Unicode Version
မောင်ရေခဲနှင့်ဝက်ပြိတ္တာ(စ/ဆုံး)
————————————–
ထင်ပေါ်လည်း ဒေါ်ညိုအား ခွေးရူးတိုက်ကုသကယ်တင်ပြီးနောက် ဆရာဖြစ်သူရေခဲရှိရာရွာထိပ်စေတီသို့ ပြန်လာခဲ့လေသည်။ ဆရာဖြစ်သူ တရားထိုင်နေသဖြင့် ဘေးမှအသာဘုရားဝတ်ပြုပြီး ဆရာဖြစ်သူ တရားထိုင်ဖြုတ်မည့်အချိန်ကိုထိုင်စောင့်နေလိုက်သည်။ အတန်ကြာမှ
” ဘယ်လိုလဲထင်ပေါ်အတွေ့အကြုံအသစ်ရခဲ့ရဲ့လား ငါ့တပည့်ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ဆရာယုံကြည်တယ် ”
ရေခဲမှ ရုတ်တရက်ပြောလိုက်ရာ ထင်ပေါ်လည်း ဆရာဖြစ်သူအား ရိုသေစွာကန်တော့လိုက်ပြီး
” ဟုတ်ကဲ့ဆရာ အတွေ့အကြုံလဲရပါတယ် သေသေချာချာကုသပေးခဲ့ပါတယ် ”
” အိမ်း.. ကောင်းလေစွကောင်းလေစွ ငါတို့ရွာတစ်ရွာကိုခရီးဆက်ရလိမ့်မယ် အဲ့ရွာမှာ မကျွတ်မလွတ်ဖြစ်နေတဲ့ ဝက်ပြိတ္တာမကြီးကို ကူညီဆုံးမရလိမ့်မယ် ”
” ဘာလို့လဲဆရာ အဲ့ဒီဝက်ပြိတ္တာကြီးက လူတွေကိုဒုက္ခပေးနေလို့လား ”
” ဒီလိုထင်ပေါ်ရဲ့ အဲ့ဒီဝက်ပြိတ္တာကြီးက လူ့ဘဝမှာအကုသိုလ်ကြီးမားခဲ့လို့ ဝက်ပြိတ္တာဘဝရောက်နေတာ သူကအကူအညီတောင်းချင်နေတာ ဒါကို ငါတို့ကူညီပြီးဖြေရှင်းပေးရလိမ့်မယ် သူ့မှာလူ့ဘဝက ကုသိုလ်ကံလေးတွေရှိနေသေးတယ် ”
” ကျွန်တော်နားလည်ပါပြီ ဆရာ ဒါဆိုအဲ့ရွာကိုသွားရအောင်လေ အဲ့ရွာကိုရောက်ဖို့ ဘယ်လောက်ကြာလဲ ဆရာ ”
” ဒီညနေလောက်ရောက်မယ် ညကျမှအလုပ်စကြတာပေါ့ အခုတော့ အဲ့ရွာရောက်ဖို့လိုတယ် ”
ထိုသို့ပြောပြီး မောင်ရေခဲကအရှေ့ကနေ စပြီးသွားလေသည်။ ထင်ပေါ်လည်း အေနာက္ကေနလိုက္ကာ ဆရာဖြစ်သူရေခဲကို
” ဆရာ အဲ့ဒီဝက်ပြိတ္တာကြီးအကြောင်းပြောပြပါလား ကျွန်တော်သိချင်လို့ပါ ”
” မင်းသိချင်ရင် ငါပြောပြမယ် ဒီလိုကြ…..
ချောင်းဦးရွာသည် မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိပြီး မြို့နဲ့အလှမ်းဝေးလှသည်။ ရွာနီးစပ်ချုပ်တွင်ရွာငယ်များဖြင့်သာယာဝပြောလှသည်။ ထိုရွာတွင် ဒေါ်တင်ဝိုင်းဆိုလျှင် မသိသူမရှိပေ။
” အကြော်စုံတွေရမယ် အကြော်စုံတွေရမယ် ဟောဒီက အကြော်စုံလေးစားကြပါဦး ”
အကြော်ဗန်းကို ယပ်တောင်ဖြင့် ယင်မလာအောင်လှန့်ရင်း နှုတ်မှအော်ပြီး ဘဝကိုဖြတ်သန်းနေရသူ။ သားသမီးများကလည်း အလုပ်အကိုင်မယ်မယ်ရရ မရွိ။ မိခင်ကြီးကပဲရှာဖွေကျွေးမွေးနေရသည်။
နေ့စဉ်တိုင်း အကြော်တဲလေးတွင်ထိုင်ကာ အကြော်ရောင်းကာ ရဟန်းသံဃာများကိုအကြော်လှူဒါန်းပြီး ဘုရားတရားကိုလည်း ယုံကြည်သက်ဝင်သူ။ တစ်နေ့မှာ အကုသိုလ်ဝင်လာလေသည်။
” ဟဲ့ တင်ဝိုင်း အကြော် ၂၀၀ဖိုးထည့်ပေးစမ်းအေ အချဉ်ရည်များများထည့်နော် ကျုပ်ညည်းကို အကြံပေးစရာရှိလို့ ”
” ဪ မမြရယ်ကျုပ်ကိုဘာအကြံကောင်းတွေပေးမလိုလဲ ရော့အကြော် အချဉ်ရည်လည်းပိုထည့်ထားတယ် ”
” ဒီလို တင်ဝိုင်းရဲ့ ညည်းဒီလိုအကြော်ပဲရောင်းနေတော့မှာလား တခြားအလုပ်တစ်ခုခုပြောင်းမလုပ်ချင်ဘူးလား ”
” အိုတော် ကျုပ်မှာဒီအကြော်ရောင်းရတာနဲ့တင်စားလောက်သောက်လောက်နေပါပြီ တခြားမယ်မယ်ရရလည်းမလုပ်တတ်ပါဘူးတော် ”
” ဒါဆို သေချာနားထောင် ဟိုဘက်သုံးရွာအကျော်က ဝက်ဒိုင်ကနေ ဝက်သားယူပြီး ညည်းဆိုင်မှာပြန်တင်ပါလား ပိုက်ဆံကို ဆယ်ရက်ဆိုင်းထားလို့ရတယ်ဆိုတော့ တရက်လောက် စမ်းပြီးလုပ်ကြည့်ပါလား ”
” အင်း မမြပေးတဲ့အကြံ ဘယ်ဆိုးလို့လဲတော် ကျုပ်မှာစုထားတဲ့ ငွေအနည်းအကျဉ်းတော့ ရှိတယ် မနက်ဖြန်လုပ်ကြည့်တာပေါ့ ”
” ဒါဆို မနက်ဖြန်မနက်အစော ကျုပ်ဝက်သားသွားယူမှာ ညည်းအတွက် ဆယ့်ငါးပိသာ ပိုယူလာလိုက်မယ် ”
” ဟုတ်ပြီ မျမေရ ကျေးဇူးတင်ပါတယ်တော်ရေ အကြော်ဖိုးပေးမနေတော့နဲ့ ဉာဏ်ပူဇော်ခလို့သတ်မှတ်လိုက် ”
” အေးပါ တင်ဝိုင်းရေ ဒါဆိုငါသွားတော့မယ် ညည်းအလုပ်အသ်နဲ့အဆင်ပြေပါစေတော် ”
ထိုသို့ပြောပြီး ဒေါ်မြလည်းပြန်သွားလေသည်။ နောက်နေ့မနက်ရောက်သော် ဒေါ်မြက ဝက်သားတောင်းရွက်ကာ ဒေါ်တင်ဝိုင်း ဆိုင်သို့ရောက်လာလေသည်။
” ဟဲ့တင်ဝိုင်း ဝက်သားတောင်းချကူဦးလေး မောလိုက်တာအေ ”
” လာပါပြီ မျမေရ ဖြည်းဖြည်း ဖြည်းဖြည်း လာမျမ ရေနွေးကြမ်းသောက်ပြီး အကြော်စားအမောဖြေဦး ”
” ကဲ ဝက်သားတော့ရောက်ပြီ ငါရွာထဲကို ပတ်ပြောထားပေးမယ် နင့်ကိုဝက်သားပိုထည့်ပေးထားတယ်တဲ့ ”
” ဟုတ်ပါပြီတော် အကြော်လေးစားပါဦး ”
ခဏကြာနားပြီးတော့ ဒေါ်မြလည်းပြန်သွားလေသည်။ ထမင်းတစ်အိုးချက်ခန့်ကြာသောအခါ ရွာထဲမှာ အမျိုးသမီးများရောက်လာပြီး
” လေးတင်ဝိုင်း ဝက်သားတင်ထားတယ်ဆို ငါးဆယ်သားလောက်ထည့်ပေးပါဦး ”
” အေးရမယ်ရမယ် ဟိုဘက် မိညို ညည်းကရောဘယ်လောက်ဖိုးလဲ ”
” တစ်ပိသာယူမယ် ကြီးကြီးဝိုင်း ”
စသည်ဖြင့် လာရောက်ဝယ်ယူကြရာ တခဏချင်းပင် ဝက်သားများကုန်သွားလေသည်။ အမြတ်ငွေလည်း မြိုးမြိုးမြတ်မြတ်ရသဖြင့် ဒေါ်တင်ဝိုင်းကျေနပ်သွားသည်။ သို့ဖြင့် ထိုနေ့အကြော်ကုန်အောင်ရောင်းပြီး အိမ်ပြန်လာခဲ့လေသည်။
” အေမ အစောကြီးပြန်ရောက်လာပါလား အမေ့မျက်နှာက အပြုံးပန်းလေးတွေဝေနေတာပဲ အရက္ဖိုး နှစ်ရာလောက် ဟီးဟီးဟီး ”
” အရက္ဖိုးက အသာထားဦး အမေသားကိုပြောစရာရှိတယ် ပြောစရာဆိုတာထပ် ခိုင်းစရာရှိတာ ”
” ပြောလေ အေမ ကျုပ်လုပ်ပေးမယ်လေ ဘာခိုင်းမို့လဲ ”
” ဒီလိုလေ ငါ့သားရဲ့ ဒီနေ့အမေ ဟိုဘက်သုံးရွာအကျော်ကဝက်ဒိုင်ကနေ ဝက်သားယူပြီးရောင်းတာ အမြတ်ငွေလည်းမြိုးမြိုးမြတ်မြတ်ရတယ် ဒါကြောင့်နောက်နေ့ ငါ့သားဝက်သားသွားယူပေး တစ်နေ့ကိုအရက်ဖိုး ငါးရာပေးမယ် နေ့တိုင်းနော် ”
မိခင်ဖြစ်သူဒေါ်တင်ဝိုင်းစကားကြောင့် သားဖြစ်သူ ဖိုးတင် မျက်နှာပြုံးသွားလေပြီး
” အမေ့ကတိအမေတည်နော် ကျုပ်ကိုနေ့တိုင်း ငါးရာပေးရမှာနော် ”
” ဒါပေါ့ မနက်ဖြန်အတွက် ရော့ငါးရာ မနက်အစောသွားယူရမှာနော် ”
” ဟုတ်ပြီအမေရေ ဟုတ်ပြီ ဟားဟားဟား ”
