖောက်ပြန်ပြီး ဘယ်လိုမျက်နှာနဲ့ လာကြတာလဲ။ နင်နဲ့ငါ ကွာရှင်းပြီးသား သူစိမ်းတွေပဲ။ နင်တို့နှစ်ယောက်စလုံး ငါ့မျက်စိရှေ့ကနေ ထွက်သွား”
“စိတ်အေးအေးထားပါ – ခင်လေးရယ်။ ငါ – ဒီနေ့လာတာ သမီးဆန္ဒကို လာမေးတာပါ။ မောင်နေပိုင်က မာလာ့မောင်ဆိုတော့ သူတို့နှစ်ယောက် ဘယ်လိုလုပ်ရင်ကောင်းမလဲတိုင်ပင်ချင်လို့”
ရှုပ်ထွေးပြီးလက်ခံလို့မရသောစကားကိုကြားလိုက်တော့ဝမ်းနည်းမှုနဲ့
မျက်ရည်တွေ ကျလာခဲ့တယ်။ ဒါဆို – မောင်က သူ့အစ်မကိစ္စ သိသွားလို့ နေခြည်ကို ရှောင်နေပြီး လာမတွေ့တာပေါ့။ တိုက်ဆိုင်မှုကြောင့် မဟုတ်ရင် ရေစက်ဆိုးတွေပဲလား။
“မောင်လေး – နာကျင်ခံစားရမှာကို မလိုလားတော့ -နေခြည် ကျေနပ် အောင်ဘာလုပ်ပေးရမလဲ။ ဖြစ်နိုင်ရင်နှစ်ယောက်သားလက်ထပ်ပြီးအဝေး မှာ သွားနေလိုက်ပါလား”
“ငါ့ခင်ပွန်းကိုလည်း မင်းယူခဲ့ပြီးပြီ။ အခု – ငါ့သမီးကို မင်းရဲ့မောင်နဲ့ ပေးစားရဦးမယ်ပေါ့။ နင်တို့ လူမှ ဟုတ်သေးလား။ ငါ့အသက်ရှင်နေသရွေ့ သဘောမတူနိုင်ဘူးဆိုတာ မှတ်ထား”

“ရှင့်ရဲ့အရိပ်ကိုတောင် နေခြည်မမြင်ချင်လောက်အောင် မုန်းနေတာ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ အဖေ့မိန်းမကို သမီး စိတ်ညစ်အောင်လုပ်မှာ။ ပြီးတော့ – ရှင့်ရဲ့မောင် အသည်းကွဲခံစားရတာကို ကိုယ်တိုင်စောင့်ကြည့် လိုက်”
ရင်တွေတုန်ပြီးစကားပြောနေရင်းမျက်လုံးထဲဝိုးတဝါးနဲ့မောပန်းလဲကျ သွားခဲ့တယ်။မောင့်အပေါ်ထားရှိတဲ့နေခြည်အချစ်တွေကဒေါ်မာလာကြောင့်
ရင်ထဲ အမုန်း ဖြစ်လာမိတယ်။ တည်ငြိမ်နေသောကန်ရေပြင်ကို ငေးကြည့် ရင်း စကားမပြောဘဲ ထိုင်နေသော ချစ်သူမျက်နှာ အရင်လို အပြုံးတွေ မရှိ တော့ပေ။
လမ်းခွဲပြီး နေခြည်နဲ့ မမြင်ကွယ်ရာ အဝေးဆုံးမှာ သွားနေပေးပါ။ ကျွန် တော့်နှလုံးသား နာကျင်ခံစားမှုကို ချစ်သူမသိနိုင်တာလား။ တစ်သက်တာ ဝေးရမယ်ဆိုရင်ကောင်းတဲ့အမှတ်တရတွေနဲ့ ရင်ထဲရှိစေချင်ပါတယ်။
ကျွန်တော် အလုပ်ကထွက်ပြီး ချစ်သူနှင့်ဝေးရာ တောင်ပေါ်မြို့လေးမှာ သွားနေပေမယ့် နေ့တိုင်း သတိရလွမ်းလျက်။ အစ်မနဲ့ မတွေ့ချင်လို့ ပြန် မလာချင်သော်လည်း အမေနေမကောင်းတာကြောင့် အိမ်ပြန်တဲ့လမ်းခရီး မှာကားမှောက်သွားခဲ့တယ်။

သေခြင်းတရားကိုခုချိန်မှာကျွန်တော်ဟာရင်ဆိုင်ရုန်းကန်နေရတယ်။ ချစ်သူ့မျက်နှာကို နောက်ထပ်မြင်ချင်ပြီးစကားတွေလည်းအများကြီးပြော စရာရှိသေးတယ်။ကြောက်လန့်ဖွယ်အမှောင်ကမ္ဘာထဲမှာတစ်ယောက်တည်း မောပန်းစွာ ကူးခတ်ရင်း အသက်ရှင်ဖို့ ကြိုးစားခဲ့ရတယ်။
ကျွန်တော့်အပေါ်မုန်းနေတဲ့ချစ်သူနဲ့ဒီဘဝမှာ ဆုံစည်းခွင့်မရနိုင်တော့။ တကယ်လို့များ သေသွားခဲ့ရင် လိပ်ပြာလေးအဖြစ် အနားမှာ အမြဲနေချင်

တယ်လို့တွေးတောလျက်။
ပိတ်ထားသည့်မျက်ခွံတွေတဖန်ပြန်လည်၍ဖွင့်
မရတော့။ အလင်းရောင်နည်းနည်းမှာမမြင်ရဘဲ မှောင်မိုက်သွားခဲ့တယ်။

အိပ်ပျော်နေသည့်မောင်ထပ်မနိုးလာဘဲနှလုံးခုန်သံတွေရပ်တန့်သွား
တာကို ငေးကြည့်ရင်း မငိုအောင် စိတ်တင်းထားပေမယ့် မျက်ရည်ကျလာမိ တယ်။ အချိန်တွေမြန်ဆန်လိုက်တာ။ မောင်ဆုံးပြီး သိပ်မကြာခင် ခြံထဲစိုက် ထားသောနှင်းဆီပင်မှာ အဝါရောင်လိပ်ပြာလေးတစ်ကောင် နေခြည့်ပခုံး ပေါ်လာနားတော့ ဘာကြောင့်မှန်းမသိ စိတ်ထဲဝမ်းနည်းသလိုခံစားရတယ်။
ထူးဆန်းတာက တခြားနေရာ ပျံမသွားဘဲ ခြံထဲပန်းပင်မှာ အမြဲနားနေ သော လိပ်ပြာလေး ဘယ်ကလာတာပါလိမ့်။ နေခြည်လည်း မတွေးတတ် သလို ဘယ်သူ့မှလည်း သိနိုင်မယ်လို့မထင်ဘူး။ တစ်နေ့နေ့မှာတော့ လိပ် ပြာလေး ပျောက်ကွယ်သွားရင် ရင်ထဲ စိတ်မကောင်းဖြစ်ကျန်ခဲ့မှာ သေချာတယ်။
ဒါပေမဲ့ – ဘယ်အရာကိုမှ ဘယ်သူမှ တားဆီးမရသောကံတရားတွေ ပါပဲ။ နေပိုင်ကိုကောင်းသောဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

