ကျွန်မမှားသည်(စ/ဆုံး)

Unicode Version

ကျွန်မမှားသည်(စ/ဆုံး)
——————————
ကျွန်မနာမည်ကတော့ သံစဉ်ပါ
ကျွန်မဘဝရဲ့အချစ်ရဆုံးသူတစ်ယောက်ရဲ့
လူမဆန်တဲ့လုပ်ရက်ကြောင့်

ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုကိုခါးစည်းပြီး
ခံခဲ့ရသူပါ။
ဒီအဖြစ်အပျက်မှာကျွန်မမှားခဲ့တာလည်း
ပါတာပေါ့ရှင်

ကျွန်မဘဝထဲကိုသူဝင်လာတဲ့နေ့ကတော့

“ညီမရေ ဒီဆိုင်မှာအမျိုးသားသုံး
ရေမွှေးများရနိုင်မလား”

ရုတ်တရက်ကြားလိုက်သည့်အသံကြောင့်
သံစဉ်နောက်သို့လှည့်ကြည့်လိုက်မိသည်။

မျက်ခုံးကောင်းကောင်း၊အသားညိုညို
ဘော်ဒီခပ်တောင့်တောင် ရုပ်ကလည်း
ညိုချောလေးမို့ ကျွန်မခေတ္တမျှကြောင်
ကြည့်နေမိသည်။

“ညီမ အစ်ကိုမေးတာကြားလားမသိဘူး”

“သြော် ဟုတ်ကဲ့ အစ်ကိုဘာများလိုချင်လို့ပါလဲ”

“ဟုတ် အမျိုးသားသုံးရေမွှေးများရှိလားလို့
မေးတာပါ”

“ဟုတ် ရှိပါတယ်ရှင့်”

“ဒါဖြင့်ရင် အစ်ကို့ကိုပြပါ”

“ဟုတ် အစ်ကိုဒါလေးတွေက အခုအတော်များများယောကျ်ားလေးတွေ
စွတ်နေတဲ့ရေမွှေးလေးတွေပါ
အနံ့ကလည်း အမျိုးစုံရှိပါတယ်ရှင့်”

ထိုအမျိုးသားက ရေမွှေးဘူးများကို
စိတ်ကြိုက်ရွေးနေသည်။

သံစဉ်လည်း ထိုအမျိုးသားကိုမဝံမရဲ
ကြည့်နေမိသည်။

“အစ်ကိုဒါလေးယူမယ်နော် ညီမ
ဘယ်လောက်လဲညီမ”

“ဟုတ် ၃သောင်းပါအစ်ကို”

ထိုအမျိုးသားက ဘောင်းဘီအိတ်ကပ်ထဲက
ပိုက်ဆံအားနှိုက်ယူနေလေသည်။

“ဟာ…သွားပြီ”

“ဘာဖြစ်လို့လဲ အစ်ကို”

အစ်ကိုကြီးက ပိုက်ဆံအားကြည့်ပြီး
တအံ့တသြဖြစ်သွားသည့်အတွက်
သံစဉ်ကမေးလိုက်ခြင်းဖြစ်သည်။

“အစ်ကို့ပိုက်ဆံ ၅၀၀၀ကျကျန်နေခဲ့ပြီထင်တယ်
အခု၂၅၀၀၀ပဲရှိတော့တယ် ဒုက္ခပဲ
ပြန်ယူရအောင်လို့လည်း အဆောင်က
အဝေးကြီးသွားရဦးမှာ
ခက်တာပဲဗျာ”

အစ်ကိုကြီးက ရေမွှေးဘူးအားကြည့်ပြီး
စိတ်ညစ်စွာဖြင့်ညည်းညူနေသည်ကို
မြင်ပြီးသံစဉ်ကသနားမိသွားသည်။

“ဒါဖြင့်ရင် ဒီလိုလုပ်လိုက်ပါလား အစ်ကို
အစ်ကိုကလည်းဒီရေမွှေးဘူးကို
လိုချင်တာမလား လိုနေတဲ့ငွေ၅၀၀၀ကို
ညီမစိုက်ထားပေးမယ်လေ
နောက်မှအစ်ကိုက ညီမကိုပြန်ပေးပေါ့
မဟုတ်ဘူးလား”

“ညီမကဒီကအရောင်းဝန်ထမ်းမလား
ရပါတယ်ညီမရယ် အားနာလို့ပါ”

“ရပါတယ်ရှင့် ညီမကိုအားနာဖို့
မလိုပါဘူးညီမစိုက်ထားပေးနိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ် ညီမရယ်
အစ်ကို့ကိုအခုလိုယုံယုံကြည်ကြည်နဲ့ကူညီပေးလို့
မနက်ဖြန် ဒီဆိုင်ကိုအစ်ကိုဆက်ဆက်
လာဖြစ်အောင်လာပေးပါ့မယ်”

“ဟုတ်အစ်ကို ရပါတယ်ရှင့်
ညီမကဒီဆိုင်မှာအမြဲရှိပါတယ်
အချိန်မရွေးလာခဲ့ပါ”

“ဒါဖြင့်ရင် အစ်ကို့ကိုပြန်ခွင့်ပြုပါဦး”

“ဟုတ်ကဲ့ရှင့်”

ဈေးဝယ်ပြီးထွက်သွားသည့်အစ်ကိုကြီးအား
သံစဉ်ကြည့်ကာပြုံးနေမိသည်။

“ဟဲ့ ကောင်မ”

“ဟဲ့ ပလုတ်တုပ် လန့်လိုက်တာ
ခိုင်ဇာရယ် ဘာလဲပြော”

“အမယ် အမယ်ကောင်မ ငါမသိရင်
ခက်မယ်နော် ဟွန်းဟွန်း ညည်းဟိုအစ်ကိုကြီးကို
ဘာလို့အခုလိုကူညီလိုက်တာလဲဆိုတာ’

“ငါက သဘောရိုးနဲ့ကူညီလိုက်တာပါဟာ
နင်ကလည်းတမျိုးတွေထင်မနေစမ်းပါနဲ့”

“ဟင်.မထင်လို့ရမလား ညည်းက
ငါတို့လိုသူငယ်ချင်းအချင်းချင်းတွေတောင်
ပိုက်ဆံချေးဖူးလို့လား
အခုတစ်ခါမှမမြင်ဖူးတဲ့ သူကိုကြတော့
ငွေ၅၀၀၀တောင်ကူညီပေးလိုက်တာကို
ကြည့်လေ”

“နင်ကလည်းဟာ ဘာမှန်းမသိဘူး
ငါကစေတနာနဲ့ကူညီတာပါလို့ပြောနေတာပဲ
ဟာကိုဇွတ်တွေလာကောနေတယ်”

“ငါကညည်းအတွက်ပြောတာပါအေ
ကောင်မပြောလိုက်ရင် နှုတ်ခမ်းက
ရှေ့ကိုတစ်တောင်လောက်ထော်နေပြီ
လာ ထမင်းသွားစားကြမယ်”

“ကောင်းတယ် လာ”

ညနေ၆နာရီကျော်မှဆိုင်သိမ်းပြီး
အိမ်သို့သူငယ်ချင်း၂ယောက်အတူတူ
ပြန်လာခဲ့ကြသည်။

“ခိုင်ဇာ ခဏလေးနော် အမေ့အတွက်
ဆေးဝင်ဝယ်ချင်လို့ ”

“အေးအေး ဝယ်လေ”

ခိုင်ဇာလည်းဆေးဆိုင်နှင့်မလှမ်းမဝေးတွင်
ရပ်ပြီးသံစဉ်အားစောင့်နေလိုက်သည်။

ခဏခန့်ကြာမှ ဆေးဆိုင်အတွင်းမှ သံစဉ်
ပြန်ထွက်လာသည်။

“ဘာဆေးတွေလဲဟဲ့”

“အမေ့အတွက် အားဆေးတွေပါဟာ
အမေကအခုတလော အားနည်းနေလို့ဟ
ဒါကြောင့်ဝယ်လာခဲ့တာ’

“နင့်မလည်းအရွယ်နဲ့မလိုက်
အိမ်ရဲ့ဒဏ်တွေခံနေရတာပဲနော်
ငါတော့နင့်ကိုကြည့်ပြီး တစ်ခါတလေ
စိတ်မောတယ်သိလား”

“ဘဝဆိုတာဒီလိုပါပဲသူငယ်ချင်းရယ်
အမြဲတမ်းကြီးတော့ ဘယ်အဆင်ပြေနေပါ့မလဲ”

“နင့်အစ်ကိုဖိုးနောင်ကလည်း အလုပ်တော့
လုပ်ပါရဲ့ သူလုပ်တဲ့လုပ်အားခက
သူအရက်သောက်တာနဲ့တင်ကုန်နေတာ
အိမ်အတွက်ခေါင်းထဲတောင်မထည့်ဘူး
သူလုပ်ချင်ရာလုပ်နေတော့တာပဲ”

“ဟုတ်တယ်ဟ သူသာအိမ်အပေါ်
သိတတ်ရင်ငါအသက်ရှူချောင်သေးတာ
ပေါ့ဟာ
ကဲ စကားပြောကောင်းနေကြတာ
ငါ့အိမ်ရှေ့တောင်ရောက်နေပြီ
မနက်ဖြန်မှတွေ့မယ် သူငယ်ချင်း”

“အေးအေး ငါသွားပြီ”

“အင်းအင်း”

သံစဉ်လည်း ခိုင်ဇာအားနှုတ်ဆက်ပြီး
အိမ်ထဲဝင်လာခဲ့သည်။

“သမီးတောင်ပြန်လာပါပေါ့လား”

“ဟုတ်တယ် အဖေ ဒါနဲ့အမေရော”

“ရှိပါ့ဗျာ ရှိပါ့အိမ်ထဲမှာ”

“အမေရေ အမေ ရော့ဒီမှာ အမေ့အတွက်
အားဆေးတွေ ဝယ်လာခဲ့တယ်”

“ဟယ် ပိုက်ဆံတွေအကုန်ခံပြီး
ဝယ်မလာပါနဲ့ငါ့သမီးရယ် အမေနေကောင်းပါ
တယ်”

“အမေကလည်း ငွေဆိုတာမသေမချင်းရှာလို့ရတယ်
လူတစ်ယောက်အသက်ကအစားရှာမရဘူး
အမေရဲ့”

“အေးပါ အေးပါ မိဘအပေါ်သိတတ်တဲ့
ငါ့သမီးလေး ကျန်းမာပါစေ ချမ်းသာပါစေကွယ်
ကဲ ကဲ ခဏနားလိုက်ဦး ပြီးမှရေမိုးချိုးပြီး
တို့မိသားစုတွေ ထမင်းစားကြတာပေါ့
ညည်းအစ်ကိုကတော့ ထုံးစံအတိုင်း
အရက်ဆိုင်မှာရောက်နေရောပေါ့
သူ့စောင့်နေရင်ထမင်းစားရမှာမဟုတ်ဘူး”

“ဟုတ်အမေ”

သံစဉ်လည်းတအောင့်နားပြီးနောက်
ရေချိုးလိုက်သည်။

မိခင်ဖြစ်သူကတော့ သံစဉ်ရေချိုးနေခိုက်
ထမင်းပွဲအားပြင်ဆင်နေလေသည်။

သံစဉ်လည်းရေချိုးပြီးရော အားလုံးအဆင်သင့်
ဖြစ်နေခဲ့သည်။

“သမီးကြိုက်တဲ့ဟင်းလေးချက်ထားတယ်
စားငါ့သမီးလေး”

“ဟုတ်အမေ”

“သမီးအလုပ်ထဲမှာအဆင်ပြေရဲ့လား”

“ပြေပါတယ် အဖေ ”

“အေးအေး ကောင်းတယ် စေတနာပါပါလုပ်
ငါ့သမီး စေတနာကောင်းရင် ကံကောင်းမယ်
သမီး”

“ဟုတ် သမီးစေတနာထားပြီး
လုပ်နေပါတယ်”

မိသားစုထမင်းဝိုင်းလေးပြီးခဲ့သည်။

သံစဉ်လည်း မိခင်ဖြစ်သူအား နင်းနှိပ်ပေးပြီး
အိပ်ရာဝင်ခဲ့သည်။

ည၁၀နာရီကျော်တော့ အိမ်ရှေ့မှခြံတံခါးခေါက်သံကြောင့် သံစဉ်နိုးလာ
ခဲ့သည်။

သံစဉ်သိလိုက်သည် ယခုအချိန်တံခါးလာခေါက်သူမှာ
အစ်ကိုဖြစ်သူကလွဲ၍မည်သူမှမရှိပေ။

သံစဉ်လည်းအိပ်ရာထဲမှထလာပြီး
အိမ်ရှေ့တံခါးအားဖွင့်ပေးလိုက်သည်။

“ညီမလေး မအိပ်သေးဘူးလား”

