” အစိမ်းသေ ”(စ/ဆုံး)

Unicode Version

” အစိမ်းသေ ”(စ/ဆုံး)
————————–
”ဟင်…ကိုသူ ဆုံးပြီး ဟုတ်လား ”
”ဟုတ်တယ် ”
”ဘယ် လိုများဖြစ်ရလည်းကွာ …မနက်ကတောင် ငါနဲ့တွေ့သွားသေး
တယ်။ ငါ့တောင်စသွားသေးတယ်ကွ”

ကိုသူဆိုတာက ရပ်ကွက်ထဲ လူချစ်လူခင်ပေါပါတယ်။ သူ့မှာဆိုးတာ
လေးတစ်ခုက စတတ် နောက်တတ်ခြင်းလေးပါ။
ဒါပေမယ့်လည်း အရမ်းကြီးတော့ ထိခိုက်နစ်နာအောင်တော့ မစတတ်
ပါဘူး။ လူတကာနဲ့လည်း တည့်အောင်နေပါတယ်။
ဒီနေ့မနက်ကတောင် သူ့ကို စသွားသေးတယ်။ စပုံက ဒီလို…

”ဟေ့ကောင် ဖြိုးလေး လာအုန်းဟ”

အိမ်ရှေ့ကနေခေါ်နေခြင်းပါ။ ဖြိုးလေးလည်း

”အေး လာပြီဟ ဘာပြောမလို့တုန်း”

ဆိုပြီး အိမ်ရှေ့သို့ အလျင်အမြန်ပြေးဆင်းသွားရသည်။ အိမ်ရှေ့ရောက်
တော့ ကိုသူ က အမောတကောနဲ့

”ဒီလိုဟ မင်းတို့ အိမ်မှာ အခုတခြားသူတွေရှိလား ”

ဆိုပြီး အိမ်ထဲဟိုကြည့်ဒီကြည့်လုပ်နေလေတော့ ဖြိုးလေးလည်း သိချင်
ဇောနဲ့ အမြန်မေးပါတော့တယ်။

”ဟေ့ကောင် ဘာဖြစ်လို့လည်း ပြောပါဟ ” ဆိုတော့ ကိုသူက

”အေး မင်းတို့အိမ်ထဲမှာ ငါခဏပုန်းနေလို့ရလား ”

ဒီလိုကြားလိုက်တော့ ဖြိုးလေး တစ်ယောက် ထိတ်ထိတ်ပြာပြာ ဖြစ်
သွားမိသည်။ ဒီကောင် ဘာမဟုတ်တာများ လုပ်လာလည်းပေါ့။

”ဟေ့ကောင် ကိုသူ ပြောစမ်းကွာ ဘာဖြစ်လာလို့လည်း ရင်ထိတ်လိုက်
တာကွာ…မင်းပုန်းချင်ရင်ပုန်း။ ဘာဖြစ်လာလည်းတော့ ငါ့ကိုပြော ”

”ဒီလိုကွ ငါအခု ထွက်ပြေးလာတာ ”

”ဟာ ဘာဖြစ်လာလို့လည်းကွ ”

”လူချောတွေ ဖမ်းနေတယ် ဆိုလို့ ”

ဟု ပြောပြီး တခွီးခွီးနဲ့ ထရီပါတော့တယ်။ ဒီတော့မှ ဖြိုးလေးလည်း သူ
စနောက်တတ်မှန်းသတိရပြီး ပြောဆိုလိုက်ပါတော့တယ်။ သူ့ခဗျာ ရင်
တောင် တုန်သွားမိတာ။ ကိုသူကတော့ ” ငါသွားပြီဟေ့ ”
ဆိုပြီး ထွက်သွားလေတော့ ဖြိုးလေးလည်း ရီကျဲကျဲ လုပ်ကာ အိမ်ပေါ်
ပြန်တက်ခဲ့ပါတော့တယ်။
နေ့ခင်း ရောက်လာတော့ သူငယ်ချင်းဖြစ်သူတစ်ယောက်က ရေးကြီး
သုတ်ဖြာနဲ့ လာပြောတာကတော့ …

