မြေခဲစားပြိတ္တာ(စ/ဆုံး)

Unicode Version

မြေခဲစားပြိတ္တာ(စ/ဆုံး)
——————————
အဖွားငယ်ပြောပြခဲ့ဖူးသော ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ကာယကံရှင်များအား
ထိခိုက်မည်စိုးသောကြောင့် အမည်နာမများအား လွဲှပြောင်းရေးထားသည်။
စံပျော်ရွာလေးသည် စံပျော်ဆိုသည့် နာမည်အတိုင်း အလွန်ပင်နေချင်စရာ
ကောင်းသည့်ရွာလေးဖြစ်သည်။ ထိုရွာ၏အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်
သဖြင့် ခြံမြေအများကြီး ပိုင်ဆိုင်ထားသူက
ရွာ၏သူဌေးစာရင်းဝင်ဖြစ်သည်။ ထိုရွာတွင်နေထိုင်သော ဒေါ်လွမ်းသည်ကား မြေယာအများဆုံးပိုင်ဆိုင်သည့် သူဌေးစာရင်းဝင်ဟုဆိုလျှင်မမှားချေ။ သူမသည် ထိုခြံမြေများအား
လု၍တဖုံ ဈေးနှိမ်ဝယ်၍တမျိုးဖြင့် ရယူခဲ့ခြင်းဖြစ်သည်။
ဒေါ်လွမ်းသည် သားသမီးရှစ်ယောက်၏မိခင်ဖြစ်လေရာ သားသမီးများ၏နောင်ရေးအတွက် မကောင်းမှုကိုကြူးလွန်ခဲ့သည်။ သူမနဲ့ခြံကွက်ချင်းနီးစပ်သူတို့မှာ သူ့ထံတွင် ဈေးပေါပေါဖြင့် ခြံကွက်ရောင်းကြရသည်။ မရောင်းလျှင်လည်း အရှုံးခံရမည့်သဘောဖြစ်သည်။ အကြောင်းမှာ ဒေါ်လွမ်းသည် သူ၏ခြံကွက်အနီးနားရှိ တပါးသူ၏ခြံမြေကွက်ကို တစ်လက်မ ရတစ်လက်မ ယူသည်။ တစ်တစ်စဖြင့် တိုးယူတိုးယူလေရာ မြေပမာဏများလာ၏။ ငွများငွေနိုင်ဆိုသည့်အတိုင်း ဥပဒေသည်လည်း သူဌေး၏လက်အောက်တွင်သာ။ နောက်ဆုံးတွင် ခြံပိုင်ရှင်များသည် ဒေါ်လွမ်းအား ခြံမြေအလကားပေးမည့်အစား နဲနဲရလည်းတန်သည်ဟု စိတ်ဝယ်မှတ်ကာ ဒေါ်လွမ်းထံမိမိတို့
ပိုင်ဆိုင်သည့်မြေယာများအား ရင်နာနာဖြင့်ပေးလိုက်ရသည်။
သို့်သော်သော်ဝဋ်ဟူသည် လည်မြဲမဟုတ်ပါလား။ ဒေါ်လွမ်းအသက်၇၅ နှစ်အရွယ်တွင် သူငယ်ပြန်ရောဂါဖြစ်ကာ အိပ်ယာထဲ၌ချီးသေးတို့ပါချကုန်၏။ သားသမီးများမှာလည်း အိမ်ထောင်ကျကုန်သဖြင့် သူ့အားပြုစုမည့်လူမရှိချေ။ သူနှင့်အတူလာနေသည့် မြေးမလေးတစ်ယောက်ကသာ သူ့ဒဏ်ကို ခံရသည်။ မတရားမြေလုခံခဲ့ရသော သူတို့်ကားဒေါ်လွမ်း၏ အဖြစ်ကိုကြည့်ပြီး ဝဋ်လည်တာဟု နောက်ကွယ်၌ပြောကြသည်။ သူငယ်ပြန်ရောဂါဖြင့် အသက် ၇၆ နှစ်အရွယ်တွင် ဘဝတစ်ပါးသို့်ကူးပြောင်းသွားလေသည်။
သို့သော်ဝဋ်ကြီးသော ဒေါ်လွမ်းတစ်ယောက် မိမိ၏မတော်လောဘကြောင့်
သေလွန်သွားသော် မကျွတ်မလွတ်ဘဝဖြင့်သာ ကျင်လည်နေရ၏။ သူပိုင်ဆိုင်ခဲ့သော ရွှေငွေဥစ္စာများကား သားသမီးတို့်ကအမွေခွဲဝေယူကြသည်။ သူကိုယ်တိုင်ကား ခြံကျယ်ကြီးထဲတွင်ဆင်းရဲပင်ပန်းကြီးစွာ နေနေရသည်။ တစ်နေ့တွင် သူ့၏မြေးမလေးသည် အမွေရသည့် ခြံထဲသို့အလုပ်သွားလုပ်လေရာ
ခြံထောင့်မှ ငိုသံကိုကြားနေရသည်။
ကြောက်တတ်သူမဟုတ်သဖြင့် ငိုသံကြားရာနေရာသို့. လိုက်ရှာကြည့်သောမလည်း
လူရိပ်လူယောင်ပင်မတွေ့ရချေ။ ငိုသံသည်
ရပ္မသြားဘဲ ထိုခြံပတ်ပတ်ပတ်လည်တွင်
ပတ်ငိုနေ၏။ တစ်ယောက်ယောက်ကသူ့အား စနောက်နေခြင်းဖြစ်မည်ဟု မှတ်ပြီး အလုပ်ဆက်လုပ်နေစဉ် ဘယ်ကလာမှန်းမသိသော မြေစာခဲလေး တစ်ခုသည် သူ့ကျောအားလာမှန်၏။