“အိပ်ပြီ အစ်ကိုပြန်လာမှန်းသိလို့
လာဖွင့်ပေးတာ အစ်ကိုလည်းနော်
ဒီအရက်တွေပဲနေ့တိုင်းသောက်နေတော့တာပဲ
မြန်မြန်သေချင်လို့လား”

“အစ်ကို့မှာ အဖော်ဆိုလို့ဒီအရက်ပဲရှိတာပါ
ငါ့ညီမရယ် ဒါကြောင့်သူ့ကိုစွဲစွဲလန်းလန်း
ဖြစ်နေတာ”

“တော်ပြီအိမ်ထဲဝင်တော့ အစ်ကိုညဉ့်နက်လှပြီ”

သံစဉ်လည်းအစ်ကိုဖြစ်သူအားအိမ်ထဲ
ခေါ်ခဲ့ပြီးနောက် အိပ်ရာထဲပြန်ဝင်ခဲ့တော့သည်။

===============

ယနေ့ သံစဉ်တစ်ယောက် ဆိုင်တွင်ဝယ်ယူသူ
များပြားနေသဖြင့် အလုပ်ရှုပ်နေသည်။

“ညီမလေး ညီမ”

နောက်မှခေါ်သံကြောင့် သံစဉ်လှည့်ကြည့်လိုက်သည်။

“သြော် အစ်ကိုပါလား”

“ဟုတ်တယ် ညီမ အစ်ကိုညီမယူက
ချေးထားတဲ့ငွေ၅၀၀၀ကိုလာပေးတာပါ”

“ဟုတ်ကဲ့ ကျေးဇူးပါအစ်ကို”

“ဘယ်ကလာ အစ်ကိုကသာကျေးဇူးတင်ရမှာပါ
ညီမသာမကူညီရင် အစ်ကိုလိုချင်တဲ့ရေမွှေးဘူးလေး
ဘယ်ရပါ့မလဲ”

“ဟုတ် နောက်လည်းလာအားပေးပါဦးရှင့်”

“အားပေးမှာပါ အစ်ကို့ကိုသွားခွင့်ပြုပါဦး ညီမ”

“ဟုတ်ကဲ့ အစ်ကို”

အစ်ကိုကြီးကငွေ၅၀၀၀အားပေးပြီး
ဆိုင်အပြင်သို့ထွက်သွားလေသည်။

သံစဉ်လည်း ထိုအစ်ကိုကြီးပေးသွားသည့်
၅၀၀၀တန်အား အမှတ်တရသိမ်းရန်အတွက်
သူ၏ပိုက်ဆံနဲ့လဲကာ ဆိုင်ရှင်အားပေးလိုက်သည်။

တစ်နေ့ သံစဉ်တစ်ယောက် မြို့ ထဲဈေးသွားဝယ်စဉ်

“ဟာ ညီမလေး တစ်ယောက်တည်းလား”

“ဟာ အစ်ကိုမတွေ့တာတောင်ကြာပြီ
နေကောင်းရဲ့လား”

“ကောင်းပါ့ဗျာ ကောင်းပါ့ ဒါနဲ့ညီမအားလား”

“ဟုတ်ညီမဒီနေ့အားပါတယ်”

“အားရင် အစ်ကိုညီမလေးကို ကော်ဖီလိုက်တိုက်ပါရစေ”

“မလုပ်ပါနဲ့အစ်ကိုရယ် အားနာစရာကြီး”

“လာပါ ကိုယ့်ကိုကူညီဖူးတဲ့သူကို
အစ်ကို့ဘက်ကပြန်တုံ့ပြန်တဲ့အနေနဲ့
တိုက်ပါရစေ လာပါ”

“ဟုတ် ဟုတ်ကဲ့”

သံစဉ်လည်း ထိုအစ်ကိုကြီးက အတင်းခေါ်
သဖြင့်ကော်ဖီဆိုင်ထဲဝင်လာခဲ့ကြသည်။

“အစ်ကိုတို့ဘာမှာမလဲခင်ဗျ”

“ကော်ဖီ၂ခွက်လောက်”

“ဟုတ်ကဲ့ ခဏနေရင်ရပါမယ်ခင်ဗျ”

“ဒါနဲ့ ညီမကိုလူသာရင်းနီးနေတာ
နာမည်လည်းအခုထိမသိရသေးဘူး”

“ဟုတ် ညီမနာမည်သံစဉ်ပါ”

“သြော် သံစဉ်တဲ့လား အစ်ကို့နာမည်လည်း
မှတ်ထားဦး ကိုဖြိုးပါ”

“ကိုဖြိုးက ဒီမြို့ ကမဟုတ်ဘူးထင်တယ်”

“ဟုတ်တယ် ကိုဖြိုးက နယ်ကလာပြီး
ဒီမှာအလုပ်လာလုပ်တာ ညီမကရော
ဒီမြို့ ကလား”

“အင်း…ဟုတ်တယ် ညီမလေးက
ဒီမှာပဲမွေးဒီမှာပဲကြီးတာလေ”

“ရော့ ဒါကအစ်ကို့ဖုန်းနံပါတ်
ညီမအကူအညီလိုရင် အချိန်မရွေးဆက်လိုက်ပါ”

“ဟုတ်ကဲ့ အစ်ကို ညီမအကူအညီလိုတဲ့အခါ
ဆက်လိုက်ပါ့မယ်”

“ညီမလေးနံပါတ်လေး ဖြစ်နိုင်ရင်
အစ်ကို့ကိုပေးလို့ရမလား”

“ဟုတ်ရပါတယ်ရှင့်”

သံစဉ်လည်း ကိုဖြိုးအားဖုန်းနံပါတ်ပြန်လည်
ပေးလိုက်သည်။

ကိုဖြိုးနဲ့သံစဉ်တို့ကော်ဖီဆိုင်တွင်
နာရီဝက်ခန့်ထိုင်ပြီးမှ နှုတ်ဆက်ကာပြန်လာခဲ့
ကြသည်။

အဲဒီနေ့က သံစဉ်ဘဝမှာပျော်ခဲ့ရတယ်ဆိုရင်
မမှားဘူးပေါ့ရှင် ကိုယ်တစ်ဖက်သက်စိတ်ဝင်စား
နေရတဲ့လူတစ်ယောက်နဲ့ ကော်ဖီဆိုင်မှာ
အတူထိုင်ခဲ့ရသလို
သူ့ရဲ့ဖုန်းနံပါတ်လည်းရခဲ့တာလည်း
ပါတာပေါ့ရှင်

အဲဒီနောက်ပိုင်း သူနဲ့ကျွန်မညတိုင်းလိုလို
ဖုန်းတွေပြောဖြစ်ခဲ့ကြတယ်
မကြာခဏတွေ့ဖြစ်ခဲ့ကြတယ်
ကျွန်မသူငယ်ချင်းခိုင်ဇာလည်းကျွန်မနဲ့အတူပါတာပေါ့ရှင်

တစ်နေ့ရောက်တော့ ကိုဖြိုးဆီကနေ
အမျှော်လင့်ဆုံးစကားတစ်ခွန်းကို
ကျွန်မကြားလိုက်ရတယ်

“သံစဉ်”

“ရှင် ကိုဖြိုး”

“သံစဉ်ကို ကိုယ် ချစ်တယ်…”

“ရှင်…”

ကျွန်မလေ အံ့သြလွန်းလို့ဘာပြောရမှန်းမသိအောင်
ကြောင်ပြီးရပ်နေခဲ့မိတယ်

“သံစဉ် ကိုယ်ပြောတာကိုကြားရဲ့လားဟင်”

“ဟုတ် ကြား ကြားပါတယ်”

“သံစဉ်ကိုယ့်အချစ်ကိုစဉ်းစားပေးနိုင်မလား”

“အ အယ်သံစဉ် စဉ်းစားပါရစေ”

“ရပါတယ် သံစဉ် အချိန်ယူပြီးသေချာ
စဉ်းစားပါ ကိုဖြိုးသံစဉ်ဆီက အဖြေကို
စောင့်နေပါ့မယ်”

အဲဒီနေ့က ကျွန်မလေပျော်လွန်းလို့
အိပ်လို့တောင်မပျော်ခဲ့ဘူး
ပြန်တွေးလိုက်တိုင်းပြုံးမိတာပေါ့
ခိုင်ဇာကိုလည်းပြောပြလိုက်တယ်

သူကလည်းကျွန်မပြောတာတွေနားထောင်ပြီး
ပြုံးနေတာပေါ့

ကိုဖြိုးက ချစ်ခွင့်ပန်ပြီးတဲ့နောက်ပိုင်း
သံစဉ်အလုပ်လုပ်တဲ့ဆိုင်ရှေ့ကို
အိမ်ပြန်ချိန်တိုင်းလာပြီးစောင့်နေတတ်တယ်
သံစဉ်ကိုလည်းအိမ်အနားထိရောက်အောင်
လိုက်ပို့ပေးတယ်
တစ်ခါတလေ ကိုဖြိုးနဲ့ရပ်ပြီးစကားတွေပြောမိတော့
အိမ်ပြန်ချိန်တွေတောင်နောက်ကျခဲ့ရတယ်

ဒါကိုပဲကျွန်မသာယာနေမိခဲ့တယ်
ကိုဖြိုးရဲ့ အပြုံးတွေ အပြောတွေအောက်မှာ
ကျွန်မနစ်ရင်းနစ်ရင်း ဆုံးဆုံးမြုပ်ခဲ့ရတာပေါ့ရှင်

၁လလောက်နေတော့ ကျွန်မကိုဖြိုးကို
အဖြေပေးလိုက်တယ်

“ကိုဖြိုးကို သံစဉ်ချစ်တယ်”

“တကယ် ပြောနေတာလားသံစဉ်”

“အင်း…တကယ်ပေါ့ကိုဖြိုးရယ်
သံစဉ်ကနောက်စရာလား”

“ဟာ…ဝမ်းသာလိုက်တာသံစဉ်ရယ်
ကိုဖြိုးဘဝမှာဒီနေ့ဟာအပျော်ဆုံးပဲ”

“ဟာ ကိုဖြိုး အတင်းကြီးမဖက်နဲ့လေ
လူတွေမြင်ကုန်ပါဦးမယ်”

“sorry ပါသံစဉ်ရယ် ကိုဖြိုးပျော်လွန်းလို့
သတိလက်လွန်ဖြစ်သွားတယ်ကွာ”

အဲ့ဒီနေ့ကတည်းက ကျွန်မတို့၂ယောက်
ချစ်သူတွေဖြစ်ခဲ့ကြတယ် အရယ်အပြုံးမရှိတဲ့
ကျွန်မလည်း ကိုဖြိုးနဲ့တွေ့မှ ပျော်ရွှင်ခဲ့ရတယ်

ကိုဖြိုးကို ကျွန်မဘဝရဲ့လက်တွဲဖော်အဖြစ်
ရွေးချယ်နိုင်ခဲ့လို့ ကျွန်မ အရမ်းပျော်ခဲ့တယ်

ဒီလိုနဲ့ ကျွန်မနဲ့ကိုဖြိုးတို့ ချစ်သူသက်တမ်း
၁လကနေ၂လ ၂လကနေ ၃လထိ
ရောက်လာခဲ့ကြတယ် ကိုဖြိုးက သံစဉ်ကို
အစစအရာရာဂရုစိုက်ပြီးကြင်နာပြခဲ့တယ်

ချစ်သူသက်တမ်း၆လပြည့်တဲ့နေ့မှာ
ကိုဖြိုးဆီကနေ စကားတစ်ခွန်းကို
ထူးဆန်းစွာကြားခဲ့ရတယ်

“သံစဉ် အစ်ကို့ကိုချစ်လား”

“ဘယ်လိုမေးလိုက်ပါလိမ့် ကိုယ်ရယ်
ချစ်တာပေါ့ ထာဝရအဆုံးထိ
ချစ်နေမှာ”

“ဒါဖြင့်ရင် ကိုဖြိုးတောင်းဆိုတာကို
လိုက်လျောပေးပါလားကွာ နော်”

“ကိုဖြိုးက ဘာကိုတောင်းဆိုချင်တာလဲ
ပြောလေ”

“ကိုယ်တောင်းဆိုချင်တာက ဟို”