မိခင်ဖြစ်သူ ပေးသောပိုက်ဆံကိုယူပြီး တဟားဟားဖြင့်အော်ရီကာ အိမ်ပေါ်မှဆင်းသွားလေသည်။ နောက်နေ့တွင် အကြော်မရောင်းတော့ပဲ ဝက်သားတစ်မျိုးတည်းသာရောင်းလေတော့သည်။ နေ့စဉ်တိုင်း ထပ်တိုးထပ်တိုးရောင်းချသဖြင့် ဒေါ်တင်ဝိုင်းတို့မိသားစုအဆင်ပြေလာလေသည်။ သမီးဖြစ်သူကိုလည်းရွှေတွေသီးနေအောင် ဆင်မြန်းပေးနိုင်လာလေသည်။
တော်ရုံတန်ရုံအဆင်ပြေမှုကိုအားမရပဲ ဘေးရွာများသို့ဝက်သားတစ်ဆင့်ပြန်ပို့ရန် ဒေါ်တင်ဝိုင်းက ဝက်ဒိုင်ထောင်လေသည်။ ထို့နောက် ဝက်များကို ကိုယ်တိုင်မွေးမြူကာ ဝက်သတ်သမားများဖြင့် သတ်ဖြတ်ခိုင်းကာ ရောင်းချလေသည်။
အကြော်သည်ဘဝတုန်းက ဘုရားတရားမြဲပြီး အလှူအတန်းမပျက်ခဲ့သော ဒေါ်တင်ဝိုင်းမှာ ဝက်သားရောင်းကတည်းမှအလှူအတန်းမလုပ်ဖြစ်တော့ပေ။ ယခင်က တဲစုတ်အိမ်လေးအတွင်းမှဘုရားတရားသံကြားနေရပြီ ယခု အိမ်သစ်ကြီးအတွင်းတွင် ဝက်အော်သံများဖြင့်ဆူညံ့နေလေပြီ။
ဒေါ်တင်ဝိုင်းက ရွာအလည်တွင် အိမ်ဝိုင်းကျယ်ကြီးတစ်ခုဝယ်ကာ နှစ်ထပ်အိမ်ကြီးကိုခမ်းခမ်းနားနားဆောက်လေသည်။ ပိုက်ဆံဆို ထားစရာနေရာမရှိအောင်ပင် ချမ်းသာလာလေသည်။ ဝက်များမွေးကာ မြို့ပေါ်အထိပြန်လည်ပို့ဆောင်ရောင်းရလေသည်အထိ စီးပွားရေးကောင်းမွန်လာသည်။
တစ်နေ့သော် ဒေါ်တင်ဝိုင်းတစ်ယောက်အပြင်းဖျားဖျားပြီး သတိမေ့သွားကာ မိမိမရောက်ဖူးသော နေရာကြီးတစ်ခုသို့ရောက်သွားလေသည်။ ထိုနေရာမှာငရဲပြည်ကြီးဖြစ်နေလေသည်။ လူတစ်ပိုင်းဝက်တစ်ပိုင်းဖြစ်နေသူများကို ဓားဖြင့်ထိုးပြီး ကြီးမားလှသောတူကြီးများဖြင့် ထုကာနှိပ်စက်နေကြလေသည်။ နှိပ်စက်နေသောသူများတွင် သနားကြင်နာခြင်းအလျင်းမရှိခဲ့ပေ။
နာကျင်စွာအော်ဟစ်သံ ငိုကြွေးသံတွေဖြင့်ဆူညံ့နေသော ငရဲပြည်ကြီး။ ဒေါ်တင်ဝိုင်းလည်းကြောက်လန့်တကြားဖြင့် ဘယ်သွားရမှန်းမသိဖြစ်နေစဉ် အရှေ့မှ တူဖြင့်အတူခံနေရသောသူမှ
” ဒေါ်တင်ဝိုင်း ကျုပ်ကိုကယ်ပါဦး ကျုပ်ဝက်တွေသတ်ခဲ့လို့ငရဲကျနေတာပါ ကျုပ်ကိုကယ်ပါဦး ”
” နင် နင် နင်ဖိုးတေမလား ငါ့အိမ်မှာဝက်သတ်တဲ့ဖိုးတေမလား ဟင် ”
” ဟုတ်တယ် ဒေါ်တင်ဝိုင်း ကျုပ် ဝက်တွေသတ်ခဲ့လို့ ငရဲကျနေတာပါ ကျုပ်မိသားစုကို ပြောပေးပါ ကျုပ်အကုသိုလ်တွေလျှော့ပါးအောင် ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေပေးပါလို့ပြောပေးပါ ”
” အေးအေး ငါပြောလိုက်မယ် ငါဒီကနေဘယ်လိုပြန်ရမလဲ နင်သိလား ”
” ကျုပ်မသိဘူး အား…. အား….ကြောက်ပါပြီဗျာ….”
ဖိုးတေအား လွန်စွာသန်မာလှသောလူကြီးမှ နံဘေးအားဓားဖြင့် ဆောင့်ထိုးချလိုက်ပြီး ကျန်တစ်ဦးမှ တူဖြင့်ထုချလိုက်သဖြင့် ငယ်သံပါအောင်အော်လေတော့သည်။ ထိုစဉ်လွန်စွာ ဩဇာအာဏာပါလှသောအသံကြီးတစ်ခုက
” ဟိတ် တင်ဝိုင်း နင်က လူ့ဘဝမှာ သူမ်ားအသက္ကို ကိုယ်တိုင်မသတ်ခဲ့ပေမဲ့ တပါးသူနဲ့သတ်ခိုင်းခဲ့တယ် ဒါကြောင့် နင်ငရဲပြည်ကိုရောက်လာခဲ့ပြီ ”
ထိုအသံကြောင့် ဒေါ်တင်ဝိုင်းလည်း သေးထွက်မတတ်ပင်ကြောက်လန့်သွားကာ
” ကျွန်…ကျွန်…ကျွန်မ အပြစ်တွေကို ပြန်ပြီးေးဆကြောပါရစေ တောင်း.. တောင်း..တောင်ပန်ပါတယ် ကျွန်မကိုပြန်ပို့ပေးပါး အီးဟီးဟီးဟီး ”
ဒေါ်တင်ဝိုင်းလည်းကြောက်အားလန့်အားဖြင့် ပြောပြီး ထငိုလေတော့သည်။
” ဒီမွာ နင်လူ့ဘဝက အကြော်ရောင်းစဉ်က ကုသိုလ်ကောင်းမှုတွေရှိနေသေးတယ် ဒါကြောင့်နင့်ကို ပြင်ဆင်ခွင့်ပေးတဲ့အနေနဲ့ လူ့ပြည်ကိုပြန်သွားလို့ရမယ် နင်မှားမြဲတိုင်းမှားနေရင် နင့်ရှေ့မှာခံနေရတဲ့သူတွေလိုပဲခံစားရမယ် နားလည်လား ကဲအခုလူ့ပြည်ပြန်တော့ ”
ယမမင်းကထိုသို့ ပြောပြီး ဒေါ်တင်ဝိုင်းခန္ဓာတစ်ခုလုံး လေပေါ်လွင့်သွားသကဲ့သို့ ပေါ့ပါးသွားလေသည်။ လူ့ရပ်ရွာတွင်ကား ဒေါ်တင်ဝိုင်းအားသေပြီအမှတ်နှင့် သုဿ ာန် သို့ဆောင်ရန်တရားနာနေပြီ။ ရုတ်တရက် ဒေါ်တင်ဝိုင်းက
” အဟင်းဟင်းဟင်း ရေ..ရေဆာတယ် ရေပေးပါ ရေ.ရေ ရေတိုက်ကြပါ ”
” ဟာ ဒေါ်တင်ဝိုင်းကြီး ဖုတ်ဝင်နေပြီဟ လုပ်ကြပါဦး ”
ဒေါ်တင်ဝိုင်းအား ဖုတ်ဝင်သည်အမှတ်ဖြင့် အိမ်ပေါ်မှဆင်းပြေးသူကပြေး။ အော်သူကအော်နှင့်ဖြစ်နေသဖြင့် ရွာဦးဆရာတော်မှ
” တိတ်ကြစမ်း အားလုံးတိတ် ဒကာမကြီးကို ရေခပ်ပေးလိုက်ကြ အမြန်ခပ်ပေးလိုက်လေ ”
” တင့်ပါဘုရား ဟိတ်ရေခပ်ပေးလိုက်ကြ ဖလားကြီးကြီးနဲ့ခပ်ခဲ့… ဒီမှာဒေါ်တင်ဝိုင်း ရေသောက် ”
အဲ့လိုပြောပြီး ရေဖလားပေးလိုက်ရာ ဒေါ်တင်ဝိုင်းလည်းရေကိုအငမ်းမရသောက်ကာ
” အရှင်ဘုရား တပည့်တော် ငရဲပြည်ရောက်သွားခဲ့ပါတယ် တပည့်တော်ဆီမှာ ဝက်သတ်တဲ့ ဖိုးတေငရဲကျနေပါတယ် တပည့်တော်မကို ကုသိုလ်ကောင်းမှူတွေရှိနေသေးလို့ လူ့ပြည်ကိုပြန်လာပြီး အပြစ်တွေဆေးကြောဖို့ ပြန်လွှတ်လိုက်တာပါ ဖိုးတေ ငရဲကျနေတယ် သူ့အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးပါတဲ့ ”
စသည်ဖြင့်ပြောလိုက်ရာ ရွာဦးဆရာတော်မှ သေချာနားထောင်ပြီး
” အိမ်း ငရဲကပြန်လာတဲ့သေရွာပြန်ဆိုတာ တို့ဘုရားလက်ထက်မှာကတည်းကရှိခဲ့တာပဲ နောက်ဆို အကုသိုလ်အလုပ်ကိုမလုပ်ကြနဲ့တော့ ရွာသူရွာသားအားလုံးကြားကြလား ”
” တင်ပါ့ဘုရား တပြည့်တော်တို့ အကုသို္လ်အလုပ္ကို ရှောင်ကျဉ်ပါ့မယ် ”
” အိမ်း သာဓုသာဓုသာဓု ကဲ ဒကာကြီးဖိုးတေရဲ့မိသားစုများကလည်း သူ့အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးကြ ”
” တင့်ပါဘုရားတပည့်တော်တို့ လုပ်ပေးပါမယ်ဘုရား ဟင့်ဟင့်ဟင့် ”
ဖိုးတေမိန်းမဖြစ်သူမှ ဆရာတော်အားငိုသံဖြင့်ပြောနေလေသည်။ ဆရာတော်မှ တရားဓမ္မများကိုဟောကြားပေးပြီး ကျောင်းသို့ပြန်ကြွသွားလေသည်။ ငရဲမှပြန်လာသော ဒေါ်တင်ဝိုင်းကြီးလည်း လှူရေးတန်းရေးများကို လက်မနှေးအောင်လှူဒါန်းလေသည်။ ရွာလည်တွင် ဝါးဖြင့်ဖြစ်ကရော ထိုးထားသည့်တံတားကြီးကိုလည်း အခိုင်အမာဖြစ်စေရန် အကုန်ကျခံတည်ဆောက်ပေးလေသည်။
