Unicode Version
” သင်္ချိုင်းရွှေ့တဲ့နေ့ “(စ/ဆုံး)
—————————
(ဖြစ်ရပ်မှန်)
“ဘုရားရေ …သင်္ချိုင်းရွှေ့တာလည်း ရဲတာဝန်ပဲလားဟ…”
လက်ထဲက စာရွက်နှစ်ရွက်ကိုကြည့်ပြီး စခန်းမှူးဦးခင်ကျော်
စိတ်ပျက်လက်ပျက် ညည်းညူလိုက်တယ်…
စာရွက်နှစ်ရွက်က သင်္ချိုင်းရွှေ့ရာမှာ ရွတ်ဖတ်အမိန့်ပြန်ရမယ့်
အမိန့်စာရွက်နှစ်ရွက်။မကြာခင် အချိန်ကလေးကမှ
သဲကုန်း မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးကိုယ်တိုင် သူ့လက်ထဲ
ထည့်ပေးလိုက်တာပါ။
ပြီးတော့…
“ကဲ…။စခန်းမှူးကြီးရေ ခင်ဗျားကိုပဲ တာဝန်ပေးလိုက်မယ်။
ကျုပ်တို့ အမ်းမမြို့ကို တိုးချဲ့သတ်မှတ်မယ်ဗျာ။
သင်္ချိုင်းကုန်းနေရာမှာ လူနေရပ်ကွက်တွေ ဖြစ်လာမယ်။
ဒါကြောင့် သင်္ချိုင်းကို အမ်းမရဲ့ အနောက်တောင်ဘက်က
သတ်မှတ်ထားတဲ့ နေရာကိုရွှေ့မယ်…
အဲဒါ ရွှေ့ဖို့ ပြောင်းဖို့ ကိစ္စကို စခန်းမှူးကြီး တာဝန်ယူပြီး
လုပ်ဆောင်ပါ…”
လို့လည်း ပြောလိုက်တယ်။သင်္ချိုင်းဆိုတာ
သီးသန့်သတ်မှတ်ထားနေရာ။
လူတွေက သင်္ချိုင်းကို နာရေးကိစ္စရှိမှ လာတယ်။
ကိစ္စမရှိလို့ကတော့ ခြေဦးတောင် မလှည့်ကြဘူး။
ဒီတော့ လူတွေနဲ့ ကင်းကင်းနေချင်တဲ့ သရဲတစ္ဆေ
နာနာဘာဝတွေအတွက် သင်္ချိုင်းကုန်းက
နေရာဋ္ဌာနတစ်ခုဖြစ်တာ မဆန်းပါဘူး။
အခု သူတို့ကို နေရာပြောင်းရွှေ့ပေးရမယ်။
သင်္ချိုင်းဟောင်းက ပြောင်းချင်သလား။
မပြောင်းချင်ဘူးလား။ဆန္ဒတောင်းဖို့ မလိုဘူး။
သင်္ချိုင်းကုန်းအသစ်မှာ နေချင်သလား။
မနေချင်ဘူးလား။အဖက်လုပ်ပြီး မေးစရာအကြောင်းမရှိဘူး။
ဒါက အစိုးရမင်းရဲ့ အမိန့်ပဲ။
စာရွက်ပေါ်မှာ ရေးထားတဲ့ အမိန့်ကိုဖတ်ရုံနဲ့
နာနာဘာဝတွေ ပြောင်းမလား။မပြောင်းဘူးလား
ဦးခင်ကျော်မသိဘူး။နောက်ပြီး သရဲတစ္ဆေတွေကို
ကြီးမှူးအုပ်ချုပ်တာက သင်္ချိုင်းရှင်မ မဖဲဝါတဲ့။
မြို့နယ်မှာ အုပ်ချုပ်တဲ့ အစိုးရမင်းက မဖဲဝါနဲ့
စေ့စပ်ညှိနှိုင်းခဲ့တာလည်း မကြားမိဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ရဲလက်စွဲမှာ ပြဋ္ဌာန်းမထားတဲ့
ရဲအက်ဥပဒေမှာ ရဲအလုပ်လို့ သတ်မှတ်မထားတဲ့
သင်္ချိုင်းရွှေ့တဲ့အလုပ်ကတော့ စခန်းမှူးဦးခင်ကျော်ရဲ့
ပုခုံးပေါ် ကျလာပြီဖြစ်တယ်။
“ဒါလည်း အတွေ့အကြုံသစ် တစ်ခုပဲလေ…”
နောက်ဆုံးမှာ စခန်းမှူးဦးခင်ကျော်စိတ်ကို
ဖြေလျော့လိုက်တယ်။သင်္ချိုင်းရွှေ့ဖို့ ကိစ္စကို
ခေါင်းထဲထည့်စဉ်းစားရတယ်။
“သင်္ချိုင်းနဲ့ပတ်သတ်ရင် သင်္ချိုင်းရှင်မ မဖဲဝါကို
အသိပေးရတယ်နော် ဗိုလ်ကြီး…
ဒီကိစ္စအတွက် တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့
တိုင်ပင်သင့်ပါတယ်…
အမှားအယွင်းဖြစ်တာတို့ မဖဲဝါမကြိုက်တာတို့
ဖြစ်ရင်တော့ ရွာခိုက်တယ်လို့ကြားဖူးပါတယ် ဗိုလ်ကြီး”
စခန်းမှူးဦးခင်ကျော်ကို ဂတ်စာရေးတပ်ကြပ်ကြီးက
အကြံပေးတင်ပြတယ်…
“နေပါဦး ဂတ်စာရေးကြီးရဲ့ ။ ရွာခိုက်တယ်ဆိုတာ
ဘယ်လိုဖြစ်မှာလဲ…”
“မဖြစ်သင့်တာတွေ ဖြစ်တာပေါ့ ဗိုလ်ကြီးရယ်
သူ့အလိုလိုနေရင်း တစ်မြို့လုံးထိတ်လန့်ချောက်ချားနေမယ်။
ညညဆိုရင် ခွေးတွေအူမယ် ။ ခွေးတွေ ဟောင်မယ်။
ငှက်ဆိုးတွေ ထိုးမယ်။ အဲဒီကနေ တစ်မြို့လုံးလိုလို
နာဖျားမကျန်းဖြစ်ပြီး လူတွေတစ်ယောက်ပြီး
တစ်ယောက်သေမယ်ပေါ့ခင်ဗျာ…”
“ဟ…သင်္ချိုင်းပြောင်းတဲ့ကိစ္စက ဒီလောက်တောင်ကြီး
ကျယ်သလားဗျ…”
“ဒါကတော့ ဗိုလ်ကြီးပဲ စဉ်းစားကြည့်လေ။
လူ့လောကမှာ အုပ်ချုပ်သူအဆင့်ဆင့်ရှိသလို
သူတို့တစ္ဆေလောကမှာလည်း အုပ်ချုပ်တဲ့
အကြီးအကဲရှိမှာပဲ။သူ့ကိုအလေးထားပြီး
အသိပေးတော့ ကောင်းတာပေါ့”
“ဟုတ်ပါပြီဗျာ သင်္ချိုင်းရွှေ့ရင် ဒီအချက်ကိုလည်း
စဉ်းစားပါ့မယ်…”
“နောက်ပြီး ကျန်သေးတယ် ဗိုလ်ကြီး…”
“ဘာများလဲဗျ”
“သင်္ချိုင်းပြောင်းတဲ့အခါ သင်္ချိုင်းဟောင်းက
သရဲတစ္ဆေ နာနာဘာဝတွေ တစ်ကောင်တစ်မြီးမှ
မကျန်ဖို့လည်း အရေးကြီးတယ်။
တစ်ကောင်ကျန်နေရင်တောင် သင်္ချိုင်းမပျက်ဘူးတဲ့။
ဒါကြောင့် မဖဲဝါကို အလေးထား တိုင်တည်ရမယ်
ပြောတာပေါ့။ တစ်ကောင်မှ မကျန်အောင်ပြောင်းဖို့
ဆိုတာက မဖဲဝါမှ လုပ်နိုင်မှာလေ…။
ကျနော်တို့က နာနာဘာဝတွေကို
မမြင်ရတော့ ဘယ်သူကျန်တယ်။ မကျန်ဘူး။
ဘယ်လိုလုပ် သိနိုင်မှာလဲ…။
သင်္ချိုင်းရွှေ့မယ်အကြောင်းကို ကြိုတင်ပြီး
အကြောင်းကြားပေးထားဖို့လည်း လိုမယ်…”
ဂတ်စာရေးကြီးရဲ့ အကြံပေးမှုနဲ့ သိသင့်သိထိုက်တာ
အချို့ သိလိုက်ရတယ်…။
အဲဒီနောက်မှာတော့ သင်္ချိုင်းနေရာ ရွှေ့ဖို့ကိစ္စကို
စတင်စီစဉ်တယ်…။အင်းမသင်္ချိုင်းကို
လူတစ်ယောက်လွှတ်တယ်။
မဖဲဝါကို စားမြိန်စာထုပ်နဲ့ ကျွေးမွေးပြီး မနက်ဖြန်
နေ့လယ်မှာ သင်္ချိုင်းရွှေ့မယ်အကြောင်းနဲ့။
သင်္ချိုင်းမှာ နေထိုင်တဲ့ သရဲ တစ္ဆေ ။
နာနာဘာဝအားလုံးကို အသင့်ရှိနေအောင်
စုစည်းပေးထားဖို့ မေတရပ်ခံခိုင်းလိုက်ပါတော့တယ်။
“ဒီသင်္ချိုင်းအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နာနာဘာဝ
ဝိနာဘာဝ ပုဂ္ဂိုလ်သတ္တဝါအပေါင်းတို့ ခင်ဗျား…
ဒီသင်္ချိုင်းနေရာကို လူအများနေထိုင်ရန်
မြို့ကွက်တိုးချဲ့တော့မှာ ဖြစ်တဲ့ အတွက်
ဒီနေရာမှာ သင်တို့နှင့် ရောယှက်နေထိုင်ရန် မဖြစ်နိုင်ပါ။