ကိုဖြိုးရဲ့ အကြည့်တွေကိုကျွန်မနားလည်
လိုက်တယ် သူဘာကိုတောင်းဆိုနေသလဲ
ဆိုတာ ကိုပေါ့

ကျွန်မလည်းကိုဖြိုးရဲ့ဆန္ဒကိုရူးရူးမိုက်မိုက်
လိုက်လျောမိခဲ့တယ်

ကျွန်မဘဝရဲ့ အချစ်ဦးဆိုတော့
ကျွန်မအချစ်ရူးရူးခဲ့တာပေါ့ရှင်

၁ပတ်လောက်နေတော့ ကိုဖြိုးက
ကျွန်မဆီဖုန်းဆက်တယ် သူအလုပ်ကိစ္စနဲ့
နယ်ကိုခဏပြန်မယ်လို့ပြောတယ်

သိပ်မကြာပါဘူးလို့ ကျွန်မကိုဖုန်းထဲကနေ
ပြောခဲ့တယ် သူပြောသမျှခေါင်းညိတ်ပြီး
ယုံမိခဲ့တယ်

ရက်တွေကသာတဖြည်းဖြည်းကြာလာခဲ့တယ်
ကိုဖြိုးပြန်ရောက်မလာသေး
အလုပ်တွေမပြီးသေးလို့မလာနိုင်သေးလို့ပါ
ဆိုတဲ့စကားကိုသာထပ်ခါတလဲလဲ
ပြောနေခဲ့တယ်။

အဲ့ဒီလိုပြောပြီးနောက်မကြာခင်မှာပဲ
သူ့ဆီကိုဖုန်းဆက်သွယ်လို့ မရတော့ဘူး
အကြိမ်ကြိမ်ဖုန်းခေါ်ကြည့်ခဲ့တယ်
ဆက်သွယ်၍မရနိုင်ပါဆိုတဲ့
အသံကိုသာထပ်ခါတလဲလဲကြားနေခဲ့ရတယ်

ကျွန်မလည်း အတွေးပေါင်းများစွာနဲ့
ညစဉ်ညတိုင်းငိုကျွေးခဲ့ရတယ်
===============

ဒီကနေ့ သံစဉ်အလုပ်လုပ်ရသည်မှာ
နေလို့မကောင်းပေ အခုရက်ပိုင်း
တစ်ကိုယ်လုံးနုံးချိပြီး ဘာမှလည်းမသယ်ချင်
ဘာမှလည်းမစားချင်အောင်ဖြစ်နေသည်။

“ဝေါ့ အော့ ထွီ”

“အား ငါ့ရင်ထဲမကောင်းလိုက်တာ
ခိုင်ဇာရယ် နေလို့မကောင်းဘူး”

“ဘောစိကို ခွင့်တောင်းပြီးပြန်ကြမလား
ဆေးခန်းလည်းဝင်ပြကြည့်ရအောင်”

“အင်းအင်း”

အဲဒီနေ့က ဆိုင်ပိုင်ရှင်ဆီမှာခွင့်ယူပြီး
ခိုင်ဇာနဲ့အတူပြန်လာခဲ့ကြတယ်
အိမ်မပြန်ခင်ဆေးခန်းကိုအရင်ဝင်ခဲ့တယ်

ဆရာဝန်က သံစဉ်အားစစ်ဆေးကြည့်ခဲ့ရာ

“ညီမ အတွက်တော့ပျော်စရာသတင်းကောင်းပဲ”

“ရှင်…ဆရာ ဘာကိုပြောတာလဲရှင့်”

“ဟုတ်တယ် အခုညီမမှာ ကိုယ်ဝန်ရှိနေပြီကွဲ့”

“ရှင် တ တကယ်ပြောနေတာလားဆရာ”

“တကယ်ပေ့ါ ညီမရဲ့ ညီမမှာ ကိုယ်ဝန်
ရှိနေပြီ”

ဆရာဝန်ဆီကစကားကိုကြားလိုက်တော့
ကျွန်မနားထဲမိုးကြိုးပစ်သလို ထူပူသွားခဲ့ရတယ်

ဆေးခန်းကနေအိမ်အပြန်လမ်းမှာ
ကျွန်မထိုင်ပြီးငိုနေခဲ့တယ်

“သံစဉ် နင်ဘာဖြစ်လို့ငိုနေတာလဲ
ဘာဖြစ်လို့ဒီလောက်ငိုနေရတာလဲဟ
ငါ့ကိုလည်းပြောပါဦး”

“ခိုင် ခိုင်ဇာ ငါ့မှာကိုယ်ဝန်ရှိနေပြီတဲ့”

“ဘာ…ဘာပြောတယ် နင့်မှာ
ကိုယ်ဝန်ရှိနေပြီဟုတ်လား နင် နင်ဘယ်သူနဲ့ရတာလဲ ကိုဖြိုးနဲ့လား”

“ဟုတ် ဟုတ်တယ်ဟာ အခုငါဘယ်လို
လုပ်ရမလဲမသိဘူး အိမ်ကသိရင်
ငါ့ကိုသတ်တော့မှာပဲ အီး ဟီး ဟီး”

“နင်တော်တော်မိုက်လိုက်တာ သံစဉ်ရယ်
ဘာလို့အခုလိုအလွယ်ပုံလိုက်ရတာလဲ
အခုကိုဖြိုးက နယ်မှာအလုပ်သွားလုပ်နေတယ်ဆိုတာ
သူလုပ်ထားတဲ့တာဝန်ကို သူရှောင်နေတာပဲ
ဖြစ်မယ် အလကားလူ
မိန်းကလေးတစ်ယောက်ကို တကယ်မယူချင်ပဲ
အာသာဖြေယုံသက်သက်လုပ်သွားတာ
လူမပီသတဲ့ကောင်”

“တော်ပါတော့ သူငယ်ချင်းရယ်
ငါရှက်လွန်းလို့သေတော့မယ်
ငါ ငါဘယ်လိုလုပ်ရမလဲဟင် ခိုင်ဇာ
ငါဘယ်လိုလုပ်ရမလဲ”

“ဖြစ်လာမှာတော့ဟာ ရင်ဆိုင်ရတော့မှာပေါ့
လာမယ့်ဘေးပြေးတွေ့ရုံပဲရှိတော့တယ်
လာဘာမှမကြောက်နဲ့ ငါနင့်အနားမှာ
ရှိတယ်”

“ဖြစ်ပါ့မလား သူငယ်ချင်းရယ်”

“လာစမ်းပါဟာ နင်ဒီလိုပျော့ညံ့နေလို့
ပြီးမလား လာခဲ့ ကိုဖြိုးအလုပ်လုပ်တဲ့
နေရာကိုသွားစုံးစမ်းရမယ်
သူဘယ်မှာအလုပ်လုပ်နေသလဲဆိုတာ”

ခိုင်ဇာနဲ့ကျွန်မ ကိုဖြိုးအလုပ်လုပ်ခဲ့တဲ့
နေရာကိုရောက်လာခဲ့ကြတယ်

“ညီမတို့ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ”

“ဟုတ်အစ်ကို ဒီမှာအလုပ်လုပ်တဲ့
ကိုဖြိုးအကြောင်းသိချင်လို့ပါ”

“သူကအလုပ်ထွက်သွားတာကြာပြီဗျ
ညီမတို့ကသူနဲ့ပတ်သက်လို့လဲမသိဘူး”

“ညီမတို့က သူ့မိတ်ဆွေတွေပါ
အခုသူဘယ်ကိုပြောင်းသွားတာလဲဆိုတာ
သိခွင့်ရမလားရှင့်”

“သိရင်တော့ ကျွန်တော်လည်းပြောပြချင်ပါတယ်
ဒါပေမယ့် ကိုဖြိုးက
ရေငုံနှုတ်ပိတ်နေတတ်တဲ့သူဗျ
ကျွန်တော်တို့လည်း သူ့အကြောင်းထဲထဲဝင်ဝင်
ဘာမှမသိဘူးဗျ သူကရုတ်တရက်ကြီး
အလုပ်ကနေထွက်သွားတော့
ကျွန်တော်တောင်အံ့သြနေမိတာ
ညီမတို့သူ့ကို ဖုန်းဆက်ကြည့်ပါလား”

“ဟုတ် မဆက်တော့ပါဘူး
ကျေးဇူးပါရှင့်”

ခိုင်ဇာနဲ့ကျွန်မအပြင်ကိုပြန်ထွက်လာခဲ့ကြတယ်
ကျွန်မဘာကိုမှမမြင်ရတော့လောက်အောင်
ငိုကျွေးနေမိတယ် ရင်ထဲမှာလည်းပူလောင်လွန်းလို့သေမတတ်
ခံစားနေရတယ်

ကိုဖြိုးကိုသတ်ချင်တဲ့စိတ်တွေတဖွားဖွား
ဖြစ်ပေါ်နေတာတော့အမှန်ပဲ
ဒါပေမယ့် ပြန်စဉ်းစားကြည့်ရင်လည်း
ကျွန်မကအယုံလွယ်လို့ပုံခဲ့မိတာကိုး
ကျွန်မအမှားပဲပေါ့ရှင်

ခိုင်ဇာကကျွန်မကိုအိမ်အထိလိုက်ပို့ပေးတယ်

“ဘာဖြစ်လာတာလဲ သမီး
နေမကောင်းလို့လား”

“ဟုတ်တယ်အန်တီ သံစဉ်နေမကောင်းလို့
ပြန်လာတာပါ”

“ဟုတ်လား သမီးဘယ်နှယ့်နေသေးလဲ
ဆေးခန်းသွားပြကြမယ်လေ”

“မလိုတော့ပါဘူးအမေ သမီးဆေးခန်းပြခဲ့ပြီးပါပြီ”

“ဆရာဝန်ကဘာဖြစ်တာတဲ့လည်း”

အဖေကပါဝင်မေးလိုက်တယ် အဖေ့ဘေးမှာလည်း
အစ်ကိုကကျွန်မကိုကြည့်နေတယ်

ကျွန်မလည်းခေါင်းကိုမော့ပြီး အမှန်အတိုင်း
ဝန်ခံလိုက်တယ်

“သမီးမှာကိုယ်ဝန်ရှိနေပြီတဲ့”

“ဘာ”

“ဟင်…”

“ဘယ်လို”

“ဟုတ်တယ် သမီးမှာသမီးချစ်သူနဲ့ရတဲ့
ကိုယ်ဝန်ရှိနေပြီ”

“နင့်ကောင်လေးကမသိဘူးလားဟဲ့”

“သူသမီးကိုပစ်ထားခဲ့ပြီး အဝေးကို
ထွက်သွားပြီ အမေ”

“အမယ်လေး မြတ်စွာဘုရား”

“ဘာပြောတယ် မိသံစဉ် ညည်းကောင်က
ညည်းကိုခြေတော်တင်ပြီးမှ အဝေးကို
ထွက်သွားတယ် ဟုတ်လား ဒီကောင်က
ခေါင်းရှောင်တဲ့သဘောလား
ငါအဲ့ဒီကောင်ကိုသ.တ်မယ်
သ.တ်ရမှကျေနပ်မယ် အဲ့ကောင်နေတဲ့
နေရာကို နင်သိလား”

“ညီမလေးလည်း သူဘယ်ကိုထွက်သွားလဲမသိလို့အဝေးကို
ထွက်သွားပြီလို့ပြောတာပေါ့ အစ်ကိုကလည်း
အီး ဟီး ဟီး”

ကျွန်မအော်ဟစ်ပြီးငိုနေခဲ့တယ်
ခိုင်ဇာကကျွန်မလက်မောင်းကို
ကိုင်ပြီးမငိုဖို့အတွက်အားပေးနေရှာတယ်

အဖေကတော့ ငူငူကြီးထိုင်နေပြီး
ဘာမှမပြောတော့ဘူး

အမေကတော့ရှက်လို့ငိုနေလေရဲ့
အစ်ကိုကတော့ ကျွန်မကိုသတ်တော့မယ်
အလားစိုက်ကြည့်နေတယ်

“လူကြားလို့တောင်မကောင်းဘူး
သံစဉ်ရယ် ညည်းဗိုက်ထဲကကလေးကို
လင်ကောင်မပေါ်ပဲ ညည်းဘယ်လိုမွေးမလဲ
ပတ်ဝန်းကျင်က ငါတို့ကိုဘယ်လို
ပြောကြမလည်းညည်းမစဉ်းစားမိဘူးလား
မိသံစဉ်”

