ဆရာမနိုင်တစ္ဆေအိုင်

ဆရာမနိုင် တစ္ဆေအိုင်(စ/ဆုံး)

 

အဘကတော့ ဝမ်းသာနေတာဗျ။ ဆောင်းမြေ

ပဲတွေ လွှတ်ကောင်းနေတာလေဗျာ။ တစ်ယာ

လုံး စိမ်းလို့ဗျို့။ ကျုပ်တို့ထနောင်းကုန်းသား

တွေဆိုတာ ပျော်ချက်ဗျာ။ တချို့လည်း စိတ်

ကူးနဲ့ ဖဲရိုက်လို့ဗျ။ ပဲဘယ်နှစ်တင်းထွက်လို့က

တော့ ဘာလုပ်မယ်၊ ညာလုပ်မယ်ပေါ့ဗျာ။

 

တချို့ကလည်း ဒီနှစ်တော့ ဆီနဲ့ ရေချိုးလိုက်ဦး

မယ်လို့ ပြောလို့ပြောဗျ။ဟုတ်တော့လည်း ဟုတ်

သားဗျ။ ကျုပ်တို့အညာမှာက သီးနှံကောင်းဖို့ဆို

တာက ဘုရားတနေရတာဗျို့။ သီးနှံဆိုတာက

လည်း နှင်းကျချိန်ကျမှ သီးနှံအောင်တာလေဗျာ

နည်းနည်းလေး ရာသီ ဖောက်သွားလို့ကတော့

အရင်းသာသာနဲ့ ကျေနပ်လိုက်ကြရတာချည်း

ပဲဗျ။ စားဖို့၊ သောက်ဖို့တော့ ရတာပေါ့ဗျာ။

 

ပိုပိုလျှံလျှံတော့ ဘယ်ရှိလိမ့်မတုံး။ ဒီတော့ ရပ်

ထဲရွာထဲမှာ အလှူအတန်းနည်းတော့တာပေါ့။

ဒီနှစ်တော့ ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရား

ပွဲစည်ပြီပေါ့ဗျာ။ အနီးအနားရွာတွေလည်း အား

လုံး ပဲကောင်းကြတာကိုးဗျ။

 

မနေ့ကမှ ပေါင်းလိုက်လို့ ပြီးသွားတာဗျို့။ ဒီ

နေ့တော့ အဘရော၊ အမေရော ကျုပ်ရော

အိမ်မှာ နားနေကြတာပေါ့ဗျာ။

 

“အမေ ဘာဟင်းကောင်းချက်မှာတုံး”

 

ကျုပ်က အမေ့ကို စပြီး မေးလိုက်တာဗျ။ အ

မေက အဘ ပုဆိုးဟောင်းလေးတစ်ထည်

ခေါင်းပေါ်တင်ပြီး ရွာထဲသွားဖို့ ပြင်နေတာ

တွေ့လို့ ကျုပ်က မေးလိုက်တာလေဗျာ။

 

“ငွေစိန်ရေ…နင့်သား တာတေကတော့ အ

လုပ်ပြီးသွားတာနဲ့ ဟင်းကောင်းမျှော်တော့

တာပဲ ငွေစိန်ရ”

 

အဘက ရယ်ပြီး အမေ့ကို ပြောတာဗျ။

အမေက ကျုပ်ကို တစ်ချက်လှည့်ကြည့်ပြီး

ရယ်နေတယ်။

 

“ကဲ …တာတေ၊ နင်ဟင်းကောင်းစားချင်ရင်

ငရုတ်သီး တစ်ဆုံ ထောင်းထားပေတော့”

 

“ဟာ…စိတ်ချ၊ စိတ်ချ။ ကျုပ်ထောင်းထား

မယ်။ နို့ အမေက ဘာရလာမှာတုံး”

 

“မနေ့က ပေါင်းလိုက်ရင်း အနောက်ပိုင်းက

မပုပြောလို့ ဒီနေ့ ဂုံးဒေါင်းက အမဲသားလာ

မယ်တဲ့။ အဲဒါ တစ်ပိဿာမှာထားတယ်၊ အူ

စုံ၊ သည်းစုံလေးလည်း နည်းနည်းလိုချင်တယ်

လို့ ပြောထားတာ။ စောစောကပဲ ဝိုင်းရှေ့က

နေ မပုလာပြီး လက်ယပ်ခေါ်သွားတယ်”

 

“သြော်…အမေ၊ အဲဒါ သွားယူမလို့ပေါ့။ ဒါဆို

လည်း တောင်းလေးဘာလေး ယူသွားဦးလေ”

 

“မယူတော့ဘူး တာတေရေ၊ ငါ့ စိတ်ဝင်

တောင်းလေးက မပုတို့အိမ်ရောက်နေတာ။

ဟိုတစ်လောက ငါ့ဆီက ဆေးရိုးပြန်မျှသွား

လို့ စိတ်ဝင်တောင်းလေးနဲ့ ထည်ြပေးလိုက်

တာ။ အခု အဲဒီတောင်းနဲ့ ထည့်ပေးလိုက်

တာ။ အခု အဲဒီတောင်းနဲ့ ထည်ု့ပြီး ပြန်လာ

ခဲ့မယ်”

 

အမေက ပြောပြောသွားသွား ဝိုင်းထဲဆင်း

သွားပြီး ရွာထဲထွက်သွားရောဗျို့။ သိတဲ့အ

တိုင်းပေါ့ဗျာ။ တာတေဆိုတဲ့ ကျုပ်က အမဲ

သားဆိုလို့ကတော့ အနည်းဆုံး သုံးပန်ကန်

ပဲဗျ။ ကျုပ်တို့အိမ်မှာက ပုန်းရည်ကြီးက

ပြတ်တယ်လို့မှ မရှိတာဗျာ။

 

ပုန်းရည်ကြီးသုပ်ကလေးကလည်း တစ်ခွက်ပါ

သေးဗျ။ စိမ်းစားငါးပိကို မီးကင်ပြီး ငရုတ်သီး

စိမ်းနဲ့ စပ်စပ်ကလေးထောင်းပြီး သံပုရာသီး

ညှစ်ထားတဲ့ ငါးပိထောင်းလေးနဲ့ သရက်သီး

ကင်းလေးတွေ တကျွတ်ကျွတ်တို့လို့ပေါ့ဗျာ။

စားလည်းပြီးရော ကျုပ်လည်း နံရိုးဖဲထီးကိုင်း

ဖြစ်ရောဗျို့။ နဂါးဆေးပေါ့လိပ်ကလေး သုံး

လေးဖွာ ဖွာရသေးတယ်။ မျက်စိက ပိတ်ကျ

လာရောဗျား။ ဒါနဲ့ တန်းလျားလေးပေါ်မှာ ဝါး

ဘိုးခြမ်းလေး ခေါင်းအုံးပြီး အိပ်လိုက်ရောဗျို့။

 

“ပြေးဟေ့…ပြေး၊ ပြေးကြဟေ့”

 

ဟင်… လူတွေပြေးနေကြတာဗျ။ ကျုပ်လည်း

လန့်သွားပြီး သေသေချာချာကြည့်လိုက်တယ်။

ဒီလူတွေနောက်ကို ဘာများလိုက်လာလို့ အခု

လို ညာသံပေးပြီး ပြေးနေတာတုံးဆိုတာ ကျုပ်

သိချင်သွားတာပေါ့ဗျာ။

 

ဟာ…ပြေးနေတာ ကျုပ်တို့ရွာသားတွေဗျ။ လူ

ကြီးတွေရော၊ ကလေးတွေရော၊ယောက်ျားရော

မိန်းမရောစုံလို့ဗျာ။ပြေးနေပုံကလည်း မျက်လုံးပြူး

မျက်ဆန်ပြူးနဲ့ အသက်လုပြေးနေကြတဲ့ ပုံမျိုး

ပြေးတဲ့လူတွေ လွန်သွားတော့ နောက်ကို

ကျုပ် လှည့်ကြည့်လိုက်တယ်။

 

ဟာ ဆံပင် ဖားလျားကြီးချထားတဲ့ သရဲမကြီး

လိုက်တာဗျို့။ ဟင်…ဒါ ဘယ်လိုဖြစ်တာပါ

လိမ့်။ သရဲမကြီးက ထဘီအနက်ကြီးကို ရင်

လျားထားတာဗျ။ထဘီက ပေါင်လည်လောက်

ပဲ ရှိတယ်။ အရပ်ကြီးက ဆယ်ပေလောက်ရှိ

မယ်ဗျ။ မျက်လုံးကြီးတွေ ပြူးထွက်နေတာ

ကျွတ်ကျတော့မလိုပဲဗျို့။ ဒေါသတကြီးနဲ့ ပါး

စပ်ကြီးကို ဖြဲအော်နေတာ အစွယ်တွေမှ ဖွေး

နေတာပဲဗျာ။

 

လက်သည်းကြီးတွေကလည်း တိရစ္ဆာန်လက်

သည်းကြီးတွေလို ချွန်ထက်နေတာဗျို့။ လူ

တွေနောက်ကို ဒေါသတကြီးနဲ့ ပြေးလိုက်သွား

တာဗျ။လူတွေက ဘယ်ကိုပြေးတာလဲလို့ ကျုပ်

ကြည့်လိုက်တော့ ကျုပ်တို့ရွာဦးက ရွှေတောင်

ဦးဘုရားဘက်ကို တန်းပြေးကြတာဗျ။ ကျုပ်

ဖြင့် ပြေးတဲ့အထဲမှာ မပါပေမဲ့ မြင်ရတဲ့ မြင်

ကွင်းကြီးကြောင့် ရင်တွေ တဆတ်ဆတ်ကို

တုန်နေတော့တာဗျို့။

 

“ကိုတာတေကြီး ကိုတာတေကြီး”

 

ကျုပ်လန့်နိုးသွားတယ်။ ဒီတော့မှ ကျုပ်အိပ်

မက်,မက်နေတာကို သိသွားတာဗျို့။ တော်

ပါသေးရဲ့ဗျာ။ ဒါပေမဲ့ အိပ်မက်ထဲက သရဲ

မကြီးကို ခုထိကြောက်နေတုန်းဗျ။ ရင်တွေ

တကယ်ကို ခုန်နေတာဗျ။ ကျုပ်ဝိုင်းဝကို

လှမ်းကြည့်လိုက်တော့ မျက်ပြူးဗျ။မျက်ပြူး

တောင် ကျုပ်ဆီမလာတာ ကြာပေါ့။။

 

“မျက်ပြူး လာလေကွာ၊ အိမ်ပေါ်တန်းတက်

ခဲ့။ ငါ ဒီမှာ”

 

ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိ

ပြီး ဖွာလိုက်တယ်။ မျက်ပြူးက ကျုပ်ထိုင်နေ

တဲ့ တန်းလျားမှာပဲ ဝင်ထိုင်လိုက်တယ်

 

“ဘယ်က လှည့်လာတာတုံးကွ မျက်ပြူးရဲ့၊

မင်းတောင် တော်တော်ထွားလာပါလား”

 

မျက်ပြူးက ငယ်ငယ်ကဆိုရင် လူညှပ်က

လေးဗျ။ လူက ညှပ်ညှပ်သေးသေး၊ မျက်

လုံးကပြူးပြူး၊ဒါ့ကြောင့်လည်း ဒီကောင့်ကို

တစ်ရွာလုံးကမျက်ပြူးပဲ ခေါ်တာ။ ကျုပ်ကို

တော့ လွှတ်ခင်တဲ့ကောင်ပါဗျာ။ ကျုပ်ခိုင်း

လို့ကတော့ ဘာမဆို လုပ်ပေးတဲ့ကောင်ဗျ။

အမေနဲ့ အဘက ဝိုင်းနောက်ဘက်က မန်

ကျည်းပင်ကြီး အောက်မှာ ဂုန်နီအိတ်တွေ

ဖာလို့ဗျ။ ဒီနှစ် ပဲကောင်းပြီဆိုတာ သိနေ

တော့ ရှိသမျှ ဂုန်နီအိတ်တွေကို ပြန်ပြီး ဖာ

ကြထေးကြရတော့တာပေါ့ဗျာ။

 

“ဘယ်ကမှ လှည့်လာတာ မဟုတ်ဘူး ကိုကြီး

တာတေရ၊ ဒီကိုပဲ တန်းလာခဲ့တာ”

 

“ဟေ…ပြောပါဦးကွ မျက်ပြူးရ၊ အကြောင်း

ထူးများ ရှိလို့လား”

 

ကျုပ် ငှဲ့ပေးတဲ့ ရေနွေးကြမ်းကို မျက်ပြူးက

တဖူးဖူးနဲ့ မှုတ်သောက်နေတယ်ဗျ။

 

“ကျုပ်ဘထွေးတွေတော့ တစ်ခုခုဖြစ်နေပြီဗျ

ကိုကြီးတာတေရ”

 

“ဟေ…ဘယ်သူတွေတုံးကွ မျက်ပြူးရ၊ လေး

လေးမိုးစွေလား၊ လေးလေးချက်ဖောင်းလား”

 

ဒီလိုဗျ။ မျက်ပြူးမှာက ဘထွေးနှစ်ယောက်

ရှိတာ။ သူ့အဘဦးနှင်းခါးမှာ ညီနှစ်ယောက်

ရှိတာလေဗျာ။ လေးလေးမိုးစွေနဲ့ လေးလေး

မိုးသီးဗျ။ လေးလေးမိုးသီးကို ရွာက လူတွေ

က ချက်ဖောင်းလို့ခေါ်ကြတာ။ ကျုပ်တို့က

လည်း လေးလေးမိုးသီးကို လေးလေးချက်

ဖောင်းပဲ ခေါ်ကြတာပေါ့ဗျာ။

 

လေးလေးမိုးစွေနဲ့ လေးလေးချက်ဖောင်း နှစ်

ယောက်စလုံး လူပျိုကြီးတွေဗျ။ အသက်

လေးဆယ်လောက်ရှိပြီ။

 

လေးလေးချက်ဖောင်းက အငယ်ဗျ။ မျက်ပြူး

ရဲ့အဘိုးအဘွားတွေကလည်း ရှိကြသေးတာ

ကိုဗျ။ အားလုံး အတူနေကြတာ။ ရွာလယ်မှာ

ဝိုင်းက အကျယ်ကြီး။ ရှေးအိမ်ကြီးကလည်း

ရေနံဝပြီး မည်းနက်နေတာဗျ။ မိသားစုကြီး

သိုက်သိုက်ဝန်းဝန်းနဲ့ လွှတ်စည်းလုံးကြတာ။

 

“နှစ်ယောက်စလုံးဗျ”

 

“ဟေ…ဘာဖြစ်နေလို့တုံး မျက်ပြူးရ၊ လူပျို

ကြီးနှစ်ယောက် မိန်းမယူချင်နေလို့လားကွ”

 

“မဟုတ်ဘူးဗျ။ နှစ်ယောက်လုံး ငူငူငိုင်ငိုင်နဲ့

ဗျ။ ပြီးတော့ ညညဆိုရင်လည်း လန့်ပြီး

ထထအော်ကြတယ်”

 

“ဟေ ဟုတ်လား၊ ဘယ်သူက အော်တာတုံး”

 

“နှစ်ယောက်စလုံး ပြိုင်တူအော်တာဗျ။ အိပ်

နေရင်းနဲ့ လန့်ပြီး ထအော်ကြတာ”

 

“ဟင်…ဘာတွေ အော်ကြတာတုံးကွ”

 

“ကျုပ်မသိလို့ပါဗျ။ ကျုပ်တကယ်မသိတာပါ

လို့ အော်တဲ့အခါ အော်တယ်။ တစ်ခါတလေ

ကျတော့လည်း အော်မလေး ဆံပင်ဖားလျား

ကြီးနဲ့ သရဲမကြီး ကြောက်တယ်ဗျ။ ကြောက်

တယ်လို့ အော်တာဗျ။ ကျုပ်တို့ဘိုးက အိပ်ရာ

က ထပြီး ရေမန်းနဲ့ တောက်လိုက်ရင် နိုးသွား

ကြပြီး ငြိမ်သွားပြန်ရောဗျ”

 

“ဒီလိုအော်တာ ဘယ်နှခါလောက်ရှိပြီတုံး”

 

“ညတိုင်းလို အော်နေတာဗျ။ ခုဆိုရင် လေး၊

ငါးညလောက် ရှိပြီ”

 

“ဟာ…ဟုတ်လား၊ နေ့ခင်းနေ့လယ်ကျတော့

ရော လန်းလန်းဆန်းဆန်း ရှိကြရဲ့လား”

 

“မရှိတော့ဘူးဗျ။ နေ့ခင်းဘက်လည်း ငူတူတူ

ငိုင်တိုင်တိုင်ကြီးတွေ ဖြစ်နေကြတာဗျ။လူတွေ

ကြားမှာ သိပ်မနေဘူး။သစ်ပင်အောက်မှာသွား

ပြီးနေကြတယ်။ သူတို့နှစ်ယောက်တော့ တိုး

တိုးတိုးတိုးနဲ့ ပြောကြတာပဲဗျ။ ဘာတွေပြော

တာတုံးတော့ ကျုပ်မသိဘူး ကိုကြီးတာတေရ”

 

ကျုပ်ကလည်း အခုပဲ နေ့ခင်းကြောင်တောင်

မှာ အိပ်မက် မက်နေတာဗျ။ အိပ်မက်ထဲမှာ

ဆံပင်ဖားလျားနဲ့ သရဲမကြီးတစ်ယောက်က

ကျုပ်တို့ ရွာသားတွေကို နောက်က ပြေးလိုက်

နေတာဗျ။ ကျုပ်တို့ရွာသားတွေက အလန့်တ

ကြားနဲ့ အော်ဟစ်ပြီး ပြေးနေကြတာ။ ကျုပ်

အိပ်မက်ကို တွေးရင်း ဆေးလိပ်ကလေး ဖွာ

လိုက်တယ်။

 

“ခုတစ်လော မင်းဘထွေးက တောတွေ ဘာ

တွေ တက်ကြသေးလားကွ မျက်ပြူးရ”

 

“ဟိုတလောကတော့ တစ္ဆေအိုင်ဘက် တက်

ကြတယ်ဗျ။ မျောက်တစ်ကောင်ရလာလို့ သူ

တို့အပေါင်းအသင်းတွေနဲ့ ချက်ပြုတ်စားကြ

တယ်။ ကျုပ်အဘရော၊ ဘိုးတို့ရောက မျောက်

သားမစားရဲဘူးဗျ။ ရွံတယ်။ ဒါကြောင့် အဲဒီနေ့

က ကျုပ်လည်း သွားမစားဘူး။ ဘထွေးတို့က

ဝိုင်းထဲမှာပဲ ချက်ပြုတ်ပြီး သူတို့ သူငယ်ချင်း

တွေ ခေါ်ပြီး စားကြတာ။ ရွာမြောက်ပိုင်းက

ဦးမဲတူးတို့၊ ဦးရှုပ်ထွေးတို့၊ ဦးတရုတ်ဖြူတို့

လည်း လာစားကြသောက်ကြတာ တွေ့တယ်”

 

“မင်းဘထွေးတွေက အသောက်အစားရော

ရှိလို့လား”

 

“ရှိတယ်ဗျ၊ အမြဲတော့ မဟုတ်ပါဘူး။ တစ်

ခါ တလေ လူဆုံတဲ့အခါ သောက်ကြတာပါ”

 

လေးလေးချက်ဖောင်းတို့ ညီအစ်ကိုက

တောလိုက်တာ ဝါသနာလွှတ်ပါကြတာဗျ။

တောကောင်ရလာရင်လည်း ရောင်းချစား

တာမဟုတ်ဘူး။ ရွာထဲမှာ ဟိုလူ့ဝေ၊ ဒီလူဝေ

နဲ့ ဝိုင်းထဲမှာ ချက်ပြုတ်ပြီး သောက်ကြစား

ကြတာပဲဗျ။ ကျုပ်တောင် လေးလေးချက်

ဖောင်းခေါ်လို့ နှစ်ခါ သုံးခါ သွားစားဖူးတယ်။

ကျုပ်တွေးနေတာဗျ။

 

မျက်ပြူးပြောသလိုဆိုရင် တစ္ဆေအိုင်ဘက်ကို

တောလိုက်ရင်း တောမှားတာတွေ ဘာတွေ

များ ရှိလာသလားလို့ တွေးတာဗျ။ ဒါပေမဲ့ သူ

တို့ညီအစ်ကိုက တောလိုက်တဲ့အကြိမ်ပေါင်း

နည်းတော့တာမှ မဟုတ်တာဗျာ။ တောထဲမှာ

အမှားလုပ်စရာအကြောင်း မရှိလောက်ပါဘူး။

ဒါပေမဲ့ အဲဒီ တစ္ဆေအိုင်တောဆိုတာ လူတိုင်း

သွားရဲတဲ့တောတော့ မဟုတ်ဘူးဗျ။ လွှတ်

ကြမ်းတဲ့ တောလို့ ပြောကြတယ်။

 

