အသုဘအိမ်

အသုဘအိမ်

—––————————-

” ဆုတ်တစ်ရက် ဆန်းတစ်ရက်နေ့တွေမှာ အစိမ်းသေ

သေခဲ့ရင် သရဲဖြစ်တတ်တယ် ” ဆိုတဲ့ စကားကို ငယ်ငယ်

တုန်းက ကြားဖူးခဲ့ပေမဲ့၊

 

နဖူးတွေ့ဒူးတွေ့ မကြုံရသေးမီထိတော့

” အလကားပါကွာ၊ ရှေးလူကြီးတွေ ဖြဲခြောက်တာ “ဆိုပြီး

ထင်မှတ်ခဲ့ဖူး၏။

 

သို့ငြားသော်လည်း ထိုစကားကို လက်ခံဖို့ရနျ ( ယုံကြည်

ဖို့ရန် ) အကြောင်းဖန်လာခဲ့၏။

 

ထိုအကြောင်းအရာကား ……

 

ရပ်ကွက်ထဲက ဆွေမကင်း၊ မျိုးမကင်း အကိုကြီး

တစ်ယောက် (2022 – သင်္ကြန်) နှစ်ဆန်းတစ်ရက်နေ့

တုန်းက

ဆိုင်ကယ် မတော်တဆမှု့ကြောင့် သေပါလေရော။

 

သေတဲ့သူနာမည်က ကိုလွမ်းတင်၊ ၃၇ နှစ်။

လူပျိုကြီး။

သူ့မိသားစုဝင်တွေက သူ့အဖေ၊ အမေ၊ နဲ့ ညီလေးတစ်

ယောက်ပဲရှိတာ။

 

ကိုလွမ်းတင် ဆေးရုံမှာသေတော့ အလောင်းကို ထုတ်ယူ

ခဲ့ပြီး၊ နေ့ချင်းပဲ သင်္ဂြိုလ်လိုက်ကြ၏။

 

( ဆုတ်တစ်ရက် ဆန်းတစ်ရက်နေ့တွေမှာ စိမ်းသေ သေ

ခဲ့ရင် နေ့ချင်းပဲ သဂွုငျ်ိလျရတယျဆိုလား ဘာလားပဲ)

 

မသာအိမ် ဆိုတော့ သိကြတဲ့အတိုင်း၊ သေဆုံးသူရဲ့

မိသားစု ဝင်တွေက ငိုယိုလို့၊

ဖဲသမားတွေကတော့ အော်ချည် ဟစ်ချည်နဲ့။

 

တစ်ချိန်ကျရင် လူတိုင်းခွဲခါသွားကြရမှာဆိုပေမဲ့

ကိုလွမ်းတင်ရဲ့ ခွဲခွာမှုကြီးက ပိုပြီးဝမ်းနည်းစရာကောင်း

လှ၏။

 

လူတွေရဲ့ အယူသီးမှုတွေကြားမှာ ကိုလွမ်းတင်ရဲ့

အလောင်းကို တစ်ညနှစ်ညလေးတောင် ထားခွင့်မရ။

 

ခုဆေးရုံကထုတ်၊ ခုသင်္ဂြိုလ်။

 

( တစ်ခါတလေမှာ လူတွေရဲ့ အယူသီးမှုတွေက သရဲ

တစ္ဆေထက်တောင် ပိုပြီးကြောက်စရာကောင်းသည်ဟု

ထင်မိ၏။ )

 

ညရောက်တော့ အသုဘအိမ်မှာ ဆွေမျိုးတစ်ချို့နှင့်

ဖဲဝိုင်း နှစ်ဝိုင်းရှိ၏။

 

ဖဲဆော့တတ်သူတွေက ဆော့နေကြပေမဲ့၊ ဖဲမဆော့တတ်

တဲ့ ကျနော်ရယ်၊ ကျနော့်တူ တင်မြင့်ဦးရယ်၊

ကျောင်းဆရာလင်းထက်ရယ်၊

 

ရပ်ကွက်ထဲက လူငယ်နှစ်ယောက်ရယ် ဝိုင်းဖွဲ့ပြီး၊

စပ်မိစပ်ရာပြောနေကြပေမဲ့၊ ကြာတော့ ပျင်းလာ၏။

 

