ထူးခြားလှသည့်ဘ၀၀ဋ်ကြွေး(စ/ဆုံး)

Unicode Version

ထူးခြားလှသည့်ဘ၀၀ဋ်ကြွေး(စ/ဆုံး)
———————————————
“ဘာကွ”
“ဟုတ်တယ်… သူကြီး – ရွာဦးက စေတီတော်- ကြီး စိန်ဖူးအခိုးခံရလို့”
“ဟုတ်ရဲ့လား…ငပြူးရာဒါနောက်ပြောင်ရမယ့်
ကိစ္စ မဟုတ်ဘူးနော်”
“နောက်တာ မဟုတ်ဘူး သူကြီး – ဆရာတော် ကြီးကိုယ်တိုင် အကြောင်းကြားခိုင်းလို့”
“ကောင်းကြရော … ပေါ့ကွာ”
“အမလေးတော် လုပ်ရက်ကြပါပေ့ – ဘုရား
စိန်ဖူးတော်ကိုမှ ခိုးရတယ်လို့ ကြားလို့မှ ကောင်းကြ သေးရဲ့လားတော်”
“ဟီး-ဟီး-ဟီး”

“ဟဲ့… မယ်စိန် ငိုမနေနဲ့ဦး။ အကျိုးအကြောင်း သိရအောင် ဆရာတော် ကျောင်းကိုပါ လိုက်သွားလိုက်ဦးမယ်”
“ကျုပ်လည်း … လိုက်ခဲ့မယ်”
“ဟေ့ကောင်ငပြူး – ဆယ်အိမ်ခေါင်းမောင်ဦးနဲ့ကာလသားခေါင်းမြဝင်း ကြီးကိုလည်းခေါ်လာခဲ့-ငါသွားနှင့်မယ်”
ဟုတ်ကဲ့ပါ… သူကြီး
အချိန်ကား အင်္ဂလိပ်အစိုးရလက်ထက် လွတ်လပ်ရေးမရမီအချိန် ဟံသာဝတီအနောက်ခြမ်းရှိသာယာကုန်းဟူသောရွာကလေးတွင်ဖြစ်သည်။ ရွာသူရွာသားအများစုမှာ လယ်ယာလုပ်ငန်း၊ တံငါလုပ်ငန်းတို့ဖြင့် လုပ်ကိုင် စားသောက်ကြသောရိုးသားသည့်ရွာကလေးဖြစ်သည်။အများစုမှာဘာသာ၊ တရား ကိုင်းရှိုင်းကြသူများ ဖြစ်သည်။ တစ်နှစ်နေ၍မှ အမှုအခင်းကြီးကြီး မားမားမဖြစ်ခဲ့သောရွာကလေးတွင်ဖြစ်မယ့်ဖြစ်တော့တစ်နယ်လုံးကအမြတ် တနိုးတန်ဖိုးထားကိုးကွယ်နေကြသောရွာဦးစေတီမှစိန်ဖူးတော်ကိုဖြုတ်ခိုး
သွားခဲ့ခြင်းပင် ဖြစ်သည်။
ထိုစေတီကို တည်ခဲ့သော ခုနှစ်နှင့်အလှူရှင်ကို မသိခဲ့ရသော်လည်း ရှေးမွန်မင်းများလက်ထက်က တည်ခဲ့သည်ဟု ယူဆခဲ့ရသည်။ မြန်မာ သက္ကရာဇ် (၁၂၂၁)ခုနှစ်တွင် သူကြီးမင်းဦးပွားလေးနှင့်သူကြီးကတော်
ဒေါ်ညှာတို့မှစေတီအဟောင်းအပျက်ကိုပြန်လည်ပြင်ဆင်ပြီးရွှေထီးတော်နှင့် စိန်ဖူးတော်အသစ်ကို လှူဒါန်းခဲ့ပါသည်။ စိန်ဖူးတော်ကို ရွှေသားအစစ်ဖြင့် ပြုလုပ်ထားပြီး အဖိုးတန်ကျောက်မျက်ရတနာများ စီခြယ်ထားသော ကြောင့် အလွန်တန်ဖိုးရှိလှပါသည်။
စေတီတော်ကြီးမှာအတောင်(၆ဝ)ပေ၊ (၉၀ခန့်မြင့်မားပြီး သူခိုးသူဝှက်
ရန်မှကာကွယ်ရန်အတွက်ငှက်ပျောဖူးအောက်ဘက်နားတွင်ဗိုလ်တထောင်
ထီးတော်ကြီးကဲ့သို့ သံပန်းသံချွန်များကိုအပေါ်ထောင်အောက်စိုက်ပုံစံဖြင့်
ပတ်ပတ်လည်ကာရံထားသဖြင့်ထိုနေရာကိုကျော်၍တော်ရုံလူမတက်နိုင်ပါ။ ထိုမျှအကာအရံပြုလုပ်ထားသည့်ကြားမှ သူခိုးက ခိုးသွားခဲ့ပေပြီ။

သူကြီးမင်းရွာဦးကျောင်းဝိုင်းအတွင်းရှိ စေတီသို့ ရောက်ရှိသွားသော အခါရွာမှရောက်ရှိနေသောလူအုပ်ကြီးကိုတွေ့ရှိလိုက်ရသည်။
တစ်ယောက်
တစ်ပေါက် ပြောဆိုနေကြသည်။ အချို့သော မိန်းမကြီးများမှာ ငိုရှိုက်၍ပင် နေကြသည်။အားလုံးမှာလည်းမျက်နှာမကောင်းကြပါ။တူညီသောအချက်
မှာယူကြုံးမရဖြစ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့်အတူဒေါသထွက်ခြင်းတို့ပါ ရောပြွမ်းနေကြပါသည်။
“တောက်”
“မိများသာမိလို့ကတော့ကွာ”
“ဟုတ်တယ် … တစ်စစီကို လုပ်ပစ်လိုက်မယ်” “ဘုရားပစ္စည်းကိုမှကွာ”
“ဟေ့ကောင်တွေတော်ကြတော့- အခုမှသတ္တိတွေရှိမနေကြနဲ့။ နင်တို့ အဖေ သူခိုးက အခုလောက်ဆိုတစ်ရေးတောင် အိပ်နေရော့မယ်” သူကြီး၏ အော်ငေါက်သံကြောင့် တစ်ယောက်တစ်ပေါက် အသံများ တိတ်ဆိတ်သွားတော့သည်။ ဘုရားကြီးကိုမော့ကြည့်လိုက်တော့ ထိပ်ဖျား
တွင်တပ်ဆင်လှူဒါန်းထားသောစိန်ဖူးတော်မရှိတော့၍ထီးတော်မှာငုံးတိတိ ဖြစ်နေသည်။ သူကြီးသည် စိတ်မကောင်းခြင်းကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
“ကဲ-ကဲဖြစ်ပြီးမှတော့စိတ်မကောင်းဖြစ်နေလို့မပြီးသေးဘူး။ပါသွားတဲ့ စိန်ဖူးတော်ကိုပြန်ရဖို့ကြိုးစားကြရမယ်။စိန်ဖူးတော်ရဲ့တန်ဖိုးကဖြတ်လို့ရတာ
မဟုတ်ဘူး။
ဆယ်အိမ်ခေါင်း မောင်ဦး – မင်းကရွာသားနှစ်ယောက်ကိုခေါ်ပြီး ဝါး ဘလောက်သောက်ဂတ်တဲကိုသွားအကြောင်းကြား၊ ကျန်တဲ့ရွာသူရွာသား
တွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းကြ၊ အကြောင်းထူးရင် ငါ့ကို ချက်ချင်းလာပြောကြားကြရဲ့လား” “ကြားပါတယ်.. သူကြီးမင်း”
“ဟုတ်ကဲ့ … ကျုပ်တို့စုံစမ်းပါ့မယ်”

“ကဲ … ငါလည်း ဆရာတော်ကြီးကို သွားဖူးပြီး အကျိုးအကြောင်း လျှောက်လိုက်ဦးမယ်”
သူကြီးမင်းနှင့်လူကြီးများဆရာတော်ကြီး၏ကျောင်းပေါ်သို့တက်သွား သောအခါ ထိုင်လျက် သီတင်းသုံးနေသော ဆရာတော်ကြီးကို တွေ့လိုက်ရ သည်။ သူကြီးလည်း ဆရာတော်ကို ဦးချ၍ ဘာများ မိန့်ကြားမည်ကို စောင့် နေလိုက်သည်။ ဆရာတော်ကြီးလည်းမျက်နှာလွှဲချထားရာမှခေတ္တအကြာ ခေါင်းမော့လာပြီး-
“ညတုန်းက လပြည့်ညမို့လို့ ကျုပ်ကျောင်းကမီးစက်နဲ့ ဘုရားမီးပူဇော် လို့ ကျုပ်ဘုရားရှေ့မှာ ပုတီးစိပ်နေသေးတယ်။ အဲဒီတုန်းက ဘာမှ မဖြစ် သေးဘူး။ ဒီမနက်အရုဏ်တက်မှာ စင်္ကြံလျှောက်တဲ့အချိန် ဘုရားကြီးကို မော့ကြည့်လိုက်တော့မှ စိန်ဖူးတော် မရှိတော့မှန်း သိရတယ်။ သိသိချင်းပဲ ကျုပ်ဒကာကြီးကို အကြောင်းကြားလိုက်တာ -။
ကျုပ်လည်း … ဆိုင်ရာပိုင်ရာတွေကို မေတ္တာပို့ပြီး အကူအညီ တောင်း ထားပါတယ်။ ဒကာကြီး သူကြီးတို့ဘက်ကလည်း လုပ်စရာရှိတာ လုပ်ကြ ပေါ့”
“တင်ပါ့ဘုရား … တပည့်တော်တို့လည်း ဒီစိန်ဖူးပြန်ရအောင် အတတ် နိုင်ဆုံး ကြိုးစားပါ့မယ်။ ကျူးလွန်တဲ့သူကိုတော့ ဘယ်သူဖြစ်ဖြစ် သွေးသား ဖြစ်ပါစေ၊ တပည့်တော် ပြတ်ပြတ်သားသား အရေးယူပါ့မယ်ဘုရား” “ဒကာကြီး… သင့်တော်သလိုဆောင်ရွက်ပါ” “တင့်ပါဘုရား…တပည့်တော် ဦးချခဲ့ပါတယ်” “အေး – အေး ကျန်းမာပါစေချမ်းသာပါစေ”
သူကြီးမင်းလည်း ဆရာတော်ကြီးကို ဦးချ၍ စေတီတော်ကြီးရှိရာသို့ ပြန်လာခဲ့သည်။ လူအုပ်စုကမကွဲသေး စိန်ဖူးတော်အခိုးခံရသောစေတီကြီး ၏ အရှေ့ဘက်တွင် သိမ်တော်ကြီးရှိသည်။ အုတ်တိုင်သိမ်တော်ကြီးဖြစ် သည်။မြောက်ဘက်နှင့်အနောက်ဘက်တွင် တန်ဆောင်းကြီးနှစ်ခုရှိသည်။ နောက်ဘက်ဖြစ်သောတောင်ဘက်တွင် ဂြိုဟ်တိုင်ရုပ်တုများ၊ တံခွန်တိုင် တစ်ခုနှင့် မီးစက်ထားရှိသည်။ အဆောက်အအုံတစ်ခုရှိသည်။ အဆောက်

အအုံအားလုံးသည် ခြူးပန်းခြူးနွယ်များ ပန်းပုရုပ်တုများဖြင့် တည်ဆောက် ထားသောရှေးဟောင်းအဆောက်အအုံများ ဖြစ်ကြသည်။
စေတီတော်ကြီးကို လပြည့်လကွယ်ရက်များတွင် မီးစက်မောင်း၍ ည (၁၂)နာရီအထိမီးပူဇော်လေ့ရှိသည်။ ညကလည်းတန်ဆောင်မုန်းလပြည့် ဖြစ်၍မီးစက်မောင်းပြီး မီးပူဇော်ခဲ့သည်။ ည (၁၂)နာရီထိုးမှ မီးစက်ကို ရပ်ခဲ့ သည်။ ထို့ကြောင့် မီးစက်မောင်းသော ကာလသားခေါင်းမြဝင်းကြီးကို သူကြီးက-
“ဟေ့ကောင်…မြဝင်းကြီးညကမင်းမီးစက်မောင်းတာဘာထူးခြားသေး
လည်း”
“ဘာမှမထူးခြားဘူးသူကြီး – ခါတိုင်းလိုပဲည(၁၂)နာရီထိုးတော့မီးစက် ပိတ်ပြီးကျွန်တော်လည်းပြန်ခဲ့တာဘဲ”
“သူကြီးမင်း”
“ဘာလည်း … ထွန်းဝင်းရ”
“စိန်ဖူးတော်ကို လပြည့်ညမှာ ခိုးသွားတာနော်”
“အေးလေ … ဘာဖြစ်လဲ”
“မနှစ်ကတန်ဆောင်မုန်းလပြည့်ညကဘုရားလူကြီးဦးပြားကြီးအိမ်ကို
သူခိုးဝင်ခိုးလို့ ရွှေတွေငွေတွေ အတော်ပါသွားတယ်လေ”
“အေး … မင်းပြောမှ ငါ သတိရတယ်။ တစ်နှစ်က လပြည့်ညကလည်း ကုန်စုံရောင်းတဲ့ မသန်းမြအိမ်ကို ဝင်ခိုးသွားတာ သူ စုထားတဲ့ရွှေဒင်္ဂါးတွေ ပါသွားတယ်လေ”
“ဟုတ်တယ် … သူကြီးရ”
“ဒီ သူခိုးက တန်ဆောင်မုန်းလပြည့်နေ့တိုင်း ခိုးနေတာ။ ဒီနှစ်တော့ တစ်ဆင့်တက်ပြီး ဘုရားစိန်ဖူးကိုပါ ခိုးတော့တာ”
“ဟုတ်ပြီ…ဒီသူခိုးက တစ်ယောက်တည်း ဖြစ်ရမယ်”
“အေးပေါ့ကွာ .. ရအောင်ဖမ်းရတော့မှာပေါ့”
သူကြီးမင်းလည်း အတွေးပေါင်းစုံဖြင့် ခေါင်းငိုက်စိုက်ချပြီး အိမ်သို့ ပြန်လာခဲ့သည်။ သူကြီးမင်းဦးဘမောင်မှာ အသက် (၅၀)ခန့်သာရှိသေး