ကျုပ်တို့ရွာထဲက မုဆိုးကိုတောင်လုံးခေါ်လို့

အပျင်းပြေ တောလိုက်ဖူးတယ်ဗျ။ ဒီတုန်းက

ကိုတောင်လုံးက တစ္ဆေအိုင်တောကို တက်

တာ။ ကျုပ်ကလည်း အကြောက်အလန့်မရှိ

လိုက်သွားတာဗျ။ နောက်မှ ကျုပ်ပြန်သိတာ။

အဲဒီတောထဲက ကျုပ်ရောက်ခဲ့တဲ့ ရေအိုင်

ကြီးကို ‘ဆရာမနိုင် တစ္ဆေအိုင်’လို့ ခေါ်ကြ

တာဆိုပဲ။ အဲဒီ ရေအိုင်ကြီးမှာ တစ္ဆေမကြီးရှိ

တယ်ဆိုပဲ။ အဲဒီတစ္ဆေမကြီးက တော်တော်

ကြမ်းတမ်းပြီး တကယ့် အရိုင်းအစိုင်းကြီးတဲ့

ဗျ။ ဂျပန်တပ်တွေ ကျုပ်တို့တိုင်းပြည်ကနေ

ဆုတ်သွားတော့ ရွှေသေတ္တာတွေကို အဲဒီရေ

အိုင်ကြီးထဲမှာ သေသေချာချာ မြှုပ်ခဲ့တာပဲဗျာ။

 

ပြီးတော့မှ သူတို့ ဘယ်ကလာမှန်းမသိတဲ့

မိန်းမတစ်ယောက်ကို ဒီအိုင်ကြီးဘေးမှာ

ခေါင်းဖြတ်သတ်ပြီး သူတို့ပစ္စည်းတွေကို

စောင့်ဖို့ အမိန့်ပြန်ခဲ့တယ်ဆိုပဲ။ အဲဒီ မိန်းမ

က စုန်းမကြီးလိုလည်း ပြောတယ်ဗျ။ စုန်းမ

ကြီးကို သတ်ပြီး သူတို့ပစ္စည်းတွေကို စောင့်

ဖို့ အမိန့်ပြန်ထားတာတဲ့ဗျ။

 

အဲဒီ ဂျပန်တွေသတ်ခဲ့တဲ့ စုန်းမတစ္ဆေကြီးကို

အစွဲပြုပြီးတော့ ဒီရေအိုင်ကြီးကို တစ္ဆေအိုင်

လို့ ခေါ်ကြတာဆိုပဲ။ ကျုပ်မြင်တာကတော့

ရေအိုင်ကြီးက အတော်ကျယ်သားဗျ။တောင်

ချိုင့်ကြီးထဲမှာ သဘာဝအတိုင်း ဖြစ်နေတာဗျ။ ဘယ်တုန်းကတည်းက ရှိတယ်ဆိုတာကို

ဘယ်သူမှတောင် မပြောနိုင်ကြဘူး။

 

“တာတေ…အဲဒါ တစ္ဆေအိုင်ကြီးလေကွာ။

ဒီအိုင်ကို စွဲပြီး ဒီတောကိုလည်း တစ္ဆေအိုင်

တောလို့ ခေါ်ကြတာကွ။ ကန်က ရေတော်

တော်နက်တဲ့ပုံပဲ။ ဘယ်လောက်နက်တယ်

ဆိုတာတော့ ဘယ်သူမှ အတိအကျမသိ

ဘူးကွ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရေအိုင်ထဲ

ကို ဆင်းကြည့်ဝံ့တဲ့သူ တစ်ယောက်မှ မရှိ

ဘူးလေကွာ”

 

ကိုတောင်လုံးက ကျုပ်ကို ပြောတာဗျ။ ကျုပ်

တို့က ခပ်လှမ်းလှမ်းက တောင်ကုန်းပေါ်က

နေ ဆီးကြည့်ကြတာ။

 

“ဘာကို ကြောက်လို့တုံးဗျ ကိုတောင်လုံးရဲ့”

 

“ဒီရေအိုင်ကိုစောင့်တဲ့ တစ္ဆေက အတော်ကြမ်း

တယ်ကွ။တစ္ဆေမကြီးတဲ့။မုဆိုးတွေပစ်လို့ သား

ကောင်က သွေးရူးသွေးတန်းနဲ့ အဲဒီအိုင်ထဲ

စွတ်ပြေးလို့ကတော့ လိုက်ဖို့ စိတ်မကူးနဲ့တဲ့

ဟေ့”

 

“ဟင် …ဘာဖြစ်လို့တုံးဗျ”

 

“ရေအိုင်ထဲကနေ ဆံပင်ဖားလျားကြီးနဲ့ တစ္ဆေ

ကြီး ပေါ်လာပြီး အဲဒီ သားကောင်ကို သိမ်း

လိုက်ရောတဲ့ကွ။ ပြီးရင် ပါးစပ်ကြီးဟပြီး အ

စိမ်းစားတာတဲ့ဟေ့။ အစွတ်ကြီးတွေမှ အရှည်

ကြီးတဲ့ဗျာ”

 

“ဟာ ကြောက်စရာကြီးပါလား ကိုတောင်လုံးရဲ့”

 

“အေး …အဲဒါကြောင့် လူတွေ ဒီတောကို တော်

ရုံတန်ရုံ မလာကြတာပေါ့ကွ”

 

“နို့ …ကိုတောင်လုံးကရော ဒီကို ဘာကြောင့်

အမဲလာလိုက်တာတုံးဗျ”

 

“ဒီရာသီဆိုရင်တခြားတောတွေမှာ တော

ကောင်ရှားသွားပြီကွ။ ဒီတောမှာကတော့

ဘယ်သူမှ အမဲမပစ်ရဲတော့ တောကောင်

ပေါတယ်လေကွာ။ ဒါကြောင့် သတိထားပြီး

လာရတာကွ။ မင်းက သတ္တိကောင်းလို့ မင်း

ကို ခေါ်လာတာ တာတေရ”

 

“ဟာ ကိုတောင်လုံး ကျုပ်ကို စောစောကသာ

ဒီအကြောင်းတွေ ပြောရင် ကျုပ်လည်း လိုက်

ရဲမှာတောင် မဟုတ်ဘူးဗျ”

 

“ဟား ဟား ဟား ဟား”

 

ကျုပ်စကားကို ကြားတော့ ကိုတောင်လုံးက

အော်ပြီး ရယ်ပါရောဗျာ။ ကိုတောင်လုံး ရယ်

သံကြီးကို ကြားပြီး ကျုပ်တောင် တုန်သွားတာ

ဗျ။ လန့်ဖျပ်ပြီး တစ္ဆေအိုင်ကြီးဘက်ကို လှမ်း

ကြည့်လိုက်သေးတယ်။ တစ္ဆေမကြီးများ ကြား

သွားသလားလို့ပေါ့ဗျာ။ ထူးတော့ ထူးသားဗျ။

အိုင်ကြီးထဲက ရေတွေက နက်မှောင်နေတယ်။

 

ရေညှိတို့၊ ရေမှော်ပင်တို့၊ ကြာပင်တို့ ဘာပင်မှ

ကို မပေါက်ဘူးဗျ။ ရေကလည်း လှုပ်တောင်မ

လှုပ်ဘဲ ငြိမ်နေတာ။လူတွေပြောတာ ဟုတ်ချင်

မှလည်း ဟုတ်မှာပါလို့ ကျုပ်က တွေးလိုက်မိ

တယ်။ ကိုတောင်လုံးက တောထဲကို အသံ

မမြည်အောင် မုဆိုးတိုး တိုးဝင်တယ်။ ကျုပ်

လည်း သူ့နောက်ကနေ သူတိုးသလို တောတိုး

ရတာပေါ့ဗျာ။

 

“ကိုတောင်လုံး…ဒီလောက်ဆိုးတဲ့ တစ္ဆေအိုင်

ကို နှိမ်နင်းနိုင်တဲ့ ဆရာတွေ ဘာတွေ မလာ

ဘူးလားဗျ”

 

ကျုပ်က တောတိုးရင်း လေသံကလေးနဲ့

မေးရတာဗျ

 

“ဟာ …လာပါပြီလား တာတေရာ၊ ဒီအိုင်ကြီး

ထဲမှာ ဂျပန်တွေရဲ့ ရွှေသေတ္တာတွေရှိတယ်

ဆိုပြီးတော့ ရောက်ရောက်လာတဲ့ ဆရာတွေ

မှ မနည်းပါဘူးကွာ”

 

“ဟာ…ဟုတ်လားဗျ”

 

“ဟုတ်ပါ့ဗျာ။ ဒီရောက်ရင် ဒီသရဲမကို သူတို့

ပညာနဲ့ ချုပ်ကြ၊ နှောင်ကြ၊ ရိုက်ကြ၊ ပုတ်ကြ

ပေါ့ကွာ။ ပြီးရင် ရေအိုင်ထဲ ဆင်းပြီး ရွှေသေ

တ္တာတွေ ရှာကြတာပဲဟေ့”

 

“ဟာ …တွေ့ရောလားဗျ ကိုတောင်လုံးရဲ့”

 

“တွေ့ဖို့နေနေသာသာ ပွဲချင်းပြီးသွားတဲ့ ဆ

ရာနဲ့၊ သွက်သွက်လည်အောင် ရူးသွားတဲ့

ဆရာနဲ့။ တချို့ဆိုရင် အလောင်းတောင် မ

တွေ့ရတော့ဘူးကွ”

 

“ဟာ…တစ္ဆေအိုင်သရဲမက စားများပစ်လိုက်

တာလားဗျာ”

 

“မပြောတတ်ဘူးကွ တာတေရ။ စားချင်လည်း

စားမှာပဲ ၊ ပြောလို့ မရဘူးကွ”

 

“သြော် …ဒါကြောင့် ဆရာမနိုင် တစ္ဆေအိုင်လို့

ပြောကြတာကိုး”

 

“အေး…ဟုတ်တယ်ကွ တာတေရ၊ ဘယ်ဆရာ

မှကို မနိုင်တဲ့ တစ္ဆေအိုင်ကွ။ ဟာ… ရှူး”

 

ကိုတောင်လုံးက ကျုပ်ကို “ရှူး”ဆိုပြီး သတိ

ပေးတယ်။ ပြီးတော့ သူက ရှေ့ကနေ မုဆိုး

ဒူးထောက် ထိုင်ချလိုက်တယ်ဗျ။ ကျုပ်လည်း

သူ့လိုပဲ မုဆိုးဒူးထောက် ထိုင်ချလိုက်ရတာ

ပေါ့ဗျာ။ သူ့ကြည့်တဲ့ဘက်ကို ကျုပ်လည်း

လိုက်ကြည့်လိုက်တယ်။ ဟာ …ဂျီနှစ်ကောင်

ဗျ။ ကျုပ်တို့က လေအောက်မှာ ရောက်နေ

တာဗျ။ ဂျီတွေက လေတင်မှာ။

 