ထိုအခါ ရပ်ကွက်ထဲက ကောင်လေးနှစ်ယောက်အနက်

အောင်မြင့်ရွှေ ဆိုတဲ့ ကောင်လေးက ……

 

“အကိုတို့၊ ပျင်းနေကြပြီထင်တယ်၊

ကျနော် တစ်ခုလောက် ပြောရမလား ” ဆိုပြီး စကားစလာ

၏။

“ဟုတ်တယ်ကွ၊ ငါ အိပ်တောင်အိပ်ချင်လာပြီ၊

မင်း ဘာပြောမှာလဲ ပြောလေကွာ ”

ကျနော် ပြောလိုက်ခြင်းဖြစ်၏။

 

” ဟိုလေ အကိုတို့၊ ရယ်သော သူသည် အသက်ရှည်၏”

ဆိုတဲ့ စကားကို အကိုတို့ ယုံကြလားဗျ ”

 

” ယုံတာပေါ့ဟ၊ မြင့်ရွှေရ၊ ဘာဖြစ်လို့လဲ ”

ကျနော့်တူ တင်မြင့်ဦးက ပြော၏။

 

” ကျုပ်တော့ မယုံဘူးဗျာ ”

အောင်မြင့်ရွှေ ပုံစံက အတည်ပေါက်နှင့်။

 

“ဟမ်၊ ဘာလို့တုန်း ”

 

“ဘာလို့လဲဆိုတော့၊

ကျနော့် သူငယ်ချင်း မင်းထင်ကျော် ကို သိကြတယ်မလား”

 

“အေး၊ အရပ်က ဝါးဖျားလောက်ရှည်တဲ့ အကောင်မလား၊

သိပါ့၊ သူ့ကိုတွေ့တိုင်း ရယ်နေရတာ”

ကျောင်းဆရာလင်းထက် က လည်း ဝင်ပြော၏။

 

” သူလေ၊ ရယ်သောသူသည် အသက်ရှည်၏ ဆိုလို့၊

ဟိုတစ်နေ့က လမ်းထိပ်က အသုဘမှာ သွားရယ်မိတာ၊

ခုတော့ ဆေးရုံမှာ၊ဦးခေါင်း သုံးချက်ချုပ်လိုက်ရတယ်တဲ့၊

အသုဘအိမ်က လူတွေ ဝိုင်းရိုက်လိုက်တာလေ ”

 

” ဟား၊ ဟား၊ ဟား ”

အကုန်လုံးက သဘောကျစွာရယ်ကြ၏။

 

” အော်၊ သုံးချက်တည်းလား၊ သေမသွားဘူးလား ”

ကျနော့် စကားကြောင့် အကုန်လုံး ရယ်ကြပြန်၏။

 

” မြင့်ရွှေ၊ ခွေးကောင်၊ ငါက အတည်မှတ်နေတာ ”

ကျနော့်တူက ဆဲဆိုရင်းပြော၏။

 

” ကဲ၊ မင်းဟာသကလည်း ရယ်တော့ရယ်ရတယ်၊

ဒါပေမဲ့ ပတိရူပတော့ မကျဘူး၊

မင်းတို့ပဲ စကားပြောကျန်ရစ်ကြတော့၊ ငါ တော့မရတော့

ဘူး၊ အိပ်ချင်လှပြီ ”

 

ကျနော် နှုတ်ဆက်ပြီး၊ အသုဘအိမ်ရဲ့ ဒုတိယထပ်ကို

တတ်လာခဲ့၏။

 

ကိုလွမ်းတင်ရဲ့ အသုဘမှာ ကျနော်တို့ကပဲ စ ဆုံး ကူညီ

ရမှာမို့ ကိုလွမ်းတင်ရဲ့ အမေက ကျနော်တို့ကို ကိစ္စအားလုံး

ပြီးသည်အထိ သူတို့အိမ်မှာပဲနေကြရန်ပြောထား၏။

 

ကျနော်တို့အိပ်ရန်အတွက် အိပ်ရာတွေခင်းထားတဲ့ အခန်း

ရောက်တော့၊

ကုတင်ပေါ်မှာ စောင်ကို ခေါင်းမြီးခြုံပြီး အိပ်နေသော လူ

တစ်ယောက်ကို တွေ့လိုက်ရ၏။

 

” ဟ၊ ငါ့ထက်အရင် ဘယ်သူများ အိပ်နေတာပါလိမ့် ”