“အမေပြောတာမှန်တယ် နင်ဒီကလေးကို
ဘယ်လိုမွေးမလဲ ပတ်ဝန်းကျင်မသိခင်
နင်ဒီကလေးကိုဖျက်ချပစ်လိုက် မိသံစဉ်”

အစ်ကိုကရက်စက်တဲ့စကားလုံးတွေနဲ့
ကျွန်မကလေးကိုအတင်းဖျက်ချခိုင်းနေခဲ့တယ်

“ကလေးကိုဖျက်မချရဘူး ဖျက်ချခွင့်မပေးနိုင်ဘူး”

“ဟင်”

“ဗျာ”

ရုတ်တရက်အဖေ့ဆီက ထွက်လာတဲ့စကားသံကိုကြားပြီး
ကျွန်မရော အားလုံးအံ့သြသွားကြတယ်

“အဖေဘယ်လိုပြောလိုက်တာလဲ
ပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာပြရမှာလဲ
အဖေ”

“ငါ့သမီး ညည်းဗိုက်ထဲကကလေးကို
ညည်းရအောင်မွေးရမယ် ဘာမှအပြစ်မရှိတဲ့
ကလေးကို အဖေ အထိအပါးမခံနိုင်ဘူး
လူမပီသစွာခေါင်းရှောင်သွားတဲ့ကောင်ရဲ့
သွေးသားဆိုပြီး ထိခိုက်အောင်မလုပ်သင့်ဘူး
သမီးမှာသာမိခင်စိတ်ရှိရင်
ဒီကလေးအတွက်သေချာစဉ်းစားပါ”

အဖေပြောတဲ့စကားတွေကို ကျွန်မကြားရလေ
ကိုဖြိုးဆိုတဲ့လူကို သ.တ်ချင်လောက်အောင်
မုန်းလေဖြစ်နေခဲ့တယ်

အဖေ့ရဲ့ အားပေးစကားတွေကြောင့်
အဖေ့ရဲ့ အကြံဉာဏ်ကြောင့်
ကျွန်မကိုယ်ဝန်မရင့်မာခင်မှာ
အဖေ့အမျိုးတွေရှိတဲ့ နယ်ကိုပြန်ပြီးကလေးမွေးခဲ့ရတယ်
အဖေ့အမျိုးတွေကလည်း ကျွန်မအပေါ်
ကောင်းကြရှာတယ် ဘာမဆိုလိုလေသေးမရှိ
ပြုစုစောင့်ရှောက်ဖေးမကြတယ်

မွေးဖွားတဲ့နေ့မှာလည်း ဆေးရုံအထိ
လိုက်ပြီးဂရုတစိုက်နဲ့လုပ်ကိုင်ပေးခဲ့ကြတယ်

ကျွန်မဗိုက်ထဲက ကလေးလေးကို
ကောင်းကောင်းမွန်မွန်နဲ့ကျွန်မမွေးနိုင်ခဲ့တယ်

==============

အခုဆိုရင် ကျွန်မသားလေးတောင် ၄နှစ်ကျော်ခဲ့ပါပြီ ကျွန်မသားလေးရဲ့မျက်နှာကို
ကျွန်မအမေ အဖေ နဲ့အစ်ကို့ကိုကျွန်မပြချင်တယ်

ဒါကြောင့် ကျွန်မမိဘတွေအိမ်ကို
ပြန်လာခဲ့တယ်

“အမေ”

“ဟင်…သမီးလေး သမီးလေးပြန်လာပြီ
ဖေကြီးရေ ဖေကြီးဒီမှာသမီးပြန်လာပြီတော့်”

“ဟေ ဟုတ်လား”

“ဟင်…ညီမလေးပြန်လာပြီဆိုပါလား”

အိမ်ထဲကနေပြေးထွက်လာတဲ့ အဖေ့ကို
မြင်ပြီးကျွန်မမျက်ရည်ပါကျမိတယ်
အမေဆိုလည်း ကျွန်မကိုမြင်ပြီး
မျက်ရည်တွေကျလို့ပေါ့ရှင်
ကျွန်မကိုမမြင်ရတာ နှစ်တွေအတော်ကြာခဲ့ပြီလေ

နယ်မှာအလုပ်တစ်ခုကိုဝင်လုပ်ရင်း
အိမ်ကိုထောက်ပံ့နေရပေမယ့်
လူချင်းမတွေ့ခဲ့ကြတာကြာပြီလေ

အစ်ကိုကလည်း အရက်မသောက်တော့ပဲနဲ့
အိမ်ကိုအလုပ် လုပ်ပြီးပိုက်ဆံအပ်နေပြီတဲ့လေ

ဒီသတင်းတွေကြားတော့ ကျွန်မပျော်မိတာပေါ့
အခုလိုကိုယ့်မိသားစုလေးရှိတဲ့ အိမ်ကို
ပြန်လာခဲ့ရတော့ ပိုပြီးပျော်မိတာပေါ့ရှင်

“သမီး ဒါအမေ့မြေးလေးလား
ဖုန်းထဲကနေအသံသာကြားခဲ့ရတယ်
မျက်နှာလေးကချစ်စရာလေး
ဖေကြီးကြည့်ပါဦး ကျုပ်တို့မြေးလေး
ဘယ်လောက်ချစ်စရာကောင်းသလဲ”

“ဟုတ်ပါ့ကွာ ငါတို့မြေးကြီးက
ဖွေးဖွေးတုတ်တုတ်ကြီးနဲ့ ချစ်စရာကြီးကွာ”

အဖေနဲ့အမေက သားလေးကိုပွေ့ချီပြီး
တရှုံ့ရှုံ့နမ်းနေကြတာပေါ့ရှင်

“သြော် အမေ အစ်ကိုရော”

“သမီး အစ်ကိုအိမ်ထဲမှာရှိတယ်
သမီးသွားနှုတ်ဆက်လိုက်ဦး”

“ဟုတ်အမေ”

“အစ်ကိုရေ အစ်ကို”

ကျွန်မနောင်ကနေ အဖေနဲ့အမေပါ သူတို့မြေးလေးကိုပွေ့ချီပြီး
လိုက်လာကြတယ်

“ဘာလာလုပ်တာလဲ ”

အစ်ကိုက ဘုဆက်ဆက်နဲ့ကျွန်မကိုပြောတယ်

“အိမ်ကိုလွမ်းလို့ ပြန်လာတာပေါ့အစ်ကိုကလည်း”

“ဘာလို့အခုမှပြန်လာတာလဲ
အစ်ကို ညီမလေးကို ဘယ်လောက်သတိရနေသလည်းဆိုတာ
နင်မသိဘူးလား”

အစ်ကိုက ပြောပြီးမျက်ရည်တွေနဲ့
ကျွန်မကိုကြည့်နေတယ် ကျွန်မလည်း
အစ်ကိုငိုနေတာကိုကြည့်ပြီး
မျက်ရည်တွေကအလိုလိုကျလာတယ်

မောင်နှမ၂ယောက် ဖက်နေမိကြတယ်
ဘေးကအဖေနဲ့အမေကလည်း
ပြုံးပြီးကြည့်နေကြတယ်

“ဒါ ငါ့တူလေးလား”

“ဟုတ်တယ် အဲ့ဒါညီမသားလေ
နာမည်က ဇွဲနိုင်တဲ့ ”

“ချစ်စရာလေးကွာ ငါ့တူက
သူ့အဖေသာမြင်ရင် ဘယ်လိုနေမလည်း
မသိဘူး ငါကတော့ အူတွေယားပြီး
ကိုက်ချင်လာပြီ ပါးပြင်ကြီးတွေက
ဖောင်းကားနေတာပဲ”

အစ်ကိုပါးစပ်ကထွက်လာတဲ့
စကားကြောင့် ကျွန်မမေ့ထားတဲ့ အတိတ်က
လူတစ်ယောက်ကိုပြန်ပြီးအမှတ်ရလိုက်မိတယ်

ကျွန်မကို အာသာပြေရုံသက်သက်သာ
အသုံးချသွားတဲ့လူတစ်ယောက်ကို
ကျွန်မတွယ်ငြိမနေတော့တာကြာပါပြီ
မေ့ထားခဲ့တာလည်းကြာပါပြီ

ဒီဇာတ်လမ်းကိုဖတ်နေတဲ့မိန်းကလေးတွေ
အနေနဲ့ ကိုယ့်ချစ်သူဘက်က
ကိုယ့်ရဲ့ဘဝ(ခန္ဓာကိုယ်)ကိုတောင်းဆိုလာတဲ့အခါ
အလွယ်လေးမပုံမိပါစေနဲ့
အလွယ်လေးမယုံမိပါစေနဲ့

ယောကျ်ားလေးများအနေနဲ့လည်း
ကိုယ့်ချစ်သူကိုတကယ်ချစ်ရင်
တကယ်တန်ဖိုးထားတယ်ရင် သမီးရည်းစားဘဝမှာ
ကိုယ့်ချစ်သူကောင်မလေးကို
ထဘီလှန်ပေးဖို့ ဘယ်တော့မှမတောင်းဆိုမိပါစေနဲ့

ကိုယ်ကျူးလွန်ပြီးမှ တာဝန်မယူရဲတဲ့ယောကျ်ားတစ်ယောက်
မဖြစ်အောင်နေပါ ကိုယ့်ကြောင့် မိန်းကလေးတစ်ယောက်ရဲ့ဘဝကို
မပျက်စီးပါစေနဲ့ရှင်

စိတ်အလိုကိုလိုက်ခဲ့မိလို့
ကျွန်မမှားသည်။

အယုံလွယ်လို့ မှားခဲ့ရတဲ့ ကျွန်မကိုသင်ခန်းစာယူကြပါ
ကျွန်မမှားခဲ့တဲ့ အမှားမျိုးမမှားရအောင်
ထိန်းသိမ်းနိုင်ကြပါစေ အမျိုးသမီးတို့ရေ

ချစ်ကြတဲ့ချစ်သူများအားလုံး
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်
တန်းဖိုးထားတတ်ကြပါစေလို့
ဆုတောင်းရင်း…

ပြီးပါပြီ… #အောင်ဓူဝံ

လက်မလေးတွေနှိပ်ပြီး share သွားကြဦးနော်

ဤဇာတ်လမ်းသည်စိတ်ကူးသက်သက်သာဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ရွယ်
ပြီးရေးထားခြင်းမဟုတ်ပေ။

Zawgyi Version

ကြၽန္မမွားသည္(စ/ဆံုး)
——————————
ကြၽန္မနာမည္ကေတာ့ သံစဥ္ပါ
ကြၽန္မဘဝရဲ႕အခ်စ္ရဆုံးသူတစ္ေယာက္ရဲ႕
လူမဆန္တဲ့လုပ္ရက္ေၾကာင့္

ပတ္ဝန္းက်င္ရဲ႕ ကဲ့ရဲ႕ျပစ္တင္မႈကိုခါးစည္းၿပီး
ခံခဲ့ရသူပါ။
ဒီအျဖစ္အပ်က္မွာကြၽန္မမွားခဲ့တာလည္း
ပါတာေပါ့ရွင္

ကြၽန္မဘဝထဲကိုသူဝင္လာတဲ့ေန႔ကေတာ့

“ညီမေရ ဒီဆိုင္မွာအမ်ိဳးသားသုံး
ေရေမႊးမ်ားရႏိုင္မလား”

႐ုတ္တရက္ၾကားလိုက္သည့္အသံေၾကာင့္
သံစဥ္ေနာက္သို႔လွည့္ၾကည့္လိုက္မိသည္။

မ်က္ခုံးေကာင္းေကာင္း၊အသားညိဳညိဳ
ေဘာ္ဒီခပ္ေတာင့္ေတာင္ ႐ုပ္ကလည္း
ညိဳေခ်ာေလးမို႔ ကြၽန္မေခတၱမွ်ေၾကာင္
ၾကည့္ေနမိသည္။

“ညီမ အစ္ကိုေမးတာၾကားလားမသိဘူး”

“ေၾသာ္ ဟုတ္ကဲ့ အစ္ကိုဘာမ်ားလိုခ်င္လို႔ပါလဲ”

“ဟုတ္ အမ်ိဳးသားသုံးေရေမႊးမ်ားရွိလားလို႔
ေမးတာပါ”

“ဟုတ္ ရွိပါတယ္ရွင့္”

“ဒါျဖင့္ရင္ အစ္ကို႔ကိုျပပါ”

“ဟုတ္ အစ္ကိုဒါေလးေတြက အခုအေတာ္မ်ားမ်ားေယာက်္ားေလးေတြ
စြတ္ေနတဲ့ေရေမႊးေလးေတြပါ
အနံ႔ကလည္း အမ်ိဳးစုံရွိပါတယ္ရွင့္”