သည်။လူကငယ်သေးသော်လည်းပြတ်ပြတ်သားသားလုပ်တတ်ကိုင်တတ်
သည်။ဆယ်ရွာအုပ်သူကြီးဖြစ်ပြီး အင်္ဂလိပ်အစိုးရ၏ နာမည်ကောင်း လက်မှတ်နှင့်နှစ်လုံးပြူးသေနတ် ချီးမြှင့်ထားခြင်းခံရသူ ဖြစ်သည်။ အိမ်သို့ ပြန်ရောက်သောအခါ ဇနီးဖြစ်သူဒေါ်စိန်က-
“ကိုဘမောင် . ဘာထူးသလည်းတော်ကျုပ်ရင်တွေ မကောင်းလို့” “ဘာမှတော့ … မထူးသေးပါဘူးကွာ။ ဒါပေမဲ့ – ရအောင်တော့ ဖော်ရ
မှာပေါ့”
“ဒါထက်… သားလေးရော
“ခုနကတော့ ရှိတယ် ရွာထဲထွက်သွားလားမသိဘူး” သူကြီးဦးဘမောင်နှင့်ဒေါ်စိန်တို့တွင် မောင်လူဖွေးဟူသော သားလေး တစ်ယောက်ရှိတယ်။ အသက် (၁၇)နှစ်ခန့်ရှိပြီး အင်္ဂလိပ်မြန်မာ ခုနစ်တန်း အောင်ပြီး ကျောင်းဆက်မတက်တော့ဘဲ မိဘများ၏ လယ်ယာလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးနေသူ ဖြစ်သည်။ ငယ်စဉ်ကတည်းက အနေအထိုင် အေးဆေးပြီး တည်တည်တံ့တံ့ရှိသည်။
သူကြီးမင်းလည်းတစ်မနက်လုံးစိန်ဖူးတော်အကြောင်းကိုစဉ်းစားရင်း အချိန်ကုန် သွားတော့သည်။ နေ့ခင်းပိုင်းတွင် –
ဆယ်အိမ်ခေါင်းမောင်ဦးနှင့်အတူ ဝါးဘလောက်သောက်ဂတ်တဲမှ
ဌာနာအုပ်ဦးလေးမောင်နှင့်ပုလိပ်(၅)ဦးခန့်တို့ရောက်ရှိလာကြသည်။ရွာဦး ကျောင်းဝင်းအတွင်းသို့ သွားရောက်ပြီး စေတီတော်ကြီး၏ပတ်ဝန်းကျင်ကို လေ့လာကြသည်။ သူကြီးမင်းနှင့်တိုင်ပင်၏။ မြို့ပေါ်သို့ရဲသားတစ်ဦးကို စေလွှတ်ပြီးမြို့ဂတ်ကိုလည်းအကြောင်းကြားစေသည်။ မသင်္ကာသူ၊နာမည် ပျက်ရှိသူ၊ လူဆိုးသူခိုးစာရင်းကို ပြုစုသည်။ သာယာကုန်းရွာအပြင် ဘေး ပတ်ဝန်းကျင်ရွာများမှ ကျူးလွန်နိုင်သည်ဟု အထင်ရှိသူများကို ဖမ်းဆီး၏။ သူကြီးအိမ်အောက်တွင် ထားရှိစစ်ဆေးတော့သည်။

ဝါးဘလောက်သောက် ဂတ်တဲမှ
ဌာနာအုပ်နှင့်တပည့်များ၏လက်သံ
ကလည်း ပြောင်လှသည်။ အစစ်အဆေးခံရသူများမှာလည်း ဆွေမျိုးမေ့
အောင် ခံကြရသည်။
“ဖြောင်း”
“ခွပ်”
“အောင်မလေး … သေပါပြီဗျ”
“ဟေ့ကောင် … မှန်မှန်ပြောစမ်း စိန်ဖူးတော်ကို မင်းခိုးတယ် မဟုတ်
“မခိုးပါဘူးခင်ဗျာ … မခိုးလည်း မခိုးရဲပါဘူး”
“ဘာမခိုးရမှာလည်း.. ကဲကွာ”
“ဖြောင်းဖြောင်း”
“အောင်မလေး… ကြောက်ပါပြီဗျ။ ကျွန်တော် ခိုးမိပါတယ်” “ဟုတ်ပြီဟေ့…ပြောစမ်း”
“ဟို… ဦးသိန်းဝင်းမိန်းမရဲ့ထဘီကို ခိုးခဲ့တာပါခင်ဗျာ” “ဟာ-ဒီမသာ -ငါကအကောင်းမှတ်လို့ ကဲကွာ”
“ဗုန်း က ဗုန်း”
“အောင်မလေး… သေပါပြီဗျ”
“သူကြီးမင်း…. ကယ်ပါဦး ကျွန်တော် တကယ်မခိုးရပါဘူးခင်ဗျ” စစ်ဆေးမေးမြန်းသံရိုက်သံနှက်သံ၊အော်ဟစ်သံများကသူကြီးမင်းအိမ်
အောက်တွင်ပွက်လောရိုက်နေတော့သည်။ သာယာကုန်းရွာထဲနှင့်ရွာနီးချုပ် စပ်မှ ထင်ကြေးနှင့် ဖမ်းဆီးစစ်ဆေးခံရသူများမှာ အယောက်သုံးဆယ်ခန့် ရှိသည်။စစ်ဆေးခံရသူများမှာလည်းမြော့မြော့သာကျန်တော့သည်။စစ်ဆေး နည်းကလည်း မျိုးစုံလှသည်။ ထိုးကြိတ်ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်း၊ ထုပ်တန်းတွင် လက်ပြန်ကြိုးတုပ်၍ ဇောက်ထိုးဆွဲခြင်း၊ ခေါင်းပေါ်ရေစက် ချခြင်း၊ ခြေသလုံးကို မျဉ်းလုံးဖြင့် လှိမ့်ခြင်းတို့ဖြင့် စစ်ဆေးနေကြသည်မှာ ဆူညံနေတော့သည်။

နှစ်ရက်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သော်လည်း သတင်းအစအနက မရသေး။ ရွာနီးချုပ်စပ်နှင့် ပတ်ဝန်းကျင်ဒေသကိုသော်၎င်း၊ မြို့ပေါ်ရှိ ရွှေပန်းတိမ်ဆိုင် များနှင့် အပေါင်ဆိုင်များသို့၎င်း စုံစမ်းထောက်လှမ်းကြသော်လည်း စိန်ဖူး တော်သတင်းက စုပ်စမြုပ်စ ဖြစ်နေတော့သည်။ တစ်ရွာလုံးကလည်း စိတ် မကောင်းဖြစ်နေကြသည်။ အထူးသဖြင့်ခေါ်ယူစစ်ဆေးမေးမြန်းခံရသူများ နှင့် ၎င်း၏မိသားစုများမှာတော့ ဆိုဖွယ်ရာ မရှိတော့ပါ။ တစ်ရွာလုံးလည်း ကျီးလန့်စာစားဖြစ်နေကြသည်။

သူကြီးမင်းကလည်း လက်စလက်နရှိသူ မည်သူကိုမဆိုခေါ်ယူစစ်ဆေး သည်။ သူ့အမျိုးများထဲကလူကိုပင်ချမ်းသာမပေး။ နောက်ဆုံးမီးစက်မောင်း သည့်မြဝင်းကြီးကိုပင်မသင်္ကာ၍ခေါ်ယူစစ်ဆေးတော့သည်။ သူကြီးကတော် ဒေါ်စိန်မှာ အိမ်တွင်မနေနိုင်၍ အခြားသို့ ရှောင်နေတော့သည်။ သားဖြစ်သူ မောင်လူဖွေးမှာလည်းမျက်နှာလုံးဝမကောင်းဘဲ မည်သူ့ကိုမှ စကားမပြော ဘဲတစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေတော့သည်။
စိန်ဖူးတော်အခိုးခံရပြီး လေးရက်မြောက်နေ့ဖြစ်သည်။ သူကြီးမင်းဌာနာ အုပ်မင်းနဲ့ပုလိပ်များသည်၎င်းရိုက်နှက်စစ်ဆေးမေးရဖန်များသဖြင့်မောပန်း နွမ်းနယ်ကြပြီဖြစ်သည်။ပျောက်ဆုံးသည့်ရက်ကလည်းတဖြည်းဖြည်းကြာ လာပြီ ဖြစ်သည်။ ရက်ကြာလာသည်နှင့်အမျှ ပစ္စည်းပြန်ရဖို့ကလည်း တစ်ဖြည်းဖြည်းဝေးကွာလာကြောင်း သတိထားမိသဖြင့်တာဝန်ရှိသူများ၏ ရင်ထဲတွင် လေးလံလျက်ရှိသည်။
ဘုရားကလည်း ရှေးဟောင်းဘုရားတစ်နယ်လုံးက အမြတ်တနိုး ကိုးကွယ်နေကြသည့် စေတီတော်ကြီး-၊
“စိန်ဖူးတော်ကလည်းတန်ဖိုးဖြတ်မရသည့်ကျောက်မျက်ရတနာမျိုးစုံ
ပါဝင်သည့်ရွှေသားအစစ် စိန်ဖူးတော်ကြီး-
ဒါတွေကိုများ တကယ့်ကို ပြန်မရခဲ့ရင် – ။
သူကြီးမင်းလည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် ကျန်ရှိနေသေးသော မသင်္ကာသူများကိုဆက်လက်စစ်ဆေးရန်ပြင်ဆင်နေတော့သည်။ထိုအချိန် တွင်တစ်ဦးတည်းသောသားဖြစ်သူမောင်လူဖွေးဖခင်သူကြီးအနီးသို့ရောက်
ရှိလာပြီး- “အဘ-အဘ”
“ဟေ..ဘာလည်းလူလေး”
“ဆက်မစစ်ပါနဲ့တော့ အဘရယ် .. ကျွန်တော် စိတ်မကောင်းလို့ပါ” “အဘလည်း.. ဘယ်လုပ်ချင်ပါ့မလည်းလူလေးရယ်- ဒါပေမဲ့-ဒီစိန်ဖူး တော်ကို အဆုံးရှုံးခံလို့ မဖြစ်ဘူးလူလေး”
“မစစ်ပါနဲ့တော့… စိန်ဖူးတော်လည်း ပြန်ရမှာပါ”
“ဟေ”
“ပြန်ရမယ်… ဟုတ်လား လူလေးက ဘယ်လိုသိလို့လဲ” “ဟုတ်ပါတယ်…အဘ ပြန်ရမှာပါ”
“နေပါဦးကွ … လူလေးရ- ခိုးတဲ့လူကိုမင်းသိလို့လား”
“လူလေး … ဒါနောက်စရာ မဟုတ်ဘူးနော်။ မင်းပြစ်မင်းဒဏ်သင့်မယ့်
ကိစ္စနော်”
“နောက်တာ.. မဟုတ်ပါဘူးအဘ – ကျွန်တော် သိပါတယ်”
“ဟေး…ဒါဆိုလူလေးသိရင် ပြောစမ်း ခိုးတဲ့လူက ဘယ်သူလဲ” “ကျွန်တော်ကိုယ်တိုင်ပါပဲ”
“ဟင်”
“ချွမ်- ချလွမ်”
ဆွမ်းတော်ကပ်ရန်ပြုလုပ်နေသောသူကြီးကတော်ဒေါ်စိန်၏လက်ထဲမှ ဆွမ်းတော်ဗန်း လွတ်ကျ၍ ကွဲသွားတော့သည်။ သူကြီးမင်းလည်း ပါးစပ် အဟောင်းသားနှင့် အံ့အားသင့်ကြက်သေသေနေတော့သည်။ အတန် ကြာတော့မှ သူကြီးကတော်ဒေါ်စိန်က မောင်လူဖွေးကိုပြေးဖက်ပြီး-
“လူလေး … လူလေး မဟုတ်တာ မပြောရဘူးလေ ဘာတွေ လျှောက် ပြောနေတာလည်း”
မဟုတ်ဘူး…မဟုတ်ဘူး ကြည့်ပြောစမ်းပါအုံး လူလေးရယ်” “ဟုတ်တယ်အမေ… ကျွန်တော်ခိုးတာ”
“ဟီး-ဟီး-ဟီး”
“မဟုတ်ပါဘူး.. လူလေးရယ် ဘယ်တုံးကမှ လူလေးက ခိုးဖူးတာ
မဟုတ်ပါဘူး”
“ဟုတ်တယ်.. အဘနဲ့အမေ ကျုပ်ဝဋ်ကြွေးပါလာတယ်။ အဲဒီဝဋ်ကြွေး တွေကြောင့် ကျုပ်ခိုးရတာ။ ပစ္စည်းကို လိုချင်လို့ မဟုတ်ဘူး”
ထိုအခါ အံ့ဩလွန်းသဖြင့် ဝိုင်ကြည့်နေသော ဌာနာအုပ်မင်းကဝင်၍- “ဒါဆိုမောင်လူဖွေးမင်းခိုးထားတဲ့စိန်ဖူးတော်ရော”
“ရှိပါတယ် .. ဘုရားကြီးနောက်ဘက်က ဂြိုဟ်တိုင်ရဲ့စနေနံရှေ့မှာ မြှုပ်ထားပါတယ်”

“ကဲ-ကဲ-လာ-လာ သွားဖော်ရအောင်” “ဟုတ်ကဲ့… ကျွန်တော်လိုက်ပြပါ့မယ်”
သူကြီးမင်းမှာခေါင်းငိုက်စိုက်ချ၍စကားပင်မပြောနိုင်တော့ပါ။ သူကြီး ကတော်ဒေါ်စိန်မှာလည်း ငိုရင်းတက်သွားသဖြင့် မနည်းနှာနှတ်ယူရသည်။ စေတီတော်ကြီး၏စိန်ဖူးတော်ကိုသူကြီးမင်း၏သားမောင်လူဖွေးကခိုးသည်
ဟူသော သတင်းမှာ တောမီးကဲ့သို့ တစ်ရွာလုံး ပျံ့နှံ့သွားလေတော့သည်။ “မဖြစ်နိုင်ပါဘူး… မရွှေတင်ရယ်”
“ဟဲ့ကောင်မ – မိသိန်းဝင်း- ဟုတ်လို့ပဲ ပုလိပ်တွေရော၊သူကြီးရော သူ့ သားရော၊ အခု ရွာဦးကျောင်းကို သွားနေကြပြီ”
“ဟုတ်တယ် … အစ်မသိန်းဝင်းရဲ့ကျွန်မတောင် သွားကြည့်မလို့ လိုက်
ကြဦးမလား”
လာ”
“လိုက်မှာပေါ့.. မော်မော်ရဲ့”
“ကဲ-ကဲ နောက်ကျလို့ မသိလိုက်ရဘဲနေမယ်။ သွားကြမယ် လာ-
တစ်ရွာလုံးရှိယောက်ျားမိန်းမကလေးလူကြီးမကျန်ရွာဦးကျောင်းဝင်းရှိ စေတီတော်ကြီးသို့ဦးဆောင်ချီတက်နေကြသည်မှာအုန်းအုန်းထနေတော့
သည်။စေတီတော်ကြီးပတ်ဝန်းကျင်တွင်လူများပြည့်ကြပ်နေကြသည်။စေတီ တော်ကြီးအနောက်ဘက်ဂြိုဟ်တိုင်အနီးစနေဂြိုဟ်ရုပ်တုရှေ့တွင်ဆရာတော် ကြီး၊ သူကြီးမင်းနှင့်ဌာနာအုပ်အမှူးပြုသောပုလိပ်သားများနှင့်မောင်လူဖွေး တို့ရပ်နေသည်။
မောင်လူဖွေးလည်း ဆရာတော်ကြီးနှင့်ဖခင်သူကြီးတို့ကို ထိခြင်း (၅) မျိုးဖြင့်ရိုသေစွာထိုင်၍ကန်တော့လိုက်သည်။ထို့နောက်တူရွင်းတစ်ချောင်း ကိုတောင်းယူလိုက်ပြီး စနေဂြိုဟ်ရုပ်တုရှေ့မြေပြင်ကို တူးဖော်တော့သည်။ တစ်ပေခန့်တူးပြီးနောက်ပလတ်စတစ်အထူစားဖြင့်လုံခြုံစွာထုပ်ထားသော
အထုပ်တစ်ထုပ်ကို ယူလိုက်သည်။ထို့နောက်အထဲမှာစိန်ဖူးတော်ကိုထုတ် ယူလိုက်သောအခါနံနက်ခင်းနေရောင်ခြည်အောက်တွင်ရွှေရောင်၊ကျောက် သံပတ္တမြားအရောင်တို့ဖြင့် ဝင်းလက်တောက်ပနေတော့သည်။

