ကျေးဇူးမသိကျေးဇူးစွပ်၏(စ/ဆုံး)

Unicode Version

ကျေးဇူးမသိကျေးဇူးစွပ်၏(စ/ဆုံး)
—————————————–
တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန်ကျေးဇူးပြုခဲ့ကြရာတွင်မိမိတို့ကျေးဇူးပြုခဲ့သူအပေါ်တွင် တုံ့ပြန်ကျေးဇူးဆပ်တတ်သူ၊ မိမိကို ကျေးဇူးပြုခဲ့ခြင်း ကိုပြန်လည်ကျေးဇူးမဆပ်နိုင် သော်လည်းထိုသူပြုပေးခဲ့သောကျေးဇူးတရားကို အမြဲတစေ သတိရကာ စိတ်ထဲမှ မေတ္တာပို့တတ်သူနှင့် ကျေးဇူးပြုပေးခဲ့ခြင်းကို သိပါလျက်ထိုသူကို ကျေးဇူးစွပ်တတ် သူ (တစ်နည်း) ကျေးဇူးကန်းသူဟူ၍ ရှိနေပါသည်။
သည်လိုလူစားသုံးမျိုးသုံးစား ရှိကြရာတွင် နောက်ဆုံးလူတန်းစားဖြစ်သည့် ကျေးဇူးကန်းတတ်လူစားက အများဆုံး ရှိနေကြပါသည်။ ကျေးဇူးကန်းတတ်သူ လူ စားမှာကောင်းမွန်စွာနေရ၊စားရသော်လည်းတစ်ခဏတာကာလဖြစ်ပြီးနောက်ဆုံး
ဘဝဇာတ်သိမ်းမကောင်းကြသည်ကို မျက်မြင်တွေ့ခဲ့ဖူးပါသည်။ ကျေးဇူးသိသူ၊ ကျေးဇူးပြန်ဆပ်သူတွေလည်း များစွာတွေ့ခဲ့ဖူးပါသည်။ သည့်နယ်လူစားတွေ ဘဝ ဇာတ်လမ်းကိုစာဖတ်သူများသိရှိပြီး သင်ခန်းစာတစ်ခုမှတ်သားဖွယ်ရာတစ်ခုအဖြစ် ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။
ဖတ်ပြီးသော် မိမိကိုယ်တိုင် အသိဉာဏ်ဖြင့် ဝေဖန်၊ စဉ်းစား၊ ဆုံးဖြတ်ရန်က စာဖတ်သူ စိတ်ဆန္ဒအတိုင်၊သာ ရှိပါစေတော့၊

ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များအနက်ကြည့်မြင်တိုင်မြို့နယ်မှာရွှေပန်းထိမ်၊ ရွှေမှိုက်လုပ်ငန်းအများဆုံးရှိသည့် မြို့နယ်တစ်ခုဖြစ်ပါသည်။
ရွှေမှာရတနာအားလုံးနှင့်ဆက်စပ်သုံးစွဲရခြင်းကြောင့် ရွှေတူးဖော်ခြင်းလုပ်ငန်း
နှင့်ရွှေမှိုက်လုပ်ငန်းမှာလည်းရှေးနှစ်ရာနှင့်ချီ၍ရှိခဲ့သလိုနောင်နှစ်ပေါင်းများစွာတိုင်
တည်ရှိနေမည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။လုပ်ကိုင်သည့် နည်းပညာမှာသာပြောင်း
လဲမှုရှိချင်ရှိပါမည်။အခြေခံလုပ်ကိုင်မှုကတော့မပြောင်းလဲပါ။ သည်အတွက်ကြောင့်
သားစဉ်မြေးဆက်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ အသေအချာ ရေးပြရလျှင် ရှည်
လျားလွန်းပါသည်။ရေးလိုသည့် ရည်ရွယ်ချက်နှင့်မဆိုင်၍ လိုရင်းဇာတ်လမ်းကိုသာ ရေးပါမည်။

သို့သော်လည်း ရွှေမှိုက်လုပ်ငန်းမှာ အင်မတန်ကျယ်ဝန်းပြီး အဓိကအချက်မှာ
မှိုက်ဆရာတစ်ယောက်အနေနှင့်ရွှေပန်းထိမ်ဖိုများကိုသိထားရသည်။ဘယ်ရပ်ကွက်၊ ဘယ်မြို့မှာ ရွှေပန်းထိမ်ဖို မည်မျှရှိသည်။လုပ်ငန်းတွင်ကျယ်သည်။ လုပ်သားမည်မျှ ရှိသည်။ တစ်နှစ် သို့မဟုတ်နှစ်နစ်တွင်း မှိုက်ရှင်းတတ်သည်။ စသည်တို့ကိုသေချာ စုံစမ်းဆက်သွယ်ထားပြီး စာရင်းစာအုပ်နှင့်မှတ်သားထားရသည်။ပေါ့ပေါ့ဆဆလုပ်
၍မရ။ပေါ့ဆပါကသူများ(တခြားမှိုက်ဆရာ)လက်ဦးသွားကာမိမိအတွက်အများကြီး ထိခိုက်နစ်နာသွားနိုင်သည်။မိတ်ပျက်သွားလျှင်နောင်ကာလတွေမှာပါမိမိကိုမပေး
တော့။
ပန်းထိမ်ဖိုများမှိုက်သိမ်းရန်အတွက်အမြဲတမ်းစာရင်းကိုကြည့်နေရသည်။ ပန်း ထိမ်ဖိုတစ်ခုမှိုက်ရှင်းရန်နှစ်လသုံးလခန့်ကြိုတင်ပြီးမေးထားရသည်။ ပြည်လမ်းပိုင်း၊ မန္တလေးလမ်းပိုင်း၊ ဧရာဝတီတိုင်းရှိ မြို့ရွာများအထိ ဆက်သွယ်ထားရသည်။ လမ်း ကြောင်းတစ်ခုတည်းတွင်မှိုက်သိမ်းရမည့်ပန်းထိမ်ဖိုနှစ်ခု၊ သုံးခုရှိနေလျှင်လောလော
ဆယ် စရိတ်ကုန်ကျမှု သက်သာသွားကာနှိုက်ထွက်အနည်းအများကိုကြည့်ပြီးဈေး ပေးနိုင်ပေသည်။
စသည်တို့ကအပေါ်ယံသဘောသာရှိသေးသည်။လုပ်သက်နှစ်၊ ဝါရင့် မှု၊ကျွမ်း ကျင်မှုတို့သာမကရွှေအကြောင်းကိုလည်းသေချာစေ့စေ့စပ်စပ်သိထားရန်လိုသည်။ တစ်ခါတစ်ရံ(အင်)နှင့်ထိလိုက်ပါကခွက်မှောက်အောင်ခံရနိုင်သေးသည်။အင်ဝိုင်း၊
ဖျတ်ဝိုင်း ကျင်တတ်ရုံနှင့် မှိုက်ဆရာလုပ်၍မရပါ၊ သစ္စာရှိကျွမ်းကျင် အလုပ်သမား ကောင်းတွေလည်း မွေးထားရသေးသည်။
ထိုကြောင့်သစ္စာရှိလက်ရင်းတပည့်မွေးရသည်။လက်ထောက်မှိုက်ဆရာအဖြစ် ပန်းထိမ်ဖိုငယ်များကိုမှိုက်သိမ်းစမ်းသပ်ခိုင်းပေးရသည်။ထိုသူမျိုးကိုတစ်ရပ်တည်း
သား၊ အကြောင်းသိသူကိုသာရွေးချယ်လေ့ရှိသည်။ သို့ပါလျက် တစ်ခါတစ်ရံ မဖြစ် စဖူး၊ မကြုံစဖူး ငယ်မွှေးတပည့်ရင်းက သစ္စာဖောက်တတ်ပါသေးသည်။ ထိုသူတွေ ထဲတွင် ငမြတစ်ယောက် ပါဝင်ခဲ့သည်။

ငမြကရွှေမှိုက်သူဌေးဦးကြည်နှင့်အိမ်ချင်းကပ်နေသူ၊ ဦးကြည်၏လုပ်ငန်းတွင် လုပ်ကိုင်နေသောဦးမောင်တင်၊ဒေါ်ဝင်းတို့၏သားဖြစ်သည်။ မြေကိုမမွေးခင်အချိန် များစွာကပင် ဦးကြည်၏ ရွှေမှိုက်လုပ်ငန်းတွင် လုပ်ခဲ့သူဖြစ်၍ ဦးကြည်က သူ့အိမ် ခြေရင်းဘက်တွင်ဦးမောင်တင်တို့လင်မယားကိုနေထိုင်စေခဲ့သည်။ အဖြစ်သဘောထားခဲ့သည်။ဦးမောင်တင်ကလုပ်ငန်းတွင်ယုံကြည်အားကိုးရပြီးသူ
လက်ရင်းလူယုံ
မိန်းမ ဒေါ်ဝင်းကလည်း ဦးကြည်၏ မီးဖိုချောင်အလုပ်ကို လုပ်ကိုင်ရသူဖြစ်သည်။ ဦးကြည်မိန်းမကလည်း ဒေါ်ဝင်းကိုစိတ်ချပြီးအားလုံးလွှဲအပ်ထားသည်။
ဦးမောင်တင်၊ ဒေါ်ဝင်းတို့လင်မယား မှာ ဦးကြည် လူယုံလက်စွဲဖြစ်၍ ဆွေမျိုး ရင်းချာလိုကူညီထောက်ပံ့ပေးခြင်းခံရပေသည်။ ဦးမောင်တင်တို့ကလည်း ကျေးဇူး

တရားသိသူများဖြစ်ကြသည်။လုပ်ငန်းမှာသာမကတခြားကိုယ်ရေးကိစ္စများတွင်ပါ ဆောင်ရွက်ပေးခဲ့ကြသည်။ အပြန်အလှန် ကျေးဇူးရှိကြသူ မိတ်ဆွေကောင်းများ
အဖြစ် ရပ်တည်ခဲ့ကြသည်။
သည်လိုနေလာခဲ့ရာ ဦးမောင်တင်၊ ဒေါ်ဝင်းတို့တွင် သားတစ်ယောက် မွေးလာ ခဲ့သည်။ အိမ်ထောင်ကျပြီး ဆယ်နှစ်ကျော်မှကလေးရလာသဖြင့် ဦးမောင်တင်လင် ယားမှာအလွန်ဝမ်းသာကြပြီး ဂရုတစိုက်မွေးမြူခဲ့သည်။ မိခင်ဒေါ်ဝင်းကပိုပြီးကဲကဲ သဲသဲဖြစ်ကာ အလိုလိုက်ခဲ့သည်။ ဦးမောင်တင်က စည်းစနစ်သမားပီပီ ဒေါ်ဝင်းကို မကြာခဏသတိပေးခဲ့သည်။ သားအပေါ်အချစ်လွန်နေသူ ဒေါ်ဝင်းနှင့် မကြာမကြာ စကားများရသည်။အလုပ်တစ်ဖက်နှင့် ဦးမောင်တင်မှာ စကားများ ရန်ဖြစ်ရသည်က တစ်မျိုးမို့ကလေးနှင့်ပတ်သက်ပြီးမပြောတော့၊
သားက စိတ်ကောက်လျှင် ဒေါ်ဝင်းက မနေတတ်။ သားအကြိုက် အလိုလိုက် အလျှော့ပေးခဲ့သည်ချည်းဖြစ်သည်။ အရွယ်ရောက်လာသော မြေက ပါးနပ်သည်။ ဖခင်ရှိလျှင် ငြိမ်နေတတ်သည်။ မြေကို ကျောင်းထားပေးသည်။ ကျောင်းနေ၍ လေး တန်းရောက်သောနှစ်မှစကာငဩပျက်စီးတော့သည်။ကျောင်းတွင်အပေါင်းအသင်း မျိုးစုံနှင့် တွေ့ရပြီးအကျင့်စရိုက်မျိုးစုံတို့နှင့်ရင်းနှီးခဲ့ကာ လူငယ်သဘာဝ မကောင်းမှု စရိုက်ဘက်သို့ယိမ်းယိုင်ပါသွားခဲ့သည်။ စာဘက်ကိုဝါသနာမရှိ၊ သင်္ချာတွက်ရသည် ကို စိတ်ညစ်သည်။ မှတ်စာ၊ ဖတ်စာတို့ကျက်မှတ်ရသည်ကို ပျင်းသည်၊
သို့ပေမယ့်ဂေါ်လီရိုက်၊ ပိုက်ဆံ ထောင်ပစ်ရသည်ကို သဘောကျသည်။ သူငယ် ချင်းတွေနှင့်ကျောင်းပြေးပြီးအင်းယားကန်၊ကန်တော်ကြီးတို့ကိုသွားရောက်ရေကူး သည်။ သည်လို သူငယ်ချင်းအပေါင်းအသင်းများနှင့် သွားလာနေရခြင်းကိုသာ သဘောကျနေရာမှ ကျောင်းကို လုံးဝမသွားတော့။ ဆရာတွေက အကြောင်းကြား တော့မှဦးမောင်တင်၊ဒေါ်ဝင်းတို့သိကြရပေသည်။ဦးမောင်တင်က ဒေါသဖြစ်လွန်း၍ ရိုက်နှက်ဆုံးမသော်လည်း ငမြက ပတေခံသည်။ ကျောင်းကို လိုက်ပို့လည်းမရပါ။ မုန့်စားလွှတ်ချိန် လစ်ထွက်သွားလေ့ရှိသည်။
ကြာသော် ကျောင်းမှ သည်းမခံနိုင်တော့သဖြင့် အပြီးအပိုင် ကျောင်းထုတ်ပစ် လိုက်ခြင်းခံလိုက်ရပါသည်။ မြေ၏ဆိုးပေဖွဲ့ကိုဦးမောင်တင်အရှုံးပေးလိုက်ရသည်။
ထိုအချိန်ငမြေဘက်တော်သားမိခင်ဒေါ်ဝင်းသေဆုံးသွားရာငမြနည်းနည်းခြေငြိမ်

သွားသည်။ အခြေ အနေကိုကြည့်ပြီး ဦးမောင်တင်က သူ၏ ရွှေမှိုက်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်စေလိုက်သည်။ သက်တူရွယ်တူ တွေ၊ တစ်ရပ်ထဲတစ်လမ်းထဲ နသူအပေါင်းအသင်းတွေနှင့် လုပ်ကိုင်ရသည်မို့ မြေအလုပ်တွင် စိတ်ပါသလို ဖြစ်
သွားသည်။
လုပ်ရင်းကိုင်ရင်း
တဖြည်းဖြည်းလုပ်ငန်းတွင်စိတ်ဝင်တစားရှိလာ၍ကျွမ်းကျင်မှု ရှိလာသည်။ ထိုအခါမှ ဦးမောင်တင်မှာ စိတ်အေးသွားရသည်။ သူနှင့်အတူ မျက်စိ အောက်တွင် လုပ်ကိုင်နေသောကြောင့်လည်း ဖြစ်ပါသည်။ လုပ်ငန်းရှင်ဖြစ်သော
ဦးကြည်ကလည်းလူယုံ၏သားဖြစ်၍တစ်ကြောင်း၊အလုပ်တွင်လည်းကျွမ်းကျင်နေ ၍တစ်ကြောင်း လုပ်ခငွေကို တခြားသူတွေထက် ပိုပေးသည်။ အခွင့်အရေးလည်း ပေးခဲ့သည်။ အဝတ်အစားကအစ ဝယ်ပေးခဲ့သည်။ ငမြမှာအလုပ်သမားများထဲတွင်အသွက်လက်ဆုံးအကျွမ်းကျင်ဆုံးဖြစ်လာရာ
ဦးမောင်တင်ထက်ဦးကြည်က ပိုပြီးသဘောကျနေသည်။
“ကိုတင် – ခင်ဗျားသား မြေကတော့ လူတော်ဗျ။ တကယ်ကို ခင်ဗျား ခြေရာ နင်းမဲ့ကောင်”
ဦးကြည်က သူ့စိတ်ထဲရှိသည့်အတိုင်းတစ်ခါက ဦးမောင်တင်ကိုထုတ်ဖော်ပြော ခဲ့ဖူးသည်။ထိုစကားကြောင့်ဦးမောင်တင်မှာငမြဘဝရှေ့ရေးအတွက်စိတ်အေးသွား ခဲ့ရသည်။ သူ့သား ငမြမှာ ကျောင်းပညာ မထွန်းကားသော်လည်း အသက်မွေးရန် အတွက်တော့ မပူပင်ရတော့ဟူ၍ စိတ်ချသွားသည်။
ငမြေကတကယ်လည်းအလုပ်ကိုစိတ်ပါလက်ပါလုပ်ကိုင်သည်။ သူ့စိတ်ထဲတွင် ဦးကြည်တို့မိသားစု ချမ်းသာကြွယ်ဝမှုကို အတူတူအနီးကပ်နေရ၍ မြင်တွေ့သိရှိနေ သည်ဖြစ်ရာအားကျအတုယူလိုစိတ်ရှိနေသည်။ သူတို့လိုနေချင်သည်။ထို့ကြောင့် ကြိုးစားလုပ်ကိုင်နေခြင်း ဖြစ်ပါသည်။ နယ်ဘက်ဒေသရှိ ပန်းထိမ်ဖိုများထံသို့ မှိုက် သိမ်းသွားသည့်အခါများတွင် သေချာစေ့စေ့စပ်စပ် လှည်းကျင်၊ သိမ်းကျုံးခြစ်ယူ သည်။လက်သုတ်အဝတ်စပင်မကျန်စေရပါ။တံမြက်စည်းဟောင်းကိုပင်ချိုးဖဲ့အဝတ်
နှင့်သေချာထုပ်ယူခဲ့သည်။
ဖခင်ဖြစ်သူ ဦးမောင်တင်ဆီမှလည်းအတွေ့အကြုံအရရော နှုတ်မှ သင်ကြား ပေးမှုတွေ၊လက်တွေ့လုပ်ငန်း ရင်း သင်ကြားပေးမှုတွေကြောင့်ပါ ငမြမှာဦးကြည်၏

လက်စွဲတော်လူယုံတစ်ယောက်ဖြစ်လာသည်။ ငမြေအရွယ် ရောက်လာပြီမို့တစ်ရပ် ကွက်ထဲနေသူ မိမော်နှင့် ချစ်ကြိုက်သည့်အခါ ဦးကြည်က အစစအရာရာ အကုန် အကျခံပြီး မင်္ဂလာဆောင်ပေးခဲ့သည်။
လက်ထပ်ပြီး သုံးလကျော်ရှိသေးသည်။ငမြမိန်းမ မိမော်က နေထိုင်ရသည်မှာ မလွတ်လပ်ပါ၊ ဘာညာအကြောင်းပြ၍ ငမြကို ဂျီတိုက်လွန်း၍ အိမ်ခွဲနေကြပါတော့ သည်။ဖခင်ဖြစ်သူဦးမောင်တင်ကိုဦးကြည်ကပင်စားရေးသောက်ရေးကအစတာဝန် ယူလိုက်သည်။ ဦးမောင်တင်ကတော့ ချိုသည်၊ ခါးသည် မပြောခဲ့။ အချိန်တန်၍ အသိုက်ခွဲသည်မှာ နိယာမတစ်ခုအဖြစ် သဘောထားခဲ့ပါသည်။
အလုပ်ကတော့အတူတူဖြစ်၍ညမိုးချုပ်မှသာ၊ သားအဖတွေခွဲအိပ်ရသည်သာ
ထူးသွားသည်ကို။
တစ်နှစ်ကျော်ကျော် ရှိလာသည်။ ဦးမောင်တင်က မြေတို့လင်မယားကို ထောက်ပံ့ပေးနေရသေးသည်။ နှစ်နှစ်ကျော်လည်း ငမြတို့မှာ ဘာတစ်ခုမှ စုစု ဆောင်းဆောင်၊မရှိသေး။ငွေကြေးကအစဦးမောင်တင်ထံလက်ဖြန့်တောင်းနေဆဲ သာဖြစ်သည်။ဖခင်ပီပီဦးမောင်တင်ကထုတ်ပေးခဲ့သည်ချည်းဖြစ်ပါသည်။ငမြမိန်းမ က အိမ်ရှင်မဖြစ် လာသည့်တိုင် ဘာတစ်ခုမှ မကျွမ်းကျင် ပါ။ အသုံးအစွဲကလည်း စည်းစနစ်မရှိ၊ ရုပ်ရှင်အစ ပွဲလမ်းသဘင် အပျော်အပါး ခုံမင်သည်။ အိမ်နှင့်နီးသော သီတာရုပ်ရှင်ရုံတွင် သောကြာအပတ်ရုပ်ရှင်ကားလဲတိုင်း ကြည့်သည်။ မြေနီကုန်း၊ပဒုမ္မာကွင်းတွင်ဇာတ်သဘင်အဖွဲ့တွေလာရောက်ကပြသောရာသီ ရောက်ပြီဆိုလျှင်ရပ်ကွက်ထဲမှအဖော်တွေနှင့်မိုးအလင်းသွားကြည့်သည်။ပြန်လာ လျှင် အိမ်ကိစ္စ စားရေး သောက်ရေးကိုပင် မလုပ်တော့။ အိပ် ရာထဲ ထို၊အိပ်တတ် သည်။ မြက ထမင်းတစ်အိုး ချက်ထားပြီးမှ အလုပ်ကို လာသည်။ နေ့လယ်ထမင်း စားချိန်ရောက်လျှင်အလွယ်တကူဝယ်ရနိုင်သောအကြော်စုံ၊သည်လိုမှမဟုတ်လျှင် တော့သူလက်ဖက်သုပ်တို့ဝယ်ကာစား ရသည်။ သည်အဖြစ်တွေကို သိမြင်နေရသူ ဦးမောင်တင် စိတ်မကောင်းဖြစ်နေရသည်။
သို့သော်လည်း သူကိုယ်တိုင်က ဦးကြည်အိမ်မှာ စားနေရသူဆိုတော့ ဘာမှ မတတ်နိုင်ပါ။ကိုယ့်သားဆိုပြီးငမြကိုဆုံးမစကားပြောဖူးသည်။ ငမြကနားမဝင်သည့်
ပြင်ဦးမောင်တင်ကိုပင်ကလန်ကဆန်ပြန်ပြောခဲ့သည်။ချွေးမဖြစ်သူမိမော်ကမကြာ

ခဏစောင်းမြောင်းပြောဆိုတတ်သည်။လင်ဖြစ်သောငမြေကိုလည်းသွေးထိုးမြှောက်
ပေးသည်။ ကျေးဇူးရှင်ဖြစ်သော ဦးကြည် မိသားစုကိုပါ ပုတ်ခတ်ပြောဆိုလာသည့် အခါတွင် ဦးမောင်တင် မနေသာပြီမို့ လင် မယားနှစ်ယောက်လုံ၊ကိုပါ ခပ်တင်းတင်း မျက်နာထားမာမာနှင့်ကြိမ်းမောင်းခဲ့ရသည်။
ဖခင်ကိုငယ်ကြောက်ဖြစ်သည်မို့ငမြအတော်ကိုငြိမ်သွားသည်။တစ်ရပ်တည်း သားတွေမို့ ဦးမောင်တင်က လူရိုးဖြောင့်၊ မတရားလုပ်လျှင် ရပ်ကွက်သူကြီး(ထိုစဉ် ကာလ ရပ်ကွက်တစ်ခုလျှင် သူကြီးတစ်ဦး၊ ဆယ်အိမ်ခေါင်း တစ်ဦးစီနှင့် အုပ်ချုပ်ခဲ့ သည်။)ကို ပြန်လှန်ပြောဆိုရဲသူဆိုတော့ တကယ်တမ်း ကြိမ်းမောင်းလာသည့်အခါ ကြောက်ရွံ့သွားကာ မိမော်ပါ ငြိမ်သွားခြင်းဖြစ်သည်။ ထိုနေ့မှစပြီး ဦးမောင်တင်က မျက်နှာသာမပေးတော့။ ခပ်မာမာ ဆက်ဆံပြောဆိုနေသည်။
ကံကြမ္မာတရားကကြိုတင်မြင်နိုင်စွမ်းရှိသည်မဟုတ်လေတော့။ဖြစ်လာသည့် အခါမှ ရင်ဆိုင်လိုက်ရသည်။ ကောင်းသည်ဆိုးသည်ကလည်း ရှေးဘဝကုသိုလ် အကျိုးပေးအတိုင်းသာဖြစ်ပါသည်။ ဖြစ်ခြင်း၊ ပျက်ခြင်းဆိုသည် ကလည်း အတူတူ ပင်းတစ်နေ့ဦးမောင်တင်အပူငုပ်၍အပြင်းဖျားသည်။ဦးကြည်ကအိမ်ပြန်ပြီးအနား ယူခိုင်းသဖြင့် အိမ်ပြန်ကာ အိပ်နေလိုက်သည်။ နောက်တစ်နေ့ အလုပ်ဆင်းချိန်ထိ ဦးမောင်တင် ရောက်မလာသော်လည်း မသက်သာသေး၍သာ မလာခြင်းဖြစ်မည် ထင်ကြသည်။ သည်အတွက် နားပါစေဆိုပြီးတစ်ယောက်ကမှ သွားမခေါ်ခဲ့ကြပါ။ သို့သော်လည်းနေ့လယ်ထမင်းစားချိန်တိုင်ရောက်မလာသည့်အခါမှဦးကြည် ကိုယ်တိုင် သွားရောက်ကြည့်သောအခါဦးမောင်တင်တစ်ယောက်သေဆုံးနေပြီကို တွေ့လိုက်ရလေသည်။ လူတွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကာ ကိုယ်စီ ကိုယ်စီလုပ်သင့်လုပ်ထိုက်သည့်ကိစ္စများကို ဝိုင်းဝန်းကူညီလုပ်ပေးကြသည်။နာရေး
ကိစ္စအပြင်ရပ်ကွက်သူ ရပ်ကွက်သားတွေကချစ်ခင်လေးစားသူမို့သားအရင်း ငမြပင် ဘာမှတာဝန်မယူရပေ။ အားလုံးကတာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။
ဦးမောင်တင်ကိစ္စ ပြီးစီးသွားသည့်အခါ အလုပ်ရှင် ဦးကြည်က လုပ်ငန်းကျွမ်း ကျင်ပြီး အကြောင်းကြောင်းများစွာကို ထောက်ထား၍ ငမြကို ဦးမောင်တင်နေရာ လွှဲအပ်ပေးခဲ့သည်။အလုပ်ကောင်းကောင်းလုပ်ကိုင်ရန်မှအစလိုအပ်သည်များကိုပါ ကူညီပေးမည်။ ဆွေမျိုးသားချင်းလို စိတ်ထားပြီး လုပ်ပေးရန်ကို ပြောကြားခဲ့သည်။