ဝက်မွေးဝက်သတ်ခြင်းအားမလုပ်တော့ပဲ အလှူအတန်းများကိုသာလုပ်ပြီး ရွာမှထွက်သော ကုန်စိမ်းများကိုမြို့သို့ပို့ဆောင်ပြီးကုန်သွယ်လေသည်။ အကုသိုလ်ကံနှင့်သာအကျိုးဆက်ပါသော ဒေါ်တင်ဝိုင်းမှာ ဝက်သားရောင်းသကဲ့သို့ စီးပွားမဖြစ်ပဲ အရှုံးပေါ်လာသဖြင့် စီးပွားရေး ယိုင်ယွင်းလာသည်။
အချိန်ကြာလာသော်အခြားဝက်ဒိုင်မှ ဝက်သားများကိုယူဆောင်ကာ ရောင်းချလေသည်။ သို့သော်စီးပွားရေးမှာအဆင်မပြေလှပေ။ လူအချို့က
” ဒေါ်တင်ဝိုင်း ဝက်သားပြန်ရောင်းနေတာတော့ကောင်းပါတယ် ဝက်တွေကိုယ်တိုင်မွေးပြီး မသတ်ခိုင်းပါနဲ့အကုသိုလ်များတယ် ”
” အေးပါဟယ် ငါနောင်တရနေပါပြီ နင်တို့လဲ ကုသိုလ်ကောင်းမှုလုပ်ကြ သီလလဲစောင့်ကြ ”
အဲ့လိုပြန်ပြောကြလေသည်။ တစ်နေ့မှာဒေါ်တင်ဝိုင်းက
” ငါကုသိုလ်တွေအများကြီးလုပ်ထားပြီးပြီပဲ ငါလုပ်ထားတဲ့ကုသိုလ်နဲ့ဆို ငရဲမကျလောက်တော့ပါဘူး အရင်လို ဝက်ဒိုင်ပြန်လုပ်တာပဲကောင်းပါတယ် ”
ငရဲမကြောက်သောဒေါ်တင်ဝိုင်းတစ်ယောက်ထိုသို့တွေးပြီး ဝက်များကိုမွေးမြူကာ သတ်ဖြတ်ခိုင်းလေပြန်သည်။ သို့ဖြင့် စီးပွားရေးမှာတစ်ဟုန်ထိုးပြန်လည်ကောင်းမွန်လာသည်။ ဒီအခါမွာ ဒေါ်တင်ဝိုင်းက ကုသိုလ်ကောင်းမှုကိုလည်း တပါးတည်းယှဉ်တွဲပြီးလုပ်လေသည်။ သို့သော်လည်းကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီဆိုသောစကားအတိုင်း ဒေါ်တင်ဝိုင်း အသက်ခြောက်ဆယ်ခန့်တွင် ရုတ်တရက်သေဆုံးသွားလေသည်။
ဒေါ်တင်ဝိုင်းအား သဂြိုလ်ပြီးချိန်တွင် ရွာအတွင်း၌လည်းကောင်း၊ရွာလည်တံတား၌လည်းကောင်း ဒေါ်တင်ဝိုင်းမျက်နှာဖြင့် လူတစ်ပိုင်းဝက်တစ်ပိုင်းဖြစ်နေကာ သရဲခြောက်ကြသည်ဟု ပြောဆိုကြလာသည်။ အချို့က ဝက်တွေကိုသတ်ခိုင်းသဖြင့် ဝက်ပြိတ္တာဖြစ်သည်ဟုလည်းပြောကြလေသည်။
မည်သို့ပင်ဆိုစေကာမူ အကုသိုလ်မှာလက်ငင်းအကျိုးပေးသည့်အလျှောက် ဒေါ်တင်ဝိုင်းအမှန်တကယ်ဝက်ပြိတ္တာဖြစ်နေလေပြီ။ ဒေါ်တင်ဝိုင်းကလည်း မကျွတ်မလွတ်ပဲ ဝက်ပြိတ္တာဘဝ၌မနေချင်သဖြင့် မိမိစုထားသော်ရွှေထည်များအားလှူဒါန်းကာ အမျှပေးဝေစေသေဖြင့် လူအများအားအကူညီတောင်းလေသည်။
မည်သို့ပင် အကူညီတောင်းတောင်း သရဲဟုအော်ကားပြေး၍တစ်ဖုံ ဝက်ပြိတ္တာကြီးလို့အော်ပြီး ပြေးကြသဖြင့် အကူညီတောင်းမရချေ။ ထို့ကြောင့် တွေ့သမျှလူတိုင်းကိုအကူအညီလိုက်တောင်းလေသည်။ လူတိုင်းကလည်း ထွက်ပြေးကြသည်။ ထို့ဖြင့် စိတ်ဆိုးစိတ္တိုကာ လူများကိုရန်ရှာခြောက်လှန့်နေတော့သည်။
ရေခဲလည်းထင်ပေါ်အား ဒေါ်တင်ဝိုင်းအကြောင်းပြောပြပြီး
” အဖြစ်အပျက်ကအဲ့ဒါပဲ ငါတို့သူ့ကိုကူညီရမှာ ကုသိုလ်နဲ့အကုသိုလ် စည်းချင်းထိုးရမဲ့အနေအထားပဲ ”
” ဒါဆိုဆရာ သူက ကောင်းကောင်းမွန်မွန်နဲ့လက်ခံပါ့မလား လက်မခံရင်ရော ”
” လက်မခံလည်း သူလက်ခံအောင်ပြောဆိုရမှာပဲ ပညာသုံးပြီး နှိပ်စက်လို့မဖြစ်ဘူး ဒါကြောင့်မေတ္တာထားရမယ် ”
” ဟုတ်ကဲ့ဆရာ ကျွန်တော်နားလည်ပါပြီ ”
ထို့ဖြင့် ဆက်လျှောက်လာခဲ့ရာ ချောင်းဦးရွာဝင်ဇရပ်သို့ရောက်လာလေသည်။ နွားရိုင်းသိမ်းချိန်ဖြစ်သဖြင့် ရွာသားအချို့မှရေခဲတို့အား
” ဒီကမိတ်ဆွေတို့က ဘယ်ကိုသွားကြမလို့လည်း ခရီးသွားတွေထင်တယ် ”
” ဟုတ္တယ္ဗ် ကျုပ်တို့က ခရီးသွားတွေပါ ဒီညဒီရွာပြင်ဇရပ်မှာ ခဏတည်းမလို့ပါ မိတ်ဆွေတို့အနေနဲ့ခွင့်ပြုလို့ရလား မဟုတ်ရင်လည်း ရွာလူကြီးဆီမှာ..”
” ရပါတယ္ဗ် ဒါကအမ်ားသူငွါခိုနားဖို့ ဆောက်ထားတဲ့ဇရပ်ပဲဗျာ ခွင့်ပြုချက်မလိုပါဘူး တည်းပါ ဒါပေမဲ့ တစ်ခုတော့ရှိတယ် မိတ်ဆွေတို့ ”
မောင် ရေခဲစကားမဆုံးခင် ထိုလူကဝင်ပြောလိုက်ပြီး စကားကိုအစပြန်ဖော်လိုက်သည်။ မောင် ရေခဲက
” ဘာကိုလဲမိတ်ဆွေ မိတ်ဆွေပြောချင်တာ ဘာလဲ ”
” ဒီလိုပါ ကျုပ်တို့ရွာမှာ ဝက်ပြိတ္တာကြီးတစ်ကောင် သောင်းကျန်းနေလို့ လူတိုင်းကို ခြောက်လှန့်တတ်တယ် မိတ်ဆွေတို့အနေနဲ့…”
” ရပါတယ် ကျုပ်တို့ တစ္ဆေသရဲတွေ ပြိတ္တာတွေကိုမကြောက်တတ်ပါဘူး အခုလိုသတိပေးလို့ကျေးဇူးပါဗျာ ”
” ကောင်းပြီလေ ဒါဆိုလည်း ကျုပ်တို့ရွာထဲဝင်တော့မယ် မိတ်ဆွေတို့အတွက်မနက်ကျမှစားစရာလာပို့ပေးပါ့မယ် ”
ထိုသို့ပြောပြီး ထိုရွာသားလည်းရွာထဲဝင်သွားလေသည်။ မောင်ရေခဲက
” ထင်ပေါ်ရေ ငါတို့ခဏနေအလုပ်စကြရအောင် အခုလည်းမှောင်စပျိုးနေပြီ ရော့ ငှက်ပျောသီးစားပြီး ခဏနားလိုက်ဦး ”
ဆိုပြီး ငှက်ပျောသီးတစ်လုံးပေးလိုက်လေသည်။ ထင်ပေါ်လည်း ငှက်ပျောသီးစားကာ ခဏနားနေလိုက်သည်။ အတန်ကြာနေပြီးမှ မောင်ရေခဲက
” အလုပ်စကြမယ်ထင်ပေါ် ငါတို့အမိန့်နဲ့ခေါ်လို့ရတယ် ရွာထဲဝင်မနေတော့ဘူး ဒီကိုပဲခေါ်လိုက်တော့မယ် ”
” ဟုတ်ကဲ့ဆရာကျွန်တော်နားလည်ပါပြီ ”
မောင်ရေခဲက ဇရပ်ပေါ်မှဆင်းကာ ရွာဘက်သို့လှည့်ပြီး
” ဂင်္ဂါဝါဠုသဲစုမကပွင့်ပြီးသောဘုရားအဆူဆူအမိန့် ဝိဇ္ဇာရှစ်သောင်းဆရာအပေါင်းတို့နှင့် နတ်မင်းကြီးအပေါင်းတို့နှင့် ငါရေခဲ့ရဲ့အမိန့် ရွာထဲမှာသောင်းကျန်းနေတဲ့ ဝက်ပြိတ္တာငါ့အရှေ့သို့ အတားအဆီးမရှိရောက်စေ ”
ထိုသို့အမိန့်ပြန်ပြီး ခေါ်လိုက်ရာ မြေကြီးများတဆတ်ဆတ်တုန်ကာ ဝက်အော်သံကြီး နားကွဲမတတ်ဆူညံလာလေသည်။ ရွာအတွင်းမှ လူမျက်နှာနှင့်ဝက်ခန္ဓာကိုယ်ဖြင့် ခြေနှစ်ချောင်းထောက်ကာ ဝက်ပြိတ္တာမကြီးက မောင်ရေခဲတို့ထံရောက်လာလေသည်။ မောင်ရေခဲက
” ဒေါ်တင်ဝိုင်း သင်အခုလိုဘဝရောက်နေတာ သင့်ရဲ့အကုသိုလ်ကြောင့်ပဲ ဒါကြောင့် သင့်ကို ဒီဘဝမှာကျွတ်လွတ်အောင် ကျုပ်တို့ကူညီပေးမယ် ”
ဒေါ်တင်ဝိုင်းတစ်ဖြစ်လဲ ဝက်ပြိတ္တာမကြီးက မောင်ရေခဲတို့အား မယုံသကာြၤင်္ဖင့် ဆူညံ့စွာအော်ဟစ်မောင်းထုတ်လေသည်။ မောင်ရေခဲက မေတ္တားရှေ့ထားကာ
” ဒီမွာ ကျုပ်တို့က သင်ထင်သလိုလူအတန်းစားထဲကမဟုတ်ဘူး သင်ဒေါသကိုလျှော့ပြီး သင်လိုရာကိုပြောပါ ”
