ကဝေပျိုအငြိုးနဲ့နတ်ဆိုးချစ်သူ

*ကဝေပျိုအငြိုးနဲ့ နတ်ဆိုးချစ်သူ *📖📖📖
========================

အခန်း [၁]

အချိန်ကား ည[၁၁] နာရီကျော်ဝန်းကျင်ခန့်မျရှိချိန်ဖြစ်၏ ။

လမိုက်ညဖြစ်ခြင်းကြောင့်ကောင်းကင်ကား
အနက်ရောင်ဝတ်ရုံလွာကြီးအားဆင်မြန်းထားသလို
ပိန်းပိန်းပိတ်အောင်မှောင်မဲနေသည်။

ယနေ့ညအတွက်မူကား ကြယ်တလုံးတလေမျပင်
ကောင်းကင်ပြင်တွင်မတွေ့နိုင်ချေ ။

လူနေရွာငယ်လေးတစ်ရွာသည်ကား
ညအမှောင်ထု
အောက်တွင် တိတ်ဆိတ်စွာဖြင့် အိပ်မောကျနေလျှက်ရှိသည်။

ရွာသားများမှာကား လယ်ယာကိုင်းကျွန်း လုပ်ကိုင်သော ကျေးလက်နေလူတန်းစားများဖြစ်
သောကြောင့် မနက်စောစောထကာ လုပ်ငန်းခွင်ဝင်
ရန်ညဖက်နေဝင်မိုးချုပ်သည်နဲ့ ခနတဖြုတ် ဝိုင်းဖွဲ့ကာ
စကားစမြည်ပြောဆို ကြရင်း လူစုခွဲအိပ်ယာ
ဝင်ခဲ့ကြပြီ ဖြစ်သည်။

ရွာကလေးသည်ကား ယခုမူကား တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။

တခါ တခါ ရွာလယ် လမ်းတလျှောက် မဲမဲ မြင်ရာ
ထိုးဟောင်နေသော ခွေးတစုမှ လွဲလျှင် ကျန်အသံဗလံများ မရှိပေ ။

ရွာကလေးအပြင်ဖက် ခပ်ကျကျတောစပ်တွင်ကား သစ်လုံးအိမ်ငယ်ကလေးတစ်လုံးရှိနေပြီး
သစ်လုံးအိမ်ကလေးတွင်းမှ ထွန်းညှိထားသောဆီမီးရောင်သည် ဖွင့်ထားသောပြတင်းပေါက်မှ တဆင့် အပြင်သို့ အနည်းငယ်မျ လျံကျလင်းနေလျှက်ရှိနေသည်ကိုတွေ့နေရ၏ ။

သစ်လုံးအိမ်ဧည့်ခန်းအတွင်းတွင်ကား သစ်သားစားပွဲတလုံးရှိနေပြီးထိုစားပွဲအားဝိုင်းပတ်ကာဝါးထိုင်ခုံလေးများအစီအရီချထား၏ ။

ထိုစားပွဲပေါ်တွင် ရေနံဖြင့်ထွန်းညှိရသော လက်ဆွဲ မီးအိမ်တလုံးအား ထွန်းညှိထားပြီး ဧည့်ခန်းအတွင့်သင့်တင့်သော အလင်းရောင်ရရှိနေကာ
အပြင်သို့ လျှံထွက်နေသော အလင်းသည်ကား ထိုမီးအိမ်မှ အလင်းပင်ဖြစ်နေတော့၏ ။

ငြိမ်သက်စွာဖြင့် ရှိသောကြောင့် လူမရှိဟု ထင်စရာရဖိသော်လည်း အခန်းအတွင်း ဝါးကုလားထိုင်ပေါ်တွင် မျက်နှာချင်းဆိုင်အနေအထားဖြင့်
လူနှစ်ယောက်တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရှိနေကြသည်။

အမျိုးသမီးနှစ်ယောက်ပင်ဖြစ်သည်။
တစ်ယောက်မှာကား ပျို မြစ် နုငယ်သော ၁၈ နှစ်အရွယ်
ကောင်မလေးတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာကား အသက် ၂၅ ဝန်းကျင်ခန့်မျ
အမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်။

ထူးခြားမူအနေဖြင့်ကား အသက်အနည်းငယ်မျ ကြီးသောအမျိုးသမီးသည်သူ၏ရှည်လျှားနက်မှောင်သော ပိတုံးရောင်ကေသာအားဖားလျားချ
ဖြန့်ချထားခြင်းနဲ့အတူအနက်ရောင်ထက်အောက်ဆင်တူဝတ်ဆင်ထားကာထမီအထက်ဆင်အားအောက်ချ ဝတ်ဆင်ထားမူကြောင့်
ယခုလိုညအချိန်မျိုးတွင် ယခုလိုသာမာန်မဟုတ်ပဲ ဝတ်စားထားခြင်းမျိုးကထူးဆန်းနေ၏ ။

ဆီမီးရောင်ဝါကျင့်ကသူတို့မျက်နှာအား ထင်ဟပ်နေသဖြင့်သူတို့နှစ်ယောက်မျက်နှာအား ထင်ရှားစွာဖြင့်တွေ့နေရပြီး နှစ်ယောက်စလုံး၏ မျက်နှာတွင်ကား စိုးရိမ်ခြင်းသောက တခုအား ထိန်းချုပ်ထားနိုင်စွမ်းကင်းမဲ့စွာပေါ်လွင်နေသည်။

“ဒင်…..ဒင်….ဒင်….ဒင်…”

အိမ်ဧည့်ခန်းနံရံတွင်ချိတ်ဆွဲထားသောရှေးဟောင်း တိုင်ကပ်နာရီမှ
ည[၁၂] ထိုးသံသည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုမိန်းမနှစ်ယောက် ကိုယ်ခန္ဓာ အားဆတ်ခနဲ တုန်ခါသွားစေသည်။

“ကဲ..ညီမလေး မမ သွားရတော့မယ်
မမ မှာတာတွေ မမေ့ပါနဲ့ ”

“အဟင့် …ဟင့်…မမရယ်..မသွားလို့မရဘူးလား”

အမ ဖြစ်ဟန်တူသော အမျိုးသမီးကြီးပြောစကားကြောင့်
အမျိုးသမီးငယ်လေးမှာနဂိုကတည်းကငိုချင်စိတ်ကိုထိန်းချုပ်ထားရသည်မှာမခံစားနိုင်တော့ဟန်ဖြင့် မျက်ရည်များကျဆင်းလာရင်း ရိူက်သံတဝက်ဖြင့် အစ်မဖြစ်သူကို တားလိုက်ခြင်းပင်ဖြစ်၏ ။

အမ ဖြစ်သူကား ဝဲတက်လာသောမျက်ရည်အား မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ထိန်းလိုက်ရင်း….