ငမြကလည်း ဝန်ခံကတိပေးခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း မကျေနပ်သူ မရှိ။ အားလုံးက ဝမ်းပမ်းတသာလက်ခံကြပါသည်။
ငမြက တကယ်လည်း အားကြိုးမာန်တက် လုပ်ကိုင်ပေးခဲ့ပါသည်။ နယ်ဒေသ များ မှိုက်သိမ်းထွက်သည့်အခါတွင် ယခင်ကလို စေ့စေ့စပ်စပ် လုပ်ကိုင်ခဲ့သည်။ ရန်ကုန်ပြန်ရောက်လျှင် အားလုံး တိတိကျကျ စာရင်းကို သေချာအပ်သည်။ ဘယ် ပန်းထိမ်ဖိုကဘယ်လောက်၊ဘယ်သူ့ဆီကဘယ်လောက်၊အမှိုက်ထုပ်များကိုသေချာ အပ်သည်။ စားစရိတ်၊ လမ်းစရိတ်ကုန်ငွေ၊ ကျန်ငွေတို့ကို တစ်ခုချင်း ရှင်းပြသည်။ သူ့ဖခင် ဦးတင်မောင်လုပ်ပုံကိုင်ပုံအတိုင်း ထပ်တူတစ်ပုံစံတည်း စနစ်ကျသည်ကို ဦးကြည်က ကျေနပ်သဘောကျခဲ့လေသည်။ ဝမ်းသာမဆုံး ရှိနေသည်။
တကယ်တမ်၊ ငမြ စိတ်ထဲတွင် ရှိနေသည်ကိုတော့ မည်သူကမှ သိနိုင်မည် မဟုတ်ပါ။ ငမြသည် ပညာတတ်၊ပညာရှိမဟုတ်ပါ။သာမန်လူတစ်ယောက်သာဖြစ်ပါ သည်။ သို့စေကာမူ သူ၏စိတ်ကူးအကြံအစည်ကိုသူ့ရင်ထဲတွင်သာသိမ်းဆည်းထား
သည်။တခြားလူမဆိုနှင့်သူ့မိန်းမမိမော်ကိုပင်ပြောမထားခဲ့ပါ။ရှေးလူကြီးများပြာ လေ့ပြောထရှိကြသော(ပညာရှိအမျက်အပြင်မထွက်)ဆိုစကာ။မှာသည်တစ်ခါတော့
မှားနေပြီဟု ဆိုရပေမည်။
ဘာကြောင့်လည်းဆိုတော့ (လူမိုက်အမျက် အပြင်မထွက်)ဟူ၍ ပြောင်းလဲ ရအောင်ဖြစ်လာ၍ပင်။ သည်လိုဖြစ်ရန်လည်းငမြကသိုသိုသိပ်သိပ် နေထိုင်နိုင်ခဲ့၍ ဖြစ်ခြင်းကြောင်း ပြောရမည်ထင်သည်။ မြေကအသွားအလာမပျက်၊အလုပ်အကိုင် တွင်လည်း ပေါ့ပေါ့ဆဆ မလုပ်ပါ။ သည်အတွက် ဦးကြည် ကိုယ်တိုင်သာမဟုတ် အတူလုပ်ကိုင်နေကြသူများပါ ငမြကို ချီးကျူးနေခဲ့ကြ သည်က ထင်ထင်လင်းလင်း ဖြစ်နေသည်။
“ဒီကောင်က သူ့အဖေအတိုင်း တစ်ပုံစံတည်းကွ၊ တကယ်ကျွမ်းတယ်” “ဟုတ်တယ်-အလုပ်လုပ်တဲ့နေရာမှာတကယ့်ကိုစေ့စပ်တယ်။ သူများလုပ်ပြီး ပြီဆိုတာကို သူက ထပ်လုပ်ရင် အနည်းဆုံး တစ်ရွှေ။ နှစ်ရွေးတော့ ထပ်ပြီးထွက် အောင်လုပ်နိုင်တာ”
စသည့် ချီးမွမ်းစကားတွေကြားရတတ်သည်။သူ့ကိုလေးစားကြသည်။သည်လို ပြောစကားများအတွက် မြေက အထူးတလည် ခံစားရမှုမရှိခဲ့ပါ။ သူ့စိတ်ကူး အကြံ

အစည်ကိုဆက်လက်ဖော်ဆောင်ရန်သာစိတ်ထဲစွဲမှတ်ထားခဲ့သည်။တစ်နည်းပြော
ရလျှင်
သားကောင်ပစ်ခတ်သောမုဆိုးလိုအပိုင်ပစ်ခတ်နိုင်သော ပစ်ကွင်း မရောက် မချင်း စောင့်ဆိုင်းနေသကဲ့သို့ သူလိုချင်သော အခွင့်အရေး ရောက်လာသည်အထိ စောင့်နေခြင်းသာဖြစ်ပါသည်။
သူကသည်လိုစောင့်နေသည်ကိုမသိသောမယားဖြစ်သူမိမော်ကမကျေနပ်ပါ။ မိန်းမပီပီ မိန်းမတွေးပင် တွေးသည်။ တခြားမိန်းမတွေထက် ပိုပြီးဝတ်ချင်သည်၊ စားချင်သည်၊ ကြွားချင်သည်ကို။
“ရှင်ကလည်း- တော်တော်ကို အေးတာပဲ၊ တခြားမှိုက်ဆရာတွေကို ကြည့်၊ အနည်းဆုံး ကိုယ်ပိုင်အိမ်နဲ့ ဆိုင်ကယ်နဲ့၊ မိန်းမဆိုလည်း ဆွဲကြိုး၊ နားကပ်၊ လက် ကောက်နဲ့ ဝင်းဝင်းကို လက်နေတာ”
“ဟ- နင့်မှာရော ဘာမှမရှိလို့လား၊ ငါရှာနေတာ နင့်အတွက် မဟုတ်ဖူးလား။ အခုရောကိုယ်ပိုင်အိမ်နဲ့ နေရတာလေ”
“ဟို-အေးမတို့၊မိစိန်တို့ဆွဲကြိုးတွေနဲ့ယှဉ်ကြည့်လေ။ကျုပ်ဆွဲကြိုးကအပ်ချည်
ကြိုးလောက်ကလေ။
“တော်တော- မိမိုးတို့၊မိစိန်တို့၊ အေးမတို့ဆိုတာ သူတို့မိဘတွေအစဉ်အထက် ကိုက ချမ်းသာလာကြတာ နင် မသိဘူးလား”
ငမြက သည်လို ခပ်ထန်ထန်ပြောလိုက်မှ မိမော် ပါးစပ်ပိတ်သွားသည်။ ဆက် ပြောလျှင်ငမြကလက်ပါလာပေတော့မည်၊ သူသာအနာခံရမည်ကိုသဘောပေါက်
ထားသည်ကိုး။

အမှန်စင်စစ် မိမော်ပြောသည်မှာ မှန်ပါသည်။ တခြားလူတွေနှင့်ယှဉ်လျှင် ငမြ တို့လင်မယားမှာ ဘာမှစုစုဆောင်းဆောင်းမရှိပါ။ လက်ရှိနေသောအိမ်ကလေးမှာ မြေမိဘတွေထားခဲ့၍သာနေထိုင်ရခြင်းဖြစ်သည်။
လင်ရောမယားပါရှေ့နောက် ဘာမှမတွေးခဲ့၊ ငွေရလာခဲ့သည်နှင့်ဆယ်ရက်ပင် မခံပါ၊ စားလိုက်သောက်လိုက်၊ ပွဲလမ်းသဘင် သွားလိုက်နှင့် ပြောင်သလင်းခါသွား သည်ချည်း ဖြစ်ပါသည်။ အိမ်ထောင်သက် သုံးနစ်ကျော်ရှိသည့်တိုင် ကလေးမမွေး

သေး၍ တော်ပေသေးသည်။ကလေးသာရှိလျှင် လွယ်မည်မဟုတ်ပေ။ နှစ်ယောက်
လုံးကလည်းကလေးမရသည်ကိုပင်ဝမ်းသာနေသေးသည်။ကလေးမရှိတော့လွတ် လွတ်လပ်လပ်ရှိသည်။ ပျော်ချင်တိုင်း ပျော်နိုင်သည်။
အပျော်အပါးဆိုလျှင် ငမြတို့လင် မယားစုံတွဲက ရှေ့ဆုံးက နေရာယူပြီးသား။ နှစ်ခါမခေါ်ရ၊ ထလိုက်သွားသည်သာဖြစ်သည်။ လင်မယားနှစ်ယောက် တက်ညီ လက်ညီလုပ်ကိုင်ပြီး ချွေတာစုဆောင်းသည်ကိုတော့ မလုပ်၊ သုံးဖြုန်းသည့်နေရာ တွင်သာ စိတ်တူကိုယ်တူ ရှိသည်။ ပြီးတော့မှ သူတစ်ပါး လှလှပပ ဝတ်စားသည်ကို သာအားကျသည်။ မကျေမနပ်ဖြစ်သည်။ထိုသူတွေကဤသို့ဝတ်စားနိုင်ရန်မည်သို့ ကြိုးစားလုပ်ကိုင်ခဲ့သည်။ ခြိုးခြံချွေတာသည်။ စုဆောင်းသည်ကိုတော့ အားမကျ၊ အတုမယူပါ၊
မြေကလည်းသိပ်မထူးခြား။တစ်ခါကအအေးမိဖျားစဉ်ကဆေးဝါးအဖြစ်သုံးစွဲ
ခဲ့သော အရက်၏အရသာကို စွဲလမ်းကာ နေ့စဉ်သောက်သုံးသူဘဝ ရောက်နေခဲ့ သည်။ညနေအလုပ်ပြီးလျှင်လမ်းဆုံတွင်ရှိသောမကျင်မွှေးဆိုင်သို့ရောက်နေသည်။ အစကတော့တစ်ပိုင်။ထမင်းစားကောင်းရုံလေးပါးကြာတော့တစ်ပိုင်းတစ်စိတ်ဖြစ် လာသည်။ အညောင်းအညာပြေ၊ အပန်းဖြေတာပါ။ တဖြည်းဖြည်း အရက်ဒီဂရီ တိုးလာသည်။ နေ့စဉ်သောက်လေ့ရှိလာသည်။
တစ်ခုတော့ရှိသည်။ မြက အရက်သောက်ပြီးသည်နှင့် မည်သည့်နေရာမှ သဝေမထိုးပါ။ အရက်သောက်ပြီး အိမ်ကိုသာ တန်းပြန်လေ့ရှိသည်။ မူးပြီးရစ်ခြင်း ပြဿနာရှာခြင်းမလုပ်တတ်။အိမ်ရောက်လျှင်ရေချိုးထမင်းစားပြီးအိပ်တော့သည်။
သည်အတွက်အားလုံးကအကောင်းမြင်ကာ ချီးမွမ်းစကား ပြောကြသည်။ “မင်းကတော့ တကယ်ကို အချိန်မှန်ရထားကြီးပဲကွ၊ အရက်ခွက်ချပြီးတာနဲ့ အိမ်ပြန်မယ်ဖြစ်တာပဲ”
“ဟ – မင်းတို့ကလည်း သူက (မယက)လေကွာ”
“မင်းတို့ပြောတာ မှားနေပြီကွ၊ ငမြ က မင်းတို့ထင်သလို (မ.ယ.က) မဟုတ်ပါ ဘူးကွာ”
“ဟေ- ဒါဆိုရင်ဘာကြောင့်နောက်ဆုံးခွက်ချပြီးတာနဲ့အိမ်ပြန်မယ်ဖြစ်တာလဲ။ မင်းသိရင်ပြောပါဦး”

“မင်းတို့ကလည်း- အတော်ကိုဒုံးဝေးတဲ့ကောင်တွေကိုးကွ အရက်သောက်ပြီး ပြီးချင်းအိမ်ကိုပြန်တာဆိုတော့ဒီဂရီအပြည့်ရှိနေတယ်လေကွာ။သူ့ရဲ့မိမော်ကလည်း
အခုထိကလေးတစ်ကောင်မှမမွေးသေးဘူးလေ”
ဟား”
“အဲဒါနဲ့ဘာဆိုင်လို့။အော်- အေ၊- အေး- သဘောပေါက်ပြီဟေ့- ဟား- ဟား-
ဆိုင်ထဲရှိအတူသောက်နေကြသူတွေရောအနီးရှိလူတွေကပါအားရပါးရရယ်
ကြလေ့ရှိသည်မှာနေ့စဉ်လိုပင်ဖြစ်ပါသည်။
ဘယ်သူတွေ ဘာပြောပြော မြေကတော့ တကယ်ကိုအချိန်မှန်ရထားကြီး ဖြစ် ပါသည်။ (အချိန်မှန်ရထားကြီး ဆိုသည်မှာ ထိုခေတ် ထိုအချိန်က မြန်မာ့မီးရထား ပို့ဆောင်ရေးဌာနကြီးမှာ တကယ်ကို ရထားအဝင်အထွက် အချိန်မှန်လွန်းသော ကြောင့်ပြည်သူအားလုံးကတလေးတစား ဂုဏ်ပြုခဲ့ကြသောစကားပင်ဖြစ်ပါသည်။
အစစအရာရာတိုးတက်လာသောခေတ်တွင်မှမမခေါ်မြန်မာ့မီးရထားဌာနကြီးမှာ-
ဒါပါပဲ)
ငမြတစ်ယောက် အတန်းပညာ သိပ်မတတ်သော်လည်း ဦးနှောက်မှတ်ဉာဏ် ကတော့ ကောင်းသည်။ လုပ်ငန်း နှင့်ပတ်သက်သော ရန်ကုန်မြို့မှစပြီ၊ ပုသိမ်၊ ပြည်၊ မန္တလေး၊ မော်လမြိုင်မြို့ကြီးများမှ ပန်းထိမ်ဖိုတွေ၏ရွှေမှိုက်သိမ်းရသည့်အချိန်တွ
ကိုလည်းသူမှတ်သားထားသည်။အချိန်ကာလမည်မျှကြာလျှင်ရနိုင်မည့်ရွှေမှိုက်နှင့်
ထုတ်လုပ်လျှင် ထွက်လာနိုင်သောရွှေချိန်ကိုပါ ခန့်မှန်းနိုင်သည်ထိ ကျွမ်းကျင်နေ သည်။
သို့သော်လည်း မြေက လုပ်ငန်းနှင့် ပတ်သက်သမျှ သူသိရှိထားသည်တို့ကို မည်သူ့ကိုမှ မပြောပြခဲ့ပါ။ ပိုင်ရှင်ဖြစ်သူ ဦးကြည်ကိုပင် ပြောမပြခဲ့ပါ။ သည့်နယ် လျှို့ဝှက်ထားခဲ့ခြင်းမှာအကြောင်းရှိသည်။တစ်နေ့နေ့တစ်ချိန်ချိန်သူ့စိတ်ထဲမှအကြံ
အစည်ကိုပြုလုပ်သည့်အခါအသုံးချရန်အတွက်ဖြစ်သည်။
လုပ်ငန်းတစ်ခု တည်ထောင်လုပ် ကိုင်သူတစ်ဦးသည် ပထမဆုံး မိမိလုပ်ကိုင် မည့်လုပ်ငန်းနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်လုပ်ကိုင်နိုင်စွမ်းရှိရမည်ဖြစ်သည်။ မကျွမ်း
ကျင်လျှင်လည်းနှံ့နှံ့စပ်စပ်သိရှိထားဖို့လိုပေသည်။ သည်လိုအရည်အချင်းရှိမှလည်း

မိမိ၏အလုပ်သမား ဝန်ထမ်းများ၏ အလှည့်အပတ်၊ အလိမ်အညာ မခံရနိုင်တော့။ ယခု ဦးကြည်အနေနှင့် ကိုယ်တိုင်ဦးစီးပြီး ဖိဖိစီးစီးမလုပ်ခဲ့။ ယုံကြည်ရသည်ဆိုပြီး ယုံကြည်မှုလွန်ကဲကာလူယုံလက်ရင်းကိုအားလုံးလွှဲအပ်ထားခဲ့သည်။
အထူးသဖြင့် အဝေးနယ်ဒေသများသို့ ကိုယ်တိုင်လိုက်မသွားခဲ့။ ပြန်လာလျှင် စေ့စပ်သေချာစွာ စစ်ဆေးခြင်း၊ စာရင်းဇယားနှင့် မှတ်သားခြင်းတို့ မပြုခဲ့ပေ။ လူယုံ ကိုယ်စားလှယ်ပြန်ပြောသမျှခေါင်းညိတ်လက်ခံခဲ့သည်ချည်းဖြစ်သည်။ သည်ကဲ့သို့ ပေါ့ပေါ့ဆဆပြုလုပ်ခဲ့မှုက တစ်နေ့သောအခါ ဆိုးကျိုးများ ရရှိနိုင်ကြောင်း ဦးကြည် မတွေးမိခဲ့ပါ။ငမြနှင့်ပတ်သက်၍လည်းဖခင်ဦးမောင်တင်ကဲ့သို့ သစ္စာရှိလိမ့်မည်ဟု တရားသေ ထင်မှတ်ခဲ့သည်။ သူ၏အထင်အမြင်တို့က ဆန့်ကျင်ဖက်သာ ဖြစ်မည် မမျှော်လင့်ခဲ့ပေ။
တကယ်တမ်း တွေ့ ကြုံလိုက်ရပြီ ဆိုသောအခါမှ ဦးကြည်မှာ မယုံကြည်နိုင်
လောက်အောင်အံ့အားတသင့်ဖြစ်ခဲ့ရသည်၊ မချင့်မရဲတောက်တခတ်တ်နှင့်ပြော
မဆုံးတော့၊
တယ်”
“တောက် – ဒီကောင်ကွာ-တကယ်ကို ရက်ရက်စက်စက် လုပ်ရက်ပလေ
“ဟင်း-ငါတို့ရွှေလောကဆိုတာ နယ်ကျဉ်းကျဉ်းလေးပါ။ ဒီကောင် အခုလို လုပ်သွားတော့ သူတစ်ကြိမ်တည်းနဲ့ နိဂုံးချုပ်သွားပြီပေါ့။ သူ့ကို ဘယ်သူက ယုံယုံ ကြည်ကြည်နဲ့ ခိုင်းတော့မှာလဲ”
ဦးကြည်ပြောသည်မှာမှန်ကန်ပါသည်။ရွှေလောကမှာသာမဟုတ်ပါ။မည်သည့်
နေရာ၊ဌာနတွင်မဆိုလူလိမ်တစ်ယောက်၊ ခို၊တတ်သူတစ်ယောက်အတွက်ဝင်ဆန့်
ရန်နေရာမရှိပါ။ကိုယ်ကျင့်တရားနှင့်ပတ်သက်၍လိမ်ညာတတ်သူ၊ ခိုးတတ်သူတစ် ယောက်ကိုမည်သူမှမယုံကြည်ကြပါ။ထိုသူ၏အကျင့်စရိုက်ကို မသိကြသေးသည့် ကာလတွင်သာပေါင်းသင်းဆက်ဆံကြသည်။တစ်ဦးတစ်ယောက်သိသွားပြီဆိုလျှင်
တစ်ယောက်မှတစ်ဆင့် တစ်ရာဆိုသလို သိသွားကြလျှင် တစ်စတစ်စပျံ့နှံ့ပြီး ရှောင် ကြဉ်ခြင်းခံရတတ်ပါသည်။မည်သည့်နေရာတွင်မှလုပ်ကိုင်စားသောက်၍ မရတော့
ပါ။

ယခုငမြလည်းသည်အတိုင်းပင်ဖြစ်သည်။သူ့အနေနှင့် ဘဝအတွေ့အကြုံနည်း
ပါးပြီးအသိဉာဏ်နှင့်ပညာနည်းပါးသူပီပီ ရှေ့နောက်မြော်တွေးခြင်းမရှိ၊စိတ်ကူးယဉ် ကာမပြုလုပ်သင့်သောကျေးဇူးပြထားသူ ကျေးဇူ၊ရှင်အပေါ်တစ်ခါစားကျေးဇူးကန်း လိုက်ခြင်းဖြစ်သည်။ မြေက အချိန်အခါကောင်းကို စိတ်ရှည်ရှည်ထား၍ စောင့်နေ ခဲ့သည်။ သူ စောင့်နေသည်က နယ်မြို့များသို့ ရွှေ မှိုက်သိမ်းရမည့်အချိန်ဖြစ်သည်။ လမ်းကြောင်းတူမြို့များရှိ ပန်းထိမ်ဖိုများကို တစ်ကြိမ်တည်း တစ်ခေါက်တည်း သွား လျှင် စားသောက်သုံးစွဲမှုကအစ သုံးဆမှ သက်သာသည်ကပင် အမြတ်တစ်ခု ဖြစ်
သည်။
နာမည်ကြီးအပ်ထည်များသော ပန်းထိမ်ဖိုနှစ်ခုမျှ ပါဝင်လျှင် အမြတ်တစ်ခုဖြစ် ပြန်သည်။ဦးကြည်လုပ်ကိုင်လေ့ရှိသည်ကိုသိထားသူငမြကအချိန်ကိုစောင့်နေခြင်း ဖြစ်သည်။အထူးသဖြင့်ရန်ကုန် – ပြည်လမ်။ရန်ကုန်-မော်လမြိုင်၊ ရန်ကုန် – မန္တလေး လမ်းတွေ အသိမ်းကိုဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသဘက်က ခရီးလမ်း ခက်ခဲ ကြန့်ကြာပြီးစရိတ်ကြီးမားသည်။ယခုလိုမော်တော်ကားလမ်းတွေမရှိသေး၊ သင်္ဘော လမ်းကို အားကိုးပြီး နောက်တစ်ခါ ကားငှားရသေးသည်မို့ အမြတ်နည်းသည်ကိုး။ ဒါကြောင့် ငမြက မသွားချင်ပါ၊
ယခုအခေါက် မန္တလေးကိုအဓိကဖြစ်၍ အပြန်မှုလမ်းကြုံသည့်မြို့များမှပန်းထိမ်
ဖိုတွေကိုဝင်သိမ်းရန်ဖြစ်သည်။လုပ်ငန်းသုံးရန်ပစ္စည်းကယူသွားရန်မလိုပေ။လိုအပ် သည့်အခါမှ ဝယ်ယူသုံးနိုင်ပါသည်။ ငမြက နယ်သွားလျှင် ခေါ်နေကျ သူ့လူသုံး ယောက်ကို ရွေးချယ်ပြီး ရထားနှင့် ထွက်ခဲ့သည်။ မန္တလေးရောက်မှ ရနိုင်သော ပန်း ထိမ်ဖိုတွေနှင့် ထွက်ရှိမည့် ရွှေမှိုက်ကိုကြည့်ပြီး ကားငှားမည်။ ငမြက စာသိပ်မတတ် ပေမယ့်အတွက်အချက်ကတော့ကောင်းသည်လေ။
မန္တလေးရောက်တော့ ငမြတို့သုံး ယောက် ဈေးချိုအနီးရှိ ဗန္ဓုလတည်းခိုခန်းမှာ တည်းသည်။ သူက သပ်သပ်တခြားနေရာမှာ တည်းသည်။ ( သူ့ကိစ္စကို သူ့လူ သုံး ယောက် မသိရန်ဖြစ်သည်။) ထိုစဉ် တည်းခိုခန်းခက တစ်ရက်လျှင် တစ်ယောက် အိပ်ခန်းတစ်ခန်း(၅- ၅ ဝါး)ငါးကျပ်ပြားငါးဆယ်သာပေးရသည်။ငမြကအခန်းငှား ပြီးသည်နှင့် မြို့ထဲသို့ ထွက်လာခဲ့သည်။ မြို့ထဲရှိ ပန်းတိမ်ဖိုများအခြေအနေကို စုံစမ်း

ရန် ဖြစ်ပါသည်၊ ညနေပိုင်းရောက်မှ သူ့လူသုံးယောက် တည်းခိုခန်းဆီသွားပြီး အစီ အစဉ်လုပ်ကြသည်။
အားလုံးစီစဉ်ပြီးလျှင် တစ်ရက်နှစ်ရက် အနားယူပြီး လည်ပတ်ရန်အတွက် ငွေ ထုတ်ပေးသည်။
“မန္တလေးကို ရောက်တုန်းရောက်ခိုက်ဒီနှစ်ရက်မှာလည်ပတ်ကြည့်ကြ။ နောက် ရက်တွေမှာ အားလပ်ကြမှာ မဟုတ်ဘူး၊ အခုပေးတဲ့ပိုက်ဆံက ငါ့ပိုက်ဆံ။ ဦးကြည် ပေးတဲ့ငွေထဲက မဟုတ် ဘူး”
“မင်းတို့ဆီက လုပ်ခထဲက ပြန်နုတ် မှာမဟုတ်ဘူး။ မင်းတို့ကို စေတနာနဲ့ သုံးဖို့ ပေးတာနော်၊ အဲ – အလုပ်လုပ်တဲ့အခါမှာသာ သေချာဂရုတစိုက်လုပ်ပေးကြ”