မောင်ရေခဲကထိုသို့ပြောသော်လည်း ဝက်ပြိတ္တာမကြီးက လက်မခံပဲ မောင်ရေခဲအားဝက်ခြေဖြင့်ကန်ထုတ်လေသည်။ မောင်ရေခဲက လဖြင့်ကာလိုက်ရာ ဝက်ပြိတ္တာမကြီးခြေထောက်ရှေ့သို့မတိုးတော့ပေ။
” သင့်ရဲ့ကုသိုလ်ကြောင့်ငရဲမကျပဲဒီဘဝကိုရောက်နေတာကို သင်က သီလရှိသူကိုပစ်မှားဖို့ကြံရွယ်နေရင်ငရဲကိုသွားရလိမ့်မယ် ”
ထိုသို့ပြောလိုက်ရာ ဝက်ပြိတ္တာမကြီးက ပို၍ဒေါသထြက္ကာ အနောက်သို့ဆုတ်သွားပြီး တစ်ကိုယ်လုံးကိုဝက်အသွင်ပြောင်းကာမောင်ရေခဲနှင့်ထင်ပေါ်အား တိုက်ခိုက်ရန်ပြင်လေသည်။မောင်ရေခဲက မေတ္တာဖြင့်ဆုံးမ၍မရမှန်းသိသဖြင့် လေးကွက်အင်းဖြင့် ဖမ်းချုပ်ထားလိုက်လေသည်။ ဝက်ပြိတ္တာကြီးလည်း ရုန်းလေကြပ်လေဖြစ်လာကာ နောက်ဆုံးတွင် လူ့ပုံစံဖြစ်သွားလေသည်။
” သင့်စိတ်ကိုထိန်းထားပြီး ကျုပ်ပြောတာနားထောင်ပါ သင့်ရဲ့ရတနာတွေကိုဖော်ထုတ်ရောင်းချပြီးသင့်ကိုအမျှပေးဝေစေချင်တာမို့လား ”
” ဟုတ်ပါတယ် ဆရာ ကျွန်မပိုင်ထားတဲ့ရတနာတွေကို ရောင်းချပေးပြီး အမျှဝေပေးကြဖို့ပြောပေးပါ ”
” ဒါဆို သင့်ရဲ့ရတနာတွေက ဘယ်မှာမြုပ်ထားတာလဲ ”
” အိမ်ခေါင်းရင်းက ပိန္နဲပင်အောက်မှာပါ ကျွန်မသားသမီးတွေကိုတဝက်ယူပြီး တစ်ဝက်လှူပေးပါလို့ပြောပေးပါ အကုသိုလ်အလုပ်ဆို စိတ်နဲ့တောင်မလုပ်ကြဖို့ပြောပေးပါ ”
” ကောင်းပြီ သင်အခုချိန်ကစပြီးအခြားသူတွေကို မခြောက်လှန့်နဲ့ အကူညီမတောင်းနဲ့ သဘောပေါက်လား ”
” ပေါက်ပါတယ် ဆရာ ဆရာ့ကိုပြစ်မှားမိလို့ တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ ဆရာ ”
” ရပါတယ် ကျုပ်ကခွင့်လွှတ်ပြီးသားပါ သင်အခုပြန်နိုင်ပါပြီ သင့်နေရာကိုပြန်တော့ ”
ထိုသို့ပြောလိုက်ပြီး အင်းကိုသိမ်းကာ ဒေါ်တင်ဝိုင်းအားပြန်လွှတ်လိုက်လေသည်။ နောက်နေ့မနက်တွင် မောင်ရေခဲနှင့်ထင်ပေါ် ဒေါ်တင်ဝိုင်းအိမ်ရှေ့မှ
” အိမ်ရှင်တို့ ဗျို့အိမ်ရှင်တို့ ထွက်ခဲ့ကြပါဦးဗျို့ ”
ထိုသို့အော်လိုက်ရာ ဖိုးတင်မှ မောင်ရေခဲတို့ဆီသို့ထွက်လာခဲ့ပြီး
” ဘာကိစ္စရှိလို့လဲ ဒီကမိတ်ဆွေတို့က ”
” ဒီလိုပါ ခင်ဗျားတို့အမေ မကျွတ်မလွတ်တဲ့ဝက်ပြိတ္တာဘဝရောက်နေတယ် ဒါကြောင့် သူကျွတ်လွတ်ချင်နေတယ် ”
” ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ပေးရမှာလဲ ကူညီပါဦး ”
” ခင်ဗျားအမေက ခင်ဗျားတို့မောင်နှမနှစ်ယောက်ကို အမှာစကားပါးလိုက်တယ် အကုသိုလ်အလုပ်မလုပ်ကြပဲ ကောင်းမှုကုသိုလ်ကိုပဲလုပ်ကြပါတဲ့ ခေါင်းရင်းကပိန္နဲပင်အောက်မှာ သူမြုပ်ထားခဲ့တဲ့ရတနာတွေကို တူးယူပြီး တဝက္ကို သူ့အတွက်လှူဒါန်းပေးပါတဲ့ ကျန်တစ်ဝက်ကို ခင်ဗျားတို့မောင်နှမသုံးစွဲပါတဲ့ မယုံရင်သွားတူးကြည့်ပါ ”
ဖိုးတင်လည်းဘယ်ကမှန်းမသိသော သူမ်ားရဲ့စကားကိုယုံရမလို မယုံရမလိုဖြစ်ကာ ဘာမှမပြောပဲ ပိန္နဲပင်အောက်သွားတူးကြည့်လေသည်။ တစ်တောင်ခန့်တူးပြီးချိန်တွင် ရွှေနှင့်စိန်ထည်ပစ္စည်းများကိုတွေ့ရလေသည်။ ဖိုးတင်လည်းအိမ်ရှေ့သို့ပြန်သွားကြည့်ရာ စောစောကလူနှစ်ယောက်မရှိတော့ပဲ စာတစ်ရွက်ကိုချန်ထားခဲ့လေသည်။
ကောင်းမှုကုသိုလ် အစဉ်ပြု
မကောင်းမှုကိုရှောင် ကောင်းမှုကိုဆောင်
သီလလုံအောင်ထား
ထိုစာကြောင်းသုံးကြောင်းသာရေးထားလေသည်။ ဖိုးတင်တို့မောင်နှမလည်း ပစ္စည်းဥစ္စာအားလုံးတို့ကိုလှူဒါန်းပြီး မိခင်ဖြစ်သူအားအမျှပေးဝေပြီး သာသနာ့ဘောင်သို့ဝင်သွားကြလေသည်။ ဒေါ်တင်ဝိုင်းမှာ အကုသိုလ်ကံနှင့်ကုသိုလ်ကံယှဉ်တွဲနေသဖြင့် နေ့စံညခံ အသူရာကယ်ဘဝသို့ပြောင်းသွာလေသည်။
မောင်ရေခဲတို့ဆရာတပည့်လဲ ခြေဦးတည့်ရာသွားကြရင်း မြွေဥများကိုဖျက်ဆီးမိသဖြင့် တစ်ရွာလုံးဒုက္ခရောက်တော့မည့်ဘေးကို ကယ်တင်ဖို့ ပန်းမြိုင်ရွာသို့ သွားကြလေသည်။ နောက်ဝတ္ထုမှာ ဧရာမ နတ်မြွေကြီးအား မောင်ရေခဲတို့ ဘယ်လိုနှိမ်နင်းကြမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးနော်။
(အခွန်းပျင်းကြောဆွဲနေမှန်းသိလို့ မောင်လေးလင်းတေဇကစာမူလက်ဆောင်ပေးထားတာပါရှင့်…သူရေးတာကမှကိုယ့်ထက်ကောင်းနေတာ…ကျေးဇူးပါသားရေ…)
# ပြီး
# ခွန်း
Zawgyi Version
ေမာင္ေရခဲႏွင့္ဝက္ၿပိတၱာ(စ/ဆုံး)
————————————–
ထင္ေပၚလည္း ေဒၚညိဳအား ေခြး႐ူးတိုက္ကုသကယ္တင္ၿပီးေနာက္ ဆရာျဖစ္သူေရခဲရွိရာ႐ြာထိပ္ေစတီသို႔ ျပန္လာခဲ့ေလသည္။ ဆရာျဖစ္သူ တရားထိုင္ေနသျဖင့္ ေဘးမွအသာဘုရားဝတ္ျပဳၿပီး ဆရာျဖစ္သူ တရားထိုင္ျဖဳတ္မည့္အခ်ိန္ကိုထိုင္ေစာင့္ေနလိုက္သည္။ အတန္ၾကာမွ
” ဘယ္လိုလဲထင္ေပၚအေတြ႕အႀကဳံအသစ္ရခဲ့ရဲ႕လား ငါ့တပည့္ေကာင္းေကာင္းလုပ္ႏိုင္မယ္ဆိုတာ ဆရာယုံၾကည္တယ္ ”
ေရခဲမွ ႐ုတ္တရက္ေျပာလိုက္ရာ ထင္ေပၚလည္း ဆရာျဖစ္သူအား ႐ိုေသစြာကန္ေတာ့လိုက္ၿပီး
” ဟုတ္ကဲ့ဆရာ အေတြ႕အႀကဳံလဲရပါတယ္ ေသေသခ်ာခ်ာကုသေပးခဲ့ပါတယ္ ”
” အိမ္း.. ေကာင္းေလစြေကာင္းေလစြ ငါတို႔႐ြာတစ္႐ြာကိုခရီးဆက္ရလိမ့္မယ္ အဲ့႐ြာမွာ မကြၽတ္မလြတ္ျဖစ္ေနတဲ့ ဝက္ၿပိတၱာမႀကီးကို ကူညီဆုံးမရလိမ့္မယ္ ”
” ဘာလို႔လဲဆရာ အဲ့ဒီဝက္ၿပိတၱာႀကီးက လူေတြကိုဒုကၡေပးေနလို႔လား ”
” ဒီလိုထင္ေပၚရဲ႕ အဲ့ဒီဝက္ၿပိတၱာႀကီးက လူ႔ဘဝမွာအကုသိုလ္ႀကီးမားခဲ့လို႔ ဝက္ၿပိတၱာဘဝေရာက္ေနတာ သူကအကူအညီေတာင္းခ်င္ေနတာ ဒါကို ငါတို႔ကူညီၿပီးေျဖရွင္းေပးရလိမ့္မယ္ သူ႔မွာလူ႔ဘဝက ကုသိုလ္ကံေလးေတြရွိေနေသးတယ္ ”
” ကြၽန္ေတာ္နားလည္ပါၿပီ ဆရာ ဒါဆိုအဲ့႐ြာကိုသြားရေအာင္ေလ အဲ့႐ြာကိုေရာက္ဖို႔ ဘယ္ေလာက္ၾကာလဲ ဆရာ ”
” ဒီညေနေလာက္ေရာက္မယ္ ညက်မွအလုပ္စၾကတာေပါ့ အခုေတာ့ အဲ့႐ြာေရာက္ဖို႔လိုတယ္ ”
ထိုသို႔ေျပာၿပီး ေမာင္ေရခဲကအေရွ႕ကေန စၿပီးသြားေလသည္။ ထင္ေပၚလည္း ေအနာေကၠနလိုကၠာ ဆရာျဖစ္သူေရခဲကို
” ဆရာ အဲ့ဒီဝက္ၿပိတၱာႀကီးအေၾကာင္းေျပာျပပါလား ကြၽန္ေတာ္သိခ်င္လို႔ပါ ”
” မင္းသိခ်င္ရင္ ငါေျပာျပမယ္ ဒီလိုၾက…..
