“တစ္ဆေမိသားစု”(စ/ဆုံး)

“တစ္ဆေမိသားစု”(စ/ဆုံး)

——————————————-

၁။
လေသည် အချိန်အခါမဟုတ် သည်းထန်စွာတိုက်
ခတ်နေသည်။ ပြင်းထန်လှသော လေတိုက်နှုန်းကြောင့်
အိမ်ငယ်ကလေး၏အနားတွင်ရှိသော မကျည်းပင်သည်
တစ္ဆေတစ်ကောင်ပမာ ယိမ်းနွဲ့ကခုန်နေလေသည်။
ဗဟိုအဆောက်အဦး၏ လှန်နေသောသွပ်မိုးသည်
လည်း ကျယ်လောင်စွာအသံထွက်ပေါ်နေပါသည်။
ပျဉ်ချပ်များဖြင့်ကာရံထားသော အိမ်ငယ်လေး၏
အကာကိုလည်း တစ်စုံတစ်ဦးက ထုနေသောကြောင့်
” တဗုန်းဗုန်း ”နှင့်အသံမြည်နေပါသည်။
ထိုပြင်စူးစူးဝါးဝါးအော်ရယ်သံများလည်း ကြားနေရ
ပါသည်။ ဤစုံလင်လှသောအသံများကြောင့် သမီးကြီး
ဖူးဖူးနှင့် သားငယ်ဖိုးပြည့်သည် ကြောက်လန့်ကာ ငိုယို
နေလေသည်။
မမြင့်မိုရ်က သားနှင့်သမီး အကြောက်ပြေအောင်
ချော့သိပ်နေလေသည်။ သို့သော်သူကိုယ်တိုင်ကလည်း
ကြောက်လန့်နေလေ၏။
ကိုထွန်းဝေကမူ သည်အခြေအနေအား မည်ကဲ့သို့
ရင်ဆိုင်ရမည်ကို စဉ်းစားနေလေသည်။
လေသည်တဖြည်းဖြည်းနှင့် အိမ်ငယ်ကလေး ပြိုလု
မတတ်ကြမ်းလာသည်။ ရယ်သံများကလည်း ပို၍ကျယ်
လောင် စူးရှလာခဲ့သည်။ ထိုအချိန်အိမ်ငယ်ကလေး၏
ပြတင်းပေါက်သည် ” ဝုန်းခနဲ ” ပွင့်သွားလေသည်။

ဇာတ်လမ်းအစကာ……..

၂။
ပြုပြင်မွမ်းမံခြင်း မရှိသောကြောင့် ရွှေတောင်တန်း
သကြားစက်ရုံအတွင်းရှိ ဗဟိုအဆောက်အဦးကြီးသည်
ပျက်စီးချင်တိုင်း ပျက်စီးနေ၏။ အမိုးသွပ်များက လှန်နေ
သောကြောင့် လေတိုက်လျှင် ဆူညံသံသံများကြားနေရ
ပေလိမ့်မည်။
ကိုထွန်းဝေသည် ရွှေတောင်တန်း သကြားစက်ရုံ၏
ဗဟိုအဆောက်အဦးကို ကြည့်၍ အံ့ဩမှင်သက်နေ၏။
ကိုထွန်းဝေသည် ဦးထွန်းမောင်က ၎င်း၏သကြားစက်
ရုံကြီး ပျက်စီးနေသည့်အကြောင်း ပြောပြစဉ်က ဤမျှ
လောက် ပျက်စီးနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါ။
ကိုထွန်းဝေသည် စက်ရုံကြီး၏အခြေအနေကို မြင်
လိုက်ရသည့်အခါ ကိုနောင်နောင်ပြောသော စက်ရုံဝန်း
ထဲတွင် သရဲခြောက်သည် ဟူသောစကားကိုပင် ယုံချင်
သလိုဖြစ်လာသည်။
သို့သော်မထူးတော့ပြီ။ ယခုမှတော့နောက်ကြောင်း
ပြန်လှည့်ရန် မဖြစ်နိုင်တော့ချေ။ ကိုထွန်းဝေတို့မိသားစု
သည် ခြံတံခါးကိုဖွင့်၍ စက်ရုံဝန်းအတွင်းသို့ ဝင်လာခဲ့
သည်။
မြေကွက်လပ်မှန်သမျှ ခြုံပင်ပေါင်းပင်များက နေရာ
ယူထားသည်။ ထိုခြုံနွယ်ပိန်းပေါင်းများကို နေမဝင်ခင်
အပြီးရှင်းလင်းရပေလိမ့်မည်။
ကိုထွန်းဝေတို့မိသားစုလေးယောက်သည် ထိုခြုံပင်
ပေါင်းပင်များကို ကျော်ခွ၍ ၎င်းတို့နေထိုင်ရမည့် ယခင်
က အလုပ်သမားများနေထိုင်ခဲ့သော အိမ်ငယ်ကလေး
ဆီ ချီတက်လာခဲ့ကြသည်။
ထိုအိမ်ငယ်ကလေးသည် အလျားပေနှစ်ဆယ် အနံ
ဆယ့်ငါးပေခန့်ရှိသည်။ အတွင်းခန်းအပြင်ခန်း မခွဲထား
သဖြင့် အခန်းကျယ်ကြီးဖြစ်နေသည်။
ကိုထွန်းဝေတို့သည် ယူလာသမျှ အသုံးအဆောင်
ပစ္စည်းများကို တစ်နေရာတွင်ချထားကာ ခဏမျှ အမော
ဖြေကြသည်။ ထိုနောက်ကိုထွန်းဝေ၏ဇနီး မမြင့်မိုရ်နှင့်
ကလေးနှစ်ဦးက သူတို့နေထိုင်ရမည့် အိမ်ငယ်ကလေး
ကို သန့်ရှင်းလုပ်ကြသည်။
ကိုထွန်းဝေကမူ အိမ်ငယ်ကလေး၏ ပတ်ဝန်းကျင်
တွင် ပေါက်ရောက်နေသော ခြုံပင်ပေါင်းပင်များကို ရှင်း
လင်းလေသည်။
စက်ရုံ၏ အကျယ်အဝန်းသည် သုံးဧကခန့်ရှိလေရာ
စက်ရုံတစ်ခုလုံးကို ရှင်းလင်းရန်မဖြစ်နိုင်ပါ။ ထိုကြောင့်
ကိုထွန်းဝေက ၎င်းတို့နေထိုင်ရမည့် အလုပ်သမားအိမ်
ပတ်ဝန်းကျင်နှင့် လမ်းသွားလမ်းလာများကိုသာ ဦးစွာ
ရှင်းလင်းသည်။
နေ့လယ်ခင်းသို့ရောက်သည့်အခါ အိမ်ငယ်ကလေး
၏အတွင်းပိုင်းမှာ အတော်လေး သန့်ရှင်းသွားပြီဖြစ်၏။
အိမ်ငယ်ကလေး၏ ပတ်ဝန်းကျင်တွင် ခြုံနွယ်ပေါင်းပင်
များကလည်း ကိုထွန်းဝေက ရှင်းလိုက်သဖြင့် အတော်
ပြောင်စင်သွားပြီဖြစ်သည်။
ထမင်းစားချိန်ရောက်ပြီ ဖြစ်သောကြောင့် မမြင့်မိုရ်
သည် ထမင်းစားရန်ပြင်ဆင်လေသည်။ မမြင့်မိုရ်သည်
နေ့လယ်စာအတွက် ထမင်းနှင့်ဟင်းကို လမ်းတွင်တွေ့
သော ထမင်းဆိုင် တစ်ဆိုင်တွင် ကြိုဝယ်လာခဲ့သည်။