“အား….ငါ့ကိုဘယ်သူပစ္လိုက္တာလဲ…

ထွက်ခဲ့နော်…ငိုသံတွေနဲ့စနောက်လိုက်…

မြေစာခဲနဲ့ပစ်လိုက်နဲ့ဘယ်သူလဲ….ခုထွက်ခဲ့..”

ဟုအော်ပြောသော်လည်း မည်သူမျှထွက်မလာချေ။ အလုပ်ပြန်လုပ်လျှင် သူ၏နေရာအနံအား မြေခဲနဲ့ပေါက်ပြန်သည်။ သူဘာမှမပြောတော့ဘဲ အလုပ်သာဆက်လုပ်နေ၏။

“ဘုတ်…”

“အာ့….”

အစကမြေခဲသေးသေးနဲ့သာပစ်သော်လည်း

သူဂရုမစိုက်သောအခါ မြေစာတုံးကြီးက

သူ့ကျောပြင်အားလာမှန်ပြန်သည်။

တစ်ခါ နှစ်ခါသာ မဟုတ်တော့သဖြင့် စိတ်

ကတိုလာကာ ပေါက်ပြားအားပစ်ချလိုက်ပြီး

ထမိန်တိုတိုပြင်ဝတ်လိုက်ကာ

” ဘယ်သူလဲဟဲ့…အတော်အားယားနေတယလား….သူများအလုပ်လုပ်နေတာ… မမြင်ဘူးလား….စောက်လုံးကန်းနေတာလား…ထွက်လာခဲ့စမ်းနားရင်းအုပ်ပစ်လိုက်မယ်…ဟုတ်တယ်လူကိုဘာမှတ်နေလဲမသိ…”

ဟုဘေးဘီအရပ်ကိုကြည့်ကာ ဆဲဆိုလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ထိုမြေးမလေးသည် အဖွားအားပြုစုခဲ့သောကြောင့် အဖွားပိုင်အိမ်ကြီးအား အမွေအဖြစ်ရရှိခဲ့သည်။ ထိုအိမ်တွင်သူတစ်ယောက်တည်းသာနေ၏။ ညဖက် အိပ်ယာဝင်သော အခါသူမသည် သေလွန်လေပြီးသော အဖွားဖြစ်သူဒေါ်လွမ်းအားအိပ်မက်မက်လေ၏။

“ဟင်… အဖြားပါလား….အဖွားဘာလို့မြေကြီးကိုရွက်ထားနေတာလဲ..”

