“သူငယ်ချင်းထက်ပိုခဲ့သည်”(စ/ဆုံး)

Unicode Version

“သူငယ်ချင်းထက်ပိုခဲ့သည်”(စ/ဆုံး)
——————————————-
(နှလုံးသားဖြင့် ပြီးအောင် ဖတ်ပေးကြပါ)
“တန်ဖိုးဆိုသည်မှာ ရှိနေစဉ်က အလေးမထားခဲ့လျှင်
နောင်သောအခါ၌ ကြီးစွာ နောင်တရတတ်သည်” လို့
သူငယ်ချင်း တစ်ယောက်ပြောဖူးသည်။သူ့စကား မှန်ကောင်း မှန်နိူင်ပါလိမ့်မည်။ဒီစကားက သူ့အတွက်တော့
မဟုတ်နိူင်၊သူဆို သည်မှာ ကျွန်တော် အင်မတန်မုန်းသော
အိမ်နီးချင်း ကောင်မလေး “နွယ်ရိုး” ပါပဲ။
ကျွန်တော် သူ့ကိုမုန်းတာ မလွန်ပါ၊စဉ်းစားကြည့်လေ
နာမည်က ကျွန်တော့်နာမည်နှင့် ခပ်ဆင်ဆင်၊”ေဩာ်” ဒါနဲ့
ကျွန်တော့်နာမည်က “နောင်ရိုး” ပါ။သူတို့ မိသားစုက
ပြောင်းလာတာ ၄ နှစ်လောက်ရှိပြီ။အညာ ဒေသ မကွေး
တိုင်းက ဆိုလားပဲ၊အညာသူသာ ပြောတယ် အသားအရေ
က ဖြူဝင်းလို့။အဲ ရုပ်ကလည်း အများအမြင်မှာ ချစ်စရာ
ကောင်းလောက်ပေမယ့် ကျွန်တော်ကတော့ စတွေ့က တည်းကလုံးဝ ကြည့်မရခဲ့။စကားက မပီတပီအညာလေသံ နှင့်။ သူရောက်လာလာ ချင်းပဲ အိမ်ကအဖေ ကျွန်တော့်ကို အချစ်လျော့ သွားသလား ထင်ရလောက်အောင်အမြဲလိုလို သူနှင့်ပတ်သက်လျှင် ကျွန်တော့်ကို ရန်ရှာနေတတ်သည်။ ကျောင်းသွား ကျောင်းပြန် သူ့ကို မစောင့်လျှင် ကျွန်တော် အဆူခံထိသည်။စာကျက်တာ၊မုန်စားတာ သူနှင့် အတူတူ မဟုတ်လျှင် နေစရာမရှိရလောက်အောင် ကြိမ်းသည်။ အမေကပါ သူ့ဘက်ကဆိုတော့ ပို၍ ဆိုးသဖြင့် ကျွန်တော့် မှာ ” မချစ်သော်လည်းအောင့်ကာနမ်း” ဆိုသလို သူ့ကို သည်းခံ ပေါင်းသင်းလာရသော်လည်း သူ့ကို မုန်းမိသည်။ သူ့ကို ကျွန်တော် အမုန်းဆုံးအချက်က ကျွန်တော့်ထက် စာ ပိုတော်၍ ဖြစ်သည်။အသက်က ကျွန်တော့်ထက် ၅ လခန့် ငယ်သော်လည်း သွက်လက်ပြီး ထက်မြက်သည်ဟု ဆိုကာ ကျွန်တော့် မိဘတွေ မဆိုထားနှင့် အရင်ကဆို အတန်းထဲ တွင် ကျွန်တော့်အား အချစ်ဆုံးဆိုသော ဆရာ/မများကပင် သူ့ကို ပို၍ချစ်သွားကြသည်ဟု ထင်သည်။ထို့အပြင်လိုအပ် သည်ထက်ပို၍ ဖော်ရွေစွာ ဆက်ဆံတတ်သောကြောင့် သူငယ်ချင်းများကလည်း ကျွန်တော့်ထက် ပို၍ သူ့ကို ဦးစား ပေးသွားကြသည်။ဒါတွေဟာ ကျွန်တော် သူ့ကို မုန်းရသော အချက်များပင်ဖြစ်သည်။ကျွန်တော် မမုန်းသင့် ဘူးလား။ အဆိုးဆုံးကတော့ ကျွန်တော် အမြတ်တနိုး
စိုက်ထားသော နှင်းဆီပန်းတွေကို မေမေ့ အားကိုးဖြင့်
တစ်နေ့တစ်ပွင့် ခူးယူ ပန်ဆင်နေခြင်းပင်။
“အဲ” တစ်ခုတော့ရှိသည်။ထိုအရာကား ကျွန်တော်
နေမကောင်းဖြစ်လျှင် ဂရုတစိုက် လာရောက်ပြုစု၍ စာ
များကူးပေး၊ရှင်းပြပေးတတ်သည်။ဘာခိုင်းခိုင်း မငြိုငြင်
ရှာ၊အပြင်မှာ ပြဿနာ ဖြစ်လာလျှင် အိမ်မရောက်။ဒါတွေ
ကလည်း သူ့အပေါ် ကျွန်တော် အမြင်ကြည်အောင် တမင်
လုပ်နေတာ ဖြစ်မည်။ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်အပေါ် အနွံ
တာခံတတ်သောကြောင့် ကျွန်တော်ကျေနပ်သည်။ဒါကို
ပဲ သူငယ်ချင်းတွေက သူ နှင့်စလျှင် ကျွန်တော် စိတ်တို
သလောက် သူက အပြုံးမပျက်။နောက်ပြီး စကားပြော
လျှင်လည်း ရှာရှာဖွေဖွေ ကန့်လန့်တိုက် ပြောတတ်သည်။
ကျွန်တော် ငေါက်လိုက်လျှင်တော့ လျှာကလေးထုတ်ကာ
ငြိမ်သွားတတ်သည်။
“ဟဲ့..နွယ်ရိုး”
“ဘာလဲ…ပြော”
ပြန်ပြောပုံကိုက အမြင်ကတ်စရာ။
“နင် အနေအထိုင် ဆင်ခြင်စမ်းပါ”
“အောင်မာ..ငါက ဘာတွေလုပ်နေလို့လဲ”
“နင်က ဘာမှမလုပ်ပေမယ့် နင်နဲ့ငါနဲ့ကို လူတွေက
ဘယ်လိုတွေ ပြောနေကြလဲ နင်မသိဘူးလား”
“အောင်မာ..အိုးကမပူ စလောင်းကပူနေသေး”
“ဒီမယ်..ပတ်ဝန်းကျင်က ဘာပြောပြော ငါမသိဘူး၊
ငါသိတာက ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ဘာသာ အေး
ဆေးနေတာ ကိုယ်ထင်ရင် ကုတင်ရွှေနန်း ပဲ”
“ဟဲ့..စကားတတ်တိုင်း ပြောမနေနဲ့၊ငါအခုပြောနေ
တာက နင့်အတွက် နင်ကမိန်းကလေး”
“ကျေးဇူးပါ ကိုနောင်ရိုးရယ် အခုလိုပူပန်တွေးပေး
လို့၊ငါတို့ အရွယ်က ကိုးတန်း ကျောင်းသားတွေ၊တခြား
ဘာတွေးနေရမှာလဲ နင်သာ နှာတွေး တွေးမနေနဲ့၊ပတ်ဝန်း
ကျင်ဆိုတာ ငါတို့ ဘဝအတွက် ဒုတိယဇာတ်ကောင် ငါတို့
ကသာ ပထမဇာတ်ကောင်ပါဟ”
“နင်စကားတတ်တိုင်း အနိူင်လုပြောမနေနဲ့၊ငါ နင့်ကို
မနိူင်လို့ ပြန်မပြောတာ မဟုတ်ဘူး ပြောကိုမပြောချင်လို့
သိလား”
“ငါ..စကားတတ်တာ မဟုတ်ပါဘူး စာတွေဖတ်လို့
ပါ၊ဒါကြောင့် နင်လည်း ငါ့လို စကားတတ်ချင်ရင် စာများ
များဖတ်ပေါ့ဟ”
“ဖတ်..ဖတ်၊နင့်ဘာသာ သေအောင်ဖတ်”
ပြောမရသည့်အဆုံး သူ့ကိုအော်ကာရှေ့ကလျှောက်
ခဲ့တော့ အနောက်ကနေ ပြောင်သလိုလို တခိခိနှင့်ရယ်မော
ကာလိုက်လာသည်။ဘယ်လိုပြောပြော စိတ်မဆိုးတတ်သော
သူ့ကို ကျွန်တော် ဒေါသဖြစ်မိသည်။သို့ပေမယ့် သူ စာတွေ
တအားဖတ်တာကိုတော့ ကျွန်တော် မငြင်းနိူင်ပါ။အချိန်
အားတိုင်း စာအုပ်တွေ ဖတ်နေတတ်သည်။
ဒီလိုနှင့် ဆယ်တန်းသို့ရောက်လာခဲ့သည်။ဆယ်တန်း
ဆိုသောအရွယ်ကား လူငယ်တို့ လက်တည့်စမ်းသည့် မြီး
ကောင်ပေါက်အရွယ် မဟုတ်ပါလား။
“ဟေ့ကောင်..နောင်ရိုး၊မင်း နဲ့ နွယ်ရိုးက မိဘတွေ
သဘောတူထားလား”
“ဘာကွ …လင်းအောင် မင်းစကားကို ဆင်ခြင်ပြော”
အတန်းရှေ့ ဆရာမလာခင် ထိုင်နေကြစဉ်
လင်းအောင်၏ အမေးကြောင့် ဒေါသထွက်၍ အော်လိုက်
မိသဖြင့် ဘေးနားက သူငယ်ချင်းများပါ သူ့ကို လှည့်ကြည့်
ကြသည်။ဒါကိုပင် အလိုက်မသိတတ်သော လင်းအောင်က-
“ဒါ..ဒါဆို မင်းကရော မကြိုက်ဘူူးလားကွ”
“ထွီ!!
“ကြိုက်စရာလားကွ၊ငါသူ့ကို ဘယ်လောက်ကြည့် မရလဲ ဆိုတာ မင်းတို့တင်မဟုတ်ဘူး၊တစ်ကျောင်းလုံးက သိတယ်”
“အေးပါကွာ..ဒါဆို ငါ့ကို ပြောပေးပါလား”
“ဘာ!!!