အကြောင်းမှာ မနက်ခင်းပိုင်းတွင် အိမ်သန့်ရှင်းရေး
လုပ်ရမည်ဖြစ်လေရာ ချက်ပြုတ်စားသောက်ရန် အချိန်
ရလိမ့်မည် မဟုတ်သောကြောင့် ဆိုင်တွင် ဝယ်လာခဲ့
ခြင်းဖြစ်ပါသည်။
မမြင့်မိုရ်က အဓိကဟင်းမယ်အဖြစ် ဝက်သားဟင်း
ကိုဝယ်လာခဲ့သည်။ ဝက်သားဟင်းသည် အနည်းငယ်
သာရသော်လည်း အရံဟင်းဖြစ်သည့် ငါးပိရည်ကျိုနှင့်
အချဉ်ဟင်းသည် အတော်လေးရသဖြင့် သူတို့မိသားစု
လေးဦး စားသောက်ရန်လောက်ငှသည်။
မမြင့်မိုရ်သည် သည်ကိုရောက်ကတည်းက ချိတ်ဆွဲ
ထားသော ဟင်းအိတ်များကို ယူရန်ပြင်လိုက်စဉ် အံ့ဩ
သွားလေသည်။ အကြောင်းမှာ အသားဟင်းထည့်ထား
သည့် ကြွပ်ကြွပ်အိတ်ကို မတွေ့ရတော့သောကြောင့်ဖြစ်
ပါသည်။
မမြင့်မိုရ်သည် ဝက်သားဟင်း၊ ငါးပိရည်ကျိူ၊ အချဉ်
ဟင်းနှင့် တို့စရာ အသီးသီးထည့်ထားသော ကြွပ်ကြွပ်
အိတ်များအားလုံးကို ဤနေရာတွင်ပင်ချိတ်ဆွဲထားခြင်း
ဖြစ်ပါသည်။
ထမင်းကိုမူလေးဆင့်ချိုင့်ဖြင့် ဆွဲလာခဲ့လေရာ ကြမ်း
ပြင်တွင်ပင်ချထားသည်။ မမြင့်မိုရ်သည် ထမင်းချိုင့်အား
လှမ်းကြည့်လိုက်သည်။ ထမင်းချိုင့်မှာမူ ခြေရာလက်ရာ
မပျက်ဘဲရှိနေသည်။
သိသိချင်းတွင် မမြင့်မိုရ်က ကလေးနှစ်ဦးက ယူစား
လိုက်သည်ဟုထင်သည်။ သို့သော်ထမင်းချိုင့်က ခြေရာ
လက်ရာမပျက်ရှိနေသဖြင့် သားနှင့်သမီးက စားလိုက်
ဟူသောထင်မြင်ချက်မှာမဖြစ်နိုင်တော့။
သေချာသွားအောင် မမြင့်မိုရ်က နွယ်မြက်ပေါင်းပင်
များကိုရှင်းနေသော သူတို့အဖေ ကိုထွန်းဝေအနားတွင်
ဆော့ကစားနေသော ကလေးနှစ်ဦးအား မေးမြန်းလိုက်
သည်။
” ကလေးတို့ရေ မေမေချိတ်ထားတဲ့ ဝက်သားဟင်း
ကို ယူစားကြသေးလား”
မမြင့်မိုရ်၏မေးခွန်းကို သားနှင့်သမီး နှစ်ဦးစလုံးက
ခေါင်းခါ၍ မစားကြောင်းငြင်းသည်။ ထိုအခါကိုထွန်းဝေ
က_
” ဘာဖြစ်လို့လည်း မြင့် ”
” မြင့်တို့ နေ့လယ်စာအတွက်ဝယ်လာတဲ့ ဝက်သား
ဟင်းအိတ်လေးပျောက်သွားလို့ ”
ထိုစကားကြားရသည့်အခါ ကိုထွန်းဝေသည် မျက်စိ
မျက်နှာပျက်သွားမှန်း ၎င်းကိုယ်တိုင်သတိထားမိသည်။
ထိုကြောင့်မျက်နှာအမူအယာကိုပြန်ပြင်လိုက်ပြီး_
” ကြောင်ချီသွားတာနေမှာပေါ့ ”
” ဟာအစ်ကိုကလည်း မြင့်က နံရံပေါ်မှာချိတ်ထား
တာ။ ဘယ်လိုလုပ်ပြီး ကြောင်ကချီနိုင်မှာလည်း ”
ထိုအခါကိုထွန်းဝေက မြက်ရှင်းနေသည်ကို ရပ်နား
လိုက်ပြီး မမြင့်မိုရ်ဆီလျှောက်သွားသည်။ ကလေးနှစ်ဦး
ကလည်း ကိုထွန်းဝေ၏နောက်မှ လိုက်လာသည်။
” ကြောင်တွေက ခုန်နိုင်တယ်လေ။ ကြောင်မဟုတ်
ရင် ဘယ်အကောင်ကလာချီမှာလည်းကွယ် ”
ထိုထွန်းဝေက မမြင့်မိုရ်ပခုံးကိုဖက်၍ ဆိုလိုက်၏။
” ရှိတာလေးနဲ့ဘဲ စားကြရအောင်ကွာ။ ကိုဗိုက်ဆာ
နေပြီ။ ကဲသားနဲ့သမီးရေ လက်ဆေးကြ။ ထမင်းစားကြ
မယ် ”
ထိုနောက်တွင်သူတို့မိသားစုလေးဦးသည် ထမင်း
ကြလေသည်။ ထမင်းဝိုင်းတွင်မမြင့်မိုရ်က သူ့ဝက်သား
ဟင်းအိတ် ပျောက်သွားသဖြင့် ဒေါသထွက်နေသည်။
ကလေးနှစ်ဦးကမူ အသားဟင်းမပါဘဲ ငပိရည်ကျို နှင့်
သာစားရသဖြင့် မျက်နှာမကောင်းကြ။ ကိုထွန်းဝေကမူ
သူ့အတွေးနှင့်သူ မျက်စိမျက်နှာပျက်နေသည်။

၃။
ကိုထွန်းဝေတို့မိသားစုသည် ယခင်က ကိုထွန်းဝေ
မိဘအိမ်တွင်နေထိုင်သည်။ ကိုထွန်းဝေသည် သူ့ဖခင်
နှင့်အပြင်းအထန် စကားများလေရာ ဒေါသစိတ်ကြောင့်
အိမ်ပေါ်ကဆင်းလာခဲ့သည်။
ထို့နောက်သူ့ဦးလေး ဦးထွန်းမောင် ပိုင်ဆိုင်သော
ရွှေတောင်တန်းသကြားစက်ရုံသို့ ပြောင်းလာခဲ့ခြင်းဖြစ်
သည်။
ကိုနောင်နောင်သည် ကိုထွန်းဝေနှင့် ညီတစ်ဝမ်းကွဲ
တော်စပ်ပြီး ဦးထွန်းမောင်၏တူပင်ဖြစ်သည်။ ကိုနောင်
နောင်သည်ယခင်က ဤစက်ရုံတွင် အလုပ်သမားဖြစ်ခဲ့
သည်။ ကိုနောင်နောင်သည် ကိုထွန်းဝေအား ဤစက်ရုံ
တွင် သရဲခြောက်သည်ဟု တစ်ချိန်ကပြောပြခဲ့ဖူးသည်။
ထိုစဉ်ကကိုထွန်းဝေသည် ကိုနောင်နောင်၏စကား
ကိုမယုံကြည်ခဲ့ပါ။ သည်ကိုရောက်လာသည့်အချိန်ကျမှ
သကြားစက်ရုံ၏ အခြေအနေကို မြင်တွေ့လိုက်ရသည့်
အချိန်ကျမှ ကိုနောင်နောင်ပြောသောစကားကို ယုံချင်
လာသည်။ ဇနီးသည်မမြင့်မိုရ်က ဝက်သားဟင်းအိတ်