ေခ်ာင္းဦး႐ြာသည္ မႏၲေလးတိုင္းေဒသႀကီးတြင္တည္ရွိၿပီး ၿမိဳ႕နဲ႔အလွမ္းေဝးလွသည္။ ႐ြာနီးစပ္ခ်ဳပ္တြင္႐ြာငယ္မ်ားျဖင့္သာယာဝေျပာလွသည္။ ထို႐ြာတြင္ ေဒၚတင္ဝိုင္းဆိုလွ်င္ မသိသူမရွိေပ။
” အေၾကာ္စုံေတြရမယ္ အေၾကာ္စုံေတြရမယ္ ေဟာဒီက အေၾကာ္စုံေလးစားၾကပါဦး ”
အေၾကာ္ဗန္းကို ယပ္ေတာင္ျဖင့္ ယင္မလာေအာင္လွန႔္ရင္း ႏႈတ္မွေအာ္ၿပီး ဘဝကိုျဖတ္သန္းေနရသူ။ သားသမီးမ်ားကလည္း အလုပ္အကိုင္မယ္မယ္ရရ မ႐ြိ။ မိခင္ႀကီးကပဲရွာေဖြေကြၽးေမြးေနရသည္။
ေန႔စဥ္တိုင္း အေၾကာ္တဲေလးတြင္ထိုင္ကာ အေၾကာ္ေရာင္းကာ ရဟန္းသံဃာမ်ားကိုအေၾကာ္လႉဒါန္းၿပီး ဘုရားတရားကိုလည္း ယုံၾကည္သက္ဝင္သူ။ တစ္ေန႔မွာ အကုသိုလ္ဝင္လာေလသည္။
” ဟဲ့ တင္ဝိုင္း အေၾကာ္ ၂၀၀ဖိုးထည့္ေပးစမ္းေအ အခ်ဥ္ရည္မ်ားမ်ားထည့္ေနာ္ က်ဳပ္ညည္းကို အႀကံေပးစရာရွိလို႔ ”
” ဪ မျမရယ္က်ဳပ္ကိုဘာအႀကံေကာင္းေတြေပးမလိုလဲ ေရာ့အေၾကာ္ အခ်ဥ္ရည္လည္းပိုထည့္ထားတယ္ ”
” ဒီလို တင္ဝိုင္းရဲ႕ ညည္းဒီလိုအေၾကာ္ပဲေရာင္းေနေတာ့မွာလား တျခားအလုပ္တစ္ခုခုေျပာင္းမလုပ္ခ်င္ဘူးလား ”
” အိုေတာ္ က်ဳပ္မွာဒီအေၾကာ္ေရာင္းရတာနဲ႔တင္စားေလာက္ေသာက္ေလာက္ေနပါၿပီ တျခားမယ္မယ္ရရလည္းမလုပ္တတ္ပါဘူးေတာ္ ”
” ဒါဆို ေသခ်ာနားေထာင္ ဟိုဘက္သုံး႐ြာအေက်ာ္က ဝက္ဒိုင္ကေန ဝက္သားယူၿပီး ညည္းဆိုင္မွာျပန္တင္ပါလား ပိုက္ဆံကို ဆယ္ရက္ဆိုင္းထားလို႔ရတယ္ဆိုေတာ့ တရက္ေလာက္ စမ္းၿပီးလုပ္ၾကည့္ပါလား ”
” အင္း မျမေပးတဲ့အႀကံ ဘယ္ဆိုးလို႔လဲေတာ္ က်ဳပ္မွာစုထားတဲ့ ေငြအနည္းအက်ဥ္းေတာ့ ရွိတယ္ မနက္ျဖန္လုပ္ၾကည့္တာေပါ့ ”
” ဒါဆို မနက္ျဖန္မနက္အေစာ က်ဳပ္ဝက္သားသြားယူမွာ ညည္းအတြက္ ဆယ့္ငါးပိသာ ပိုယူလာလိုက္မယ္ ”
” ဟုတ္ၿပီ မ်ေမရ ေက်းဇူးတင္ပါတယ္ေတာ္ေရ အေၾကာ္ဖိုးေပးမေနေတာ့နဲ႔ ဉာဏ္ပူေဇာ္ခလို႔သတ္မွတ္လိုက္ ”
” ေအးပါ တင္ဝိုင္းေရ ဒါဆိုငါသြားေတာ့မယ္ ညည္းအလုပ္အသ္နဲ႔အဆင္ေျပပါေစေတာ္ ”
ထိုသို႔ေျပာၿပီး ေဒၚျမလည္းျပန္သြားေလသည္။ ေနာက္ေန႔မနက္ေရာက္ေသာ္ ေဒၚျမက ဝက္သားေတာင္း႐ြက္ကာ ေဒၚတင္ဝိုင္း ဆိုင္သို႔ေရာက္လာေလသည္။
” ဟဲ့တင္ဝိုင္း ဝက္သားေတာင္းခ်ကူဦးေလး ေမာလိုက္တာေအ ”
” လာပါၿပီ မ်ေမရ ျဖည္းျဖည္း ျဖည္းျဖည္း လာမ်မ ေရေႏြးၾကမ္းေသာက္ၿပီး အေၾကာ္စားအေမာေျဖဦး ”
” ကဲ ဝက္သားေတာ့ေရာက္ၿပီ ငါ႐ြာထဲကို ပတ္ေျပာထားေပးမယ္ နင့္ကိုဝက္သားပိုထည့္ေပးထားတယ္တဲ့ ”
” ဟုတ္ပါၿပီေတာ္ အေၾကာ္ေလးစားပါဦး ”
ခဏၾကာနားၿပီးေတာ့ ေဒၚျမလည္းျပန္သြားေလသည္။ ထမင္းတစ္အိုးခ်က္ခန႔္ၾကာေသာအခါ ႐ြာထဲမွာ အမ်ိဳးသမီးမ်ားေရာက္လာၿပီး
” ေလးတင္ဝိုင္း ဝက္သားတင္ထားတယ္ဆို ငါးဆယ္သားေလာက္ထည့္ေပးပါဦး ”
” ေအးရမယ္ရမယ္ ဟိုဘက္ မိညိဳ ညည္းကေရာဘယ္ေလာက္ဖိုးလဲ ”
” တစ္ပိသာယူမယ္ ႀကီးႀကီးဝိုင္း ”
စသည္ျဖင့္ လာေရာက္ဝယ္ယူၾကရာ တခဏခ်င္းပင္ ဝက္သားမ်ားကုန္သြားေလသည္။ အျမတ္ေငြလည္း ၿမိဳးၿမိဳးျမတ္ျမတ္ရသျဖင့္ ေဒၚတင္ဝိုင္းေက်နပ္သြားသည္။ သို႔ျဖင့္ ထိုေန႔အေၾကာ္ကုန္ေအာင္ေရာင္းၿပီး အိမ္ျပန္လာခဲ့ေလသည္။
” ေအမ အေစာႀကီးျပန္ေရာက္လာပါလား အေမ့မ်က္ႏွာက အၿပဳံးပန္းေလးေတြေဝေနတာပဲ အရကၹိဳး ႏွစ္ရာေလာက္ ဟီးဟီးဟီး ”
” အရကၹိဳးက အသာထားဦး အေမသားကိုေျပာစရာရွိတယ္ ေျပာစရာဆိုတာထပ္ ခိုင္းစရာရွိတာ ”
” ေျပာေလ ေအမ က်ဳပ္လုပ္ေပးမယ္ေလ ဘာခိုင္းမို႔လဲ ”
” ဒီလိုေလ ငါ့သားရဲ႕ ဒီေန႔အေမ ဟိုဘက္သုံး႐ြာအေက်ာ္ကဝက္ဒိုင္ကေန ဝက္သားယူၿပီးေရာင္းတာ အျမတ္ေငြလည္းၿမိဳးၿမိဳးျမတ္ျမတ္ရတယ္ ဒါေၾကာင့္ေနာက္ေန႔ ငါ့သားဝက္သားသြားယူေပး တစ္ေန႔ကိုအရက္ဖိုး ငါးရာေပးမယ္ ေန႔တိုင္းေနာ္ ”
မိခင္ျဖစ္သူေဒၚတင္ဝိုင္းစကားေၾကာင့္ သားျဖစ္သူ ဖိုးတင္ မ်က္ႏွာၿပဳံးသြားေလၿပီး
” အေမ့ကတိအေမတည္ေနာ္ က်ဳပ္ကိုေန႔တိုင္း ငါးရာေပးရမွာေနာ္ ”
” ဒါေပါ့ မနက္ျဖန္အတြက္ ေရာ့ငါးရာ မနက္အေစာသြားယူရမွာေနာ္ ”
” ဟုတ္ၿပီအေမေရ ဟုတ္ၿပီ ဟားဟားဟား ”
မိခင္ျဖစ္သူ ေပးေသာပိုက္ဆံကိုယူၿပီး တဟားဟားျဖင့္ေအာ္ရီကာ အိမ္ေပၚမွဆင္းသြားေလသည္။ ေနာက္ေန႔တြင္ အေၾကာ္မေရာင္းေတာ့ပဲ ဝက္သားတစ္မ်ိဳးတည္းသာေရာင္းေလေတာ့သည္။ ေန႔စဥ္တိုင္း ထပ္တိုးထပ္တိုးေရာင္းခ်သျဖင့္ ေဒၚတင္ဝိုင္းတို႔မိသားစုအဆင္ေျပလာေလသည္။ သမီးျဖစ္သူကိုလည္းေ႐ႊေတြသီးေနေအာင္ ဆင္ျမန္းေပးႏိုင္လာေလသည္။