ငမြက လူပါးလူနပ်။ ထောင်မြင်၍ ရာစွန့်ခြင်းဆိုသလို စည်းရုံးလိုက်ခြင်း ဖြစ် သည်။ နောက်ရက်တွေ ပန်းထိမ်ဖိုများတွင် မှိုက်ထုတ်သည့်အခါ ပြောစရာ မလို အောင်စေ့စေ့စပ်စပ်လုပ်ကိုင်ပေးကြသည်။သေချာသိမ်းဆည်းထုပ်ပိုးပေးကြသည်။ မြကသူယူလာခဲ့သောအိတ်တွင်ထည့်၊ချိန်တွယ်မှတ်သားသည်။ ချိပ်တံဆိပ်နှိပ်ပြီး
ပြန်လည်အပ်နှံလိုက်သည်။
“ကျွန်တော်တို့ ရန်ကုန်ပြန်ဆင်းတဲ့ နေ့ကျမှ ဝင်ယူတော့မယ်နော်”
ပြောဆိုအပ်နှံထားခဲ့သည်။ မှိုက် သိမ်းရမည့်နေရာအားလုံး စုံလင်မှ တစ်ဖိုပြီး တစ်ဖိုဝင်ယူလိုက်ပြီးရန်ကုန်ကိုပြန်ဆင်းရန်ဖြစ်သည်။ သည်လိုပြုလုပ်ခြင်းဖြင့် တစ် နေရာတစ်ခါသိမ်းလိုက်၊ သယ်လိုက်နှင့် ထားရန်နေရာရှာရဒုက္ခတွေပါ သက်သာ သွားသည်။ စရိတ်အပိုလည်း မကုန်တော့ပေ။
သည်လိုနှင့် မန္တလေးတွင် ဆယ့်ငါးရက်မျှ လုပ်ကိုင်ပြီး ပြန်ဆင်းလာခဲ့သည်။ လူလေးယောက်သက်သက်ဖြစ်သည်။ သိမ်းဆည်းခဲ့သော ရွှေမှိုက်များ ပါမလာခဲ့ ပ၊ရွှေမှိုက်များကိုဂျုံမှုန့်အိတ်များတွင်ထည့်ကာ သေချာထုပ်သည်။ပြီးတော့ဈေးချို မှ ဝယ်လာသော ထင်းရှူးသေတ္တာကြီးများနှင့်ထည့်၊ သွပ်ကြိုးနှင့် တုပ်နှောင်လိုက် သည်။ သော့ခတ်သည်။ မန္တလေး – ရန်ကုန်ကားနှင့် ပို့ရမည့်လိပ်စာကပ်ပြီး ပို့လိုက် ခြင်းဖြစ်သည်။
သူ့လုပ်ပုံက ဦးမောင်တင်လုပ်သည်နှင့် တစ်မျိုးစီဖြစ်နေသောကြောင့် သူ့လူ တွေကအံ့ဩနေကြသည်။နားမလည်သလိုဖြစ်နေ၍ မေးကြတော့သည်။
“ကိုမြလုပ်ပုံကကိုမြအဖေလုပ်သလိုမဟုတ်ဘူး။တစ်မျိုးဖြစ်နေတယ်” “ဟုတ်တယ်ဗျ။ ကိုမြအဖေကကားကိုတစ်ခါထဲငှားပြီးမှ တစ်ဖိုပြီးတစ်ဖို သိမ်း
တာလေ”
“ကိုမြက ဘာဖြစ်လို့ အခုလိုလုပ်တာလဲဟင်”
သူ့လူတွေအမေ၊စကားကြောင့် ငမြကပြုံးလိုက်သည်။ပြီးလေမှ သူလုပ်သည့် အစီအမံကို ရှင်းပြသည်။
“အဖေကတော့ လူကြီးမဟုတ်လား၊ သူ့အနေနဲ့ တစ်လက်စတည်း ပြီးအောင် လုပ်တာလေ။ ဒါပေမဲ့ – အချိန် ပိုကုန်သွားတယ်၊ကားခကလည်း ပိုကုန်သွားတာကို တော့ထည့်မတွက်ခဲ့ဘူးလေ”
“အော် – ဟုတ်သားပဲ”
“ဒါပေမဲ့ – ပစ္စည်းတွေ (နှိုက်)ကိုကုန်ကားနဲ့ ပို့တာ စိတ်ချရပါ့မလားဗျာ” “မင်းကလည်း – စိတ်ပူမနေပါနဲ့ကွ၊ ဒီအမှိုက်တွေကို ဘယ်သူက ယူမှာလဲ၊ လူ တစ်ရာမှာတစ်ယောက်ကတော့ ရွှေဖြစ်မယ်ဆိုတာ သိပါ့မလား”
“စိုးမယ့်လူက ဖောက်ကြည့်ပြီး- ဟင်း- ဒီလိုအမှိုက်မျိုးကိုတောင် ကားနဲ့ ပို့ရ သလား၊ သောက်ရူးတွေဆိုပြီး ငါတို့ကိုတောင် ဆဲနေမှာကွ”
ငမြက ပြောပြီးရယ်နေသည်။ ထိုအခါမှ သူ့လူတွေမှာ သဘောပေါက်သွားကြ သည်။ မြေကိုလည်း အထင်ကြီးသွားကြပါလေသည်။ အမှန်စင်စစ် ငမြေက သူ့အကြံ အစည်အတိုင်းပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ထိုစဉ်အခါကမည်သူမှမရိပ်မိခဲ့ကြပေ။ ငမြပြောသည့်အတိုင်းယုံကြည်ခဲ့ကြပါသည်။
အကယ်၍ ထိုအခါက စပ်စပ်စုစု လုပ်တတ်သူ အလုပ်သမားတစ်ယောက်သာ ရှိခဲ့ပြီးမြေပို့ခဲ့သောရွှေမှိုက်သေတ္တာပေါ်မှ ပေးပို့ရမည့်လိပ်စာမှာပိုင်ရှင် ဦးကြည်အိမ် လိပ်စာ မဟုတ်ခဲ့ကြောင်း သိမြင်နိုင်ပေသည်။ သည်သို့သိခဲ့မည် ဆိုပါက မြေအကြံ အစည်မှာ အောင်မြင်ချင်မှ အောင်မြင်မည်ဖြစ်သည်။
အကြံသမား ငမြက ရန်ကုန် အပြန်ခရီးတွင် မိတ္ထီလာနှင့် တောင်ငူရှိ ပန်းတိမ်ဖို များကိုပါ ဝင်သိမ်းပြီးသည်နှင့် သူ့လူသုံးယောက်ကို အရင်ဆုံး ပြန်ခိုင်းလိုက်သည်။ သူက နောက်ချန်နေခဲ့သည်။ အလုပ်သမားသုံးယောက်ကလည်း ငမြက ဦးစီးခေါင်း ဆောင်ဖြစ်သူမို့ဘာမှမမေးမိကြ။ သူ့တွင် အလုပ်တစ်ခုခုရှိနေသေး၍ နေခဲ့သည်ဟု ထင်ခဲ့ကြသည်။ ထိုအချိန်မှစပြီး ငမြတို့လင်မယားကို မတွေ့ရတော့ပါ။
အလုပ်သမားသုံးယောက်ရန်ကုန်ပြန်ရောက်လျှင်ငမြလုပ်ရပ်တွေကိုသံသယ ဖြစ်စရာ ရှိလာသည်။ နယ်မှ သိမ်၊ယူလာခဲ့သော ရွှေမှိုက်များက ဆယ်ရက်ခန့်ကြာ သည်ထိရောက်မလာခဲ့ပါ။နောက်ထပ်သိမ်းယူလာခဲ့သောရွှေမှိုက်များလည်းရောက် မလာခဲ့ပေ။ ကီလိလမ်းနှင့် လသာလမ်းရှိ အဝေးပြေး ကားဂိတ်များကို သွားရောက် စုံစမ်းကြည့်သော်လည်း လုံးဝမသိခဲ့ရပေ။ ဦးကြည်မှာ တစ်ခါမှ မဖြစ်ဖူးခဲ့သဖြင့် စဉ်းစားမရအောင်ဖြစ်နေသည်။လုပ်ငန်းကိုပင်ခေတ္တရပ်နားထားခဲ့ရသည်။ ရွှေမှိုက် များရောက်လာမှရွှေထုတ်ရနိုင်မည်။ယခုထုတ်လုပ်စရာကုန်ကြမ်း၊ရွှေမှိုက်မရှိလေ
တော့ ဘာမှလုပ်စရာမရှိတော့ပါ။

ငမြေကလည်း ပြန်ရောက်မလာ။ လုပ်ငန်းကိုလည်း ရပ်ဆိုင်းထားရသည်မို့ ဦးကြည်စိတ်ညစ်နေရသည်။ ထိုသို့ဖြစ်နေစဉ်စိတ်ညစ်စရာပြဿနာတစ်ခုကထပ်
ဆင့်လာပြန်သည်။ငမြတို့လင်မယားနေသည့်အိမ်ကိုလူတစ်စုကလာဝိုင်းပြန်သည်။ ငမြတို့လင်မယားနေသည့်အိမ်ကိုလူတစ်စုကလာရောက်ဖျက်သိမ်းခြင်းဖြစ်သည်။ ဦးကြည်က သွားရောက်မေးမြန်းကြည့်လေမှ မြေက သူနေသောအိမ်ကို ရောင်းစား ခဲ့ကြောင်း ပြောပြလျှင် ဦးကြည်မှာ ဒေါသလည်းထွက်၊ စိတ်လည်း ညစ်ရပြန်သည်။
မြေမိန်းမ မိမော်ကငမြနယ်ထွက်သွားသည့်နေ့တွင်ပင် သူ၏မိဘများအိမ်တွင်သွား ပြီးနေသည်ကို သတိရကာ ခေါ်ခိုင်းလိုက်သည်။
ထိုအခါမှမြေ၏ပိပိရိရိလုပ်ဆောင်သွားခဲ့သောဇာတ်လမ်းကိုသိရတော့သည်။ လွန်ခဲ့သောဆယ်ရက်က ငမြကိုယ်တိုင် လာရောက်ပြီး သူ့မယား မိမော်ကို လာခေါ် သွားကြောင်း။ သူတို့ အိမ်ပြောင်းရွှေ့သွားကြောင်း၊ သူ့ကိုယ်ပိုင် အလုပ်ခွဲလုပ်တော့ မည်ဖြစ်ကြောင်းတို့ကိုပြောပြသွားခဲ့သည်ဟူ၍သိခဲ့ရသည်။ထို့ထက်ပို၍ ဘာမှမသိ ရပေ။မြေကတကယ်ကိုအပိုင်ကြံစည်လုပ်သွားခြင်းဖြစ်ပေသည်။ ရွှေမှိုက်ကိစ္စကို ထားတော့ လောလောဆယ်ပြဿနာက ငမြက အိမ်ရောင်းသွားခြင်းကိစ္စ ဖြစ်ပါ သည်။ အိမ်ကိစ္စက ပိုအရေးကြီးနေသည်။
ဘာကြောင့် အရေးကြီးရပါသလဲဆိုသော်အိမ်က ဦးမောင်တင် ဆောက်လုပ် ထားခဲ့သောအိမ်ဖြစ်သော်လည်းမြေကွက်က ဦးကြည်ပိုင်မြေကွက်ဖြစ်သည်။ မြေကို မမွေးစဉ်ကဦးကြည်က ဦးမောင်တင်၊ဒေါ်ဝင်းတို့လင်မယားကို ခြေရင်းဘက်ရှိမြေပို တွင် အိမ်ဆောက်ပြီ၊ အခမဲ့နေစေခဲ့ခြင်းသာဖြစ်သည်။ အပြီးအပိုင်ရောင်းခြင်း၊ ငှားခြင်းမလုပ်ခဲ့ပေ။ သည်အကြောင်းကို ရပ်ကွက်လူကြီး၊ ဆယ်အိမ်ခေါင်းကအစ တစ်ရပ်ကွက်လုံး သိထားကြသည်။
ဦးကြည်တို့နေသော ရပ်ကွက်က ဒုတိယကမ္ဘာစစ်မတိုင်မီကပင် ရှိခဲ့သော မြေ ကွက်ကြီးဖြစ်သည်။ အစိုးရပိုင် မဟုတ်ပေ။ တရုတ်သူဌေး ချင်းချောင်းပိုင်ဖြစ်သည်။ (တရုတ်သူဌေးချင်းချောင်းဆိုသူကအလွန်ချမ်းသာသည်။ကမ္ဘာအေးစေတီလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့်ရှိ ဘုံခုနစ်ဆင့်နှင့် မျှော်စင်အဆောက်အအုံကြီး ဆောက်လုပ်သူဖြစ်သည်။) ချင်းချောင်းနန်းတော်သူဌေးအမည်နှင့်အလွန်ထင်ရှား

ခဲ့၍ ချင်းချောင်းရိပ်သာအဖြစ် လူသိများခဲ့ရာမှ ၁၉၆၂-ခုနှစ်တွင် တော်လှန်ရေး ကောင်စီခေတ်တွင် ပြည်သူပိုင် သိမ်းယူခဲ့သည်။
ဦးကြည်အပါအဝင်တစ်ရပ်ကွက်လုံးနေထိုင်သူများက ချင်းချောင်းသူဌေးထံမှ မြေငှားစာချုပ်နှင့်အခပေးနေခြင်းဖြစ်ကြသည်။ငမြကသူ့အိမ်သူ့မြေအဖြစ်ရောင်း စားခဲ့ခြင်းဖြစ်ရာ ဦးကြည်မှာ မနေသာသဖြင့် သူ့တွင် သိမ်းဆည်းထားသည့်မြေငှားခ ပေးဆောင်ရသောပြေစာများနှင့် ရပ်ကွက်သူကြီးရှေ့တွင်တင်ပြပြီးမြအိမ်ဝယ်ယူ သူနှင့်ဖြေရှင်းရလေသည်။ သည်လိုဖြေရှင်းလိုက်တော့မှတစ်ရပ်ကွက်လုံးမှာမြေ၏ ရက်စက်ယုတ်မာမှုတွေကို ရပ်ကွက်သူ ရပ်ကွက်သားတွေ သိရှိကုန်ကြတော့သည်။ အဖြစ်အပျက်စုံကို သိရှိသွားကြသူတိုင်းငမြအပေါ်ဒေါသထွက်ကုန်ကြသည်။ မချင့်မရဲဝေဖန်ပြောဆိုကြသည်။ ဦးကြည်စိတ်စေတနာကောင်းပုံများကို သိထားကြ
သည်မို့ငမြသာမကမယားဖြစ်သူမိမော်နှင့်မိဘတွေကိုပါအပြစ်တင်ကြလေသည်။
သားသမီးမကောင်းတော့မိဘခေါင်းဆိုသလို မိမော်၏မိဘတွေမှာရပ်ကွက်ထဲမနေ ရဲအောင်ဖြစ်ကြပြီးတခြားနေရာသို့ ပြောင်းရွှေ့သွားရတော့သည်၊
“အေးကွာ- ဦးမောင်တင် ရိုးသားသလောက် ဒီကောင် ငမြကျမှ ယုတ်မာတဲ့ ကောင်၊ တစ်ခါတည်၊ အပိုင်လုပ်သွားတာ”
ပါ”
“အို-ဒီလိုကျေးဇူးရှင်ကိုကျေးစွပ်တဲ့ကောင်စားတွေမကြာပါဘူး-ဒုက္ခတွေ့မှာ
ငမြတို့လင်မယားကိုအားလုံးရွံ့ရှာမုန်းတီးသွားကြပါသည်။ ဖေးဖေးမမနှင့်ပြော ဆိုသူတစ်ယောက်မှ မရှိကြ။ လူအေးလူကောင်းကြီးဦးကြည်ကတရားသဘောနှင့် ဖြေသိမ့်ကာ သူ၏ လုပ်ငန်းကို ပြန်လည်တည်ထောင်ရသည်။ ဦးကြည်၏မိတ်ဆွေအပေါင်းအသင်းများကလည်းသတင်းစကားကြားသည်နှင့် လာရောက်မေးမြန်းကြ၊အားပေးစကားပြောကြနှင့်နှစ်သိမ့်ကြပါသည်။ လုပ်ငန်းတူ ပိုင်ရှင်တွေကလည်းလိုအပ်သည့်အကူအညီများပေးလာကြသည်။ဦးကြည်တို့လင်
မယား ဝမ်းသာပြီး စိတ်ထိခိုက်စေသည်ကတော့ သူ၏လုပ်သားများက- ဦးလေးကြည်- ဘာမှတွေးမနေနဲ့၊ ပူမနေနဲ့။ ကျွန်တော်တို့အားလုံးကို ထမင်း သာကျွေးပါ။ဘာတစ်ပြားတစ်ချပ်မှမပေးနဲ့။အရင်အခြေအနေရောက်တော့မှလုပ်ခ ပေးပါ။ ကျွန်တော်တို့အလကားလုပ်ခမယူဘဲလုပ်ပေးပါ့မယ်”

“ဟုတ်တယ် – ဦးလေးကြည်။ကျွန်တော်တို့အားလုံးတိုင်ပင်ကြပြီးမှအားလုံးက သဘောတူလို့ ပြောတာပါ”
ဆိုသည့် လုပ်သားအားလုံး၏ စေတနာမေတ္တာစကားကို ကြားလိုက်ရ၍ ဖြစ်ပါ သည်။လုပ်သားအားလုံး၏ရင်ထဲကလာသောစေတနာ၊မေတ္တာစကားကိုကြားလိုက် ရစဉ်ကဦးကြည်မှာဝမ်းသာလွန်း၍မျက်ရည်ဝဲရုံရှိခဲ့သော်လည်းမိန်းမသားဖြစ်သည့် ဦးကြည် မိန်းမဒေါ်စိန်မြမှာ မျက်ရည်ပေါက်ပေါက်ကျခဲ့ရလေသည်။ စေတနာကောင်းပြီးရိုးသားကြိုးစားသူဦးကြည်မှာမိတ်ဆွေများကပါထောက်ပံ့
ကူညီပေးမှုကြောင့်ယခင်ကထက် နှစ်ဆမျှတိုးတက်လာခဲ့လေသည်။သုံးနှစ်ကျော်
လေးနှစ်ခန့်ရှိသောအခါမှမြေတို့လင်မယားအကြောင်းသတင်းစကားပျံ့နှံ့လာခဲ့ရာမှ သိကြရသည်။ တွေ့ မြင်သူတွေက တစ်ယောက်၊ နှစ်ယောက်၊ သုံးလေးယောက်က တစ် ယောက်တစ်မျိုး ပြောပြလာသည်တို့ကို ဆက်စပ်ပုံဖော်ကြည့်ရသမျှ စိတ်ဝင် စားဖွယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ကြားသိရသူတွေကတစ်ဆင့်ပြီးတစ်ဆင့်တစ် ယောက်မှတစ်ယောက်ပြောပြ၍ ကြားရသူတွေမှာအံ့ဩတကြီးမဖြစ်ကြ၊ ထူးခြားသောခံစားမှုတွေမဖြစ်ကြ။ ပြောလာသူ၏စကားအဆုံးသတ်တွင်လည်း စာနာသမားပုံ မဖြစ်ပေါ်ကြ။ စုတ်သပ်၍ “စိတ်မကောင်းလိုက်တာနော်”ဟူသည့် အားနာပါးနာစကားမျှကို မဆိုခဲ့ကြပါ။ ငမြတို့လင်မယားဘက်မှ မေတ္တာထားသူ တစ်ဦးတစ်ယောက်မှမရှိကြပါ။
“ဟင်း- ကျေးဇူးကန်းတဲ့ကောင်ပဲ။ ဘာဆန်းတာမှတ်လို့”
“အေးလေ” သူလုပ်သွားကတည်းက အားလုံးက သိပ်မကြာဘူ။ ဒီလိုဖြစ်မယ် ဆိုတာတွက်ဆပြီးသားမဟုတ်လား”
“အခုလောက်ဖြစ်တာ နည်းတောင် နည်းသေးတယ်”
လူအများ ပြောဆိုကြသည်မှာလည်း မှန်ပါသည်။ ငမြေ လုပ်သွားပုံက တစ်ချက် ကလေးမှ ကောင်းကွက်မရှိ။ ကျေးဇူးရှင်ကို ကျေးဇူးမသိတတ်သော်မှ ယခုလို ရက် ရက်စက်စက်ဒုက္ခပေါင်းစုံပေးသွားခြင်းကိုမည်သူက စာနာပါတော့မည်နည်း။သနား စိတ်ထားသူ ရှိမည်နည်း။ ရိုင်းရိုင်းစကားဆိုရလျှင် မွေ၊ရူးကောင်းစား၊ တစ်ခဏ ဆိုရပေမည်သာ၊

ဦးကြည် ငွေနှင့် ဝယ်ယူခဲ့သော လုပ်ငန်းကုန်ကြမ်းဖြစ်သည့် ရွှေမှိုက်တွေကို
သာမကဦးကြည်ပိုင်မြေနှင့်ဆောက်ပေးထားသောအိမ်ကိုပါရောင်းစားသွားခဲ့သည်
ဆိုတော့သူ့ကိုစာနာသနားမည့်သူတစ်ယောက်မှမရှိခြင်းမှာ ဆန်းသည်မဟုတ်ပေ။
ဦးကြည်ပစ္စည်းများကိုမြေကသူကြိုတင်ငှားရမ်းထားသောနေရာတွင်လုပ်ငန်းတည်
ထောင်ပြီး လုပ်ခဲ့သည်။ မြေက ရွှေမှိုက်လုပ်ငန်းကျွမ်းကျင်သူဖြစ်သည့်တိုင် သူတစ် ယောက်တည်းလုပ်ကိုင်၍ရသည်မဟုတ်ပါ။ အနည်းဆုံးအလုပ်သမားနှစ်ယောက်
ရှိမှလုပ်ကိုင်၍ရသည်။
သည်အတွက်မြေကသူနေသောရပ်ကွက်ထဲမှလူငယ်နှစ်ယောက်ကိုသူကိုယ်
တိုင် သင်ပြပေးကာလုပ်ကိုင်စေခဲ့သည်။ သူနေသောနေရာက ပဲခူးမြို့နှင့် မဝေးလှ သဖြင့် အဆင်ပြေနေသည်။ ပဲခူးမြို့နယ်နှင့်မွန်ပြည်နယ်အတွင်းရှိရွှေပန်းထိမ်ဖိုများ ကို စုံစမ်းပြီး ဦးကြည် နှင့် ဆက်စပ်မှုမရှိသော ဖိုများကိုသာ ရွေးချယ်ပြီး လုပ်ကိုင်ခဲ့ သည်။ သုံးနှစ်အတွင်းအတော်အသင့်လုပ်ငန်းအောင်မြင်လာသည်။ အိမ်ငှားအနေ အထားမှ မြေပိုင်အိမ်ပိုင်ဖြစ်လာသည်။
အခြေခိုင်လာသည်နှင့် မြကလုပ်ငန်းတွင် ပေါ့ဆလာကာယမကာမှီဝဲမှုဘက် ပိုပြီးအားသန်လာသည်။ တစ်ခါတစ်ခါတွင် ပဲခူးမြို့ပေါ်တက်ကာ အပျော်ကြူးတတ် ခဲ့သည်။ ငမြဇနီးမယားဖြစ်သူမိမော်ကလည်း သူ့စရိုက်အတိုင်းပေါ့ပေါ့နေ၊ပေါ့ပေါ စား၊ အပျော်အပါးမက်မှုက တိုးလာသည်။ ကောင်းကောင်းနေချင်၊ စားချင်၊ ဝတ်ချင် သည်။ အဝတ်အစားကိုပင်အိမ်တွင်နေရင်၊ တစ်နေ့သုံးထည် လဲဝတ်သည်။ အသုံး အစွဲက မလျှော့။ ယခုလို မိဝေး ဖဝေးတွင် နေပြီး ပြောဆိုဆုံးမမည့်သူ၊ ကြောက်ရ မည့်သူမရှိလေတော့ ပိုပြီးဆိုးနေတော့ သည်။
ပထမတော့ ငမြက အမှတ်တမဲ့ နေ မိသည်။ မိမော် အလှအပကြိုက်သူမှန်း အစကတည်းက သိခဲ့သည်။ သည်လိုနေတတ်သူမို့မြေကကြိုက်ခဲ့သူမဟုတ်လား။ သို့သော်လည်း သို့သော်လည်းပေါ့၊ မိမော်ယခုနေပုံထိုင်ပုံတွေကယခင်ကနှင့်လုံးဝ
မတူသည်ကိုမြင်တွေ့လာရသည်။အိမ်နေရင်းကာခြယ်တွေ၊လိုင်နာတွေခြယ်သည်။
နှုတ်ခမ်းဆိုးဆေးသုံးလာသည်။ လည်ဟိုက်အင်္ကျီတွေဝတ်လာသည်ကိုတွေ့မြင်နေ သည်။ တစ်နေ့တော့ ငမြစိတ်ထဲမထားနိုင်တော့၍ မိမော်ကိုမေးမိသည်။ “ဟဲ့- မိမော်- နင် ဘယ်သွားစရာရှိလို့လဲ”
“ဘယ်မှမသွားပါဘူး-ကိုမြရဲ့။ ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ၊ နင့်ပုံက အလှူသွားတော့မယ့်လူလို ပြင်ဆင်ထားတာကိုး”
မြေက မျက်မှောင်ကြီးကုတ်ကာ ပြောလိုက်သည်။ မိမော်က အလိုမကျသလို အမူအရာ၊ လေသံတွေနှင့် ပြောလိုက်သော မြစကားကြောင့် မျက်နှာအမူအရာကို အချိုသာဆုံး အသွင်ပြောင်းကာ ကနွဲ့ကလျနှင့် ငမြ အနီးကပ်ပြီး ဟိုပွတ် သည်ပွတ်
နှင့်-
“ကိုမြရယ်-မိမော်ခုလိုပြင်ဆင်ထားရတာကကိုမြအတွက်လေးကိုမြကအမြဲ တမ်းလှလှပပနေမှကြိုက်တာမဟုတ်လား။ ပြီးတော့လည်း…”
မိမော်ကငမြလက်မောင်းကိုဆုပ်ကိုင်ထားရင်းပါးပြင်ကိုပွတ်၊ နှာခေါင်းကိုညှစ် နှင့် မိန်းမတို့မာယာကုဋေပေါင်းများစွာနှင့် ချော့မြူစည်းရုံးနေသည်။ ငမြ ကြာကြာ တင်းခံမနေနိုင်တော့၊ မိမော် ခါးကို ဆွဲဖက်လိုက်သည်။
“ကဲ- ပြောပါဦး- မင်းစကားကပြီးတော့လည်းဘာဖြစ်သလဲ”
မြေကမိမော် မေးစေ့ကို လက်ညှိုးလက်မနှင့်ညှပ်ပြီးမေးသည်။ မိမော်ကကြာ မျက်စောင်းလေ၊ထိုးသည်။ ဘာမှမဖြေပါ၊ ငမြစိတ်တွေနာဂစ်မုန်တိုင်းနှယ်ပြင်းထန် ထကြွလာသည်။ မိမော်ကို တင်းတင်းဖက်ပြီးအခန်းတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ ငမြနှင့် မိမော်တို့ ဝန်းကျင်တစ်ခုလုံးကို မေ့နေသည်ထိ အချစ်မို၊မှောင် ဇာတ် လမ်းပျိုးနေချိန် အိမ်ခြေရင်းဘက်အလုပ်ရုံထဲရှိ အလုပ်သမားနှစ်ယောက်က သူတို့ နှစ်ယောက်ကိုကြည့်နေကြသည်ကိုငမြရောမိမော်ပါမသိကြပါ။ကြည့်နေကြသော အလုပ်သမားနှစ်ယောက်မှ တစ်ယောက်က ကြည့်ရင်း ပြုံးစေ့စေ့ရှိနေပေမယ့် တစ် ယောက်ကတော့ ဘာကိုမကျေနပ်သည်မသိ။ မျက်နှာကြီးက ခက်ထန်နေသလို အံတကြိတ်ကြိတ်နှင့် မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေပါလေသည်။

