Unicode Version
” အောင်မြတ်သာနှင့်ရုပ်သေးခေါ်သံ ”(စ/ဆုံး)
——————————————————
” ကျွီ……”
ဆိုင်ရှေ့ကို ထိုးဆိုက်လာတဲ့ ကုန်ကားသံကြောင့် ကောင်တာခုံမှာထိုင်နေတဲ့ ကိုသန်းကျော်တစ်ယောက်ပြာပြာသလဲလဲနဲ့အပြင်ကိုပြေးထွက်သွားခဲ့တယ်။
” ဗျို့ ကားဆရာ…. ကျုပ်အတွက်ပို့လာတဲ့ပစ္စည်းတွေပါတယ်မဟုတ်လား”
” ပါလို့ ဆိုင်ရှေ့ထိရောက်လာပေါ့ဗျ… ကိုသန်းကျော်ပစ္စည်းက အထဲရောက်နေတာမို့ အေးဆေးထိုင်ပါဦးဗျာ”
” ရပါတယ် အေးဆေးလုပ်ကြ… ကားဆရာလဲ ဆိုင်ထဲ၀င်ထိုင်ပါဦး…”
ကိုသန်းကျော်စကားကြောင့် ကားဆရာလဲ ဆိုင်ထဲကို၀င်လာခဲ့လိုက်တယ်။
” ကိုသန်းကျော် ဆိုင်က ပစ္စည်းတွေအတော်စုံလှချည်လား…. ဒါနဲ့ ဒီကိန္နရီ ကိန္နရာအရုပ်က လက်ရာအတော်မြောက်တာပဲနော်”
” လက်ရာမြောက်ဆို… ဒီအရုပ်က မန္တလေးဘက်ကိုသွားတုန်းရလာတာလေ… ထုလုပ်တဲ့သူက နန်းတွင်းပန်းပုဆရာမျိုးရိုးလို့ပြောတာပဲ”
” ခင်ဗျားကတော့လေ ဒီလိုလက်ရာကောင်းတဲ့ပစ္စည်းတွေရှာတဲ့နေရာမှာ နံပါတ်တစ်ပဲဗျို့…”
” ဟဲဟဲ… စီးပွားရေးသမားဆိုတော့လဲ သတင်းအစနရတာနဲ့ လိုက်ရတာပေါ့ဗျာ… ကဲဗျာ လက်ဖက်ရည်အရင်သောက်ပါဦး ပြီးမှလိုက်ကြည့်လဲရပါတယ်”
ကိုသန်းကျော်က အလုပ်သမားတစ်ယောက်လာချပေးတဲ့ လက်ဖက်ရည်ခွက်ကို ကားဆရာဆီကမ်းပေးလိုက်ပြီး နေကြာပန်းပုံထွင်းထုထားတဲ့ ကုလားထိုင်ပေါ်မှာထိုင်ချလိုက်တယ်။
” လက်ဖက်ရည်က ဆိမ့်နေတာပဲ .. ဒါ ဘယ်ဆိုင်ကမှာတာလဲဗျ”
” ရွှေလက်ရာဆိုင်ကမှာလိုက်တာလေ… ဒီဆိုင်က ဖွင့်တာမကြာသေးပေမယ့် လက်ရာက မြင်တဲ့အတိုင်းပဲဗျ”
ကိုသန်းကျော်နဲ့ ကားဆရာလဲ လက်ဖက်ရည်လေးသောက်လိုက် စကားလေးပြောလိုက်နဲ့လုပ်နေရာ နာရီ၀က်လောက်ကြာတော့ ကားနောက်လိုက် ဖိုးမှင်တစ်ယောက် အနားရောက်လာပြီး
” ဆရာ…. ပစ္စည်းတွေအကုန်လုံး ကားအောက်ကိုရောက်နေပြီ… ဆိုင်ထဲထည့်မထည့်လေးသိချင်လို့လာမေးတာ”
” အေးအေး… ပို့လက်စနဲ့ ဆိုင်ထဲထိရောက်အောင်သာပို့လိုက်တော့… လွတ်တဲ့နေရာမှာသာချထားလိုက်ကွာ”
ဖိုးမှင်လဲ ကျွန်းသေတ္တာနဲ့ထည့်ထားတဲ့ပစ္စည်းတွေကို အခြားအလုပ်သမားတွေနဲ့အတူ ထမ်းပိုးရင်း ဆိုင်ထဲကိုသယ်လာခဲ့လိုက်တယ်။
” ကိုသန်းကျော်ရေ… လက်ဖက်ရည်ကလဲကောင်း စကားကလဲကောင်းဆိုပေမယ့် အခြားပစ္စည်းတွေလိုက်ချရဦးမှာမို့ ခွင့်ပြုပါဦးဗျ”
” နောက်တစ်ခေါက် ရောက်မှပဲ အေးဆေးပြောကြတာပေါ့… ကားကိုလဲဖြေးဖြေးမောင်းဦး”
” စိတ်ချကိုသန်းကျော်ရေ… ကျုပ်က အဝေးပြေးလမ်းမှာသာ မောင်းတာ… မြို့ထဲကျ နွားလှည်းလိုပဲမောင်းရတယ်ဗျို့…ဟားဟား”
ကားဆရာလဲ ကိုသန်းကျော်ကိုနှုတ်ဆက်ပြီး ဆိုင်ရှေ့ကနေ ထွက်သွားလိုက်တယ်။
++++++
” ဂျောက်…”
ဆိုင်တံခါးကို ဘွန်ထိုးပြီးတာနဲ့ ရေနံဆီမီးအိမ်ရဲ့ မီးစာကိုမြှင့်တင်လိုက်ရာ အခန်းတစ်ခုလုံး အလင်းရောင်တွေဖြာထွက်လာခဲ့တယ်။
” ဦးဖြိုးငြိမ်းကတော့ ငါ့အကြိုက်လက်ရာတွေစုပေးလိုက်တယ်ဆိုပဲ… ဘယ်လိုတွေထည့်ပေးလိုက်တယ်ဆိုတာ ကြည့်ရမယ်”
ကိုသန်းကျော်က တစ်ယောက်ထဲတီးတိုးရေရွတ်ပြီး နိုင်လွန်ကြိုးနဲ့တင်းကြပ်စွာစည်းထားတဲ့ ကျွန်းသေတ္တာနားကိုသွားကာ ကြိုးထုံးကိုဖြေချလိုက်တယ်။ ပြီးတာနဲ့ သေတ္တာအဖုံးကို ဖွင့်ကြည့်လိုက်ရာ အထဲမှာတော့ ရွှေရောင်မျက်နှာဖုံးနဲ့ ကျောက်ပွင့်တွေစီခြယ်ထားတဲ့ ရုပ်သေးရုပ်တွေအပြင် အခြားလက်မှုပစ္စည်းတွေကိုမြင်တွေ့လိုက်ရတယ်။
” ဒီတစ်ခါ ပို့လာတဲ့ပစ္စည်းတွေက တကယ့်ကိုရှေးဟောင်းလက်ရာတွေပဲ… အသားနားတွေကအစ ဖန်တီးထားတာတွေအဆုံး အနုစိပ်လိုက်တာ”
ကိုသန်းကျော်က ပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြီး မျက်စိအရသာခံနေတဲ့အချိန် မှန်ပြောင်းထဲမှာထွန်းထားတဲ့မီးစာက တစ်ဖြေးဖြေးမှိန်ကျလာခဲ့တယ်။ အဲဒီချိန်မှာ မင်းညီမင်းသားပုံစံ၀တ်ဆင်ထားတဲ့ ရုပ်သေးရုပ်ကို ကိုင်ကြည့်နေတဲ့ချိန်မို့ အရုပ်ကိုသေတ္တာအောက်ခြေမှာထောင်လိုက်ပြီး မီးစာကိုပြန်မြှင့်တင်လိုက်တယ်။
မီးစာကိုသေချာညှိနေတဲ့အချိန် အနောက်ကနေ ရုတ်တရက်ဖြတ်ပြေးသွားတဲ့ အရိပ်ကိုအလင်းရောင်အောက်မှာ ဖျတ်ခနဲမြင်လိုက်ရတယ်။
” ဘာတုန်းဟ…”
တော်ရုံမကြောက်လန့်တတ်သူမို့ အရိပ်ဖြတ်ပြေးရာနေရာကို လိုက်ကြည့်ပေမယ့် ဘာမှမမြင်ရတဲ့အတွက် အမြင်မှားတာနေမှာပါလို့တွေးပြီး သေတ္တာထဲက ပစ္စည်းတွေကို အပြင်ကိုထုတ်ကာ စနစ်တကျစီနေရင်း..
” မနက်ဖြန် ဦးကောင်းစည်တို့ကိုအကြောင်းကြားရဦးမှာပဲ… အခုရောက်လာတဲ့ ပစ္စည်းအရည်အသွေးဆိုရင် ဈေးတောင်ဆစ်မှာမဟုတ်လောက်ဘူး…. ဟက်ဟက်”
ကိုသန်းကျော်က ရှေ့မှာချထားတဲ့ ပစ္စည်းတွေကို ကြည့်ပြီးကိုယ့်အတွေးနဲ့ကိုယ် သဘောကျစွာရယ်လိုက်တဲ့အချိန် သေတ္တာမှာထောင်ထားတဲ့ မင်းညီမင်းသားရုပ်လေးက ဘေးကို ဘုတ်ခနဲလဲကျသွားခဲ့တယ်။
” အမယ်… မင်းတို့ကိုရောင်းမယ်ပြောလို့ ခြေထောက်တောင်မခိုင်ပဲ ခွေလဲပြနေတာပေါ့လေ အဟက်အဟက်… ” လို့စနောက်ကာ ပို့လာတဲ့ပစ္စည်းတွေအားလုံးကို အရောင်းဗီဒိုလွတ်တစ်ခုထဲ ထည့်ထားလိုက်တယ်။
+++++++
” ရှပ် ရှပ်ရှပ်… ဂလောက် ဂလောက်”
ဆိုင်ခန်းထဲကနေ လမ်းလျောက်နေတဲ့ ခြေသံကြောင့် ထပ်ခိုးပေါ်မှာအိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ ကိုသန်းကျော် ဖျတ်ခနဲလန့်နိုးလာခဲ့တယ်။
” ရှပ် ရှပ် ရှပ်”
ခြေသံကို ကြမ်းပြင်ကိုရှပ်ပြီးလျောက်နေတဲ့အသံ။
” သူခိုးများငါ့ဆိုင်ထဲ၀င်တာလား….”
ရုတ်တရက်အတွေးထဲပေါ်လာတာကြောင့် အိပ်ယာဘေးမှာဆောင်ထားတဲ့ သားရည်ပြားပတ်ဝါးဆစ်ပိတ်တုတ်ကို လက်တစ်ဖက်နဲ့ ကောက်ကိုင်ကာ နောက်လက်တစ်ဖက်မှာ လက်နှိပ်ဓါတ်မီးကိုဆုပ်ကိုင်ကာ ခြင်ထောင်ထဲကနေ အသာထွက်လာခဲ့လိုက်တယ်။
” ရှပ် ရှပ် ရှပ်…”
” ခြေသံက အောက်ထပ်မှာပဲကြားနေတာ … သေချာပီ သူခိုးပဲ”
ကိုသန်းကျော်လဲ ဓါတ်မီးခလုပ်ပေါ်လက်တင်ပြီး အသံကြားထဲနေရာကို ထိုးကြည့်လိုက်ရာ လူရိပ်နဲ့တူတာဆိုလို့ဘာမှမမြင်ရတာကြောင့် နားကြားမှားတာများဖြစ်နေမလားလို့တွေးကာ ပြန်လှည့်လိုက်တဲ့အချိန် သူ့ကိုရပ်ကြည့်နေတဲ့လူရိပ်တစ်ခုကို ရှေ့မှာရှိတဲ့ မှန်ထဲကနေ မြင်လိုက်ရတယ်။
” မြတ်စွာဘုရား… ဘာတုန်းဟ”
မှန်ထဲမှာမြင်တာနဲ့ချက်ချင်းနောက်လှည့်ကြည့်လိုက်ပေမယ့် ဘာမှမမြင်ရသလို မှန်ကိုပြန်ကြည့်တော့လဲ အရောင်းပစ္စည်းတွေကိုသာမြင်လိုက်ရတယ်။
” ငါ ဘာဖြစ်နေတာလဲ… စိတ်ထိန်းစမ်း စိတ်ထိန်းစမ်း… ”
သန်းကျော်လဲ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရင်း ဆိုင်ထဲအနှံ့ကို ဓါတ်မီးနဲ့လိုက်ကြည့်နေလိုက်တယ်။ သေချာစစ်ကြည့်ပြီးတဲ့ချိန် သက်ရှိနဲ့တူတာဆိုလို့ဘာမှမတွေ့တာကြောင့် အိပ်ယာထဲပြန်၀င်ပြီး လှဲချလိုက်တယ်။ အဲဒိနောက်ပိုင်း ဘာသံမှမကြားရတော့တဲ့အတွက် ဂယောက်ဂယက်ဖြစ်နေတဲ့ အတွေးတွေကိုထိန်းချုပ်ပီး အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်ရာ တစ်ခဏချင်းအိပ်ပျော်သွားခဲ့တယ်။
++++++++
” ငါ့ကိုအစာကျွေးပါ… ဘာမှမစားရတာ ကြာနေပီ… ငါ့ကိုအစာကျွေးကြပါ….”