ေတာ္႐ုံတန္႐ုံအဆင္ေျပမႈကိုအားမရပဲ ေဘး႐ြာမ်ားသို႔ဝက္သားတစ္ဆင့္ျပန္ပို႔ရန္ ေဒၚတင္ဝိုင္းက ဝက္ဒိုင္ေထာင္ေလသည္။ ထို႔ေနာက္ ဝက္မ်ားကို ကိုယ္တိုင္ေမြးျမဴကာ ဝက္သတ္သမားမ်ားျဖင့္ သတ္ျဖတ္ခိုင္းကာ ေရာင္းခ်ေလသည္။
အေၾကာ္သည္ဘဝတုန္းက ဘုရားတရားၿမဲၿပီး အလႉအတန္းမပ်က္ခဲ့ေသာ ေဒၚတင္ဝိုင္းမွာ ဝက္သားေရာင္းကတည္းမွအလႉအတန္းမလုပ္ျဖစ္ေတာ့ေပ။ ယခင္က တဲစုတ္အိမ္ေလးအတြင္းမွဘုရားတရားသံၾကားေနရၿပီ ယခု အိမ္သစ္ႀကီးအတြင္းတြင္ ဝက္ေအာ္သံမ်ားျဖင့္ဆူညံ့ေနေလၿပီ။
ေဒၚတင္ဝိုင္းက ႐ြာအလည္တြင္ အိမ္ဝိုင္းက်ယ္ႀကီးတစ္ခုဝယ္ကာ ႏွစ္ထပ္အိမ္ႀကီးကိုခမ္းခမ္းနားနားေဆာက္ေလသည္။ ပိုက္ဆံဆို ထားစရာေနရာမရွိေအာင္ပင္ ခ်မ္းသာလာေလသည္။ ဝက္မ်ားေမြးကာ ၿမိဳ႕ေပၚအထိျပန္လည္ပို႔ေဆာင္ေရာင္းရေလသည္အထိ စီးပြားေရးေကာင္းမြန္လာသည္။
တစ္ေန႔ေသာ္ ေဒၚတင္ဝိုင္းတစ္ေယာက္အျပင္းဖ်ားဖ်ားၿပီး သတိေမ့သြားကာ မိမိမေရာက္ဖူးေသာ ေနရာႀကီးတစ္ခုသို႔ေရာက္သြားေလသည္။ ထိုေနရာမွာငရဲျပည္ႀကီးျဖစ္ေနေလသည္။ လူတစ္ပိုင္းဝက္တစ္ပိုင္းျဖစ္ေနသူမ်ားကို ဓားျဖင့္ထိုးၿပီး ႀကီးမားလွေသာတူႀကီးမ်ားျဖင့္ ထုကာႏွိပ္စက္ေနၾကေလသည္။ ႏွိပ္စက္ေနေသာသူမ်ားတြင္ သနားၾကင္နာျခင္းအလ်င္းမရွိခဲ့ေပ။
နာက်င္စြာေအာ္ဟစ္သံ ငိုေႂကြးသံေတြျဖင့္ဆူညံ့ေနေသာ ငရဲျပည္ႀကီး။ ေဒၚတင္ဝိုင္းလည္းေၾကာက္လန႔္တၾကားျဖင့္ ဘယ္သြားရမွန္းမသိျဖစ္ေနစဥ္ အေရွ႕မွ တူျဖင့္အတူခံေနရေသာသူမွ
” ေဒၚတင္ဝိုင္း က်ဳပ္ကိုကယ္ပါဦး က်ဳပ္ဝက္ေတြသတ္ခဲ့လို႔ငရဲက်ေနတာပါ က်ဳပ္ကိုကယ္ပါဦး ”
” နင္ နင္ နင္ဖိုးေတမလား ငါ့အိမ္မွာဝက္သတ္တဲ့ဖိုးေတမလား ဟင္ ”
” ဟုတ္တယ္ ေဒၚတင္ဝိုင္း က်ဳပ္ ဝက္ေတြသတ္ခဲ့လို႔ ငရဲက်ေနတာပါ က်ဳပ္မိသားစုကို ေျပာေပးပါ က်ဳပ္အကုသိုလ္ေတြေလွ်ာ့ပါးေအာင္ ကုသိုလ္ေကာင္းမႈလုပ္ၿပီး အမွ်ေဝေပးပါလို႔ေျပာေပးပါ ”
” ေအးေအး ငါေျပာလိုက္မယ္ ငါဒီကေနဘယ္လိုျပန္ရမလဲ နင္သိလား ”
” က်ဳပ္မသိဘူး အား…. အား….ေၾကာက္ပါၿပီဗ်ာ….”
ဖိုးေတအား လြန္စြာသန္မာလွေသာလူႀကီးမွ နံေဘးအားဓားျဖင့္ ေဆာင့္ထိုးခ်လိုက္ၿပီး က်န္တစ္ဦးမွ တူျဖင့္ထုခ်လိုက္သျဖင့္ ငယ္သံပါေအာင္ေအာ္ေလေတာ့သည္။ ထိုစဥ္လြန္စြာ ဩဇာအာဏာပါလွေသာအသံႀကီးတစ္ခုက
” ဟိတ္ တင္ဝိုင္း နင္က လူ႔ဘဝမွာ သူမ္ားအသကၠိဳ ကိုယ္တိုင္မသတ္ခဲ့ေပမဲ့ တပါးသူနဲ႔သတ္ခိုင္းခဲ့တယ္ ဒါေၾကာင့္ နင္ငရဲျပည္ကိုေရာက္လာခဲ့ၿပီ ”
ထိုအသံေၾကာင့္ ေဒၚတင္ဝိုင္းလည္း ေသးထြက္မတတ္ပင္ေၾကာက္လန႔္သြားကာ
” ကြၽန္…ကြၽန္…ကြၽန္မ အျပစ္ေတြကို ျပန္ၿပီးေးဆေၾကာပါရေစ ေတာင္း.. ေတာင္း..ေတာင္ပန္ပါတယ္ ကြၽန္မကိုျပန္ပို႔ေပးပါး အီးဟီးဟီးဟီး ”
ေဒၚတင္ဝိုင္းလည္းေၾကာက္အားလန႔္အားျဖင့္ ေျပာၿပီး ထငိုေလေတာ့သည္။
” ဒီမြာ နင္လူ႔ဘဝက အေၾကာ္ေရာင္းစဥ္က ကုသိုလ္ေကာင္းမႈေတြရွိေနေသးတယ္ ဒါေၾကာင့္နင့္ကို ျပင္ဆင္ခြင့္ေပးတဲ့အေနနဲ႔ လူ႔ျပည္ကိုျပန္သြားလို႔ရမယ္ နင္မွားၿမဲတိုင္းမွားေနရင္ နင့္ေရွ႕မွာခံေနရတဲ့သူေတြလိုပဲခံစားရမယ္ နားလည္လား ကဲအခုလူ႔ျပည္ျပန္ေတာ့ ”
ယမမင္းကထိုသို႔ ေျပာၿပီး ေဒၚတင္ဝိုင္းခႏၶာတစ္ခုလုံး ေလေပၚလြင့္သြားသကဲ့သို႔ ေပါ့ပါးသြားေလသည္။ လူ႔ရပ္႐ြာတြင္ကား ေဒၚတင္ဝိုင္းအားေသၿပီအမွတ္ႏွင့္ သုႆ ာန္ သို႔ေဆာင္ရန္တရားနာေနၿပီ။ ႐ုတ္တရက္ ေဒၚတင္ဝိုင္းက
” အဟင္းဟင္းဟင္း ေရ..ေရဆာတယ္ ေရေပးပါ ေရ.ေရ ေရတိုက္ၾကပါ ”
” ဟာ ေဒၚတင္ဝိုင္းႀကီး ဖုတ္ဝင္ေနၿပီဟ လုပ္ၾကပါဦး ”
ေဒၚတင္ဝိုင္းအား ဖုတ္ဝင္သည္အမွတ္ျဖင့္ အိမ္ေပၚမွဆင္းေျပးသူကေျပး။ ေအာ္သူကေအာ္ႏွင့္ျဖစ္ေနသျဖင့္ ႐ြာဦးဆရာေတာ္မွ
” တိတ္ၾကစမ္း အားလုံးတိတ္ ဒကာမႀကီးကို ေရခပ္ေပးလိုက္ၾက အျမန္ခပ္ေပးလိုက္ေလ ”
” တင့္ပါဘုရား ဟိတ္ေရခပ္ေပးလိုက္ၾက ဖလားႀကီးႀကီးနဲ႔ခပ္ခဲ့… ဒီမွာေဒၚတင္ဝိုင္း ေရေသာက္ ”
အဲ့လိုေျပာၿပီး ေရဖလားေပးလိုက္ရာ ေဒၚတင္ဝိုင္းလည္းေရကိုအငမ္းမရေသာက္ကာ
” အရွင္ဘုရား တပည့္ေတာ္ ငရဲျပည္ေရာက္သြားခဲ့ပါတယ္ တပည့္ေတာ္ဆီမွာ ဝက္သတ္တဲ့ ဖိုးေတငရဲက်ေနပါတယ္ တပည့္ေတာ္မကို ကုသိုလ္ေကာင္းမႉေတြရွိေနေသးလို႔ လူ႔ျပည္ကိုျပန္လာၿပီး အျပစ္ေတြေဆးေၾကာဖို႔ ျပန္လႊတ္လိုက္တာပါ ဖိုးေတ ငရဲက်ေနတယ္ သူ႔အတြက္ကုသိုလ္ေကာင္းမႈလုပ္ေပးပါတဲ့ ”
