” ဝိညာဉ်ကလဲ့စား “(စ/ဆုံး”

Unicode Version

” ဝိညာဉ်ကလဲ့စား “(စ/ဆုံး”
————————–

လေတိုက်ခတ်သံက တရှီးရှီး တရှဲရှဲ မြည်နေသည်။
လေတစ်ချက်အတိုက်တွင်အုန်းပင်ကွမ်းသီးပင်တို့၏
လှုပ်ရှားဟန်မှာယိမ်းကနေသလိုပင် လေတိုက်သံနှင့်
အတူ အိပ်တန်းပျံ ငှက်တို့၏ အော်မြည်သံအချို့ကည
ကို ပို၍ချောက်ချားနေစေသည်။“သားလေးရယ်အမေ
တစ်ယောက်ထဲပျင်းလို့ပါ…အမေနဲ့အတူလာအိပ်အသံ
ကမတိုးမကျယ်မို့လားမသိ၊ လေတိုက်သံနှင့်ဗလုံးဗ
ထွေးဖြစ်နေ သည်။ လူသံလား လေသံလား မကွဲပြား။
ညဦးက မိုးရွာပြီးစမို့ ပုစဉ်းအော်သံ၊ ဖားအော်သံမှလွဲ၍
ညသည်တိတ် ဆိတ်နေပါ၏။ တစ်ခါတစ်ရံဆွဲဆွဲငင်ငင်
အူလိုက်သောခွေးအူသံမှအပမပီ ဝိုးတဝါး လရောင်အောက်
ငယ်“ကျွန်းကြား” ရွာကလေးမှာ အိပ်ဒာကျနေ သည့်နှယ်
ပင်။ မောင်သီဟဖျတ်ခနဲလန့်နိုးလာ၏။မျက်လုံးအစုံကိုပွတ်သပ်
ကြည့်ရင်းမှအိပ်မက်လိုလိုတကယ်လိုလိုအဖြစ်ကိုစဉ်းစားနေမိ၏။
ကြောက်စိတ်ကြောင့်ချွေးများရွှဲရွှဲစိုနေတော့သည်။ပြီးမှ
မတိုးမကျယ်အသံများကပို၍ထင်ရှား ပီပြင်စွာ ကြားရသလိုပင်။
“သားလေးရယ် အဒမနဲ့အတူနေပါ။ အမေတစ်ယောက်ထဲ
ပျင်းလို့ ပါ။လာပါ သားလေးရယ်”
ခေါင်းကိုထောင်၍အိပ်ခန်းဝမှတစ်ဆင့်အိမ်ပေါ်ထပ်
လှေကားများဆီသို့ကြည့်လိုက်မိတော့အမေအပေမှ
အပေအစစ် လက်နှစ်ဖက်ကိုဆန့်တန်း၍ လှေကား
ထစ်များဆီမှသူ့ထံလာနေသည်။ သူစူးစူးဝါးဝါးအော်
လိုက်မိသည်။ “အမေ..မလာပါနဲ့”“အမေ..မလာပါနဲ့
လာကြပါဦးလို့သူ့အော်သံကြောင့် တစ်အိမ်လုံးလန့်
နိုးသွားကြသည်။ရေတိုက်သူက တိုက်၊ ချွေးသုတ်သူ
က သုတ်နှင့်၊ အောက်လင်းဓာတ်မီးကိုလည်း ပြန်၍
ထွန်းလိုက်ကြသည်။ သည်တော့မှပင် ကြောက်စိတ်
က ပြေးသွားသလိုလို ရှိသည်။ မိမိအိပ်ခန်းအပြင်ဘက်
တွင်တော့ အဖေရှိသည်။ အဖေက ညက အရက်ရှိန်
ကြောင့် အိပ်ကောင်းဆဲ ရှိသည်။ ဘာမျှ သိပုံပရ။
အော် .. အပေ သေဘာ (၂) ပတ်ကျော်ရှိခဲ့ပြီပဲ။
“ကျားကြီး”
သည်နာမည်ကို မသိသူမရှိ။ ရွာနီးချုပ်စပ်များကပင်
ကျားကြီးနာမည် ကြားရုံဖြင့်ကျောစိမ့်ကြရသည်။
ငယ်စဉ်ကပင်လောင်းကစားဝိုင်းအရက်ဝိုင်းများမှာသူ
နှင့်ကင်းတာမရှိ။ စိတ်ကဆတ်သလိုလက်ကလည်း
ယဉ်လှသည်။ ကျားကြီးနှင့် ပြဿနာ ဖြစ်ပြီဆိုလျှင်
ဝေးဝေး ရှောင်ပေရော့။ မိဘများက ချမ်းသာကြွယ်ဝ
သူပီပီ ရွာတွင် ဩဇာညောင်းသည်။ သည်တော့ကျားကြီး
ထင်ရာပေါက်သည်။ ကျားကြီး၏ ဆောင်ပုဒ်တစ်ခုရှိသည်။
ယင်းမှာ – ရအောင်ယူမယ် ဖြစ်အောင်လုပ်မယ်။
မရရင်ချမယ်…တဲ့။ပြောသည့်အတိုင်းပင် တစ်ဖက်ရွာ
“ခနွဲက ဘို”မှ ကွမ်းတောင်ကိုင် အလှဆုံး“ပြဒမ”ကို
မြင်းနှင့်တင်ပြေးသည်။မိဘများ၏အရှိန်အဝါနှင့်ငွေကြေး
ဂုဏ်တို့ကြောင့်အဒေါ်ဖြစ်သူဒေါ်စိန်ပိုင်းမှာမလွန်ဆန်ဝံ့။
သူတို့အလိုကျလိုက်လျောကာ ကျားကြီးနှင့် ပေးစားခဲ့
ရသည်။ မြမေရည်းစား “အောင်ကြည်” ကိုရွာမှာမနေ
နိုင်အောင်ရွာသူကြီးဦးသောင်းမြနှင့်ပေါင်း၍ကောင်း
ကောင်း နှိပ်ကွပ်ခဲ့ကြသည်။ ကြားက မြမေခမျာမှာ
သနားစရာပင်။ သူ့ဆောင်ပုဒ်အတိုင်းပင် သည်တစ်ခါ
တော့ ကျားကြီးခံရပေပြီ။ သူနှင့် ပေါင်းသင်းလာသည်
မှာသားလေးမောင်သီဟ(၃)နှစ်သားကျော်ပေပြီ။မြမေ
အချစ်ကိုသူမရခဲ့။ပြပေပြောသည်ကလည်းရှင်းပါ၏။
လူကိုသာရမည်။အချစ်ကိုဘယ်တော့မှမရစေရတဲ့။
သည်တော့ကျားကြီးပေါက်ကွဲလေပြီ။အရင်က ထက်
အရက်ကို ပိုသောက်သည်။ မူးလာလျှင် မြမေကို အပြစ်
မရှိအပြစ်ရှာ ၍နှိပ်စက်တတ်သည်။“ဟဲ့….နှင့်ပျက်နှာ
ကဘာဖြစ်နေတာလဲ။ ဘာလည်းနင့်လင်ကိုလွမ်းနေတာလား”
ဟုတစ်မျိုး။“သွား.. နင် ထွက်သွားစမ်း … နင့်မျက်နှာ
ကြည့်ရတာ ကျက်သရေကို မရှိဘူး”ဟုတစ်ဖုံ။
“နင့်ကို ငါ အမြည်းကောင်းကောင်း လုပ်ထားပါမှာ
ထားရက်သားနဲ့ အသုံးကိုမကျဘူး။ အလကားဟာမ- ထို့-”
ဟုတစ်နည်း ရန်လုပ်နေတတ်သည်။
မြမေကခါးစည်း၍ခံသည်။ ရွာထဲက မြမေကိုသနားကြ
သလိုကျားကြီးကိုမူမေတ္တာပို့ကြသည်။
သားလေးလူလားမြောက်စ(၁၃)နှစ်အရွယ်မှာပင်