ဒီတော့ ကျုပ်တို့အနံ့ကို သူတို့ ဘယ်ရမှာတုံး

ဗျာ။ ကိုတောင်လုံးက ကျောမှာ လွယ်ထားတဲ့

မြားကျည်တောက်ထဲက မြားတစ်ချောင်းကို

ထုတ်ယူလိုက်တယ်။မြားက သိပ်မရှည်ဘူးဗျ။

ကိုတောင်လုံးက သူ့လက်ထဲက ဒူးလေးကို

လေးကြိုးတင်လိုက်တယ်။ ပြီးတော့ မြားလမ်း

ကြောင်းအချိုင့်လေးထဲမှာ မြားထည့်လိုက်

တယ်။မြားဖုန်းတိုတိုလေးအောက်ကို မြားထိုး

ထည့်လိုက်တာဗျ။

 

ကိုတောင်လုံးက ဂျီတစ်ကောင်ကို စ်ိတ်တိုင်း

ကျရွေးပြီး ချိန်လိုက်တယ်။ ကိုတောင်လုံးက

အသက်ကို အရှည်ကြီးရှူလိုက်တဲ့ အသံကို

ကျုပ်ကြားလိုက်တယ်။ ကျုပ်ကြည့်နေတယ်ဗျ

ကိုတောင်လုံးရဲ့ လက်ညှိုးလေးက ခလုတ်ကို

ဖြည်းဖြည်းလေး ဆွဲလိုက်တယ်။

 

“ဖျပ်…ဝှီး”

 

လေးကြိုးက ဖျက်ကနဲ ပြုတ်ထွက်သွားပြီး

မြားက ဝှီးခနဲ ပျံထွက်သွားတယ်။

 

“အိ”

 

ထိပြီဗျာ။ ချက်ကောင်းဗျ။ ဂျီရဲ့လက်ပြင်ကို

မြားစိုက်သွားတာ။ ဒါပေမဲ့ ဂျီက လဲကျမသွား

ဘူးဗျ။ သွေးရူးသွေးတန်းနဲ့ စွတ်ပြေးတော့

တာဗျို့။ ဟာ…တောင်ဘက်ကို လှည့်ပြီးပြေး

နေတာဗျ။ ဟင်…တစ္ဆေအိုင်ဘက်ကို ပြေးတာ

ဗျို့။ ကျန်တဲ့ ဂျီနှစ်ကောင်ကတော့ လန့်ပြီး

ပြေးထွက်သွားတာပေါ့ဗျာ။

 

မြားမှန်သွားတဲ့ ဂျီကတော့ တစ္ဆေအိုင်ကြီး

ဘက်ကို စွတ်ပြေးနေတော့ဗျို့။ ဟော ကို

တောင်လုံးက ရှေ့ကပြေးလိုက်ရောဗျ။ ကျုပ်

က နောက်က ပြေးလိုက်တယ်။ ဂျီက ရှေ့က

ပြေး၊ ကျုပ်တို့နှစ်ယောက်က နောက်က လိုက်

နဲ့ တစ္ဆေအိုင်ကြီးနားကို ကျုပ်တို့ရောက်လာ

ရောဗျို့။ အိုင်ကြီးကို အနီးကပ်တွေ့နေရပြီ။

 

“တာတေ…ရပ်တော့ ”

 

ရှေ့ကပြေးနေတဲ့ ကိုတောင်လုံးက ပြေးရင်း တုံ့ခနဲရပ်လိုက်တယ်။ ကျုပ်လည်း ရပ်လိုက်

ရတာပေါ့ဗျာ။

 

“တာတေ …ဟိုမှာ တွေ့လား၊ ငါပစ်လိုက်တဲ့

ဂျီက အိုင်စပ်မှာလဲနေပြီ။ ရေနဲ့တောင် ထိနေ

ပြီကွ။ ဆက်မလိုက်နဲ့တော့၊ အန္တရာယ်ရှိတယ်”

 

ပြောရင်းနဲ့ ကိုတောင်လုံးက ကညင်ပင်ကြီး

နောက်ကို ကပ်ရပ်လိုက်တယ်။ ကျုပ်လည်း

သူ့ဘေးမှာကပ်ပြီး ဘိစပ်ပင်တွေနောက်မှာ

ကွယ်ပြီး ရပ်နေလိုက်တယ်။ ပြီးတော့ နှစ်

ယောက်သား ရေအိုင်ကြီး အစပ်မှာ လဲကျ

နေတဲ့ ဂျီကို လှမ်းကြည့်လိုက်တယ်။

 

“ဝုန်း”

 

ဟာ …ရေအိုင်ကြီးထဲက လှိုင်းလုံးကြီးထလာ

တယ်ဗျို့။ ဟာ…ဘာကြီးတုံးဗျ။ ရေထဲက ပေါ်

လာတာ။ ဆံပင်ဖားလျားကြီးနဲ့ဗျ။ အို…ထဘီ

ရင်လျားကြီးနဲ့ဗျ။ အရပ်ကြီးက နည်းတဲ့အရပ်

ကြီး မဟုတ်ဘူးဗျို့။ ဟာ…တစ္ဆေမကြီးဗျ။

 

ကိုတောင်လုံးပြောတဲ့ တစ္ဆေအိုင်စောင့်တဲ့ သ

ရဲမကြီး ထင်တယ်ဗျို့။ဟာ…ရေထဲက ကူးလာ

ပြီး ကမ်းစပ်ကို လေးဘက်ကြီးထောက်ပြီး

တက်လာတယ်ဗျို့။ ဟာ…ဂျီသေဆီကို တန်း

သွားတာဗျို့။ ဟာ…ကိုက်ပြီဗျို့။ ကိုက်ပြီ။ ပါး

စပ်ကြီးဖြဲပြီး ဂျီကို ကိုက်နေတာဗျို့။ တကယ့်

ကို တိရစ္ဆာန်အရိုင်းကြီးလိုပါပဲဗျာ။ ဟာ…ဆွဲ

သွားပြီဗျို့။ ဂျီသေကို ပါးစပ်ကြီးနဲ့ ကိုက်ပြီး

ရေထဲကို ဆွဲချသွားပြီဗျာ

 

“ဝုန်း”

 

ရေအိုင်ကြီးထဲမှာ လှိုင်းလုံးကြီးထကျန်ခဲ့

တယ်ဗျို့။ ကျုပ်ဖြင့် ဒူးတွေတောင် တဆတ်

ဆတ်တုန်နေရောဗျာ။ကိုတောင်လုံးကို လှမ်း

ကြည့်တော့ ကြက်သေကြီးသေပြီး မလှုပ်မ

ယှက်ကြီး ဖြစ်နေတော့တာဗျို့။

 

“ကိုတောင်လုံး …ကိုတောင်လုံး”

 

လို့ ကျုပ်က အသံခပ်အုပ်အုပ်နဲ့ ခေါ်လိုက်

တော့မှ သတိဝင်သွားတာဗျ။

 

“ဟေ …တာတေ မင်းတွေ့လိုက်လား”

 

“ဟာ …တွေ့တာပေါ့ဗျာ ကိုတောင်လုံးရဲ့။

ကျုပ်ဖြင့် ခုထိ ဒူးတွေတုန်နေတုန်းဗျ”

 

“ကဲ …တာတေ၊ လာ…လာ…ပြန်ကြရအောင်

ငါ့နောက်က ကပ်လိုက်ခဲ့။ ဖြတ်လမ်းကို ငါသိ

တယ်။ လာ…လာ”

 

လို့ ပြောပြီး ကိုတောင်လုံးက တောထဲကို တိုး

ဝင်သွားတယ်။ ကျုပ်လည်း သူ့နောက်က ထပ်

ကြပ်မကွာ လိုက်ခဲ့ရတာပေါ့ဗျာ။ ကိုတောင်လုံး

က မပြေးရုံတစ်မည်ပဲဗျ။ ကျုပ်လည်း သူ့လိုပဲ

ပေါ့ဗျာ။ ဟုတ်တယ်ဗျ။ ကိုတောင်လုံးက တော

ကျွမ်းတဲ့ လူဆိုတော့ သိပ်မကြာခင်မှာ တော

ကို ဖောက်ထွက်လိုက်နိုင်တယ်။

 

ရွာကို ပြန်ရောက်တဲ့အထိ ကျုပ်တို့နှစ်ယောက်

တစ်ချက်မှ မနားတမ်းကို ခြေကုန်သုတ်ခဲ့ကြ

တာဗျို့။ ကျုပ်တို့ရွာ ထနောင်းကုန်းကို ပြန်

ရောက်တော့ နှစ်ယောက်သား မောပြီး စကား

တောင် ချက်ချင်းမပြောနိုင်ကြပါဘူးဗျာ။တော်

တော်လေး အမောပြေသွားတော့မှ ကိုတောင်

လုံးက ကျုပ်ကို မေးတယ်။

 

“တာတေ…မင်းတော်တော်လန့်သွားလားကွ”

 

“ဟာ ….လန့်တာပေါ့ ကိုကြီးတောင်လုံးရာ။

ကျုပ်က မျက်ကွင်းဆေးကွင်းပြီး နာနာဘာဝ

မျိုးစုံ မြင်ဖူးပါတယ်။ ဒါပေမဲ့ မျက်ကွင်းဆေးမ

ကွင်းဘဲ ခုလို နေ့ခင်းကြောင်တောင်ကြီးမှာ

ရေထဲက ဆံပင်ဖားလျားကြီးနဲ့ ဝုန်းခနဲပေါ်လာ

ပြီး ရေအိုင်စပ်ကို လေးဘက်ကြီးထောက်တက်

လာတဲ့ သရဲမကြီးမျိုးကိုတော့ ဒီတစ်ခါပဲ တွေ့

ဖူးတာဗ်”

 

“တောကတော့ တောဝင်ပြီး သားကောင်ပစ်

နေတဲ့ ငါတို့မုဆိုးတွေမှာ တောချောက်တာ

တို့တောချောက်တာတို့ ဆိုတာတွေကို မျိုးစုံ

အောင် ကြုံခဲ့ဖူးတာပေါ့ကွာ။ ဒါပေမဲ့ ဒီနေ့လို

မျိုး ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ရေထဲကပေါ်လာတဲ့

သရဲမကြီးတော့ ငါလည်း တစ်ခါမှ မတွေ့ဖူး

ပါဘူးကွာ။ ငါ့ရင်ဘတ်တွေဆိုတာ တဝုန်းဝုန်း

နဲ့ခုန်နေတုံးကွ တာတေရ”