သို့ဖြစ်ပါ၍ သင်တို့နေထိုင်ရန်
သတ်မှတ်ထားသောနေရာသစ်သို့
ကျွန်ပ်ကိုယ်တိုင် ပို့ဆောင်ပေးမည် ဖြစ်သည်။
ထို့ကြောင့် ဤသင်္ချိုင်း၏အပြင်ဘက်တွင်
ရပ်ထားသော လောရီကားပေါ်သို့ တက်ကြပါရန်
မေတ္တာရပ်ခံပါသည်”
စခန်းမှူးဦးခင်ကျော်ဟာ အမိန့်အမှတ်(၁)ကို
အသံနေ။ အသံထား။အမိန့်သံပါပါနှင့်
သုံးခေါက်တိတိ ဖတ်လိုက်တယ်။
“သင်္ချိုင်းရှင်မ မဖဲဝါအနေနဲ့လည်း သင်္ချိုင်းရွှေ့တဲ့
အစီအစဉ် ချောခောမောမောဖြစ်အောင်
စောင့်ရှောက်ပေးပါ”လို့ လည်း ထပ်ပြီးပြောလိုက်တယ်။
ပြောပြီးတာနဲ့ သင်္ချိုင်းဇရပ်ဘေး အုတ်ဂူတစ်လုံးပေါ်က
မဖဲဝါအတွက် တင်ထားတဲ့အမဲသားဟင်းနဲ့
ထမင်းထုပ်ကိုကြည့်လိုက်တယ်။ထမင်းထုပ်ပေါ်မှာ
ယင်မမည်းရိုင်းကြီးတစ်ကောင်က ဝဲလိုက်နားလိုက်
လုပ်နေတယ်။ဒီအချိန်မှာပဲ ဦးခင်ကျော်ရဲ့ တစ်သက်တာမှာ
တစ်ကြိမ်တစ်ခါမျှ မကြုံဖူးတဲ့ ထူးထူးဆန်းဆန်း
အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရတယ်။
မထင်မရှား ရောထွေးနေတဲ့ စကားပြောသံတွေ
ကြားလိုက်ရတယ်။စကားသံတွေက
လော်ရီကားကြီးဆီကပါ။
ကားက ဘော်ဒီကြီးကြီးတောင့်တောင့်
အပေါ်မှာ သံကိုင်းတွေ ရှိတယ်။
ယာဉ် (၅)တန်။ ကုန်(၅)တန်။
ပေါင်း(၁၀)တန်ဆိုတဲ့ ကားကြီး။
နောက်တစ်ခါ ကျွိ…ကျွိ…ကျွိ…ကျွိ ဆိုတဲ့
မြည်သံကိုလည်း ကြားရပြန်တယ်။
ဒီအသံက လူတစ်ယောက်ကားပေါ်တက်တိုင်းလူရဲ့
ကိုယ်ခန္ဓာအလေးချိန်ကြောင့် ကားဘော်ဒီလှုပ်ရှားရာက
ထွက်ပေါ်တတ်တဲ့အသံမျိုး။
ဒီလိုကိစ္စမျိုး ဦးခင်ကျော်တစ်ခါမှ မကြုံဖူးဘူး။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ
သရဲတစ္ဆေ နာနာဘာဝတွေ ကားပေါ်တက်နေကြတယ်
ဆိုတဲ့ အသိနဲ့ ကားဆီက ထွက်ပေါ်နေတဲ့
မသဲမကွဲစကားသံတွေ။ တကျွိကျွိမြည်သံတွေကြောင့်
ချောက်ချားစရာ ကောင်းနေတယ်။
ရုတ်တရက် သူ့ဘေးက လူတစ်ယောက်ဖြတ်သွားသလို
ခံစားလိုက်ရတယ်။ သူ့ကို လေဟပ်သွားတယ်။
သူ ဘေးဘီဘယ်ညာကို ကြည့်လိုက်တယ်။
ဘယ်သူ့ကိုမှ မတွေ့ရဘူး။မမြင်ရတဲ့
နာနာဘာဝတစ်ကောင် သူ့ဘေးက ကပ်ပြီး
ကားဆီကိုသွားနေတာ ဖြစ်မယ်လို့ သူနားလည်လိုက်တယ်။
ဒီအချိန်မှာပဲ ကားသမားဆီက လှမ်းအော်ပြောသံကို
ကြားရတယ်။ကားသမားက ခေါင်းခန်းထဲမှာ
စတီယာရင်ကိုင်ပြီး ထိုင်နေတာ။
“ဗိုလ်ကြီးရေ…ဒီမှာ လာလုပ်ပါဦး
ခေါင်းခန်းထဲ ဝင်နေကြတယ်…”
ဦးခင်ကျော် ခေါင်းခန်းတံခါးပွင့်သွားတာ စောစောက
တွေ့လိုက်တယ်။ဒါပေမဲ့ ‘ချက်’ ချတာ မမိလို့ပဲထင်မိတယ်။
ခဏနေတော့ ခေါင်းခန်းတံခါး ပြန်ပိတ်သွားတာ တွေ့ရတယ်။
ဒါလည်း ဒရိုင်ဘာက ပြန်ပိတ်လိုက်တာလို့ ထင်မိတယ်။
အမှန်က ဒီလိုမဟုတ်ဘူး။
ခေါင်းခန်းတံခါးက သူ့အလိုလို’ချက်’ပြုတ်ပြီး
ရုတ်တရက်ပွင့်သွားတာ။
ပြီးတော့ သူ့အလိုလို ပြန်ပိတ်သွားတာ ဖြစ်မယ်။
ဒါကို ဒရိုင်က သိလိုက်တယ်။
နောက်ပြီး သူ့ဘေးက ထိုင်ခုံကူရှင်ပေါ်ကို
တစ်ယောက်ယောက်ဝင်ထိုင်သလို ဖြစ်သွားတယ်။
ဒါကြောင့် စခန်းမှူးဦးခင်ကျော်ကို
လှမ်းအော်ပြောလိုက်တာ ဖြစ်မယ်။
ဦးခင်ကျော် ကားခေါင်ခန်းဆီကို သွားတယ်။
ဒရိုင်ဘာကို အကျိုးအကြောင်းမေးတယ်…။
ဒရိုင်ဘာက ဖြစ်ပုံပျက်ပုံ အကြောင်းစုံကိုရှင်းပြတယ်။
နာနာဘာဝတစ်ကောင် ခေါင်းခန်းထဲဝင်ထိုင်နေပြီဆိုတာ
ဦးခင်ကျော် သဘောပေါက်သွားတယ်။
“ကားခေါင်းခန်းထဲမှာ ဝင်ထိုင်နေတဲ့
နာနာဘာဝပုဂ္ဂိုလ် ခင်ဗျား…
ကားခေါင်းခန်းထဲမှာက ကားမောင်းတဲ့ဒရိုင်ဘာနဲ့
သင်တို့ကို နေရာသစ်ဆီလိုက်လံပို့ဆောင်ပေးမယ့်
ကျွန်ပ်နှစ်ဦးသာ ထိုင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ခေါင်းခန်းထဲက ဆင်းပြီး
နောက်ဘက်ကားအပေါ်မှာ သွားရောက်နေရာယူပေးဖို့
မေတ္တာရပ်ခံပါတယ်”
စခန်းမှူးဦးခင်ကျော်ပြောပြီးလို့ ခဏပဲကြာတယ်။
ခေါင်းခန်းတံခါး ‘ချက်’ပြုတ်သံကြားရပြီး
ပွင့်သွားတယ်။
တစ်စုံတစ်ယောက် ဆင်းသွားသလို ဖြစ်ပြီး
တံခါးပိတ်သွားတယ်။ဒီလိုနဲ့ နာရီဝက်နီးပါးလောက်ကြာတော့
ဘာသံမှ မကြားရတော့ဘူး။နာနာဘာဝတွေ
ကားပေါ်ကို အားလုံးရောက်နေပြီ။သင်္ချိုင်းထဲမှာ
မကျန်လောက်တော့ဘူးလို့ ဦးခင်ကျော်
တွက်ဆတယ်။ဒါကြောင့် လော်ရီကားခေါင်းထဲ
တက်လိုက်ပြီး ကားသမားကို မောင်းဖို့
ပြောလိုက်တယ်။
ကားသမားက ကားကိုစက်နှိုးတယ်။
စက်နိုးတာနဲ့ ဂီယာထိုးပြီး ကားကို ထွက်တယ်။
အဲဒီအချိန်မှာ ကားရပ်သွားတယ်။
ကားသမားက ဂီယာပြန်ဖြုတ်ပြီး စက်ပြန်နှိုးတယ်။
စက်နိုးတာနဲ့ ဂီယာထိုးပြီး ကားထွက်တယ်။
ကားစက်ရပ်သွားပြန်တယ်။
သုံးကြိမ် သုံးခါတိတိ စက်နှိုးလိုက် ဂီယာထိုးလိုက်
ကားရပ်သွားလိုက် ဖြစ်နေတယ်။
ဒီမှာတင် ကားသမားကပြောတယ်။
“ဗိုလ်ကြီး…ဝိတ်အရမ်းများလွန်းတယ်။
တချို့တစ်ဝက် ပြန်ဆင်းခိုင်းပေးပါဦး”
ဒရိုင်ဘာရဲ့စကားကြောင့် စခန်းမှူးဦးခင်ကျော်
ကားဘော်ဒီထဲကို ကြည့်လိုက်တယ်။
ကားပေါ်မှာ ဘာမှမရှိဘူး။
သက်ရှိသတ္တဝါ တစ်ကောင်တစ်မြှီးမှ မမြင်ရဘူး။
“ကားပေါ်ကို သူတို့တက်တယ်ဆိုတာတော့
ငါလက်ခံတယ်။ဝိတ်များလွန်းနေတယ်
ဆိုတာကတော့ ဟုတ်ပါ့မလားကွာ ။
ကားဘော်ဒီကလည်း အခွံကြီး။
အထဲမှာ ဘာမှာမရှိဘူး”
“ဘယ်လိုကြောင့်ဆိုတာတော့ ကျနော်လည်း မသိဘူး