မြမရုပ်ကလိုသည်ထက်ပို၍အိုမင်းလာရသည်။ယခင်က
”ကျွန်းကြား” ရွာ၏လှပဂေးဆိုလျှင်ပင်ယုံဖွယ်ရာမရှိ
တော့။သောကကိုရင်မှာပိုက်၍လင်ဆိုးမယားတဖားဖားဘဝ
ဖြင့်သာ မိမိဘဝကိုကုန်ဆုံး နိဂုံးချုပ်သွားခဲ့ရတော့သည်။
တစ်ဆင့်စကားတစ်ဆင့်နားဖြင့်ကျွန်းကြားရွာကလေး
မှာတီးတိုးစကားဆိုကြသည်။“ဦးကျားကြီးမိန်းမဒပြ
ခြောက်လို့တဲ့။ညဘက်ကြီးလှေကားပေါ်ကဆင်းလာပြီး
သူ့သား အိပ်ခန်းကို ဆင်းလာသတဲ့”အပေါက်တစ်ရာ
သာပိတ်ရမည်။လူတစ်ယောက်ပါးစပ်ပေါက်ကားပိတ်
ရန် ခက်ခဲပေစွ၊ ဦးကျားကြီး၏ ညီမဒေါ်ဆင့်နှင့်အဖော်
လာအိပ်သူ မိစန်းမှ တစ်ဆင့် တစ်ရွာလုံးပျံ့နှံ့ကုန်တော့သည်။
“ခြောက်တာတောင်နည်းသေးတယ်။ မိန်းမအရိုးအိုးများ
အိမ်ပေါ်တင် ထား ရတယ်လို့။ လူ့ခွစာကြီး ကလေးကို
မခြောက်ဘဲသူ့ကို ခြောက်ပါ စေတော်။ မှတ်လောက်သား
လောက် လည်ပင်းကို ညှစ်သတ်ပါစေ” တစ်ယောက်တစ်
မျိုးဝေဖန်ပြောဆိုသံများကတစ်ရွာလုံးအနှံ့ဖြစ်တော့သည်။
ဟုတ်ပါသည်။လွန်ခဲ့သောသီတင်း(၂)ပတ်လောက်က
ဒေါ်မြမေဆုံးပါးခဲ့သည်။ ရွာသင်္ချိုင်းတွင်ပင် မီးရှို့ သင်္ဂြိုဟ်
ခဲ့ကြသည်။ သာသာယာယာရှိမှ အုတ်ဂူသွင်းမည်ဟုဆို
ကာအိမ်ပေါ်ထပ်ထုပ်တန်းတွင်ချိတ်ဆွဲထားခဲ့သည်။
ရွာဦးဘုန်းတော်ကြီးက ဦးကျားကြီးကိုခေါ်၍ မလုပ်ကောင်း
ကြောင်း တားမြစ်ပါသေးသည်။လူ့ခွစာဦးကျားကြီးက
နားမဝင်။ဆရာတော်မှ ဆွမ်းခံ ပင်ကြွ၍မရကြောင်းပြောသော်လည်း –
“အရှင်ဘုရားတို့ဆွမ်းခံကြွမရတာကတော့တပည့်တော်
လည်းမတတ်နိုင်ဘူး ဘုရား၊ အရိုးအိုးကိုတော့ စွန့်မပစ်နိုင်ပါဘူး”
ဟုပြန်လည်လျှောက်ခဲ့သည်။ဦးကျားကြီး စိတ်ညစ်ညစ်နှင့်
အရက်ကိုသာအဖော်ပြုနေတော့သည်။
အိမ်တွင်ညီဖြစ်သူဦးထွန်းလှသူရင်းငှားများနှင့်လယ်ကို
ဦးစီးလုပ်ကိုင်သည်။ ဒေါ်မြမေဆုံးပြီးကတည်းကညီမ
ဖြစ်သူအပျိုကြီးဒေါ်ဆင့်လည်းရောက်လာသည်။ အစ်ကို
ဖြစ်သူဦးကျားကြီးကိုစိတ်မရ၍ဖြစ်သည်။တူတော်မောင်ကို
လည်း ပိတ်မချ။ သူ့အစ်ကိုဖြစ်သူ အခြေအနေဆိုးလာလျှင်
မောင်သီဟကို ခေါ်၍သူ့ရွာဖြစ်သော“ဘုရားကုန်း ရွာသို့
ခေါ်သွားရန်သာကြံစည်နေတော့သည်။
“ဟေ့ကောင်ထွန်းလှ – ညကမြမေခြောက်လို့ဆိုကွ။
မင်းဒီညကလေးနဲ့ အိပ်စမ်းကွာ။ ခွေးမသားသီဟ၊ ဖအေက
ရဲရင့်ပါဒစလို့ သီဟလို့ နာမည် ပေးထားတာ။ သင်းက
သူရဲဘောကြောင်တဲ့ အလကားကောင် -ထွီ”
ပြောပြောဆိုဆို လက်တွင် ကိုင်နေကျ “ငှက်ကြီးတောင်ဓား”
ကို ဘေး တွင်ချကာ အိပ်ပါတော့သည်။ထိုညကမောင်သီဟ
တော်တော်နှင့် အိပ်မပျော်။ အမေ ဟိုညကလိုလာဦးမလား။
ငါ့စိတ်ကထင်တာဖြစ်မှာပါလေ။ ဦးလေးထွန်းလှလည်းရှိတာ
ပဲ။ အိပ်မပျော်တာမှအိမ်ရှေ့ကအဖေ့ဟောက်သံကြီးက
တစ်အိမ်လုံး၊လွှမ်းလို့နေသည်။တစ်ခါတစ်ရံခွေးများက
လည်း အူလိုက်သေး။
“ဂျလုံး .. ဂျလုံး ..ဒုန်း”
အား..ဟု အော်မိစဉ်မှာပင် ဝုန်းဆိုသောအသံနှင့်အတူ
ကြောင်မကြီး ပြေးဆင်းသွားသံကြားမှပင် သက်ပြင်း
ချမိတော့သည်။ ရင်ခုန်သံတွေမြန်နေ သည်။ ခြေဖျား
လက်ဖျားတွေလည်း အေးစက်လာသည်။ မြန်မြန်အိပ်
ပျော် ပါစေဟုသာ ဆုတောင်းနေမိတော့သည်။
မက်လိုက်သည့်အိပ်မက်ဆိုးတွေဘာတွေမက်မှန်းလည်း
မသိ။ မှတ်မိ သည်ကတော့ အမေနှင့် လိုက်တမ်းပြေးတမ်း
ကစားကြသည်။ အမေက ဆံပင်ဖားလျားချလို့သူ့ကိုလိုက်
ဖမ်းသည်။ သူကထွက်ပြေးသည်။ အမေက လိုက်၊ သူက
ပြေးနှင့် တစ်ခါတော့ သူက အပြေးမှာ ချောက်ကြီးတစ်ခု
ထဲသို့ ခြေချော်၍ကျသွားတော့သည်။
“အား”
အသံထွက်အောင်ပင် အော်၍ သူလန့်နိုးလာသည်။
နိုးလာတော့လည်းတစ်ကိုယ်လုံးတုန်ယင်လို့နေသည်။မောပန်းနေရင်း
မှရေဆာလိုက်သည်မှာလည်းမပြောနှင့်။
“သားရေ… မပြေးနဲ့ အမေလာပြီ”
“သား..လာပါသားရယ်…အမေတစ်ယောက်ထဲပျင်း
လို့ပါအမေနဲ့အတူလာအိပ်စမ်းပါ သားရယ်”
နားထဲအမှန်တကယ်ကြားနေရသလိုပင် သတိထား
၍မျက်လုံးများကလှေကားရင်းဆီသို့အကြည့်။တွေ့ရပါပြီ။
အိပ်မက်ထဲကအတိုင်းအမေဆံပင်ဖားလျားချလို့လက်
နှစ်ဖက်ကိုဆန့်တန်းရင်းမှသူ့ဆီလာနေသည်။နောက်ဆုံး