 

“ကိုတောင်လုံးရေ၊ ဒီအကြောင်းကို ရွာထဲ

မှာ မပြောရင် ကောင်းမယ်ဗျ။ ဘာဖြစ်လို့

တုံးဆိုတော့ တချို့က ဒီအကြောင်းကိုကြား

ရင် အလွန်အမင်း စိုးရိမ်သွားကြမှာဗျ။ တ

ချို့ကတော့ ကျုပ်တို့ လိမ်ပြောတာလို့ ထင်

ကြမှာဗျ”

 

“သိပ်ဟုတ်တာပေါ့ တာတေရာ၊ လူတွေက

ဘာပြောမယ်လို့ မင်းထင်တုံး၊ ငါပြောမယ်

တာတေ၊ မုဆိုးတောင်လုံး ဆိုတဲ့ကောင်က

သားကောင်ပေါတဲ့ တစ္ဆေအိုင်တောမှာ သူ

တစ်ယောက်တည်း အမဲပစ်ချင်လို့ လူတွေ

ကို ကြောက်အောင် ပြောတာပါကွာလို့ ပြော

ကြမှာကွ”

 

နောက်တော့ ကိုတောင်လုံးရော၊ ကျုပ်ရော

ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြော

တော့ဘူးပေါ့ဗျာ။ ကျုပ်က နဂါးဆေးပေါ့လိပ်

ကလေးကို ဖွာရင်း ကျန်ခဲ့တဲ့ နှစ်နှစ်လောက်

က ကျုပ်ကြုံခဲ့တဲ့ အကြောင်းကို ပြန်တွေး

နေတာဗျ။ ကျုပ် ငြိမ်ပြီးတွေးနေတော့ မျက်

ပြူးကလည်း ရေနွေးကြမ်းသောက်ရင်း ငြိမ်

နေတာပေါ့ဗျာ။

 

“ဟာ”

 

ကျုပ်က ပါးစပ်က အသံထွက်သွားတာဗျ။

ခုမှ ကျုပ် တွေးမိတာဗျို့။ စောစောက အိပ်

ပျော်နေတုန်းမှာ မက်တဲ့ အိပ်မက်ထဲက

ကျုပ်တို့ရွာသားတွေနောက်ကို ပြေးလိုက်

တဲ့ သရဲမကြီးဟာ လက်စသတ်တော့ ကျုပ်

နဲ့ ကိုတောင်လုံး တစ္ဆေအိုင်တောကြီးထဲမှာ

မြင်ရတဲ့ တစ္ဆေအိုင်သရဲမကြီးပဲဗျ။ ကျုပ်ဆို

တာ ကြက်သီးတွေ တစ်ကိုယ်လုံးထပြီး လန့်

အော်လိုက်မိတာဗျို့။

 

“ကိုကြီးတာတေ …ဘာကိုတွေးမိလို့တုံး”

 

မျက်ပြူးက သူ့ရဲ့မျက်လုံးပြူးပြူးတွေနဲ့ ကျုပ်

ကိုကြည့်ပြီး မေးတယ်။ ဒီကလေးကိုတော့

ကျုပ်အမှန်အတိုင်းပြောလို့ ဘယ်ဖြစ်မှာတုံးဗျ

 

“ဟာ…မဟုတ်ပါဘူး မျက်ပြူးရ၊ ငါ့အဘ ခိုင်း

ထားတာ တစ်ခုကို ခုမှသတိရသွားလို့ပါကွာ”

 

“သြော်.…ဒါဆိုရင်လည်း ကျုပ်ပြန်ဦးမယ်ဗျာ”

 

“သြော်… အေး၊ အေး နေဦးကွ မျက်ပြူး၊ ငါ

ပြောဦးမယ်။ မင်းဘထွေးနှစ်ယောက်ရဲ့ အ

ခြေအနေကိုတော့ မင်းမျက်ခြည်မပျက် ကြည့်

နေ သိလား။ တစ်ခုခုထူးရင်သာ ငါ့ဆီကို ချက်

ချင်းလာပြော၊ ကြားလား မျက်ပြူး”

 

“ဟုတ်ကဲ့ ကိုကြီးတာတေ စိတ်ချ”

 

မျက်ပြူးပြန်သွားတော့မှ ကျုပ်ဆက်တွေးနေ

တာပေါ့ဗျာ။ ကျုပ်အိပ်မက်ထဲမှာ မြင်ရတာ

တစ္ဆေအိုင်သရဲမကြီးဆိုတာ ကျုပ်သိသွား

တော့မှ ကျုပ်တော်တော်ကို စိုးရိမ်သွားတာ

ဗျ။ ဒီသရဲမကြီး ရေထဲက ဝုန်းခနဲပေါ်လာပြီး

ကိုတောင်လုံးပစ်ထားတဲ့ ဂျီကို တိရစ္ဆာန်ရိုင်း

ကြီးတစ်ကောင်လို ပါးစပ်ကြီးနဲ့ ကုန်းကိုက်

ပြီး ရေထဲကို ဆွဲချသွားတဲ့ မြင်ကွင်းကို ပြန်

တွေးမိတိုင်း ကျုပ်မှာ ကြက်သီးတွေ တဖြန်း

ဖြန်း ထတုန်းပါဗျာ။

 

ဒီလောက် ကြမ်းတမ်းတဲ့ သရဲမကြီးနဲ့ လေး

လေးချက်ဖောင်းတို့ ညီအစ်ကို ဘယ်လိုများ

ပက်သက်နေတာပါလိမ့်။ ကျုပ်တို့ရွာကလူ

တွေ ကြောက်လန့်တကြား ထွက်ပြေးကြတာ

ဘာများဖြစ်လို့တုံး။ကျုပ်ဘယ်လောက်ပဲတွေး

တွေး အဖြေက မပေါ်ပါဘူးဗျာ။ နောက်တော့

ကျုပ်လည်း ဆက်မတွေးတော့ဘဲ အဘနဲ့

အမေ ဂုန်နီအိတ်တွေ ချုပ်တဲ့ဆီကို သွားပြီး

ကူလုပ်နေလိုက်တယ်။

 

“ဟဲ့ …တာတေ၊ စောစောက နင့်ဆီကို နှင်းခါး

သားလေး လာသွားတယ်မို့လား”

 

အမေက ဂုန်နီအိတ်ချုပ်တဲ့ အပ်အရှည်ကြီးရဲ့

အပ်နဖားပေါက်ထဲကို ဂုန်နီကြိုးထိုးသွင်းရင်း

ကျုပ်ကို မေးတာဗျ။

 

“ဟုတ်တယ် အမေရဲ့၊ မျက်ပြူးလာသွားတယ်”

 

“ဘာများဖြစ်လို့တုံး။ နင်နဲ့တော့ ဒီးဒီး ဒီးဒီနဲ့

ပြောနေတာ ငါကြားသား”

 

“သူ့ဘထွေးတွေ နေမကောင်းဖြစ်နေလို့တဲ့ဗျ”

 

“ဟေ…ဘယ်သူတွေတုံး။ သြော် …နှင်းခါးညီ

တွေကို ပြောတာထင်တယ်၊ ဟိုကောင်တွေ

ဘယ်သူဟဲ့ …တာတေ”

 

“ငွေစိန်ရယ် …မိုးစွေနဲ့ မိုးသီးပါဟယ်။ နင့်မ

လည်း မေ့လိုက်ရတာ လွန်ရော”

 

“ဟုတ်တယ် ကိုဥာဏ်ရေ။ ခုတလော ကျုပ်

အားကြီး မေ့တတ်တော်။ ဒါနဲ့ နေပါဦး တာတေ

ရဲ့။ မိုးစွေတို့ ညီအစ်ကိုတွေ ဘာဖြစ်လို့တဲ့တုံး”

 

“ညညဆိုရင် ကြောက်ပါပြီ၊ ကြောက်ပါပြီနဲ့

ထထပြီး အော်နေကြလို့တဲ့ဗျ”

 

“ဟေ.…နှစ်ယောက်စလုံးလား”

 

အဘက ဝင်ပြီးမေးတာဗျ။ အမေကတော့ မျက်မှောင်ကုတ်ပြီး စဉ်းစားနေတယ်

 

“ဟုတ်တယ် အဘ၊ ကျုပ်ထင်တာတော့ လေး

လေး မိုးစွေတို့ ညီအစ်ကိုနှစ်ယောက် တော

တက်ရင်း တစ်ခုခုမှားလာတယ်ထင်တယ်ဗျ”

 

အဘက ဘာမှတော့ ပြန်မပြောဘူး။ ဒါနဲ့ ဒီ

အကြောင်းက ဒီမှာတင် ရပ်သွားပြီး ကျုပ်တို့

သားအမိ၊ သားအဖတွေ ဂုန်နီအိတ်တွေ ဖာ

ကြထေးကြနဲ့ မိုးချုပ်သွားရောဗျို့။ ညက ဟို

တွေး၊ ဒီတွေးနဲ့ တော်တော်နဲ့ အိပ်မပျော်

တော့ မနက်ကို တော်တော်နဲ့ မနိုးဘူးဗျို့။

 

“ဟဲ့…တာတေ၊ မိုးလင်းနေတာ ကြာလှပြီလေ၊

ထတော့၊ ဒီမှာ ကျောက်ခဲနဲ့ သံမဏိ ရောက်

နေတယ်ဟဲ့”

 

ဟာ…ဟုတ်သားပဲဗျာ။ တော်တော်ကို နေမြင့်

နေပြီပဲ။ ကျုပ်မျက်နှာသစ်ပြီး ပြန်ထွက်လာ

တော့ ကျောက်ခဲနဲ့ သံမဏိက ကျုပ်ကိုစောင့်

နေကြတာ။ ဒီကောင်တွေ တစ်ခုခုပြောချင်နေ

ပုံပဲဗ်

 

“ကျောက်ခဲတို့ပါလား စောစောစီးစီး”

 

“ဟာ…ကိုကြီးတာတေကလည်း ဘယ်မှာစော

လို့တုံးဗျ။ ၉ နာရီတောင် ထိုးတော့မယ်။ ရွာထဲ

မှာ လူတွေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေပြီ”

 

“ဟေ…ဘာဖြစ်လို့တုံး ကျောက်ခဲရဲ့”

 

အမေက မေးလိုက်တာဗျ။ ကျုပ်အဘက ဝိုင်း

ထဲမှာ မနေ့က ဂုန်နီအိတ်ချုပ်တဲ့ အလုပ်ကို ဆက်လုပ်နေတယ်။အမေကတော့ ထမင်းဟင်း

ချက်လို့ပေါ့ဗျာ။

 