ငမြကဦးကြည်ထံမှထွက်လာခဲ့ပြီးသည်နောက်အချိန်များတွင်အသွားအလာ လှုပ်ရှားသည့်အခါများတွင်သူ၏မူလရုပ်ပုံစံကိုအတတ်နိုင်ဆုံးဖုံးကွယ်ပြောင်းလဲပြီး သွားခဲ့သည်။ဦးထုပ်ဆောင်းသည်။နေကာမျက်မှန်တပ်သည်။ရန်ကုန်မြို့သို့အလုပ်
သဘောအရမဖြစ်မနေသွားရသည့်အခါများတွင် ပိုပြီးဂရုစိုက်ပေသည်။ ဘာကြောင့်

လည်းဆိုတော့ သူက တစ်နပ်စားအကြံဆိုး အကြံမိုက်နှင့် ဦးကြည်အပေါ်ယုတ်မာ ရက်စက်ခဲ့သည်ကိုး။
သည်တော့လည်းဆင်ဖြူမျက်နှာဆင်မည်းမကြည့်ရဲဆိုစကားအတိုင်းဦးကြည် ကိုသာမကဦးကြည်နှင့်ပတ်သက်သူအသိုင်းအဝန်းမှလူတွေနှင့်မျက်နှာချင်း မဆိုင် ရဲပေ။ အိမ်ထဲမှ အိမ်အပြင်ထွက်လိုက်သည်နှင့် မြစိတ်တွေ မလုံခြုံသလို တထိတ် တလန့် တောင်ကြည့်မြောက်ကြည့်နှင့် သွားလာရသည်ကပင် ဒုက္ခတစ်မျိုး ဖြစ်နေ ရသည်။
အပြင်မထွက်လျှင်လည်း မဖြစ်ပြန်။လုပ်ငန်းအတွက်လိုက်လံစုံစမ်းနေရသည်။ ယခုတစ်လော အလုပ်အတွက် ပန်းထိမ်ဖိုတွေက အသိမ်းအဆည်း သိပ်မရ၊ သတ် မှတ်ရက်တွေအတိုင်း သွားသည့်အခါမရှိတော့၊ သူ့ထက်ဦးသွားသည်ချည်းဖြစ်နေ သည်၊ သထုံဘက်၊ မော်လမြိုင်ဘက် ဆင်းလည်း မရနှင့် ဘာတွေဖြစ်ကုန်ပြီမသိ တော့။လုပ်ငန်းပြိုင်တွေကဦးသွားသည်ကိုသာတွေ့ကြုံနေရက်ကိုစဉ်းစားမရပေ။ မြေအတွက် စီးပွားရေးနယ်ပယ်တွေက တစ်စတစ်စ ကျဉ်းမြောင်းလာနေလေ သည်။
နောက်လေးငါးလကြာသောအခါတွင်မှဦးကြည်အပေါ်သူပြုလုပ်ခဲ့သောကိစ္စ အကြောင်း တစ်ဆင့်စကား တစ်ဆင့်ကြားသိရသောကြောင့် သူ့ကို ရှောင်ကြဉ်လာ နေကြခြင်းဖြစ်မှန်း သိရတော့သည်။ မြေအတွက် ရွှေလုပ်ငန်း ဆက်လုပ်၍ စီးပွား ဖြစ်ရန် မည်မျှကြိုးစားသော်လည်း ရရန်မဖြစ်နိုင်တော့။ ပုံမှန် လည်ပတ်နိုင်ဖို့ရာပင် အခက်အခဲဖြစ်လာနေတော့သည်။ သူ့ထက် အမြဲတမ်း ဦးစွာသိမ်းယူသွားသူမှာ မည်သူဖြစ်ကြောင်းမသိရ။ ပန်းတိမ်ဖိုတွေကလည်းတိတိကျကျမပြော။ ရန်ကုန်က
လာသူဖြစ်သည်ဆိုသောအဖြေကိုသာရသည်။ထိုအဖြေထက်ပို၍မပြောကြပါ။
သည်တော့ ငမြ အကြီးအကျယ် ဒေါသအမျက်ထွက်သည်။ ဦးကြည်ကလွဲ၍ တခြားသူမဖြစ်နိုင်ဟူ၍တစ်ထစ်ချ ယူဆလိုက်သည်။ဦးကြည်မိသားစုအပေါ်ရန်သူ ကြီးသဖွယ် သတ်မှတ်ပြီး အမျိုးစုံ ဆဲဆိုရေရွတ်သည်။ ကျိန်ဆဲသည်။ ဤသို့ဖြင့် ကျေးဇူးရှင် ဦးကြည်ကိုဒုတိယအကြိမ်မြောက် စော်ကားနေတော့သည်။ မယားဖြစ် သူကိုလည်း ဦးကြည်ကသူတို့စီးပွားရေးကိုဖျက်ဆီးနေကြောင်းပြောသည်။လင်ဖြစ်

သူကိုအမြဲတမ်းအားပေးအားမြှောက်လုပ်တတ်သူ၊ မိမော်ကအားရပါးရ ထောက်ခံ
ခဲ့သည်။
ပင်ကိုစိတ်ထားကအတ္တကြီးသူ၊ လောဘတက်နေသူတွေဖြစ်ပြီးအခြေခံပညာ မရှိ၊ စာပေအသိမရှိ၊ မဖတ်ကြသူတွေပီပီ မြန်မာစစ်စစ်တွေဖြစ်ပါလျက် လင်ရော မယားပါ နှစ်ယောက်စလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်လျက် ဘုရားမသိ၊ တရားမရှိကြ၊ ကျေးဇူ၊တရာ၊ဆိုသည်ကတော့ဝေးမှဝေးပေါ့၊ယခင်… ယခင်ကကောင်းမှုကုသိုလ် ကံအကြွင်းအကျန်လေးကြောင့် လူပြန်ဖြစ်လာရချိန် စားမယ်၊ သွားမယ်၊ ပျော်မယ် ဆိုသည်ကလွဲ၍ ဘာတစ်ခုမှ မစဉ်းစားကြသူတွေ ဖြစ်ကြသည်။
သူတို့ဘဝကံဇာတာကြမ္မာတွေညှိုးမှိန်လာပြီကို သေချာမဆန်းစစ်၊ တွေးတော ခြင်းမပြုကြပါ။ ကျေးဇူးရှင်အပေါ်တွင်သာ ထပ်တလဲလဲ ပြစ်မှားနေကြသည်။ အကုသိုလ်တွေ ရယူနေကြသည်။ ဦးကြည်မှာ သူ၏မိတ်ဆွေများမှတစ်ဆင့် မြေနေ သည့်နေရာ၊ အလုပ်အကိုင်အခြေအနေတို့ကိုအားလုံးသိရှိနေပါသည်။သို့စဉ်တိုင်း မြအပေါ်ဘာတစ်ခုမှအရေးယူမှုမလုပ်ခဲ့။ လူကြီးပီပီ ဗုဒ္ဓအဆုံးအမတရားကိုနလုံး သွင်းကာ ယခုဖြစ်ပျက်ခံစားနေရမှုတို့မှာ ရှေးဘဝ ဘဝတွေက သူပြုလုပ်ခဲ့သမျှ အကုသိုလ်တရားကိုပြန်လည်ပေးဆပ်ရခြင်းအဖြစ် သဘောထားပြီးခွင့်လွှတ်ခဲ့ခြင်း ဖြစ်ပေသည်။ငမြကသာတစ်ဖက်သတ်အထင်အမြင်တွေနှင့် ဦးကြည်အပေးမကျ
မနပ်ဖြစ်နေသည်။
အကယ်၍ ဦးကြည်နေရာတွင် သူ ရှိနေခဲ့ပြီး သူ့အပေါ်တွင် သူလုပ်ခဲ့သလို ရက် စက်ယုတ်မာသွားခဲ့သူတစ်ယောက် အပေါ်တွင် သူ့အနေနှင့် ဦးကြည်ကဲ့သို့ တရား သဘောနှင့် ဖြေသိမ့်နိုင်ပါမည်လာ။ ခွင့်လွှတ်နိုင်ပါမည်လား။ ထိုသည့် မျှတသော စိတ်သဘောမျို၊နှင့်တော့ တစ်ခါဖူးမျှ ငမြ မတွေးမိခဲ့မိပါ။ ဘယ်သောအခါမှ တွေ၊မိ မည်လည်းမဟုတ်ပေ။ မြေက အဇာတသတ်လိုလူစားမျိုး မဟုတ်လား၊ သို့သော် အဇာတသတ်ကမှ နောင်တရမှု ဖြစ်ပေါ်သေးသည်။ ငမြက နောင်တမရသည့်ပြင် ထပ်ခါတလဲလဲ မိုက်မဲနေပါလေသည်။
သံသရာဆိုသည်က မြင်နိုင်သည် မဟုတ်သော်လည်း သံသရာ၏လည်ပတ်မှု ကြောင့် ကောင်းမှု၊ မကောင်းမှုတို့ကပါ လိုက်ပါနေရစမြဲဖြစ်ကြောင်း လူသားတိုင်း

သိရှိကြပါသည်။ သံသရာ လည်ပတ်မှုကို မည်သူကမှ ရှောင်တိမ်းမရနိုင်ပါ။ သည် တော့ငမြလိုအကုသိုလ်လူတစ်ယောက်လည်းရှောင်လွှဲမရနိုင်ခဲ့ပါ။
တစ်နေ့ ငရဲပန်းထိမ်ဖိုများဆီသို့ ထွက်သွားသည်။ မော်လမြိုင်မြို့ရှိ ဖိုများကို အခြေအနေသွားကြည့်ခြင်းဖြစ်သည်။သွားနေကျဆိုလျှင်တစ်ညအိပ်ပြီးပြန်လာလေ့ ရှိသည်။ ယခုတစ်ခေါက် အသွားခရီးတွင်တော့ မြေမှာ စိတ်မပါသလိုလို ထိုင်းထိုင်း မှိုင်းမှိုင်းဖြစ်နေသည်။ လိုင်းကားစီးလာရင်း ကိုယ်ပူသလိုလို မူးဝေသလိုလို ဖြစ်လာ သောကြောင့် သထုံမြို့ရောက်သည့်အခါကားပေါ်မှဆင်းနေရစ်ခဲ့သည်။ စိတ်ကအိမ် ကိုသာပြန်ချင်နေသောကြောင့် ပဲခူးလိုင်းကားစီးပြီး ပြန်လာခဲ့သည်။
အိမ်ခြံဝန်းထဲရောက်လျှင် အလုပ်ရုံဘက်တွင် သူ့အလုပ်သမားနှစ်ယောက်ကို မတွေ့ရ။ ထမင်းစားပြန်ကြပုံရသည်ထင်၍ အိမ်ပေါ်တက်လာခဲ့သည်။ နားထဲတွင် မိမော်၏အသံကိုကြားလိုက်ရသည်၊ သူ သေသေချာချာ သိသည်။
မိမော်တစ်ယောက် သူ စိတ်ကျေနပ်အားရလျှင်၊ သူအလိုပြည့်လျှင် ပြောလေ့ ရှိသည့်လေသံတွေမှန်း သိနေသည်၊ အသံက နောက်ဘက်မီးဖိုဆောင်မို့ တောက် လျှောက်ဝင်လာခဲ့သည်။ “ဟင်-ကိုမြ”
မီးဖိုဆောင်ထဲတွင်လူချင်းပူးကပ်နေရာမှမျက်နှာချင်းဆိုင်ဖြစ်သောမိမော်ဆီမှ အသံထွက်လာသည်။ ကျောပေးထားသောလူကပါရုတ်တရက်လှည့်လာသည်။ သူ့ အလုပ်သမား အောင်မြင့် ဖြစ်နေသည်။ မိမော်ရော အောင်မြင့်ပါ နှစ်ယောက်စလုံး အမှုအရာတွေ ပျက်နေကြသည်။ သူတို့ လုံးဝမထင်ထား၊ မျှော်လင့်မထားသည့် အဖြစ်ကို ရုတ်တရက်တွေ့လိုက်ရသည်ဆိုတော့ မေ့ဆေးပေးခံထားကြသူတွေလို
ဖြစ်နေကြသည်။နစ်ယောက်လုံးအဝတ်အစားတွေကလည်းဖရိုဖရဲ၊မသပ်မရပ်တွေ။ အတွေ့အကြုံရှိသူ ငမြအဖို့ ချက်ချင်းအခြေအနေကိုတွေးမိလိုက်ပါသည်။ ခဏမျှသာရပ်ကြည့်ပြီးငမြကပြန်လှည့်လာကာအိပ်ခန်းထဲသို့ဝင်လာခဲ့သည်။ အခန်းထဲရှိ သူတို့လင်မယားအိပ်နေကျကွပ်ပျစ်ပေါ်တွင်ခေါင်းအုံး၊ စောင်တွေကသူ ထွက်သွားခဲ့သည်နှင့် ဆန့်ကျင်ဘက်ရှုပ်ပွနေသည်ကိုတွေ့ရသည်။ မနက်သူထွက် သွားစဉ်က မိမော်ခေါင်းတွင် ရစ်ပတ်လျက် ပန်ထားသည့် စပယ်ပန်းကုံးကလေးမှာ မွေ့ရာပေါ်တွင် ပိပြားညှိုးနွမ်းနေပါလေသည်။ ငမြက စပယ်ပန်းကုံးလေးကိုငေးစိုက်

ကြည့်နေမိသည်။သူ့မျက်လုံးအစုံက စပယ်ပန်းကုံးဆီမှကွပ်ပျစ်ခြေရင်းဘက်ဆီရွေ့ လျားသွားသည်။ ကွပ်ပျစ်ခြေရင်းဘက်တွင် မိမော် ဝတ်ဆင်နေကျ SMILE အမှတ် တံဆိပ်အတွင်းခံဘောင်းဘီလေးကတွန့်ခွေလျက်ရှိနေသည်။
ဖရိုဖရဲဖြစ်နေသော ခေါင်းအုံး၊ စောင်၊ နွမ်းကြေနေသော စပယ်ပန်းကုံးနှင့် တွန့် ခွေနေလျက်အတွင်းခံဘောင်းဘီတို့ကကိလေသာကာမတဏှာဇာတ်လမ်းတစ်ပုဒ် ကိုဖော်ထုတ်ပြသနေကြောင်းအလွယ်တကူသိနိုင်ပါလေသည်။မြေရင်ထဲတွင်ခံစား
ချက်များက တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေသည်။
ပထမဆုံး မိမော်ကို သည်လိုဖောက် ပြန်လိမ့်မည်မထင်ခဲ့ရာမှ လုံးဝယုံကြည် စိတ်ချခဲ့သော အချစ်ဆုံးမိန်းမက ယခုလို ကိုယ်တိုင်မျက်စိနှင့် တပ်အပ်မြင်လိုက် ရသဖြင့် အံ့အားသင့်သွားသည်။ တစ်ဆက်တည်း ဒေါသစိတ်တို့ ဖြစ်သွားရသည်။ ဒေါသစိတ်များမှတစ်ဆင့် ဝမ်းနည်းသလိုလို ကြေကွဲသလိုရှိသည်။ ဆက်တိုက်ပင် နှမြောစိတ်၊ဝန်တိုစိတ်၊ ရွံရှာမှု၊မသတ်မှုတွေ၊မုန်းတီးမှုတွေကပါ ဆက်တိုက်ပြောင်း လဲသွားကာ နာကြည်းမှုတို့က နောက်ဆုံးကျန်ရစ်ခဲ့သည်။ စိတ်ဆိုသည်က လောက ကြီးတွင် ရှိရှိသမျှအသံ၏အလျင်မြန်ဆုံ။ အလင်း၏ လျင်မြန်နှုန်းတွေထက် အဆ ပေါင်းမနှိုင်းယှဉ်သာအောင်မြန်လွန်းသည်ဆိုသည့်အတိုင်း စက္ကန့်ပိုင်းလေးအတွင်း
ပြောင်းလဲသွားနေသည်။
ငမြက သူ့စိတ်ကို ပြန်လည်ထိန်းချုပ်ပြီး အိပ်ခန်းအတွင်း ဝင်လာခဲ့ရာမှ တည် ငြိမ်စပြုနေသော သူ့စိတ်တို့ကိုအိပ်ခန်းတွင်းအခြေအနေတွေကအဆပေါင်းများစွာ
ပြင်းထန်သောယမ်းအိုးကိုဖောက်ခွဲပစ်လိုက်သလိုဖြစ်သွားစေခဲ့ပါတော့သည်။
“တောက်… ခွေးမ”
ထိန်းချုပ်ထားသည့်ကြားမှ ခံပြင်းနာကြည်းမှုကြောင့် တောက်တစ်ချက် ပြင်း ထန်စွာခေါက်လိုက်မိလေသည်။အတန်ကြာကြာရပ်နေရာမှ“မိမော်”ဟုအသံကုန်
အော်ဟစ်ခေါ်လိုက်မိသည်။
“ဘာ-ဘာလဲ-ကို-မြ
မိမော်အိပ်ခန်းထဲရောက်လာပြီ၊ထစ်ထစ်ငေါ့ငေါ့မေးလာရင်းမြလက်ထဲကိုင်
ထားသောအရာဝတ္ထုကိုတွေ့လိုက်ရသည်။ထိုအရာဝတ္ထုကသူဝတ်နေကျအတွင်းခံ
ဘောင်းဘီပင်ဖြစ်သည်။ SMILE အမှတ်တံဆိပ်လေး ရှိနေပါသည်။ တွေ့မြင်လိုက်

သည်နှင့်တစ်ပြိုင်နက် သူ့ရင်ထဲရှိ နှလုံးသားတွေ ပေါက်ထွက်မတတ် ခံစားလိုက် ရသည်။ သူ ဘာမှငြင်းဆန်လိမ်ညာဖို့ မဖြစ်နိုင်မှန်း တွေ၊မိလိုက်သည်။
“မင်း-မင်း”
ငမြမှာခံစားချက်ပြင်းထန်လွန်းသောကြောင့်စကားကိုပင်သေချာဖြောင့်ဖြောင့် တန်းတန်း ချောမောစွာ မပြောနိုင်တော့။ ကိလေသာတဏှာမီးက မည်သည့်အပူမီး နှင့်မှ မယှဉ်နိုင်အောင် ပူပြင်းစွာ လောင်ခဲ့ပြီမဟုတ်လား။ မြေသွေးတွေ ဆူပွက်နေ ကာမျက်စိဖွင့်ထားလျက်က ဘာမှမမြင်နိုင်အောင် ဖြစ်သွားသည်။
“အား-အမလေး”
မိမော်၏ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့်နာကျင်မှုတွေပေါင်းစပ်၍ထွက်လာသော
အော်သံကြီးပေါ်ထွက်လာခဲ့ပြီးနောက် အားလုံးတိတ်ဆိတ်သွားတော့သည်။
– ဇော်မြင့်သိန်း

Zawgyi Version

ေက်းဇူးမသိေက်းဇူးစြပ္၏(စ/ဆုံး)
—————————————–
တစ္ေယာက္ႏွင့္ တစ္ေယာက္အျပန္အလွန္ေက်းဇူးျပဳခဲ့ၾကရာတြင္မိမိတို႔ေက်းဇူးျပဳခဲ့သူအေပၚတြင္ တုံ႔ျပန္ေက်းဇူးဆပ္တတ္သူ၊ မိမိကို ေက်းဇူးျပဳခဲ့ျခင္း ကိုျပန္လည္ေက်းဇူးမဆပ္ႏိုင္ ေသာ္လည္းထိုသူျပဳေပးခဲ့ေသာေက်းဇူးတရားကို အၿမဲတေစ သတိရကာ စိတ္ထဲမွ ေမတၱာပို႔တတ္သူႏွင့္ ေက်းဇူးျပဳေပးခဲ့ျခင္းကို သိပါလ်က္ထိုသူကို ေက်းဇူးစြပ္တတ္ သူ (တစ္နည္း) ေက်းဇူးကန္းသူဟူ၍ ရွိေနပါသည္။
သည္လိုလူစားသုံးမ်ိဳးသုံးစား ရွိၾကရာတြင္ ေနာက္ဆုံးလူတန္းစားျဖစ္သည့္ ေက်းဇူးကန္းတတ္လူစားက အမ်ားဆုံး ရွိေနၾကပါသည္။ ေက်းဇူးကန္းတတ္သူ လူ စားမွာေကာင္းမြန္စြာေနရ၊စားရေသာ္လည္းတစ္ခဏတာကာလျဖစ္ၿပီးေနာက္ဆုံး
ဘဝဇာတ္သိမ္းမေကာင္းၾကသည္ကို မ်က္ျမင္ေတြ႕ခဲ့ဖူးပါသည္။ ေက်းဇူးသိသူ၊ ေက်းဇူးျပန္ဆပ္သူေတြလည္း မ်ားစြာေတြ႕ခဲ့ဖူးပါသည္။ သည့္နယ္လူစားေတြ ဘဝ ဇာတ္လမ္းကိုစာဖတ္သူမ်ားသိရွိၿပီး သင္ခန္းစာတစ္ခုမွတ္သားဖြယ္ရာတစ္ခုအျဖစ္ ေရးသားလိုက္ရျခင္း ျဖစ္ပါသည္။
ဖတ္ၿပီးေသာ္ မိမိကိုယ္တိုင္ အသိဉာဏ္ျဖင့္ ေဝဖန္၊ စဥ္းစား၊ ဆုံးျဖတ္ရန္က စာဖတ္သူ စိတ္ဆႏၵအတိုင္၊သာ ရွိပါေစေတာ့၊

ရန္ကုန္တိုင္းအတြင္းရွိၿမိဳ႕နယ္မ်ားအနက္ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွာေ႐ႊပန္းထိမ္၊ ေ႐ႊမႈိက္လုပ္ငန္းအမ်ားဆုံးရွိသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ပါသည္။
ေ႐ႊမွာရတနာအားလုံးႏွင့္ဆက္စပ္သုံးစြဲရျခင္းေၾကာင့္ ေ႐ႊတူးေဖာ္ျခင္းလုပ္ငန္း
ႏွင့္ေ႐ႊမႈိက္လုပ္ငန္းမွာလည္းေရွးႏွစ္ရာႏွင့္ခ်ီ၍ရွိခဲ့သလိုေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္
တည္ရွိေနမည့္လုပ္ငန္းတစ္ခုျဖစ္ပါသည္။လုပ္ကိုင္သည့္ နည္းပညာမွာသာေျပာင္း
လဲမႈရွိခ်င္ရွိပါမည္။အေျခခံလုပ္ကိုင္မႈကေတာ့မေျပာင္းလဲပါ။ သည္အတြက္ေၾကာင့္
သားစဥ္ေျမးဆက္လုပ္ကိုင္ေနၾကျခင္း ျဖစ္သည္။ အေသအခ်ာ ေရးျပရလွ်င္ ရွည္
လ်ားလြန္းပါသည္။ေရးလိုသည့္ ရည္႐ြယ္ခ်က္ႏွင့္မဆိုင္၍ လိုရင္းဇာတ္လမ္းကိုသာ ေရးပါမည္။

