“တစ္ဆေနွား”(စ/ဆုံး)

Unicode Version

“တစ္ဆေနွား”(စ/ဆုံး)
—————————-
သူက ရန်ကုန်သားမှ ရန်ကုန်သား အစစ်၊ ရေမရောဘူးလို့တောင် ဆိုလို့ရ တယ်။ ဘာ ကြောင့်အဲဒီစကားပြောရသလဲလို့
သူ့ကိုမေးရင်
တချို့က သန်းခေါင်စာရင်း၊ နိုင်ငံသား သက်သေ ခံကတ်ပြားထဲမှာသာ ဇာတိ၊ ရန်ကုန်ဆိုပြီး မွေး ကတည်းက ရေကြည်ရာ မြက်နုရာ ဟိုဟိုသည် သည် ရွှေ့ပြောင်းကြ၊ နေထိုင်ကြသူတွေ ရှိရဲ့မို့ လား။ အမှန်ဆိုရင် ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်း တွေလို့ဆိုရမှာပဲ။ ခုန သူကရေမရောဘူးဆိုတာ က ဒီအသက်အရွယ်အထိ ရန်ကုန်မှာပဲမွေး၊ ရန်ကုန်မှာပဲ ကြီးပြင်း၊ ရန်ကုန်မှာပဲ လုပ်ကိုင် စားသောက်နေရလို့ ရေမရောဘူး ပြောရတာ။

ဆိုရရင် အဲသလိုလူက ကိုယ့်ဇာတိနဲ့ မိုင်ပေါင်းများစွာဝေးလံတဲ့ စိမ်း သက်တဲ့ တစ်ကြိမ်တစ်ခါမှ စိတ်ကူးတောင် မယဉ်ခဲ့ဘူးတဲ့ အညာဒေသရဲ့ မင်းဘူးမြို့နဲ့ ပဒါန်းမြို့ကလေးကြားက ရိုးမကြီးထဲကို ရောက်လာခဲ့ရတာ မဆန်းလှပေဘူးလား။ ပဋ္ဌာန်းဆက်ဆိုလည်း ပဋ္ဌာန်းဆက်ပေါ့။
နဘူးတောင်မှော်ဆိုတာ သူက ရန်ကုန်မြို့ကြီးကနေ ခြေတစ်လှမ်းမှ မခွာခဲ့ဘူးသူဆိုတော့ ရမ်းသန်းပြီး စမ်းတဝါးဝါးနဲ့ ရိုးမထဲလိုက်ခဲ့ရတာ။ ရောက်ခဲ့ရတာပါ။
လေးပင်ရွာဆိုတာ မဝေးဘူး။ ပဒါန်းကား ကားလမ်းနံဘေးက ရွာလေး ရယ်။ ရွှေစက်တော်ဘုရားကိုသွားရတဲ့ လမ်းခွဲကလေးနဲ့ မနီးမဝေးက ကား ရပ်စခန်းရှိတဲ့ ရွာလေးပေါ့။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လေးငါး ဆိုင်ရှိပြီး သူရောက်တော့ ညနေစောင်းနေပါပြီ။ စုံစမ်းကြည့်တော့ မှော်က ရိုးမကြီးထဲကို ဆယ်မိုင်သွားရဦးမယ်တဲ့။ မင်းဘူးမြို့ကနေ နှစ်လုံးထိုး ထော် လာဂျီအမိုးပေါ်ကနေ သူ မြင်တွေ့ ခဲ့ရသလောက်တော့ ကားလမ်းမ အနိမ့် အမြင့်၊ အကွေ့အဝိုက်တွေတစ်လျှောက် ရိုးမတောင်စဉ်တွေ၊ သစ်တော စိုက်ခင်းတွေ၊ ကျိုးတိုးကျဲတဲနဲ့ တောကတုံးတွေ များပါတယ်။
မှော်ထဲကနေမင်းဘူးကိုထော်လာဂျီကတစ်နေ့တစ်စီးပဲ သွားပေမယ့် သူသွားတဲ့၊ ရောက် သွားတဲ့အချိန်က မှော်ထဲပြန်တဲ့ ထော်လာဂျီ မရှိတော့ ပါဘူး။ နေကစောင်းနေပြီ။ မှော်ထဲအထိ ခြေကျင်သွားရင်သွား၊ ဒါမှမဟုတ် မနက်လင်းခါမှ ရွာက နွားလည်းတစ်စီးငှားပြီး သွားချင်သွား အဲဒါပဲရတယ်။ ဒါပေမဲ့-မှော်ထဲသွား သူတွေကတော့ ကိုယ်ပါလာတဲ့ဝန်စည်နဲ့ ကိုယ့်အိတ် ကိုယ်ထမ်း ခြေကျင်သွားကြတာပဲရယ်။ နောက်ဆုံး လမ်းမသိတဲ့သူလည်း ခရီးကြုံစောင့်ရင်းနဲ့မင်းဘူးမြို့အထွက် ဆင်ခေါင်းဆိုတဲ့ရွာကမှော်ထဲပြန်မယ့် မိန်းကလေးသုံးယောက်အုပ်စုနဲ့ အဖော်ရသွားရဲ့။ သူတို့လေးပင်ရွာကလေး ကနေစထွက်လာတော့ နေကဝင်လုနေပြီ။ မှော်လမ်းဆိုတာက ရိုးမကြီးထဲ ဝင်တဲ့လှည်းလမ်း၊ ထော်လာဂျီလမ်းကို ခေါ်ကြတာပါ။ မိန်းကလေးတွေက

စကားတပြောပြော ခြေလှမ်းသွက်သွက်နဲ့ ရန်ကုန်သားဖြစ်တဲ့ သူ့ကို စောင့် ခေါ်ကြပါတယ်။ ကျင်းတဲတွေ ရွှေမည်းလုပ်ကွက်တွေကလည်း အများကြီး လို့ဆိုတယ်။ မှော်နာမည်တွေကလည်းမောဝန်၊ ကျောက်တစ်လုံး၊ ဇီးပင်ချိုင့်၊ ရှားတော၊ သခွတ်ပင်၊ နဘူးတောင်၊ ကိဖျား၊ တဲတိုက်ထိပဲ သွားမှာဆိုတော့ သူ သွား ချင်တဲ့ နဘူးတောင်မှော်လမ်းကို ညွှန်ပြပေးမယ်တဲ့။ သူ ရှာချင်တဲ့ မနီးသည် ကိုမတွေ့ရင် တွေ့တဲ့မှော်တဲတစ်တဲမှာ ခွင့်တောင်းပြီးအိပ်တဲ့။ မနက်ကျမှ မှော်ထဲမှာရှိတဲ့ ဗီဒီယိုကနေ လောစပီကားကြီးနဲ့ ရှာနေတဲ့၊ တွေ့ လိုတဲ့သူကို အော်ခိုင်းတဲ့။ အဲဒါ- မှော်ထဲက လူရှာနည်းပဲတဲ့။ သူ စိတ်ညစ် သွားမိရဲ့။ သူ့အဖြစ်ကမှော်နာမည်တစ်ခုကလွဲပြီးဘာမှမသိတဲ့အဖြစ်။ ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးမှော်အနံ့ရှိသမျှ မှော်တွေထိလိုက်ရှာမယ်လို့ သူက ဆုံး ဖြတ်ပြီး သားပါ။ သူ မမြင်ဖူးတဲ့ ရင်သွေးလေးနဲ့ကိုး။
သူ့ကို လမ်းပြခေါ်လာတဲ့ မိန်းကလေးတွေက နယ်ခံတွေလည်းဖြစ်၊ သွားနေကျလည်းဖြစ်လို့မှောင်နေပြီးဖြစ်တဲ့လမ်းမှာလျှိုတွေ၊ ချောင်းစောက် တွေ၊ ကုန်းဆင်းတွေကိုလည်း ဆက်ပြီးအားကိုးနဲ့ သွားလာနိုင်ပေမယ့် သူ့ အဖို့က သိပ်မလွယ်ဘူး။ အမှန်ပြောရင် သူမတို့တစ်တွေသာမပါရင် ရိုးမ အမှောင်ထဲ သူ့မျက်စိလည်နေမှာ သေချာနေပါရဲ့။ နောက်ကျန်ခဲ့တဲ့ တစ် ရက်၊ နှစ်ရက်က ရိုးမပေါ်မိုးရွာထားလို့ မြေဝါမြေလေးတွေနဲ့ အဆင်းလမ်း တွေမှာ သူ မကြာခဏလဲတယ်။ ဒီကြားထဲ ရေဒူးဆစ်လောက်နက်တဲ့ တောင်ကျချောင်းအချို့လည်း ကူးရဖြတ်ရရဲ့။ ချောင်းက ပေနှစ်ဆယ်တောင် မကျယ်ပေမဲ့ မိုးဆိုရင် ဒါမှမဟုတ် ရိုးမပေါ်က တောင်ကျရေဆင်းရင် လူ မပြောနဲ့ ကျွဲ၊ နွားတောင် မကူးတော့ဘူးဆိုပဲ။ ကူးရင် နောက်တစ်ရက် အလောင်းပဲရတယ်တဲ့။ ရွာနှစ်ရွာကို ကျော်လွန်လာမိမှ အဝေးက တောင် ချိုင့်ဝှမ်းတွေ၊ တောင်နံရံတွေကုန်းထိပ်တွေမှာမီးရောင်လဲ့လဲ့လေးတွေလှမ်း မြင်လိုက်၊ ပျောက်ကွယ်သွားလိုက်နဲ့ အဲဒါမှော်ပဲတဲ့။ နောက် -တစ်နာရီ လောက် လျှောက်ရဦးမှာလို့ ဆိုကြတယ်။ သူတို့ပြောသလို နောက်တစ်နာရီလောက်အကြာမှာ တဲတွေ၊ ရွက်ဖျဉ်တွေ မီးစက်အင်ဂျင်မီးတွေ ဆူညံ လင်းနေတဲ့ မှော်ကြီးထဲ ရောက်လာတယ်။ ဟေဝန်မှော်တဲ့။
သူ့ကို လမ်းပြခေါ်ဆောင်လာတဲ့ မိန်းကလေးတွေက သူတို့နေရာ ရောက်ပြီမို့ သူ့ကို နဘူးမှော်ကိုတွေ့တဲ့တဲကိုမေးပြီးသွားလို့ညွှန်ရင်းလမ်းခွဲ သွားတယ်။ သူလည်းရှေ့ဆက်လျှောက်လာခဲ့ရတာပေါ့လေ။ ဟိုကုန်းဒီကုန်း ဆင်းနဲ့ အင်ဂျင်မီးစက်သံ၊ တထုံထုံ တချို့နေရာတွေမှာ ဗီဒီယိုရုံ၊ လက်ဖက် ရည်ဆိုင်တွေနဲ့ ပလတ်စတစ်တဲတွေ၊ ဝါးတဲသစ်တဲတွေနဲ့ ဟိုနေရာ ဒီနေရာ တစ်ခု၊ ဒီနေရာတစ်ခု ရှိနေတဲ့ရိုးမကြီးထဲက မှော်ဆိုတာကို တအံ့တသြပေါ့ လေ။ နဘူးတောင်မှော်နဲ့ သွားတဲ့လမ်းကိုတွေ့တဲ့တဲဝင်မေးလိုက်၊ လျှောက် လိုက်နဲ့ နောက်ဆုံးနဘူးတောင်မှော်ထဲက ယောက္ခမတွေဆီကို ညကြီး မင်းကြီး၊ ဝန်စည်စလယ်တွေ၊ ရွံ့တွေ၊ ဗွက်တွေ ပေကျံပြီး သူရောက်သွားပါရဲ့။ ယောက္ခမတွေက တအံ့တဩရယ်။ ဒါပေမဲ့ – ဇနီးသည်က မြို့ပေါ်ဘုရားဖူး သွားနေတယ်တဲ့။ အဲဒီည သူ နားတယ်။ မနက်ကျတော့ သူ့ဇနီးသည်က ဖုန်းလှမ်းဆက်လိုက်လို့ ပြန်ရောက်လာတယ်။
အဲဒီမှာ ခု ပြောပြမယ့်အဖြစ်အပျက်နဲ့ သူ ကြုံတွေ့ရတာ။
အမှန်က ယောက္ခမတွေက ရေနံမျိုးရိုးတော့ မဟုတ်ဘူး။ မြန်အောင် ဇာတိတွေ ပတ်သက်ဆက်စပ်ရာ ရေကြည်မြက်နုရာ ရှာဖွေရင်းနဲ့ ဒီရေနံ မှော်ထဲ ရောက်ခဲ့ရတာ။ ရေနံရွှေမည်းစမ်းတွင်း စတူးကြရတာ။ ကြီးပွား ချမ်းသာချင်တဲ့အလိုလောဘနဲ့သာရိုးမကြီးထဲစွန့်စားပြီး ရွှေမည်းစမ်းကျင်း တွေအပင်ပန်းဆင်းရဲခံတူးနေရတာ ဒီရိုးမကြီးထဲဘာလမ်းမှ မပေါက်သေး ဘူးလို့ဆိုတယ်။ သောက်ရေလိုချင် သောက်ချင်ရင်တောင် အနီးဆုံးနှစ် မိုင်ခန့်သွားရတဲ့ ရေချိုဆိုတဲ့ရွာကနေ ရေအိုးနဲ့ သွားရွက်ကြရတဲ့အချိန်။ လွန်ခဲ့တဲ့ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ကပါ။ ခုလိုမျိုး စောစောကရတဲ့ ရေချိုဆိုတဲ့ ရွာကနေ ရေအိုးနဲ့ သွားရွက်ကြရတဲ့အချိန်။ လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က ပါ။ ခုလိုမျိုး စောစောက သူပြောပြခဲ့တဲ့ မှော်ကွက်တွေ၊ စခန်းတွေ၊ မီးစက်