“ဘိုးဥာဏ်တို့၊ အရီးတို့က ဝိုင်းထဲမှာဆိုတော့

ဘာမှ မသိတာဗျ။ ဦးချက်ဖောင်းတစ်ယောက်

ဆုံးသွားလို့ ”

 

“ဟေ…လေးလေးချက်ဖောင်း ဆုံးပြီ ဟုတ်လား

ကျောက်ခဲ”

 

“ဟုတ်တယ်ဗျ ကိုကြီးတာတေရ၊ မနက် အ

စောကြီးထပြီး အိမ်က ထွက်သွားတာ။ ဘယ်

သွားမှန်း မသိလို့ လိုက်ရှာကြတာတဲ့ဗျ။ ဘယ်

မှာမှရှာမတွေ့လို့ ရွာပြင်ထွက်အရှာမှာ ရိုးဒေါင့်

ဘက်ကိုသွားတဲ့ လှည်းတစ်စီးက လှမ်းပြော

သွားတာဆိုပဲ”

 

“ဟေ …ဘာပြောသွားလို့တုံး”

 

“ရွာမြောက်က ပဒတ်လျှိုကြီးထဲမှာ လူတစ်

ယောက် ဇွဲကြိုးချသေနေတယ် ပြောသွား

တာဗ်”

 

“ဟေ”

 

“ရွာကလူတွေ ပဒတ်လျှိုထဲကို ပြေးဆင်းပြီး ရှာ

ကြရတာပေါ့ဗျာ။ ထနောင်းပင်ကြီးတစ်ပင်မှာ

နွားချည်ကြိုးနဲ့ ဦးချက်ဖောင်းကြီး ဇွဲကြိုးချပြီး

သေနေတာဗျို့”

 

“ဟင် ဟုတ်လား၊ ဒါနဲ့ မင်းတို့သွားကြည့်ပြီးပြီ

လား”

 

“ကြည့်ပြီးပြီဗျ။ ကျုပ်တို့ ထနောင်းကုန်းသူကြီး

နဲ့ ဘန့်ဘွေးကုန်းသူကြီးက အလောင်းကို ကြိုး

ဖြတ်ပြီး မြို့ကို လှည်းနဲ့ ပို့လိုက်ပြီဗျ။ ရဲစစ်ချက်

ယူရဦးမှာလေဗျာ”

 

ဇာတ်လမ်းတော့ စပြီပေါ့ဗျာ။ ကျုပ် လေးလေး

မိုးစွေနဲ့ ချက်ချင်းသွားတွေ့တယ်။ မျက်ပြူးတို့

ဝိုင်းထဲမှာတော့ လူတွေ ဖွေးနေပြီဗျ တစ်အိမ်

လုံး ငိုနေကြတာပေါ့ဗျာ။

 

“ကိုကြီးတာတေကို ကျုပ်ပြောတယ်မို့လားဗျာ”

 

မျက်ပြူးက ကျုပ်ဆီကို ရောက်လာပြီး ပြော

တာဗ်

 

“အေးလေ မျက်ပြူးရာ၊ မနေ့ကမှ မင်းလာပြော

သွားတာလေကွာ၊ ဒီနေ့ပဲ ဖြစ်သွားရတယ်လို့

ကွာ။ နေဦးကွ မျက်ပြူး။ ငါလေးလေးမိုးစွေနဲ့

စကားနည်းနည်းပြောချင်တယ်ကွာ။ သူများ

တွေ မသိအောင် နှစ်ယောက်တည်းပြောချင်

တာကြ”

 

“ဒါဆိုရင် ကိုကြီးတာတေ အိမ်မှာပဲစောင့်နေ၊

ကျုပ်ဘထွေးမိုးစွေကိုခေါ်ပြီး လူတွေအလစ်

မှာ ထွက်ခဲ့မယ်”

 

“အေး…ကောင်းသားပဲကွ မျက်ပြူးရ”

 

ကျုပ်လည်း လူတွေနဲ့ ရောထိုင်ပြီး စကား

လေးဘာလေး ပြောရသေးတာပေါ့ဗျာ။ ခ

ဏပဲနေပြီး ကျုပ် အိမ်ကို ပြန်လာခဲ့တယ်။

 

နေ့လယ်ရောက်တော့မှ လေးလေးမိုးစွေနဲ့

မျက်ပြူး ကျုပ်ဆီကို ရောက်လာတယ်။

 

ဝိုင်းထဲက မန်ကျည်းပင်ကြီးအောက်မှာ လေး

လေးမိုးစွေနဲ့၊ ကျုပ်နဲ့ နှစ်ယောက်တည်း စကား

ပြောကြတယ်။ မျက်ပြူးက အိမ်ပေါ်တက်ပြီး

အဘတို့၊ အမေတို့နဲ့ စကားသွားပြောနေတယ်။

ကျုပ်က နဂါးဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိပြီ

လေးလေးမိုးစွေကို ဆေးလိပ်တည်လိုက်တယ်။

 

“လေးလေးတို့ ညီအစ်ကို တစ္ဆေအိုင်တောကို

တက်ခဲ့တယ်လို့ ကျုပ်ကြားတယ်”

 

“ဟုတ်တယ် တာတေ၊ ငါနဲ့ ချက်ဖောင်း တစ္ဆေ

အိုင်တောကို တက်ခဲ့တယ်”

 

လေးလေးမိုးစွေက ရီဝေမှုန်မှိုင်းနေတဲ့ မျက်လုံး

တွေနဲ့ တစ်ခုခုကို တွေးရင်း ပြောပြနေတာဗျ

 

“တစ္ဆေအိုင်ကြီးအနားမှာကွ တာတေရ၊ မျောက်

တွေမှ အများကြီးကွာ”

 

“ဗျာ…တစ္ဆေအိုင်မှာ မျောက်ရှိလို့လားဗျ”

 

“ဟာ…ရှိတာပေါ့ တာတေရ၊ မျောက်မှ အများ

ကြီးပဲကွ”

 

“လေးလေး…ကျုပ် လွန်ခဲ့တဲ့ နှစ်နှစ်က မုဆိုး

ကိုတောင်လုံးနဲ့ တစ္ဆေအိုင်တောကို လိုက်

သွားဖူးတယ်ဗျ။ တစ္ဆေအိုင်ကြီးနားမှာ ဘာ

မျောက်မှ မတွေ့ခဲ့ပါဘူးဗျာ”

 

“ဟိုတုန်းကတော့ ဟုတ်ချင်ဟုတ်မယ်ကွ။

အခု မျောက်တွေရှိတယ် တာတေရ”

 

“ဟင်…ဟုတ်လား”

 

“အဲဒါ ချက်ဖောင်းက မျောက်သား သိပ်ကြိုက်

တဲ့ကောင်ဆိုတာ မျောက်ပစ်တော့တာပေါ့ကွာ”

 

ကျုပ်က ဘာမှမပြောတော့ဘဲ လေးလေးမိုး

စွေပြောတာကိုပဲ နားထောင်နေတာဗျ

 

“ချက်ဖောင်းက မျောက်အုပ်ထဲက အကြီးဆုံး

အကောင်ကို သူ့ဒူးလေးနဲ့ ချိန်ပြီး ပစ်ချလိုက်

တာ ပြုတ်ကျလာတာပေါ့ကွာ။အဲဒါနဲ့ တို့ညီကို

နှစ်ယောက် မျောက်ကို ပြေးကောက်တော့

မျောက်က မသေသေးဘူးကွ။ အဲဒီမှာတင်

တစ်သက်နဲ့ တစ်ကိုယ် မကြုံဖူး၊ မကြားဖူး

တာ ဖြစ်တော့တာပေါ့ပဲကွာ”

 

“ဗျာ …ဘာများဖြစ်လို့တုံး လေးလေးရဲ့”

 

“မြားစိုက်နေတဲ့ မျောက်က လူစကားကို ပီ

ပီပြင်ပြင် ပြောတာကွ တာတေရ”

 

“ဗျာ”

 

ကျုပ်ဖြင့် တစ်ကိုယ်လုံးတောင် ဆတ်ခနဲ တုန်

သွားတာဗျို့။ ကြက်သီးတွေတောင် ထသွားသ

လားပဲဗျာ။ ဘယ့်နှယ်…မျောက်က လူစကား

ပြောရတယ်လို့၊ ကျုပ် လေးလေးမိုးစွေကို

ကြည့်လိုက်တယ်

 

သူတို့ညီအစ်ကို ညတိုင်းထထအော်နေကြ

တယ်ဆိုတာမျက်ပြူးလာပြောထားတာလေ

ဗျာ။ ကျုပ်က လေးလေးကို အကဲခတ်ကြည့်

လိုက်တယ်။စိတ်တွေများ ကယောင်ချောက်

ချားဖြင့် နေသလားလို့ပေါ့ဗျာ။ လေးလေးမိုး

စွေကတော့ ခပ်တည်တည်ပဲ ပြောနေတာဗျ။

 

“နေပါဦး လေးလေးရဲ့၊ မျောက်က လူစကား

ပြောတယ်ဆိုတော့ ဘာပြောတာတုံးဗျ”

 

“မင်းတို့နှစ်ယောက်စလုံးကို ရေအိုင်ကြီးထဲ

က ငါ့အမေ့သတ်လိုက်မယ်၊ ပြီးရင် မင်းတို့

တစ်ရွာလုံးကို သတ်လိမ့်မယ်လို့ပြောတာကွ”

 

“ဟာ”

 

“ငါက ချက်ဖောင်းကို ပြောပါသေးတယ်ကွာ၊

ဒီမျောက်သေကို တောထဲမှာ မြှုပ်ပစ်ခဲ့ဖို့ပေါ့။

ဒါပေမဲ့ ဘာမှအယုံအကြည်မရှိတဲ့ ချက်ဖောင်း

က မျောက်သေကို အိမ်အထိယူလာပြီး ခါတိုင်း

လိုပဲ ချက်ပြုတ်စားလိုက်တာပေါ့ကွာ။ ရွာထဲက

လူတွေကိုခေါ်ပြီးတော့ အရက်နဲ့ မြည်းကြည့်

သေးတာကွ တာတေရ”

 

“ဘယ်လိုဖြစ်တာတုံးဗျာ၊ မျောက်က ဘာလို့ လူစကားပြောရတာတုံး လေးလေးရဲ့”

 

“မသိပါဘူး တာတေရာ၊ညအိပ်ရင် ချက်ဖောင်း

ရော၊ ငါရော တစ္ဆေအိုင်က သရဲမကြီးကို အိပ်

မက်,မက်ကြတာဟေ့၊ ဒီမျောက်နဲ့ ဒီသရဲမနဲ့

က ဘာများ ပတ်သက်နေတယ်ဆိုတာတော့

မသိဘူးကြ”