“မရတော့ဘူး ညီမလေး ဒီနေ့ညဟာ ဒင်းနဲ့မမ
တစ်ယောက်ယောက်သေမှ ဇတ်လမ်းပြီးမှာ..
ဒါပေမယ့်…….”

အစ်မဖြစ်သူသည် စကားအားဖြတ်လိုက်ရင်း အိပ်ခန်းတခုအားလှမ်းကြည့်လိုက်သည်။

ထို့နောက် အိပ်ခန်းဆီသို့ဝင်သွားလိုက်တော့သည်
အခန်းအတွင်းမူကား အသက် ၅ နှစ်အရွယ်ခန့် ကလေးငယ်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို အပြင်မှဝင်လာသော မီးရောင်တစွန်းတစဖြင့်တွေ့နေရ၏ ။

အမျိုးသမီး သည်ကလေးငယ် အိပ်နေရာအနီးတွင်
ထိုင်ချလိုက်ရင်း ကလေးငယ် နဖူးဆီမှ ဆံစများအားသပ်တင်ပေးရင်း မျက်ရည်များကျဆင်းလာနေတော့၏ ။

ပြီးနောက် ကလေးငယ်ပါးပြင်အား ဖွဖွလေး ငုံနမ်းလိုက်ရင်း…..

“အမေ့ကို ခွင့်လွတ်ပါ သားလေးရယ်..
သားလေးဆီ အမေပြန်လာချင်မှပြန်လာနိုင်တော့မှာ
အဟင့်…..”

အမျိသမီးကားရိူက်သံတိုးတိုးဖြင့် တိုးတိုးလေးသားဖြစ်သူအားကြည့်ကာပြောလိုက်ရင်းမျက်ရည်များသုတ်လိုက်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။

ညီမဖြစ်သူကားစားပွဲပေါ် ခေါင်းမှောက်လျှက် ကိုယ်ခန္ဓာတသိမ့်သိမ့် တုန်ယင်လျှက် ရိူက်ငိုနေလျှက်
ရှိနေသည်။

“ညီမလေး တကယ်လို့ မမပြန်မလာနိုင်ရင်
သားလေးကိုခေါ်ပြီးဝေးရာ ထွက်သွားပေးပါ ..သားလေးကိုပြုစုစောင့်ရှောက်ပေးပါ၊
နူတ်ဆက်ခဲ့ပါတယ် ……မမသွားပြီ…”

“ဟင်…မမ…မမ…အဟင့်….အဟင့် ..မမ. ”

အစ်မဖြစ်သူကားစကားဆုံးသည်နဲ့ အိမ်ပြင်ထွက်၍
အမှောင်အတွင်းတိုးဝင်သွားပြီဖြစ်သည်။

ညီမဖြစ်သူ၏ အော်ခေါ်သံအားတချက်မျပင် စောင်းငဲ့မကြည့်ခဲ့ ။မခံစားနိုင်၍ ဖြစ်ဟန်တူသည်။
သူမ မျက်ဝန်းတွင်လည်း မျက်ရည်များက တာကျိုး၍ထွက်လာသော ရေများကဲ့သို့ အတားအဆီး မရှိကျဆင်းနေတော့၏ ။

ညီမဖြစ်သော အမျိုးသမီးငယ်လေးသည် အစ်မဖြစ်သူ
ထွက်သွားပြီးအတန်ကြာသောအခါ ပြတင်းပေါက်ဆီသို့
သွားရောက်ရင်း အပြင်ဖက်သို့ မျော်ကြည့်နေမိသည်။

သူမမျော်ကြည့်ပြီး မရှေးမနှောင်းမှာပင် ကောင်းကင်ပြင်ပေါ်သို့ စကောအရွယ်အစားခန့်ရှိသော
အနီရောင်အလုံးကြီးတစ်လုံးသည် တဖြည်းဖြည်း အောက်ခြေမြေပြင်မှ ကောင်းကင်ပေါ်မြင့်တက်လာသည်။

ထို့အတူ ဆန့်ကျင်ဖက်အရပ်ဆီမှ ပုံစံတူအရွယ်တူ အနီရောင်အလုံးတစ်လုံးတက်လာကာ ထိုအနီရောင်အလုံးကြီးနှစ်လုံးသည် ကောင်းကင်ပေါ်တွင် တစ်လုံးနဲ့တလုံးပြင်းထန်သော အရှိန်ဖြင့်ဆန့်ကျင်ဖက်အရပ်ဆီမှ ရွေ့လျှားလာကြရင်း
ဆောင့်တိုက်ကြလေတော့သည် ။

အနီရောင်အလုံးကြီးနှစ်လုံးမှာ ပုံစံတူ အရွယ်အစားတူ
ဟုအမှတ်တမဲ့ထင်ရသော်လည်း သေချာကြည့်ပါက တစ်လုံးမှာ အနည်းငယ်ကြီးကာ အရောင်များပိုလင်းနေသည်။

တစ်လုံးနဲ့တစ်လုံးသည်ကား ပြင်းထန်သို့အရှိန်ဖြင့်ဆောင့်ရင်းနောက်သို့ ဝေးကွာသွား
လိုက်တဖန်ပြန်လည်၍ ရှေ့သို့ဆောင့်တိုက်ရင်းဖြင့်
ကြိမ်ဖန်များစွာ ရှိနေကြသည်။

ပြတင်းပေါက်မှ ရပ်ကာကောင်းကင်ပေါ်မှ မြင်ကွင်းအား
ရင်တလှပ်လှပ်ဖြင့် မျက်တောင်ခပ်ရန်ပင်မေ့လျှော့နေသည့်အလား စိတ်ဝင်တစား ငေးမောကြည့်နေတော့သည်။

(ယခုလို စကော အရွယ်အစားခန့် အနီရောင်အလုံးကြီးနှစ်လုံး တစ်လုံးနဲ့တလုံးဆောင့်တိုက်နေသော မြင်ကွင်းကို
သာမာန်ကြည့်ပါက အဘယ်ကြောင့်ဟု နားမလည်ပဲ
အံ့အြသင့်ရုံသာ အံ့အြမိမည်ဖြစ်သော်လည်း တတ်သိနားလည်သူများက ယခုမြင်ကွင်းမှာ စုန်းတောက်သည် [ဝါ] တနည်း စုန်းမများပညာပြိုင်နေသော မြင်ကွင်းဟုခန့်မှန်းသိရှိမည်ပင်ဖြစ်သည်။)