စောစောက စကားတွေကို သူစိတ်ဆိုးမိပေမယ့် ယခု
ပြောလိုက်သောစကားက သူ့ရင်ကို တစ်ခုခု နှင့် ထိုးလိုက်
သလို ခံစားလိုက်ရတာကြောင့် သူလိုအပ်သည်ထက် ပို၍ အသံ ကိုကျယ်လောင်သွားအောင် အော်လိုက်မိသည်။
“ဟာ”
“မင်းကလည်း အော်လိုက်တာကွာ၊မင်းပဲ ကြည့်မရ
ဘူးဆို အဲဒါကြောင့် ငါကပြောတာပါ၊ပြီးတော့ သူက ငါ
ဘယ်လိုစာပေးပေး မရဘူးကွ၊မင်းကသာ ယူ လို့ တစ်ခွန်း
ထဲပြောလိုက်ရင် သူယူမှာကွ လုပ်ပါကွ”
နဲနဲတော့ တွေဝေသွားသည်။သူ့ကို ကြည့်မရအောင်
မုန်းသည် ဆိုပေမယ့် တခြားသူကို ကျွန်တော့်ထက်ပို၍ ဦး
စားပေးမှာကို မလိုလား။တစ်စုံတစ်ခု ဆုံးရှုံးသွားမှာကို
ကြောက်နေသလို ဖြစ်မိသည်။
“ဘာလဲ မင်းကြိုက်နေလို့လား”
“ဟာကွာ..ကြိုက်စရာလား၊ငါဘယ်လိုလုပ်ပေးရ
မလဲ စဉ်းစားနေတာ”
“ဘာမှ စဉ်းစားနေစရာ မလိုပါဘူးကွာ၊ငါပေးတဲ့
စာ ယူလိုက်လို့ပြောလိုက်…ဘယ်လိုလဲ”
“အေးပါကွာ..ပြောလိုက်မယ်”
သူ့ကို ချောက်တွန်းချင်သောစိတ်ကပို၍ အလေးသာ
သွားသဖြင့် ကူညီရန်ဆုံးဖြတ်လိုက်သည်။သို့သော် စိတ်က
တော့ မလုံ။၊စာသင်ချိန်၊ထမင်းစားချိန်တွေ သူနှင့် မျက်လုံး
ချင်းမဆုံအောင် နေမိသည်။”ကိုယ်လိပ်ပြာ ကိုယ်မလုံ” ဆို
တာ ဒါပဲဖြစ်မည်။ဒါကို အလိုက်မသိသော ငတိမလေးက
ကျွန်တော့်ကို တစ်ခါတစ်ခါ စိုက်ကြည့်တာ အနေရခက်
လှသည်။မထူးတော့ ညနေကျောင်းဆင်းတော့ –
“ဟဲ့…နွယ်ရိုး”
“ဘာလဲ..ပြော”
“နင့်ကို ဟိုကောင် အောင်လင်းက စာပေးမလို့တဲ့
အဲဒါ ယူလိုက်စမ်းပါ၊ငါ နားငြီးလို့ သေတော့မယ်”
“ဘာစာလဲ၊ရည်းစားစာလား နင်ကတကယ်ယူစေ
ချင်တယ်ပေါ့”
“လျှာရှည်တယ်ဟာ ယူဆိုယူလိုက်ပေါ့၊ဟော..ပြော
ရင်း ဟိုကောင်လာနေပြီ ငါသွားနှင့်ပြီ”
ရှေ့က ခပ်သုတ်သုတ် လျှောက်လာခဲ့ပေမယ့် စိတ်
တွေက နောက်မှာနေခဲ့သည်ထင်၏။သို့သော်လည်း အိမ်
ကိုသူအရင်ရောက်မှ ရမည်။ဒါမှ အစီအစဉ်တကျ ဖြစ်မှာ
ပေါ့ ဟုမိမိဘာသာ တွေးရင်း ကျေနပ်စွာ တစ်ချက်ပြုံး
လိုက်သည်။
********************
” မိနွယ် မလိမ်နဲ့နော် ငါအကုန်သိပြီးပြီ”
“အမေ..သမီးက ဘာကိုလိမ်ရမှာလဲ”
“အား!!!!
နွယ်ရိုး အော်သံစူးစူးကို ကြားလိုက်ရ၍ ရင်ထဲ
ကျေနပ်သွားသလိုရှိ၏။ဒါ သူ့အမေ ဗိုက်ခေါက် လိမ်ဆွဲ
တာပဲဖြစ်မည်။
“ဟဲ့ကောင်လေး ဘာတွေပြုံးနေတာလဲ၊နွယ်ရိုး
အသံကြားပါတယ် ဘာဖြစ်နေကြတာလဲ”
ကိုယ်အတွေးနဲ့ကိုယ် ပျော်နေသည်မို့ အနောက်က
အမေလာတာကိုမမြင်မိ။အနည်းငယ် လန့်သွားပြီးကာမှ
ပြန်ထိန်းရင်း-
“ဘာဖြစ်ရမှာလဲ အမေရယ်၊အမေတို့ လိမ်မာလှပါ
တယ်ဆိုတဲ့ နွယ်ရိုးပေါ့..နွယ်ရိုးလေ”
“ဟဲ့ အိုက်တင်ခံမနေနဲ့ နွယ်ရိုး ဘာဖြစ်လို့လဲ”
“အဟီး..ညနေက သူ့ကို ကောင်လေး တစ်ယောက်
ရည်းစားစာ လိုက်ပေးတာ ယူခဲ့တယ်တဲ့လေ”
“ဘာ!!! “မဖြစ်နိူင်တာ”
“အာ…လန့်တာ အမေရာ ဖြေးဖြေးအော်ပါ”
အမေ ဘာမှမပြောဘဲ သေချာ စိုက်ကြည့်နေပုံက
တရာခံတစ်ယောက်ကို ကြည့်သည့် ရဲသားတစ်ယောက်၏ အကြည့်မျိုး-
“အမေ..သားကို ဘယ်လိုကြီးကြည့်နေတာလဲ၊သား
ဘာမှ မသိဘူးနော်..ဒါ သူ့ကိစ္စ”
“ငါ..နင့်ကို ဘာမှ မမေးရသေးဘူး၊နင့်ဘာသာ အိုး
မလုံ အုံပွင့်နေတာ၊လာသွားမယ်”
ပြောပြောဆိုဆို နားရွက်ကို ဆွဲကာခေါ်၍ နွယ်ရိုး
တို့ အိမ်ထဲ လှမ်းဝင်ရင်း-
“ဘာဖြစ်တာလဲ မသွယ်”
“ဘာဖြစ်ရမှာလဲ မစန်းရယ်၊ဒီအလိမ်မာတုံးမ လေ
သူ့ကို ကောင်လေး တစ်ယောက်က ရည်းစားစာ ပေးတာ
ယူခဲ့ သတဲ့အေ”
“ဟာ..အမေကလဲ ရည်းစားစာ မဟုတ်ပါဘူးဆို”
“ဟဲ့…နောင်ရိုးကိုယ်တိုင် သိထားတာ ဗြောင်လာ
လိမ်မနေနဲ့”
အမေက ကျွန်တော့်ကို တစ်ချက်ကြည့်ကာ-
“ကဲ…သမီးနွယ်ရိုး၊ဘာစာလဲပြ သမီးကို အန်တီ
ယုံပြီးသား”
“ခဏလေး သမီးပြမယ်”
သူ့လွယ်အိတ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ကာ-
“ရော့..အန်တီစန်း ဖတ်ကြည့်၊အတန်းထဲက သူငယ်
ချင်း အောင်လင်းက သူမနက်ဖြန် သူ့အဖေနဲ့ ဘုရားဖူး
လိုက်သွားမလို့ ခွင့်တင်ခိုင်းတာ”
“အဲဒါ..စောစောကပြောပါလား”
“အမေက ဘာမှမမေးဘဲ အတင်းဆူနေတာကိုး”
နွယ်ရိုးမျက်နှာ ငိုမဲ့မဲ့နှင့် ရှိနေစဉ် ဘယ်အချိန်က
အိမ်ပေါက်ဝ ရောက်နေသည် မသိသော အောင်လင်း က-
“ဟုတ်ပါတယ် အန်တီ၊နောင်ရိုးကို ပေးခိုင်းတာ
နောင်ရိုးက နွယ်ရိုးကို ပေးလိုက်ပါ ဆိုလို့ ပေးမိတာပါ”
“ဟာ!!!
ဒီတစ်ခါ အာမေဋိတ်သံ ထွက်သွားရသူက ကျွန်တော်
ကလွဲပြီး ဘယ်သူမှ မရှိ။အောင်လင်းကို စိတ်ထဲမှ ကျိန်ဆဲ
ရင်းသာ ခေါင်းကို ငုံ့ထားမိသည်။အမေက ကျွန်တော့်ကို
စေ့စေ့ကြည့်ရင်း-
“ငနောင်ရိုး ဒါနင့်လက်ချက်ဆိုတာ ငါသိပြီးသားပါ
နင့် အဖေနဲ့နင်တွေ့ပြီပေါ့”
“ဟာ..အမေ၊သားက သူ့ကို ကောင်းစေချင်လို့
စိတ်ပူပြီး ထင်မိထင်ရာ တိုင်မိတာပါ၊စေတနာ အမှား
လေးပါ၊ နော်..အန်တီသွယ်”
“အပိုတွေ ပြောမနေနဲ့ နင့်အဖေရဲ့ စေတနာ စကား
သံလေးတွေ နင်နားထောင်ဖို့ပြင်ထား၊ လာခဲ့”
လက်ဆွဲကာ ရှေ့ကထွက်သွားတော့ ကျွန်တော် ယက်ကန်ယက်ကန်ပါသွားရင်း အနောက်က အောင်လင်း ကိုလက်သီးထောင် ပြမိသည်။စိတ်ထဲကတော့ အခဲမကြေ။
အဖေ့ရဲ့ အဆူအပူတွေအောက်မှာ ဒီည ကောင်းကောင်း
ကြီး နှစ်ပါးသွားရတော့ မည်။
“ငအောင်လင်းနဲ့ မိနွယ်ရိုး နေနှင့်ဦးပေါ့ဟာ”
စိတ်ထဲက ကြိမ်းလိုက်ခြင်းပါ။အသံပါထွက်ရင်
အမေ့လက်စာ အရင်မိသွားပေလိမ့်မည်။
******************************
သူနှင့် ကျွန်တော် စကားမပြောဖြစ်။စာမေးပွဲက
နီးလာပြီမို့ စာကိုပဲ အာရုံစိုက်ကြတာလည်းပါသည်။ကံ
ဆိုးချင်တော့ ကျွန်တော် အပြင်းဖျားလေသည်။ညနေဖက်
ဆို သူရောက်လာပြီး စာတွေ ရှင်းပြသည်။ဆေးတိုက်
ပေးသည်။အခုမှ သေချာကြည့်မိတယ်၊သူ့ကို လူချစ်လူခင်
ပေါမည်ဆိုလဲ ပေါစရာပါပဲ။သူ့ရုပ်ကလေး ကြည့်ရတာ
ပီဘိ ကလေးတစ်ယောက်လို အပြစ်ကင်းစင်ကာ လန်း
ဆန်းတက်ကြွနေသည်။သူ့ကို ကြည့်ကာ ကိုယ်ပါ ရော၍
ပျော်နေသည် ထင်ရလောက်သည်။
“ဟဲ့…ဘာကြည့်နေတာလဲ၊နင် စာမေးပွဲ ကြောက်ပြီး
ဖျားတာ မဟုတ်လား”
“လဲသေလိုက်ပါလား၊သူ့ဘာသာ ဖျားတာ ငါက
သိမလား အရူးမရဲ့”
“တွေ့လား အဲဒီလို ရန်ပြန်တွေ့တာကိုက ဝန်ခံနေ
တာနဲ့ အတူတူပဲ”
“မိနွယ်ရိုး၊နင်တော်တော့နော်၊ ငါ သက်သာကာစ
ပဲရှိသေးတယ်၊စာပြထားတဲ့ မျက်နှာထောက်နေလို့”
“ဟားဟား..စတာပါ နောင်ရိုးရယ် မိန်းမကြီးကျနေ
တာပဲ၊ ေဩာ် ဒါနဲ့ ဟိုတစ်ခါ အမေ့ကို တိုင်တာ နင်ငါ့ကို
တကယ် စိတ်ပူလို့လား”
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးနေသော
မျက်နှာလေးက သူ့အဖြေကိုသေချာမျှော်လင့်နေပုံရသည်။
သူအားရ ပါးရ တစ်ချက်ရယ်ကာ-
“လဲသေလိုက်…ငါ တမင်ချောက်တွန်းတာ၊ဟိုကောင်
အောင်လင်း ကြောင့်ငါ အခုထိ အခဲမကြေဘူး၊ကဲသိပြီ
လား”
သူ့မျက်နှာလေး ညှိုးကျသွားတာ သိသာသည်။
အမှန်ဆို “ငါတကယ် စိတ်ပူတာလို့” ပြောချင်ပေမယ့်
အနိူင်ယူလို စိတ်က များနေသောကြောင့် သူပြောသာပြော
လိုက်ရပေမယ့် သူ့မျက်နှာလေး မြင်လိုက်ရတာ ရင်ထဲတွင် ဆို့နင့်သွားသည်။မျက်လွှာလေး အသာချကာ-
“ကဲ ..နင်ဆေးသောက်ပြီး အနားယူတော့၊ငါလည်း
ပြန်တော့မယ်၊စာလည်းကျက်အုံး ကျောင်းဖွင့်ရင် စာမေး
ပွဲဖြေရတော့မယ်”
“ငါသိပါတယ်ဟ၊ဆရာကိုလုပ်တယ်”
နွယ်ရိုးထွက်သွားတော့မှ ကိုယ့်ကိုကိုယ် မှန်ထဲတွင်
ကြည်ကာ ကျိန်ဆဲနေမိသည်။သူ့အပေါ်ကို အနိူင်ယူချင်
နေသောစိတ်ကို ဘယ်လိုများ ဖျောက်ရပါ့မလဲ။စိတ်ထဲ
ကမပါပေမယ့် ပါးစပ်က အလိုလို တုန့်ပြန်ပြီးသား ဖြစ်နေ
သော ပါးစပ်ကိုသာ သုံးလေးချက် ရိုက်လိုက်မိသည်။အား
နဲနဲ ပြင်းသွားပုံရ၏။ နှုတ်ခမ်းမှ သွေးများစီးကျလာသည်။
“နဲသေးတယ်” ဟု မှန်ထဲမှ မိမိ ကိုယ်ကိုယ်ကြည့်ကာ ပြော
ရင်း ရယ်နေလိုက်မိသည်။
**************************
စာမေးပွဲဖြေမယ့်နေ့။ခါတိုင်းဆို စောစောရောက်
လာတတ်သော ငတိမက ခုထိမလာသေး။ကြည်နေသော
စိတ်တို့က ပြန်လည် နောက်လာပြန်သည်။စိတ်ထဲမှ ကြိတ်
၍ ဒေါသဖြစ်နေစဉ် အပြေးအလွှား ရောက်လာသည်။
“ဟဲ့..စိတ်ကောက်နေတာလား၊ဆောရီးပါဟာ ငါ
ငါလေ..ဟိုဟို”
“တော်တော့ စကားမရှည်နဲ့သွားမယ်”
ငေါက်လိုက်တော့ သူလုပ်နေကျ ပုံစံလေးအတိုင်း
လျှာကလေးထုတ်ကာ ဇက်ကလေးပုသွားသည်။ယခင်
ရက်တွေက သူ့ကို မစောင့်ချင်ပေမယ့် ခုကျမှ စာမေးပွဲ
ပြီးမှာ ကြောက်နေပြန်သည်။ခက်တာက ဒီငတိမလေး နေ့
တိုင်းနောက်ကျနေတတ်ခြင်းပင်။သူဒေါသ ထွက်ချင်ပေ
မယ့် ထိုသို့သော စောင့်ရတာကိုက အရသာရှိနေပြန်သည်။
ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့မို့ သူတို့တွေ သူငယ်
ချင်းများနှင့် လျှောက်လည်ကြသည်။သူဒီနေ့ နွယ်ရိုးကို
ဘယ်တုန်းကမှ စိတ်မဆိုးခဲ့သည့် အကြောင်း ဘယ်တုန်းက
မှ မမုန်းခဲ့သည်ဆိုသည့် အကြောင်းတွေ သူငယ်ချင်းတွေ
ရှေ့မှာ ပြောပြရမည်မို့ အူမြူးနေသည်။လျှောက်လည်ကြ
ရင်း အအေးဆိုင်ထိုင်ကာ နားကြတော့ စကားခေါ်လိုက်မိ
သည်။
“ဟေ့..ငါတို့တွေ ဒီလို အချိန် ဒီလို နေရာမှာ ဒီလို
မျိုး ပျော်ရွှင်စွာ ဆုံဆည်းရမယ်လို့ ဘယ်သူက သိခဲ့ကြ
မှာလဲနော်”
သူ့စကားကို အားလုံးအပြုံး ကိုယ်စီဖြင့် ထောက်ခံ
နေကြပေမယ့် မထင်မှတ်သော စကားကို ဆိုလိုက်သူက
နွယ်ရိုး-
“အင်း..ဟုတ်ပါတယ်၊ဒါပေမယ့် ငါတို့တွေ ဘယ်လို
အချိန် ဘယ်လိုနေရာမျိုးမှာ ဘယ်လိုမျိုး ဝမ်းနည်းစရာ
တွေနဲ့ ဘယ်လို ခွဲကြရမလဲ ဆိုတာ ဘယ်သူသိကြမှာလဲ”
“ဟာ!! “ဟင်!!!
ဒါတမင်သက်သက် သူ့စကားကို ကန့်လန့်တိုက်
ပြောချလိုက်တာ အသိအသာကြီးပဲ။
“နွယ်ရိုး!!!!!
ကျယ်လောင်သော သူ့အော်သံကြောင့် ခန္ဓာကိုယ်
လေးတုန်သွားကာ သူ့ကို ပြူးပြဲကြည့်နေသည်။
“ဟဲ့..ဘာဖြစ်တာလဲ၊ငါက ဖြစ်နိူင်တာပြောတာပါ”
“တော်စမ်းနွယ်ရိုး၊နင်ဟာလေ ငါ့စကားဆို အမြဲ
ဘုကန့်လန့်တိုက်တယ်၊နင်ဟာလေ နင့်ကိုယ်နင် စာတော်
တယ်ဆိုပြီး စာဖတ်တယ်ဆိုပြီး သိပ်အထင်ကြီးလွန်းတယ်
ဒီမယ် ငါစာမဖတ်ဘူး စာမတော်ဘူး၊အေးဒါပေမယ့် ငါဒီ
နေ့ နင့်ကို ငါ့ရဲ့အခင်ဆုံး ပါ၊ဘယ်တုန်းကမှ စိတ်မဆိုးခဲ့
ပါဘူးလို့ ငါပြောမလို့ပဲ၊အခုတော့ ပြောင်းပြန်ဖြစ်သွားပြီ၊
ငါ နင့်ကို သိပ်မုန်းတယ် ၊ငါနင့်ကို မုန်းတယ် မိနွယ်ရိုး”
အဆီအငေါ် မတည့်သော စကားတွေကို ဘောင်
ဘင်ခတ်မတတ်ပြော ချလိုက်ရင်း နေရာမှထထွက်လာခဲ့
လိုက်သည်။
“ဟဲ့..နောင်ရိုး၊နေပါအုံးဟ..ငါပြောပြပါ့မယ်”
“ငါ့နောက် လိုက်မလာနဲ့ နင့်ကိုငါမုန်းတယ်”
အနောက်က ကပ်ပါလာသော သူ့ကို နာကြည်း
မုန်းတီးစွာ အောဟစ်ရင်း လမ်းတစ်ဖက် ကူးလာလိုက်
သည်။ဒီတစ်ခါ ရင်ထဲတွင် နင့်သည်မဟုတ်၊မျက်ရည်များ
ပါဝဲ တက်လာသောကြောင့် သူဘာကိုမှမမြင်တော့။
“ဟဲ့..နောင်ရိုး..ကား…ကား..”
“ဝုန်း!!! “ဒုန်း!!!!
နားထဲမှာ နွယ်ရိုးအော်သံကို နောက်ဆုံးကြားလိုက်
ရပြီးနောက် သူ အမှောင်ထုထဲ ရောက်ရှိသွားခဲ့သည်။
ထို့နောက် အလင်းတန်းတစ်ခု ရောက်ရှိလာကာ နွယ်ရိုး
ပေါ်လာသည်။နွယ်ရိုးက ငိုယိုပြီး တောင်းပန်းနေရှာသည်။ သူကျေနပ်သည် ဖြစ်၍ စိတ်မဆိုးရက်တော့ပါ။
**********************
“အား” “ကျွတ်..ကျွတ်”
ကိုက်ခဲနေသော ဦးခေါင်းက ဝေဒနာကို ညည်းသံ
သဲ့သဲ့နှင့် ဖြေဖျောက်လိုက်သည်။ထို့နောက် မျက်စိကို အား
ယူကာ ဖွင့်မိတော့ သူ့တစ်ကိုယ်လုံး ပတ်တီးတွေနှင့်။ နှာခေါင်း တွင်လည်း အစာသွင်းဟန်တူသော ပိုက်ကို
တပ်ထားသေးသည်။
“သား…သတိရပြီလား၊မသေကောင်း မပျောက်
ကောင်းကွယ် တော်သေးတာပေါ့…”
အမေ့စကားသံက ပြတ်သွားတာလား၊ဆက်မပြော
တော့တာလား သူမသိ။သူသိချင်တာက နွယ်ရိုး။
“အမေ…သားဘာဖြစ်တာလဲ”
“သား..ကားတိုက်မိတာလေ၊တော်သေးတယ်
အေးဆေးအနားယူပါ၊ဆရာဝန်ကပြောတယ် မစိုးရိမ်ရ
ပါဘူးတဲ့”
အမေ့စကားတွေက အဆက်ပြတ်နေသလိုပဲ။
“အမေ..နွယ်ရိုးရော”
“သူ့အဘွား နေမကောင်းလို့ အညာပြန်သွားတယ်၊
သား ဘာမှ မတွေးနဲ့အုံး ခေါင်းကဒဏ်ရာ မသက်သာ သေးဘူး”
ခပ်ပြတ်ပြတ် ဝင်ဖြေလိုက်တာက အဖေ။ဘာမှ
ထပ်မမေး တော့ပဲ အမေ့ကို တစ်ချက်ကြည့်ကာ ပြန်မှိန်း
နေလိုက်သည်။
“ေဩာ် နွယ်ရိုးရယ် ငါဆေးရုံတက်နေတာတောင်
မှ လာမကြည့်ပေးဘူးနော်” ဟုသာ စိတ်ထဲမှ ရေရွတ်ရင်း
မျက်တစ်ချို့ ကျသွားသည်ထင်၏။ အမေက သုတ်ပေး
နေပြန်သည်။
ဆေးရုံရောက်နေတာ မည်မျှ ကြာနေပြီမသိ။သူ
သတိရလို့ သက်သာနေတာ ၁၅ ရက်ပင် ရှိနေပေပြီ။
“အမေ..သားဆင်းလို့ ရပြီလား”
“ဟင်..ေဩာ်..အင်းသားလေး ဆရာဝန်ကြီး
ပြောလိမ့်မယ်”
“အမေ..သားဆေးရုံမှာ ဘယ်လောက်ကြာနေပြီ
လဲဟင်”
“အဲ…ဟို..ဟို..”
“အမေ ဒါလေးမေးတာ ဘာဖြစ်လို့လဲ”
ထိုအခါ အမေ့နောက်နားမှ ဆရာဝန်ကြီးက-
“သား ဘာဖြစ်တာလဲ မှတ်မိလား”
“သိတယ်လေ ကျွန်တော့် သူငယ်ချင်းနဲ့စိတ်ဆိုး
ပြီး ကားလမ်းဖြတ်ကူးရင်း ကားတိုက်မိတာ”
ဆရာဝန်ကြီးက ပြုံးကာ ခေါင်းညိတ်ပြရင်း
အဖေနဲ့အမေကို ခေါ်သွားလေသည်။ခဏကြာတော့
အမေက အရင်ပြန်ရောက်လာပြီး-
“သား ဆေးရုံက ဆင်းလို့ရပြီတဲ့၊သားရောက်နေတာ
၂ လပြည့်တော့မယ်လေ”
“ဗျာ!!!!
