ဝိဉာဉ်တစ်ကောင်၏ဂလဲ့စား(စ/ဆုံး)

Unicode Version

ဝိဉာဉ်တစ်ကောင်၏ဂလဲ့စား(စ/ဆုံး)
——————————————-
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်တောကျေးရွာသည် အိမ်ခြေ၅၀ခန့်ရှိပြီး တောင်ယာအလုပ်ကို အဓိကအားထားလုပ်ကိုင်ကြသည်။ ထိုရွာ၏အဓိကလုပ်ငန်းမှာ ဆေးလိပ်၏အဓိကကုန်ကြမ်းဖြစ်သော ဖက်ရွက်လုပ်ငန်းကို ဇောက်ချလုပ်ကိုင်ကြခြင်းဖြစ်သည်။ သို့ကြောင့်ဖက်ရွက်လှော်သည့်ဖိုကား အိမ်တိုင်းနီးပါးရှိကြ၏။
ထိုရွာရှိရွာသူရွာသားတို့ကား ရိုးသားကြိုးစားကြလေရာ အစားအသောက်နှင့်ငွေကြေးတို့မှာ အဖူအလုံရှိကြ၏။ ထိုခေတ်ကာလသည် နယ်မြေမအေးချမ်းသေးသည့် ကာလျဖစ္ကာ တောတွင်း၌ခိုအောင်းနေသော ဓားပြအဖွဲ့များ သောင်းကျန်းနေချိန်ဖြစ်သည်။ ထိုဓားပြအဖွဲ့သည် လစဉ်လတိုင်း အင်တောရွာမှ ဆက်ကြေးကောက်ကာ နိုင်ထက်စီးနင်းလုပ်ကြသည်။
တစ်လလျှင်တစ်ကြိမ် ရွာသူရွာသားများဆီမှ ဆန်၊ဆီ၊ဆားနှင့် စုဆောင်းထားသော ရွှေစငွေစများကို လုယက်ယူငင်ကြသည်။ ထိုကာလသည် ဝေးလံခေါင်သီသော တောရွာဒေသများတွင် ဥပဒေသည်ကား လုံလောက်အောင်မကာကွယ်နိုင်သည့်အချိန်ပင်။ ထိုအခွင့်ကောင်းကိုယူကာ တောတွင်းသူပုန်တို့က ထင်တိုင်းကြဲနေတော့သည်။
ထိုနေ့တွင်ကား ရာသီဥတုကသာယာနေ၏။ ခြံတောထဲသွားနေသော ဘမောင်တို့လင်မယားကား သီချင်းလေးတကြော်ကြော်ညည်းရင်း အလုပ်လုပ်နေကြ၏။ ဘမောင်၏ဇနီးဖြစ်သူ မကြူမှာကား ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်၏။
” ကိုမောင်…အကြူလည်းကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေပြီ…ဒါပေမဲ့ အကြူရင်ထဲဝမ်းနည်းသလိုခံစားရတယ်…”
” ကြူရယ်…ဘာတွေတွေးမိလို့ဝမ်းနည်းနေရတာလဲ…ဘာလဲကိုမောင်ကမီးဖွားစရိတ်လုံလုံလောက်အောင်မရှာပေးထားဘူးထင်လို့လား…”
” မဟုတ်ဘူးကိုမောင်ရဲ့…ဘာဖြစ်မှန်းမသိဘူး…ခုတလောအကြူနေရတာ ရင်ထဲမကောင်းဘူး…”
” ဝမ်းနည်းမနေပါနဲ့ ကြူ့ဗိုက်ထဲကခလေးလေး မပျော်ဘဲနေရော့မယ်…”
” ကိုမောင်…အကြူတို့ဆက်ကြေးပေးရတော့မှာနော်…အကြူတို့ဒုက္ခလည်းမသေးလှဘူး…ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သူများကိုအလကားပေးကမ်းနေရတယ်လို့…”
” ရှူး…တိုးတိုးပြောပါကြူရ…ဒီပတ်ဝန်းကျင်မှာ ဗိုလ်မင်းခေါင်က သူ့လူတွေလွတ်ထားတယ်…ကြူပြောတာကြားသွားလို့ ကိုယ်တို့တွေ ဒုက္ခရောက်နေဦးမယ်…”
ကိုဘမောင်က ဘေးဘီဝန်းကျင်ကိုကြည့်ပြီး ဇနီးဖြစ်သူကို လှမ်းပြီးသတိပေးလိုက်၏။
တစ်ခုသောညနေတွင်ကား လူတစ်စုသည် လက်နက်ကိုယ်စီဖြင့် ရွာထဲသို့ဝရုန်းသုန်းကားဖြင့် ဝင်လာကြ၏။ နုတ်မှလည်း ရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုလာ၏။
” သူကြီး…သူကြီးဘသောင်း…ငါ့ရှေ့အမြန်လာဒူးထောက်ပြီး…မင့်ရွာသူရွာသူရွာသားတွေကိုအားလုံးစုလိုက်စမ်း…”
ကျေးရွာခေါင်းဆောင်သူကြီးဦးဘသောင်းလည်း မိမိအိမ်ရှေ့မှအော်သံကြောင့် အိမ်ပေါ်မှ ကမန်းကတမ်းဆင်းလာပြီး
” ဟင်…ဗိုလ်…ဗိုလ်လေးတို့ လာကြတာလား…”
” အေး…ငါလာတယ်ဘာဖြစ်လဲ…”
” ဟို…ဟိုလေ…ဗိုလ်…ဗိုလ်လေးတို့က..ကြိုတင်…”
” ငါလာချင်တဲ့အချိန်ဝင်လာမှာဘဲ…ငါကနင်တို့ကိုအကြောင်းကြားနေရဦးမှာလဲ…ခုချက်ချင်း မင်းရွာသူရွာသားတွေကိုခေါ်လိုက်…”
” ဘာ…ဘာကိစ္စရှိလို့လဲဗိုလ်လေး…”
” ငါကခေါ်ဆိုခေါ်လိုက်…”
” ဟုတ်…ဟုတ်…”
ခဏအကြာတွင် ရွာသူရွာသားများအားလုံး သူကြီးအိမ်ရှေ့သို့စုပုံရောက်ရှိလာ၏။ ထိုအခါသူပုန္ဗိုလ္က
” ကဲ…မင်းတို့ထဲကဘယ်သူတွေပါးစပ်သရမ်းပြီး အစိုးရကိုသွားတိုင်လိုက်တာလဲ…မင်းတို့လုပ်လို့ ငါ့စခန်းအကုန်ပြာကျကုန်ပြီ…ထွက်ခဲ့..အတော်လေးသတ္တိရှိနေတယ်ပေါ့ဟုတ်လား…”
” ဒိုင်း…ဒိုင်း…”
ဆိုပြီး ကိုင်ထားသောသေနတ်ကို မိုးပေါ်မြှောက်ကာ နှစ်ချက်ဆင့်ဖောက်လိုက်၏။
ရွာသူရွာသားများလည်းကြောက်လွန်း၍ တစ်ယောက်မှခေါင်းမထောင်ရဲကြချေ။
” ငါမေးနေတယ်လေ..ဘယ်သူသွားတိုင်လိုက်တာလဲ…သူကြီး…နင်တို့တွေလျှို့ဝှက်သူသျိုှအဖွဲ့တွေ ဖွဲ့ထားကြတာမလား…”
” မ…မလုပ်ရပါဘူးဗိုလ်လေး…”
” ဟား…မင်းတို့မတိုင်ရင် အစိုးရကငါတို့နေရာကို သိစရာအကြောင်းကိုမရှိဘူး…”
” တ…တကယ်ပါသူကြီးရယ်…ကျုပ်တို့ရွာသူရွာသားတွေ ဘာမှမလုပ်ရပါဘူး…”
” မဖြေဘူးဟုတ်လား…ရတယ်လေ…”
” အား…လွှတ်..ကျွန်မကိုလွှတ်…”
ဓားပြဗိုလ်သည် ရွာသူရွာသားများထဲမှ မိန်းမပျိုတစ်ယောက်ကို ဆွဲလိုက်၏။ ထိုမိန်းခလေးသည် ကြောက်လန့်တကြားရုန်းကန်ပြီး
ထွက်ပြေးရန်လုပ်၏။
” ဖြန်း…ဖြန်း…”
” ငြိမ်ငြိမ်နေစမ်းကောင်မ…မဟုတ်ရင် မင်းအသက်ငါအာမမခံဘူးနော်…”
မိန်းကလေးကအတင်းရုန်းကန်သော် ဓားပြဗိုလ်ကစိတ်ဆိုးသွားပြီး မိန်းကလေး၏မျက်နှာကိုနှစ်ချက်ဆင့်လိုက်၏။
” အား…ဟင့်…”
ဓားပြဗိုလ်၏အားပါသောရိုက်ချက်ကြောင့် မိန်းကလေး ခမ်ာ မြေပေါ်သို့ပုံလျက်လဲကျသွား၏။ ရွာသူရွာသားများလည်း မတော်လှန်နိုင်သဖြင့် အံကြိတ်ကာငြိမ်နေကြရ၏။
” ပြော…မပြောရင် ဒီမိန်းကလေးကို ငါမင်းတို့ရှေ့မှာတင် ပစ်သတ်လိုက်မှာနော်…”
” မလုပ်ပါနဲ့… ကျွန်မသမီးလေးကို မသတ်ပါနဲ့ရှင့်…အစိုးရကိုဘယ်သူမှမတိုင်ရပါဘူးရှင့်…”
ဆိုပြီး ဓားပြ၏ရှေ့သို့ ဒူးထောက်လျက်ရွေ့လာပြီး ဓားပြဗိုလ်၏ခြေထောက်ကိုဖက်၍တောင်းပန်နေရှာ၏။
” သြား…သွားစမ်း…”
” အေမ…”
” ရှင်…ကျွန်မအမေကို ဘယ္လိုလုပ္လိုက္တာလဲ…”
ဓားပြဗိုလ်မှာ မိန်းကလေး၏မိခင်ဖြစ်သူကို ခြေထောက်ဖြင့်ကန်လိုက်ရာ အဖွားအိုမှာအနောက်သို့ လှန်လဲကျသွား၏။
” လာငိုပြမနေကြနဲ့ နားညီးတယ် …ခုငါတို့စခန်းကလူတွေဘာမှမစားရသေးဘူး…အဲဒီတော့ငါတို့အတွက် ဟင်းကောင်းကောင်းနှင့် အရက်တွေရအောင်လုပ်ပေး…ပြီးရင် ဆက်ကြေးတွေလာပေးကြ…”
” ဟင်…ဆက်ကြေးပေးရမဲ့သတ်မှတ်ရက်မရောက်သေးဘူးလေဗိုလ်လေး…”
” ရောက်ရောက်မရောက်ရောက်ပေးရမှာဘဲ…စခန်းမှာဘာမှစားစရာမရှိတော့ဘူးအကုန်ပြာကျကုန်ပြီ…”
” ကျွန်တော်တို့်ရွာသူရွာသားတွေလည်း အဆင်မပြေကြသေးလို့ပါဗိုလ်လေးရယ်…ဆက်ကြေးတွေအချိန်မှီဆက်ရဖို့ အသည်းအသန်စုဆောင်းနေကြတုန်းမို့ပါ…”
” မလိုချင်ဘူး… ရရာယူရမွာဘဲ…ကဲရွာသူရွာသားတွေ ငါပြောတာအားလုံးကြားတယ်နော်…ခုချက်ချင်းဆက်ကြေးယူလာခဲ့ကြ..ထွက်ပြေးဖို့မကြိုးစားနဲ့…ငါ့သေနတ်ပြောင်းကလူမရွေးဘူးနော်…”
” ဒိုင်း…ဒိုင်း…”
ဓားပြဗိုလ်ကပြောရင်းဆိုရင်း သေနတ်ဖောက်လိုက်ပြန်၏။
” သွားလေ..ဆက်ကြေးတွေသွားပြန်ယူလာခဲ့ကြ…တစ်နာရီအတွင်း ဆက်ကြေးအုပည့်အစုံငါ့အရှေ့ရောက်နေတာဘဲမြင်ချင်တယ်..သူကြီးထမင်းချက်ထား…”
” ဟုတ်…ဟုတ်ဗိုလ်လေး…”
” ဟား…ဟား..ဟား..ငပြူး လက်ကျန်အရက်ယူလာကွာ…”
” ဟုတ်ဆရာ…”
ရွာသူရွာသားများလည်း သူ့အိမ်ကိုယ့်အိမ်ပြန်ပြီး ဆက်ကြေးများပြန်ယူကြ၏။ သူကြီး၏အိမ်တွင်လည်း အရက်ဝယ်သူဝယ်၊ထမင်းဟင်းချက်သူချက်ဖြင့် အလုပ်ရှုပ်နေကြ၏။ သူကြီး၏အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ကား ဓားပြဗိုလ်မင်းခေါင်နှင့်တပည့်တပန်းများက သေရည်သောက်စားမူးရူးနေကြ၏။
” ဟေ့ကောင်တွေ…သတ်မှတ်နာရီချိန်ထက် ပိုတော့မယ် ရွာသူရွာသားတွေတစ်ယောက်မှ မလာကြသေးပါလား..သွားကြကွာ…ရွာသူရွာသားတွေရဲ့အိမ်ထဲဝင်မွှေလိုက်…ရတာယူခဲ့ကြကွာ…တောက်! ”
” ဟားဟား…ဟား…ဟုတ်ဆရာ… ”
ဆိုပြီး သူကိုယ်တိုင်ရွာထဲဝင်ကာပတ်မွှေကြ၏။
” မ..မလုပ်ပါနဲ့ရှင်…ဒါလေးကအမေ့ဆေးဖိုးလေးမို့ပါ…မယူကြပါနဲ့ရှင်…”
” ဟာ…ပေးဆိုပေးကွာ…ဖြန်း..ဖြန်း…”
” ဟင့်…”
” မလုပ်ပါနဲ့ ဒါငါတို့ကလေးမီးဖွားစရိတ်မို့ပါဗျာ…ရှိကြီးခိုးပါရဲ့…မိန်းမလည်းကိုယ်ဝန်နေ့စေ့လစေ့မို့ပါ…”
” အဲဒါငါတို့အပူတပြားသားမှမပါဘူး…ပေးလာခဲ့..ရှိတာတွေအကုန်ပေးလာခဲ့…”
” မပေးနိုင်ဘူးကွာ…ဒါငါ့မိန်းမမီးဖွားစရိတ်တွေ…ငါမပေးနိုင်ဘူး…”
” မေပးဘူးလား..ကဲဟာ…”
” ဒုတ်..”
” အင့်…”
ဓားပြဗိုလ်ကဘမောင်၏နားထင်အားသေနတ်ဒင်ဖြင့် ထုချလိုက်၏။ ကိုဘမောင်၏နားထင်မှ သွေးများပန်းထွက်လာပြီး လူလည်းဘေးသို့လဲကျသွား၏။
” အသာတကြည်တောင်းတာမပေးချင်ဦး…ကောင်မ…နင့်နားကပ်ချွတ်လိုက်စမ်း…”
” ကိုမောင်…ကိုမောင်…ထပါဦး…ကိုမောင်ရဲ့…”
” ရှင်တို့လူယုတ်မာတွေ…ရှင်တို့ကသူများမျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့လူယုတ်မာတွေ…ငါ့နားကပ်လည်းမပေးနိုင်ဘူး…”
” ဖြန်း…ဖြန်း…”
” အား….”
” မင်းနားကပ်ချွတ်ပေးလို့ပြောနေတယ်…”
” မပေးနိုင်ဘူး…ငါ့ယောကျာ်းကိုလည်းနင်တို့သတ်တယ်…ငါပိုင်တဲ့ပစ္စည်းတွေလည်းနင်တို့ယူဖို့ကြံစည်တယ်..ငါမပေးနိုင်ဘူး…”
” သေစမ်းကောင်မ…ကဲဟာ…ဒီလောက်ထိမှသေချင်နေရင်လည်း…”
” ဗုန်း…”
” အား…”
ဓားပြကောင်က မကြူအားဆောင့်တွန်းလိုက်ရာ အနောက်ဖက်ရှိတိုင်နှင့် ဆောင့်မသွားပြီး နဖူးပေါက်သွားတော့၏။ နီရဲစေးပျစ်သောသွေးများ မျက်နှာပေါ်သို့စီးကျလာ၏။
” အား…ကျွတ်…ကျွတ်…ကျွတ်….ကို…ကိုမောင်ရေ..အကြူှဗိုက်နာလာပြီ…ထပါဦး ကိုမောင်ရဲ့…”
အေရးထဲ ဗိုက်ကနာလာပြီး ကလေးမွေးချင်သလိုလိုဖြစ်သွား၏။ ဓားပြကောင်ကား မကြူ၏နားကပ်ကိုအတင်းဆွဲဖြုတ်ယူလိုက်ရာ မကြူ၏နားကိုအတင်းဆွဲယူလိုက်ရာနားပြတ်သွားတော့၏။ ကျန်စိန်နားကပ်တစ်ရံကိုကားသူမ၏ထဘီထိပ်စထဲထည့်ပြီးဝတ်ထား။
” အား….အေမ့…”
” သေပေတော့…ငါအသာတကြည်တောင်းတာမပေးချင်ဦး….ဟား…ဟား…..ဟား”
ဆိုပြီးအော်ရီကာ နောက်တစ်အိမ်သို့ကူးသွား၏။ ရွာထဲတွင်လည်း ကလေးသူငယ်များ၊မိန်းမပျိုလေးများနှင့်သက်ကြီးရွယ်အိုတို့၏ အော်ဟစ်ငိုယိုသံများ ကမ္ဘာပျက်နေသကဲ့သို့ကြားရ၏။ ထို့အပြင်လူယုတ်မာအဖွဲ့တို့၏ခြောက်ကပ်သော အော်ရီသံများ။
မကြူသည်မိမိ၏ဒဏ်ရာကိုသတိမရတော့ဘဲ လင်ဖြစ်သူအနားဒရွတ်တိုက်ရွေ့သွားကာ
” ကိုမောင်..ကိုမောင်ရေ…ထပါဦး…အကြူရေမွှာပေါက်နေပြီ…ကလေးမွေးတော့မယ်…အား…အေမေရ….”
အောက်ပိုင်းတစ်ခုလုံးမှာလည်း သွေးများစိုရွဲှနေ၏။
” မီး…မီးလောင်နေပြီ…ပြေးကြ…ပြေးကြ…”
” ဟီး…အေမ…အေမေရ…”
” အမေလး…ငါတို့ရဲ့အိမ်လေး…”
” ပြေးကြ…ပြေးကြ…မီးတွေအရမ်းအားကြီးလာပြီ….”
” ဟား….ဟား…ဟား….ဟား..”
ရွာသူရွာသားတို့၏ အမေပျောက်၊သားပျောက်အော်ခေါ်သံများ၊အိုးအိမ်ပစ္စည်းများကို နှမြောတသ သံများ၊ဓားပြတို့၏ ကျေနပ်နေသံတို့ကို မကြူ မကြားတချက်ကြားတချက်။ သူသိသည်မှာကား ဗိုက်ထဲမှမိမိရင်သွေးလေးကိုသာ အားစိုက်ပြီး မွေးနေ၏။
တစ်စတစ်ဖြင့် ရွာထဲတောက်လောက်နေသောမီးမှာ သူမ၏အိမ်တံစက်မြိတ်သို့ရောက်လာချေပြီ။ ယခုထိကေလးမွာ မီးဖွား၍မရသေးချေ။
” ဖျစ်…ဖျစ်…ဖျစ်…”
” ဖောင်း….”
” ဝုန်း…”
မီးကြောင့်အိမ်ထဲရှိအသုံးအဆောင်ပစ္စည်းတို့ပေါက်ကွဲသံများ၊အိမ်ခေါင်မိုးမှထုတ်တန်းတို့ ပြုတ်ကျသံများကိုလည်း သူအတိုင်းသားမြင်တွေ့ကြားနေရ၏။ သို့သော်သူမထပြေးဖို့အားမရှိတော့ချေ။ သူမအလွန်ပင်ပန်းနေပြီဖြစ်သည်။ နောက်ဆုံးကျန်ရှိသောအားဖြင့် ရင်သွေးလေးကိုရအောင်မွေးထုတ်လိုက်သည်။
” အား….အေမ့…”
” အူဝဲ…အူဝဲ…”
မိမိ၏ခြေရင်းတွင်ယက်ကန်ယက်ကန်ငိုနေသောရင်သွေးငယ်လေးကိုပွေ့ချီရင်း လင်ယောကျာ်း၏လက်မောင်းပေါ်ခေါင်းအုံးမှီအိပ်ကာ သေဖို့စောင့်နေရှာ၏။ မီးသည်အိမ်တံစက်မြိတ်မှ စတင်လောင်ကျွမ်းလာရာတဖြည်းဖြည်းဖြင့်မကြာမှီအချိန်အတွင်းသူတို့သားအမိသားအဖဆီသို့ရောက်လာပြီး နောက်ဆုံးကလေးငိုသံသည် မီးပုံကြားထဲ ဝေဝါးပျောက်ကွယ်သွားတော့သည်။…။
******************************
သာယာကုန်းရွာ၏လှပသောမနက်ခင်းတစ်ခု၌ ဖိုးမောင်အမည်ရလူတစ်ယောက်သည် ရေတံပိုးကိုထမ်းရင်း ရွာလယ်ရေတွင်းသို့ရေခပ်ဆင်းလာ၏။ ဖိုးမောင်တွင်မိခင်အိုကြီးနှင့် ညီမလေးတစ်ယောက်ရှိသည်။ အလုပ်ကြိုးစားသောကိုဖိုးမောင်ကို ရွာထဲရှိမိန်းမပျိုလေးများ မျက်စိကျကြသည်။ သို့သော်ကိုဖိုးမောင်ကား မိခင်နှင့်ညီမလေးအတွက်အလုပ်ကြိုးစားရင်း မိမိ၏နှလုံးသားရေးရာကိစ္စကို မေ့ပစ်ထားသည်။
ရွာထဲတွင်ဖိုးမောင်ကဲ့သို့လူလိမ္မာများရှိသကဲ့သို့ တာတီးဟူသောလူ့ငနွားအဖွဲ့လည်းရှိ၏။ တာတီးတို့အဖွဲ့သည် ရွာထဲတွင်သောက်စားမူးရစ်ရင်း ပြဿနာပတ်ရှာသည်။ ရွာထဲရှိဖဲဝိုင်း၊အရက်ဝိုင်း၊ကြက်ဝိုင်းတို့တွင် ရန်ဖြစ်သံကြားသည်နှင့် ပြေးကြည့်စရာမလိုဘဲ တာတီးတို့အုပ်စုဖြစ်မှန်း ခန့်မှန်းနိုင်သည်။
တစ်နေ့ဖိုးမောင်၏ညီမ အေးသောင်းက ရွာလည်ရေတွင်းသို့ရေခပ်ဆင်းလာရာ လမ်းခုလတ်၌ တာတီးတို့ငမူးအုပ်စုနှင့်ပက်ပက်းတိုး၏။ အေးသောင်းကထိုငမူးအုပ်စုနှင့်လွတ်အောင်ရှောင်သော်လည်း မရခဲ့ချေ။
” သောင်းလေးရေ…ကိုတာတီးလေ…သောင်းလေးကိုချစ်လို့ပါ…ကို့မေတ္တာကိုလက်ခံပေးပါနော်…”
” ကိုတာတီး… ရှင်မူးရင်ကိုယ့်ဘာသာကိုအေးဆေးနေပါ…ကျွန်မကိုလာမနှောင့်ယှက်နဲ့…”
” ကိုယ်နှောင့်ယှက်နေတာမဟုတ်ပါဘူး..အသောင်းလေးရယ်…ကိုယ့်အချစ်တွေပေးနေတာပါဗျာ…အဟဲ…..”