ထိုအမ်ိဳးသားက ေရေမႊးဘူးမ်ားကို
စိတ္ႀကိဳက္ေ႐ြးေနသည္။

သံစဥ္လည္း ထိုအမ်ိဳးသားကိုမဝံမရဲ
ၾကည့္ေနမိသည္။

“အစ္ကိုဒါေလးယူမယ္ေနာ္ ညီမ
ဘယ္ေလာက္လဲညီမ”

“ဟုတ္ ၃ေသာင္းပါအစ္ကို”

ထိုအမ်ိဳးသားက ေဘာင္းဘီအိတ္ကပ္ထဲက
ပိုက္ဆံအားႏႈိက္ယူေနေလသည္။

“ဟာ…သြားၿပီ”

“ဘာျဖစ္လို႔လဲ အစ္ကို”

အစ္ကိုႀကီးက ပိုက္ဆံအားၾကည့္ၿပီး
တအံ့တၾသျဖစ္သြားသည့္အတြက္
သံစဥ္ကေမးလိုက္ျခင္းျဖစ္သည္။

“အစ္ကို႔ပိုက္ဆံ ၅၀၀၀က်က်န္ေနခဲ့ၿပီထင္တယ္
အခု၂၅၀၀၀ပဲရွိေတာ့တယ္ ဒုကၡပဲ
ျပန္ယူရေအာင္လို႔လည္း အေဆာင္က
အေဝးႀကီးသြားရဦးမွာ
ခက္တာပဲဗ်ာ”

အစ္ကိုႀကီးက ေရေမႊးဘူးအားၾကည့္ၿပီး
စိတ္ညစ္စြာျဖင့္ညည္းညဴေနသည္ကို
ျမင္ၿပီးသံစဥ္ကသနားမိသြားသည္။

“ဒါျဖင့္ရင္ ဒီလိုလုပ္လိုက္ပါလား အစ္ကို
အစ္ကိုကလည္းဒီေရေမႊးဘူးကို
လိုခ်င္တာမလား လိုေနတဲ့ေငြ၅၀၀၀ကို
ညီမစိုက္ထားေပးမယ္ေလ
ေနာက္မွအစ္ကိုက ညီမကိုျပန္ေပးေပါ့
မဟုတ္ဘူးလား”

“ညီမကဒီကအေရာင္းဝန္ထမ္းမလား
ရပါတယ္ညီမရယ္ အားနာလို႔ပါ”

“ရပါတယ္ရွင့္ ညီမကိုအားနာဖို႔
မလိုပါဘူးညီမစိုက္ထားေပးႏိုင္ပါတယ္”

“ေက်းဇူးတင္ပါတယ္ ညီမရယ္
အစ္ကို႔ကိုအခုလိုယုံယုံၾကည္ၾကည္နဲ႔ကူညီေပးလို႔
မနက္ျဖန္ ဒီဆိုင္ကိုအစ္ကိုဆက္ဆက္
လာျဖစ္ေအာင္လာေပးပါ့မယ္”

“ဟုတ္အစ္ကို ရပါတယ္ရွင့္
ညီမကဒီဆိုင္မွာအၿမဲရွိပါတယ္
အခ်ိန္မေ႐ြးလာခဲ့ပါ”

“ဒါျဖင့္ရင္ အစ္ကို႔ကိုျပန္ခြင့္ျပဳပါဦး”

“ဟုတ္ကဲ့ရွင့္”

ေဈးဝယ္ၿပီးထြက္သြားသည့္အစ္ကိုႀကီးအား
သံစဥ္ၾကည့္ကာၿပဳံးေနမိသည္။

“ဟဲ့ ေကာင္မ”

“ဟဲ့ ပလုတ္တုပ္ လန႔္လိုက္တာ
ခိုင္ဇာရယ္ ဘာလဲေျပာ”

“အမယ္ အမယ္ေကာင္မ ငါမသိရင္
ခက္မယ္ေနာ္ ဟြန္းဟြန္း ညည္းဟိုအစ္ကိုႀကီးကို
ဘာလို႔အခုလိုကူညီလိုက္တာလဲဆိုတာ’

“ငါက သေဘာ႐ိုးနဲ႔ကူညီလိုက္တာပါဟာ
နင္ကလည္းတမ်ိဳးေတြထင္မေနစမ္းပါနဲ႔”

“ဟင္.မထင္လို႔ရမလား ညည္းက
ငါတို႔လိုသူငယ္ခ်င္းအခ်င္းခ်င္းေတြေတာင္
ပိုက္ဆံေခ်းဖူးလို႔လား
အခုတစ္ခါမွမျမင္ဖူးတဲ့ သူကိုၾကေတာ့
ေငြ၅၀၀၀ေတာင္ကူညီေပးလိုက္တာကို
ၾကည့္ေလ”

“နင္ကလည္းဟာ ဘာမွန္းမသိဘူး
ငါကေစတနာနဲ႔ကူညီတာပါလို႔ေျပာေနတာပဲ
ဟာကိုဇြတ္ေတြလာေကာေနတယ္”

“ငါကညည္းအတြက္ေျပာတာပါေအ
ေကာင္မေျပာလိုက္ရင္ ႏႈတ္ခမ္းက
ေရွ႕ကိုတစ္ေတာင္ေလာက္ေထာ္ေနၿပီ
လာ ထမင္းသြားစားၾကမယ္”

“ေကာင္းတယ္ လာ”

ညေန၆နာရီေက်ာ္မွဆိုင္သိမ္းၿပီး
အိမ္သို႔သူငယ္ခ်င္း၂ေယာက္အတူတူ
ျပန္လာခဲ့ၾကသည္။

“ခိုင္ဇာ ခဏေလးေနာ္ အေမ့အတြက္
ေဆးဝင္ဝယ္ခ်င္လို႔ ”

“ေအးေအး ဝယ္ေလ”

ခိုင္ဇာလည္းေဆးဆိုင္ႏွင့္မလွမ္းမေဝးတြင္
ရပ္ၿပီးသံစဥ္အားေစာင့္ေနလိုက္သည္။

ခဏခန႔္ၾကာမွ ေဆးဆိုင္အတြင္းမွ သံစဥ္
ျပန္ထြက္လာသည္။

“ဘာေဆးေတြလဲဟဲ့”

“အေမ့အတြက္ အားေဆးေတြပါဟာ
အေမကအခုတေလာ အားနည္းေနလို႔ဟ
ဒါေၾကာင့္ဝယ္လာခဲ့တာ’

“နင့္မလည္းအ႐ြယ္နဲ႔မလိုက္
အိမ္ရဲ႕ဒဏ္ေတြခံေနရတာပဲေနာ္
ငါေတာ့နင့္ကိုၾကည့္ၿပီး တစ္ခါတေလ
စိတ္ေမာတယ္သိလား”

“ဘဝဆိုတာဒီလိုပါပဲသူငယ္ခ်င္းရယ္
အၿမဲတမ္းႀကီးေတာ့ ဘယ္အဆင္ေျပေနပါ့မလဲ”

“နင့္အစ္ကိုဖိုးေနာင္ကလည္း အလုပ္ေတာ့
လုပ္ပါရဲ႕ သူလုပ္တဲ့လုပ္အားခက
သူအရက္ေသာက္တာနဲ႔တင္ကုန္ေနတာ
အိမ္အတြက္ေခါင္းထဲေတာင္မထည့္ဘူး
သူလုပ္ခ်င္ရာလုပ္ေနေတာ့တာပဲ”

“ဟုတ္တယ္ဟ သူသာအိမ္အေပၚ
သိတတ္ရင္ငါအသက္ရႉေခ်ာင္ေသးတာ
ေပါ့ဟာ
ကဲ စကားေျပာေကာင္းေနၾကတာ
ငါ့အိမ္ေရွ႕ေတာင္ေရာက္ေနၿပီ
မနက္ျဖန္မွေတြ႕မယ္ သူငယ္ခ်င္း”

“ေအးေအး ငါသြားၿပီ”

“အင္းအင္း”

သံစဥ္လည္း ခိုင္ဇာအားႏႈတ္ဆက္ၿပီး
အိမ္ထဲဝင္လာခဲ့သည္။

“သမီးေတာင္ျပန္လာပါေပါ့လား”

“ဟုတ္တယ္ အေဖ ဒါနဲ႔အေမေရာ”

“ရွိပါ့ဗ်ာ ရွိပါ့အိမ္ထဲမွာ”

“အေမေရ အေမ ေရာ့ဒီမွာ အေမ့အတြက္
အားေဆးေတြ ဝယ္လာခဲ့တယ္”

“ဟယ္ ပိုက္ဆံေတြအကုန္ခံၿပီး
ဝယ္မလာပါနဲ႔ငါ့သမီးရယ္ အေမေနေကာင္းပါ
တယ္”

“အေမကလည္း ေငြဆိုတာမေသမခ်င္းရွာလို႔ရတယ္
လူတစ္ေယာက္အသက္ကအစားရွာမရဘူး
အေမရဲ႕”

“ေအးပါ ေအးပါ မိဘအေပၚသိတတ္တဲ့
ငါ့သမီးေလး က်န္းမာပါေစ ခ်မ္းသာပါေစကြယ္
ကဲ ကဲ ခဏနားလိုက္ဦး ၿပီးမွေရမိုးခ်ိဳးၿပီး
တို႔မိသားစုေတြ ထမင္းစားၾကတာေပါ့
ညည္းအစ္ကိုကေတာ့ ထုံးစံအတိုင္း
အရက္ဆိုင္မွာေရာက္ေနေရာေပါ့
သူ႔ေစာင့္ေနရင္ထမင္းစားရမွာမဟုတ္ဘူး”

“ဟုတ္အေမ”

သံစဥ္လည္းတေအာင့္နားၿပီးေနာက္
ေရခ်ိဳးလိုက္သည္။

မိခင္ျဖစ္သူကေတာ့ သံစဥ္ေရခ်ိဳးေနခိုက္
ထမင္းပြဲအားျပင္ဆင္ေနေလသည္။

သံစဥ္လည္းေရခ်ိဳးၿပီးေရာ အားလုံးအဆင္သင့္
ျဖစ္ေနခဲ့သည္။

“သမီးႀကိဳက္တဲ့ဟင္းေလးခ်က္ထားတယ္
စားငါ့သမီးေလး”

“ဟုတ္အေမ”

“သမီးအလုပ္ထဲမွာအဆင္ေျပရဲ႕လား”

“ေျပပါတယ္ အေဖ ”

“ေအးေအး ေကာင္းတယ္ ေစတနာပါပါလုပ္
ငါ့သမီး ေစတနာေကာင္းရင္ ကံေကာင္းမယ္
သမီး”

“ဟုတ္ သမီးေစတနာထားၿပီး
လုပ္ေနပါတယ္”

မိသားစုထမင္းဝိုင္းေလးၿပီးခဲ့သည္။

သံစဥ္လည္း မိခင္ျဖစ္သူအား နင္းႏွိပ္ေပးၿပီး
အိပ္ရာဝင္ခဲ့သည္။

ည၁၀နာရီေက်ာ္ေတာ့ အိမ္ေရွ႕မွၿခံတံခါးေခါက္သံေၾကာင့္ သံစဥ္ႏိုးလာ
ခဲ့သည္။

သံစဥ္သိလိုက္သည္ ယခုအခ်ိန္တံခါးလာေခါက္သူမွာ
အစ္ကိုျဖစ္သူကလြဲ၍မည္သူမွမရွိေပ။

သံစဥ္လည္းအိပ္ရာထဲမွထလာၿပီး
အိမ္ေရွ႕တံခါးအားဖြင့္ေပးလိုက္သည္။

“ညီမေလး မအိပ္ေသးဘူးလား”

“အိပ္ၿပီ အစ္ကိုျပန္လာမွန္းသိလို႔
လာဖြင့္ေပးတာ အစ္ကိုလည္းေနာ္
ဒီအရက္ေတြပဲေန႔တိုင္းေသာက္ေနေတာ့တာပဲ
ျမန္ျမန္ေသခ်င္လို႔လား”

“အစ္ကို႔မွာ အေဖာ္ဆိုလို႔ဒီအရက္ပဲရွိတာပါ
ငါ့ညီမရယ္ ဒါေၾကာင့္သူ႔ကိုစြဲစြဲလန္းလန္း
ျဖစ္ေနတာ”

“ေတာ္ၿပီအိမ္ထဲဝင္ေတာ့ အစ္ကိုညဥ့္နက္လွၿပီ”