ဒီလောက်တောင် ဖြစ်သွားတာ နွယ်ရိုးက ပေါ်မလာ
ခဲ့ဘူးပေါ့။အင်းလေ သူ့အဘွား အခြေအနေ မကောင်းလို့
ဖြစ်မှာပါ။
အိမ်ပြန်ရောက်ရောက်ချင်း ကြည့်မိတာက နွယ်ရိုး အင်မတန် ကြိုက်တတ်သော နှင်းဆီရုံကလေးပဲ ဖြစ်သည်။
အဖေနဲ့အမေလည်း သူ့ကိုစောင့်နေရတာနဲ့ အိမ်ပြန်ဖြစ်ဟန်
မတူ။ပန်းပင်တွေက ခြောက်သွေ့ပြီး သခင်မဲ့နေသည်။
“အဖေနဲ့အမေ အေးဆေး အနားယူပါ သား အိမ်ရှေ့
ခဏထိုင်အုံးမယ်”
ဒီထိုင်ခုံလေးမှာ သူထိုင်စောင့်နေကျ။စကားနိူင်
လုနေကျ၊ရန်ဖြစ်နေကျ။အလွမ်းပြေ သူတို့ အိမ်လေးကို
ကြည့်မိတော့ တိတ်ဆိတ်စွာ နှုတ်ဆက်နေသယောင်။
ထို့နောက် ရေပုံးငယ် ဆွဲကာ ပန်းပင်များ ရေလောင်းလိုက်
သည်။ဒီအပင်လေးတွေကို ဒီတစ်ခါ ပျိုးထောင်သည်က နွယ်ရိုး အတွက် ဆိုတာ သိစေချင်သည်။
**********************
ညက တိတ်ဆိတ်လွန်းသည်။အေးစက်မှုကို ခြေရာ
ဖျောက်၍ နွေဦး၏ လေပြေလေး ဆော့ပြေးသွားသည်။
“ဟဲ့..နောင်ရိုး”
“ဟင်”
ထိုင်ခုံပေါ် ထိုင်နေရင်း နောက်ပါးမှ ခေါ်သံကြောင့်
လှည့်ကြည့်မိသည်။သို့သော် လှုပ်ရှားနေသော နှင်းဆီပွင့်
လေးများမှ လွဲ၍ ဘာမှမရှိ။ပန်းပင်လေးတွေက သူ့ကို
သရော်နေပုံရသည်။
“ဟဲ့..နောင်ရိုး”
ဒီတစ်ခါ ပီပီပြင်ပြင် ကြားလိုက်ရသည်။ဒါ..ဒါ..
နွယ်ရိုး အသံမှ နွယ်ရိုးအသံ။သူလှည့်ကြည့်တော့ အမှန်
တကယ်ပင် နွယ်ရိုးဖြစ်နေသည်။သူ အားရဝမ်းသာစွာ
ပြေးသွားမည် အပြု အခုမှ ပေါ်လာရသလား ဟု တွေးကာ
စိတ်ကောက်ဟန် တစ်ဖက်လှည့်နေလိုက်သည်။
“နင်..ငါ့ကို ခုထိစိတ်ဆိုး မပြေသေးတာလား”
ဒီအသံကို သူခံနိူင်ရည် မရှိတော့ပါ။နွယ်ရိုးကို
စိတ်ဆင်းရဲအောင် မလုပ်ရက်တော့။စိတ်ကိုဖြေရင်း-
“တော်စမ်းပါဟာ ဆေးရုံတက်နေရတာ၊လာတောင်
မကြည့်ပဲနဲ့များ နေနိူင်တယ်၊ဒါလား ငါ့ကို ခင်တာ”
“မဟုတ်ပါဘူးဟာ…ငါလေ…ငါ…ငါ…”
“တော်တိတ် ခုမှစကားလာထစ်မနေနဲ့”
ဒီတစ်ခါငေါက်လိုက်တော့ ခါတိုင်းလို လျှာကလေး
ထုတ်ကာ ဇက်ကလေးပု မသွားပေ။အနေဝေးသွားကြလို့
စိမ်းကားသွားတာလား နွယ်ရိုးရယ်။
“နင် ဆေးသောက်ဖို့မေ့နေတယ်လေ၊အဲဒါလာပြော
တာပါ”
“ဟင်!!!
“ငါဆေး သောက်ဖို့မေ့နေတာ နင်သိနေတယ်”
“အေး ငါသိတယ်၊ဒီပန်းပင်တွေ ငါ့အတွက်စိုက်နေ
တယ်ဆိုတာလည်း ငါသိတယ်၊ငါနင့်ကို ကြည့်နေတာ”
“ငါ..သွားတော့မယ်”
“ဟဲ့..နွယ်ရိုး..နေပါအုံး”
“နွယ်ရိုး!!!!!
အသံကုန်ကျုံးအော်ရင်း မျက်စိဖွင့်လိုက်တော့
အိပ်ယာထက်မှာ ချွေးများ ရွှဲနစ်နေသည်။ဟုတ်သည်။ ဆေးသောက်ဖို့ မှိန်းနေရင်း အိပ်ပျော်သွားသည်။ဒါ..ဒါဆို
နွယ်ရိုး တကယ်လာ သွားတာလား။ အော်သံကြောင့်
အဖေနဲ့အမေပါ ထလာသည်။
“သား ဘာဖြစ်တာလဲ”
“အမေ..နွယ်ရိုး နေကောင်းရဲ့လား၊အဆက်အ
သွယ်မရဘူးလား၊သူလေ သားဆီကိုလာတယ်၊သားဆေး
သောက်ဖို့ မေ့နေတာ လာပြောသွားတယ်”
“မဟုတ်တာ သားရယ်၊မင်းစိတ်စွဲပြီးမက်တာနေ
မှာပါ ဆေးသောက်ပြီးပြန်အိပ်လိုက်”
“မဟုတ်ဘူးအမေ၊စိတ်စွဲတယ် ထားပါအုံး၊အခု
ပြောသွားတာက အပြင်မှာလိုပဲ”
“ေဩာ်…သားရယ် အိပ်မက်တွေ ဆိုတာ တကယ်
လိုပါပဲ၊ အင်း..ငါ့သားလေးလည်း ရှိတော့လည်းမတည့်
မရှိတော့လည်း မနေနိူင်၊သား သိပ်ကို သံယောဇဉ် ကြီး
တယ်ထင်တယ်”
“ထင်တာမဟုတ်ဘူူူး အမေ၊သားသူ့ကို မတည့်
အောင် တမင်နေတာ၊သားသူ့ကို အရမ်းခင်တာ၊သိပ်ကို
ချစ်တာ အမေရ”
“ကဲပါ သားရယ် အမေသိပါတယ်၊မင်းနေမကောင်း
သေးဘူး အိပ်လိုက်တော့နော်”
ဆေးသောက်၍ ပြန်မှိန်းနေလိုက်သည်။သိုသော်
အိပ်၍ကား မရတော့။မိုးလင်းကာနီးမှ မှေးကနဲ အိပ်ပျော်
သလိုဖြစ်သွားချိန် နွယ်ရိုး ထပ်လာသည်။စကားပြောကြ
ရင်း သူကြိုက်သော နှင်းဆီပန်းလေး ပန်ပေးရတာ ပျော်စရာ ကောင်းလှပါသည်။ငါ နင့်ကို သိပ်ချစ်မိနေပြီ
နွယ်ရိုး ရယ်…။
ငါ့ သူငယ်ချင်းပြောတာ မှန်တယ် ” တန်ဖိုးဆိုတာ မရှိတော့မှ နားလည်ရင် နောင်တတွေပဲရတတ်တယ်”တဲ့ ငါနောင်တတွေ ရနေပါပြီ။
********************
ဒီညနေသာယာသလို ရှိတာကြောင့် သူ အပြင်ထွက်
ရန် ပြင်တော့ အဖေနှင်အမေက လိုက်ရန် ပြင်သည်။သို့
ပေမယ့် စိတ်ပြေလက်ပျောက် သဘောကြောင့် ဝေးဝေး
မသွားရန် မှာ၍ မလိုက်ခဲ့တော့။သူပထမဆုံး သွားမိသည်
က သူတို့တက်ခဲ့သော ကျောင်းတော်ကြီး။ထို့နောက် သူတို့
စာကျက်နေကျ နေရာလေး။ဒါတွေ ပြီးတော့သူတို့နောက် ဆုံး တွေ့ခဲ့ကြသော အအေးဆိုင်လေး။သူ လမ်းကိုကူး၍
သွားရန် ခြေလှမ်းစဉ်-
“နောင်ရိုး..ကားတွေ သတိထားနော်”
နားထဲမှာ ကြားလိုက်ရသည်က ပီပီပြင်ပြင်၊သို့
သော်လည်း နောက်မှာတော့ မည်သူမျှ ရှိမနေ။အဖေနဲ့
အမေက လမ်းမကူးဖို့ သတိပေးလိုက်ပေမယ့် သူမနေနိူင်
သဖြင့် ကူးလာခဲ့သည်။ဆိုင်ထဲ ဝင်ကာ နွယ်ရိုးကြိုက်တတ်
သော ရေခဲသုပ် မှာစားသည်။
“မဖြစ်နိူင်တာကွာ…ဟုတ်ပါ့မလား”
“ဟာ..ဆိုင်ရှင်ကို မေးကြည့်ကွာ၊မင်းမယုံရင်
ညဖက် ကားမောင်းလာခဲ့ တွေ့လိမ့်မယ်”
“ဟုတ်တယ်ကွ ငါတောင် အတော်ဖျားသွားတယ်”
တက္ကစီသမား သုံးယောက် ပြောနေတာ နားစွန်နား
ဖျားကြားမိ၍ စိတ်ဝင်စားသွားသည်။သူတို့ ဘာအကြောင်း
ပြောနေကြတာပါလိမ့် ဟုတွေးကာ အသေအချာ နားစွင့်
ကြည့်မိသည်။
“ကိုဝကြီး တကယ်လားဗျ”
“တကယ်ပါ ငါ့လူရာ၊ငါတောင် ညနေဆိုင်စောစော
သိမ်းနေရတယ်ဟေ့၊ခု ခဏနေသိမ်းတော့မှာ”
“နေပါအုံးဗျ အရင်က မကြားမိပါဘူး”
“မင်းက နယ်ထွက်နေတာ မနေ့တစ်နေ့ကမှ ပြန်
ရောက်တာ ဘယ်သိပါ့မလဲ၊လွန်ခဲ့တဲ့ သုံးလကျော်ကမှ
ဖြစ်သွားတာ ငါ့မျက်စိရှေ့တင်ပဲကွ”
“ဘုရား” ရေ။ငါထင်တာမဟုတ်ပါစေနဲ့ဟု ဆုတောင်း
ရင်း နေရာမှ ထကာ သူ

Zawgyi Version

“သူငယ္ခ်င္းထက္ပိုခဲ့သည္”(စ/ဆုံး)
——————————————-
(ႏွလုံးသားျဖင့္ ၿပီးေအာင္ ဖတ္ေပးၾကပါ)
“တန္ဖိုးဆိုသည္မွာ ရွိေနစဥ္က အေလးမထားခဲ့လွ်င္
ေနာင္ေသာအခါ၌ ႀကီးစြာ ေနာင္တရတတ္သည္” လို႔
သူငယ္ခ်င္း တစ္ေယာက္ေျပာဖူးသည္။သူ႔စကား မွန္ေကာင္း မွန္ႏိူင္ပါလိမ့္မည္။ဒီစကားက သူ႔အတြက္ေတာ့
မဟုတ္ႏိူင္၊သူဆို သည္မွာ ကြၽန္ေတာ္ အင္မတန္မုန္းေသာ
အိမ္နီးခ်င္း ေကာင္မေလး “ႏြယ္႐ိုး” ပါပဲ။
ကြၽန္ေတာ္ သူ႔ကိုမုန္းတာ မလြန္ပါ၊စဥ္းစားၾကည့္ေလ
နာမည္က ကြၽန္ေတာ့္နာမည္ႏွင့္ ခပ္ဆင္ဆင္၊”ေဩာ္” ဒါနဲ႔
ကြၽန္ေတာ့္နာမည္က “ေနာင္႐ိုး” ပါ။သူတို႔ မိသားစုက
ေျပာင္းလာတာ ၄ ႏွစ္ေလာက္ရွိၿပီ။အညာ ေဒသ မေကြး
တိုင္းက ဆိုလားပဲ၊အညာသူသာ ေျပာတယ္ အသားအေရ
က ျဖဴဝင္းလို႔။အဲ ႐ုပ္ကလည္း အမ်ားအျမင္မွာ ခ်စ္စရာ