အင်ဂျင်တွေ၊ ဗီဒီယို၊ ကာရာအိုကေတွေ ဘယ်ရှိမှာတဲ့လဲ။ တောကြီးအတိပဲ။ ကံလေးက ပေးချင်တော့ စမ်းကျင်းကနေ ဆယ့်လေးငါးတောင်းနဲ့ရွှေမည်း ထပေါက်တော့တဆင့်စကား တဆင့်နားနဲ့ဟိုနားတစ်တဲဒီနားတစ်တဲကနေ ရွာခံနယ်ခံတွေလည်း လိုက်ထူးကြရင်းနဲ့ ခုလို မှော်ကြီးဖြစ်လာတာရယ်။ ခုတော့ – ဘယ်တဲကိုကြည့်ကြည့်၊ ဆိုင်ကယ်တစ်စီး၊ မီးစက် တစ်ထုံထုံနဲ့ ရယ်လေ။ တစ်ခုတော့ရှိရဲ့- ရွှေမည်းဆိုတာက ပြောရရင် မြေအောက် သံယံဇာတတွင်းထွက် ရတနာတစ်မျိုးပဲ။
ထိုက်သူမှသာ ရတတ်တဲ့သဘော ရှိတယ်။ မှော်လောကမှာ ဆိုရိုး စကားရှိတယ်။ အဲဒါက ရေပေါက်၊ ကျောက်ခံ နောက်ကြောင်းပြန်တဲ့။ ဆိုလို တာကမမြင်ရတဲ့ မြေအောက်တစ်တောင်တစ်ရာမကတဲ့ မြေပြင်ထဲတူးနေ ရင်းက ကျောက်ဖျာနဲ့ တွေ့ လို့ပဲဖြစ်ဖြစ်၊ ရေကြောနဲ့ ဆုံလို့ပဲဖြစ်ဖြစ် ဆက် မတူးနဲ့တော့။ ရပ်ပစ်လိုက်ရုံပဲ။ အဲဒီအခါကျ ကျင်းတစ်ကျင်းတူးဖို့ ရင်းနှီး ထားရတဲ့ လူအင်အား၊ ငွေအင်အားတွေ ရှုံးပြီပဲ။ ပလုံပဲ လိုအပ်တဲ့ပစ္စည်း စရိတ်၊ ကျင်းသား၊ ကျင်းဆရာ စရိတ်တွေ ဘာမှပြန်မရတော့ဘူး။ အဲလို နှစ်ကျင်း၊ သုံးကျင်းလောက် ကံအကြောင်းမလှလို့ ဆီမပေါက်ခဲ့ဘူးဆိုရင် ပါလာတဲ့အရင်းအနှီးကုန်ပြီး ရှိတာထုခွဲရောင်းချ ပြန်ပေရော့ပဲ။ အဲဒါကို ရေပေါက်၊ ကျောက်ခံ၊နောက်ကြောင်းပြန်လို့ ဆိုစမှတ်ပြုကြတာ။ သိန်းဆယ် ဂဏန်းနဲ့ချီပြီး ဆုံးရှူံးတာကိုး။ ရမ်းတူး မုန်းတူး ဆိုရင်လည်း မြို့မှာ၊ ရွာမှာ ကျန်ခဲ့တဲ့ အိမ်ပေါင်၊ ထွန်စက် ကျွဲနွားပေါင်၊ ယာပေါင်၊ လယ်ပေါင်နဲ့ ဘဝ ပျက်သွားကြသူတွေလည်း ဒုနဲ့ဒေး။
ရွှေမည်းက မွန်ကြောလို ကျောက်တန်းကြောတို့ ကြည့်တတ်ရမယ်။ ရွှေမည်းအတွေ့အကြုံနဲ့ ကျွမ်းကျင်တဲ့ ကျင်းဆရာရှိနေတယ်။ ပြီးတော့ – ကျင်းထောင်းတော့မယ်။ တူးတယ်ဆိုရင်လည်း စက်ကျင်းထက်လက်ကျင်း ကပိုများတယ်။ ကျင်းတစ်ကျင်းတူးရင် အနည်းဆုံး ကျင်းသားသုံးယောက်၊ ကျင်းဆရာတစ်ယောက်လိုတယ်။ ကျင်းဆရာက ခေါင်းဆောင်ပဲ။ ကျန်တဲ့

ကျင်းပိုင်ရှင်ကအဲဒီကျင်းသားအလုပ်သမားလေးယောက်ရဲ့ကျင်းမပေါက်ဆီ မပေါက်မချင်း ဆေးလိပ်၊ အရက်ကအစ နေထိုင်စားသောက်စရိတ် အကုန် ခံရတာ။ အလုပ်ကြမ်းသလို အစားလည်းကြမ်းတယ်။ ရိက္ခာဖြစ်တဲ့ ဆန်၊ဆီ၊ ငါးခြောက်၊ ငါးဖွဲကစလို့ ဝယ်ခြမ်းထားရတယ်။ မှော်ထဲမှာ ဈေးဆိုင်တွေရှိ သလိုအချို့လည်းဈေးပိုသက်သာတဲ့ မင်းဘူးမြို့ဈေးကဝယ်ကြရဲ့။ ကျင်းသား တစ်ဦး မနက်မိုးလင်းတာနဲ့ မနက်ကြီးသာ အလုပ်မစခင် အဆာပြေစားတာ တောင် သံဇလုံတစ်လုံး၊ ဆန်တစ်ဘူး ခွဲချက်ပျော့ပျော့ပဲ။ တစ်နေ့သုံးနှပ်ဆို တော့ တွက်သာကြည့်တော့။ ဒီကြားထဲ ဆေးလိပ်၊ ကွမ်း ပါသေးရဲ့။
ကျင်းထောင်တယ်၊ ကျင်းရိုက်တယ်ဆိုတာက အတောင်ကိုးတောင်၊ ဆယ်တောင်ခန့်ရှိတဲ့ ဝါးဖိုးဝါး (သို့မဟုတ်) ဗျောတိုင်ကောင်းကောင်း သုံး ချောင်းနဲ့ ရေနံရွှေမည်းကြော ရှိမယ်ထင်ရတဲ့ မွန်းကြော ကျောက်တန်း ကြောကမ်းပါး လျှိုပြတ်တွေရွေးပြီး သုံးချောင်းထောက်စင်ထောက်ရတယ်။ ထိပ်မှာ စက်ဘီးဆင်ရတယ်။ ကျင်းထောင်မယ့် ထောင်ပိုက် (သံပိုက်)က ခုနစ်ပေခန့် ကျပ်လုံးချောင်းပါ။ အဖျားမှာ နှစ်လက်မခွဲအကျယ်ရှိတဲ့ သံပိုက်ကို မြိနေအောင် တံစဉ်းနဲ့သွေးထားတယ်။ တစ်ပေခွဲခန့်တော့ရှိမယ်။ စက်သီးကြိုးမှာ မနီလာတစ်ကျပ်လုံးနဲ့ ကြိုးကျစ်ပြီး ထောင်ပိုက်အများကို ချည်နှောင်ရတယ်။ ကျင်းသားတွေဆွဲမယ့် မနီလာကြိုးစသုံးစ ထုတ်ထား ရတယ်။ ကျင်းထောင်ပြီဆိုတာနဲ့ ကျင်းသားသုံးယောက်က မနီလာကြိုးကို ဟန်ချက်ညီညီ ဆွဲထောင်ရတာပါ။
ကျင်းဆရာက မြေကြီးထဲ ကျင်းပိုက်ကျအောင် တည့်မတ်စွာဝိုင်းကိုင် လှုပ်ရှားပေးရတာပဲ။ ဒါမှ မြေထဲဆင်းသွားတဲ့ ထောင်းပိုက်က ဖြောင့်မှာ။ ကျင်းသားသုံးဦးက အလေးချိန်နှစ်ဆယ်နီးပါးရှိတဲ့ သံထောင်ပိုက်ကို စက် သီးကြိုးနဲ့ဆွဲလိုက် ဆောင့်ချလိုက်နဲ့ မြေထဲ ခွန်အားသုံးပြီး တူးရတာ။ အချက်ပေါင်းတစ်ရာကျော်ကျမှ တစ်ဆုံလို့ခေါ်တဲ့ သံပိုက်တစ်ထွာအပြည့် မြေစာရရဲ့။ အဲဒီအတိုင်း မြေအောက်ကို ဝင်သထက် ဝင်၊ ကျသထက် ကျ အောင် ထောင်သွားရတာပဲ။ အလွယ်ဆုံးပြောရရင် တံတားတွေ၊ ပိုင်တိုင်

ရိုက်သလိုပဲ။ ဟိုက စက်နဲ့ ငုတ်ကိုရိုက်သွင်းတာ။ ကျင်းထောင်တာကတူးရ၊ ထောင်ရတဲ့အလုပ်။ မြေအောက်ရောက်လေ သံပိုက်ခေါင်းထဲ ပါလာတဲ့ တစ်ဆုံစာ မြေသားကို ဝါးကလော်တံနဲ့ထိုးချပြီး မြေအရည်အသွေးကို ကြည့်လို့ မွန်ကြော၊ သဲဝါ၊ သဲကြော၊ ကျောက်ကြော၊ မှန်းကျပ်ဆရာက ခန့်မှန်းရသလို ဆီဂိတ်နီး၊ မနီးလည်း ကြည့်ရရဲ့။
အဲ- ပိုက်ထဲပါလာတဲ့မြေမှာ ဆီနဲ့ဆီစလေးတွေပါလာရင်၊ အနံ့အသက် လေးတွေပါရင် မြေအောက်ထဲက ရွှေမည်းကြော နီးလာပြီပေါ့။ အဲ – တစ်ခု တော့ရှိပါရဲ့။ ကျောက်တွေ၊ ဘာတွေခံနေရင်တော့ ဒါမှမဟုတ် မတော်တဆ ထောင်ပိုက်ကြိုးကပြတ်ပြီး ကျင်းထဲကို ပိုက်ကျန်ခဲ့ရင် သွားရောပဲ။ ပြောပြီး ပြီ – မြေအောက်မမြင်ရတဲ့ တွင်းထွက်ရတနာ ရွှေမည်းပါဆို။ လွယ်လွယ်နဲ့ ဘယ်ရနိုင်ပါ့မလဲ။ ကံကလည်းပါမှ၊ ကျွမ်းကျင်မှုကလည်း ရှိပါမှ။ ဒါကြောင့် လည်းရေနံမှော်လောကမှာ ရေပေါက်၊ ကျောက်ခံနောက်ကြောင်းလို့ အဆို ရှိကြတာပဲ။ အချို့လည်း ဆီပေါက်၊ အချို့လည်း ပါတာတွေ မြောက်ကြတာ ပေါ့လေ။ သူ့ယောက္ခမတွေက ဟိုတုန်းထဲက စားကျင်းလို့ခေါ်တဲ့ ပုံးကျင်း၊ ဂါလံကျင်းတွေ နှစ်ကျင်း၊ သုံးကျင်းရှိတာကိုး။ ရိက္ခာထောက်သဘောပေါ့။
မိုးကျင်းဆိုတာက တူးလို့ပေါက်ပြီးသား ကျင်းပါ။ အဲဒီကျင်းပဲ့ကနေ ဆီကိုမနက်ည နှစ်ကြိမ်ခပ်ရင် ဝယ်လက်ဈေးနဲ့တင် တစ်ပုံးကိုတစ်သောင်း နှုန်းရှိတဲ့ တစ်ဂါလံဆိုရင် နှစ်ထောင်ဈေးပဲ။ ဒါကို မှော်ဝေါဟာရအရ ဆေး လိပ်၊ ကွမ်းဖိုးရလို့ရိက္ခာထောက်လို့ခေါ်ကြတာ။ ကျင်းပိုင်က ဆီပေါက်ပေါက်၊ မပေါက်ပေါက် တစ်လကို ကျင်းဆရာနဲ့ ကျင်းသားအတွက် စားရိတ်ငြိမ်း တစ်သိန်းခွဲ ပေးရမှာလေ။ ဖုံးကျင်းဖြစ်ဖြစ် ဂါလံကျင်းဖြစ်ဖြစ် အနည်းဆုံး တစ်လကို တစ်ကျင်းလောက် ပေါက်မှ။ ရသလောက်တူးလို့မှ ဖုံးကျင်း လောက်မှမပေါက်ရင် ရေပေါက်ကျောက်ခံလို့ကပ်တော့ နောက်ကြောင်း ပြန်လေရောပဲ။ အဲသလိုနဲ့ မှော်ထဲကနေကံထလို့ပေါက်ပြီဆိုနေ့ချင်းညချင်း ဟမ်းချိန်းနဲ့ဆိုင်ကယ်လော်ဂျာနဲ့ တဝီဝီနဲ့ လောပန်ပဲ။ ဒါကြောင့်လည်း