Zawgyi Version

ခ်စ္သူ႔က်ိန္စာ(စ/ဆုံး)
——————————
ေမာင္ ကားေမွာက္လို႔ ဒီျပန္ေခၚလာၿပီး ေဆး႐ုံ တင္ထားရေတာ့ေနျခည္လိုက္သြားရင္
သူ႔အတြက္
ေမွ်ာ္လင့္ခ်က္ရွိတယ္တဲ့။ ေနျခည္တို႔ႏွစ္ေယာက္ ေတြ႕ဆုံခဲ့ရေသာ ဆိုး႐ြားတဲ့ကံၾကမၼာေရစက္ဆိုး ေတြလား၊ ေမာင့္ဆီ မသြားႏိုင္ေပမဲ့ စိုးရိမ္ပူပန္စိတ္ ေတြအၿမဲရွိေနမွာပါ။
ေနျခည္နဲ႔ေမာင္ … … … ေပါင္းဖက္လို႔ မရတဲ့ . အေၾကာင္းေတြကမိသားစုကိုၿပိဳကြဲေအာင္လုပ္ၿပီး ေဖေဖနဲ႔ယူခဲ့ေသာေဒၚမာလာရဲ႕ေမာင္ႏွမေတာ္စပ္မႈ ဒီတစ္သက္ေျပာင္းလဲလို႔ မရတဲ့အရာပဲ။ နာၾကည္း ျခင္းအျဖစ္အပ်က္ေတြ ေမ့ႏိုင္ၿပီဆိုရင္ ေမာင္တို႔ ျပန္ဆုံခြင့္ရွိမယ္ မဟုတ္လားတဲ့။

ေမာင္ေခၚတဲ့ေနာက္ကိုလိုက္ခဲ့ရင္ေနျခည္မုန္းေသာေဒၚမာလာနဲ႔
အမ်ိဳးေတာ္ရၿပီးေမေမလည္းတစ္သက္လုံးစိတ္ခ်မ္းသာမွာမဟုတ္ဘူး။ အခ်စ္နဲ႔အမုန္းေတြကေန ေနျခည္ဆီ ဘာလို႔မ်ား တစ္ၿပိဳင္နက္တည္း
ေရာက္လာတာလဲ။
ဝမ္းနည္းငိုခ်င္စိတ္ကို ရင္ထဲမွာ သိမ္းထားၿပီး တိတ္ဆိတ္ေသာ အခန္းတြင္စာတိုက္ကေနျခည္ပို႔ခဲ့ေသာေမာင့္စာကိုနာရီေပါင္းမ်ားစြာ ျပန္ဖတ္လိုက္သည္။ ေနျခည့္ကိုျမင္ရင္ ေမာင့္စိတ္ေတြ မထိန္းႏိုင္ပဲ ႐ူး သြားမလားလို႔ ထင္မိတယ္။ ေမာင္နဲ႔ အေဝးဆုံးမွာ ေနခ်င္တယ္ဆိုတဲ့ အတြက္ အေဝးကို ထြက္သြားခဲ့ၿပီး ေက်နပ္ပါေတာ့ေနာ္။ ေနျခည္ – ေမာင့္ကို မေမ့ဘူးဆိုရင္ေပ်ာ္ေနမွာပါ။
ေဖာက္ျပန္ခဲ့ေသာ ေဖေဖ့ရဲ႕အက်ိဳးဆက္ေတြေၾကာင့္ သမီးႏွလုံး သားေတြနာက်င္ဝမ္းနည္းခဲ့ရၿပီ။ေနၾကည့္ရင္ထဲဘယ္ေလာက္ပဲနာက်င္
ေနပါေစ၊ ေအးခ်မ္းေသာဘဝေလး စိတ္ဆင္းရဲေအာင္လုပ္ခဲ့ေသာ ေဒၚမာလာကိုေသတဲ့အထိ ခြင့္မလႊတ္ႏိုင္ပဲ မုန္းေနဦးမွာ။ “သမီး-ဧည့္သည္ေရာက္ေနတယ္”
ေနျခည္-အျပင္ထြက္ၾကည့္လိုက္ေတာ့တစ္ခ်ိန္ကေဖေဖကိုရၿပီ
ဆိုတဲ့မ်က္ႏွာနဲ႔ ေမာ္ႂကြားၿပဳံးခဲ့ေသာ မ်က္ဝန္းတစ္စုံက မ်က္ရည္ေတြ
ျပည့္လ်က္ ျမင္ေနရတယ္။
တစ္ခဏတာ အေပ်ာ္မဟုတ္ဘဲ တစ္ဘဝလုံး ပိုင္ဆိုင္ခဲ့ေသာ ေဒၚမာလာကိုျမင္လိုက္ေတာ့ေနျခည္ရင္ထဲေဒါသေတြပူေလာင္လ်က္
တစ္ကိုယ္လုံးတုန္လာသည္။ေသသည့္အထိမေမ့ႏိုင္ေသာနာက်င္မႈပဲ
စကားမေျပာခ်င္လို႔ ေနျခည္အခန္းထဲ ျပန္ဝင္သြားတာကို လက္လွမ္း ဆြဲၿပီးေျပာခဲ့သည္။
“တို႔ေမာင္ေလးအတြက္ မင္းအေဖကို ကြာရွင္းလိုက္ၿပီ။ တို႔အမွား ေတြအတြက္ တစ္သက္လုံး ေနာင္တရေနမွာပါ။ ေမာင္ေလးက မင္းကို