ထိုအခါဒေါ်လွမ်းသည် ကြူကြူပါအောက်ကိုပြီး

“အဖွားရဲ့မတော်လောဘကြောင့် သူများပိုင်မြေကို လုယူခဲ့လို့ဒီဘဝမှာ မကျွတ်မလွတ်နဲ့ မြေခဲကိုဘဲစားရတယ်…ခေါင်းပေါ်မှာလည်းမြေကြီးကိုရွက်ထားရတယ်မြေးလေးရယ်…အဖွားရဲ့လောဘကြောင့်အဖွားအရမ်းပင်ပန်းဆင်းရဲနေရပြီ…အီးဟီးဟီး… မြေးလေးအဖွားကိုကယ်ပါဦး…”

“ဟင်…အဖွားမြေကြီးကိုစားရတယ်ဟုတ်လား…”

“ဟုတ်တယ်မြေးလေးရယ်…အဖွားမှာအကူအညီတောင်းရမဲ့လူဆိုလို့မြေးလေးဘဲရှိတယ်…အဖွားရဲ့သားသမီးတွေကအဖွားကိုသတိမရကြဘူး….နေ့လည်ကအဖွားလေမြေးလေးကို အကူအညီတောင်းချင်လို့ မြေးလေးကြားအောင်အော်ငိုတယ် မြေခဲနဲ့ပေါက်တယ် အဲဒါမြေးလေးကစိတ်ဆိုးပြီး အဖွားကိုဆဲတယ်…ဟီးဟီးဟီး…”

ထိုအခါသူမသည် နေ့လယ်ကသူ့အား မြေစာခဲဖြင့်ပေါက်သူကို သတိရသွားပြီး

“အဲဒါ အဖြားလုပ္တာလား ….မြေးလေးမသိဘူးလေအဖွားရယ်….တစ်ယောက်ယောက်ကလာစနောက်နေတယ်ထင်လို့ပါ…”

“မြေးလေး အဖွားကိုကူညီပေးပါနော်…
အဖွားဒီမြေကြီးကိုရွက်ထားရတာပင်ပန်းလှပြီ ဒီမြေကြီးကိုလည်းမစားချင်တော့ဘူး
အဖွားဗိုက်အရမ်းဆာတယ်…အဖွားကိုဒီဘဝကလွတ်အောင်ကူညီပေးပါနော်…”

“အဖြားကို မြေးလေးဘယ်လိုကူညီပေးရမလဲ…”

“အဖွားပိုင်တဲ့မြေကွက်တွေကို ဘုန်းကြီးကျောင်းကိုလှူပေးပြီးအမျှဝေပေးပါ…..အဖွားသူများမြေကိုလုယူခဲ့တဲ့အပြစ်ကြွေးတွေကို
ဆေးကြောပေးပါ…အဖွားဒီဘဝကလွတ်ချင်လှပြီ…”

“အင်းပါ..မြေးလေးအဖွားကိုဒီဘဝကလွတ်အောင်လုပ်ပေးမယ်နော်…အဖွားကိုမြေးလေးသနားတယ်…”

“ကျေးဇူးတင်လိုက်တာမြေးလေးရယ်…
အဖွားသာဓုခေါ်ဖို့စောင့်နေမယ်နော်…”

“ဟုတ်အဖွား….”

“ဟဲ့…မိသီတာ…မထသေးဘူးလားဟဲ့နေဖင်ထိုးနေပြီ…အိမ်မှာမနေချင်တာ ဒီမှာဘုရင်လိုအိပ်ရလို့ကိုး…”

သီတာ၏မိခင် ကြီးဒေါ်မိုးဆုမှ အသံကျယ်ကြီးဖြင့် တံခါးပုတ်နိုးလေမှ သူအိမ်မက်မက်နေမှန်း သိရ၏။

အိပ်မက်အကြောင်းအား အဖွား၏သားသမီးမြေးများကိုပြောပြလိုက်သော် သူတို့ပိုင်သည့်မြေများလှူပေးရမည်စိုးသောကြောင့် အင်းအဲမလုပ်ကြချေ။

“ဦးလေး ဒေါ်လေးတို့ အဖွားအတွက်မလှူချင်နေ သမီးတော့အဖွားဆီကရတဲ့
ခြံအမွေလေးကိုဘုန်းကြီးကိုလှူပြီး အဖြားကို မြေကြီးရွက်ထားရတဲ့ဘဝကနေကျွတ်အောင်လုပ်မယ်…”