ဆရာတော်ကြီးကလက်အုပ်ချီပြီးမောင်လူဖွေးလက်ထဲမှစိန်ဖူးတော်
ကို လှမ်းယူလိုက်သည်။ သူကြီးမင်းအမှူးပြုသော ရွာသူ၊ ရွာသားအပေါင်း လည်း မြေပြင်တွင်ထိုင်၍ စိန်ဖူးတော်ကို ရိုသေစွာ ရှိခိုးကြတော့သည်။ ထို့ နောက် ဆရာတော်လည်း စိန်ဖူးတော်ကို ပင့်ဆောင်၍ ကျောင်းတော်ပေါ် ကြွသွားတော့သည်။ ထိုအခါ သူကြီးမင်းက –
“ကဲ-ဌာနာအုပ်ကြီးစိန်ဖူးတော်ကို ဖြုတ်နိုင်တဲ့ ကျွန်တော့်သား မောင်ဖြူဖွေးကိုခင်ဗျားလက်ကိုအပ်ပါတယ်။ ဥပဒေအတိုင်းသာအရေးယူ
ပါတော့”
“ဟီး-ဟီး-ဟီး”
“ဟင့်-ဟင့်”
ရွာသူရွာသားတို့မှာလည်းမောင်လူဖွေးအတွက်စိတ်မကောင်းဖြစ်နေ
ကြသည်။ စိတ်သဘောထား ကောင်းမွန်ပြီး သူတစ်ပါးကို အမြဲကူညီသော၊ ယခင်ကလည်း ဘာသံမှ မကြားခဲ့ရသော မောင်လူဖွေးအတွက် ယုံရခက်၊ မယုံရခက်ဖြစ်နေသည်။ မယုံရအောင်လည်း အပြစ်ကလက်တွေ့ထင်ထင် ရှားရှားကြီး –
“ဟုတ်ကဲ့ … သူကြီးမင်း ကျွန်တော်လည်း ဥပဒေအရ အရေးယူ ပါ့မယ်”
“ဒါနဲ့မောင်လူဖွေး … ဒီလောက်မြင့်ပြီး ဒီလောက်အကာအရံနဲ့ထားတဲ့ စိန်ဖူးကို ငါ့တူဘယ်လို တက်ဖြုတ်သလဲ၊ ဦးလေးတို့တော့ မယုံနိုင်အောင် ပါပဲ”
“ဟုတ်တယ် … ညီလေး မင်းတစ်ယောက်တည်း ဘယ်လို ဖြုတ်သလဲ ပြောပြစမ်းပါကွာ”
ဌာနာအုပ်မင်းနှင့်အားလုံး၏တောင်းဆိုမှုကြောင့် မောင်လူဖွေးမှာ စေတီတော်ကြီးမှ စိန်ဖူးတော်တက်ဖြုတ်ပုံကို ပြန်လည် သရုပ်ပြ တော့သည်။
တန်ဆောင်မုန်းလပြည့်နေ့ညသန်းခေါင်ကျော်စေတီတော်ကြီး
လျှပ်စစ်မီးပူဇော်မှုကို ရပ်ဆိုင်းလိုက်သည်။ မီးစက်ကို တာဝန်ယူ မောင်းနှင် ပူဇော်ရသော မြဝင်းကြီးတစ်ယောက် ပစ္စည်းများကို သိမ်းဆည်း၍ မီးစက် ထားသော အင်ဂျင်ရုံကို တံခါးပိတ် သော့ခတ်ပြီး ပြန်လာခဲ့သည်။ မီးစက် ပိတ်သိမ်းသွားသော်လည်းလပြည့်ညဖြစ်၍လမင်းကထိန်ထိန်သာနေတော့
သည်။
ည (၁)နာရီကျော်အချိန်တွင် မောင်လူဖွေးတစ်ယောက် ကျောင်းဝိုင်း အတွင်း ဝင်ရောက်လာပြီး စေတီတော်ကြီးအနီးသို့ ရောက်လာခဲ့သည်။ အသိစိတ်က မလုပ်သင့်ဟု ထင်မိသော်လည်း မသိစိတ်၏ စေ့ဆော်မှုအရ စေတီတော်၏နောက်ဘက်ဂြိုဟ်တိုင်ဘက်သို့ရောက်ရှိလာခဲ့သည်။ ဘုရား ခြေရင်းတွင် ခေတ္တငိုင်နေသည်။ သို့သော်တစ်စုံတစ်ခု၏ စေ့ဆော်မှုကို မလွန်ဆန်နိုင်သကဲ့သို့ ဘုရားပေါ်သို့ စတင်တက်လေတော့သည်။
မောင်လူဖွေးတစ်ယောက်ဘုရားပေါ်သို့တက်ရောက်ပုံသရုပ်ပြနေခြင်း
ကို ရွာသူရွာသားများက အသံပင် မထွက်နိုင်ဘဲ ဝိုင်းကြည့်နေကြသည်။ မောင်လူဖွေးလည်း မည်သည့်ပစ္စည်းကိရိယာ အကူအညီတစ်ခုမှ မပါဘဲ အိမ်မြှောင်များ နံရံသို့ တွယ်ကပ်တက်သလို တက်သွားခဲ့သည်။ ဤသို့ဖြင့် တက်သွားခဲ့သည်မှာ ငှက်ပျောဖူးအရင်းပိုင်းကိုကျော်၍ သံပန်းအချွန်များ အပေါ်အောက်ထောင်၍ပတ်ပတ်လည်ကာရံထားသောသံပန်းအဝိုင်းအနား
သို့ရောက်၍သွားခဲ့သည်။
ထိုနေရာသို့ မောင်လူဖွေး ရောက်သွားသောအခါ ဝိုင်းကြည့်နေသော ပရိသတ်က ပို၍ စိတ်ဝင်စားလာကြတော့သည်။ လူသာမန်တစ်ဦး မည်သို့ မျှ မတက်ရောက်နိုင်သောအတားအဆီးကို မည်သို့ ကျော်ဖြတ်မည်ကို စိတ်ဝင်စားစွာ ကြည့်ရှုနေကြသည်။ ထိုနေရာသို့ မောင်လူဖွေး ရောက်ရှိ သွားသောအခါ အောက်ဘက်သို့ စိုက်၍ ကာရံထားသော သံချွန်နှစ်ခုကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ပြီးခိုထားလိုက်သည်။ သံချွန်နှစ်ခုကို ဆုပ်ကိုင် ၍ဆွဲခိုထားသော မောင်လူဖွေးမှာ လေထဲတွင် တွဲလောင်းဖြစ်နေသည်။ “ဟိတ်”

မာန်သွင်းသံ တစ်ချက်ပေါ်လာပြီး လေထဲတွင် အနည်းငယ် လွှဲယမ်း အားယူပြီး ခြေထောက်နှစ်ချောင်းကတော့ ဤအပေါ်သို့ထောင်ပြီးနောက်
ကျွမ်းပစ်၍တက်သွားရာစေတီတော်၏ငှက်ပျောဖူးတွင်ပတ်ဝိုင်း၍ကာထား
သော သံပန်းအဝိုင်းပေါ်တွင် မတ်တတ်ရပ်လျက် ကျရောက်သွားတော့ သည်။ “ဟာ” “ဟယ်”
“အလိုတော်”
“တော်လိုက်တာဟယ်… ဆပ်ကပ်ထဲကအတိုင်းပဲ”
“ဟုတ်ပါ့တော် – တက်သွားတာကလည်း အိမ်မြှောင်အတိုင်းပဲ” ဝိုင်းဝန်းကြည့်ရှုနေကြသောရွာသူရွာသားများမှာစိတ်ဆိုးဒေါသထွက်
ရမည်ထက် မောင်လူဖွေး၏ အစွမ်းအစကို ဝိုင်းဝန်း ချီးကျူးနေကြသည်။ မောင်လူဖွေးလည်း ထိုမှတစ်ဆင့် စိန်ဖူးတော်ကို လက်လှမ်းမှီသည်အထိ တက်သွားခဲ့သည်။ စိန်ဖူးတော်ကို ဖြုတ်ခါနီးတွင် အတန်ကြာငိုင်တွေ နေ သည်။ ထို့နောက်မဖြုတ်သေးဘဲပြန်ဆင်းလာခဲ့သည်။ ယခင်နည်းအတိုင်း ဘုရားခြေရင်းသို့ပြန်ဆင်းလာပြီးဘုရားကြီးခြေရင်းမှသဲတစ်ဆုပ်ကိုကျုံးယူ
လိုက်သည်။
ထိုသဲဆုပ်ကိုလက်မှာကိုင်ရင်း ဘုရားရှေ့တွင် သစ္စာဆိုတော့သည်။ “ဘုရားတပည့်တော်သည် ယခင်ဘဝဝဋ်ကြွေးကြောင့် စိန်ဖူးတော်ကို ဖြုတ်ယူပါတော့မည်။ ဤကျူးလွန်ခဲ့သော အပြစ်ဒဏ်ကို ဤလက်ထဲတွင် ဆုပ်ကိုင်ထားသော သဲလုံးနှင့်အမျှ ကပ်ကမ္ဘာ ခံယူပါမည်။ ဤသစ္စာ စကား ကြောင့် အလွယ်တကူ ဖြုတ်ယူရပါစေသား”
ထိုကဲ့သို့ သစ္စာဆိုပြီးနောက် မောင်လူဖွေးလည်း ဘုရားစေတီပေါ်သို့ ယခင်နည်းအတိုင်း ပြန်တက်သွားပြီး စိန်ဖူးတော်ကို ဖြုတ်၍ပြန်ဆင်းလာခဲ့ တော့သည်။ မောင်လူဖွေးဘုရားပေါ်တက်ပုံဆင်းပုံများမှာ ပင်ပင်ပန်းပန်း ဆောင်ရွက်ရခြင်းမရှိဘဲတစ်စုံတစ်ခု၏အကူအညီကြောင့်လားမသိ။ ပုံမှန် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေသည်။

“ဒါနဲ့…ပထမအကြိမ်တက်သွားပြီးစိန်ဖူးကိုမဖြုတ်ဘဲပြန်ဆင်းလာတာ
ဘာကြောင့်လဲ”
“ဒီလိုပါ – ဌာနာအုပ်မင်း ဘုရားပေါ်သို့ အခက်အခဲမရှိဘဲ တက်သွား နိုင်ပေမယ့် စိန်ဖူးတော်ကို ဖြုတ်မယ်လုပ်တော့ ကျွန်တော့်မျက်စေ့ထဲမှာ စိန်ဖူးတွေအများကြီးမြင်နေရပြီး ဘယ်ဟာအစစ်ဘယ်ဟာအတုမှန်း ခွဲခြား လို့မရဘူးဖြစ်နေတယ်။ အင်း… ငါတော့ သစ္စာဆိုမှ ဖြစ်တော့မယ်ဆိုပြီးပြန် ဆင်း သဲတစ်ဆုပ်ယူပြီး အပြစ်ဒဏ်ကို ဒီသဲလုံးရေနဲ့ ညီမျှတဲ့ ကပ်ကမ္ဘာ အတိုင်း ခံယူပါ့မယ်လို့ သစ္စာဆိုပြီး ပြန်တက်သွားတော့မှ စိန်ဖူးတော်ကို မြင်ရတော့တယ်။အဲဒီအခါကျတော့မှလွယ်လွယ်ကူကူဖြုတ်ယူပြီးပြန်ဆင်း
လာတယ်။
ဒါပေမဲ့ – ကျွန်တော်ရဲ့ဝဋ်ကြွေးစေ့ဆော်မှုတွေကြောင့်သာ ဒီစိန်ဖူးကို တက်ဖြုတ်တာဖြစ်ပေမယ့်သုံးစွဲဖို့မရည်ရွယ်ဘူး။ဒါကြောင့်ဘုရားခြေရင်းမှာ
မြှုပ်ထားခဲ့တာ။ အချိန်တန်ရင်တော့ တစ်နည်းနည်းနဲ့ ပြန်ပေးမလို့ပါပဲ။ ဒါပေမဲ့ ဖခင်သူကြီးနဲ့ဌာနာအုပ်ကြီးတို့က မသင်္ကာသူတွေကို ရိုက်နှက် စစ်ဆေးနေတာမြင်ရတော့ကျုပ်လုံးလုံးစိတ်မကောင်းဘူး။ ပိုပြီး ဆိုးလာမှာ စိုးလို့ အခုလို ဖော်ပေးလိုက်တာပဲ”
“မိုက်လိုက်တဲ့ ငါ့သားရယ် -ဒီအပြစ်ဒဏ်ကိုမင်းဘဝပေါင်း မြောက် မြားစွာပေးဆပ်ခံယူရတော့မယ်”
“လောလောဆယ် ဥပဒေက ပေးတဲ့အပြစ်ဒဏ်ခံရမယ်။ ငါ့သားရဲ့ဘဝ က ဆိုးလိုက်တာကွယ်”
ဖခင်ဖြစ်သူ သူကြီးမင်းမှာ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်ဆိုသလို သူ့သားဖြစ်သူက စိန်ဖူးတော် ဖြုတ်ခိုးသူဖြစ်၍ ရှက်ဒေါသ အပြင်ယူကြုံးမရဖြစ်နေတော့သည်။ ထိုအချိန်တွင် မောင်လူဖွေးက- “ဒီလူအုပ်ထဲမှာ … ဒေါ်သန်းမြရှိလား”
“ရှိတယ် … လူလေးရှိတယ်”
“အဒေါ့်အိမ်ကပျောက်သွားတဲ့ရွှေဒင်္ဂါးတွေသောကြာဂြိုဟ်တိုင်ရှေ့မှာ
မြှုပ်ထားတယ်။ အဲဒါ ပြန်ဖော်ယူလိုက်ပါ”