 

“နေပါဦး လေးလေးရဲ့၊ အိပ်မက်ထဲမှာ တစ္ဆေ

အိုင်သရဲမက လေးလေးတို့ကို ဘာပြောလို့တုံး”

 

“နင်တို့ ငါ့သားကို သတ်ပြီး ချက်စားလိုက်ကြ

တယ်။ ငါမသိလိုက်ဘူး၊ ငါ့သားအသားကို

စားတဲ့ အကောင်တွေ။ အားလုံးကို ငါသတ်

မယ်လို့ ပြောတာကွ။ အခု ငါ့ညီ စပြီးသေပြီ

ပေါ့ကွာ။ ပြီးရင်တော့ ငါအလှည့်နေမှာပေါ့

တာတေရာ၊ ပြီးရင်တော့ ငါတိုနဲ့ အတူတူ

မျောက်သားစားတဲ့ တို့ရွာသားတွေ တစ်

ယောက်ပြီးတစ်ယောက် အသေဆိုးနဲ့ သေ

မှာပေါ့ကွာ”

 

“နေပါဦး လေးလေးရာ။ စိတ်ဓါတ်မကျပါနဲ့ဦး

ဗျာ။ ကျုပ်လုပ်ကြည့်ပါဦးမယ်”

 

ကျုပ်ကို အကျိုးအကြောင်းတွေအားလုံး ပြော

ပြပြီးတော့ လေးလေးမိုးစွေနဲ့ မျက်ပြူး ပြန်သွား

ကြတယ်ဗျ။ ကျုပ်လည်း ကာယကံရှင်ကိုယ်

တိုင်က ပြောလို့သာ ယုံရတာဗျို့။ ဘယ်လိုမှ

ကို နားလည်နိုင်စရာ မရှိပါဘူးဗျာ။

 

အဲဒီညက ကျုပ်ကို မဖဲဝါပေးထားတဲ့ ကိုယ်ခွဲ

အရုပ်ကလေးနဲ့ မဖဲဝါကို ပင့်တယ်။ ပြီးတော့

တစ္ဆေအိုင်တောထဲမှာ လူစကားပြောတဲ့

မျောက်အကြောင်းကို ပြောပြပြီး နေ့လယ်က

လေးလေးမိုးစွေပြောတဲ့အကြောင်းကို ပြောပြ

လိုက်တယ်။ ပြီးတော့ ဒီပြဿနာကို ရှင်းဖို့နည်း

လမ်းကို မေးလိုက်တယ်။

 

အိပ်မက်ထဲမှာ မဖဲဝါက ကျုပ်ကို ခါတိုင်း

ကိုယ်ရောင်ပြနေကျ ဆယ့်နှစ်ရာသီအဝါပင်

အောက်မှာ ပြောပြတယ်။

 

“တာတေ…နောက်နှစ်ရက်ကြာရင် မိုးစွေ သူ့

ကိုယ်သူ သတ်သေလိမ့်မယ်၊ နောက်တစ်ပတ်

လောက်ကြာရင် နင်တို့ရွာထဲက မျောက်သား

စားတဲ့ အကောင်တွေ တစ်ယောက်ပြီး တစ်

ယောက် သေလိမ့်မယ်”

 

“ဗျာ…ဒါ ..ဘယ်လိုဖြစ်တာတုံး မဖဲဝါ။ နည်း

လမ်းရှိရင် ပြောပါ သင်္ချိုင်းရှင်မကြီးရယ်”

 

“တာတေ…အဲဒီမျောက်ဟာ တစ္ဆေအိုင်သရဲမ

ရဲ့ သားအရင်းပဲ။ ဒီသရဲမက အိပ်မက်ထဲမှာ

ကိုယ်ဝန်ဆောင်ပြီး လူတွေကလေးမွေးသလို

မွေးထားတဲ့ သားဟဲ့။ ဒီမျောက်က အိပ်မက်ထဲ

မှာ သရဲမမွေးတဲ့ ကလေးပဲ။ မျောက်တော့

မျောက်၊ ဒါပေမဲ့ လူစကားပြောတယ်။ သရဲမ

အိပ်မက်က လန့်နိုးတော့ သူ့ရင်ခွင်မှာ သူ့သား

မျောက်က တကယ်ရှိနေတာ။ သူ့ကလေးကို

သူကိုယ်တိုင် နို့တိုက်ပြီး မွေးခဲ့ရတာ။ ဒါပေမဲ့

မျောက်သဘာဝရှိတော့ မျောက်တွေနဲ့ပဲ နေ

ထိုင်စားသောက်တာ။ နင်တို့ ရွာသားနှစ်

ယောက် သတ်ပြီးချက်စားလိုက်တာ တစ္ဆေ

အိုင်သရဲမရဲ့သား အရင်းပဲ တာတေ”

 

“ဟာ….သွားပါပြီဗျာ။ ကျုပ်တို့ရွာသားတွေ

တော့ ဒုက္ခအကြီးအကျယ်ရောက်ပြီပေါ့ဗျာ

ဘယ်လိုဖြေရှင်းရမှာတုံးဗျာ…သင်္ချိုင်းရှင်မ

ကြီးရယ်”

 

“တာတေ…အဲဒီ သရဲမကို ငါ့သြဇာညောင်းမှာ

မဟုတ်ဘူးဟဲ့။ ဒါပေမဲ့ နင်တို့ရွာကို ငါကယ်

ပေးပါ့မယ်။ နင်တို့ တစ္ဆေအိုင်ရှိတဲ့တောင်ကို

ထိပ်ဆုံးရောက်အောင်တက်၊ တောင်ထိပ်မှာ

ထမင်းဖြူနဲ့ ကြက်ဖို၊ ကြက်မ ကောင်လုံး

ကြော်ကို တောင်ပိုင်နတ်ကြီးကို ပင့်ပြီး ဆက်

ကြ။ ပြီးတော့ ငှက်ပျောနှစ်ဖီးနဲ့ ပွဲတစ်ပွဲလည်း

ပေးရမယ်။ တောင်ပိုင်နတ်ကြီးကို အကျိုးအ

ကြောင်း အားလုံးပြောပြလိုက်။ ပြီးရင် တစ္ဆေ

အိုင်သရဲမကြီးကို တောင်ပိုင်နတ်ကြီး ထိန်း

ပေးပါလို့ပြော၊ ကြားလား။ ငါ ဒီကနေပြီး

တောင်ပိုင်နတ်ကြီးကို လျှောက်ပေးမယ်”

 

“ဟုတ်ကဲ့ပါ သင်္ချိုင်းရှင်မကြီးရယ်”

 

“မွန်းမလွဲခင် တောင်ပိုင်နတ်ကြီးကို ပူဇော်ပ

သပြီးရင်တော့ ညနေ နွားရိုင်းသွင်းချိန်မှာ တ

စ္ဆေအိုင် အစပ်ကိုသွား၊ ဆိတ်ကြီး,ကြီး တစ်

ကောင်နဲ့ သရဲမကို ပသလိုက်၊ ဆိတ်အရှင်ကို

ရေစပ်မှာ ကြိုးနဲ့ချည်ထား။ ဆိတ်ကို သူစား

တာနဲ့ နင်တို့ပြေးတော့။ ကိစ္စပြီးပြီ။ ဒါ သူကျေ

နပ်လို့စားတာ”

 

” ကောင်းပါပြီ မဖဲဝါ၊ ကျုပ်လုပ်ပေး

လိုက်ပါ့မယ်”

 

မနက်မိုးလင်းတော့ ဒီကိစ္စကို ကျုပ်ကိုယ်

တိုင်ပဲ သွားပြီးပြောပြလိုက်တယ်။ ညီအ

ငယ်သေလို့ အပူမီးဝိုင်းနေတဲ့ ဦးနှင်းခါးက

ကျုပ်ပြောလို့ အဖြစ်မှန်သိသွားတဲ့အခါကျ

တော့ တော်တော်ကို စိုးရိမ်ပြီး ခြေမကိုင်မိ

လက်မကိုင်မိကို ဖြစ်တော့တာပေါ့ဗျာ။

နောက်ထပ် ညီတစ်ယောက်ထပ်သေမှာကို

ကြောက်သွားတာလေဗျာ။

 

“ငါတူတာတေ…မင်းလေးလေးမိုးစွေနဲ့ တို့

ရွာက မျောက်သားစားတဲ့ကောင်တွေရဲ့

အသက်ကို ကယ်ပါကွာ”

 

လို့ ကျုပ်ကို ပြောတယ်။ သူတို့မိသားစုမှာ

အပူသောကတွေ ရောက်နေတဲ့အချိန်ဆို

တော့ ဦးနှင်းခါးထုတ်ပေးတဲ့ ငွေကို ယူပြီး

ကိုတောင်လုံးနဲ့ ကျုပ်နဲ့ပဲ လိုတာတွေ စီစဉ်

ရတာပေါ့ဗျာ။

 

ကိုတောင်လုံးက ကျုပ်ဆီက ငွေယူပြီး မီး

လောင်ကုန်းမှာ ဆိတ်သွားဝယ်တယ်။ ကျုပ်

က ကြက်ဖို၊ ကြက်မကြော်ပြီး ထမင်းဖြူထုတ်

တယ်။ တစ်နာရီလောက်ကြာတော့ ကိုတောင်

လုံးက ဆိတ်သိုးကြီးတစ်ကောင်ဆွဲပြီး ပြန်

ရောက်လာတယ်ဗျ။

 

ကိုတောင်လုံးနဲ့ ကျုပ်နဲ့ တစ္ဆေအိုင်တောင်ထိပ်

ကို ရောက်တော့ ဘုန်းကြီးကျောင်းက ဆွမ်းစား

သံချောင်းခေါက်တဲ့အချိန်ဗျ။ ကျောက်ဖျာချပ်

ကြီးပေါ်မှာ ကန်တော့ပွဲပြင်ပြီး ထမင်းဖြူနဲ့

ကြက်ဖို၊ ကြက်မကြော်နှစ်ကောင်ကို ထမင်း

ဖြူထည့်ထားတဲ့ ငှက်ပျောဖက်ပေါ်မှာ တင်

ထားလိုက်တယ်

 