အိမ်မက်လိုလိုတကယ်လိုလိုကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကိုဖွင့်ဖို့ကြိုးစားလိုက်ပေမယ့် မျက်ခွံနှစ်ခုက ကော်နဲ့ကပ်ထားသလို စေးကပ်နေခဲ့တယ်။
” မျက်လုံးကိုမဖွင့်မိစေနဲ့…. နင်လုပ်ရမှာက မိုးလင်းတာနဲ့ ငါ့ကိုအစာကျွေးဖို့ပဲ”
အသံက ရှေ့ကနေထွက်လာလိုက် နောက်ကနေထွက်လာလိုက်နဲ့ လေထဲဝှေ့နေသလို ကြားနေခဲ့ရတယ်။
” ငါ့ကိုခေါ်လာပြီး အစာမကျွေးရင် တစ်ဆိုင်လုံး ဗြောင်းဆန်အောင် လုပ်ရလိမ့်မယ်… အဟီးအဟီး.. မိုးလင်းတာနဲ့ ထမင်းဖြူ ထမင်းနီ ထမင်းဝါ သုံးလုံးပေါ်မှာ မကျက်တကျက်အသားတုံးတွေတင်ပြီး မောင်လူပျိုစားသောက်ဖို့အတွက်ကျွေးပါတယ်လို့ ပါးစပ်ကသုံးကြိမ်တိတိပြော၊ ပီးရင်တော့ ဆိုင်ထဲက ခုံတစ်လုံးပေါ်မှာ တင်ထားပေးရမယ်၊ ငါပြောသလိုလုပ်ပေးရင် နင့်ဆိုင်ကို လူတွေလာအောင် ခေါ်လာပေးမယ်… မလုပ်ရင်တော့ မောင်လူပျိုအကြောင်း သိရမဟေ့”
အသံနက်ကြီးနဲ့ အော်ပြီး လှည့်ပတ်ပြေးနေတဲ့ ခြေသံတွေက အရောင်းပစ္စည်းတွေထည့်ထားတဲ့ ဗီဒိုတစ်လုံးရှေ့အရောက်မှာတော့ ငြိမ်သက်သွားခဲ့သလို ကိုသန်းကျော်လဲ အိပ်မက်ကနေ လန့်နိုးလာခဲ့တယ်။
” ဟူး… ဘာအိမ်မက်ကြီးလဲကွာ… ဒီတစ်ခါရလာတဲ့ပစ္စည်းတွေထဲ မသန့်တာတွေပါလာတာများလား”
နဖူးစပ်ပေါ်က ချွေးသီးချွေးပေါက်တွေကို သုတ်လိုက်ပြီး အနားမှာရှိတဲ့ ရေဘူးထဲကရေကို ကုန်စင်တဲ့ထိ သောက်ချလိုက်တယ်။
+++++
” ဆရာ… ဦးကောင်းစည်တို့ရောက်လာပြီ”
အလုပ်သမားကောင်လေးရဲ့စကားကြောင့် ကိုသန်းကျော်တစ်ယောက် ထိုင်ရာကနေထပြီး ခရီးဦးကြိုပြုလိုက်တယ်။
” ဟေ့ မောင်သန်းကျော်… ပစ္စည်းအသစ်တွေရောက်နေတယ်ဆို”
” ဟဲဟဲ… ဦးလေးတို့အကြိုက်တွေပါတာမို့ ချက်ချင်းသွားပြောခိုင်းလိုက်တာ”
” ပြစမ်းပါဦး… မင်းဆီရောက်လာတဲ့ပစ္စည်းတွေ”
ကိုသန်းကျော်လဲ ဗီဒိုထဲထည့်ထားတဲ့ ပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြလိုက်ရာ ဦးကောင်းစည်က သေချာကြည့်ပြီး
” လက်ရာတွေက အတော်ကောင်းတာပဲ ဘယ်နယ်ဘက်ကနေ ရလာတာလဲကွ”
” နယ်ကတော့အစုံပဲ ဦးလေးရေ… ကျွန်တော် ဘကြီးက ခရီးစုံသွားနေတာဆိုတော့ သူရောက်တဲ့နေရာမှာ ပစ္စည်းကောင်းတွေ့ရင် ကြိုက်ဈေးပေးပြီး ၀ယ်ခဲ့တာပဲ”
ဦးကောင်းစည်က ရှေ့မှာရှိနေတဲ့ အရုပ်တွေကို ကြည့်နေရင်း မင်းညီမင်းသားပုံစံဖန်တီးထားတဲ့ရုပ်သေးရုပ်ကိုတွေ့တော့ မျက်မှောင်ကျုံ့ကာကြည့်လိုက်ပြီး
” ဒီအရုပ်က အတော်လိုက်ရာမြောက်တာပဲ… မျက်နှာကအစ အ၀တ်စားတွေအဆုံး အသေးစိတ်ဖန်တီးထားတာနော်”
” ကျွန်တော်လဲ ဒီအရုပ်ကို သဘောကျနေတာ… ဦးလေး ယူမယ်ဆို ဈေးလဲသင့်တင့်အောင်လုပ်ပေးမယ်”
” ဟုတ်ပီလေ… ဒီအရုပ်အပြင် အခြားအရုပ်တွေလဲယူပါဦးမယ်… ”
” ဟုတ်ကဲ့ပါဗျ…”
ကိုသန်းကျော်က ပစ္စည်းတွေရောင်းထွက်တော့မယ်ဆိုတော့ သွားကြီးဖြီးပြီးသဘောကျစွာပြုံးရယ်နေခဲ့တယ်။
+++++++
” ဖိုးသံလုံးရေ… ကားပေါ်က ပစ္စည်းတွေ ငါ့အခန်းထဲထည့်ပေးဦး”
ကားပေါ်ကဆင်းဆင်းချင်း ပြောလိုက်တဲ့ ဦးကောင်းစည်အသံကြောင့် ခြံထဲမှာမြက်ရှင်းနေတဲ့ ဖိုးသံလုံးက ကပြာကယာ ပြေးလာပြီး အရုပ်တွေထည့်ထားတဲ့ ကတ်ထူပုံးကိုယူကာ အိမ်ထဲကို၀င်သွားခဲ့တယ်။
” ဒေါ်ကုလားမ… ခဏနေကျရင် ဈေးထဲသွားပြီး ကြက်အဖြူတစ်ကောင်၀ယ်လာခဲ့.. တစ်ကိုယ်လုံးဖြူဆွတ်နေမှရမယ်နော်”
” ဟုတ်ကဲ့ ဦးလေး… သေချာရွေး၀ယ်လာခဲ့ပါမယ်”
ဦးကောင်းစည်က စားပွဲပေါ်ကို ပိုက်ဆံတင်ပေးလိုက်ပြီး အခန်းထဲကို၀င်လာခဲ့လိုက်တယ်။ အထဲရောက်တော့ ကတ်ထူပုံးထဲမှာပါလာတဲ့ အရုပ်တွေကို ထုတ်ယူလိုက်ပြီး သေချာစွာတန်းစီလိုက်တယ်။
” ဦးလေး… ကျွန်တော်ရောက်ပါပြီ”
” မောင်ငယ် လားဟေ့”
” ဟုတ်ပါတယ် ဦးလေး”
” အေးအေး ခဏစောင့်”
ဦးကောင်းစည်က အခန်းတံခါးကိုဖွင့်လိုက်ရာ အသက်၃၀အရွယ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
” ဦးလေးခေါ်ထဲက တစ်ခုခုထူးတော့မယ်ဆိုတာ ရိပ်မိတယ်…ဘာတွေရထားလို့လဲဗျ”
” မနက်က သန်းကျော်ဆိုင်ကိုရောက်တော့ ထူးဆန်းတဲ့ရုပ်သေးရုပ်တစ်ခုတွေ့ခဲ့တယ်… အဲဒီအရုပ်က ငါကိုင်လိုက်တာနဲ့ ရုန်းကန်နေသလိုလဲခံစားရတယ်…”
” ဒါဆို ဦးလေးရလာတဲ့အရုပ်က ခိုင်းစားလို့ရမယ့်ပုံပဲ”
” ငါလဲသေချာအောင် စမ်းကြည့်မလို့ ဒေါ်ကုလားမကို ကြက်တစ်ကောင်၀ယ်ခိုင်းထားတယ်… ခဏနေ လုပ်ငန်းစကြရအောင်”
မကြာခင် ဒေါ်ကုလားမရောက်လာပြီး ခြေထောက်တွေကိုကြိုးနဲ့ချည်ထားတဲ့ကြက်အဖြူတစ်ကောင်ကို လာပေးသွားခဲ့တယ်။ မောင်ငယ်လဲ ကြက်အဖြူကိုအရှင်လတ်လတ်လည်ပင်းလှီးဖြတ်လိုက်ပြီး တတောက်တောက်ကျလာတဲ့သွေးတွေကို ခွက်တစ်လုံးနဲ့ခံကာ ယူထားလိုက်တယ်။ ပြီးတာနဲ့ ဦးကောင်းစည်က အသင့်လုပ်ထားတဲ့ အင်းကွက်တစ်ရွက်ကို ရုပ်သေးရုပ်ရဲ့ ကျောမှာချည်ပြီး ဦးခေါင်းထက်ကနေ သွေးစိမ်းတွေကို တစ်စက်ချင်းချလိုက်ရာ မှိတ်နေတဲ့မျက်လုံးတွေ ဖျတ်ခနဲပွင့်လာခဲ့တယ်။
” မင်းက ဒီအရုပ်ကိုယ်ထဲမှာ ရှိနေတာလား… ဟုတ်တယ်ဆိုရင် မျက်တောင်နှစ်ချက်ခတ်ပြစမ်း”
ဦးကောင်းစည်စကားအဆုံးမှာ ရုပ်သေးရုပ်ရဲ့မျက်တောင်က နှစ်ချပ်တိတိခတ်သွားခဲ့တယ်။
” အခုကစပြီး ငါတို့ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် မင်းကို အစားကောင်းကောင်းကျွေးမယ်… ငါ့အမိန့်ကိုနာခံမှာလား”
ဒီတစ်ခါတော့ ရုပ်သေးရုပ်ရဲ့ ဦးခေါင်းက သိသိသာသာကြီး ငိုက်ကျသွားခဲ့တယ်။
” ဒီကောင်က ဘယ်ဆိုးလို့တုန်း… ပြောတဲ့အတိုင်းရသားပဲ”
” ဦးလေး… ဒီညသူ့ကိုစခိုင်းကြည့်မလား…”
” မင်းကိုအလုပ်အပ်ထားတဲ့သူရှိနေလို့လား မောင်ငယ်”
” အလုပ်အပ်ထားတယ်လို့တော့မဟုတ်ပေမယ့် ဒီကောင်ရဲ့ လုပ်ရည်ကိုင်ရည်ကို သိရအောင်စမ်းကြည့်ချင်လို့လေ… ”
” မင်းဘယ်သူနဲ့စမ်းမှာလဲ”
မောင်ငယ်က ဦးကောင်းစည် အနားကိုကပ်ပြီး တီးတိုးပြောလိုက်ရာ
” ဒါဆိုလဲ လုပ်ကြည့်ပေါ့ကွာ” လို့ပြောပြီး ရုပ်သေးရုပ်ကို ရှေးဟောင်းဗီဒိုတစ်လုံးထဲ ထည့်ထားလိုက်တယ်။
ဗီဒိုထဲမှာတော့ ကလေးကစားစရာအရုပ်တွေအပြင်၊ ပန်းပုရုပ်ပေါင်းများစွာရှိနေပြီး အားလုံးကို အနီရောင်ချည်ကြိုးတွေနဲ့ရစ်ပတ်ထားတာကိုလဲမြင်တွေ့လိုက်ရတယ်။
++++++
” ဆရာ…ဆရာ….”
” ဟေ ဘာဖြစ်တာတုန်း မောင်စံရ”
” ဆရာအမေ သတိလစ်သွားလို့တဲ့… ”
” ဟာ ဒုက္ခပါပဲ…. အေးအေး ငါအခုသွားလိုက်ဦးမယ်.. ဆိုင်ကိုသေချာကြည့်ထားပေးဦး”
ကျော်သန်းက ချက်ချင်းဆိုသလို ကောင်တာကနေ ထပြီး ဆိုင်ရှေ့မှာရှိနေတဲ့စက်ဘီကိုနင်းကာ ထွက်သွားခဲ့တယ်။ အိမ်ရှေ့ရောက်တော့ လူတွေစုပြုံနေတာကြောင့် အတင်းတိုး၀င်ပြီးကြည့်လိုက်ရာ မျက်ဖြူလန်ပြီး သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ မိခင်ဖြစ်သူကိူမြင်လိုက်ရတယ်။
” ဒေါ်မေသိန်း… အမေက ဘယ်လိုဖြစ်ရတာလဲ”
” ငါလဲသေချာမသိဘူး သန်းကျော်ရယ်… မနက်က ၀က်စာလာယူတော့ သတိလစ်နေတာတွေ့လို့ နင့်ဆိုင်က ကောင်လေးကို ပြောခိုင်းလိုက်တာ”
” အမေ… အမေ… သတိထားပါဦး…”
သန်းကျော်က ခြေတွေလက်တွေကိုနှိပ်နယ်ပေးနေတဲ့အချိန် အိမ်နီးနားချင်းတွေပင့်ထားတဲ့ ဆရာ၀န်ရောက်လာပြီး လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပေးတော့မှ သတိပြန်လည်လာခဲ့တယ်။
” ဆရာ.. အမေက ဘာဖြစ်တာလဲ”
” ရောဂါကတော့ ထွေထွေထူးထူးမစမ်းမိဘူးဗျ… သွေးခုန်နှုန်းလဲပုံမှန်ပဲ… ဆီးချိုစစ်တော့လဲမရှိဘူး… ဆရာထင်တာကတော့ အသက်ကြီးလာတဲ့အတွက် အားနည်းပြီးမေ့လဲတယ်လို့ပဲမြင်တယ်”
” ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့ဘာဆေးတွေတိုက်ရမယ်ဆိုတာ ပြောခဲ့ပေးပါဦး”
” ဆေးညွှန်းတော့ရေးပေးလိုက်မယ်.. အဓိကကတော့ အားရှိတဲ့အစားအစာတွေကျွေးပေးပါ…အိပ်ရေးပျက်လဲမခံဖို့ပြောပေးပါ”
သန်းကျော်လဲ ဆရာ၀န်ပြောတဲ့အတိုင်း လိုက်မှတ်ပြီး ဆေး၀ယ်ဖို့ပြန်ထွက်လာခဲ့လိုက်တယ်။ ဆေးမ၀ယ်ခင် ဆိုင်ကိုသုံးရက်လောက်ပိတ်ဖို့ပြန်လာတဲ့အချိန် ဆိုင်ခန်းထဲမှာ လူသုံးယောက်ထိုင်နေတာကိုမြင်လိုက်ရတယ်။
” ဧည့်သည်တွေရောက်နေတာလား မောင်စံ”
” ဆရာကိုတွေ့ချင်တယ်ပြောလို့ ဆိုင်ထဲခေါ်ထားလိုက်တာ”
” ဟေ… ငါလဲတစ်ခါမှမတွေ့ပါဘူး… မင်းတို့လဲ ပစ္စည်းတွေသိမ်းလိုက်ကြတော့ ငါ့အမေ နေမကောင်းတာကြောင့် ဆိုင်ကိုသုံးရက်လောက်ပိတ်ရမယ်ထင်တယ်”
အလုပ်သမားတွေလဲ ခင်းကျင်းထားတဲ့ပစ္စည်းတွေကိုသိမ်းဆည်းနေတဲ့အချိန် သန်းကျော်က ဆိုင်ခန်းထဲလှည့်ပတ်ကြည့်နေတဲ့ ဧည့်သည်တွေဆီကိုသွားပြီး
” ဟိုလေ… ကျွန်တော်ကိုတွေ့ချင်တယ်ဆိုလို့…ဘယ်သူများလဲမသိဘူး”
” ဆိုင်မှာ လွန်ခဲ့တဲ့ရက်တွေတုန်းက ရုပ်သေးရုပ်အသစ်တွေရောက်လာသေးလား”
” မန္တလေးဘက်ကနေ ပို့လာတဲ့အရုပ်တွေတော့ ရောက်လာတယ်… ဘာများဖြစ်လို့လဲ”
” အဲဒီအရုပ်တွေရောက်လာတော့ ထူးထူးခြားခြား ဖြစ်စဉ်တွေဖြစ်သေးလား”
” ဟင်… ခင်ဗျားတို့က ဘယ်လိုသိတာလဲ”
” ဘယ်လိုသိလဲဆိုတာထက် အဲဒီအရုပ်တွေကြောင့် ဖြစ်လာမယ့်အရာတွေကိုပိုသတိထားရတော့မယ်”
” အရုပ်တွေအကြောင်းပြောဖို့ဆို ဆိုင်ဖွင့်မှ ပြန်လာလို့မရဘူးလား… ကျုပ်အမေနေမကောင်းဖြစ်တာကြောင့် ဆိုင်ကိုပိတ်ရဦးမယ်ထင်တယ်”
” ကောင်းပါပြီ… သင့်အနေနဲ့ ကျုပ်တို့ကိုတွေ့ချင်တယ်ဆိုရင် ဓမ္မရံသီဘုန်းကြီးကျောင်းကိုလာခဲ့ပါ..”
” ဟုတ်ပီ ဟုတ်ပီ ကျုပ်အခြားကိစ္စတွေရှိနေသေးတာမို့ သွားလိုက်ပါဦးမယ်”
သန်းကျော်လဲ ဆေး၀ယ်ဖို့ကိစ္စနဲ့လောနေတာမို့ စကားစကိုဖြတ်ပြီး ဆေးဆိုင်ဘက်ကိုပြန်ထွက်သွားခဲ့တယ်။
++++++++
ညသန်းခေါင်အချိန်….
” ဂလုန်း ဂွမ်း…”
အိမ်နောက်ဖေးကနေ ဒန်အိုးတွေပြုတ်ကျတဲ့အသံကြောင့် ဧည့်ခန်းမှာစာထိုင်ဖတ်နေတဲ့ သန်းကျော်တစ်ယောက် ခေါင်းထောင်လာပြီး
” ကြောင်တွေ သောင်းကျန်းနေပြန်ပီထင်တယ်…အမေ… အိပ်နေပီလား”
အခန်းထဲမှာအိပ်နေတဲ့ မိခင်ဖြစ်သူကိုလှမ်းမေးလိုက်ပေမယ့် အသံမကြားတာကြောင့် ဖတ်လက်စစာအုပ်ကို ချပြီးအိမ်နောက်ဖေးကိုထွက်လာခဲ့ရာ မနက်အတွက်ချက်ထားတဲ့ဟင်းအိုးကမှောက်လျက်အနေအထားဖြစ်နေတဲ့အပြင် တစ်ကိုယ်လုံးဟင်းဆီတွေပေကျန်နေတဲ့ မိခင်ဖြစ်သူကိုမြင်လိုက်ရတယ်။
” အမေ… ဘယ်လိုဖြစ်တာလဲ… ဒီအချိန်ကြီး ဟင်းအိုးနား ဘာသွားလုပ်တာလဲဗျ”
သန်းကျော်က စိတ်တိုသွားပေမယ့် မိခင်ဖြစ်သူနေမကောင်းဖြစ်နေတာကြောင့် စကားကိုထိန်းပြောလိုက်ပြီး ပေကျံနေတဲ့အ၀တ်တွေကို လဲရန် ဆွဲထူလိုက်တဲ့ချိန်
” ငါ့ကိုလွှတ်စမ်း…. ”
” အမေ … ဘာဖြစ်နေတာလဲ… အ၀တ်တွေမှာ ဟင်းဆီတွေပေနေတာ လဲရမယ်လေဗျာ”
” ဘာလို့လဲရမှာလဲ… ဒီအနံ့လေးကို ငါကြိုက်တယ်… သူ့အရသာကိုလဲကြိုက်တယ်ဟဲ့”
မိခင်ဖြစ်သူက အ၀တ်မှာပေနေတဲ့ ဟင်းအဆီတွေကို လျာနဲ့ကုန်းယက်ပြီး စားနေတဲ့ပုံစံကြောင့် သန်းကျော်ရဲ့ ခန္ဓာကိုယ်ကနေ ကြက်သီးမွှေးညှင်းတွေ ထောင်တက်လာခဲ့တယ်။
” အမေ… အမေ စားချင်ရင် အသစ်ပြန်ချက်ပေးမယ်လေ… ဒီလိုကြီးတော့မလုပ်ပါနဲ့ အမေ့ကိုကြည့်ရတာ မသိရင် ဘီလူးသရဲစီးနေတဲ့ပုံစံကြီး”
” နင့်ပါးစပ်ကိုပိတ်ထားစမ်း… ငါ့ဘာသာ ဘာဖြစ်ဖြစ် နင်ပြောစရာမလိုဘူး… ငါနေချင်သလိုနေမယ် လာမပြောနဲ့”
“ဟာ တစ်ခုခုတော့ လွဲနေပြီ…”
သန်းကျော်က စကားပြောနေရင်း အိမ်ရှေ့ဘုရားကျောင်းဆောင်မှာတင်ထားတဲ့ ပရိတ်ရေဘူးကို ယူဖို့ထသွားတဲ့အချိန် လဲကျနေတဲ့မိခင်ဖြစ်သူက ရုတ်တရက်ကောက်ထလာပြီး အိမ်နံရံမှာချိတ်ထားတဲ့ ဓါးကိုဆွဲယူလိုက်ကာ
” အဲဒီရေဘူးကို ကိုင်တာနဲ့ ဒီဓါးကို ငါ့လည်ပင်းထဲထိုးစိုက်လိုက်မယ်… အဟီးအဟီးဟက်ဟက်… ယူရဲရင်ယူကြည့်စမ်း”
” အမေ သတိထားပါဦး… ဒုက္ခပါပဲဗျာ”
” နင့်အမေကို မသနားဘူးလား … သူ့လည်ပင်းထဲကနေ သွေးတွေထွက်လာတာမြင်ချင်လို့လား”
” ဟုတ်ပြီ … ရေမန်းဘူးကိုလဲမယူတော့ဘူး… လက်ထဲက ဓါးကိုလဲချထားလိုက်တော့”
သန်းကျော်စကားကြောင့် မိခင်ဖြစ်သူက ဗြီတီတီမျက်နှာထားနဲ့ ရယ်လိုက်ပြီး ကြမ်းပြင်ပေါ်ကျနေတဲ့ အသားတုံးတစ်တုံးကိုကောက်ယူကာ ပါးစပ်ထဲထိုးထည့်လိုက်တယ်။
သန်းကျော်လဲ ပတ်၀န်းကျင်ကို လှမ်းပြောဖို့လုပ်တဲ့အချိန် ဟင်းအိုးဘေးမှာ ငုတ်တုပ်ထိုင်နေတဲ့ မိခင်ဖြစ်သူက မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီး
” အသံမထွက်နဲ့ တိတ်တိတ်လေးနေ… ငါကဆူညံတာမကြိုက်ဘူးနော်” လို့ပြောလိုက်တာကြောင့် သန်းကျော်လဲ ကြောက်လန့်တကြားနဲ့ ငုတ်တုတ်ထိုင်ကာ ကြည့်နေခဲ့ရတယ်။
မိခင်ဖြစ်သူက ဟင်းအိုးထဲကဟင်းတွေကုန်စင်အောင် စားပြီးချိန်မှာတော့ သမ်းဝေလာကာ ဟင်းတွေဖိတ်ကျနေတဲ့နေရာမှာတင်လှဲကာ အိပ်ချလိုက်တယ်။
သန်းကျော်လဲ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် ကြက်သီးမွှေးညှင်းတွေထလောက်တဲ့ထိ ထိတ်လန့်သွားခဲ့ပေမယ့် စိတ်ကိုပြန်ထိန်းကာ အိပ်မောကျနေတဲ့မိခင်ဖြစ်သူကို အသာပွေ့ချီကာ အခန်းထဲကိုခေါ်သွားခဲ့လိုက်တယ်။ အခန်းထဲရောက်တော့ ညစ်ပတ်ပေရေနေတဲ့ အ၀တ်အစားတွေကိုလဲလှယ်ပေးပြီး သုတ်သင်ဆေးကြောပီးချိန်မှာတော့ ညကအတော်နက်နေပီမို့ အိပ်မောကျနေတဲ့မိခင်ဖြစ်သူရဲ့ဘေးမှာတင်ကျောဆန့်ချလိုက်ရာ ခဏလေးအတွင်းအိပ်ပျော်သွားခဲ့တယ်။
မနက်မိုးလင်းတော့ မိခင်ဖြစ်သူကို အိမ်နီးနားချင်းတွေနဲ့ ခဏအပ်ပြီး ဆိုင်ကိုလာသွားတဲ့သူတွေတည်းခိုရာ ဓမ္မရံသီဘုန်းကြီးကျောင်းဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကျောင်းပေါ်ရောက်တော့ ဆရာတော်နဲ့ စကားလက်ဆုံကြနေတဲ့ လူသုံးယောက်ကိုမြင်တာနဲ့ အနားမှာထိုင်လိုက်ပြီး စကားပြောပြီးတဲ့ထိစောင့်နေခဲ့လိုက်တယ်။ တစ်အောင့်လောက်အကြာမှာတော့ ဆရာတော်က စကားစကိုဖြတ်ပြီး ကျက်သရေတိုက်ထဲပြန်ကြွသွားတဲ့အချိန်
” အိမ်မှာလဲထူးခြားတာတွေကြုံနေရပီလား” ဆိုတဲ့စကားကိုကြားလိုက်ရတယ်။
” ဟုတ်တယ်ဗျာ… ကျုပ်ဖြင့်တစ်ခါမှမကြုံဖူးတဲ့ဖြစ်ရပ်ကိုမျက်ဝါးထင်ထင်မြင်လိုက်ရတာပဲ… ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ သိအောင်လုပ်လို့ရမလားဗျ”
” ဒါကတော့ အိမ်ကိုလိုက်ပြီးကြည့်ပေးမှရမယ်…”
” ရပါတယ်ဗျ… ခြေကြွခလဲထိုက်တန်အောင်ပေးပါ့မယ်… ကူညီပေးပါဦးဗျာ”
သန်းကျော်စကားကြောင့် ဥပဓိရုပ်ကောင်းကောင်းနဲ့လူက သဘောကျစွာပြုံးရယ်လိုက်ပြီး
” ခြွေကြွခထက် မဖြစ်သင့်တာမဖြစ်ရအောင် ကျုပ်တို့ကလုပ်ပေးချင်တာပါ… ကဲ ရှေ့ကနေ လမ်းပြပြီးခေါ်သွားပေးပါဦး”
” ဟုတ်ကဲ့… ဟိုလေ ဆရာတို့ ဆိုင်ကိုလာတုန်းက ကျုပ်ဧည့်၀တ်မကျေတာတောင်းပန်ပါတယ်ဗျာ… အဲဒီတုန်းက မိဘအပူနဲ့မို့ ကိုယ်တိုင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေလို့ပါ”
” မိဘအပေါ်သိတတ်တဲ့စိတ်ထားလေးကို မြင်တွေ့ရတာနဲ့တင် အရာအားလုံးကိုနားလည်ပေးလို့ရပါတယ်”
” ကျေးဇူးတင်ပါတယ်ဆရာတို့ရယ်… ဒါနဲ့ ဆရာတို့နာမည်လေးကိုသိပါရစေ”
” ကျုပ်ကိုတော့ အောင်မြတ်သာလို့ခေါ်ပါ… သူတို့နှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှပါ”
” ဟုတ်ကဲ့ ဆရာအောင်မြတ်သာ… ဒီက ဆရာလေးတို့နာမည်ကိုလဲမှတ်ထားပါ့မယ်… ကျွန်တော်နာမည်ကတော့ သန်းကျော်ပါ”
ဒီလိုနဲ့ အောင်မြတ်သာတို့လဲ သန်းကျော်ရဲ့နေအိမ်ကို ရောက်သွားခဲ့ကြတယ်။ အိမ်ကိုရောက်တော့ အားနည်းတဲ့ပုံစံနဲ့ လှဲလျောင်းနေတဲ့ မိန်းမကြီးတစ်ယောက်ကိုမြင်တွေ့လိုက်ရပြီး သူ့ဘေးမှာတော့ ယပ်တောင်တဖျတ်ဖျတ်ခတ်ပေးနေတဲ့ အသက်၄၀အရွယ်မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
” ဒေါ်လှမျိုး.. ဆရာတို့အတွက် ရေနွေးနဲ့ လက်ဖက်သုတ်လေးပြင်ပေးပါဦး”
” အေးအေး… ငါလုပ်လိုက်မယ်”
” ဆရာ ဒါကတော့ ကျွန်တော်အမေပါ… အခုရက်ပိုင်းမှာမှ ကျန်းမာရေးချို့တဲ့လာသလို အခြားထူးခြားမှုတွေလဲ ကြုံနေရတယ်ဆရာ”
သန်းကျော်စကားကြောင့် အောင်မြတ်သာတို့သုံးယောက်လဲ အိမ်အတွင်းဘက်ကို မျက်လုံးဝေ့ကြည့်လိုက်ရာ အိမ်နံရံမှာအလှချိတ်ဆွဲထားတဲ့ ရွှေရောင်မျက်နှာဖုံးတစ်ခုဆီကို အကြည့်ရောက်သွားခဲ့တယ်။
” ကိုသန်းကျော်… ဟိုးမှာချိတ်ထားတဲ့ မျက်နှာဖုံးက ဘယ်ကနေရလာတာလဲ”
” ဆရာပြောတာ ရွှေမျက်နှာဖုံးကိုပြောတာလား… အဲဒါက မန္တလေးဘက်ကရလာတာဆရာ…”
” ဒီပစ္စည်းရောက်တာ ဘယ်လောက်ကြာပြီလဲ”
” တစ်ပတ်လောက်တော့ရှိပြီ… ဘာများဖြစ်လို့လဲဆရာ”
” စိတ်ထဲမှာ ဒီမျက်နှာဖုံးကိုဘ၀င်မကျဖြစ်နေလို့ပါ… ကဲ မောင်ကောင်းနဲ့ ခွန်းလှတို့က အိမ်အတွင်းအပြင်အန္တရာယ်ကင်းအောင် လုပ်ပေးလိုက်ကြ… ငါကတော့ ဒီပြဿနာရဲ့ရင်းမြစ်ကို ခေါ်ထုတ်လိုက်မယ်”
အောင်မြတ်သာလဲစကားဆုံးတာနဲ့ ဘုရားကျောင်းဆောင်မှာ ဖယောင်းတိုင်အမွှေးတိုင်တွေထွန်းပြီး ငါးပါးသီလခံယူကာ အထက်ဆရာတွေထံခွင့်ပြုမိန့်တောင်းခံလိုက်တယ်။ ပြီးတာနဲ့ ရေသန့်သန့်တစ်ခွက်ကိုတောင်းယူပြီး ညာဘက်လက်ညိုးထည့်ကာ မန်းမှုတ်ပြီး အိမ်အနှံ့ကိုဖက်ဖြန်းလိုက်တဲ့အချိန် နံရံမှာချိတ်ထားတဲ့ ရွှေရောင်မျက်နှာဖုံးက အသက်၀င်သကဲ့သလို့ တဆတ်ဆတ်တုန်လာပြီး ကြမ်းပေါ်ကို ပြုတ်ကျလာခဲ့တယ်။
ကြမ်းပေါ်ရောက်တော့လဲ ပုစွန်ဆိတ်ခုန်သလို တဖျတ်ဖျတ်ခုန်နေတာကြောင့် ရေမန်းကိုလက်ညိုးနဲ့ယူပြီး မျက်နှာဖုံးကို ဝိုင်းလိုက်တော့မှ ငြိမ်သက်သွားခဲ့တယ်။
” ဆရာ… ဒီမျက်နှာဖုံးကြောင့် အခုလိုဖြစ်နေတာများလား”
” ဖြစ်နိုင်ခြေများတယ်ဗျ… ခဏနေ သေချာသိအောင်ပြပေးပါ့မယ်”
ခဏနေတော့ သဲမန်းဆန်မန်းတွေကိုအိမ်အတွင်းအပြင်ပက်ဖြန်းနေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ပြန်ရောက်လာပြီး
” ခြံထဲမှာတော့ ထူးခြားတာမတွေ့ဘူးဆရာ… အိမ်ကိုဆန်မန်းနဲ့ပက်တဲ့ချိန်မှာတော့ ကြောက်လန့်ပီးအော်ဟစ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတယ်”
” မင်းတို့ကြားတဲ့အသံက ဒီထဲကလာတာဖြစ်မယ်… ”
အောင်မြတ်သာကစကားပြောနေရင်း ရွှေရောင်မျက်နှာဖုံးကို လက်ညိုးထိုးကာ အစောင့်ရှိရင် ထခုန်စမ်းလို့အမိန့်ပေးလိုက်ရာ ကြမ်းပေါ်မှာရှိနေတဲ့ မျက်နှာဖုံးက အပေါ်ကိုတစ်တောင်လောက်မြောက်တက်သွားတာကိုမြင်လိုက်ရတယ်။
” သေချာပြီ… ဒီကောင်ကြောင့်ပဲဖြစ်ရမယ်… ခွန်းလှ ရေမန်းစည်းကိုဖျက်ပေးလိုက်”
ခွန်းလှလဲ ရေမန်းစည်းကိုဖျက်ပေးလိုက်တဲ့အချိန် အိပ်ယာပေါ်မှာလှဲနေတဲ့ သန်းကျော်ရဲ့မိခင်က ဆောင့်ကြောင့်ထထိုင်ပြီး
” ငါ့နေရာ ငါ့ကိုပြန်ပို့ပေး… ဒီမှာနေရတာ ပူတယ်… နင်တို့တွေဘာလုပ်ထားကြတာလဲ” ဆိုပြီး၀မ်းခေါင်းသံနဲ့ အော်ပြောပါလေရော။
” သင်ဘယ်သူလဲ… ဘယ်လိုကြောင့် ဒီအိမ်ထဲကိုရောက်နေရတာလဲ”
” ငါ့ကိုဒီအိမ်ခေါ်လာတာလေ… ငါကလာတာမဟုတ်ဘူး”
” ဒါဆို သင်က မျက်နှာဖုံးနဲ့အတူ ပါလာတာလား”
” ဟုတ်တယ်… ငါက မျက်နှာဖုံးကိုစောင့်တဲ့သူပဲ”
” ကောင်းပြီ… သင့်ကို ဘယ်ပြန်ပို့ပေးရမလဲဆိုတာ ပြော.. နောက်ပြီး အိမ်သူအိမ်သားတွေကို ဖျားနာအောင်ပြုလုပ်ထားတာတွေ၊ ပူးကပ်နှောက်ယှက်တာတွေအားလုံး သင်နဲ့အတူတစ်ပါထဲယူသွားပေးပါ”
” ငါအခုသွားလို့မရသေးဘူး… မောင်လူပျိုမပါပဲ ငါသွားလို့မရဘူး”
” မောင်လူပျိုဆိုတာက ဘာကိုဆိုလိုတာလဲ”
” ငါနဲ့အတူပါလာတဲ့ ရုပ်သေးရုပ်… သူ့ကိုခေါ်ပေး”
အောင်မြတ်သာလဲ သန်းကျော်ကိုကြည့်လိုက်ပြီး ဘယ်လိုလဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်ရာ
” မောင်လူပျိုဆိုတာ မင်းညီမင်းသား၀တ်စုံ၀တ်ထားတဲ့ရုပ်သေးရုပ်ကိုပြောတာလား”
” ဟုတ်တယ် … မောင်လူပျိုက အဲဒီအရုပ်မှာနေတာ…”
” ဆရာ အဲဒီရုပ်သေးရုပ်က ကျွန်တော်မှာမရှိတော့ဘူး… ဦးကောင်းစည်လာ၀ယ်လို့ရောင်းပေးလိုက်တယ်”
” ဦးကောင်းစည်ဆိုတာက ဘာလုပ်တဲ့သူလဲ”
” သူက ရှေးဟောင်းပစ္စည်းတွေ၊ အနုပညာပစ္စည်းတွေကိုစုဆောင်းတဲ့သူတစ်ယောက်ပဲ… ကျွန်တော်ဆိုင်ရဲ့ဖောက်သည်ဆိုလဲမမှားဘူး”
” ဒါဆို သူ့ဆီသွားပြီး အကျိုးအကြောင်းပြောပြရတော့မှာပေါ့… သူ့အိမ်ရှိရာလမ်းပြပေးလို့ရလား”
” ရပါတယ်… ကျွန်တော်ကိုယ်တိုင်လမ်းပြပေးပါ့မယ်”
အောင်မြတ်သာလဲ စကားဆုံးတာနဲ့ မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်၀င်ပူးနေတဲ့ သန်းကျော်ရဲ့မိခင်ကို ရေမန်းနဲ့တောက်လိုက်ရာ ခွေခနဲလဲကျသွားခဲ့တယ်။
” မောင်ကောင်း ဒီမျက်နှာဖုံးကို လွယ်အိတ်ထဲထည့်လာခဲ့”
မောင်ကောင်းလဲ မျက်နှာဖုံးကို လွယ်အိတ်ထဲထည့်ဖို့ကောက်ယူလိုက်တဲ့ချိန် တဆတ်ဆတ်နဲ့ခုန်နေတာကြောင့် အင်းကွက်ထိုးထားတဲ့လက်ဝါးနဲ့ နှစ်ချက်လောက်ရိုက်ချလိုက်တော့မှငြိမ်သက်သွားခဲ့တယ်။
သန်းကျော်လဲ မိခင်ဖြစ်သူကို ဒေါ်လှမျိုးနဲ့အပ်ပြီး ဦးကောင်းစည်နေထိုင်တဲ့အိမ်ရှိရာဘက်ကို လမ်းပြခေါ်ဆောင်လာခဲ့လိုက်တယ်။ မြို့အစွန်နေရာကိုရောက်တော့ အနီရောင်ဆေးတွေသုတ်ထားတဲ့ အုတ်တံတိုင်းတစ်ခုကိုတွေ့လိုက်ရပြီး အထဲမှာတော့ နို့နှစ်ရောင်ဆေးသုတ်ထားတဲ့ နှစ်ထပ်တိုက်တစ်လုံးကို ထည်ဝါစွာဆောက်ထားတာကိုမြင်တွေ့လိုက်ရတယ်။
အိမ်နားကိုရောက်တော့ မောင်ကောင်း လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ မျက်နှာဖုံးရုပ်က ထိန်းမရအောင်ရုန်းကန်လာတာကို သတိထားမိခဲ့ကြတယ်။
” ဆရာ… အိတ်ထဲကကောင် အတော်ရုန်းနေတယ်… ”
” ဒီကိုပေး… မောင်ကောင်း”
အောင်မြတ်သာလဲ မောင်ကောင်းဆီက အိတ်ကိုလက်ဆင့်ကမ်းယူပြီး ညာလက်နဲ့ဖိထားလိုက်မှ ရုန်းကန်နေတာငြိမ်သက်သွားခဲ့တယ်။
” ဦးကောင်းစည်ရှိလား… ”
” ဘယ်သူလဲကွယ့်”
” ကျွန်တော်ပါ သန်းကျော်လို့ပြောရင်သူသိပါတယ်”
အသားမဲမဲမိန်းမကြီးက ခြံထဲကနေ သန်းကျော်ကိုလှမ်းကြည့်ပြီး အိမ်ထဲကို၀င်သွားကာ ခဏနေတော့ အရပ်မြင့်မြင့်ကိုယ်ထည်တောင့်တောင့် လူကြီးတစ်ယောက် အပြင်ကိုထွက်လာခဲ့တာကိုမြင်လိုက်ရတယ်။
“ဘယ်သူများလဲလို့… မောင်သန်းကျော်ပါလား …ဒါနဲ့ ဧည့်သည်တွေလဲပါလာတာဆိုတော့ အထဲ၀င်ကြလေ… ”
ဦးကောင်းစည်က အောင်မြတ်သာတို့ကို မသိမသာအကဲခတ်လိုက်ပြီး အိမ်ထဲကို၀င်ဖို့ပြောလိုက်တယ်။ အထဲရောက်တော့ လက်ရာမြောက်တဲ့ပန်းချီကားတွေနဲ့ အလှဆင်ထားတဲ့ အိမ်အပြင်အဆင်ကိုမြင်တွေ့လိုက်ရပြီး တိရိစ္ဆာန်တွေရဲ့ ဂျိုတွေကိုလဲ သူ့နေရာနဲ့သူ လှပသေသပ်စွာချိတ်ဆွဲထားတာကိုလဲမြင်တွေ့လိုက်ရတယ်။
” မောင်သန်းကျော်… ဘာကိစ္စများလဲကွယ့်”
” ကိစ္စကတော့ ဒီက ဆရာတွေက ဦးလေးနဲ့တွေ့ချင်တယ်ဆိုလို့ ခေါ်လာပေးတာပါ”
” အော်… ဒီက မိတ်ဆွေတွေက ကျုပ်ကိုသိနေတာလား”
” သိတာတော့မကြာသေးပါဘူး… ဦးကောင်းစည်အနေနဲ့ မောင်လူပျိုရုပ်သေးရုပ်လေးကို သူ့ဆိုင်ကနေ၀ယ်သွားတယ်ဆိုလို့ ဒီကိုရောက်လာခဲ့ကြတာပါ”
” ဟုတ်ပါတယ်… အဲဒါနဲ့မိတ်ဆွေတို့က ဘယ်လိုပတ်သတ်နေလို့ပါလဲ”
” ကျွန်တော်တို့နဲ့ပတ်သတ်တာတော့မဟုတ်ပါဘူး… ဒီမျက်နှာဖုံးနဲ့ပတ်သတ်လို့ရောက်လာခဲ့တာပါ”
အောင်မြတ်သာက လွယ်အိတ်ထဲထည့်ထားတဲ့ မျက်နှာဖုံးရုပ်ကိုထုတ်ပြလိုက်ရာ ဦးကောင်းစည်က အဖြစ်သဘောမျိုးနဲ့လှမ်းကြည့်လိုက်ပြီး
” ဒီမျက်နှာဖုံးနဲ့ ကျုပ်၀ယ်ထားတဲ့ရုပ်သေးရုပ်က ဘယ်လိုများပတ်သတ်နေလို့လဲ”
” တကယ်တော့ ဒီအရုပ်နှစ်ခုက သာမန်အရုပ်တွေမဟုတ်ဘူး… ဒီပစ္စည်းတွေထဲမှာ စောင့်ရတဲ့သူတွေရှိနေကြပါတယ်… သူတို့နှစ်ရုပ်ကို မူလယူခဲ့တဲ့နေရာကိုပြန်ထားပေးမှရမှာမို့ ဦးကောင်းစည်၀ယ်ယူထားတဲ့ မောင်လူပျိုရုပ်ကို ပြန်ရောင်းပေးဖို့ စကားကမ်းလှမ်းပါတယ်”
” ကျုပ်က ဒါတွေကိုအယုံအကြည်မရှိတဲ့အတွက် ပြန်မရောင်းနိုင်ပါဘူး… သန်းကျော် … မင်းနဲ့ငါနဲ့အလုပ်လုပ်လာတာကြာပီနော် ငါက ဒီလိုရှုပ်ရှုပ်ယှက်ယှက်တွေမကြိုက်ဘူးဆိုတာ မင်းသိပါတယ်… ကဲကဲ ငါလဲလုပ်စရာရှိသေးတာမို့ ဧည့်သည်တွေကိုပြန်ခေါ်သွားတော့”
ဦးကောင်းစည်က စကားဆုံးတာနဲ့ အခန်းထဲကိုတန်း၀င်သွားခဲ့တာကြောင့် အောင်မြတ်သာတို့လဲ အိမ်ထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။
” ကျွန်တော်ကြောင့် အားလုံးမျက်နှာပျက်ကြရပြီ… တကယ်တောင်းပန်ပါတယ်ဗျာ”
” ရပါတယ်… ဒါတွေက သာမန်မျက်စိနဲ့မမြင်နိုင်တာတွေမို့ ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး… စိတ်ထဲမထားနေပါနဲ့ဗျာ… အိမ်ရောက်ရင် မိခင်ဖြစ်သူကို သေချာဂရုစိုက်လိုက်ပါ”
” အမေက ဘာမှထပ်မဖြစ်တော့ဘူးလားဆရာ”