တမ္းတေနတယ္။ အေသေျဖာင့္ပါေစလား။ မင္းကို မျမင္ရမခ်င္း ေနာက္ ဆုံးအခ်ိန္ ပင္ပန္းတႀကီးေစာင့္ေနရမွာတို႔လည္းစိတ္ဆင္းရဲေနပါၿပီ”
ေနျခည္တို႔သားအမိရင္ေတြ ဘယ္ေလာက္နာက်င္ခံစားရမလဲဆိုတာ
ကိုကိုယ္ခ်င္းမစာတတ္ေသာေဒၚမာလာသူ႔ေမာင္အတြက္ေသာကေရာက္ ေနၿပီေပါ့။စိတ္တိုလာၿပီးမ်က္လုံးထဲဘာမွမျမင္ေတာ့ဘဲဆြဲထားေသာလက္
ကိုတြန္းပစ္လိုက္တယ္။
“သမီး- လူႀကီးကို မ႐ိုင္းနဲ႔။ ဒီေလာက္ေတာင္းပန္ေနတဲ့လူရဲ႕ဆႏၵကို လိုက္ေလ်ာေပးပါ။ ေဖေဖ့အေပၚစိတ္နာတာမွန္ေပမယ့္ ေနပိုင္က သမီး ခ်စ္ခဲ့ဖူးတဲ့လူ မဟုတ္လား”
သမီးတို႔သားအမိေတြရင္ထဲ နာက်င္ခံစားရတာကို လွည့္မၾကည့္ဘဲ ေဖေဖခ်စ္တဲ့မိန္းမေဒၚမာလာဝမ္းနည္းေနတာကိုမျမင္ရက္ဘူးေပါ့။တကယ္ လို႔မ်ား ေနျခည့္ကို မေတြ႕လိုက္ပဲ ေမာင္ေသသြားခဲ့ရင္ ရင္နာမဆုံး ျဖစ္ရမွာ
လား။
ေမာင္ကိုျမင္ရင္ ေဒၚမာလာမ်က္ႏွာ ျမင္ေယာင္လာၿပီး အမုန္းေတြ ပိုမိ မွာစိုးတယ္။ ေဖေဖတို႔ရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေၾကာင့္ ေနျခည္တို႔ ႏွစ္ေယာက္ ခ်စ္လ်က္နဲ႔ ေဝးကြာၿပီး ေနာက္ဆုံးေသကြဲခြဲရေတာ့မယ္။ “ေမေမကေတာ့ – အဲဒီ့မိန္းမဆီမွာ အရင္ဘဝ ေႂကြးေဟာင္းရွိခဲ့လို႔ သေဘာထားတယ္။ သမီး- ေတြေဝမေနနဲ႔။ ေနပိုင္မွာအျပစ္မရွိဘူး။ ၿပီးခဲ့တာ ေတြၿပီးပါေစေတာ့ – သြားေတြ႕လိုက္ပါ”
ေဆး႐ုံေရာက္ေတာ့ေနျခည္ကိုေစာင့္ေနသည့္ေမာင္ကေဆးရည္ပိုက္
ေတြႏွာေခါင္းပိုက္ႀကိဳးသြယ္တန္းထားတဲ့ၾကားမွာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေန သလိုပဲ ေမာင္မ်က္ႏွာ ျဖဴစင္သန႔္စင္းမႈေတြမရွိဘဲ မ်က္ကြင္းက်ၿပီး ေခါင္းမွ ပတ္တီးစည္းလ်က္။
စက္အကူအညီျဖင့္ အသက္ဆက္ရေသာ ေမာင့္ႏွလုံးခုန္သံေတြ ျမန္ ဆန္မႈမရွိတာျမင္ရေတာ့ ေနျခည္ က်ိန္စာ တကယ္ျဖစ္လာၿပီေပါ့။ မိသားစု ၿပိဳကြဲၿပီး စိတ္ဆင္းရဲေအာင္လုပ္ခဲ့ေသာေဒၚမာလာကို သူခ်စ္ေသာ ေမာင္

ထာဝရဆုံးရႈံးပါေစလို႔က်ိန္ခဲ့မိတယ္။ ခုတင္ေဘးမွငိုေနေသာေမာင့္အေမက ေနျခည့္လက္ကိုကိုင္ၿပီး ေျပာလိုက္တယ္။
“သမီးတို႔သားအမိေတြ နာက်င္ခံစားခဲ့ေသာ အန္တီသမီးအမွားေတြ ေၾကာင့္ သား ထိခိုက္ဒဏ္ရာရၿပီး ဝဋ္လည္တာပဲ” ေနျခည္-စိတ္မေကာင္းလို႔အမုန္းေတြေမ့ထားၿပီးအနားကပ္ေမာင့္ကို သူေတြ႕ခ်င္ေသာခ်စ္သူအသံကိုစိတ္ထဲၾကားရေတာ့မ်က္
ေခၚလိုက္မိတယ္။
လုံးေတြကို အားယူဖြင့္ၾကည့္လိုက္တယ္။ သတိရလာၿပီး ေငးစိုက္ေျပာေန ေသာ ေမာင့္မ်က္ဝန္းက အခ်စ္ေတြကို ေနျခည္ မသိခ်င္ေယာင္ေဆာင္ခဲ့မိ တယ္။
“အစ္မနဲ႔ပတ္သက္ၿပီး ေမာင့္ကို မုန္းခဲ့တာေတြရွိရင္ ဒီဘဝမွာပဲေက်ပါ ေစ။ေနျခည့္ကိုတစ္ရက္မွမေမ့ပါဘူး။ ေမာင္ေသဆုံးသြားလည္းေနျခည္ကို ခ်စ္တဲ့အခ်စ္ေတြအၿမဲရွင္သန္ေနမွာပါ။ ေနာင္ဘဝမွဆုံႏိုင္မယ္ဆိုရင္ေနာင္ ဘဝထိေစာင့္ပါ့မယ္”
ရက္စက္တယ္လို႔မထင္ပါနဲ႔ – ေမာင္ရယ္။ ေနျခည္ကိုစိတ္ရင္းနဲ႔ခ်စ္တာ သိေသာ္လည္းရင္ထဲအမုန္းဒဏ္ရာေတြမေပ်ာက္သေ႐ြ႕ဘယ္ဘဝေရာက္ ေနပါေစ၊ မဆုံခ်င္ဘူး။ သူ- မ်က္လုံးေတြ ဝါးလာၿပီး စကားေတြ ေျပာခ်င္ေပ မယ့္ အသက္ရႉရတာ ပင္ပန္းလာတယ္။
သတိမလြတ္ေအာင္ ထိန္းထားေသာေမာင့္ကို ခဏနားပါဦး- ေနျခည္ မျပန္ေသးဘူးလို႔ ေျပာလိုက္ေတာ့မွ အိပ္ေပ်ာ္သြားခဲ့ေသာေမာင္ တစ္ဖန္ ျပန္လည္ႏိုးလာႏိုင္ပါ့မလား။ တစ္ခ်ိန္က ေနျခည္တို႔ႏွစ္ေယာက္ရဲ႕ ပုံရိပ္ ေဟာင္းေလးဆီသို႔ တမ္းတလ်က္…။