တာတီးကပြောပြောဆိုဆို မအေးသောင်း၏လက်အား လှမ်းကိုင်လိုက်၏။
” ရှင်အရမ်းလွန်လာပြီနော် ကိုတာတီး….လွှတ်…ငါ့လက်ကိုလွှတ်…”
” မလွှတ်ပါရစေနဲ့ သောင်းလေးရယ်…ကိုသောင်းလေးကိုအရမ်းချစ်….”
” ဒုတ်…”
” ခွပ်…”
” အား…”
တာတီးပြော၍ပင်စကားမဆုံးသေး လက်သီးကြီးတစ်ခုက သူ့မျက်နှာပေါ်သို့ ခပ်ပြင်းပြင်း ကျရောက်လာပြီး တာတီးမှာအရှိန်မထိန်းနိုင်ဘဲဘေးသို့ယိုင်ထွက်သွား၏။
” ဟာ…”
” ဟင်အစ်ကို…”
တာတီး၏သူငယ်ချင်းများ တာတီးကိုဆွဲထူ၏။ အေးသောင်းကား အစ်ကိုဖြစ်သူထံပြေးလာ၏။
” မင်းတို့ကောင်တွေ မူးရင်လည်းအေးဆေးနေ…ငါ့ညီမကိုဆွဲလားရမ်းလား လာမလုပ်နဲ့…”
” ဟား…ဘယ်သူများလဲလို့ကွာ…အေ့….ယောက်ဖပါလား…ဒီမယ်ယောက်ဖ မင်းညီမကိုငါချစ်တယ်ကွာ…အဲဒါမင်း….”
” တော်တော့ဟေ့ကောင်…ငါ့ညီမကိုမင်းထိရဲထိကြည့် သေမယ်သာမှတ်….”
” မင်းလိုကောင်ကများ ငါ့တို့ကိုပြန်အာခံရဲတာလားဖိုးမောင်…ဟမ်…ဟေ့ကောင်တွေ ပညာပေးလိုက်စမ်းကွာ…အေ့…”
” က်ား….”
” ဒုတ်…”
” ခွပ်…”
အမူးသမားနှစ်ယောက် ပြေးလာပြီး ဖိုးမောင်ကိုလက်သီးဖြင့်ထိုး၏။ ဖိုးမောင်ကညီမဖြစ်သူကို ဘေးသို့ခဏပို့လိုက်ပြီး သူကိုယ်တိုင်လက်သီးချက်များကို အသာရှောင်လိုက်၏။ အမူးသမားတို့ကား ဘေးသို့လည်ထွက်မှောက်လဲကုန်၏။
” ဟေ့ကောင်…မင်းလူပါးမဝနဲ့…ကဲဟာ….”
” ဒုတ်…”
” အင့်….”
တာတီးက တပည့်ဖြစ်သူများသုံးစားမရသည်ကိုကြည့်ပြီး သူကိုယ်တိုင်လမ်းဘေးမှ တုတ်တစ်ချောင်းကိုလှမ်းဆွဲလိုက်ပြီး ဖိုးမောင်၏ခေါင်းအား ဒုတ်ခနဲမြည်အောင် ရိုက်လိုက်ရာ ဖိုးမောင်၏ခေါင်းဟက်တက်ကွဲသွားပြီး သွေးများစီးကျလာတော့သည်။
” ဟင်…အစ္ကို…”
” ဟာ…ကိုတာတီးလက်လွန်သွားပြီပြေးကြမယ်ကွ…”
အမူးသမားသုံးယောက်လုံး တာတီးလက်လွန်သွားမှန်းသိပြီး ထွက်ပြေးကြကုန်သည်။ အေးသောင်းက အစ်ကိုဖြစ်သူကိုတွဲခေါ်ပြီး အိမ်သို့ပြန်လာခဲ့သည်။
အစ်ကိုဖြစ်သူနေမကောင်းသဖြင့် အလုပ်တာဝန်များကမအေးသောင်း၏ပခုံးပေါ်သို့ကျရောက်လာသည်။ သူတို့မိသားစု၏ လယ်တောရှိရာနေရာသည်ကား ယခင်ကအင်တောရွာရှိခဲ့ဖူးသည့်နေရာဖြစ်၏။ ထိုရွာပျက်နေရာကြီးကို တောများဖုံးလွမ်းရာမှတဖြေးဖြေး တောထူလာပြီး မီးလောင်ထားသော အိမ်တိုင်ကျိုးတိုကျဲတဲများလည်း တဖြေးဖြေးဆွေးမြေ့ကုန်နေပေပြီ။ ထိုရွာဟောင်းနေရာကို နှောင်းလူတို့က နယ်မြေသတ်မှတ်ယူကြရာမှ တဖြေးဖြေးဖြင့် တောင်ယာအလုပ်ကွက်များဖြစ်လာ၏။
မအေးသောင်းတို့၏အလုပ်ကွက်လည်း ထိုရွာပျက်ထဲမှဖြစ်၏။ တစ်နေ့မအေးသောင်းတစ်ယောက် ပလိုင်း၊ပေါက်ပြား၊ထမင်းထုပ်အစုံယူပြီး တောထဲသို့အလုပ်လာလုပ်၏။ တစ်နေကုန်တနေခန်းအလုပ်လုပ်ရသော်လည်း စိတ်ထဲတစ်ခုခုကိုကြောက်သလိုလိုဖြစ်နေမိသည်။ လူကြီးသူမများပြောဖူးသည့် ရွာပျက်ကြီးနေရာတွင်အခြောက်အလှန့်ကြမ်းသည် ဆိုသောစကားကိုပြန်အမှတ်ရမိပြီး ကြက်သီးမွေးညှင်းများဖြန်းဖြန်းထလာရသည်။
” ဘာမှမရှိဘူး.. ငါ့စိတ်ကငါ့ကိုပြန်ခြောက်လှန့်နေတာနေမှာပါလေ…”
ဆိုပြီးဘေးဘီဝဲယာကြည့်ကာ အလုပ်ထဲစိတ်ပြန်နှစ်လိုက်၏။ ရွာပျက်ကြီးရှိခဲ့သည်မှာလည်းနှစ်ပေါင်းများစွာကြာနေပြီ။ ထိုရွာကိုစွဲလမ်းနေသည့်ဝိဉာဉ်တို့သည်လည်း ဘဝကူးပြောင်းကုန်နေလောက်ပြီဟုတွေးပြီး ကိုယ့်စိတ်ကိုပြန်ဖြေသိမ့်လိုက်၏။
” ညီမငယ်ရေ…ညီမငယ်…”
” ရှင်….”
ခေါ်သံကြားသဖြင့် သူမှလှည့်ကြည့်လိုက်ရာ လသားအရွယ်ကလေးလေးကိုချီထားသည့် မိန်းမတစ်ယောက်ဖြစ်နေ၏။ ထိုမိန်းမကိုကြည့်ရသည်မှာ သူတို့ရွာသူမဟုတ်ချေ။
” ဘာ…ဘာအလိုရှိလို့လဲအစ်မ…”
” ဟိုလေ…အစ်မရေဆာလို့ပါ…အဲဒါညီမလေးနားရေပါရင် နဲနဲလောက်တိုက်လို့ရမလား…”
” အူငဲ…အူငဲ…”
” ဪ…ရပါတယ်အစ်မ…ရေဗူးကဟိုးမှာလေ… ဟင်…”
သူမရေဗူးရှိရာညွှန်ပြနေတုန်း ထိုမိန်းမလက်ထဲမှကလေးငယ်သည် ထငိုလာ၏။ မအေးသောင်းလည်း ထိုကလေးငယ်ငိုနေသည်ကိုလှမ်းကြည့်ရာ ထိုငိုနေသောကလေးငယ်၏ ပါးစပ်သည်အကြီးကြီးဖြစ်သွားသကဲ့သို့သူမမြင်လိုက်ရသဖြင့် ရင်ထဲထိတ်ခနဲဖြစ်သွား၏။
ကလေးချီထားသောမိန်းမသည် ရေဗူးရှိရာသို့လာပြီးရေကိုအငမ်းမရသောက်နေ၏။ မအေးသောင်းလည်း ထိုမိန်းမအားအမှုမဲ့အမှတ်မဲ့ကြည့်နေမိသည်။ ထိုမိန်းမသည်ရေသောက်ပြီး မအေးသောင်း၏ပလိုင်းထဲရှိ ထမင်းထုပ်သို့အကြည့်ရောက်သွားသည်။
” ဟို…ဟိုလေညီမ…အစ်မပြောရမှာလည်းအားနာလိုက်တာ အစ်မကိုလေထမင်းလေးလည်းကျွေးပါလား…အစ်မအရမ်းဆာလို့ပါ…”
” အမ်…ထမင်းလည်းဆာတာလား…အစ်မဆာရင်လည်းစားလေ ညီမအိမ်ပြန်ပြီးစားလိုက်ပါ့မယ်…”
မအေးသောင်းလည်း အိမ်ပြန်ချင်နေသဖြင့် ထမင်းထုပ်ကိုထိုမိန်းမသားအမိအားကျွေးလိုက်၏။ ထိုမိန်းမသည် ထမင်းထုပ်ကိုဖြေပြီး အငမ်းမရစားသောက်နေ၏။ တစ်ခဏအတွင်း၌ ထမင်းထုပ်လေးသည်ပြောင်သလင်းခါသွား၏။ မအေးသောင်းလည်း ထိုမိန်းမကိုကြည့်ပြီး အနည်းငယ်လန့်သွား၏။
စားသောက်ပြီးသော်ထိုမိန်းမသည် ကလေးငယ်ကိုပြန်ချီပြီး မအေးသောင်းနားလျှောက်လာ၏။ ထိုမိန်းမကြီးလမ်းလျှောက်သည်မှာ မြေကြီးနဲ့မထိသကဲ့သို့ပင်။
” ညီမေလး…ဘာတွေတွေးနေတာလဲ…ဟင်း…ဟင်း….”
” ရှင်…ဘာ…ဘာမှမတွေးပါဘူးရှင့်…”
သူမငေးနေစဉ်ထိုမိန်းမကြီးက စကားလှမ်းပြောလိုက်ရာ သူမအယောင်ယောင်အမှားမှားဖြစ်သွား၏။
” တွေးနေပါတယ်…ဘာလဲအစ်မကိုကြောက်လို့လား…”
” အမ်…မ…မဟုတ်ပါဘူးရှင့်…”
” မကြောက်ဘူးလို့သာပြောနေတာ…ညီမကြည့်ရတာတမျိုးကြီးဘဲ…အစ်မလည်းစားသောက်ပြီးပြီဆိုတေ့ာ ပြန်တော့မယ်…အစ်မရွာလိုက်လည်မလားညီမလေး…”
” ရှင် …အစ်မရွာဟုတ်လား…အစ်မကဘယ်ရွာကလဲ…”
” ဒီအနီးအနားကရွာဘဲလေ…ရွာနာမည်ကအင်တောတဲ့…လိုက်ခဲ့လာ…”
မအေးသောင်းလည်း တို့ဆေးမိသွားသကဲ့သို့ဖြစ်သွားပြီး ပေါက်ပြားကိုလွှတ်ချကာ ထိုမိန်းမနောက်သို့အလိုလိုလိုက်မိလျက်သားဖြစ်သွားသည်။ သူမရောက်သည့်နေရာကား ကျေးရွာငယ်လေးတစ်ခု။ ခဏကြာသော်ထိုမိန်းမကြီးသည် သူမအားအိမ်ပေါ်သို့ခေါ်သွားပြီး နားကပ်တစ်ရံကို သူ့လက်ထဲထည့်ပေးလိုက်သည်။
” တပ်လိုက်…အဲဒီနားကပ္ကို ညီမနားမှာဝတ်ထားလိုက်…ဟင်း….ဟင်း….”
” ဟုတ်အစ်မ…”
မအေးသောင်းသည် သူမလက်ထဲရှိစိန်နားကပ်လေးအား သူမနားသို့ဝတ်ဆင်ထားလိုက်သည်။ ခဏကြာသော်ရွာထဲ၌လူတစ်စုဝင်လာပြီး ရွာသူရွာသားများလည်း ဝရုန်းသုန်းကားပြေးနေကြသည်။
” သူတို့လာပြီ…သူတို့လာပြီ…”
ထို့အပြင်သူမအနားရှိ မိန်းမသည်လည်း ကလေးကိုချီပြီး သူတို့လာပြီ ပြောကာ ပြာယာခတ်နေ၏။ မအေးသောင်းကား ဘာမှနားမလည်ချေ။
” မီး…မီးလောင်လာပြီ…ပြေးကြ…”
” ဟား…ဟား…ဟား….”
” အား….မလုပ်နဲ့…”
” အေမ…အေမ…”
မီးသတိပေးသံနှင့်အတူ ခြောက်ကပ်သောယောကျာ်းတို့၏ အော်ရယ်သံများ၊ကလေးသူငယ်တို့၏အော်ဟစ်ငိုယိုသံများ ဆူညံသွားတော့သည်။ သူမငေးကြည့်နေစဉ်မှာပင် မီးတောက်ကြီးသည် သူမရှိရာအိမ်သို့ကူးစက်လောင်ကျွမ်းလာပြီး ကလေးချီထားသောမိန်းမသည် သူမလက်ကိုလှမ်းဆွဲပြီး ထိုနေရာမှထွက်ပြေးလာခဲ့ကြတော့သည်။
မအေးသောင်းသည် ညနေ၅နာရီခန့်တွင်အိမ်သို့ပြန်ရောက်လာပြီး ပလိုင်းနှင့်ပေါက်ပြားတို့လည်းပြန်ပါမလာခဲ့ချေ။ မိခင်ကြီးဖြစ်သူမှာ သမီးဖြစ်သူမအေးသောင်းကိုကြည့်ပြီး
” အမလေးသမီးငယ်ရယ်…အလုပ်လေးတစ်ရက်ခိုင်းလိုက်တာ မျက်နှာကစူပုပ်နေတာဘဲကွယ်…ညည်းအစ်ကိုနေမကောင်းလို့ ခနဝင်လုပ်ရတာပါတော်…ကဲကဲမျက်နှာကြီးစူပုပ်မနေနဲ့…ရေသွားချိုး အဝတ်စားလဲပြီးရင် ထမင်းစားကြရအောင်…”
မအေးသောင်းကဘာမှပြန်မပြောဘဲ အခန်းထဲဝင်သွားပြီး မှန်ကိုကြည့်ကာနာကျည်းစွာပြုံးလိုက်၏။
” ငါပြန်လာပြီ…ငါဒီအချိန်ကိုစောင့်နေတာကြာပြီ…ခုတော့ငါ့အလှည့်ရောက်ပြီပေါ့…ဟင်း…ဟင်း…ဟင်း…”
ဆိုပြီးတစ်ယောက်ထဲစကားပြောနေ၏။
နောက်နေ့များတွင်လည်း မအေးသောင်းသည် မည်သူနဲ့မှစကားမပြောဘဲ ငူငိုင်ငိုင်ကြီးထိုင်နေ၏။ အစ်ကိုနှင့်မိခင်ဖြစ်သူက သမီးငယ်လေးစိတ်ဆိုးနေသည်ဟုပင်ထင်နေကြ၏။
” အေမ..ငါမိုးခေါင်တို့အိမ်သွားချင်တယ်..”
” ဟေ…ဘယ်နားကမိုးခေါင်တို့သမီးရ…”
” ဟိုလေ…မိုးခေါင်မဟုတ်ဘူးမှားလို့ တာတီးတို့အိမ်ကိုပြောတာ…”
” ဟင်…တာတီးတို့အိမ်ဘာသွားလုပ်မှာတုံးငါ့သမီးရ…အဲကောင်တွေကငါ့သမီးကိုလိုက်နှောက်ယှက်နေတာလေ…သူတို့ကြောင့်သမီးအစ်ကိုလည်း ခေါင်းဟက်တက်ကွဲခဲ့ရတာလေ…”
” သမီးသူတို့နဲ့တွေ့ချင်လို့…”
” ငါ့သမီးက သူတို့နဲ့ဘာကိစ္စတွေ့ရမှာလဲ…သူတို့က တဏှာယစ်မူးနေတဲ့ လူ့ကနွားတွေ…ငါ့သမီး…”
” အခုသွားချင်တယ်လို့…”
” ဟင်…”
တစ်ခါမှမိခင်ကိုပြန်မအော်ဖူးသော မအေးသောင်းသည် ယခုမူကား မိခင်ကိုစေ့စေ့ကြည့်ပြီး ပြန်အော်နေသဖြင့် ဒေါ်လုံးခင်လန့်သွား၏။
” ဘယ်လိုဖြစ်နေတာလဲမိအေးသောင်း…ညည်းဘဝပျက်သွားချင်လို့်အဲလို့ကောင်တွေနဲ့တွေ့ချင်နေရတာလဲ…”
မအေးသောင်းကဘာမှမပြောတော့ဘဲ ခြေဆောင့်ကာအိမ်ထဲသို့ဝင်သွား၏။ ဒေါ်လုံးခင်လည်းသမီးဖြစ်သူကိုကြည့်ပြီး အံ့ေဩန၏။
” ဒီကေလးမ ဘာဖြစ်နေတာလဲ…မိဘကိုတောင်ပြန်အော်နေတယ်…နေများမကောင်းတာလား…သားကြီးကလည်းနေကောင်းသေးဘူး…”
ဆိုပြီး အိမ်ထဲဝင်သွားသည်။ ဖိုးမောင်လည်း ဦးခေါင်းကဒဏ်ရာကြောင့်အဖျားတက်နေသည်မှာ သုံးလေးရက်ရှိနေပေပြီ။ ညီမငယ်လည်းခြံတောထဲကပြန်လာပြီးချိန်မှစပြီး အမူအရာပြောင်းလဲနေသည်။
မအေးသောင်းက မိခင်နှင့်အစ်ကိုဖြစ်သူတို့အိပ်မောကျနေချိန် တိတ်တဆိတ်ထလာပြီး ရွာထဲသို့လာခဲ့သည်။ ခွေးများကသူမကိုကြည့်ပြီး အမြီးကုတ်ကာပြေးကြ၏။ သူမကဘေးဘီဝဲယာကိုကြည့်ရင်း တာတီးတို့အရက်သောက်ရာ နေရာကိုရောက်လာခဲ့သည်။ တာတီးတို့အုပ်စုကရေချိန်ကိုက်သွားပြီး ရွာလယ်ဇရပ်ထဲတွင် ခွေးအိပ်ဝက်အိပ် အိပ်နေကြသည်။
” မင်းခေါင်…. မင်းခေါင်ထစမ်း…”
” ဟမ်…ဟင်.. ဟင်…ဘယ်…သူ…လဲ..”
ဆိုပြီးမျက်လုံးပွတ်ကာထလာ၏။
” ဟင်…သောင်းလေးပါလား…သောင်းလေးကိုယ့်ဆီလာတယ်…”
” ရှူးတိုးတိုး…. ”
မအေးသောင်းက တိတ်တိတ်နေခိုင်းရာ တာတီးသည်ဝမ်းသာအားရဖြင့် ပါးစပ်ပိတ်ပြီး
” အသောင်းလေး…ကိုတာတီးတို့ဘယ်နားသွားကြမှာလဲ..ဟိ…ဟိ…”
” လာခဲ့မိုးခေါင်….”
” ဟင်…တာတီးပါအသောင်းလေးရဲ့…ဘယ်ကမိုးခေါင်ဖြစ်ရမှာလဲ…”
” လာ…ရွာပြင်ကသစ်ပင်အောက်သွားကြမယ်လေ…”
” သြားမွာ…သြားမွာအဟိ…ဒီညေတာ့တာတီး နတ်ပြည်ရောက်ပြီဘဲ…”
ဆိုပြီး မအေးသောင်းခေါ်ရာနောက်သို့ပျော်ရွှင်စွာလိုက်သွားခဲ့၏။ ဘေးကငတိနှစ်ယောက်ကား တခေါခေါအိပ်နေဆဲပင်။
” သောင်းလေး…ကိုယ့်ကိုစောင့်ဦးလေ….အသောင်းလေးလမ်းလျှောက်တာအရမ်းမြန်တာဘဲ..ဟောဟဲ..ဟောဟဲ…”
” အမှီလိုက်ခဲ့…”
တာတီးမှာအေးသောင်းနောက်သို့အပြေးလိုက်ခဲ့သော်လည်း မမှီဘဲဖြစ်နေသည်။ တာတီးမှာဟောဟဲရှိုက်ပြီး အမှီလိုက်ခဲ့ရာနောက်ဆုံး၌ ရွာပြင်ရှိသစ်ပင်ကြီးအောက်သို့ ရောက်လာခဲ့သည်။
” သောင်း…သောင်းလေး…ဟောဟဲ…ဟောဟဲ… ကိုယ့်ကို…တ…တကယ်…ချစ်….ချစ်… ”
” မိုးခေါင်…မိုးခေါင်…ဟင်း…ဟင်း….”
” ဟင်…သောင်းလေး…ကိုယ့်ကိုဘယ်လိုခေါ်နေတာလဲ…ဟင်…”
တာတီးမှာမိမိ၏အရှေ့ရှိမအေးသောင်းကိုကြည့်လိုက်ရာ တဖြေးဖြေးရုပ်ပြောင်းသွားပြီး တခြားမိန်းကလေးတစ်ယောက်ဖြစ်သွားသဖြင့် အနောက်သို့ခြေတလှမ်းဆုတ်လိုက်၏။
” ဟား…ဟား…ဟား…နင်ငါ့ကို မမှတ်မိတော့ဘူးလားမိုးခေါင်…ငါကနင်တို့ကြောင့်သေခဲ့ရတဲ့မကြူလေ…”
” ဟင်… နင်ဘယ်သူလဲ…မိုးခေါင်ကရောဘယ်သူလဲ….”