ဒီလောက်ဝေးလံတဲ့တောကြီး၊ တောင်ကြီး၊ ရိုးမကြီးထဲမယားပစ်၊ သားပစ်နဲ့ ငှက်ဖျားအကိုက်ခံ၊ အနေအစား ပင်ပန်းဆင်းရဲခံပြီး ရွှေမည်းတူးနေကြတာ ပေါ့။ ဒါက – သူ စပ်စုမေးမြန်းတာရော၊ သူ့ယောက္ခမ ပြောပြလို့ရောသိရ တာပါ။
ငွေကြေးဆိုတာကတော့လူတွေအတွက်လိုအပ်တဲ့အာဟာရတစ်ခုပါ။ ဒါပေမဲ့ – ငွေကြေးပြည့်စုံချမ်းသာ ကြွယ်ဝလိုဇောနဲ့ ဆေးရုံဆေးခန်းမရှိ၊ စာသင်ကျောင်းမရှိ၊ စာကြည့်တိုက်မရှိ၊ ဧည့်စာရင်း သန်းခေါင်စာရင်းမရှိပါဘဲ ရိုးမကြီးထဲမှာ ဒီနေ့ သူဌေးဖြစ်မလား၊ မနက်ဖြန် ခွေးဖြစ်မလား။ မသေချာ မရေရာတဲ့ မြေကြီးအောက်ကကိစ္စကို စိတ်မဝင်စားတာ အမှန်ပါ။
မမြင်ရတဲ့ မြေကြီးအောက်က အနာဂတ်ကို နှစ်လက်မခွဲ သံထောင် ပိုက်ပေါ်ပစ်တင်ထားဖို့စိတ်ကူးမယဉ်မိတာလည်းပါတာပေါ့လေ။ လောက မှာ မသေချာတဲ့အလုပ်ထက် သေချာတဲ့တိကျတဲ့ အလုပ်ကိုပဲ ယုံကြည်တဲ့ သူ။ သူဌေးဖြစ် နောက်ကျချင်တော့ ကျမှာပေါ့လေ။ ဒါပေမဲ့ − ခွေး မဖြစ်မှာ တော့သေချာတယ်။ မြွေတွင်းလား၊ ကဏန်းတွင်းလားမသိဘဲစမ်းနှိုက်ရတာ ထက်စာရင် ကန်ထဲက ငါးကိုပဲ မျှားဖို့ စိတ်ကူးရှိတဲ့သူ။ အယူအဆကတော့ တူချင်မှ တူမှာပေါ့လေ။ သူက စာပေသမားဆိုပေမယ့် ဘဝကို လက်တွေ့ ဆန်ပါတယ်။
ပရလောက၊ နာမ်လောကတွေကိုလည်း ဗုဒ္ဓဘာသာဝင်ပီပီ ယုံကြည် တဲ့သူဆိုတော့ ဒီနဘူးတောင်နဲ့ပတ်သက်တဲ့ ပရလောက အဖြစ်ဆန်းတွေ၊ မှော်တဝိုက်က ဂမ္ဘီရအဖြစ်တွေကိုပဲ စိတ်ဝင်စားမိရဲ့။ ဒီနဘူးတောင်ကြော ဆိုတာကလည်းရှေးကတည်းကနတ်ကြမ်းတယ်။ အစောင့်အရှောက်ကြမ်း တယ်လို့ နာမည်ကြီးတဲ့နေရာ။ ရှေးက ဒီရိုးမတောင်ကြောတွေမှာ ချင်းတဲ တိုက်တွေတည်ရှိခဲ့တဲ့နေရာလို့လည်း ဆိုတယ်။ ဒီနဘူးတောင်ဆိုတဲ့အမည် ကလည်း ရှေးကနေခဲ့ဖူးတဲ့ ချင်းတဲတိုက်အကြီးအကဲက နားရွက်ပူးနေတာ မို့အလွယ်တကူနားပူးတောင်လို့ခေါ်ကြဝေါ်ကြရင်းကနေနဘူးတောင်ရယ်

လို့ဖြစ်လာတာပဲ။ တောင်ရဲ့အနောက်ဘက်မှာ လျှိုပြတ်ကြီးနဲ့ ရေတံခွန်ကြီး သဖွယ်ကျောက်ခုတင်လျှိုဆိုတဲ့ကျောက်သားခုတင်ကြီးတွေ ဆင့်ထပ်ထား သလို ဂမ္ဘီရဆန်တဲ့ နေရာတွေလည်း ရှိတယ်။ အချို့နေရာတွေဆို တော ခြောက်၊ တောမှောက်တာတွေများလို့ နေစောင်းပြီဆို လူသူလေးပါး မသွား လာဝံ့တဲ့ နေရာတွေ၊ လျှိုပြတ်တွေလည်းရှိရဲ့။ ရိုးမဆိုတာ သိတဲ့အတိုင်း။ ဘယ်မှာ သုသာန်တို့၊ သင်္ချိုင်းတို့ရှိမှာလဲ။ ငှက်ကိုက်လို့ပဲ သေသေ၊ ဖျားနာ လို့ပဲဆုံးဆုံး၊ အနီးဆုံး ရပ်ရွာအကြောင်းကြားပြီး နီးတဲ့၊ လွယ်တဲ့နေရာကျင်း တူးပြီးမြှုပ်နှံလိုက်တာပဲ။ သပိတ်တို့၊ ဆွမ်းသွတ်တို့လည်း ကြုံရင် လုပ်လိုက် ကြတာပဲ။ သူ့ယောက္ခမကြီးရဲ့ကျင်းထောင်၊ အလုပ်သမားအောင်သန်းကျော်
ကတော့ –
“အစ်ကို – ညဘက်တွေ ကျောက်တစ်လုံးထဲ လက်ဖက်ရည် သွား သောက်ရင် လျှိုကုန်းပြတ်အတတ်က သခွတ်ပင်ကြီးနားရောက်ရင် သတိ ထားနော်”
“ဘာလဲ – အောင်သန်းကျော်ရ၊ ဓားပြတိုက်လို့လား” “ဟာ-ဒီတောင်ရိုးမဆိုပေမယ့်အဲသလိုဓားပြတိုက်၊ လုယက်တာတွေ ဘာတွေတော့မရှိပါဘူး။ သူ့တဲစု၊ ကိုယ့်တဲစုတွေနဲ့ နေကြတာပဲ။ အဲဒီကုန်းက မှော်ထဲ အမဲပေါ်ရင် ခိုးပေါ်တဲ့နေရာ ဘာရှိတယ် ညာရှိတယ်။ အချို့ပြောနေ ကြလို့ပါ”
အောင်သန်းကျော် ပြောတဲ့နေရာကို သူ့မျက်စိထဲ ကွင်းခနဲ ကွက်ခနဲ မြင်မိရဲ့။ သူတို့ နဘူးတောင်မှော်ရဲ့လှည်းလမ်းကြောင်း လျှိုလေးအတိုင်း ဆင်းသွားပြီး တစ်ဖက်ကုန်းမြင့်ကြီး လှည်းလမ်းအတက်က သခွတ်ပင်ကြီး အုပ်ဆိုင်းနေတဲ့ နေရာပါ။ ချုံတွေ၊ ကျောက်တုံးကြီးတွေလည်း ရှိပါတယ်။ သခွတ်ပင်ကြီးရဲ့ ခြေရင်းတစ်ဝိုက် လူတစ်ဖက်စာမကတဲ့ ကျောက်တုံး၊ ကျောက်ချပ်ကြီးတွေ ဝိုင်းရံကာသလိုရှိနေတဲ့ အလယ်က မြေကွက်လပ်မှာ အချို့ရွာတွေက အမဲသား၊ နွားခိုးပြီးပေါ်ကြသတ်ကြတဲ့နေရာရယ်။ ပြီးရင် –

ပေါ်ပြီးတဲ့ အမဲ၊ ဝက်တွေကို နှီးကြိုးနဲ့တွဲပြီး ဝါးတုတ်လျှိုထမ်းပြီး မှော်ထဲ လှည့်လည်ရောင်းကြတာပါ။ အဲဒီကုန်းမြင့်ကြီးတစ်ဘက်မှာမှကျောက်တစ် လုံးဆိုတဲ့ မှော်ကြီးက တပြန့်တလျားရယ်။ အဲဒီကုန်းမြင့်ထိပ်မှာဖြစ်ပြီး ကျောက်တစ်လုံးမှော်ကပြန့်ထဲမှာရှိသလို လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်၊ ကုန်စုံဆိုင်၊ ဗီဒီယိုရုံကအစရှိလို့ စည်ကားတယ် ဆိုရမယ်။ သူကလက် ဖက်ရည်ငတ်တာနဲ့ မိုးချုပ်ရင်နဘူးတောင်ကနေကျောက်တစ်လုံးထဲ ဆင်း ပြီးလက်ဖက်ရည်သောက်၊ ဗီဒီယိုတစ်ကားကြည့်ပြီးမှ ပြန်လာလေ့ရှိတယ်။