လှေကားထစ်ပင် ရောက်တော့သည်။
“အမေ…အမေ မလာပါနဲ့။ အမမလာနဲ့နော်”
“ဦးလေးရေ… ဦးလေး အမေလာနေပြီဗျ”
ပါးဝပ်ကဟစ်အော်ရင်း ဦးလေးလုပ်သူကိုလှုပ်နိုးရသည်။
သည်တော့မှ ဦးလေးလုပ်သူက လူးလဲထရင်း –
“ဘယ်မှာလဲကွ”
ဟုမေးလည်းမေးကြည့်လည်းကြည့်ရာ
“ဟိုမှာ.. ဟိုမှာ လှေကားရင်းမှာ ”ဟု မျက်စေ့မှိတ်၍
စွတ်အော်နေမိ တော့သည်။“အောင်မယ်လေးဗျ
ဟုတ်တယ်။ မြမေမြမေလာနေပြီ။လာကြပါဦးဗျို့”
ဦးလေးထွန်းလှအော်သံကြီးနှင့်အတူ တစ်အိမ်လုံးလည်း
နိုးသွားကြ တော့သည်။ အိမ်နီးချင်းများလည်းလန့်နိုး
သွားကြရင်းမှလှုပ်လှုပ်ရွရွ ဖြစ်ကုန် တော့သည်။
“သွား … အိမ်မှာ တစ်ယောက်မှ မအိပ်ကြနဲ့။ အလကား
ကောင်တွေ ငါ့ဘာသာတစ်ယောက်တည်းအိပ်မယ်”
ဦးကျားကြီး ဒေါသဖြစ်နေသည်။ တစ္ဆေ သရဲဆိုတာကို
သူ မယုံ။ သူ့ တစ်သက်နှင့်တစ်ကိုယ်လည်းတစ်ခါမျှအ
ခြောက်မခံဘူးခဲ့။ သည်တော့မယုံ။ တစ်ယူသန်တဇွတ်
ထိုးသမားဖြစ်၍လည်းသူများအပြောကိုလက်မခံချင်ပေ။
ထိုညက အိမ်မှာ တစ်ယောက်မျှ မရှိ။ ရွာထဲရှိ အခြားအိမ်
မှာ အိပ်ကြ သည်။ ဦးကျားကြီးတစ်ယောက်တည်း။
“ထွန်းလှ…မင်းလုစီတို့အိပ်မသွားခင်အောက်လင်းမီးထွန်း
ပြီးလှေကားဝမှာချိတ်ထားခဲ့
ကဲ … မြမေရေ။ သည်တစ်ခါတော့ ငါ့အလှည့်ပဲ –
ထင်ထင်ရှားရှားသာ ပြစမ်းပါ။ နင်မသေသေးရင်တော့
ငါ့ဓားနဲ့သေချာအောင်ခုတ်ပြီး သတ်ပြမယ်။ ကျားကြီးတဲ့
ကြောက်လိမ့်မယ်လို့တော့ မထင်နဲ့”ဦးကျားကြီးပွဲ
ကြမ်းချေပြီ။ ထိုညကအရက်မသောက်ပြောမယ့်သာ
ပြောရသည်။ မြမကိုသူချစ်ပါသည်။ ချစ်လို့လည်း
သဝန်ကြောင်ပြီးပြောမိ ဆိုမိခြင်းဖြစ်သည်။ပြပေ
ဆုံးပြီဆိုတော့ သူ ဘယ်မျှ ခံစားရသည်ကိုသူသာ
အသိဆုံး။ နောက်ဆုံးအရိုးအိုးကိုပင် မပစ်ရက်ဖြစ်
နေခဲ့ရသည်။ အရက် သောက်၍မူးလာသည့်အခါ
ပြပေကို သူ နှိပ်စက်ခဲ့တာတွေကို နောင်တရမိ တော့သည်။
တစ်ခါဘလေတော့လည်းသင်းကိုစိတ်နာသည်။
သေသည်အထိသူကို ချစ်မသွားခဲ့။ သင်းရည်းစား
ကိုအောက်မေ့ သတိရပြီး လွမ်းနာကျသေတာဖြစ်
မည်ဟုတွေးမိတွေးရာ တွေးနေမိပြန်ပါသည်။သောက်
နေကျအရက်ကိုပင်မသောက်ရတော့မျက်စေ့က
ကြောင်ချင် သည်။တစ်ကိုယ်လုံးမရိုးမရွဖြစ်နေသည်။
ဟိုကယားသလိုလိုသည်ကယား သလိုလို နေမထိ
ထိုင်မသာကြီး ဖြစ်လို့နေသည်။ တစ်ခါတလေချမ်း
သလို လိုဖြစ်လာ၍တစ်ခါတစ်ခါပူအိုက်၍ချွေးပြန်
လာပြန်သည်။သည်ကြားထဲ အိမ်ပေါ်မှာလူဖြတ်
သွားသလိုမျိုးရိပ်ခနဲ ရိပ်ခနဲ မြင်တွေ့ နေရသည်။
မြမေများလား မြမေပင် ဖြစ်ရမည်။မီးဖိုချောင်ဘက်
သို့ ဝင်သွား သလိုမျိုးတွေ့ရပြန်သည်။ ထကြည့်မိပြန်
ပါသည်။မရှိ။ နောက်လှည့်ကြည့်မိတော့မြမေရပ်နေ
သည်ကို တွေ့ရသည်။ သူနှုတ်ကအလိုလို ထွက်သွားသည်။
မြမေကား မရှိပြန်တော့။ လှစ်ခနဲပင် သူ့ဘေးက
ဖြတ်သွားပြန်သည်။ မြမေအိမ်ရှေ့ရောက်နေပြန်သည်။
“ဟူး”
သက်ပြင်းကို ချရင်းမှ ငါ့စိတ်က ခြောက်နေတာဖြစ်
မှာပါလေဟု အားတင်းရပြန်သည်။ကြာတော့သူ့
ခေါင်းတွေမူးဝေလာသည်။ အရက်မသောက်ရတော့
အင်အားတွေချိနဲ့နေသလိုပင်။ အရက်ကြောင်ကြောင်
တယ်ဆိုတာ ဒါမျိုးလား။ ကြောင်အိမ်ထဲက ပုလင်းကို
ထုတ်ကြည့်တော့ အရက်က တစ်ပိုင်းလောက် ကျန်
သေးသည်။ ဝမ်းသာအားရပင်တစ်ကျိုက်တည်းမော့၍
သောက်ပစ်လိုက် ၏။ အူတစ်လျှောက် ပူဆင်းသွားပြီး
အခုမှပင် နေသာထိုင်သာ ရှိသွားတော့သည်။
အိပ်ရာထက်တွင်ပြန်လှဲကြည့်သည်။ မထူးခြား။
မြမေ၏ကိုယ်ပွားတွေ အိမ်မှာအနှံ့လျှောက်သွားနေ
ကြသည်။ သူ့ကိုလှောင်ပြုံးပင်ပြုံးပြသွားသေးသည်။
ကြာတော့ဦးကျားကြီးဆောက်တည်ရာမရတော့။
တစ်ယောက်တည်းအိမ်တံခါးကို ဖွင့်၍ငှက်ကြီးတောင်
ဓားကို ဆွဲကာထွက်လာခဲ့မိသည်။ဦးကျားကြီး၏ခြေ
လှမ်းများကားရွာတောင်ပိုင်းရှိဦးရွှေငြိမ်း၊အရက်ဆိုင်
သို့ပင် ဖြစ်ပါသတည်း။
“… ရွှေငြိမ်း – အရက်တစ်လုံးလောက် ပေးစမ်းပါဗျာ”
“ဟာ..ကိုကျားကြီးပါလား။ ဘယ့်နှယ်အချိန်မတော်
ကြီးဗျာ။(၁၂)နာရီ တောင်ထိုးတော့မယ်”