ကျနော် တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်ပြီး၊

ထိုလူ၏ ဘေးတွင် ဝင်အိပ်လိုက်၏။

 

ထိုအချိန် တစ်ခုသတိထားမိသည်က အိပ်ရာပေါ် ကျနော်

လှဲလိုက်သည်နှင့် ချမ်းစိမ့်စိမ့်ဖြစ်သွားပြီး ကြက်သီးပါထ

သွား၏။ ဒါပေမဲ့ သိပ်တော့ ဟန်ရေးမလုပ်ပေ။

 

” ခူး၊ ခလော၊ ခလော၊ ခေါ ၊ ခေါ ”

ထိုလူမှာ အသံမျိုးစုံဖြင့် ဟောက်နေသေး၏။

 

ဝိုင်းဖွဲ့စကားပြောနေတုန်းက အရမ်းအိပ်ချင်နေပေမဲ့

တကယ်တမ်းအိပ်ရာပေါ်ရောက်တော့ အိပ်မရတော့ပေ။

ဘေးနားက လူရဲ့ ဟောက်သံကြောင့်လည်း အိပ်ချင်စိတ်

ပါ ပျောက်သွား၏။

 

ခဏကြာတော့ ကျနော့်တူ တင်မြင့်ဦး အခန်းထဲ ဝင်လာ၍

ကျနော် သူ့ကိုလှည့်ကြည့်လိုက်၏။

 

ထိုအချိန်၌ ဘေးနားက လူ၏ ဟောက်သံလည်း

တိတ်ဆိတ်သွား၍၊

ကျနော် လှည့်ကြည့်လိုက်ပြန်တော့၊ ဘယ်သူမှ ရှိမနေပေ။

 

“ဟာ ”

ကျနော် လန့်ပြီး ထ ထိုင်မိသွား၏။

 

“ဟာ”

ကျနော် အခန်းထဲ ဟိုဟိုသည်သည်ကြည့်ပေမဲ့ ကျနော်

နှင့် တင်မြင့်ဦးမှ လွဲ၍၊ ဘယ်သူမှ မရှိ။

 

” ဖေငယ်၊ ဘာဖြစ်လို့လဲ ”

တင်မြင့်ဦးက ကျနော့်အမူအရာကို မြင်၍ မေး၏။

သူက ကျနော့် အကိုကြီးရဲ့ သားမို့၊ ကျနော့်ကို ဖေငယ် ဟု

ခေါ်၏။

တကယ်တမ်းက သူ့ထက် ကျနော် ၆ လသာ ကြီး၏။

 

” ဘာ ဘာမှ မဖြစ်ပါဘူးကွာ ”

 

“ဖေငယ် သိလား၊ ဒီကုတင်က ကိုလွမ်းတင်ရဲ့ အိပ်

ကုတင်တဲ့ ”

 

“ဟင်”

ကျနော် ကြက်သီးထသွား၏။

 

” ဟုတ်လို့လား၊ မင်းကို ဘယ်သူပြောတာလဲ ”

ကျနော် သိပ်မယုံ၍ မေးလိုက်ခြင်းဖြစ်၏။

 

” အေးထွန်း ပြောတာ { ကိုလွမ်းတင်ရဲ့ ညီ }

ဘာဖြစ်လို့လဲ၊ ဖေငယ့်ကို ကြည့်ရတာ တစ်မျိုးပဲ ”

 

” ဘာမှ မဖြစ်ပါဘူးကွာ၊ နည်းနည်း လန့်သွားရုံပါ၊

မင်း အိပ်တော့မလို့လား ”

ကျနော် ညာပြီးရင်း ညာနေမိ၏။

 

အကယ်၍ ” သရဲအခြောက်ခံရတယ် ” လို့ ပြောလိုက်ရင်

ကော၊ ကိုလွမ်းတင်ရဲ့ မိဘတွေရော၊ အသုဘအိမ်မှာ

လာအိပ်တဲ့လူတွေရော ဘယ်လိုနေမလဲ။

 

” အင်း၊ နည်းနည်းအိပ်ချင်လာလို့၊ တစ်ခြားလူတွေလည်း

လာနေကြပြီ၊ ဖေငယ် အဲ ကုတင်ပေါ်မှာ အိပ်မလို့လား ”

 

“အင်း ”

ကျနော် တိုတိုတုတ်တုတ်ပဲဖြေလိုက်၏။

 