” ပုံစံကြည့်ရတာ အားနည်းနေတယ်လို့ထင်ရတယ်… အိမ်ရောက်ရင် အားရှိတာတွေ သုံးလေးရက်လောက်ကျွေးလိုက်ပါ… နောက်နေ့တွေအချိန်ရရင် အိမ်ကို၀င်လာခဲ့ပါ့မယ်”
အောင်မြတ်သာတို့လဲ သန်းကျော်နဲ့လမ်းခွဲပြီး ဘုန်းကြီးကျောင်းကိုပြန်လာခဲ့လိုက်ကြတယ်။
ဘုန်းကြီးကျောင်းကိုရောက်တော့ ဆရာတပည့်တွေ ခေါင်းချင်းဆိုင်ထိုင်ပြီး
” ဒီလူကြီးပုံစံက မူမမှန်ဘူးနော်ဆရာ…”
” ဟုတ်တယ်ဆရာ… သူ တစ်ခုခုကိုသိထားတဲ့ပုံပဲ”
” ငါလဲ မင်းတို့ထင်သလိုပဲ တွေးမိတယ်…. ငါတို့ထင်တာဟုတ်မဟုတ်ကို သေချာအောင် လုပ်လို့ရမယ့်နည်းတော့ရှိတယ်”
” ဘာနည်းလမ်းလဲဆရာ”
” မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်ကို လွှတ်ပြီး မောင်လူပျိုကိုခေါ်ခိုင်းကြည့်ရမှာပဲ”
+++++
လမိုက်ညဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းတစ်ခုလုံး အမှောင်ထုကကြီးစိုးနေခဲ့တယ်။ အဲဒီအချိန် ဧည့်သည်တွေတည်းတဲ့အခန်းထဲမှာတော့ ဖယောင်းတိုင်မီးအလင်းရောင်ထွက်ပေါ်လာခဲ့တယ်။
” မောင်လူပျိုကိုပြန်ခေါ်ဖို့အတွက် သင့်အကူအညီလိုတယ်… သင်တို့နှစ်ယောက် ကိုယ့်နေရာကိုယ်ပြန်ချင်တယ်ဆိုရင် ကျုပ်ပြောတဲ့အတိုင်း လုပ်ပါ”
အောင်မြတ်သာက အရှေ့မှာချထားတဲ့ မျက်နှာဖုံးရုပ်ကို လက်ညိုးထိုးကာအမိန့်ပေးလိုက်ပြီး လက်နဲ့သပ်ချလိုက်ရာ မျက်နှာဖုံးထဲကနေ လူတစ်ယောက်ပုံစံအခိုးငွေ့တွေထွက်လာပြီး အတက်အဆင်းလှေကား၀မှာ ရပ်နေတာကိုမြင်တွေ့လိုက်ရတယ်။
” မောင်လူပျိုဘယ်မှာရှိတယ်ဆိုတာ သင်ခံစားမိတယ်မဟုတ်လား… “လို့မေးလိုက်တော့ မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်ကခေါင်းငြိမ့်ပြခဲ့တယ်။
” ကျုပ်တို့လဲသင့်အနောက်ကလိုက်လာခဲ့မယ်… အခုချိန်ကစပြီး သင်ကို မောင်လူပျိုကိုပြန်ခေါ်ဖို့ တာ၀န်ပေးလိုက်ပြီ” လို့ပြောလိုက်ရာ အပေါက်၀မှာရပ်နေတဲ့ လူရိပ်က လှေကားကနေဆင်းကာ ဘုန်းကြီးကျောင်းအပြင်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။
အောင်မြတ်သာတို့လဲ ရှေ့ကနေ သွားနေတဲ့ လူရိပ်နောက်ကိုထပ်ချပ်မကွာလိုက်သွားခဲ့ရာ မနက်ကသွားခဲ့တဲ့ ဦးကောင်းစည်ရဲ့နေအိမ်ရှေ့ကိုရောက်လာခဲ့တယ်။ ဒါပေမယ့် မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်က ခြံထဲကိုမ၀င်ပဲ တွန့်ဆုတ်နေတာကြောင့် အာရုံကိုစုစည်းပြီးကြည့်လိုက်ရာ ခြံ၀င်းထဲမှာ ဥဒဟိုသွားလာနေကြတဲ့ အရိပ်မဲမဲတွေကိုမြင်တွေ့လိုက်ရတယ်။
” ဆရာ… ဟိုမှာ လက်ညိုးထိုးပြနေတယ်”
အောင်မြတ်သာလဲ လက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်ရာ တောင်ရှည်ပုဆိုးကို သေသပ်စွာ၀တ်ဆင်ထားပြီး ဦးခေါင်းထက်မှာ ပန်းနီနီပန်ထားတဲ့ ယောင်္ကျားတစ်ယောက်က ခက်ထန်တဲ့မျက်နှာထားတဲ့ ခြံ၀င်းထဲလိုက်ကြည့်နေတာကိုမြင်တွေ့လိုက်ရတယ်။
မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်က မောင်လူပျိုကိုမြင်တော့ ခြံထဲကို၀င်ဖို့လှမ်းလိုက်ရာ အထဲမရောက်ခင်မှာပဲ အနောက်ကိုပြန်ယိုင်ကျသွားခဲ့တယ်။
” ဆရာ သူ၀င်လို့မရဘူးထင်တယ်… ”
” ခြံ၀င်းထဲကို သူ့ခွင့်ပြုချက်မရပဲ ဘယ်သူမှ၀င်မရအောင်လုပ်ထားတာပဲ…”
မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်က မောင်လူပျိုကို ခြေဟန်လက်ဟန်နဲ့ ခေါ်ပေမယ့် ဟိုက အဖက်တောင်မလုပ်ပဲ နေနေတာကြောင့် အောင်မြတ်သာအနားကိုပြန်ရောက်လာပြီး
” မောင်လူပျိုကို စိတ်ရိုင်း၀င်အောင်လုပ်ထားပြီနဲ့တူတယ်ဆရာ”
” သူရဲ့မူလစိတ်သဘောထားက ဘယ်လိုရှိလဲ”
” မောင်လူပျိုက လူတွေကိုကြောက်လန့်အောင်စနောက်တတ်တာကလွဲပြီး ကျန်တဲ့နေရာ အကူအညီပေးတဲ့သူပါ… အခုသူ့မျက်နှာက အရင်ထက်ပိုပြီးခက်ထန်နေသလိုပဲ”
” သင်အနေနဲ့ မောင်လူပျိုကိုခေါ်မရတာမို့ ကိုယ့်နေရာကိုယ်ပြန်နေပါ… ကျန်တာ ငါတို့စီစဉ်လိုက်မယ်”
အောင်မြတ်သာစကားအဆုံးမှာပဲ မျက်နှာဖုံးစောင့်ပုဂ္ဂိုလ်က ဖျတ်ခနဲပျောက်ကွယ်သွားကာ လွယ်အိတ်ထဲမှာရှိတဲ့မျက်နှာဖုံးထဲကိုပြန်၀င်သွားခဲ့တယ်။
” ဆရာ… ဘယ်လိုလုပ်ကြမလဲ… သူများနေအိမ်ထဲကိုမသိပဲ၀င်ရင် အပြစ်ကဖြစ်ဦးမယ်… မ၀င်ပဲနေရင်လဲ ဒီကောင်ကို ခေါ်ထုတ်လို့မရဖြစ်နေတယ်”
” အတတ်နိုင်ဆုံး ခေါ်ထုတ်ကြည့်ရမှာပေါ့…”
အောင်မြတ်သာက အမှောင်ထုထဲမှာ ရပ်နေရင်း မျက်လုံးကိုမှိတ်ကာအာရုံခံလိုက်ရင်ပဲ မင်းညီမင်းသား၀တ်စုံပုံစံဖန်တီးထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်ကို အနီရောင်ကြိုးတွေနဲ့ရစ်ပတ်ထားတာမြင်တွေ့လိုက်ရတယ်။
” သူ့ရဲ့မူလကိုယ်က အိမ်ထဲမှာရှိနေတာပဲ…”
” ကျွန်တော် အသာလေး၀င်ပြီး အရုပ်ကိုယူလာခဲ့ရမလားဆရာ”
” သူတစ်ပါးအိမ်ထဲကပစ္စည်းကို ပိုင်ရှင်မသိပဲယူတယ်ဆိုတာ ခိုးတာပဲကွ… ငါတို့လဲ တတ်စွမ်းသလောက်ကြိုးစားခဲ့ပေမယ့် ကာယကံရှင်က ခွင့်မပြုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ”
” ဒါဆို လက်လျော့လိုက်ကြတော့မှာလားဆရာ”
” ဦးကောင်းစည်ဆိုတဲ့လူက ခေသူတော့မဟုတ်ဘူး… သူသာ ဒီလိုအတတ်ပညာနဲ့ သူတစ်ပါးကိုထိခိုက်အောင်လုပ်မယ်ဆိုရင်တော့ ငါတို့နဲ့ပြန်ဆုံရမှာပါ… အခုတော့ သူ့ဘက်ကအရေးသာနေတာမို့ မောင်လူပျိုကို ဒီတိုင်းထားခဲ့လိုက်ရတော့မှာပဲ”
အောင်မြတ်သာ စကားအဆုံးမှာ လွယ်အိတ်ထဲမှာရှိတဲ့ မျက်နှာဖုံးဆီကနေ ပြင်းထန်တဲ့လှုပ်ရှားမှုကိုခံစားလိုက်ရတယ်။
” စိတ်မကောင်းမဖြစ်ပါနဲ့… သင့်သူငယ်ချင်းက တစ်ချိန်ကျရင်သင်တို့ဆီပြန်ရောက်လာအောင် ကျုပ်ကူညီပေးပါ့မယ်… အခုတော့ သင်တစ်ယောက်ထဲ မူလနေရာကိုပြန်သွားရတော့မယ်” လို့ပြောကာ ဘုန်းကြီးကျောင်းရှိတဲ့ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်။
+++++
” ဆရာကြီး… ကိုမောင်ငယ်ရောက်နေတယ်”
အိမ်ဖော်အလုပ်သမားဒေါ်ကုလားမအသံကြောင့် ကော်ဖီသောက်နေတဲ့ ဦးကောင်းစည်က ၀င်လာဖို့လက်နဲ့ပြလိုက်ပြီး မုန့်ခြောက်တစ်ခုကိုယူစားလိုက်တယ်။
” ဦးလေး…. ကျွန်တော်ရောက်ပါပြီ”
” အေး မောင်ငယ် လာထိုင်…မင်းကိစ္စရောအဆင်ပြေရဲ့လား”
” မောင်လူပျိုကျေးဇူးနဲ့ ခြံတစ်ကွက်ကို ဈေးပေါပေါနဲ့ရလိုက်တယ်”
” ဒါဆို ဒီကောင်ကိုခိုင်းလို့ရသားပဲ”
” မနေ့ညက ဘာဖြစ်သွားသေးလဲဦးလေး”
” သူတို့ရောက်လာကြပေမယ့် ခြံထဲကိုတော့မ၀င်ခဲ့ဘူး..”
” ဦးလေးရဲ့ ပညာကိုမယှဉ်နိုင်လို့ မ၀င်လာကြတာနေမှာ”
” မဟုတ်ဘူး မောင်ငယ်ရဲ့… သူတို့ရဲ့ဟိတ်ကလဲ ငါခံစားမိရသလောက်အတော်ကိုကြီးတယ်… ဒီလိုပုံစံနဲ့ဆို ခြံထဲ၀င်ပြီး အကုန်လုံးကို ဗြောင်းဆန်အောင် လုပ်သွားလို့ရတယ်ကွ… ဒါပေမယ့် သူတို့မလုပ်ခဲ့ဘူး”
” ဒါဆို ဦးလေးက သူတို့ကိုစောင့်ကြည့်နေခဲ့တာပေါ့”
” သန်းကျော်ခေါ်လာထဲက ငါကရိပ်မိနေတာ ဒါကြောင့် မင်းခေါ်သွားတဲ့ မောင်လူပျိုကို ချက်ချင်းပြန်ပို့ခိုင်းခဲ့တာပဲ…”
” မောင်လူပျိုက ခြောက်လှန့်တဲ့နေရာ အတော်အားကိုးရတယ်… အဲဒါကို ဦးလေးက ချက်ချင်းပြန်ခေါ်လာဆိုတော့ အစကအံ့အားသင့်သွားသေးတာ…”
မောင်ငယ်ရဲ့စကားကို ဦးကောင်းစည်က ခပ်ပြုံးပြုံးမျက်နှာထားနဲ့ နားထောင်ပြီး အပြင်မှာချိတ်ထားတဲ့ မောင်လူပျိုရုပ်သေးရုပ်ကို ဗီဒိုထဲထည့်ကာ တံခါးနှစ်ချပ်ကို ဆွဲပိတ်လိုက်တယ်။
++++++++
အောင်မြတ်သာတို့လဲ ဓမ္မရံသီဘုန်းကြီးကျောင်းမှာ ဆယ်ရက်လောက်တည်းခိုပြီးတဲ့နောက်မှာတော့ ကျောင်းထိုင်ဘုန်းကြီးရဲ့တူဖြစ်သူနေတဲ့ မြို့မှာကြုံတွေ့နေရတဲ့ မြေပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့ကြတယ်။
မြေပြဿနာနဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲဆိုတာကိုတော့အောင်မြတ်သာနှင့် ခြောက်စားလှန့်စားပေတများဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Zawgyi Version
” ေအာင္ျမတ္သာႏွင့္႐ုပ္ေသးေခၚသံ ”(စ/ဆုံး)
——————————————————
” ကြၽီ……”
ဆိုင္ေရွ႕ကို ထိုးဆိုက္လာတဲ့ ကုန္ကားသံေၾကာင့္ ေကာင္တာခုံမွာထိုင္ေနတဲ့ ကိုသန္းေက်ာ္တစ္ေယာက္ျပာျပာသလဲလဲနဲ႔အျပင္ကိုေျပးထြက္သြားခဲ့တယ္။
” ဗ်ိဳ႕ ကားဆရာ…. က်ဳပ္အတြက္ပို႔လာတဲ့ပစၥည္းေတြပါတယ္မဟုတ္လား”
” ပါလို႔ ဆိုင္ေရွ႕ထိေရာက္လာေပါ့ဗ်… ကိုသန္းေက်ာ္ပစၥည္းက အထဲေရာက္ေနတာမို႔ ေအးေဆးထိုင္ပါဦးဗ်ာ”
” ရပါတယ္ ေအးေဆးလုပ္ၾက… ကားဆရာလဲ ဆိုင္ထဲ၀င္ထိုင္ပါဦး…”
ကိုသန္းေက်ာ္စကားေၾကာင့္ ကားဆရာလဲ ဆိုင္ထဲကို၀င္လာခဲ့လိုက္တယ္။
” ကိုသန္းေက်ာ္ ဆိုင္က ပစၥည္းေတြအေတာ္စုံလွခ်ည္လား…. ဒါနဲ႔ ဒီကိႏၷရီ ကိႏၷရာအ႐ုပ္က လက္ရာအေတာ္ေျမာက္တာပဲေနာ္”
” လက္ရာေျမာက္ဆို… ဒီအ႐ုပ္က မႏၲေလးဘက္ကိုသြားတုန္းရလာတာေလ… ထုလုပ္တဲ့သူက နန္းတြင္းပန္းပုဆရာမ်ိဳး႐ိုးလို႔ေျပာတာပဲ”
” ခင္ဗ်ားကေတာ့ေလ ဒီလိုလက္ရာေကာင္းတဲ့ပစၥည္းေတြရွာတဲ့ေနရာမွာ နံပါတ္တစ္ပဲဗ်ိဳ႕…”
” ဟဲဟဲ… စီးပြားေရးသမားဆိုေတာ့လဲ သတင္းအစနရတာနဲ႔ လိုက္ရတာေပါ့ဗ်ာ… ကဲဗ်ာ လက္ဖက္ရည္အရင္ေသာက္ပါဦး ၿပီးမွလိုက္ၾကည့္လဲရပါတယ္”
ကိုသန္းေက်ာ္က အလုပ္သမားတစ္ေယာက္လာခ်ေပးတဲ့ လက္ဖက္ရည္ခြက္ကို ကားဆရာဆီကမ္းေပးလိုက္ၿပီး ေနၾကာပန္းပုံထြင္းထုထားတဲ့ ကုလားထိုင္ေပၚမွာထိုင္ခ်လိုက္တယ္။
” လက္ဖက္ရည္က ဆိမ့္ေနတာပဲ .. ဒါ ဘယ္ဆိုင္ကမွာတာလဲဗ်”
” ေ႐ႊလက္ရာဆိုင္ကမွာလိုက္တာေလ… ဒီဆိုင္က ဖြင့္တာမၾကာေသးေပမယ့္ လက္ရာက ျမင္တဲ့အတိုင္းပဲဗ်”
ကိုသန္းေက်ာ္နဲ႔ ကားဆရာလဲ လက္ဖက္ရည္ေလးေသာက္လိုက္ စကားေလးေျပာလိုက္နဲ႔လုပ္ေနရာ နာရီ၀က္ေလာက္ၾကာေတာ့ ကားေနာက္လိုက္ ဖိုးမွင္တစ္ေယာက္ အနားေရာက္လာၿပီး
” ဆရာ…. ပစၥည္းေတြအကုန္လုံး ကားေအာက္ကိုေရာက္ေနၿပီ… ဆိုင္ထဲထည့္မထည့္ေလးသိခ်င္လို႔လာေမးတာ”
” ေအးေအး… ပို႔လက္စနဲ႔ ဆိုင္ထဲထိေရာက္ေအာင္သာပို႔လိုက္ေတာ့… လြတ္တဲ့ေနရာမွာသာခ်ထားလိုက္ကြာ”
ဖိုးမွင္လဲ ကြၽန္းေသတၱာနဲ႔ထည့္ထားတဲ့ပစၥည္းေတြကို အျခားအလုပ္သမားေတြနဲ႔အတူ ထမ္းပိုးရင္း ဆိုင္ထဲကိုသယ္လာခဲ့လိုက္တယ္။
” ကိုသန္းေက်ာ္ေရ… လက္ဖက္ရည္ကလဲေကာင္း စကားကလဲေကာင္းဆိုေပမယ့္ အျခားပစၥည္းေတြလိုက္ခ်ရဦးမွာမို႔ ခြင့္ျပဳပါဦးဗ်”
” ေနာက္တစ္ေခါက္ ေရာက္မွပဲ ေအးေဆးေျပာၾကတာေပါ့… ကားကိုလဲေျဖးေျဖးေမာင္းဦး”
” စိတ္ခ်ကိုသန္းေက်ာ္ေရ… က်ဳပ္က အေဝးေျပးလမ္းမွာသာ ေမာင္းတာ… ၿမိဳ႕ထဲက် ႏြားလွည္းလိုပဲေမာင္းရတယ္ဗ်ိဳ႕…ဟားဟား”
ကားဆရာလဲ ကိုသန္းေက်ာ္ကိုႏႈတ္ဆက္ၿပီး ဆိုင္ေရွ႕ကေန ထြက္သြားလိုက္တယ္။
++++++
” ေဂ်ာက္…”
ဆိုင္တံခါးကို ဘြန္ထိုးၿပီးတာနဲ႔ ေရနံဆီမီးအိမ္ရဲ႕ မီးစာကိုျမႇင့္တင္လိုက္ရာ အခန္းတစ္ခုလုံး အလင္းေရာင္ေတြျဖာထြက္လာခဲ့တယ္။
” ဦးၿဖိဳးၿငိမ္းကေတာ့ ငါ့အႀကိဳက္လက္ရာေတြစုေပးလိုက္တယ္ဆိုပဲ… ဘယ္လိုေတြထည့္ေပးလိုက္တယ္ဆိုတာ ၾကည့္ရမယ္”
ကိုသန္းေက်ာ္က တစ္ေယာက္ထဲတီးတိုးေရ႐ြတ္ၿပီး ႏိုင္လြန္ႀကိဳးနဲ႔တင္းၾကပ္စြာစည္းထားတဲ့ ကြၽန္းေသတၱာနားကိုသြားကာ ႀကိဳးထုံးကိုေျဖခ်လိုက္တယ္။ ၿပီးတာနဲ႔ ေသတၱာအဖုံးကို ဖြင့္ၾကည့္လိုက္ရာ အထဲမွာေတာ့ ေ႐ႊေရာင္မ်က္ႏွာဖုံးနဲ႔ ေက်ာက္ပြင့္ေတြစီျခယ္ထားတဲ့ ႐ုပ္ေသး႐ုပ္ေတြအျပင္ အျခားလက္မႈပစၥည္းေတြကိုျမင္ေတြ႕လိုက္ရတယ္။
” ဒီတစ္ခါ ပို႔လာတဲ့ပစၥည္းေတြက တကယ့္ကိုေရွးေဟာင္းလက္ရာေတြပဲ… အသားနားေတြကအစ ဖန္တီးထားတာေတြအဆုံး အႏုစိပ္လိုက္တာ”
ကိုသန္းေက်ာ္က ပစၥည္းေတြကို တစ္ခုခ်င္းထုတ္ၿပီး မ်က္စိအရသာခံေနတဲ့အခ်ိန္ မွန္ေျပာင္းထဲမွာထြန္းထားတဲ့မီးစာက တစ္ေျဖးေျဖးမွိန္က်လာခဲ့တယ္။ အဲဒီခ်ိန္မွာ မင္းညီမင္းသားပုံစံ၀တ္ဆင္ထားတဲ့ ႐ုပ္ေသး႐ုပ္ကို ကိုင္ၾကည့္ေနတဲ့ခ်ိန္မို႔ အ႐ုပ္ကိုေသတၱာေအာက္ေျခမွာေထာင္လိုက္ၿပီး မီးစာကိုျပန္ျမႇင့္တင္လိုက္တယ္။
မီးစာကိုေသခ်ာညႇိေနတဲ့အခ်ိန္ အေနာက္ကေန ႐ုတ္တရက္ျဖတ္ေျပးသြားတဲ့ အရိပ္ကိုအလင္းေရာင္ေအာက္မွာ ဖ်တ္ခနဲျမင္လိုက္ရတယ္။
” ဘာတုန္းဟ…”
ေတာ္႐ုံမေၾကာက္လန႔္တတ္သူမို႔ အရိပ္ျဖတ္ေျပးရာေနရာကို လိုက္ၾကည့္ေပမယ့္ ဘာမွမျမင္ရတဲ့အတြက္ အျမင္မွားတာေနမွာပါလို႔ေတြးၿပီး ေသတၱာထဲက ပစၥည္းေတြကို အျပင္ကိုထုတ္ကာ စနစ္တက်စီေနရင္း..