တစ်နာရီခန့်မျကြာသွားသောအချိန်။

“အောင်မလေး….မမရယ်…အဖြစ်ဆိုးလှချည်လား
မမရယ်…အီး…ဟီး…ဟီး…”

ပြတင်းဝမှ စုန်းပညာပြိုင်သော မြင်ကွင်းအားရပ်ကြည့်နေသော မိန်းမပျို လေးသည် ယောင်ယမ်းအော်ဟစ်လိုက်ရင်း ခလေးငယ်တစ်ယောက်ကဲ့သို့ပင် အသံထွက်ငိုကြွေးလိုက်တော့၏။

သူမငိုကြွေးရသော အကြောင်းအရင်းကား ပညာယှန်ပြိုင်နေသော စုန်းမီးကြီး နှစ်လုံးမှတစ်လုံး
သည် အရောင်များမှေးမှိန်ကာ အောက်သို့ အရှိန်ဖြင့်
ပြုတ်ကျသွားခြင်းကြောင့်ပင်ဖြစ်သည်။

ပြုတ်ကျသွားသော မီးလုံးကား အတန်ငယ်သေးကာ
အရောင်မှိန်သော မီးလုံးပင် ထိုမီးလုံးမှာ သူမအစ်မဖြစ်
နေသောကြောင့်ပင်ဖြစ်သည်။

ကောင်းကင်ယံတွင်ကား တလုံးတည်း ကျန်နေသော မီးလုံးကြီးကား အရောင်တဝင်းဝင်းဖြင့် သူမတို့ အိမ်ဖက်
အရပ်ဆီသို့ ရွေ့လျှားလာနေသည်ကိုတွေ့လိုက်ရခြင်းကြောင့် မိန်းမပျိုလေးရင်ထိတ်သွားမိသည်။

သူမတို့အမြန်ပြေးမှ ဖြစ်တော့မည် သူမသည် မျက်ရည်များသုတ်ကာ အံကြိတ်လိုက်ရင်း အိပ်ခန်းအတွင်းအိပ်ပျော်နေသော ကလေးငယ်အားနိူးလိုက်ရင်း အိမ်ဘေးတောစပ်မှတဆင့် မီးလုံးကြီးနဲ့
ဆန့်ကျင်ဖက်အရပ်ဆီသို့ကလေးငယ်အားလက်ဆွဲကာပြေးလာခဲ့တော့၏ ။

အမှောင်ထဲတွင်မမြင်မစမ်းမို့ အလဲလဲ အပြို ပြို
ကလေးငယ်ကား အိပ်မူန်စုံဝါးဖြင့် ပြေးသာပြေးနေရသည်ဘာအတွက်ပြေးနေရသည်မသိ။

“အဒေါ်… သားတို့ ဘယ်သွားနေတာလဲဟင်
အမေကော… ဘယ်မှာလဲ”

“အော်..သားအမေ ဆီကို အရေးတကြီးကိစ္စ ရှိလို့
ထွက်သွားတာ အဲဒါ အဒေါ်တို့ကို နောက်ကလိုက်
လာခိုင်းထားလို့ သားလေးရဲ့…”

မိန်းမပျိုလေးသည်ခလေးငယ်အမေးကို ပြန်ဖြေရင်းနောက်သို့ လှည့်ကြည့်လိုက်သောအခါ
အတန်ငယ်ဝေးကျန်ခဲ့သော သူမတို့ အိမ်ကလေးအနီးကောင်းကင်ပြင်တွင် ဝဲပတ်နေလျှက်ရှိသော မီးလုံးကြီးအားတွေ့လိုက်ရသည်။

“ငါတို့ မိသားစုကို ပြိုကွဲအောင်လုပ်ခဲ့တဲ့ နင့်ကိုတသက်လုံး မကျေဘူးဟေ့ ..ဘယ်အချိန်ဖြစ်ဖြစ်
ဒီရန်ကြွေးကို ငါလာယူမယ် . ..တချိန်မှာ ဒီအကြွေးကို
ငါလာယူမယ်….ဘယ်လိုနည်းနဲ့ မဆို နင့်ဆီက
အကြွေးကို ရအောင်လာယူမယ်…”

မိန်းမပျိုလေးမှာ နာကျည်းခက်ထန်စွာရေရွတ်ပြောဆိုလိုက်ရင်း ကလေးငယ် လက်အားဆွဲကာ အမှောင်ထုဆီသို့ တရွေ့ရွေ့ဖြင့်တိုးဝင်သွားလေတော့သည်။

——————————————————-

ရွေတောမြိုင် ရွာကလေးသည် အိမ်ခြေ ငါးဆယ်ကျော်ခန့်မျဖြင့်ဖွဲ့စည်းထားပြီး စနစ်တကျတည်ရှိထားခြင်းမဟုတ်ပဲ တောသဘာဝပီပီ
ဟိုနေရာ တအိမ် ဒီနေရာတစ်အိမ် ဆောက်လုပ်ထား
ခြင်းကြောင့် တအိမ်နဲ့တအိမ်သည်ကား အတန်ငယ်
ဝေးကွာနေသည်။

ရွေတောမြိုင်ကား တောကျကာ မြို့အရပ်နဲ့ ဝေးလံ၍
ခေါင်သီလွန်းလှသည်။

သို့သော်
ရွေတောမြိုင် တွင်အစည်ကားဆုံးကာလတစ်ခုကားရှိသည်။

ယင်းမှာ ရွာဦးထိပ်တွင်တည်ထားသော ရွေတောမြိုင်
ဟုခေတ်အစဉ်အဆက်က ခေါ်တွင်ကာ သမိုင်းအထောက်အထား အတိအကျမရှိသော ရှေးဟောင်း စေတီတော်တဆူရှိသည်။

စေတီတော်၏ သတင်းကား အနယ်နယ်အရပ်ရပ်သို့
တိုင်ကျော်ကြားလွန်းလှသည်။

အကြောင်းမဲ့ကျော်ကြားခြင်းမျိုးကားမဟုတ်နှစ်စဉ် ဘုရားပွဲတော်ကာလဖြစ်သော တန်ခူးလတွင် ဘုရားစိန်ဖူးတော်မှ ဓတ်တော်သည် ကွန့်မြူ းထွန်းလင်း
ခြင်းအတွက်ကြောင့်ပင်ဖြစ်သည်။