စသည္ျဖင့္ေျပာလိုက္ရာ ႐ြာဦးဆရာေတာ္မွ ေသခ်ာနားေထာင္ၿပီး
” အိမ္း ငရဲကျပန္လာတဲ့ေသ႐ြာျပန္ဆိုတာ တို႔ဘုရားလက္ထက္မွာကတည္းကရွိခဲ့တာပဲ ေနာက္ဆို အကုသိုလ္အလုပ္ကိုမလုပ္ၾကနဲ႔ေတာ့ ႐ြာသူ႐ြာသားအားလုံးၾကားၾကလား ”
” တင္ပါ့ဘုရား တျပည့္ေတာ္တို႔ အကုသိုႅ္အလုပၠိဳ ေရွာင္က်ဥ္ပါ့မယ္ ”
” အိမ္း သာဓုသာဓုသာဓု ကဲ ဒကာႀကီးဖိုးေတရဲ႕မိသားစုမ်ားကလည္း သူ႔အတြက္ကုသိုလ္ေကာင္းမႈလုပ္ေပးၾက ”
” တင့္ပါဘုရားတပည့္ေတာ္တို႔ လုပ္ေပးပါမယ္ဘုရား ဟင့္ဟင့္ဟင့္ ”
ဖိုးေတမိန္းမျဖစ္သူမွ ဆရာေတာ္အားငိုသံျဖင့္ေျပာေနေလသည္။ ဆရာေတာ္မွ တရားဓမၼမ်ားကိုေဟာၾကားေပးၿပီး ေက်ာင္းသို႔ျပန္ႂကြသြားေလသည္။ ငရဲမွျပန္လာေသာ ေဒၚတင္ဝိုင္းႀကီးလည္း လႉေရးတန္းေရးမ်ားကို လက္မေႏွးေအာင္လႉဒါန္းေလသည္။ ႐ြာလည္တြင္ ဝါးျဖင့္ျဖစ္ကေရာ ထိုးထားသည့္တံတားႀကီးကိုလည္း အခိုင္အမာျဖစ္ေစရန္ အကုန္က်ခံတည္ေဆာက္ေပးေလသည္။
ဝက္ေမြးဝက္သတ္ျခင္းအားမလုပ္ေတာ့ပဲ အလႉအတန္းမ်ားကိုသာလုပ္ၿပီး ႐ြာမွထြက္ေသာ ကုန္စိမ္းမ်ားကိုၿမိဳ႕သို႔ပို႔ေဆာင္ၿပီးကုန္သြယ္ေလသည္။ အကုသိုလ္ကံႏွင့္သာအက်ိဳးဆက္ပါေသာ ေဒၚတင္ဝိုင္းမွာ ဝက္သားေရာင္းသကဲ့သို႔ စီးပြားမျဖစ္ပဲ အရႈံးေပၚလာသျဖင့္ စီးပြားေရး ယိုင္ယြင္းလာသည္။
အခ်ိန္ၾကာလာေသာ္အျခားဝက္ဒိုင္မွ ဝက္သားမ်ားကိုယူေဆာင္ကာ ေရာင္းခ်ေလသည္။ သို႔ေသာ္စီးပြားေရးမွာအဆင္မေျပလွေပ။ လူအခ်ိဳ႕က
” ေဒၚတင္ဝိုင္း ဝက္သားျပန္ေရာင္းေနတာေတာ့ေကာင္းပါတယ္ ဝက္ေတြကိုယ္တိုင္ေမြးၿပီး မသတ္ခိုင္းပါနဲ႔အကုသိုလ္မ်ားတယ္ ”
” ေအးပါဟယ္ ငါေနာင္တရေနပါၿပီ နင္တို႔လဲ ကုသိုလ္ေကာင္းမႈလုပ္ၾက သီလလဲေစာင့္ၾက ”
အဲ့လိုျပန္ေျပာၾကေလသည္။ တစ္ေန႔မွာေဒၚတင္ဝိုင္းက
” ငါကုသိုလ္ေတြအမ်ားႀကီးလုပ္ထားၿပီးၿပီပဲ ငါလုပ္ထားတဲ့ကုသိုလ္နဲ႔ဆို ငရဲမက်ေလာက္ေတာ့ပါဘူး အရင္လို ဝက္ဒိုင္ျပန္လုပ္တာပဲေကာင္းပါတယ္ ”
ငရဲမေၾကာက္ေသာေဒၚတင္ဝိုင္းတစ္ေယာက္ထိုသို႔ေတြးၿပီး ဝက္မ်ားကိုေမြးျမဴကာ သတ္ျဖတ္ခိုင္းေလျပန္သည္။ သို႔ျဖင့္ စီးပြားေရးမွာတစ္ဟုန္ထိုးျပန္လည္ေကာင္းမြန္လာသည္။ ဒီအခါမြာ ေဒၚတင္ဝိုင္းက ကုသိုလ္ေကာင္းမႈကိုလည္း တပါးတည္းယွဥ္တြဲၿပီးလုပ္ေလသည္။ သို႔ေသာ္လည္းေကြးေသာလက္မဆန႔္မီ ဆန႔္ေသာလက္မေကြးမီဆိုေသာစကားအတိုင္း ေဒၚတင္ဝိုင္း အသက္ေျခာက္ဆယ္ခန႔္တြင္ ႐ုတ္တရက္ေသဆုံးသြားေလသည္။
ေဒၚတင္ဝိုင္းအား သၿဂိဳလ္ၿပီးခ်ိန္တြင္ ႐ြာအတြင္း၌လည္းေကာင္း၊႐ြာလည္တံတား၌လည္းေကာင္း ေဒၚတင္ဝိုင္းမ်က္ႏွာျဖင့္ လူတစ္ပိုင္းဝက္တစ္ပိုင္းျဖစ္ေနကာ သရဲေျခာက္ၾကသည္ဟု ေျပာဆိုၾကလာသည္။ အခ်ိဳ႕က ဝက္ေတြကိုသတ္ခိုင္းသျဖင့္ ဝက္ၿပိတၱာျဖစ္သည္ဟုလည္းေျပာၾကေလသည္။
မည္သို႔ပင္ဆိုေစကာမူ အကုသိုလ္မွာလက္ငင္းအက်ိဳးေပးသည့္အေလွ်ာက္ ေဒၚတင္ဝိုင္းအမွန္တကယ္ဝက္ၿပိတၱာျဖစ္ေနေလၿပီ။ ေဒၚတင္ဝိုင္းကလည္း မကြၽတ္မလြတ္ပဲ ဝက္ၿပိတၱာဘဝ၌မေနခ်င္သျဖင့္ မိမိစုထားေသာ္ေ႐ႊထည္မ်ားအားလႉဒါန္းကာ အမွ်ေပးေဝေစေသျဖင့္ လူအမ်ားအားအကူညီေတာင္းေလသည္။
မည္သို႔ပင္ အကူညီေတာင္းေတာင္း သရဲဟုေအာ္ကားေျပး၍တစ္ဖုံ ဝက္ၿပိတၱာႀကီးလို႔ေအာ္ၿပီး ေျပးၾကသျဖင့္ အကူညီေတာင္းမရေခ်။ ထို႔ေၾကာင့္ ေတြ႕သမွ်လူတိုင္းကိုအကူအညီလိုက္ေတာင္းေလသည္။ လူတိုင္းကလည္း ထြက္ေျပးၾကသည္။ ထို႔ျဖင့္ စိတ္ဆိုးစိတၱိဳကာ လူမ်ားကိုရန္ရွာေျခာက္လွန႔္ေနေတာ့သည္။
ေရခဲလည္းထင္ေပၚအား ေဒၚတင္ဝိုင္းအေၾကာင္းေျပာျပၿပီး
” အျဖစ္အပ်က္ကအဲ့ဒါပဲ ငါတို႔သူ႔ကိုကူညီရမွာ ကုသိုလ္နဲ႔အကုသိုလ္ စည္းခ်င္းထိုးရမဲ့အေနအထားပဲ ”
” ဒါဆိုဆရာ သူက ေကာင္းေကာင္းမြန္မြန္နဲ႔လက္ခံပါ့မလား လက္မခံရင္ေရာ ”
” လက္မခံလည္း သူလက္ခံေအာင္ေျပာဆိုရမွာပဲ ပညာသုံးၿပီး ႏွိပ္စက္လို႔မျဖစ္ဘူး ဒါေၾကာင့္ေမတၱာထားရမယ္ ”
” ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္နားလည္ပါၿပီ ”
ထို႔ျဖင့္ ဆက္ေလွ်ာက္လာခဲ့ရာ ေခ်ာင္းဦး႐ြာဝင္ဇရပ္သို႔ေရာက္လာေလသည္။ ႏြား႐ိုင္းသိမ္းခ်ိန္ျဖစ္သျဖင့္ ႐ြာသားအခ်ိဳ႕မွေရခဲတို႔အား
” ဒီကမိတ္ေဆြတို႔က ဘယ္ကိုသြားၾကမလို႔လည္း ခရီးသြားေတြထင္တယ္ ”
” ဟုတၱယၺ္ က်ဳပ္တို႔က ခရီးသြားေတြပါ ဒီညဒီ႐ြာျပင္ဇရပ္မွာ ခဏတည္းမလို႔ပါ မိတ္ေဆြတို႔အေနနဲ႔ခြင့္ျပဳလို႔ရလား မဟုတ္ရင္လည္း ႐ြာလူႀကီးဆီမွာ..”