သို႔ေသာ္လည္း ေ႐ႊမႈိက္လုပ္ငန္းမွာ အင္မတန္က်ယ္ဝန္းၿပီး အဓိကအခ်က္မွာ
မႈိက္ဆရာတစ္ေယာက္အေနႏွင့္ေ႐ႊပန္းထိမ္ဖိုမ်ားကိုသိထားရသည္။ဘယ္ရပ္ကြက္၊ ဘယ္ၿမိဳ႕မွာ ေ႐ႊပန္းထိမ္ဖို မည္မွ်ရွိသည္။လုပ္ငန္းတြင္က်ယ္သည္။ လုပ္သားမည္မွ် ရွိသည္။ တစ္ႏွစ္ သို႔မဟုတ္ႏွစ္နစ္တြင္း မႈိက္ရွင္းတတ္သည္။ စသည္တို႔ကိုေသခ်ာ စုံစမ္းဆက္သြယ္ထားၿပီး စာရင္းစာအုပ္ႏွင့္မွတ္သားထားရသည္။ေပါ့ေပါ့ဆဆလုပ္
၍မရ။ေပါ့ဆပါကသူမ်ား(တျခားမႈိက္ဆရာ)လက္ဦးသြားကာမိမိအတြက္အမ်ားႀကီး ထိခိုက္နစ္နာသြားႏိုင္သည္။မိတ္ပ်က္သြားလွ်င္ေနာင္ကာလေတြမွာပါမိမိကိုမေပး
ေတာ့။
ပန္းထိမ္ဖိုမ်ားမႈိက္သိမ္းရန္အတြက္အၿမဲတမ္းစာရင္းကိုၾကည့္ေနရသည္။ ပန္း ထိမ္ဖိုတစ္ခုမႈိက္ရွင္းရန္ႏွစ္လသုံးလခန႔္ႀကိဳတင္ၿပီးေမးထားရသည္။ ျပည္လမ္းပိုင္း၊ မႏၲေလးလမ္းပိုင္း၊ ဧရာဝတီတိုင္းရွိ ၿမိဳ႕႐ြာမ်ားအထိ ဆက္သြယ္ထားရသည္။ လမ္း ေၾကာင္းတစ္ခုတည္းတြင္မႈိက္သိမ္းရမည့္ပန္းထိမ္ဖိုႏွစ္ခု၊ သုံးခုရွိေနလွ်င္ေလာေလာ
ဆယ္ စရိတ္ကုန္က်မႈ သက္သာသြားကာႏႈိက္ထြက္အနည္းအမ်ားကိုၾကည့္ၿပီးေဈး ေပးႏိုင္ေပသည္။
စသည္တို႔ကအေပၚယံသေဘာသာရွိေသးသည္။လုပ္သက္ႏွစ္၊ ဝါရင့္ မႈ၊ကြၽမ္း က်င္မႈတို႔သာမကေ႐ႊအေၾကာင္းကိုလည္းေသခ်ာေစ့ေစ့စပ္စပ္သိထားရန္လိုသည္။ တစ္ခါတစ္ရံ(အင္)ႏွင့္ထိလိုက္ပါကခြက္ေမွာက္ေအာင္ခံရႏိုင္ေသးသည္။အင္ဝိုင္း၊
ဖ်တ္ဝိုင္း က်င္တတ္႐ုံႏွင့္ မႈိက္ဆရာလုပ္၍မရပါ၊ သစၥာရွိကြၽမ္းက်င္ အလုပ္သမား ေကာင္းေတြလည္း ေမြးထားရေသးသည္။
ထိုေၾကာင့္သစၥာရွိလက္ရင္းတပည့္ေမြးရသည္။လက္ေထာက္မႈိက္ဆရာအျဖစ္ ပန္းထိမ္ဖိုငယ္မ်ားကိုမႈိက္သိမ္းစမ္းသပ္ခိုင္းေပးရသည္။ထိုသူမ်ိဳးကိုတစ္ရပ္တည္း
သား၊ အေၾကာင္းသိသူကိုသာေ႐ြးခ်ယ္ေလ့ရွိသည္။ သို႔ပါလ်က္ တစ္ခါတစ္ရံ မျဖစ္ စဖူး၊ မႀကဳံစဖူး ငယ္ေမႊးတပည့္ရင္းက သစၥာေဖာက္တတ္ပါေသးသည္။ ထိုသူေတြ ထဲတြင္ ငျမတစ္ေယာက္ ပါဝင္ခဲ့သည္။

ငျမကေ႐ႊမႈိက္သူေဌးဦးၾကည္ႏွင့္အိမ္ခ်င္းကပ္ေနသူ၊ ဦးၾကည္၏လုပ္ငန္းတြင္ လုပ္ကိုင္ေနေသာဦးေမာင္တင္၊ေဒၚဝင္းတို႔၏သားျဖစ္သည္။ ေျမကိုမေမြးခင္အခ်ိန္ မ်ားစြာကပင္ ဦးၾကည္၏ ေ႐ႊမႈိက္လုပ္ငန္းတြင္ လုပ္ခဲ့သူျဖစ္၍ ဦးၾကည္က သူ႔အိမ္ ေျခရင္းဘက္တြင္ဦးေမာင္တင္တို႔လင္မယားကိုေနထိုင္ေစခဲ့သည္။ အျဖစ္သေဘာထားခဲ့သည္။ဦးေမာင္တင္ကလုပ္ငန္းတြင္ယုံၾကည္အားကိုးရၿပီးသူ
လက္ရင္းလူယုံ
မိန္းမ ေဒၚဝင္းကလည္း ဦးၾကည္၏ မီးဖိုေခ်ာင္အလုပ္ကို လုပ္ကိုင္ရသူျဖစ္သည္။ ဦးၾကည္မိန္းမကလည္း ေဒၚဝင္းကိုစိတ္ခ်ၿပီးအားလုံးလႊဲအပ္ထားသည္။
ဦးေမာင္တင္၊ ေဒၚဝင္းတို႔လင္မယား မွာ ဦးၾကည္ လူယုံလက္စြဲျဖစ္၍ ေဆြမ်ိဳး ရင္းခ်ာလိုကူညီေထာက္ပံ့ေပးျခင္းခံရေပသည္။ ဦးေမာင္တင္တို႔ကလည္း ေက်းဇူး

တရားသိသူမ်ားျဖစ္ၾကသည္။လုပ္ငန္းမွာသာမကတျခားကိုယ္ေရးကိစၥမ်ားတြင္ပါ ေဆာင္႐ြက္ေပးခဲ့ၾကသည္။ အျပန္အလွန္ ေက်းဇူးရွိၾကသူ မိတ္ေဆြေကာင္းမ်ား
အျဖစ္ ရပ္တည္ခဲ့ၾကသည္။
သည္လိုေနလာခဲ့ရာ ဦးေမာင္တင္၊ ေဒၚဝင္းတို႔တြင္ သားတစ္ေယာက္ ေမြးလာ ခဲ့သည္။ အိမ္ေထာင္က်ၿပီး ဆယ္ႏွစ္ေက်ာ္မွကေလးရလာသျဖင့္ ဦးေမာင္တင္လင္ ယားမွာအလြန္ဝမ္းသာၾကၿပီး ဂ႐ုတစိုက္ေမြးျမဴခဲ့သည္။ မိခင္ေဒၚဝင္းကပိုၿပီးကဲကဲ သဲသဲျဖစ္ကာ အလိုလိုက္ခဲ့သည္။ ဦးေမာင္တင္က စည္းစနစ္သမားပီပီ ေဒၚဝင္းကို မၾကာခဏသတိေပးခဲ့သည္။ သားအေပၚအခ်စ္လြန္ေနသူ ေဒၚဝင္းႏွင့္ မၾကာမၾကာ စကားမ်ားရသည္။အလုပ္တစ္ဖက္ႏွင့္ ဦးေမာင္တင္မွာ စကားမ်ား ရန္ျဖစ္ရသည္က တစ္မ်ိဳးမို႔ကေလးႏွင့္ပတ္သက္ၿပီးမေျပာေတာ့၊
သားက စိတ္ေကာက္လွ်င္ ေဒၚဝင္းက မေနတတ္။ သားအႀကိဳက္ အလိုလိုက္ အေလွ်ာ့ေပးခဲ့သည္ခ်ည္းျဖစ္သည္။ အ႐ြယ္ေရာက္လာေသာ ေျမက ပါးနပ္သည္။ ဖခင္ရွိလွ်င္ ၿငိမ္ေနတတ္သည္။ ေျမကို ေက်ာင္းထားေပးသည္။ ေက်ာင္းေန၍ ေလး တန္းေရာက္ေသာႏွစ္မွစကာငဩပ်က္စီးေတာ့သည္။ေက်ာင္းတြင္အေပါင္းအသင္း မ်ိဳးစုံႏွင့္ ေတြ႕ရၿပီးအက်င့္စ႐ိုက္မ်ိဳးစုံတို႔ႏွင့္ရင္းႏွီးခဲ့ကာ လူငယ္သဘာဝ မေကာင္းမႈ စ႐ိုက္ဘက္သို႔ယိမ္းယိုင္ပါသြားခဲ့သည္။ စာဘက္ကိုဝါသနာမရွိ၊ သခ်ၤာတြက္ရသည္ ကို စိတ္ညစ္သည္။ မွတ္စာ၊ ဖတ္စာတို႔က်က္မွတ္ရသည္ကို ပ်င္းသည္၊
သို႔ေပမယ့္ေဂၚလီ႐ိုက္၊ ပိုက္ဆံ ေထာင္ပစ္ရသည္ကို သေဘာက်သည္။ သူငယ္ ခ်င္းေတြႏွင့္ေက်ာင္းေျပးၿပီးအင္းယားကန္၊ကန္ေတာ္ႀကီးတို႔ကိုသြားေရာက္ေရကူး သည္။ သည္လို သူငယ္ခ်င္းအေပါင္းအသင္းမ်ားႏွင့္ သြားလာေနရျခင္းကိုသာ သေဘာက်ေနရာမွ ေက်ာင္းကို လုံးဝမသြားေတာ့။ ဆရာေတြက အေၾကာင္းၾကား ေတာ့မွဦးေမာင္တင္၊ေဒၚဝင္းတို႔သိၾကရေပသည္။ဦးေမာင္တင္က ေဒါသျဖစ္လြန္း၍ ႐ိုက္ႏွက္ဆုံးမေသာ္လည္း ငျမက ပေတခံသည္။ ေက်ာင္းကို လိုက္ပို႔လည္းမရပါ။ မုန႔္စားလႊတ္ခ်ိန္ လစ္ထြက္သြားေလ့ရွိသည္။
ၾကာေသာ္ ေက်ာင္းမွ သည္းမခံႏိုင္ေတာ့သျဖင့္ အၿပီးအပိုင္ ေက်ာင္းထုတ္ပစ္ လိုက္ျခင္းခံလိုက္ရပါသည္။ ေျမ၏ဆိုးေပဖြဲ႕ကိုဦးေမာင္တင္အရႈံးေပးလိုက္ရသည္။
ထိုအခ်ိန္ငေျမဘက္ေတာ္သားမိခင္ေဒၚဝင္းေသဆုံးသြားရာငျမနည္းနည္းေျခၿငိမ္

သြားသည္။ အေျခ အေနကိုၾကည့္ၿပီး ဦးေမာင္တင္က သူ၏ ေ႐ႊမႈိက္လုပ္ငန္းတြင္ ဝင္ေရာက္လုပ္ကိုင္ေစလိုက္သည္။ သက္တူ႐ြယ္တူ ေတြ၊ တစ္ရပ္ထဲတစ္လမ္းထဲ နသူအေပါင္းအသင္းေတြႏွင့္ လုပ္ကိုင္ရသည္မို႔ ေျမအလုပ္တြင္ စိတ္ပါသလို ျဖစ္
သြားသည္။
လုပ္ရင္းကိုင္ရင္း
တျဖည္းျဖည္းလုပ္ငန္းတြင္စိတ္ဝင္တစားရွိလာ၍ကြၽမ္းက်င္မႈ ရွိလာသည္။ ထိုအခါမွ ဦးေမာင္တင္မွာ စိတ္ေအးသြားရသည္။ သူႏွင့္အတူ မ်က္စိ ေအာက္တြင္ လုပ္ကိုင္ေနေသာေၾကာင့္လည္း ျဖစ္ပါသည္။ လုပ္ငန္းရွင္ျဖစ္ေသာ
ဦးၾကည္ကလည္းလူယုံ၏သားျဖစ္၍တစ္ေၾကာင္း၊အလုပ္တြင္လည္းကြၽမ္းက်င္ေန ၍တစ္ေၾကာင္း လုပ္ခေငြကို တျခားသူေတြထက္ ပိုေပးသည္။ အခြင့္အေရးလည္း ေပးခဲ့သည္။ အဝတ္အစားကအစ ဝယ္ေပးခဲ့သည္။ ငျမမွာအလုပ္သမားမ်ားထဲတြင္အသြက္လက္ဆုံးအကြၽမ္းက်င္ဆုံးျဖစ္လာရာ
ဦးေမာင္တင္ထက္ဦးၾကည္က ပိုၿပီးသေဘာက်ေနသည္။
“ကိုတင္ – ခင္ဗ်ားသား ေျမကေတာ့ လူေတာ္ဗ်။ တကယ္ကို ခင္ဗ်ား ေျခရာ နင္းမဲ့ေကာင္”
ဦးၾကည္က သူ႔စိတ္ထဲရွိသည့္အတိုင္းတစ္ခါက ဦးေမာင္တင္ကိုထုတ္ေဖာ္ေျပာ ခဲ့ဖူးသည္။ထိုစကားေၾကာင့္ဦးေမာင္တင္မွာငျမဘဝေရွ႕ေရးအတြက္စိတ္ေအးသြား ခဲ့ရသည္။ သူ႔သား ငျမမွာ ေက်ာင္းပညာ မထြန္းကားေသာ္လည္း အသက္ေမြးရန္ အတြက္ေတာ့ မပူပင္ရေတာ့ဟူ၍ စိတ္ခ်သြားသည္။
ငေျမကတကယ္လည္းအလုပ္ကိုစိတ္ပါလက္ပါလုပ္ကိုင္သည္။ သူ႔စိတ္ထဲတြင္ ဦးၾကည္တို႔မိသားစု ခ်မ္းသာႂကြယ္ဝမႈကို အတူတူအနီးကပ္ေနရ၍ ျမင္ေတြ႕သိရွိေန သည္ျဖစ္ရာအားက်အတုယူလိုစိတ္ရွိေနသည္။ သူတို႔လိုေနခ်င္သည္။ထို႔ေၾကာင့္ ႀကိဳးစားလုပ္ကိုင္ေနျခင္း ျဖစ္ပါသည္။ နယ္ဘက္ေဒသရွိ ပန္းထိမ္ဖိုမ်ားထံသို႔ မႈိက္ သိမ္းသြားသည့္အခါမ်ားတြင္ ေသခ်ာေစ့ေစ့စပ္စပ္ လွည္းက်င္၊ သိမ္းက်ဳံးျခစ္ယူ သည္။လက္သုတ္အဝတ္စပင္မက်န္ေစရပါ။တံျမက္စည္းေဟာင္းကိုပင္ခ်ိဳးဖဲ့အဝတ္
ႏွင့္ေသခ်ာထုပ္ယူခဲ့သည္။
ဖခင္ျဖစ္သူ ဦးေမာင္တင္ဆီမွလည္းအေတြ႕အႀကဳံအရေရာ ႏႈတ္မွ သင္ၾကား ေပးမႈေတြ၊လက္ေတြ႕လုပ္ငန္း ရင္း သင္ၾကားေပးမႈေတြေၾကာင့္ပါ ငျမမွာဦးၾကည္၏

လက္စြဲေတာ္လူယုံတစ္ေယာက္ျဖစ္လာသည္။ ငေျမအ႐ြယ္ ေရာက္လာၿပီမို႔တစ္ရပ္ ကြက္ထဲေနသူ မိေမာ္ႏွင့္ ခ်စ္ႀကိဳက္သည့္အခါ ဦးၾကည္က အစစအရာရာ အကုန္ အက်ခံၿပီး မဂၤလာေဆာင္ေပးခဲ့သည္။
လက္ထပ္ၿပီး သုံးလေက်ာ္ရွိေသးသည္။ငျမမိန္းမ မိေမာ္က ေနထိုင္ရသည္မွာ မလြတ္လပ္ပါ၊ ဘာညာအေၾကာင္းျပ၍ ငျမကို ဂ်ီတိုက္လြန္း၍ အိမ္ခြဲေနၾကပါေတာ့ သည္။ဖခင္ျဖစ္သူဦးေမာင္တင္ကိုဦးၾကည္ကပင္စားေရးေသာက္ေရးကအစတာဝန္ ယူလိုက္သည္။ ဦးေမာင္တင္ကေတာ့ ခ်ိဳသည္၊ ခါးသည္ မေျပာခဲ့။ အခ်ိန္တန္၍ အသိုက္ခြဲသည္မွာ နိယာမတစ္ခုအျဖစ္ သေဘာထားခဲ့ပါသည္။
အလုပ္ကေတာ့အတူတူျဖစ္၍ညမိုးခ်ဳပ္မွသာ၊ သားအဖေတြခြဲအိပ္ရသည္သာ
ထူးသြားသည္ကို။
တစ္ႏွစ္ေက်ာ္ေက်ာ္ ရွိလာသည္။ ဦးေမာင္တင္က ေျမတို႔လင္မယားကို ေထာက္ပံ့ေပးေနရေသးသည္။ ႏွစ္ႏွစ္ေက်ာ္လည္း ငျမတို႔မွာ ဘာတစ္ခုမွ စုစု ေဆာင္းေဆာင္၊မရွိေသး။ေငြေၾကးကအစဦးေမာင္တင္ထံလက္ျဖန႔္ေတာင္းေနဆဲ သာျဖစ္သည္။ဖခင္ပီပီဦးေမာင္တင္ကထုတ္ေပးခဲ့သည္ခ်ည္းျဖစ္ပါသည္။ငျမမိန္းမ က အိမ္ရွင္မျဖစ္ လာသည့္တိုင္ ဘာတစ္ခုမွ မကြၽမ္းက်င္ ပါ။ အသုံးအစြဲကလည္း စည္းစနစ္မရွိ၊ ႐ုပ္ရွင္အစ ပြဲလမ္းသဘင္ အေပ်ာ္အပါး ခုံမင္သည္။ အိမ္ႏွင့္နီးေသာ သီတာ႐ုပ္ရွင္႐ုံတြင္ ေသာၾကာအပတ္႐ုပ္ရွင္ကားလဲတိုင္း ၾကည့္သည္။ ေျမနီကုန္း၊ပဒုမၼာကြင္းတြင္ဇာတ္သဘင္အဖြဲ႕ေတြလာေရာက္ကျပေသာရာသီ ေရာက္ၿပီဆိုလွ်င္ရပ္ကြက္ထဲမွအေဖာ္ေတြႏွင့္မိုးအလင္းသြားၾကည့္သည္။ျပန္လာ လွ်င္ အိမ္ကိစၥ စားေရး ေသာက္ေရးကိုပင္ မလုပ္ေတာ့။ အိပ္ ရာထဲ ထို၊အိပ္တတ္ သည္။ ျမက ထမင္းတစ္အိုး ခ်က္ထားၿပီးမွ အလုပ္ကို လာသည္။ ေန႔လယ္ထမင္း စားခ်ိန္ေရာက္လွ်င္အလြယ္တကူဝယ္ရႏိုင္ေသာအေၾကာ္စုံ၊သည္လိုမွမဟုတ္လွ်င္ ေတာ့သူလက္ဖက္သုပ္တို႔ဝယ္ကာစား ရသည္။ သည္အျဖစ္ေတြကို သိျမင္ေနရသူ ဦးေမာင္တင္ စိတ္မေကာင္းျဖစ္ေနရသည္။
သို႔ေသာ္လည္း သူကိုယ္တိုင္က ဦးၾကည္အိမ္မွာ စားေနရသူဆိုေတာ့ ဘာမွ မတတ္ႏိုင္ပါ။ကိုယ့္သားဆိုၿပီးငျမကိုဆုံးမစကားေျပာဖူးသည္။ ငျမကနားမဝင္သည့္
ျပင္ဦးေမာင္တင္ကိုပင္ကလန္ကဆန္ျပန္ေျပာခဲ့သည္။ေခြၽးမျဖစ္သူမိေမာ္ကမၾကာ

ခဏေစာင္းေျမာင္းေျပာဆိုတတ္သည္။လင္ျဖစ္ေသာငေျမကိုလည္းေသြးထိုးေျမႇာက္
ေပးသည္။ ေက်းဇူးရွင္ျဖစ္ေသာ ဦးၾကည္ မိသားစုကိုပါ ပုတ္ခတ္ေျပာဆိုလာသည့္ အခါတြင္ ဦးေမာင္တင္ မေနသာၿပီမို႔ လင္ မယားႏွစ္ေယာက္လုံ၊ကိုပါ ခပ္တင္းတင္း မ်က္နာထားမာမာႏွင့္ႀကိမ္းေမာင္းခဲ့ရသည္။
ဖခင္ကိုငယ္ေၾကာက္ျဖစ္သည္မို႔ငျမအေတာ္ကိုၿငိမ္သြားသည္။တစ္ရပ္တည္း သားေတြမို႔ ဦးေမာင္တင္က လူ႐ိုးေျဖာင့္၊ မတရားလုပ္လွ်င္ ရပ္ကြက္သူႀကီး(ထိုစဥ္ ကာလ ရပ္ကြက္တစ္ခုလွ်င္ သူႀကီးတစ္ဦး၊ ဆယ္အိမ္ေခါင္း တစ္ဦးစီႏွင့္ အုပ္ခ်ဳပ္ခဲ့ သည္။)ကို ျပန္လွန္ေျပာဆိုရဲသူဆိုေတာ့ တကယ္တမ္း ႀကိမ္းေမာင္းလာသည့္အခါ ေၾကာက္႐ြံ႕သြားကာ မိေမာ္ပါ ၿငိမ္သြားျခင္းျဖစ္သည္။ ထိုေန႔မွစၿပီး ဦးေမာင္တင္က မ်က္ႏွာသာမေပးေတာ့။ ခပ္မာမာ ဆက္ဆံေျပာဆိုေနသည္။
ကံၾကမၼာတရားကႀကိဳတင္ျမင္ႏိုင္စြမ္းရွိသည္မဟုတ္ေလေတာ့။ျဖစ္လာသည့္ အခါမွ ရင္ဆိုင္လိုက္ရသည္။ ေကာင္းသည္ဆိုးသည္ကလည္း ေရွးဘဝကုသိုလ္ အက်ိဳးေပးအတိုင္းသာျဖစ္ပါသည္။ ျဖစ္ျခင္း၊ ပ်က္ျခင္းဆိုသည္ ကလည္း အတူတူ ပင္းတစ္ေန႔ဦးေမာင္တင္အပူငုပ္၍အျပင္းဖ်ားသည္။ဦးၾကည္ကအိမ္ျပန္ၿပီးအနား ယူခိုင္းသျဖင့္ အိမ္ျပန္ကာ အိပ္ေနလိုက္သည္။ ေနာက္တစ္ေန႔ အလုပ္ဆင္းခ်ိန္ထိ ဦးေမာင္တင္ ေရာက္မလာေသာ္လည္း မသက္သာေသး၍သာ မလာျခင္းျဖစ္မည္ ထင္ၾကသည္။ သည္အတြက္ နားပါေစဆိုၿပီးတစ္ေယာက္ကမွ သြားမေခၚခဲ့ၾကပါ။ သို႔ေသာ္လည္းေန႔လယ္ထမင္းစားခ်ိန္တိုင္ေရာက္မလာသည့္အခါမွဦးၾကည္ ကိုယ္တိုင္ သြားေရာက္ၾကည့္ေသာအခါဦးေမာင္တင္တစ္ေယာက္ေသဆုံးေနၿပီကို ေတြ႕လိုက္ရေလသည္။ လူေတြအားလုံး လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကကာ ကိုယ္စီ ကိုယ္စီလုပ္သင့္လုပ္ထိုက္သည့္ကိစၥမ်ားကို ဝိုင္းဝန္းကူညီလုပ္ေပးၾကသည္။နာေရး
ကိစၥအျပင္ရပ္ကြက္သူ ရပ္ကြက္သားေတြကခ်စ္ခင္ေလးစားသူမို႔သားအရင္း ငျမပင္ ဘာမွတာဝန္မယူရေပ။ အားလုံးကတာဝန္ယူေဆာင္႐ြက္ေပးခဲ့ၾကသည္။
ဦးေမာင္တင္ကိစၥ ၿပီးစီးသြားသည့္အခါ အလုပ္ရွင္ ဦးၾကည္က လုပ္ငန္းကြၽမ္း က်င္ၿပီး အေၾကာင္းေၾကာင္းမ်ားစြာကို ေထာက္ထား၍ ငျမကို ဦးေမာင္တင္ေနရာ လႊဲအပ္ေပးခဲ့သည္။အလုပ္ေကာင္းေကာင္းလုပ္ကိုင္ရန္မွအစလိုအပ္သည္မ်ားကိုပါ ကူညီေပးမည္။ ေဆြမ်ိဳးသားခ်င္းလို စိတ္ထားၿပီး လုပ္ေပးရန္ကို ေျပာၾကားခဲ့သည္။