သံစဥ္လည္းအစ္ကိုျဖစ္သူအားအိမ္ထဲ
ေခၚခဲ့ၿပီးေနာက္ အိပ္ရာထဲျပန္ဝင္ခဲ့ေတာ့သည္။

===============

ယေန႔ သံစဥ္တစ္ေယာက္ ဆိုင္တြင္ဝယ္ယူသူ
မ်ားျပားေနသျဖင့္ အလုပ္ရႈပ္ေနသည္။

“ညီမေလး ညီမ”

ေနာက္မွေခၚသံေၾကာင့္ သံစဥ္လွည့္ၾကည့္လိုက္သည္။

“ေၾသာ္ အစ္ကိုပါလား”

“ဟုတ္တယ္ ညီမ အစ္ကိုညီမယူက
ေခ်းထားတဲ့ေငြ၅၀၀၀ကိုလာေပးတာပါ”

“ဟုတ္ကဲ့ ေက်းဇူးပါအစ္ကို”

“ဘယ္ကလာ အစ္ကိုကသာေက်းဇူးတင္ရမွာပါ
ညီမသာမကူညီရင္ အစ္ကိုလိုခ်င္တဲ့ေရေမႊးဘူးေလး
ဘယ္ရပါ့မလဲ”

“ဟုတ္ ေနာက္လည္းလာအားေပးပါဦးရွင့္”

“အားေပးမွာပါ အစ္ကို႔ကိုသြားခြင့္ျပဳပါဦး ညီမ”

“ဟုတ္ကဲ့ အစ္ကို”

အစ္ကိုႀကီးကေငြ၅၀၀၀အားေပးၿပီး
ဆိုင္အျပင္သို႔ထြက္သြားေလသည္။

သံစဥ္လည္း ထိုအစ္ကိုႀကီးေပးသြားသည့္
၅၀၀၀တန္အား အမွတ္တရသိမ္းရန္အတြက္
သူ၏ပိုက္ဆံနဲ႔လဲကာ ဆိုင္ရွင္အားေပးလိုက္သည္။

တစ္ေန႔ သံစဥ္တစ္ေယာက္ ၿမိဳ႕ ထဲေဈးသြားဝယ္စဥ္

“ဟာ ညီမေလး တစ္ေယာက္တည္းလား”

“ဟာ အစ္ကိုမေတြ႕တာေတာင္ၾကာၿပီ
ေနေကာင္းရဲ႕လား”

“ေကာင္းပါ့ဗ်ာ ေကာင္းပါ့ ဒါနဲ႔ညီမအားလား”

“ဟုတ္ညီမဒီေန႔အားပါတယ္”

“အားရင္ အစ္ကိုညီမေလးကို ေကာ္ဖီလိုက္တိုက္ပါရေစ”

“မလုပ္ပါနဲ႔အစ္ကိုရယ္ အားနာစရာႀကီး”

“လာပါ ကိုယ့္ကိုကူညီဖူးတဲ့သူကို
အစ္ကို႔ဘက္ကျပန္တုံ႔ျပန္တဲ့အေနနဲ႔
တိုက္ပါရေစ လာပါ”

“ဟုတ္ ဟုတ္ကဲ့”

သံစဥ္လည္း ထိုအစ္ကိုႀကီးက အတင္းေခၚ
သျဖင့္ေကာ္ဖီဆိုင္ထဲဝင္လာခဲ့ၾကသည္။

“အစ္ကိုတို႔ဘာမွာမလဲခင္ဗ်”

“ေကာ္ဖီ၂ခြက္ေလာက္”

“ဟုတ္ကဲ့ ခဏေနရင္ရပါမယ္ခင္ဗ်”

“ဒါနဲ႔ ညီမကိုလူသာရင္းနီးေနတာ
နာမည္လည္းအခုထိမသိရေသးဘူး”

“ဟုတ္ ညီမနာမည္သံစဥ္ပါ”

“ေၾသာ္ သံစဥ္တဲ့လား အစ္ကို႔နာမည္လည္း
မွတ္ထားဦး ကိုၿဖိဳးပါ”

“ကိုၿဖိဳးက ဒီၿမိဳ႕ ကမဟုတ္ဘူးထင္တယ္”

“ဟုတ္တယ္ ကိုၿဖိဳးက နယ္ကလာၿပီး
ဒီမွာအလုပ္လာလုပ္တာ ညီမကေရာ
ဒီၿမိဳ႕ ကလား”

“အင္း…ဟုတ္တယ္ ညီမေလးက
ဒီမွာပဲေမြးဒီမွာပဲႀကီးတာေလ”

“ေရာ့ ဒါကအစ္ကို႔ဖုန္းနံပါတ္
ညီမအကူအညီလိုရင္ အခ်ိန္မေ႐ြးဆက္လိုက္ပါ”

“ဟုတ္ကဲ့ အစ္ကို ညီမအကူအညီလိုတဲ့အခါ
ဆက္လိုက္ပါ့မယ္”

“ညီမေလးနံပါတ္ေလး ျဖစ္ႏိုင္ရင္
အစ္ကို႔ကိုေပးလို႔ရမလား”

“ဟုတ္ရပါတယ္ရွင့္”

သံစဥ္လည္း ကိုၿဖိဳးအားဖုန္းနံပါတ္ျပန္လည္
ေပးလိုက္သည္။

ကိုၿဖိဳးနဲ႔သံစဥ္တို႔ေကာ္ဖီဆိုင္တြင္
နာရီဝက္ခန႔္ထိုင္ၿပီးမွ ႏႈတ္ဆက္ကာျပန္လာခဲ့
ၾကသည္။

အဲဒီေန႔က သံစဥ္ဘဝမွာေပ်ာ္ခဲ့ရတယ္ဆိုရင္
မမွားဘူးေပါ့ရွင္ ကိုယ္တစ္ဖက္သက္စိတ္ဝင္စား
ေနရတဲ့လူတစ္ေယာက္နဲ႔ ေကာ္ဖီဆိုင္မွာ
အတူထိုင္ခဲ့ရသလို
သူ႔ရဲ႕ဖုန္းနံပါတ္လည္းရခဲ့တာလည္း
ပါတာေပါ့ရွင္

အဲဒီေနာက္ပိုင္း သူနဲ႔ကြၽန္မညတိုင္းလိုလို
ဖုန္းေတြေျပာျဖစ္ခဲ့ၾကတယ္
မၾကာခဏေတြ႕ျဖစ္ခဲ့ၾကတယ္
ကြၽန္မသူငယ္ခ်င္းခိုင္ဇာလည္းကြၽန္မနဲ႔အတူပါတာေပါ့ရွင္

တစ္ေန႔ေရာက္ေတာ့ ကိုၿဖိဳးဆီကေန
အေမွ်ာ္လင့္ဆုံးစကားတစ္ခြန္းကို
ကြၽန္မၾကားလိုက္ရတယ္

“သံစဥ္”

“ရွင္ ကိုၿဖိဳး”

“သံစဥ္ကို ကိုယ္ ခ်စ္တယ္…”

“ရွင္…”

ကြၽန္မေလ အံ့ၾသလြန္းလို႔ဘာေျပာရမွန္းမသိေအာင္
ေၾကာင္ၿပီးရပ္ေနခဲ့မိတယ္

“သံစဥ္ ကိုယ္ေျပာတာကိုၾကားရဲ႕လားဟင္”

“ဟုတ္ ၾကား ၾကားပါတယ္”

“သံစဥ္ကိုယ့္အခ်စ္ကိုစဥ္းစားေပးႏိုင္မလား”

“အ အယ္သံစဥ္ စဥ္းစားပါရေစ”

“ရပါတယ္ သံစဥ္ အခ်ိန္ယူၿပီးေသခ်ာ
စဥ္းစားပါ ကိုၿဖိဳးသံစဥ္ဆီက အေျဖကို
ေစာင့္ေနပါ့မယ္”

အဲဒီေန႔က ကြၽန္မေလေပ်ာ္လြန္းလို႔
အိပ္လို႔ေတာင္မေပ်ာ္ခဲ့ဘူး
ျပန္ေတြးလိုက္တိုင္းၿပဳံးမိတာေပါ့
ခိုင္ဇာကိုလည္းေျပာျပလိုက္တယ္

သူကလည္းကြၽန္မေျပာတာေတြနားေထာင္ၿပီး
ၿပဳံးေနတာေပါ့

ကိုၿဖိဳးက ခ်စ္ခြင့္ပန္ၿပီးတဲ့ေနာက္ပိုင္း
သံစဥ္အလုပ္လုပ္တဲ့ဆိုင္ေရွ႕ကို
အိမ္ျပန္ခ်ိန္တိုင္းလာၿပီးေစာင့္ေနတတ္တယ္
သံစဥ္ကိုလည္းအိမ္အနားထိေရာက္ေအာင္
လိုက္ပို႔ေပးတယ္
တစ္ခါတေလ ကိုၿဖိဳးနဲ႔ရပ္ၿပီးစကားေတြေျပာမိေတာ့
အိမ္ျပန္ခ်ိန္ေတြေတာင္ေနာက္က်ခဲ့ရတယ္

ဒါကိုပဲကြၽန္မသာယာေနမိခဲ့တယ္
ကိုၿဖိဳးရဲ႕ အၿပဳံးေတြ အေျပာေတြေအာက္မွာ
ကြၽန္မနစ္ရင္းနစ္ရင္း ဆုံးဆုံးျမဳပ္ခဲ့ရတာေပါ့ရွင္

၁လေလာက္ေနေတာ့ ကြၽန္မကိုၿဖိဳးကို
အေျဖေပးလိုက္တယ္

“ကိုၿဖိဳးကို သံစဥ္ခ်စ္တယ္”

“တကယ္ ေျပာေနတာလားသံစဥ္”

“အင္း…တကယ္ေပါ့ကိုၿဖိဳးရယ္
သံစဥ္ကေနာက္စရာလား”

“ဟာ…ဝမ္းသာလိုက္တာသံစဥ္ရယ္
ကိုၿဖိဳးဘဝမွာဒီေန႔ဟာအေပ်ာ္ဆုံးပဲ”

“ဟာ ကိုၿဖိဳး အတင္းႀကီးမဖက္နဲ႔ေလ
လူေတြျမင္ကုန္ပါဦးမယ္”

“sorry ပါသံစဥ္ရယ္ ကိုၿဖိဳးေပ်ာ္လြန္းလို႔
သတိလက္လြန္ျဖစ္သြားတယ္ကြာ”

အဲ့ဒီေန႔ကတည္းက ကြၽန္မတို႔၂ေယာက္
ခ်စ္သူေတြျဖစ္ခဲ့ၾကတယ္ အရယ္အၿပဳံးမရွိတဲ့
ကြၽန္မလည္း ကိုၿဖိဳးနဲ႔ေတြ႕မွ ေပ်ာ္႐ႊင္ခဲ့ရတယ္

ကိုၿဖိဳးကို ကြၽန္မဘဝရဲ႕လက္တြဲေဖာ္အျဖစ္
ေ႐ြးခ်ယ္ႏိုင္ခဲ့လို႔ ကြၽန္မ အရမ္းေပ်ာ္ခဲ့တယ္

ဒီလိုနဲ႔ ကြၽန္မနဲ႔ကိုၿဖိဳးတို႔ ခ်စ္သူသက္တမ္း
၁လကေန၂လ ၂လကေန ၃လထိ
ေရာက္လာခဲ့ၾကတယ္ ကိုၿဖိဳးက သံစဥ္ကို
အစစအရာရာဂ႐ုစိုက္ၿပီးၾကင္နာျပခဲ့တယ္

ခ်စ္သူသက္တမ္း၆လျပည့္တဲ့ေန႔မွာ
ကိုၿဖိဳးဆီကေန စကားတစ္ခြန္းကို
ထူးဆန္းစြာၾကားခဲ့ရတယ္

“သံစဥ္ အစ္ကို႔ကိုခ်စ္လား”

“ဘယ္လိုေမးလိုက္ပါလိမ့္ ကိုယ္ရယ္
ခ်စ္တာေပါ့ ထာဝရအဆုံးထိ
ခ်စ္ေနမွာ”

“ဒါျဖင့္ရင္ ကိုၿဖိဳးေတာင္းဆိုတာကို
လိုက္ေလ်ာေပးပါလားကြာ ေနာ္”

“ကိုၿဖိဳးက ဘာကိုေတာင္းဆိုခ်င္တာလဲ
ေျပာေလ”