သို့အတွက်
တန်ခူးလကာလ ဘုရားပွဲလတွင် ဓတ်တော်ဖူးမျော်လိုသော အနယ်နယ်အရပ်ရပ်ရှိ ဘုရား
ဖူးခရီးသွားများသည် လှည်းဖြင့်တဖုံ၊ လှေဖြင့်တသွယ်
တဖွဲဖွဲရောက်ရှိလာတတ်ပြီး ဘုရားပွဲငါးရက်တာ ကာလအတွင်း နေ့ညမပြတ် ဘုရားတောင်အောက်ခြေရှိ
ကွင်းပြင်ကြီးသည် ကြက်ပျံမကျ စည်ကားလွန်းလှသည်။

စျေးဆိုင်တန်းများ မိုးလင်းပေါက်ထိ ဖျော်ဖြေကပြတတ်သော ဇတ်ရုံကြီးများကလည်း သုံးလေးရုံသာမက တခြားသော ရဟတ်ကြီးများ
မျက်လှည့်ရုံကြီးများကလည်း နေ့ချင်းညချင်းပင်ပေါ်ပေါက်
လာတော့သည်။

မြနှင်းတစ်ယောက် ရွေတောမြိုင်ဘုရားပွဲနီးကပ်လာသည်နဲ့ အမျ ရင်တခုန်
ခုန်ဖြင့်ရှိနေသည် ။

သူမလည်း အများနည်းတူ ဘုရားပွဲစျေးတွင် လူငယ်သဘာဝလျှောက်လည်လိုသည်။

သို့သော်တခြားလူများအတွက် ယခုလို ကိစ္စမျိုးသည်
အထူးတလည် မခက်ခဲလှသော်လည်း သူမအတွက်ကား မလွယ်ကူလှချေ ။

သူမအသက်(၁၈)နှစ်ပင်ပြည့်ချေပြီ ယခုထိဘုရားပွဲသို့မရောက်ဖူးသေးချေ ။

သူမ မိခင်သည် ဘုရားပွဲလိုက်ပို့ရန်ပြောသမျ အကြောင်း
ပြချက်အမျိုးမျိုးပေးကာ ငြင်းတတ်သည်။

နောက်တခုကားသူမသည် အပေါင်းအသင်းရွယ်တူ
သူငယ်ချင်းမရှိပေ ။

သူမအားရွာထဲမှရွယ်တူ မိန်းခလေးများသည်သူမအား
အပေါင်းအသင်းလုပ်လေ့မရှိ ။
သူမငယ်စဉ်ကပင်ရွယ်တူခလေးများကြားသွားကစားရန်
သွားသော် သူမအားကစားဝိုင်းအတွင်းမည်သူမျပေးမဝင်ကြပေ။

“စုန်းမကြီး သမီးသွား ငါတို့နားမလာနဲ့သွား ”

သူမသည် ငယ်စဉ်ကတည်း ထိုကစကားများအားနားမလည်သော်လည်း အရွယ်အနည်းငယ်ရောက်မှ ထိုစကားများ၏ အဓိပ္ပါယ်
ကိုနားလည်ရတော့သည်။

သူမအမေသည်ရွာထဲမှပြောစကားများအရ စုန်းမကြီးတစ်ယောက်အဖြစ်ရွာသားများသတ်မှတ်ကာ
သူမတို့မိသားစုအားအဆက်အဆံမပြု ကြချေ ။

သို့သော်လည်းသူမအမေအားရွာသားများသည်
စုန်းချွတ် အမှောင့်ပယောဂ တစ်ခုခုကပ်သည်ကအစ
သူမမိခင်အား လာခေါ်တတ်ကြသည် ။

မိခင်ကြီးနဲ့သူမနှစ်ယောက်တည်းသာနေသောအိမ်ကလေးတွင် သူမမိခင်သည် အတူမနေပဲ သီးသန့်အ်ိမ်ငယ်လေးတစ်လုံးတွင်ခွဲနေတတ်သည်။

သူမအားလည်းထိုအိမ်ငယ်လေး တွင်သာအချိန်ပြည့်ရှိနေတတ်သည်။
ထမင်းဟင်းများအားလည်းသူမနဲ့မစားပေ နေ့စဉ် အသား
စိမ်း ငါးစိမ်းများအားသူမကပင်ပို့ပေးရသည်။

သူမမိခင်သည် ထူးခြားသည်ကားအမှန်ပင်ဖြစ်သည်။

အခန်း[၂]

သူမသည်ကား ညနေစောင်းဘုရားပွဲစျေးတလျှောက်စိတ်လွတ်ဖြင့် စျေးတန်းတလျှာက်လိုက်ကြည့်နေမိသည်။

သူမ မိခင်အားအတင်းကြပ်ပူဆာလွန်းမက ပူဆာသောကြောင့် နောက်ဆုံးတွင် အပြင်
ထွက်ခွင့်ရခဲ့ခြင်းပင်ဖြစ်၏ ။

သူမတစ်ယောက်တည်း လျောက်လည်ရသည်
သို့သော်ကား ညနက်အောင်အထိလျှောက်လည်ခွင့်ကားမရပေ။
ညမနက်ခင်
အစောကြီးအိမ်ပြန်လာရမည်ပင် သူမအတွက်တစ်ခု
ကောင်းသည်ကား ဒီနယ်တဝိုက်တွင်ဘယ်သူမှ သူမအား ကိုယ်ထိလက်ရောက်မပြောနဲ့ စကားပင်ပြောဝံ့
သောယောက်ကျားမရှိချေ ။

သူမမိခင်အားကြောက်လန့်ကြသောကြောင့်ပင်ဖြစ်လိမ့်မည်။

…ဘုန်း….

… အင့်….

…အေမ့……

…အို……

ပွဲစျေးတန်းတလျှောက် ဟိုငေးသည်ငေးဖြင့်လျှောက်လာသော မြနှင်းတစ်ယောက် လူတစ်ယော်အားဝင်တိုက်မိကာထိုသူရင်ခွင်အတွင်း လဲပြို ကျသွားခြင်းပင်ဖြစ်သည်။

“ဟေ့ လူတယောက်လုံးတောင်မမြင်ဘူးလားကွ
ဘာတွေဒီလောက် ငေးလာလို့လဲ…..”