“အချိန်မတော်တွေဘာတွေလုပ်မနေနဲ့အရက်တစ်
လုံးမြန်မြန်ပေးစမ်းဦးကျားကြီးကို သူခံမပြောရဲ။
အရက်တစ်လုံးကိုသာ မြန်မြန် ထုတ်ပေး ရတော့သည်။
“ကိုရွှေငြိမ်း- ရေခွက်တစ်ခွက်လောက်ဗျာ- ဒီမှာနည်း
နည်း ချသွား မယ်။မထူးပါဘူးဗျာ၊ နှစ်လုံးသာပေါ်
ပြောပြောဆိုဆိုပင် အရက်တစ်ပိုင်းလောက်ကုန်အောင်
သောက်၍ ကျန်သည့်အရက်များကို အိမ်ယူလာခဲ့သည်။
အိမ်ရောက်တော့ အရက်တစ်လုံးနှင့်တစ်ပိုင်းကို စိမ်ပြေ
နပြေ ထိုင်၍ သောက်နေမိသည်။ ခွက်ပေါင်းများစွာ
သောက်အပြီးတွင် ဦးကျားကြီး ဇက်ကျိုးကျကာအိပ်
မောကျသွားပါတော့သည်။
ညကားတစ်စထက်တစ်စနက်လာချေပြီ။ ဘယ်ကလာ
မှန်းမသိသော ငှက်ဆိုးတစ်ကောင်က အိမ်ခေါင်မိုးပေါ်
ဂစ်ခနဲ တိုးသွားလိုက်သေးသည်။ ဦးကျားကြီးကားဘာမျှ
မသိတော့။ လူမှန်းသူမှန်းမသိအောင်ပင် မူးသွားချေ ပြီတကား။
“ဟား..ဟား..ဟားဟားကိုကျားကြီး – သနားစရာကောင်း
လိုက်တာ။ ရှင်ကျုပ်ကိုနှိပ်စက်ခဲ့သးညတော့ရှင်သေရ
တော့မယ်။ရှင့်အလှည့်ပဲလေ” ဦးကျားကြီးဘာမှပြန်မ
ပြောနိုင်ဒေါ်မြမေကိုသာမျက်လုံးအပြူးသားနှင့်စိုက်
ကြည့်နေမိသည်။
“ဘာကြည့်နေတာလဲကိုကျားကြီး – ရှင်သေရမှာကြောက်
နေပြီလား။ လူမိုက်ကြီးရဲ့ – စကားလေးဘာလေးပြောပါဦး”
အံ့ဩလွန်း၍ဦးကျားကြီး ဘာမျှ မပြောနိုင်၊
“ရှင်တို့ နှိပ်စက်လိုက်ကြလို့ ကျွန်မရဲ့ချစ်သူ ကိုအောင်ကြည်
အသေဆိုးနဲ့သေခဲ့ရတယ်။အခုတော့ ရှင့်အလှည့်ရောက်ပါပြီ။
သူသေသလို ရှင်လည်း အသေဆိုးနဲ့ သေစေရမယ်။
ကဲ ..ဘာပြောဦးမလဲ”
ဦးကျားကြီးကသွေးရူးသွေးတမ်းဖြင့် –
“ဒါတွေကိုမင်းသိနေတယ်ဟုတ်လား”
“သိပ်သိတာပေါ့ ။ ကိုကျားကြီးရယ် ရှင့်ကိုလေဒီည
လည်ပင်း ညှစ်သတ်ပြမယ် သိလား”
“နင် လာရဲရင် လာကြည့်လေ။ ငါ့မှာဓားရှိတယ်။
နင့်ကို ထပ်ပြီး၊ ငါ ခုတ် သတ်ပြမယ်သိလား”
“ဟား…ဟား…ဟား… ရှင့်ဓားလောက်များကြောက်
နေရင်ရှကိုစိန်မခေါ် ဘူး။ကဲ – ကျပ်သတ္တိရှိလို့လာပြီ”
“မြမေ …. မင်းမလာနဲ့နော်”
အသံကျယ်ကြီးဖြင့် ဦးကျားကြီး ထအော်ရင်းမှ
နိုးသွားတော့သည်။ အိပ်မက်မက်နေတာကိုး။
စိတ်မှ ရေရွတ်လိုက်ရင်း လှေကားထိပ်ဆီသို့ ကြည့်လိုက်မိတော့ –
“ဟာ
မြမေ …. မြမေ လာနေပြီ။ မြမေနင်မလာနဲ့နော်။
ငါ့လက်ထဲမှာ ဓားတွေ့လား။ နင့်ကို ငါ ခုတ်မှာနော်”
သောက်ထားသောအရက်များ ဘယ်ပျောက်ကုန်ပြီမသိ။
ချက်ချင်းပင် ချွေးတွေပြန်လာသည်။ဒေါ်မြကတော့လက်
နှစ်ဖကဆန်တန်းရင်းလာမြဲလာနေသည်။
“ဟာ..မြမေနင်မလာနဲ့နော်။ ငါတစ်ကယ်
ခုတ်လိုက်တော့မယ်” ပါးစပ်ကလည်း ပြော၊
လူကလည်း ပြေးသွားကာဒေါ်မြမေအား ခုတ်ရ
လိုက်သည်။မထိ။ ပို၍စိတ်ဆိုးလာပြီးမည်းမည်း
မြင်ရာလိုက်မှတ်မိနေသည်။ အချက်ပေါင်းများစွာ
ခုတ်မိသောအခါ…“ပုန်း ဒုန်း ဒုန်း… ချလွမ်း”
အောက်လင်းဓာတ်မီးကျကွဲသံနှင့်အတူ-
ရွာသားများပြေးလာချိန်တွင် ဦးကျားကြီးပါးစပ်မှ
လာကြပါဦး ကျုပ်ကို ပြမေလည်ပင်းညစ်နေလို့”
ဟုအော်နေကြောင်းပြောပြကြပါသည်။ အောက်
လင်းမီးကျကွဲ၍ ဦးကျားကြီးအိမ်မှာ မီးစွဲလောင်ခဲ့
ပါသည်။ ဦးကျားကြီးအလောင်းကိုပင် ရွာသားများ
ကောင်းမှုကြောင့် ပြန်ရခြင်း ဖြစ် သည်။ အလောင်း
ကား ပြင်ဆင်၍ပင် မကောင်း။ မဲနက်တူးခြစ်သွားပေပြီ။
ထူးခြားသည်ကဦးကျားကြီးအလောင်းကိုကြည့်ရှုရာ
လည်ပင်းတစ်ဝိုက်တွင်အညိုအမဲများစွဲနေကြောင်းတွေ့
ရပါသည်။ ဒေါ်မြမေလည်ပင်းညစ်တဲ့ ဒဏ်ရာဖြစ်မှာပေါ့
ဟုအချို့ကဆိုကြသည်။ မဖြစ်နိုင်ပါဘူး။ သူ့ဘာသာမူးမူးနဲ့
ထင်ရာလျှောက်ခုတ်ရင်းရတဲ့ဒဏ်ရာပါဟုဆိုကြပြန်ပါသည်။
အချို့ကလည်းအောက်လင်းမီးအကွဲက္ခတာပါတဲ့။
မည်သို့ဆိုစေ (၁၉၄၅) ခုနှစ်လောက်က အဖြစ်ကို
ဦးကျားကြီး၏ မြေး ဖြစ်သူကိုတင်ထွန်းကပြောပြ၍
ဇာတ်လမ်းဆင် ရေးဖွဲ့ရခြင်း ဖြစ်ပါသည်။ ထိုညက
ဦးကျားကြီးဒေါ်မြမေနှင့်တွေ့ဆုံတိုက်ခိုက်ခဲ့ရခြင်းမှာ
သွေးရိုးသားရိုးပေလော။ အရက်မူး၍ထင်ရာမြင်ရာ
ခုတ်ခဲ့ခြင်းလော။ စိတ်စွဲလမ်းမှု ကြောင့်လော။ တမ