“အောင်မယ်လေး … ကျေးဇူးတင်လိုက်တာ လူလေးရယ်။ ဘုန်းကြီးပါ စေအသက်ရှည်ပါစေ”
အရေးထဲ ပစ်ဒဏ်ကျခံရမည့်သူကို ဆုတောင်းပေးနေသေးသည်။ တော်တော့လူတွေပါပဲ။ ထို့ပြင် ဘုရားလူကြီးဦးပြားကြီးအိမ်မှ ပျောက်ဆုံး သွားသော ရွှေငွေပစ္စည်းများကိုလည်း ကြာသပတေးဂြိုဟ်တိုင်ရှေ့မှ ပြန် တူးဖော်ယူစေသည်။ မောင်လူဖွေးပြောသကဲ့သို့ ၎င်းတို့၏ ပျောက်ဆုံး သွားသောပစ္စည်းများကိုတစ်ခုမကျန်ပြန်ရလိုက်တော့သည်။ ဦးပြားကြီးနှင့် ဒေါ်သန်းမြတို့မှာ မောင်လူဖွေးကို စိတ်ဆိုးဒေါသထွက်ရမည်ထက် ကျေးဇူး တင်နေကြသည်။
“အဲ… လိုရင်းကိုပဲ ပြောကြတာပေါ့ ဒကာလေးရယ်။ အဲဒီကိစ္စတွေ ကြောင့် မောင်လူဖွေးလည်း ထောင် (၁၀)နှစ်ကျသွားတယ်။ မျက်မှောက် ခေတ်ကာလမှာ သူ ကျူးလွန်ခဲ့တဲ့အပြစ်ဒဏ်ကို ချက်ချင်း လက်ငင်း ကျခံရ တယ်။ ဒါ့အပြင် သံသရာမှာလည်း ကပ်ကမ္ဘာပေါင်းများစွာ အပြစ်ဒဏ်ကို ခံစားရဦးမယ်ကွဲ့”
ရွှေတိဂုံစေတီတော်ကြီး၏ စနေထောင့်ရှိ ဇရပ်တစ်ခုပေါ်၌ အသက် (၆ဝ)ကျော်အရွယ်ရှိ ရသေ့တစ်ဦးက ကျွန်တော့်ကို ပြောပြနေခြင်း ဖြစ် သည်။ (၁၉၈၀)ခုနှစ် ကျွန်တော် ပထမနှစ် ဒေသကောလိပ်တက်နေစဉ် အတွင်းအဆောင်နေထိုင်ရာလှည်းတန်းစံရိပ်ငြိမ်မှ ရွှေတိဂုံစေတီတော်သို့ စနေနေ့ ညနေတိုင်း တက်ရောက် ဖူးမြော်ခဲ့သည်။ ထိုသို့ ဘုရားပေါ်သို့ တက်ရောက်ရင်း အသားဖြူဖြူအရပ်မြင့်မြင့်နှင့် ကြည်ညိုဖွယ်ကောင်းလှ သော ဘရသေ့နှင့်တွေ့ဆုံသိကျွမ်းရာမှ ဘရသေ့က ယခုအကြောင်းကို ပြောပြနေခြင်းဖြစ်သည်။
“ဒါထက် … ဘရသေ့ ကျွန်တော် မရှင်းတာတွေကို မေးပါရစေ” “မေး…မေးလူလေးမေးနိုင်ပါတယ်”
“မောင်လူဖွေးရဲ့မိဘနှစ်ပါးရော”
“ဖခင်ဖြစ်တဲ့သူကြီးမင်းကရှက်လွန်းလို့သူကြီးအလုပ်ကနုတ်ထွက်ပြီး
ရဟန်းဘဝကိုအပြီးတိုင်ကူးပြောင်းသွားတယ်။ မိခင်ဖြစ်တဲ့ဒေါ်စိန်ကတော့

မောင်လူဖွေးထောင်ကျသွားတဲ့အချိန်မှာ တရှောင်ရှောင်ဖြစ်ပြီး (၂)နှစ် လောက်အကြာမှာ ဆုံးသွားခဲ့တယ်”
“မောင်လူဖွေးမှာ အဲဒီအစွမ်းအစတွေရှိမှန်း သူ့မိဘတွေက မသိကြ ဘူးလား”
“အမှတ်တမဲ့နေကြတော့ မသိဘူးကွဲ့။ အဲ- မောင်လူဖွေးကို မွေးတာ ကလည်း တန်ဆောင်မုန်းအချိန်မှာ မွေးခဲ့တာ။ စောရနက္ခတ်နဲ့ယှဉ်ပြီး မွေး လာခဲ့တာ။ ငယ်စဉ်ကတော့ သိပ်မသိသာဘူး။ ဒါပေမဲ့ – တန်ဆောင်မုန်း လပြည့်နေ့ညရောက်တိုင်း မောင်လူဖွေး နေလို့ မရဘူး။ အိမ်ကနေထွက်ပြီး လျှောက်သွားတော့တာပဲ”
ထူးခြားတာက သူ အဲဒီလျှောက်သွားနေတာကို ဘယ်သူကမှ သတိ မထားမိကြဘူး။ နောက်ဆုံးတစ်အိမ်အိမ်ကပစ္စည်းတစ်ခုခုကိုတစ်နေရာကို ရွေ့ထားလိုက်တော့မှ စိတ်ကျေနပ်ပြီး အိမ်ပြန်လာတော့တယ်။ ပိုထူးခြား တာက သူအိမ်မှာ အိပ်ပျော်နေတာကို သူ့မိဘတွေက အမြဲတွေ့နေရ တယ်။
မောင်လူဖွေး (၁၄)နှစ်သားရောက်တော့ ရွာကို ဆေးလာကုတဲ့ ရှမ်းဆရာကြီးတစ်ယောက်ကသိဒ္ဓိတင်ပေးမယ်ဆိုပြီးနဖူးမှာဆေးသုံးချက် စုတ်နဲ့ထိုးပေးသွားတယ်။ အဲဒီလို ထိုးပေးပြီးတဲ့နောက်ပိုင်း တစ်နှစ်တစ်ခါ တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုခိုးတော့ တာပဲ။ သူ့ရဲ့မသိစိတ်က လုပ်နေပေမယ့် သိစိတ်က ရှိနေသေးတော့ အဲဒီ ပစ္စည်းတွေကို ခိုးတော့တာပဲ။ သူရဲ့မသိစိတ်က လုပ်နေပေမယ့် သိစိတ်က ရှိနေသေးတော့ အဲဒီပစ္စည်းတွေကိုကိုယ်ကျိုးမသုံးတဲ့ ဝှက်ထားခဲ့တာပေါ့။ “မောင်လူဖွေးထောင်ကလွတ်လာတော့ရော- ဘရသေ့”
“မောင်လူဖွေးနှစ်စေ့လို့ထောင်ကလွတ်လာတော့မိဘတွေကမရှိကြ တော့ဘူး။ သူလည်းမိဘတွေကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကိုလှူဒါန်းပေးကမ်း ခဲ့တယ်။ အဲဒီအပြင်လယ်ဧက(၂ဝ)ကိုသူစိန်ဖူးဖြုတ်ခဲ့တဲ့ရွာဦးစေတီတော် ကြီးဝေယျာဝစ္စကိစ္စတွေသုံးဖို့အတွက်ဘုရားအတွက်ဆိုပြီးလှူဒါန်းခဲ့တယ်။

အဲဒီ လယ်ကရတဲ့အကျိုးအမြတ်နဲ့ နှစ်စဉ်ဘုရားပွဲလုပ်ခဲ့တာက အခုတိုင် အောင်ပါပဲ”
မောင်လူဖွေးလည်းအဲဒီနောက်ပိုင်းရွာကထွက်သွားတော့တာပါပဲ။ “ဘရသေ့က … ဒီကိစ္စတွေ အလုံးစုံ သိနေတာဆိုတော့” “ဟုတ်တယ် … လူကလေးထင်တဲ့အတိုင်းပဲ မောင်လူဖွေးဆိုတာ
ဘရသေ့ပဲပေါ့”
“ဗျာ”
“ဟုတ်တယ်… လူလေး ဘရသေ့လည်း အခုဘဝမှာ ကိုယ် ကျူးလွန်ခဲ့ တဲ့ကိစ္စအတွက်အပြစ်ဒဏ်ခံထားရသလိုနောင်သံသရာဘဝပေါင်းများစွာ
လည်းအပြစ်ဒဏ်ကိုခံရဦးမယ်။ သံသရာဆိုတာကြီးကိုအရမ်းကြောက်သွား ခဲ့ပြီလူလေး”
“ရဟန်းဝတ်ဖို့ကလည်း ပဉ္စနန္ဒိယကံကြီးကို ကျူးလွန်ထားတဲ့လူဆို တော့ မသင့်တော်ဘူးလေ။ ဒါ့ကြောင့် ရသေ့ဝတ်ပြီး ပုတီးစိပ် တရားထိုင် မေတ္တာပို့ပြီး တတ်နိုင်သလောက် အပြစ်ကြေဖို့အတွက် ပေးဆပ်နေရတာပဲ လူကလေး”
ထို့ဘုရားရှင်လက်ထက်က အဇာတသတ်မင်းကြီးကို ကြားဖူးမှာပေါ့။ ဖခင်ဗိမ္ဗိသာရမင်းကြီးကိုသတ်ခဲ့တဲ့အတွက်ပဉ္စနန္ဒိယကံထိုက်ကြီးအဝီစိကို
မလွဲမသွေ ကျရောက်ရမှာဖြစ်ပေမယ့် ရတနာသုံးပါးကို ချီးမြှောက်ခဲ့တဲ့ အတွက် အဝီစိငရဲကို မကျတော့ဘဲ သူ့အနီးအနားက လောဟဟကုမ္ဘီငရဲ ကိုသာကျခဲ့တယ်။
သူ့ရဲ့ကြည်ညိုသဒ္ဓါနဲ့ သာသနာကို ချီးမြှောက်ခဲ့တဲ့ကုသိုလ်အကျိုး အကြောင်းကြောင့် အဲဒီငရဲမှာ အနှစ်ခြောက်သောင်းခံပြီးရင် ဒီကမ္ဘာရဲ့
အရိမေတ္တယျဘုရားရှင်ကြားမှာဝိဇိတာဝီဆိုတဲ့ပစ္စေကဗုဒ္ဓဖြစ်ပြီးနိဗ္ဗာန်ကူး
လိမ့်မယ်။
ဘရသေ့ကတော့ ပါရမီအရင့်အမာ မဟုတ်တောင် လူ့ဘဝမှာ ထိုက် သလောက်အကုသိုလ်ကံဖျက်ဖို့ကုသိုလ်ကောင်းမှုလုပ်ပြီးပေးဆပ်နေတာ ပဲ။လူကလေးနဲ့ကြုံတုန်းဘရသေ့ရဲ့သံဝေဂယူဖွယ်ဘဝအကြောင်းကိုပြောပြ
နေတာဘဲကွဲ့။
“ကဲ-ကဲ- စကားပြောတာလည်း အတော်ကြာပြီ။ ဘရသေ့လည်း အဓိဋ္ဌာန်ဝင်လိုက်ဦးမယ်။ လူလေးကိုလည်း တစ်ခါတည်း နှုတ်ဆက်ခဲ့ တယ်။ ဘရသေ့လည်း ခရီးဆက်ရဦးမယ်”
“ဘရသေ့ … ဘယ်ကိုခရီးဆက်မှာပါလဲ”
“မြန်မာပြည်အနှံ့ပေါ့ကွယ်…. ကံမကုန်သေးရင်တော့ပြန်ဆုံကြမှာပေါ့” “တင့်ပါ့ … ဘရသေ့ကိုကန်တော့ခဲ့ပါတယ်” “သာဓု-သာဓု-သာဓု”
ကျွန်တော်လည်း ဘရသေ့ကို ဦးချ၍ဘုရားပေါ်မှပြန်ဆင်းလာခဲ့တော့ သည်။ ထိုအချိန်မှစ၍ ယခုအချိန်ထိ နှစ်ပေါင်း (၃၀)ကျော်ကြာခဲ့ပြီးဖြစ် သော်လည်း ဘရသေ့နှင့် တစ်ခါမျှ ပြန်တွေ့ ခဲ့ခြင်း မရှိတော့ပါ။ ကျွန်တော် ကလည်း ဘရသေ့နှင့်ပြန်တွေ့လျှင်မေးစရာမေးခွန်းတစ်ခုကျန်ခဲ့၍မေးချင် ပါသေးသည်။
“မောင်လူဖွေး လက်ထက်က အစွမ်းအစများယခုထိ ရှိပါသေးလား” မေးစရာပင်မလိုပါ။ သူတော်ကောင်းပုဂ္ဂိုလ်များကလောကီအစွမ်းအစ များကို မည်သည့်အခါမှ သုံးစွဲတော့မည် မဟုတ်ပါ
(နှစ်ပေါင်း (၃ဝ)ကျော်တွင် ရွှေတိဂုံဘရားစနေထောင့်တွင် ဆုံတွေ့ခဲ့ ရသော ဘရသေ့အား ဦးချကန်တော့လျက်..)
>> ဝင်းနိုင် (ရွှေပြည်သာ)

Zawgyi Version

ထူးျခားလွသည့္ဘ၀၀ဋ္ေႂကြး(စ/ဆုံး)
———————————————
“ဘာကြ”
“ဟုတ္တယ္… သူႀကီး – ႐ြာဦးက ေစတီေတာ္- ႀကီး စိန္ဖူးအခိုးခံရလို႔”
“ဟုတ္ရဲ႕လား…ငျပဴးရာဒါေနာက္ေျပာင္ရမယ့္
ကိစၥ မဟုတ္ဘူးေနာ္”
“ေနာက္တာ မဟုတ္ဘူး သူႀကီး – ဆရာေတာ္ ႀကီးကိုယ္တိုင္ အေၾကာင္းၾကားခိုင္းလို႔”
“ေကာင္းၾကေရာ … ေပါ့ကြာ”
“အမေလးေတာ္ လုပ္ရက္ၾကပါေပ့ – ဘုရား
စိန္ဖူးေတာ္ကိုမွ ခိုးရတယ္လို႔ ၾကားလို႔မွ ေကာင္းၾက ေသးရဲ႕လားေတာ္”
“ဟီး-ဟီး-ဟီး”

“ဟဲ့… မယ္စိန္ ငိုမေနနဲ႔ဦး။ အက်ိဳးအေၾကာင္း သိရေအာင္ ဆရာေတာ္ ေက်ာင္းကိုပါ လိုက္သြားလိုက္ဦးမယ္”
“က်ဳပ္လည္း … လိုက္ခဲ့မယ္”
“ေဟ့ေကာင္ငျပဴး – ဆယ္အိမ္ေခါင္းေမာင္ဦးနဲ႔ကာလသားေခါင္းျမဝင္း ႀကီးကိုလည္းေခၚလာခဲ့-ငါသြားႏွင့္မယ္”
ဟုတ္ကဲ့ပါ… သူႀကီး
အခ်ိန္ကား အဂၤလိပ္အစိုးရလက္ထက္ လြတ္လပ္ေရးမရမီအခ်ိန္ ဟံသာဝတီအေနာက္ျခမ္းရွိသာယာကုန္းဟူေသာ႐ြာကေလးတြင္ျဖစ္သည္။ ႐ြာသူ႐ြာသားအမ်ားစုမွာ လယ္ယာလုပ္ငန္း၊ တံငါလုပ္ငန္းတို႔ျဖင့္ လုပ္ကိုင္ စားေသာက္ၾကေသာ႐ိုးသားသည့္႐ြာကေလးျဖစ္သည္။အမ်ားစုမွာဘာသာ၊ တရား ကိုင္းရႈိင္းၾကသူမ်ား ျဖစ္သည္။ တစ္ႏွစ္ေန၍မွ အမႈအခင္းႀကီးႀကီး မားမားမျဖစ္ခဲ့ေသာ႐ြာကေလးတြင္ျဖစ္မယ့္ျဖစ္ေတာ့တစ္နယ္လုံးကအျမတ္ တႏိုးတန္ဖိုးထားကိုးကြယ္ေနၾကေသာ႐ြာဦးေစတီမွစိန္ဖူးေတာ္ကိုျဖဳတ္ခိုး
သြားခဲ့ျခင္းပင္ ျဖစ္သည္။
ထိုေစတီကို တည္ခဲ့ေသာ ခုႏွစ္ႏွင့္အလႉရွင္ကို မသိခဲ့ရေသာ္လည္း ေရွးမြန္မင္းမ်ားလက္ထက္က တည္ခဲ့သည္ဟု ယူဆခဲ့ရသည္။ ျမန္မာ သကၠရာဇ္ (၁၂၂၁)ခုႏွစ္တြင္ သူႀကီးမင္းဦးပြားေလးႏွင့္သူႀကီးကေတာ္
ေဒၚညႇာတို႔မွေစတီအေဟာင္းအပ်က္ကိုျပန္လည္ျပင္ဆင္ၿပီးေ႐ႊထီးေတာ္ႏွင့္ စိန္ဖူးေတာ္အသစ္ကို လႉဒါန္းခဲ့ပါသည္။ စိန္ဖူးေတာ္ကို ေ႐ႊသားအစစ္ျဖင့္ ျပဳလုပ္ထားၿပီး အဖိုးတန္ေက်ာက္မ်က္ရတနာမ်ား စီျခယ္ထားေသာ ေၾကာင့္ အလြန္တန္ဖိုးရွိလွပါသည္။
ေစတီေတာ္ႀကီးမွာအေတာင္(၆ဝ)ေပ၊ (၉၀ခန႔္ျမင့္မားၿပီး သူခိုးသူဝွက္
ရန္မွကာကြယ္ရန္အတြက္ငွက္ေပ်ာဖူးေအာက္ဘက္နားတြင္ဗိုလ္တေထာင္
ထီးေတာ္ႀကီးကဲ့သို႔ သံပန္းသံခြၽန္မ်ားကိုအေပၚေထာင္ေအာက္စိုက္ပုံစံျဖင့္
ပတ္ပတ္လည္ကာရံထားသျဖင့္ထိုေနရာကိုေက်ာ္၍ေတာ္႐ုံလူမတက္ႏိုင္ပါ။ ထိုမွ်အကာအရံျပဳလုပ္ထားသည့္ၾကားမွ သူခိုးက ခိုးသြားခဲ့ေပၿပီ။