ေကာင္းေလာက္ေပမယ့္ ကြၽန္ေတာ္ကေတာ့ စေတြ႕က တည္းကလုံးဝ ၾကည့္မရခဲ့။စကားက မပီတပီအညာေလသံ ႏွင့္။ သူေရာက္လာလာ ခ်င္းပဲ အိမ္ကအေဖ ကြၽန္ေတာ့္ကို အခ်စ္ေလ်ာ့ သြားသလား ထင္ရေလာက္ေအာင္အၿမဲလိုလို သူႏွင့္ပတ္သက္လွ်င္ ကြၽန္ေတာ့္ကို ရန္ရွာေနတတ္သည္။ ေက်ာင္းသြား ေက်ာင္းျပန္ သူ႔ကို မေစာင့္လွ်င္ ကြၽန္ေတာ္ အဆူခံထိသည္။စာက်က္တာ၊မုန္စားတာ သူႏွင့္ အတူတူ မဟုတ္လွ်င္ ေနစရာမရွိရေလာက္ေအာင္ ႀကိမ္းသည္။ အေမကပါ သူ႔ဘက္ကဆိုေတာ့ ပို၍ ဆိုးသျဖင့္ ကြၽန္ေတာ့္ မွာ ” မခ်စ္ေသာ္လည္းေအာင့္ကာနမ္း” ဆိုသလို သူ႔ကို သည္းခံ ေပါင္းသင္းလာရေသာ္လည္း သူ႔ကို မုန္းမိသည္။ သူ႔ကို ကြၽန္ေတာ္ အမုန္းဆုံးအခ်က္က ကြၽန္ေတာ့္ထက္ စာ ပိုေတာ္၍ ျဖစ္သည္။အသက္က ကြၽန္ေတာ့္ထက္ ၅ လခန႔္ ငယ္ေသာ္လည္း သြက္လက္ၿပီး ထက္ျမက္သည္ဟု ဆိုကာ ကြၽန္ေတာ့္ မိဘေတြ မဆိုထားႏွင့္ အရင္ကဆို အတန္းထဲ တြင္ ကြၽန္ေတာ့္အား အခ်စ္ဆုံးဆိုေသာ ဆရာ/မမ်ားကပင္ သူ႔ကို ပို၍ခ်စ္သြားၾကသည္ဟု ထင္သည္။ထို႔အျပင္လိုအပ္ သည္ထက္ပို၍ ေဖာ္ေ႐ြစြာ ဆက္ဆံတတ္ေသာေၾကာင့္ သူငယ္ခ်င္းမ်ားကလည္း ကြၽန္ေတာ့္ထက္ ပို၍ သူ႔ကို ဦးစား ေပးသြားၾကသည္။ဒါေတြဟာ ကြၽန္ေတာ္ သူ႔ကို မုန္းရေသာ အခ်က္မ်ားပင္ျဖစ္သည္။ကြၽန္ေတာ္ မမုန္းသင့္ ဘူးလား။ အဆိုးဆုံးကေတာ့ ကြၽန္ေတာ္ အျမတ္တႏိုး
စိုက္ထားေသာ ႏွင္းဆီပန္းေတြကို ေမေမ့ အားကိုးျဖင့္
တစ္ေန႔တစ္ပြင့္ ခူးယူ ပန္ဆင္ေနျခင္းပင္။
“အဲ” တစ္ခုေတာ့ရွိသည္။ထိုအရာကား ကြၽန္ေတာ္
ေနမေကာင္းျဖစ္လွ်င္ ဂ႐ုတစိုက္ လာေရာက္ျပဳစု၍ စာ
မ်ားကူးေပး၊ရွင္းျပေပးတတ္သည္။ဘာခိုင္းခိုင္း မၿငိဳျငင္
ရွာ၊အျပင္မွာ ျပႆနာ ျဖစ္လာလွ်င္ အိမ္မေရာက္။ဒါေတြ
ကလည္း သူ႔အေပၚ ကြၽန္ေတာ္ အျမင္ၾကည္ေအာင္ တမင္
လုပ္ေနတာ ျဖစ္မည္။ဘာပဲ ျဖစ္ျဖစ္ ကြၽန္ေတာ့္အေပၚ အႏြံ
တာခံတတ္ေသာေၾကာင့္ ကြၽန္ေတာ္ေက်နပ္သည္။ဒါကို
ပဲ သူငယ္ခ်င္းေတြက သူ ႏွင့္စလွ်င္ ကြၽန္ေတာ္ စိတ္တို
သေလာက္ သူက အၿပဳံးမပ်က္။ေနာက္ၿပီး စကားေျပာ
လွ်င္လည္း ရွာရွာေဖြေဖြ ကန႔္လန႔္တိုက္ ေျပာတတ္သည္။
ကြၽန္ေတာ္ ေငါက္လိုက္လွ်င္ေတာ့ လွ်ာကေလးထုတ္ကာ
ၿငိမ္သြားတတ္သည္။
“ဟဲ့..ႏြယ္႐ိုး”
“ဘာလဲ…ေျပာ”
ျပန္ေျပာပုံကိုက အျမင္ကတ္စရာ။
“နင္ အေနအထိုင္ ဆင္ျခင္စမ္းပါ”
“ေအာင္မာ..ငါက ဘာေတြလုပ္ေနလို႔လဲ”
“နင္က ဘာမွမလုပ္ေပမယ့္ နင္နဲ႔ငါနဲ႔ကို လူေတြက
ဘယ္လိုေတြ ေျပာေနၾကလဲ နင္မသိဘူးလား”
“ေအာင္မာ..အိုးကမပူ စေလာင္းကပူေနေသး”
“ဒီမယ္..ပတ္ဝန္းက်င္က ဘာေျပာေျပာ ငါမသိဘူး၊
ငါသိတာက ကိုယ့္ထမင္းကိုယ္စားၿပီး ကိုယ့္ဘာသာ ေအး
ေဆးေနတာ ကိုယ္ထင္ရင္ ကုတင္ေ႐ႊနန္း ပဲ”
“ဟဲ့..စကားတတ္တိုင္း ေျပာမေနနဲ႔၊ငါအခုေျပာေန
တာက နင့္အတြက္ နင္ကမိန္းကေလး”
“ေက်းဇူးပါ ကိုေနာင္႐ိုးရယ္ အခုလိုပူပန္ေတြးေပး
လို႔၊ငါတို႔ အ႐ြယ္က ကိုးတန္း ေက်ာင္းသားေတြ၊တျခား
ဘာေတြးေနရမွာလဲ နင္သာ ႏွာေတြး ေတြးမေနနဲ႔၊ပတ္ဝန္း
က်င္ဆိုတာ ငါတို႔ ဘဝအတြက္ ဒုတိယဇာတ္ေကာင္ ငါတို႔
ကသာ ပထမဇာတ္ေကာင္ပါဟ”
“နင္စကားတတ္တိုင္း အႏိူင္လုေျပာမေနနဲ႔၊ငါ နင့္ကို
မႏိူင္လို႔ ျပန္မေျပာတာ မဟုတ္ဘူး ေျပာကိုမေျပာခ်င္လို႔
သိလား”
“ငါ..စကားတတ္တာ မဟုတ္ပါဘူး စာေတြဖတ္လို႔
ပါ၊ဒါေၾကာင့္ နင္လည္း ငါ့လို စကားတတ္ခ်င္ရင္ စာမ်ား
မ်ားဖတ္ေပါ့ဟ”
“ဖတ္..ဖတ္၊နင့္ဘာသာ ေသေအာင္ဖတ္”
ေျပာမရသည့္အဆုံး သူ႔ကိုေအာ္ကာေရွ႕ကေလွ်ာက္
ခဲ့ေတာ့ အေနာက္ကေန ေျပာင္သလိုလို တခိခိႏွင့္ရယ္ေမာ
ကာလိုက္လာသည္။ဘယ္လိုေျပာေျပာ စိတ္မဆိုးတတ္ေသာ
သူ႔ကို ကြၽန္ေတာ္ ေဒါသျဖစ္မိသည္။သို႔ေပမယ့္ သူ စာေတြ
တအားဖတ္တာကိုေတာ့ ကြၽန္ေတာ္ မျငင္းႏိူင္ပါ။အခ်ိန္
အားတိုင္း စာအုပ္ေတြ ဖတ္ေနတတ္သည္။
ဒီလိုႏွင့္ ဆယ္တန္းသို႔ေရာက္လာခဲ့သည္။ဆယ္တန္း
ဆိုေသာအ႐ြယ္ကား လူငယ္တို႔ လက္တည့္စမ္းသည့္ ၿမီး
ေကာင္ေပါက္အ႐ြယ္ မဟုတ္ပါလား။
“ေဟ့ေကာင္..ေနာင္႐ိုး၊မင္း နဲ႔ ႏြယ္႐ိုးက မိဘေတြ
သေဘာတူထားလား”
“ဘာကြ …လင္းေအာင္ မင္းစကားကို ဆင္ျခင္ေျပာ”
အတန္းေရွ႕ ဆရာမလာခင္ ထိုင္ေနၾကစဥ္
လင္းေအာင္၏ အေမးေၾကာင့္ ေဒါသထြက္၍ ေအာ္လိုက္
မိသျဖင့္ ေဘးနားက သူငယ္ခ်င္းမ်ားပါ သူ႔ကို လွည့္ၾကည့္
ၾကသည္။ဒါကိုပင္ အလိုက္မသိတတ္ေသာ လင္းေအာင္က-
“ဒါ..ဒါဆို မင္းကေရာ မႀကိဳက္ဘူူးလားကြ”
“ထြီ!!
“ႀကိဳက္စရာလားကြ၊ငါသူ႔ကို ဘယ္ေလာက္ၾကည့္ မရလဲ ဆိုတာ မင္းတို႔တင္မဟုတ္ဘူး၊တစ္ေက်ာင္းလုံးက သိတယ္”
“ေအးပါကြာ..ဒါဆို ငါ့ကို ေျပာေပးပါလား”
“ဘာ!!!
ေစာေစာက စကားေတြကို သူစိတ္ဆိုးမိေပမယ့္ ယခု
ေျပာလိုက္ေသာစကားက သူ႔ရင္ကို တစ္ခုခု ႏွင့္ ထိုးလိုက္
သလို ခံစားလိုက္ရတာေၾကာင့္ သူလိုအပ္သည္ထက္ ပို၍ အသံ ကိုက်ယ္ေလာင္သြားေအာင္ ေအာ္လိုက္မိသည္။
“ဟာ”
“မင္းကလည္း ေအာ္လိုက္တာကြာ၊မင္းပဲ ၾကည့္မရ
ဘူးဆို အဲဒါေၾကာင့္ ငါကေျပာတာပါ၊ၿပီးေတာ့ သူက ငါ
ဘယ္လိုစာေပးေပး မရဘူးကြ၊မင္းကသာ ယူ လို႔ တစ္ခြန္း
ထဲေျပာလိုက္ရင္ သူယူမွာကြ လုပ္ပါကြ”
နဲနဲေတာ့ ေတြေဝသြားသည္။သူ႔ကို ၾကည့္မရေအာင္
မုန္းသည္ ဆိုေပမယ့္ တျခားသူကို ကြၽန္ေတာ့္ထက္ပို၍ ဦး
စားေပးမွာကို မလိုလား။တစ္စုံတစ္ခု ဆုံးရႈံးသြားမွာကို
ေၾကာက္ေနသလို ျဖစ္မိသည္။
“ဘာလဲ မင္းႀကိဳက္ေနလို႔လား”
“ဟာကြာ..ႀကိဳက္စရာလား၊ငါဘယ္လိုလုပ္ေပးရ
မလဲ စဥ္းစားေနတာ”
“ဘာမွ စဥ္းစားေနစရာ မလိုပါဘူးကြာ၊ငါေပးတဲ့
စာ ယူလိုက္လို႔ေျပာလိုက္…ဘယ္လိုလဲ”
“ေအးပါကြာ..ေျပာလိုက္မယ္”
သူ႔ကို ေခ်ာက္တြန္းခ်င္ေသာစိတ္ကပို၍ အေလးသာ
သြားသျဖင့္ ကူညီရန္ဆုံးျဖတ္လိုက္သည္။သို႔ေသာ္ စိတ္က
ေတာ့ မလုံ။၊စာသင္ခ်ိန္၊ထမင္းစားခ်ိန္ေတြ သူႏွင့္ မ်က္လုံး
ခ်င္းမဆုံေအာင္ ေနမိသည္။”ကိုယ္လိပ္ျပာ ကိုယ္မလုံ” ဆို
တာ ဒါပဲျဖစ္မည္။ဒါကို အလိုက္မသိေသာ ငတိမေလးက
ကြၽန္ေတာ့္ကို တစ္ခါတစ္ခါ စိုက္ၾကည့္တာ အေနရခက္
လွသည္။မထူးေတာ့ ညေနေက်ာင္းဆင္းေတာ့ –
“ဟဲ့…ႏြယ္႐ိုး”
“ဘာလဲ..ေျပာ”
“နင့္ကို ဟိုေကာင္ ေအာင္လင္းက စာေပးမလို႔တဲ့
အဲဒါ ယူလိုက္စမ္းပါ၊ငါ နားၿငီးလို႔ ေသေတာ့မယ္”
“ဘာစာလဲ၊ရည္းစားစာလား နင္ကတကယ္ယူေစ
ခ်င္တယ္ေပါ့”
“လွ်ာရွည္တယ္ဟာ ယူဆိုယူလိုက္ေပါ့၊ေဟာ..ေျပာ
ရင္း ဟိုေကာင္လာေနၿပီ ငါသြားႏွင့္ၿပီ”
ေရွ႕က ခပ္သုတ္သုတ္ ေလွ်ာက္လာခဲ့ေပမယ့္ စိတ္
ေတြက ေနာက္မွာေနခဲ့သည္ထင္၏။သို႔ေသာ္လည္း အိမ္
ကိုသူအရင္ေရာက္မွ ရမည္။ဒါမွ အစီအစဥ္တက် ျဖစ္မွာ
ေပါ့ ဟုမိမိဘာသာ ေတြးရင္း ေက်နပ္စြာ တစ္ခ်က္ၿပဳံး
လိုက္သည္။
********************
” မိႏြယ္ မလိမ္နဲ႔ေနာ္ ငါအကုန္သိၿပီးၿပီ”
“အေမ..သမီးက ဘာကိုလိမ္ရမွာလဲ”
“အား!!!!