ထိုအခါတ်ခားလူမ်ားက

“ရူးပါ့ဟယ်…သူ့အကုသိုလ်နဲ့သူပေါ့ ငါတို့တော့အရှုံးမခံနိုင်ဘူးဟေ့”

“အေး…ည ည်းကအမေ့ဆီက အမွေယူထားတာဆိုတော့ည ည်းလှူပေး လိုကိပေါ့အေ့…”

“ဟုတ်တယ်…အဖွားဆီကဘာတွေရထားသေးလဲမသိ…”

သီတာကားသူတို့ပြောသောစကားများကို နားမထောင်တော့ဘဲ ဆွမ်းချိုင့်ပြင်ကာ ဘုန်းကြီးကျောင်းသို့ထွက်သွားလေ၏။ ဆရာတော်အား လျှောက်သောအခါ
ဆရာတော်သည် သူများဥစ္စာကို မတော်လောဘဖြင့် ယူရခြင်းအကျိုးအပြစ်တို့ကို
ဟောပြောပြပြီး ရေစက်ချကာ ကွယ်လွန်သူဒေါ်လွမ်းအား အမျှပေးဝေလေသည်။
ဒေါ်လွမ်း၏မြေအလှူကိုလက်ခံကြောင်းလဲပြောပြီး ကျွတ်လွတ်ရာဘုံဘဝသို့
ရလွယ်ရောက်လွယ်စေရန် အမျှအတမ်းပေးဝေခဲ့လေသည်။

ညရောက်သော် သီတာ၏အိပ်မက်ထဲသို့အဖွားဖြစ်သူ ရောက်လာ၏။
ခါတိုင်းကဲ့သို့မြေကြီးခေါင်းပေါ်ရွက်မထားရတော့ဘဲ အဝတ်အစားတောက်တောက်ပြောင်ပြောင်ဝတ်ထား၏။

“ဟာအဖြား…အဖွားသာဓုခေါ်နိုင်ပြီပေါ့….
မြေးလေးပျော်လိုက်တာ…”

“ဟုတ်တယ်မြေးလေး…အဖွားမြေကြီးခေါင်းပေါ်ရွက်ပြီး…မြေခဲတွေစားရတဲ့ဘဝကနေလွတ်သွားပြီ…ငါ့မြေးလေးလည်း အဖြားဆီက သံဝေဂတရားယူပြီး သူများပိုင်ဥစ္စာတွေကို တစ်လက်မ မှတောင်မယူမိနဲ့နော်….အဖွားသွားရတော့မယ်…မြေးလေးကိုနုတ်ဆက်ခဲ့တယ်နော်…”

“အဖြား…အဖြား….”

သူနိုးလာခဲ့ပြီး အိပ်မက်ထဲမှအဖွားမြေကြီးရွက်ထားရသည့် ပြိတ္တာ ဘဝမှကျွတ်လွတ်သွားသောကြောင့် သီတာတစ်ယောက်ပျော်မဆုံး ဖြစ်နေတော့သည်။…….။