“ကိုကို-မာလာကိုခ်စ္တယ္။ သူ႔ဘဝကိုလည္းတာဝန္ယူေစာင့္ေရွာက္ မယ္လို႔ကတိေပးထားၿပီ။ခြင့္လႊတ္ပါ – ခင္ေလးရယ္။ကိုယ္တို႔ကြဲသြားေပမယ့္ သမီးကိုေတာ့ ျပန္ၾကည့္မွာပါ”
တျခားမိန္းမကိုခ်စ္တယ္ဆိုတဲ့စကားေဖေဖမို႔ေနျခည္တို႔သားအမိေရွ႕ မွာ ေျပာထြက္ရက္ၿပီး ရက္စက္ေသာစကားလုံးေတြနဲ႔ ရင္ကို မေမ့ေပ်ာက္ ႏိုင္ေသာ စူးခ်က္သြင္းလိုက္သလိုပဲ။ ႏွစ္ေပါင္းမ်ားစြာ ေပါင္းသင္းလာတဲ့ ေမေမ ခံစားခ်က္မ်က္ရည္ေတြက ေဖေဖ့အတြက္ အေရးမပါေတာ့တာလား။ ေဒၚမာလာနဲ႔ ယူသြားေသာအေဖေၾကာင့္ ေမေမ အထီးက်န္ခဲ့ရၿပီး ေနျခည္လည္းသူငယ္ခ်င္းေတြၾကားမွာမ်က္ႏွာငယ္ရတယ္။ အရင္ကေပ်ာ္ စရာေကာင္းတဲ့အိမ္ေလးရယ္ေမာသံေတြေပ်ာက္ဆုံးကုန္ၿပီ။ တစ္ခါတေလ အိမ္လာခဲ့ရင္ ေနျခည္သုံးဖို႔ပိုက္ဆံေပးေသာအေဖကို ၾကာလာေတာ့ စိတ္ နာတာေၾကာင့္ ေျပာလိုက္မိတယ္။
“ေမေမ့အေပၚအားနာတဲ့စိတ္ေလးရွိရင္ေနာက္ထပ္အိမ္ကိုမလာပါနဲ႔။ သမီးကို လမ္းေတြ႕ခဲ့ရင္ သူစိမ္းလိုသေဘာထားၿပီး မသိခ်င္ေယာင္ ေဆာင္ ေပးပါ။ အေဖ့ဆီကပိုက္ဆံနဲ႔ ဘာအကူအညီကိုမွ မလိုခ်င္ဘူး”
ေနျခည္ – ကုမၸဏီအလုပ္ဝင္ၿပီး သားအမိႏွစ္ေယာက္တည္း ပတ္ဝန္း က်င္သစ္မွာ အေဖ့ကိုလည္း အဆက္အသြယ္မလုပ္ခဲ့ဘူး။ ခ်စ္လို႔ ယူခဲ့ၾက ေသာေမေမတို႔အိမ္ေထာင္ေရး မတည္ၿမဲတာကိုၾကည့္ၿပီး သစၥာမရွိ ေဖာက္ ျပန္တတ္တဲ့လူကိုေတြ႕မွာ ေၾကာက္မိတယ္။
တစ္ခ်ိန္ခ်ိန္မွာ အခ်စ္ဆိုတာကို ႀကဳံရဦးမယ္ဆိုတဲ့စကားအတိုင္း ေနျခည့္ႏွလုံးသားထဲတစ္ေယာက္ေသာသူႏွင့္ေတြ႕ဆုံခဲ့ရတယ္။ ႐ုံးသြား႐ုံး ျပန္ခ်ိန္ေတြ သိပ္မလွမ္းကြာသည့္ တစ္ေနရာမဟုတ္ တစ္ေနရာမွာ ေရာက္ ရွိလာၿပီးေနျခည္ကိုေတြ႕ရင္ၿပဳံးၾကည့္ေနတတ္ေသာသူ႔ကိုအၿမဲလိုေတြ႕ျမင္
လာမိတယ္။
သူကဘာစကားမွမေျပာ၊အနားမကပ္ရဲေသာ္လည္းေနျခည့္အတြက္
ေတာ့ စိတ္အေႏွာင့္အယွက္တစ္ခုပဲ။ အခ်ိန္ၾကာလာေတာ့ – သူ ဒီထက္ ပိုနီးစပ္ေအာင္ မလုပ္ခဲ့သည္မို႔ စိတ္သက္သာႏွင့္ ေမ့ထားမည္ဟု ႀကံစည္ သည့္တစ္ေန႔…

႐ုံးဆင္းေတာ့ – အေမ့အတြက္ မုန႔္ဝင္ဝယ္ေနခိုက္ ဘယ္အခ်ိန္ေရာက္
ေနမွန္းမသိ၊ အၿမဲေတြ႕ရေသာသူကေနျခည့္ကိုခုမွျပန္ရတာလားတဲ့။ သူ႔ကို “မိန္းကေလးတစ္ေယာက္ကို တမင္သက္သက္ ေႏွာင့္ယွက္ေနတာလား။ ဘယ္လိုလူလဲမသိဘူး။ ေနာက္တစ္ခါလိုက္လာရင္ ေနျခည့္ကိုအဆိုးမဆို နဲ႔”လို႔ ေျပာၿပီးထြက္သြားခဲ့တယ္။
ကိုယ့္ကို အေရးမစိုက္ခ်င္သည့္မိန္းကေလး၏အရိပ္ကို ျမင္႐ုံျဖင့္ သူ႔ ရင္ေတြ ခုန္ေနၿပီ။ အခ်ိန္တိုင္း ျမင္ေတြ႕ခ်င္တဲ့ ရင္ထဲကခံစားခ်က္ကို ထိန္း ခ်ဳပ္လို႔မရပါ။ သူ႔ကိုေတြ႕တိုင္း ရန္သူလို သေဘာထားေနေတာ့ ေရွ႕ဆက္ဖို႔ အခြင့္အေရး ရွိပါ့မလား။
ေျပာခြင့္ႀကဳံမယ့္တစ္ခ်ိန္က်ရင္ ေနျခည္ကို သူ ခ်စ္တယ္ဆိုတဲ့ အေၾကာင္းေျပာခ်င္ေသးတယ္။ အိမ္ျပန္လာေတာ့ၿခံေရွ႕ရပ္ထားတဲ့ကားထဲ မွာ ထိုင္ေစာင့္ေသာ ထိုလူကိုျမင္တာေၾကာင့္ သူ မေတြ႕ခ်င္ေသာ အစ္မ ေရာက္ေနၿပီဆိုတာ သိလိုက္တယ္။
ျပန္လွည့္ထြက္သြားရေကာင္းမလား။ အစ္မကို -ၿပီးေတာ့ – မိသားစု ရွိလ်က္ ေဖာက္ျပန္ခဲ့သည့္ ထိုလူႏွစ္ေယာက္စလုံး စကားမေျပာဘဲ အိမ္ ေတာင္မလာနဲ႔လို႔ ေျပာခဲ့သည့္အစ္မကိုျမင္ရင္ သူ႔ေဒါသထြက္ၿပီး ျပႆနာ မျဖစ္ခ်င္တာေၾကာင့္ တံခါးဝမွာ ရပ္ေနေသာ္လည္း အေမ့အသံ အျပင္က ၾကားေနရတယ္။
“သူ႔အမွားကိုသိလို႔ပိုေတာင္ပိုက္ဆံေထာက္ပံ့ျဖည့္ဆည္းေပးေနတာ
ပဲ။ သူတို႔ရဲ႕အခြင့္အေရး ဘာမွမဆုံးရႈံးပါဘူး”
အေမ-ဘယ္လိုပဲေျပာေနပါေစ-အစ္မကေတာ့စကားနားမေထာင္ခဲ့ ပါ။ စိန္နားကပ္ တဖ်တ္ဖ်တ္ဝတ္ထားေသာ အစ္မဟာ အေကာင္းႀကိဳက္ၿပီး အဆင့္အတန္းျမင့္နဲ႔ေနခ်င္ေတာ့ပိုက္ဆံခ်မ္းသာေသာ္လည္းအိမ္ေထာင္ရွိ
တဲ့လူႏွင့္ လက္မွတ္ထိုးယူခဲ့ၾကတယ္။
အဲဒီလူသားသမီးေတြ ဘယ္လိုခံစားရမလဲဆိုတာကို ထည့္မစဥ္းစား ေပးေသာ အစ္မရဲ႕ တဇြတ္ထိုးစိတ္ဓာတ္ ေၾကာက္စရာေကာင္းလွတယ္။