ပျောက်သွားသည့်အကြောင်းဆိုသည့်အခါ ပို၍သံသယ
ဝင်လာခဲ့သည်။
သို့သော်ကိုထွန်းဝေက မမြင့်မိုရ်နှင့် ကလေးနှစ်ဦး
ထိတ်လန့်သွားမည်ကို စိုးရိမ်သောကြောင့် တိတ်ဆိတ်
စွာနေခဲ့သည်။ စိတ်ထဲတွင်မူ သည်နေရာကအမြန်ဆုံး
ပြောင်းနိုင်ရန် ကြံစည်နေခဲ့သည်။

၄။
ညနေခင်းအချိန်သို့ရောက်သည့်အခါ ထမင်း၊ ဟင်း
ချက်ရန် မီးဖိုနှင့် အိုးခွက်ပန်းကန်ဆေးရန် နေရာတစ်ခု
ကို ပြုလုပ်၍ပြီးသွားသည်။
ရေချိုး၊ အဝတ်လျှော်ရန်အတွက်မူ ယခင်က အလုပ်
သမားများ အသုံးပြုခဲ့သော ရေတိုက်ကိုပင် အသုံးပြုရန်
ရန်စိတ်ကူးထားသည်။
ညအချိန်သို့ ရောက်သည့်အခါ အိမ်ကလေးသည်
သပ်သပ်ရပ်ရပ်ကလေးဖြစ်သွားလေသည်။
မမြင့်မိုရ် ချက်ပြုတ်ထားသောညစာကို စားသောက်
ပြီးသည့်အခါ ကိုထွန်းဝေက ကလေးများအား အိပ်ယာ
ဝင်ပုံပြင် ပြောပြလေသည်။ မမြင့်မိုရ်ကမူ ဝတ္ထုစာအုပ်
တစ်အုပ်အားဖတ်ရှုနေလေသည်။
ထိုအချိန်သားငယ်က အိမ်သာသွားမည့်အကြောင်း
ဆိုလေသည်။ ထိုကြောင့်ကိုထွန်းဝေက သားငယ်လေး
အား အိမ်သာသို့လိုက်ပို့ရလေသည်။
အိမ်သာသည် ကိုထွန်းဝေတို့ နေထိုင်လျက်ရှိသော
အိမ်ငယ်ကလေး၏ မြောက်ဘက်တွင် တည်ရှိပြီး ကိုက်
ငါးဆယ်ခန့်ဝေးသည်။ အုတ်တိုက်နှစ်ခန်းတွဲ အိမ်သာ
ဖြစ်သောကြောင့် အသုံးမပြုသည်မှာ ကြာပြီဖြစ်သော်
လည်း အကောင်းအတိုင်းရှိနေသေးသည်။
သည်ကိုရောက်ကတည်းက ကိုထွန်းဝေဖြည့်ထား
သဖြင့် အိမ်သာရေသည်လည်းအပြည့်ပင် ရှိနေသည်။
လေးနှစ်အရွယ်သားငယ်သည် အိမ်သာတက်ခြင်း
အလုပ်ကို က်ိုယ်တိုင် လုပ်တတ်ကိုင်တက်နေပြီဖြစ်ရာ
ကိုထွန်းဝေက အပြင်၌သာစောင့်နေသည်။
ထိုစဉ်ကိုထွန်းဝေသည် အဖြူရောင် အဝတ်အစား
များကို ဝတ်ဆင်ထားသော လူတစ်စုကိုမြင်သွားသည်။
ထိုလူစုသည် ကိုထွန်းဝေနှင့် ကိုက်ငါးဆယ်ခန့်အကွာ
တွင် တည်ရှိသောအိမ်တစ်လုံး၏ အရှေ့တွင်ရပ်နေကြ
ခြင်းဖြစ်သည်။
ကိုထွန်းဝေက မျက်စိမှားသည်အထင်ဖြင့် မျက်လုံး
နှစ်ဖက်အား လက်ဖြင့်ပွတ်ကြည့်လိုက်သည်။ ထိုအခါ
အဆိုပါလူစုသည် မြင်ကွင်းထဲကပျောက်ကွယ်သွားလေ
သည်။
” ဟာ…ပျောက်သွားပြီ။ မဖြစ်..မဖြစ်နိုင်ပါဘူးကွာ။
ငါအမြင်မှားတာဘဲဖြစ်မှာပါ ”
ကိုထွန်းဝေက ဤသို့တွေးလိုက်သည်။ ထိုနောက်
သေချာကြည့်ရှုလိုက်ပြန်သည်။ အဖြူရောင်ဟူ၍ ဘာမှ
မတွေ့ရ။ ကိုထွန်းဝေ၏သံသယသည် တဖြည်းဖြည်းနှင့်
ပိုမို၍ကြီးထွားလာခဲ့သည်။
တစ်ခဏမျှကြာသည်အခါ သားငယ်သည် အိမ်သာ
ထဲကထွက်လာခဲ့သည်။ ထိုကြောင့်အိမ်ငယ်ကလေးဆီ
သို့ပြန်လာခဲ့သည်။
အိမ်ပေါ်သို့ပြန်ရောက်သည့်အခါ သမီးကြီးက အိပ်
ပျော်နေပြီဖြစ်သည်။ ကိုထွန်းဝေက သားငယ်ကိုလည်း
အိပ်ခိုင်းလေရာ မကြာမီအိပ်ပျော်သွားလေသည်။
ကလေးများအိပ်ပျော်သွားသည့်အခါ ကိုထွန်းဝေတို့
လင်မယားသည် နောင်ရေးအတွက်တိုင်ပင်ကြလေ၏။
ကိုထွန်းဝေတို့သည် စုဆောင်းထားသော ငွေကြေး
အတော်လေးရှိသည်။ သို့သော်အကုန်အကျ သက်သာ
စေရန် အိမ်ငှါးနေခြင်းမပြုဘဲ ဤစက်ရုံတွင်လာနေခြင်း
ဖြစ်ပါသည်။
ကိုထွန်းဝေတွင် လစာကောင်းသော အလုပ်လည်း
ရှိပြီးဖြစ်သဖြင့် နောင်ရေးအတွက် စိတ်ပူရန်မလိုချေ။
ကိုထွန်းဝေက အိမ်တစ်လုံးဝယ်ယူနိုင်သည့်အချိန်အထိ
သည်စက်ရုံတွင် နေထိုင်ရန်စိတ်ကူးထားသည်။
မမြင်မိုရ်ကလည်း ကိုထွန်းဝေ၏အကြံကို လက်ခံ
သည်။ မမြင့်မိုရ်သည် ယောက္ခမနှစ်ဦးနှင့်အဆင်ပြေပါ
သော်လည်း ကိုထွန်းဝေ၏ညီမနှင့်မူ အဆင်မပြေလှပါ။
ထိုကြောင့်မမြင့်မိုရ်က သီးသန့်နေထိုင်လိုသည်။
ယခုအခါသူ(မ)ဖြစ်ချင်သည့်အတိုင်း ဖြစ်လာခဲ့လေ
ပြီ။ ထိုကြောင့်မမြင့်မိုရ်သည် ပျော်နေ၏။ မမြင့်မိုရ်နှင့်
ကိုထွန်းဝေတို့ အနာဂတ်အရေး တိုင်ပင်နေသည့်အချိန်
ဆူညံသံအားကြားလိုက်ရသည်။

၅။
ထိုအသံသည် သကြားစက်၏ဗဟိုအဆောက်အဦး
တွင် ကြားနေရခြင်းဖြစ်ပါသည်။ မမြင့်မိုရ်က သေချာစွာ
နားထောင်ကြည့်လေရာ အသံသည် အဆောက်အဦး
၏ ဒုတိယအထပ်ကြမ်းပြင်ပေါ်တွင် ပြေးလွှားနေသော
ခြေသံဖြစ်မှန်းသိလိုက်ရလေသည်။
” ကြား…ကြားတယ်မလား အစ်ကို ”