ပြီးတော့ ကျုပ်က တောင်ပိုင်နတ်ကြီးကို

ပင့်ပြီး ကန်တော့ပွဲနဲ့ ကန်တော့တယ်။ ကြက်

ဖို၊ ကြက်မနဲ့ ထမင်းဆက်တယ်။ ကျုပ်တို့ရွာ

သားတွေ မှားခဲ့တဲ့ အဖြစ်အပျက်တွေကစပြီး

လေးလေးချက်ဖောင်း သေတာတွေ၊ မဖဲဝါ

လုပ်ခိုင်းတာတွေပါမကျန် ကျုပ်က တောင်

ပိုင်နတ်ကြီးကို လျှောက်ပြီး တစ္ဆေအိုင်သရဲမ

ကြီးကို ထိန်းပေးဖို့၊ ကျုပ်တို့ရွာသားတွေက

လည်း သူ့သားကို ရိုးရိုးမျောက်တစ်ကောင်

ပဲ ထင်ပြီး တောလိုက်မိတဲ့အကြောင်း ပြော

ပြလိုက်ရတာပေါ့ဗျာ

 

ဟာ…ကျုပ်တို့ထိုင်နေတဲ့ နေရာမှာ ကွက်ပြီး

လေတွေ တိုက်တာဗျ။ သစ်ပင်တွေဆိုတာ

ယိုင်နေတာပဲဗျို့။ ကျုပ်ဝမ်းသာသွားတာပေါ့

ဗျာ။ တောင်ပိုင်နတ်ကြီးကလည်း လျှောက်

တင်တာကို လက်ခံတဲ့ သဘောလေဗျာ

 

ကျုပ်နဲ့ ကိုတောင်လုံးလည်း ဆိတ်သိုးကြီးကို

ဆွဲပြီး တောင်ခါးပန်းကို ဆင်းလာခဲ့တယ်။

ကျုပ်တို့မှာပါလာတဲ့ ထမင်းထုတ်ကလေး

တွေ ဖြေစားပြီးတော့ နဂါးဆေးပေါ့လိပ်က

လေးဖွာတယ်။ နောက်တော့ ဆိတ်သိုးကို ဝါး

ရုံမှာ ချည်ထားပြီး ကျုပ်တို့နှစ်ယောက် ခဏ

မှေးလိုက်တယ်။

 

ကျုပ်တို့နိုးလာတော့ နေစောင်းနေပြီဗျ။ ကျုပ်

တို့နှစ်ယောက်လည်း ဆိတ်သိုးကြီးကို ဆွဲပြီး

တစ္ဆေအိုင်ကြီးဘက်ကို ထွက်လာခဲ့တယ်။

ကန်စပ်မှာ ငုတ်စိုက်ပြီး ဆိတ်ကို ကြိုးနဲ့ချည်

ထားလိုက်တယ်။ ဆိတ်စားဖို့ သစ်ကိုင်းတွေ

ချိုးပြီး သစ်ရွက်တွေ ပုံပေးထားလိုက်တယ်

ကျုပ်တို့နှစ်ယောက် ဟိုတစ်ခါကြည့်တဲ့ က

ညင်ပင်ကြီးနောက်မှာပဲ ကွယ်ပြီး ရပ်နေကြ

တယ်။ ကိုတောင်လုံးက တောဘက်ကိုလှည့်

ကြည့်တယ်။ သူ ဘာကိုကြည့်တယ်ဆိုတာ

ကျုပ်သိတယ်ဗျ။ ကိုတောင်လုံးက မုဆိုးပဲဗျာ။

 

တောထဲမှာ ပြေးလမ်း၊ ထွက်လမ်းတို့ တွက်ဆ

နေမှာပေါ့ဗျာ။ ကျုပ်ကတော့ ရင်တထိပ်ထိပ်နဲ့

ကန်စပ်က ဆိတ်ကို ကြည့်နေရတာဗျ။ မဖဲဝါ

ပြောလိုက်တယ်လေဗျာ။ တစ္ဆေအိုင်သရဲမက

 

တောင်ပိုင်နတ်ကြီးပြောတာကို ကျေနပ်ရင်

ဒီဆိတ်ကို စားမှာဗျ။မကျေနပ်ရင်တော့ စား

မှာ မဟုတ်ဘူးတဲ့ဗျ။ ဆိတ်ကိုစားရင်တော့

က်ိစ္စက ပြီးပြီပေါ့ဗျာ။ မစားရင်တော့ ကျုပ်

တို့ရွာ အခြေအနေကောင်းမှာ မဟုတ်ဘူးဗျ။

ဟိုတစ်နေ့က ကျုပ်အိပ်မက်,မက်ထားသလို

တစ်ရွာလုံး ပြေးကြရတော့မှာ ထင်တယ်ဗျ။

 

ဆိတ်ကို သရဲမ စားပါစေလို့ ကျုပ်စိတ်ထဲက

ကြိတ်ပြီး ဆုတောင်းနေရတာဗျ။ ခုထိတော့

ကန်ရေပြင်ကြီး တစ်ခုလုံး ငြိမ်လို့ဗျ။ ဘာမှကို

မလှုပ်ရှားသေးတာ။

 

“ပဲဟဲဟဲ…ပဲဟဲဟဲ”

 

ဆိတ်သိုးကြီးကတော့ ကျုပ်ကျွေးထားတဲ့ သစ်

ရွက်တွေ စားလိုက်၊ တပဲပဲနဲ့ အော်လိုက် လုပ်

နေတာဗျ။ တဖြည်းဖြည်းတော့ နေစောင်းလာ

ပြီ။ မဖဲဝါပြောတဲ့ နွားရိုင်းသွင်းချိန် ရောက်

တော့မယ်။

 

ကျုပ်ကတော့ ရေအိုင်ကြီးကို ကြည့်လိုက်၊

ဆိတ်သိုးကြီးကို ကြည့်လိုက်နဲ့ လုပ်နေတာ

ဗျ။ နွားရိုင်းသွင်းချိန်တော့ ရောက်လာပြီ။

သရဲမကြီး ဆိတ်ကို စားစမ်းပါစေ။ ဟော

ရေအိုင်ကြီးထဲမှာ ဂယက်ကလေးတွေ ထ

လာပြီဗျ။ ဟော…ဟော …ရေလှိုင်းလေး

တွေက ရေအိုင်အစပ်ကို ပြေးရိုက်တယ်။

လေတိုက်လိုက်လို့ ထတဲ့ ဂယက်များလား

လို့ ကျုပ်ကြည့်နေတယ်

 

အိုင်လယ်မှာတစ္ဆေအိုင်သရဲမကြီးဟာ ဆံ

ပင်ဖားလျားကြီးနဲ့ ပေါ်လာတာဗျို့။ ခေါင်း

ကြီးက ခွဲတောင်းတစ်လုံးလောက် ရှိတယ်

ဗျ။ မျက်လုံးကြီးတွေက ဟင်းရည်သောက်

ပန်းကန်လောက် ရှိတယ်။ ရဲတောက်နေ

တာဗျာ။

 

“ပဲဟဲဟဲ…ပဲဟဲဟဲ”

 

ရေစပ်မှာ ကြိုးချည်ထားတဲ့ ဆိတ်သိုးကြီးကို စိုက်ကြည့်နေတာဗျ။ မျက်လုံးကြီးတွေဆိုတာ

အပြင်ကို ပြူးထွက်နေလိုက်တာဗျာ။ ဒီတစ်ခါ

ရေထဲက ပေါ်လာတာ ဖြည်းဖြည်းလေး ပေါ်

လာတာဗျ။ ရေသံတောင် မကြားရဘူး။

 

ကျုပ်ကို ကိုတောင်လုံးက လက်ကုတ်လိုက်

တယ်။ ကိုတောင်လုံးကလည်း ကျုပ်လိုပဲ

ကြည့်နေတာဗျ။ ကျုပ်ကို ခေါင်းညိတ်ပြ

တယ်။ ကျုပ် သတိထားမိတယ်ဗျ။ အင်မ

တန်မှ သတ္တိကောင်းတဲ့ မုဆိုးကိုတောင်လုံး

အသားတွေ တဆတ်ဆတ်တုန်နေတာဗျို့။

 

ကျုပ်လည်း ကြက်သီးတွေ တဖြန်းဖြန်းထ

နေတာပါပဲဗျာ။ ဟော…ဟော…ရေစပ်ကို

ရောက်လာပြီ။ ဟာ…ရေစပ်မှာ လေးဘက်

ကြီးထောက်ပြီး တက်လာပြီဗျ။ ဟာ…ပါး

စပ်ကြီးဟလိုက်ပြီ။

 

ဝင်ခါနီး နေရောင်အောက်မှာ အစွယ်တွေမှ

ဖွေးနေတာဗျို့။ ဟော… ခုန်ပြီဗျို့။ ခုန်ပြီ။

အရပ်ကြီးက ဆယ်ပေလောက် ရှိမှာဗျ။

ဟာ…ဆိတ်သိုးကြီးကို သူ့လက်ကြီးနှစ်ဖက်

နဲ့ တွန်းလှဲပြီး လည်မျိုကိုခဲတော့တာဗျို့။

 

အို…ဆိတ်လည်းပင်က သွေးတွေမှ ပန်းထွက်

လာလိုက်တာဗျာ။ ဆိတ်ကရုန်း၊ သရဲမကြီးက

ကိုက်နဲ့ နောက်ဆုံးတော့ ကျုပ်တို့ ဆိတ်သိုး

ကြီး ငြိမ်သွားတော့တာပေါ့ဗျာ။ ဆံင်ဖားလျား

နဲ့ သရဲမကြီးက ပါးစပ်မှာ သွေးတွေရဲနေပြီ။

 

ဆိတ်သားကို မြိန်ရေရှက်ရေကို စားတော့

တာဗျို့။ ကိုတောင်လုံးက ကျုပ်ကို လက်

ကုတ်ပြီး ခြေသံကြားအောင် ထွက်တယ်။

ကျုပ်လည်း ကိုတောင်လုံးရဲ့နောက်ကနေ

ခြေသံမကြားအောင် လိုက်ရတာပေါ့ဗျာ။

 

“တာတေ…လာ၊ ဖြတ်လမ်းကနေ သွားမယ်”

 

ကိုတောင်လုံးက လေသံကလေးနဲ့ ပြောပြီး

ရှေ့ကနေ ပြေးရောဗျို့။ ကျုပ်လည်း သူ့

နောက်ကနေ ကပ်ပြီး ခြေကုန်ပြေးရတော့

တာပေါ့ဗျ။ ကျုပ်တို့ ရွာပြန်ရောက်တော့

မိုးစုံးစုံးချုပ်နေပြီဗျ။

 

မျက်ပြူးရဲ့ ဘထွေးရော၊ ကျုပ်တို့ရွာက

မျောက်သားကြိုက်သူတွေရော ဘေး

ကင်းကြပြီပေါ့ဗျာ

 

ပြီးပါပြီ

 

မူရင်းရေးသူ ဆရာ တာတေ

 

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

 

Credit

 

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