ဓာတ်မီးတော့ ပါတာပေါ့လေ။ မှော်တွေဆိုတာက နေ့ရောညပါ ဓာတ်မီး တစ်ချောင်း၊ တောလိုက်ခါးကြားထိုးပြီး လူတိုင်း ကူးသန်းသွားလာနေကြ တာပဲ။ ဒါကို ဇနီးသည်က ရံဖန် စိုးရိမ်သံလေးနဲ့ –
“ကိုကြီးနော်- တောတောင်ဆိုတာ မြို့ကြီးပြကြီး မဟုတ်ဘူး” လက်ဖက်ရည်ဆိုင်သွားလည်း ညဉ့်မနက်စေနဲ့။ ဒီမှာလည်းကော်ဖီမစ်၊
တီးမစ်တွေရှိတဲ့ ဥစ္စာ၊ ဒုက္ခရှာတယ် – ဟွန်း”
“ဗဟုသုတလည်းရ မှော်အကြောင်းလည်း သိချင်လို့ပါကွာ။ မိုးမချုပ် စေရပါဘူး”
အဲသည့်ညကလည်း သူ မိုးချုပ်တာနဲ့ ကျောက်တစ်လုံး၊ မှော်ဘက် လက်ဖက်ရည်သောက်ဖို့ ထွက်ခဲ့ရာ လမ်းရောက်မှ ဓာတ်မီးပါမလာမှန်း သူ သတိရလိုက်မိတယ်။ ဒါပေမဲ့ − သူက မှော်သားနှစ်ပတ်လည် ဖြစ်နေပြီဆို တော့ဒီလမ်းတွေကိုဓာတ်မီးမပါလည်း ဘယ်နေရာ ချိုင့်ကျင်းဆိုတာကအစ မှတ်မိနေပါပြီ။ လကလည်း ဆန်းစပြုလာပြီဆိုတော့ လရောင် ရေးရေး အောက်မှာလျှိုလမ်းလှည်းလမ်းကလည်းမပီသပေမဲ့ခပ်ပျပျလေးလရောင်
ထိုးလို့ လင်းနေတာပါ။
သူ – သူ့ကျောက်တစ်လုံးမှော်ထဲမှာ အတော်ကြာသွားတယ်။ အချိန် တွေ တောင်ကျော်သွားပြီထင်တယ်။ ဓာတ်မီးပါမလာတာနဲ့ဘဲ လျှိုကုန်း အတက် လှည်းလမ်းကြောင်းကို လရောင်အားကိုးနဲ့ပဲ လှမ်းလျှောက်လာခဲ့ တယ်။ သိပ်မကြာခင်မှာပဲ အောင်သန်းကျော်ပြောတဲ့ သခွတ်ပင်ကြီးရှိတဲ့ ကုန်းလေးအနားရောက်လာတယ်။ အဲသည့်နေရာလေးကိုအဖြတ် ရုတ် တရက်အကြည့်က အမှတ်မထင် ရောက်ရှိသွားပါရဲ့။ ညှီစို့စို့ ပုပ်အဲ့အဲ့ အနံ့ ကြီးက ထောင်းခနဲထလာမိပါရဲ့။ သူ ဖျတ်ခနဲ ကျောစိမ့်သွားတာနဲ့ အဲသည့် နေရာလေးကို ခပ်သုတ်သုတ်လှမ်းတယ်။ အဲသည့်အချိန်မှာပဲ-
ရုတ်တရက်ကျယ်လောင်တဲ့ နွားတစ်ကောင်ရဲ့နှာမှုတ်သံကြီး တရှူးရှူး သူ့ မလှမ်းမကမ်းနောက်ကနေ ဗြုန်းခနဲ ကြားလိုက်ရပါရဲ့။ ထင်မှတ်မထား

သူ့ကျောရိုးတစ်လျှောက်ကြက်သီးမွေးညင်းတွေ စိမ့်ခနဲ
တာမို့ ရုတ်တရက် ထသွားမိပါရဲ့သူ ချာခနဲ လှည့်ကြည့်မိတယ်။
“ဟင်”
လှည်းလမ်းလျှိုကုန်းအဆင်းမှာ သူတစ်ယောက်ထဲပါ။ အနောက်မှာ နွားတစ်ကောင်၊ လူတစ်ယောက်မှ ရှိမနေတာလည်း လရောင်အောက်မှာ အမြင်ထင်းနေတာပါပဲ။ ထူးဆန်းတယ်။ ဒါနဲ့ပဲ သူ ရှေ့ဆက် လျှောက်တယ်။ အဲသည်မှာ ထူးဆန်းတာက သူ့နောက်ကျောဘက်ဆီကနေ သက်ရှိနွား တစ်ကောင်ရဲ့ နှာမှုတ်သံ၊ သစ်ရွက်အချို့ကို လျှာနဲ့ သိမ်းယူပြီး ကြိတ်ဝါးသံ၊ စားမြုံ့ပြန်နေသံတွေကိုပီသစွာအဆက်မပြတ်ကြားရတာပဲ။ ဘာရယ်မဟုတ် စိတ်ထဲ ဖျဉ်းခနဲဖြစ်သွားရင်း သူ ဒုတိယအကြိမ် ချာခနဲ လှည့်ကြည့်လိုက်ရဲ့။
ဘာမှမတွေ့ဘူး။
ဘယ်လောက်ထူးဆန်းနေသလဲလို့။ သေချာတာက သူ့နောက် မလှမ်း မကမ်းကနေနွားတစ်ကောင်ရဲ့နှာမှုတ်သံတရှူးရှူးရယ်၊ ဝါးရွက်ခြောက်တွေ ကြိတ်ဝါးသံရယ် ကြားနေရတာပဲ။ သူ့စိတ်ထဲမှာ မှော်ထဲက နွားမွေးတဲ့ စိုက် ခင်းတွေရှိတဲ့ တဲတစ်တဲက လွတ်ထားတဲ့ နွားတစ်ကောင်ပဲထင်မိရဲ့။ သူတို့ နဘူးတောင်နောက်ကျောဘက်မှာလည်းကိုင်းအချို့ရှိသလိုမှော်ထဲရေစည် လှည်း၊ ဆီတိုက်လှည်းတွေကလည်းနွားတွေလွတ်ပြီးလှန်ချင်လှန်တာရယ်။ သံသယအတွေးမျိုးစုံနဲ့ သူ လျှောက်လာရင် နဘူးတောင် ကုန်းအတက် လျှိုပြတ်ချောင်းစပ်အရောက်မှာ သူ့နောက်ကျောဘက်ကနေ တရူးရူးနဲ့ နှာ မှုတ်သံကြီးက ရပ်တန့်သွားရဲ့။
ထူးခြားလို့ သူ ဖျတ်ခနဲ ကုန်းစပ်ကိုအကြည့်…။
“ဟာ”
သူ ရုတ်တရက် အံ့ဩသွားတယ်။ ကြက်သီးမွေးညင်းတွေလည်း ဗြုန်း ခနဲထသွားမိတယ်။ လုံးဝ မယုံကြည်နိုင်ဖွယ်ရာမြင်ကွင်းပါ။ ဘာပြုလို့လည်း

ဆိုတော့ သူနဲ့ ဝါးတစ်ရိုက်ခန့်
အကွာလောက်ကကုန်းလေးထက်မှာမားမား
ကြီးရပ်နေတဲ့ နွားနက်ကြီးတစ်ကောင်။ အမြီးတယမ်းယမ်းနဲ့ရယ်။ ဒီနွားနက်ကြီးက ဘယ်ကနေဘယ်လို ရောက်လာတာလဲ။
စဉ်းစားရင်း ကြက်သီးက ဖြန်းခနဲထသွားမိပြန်တယ်။ တိုက်ဆိုင်စွာပဲ လေနဲ့အတူ လွင့်ပါလာတဲ့ ညှီစို့စို့ ပုပ်အဲ့အဲ့ အပုပ်နံ့ကြီးက ထောင်းခနဲ သူ့ ဝန်းကျင်အနားလှိုက်မေ့သွားတယ်။ အဲဒီအချိန်မှာပဲ နှာမှုတ်သံကြီးတရှူးရှူး နဲ့ နွားနက်ကြီးက ဖျတ်ခနဲကုန်းပေါ်ပြန်တက်သွားလေရဲ့။ ခွာရှပ်သံပြင်းပြင်း က သူ့နားထဲ ကျန်ရစ်ခဲ့တယ်။ သူ့တဲကို ပြန်ရောက်ပြီး ဆယ်မိနစ်တောင် မကြာဘူး။ ကျင်းထောင်တဲ့ အလုပ်သမားတွေဖြစ်တဲ့ အောင်သန်းကျော်နဲ့ လမင်းအောင်လို့လည်း မှော်ထဲကနေ ဗီဒီယိုကြည့်ပြီး ပြန်ရောက်လာကြ တယ်။ သူက –
“မင်းတို့ ပြန်လာတော့ လမ်းမှာ နွားနက်ကြီးတစ်ကောင် မတွေ့ခဲ့ဘူး လား- အောင်သန်းကျော်”
“ဘယ်က နွားလည်း အစ်ကိုရ၊ မှော်ထဲမှာ ညဘက်နွားတွေ လှန်လေ့ လွှတ်လေ့မရှိပါဘူး။ လွှတ်ရင်လည်း မိုးလင်းတာနဲ့ ချိနဲ့သားရေတောင် ကျန် မှာမဟုတ်ဘူး။ အဟဲ”
အောင်သန်းကျော်က ရယ်ရင်းပြောတယ်။ သူ့ရဲ့ယောက္ခမကြီးနဲ့ ဇနီး သည်ကတော့ ကြားလို့သူ့ကို ပြုံးစိစိနဲ့ရယ်။ ဘာမှတော့ ဝင်မပြောပါဘူး။ ရန်ကုန်ရောက်လို့အမှတ်မထင်တစ်ညကြုံတွေ့ခဲ့တဲ့အဲဒီအကြောင်းစကား
စပ်မိပြီးပြောတော့ဇနီးသည်ကရယ်တာလည်းမဟုတ်၊ပြုံးတာလည်းမမည်၊
လှောင်ရယ်ပြက်ရယ်ပြုတာလည်းမဟုတ်ပါဘဲသူ့ကိုဟန်ချက်နေရာကနေ
ပြုံးစိစိ ရယ်ကျဲကျဲ မျက်နှာလေးနဲ့ –
“ကိုကြီးက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဒီမှာရှိကြတဲ့ တောပိုင်၊ တောင်ပိုင်တွေကို မေတ္တာမပို့၊ အမျှမဝေဘဲနေလို့နေမှာပေါ့၊ အဲဒီနွားကြီးကို နဘူးတောင်မှော်က လူတွေ အကုန်တွေ့ ဖူးကြုံဖူးတယ်။ ရိုးနေပြီ” တဲ့။
တကယ် သူ မလိမ်ပါဘူး။ အဲသည့်ညက နွားနှာမှုတ်သံကြီးကို နီးနီးကပ်ကပ် ကြားနေခဲ့ရပြီး နောက်ဆုံးကြီးမားလှတဲ့ အဲသည့်အနက်ရောင် နွားကြီးကို လည်း သူကိုယ်တိုင် မျက်စိနဲ့သေချာ တပ်အပ်မြင်ခဲ့ရတာပါ။ ဘုရားစူး… သူ လိမ်မပြောပါဘူး။
— မောင်နီချို

Zawgyi Version

“တေစၦႏြား”(စ/ဆုံး)
—————————-
သူက ရန္ကုန္သားမွ ရန္ကုန္သား အစစ္၊ ေရမေရာဘူးလို႔ေတာင္ ဆိုလို႔ရ တယ္။ ဘာ ေၾကာင့္အဲဒီစကားေျပာရသလဲလို႔
သူ႔ကိုေမးရင္
တခ်ိဳ႕က သန္းေခါင္စာရင္း၊ ႏိုင္ငံသား သက္ေသ ခံကတ္ျပားထဲမွာသာ ဇာတိ၊ ရန္ကုန္ဆိုၿပီး ေမြး ကတည္းက ေရၾကည္ရာ ျမက္ႏုရာ ဟိုဟိုသည္ သည္ ေ႐ႊ႕ေျပာင္းၾက၊ ေနထိုင္ၾကသူေတြ ရွိရဲ႕မို႔ လား။ အမွန္ဆိုရင္ ေရတစ္ပိုင္း၊ ကုန္းတစ္ပိုင္း ေတြလို႔ဆိုရမွာပဲ။ ခုန သူကေရမေရာဘူးဆိုတာ က ဒီအသက္အ႐ြယ္အထိ ရန္ကုန္မွာပဲေမြး၊ ရန္ကုန္မွာပဲ ႀကီးျပင္း၊ ရန္ကုန္မွာပဲ လုပ္ကိုင္ စားေသာက္ေနရလို႔ ေရမေရာဘူး ေျပာရတာ။