ႏြယ္႐ိုး ေအာ္သံစူးစူးကို ၾကားလိုက္ရ၍ ရင္ထဲ
ေက်နပ္သြားသလိုရွိ၏။ဒါ သူ႔အေမ ဗိုက္ေခါက္ လိမ္ဆြဲ
တာပဲျဖစ္မည္။
“ဟဲ့ေကာင္ေလး ဘာေတြၿပဳံးေနတာလဲ၊ႏြယ္႐ိုး
အသံၾကားပါတယ္ ဘာျဖစ္ေနၾကတာလဲ”
ကိုယ္အေတြးနဲ႔ကိုယ္ ေပ်ာ္ေနသည္မို႔ အေနာက္က
အေမလာတာကိုမျမင္မိ။အနည္းငယ္ လန႔္သြားၿပီးကာမွ
ျပန္ထိန္းရင္း-
“ဘာျဖစ္ရမွာလဲ အေမရယ္၊အေမတို႔ လိမ္မာလွပါ
တယ္ဆိုတဲ့ ႏြယ္႐ိုးေပါ့..ႏြယ္႐ိုးေလ”
“ဟဲ့ အိုက္တင္ခံမေနနဲ႔ ႏြယ္႐ိုး ဘာျဖစ္လို႔လဲ”
“အဟီး..ညေနက သူ႔ကို ေကာင္ေလး တစ္ေယာက္
ရည္းစားစာ လိုက္ေပးတာ ယူခဲ့တယ္တဲ့ေလ”
“ဘာ!!! “မျဖစ္ႏိူင္တာ”
“အာ…လန႔္တာ အေမရာ ေျဖးေျဖးေအာ္ပါ”
အေမ ဘာမွမေျပာဘဲ ေသခ်ာ စိုက္ၾကည့္ေနပုံက
တရာခံတစ္ေယာက္ကို ၾကည့္သည့္ ရဲသားတစ္ေယာက္၏ အၾကည့္မ်ိဳး-
“အေမ..သားကို ဘယ္လိုႀကီးၾကည့္ေနတာလဲ၊သား
ဘာမွ မသိဘူးေနာ္..ဒါ သူ႔ကိစၥ”
“ငါ..နင့္ကို ဘာမွ မေမးရေသးဘူး၊နင့္ဘာသာ အိုး
မလုံ အုံပြင့္ေနတာ၊လာသြားမယ္”
ေျပာေျပာဆိုဆို နား႐ြက္ကို ဆြဲကာေခၚ၍ ႏြယ္႐ိုး
တို႔ အိမ္ထဲ လွမ္းဝင္ရင္း-
“ဘာျဖစ္တာလဲ မသြယ္”
“ဘာျဖစ္ရမွာလဲ မစန္းရယ္၊ဒီအလိမ္မာတုံးမ ေလ
သူ႔ကို ေကာင္ေလး တစ္ေယာက္က ရည္းစားစာ ေပးတာ
ယူခဲ့ သတဲ့ေအ”
“ဟာ..အေမကလဲ ရည္းစားစာ မဟုတ္ပါဘူးဆို”
“ဟဲ့…ေနာင္႐ိုးကိုယ္တိုင္ သိထားတာ ေျဗာင္လာ
လိမ္မေနနဲ႔”
အေမက ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္ကာ-
“ကဲ…သမီးႏြယ္႐ိုး၊ဘာစာလဲျပ သမီးကို အန္တီ
ယုံၿပီးသား”
“ခဏေလး သမီးျပမယ္”
သူ႔လြယ္အိတ္ထဲက စာ႐ြက္တစ္႐ြက္ကို ထုတ္ကာ-
“ေရာ့..အန္တီစန္း ဖတ္ၾကည့္၊အတန္းထဲက သူငယ္
ခ်င္း ေအာင္လင္းက သူမနက္ျဖန္ သူ႔အေဖနဲ႔ ဘုရားဖူး
လိုက္သြားမလို႔ ခြင့္တင္ခိုင္းတာ”
“အဲဒါ..ေစာေစာကေျပာပါလား”
“အေမက ဘာမွမေမးဘဲ အတင္းဆူေနတာကိုး”
ႏြယ္႐ိုးမ်က္ႏွာ ငိုမဲ့မဲ့ႏွင့္ ရွိေနစဥ္ ဘယ္အခ်ိန္က
အိမ္ေပါက္ဝ ေရာက္ေနသည္ မသိေသာ ေအာင္လင္း က-
“ဟုတ္ပါတယ္ အန္တီ၊ေနာင္႐ိုးကို ေပးခိုင္းတာ
ေနာင္႐ိုးက ႏြယ္႐ိုးကို ေပးလိုက္ပါ ဆိုလို႔ ေပးမိတာပါ”
“ဟာ!!!
ဒီတစ္ခါ အာေမဋိတ္သံ ထြက္သြားရသူက ကြၽန္ေတာ္
ကလြဲၿပီး ဘယ္သူမွ မရွိ။ေအာင္လင္းကို စိတ္ထဲမွ က်ိန္ဆဲ
ရင္းသာ ေခါင္းကို ငုံ႔ထားမိသည္။အေမက ကြၽန္ေတာ့္ကို
ေစ့ေစ့ၾကည့္ရင္း-
“ငေနာင္႐ိုး ဒါနင့္လက္ခ်က္ဆိုတာ ငါသိၿပီးသားပါ
နင့္ အေဖနဲ႔နင္ေတြ႕ၿပီေပါ့”
“ဟာ..အေမ၊သားက သူ႔ကို ေကာင္းေစခ်င္လို႔
စိတ္ပူၿပီး ထင္မိထင္ရာ တိုင္မိတာပါ၊ေစတနာ အမွား
ေလးပါ၊ ေနာ္..အန္တီသြယ္”
“အပိုေတြ ေျပာမေနနဲ႔ နင့္အေဖရဲ႕ ေစတနာ စကား
သံေလးေတြ နင္နားေထာင္ဖို႔ျပင္ထား၊ လာခဲ့”
လက္ဆြဲကာ ေရွ႕ကထြက္သြားေတာ့ ကြၽန္ေတာ္ ယက္ကန္ယက္ကန္ပါသြားရင္း အေနာက္က ေအာင္လင္း ကိုလက္သီးေထာင္ ျပမိသည္။စိတ္ထဲကေတာ့ အခဲမေၾက။
အေဖ့ရဲ႕ အဆူအပူေတြေအာက္မွာ ဒီည ေကာင္းေကာင္း
ႀကီး ႏွစ္ပါးသြားရေတာ့ မည္။
“ငေအာင္လင္းနဲ႔ မိႏြယ္႐ိုး ေနႏွင့္ဦးေပါ့ဟာ”
စိတ္ထဲက ႀကိမ္းလိုက္ျခင္းပါ။အသံပါထြက္ရင္
အေမ့လက္စာ အရင္မိသြားေပလိမ့္မည္။
******************************
သူႏွင့္ ကြၽန္ေတာ္ စကားမေျပာျဖစ္။စာေမးပြဲက
နီးလာၿပီမို႔ စာကိုပဲ အာ႐ုံစိုက္ၾကတာလည္းပါသည္။ကံ
ဆိုးခ်င္ေတာ့ ကြၽန္ေတာ္ အျပင္းဖ်ားေလသည္။ညေနဖက္
ဆို သူေရာက္လာၿပီး စာေတြ ရွင္းျပသည္။ေဆးတိုက္
ေပးသည္။အခုမွ ေသခ်ာၾကည့္မိတယ္၊သူ႔ကို လူခ်စ္လူခင္
ေပါမည္ဆိုလဲ ေပါစရာပါပဲ။သူ႔႐ုပ္ကေလး ၾကည့္ရတာ
ပီဘိ ကေလးတစ္ေယာက္လို အျပစ္ကင္းစင္ကာ လန္း
ဆန္းတက္ႂကြေနသည္။သူ႔ကို ၾကည့္ကာ ကိုယ္ပါ ေရာ၍
ေပ်ာ္ေနသည္ ထင္ရေလာက္သည္။
“ဟဲ့…ဘာၾကည့္ေနတာလဲ၊နင္ စာေမးပြဲ ေၾကာက္ၿပီး
ဖ်ားတာ မဟုတ္လား”
“လဲေသလိုက္ပါလား၊သူ႔ဘာသာ ဖ်ားတာ ငါက
သိမလား အ႐ူးမရဲ႕”
“ေတြ႕လား အဲဒီလို ရန္ျပန္ေတြ႕တာကိုက ဝန္ခံေန
တာနဲ႔ အတူတူပဲ”
“မိႏြယ္႐ိုး၊နင္ေတာ္ေတာ့ေနာ္၊ ငါ သက္သာကာစ
ပဲရွိေသးတယ္၊စာျပထားတဲ့ မ်က္ႏွာေထာက္ေနလို႔”
“ဟားဟား..စတာပါ ေနာင္႐ိုးရယ္ မိန္းမႀကီးက်ေန
တာပဲ၊ ေဩာ္ ဒါနဲ႔ ဟိုတစ္ခါ အေမ့ကို တိုင္တာ နင္ငါ့ကို
တကယ္ စိတ္ပူလို႔လား”
မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ျဖင့္ ေမးေနေသာ
မ်က္ႏွာေလးက သူ႔အေျဖကိုေသခ်ာေမွ်ာ္လင့္ေနပုံရသည္။
သူအားရ ပါးရ တစ္ခ်က္ရယ္ကာ-
“လဲေသလိုက္…ငါ တမင္ေခ်ာက္တြန္းတာ၊ဟိုေကာင္
ေအာင္လင္း ေၾကာင့္ငါ အခုထိ အခဲမေၾကဘူး၊ကဲသိၿပီ
လား”
သူ႔မ်က္ႏွာေလး ညႇိဳးက်သြားတာ သိသာသည္။
အမွန္ဆို “ငါတကယ္ စိတ္ပူတာလို႔” ေျပာခ်င္ေပမယ့္
အႏိူင္ယူလို စိတ္က မ်ားေနေသာေၾကာင့္ သူေျပာသာေျပာ
လိုက္ရေပမယ့္ သူ႔မ်က္ႏွာေလး ျမင္လိုက္ရတာ ရင္ထဲတြင္ ဆို႔နင့္သြားသည္။မ်က္လႊာေလး အသာခ်ကာ-
“ကဲ ..နင္ေဆးေသာက္ၿပီး အနားယူေတာ့၊ငါလည္း
ျပန္ေတာ့မယ္၊စာလည္းက်က္အုံး ေက်ာင္းဖြင့္ရင္ စာေမး
ပြဲေျဖရေတာ့မယ္”
“ငါသိပါတယ္ဟ၊ဆရာကိုလုပ္တယ္”
ႏြယ္႐ိုးထြက္သြားေတာ့မွ ကိုယ့္ကိုကိုယ္ မွန္ထဲတြင္
ၾကည္ကာ က်ိန္ဆဲေနမိသည္။သူ႔အေပၚကို အႏိူင္ယူခ်င္
ေနေသာစိတ္ကို ဘယ္လိုမ်ား ေဖ်ာက္ရပါ့မလဲ။စိတ္ထဲ
ကမပါေပမယ့္ ပါးစပ္က အလိုလို တုန႔္ျပန္ၿပီးသား ျဖစ္ေန
ေသာ ပါးစပ္ကိုသာ သုံးေလးခ်က္ ႐ိုက္လိုက္မိသည္။အား