“ကိုယ္ေတာင္းဆိုခ်င္တာက ဟို”

ကိုၿဖိဳးရဲ႕ အၾကည့္ေတြကိုကြၽန္မနားလည္
လိုက္တယ္ သူဘာကိုေတာင္းဆိုေနသလဲ
ဆိုတာ ကိုေပါ့

ကြၽန္မလည္းကိုၿဖိဳးရဲ႕ဆႏၵကို႐ူး႐ူးမိုက္မိုက္
လိုက္ေလ်ာမိခဲ့တယ္

ကြၽန္မဘဝရဲ႕ အခ်စ္ဦးဆိုေတာ့
ကြၽန္မအခ်စ္႐ူး႐ူးခဲ့တာေပါ့ရွင္

၁ပတ္ေလာက္ေနေတာ့ ကိုၿဖိဳးက
ကြၽန္မဆီဖုန္းဆက္တယ္ သူအလုပ္ကိစၥနဲ႔
နယ္ကိုခဏျပန္မယ္လို႔ေျပာတယ္

သိပ္မၾကာပါဘူးလို႔ ကြၽန္မကိုဖုန္းထဲကေန
ေျပာခဲ့တယ္ သူေျပာသမွ်ေခါင္းညိတ္ၿပီး
ယုံမိခဲ့တယ္

ရက္ေတြကသာတျဖည္းျဖည္းၾကာလာခဲ့တယ္
ကိုၿဖိဳးျပန္ေရာက္မလာေသး
အလုပ္ေတြမၿပီးေသးလို႔မလာႏိုင္ေသးလို႔ပါ
ဆိုတဲ့စကားကိုသာထပ္ခါတလဲလဲ
ေျပာေနခဲ့တယ္။

အဲ့ဒီလိုေျပာၿပီးေနာက္မၾကာခင္မွာပဲ
သူ႔ဆီကိုဖုန္းဆက္သြယ္လို႔ မရေတာ့ဘူး
အႀကိမ္ႀကိမ္ဖုန္းေခၚၾကည့္ခဲ့တယ္
ဆက္သြယ္၍မရႏိုင္ပါဆိုတဲ့
အသံကိုသာထပ္ခါတလဲလဲၾကားေနခဲ့ရတယ္

ကြၽန္မလည္း အေတြးေပါင္းမ်ားစြာနဲ႔
ညစဥ္ညတိုင္းငိုေကြၽးခဲ့ရတယ္
===============

ဒီကေန႔ သံစဥ္အလုပ္လုပ္ရသည္မွာ
ေနလို႔မေကာင္းေပ အခုရက္ပိုင္း
တစ္ကိုယ္လုံးႏုံးခ်ိၿပီး ဘာမွလည္းမသယ္ခ်င္
ဘာမွလည္းမစားခ်င္ေအာင္ျဖစ္ေနသည္။

“ေဝါ့ ေအာ့ ထြီ”

“အား ငါ့ရင္ထဲမေကာင္းလိုက္တာ
ခိုင္ဇာရယ္ ေနလို႔မေကာင္းဘူး”

“ေဘာစိကို ခြင့္ေတာင္းၿပီးျပန္ၾကမလား
ေဆးခန္းလည္းဝင္ျပၾကည့္ရေအာင္”

“အင္းအင္း”

အဲဒီေန႔က ဆိုင္ပိုင္ရွင္ဆီမွာခြင့္ယူၿပီး
ခိုင္ဇာနဲ႔အတူျပန္လာခဲ့ၾကတယ္
အိမ္မျပန္ခင္ေဆးခန္းကိုအရင္ဝင္ခဲ့တယ္

ဆရာဝန္က သံစဥ္အားစစ္ေဆးၾကည့္ခဲ့ရာ

“ညီမ အတြက္ေတာ့ေပ်ာ္စရာသတင္းေကာင္းပဲ”

“ရွင္…ဆရာ ဘာကိုေျပာတာလဲရွင့္”

“ဟုတ္တယ္ အခုညီမမွာ ကိုယ္ဝန္ရွိေနၿပီကြဲ႕”

“ရွင္ တ တကယ္ေျပာေနတာလားဆရာ”

“တကယ္ေပ့ါ ညီမရဲ႕ ညီမမွာ ကိုယ္ဝန္
ရွိေနၿပီ”

ဆရာဝန္ဆီကစကားကိုၾကားလိုက္ေတာ့
ကြၽန္မနားထဲမိုးႀကိဳးပစ္သလို ထူပူသြားခဲ့ရတယ္

ေဆးခန္းကေနအိမ္အျပန္လမ္းမွာ
ကြၽန္မထိုင္ၿပီးငိုေနခဲ့တယ္

“သံစဥ္ နင္ဘာျဖစ္လို႔ငိုေနတာလဲ
ဘာျဖစ္လို႔ဒီေလာက္ငိုေနရတာလဲဟ
ငါ့ကိုလည္းေျပာပါဦး”

“ခိုင္ ခိုင္ဇာ ငါ့မွာကိုယ္ဝန္ရွိေနၿပီတဲ့”

“ဘာ…ဘာေျပာတယ္ နင့္မွာ
ကိုယ္ဝန္ရွိေနၿပီဟုတ္လား နင္ နင္ဘယ္သူနဲ႔ရတာလဲ ကိုၿဖိဳးနဲ႔လား”

“ဟုတ္ ဟုတ္တယ္ဟာ အခုငါဘယ္လို
လုပ္ရမလဲမသိဘူး အိမ္ကသိရင္
ငါ့ကိုသတ္ေတာ့မွာပဲ အီး ဟီး ဟီး”

“နင္ေတာ္ေတာ္မိုက္လိုက္တာ သံစဥ္ရယ္
ဘာလို႔အခုလိုအလြယ္ပုံလိုက္ရတာလဲ
အခုကိုၿဖိဳးက နယ္မွာအလုပ္သြားလုပ္ေနတယ္ဆိုတာ
သူလုပ္ထားတဲ့တာဝန္ကို သူေရွာင္ေနတာပဲ
ျဖစ္မယ္ အလကားလူ
မိန္းကေလးတစ္ေယာက္ကို တကယ္မယူခ်င္ပဲ
အာသာေျဖယုံသက္သက္လုပ္သြားတာ
လူမပီသတဲ့ေကာင္”

“ေတာ္ပါေတာ့ သူငယ္ခ်င္းရယ္
ငါရွက္လြန္းလို႔ေသေတာ့မယ္
ငါ ငါဘယ္လိုလုပ္ရမလဲဟင္ ခိုင္ဇာ
ငါဘယ္လိုလုပ္ရမလဲ”

“ျဖစ္လာမွာေတာ့ဟာ ရင္ဆိုင္ရေတာ့မွာေပါ့
လာမယ့္ေဘးေျပးေတြ႕႐ုံပဲရွိေတာ့တယ္
လာဘာမွမေၾကာက္နဲ႔ ငါနင့္အနားမွာ
ရွိတယ္”

“ျဖစ္ပါ့မလား သူငယ္ခ်င္းရယ္”

“လာစမ္းပါဟာ နင္ဒီလိုေပ်ာ့ညံ့ေနလို႔
ၿပီးမလား လာခဲ့ ကိုၿဖိဳးအလုပ္လုပ္တဲ့
ေနရာကိုသြားစုံးစမ္းရမယ္
သူဘယ္မွာအလုပ္လုပ္ေနသလဲဆိုတာ”

ခိုင္ဇာနဲ႔ကြၽန္မ ကိုၿဖိဳးအလုပ္လုပ္ခဲ့တဲ့
ေနရာကိုေရာက္လာခဲ့ၾကတယ္

“ညီမတို႔ဘယ္သူနဲ႔ေတြ႕ခ်င္လို႔ပါလဲ”

“ဟုတ္အစ္ကို ဒီမွာအလုပ္လုပ္တဲ့
ကိုၿဖိဳးအေၾကာင္းသိခ်င္လို႔ပါ”

“သူကအလုပ္ထြက္သြားတာၾကာၿပီဗ်
ညီမတို႔ကသူနဲ႔ပတ္သက္လို႔လဲမသိဘူး”

“ညီမတို႔က သူ႔မိတ္ေဆြေတြပါ
အခုသူဘယ္ကိုေျပာင္းသြားတာလဲဆိုတာ
သိခြင့္ရမလားရွင့္”

“သိရင္ေတာ့ ကြၽန္ေတာ္လည္းေျပာျပခ်င္ပါတယ္
ဒါေပမယ့္ ကိုၿဖိဳးက
ေရငုံႏႈတ္ပိတ္ေနတတ္တဲ့သူဗ်
ကြၽန္ေတာ္တို႔လည္း သူ႔အေၾကာင္းထဲထဲဝင္ဝင္
ဘာမွမသိဘူးဗ် သူက႐ုတ္တရက္ႀကီး
အလုပ္ကေနထြက္သြားေတာ့
ကြၽန္ေတာ္ေတာင္အံ့ၾသေနမိတာ
ညီမတို႔သူ႔ကို ဖုန္းဆက္ၾကည့္ပါလား”

“ဟုတ္ မဆက္ေတာ့ပါဘူး
ေက်းဇူးပါရွင့္”

ခိုင္ဇာနဲ႔ကြၽန္မအျပင္ကိုျပန္ထြက္လာခဲ့ၾကတယ္
ကြၽန္မဘာကိုမွမျမင္ရေတာ့ေလာက္ေအာင္
ငိုေကြၽးေနမိတယ္ ရင္ထဲမွာလည္းပူေလာင္လြန္းလို႔ေသမတတ္
ခံစားေနရတယ္

ကိုၿဖိဳးကိုသတ္ခ်င္တဲ့စိတ္ေတြတဖြားဖြား
ျဖစ္ေပၚေနတာေတာ့အမွန္ပဲ
ဒါေပမယ့္ ျပန္စဥ္းစားၾကည့္ရင္လည္း
ကြၽန္မကအယုံလြယ္လို႔ပုံခဲ့မိတာကိုး
ကြၽန္မအမွားပဲေပါ့ရွင္

ခိုင္ဇာကကြၽန္မကိုအိမ္အထိလိုက္ပို႔ေပးတယ္

“ဘာျဖစ္လာတာလဲ သမီး
ေနမေကာင္းလို႔လား”

“ဟုတ္တယ္အန္တီ သံစဥ္ေနမေကာင္းလို႔
ျပန္လာတာပါ”

“ဟုတ္လား သမီးဘယ္ႏွယ့္ေနေသးလဲ
ေဆးခန္းသြားျပၾကမယ္ေလ”

“မလိုေတာ့ပါဘူးအေမ သမီးေဆးခန္းျပခဲ့ၿပီးပါၿပီ”

“ဆရာဝန္ကဘာျဖစ္တာတဲ့လည္း”

အေဖကပါဝင္ေမးလိုက္တယ္ အေဖ့ေဘးမွာလည္း
အစ္ကိုကကြၽန္မကိုၾကည့္ေနတယ္

ကြၽန္မလည္းေခါင္းကိုေမာ့ၿပီး အမွန္အတိုင္း
ဝန္ခံလိုက္တယ္

“သမီးမွာကိုယ္ဝန္ရွိေနၿပီတဲ့”

“ဘာ”

“ဟင္…”

“ဘယ္လို”

“ဟုတ္တယ္ သမီးမွာသမီးခ်စ္သူနဲ႔ရတဲ့
ကိုယ္ဝန္ရွိေနၿပီ”

“နင့္ေကာင္ေလးကမသိဘူးလားဟဲ့”

“သူသမီးကိုပစ္ထားခဲ့ၿပီး အေဝးကို
ထြက္သြားၿပီ အေမ”

“အမယ္ေလး ျမတ္စြာဘုရား”

“ဘာေျပာတယ္ မိသံစဥ္ ညည္းေကာင္က
ညည္းကိုေျခေတာ္တင္ၿပီးမွ အေဝးကို
ထြက္သြားတယ္ ဟုတ္လား ဒီေကာင္က
ေခါင္းေရွာင္တဲ့သေဘာလား
ငါအဲ့ဒီေကာင္ကိုသ.တ္မယ္
သ.တ္ရမွေက်နပ္မယ္ အဲ့ေကာင္ေနတဲ့
ေနရာကို နင္သိလား”

“ညီမေလးလည္း သူဘယ္ကိုထြက္သြားလဲမသိလို႔အေဝးကို
ထြက္သြားၿပီလို႔ေျပာတာေပါ့ အစ္ကိုကလည္း
အီး ဟီး ဟီး”