လွန်ဘဝမှ ဒေါ်မြမေ၏ ဝိညာဉ်ကပင် ကလဲ့စားချေခြင်း လောဟူသည်ကိုကား။

Zawgyi Version

” ဝိညာဥ္ကလဲ့စား “(စ/ဆုံး”
————————–

ေလတိုက္ခတ္သံက တရွီးရွီး တရွဲရွဲ ျမည္ေနသည္။
ေလတစ္ခ်က္အတိုက္တြင္အုန္းပင္ကြမ္းသီးပင္တို႔၏
လႈပ္ရွားဟန္မွာယိမ္းကေနသလိုပင္ ေလတိုက္သံႏွင့္
အတူ အိပ္တန္းပ်ံ ငွက္တို႔၏ ေအာ္ျမည္သံအခ်ိဳ႕ကည
ကို ပို၍ေခ်ာက္ခ်ားေနေစသည္။“သားေလးရယ္အေမ
တစ္ေယာက္ထဲပ်င္းလို႔ပါ…အေမနဲ႔အတူလာအိပ္အသံ
ကမတိုးမက်ယ္မို႔လားမသိ၊ ေလတိုက္သံႏွင့္ဗလုံးဗ
ေထြးျဖစ္ေန သည္။ လူသံလား ေလသံလား မကြဲျပား။
ညဦးက မိုး႐ြာၿပီးစမို႔ ပုစဥ္းေအာ္သံ၊ ဖားေအာ္သံမွလြဲ၍
ညသည္တိတ္ ဆိတ္ေနပါ၏။ တစ္ခါတစ္ရံဆြဲဆြဲငင္ငင္
အူလိုက္ေသာေခြးအူသံမွအပမပီ ဝိုးတဝါး လေရာင္ေအာက္
ငယ္“ကြၽန္းၾကား” ႐ြာကေလးမွာ အိပ္ဒာက်ေန သည့္ႏွယ္
ပင္။ ေမာင္သီဟဖ်တ္ခနဲလန႔္ႏိုးလာ၏။မ်က္လုံးအစုံကိုပြတ္သပ္
ၾကည့္ရင္းမွအိပ္မက္လိုလိုတကယ္လိုလိုအျဖစ္ကိုစဥ္းစားေနမိ၏။
ေၾကာက္စိတ္ေၾကာင့္ေခြၽးမ်ား႐ႊဲ႐ႊဲစိုေနေတာ့သည္။ၿပီးမွ
မတိုးမက်ယ္အသံမ်ားကပို၍ထင္ရွား ပီျပင္စြာ ၾကားရသလိုပင္။
“သားေလးရယ္ အဒမနဲ႔အတူေနပါ။ အေမတစ္ေယာက္ထဲ
ပ်င္းလို႔ ပါ။လာပါ သားေလးရယ္”
ေခါင္းကိုေထာင္၍အိပ္ခန္းဝမွတစ္ဆင့္အိမ္ေပၚထပ္
ေလွကားမ်ားဆီသို႔ၾကည့္လိုက္မိေတာ့အေမအေပမွ
အေပအစစ္ လက္ႏွစ္ဖက္ကိုဆန႔္တန္း၍ ေလွကား
ထစ္မ်ားဆီမွသူ႔ထံလာေနသည္။ သူစူးစူးဝါးဝါးေအာ္
လိုက္မိသည္။ “အေမ..မလာပါနဲ႔”“အေမ..မလာပါနဲ႔
လာၾကပါဦးလို႔သူ႔ေအာ္သံေၾကာင့္ တစ္အိမ္လုံးလန႔္
ႏိုးသြားၾကသည္။ေရတိုက္သူက တိုက္၊ ေခြၽးသုတ္သူ
က သုတ္ႏွင့္၊ ေအာက္လင္းဓာတ္မီးကိုလည္း ျပန္၍
ထြန္းလိုက္ၾကသည္။ သည္ေတာ့မွပင္ ေၾကာက္စိတ္
က ေျပးသြားသလိုလို ရွိသည္။ မိမိအိပ္ခန္းအျပင္ဘက္
တြင္ေတာ့ အေဖရွိသည္။ အေဖက ညက အရက္ရွိန္
ေၾကာင့္ အိပ္ေကာင္းဆဲ ရွိသည္။ ဘာမွ် သိပုံပရ။
ေအာ္ .. အေပ ေသဘာ (၂) ပတ္ေက်ာ္ရွိခဲ့ၿပီပဲ။
“က်ားႀကီး”
သည္နာမည္ကို မသိသူမရွိ။ ႐ြာနီးခ်ဳပ္စပ္မ်ားကပင္
က်ားႀကီးနာမည္ ၾကား႐ုံျဖင့္ေက်ာစိမ့္ၾကရသည္။
ငယ္စဥ္ကပင္ေလာင္းကစားဝိုင္းအရက္ဝိုင္းမ်ားမွာသူ
ႏွင့္ကင္းတာမရွိ။ စိတ္ကဆတ္သလိုလက္ကလည္း
ယဥ္လွသည္။ က်ားႀကီးႏွင့္ ျပႆနာ ျဖစ္ၿပီဆိုလွ်င္
ေဝးေဝး ေရွာင္ေပေရာ့။ မိဘမ်ားက ခ်မ္းသာႂကြယ္ဝ
သူပီပီ ႐ြာတြင္ ဩဇာေညာင္းသည္။ သည္ေတာ့က်ားႀကီး
ထင္ရာေပါက္သည္။ က်ားႀကီး၏ ေဆာင္ပုဒ္တစ္ခုရွိသည္။
ယင္းမွာ – ရေအာင္ယူမယ္ ျဖစ္ေအာင္လုပ္မယ္။
မရရင္ခ်မယ္…တဲ့။ေျပာသည့္အတိုင္းပင္ တစ္ဖက္႐ြာ
“ခႏြဲက ဘို”မွ ကြမ္းေတာင္ကိုင္ အလွဆုံး“ျပဒမ”ကို
ျမင္းႏွင့္တင္ေျပးသည္။မိဘမ်ား၏အရွိန္အဝါႏွင့္ေငြေၾကး
ဂုဏ္တို႔ေၾကာင့္အေဒၚျဖစ္သူေဒၚစိန္ပိုင္းမွာမလြန္ဆန္ဝံ့။
သူတို႔အလိုက်လိုက္ေလ်ာကာ က်ားႀကီးႏွင့္ ေပးစားခဲ့
ရသည္။ ျမေမရည္းစား “ေအာင္ၾကည္” ကို႐ြာမွာမေန
ႏိုင္ေအာင္႐ြာသူႀကီးဦးေသာင္းျမႏွင့္ေပါင္း၍ေကာင္း
ေကာင္း ႏွိပ္ကြပ္ခဲ့ၾကသည္။ ၾကားက ျမေမခမ်ာမွာ
သနားစရာပင္။ သူ႔ေဆာင္ပုဒ္အတိုင္းပင္ သည္တစ္ခါ
ေတာ့ က်ားႀကီးခံရေပၿပီ။ သူႏွင့္ ေပါင္းသင္းလာသည္
မွာသားေလးေမာင္သီဟ(၃)ႏွစ္သားေက်ာ္ေပၿပီ။ျမေမ
အခ်စ္ကိုသူမရခဲ့။ျပေပေျပာသည္ကလည္းရွင္းပါ၏။
လူကိုသာရမည္။အခ်စ္ကိုဘယ္ေတာ့မွမရေစရတဲ့။
သည္ေတာ့က်ားႀကီးေပါက္ကြဲေလၿပီ။အရင္က ထက္
အရက္ကို ပိုေသာက္သည္။ မူးလာလွ်င္ ျမေမကို အျပစ္
မရွိအျပစ္ရွာ ၍ႏွိပ္စက္တတ္သည္။“ဟဲ့….ႏွင့္ပ်က္ႏွာ
ကဘာျဖစ္ေနတာလဲ။ ဘာလည္းနင့္လင္ကိုလြမ္းေနတာလား”
ဟုတစ္မ်ိဳး။“သြား.. နင္ ထြက္သြားစမ္း … နင့္မ်က္ႏွာ
ၾကည့္ရတာ က်က္သေရကို မရွိဘူး”ဟုတစ္ဖုံ။
“နင့္ကို ငါ အျမည္းေကာင္းေကာင္း လုပ္ထားပါမွာ
ထားရက္သားနဲ႔ အသုံးကိုမက်ဘူး။ အလကားဟာမ- ထို႔-”
ဟုတစ္နည္း ရန္လုပ္ေနတတ္သည္။
ျမေမကခါးစည္း၍ခံသည္။ ႐ြာထဲက ျမေမကိုသနားၾက
သလိုက်ားႀကီးကိုမူေမတၱာပို႔ၾကသည္။
သားေလးလူလားေျမာက္စ(၁၃)ႏွစ္အ႐ြယ္မွာပင္