ကားကတော့ ထွက်လို့မရတာ အမှန်ပဲဗိုလ်ကြီး”
ကားဒရိုင်ဘာက စခန်းမှူးဦးခင်ကျော်ကိုပြောပြီး
စိတ်ပျက်လက်ပျက်နဲ့ တံခါးဖွင့် အောက်ဆင်းသွားတယ်။
စခန်းမှူးဦးခင်ကျော်လည်း အောက်ကို ဆင်းလိုက်တယ်။
ခဏနေတော့ ကားဒရိုင်ဘာက
“ဗိုလ်ကြီး…ဗိုလ်ကြီး ဒီမှာ လာကြည့်ပါဦး”
လို့ လှမ်းခေါ်တယ်။
ဦးခင်ကျော်ရောက်သွားတော့ ကားဒရိုင်ဘာက
လေးထုပ်ပြတယ်။
လေးထုပ်ဆိုတာက ဝန်ဖိအားကို ထိန်းပင့်ဖို့အတွက်
ကားဝင်ရိုးမှာ တပ်ဆင်ထားတဲ့ လေးကိုင်းပုံသံမဏိပြားတွေပါ။
သူ့ရဲ့သဘာဝက ဝန်ဖိအားမရှိဘူးဆိုရင်
လေးကိုင်းပုံ ကွေးနေတယ်…။
အပေါ်က ဝန်ဖိထားရင်တော့ ကွေးနေတဲ့လေးပြားတွေဟာ
ဆန့်ပြီးတန်းမတ်သွားတာ ဖြစ်တယ်။
အခုလည်း လေးတွေက တန်းဆန့်နေတာ တွေ့ရတယ်။
‘မိန်းခလေး’တင်မကဘူး’ဟက်လ်ပါ’လို့ခေါ်တဲ့
‘အကူလေး’ပါ ဝန်ပိနေတာ တွေ့ရတယ်။
ဦးခင်ကျော်ဟာ အရင်က တစ္ဆေသရဲ။
နာနာဘာဝဆိုတာတွေကို
သိပ်အယုံအကြည်ရှိလှတာ မလှဘူး။
ခုလည်း တာဝန်အရ လုပ်ရတာမို့
အမှားအယွင်းမဖြစ်အောင်။ ကိုယ့်အပြစ်မဖြစ်အောင်သာ
မဖဲဝါတင်တာ မြှောက်တာ။
ပြောဆိုတောင်းပန်တာတွေ လုပ်နေရတာ ဖြစ်တယ်။
ခုတော့ ကိုယ့်တွေ့မျက်မြင်ဖြစ်နေတာမို့
မယုံလို့မရလို့ မရဘဲ လက်ခံလိုက်ရတယ်။
“တချို့တစ်ဝက် ပြန်ဆင်းခိုင်းမှ ကားထွက်လို့ရမယ်ဗိုလ်ကြီး”
ကားဒရိုင်ဘာရဲ့ ဒုတိယမြောက်သတိပေးစကားကြောင့်
ကားပေါ်က နာနာဘာဝအချို့ကို ပြန်ဆင်းခိုင်းဖို့
ဦးခင်ကျော် သတိရသွားတယ်။
ဒါကြောင့် ကားဘော်ဒီအိမ်အလယ်လောက်က
သံတိုင်ကိုကိုင်တယ်။
“ကားပေါ်မှာ တက်ရောက်နေကြတဲ့ နာနာဘာဝပုဂ္ဂိုလ်
သတ္တဝါအားလုံးတို့ခင်ဗျား…
ကားပေါ်မှာ တက်ရောက်နေသူတွေ များလွန်းတာကြောင့်
ဝန်လေးပြီး ကားက ထွက်လို့မရဘူး ဖြစ်နေပါတယ်။
ဒါကြောင့် ဒီသံတန်းရဲ့ အရှေ့ဘက်မှာ
ရောက်နေတဲ့ပုဂ္ဂိုလ်သတ္တဝါတွေက ကားပေါ်မှာ
နေမြဲအတိုင်းနေပြီး ။
ဒီသံတန်းရဲ့ အနောက်ဘက်မှာရှိတဲ့ ပုဂ္ဂိုလ်သတ္တဝါ
အားလုံးက ကားအောက်ကို ခေတ္တခဏ ဆင်းပေးကြပါ။
ဘယ်ကိုမှ မသွားမလာဘဲ ဒီနေရာမှာပဲ
စောင့်ဆိုင်းပေးကြပါ။ကားပေါ်က
ပုဂ္ဂိုလ်တွေကို နေရာသစ်သို့ ပို့ဆောင်ပေးပြီးတာနဲ့
တစ်ပြိုင်နက် သင်တို့ကို တစ်ခေါက်ပြန်လာ
ခေါ်ပါ့မယ်။နေရာသစ်ကို ပို့ဆောင်ပေးပါ့မယ်”
လို့ ပြောလိုက်တယ်…။
ပြောပြီးတာနဲ့ ဘာကိုမှမကြည့်ဘဲ
‘လေး’တစ်ခုတည်းကိုပဲ စူးစိုက်ပြီးကြည့်တယ်။
နာနာဘာဝတွေ ကားပေါ်တက်ကြတုန်းက
တကျွိကျွိမြည်နေသလိုပဲ။သူတို့ပြန်ဆင်းတဲ့အခါမှာလည်း
ကားကလှုပ်ခါနေတယ်။အသံတွေ မြည်နေတယ်။
နောက်ပြီး ဝန်ကိုထမ်းနေရတဲ့ ‘လေး’တွေကလည်း
တဖြည်းဖြည်းလျော့လာတာကို အံ့သြဖွယ် တွေ့နေရတယ်။
ဆယ်မိနစ်လောက်ကြာတော့ ဆင်းတဲ့အသံတွေ
ရပ်သွားတယ်။ကား’လေး’ကလည်း
ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။
“ကဲ …ကားဆရာရေ။’လေး’တွေကတော့ ပုံမှန်အတိုင်း
ပြန်ဖြစ်သွားပြီ။ ကားစက်နှိုးပေတာ့”
စခန်းမှူး ဦးခင်ကျော်ပြောတာနဲ့ ကားဆရာက
စက်ကို နှိုးလိုက်တယ်။ပြီးတော့
ဂီယာထိုးပြီး မောင်းထွက်လိုက်တယ်။ဒီတစ်ခါတော့
စောစောတုန်းကလို အနှောင့်အယှက်မဖြစ်တော့ဘူး။
ချောချောမွေ့မွေ့ပဲ မောင်းလို့ ရသွားတယ်။
သူတို့ကား သင်္ချိုင်းကနေ ထွက်လာတယ်။
ခ.လ.ရ (၈၀)နှင့် ဆေးရုံကိုကျော်တယ်။
ဆေးရုံနဲ့ ရေပြာစားသောက်ဆိုင်တွေကြားမှာ
လက်ဝဲဘက်ကွေ့တဲ့ လမ်းချိုးတစ်ခုရှိတယ်။
သူတို့ကားက အဲဒီလမ်းချိုးလေးအတိုင်း ဝင်သွားတယ်။
မိုင်ဝက်နီးပါး ဝင်ပြီးတော့မှ
ကျောက်ကုန်းတစ်ခုကိုတွေ့ရတယ်။
ကျောက်ကုန်းလွင်ပြင်တစ်နေရာမှာ ထောင့်လေးထောင့်။
တိုင်လေးတိုင်စိုက်ပြီး ဧရိယာသတ်မှတ်ထားတဲ့
နေရာတစ်ခုကို တွေ့ရတယ်။
တောချုံပုတ်အချို့နဲ့ သစ်ပင်ငယ်တွေလည်း
အဲဒီကျောက်ကုန်းလွင်ပြင်ထဲမှာ ပေါက်ရောက်နေကြတယ်။
“ဒါသင်္ချိုင်းကုန်းအသစ်အဖြစ် သတ်မှတ်ထားတဲ့နေရာပဲ”
စခန်းမှူးဦးခင်ကျော်ကားကို ရပ်ခိုင်းလိုက်တယ်။
ပြီးတော့ အမိန့်စာရွက်အမှတ်(၂)ကို ထုတ်ပြီး
အမိန့်ပြန်တယ်။
“ကားပေါ်မှာ လိုက်ပါလာတဲ့
နာနာဘာဝပုဂ္ဂိုလ်သတ္တဝါအားလုံးတို့ခင်ဗျား…
ယခုအသင်တို့ နေထိုင်ရမယ် နေရာဋ္ဌာနအသစ်သို့ ရောက်ရှိပါပြီ။
ထောင့်လေးထောင့်မှာ တိုင်စိုက်ထားတဲ့
ဧရိယာအကျယ်အဝန်းဟာ သင့်တို့ နေထိုင်ရမယ့်
နေရာသစ်ဖြစ်ပါတယ်။ အသင်တို့ အားလုံး ကားပေါ်ကဆင်းပြီး
နေရာသစ်မှာ နေရာယူကြပါ။ သင်တို့အထဲမှာ
အကြီးအမှူးပြုသူအနေနဲ့ ယခုပါလာသော
ပုဂ္ဂိုလ်သတ္တဝါများနှင့် နောက်ထပ်ရောက်လာမယ့်
ပုဂ္ဂိုလ်သတ္တဝါအားလုံးကို သာတူညီမျှ နေရာထိုင်ခင်း
ခွဲဝေပြီး နေရာချထားပေးဖို့ မေတ္တာရပ်ခံပါတယ်”
အမိန့်စာကို သုံးခေါက်တိတိဖတ်ပြပြီး သူတို့အားလုံး
ကားပေါ်ကဆင်းဖို့ မိနစ်နှစ်ဆယ်လောက်
အချိန်ပေးလိုက်တယ်။ပြီးမှ…
“ကျန်တဲ့သူတွေကို ထပ်မံခေါ်ရမှာ ဖြစ်တဲ့အတွက်
အားလုံးကားပေါ်မှာ ဆင်းကြပါ။
တစ်ဦးတစ်ယောက်မျှ ကားပေါ်ပြန်လိုက်မလာကြပါနဲ့”
လို့ပြောလိုက်တယ်။ ဟုတ်တယ်။ သူတို့ကိုမြင်ရတာမှ
မဟုတ်တာ။ ကားပေါ်ပြန်လိုက်လာရင် ဘယ်လိုလုပ်မလဲ
ဒါကြောင့် လိုလေသေးမရှိအောင် ပြောရတာ ဖြစ်တယ်။
အဲဒီနောက်မှာ ကားကိုပြန်လှည့်ပြီး သင်္ချိုင်းဟောင်းဆီ