” နင်ကဘဝတွေပြောင်းသွားတော့ ငါ့ကိုမမှတ်မိတော့ဘူးပေါ့ဟုတ်လား….ဒါပေမဲ့ ငါကမှတ်မိတယ်…ငါ့တို့မိသားစုတွေနင်တို့ကြောင့်သေခဲ့ရတယ်…ငါတို့တစ်ရွာလုံး မီးရှို့ခဲ့ခံခဲ့ရတယ်….လူ့ဘဝထဲဝင်ရောက်လာခဲ့တဲ့ငါ့ကလေးလေးနာကျင်စွာသေဆုံးခဲ့ရတယ်…ခုနင့်အလှည့်ရောက်ပြီ…ဟား…ဟား…”
ဆိုပြီး ပုံစံပြောင်းလိုက်ရာ မီးလောင်ဒဏ်ရာများဖြင့် အသားများညှော်စော်နံနေသော မိန်းကလေးဖြစ်သွား၏။ ပါးတခြမ်းမှာအသားမရှိတော့ဘဲ အရိုးပြိုင်းပြိုင်းများအထင်းသားတွေ့နေရ၏။ မျက်လုံးတစ်ဖက်မှာလည်း အပြင်သို့တွဲလောင်းဖြစ်နေပြီး ပြုတ်ကျလုမတတ်ဖြစ်နေ၏။ တာတီးသည်ထိုမိန်းကလေးကိုမြင်ပြီး
” အား…သရဲ…သရဲ…ကယ်ကြပါဦး… ကယ်ကြပါဦး… ”
ဟုအော်ပြီးပြေးနေသော်လည်း ပြေးမရဘဲဖြစ်နေ၏။
” ဟား…ဟား…ဟား…ပြေးလေ…ပြေး…ရအောင်ပြေး……လူယုတ်မာကောင်တွေ… နင်တို့အလှည့်ကျတော့ ဘယ်လိုခံစားရလဲဟမ်….”
” မလုပ်ပါနဲ့ဗျာ…ကျွန်တော်တောင်းပန်ပါတယ်…ကျွန်တော့ကိုမသတ်ပါနဲ့…”
” ဟား…ဟား….မလုပ်နဲ့ဟုတ်လား….နင့်ကိုငါ့ယောကျာ်းတောင်းပန်နေတုန်းက နင်ခွင့်လွှတ်ခဲ့လား….ပြီးတော့…ငါ့နားကပ္ကို နင့်ရဲ့ဒီလက်နဲ့ အတင်းဆွဲလုခဲ့တာလေ…”
” အား…….”
သရဲမက ပြောပြောဆိုဆို တာတီး၏လက်အား ချိုးပစ်လိုက်၏။
” ဟား….ဟား…ဘယ်လိုလဲခုတော့….ကိုယ်ချင်းစာတတ်ပြီလား…ဟား…ဟား….ဟား….”
” မ…မလုပ်ပါနဲ့….တောင်းပန်ပါတယ်…ခွင့်လွတ်ပေးပါ…”
” ငါခွင့်မလွတ်နိုင်ဘူး….နင်တို့တွေကြောင့် ငါတို့တစ်ရွာလုံးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်…ဒုက္ခပင်လယ်ဝေခဲ့ရတယ်…သေချင်တိုင်းမသေခဲ့ရတဲ့ဒုက္ခကိုနင်ခံစားကြည့်လိုက်…ရော့..”
( သေချင်တိုင်းမသေရသော ဒုက္ခသည်ကား အဆိုးရွားဆုံးဖြစ်သည်။ ရောဂါဝေဒနာမခံမရပ်နိုင်အောင်နာကျင်လှပြီး ထိုဝေဒနာ၏ပျောက်ကင်းရာအဆုံးဖြစ်သော သေခြင်းတရားကိုတောင့်တသော်လည်း ကံဝဋ်ကျွေးမကုန်သေးသ၍ သေခွင့်မရဘဲ တရိပ်ရိပ်ခံစားနေရခြင်းကိုဆိုလိုသည်)
ဆိုကာတာတီး၏ အရိုးများအားလုံးကိုချိုးပစ်လိုက်၏။
” အား…..ကျုပ်ကိုသာတစ်ခါထဲ သတ်လိုက်ပါတော့….”
” ဟား…ဟား….ငါ့ရွာပြီးမီးမြိုက်တုန်းက ဝေဒနာတွေနဲ့ငါဟာထွက်မပြေးနိုင်ဘဲ မီးရဲ့လောင်ကျွမ်းခြင်းကို ဒီလိုဘဲတမြေ့မြေ့ခံစားရင်းသေဆုံးခဲ့ရတာဟဲ့….ခုတော့နင်တို့အလှည့်ပေါ့…”
ဆိုပြီး မအေးသောင်း၏မူလရုပ်အဖြစ်ပြန်ပြောင်းကာ ရွာထဲသို့တရွေ့ရွေ့ပြန်ဝင်သွားတော့သည်။ တာတီးကားလောကငရဲကို မသေမရှင်ဖြင့်နာကျင်စွာခံစားရပြီး မိုးလင်းခါနီးအချိန်၌ သေဆုံးသွားတော့သည်။
” ရွာထိပ်မှာ တာတီးတစ်ယောက်အသတ်ခံရပြီး သေနေတာတဲ့ဟေ့……”
” ဟင်…တာတီးတို့ညက ရွာလယ်ဇရပ်မှာ သူ့အဖော်တွေနဲ့အရက်သောက်နေတာတွေ့ခဲ့သေးတယ်လေ…”
” လာတို့တွေသွားကြည့်ကြရအောင်…”
မနက်ဘုန်းကြီးဆွမ်းခံကြွချိန်လောက်၌ သာယာကုန်းရွာသူရွာသားများ အုတ်အုတ်ကျက်ကျက်ဖြစ်ကာ ရွာပြင်ရှိ တာတီးပလောင်းရှိရာသို့လာကြည့်ကြ၏။ အချို့အသည်းငယ်သူတို့ကား မကြည့်ရဲကြချေ။ အရိုးများကြေညက်နေအောင် ချိုးပစ်ခံရသောလူသတ်မှုဖြစ်၏။ မျက်လုံးလည်းအပြူးလိုက်ဖွင့်ပြီးသေနေသဖြင့် တာတီးမသေခင် ကြောက်လန့်စရာတစ်ခုခုကြုံတွေ့ခဲ့ရမည်ဖြစ်ကြောင်း ကောက်ချက်ချကြ၏။
” ဟာကြာ…ဘယ်သူကများဒီလောက်ထိ ရက်စက်ရတာလဲ…အရိုးတချောင်းမှမကျန်အောင်ချိုးထားပစ်တယ်…”
” ဟုတ်ပါ့…ဒီတာတီးဆိုတဲ့ကောင်ကလည်း ရန်သူတွေအများသားဆိုတော့ ဘယ်သူလုပ်တယ်ဆိုတာမှန်းရခက်သား….”
” သူနဲ့အတူသောက်ကြတဲ့ဖေသန်းတို့ စိုးမြင့်တို့ကိုမေးကြည့်ရင်တော့အဖြေမှန်ရလောက်တယ်…”
” အေးကွ…”
ရွာသူရွာသားများလည်းတစ်ယောက်တစ်ပေါက်ထင်ကြေးပေးကြ၏။ သူကြီးက မြို့ရဲစခန်းကိုအကြောင်းကြားလိုက်သောကြောင့် သက်ဆိုင်သူတို့က မှတ်တမ်းယူပြီး တရားခံအားစစ်ဆေးရှာဖွေကြ၏။
. မအေးသောင်းက ဓားပြဗိုလ်မိုးခေါင်ဝင်စားသော တာတီးကိုသတ်ပြီး တာတီး၏တပည့်တပန်းများကိုလိုက်ရှာသော်လည်းမတွေ့ရပေ။
” ဒီကောင်ရဲ့တပည့်တပန်းတွေဘယ်နေရာမှာလူသွားဖြစ်ကြတာလဲ…နင်တို့အကုန်လုံးကိုမသတ်ရမချင်း ငါ့အငြိုးတွေမပြေနိုင်ဘူး…”
” ညီမေလး…ဘာတွေပြောနေတာလဲ…ညီမလေးဘယ်သူ့ကိုသတ်မလို့လဲ…”+
အခန်းထဲမှ မအေးသောင်းတစ်ယောက် စကားပြောနေသည်ကို အစ်ကိုဖြစ်သူဖိုးမောင်ကြားလိုက်ရသဖြင့် ဝင်မေးလိုက်ခြင်းဖြစ်၏။
” ဪ…ဘာမှမဟုတ်ပါဘူး အစ္ကိုရ…ညီမလေးတစ်ယောက်ထဲပျင်းလို့မှန်ကြည့်ပြီးပြောနေတာပါ…အဟင်း…”
” ပြောချင်တခြားအကြောင်းအရာပြောညီမလေး…ခုလိုပြောတာညီမအတွက်အန္တာရယ်ရှိတယ်…ဟိုကောင်တာတီးသေထားတာအမှုလက်သည်မပေါ်သေးလို့ အစိုးရဘက်ကစုံစမ်းနေတာ…ညီမလေးဒီလိုတွေလျှောက်ပြောလို့ ညီမကိုလူသတ်တရားခံလို့ထင်နေမယ်…”
” ဟင်း…ဟင်း…တကယ်လည်းညီမသတ်တာလေ…”
” ဟာ…ဒီကောင်မလေး ပြောလေကဲလေပါလား…ကဲကဲ…ရေမိုးချိုးတော့…”
မအေးသောင်းကအတည်ပြောသော်လည်း အစ်ကိုဖြစ်သူက စနောက်နေသည်ဟုပင်ထင်လိုက်၏။
မအေးသောင်းသည်ရွာထဲအနေကြာလာသော် ပို၍ရဲတင်းလာ၏။ ညလူခြေတိတ်ချိန်၌ သားကောင်ကိုရှာ၍သတ်၏။ မိုးခေါင်၏တပည့်တပန်းများ ဝင်စားသည်ဟုထင်ရသော သူမှန်သမျှကိုကြီးငယ်ကျားမ မရွေးအကုန်လိုက်သတ်၏။ ဤသို့ဖြင့်သာယာဝပြောခဲ့သော သာယာကုန်းရွာလေးသည် လူသေအလောင်းတို့ထပ်ကာ ခြောက်ခြားစရာဖြစ်သွားတော့သည်။
ခြေရာဖျောက်တော်သော လူသတ္တရားခံကား ရှာမရသဖြင့် သူကြီးလည်းခေါင်းမီးတောက်ရပေပြီ။
သူကြီးလည်းလျှို့ဝှက်အဖွဲ့ကိုတိတ်တဆိတ် ဖွဲ့လိုက်၏။ ထိုအဖွဲ့ကိုသူကြီးနှင့် လျုှိ့ဝှက်အဖွဲ့သားများသာ သိ၏။
လကွယ်ညတစ်ညတွင် မအေးသောင်းသည် ဖြေဖော့နင်းပြီး ရွာထဲသို့တိတ်ဆိတ်ထွက်သွားခဲ့သည်။ လျှိုု့ဝှက်အဖွဲ့သားများလည်း မအေးသောင်းကိုမြင်သော် အနောက်မှတိတ်တဆိတ်လိုက်သွားခဲ့၏။
” ရှူးတိုးတိုး… ညကြီးမင်းကြီးဒီမိန်းကလေးရွာထဲကိုဘာလာလုပ်တာလဲ…”
” အင်း…လူသတ်တရားခံနှင့်ဒီမိန်းကလေးနှင့် ပတ်သက်မှုရှိရမယ်…”
လျို့ဝှက်အဖွဲ့ကလည်း မအေးသောင်းနောက်တဖြေးဖြေးလိုက်ခဲ့ကြ၏။ မအေးသောင်းသည် ရွာထဲမှနေ၍ ရွာပြင်သုသာန်ရှိသို့ တဖြေးဖြေး ရွေ့သွား၏။ ထိုအဖြစ်ကြောင့် လျို့ဝှက်အဖွဲ့သားများ အနည်းငယ်ကြောက်သွားကြ၏။
” ဒီမိန်းကလေးက သာမာန်လူမှဟုတ်ရဲ့လား…ဒီအချိန်ကြီး မိန်းကလေးတစ်ယောက်ထဲရွာပြင်သုသာန်ထဲဘာသွားလုပ်တာ…”
” အေးကွ…ပြောရင်းနဲ့ငါတောင်ကြက်သီးထလာပြီ…ဆက်လိုက်ကြဦးမလား…”
” မလိုက်တော့ဘူးကွ…ငါလည်းကြောက်တယ်…”
” အေးဒါဆိုငါတို့ရွာထဲပြန်ပြီး အခြေနေစောင့်ကြည့်ကြမယ်…”
လျှို့ဝှက်အဖွဲ့သားများ ရွာထဲသို့ ပြန်ဝင်သွားကြပြီးအခြေအနေကိုစောင့်ကြည့်ကြ၏။
သုဘရာဇာကြီးဦးမောင်းတစ်ယောက် သုသာန်တဲလေးထဲ၌ အိပ်မောကျနေ၏။ အကြောက်အလန့်ကင်းမဲ့သော ထိုသုဘရာဇာကြီးသည်ကား သရဲတစ္ဆေတို့နှင့်ပင်မိတ်ဆွေဖွဲ့၍နေနေသလားဟုပင် ထင်မှတ်ရလောက်အောင်ပင်။ တောခွေးအချို့က သုသာန်ထဲမှ မြေပုံမို့မို့များကိုယက်ဖွာပြီး လူသေအလောင်းများကိုဆွဲထုတ်ထားတတ်၏။ ထိုတပိုင်းတစလူသေအလောင်းများကို သုဘရာဇာကြီးက ပြန်လည်မြုပ်ပေးရ၏။
မအေးသောင်း ရွာပြင်သုသာန်ထဲသို့ရောက်သည်နှင့်ရုပ်ပြောင်းကာမကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားပြီး မြေပုံမို့မို့ရှိရာသို့ သွားပြီး လောလောလတ်လတ်သေထားသောအလောင်းများကို ထုတ်ယူစားသောက်နေ၏။ သုဘရာဇာကြီးက ညတရေးနိုးလာသော် အပေါ့သွားချင်လာသဖြင့် မီးအိမ်ကိုယူပြီးမီးညှိလိုက်၏။ ပြီးသော်တဲအပြင်သို့ထွက်ကာ အပေါ့စွန့်နေစဉ် မနေ့ကမှလာမြုပ်ထားသော ကလေးတစ်ယောက်၏ မြေပုံဘေးမှ လှုပ်လှုပ်ရှားရှားအရာကိုမြင်လိုက်ရသဖြင့် ခြောက်လှန့်မောင်းထုန်ရန် အတွက်မြေစာခဲကိုယူပြီး လှမ်းပစ်လိုက်၏။
လက်ဆမှန်သဖြင့်မြေစာခဲသည် မြေပုံဘေးရှိအရာကို တည့်မှန်သွားသည်။ ထိုအရာသည် သုဘရာဇာကြီးဘက်သို့လှည့်လာ၏။ ထိုအရာ၏မျက်စိနှစ်လုံးသည်နီရဲနေပြီး ပါးစပ်မှလည်း လက်မောင်းတစ်ခုကိုကိုက်ဆွဲထား၏။ မှုန်ပြပြအလင်းရောင်အောက်တွင် မြင်တွေ့ရသော ထိုအရာသည်ကား သရဲတစ္ဆေမကြောက်တတ်သော သုဘရာဇာကြီးပင် အသက်ထွက်လုမတတ်လန့်သွားပြီးနေရာတွင်ပင် မူးမေ့လဲကျသွားတော့သည်။
မအေးသောင်းသည်စားသောက်၍ပြီးစီးသော် သုဘရာဇာကြီးကိုတချက်မျှကြည့်ပြီး ရွာထဲသို့တရွေ့ရွေ့ပြန်ဝင်လာသည်။
” ဝူး….အီ…အီ…”
” ဝူး…”
ရွာထဲရှိခွေးလေခွေးလွှင့်တို့ကား မအေးသောင်းကိုမြင်သော် အမြီးကုတ်ပြီး အသံပင်ကျယ်ကျယ်မထွက်ရဲကြပေ။ လျှိုု့ဝှက်အဖွဲ့သားများသည် မှောင်ရိပ်ခိုပြီး မအေးသောင်းအား စောင့်ကြည့်ကြရာ ခဏ၌သူတို့၏မြင်ကွင်းထဲသို့ မအေးသောင်းရောက်ချလာသည်။
” ဟာ…ဘာကြီးလဲ…”
” မ…မေအး…သောင်း…”
” သ…သရဲ…သရဲမကြီးပါလား…”
သူတို့မြင်တွေ့ခဲ့သည်ကား မအေးသောင်းဝတ်စုံနှင့် ကြောက်စရာသရဲသဘက်မကြီးပင်။ လျိုှ့ဝှက်အဖွဲ့သားတို့ကား နေရာတွင်ပင်ကျင်ကြီးကျင်ငယ်ပါချကုန်၏။ မအေးသောင်းသည် တရွေ့ရွေ့ဖြင့်သူ့အိမ်ရှိရာသို့ပြန်သွားပြီး မူမပျက်အိပ်နေလေသည်။
နောက်တစ်နေ့တွင်ကား လျှို့ဝှက်အဖွဲ့မှ လူတို့သည် အပြင်းဖျားကာစကားမေး၍ပင်မရတော့ချေ။
ကိုဖိုးမောင်သည် မိမိ၏အိမ်၌ အပုပ်နံ့ရနေသဖြင့် အကောင်တွေများ သေ ထား၍လား ထင်ပြီး အိမ်ပေါ်အိမ်အောက်လိုက်၍ရှာနေ၏။
ယခုတလောသူတို့၏အိမ်သည် အသေကောင်ပုပ်နံ့ရနေ၏။ ညီမဖြစ်သူကလည်း အိမ်ထဲမှအိမ်ပြင်သို့ပင်မထွက်ဘဲ အစားအသောက်လည်း မရှိချေ။ အိမ်ခန်းထဲသို့လည်း မည်သူမျှအဝင်မခံဘဲ တခါးဂ်က္ထိုးထား၏။
တစ်နေ့မောင်ရေခဲသည် ဝိဇ္ဇာလောင်းလျာကိုကူညီပေးပြီး တာဝန်အရ သာယာကုန်းရွာသို့ရောက်ရှိလာခဲ့သည်။ ရွာထဲသို့ မဝင်မှီကပင် မကောင်းသောအငွေ့အသက်ကိုရနေ၏။
” ကဲထင်ပေါ်ရေ…ဒီကောင်ကအတော်စွမ်းအားကြီးနေပြီ…သူ့ရဲ့ဂလဲ့စားချေလိုစိတ်က သူ့ရဲ့အသိဉာဏ်အားလုံးကို ဖုံးလွှမ်းထားလိုက်ပြီကွ…”
” ဟင်…အဲလောက်တောင်လားဆရာ…”
” အေးကွ…သူသတ်လို့သေခဲ့တဲ့လူတွေလည်းပုံနေပြီ…ငါတို့အမြန်မကယ်ရင် ဒီရွာပျက်သုန်းသွားရတော့မှာ…”
” ကြောက်စရာပါလားဆရာ…”
” အေးကွ..ဂလဲ့စားချေလိုစိတ်က အရမ်းကြောက်စရာကောင်းတယ်…ခုငါတို့တွေသုသာန်ထဲဝင်ပြီး သုဘရာဇာကြီးကိုအရင်ကယ်တင်ရမယ်…”
မောင်ရေခဲတို့လည်း ရွာထဲသို့အရင်မဝင်သေးဘဲ သုသာန်ဇရပ်ထဲသို့အရင်ဝင်လာခဲ့ကြ၏။ မောင်ရေခဲတို့ဆရာတပည့်ဝင်လာသည်ကိုမြင်သော်သုသာန်ထဲရှိ သရဲ၊တစ္ဆေ တို့က မောင်ရေခဲ၏ ကိုယ်ရှိန်ကိုယ်ဝါကြောင့် ခပ်ဝေးဝေးသို့သွားကြကုန်၏။ သုဘရာဇာကြီးမှာ မောင်ရေခဲတို့ကိုမြင်သော် ကြောက်လန့်တကြားဖြင့် ထပြေးရန်ကြံ၏။ မောင်ရေခဲက သုဘရာဇာကြီးကို ကြည့်ပြီး
” ငါတို့ကသင့်အသက်ကိုကယ်တင်မဲ့သူပါ…မကြောက်ပါနဲ့ဦးကြီး”
” ဟင်…သ..သရဲမေကာ…”
” သူမရှိဘူး…”
” ဟင်…နင်တို့ကဘယ်သူတွေလဲ…”
” ငါတို့က နယ်လှည့်ပြီး မကောင်းသူပယ်၊ကောင်းသူကယ်နေတဲ့သူတွေပါ…အခုသင့်ကိုကယ်တင်ရမဲ့ရေစက်ပါလာလို့ ဝင်ရောက်လာရခြင်းပါ…”
” ကဲထင်ပေါ်…သူ့ကိုရေမန်းတိုက်ပြီး လိက်ပြာချုပ်အင်းပါတဲ့လက်ဖွဲ့ကို ချည်ထားပေးလိုက်…”
” ဟုတ်ဆရာ…”
ဆိုပြီး မောင်ထင်ပေါ်က လွယ်အိတ်ဖြူဖြူလေးထဲမှ ဆေးရေမန်းအချို့ကိုထုတ်ပြီး သုဘရာဇာကြီးကိုတိုက်လိုက်၏။ လိပ်ပြာချုပ်ကြိုးကိုလည်း လက်မောင်းတွင်ချည်ထားပေးလိုက်၏။
” နေရထိုင်ရသက်သာသွားပြီလားဦးကြီး”
” အင်း…နည်းနည်းတော့အကြောက်ပြေသွားပြီ…ကျေးဇူးတင်ပါတယ် ဆရာလေးတို့ရယ်…ငါ့လူသေတွေနဲ့နေလာတဲ့တသက်လုံး ဒီလောက်ကြောက်ဖို့ကောင်းတဲ့မကောင်းဆိုးဝါးမျိုးမတွေ့ဖူးသေးဘူးကွ…”
” အင်း…ဒီမိစ္ဆာက အလွန်အငြိုးကြီးတဲ့သူမို့ပါ…”
” ကျုပ်တို့ရွာကိုကယ်တင်ပေးပါဆရာလေးတို့်ရယ်…ရွာကလူတွေ သေဆုံးကြရတာလဲ သူ့ကြောင့်လို့ ကျုပ်ထင်မိတယ်ဗျ…”
” ဟုတ်တယ်..သူကသူ့ကိုဒုက္ခပေးခဲ့သမျှလူတွေကိုလိုက်သတ်နေတာ…”
” ကဲအချိန်မရှိဘူး…ဦးကြီးဦးဆာင်ပြီး ကျုပ်တို့ကို ရွာထဲခေါ်သွားပေးပါ…”
” ခေါ်သွားမှာပေါ့ဗျာ…လာခုဘဲသွားကြစို့…”
သုဘရာဇာကြီးဦးဆောင်ပြီး မောင်ရေခဲ တို့သည်ရွာထဲရှိသူကြီး၏အိမ်သို့ဦးတည်လာခဲ့၏။
” ဗျို့သူကြီးရေ…သူကြီး…ကျုပ်ကသုဘရာဇာကြီးဦးမောင်းပါဗျ…ဝင်လာခဲ့မယ်နော်…”
သုဘရာဇာကြီးဟူသောအသံကြောင့် သူကြီးကတော်ဒေါ်ညွှန့်က မျက်မှောင်ကုတ်ပြီး
” နမိတ်နမာမရှိတဲ့လူကြီး ရွာထဲဝင်လာပြီဆိုတော့ရွာထဲဘယ်သူထပ်သေဦးမှာလဲမသိဘူး…”
” မင်းစကားကိုကြည့်ပြောမညွှန့်…သုဘရာဇာလည်းလူဘဲ…သူကြားသွားရင်မကောင်းဘူး…”
” အို…ကြားကြားတော်…လူသေတွေကိုင်တဲ့လူက နမိတ်နမာမရှိတဲ့လူမဟုတ်လို့ ဘာလဲ…….”