ျမမ႐ုပ္ကလိုသည္ထက္ပို၍အိုမင္းလာရသည္။ယခင္က
”ကြၽန္းၾကား” ႐ြာ၏လွပေဂးဆိုလွ်င္ပင္ယုံဖြယ္ရာမရွိ
ေတာ့။ေသာကကိုရင္မွာပိုက္၍လင္ဆိုးမယားတဖားဖားဘဝ
ျဖင့္သာ မိမိဘဝကိုကုန္ဆုံး နိဂုံးခ်ဳပ္သြားခဲ့ရေတာ့သည္။
တစ္ဆင့္စကားတစ္ဆင့္နားျဖင့္ကြၽန္းၾကား႐ြာကေလး
မွာတီးတိုးစကားဆိုၾကသည္။“ဦးက်ားႀကီးမိန္းမဒျပ
ေျခာက္လို႔တဲ့။ညဘက္ႀကီးေလွကားေပၚကဆင္းလာၿပီး
သူ႔သား အိပ္ခန္းကို ဆင္းလာသတဲ့”အေပါက္တစ္ရာ
သာပိတ္ရမည္။လူတစ္ေယာက္ပါးစပ္ေပါက္ကားပိတ္
ရန္ ခက္ခဲေပစြ၊ ဦးက်ားႀကီး၏ ညီမေဒၚဆင့္ႏွင့္အေဖာ္
လာအိပ္သူ မိစန္းမွ တစ္ဆင့္ တစ္႐ြာလုံးပ်ံ႕ႏွံ႔ကုန္ေတာ့သည္။
“ေျခာက္တာေတာင္နည္းေသးတယ္။ မိန္းမအ႐ိုးအိုးမ်ား
အိမ္ေပၚတင္ ထား ရတယ္လို႔။ လူ႔ခြစာႀကီး ကေလးကို
မေျခာက္ဘဲသူ႔ကို ေျခာက္ပါ ေစေတာ္။ မွတ္ေလာက္သား
ေလာက္ လည္ပင္းကို ညႇစ္သတ္ပါေစ” တစ္ေယာက္တစ္
မ်ိဳးေဝဖန္ေျပာဆိုသံမ်ားကတစ္႐ြာလုံးအႏွံ႔ျဖစ္ေတာ့သည္။
ဟုတ္ပါသည္။လြန္ခဲ့ေသာသီတင္း(၂)ပတ္ေလာက္က
ေဒၚျမေမဆုံးပါးခဲ့သည္။ ႐ြာသခ်ႋဳင္းတြင္ပင္ မီးရႈိ႕ သၿဂႋဳဟ္
ခဲ့ၾကသည္။ သာသာယာယာရွိမွ အုတ္ဂူသြင္းမည္ဟုဆို
ကာအိမ္ေပၚထပ္ထုပ္တန္းတြင္ခ်ိတ္ဆြဲထားခဲ့သည္။
႐ြာဦးဘုန္းေတာ္ႀကီးက ဦးက်ားႀကီးကိုေခၚ၍ မလုပ္ေကာင္း
ေၾကာင္း တားျမစ္ပါေသးသည္။လူ႔ခြစာဦးက်ားႀကီးက
နားမဝင္။ဆရာေတာ္မွ ဆြမ္းခံ ပင္ႂကြ၍မရေၾကာင္းေျပာေသာ္လည္း –
“အရွင္ဘုရားတို႔ဆြမ္းခံႂကြမရတာကေတာ့တပည့္ေတာ္
လည္းမတတ္ႏိုင္ဘူး ဘုရား၊ အ႐ိုးအိုးကိုေတာ့ စြန႔္မပစ္ႏိုင္ပါဘူး”
ဟုျပန္လည္ေလွ်ာက္ခဲ့သည္။ဦးက်ားႀကီး စိတ္ညစ္ညစ္ႏွင့္
အရက္ကိုသာအေဖာ္ျပဳေနေတာ့သည္။
အိမ္တြင္ညီျဖစ္သူဦးထြန္းလွသူရင္းငွားမ်ားႏွင့္လယ္ကို
ဦးစီးလုပ္ကိုင္သည္။ ေဒၚျမေမဆုံးၿပီးကတည္းကညီမ
ျဖစ္သူအပ်ိဳႀကီးေဒၚဆင့္လည္းေရာက္လာသည္။ အစ္ကို
ျဖစ္သူဦးက်ားႀကီးကိုစိတ္မရ၍ျဖစ္သည္။တူေတာ္ေမာင္ကို
လည္း ပိတ္မခ်။ သူ႔အစ္ကိုျဖစ္သူ အေျခအေနဆိုးလာလွ်င္
ေမာင္သီဟကို ေခၚ၍သူ႔႐ြာျဖစ္ေသာ“ဘုရားကုန္း ႐ြာသို႔
ေခၚသြားရန္သာႀကံစည္ေနေတာ့သည္။
“ေဟ့ေကာင္ထြန္းလွ – ညကျမေမေျခာက္လို႔ဆိုကြ။
မင္းဒီညကေလးနဲ႔ အိပ္စမ္းကြာ။ ေခြးမသားသီဟ၊ ဖေအက
ရဲရင့္ပါဒစလို႔ သီဟလို႔ နာမည္ ေပးထားတာ။ သင္းက
သူရဲေဘာေၾကာင္တဲ့ အလကားေကာင္ -ထြီ”
ေျပာေျပာဆိုဆို လက္တြင္ ကိုင္ေနက် “ငွက္ႀကီးေတာင္ဓား”
ကို ေဘး တြင္ခ်ကာ အိပ္ပါေတာ့သည္။ထိုညကေမာင္သီဟ
ေတာ္ေတာ္ႏွင့္ အိပ္မေပ်ာ္။ အေမ ဟိုညကလိုလာဦးမလား။
ငါ့စိတ္ကထင္တာျဖစ္မွာပါေလ။ ဦးေလးထြန္းလွလည္းရွိတာ
ပဲ။ အိပ္မေပ်ာ္တာမွအိမ္ေရွ႕ကအေဖ့ေဟာက္သံႀကီးက
တစ္အိမ္လုံး၊လႊမ္းလို႔ေနသည္။တစ္ခါတစ္ရံေခြးမ်ားက
လည္း အူလိုက္ေသး။
“ဂ်လုံး .. ဂ်လုံး ..ဒုန္း”
အား..ဟု ေအာ္မိစဥ္မွာပင္ ဝုန္းဆိုေသာအသံႏွင့္အတူ
ေၾကာင္မႀကီး ေျပးဆင္းသြားသံၾကားမွပင္ သက္ျပင္း
ခ်မိေတာ့သည္။ ရင္ခုန္သံေတြျမန္ေန သည္။ ေျခဖ်ား
လက္ဖ်ားေတြလည္း ေအးစက္လာသည္။ ျမန္ျမန္အိပ္
ေပ်ာ္ ပါေစဟုသာ ဆုေတာင္းေနမိေတာ့သည္။
မက္လိုက္သည့္အိပ္မက္ဆိုးေတြဘာေတြမက္မွန္းလည္း
မသိ။ မွတ္မိ သည္ကေတာ့ အေမႏွင့္ လိုက္တမ္းေျပးတမ္း
ကစားၾကသည္။ အေမက ဆံပင္ဖားလ်ားခ်လို႔သူ႔ကိုလိုက္
ဖမ္းသည္။ သူကထြက္ေျပးသည္။ အေမက လိုက္၊ သူက
ေျပးႏွင့္ တစ္ခါေတာ့ သူက အေျပးမွာ ေခ်ာက္ႀကီးတစ္ခု
ထဲသို႔ ေျခေခ်ာ္၍က်သြားေတာ့သည္။
“အား”
အသံထြက္ေအာင္ပင္ ေအာ္၍ သူလန႔္ႏိုးလာသည္။
ႏိုးလာေတာ့လည္းတစ္ကိုယ္လုံးတုန္ယင္လို႔ေနသည္။ေမာပန္းေနရင္း
မွေရဆာလိုက္သည္မွာလည္းမေျပာႏွင့္။
“သားေရ… မေျပးနဲ႔ အေမလာၿပီ”
“သား..လာပါသားရယ္…အေမတစ္ေယာက္ထဲပ်င္း
လို႔ပါအေမနဲ႔အတူလာအိပ္စမ္းပါ သားရယ္”
နားထဲအမွန္တကယ္ၾကားေနရသလိုပင္ သတိထား
၍မ်က္လုံးမ်ားကေလွကားရင္းဆီသို႔အၾကည့္။ေတြ႕ရပါၿပီ။
အိပ္မက္ထဲကအတိုင္းအေမဆံပင္ဖားလ်ားခ်လို႔လက္
ႏွစ္ဖက္ကိုဆန႔္တန္းရင္းမွသူ႔ဆီလာေနသည္။ေနာက္ဆုံး