ကိုယ့္ေကာင္းစားေရးအတြက္ ကိုယ္က်င့္တရားဆိုတာကို အေလးမထား သည့္အစ္မနဲ႔ထိုလူ႔မ်က္ႏွာကိုထပ္မျမင္ခ်င္ေတာ့ အိမ္ထဲဝင္ၿပီးေျပာလိုက္
တယ္။
“ဒီကိုဘာလာလုပ္တာလဲ။အရွက္မရွိတဲ့အစ္မေယာက္်ားကိုေခၚၿပီးျပန္
ေတာ့။ ၾကာရင္ – ကြၽန္ေတာ္တစ္ခုလုပ္မိလိမ့္မယ္”
“နင္ – သိပ္႐ိုင္းပါလား- ေနပိုင္။ နင့္ထက္ အသက္ႀကီးတဲ့လူကို ႐ိုေသ ေလးစားမႈ ရွိမွာေပါ့။ ငါ့ဘဝ အေကာင္းအဆိုးကို ဘယ္သူမွ လာေျပာစရာ မလိုဘူး။ ေမာင္ႏွမေတြၾကား သံေယာဇဥ္ျပတ္ေအာင္ မလုပ္နဲ႔”
႐ုတ္တရက္ အေမက အစ္မကို ထ႐ိုက္ၿပီး ဝယ္လာတဲ့ သစ္သီးေတြ လႊင့္ပစ္လိုက္ရင္း“နင့္မ်က္ႏွာ ငါ မျမင္ခ်င္ဘူး – မာလာ”လို႔ ေျပာခဲ့သည္။ စိတ္ဓာတ္ျပင္းေသာ အစ္မကလည္း ဘာစကားမွ ဆက္မေျပာပဲ ခ်က္ခ်င္း ထျပန္သြားေတာ့တယ္။

သူ႔ကိုအရင္တစ္ခါေျပာဆိုခဲ့တာေတာင္ ေနျခည့္ေနာက္မလွမ္းမကမ္း ေနရာမွာ လိုက္ပါတုန္းပဲ။ ႐ုံးဆင္းခ်ိန္ဆို – တံခါးေပါက္ မေယာင္မလည္ ေရာက္လာတတ္ေသာ သူ႔ကို သူငယ္ခ်င္းေတြကဝိုင္းၿပီး“ေနျခည္ေရ-နင့္ ကိုယ္ရံေတာ္ အခ်ိန္မွန္လာေစာင့္ေနပါလား”တဲ့။
သူ႔ရဲ႕မ်က္ဝန္းေတြက ႐ိုးသားၿပီး ခ်စ္တတ္တဲ့လူလို႔ ေျပာၾကေပမယ့္ ေနျခည္ကေတာ့ မ်က္လုံးခ်င္း မဆုံမိေအာင္ ေနခဲ့တယ္။ သူ႔ကိုျမင္ရင္ မ်က္ ႏွာလႊဲတတ္ေသာသူမရဲ႕စိတ္ထဲမွာဘယ္လိုစိတ္သေဘာထားရွိတယ္ဆိုတာ
နားလည္ဖို႔ ခက္ခဲလိုက္တာ။
ေန႔၊လ၊ရက္ေတြေျပာင္းသြားတာေတာင္ သူကေတာ့ေနျခည္အိမ္ျပန္ တဲ့အထိ ပါလာစၿမဲ။ ခုတေလာ – ကံပဲ ဆိုးေနတာလားမသိ။ ႐ုံးဆင္းေတာ့ သူငယ္ခ်င္းေတြနဲ႔ မွတ္တိုင္မွာ ရပ္ေနခိုက္ ဟိုဘက္လမ္းမႀကီးနံေဘး ကား

ေပၚက ဆင္းလာေသာ ေဖေဖႏွင့္ ေဒၚမာလာကို အေဝးက လွမ္းျမင္လိုက္
တာ။
ေနျခည္တို႔သားအမိကိုေမ့ၿပီးေနာက္မိန္းမနဲ႔မ်က္ႏွာကၿပဳံးေပ်ာ္ေနလို႔ ပါလား။ မုန္းေနပါတယ္ဆိုတဲ့ေဖေဖနဲ႔ထိုမိန္းမကိုဘာေၾကာင့္မ်ားတိုက္ဆိုင္ စြာေတြ႕ေနရတာလဲ။ ေဒၚမာလာ့မ်က္ႏွာကမာယာမ်ားနဲ႔ ေမာက္မာဟန္ရွိၿပီး
ေယာက္်ားေတြကိုလွည့္စားႏိုင္တဲ့႐ုပ္မ်ိဳးပဲ။
ပလက္ေဖာင္းအစပ္မွာ ရပ္ေနေသာေနျခည္ကို မျမင္ေသာ ေဖေဖက ေတာ့ ခဏၾကာ – ေဒၚမာလာနဲ႔ အတူတြဲလာၿပီး ကားေမာင္းထြက္သြားတာ ၾကည့္ရင္းရင္ထဲေဒါသေတြမ်ိဳသိပ္ထားရတယ္။ အိမ္ျပန္လမ္းမွာစိတ္ေတြ
ရႈပ္ေနတာေၾကာင့္ သူငယ္ခ်င္းစကားေျပာတာကိုမၾကားႏိုင္ေတာ့ပါ။ မွတ္တိုင္ဆင္းေတာ့ – စိတ္နဲ႔ကိုယ္ မကပ္ႏိုင္ေအာင္ ကားဟြန္းသံကို သတိမထားမိဘဲ လမ္းေကြ႕ထဲ ျဖတ္ေလွ်ာက္လိုက္သည့္အခိုက္အတန႔္မွာ ခႏၶာကိုယ္ တစ္စုံတစ္ရာႏွင့္ ျပင္းထန္စြာတိုက္မိၿပီး တြန္းထုတ္ခံလိုက္ရ တယ္။
ကတၱရာလမ္းအစပ္မွာလဲၿပိဳက်သြားတုန္းကားဘရိတ္အုပ္သံႏွင့္အတူ
တိုက္မိလို႔ ေအာ္ဟစ္သံၾကား တစ္စုံတစ္ေယာက္ေသြးစက္ေတြလိမ့္လ်က္ ထိတ္လန႔္ေခ်ာက္ခ်ား နာက်င္မႈမ်ားၾကား အားယူထၾကည့္ေတာ့ ေနျခည္ အၿမဲေတြ႕ရတဲ့သူပါလား။
လမ္းမေပၚေခြလဲက်ေနသည့္ သူ႔ဆီ ေ႐ြ႕သြားမိၿပီး ေသြးေတြ စီးက်ေန ေသာသူ႔လက္ေတြကိုေနျခည္ေယာင္ယမ္းဆုပ္ကိုင္ထားမိသည္။ ေနျခည့္
အတြက္ သူ႔ရဲ႕အသက္မႏွေျမာပဲ ေပးဆပ္အနစ္နာခံဖို႔လိုအပ္လား။ ေနျခည္ကေတာ့ပြန္းပဲ့ဒဏ္ရာေလးရၿပီး သတိေမ့ေျမာေနေသာသူ႔ကို ေဆး႐ုံပို႔လိုက္ၾကတယ္။ သူလုပ္တဲ့ ကုမၸဏီကေန အိမ္ဖုန္းနံပါတ္ေတာင္း ဆက္ေတာ့ မၾကာခင္မွာ သူ႔အေမေရာက္လာခဲ့တယ္။
နံရံမွာမွီလ်က္လက္ေတြ႕ေအးစက္တုန္ယင္စြာျဖင့္ထိုင္ေစာင့္ေနေသာ
ေနျခည္ကို သူ႔အေမက အျပစ္မေျပာတဲ့အျပင္ “သားအတြက္ မစိုးရိမ္ပါနဲ႔