မြင့်မားသောအရပ်အမောင်းဖြင့် အပေါ်စီးမှ ငုံမိုးကာ
ပြုံးစစပြောနေသော ချောမောသောမျက်နှာနဲ့အတူ
စကားသံကြောင့် ယခုအချိန်အထိ ယင်ဖိုပန်မသန်းဖူး
သေးသောမြနှင်း၏ နှလုံးခုန်သံသည်
ဗျောင်းဆန်ခတ်မျ ထိုအတူ သူမလဲပြိုမည်ကို ထိန်းပေး
ထား၍ သူမသည် ထိုလူချော၏ ရင်ခုန်အတွင်းရောက်နေ
သေးသည်။

“မင်းသားကလည်းချော မင်းသမီးကလည်း
ချောလိုက်ဖက်တယ်ဟေ့ ..”

သူမတို့နှစ်ယောက်ကားအဖြစ်ကိုကြည့်ကာ ဖြတ်သွား
ဖြတ်လာကာလသားတစုလှမ်း၍ စနောက်မှ သူမ
ခုမှသတိဝင်လာမိသည်။

“အို…ရှင်…လွတ်…လွတ်..ပါ..”

သူမရှက်လန့်တကြားအော်မိရင်း ထိုသူအလိုက်သင့်ဖက်ထားခြင်းကိုဆတ်ခနဲရုန်း
၍ထိုနေရာမှဝေးရာပြေးထွက်လိုက်တော့၏။

အပျိုမလေးသူမအတွက်ခုလိုယောက်ကျားပျို
တစ်ယောက်နဲ့တွဲဖက်စနောက်မူကို ယခုမှပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်သလို၊
ထိုသူရင်ခွင်တွင် လူမြင်ကွင်းရှေ့ရောက်နေမိသော
အဖြစ်ကတွေးကြည့်ရုံဖြင့်ရှက်ရွံရင်တုန်ဖွယ်ဖြစ်
နေတော့၏ ။

“ဟေ့..ကောင်မလေး ဘယ်သွားမလို့လဲ
တစ်ယောက်တည်းလား”

“ဟင်….”

သူမပြေးမိပြေးရာမှပွဲစျေးမှဖယ်ခွာ၍ အိမ်သို့လာရာ လမ်းတွင်
မူးယစ်ယိုင်ထိုးနေသူနှစ်ယောက် သူမသွားလမ်းကို
ပိတ်ရပ်ကာမေးလာမှသတိဝင်လာကာရှက်ရွံ့ထူမူ
များပျောက်၍ကြောက်စိတ်၊စိုးရိမ်စိတ်များဖြင့်
ရှိနေတော့၏ ။

“ကျွန်မရှေ့ကဖယ်ပေးပါ ကျွန်မဘာကျွန်မဘယ်သွား
သွားရှင်တို့အပူမပါဘူး…”

ညကားဆယ်နာရီခန့်ရှိနေပြီ ဖြစ်ခြင်းနဲ့အတူ ပွဲစျေးတန်းနဲ့အတန်ငယ်ဝေးသော တောလမ်းလေးပေါ်သူမရှိနေခြင်းအတွက် စိတ်အနည်းငယ်တော့ပူသွားမိသည်။
လူနှစ်ယောက်ကား သူမတို့နယ်မှဖြစ်ဟန်မတူ ထို့ကြောင်ပင့်သူမအားနှောင့်ယှက်ရဲခြင်းပင်ဖြစ်သည်။

.”စိုးကြီးရေ..စားရကံကြုံလို့မုတ်ဆိတ်ပျားစွဲတာပဲကွ …”

“ဟုတ်ပ အောင်သန်းရေ ….ဟဲ..ဟဲ..ဟဲ.
….”

“ဟင်…ရှင်…ရှင်တို့…အမလေး…ကယ်ကြပါအုံး……”

ထိုလူနှစ်ယောက်ကား သူမအနီးသို့ ပါးစပ်မှညစ်ညစ်ညမ်းညမ်းများပြောကာ တိုးကပ်လာကြ၍အော်ဟစ်အကူအညီတောင်း၍ ပွဲစျေးဖက်လှည့်ပြေးရန်အလုပ်
လူတစ်ယောက်ကသူမလက်အားဆတ်ခနဲဆောင့်ဆွဲခြင်းခံလိုက်ရခြင်းခံလိုက်ရတော့၏ ။

“လွတ်…လွတ်…ခွေးကြီးတွေ….ငါ့ကိုလွှတ်”

.”ဟေ့ကောင်စိုးကြီး ကောင်မလေးဆွဲခဲ့လေကွာဘာကြောင်နေတာလဲ”

“အား…………..ခွေးမ ငါ့လက်ကိုကိုက်တယ်
ကဲဟာ…..ဖြန်း…….”

မြနှင်ူးသူမလက်အားကိုင်ထားသူလက်အား ကုန်းကာကိုက်လိုက်ချိန် ထိုသူကာဒေါသဖြင့်အားကုန်လွဲရိုက်လိုက်ခြင်းကြောင့်သူမခေါင်းတခုလုံးမူးဝေရင်း ယိုင်လဲကျသွားတော့၏ ။

“ဟေ့ကောင်တွေ မင်းတို့ဘာလုပ်ကြတာလဲ
ရပ်လိုက်..”

သူမတို့ရှိနေရာဖက်သို့ လူရိပ်တစ်ခု လျောက်လာနေခြင်းကိုဝိုးတဝါးဖြင့်တွေ့နေလိုက်ရပြီးစကားအော်ပြောသံလူရိပ်များလုံးထွေးသွားသတ်ပုတ်နေကြခြင်းကို ရီဝေဝေမြင်တွေ့နေရပြီး သူမခေါင်းတခုလုံးမှောင်အတိကျကာ သတိလစ်မေ့မြောသွားပါတော့သည်။

“အင်း…ဟင်း…ဟင်း…ဟင်း….”

“မင်းသတိရလာပြီလား…”

“ဟင်….ရှင်..ရှင်..ဟိုလူတွေကောဘယ်ရောက်သွားပြီလဲ ”

မြနှင်းသတိရလာတော့မြနှင်းမှာသစ်ပင်ကြီးတစ်ပင်အား ကျောမှီကာရှိနေခြင်းနဲ့အတူ ညနေခင်းက ပွဲစျေးတန်းတွင်ဝင်တိုက်မိသော
ကိုလူချောမှာ သူမအနီးရှိနေသည်ကို အံ့အြဖွယ်ရာ
တွေ့လိုက်ရတော့သည်။

“လာထ..မင်းအိမ်ဘယ်မှာလဲကိုမင်းအိမ်
လိုက်ပို့ပေးမယ်…
ဟိုကောင်တွေကို စိတ်ပူမနေနဲ့တော့ ကိုကြည့်
ရှင်းလိုက်ပြီ…”