#ပြီး
#ခွန်း

Zawgyi Version

ေျမခဲစားၿပိတၱာ(စ/ဆုံး)
——————————
အဖြားငယ္ေျပာျပခဲ့ဖူးေသာ ျဖစ္ရပ္မွန္ဝတၳဳတစ္ပုဒ္ျဖစ္သည္။ကာယကံရွင္မ်ားအား
ထိခိုက္မည္စိုးေသာေၾကာင့္ အမည္နာမမ်ားအား လြဲွေျပာင္းေရးထားသည္။
စံေပ်ာ္႐ြာေလးသည္ စံေပ်ာ္ဆိုသည့္ နာမည္အတိုင္း အလြန္ပင္ေနခ်င္စရာ
ေကာင္းသည့္႐ြာေလးျဖစ္သည္။ ထို႐ြာ၏အဓိကစီးပြားေရးမွာ စိုက္ပ်ိဳးေရးျဖစ္
သျဖင့္ ၿခံေျမအမ်ားႀကီး ပိုင္ဆိုင္ထားသူက
႐ြာ၏သူေဌးစာရင္းဝင္ျဖစ္သည္။ ထို႐ြာတြင္ေနထိုင္ေသာ ေဒၚလြမ္းသည္ကား ေျမယာအမ်ားဆုံးပိုင္ဆိုင္သည့္ သူေဌးစာရင္းဝင္ဟုဆိုလွ်င္မမွားေခ်။ သူမသည္ ထိုၿခံေျမမ်ားအား
လု၍တဖုံ ေဈးႏွိမ္ဝယ္၍တမ်ိဳးျဖင့္ ရယူခဲ့ျခင္းျဖစ္သည္။
ေဒၚလြမ္းသည္ သားသမီးရွစ္ေယာက္၏မိခင္ျဖစ္ေလရာ သားသမီးမ်ား၏ေနာင္ေရးအတြက္ မေကာင္းမႈကိုၾကဴးလြန္ခဲ့သည္။ သူမနဲ႔ၿခံကြက္ခ်င္းနီးစပ္သူတို႔မွာ သူ႔ထံတြင္ ေဈးေပါေပါျဖင့္ ၿခံကြက္ေရာင္းၾကရသည္။ မေရာင္းလွ်င္လည္း အရႈံးခံရမည့္သေဘာျဖစ္သည္။ အေၾကာင္းမွာ ေဒၚလြမ္းသည္ သူ၏ၿခံကြက္အနီးနားရွိ တပါးသူ၏ၿခံေျမကြက္ကို တစ္လက္မ ရတစ္လက္မ ယူသည္။ တစ္တစ္စျဖင့္ တိုးယူတိုးယူေလရာ ေျမပမာဏမ်ားလာ၏။ ငြမ်ားေငြႏိုင္ဆိုသည့္အတိုင္း ဥပေဒသည္လည္း သူေဌး၏လက္ေအာက္တြင္သာ။ ေနာက္ဆုံးတြင္ ၿခံပိုင္ရွင္မ်ားသည္ ေဒၚလြမ္းအား ၿခံေျမအလကားေပးမည့္အစား နဲနဲရလည္းတန္သည္ဟု စိတ္ဝယ္မွတ္ကာ ေဒၚလြမ္းထံမိမိတို႔
ပိုင္ဆိုင္သည့္ေျမယာမ်ားအား ရင္နာနာျဖင့္ေပးလိုက္ရသည္။
သို႔္ေသာ္ေသာ္ဝဋ္ဟူသည္ လည္ၿမဲမဟုတ္ပါလား။ ေဒၚလြမ္းအသက္၇၅ ႏွစ္အ႐ြယ္တြင္ သူငယ္ျပန္ေရာဂါျဖစ္ကာ အိပ္ယာထဲ၌ခ်ီးေသးတို႔ပါခ်ကုန္၏။ သားသမီးမ်ားမွာလည္း အိမ္ေထာင္က်ကုန္သျဖင့္ သူ႔အားျပဳစုမည့္လူမရွိေခ်။ သူႏွင့္အတူလာေနသည့္ ေျမးမေလးတစ္ေယာက္ကသာ သူ႔ဒဏ္ကို ခံရသည္။ မတရားေျမလုခံခဲ့ရေသာ သူတို႔္ကားေဒၚလြမ္း၏ အျဖစ္ကိုၾကည့္ၿပီး ဝဋ္လည္တာဟု ေနာက္ကြယ္၌ေျပာၾကသည္။ သူငယ္ျပန္ေရာဂါျဖင့္ အသက္ ၇၆ ႏွစ္အ႐ြယ္တြင္ ဘဝတစ္ပါးသို႔္ကူးေျပာင္းသြားေလသည္။
သို႔ေသာ္ဝဋ္ႀကီးေသာ ေဒၚလြမ္းတစ္ေယာက္ မိမိ၏မေတာ္ေလာဘေၾကာင့္
ေသလြန္သြားေသာ္ မကြၽတ္မလြတ္ဘဝျဖင့္သာ က်င္လည္ေနရ၏။ သူပိုင္ဆိုင္ခဲ့ေသာ ေ႐ႊေငြဥစၥာမ်ားကား သားသမီးတို႔္ကအေမြခြဲေဝယူၾကသည္။ သူကိုယ္တိုင္ကား ၿခံက်ယ္ႀကီးထဲတြင္ဆင္းရဲပင္ပန္းႀကီးစြာ ေနေနရသည္။ တစ္ေန႔တြင္ သူ႔၏ေျမးမေလးသည္ အေမြရသည့္ ၿခံထဲသို႔အလုပ္သြားလုပ္ေလရာ
ၿခံေထာင့္မွ ငိုသံကိုၾကားေနရသည္။
ေၾကာက္တတ္သူမဟုတ္သျဖင့္ ငိုသံၾကားရာေနရာသို႔. လိုက္ရွာၾကည့္ေသာမလည္း
လူရိပ္လူေယာင္ပင္မေတြ႕ရေခ်။ ငိုသံသည္
ရပၼၾသားဘဲ ထိုၿခံပတ္ပတ္ပတ္လည္တြင္
ပတ္ငိုေန၏။ တစ္ေယာက္ေယာက္ကသူ႔အား စေနာက္ေနျခင္းျဖစ္မည္ဟု မွတ္ၿပီး အလုပ္ဆက္လုပ္ေနစဥ္ ဘယ္ကလာမွန္းမသိေသာ ေျမစာခဲေလး တစ္ခုသည္ သူ႔ေက်ာအားလာမွန္၏။