ဆိုရရင္ အဲသလိုလူက ကိုယ့္ဇာတိနဲ႔ မိုင္ေပါင္းမ်ားစြာေဝးလံတဲ့ စိမ္း သက္တဲ့ တစ္ႀကိမ္တစ္ခါမွ စိတ္ကူးေတာင္ မယဥ္ခဲ့ဘူးတဲ့ အညာေဒသရဲ႕ မင္းဘူးၿမိဳ႕နဲ႔ ပဒါန္းၿမိဳ႕ကေလးၾကားက ႐ိုးမႀကီးထဲကို ေရာက္လာခဲ့ရတာ မဆန္းလွေပဘူးလား။ ပ႒ာန္းဆက္ဆိုလည္း ပ႒ာန္းဆက္ေပါ့။
နဘူးေတာင္ေမွာ္ဆိုတာ သူက ရန္ကုန္ၿမိဳ႕ႀကီးကေန ေျခတစ္လွမ္းမွ မခြာခဲ့ဘူးသူဆိုေတာ့ ရမ္းသန္းၿပီး စမ္းတဝါးဝါးနဲ႔ ႐ိုးမထဲလိုက္ခဲ့ရတာ။ ေရာက္ခဲ့ရတာပါ။
ေလးပင္႐ြာဆိုတာ မေဝးဘူး။ ပဒါန္းကား ကားလမ္းနံေဘးက ႐ြာေလး ရယ္။ ေ႐ႊစက္ေတာ္ဘုရားကိုသြားရတဲ့ လမ္းခြဲကေလးနဲ႔ မနီးမေဝးက ကား ရပ္စခန္းရွိတဲ့ ႐ြာေလးေပါ့။ စားေသာက္ဆိုင္၊ လက္ဖက္ရည္ဆိုင္၊ ေလးငါး ဆိုင္ရွိၿပီး သူေရာက္ေတာ့ ညေနေစာင္းေနပါၿပီ။ စုံစမ္းၾကည့္ေတာ့ ေမွာ္က ႐ိုးမႀကီးထဲကို ဆယ္မိုင္သြားရဦးမယ္တဲ့။ မင္းဘူးၿမိဳ႕ကေန ႏွစ္လုံးထိုး ေထာ္ လာဂ်ီအမိုးေပၚကေန သူ ျမင္ေတြ႕ ခဲ့ရသေလာက္ေတာ့ ကားလမ္းမ အနိမ့္ အျမင့္၊ အေကြ႕အဝိုက္ေတြတစ္ေလွ်ာက္ ႐ိုးမေတာင္စဥ္ေတြ၊ သစ္ေတာ စိုက္ခင္းေတြ၊ က်ိဳးတိုးက်ဲတဲနဲ႔ ေတာကတုံးေတြ မ်ားပါတယ္။
ေမွာ္ထဲကေနမင္းဘူးကိုေထာ္လာဂ်ီကတစ္ေန႔တစ္စီးပဲ သြားေပမယ့္ သူသြားတဲ့၊ ေရာက္ သြားတဲ့အခ်ိန္က ေမွာ္ထဲျပန္တဲ့ ေထာ္လာဂ်ီ မရွိေတာ့ ပါဘူး။ ေနကေစာင္းေနၿပီ။ ေမွာ္ထဲအထိ ေျခက်င္သြားရင္သြား၊ ဒါမွမဟုတ္ မနက္လင္းခါမွ ႐ြာက ႏြားလည္းတစ္စီးငွားၿပီး သြားခ်င္သြား အဲဒါပဲရတယ္။ ဒါေပမဲ့-ေမွာ္ထဲသြား သူေတြကေတာ့ ကိုယ္ပါလာတဲ့ဝန္စည္နဲ႔ ကိုယ့္အိတ္ ကိုယ္ထမ္း ေျခက်င္သြားၾကတာပဲရယ္။ ေနာက္ဆုံး လမ္းမသိတဲ့သူလည္း ခရီးႀကဳံေစာင့္ရင္းနဲ႔မင္းဘူးၿမိဳ႕အထြက္ ဆင္ေခါင္းဆိုတဲ့႐ြာကေမွာ္ထဲျပန္မယ့္ မိန္းကေလးသုံးေယာက္အုပ္စုနဲ႔ အေဖာ္ရသြားရဲ႕။ သူတို႔ေလးပင္႐ြာကေလး ကေနစထြက္လာေတာ့ ေနကဝင္လုေနၿပီ။ ေမွာ္လမ္းဆိုတာက ႐ိုးမႀကီးထဲ ဝင္တဲ့လွည္းလမ္း၊ ေထာ္လာဂ်ီလမ္းကို ေခၚၾကတာပါ။ မိန္းကေလးေတြက

စကားတေျပာေျပာ ေျခလွမ္းသြက္သြက္နဲ႔ ရန္ကုန္သားျဖစ္တဲ့ သူ႔ကို ေစာင့္ ေခၚၾကပါတယ္။ က်င္းတဲေတြ ေ႐ႊမည္းလုပ္ကြက္ေတြကလည္း အမ်ားႀကီး လို႔ဆိုတယ္။ ေမွာ္နာမည္ေတြကလည္းေမာဝန္၊ ေက်ာက္တစ္လုံး၊ ဇီးပင္ခ်ိဳင့္၊ ရွားေတာ၊ သခြတ္ပင္၊ နဘူးေတာင္၊ ကိဖ်ား၊ တဲတိုက္ထိပဲ သြားမွာဆိုေတာ့ သူ သြား ခ်င္တဲ့ နဘူးေတာင္ေမွာ္လမ္းကို ၫႊန္ျပေပးမယ္တဲ့။ သူ ရွာခ်င္တဲ့ မနီးသည္ ကိုမေတြ႕ရင္ ေတြ႕တဲ့ေမွာ္တဲတစ္တဲမွာ ခြင့္ေတာင္းၿပီးအိပ္တဲ့။ မနက္က်မွ ေမွာ္ထဲမွာရွိတဲ့ ဗီဒီယိုကေန ေလာစပီကားႀကီးနဲ႔ ရွာေနတဲ့၊ ေတြ႕ လိုတဲ့သူကို ေအာ္ခိုင္းတဲ့။ အဲဒါ- ေမွာ္ထဲက လူရွာနည္းပဲတဲ့။ သူ စိတ္ညစ္ သြားမိရဲ႕။ သူ႔အျဖစ္ကေမွာ္နာမည္တစ္ခုကလြဲၿပီးဘာမွမသိတဲ့အျဖစ္။ ဘာပဲ ျဖစ္ျဖစ္ ေနာက္ဆုံးေမွာ္အနံ႔ရွိသမွ် ေမွာ္ေတြထိလိုက္ရွာမယ္လို႔ သူက ဆုံး ျဖတ္ၿပီး သားပါ။ သူ မျမင္ဖူးတဲ့ ရင္ေသြးေလးနဲ႔ကိုး။
သူ႔ကို လမ္းျပေခၚလာတဲ့ မိန္းကေလးေတြက နယ္ခံေတြလည္းျဖစ္၊ သြားေနက်လည္းျဖစ္လို႔ေမွာင္ေနၿပီးျဖစ္တဲ့လမ္းမွာလွ်ိဳေတြ၊ ေခ်ာင္းေစာက္ ေတြ၊ ကုန္းဆင္းေတြကိုလည္း ဆက္ၿပီးအားကိုးနဲ႔ သြားလာႏိုင္ေပမယ့္ သူ႔ အဖို႔က သိပ္မလြယ္ဘူး။ အမွန္ေျပာရင္ သူမတို႔တစ္ေတြသာမပါရင္ ႐ိုးမ အေမွာင္ထဲ သူ႔မ်က္စိလည္ေနမွာ ေသခ်ာေနပါရဲ႕။ ေနာက္က်န္ခဲ့တဲ့ တစ္ ရက္၊ ႏွစ္ရက္က ႐ိုးမေပၚမိုး႐ြာထားလို႔ ေျမဝါေျမေလးေတြနဲ႔ အဆင္းလမ္း ေတြမွာ သူ မၾကာခဏလဲတယ္။ ဒီၾကားထဲ ေရဒူးဆစ္ေလာက္နက္တဲ့ ေတာင္က်ေခ်ာင္းအခ်ိဳ႕လည္း ကူးရျဖတ္ရရဲ႕။ ေခ်ာင္းက ေပႏွစ္ဆယ္ေတာင္ မက်ယ္ေပမဲ့ မိုးဆိုရင္ ဒါမွမဟုတ္ ႐ိုးမေပၚက ေတာင္က်ေရဆင္းရင္ လူ မေျပာနဲ႔ ကြၽဲ၊ ႏြားေတာင္ မကူးေတာ့ဘူးဆိုပဲ။ ကူးရင္ ေနာက္တစ္ရက္ အေလာင္းပဲရတယ္တဲ့။ ႐ြာႏွစ္႐ြာကို ေက်ာ္လြန္လာမိမွ အေဝးက ေတာင္ ခ်ိဳင့္ဝွမ္းေတြ၊ ေတာင္နံရံေတြကုန္းထိပ္ေတြမွာမီးေရာင္လဲ့လဲ့ေလးေတြလွမ္း ျမင္လိုက္၊ ေပ်ာက္ကြယ္သြားလိုက္နဲ႔ အဲဒါေမွာ္ပဲတဲ့။ ေနာက္ -တစ္နာရီ ေလာက္ ေလွ်ာက္ရဦးမွာလို႔ ဆိုၾကတယ္။ သူတို႔ေျပာသလို ေနာက္တစ္နာရီေလာက္အၾကာမွာ တဲေတြ၊ ႐ြက္ဖ်ဥ္ေတြ မီးစက္အင္ဂ်င္မီးေတြ ဆူညံ လင္းေနတဲ့ ေမွာ္ႀကီးထဲ ေရာက္လာတယ္။ ေဟဝန္ေမွာ္တဲ့။
သူ႔ကို လမ္းျပေခၚေဆာင္လာတဲ့ မိန္းကေလးေတြက သူတို႔ေနရာ ေရာက္ၿပီမို႔ သူ႔ကို နဘူးေမွာ္ကိုေတြ႕တဲ့တဲကိုေမးၿပီးသြားလို႔ၫႊန္ရင္းလမ္းခြဲ သြားတယ္။ သူလည္းေရွ႕ဆက္ေလွ်ာက္လာခဲ့ရတာေပါ့ေလ။ ဟိုကုန္းဒီကုန္း ဆင္းနဲ႔ အင္ဂ်င္မီးစက္သံ၊ တထုံထုံ တခ်ိဳ႕ေနရာေတြမွာ ဗီဒီယို႐ုံ၊ လက္ဖက္ ရည္ဆိုင္ေတြနဲ႔ ပလတ္စတစ္တဲေတြ၊ ဝါးတဲသစ္တဲေတြနဲ႔ ဟိုေနရာ ဒီေနရာ တစ္ခု၊ ဒီေနရာတစ္ခု ရွိေနတဲ့႐ိုးမႀကီးထဲက ေမွာ္ဆိုတာကို တအံ့တၾသေပါ့ ေလ။ နဘူးေတာင္ေမွာ္နဲ႔ သြားတဲ့လမ္းကိုေတြ႕တဲ့တဲဝင္ေမးလိုက္၊ ေလွ်ာက္ လိုက္နဲ႔ ေနာက္ဆုံးနဘူးေတာင္ေမွာ္ထဲက ေယာကၡမေတြဆီကို ညႀကီး မင္းႀကီး၊ ဝန္စည္စလယ္ေတြ၊ ႐ြံ႕ေတြ၊ ဗြက္ေတြ ေပက်ံၿပီး သူေရာက္သြားပါရဲ႕။ ေယာကၡမေတြက တအံ့တဩရယ္။ ဒါေပမဲ့ – ဇနီးသည္က ၿမိဳ႕ေပၚဘုရားဖူး သြားေနတယ္တဲ့။ အဲဒီည သူ နားတယ္။ မနက္က်ေတာ့ သူ႔ဇနီးသည္က ဖုန္းလွမ္းဆက္လိုက္လို႔ ျပန္ေရာက္လာတယ္။
အဲဒီမွာ ခု ေျပာျပမယ့္အျဖစ္အပ်က္နဲ႔ သူ ႀကဳံေတြ႕ရတာ။
အမွန္က ေယာကၡမေတြက ေရနံမ်ိဳး႐ိုးေတာ့ မဟုတ္ဘူး။ ျမန္ေအာင္ ဇာတိေတြ ပတ္သက္ဆက္စပ္ရာ ေရၾကည္ျမက္ႏုရာ ရွာေဖြရင္းနဲ႔ ဒီေရနံ ေမွာ္ထဲ ေရာက္ခဲ့ရတာ။ ေရနံေ႐ႊမည္းစမ္းတြင္း စတူးၾကရတာ။ ႀကီးပြား ခ်မ္းသာခ်င္တဲ့အလိုေလာဘနဲ႔သာ႐ိုးမႀကီးထဲစြန႔္စားၿပီး ေ႐ႊမည္းစမ္းက်င္း ေတြအပင္ပန္းဆင္းရဲခံတူးေနရတာ ဒီ႐ိုးမႀကီးထဲဘာလမ္းမွ မေပါက္ေသး ဘူးလို႔ဆိုတယ္။ ေသာက္ေရလိုခ်င္ ေသာက္ခ်င္ရင္ေတာင္ အနီးဆုံးႏွစ္ မိုင္ခန႔္သြားရတဲ့ ေရခ်ိဳဆိုတဲ့႐ြာကေန ေရအိုးနဲ႔ သြား႐ြက္ၾကရတဲ့အခ်ိန္။ လြန္ခဲ့တဲ့ခုနစ္ႏွစ္၊ ရွစ္ႏွစ္ခန႔္ကပါ။ ခုလိုမ်ိဳး ေစာေစာကရတဲ့ ေရခ်ိဳဆိုတဲ့ ႐ြာကေန ေရအိုးနဲ႔ သြား႐ြက္ၾကရတဲ့အခ်ိန္။ လြန္ခဲ့တဲ့ ခုနစ္ႏွစ္၊ ရွစ္ႏွစ္ခန႔္က ပါ။ ခုလိုမ်ိဳး ေစာေစာက သူေျပာျပခဲ့တဲ့ ေမွာ္ကြက္ေတြ၊ စခန္းေတြ၊ မီးစက္