” ကျွန်မအရှက်နဲ့ အသက်ကို ကယ်ပေးလို့ကျေးဇူး
တင်ပါတယ်….. ”

သူမအိမ်ြပန်ရာလမ်းတလျှေက်တွင်မြနှင်းမှာ
ကြောက်စိတ်၊ဝမ်းနည်းစိတ်ရောပြွန်း၍နန္ဒကို
စကားတခွန်းမှမဆိုမိ။နန္ဒမှာလည်း သူမဘေးတွင်
တိတ်ဆိတ်စွာကပ်လိုက်လျက်ရှိနေ၏ ။

လသည်ပင်မွန်းတည့်ချေတော့မည်မို့ ယခုလို ထိန်ထ်ိန်သာနေသောလရောင်အောက်တွင်
ကျေးဇူးရှင်ကိုလူချောနဲ့တွဲလျှောက်နေရသည်က မြနှင်းအဖို့ ရင်ဖိုသလိုလိုအစောနကကြောက်လန့်စရာခံစားမူများဘယ်ဆီသို့လွင့်ပျောက်ကုန်ပြီမှန်းမသိတော့ပေ…။

.”ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ ….

တိတ်ဆိတ်စွာယှဉ်လျှောက်နေကြရင်းမှကိုလူချောကမေးလိုက်ခြင်းပင်ဖြစ်သည်။

“မြ..မြနှင်းပါ….”

“အော်..မြနှင်း…ကို့နာမည်လည်းမှတ်ထားပေါ့
နန္ဒတဲ့….”

“အော်ကိုနန္ဒ ရှေ့နားကအိမ်ကမြနှင်းတို့အိမ်
ပါပဲ..”

သူမတို့အိမ့်ရှေ့နားအရောက်တွင်လရောင်ဖြင့် ဆံပင်ဖိုးရိုးဖားလျှား ခါးကိုင်းကိုင်းဖြင့် လူရိပ်တခုငြိမ်သက်စွာရပ်နေသည်ကိုတွေ့လိုက်
ကှရ၏ ။

“…ဟင် …အမေ မအိပ်သေးဘူး….”

“သမီး.နောက်ကျလှချည်လား သူကဘယ်သူလဲ
ဘာလို့သမီးနဲ့အတူရှိနေရတာလဲ…မင်းဘယ်သူလဲ …နောက်တခါငါ့သမီးအနားတွေ့ရင်ငါ့အဆိုးမဆိုနဲ့”

”….အော်..အမေ..ကိုနန္ဒကိုအားနာစရာဖြစ်ကုန်ပြီ
ကိုနန္ဒက သမီးကိုကူညီပြီး အိမ်ထိလိုက်ပို့ပေးတာ….”

ခြောက်ကပ်အက်ကွဲသောလည်ခြောင်းသံနဲ့အတူ
လရောင်အောက်တွင် အရောင်တလက်လက်ထနေသည်ဟုထင်မြင်ရသောစူးရှသော မျက်လုံးများဖြင့် နန္ဒအားကြည့်ရင်း မြနှင်းအမေဆိုသော အရိုးပေါ်အရေတင် အဘွားအိုကြီးကမေးလိုက်ခြင်းပင်ဖြစ်၏ ။
မြနှင်းမှာ သူပွဲစျေးမှအပြန် ကြု ံခဲ့ရသည်များအား
ပြန်လည်ပြောပြနေသည်။

“ဘယ်သူတွေလဲ….တောက်…ရာရာစစ
ငါ့သမီးလေးကို …စော်ကားတဲ့ ကောင်တွေ အမေ့ကိုပြောစမ်း…သေချင်လို့… ”

သူမစကားကြောင့်အမေမှာ ကိုယ်ခန္ဓာ တဆတ်တုန်မျထိဒေါသထွက်နေဟန်ရှိနေ၏ ။

“ဒီနယ်ကတော့ ဟုတ်ဟန်မတူဘူး …
အမေ ဘုရားပွဲ လာတဲ့ တခြားနယ်ကသူတွေထင်တယ်
ဒီက ကိုယ်နန္ဒရောက်လာ လို့သာပေါ့… ”

.”အော် ကျေးဇူးပါပဲ တူမောင်ရေ ဒါနဲ့ ဘုရားပွဲလာတဲ့ဧည့်သည်လား.သမီးလည်းအရှက်နဲ့အသက်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်….”

“ဟုတ်ကဲ့ ကျွန်တော်လည်းကြု ံကြိုက်လို့ကူညီ
ခွင့်ရတာပါ ကျွန်တော်ရှေ့မှာမတရားမူကို လက်ပ်ိုက်ကြည့်မနေတတ်တာလည်းပါတာပေါ့
ကျွန်တော့်က နယ်လှည့်မျက်လှည့်
ပညာရှင်အဖွဲ့ ကပါ…ကဲ …ညလည်း နက်နေပြီ မျက်လှည့်ဝ်ိုင်းလည်းစနေလောက်ပြီမို့ ကျွန်တော်ပြန်
လိုက်ပါအုံးမယ်ဒေါ်ဒေါ် နဲ့မြနှင်း …..”

“အော် …မောင်နန္ဒ နေ့လည်နေ့ခင်းပျင်းရင်
ဒေါ်တို့တို့ အမ်ိလာလည်နိုင်ပါတယ်…….”

“ဟုတ်ကဲ့… ဒေါ်ဒေါ် ဒီဘုရားပွဲကာလအတွင်းနေ့လည်ပိုင်း
သွားလာစရာနေရာမရှိတော့ကျွန်တော်လာခဲ့ပါ့မယ် ”

နန္ဒမှာသူမတို့ သားအမိအားကျောခိုင်းကာ လရောင်အောက်တွင် တရွေ့ ရွေ့ဖြင့် ပွဲခင်းရှိရာသို့
နူတ်ဆက်ထွက်ခွာသွားပြီဖြစ်၏ ။

မြနှင်းကား ယခုညအတွက်အိပ်၍ မပျော်တော့ သူမ အမြင်အာရုံတခုလုံး နန္ဒ။ အတွေးစိတ်ကူး ခုလုံးနန္ဒ ။…
မမျော်လင့်ပဲ
ရင်ခွင်ကျယ်ကြီးအတွင်း ခဏတာရောက်ခဲ့မိသည့် အဖြစ်ကိုပင် ရှက်ရွံ စွာရင်ဖိုမိနေဆဲဖြစ်။

“အော်…ကိုနန္ဒရယ်ကျွန်မစိတ်ကို စိုးမိုးလွန်းလို့
မုန်းလိုက်တာရှင်…….”