ငျမကလည္း ဝန္ခံကတိေပးခဲ့သည္။ လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း မေက်နပ္သူ မရွိ။ အားလုံးက ဝမ္းပမ္းတသာလက္ခံၾကပါသည္။
ငျမက တကယ္လည္း အားႀကိဳးမာန္တက္ လုပ္ကိုင္ေပးခဲ့ပါသည္။ နယ္ေဒသ မ်ား မႈိက္သိမ္းထြက္သည့္အခါတြင္ ယခင္ကလို ေစ့ေစ့စပ္စပ္ လုပ္ကိုင္ခဲ့သည္။ ရန္ကုန္ျပန္ေရာက္လွ်င္ အားလုံး တိတိက်က် စာရင္းကို ေသခ်ာအပ္သည္။ ဘယ္ ပန္းထိမ္ဖိုကဘယ္ေလာက္၊ဘယ္သူ႔ဆီကဘယ္ေလာက္၊အမႈိက္ထုပ္မ်ားကိုေသခ်ာ အပ္သည္။ စားစရိတ္၊ လမ္းစရိတ္ကုန္ေငြ၊ က်န္ေငြတို႔ကို တစ္ခုခ်င္း ရွင္းျပသည္။ သူ႔ဖခင္ ဦးတင္ေမာင္လုပ္ပုံကိုင္ပုံအတိုင္း ထပ္တူတစ္ပုံစံတည္း စနစ္က်သည္ကို ဦးၾကည္က ေက်နပ္သေဘာက်ခဲ့ေလသည္။ ဝမ္းသာမဆုံး ရွိေနသည္။
တကယ္တမ္၊ ငျမ စိတ္ထဲတြင္ ရွိေနသည္ကိုေတာ့ မည္သူကမွ သိႏိုင္မည္ မဟုတ္ပါ။ ငျမသည္ ပညာတတ္၊ပညာရွိမဟုတ္ပါ။သာမန္လူတစ္ေယာက္သာျဖစ္ပါ သည္။ သို႔ေစကာမူ သူ၏စိတ္ကူးအႀကံအစည္ကိုသူ႔ရင္ထဲတြင္သာသိမ္းဆည္းထား
သည္။တျခားလူမဆိုႏွင့္သူ႔မိန္းမမိေမာ္ကိုပင္ေျပာမထားခဲ့ပါ။ေရွးလူႀကီးမ်ားျပာ ေလ့ေျပာထရွိၾကေသာ(ပညာရွိအမ်က္အျပင္မထြက္)ဆိုစကာ။မွာသည္တစ္ခါေတာ့
မွားေနၿပီဟု ဆိုရေပမည္။
ဘာေၾကာင့္လည္းဆိုေတာ့ (လူမိုက္အမ်က္ အျပင္မထြက္)ဟူ၍ ေျပာင္းလဲ ရေအာင္ျဖစ္လာ၍ပင္။ သည္လိုျဖစ္ရန္လည္းငျမကသိုသိုသိပ္သိပ္ ေနထိုင္ႏိုင္ခဲ့၍ ျဖစ္ျခင္းေၾကာင္း ေျပာရမည္ထင္သည္။ ေျမကအသြားအလာမပ်က္၊အလုပ္အကိုင္ တြင္လည္း ေပါ့ေပါ့ဆဆ မလုပ္ပါ။ သည္အတြက္ ဦးၾကည္ ကိုယ္တိုင္သာမဟုတ္ အတူလုပ္ကိုင္ေနၾကသူမ်ားပါ ငျမကို ခ်ီးက်ဴးေနခဲ့ၾက သည္က ထင္ထင္လင္းလင္း ျဖစ္ေနသည္။
“ဒီေကာင္က သူ႔အေဖအတိုင္း တစ္ပုံစံတည္းကြ၊ တကယ္ကြၽမ္းတယ္” “ဟုတ္တယ္-အလုပ္လုပ္တဲ့ေနရာမွာတကယ့္ကိုေစ့စပ္တယ္။ သူမ်ားလုပ္ၿပီး ၿပီဆိုတာကို သူက ထပ္လုပ္ရင္ အနည္းဆုံး တစ္ေ႐ႊ။ ႏွစ္ေ႐ြးေတာ့ ထပ္ၿပီးထြက္ ေအာင္လုပ္ႏိုင္တာ”
စသည့္ ခ်ီးမြမ္းစကားေတြၾကားရတတ္သည္။သူ႔ကိုေလးစားၾကသည္။သည္လို ေျပာစကားမ်ားအတြက္ ေျမက အထူးတလည္ ခံစားရမႈမရွိခဲ့ပါ။ သူ႔စိတ္ကူး အႀကံ

အစည္ကိုဆက္လက္ေဖာ္ေဆာင္ရန္သာစိတ္ထဲစြဲမွတ္ထားခဲ့သည္။တစ္နည္းေျပာ
ရလွ်င္
သားေကာင္ပစ္ခတ္ေသာမုဆိုးလိုအပိုင္ပစ္ခတ္ႏိုင္ေသာ ပစ္ကြင္း မေရာက္ မခ်င္း ေစာင့္ဆိုင္းေနသကဲ့သို႔ သူလိုခ်င္ေသာ အခြင့္အေရး ေရာက္လာသည္အထိ ေစာင့္ေနျခင္းသာျဖစ္ပါသည္။
သူကသည္လိုေစာင့္ေနသည္ကိုမသိေသာမယားျဖစ္သူမိေမာ္ကမေက်နပ္ပါ။ မိန္းမပီပီ မိန္းမေတြးပင္ ေတြးသည္။ တျခားမိန္းမေတြထက္ ပိုၿပီးဝတ္ခ်င္သည္၊ စားခ်င္သည္၊ ႂကြားခ်င္သည္ကို။
“ရွင္ကလည္း- ေတာ္ေတာ္ကို ေအးတာပဲ၊ တျခားမႈိက္ဆရာေတြကို ၾကည့္၊ အနည္းဆုံး ကိုယ္ပိုင္အိမ္နဲ႔ ဆိုင္ကယ္နဲ႔၊ မိန္းမဆိုလည္း ဆြဲႀကိဳး၊ နားကပ္၊ လက္ ေကာက္နဲ႔ ဝင္းဝင္းကို လက္ေနတာ”
“ဟ- နင့္မွာေရာ ဘာမွမရွိလို႔လား၊ ငါရွာေနတာ နင့္အတြက္ မဟုတ္ဖူးလား။ အခုေရာကိုယ္ပိုင္အိမ္နဲ႔ ေနရတာေလ”
“ဟို-ေအးမတို႔၊မိစိန္တို႔ဆြဲႀကိဳးေတြနဲ႔ယွဥ္ၾကည့္ေလ။က်ဳပ္ဆြဲႀကိဳးကအပ္ခ်ည္
ႀကိဳးေလာက္ကေလ။
“ေတာ္ေတာ- မိမိုးတို႔၊မိစိန္တို႔၊ ေအးမတို႔ဆိုတာ သူတို႔မိဘေတြအစဥ္အထက္ ကိုက ခ်မ္းသာလာၾကတာ နင္ မသိဘူးလား”
ငျမက သည္လို ခပ္ထန္ထန္ေျပာလိုက္မွ မိေမာ္ ပါးစပ္ပိတ္သြားသည္။ ဆက္ ေျပာလွ်င္ငျမကလက္ပါလာေပေတာ့မည္၊ သူသာအနာခံရမည္ကိုသေဘာေပါက္
ထားသည္ကိုး။

အမွန္စင္စစ္ မိေမာ္ေျပာသည္မွာ မွန္ပါသည္။ တျခားလူေတြႏွင့္ယွဥ္လွ်င္ ငျမ တို႔လင္မယားမွာ ဘာမွစုစုေဆာင္းေဆာင္းမရွိပါ။ လက္ရွိေနေသာအိမ္ကေလးမွာ ေျမမိဘေတြထားခဲ့၍သာေနထိုင္ရျခင္းျဖစ္သည္။
လင္ေရာမယားပါေရွ႕ေနာက္ ဘာမွမေတြးခဲ့၊ ေငြရလာခဲ့သည္ႏွင့္ဆယ္ရက္ပင္ မခံပါ၊ စားလိုက္ေသာက္လိုက္၊ ပြဲလမ္းသဘင္ သြားလိုက္ႏွင့္ ေျပာင္သလင္းခါသြား သည္ခ်ည္း ျဖစ္ပါသည္။ အိမ္ေထာင္သက္ သုံးနစ္ေက်ာ္ရွိသည့္တိုင္ ကေလးမေမြး

ေသး၍ ေတာ္ေပေသးသည္။ကေလးသာရွိလွ်င္ လြယ္မည္မဟုတ္ေပ။ ႏွစ္ေယာက္
လုံးကလည္းကေလးမရသည္ကိုပင္ဝမ္းသာေနေသးသည္။ကေလးမရွိေတာ့လြတ္ လြတ္လပ္လပ္ရွိသည္။ ေပ်ာ္ခ်င္တိုင္း ေပ်ာ္ႏိုင္သည္။
အေပ်ာ္အပါးဆိုလွ်င္ ငျမတို႔လင္ မယားစုံတြဲက ေရွ႕ဆုံးက ေနရာယူၿပီးသား။ ႏွစ္ခါမေခၚရ၊ ထလိုက္သြားသည္သာျဖစ္သည္။ လင္မယားႏွစ္ေယာက္ တက္ညီ လက္ညီလုပ္ကိုင္ၿပီး ေခြၽတာစုေဆာင္းသည္ကိုေတာ့ မလုပ္၊ သုံးျဖဳန္းသည့္ေနရာ တြင္သာ စိတ္တူကိုယ္တူ ရွိသည္။ ၿပီးေတာ့မွ သူတစ္ပါး လွလွပပ ဝတ္စားသည္ကို သာအားက်သည္။ မေက်မနပ္ျဖစ္သည္။ထိုသူေတြကဤသို႔ဝတ္စားႏိုင္ရန္မည္သို႔ ႀကိဳးစားလုပ္ကိုင္ခဲ့သည္။ ၿခိဳးၿခံေခြၽတာသည္။ စုေဆာင္းသည္ကိုေတာ့ အားမက်၊ အတုမယူပါ၊
ေျမကလည္းသိပ္မထူးျခား။တစ္ခါကအေအးမိဖ်ားစဥ္ကေဆးဝါးအျဖစ္သုံးစြဲ
ခဲ့ေသာ အရက္၏အရသာကို စြဲလမ္းကာ ေန႔စဥ္ေသာက္သုံးသူဘဝ ေရာက္ေနခဲ့ သည္။ညေနအလုပ္ၿပီးလွ်င္လမ္းဆုံတြင္ရွိေသာမက်င္ေမႊးဆိုင္သို႔ေရာက္ေနသည္။ အစကေတာ့တစ္ပိုင္။ထမင္းစားေကာင္း႐ုံေလးပါးၾကာေတာ့တစ္ပိုင္းတစ္စိတ္ျဖစ္ လာသည္။ အေညာင္းအညာေျပ၊ အပန္းေျဖတာပါ။ တျဖည္းျဖည္း အရက္ဒီဂရီ တိုးလာသည္။ ေန႔စဥ္ေသာက္ေလ့ရွိလာသည္။
တစ္ခုေတာ့ရွိသည္။ ျမက အရက္ေသာက္ၿပီးသည္ႏွင့္ မည္သည့္ေနရာမွ သေဝမထိုးပါ။ အရက္ေသာက္ၿပီး အိမ္ကိုသာ တန္းျပန္ေလ့ရွိသည္။ မူးၿပီးရစ္ျခင္း ျပႆနာရွာျခင္းမလုပ္တတ္။အိမ္ေရာက္လွ်င္ေရခ်ိဳးထမင္းစားၿပီးအိပ္ေတာ့သည္။
သည္အတြက္အားလုံးကအေကာင္းျမင္ကာ ခ်ီးမြမ္းစကား ေျပာၾကသည္။ “မင္းကေတာ့ တကယ္ကို အခ်ိန္မွန္ရထားႀကီးပဲကြ၊ အရက္ခြက္ခ်ၿပီးတာနဲ႔ အိမ္ျပန္မယ္ျဖစ္တာပဲ”
“ဟ – မင္းတို႔ကလည္း သူက (မယက)ေလကြာ”
“မင္းတို႔ေျပာတာ မွားေနၿပီကြ၊ ငျမ က မင္းတို႔ထင္သလို (မ.ယ.က) မဟုတ္ပါ ဘူးကြာ”
“ေဟ- ဒါဆိုရင္ဘာေၾကာင့္ေနာက္ဆုံးခြက္ခ်ၿပီးတာနဲ႔အိမ္ျပန္မယ္ျဖစ္တာလဲ။ မင္းသိရင္ေျပာပါဦး”

“မင္းတို႔ကလည္း- အေတာ္ကိုဒုံးေဝးတဲ့ေကာင္ေတြကိုးကြ အရက္ေသာက္ၿပီး ၿပီးခ်င္းအိမ္ကိုျပန္တာဆိုေတာ့ဒီဂရီအျပည့္ရွိေနတယ္ေလကြာ။သူ႔ရဲ႕မိေမာ္ကလည္း
အခုထိကေလးတစ္ေကာင္မွမေမြးေသးဘူးေလ”
ဟား”
“အဲဒါနဲ႔ဘာဆိုင္လို႔။ေအာ္- ေအ၊- ေအး- သေဘာေပါက္ၿပီေဟ့- ဟား- ဟား-
ဆိုင္ထဲရွိအတူေသာက္ေနၾကသူေတြေရာအနီးရွိလူေတြကပါအားရပါးရရယ္
ၾကေလ့ရွိသည္မွာေန႔စဥ္လိုပင္ျဖစ္ပါသည္။
ဘယ္သူေတြ ဘာေျပာေျပာ ေျမကေတာ့ တကယ္ကိုအခ်ိန္မွန္ရထားႀကီး ျဖစ္ ပါသည္။ (အခ်ိန္မွန္ရထားႀကီး ဆိုသည္မွာ ထိုေခတ္ ထိုအခ်ိန္က ျမန္မာ့မီးရထား ပို႔ေဆာင္ေရးဌာနႀကီးမွာ တကယ္ကို ရထားအဝင္အထြက္ အခ်ိန္မွန္လြန္းေသာ ေၾကာင့္ျပည္သူအားလုံးကတေလးတစား ဂုဏ္ျပဳခဲ့ၾကေသာစကားပင္ျဖစ္ပါသည္။
အစစအရာရာတိုးတက္လာေသာေခတ္တြင္မွမမေခၚျမန္မာ့မီးရထားဌာနႀကီးမွာ-
ဒါပါပဲ)
ငျမတစ္ေယာက္ အတန္းပညာ သိပ္မတတ္ေသာ္လည္း ဦးေႏွာက္မွတ္ဉာဏ္ ကေတာ့ ေကာင္းသည္။ လုပ္ငန္း ႏွင့္ပတ္သက္ေသာ ရန္ကုန္ၿမိဳ႕မွစၿပီ၊ ပုသိမ္၊ ျပည္၊ မႏၲေလး၊ ေမာ္လၿမိဳင္ၿမိဳ႕ႀကီးမ်ားမွ ပန္းထိမ္ဖိုေတြ၏ေ႐ႊမႈိက္သိမ္းရသည့္အခ်ိန္တြ
ကိုလည္းသူမွတ္သားထားသည္။အခ်ိန္ကာလမည္မွ်ၾကာလွ်င္ရႏိုင္မည့္ေ႐ႊမႈိက္ႏွင့္
ထုတ္လုပ္လွ်င္ ထြက္လာႏိုင္ေသာေ႐ႊခ်ိန္ကိုပါ ခန႔္မွန္းႏိုင္သည္ထိ ကြၽမ္းက်င္ေန သည္။
သို႔ေသာ္လည္း ေျမက လုပ္ငန္းႏွင့္ ပတ္သက္သမွ် သူသိရွိထားသည္တို႔ကို မည္သူ႔ကိုမွ မေျပာျပခဲ့ပါ။ ပိုင္ရွင္ျဖစ္သူ ဦးၾကည္ကိုပင္ ေျပာမျပခဲ့ပါ။ သည့္နယ္ လွ်ိဳ႕ဝွက္ထားခဲ့ျခင္းမွာအေၾကာင္းရွိသည္။တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္သူ႔စိတ္ထဲမွအႀကံ
အစည္ကိုျပဳလုပ္သည့္အခါအသုံးခ်ရန္အတြက္ျဖစ္သည္။
လုပ္ငန္းတစ္ခု တည္ေထာင္လုပ္ ကိုင္သူတစ္ဦးသည္ ပထမဆုံး မိမိလုပ္ကိုင္ မည့္လုပ္ငန္းႏွင့္ပတ္သက္၍ ေစ့ေစ့စပ္စပ္လုပ္ကိုင္ႏိုင္စြမ္းရွိရမည္ျဖစ္သည္။ မကြၽမ္း
က်င္လွ်င္လည္းႏွံ႔ႏွံ႔စပ္စပ္သိရွိထားဖို႔လိုေပသည္။ သည္လိုအရည္အခ်င္းရွိမွလည္း

မိမိ၏အလုပ္သမား ဝန္ထမ္းမ်ား၏ အလွည့္အပတ္၊ အလိမ္အညာ မခံရႏိုင္ေတာ့။ ယခု ဦးၾကည္အေနႏွင့္ ကိုယ္တိုင္ဦးစီးၿပီး ဖိဖိစီးစီးမလုပ္ခဲ့။ ယုံၾကည္ရသည္ဆိုၿပီး ယုံၾကည္မႈလြန္ကဲကာလူယုံလက္ရင္းကိုအားလုံးလႊဲအပ္ထားခဲ့သည္။
အထူးသျဖင့္ အေဝးနယ္ေဒသမ်ားသို႔ ကိုယ္တိုင္လိုက္မသြားခဲ့။ ျပန္လာလွ်င္ ေစ့စပ္ေသခ်ာစြာ စစ္ေဆးျခင္း၊ စာရင္းဇယားႏွင့္ မွတ္သားျခင္းတို႔ မျပဳခဲ့ေပ။ လူယုံ ကိုယ္စားလွယ္ျပန္ေျပာသမွ်ေခါင္းညိတ္လက္ခံခဲ့သည္ခ်ည္းျဖစ္သည္။ သည္ကဲ့သို႔ ေပါ့ေပါ့ဆဆျပဳလုပ္ခဲ့မႈက တစ္ေန႔ေသာအခါ ဆိုးက်ိဳးမ်ား ရရွိႏိုင္ေၾကာင္း ဦးၾကည္ မေတြးမိခဲ့ပါ။ငျမႏွင့္ပတ္သက္၍လည္းဖခင္ဦးေမာင္တင္ကဲ့သို႔ သစၥာရွိလိမ့္မည္ဟု တရားေသ ထင္မွတ္ခဲ့သည္။ သူ၏အထင္အျမင္တို႔က ဆန႔္က်င္ဖက္သာ ျဖစ္မည္ မေမွ်ာ္လင့္ခဲ့ေပ။
တကယ္တမ္း ေတြ႕ ႀကဳံလိုက္ရၿပီ ဆိုေသာအခါမွ ဦးၾကည္မွာ မယုံၾကည္ႏိုင္
ေလာက္ေအာင္အံ့အားတသင့္ျဖစ္ခဲ့ရသည္၊ မခ်င့္မရဲေတာက္တခတ္တ္ႏွင့္ေျပာ
မဆုံးေတာ့၊
တယ္”
“ေတာက္ – ဒီေကာင္ကြာ-တကယ္ကို ရက္ရက္စက္စက္ လုပ္ရက္ပေလ
“ဟင္း-ငါတို႔ေ႐ႊေလာကဆိုတာ နယ္က်ဥ္းက်ဥ္းေလးပါ။ ဒီေကာင္ အခုလို လုပ္သြားေတာ့ သူတစ္ႀကိမ္တည္းနဲ႔ နိဂုံးခ်ဳပ္သြားၿပီေပါ့။ သူ႔ကို ဘယ္သူက ယုံယုံ ၾကည္ၾကည္နဲ႔ ခိုင္းေတာ့မွာလဲ”
ဦးၾကည္ေျပာသည္မွာမွန္ကန္ပါသည္။ေ႐ႊေလာကမွာသာမဟုတ္ပါ။မည္သည့္
ေနရာ၊ဌာနတြင္မဆိုလူလိမ္တစ္ေယာက္၊ ခို၊တတ္သူတစ္ေယာက္အတြက္ဝင္ဆန႔္
ရန္ေနရာမရွိပါ။ကိုယ္က်င့္တရားႏွင့္ပတ္သက္၍လိမ္ညာတတ္သူ၊ ခိုးတတ္သူတစ္ ေယာက္ကိုမည္သူမွမယုံၾကည္ၾကပါ။ထိုသူ၏အက်င့္စ႐ိုက္ကို မသိၾကေသးသည့္ ကာလတြင္သာေပါင္းသင္းဆက္ဆံၾကသည္။တစ္ဦးတစ္ေယာက္သိသြားၿပီဆိုလွ်င္
တစ္ေယာက္မွတစ္ဆင့္ တစ္ရာဆိုသလို သိသြားၾကလွ်င္ တစ္စတစ္စပ်ံ႕ႏွံ႔ၿပီး ေရွာင္ ၾကဥ္ျခင္းခံရတတ္ပါသည္။မည္သည့္ေနရာတြင္မွလုပ္ကိုင္စားေသာက္၍ မရေတာ့
ပါ။

ယခုငျမလည္းသည္အတိုင္းပင္ျဖစ္သည္။သူ႔အေနႏွင့္ ဘဝအေတြ႕အႀကဳံနည္း
ပါးၿပီးအသိဉာဏ္ႏွင့္ပညာနည္းပါးသူပီပီ ေရွ႕ေနာက္ေျမာ္ေတြးျခင္းမရွိ၊စိတ္ကူးယဥ္ ကာမျပဳလုပ္သင့္ေသာေက်းဇူးျပထားသူ ေက်းဇူ၊ရွင္အေပၚတစ္ခါစားေက်းဇူးကန္း လိုက္ျခင္းျဖစ္သည္။ ေျမက အခ်ိန္အခါေကာင္းကို စိတ္ရွည္ရွည္ထား၍ ေစာင့္ေန ခဲ့သည္။ သူ ေစာင့္ေနသည္က နယ္ၿမိဳ႕မ်ားသို႔ ေ႐ႊ မႈိက္သိမ္းရမည့္အခ်ိန္ျဖစ္သည္။ လမ္းေၾကာင္းတူၿမိဳ႕မ်ားရွိ ပန္းထိမ္ဖိုမ်ားကို တစ္ႀကိမ္တည္း တစ္ေခါက္တည္း သြား လွ်င္ စားေသာက္သုံးစြဲမႈကအစ သုံးဆမွ သက္သာသည္ကပင္ အျမတ္တစ္ခု ျဖစ္
သည္။
နာမည္ႀကီးအပ္ထည္မ်ားေသာ ပန္းထိမ္ဖိုႏွစ္ခုမွ် ပါဝင္လွ်င္ အျမတ္တစ္ခုျဖစ္ ျပန္သည္။ဦးၾကည္လုပ္ကိုင္ေလ့ရွိသည္ကိုသိထားသူငျမကအခ်ိန္ကိုေစာင့္ေနျခင္း ျဖစ္သည္။အထူးသျဖင့္ရန္ကုန္ – ျပည္လမ္။ရန္ကုန္-ေမာ္လၿမိဳင္၊ ရန္ကုန္ – မႏၲေလး လမ္းေတြ အသိမ္းကိုျဖစ္သည္။ ျမစ္ဝကြၽန္းေပၚေဒသဘက္က ခရီးလမ္း ခက္ခဲ ၾကန႔္ၾကာၿပီးစရိတ္ႀကီးမားသည္။ယခုလိုေမာ္ေတာ္ကားလမ္းေတြမရွိေသး၊ သေဘၤာ လမ္းကို အားကိုးၿပီး ေနာက္တစ္ခါ ကားငွားရေသးသည္မို႔ အျမတ္နည္းသည္ကိုး။ ဒါေၾကာင့္ ငျမက မသြားခ်င္ပါ၊
ယခုအေခါက္ မႏၲေလးကိုအဓိကျဖစ္၍ အျပန္မႈလမ္းႀကဳံသည့္ၿမိဳ႕မ်ားမွပန္းထိမ္
ဖိုေတြကိုဝင္သိမ္းရန္ျဖစ္သည္။လုပ္ငန္းသုံးရန္ပစၥည္းကယူသြားရန္မလိုေပ။လိုအပ္ သည့္အခါမွ ဝယ္ယူသုံးႏိုင္ပါသည္။ ငျမက နယ္သြားလွ်င္ ေခၚေနက် သူ႔လူသုံး ေယာက္ကို ေ႐ြးခ်ယ္ၿပီး ရထားႏွင့္ ထြက္ခဲ့သည္။ မႏၲေလးေရာက္မွ ရႏိုင္ေသာ ပန္း ထိမ္ဖိုေတြႏွင့္ ထြက္ရွိမည့္ ေ႐ႊမႈိက္ကိုၾကည့္ၿပီး ကားငွားမည္။ ငျမက စာသိပ္မတတ္ ေပမယ့္အတြက္အခ်က္ကေတာ့ေကာင္းသည္ေလ။
မႏၲေလးေရာက္ေတာ့ ငျမတို႔သုံး ေယာက္ ေဈးခ်ိဳအနီးရွိ ဗႏၶဳလတည္းခိုခန္းမွာ တည္းသည္။ သူက သပ္သပ္တျခားေနရာမွာ တည္းသည္။ ( သူ႔ကိစၥကို သူ႔လူ သုံး ေယာက္ မသိရန္ျဖစ္သည္။) ထိုစဥ္ တည္းခိုခန္းခက တစ္ရက္လွ်င္ တစ္ေယာက္ အိပ္ခန္းတစ္ခန္း(၅- ၅ ဝါး)ငါးက်ပ္ျပားငါးဆယ္သာေပးရသည္။ငျမကအခန္းငွား ၿပီးသည္ႏွင့္ ၿမိဳ႕ထဲသို႔ ထြက္လာခဲ့သည္။ ၿမိဳ႕ထဲရွိ ပန္းတိမ္ဖိုမ်ားအေျခအေနကို စုံစမ္း

ရန္ ျဖစ္ပါသည္၊ ညေနပိုင္းေရာက္မွ သူ႔လူသုံးေယာက္ တည္းခိုခန္းဆီသြားၿပီး အစီ အစဥ္လုပ္ၾကသည္။
အားလုံးစီစဥ္ၿပီးလွ်င္ တစ္ရက္ႏွစ္ရက္ အနားယူၿပီး လည္ပတ္ရန္အတြက္ ေငြ ထုတ္ေပးသည္။
“မႏၲေလးကို ေရာက္တုန္းေရာက္ခိုက္ဒီႏွစ္ရက္မွာလည္ပတ္ၾကည့္ၾက။ ေနာက္ ရက္ေတြမွာ အားလပ္ၾကမွာ မဟုတ္ဘူး၊ အခုေပးတဲ့ပိုက္ဆံက ငါ့ပိုက္ဆံ။ ဦးၾကည္ ေပးတဲ့ေငြထဲက မဟုတ္ ဘူး”
“မင္းတို႔ဆီက လုပ္ခထဲက ျပန္ႏုတ္ မွာမဟုတ္ဘူး။ မင္းတို႔ကို ေစတနာနဲ႔ သုံးဖို႔ ေပးတာေနာ္၊ အဲ – အလုပ္လုပ္တဲ့အခါမွာသာ ေသခ်ာဂ႐ုတစိုက္လုပ္ေပးၾက”