ခဏနေတော့ ဆရာလင်းထက်နဲ့ တစ်ခြားသူတွေ

ရောက်လာကြပြန်၏။

 

အခန်းမှာက ကုတင်တစ်လုံးတည်းမို့ ကျနော်နဲ့ ဆရာ

လင်းထက်က ကုတင်ပေါ်မှာ အိပ်ကြပြီး၊

ကောင်လေးတွေက ကုတင်အောက်မှာ အိပ်ကြ၏။

 

ဆရာလင်းထက်နဲ့ ကောင်လေးတွေက အိပ်ရာထဲရောက်

လို့ သိပ်မကြာမီမှာပင် အိပ်ပျော်သွားကြပေမဲ့၊

ကျနော် အိပ်မရပါ။

 

တစ်ပြောင်းတပြန်လူးလှိမ့်ရင်း အိပ်ပျော်နိုင်ရန် မနည်း

ကြိုးစားနေရ၏။

 

အတန်ငယ်ကြာသည့်အခါ မျက်လုံးများစင်းလာ၍၊

” အိပ်တော့မယ် ” ဟုကြံကာ

မျက်လုံးမှိတ်ရုံရှိသေး၊ ဘေးနားက

 

“ခူး၊ ခူး၊ ခလော ခလော ” မြည်လာလို့၊ လင်းထက် များ

ဟောက်နေတာလား ကြည့်လိုက်တော့၊

 

ဘယ်ဟုတ်မလဲ၊ ကိုလွမ်းတင် ဖြစ်နေပါတော့၏။

 

ဆိုင်ကယ်မှောက်တုန်းက ရခဲ့တဲ့ ဒဏ်ရာဗရပွနဲ့။

သူ့မေးရိုးက ဟစိဟစိ။ သွားဖုံးကိုတောင်မြင်နေရ၏။

 

မျက်လုံးကိုတော့ မှိတ်ထား၏၊ သို့သော်လည်း မျက်လုံးနေ

ရာတို့မှာ ရောင်ကားမဲနက်နေပြီး ပေါက်ကွဲလုလုပင်။

 

ခန္ဓာကိုယ်မှာလည်း သွေးတွေအလိမ်းလိမ်းပေကျံလို့။

ဦးခေါင်းတစ်ခုလုံး ရစရာမရှိအောင် ဒဏ်ရာတွေနှင့်

ပြည့်နေ၏။ ဒါက မျက်နှာတစ်ခုတည်းသာဖြစ်၏။

 

တခြားနေရာတွေကိုတော့မကြည့်မိ။

 

( တကယ်က နှလုံးခုန်မတတ်လန့်သွားလို့ ကြည့်ချိန်

မရလိုက်တာပါ။)

 

” အားးး၊ နင့်မေကလွှား၊ ”

ကျနော် အော်မိသွား၍၊ တစ်ခြားသူများ အလန့်တကြားနှင့်

ထလာပြီး၊

 

“ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ ” ဆိုပြီး အော်မေးကြပါ

တော့၏။

 

ထိုအချိန်၌ တခူးခူး ဟောက်နေတဲ့ ကိုလွမ်းတင်ကြီး

ရှိမနေတော့ပေ။

 

” ခုနက၊ ခုနက …….

 

ကျနော် ပြောလိုပဲမေ့၊ ရောက်နေတာက ” မသာအိမ် ”

ဖြစ်နေ၍ မျိုသိပ်လိုက်ရပြန်၏။

 

” ဘာမှ၊ မဖြစ်ပါဘူး၊ ပြန်အိပ်ကြ၊ ပြန်အိပ်ကြ၊

ကြွက်တစ်ကောင် မျက်နှာရှေ့က ဖြတ်ပြေးသွားလို့ ”

ကျနော် ညာပြောရပြန်၏။

 

” ဟာ၊ ဖေငယ်ကလည်းဗျာ၊ အိမ်မက် မက် ကောင်းတုန်း

မှ၊ ထအော် ရတယ်လို့ ၊ တကတည်း ……”

ကျနော့်တူက ကျနော့်ကို အပြစ်ပြောနေသေး၏။

 

သကောင့်သားက အဖြစ်မှန်ကို သိရင်၊ ဖနှင့်နဲ့တင်ပါး

ကပ်အောင်ပြေးမဲ့အကောင်။

 