ဘာမွမျဖစ္ေလာက္ဘူး။ သတိရလာရင္ဖုန္းဆက္လိုက္မယ္ – သမီးၾကည့္ရ
တာပင္ပန္းေနသလိုပဲ-အိမ္ျပန္နားပါလား”တဲ့။
ညေနခင္းဆီကအျဖစ္အပ်က္ေတြခဏေလးဆိုေပမယ့္ေနျခည္ေတာ့
လန႔္ဖ်ားခ်င္ေနတယ္။ အိမ္ျပန္ေရာက္ေသာ္လည္း သူ ဘယ္လိုမ်ားေနမွာ ပါလိမ့္။ နာက်င္ခံစားရမွာလား၊ ထိခိုက္မႈေတြကပုံမွန္အတိုင္း သြားလာလႈပ္ ရွားႏိုင္ပါ့မလား။
ေဖေဖႏွင့္ေဒၚမာလာကိုေန႔ခင္းတုန္းကျမင္လို႔ရင္ထဲေဒါသေတြျဖစ္ေန တာေတြ ေမ့သြားၿပီး သူ႔အတြက္ စိုးရိမ္ပူပန္စိတ္ေၾကာင့္ တစ္ညလုံး အိပ္ မေပ်ာ္ခဲ့ပါ။ မနက္ေရာက္ေတာ့ သူ႔အေမက ေနျခည္ဆီကို သူ သတိရလာ ၿပီလို႔ ဖုန္းဆက္ေျပာခဲ့တယ္။

ေဆး႐ုံသြားၾကည့္ေတာ့ေျခေထာက္ႏွင့္လက္ေတြမွာေက်ာက္ပတ္တီး
စည္းထားၿပီး မလႈပ္ရွားႏိုင္တဲ့သူက ေနျခည္ကိုျမင္ေတာ့ ထိခိုက္သြားေသး လားတဲ့။ သူ႔ဒဏ္ရာအေျခအေနကိုေနျခည္႐ုံးဆင္းခ်ိန္ဆိုအၿမဲလိုသြားၾကည့္ ျဖစ္တယ္။
နံေဘးတြင္ သူရွိေနသည့္ေန႔ရက္ေတြ ၾကာလာေတာ့ ခင္မင္ရင္းႏွီးမႈ သံေယာဇဥ္ထက္ပိုၿပီး ႏွလုံးသားထဲက ရင္ခုန္သံေတြႏွင့္အတူ သူ႔ကို ခ်စ္တယ္ဆိုတဲ့အေၾကာင္း သိေအာင္ဖြင့္ေျပာလိုက္မိတယ္။
“ေနျခည့္ကို ကြၽန္ေတာ္ စေတြ႕ျမင္ကတည္းက ရင္ထဲ သေဘာက်ခ်စ္ ေနခဲ့တာၾကာၿပီ။ ဘယ္အခ်ိန္ပဲ ျဖစ္ပါေစ၊ ေနျခည့္ဆီကအခ်စ္ကို ေစာင့္ ေနခြင့္ ရွိတယ္မဟုတ္လား”
သူ႔ရဲ႕ၿပဳံးရိပ္သမ္းေနသည့္မ်က္ဝန္းကို ၾကည့္လိုက္႐ုံျဖင့္ ေနျခည္ေပၚ ထားရွိတဲ့အခ်စ္ေတြကို သိျမင္ခံစားလို႔ရတယ္။ ႀကိဳမျမင္ႏိုင္တဲ့ ကံတရား ေတြေၾကာင့္ ေဖေဖလို ေဖာက္ျပန္သြားမလားဆိုတဲ့ သံသယစိတ္နဲ႔ လူတစ္ ေယာက္ကို ယုံၾကည္စြာ မခ်စ္ရဲေတာ့။ ေနျခည္တို႔ သူငယ္ခ်င္းအျဖစ္ပဲ ခင္မင္ၾကတာေပါ့။
သူငယ္ခ်င္းဆိုတာ လမ္းမွာဆုံလွ်င္ ၿပဳံးျပႏႈတ္ဆက္ၿပီး အကူအညီလို ရင္ လုပ္ေပးတဲ့ ရင္ခုန္သံမပါသည့္ ျဖဴစင္ျခင္းသက္သက္ပဲ။ ေဆး႐ုံဆင္း ေတာ့ လမ္းေလွ်ာက္လို႔ မရေသးတာမို႔ အိမ္မွာေနေပမယ့္ ေနျခည့္ကို ေတြ႕ ခ်င္ေနမိတယ္။
႐ုံးဆင္းတိုင္းအၿမဲေတြ႕ေနက်သူ႔ကိုရက္ပိုင္းေလာက္မျမင္ရေတာ့ေနမွ ေကာင္းရဲ႕လားလို႔ စိတ္ထဲေတြးပူၿပီး သတိရမိတယ္။ ရက္လေတြၾကာေတာ့ သူ႔ရင္ထဲကခ်စ္ျခင္းကို ေနျခည္ႏွလုံးသား ခံစားခ်စ္တတ္လာခဲ့ၿပီ။