“အား….ငါ့ကိုဘယ္သူပစႅိဳကၱာလဲ…

ထြက္ခဲ့ေနာ္…ငိုသံေတြနဲ႔စေနာက္လိုက္…

ေျမစာခဲနဲ႔ပစ္လိုက္နဲ႔ဘယ္သူလဲ….ခုထြက္ခဲ့..”

ဟုေအာ္ေျပာေသာ္လည္း မည္သူမွ်ထြက္မလာေခ်။ အလုပ္ျပန္လုပ္လွ်င္ သူ၏ေနရာအနံအား ေျမခဲနဲ႔ေပါက္ျပန္သည္။ သူဘာမွမေျပာေတာ့ဘဲ အလုပ္သာဆက္လုပ္ေန၏။

“ဘုတ္…”

“အာ့….”

အစကေျမခဲေသးေသးနဲ႔သာပစ္ေသာ္လည္း

သူဂ႐ုမစိုက္ေသာအခါ ေျမစာတုံးႀကီးက

သူ႔ေက်ာျပင္အားလာမွန္ျပန္သည္။

တစ္ခါ ႏွစ္ခါသာ မဟုတ္ေတာ့သျဖင့္ စိတ္

ကတိုလာကာ ေပါက္ျပားအားပစ္ခ်လိုက္ၿပီး

ထမိန္တိုတိုျပင္ဝတ္လိုက္ကာ

” ဘယ္သူလဲဟဲ့…အေတာ္အားယားေနတယလား….သူမ်ားအလုပ္လုပ္ေနတာ… မျမင္ဘူးလား….ေစာက္လုံးကန္းေနတာလား…ထြက္လာခဲ့စမ္းနားရင္းအုပ္ပစ္လိုက္မယ္…ဟုတ္တယ္လူကိုဘာမွတ္ေနလဲမသိ…”

ဟုေဘးဘီအရပ္ကိုၾကည့္ကာ ဆဲဆိုလိုက္သည္။ ထိုအခါ ပတ္ဝန္းက်င္တစ္ခုလုံး
တိတ္ဆိတ္ၿငိမ္သက္သြားေတာ့သည္။

ထိုေျမးမေလးသည္ အဖြားအားျပဳစုခဲ့ေသာေၾကာင့္ အဖြားပိုင္အိမ္ႀကီးအား အေမြအျဖစ္ရရွိခဲ့သည္။ ထိုအိမ္တြင္သူတစ္ေယာက္တည္းသာေန၏။ ညဖက္ အိပ္ယာဝင္ေသာ အခါသူမသည္ ေသလြန္ေလၿပီးေသာ အဖြားျဖစ္သူေဒၚလြမ္းအားအိပ္မက္မက္ေလ၏။

“ဟင္… အျဖားပါလား….အဖြားဘာလို႔ေျမႀကီးကို႐ြက္ထားေနတာလဲ..”