သူႀကီးမင္း႐ြာဦးေက်ာင္းဝိုင္းအတြင္းရွိ ေစတီသို႔ ေရာက္ရွိသြားေသာ အခါ႐ြာမွေရာက္ရွိေနေသာလူအုပ္ႀကီးကိုေတြ႕ရွိလိုက္ရသည္။
တစ္ေယာက္
တစ္ေပါက္ ေျပာဆိုေနၾကသည္။ အခ်ိဳ႕ေသာ မိန္းမႀကီးမ်ားမွာ ငိုရႈိက္၍ပင္ ေနၾကသည္။အားလုံးမွာလည္းမ်က္ႏွာမေကာင္းၾကပါ။တူညီေသာအခ်က္
မွာယူႀကဳံးမရျဖစ္ျခင္း၊ ဝမ္းနည္းေၾကကြဲျခင္းႏွင့္အတူေဒါသထြက္ျခင္းတို႔ပါ ေရာႁပြမ္းေနၾကပါသည္။
“ေတာက္”
“မိမ်ားသာမိလို႔ကေတာ့ကြာ”
“ဟုတ္တယ္ … တစ္စစီကို လုပ္ပစ္လိုက္မယ္” “ဘုရားပစၥည္းကိုမွကြာ”
“ေဟ့ေကာင္ေတြေတာ္ၾကေတာ့- အခုမွသတၱိေတြရွိမေနၾကနဲ႔။ နင္တို႔ အေဖ သူခိုးက အခုေလာက္ဆိုတစ္ေရးေတာင္ အိပ္ေနေရာ့မယ္” သူႀကီး၏ ေအာ္ေငါက္သံေၾကာင့္ တစ္ေယာက္တစ္ေပါက္ အသံမ်ား တိတ္ဆိတ္သြားေတာ့သည္။ ဘုရားႀကီးကိုေမာ့ၾကည့္လိုက္ေတာ့ ထိပ္ဖ်ား
တြင္တပ္ဆင္လႉဒါန္းထားေသာစိန္ဖူးေတာ္မရွိေတာ့၍ထီးေတာ္မွာငုံးတိတိ ျဖစ္ေနသည္။ သူႀကီးသည္ စိတ္မေကာင္းျခင္းႀကီးစြာျဖင့္ ပတ္ဝန္းက်င္ကို ၾကည့္ရႈလိုက္သည္။
“ကဲ-ကဲျဖစ္ၿပီးမွေတာ့စိတ္မေကာင္းျဖစ္ေနလို႔မၿပီးေသးဘူး။ပါသြားတဲ့ စိန္ဖူးေတာ္ကိုျပန္ရဖို႔ႀကိဳးစားၾကရမယ္။စိန္ဖူးေတာ္ရဲ႕တန္ဖိုးကျဖတ္လို႔ရတာ
မဟုတ္ဘူး။
ဆယ္အိမ္ေခါင္း ေမာင္ဦး – မင္းက႐ြာသားႏွစ္ေယာက္ကိုေခၚၿပီး ဝါး ဘေလာက္ေသာက္ဂတ္တဲကိုသြားအေၾကာင္းၾကား၊ က်န္တဲ့႐ြာသူ႐ြာသား
ေတြကလည္း ကိုယ့္နည္းကိုယ့္ဟန္နဲ႔ စုံစမ္းၾက၊ အေၾကာင္းထူးရင္ ငါ့ကို ခ်က္ခ်င္းလာေျပာၾကားၾကရဲ႕လား” “ၾကားပါတယ္.. သူႀကီးမင္း”
“ဟုတ္ကဲ့ … က်ဳပ္တို႔စုံစမ္းပါ့မယ္”

“ကဲ … ငါလည္း ဆရာေတာ္ႀကီးကို သြားဖူးၿပီး အက်ိဳးအေၾကာင္း ေလွ်ာက္လိုက္ဦးမယ္”
သူႀကီးမင္းႏွင့္လူႀကီးမ်ားဆရာေတာ္ႀကီး၏ေက်ာင္းေပၚသို႔တက္သြား ေသာအခါ ထိုင္လ်က္ သီတင္းသုံးေနေသာ ဆရာေတာ္ႀကီးကို ေတြ႕လိုက္ရ သည္။ သူႀကီးလည္း ဆရာေတာ္ကို ဦးခ်၍ ဘာမ်ား မိန႔္ၾကားမည္ကို ေစာင့္ ေနလိုက္သည္။ ဆရာေတာ္ႀကီးလည္းမ်က္ႏွာလႊဲခ်ထားရာမွေခတၱအၾကာ ေခါင္းေမာ့လာၿပီး-
“ညတုန္းက လျပည့္ညမို႔လို႔ က်ဳပ္ေက်ာင္းကမီးစက္နဲ႔ ဘုရားမီးပူေဇာ္ လို႔ က်ဳပ္ဘုရားေရွ႕မွာ ပုတီးစိပ္ေနေသးတယ္။ အဲဒီတုန္းက ဘာမွ မျဖစ္ ေသးဘူး။ ဒီမနက္အ႐ုဏ္တက္မွာ စႀကႍေလွ်ာက္တဲ့အခ်ိန္ ဘုရားႀကီးကို ေမာ့ၾကည့္လိုက္ေတာ့မွ စိန္ဖူးေတာ္ မရွိေတာ့မွန္း သိရတယ္။ သိသိခ်င္းပဲ က်ဳပ္ဒကာႀကီးကို အေၾကာင္းၾကားလိုက္တာ -။
က်ဳပ္လည္း … ဆိုင္ရာပိုင္ရာေတြကို ေမတၱာပို႔ၿပီး အကူအညီ ေတာင္း ထားပါတယ္။ ဒကာႀကီး သူႀကီးတို႔ဘက္ကလည္း လုပ္စရာရွိတာ လုပ္ၾက ေပါ့”
“တင္ပါ့ဘုရား … တပည့္ေတာ္တို႔လည္း ဒီစိန္ဖူးျပန္ရေအာင္ အတတ္ ႏိုင္ဆုံး ႀကိဳးစားပါ့မယ္။ က်ဴးလြန္တဲ့သူကိုေတာ့ ဘယ္သူျဖစ္ျဖစ္ ေသြးသား ျဖစ္ပါေစ၊ တပည့္ေတာ္ ျပတ္ျပတ္သားသား အေရးယူပါ့မယ္ဘုရား” “ဒကာႀကီး… သင့္ေတာ္သလိုေဆာင္႐ြက္ပါ” “တင့္ပါဘုရား…တပည့္ေတာ္ ဦးခ်ခဲ့ပါတယ္” “ေအး – ေအး က်န္းမာပါေစခ်မ္းသာပါေစ”
သူႀကီးမင္းလည္း ဆရာေတာ္ႀကီးကို ဦးခ်၍ ေစတီေတာ္ႀကီးရွိရာသို႔ ျပန္လာခဲ့သည္။ လူအုပ္စုကမကြဲေသး စိန္ဖူးေတာ္အခိုးခံရေသာေစတီႀကီး ၏ အေရွ႕ဘက္တြင္ သိမ္ေတာ္ႀကီးရွိသည္။ အုတ္တိုင္သိမ္ေတာ္ႀကီးျဖစ္ သည္။ေျမာက္ဘက္ႏွင့္အေနာက္ဘက္တြင္ တန္ေဆာင္းႀကီးႏွစ္ခုရွိသည္။ ေနာက္ဘက္ျဖစ္ေသာေတာင္ဘက္တြင္ ၿဂိဳဟ္တိုင္႐ုပ္တုမ်ား၊ တံခြန္တိုင္ တစ္ခုႏွင့္ မီးစက္ထားရွိသည္။ အေဆာက္အအုံတစ္ခုရွိသည္။ အေဆာက္

အအုံအားလုံးသည္ ျခဴးပန္းျခဴးႏြယ္မ်ား ပန္းပု႐ုပ္တုမ်ားျဖင့္ တည္ေဆာက္ ထားေသာေရွးေဟာင္းအေဆာက္အအုံမ်ား ျဖစ္ၾကသည္။
ေစတီေတာ္ႀကီးကို လျပည့္လကြယ္ရက္မ်ားတြင္ မီးစက္ေမာင္း၍ ည (၁၂)နာရီအထိမီးပူေဇာ္ေလ့ရွိသည္။ ညကလည္းတန္ေဆာင္မုန္းလျပည့္ ျဖစ္၍မီးစက္ေမာင္းၿပီး မီးပူေဇာ္ခဲ့သည္။ ည (၁၂)နာရီထိုးမွ မီးစက္ကို ရပ္ခဲ့ သည္။ ထို႔ေၾကာင့္ မီးစက္ေမာင္းေသာ ကာလသားေခါင္းျမဝင္းႀကီးကို သူႀကီးက-
“ေဟ့ေကာင္…ျမဝင္းႀကီးညကမင္းမီးစက္ေမာင္းတာဘာထူးျခားေသး
လည္း”
“ဘာမွမထူးျခားဘူးသူႀကီး – ခါတိုင္းလိုပဲည(၁၂)နာရီထိုးေတာ့မီးစက္ ပိတ္ၿပီးကြၽန္ေတာ္လည္းျပန္ခဲ့တာဘဲ”
“သူႀကီးမင္း”
“ဘာလည္း … ထြန္းဝင္းရ”
“စိန္ဖူးေတာ္ကို လျပည့္ညမွာ ခိုးသြားတာေနာ္”
“ေအးေလ … ဘာျဖစ္လဲ”
“မႏွစ္ကတန္ေဆာင္မုန္းလျပည့္ညကဘုရားလူႀကီးဦးျပားႀကီးအိမ္ကို
သူခိုးဝင္ခိုးလို႔ ေ႐ႊေတြေငြေတြ အေတာ္ပါသြားတယ္ေလ”
“ေအး … မင္းေျပာမွ ငါ သတိရတယ္။ တစ္ႏွစ္က လျပည့္ညကလည္း ကုန္စုံေရာင္းတဲ့ မသန္းျမအိမ္ကို ဝင္ခိုးသြားတာ သူ စုထားတဲ့ေ႐ႊဒဂၤါးေတြ ပါသြားတယ္ေလ”
“ဟုတ္တယ္ … သူႀကီးရ”
“ဒီ သူခိုးက တန္ေဆာင္မုန္းလျပည့္ေန႔တိုင္း ခိုးေနတာ။ ဒီႏွစ္ေတာ့ တစ္ဆင့္တက္ၿပီး ဘုရားစိန္ဖူးကိုပါ ခိုးေတာ့တာ”
“ဟုတ္ၿပီ…ဒီသူခိုးက တစ္ေယာက္တည္း ျဖစ္ရမယ္”
“ေအးေပါ့ကြာ .. ရေအာင္ဖမ္းရေတာ့မွာေပါ့”
သူႀကီးမင္းလည္း အေတြးေပါင္းစုံျဖင့္ ေခါင္းငိုက္စိုက္ခ်ၿပီး အိမ္သို႔ ျပန္လာခဲ့သည္။ သူႀကီးမင္းဦးဘေမာင္မွာ အသက္ (၅၀)ခန႔္သာရွိေသး

သည္။လူကငယ္ေသးေသာ္လည္းျပတ္ျပတ္သားသားလုပ္တတ္ကိုင္တတ္
သည္။ဆယ္႐ြာအုပ္သူႀကီးျဖစ္ၿပီး အဂၤလိပ္အစိုးရ၏ နာမည္ေကာင္း လက္မွတ္ႏွင့္ႏွစ္လုံးျပဴးေသနတ္ ခ်ီးျမႇင့္ထားျခင္းခံရသူ ျဖစ္သည္။ အိမ္သို႔ ျပန္ေရာက္ေသာအခါ ဇနီးျဖစ္သူေဒၚစိန္က-
“ကိုဘေမာင္ . ဘာထူးသလည္းေတာ္က်ဳပ္ရင္ေတြ မေကာင္းလို႔” “ဘာမွေတာ့ … မထူးေသးပါဘူးကြာ။ ဒါေပမဲ့ – ရေအာင္ေတာ့ ေဖာ္ရ
မွာေပါ့”
“ဒါထက္… သားေလးေရာ
“ခုနကေတာ့ ရွိတယ္ ႐ြာထဲထြက္သြားလားမသိဘူး” သူႀကီးဦးဘေမာင္ႏွင့္ေဒၚစိန္တို႔တြင္ ေမာင္လူေဖြးဟူေသာ သားေလး တစ္ေယာက္ရွိတယ္။ အသက္ (၁၇)ႏွစ္ခန႔္ရွိၿပီး အဂၤလိပ္ျမန္မာ ခုနစ္တန္း ေအာင္ၿပီး ေက်ာင္းဆက္မတက္ေတာ့ဘဲ မိဘမ်ား၏ လယ္ယာလုပ္ငန္းကို ကူညီလုပ္ကိုင္ေပးေနသူ ျဖစ္သည္။ ငယ္စဥ္ကတည္းက အေနအထိုင္ ေအးေဆးၿပီး တည္တည္တံ့တံ့ရွိသည္။
သူႀကီးမင္းလည္းတစ္မနက္လုံးစိန္ဖူးေတာ္အေၾကာင္းကိုစဥ္းစားရင္း အခ်ိန္ကုန္ သြားေတာ့သည္။ ေန႔ခင္းပိုင္းတြင္ –
ဆယ္အိမ္ေခါင္းေမာင္ဦးႏွင့္အတူ ဝါးဘေလာက္ေသာက္ဂတ္တဲမွ
ဌာနာအုပ္ဦးေလးေမာင္ႏွင့္ပုလိပ္(၅)ဦးခန႔္တို႔ေရာက္ရွိလာၾကသည္။႐ြာဦး ေက်ာင္းဝင္းအတြင္းသို႔ သြားေရာက္ၿပီး ေစတီေတာ္ႀကီး၏ပတ္ဝန္းက်င္ကို ေလ့လာၾကသည္။ သူႀကီးမင္းႏွင့္တိုင္ပင္၏။ ၿမိဳ႕ေပၚသို႔ရဲသားတစ္ဦးကို ေစလႊတ္ၿပီးၿမိဳ႕ဂတ္ကိုလည္းအေၾကာင္းၾကားေစသည္။ မသကၤာသူ၊နာမည္ ပ်က္ရွိသူ၊ လူဆိုးသူခိုးစာရင္းကို ျပဳစုသည္။ သာယာကုန္း႐ြာအျပင္ ေဘး ပတ္ဝန္းက်င္႐ြာမ်ားမွ က်ဴးလြန္ႏိုင္သည္ဟု အထင္ရွိသူမ်ားကို ဖမ္းဆီး၏။ သူႀကီးအိမ္ေအာက္တြင္ ထားရွိစစ္ေဆးေတာ့သည္။