” မနက္ျဖန္ ဦးေကာင္းစည္တို႔ကိုအေၾကာင္းၾကားရဦးမွာပဲ… အခုေရာက္လာတဲ့ ပစၥည္းအရည္အေသြးဆိုရင္ ေဈးေတာင္ဆစ္မွာမဟုတ္ေလာက္ဘူး…. ဟက္ဟက္”
ကိုသန္းေက်ာ္က ေရွ႕မွာခ်ထားတဲ့ ပစၥည္းေတြကို ၾကည့္ၿပီးကိုယ့္အေတြးနဲ႔ကိုယ္ သေဘာက်စြာရယ္လိုက္တဲ့အခ်ိန္ ေသတၱာမွာေထာင္ထားတဲ့ မင္းညီမင္းသား႐ုပ္ေလးက ေဘးကို ဘုတ္ခနဲလဲက်သြားခဲ့တယ္။
” အမယ္… မင္းတို႔ကိုေရာင္းမယ္ေျပာလို႔ ေျခေထာက္ေတာင္မခိုင္ပဲ ေခြလဲျပေနတာေပါ့ေလ အဟက္အဟက္… ” လို႔စေနာက္ကာ ပို႔လာတဲ့ပစၥည္းေတြအားလုံးကို အေရာင္းဗီဒိုလြတ္တစ္ခုထဲ ထည့္ထားလိုက္တယ္။
+++++++
” ရွပ္ ရွပ္ရွပ္… ဂေလာက္ ဂေလာက္”
ဆိုင္ခန္းထဲကေန လမ္းေလ်ာက္ေနတဲ့ ေျခသံေၾကာင့္ ထပ္ခိုးေပၚမွာအိပ္ေပ်ာ္လုဆဲဆဲျဖစ္ေနတဲ့ ကိုသန္းေက်ာ္ ဖ်တ္ခနဲလန႔္ႏိုးလာခဲ့တယ္။
” ရွပ္ ရွပ္ ရွပ္”
ေျခသံကို ၾကမ္းျပင္ကိုရွပ္ၿပီးေလ်ာက္ေနတဲ့အသံ။
” သူခိုးမ်ားငါ့ဆိုင္ထဲ၀င္တာလား….”
႐ုတ္တရက္အေတြးထဲေပၚလာတာေၾကာင့္ အိပ္ယာေဘးမွာေဆာင္ထားတဲ့ သားရည္ျပားပတ္ဝါးဆစ္ပိတ္တုတ္ကို လက္တစ္ဖက္နဲ႔ ေကာက္ကိုင္ကာ ေနာက္လက္တစ္ဖက္မွာ လက္ႏွိပ္ဓါတ္မီးကိုဆုပ္ကိုင္ကာ ျခင္ေထာင္ထဲကေန အသာထြက္လာခဲ့လိုက္တယ္။
” ရွပ္ ရွပ္ ရွပ္…”
” ေျခသံက ေအာက္ထပ္မွာပဲၾကားေနတာ … ေသခ်ာပီ သူခိုးပဲ”
ကိုသန္းေက်ာ္လဲ ဓါတ္မီးခလုပ္ေပၚလက္တင္ၿပီး အသံၾကားထဲေနရာကို ထိုးၾကည့္လိုက္ရာ လူရိပ္နဲ႔တူတာဆိုလို႔ဘာမွမျမင္ရတာေၾကာင့္ နားၾကားမွားတာမ်ားျဖစ္ေနမလားလို႔ေတြးကာ ျပန္လွည့္လိုက္တဲ့အခ်ိန္ သူ႔ကိုရပ္ၾကည့္ေနတဲ့လူရိပ္တစ္ခုကို ေရွ႕မွာရွိတဲ့ မွန္ထဲကေန ျမင္လိုက္ရတယ္။
” ျမတ္စြာဘုရား… ဘာတုန္းဟ”
မွန္ထဲမွာျမင္တာနဲ႔ခ်က္ခ်င္းေနာက္လွည့္ၾကည့္လိုက္ေပမယ့္ ဘာမွမျမင္ရသလို မွန္ကိုျပန္ၾကည့္ေတာ့လဲ အေရာင္းပစၥည္းေတြကိုသာျမင္လိုက္ရတယ္။
” ငါ ဘာျဖစ္ေနတာလဲ… စိတ္ထိန္းစမ္း စိတ္ထိန္းစမ္း… ”
သန္းေက်ာ္လဲ ကိုယ့္ကိုယ္ကိုႏွစ္သိမ့္ရင္း ဆိုင္ထဲအႏွံ႔ကို ဓါတ္မီးနဲ႔လိုက္ၾကည့္ေနလိုက္တယ္။ ေသခ်ာစစ္ၾကည့္ၿပီးတဲ့ခ်ိန္ သက္ရွိနဲ႔တူတာဆိုလို႔ဘာမွမေတြ႕တာေၾကာင့္ အိပ္ယာထဲျပန္၀င္ၿပီး လွဲခ်လိုက္တယ္။ အဲဒိေနာက္ပိုင္း ဘာသံမွမၾကားရေတာ့တဲ့အတြက္ ဂေယာက္ဂယက္ျဖစ္ေနတဲ့ အေတြးေတြကိုထိန္းခ်ဳပ္ပီး အိပ္ေပ်ာ္ေအာင္ႀကိဳးစားအိပ္လိုက္ရာ တစ္ခဏခ်င္းအိပ္ေပ်ာ္သြားခဲ့တယ္။
++++++++
” ငါ့ကိုအစာေကြၽးပါ… ဘာမွမစားရတာ ၾကာေနပီ… ငါ့ကိုအစာေကြၽးၾကပါ….”
အိမ္မက္လိုလိုတကယ္လိုလိုၾကားလိုက္ရတဲ့အသံေၾကာင့္ မ်က္လုံးကိုဖြင့္ဖို႔ႀကိဳးစားလိုက္ေပမယ့္ မ်က္ခြံႏွစ္ခုက ေကာ္နဲ႔ကပ္ထားသလို ေစးကပ္ေနခဲ့တယ္။
” မ်က္လုံးကိုမဖြင့္မိေစနဲ႔…. နင္လုပ္ရမွာက မိုးလင္းတာနဲ႔ ငါ့ကိုအစာေကြၽးဖို႔ပဲ”
အသံက ေရွ႕ကေနထြက္လာလိုက္ ေနာက္ကေနထြက္လာလိုက္နဲ႔ ေလထဲေဝွ႔ေနသလို ၾကားေနခဲ့ရတယ္။
” ငါ့ကိုေခၚလာၿပီး အစာမေကြၽးရင္ တစ္ဆိုင္လုံး ေျဗာင္းဆန္ေအာင္ လုပ္ရလိမ့္မယ္… အဟီးအဟီး.. မိုးလင္းတာနဲ႔ ထမင္းျဖဴ ထမင္းနီ ထမင္းဝါ သုံးလုံးေပၚမွာ မက်က္တက်က္အသားတုံးေတြတင္ၿပီး ေမာင္လူပ်ိဳစားေသာက္ဖို႔အတြက္ေကြၽးပါတယ္လို႔ ပါးစပ္ကသုံးႀကိမ္တိတိေျပာ၊ ပီးရင္ေတာ့ ဆိုင္ထဲက ခုံတစ္လုံးေပၚမွာ တင္ထားေပးရမယ္၊ ငါေျပာသလိုလုပ္ေပးရင္ နင့္ဆိုင္ကို လူေတြလာေအာင္ ေခၚလာေပးမယ္… မလုပ္ရင္ေတာ့ ေမာင္လူပ်ိဳအေၾကာင္း သိရမေဟ့”
အသံနက္ႀကီးနဲ႔ ေအာ္ၿပီး လွည့္ပတ္ေျပးေနတဲ့ ေျခသံေတြက အေရာင္းပစၥည္းေတြထည့္ထားတဲ့ ဗီဒိုတစ္လုံးေရွ႕အေရာက္မွာေတာ့ ၿငိမ္သက္သြားခဲ့သလို ကိုသန္းေက်ာ္လဲ အိပ္မက္ကေန လန႔္ႏိုးလာခဲ့တယ္။
” ဟူး… ဘာအိမ္မက္ႀကီးလဲကြာ… ဒီတစ္ခါရလာတဲ့ပစၥည္းေတြထဲ မသန႔္တာေတြပါလာတာမ်ားလား”
နဖူးစပ္ေပၚက ေခြၽးသီးေခြၽးေပါက္ေတြကို သုတ္လိုက္ၿပီး အနားမွာရွိတဲ့ ေရဘူးထဲကေရကို ကုန္စင္တဲ့ထိ ေသာက္ခ်လိုက္တယ္။
+++++
” ဆရာ… ဦးေကာင္းစည္တို႔ေရာက္လာၿပီ”
အလုပ္သမားေကာင္ေလးရဲ႕စကားေၾကာင့္ ကိုသန္းေက်ာ္တစ္ေယာက္ ထိုင္ရာကေနထၿပီး ခရီးဦးႀကိဳျပဳလိုက္တယ္။
” ေဟ့ ေမာင္သန္းေက်ာ္… ပစၥည္းအသစ္ေတြေရာက္ေနတယ္ဆို”
” ဟဲဟဲ… ဦးေလးတို႔အႀကိဳက္ေတြပါတာမို႔ ခ်က္ခ်င္းသြားေျပာခိုင္းလိုက္တာ”
” ျပစမ္းပါဦး… မင္းဆီေရာက္လာတဲ့ပစၥည္းေတြ”
ကိုသန္းေက်ာ္လဲ ဗီဒိုထဲထည့္ထားတဲ့ ပစၥည္းေတြကို တစ္ခုခ်င္းထုတ္ျပလိုက္ရာ ဦးေကာင္းစည္က ေသခ်ာၾကည့္ၿပီး
” လက္ရာေတြက အေတာ္ေကာင္းတာပဲ ဘယ္နယ္ဘက္ကေန ရလာတာလဲကြ”
” နယ္ကေတာ့အစုံပဲ ဦးေလးေရ… ကြၽန္ေတာ္ ဘႀကီးက ခရီးစုံသြားေနတာဆိုေတာ့ သူေရာက္တဲ့ေနရာမွာ ပစၥည္းေကာင္းေတြ႕ရင္ ႀကိဳက္ေဈးေပးၿပီး ၀ယ္ခဲ့တာပဲ”
ဦးေကာင္းစည္က ေရွ႕မွာရွိေနတဲ့ အ႐ုပ္ေတြကို ၾကည့္ေနရင္း မင္းညီမင္းသားပုံစံဖန္တီးထားတဲ့႐ုပ္ေသး႐ုပ္ကိုေတြ႕ေတာ့ မ်က္ေမွာင္က်ဳံ႕ကာၾကည့္လိုက္ၿပီး
” ဒီအ႐ုပ္က အေတာ္လိုက္ရာေျမာက္တာပဲ… မ်က္ႏွာကအစ အ၀တ္စားေတြအဆုံး အေသးစိတ္ဖန္တီးထားတာေနာ္”
” ကြၽန္ေတာ္လဲ ဒီအ႐ုပ္ကို သေဘာက်ေနတာ… ဦးေလး ယူမယ္ဆို ေဈးလဲသင့္တင့္ေအာင္လုပ္ေပးမယ္”
” ဟုတ္ပီေလ… ဒီအ႐ုပ္အျပင္ အျခားအ႐ုပ္ေတြလဲယူပါဦးမယ္… ”
” ဟုတ္ကဲ့ပါဗ်…”
ကိုသန္းေက်ာ္က ပစၥည္းေတြေရာင္းထြက္ေတာ့မယ္ဆိုေတာ့ သြားႀကီးၿဖီးၿပီးသေဘာက်စြာၿပဳံးရယ္ေနခဲ့တယ္။
+++++++
” ဖိုးသံလုံးေရ… ကားေပၚက ပစၥည္းေတြ ငါ့အခန္းထဲထည့္ေပးဦး”
ကားေပၚကဆင္းဆင္းခ်င္း ေျပာလိုက္တဲ့ ဦးေကာင္းစည္အသံေၾကာင့္ ၿခံထဲမွာျမက္ရွင္းေနတဲ့ ဖိုးသံလုံးက ကျပာကယာ ေျပးလာၿပီး အ႐ုပ္ေတြထည့္ထားတဲ့ ကတ္ထူပုံးကိုယူကာ အိမ္ထဲကို၀င္သြားခဲ့တယ္။
” ေဒၚကုလားမ… ခဏေနက်ရင္ ေဈးထဲသြားၿပီး ၾကက္အျဖဴတစ္ေကာင္၀ယ္လာခဲ့.. တစ္ကိုယ္လုံးျဖဴဆြတ္ေနမွရမယ္ေနာ္”
” ဟုတ္ကဲ့ ဦးေလး… ေသခ်ာေ႐ြး၀ယ္လာခဲ့ပါမယ္”
ဦးေကာင္းစည္က စားပြဲေပၚကို ပိုက္ဆံတင္ေပးလိုက္ၿပီး အခန္းထဲကို၀င္လာခဲ့လိုက္တယ္။ အထဲေရာက္ေတာ့ ကတ္ထူပုံးထဲမွာပါလာတဲ့ အ႐ုပ္ေတြကို ထုတ္ယူလိုက္ၿပီး ေသခ်ာစြာတန္းစီလိုက္တယ္။
” ဦးေလး… ကြၽန္ေတာ္ေရာက္ပါၿပီ”
” ေမာင္ငယ္ လားေဟ့”
” ဟုတ္ပါတယ္ ဦးေလး”
” ေအးေအး ခဏေစာင့္”
ဦးေကာင္းစည္က အခန္းတံခါးကိုဖြင့္လိုက္ရာ အသက္၃၀အ႐ြယ္လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။
” ဦးေလးေခၚထဲက တစ္ခုခုထူးေတာ့မယ္ဆိုတာ ရိပ္မိတယ္…ဘာေတြရထားလို႔လဲဗ်”
” မနက္က သန္းေက်ာ္ဆိုင္ကိုေရာက္ေတာ့ ထူးဆန္းတဲ့႐ုပ္ေသး႐ုပ္တစ္ခုေတြ႕ခဲ့တယ္… အဲဒီအ႐ုပ္က ငါကိုင္လိုက္တာနဲ႔ ႐ုန္းကန္ေနသလိုလဲခံစားရတယ္…”
” ဒါဆို ဦးေလးရလာတဲ့အ႐ုပ္က ခိုင္းစားလို႔ရမယ့္ပုံပဲ”
” ငါလဲေသခ်ာေအာင္ စမ္းၾကည့္မလို႔ ေဒၚကုလားမကို ၾကက္တစ္ေကာင္၀ယ္ခိုင္းထားတယ္… ခဏေန လုပ္ငန္းစၾကရေအာင္”
မၾကာခင္ ေဒၚကုလားမေရာက္လာၿပီး ေျခေထာက္ေတြကိုႀကိဳးနဲ႔ခ်ည္ထားတဲ့ၾကက္အျဖဴတစ္ေကာင္ကို လာေပးသြားခဲ့တယ္။ ေမာင္ငယ္လဲ ၾကက္အျဖဴကိုအရွင္လတ္လတ္လည္ပင္းလွီးျဖတ္လိုက္ၿပီး တေတာက္ေတာက္က်လာတဲ့ေသြးေတြကို ခြက္တစ္လုံးနဲ႔ခံကာ ယူထားလိုက္တယ္။ ၿပီးတာနဲ႔ ဦးေကာင္းစည္က အသင့္လုပ္ထားတဲ့ အင္းကြက္တစ္႐ြက္ကို ႐ုပ္ေသး႐ုပ္ရဲ႕ ေက်ာမွာခ်ည္ၿပီး ဦးေခါင္းထက္ကေန ေသြးစိမ္းေတြကို တစ္စက္ခ်င္းခ်လိုက္ရာ မွိတ္ေနတဲ့မ်က္လုံးေတြ ဖ်တ္ခနဲပြင့္လာခဲ့တယ္။
” မင္းက ဒီအ႐ုပ္ကိုယ္ထဲမွာ ရွိေနတာလား… ဟုတ္တယ္ဆိုရင္ မ်က္ေတာင္ႏွစ္ခ်က္ခတ္ျပစမ္း”
ဦးေကာင္းစည္စကားအဆုံးမွာ ႐ုပ္ေသး႐ုပ္ရဲ႕မ်က္ေတာင္က ႏွစ္ခ်ပ္တိတိခတ္သြားခဲ့တယ္။
” အခုကစၿပီး ငါတို႔ေျပာတဲ့အတိုင္း လုပ္မယ္ဆိုရင္ မင္းကို အစားေကာင္းေကာင္းေကြၽးမယ္… ငါ့အမိန႔္ကိုနာခံမွာလား”
ဒီတစ္ခါေတာ့ ႐ုပ္ေသး႐ုပ္ရဲ႕ ဦးေခါင္းက သိသိသာသာႀကီး ငိုက္က်သြားခဲ့တယ္။
” ဒီေကာင္က ဘယ္ဆိုးလို႔တုန္း… ေျပာတဲ့အတိုင္းရသားပဲ”
” ဦးေလး… ဒီညသူ႔ကိုစခိုင္းၾကည့္မလား…”
” မင္းကိုအလုပ္အပ္ထားတဲ့သူရွိေနလို႔လား ေမာင္ငယ္”
” အလုပ္အပ္ထားတယ္လို႔ေတာ့မဟုတ္ေပမယ့္ ဒီေကာင္ရဲ႕ လုပ္ရည္ကိုင္ရည္ကို သိရေအာင္စမ္းၾကည့္ခ်င္လို႔ေလ… ”
” မင္းဘယ္သူနဲ႔စမ္းမွာလဲ”
ေမာင္ငယ္က ဦးေကာင္းစည္ အနားကိုကပ္ၿပီး တီးတိုးေျပာလိုက္ရာ
” ဒါဆိုလဲ လုပ္ၾကည့္ေပါ့ကြာ” လို႔ေျပာၿပီး ႐ုပ္ေသး႐ုပ္ကို ေရွးေဟာင္းဗီဒိုတစ္လုံးထဲ ထည့္ထားလိုက္တယ္။
ဗီဒိုထဲမွာေတာ့ ကေလးကစားစရာအ႐ုပ္ေတြအျပင္၊ ပန္းပု႐ုပ္ေပါင္းမ်ားစြာရွိေနၿပီး အားလုံးကို အနီေရာင္ခ်ည္ႀကိဳးေတြနဲ႔ရစ္ပတ္ထားတာကိုလဲျမင္ေတြ႕လိုက္ရတယ္။
++++++
” ဆရာ…ဆရာ….”