မောင်းလာခဲ့တယ်။
ကားမနိုင်လို့ ချန်ထားခဲ့တဲ့သူတွေကို ပြန်ခေါ်ရတယ်။
ဒီလိုခေါ်တော့လည်း
“ခုနက ကားမနိုင်လို့ ပြနဆင်းနေခဲ့ရတဲ့ ပုဂ္ဂိုလ်သတ္တဝါအားလုံး
ကားပေါ်တက်ကြပါ”
လို့ ပြောရုံနဲ့ မပြီးဘူး။
“ခုနက ကားမနိုင်လို့ ပြန်ဆင်းနေခဲ့ရတဲ့သူများ
အကြောင်းအမျိုးမျိုးကြောင့် ခရီးလွန်နေပြီး
ခုမှပြန်ရောက်လာသူများအားလုံး ကားပေါ်ကို တက်ကြပါ။
သင်တို့နေထိုင်ရမယ့် နေရာသစ်ကို
ကျွန်ပ်ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်”
လို့သုံးခေါက်တိတိပြောပြီး ကားပေါ်တက်ချိန်
မိနစ်နှစ်ဆယ်လောက် စောင့်ပေးတယ်။
ပြီးမှ သင်္ချိုင်းနေရာသစ်ကို မောင်းလာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ပထမအခေါက်တုန်းကလို
ကားစက်ရပ်သွားတာ ကားထွက်မရတာ
စတဲ့အနှောင့်အယှက်တွေ မရှိဘဲ ချောချောမွေ့မွေ့
ကားထွက်ခဲ့တယ်။
သင်္ချိုင်းနေရာသစ်ကိုရောက်တော့
ပထမအခေါက်တုန်းက ပြောသလိုပြောပြီး
ကားပေါ်က ဆင်းခိုင်းရတယ်။
အားလုံးပြီးမှ အမိန့်စာရွက် နှစ်ရွက်ကို အပေါက်ဖောက်
သစ်ပင်တစ်ပင်မှာ ချိတ်ထားပေးခဲ့ရတယ်…။
သင်္ချိုင်းရွှေ့တဲ့ကိစ္စ အောင်အောင်မြင်မြင်ပြီးဆုံးမှပဲ
စခန်းမှူး ဦးခင်ကျော်တစ်ယောက် စိတ်လက်ပေါ့ပါး
လွတ်လပ်သွားပါတော့တယ်။
“သင်္ချိုင်းရွှေ့တာ ပြောင်းတာတွေ ကျနော်မကြာခဏ
ဆိုသလိုကြားဖူးခဲ့တယ်…။
အစ်ကိုကြီးပြောသလိုပဲ ကားမနိုင်လို့ ပြန်ဆင်းခိုင်းရတယ်
နောက်တစ်ခေါက်ပြန်ခေါ်ရတယ်ဆိုတာတွေကို
အမြဲတမ်းလိုလို ကြားရလို့ ဟုတ်မှဟုတ်ပါ့မလားလို့တောင်
ထင်မိတယ်။အခု အစ်ကိုကြီးကိုယ်တိုင် လက်တွေ့
ကြုံခဲ့ရတယ်ဆိုမှ ကျနော်ဘဝင်ကျမိပါတယ်”
ရဲအရာရှိအငြိမ်းစား။အင်းမရဲစခန်းမှူးဟောင်း
ဦးခင်ကျော်ရဲ့
“သင်္ချိုင်းရွှေ့တဲ့နေ့” အဖြစ်အပျက်တွေ နားထောင်အပြီးမှာ
စာရေးသူက ဦးခင်ကျော်ကို ပြောလိုက်ခြင်းဖြစ်ပါတယ်။
“ကျုပ်လည်း အစကတော့ နာနာဘာဝဆိုတာတွေကို
သိပ်ပြီးယုံလှတယ် မဟုတ်ဘူးဗျ။
ဒါပေမဲ့ အလုပ်တာဝန်တွေနဲ့ ဒေသအနှံ့သွားရတယ်။
အဲဒီဒေသတွေမှာ မကြာခဏဆိုသလို
ထူးထူးဆန်းဆန်းတွေ ကြုံရတယ်ဆိုတော့
မယုံလို့မဖြစ်တဲ့ အခြေအနေရောက်သွားတယ်။
ကြည့်လေဗျာ။ ဝိတ်များနေလို့ ကားထွက်မရဘူး။
စက်နှိုးလိုက် ။ ဂီယာထိုးလိုက်။ စက်ပြန်သေသွားလိုက်နဲ့
သုံးကြိမ်တိတိဖြစ်တယ်။
ကျနော်သာ သူတို့ကိုပြန်မဆင်းခိုင်းရင် ဘယ်တော့မှ
ကားထွက်လို့ရမှာ မဟုတ်ဘူး။တစ်ဝက်ပြန်ဆင်းလိုက်လို့သာ
ကားထွက်လို့ရတာ ။ဒါက ကျနော့်ကိုယ်တွေ့။
နောက်ပြီး ကား’လေး’တွေကို ဝန်ပိနေတဲ့ ကိစ္စ
ကျနော့်မျက်မြင်ပဲ။ ဝန်ပိလို့ တန်းနေတဲ့’လေး’တွေဟာ
တစ်ဝက်ဆင်းခိုင်းလိုက်တော့မှ’လေးကိုင်း’လို့
ပြန်ကွေးသွားတယ်။
ဒါတွေအားလုံး ကျနော့်မျက်မြင်ကိုယ်တွေ့သာ
မဟုတ်ရင် ဘယ်လိုမှ ယုံနိုင်စရာမရှိတဲ့
အဖြစ်အပျက်တွေပဲလေဗျာ…။
နေဦး ကျနော်ပြောဖို့ တစ်ခု ကျန်နေသေးတယ်”
“ဘာအကြောင်းများလဲ အစ်ကိုကြီး”
“ဒီလိုဗျ အဲဒီသင်္ချိုင်းရွှေ့တဲ့နေ့က
ကားနဲ့နှစ်ခေါက်ပြန်ပို့ပေးရတယ်
နေ့လယ်နှစ်နာရီလောက်မှ ကိစ္စအားလုံးပြီးစီးသွားလို့
ပြန်လာခဲ့တယ်။ဗိုလ်မှူးကိုလည်း
အင်းမသင်္ချိုင်း ရွှေ့ပြောင်းပြီးပြီလို့
ဖုန်းဆက်သတင်းပို့လိုက်တယ်။
ကျနော့်တာဝန် ပြီးပြီဆိုတော့
စိတ်လက်ပေါ့ပါးသွားတာပေါ့ဗျာ…
ဒါပေမဲ့ ကျနော်ထင်သလို မဟုတ်ဘူးဗျို့။
ကိစ္စက မပြီးသေးဘူး။
နောက်နေ့ နေ့လယ်ခင်းမှာ
ကားတစ်ခေါက်ပြန်ဆွဲပြီး ပို့ပေးရသေးတယ်”
“ဘာကြောင့်တုန်း အစ်ကိုကြီး”
“သင်္ချိုင်းဟောင်းမှာ အိုမင်းမစွမ်းတွေ ကျန်နေသေးတယ်တဲ့ဗျာ
ကျုပ်ကို အဲဒီညမှာပဲ အိပ်မက်လာပေးတယ်။
ကျုပ်လည်း ဒါ…ဘယ်လိုဖြစ်တာလဲပေါ့…
ဟာကွက်မရှိအောင် သေသေချာချာလုပ်ထားတာကို
ဒါကြောင့် နားလည်တဲ့ဆရာတစ်ယောက်ခေါ်ပြီး
မေးကြည့်ရတယ်။ ဒီတော့မှ ဟုတ်တယ်ဗျို့။
ကျုပ် မေ့ကျန်ခဲ့တာပဲ။
နာနာဘာဝ ဝိနာဘာဝတွေကို စားဖို့သောက်ဖို့ပဲ
ဖိတ်ဖိတ် ပြောင်းဖို့ရွှေ့ဖို့ပဲ ခေါ်ခေါ် အိုမင်းမစွမ်းသူ
မကျန်းမာသူတွေကိုလည်း
မပျက်မကွက် ဖိတ်ခေါ်ရတယ်တဲ့။
ဒီလို ဖိတ်ခေါ်တဲ့အခါမှာ…
“အိုမင်းမစွမ်းသူ မကျန်းမာသူများရှိရင်လည်း တွဲပြီး ခေါ်ခဲ့ကြပါ။
လမ်းမလျှောက်နိုင်ရင်လည်း ကျောပိုးပြီး ခေါ်ခဲ့ကြပါ”
လို့ ပြောရတယ်တဲ့ ။
ကျနော်က အဲဒါကို မသိဘူး။ဒါကြောင့်
မပြောလိုက်မိဘူး။အိပ်မက်လာပေးမှပဲ သိတော့တယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်တဲ့ဆရာပြောခိုင်းတဲ့အတိုင်း
ပြောပြီး ကားနဲ့ တစ်ခေါက်ထပ်ပို့ရသေးတယ်ဗျို့။
ပထမနေ့ကပို့တဲ့ လော်ရီကားက မဝတ ကပေးတာဆိုတော့
စက်ဆီကို မဝတ ကထည့်ပေးတယ်။
နောက်တစ်နေ့ အိုမင်းမစွမ်းတွေ မကျန်းမာသူတွေ
ပို့တာက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆိုတော့
ကားခကို ကျနော်ပဲ ခံလိုက်ရတာပေါ့ဗျာ”
“ဒါထက် ကျနော် တစ်ခုမေးပါရစေ။
အိုမင်းမစွမ်းတွေ ကျန်နေသေးတယ်လို့
အစ်ကိုကြီးကို အိပ်မက်လာပေးတာ ဘယ်သူလဲ
အိုမင်းမစွမ်းထဲကပဲလား”
စာရေးသူ ဦးခင်ကျော်ကို မေးလိုက်တယ်။
“မဟုတ်ဘူးဗျ အမျိုသမီးတစ်ယောက်ပဲ