” ကြားတယ်။ ကြောင်တွေ ကြွက်လိုက်ခုတ်နေတာ
ဖြစ်မယ် ”
” ဟာအစ်ကိုကလဲ ခြေသံကအကျယ်ကြီး။ သူခိုး
လားမသိဘူး။ မြင့်တို့ထကြည့်ရအောင်။ တော်ကြာမြင့်
တို့ရောက်လာတဲ့အချိန်ကျမှ ပစ္စည်းတွေပျောက်သွားရင်
မကောင်းဘူး ”
မမြင့်မိုရ်ပြောသည်မှာ မှန်သည်။ အကယ်၍ စက်ရုံ
အတွင်းရှိပစ္စည်းများ ပျောက်ဆုံးသွားလျှင် ၎င်းတို့အနေ
ဖြင့်မျက်နှာပူရလိမ့်မည်။
” ဟုတ်တယ်။ ကိုတို့သွားကြည့်ရအောင် ”
မမြင့်မိုရ်က လက်နှိပ်ဓာတ်မီးအား လှမ်းယူသည်။
ကိုထွန်းဝေကမူ ဗဟိုအဆောက်အဦး တံခါးသော့အား
လှမ်းယူသည်။ ဦးထွန်းမောင်က လိုအပ်လျှင် အသုံးပြုရ
လေအောင် ဗဟိုအဆောက်အဦးသော့ကိုပါ ထည့်ပေး
လိုက်ခြင်းဖြစ်သည်။
ကိုထွန်းဝေက မမြင့်မိုရ်ထံမှ လက်နှိပ်ဓာတ်မီးကိုပါ
တောင်းယူလိုက်သည်။
ထိုနောက်သူတို့နှစ်ဦးသည် ဗဟိုအဆောင်အဦးဆီ
သို့ ဦးတည်လျှောက်လာခဲ့သည်။ ဗဟိုအဆောက်အဦး
နှင့် ကိုထွန်းဝေတို့ နေထိုင်ရာ အိမ်ငယ်ကလေးသည်
ပေငါးဆယ်ခန့်သာ ကွာဝေးသည်။ ပြေးလွှားနေသော
ခြေသံများသည် ကိုထွန်းဝေတို့ အိမ်ငယ်ကလေးထဲက
ထွက်လာသည့်အချိန်တွင် ပျောက်ကွယ်သွားသည်။
စက်ရုံထဲတွင်လူမနေသည်မှာ အတော်လေးကြာပြီ
ဖြစ်သောကြောင့် လျှပ်စစ်မီးလည်းမရှိတော့ချေ။ သို့ဖြစ်
ပါသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေ
သည်။ ကိုထွန်းဝေတို့နှစ်ဦးသည် လက်နှိပ်ဓာတ်မီး၏
အလင်းရောင်ကိုအားပြုကာ ဗဟိုအဆောက်အဦးဆီသို့
ချည်းကပ်လာခဲ့၏။
မမြင့်မိုရ်သည် ဗဟိုအဆောက်အဦးအတွင်းသို့ ဝင်
ကြည့်ရန်ဦးစွာအကြံပေးခဲ့သော်လည်း ယခုအခါ ထိတ်
လန့်နေသည်။ စိုးရိမ်ပူပန်တတ်သော မိန်းမသားပေမို့
ကိုထွန်းဝေကစာနာသည်။ မမြင့်မိုရ်၏လက်သွယ်သွယ်
ကလေးအား ဆုတ်ကိုင်ထားသည်။
ဗဟိုအဆောက်အဦး၏ တံခါးပေါက်ရှေ့သို့ ရောက်
သောအခါ သော့ခတ်ထားသောတံခါးအား သော့ဖွင့်၍
တံခါးရွက်များကို ဆွဲဖွင့်လိုက်သည်။ ထိုနောက်အထဲသို့
ဝင်လာခဲ့သည်။
အဆောက်အဦး၏ အောက်ထပ်တွင် တိတ်ဆိတ်
ငြိမ်သက်နေ၏။ လှုပ်ရှားမှာတစ်စုံတစ်ရာမျှ မတွေ့ရပါ။
ထိုကြောင့်ကိုထွန်းဝေတို့နှစ်ဦးသည် လှေကားအတိုင်း
အပေါ်ထပ်သို့ ဆက်တက်လာခဲ့သည်။ အပေါ်ထပ်သို့
ရောက်သည့်အခါ နေရာအနှံ့ကို ဓာတ်မီးဖြင့်ထိုးကြည့်
လိုက်ရာ စက်ပစ္စည်းအဟောင်းများနှင့် သစ်သားအပိုင်း
အစများကိုသာတွေ့ရသည်။ လှုပ်ရှားမှုကိုမူမတွေ့ရချေ။
ထိုအချိန် ” ဝုန်းခနဲ ”အသံနှင့်အတူ ပြေးသံလွှားသံ
များကို ကြားလိုက်ရ၏။ ထိုကြောင့်ကိုထွန်းဝေက အသံ
ကြားရာဘက်ကို ဓာတ်မီးဖြင့်ထိုးလိုက်သည်။
မြင်တွေ့လိုက်ရသည်မှာ အနက်ရောင်ကြောင် တစ်
ကောင်ဖြစ်နေသည်။ ကြောင်သည် ကြွက်ခုပ်နေသည့်
အချိန် ကိုထွန်းဝေတို့ကိုတွေ့လိုက်ရသဖြင့် ထိတ်လန့်
ကာထွက်ပြေးသွားလေဟန်တူပါသည်။
” ကြောင်လို့ ကိုမပြောဘူးလားမြင့်ရယ်။ ပြန်ဆင်း
ကြရအောင်။ ကိုအိပ်ချင်နေပြီ ”
မမြင့်မိုရ်သည် ကြောက်တစ်ကောင်ကို တွေ့လိုက်ရ
သဖြင့် စိတ်အေးသွားသည်။ ကြောက်စိတ်လန့်စိတ်များ
လည်း ပျယ်သွားသည်။
မမြင့်မိုရ်တို့ လင်မယားသည် အောက်သို့ပြန်ဆင်း
လာခဲ့သည်။ ထိုနောက်တံခါးပေါက်အား သော့ပိတ်ကာ
အိမ်ငယ်ကလေးဆီ ပြန်လာခဲ့သည်။ အိမ်ငယ်ကလေး
ဆီသို့ ပြန်ရောက်သည့်အခါ အိမ်ယာဝင်ကြလေသည်။
ထိုအချိန်ဗဟိုအဆောက်အဦးထဲမှ ပြေးလွှားသံများ
ထပ်မံကြားရလေသည်။ သို့သော်လည်းမမြင့်မိုရ်သည်
ကြောင်တစ်အား တွေ့လိုက်ရပြီး ဖြစ်သောကြောင့် ဂရု
မစိုက်တော့ဘဲအိပ်ပျော်အောင် အိပ်လိုက်လေသည်။
ကိုထွန်းဝေကမူ အတော်နှင့်အိပ်မပျော်။ သူသည်
အသံများကိုသာ သေချာနားစွင့်နေမိသည်။ ထိုအခါခြေ
သံအပြင် ဖနောင့်ပေါက်သံများကိုပါ ကိုထွန်းဝေ ကြား
လိုက်ရပါသည်။

၆။
နောက်တစ်နေ့ မနက်ခင်းတွင် ကိုထွန်းဝေသည်
အလုပ်သွားရမည်ဖြစ်လေရာ စက်ရုံတွင် မမြင့်မိုရ်နှင့်
ကလေးနှစ်ဦးသာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ထိုကြောင့်
ကိုထွန်းဝေက စိုးရိမ်နေ၏။
မမြင့်မိုရ်က စိတ်မပူပါနှင့်၊ ဖြောင့်ဖြောင့်တန်းတန်း