” ေဟ ဘာျဖစ္တာတုန္း ေမာင္စံရ”
” ဆရာအေမ သတိလစ္သြားလို႔တဲ့… ”
” ဟာ ဒုကၡပါပဲ…. ေအးေအး ငါအခုသြားလိုက္ဦးမယ္.. ဆိုင္ကိုေသခ်ာၾကည့္ထားေပးဦး”
ေက်ာ္သန္းက ခ်က္ခ်င္းဆိုသလို ေကာင္တာကေန ထၿပီး ဆိုင္ေရွ႕မွာရွိေနတဲ့စက္ဘီကိုနင္းကာ ထြက္သြားခဲ့တယ္။ အိမ္ေရွ႕ေရာက္ေတာ့ လူေတြစုၿပဳံေနတာေၾကာင့္ အတင္းတိုး၀င္ၿပီးၾကည့္လိုက္ရာ မ်က္ျဖဴလန္ၿပီး သတိရတစ္ခ်က္မရတစ္ခ်က္ျဖစ္ေနတဲ့ မိခင္ျဖစ္သူကိူျမင္လိုက္ရတယ္။
” ေဒၚေမသိန္း… အေမက ဘယ္လိုျဖစ္ရတာလဲ”
” ငါလဲေသခ်ာမသိဘူး သန္းေက်ာ္ရယ္… မနက္က ၀က္စာလာယူေတာ့ သတိလစ္ေနတာေတြ႕လို႔ နင့္ဆိုင္က ေကာင္ေလးကို ေျပာခိုင္းလိုက္တာ”
” အေမ… အေမ… သတိထားပါဦး…”
သန္းေက်ာ္က ေျခေတြလက္ေတြကိုႏွိပ္နယ္ေပးေနတဲ့အခ်ိန္ အိမ္နီးနားခ်င္းေတြပင့္ထားတဲ့ ဆရာ၀န္ေရာက္လာၿပီး လိုအပ္တဲ့စစ္ေဆးမႈေတြျပဳလုပ္ေပးေတာ့မွ သတိျပန္လည္လာခဲ့တယ္။
” ဆရာ.. အေမက ဘာျဖစ္တာလဲ”
” ေရာဂါကေတာ့ ေထြေထြထူးထူးမစမ္းမိဘူးဗ်… ေသြးခုန္ႏႈန္းလဲပုံမွန္ပဲ… ဆီးခ်ိဳစစ္ေတာ့လဲမရွိဘူး… ဆရာထင္တာကေတာ့ အသက္ႀကီးလာတဲ့အတြက္ အားနည္းၿပီးေမ့လဲတယ္လို႔ပဲျမင္တယ္”
” ဟုတ္ကဲ့ပါဆရာ… ကြၽန္ေတာ္တို႔ဘာေဆးေတြတိုက္ရမယ္ဆိုတာ ေျပာခဲ့ေပးပါဦး”
” ေဆးၫႊန္းေတာ့ေရးေပးလိုက္မယ္.. အဓိကကေတာ့ အားရွိတဲ့အစားအစာေတြေကြၽးေပးပါ…အိပ္ေရးပ်က္လဲမခံဖို႔ေျပာေပးပါ”
သန္းေက်ာ္လဲ ဆရာ၀န္ေျပာတဲ့အတိုင္း လိုက္မွတ္ၿပီး ေဆး၀ယ္ဖို႔ျပန္ထြက္လာခဲ့လိုက္တယ္။ ေဆးမ၀ယ္ခင္ ဆိုင္ကိုသုံးရက္ေလာက္ပိတ္ဖို႔ျပန္လာတဲ့အခ်ိန္ ဆိုင္ခန္းထဲမွာ လူသုံးေယာက္ထိုင္ေနတာကိုျမင္လိုက္ရတယ္။
” ဧည့္သည္ေတြေရာက္ေနတာလား ေမာင္စံ”
” ဆရာကိုေတြ႕ခ်င္တယ္ေျပာလို႔ ဆိုင္ထဲေခၚထားလိုက္တာ”
” ေဟ… ငါလဲတစ္ခါမွမေတြ႕ပါဘူး… မင္းတို႔လဲ ပစၥည္းေတြသိမ္းလိုက္ၾကေတာ့ ငါ့အေမ ေနမေကာင္းတာေၾကာင့္ ဆိုင္ကိုသုံးရက္ေလာက္ပိတ္ရမယ္ထင္တယ္”
အလုပ္သမားေတြလဲ ခင္းက်င္းထားတဲ့ပစၥည္းေတြကိုသိမ္းဆည္းေနတဲ့အခ်ိန္ သန္းေက်ာ္က ဆိုင္ခန္းထဲလွည့္ပတ္ၾကည့္ေနတဲ့ ဧည့္သည္ေတြဆီကိုသြားၿပီး
” ဟိုေလ… ကြၽန္ေတာ္ကိုေတြ႕ခ်င္တယ္ဆိုလို႔…ဘယ္သူမ်ားလဲမသိဘူး”
” ဆိုင္မွာ လြန္ခဲ့တဲ့ရက္ေတြတုန္းက ႐ုပ္ေသး႐ုပ္အသစ္ေတြေရာက္လာေသးလား”
” မႏၲေလးဘက္ကေန ပို႔လာတဲ့အ႐ုပ္ေတြေတာ့ ေရာက္လာတယ္… ဘာမ်ားျဖစ္လို႔လဲ”
” အဲဒီအ႐ုပ္ေတြေရာက္လာေတာ့ ထူးထူးျခားျခား ျဖစ္စဥ္ေတြျဖစ္ေသးလား”
” ဟင္… ခင္ဗ်ားတို႔က ဘယ္လိုသိတာလဲ”
” ဘယ္လိုသိလဲဆိုတာထက္ အဲဒီအ႐ုပ္ေတြေၾကာင့္ ျဖစ္လာမယ့္အရာေတြကိုပိုသတိထားရေတာ့မယ္”
” အ႐ုပ္ေတြအေၾကာင္းေျပာဖို႔ဆို ဆိုင္ဖြင့္မွ ျပန္လာလို႔မရဘူးလား… က်ဳပ္အေမေနမေကာင္းျဖစ္တာေၾကာင့္ ဆိုင္ကိုပိတ္ရဦးမယ္ထင္တယ္”
” ေကာင္းပါၿပီ… သင့္အေနနဲ႔ က်ဳပ္တို႔ကိုေတြ႕ခ်င္တယ္ဆိုရင္ ဓမၼရံသီဘုန္းႀကီးေက်ာင္းကိုလာခဲ့ပါ..”
” ဟုတ္ပီ ဟုတ္ပီ က်ဳပ္အျခားကိစၥေတြရွိေနေသးတာမို႔ သြားလိုက္ပါဦးမယ္”
သန္းေက်ာ္လဲ ေဆး၀ယ္ဖို႔ကိစၥနဲ႔ေလာေနတာမို႔ စကားစကိုျဖတ္ၿပီး ေဆးဆိုင္ဘက္ကိုျပန္ထြက္သြားခဲ့တယ္။
++++++++
ညသန္းေခါင္အခ်ိန္….
” ဂလုန္း ဂြမ္း…”
အိမ္ေနာက္ေဖးကေန ဒန္အိုးေတြျပဳတ္က်တဲ့အသံေၾကာင့္ ဧည့္ခန္းမွာစာထိုင္ဖတ္ေနတဲ့ သန္းေက်ာ္တစ္ေယာက္ ေခါင္းေထာင္လာၿပီး
” ေၾကာင္ေတြ ေသာင္းက်န္းေနျပန္ပီထင္တယ္…အေမ… အိပ္ေနပီလား”
အခန္းထဲမွာအိပ္ေနတဲ့ မိခင္ျဖစ္သူကိုလွမ္းေမးလိုက္ေပမယ့္ အသံမၾကားတာေၾကာင့္ ဖတ္လက္စစာအုပ္ကို ခ်ၿပီးအိမ္ေနာက္ေဖးကိုထြက္လာခဲ့ရာ မနက္အတြက္ခ်က္ထားတဲ့ဟင္းအိုးကေမွာက္လ်က္အေနအထားျဖစ္ေနတဲ့အျပင္ တစ္ကိုယ္လုံးဟင္းဆီေတြေပက်န္ေနတဲ့ မိခင္ျဖစ္သူကိုျမင္လိုက္ရတယ္။
” အေမ… ဘယ္လိုျဖစ္တာလဲ… ဒီအခ်ိန္ႀကီး ဟင္းအိုးနား ဘာသြားလုပ္တာလဲဗ်”
သန္းေက်ာ္က စိတ္တိုသြားေပမယ့္ မိခင္ျဖစ္သူေနမေကာင္းျဖစ္ေနတာေၾကာင့္ စကားကိုထိန္းေျပာလိုက္ၿပီး ေပက်ံေနတဲ့အ၀တ္ေတြကို လဲရန္ ဆြဲထူလိုက္တဲ့ခ်ိန္
” ငါ့ကိုလႊတ္စမ္း…. ”
” အေမ … ဘာျဖစ္ေနတာလဲ… အ၀တ္ေတြမွာ ဟင္းဆီေတြေပေနတာ လဲရမယ္ေလဗ်ာ”
” ဘာလို႔လဲရမွာလဲ… ဒီအနံ႔ေလးကို ငါႀကိဳက္တယ္… သူ႔အရသာကိုလဲႀကိဳက္တယ္ဟဲ့”
မိခင္ျဖစ္သူက အ၀တ္မွာေပေနတဲ့ ဟင္းအဆီေတြကို လ်ာနဲ႔ကုန္းယက္ၿပီး စားေနတဲ့ပုံစံေၾကာင့္ သန္းေက်ာ္ရဲ႕ ခႏၶာကိုယ္ကေန ၾကက္သီးေမႊးညႇင္းေတြ ေထာင္တက္လာခဲ့တယ္။
” အေမ… အေမ စားခ်င္ရင္ အသစ္ျပန္ခ်က္ေပးမယ္ေလ… ဒီလိုႀကီးေတာ့မလုပ္ပါနဲ႔ အေမ့ကိုၾကည့္ရတာ မသိရင္ ဘီလူးသရဲစီးေနတဲ့ပုံစံႀကီး”
” နင့္ပါးစပ္ကိုပိတ္ထားစမ္း… ငါ့ဘာသာ ဘာျဖစ္ျဖစ္ နင္ေျပာစရာမလိုဘူး… ငါေနခ်င္သလိုေနမယ္ လာမေျပာနဲ႔”
“ဟာ တစ္ခုခုေတာ့ လြဲေနၿပီ…”
သန္းေက်ာ္က စကားေျပာေနရင္း အိမ္ေရွ႕ဘုရားေက်ာင္းေဆာင္မွာတင္ထားတဲ့ ပရိတ္ေရဘူးကို ယူဖို႔ထသြားတဲ့အခ်ိန္ လဲက်ေနတဲ့မိခင္ျဖစ္သူက ႐ုတ္တရက္ေကာက္ထလာၿပီး အိမ္နံရံမွာခ်ိတ္ထားတဲ့ ဓါးကိုဆြဲယူလိုက္ကာ
” အဲဒီေရဘူးကို ကိုင္တာနဲ႔ ဒီဓါးကို ငါ့လည္ပင္းထဲထိုးစိုက္လိုက္မယ္… အဟီးအဟီးဟက္ဟက္… ယူရဲရင္ယူၾကည့္စမ္း”
” အေမ သတိထားပါဦး… ဒုကၡပါပဲဗ်ာ”
” နင့္အေမကို မသနားဘူးလား … သူ႔လည္ပင္းထဲကေန ေသြးေတြထြက္လာတာျမင္ခ်င္လို႔လား”
” ဟုတ္ၿပီ … ေရမန္းဘူးကိုလဲမယူေတာ့ဘူး… လက္ထဲက ဓါးကိုလဲခ်ထားလိုက္ေတာ့”
သန္းေက်ာ္စကားေၾကာင့္ မိခင္ျဖစ္သူက ၿဗီတီတီမ်က္ႏွာထားနဲ႔ ရယ္လိုက္ၿပီး ၾကမ္းျပင္ေပၚက်ေနတဲ့ အသားတုံးတစ္တုံးကိုေကာက္ယူကာ ပါးစပ္ထဲထိုးထည့္လိုက္တယ္။
သန္းေက်ာ္လဲ ပတ္၀န္းက်င္ကို လွမ္းေျပာဖို႔လုပ္တဲ့အခ်ိန္ ဟင္းအိုးေဘးမွာ ငုတ္တုပ္ထိုင္ေနတဲ့ မိခင္ျဖစ္သူက မ်က္ေထာင့္နီနဲ႔စိုက္ၾကည့္ၿပီး
” အသံမထြက္နဲ႔ တိတ္တိတ္ေလးေန… ငါကဆူညံတာမႀကိဳက္ဘူးေနာ္” လို႔ေျပာလိုက္တာေၾကာင့္ သန္းေက်ာ္လဲ ေၾကာက္လန႔္တၾကားနဲ႔ ငုတ္တုတ္ထိုင္ကာ ၾကည့္ေနခဲ့ရတယ္။
မိခင္ျဖစ္သူက ဟင္းအိုးထဲကဟင္းေတြကုန္စင္ေအာင္ စားၿပီးခ်ိန္မွာေတာ့ သမ္းေဝလာကာ ဟင္းေတြဖိတ္က်ေနတဲ့ေနရာမွာတင္လွဲကာ အိပ္ခ်လိုက္တယ္။
သန္းေက်ာ္လဲ ထူးဆန္းတဲ့ျဖစ္ရပ္ေၾကာင့္ ၾကက္သီးေမႊးညႇင္းေတြထေလာက္တဲ့ထိ ထိတ္လန႔္သြားခဲ့ေပမယ့္ စိတ္ကိုျပန္ထိန္းကာ အိပ္ေမာက်ေနတဲ့မိခင္ျဖစ္သူကို အသာေပြ႕ခ်ီကာ အခန္းထဲကိုေခၚသြားခဲ့လိုက္တယ္။ အခန္းထဲေရာက္ေတာ့ ညစ္ပတ္ေပေရေနတဲ့ အ၀တ္အစားေတြကိုလဲလွယ္ေပးၿပီး သုတ္သင္ေဆးေၾကာပီးခ်ိန္မွာေတာ့ ညကအေတာ္နက္ေနပီမို႔ အိပ္ေမာက်ေနတဲ့မိခင္ျဖစ္သူရဲ႕ေဘးမွာတင္ေက်ာဆန႔္ခ်လိုက္ရာ ခဏေလးအတြင္းအိပ္ေပ်ာ္သြားခဲ့တယ္။
မနက္မိုးလင္းေတာ့ မိခင္ျဖစ္သူကို အိမ္နီးနားခ်င္းေတြနဲ႔ ခဏအပ္ၿပီး ဆိုင္ကိုလာသြားတဲ့သူေတြတည္းခိုရာ ဓမၼရံသီဘုန္းႀကီးေက်ာင္းဘက္ကိုထြက္လာခဲ့လိုက္တယ္။ ေက်ာင္းေပၚေရာက္ေတာ့ ဆရာေတာ္နဲ႔ စကားလက္ဆုံၾကေနတဲ့ လူသုံးေယာက္ကိုျမင္တာနဲ႔ အနားမွာထိုင္လိုက္ၿပီး စကားေျပာၿပီးတဲ့ထိေစာင့္ေနခဲ့လိုက္တယ္။ တစ္ေအာင့္ေလာက္အၾကာမွာေတာ့ ဆရာေတာ္က စကားစကိုျဖတ္ၿပီး က်က္သေရတိုက္ထဲျပန္ႂကြသြားတဲ့အခ်ိန္
” အိမ္မွာလဲထူးျခားတာေတြႀကဳံေနရပီလား” ဆိုတဲ့စကားကိုၾကားလိုက္ရတယ္။
” ဟုတ္တယ္ဗ်ာ… က်ဳပ္ျဖင့္တစ္ခါမွမႀကဳံဖူးတဲ့ျဖစ္ရပ္ကိုမ်က္ဝါးထင္ထင္ျမင္လိုက္ရတာပဲ… ဘာေၾကာင့္ ဒီလိုျဖစ္တယ္ဆိုတာ သိေအာင္လုပ္လို႔ရမလားဗ်”
” ဒါကေတာ့ အိမ္ကိုလိုက္ၿပီးၾကည့္ေပးမွရမယ္…”
” ရပါတယ္ဗ်… ေျခႂကြခလဲထိုက္တန္ေအာင္ေပးပါ့မယ္… ကူညီေပးပါဦးဗ်ာ”
သန္းေက်ာ္စကားေၾကာင့္ ဥပဓိ႐ုပ္ေကာင္းေကာင္းနဲ႔လူက သေဘာက်စြာၿပဳံးရယ္လိုက္ၿပီး
” ေႁခြႂကြခထက္ မျဖစ္သင့္တာမျဖစ္ရေအာင္ က်ဳပ္တို႔ကလုပ္ေပးခ်င္တာပါ… ကဲ ေရွ႕ကေန လမ္းျပၿပီးေခၚသြားေပးပါဦး”
” ဟုတ္ကဲ့… ဟိုေလ ဆရာတို႔ ဆိုင္ကိုလာတုန္းက က်ဳပ္ဧည့္၀တ္မေက်တာေတာင္းပန္ပါတယ္ဗ်ာ… အဲဒီတုန္းက မိဘအပူနဲ႔မို႔ ကိုယ္တိုင္ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနလို႔ပါ”
” မိဘအေပၚသိတတ္တဲ့စိတ္ထားေလးကို ျမင္ေတြ႕ရတာနဲ႔တင္ အရာအားလုံးကိုနားလည္ေပးလို႔ရပါတယ္”
” ေက်းဇူးတင္ပါတယ္ဆရာတို႔ရယ္… ဒါနဲ႔ ဆရာတို႔နာမည္ေလးကိုသိပါရေစ”