ထိုအခါေဒၚလြမ္းသည္ ၾကဴၾကဴပါေအာက္ကိုၿပီး

“အဖြားရဲ႕မေတာ္ေလာဘေၾကာင့္ သူမ်ားပိုင္ေျမကို လုယူခဲ့လို႔ဒီဘဝမွာ မကြၽတ္မလြတ္နဲ႔ ေျမခဲကိုဘဲစားရတယ္…ေခါင္းေပၚမွာလည္းေျမႀကီးကို႐ြက္ထားရတယ္ေျမးေလးရယ္…အဖြားရဲ႕ေလာဘေၾကာင့္အဖြားအရမ္းပင္ပန္းဆင္းရဲေနရၿပီ…အီးဟီးဟီး… ေျမးေလးအဖြားကိုကယ္ပါဦး…”

“ဟင္…အဖြားေျမႀကီးကိုစားရတယ္ဟုတ္လား…”

“ဟုတ္တယ္ေျမးေလးရယ္…အဖြားမွာအကူအညီေတာင္းရမဲ့လူဆိုလို႔ေျမးေလးဘဲရွိတယ္…အဖြားရဲ႕သားသမီးေတြကအဖြားကိုသတိမရၾကဘူး….ေန႔လည္ကအဖြားေလေျမးေလးကို အကူအညီေတာင္းခ်င္လို႔ ေျမးေလးၾကားေအာင္ေအာ္ငိုတယ္ ေျမခဲနဲ႔ေပါက္တယ္ အဲဒါေျမးေလးကစိတ္ဆိုးၿပီး အဖြားကိုဆဲတယ္…ဟီးဟီးဟီး…”

ထိုအခါသူမသည္ ေန႔လယ္ကသူ႔အား ေျမစာခဲျဖင့္ေပါက္သူကို သတိရသြားၿပီး

“အဲဒါ အျဖားလုပၱာလား ….ေျမးေလးမသိဘူးေလအဖြားရယ္….တစ္ေယာက္ေယာက္ကလာစေနာက္ေနတယ္ထင္လို႔ပါ…”

“ေျမးေလး အဖြားကိုကူညီေပးပါေနာ္…
အဖြားဒီေျမႀကီးကို႐ြက္ထားရတာပင္ပန္းလွၿပီ ဒီေျမႀကီးကိုလည္းမစားခ်င္ေတာ့ဘူး
အဖြားဗိုက္အရမ္းဆာတယ္…အဖြားကိုဒီဘဝကလြတ္ေအာင္ကူညီေပးပါေနာ္…”

“အျဖားကို ေျမးေလးဘယ္လိုကူညီေပးရမလဲ…”

“အဖြားပိုင္တဲ့ေျမကြက္ေတြကို ဘုန္းႀကီးေက်ာင္းကိုလႉေပးၿပီးအမွ်ေဝေပးပါ…..အဖြားသူမ်ားေျမကိုလုယူခဲ့တဲ့အျပစ္ေႂကြးေတြကို
ေဆးေၾကာေပးပါ…အဖြားဒီဘဝကလြတ္ခ်င္လွၿပီ…”

“အင္းပါ..ေျမးေလးအဖြားကိုဒီဘဝကလြတ္ေအာင္လုပ္ေပးမယ္ေနာ္…အဖြားကိုေျမးေလးသနားတယ္…”

“ေက်းဇူးတင္လိုက္တာေျမးေလးရယ္…
အဖြားသာဓုေခၚဖို႔ေစာင့္ေနမယ္ေနာ္…”

“ဟုတ္အဖြား….”