ငျမက လူပါးလူနပ္။ ေထာင္ျမင္၍ ရာစြန႔္ျခင္းဆိုသလို စည္း႐ုံးလိုက္ျခင္း ျဖစ္ သည္။ ေနာက္ရက္ေတြ ပန္းထိမ္ဖိုမ်ားတြင္ မႈိက္ထုတ္သည့္အခါ ေျပာစရာ မလို ေအာင္ေစ့ေစ့စပ္စပ္လုပ္ကိုင္ေပးၾကသည္။ေသခ်ာသိမ္းဆည္းထုပ္ပိုးေပးၾကသည္။ ျမကသူယူလာခဲ့ေသာအိတ္တြင္ထည့္၊ခ်ိန္တြယ္မွတ္သားသည္။ ခ်ိပ္တံဆိပ္ႏွိပ္ၿပီး
ျပန္လည္အပ္ႏွံလိုက္သည္။
“ကြၽန္ေတာ္တို႔ ရန္ကုန္ျပန္ဆင္းတဲ့ ေန႔က်မွ ဝင္ယူေတာ့မယ္ေနာ္”
ေျပာဆိုအပ္ႏွံထားခဲ့သည္။ မႈိက္ သိမ္းရမည့္ေနရာအားလုံး စုံလင္မွ တစ္ဖိုၿပီး တစ္ဖိုဝင္ယူလိုက္ၿပီးရန္ကုန္ကိုျပန္ဆင္းရန္ျဖစ္သည္။ သည္လိုျပဳလုပ္ျခင္းျဖင့္ တစ္ ေနရာတစ္ခါသိမ္းလိုက္၊ သယ္လိုက္ႏွင့္ ထားရန္ေနရာရွာရဒုကၡေတြပါ သက္သာ သြားသည္။ စရိတ္အပိုလည္း မကုန္ေတာ့ေပ။
သည္လိုႏွင့္ မႏၲေလးတြင္ ဆယ့္ငါးရက္မွ် လုပ္ကိုင္ၿပီး ျပန္ဆင္းလာခဲ့သည္။ လူေလးေယာက္သက္သက္ျဖစ္သည္။ သိမ္းဆည္းခဲ့ေသာ ေ႐ႊမႈိက္မ်ား ပါမလာခဲ့ ပ၊ေ႐ႊမႈိက္မ်ားကိုဂ်ဳံမႈန႔္အိတ္မ်ားတြင္ထည့္ကာ ေသခ်ာထုပ္သည္။ၿပီးေတာ့ေဈးခ်ိဳ မွ ဝယ္လာေသာ ထင္းရႉးေသတၱာႀကီးမ်ားႏွင့္ထည့္၊ သြပ္ႀကိဳးႏွင့္ တုပ္ေႏွာင္လိုက္ သည္။ ေသာ့ခတ္သည္။ မႏၲေလး – ရန္ကုန္ကားႏွင့္ ပို႔ရမည့္လိပ္စာကပ္ၿပီး ပို႔လိုက္ ျခင္းျဖစ္သည္။
သူ႔လုပ္ပုံက ဦးေမာင္တင္လုပ္သည္ႏွင့္ တစ္မ်ိဳးစီျဖစ္ေနေသာေၾကာင့္ သူ႔လူ ေတြကအံ့ဩေနၾကသည္။နားမလည္သလိုျဖစ္ေန၍ ေမးၾကေတာ့သည္။
“ကိုျမလုပ္ပုံကကိုျမအေဖလုပ္သလိုမဟုတ္ဘူး။တစ္မ်ိဳးျဖစ္ေနတယ္” “ဟုတ္တယ္ဗ်။ ကိုျမအေဖကကားကိုတစ္ခါထဲငွားၿပီးမွ တစ္ဖိုၿပီးတစ္ဖို သိမ္း
တာေလ”
“ကိုျမက ဘာျဖစ္လို႔ အခုလိုလုပ္တာလဲဟင္”
သူ႔လူေတြအေမ၊စကားေၾကာင့္ ငျမကၿပဳံးလိုက္သည္။ၿပီးေလမွ သူလုပ္သည့္ အစီအမံကို ရွင္းျပသည္။
“အေဖကေတာ့ လူႀကီးမဟုတ္လား၊ သူ႔အေနနဲ႔ တစ္လက္စတည္း ၿပီးေအာင္ လုပ္တာေလ။ ဒါေပမဲ့ – အခ်ိန္ ပိုကုန္သြားတယ္၊ကားခကလည္း ပိုကုန္သြားတာကို ေတာ့ထည့္မတြက္ခဲ့ဘူးေလ”
“ေအာ္ – ဟုတ္သားပဲ”
“ဒါေပမဲ့ – ပစၥည္းေတြ (ႏႈိက္)ကိုကုန္ကားနဲ႔ ပို႔တာ စိတ္ခ်ရပါ့မလားဗ်ာ” “မင္းကလည္း – စိတ္ပူမေနပါနဲ႔ကြ၊ ဒီအမႈိက္ေတြကို ဘယ္သူက ယူမွာလဲ၊ လူ တစ္ရာမွာတစ္ေယာက္ကေတာ့ ေ႐ႊျဖစ္မယ္ဆိုတာ သိပါ့မလား”
“စိုးမယ့္လူက ေဖာက္ၾကည့္ၿပီး- ဟင္း- ဒီလိုအမႈိက္မ်ိဳးကိုေတာင္ ကားနဲ႔ ပို႔ရ သလား၊ ေသာက္႐ူးေတြဆိုၿပီး ငါတို႔ကိုေတာင္ ဆဲေနမွာကြ”
ငျမက ေျပာၿပီးရယ္ေနသည္။ ထိုအခါမွ သူ႔လူေတြမွာ သေဘာေပါက္သြားၾက သည္။ ေျမကိုလည္း အထင္ႀကီးသြားၾကပါေလသည္။ အမွန္စင္စစ္ ငေျမက သူ႔အႀကံ အစည္အတိုင္းျပဳလုပ္ခဲ့ျခင္းသာျဖစ္ေၾကာင္း၊ ထိုစဥ္အခါကမည္သူမွမရိပ္မိခဲ့ၾကေပ။ ငျမေျပာသည့္အတိုင္းယုံၾကည္ခဲ့ၾကပါသည္။
အကယ္၍ ထိုအခါက စပ္စပ္စုစု လုပ္တတ္သူ အလုပ္သမားတစ္ေယာက္သာ ရွိခဲ့ၿပီးေျမပို႔ခဲ့ေသာေ႐ႊမႈိက္ေသတၱာေပၚမွ ေပးပို႔ရမည့္လိပ္စာမွာပိုင္ရွင္ ဦးၾကည္အိမ္ လိပ္စာ မဟုတ္ခဲ့ေၾကာင္း သိျမင္ႏိုင္ေပသည္။ သည္သို႔သိခဲ့မည္ ဆိုပါက ေျမအႀကံ အစည္မွာ ေအာင္ျမင္ခ်င္မွ ေအာင္ျမင္မည္ျဖစ္သည္။
အႀကံသမား ငျမက ရန္ကုန္ အျပန္ခရီးတြင္ မိတၳီလာႏွင့္ ေတာင္ငူရွိ ပန္းတိမ္ဖို မ်ားကိုပါ ဝင္သိမ္းၿပီးသည္ႏွင့္ သူ႔လူသုံးေယာက္ကို အရင္ဆုံး ျပန္ခိုင္းလိုက္သည္။ သူက ေနာက္ခ်န္ေနခဲ့သည္။ အလုပ္သမားသုံးေယာက္ကလည္း ငျမက ဦးစီးေခါင္း ေဆာင္ျဖစ္သူမို႔ဘာမွမေမးမိၾက။ သူ႔တြင္ အလုပ္တစ္ခုခုရွိေနေသး၍ ေနခဲ့သည္ဟု ထင္ခဲ့ၾကသည္။ ထိုအခ်ိန္မွစၿပီး ငျမတို႔လင္မယားကို မေတြ႕ရေတာ့ပါ။
အလုပ္သမားသုံးေယာက္ရန္ကုန္ျပန္ေရာက္လွ်င္ငျမလုပ္ရပ္ေတြကိုသံသယ ျဖစ္စရာ ရွိလာသည္။ နယ္မွ သိမ္၊ယူလာခဲ့ေသာ ေ႐ႊမႈိက္မ်ားက ဆယ္ရက္ခန႔္ၾကာ သည္ထိေရာက္မလာခဲ့ပါ။ေနာက္ထပ္သိမ္းယူလာခဲ့ေသာေ႐ႊမႈိက္မ်ားလည္းေရာက္ မလာခဲ့ေပ။ ကီလိလမ္းႏွင့္ လသာလမ္းရွိ အေဝးေျပး ကားဂိတ္မ်ားကို သြားေရာက္ စုံစမ္းၾကည့္ေသာ္လည္း လုံးဝမသိခဲ့ရေပ။ ဦးၾကည္မွာ တစ္ခါမွ မျဖစ္ဖူးခဲ့သျဖင့္ စဥ္းစားမရေအာင္ျဖစ္ေနသည္။လုပ္ငန္းကိုပင္ေခတၱရပ္နားထားခဲ့ရသည္။ ေ႐ႊမႈိက္ မ်ားေရာက္လာမွေ႐ႊထုတ္ရႏိုင္မည္။ယခုထုတ္လုပ္စရာကုန္ၾကမ္း၊ေ႐ႊမႈိက္မရွိေလ
ေတာ့ ဘာမွလုပ္စရာမရွိေတာ့ပါ။

ငေျမကလည္း ျပန္ေရာက္မလာ။ လုပ္ငန္းကိုလည္း ရပ္ဆိုင္းထားရသည္မို႔ ဦးၾကည္စိတ္ညစ္ေနရသည္။ ထိုသို႔ျဖစ္ေနစဥ္စိတ္ညစ္စရာျပႆနာတစ္ခုကထပ္
ဆင့္လာျပန္သည္။ငျမတို႔လင္မယားေနသည့္အိမ္ကိုလူတစ္စုကလာဝိုင္းျပန္သည္။ ငျမတို႔လင္မယားေနသည့္အိမ္ကိုလူတစ္စုကလာေရာက္ဖ်က္သိမ္းျခင္းျဖစ္သည္။ ဦးၾကည္က သြားေရာက္ေမးျမန္းၾကည့္ေလမွ ေျမက သူေနေသာအိမ္ကို ေရာင္းစား ခဲ့ေၾကာင္း ေျပာျပလွ်င္ ဦးၾကည္မွာ ေဒါသလည္းထြက္၊ စိတ္လည္း ညစ္ရျပန္သည္။
ေျမမိန္းမ မိေမာ္ကငျမနယ္ထြက္သြားသည့္ေန႔တြင္ပင္ သူ၏မိဘမ်ားအိမ္တြင္သြား ၿပီးေနသည္ကို သတိရကာ ေခၚခိုင္းလိုက္သည္။
ထိုအခါမွေျမ၏ပိပိရိရိလုပ္ေဆာင္သြားခဲ့ေသာဇာတ္လမ္းကိုသိရေတာ့သည္။ လြန္ခဲ့ေသာဆယ္ရက္က ငျမကိုယ္တိုင္ လာေရာက္ၿပီး သူ႔မယား မိေမာ္ကို လာေခၚ သြားေၾကာင္း။ သူတို႔ အိမ္ေျပာင္းေ႐ႊ႕သြားေၾကာင္း၊ သူ႔ကိုယ္ပိုင္ အလုပ္ခြဲလုပ္ေတာ့ မည္ျဖစ္ေၾကာင္းတို႔ကိုေျပာျပသြားခဲ့သည္ဟူ၍သိခဲ့ရသည္။ထို႔ထက္ပို၍ ဘာမွမသိ ရေပ။ေျမကတကယ္ကိုအပိုင္ႀကံစည္လုပ္သြားျခင္းျဖစ္ေပသည္။ ေ႐ႊမႈိက္ကိစၥကို ထားေတာ့ ေလာေလာဆယ္ျပႆနာက ငျမက အိမ္ေရာင္းသြားျခင္းကိစၥ ျဖစ္ပါ သည္။ အိမ္ကိစၥက ပိုအေရးႀကီးေနသည္။
ဘာေၾကာင့္ အေရးႀကီးရပါသလဲဆိုေသာ္အိမ္က ဦးေမာင္တင္ ေဆာက္လုပ္ ထားခဲ့ေသာအိမ္ျဖစ္ေသာ္လည္းေျမကြက္က ဦးၾကည္ပိုင္ေျမကြက္ျဖစ္သည္။ ေျမကို မေမြးစဥ္ကဦးၾကည္က ဦးေမာင္တင္၊ေဒၚဝင္းတို႔လင္မယားကို ေျခရင္းဘက္ရွိေျမပို တြင္ အိမ္ေဆာက္ၿပီ၊ အခမဲ့ေနေစခဲ့ျခင္းသာျဖစ္သည္။ အၿပီးအပိုင္ေရာင္းျခင္း၊ ငွားျခင္းမလုပ္ခဲ့ေပ။ သည္အေၾကာင္းကို ရပ္ကြက္လူႀကီး၊ ဆယ္အိမ္ေခါင္းကအစ တစ္ရပ္ကြက္လုံး သိထားၾကသည္။
ဦးၾကည္တို႔ေနေသာ ရပ္ကြက္က ဒုတိယကမာၻစစ္မတိုင္မီကပင္ ရွိခဲ့ေသာ ေျမ ကြက္ႀကီးျဖစ္သည္။ အစိုးရပိုင္ မဟုတ္ေပ။ တ႐ုတ္သူေဌး ခ်င္းေခ်ာင္းပိုင္ျဖစ္သည္။ (တ႐ုတ္သူေဌးခ်င္းေခ်ာင္းဆိုသူကအလြန္ခ်မ္းသာသည္။ကမာၻေအးေစတီလမ္းႏွင့္ တကၠသိုလ္ရိပ္သာ လမ္းေထာင့္ရွိ ဘုံခုနစ္ဆင့္ႏွင့္ ေမွ်ာ္စင္အေဆာက္အအုံႀကီး ေဆာက္လုပ္သူျဖစ္သည္။) ခ်င္းေခ်ာင္းနန္းေတာ္သူေဌးအမည္ႏွင့္အလြန္ထင္ရွား

ခဲ့၍ ခ်င္းေခ်ာင္းရိပ္သာအျဖစ္ လူသိမ်ားခဲ့ရာမွ ၁၉၆၂-ခုႏွစ္တြင္ ေတာ္လွန္ေရး ေကာင္စီေခတ္တြင္ ျပည္သူပိုင္ သိမ္းယူခဲ့သည္။
ဦးၾကည္အပါအဝင္တစ္ရပ္ကြက္လုံးေနထိုင္သူမ်ားက ခ်င္းေခ်ာင္းသူေဌးထံမွ ေျမငွားစာခ်ဳပ္ႏွင့္အခေပးေနျခင္းျဖစ္ၾကသည္။ငျမကသူ႔အိမ္သူ႔ေျမအျဖစ္ေရာင္း စားခဲ့ျခင္းျဖစ္ရာ ဦးၾကည္မွာ မေနသာသျဖင့္ သူ႔တြင္ သိမ္းဆည္းထားသည့္ေျမငွားခ ေပးေဆာင္ရေသာေျပစာမ်ားႏွင့္ ရပ္ကြက္သူႀကီးေရွ႕တြင္တင္ျပၿပီးျမအိမ္ဝယ္ယူ သူႏွင့္ေျဖရွင္းရေလသည္။ သည္လိုေျဖရွင္းလိုက္ေတာ့မွတစ္ရပ္ကြက္လုံးမွာေျမ၏ ရက္စက္ယုတ္မာမႈေတြကို ရပ္ကြက္သူ ရပ္ကြက္သားေတြ သိရွိကုန္ၾကေတာ့သည္။ အျဖစ္အပ်က္စုံကို သိရွိသြားၾကသူတိုင္းငျမအေပၚေဒါသထြက္ကုန္ၾကသည္။ မခ်င့္မရဲေဝဖန္ေျပာဆိုၾကသည္။ ဦးၾကည္စိတ္ေစတနာေကာင္းပုံမ်ားကို သိထားၾက
သည္မို႔ငျမသာမကမယားျဖစ္သူမိေမာ္ႏွင့္မိဘေတြကိုပါအျပစ္တင္ၾကေလသည္။
သားသမီးမေကာင္းေတာ့မိဘေခါင္းဆိုသလို မိေမာ္၏မိဘေတြမွာရပ္ကြက္ထဲမေန ရဲေအာင္ျဖစ္ၾကၿပီးတျခားေနရာသို႔ ေျပာင္းေ႐ႊ႕သြားရေတာ့သည္၊
“ေအးကြာ- ဦးေမာင္တင္ ႐ိုးသားသေလာက္ ဒီေကာင္ ငျမက်မွ ယုတ္မာတဲ့ ေကာင္၊ တစ္ခါတည္၊ အပိုင္လုပ္သြားတာ”
ပါ”
“အို-ဒီလိုေက်းဇူးရွင္ကိုေက်းစြပ္တဲ့ေကာင္စားေတြမၾကာပါဘူး-ဒုကၡေတြ႕မွာ
ငျမတို႔လင္မယားကိုအားလုံး႐ြံ႕ရွာမုန္းတီးသြားၾကပါသည္။ ေဖးေဖးမမႏွင့္ေျပာ ဆိုသူတစ္ေယာက္မွ မရွိၾက။ လူေအးလူေကာင္းႀကီးဦးၾကည္ကတရားသေဘာႏွင့္ ေျဖသိမ့္ကာ သူ၏ လုပ္ငန္းကို ျပန္လည္တည္ေထာင္ရသည္။ ဦးၾကည္၏မိတ္ေဆြအေပါင္းအသင္းမ်ားကလည္းသတင္းစကားၾကားသည္ႏွင့္ လာေရာက္ေမးျမန္းၾက၊အားေပးစကားေျပာၾကႏွင့္ႏွစ္သိမ့္ၾကပါသည္။ လုပ္ငန္းတူ ပိုင္ရွင္ေတြကလည္းလိုအပ္သည့္အကူအညီမ်ားေပးလာၾကသည္။ဦးၾကည္တို႔လင္
မယား ဝမ္းသာၿပီး စိတ္ထိခိုက္ေစသည္ကေတာ့ သူ၏လုပ္သားမ်ားက- ဦးေလးၾကည္- ဘာမွေတြးမေနနဲ႔၊ ပူမေနနဲ႔။ ကြၽန္ေတာ္တို႔အားလုံးကို ထမင္း သာေကြၽးပါ။ဘာတစ္ျပားတစ္ခ်ပ္မွမေပးနဲ႔။အရင္အေျခအေနေရာက္ေတာ့မွလုပ္ခ ေပးပါ။ ကြၽန္ေတာ္တို႔အလကားလုပ္ခမယူဘဲလုပ္ေပးပါ့မယ္”

“ဟုတ္တယ္ – ဦးေလးၾကည္။ကြၽန္ေတာ္တို႔အားလုံးတိုင္ပင္ၾကၿပီးမွအားလုံးက သေဘာတူလို႔ ေျပာတာပါ”
ဆိုသည့္ လုပ္သားအားလုံး၏ ေစတနာေမတၱာစကားကို ၾကားလိုက္ရ၍ ျဖစ္ပါ သည္။လုပ္သားအားလုံး၏ရင္ထဲကလာေသာေစတနာ၊ေမတၱာစကားကိုၾကားလိုက္ ရစဥ္ကဦးၾကည္မွာဝမ္းသာလြန္း၍မ်က္ရည္ဝဲ႐ုံရွိခဲ့ေသာ္လည္းမိန္းမသားျဖစ္သည့္ ဦးၾကည္ မိန္းမေဒၚစိန္ျမမွာ မ်က္ရည္ေပါက္ေပါက္က်ခဲ့ရေလသည္။ ေစတနာေကာင္းၿပီး႐ိုးသားႀကိဳးစားသူဦးၾကည္မွာမိတ္ေဆြမ်ားကပါေထာက္ပံ့
ကူညီေပးမႈေၾကာင့္ယခင္ကထက္ ႏွစ္ဆမွ်တိုးတက္လာခဲ့ေလသည္။သုံးႏွစ္ေက်ာ္
ေလးႏွစ္ခန႔္ရွိေသာအခါမွေျမတို႔လင္မယားအေၾကာင္းသတင္းစကားပ်ံ႕ႏွံ႔လာခဲ့ရာမွ သိၾကရသည္။ ေတြ႕ ျမင္သူေတြက တစ္ေယာက္၊ ႏွစ္ေယာက္၊ သုံးေလးေယာက္က တစ္ ေယာက္တစ္မ်ိဳး ေျပာျပလာသည္တို႔ကို ဆက္စပ္ပုံေဖာ္ၾကည့္ရသမွ် စိတ္ဝင္ စားဖြယ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္သည္။ ၾကားသိရသူေတြကတစ္ဆင့္ၿပီးတစ္ဆင့္တစ္ ေယာက္မွတစ္ေယာက္ေျပာျပ၍ ၾကားရသူေတြမွာအံ့ဩတႀကီးမျဖစ္ၾက၊ ထူးျခားေသာခံစားမႈေတြမျဖစ္ၾက။ ေျပာလာသူ၏စကားအဆုံးသတ္တြင္လည္း စာနာသမားပုံ မျဖစ္ေပၚၾက။ စုတ္သပ္၍ “စိတ္မေကာင္းလိုက္တာေနာ္”ဟူသည့္ အားနာပါးနာစကားမွ်ကို မဆိုခဲ့ၾကပါ။ ငျမတို႔လင္မယားဘက္မွ ေမတၱာထားသူ တစ္ဦးတစ္ေယာက္မွမရွိၾကပါ။
“ဟင္း- ေက်းဇူးကန္းတဲ့ေကာင္ပဲ။ ဘာဆန္းတာမွတ္လို႔”
“ေအးေလ” သူလုပ္သြားကတည္းက အားလုံးက သိပ္မၾကာဘူ။ ဒီလိုျဖစ္မယ္ ဆိုတာတြက္ဆၿပီးသားမဟုတ္လား”
“အခုေလာက္ျဖစ္တာ နည္းေတာင္ နည္းေသးတယ္”
လူအမ်ား ေျပာဆိုၾကသည္မွာလည္း မွန္ပါသည္။ ငေျမ လုပ္သြားပုံက တစ္ခ်က္ ကေလးမွ ေကာင္းကြက္မရွိ။ ေက်းဇူးရွင္ကို ေက်းဇူးမသိတတ္ေသာ္မွ ယခုလို ရက္ ရက္စက္စက္ဒုကၡေပါင္းစုံေပးသြားျခင္းကိုမည္သူက စာနာပါေတာ့မည္နည္း။သနား စိတ္ထားသူ ရွိမည္နည္း။ ႐ိုင္း႐ိုင္းစကားဆိုရလွ်င္ ေမြ၊႐ူးေကာင္းစား၊ တစ္ခဏ ဆိုရေပမည္သာ၊