နောက်တနေ့ နေ့လည်ပိုင်းတွင် သူမတိတ်တခိုးမျော်လင့်နေမိသော နန္ဒသည်အိမ်သို့ဆိုက်မြိုက်စွာရောက်လာခဲ့တော့သည်။

အမေသည်တခြားလူစိမ်းများအား အိမ်ပေါ်ခေါ်လေ့မရှိသော်လည်း နန္ဒ၏ ပြေပြစ်စွာပေါင်းသင်းဆက်ဆံတတ်မူ ၊ နောက်တခု သူမအသက်နဲ့ အရှက်ကိုကာကွယ်သူဖြစ်သောကြောင့်
ဖောရွေစွာဧည့်ဝတ်ကြေစကားတွေဖောင်ဖွဲ့ကာပျော်ဆိုနေတော့၏ ။

“ဒါနဲ့ မောင်နန္ဒ တို့မျက်လှည့်ပြကွက်တွေက ဘယ်လိုပြကွက်မျိုးတွေလဲ….”

“အော်…အစုံပါပဲ ဒေါ်ဒေါ် မျက်လှည့်လက်လှည့်အပြင်
အောက်လမ်းအတတ်နဲ့ ပြရတဲ့ ပြကွက်တွေလည်း
ပါပါတယ်….”

“အောက်လမ်းပြကွက်တွေပြရင် သတိထားမောင်နန္ဒရဲ့
ဒီနယ်မှာက ပညာသည်တွေပေါတယ်
တော်ကြာအနှောင့်အယှက်ဝင်လာရင် အခက်အခဲဖြစ်နိုင်တယ်…..”

“ကျွန်တော်ကတော့ အဲဒါတွေ သိပ်နားမလည်ပါဘူး
ဒေါ်ဒေါ် ရေ ကျွန်တော်တ်ို့က ဝမ်းရေးအတွက်ရှာဖွေစား
သောက်နေရတဲ့သူတွေပါ …ပညာရှင်အဆင့်မဟုတ်ပါဘူး
အနှောင့်အယှက်ဝင်ရင်တော့ ဒုက္ခပဲ ”

“အိမ်းမဖြစ်ချေဘူး… ဒေါ်ဒေါ်… ကူညီမှဖြစ်မှာပါလေ
…ကဲ …ဘာမှစ်ိတ်မပူနဲ့ပွဲကာလအတွင်းဘာအနှောင့်
အယှက်မှမဝင်အောင် ဒေါ်ဒေါ် အစီအရင်တခုပေးလိုက်မယ်…..”

“ကျေးဇူးပါပဲ ဒေါ်ဒေါ် ရေ…..”

“အိမ်း …တခုတော့ရှိတယ်ကွယ်
ဒေါ်ဒေါ် ပေးတဲ့အစီအရင် ပစ္စည်း
ကိုတစ်ညသုံးပြီးရင်နောက်နေ့ ဒေါ်ဒေါ်
ဆီပြန်ရောက်အောင်လာပို့ပေးဖို့ပါပဲ……”

“စိတ်ချပါ ဒေါ်ဒေါ်…ကျေးဇူးလည်းတင်ပါတယ် ကျွန်တော်ဆက်ဆက်လာပို့ပေးပါ့မယ်”

မြနှင်းကားသူမအမေဖြစ်သူနဲ့နန္ဒတို့ပြောစကားများကိုဘေးမှအသာထိုင်နားထောင်နေမိသည်။
ဘာမှတော့နားမလည်ပေ။ သူမနန္ဒမျက်နှာအား
ခိုးကြည့်ရင်း ရင်ဖိုလျက်ဖြင့် ရှိနေ၏ ။

နန္ဒပြန်ခါနီးတွင် ဒေါမြနှင်းက ယွန်းကလပ်ဖြင့်တင်ထားသော ယာပြီးမလိပ်ရသေး
သောပွဲဆက် ကွမ်းသုံးယာ ပေးလိုက်သည်။

သူမအတွက်အထူးပျော်စရာကား သူမအားစိုးရိမ်ကာ
ပွဲစျေးလည်ခွင့်မပေးသော သူမအမေအားနန္ဒက ကူပြောပေသောကြောင့် ပွဲစျေးလည်ခွင့်ရခဲ့သည်။

ထိုအတောအတွင်း သူမနဲ့ နန္ဒတို့ကားရင်းနှီးမူ သံယောဇဉ်လေးများပိုခဲ့ကြမိ၏ ။

သူမအိမ်အပြန်တွင် နန္ဒက အိမ်ရှေ့အထိလိုက်ပို့တတ်သည်။

ဘုရားပွဲကား ၅ ရက် ၅ညတိုင်တိုင်ကပြကာပြီးဆုံးခဲ့ပီဖြစ်သည်။

သူမအတွက်ကားနောက်နေ့ဆိုလျှင် နန္ဒဖြင့်ခွဲရမည်ဖြစ်သောကြောင့် စ်ိတ်မကောင်း ဖြစ်နေမိသည်။

“ဒေါ်ဒေါ်.. .မြနှင်း….ဘုရားပွဲကလည်း ပြီးသွားပါပြီကျွန်တော်တို့လည်း နောက်တနယ်ကူးရပါတော့မယ်
အဲတာလာနူတ်ဆက်တာပါ..
ကျွန်တော်တို့အဖွဲ့အနှောင့်အယှက်မရှိအောင် ကူညီပေးတဲ့ ဒေါ်ဒေါ် ကိုလည်းကျေးဇူးတင်ပါတယ်….
ဒီမှာ ဒေါ်ဒေါ် ပေးတဲ့ ပစ္စည်း ပြန်အပ်တာပါ ခင်မျ..”

နန္ဒက သူမတို့သားအမိအားနူတ်ဆက်ရင်း ယွန်းကလပ်ဖြင့်တင်ထားသော ကွမ်းသုံးယာအားပြန်အပ်လာခြင်းဖြစ်၏ ။

တခုကား ပွဲတစ်ညအတွက် ကွမ်းသုံးယာစီအမေကတနေ့စာစီစဉ်ပေးခြင်းပင်ဖြစ်၏။

“အင်းမောင်နန္ဒနောက်ကြုံရင်လည်းဝင်
လည်ပါအုံးကွယ်…
သမီးရေ ဒီကွမ်းယာတွေ မီးဖိုထဲထည့်ပေးစမ်းပါတချက်လောက်…သေချာထည့်နော်…”

သူမ အမေနဲ့ ကိုနန္ဒကားအပြင်တွင်ရပ်ကာကျန်နေရစ်ခဲ့သည် သူမကား ခွဲရမည်မို့ ရင်ထဲမကောင်းပေ….။

သူမကွမ်းသုံးယာအား မီးအရှိန်မသေးသော မီးဖိုထဲပစ်ထည့်လိုက်ချိန်……

“အား…အောင်မလေး……အား….ပူတယ်…ပူတယ်…

သူမမိခင်အော်ဟစ်သံကြောင့် အိမ်ရှေ့ဆီပြေးထွက်ခဲ့တော့ မြေပြင်ပေါ်လူးလှိမ့်ရင်း
အော်ဟစ်နေသော မိခင်အားတွေ့လိုက်ရသည်။

“အမေ….အမေ….ဘာဖြစ်လို့လဲ.. ..”