သွားပါဟု ဆိုလေသောကြောင့် အလုပ်သို့ထွက်လာခဲ့
သော်လည်း မမြင့်မိုရ်တို့အတွက် စိုးရိမ်စိတ်များဖြစ်ပေါ်
နေသောကြောင့် အလုပ်တွင်စိတ်မပါလှချေ။
ရွှေတောင်တန်း သကြားစက်ရုံအတွင်းက အိမ်ငယ်
ကလေးတွင်ကျန်ရစ်ခဲ့သော မမြင့်မိုရ်ကမူ ကျန်နေသေး
သော အသုံးအဆောင်ပစ္စည်းများကို စနစ်တကျနေရာ
ချထားလေသည်။
ထိုနောက်လျှော်ရဖွတ်ရမည့် အဝတ်အထည်များကို
အိမ်ငယ်ကလေး၏ မလှမ်းမကမ်းတွင်တည်ရှိသော ရေ
တိုက်တွင် သွားရောက်ဖွတ်လျှော်နေလေသည်။
ထိုအချိန်သမီးကြီးဖူးဖူးက အိမ်ထဲတွင် ပန်းချီဆွဲနေ
၏။ သားငယ်ဖိုးပြည့်ကမူ အိမ်ကလေးနှင့် ပေနှစ်ဆယ်
ခန့်အကွာရှိ အိုမင်းနေပြီဖြစ်သော မကျည်းပင်အောက်
တွင် ဆော့ကစားနေသည်။
ဖိုးပြည့်သည် သူတစ်ဦးတည်း ဆော့ကစားနေခြင်း
မဟုတ်ပါ။ ရွယ်တူကောင်လေးတစ်ဦးက သူနှင့်အတူ
ကစားနေ၏။ ထိုကောင်လေးကို မမြင့်မိုရ်နှင့် ဖူးဖူးက
မြင်တွေ့ရခြင်းမရှိဘဲ ဖိုးပြည့်တစ်ဦးတည်းသာ မြင့်တွေ့
ရသည်။
ဖူးဖူးသည် ဖိုးပြည့်ဆော့ကစားနေသည်ကို ပြတင်း
ပေါက်မှမြင်နေရ၏။ ဖိုးပြည့်က သူတစ်ဦးတည်း စကား
ပြောဆိုနေသောကြောင့် ဖူးဖူးက_
” ဖိုးပြည့် နင်ဘယ်သူနဲ့စကားပြောနေတာလည်း ”
ဟု မေးမြန်းလိုက်ရာ ဖိုးပြည့်က_
” ပါးဖောင်းနဲ့ပြောနေတာ ” ဟု ပြန်ဖြေသည်။
ဖူးဖူးက အဝတ်လျှော်ပြီးသဖြင့် ရေတိုက်မှပြန်လာ
သော မမြင့်မိုရ်အား ထိုအကြောင်းကို ပြန်ပြောပြလေ
သည်။ ထိုကြောင့်မမြင့်မိုရ်က ဖိုးပြည့် ဆော့ကစားနေ
သော မကျည်းပင်အောက်သို့ လှမ်းကြည့်လိုက်သည်။
ဖိုးပြည့်အနားတွင် ကစားစရာအရုပ်များက ပြန့်ကျဲ
နေသည်။ ပါးဖောင်းဟူသော အမည်နာမသည် ဖိုးပြည့်
၏ ကစားစရာအရုပ်များထဲက ဖိုးပြည့်သဘောအကျဆုံး
အရုပ်၏ အမည်ဖြစ်လိမ့်မည်ဟု မမြင့်မိုရ်ယူဆသည်။
ကလေးများသည် မိမိတို့၏အရုပ်များနှင့် စကားပြောဆို
ကာ ဆော့ကစားလေ့ရှိကြသည်မဟုတ်ပါလော။
ကိုထွန်းဝေသည် နေဝင်ခါနီးအချိန်တွင် အလုပ်က
ပြန်လာခဲ့သည်။ ကိုထွန်းဝေသည် သူမရှိချိန် မမြင့်မိုရ်
တို့ တစ်ခုခုဖြစ်မည်ကိုစိုးရိမ်နေသည်။ ယခုအခါ ပြုံးရွှင်
နေသော ဇနီး၊ သားနှင့်သမီးကို မြင်တွေ့လိုက်ရသဖြင့်
ကိုထွန်းဝေခမျာ စိတ်အေးသွားလေသည်။
ညစာစားသည့်အချိန်၌ ဖိုးပြည့်တစ်ဦးတည်း စကား
ပြောနေသည့်အကြောင်း ဖူးဖူးက ကိုထွန်းဝေအားပြော
ပြပြန်သည်။
” သူ့အရုပ်တွေနဲ့ပြောနေတာနေမှာပေါ့။ ပါးဖောင်း
ဆိုတာ သားသားအရုပ်တွေထဲက ဘယ်တစ်ခုလည်း ”
မမြင့်မိုရ်က ဤသို့ဆိုလိုက်သည့်အခါ ဖိုးပြည့်က_
” ပါးဖောင်းကအရုပ်မဟုတ်ဘူး။ သားသူငယ်ချင်း ”
ဟုဆိုလေသည်။
ထိုစကားကြောင့်ကိုထွန်းဝေနှင့် မမြင့်မိုရ်က အံ့ဩ
မှင်သက်သွားလေသည်။
” နေ့လယ်တုန်းက သားသားအနားမှာ ဘယ်သူမှ
မရှိဘူးလေ ”
” ရှိတယ်။ သားအနားမှာပါးဖောင်းရှိတယ် ”
ဖိုးပြည့်၏စကားကြောင့် ကိုထွန်းဝေသည် မျက်နှာ
ပျက်သွားမှန်း မမြင့်မိုရ်မြင်လိုက်ရသည်။
” ကိုထွန်းဝေ ရှင် ဒီသကြားစက်အကြောင်း ဘာသိ
ထားလည်း။ မြင့်ကိုမလိမ်နဲ့ အမှန်အတိုင်းဖြေ ”
မမြင့်မိုရ်ကမေးမြန်းလိုက်သည့်အခါ ကိုထွန်းဝေက
ကလေးနှစ်ဦးအား ကြည့်၍ ခဏနေတော့မှပြောပြမည်
ဟုမျက်ရိပ်ပြသည်။
ထိုကြောင့်မမြင့်မိုရ်က ဆက်မမေးတော့။ မိသားစု
လေးယောက်စလုံး ထမင်းဆက်စားကြလေ၏။ ထမင်း
စားပြီးသည့်အခါ ထုံးစံအတိုင်းကိုထွန်းဝေက သားနှင့်
သမီးအား ပုံပြောပြလေသည်။
မမြင့်မိုရ်ကလည်း ထုံးစံအတိုင်းစာဖတ်လေသည်။
သို့သော်စာထဲသို့ စိတ်ကမရောက်။ သူ(မ)၏စိတ်သည်
ဖိုးပြည့်ပြောသော ပါးဖောင်းဆိုသည့်ကလေးထံသို့သာ
စိတ်ရောက်နေ၏။
ကိုးနာရီကျော်သောအခါ ကလေးနှစ်ဦးသည် အိပ်
ပျော်သွားကြလေသည်။ ကလေးတွေအိပ်သွားကြသည့်
အခါ မမြင့်မိုရ်က ကိုထွန်းဝေအား ထမင်းဝိုင်းတွင်မေး
မြန်းခဲ့သောမေးခွန်းအား ပြန်လည်မေးမြန်းလေသည်။
ထိုအခါကိုထွန်းဝေက ကိုနောင်နောင် ပြောပြသော
စက်ရုံအတွင်း၌ သရဲခြောက်သည့်အကြောင်း ပြန်ပြော
ပြလိုက်သည်။
” ရှင်….”