ေမွ်ာ္လင့္မထားတဲ့ႏွင္းေတြေဝေနသည့္ဒီဇင္ဘာနံနက္ခင္းရဲ႕ေန႔တစ္
ေန႔မွာေနျခည့္ဆီကအခ်စ္ကိုရရွိခဲ့တယ္။ ႐ုံးဆင္း႐ုံးတက္ခ်ိန္တိုင္းခ်စ္သူကို ေစာင့္ႀကိဳခြင့္ရေသာ ကြၽန္ေတာ့္အတြက္ေတာ့ ရင္ခုန္စရာ ေန႔ရက္ေတြပဲ။
ေမာင့္အေမရဲ႕ ျပည့္ဝတဲ့စိတ္ရင္းႏွင့္ ေနျခည့္ေမေမကလည္း သေဘာ တူခဲ့တာေၾကာင့္ ေပ်ာ္႐ႊင္ရမယ္လို႔ ယုံၾကည္ထားတယ္။ လက္ထပ္ဖို႔ ရည္ ႐ြယ္ၿပီးခ်စ္တယ္ဆိုေသာေမာင္ဟာ သူ႔မိသားစုအေၾကာင္းေနျခည္ကိုေျပာ
ျပခဲ့တယ္။
အစ္မတစ္ေယာက္ရွိေပမယ့္ အိမ္ေထာင္ရွိေသာလူနဲ႔ ယူသြားတာ ေၾကာင့္စကားမေျပာတဲ့ေမာင့္စိတ္ကိုနားလည္တယ္။ ဘာျဖစ္လို႔လည္းဆို ေတာ့ ေနျခည့္အေဖေတာင္ ေနာက္အိမ္ေထာင္သစ္ ထူသြားလို႔ စိတ္နာၿပီး မေခၚပဲေနလာၾကတယ္မဟုတ္လား။
ေကာင္းကင္လို ၾကည္လင္ရွင္းေနခဲ့သည့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ အနာဂတ္ဘဝထဲ ဆိုး႐ြားလွေသာ အက်ိဳးဆက္ကိုဖန္တီးသူကေတာ့ မမနဲ႔ သူ႔ေယာက္်ားဦးရဲထြန္းပဲေပါ့။ ေနျခည္နဲ႔ ခ်စ္သူေတြဆိုတာသိတဲ့အစ္မဟာ အိမ္ကိုေရာက္လာခဲ့တယ္။
ေလာကႀကီးမွာ မပတ္သက္ခ်င္ဆုံး အစ္မေယာက္်ားရဲ႕ တစ္ဦးတည္း ေသာသမီးကကြၽန္ေတာ့္ခ်စ္သူေနျခည္ျဖစ္ေနတယ္။ မျဖစ္ႏိုင္ဘူးေျပာရင္း နံရံကို လက္ျဖင့္ ထိုးၿပီး ေသြးထြက္လာတာကိုျမင္တဲ့အစ္မလည္း မ်က္ရည္ ေတြက်ေျပာခဲ့တယ္။
“အစ္မရဲ႕ေမာင္မွန္းသိရင္ သူ႔အေမက သေဘာတူမွာ မဟုတ္ဘူး။ ေနျခည္ကိုယ္တိုင္ကလည္းေမာင္ေလးကိုဆက္ခ်စ္ႏိုင္ပါ့မလား။ လက္ထပ္
ဖို႔မစဥ္းစားေတာ့နဲ႔။ ပတ္ဝန္းက်င္မွာလည္းေျပာစရာျဖစ္မယ္။ေမာင္ေလးကို ဒီထက္ပိုမခံစားေစခ်င္လို႔ လမ္းခြဲလိုက္ပါလား”
“ဆက္မေျပာေတာ့နဲ႔။ ကြၽန္ေတာ့္ရင္ကို ေၾကမြေအာင္ခြဲၿပီး နင္းေခ်ပစ္ လိုက္ၿပီလား။ အစ္မဘဝအတြက္ ေနာက္ထပ္ ဘာေတြေပးဆပ္ရဦးမွာလဲ။

ေနျခည့္ကိုကြၽန္ေတာ့္အသက္ထက္ပိုခ်စ္ခဲ့တာ။ အ႐ူးတစ္ေယာက္လိုခံစား ေနရတာကိုအစ္မျမင္ရင္စိတ္ခ်မ္းသာႏိုင္တယ္ေပါ့။ ေသတဲ့အထိအစ္မကို
ကြၽန္ေတာ္မေတြ႕ခ်င္ဘူး”
ေနျခည္နဲ႔
ကြၽန္ေတာ့္ၾကားေရွ႕ဆက္အခ်စ္ဆိုတာမရွိပဲေဝးၾကရေတာ့
မယ္။ ခ်စ္သူကိုေတြ႕ရဖို႔ ကြၽန္ေတာ့္မွာ သတၱိမရွိတာေၾကာင့္ မေတြ႕မိေအာင္ ႀကိဳးစားရင္ အလြမ္းေတြနဲ႔ ကုန္ဆုံးခဲ့တယ္။
ေမာင္တစ္ေယာက္ေနျခည့္ဆီကိုဖုန္းလည္းမဆက္၊ ႐ုံးဆင္းရင္ အရင္
လိုလာမေစာင့္တာၾကာၿပီ။ ကမာၻႀကီးကက်ဥ္းေျမာင္းလြန္းေအာင္မျမင္ခ်င္ ဆုံးေသာေဖေဖနဲ႔သူ႔မိန္းမတို႔တစ္ေန႔ အိမ္ေရာက္လာတာကိုေမေမေဒါသ တႀကီးထေျပာလိုက္သည္။
“အရွက္မရွိ ေဖာက္ျပန္ၿပီး ဘယ္လိုမ်က္ႏွာနဲ႔ လာၾကတာလဲ။ နင္နဲ႔ငါ ကြာရွင္းၿပီးသား သူစိမ္းေတြပဲ။ နင္တို႔ႏွစ္ေယာက္စလုံး ငါ့မ်က္စိေရွ႕ကေန ထြက္သြား”
“စိတ္ေအးေအးထားပါ – ခင္ေလးရယ္။ ငါ – ဒီေန႔လာတာ သမီးဆႏၵကို လာေမးတာပါ။ ေမာင္ေနပိုင္က မာလာ့ေမာင္ဆိုေတာ့ သူတို႔ႏွစ္ေယာက္ ဘယ္လိုလုပ္ရင္ေကာင္းမလဲတိုင္ပင္ခ်င္လို႔”
ရႈပ္ေထြးၿပီးလက္ခံလို႔မရေသာစကားကိုၾကားလိုက္ေတာ့ဝမ္းနည္းမႈနဲ႔
မ်က္ရည္ေတြ က်လာခဲ့တယ္။ ဒါဆို – ေမာင္က သူ႔အစ္မကိစၥ သိသြားလို႔ ေနျခည္ကို ေရွာင္ေနၿပီး လာမေတြ႕တာေပါ့။ တိုက္ဆိုင္မႈေၾကာင့္ မဟုတ္ရင္ ေရစက္ဆိုးေတြပဲလား။
“ေမာင္ေလး – နာက်င္ခံစားရမွာကို မလိုလားေတာ့ -ေနျခည္ ေက်နပ္ ေအာင္ဘာလုပ္ေပးရမလဲ။ ျဖစ္ႏိုင္ရင္ႏွစ္ေယာက္သားလက္ထပ္ၿပီးအေဝး မွာ သြားေနလိုက္ပါလား”
“ငါ့ခင္ပြန္းကိုလည္း မင္းယူခဲ့ၿပီးၿပီ။ အခု – ငါ့သမီးကို မင္းရဲ႕ေမာင္နဲ႔ ေပးစားရဦးမယ္ေပါ့။ နင္တို႔ လူမွ ဟုတ္ေသးလား။ ငါ့အသက္ရွင္ေနသေ႐ြ႕ သေဘာမတူႏိုင္ဘူးဆိုတာ မွတ္ထား”