အင္ဂ်င္ေတြ၊ ဗီဒီယို၊ ကာရာအိုေကေတြ ဘယ္ရွိမွာတဲ့လဲ။ ေတာႀကီးအတိပဲ။ ကံေလးက ေပးခ်င္ေတာ့ စမ္းက်င္းကေန ဆယ့္ေလးငါးေတာင္းနဲ႔ေ႐ႊမည္း ထေပါက္ေတာ့တဆင့္စကား တဆင့္နားနဲ႔ဟိုနားတစ္တဲဒီနားတစ္တဲကေန ႐ြာခံနယ္ခံေတြလည္း လိုက္ထူးၾကရင္းနဲ႔ ခုလို ေမွာ္ႀကီးျဖစ္လာတာရယ္။ ခုေတာ့ – ဘယ္တဲကိုၾကည့္ၾကည့္၊ ဆိုင္ကယ္တစ္စီး၊ မီးစက္ တစ္ထုံထုံနဲ႔ ရယ္ေလ။ တစ္ခုေတာ့ရွိရဲ႕- ေ႐ႊမည္းဆိုတာက ေျပာရရင္ ေျမေအာက္ သံယံဇာတတြင္းထြက္ ရတနာတစ္မ်ိဳးပဲ။
ထိုက္သူမွသာ ရတတ္တဲ့သေဘာ ရွိတယ္။ ေမွာ္ေလာကမွာ ဆို႐ိုး စကားရွိတယ္။ အဲဒါက ေရေပါက္၊ ေက်ာက္ခံ ေနာက္ေၾကာင္းျပန္တဲ့။ ဆိုလို တာကမျမင္ရတဲ့ ေျမေအာက္တစ္ေတာင္တစ္ရာမကတဲ့ ေျမျပင္ထဲတူးေန ရင္းက ေက်ာက္ဖ်ာနဲ႔ ေတြ႕ လို႔ပဲျဖစ္ျဖစ္၊ ေရေၾကာနဲ႔ ဆုံလို႔ပဲျဖစ္ျဖစ္ ဆက္ မတူးနဲ႔ေတာ့။ ရပ္ပစ္လိုက္႐ုံပဲ။ အဲဒီအခါက် က်င္းတစ္က်င္းတူးဖို႔ ရင္းႏွီး ထားရတဲ့ လူအင္အား၊ ေငြအင္အားေတြ ရႈံးၿပီပဲ။ ပလုံပဲ လိုအပ္တဲ့ပစၥည္း စရိတ္၊ က်င္းသား၊ က်င္းဆရာ စရိတ္ေတြ ဘာမွျပန္မရေတာ့ဘူး။ အဲလို ႏွစ္က်င္း၊ သုံးက်င္းေလာက္ ကံအေၾကာင္းမလွလို႔ ဆီမေပါက္ခဲ့ဘူးဆိုရင္ ပါလာတဲ့အရင္းအႏွီးကုန္ၿပီး ရွိတာထုခြဲေရာင္းခ် ျပန္ေပေရာ့ပဲ။ အဲဒါကို ေရေပါက္၊ ေက်ာက္ခံ၊ေနာက္ေၾကာင္းျပန္လို႔ ဆိုစမွတ္ျပဳၾကတာ။ သိန္းဆယ္ ဂဏန္းနဲ႔ခ်ီၿပီး ဆုံးရႉံးတာကိုး။ ရမ္းတူး မုန္းတူး ဆိုရင္လည္း ၿမိဳ႕မွာ၊ ႐ြာမွာ က်န္ခဲ့တဲ့ အိမ္ေပါင္၊ ထြန္စက္ ကြၽဲႏြားေပါင္၊ ယာေပါင္၊ လယ္ေပါင္နဲ႔ ဘဝ ပ်က္သြားၾကသူေတြလည္း ဒုနဲ႔ေဒး။
ေ႐ႊမည္းက မြန္ေၾကာလို ေက်ာက္တန္းေၾကာတို႔ ၾကည့္တတ္ရမယ္။ ေ႐ႊမည္းအေတြ႕အႀကဳံနဲ႔ ကြၽမ္းက်င္တဲ့ က်င္းဆရာရွိေနတယ္။ ၿပီးေတာ့ – က်င္းေထာင္းေတာ့မယ္။ တူးတယ္ဆိုရင္လည္း စက္က်င္းထက္လက္က်င္း ကပိုမ်ားတယ္။ က်င္းတစ္က်င္းတူးရင္ အနည္းဆုံး က်င္းသားသုံးေယာက္၊ က်င္းဆရာတစ္ေယာက္လိုတယ္။ က်င္းဆရာက ေခါင္းေဆာင္ပဲ။ က်န္တဲ့

က်င္းပိုင္ရွင္ကအဲဒီက်င္းသားအလုပ္သမားေလးေယာက္ရဲ႕က်င္းမေပါက္ဆီ မေပါက္မခ်င္း ေဆးလိပ္၊ အရက္ကအစ ေနထိုင္စားေသာက္စရိတ္ အကုန္ ခံရတာ။ အလုပ္ၾကမ္းသလို အစားလည္းၾကမ္းတယ္။ ရိကၡာျဖစ္တဲ့ ဆန္၊ဆီ၊ ငါးေျခာက္၊ ငါးဖြဲကစလို႔ ဝယ္ျခမ္းထားရတယ္။ ေမွာ္ထဲမွာ ေဈးဆိုင္ေတြရွိ သလိုအခ်ိဳ႕လည္းေဈးပိုသက္သာတဲ့ မင္းဘူးၿမိဳ႕ေဈးကဝယ္ၾကရဲ႕။ က်င္းသား တစ္ဦး မနက္မိုးလင္းတာနဲ႔ မနက္ႀကီးသာ အလုပ္မစခင္ အဆာေျပစားတာ ေတာင္ သံဇလုံတစ္လုံး၊ ဆန္တစ္ဘူး ခြဲခ်က္ေပ်ာ့ေပ်ာ့ပဲ။ တစ္ေန႔သုံးႏွပ္ဆို ေတာ့ တြက္သာၾကည့္ေတာ့။ ဒီၾကားထဲ ေဆးလိပ္၊ ကြမ္း ပါေသးရဲ႕။
က်င္းေထာင္တယ္၊ က်င္း႐ိုက္တယ္ဆိုတာက အေတာင္ကိုးေတာင္၊ ဆယ္ေတာင္ခန႔္ရွိတဲ့ ဝါးဖိုးဝါး (သို႔မဟုတ္) ေဗ်ာတိုင္ေကာင္းေကာင္း သုံး ေခ်ာင္းနဲ႔ ေရနံေ႐ႊမည္းေၾကာ ရွိမယ္ထင္ရတဲ့ မြန္းေၾကာ ေက်ာက္တန္း ေၾကာကမ္းပါး လွ်ိဳျပတ္ေတြေ႐ြးၿပီး သုံးေခ်ာင္းေထာက္စင္ေထာက္ရတယ္။ ထိပ္မွာ စက္ဘီးဆင္ရတယ္။ က်င္းေထာင္မယ့္ ေထာင္ပိုက္ (သံပိုက္)က ခုနစ္ေပခန႔္ က်ပ္လုံးေခ်ာင္းပါ။ အဖ်ားမွာ ႏွစ္လက္မခြဲအက်ယ္ရွိတဲ့ သံပိုက္ကို ၿမိေနေအာင္ တံစဥ္းနဲ႔ေသြးထားတယ္။ တစ္ေပခြဲခန႔္ေတာ့ရွိမယ္။ စက္သီးႀကိဳးမွာ မနီလာတစ္က်ပ္လုံးနဲ႔ ႀကိဳးက်စ္ၿပီး ေထာင္ပိုက္အမ်ားကို ခ်ည္ေႏွာင္ရတယ္။ က်င္းသားေတြဆြဲမယ့္ မနီလာႀကိဳးစသုံးစ ထုတ္ထား ရတယ္။ က်င္းေထာင္ၿပီဆိုတာနဲ႔ က်င္းသားသုံးေယာက္က မနီလာႀကိဳးကို ဟန္ခ်က္ညီညီ ဆြဲေထာင္ရတာပါ။
က်င္းဆရာက ေျမႀကီးထဲ က်င္းပိုက္က်ေအာင္ တည့္မတ္စြာဝိုင္းကိုင္ လႈပ္ရွားေပးရတာပဲ။ ဒါမွ ေျမထဲဆင္းသြားတဲ့ ေထာင္းပိုက္က ေျဖာင့္မွာ။ က်င္းသားသုံးဦးက အေလးခ်ိန္ႏွစ္ဆယ္နီးပါးရွိတဲ့ သံေထာင္ပိုက္ကို စက္ သီးႀကိဳးနဲ႔ဆြဲလိုက္ ေဆာင့္ခ်လိုက္နဲ႔ ေျမထဲ ခြန္အားသုံးၿပီး တူးရတာ။ အခ်က္ေပါင္းတစ္ရာေက်ာ္က်မွ တစ္ဆုံလို႔ေခၚတဲ့ သံပိုက္တစ္ထြာအျပည့္ ေျမစာရရဲ႕။ အဲဒီအတိုင္း ေျမေအာက္ကို ဝင္သထက္ ဝင္၊ က်သထက္ က် ေအာင္ ေထာင္သြားရတာပဲ။ အလြယ္ဆုံးေျပာရရင္ တံတားေတြ၊ ပိုင္တိုင္

႐ိုက္သလိုပဲ။ ဟိုက စက္နဲ႔ ငုတ္ကို႐ိုက္သြင္းတာ။ က်င္းေထာင္တာကတူးရ၊ ေထာင္ရတဲ့အလုပ္။ ေျမေအာက္ေရာက္ေလ သံပိုက္ေခါင္းထဲ ပါလာတဲ့ တစ္ဆုံစာ ေျမသားကို ဝါးကေလာ္တံနဲ႔ထိုးခ်ၿပီး ေျမအရည္အေသြးကို ၾကည့္လို႔ မြန္ေၾကာ၊ သဲဝါ၊ သဲေၾကာ၊ ေက်ာက္ေၾကာ၊ မွန္းက်ပ္ဆရာက ခန႔္မွန္းရသလို ဆီဂိတ္နီး၊ မနီးလည္း ၾကည့္ရရဲ႕။
အဲ- ပိုက္ထဲပါလာတဲ့ေျမမွာ ဆီနဲ႔ဆီစေလးေတြပါလာရင္၊ အနံ႔အသက္ ေလးေတြပါရင္ ေျမေအာက္ထဲက ေ႐ႊမည္းေၾကာ နီးလာၿပီေပါ့။ အဲ – တစ္ခု ေတာ့ရွိပါရဲ႕။ ေက်ာက္ေတြ၊ ဘာေတြခံေနရင္ေတာ့ ဒါမွမဟုတ္ မေတာ္တဆ ေထာင္ပိုက္ႀကိဳးကျပတ္ၿပီး က်င္းထဲကို ပိုက္က်န္ခဲ့ရင္ သြားေရာပဲ။ ေျပာၿပီး ၿပီ – ေျမေအာက္မျမင္ရတဲ့ တြင္းထြက္ရတနာ ေ႐ႊမည္းပါဆို။ လြယ္လြယ္နဲ႔ ဘယ္ရႏိုင္ပါ့မလဲ။ ကံကလည္းပါမွ၊ ကြၽမ္းက်င္မႈကလည္း ရွိပါမွ။ ဒါေၾကာင့္ လည္းေရနံေမွာ္ေလာကမွာ ေရေပါက္၊ ေက်ာက္ခံေနာက္ေၾကာင္းလို႔ အဆို ရွိၾကတာပဲ။ အခ်ိဳ႕လည္း ဆီေပါက္၊ အခ်ိဳ႕လည္း ပါတာေတြ ေျမာက္ၾကတာ ေပါ့ေလ။ သူ႔ေယာကၡမေတြက ဟိုတုန္းထဲက စားက်င္းလို႔ေခၚတဲ့ ပုံးက်င္း၊ ဂါလံက်င္းေတြ ႏွစ္က်င္း၊ သုံးက်င္းရွိတာကိုး။ ရိကၡာေထာက္သေဘာေပါ့။
မိုးက်င္းဆိုတာက တူးလို႔ေပါက္ၿပီးသား က်င္းပါ။ အဲဒီက်င္းပဲ့ကေန ဆီကိုမနက္ည ႏွစ္ႀကိမ္ခပ္ရင္ ဝယ္လက္ေဈးနဲ႔တင္ တစ္ပုံးကိုတစ္ေသာင္း ႏႈန္းရွိတဲ့ တစ္ဂါလံဆိုရင္ ႏွစ္ေထာင္ေဈးပဲ။ ဒါကို ေမွာ္ေဝါဟာရအရ ေဆး လိပ္၊ ကြမ္းဖိုးရလို႔ရိကၡာေထာက္လို႔ေခၚၾကတာ။ က်င္းပိုင္က ဆီေပါက္ေပါက္၊ မေပါက္ေပါက္ တစ္လကို က်င္းဆရာနဲ႔ က်င္းသားအတြက္ စားရိတ္ၿငိမ္း တစ္သိန္းခြဲ ေပးရမွာေလ။ ဖုံးက်င္းျဖစ္ျဖစ္ ဂါလံက်င္းျဖစ္ျဖစ္ အနည္းဆုံး တစ္လကို တစ္က်င္းေလာက္ ေပါက္မွ။ ရသေလာက္တူးလို႔မွ ဖုံးက်င္း ေလာက္မွမေပါက္ရင္ ေရေပါက္ေက်ာက္ခံလို႔ကပ္ေတာ့ ေနာက္ေၾကာင္း ျပန္ေလေရာပဲ။ အဲသလိုနဲ႔ ေမွာ္ထဲကေနကံထလို႔ေပါက္ၿပီဆိုေန႔ခ်င္းညခ်င္း ဟမ္းခ်ိန္းနဲ႔ဆိုင္ကယ္ေလာ္ဂ်ာနဲ႔ တဝီဝီနဲ႔ ေလာပန္ပဲ။ ဒါေၾကာင့္လည္း