” က်ဳပ္ကိုေတာ့ ေအာင္ျမတ္သာလို႔ေခၚပါ… သူတို႔ႏွစ္ေယာက္က ေမာင္ေကာင္းနဲ႔ ခြန္းလွပါ”
” ဟုတ္ကဲ့ ဆရာေအာင္ျမတ္သာ… ဒီက ဆရာေလးတို႔နာမည္ကိုလဲမွတ္ထားပါ့မယ္… ကြၽန္ေတာ္နာမည္ကေတာ့ သန္းေက်ာ္ပါ”
ဒီလိုနဲ႔ ေအာင္ျမတ္သာတို႔လဲ သန္းေက်ာ္ရဲ႕ေနအိမ္ကို ေရာက္သြားခဲ့ၾကတယ္။ အိမ္ကိုေရာက္ေတာ့ အားနည္းတဲ့ပုံစံနဲ႔ လွဲေလ်ာင္းေနတဲ့ မိန္းမႀကီးတစ္ေယာက္ကိုျမင္ေတြ႕လိုက္ရၿပီး သူ႔ေဘးမွာေတာ့ ယပ္ေတာင္တဖ်တ္ဖ်တ္ခတ္ေပးေနတဲ့ အသက္၄၀အ႐ြယ္မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။
” ေဒၚလွမ်ိဳး.. ဆရာတို႔အတြက္ ေရေႏြးနဲ႔ လက္ဖက္သုတ္ေလးျပင္ေပးပါဦး”
” ေအးေအး… ငါလုပ္လိုက္မယ္”
” ဆရာ ဒါကေတာ့ ကြၽန္ေတာ္အေမပါ… အခုရက္ပိုင္းမွာမွ က်န္းမာေရးခ်ိဳ႕တဲ့လာသလို အျခားထူးျခားမႈေတြလဲ ႀကဳံေနရတယ္ဆရာ”
သန္းေက်ာ္စကားေၾကာင့္ ေအာင္ျမတ္သာတို႔သုံးေယာက္လဲ အိမ္အတြင္းဘက္ကို မ်က္လုံးေဝ့ၾကည့္လိုက္ရာ အိမ္နံရံမွာအလွခ်ိတ္ဆြဲထားတဲ့ ေ႐ႊေရာင္မ်က္ႏွာဖုံးတစ္ခုဆီကို အၾကည့္ေရာက္သြားခဲ့တယ္။
” ကိုသန္းေက်ာ္… ဟိုးမွာခ်ိတ္ထားတဲ့ မ်က္ႏွာဖုံးက ဘယ္ကေနရလာတာလဲ”
” ဆရာေျပာတာ ေ႐ႊမ်က္ႏွာဖုံးကိုေျပာတာလား… အဲဒါက မႏၲေလးဘက္ကရလာတာဆရာ…”
” ဒီပစၥည္းေရာက္တာ ဘယ္ေလာက္ၾကာၿပီလဲ”
” တစ္ပတ္ေလာက္ေတာ့ရွိၿပီ… ဘာမ်ားျဖစ္လို႔လဲဆရာ”
” စိတ္ထဲမွာ ဒီမ်က္ႏွာဖုံးကိုဘ၀င္မက်ျဖစ္ေနလို႔ပါ… ကဲ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔က အိမ္အတြင္းအျပင္အႏၲရာယ္ကင္းေအာင္ လုပ္ေပးလိုက္ၾက… ငါကေတာ့ ဒီျပႆနာရဲ႕ရင္းျမစ္ကို ေခၚထုတ္လိုက္မယ္”
ေအာင္ျမတ္သာလဲစကားဆုံးတာနဲ႔ ဘုရားေက်ာင္းေဆာင္မွာ ဖေယာင္းတိုင္အေမႊးတိုင္ေတြထြန္းၿပီး ငါးပါးသီလခံယူကာ အထက္ဆရာေတြထံခြင့္ျပဳမိန႔္ေတာင္းခံလိုက္တယ္။ ၿပီးတာနဲ႔ ေရသန႔္သန႔္တစ္ခြက္ကိုေတာင္းယူၿပီး ညာဘက္လက္ညိဳးထည့္ကာ မန္းမႈတ္ၿပီး အိမ္အႏွံ႔ကိုဖက္ျဖန္းလိုက္တဲ့အခ်ိန္ နံရံမွာခ်ိတ္ထားတဲ့ ေ႐ႊေရာင္မ်က္ႏွာဖုံးက အသက္၀င္သကဲ့သလို႔ တဆတ္ဆတ္တုန္လာၿပီး ၾကမ္းေပၚကို ျပဳတ္က်လာခဲ့တယ္။
ၾကမ္းေပၚေရာက္ေတာ့လဲ ပုစြန္ဆိတ္ခုန္သလို တဖ်တ္ဖ်တ္ခုန္ေနတာေၾကာင့္ ေရမန္းကိုလက္ညိဳးနဲ႔ယူၿပီး မ်က္ႏွာဖုံးကို ဝိုင္းလိုက္ေတာ့မွ ၿငိမ္သက္သြားခဲ့တယ္။
” ဆရာ… ဒီမ်က္ႏွာဖုံးေၾကာင့္ အခုလိုျဖစ္ေနတာမ်ားလား”
” ျဖစ္ႏိုင္ေျခမ်ားတယ္ဗ်… ခဏေန ေသခ်ာသိေအာင္ျပေပးပါ့မယ္”
ခဏေနေတာ့ သဲမန္းဆန္မန္းေတြကိုအိမ္အတြင္းအျပင္ပက္ျဖန္းေနတဲ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ျပန္ေရာက္လာၿပီး
” ၿခံထဲမွာေတာ့ ထူးျခားတာမေတြ႕ဘူးဆရာ… အိမ္ကိုဆန္မန္းနဲ႔ပက္တဲ့ခ်ိန္မွာေတာ့ ေၾကာက္လန႔္ပီးေအာ္ဟစ္တဲ့ ေယာက်ၤားတစ္ေယာက္ရဲ႕အသံကိုၾကားလိုက္ရတယ္”
” မင္းတို႔ၾကားတဲ့အသံက ဒီထဲကလာတာျဖစ္မယ္… ”
ေအာင္ျမတ္သာကစကားေျပာေနရင္း ေ႐ႊေရာင္မ်က္ႏွာဖုံးကို လက္ညိဳးထိုးကာ အေစာင့္ရွိရင္ ထခုန္စမ္းလို႔အမိန႔္ေပးလိုက္ရာ ၾကမ္းေပၚမွာရွိေနတဲ့ မ်က္ႏွာဖုံးက အေပၚကိုတစ္ေတာင္ေလာက္ေျမာက္တက္သြားတာကိုျမင္လိုက္ရတယ္။
” ေသခ်ာၿပီ… ဒီေကာင္ေၾကာင့္ပဲျဖစ္ရမယ္… ခြန္းလွ ေရမန္းစည္းကိုဖ်က္ေပးလိုက္”
ခြန္းလွလဲ ေရမန္းစည္းကိုဖ်က္ေပးလိုက္တဲ့အခ်ိန္ အိပ္ယာေပၚမွာလွဲေနတဲ့ သန္းေက်ာ္ရဲ႕မိခင္က ေဆာင့္ေၾကာင့္ထထိုင္ၿပီး
” ငါ့ေနရာ ငါ့ကိုျပန္ပို႔ေပး… ဒီမွာေနရတာ ပူတယ္… နင္တို႔ေတြဘာလုပ္ထားၾကတာလဲ” ဆိုၿပီး၀မ္းေခါင္းသံနဲ႔ ေအာ္ေျပာပါေလေရာ။
” သင္ဘယ္သူလဲ… ဘယ္လိုေၾကာင့္ ဒီအိမ္ထဲကိုေရာက္ေနရတာလဲ”
” ငါ့ကိုဒီအိမ္ေခၚလာတာေလ… ငါကလာတာမဟုတ္ဘူး”
” ဒါဆို သင္က မ်က္ႏွာဖုံးနဲ႔အတူ ပါလာတာလား”
” ဟုတ္တယ္… ငါက မ်က္ႏွာဖုံးကိုေစာင့္တဲ့သူပဲ”
” ေကာင္းၿပီ… သင့္ကို ဘယ္ျပန္ပို႔ေပးရမလဲဆိုတာ ေျပာ.. ေနာက္ၿပီး အိမ္သူအိမ္သားေတြကို ဖ်ားနာေအာင္ျပဳလုပ္ထားတာေတြ၊ ပူးကပ္ေႏွာက္ယွက္တာေတြအားလုံး သင္နဲ႔အတူတစ္ပါထဲယူသြားေပးပါ”
” ငါအခုသြားလို႔မရေသးဘူး… ေမာင္လူပ်ိဳမပါပဲ ငါသြားလို႔မရဘူး”
” ေမာင္လူပ်ိဳဆိုတာက ဘာကိုဆိုလိုတာလဲ”
” ငါနဲ႔အတူပါလာတဲ့ ႐ုပ္ေသး႐ုပ္… သူ႔ကိုေခၚေပး”
ေအာင္ျမတ္သာလဲ သန္းေက်ာ္ကိုၾကည့္လိုက္ၿပီး ဘယ္လိုလဲဆိုတဲ့သေဘာနဲ႔ ေမးေငါ့ျပလိုက္ရာ
” ေမာင္လူပ်ိဳဆိုတာ မင္းညီမင္းသား၀တ္စုံ၀တ္ထားတဲ့႐ုပ္ေသး႐ုပ္ကိုေျပာတာလား”
” ဟုတ္တယ္ … ေမာင္လူပ်ိဳက အဲဒီအ႐ုပ္မွာေနတာ…”
” ဆရာ အဲဒီ႐ုပ္ေသး႐ုပ္က ကြၽန္ေတာ္မွာမရွိေတာ့ဘူး… ဦးေကာင္းစည္လာ၀ယ္လို႔ေရာင္းေပးလိုက္တယ္”
” ဦးေကာင္းစည္ဆိုတာက ဘာလုပ္တဲ့သူလဲ”
” သူက ေရွးေဟာင္းပစၥည္းေတြ၊ အႏုပညာပစၥည္းေတြကိုစုေဆာင္းတဲ့သူတစ္ေယာက္ပဲ… ကြၽန္ေတာ္ဆိုင္ရဲ႕ေဖာက္သည္ဆိုလဲမမွားဘူး”
” ဒါဆို သူ႔ဆီသြားၿပီး အက်ိဳးအေၾကာင္းေျပာျပရေတာ့မွာေပါ့… သူ႔အိမ္ရွိရာလမ္းျပေပးလို႔ရလား”
” ရပါတယ္… ကြၽန္ေတာ္ကိုယ္တိုင္လမ္းျပေပးပါ့မယ္”
ေအာင္ျမတ္သာလဲ စကားဆုံးတာနဲ႔ မ်က္ႏွာဖုံးေစာင့္ပုဂၢိဳလ္၀င္ပူးေနတဲ့ သန္းေက်ာ္ရဲ႕မိခင္ကို ေရမန္းနဲ႔ေတာက္လိုက္ရာ ေခြခနဲလဲက်သြားခဲ့တယ္။
” ေမာင္ေကာင္း ဒီမ်က္ႏွာဖုံးကို လြယ္အိတ္ထဲထည့္လာခဲ့”
ေမာင္ေကာင္းလဲ မ်က္ႏွာဖုံးကို လြယ္အိတ္ထဲထည့္ဖို႔ေကာက္ယူလိုက္တဲ့ခ်ိန္ တဆတ္ဆတ္နဲ႔ခုန္ေနတာေၾကာင့္ အင္းကြက္ထိုးထားတဲ့လက္ဝါးနဲ႔ ႏွစ္ခ်က္ေလာက္႐ိုက္ခ်လိုက္ေတာ့မွၿငိမ္သက္သြားခဲ့တယ္။
သန္းေက်ာ္လဲ မိခင္ျဖစ္သူကို ေဒၚလွမ်ိဳးနဲ႔အပ္ၿပီး ဦးေကာင္းစည္ေနထိုင္တဲ့အိမ္ရွိရာဘက္ကို လမ္းျပေခၚေဆာင္လာခဲ့လိုက္တယ္။ ၿမိဳ႕အစြန္ေနရာကိုေရာက္ေတာ့ အနီေရာင္ေဆးေတြသုတ္ထားတဲ့ အုတ္တံတိုင္းတစ္ခုကိုေတြ႕လိုက္ရၿပီး အထဲမွာေတာ့ ႏို႔ႏွစ္ေရာင္ေဆးသုတ္ထားတဲ့ ႏွစ္ထပ္တိုက္တစ္လုံးကို ထည္ဝါစြာေဆာက္ထားတာကိုျမင္ေတြ႕လိုက္ရတယ္။
အိမ္နားကိုေရာက္ေတာ့ ေမာင္ေကာင္း လြယ္အိတ္ထဲမွာ ထည့္ထားတဲ့ မ်က္ႏွာဖုံး႐ုပ္က ထိန္းမရေအာင္႐ုန္းကန္လာတာကို သတိထားမိခဲ့ၾကတယ္။
” ဆရာ… အိတ္ထဲကေကာင္ အေတာ္႐ုန္းေနတယ္… ”
” ဒီကိုေပး… ေမာင္ေကာင္း”
ေအာင္ျမတ္သာလဲ ေမာင္ေကာင္းဆီက အိတ္ကိုလက္ဆင့္ကမ္းယူၿပီး ညာလက္နဲ႔ဖိထားလိုက္မွ ႐ုန္းကန္ေနတာၿငိမ္သက္သြားခဲ့တယ္။
” ဦးေကာင္းစည္ရွိလား… ”
” ဘယ္သူလဲကြယ့္”
” ကြၽန္ေတာ္ပါ သန္းေက်ာ္လို႔ေျပာရင္သူသိပါတယ္”
အသားမဲမဲမိန္းမႀကီးက ၿခံထဲကေန သန္းေက်ာ္ကိုလွမ္းၾကည့္ၿပီး အိမ္ထဲကို၀င္သြားကာ ခဏေနေတာ့ အရပ္ျမင့္ျမင့္ကိုယ္ထည္ေတာင့္ေတာင့္ လူႀကီးတစ္ေယာက္ အျပင္ကိုထြက္လာခဲ့တာကိုျမင္လိုက္ရတယ္။
“ဘယ္သူမ်ားလဲလို႔… ေမာင္သန္းေက်ာ္ပါလား …ဒါနဲ႔ ဧည့္သည္ေတြလဲပါလာတာဆိုေတာ့ အထဲ၀င္ၾကေလ… ”
ဦးေကာင္းစည္က ေအာင္ျမတ္သာတို႔ကို မသိမသာအကဲခတ္လိုက္ၿပီး အိမ္ထဲကို၀င္ဖို႔ေျပာလိုက္တယ္။ အထဲေရာက္ေတာ့ လက္ရာေျမာက္တဲ့ပန္းခ်ီကားေတြနဲ႔ အလွဆင္ထားတဲ့ အိမ္အျပင္အဆင္ကိုျမင္ေတြ႕လိုက္ရၿပီး တိရိစာၦန္ေတြရဲ႕ ဂ်ိဳေတြကိုလဲ သူ႔ေနရာနဲ႔သူ လွပေသသပ္စြာခ်ိတ္ဆြဲထားတာကိုလဲျမင္ေတြ႕လိုက္ရတယ္။
” ေမာင္သန္းေက်ာ္… ဘာကိစၥမ်ားလဲကြယ့္”
” ကိစၥကေတာ့ ဒီက ဆရာေတြက ဦးေလးနဲ႔ေတြ႕ခ်င္တယ္ဆိုလို႔ ေခၚလာေပးတာပါ”
” ေအာ္… ဒီက မိတ္ေဆြေတြက က်ဳပ္ကိုသိေနတာလား”
” သိတာေတာ့မၾကာေသးပါဘူး… ဦးေကာင္းစည္အေနနဲ႔ ေမာင္လူပ်ိဳ႐ုပ္ေသး႐ုပ္ေလးကို သူ႔ဆိုင္ကေန၀ယ္သြားတယ္ဆိုလို႔ ဒီကိုေရာက္လာခဲ့ၾကတာပါ”
” ဟုတ္ပါတယ္… အဲဒါနဲ႔မိတ္ေဆြတို႔က ဘယ္လိုပတ္သတ္ေနလို႔ပါလဲ”
” ကြၽန္ေတာ္တို႔နဲ႔ပတ္သတ္တာေတာ့မဟုတ္ပါဘူး… ဒီမ်က္ႏွာဖုံးနဲ႔ပတ္သတ္လို႔ေရာက္လာခဲ့တာပါ”
ေအာင္ျမတ္သာက လြယ္အိတ္ထဲထည့္ထားတဲ့ မ်က္ႏွာဖုံး႐ုပ္ကိုထုတ္ျပလိုက္ရာ ဦးေကာင္းစည္က အျဖစ္သေဘာမ်ိဳးနဲ႔လွမ္းၾကည့္လိုက္ၿပီး
” ဒီမ်က္ႏွာဖုံးနဲ႔ က်ဳပ္၀ယ္ထားတဲ့႐ုပ္ေသး႐ုပ္က ဘယ္လိုမ်ားပတ္သတ္ေနလို႔လဲ”
” တကယ္ေတာ့ ဒီအ႐ုပ္ႏွစ္ခုက သာမန္အ႐ုပ္ေတြမဟုတ္ဘူး… ဒီပစၥည္းေတြထဲမွာ ေစာင့္ရတဲ့သူေတြရွိေနၾကပါတယ္… သူတို႔ႏွစ္႐ုပ္ကို မူလယူခဲ့တဲ့ေနရာကိုျပန္ထားေပးမွရမွာမို႔ ဦးေကာင္းစည္၀ယ္ယူထားတဲ့ ေမာင္လူပ်ိဳ႐ုပ္ကို ျပန္ေရာင္းေပးဖို႔ စကားကမ္းလွမ္းပါတယ္”