သူကြီးကဇနီးဖြစ်သူအား ဆုံးမနေသော်လည်း သူကြီးကတော်ကဆတ်ဆတ်ထိမခံကက်ကက်လန်အောင်ပြန်ပြော၏။ အိမ်ထဲ၌သူကြီးလင်မယားတို့ပြောသောစကားကို ခြံဝရှိသုဘရာဇာကြီးတို့ကြားလိုက်ပြီး သုဘရာဇာကြီး၏မျက်နှာမှာညိုးနွမ်းသွား၏။ သူကြီးကအိမ်ထဲမှထွက်လာပြီး
” ဪ…ဘယ်သူများလဲလို့ ဦးမောင်းပါလား…ဧည့်သည်လည်းပါလာတာကိုးလာဗျအိမ်ထဲ…”
” ဒီကဧည့်သည်တွေကိုဘဲ ဧည့်ခံလိုက်ပါသူကြီးရေ…ကျုပ်ကဒီမှာဘဲစောင့်နေမယ်ဗျ..”
” ဟာ…မဟုတ်တာဦးမောင်းရာ…လာလာအိမ်ထဲလာ…လာလူလေးတို့…”
သူကြီးကအတင်းခေါ်လိုက်မှ သုဘရာဇာကြီးဦးမောင်းက အိမ်ထဲသို့ မဝံ့မရဲလိုက်ဝင်လာ၏။
” အကြမ်းရေတွေမုန့်တွေသုံးဆောင်ကြ…ဒါနဲ့ဒီကဧည့်သည်တွေက ဘယ်သူတွေလဲဦးမောင်းရ…”
” သူတို့ကကျုပ်တို့ရွာကို ကယ်တင်ပေးမဲ့သူတွေပါသူကြီး…”
” ဟေ…ငါနားမရှင်းဘူးကွဲ့…”
” ဒီလိုပါသူကြီး…”
ဆိုပြီး သုဘရာဇာကြီးဦးမောင်းက သူကြုံတွေ့ခဲ့ရသမျှကိုသူကြီးအားရှင်းပြပေးလိုက်၏။
” ဟင်…ရွာထဲကဖိုးမောင်ရဲ့ညီမက လူသတ္တရားခံဟုတ္လား…”
” အင်း…အဲဒီခန္ဓာပိုင်ရှင်လုပ်တာမဟုတ်ဘူး…အငြိုးကြီးတဲ့ဝိဉာဉ်တစ်ကောင်ကလုပ်တာဗျ…”
” ဟေ…ဦးကြီးဖြင့်နားကိုမလည်နိုင်ပါဘူးတူမောင်တို့ရာ…”
” ဒါကဖြစ်ခဲတဲ့ကိစ္စပါသူကြီး…အချိန်မရှိတော့တာမို့ ကျုပ်တို့ကိုအဲမိန်းကလေးအိမ်ကိုခေါ်သွားပေးပါဗျ…”
” အေးအေး…ခုဘဲသွားခေါ်သွားပေးမယ်ကွယ်…”
ဆိုပြီးမောင်ရေခဲတို့လူတစ်စု မအေးသောင်းတို့အိမ်သို့လာခဲ့ကြ၏။ ကိုဖိုးမောင်က သူကြီးတို့ကိုမြင်သော်
” ဟာသူကြီး…ဘာကိစ္စရှိလို့လဲဗျ…လူစုံတက်စုံပါလား…လာအိမ်ပေါ်ကြွကြပါဗျာ…”
” အေး…မအေးသောင်းကောရှိလားကွဲ့….”
” ရှိတယ်သူကြီး..လာအိမ်ပေါ်ကြွကြ…”
မောင်ရေခဲလည်း ထင်ပေါ်ကိုကြည့်ပြီး လုပ်ဆောင်ရမည့်မရာကိုမနောဖြင့် ပြောလိုက်၏။ ထင်ပေါ်ကဆရာဖြစ်သူအမိန့်အတိုင်း အိမ်ပတ်ပတ်လည်ကိုစည်းတားထားလိုက်သည်။
မောင်ရေခဲ ကအိမ်ပေါ်သို့တက်ပြီး ဘုရားရှိခိုးအမျှဝေ၏။ ကိုဖိုးမောင်၏မိခင်ကား မောင်ရေခဲတို့ကိုအထူးအဆန်းကြည့်၏။ သူကြီးနှင့်သုဘရာဇာကြီးတို့်ကား ဘေးမှတ်တိတ်တဆိတ်ထိုင်နေ၏။ ဘုရားရှိခိုးခြင်းအမှုပြုပြီးသော် မောင်ရေခဲသည် တင်ပလ္လင်ခွေကာ ထိုင်လိုက်ပြီး
” သင်အထဲခန်းမှာရှိနေတာငါသိတယ်…ထွက်လာခဲ့ပြီး ငါ့အရှေ့မှာလာထိုင်ချေ…”
မောင်ရေခဲထိုသို့ပြောသော်လည်း အထဲမှလှုပ်ရှားသံမကြားရချေ။
” မကြားဘူးလား… ခုချက်ချင်းငါ့အရှေ့လာထိုင်စမ်း…”
” ဝုန်း….”
မောင်ရေခဲကထပ်မံခေါ်လိုက်မှ မအေးသောင်းသည် တံခါးကိုဝုန်းခနဲဖွင့်ပြီး ခြေဆောင့်ကာ တင်ပလ္လင်ချိတ်လာထိုင်၏။
” ပြန်ပြောင်းထိုင်စမ်း…ဒူးထောက်ပြီးထိုင် ပြီးရင်ဘုရားကိုဦးချချေ…”
” မလုပ်နိုင်ဘူး… ထွိး…”
” အာခံတယ်ပေါ့…ဟုတ္စ…ကဲ… ပြောင်းထိုင်စမ်း…”
မောင်ရေခဲကထပ်မံအမိန့်ပေးလိုက်မှ ပြောင်းထိုင်၏။ လျှာစက်အာစက်အစွမ်းကြောင့် သူမနာမခံဘဲမနေနိုင်။
” ပြီးရင်ဘုရားကို ထိခြင်းငါးပါးနှင့်ဦးချ…”
မောင်ရေခဲကိုစေ့စေ့ပင်မော့မကြည့်ရဲဘဲ ဘုရားကိုဦးခ်၏။
” ရပြီလား…ကဲဖြေ…နင်ဘယ်သူလဲ…ဘာအတွက် ဒီခန္ဓာရှင်ကိုမှီတွယ်နေရတာလဲ…”
” ငါကမအေးသောင်းဘဲ…”
” ညာတယ်…ခန္ဓာရှင်ကစိတ်ထားနူးညံ့တာလူတိုင်းသိတယ်…နင်တခြားလူတွေကိုညာရင်ညာလို့ရမယ်…ငါ့ကိုတော့ညာလို့မရဘူး…နင့်ရဲ့မူလခန္ဓာကိုငါမြင်နေရတယ်…ဖြေစမ်း…”
” မဖြေနိုင်ဘူး…”
” ဝုန်း…”
မအေးသောင်းသည် မောင်ရေခဲကိုပြန်အာခံရင်း ဝုန်းခနဲထကာအောက်သို့ဆင်းပြေး၏။
” အား….”
တစ္ခဏ၌ အားခနဲအော်ပြီးဟိုပြေးသည်ပြေးလုပ်နေ၏။
” ပြန်လာခဲ့…အိမ်ပေါ်ကိုပြန်လာခဲ့ခုချက်ချင်း…”
မောင်ရေခဲကအမိန့်ပြန်လိုက်ရာ မအေးသောင်းလည်း အိမ်ပေါ်သို့ကုတ်ကုတ်လေးပြန်တက်လာ၏။
” ထွက်ပြေးလို့ရမယ်ထင်နေလား…ပြန်ထိုင်…”
” ကဲခုဖြေ…မင်းဘယ်သူလဲ… ”
” ငါ…ငါ…မကြူပါ…”
” မကြူ…မကြူကဘာကိစ္စလူတွေလိုက်သတ်နေရတာလဲ …”
” အဲကောင်တွေကငါနဲ့ငါ့ရွာကို ဖျက်ဆီးခဲ့လို့…”
” ရွာကိုဖျက်ဆီးခဲ့တယ်…ဘယ်ရွာကိုဖျက်ဆီးခဲ့တာလဲ…”
” အင်တောရွာလို့ခေါ်တယ်…ခုတော့ဟိုကောင်တွေလက်ချက်ကြောင့် ရွာကမရှိတော့ဘူး…”
” ဟင်…ရွာပျက်ကြီးနာမည်ဘဲ…”
သူကြီးကပြောလိုက်ခြင်းဖြစ်၏။
” အင်တောရွာဟုတ်လား…အဲဒီရွာကပျက်သွားတာနှစ်ပေါင်းအတော်ကြာနေပြီလေ…အဲဒီကိစ္စထဲပါတဲ့ဓားပြတွေလည်း သေလွန်လို့ဘယ်ဘဝရောက်နေမှန်းတောင်မသိတော့ဘူးလေ…”
” ဟုတ်တယ်…ငါတို့ရွာလေးပျက်စီးသွားခဲ့တာကြာပြီ…ဒါပေမဲ့သူတို့ငါ့ရွာကိုမီးရှို့ဖျက်ဆီးပစ်ခဲ့ကြတာ မနေ့တစ်နေ့ကလိုဘဲ…”
” ဒါကအတော်ကြာခဲ့ပြီဘဲ…ဘာလို့အငြိုးတွေထားပြီး ကိုယ့်ကိုယ်ကိုပိတ်လှောင်ထားရတာလဲ..”
” ငါသူတို့ကိုဂလဲ့စားချေဖို့စောင့်နေတာ အတော်ကြာပြီ…သူတို့ဘယ်ဘဝရောက်ရောက်ငါပြန်သတ်မှာ…”
” တယ်လဲအငြိုးကြီးတာဘဲ…အင်တောကနေဒီကိုဘယ်လိုရောက်လာတာလဲ…”
” ဒီကောင်မလေးနဲ့လိုက်လာတာ…ဒီကောင်မလေးက ကံအတော်နိမ့်တာတွေ့တော့သူနဲ့ကပ်ပြီးပါလာတာ…”
” ခုသင့်အပြစ်တွေအရမ်းများသွားပြီဆိုတာ သင်တွေးမိရဲ့လား…”
” ငါလုပ်ခဲ့တာအပြစ်ဖြစ်တယ်ဆိုရင်တောင်အဲဒီအပြစ်ကို ငါကျေကျေနပ်နပ်ကြီးခံယူတယ်…”
” သင်အခုဒီကောင်မလေးနားနေခွင့်မရှိတော့ဘူး…သင့်အပြစ်ရော့အောင်ကောင်းမှုကုသိုလ်တွေလုပ်ပေးမယ်…သင်လက်ခံလား….”
” လက်မခံဘူး..ငါဒီမှာဘဲနေမှာဘယ်မှမသွားဘူး…”
” မသွားလို့မရဘူး…သွားကိုသွားရမယ်…”
” မသြားဘူး…”
” ငါမနာကျင်စေချင်ဘူး…ဒီတော့ငါပြောတာလက်ခံလိုက်ပါ….မဟုတ်ရင်အကြမ်းနည်းသုံးရလိမ့်မယ်…”
” မသွားနိုင်ဘူး…”
” ဒါဆိုလည်း ငါကဘဲထွက်သွားအောင်လုပ်ရမှာပေါ့…”
ဆိုကာမောင်ရေခဲသည်မျက်လုံးမှိတ်ပြီးမဖဲဝါကိုဆင့်ခေါ်လိုက်၏။ ခဏအကြာမဖဲဝါရောက်လာပြီး မကြူအားခွေးကြီးငနက်နှင့် ကိုက်ဆွဲခိုင်း၏။
” အား….မလုပ်နဲ့…သြား…သွားပါ့မယ်…”
မအေးသောင်းကား လူးလွန့်ပြီးအော်နေ၏။
” ရပြီသင်္ချိုင်းရှင်မ…”
” ကဲပြော…သင်တကယ်သွားမှာလား…သင့်အပြစ်တွေကကြီးလေးလွန်းတော့ သင်ဒီလိုဘဝမျိုးမှာကျင်လည်ရဦးမှာဘဲ…သင့်အတွက်ငါကောင်းမှုတွေလုပ်ပေးမယ်…သင်သာဓုခေါ်ပေါ့…”
” ကျေးဇူးတင်ပါတယ်…ငါ့အတွက်ကုသိုလ်လုပ်ပေးဖို့ ငါ့ရဲ့စိန်နားကပ်လေးကိုရောင်းလိုက်ပါ…”
” သင့်သဘောအတိုင်းဖြစ်စေရမယ်..သင့်ပစ္စည်းကဘယ်မှာလဲ..”
” ကောင်မလေးရဲ့နားပေါ်မှာပါ…”
သူတို့အားလုံးကြည့်လိုက်ရာ မအေးသောင်း၏နားပေါ်မှ စိန်နားကပ်တစ်ရံကိုတွေ့လိုက်ရ၏။
” ဟင်…ဒီနားကပ် ငါ့ညီမလေးနားပေါ်ရှိနေတာ ငါဘာလို့သတိမထားမိရတာလဲ…ငါဂရုမစိုက်မိလို့ ငါ့ညီမလေးဒုက္ခရောက်ရတာ…”
” ကဲဒီကအစ်ကိုကြီး… ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့ဗျ…”
မအေးသောင်း၏အစ်ကိုဖြစ်သူက ညီမဖြစ်သူကိုကြည့်ပြီး မျက်ရည်ကျနေ၏။ ဆက်ပြီးမောင်ရေခဲက
” ဟုတ်ပြီ…သင့်ဆန္ဒအတိုင်းဖြစ်စေရမယ်…ခုတော့သင့်အတွက်နေရာတစ်ခုရဖို့် သင်္ချိုင်းရှင်မဆီငါပြောပေးမယ်…”
” ကျေးဇူးတင်ပါတယ်…”
မောင်ရေခဲကတစ်နေရာကိုကြည့်ပြီး တစ်စုံတစ်ခုကိုပြောလိုက်၏။ ပြီးမှ
” သင်အခု သင်္ချိုင်းရှင်မနှင့်အတူလိုက်သွားတော့…လာမဲ့လပြည့်နေ့မှာသင့်အတွက်အလှူလုပ်ပေးမယ်သာဓုခေါ်ဖို့စောင့်နေပါ…ကဲထင်ပေါ်…စည်းဖွင့်ပေးလိုက်ချေ…”
” ဟုတ်ဆရာ…”
ထင်ပေါ်လည်းမောင်ရေခဲပြောသည့်အတိုင်းစည်းဖွင့်ပေးလိုက်၏။ မကြူ၏ဝိဉာဉ်လည်း မအေးသောင်း၏ခန္ဓာထဲမှထွက်သွားလေရာမအေးသောင်းမှာ ခွေခွေလေးလဲှကျသွား၏။ မောင်ရေခဲ လည်းမဖဲဝါကိုကျေးဇူးတင်ကြောင်းပြောဆိုပြီး ပြန်ပို့လိုက်၏။ မကြူ၏ဝိဉာဉ်လည်း မဖဲဝါနောက်သို့ တလွှင့်လွှင့်ပါသွားခဲ့တော့သည်။ မောင်ရေခဲလည်းမအေးသောင်းကို သတိပြန်ရအောင်လုပ်ပေးလိုက်ပြီး တစ်အိမ်လုံးကိုပရိတ်ရေပက်ဖျန်းပေးလိုက်သည်။
လပြည့်နေ့၌ မောင်ရေခဲဦးဆောင်သောအဖွဲ့တို့သည် မကြူပိုင်ဆိုင်ခဲ့သောစိန်နားကပ်လေးရောင်းရငွေနဲ့ မအေးသောင်းတို့လှူဒါန်းသောငွေများကိုစုပေါင်းပြီး အလှူအတန်းလုပ်အမျှပေးဝေလိုက်သည်။ မအေးသောင်းလည်းသတိသံဝေဂရပြီး ထိုနေ့မှပင်ဆံချကာ ရာသက်ပန်သီလရှင်ဝတ်ပြီး သာသနာ့ဘောင်ဝင်လိုက်တော့သည်။
တာဝန်ပြီးဆုံးပြီဖြစ်သဖြင့် မောင်ရေခဲတို့လည်း ရွာသူရွာသားများကိုနုတ်ဆက်ပြီး သာယာကုန်းရွာလေးမှ ထွက်ခွာသွားခဲ့တော့သည်။….။
# ပြီး
# ခွန်း
( စိတ်ကူးမျှသာဖြစ်သည်။ အားပေးဖတ်ရှုသူတစ်ယောက်ခြင်းစီကိုအထူးကျေးဇူးတင်ပါသည်)

Zawgyi Version

ဝိဉာဥ္တစ္ေကာင္၏ဂလဲ့စား(စ/ဆုံး)
——————————————-
ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ အင္ေတာေက်း႐ြာသည္ အိမ္ေျခ၅၀ခန႔္ရွိၿပီး ေတာင္ယာအလုပ္ကို အဓိကအားထားလုပ္ကိုင္ၾကသည္။ ထို႐ြာ၏အဓိကလုပ္ငန္းမွာ ေဆးလိပ္၏အဓိကကုန္ၾကမ္းျဖစ္ေသာ ဖက္႐ြက္လုပ္ငန္းကို ေဇာက္ခ်လုပ္ကိုင္ၾကျခင္းျဖစ္သည္။ သို႔ေၾကာင့္ဖက္႐ြက္ေလွာ္သည့္ဖိုကား အိမ္တိုင္းနီးပါးရွိၾက၏။
ထို႐ြာရွိ႐ြာသူ႐ြာသားတို႔ကား ႐ိုးသားႀကိဳးစားၾကေလရာ အစားအေသာက္ႏွင့္ေငြေၾကးတို႔မွာ အဖူအလုံရွိၾက၏။ ထိုေခတ္ကာလသည္ နယ္ေျမမေအးခ်မ္းေသးသည့္ ကာလ်ဖစၠာ ေတာတြင္း၌ခိုေအာင္းေနေသာ ဓားျပအဖြဲ႕မ်ား ေသာင္းက်န္းေနခ်ိန္ျဖစ္သည္။ ထိုဓားျပအဖြဲ႕သည္ လစဥ္လတိုင္း အင္ေတာ႐ြာမွ ဆက္ေၾကးေကာက္ကာ ႏိုင္ထက္စီးနင္းလုပ္ၾကသည္။
တစ္လလွ်င္တစ္ႀကိမ္ ႐ြာသူ႐ြာသားမ်ားဆီမွ ဆန္၊ဆီ၊ဆားႏွင့္ စုေဆာင္းထားေသာ ေ႐ႊစေငြစမ်ားကို လုယက္ယူငင္ၾကသည္။ ထိုကာလသည္ ေဝးလံေခါင္သီေသာ ေတာ႐ြာေဒသမ်ားတြင္ ဥပေဒသည္ကား လုံေလာက္ေအာင္မကာကြယ္ႏိုင္သည့္အခ်ိန္ပင္။ ထိုအခြင့္ေကာင္းကိုယူကာ ေတာတြင္းသူပုန္တို႔က ထင္တိုင္းႀကဲေနေတာ့သည္။
ထိုေန႔တြင္ကား ရာသီဥတုကသာယာေန၏။ ၿခံေတာထဲသြားေနေသာ ဘေမာင္တို႔လင္မယားကား သီခ်င္းေလးတေၾကာ္ေၾကာ္ညည္းရင္း အလုပ္လုပ္ေနၾက၏။ ဘေမာင္၏ဇနီးျဖစ္သူ မၾကဴမွာကား ကိုယ္ဝန္ေန႔ေစ့လေစ့ ျဖစ္၏။
” ကိုေမာင္…အၾကဴလည္းကိုယ္ဝန္ေန႔ေစ့လေစ့ျဖစ္ေနၿပီ…ဒါေပမဲ့ အၾကဴရင္ထဲဝမ္းနည္းသလိုခံစားရတယ္…”
” ၾကဴရယ္…ဘာေတြေတြးမိလို႔ဝမ္းနည္းေနရတာလဲ…ဘာလဲကိုေမာင္ကမီးဖြားစရိတ္လုံလုံေလာက္ေအာင္မရွာေပးထားဘူးထင္လို႔လား…”
” မဟုတ္ဘူးကိုေမာင္ရဲ႕…ဘာျဖစ္မွန္းမသိဘူး…ခုတေလာအၾကဴေနရတာ ရင္ထဲမေကာင္းဘူး…”
” ဝမ္းနည္းမေနပါနဲ႔ ၾကဴ႕ဗိုက္ထဲကခေလးေလး မေပ်ာ္ဘဲေနေရာ့မယ္…”
” ကိုေမာင္…အၾကဴတို႔ဆက္ေၾကးေပးရေတာ့မွာေနာ္…အၾကဴတို႔ဒုကၡလည္းမေသးလွဘူး…ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး သူမ်ားကိုအလကားေပးကမ္းေနရတယ္လို႔…”