“ဟဲ့…မိသီတာ…မထေသးဘူးလားဟဲ့ေနဖင္ထိုးေနၿပီ…အိမ္မွာမေနခ်င္တာ ဒီမွာဘုရင္လိုအိပ္ရလို႔ကိုး…”

သီတာ၏မိခင္ ႀကီးေဒၚမိုးဆုမွ အသံက်ယ္ႀကီးျဖင့္ တံခါးပုတ္ႏိုးေလမွ သူအိမ္မက္မက္ေနမွန္း သိရ၏။

အိပ္မက္အေၾကာင္းအား အဖြား၏သားသမီးေျမးမ်ားကိုေျပာျပလိုက္ေသာ္ သူတို႔ပိုင္သည့္ေျမမ်ားလႉေပးရမည္စိုးေသာေၾကာင့္ အင္းအဲမလုပ္ၾကေခ်။

“ဦးေလး ေဒၚေလးတို႔ အဖြားအတြက္မလႉခ်င္ေန သမီးေတာ့အဖြားဆီကရတဲ့
ၿခံအေမြေလးကိုဘုန္းႀကီးကိုလႉၿပီး အျဖားကို ေျမႀကီး႐ြက္ထားရတဲ့ဘဝကေနကြၽတ္ေအာင္လုပ္မယ္…”

ထိုအခါတ္ခားလူမ္ားက

“႐ူးပါ့ဟယ္…သူ႔အကုသိုလ္နဲ႔သူေပါ့ ငါတို႔ေတာ့အရႈံးမခံႏိုင္ဘူးေဟ့”

“ေအး…ည ည္းကအေမ့ဆီက အေမြယူထားတာဆိုေတာ့ည ည္းလႉေပး လိုကိေပါ့ေအ့…”

“ဟုတ္တယ္…အဖြားဆီကဘာေတြရထားေသးလဲမသိ…”

သီတာကားသူတို႔ေျပာေသာစကားမ်ားကို နားမေထာင္ေတာ့ဘဲ ဆြမ္းခ်ိဳင့္ျပင္ကာ ဘုန္းႀကီးေက်ာင္းသို႔ထြက္သြားေလ၏။ ဆရာေတာ္အား ေလွ်ာက္ေသာအခါ
ဆရာေတာ္သည္ သူမ်ားဥစၥာကို မေတာ္ေလာဘျဖင့္ ယူရျခင္းအက်ိဳးအျပစ္တို႔ကို
ေဟာေျပာျပၿပီး ေရစက္ခ်ကာ ကြယ္လြန္သူေဒၚလြမ္းအား အမွ်ေပးေဝေလသည္။
ေဒၚလြမ္း၏ေျမအလႉကိုလက္ခံေၾကာင္းလဲေျပာၿပီး ကြၽတ္လြတ္ရာဘုံဘဝသို႔
ရလြယ္ေရာက္လြယ္ေစရန္ အမွ်အတမ္းေပးေဝခဲ့ေလသည္။

ညေရာက္ေသာ္ သီတာ၏အိပ္မက္ထဲသို႔အဖြားျဖစ္သူ ေရာက္လာ၏။
ခါတိုင္းကဲ့သို႔ေျမႀကီးေခါင္းေပၚ႐ြက္မထားရေတာ့ဘဲ အဝတ္အစားေတာက္ေတာက္ေျပာင္ေျပာင္ဝတ္ထား၏။

“ဟာအျဖား…အဖြားသာဓုေခၚႏိုင္ၿပီေပါ့….
ေျမးေလးေပ်ာ္လိုက္တာ…”

“ဟုတ္တယ္ေျမးေလး…အဖြားေျမႀကီးေခါင္းေပၚ႐ြက္ၿပီး…ေျမခဲေတြစားရတဲ့ဘဝကေနလြတ္သြားၿပီ…ငါ့ေျမးေလးလည္း အျဖားဆီက သံေဝဂတရားယူၿပီး သူမ်ားပိုင္ဥစၥာေတြကို တစ္လက္မ မွေတာင္မယူမိနဲ႔ေနာ္….အဖြားသြားရေတာ့မယ္…ေျမးေလးကိုႏုတ္ဆက္ခဲ့တယ္ေနာ္…”

“အျဖား…အျဖား….”

သူႏိုးလာခဲ့ၿပီး အိပ္မက္ထဲမွအဖြားေျမႀကီး႐ြက္ထားရသည့္ ၿပိတၱာ ဘဝမွကြၽတ္လြတ္သြားေသာေၾကာင့္ သီတာတစ္ေယာက္ေပ်ာ္မဆုံး ျဖစ္ေနေတာ့သည္။…….။

#ၿပီး
#ခြန္း