အသက်က အစိတ် သုံးဆယ်လောက်ရှိမယ်
ဆံပင်အရှည်ကြီးကို ဖားလျားချထားတယ်”
“ဒါဆိုရင် မဖဲဝါပေါ့”
“စာရေးဆရာက မဖဲဝါမှန်း ဘယ်လိုလုပ်သိတုံး”
“သင်္ချိုင်းနဲ့ ပတ်သက်တဲ့ကိစ္စဆိုမှတော့
သူပဲဖြစ်ရမှာပေါ့ခင်ဗျာ”
#မောင်မှိုင်းညို့ (ချောင်းဦး)
Zawgyi Version
” သခ်ႋဳင္းေ႐ႊ႕တဲ့ေန႔ “(စ/ဆုံး)
—————————
(ျဖစ္ရပ္မွန္)
“ဘုရားေရ …သခ်ႋဳင္းေ႐ႊ႕တာလည္း ရဲတာဝန္ပဲလားဟ…”
လက္ထဲက စာ႐ြက္ႏွစ္႐ြက္ကိုၾကည့္ၿပီး စခန္းမႉးဦးခင္ေက်ာ္
စိတ္ပ်က္လက္ပ်က္ ညည္းညဴလိုက္တယ္…
စာ႐ြက္ႏွစ္႐ြက္က သခ်ႋဳင္းေ႐ႊ႕ရာမွာ ႐ြတ္ဖတ္အမိန္႔ျပန္ရမယ့္
အမိန္႔စာ႐ြက္ႏွစ္႐ြက္။မၾကာခင္ အခ်ိန္ကေလးကမွ
သဲကုန္း မ.ဝ.တ ဥကၠ႒ ဗိုလ္မႉးကိုယ္တိုင္ သူ႔လက္ထဲ
ထည့္ေပးလိုက္တာပါ။
ၿပီးေတာ့…
“ကဲ…။စခန္းမႉးႀကီးေရ ခင္ဗ်ားကိုပဲ တာဝန္ေပးလိုက္မယ္။
က်ဳပ္တို႔ အမ္းမၿမိဳ႕ကို တိုးခ်ဲ႕သတ္မွတ္မယ္ဗ်ာ။
သခ်ႋဳင္းကုန္းေနရာမွာ လူေနရပ္ကြက္ေတြ ျဖစ္လာမယ္။
ဒါေၾကာင့္ သခ်ႋဳင္းကို အမ္းမရဲ႕ အေနာက္ေတာင္ဘက္က
သတ္မွတ္ထားတဲ့ ေနရာကိုေ႐ႊ႕မယ္…
အဲဒါ ေ႐ႊ႕ဖို႔ ေျပာင္းဖို႔ ကိစၥကို စခန္းမႉးႀကီး တာဝန္ယူၿပီး
လုပ္ေဆာင္ပါ…”
လို႔လည္း ေျပာလိုက္တယ္။သခ်ႋဳင္းဆိုတာ
သီးသန္႔သတ္မွတ္ထားေနရာ။
လူေတြက သခ်ႋဳင္းကို နာေရးကိစၥရွိမွ လာတယ္။
ကိစၥမရွိလို႔ကေတာ့ ေျခဦးေတာင္ မလွည့္ၾကဘူး။
ဒီေတာ့ လူေတြနဲ႔ ကင္းကင္းေနခ်င္တဲ့ သရဲတေစၦ
နာနာဘာဝေတြအတြက္ သခ်ႋဳင္းကုန္းက
ေနရာ႒ာနတစ္ခုျဖစ္တာ မဆန္းပါဘူး။
အခု သူတို႔ကို ေနရာေျပာင္းေ႐ႊ႕ေပးရမယ္။
သခ်ႋဳင္းေဟာင္းက ေျပာင္းခ်င္သလား။
မေျပာင္းခ်င္ဘူးလား။ဆႏၵေတာင္းဖို႔ မလိုဘူး။
သခ်ႋဳင္းကုန္းအသစ္မွာ ေနခ်င္သလား။
မေနခ်င္ဘူးလား။အဖက္လုပ္ၿပီး ေမးစရာအေၾကာင္းမရွိဘူး။
ဒါက အစိုးရမင္းရဲ႕ အမိန္႔ပဲ။
စာ႐ြက္ေပၚမွာ ေရးထားတဲ့ အမိန္႔ကိုဖတ္႐ုံနဲ႔
နာနာဘာဝေတြ ေျပာင္းမလား။မေျပာင္းဘူးလား
ဦးခင္ေက်ာ္မသိဘူး။ေနာက္ၿပီး သရဲတေစၦေတြကို
ႀကီးမႉးအုပ္ခ်ဳပ္တာက သခ်ႋဳင္းရွင္မ မဖဲဝါတဲ့။
ၿမိဳ႕နယ္မွာ အုပ္ခ်ဳပ္တဲ့ အစိုးရမင္းက မဖဲဝါနဲ႔
ေစ့စပ္ညႇိႏႈိင္းခဲ့တာလည္း မၾကားမိဘူး။
ဘယ္လိုပဲျဖစ္ျဖစ္ ရဲလက္စြဲမွာ ျပ႒ာန္းမထားတဲ့
ရဲအက္ဥပေဒမွာ ရဲအလုပ္လို႔ သတ္မွတ္မထားတဲ့
သခ်ႋဳင္းေ႐ႊ႕တဲ့အလုပ္ကေတာ့ စခန္းမႉးဦးခင္ေက်ာ္ရဲ႕
ပုခုံးေပၚ က်လာၿပီျဖစ္တယ္။
“ဒါလည္း အေတြ႕အႀကဳံသစ္ တစ္ခုပဲေလ…”
ေနာက္ဆုံးမွာ စခန္းမႉးဦးခင္ေက်ာ္စိတ္ကို
ေျဖေလ်ာ့လိုက္တယ္။သခ်ႋဳင္းေ႐ႊ႕ဖို႔ ကိစၥကို
ေခါင္းထဲထည့္စဥ္းစားရတယ္။
“သခ်ႋဳင္းနဲ႔ပတ္သတ္ရင္ သခ်ႋဳင္းရွင္မ မဖဲဝါကို
အသိေပးရတယ္ေနာ္ ဗိုလ္ႀကီး…
ဒီကိစၥအတြက္ တတ္ကြၽမ္းနားလည္တဲ့သူေတြနဲ႔
တိုင္ပင္သင့္ပါတယ္…
အမွားအယြင္းျဖစ္တာတို႔ မဖဲဝါမႀကိဳက္တာတို႔
ျဖစ္ရင္ေတာ့ ႐ြာခိုက္တယ္လို႔ၾကားဖူးပါတယ္ ဗိုလ္ႀကီး”
စခန္းမႉးဦးခင္ေက်ာ္ကို ဂတ္စာေရးတပ္ၾကပ္ႀကီးက
အႀကံေပးတင္ျပတယ္…
“ေနပါဦး ဂတ္စာေရးႀကီးရဲ႕ ။ ႐ြာခိုက္တယ္ဆိုတာ
ဘယ္လိုျဖစ္မွာလဲ…”
“မျဖစ္သင့္တာေတြ ျဖစ္တာေပါ့ ဗိုလ္ႀကီးရယ္
သူ႔အလိုလိုေနရင္း တစ္ၿမိဳ႕လုံးထိတ္လန္႔ေခ်ာက္ခ်ားေနမယ္။
ညညဆိုရင္ ေခြးေတြအူမယ္ ။ ေခြးေတြ ေဟာင္မယ္။
ငွက္ဆိုးေတြ ထိုးမယ္။ အဲဒီကေန တစ္ၿမိဳ႕လုံးလိုလို
နာဖ်ားမက်န္းျဖစ္ၿပီး လူေတြတစ္ေယာက္ၿပီး
တစ္ေယာက္ေသမယ္ေပါ့ခင္ဗ်ာ…”
“ဟ…သခ်ႋဳင္းေျပာင္းတဲ့ကိစၥက ဒီေလာက္ေတာင္ႀကီး
က်ယ္သလားဗ်…”
“ဒါကေတာ့ ဗိုလ္ႀကီးပဲ စဥ္းစားၾကည့္ေလ။
လူ႔ေလာကမွာ အုပ္ခ်ဳပ္သူအဆင့္ဆင့္ရွိသလို
သူတို႔တေစၦေလာကမွာလည္း အုပ္ခ်ဳပ္တဲ့
အႀကီးအကဲရွိမွာပဲ။သူ႔ကိုအေလးထားၿပီး
အသိေပးေတာ့ ေကာင္းတာေပါ့”
“ဟုတ္ပါၿပီဗ်ာ သခ်ႋဳင္းေ႐ႊ႕ရင္ ဒီအခ်က္ကိုလည္း
စဥ္းစားပါ့မယ္…”
“ေနာက္ၿပီး က်န္ေသးတယ္ ဗိုလ္ႀကီး…”
“ဘာမ်ားလဲဗ်”
“သခ်ႋဳင္းေျပာင္းတဲ့အခါ သခ်ႋဳင္းေဟာင္းက
သရဲတေစၦ နာနာဘာဝေတြ တစ္ေကာင္တစ္ၿမီးမွ
မက်န္ဖို႔လည္း အေရးႀကီးတယ္။
တစ္ေကာင္က်န္ေနရင္ေတာင္ သခ်ႋဳင္းမပ်က္ဘူးတဲ့။
ဒါေၾကာင့္ မဖဲဝါကို အေလးထား တိုင္တည္ရမယ္
ေျပာတာေပါ့။ တစ္ေကာင္မွ မက်န္ေအာင္ေျပာင္းဖို႔
ဆိုတာက မဖဲဝါမွ လုပ္ႏိုင္မွာေလ…။
က်ေနာ္တို႔က နာနာဘာဝေတြကို
မျမင္ရေတာ့ ဘယ္သူက်န္တယ္။ မက်န္ဘူး။
ဘယ္လိုလုပ္ သိႏိုင္မွာလဲ…။
သခ်ႋဳင္းေ႐ႊ႕မယ္အေၾကာင္းကို ႀကိဳတင္ၿပီး
အေၾကာင္းၾကားေပးထားဖို႔လည္း လိုမယ္…”
ဂတ္စာေရးႀကီးရဲ႕ အႀကံေပးမႈနဲ႔ သိသင့္သိထိုက္တာ
အခ်ိဳ႕ သိလိုက္ရတယ္…။
အဲဒီေနာက္မွာေတာ့ သခ်ႋဳင္းေနရာ ေ႐ႊ႕ဖို႔ကိစၥကို
စတင္စီစဥ္တယ္…။အင္းမသခ်ႋဳင္းကို
လူတစ္ေယာက္လႊတ္တယ္။
မဖဲဝါကို စားၿမိန္စာထုပ္နဲ႔ ေကြၽးေမြးၿပီး မနက္ျဖန္
ေန႔လယ္မွာ သခ်ႋဳင္းေ႐ႊ႕မယ္အေၾကာင္းနဲ႔။
သခ်ႋဳင္းမွာ ေနထိုင္တဲ့ သရဲ တေစၦ ။
နာနာဘာဝအားလုံးကို အသင့္ရွိေနေအာင္
စုစည္းေပးထားဖို႔ ေမတရပ္ခံခိုင္းလိုက္ပါေတာ့တယ္။
“ဒီသခ်ႋဳင္းအတြင္းမွာ မွီတင္းေနထိုင္ၾကတဲ့ နာနာဘာဝ
ဝိနာဘာဝ ပုဂၢိဳလ္သတၱဝါအေပါင္းတို႔ ခင္ဗ်ား…
ဒီသခ်ႋဳင္းေနရာကို လူအမ်ားေနထိုင္ရန္
ၿမိဳ႕ကြက္တိုးခ်ဲ႕ေတာ့မွာ ျဖစ္တဲ့ အတြက္
ဒီေနရာမွာ သင္တို႔ႏွင့္ ေရာယွက္ေနထိုင္ရန္ မျဖစ္ႏိုင္ပါ။