ဝါးဘေလာက္ေသာက္ ဂတ္တဲမွ
ဌာနာအုပ္ႏွင့္တပည့္မ်ား၏လက္သံ
ကလည္း ေျပာင္လွသည္။ အစစ္အေဆးခံရသူမ်ားမွာလည္း ေဆြမ်ိဳးေမ့
ေအာင္ ခံၾကရသည္။
“ေျဖာင္း”
“ခြပ္”
“ေအာင္မေလး … ေသပါၿပီဗ်”
“ေဟ့ေကာင္ … မွန္မွန္ေျပာစမ္း စိန္ဖူးေတာ္ကို မင္းခိုးတယ္ မဟုတ္
“မခိုးပါဘူးခင္ဗ်ာ … မခိုးလည္း မခိုးရဲပါဘူး”
“ဘာမခိုးရမွာလည္း.. ကဲကြာ”
“ေျဖာင္းေျဖာင္း”
“ေအာင္မေလး… ေၾကာက္ပါၿပီဗ်။ ကြၽန္ေတာ္ ခိုးမိပါတယ္” “ဟုတ္ၿပီေဟ့…ေျပာစမ္း”
“ဟို… ဦးသိန္းဝင္းမိန္းမရဲ႕ထဘီကို ခိုးခဲ့တာပါခင္ဗ်ာ” “ဟာ-ဒီမသာ -ငါကအေကာင္းမွတ္လို႔ ကဲကြာ”
“ဗုန္း က ဗုန္း”
“ေအာင္မေလး… ေသပါၿပီဗ်”
“သူႀကီးမင္း…. ကယ္ပါဦး ကြၽန္ေတာ္ တကယ္မခိုးရပါဘူးခင္ဗ်” စစ္ေဆးေမးျမန္းသံ႐ိုက္သံႏွက္သံ၊ေအာ္ဟစ္သံမ်ားကသူႀကီးမင္းအိမ္
ေအာက္တြင္ပြက္ေလာ႐ိုက္ေနေတာ့သည္။ သာယာကုန္း႐ြာထဲႏွင့္႐ြာနီးခ်ဳပ္ စပ္မွ ထင္ေၾကးႏွင့္ ဖမ္းဆီးစစ္ေဆးခံရသူမ်ားမွာ အေယာက္သုံးဆယ္ခန႔္ ရွိသည္။စစ္ေဆးခံရသူမ်ားမွာလည္းေျမာ့ေျမာ့သာက်န္ေတာ့သည္။စစ္ေဆး နည္းကလည္း မ်ိဳးစုံလွသည္။ ထိုးႀကိတ္႐ိုက္ႏွက္ျခင္း၊ ကန္ေၾကာက္ျခင္း၊ ထုပ္တန္းတြင္ လက္ျပန္ႀကိဳးတုပ္၍ ေဇာက္ထိုးဆြဲျခင္း၊ ေခါင္းေပၚေရစက္ ခ်ျခင္း၊ ေျခသလုံးကို မ်ဥ္းလုံးျဖင့္ လွိမ့္ျခင္းတို႔ျဖင့္ စစ္ေဆးေနၾကသည္မွာ ဆူညံေနေတာ့သည္။

ႏွစ္ရက္တိုင္တိုင္ ရွိခဲ့ၿပီ ျဖစ္ေသာ္လည္း သတင္းအစအနက မရေသး။ ႐ြာနီးခ်ဳပ္စပ္ႏွင့္ ပတ္ဝန္းက်င္ေဒသကိုေသာ္၎၊ ၿမိဳ႕ေပၚရွိ ေ႐ႊပန္းတိမ္ဆိုင္ မ်ားႏွင့္ အေပါင္ဆိုင္မ်ားသို႔၎ စုံစမ္းေထာက္လွမ္းၾကေသာ္လည္း စိန္ဖူး ေတာ္သတင္းက စုပ္စျမဳပ္စ ျဖစ္ေနေတာ့သည္။ တစ္႐ြာလုံးကလည္း စိတ္ မေကာင္းျဖစ္ေနၾကသည္။ အထူးသျဖင့္ေခၚယူစစ္ေဆးေမးျမန္းခံရသူမ်ား ႏွင့္ ၎၏မိသားစုမ်ားမွာေတာ့ ဆိုဖြယ္ရာ မရွိေတာ့ပါ။ တစ္႐ြာလုံးလည္း က်ီးလန႔္စာစားျဖစ္ေနၾကသည္။

သူႀကီးမင္းကလည္း လက္စလက္နရွိသူ မည္သူကိုမဆိုေခၚယူစစ္ေဆး သည္။ သူ႔အမ်ိဳးမ်ားထဲကလူကိုပင္ခ်မ္းသာမေပး။ ေနာက္ဆုံးမီးစက္ေမာင္း သည့္ျမဝင္းႀကီးကိုပင္မသကၤာ၍ေခၚယူစစ္ေဆးေတာ့သည္။ သူႀကီးကေတာ္ ေဒၚစိန္မွာ အိမ္တြင္မေနႏိုင္၍ အျခားသို႔ ေရွာင္ေနေတာ့သည္။ သားျဖစ္သူ ေမာင္လူေဖြးမွာလည္းမ်က္ႏွာလုံးဝမေကာင္းဘဲ မည္သူ႔ကိုမွ စကားမေျပာ ဘဲတစ္စုံတစ္ခုကို နက္နက္နဲနဲ စဥ္းစားေနေတာ့သည္။
စိန္ဖူးေတာ္အခိုးခံရၿပီး ေလးရက္ေျမာက္ေန႔ျဖစ္သည္။ သူႀကီးမင္းဌာနာ အုပ္မင္းနဲ႔ပုလိပ္မ်ားသည္၎႐ိုက္ႏွက္စစ္ေဆးေမးရဖန္မ်ားသျဖင့္ေမာပန္း ႏြမ္းနယ္ၾကၿပီျဖစ္သည္။ေပ်ာက္ဆုံးသည့္ရက္ကလည္းတျဖည္းျဖည္းၾကာ လာၿပီ ျဖစ္သည္။ ရက္ၾကာလာသည္ႏွင့္အမွ် ပစၥည္းျပန္ရဖို႔ကလည္း တစ္ျဖည္းျဖည္းေဝးကြာလာေၾကာင္း သတိထားမိသျဖင့္တာဝန္ရွိသူမ်ား၏ ရင္ထဲတြင္ ေလးလံလ်က္ရွိသည္။
ဘုရားကလည္း ေရွးေဟာင္းဘုရားတစ္နယ္လုံးက အျမတ္တႏိုး ကိုးကြယ္ေနၾကသည့္ ေစတီေတာ္ႀကီး-၊
“စိန္ဖူးေတာ္ကလည္းတန္ဖိုးျဖတ္မရသည့္ေက်ာက္မ်က္ရတနာမ်ိဳးစုံ
ပါဝင္သည့္ေ႐ႊသားအစစ္ စိန္ဖူးေတာ္ႀကီး-
ဒါေတြကိုမ်ား တကယ့္ကို ျပန္မရခဲ့ရင္ – ။
သူႀကီးမင္းလည္း စိတ္မေကာင္းျခင္းႀကီးစြာျဖင့္ က်န္ရွိေနေသးေသာ မသကၤာသူမ်ားကိုဆက္လက္စစ္ေဆးရန္ျပင္ဆင္ေနေတာ့သည္။ထိုအခ်ိန္ တြင္တစ္ဦးတည္းေသာသားျဖစ္သူေမာင္လူေဖြးဖခင္သူႀကီးအနီးသို႔ေရာက္
ရွိလာၿပီး- “အဘ-အဘ”
“ေဟ..ဘာလည္းလူေလး”
“ဆက္မစစ္ပါနဲ႔ေတာ့ အဘရယ္ .. ကြၽန္ေတာ္ စိတ္မေကာင္းလို႔ပါ” “အဘလည္း.. ဘယ္လုပ္ခ်င္ပါ့မလည္းလူေလးရယ္- ဒါေပမဲ့-ဒီစိန္ဖူး ေတာ္ကို အဆုံးရႈံးခံလို႔ မျဖစ္ဘူးလူေလး”
“မစစ္ပါနဲ႔ေတာ့… စိန္ဖူးေတာ္လည္း ျပန္ရမွာပါ”
“ေဟ”
“ျပန္ရမယ္… ဟုတ္လား လူေလးက ဘယ္လိုသိလို႔လဲ” “ဟုတ္ပါတယ္…အဘ ျပန္ရမွာပါ”
“ေနပါဦးကြ … လူေလးရ- ခိုးတဲ့လူကိုမင္းသိလို႔လား”
“လူေလး … ဒါေနာက္စရာ မဟုတ္ဘူးေနာ္။ မင္းျပစ္မင္းဒဏ္သင့္မယ့္
ကိစၥေနာ္”
“ေနာက္တာ.. မဟုတ္ပါဘူးအဘ – ကြၽန္ေတာ္ သိပါတယ္”
“ေဟး…ဒါဆိုလူေလးသိရင္ ေျပာစမ္း ခိုးတဲ့လူက ဘယ္သူလဲ” “ကြၽန္ေတာ္ကိုယ္တိုင္ပါပဲ”
“ဟင္”
“ခြၽမ္- ခ်လြမ္”
ဆြမ္းေတာ္ကပ္ရန္ျပဳလုပ္ေနေသာသူႀကီးကေတာ္ေဒၚစိန္၏လက္ထဲမွ ဆြမ္းေတာ္ဗန္း လြတ္က်၍ ကြဲသြားေတာ့သည္။ သူႀကီးမင္းလည္း ပါးစပ္ အေဟာင္းသားႏွင့္ အံ့အားသင့္ၾကက္ေသေသေနေတာ့သည္။ အတန္ ၾကာေတာ့မွ သူႀကီးကေတာ္ေဒၚစိန္က ေမာင္လူေဖြးကိုေျပးဖက္ၿပီး-
“လူေလး … လူေလး မဟုတ္တာ မေျပာရဘူးေလ ဘာေတြ ေလွ်ာက္ ေျပာေနတာလည္း”
မဟုတ္ဘူး…မဟုတ္ဘူး ၾကည့္ေျပာစမ္းပါအုံး လူေလးရယ္” “ဟုတ္တယ္အေမ… ကြၽန္ေတာ္ခိုးတာ”
“ဟီး-ဟီး-ဟီး”
“မဟုတ္ပါဘူး.. လူေလးရယ္ ဘယ္တုံးကမွ လူေလးက ခိုးဖူးတာ
မဟုတ္ပါဘူး”
“ဟုတ္တယ္.. အဘနဲ႔အေမ က်ဳပ္ဝဋ္ေႂကြးပါလာတယ္။ အဲဒီဝဋ္ေႂကြး ေတြေၾကာင့္ က်ဳပ္ခိုးရတာ။ ပစၥည္းကို လိုခ်င္လို႔ မဟုတ္ဘူး”
ထိုအခါ အံ့ဩလြန္းသျဖင့္ ဝိုင္ၾကည့္ေနေသာ ဌာနာအုပ္မင္းကဝင္၍- “ဒါဆိုေမာင္လူေဖြးမင္းခိုးထားတဲ့စိန္ဖူးေတာ္ေရာ”
“ရွိပါတယ္ .. ဘုရားႀကီးေနာက္ဘက္က ၿဂိဳဟ္တိုင္ရဲ႕စေနနံေရွ႕မွာ ျမႇဳပ္ထားပါတယ္”

“ကဲ-ကဲ-လာ-လာ သြားေဖာ္ရေအာင္” “ဟုတ္ကဲ့… ကြၽန္ေတာ္လိုက္ျပပါ့မယ္”
သူႀကီးမင္းမွာေခါင္းငိုက္စိုက္ခ်၍စကားပင္မေျပာႏိုင္ေတာ့ပါ။ သူႀကီး ကေတာ္ေဒၚစိန္မွာလည္း ငိုရင္းတက္သြားသျဖင့္ မနည္းႏွာႏွတ္ယူရသည္။ ေစတီေတာ္ႀကီး၏စိန္ဖူးေတာ္ကိုသူႀကီးမင္း၏သားေမာင္လူေဖြးကခိုးသည္
ဟူေသာ သတင္းမွာ ေတာမီးကဲ့သို႔ တစ္႐ြာလုံး ပ်ံ႕ႏွံ႔သြားေလေတာ့သည္။ “မျဖစ္ႏိုင္ပါဘူး… မေ႐ႊတင္ရယ္”
“ဟဲ့ေကာင္မ – မိသိန္းဝင္း- ဟုတ္လို႔ပဲ ပုလိပ္ေတြေရာ၊သူႀကီးေရာ သူ႔ သားေရာ၊ အခု ႐ြာဦးေက်ာင္းကို သြားေနၾကၿပီ”
“ဟုတ္တယ္ … အစ္မသိန္းဝင္းရဲ႕ကြၽန္မေတာင္ သြားၾကည့္မလို႔ လိုက္
ၾကဦးမလား”
လာ”
“လိုက္မွာေပါ့.. ေမာ္ေမာ္ရဲ႕”
“ကဲ-ကဲ ေနာက္က်လို႔ မသိလိုက္ရဘဲေနမယ္။ သြားၾကမယ္ လာ-
တစ္႐ြာလုံးရွိေယာက္်ားမိန္းမကေလးလူႀကီးမက်န္႐ြာဦးေက်ာင္းဝင္းရွိ ေစတီေတာ္ႀကီးသို႔ဦးေဆာင္ခ်ီတက္ေနၾကသည္မွာအုန္းအုန္းထေနေတာ့
သည္။ေစတီေတာ္ႀကီးပတ္ဝန္းက်င္တြင္လူမ်ားျပည့္ၾကပ္ေနၾကသည္။ေစတီ ေတာ္ႀကီးအေနာက္ဘက္ၿဂိဳဟ္တိုင္အနီးစေနၿဂိဳဟ္႐ုပ္တုေရွ႕တြင္ဆရာေတာ္ ႀကီး၊ သူႀကီးမင္းႏွင့္ဌာနာအုပ္အမႉးျပဳေသာပုလိပ္သားမ်ားႏွင့္ေမာင္လူေဖြး တို႔ရပ္ေနသည္။
ေမာင္လူေဖြးလည္း ဆရာေတာ္ႀကီးႏွင့္ဖခင္သူႀကီးတို႔ကို ထိျခင္း (၅) မ်ိဳးျဖင့္႐ိုေသစြာထိုင္၍ကန္ေတာ့လိုက္သည္။ထို႔ေနာက္တူ႐ြင္းတစ္ေခ်ာင္း ကိုေတာင္းယူလိုက္ၿပီး စေနၿဂိဳဟ္႐ုပ္တုေရွ႕ေျမျပင္ကို တူးေဖာ္ေတာ့သည္။ တစ္ေပခန႔္တူးၿပီးေနာက္ပလတ္စတစ္အထူစားျဖင့္လုံၿခဳံစြာထုပ္ထားေသာ
အထုပ္တစ္ထုပ္ကို ယူလိုက္သည္။ထို႔ေနာက္အထဲမွာစိန္ဖူးေတာ္ကိုထုတ္ ယူလိုက္ေသာအခါနံနက္ခင္းေနေရာင္ျခည္ေအာက္တြင္ေ႐ႊေရာင္၊ေက်ာက္ သံပတၱျမားအေရာင္တို႔ျဖင့္ ဝင္းလက္ေတာက္ပေနေတာ့သည္။