” ရႉး…တိုးတိုးေျပာပါၾကဴရ…ဒီပတ္ဝန္းက်င္မွာ ဗိုလ္မင္းေခါင္က သူ႔လူေတြလြတ္ထားတယ္…ၾကဴေျပာတာၾကားသြားလို႔ ကိုယ္တို႔ေတြ ဒုကၡေရာက္ေနဦးမယ္…”
ကိုဘေမာင္က ေဘးဘီဝန္းက်င္ကိုၾကည့္ၿပီး ဇနီးျဖစ္သူကို လွမ္းၿပီးသတိေပးလိုက္၏။
တစ္ခုေသာညေနတြင္ကား လူတစ္စုသည္ လက္နက္ကိုယ္စီျဖင့္ ႐ြာထဲသို႔ဝ႐ုန္းသုန္းကားျဖင့္ ဝင္လာၾက၏။ ႏုတ္မွလည္း ႐ုန႔္ရင္းၾကမ္းတမ္းစြာဆဲဆိုလာ၏။
” သူႀကီး…သူႀကီးဘေသာင္း…ငါ့ေရွ႕အျမန္လာဒူးေထာက္ၿပီး…မင့္႐ြာသူ႐ြာသူ႐ြာသားေတြကိုအားလုံးစုလိုက္စမ္း…”
ေက်း႐ြာေခါင္းေဆာင္သူႀကီးဦးဘေသာင္းလည္း မိမိအိမ္ေရွ႕မွေအာ္သံေၾကာင့္ အိမ္ေပၚမွ ကမန္းကတမ္းဆင္းလာၿပီး
” ဟင္…ဗိုလ္…ဗိုလ္ေလးတို႔ လာၾကတာလား…”
” ေအး…ငါလာတယ္ဘာျဖစ္လဲ…”
” ဟို…ဟိုေလ…ဗိုလ္…ဗိုလ္ေလးတို႔က..ႀကိဳတင္…”
” ငါလာခ်င္တဲ့အခ်ိန္ဝင္လာမွာဘဲ…ငါကနင္တို႔ကိုအေၾကာင္းၾကားေနရဦးမွာလဲ…ခုခ်က္ခ်င္း မင္း႐ြာသူ႐ြာသားေတြကိုေခၚလိုက္…”
” ဘာ…ဘာကိစၥရွိလို႔လဲဗိုလ္ေလး…”
” ငါကေခၚဆိုေခၚလိုက္…”
” ဟုတ္…ဟုတ္…”
ခဏအၾကာတြင္ ႐ြာသူ႐ြာသားမ်ားအားလုံး သူႀကီးအိမ္ေရွ႕သို႔စုပုံေရာက္ရွိလာ၏။ ထိုအခါသူပုႏၺိဳလၠ
” ကဲ…မင္းတို႔ထဲကဘယ္သူေတြပါးစပ္သရမ္းၿပီး အစိုးရကိုသြားတိုင္လိုက္တာလဲ…မင္းတို႔လုပ္လို႔ ငါ့စခန္းအကုန္ျပာက်ကုန္ၿပီ…ထြက္ခဲ့..အေတာ္ေလးသတၱိရွိေနတယ္ေပါ့ဟုတ္လား…”
” ဒိုင္း…ဒိုင္း…”
ဆိုၿပီး ကိုင္ထားေသာေသနတ္ကို မိုးေပၚေျမႇာက္ကာ ႏွစ္ခ်က္ဆင့္ေဖာက္လိုက္၏။
႐ြာသူ႐ြာသားမ်ားလည္းေၾကာက္လြန္း၍ တစ္ေယာက္မွေခါင္းမေထာင္ရဲၾကေခ်။
” ငါေမးေနတယ္ေလ..ဘယ္သူသြားတိုင္လိုက္တာလဲ…သူႀကီး…နင္တို႔ေတြလွ်ိဳ႕ဝွက္သူသ်ိဳွအဖြဲ႕ေတြ ဖြဲ႕ထားၾကတာမလား…”
” မ…မလုပ္ရပါဘူးဗိုလ္ေလး…”
” ဟား…မင္းတို႔မတိုင္ရင္ အစိုးရကငါတို႔ေနရာကို သိစရာအေၾကာင္းကိုမရွိဘူး…”
” တ…တကယ္ပါသူႀကီးရယ္…က်ဳပ္တို႔႐ြာသူ႐ြာသားေတြ ဘာမွမလုပ္ရပါဘူး…”
” မေျဖဘူးဟုတ္လား…ရတယ္ေလ…”
” အား…လႊတ္..ကြၽန္မကိုလႊတ္…”
ဓားျပဗိုလ္သည္ ႐ြာသူ႐ြာသားမ်ားထဲမွ မိန္းမပ်ိဳတစ္ေယာက္ကို ဆြဲလိုက္၏။ ထိုမိန္းခေလးသည္ ေၾကာက္လန႔္တၾကား႐ုန္းကန္ၿပီး
ထြက္ေျပးရန္လုပ္၏။
” ျဖန္း…ျဖန္း…”
” ၿငိမ္ၿငိမ္ေနစမ္းေကာင္မ…မဟုတ္ရင္ မင္းအသက္ငါအာမမခံဘူးေနာ္…”
မိန္းကေလးကအတင္း႐ုန္းကန္ေသာ္ ဓားျပဗိုလ္ကစိတ္ဆိုးသြားၿပီး မိန္းကေလး၏မ်က္ႏွာကိုႏွစ္ခ်က္ဆင့္လိုက္၏။
” အား…ဟင့္…”
ဓားျပဗိုလ္၏အားပါေသာ႐ိုက္ခ်က္ေၾကာင့္ မိန္းကေလး ခမ္ာ ေျမေပၚသို႔ပုံလ်က္လဲက်သြား၏။ ႐ြာသူ႐ြာသားမ်ားလည္း မေတာ္လွန္ႏိုင္သျဖင့္ အံႀကိတ္ကာၿငိမ္ေနၾကရ၏။
” ေျပာ…မေျပာရင္ ဒီမိန္းကေလးကို ငါမင္းတို႔ေရွ႕မွာတင္ ပစ္သတ္လိုက္မွာေနာ္…”
” မလုပ္ပါနဲ႔… ကြၽန္မသမီးေလးကို မသတ္ပါနဲ႔ရွင့္…အစိုးရကိုဘယ္သူမွမတိုင္ရပါဘူးရွင့္…”
ဆိုၿပီး ဓားျပ၏ေရွ႕သို႔ ဒူးေထာက္လ်က္ေ႐ြ႕လာၿပီး ဓားျပဗိုလ္၏ေျခေထာက္ကိုဖက္၍ေတာင္းပန္ေနရွာ၏။
” ၾသား…သြားစမ္း…”
” ေအမ…”
” ရွင္…ကြၽန္မအေမကို ဘယႅိဳလုပႅိဳကၱာလဲ…”
ဓားျပဗိုလ္မွာ မိန္းကေလး၏မိခင္ျဖစ္သူကို ေျခေထာက္ျဖင့္ကန္လိုက္ရာ အဖြားအိုမွာအေနာက္သို႔ လွန္လဲက်သြား၏။
” လာငိုျပမေနၾကနဲ႔ နားညီးတယ္ …ခုငါတို႔စခန္းကလူေတြဘာမွမစားရေသးဘူး…အဲဒီေတာ့ငါတို႔အတြက္ ဟင္းေကာင္းေကာင္းႏွင့္ အရက္ေတြရေအာင္လုပ္ေပး…ၿပီးရင္ ဆက္ေၾကးေတြလာေပးၾက…”
” ဟင္…ဆက္ေၾကးေပးရမဲ့သတ္မွတ္ရက္မေရာက္ေသးဘူးေလဗိုလ္ေလး…”
” ေရာက္ေရာက္မေရာက္ေရာက္ေပးရမွာဘဲ…စခန္းမွာဘာမွစားစရာမရွိေတာ့ဘူးအကုန္ျပာက်ကုန္ၿပီ…”
” ကြၽန္ေတာ္တို႔္႐ြာသူ႐ြာသားေတြလည္း အဆင္မေျပၾကေသးလို႔ပါဗိုလ္ေလးရယ္…ဆက္ေၾကးေတြအခ်ိန္မွီဆက္ရဖို႔ အသည္းအသန္စုေဆာင္းေနၾကတုန္းမို႔ပါ…”
” မလိုခ်င္ဘူး… ရရာယူရမြာဘဲ…ကဲ႐ြာသူ႐ြာသားေတြ ငါေျပာတာအားလုံးၾကားတယ္ေနာ္…ခုခ်က္ခ်င္းဆက္ေၾကးယူလာခဲ့ၾက..ထြက္ေျပးဖို႔မႀကိဳးစားနဲ႔…ငါ့ေသနတ္ေျပာင္းကလူမေ႐ြးဘူးေနာ္…”
” ဒိုင္း…ဒိုင္း…”
ဓားျပဗိုလ္ကေျပာရင္းဆိုရင္း ေသနတ္ေဖာက္လိုက္ျပန္၏။
” သြားေလ..ဆက္ေၾကးေတြသြားျပန္ယူလာခဲ့ၾက…တစ္နာရီအတြင္း ဆက္ေၾကးအုပည့္အစုံငါ့အေရွ႕ေရာက္ေနတာဘဲျမင္ခ်င္တယ္..သူႀကီးထမင္းခ်က္ထား…”
” ဟုတ္…ဟုတ္ဗိုလ္ေလး…”
” ဟား…ဟား..ဟား..ငျပဴး လက္က်န္အရက္ယူလာကြာ…”
” ဟုတ္ဆရာ…”
႐ြာသူ႐ြာသားမ်ားလည္း သူ႔အိမ္ကိုယ့္အိမ္ျပန္ၿပီး ဆက္ေၾကးမ်ားျပန္ယူၾက၏။ သူႀကီး၏အိမ္တြင္လည္း အရက္ဝယ္သူဝယ္၊ထမင္းဟင္းခ်က္သူခ်က္ျဖင့္ အလုပ္ရႈပ္ေနၾက၏။ သူႀကီး၏အိမ္ေရွ႕ကြပ္ပ်စ္ေပၚတြင္ကား ဓားျပဗိုလ္မင္းေခါင္ႏွင့္တပည့္တပန္းမ်ားက ေသရည္ေသာက္စားမူး႐ူးေနၾက၏။
” ေဟ့ေကာင္ေတြ…သတ္မွတ္နာရီခ်ိန္ထက္ ပိုေတာ့မယ္ ႐ြာသူ႐ြာသားေတြတစ္ေယာက္မွ မလာၾကေသးပါလား..သြားၾကကြာ…႐ြာသူ႐ြာသားေတြရဲ႕အိမ္ထဲဝင္ေမႊလိုက္…ရတာယူခဲ့ၾကကြာ…ေတာက္! ”
” ဟားဟား…ဟား…ဟုတ္ဆရာ… ”
ဆိုၿပီး သူကိုယ္တိုင္႐ြာထဲဝင္ကာပတ္ေမႊၾက၏။
” မ..မလုပ္ပါနဲ႔ရွင္…ဒါေလးကအေမ့ေဆးဖိုးေလးမို႔ပါ…မယူၾကပါနဲ႔ရွင္…”
” ဟာ…ေပးဆိုေပးကြာ…ျဖန္း..ျဖန္း…”
” ဟင့္…”
” မလုပ္ပါနဲ႔ ဒါငါတို႔ကေလးမီးဖြားစရိတ္မို႔ပါဗ်ာ…ရွိႀကီးခိုးပါရဲ႕…မိန္းမလည္းကိုယ္ဝန္ေန႔ေစ့လေစ့မို႔ပါ…”
” အဲဒါငါတို႔အပူတျပားသားမွမပါဘူး…ေပးလာခဲ့..ရွိတာေတြအကုန္ေပးလာခဲ့…”
” မေပးႏိုင္ဘူးကြာ…ဒါငါ့မိန္းမမီးဖြားစရိတ္ေတြ…ငါမေပးႏိုင္ဘူး…”
” ေမပးဘူးလား..ကဲဟာ…”
” ဒုတ္..”
” အင့္…”
ဓားျပဗိုလ္ကဘေမာင္၏နားထင္အားေသနတ္ဒင္ျဖင့္ ထုခ်လိုက္၏။ ကိုဘေမာင္၏နားထင္မွ ေသြးမ်ားပန္းထြက္လာၿပီး လူလည္းေဘးသို႔လဲက်သြား၏။
” အသာတၾကည္ေတာင္းတာမေပးခ်င္ဦး…ေကာင္မ…နင့္နားကပ္ခြၽတ္လိုက္စမ္း…”
” ကိုေမာင္…ကိုေမာင္…ထပါဦး…ကိုေမာင္ရဲ႕…”
” ရွင္တို႔လူယုတ္မာေတြ…ရွင္တို႔ကသူမ်ားမ်က္ရည္ေပါက္ႀကီးငယ္က်မွ စားရတဲ့လူယုတ္မာေတြ…ငါ့နားကပ္လည္းမေပးႏိုင္ဘူး…”
” ျဖန္း…ျဖန္း…”
” အား….”
” မင္းနားကပ္ခြၽတ္ေပးလို႔ေျပာေနတယ္…”
” မေပးႏိုင္ဘူး…ငါ့ေယာက်ာ္းကိုလည္းနင္တို႔သတ္တယ္…ငါပိုင္တဲ့ပစၥည္းေတြလည္းနင္တို႔ယူဖို႔ႀကံစည္တယ္..ငါမေပးႏိုင္ဘူး…”
” ေသစမ္းေကာင္မ…ကဲဟာ…ဒီေလာက္ထိမွေသခ်င္ေနရင္လည္း…”
” ဗုန္း…”
” အား…”
ဓားျပေကာင္က မၾကဴအားေဆာင့္တြန္းလိုက္ရာ အေနာက္ဖက္ရွိတိုင္ႏွင့္ ေဆာင့္မသြားၿပီး နဖူးေပါက္သြားေတာ့၏။ နီရဲေစးပ်စ္ေသာေသြးမ်ား မ်က္ႏွာေပၚသို႔စီးက်လာ၏။
” အား…ကြၽတ္…ကြၽတ္…ကြၽတ္….ကို…ကိုေမာင္ေရ..အၾကဴွဗိုက္နာလာၿပီ…ထပါဦး ကိုေမာင္ရဲ႕…”
ေအရးထဲ ဗိုက္ကနာလာၿပီး ကေလးေမြးခ်င္သလိုလိုျဖစ္သြား၏။ ဓားျပေကာင္ကား မၾကဴ၏နားကပ္ကိုအတင္းဆြဲျဖဳတ္ယူလိုက္ရာ မၾကဴ၏နားကိုအတင္းဆြဲယူလိုက္ရာနားျပတ္သြားေတာ့၏။ က်န္စိန္နားကပ္တစ္ရံကိုကားသူမ၏ထဘီထိပ္စထဲထည့္ၿပီးဝတ္ထား။
” အား….ေအမ့…”
” ေသေပေတာ့…ငါအသာတၾကည္ေတာင္းတာမေပးခ်င္ဦး….ဟား…ဟား…..ဟား”
ဆိုၿပီးေအာ္ရီကာ ေနာက္တစ္အိမ္သို႔ကူးသြား၏။ ႐ြာထဲတြင္လည္း ကေလးသူငယ္မ်ား၊မိန္းမပ်ိဳေလးမ်ားႏွင့္သက္ႀကီး႐ြယ္အိုတို႔၏ ေအာ္ဟစ္ငိုယိုသံမ်ား ကမာၻပ်က္ေနသကဲ့သို႔ၾကားရ၏။ ထို႔အျပင္လူယုတ္မာအဖြဲ႕တို႔၏ေျခာက္ကပ္ေသာ ေအာ္ရီသံမ်ား။
မၾကဴသည္မိမိ၏ဒဏ္ရာကိုသတိမရေတာ့ဘဲ လင္ျဖစ္သူအနားဒ႐ြတ္တိုက္ေ႐ြ႕သြားကာ
” ကိုေမာင္..ကိုေမာင္ေရ…ထပါဦး…အၾကဴေရမႊာေပါက္ေနၿပီ…ကေလးေမြးေတာ့မယ္…အား…ေအေမရ….”
ေအာက္ပိုင္းတစ္ခုလုံးမွာလည္း ေသြးမ်ားစို႐ြဲွေန၏။
” မီး…မီးေလာင္ေနၿပီ…ေျပးၾက…ေျပးၾက…”
” ဟီး…ေအမ…ေအေမရ…”
” အေမလး…ငါတို႔ရဲ႕အိမ္ေလး…”
” ေျပးၾက…ေျပးၾက…မီးေတြအရမ္းအားႀကီးလာၿပီ….”
” ဟား….ဟား…ဟား….ဟား..”
႐ြာသူ႐ြာသားတို႔၏ အေမေပ်ာက္၊သားေပ်ာက္ေအာ္ေခၚသံမ်ား၊အိုးအိမ္ပစၥည္းမ်ားကို ႏွေျမာတသ သံမ်ား၊ဓားျပတို႔၏ ေက်နပ္ေနသံတို႔ကို မၾကဴ မၾကားတခ်က္ၾကားတခ်က္။ သူသိသည္မွာကား ဗိုက္ထဲမွမိမိရင္ေသြးေလးကိုသာ အားစိုက္ၿပီး ေမြးေန၏။
တစ္စတစ္ျဖင့္ ႐ြာထဲေတာက္ေလာက္ေနေသာမီးမွာ သူမ၏အိမ္တံစက္ၿမိတ္သို႔ေရာက္လာေခ်ၿပီ။ ယခုထိေကလးမြာ မီးဖြား၍မရေသးေခ်။
” ဖ်စ္…ဖ်စ္…ဖ်စ္…”
” ေဖာင္း….”
” ဝုန္း…”
မီးေၾကာင့္အိမ္ထဲရွိအသုံးအေဆာင္ပစၥည္းတို႔ေပါက္ကြဲသံမ်ား၊အိမ္ေခါင္မိုးမွထုတ္တန္းတို႔ ျပဳတ္က်သံမ်ားကိုလည္း သူအတိုင္းသားျမင္ေတြ႕ၾကားေနရ၏။ သို႔ေသာ္သူမထေျပးဖို႔အားမရွိေတာ့ေခ်။ သူမအလြန္ပင္ပန္းေနၿပီျဖစ္သည္။ ေနာက္ဆုံးက်န္ရွိေသာအားျဖင့္ ရင္ေသြးေလးကိုရေအာင္ေမြးထုတ္လိုက္သည္။
” အား….ေအမ့…”
” အူဝဲ…အူဝဲ…”
မိမိ၏ေျခရင္းတြင္ယက္ကန္ယက္ကန္ငိုေနေသာရင္ေသြးငယ္ေလးကိုေပြ႕ခ်ီရင္း လင္ေယာက်ာ္း၏လက္ေမာင္းေပၚေခါင္းအုံးမွီအိပ္ကာ ေသဖို႔ေစာင့္ေနရွာ၏။ မီးသည္အိမ္တံစက္ၿမိတ္မွ စတင္ေလာင္ကြၽမ္းလာရာတျဖည္းျဖည္းျဖင့္မၾကာမွီအခ်ိန္အတြင္းသူတို႔သားအမိသားအဖဆီသို႔ေရာက္လာၿပီး ေနာက္ဆုံးကေလးငိုသံသည္ မီးပုံၾကားထဲ ေဝဝါးေပ်ာက္ကြယ္သြားေတာ့သည္။…။
******************************
သာယာကုန္း႐ြာ၏လွပေသာမနက္ခင္းတစ္ခု၌ ဖိုးေမာင္အမည္ရလူတစ္ေယာက္သည္ ေရတံပိုးကိုထမ္းရင္း ႐ြာလယ္ေရတြင္းသို႔ေရခပ္ဆင္းလာ၏။ ဖိုးေမာင္တြင္မိခင္အိုႀကီးႏွင့္ ညီမေလးတစ္ေယာက္ရွိသည္။ အလုပ္ႀကိဳးစားေသာကိုဖိုးေမာင္ကို ႐ြာထဲရွိမိန္းမပ်ိဳေလးမ်ား မ်က္စိက်ၾကသည္။ သို႔ေသာ္ကိုဖိုးေမာင္ကား မိခင္ႏွင့္ညီမေလးအတြက္အလုပ္ႀကိဳးစားရင္း မိမိ၏ႏွလုံးသားေရးရာကိစၥကို ေမ့ပစ္ထားသည္။
႐ြာထဲတြင္ဖိုးေမာင္ကဲ့သို႔လူလိမၼာမ်ားရွိသကဲ့သို႔ တာတီးဟူေသာလူ႔ငႏြားအဖြဲ႕လည္းရွိ၏။ တာတီးတို႔အဖြဲ႕သည္ ႐ြာထဲတြင္ေသာက္စားမူးရစ္ရင္း ျပႆနာပတ္ရွာသည္။ ႐ြာထဲရွိဖဲဝိုင္း၊အရက္ဝိုင္း၊ၾကက္ဝိုင္းတို႔တြင္ ရန္ျဖစ္သံၾကားသည္ႏွင့္ ေျပးၾကည့္စရာမလိုဘဲ တာတီးတို႔အုပ္စုျဖစ္မွန္း ခန႔္မွန္းႏိုင္သည္။
တစ္ေန႔ဖိုးေမာင္၏ညီမ ေအးေသာင္းက ႐ြာလည္ေရတြင္းသို႔ေရခပ္ဆင္းလာရာ လမ္းခုလတ္၌ တာတီးတို႔ငမူးအုပ္စုႏွင့္ပက္ပက္းတိုး၏။ ေအးေသာင္းကထိုငမူးအုပ္စုႏွင့္လြတ္ေအာင္ေရွာင္ေသာ္လည္း မရခဲ့ေခ်။
” ေသာင္းေလးေရ…ကိုတာတီးေလ…ေသာင္းေလးကိုခ်စ္လို႔ပါ…ကို႔ေမတၱာကိုလက္ခံေပးပါေနာ္…”
” ကိုတာတီး… ရွင္မူးရင္ကိုယ့္ဘာသာကိုေအးေဆးေနပါ…ကြၽန္မကိုလာမေႏွာင့္ယွက္နဲ႔…”
” ကိုယ္ေႏွာင့္ယွက္ေနတာမဟုတ္ပါဘူး..အေသာင္းေလးရယ္…ကိုယ့္အခ်စ္ေတြေပးေနတာပါဗ်ာ…အဟဲ…..”
တာတီးကေျပာေျပာဆိုဆို မေအးေသာင္း၏လက္အား လွမ္းကိုင္လိုက္၏။
” ရွင္အရမ္းလြန္လာၿပီေနာ္ ကိုတာတီး….လႊတ္…ငါ့လက္ကိုလႊတ္…”
” မလႊတ္ပါရေစနဲ႔ ေသာင္းေလးရယ္…ကိုေသာင္းေလးကိုအရမ္းခ်စ္….”