သို႔ျဖစ္ပါ၍ သင္တို႔ေနထိုင္ရန္
သတ္မွတ္ထားေသာေနရာသစ္သို႔
ကြၽန္ပ္ကိုယ္တိုင္ ပို႔ေဆာင္ေပးမည္ ျဖစ္သည္။
ထို႔ေၾကာင့္ ဤသခ်ႋဳင္း၏အျပင္ဘက္တြင္
ရပ္ထားေသာ ေလာရီကားေပၚသို႔ တက္ၾကပါရန္
ေမတၱာရပ္ခံပါသည္”
စခန္းမႉးဦးခင္ေက်ာ္ဟာ အမိန္႔အမွတ္(၁)ကို
အသံေန။ အသံထား။အမိန္႔သံပါပါႏွင့္
သုံးေခါက္တိတိ ဖတ္လိုက္တယ္။
“သခ်ႋဳင္းရွင္မ မဖဲဝါအေနနဲ႔လည္း သခ်ႋဳင္းေ႐ႊ႕တဲ့
အစီအစဥ္ ေခ်ာေခာေမာေမာျဖစ္ေအာင္
ေစာင့္ေရွာက္ေပးပါ”လို႔ လည္း ထပ္ၿပီးေျပာလိုက္တယ္။
ေျပာၿပီးတာနဲ႔ သခ်ႋဳင္းဇရပ္ေဘး အုတ္ဂူတစ္လုံးေပၚက
မဖဲဝါအတြက္ တင္ထားတဲ့အမဲသားဟင္းနဲ႔
ထမင္းထုပ္ကိုၾကည့္လိုက္တယ္။ထမင္းထုပ္ေပၚမွာ
ယင္မမည္း႐ိုင္းႀကီးတစ္ေကာင္က ဝဲလိုက္နားလိုက္
လုပ္ေနတယ္။ဒီအခ်ိန္မွာပဲ ဦးခင္ေက်ာ္ရဲ႕ တစ္သက္တာမွာ
တစ္ႀကိမ္တစ္ခါမွ် မႀကဳံဖူးတဲ့ ထူးထူးဆန္းဆန္း
အျဖစ္အပ်က္ကို ႀကဳံေတြ႕လိုက္ရတယ္။
မထင္မရွား ေရာေထြးေနတဲ့ စကားေျပာသံေတြ
ၾကားလိုက္ရတယ္။စကားသံေတြက
ေလာ္ရီကားႀကီးဆီကပါ။
ကားက ေဘာ္ဒီႀကီးႀကီးေတာင့္ေတာင့္
အေပၚမွာ သံကိုင္းေတြ ရွိတယ္။
ယာဥ္ (၅)တန္။ ကုန္(၅)တန္။
ေပါင္း(၁၀)တန္ဆိုတဲ့ ကားႀကီး။
ေနာက္တစ္ခါ ကြၽိ…ကြၽိ…ကြၽိ…ကြၽိ ဆိုတဲ့
ျမည္သံကိုလည္း ၾကားရျပန္တယ္။
ဒီအသံက လူတစ္ေယာက္ကားေပၚတက္တိုင္းလူရဲ႕
ကိုယ္ခႏၶာအေလးခ်ိန္ေၾကာင့္ ကားေဘာ္ဒီလႈပ္ရွားရာက
ထြက္ေပၚတတ္တဲ့အသံမ်ိဳး။
ဒီလိုကိစၥမ်ိဳး ဦးခင္ေက်ာ္တစ္ခါမွ မႀကဳံဖူးဘူး။
တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ ေန႔ခင္းေၾကာင္ေတာင္ႀကီးမွာ
သရဲတေစၦ နာနာဘာဝေတြ ကားေပၚတက္ေနၾကတယ္
ဆိုတဲ့ အသိနဲ႔ ကားဆီက ထြက္ေပၚေနတဲ့
မသဲမကြဲစကားသံေတြ။ တကြၽိကြၽိျမည္သံေတြေၾကာင့္
ေခ်ာက္ခ်ားစရာ ေကာင္းေနတယ္။
႐ုတ္တရက္ သူ႔ေဘးက လူတစ္ေယာက္ျဖတ္သြားသလို
ခံစားလိုက္ရတယ္။ သူ႔ကို ေလဟပ္သြားတယ္။
သူ ေဘးဘီဘယ္ညာကို ၾကည့္လိုက္တယ္။
ဘယ္သူ႔ကိုမွ မေတြ႕ရဘူး။မျမင္ရတဲ့
နာနာဘာဝတစ္ေကာင္ သူ႔ေဘးက ကပ္ၿပီး
ကားဆီကိုသြားေနတာ ျဖစ္မယ္လို႔ သူနားလည္လိုက္တယ္။
ဒီအခ်ိန္မွာပဲ ကားသမားဆီက လွမ္းေအာ္ေျပာသံကို
ၾကားရတယ္။ကားသမားက ေခါင္းခန္းထဲမွာ
စတီယာရင္ကိုင္ၿပီး ထိုင္ေနတာ။
“ဗိုလ္ႀကီးေရ…ဒီမွာ လာလုပ္ပါဦး
ေခါင္းခန္းထဲ ဝင္ေနၾကတယ္…”
ဦးခင္ေက်ာ္ ေခါင္းခန္းတံခါးပြင့္သြားတာ ေစာေစာက
ေတြ႕လိုက္တယ္။ဒါေပမဲ့ ‘ခ်က္’ ခ်တာ မမိလို႔ပဲထင္မိတယ္။
ခဏေနေတာ့ ေခါင္းခန္းတံခါး ျပန္ပိတ္သြားတာ ေတြ႕ရတယ္။
ဒါလည္း ဒ႐ိုင္ဘာက ျပန္ပိတ္လိုက္တာလို႔ ထင္မိတယ္။
အမွန္က ဒီလိုမဟုတ္ဘူး။
ေခါင္းခန္းတံခါးက သူ႔အလိုလို’ခ်က္’ျပဳတ္ၿပီး
႐ုတ္တရက္ပြင့္သြားတာ။
ၿပီးေတာ့ သူ႔အလိုလို ျပန္ပိတ္သြားတာ ျဖစ္မယ္။
ဒါကို ဒ႐ိုင္က သိလိုက္တယ္။
ေနာက္ၿပီး သူ႔ေဘးက ထိုင္ခုံကူရွင္ေပၚကို
တစ္ေယာက္ေယာက္ဝင္ထိုင္သလို ျဖစ္သြားတယ္။
ဒါေၾကာင့္ စခန္းမႉးဦးခင္ေက်ာ္ကို
လွမ္းေအာ္ေျပာလိုက္တာ ျဖစ္မယ္။
ဦးခင္ေက်ာ္ ကားေခါင္ခန္းဆီကို သြားတယ္။
ဒ႐ိုင္ဘာကို အက်ိဳးအေၾကာင္းေမးတယ္…။
ဒ႐ိုင္ဘာက ျဖစ္ပုံပ်က္ပုံ အေၾကာင္းစုံကိုရွင္းျပတယ္။
နာနာဘာဝတစ္ေကာင္ ေခါင္းခန္းထဲဝင္ထိုင္ေနၿပီဆိုတာ
ဦးခင္ေက်ာ္ သေဘာေပါက္သြားတယ္။
“ကားေခါင္းခန္းထဲမွာ ဝင္ထိုင္ေနတဲ့
နာနာဘာဝပုဂၢိဳလ္ ခင္ဗ်ား…
ကားေခါင္းခန္းထဲမွာက ကားေမာင္းတဲ့ဒ႐ိုင္ဘာနဲ႔
သင္တို႔ကို ေနရာသစ္ဆီလိုက္လံပို႔ေဆာင္ေပးမယ့္
ကြၽန္ပ္ႏွစ္ဦးသာ ထိုင္ရမွာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ေခါင္းခန္းထဲက ဆင္းၿပီး
ေနာက္ဘက္ကားအေပၚမွာ သြားေရာက္ေနရာယူေပးဖို႔
ေမတၱာရပ္ခံပါတယ္”
စခန္းမႉးဦးခင္ေက်ာ္ေျပာၿပီးလို႔ ခဏပဲၾကာတယ္။
ေခါင္းခန္းတံခါး ‘ခ်က္’ျပဳတ္သံၾကားရၿပီး
ပြင့္သြားတယ္။
တစ္စုံတစ္ေယာက္ ဆင္းသြားသလို ျဖစ္ၿပီး
တံခါးပိတ္သြားတယ္။ဒီလိုနဲ႔ နာရီဝက္နီးပါးေလာက္ၾကာေတာ့
ဘာသံမွ မၾကားရေတာ့ဘူး။နာနာဘာဝေတြ
ကားေပၚကို အားလုံးေရာက္ေနၿပီ။သခ်ႋဳင္းထဲမွာ
မက်န္ေလာက္ေတာ့ဘူးလို႔ ဦးခင္ေက်ာ္
တြက္ဆတယ္။ဒါေၾကာင့္ ေလာ္ရီကားေခါင္းထဲ
တက္လိုက္ၿပီး ကားသမားကို ေမာင္းဖို႔
ေျပာလိုက္တယ္။
ကားသမားက ကားကိုစက္ႏႈိးတယ္။
စက္ႏိုးတာနဲ႔ ဂီယာထိုးၿပီး ကားကို ထြက္တယ္။
အဲဒီအခ်ိန္မွာ ကားရပ္သြားတယ္။
ကားသမားက ဂီယာျပန္ျဖဳတ္ၿပီး စက္ျပန္ႏႈိးတယ္။
စက္ႏိုးတာနဲ႔ ဂီယာထိုးၿပီး ကားထြက္တယ္။
ကားစက္ရပ္သြားျပန္တယ္။
သုံးႀကိမ္ သုံးခါတိတိ စက္ႏႈိးလိုက္ ဂီယာထိုးလိုက္
ကားရပ္သြားလိုက္ ျဖစ္ေနတယ္။
ဒီမွာတင္ ကားသမားကေျပာတယ္။
“ဗိုလ္ႀကီး…ဝိတ္အရမ္းမ်ားလြန္းတယ္။
တခ်ိဳ႕တစ္ဝက္ ျပန္ဆင္းခိုင္းေပးပါဦး”
ဒ႐ိုင္ဘာရဲ႕စကားေၾကာင့္ စခန္းမႉးဦးခင္ေက်ာ္
ကားေဘာ္ဒီထဲကို ၾကည့္လိုက္တယ္။
ကားေပၚမွာ ဘာမွမရွိဘူး။
သက္ရွိသတၱဝါ တစ္ေကာင္တစ္ျမႇီးမွ မျမင္ရဘူး။
“ကားေပၚကို သူတို႔တက္တယ္ဆိုတာေတာ့
ငါလက္ခံတယ္။ဝိတ္မ်ားလြန္းေနတယ္
ဆိုတာကေတာ့ ဟုတ္ပါ့မလားကြာ ။
ကားေဘာ္ဒီကလည္း အခြံႀကီး။
အထဲမွာ ဘာမွာမရွိဘူး”
“ဘယ္လိုေၾကာင့္ဆိုတာေတာ့ က်ေနာ္လည္း မသိဘူး
ကားကေတာ့ ထြက္လို႔မရတာ အမွန္ပဲဗိုလ္ႀကီး”
ကားဒ႐ိုင္ဘာက စခန္းမႉးဦးခင္ေက်ာ္ကိုေျပာၿပီး