ကျနော် ဘယ်လိုမှ အိပ်မပျော်တော့ပါ။

 

ဒါ့ကြောင့် ငုတ်တုတ်ကြီး ထိုင်နေမိတော့၏။

 

ထိုအချိန်မှာပဲ၊ ဆရာလင်းထက် ” ဝုန်း ” ကနဲ ထလာပြီး

ကျနော့်ကို အစိမ်းကြီး ကြည့်နေပါတော့၏။

 

“လင်းထက်၊ ဘာဖြစ်တာလဲ”

 

” ဗိုက်ဆာတယ် ”

လင်းထက်၏ အသံက ခပ်သြသြဖြစ်နေ၏။

 

” လင်းထက် …….”

 

” ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်၊ အမေ အမေ အမေ ”

 

“ဝုန်း ”

ဆရာလင်းထက် တစ်ယောက် ပြောချင်ရာပြောပြီး၊

အိပ်ကုတင်ပေါ်မှ ခုန်ချကာ၊ အခန်းထဲမှ တစ်ဟုန်ထိုး

ထွက်ပြေးသွားတော့၏။

 

ကျနော် ကြောင်ပြီးကြည့်ကာ ခေါင်းကုတ်နေမိတော့၏။

 

” အကိုထူး၊ အကိုထူး ၊ အဲဒါ ကိုလွမ်းတင်ရဲ့အသံဗျ ”

 

ရုတ်တရက် အောင်မြင့်ရွှေပြောလိုက်သော စကားကြောင့်

ကျနော့် ခန္ဓာမှာ ရှိသမျှ အမွှေးတွေ ထောင်တတ်သွားသလို

ခံစားလိုကျရ၏။

 

” အောင်မြင့်ရွှေ ၊ မင်း အိပ်နေတာ မဟုတ်ဘူးလား ”

 

“ဘယ်ကအိပ်ရမလဲဗျာ၊ အိပ်ရာပေါ် ရောက်ကတည်းက

တစ်ယောက် ယောက် ကျနော့်ကို ကြည့်နေသလို၊

ခံစားနေရလို့ မျက်လုံးအတင်းမှိတ်ထားတာဗျ၊

 

ပြီးတော့၊ တစ်ခြားသူတွေ အိပ်နေကြပြီလားလို့ မျက်လုံး

မှေးမှေးလေး ဖွင့်ကြည့်လိုက်တော့၊

ကိုလွမ်းတင် အိပ်ရာပေါ်တတ်သွားတာ အထင်းသား

တွေ့လိုက်ရတယ် ၊

 

ကျနော် ပြောသင့် မပြောသင့် စဉ်းစားနေတုန်းမှာပဲ

အကိုထူး ထအော်တာပဲ ”

 

ထိုစဉ် အိမ်အောက်ထပ်မှ

 

” အား၊ အား၊ အောင်မလေး ” ဟု

မိန်းမတစ်ချို့၏ အော်ဟစ်သံ ထွက်ပေါ်လာပါတော့၏။

 

အော်သံကြောင့် ကောင်လေးတွေလည်း လန့်နိုးသွားကာ

ထ ထိုင်လိုက်ကြပြီး၊ ကြောင်စီစီနှင့် ကြည့်နေကြ၏။

 

” ဖေငယ်၊ ဘာဖြစ်တာလည်း ”

 

“ဘာဖြစ်တာလဲ ငါလည်း မသိဘူး၊ လာ လာကြ၊ အမြန်၊

သွားကြည့်ကြမယ် ”

 

ကျနော် ပြောပြောဆိုဆိုနှင့် အိမ်အောက်ထပ်ကို ပြေးဆင်း

သွား၍ ကောင်လေးတွေလည်း နောက်မှ လိုက်လာကြ၏။

 

ကျနော်တို့ ရောက်သွားချိန် လူတွေစုရုံးစုရုံးဖြစ်ကာ

ဝိုင်းပြီး ကြည့်နေကြ၏။

သူတို့၏ အကြည့်တွေက ထူးဆန်းအံ့သြသည့် အမူအရာ

ဖြင့်ပင်။

 

ကျနော်တို့လည်း ကြည့်လိုက်တော့၊ ပါးစပ်အဟောင်း

သားဖြစ်သွားရ၏။

 