ေလွကားထစ္ပင္ ေရာက္ေတာ့သည္။
“အေမ…အေမ မလာပါနဲ႔။ အမမလာနဲ႔ေနာ္”
“ဦးေလးေရ… ဦးေလး အေမလာေနၿပီဗ်”
ပါးဝပ္ကဟစ္ေအာ္ရင္း ဦးေလးလုပ္သူကိုလႈပ္ႏိုးရသည္။
သည္ေတာ့မွ ဦးေလးလုပ္သူက လူးလဲထရင္း –
“ဘယ္မွာလဲကြ”
ဟုေမးလည္းေမးၾကည့္လည္းၾကည့္ရာ
“ဟိုမွာ.. ဟိုမွာ ေလွကားရင္းမွာ ”ဟု မ်က္ေစ့မွိတ္၍
စြတ္ေအာ္ေနမိ ေတာ့သည္။“ေအာင္မယ္ေလးဗ်
ဟုတ္တယ္။ ျမေမျမေမလာေနၿပီ။လာၾကပါဦးဗ်ိဳ႕”
ဦးေလးထြန္းလွေအာ္သံႀကီးႏွင့္အတူ တစ္အိမ္လုံးလည္း
ႏိုးသြားၾက ေတာ့သည္။ အိမ္နီးခ်င္းမ်ားလည္းလန႔္ႏိုး
သြားၾကရင္းမွလႈပ္လႈပ္႐ြ႐ြ ျဖစ္ကုန္ ေတာ့သည္။
“သြား … အိမ္မွာ တစ္ေယာက္မွ မအိပ္ၾကနဲ႔။ အလကား
ေကာင္ေတြ ငါ့ဘာသာတစ္ေယာက္တည္းအိပ္မယ္”
ဦးက်ားႀကီး ေဒါသျဖစ္ေနသည္။ တေစၦ သရဲဆိုတာကို
သူ မယုံ။ သူ႔ တစ္သက္ႏွင့္တစ္ကိုယ္လည္းတစ္ခါမွ်အ
ေျခာက္မခံဘူးခဲ့။ သည္ေတာ့မယုံ။ တစ္ယူသန္တဇြတ္
ထိုးသမားျဖစ္၍လည္းသူမ်ားအေျပာကိုလက္မခံခ်င္ေပ။
ထိုညက အိမ္မွာ တစ္ေယာက္မွ် မရွိ။ ႐ြာထဲရွိ အျခားအိမ္
မွာ အိပ္ၾက သည္။ ဦးက်ားႀကီးတစ္ေယာက္တည္း။
“ထြန္းလွ…မင္းလုစီတို႔အိပ္မသြားခင္ေအာက္လင္းမီးထြန္း
ၿပီးေလွကားဝမွာခ်ိတ္ထားခဲ့
ကဲ … ျမေမေရ။ သည္တစ္ခါေတာ့ ငါ့အလွည့္ပဲ –
ထင္ထင္ရွားရွားသာ ျပစမ္းပါ။ နင္မေသေသးရင္ေတာ့
ငါ့ဓားနဲ႔ေသခ်ာေအာင္ခုတ္ၿပီး သတ္ျပမယ္။ က်ားႀကီးတဲ့
ေၾကာက္လိမ့္မယ္လို႔ေတာ့ မထင္နဲ႔”ဦးက်ားႀကီးပြဲ
ၾကမ္းေခ်ၿပီ။ ထိုညကအရက္မေသာက္ေျပာမယ့္သာ
ေျပာရသည္။ ျမမကိုသူခ်စ္ပါသည္။ ခ်စ္လို႔လည္း
သဝန္ေၾကာင္ၿပီးေျပာမိ ဆိုမိျခင္းျဖစ္သည္။ျပေပ
ဆုံးၿပီဆိုေတာ့ သူ ဘယ္မွ် ခံစားရသည္ကိုသူသာ
အသိဆုံး။ ေနာက္ဆုံးအ႐ိုးအိုးကိုပင္ မပစ္ရက္ျဖစ္
ေနခဲ့ရသည္။ အရက္ ေသာက္၍မူးလာသည့္အခါ
ျပေပကို သူ ႏွိပ္စက္ခဲ့တာေတြကို ေနာင္တရမိ ေတာ့သည္။
တစ္ခါဘေလေတာ့လည္းသင္းကိုစိတ္နာသည္။
ေသသည္အထိသူကို ခ်စ္မသြားခဲ့။ သင္းရည္းစား
ကိုေအာက္ေမ့ သတိရၿပီး လြမ္းနာက်ေသတာျဖစ္
မည္ဟုေတြးမိေတြးရာ ေတြးေနမိျပန္ပါသည္။ေသာက္
ေနက်အရက္ကိုပင္မေသာက္ရေတာ့မ်က္ေစ့က
ေၾကာင္ခ်င္ သည္။တစ္ကိုယ္လုံးမ႐ိုးမ႐ြျဖစ္ေနသည္။
ဟိုကယားသလိုလိုသည္ကယား သလိုလို ေနမထိ
ထိုင္မသာႀကီး ျဖစ္လို႔ေနသည္။ တစ္ခါတေလခ်မ္း
သလို လိုျဖစ္လာ၍တစ္ခါတစ္ခါပူအိုက္၍ေခြၽးျပန္
လာျပန္သည္။သည္ၾကားထဲ အိမ္ေပၚမွာလူျဖတ္
သြားသလိုမ်ိဳးရိပ္ခနဲ ရိပ္ခနဲ ျမင္ေတြ႕ ေနရသည္။
ျမေမမ်ားလား ျမေမပင္ ျဖစ္ရမည္။မီးဖိုေခ်ာင္ဘက္
သို႔ ဝင္သြား သလိုမ်ိဳးေတြ႕ရျပန္သည္။ ထၾကည့္မိျပန္
ပါသည္။မရွိ။ ေနာက္လွည့္ၾကည့္မိေတာ့ျမေမရပ္ေန
သည္ကို ေတြ႕ရသည္။ သူႏႈတ္ကအလိုလို ထြက္သြားသည္။
ျမေမကား မရွိျပန္ေတာ့။ လွစ္ခနဲပင္ သူ႔ေဘးက
ျဖတ္သြားျပန္သည္။ ျမေမအိမ္ေရွ႕ေရာက္ေနျပန္သည္။
“ဟူး”
သက္ျပင္းကို ခ်ရင္းမွ ငါ့စိတ္က ေျခာက္ေနတာျဖစ္
မွာပါေလဟု အားတင္းရျပန္သည္။ၾကာေတာ့သူ႔
ေခါင္းေတြမူးေဝလာသည္။ အရက္မေသာက္ရေတာ့
အင္အားေတြခ်ိနဲ႔ေနသလိုပင္။ အရက္ေၾကာင္ေၾကာင္
တယ္ဆိုတာ ဒါမ်ိဳးလား။ ေၾကာင္အိမ္ထဲက ပုလင္းကို
ထုတ္ၾကည့္ေတာ့ အရက္က တစ္ပိုင္းေလာက္ က်န္
ေသးသည္။ ဝမ္းသာအားရပင္တစ္က်ိဳက္တည္းေမာ့၍
ေသာက္ပစ္လိုက္ ၏။ အူတစ္ေလွ်ာက္ ပူဆင္းသြားၿပီး
အခုမွပင္ ေနသာထိုင္သာ ရွိသြားေတာ့သည္။
အိပ္ရာထက္တြင္ျပန္လွဲၾကည့္သည္။ မထူးျခား။
ျမေမ၏ကိုယ္ပြားေတြ အိမ္မွာအႏွံ႔ေလွ်ာက္သြားေန
ၾကသည္။ သူ႔ကိုေလွာင္ၿပဳံးပင္ၿပဳံးျပသြားေသးသည္။
ၾကာေတာ့ဦးက်ားႀကီးေဆာက္တည္ရာမရေတာ့။
တစ္ေယာက္တည္းအိမ္တံခါးကို ဖြင့္၍ငွက္ႀကီးေတာင္
ဓားကို ဆြဲကာထြက္လာခဲ့မိသည္။ဦးက်ားႀကီး၏ေျခ
လွမ္းမ်ားကား႐ြာေတာင္ပိုင္းရွိဦးေ႐ႊၿငိမ္း၊အရက္ဆိုင္
သို႔ပင္ ျဖစ္ပါသတည္း။
“… ေ႐ႊၿငိမ္း – အရက္တစ္လုံးေလာက္ ေပးစမ္းပါဗ်ာ”
“ဟာ..ကိုက်ားႀကီးပါလား။ ဘယ့္ႏွယ္အခ်ိန္မေတာ္
ႀကီးဗ်ာ။(၁၂)နာရီ ေတာင္ထိုးေတာ့မယ္”
“အခ်ိန္မေတာ္ေတြဘာေတြလုပ္မေနနဲ႔အရက္တစ္