” ဒုတ္…”
” ခြပ္…”
” အား…”
တာတီးေျပာ၍ပင္စကားမဆုံးေသး လက္သီးႀကီးတစ္ခုက သူ႔မ်က္ႏွာေပၚသို႔ ခပ္ျပင္းျပင္း က်ေရာက္လာၿပီး တာတီးမွာအရွိန္မထိန္းႏိုင္ဘဲေဘးသို႔ယိုင္ထြက္သြား၏။
” ဟာ…”
” ဟင္အစ္ကို…”
တာတီး၏သူငယ္ခ်င္းမ်ား တာတီးကိုဆြဲထူ၏။ ေအးေသာင္းကား အစ္ကိုျဖစ္သူထံေျပးလာ၏။
” မင္းတို႔ေကာင္ေတြ မူးရင္လည္းေအးေဆးေန…ငါ့ညီမကိုဆြဲလားရမ္းလား လာမလုပ္နဲ႔…”
” ဟား…ဘယ္သူမ်ားလဲလို႔ကြာ…ေအ့….ေယာက္ဖပါလား…ဒီမယ္ေယာက္ဖ မင္းညီမကိုငါခ်စ္တယ္ကြာ…အဲဒါမင္း….”
” ေတာ္ေတာ့ေဟ့ေကာင္…ငါ့ညီမကိုမင္းထိရဲထိၾကည့္ ေသမယ္သာမွတ္….”
” မင္းလိုေကာင္ကမ်ား ငါ့တို႔ကိုျပန္အာခံရဲတာလားဖိုးေမာင္…ဟမ္…ေဟ့ေကာင္ေတြ ပညာေပးလိုက္စမ္းကြာ…ေအ့…”
” က္ား….”
” ဒုတ္…”
” ခြပ္…”
အမူးသမားႏွစ္ေယာက္ ေျပးလာၿပီး ဖိုးေမာင္ကိုလက္သီးျဖင့္ထိုး၏။ ဖိုးေမာင္ကညီမျဖစ္သူကို ေဘးသို႔ခဏပို႔လိုက္ၿပီး သူကိုယ္တိုင္လက္သီးခ်က္မ်ားကို အသာေရွာင္လိုက္၏။ အမူးသမားတို႔ကား ေဘးသို႔လည္ထြက္ေမွာက္လဲကုန္၏။
” ေဟ့ေကာင္…မင္းလူပါးမဝနဲ႔…ကဲဟာ….”
” ဒုတ္…”
” အင့္….”
တာတီးက တပည့္ျဖစ္သူမ်ားသုံးစားမရသည္ကိုၾကည့္ၿပီး သူကိုယ္တိုင္လမ္းေဘးမွ တုတ္တစ္ေခ်ာင္းကိုလွမ္းဆြဲလိုက္ၿပီး ဖိုးေမာင္၏ေခါင္းအား ဒုတ္ခနဲျမည္ေအာင္ ႐ိုက္လိုက္ရာ ဖိုးေမာင္၏ေခါင္းဟက္တက္ကြဲသြားၿပီး ေသြးမ်ားစီးက်လာေတာ့သည္။
” ဟင္…အစၠိဳ…”
” ဟာ…ကိုတာတီးလက္လြန္သြားၿပီေျပးၾကမယ္ကြ…”
အမူးသမားသုံးေယာက္လုံး တာတီးလက္လြန္သြားမွန္းသိၿပီး ထြက္ေျပးၾကကုန္သည္။ ေအးေသာင္းက အစ္ကိုျဖစ္သူကိုတြဲေခၚၿပီး အိမ္သို႔ျပန္လာခဲ့သည္။
အစ္ကိုျဖစ္သူေနမေကာင္းသျဖင့္ အလုပ္တာဝန္မ်ားကမေအးေသာင္း၏ပခုံးေပၚသို႔က်ေရာက္လာသည္။ သူတို႔မိသားစု၏ လယ္ေတာရွိရာေနရာသည္ကား ယခင္ကအင္ေတာ႐ြာရွိခဲ့ဖူးသည့္ေနရာျဖစ္၏။ ထို႐ြာပ်က္ေနရာႀကီးကို ေတာမ်ားဖုံးလြမ္းရာမွတေျဖးေျဖး ေတာထူလာၿပီး မီးေလာင္ထားေသာ အိမ္တိုင္က်ိဳးတိုက်ဲတဲမ်ားလည္း တေျဖးေျဖးေဆြးေျမ့ကုန္ေနေပၿပီ။ ထို႐ြာေဟာင္းေနရာကို ေႏွာင္းလူတို႔က နယ္ေျမသတ္မွတ္ယူၾကရာမွ တေျဖးေျဖးျဖင့္ ေတာင္ယာအလုပ္ကြက္မ်ားျဖစ္လာ၏။
မေအးေသာင္းတို႔၏အလုပ္ကြက္လည္း ထို႐ြာပ်က္ထဲမွျဖစ္၏။ တစ္ေန႔မေအးေသာင္းတစ္ေယာက္ ပလိုင္း၊ေပါက္ျပား၊ထမင္းထုပ္အစုံယူၿပီး ေတာထဲသို႔အလုပ္လာလုပ္၏။ တစ္ေနကုန္တေနခန္းအလုပ္လုပ္ရေသာ္လည္း စိတ္ထဲတစ္ခုခုကိုေၾကာက္သလိုလိုျဖစ္ေနမိသည္။ လူႀကီးသူမမ်ားေျပာဖူးသည့္ ႐ြာပ်က္ႀကီးေနရာတြင္အေျခာက္အလွန႔္ၾကမ္းသည္ ဆိုေသာစကားကိုျပန္အမွတ္ရမိၿပီး ၾကက္သီးေမြးညႇင္းမ်ားျဖန္းျဖန္းထလာရသည္။
” ဘာမွမရွိဘူး.. ငါ့စိတ္ကငါ့ကိုျပန္ေျခာက္လွန႔္ေနတာေနမွာပါေလ…”
ဆိုၿပီးေဘးဘီဝဲယာၾကည့္ကာ အလုပ္ထဲစိတ္ျပန္ႏွစ္လိုက္၏။ ႐ြာပ်က္ႀကီးရွိခဲ့သည္မွာလည္းႏွစ္ေပါင္းမ်ားစြာၾကာေနၿပီ။ ထို႐ြာကိုစြဲလမ္းေနသည့္ဝိဉာဥ္တို႔သည္လည္း ဘဝကူးေျပာင္းကုန္ေနေလာက္ၿပီဟုေတြးၿပီး ကိုယ့္စိတ္ကိုျပန္ေျဖသိမ့္လိုက္၏။
” ညီမငယ္ေရ…ညီမငယ္…”
” ရွင္….”
ေခၚသံၾကားသျဖင့္ သူမွလွည့္ၾကည့္လိုက္ရာ လသားအ႐ြယ္ကေလးေလးကိုခ်ီထားသည့္ မိန္းမတစ္ေယာက္ျဖစ္ေန၏။ ထိုမိန္းမကိုၾကည့္ရသည္မွာ သူတို႔႐ြာသူမဟုတ္ေခ်။
” ဘာ…ဘာအလိုရွိလို႔လဲအစ္မ…”
” ဟိုေလ…အစ္မေရဆာလို႔ပါ…အဲဒါညီမေလးနားေရပါရင္ နဲနဲေလာက္တိုက္လို႔ရမလား…”
” အူငဲ…အူငဲ…”
” ဪ…ရပါတယ္အစ္မ…ေရဗူးကဟိုးမွာေလ… ဟင္…”
သူမေရဗူးရွိရာၫႊန္ျပေနတုန္း ထိုမိန္းမလက္ထဲမွကေလးငယ္သည္ ထငိုလာ၏။ မေအးေသာင္းလည္း ထိုကေလးငယ္ငိုေနသည္ကိုလွမ္းၾကည့္ရာ ထိုငိုေနေသာကေလးငယ္၏ ပါးစပ္သည္အႀကီးႀကီးျဖစ္သြားသကဲ့သို႔သူမျမင္လိုက္ရသျဖင့္ ရင္ထဲထိတ္ခနဲျဖစ္သြား၏။
ကေလးခ်ီထားေသာမိန္းမသည္ ေရဗူးရွိရာသို႔လာၿပီးေရကိုအငမ္းမရေသာက္ေန၏။ မေအးေသာင္းလည္း ထိုမိန္းမအားအမႈမဲ့အမွတ္မဲ့ၾကည့္ေနမိသည္။ ထိုမိန္းမသည္ေရေသာက္ၿပီး မေအးေသာင္း၏ပလိုင္းထဲရွိ ထမင္းထုပ္သို႔အၾကည့္ေရာက္သြားသည္။
” ဟို…ဟိုေလညီမ…အစ္မေျပာရမွာလည္းအားနာလိုက္တာ အစ္မကိုေလထမင္းေလးလည္းေကြၽးပါလား…အစ္မအရမ္းဆာလို႔ပါ…”
” အမ္…ထမင္းလည္းဆာတာလား…အစ္မဆာရင္လည္းစားေလ ညီမအိမ္ျပန္ၿပီးစားလိုက္ပါ့မယ္…”
မေအးေသာင္းလည္း အိမ္ျပန္ခ်င္ေနသျဖင့္ ထမင္းထုပ္ကိုထိုမိန္းမသားအမိအားေကြၽးလိုက္၏။ ထိုမိန္းမသည္ ထမင္းထုပ္ကိုေျဖၿပီး အငမ္းမရစားေသာက္ေန၏။ တစ္ခဏအတြင္း၌ ထမင္းထုပ္ေလးသည္ေျပာင္သလင္းခါသြား၏။ မေအးေသာင္းလည္း ထိုမိန္းမကိုၾကည့္ၿပီး အနည္းငယ္လန႔္သြား၏။
စားေသာက္ၿပီးေသာ္ထိုမိန္းမသည္ ကေလးငယ္ကိုျပန္ခ်ီၿပီး မေအးေသာင္းနားေလွ်ာက္လာ၏။ ထိုမိန္းမႀကီးလမ္းေလွ်ာက္သည္မွာ ေျမႀကီးနဲ႔မထိသကဲ့သို႔ပင္။
” ညီေမလး…ဘာေတြေတြးေနတာလဲ…ဟင္း…ဟင္း….”
” ရွင္…ဘာ…ဘာမွမေတြးပါဘူးရွင့္…”
သူမေငးေနစဥ္ထိုမိန္းမႀကီးက စကားလွမ္းေျပာလိုက္ရာ သူမအေယာင္ေယာင္အမွားမွားျဖစ္သြား၏။
” ေတြးေနပါတယ္…ဘာလဲအစ္မကိုေၾကာက္လို႔လား…”
” အမ္…မ…မဟုတ္ပါဘူးရွင့္…”
” မေၾကာက္ဘူးလို႔သာေျပာေနတာ…ညီမၾကည့္ရတာတမ်ိဳးႀကီးဘဲ…အစ္မလည္းစားေသာက္ၿပီးၿပီဆိုေတ့ာ ျပန္ေတာ့မယ္…အစ္မ႐ြာလိုက္လည္မလားညီမေလး…”
” ရွင္ …အစ္မ႐ြာဟုတ္လား…အစ္မကဘယ္႐ြာကလဲ…”
” ဒီအနီးအနားက႐ြာဘဲေလ…႐ြာနာမည္ကအင္ေတာတဲ့…လိုက္ခဲ့လာ…”
မေအးေသာင္းလည္း တို႔ေဆးမိသြားသကဲ့သို႔ျဖစ္သြားၿပီး ေပါက္ျပားကိုလႊတ္ခ်ကာ ထိုမိန္းမေနာက္သို႔အလိုလိုလိုက္မိလ်က္သားျဖစ္သြားသည္။ သူမေရာက္သည့္ေနရာကား ေက်း႐ြာငယ္ေလးတစ္ခု။ ခဏၾကာေသာ္ထိုမိန္းမႀကီးသည္ သူမအားအိမ္ေပၚသို႔ေခၚသြားၿပီး နားကပ္တစ္ရံကို သူ႔လက္ထဲထည့္ေပးလိုက္သည္။
” တပ္လိုက္…အဲဒီနားကပၠိဳ ညီမနားမွာဝတ္ထားလိုက္…ဟင္း….ဟင္း….”
” ဟုတ္အစ္မ…”
မေအးေသာင္းသည္ သူမလက္ထဲရွိစိန္နားကပ္ေလးအား သူမနားသို႔ဝတ္ဆင္ထားလိုက္သည္။ ခဏၾကာေသာ္႐ြာထဲ၌လူတစ္စုဝင္လာၿပီး ႐ြာသူ႐ြာသားမ်ားလည္း ဝ႐ုန္းသုန္းကားေျပးေနၾကသည္။
” သူတို႔လာၿပီ…သူတို႔လာၿပီ…”
ထို႔အျပင္သူမအနားရွိ မိန္းမသည္လည္း ကေလးကိုခ်ီၿပီး သူတို႔လာၿပီ ေျပာကာ ျပာယာခတ္ေန၏။ မေအးေသာင္းကား ဘာမွနားမလည္ေခ်။
” မီး…မီးေလာင္လာၿပီ…ေျပးၾက…”
” ဟား…ဟား…ဟား….”
” အား….မလုပ္နဲ႔…”
” ေအမ…ေအမ…”
မီးသတိေပးသံႏွင့္အတူ ေျခာက္ကပ္ေသာေယာက်ာ္းတို႔၏ ေအာ္ရယ္သံမ်ား၊ကေလးသူငယ္တို႔၏ေအာ္ဟစ္ငိုယိုသံမ်ား ဆူညံသြားေတာ့သည္။ သူမေငးၾကည့္ေနစဥ္မွာပင္ မီးေတာက္ႀကီးသည္ သူမရွိရာအိမ္သို႔ကူးစက္ေလာင္ကြၽမ္းလာၿပီး ကေလးခ်ီထားေသာမိန္းမသည္ သူမလက္ကိုလွမ္းဆြဲၿပီး ထိုေနရာမွထြက္ေျပးလာခဲ့ၾကေတာ့သည္။
မေအးေသာင္းသည္ ညေန၅နာရီခန႔္တြင္အိမ္သို႔ျပန္ေရာက္လာၿပီး ပလိုင္းႏွင့္ေပါက္ျပားတို႔လည္းျပန္ပါမလာခဲ့ေခ်။ မိခင္ႀကီးျဖစ္သူမွာ သမီးျဖစ္သူမေအးေသာင္းကိုၾကည့္ၿပီး
” အမေလးသမီးငယ္ရယ္…အလုပ္ေလးတစ္ရက္ခိုင္းလိုက္တာ မ်က္ႏွာကစူပုပ္ေနတာဘဲကြယ္…ညည္းအစ္ကိုေနမေကာင္းလို႔ ခနဝင္လုပ္ရတာပါေတာ္…ကဲကဲမ်က္ႏွာႀကီးစူပုပ္မေနနဲ႔…ေရသြားခ်ိဳး အဝတ္စားလဲၿပီးရင္ ထမင္းစားၾကရေအာင္…”
မေအးေသာင္းကဘာမွျပန္မေျပာဘဲ အခန္းထဲဝင္သြားၿပီး မွန္ကိုၾကည့္ကာနာက်ည္းစြာၿပဳံးလိုက္၏။
” ငါျပန္လာၿပီ…ငါဒီအခ်ိန္ကိုေစာင့္ေနတာၾကာၿပီ…ခုေတာ့ငါ့အလွည့္ေရာက္ၿပီေပါ့…ဟင္း…ဟင္း…ဟင္း…”
ဆိုၿပီးတစ္ေယာက္ထဲစကားေျပာေန၏။
ေနာက္ေန႔မ်ားတြင္လည္း မေအးေသာင္းသည္ မည္သူနဲ႔မွစကားမေျပာဘဲ ငူငိုင္ငိုင္ႀကီးထိုင္ေန၏။ အစ္ကိုႏွင့္မိခင္ျဖစ္သူက သမီးငယ္ေလးစိတ္ဆိုးေနသည္ဟုပင္ထင္ေနၾက၏။
” ေအမ..ငါမိုးေခါင္တို႔အိမ္သြားခ်င္တယ္..”
” ေဟ…ဘယ္နားကမိုးေခါင္တို႔သမီးရ…”
” ဟိုေလ…မိုးေခါင္မဟုတ္ဘူးမွားလို႔ တာတီးတို႔အိမ္ကိုေျပာတာ…”
” ဟင္…တာတီးတို႔အိမ္ဘာသြားလုပ္မွာတုံးငါ့သမီးရ…အဲေကာင္ေတြကငါ့သမီးကိုလိုက္ေႏွာက္ယွက္ေနတာေလ…သူတို႔ေၾကာင့္သမီးအစ္ကိုလည္း ေခါင္းဟက္တက္ကြဲခဲ့ရတာေလ…”
” သမီးသူတို႔နဲ႔ေတြ႕ခ်င္လို႔…”
” ငါ့သမီးက သူတို႔နဲ႔ဘာကိစၥေတြ႕ရမွာလဲ…သူတို႔က တဏွာယစ္မူးေနတဲ့ လူ႔ကႏြားေတြ…ငါ့သမီး…”
” အခုသြားခ်င္တယ္လို႔…”
” ဟင္…”
တစ္ခါမွမိခင္ကိုျပန္မေအာ္ဖူးေသာ မေအးေသာင္းသည္ ယခုမူကား မိခင္ကိုေစ့ေစ့ၾကည့္ၿပီး ျပန္ေအာ္ေနသျဖင့္ ေဒၚလုံးခင္လန႔္သြား၏။
” ဘယ္လိုျဖစ္ေနတာလဲမိေအးေသာင္း…ညည္းဘဝပ်က္သြားခ်င္လို႔္အဲလို႔ေကာင္ေတြနဲ႔ေတြ႕ခ်င္ေနရတာလဲ…”
မေအးေသာင္းကဘာမွမေျပာေတာ့ဘဲ ေျခေဆာင့္ကာအိမ္ထဲသို႔ဝင္သြား၏။ ေဒၚလုံးခင္လည္းသမီးျဖစ္သူကိုၾကည့္ၿပီး အံ့ေဩန၏။
” ဒီေကလးမ ဘာျဖစ္ေနတာလဲ…မိဘကိုေတာင္ျပန္ေအာ္ေနတယ္…ေနမ်ားမေကာင္းတာလား…သားႀကီးကလည္းေနေကာင္းေသးဘူး…”
ဆိုၿပီး အိမ္ထဲဝင္သြားသည္။ ဖိုးေမာင္လည္း ဦးေခါင္းကဒဏ္ရာေၾကာင့္အဖ်ားတက္ေနသည္မွာ သုံးေလးရက္ရွိေနေပၿပီ။ ညီမငယ္လည္းၿခံေတာထဲကျပန္လာၿပီးခ်ိန္မွစၿပီး အမူအရာေျပာင္းလဲေနသည္။
မေအးေသာင္းက မိခင္ႏွင့္အစ္ကိုျဖစ္သူတို႔အိပ္ေမာက်ေနခ်ိန္ တိတ္တဆိတ္ထလာၿပီး ႐ြာထဲသို႔လာခဲ့သည္။ ေခြးမ်ားကသူမကိုၾကည့္ၿပီး အၿမီးကုတ္ကာေျပးၾက၏။ သူမကေဘးဘီဝဲယာကိုၾကည့္ရင္း တာတီးတို႔အရက္ေသာက္ရာ ေနရာကိုေရာက္လာခဲ့သည္။ တာတီးတို႔အုပ္စုကေရခ်ိန္ကိုက္သြားၿပီး ႐ြာလယ္ဇရပ္ထဲတြင္ ေခြးအိပ္ဝက္အိပ္ အိပ္ေနၾကသည္။
” မင္းေခါင္…. မင္းေခါင္ထစမ္း…”
” ဟမ္…ဟင္.. ဟင္…ဘယ္…သူ…လဲ..”
ဆိုၿပီးမ်က္လုံးပြတ္ကာထလာ၏။
” ဟင္…ေသာင္းေလးပါလား…ေသာင္းေလးကိုယ့္ဆီလာတယ္…”
” ရႉးတိုးတိုး…. ”
မေအးေသာင္းက တိတ္တိတ္ေနခိုင္းရာ တာတီးသည္ဝမ္းသာအားရျဖင့္ ပါးစပ္ပိတ္ၿပီး
” အေသာင္းေလး…ကိုတာတီးတို႔ဘယ္နားသြားၾကမွာလဲ..ဟိ…ဟိ…”
” လာခဲ့မိုးေခါင္….”
” ဟင္…တာတီးပါအေသာင္းေလးရဲ႕…ဘယ္ကမိုးေခါင္ျဖစ္ရမွာလဲ…”
” လာ…႐ြာျပင္ကသစ္ပင္ေအာက္သြားၾကမယ္ေလ…”
” ၾသားမြာ…ၾသားမြာအဟိ…ဒီေညတာ့တာတီး နတ္ျပည္ေရာက္ၿပီဘဲ…”
ဆိုၿပီး မေအးေသာင္းေခၚရာေနာက္သို႔ေပ်ာ္႐ႊင္စြာလိုက္သြားခဲ့၏။ ေဘးကငတိႏွစ္ေယာက္ကား တေခါေခါအိပ္ေနဆဲပင္။
” ေသာင္းေလး…ကိုယ့္ကိုေစာင့္ဦးေလ….အေသာင္းေလးလမ္းေလွ်ာက္တာအရမ္းျမန္တာဘဲ..ေဟာဟဲ..ေဟာဟဲ…”
” အမွီလိုက္ခဲ့…”
တာတီးမွာေအးေသာင္းေနာက္သို႔အေျပးလိုက္ခဲ့ေသာ္လည္း မမွီဘဲျဖစ္ေနသည္။ တာတီးမွာေဟာဟဲရႈိက္ၿပီး အမွီလိုက္ခဲ့ရာေနာက္ဆုံး၌ ႐ြာျပင္ရွိသစ္ပင္ႀကီးေအာက္သို႔ ေရာက္လာခဲ့သည္။
” ေသာင္း…ေသာင္းေလး…ေဟာဟဲ…ေဟာဟဲ… ကိုယ့္ကို…တ…တကယ္…ခ်စ္….ခ်စ္… ”
” မိုးေခါင္…မိုးေခါင္…ဟင္း…ဟင္း….”