ဦးၾကည္ ေငြႏွင့္ ဝယ္ယူခဲ့ေသာ လုပ္ငန္းကုန္ၾကမ္းျဖစ္သည့္ ေ႐ႊမႈိက္ေတြကို
သာမကဦးၾကည္ပိုင္ေျမႏွင့္ေဆာက္ေပးထားေသာအိမ္ကိုပါေရာင္းစားသြားခဲ့သည္
ဆိုေတာ့သူ႔ကိုစာနာသနားမည့္သူတစ္ေယာက္မွမရွိျခင္းမွာ ဆန္းသည္မဟုတ္ေပ။
ဦးၾကည္ပစၥည္းမ်ားကိုေျမကသူႀကိဳတင္ငွားရမ္းထားေသာေနရာတြင္လုပ္ငန္းတည္
ေထာင္ၿပီး လုပ္ခဲ့သည္။ ေျမက ေ႐ႊမႈိက္လုပ္ငန္းကြၽမ္းက်င္သူျဖစ္သည့္တိုင္ သူတစ္ ေယာက္တည္းလုပ္ကိုင္၍ရသည္မဟုတ္ပါ။ အနည္းဆုံးအလုပ္သမားႏွစ္ေယာက္
ရွိမွလုပ္ကိုင္၍ရသည္။
သည္အတြက္ေျမကသူေနေသာရပ္ကြက္ထဲမွလူငယ္ႏွစ္ေယာက္ကိုသူကိုယ္
တိုင္ သင္ျပေပးကာလုပ္ကိုင္ေစခဲ့သည္။ သူေနေသာေနရာက ပဲခူးၿမိဳ႕ႏွင့္ မေဝးလွ သျဖင့္ အဆင္ေျပေနသည္။ ပဲခူးၿမိဳ႕နယ္ႏွင့္မြန္ျပည္နယ္အတြင္းရွိေ႐ႊပန္းထိမ္ဖိုမ်ား ကို စုံစမ္းၿပီး ဦးၾကည္ ႏွင့္ ဆက္စပ္မႈမရွိေသာ ဖိုမ်ားကိုသာ ေ႐ြးခ်ယ္ၿပီး လုပ္ကိုင္ခဲ့ သည္။ သုံးႏွစ္အတြင္းအေတာ္အသင့္လုပ္ငန္းေအာင္ျမင္လာသည္။ အိမ္ငွားအေန အထားမွ ေျမပိုင္အိမ္ပိုင္ျဖစ္လာသည္။
အေျခခိုင္လာသည္ႏွင့္ ျမကလုပ္ငန္းတြင္ ေပါ့ဆလာကာယမကာမွီဝဲမႈဘက္ ပိုၿပီးအားသန္လာသည္။ တစ္ခါတစ္ခါတြင္ ပဲခူးၿမိဳ႕ေပၚတက္ကာ အေပ်ာ္ၾကဴးတတ္ ခဲ့သည္။ ငျမဇနီးမယားျဖစ္သူမိေမာ္ကလည္း သူ႔စ႐ိုက္အတိုင္းေပါ့ေပါ့ေန၊ေပါ့ေပါ စား၊ အေပ်ာ္အပါးမက္မႈက တိုးလာသည္။ ေကာင္းေကာင္းေနခ်င္၊ စားခ်င္၊ ဝတ္ခ်င္ သည္။ အဝတ္အစားကိုပင္အိမ္တြင္ေနရင္၊ တစ္ေန႔သုံးထည္ လဲဝတ္သည္။ အသုံး အစြဲက မေလွ်ာ့။ ယခုလို မိေဝး ဖေဝးတြင္ ေနၿပီး ေျပာဆိုဆုံးမမည့္သူ၊ ေၾကာက္ရ မည့္သူမရွိေလေတာ့ ပိုၿပီးဆိုးေနေတာ့ သည္။
ပထမေတာ့ ငျမက အမွတ္တမဲ့ ေန မိသည္။ မိေမာ္ အလွအပႀကိဳက္သူမွန္း အစကတည္းက သိခဲ့သည္။ သည္လိုေနတတ္သူမို႔ေျမကႀကိဳက္ခဲ့သူမဟုတ္လား။ သို႔ေသာ္လည္း သို႔ေသာ္လည္းေပါ့၊ မိေမာ္ယခုေနပုံထိုင္ပုံေတြကယခင္ကႏွင့္လုံးဝ
မတူသည္ကိုျမင္ေတြ႕လာရသည္။အိမ္ေနရင္းကာျခယ္ေတြ၊လိုင္နာေတြျခယ္သည္။
ႏႈတ္ခမ္းဆိုးေဆးသုံးလာသည္။ လည္ဟိုက္အက်ႌေတြဝတ္လာသည္ကိုေတြ႕ျမင္ေန သည္။ တစ္ေန႔ေတာ့ ငျမစိတ္ထဲမထားႏိုင္ေတာ့၍ မိေမာ္ကိုေမးမိသည္။ “ဟဲ့- မိေမာ္- နင္ ဘယ္သြားစရာရွိလို႔လဲ”
“ဘယ္မွမသြားပါဘူး-ကိုျမရဲ႕။ ဘာျဖစ္လို႔လဲ”
“ဘာျဖစ္ရမွာလဲ၊ နင့္ပုံက အလႉသြားေတာ့မယ့္လူလို ျပင္ဆင္ထားတာကိုး”
ေျမက မ်က္ေမွာင္ႀကီးကုတ္ကာ ေျပာလိုက္သည္။ မိေမာ္က အလိုမက်သလို အမူအရာ၊ ေလသံေတြႏွင့္ ေျပာလိုက္ေသာ ျမစကားေၾကာင့္ မ်က္ႏွာအမူအရာကို အခ်ိဳသာဆုံး အသြင္ေျပာင္းကာ ကႏြဲ႕ကလ်ႏွင့္ ငျမ အနီးကပ္ၿပီး ဟိုပြတ္ သည္ပြတ္
ႏွင့္-
“ကိုျမရယ္-မိေမာ္ခုလိုျပင္ဆင္ထားရတာကကိုျမအတြက္ေလးကိုျမကအၿမဲ တမ္းလွလွပပေနမွႀကိဳက္တာမဟုတ္လား။ ၿပီးေတာ့လည္း…”
မိေမာ္ကငျမလက္ေမာင္းကိုဆုပ္ကိုင္ထားရင္းပါးျပင္ကိုပြတ္၊ ႏွာေခါင္းကိုညႇစ္ ႏွင့္ မိန္းမတို႔မာယာကုေဋေပါင္းမ်ားစြာႏွင့္ ေခ်ာ့ျမဴစည္း႐ုံးေနသည္။ ငျမ ၾကာၾကာ တင္းခံမေနႏိုင္ေတာ့၊ မိေမာ္ ခါးကို ဆြဲဖက္လိုက္သည္။
“ကဲ- ေျပာပါဦး- မင္းစကားကၿပီးေတာ့လည္းဘာျဖစ္သလဲ”
ေျမကမိေမာ္ ေမးေစ့ကို လက္ညႇိဳးလက္မႏွင့္ညႇပ္ၿပီးေမးသည္။ မိေမာ္ကၾကာ မ်က္ေစာင္းေလ၊ထိုးသည္။ ဘာမွမေျဖပါ၊ ငျမစိတ္ေတြနာဂစ္မုန္တိုင္းႏွယ္ျပင္းထန္ ထႂကြလာသည္။ မိေမာ္ကို တင္းတင္းဖက္ၿပီးအခန္းတြင္းသို႔ ဆြဲေခၚသြားခဲ့သည္။ ငျမႏွင့္ မိေမာ္တို႔ ဝန္းက်င္တစ္ခုလုံးကို ေမ့ေနသည္ထိ အခ်စ္မို၊ေမွာင္ ဇာတ္ လမ္းပ်ိဳးေနခ်ိန္ အိမ္ေျခရင္းဘက္အလုပ္႐ုံထဲရွိ အလုပ္သမားႏွစ္ေယာက္က သူတို႔ ႏွစ္ေယာက္ကိုၾကည့္ေနၾကသည္ကိုငျမေရာမိေမာ္ပါမသိၾကပါ။ၾကည့္ေနၾကေသာ အလုပ္သမားႏွစ္ေယာက္မွ တစ္ေယာက္က ၾကည့္ရင္း ၿပဳံးေစ့ေစ့ရွိေနေပမယ့္ တစ္ ေယာက္ကေတာ့ ဘာကိုမေက်နပ္သည္မသိ။ မ်က္ႏွာႀကီးက ခက္ထန္ေနသလို အံတႀကိတ္ႀကိတ္ႏွင့္ မ်က္ေတာင္မခတ္စတမ္းစိုက္ၾကည့္ေနပါေလသည္။

ငျမကဦးၾကည္ထံမွထြက္လာခဲ့ၿပီးသည္ေနာက္အခ်ိန္မ်ားတြင္အသြားအလာ လႈပ္ရွားသည့္အခါမ်ားတြင္သူ၏မူလ႐ုပ္ပုံစံကိုအတတ္ႏိုင္ဆုံးဖုံးကြယ္ေျပာင္းလဲၿပီး သြားခဲ့သည္။ဦးထုပ္ေဆာင္းသည္။ေနကာမ်က္မွန္တပ္သည္။ရန္ကုန္ၿမိဳ႕သို႔အလုပ္
သေဘာအရမျဖစ္မေနသြားရသည့္အခါမ်ားတြင္ ပိုၿပီးဂ႐ုစိုက္ေပသည္။ ဘာေၾကာင့္

လည္းဆိုေတာ့ သူက တစ္နပ္စားအႀကံဆိုး အႀကံမိုက္ႏွင့္ ဦးၾကည္အေပၚယုတ္မာ ရက္စက္ခဲ့သည္ကိုး။
သည္ေတာ့လည္းဆင္ျဖဴမ်က္ႏွာဆင္မည္းမၾကည့္ရဲဆိုစကားအတိုင္းဦးၾကည္ ကိုသာမကဦးၾကည္ႏွင့္ပတ္သက္သူအသိုင္းအဝန္းမွလူေတြႏွင့္မ်က္ႏွာခ်င္း မဆိုင္ ရဲေပ။ အိမ္ထဲမွ အိမ္အျပင္ထြက္လိုက္သည္ႏွင့္ ျမစိတ္ေတြ မလုံၿခဳံသလို တထိတ္ တလန႔္ ေတာင္ၾကည့္ေျမာက္ၾကည့္ႏွင့္ သြားလာရသည္ကပင္ ဒုကၡတစ္မ်ိဳး ျဖစ္ေန ရသည္။
အျပင္မထြက္လွ်င္လည္း မျဖစ္ျပန္။လုပ္ငန္းအတြက္လိုက္လံစုံစမ္းေနရသည္။ ယခုတစ္ေလာ အလုပ္အတြက္ ပန္းထိမ္ဖိုေတြက အသိမ္းအဆည္း သိပ္မရ၊ သတ္ မွတ္ရက္ေတြအတိုင္း သြားသည့္အခါမရွိေတာ့၊ သူ႔ထက္ဦးသြားသည္ခ်ည္းျဖစ္ေန သည္၊ သထုံဘက္၊ ေမာ္လၿမိဳင္ဘက္ ဆင္းလည္း မရႏွင့္ ဘာေတြျဖစ္ကုန္ၿပီမသိ ေတာ့။လုပ္ငန္းၿပိဳင္ေတြကဦးသြားသည္ကိုသာေတြ႕ႀကဳံေနရက္ကိုစဥ္းစားမရေပ။ ေျမအတြက္ စီးပြားေရးနယ္ပယ္ေတြက တစ္စတစ္စ က်ဥ္းေျမာင္းလာေနေလ သည္။
ေနာက္ေလးငါးလၾကာေသာအခါတြင္မွဦးၾကည္အေပၚသူျပဳလုပ္ခဲ့ေသာကိစၥ အေၾကာင္း တစ္ဆင့္စကား တစ္ဆင့္ၾကားသိရေသာေၾကာင့္ သူ႔ကို ေရွာင္ၾကဥ္လာ ေနၾကျခင္းျဖစ္မွန္း သိရေတာ့သည္။ ေျမအတြက္ ေ႐ႊလုပ္ငန္း ဆက္လုပ္၍ စီးပြား ျဖစ္ရန္ မည္မွ်ႀကိဳးစားေသာ္လည္း ရရန္မျဖစ္ႏိုင္ေတာ့။ ပုံမွန္ လည္ပတ္ႏိုင္ဖို႔ရာပင္ အခက္အခဲျဖစ္လာေနေတာ့သည္။ သူ႔ထက္ အၿမဲတမ္း ဦးစြာသိမ္းယူသြားသူမွာ မည္သူျဖစ္ေၾကာင္းမသိရ။ ပန္းတိမ္ဖိုေတြကလည္းတိတိက်က်မေျပာ။ ရန္ကုန္က
လာသူျဖစ္သည္ဆိုေသာအေျဖကိုသာရသည္။ထိုအေျဖထက္ပို၍မေျပာၾကပါ။
သည္ေတာ့ ငျမ အႀကီးအက်ယ္ ေဒါသအမ်က္ထြက္သည္။ ဦးၾကည္ကလြဲ၍ တျခားသူမျဖစ္ႏိုင္ဟူ၍တစ္ထစ္ခ် ယူဆလိုက္သည္။ဦးၾကည္မိသားစုအေပၚရန္သူ ႀကီးသဖြယ္ သတ္မွတ္ၿပီး အမ်ိဳးစုံ ဆဲဆိုေရ႐ြတ္သည္။ က်ိန္ဆဲသည္။ ဤသို႔ျဖင့္ ေက်းဇူးရွင္ ဦးၾကည္ကိုဒုတိယအႀကိမ္ေျမာက္ ေစာ္ကားေနေတာ့သည္။ မယားျဖစ္ သူကိုလည္း ဦးၾကည္ကသူတို႔စီးပြားေရးကိုဖ်က္ဆီးေနေၾကာင္းေျပာသည္။လင္ျဖစ္

သူကိုအၿမဲတမ္းအားေပးအားေျမႇာက္လုပ္တတ္သူ၊ မိေမာ္ကအားရပါးရ ေထာက္ခံ
ခဲ့သည္။
ပင္ကိုစိတ္ထားကအတၱႀကီးသူ၊ ေလာဘတက္ေနသူေတြျဖစ္ၿပီးအေျခခံပညာ မရွိ၊ စာေပအသိမရွိ၊ မဖတ္ၾကသူေတြပီပီ ျမန္မာစစ္စစ္ေတြျဖစ္ပါလ်က္ လင္ေရာ မယားပါ ႏွစ္ေယာက္စလုံး ဗုဒၶဘာသာဝင္ေတြျဖစ္လ်က္ ဘုရားမသိ၊ တရားမရွိၾက၊ ေက်းဇူ၊တရာ၊ဆိုသည္ကေတာ့ေဝးမွေဝးေပါ့၊ယခင္… ယခင္ကေကာင္းမႈကုသိုလ္ ကံအႂကြင္းအက်န္ေလးေၾကာင့္ လူျပန္ျဖစ္လာရခ်ိန္ စားမယ္၊ သြားမယ္၊ ေပ်ာ္မယ္ ဆိုသည္ကလြဲ၍ ဘာတစ္ခုမွ မစဥ္းစားၾကသူေတြ ျဖစ္ၾကသည္။
သူတို႔ဘဝကံဇာတာၾကမၼာေတြညႇိဳးမွိန္လာၿပီကို ေသခ်ာမဆန္းစစ္၊ ေတြးေတာ ျခင္းမျပဳၾကပါ။ ေက်းဇူးရွင္အေပၚတြင္သာ ထပ္တလဲလဲ ျပစ္မွားေနၾကသည္။ အကုသိုလ္ေတြ ရယူေနၾကသည္။ ဦးၾကည္မွာ သူ၏မိတ္ေဆြမ်ားမွတစ္ဆင့္ ေျမေန သည့္ေနရာ၊ အလုပ္အကိုင္အေျခအေနတို႔ကိုအားလုံးသိရွိေနပါသည္။သို႔စဥ္တိုင္း ျမအေပၚဘာတစ္ခုမွအေရးယူမႈမလုပ္ခဲ့။ လူႀကီးပီပီ ဗုဒၶအဆုံးအမတရားကိုနလုံး သြင္းကာ ယခုျဖစ္ပ်က္ခံစားေနရမႈတို႔မွာ ေရွးဘဝ ဘဝေတြက သူျပဳလုပ္ခဲ့သမွ် အကုသိုလ္တရားကိုျပန္လည္ေပးဆပ္ရျခင္းအျဖစ္ သေဘာထားၿပီးခြင့္လႊတ္ခဲ့ျခင္း ျဖစ္ေပသည္။ငျမကသာတစ္ဖက္သတ္အထင္အျမင္ေတြႏွင့္ ဦးၾကည္အေပးမက်
မနပ္ျဖစ္ေနသည္။
အကယ္၍ ဦးၾကည္ေနရာတြင္ သူ ရွိေနခဲ့ၿပီး သူ႔အေပၚတြင္ သူလုပ္ခဲ့သလို ရက္ စက္ယုတ္မာသြားခဲ့သူတစ္ေယာက္ အေပၚတြင္ သူ႔အေနႏွင့္ ဦးၾကည္ကဲ့သို႔ တရား သေဘာႏွင့္ ေျဖသိမ့္ႏိုင္ပါမည္လာ။ ခြင့္လႊတ္ႏိုင္ပါမည္လား။ ထိုသည့္ မွ်တေသာ စိတ္သေဘာမ်ိဳ၊ႏွင့္ေတာ့ တစ္ခါဖူးမွ် ငျမ မေတြးမိခဲ့မိပါ။ ဘယ္ေသာအခါမွ ေတြ၊မိ မည္လည္းမဟုတ္ေပ။ ေျမက အဇာတသတ္လိုလူစားမ်ိဳး မဟုတ္လား၊ သို႔ေသာ္ အဇာတသတ္ကမွ ေနာင္တရမႈ ျဖစ္ေပၚေသးသည္။ ငျမက ေနာင္တမရသည့္ျပင္ ထပ္ခါတလဲလဲ မိုက္မဲေနပါေလသည္။
သံသရာဆိုသည္က ျမင္ႏိုင္သည္ မဟုတ္ေသာ္လည္း သံသရာ၏လည္ပတ္မႈ ေၾကာင့္ ေကာင္းမႈ၊ မေကာင္းမႈတို႔ကပါ လိုက္ပါေနရစၿမဲျဖစ္ေၾကာင္း လူသားတိုင္း

သိရွိၾကပါသည္။ သံသရာ လည္ပတ္မႈကို မည္သူကမွ ေရွာင္တိမ္းမရႏိုင္ပါ။ သည္ ေတာ့ငျမလိုအကုသိုလ္လူတစ္ေယာက္လည္းေရွာင္လႊဲမရႏိုင္ခဲ့ပါ။
တစ္ေန႔ ငရဲပန္းထိမ္ဖိုမ်ားဆီသို႔ ထြက္သြားသည္။ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ဖိုမ်ားကို အေျခအေနသြားၾကည့္ျခင္းျဖစ္သည္။သြားေနက်ဆိုလွ်င္တစ္ညအိပ္ၿပီးျပန္လာေလ့ ရွိသည္။ ယခုတစ္ေခါက္ အသြားခရီးတြင္ေတာ့ ေျမမွာ စိတ္မပါသလိုလို ထိုင္းထိုင္း မႈိင္းမႈိင္းျဖစ္ေနသည္။ လိုင္းကားစီးလာရင္း ကိုယ္ပူသလိုလို မူးေဝသလိုလို ျဖစ္လာ ေသာေၾကာင့္ သထုံၿမိဳ႕ေရာက္သည့္အခါကားေပၚမွဆင္းေနရစ္ခဲ့သည္။ စိတ္ကအိမ္ ကိုသာျပန္ခ်င္ေနေသာေၾကာင့္ ပဲခူးလိုင္းကားစီးၿပီး ျပန္လာခဲ့သည္။
အိမ္ၿခံဝန္းထဲေရာက္လွ်င္ အလုပ္႐ုံဘက္တြင္ သူ႔အလုပ္သမားႏွစ္ေယာက္ကို မေတြ႕ရ။ ထမင္းစားျပန္ၾကပုံရသည္ထင္၍ အိမ္ေပၚတက္လာခဲ့သည္။ နားထဲတြင္ မိေမာ္၏အသံကိုၾကားလိုက္ရသည္၊ သူ ေသေသခ်ာခ်ာ သိသည္။
မိေမာ္တစ္ေယာက္ သူ စိတ္ေက်နပ္အားရလွ်င္၊ သူအလိုျပည့္လွ်င္ ေျပာေလ့ ရွိသည့္ေလသံေတြမွန္း သိေနသည္၊ အသံက ေနာက္ဘက္မီးဖိုေဆာင္မို႔ ေတာက္ ေလွ်ာက္ဝင္လာခဲ့သည္။ “ဟင္-ကိုျမ”
မီးဖိုေဆာင္ထဲတြင္လူခ်င္းပူးကပ္ေနရာမွမ်က္ႏွာခ်င္းဆိုင္ျဖစ္ေသာမိေမာ္ဆီမွ အသံထြက္လာသည္။ ေက်ာေပးထားေသာလူကပါ႐ုတ္တရက္လွည့္လာသည္။ သူ႔ အလုပ္သမား ေအာင္ျမင့္ ျဖစ္ေနသည္။ မိေမာ္ေရာ ေအာင္ျမင့္ပါ ႏွစ္ေယာက္စလုံး အမႈအရာေတြ ပ်က္ေနၾကသည္။ သူတို႔ လုံးဝမထင္ထား၊ ေမွ်ာ္လင့္မထားသည့္ အျဖစ္ကို ႐ုတ္တရက္ေတြ႕လိုက္ရသည္ဆိုေတာ့ ေမ့ေဆးေပးခံထားၾကသူေတြလို
ျဖစ္ေနၾကသည္။နစ္ေယာက္လုံးအဝတ္အစားေတြကလည္းဖ႐ိုဖရဲ၊မသပ္မရပ္ေတြ။ အေတြ႕အႀကဳံရွိသူ ငျမအဖို႔ ခ်က္ခ်င္းအေျခအေနကိုေတြးမိလိုက္ပါသည္။ ခဏမွ်သာရပ္ၾကည့္ၿပီးငျမကျပန္လွည့္လာကာအိပ္ခန္းထဲသို႔ဝင္လာခဲ့သည္။ အခန္းထဲရွိ သူတို႔လင္မယားအိပ္ေနက်ကြပ္ပ်စ္ေပၚတြင္ေခါင္းအုံး၊ ေစာင္ေတြကသူ ထြက္သြားခဲ့သည္ႏွင့္ ဆန႔္က်င္ဘက္ရႈပ္ပြေနသည္ကိုေတြ႕ရသည္။ မနက္သူထြက္ သြားစဥ္က မိေမာ္ေခါင္းတြင္ ရစ္ပတ္လ်က္ ပန္ထားသည့္ စပယ္ပန္းကုံးကေလးမွာ ေမြ႕ရာေပၚတြင္ ပိျပားညႇိဳးႏြမ္းေနပါေလသည္။ ငျမက စပယ္ပန္းကုံးေလးကိုေငးစိုက္

ၾကည့္ေနမိသည္။သူ႔မ်က္လုံးအစုံက စပယ္ပန္းကုံးဆီမွကြပ္ပ်စ္ေျခရင္းဘက္ဆီေ႐ြ႕ လ်ားသြားသည္။ ကြပ္ပ်စ္ေျခရင္းဘက္တြင္ မိေမာ္ ဝတ္ဆင္ေနက် SMILE အမွတ္ တံဆိပ္အတြင္းခံေဘာင္းဘီေလးကတြန႔္ေခြလ်က္ရွိေနသည္။
ဖ႐ိုဖရဲျဖစ္ေနေသာ ေခါင္းအုံး၊ ေစာင္၊ ႏြမ္းေၾကေနေသာ စပယ္ပန္းကုံးႏွင့္ တြန႔္ ေခြေနလ်က္အတြင္းခံေဘာင္းဘီတို႔ကကိေလသာကာမတဏွာဇာတ္လမ္းတစ္ပုဒ္ ကိုေဖာ္ထုတ္ျပသေနေၾကာင္းအလြယ္တကူသိႏိုင္ပါေလသည္။ေျမရင္ထဲတြင္ခံစား
ခ်က္မ်ားက တစ္မ်ိဳးၿပီးတစ္မ်ိဳး ေျပာင္းလဲေနသည္။
ပထမဆုံး မိေမာ္ကို သည္လိုေဖာက္ ျပန္လိမ့္မည္မထင္ခဲ့ရာမွ လုံးဝယုံၾကည္ စိတ္ခ်ခဲ့ေသာ အခ်စ္ဆုံးမိန္းမက ယခုလို ကိုယ္တိုင္မ်က္စိႏွင့္ တပ္အပ္ျမင္လိုက္ ရသျဖင့္ အံ့အားသင့္သြားသည္။ တစ္ဆက္တည္း ေဒါသစိတ္တို႔ ျဖစ္သြားရသည္။ ေဒါသစိတ္မ်ားမွတစ္ဆင့္ ဝမ္းနည္းသလိုလို ေၾကကြဲသလိုရွိသည္။ ဆက္တိုက္ပင္ ႏွေျမာစိတ္၊ဝန္တိုစိတ္၊ ႐ြံရွာမႈ၊မသတ္မႈေတြ၊မုန္းတီးမႈေတြကပါ ဆက္တိုက္ေျပာင္း လဲသြားကာ နာၾကည္းမႈတို႔က ေနာက္ဆုံးက်န္ရစ္ခဲ့သည္။ စိတ္ဆိုသည္က ေလာက ႀကီးတြင္ ရွိရွိသမွ်အသံ၏အလ်င္ျမန္ဆုံ။ အလင္း၏ လ်င္ျမန္ႏႈန္းေတြထက္ အဆ ေပါင္းမႏႈိင္းယွဥ္သာေအာင္ျမန္လြန္းသည္ဆိုသည့္အတိုင္း စကၠန႔္ပိုင္းေလးအတြင္း
ေျပာင္းလဲသြားေနသည္။
ငျမက သူ႔စိတ္ကို ျပန္လည္ထိန္းခ်ဳပ္ၿပီး အိပ္ခန္းအတြင္း ဝင္လာခဲ့ရာမွ တည္ ၿငိမ္စျပဳေနေသာ သူ႔စိတ္တို႔ကိုအိပ္ခန္းတြင္းအေျခအေနေတြကအဆေပါင္းမ်ားစြာ
ျပင္းထန္ေသာယမ္းအိုးကိုေဖာက္ခြဲပစ္လိုက္သလိုျဖစ္သြားေစခဲ့ပါေတာ့သည္။
“ေတာက္… ေခြးမ”
ထိန္းခ်ဳပ္ထားသည့္ၾကားမွ ခံျပင္းနာၾကည္းမႈေၾကာင့္ ေတာက္တစ္ခ်က္ ျပင္း ထန္စြာေခါက္လိုက္မိေလသည္။အတန္ၾကာၾကာရပ္ေနရာမွ“မိေမာ္”ဟုအသံကုန္
ေအာ္ဟစ္ေခၚလိုက္မိသည္။
“ဘာ-ဘာလဲ-ကို-ျမ
မိေမာ္အိပ္ခန္းထဲေရာက္လာၿပီ၊ထစ္ထစ္ေငါ့ေငါ့ေမးလာရင္းျမလက္ထဲကိုင္
ထားေသာအရာဝတၳဳကိုေတြ႕လိုက္ရသည္။ထိုအရာဝတၳဳကသူဝတ္ေနက်အတြင္းခံ
ေဘာင္းဘီပင္ျဖစ္သည္။ SMILE အမွတ္တံဆိပ္ေလး ရွိေနပါသည္။ ေတြ႕ျမင္လိုက္

သည္ႏွင့္တစ္ၿပိဳင္နက္ သူ႔ရင္ထဲရွိ ႏွလုံးသားေတြ ေပါက္ထြက္မတတ္ ခံစားလိုက္ ရသည္။ သူ ဘာမွျငင္းဆန္လိမ္ညာဖို႔ မျဖစ္ႏိုင္မွန္း ေတြ၊မိလိုက္သည္။
“မင္း-မင္း”
ငျမမွာခံစားခ်က္ျပင္းထန္လြန္းေသာေၾကာင့္စကားကိုပင္ေသခ်ာေျဖာင့္ေျဖာင့္ တန္းတန္း ေခ်ာေမာစြာ မေျပာႏိုင္ေတာ့။ ကိေလသာတဏွာမီးက မည္သည့္အပူမီး ႏွင့္မွ မယွဥ္ႏိုင္ေအာင္ ပူျပင္းစြာ ေလာင္ခဲ့ၿပီမဟုတ္လား။ ေျမေသြးေတြ ဆူပြက္ေန ကာမ်က္စိဖြင့္ထားလ်က္က ဘာမွမျမင္ႏိုင္ေအာင္ ျဖစ္သြားသည္။
“အား-အမေလး”
မိေမာ္၏ထိတ္လန႔္ေၾကာက္႐ြံ႕ျခင္းႏွင့္နာက်င္မႈေတြေပါင္းစပ္၍ထြက္လာေသာ
ေအာ္သံႀကီးေပၚထြက္လာခဲ့ၿပီးေနာက္ အားလုံးတိတ္ဆိတ္သြားေတာ့သည္။
– ေဇာ္ျမင့္သိန္း