မမြင့်မိုရ်ထံမှ အံ့ဩအာမေဍိတ်သံထွက်ပေါ်လာခဲ့
သည်။ ထိုအချိန်ဗဟိုအဆောင်အဦးထဲ၌ ခုန်ပေါက်ပြေး
လွှားသံများကိုထပ်မံကြားရလေသည်။
သည်တစ်ကြိမ်တော့ မမြင့်မိုရ်သည် သွားမကြည့်ရဲ
တော့ချေ။ ထိုနောက်ပိုင်းတွင် မမြင့်မိုရ်စကားပြောရာ၌
ငိုသံသဲ့သဲ့ပါလာသည်။ ထိုအခါကိုထွန်းဝေက_
” ကြောက်စရာမလိုပါဘူးမြင့်ရယ်။ တစ္ဆေ၊သရဲတွေ
ဆိုတာ လူတွေကိုရန်ပြုလို့မရပါဘူးကွာ။ ဘုရား၊တရား
သာမမေ့နဲ့။ ဟုတ်ပြီလား ”
” ဟုတ်ကဲ့ပါ အစ်ကို။ မြင့်က ကလေးတွေတစ်ခုခု
ဖြစ်မှာကိုစိုးရိမ်လို့ပါ ”
” သူတို့တွေ သားနဲ့သမီးကို ထိခိုက်အောင်မလုပ်ပါ
ဘူးကွယ်။ မစိုးရိမ်နဲ့တော့နော် ”
ထိုအချိန်ဗဟိုအဆောက်အဦးအတွင်းက ပြေးလွှား
သံများကလည်း ပျောက်ကွယ်သွားပြီး တိတ်ဆိတ်သွား
လေသည်။

၇။
နောက်တစ်နေ့နံနက်သို့ရောက်သောအခါ ကိုထွန်း
ဝေကထုံးစံအတိုင်းအလုပ်သို့သွားသည်။ အလုပ်ကပြန်
လာသောအခါ လမ်းတွင် ကိုနောင်နောင်နှင့်တွေ့လေ
သည်။
ထိုအခါကိုဝေက ရွှေတောင်တန်းသကြားစက်ရုံထဲ
တွင်နေထိုင်သော ပရလောကသားများအကြောင်း မေး
မြန်းရန်အတွက် အနီးရှိလက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့
ခေါ်သည်။
လက်ဖက်ရည်ဆိုင်သို့ရောက်သော် ကိုထွန်းဝေက
သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြောပြကာ
သိလိုသောအကြောင်းအရာများကို မေးမြန်းလိုက်၏။
ထိုအခါကိုနောင်နောင်က ရွှေတောင်တန်းသကြား
စက်ရုံဝန်းထဲတွင် ခြောက်လန့်နေသော တစ္ဆေမိသားစု
အကြောင်းကိုပြောပြလေသည်။
ငါးနာရီခွဲအချိန်ရောက်သောအခါ ကိုထွန်းဝေသည်
ကိုနောင်နောင်နှင့်လမ်းခွဲကာ အသိမိတ်ဆွေတစ်ဦး၏
အိမ်သို့ ဦးတည်ထွက်လာခဲ့သည်။
ကိုထွန်းဝေက ၎င်း၏မိတ်ဆွေအိမ်သို့ရောက်သော
အခါ ဘက်ထရီအိုး၊အောက်စက်၊အင်ဗာတာနှင့်ပဋ္ဌာန်း
တရားတော်အခွေအားငှါးရမ်းကာ ၎င်းတို့နေထိုင်လျက်
ရှိသော ရွှေတောင်တန်းသကြားစက်ရုံအတွင်းက အိမ်
ငယ်ကလေးဆီပြန်လာခဲ့သည်။
ပြန်ရောက်သောအခါ ကိုထွန်းဝေက မမြင့်မိုရ်အား
ကိုနောင်နောင်ပြောပြသော တစ္ဆေမိသားစုအကြောင်း
ကလေးတွေမသိအောင်ပြန်ပြောပြလိုက်သည်။

၈။
သုံးဧကအကျယ်ရှိသောဤမြေအား ဦးထွန်းမောင်
မဝယ်ယူမီအချိန်က ကိုစိုးဝင်းဆိုသူက ပိုင်ဆိုင်လေ၏။
ကိုစိုးဝင်းသည် ထိုခြံကျယ်ကြီး၏အလယ်တွင် အိမ်
ငယ်ကလေးတစ်လုံးဆောက်ကာ မိသားစုနှင့်အတူ နေ
ထိုင်သည်။
ဇနီးမမြခက်၊ သမီးကြီးဖွေးဖွေး၊ သားငယ်ပါးဖောင်း
တို့သည် ကိုစိုးဝင်းချစ်၍မဝသော မိသားစုဝင်များဖြစ်ပါ
သည်။ ကိုစိုးဝင်းတို့မိသားစုသည် ထိုခြံကျယ်ကြီးထဲက
အိမ်ကလေးတွင် ပျော်ရွှင်စွာနေထိုင်လာခဲ့ရာ တစ်နေ့
တွင် ကံဆိုးမိုးမှောင်ကျလေတော့သည်။
ထိုကြမ္မာဆိုးကြီးကြောင့် ကိုစိုးဝင်းတို့ တစ်မိသားစု
လုံးအသက်သေဆုံးခဲ့ရလေသည်။ ထိုတုန်းကကိုစိုးဝင်း
သည် ခြံကျယ်ကြီးထဲတွင် ချဉ်ပေါင်၊ ခရမ်း၊ ဖရုံ၊ သခွား
စသည့်သီးနှံပင်များကိုစိုက်ပျိုးထားသည်။
တစ်နေ့သောညနေခင်းတွင် ကိုစိုးဝင်းက ထိုသီးနှံ
ပင်များကို ပိုးသတ်ဆေးဖြန်းရန်ပြင်လေသည်။ ပိုးသတ်
ဆေးအား ဆေးဖြန်းပုံးထဲထည့်ပြီးနောက် ပိုးသတ်ဆေး
ဘူးအား မသိမ်းဆည်းသေးဘဲ မီးဖိုးနံဘေးတွင်ချထားခဲ့
သည်။
ထိုအချိန်မမြခက်က ကျက်နေပြီဖြစ်သော ဟင်းအိုး
ကိုမီးဖိုပေါ်တင်၍နွေးထားသည်။ ထိုနောက်၎င်းကစိုက်
ခင်းထဲတွင်မြက်နုတ်နေသည်။
ကိုစိုးဝင်း၏သားငယ်ပါးဖောင်းသည် အလွန်ဆိုး၏။
အဆော့လည်းသန်၏။ ပါးဖောင်းသည် ကိုစိုးဝင်းချထား
သော ပိုးသတ်ဆေးဘူးကိုယူ၍ မမြခက်ချက်ထားသော
ဟင်းအိုးထဲ သွန်ထည့်လိုက်သည်။ ထိုနောက်ဆေးဘူး
အား မူလနေရာ၌ပြန်ထားလိုက်သည်။
ထမင်းစားချိန်သို့ရောက်သောအခါ ပိုးသတ်ဆေးပါ
သောဟင်းကို မိသားစုလေးယောက်စလုံး မြိန်ရေရှက်
ရေစားသောက်ကြလေသည်။