ဒီေလာက္ေဝးလံတဲ့ေတာႀကီး၊ ေတာင္ႀကီး၊ ႐ိုးမႀကီးထဲမယားပစ္၊ သားပစ္နဲ႔ ငွက္ဖ်ားအကိုက္ခံ၊ အေနအစား ပင္ပန္းဆင္းရဲခံၿပီး ေ႐ႊမည္းတူးေနၾကတာ ေပါ့။ ဒါက – သူ စပ္စုေမးျမန္းတာေရာ၊ သူ႔ေယာကၡမ ေျပာျပလို႔ေရာသိရ တာပါ။
ေငြေၾကးဆိုတာကေတာ့လူေတြအတြက္လိုအပ္တဲ့အာဟာရတစ္ခုပါ။ ဒါေပမဲ့ – ေငြေၾကးျပည့္စုံခ်မ္းသာ ႂကြယ္ဝလိုေဇာနဲ႔ ေဆး႐ုံေဆးခန္းမရွိ၊ စာသင္ေက်ာင္းမရွိ၊ စာၾကည့္တိုက္မရွိ၊ ဧည့္စာရင္း သန္းေခါင္စာရင္းမရွိပါဘဲ ႐ိုးမႀကီးထဲမွာ ဒီေန႔ သူေဌးျဖစ္မလား၊ မနက္ျဖန္ ေခြးျဖစ္မလား။ မေသခ်ာ မေရရာတဲ့ ေျမႀကီးေအာက္ကကိစၥကို စိတ္မဝင္စားတာ အမွန္ပါ။
မျမင္ရတဲ့ ေျမႀကီးေအာက္က အနာဂတ္ကို ႏွစ္လက္မခြဲ သံေထာင္ ပိုက္ေပၚပစ္တင္ထားဖို႔စိတ္ကူးမယဥ္မိတာလည္းပါတာေပါ့ေလ။ ေလာက မွာ မေသခ်ာတဲ့အလုပ္ထက္ ေသခ်ာတဲ့တိက်တဲ့ အလုပ္ကိုပဲ ယုံၾကည္တဲ့ သူ။ သူေဌးျဖစ္ ေနာက္က်ခ်င္ေတာ့ က်မွာေပါ့ေလ။ ဒါေပမဲ့ − ေခြး မျဖစ္မွာ ေတာ့ေသခ်ာတယ္။ ေႁမြတြင္းလား၊ ကဏန္းတြင္းလားမသိဘဲစမ္းႏႈိက္ရတာ ထက္စာရင္ ကန္ထဲက ငါးကိုပဲ မွ်ားဖို႔ စိတ္ကူးရွိတဲ့သူ။ အယူအဆကေတာ့ တူခ်င္မွ တူမွာေပါ့ေလ။ သူက စာေပသမားဆိုေပမယ့္ ဘဝကို လက္ေတြ႕ ဆန္ပါတယ္။
ပရေလာက၊ နာမ္ေလာကေတြကိုလည္း ဗုဒၶဘာသာဝင္ပီပီ ယုံၾကည္ တဲ့သူဆိုေတာ့ ဒီနဘူးေတာင္နဲ႔ပတ္သက္တဲ့ ပရေလာက အျဖစ္ဆန္းေတြ၊ ေမွာ္တဝိုက္က ဂမၻီရအျဖစ္ေတြကိုပဲ စိတ္ဝင္စားမိရဲ႕။ ဒီနဘူးေတာင္ေၾကာ ဆိုတာကလည္းေရွးကတည္းကနတ္ၾကမ္းတယ္။ အေစာင့္အေရွာက္ၾကမ္း တယ္လို႔ နာမည္ႀကီးတဲ့ေနရာ။ ေရွးက ဒီ႐ိုးမေတာင္ေၾကာေတြမွာ ခ်င္းတဲ တိုက္ေတြတည္ရွိခဲ့တဲ့ေနရာလို႔လည္း ဆိုတယ္။ ဒီနဘူးေတာင္ဆိုတဲ့အမည္ ကလည္း ေရွးကေနခဲ့ဖူးတဲ့ ခ်င္းတဲတိုက္အႀကီးအကဲက နား႐ြက္ပူးေနတာ မို႔အလြယ္တကူနားပူးေတာင္လို႔ေခၚၾကေဝၚၾကရင္းကေနနဘူးေတာင္ရယ္

လို႔ျဖစ္လာတာပဲ။ ေတာင္ရဲ႕အေနာက္ဘက္မွာ လွ်ိဳျပတ္ႀကီးနဲ႔ ေရတံခြန္ႀကီး သဖြယ္ေက်ာက္ခုတင္လွ်ိဳဆိုတဲ့ေက်ာက္သားခုတင္ႀကီးေတြ ဆင့္ထပ္ထား သလို ဂမၻီရဆန္တဲ့ ေနရာေတြလည္း ရွိတယ္။ အခ်ိဳ႕ေနရာေတြဆို ေတာ ေျခာက္၊ ေတာေမွာက္တာေတြမ်ားလို႔ ေနေစာင္းၿပီဆို လူသူေလးပါး မသြား လာဝံ့တဲ့ ေနရာေတြ၊ လွ်ိဳျပတ္ေတြလည္းရွိရဲ႕။ ႐ိုးမဆိုတာ သိတဲ့အတိုင္း။ ဘယ္မွာ သုသာန္တို႔၊ သခ်ႋဳင္းတို႔ရွိမွာလဲ။ ငွက္ကိုက္လို႔ပဲ ေသေသ၊ ဖ်ားနာ လို႔ပဲဆုံးဆုံး၊ အနီးဆုံး ရပ္႐ြာအေၾကာင္းၾကားၿပီး နီးတဲ့၊ လြယ္တဲ့ေနရာက်င္း တူးၿပီးျမႇဳပ္ႏွံလိုက္တာပဲ။ သပိတ္တို႔၊ ဆြမ္းသြတ္တို႔လည္း ႀကဳံရင္ လုပ္လိုက္ ၾကတာပဲ။ သူ႔ေယာကၡမႀကီးရဲ႕က်င္းေထာင္၊ အလုပ္သမားေအာင္သန္းေက်ာ္
ကေတာ့ –
“အစ္ကို – ညဘက္ေတြ ေက်ာက္တစ္လုံးထဲ လက္ဖက္ရည္ သြား ေသာက္ရင္ လွ်ိဳကုန္းျပတ္အတတ္က သခြတ္ပင္ႀကီးနားေရာက္ရင္ သတိ ထားေနာ္”
“ဘာလဲ – ေအာင္သန္းေက်ာ္ရ၊ ဓားျပတိုက္လို႔လား” “ဟာ-ဒီေတာင္႐ိုးမဆိုေပမယ့္အဲသလိုဓားျပတိုက္၊ လုယက္တာေတြ ဘာေတြေတာ့မရွိပါဘူး။ သူ႔တဲစု၊ ကိုယ့္တဲစုေတြနဲ႔ ေနၾကတာပဲ။ အဲဒီကုန္းက ေမွာ္ထဲ အမဲေပၚရင္ ခိုးေပၚတဲ့ေနရာ ဘာရွိတယ္ ညာရွိတယ္။ အခ်ိဳ႕ေျပာေန ၾကလို႔ပါ”
ေအာင္သန္းေက်ာ္ ေျပာတဲ့ေနရာကို သူ႔မ်က္စိထဲ ကြင္းခနဲ ကြက္ခနဲ ျမင္မိရဲ႕။ သူတို႔ နဘူးေတာင္ေမွာ္ရဲ႕လွည္းလမ္းေၾကာင္း လွ်ိဳေလးအတိုင္း ဆင္းသြားၿပီး တစ္ဖက္ကုန္းျမင့္ႀကီး လွည္းလမ္းအတက္က သခြတ္ပင္ႀကီး အုပ္ဆိုင္းေနတဲ့ ေနရာပါ။ ခ်ဳံေတြ၊ ေက်ာက္တုံးႀကီးေတြလည္း ရွိပါတယ္။ သခြတ္ပင္ႀကီးရဲ႕ ေျခရင္းတစ္ဝိုက္ လူတစ္ဖက္စာမကတဲ့ ေက်ာက္တုံး၊ ေက်ာက္ခ်ပ္ႀကီးေတြ ဝိုင္းရံကာသလိုရွိေနတဲ့ အလယ္က ေျမကြက္လပ္မွာ အခ်ိဳ႕႐ြာေတြက အမဲသား၊ ႏြားခိုးၿပီးေပၚၾကသတ္ၾကတဲ့ေနရာရယ္။ ၿပီးရင္ –

ေပၚၿပီးတဲ့ အမဲ၊ ဝက္ေတြကို ႏွီးႀကိဳးနဲ႔တြဲၿပီး ဝါးတုတ္လွ်ိဳထမ္းၿပီး ေမွာ္ထဲ လွည့္လည္ေရာင္းၾကတာပါ။ အဲဒီကုန္းျမင့္ႀကီးတစ္ဘက္မွာမွေက်ာက္တစ္ လုံးဆိုတဲ့ ေမွာ္ႀကီးက တျပန႔္တလ်ားရယ္။ အဲဒီကုန္းျမင့္ထိပ္မွာျဖစ္ၿပီး ေက်ာက္တစ္လုံးေမွာ္ကျပန႔္ထဲမွာရွိသလို လက္ဖက္ရည္ဆိုင္၊ စားေသာက္ ဆိုင္၊ ကုန္စုံဆိုင္၊ ဗီဒီယို႐ုံကအစရွိလို႔ စည္ကားတယ္ ဆိုရမယ္။ သူကလက္ ဖက္ရည္ငတ္တာနဲ႔ မိုးခ်ဳပ္ရင္နဘူးေတာင္ကေနေက်ာက္တစ္လုံးထဲ ဆင္း ၿပီးလက္ဖက္ရည္ေသာက္၊ ဗီဒီယိုတစ္ကားၾကည့္ၿပီးမွ ျပန္လာေလ့ရွိတယ္။