” ဟင္…ေသာင္းေလး…ကိုယ့္ကိုဘယ္လိုေခၚေနတာလဲ…ဟင္…”
တာတီးမွာမိမိ၏အေရွ႕ရွိမေအးေသာင္းကိုၾကည့္လိုက္ရာ တေျဖးေျဖး႐ုပ္ေျပာင္းသြားၿပီး တျခားမိန္းကေလးတစ္ေယာက္ျဖစ္သြားသျဖင့္ အေနာက္သို႔ေျခတလွမ္းဆုတ္လိုက္၏။
” ဟား…ဟား…ဟား…နင္ငါ့ကို မမွတ္မိေတာ့ဘူးလားမိုးေခါင္…ငါကနင္တို႔ေၾကာင့္ေသခဲ့ရတဲ့မၾကဴေလ…”
” ဟင္… နင္ဘယ္သူလဲ…မိုးေခါင္ကေရာဘယ္သူလဲ….”
” နင္ကဘဝေတြေျပာင္းသြားေတာ့ ငါ့ကိုမမွတ္မိေတာ့ဘူးေပါ့ဟုတ္လား….ဒါေပမဲ့ ငါကမွတ္မိတယ္…ငါ့တို႔မိသားစုေတြနင္တို႔ေၾကာင့္ေသခဲ့ရတယ္…ငါတို႔တစ္႐ြာလုံး မီးရႈိ႕ခဲ့ခံခဲ့ရတယ္….လူ႔ဘဝထဲဝင္ေရာက္လာခဲ့တဲ့ငါ့ကေလးေလးနာက်င္စြာေသဆုံးခဲ့ရတယ္…ခုနင့္အလွည့္ေရာက္ၿပီ…ဟား…ဟား…”
ဆိုၿပီး ပုံစံေျပာင္းလိုက္ရာ မီးေလာင္ဒဏ္ရာမ်ားျဖင့္ အသားမ်ားေညႇာ္ေစာ္နံေနေသာ မိန္းကေလးျဖစ္သြား၏။ ပါးတျခမ္းမွာအသားမရွိေတာ့ဘဲ အ႐ိုးၿပိဳင္းၿပိဳင္းမ်ားအထင္းသားေတြ႕ေနရ၏။ မ်က္လုံးတစ္ဖက္မွာလည္း အျပင္သို႔တြဲေလာင္းျဖစ္ေနၿပီး ျပဳတ္က်လုမတတ္ျဖစ္ေန၏။ တာတီးသည္ထိုမိန္းကေလးကိုျမင္ၿပီး
” အား…သရဲ…သရဲ…ကယ္ၾကပါဦး… ကယ္ၾကပါဦး… ”
ဟုေအာ္ၿပီးေျပးေနေသာ္လည္း ေျပးမရဘဲျဖစ္ေန၏။
” ဟား…ဟား…ဟား…ေျပးေလ…ေျပး…ရေအာင္ေျပး……လူယုတ္မာေကာင္ေတြ… နင္တို႔အလွည့္က်ေတာ့ ဘယ္လိုခံစားရလဲဟမ္….”
” မလုပ္ပါနဲ႔ဗ်ာ…ကြၽန္ေတာ္ေတာင္းပန္ပါတယ္…ကြၽန္ေတာ့ကိုမသတ္ပါနဲ႔…”
” ဟား…ဟား….မလုပ္နဲ႔ဟုတ္လား….နင့္ကိုငါ့ေယာက်ာ္းေတာင္းပန္ေနတုန္းက နင္ခြင့္လႊတ္ခဲ့လား….ၿပီးေတာ့…ငါ့နားကပၠိဳ နင့္ရဲ႕ဒီလက္နဲ႔ အတင္းဆြဲလုခဲ့တာေလ…”
” အား…….”
သရဲမက ေျပာေျပာဆိုဆို တာတီး၏လက္အား ခ်ိဳးပစ္လိုက္၏။
” ဟား….ဟား…ဘယ္လိုလဲခုေတာ့….ကိုယ္ခ်င္းစာတတ္ၿပီလား…ဟား…ဟား….ဟား….”
” မ…မလုပ္ပါနဲ႔….ေတာင္းပန္ပါတယ္…ခြင့္လြတ္ေပးပါ…”
” ငါခြင့္မလြတ္ႏိုင္ဘူး….နင္တို႔ေတြေၾကာင့္ ငါတို႔တစ္႐ြာလုံးအိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္…ဒုကၡပင္လယ္ေဝခဲ့ရတယ္…ေသခ်င္တိုင္းမေသခဲ့ရတဲ့ဒုကၡကိုနင္ခံစားၾကည့္လိုက္…ေရာ့..”
( ေသခ်င္တိုင္းမေသရေသာ ဒုကၡသည္ကား အဆိုး႐ြားဆုံးျဖစ္သည္။ ေရာဂါေဝဒနာမခံမရပ္ႏိုင္ေအာင္နာက်င္လွၿပီး ထိုေဝဒနာ၏ေပ်ာက္ကင္းရာအဆုံးျဖစ္ေသာ ေသျခင္းတရားကိုေတာင့္တေသာ္လည္း ကံဝဋ္ေကြၽးမကုန္ေသးသ၍ ေသခြင့္မရဘဲ တရိပ္ရိပ္ခံစားေနရျခင္းကိုဆိုလိုသည္)
ဆိုကာတာတီး၏ အ႐ိုးမ်ားအားလုံးကိုခ်ိဳးပစ္လိုက္၏။
” အား…..က်ဳပ္ကိုသာတစ္ခါထဲ သတ္လိုက္ပါေတာ့….”
” ဟား…ဟား….ငါ့႐ြာၿပီးမီးၿမိဳက္တုန္းက ေဝဒနာေတြနဲ႔ငါဟာထြက္မေျပးႏိုင္ဘဲ မီးရဲ႕ေလာင္ကြၽမ္းျခင္းကို ဒီလိုဘဲတေျမ့ေျမ့ခံစားရင္းေသဆုံးခဲ့ရတာဟဲ့….ခုေတာ့နင္တို႔အလွည့္ေပါ့…”
ဆိုၿပီး မေအးေသာင္း၏မူလ႐ုပ္အျဖစ္ျပန္ေျပာင္းကာ ႐ြာထဲသို႔တေ႐ြ႕ေ႐ြ႕ျပန္ဝင္သြားေတာ့သည္။ တာတီးကားေလာကငရဲကို မေသမရွင္ျဖင့္နာက်င္စြာခံစားရၿပီး မိုးလင္းခါနီးအခ်ိန္၌ ေသဆုံးသြားေတာ့သည္။
” ႐ြာထိပ္မွာ တာတီးတစ္ေယာက္အသတ္ခံရၿပီး ေသေနတာတဲ့ေဟ့……”
” ဟင္…တာတီးတို႔ညက ႐ြာလယ္ဇရပ္မွာ သူ႔အေဖာ္ေတြနဲ႔အရက္ေသာက္ေနတာေတြ႕ခဲ့ေသးတယ္ေလ…”
” လာတို႔ေတြသြားၾကည့္ၾကရေအာင္…”
မနက္ဘုန္းႀကီးဆြမ္းခံႂကြခ်ိန္ေလာက္၌ သာယာကုန္း႐ြာသူ႐ြာသားမ်ား အုတ္အုတ္က်က္က်က္ျဖစ္ကာ ႐ြာျပင္ရွိ တာတီးပေလာင္းရွိရာသို႔လာၾကည့္ၾက၏။ အခ်ိဳ႕အသည္းငယ္သူတို႔ကား မၾကည့္ရဲၾကေခ်။ အ႐ိုးမ်ားေၾကညက္ေနေအာင္ ခ်ိဳးပစ္ခံရေသာလူသတ္မႈျဖစ္၏။ မ်က္လုံးလည္းအျပဴးလိုက္ဖြင့္ၿပီးေသေနသျဖင့္ တာတီးမေသခင္ ေၾကာက္လန႔္စရာတစ္ခုခုႀကဳံေတြ႕ခဲ့ရမည္ျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ၾက၏။
” ဟာၾကာ…ဘယ္သူကမ်ားဒီေလာက္ထိ ရက္စက္ရတာလဲ…အ႐ိုးတေခ်ာင္းမွမက်န္ေအာင္ခ်ိဳးထားပစ္တယ္…”
” ဟုတ္ပါ့…ဒီတာတီးဆိုတဲ့ေကာင္ကလည္း ရန္သူေတြအမ်ားသားဆိုေတာ့ ဘယ္သူလုပ္တယ္ဆိုတာမွန္းရခက္သား….”
” သူနဲ႔အတူေသာက္ၾကတဲ့ေဖသန္းတို႔ စိုးျမင့္တို႔ကိုေမးၾကည့္ရင္ေတာ့အေျဖမွန္ရေလာက္တယ္…”
” ေအးကြ…”
႐ြာသူ႐ြာသားမ်ားလည္းတစ္ေယာက္တစ္ေပါက္ထင္ေၾကးေပးၾက၏။ သူႀကီးက ၿမိဳ႕ရဲစခန္းကိုအေၾကာင္းၾကားလိုက္ေသာေၾကာင့္ သက္ဆိုင္သူတို႔က မွတ္တမ္းယူၿပီး တရားခံအားစစ္ေဆးရွာေဖြၾက၏။
. မေအးေသာင္းက ဓားျပဗိုလ္မိုးေခါင္ဝင္စားေသာ တာတီးကိုသတ္ၿပီး တာတီး၏တပည့္တပန္းမ်ားကိုလိုက္ရွာေသာ္လည္းမေတြ႕ရေပ။
” ဒီေကာင္ရဲ႕တပည့္တပန္းေတြဘယ္ေနရာမွာလူသြားျဖစ္ၾကတာလဲ…နင္တို႔အကုန္လုံးကိုမသတ္ရမခ်င္း ငါ့အၿငိဳးေတြမေျပႏိုင္ဘူး…”
” ညီေမလး…ဘာေတြေျပာေနတာလဲ…ညီမေလးဘယ္သူ႔ကိုသတ္မလို႔လဲ…”+
အခန္းထဲမွ မေအးေသာင္းတစ္ေယာက္ စကားေျပာေနသည္ကို အစ္ကိုျဖစ္သူဖိုးေမာင္ၾကားလိုက္ရသျဖင့္ ဝင္ေမးလိုက္ျခင္းျဖစ္၏။
” ဪ…ဘာမွမဟုတ္ပါဘူး အစၠိဳရ…ညီမေလးတစ္ေယာက္ထဲပ်င္းလို႔မွန္ၾကည့္ၿပီးေျပာေနတာပါ…အဟင္း…”
” ေျပာခ်င္တျခားအေၾကာင္းအရာေျပာညီမေလး…ခုလိုေျပာတာညီမအတြက္အႏၲာရယ္ရွိတယ္…ဟိုေကာင္တာတီးေသထားတာအမႈလက္သည္မေပၚေသးလို႔ အစိုးရဘက္ကစုံစမ္းေနတာ…ညီမေလးဒီလိုေတြေလွ်ာက္ေျပာလို႔ ညီမကိုလူသတ္တရားခံလို႔ထင္ေနမယ္…”
” ဟင္း…ဟင္း…တကယ္လည္းညီမသတ္တာေလ…”
” ဟာ…ဒီေကာင္မေလး ေျပာေလကဲေလပါလား…ကဲကဲ…ေရမိုးခ်ိဳးေတာ့…”
မေအးေသာင္းကအတည္ေျပာေသာ္လည္း အစ္ကိုျဖစ္သူက စေနာက္ေနသည္ဟုပင္ထင္လိုက္၏။
မေအးေသာင္းသည္႐ြာထဲအေနၾကာလာေသာ္ ပို၍ရဲတင္းလာ၏။ ညလူေျခတိတ္ခ်ိန္၌ သားေကာင္ကိုရွာ၍သတ္၏။ မိုးေခါင္၏တပည့္တပန္းမ်ား ဝင္စားသည္ဟုထင္ရေသာ သူမွန္သမွ်ကိုႀကီးငယ္က်ားမ မေ႐ြးအကုန္လိုက္သတ္၏။ ဤသို႔ျဖင့္သာယာဝေျပာခဲ့ေသာ သာယာကုန္း႐ြာေလးသည္ လူေသအေလာင္းတို႔ထပ္ကာ ေျခာက္ျခားစရာျဖစ္သြားေတာ့သည္။
ေျခရာေဖ်ာက္ေတာ္ေသာ လူသတၱရားခံကား ရွာမရသျဖင့္ သူႀကီးလည္းေခါင္းမီးေတာက္ရေပၿပီ။
သူႀကီးလည္းလွ်ိဳ႕ဝွက္အဖြဲ႕ကိုတိတ္တဆိတ္ ဖြဲ႕လိုက္၏။ ထိုအဖြဲ႕ကိုသူႀကီးႏွင့္ လ်ဳွိ႔ဝွက္အဖြဲ႕သားမ်ားသာ သိ၏။
လကြယ္ညတစ္ညတြင္ မေအးေသာင္းသည္ ေျဖေဖာ့နင္းၿပီး ႐ြာထဲသို႔တိတ္ဆိတ္ထြက္သြားခဲ့သည္။ လွ်ိဳု႔ဝွက္အဖြဲ႕သားမ်ားလည္း မေအးေသာင္းကိုျမင္ေသာ္ အေနာက္မွတိတ္တဆိတ္လိုက္သြားခဲ့၏။
” ရႉးတိုးတိုး… ညႀကီးမင္းႀကီးဒီမိန္းကေလး႐ြာထဲကိုဘာလာလုပ္တာလဲ…”
” အင္း…လူသတ္တရားခံႏွင့္ဒီမိန္းကေလးႏွင့္ ပတ္သက္မႈရွိရမယ္…”
လ်ိဳ႕ဝွက္အဖြဲ႕ကလည္း မေအးေသာင္းေနာက္တေျဖးေျဖးလိုက္ခဲ့ၾက၏။ မေအးေသာင္းသည္ ႐ြာထဲမွေန၍ ႐ြာျပင္သုသာန္ရွိသို႔ တေျဖးေျဖး ေ႐ြ႕သြား၏။ ထိုအျဖစ္ေၾကာင့္ လ်ိဳ႕ဝွက္အဖြဲ႕သားမ်ား အနည္းငယ္ေၾကာက္သြားၾက၏။
” ဒီမိန္းကေလးက သာမာန္လူမွဟုတ္ရဲ႕လား…ဒီအခ်ိန္ႀကီး မိန္းကေလးတစ္ေယာက္ထဲ႐ြာျပင္သုသာန္ထဲဘာသြားလုပ္တာ…”
” ေအးကြ…ေျပာရင္းနဲ႔ငါေတာင္ၾကက္သီးထလာၿပီ…ဆက္လိုက္ၾကဦးမလား…”
” မလိုက္ေတာ့ဘူးကြ…ငါလည္းေၾကာက္တယ္…”
” ေအးဒါဆိုငါတို႔႐ြာထဲျပန္ၿပီး အေျခေနေစာင့္ၾကည့္ၾကမယ္…”
လွ်ိဳ႕ဝွက္အဖြဲ႕သားမ်ား ႐ြာထဲသို႔ ျပန္ဝင္သြားၾကၿပီးအေျခအေနကိုေစာင့္ၾကည့္ၾက၏။
သုဘရာဇာႀကီးဦးေမာင္းတစ္ေယာက္ သုသာန္တဲေလးထဲ၌ အိပ္ေမာက်ေန၏။ အေၾကာက္အလန႔္ကင္းမဲ့ေသာ ထိုသုဘရာဇာႀကီးသည္ကား သရဲတေစၦတို႔ႏွင့္ပင္မိတ္ေဆြဖြဲ႕၍ေနေနသလားဟုပင္ ထင္မွတ္ရေလာက္ေအာင္ပင္။ ေတာေခြးအခ်ိဳ႕က သုသာန္ထဲမွ ေျမပုံမို႔မို႔မ်ားကိုယက္ဖြာၿပီး လူေသအေလာင္းမ်ားကိုဆြဲထုတ္ထားတတ္၏။ ထိုတပိုင္းတစလူေသအေလာင္းမ်ားကို သုဘရာဇာႀကီးက ျပန္လည္ျမဳပ္ေပးရ၏။
မေအးေသာင္း ႐ြာျပင္သုသာန္ထဲသို႔ေရာက္သည္ႏွင့္႐ုပ္ေျပာင္းကာမေကာင္းဆိုးဝါးတစ္ေကာင္ျဖစ္သြားၿပီး ေျမပုံမို႔မို႔ရွိရာသို႔ သြားၿပီး ေလာေလာလတ္လတ္ေသထားေသာအေလာင္းမ်ားကို ထုတ္ယူစားေသာက္ေန၏။ သုဘရာဇာႀကီးက ညတေရးႏိုးလာေသာ္ အေပါ့သြားခ်င္လာသျဖင့္ မီးအိမ္ကိုယူၿပီးမီးညႇိလိုက္၏။ ၿပီးေသာ္တဲအျပင္သို႔ထြက္ကာ အေပါ့စြန႔္ေနစဥ္ မေန႔ကမွလာျမဳပ္ထားေသာ ကေလးတစ္ေယာက္၏ ေျမပုံေဘးမွ လႈပ္လႈပ္ရွားရွားအရာကိုျမင္လိုက္ရသျဖင့္ ေျခာက္လွန႔္ေမာင္းထုန္ရန္ အတြက္ေျမစာခဲကိုယူၿပီး လွမ္းပစ္လိုက္၏။
လက္ဆမွန္သျဖင့္ေျမစာခဲသည္ ေျမပုံေဘးရွိအရာကို တည့္မွန္သြားသည္။ ထိုအရာသည္ သုဘရာဇာႀကီးဘက္သို႔လွည့္လာ၏။ ထိုအရာ၏မ်က္စိႏွစ္လုံးသည္နီရဲေနၿပီး ပါးစပ္မွလည္း လက္ေမာင္းတစ္ခုကိုကိုက္ဆြဲထား၏။ မႈန္ျပျပအလင္းေရာင္ေအာက္တြင္ ျမင္ေတြ႕ရေသာ ထိုအရာသည္ကား သရဲတေစၦမေၾကာက္တတ္ေသာ သုဘရာဇာႀကီးပင္ အသက္ထြက္လုမတတ္လန႔္သြားၿပီးေနရာတြင္ပင္ မူးေမ့လဲက်သြားေတာ့သည္။
မေအးေသာင္းသည္စားေသာက္၍ၿပီးစီးေသာ္ သုဘရာဇာႀကီးကိုတခ်က္မွ်ၾကည့္ၿပီး ႐ြာထဲသို႔တေ႐ြ႕ေ႐ြ႕ျပန္ဝင္လာသည္။
” ဝူး….အီ…အီ…”
” ဝူး…”
႐ြာထဲရွိေခြးေလေခြးလႊင့္တို႔ကား မေအးေသာင္းကိုျမင္ေသာ္ အၿမီးကုတ္ၿပီး အသံပင္က်ယ္က်ယ္မထြက္ရဲၾကေပ။ လွ်ိဳု႔ဝွက္အဖြဲ႕သားမ်ားသည္ ေမွာင္ရိပ္ခိုၿပီး မေအးေသာင္းအား ေစာင့္ၾကည့္ၾကရာ ခဏ၌သူတို႔၏ျမင္ကြင္းထဲသို႔ မေအးေသာင္းေရာက္ခ်လာသည္။
” ဟာ…ဘာႀကီးလဲ…”
” မ…ေမအး…ေသာင္း…”
” သ…သရဲ…သရဲမႀကီးပါလား…”
သူတို႔ျမင္ေတြ႕ခဲ့သည္ကား မေအးေသာင္းဝတ္စုံႏွင့္ ေၾကာက္စရာသရဲသဘက္မႀကီးပင္။ လ်ိဳွ႔ဝွက္အဖြဲ႕သားတို႔ကား ေနရာတြင္ပင္က်င္ႀကီးက်င္ငယ္ပါခ်ကုန္၏။ မေအးေသာင္းသည္ တေ႐ြ႕ေ႐ြ႕ျဖင့္သူ႔အိမ္ရွိရာသို႔ျပန္သြားၿပီး မူမပ်က္အိပ္ေနေလသည္။
ေနာက္တစ္ေန႔တြင္ကား လွ်ိဳ႕ဝွက္အဖြဲ႕မွ လူတို႔သည္ အျပင္းဖ်ားကာစကားေမး၍ပင္မရေတာ့ေခ်။
ကိုဖိုးေမာင္သည္ မိမိ၏အိမ္၌ အပုပ္နံ႔ရေနသျဖင့္ အေကာင္ေတြမ်ား ေသ ထား၍လား ထင္ၿပီး အိမ္ေပၚအိမ္ေအာက္လိုက္၍ရွာေန၏။
ယခုတေလာသူတို႔၏အိမ္သည္ အေသေကာင္ပုပ္နံ႔ရေန၏။ ညီမျဖစ္သူကလည္း အိမ္ထဲမွအိမ္ျပင္သို႔ပင္မထြက္ဘဲ အစားအေသာက္လည္း မရွိေခ်။ အိမ္ခန္းထဲသို႔လည္း မည္သူမွ်အဝင္မခံဘဲ တခါးဂ္ကၳိဳးထား၏။
တစ္ေန႔ေမာင္ေရခဲသည္ ဝိဇၨာေလာင္းလ်ာကိုကူညီေပးၿပီး တာဝန္အရ သာယာကုန္း႐ြာသို႔ေရာက္ရွိလာခဲ့သည္။ ႐ြာထဲသို႔ မဝင္မွီကပင္ မေကာင္းေသာအေငြ႕အသက္ကိုရေန၏။
” ကဲထင္ေပၚေရ…ဒီေကာင္ကအေတာ္စြမ္းအားႀကီးေနၿပီ…သူ႔ရဲ႕ဂလဲ့စားေခ်လိုစိတ္က သူ႔ရဲ႕အသိဉာဏ္အားလုံးကို ဖုံးလႊမ္းထားလိုက္ၿပီကြ…”
” ဟင္…အဲေလာက္ေတာင္လားဆရာ…”
” ေအးကြ…သူသတ္လို႔ေသခဲ့တဲ့လူေတြလည္းပုံေနၿပီ…ငါတို႔အျမန္မကယ္ရင္ ဒီ႐ြာပ်က္သုန္းသြားရေတာ့မွာ…”
” ေၾကာက္စရာပါလားဆရာ…”
” ေအးကြ..ဂလဲ့စားေခ်လိုစိတ္က အရမ္းေၾကာက္စရာေကာင္းတယ္…ခုငါတို႔ေတြသုသာန္ထဲဝင္ၿပီး သုဘရာဇာႀကီးကိုအရင္ကယ္တင္ရမယ္…”
ေမာင္ေရခဲတို႔လည္း ႐ြာထဲသို႔အရင္မဝင္ေသးဘဲ သုသာန္ဇရပ္ထဲသို႔အရင္ဝင္လာခဲ့ၾက၏။ ေမာင္ေရခဲတို႔ဆရာတပည့္ဝင္လာသည္ကိုျမင္ေသာ္သုသာန္ထဲရွိ သရဲ၊တေစၦ တို႔က ေမာင္ေရခဲ၏ ကိုယ္ရွိန္ကိုယ္ဝါေၾကာင့္ ခပ္ေဝးေဝးသို႔သြားၾကကုန္၏။ သုဘရာဇာႀကီးမွာ ေမာင္ေရခဲတို႔ကိုျမင္ေသာ္ ေၾကာက္လန႔္တၾကားျဖင့္ ထေျပးရန္ႀကံ၏။ ေမာင္ေရခဲက သုဘရာဇာႀကီးကို ၾကည့္ၿပီး
” ငါတို႔ကသင့္အသက္ကိုကယ္တင္မဲ့သူပါ…မေၾကာက္ပါနဲ႔ဦးႀကီး”
” ဟင္…သ..သရဲေမကာ…”
” သူမရွိဘူး…”
” ဟင္…နင္တို႔ကဘယ္သူေတြလဲ…”
” ငါတို႔က နယ္လွည့္ၿပီး မေကာင္းသူပယ္၊ေကာင္းသူကယ္ေနတဲ့သူေတြပါ…အခုသင့္ကိုကယ္တင္ရမဲ့ေရစက္ပါလာလို႔ ဝင္ေရာက္လာရျခင္းပါ…”
” ကဲထင္ေပၚ…သူ႔ကိုေရမန္းတိုက္ၿပီး လိက္ျပာခ်ဳပ္အင္းပါတဲ့လက္ဖြဲ႕ကို ခ်ည္ထားေပးလိုက္…”
” ဟုတ္ဆရာ…”
ဆိုၿပီး ေမာင္ထင္ေပၚက လြယ္အိတ္ျဖဴျဖဴေလးထဲမွ ေဆးေရမန္းအခ်ိဳ႕ကိုထုတ္ၿပီး သုဘရာဇာႀကီးကိုတိုက္လိုက္၏။ လိပ္ျပာခ်ဳပ္ႀကိဳးကိုလည္း လက္ေမာင္းတြင္ခ်ည္ထားေပးလိုက္၏။
” ေနရထိုင္ရသက္သာသြားၿပီလားဦးႀကီး”
” အင္း…နည္းနည္းေတာ့အေၾကာက္ေျပသြားၿပီ…ေက်းဇူးတင္ပါတယ္ ဆရာေလးတို႔ရယ္…ငါ့လူေသေတြနဲ႔ေနလာတဲ့တသက္လုံး ဒီေလာက္ေၾကာက္ဖို႔ေကာင္းတဲ့မေကာင္းဆိုးဝါးမ်ိဳးမေတြ႕ဖူးေသးဘူးကြ…”
” အင္း…ဒီမိစာၦက အလြန္အၿငိဳးႀကီးတဲ့သူမို႔ပါ…”
” က်ဳပ္တို႔႐ြာကိုကယ္တင္ေပးပါဆရာေလးတို႔္ရယ္…႐ြာကလူေတြ ေသဆုံးၾကရတာလဲ သူ႔ေၾကာင့္လို႔ က်ဳပ္ထင္မိတယ္ဗ်…”
” ဟုတ္တယ္..သူကသူ႔ကိုဒုကၡေပးခဲ့သမွ်လူေတြကိုလိုက္သတ္ေနတာ…”
” ကဲအခ်ိန္မရွိဘူး…ဦးႀကီးဦးဆာင္ၿပီး က်ဳပ္တို႔ကို ႐ြာထဲေခၚသြားေပးပါ…”
” ေခၚသြားမွာေပါ့ဗ်ာ…လာခုဘဲသြားၾကစို႔…”
သုဘရာဇာႀကီးဦးေဆာင္ၿပီး ေမာင္ေရခဲ တို႔သည္႐ြာထဲရွိသူႀကီး၏အိမ္သို႔ဦးတည္လာခဲ့၏။
” ဗ်ိဳ႕သူႀကီးေရ…သူႀကီး…က်ဳပ္ကသုဘရာဇာႀကီးဦးေမာင္းပါဗ်…ဝင္လာခဲ့မယ္ေနာ္…”
သုဘရာဇာႀကီးဟူေသာအသံေၾကာင့္ သူႀကီးကေတာ္ေဒၚၫႊန႔္က မ်က္ေမွာင္ကုတ္ၿပီး
” နမိတ္နမာမရွိတဲ့လူႀကီး ႐ြာထဲဝင္လာၿပီဆိုေတာ့႐ြာထဲဘယ္သူထပ္ေသဦးမွာလဲမသိဘူး…”
” မင္းစကားကိုၾကည့္ေျပာမၫႊန႔္…သုဘရာဇာလည္းလူဘဲ…သူၾကားသြားရင္မေကာင္းဘူး…”
” အို…ၾကားၾကားေတာ္…လူေသေတြကိုင္တဲ့လူက နမိတ္နမာမရွိတဲ့လူမဟုတ္လို႔ ဘာလဲ…….”