ထိုနောက်မိနစ်အနည်းငယ်ကြာသောအခါ အဆိပ်
သင့်ကာ အကူအညီပေးမည့်သူမရှိသဖြင့် တစ်မိသားစု
လုံးအသက်သေဆုံးခဲ့ကြရလေသည်။
ထိုအကြောင်းကို ကိုစိုးဝင်းက စက်ရုံအလုပ်သမား
တစ်ဦးကို အိပ်မက်ပေး၍ပြောပြခြင်းဖြစ်သည်။
ထိုစက်ရုံအလုပ်သမားက ကိုနောင်နောင်အားပြော
ပြလေရာ ၎င်းကမယုံကြည်သဖြင့်စုံစမ်းကြည့်ရာ ယခင်
ကစက်ရုံမြေနေရာ၌ မိသားစုတစ်စုနေထိုင်ခဲ့ကြောင်း၊
ထိုမိသားစုသည် အဆိပ်မိ၍ သေဆုံးသွားကြကြောင်း
သိလိုက်ရလေသည်။
ထိုအကြောင်းတွေသာမက ကိုစိုးဝင်းသည် စက်ရုံ
အလုပ်သမားအား အခြားသောအကြောင်းအရာများကို
လည်းပြောပြ၍အကူအညီတောင်းသေးသည်။
ကိုစိုးဝင်းက ၎င်းပိုင်ဆိုင်သည့် ဤခြံကျယ်ကြီးအား
ဦးလေးတော်စပ်သူဦးတင့်နိုင်က မတရားသိမ်းပိုက်ကာ
ဦးထွန်းမောင်အား ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းက
ဤခြံကြီးကို ဦးတင့်နိုင်အားလွဲပြောင်းပေးရန် စေတနာ
မရှိကြောင်း၊ ၎င်းပိုင်ဆိုင်သည့်ခြံကြီးအား မိဘမဲ့ဂေဟာ
ဆီသို့ လှူ ဒါန်းစေလိုကြောင်း၊ ခြံကျယ်ကြီးအား လှူဒါန်း
၍ အမျှဝေသည့်အခါမှသာ ၎င်းတို့မိသားစုကျွတ်လွတ်
နိုင်မည့်အကြောင်းပြောလေသည်။
ကိုနောင်နောင်က ထိုအကြောင်းကို ဦးထွန်းမောင်
အားပြောပြလိုက်၏။ သို့သော်ဦးထွန်းမောင်က အရေး
မလုပ်ချေ။
ဦးထွန်းမောင်ကပရလောကကို အယုံအကြည်မရှိ
သဖြင့် ထိုအကြောင်းကိုလည်း မယုံကြည်သောကြောင့်
ဖြစ်ပါသည်။ ဦးထွန်းမောင်ကလစ်လျှူရှုလိုက်သည့်အခါ
ကိုစိုးဝင်းတို့မိသားစုသည် စတင်ခြောက်လန့်လေတော့
သည်။
စက်ရုံအလုပ်သမားတိုင်းလိုလို ကိုစိုးဝင်းတို့မိသားစု
၏ခြောက်လန့်ခြင်းခံကြရလေသည်။ အခြောက်အလန့်
မခံရသောသူမှာ ဦးထွန်းမောင်တစ်ဦးထဲသာရှိသည်။
ဦးထွန်းမောင်သည် စက်ရုံတွင်နေလေ့မရှိ။ စက်ရုံ
တွင်ရှိနေသောအခါ၌လည်း ခြောက်လန့်ခြင်းမခံရပါ။
ထိုကြောင့်ဦးထွန်းမောင်သည် အလုပ်သမားတို့၏
ပြောစကားကိုမယုံကြည်ချေ။ အချိန်ကြာလာသည့်အခါ
စက်ရုံအတွင်းရှိ စက်ပစ္စည်းများက မကြာခဏဆိုသလို
ပျက်ယွင်းလာသည်။ စက်ပစ္စည်းများကိုပြင်နေရသဖြင့်
စက်ရုံလည်ပတ်ချိန်က အလွန်နည်းလာသည်။
နောက်ဆုံးတွင်တော့ရွှေတောင်တန်းသကြားစက်ရုံ
သည် အရှုံးပေါ်ကာ ရပ်နားလိုက်ရလေတော့သည်။

၉။
ညစာစားပြီးသည့်အခါ ကိုထွန်းဝေသည် မိတ်ဆွေ
တစ်ဦး၏အိမ်တွင် ငှါးရမ်းလာသော အောက်စက်ဖြင့်
ပဋ္ဌာန်းတရားတော်ကိုဖွင့်လေသည်။
အကြောင်းစုံအား သိနေပြီးဖြစ်သောကိုထွန်းဝေက
ကိုစိုးဝင်းတို့မိသားစုကို သနားသည်။ ၎င်းတို့ကို ကျွတ်
လွတ်စေလိုသည်။ ပဋ္ဌာန်းတရားတော်ကို နာယူနိုင်မည်
ဆိုလျှင် ကျွတ်လွတ်နိုင်လိမ့်မည်ဟု ၎င်းကထင်သည်။
ထိုကြောင့်ပဋ္ဌာန်းတရားတော်ကို အောက်စက်ဖြင့်
ဖွင့်ထားခြင်းဖြစ်သည်။ အစောပိုင်းတွင်မထူးခြားသော်
လည်း ရှစ်နာရီခွဲသောအခါ ကိုစိုးဝင်းတို့မိသားစုသည်
စတင်သောင်းကျန်းလေတော့သည်။
ကိုထွန်းဝေက ပဋ္ဌာန်းတရားတော်အားဖွင့်နေသော
ကြောင့် ကိုစိုးဝင်းတို့မိသားစု သောင်းကျန်းနေခြင်းဖြစ်
မှန်းသိပါသော်လည်း အချိန်ကြာလာလျှင် နားယဉ်ကာ
သာဓုခေါ်နိုင်မည်ဟုတွေးကာ တရားတော်အား မပိတ်
ဘဲဆက်ဖွင့်ထားလေသည်။
အစောပိုင်းတွင် သကြားစက်ရုံ၏ ဗဟိုအဆောက်
အဦး၌သာ သောင်းကျန်းနေသော်လည်း မိနစ်သုံးဆယ်
ခန့်ကြာသောအခါ အိမ်ငယ်ကလေး၏ အနားကိုလာ၍
သောင်းကျန်းလေတော့သည်။
ထိုအချိန်လေသည် အချိန်အခါမဟုတ် သည်းထန်
စွာတိုက်ခတ်လာ၏။ ပြင်းထန်လှသော လေတိုက်နှုန်း
ကြောင့် အိမ်ငယ်ကလေး၏အနားတွင်ရှိသော မကျည်း
ပင်သည် တစ္ဆေတစ်ကောင်ပမာ ယိမ်းနွဲ့ကခုန်နေလေ
သည်။
ဗဟိုအဆောက်အဦး၏ လှန်နေသောသွပ်မိုးသည်
လည်း ကျယ်လောင်စွာအသံထွက်ပေါ်နေပါသည်။
ပျဉ်ချပ်များဖြင့်ကာရံထားသော အိမ်ငယ်ကလေး၏
အကာသည်လည်း ” တဗုန်းဗုန်း ” ထုနေသောကြောင့်