ကြၽန္မေအာ္ဟစ္ၿပီးငိုေနခဲ့တယ္
ခိုင္ဇာကကြၽန္မလက္ေမာင္းကို
ကိုင္ၿပီးမငိုဖို႔အတြက္အားေပးေနရွာတယ္

အေဖကေတာ့ ငူငူႀကီးထိုင္ေနၿပီး
ဘာမွမေျပာေတာ့ဘူး

အေမကေတာ့ရွက္လို႔ငိုေနေလရဲ႕
အစ္ကိုကေတာ့ ကြၽန္မကိုသတ္ေတာ့မယ္
အလားစိုက္ၾကည့္ေနတယ္

“လူၾကားလို႔ေတာင္မေကာင္းဘူး
သံစဥ္ရယ္ ညည္းဗိုက္ထဲကကေလးကို
လင္ေကာင္မေပၚပဲ ညည္းဘယ္လိုေမြးမလဲ
ပတ္ဝန္းက်င္က ငါတို႔ကိုဘယ္လို
ေျပာၾကမလည္းညည္းမစဥ္းစားမိဘူးလား
မိသံစဥ္”

“အေမေျပာတာမွန္တယ္ နင္ဒီကေလးကို
ဘယ္လိုေမြးမလဲ ပတ္ဝန္းက်င္မသိခင္
နင္ဒီကေလးကိုဖ်က္ခ်ပစ္လိုက္ မိသံစဥ္”

အစ္ကိုကရက္စက္တဲ့စကားလုံးေတြနဲ႔
ကြၽန္မကေလးကိုအတင္းဖ်က္ခ်ခိုင္းေနခဲ့တယ္

“ကေလးကိုဖ်က္မခ်ရဘူး ဖ်က္ခ်ခြင့္မေပးႏိုင္ဘူး”

“ဟင္”

“ဗ်ာ”

႐ုတ္တရက္အေဖ့ဆီက ထြက္လာတဲ့စကားသံကိုၾကားၿပီး
ကြၽန္မေရာ အားလုံးအံ့ၾသသြားၾကတယ္

“အေဖဘယ္လိုေျပာလိုက္တာလဲ
ပတ္ဝန္းက်င္ကိုဘယ္လိုမ်က္ႏွာျပရမွာလဲ
အေဖ”

“ငါ့သမီး ညည္းဗိုက္ထဲကကေလးကို
ညည္းရေအာင္ေမြးရမယ္ ဘာမွအျပစ္မရွိတဲ့
ကေလးကို အေဖ အထိအပါးမခံႏိုင္ဘူး
လူမပီသစြာေခါင္းေရွာင္သြားတဲ့ေကာင္ရဲ႕
ေသြးသားဆိုၿပီး ထိခိုက္ေအာင္မလုပ္သင့္ဘူး
သမီးမွာသာမိခင္စိတ္ရွိရင္
ဒီကေလးအတြက္ေသခ်ာစဥ္းစားပါ”

အေဖေျပာတဲ့စကားေတြကို ကြၽန္မၾကားရေလ
ကိုၿဖိဳးဆိုတဲ့လူကို သ.တ္ခ်င္ေလာက္ေအာင္
မုန္းေလျဖစ္ေနခဲ့တယ္

အေဖ့ရဲ႕ အားေပးစကားေတြေၾကာင့္
အေဖ့ရဲ႕ အႀကံဉာဏ္ေၾကာင့္
ကြၽန္မကိုယ္ဝန္မရင့္မာခင္မွာ
အေဖ့အမ်ိဳးေတြရွိတဲ့ နယ္ကိုျပန္ၿပီးကေလးေမြးခဲ့ရတယ္
အေဖ့အမ်ိဳးေတြကလည္း ကြၽန္မအေပၚ
ေကာင္းၾကရွာတယ္ ဘာမဆိုလိုေလေသးမရွိ
ျပဳစုေစာင့္ေရွာက္ေဖးမၾကတယ္

ေမြးဖြားတဲ့ေန႔မွာလည္း ေဆး႐ုံအထိ
လိုက္ၿပီးဂ႐ုတစိုက္နဲ႔လုပ္ကိုင္ေပးခဲ့ၾကတယ္

ကြၽန္မဗိုက္ထဲက ကေလးေလးကို
ေကာင္းေကာင္းမြန္မြန္နဲ႔ကြၽန္မေမြးႏိုင္ခဲ့တယ္

==============

အခုဆိုရင္ ကြၽန္မသားေလးေတာင္ ၄ႏွစ္ေက်ာ္ခဲ့ပါၿပီ ကြၽန္မသားေလးရဲ႕မ်က္ႏွာကို
ကြၽန္မအေမ အေဖ နဲ႔အစ္ကို႔ကိုကြၽန္မျပခ်င္တယ္

ဒါေၾကာင့္ ကြၽန္မမိဘေတြအိမ္ကို
ျပန္လာခဲ့တယ္

“အေမ”

“ဟင္…သမီးေလး သမီးေလးျပန္လာၿပီ
ေဖႀကီးေရ ေဖႀကီးဒီမွာသမီးျပန္လာၿပီေတာ့္”

“ေဟ ဟုတ္လား”

“ဟင္…ညီမေလးျပန္လာၿပီဆိုပါလား”

အိမ္ထဲကေနေျပးထြက္လာတဲ့ အေဖ့ကို
ျမင္ၿပီးကြၽန္မမ်က္ရည္ပါက်မိတယ္
အေမဆိုလည္း ကြၽန္မကိုျမင္ၿပီး
မ်က္ရည္ေတြက်လို႔ေပါ့ရွင္
ကြၽန္မကိုမျမင္ရတာ ႏွစ္ေတြအေတာ္ၾကာခဲ့ၿပီေလ

နယ္မွာအလုပ္တစ္ခုကိုဝင္လုပ္ရင္း
အိမ္ကိုေထာက္ပံ့ေနရေပမယ့္
လူခ်င္းမေတြ႕ခဲ့ၾကတာၾကာၿပီေလ

အစ္ကိုကလည္း အရက္မေသာက္ေတာ့ပဲနဲ႔
အိမ္ကိုအလုပ္ လုပ္ၿပီးပိုက္ဆံအပ္ေနၿပီတဲ့ေလ

ဒီသတင္းေတြၾကားေတာ့ ကြၽန္မေပ်ာ္မိတာေပါ့
အခုလိုကိုယ့္မိသားစုေလးရွိတဲ့ အိမ္ကို
ျပန္လာခဲ့ရေတာ့ ပိုၿပီးေပ်ာ္မိတာေပါ့ရွင္

“သမီး ဒါအေမ့ေျမးေလးလား
ဖုန္းထဲကေနအသံသာၾကားခဲ့ရတယ္
မ်က္ႏွာေလးကခ်စ္စရာေလး
ေဖႀကီးၾကည့္ပါဦး က်ဳပ္တို႔ေျမးေလး
ဘယ္ေလာက္ခ်စ္စရာေကာင္းသလဲ”

“ဟုတ္ပါ့ကြာ ငါတို႔ေျမးႀကီးက
ေဖြးေဖြးတုတ္တုတ္ႀကီးနဲ႔ ခ်စ္စရာႀကီးကြာ”

အေဖနဲ႔အေမက သားေလးကိုေပြ႕ခ်ီၿပီး
တရႈံ႕ရႈံ႕နမ္းေနၾကတာေပါ့ရွင္

“ေၾသာ္ အေမ အစ္ကိုေရာ”

“သမီး အစ္ကိုအိမ္ထဲမွာရွိတယ္
သမီးသြားႏႈတ္ဆက္လိုက္ဦး”

“ဟုတ္အေမ”

“အစ္ကိုေရ အစ္ကို”

ကြၽန္မေနာင္ကေန အေဖနဲ႔အေမပါ သူတို႔ေျမးေလးကိုေပြ႕ခ်ီၿပီး
လိုက္လာၾကတယ္

“ဘာလာလုပ္တာလဲ ”

အစ္ကိုက ဘုဆက္ဆက္နဲ႔ကြၽန္မကိုေျပာတယ္

“အိမ္ကိုလြမ္းလို႔ ျပန္လာတာေပါ့အစ္ကိုကလည္း”

“ဘာလို႔အခုမွျပန္လာတာလဲ
အစ္ကို ညီမေလးကို ဘယ္ေလာက္သတိရေနသလည္းဆိုတာ
နင္မသိဘူးလား”

အစ္ကိုက ေျပာၿပီးမ်က္ရည္ေတြနဲ႔
ကြၽန္မကိုၾကည့္ေနတယ္ ကြၽန္မလည္း
အစ္ကိုငိုေနတာကိုၾကည့္ၿပီး
မ်က္ရည္ေတြကအလိုလိုက်လာတယ္

ေမာင္ႏွမ၂ေယာက္ ဖက္ေနမိၾကတယ္
ေဘးကအေဖနဲ႔အေမကလည္း
ၿပဳံးၿပီးၾကည့္ေနၾကတယ္

“ဒါ ငါ့တူေလးလား”

“ဟုတ္တယ္ အဲ့ဒါညီမသားေလ
နာမည္က ဇြဲႏိုင္တဲ့ ”

“ခ်စ္စရာေလးကြာ ငါ့တူက
သူ႔အေဖသာျမင္ရင္ ဘယ္လိုေနမလည္း
မသိဘူး ငါကေတာ့ အူေတြယားၿပီး
ကိုက္ခ်င္လာၿပီ ပါးျပင္ႀကီးေတြက
ေဖာင္းကားေနတာပဲ”

အစ္ကိုပါးစပ္ကထြက္လာတဲ့
စကားေၾကာင့္ ကြၽန္မေမ့ထားတဲ့ အတိတ္က
လူတစ္ေယာက္ကိုျပန္ၿပီးအမွတ္ရလိုက္မိတယ္

ကြၽန္မကို အာသာေျပ႐ုံသက္သက္သာ
အသုံးခ်သြားတဲ့လူတစ္ေယာက္ကို
ကြၽန္မတြယ္ၿငိမေနေတာ့တာၾကာပါၿပီ
ေမ့ထားခဲ့တာလည္းၾကာပါၿပီ

ဒီဇာတ္လမ္းကိုဖတ္ေနတဲ့မိန္းကေလးေတြ
အေနနဲ႔ ကိုယ့္ခ်စ္သူဘက္က
ကိုယ့္ရဲ႕ဘဝ(ခႏၶာကိုယ္)ကိုေတာင္းဆိုလာတဲ့အခါ
အလြယ္ေလးမပုံမိပါေစနဲ႔
အလြယ္ေလးမယုံမိပါေစနဲ႔

ေယာက်္ားေလးမ်ားအေနနဲ႔လည္း
ကိုယ့္ခ်စ္သူကိုတကယ္ခ်စ္ရင္
တကယ္တန္ဖိုးထားတယ္ရင္ သမီးရည္းစားဘဝမွာ
ကိုယ့္ခ်စ္သူေကာင္မေလးကို
ထဘီလွန္ေပးဖို႔ ဘယ္ေတာ့မွမေတာင္းဆိုမိပါေစနဲ႔

ကိုယ္က်ဴးလြန္ၿပီးမွ တာဝန္မယူရဲတဲ့ေယာက်္ားတစ္ေယာက္
မျဖစ္ေအာင္ေနပါ ကိုယ့္ေၾကာင့္ မိန္းကေလးတစ္ေယာက္ရဲ႕ဘဝကို
မပ်က္စီးပါေစနဲ႔ရွင္

စိတ္အလိုကိုလိုက္ခဲ့မိလို႔
ကြၽန္မမွားသည္။

အယုံလြယ္လို႔ မွားခဲ့ရတဲ့ ကြၽန္မကိုသင္ခန္းစာယူၾကပါ
ကြၽန္မမွားခဲ့တဲ့ အမွားမ်ိဳးမမွားရေအာင္
ထိန္းသိမ္းႏိုင္ၾကပါေစ အမ်ိဳးသမီးတို႔ေရ

ခ်စ္ၾကတဲ့ခ်စ္သူမ်ားအားလုံး
တစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္
တန္းဖိုးထားတတ္ၾကပါေစလို႔
ဆုေတာင္းရင္း…

ၿပီးပါၿပီ… #ေအာင္ဓူဝံ

လက္မေလးေတြႏွိပ္ၿပီး share သြားၾကဦးေနာ္

ဤဇာတ္လမ္းသည္စိတ္ကူးသက္သက္သာျဖစ္သည္။
မည္သူတစ္ဦးတစ္ေယာက္ကိုမွရည္႐ြယ္
ၿပီးေရးထားျခင္းမဟုတ္ေပ။