နဲနဲ ျပင္းသြားပုံရ၏။ ႏႈတ္ခမ္းမွ ေသြးမ်ားစီးက်လာသည္။
“နဲေသးတယ္” ဟု မွန္ထဲမွ မိမိ ကိုယ္ကိုယ္ၾကည့္ကာ ေျပာ
ရင္း ရယ္ေနလိုက္မိသည္။
**************************
စာေမးပြဲေျဖမယ့္ေန႔။ခါတိုင္းဆို ေစာေစာေရာက္
လာတတ္ေသာ ငတိမက ခုထိမလာေသး။ၾကည္ေနေသာ
စိတ္တို႔က ျပန္လည္ ေနာက္လာျပန္သည္။စိတ္ထဲမွ ႀကိတ္
၍ ေဒါသျဖစ္ေနစဥ္ အေျပးအလႊား ေရာက္လာသည္။
“ဟဲ့..စိတ္ေကာက္ေနတာလား၊ေဆာရီးပါဟာ ငါ
ငါေလ..ဟိုဟို”
“ေတာ္ေတာ့ စကားမရွည္နဲ႔သြားမယ္”
ေငါက္လိုက္ေတာ့ သူလုပ္ေနက် ပုံစံေလးအတိုင္း
လွ်ာကေလးထုတ္ကာ ဇက္ကေလးပုသြားသည္။ယခင္
ရက္ေတြက သူ႔ကို မေစာင့္ခ်င္ေပမယ့္ ခုက်မွ စာေမးပြဲ
ၿပီးမွာ ေၾကာက္ေနျပန္သည္။ခက္တာက ဒီငတိမေလး ေန႔
တိုင္းေနာက္က်ေနတတ္ျခင္းပင္။သူေဒါသ ထြက္ခ်င္ေပ
မယ့္ ထိုသို႔ေသာ ေစာင့္ရတာကိုက အရသာရွိေနျပန္သည္။
ဒီေန႔ စာေမးပြဲ ေနာက္ဆုံးေန႔မို႔ သူတို႔ေတြ သူငယ္
ခ်င္းမ်ားႏွင့္ ေလွ်ာက္လည္ၾကသည္။သူဒီေန႔ ႏြယ္႐ိုးကို
ဘယ္တုန္းကမွ စိတ္မဆိုးခဲ့သည့္ အေၾကာင္း ဘယ္တုန္းက
မွ မမုန္းခဲ့သည္ဆိုသည့္ အေၾကာင္းေတြ သူငယ္ခ်င္းေတြ
ေရွ႕မွာ ေျပာျပရမည္မို႔ အူျမဴးေနသည္။ေလွ်ာက္လည္ၾက
ရင္း အေအးဆိုင္ထိုင္ကာ နားၾကေတာ့ စကားေခၚလိုက္မိ
သည္။
“ေဟ့..ငါတို႔ေတြ ဒီလို အခ်ိန္ ဒီလို ေနရာမွာ ဒီလို
မ်ိဳး ေပ်ာ္႐ႊင္စြာ ဆုံဆည္းရမယ္လို႔ ဘယ္သူက သိခဲ့ၾက
မွာလဲေနာ္”
သူ႔စကားကို အားလုံးအၿပဳံး ကိုယ္စီျဖင့္ ေထာက္ခံ
ေနၾကေပမယ့္ မထင္မွတ္ေသာ စကားကို ဆိုလိုက္သူက
ႏြယ္႐ိုး-
“အင္း..ဟုတ္ပါတယ္၊ဒါေပမယ့္ ငါတို႔ေတြ ဘယ္လို
အခ်ိန္ ဘယ္လိုေနရာမ်ိဳးမွာ ဘယ္လိုမ်ိဳး ဝမ္းနည္းစရာ
ေတြနဲ႔ ဘယ္လို ခြဲၾကရမလဲ ဆိုတာ ဘယ္သူသိၾကမွာလဲ”
“ဟာ!! “ဟင္!!!
ဒါတမင္သက္သက္ သူ႔စကားကို ကန႔္လန႔္တိုက္
ေျပာခ်လိုက္တာ အသိအသာႀကီးပဲ။
“ႏြယ္႐ိုး!!!!!
က်ယ္ေလာင္ေသာ သူ႔ေအာ္သံေၾကာင့္ ခႏၶာကိုယ္
ေလးတုန္သြားကာ သူ႔ကို ျပဴးၿပဲၾကည့္ေနသည္။
“ဟဲ့..ဘာျဖစ္တာလဲ၊ငါက ျဖစ္ႏိူင္တာေျပာတာပါ”
“ေတာ္စမ္းႏြယ္႐ိုး၊နင္ဟာေလ ငါ့စကားဆို အၿမဲ
ဘုကန႔္လန႔္တိုက္တယ္၊နင္ဟာေလ နင့္ကိုယ္နင္ စာေတာ္
တယ္ဆိုၿပီး စာဖတ္တယ္ဆိုၿပီး သိပ္အထင္ႀကီးလြန္းတယ္
ဒီမယ္ ငါစာမဖတ္ဘူး စာမေတာ္ဘူး၊ေအးဒါေပမယ့္ ငါဒီ
ေန႔ နင့္ကို ငါ့ရဲ႕အခင္ဆုံး ပါ၊ဘယ္တုန္းကမွ စိတ္မဆိုးခဲ့
ပါဘူးလို႔ ငါေျပာမလို႔ပဲ၊အခုေတာ့ ေျပာင္းျပန္ျဖစ္သြားၿပီ၊
ငါ နင့္ကို သိပ္မုန္းတယ္ ၊ငါနင့္ကို မုန္းတယ္ မိႏြယ္႐ိုး”
အဆီအေငၚ မတည့္ေသာ စကားေတြကို ေဘာင္
ဘင္ခတ္မတတ္ေျပာ ခ်လိုက္ရင္း ေနရာမွထထြက္လာခဲ့
လိုက္သည္။
“ဟဲ့..ေနာင္႐ိုး၊ေနပါအုံးဟ..ငါေျပာျပပါ့မယ္”
“ငါ့ေနာက္ လိုက္မလာနဲ႔ နင့္ကိုငါမုန္းတယ္”
အေနာက္က ကပ္ပါလာေသာ သူ႔ကို နာၾကည္း
မုန္းတီးစြာ ေအာဟစ္ရင္း လမ္းတစ္ဖက္ ကူးလာလိုက္
သည္။ဒီတစ္ခါ ရင္ထဲတြင္ နင့္သည္မဟုတ္၊မ်က္ရည္မ်ား
ပါဝဲ တက္လာေသာေၾကာင့္ သူဘာကိုမွမျမင္ေတာ့။
“ဟဲ့..ေနာင္႐ိုး..ကား…ကား..”
“ဝုန္း!!! “ဒုန္း!!!!
နားထဲမွာ ႏြယ္႐ိုးေအာ္သံကို ေနာက္ဆုံးၾကားလိုက္
ရၿပီးေနာက္ သူ အေမွာင္ထုထဲ ေရာက္ရွိသြားခဲ့သည္။
ထို႔ေနာက္ အလင္းတန္းတစ္ခု ေရာက္ရွိလာကာ ႏြယ္႐ိုး
ေပၚလာသည္။ႏြယ္႐ိုးက ငိုယိုၿပီး ေတာင္းပန္းေနရွာသည္။ သူေက်နပ္သည္ ျဖစ္၍ စိတ္မဆိုးရက္ေတာ့ပါ။
**********************
“အား” “ကြၽတ္..ကြၽတ္”
ကိုက္ခဲေနေသာ ဦးေခါင္းက ေဝဒနာကို ညည္းသံ
သဲ့သဲ့ႏွင့္ ေျဖေဖ်ာက္လိုက္သည္။ထို႔ေနာက္ မ်က္စိကို အား
ယူကာ ဖြင့္မိေတာ့ သူ႔တစ္ကိုယ္လုံး ပတ္တီးေတြႏွင့္။ ႏွာေခါင္း တြင္လည္း အစာသြင္းဟန္တူေသာ ပိုက္ကို
တပ္ထားေသးသည္။
“သား…သတိရၿပီလား၊မေသေကာင္း မေပ်ာက္
ေကာင္းကြယ္ ေတာ္ေသးတာေပါ့…”
အေမ့စကားသံက ျပတ္သြားတာလား၊ဆက္မေျပာ
ေတာ့တာလား သူမသိ။သူသိခ်င္တာက ႏြယ္႐ိုး။
“အေမ…သားဘာျဖစ္တာလဲ”
“သား..ကားတိုက္မိတာေလ၊ေတာ္ေသးတယ္
ေအးေဆးအနားယူပါ၊ဆရာဝန္ကေျပာတယ္ မစိုးရိမ္ရ
ပါဘူးတဲ့”
အေမ့စကားေတြက အဆက္ျပတ္ေနသလိုပဲ။
“အေမ..ႏြယ္႐ိုးေရာ”
“သူ႔အဘြား ေနမေကာင္းလို႔ အညာျပန္သြားတယ္၊
သား ဘာမွ မေတြးနဲ႔အုံး ေခါင္းကဒဏ္ရာ မသက္သာ ေသးဘူး”
ခပ္ျပတ္ျပတ္ ဝင္ေျဖလိုက္တာက အေဖ။ဘာမွ
ထပ္မေမး ေတာ့ပဲ အေမ့ကို တစ္ခ်က္ၾကည့္ကာ ျပန္မွိန္း
ေနလိုက္သည္။
“ေဩာ္ ႏြယ္႐ိုးရယ္ ငါေဆး႐ုံတက္ေနတာေတာင္
မွ လာမၾကည့္ေပးဘူးေနာ္” ဟုသာ စိတ္ထဲမွ ေရ႐ြတ္ရင္း
မ်က္တစ္ခ်ိဳ႕ က်သြားသည္ထင္၏။ အေမက သုတ္ေပး
ေနျပန္သည္။
ေဆး႐ုံေရာက္ေနတာ မည္မွ် ၾကာေနၿပီမသိ။သူ
သတိရလို႔ သက္သာေနတာ ၁၅ ရက္ပင္ ရွိေနေပၿပီ။
“အေမ..သားဆင္းလို႔ ရၿပီလား”
“ဟင္..ေဩာ္..အင္းသားေလး ဆရာဝန္ႀကီး
ေျပာလိမ့္မယ္”
“အေမ..သားေဆး႐ုံမွာ ဘယ္ေလာက္ၾကာေနၿပီ
လဲဟင္”
“အဲ…ဟို..ဟို..”
“အေမ ဒါေလးေမးတာ ဘာျဖစ္လို႔လဲ”
ထိုအခါ အေမ့ေနာက္နားမွ ဆရာဝန္ႀကီးက-
“သား ဘာျဖစ္တာလဲ မွတ္မိလား”
“သိတယ္ေလ ကြၽန္ေတာ့္ သူငယ္ခ်င္းနဲ႔စိတ္ဆိုး
ၿပီး ကားလမ္းျဖတ္ကူးရင္း ကားတိုက္မိတာ”
ဆရာဝန္ႀကီးက ၿပဳံးကာ ေခါင္းညိတ္ျပရင္း
အေဖနဲ႔အေမကို ေခၚသြားေလသည္။ခဏၾကာေတာ့
အေမက အရင္ျပန္ေရာက္လာၿပီး-
“သား ေဆး႐ုံက ဆင္းလို႔ရၿပီတဲ့၊သားေရာက္ေနတာ
၂ လျပည့္ေတာ့မယ္ေလ”
“ဗ်ာ!!!!