အသံမြည်နေပါသည်။
ထိုပြင်စူးစူးဝါးဝါးအော်ရယ်သံများလည်း ကြားနေရ
ပါသည်။ ဤစုံလင်လှသောအသံများကြောင့် သမီးကြီး
ဖူးဖူးနှင့် သားငယ်ဖိုးပြည့်သည် ကြောက်လန့်ကာ ငိုယို
နေလေသည်။
မမြင့်မိုရ်က သားနှင့်သမီး အကြောက်ပြေအောင်
ချော့သိပ်နေလေသည်။ သို့သော်သူကိုယ်တိုင်ကလည်း
ကြောက်လန့်နေလေ၏။
ကိုထွန်းဝေကမူ သည်အခြေအနေအား မည်ကဲ့သို့
ရင်ဆိုင်ရမည်ကို စဉ်းစားနေလေသည်။
လေသည်တဖြည်းဖြည်းနှင့် အိမ်ငယ်ကလေး ပြိုလု
မတတ်ကြမ်းလာသည်။ ရယ်သံများကလည်း ပို၍ကျယ်
လောင် စူးရှလာခဲ့သည်။
ကိုထွန်းဝေကတရားခွေအား ပိတ်ရန်စိတ်ကူးလိုက်
သည်။ သို့သော်နောက်ကျသွားချေပြီ။ အိမ်ငယ်ကလေး
၏ ပြတင်းပေါက်သည် ” ဝုန်းခနဲ ” ပွင့်သွားလေသည်။
ထိုအခါကိုထွန်းဝေတို့မိသားစုသည် ပို၍ပူးကပ်သွား
ကြသည်။ ၎င်းတို့သည် တစ္ဆေ၊သရဲဖြစ်သော ကိုစိုးဝင်း
တို့မိသားစု အိမ်ထဲဝင်လာလိမ့်မည်ဟု ထင်မှတ်နေကြ
သည်။ သို့သော်ဝင်မလာခဲ့ပါ။ ရယ်မောသံများကိုသာ
ကျယ်ကျယ်လောင်လောင်ကြားနေရပါသည်။
မိနစ်အနည်းငယ်ကြာသောအခါ အရာအားလုံးငြိမ်
သက်သွားလေသည်။ ရယ်မောသံများကိုလည်းမကြား
ရတော့ပါ။ အိမ်အကာကိုထုနေသောကြောင့် ” တဗုန်း
ဗုန်း ” မြည်နေသောအသံလည်း ပျောက်ကွယ်လို့သွား
သည်။
လေငြိမ်သွားသဖြင့် ဗဟိုအဆောက်အဦး၏ခေါင်မိုး
ဆီက လှန်နေသောသွပ်၏အသံသည်လည်း မကြားရ
တော့ပါ။ ဗဟိုအဆောက်အဦးအတွင်း ပြေးနေလွှားနေ
သော ခြေသံများလည်းမကြားရတော့ပါ။
ထိုအဖြစ်ကြောင့်ကိုထွန်းဝေသည် သူတို့ဖြစ်စေချင်
သောအရာကို ပြီးမြောက်အောင်မလုပ်ပေးမချင်း သူတို့
ကျွတ်လွတ်နိုင်ကြမည်မဟုတ်မှန်း ကောင်းကောင်းကြီး
သိသွားလေသည်။ ဤသို့ခြောက်လန့်ရခြင်းမှာလည်း
သူတို့လုပ်စေချင်သောအလုပ်ကို ပြီးမြောက်သည်အထိ
လုပ်ဆောင်ပေးရန် သတိပေးခြင်းဖြစ်မှန်း ကိုထွန်းဝေ
သိလိုက်ရလေသည်။ ထိုကြောင့်ကိုထွန်းဝေ မကြောက်
တော့။
မမြင့်မိုရ်ကမူ ဖြစ်နိုင်လျှင်သည်ကနေ ယခုချက်ချင်း
ပင်ထွက်သွားချင်နေပြီဖြစ်သည်။
ဖူးဖူးနှင့်ဖိုးပြည့်ကမူ အိပ်ပျော်နေလေပြီ။
ကိုထွန်းဝေသည် မနက်ဖြန်မနက် မိုးလင်းတာနှင့်
သည်ကနေအမြန်ထွက်ခွာရန်ဆုံးဖြတ်လိုက်လေသည်။
ထိုနောက်ဦးလေးဖြစ်သူ ဦးထွန်းမောင်ကိုလည်း ကိုစိုး
ဝင်းတို့မိသားစုအကြောင်း ပြန်ပြောပြရန်ဆုံးဖြတ်လိုက်
သည်။
ကိုထွန်းဝေနှင့် မမြင့်မိုရ်သည် အိပ်၍မပျော်သဖြင့်
ထိုင်နေခဲ့ရာမိုးလင်းသွားလေသည်။ မနက်ခင်းမိုးလင်း
သည့်အခါ မြင်တွေ့ရန်မျော်လင့်မထားသော လူတစ်ဦး
ကိုတွေ့လိုက်ရလေသည်။
ထိုသူသည် ကိုထွန်းဝေ၏ဖခင်ဖြစ်လေသည်။ ၎င်း
က အိပ်မက်မကောင်းသောကြောင့် သူ့မြေးနှစ်ဦးအား
လာခေါ်ခြင်းဖြစ်ကြောင်းဆိုလေသည်။
ထိုနောက်ကိုထွန်းဝေတို့ကို ၎င်းနှင့်အတူလိုက်ပြန်
ရန်ပြောဆိုလေသည်။
ထိုအခါကိုထွန်းဝေတို့က မငြင်းတော့ဘဲ ပစ္စည်းများ
ကိုသိမ်းဆည်းကာ တစ်ခါတည်းလိုက်ပြန်လာခဲ့သည်။
ကိုထွန်းဝေက ၎င်းတို့ကြုံတွေ့ခဲ့ရသည့်အကြောင်း
ကို ဦးထွန်းမောင်အားပြောပြလိုက်သည်။
ထိုနောက်ကိုစိုးဝင်းဖြစ်ချင်သည့်အတိုင်း လုပ်ပေးဖို့
ရန်ပူဆာလိုက်သည်။
ထိုအခါတူ၊တူမများအထဲတွင် ကိုထွန်းဝေကိုအချစ်
ဆုံးဖြစ်သောဦးထွန်းမောင်က ရွှေတောင်တန်းသကြား
စက်ရုံမြေနေရာအား မိဘမဲ့ဂေဟာတစ်ခုကို လှူဒါန်းရန်
သဘောတူလေသည်။
တစ်လခန့်ကြာသောအခါ ဦးထွန်းမောင်သည် ၎င်း
ပိုင်ဆိုင်သော ရွှေတောင်တန်းသကြားစက်ရုံမြေနေရာ
အားမိဘမဲ့ဂေဟာတစ်ခုကို စာချုပ်စာတမ်းများနှင့်တကွ
လှူဒါန်းကာ ရေစက်ချအမျှဝေလိုက်သည်။
ထိုအလှူကြောင့် ပိုးသတ်ဆေးအဆိပ်ကြောင့်သေခဲ့
ကိုစိုးဝင်းတို့မိသားစု ကောင်းရာမွန်ရာဘဝသို့ရောက်ပါ
စေဟု ကိုထွန်းဝေစုတောင်းနေမိသည်။

ပြီး။
ဆက်လက်ကြိုးစားပါဦးမည်။
#ဒီကိုး