လုံးျမန္ျမန္ေပးစမ္းဦးက်ားႀကီးကို သူခံမေျပာရဲ။
အရက္တစ္လုံးကိုသာ ျမန္ျမန္ ထုတ္ေပး ရေတာ့သည္။
“ကိုေ႐ႊၿငိမ္း- ေရခြက္တစ္ခြက္ေလာက္ဗ်ာ- ဒီမွာနည္း
နည္း ခ်သြား မယ္။မထူးပါဘူးဗ်ာ၊ ႏွစ္လုံးသာေပၚ
ေျပာေျပာဆိုဆိုပင္ အရက္တစ္ပိုင္းေလာက္ကုန္ေအာင္
ေသာက္၍ က်န္သည့္အရက္မ်ားကို အိမ္ယူလာခဲ့သည္။
အိမ္ေရာက္ေတာ့ အရက္တစ္လုံးႏွင့္တစ္ပိုင္းကို စိမ္ေျပ
နေျပ ထိုင္၍ ေသာက္ေနမိသည္။ ခြက္ေပါင္းမ်ားစြာ
ေသာက္အၿပီးတြင္ ဦးက်ားႀကီး ဇက္က်ိဳးက်ကာအိပ္
ေမာက်သြားပါေတာ့သည္။
ညကားတစ္စထက္တစ္စနက္လာေခ်ၿပီ။ ဘယ္ကလာ
မွန္းမသိေသာ ငွက္ဆိုးတစ္ေကာင္က အိမ္ေခါင္မိုးေပၚ
ဂစ္ခနဲ တိုးသြားလိုက္ေသးသည္။ ဦးက်ားႀကီးကားဘာမွ်
မသိေတာ့။ လူမွန္းသူမွန္းမသိေအာင္ပင္ မူးသြားေခ် ၿပီတကား။
“ဟား..ဟား..ဟားဟားကိုက်ားႀကီး – သနားစရာေကာင္း
လိုက္တာ။ ရွင္က်ဳပ္ကိုႏွိပ္စက္ခဲ့သးညေတာ့ရွင္ေသရ
ေတာ့မယ္။ရွင့္အလွည့္ပဲေလ” ဦးက်ားႀကီးဘာမွျပန္မ
ေျပာႏိုင္ေဒၚျမေမကိုသာမ်က္လုံးအျပဴးသားႏွင့္စိုက္
ၾကည့္ေနမိသည္။
“ဘာၾကည့္ေနတာလဲကိုက်ားႀကီး – ရွင္ေသရမွာေၾကာက္
ေနၿပီလား။ လူမိုက္ႀကီးရဲ႕ – စကားေလးဘာေလးေျပာပါဦး”
အံ့ဩလြန္း၍ဦးက်ားႀကီး ဘာမွ် မေျပာႏိုင္၊
“ရွင္တို႔ ႏွိပ္စက္လိုက္ၾကလို႔ ကြၽန္မရဲ႕ခ်စ္သူ ကိုေအာင္ၾကည္
အေသဆိုးနဲ႔ေသခဲ့ရတယ္။အခုေတာ့ ရွင့္အလွည့္ေရာက္ပါၿပီ။
သူေသသလို ရွင္လည္း အေသဆိုးနဲ႔ ေသေစရမယ္။
ကဲ ..ဘာေျပာဦးမလဲ”
ဦးက်ားႀကီးကေသြး႐ူးေသြးတမ္းျဖင့္ –
“ဒါေတြကိုမင္းသိေနတယ္ဟုတ္လား”
“သိပ္သိတာေပါ့ ။ ကိုက်ားႀကီးရယ္ ရွင့္ကိုေလဒီည
လည္ပင္း ညႇစ္သတ္ျပမယ္ သိလား”
“နင္ လာရဲရင္ လာၾကည့္ေလ။ ငါ့မွာဓားရွိတယ္။
နင့္ကို ထပ္ၿပီး၊ ငါ ခုတ္ သတ္ျပမယ္သိလား”
“ဟား…ဟား…ဟား… ရွင့္ဓားေလာက္မ်ားေၾကာက္
ေနရင္ရွကိုစိန္မေခၚ ဘူး။ကဲ – က်ပ္သတၱိရွိလို႔လာၿပီ”
“ျမေမ …. မင္းမလာနဲ႔ေနာ္”
အသံက်ယ္ႀကီးျဖင့္ ဦးက်ားႀကီး ထေအာ္ရင္းမွ
ႏိုးသြားေတာ့သည္။ အိပ္မက္မက္ေနတာကိုး။
စိတ္မွ ေရ႐ြတ္လိုက္ရင္း ေလွကားထိပ္ဆီသို႔ ၾကည့္လိုက္မိေတာ့ –
“ဟာ
ျမေမ …. ျမေမ လာေနၿပီ။ ျမေမနင္မလာနဲ႔ေနာ္။
ငါ့လက္ထဲမွာ ဓားေတြ႕လား။ နင့္ကို ငါ ခုတ္မွာေနာ္”
ေသာက္ထားေသာအရက္မ်ား ဘယ္ေပ်ာက္ကုန္ၿပီမသိ။
ခ်က္ခ်င္းပင္ ေခြၽးေတြျပန္လာသည္။ေဒၚျမကေတာ့လက္
ႏွစ္ဖကဆန္တန္းရင္းလာၿမဲလာေနသည္။
“ဟာ..ျမေမနင္မလာနဲ႔ေနာ္။ ငါတစ္ကယ္
ခုတ္လိုက္ေတာ့မယ္” ပါးစပ္ကလည္း ေျပာ၊
လူကလည္း ေျပးသြားကာေဒၚျမေမအား ခုတ္ရ
လိုက္သည္။မထိ။ ပို၍စိတ္ဆိုးလာၿပီးမည္းမည္း
ျမင္ရာလိုက္မွတ္မိေနသည္။ အခ်က္ေပါင္းမ်ားစြာ
ခုတ္မိေသာအခါ…“ပုန္း ဒုန္း ဒုန္း… ခ်လြမ္း”
ေအာက္လင္းဓာတ္မီးက်ကြဲသံႏွင့္အတူ-
႐ြာသားမ်ားေျပးလာခ်ိန္တြင္ ဦးက်ားႀကီးပါးစပ္မွ
လာၾကပါဦး က်ဳပ္ကို ျပေမလည္ပင္းညစ္ေနလို႔”
ဟုေအာ္ေနေၾကာင္းေျပာျပၾကပါသည္။ ေအာက္
လင္းမီးက်ကြဲ၍ ဦးက်ားႀကီးအိမ္မွာ မီးစြဲေလာင္ခဲ့
ပါသည္။ ဦးက်ားႀကီးအေလာင္းကိုပင္ ႐ြာသားမ်ား
ေကာင္းမႈေၾကာင့္ ျပန္ရျခင္း ျဖစ္ သည္။ အေလာင္း
ကား ျပင္ဆင္၍ပင္ မေကာင္း။ မဲနက္တူးျခစ္သြားေပၿပီ။
ထူးျခားသည္ကဦးက်ားႀကီးအေလာင္းကိုၾကည့္ရႈရာ
လည္ပင္းတစ္ဝိုက္တြင္အညိဳအမဲမ်ားစြဲေနေၾကာင္းေတြ႕
ရပါသည္။ ေဒၚျမေမလည္ပင္းညစ္တဲ့ ဒဏ္ရာျဖစ္မွာေပါ့
ဟုအခ်ိဳ႕ကဆိုၾကသည္။ မျဖစ္ႏိုင္ပါဘူး။ သူ႔ဘာသာမူးမူးနဲ႔
ထင္ရာေလွ်ာက္ခုတ္ရင္းရတဲ့ဒဏ္ရာပါဟုဆိုၾကျပန္ပါသည္။
အခ်ိဳ႕ကလည္းေအာက္လင္းမီးအကြဲကၡတာပါတဲ့။
မည္သို႔ဆိုေစ (၁၉၄၅) ခုႏွစ္ေလာက္က အျဖစ္ကို
ဦးက်ားႀကီး၏ ေျမး ျဖစ္သူကိုတင္ထြန္းကေျပာျပ၍
ဇာတ္လမ္းဆင္ ေရးဖြဲ႕ရျခင္း ျဖစ္ပါသည္။ ထိုညက
ဦးက်ားႀကီးေဒၚျမေမႏွင့္ေတြ႕ဆုံတိုက္ခိုက္ခဲ့ရျခင္းမွာ
ေသြး႐ိုးသား႐ိုးေပေလာ။ အရက္မူး၍ထင္ရာျမင္ရာ
ခုတ္ခဲ့ျခင္းေလာ။ စိတ္စြဲလမ္းမႈ ေၾကာင့္ေလာ။ တမ
လြန္ဘဝမွ ေဒၚျမေမ၏ ဝိညာဥ္ကပင္ ကလဲ့စားေခ်ျခင္း ေလာဟူသည္ကိုကား။