” က်ဳပ္က ဒါေတြကိုအယုံအၾကည္မရွိတဲ့အတြက္ ျပန္မေရာင္းႏိုင္ပါဘူး… သန္းေက်ာ္ … မင္းနဲ႔ငါနဲ႔အလုပ္လုပ္လာတာၾကာပီေနာ္ ငါက ဒီလိုရႈပ္ရႈပ္ယွက္ယွက္ေတြမႀကိဳက္ဘူးဆိုတာ မင္းသိပါတယ္… ကဲကဲ ငါလဲလုပ္စရာရွိေသးတာမို႔ ဧည့္သည္ေတြကိုျပန္ေခၚသြားေတာ့”
ဦးေကာင္းစည္က စကားဆုံးတာနဲ႔ အခန္းထဲကိုတန္း၀င္သြားခဲ့တာေၾကာင့္ ေအာင္ျမတ္သာတို႔လဲ အိမ္ထဲကေန ျပန္ထြက္လာခဲ့လိုက္တယ္။
” ကြၽန္ေတာ္ေၾကာင့္ အားလုံးမ်က္ႏွာပ်က္ၾကရၿပီ… တကယ္ေတာင္းပန္ပါတယ္ဗ်ာ”
” ရပါတယ္… ဒါေတြက သာမန္မ်က္စိနဲ႔မျမင္ႏိုင္တာေတြမို႔ ဘယ္သူ႔ကိုမွအျပစ္တင္လို႔မရဘူး… စိတ္ထဲမထားေနပါနဲ႔ဗ်ာ… အိမ္ေရာက္ရင္ မိခင္ျဖစ္သူကို ေသခ်ာဂ႐ုစိုက္လိုက္ပါ”
” အေမက ဘာမွထပ္မျဖစ္ေတာ့ဘူးလားဆရာ”
” ပုံစံၾကည့္ရတာ အားနည္းေနတယ္လို႔ထင္ရတယ္… အိမ္ေရာက္ရင္ အားရွိတာေတြ သုံးေလးရက္ေလာက္ေကြၽးလိုက္ပါ… ေနာက္ေန႔ေတြအခ်ိန္ရရင္ အိမ္ကို၀င္လာခဲ့ပါ့မယ္”
ေအာင္ျမတ္သာတို႔လဲ သန္းေက်ာ္နဲ႔လမ္းခြဲၿပီး ဘုန္းႀကီးေက်ာင္းကိုျပန္လာခဲ့လိုက္ၾကတယ္။
ဘုန္းႀကီးေက်ာင္းကိုေရာက္ေတာ့ ဆရာတပည့္ေတြ ေခါင္းခ်င္းဆိုင္ထိုင္ၿပီး
” ဒီလူႀကီးပုံစံက မူမမွန္ဘူးေနာ္ဆရာ…”
” ဟုတ္တယ္ဆရာ… သူ တစ္ခုခုကိုသိထားတဲ့ပုံပဲ”
” ငါလဲ မင္းတို႔ထင္သလိုပဲ ေတြးမိတယ္…. ငါတို႔ထင္တာဟုတ္မဟုတ္ကို ေသခ်ာေအာင္ လုပ္လို႔ရမယ့္နည္းေတာ့ရွိတယ္”
” ဘာနည္းလမ္းလဲဆရာ”
” မ်က္ႏွာဖုံးေစာင့္ပုဂၢိဳလ္ကို လႊတ္ၿပီး ေမာင္လူပ်ိဳကိုေခၚခိုင္းၾကည့္ရမွာပဲ”
+++++
လမိုက္ညျဖစ္တဲ့အတြက္ ဘုန္းႀကီးေက်ာင္းတစ္ခုလုံး အေမွာင္ထုကႀကီးစိုးေနခဲ့တယ္။ အဲဒီအခ်ိန္ ဧည့္သည္ေတြတည္းတဲ့အခန္းထဲမွာေတာ့ ဖေယာင္းတိုင္မီးအလင္းေရာင္ထြက္ေပၚလာခဲ့တယ္။
” ေမာင္လူပ်ိဳကိုျပန္ေခၚဖို႔အတြက္ သင့္အကူအညီလိုတယ္… သင္တို႔ႏွစ္ေယာက္ ကိုယ့္ေနရာကိုယ္ျပန္ခ်င္တယ္ဆိုရင္ က်ဳပ္ေျပာတဲ့အတိုင္း လုပ္ပါ”
ေအာင္ျမတ္သာက အေရွ႕မွာခ်ထားတဲ့ မ်က္ႏွာဖုံး႐ုပ္ကို လက္ညိဳးထိုးကာအမိန႔္ေပးလိုက္ၿပီး လက္နဲ႔သပ္ခ်လိုက္ရာ မ်က္ႏွာဖုံးထဲကေန လူတစ္ေယာက္ပုံစံအခိုးေငြ႕ေတြထြက္လာၿပီး အတက္အဆင္းေလွကား၀မွာ ရပ္ေနတာကိုျမင္ေတြ႕လိုက္ရတယ္။
” ေမာင္လူပ်ိဳဘယ္မွာရွိတယ္ဆိုတာ သင္ခံစားမိတယ္မဟုတ္လား… “လို႔ေမးလိုက္ေတာ့ မ်က္ႏွာဖုံးေစာင့္ပုဂၢိဳလ္ကေခါင္းၿငိမ့္ျပခဲ့တယ္။
” က်ဳပ္တို႔လဲသင့္အေနာက္ကလိုက္လာခဲ့မယ္… အခုခ်ိန္ကစၿပီး သင္ကို ေမာင္လူပ်ိဳကိုျပန္ေခၚဖို႔ တာ၀န္ေပးလိုက္ၿပီ” လို႔ေျပာလိုက္ရာ အေပါက္၀မွာရပ္ေနတဲ့ လူရိပ္က ေလွကားကေနဆင္းကာ ဘုန္းႀကီးေက်ာင္းအျပင္ဘက္ကိုထြက္သြားခဲ့လိုက္တယ္။
ေအာင္ျမတ္သာတို႔လဲ ေရွ႕ကေန သြားေနတဲ့ လူရိပ္ေနာက္ကိုထပ္ခ်ပ္မကြာလိုက္သြားခဲ့ရာ မနက္ကသြားခဲ့တဲ့ ဦးေကာင္းစည္ရဲ႕ေနအိမ္ေရွ႕ကိုေရာက္လာခဲ့တယ္။ ဒါေပမယ့္ မ်က္ႏွာဖုံးေစာင့္ပုဂၢိဳလ္က ၿခံထဲကိုမ၀င္ပဲ တြန႔္ဆုတ္ေနတာေၾကာင့္ အာ႐ုံကိုစုစည္းၿပီးၾကည့္လိုက္ရာ ၿခံ၀င္းထဲမွာ ဥဒဟိုသြားလာေနၾကတဲ့ အရိပ္မဲမဲေတြကိုျမင္ေတြ႕လိုက္ရတယ္။
” ဆရာ… ဟိုမွာ လက္ညိဳးထိုးျပေနတယ္”
ေအာင္ျမတ္သာလဲ လက္ညိဳးထိုးျပတဲ့ေနရာကို ၾကည့္လိုက္ရာ ေတာင္ရွည္ပုဆိုးကို ေသသပ္စြာ၀တ္ဆင္ထားၿပီး ဦးေခါင္းထက္မွာ ပန္းနီနီပန္ထားတဲ့ ေယာက်ၤားတစ္ေယာက္က ခက္ထန္တဲ့မ်က္ႏွာထားတဲ့ ၿခံ၀င္းထဲလိုက္ၾကည့္ေနတာကိုျမင္ေတြ႕လိုက္ရတယ္။
မ်က္ႏွာဖုံးေစာင့္ပုဂၢိဳလ္က ေမာင္လူပ်ိဳကိုျမင္ေတာ့ ၿခံထဲကို၀င္ဖို႔လွမ္းလိုက္ရာ အထဲမေရာက္ခင္မွာပဲ အေနာက္ကိုျပန္ယိုင္က်သြားခဲ့တယ္။
” ဆရာ သူ၀င္လို႔မရဘူးထင္တယ္… ”
” ၿခံ၀င္းထဲကို သူ႔ခြင့္ျပဳခ်က္မရပဲ ဘယ္သူမွ၀င္မရေအာင္လုပ္ထားတာပဲ…”
မ်က္ႏွာဖုံးေစာင့္ပုဂၢိဳလ္က ေမာင္လူပ်ိဳကို ေျခဟန္လက္ဟန္နဲ႔ ေခၚေပမယ့္ ဟိုက အဖက္ေတာင္မလုပ္ပဲ ေနေနတာေၾကာင့္ ေအာင္ျမတ္သာအနားကိုျပန္ေရာက္လာၿပီး
” ေမာင္လူပ်ိဳကို စိတ္႐ိုင္း၀င္ေအာင္လုပ္ထားၿပီနဲ႔တူတယ္ဆရာ”
” သူရဲ႕မူလစိတ္သေဘာထားက ဘယ္လိုရွိလဲ”
” ေမာင္လူပ်ိဳက လူေတြကိုေၾကာက္လန႔္ေအာင္စေနာက္တတ္တာကလြဲၿပီး က်န္တဲ့ေနရာ အကူအညီေပးတဲ့သူပါ… အခုသူ႔မ်က္ႏွာက အရင္ထက္ပိုၿပီးခက္ထန္ေနသလိုပဲ”
” သင္အေနနဲ႔ ေမာင္လူပ်ိဳကိုေခၚမရတာမို႔ ကိုယ့္ေနရာကိုယ္ျပန္ေနပါ… က်န္တာ ငါတို႔စီစဥ္လိုက္မယ္”
ေအာင္ျမတ္သာစကားအဆုံးမွာပဲ မ်က္ႏွာဖုံးေစာင့္ပုဂၢိဳလ္က ဖ်တ္ခနဲေပ်ာက္ကြယ္သြားကာ လြယ္အိတ္ထဲမွာရွိတဲ့မ်က္ႏွာဖုံးထဲကိုျပန္၀င္သြားခဲ့တယ္။
” ဆရာ… ဘယ္လိုလုပ္ၾကမလဲ… သူမ်ားေနအိမ္ထဲကိုမသိပဲ၀င္ရင္ အျပစ္ကျဖစ္ဦးမယ္… မ၀င္ပဲေနရင္လဲ ဒီေကာင္ကို ေခၚထုတ္လို႔မရျဖစ္ေနတယ္”
” အတတ္ႏိုင္ဆုံး ေခၚထုတ္ၾကည့္ရမွာေပါ့…”
ေအာင္ျမတ္သာက အေမွာင္ထုထဲမွာ ရပ္ေနရင္း မ်က္လုံးကိုမွိတ္ကာအာ႐ုံခံလိုက္ရင္ပဲ မင္းညီမင္းသား၀တ္စုံပုံစံဖန္တီးထားတဲ့ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ကို အနီေရာင္ႀကိဳးေတြနဲ႔ရစ္ပတ္ထားတာျမင္ေတြ႕လိုက္ရတယ္။
” သူ႔ရဲ႕မူလကိုယ္က အိမ္ထဲမွာရွိေနတာပဲ…”
” ကြၽန္ေတာ္ အသာေလး၀င္ၿပီး အ႐ုပ္ကိုယူလာခဲ့ရမလားဆရာ”
” သူတစ္ပါးအိမ္ထဲကပစၥည္းကို ပိုင္ရွင္မသိပဲယူတယ္ဆိုတာ ခိုးတာပဲကြ… ငါတို႔လဲ တတ္စြမ္းသေလာက္ႀကိဳးစားခဲ့ေပမယ့္ ကာယကံရွင္က ခြင့္မျပဳေတာ့လဲ ဘယ္တတ္ႏိုင္ပါ့မလဲ”
” ဒါဆို လက္ေလ်ာ့လိုက္ၾကေတာ့မွာလားဆရာ”
” ဦးေကာင္းစည္ဆိုတဲ့လူက ေခသူေတာ့မဟုတ္ဘူး… သူသာ ဒီလိုအတတ္ပညာနဲ႔ သူတစ္ပါးကိုထိခိုက္ေအာင္လုပ္မယ္ဆိုရင္ေတာ့ ငါတို႔နဲ႔ျပန္ဆုံရမွာပါ… အခုေတာ့ သူ႔ဘက္ကအေရးသာေနတာမို႔ ေမာင္လူပ်ိဳကို ဒီတိုင္းထားခဲ့လိုက္ရေတာ့မွာပဲ”
ေအာင္ျမတ္သာ စကားအဆုံးမွာ လြယ္အိတ္ထဲမွာရွိတဲ့ မ်က္ႏွာဖုံးဆီကေန ျပင္းထန္တဲ့လႈပ္ရွားမႈကိုခံစားလိုက္ရတယ္။
” စိတ္မေကာင္းမျဖစ္ပါနဲ႔… သင့္သူငယ္ခ်င္းက တစ္ခ်ိန္က်ရင္သင္တို႔ဆီျပန္ေရာက္လာေအာင္ က်ဳပ္ကူညီေပးပါ့မယ္… အခုေတာ့ သင္တစ္ေယာက္ထဲ မူလေနရာကိုျပန္သြားရေတာ့မယ္” လို႔ေျပာကာ ဘုန္းႀကီးေက်ာင္းရွိတဲ့ဘက္ကိုျပန္ထြက္လာခဲ့လိုက္တယ္။
+++++
” ဆရာႀကီး… ကိုေမာင္ငယ္ေရာက္ေနတယ္”
အိမ္ေဖာ္အလုပ္သမားေဒၚကုလားမအသံေၾကာင့္ ေကာ္ဖီေသာက္ေနတဲ့ ဦးေကာင္းစည္က ၀င္လာဖို႔လက္နဲ႔ျပလိုက္ၿပီး မုန႔္ေျခာက္တစ္ခုကိုယူစားလိုက္တယ္။
” ဦးေလး…. ကြၽန္ေတာ္ေရာက္ပါၿပီ”
” ေအး ေမာင္ငယ္ လာထိုင္…မင္းကိစၥေရာအဆင္ေျပရဲ႕လား”
” ေမာင္လူပ်ိဳေက်းဇူးနဲ႔ ၿခံတစ္ကြက္ကို ေဈးေပါေပါနဲ႔ရလိုက္တယ္”
” ဒါဆို ဒီေကာင္ကိုခိုင္းလို႔ရသားပဲ”
” မေန႔ညက ဘာျဖစ္သြားေသးလဲဦးေလး”
” သူတို႔ေရာက္လာၾကေပမယ့္ ၿခံထဲကိုေတာ့မ၀င္ခဲ့ဘူး..”
” ဦးေလးရဲ႕ ပညာကိုမယွဥ္ႏိုင္လို႔ မ၀င္လာၾကတာေနမွာ”
” မဟုတ္ဘူး ေမာင္ငယ္ရဲ႕… သူတို႔ရဲ႕ဟိတ္ကလဲ ငါခံစားမိရသေလာက္အေတာ္ကိုႀကီးတယ္… ဒီလိုပုံစံနဲ႔ဆို ၿခံထဲ၀င္ၿပီး အကုန္လုံးကို ေျဗာင္းဆန္ေအာင္ လုပ္သြားလို႔ရတယ္ကြ… ဒါေပမယ့္ သူတို႔မလုပ္ခဲ့ဘူး”
” ဒါဆို ဦးေလးက သူတို႔ကိုေစာင့္ၾကည့္ေနခဲ့တာေပါ့”
” သန္းေက်ာ္ေခၚလာထဲက ငါကရိပ္မိေနတာ ဒါေၾကာင့္ မင္းေခၚသြားတဲ့ ေမာင္လူပ်ိဳကို ခ်က္ခ်င္းျပန္ပို႔ခိုင္းခဲ့တာပဲ…”
” ေမာင္လူပ်ိဳက ေျခာက္လွန႔္တဲ့ေနရာ အေတာ္အားကိုးရတယ္… အဲဒါကို ဦးေလးက ခ်က္ခ်င္းျပန္ေခၚလာဆိုေတာ့ အစကအံ့အားသင့္သြားေသးတာ…”
ေမာင္ငယ္ရဲ႕စကားကို ဦးေကာင္းစည္က ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႔ နားေထာင္ၿပီး အျပင္မွာခ်ိတ္ထားတဲ့ ေမာင္လူပ်ိဳ႐ုပ္ေသး႐ုပ္ကို ဗီဒိုထဲထည့္ကာ တံခါးႏွစ္ခ်ပ္ကို ဆြဲပိတ္လိုက္တယ္။
++++++++
ေအာင္ျမတ္သာတို႔လဲ ဓမၼရံသီဘုန္းႀကီးေက်ာင္းမွာ ဆယ္ရက္ေလာက္တည္းခိုၿပီးတဲ့ေနာက္မွာေတာ့ ေက်ာင္းထိုင္ဘုန္းႀကီးရဲ႕တူျဖစ္သူေနတဲ့ ၿမိဳ႕မွာႀကဳံေတြ႕ေနရတဲ့ ေျမျပႆနာတစ္ခုကို ေျဖရွင္းေပးခဲ့ၾကတယ္။
ေျမျပႆနာနဲ႔ေနာက္ကြယ္မွာ ဘယ္သူရွိေနမလဲဆိုတာကိုေတာ့ေအာင္ျမတ္သာႏွင့္ ေျခာက္စားလွန႔္စားေပတမ်ားဆိုတဲ့၀တၱဳမွာဖတ္ရႈေပးၾကပါဦး။
ေလးစားစြာျဖင့္
ေဇယန(ရာမည)