စိတ္ပ်က္လက္ပ်က္နဲ႔ တံခါးဖြင့္ ေအာက္ဆင္းသြားတယ္။
စခန္းမႉးဦးခင္ေက်ာ္လည္း ေအာက္ကို ဆင္းလိုက္တယ္။
ခဏေနေတာ့ ကားဒ႐ိုင္ဘာက
“ဗိုလ္ႀကီး…ဗိုလ္ႀကီး ဒီမွာ လာၾကည့္ပါဦး”
လို႔ လွမ္းေခၚတယ္။
ဦးခင္ေက်ာ္ေရာက္သြားေတာ့ ကားဒ႐ိုင္ဘာက
ေလးထုပ္ျပတယ္။
ေလးထုပ္ဆိုတာက ဝန္ဖိအားကို ထိန္းပင့္ဖို႔အတြက္
ကားဝင္႐ိုးမွာ တပ္ဆင္ထားတဲ့ ေလးကိုင္းပုံသံမဏိျပားေတြပါ။
သူ႔ရဲ႕သဘာဝက ဝန္ဖိအားမရွိဘူးဆိုရင္
ေလးကိုင္းပုံ ေကြးေနတယ္…။
အေပၚက ဝန္ဖိထားရင္ေတာ့ ေကြးေနတဲ့ေလးျပားေတြဟာ
ဆန္႔ၿပီးတန္းမတ္သြားတာ ျဖစ္တယ္။
အခုလည္း ေလးေတြက တန္းဆန္႔ေနတာ ေတြ႕ရတယ္။
‘မိန္းခေလး’တင္မကဘူး’ဟက္လ္ပါ’လို႔ေခၚတဲ့
‘အကူေလး’ပါ ဝန္ပိေနတာ ေတြ႕ရတယ္။
ဦးခင္ေက်ာ္ဟာ အရင္က တေစၦသရဲ။
နာနာဘာဝဆိုတာေတြကို
သိပ္အယုံအၾကည္ရွိလွတာ မလွဘူး။
ခုလည္း တာဝန္အရ လုပ္ရတာမို႔
အမွားအယြင္းမျဖစ္ေအာင္။ ကိုယ့္အျပစ္မျဖစ္ေအာင္သာ
မဖဲဝါတင္တာ ေျမႇာက္တာ။
ေျပာဆိုေတာင္းပန္တာေတြ လုပ္ေနရတာ ျဖစ္တယ္။
ခုေတာ့ ကိုယ့္ေတြ႕မ်က္ျမင္ျဖစ္ေနတာမို႔
မယုံလို႔မရလို႔ မရဘဲ လက္ခံလိုက္ရတယ္။
“တခ်ိဳ႕တစ္ဝက္ ျပန္ဆင္းခိုင္းမွ ကားထြက္လို႔ရမယ္ဗိုလ္ႀကီး”
ကားဒ႐ိုင္ဘာရဲ႕ ဒုတိယေျမာက္သတိေပးစကားေၾကာင့္
ကားေပၚက နာနာဘာဝအခ်ိဳ႕ကို ျပန္ဆင္းခိုင္းဖို႔
ဦးခင္ေက်ာ္ သတိရသြားတယ္။
ဒါေၾကာင့္ ကားေဘာ္ဒီအိမ္အလယ္ေလာက္က
သံတိုင္ကိုကိုင္တယ္။
“ကားေပၚမွာ တက္ေရာက္ေနၾကတဲ့ နာနာဘာဝပုဂၢိဳလ္
သတၱဝါအားလုံးတို႔ခင္ဗ်ား…
ကားေပၚမွာ တက္ေရာက္ေနသူေတြ မ်ားလြန္းတာေၾကာင့္
ဝန္ေလးၿပီး ကားက ထြက္လို႔မရဘူး ျဖစ္ေနပါတယ္။
ဒါေၾကာင့္ ဒီသံတန္းရဲ႕ အေရွ႕ဘက္မွာ
ေရာက္ေနတဲ့ပုဂၢိဳလ္သတၱဝါေတြက ကားေပၚမွာ
ေနၿမဲအတိုင္းေနၿပီး ။
ဒီသံတန္းရဲ႕ အေနာက္ဘက္မွာရွိတဲ့ ပုဂၢိဳလ္သတၱဝါ
အားလုံးက ကားေအာက္ကို ေခတၱခဏ ဆင္းေပးၾကပါ။
ဘယ္ကိုမွ မသြားမလာဘဲ ဒီေနရာမွာပဲ
ေစာင့္ဆိုင္းေပးၾကပါ။ကားေပၚက
ပုဂၢိဳလ္ေတြကို ေနရာသစ္သို႔ ပို႔ေဆာင္ေပးၿပီးတာနဲ႔
တစ္ၿပိဳင္နက္ သင္တို႔ကို တစ္ေခါက္ျပန္လာ
ေခၚပါ့မယ္။ေနရာသစ္ကို ပို႔ေဆာင္ေပးပါ့မယ္”
လို႔ ေျပာလိုက္တယ္…။
ေျပာၿပီးတာနဲ႔ ဘာကိုမွမၾကည့္ဘဲ
‘ေလး’တစ္ခုတည္းကိုပဲ စူးစိုက္ၿပီးၾကည့္တယ္။
နာနာဘာဝေတြ ကားေပၚတက္ၾကတုန္းက
တကြၽိကြၽိျမည္ေနသလိုပဲ။သူတို႔ျပန္ဆင္းတဲ့အခါမွာလည္း
ကားကလႈပ္ခါေနတယ္။အသံေတြ ျမည္ေနတယ္။
ေနာက္ၿပီး ဝန္ကိုထမ္းေနရတဲ့ ‘ေလး’ေတြကလည္း
တျဖည္းျဖည္းေလ်ာ့လာတာကို အံ့ၾသဖြယ္ ေတြ႕ေနရတယ္။
ဆယ္မိနစ္ေလာက္ၾကာေတာ့ ဆင္းတဲ့အသံေတြ
ရပ္သြားတယ္။ကား’ေလး’ကလည္း
ပုံမွန္အတိုင္းျပန္ျဖစ္သြားတယ္။
“ကဲ …ကားဆရာေရ။’ေလး’ေတြကေတာ့ ပုံမွန္အတိုင္း
ျပန္ျဖစ္သြားၿပီ။ ကားစက္ႏႈိးေပတာ့”
စခန္းမႉး ဦးခင္ေက်ာ္ေျပာတာနဲ႔ ကားဆရာက
စက္ကို ႏႈိးလိုက္တယ္။ၿပီးေတာ့
ဂီယာထိုးၿပီး ေမာင္းထြက္လိုက္တယ္။ဒီတစ္ခါေတာ့
ေစာေစာတုန္းကလို အေႏွာင့္အယွက္မျဖစ္ေတာ့ဘူး။
ေခ်ာေခ်ာေမြ႕ေမြ႕ပဲ ေမာင္းလို႔ ရသြားတယ္။
သူတို႔ကား သခ်ႋဳင္းကေန ထြက္လာတယ္။
ခ.လ.ရ (၈၀)ႏွင့္ ေဆး႐ုံကိုေက်ာ္တယ္။
ေဆး႐ုံနဲ႔ ေရျပာစားေသာက္ဆိုင္ေတြၾကားမွာ
လက္ဝဲဘက္ေကြ႕တဲ့ လမ္းခ်ိဳးတစ္ခုရွိတယ္။
သူတို႔ကားက အဲဒီလမ္းခ်ိဳးေလးအတိုင္း ဝင္သြားတယ္။
မိုင္ဝက္နီးပါး ဝင္ၿပီးေတာ့မွ
ေက်ာက္ကုန္းတစ္ခုကိုေတြ႕ရတယ္။
ေက်ာက္ကုန္းလြင္ျပင္တစ္ေနရာမွာ ေထာင့္ေလးေထာင့္။
တိုင္ေလးတိုင္စိုက္ၿပီး ဧရိယာသတ္မွတ္ထားတဲ့
ေနရာတစ္ခုကို ေတြ႕ရတယ္။
ေတာခ်ဳံပုတ္အခ်ိဳ႕နဲ႔ သစ္ပင္ငယ္ေတြလည္း
အဲဒီေက်ာက္ကုန္းလြင္ျပင္ထဲမွာ ေပါက္ေရာက္ေနၾကတယ္။
“ဒါသခ်ႋဳင္းကုန္းအသစ္အျဖစ္ သတ္မွတ္ထားတဲ့ေနရာပဲ”
စခန္းမႉးဦးခင္ေက်ာ္ကားကို ရပ္ခိုင္းလိုက္တယ္။
ၿပီးေတာ့ အမိန္႔စာ႐ြက္အမွတ္(၂)ကို ထုတ္ၿပီး
အမိန္႔ျပန္တယ္။
“ကားေပၚမွာ လိုက္ပါလာတဲ့
နာနာဘာဝပုဂၢိဳလ္သတၱဝါအားလုံးတို႔ခင္ဗ်ား…
ယခုအသင္တို႔ ေနထိုင္ရမယ္ ေနရာ႒ာနအသစ္သို႔ ေရာက္ရွိပါၿပီ။
ေထာင့္ေလးေထာင့္မွာ တိုင္စိုက္ထားတဲ့
ဧရိယာအက်ယ္အဝန္းဟာ သင့္တို႔ ေနထိုင္ရမယ့္
ေနရာသစ္ျဖစ္ပါတယ္။ အသင္တို႔ အားလုံး ကားေပၚကဆင္းၿပီး
ေနရာသစ္မွာ ေနရာယူၾကပါ။ သင္တို႔အထဲမွာ
အႀကီးအမႉးျပဳသူအေနနဲ႔ ယခုပါလာေသာ
ပုဂၢိဳလ္သတၱဝါမ်ားႏွင့္ ေနာက္ထပ္ေရာက္လာမယ့္
ပုဂၢိဳလ္သတၱဝါအားလုံးကို သာတူညီမွ် ေနရာထိုင္ခင္း
ခြဲေဝၿပီး ေနရာခ်ထားေပးဖို႔ ေမတၱာရပ္ခံပါတယ္”
အမိန္႔စာကို သုံးေခါက္တိတိဖတ္ျပၿပီး သူတို႔အားလုံး
ကားေပၚကဆင္းဖို႔ မိနစ္ႏွစ္ဆယ္ေလာက္
အခ်ိန္ေပးလိုက္တယ္။ၿပီးမွ…
“က်န္တဲ့သူေတြကို ထပ္မံေခၚရမွာ ျဖစ္တဲ့အတြက္
အားလုံးကားေပၚမွာ ဆင္းၾကပါ။
တစ္ဦးတစ္ေယာက္မွ် ကားေပၚျပန္လိုက္မလာၾကပါနဲ႔”
လို႔ေျပာလိုက္တယ္။ ဟုတ္တယ္။ သူတို႔ကိုျမင္ရတာမွ
မဟုတ္တာ။ ကားေပၚျပန္လိုက္လာရင္ ဘယ္လိုလုပ္မလဲ
ဒါေၾကာင့္ လိုေလေသးမရွိေအာင္ ေျပာရတာ ျဖစ္တယ္။
အဲဒီေနာက္မွာ ကားကိုျပန္လွည့္ၿပီး သခ်ႋဳင္းေဟာင္းဆီ
ေမာင္းလာခဲ့တယ္။
ကားမႏိုင္လို႔ ခ်န္ထားခဲ့တဲ့သူေတြကို ျပန္ေခၚရတယ္။
ဒီလိုေခၚေတာ့လည္း
“ခုနက ကားမႏိုင္လို႔ ျပနဆင္းေနခဲ့ရတဲ့ ပုဂၢိဳလ္သတၱဝါအားလုံး