ကျနော်တို့မြင်လိုက်ရသည်က ……

ကြက်သားဟင်းအိုးထဲ ထမင်းအပြည့်ထည့်ကာ အလုတ်

အလုတ် စားနေသော ဆရာလင်းထက် ကိုပင်တည်း။

 

ဆရာလင်းထက်က ပုံမှန်ဆို အနေအေးပြီး၊ အရှက်

အကြောက်ကြီးတဲ့သူပါ။

 

ခုကဲ့သို့ ပါးတွေနားတွေမှာပေကျံပြီး ထမင်းစားဖို့ဆိုတာ

ဝေးပါသေး။

 

” ဟေ့ကောင်၊ လင်းထက်၊ မင်း ဘာလုပ်နေတာလဲ ”

ကျနော် ထိုသို့ပြောကာ သူ၏ ပခုံးကို ကိုင်မလိုလုပ်တော့၊

 

” ဟိန်း ” လို့ မြည်ပြီး ကျနော့်ကို မျက်လုံးထောင့်နီနီ

နဲ့ ကြည့်၍၊ ကျနော် လန့်သွားကာ နောက်သို့

ခြေတစ်လှမ်း နှစ်လှမ်းဆုတ်လိုက်၏။

 

လင်းထက်ကတော့ ကျနော့်ကို ရန်မူမဲ့ပုံဖြင့်ကြည့်

ပြီးသည်နှင့် ထမင်းကို အလုတ် အလုတ် စားပြန်၏။

 

ထိုအခါ ကိုလွမ်းတင်ရဲ့ အမေ ထိုနေရာသို့ ရောက်လာ

တာကို လင်းထက် မြင်တော့၊

စားလက်စ ထမင်းကို ထားကာ မျက်နှာကို အောက်စိုက်

လျှက် ငိုပါတော့၏။

 

” ဟီး၊ ဟီး၊ ဟီး ”

 

“ဟေ့ကောင်၊ လင်းထက်၊ ဘာလို့ ငိုနေတာလဲ၊

လင်းထက်၊ ငါ့ကို ကြည့်အုန်း၊ ဘာဖြစ်တာလဲ ”

 

လင်းထက် မျက်နှာကို အောက်စိုက်ထားမြဲ ဖြစ်သလို၊ ဘာမှ မပြောပဲ ငိုပဲငိုနေ၏။

 

လူတွေလည်း အမျိုးမျိုးမေးကြပေမဲ့၊ လင်းထက် ဘာမှ

မပြောပဲ ငိုနေသည်ချဉ်း။

 

” ကိုလွမ်းတင် ”

ကျနော် ခေါ်လိုက်ခြင်းဖြစ်၏။

 

လူတွေရဲ့ အကြည့်က ကျနော့်ဆီ စုပြုံပြီး ကျရောက်လာ၏။

 

သို့ပေမဲ့ လင်းထက် အငိုတိတ်သွား၏။

 

” ကိုလွမ်းတင်၊ ခင်ဗျားလား ”

ကျနော် ထပ်ပြီး မေးလိုက်၏။

 

လင်းထက် ခေါင်းညိတ်ပြ၏။

 

ကိုလွမ်းတင်ရဲ့ အမေခမျာ မျက်ရည်မိုး ဖြိုင်ဖြိုင်ရွာကာ

သားဖြစ်သူအား အော်ခေါ်နေ၍ လူများက ဝိုင်းပြီး

နှစ်သိမ့်ပေးကြရပြန်၏။

 

” ကိုလွမ်းတင်၊ တကယ်ပဲ ကိုလွမ်းတင်လား ”

 

လူတွေက အိမ်ကိုဝှေ့ဝှိုက်ကြည့်လိုက်

လင်းထက်ကို ကြည့်လိုက်နှင့် ကြည့်နေကြ၏။

 

တစ်ချို့လူတွေဆိုရင် နောက်သို့ဆုတ် ဆုတ်လာကြ၏။

 

” ကိုလွမ်းတင် ခင်ဗျားး …….. ”

 

” သား၊ သား တောင်းပန်ပါတယ်၊ အမေ ”

 

” ဝုန်း ”

ဆရာလင်းထက် ရုတ်တရက် လဲကျသွားပါတော့၏။

 

” ကိုလွမ်းတင်၊ အယ် ….. လင်းထက် လင်းထက် ”

ကျနော် လင်းထက်ကို ပွေ့ထူလိုက်၏။

 

“လင်းထက်၊ လင်းထက် ”