ဆရာေတာ္ႀကီးကလက္အုပ္ခ်ီၿပီးေမာင္လူေဖြးလက္ထဲမွစိန္ဖူးေတာ္
ကို လွမ္းယူလိုက္သည္။ သူႀကီးမင္းအမႉးျပဳေသာ ႐ြာသူ၊ ႐ြာသားအေပါင္း လည္း ေျမျပင္တြင္ထိုင္၍ စိန္ဖူးေတာ္ကို ႐ိုေသစြာ ရွိခိုးၾကေတာ့သည္။ ထို႔ ေနာက္ ဆရာေတာ္လည္း စိန္ဖူးေတာ္ကို ပင့္ေဆာင္၍ ေက်ာင္းေတာ္ေပၚ ႂကြသြားေတာ့သည္။ ထိုအခါ သူႀကီးမင္းက –
“ကဲ-ဌာနာအုပ္ႀကီးစိန္ဖူးေတာ္ကို ျဖဳတ္ႏိုင္တဲ့ ကြၽန္ေတာ့္သား ေမာင္ျဖဴေဖြးကိုခင္ဗ်ားလက္ကိုအပ္ပါတယ္။ ဥပေဒအတိုင္းသာအေရးယူ
ပါေတာ့”
“ဟီး-ဟီး-ဟီး”
“ဟင့္-ဟင့္”
႐ြာသူ႐ြာသားတို႔မွာလည္းေမာင္လူေဖြးအတြက္စိတ္မေကာင္းျဖစ္ေန
ၾကသည္။ စိတ္သေဘာထား ေကာင္းမြန္ၿပီး သူတစ္ပါးကို အၿမဲကူညီေသာ၊ ယခင္ကလည္း ဘာသံမွ မၾကားခဲ့ရေသာ ေမာင္လူေဖြးအတြက္ ယုံရခက္၊ မယုံရခက္ျဖစ္ေနသည္။ မယုံရေအာင္လည္း အျပစ္ကလက္ေတြ႕ထင္ထင္ ရွားရွားႀကီး –
“ဟုတ္ကဲ့ … သူႀကီးမင္း ကြၽန္ေတာ္လည္း ဥပေဒအရ အေရးယူ ပါ့မယ္”
“ဒါနဲ႔ေမာင္လူေဖြး … ဒီေလာက္ျမင့္ၿပီး ဒီေလာက္အကာအရံနဲ႔ထားတဲ့ စိန္ဖူးကို ငါ့တူဘယ္လို တက္ျဖဳတ္သလဲ၊ ဦးေလးတို႔ေတာ့ မယုံႏိုင္ေအာင္ ပါပဲ”
“ဟုတ္တယ္ … ညီေလး မင္းတစ္ေယာက္တည္း ဘယ္လို ျဖဳတ္သလဲ ေျပာျပစမ္းပါကြာ”
ဌာနာအုပ္မင္းႏွင့္အားလုံး၏ေတာင္းဆိုမႈေၾကာင့္ ေမာင္လူေဖြးမွာ ေစတီေတာ္ႀကီးမွ စိန္ဖူးေတာ္တက္ျဖဳတ္ပုံကို ျပန္လည္ သ႐ုပ္ျပ ေတာ့သည္။
တန္ေဆာင္မုန္းလျပည့္ေန႔ညသန္းေခါင္ေက်ာ္ေစတီေတာ္ႀကီး
လွ်ပ္စစ္မီးပူေဇာ္မႈကို ရပ္ဆိုင္းလိုက္သည္။ မီးစက္ကို တာဝန္ယူ ေမာင္းႏွင္ ပူေဇာ္ရေသာ ျမဝင္းႀကီးတစ္ေယာက္ ပစၥည္းမ်ားကို သိမ္းဆည္း၍ မီးစက္ ထားေသာ အင္ဂ်င္႐ုံကို တံခါးပိတ္ ေသာ့ခတ္ၿပီး ျပန္လာခဲ့သည္။ မီးစက္ ပိတ္သိမ္းသြားေသာ္လည္းလျပည့္ညျဖစ္၍လမင္းကထိန္ထိန္သာေနေတာ့
သည္။
ည (၁)နာရီေက်ာ္အခ်ိန္တြင္ ေမာင္လူေဖြးတစ္ေယာက္ ေက်ာင္းဝိုင္း အတြင္း ဝင္ေရာက္လာၿပီး ေစတီေတာ္ႀကီးအနီးသို႔ ေရာက္လာခဲ့သည္။ အသိစိတ္က မလုပ္သင့္ဟု ထင္မိေသာ္လည္း မသိစိတ္၏ ေစ့ေဆာ္မႈအရ ေစတီေတာ္၏ေနာက္ဘက္ၿဂိဳဟ္တိုင္ဘက္သို႔ေရာက္ရွိလာခဲ့သည္။ ဘုရား ေျခရင္းတြင္ ေခတၱငိုင္ေနသည္။ သို႔ေသာ္တစ္စုံတစ္ခု၏ ေစ့ေဆာ္မႈကို မလြန္ဆန္ႏိုင္သကဲ့သို႔ ဘုရားေပၚသို႔ စတင္တက္ေလေတာ့သည္။
ေမာင္လူေဖြးတစ္ေယာက္ဘုရားေပၚသို႔တက္ေရာက္ပုံသ႐ုပ္ျပေနျခင္း
ကို ႐ြာသူ႐ြာသားမ်ားက အသံပင္ မထြက္ႏိုင္ဘဲ ဝိုင္းၾကည့္ေနၾကသည္။ ေမာင္လူေဖြးလည္း မည္သည့္ပစၥည္းကိရိယာ အကူအညီတစ္ခုမွ မပါဘဲ အိမ္ေျမႇာင္မ်ား နံရံသို႔ တြယ္ကပ္တက္သလို တက္သြားခဲ့သည္။ ဤသို႔ျဖင့္ တက္သြားခဲ့သည္မွာ ငွက္ေပ်ာဖူးအရင္းပိုင္းကိုေက်ာ္၍ သံပန္းအခြၽန္မ်ား အေပၚေအာက္ေထာင္၍ပတ္ပတ္လည္ကာရံထားေသာသံပန္းအဝိုင္းအနား
သို႔ေရာက္၍သြားခဲ့သည္။
ထိုေနရာသို႔ ေမာင္လူေဖြး ေရာက္သြားေသာအခါ ဝိုင္းၾကည့္ေနေသာ ပရိသတ္က ပို၍ စိတ္ဝင္စားလာၾကေတာ့သည္။ လူသာမန္တစ္ဦး မည္သို႔ မွ် မတက္ေရာက္ႏိုင္ေသာအတားအဆီးကို မည္သို႔ ေက်ာ္ျဖတ္မည္ကို စိတ္ဝင္စားစြာ ၾကည့္ရႈေနၾကသည္။ ထိုေနရာသို႔ ေမာင္လူေဖြး ေရာက္ရွိ သြားေသာအခါ ေအာက္ဘက္သို႔ စိုက္၍ ကာရံထားေသာ သံခြၽန္ႏွစ္ခုကို လက္ႏွစ္ဖက္ျဖင့္ ဆြဲကိုင္ၿပီးခိုထားလိုက္သည္။ သံခြၽန္ႏွစ္ခုကို ဆုပ္ကိုင္ ၍ဆြဲခိုထားေသာ ေမာင္လူေဖြးမွာ ေလထဲတြင္ တြဲေလာင္းျဖစ္ေနသည္။ “ဟိတ္”

မာန္သြင္းသံ တစ္ခ်က္ေပၚလာၿပီး ေလထဲတြင္ အနည္းငယ္ လႊဲယမ္း အားယူၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကေတာ့ ဤအေပၚသို႔ေထာင္ၿပီးေနာက္
ကြၽမ္းပစ္၍တက္သြားရာေစတီေတာ္၏ငွက္ေပ်ာဖူးတြင္ပတ္ဝိုင္း၍ကာထား
ေသာ သံပန္းအဝိုင္းေပၚတြင္ မတ္တတ္ရပ္လ်က္ က်ေရာက္သြားေတာ့ သည္။ “ဟာ” “ဟယ္”
“အလိုေတာ္”
“ေတာ္လိုက္တာဟယ္… ဆပ္ကပ္ထဲကအတိုင္းပဲ”
“ဟုတ္ပါ့ေတာ္ – တက္သြားတာကလည္း အိမ္ေျမႇာင္အတိုင္းပဲ” ဝိုင္းဝန္းၾကည့္ရႈေနၾကေသာ႐ြာသူ႐ြာသားမ်ားမွာစိတ္ဆိုးေဒါသထြက္
ရမည္ထက္ ေမာင္လူေဖြး၏ အစြမ္းအစကို ဝိုင္းဝန္း ခ်ီးက်ဴးေနၾကသည္။ ေမာင္လူေဖြးလည္း ထိုမွတစ္ဆင့္ စိန္ဖူးေတာ္ကို လက္လွမ္းမွီသည္အထိ တက္သြားခဲ့သည္။ စိန္ဖူးေတာ္ကို ျဖဳတ္ခါနီးတြင္ အတန္ၾကာငိုင္ေတြ ေန သည္။ ထို႔ေနာက္မျဖဳတ္ေသးဘဲျပန္ဆင္းလာခဲ့သည္။ ယခင္နည္းအတိုင္း ဘုရားေျခရင္းသို႔ျပန္ဆင္းလာၿပီးဘုရားႀကီးေျခရင္းမွသဲတစ္ဆုပ္ကိုက်ဳံးယူ
လိုက္သည္။
ထိုသဲဆုပ္ကိုလက္မွာကိုင္ရင္း ဘုရားေရွ႕တြင္ သစၥာဆိုေတာ့သည္။ “ဘုရားတပည့္ေတာ္သည္ ယခင္ဘဝဝဋ္ေႂကြးေၾကာင့္ စိန္ဖူးေတာ္ကို ျဖဳတ္ယူပါေတာ့မည္။ ဤက်ဴးလြန္ခဲ့ေသာ အျပစ္ဒဏ္ကို ဤလက္ထဲတြင္ ဆုပ္ကိုင္ထားေသာ သဲလုံးႏွင့္အမွ် ကပ္ကမာၻ ခံယူပါမည္။ ဤသစၥာ စကား ေၾကာင့္ အလြယ္တကူ ျဖဳတ္ယူရပါေစသား”
ထိုကဲ့သို႔ သစၥာဆိုၿပီးေနာက္ ေမာင္လူေဖြးလည္း ဘုရားေစတီေပၚသို႔ ယခင္နည္းအတိုင္း ျပန္တက္သြားၿပီး စိန္ဖူးေတာ္ကို ျဖဳတ္၍ျပန္ဆင္းလာခဲ့ ေတာ့သည္။ ေမာင္လူေဖြးဘုရားေပၚတက္ပုံဆင္းပုံမ်ားမွာ ပင္ပင္ပန္းပန္း ေဆာင္႐ြက္ရျခင္းမရွိဘဲတစ္စုံတစ္ခု၏အကူအညီေၾကာင့္လားမသိ။ ပုံမွန္ လုပ္ေဆာင္ေနသကဲ့သို႔ ျဖစ္ေနသည္။

“ဒါနဲ႔…ပထမအႀကိမ္တက္သြားၿပီးစိန္ဖူးကိုမျဖဳတ္ဘဲျပန္ဆင္းလာတာ
ဘာေၾကာင့္လဲ”
“ဒီလိုပါ – ဌာနာအုပ္မင္း ဘုရားေပၚသို႔ အခက္အခဲမရွိဘဲ တက္သြား ႏိုင္ေပမယ့္ စိန္ဖူးေတာ္ကို ျဖဳတ္မယ္လုပ္ေတာ့ ကြၽန္ေတာ့္မ်က္ေစ့ထဲမွာ စိန္ဖူးေတြအမ်ားႀကီးျမင္ေနရၿပီး ဘယ္ဟာအစစ္ဘယ္ဟာအတုမွန္း ခြဲျခား လို႔မရဘူးျဖစ္ေနတယ္။ အင္း… ငါေတာ့ သစၥာဆိုမွ ျဖစ္ေတာ့မယ္ဆိုၿပီးျပန္ ဆင္း သဲတစ္ဆုပ္ယူၿပီး အျပစ္ဒဏ္ကို ဒီသဲလုံးေရနဲ႔ ညီမွ်တဲ့ ကပ္ကမာၻ အတိုင္း ခံယူပါ့မယ္လို႔ သစၥာဆိုၿပီး ျပန္တက္သြားေတာ့မွ စိန္ဖူးေတာ္ကို ျမင္ရေတာ့တယ္။အဲဒီအခါက်ေတာ့မွလြယ္လြယ္ကူကူျဖဳတ္ယူၿပီးျပန္ဆင္း
လာတယ္။
ဒါေပမဲ့ – ကြၽန္ေတာ္ရဲ႕ဝဋ္ေႂကြးေစ့ေဆာ္မႈေတြေၾကာင့္သာ ဒီစိန္ဖူးကို တက္ျဖဳတ္တာျဖစ္ေပမယ့္သုံးစြဲဖို႔မရည္႐ြယ္ဘူး။ဒါေၾကာင့္ဘုရားေျခရင္းမွာ
ျမႇဳပ္ထားခဲ့တာ။ အခ်ိန္တန္ရင္ေတာ့ တစ္နည္းနည္းနဲ႔ ျပန္ေပးမလို႔ပါပဲ။ ဒါေပမဲ့ ဖခင္သူႀကီးနဲ႔ဌာနာအုပ္ႀကီးတို႔က မသကၤာသူေတြကို ႐ိုက္ႏွက္ စစ္ေဆးေနတာျမင္ရေတာ့က်ဳပ္လုံးလုံးစိတ္မေကာင္းဘူး။ ပိုၿပီး ဆိုးလာမွာ စိုးလို႔ အခုလို ေဖာ္ေပးလိုက္တာပဲ”
“မိုက္လိုက္တဲ့ ငါ့သားရယ္ -ဒီအျပစ္ဒဏ္ကိုမင္းဘဝေပါင္း ေျမာက္ ျမားစြာေပးဆပ္ခံယူရေတာ့မယ္”
“ေလာေလာဆယ္ ဥပေဒက ေပးတဲ့အျပစ္ဒဏ္ခံရမယ္။ ငါ့သားရဲ႕ဘဝ က ဆိုးလိုက္တာကြယ္”
ဖခင္ျဖစ္သူ သူႀကီးမင္းမွာ ေ႐ႊသမင္ဘယ္ကထြက္ မင္းႀကီးတာက ထြက္ဆိုသလို သူ႔သားျဖစ္သူက စိန္ဖူးေတာ္ ျဖဳတ္ခိုးသူျဖစ္၍ ရွက္ေဒါသ အျပင္ယူႀကဳံးမရျဖစ္ေနေတာ့သည္။ ထိုအခ်ိန္တြင္ ေမာင္လူေဖြးက- “ဒီလူအုပ္ထဲမွာ … ေဒၚသန္းျမရွိလား”
“ရွိတယ္ … လူေလးရွိတယ္”
“အေဒါ့္အိမ္ကေပ်ာက္သြားတဲ့ေ႐ႊဒဂၤါးေတြေသာၾကာၿဂိဳဟ္တိုင္ေရွ႕မွာ
ျမႇဳပ္ထားတယ္။ အဲဒါ ျပန္ေဖာ္ယူလိုက္ပါ”