“နန္ဒ ဒါမင်းလက်ချက်မဟုတ်လား…..ငါ့ကိုတန်ပြန်တိုက်ထားတယ်……အား…သေပါပြီ…”

“ဟုတ်တယ် ….ဒေါ်မြသာ ကျွန်တော်လုပ်တာပါပဲ..”

“ဟင်း…မင်း .လူယုတ်မာ.မင်းငါ့နာမည်သိတယ်”

“ကိုနန္ဒရှင် ယုတ်မာလှချည်လား”

“ဟား…ဟား….ဟား…ဒီနေ့ကိုရောက်ဖို့
ကျုပ်အကြာကြီးစောင့်ခဲ့ရတာပါ….
ကျုပ်ဘယ်သူလဲသိလား…ကျုပ်ဟာ ခင်များလွန်ခဲ့တဲ့ဆယ်နှစ်ကျော်က
သတ်လို့သေခဲ့ရတဲ့မြပန်းဝါ ဦးသက္ကရဲ့ သားပါပဲ….”

ဒေါ်မြသာကားမြေပေါ်တွင်လူးလှိမ့်ကာ အခြေအနေမဟန့်တော့ချေ ။
သို့စရာတွင်နန္ဒပြောစကားများကိုကြားနေရ၏ ။
နောက်ဆုံးထွက်သက်ရောက်တော့မည်မို့
မိုက်ပြစ်များကိုပြန်တွေးမိကာနောင်တရနေဟန်
ရှိနေ၏ ။

“ခင်များကြီးနောက်ဆုံးထွက်သက်မှာ
သေချာနားထောင်သွားပါအုံး ခင်များကို မချစ်ပဲ ကျုပ်အမေကိုချစ်သွားတဲ့
ကျုပ်အဖေကို ခင်များသတ်တယ်…
နောက်ဆုံးကျုပ်အမေကိုသတ်တယ် ကျုပ်နဲ့ ကျုပ်အဒေါ်တောင်
ကံကောင်းလို့ခင်များလက်က ကျုပ်ကိုခေါ်ပြီး
ထွက်ပြေးလို့လွတ်မြောက်ခဲ့ရတယ် အဒေါ်ဟာပင်ပန်းဆင်းရဲခံပြီးကျုပ်ကို
ကျွေးမွေးစောင့်
ရှောက်ရင်း အလုပ်ပင်ပန်းတဲ့ဒဏ်တွေနဲ့ပဲ အိပ်ယာထဲလဲ
ဆုံးပါးသွားခဲ့ ရတာ …..သူမသေခင် ကျုပ်ကို ဒီအကြောင်းတွေအားလုံးပြောပြခဲ့တယ်…..”

နန္ဒတစ်ယောက် မချိမဆန့်ဝေဒနာခံစားနေရဟန်ဖြင့် မြေပြင်ပေါ်လူးလှိမ့်နေသောဒေါ်မြသာအားကြည့်ရင်း သူ့ဇတ်လမ်းအားဆက်ပြောလာပြန်၏ ။

“ကျုပ်ဒီကိုလာဖို့ အချိန်တွေအများကြီးပြင်ဆင်ခဲ့ရတယ်
ခင်များဒီရွာမှာပဲ မိဘမဲ့ ခလေးတယောက်မွေးစားပြီးရှိနေတဲ့
အကြောင်းတွေ
စုံလင်အောင်သိမှ ခင်များအိမ်ဝင်လို့ရဖို့ ခင်များယုံကြည်မူရဖို့ ခင်များသမီးမြနှင်းကို အသုံးချပြီး
ဇတ်လမ်းတပုတ်ဆင်လိုက်ရတာပါပဲ….
.ဒေါ်မြသာ
ခင်များရဲ့ နောက်ဆုံးခရီးလှပါစေဗျာ….”

မြနှင်းမှာလူးလှိမ့်မူငြိမ်သက်သွားပြီဖြစ်သော
မိခင်ကြီးအနားငိုယ်ိုကာကျန်နေရစ်ခဲ့တော့၏ ။

လှည့်ထွက်လာသော နန္ဒမျက်ဝန်းအိမ်တွင်ကားမျက်ရည်များ ကျဆင်းနေလျှက်ရှိနေ၏။

“ရိုးသားအပြစ်ကင်းတဲ့ မင်းကို မိသားစုရန်ငြို းအတွက်အသုံးချမိတဲ့ ကို့ကိုယ်ခွင့်မလွတ်ပါနဲ့တော့
မြနှင်းရေ. မင်းဘဝကို ဒုက္ခတွေယူလာတဲ့နတ်ဆိုးတကောင်အဖြစ် တသက်လုံးမုန်းနေပါတော့…..
ဒါပေမယ့်…မင်းကို ကိုယ်တကယ်ချစ်ခဲ့မိပါတယ်…မြနှင်းရယ်
ဒါပေမယ့် ကို့ကိုယ်ခွင့်မလွတ်ပါနဲ့တော့.. …
နတ်ဆိုးတကောင်လို တသက်လုံးမုန်းလိုက်ပါတော့…..”

နန္ဒ၏ အရူးတယောက်လိုရေရွတ်ပြောဆိုနေသောစကားများအားမြနှင်းတယောက်ကြားခဲ့လျှင်သူမသည်နန္ဒအပေါ်မည်သို့သဘောထားသတ်မှတ်မည်မဆိုနိုင်ပေ။ သို့ရာတွင်နန္ဒရင်တွင်းစကားများမြနှင်းမကြားနိူင်သလို နန္ဒသည်လည်းဖွင့်ပြောလိမ့်မည်မထင်ပေ။
==========================

(ပြီးပါပြီ)

ကြိုးစားလျက်

စာရေသူ= မြူခိုးအလင်္ကာအားလေးစားလျက်
Like&shareလေးနဲ့အားပေးကြပါအုံး