လင်းထက်၏ မျက်လုံးအစုံ ဖြေးညှင်းစွာ ပွင့်လာ၏။

 

သို့သော် သူကား ဘာမှ မှတိမိပုံမပေါ်ချေ။

 

” အားး၊ ထူးမြတ်၊ ငါ့ဗိုက်ထဲက နာလိုက်တာကွာ၊

အား ကျွတ်၊ ကျွတ်၊ ကျွတ်၊ ငါ ငါ ဘာဖြစ်သွားတာလဲ၊

ဒီလူတွေကကော ငါ့့ကို ဘာလို့ စိုက်ကြည့်နေကြတာ

လဲ၊ အား ၊ နာလိုက်တာကွာ”

 

” လင်းထက်၊ မင်း ဘာမှ မမှတ်မိဘူးလား ”

 

“ဟမ်၊ ငါက ဘာကို မှတ်မိရမှာတုန်း၊ ပြီးတော့ ငါ အိပ်နေ

တာလေ၊ ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ ”

 

ထိုအခါမှ လင်းထက် တစ်ယောက် သူ၏ မျက်နှာနှင့်

လက်တို့မှာ ပေကျံနေသော ထမင်းလုံးများနှင့်

ဟင်းဆီဖက်တို့ကို သတိထားမိသွားတော့၏။

 

” ဒါ၊ ဒါ ဒါက ……

 

” ဟုတ်တယ်၊ လင်းထက်၊ မင်းကို ကိုလွမ်းတင် ဝင်ပူး

သွားတာ”

 

“ဗုဒ္ဓေါ၊ ကိုလွမ်းတင်ကြီး ဟုတ်လား၊ အာ မဖြစ်နိုင်တာ

ကွာ၊ ထူးမြတ် မင်းကလည်း နောက်မနေနဲ့၊ ဒါက

မသာအိမ်လေကွာ ”

 

ကျနော် ဘယ်လိုပဲ ရှင်းပြပါစေ၊ လင်းထက် မယုံကြည်နိုင်

သေး၍၊ အကုန်လုံး ဝိုင်းဝန်းပြီး ရှင်းပြရ၏။

 

သကောင့်သားက ယုံလည်းယုံရော၊ ကြောက်လိုက်တာ

မှ ဒူးတွေပါတုန်ကုန်၏။

 

” ထူး ထူး ထူးမြတ်၊ ငါ့ကို ငါ့ ငါ့ကို တကယ်ပဲ ကို ကို

လွမ်းတင် ဝင် ဝင် ပူးသွားတာလား ”

ဆရာလင်းထက်၏ စကားလုံးတွေက ထစ်ငေါ့ကုန်၏။

 

” အင်း ”

 

“ဟာ ”

 

“ကဲပါကွာ၊ ဘာမှ မဖြစ်တော့ပါဘူး၊ ကိုလွမ်းတင်က

ဒုက္ခပေးတာမှ မဟုတ်တာ၊

သူ့ခမျာ ……..

 

ကျနော့်စကားမဆုံးမီ မှာပင် လင်းထက် က

“တော်၊ တော် ပါတော့ကွာ၊ ငါ ငါ ဖျားချင်သလိုလို

ဖြစ်လာပြီကွာ၊

 

ထူးမြတ်၊ ငါ ငါ ပြန်တော့မယ်ကွာ ” ဟု ပြောကာ

 

ပြန်မလိုလုပ်နေ၍၊ မနည်းနားချလိုက်ရသေး၏။

 

ထိုနေ့တော့ ကျနော်တို့တွေ ဘယ်သူမှ မအိပ်ကြတော့ပဲ

မိုးလင်းပေါက် ထိုင်နေကြပါတော့၏။

 

ဒါပေမဲ့ ကိုလွမ်းတင်ကြီးတော့ နောက်ထပ် ပေါ်မလာ

တော့ပါ။

******* ******** ***** ****** ***

 

နောက်တစ်နေ့ရောက်ပြန်တော့လည်း ကိုလွမ်းတင်ရဲ့

အရိပ်အယောင်ကိုမျှမတွေ့ရတော့ပေ။

 

တစ်ယောက်ယောက်ကိုများ ဝင်ပူးအုန်းမလား အတွေး

ဖြင့် အကုန်လုံးကြောက်ရွံ့နေကြပေမဲ့၊ ဘာမှ ထပ်ပြီး

မထူးခြားတော့ချေ။

 