” ရပါတယၺ္ ဒါကအမ္ားသူငြါခိုနားဖို႔ ေဆာက္ထားတဲ့ဇရပ္ပဲဗ်ာ ခြင့္ျပဳခ်က္မလိုပါဘူး တည္းပါ ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္ မိတ္ေဆြတို႔ ”
ေမာင္ ေရခဲစကားမဆုံးခင္ ထိုလူကဝင္ေျပာလိုက္ၿပီး စကားကိုအစျပန္ေဖာ္လိုက္သည္။ ေမာင္ ေရခဲက
” ဘာကိုလဲမိတ္ေဆြ မိတ္ေဆြေျပာခ်င္တာ ဘာလဲ ”
” ဒီလိုပါ က်ဳပ္တို႔႐ြာမွာ ဝက္ၿပိတၱာႀကီးတစ္ေကာင္ ေသာင္းက်န္းေနလို႔ လူတိုင္းကို ေျခာက္လွန႔္တတ္တယ္ မိတ္ေဆြတို႔အေနနဲ႔…”
” ရပါတယ္ က်ဳပ္တို႔ တေစၦသရဲေတြ ၿပိတၱာေတြကိုမေၾကာက္တတ္ပါဘူး အခုလိုသတိေပးလို႔ေက်းဇူးပါဗ်ာ ”
” ေကာင္းၿပီေလ ဒါဆိုလည္း က်ဳပ္တို႔႐ြာထဲဝင္ေတာ့မယ္ မိတ္ေဆြတို႔အတြက္မနက္က်မွစားစရာလာပို႔ေပးပါ့မယ္ ”
ထိုသို႔ေျပာၿပီး ထို႐ြာသားလည္း႐ြာထဲဝင္သြားေလသည္။ ေမာင္ေရခဲက
” ထင္ေပၚေရ ငါတို႔ခဏေနအလုပ္စၾကရေအာင္ အခုလည္းေမွာင္စပ်ိဳးေနၿပီ ေရာ့ ငွက္ေပ်ာသီးစားၿပီး ခဏနားလိုက္ဦး ”
ဆိုၿပီး ငွက္ေပ်ာသီးတစ္လုံးေပးလိုက္ေလသည္။ ထင္ေပၚလည္း ငွက္ေပ်ာသီးစားကာ ခဏနားေနလိုက္သည္။ အတန္ၾကာေနၿပီးမွ ေမာင္ေရခဲက
” အလုပ္စၾကမယ္ထင္ေပၚ ငါတို႔အမိန႔္နဲ႔ေခၚလို႔ရတယ္ ႐ြာထဲဝင္မေနေတာ့ဘူး ဒီကိုပဲေခၚလိုက္ေတာ့မယ္ ”
” ဟုတ္ကဲ့ဆရာကြၽန္ေတာ္နားလည္ပါၿပီ ”
ေမာင္ေရခဲက ဇရပ္ေပၚမွဆင္းကာ ႐ြာဘက္သို႔လွည့္ၿပီး
” ဂဂၤါဝါဠဳသဲစုမကပြင့္ၿပီးေသာဘုရားအဆူဆူအမိန႔္ ဝိဇၨာရွစ္ေသာင္းဆရာအေပါင္းတို႔ႏွင့္ နတ္မင္းႀကီးအေပါင္းတို႔ႏွင့္ ငါေရခဲ့ရဲ႕အမိန႔္ ႐ြာထဲမွာေသာင္းက်န္းေနတဲ့ ဝက္ၿပိတၱာငါ့အေရွ႕သို႔ အတားအဆီးမရွိေရာက္ေစ ”
ထိုသို႔အမိန႔္ျပန္ၿပီး ေခၚလိုက္ရာ ေျမႀကီးမ်ားတဆတ္ဆတ္တုန္ကာ ဝက္ေအာ္သံႀကီး နားကြဲမတတ္ဆူညံလာေလသည္။ ႐ြာအတြင္းမွ လူမ်က္ႏွာႏွင့္ဝက္ခႏၶာကိုယ္ျဖင့္ ေျခႏွစ္ေခ်ာင္းေထာက္ကာ ဝက္ၿပိတၱာမႀကီးက ေမာင္ေရခဲတို႔ထံေရာက္လာေလသည္။ ေမာင္ေရခဲက
” ေဒၚတင္ဝိုင္း သင္အခုလိုဘဝေရာက္ေနတာ သင့္ရဲ႕အကုသိုလ္ေၾကာင့္ပဲ ဒါေၾကာင့္ သင့္ကို ဒီဘဝမွာကြၽတ္လြတ္ေအာင္ က်ဳပ္တို႔ကူညီေပးမယ္ ”
ေဒၚတင္ဝိုင္းတစ္ျဖစ္လဲ ဝက္ၿပိတၱာမႀကီးက ေမာင္ေရခဲတို႔အား မယုံသကာျၤဖၤင့္ ဆူညံ့စြာေအာ္ဟစ္ေမာင္းထုတ္ေလသည္။ ေမာင္ေရခဲက ေမတၱားေရွ႕ထားကာ
” ဒီမြာ က်ဳပ္တို႔က သင္ထင္သလိုလူအတန္းစားထဲကမဟုတ္ဘူး သင္ေဒါသကိုေလွ်ာ့ၿပီး သင္လိုရာကိုေျပာပါ ”
ေမာင္ေရခဲကထိုသို႔ေျပာေသာ္လည္း ဝက္ၿပိတၱာမႀကီးက လက္မခံပဲ ေမာင္ေရခဲအားဝက္ေျချဖင့္ကန္ထုတ္ေလသည္။ ေမာင္ေရခဲက လျဖင့္ကာလိုက္ရာ ဝက္ၿပိတၱာမႀကီးေျခေထာက္ေရွ႕သို႔မတိုးေတာ့ေပ။
” သင့္ရဲ႕ကုသိုလ္ေၾကာင့္ငရဲမက်ပဲဒီဘဝကိုေရာက္ေနတာကို သင္က သီလရွိသူကိုပစ္မွားဖို႔ႀကံ႐ြယ္ေနရင္ငရဲကိုသြားရလိမ့္မယ္ ”
ထိုသို႔ေျပာလိုက္ရာ ဝက္ၿပိတၱာမႀကီးက ပို၍ေဒါသၾထကၠာ အေနာက္သို႔ဆုတ္သြားၿပီး တစ္ကိုယ္လုံးကိုဝက္အသြင္ေျပာင္းကာေမာင္ေရခဲႏွင့္ထင္ေပၚအား တိုက္ခိုက္ရန္ျပင္ေလသည္။ေမာင္ေရခဲက ေမတၱာျဖင့္ဆုံးမ၍မရမွန္းသိသျဖင့္ ေလးကြက္အင္းျဖင့္ ဖမ္းခ်ဳပ္ထားလိုက္ေလသည္။ ဝက္ၿပိတၱာႀကီးလည္း ႐ုန္းေလၾကပ္ေလျဖစ္လာကာ ေနာက္ဆုံးတြင္ လူ႔ပုံစံျဖစ္သြားေလသည္။
” သင့္စိတ္ကိုထိန္းထားၿပီး က်ဳပ္ေျပာတာနားေထာင္ပါ သင့္ရဲ႕ရတနာေတြကိုေဖာ္ထုတ္ေရာင္းခ်ၿပီးသင့္ကိုအမွ်ေပးေဝေစခ်င္တာမို႔လား ”
” ဟုတ္ပါတယ္ ဆရာ ကြၽန္မပိုင္ထားတဲ့ရတနာေတြကို ေရာင္းခ်ေပးၿပီး အမွ်ေဝေပးၾကဖို႔ေျပာေပးပါ ”
” ဒါဆို သင့္ရဲ႕ရတနာေတြက ဘယ္မွာျမဳပ္ထားတာလဲ ”
” အိမ္ေခါင္းရင္းက ပိႏၷဲပင္ေအာက္မွာပါ ကြၽန္မသားသမီးေတြကိုတဝက္ယူၿပီး တစ္ဝက္လႉေပးပါလို႔ေျပာေပးပါ အကုသိုလ္အလုပ္ဆို စိတ္နဲ႔ေတာင္မလုပ္ၾကဖို႔ေျပာေပးပါ ”
” ေကာင္းၿပီ သင္အခုခ်ိန္ကစၿပီးအျခားသူေတြကို မေျခာက္လွန႔္နဲ႔ အကူညီမေတာင္းနဲ႔ သေဘာေပါက္လား ”
” ေပါက္ပါတယ္ ဆရာ ဆရာ့ကိုျပစ္မွားမိလို႔ ေတာင္းပန္ပါတယ္ ခြင့္လႊတ္ေပးပါ ဆရာ ”
” ရပါတယ္ က်ဳပ္ကခြင့္လႊတ္ၿပီးသားပါ သင္အခုျပန္ႏိုင္ပါၿပီ သင့္ေနရာကိုျပန္ေတာ့ ”
ထိုသို႔ေျပာလိုက္ၿပီး အင္းကိုသိမ္းကာ ေဒၚတင္ဝိုင္းအားျပန္လႊတ္လိုက္ေလသည္။ ေနာက္ေန႔မနက္တြင္ ေမာင္ေရခဲႏွင့္ထင္ေပၚ ေဒၚတင္ဝိုင္းအိမ္ေရွ႕မွ
” အိမ္ရွင္တို႔ ဗ်ိဳ႕အိမ္ရွင္တို႔ ထြက္ခဲ့ၾကပါဦးဗ်ိဳ႕ ”
ထိုသို႔ေအာ္လိုက္ရာ ဖိုးတင္မွ ေမာင္ေရခဲတို႔ဆီသို႔ထြက္လာခဲ့ၿပီး
” ဘာကိစၥရွိလို႔လဲ ဒီကမိတ္ေဆြတို႔က ”
” ဒီလိုပါ ခင္ဗ်ားတို႔အေမ မကြၽတ္မလြတ္တဲ့ဝက္ၿပိတၱာဘဝေရာက္ေနတယ္ ဒါေၾကာင့္ သူကြၽတ္လြတ္ခ်င္ေနတယ္ ”
” ဒါဆို က်ဳပ္တို႔ဘယ္လိုလုပ္ေပးရမွာလဲ ကူညီပါဦး ”
” ခင္ဗ်ားအေမက ခင္ဗ်ားတို႔ေမာင္ႏွမႏွစ္ေယာက္ကို အမွာစကားပါးလိုက္တယ္ အကုသိုလ္အလုပ္မလုပ္ၾကပဲ ေကာင္းမႈကုသိုလ္ကိုပဲလုပ္ၾကပါတဲ့ ေခါင္းရင္းကပိႏၷဲပင္ေအာက္မွာ သူျမဳပ္ထားခဲ့တဲ့ရတနာေတြကို တူးယူၿပီး တဝကၠိဳ သူ႔အတြက္လႉဒါန္းေပးပါတဲ့ က်န္တစ္ဝက္ကို ခင္ဗ်ားတို႔ေမာင္ႏွမသုံးစြဲပါတဲ့ မယုံရင္သြားတူးၾကည့္ပါ ”
ဖိုးတင္လည္းဘယ္ကမွန္းမသိေသာ သူမ္ားရဲ႕စကားကိုယုံရမလို မယုံရမလိုျဖစ္ကာ ဘာမွမေျပာပဲ ပိႏၷဲပင္ေအာက္သြားတူးၾကည့္ေလသည္။ တစ္ေတာင္ခန႔္တူးၿပီးခ်ိန္တြင္ ေ႐ႊႏွင့္စိန္ထည္ပစၥည္းမ်ားကိုေတြ႕ရေလသည္။ ဖိုးတင္လည္းအိမ္ေရွ႕သို႔ျပန္သြားၾကည့္ရာ ေစာေစာကလူႏွစ္ေယာက္မရွိေတာ့ပဲ စာတစ္႐ြက္ကိုခ်န္ထားခဲ့ေလသည္။
ေကာင္းမႈကုသိုလ္ အစဥ္ျပဳ
မေကာင္းမႈကိုေရွာင္ ေကာင္းမႈကိုေဆာင္
သီလလုံေအာင္ထား
ထိုစာေၾကာင္းသုံးေၾကာင္းသာေရးထားေလသည္။ ဖိုးတင္တို႔ေမာင္ႏွမလည္း ပစၥည္းဥစၥာအားလုံးတို႔ကိုလႉဒါန္းၿပီး မိခင္ျဖစ္သူအားအမွ်ေပးေဝၿပီး သာသနာ့ေဘာင္သို႔ဝင္သြားၾကေလသည္။ ေဒၚတင္ဝိုင္းမွာ အကုသိုလ္ကံႏွင့္ကုသိုလ္ကံယွဥ္တြဲေနသျဖင့္ ေန႔စံညခံ အသူရာကယ္ဘဝသို႔ေျပာင္းသြာေလသည္။
ေမာင္ေရခဲတို႔ဆရာတပည့္လဲ ေျခဦးတည့္ရာသြားၾကရင္း ေႁမြဥမ်ားကိုဖ်က္ဆီးမိသျဖင့္ တစ္႐ြာလုံးဒုကၡေရာက္ေတာ့မည့္ေဘးကို ကယ္တင္ဖို႔ ပန္းၿမိဳင္႐ြာသို႔ သြားၾကေလသည္။ ေနာက္ဝတၳဳမွာ ဧရာမ နတ္ေႁမြႀကီးအား ေမာင္ေရခဲတို႔ ဘယ္လိုႏွိမ္နင္းၾကမလဲဆိုတာ ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္။
(အခြန္းပ်င္းေၾကာဆြဲေနမွန္းသိလို႔ ေမာင္ေလးလင္းေတဇကစာမူလက္ေဆာင္ေပးထားတာပါရွင့္…သူေရးတာကမွကိုယ့္ထက္ေကာင္းေနတာ…ေက်းဇူးပါသားေရ…)
# ၿပီး
# ခြန္း