သူႀကီးကဇနီးျဖစ္သူအား ဆုံးမေနေသာ္လည္း သူႀကီးကေတာ္ကဆတ္ဆတ္ထိမခံကက္ကက္လန္ေအာင္ျပန္ေျပာ၏။ အိမ္ထဲ၌သူႀကီးလင္မယားတို႔ေျပာေသာစကားကို ၿခံဝရွိသုဘရာဇာႀကီးတို႔ၾကားလိုက္ၿပီး သုဘရာဇာႀကီး၏မ်က္ႏွာမွာညိဳးႏြမ္းသြား၏။ သူႀကီးကအိမ္ထဲမွထြက္လာၿပီး
” ဪ…ဘယ္သူမ်ားလဲလို႔ ဦးေမာင္းပါလား…ဧည့္သည္လည္းပါလာတာကိုးလာဗ်အိမ္ထဲ…”
” ဒီကဧည့္သည္ေတြကိုဘဲ ဧည့္ခံလိုက္ပါသူႀကီးေရ…က်ဳပ္ကဒီမွာဘဲေစာင့္ေနမယ္ဗ်..”
” ဟာ…မဟုတ္တာဦးေမာင္းရာ…လာလာအိမ္ထဲလာ…လာလူေလးတို႔…”
သူႀကီးကအတင္းေခၚလိုက္မွ သုဘရာဇာႀကီးဦးေမာင္းက အိမ္ထဲသို႔ မဝံ့မရဲလိုက္ဝင္လာ၏။
” အၾကမ္းေရေတြမုန႔္ေတြသုံးေဆာင္ၾက…ဒါနဲ႔ဒီကဧည့္သည္ေတြက ဘယ္သူေတြလဲဦးေမာင္းရ…”
” သူတို႔ကက်ဳပ္တို႔႐ြာကို ကယ္တင္ေပးမဲ့သူေတြပါသူႀကီး…”
” ေဟ…ငါနားမရွင္းဘူးကြဲ႕…”
” ဒီလိုပါသူႀကီး…”
ဆိုၿပီး သုဘရာဇာႀကီးဦးေမာင္းက သူႀကဳံေတြ႕ခဲ့ရသမွ်ကိုသူႀကီးအားရွင္းျပေပးလိုက္၏။
” ဟင္…႐ြာထဲကဖိုးေမာင္ရဲ႕ညီမက လူသတၱရားခံဟုတႅား…”
” အင္း…အဲဒီခႏၶာပိုင္ရွင္လုပ္တာမဟုတ္ဘူး…အၿငိဳးႀကီးတဲ့ဝိဉာဥ္တစ္ေကာင္ကလုပ္တာဗ်…”
” ေဟ…ဦးႀကီးျဖင့္နားကိုမလည္ႏိုင္ပါဘူးတူေမာင္တို႔ရာ…”
” ဒါကျဖစ္ခဲတဲ့ကိစၥပါသူႀကီး…အခ်ိန္မရွိေတာ့တာမို႔ က်ဳပ္တို႔ကိုအဲမိန္းကေလးအိမ္ကိုေခၚသြားေပးပါဗ်…”
” ေအးေအး…ခုဘဲသြားေခၚသြားေပးမယ္ကြယ္…”
ဆိုၿပီးေမာင္ေရခဲတို႔လူတစ္စု မေအးေသာင္းတို႔အိမ္သို႔လာခဲ့ၾက၏။ ကိုဖိုးေမာင္က သူႀကီးတို႔ကိုျမင္ေသာ္
” ဟာသူႀကီး…ဘာကိစၥရွိလို႔လဲဗ်…လူစုံတက္စုံပါလား…လာအိမ္ေပၚႂကြၾကပါဗ်ာ…”
” ေအး…မေအးေသာင္းေကာရွိလားကြဲ႕….”
” ရွိတယ္သူႀကီး..လာအိမ္ေပၚႂကြၾက…”
ေမာင္ေရခဲလည္း ထင္ေပၚကိုၾကည့္ၿပီး လုပ္ေဆာင္ရမည့္မရာကိုမေနာျဖင့္ ေျပာလိုက္၏။ ထင္ေပၚကဆရာျဖစ္သူအမိန႔္အတိုင္း အိမ္ပတ္ပတ္လည္ကိုစည္းတားထားလိုက္သည္။
ေမာင္ေရခဲ ကအိမ္ေပၚသို႔တက္ၿပီး ဘုရားရွိခိုးအမွ်ေဝ၏။ ကိုဖိုးေမာင္၏မိခင္ကား ေမာင္ေရခဲတို႔ကိုအထူးအဆန္းၾကည့္၏။ သူႀကီးႏွင့္သုဘရာဇာႀကီးတို႔္ကား ေဘးမွတ္တိတ္တဆိတ္ထိုင္ေန၏။ ဘုရားရွိခိုးျခင္းအမႈျပဳၿပီးေသာ္ ေမာင္ေရခဲသည္ တင္ပလႅင္ေခြကာ ထိုင္လိုက္ၿပီး
” သင္အထဲခန္းမွာရွိေနတာငါသိတယ္…ထြက္လာခဲ့ၿပီး ငါ့အေရွ႕မွာလာထိုင္ေခ်…”
ေမာင္ေရခဲထိုသို႔ေျပာေသာ္လည္း အထဲမွလႈပ္ရွားသံမၾကားရေခ်။
” မၾကားဘူးလား… ခုခ်က္ခ်င္းငါ့အေရွ႕လာထိုင္စမ္း…”
” ဝုန္း….”
ေမာင္ေရခဲကထပ္မံေခၚလိုက္မွ မေအးေသာင္းသည္ တံခါးကိုဝုန္းခနဲဖြင့္ၿပီး ေျခေဆာင့္ကာ တင္ပလႅင္ခ်ိတ္လာထိုင္၏။
” ျပန္ေျပာင္းထိုင္စမ္း…ဒူးေထာက္ၿပီးထိုင္ ၿပီးရင္ဘုရားကိုဦးခ်ေခ်…”
” မလုပ္ႏိုင္ဘူး… ထြိး…”
” အာခံတယ္ေပါ့…ဟုတၥ…ကဲ… ေျပာင္းထိုင္စမ္း…”
ေမာင္ေရခဲကထပ္မံအမိန႔္ေပးလိုက္မွ ေျပာင္းထိုင္၏။ လွ်ာစက္အာစက္အစြမ္းေၾကာင့္ သူမနာမခံဘဲမေနႏိုင္။
” ၿပီးရင္ဘုရားကို ထိျခင္းငါးပါးႏွင့္ဦးခ်…”
ေမာင္ေရခဲကိုေစ့ေစ့ပင္ေမာ့မၾကည့္ရဲဘဲ ဘုရားကိုဦးခ္၏။
” ရၿပီလား…ကဲေျဖ…နင္ဘယ္သူလဲ…ဘာအတြက္ ဒီခႏၶာရွင္ကိုမွီတြယ္ေနရတာလဲ…”
” ငါကမေအးေသာင္းဘဲ…”
” ညာတယ္…ခႏၶာရွင္ကစိတ္ထားႏူးညံ့တာလူတိုင္းသိတယ္…နင္တျခားလူေတြကိုညာရင္ညာလို႔ရမယ္…ငါ့ကိုေတာ့ညာလို႔မရဘူး…နင့္ရဲ႕မူလခႏၶာကိုငါျမင္ေနရတယ္…ေျဖစမ္း…”
” မေျဖႏိုင္ဘူး…”
” ဝုန္း…”
မေအးေသာင္းသည္ ေမာင္ေရခဲကိုျပန္အာခံရင္း ဝုန္းခနဲထကာေအာက္သို႔ဆင္းေျပး၏။
” အား….”
တစၡဏ၌ အားခနဲေအာ္ၿပီးဟိုေျပးသည္ေျပးလုပ္ေန၏။
” ျပန္လာခဲ့…အိမ္ေပၚကိုျပန္လာခဲ့ခုခ်က္ခ်င္း…”
ေမာင္ေရခဲကအမိန႔္ျပန္လိုက္ရာ မေအးေသာင္းလည္း အိမ္ေပၚသို႔ကုတ္ကုတ္ေလးျပန္တက္လာ၏။
” ထြက္ေျပးလို႔ရမယ္ထင္ေနလား…ျပန္ထိုင္…”
” ကဲခုေျဖ…မင္းဘယ္သူလဲ… ”
” ငါ…ငါ…မၾကဴပါ…”
” မၾကဴ…မၾကဴကဘာကိစၥလူေတြလိုက္သတ္ေနရတာလဲ …”
” အဲေကာင္ေတြကငါနဲ႔ငါ့႐ြာကို ဖ်က္ဆီးခဲ့လို႔…”
” ႐ြာကိုဖ်က္ဆီးခဲ့တယ္…ဘယ္႐ြာကိုဖ်က္ဆီးခဲ့တာလဲ…”
” အင္ေတာ႐ြာလို႔ေခၚတယ္…ခုေတာ့ဟိုေကာင္ေတြလက္ခ်က္ေၾကာင့္ ႐ြာကမရွိေတာ့ဘူး…”
” ဟင္…႐ြာပ်က္ႀကီးနာမည္ဘဲ…”
သူႀကီးကေျပာလိုက္ျခင္းျဖစ္၏။
” အင္ေတာ႐ြာဟုတ္လား…အဲဒီ႐ြာကပ်က္သြားတာႏွစ္ေပါင္းအေတာ္ၾကာေနၿပီေလ…အဲဒီကိစၥထဲပါတဲ့ဓားျပေတြလည္း ေသလြန္လို႔ဘယ္ဘဝေရာက္ေနမွန္းေတာင္မသိေတာ့ဘူးေလ…”
” ဟုတ္တယ္…ငါတို႔႐ြာေလးပ်က္စီးသြားခဲ့တာၾကာၿပီ…ဒါေပမဲ့သူတို႔ငါ့႐ြာကိုမီးရႈိ႕ဖ်က္ဆီးပစ္ခဲ့ၾကတာ မေန႔တစ္ေန႔ကလိုဘဲ…”
” ဒါကအေတာ္ၾကာခဲ့ၿပီဘဲ…ဘာလို႔အၿငိဳးေတြထားၿပီး ကိုယ့္ကိုယ္ကိုပိတ္ေလွာင္ထားရတာလဲ..”
” ငါသူတို႔ကိုဂလဲ့စားေခ်ဖို႔ေစာင့္ေနတာ အေတာ္ၾကာၿပီ…သူတို႔ဘယ္ဘဝေရာက္ေရာက္ငါျပန္သတ္မွာ…”
” တယ္လဲအၿငိဳးႀကီးတာဘဲ…အင္ေတာကေနဒီကိုဘယ္လိုေရာက္လာတာလဲ…”
” ဒီေကာင္မေလးနဲ႔လိုက္လာတာ…ဒီေကာင္မေလးက ကံအေတာ္နိမ့္တာေတြ႕ေတာ့သူနဲ႔ကပ္ၿပီးပါလာတာ…”
” ခုသင့္အျပစ္ေတြအရမ္းမ်ားသြားၿပီဆိုတာ သင္ေတြးမိရဲ႕လား…”
” ငါလုပ္ခဲ့တာအျပစ္ျဖစ္တယ္ဆိုရင္ေတာင္အဲဒီအျပစ္ကို ငါေက်ေက်နပ္နပ္ႀကီးခံယူတယ္…”
” သင္အခုဒီေကာင္မေလးနားေနခြင့္မရွိေတာ့ဘူး…သင့္အျပစ္ေရာ့ေအာင္ေကာင္းမႈကုသိုလ္ေတြလုပ္ေပးမယ္…သင္လက္ခံလား….”
” လက္မခံဘူး..ငါဒီမွာဘဲေနမွာဘယ္မွမသြားဘူး…”
” မသြားလို႔မရဘူး…သြားကိုသြားရမယ္…”
” မၾသားဘူး…”
” ငါမနာက်င္ေစခ်င္ဘူး…ဒီေတာ့ငါေျပာတာလက္ခံလိုက္ပါ….မဟုတ္ရင္အၾကမ္းနည္းသုံးရလိမ့္မယ္…”
” မသြားႏိုင္ဘူး…”
” ဒါဆိုလည္း ငါကဘဲထြက္သြားေအာင္လုပ္ရမွာေပါ့…”
ဆိုကာေမာင္ေရခဲသည္မ်က္လုံးမွိတ္ၿပီးမဖဲဝါကိုဆင့္ေခၚလိုက္၏။ ခဏအၾကာမဖဲဝါေရာက္လာၿပီး မၾကဴအားေခြးႀကီးငနက္ႏွင့္ ကိုက္ဆြဲခိုင္း၏။
” အား….မလုပ္နဲ႔…ၾသား…သြားပါ့မယ္…”
မေအးေသာင္းကား လူးလြန႔္ၿပီးေအာ္ေန၏။
” ရၿပီသခ်ႋဳင္းရွင္မ…”
” ကဲေျပာ…သင္တကယ္သြားမွာလား…သင့္အျပစ္ေတြကႀကီးေလးလြန္းေတာ့ သင္ဒီလိုဘဝမ်ိဳးမွာက်င္လည္ရဦးမွာဘဲ…သင့္အတြက္ငါေကာင္းမႈေတြလုပ္ေပးမယ္…သင္သာဓုေခၚေပါ့…”
” ေက်းဇူးတင္ပါတယ္…ငါ့အတြက္ကုသိုလ္လုပ္ေပးဖို႔ ငါ့ရဲ႕စိန္နားကပ္ေလးကိုေရာင္းလိုက္ပါ…”
” သင့္သေဘာအတိုင္းျဖစ္ေစရမယ္..သင့္ပစၥည္းကဘယ္မွာလဲ..”
” ေကာင္မေလးရဲ႕နားေပၚမွာပါ…”
သူတို႔အားလုံးၾကည့္လိုက္ရာ မေအးေသာင္း၏နားေပၚမွ စိန္နားကပ္တစ္ရံကိုေတြ႕လိုက္ရ၏။
” ဟင္…ဒီနားကပ္ ငါ့ညီမေလးနားေပၚရွိေနတာ ငါဘာလို႔သတိမထားမိရတာလဲ…ငါဂ႐ုမစိုက္မိလို႔ ငါ့ညီမေလးဒုကၡေရာက္ရတာ…”
” ကဲဒီကအစ္ကိုႀကီး… ကိုယ့္ကိုယ္ကိုအျပစ္မတင္ပါနဲ႔ဗ်…”
မေအးေသာင္း၏အစ္ကိုျဖစ္သူက ညီမျဖစ္သူကိုၾကည့္ၿပီး မ်က္ရည္က်ေန၏။ ဆက္ၿပီးေမာင္ေရခဲက
” ဟုတ္ၿပီ…သင့္ဆႏၵအတိုင္းျဖစ္ေစရမယ္…ခုေတာ့သင့္အတြက္ေနရာတစ္ခုရဖို႔္ သခ်ႋဳင္းရွင္မဆီငါေျပာေပးမယ္…”
” ေက်းဇူးတင္ပါတယ္…”
ေမာင္ေရခဲကတစ္ေနရာကိုၾကည့္ၿပီး တစ္စုံတစ္ခုကိုေျပာလိုက္၏။ ၿပီးမွ
” သင္အခု သခ်ႋဳင္းရွင္မႏွင့္အတူလိုက္သြားေတာ့…လာမဲ့လျပည့္ေန႔မွာသင့္အတြက္အလႉလုပ္ေပးမယ္သာဓုေခၚဖို႔ေစာင့္ေနပါ…ကဲထင္ေပၚ…စည္းဖြင့္ေပးလိုက္ေခ်…”
” ဟုတ္ဆရာ…”
ထင္ေပၚလည္းေမာင္ေရခဲေျပာသည့္အတိုင္းစည္းဖြင့္ေပးလိုက္၏။ မၾကဴ၏ဝိဉာဥ္လည္း မေအးေသာင္း၏ခႏၶာထဲမွထြက္သြားေလရာမေအးေသာင္းမွာ ေခြေခြေလးလဲွက်သြား၏။ ေမာင္ေရခဲ လည္းမဖဲဝါကိုေက်းဇူးတင္ေၾကာင္းေျပာဆိုၿပီး ျပန္ပို႔လိုက္၏။ မၾကဴ၏ဝိဉာဥ္လည္း မဖဲဝါေနာက္သို႔ တလႊင့္လႊင့္ပါသြားခဲ့ေတာ့သည္။ ေမာင္ေရခဲလည္းမေအးေသာင္းကို သတိျပန္ရေအာင္လုပ္ေပးလိုက္ၿပီး တစ္အိမ္လုံးကိုပရိတ္ေရပက္ဖ်န္းေပးလိုက္သည္။
လျပည့္ေန႔၌ ေမာင္ေရခဲဦးေဆာင္ေသာအဖြဲ႕တို႔သည္ မၾကဴပိုင္ဆိုင္ခဲ့ေသာစိန္နားကပ္ေလးေရာင္းရေငြနဲ႔ မေအးေသာင္းတို႔လႉဒါန္းေသာေငြမ်ားကိုစုေပါင္းၿပီး အလႉအတန္းလုပ္အမွ်ေပးေဝလိုက္သည္။ မေအးေသာင္းလည္းသတိသံေဝဂရၿပီး ထိုေန႔မွပင္ဆံခ်ကာ ရာသက္ပန္သီလရွင္ဝတ္ၿပီး သာသနာ့ေဘာင္ဝင္လိုက္ေတာ့သည္။
တာဝန္ၿပီးဆုံးၿပီျဖစ္သျဖင့္ ေမာင္ေရခဲတို႔လည္း ႐ြာသူ႐ြာသားမ်ားကိုႏုတ္ဆက္ၿပီး သာယာကုန္း႐ြာေလးမွ ထြက္ခြာသြားခဲ့ေတာ့သည္။….။
# ၿပီး
# ခြန္း
( စိတ္ကူးမွ်သာျဖစ္သည္။ အားေပးဖတ္ရႈသူတစ္ေယာက္ျခင္းစီကိုအထူးေက်းဇူးတင္ပါသည္)