“ရွင့္ရဲ႕အရိပ္ကိုေတာင္ ေနျခည္မျမင္ခ်င္ေလာက္ေအာင္ မုန္းေနတာ ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး။ အေဖ့မိန္းမကို သမီး စိတ္ညစ္ေအာင္လုပ္မွာ။ ၿပီးေတာ့ – ရွင့္ရဲ႕ေမာင္ အသည္းကြဲခံစားရတာကို ကိုယ္တိုင္ေစာင့္ၾကည့္ လိုက္”
ရင္ေတြတုန္ၿပီးစကားေျပာေနရင္းမ်က္လုံးထဲဝိုးတဝါးနဲ႔ေမာပန္းလဲက် သြားခဲ့တယ္။ေမာင့္အေပၚထားရွိတဲ့ေနျခည္အခ်စ္ေတြကေဒၚမာလာေၾကာင့္
ရင္ထဲ အမုန္း ျဖစ္လာမိတယ္။ တည္ၿငိမ္ေနေသာကန္ေရျပင္ကို ေငးၾကည့္ ရင္း စကားမေျပာဘဲ ထိုင္ေနေသာ ခ်စ္သူမ်က္ႏွာ အရင္လို အၿပဳံးေတြ မရွိ ေတာ့ေပ။
လမ္းခြဲၿပီး ေနျခည္နဲ႔ မျမင္ကြယ္ရာ အေဝးဆုံးမွာ သြားေနေပးပါ။ ကြၽန္ ေတာ့္ႏွလုံးသား နာက်င္ခံစားမႈကို ခ်စ္သူမသိႏိုင္တာလား။ တစ္သက္တာ ေဝးရမယ္ဆိုရင္ေကာင္းတဲ့အမွတ္တရေတြနဲ႔ ရင္ထဲရွိေစခ်င္ပါတယ္။
ကြၽန္ေတာ္ အလုပ္ကထြက္ၿပီး ခ်စ္သူႏွင့္ေဝးရာ ေတာင္ေပၚၿမိဳ႕ေလးမွာ သြားေနေပမယ့္ ေန႔တိုင္း သတိရလြမ္းလ်က္။ အစ္မနဲ႔ မေတြ႕ခ်င္လို႔ ျပန္ မလာခ်င္ေသာ္လည္း အေမေနမေကာင္းတာေၾကာင့္ အိမ္ျပန္တဲ့လမ္းခရီး မွာကားေမွာက္သြားခဲ့တယ္။

ေသျခင္းတရားကိုခုခ်ိန္မွာကြၽန္ေတာ္ဟာရင္ဆိုင္႐ုန္းကန္ေနရတယ္။ ခ်စ္သူ႔မ်က္ႏွာကို ေနာက္ထပ္ျမင္ခ်င္ၿပီးစကားေတြလည္းအမ်ားႀကီးေျပာ စရာရွိေသးတယ္။ေၾကာက္လန႔္ဖြယ္အေမွာင္ကမာၻထဲမွာတစ္ေယာက္တည္း ေမာပန္းစြာ ကူးခတ္ရင္း အသက္ရွင္ဖို႔ ႀကိဳးစားခဲ့ရတယ္။
ကြၽန္ေတာ့္အေပၚမုန္းေနတဲ့ခ်စ္သူနဲ႔ဒီဘဝမွာ ဆုံစည္းခြင့္မရႏိုင္ေတာ့။ တကယ္လို႔မ်ား ေသသြားခဲ့ရင္ လိပ္ျပာေလးအျဖစ္ အနားမွာ အၿမဲေနခ်င္

တယ္လို႔ေတြးေတာလ်က္။
ပိတ္ထားသည့္မ်က္ခြံေတြတဖန္ျပန္လည္၍ဖြင့္
မရေတာ့။ အလင္းေရာင္နည္းနည္းမွာမျမင္ရဘဲ ေမွာင္မိုက္သြားခဲ့တယ္။

အိပ္ေပ်ာ္ေနသည့္ေမာင္ထပ္မႏိုးလာဘဲႏွလုံးခုန္သံေတြရပ္တန႔္သြား
တာကို ေငးၾကည့္ရင္း မငိုေအာင္ စိတ္တင္းထားေပမယ့္ မ်က္ရည္က်လာမိ တယ္။ အခ်ိန္ေတြျမန္ဆန္လိုက္တာ။ ေမာင္ဆုံးၿပီး သိပ္မၾကာခင္ ၿခံထဲစိုက္ ထားေသာႏွင္းဆီပင္မွာ အဝါေရာင္လိပ္ျပာေလးတစ္ေကာင္ ေနျခည့္ပခုံး ေပၚလာနားေတာ့ ဘာေၾကာင့္မွန္းမသိ စိတ္ထဲဝမ္းနည္းသလိုခံစားရတယ္။
ထူးဆန္းတာက တျခားေနရာ ပ်ံမသြားဘဲ ၿခံထဲပန္းပင္မွာ အၿမဲနားေန ေသာ လိပ္ျပာေလး ဘယ္ကလာတာပါလိမ့္။ ေနျခည္လည္း မေတြးတတ္ သလို ဘယ္သူ႔မွလည္း သိႏိုင္မယ္လို႔မထင္ဘူး။ တစ္ေန႔ေန႔မွာေတာ့ လိပ္ ျပာေလး ေပ်ာက္ကြယ္သြားရင္ ရင္ထဲ စိတ္မေကာင္းျဖစ္က်န္ခဲ့မွာ ေသခ်ာတယ္။
ဒါေပမဲ့ – ဘယ္အရာကိုမွ ဘယ္သူမွ တားဆီးမရေသာကံတရားေတြ ပါပဲ။ ေနပိုင္ကိုေကာင္းေသာဘဝေရာက္ပါေစလို႔ ဆုေတာင္းေပးပါတယ္။