“ေအာင္မယ္ေလး … ေက်းဇူးတင္လိုက္တာ လူေလးရယ္။ ဘုန္းႀကီးပါ ေစအသက္ရွည္ပါေစ”
အေရးထဲ ပစ္ဒဏ္က်ခံရမည့္သူကို ဆုေတာင္းေပးေနေသးသည္။ ေတာ္ေတာ့လူေတြပါပဲ။ ထို႔ျပင္ ဘုရားလူႀကီးဦးျပားႀကီးအိမ္မွ ေပ်ာက္ဆုံး သြားေသာ ေ႐ႊေငြပစၥည္းမ်ားကိုလည္း ၾကာသပေတးၿဂိဳဟ္တိုင္ေရွ႕မွ ျပန္ တူးေဖာ္ယူေစသည္။ ေမာင္လူေဖြးေျပာသကဲ့သို႔ ၎တို႔၏ ေပ်ာက္ဆုံး သြားေသာပစၥည္းမ်ားကိုတစ္ခုမက်န္ျပန္ရလိုက္ေတာ့သည္။ ဦးျပားႀကီးႏွင့္ ေဒၚသန္းျမတို႔မွာ ေမာင္လူေဖြးကို စိတ္ဆိုးေဒါသထြက္ရမည္ထက္ ေက်းဇူး တင္ေနၾကသည္။
“အဲ… လိုရင္းကိုပဲ ေျပာၾကတာေပါ့ ဒကာေလးရယ္။ အဲဒီကိစၥေတြ ေၾကာင့္ ေမာင္လူေဖြးလည္း ေထာင္ (၁၀)ႏွစ္က်သြားတယ္။ မ်က္ေမွာက္ ေခတ္ကာလမွာ သူ က်ဴးလြန္ခဲ့တဲ့အျပစ္ဒဏ္ကို ခ်က္ခ်င္း လက္ငင္း က်ခံရ တယ္။ ဒါ့အျပင္ သံသရာမွာလည္း ကပ္ကမာၻေပါင္းမ်ားစြာ အျပစ္ဒဏ္ကို ခံစားရဦးမယ္ကြဲ႕”
ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ စေနေထာင့္ရွိ ဇရပ္တစ္ခုေပၚ၌ အသက္ (၆ဝ)ေက်ာ္အ႐ြယ္ရွိ ရေသ့တစ္ဦးက ကြၽန္ေတာ့္ကို ေျပာျပေနျခင္း ျဖစ္ သည္။ (၁၉၈၀)ခုႏွစ္ ကြၽန္ေတာ္ ပထမႏွစ္ ေဒသေကာလိပ္တက္ေနစဥ္ အတြင္းအေဆာင္ေနထိုင္ရာလွည္းတန္းစံရိပ္ၿငိမ္မွ ေ႐ႊတိဂုံေစတီေတာ္သို႔ စေနေန႔ ညေနတိုင္း တက္ေရာက္ ဖူးေျမာ္ခဲ့သည္။ ထိုသို႔ ဘုရားေပၚသို႔ တက္ေရာက္ရင္း အသားျဖဴျဖဴအရပ္ျမင့္ျမင့္ႏွင့္ ၾကည္ညိဳဖြယ္ေကာင္းလွ ေသာ ဘရေသ့ႏွင့္ေတြ႕ဆုံသိကြၽမ္းရာမွ ဘရေသ့က ယခုအေၾကာင္းကို ေျပာျပေနျခင္းျဖစ္သည္။
“ဒါထက္ … ဘရေသ့ ကြၽန္ေတာ္ မရွင္းတာေတြကို ေမးပါရေစ” “ေမး…ေမးလူေလးေမးႏိုင္ပါတယ္”
“ေမာင္လူေဖြးရဲ႕မိဘႏွစ္ပါးေရာ”
“ဖခင္ျဖစ္တဲ့သူႀကီးမင္းကရွက္လြန္းလို႔သူႀကီးအလုပ္ကႏုတ္ထြက္ၿပီး
ရဟန္းဘဝကိုအၿပီးတိုင္ကူးေျပာင္းသြားတယ္။ မိခင္ျဖစ္တဲ့ေဒၚစိန္ကေတာ့

ေမာင္လူေဖြးေထာင္က်သြားတဲ့အခ်ိန္မွာ တေရွာင္ေရွာင္ျဖစ္ၿပီး (၂)ႏွစ္ ေလာက္အၾကာမွာ ဆုံးသြားခဲ့တယ္”
“ေမာင္လူေဖြးမွာ အဲဒီအစြမ္းအစေတြရွိမွန္း သူ႔မိဘေတြက မသိၾက ဘူးလား”
“အမွတ္တမဲ့ေနၾကေတာ့ မသိဘူးကြဲ႕။ အဲ- ေမာင္လူေဖြးကို ေမြးတာ ကလည္း တန္ေဆာင္မုန္းအခ်ိန္မွာ ေမြးခဲ့တာ။ ေစာရနကၡတ္နဲ႔ယွဥ္ၿပီး ေမြး လာခဲ့တာ။ ငယ္စဥ္ကေတာ့ သိပ္မသိသာဘူး။ ဒါေပမဲ့ – တန္ေဆာင္မုန္း လျပည့္ေန႔ညေရာက္တိုင္း ေမာင္လူေဖြး ေနလို႔ မရဘူး။ အိမ္ကေနထြက္ၿပီး ေလွ်ာက္သြားေတာ့တာပဲ”
ထူးျခားတာက သူ အဲဒီေလွ်ာက္သြားေနတာကို ဘယ္သူကမွ သတိ မထားမိၾကဘူး။ ေနာက္ဆုံးတစ္အိမ္အိမ္ကပစၥည္းတစ္ခုခုကိုတစ္ေနရာကို ေ႐ြ႕ထားလိုက္ေတာ့မွ စိတ္ေက်နပ္ၿပီး အိမ္ျပန္လာေတာ့တယ္။ ပိုထူးျခား တာက သူအိမ္မွာ အိပ္ေပ်ာ္ေနတာကို သူ႔မိဘေတြက အၿမဲေတြ႕ေနရ တယ္။
ေမာင္လူေဖြး (၁၄)ႏွစ္သားေရာက္ေတာ့ ႐ြာကို ေဆးလာကုတဲ့ ရွမ္းဆရာႀကီးတစ္ေယာက္ကသိဒၶိတင္ေပးမယ္ဆိုၿပီးနဖူးမွာေဆးသုံးခ်က္ စုတ္နဲ႔ထိုးေပးသြားတယ္။ အဲဒီလို ထိုးေပးၿပီးတဲ့ေနာက္ပိုင္း တစ္ႏွစ္တစ္ခါ တန္ေဆာင္မုန္းလျပည့္ေန႔ေရာက္တိုင္း တန္ဖိုးရွိတဲ့ပစၥည္းေတြကိုခိုးေတာ့ တာပဲ။ သူ႔ရဲ႕မသိစိတ္က လုပ္ေနေပမယ့္ သိစိတ္က ရွိေနေသးေတာ့ အဲဒီ ပစၥည္းေတြကို ခိုးေတာ့တာပဲ။ သူရဲ႕မသိစိတ္က လုပ္ေနေပမယ့္ သိစိတ္က ရွိေနေသးေတာ့ အဲဒီပစၥည္းေတြကိုကိုယ္က်ိဳးမသုံးတဲ့ ဝွက္ထားခဲ့တာေပါ့။ “ေမာင္လူေဖြးေထာင္ကလြတ္လာေတာ့ေရာ- ဘရေသ့”
“ေမာင္လူေဖြးႏွစ္ေစ့လို႔ေထာင္ကလြတ္လာေတာ့မိဘေတြကမရွိၾက ေတာ့ဘူး။ သူလည္းမိဘေတြက်န္ရစ္ခဲ့တဲ့ပစၥည္းေတြကိုလႉဒါန္းေပးကမ္း ခဲ့တယ္။ အဲဒီအျပင္လယ္ဧက(၂ဝ)ကိုသူစိန္ဖူးျဖဳတ္ခဲ့တဲ့႐ြာဦးေစတီေတာ္ ႀကီးေဝယ်ာဝစၥကိစၥေတြသုံးဖို႔အတြက္ဘုရားအတြက္ဆိုၿပီးလႉဒါန္းခဲ့တယ္။

အဲဒီ လယ္ကရတဲ့အက်ိဳးအျမတ္နဲ႔ ႏွစ္စဥ္ဘုရားပြဲလုပ္ခဲ့တာက အခုတိုင္ ေအာင္ပါပဲ”
ေမာင္လူေဖြးလည္းအဲဒီေနာက္ပိုင္း႐ြာကထြက္သြားေတာ့တာပါပဲ။ “ဘရေသ့က … ဒီကိစၥေတြ အလုံးစုံ သိေနတာဆိုေတာ့” “ဟုတ္တယ္ … လူကေလးထင္တဲ့အတိုင္းပဲ ေမာင္လူေဖြးဆိုတာ
ဘရေသ့ပဲေပါ့”
“ဗ်ာ”
“ဟုတ္တယ္… လူေလး ဘရေသ့လည္း အခုဘဝမွာ ကိုယ္ က်ဴးလြန္ခဲ့ တဲ့ကိစၥအတြက္အျပစ္ဒဏ္ခံထားရသလိုေနာင္သံသရာဘဝေပါင္းမ်ားစြာ
လည္းအျပစ္ဒဏ္ကိုခံရဦးမယ္။ သံသရာဆိုတာႀကီးကိုအရမ္းေၾကာက္သြား ခဲ့ၿပီလူေလး”
“ရဟန္းဝတ္ဖို႔ကလည္း ပၪၥနႏၵိယကံႀကီးကို က်ဴးလြန္ထားတဲ့လူဆို ေတာ့ မသင့္ေတာ္ဘူးေလ။ ဒါ့ေၾကာင့္ ရေသ့ဝတ္ၿပီး ပုတီးစိပ္ တရားထိုင္ ေမတၱာပို႔ၿပီး တတ္ႏိုင္သေလာက္ အျပစ္ေၾကဖို႔အတြက္ ေပးဆပ္ေနရတာပဲ လူကေလး”
ထို႔ဘုရားရွင္လက္ထက္က အဇာတသတ္မင္းႀကီးကို ၾကားဖူးမွာေပါ့။ ဖခင္ဗိမၺိသာရမင္းႀကီးကိုသတ္ခဲ့တဲ့အတြက္ပၪၥနႏၵိယကံထိုက္ႀကီးအဝီစိကို
မလြဲမေသြ က်ေရာက္ရမွာျဖစ္ေပမယ့္ ရတနာသုံးပါးကို ခ်ီးေျမႇာက္ခဲ့တဲ့ အတြက္ အဝီစိငရဲကို မက်ေတာ့ဘဲ သူ႔အနီးအနားက ေလာဟဟကုမၻီငရဲ ကိုသာက်ခဲ့တယ္။
သူ႔ရဲ႕ၾကည္ညိဳသဒၶါနဲ႔ သာသနာကို ခ်ီးေျမႇာက္ခဲ့တဲ့ကုသိုလ္အက်ိဳး အေၾကာင္းေၾကာင့္ အဲဒီငရဲမွာ အႏွစ္ေျခာက္ေသာင္းခံၿပီးရင္ ဒီကမာၻရဲ႕
အရိေမတၱယ်ဘုရားရွင္ၾကားမွာဝိဇိတာဝီဆိုတဲ့ပေစၥကဗုဒၶျဖစ္ၿပီးနိဗၺာန္ကူး
လိမ့္မယ္။
ဘရေသ့ကေတာ့ ပါရမီအရင့္အမာ မဟုတ္ေတာင္ လူ႔ဘဝမွာ ထိုက္ သေလာက္အကုသိုလ္ကံဖ်က္ဖို႔ကုသိုလ္ေကာင္းမႈလုပ္ၿပီးေပးဆပ္ေနတာ ပဲ။လူကေလးနဲ႔ႀကဳံတုန္းဘရေသ့ရဲ႕သံေဝဂယူဖြယ္ဘဝအေၾကာင္းကိုေျပာျပ
ေနတာဘဲကြဲ႕။
“ကဲ-ကဲ- စကားေျပာတာလည္း အေတာ္ၾကာၿပီ။ ဘရေသ့လည္း အဓိ႒ာန္ဝင္လိုက္ဦးမယ္။ လူေလးကိုလည္း တစ္ခါတည္း ႏႈတ္ဆက္ခဲ့ တယ္။ ဘရေသ့လည္း ခရီးဆက္ရဦးမယ္”
“ဘရေသ့ … ဘယ္ကိုခရီးဆက္မွာပါလဲ”
“ျမန္မာျပည္အႏွံ႔ေပါ့ကြယ္…. ကံမကုန္ေသးရင္ေတာ့ျပန္ဆုံၾကမွာေပါ့” “တင့္ပါ့ … ဘရေသ့ကိုကန္ေတာ့ခဲ့ပါတယ္” “သာဓု-သာဓု-သာဓု”
ကြၽန္ေတာ္လည္း ဘရေသ့ကို ဦးခ်၍ဘုရားေပၚမွျပန္ဆင္းလာခဲ့ေတာ့ သည္။ ထိုအခ်ိန္မွစ၍ ယခုအခ်ိန္ထိ ႏွစ္ေပါင္း (၃၀)ေက်ာ္ၾကာခဲ့ၿပီးျဖစ္ ေသာ္လည္း ဘရေသ့ႏွင့္ တစ္ခါမွ် ျပန္ေတြ႕ ခဲ့ျခင္း မရွိေတာ့ပါ။ ကြၽန္ေတာ္ ကလည္း ဘရေသ့ႏွင့္ျပန္ေတြ႕လွ်င္ေမးစရာေမးခြန္းတစ္ခုက်န္ခဲ့၍ေမးခ်င္ ပါေသးသည္။
“ေမာင္လူေဖြး လက္ထက္က အစြမ္းအစမ်ားယခုထိ ရွိပါေသးလား” ေမးစရာပင္မလိုပါ။ သူေတာ္ေကာင္းပုဂၢိဳလ္မ်ားကေလာကီအစြမ္းအစ မ်ားကို မည္သည့္အခါမွ သုံးစြဲေတာ့မည္ မဟုတ္ပါ
(ႏွစ္ေပါင္း (၃ဝ)ေက်ာ္တြင္ ေ႐ႊတိဂုံဘရားစေနေထာင့္တြင္ ဆုံေတြ႕ခဲ့ ရေသာ ဘရေသ့အား ဦးခ်ကန္ေတာ့လ်က္..)
>> ဝင္းႏိုင္ (ေ႐ႊျပည္သာ)