ဓာတ္မီးေတာ့ ပါတာေပါ့ေလ။ ေမွာ္ေတြဆိုတာက ေန႔ေရာညပါ ဓာတ္မီး တစ္ေခ်ာင္း၊ ေတာလိုက္ခါးၾကားထိုးၿပီး လူတိုင္း ကူးသန္းသြားလာေနၾက တာပဲ။ ဒါကို ဇနီးသည္က ရံဖန္ စိုးရိမ္သံေလးနဲ႔ –
“ကိုႀကီးေနာ္- ေတာေတာင္ဆိုတာ ၿမိဳ႕ႀကီးျပႀကီး မဟုတ္ဘူး” လက္ဖက္ရည္ဆိုင္သြားလည္း ညဥ့္မနက္ေစနဲ႔။ ဒီမွာလည္းေကာ္ဖီမစ္၊
တီးမစ္ေတြရွိတဲ့ ဥစၥာ၊ ဒုကၡရွာတယ္ – ဟြန္း”
“ဗဟုသုတလည္းရ ေမွာ္အေၾကာင္းလည္း သိခ်င္လို႔ပါကြာ။ မိုးမခ်ဳပ္ ေစရပါဘူး”
အဲသည့္ညကလည္း သူ မိုးခ်ဳပ္တာနဲ႔ ေက်ာက္တစ္လုံး၊ ေမွာ္ဘက္ လက္ဖက္ရည္ေသာက္ဖို႔ ထြက္ခဲ့ရာ လမ္းေရာက္မွ ဓာတ္မီးပါမလာမွန္း သူ သတိရလိုက္မိတယ္။ ဒါေပမဲ့ − သူက ေမွာ္သားႏွစ္ပတ္လည္ ျဖစ္ေနၿပီဆို ေတာ့ဒီလမ္းေတြကိုဓာတ္မီးမပါလည္း ဘယ္ေနရာ ခ်ိဳင့္က်င္းဆိုတာကအစ မွတ္မိေနပါၿပီ။ လကလည္း ဆန္းစျပဳလာၿပီဆိုေတာ့ လေရာင္ ေရးေရး ေအာက္မွာလွ်ိဳလမ္းလွည္းလမ္းကလည္းမပီသေပမဲ့ခပ္ပ်ပ်ေလးလေရာင္
ထိုးလို႔ လင္းေနတာပါ။
သူ – သူ႔ေက်ာက္တစ္လုံးေမွာ္ထဲမွာ အေတာ္ၾကာသြားတယ္။ အခ်ိန္ ေတြ ေတာင္ေက်ာ္သြားၿပီထင္တယ္။ ဓာတ္မီးပါမလာတာနဲ႔ဘဲ လွ်ိဳကုန္း အတက္ လွည္းလမ္းေၾကာင္းကို လေရာင္အားကိုးနဲ႔ပဲ လွမ္းေလွ်ာက္လာခဲ့ တယ္။ သိပ္မၾကာခင္မွာပဲ ေအာင္သန္းေက်ာ္ေျပာတဲ့ သခြတ္ပင္ႀကီးရွိတဲ့ ကုန္းေလးအနားေရာက္လာတယ္။ အဲသည့္ေနရာေလးကိုအျဖတ္ ႐ုတ္ တရက္အၾကည့္က အမွတ္မထင္ ေရာက္ရွိသြားပါရဲ႕။ ညႇီစို႔စို႔ ပုပ္အဲ့အဲ့ အနံ႔ ႀကီးက ေထာင္းခနဲထလာမိပါရဲ႕။ သူ ဖ်တ္ခနဲ ေက်ာစိမ့္သြားတာနဲ႔ အဲသည့္ ေနရာေလးကို ခပ္သုတ္သုတ္လွမ္းတယ္။ အဲသည့္အခ်ိန္မွာပဲ-
႐ုတ္တရက္က်ယ္ေလာင္တဲ့ ႏြားတစ္ေကာင္ရဲ႕ႏွာမႈတ္သံႀကီး တရႉးရႉး သူ႔ မလွမ္းမကမ္းေနာက္ကေန ျဗဳန္းခနဲ ၾကားလိုက္ရပါရဲ႕။ ထင္မွတ္မထား

သူ႔ေက်ာ႐ိုးတစ္ေလွ်ာက္ၾကက္သီးေမြးညင္းေတြ စိမ့္ခနဲ
တာမို႔ ႐ုတ္တရက္ ထသြားမိပါရဲ႕သူ ခ်ာခနဲ လွည့္ၾကည့္မိတယ္။
“ဟင္”
လွည္းလမ္းလွ်ိဳကုန္းအဆင္းမွာ သူတစ္ေယာက္ထဲပါ။ အေနာက္မွာ ႏြားတစ္ေကာင္၊ လူတစ္ေယာက္မွ ရွိမေနတာလည္း လေရာင္ေအာက္မွာ အျမင္ထင္းေနတာပါပဲ။ ထူးဆန္းတယ္။ ဒါနဲ႔ပဲ သူ ေရွ႕ဆက္ ေလွ်ာက္တယ္။ အဲသည္မွာ ထူးဆန္းတာက သူ႔ေနာက္ေက်ာဘက္ဆီကေန သက္ရွိႏြား တစ္ေကာင္ရဲ႕ ႏွာမႈတ္သံ၊ သစ္႐ြက္အခ်ိဳ႕ကို လွ်ာနဲ႔ သိမ္းယူၿပီး ႀကိတ္ဝါးသံ၊ စားၿမဳံ႕ျပန္ေနသံေတြကိုပီသစြာအဆက္မျပတ္ၾကားရတာပဲ။ ဘာရယ္မဟုတ္ စိတ္ထဲ ဖ်ဥ္းခနဲျဖစ္သြားရင္း သူ ဒုတိယအႀကိမ္ ခ်ာခနဲ လွည့္ၾကည့္လိုက္ရဲ႕။
ဘာမွမေတြ႕ဘူး။
ဘယ္ေလာက္ထူးဆန္းေနသလဲလို႔။ ေသခ်ာတာက သူ႔ေနာက္ မလွမ္း မကမ္းကေနႏြားတစ္ေကာင္ရဲ႕ႏွာမႈတ္သံတရႉးရႉးရယ္၊ ဝါး႐ြက္ေျခာက္ေတြ ႀကိတ္ဝါးသံရယ္ ၾကားေနရတာပဲ။ သူ႔စိတ္ထဲမွာ ေမွာ္ထဲက ႏြားေမြးတဲ့ စိုက္ ခင္းေတြရွိတဲ့ တဲတစ္တဲက လြတ္ထားတဲ့ ႏြားတစ္ေကာင္ပဲထင္မိရဲ႕။ သူတို႔ နဘူးေတာင္ေနာက္ေက်ာဘက္မွာလည္းကိုင္းအခ်ိဳ႕ရွိသလိုေမွာ္ထဲေရစည္ လွည္း၊ ဆီတိုက္လွည္းေတြကလည္းႏြားေတြလြတ္ၿပီးလွန္ခ်င္လွန္တာရယ္။ သံသယအေတြးမ်ိဳးစုံနဲ႔ သူ ေလွ်ာက္လာရင္ နဘူးေတာင္ ကုန္းအတက္ လွ်ိဳျပတ္ေခ်ာင္းစပ္အေရာက္မွာ သူ႔ေနာက္ေက်ာဘက္ကေန တ႐ူး႐ူးနဲ႔ ႏွာ မႈတ္သံႀကီးက ရပ္တန႔္သြားရဲ႕။
ထူးျခားလို႔ သူ ဖ်တ္ခနဲ ကုန္းစပ္ကိုအၾကည့္…။
“ဟာ”
သူ ႐ုတ္တရက္ အံ့ဩသြားတယ္။ ၾကက္သီးေမြးညင္းေတြလည္း ျဗဳန္း ခနဲထသြားမိတယ္။ လုံးဝ မယုံၾကည္ႏိုင္ဖြယ္ရာျမင္ကြင္းပါ။ ဘာျပဳလို႔လည္း

ဆိုေတာ့ သူနဲ႔ ဝါးတစ္႐ိုက္ခန႔္
အကြာေလာက္ကကုန္းေလးထက္မွာမားမား
ႀကီးရပ္ေနတဲ့ ႏြားနက္ႀကီးတစ္ေကာင္။ အၿမီးတယမ္းယမ္းနဲ႔ရယ္။ ဒီႏြားနက္ႀကီးက ဘယ္ကေနဘယ္လို ေရာက္လာတာလဲ။
စဥ္းစားရင္း ၾကက္သီးက ျဖန္းခနဲထသြားမိျပန္တယ္။ တိုက္ဆိုင္စြာပဲ ေလနဲ႔အတူ လြင့္ပါလာတဲ့ ညႇီစို႔စို႔ ပုပ္အဲ့အဲ့ အပုပ္နံ႔ႀကီးက ေထာင္းခနဲ သူ႔ ဝန္းက်င္အနားလႈိက္ေမ့သြားတယ္။ အဲဒီအခ်ိန္မွာပဲ ႏွာမႈတ္သံႀကီးတရႉးရႉး နဲ႔ ႏြားနက္ႀကီးက ဖ်တ္ခနဲကုန္းေပၚျပန္တက္သြားေလရဲ႕။ ခြာရွပ္သံျပင္းျပင္း က သူ႔နားထဲ က်န္ရစ္ခဲ့တယ္။ သူ႔တဲကို ျပန္ေရာက္ၿပီး ဆယ္မိနစ္ေတာင္ မၾကာဘူး။ က်င္းေထာင္တဲ့ အလုပ္သမားေတြျဖစ္တဲ့ ေအာင္သန္းေက်ာ္နဲ႔ လမင္းေအာင္လို႔လည္း ေမွာ္ထဲကေန ဗီဒီယိုၾကည့္ၿပီး ျပန္ေရာက္လာၾက တယ္။ သူက –
“မင္းတို႔ ျပန္လာေတာ့ လမ္းမွာ ႏြားနက္ႀကီးတစ္ေကာင္ မေတြ႕ခဲ့ဘူး လား- ေအာင္သန္းေက်ာ္”
“ဘယ္က ႏြားလည္း အစ္ကိုရ၊ ေမွာ္ထဲမွာ ညဘက္ႏြားေတြ လွန္ေလ့ လႊတ္ေလ့မရွိပါဘူး။ လႊတ္ရင္လည္း မိုးလင္းတာနဲ႔ ခ်ိနဲ႔သားေရေတာင္ က်န္ မွာမဟုတ္ဘူး။ အဟဲ”
ေအာင္သန္းေက်ာ္က ရယ္ရင္းေျပာတယ္။ သူ႔ရဲ႕ေယာကၡမႀကီးနဲ႔ ဇနီး သည္ကေတာ့ ၾကားလို႔သူ႔ကို ၿပဳံးစိစိနဲ႔ရယ္။ ဘာမွေတာ့ ဝင္မေျပာပါဘူး။ ရန္ကုန္ေရာက္လို႔အမွတ္မထင္တစ္ညႀကဳံေတြ႕ခဲ့တဲ့အဲဒီအေၾကာင္းစကား
စပ္မိၿပီးေျပာေတာ့ဇနီးသည္ကရယ္တာလည္းမဟုတ္၊ၿပဳံးတာလည္းမမည္၊
ေလွာင္ရယ္ျပက္ရယ္ျပဳတာလည္းမဟုတ္ပါဘဲသူ႔ကိုဟန္ခ်က္ေနရာကေန
ၿပဳံးစိစိ ရယ္က်ဲက်ဲ မ်က္ႏွာေလးနဲ႔ –
“ကိုႀကီးက ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးၿပီး ဒီမွာရွိၾကတဲ့ ေတာပိုင္၊ ေတာင္ပိုင္ေတြကို ေမတၱာမပို႔၊ အမွ်မေဝဘဲေနလို႔ေနမွာေပါ့၊ အဲဒီႏြားႀကီးကို နဘူးေတာင္ေမွာ္က လူေတြ အကုန္ေတြ႕ ဖူးႀကဳံဖူးတယ္။ ႐ိုးေနၿပီ” တဲ့။
တကယ္ သူ မလိမ္ပါဘူး။ အဲသည့္ညက ႏြားႏွာမႈတ္သံႀကီးကို နီးနီးကပ္ကပ္ ၾကားေနခဲ့ရၿပီး ေနာက္ဆုံးႀကီးမားလွတဲ့ အဲသည့္အနက္ေရာင္ ႏြားႀကီးကို လည္း သူကိုယ္တိုင္ မ်က္စိနဲ႔ေသခ်ာ တပ္အပ္ျမင္ခဲ့ရတာပါ။ ဘုရားစူး… သူ လိမ္မေျပာပါဘူး။
— ေမာင္နီခ်ိဳ