ဒီေလာက္ေတာင္ ျဖစ္သြားတာ ႏြယ္႐ိုးက ေပၚမလာ
ခဲ့ဘူးေပါ့။အင္းေလ သူ႔အဘြား အေျခအေန မေကာင္းလို႔
ျဖစ္မွာပါ။
အိမ္ျပန္ေရာက္ေရာက္ခ်င္း ၾကည့္မိတာက ႏြယ္႐ိုး အင္မတန္ ႀကိဳက္တတ္ေသာ ႏွင္းဆီ႐ုံကေလးပဲ ျဖစ္သည္။
အေဖနဲ႔အေမလည္း သူ႔ကိုေစာင့္ေနရတာနဲ႔ အိမ္ျပန္ျဖစ္ဟန္
မတူ။ပန္းပင္ေတြက ေျခာက္ေသြ႕ၿပီး သခင္မဲ့ေနသည္။
“အေဖနဲ႔အေမ ေအးေဆး အနားယူပါ သား အိမ္ေရွ႕
ခဏထိုင္အုံးမယ္”
ဒီထိုင္ခုံေလးမွာ သူထိုင္ေစာင့္ေနက်။စကားႏိူင္
လုေနက်၊ရန္ျဖစ္ေနက်။အလြမ္းေျပ သူတို႔ အိမ္ေလးကို
ၾကည့္မိေတာ့ တိတ္ဆိတ္စြာ ႏႈတ္ဆက္ေနသေယာင္။
ထို႔ေနာက္ ေရပုံးငယ္ ဆြဲကာ ပန္းပင္မ်ား ေရေလာင္းလိုက္
သည္။ဒီအပင္ေလးေတြကို ဒီတစ္ခါ ပ်ိဳးေထာင္သည္က ႏြယ္႐ိုး အတြက္ ဆိုတာ သိေစခ်င္သည္။
**********************
ညက တိတ္ဆိတ္လြန္းသည္။ေအးစက္မႈကို ေျခရာ
ေဖ်ာက္၍ ေႏြဦး၏ ေလေျပေလး ေဆာ့ေျပးသြားသည္။
“ဟဲ့..ေနာင္႐ိုး”
“ဟင္”
ထိုင္ခုံေပၚ ထိုင္ေနရင္း ေနာက္ပါးမွ ေခၚသံေၾကာင့္
လွည့္ၾကည့္မိသည္။သို႔ေသာ္ လႈပ္ရွားေနေသာ ႏွင္းဆီပြင့္
ေလးမ်ားမွ လြဲ၍ ဘာမွမရွိ။ပန္းပင္ေလးေတြက သူ႔ကို
သေရာ္ေနပုံရသည္။
“ဟဲ့..ေနာင္႐ိုး”
ဒီတစ္ခါ ပီပီျပင္ျပင္ ၾကားလိုက္ရသည္။ဒါ..ဒါ..
ႏြယ္႐ိုး အသံမွ ႏြယ္႐ိုးအသံ။သူလွည့္ၾကည့္ေတာ့ အမွန္
တကယ္ပင္ ႏြယ္႐ိုးျဖစ္ေနသည္။သူ အားရဝမ္းသာစြာ
ေျပးသြားမည္ အျပဳ အခုမွ ေပၚလာရသလား ဟု ေတြးကာ
စိတ္ေကာက္ဟန္ တစ္ဖက္လွည့္ေနလိုက္သည္။
“နင္..ငါ့ကို ခုထိစိတ္ဆိုး မေျပေသးတာလား”
ဒီအသံကို သူခံႏိူင္ရည္ မရွိေတာ့ပါ။ႏြယ္႐ိုးကို
စိတ္ဆင္းရဲေအာင္ မလုပ္ရက္ေတာ့။စိတ္ကိုေျဖရင္း-
“ေတာ္စမ္းပါဟာ ေဆး႐ုံတက္ေနရတာ၊လာေတာင္
မၾကည့္ပဲနဲ႔မ်ား ေနႏိူင္တယ္၊ဒါလား ငါ့ကို ခင္တာ”
“မဟုတ္ပါဘူးဟာ…ငါေလ…ငါ…ငါ…”
“ေတာ္တိတ္ ခုမွစကားလာထစ္မေနနဲ႔”
ဒီတစ္ခါေငါက္လိုက္ေတာ့ ခါတိုင္းလို လွ်ာကေလး
ထုတ္ကာ ဇက္ကေလးပု မသြားေပ။အေနေဝးသြားၾကလို႔
စိမ္းကားသြားတာလား ႏြယ္႐ိုးရယ္။
“နင္ ေဆးေသာက္ဖို႔ေမ့ေနတယ္ေလ၊အဲဒါလာေျပာ
တာပါ”
“ဟင္!!!
“ငါေဆး ေသာက္ဖို႔ေမ့ေနတာ နင္သိေနတယ္”
“ေအး ငါသိတယ္၊ဒီပန္းပင္ေတြ ငါ့အတြက္စိုက္ေန
တယ္ဆိုတာလည္း ငါသိတယ္၊ငါနင့္ကို ၾကည့္ေနတာ”
“ငါ..သြားေတာ့မယ္”
“ဟဲ့..ႏြယ္႐ိုး..ေနပါအုံး”
“ႏြယ္႐ိုး!!!!!
အသံကုန္က်ဳံးေအာ္ရင္း မ်က္စိဖြင့္လိုက္ေတာ့
အိပ္ယာထက္မွာ ေခြၽးမ်ား ႐ႊဲနစ္ေနသည္။ဟုတ္သည္။ ေဆးေသာက္ဖို႔ မွိန္းေနရင္း အိပ္ေပ်ာ္သြားသည္။ဒါ..ဒါဆို
ႏြယ္႐ိုး တကယ္လာ သြားတာလား။ ေအာ္သံေၾကာင့္
အေဖနဲ႔အေမပါ ထလာသည္။
“သား ဘာျဖစ္တာလဲ”
“အေမ..ႏြယ္႐ိုး ေနေကာင္းရဲ႕လား၊အဆက္အ
သြယ္မရဘူးလား၊သူေလ သားဆီကိုလာတယ္၊သားေဆး
ေသာက္ဖို႔ ေမ့ေနတာ လာေျပာသြားတယ္”
“မဟုတ္တာ သားရယ္၊မင္းစိတ္စြဲၿပီးမက္တာေန
မွာပါ ေဆးေသာက္ၿပီးျပန္အိပ္လိုက္”
“မဟုတ္ဘူးအေမ၊စိတ္စြဲတယ္ ထားပါအုံး၊အခု
ေျပာသြားတာက အျပင္မွာလိုပဲ”
“ေဩာ္…သားရယ္ အိပ္မက္ေတြ ဆိုတာ တကယ္
လိုပါပဲ၊ အင္း..ငါ့သားေလးလည္း ရွိေတာ့လည္းမတည့္
မရွိေတာ့လည္း မေနႏိူင္၊သား သိပ္ကို သံေယာဇဥ္ ႀကီး
တယ္ထင္တယ္”
“ထင္တာမဟုတ္ဘူူူး အေမ၊သားသူ႔ကို မတည့္
ေအာင္ တမင္ေနတာ၊သားသူ႔ကို အရမ္းခင္တာ၊သိပ္ကို
ခ်စ္တာ အေမရ”
“ကဲပါ သားရယ္ အေမသိပါတယ္၊မင္းေနမေကာင္း
ေသးဘူး အိပ္လိုက္ေတာ့ေနာ္”
ေဆးေသာက္၍ ျပန္မွိန္းေနလိုက္သည္။သိုေသာ္
အိပ္၍ကား မရေတာ့။မိုးလင္းကာနီးမွ ေမွးကနဲ အိပ္ေပ်ာ္
သလိုျဖစ္သြားခ်ိန္ ႏြယ္႐ိုး ထပ္လာသည္။စကားေျပာၾက
ရင္း သူႀကိဳက္ေသာ ႏွင္းဆီပန္းေလး ပန္ေပးရတာ ေပ်ာ္စရာ ေကာင္းလွပါသည္။ငါ နင့္ကို သိပ္ခ်စ္မိေနၿပီ
ႏြယ္႐ိုး ရယ္…။
ငါ့ သူငယ္ခ်င္းေျပာတာ မွန္တယ္ ” တန္ဖိုးဆိုတာ မရွိေတာ့မွ နားလည္ရင္ ေနာင္တေတြပဲရတတ္တယ္”တဲ့ ငါေနာင္တေတြ ရေနပါၿပီ။
********************
ဒီညေနသာယာသလို ရွိတာေၾကာင့္ သူ အျပင္ထြက္
ရန္ ျပင္ေတာ့ အေဖႏွင္အေမက လိုက္ရန္ ျပင္သည္။သို႔
ေပမယ့္ စိတ္ေျပလက္ေပ်ာက္ သေဘာေၾကာင့္ ေဝးေဝး
မသြားရန္ မွာ၍ မလိုက္ခဲ့ေတာ့။သူပထမဆုံး သြားမိသည္
က သူတို႔တက္ခဲ့ေသာ ေက်ာင္းေတာ္ႀကီး။ထို႔ေနာက္ သူတို႔
စာက်က္ေနက် ေနရာေလး။ဒါေတြ ၿပီးေတာ့သူတို႔ေနာက္ ဆုံး ေတြ႕ခဲ့ၾကေသာ အေအးဆိုင္ေလး။သူ လမ္းကိုကူး၍
သြားရန္ ေျခလွမ္းစဥ္-
“ေနာင္႐ိုး..ကားေတြ သတိထားေနာ္”
နားထဲမွာ ၾကားလိုက္ရသည္က ပီပီျပင္ျပင္၊သို႔
ေသာ္လည္း ေနာက္မွာေတာ့ မည္သူမွ် ရွိမေန။အေဖနဲ႔
အေမက လမ္းမကူးဖို႔ သတိေပးလိုက္ေပမယ့္ သူမေနႏိူင္
သျဖင့္ ကူးလာခဲ့သည္။ဆိုင္ထဲ ဝင္ကာ ႏြယ္႐ိုးႀကိဳက္တတ္
ေသာ ေရခဲသုပ္ မွာစားသည္။
“မျဖစ္ႏိူင္တာကြာ…ဟုတ္ပါ့မလား”
“ဟာ..ဆိုင္ရွင္ကို ေမးၾကည့္ကြာ၊မင္းမယုံရင္
ညဖက္ ကားေမာင္းလာခဲ့ ေတြ႕လိမ့္မယ္”
“ဟုတ္တယ္ကြ ငါေတာင္ အေတာ္ဖ်ားသြားတယ္”
တကၠစီသမား သုံးေယာက္ ေျပာေနတာ နားစြန္နား
ဖ်ားၾကားမိ၍ စိတ္ဝင္စားသြားသည္။သူတို႔ ဘာအေၾကာင္း
ေျပာေနၾကတာပါလိမ့္ ဟုေတြးကာ အေသအခ်ာ နားစြင့္
ၾကည့္မိသည္။
“ကိုဝႀကီး တကယ္လားဗ်”
“တကယ္ပါ ငါ့လူရာ၊ငါေတာင္ ညေနဆိုင္ေစာေစာ
သိမ္းေနရတယ္ေဟ့၊ခု ခဏေနသိမ္းေတာ့မွာ”
“ေနပါအုံးဗ် အရင္က မၾကားမိပါဘူး”
“မင္းက နယ္ထြက္ေနတာ မေန႔တစ္ေန႔ကမွ ျပန္
ေရာက္တာ ဘယ္သိပါ့မလဲ၊လြန္ခဲ့တဲ့ သုံးလေက်ာ္ကမွ
ျဖစ္သြားတာ ငါ့မ်က္စိေရွ႕တင္ပဲကြ”
“ဘုရား” ေရ။ငါထင္တာမဟုတ္ပါေစနဲ႔ဟု ဆုေတာင္း
ရင္း ေနရာမွ ထကာ သူ