ကားေပၚတက္ၾကပါ”
လို႔ ေျပာ႐ုံနဲ႔ မၿပီးဘူး။
“ခုနက ကားမႏိုင္လို႔ ျပန္ဆင္းေနခဲ့ရတဲ့သူမ်ား
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခရီးလြန္ေနၿပီး
ခုမွျပန္ေရာက္လာသူမ်ားအားလုံး ကားေပၚကို တက္ၾကပါ။
သင္တို႔ေနထိုင္ရမယ့္ ေနရာသစ္ကို
ကြၽန္ပ္ကိုယ္တိုင္ လိုက္လံပို႔ေဆာင္ေပးမွာျဖစ္ပါတယ္”
လို႔သုံးေခါက္တိတိေျပာၿပီး ကားေပၚတက္ခ်ိန္
မိနစ္ႏွစ္ဆယ္ေလာက္ ေစာင့္ေပးတယ္။
ၿပီးမွ သခ်ႋဳင္းေနရာသစ္ကို ေမာင္းလာခဲ့တယ္။
ဒီတစ္ႀကိမ္မွာေတာ့ ပထမအေခါက္တုန္းကလို
ကားစက္ရပ္သြားတာ ကားထြက္မရတာ
စတဲ့အေႏွာင့္အယွက္ေတြ မရွိဘဲ ေခ်ာေခ်ာေမြ႕ေမြ႕
ကားထြက္ခဲ့တယ္။
သခ်ႋဳင္းေနရာသစ္ကိုေရာက္ေတာ့
ပထမအေခါက္တုန္းက ေျပာသလိုေျပာၿပီး
ကားေပၚက ဆင္းခိုင္းရတယ္။
အားလုံးၿပီးမွ အမိန္႔စာ႐ြက္ ႏွစ္႐ြက္ကို အေပါက္ေဖာက္
သစ္ပင္တစ္ပင္မွာ ခ်ိတ္ထားေပးခဲ့ရတယ္…။
သခ်ႋဳင္းေ႐ႊ႕တဲ့ကိစၥ ေအာင္ေအာင္ျမင္ျမင္ၿပီးဆုံးမွပဲ
စခန္းမႉး ဦးခင္ေက်ာ္တစ္ေယာက္ စိတ္လက္ေပါ့ပါး
လြတ္လပ္သြားပါေတာ့တယ္။
“သခ်ႋဳင္းေ႐ႊ႕တာ ေျပာင္းတာေတြ က်ေနာ္မၾကာခဏ
ဆိုသလိုၾကားဖူးခဲ့တယ္…။
အစ္ကိုႀကီးေျပာသလိုပဲ ကားမႏိုင္လို႔ ျပန္ဆင္းခိုင္းရတယ္
ေနာက္တစ္ေခါက္ျပန္ေခၚရတယ္ဆိုတာေတြကို
အၿမဲတမ္းလိုလို ၾကားရလို႔ ဟုတ္မွဟုတ္ပါ့မလားလို႔ေတာင္
ထင္မိတယ္။အခု အစ္ကိုႀကီးကိုယ္တိုင္ လက္ေတြ႕
ႀကဳံခဲ့ရတယ္ဆိုမွ က်ေနာ္ဘဝင္က်မိပါတယ္”
ရဲအရာရွိအၿငိမ္းစား။အင္းမရဲစခန္းမႉးေဟာင္း
ဦးခင္ေက်ာ္ရဲ႕
“သခ်ႋဳင္းေ႐ႊ႕တဲ့ေန႔” အျဖစ္အပ်က္ေတြ နားေထာင္အၿပီးမွာ
စာေရးသူက ဦးခင္ေက်ာ္ကို ေျပာလိုက္ျခင္းျဖစ္ပါတယ္။
“က်ဳပ္လည္း အစကေတာ့ နာနာဘာဝဆိုတာေတြကို
သိပ္ၿပီးယုံလွတယ္ မဟုတ္ဘူးဗ်။
ဒါေပမဲ့ အလုပ္တာဝန္ေတြနဲ႔ ေဒသအႏွံ႔သြားရတယ္။
အဲဒီေဒသေတြမွာ မၾကာခဏဆိုသလို
ထူးထူးဆန္းဆန္းေတြ ႀကဳံရတယ္ဆိုေတာ့
မယုံလို႔မျဖစ္တဲ့ အေျခအေနေရာက္သြားတယ္။
ၾကည့္ေလဗ်ာ။ ဝိတ္မ်ားေနလို႔ ကားထြက္မရဘူး။
စက္ႏႈိးလိုက္ ။ ဂီယာထိုးလိုက္။ စက္ျပန္ေသသြားလိုက္နဲ႔
သုံးႀကိမ္တိတိျဖစ္တယ္။
က်ေနာ္သာ သူတို႔ကိုျပန္မဆင္းခိုင္းရင္ ဘယ္ေတာ့မွ
ကားထြက္လို႔ရမွာ မဟုတ္ဘူး။တစ္ဝက္ျပန္ဆင္းလိုက္လို႔သာ
ကားထြက္လို႔ရတာ ။ဒါက က်ေနာ့္ကိုယ္ေတြ႕။
ေနာက္ၿပီး ကား’ေလး’ေတြကို ဝန္ပိေနတဲ့ ကိစၥ
က်ေနာ့္မ်က္ျမင္ပဲ။ ဝန္ပိလို႔ တန္းေနတဲ့’ေလး’ေတြဟာ
တစ္ဝက္ဆင္းခိုင္းလိုက္ေတာ့မွ’ေလးကိုင္း’လို႔
ျပန္ေကြးသြားတယ္။
ဒါေတြအားလုံး က်ေနာ့္မ်က္ျမင္ကိုယ္ေတြ႕သာ
မဟုတ္ရင္ ဘယ္လိုမွ ယုံႏိုင္စရာမရွိတဲ့
အျဖစ္အပ်က္ေတြပဲေလဗ်ာ…။
ေနဦး က်ေနာ္ေျပာဖို႔ တစ္ခု က်န္ေနေသးတယ္”
“ဘာအေၾကာင္းမ်ားလဲ အစ္ကိုႀကီး”
“ဒီလိုဗ် အဲဒီသခ်ႋဳင္းေ႐ႊ႕တဲ့ေန႔က
ကားနဲ႔ႏွစ္ေခါက္ျပန္ပို႔ေပးရတယ္
ေန႔လယ္ႏွစ္နာရီေလာက္မွ ကိစၥအားလုံးၿပီးစီးသြားလို႔
ျပန္လာခဲ့တယ္။ဗိုလ္မႉးကိုလည္း
အင္းမသခ်ႋဳင္း ေ႐ႊ႕ေျပာင္းၿပီးၿပီလို႔
ဖုန္းဆက္သတင္းပို႔လိုက္တယ္။
က်ေနာ့္တာဝန္ ၿပီးၿပီဆိုေတာ့
စိတ္လက္ေပါ့ပါးသြားတာေပါ့ဗ်ာ…
ဒါေပမဲ့ က်ေနာ္ထင္သလို မဟုတ္ဘူးဗ်ိဳ႕။
ကိစၥက မၿပီးေသးဘူး။
ေနာက္ေန႔ ေန႔လယ္ခင္းမွာ
ကားတစ္ေခါက္ျပန္ဆြဲၿပီး ပို႔ေပးရေသးတယ္”
“ဘာေၾကာင့္တုန္း အစ္ကိုႀကီး”
“သခ်ႋဳင္းေဟာင္းမွာ အိုမင္းမစြမ္းေတြ က်န္ေနေသးတယ္တဲ့ဗ်ာ
က်ဳပ္ကို အဲဒီညမွာပဲ အိပ္မက္လာေပးတယ္။
က်ဳပ္လည္း ဒါ…ဘယ္လိုျဖစ္တာလဲေပါ့…
ဟာကြက္မရွိေအာင္ ေသေသခ်ာခ်ာလုပ္ထားတာကို
ဒါေၾကာင့္ နားလည္တဲ့ဆရာတစ္ေယာက္ေခၚၿပီး
ေမးၾကည့္ရတယ္။ ဒီေတာ့မွ ဟုတ္တယ္ဗ်ိဳ႕။
က်ဳပ္ ေမ့က်န္ခဲ့တာပဲ။
နာနာဘာဝ ဝိနာဘာဝေတြကို စားဖို႔ေသာက္ဖို႔ပဲ
ဖိတ္ဖိတ္ ေျပာင္းဖို႔ေ႐ႊ႕ဖို႔ပဲ ေခၚေခၚ အိုမင္းမစြမ္းသူ
မက်န္းမာသူေတြကိုလည္း
မပ်က္မကြက္ ဖိတ္ေခၚရတယ္တဲ့။
ဒီလို ဖိတ္ေခၚတဲ့အခါမွာ…
“အိုမင္းမစြမ္းသူ မက်န္းမာသူမ်ားရွိရင္လည္း တြဲၿပီး ေခၚခဲ့ၾကပါ။
လမ္းမေလွ်ာက္ႏိုင္ရင္လည္း ေက်ာပိုးၿပီး ေခၚခဲ့ၾကပါ”
လို႔ ေျပာရတယ္တဲ့ ။
က်ေနာ္က အဲဒါကို မသိဘူး။ဒါေၾကာင့္
မေျပာလိုက္မိဘူး။အိပ္မက္လာေပးမွပဲ သိေတာ့တယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး နားလည္တဲ့ဆရာေျပာခိုင္းတဲ့အတိုင္း
ေျပာၿပီး ကားနဲ႔ တစ္ေခါက္ထပ္ပို႔ရေသးတယ္ဗ်ိဳ႕။
ပထမေန႔ကပို႔တဲ့ ေလာ္ရီကားက မဝတ ကေပးတာဆိုေတာ့
စက္ဆီကို မဝတ ကထည့္ေပးတယ္။
ေနာက္တစ္ေန႔ အိုမင္းမစြမ္းေတြ မက်န္းမာသူေတြ
ပို႔တာက ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ဆိုေတာ့
ကားခကို က်ေနာ္ပဲ ခံလိုက္ရတာေပါ့ဗ်ာ”
“ဒါထက္ က်ေနာ္ တစ္ခုေမးပါရေစ။
အိုမင္းမစြမ္းေတြ က်န္ေနေသးတယ္လို႔
အစ္ကိုႀကီးကို အိပ္မက္လာေပးတာ ဘယ္သူလဲ
အိုမင္းမစြမ္းထဲကပဲလား”
စာေရးသူ ဦးခင္ေက်ာ္ကို ေမးလိုက္တယ္။
“မဟုတ္ဘူးဗ် အမ်ိဳသမီးတစ္ေယာက္ပဲ
အသက္က အစိတ္ သုံးဆယ္ေလာက္ရွိမယ္
ဆံပင္အရွည္ႀကီးကို ဖားလ်ားခ်ထားတယ္”
“ဒါဆိုရင္ မဖဲဝါေပါ့”
“စာေရးဆရာက မဖဲဝါမွန္း ဘယ္လိုလုပ္သိတုံး”
“သခ်ႋဳင္းနဲ႔ ပတ္သက္တဲ့ကိစၥဆိုမွေတာ့
သူပဲျဖစ္ရမွာေပါ့ခင္ဗ်ာ”
#ေမာင္မႈိင္းညိဳ႕ (ေခ်ာင္းဦး)