သို့ပါသော်လည်း မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အရာ

တွေကြောင့် တစ်ချို့က ကိုလွမ်းတင် ကျွတ်လွတ်မှာ

မဟုတ်ဘူး၊

ဘာညာပြောကြပေမဲ့၊ ကိုလွမ်းတင်၏ ဝိညာဉ်ကိုကား

နောက်ထပ်မတွေ့ရတော့သည်သာ။

 

ကျနော် သိသလော်ဆိုရင် ကိုလွမ်းတင်က မသောက်

မစားတဲ့ လူကောင်းတစ်ယောက်ပါ၊ မိဘတွေအပေါ်လည်း

အရမ်းကြီး ကောင်းပေးနိုင်လွန်းတဲ့သူပါ။

 

နောက်မှ သိရတာက ကိုလွမ်းတင် ဆိုင်ကယ်မတော်တဆ

ဖြစ်နေ့ မနက်ကတည်းက မပျော်မရွှင်နဲ့ တစ်ခုခုကို

စိတ်မကျေနပ်သလိုမျိုးဖြစ်နေပြီး၊

 

သူ၏ မိခင်တားနေတဲ့ကြားက ဆိုင်ကယ်ဖြင့်ထွက်သွား

သည်ကိုပင်တည်း။

 

မေးစရာရှိတာက လူကြီးတွေပြောကြသလို

” ဆုတ်တစ်ရက် ဆန်းတစ်ရက်နေ့တွေမှာ သေတဲ့သူတွေ

က တကယ်ပဲ သရဲဖြစ်တတ်သလား၊ ဒါမှမဟုတ်

မိခင်တားမြစ်နေတဲ့ကြားက ထွက်သွားတာကို နောင်တ

ရလို့ တောင်းပန်ဖို့လာတာများလား ” ဆိုတာပါပဲ။

 

ဒါမှမဟုတ်ရင်လည်း သူ့မှာ ကျနော်တို့မသိနိုင်တဲ့ စွဲလန်း

စရာတစ်ခုခုများရှိလို့လားဆိုတာ ကာယကံရှင် ကိုလွမ်းတင်

က လွဲပြီး ဘယ်သူမှ သိမည်မထင်။

 

ရက်လည်တဲ့နေ့မှာလည်း ကျနော်တို့ကပဲ ဝိုင်းဝန်းကူညီ

ပေးလိုက်ကြပြီး၊

 

အမျှဝေတဲ့ အခါမှာလည်း ကိုလွမ်းတင်ကို သာဓုခေါ်ဖို့

ကျနော် ကိုယ်တိုင် သွားခေါ်ခဲ့၏။

 

ထိုနေ့က စပြီး နောက်ထပ် ဘာထူးခြားမှု့ကိုမှ

မကြုံရတော့ပေမဲ့ ၊

 

ဆရာလင်းထက်ကား အရပ်ထဲ အသုဘ ရှိတယ်လို့

ကြားရင် ကျနော်တို့ အကုန်လုံးကို ရှောင်တိမ်းနေပါ

တော့၏။

 

ဘယ်လိုမှ ခေါ်၍ မရတော့ချေ။

 

ကိုလွမ်းတင်လည်း ကောင်းရာမွန်ရာကို

ရောက်နိုင်ပါစေဟု၊

ဆန္ဒပြုရင်း …………

 

( စကားချပ်။ ။” မသာအိမ် ( အသုဘအိမ် ) နှင့် ရထားဘူ

တာ တွေမှာ သရဲရှိတယ် ” လို့ ငယ်ငယ်တုန်း

ကတည်းက ကြားဖူးပေမဲ့ ပထမတော့မယုံ

ခဲ့၊ ကိုလွမ်းတင်ရဲ့ အဖြစ်အပျက်ပြီးတော့

မသာအိမ်မှာ သရဲခြောက်တတ်တယ်ဆိုတာကို

ယုံသွားခဲ့၏။ အင်း၊ ရထားဘူတာမှာ သရဲခြောက်

မခြောက်သိရအောင်တော့ ရထားလမ်းရှိလျက်

ရထားတစ်ခါမှ မသွားတဲ့ ကိုယ့်မြို့က ရထားဘူ  တာ ဆီ သွားကြည့်အုန်းမှ 😁😁 )

 

ပြီးပါပြီ။