”ကိုသူတစ်ယောက် ဆုံးပြီ ” တဲ့လေ။ ကိုယ့်နားတောင် ကိုယ်မယုံချင်။

ဖြစ်ပုံကတော့………
ကိုသူနဲ့ အခြားတစ်ယောက် ။ ပေါင်းနှစ်ယောက်ပေါ့။ နှစ်ယောက်သား
ဆိုင်ကယ်လေးတစ်စီးနဲ့ တစ်ဖက်ရွာကို ထန်းရည်သွားသောက်ကြသည်
အဲ့ဒီရွာက ထန်းရည်က ကောင်းတယ်လို့ နာမည်ကြီးနေတော့ သောက်
ကြသူတွေ အများအပြားပင်။ ရပ်ကွက်ထဲကလူ တော်တော်များများ
လည်း မကြာမကြာ သွားသွားသောက်ကြတာပါ။
ကိုသူတို့လည်း နေ့လည် ၁၀ နာရီလောက်ကသွားသောက်နေကြပြီး
တော့ သောက်ရင်းသောက်ရင်းနဲ့ တဖြေးဖြေး မူးမူးလာလေပြီ။ ဒီတော့
လက်စသတ်ပြီး ပြန်ကြတော့လေသည်။ အပြန်လမ်းမှာ ကိုသူကမောင်း
တစ်ယောက်က နောက်ကနေထိုင်စီးလာတာပေါ့။ လူကလည်းမူးနေ
တော့ ဆိုင်ကယ်လည်း ဟိုရမ်း ဒီရမ်းနဲ့ပါ။ ထန်းရည်ဆိုတာကလည်း
လေတိုက်လေ မူးလေဆိုတော့။ အရင်မူးလာတဲ့အရှိန်နဲ့ ဆိုင်ကယ်
မောင်းလာတော့ ပိုဆိုးတော့တာပေါ့။
၁၁ နာရီခွဲလောက်ဖြစ်နေပါပြီ။ သူတို့လည်း မူးမူးနဲ့ ရမ်းခါပြီးမောင်နေ
ကြပါတယ်။ မောင်းတာကလည်း ( ၅၀ ) လောက်မောင်းလာတာပါ။
မမူးရင်တော့ ဒီအရှိန်က ဘာမှမဖြစ်ပေမယ့် အခုကြတော့ ဟိုရမ်းဒီရမ်း
နဲ့ တော်တော်ဆိုးလာပါတယ်။
တစ်နေရာအရောက်မှာတော့ တဖက်ကမောင်းလာတဲ့ ဆိုင်ကယ်ကို
မမြင်မိပဲ ” ဒုန်း…” ခနဲ တိုက်မိကြပါတော့တယ်။
ဒီတော့ လူတွေလည်း လွင့်စင်ကြကုန်ပါတော့တယ်။
ကိုသူနဲ့ အတူပါလာတဲ့ သူရယ် တစ်ဖက်က မောင်းလာတဲ့ ဆိုင်ကယ်
သမားရယ်က ကွန်ကရစ်လမ်းပေါ်မကျပဲ လမ်းဘေး မြောင်းစပ်ကိုပြုတ်
ကြသွားပါတယ်။
ကံဆိုးသူကတော့ ကိုသူပါ။ ကိုသူကတော့ ကွန်ကရစ်လမ်းပေါ်ကို
နောက်စိနဲ့ တည့်တည့် ပြုတ်ကြသွားပါတယ်။ ဦထုတ်တွေလည်း မပါ
လေတော့ နေရာမှာတင် ပွဲချင်းပြီးသေသွားခဲ့တာပေါ့။
ကျန်သူတွေကတော့ ပွန်းပဲရုံလောက်သာဖြစ်ခဲ့တာပါ။

••••••••••••••••••••••
ဒီလိုတွေ ဖြစ်ခဲ့တော့ လူတွေလည်း စိတ်မကောင်းကြပါဘူး။
ကံကြမ္မာကတော့ ဒီလိုဖြစ်ချိန်တန်လို့ဖြစ်ခဲ့ပြီလေ။ ရှောင်လွှဲလို့မှမရနိုင်
တာ။ တရားနဲ့သာ ဖြေသိမ့်ရပါတော့တယ်။ ကိုသူ့အလောင်းကိုတော့
ဆေးရုံကိုပဲ သယ်သွားခဲ့ရတာပါ။ ဆေးစစ်ချက်တွေယူပြီးမှ အသုဘချ
ဖို့ လုပ်ဆောင်ရတော့တာပေါ့။
အဲ့ဒီညကဆို လမ်းထဲကလူတွေ။ ရပ်ကွက်ထဲက လူတွေဆိုတာ အပြင်
တောင်မထွက်ရဲ ကြပါဘူး။
ကိုသူက အစိမ်းသေ။ ပြီးတော့ အရင်ထဲက စနောက်နေတာ ဒီတော့
ခုလည်း လိုက်စနေမှာပဲ ဆိုပြီး ကြောက်နေကြတာပါ။
ဖြိုးလေး လည်း ဒီည ဘယ်မှမထွက်ပဲ အိမ်မှာပဲ TV ကြည့်နေခဲ့တာ
ပါ။ အချိန်က ည၈ နာရီလောက်ရှိနေပါပြီ။ ဘေးမှာ ဖြိုးလေးရဲ့ အဖေနဲ့
အမေပါရှိနေပါတယ်။ ဒီလိုကြည့်နေတုန်းမှာပဲ ကိုသူတို့ နေတဲ့ အိမ်နား
လောက်ဆီက ခွေးအူသံတွေကြားလာရပါတယ်။ ဖြိုးလေးအိမ်နဲ့ ကိုသူ
အိမ်က အနည်းငယ်တော့ ဝေးပါတယ်။
ဒါပေမယ့် ဒီလိုညဘက်ဆိုတော့ ခွေးအူသံတွေ ကြားနေရပါတယ်။
ဘာရယ်မဟုတ် ဖြိုးလေးတစ်ယောက် ကြက်သီးတောင်ထနေမိပါတယ်
လမ်းထဲမှာလည်း အသံတွေတိတ်ဆိတ်လို့နေပါတယ်။
သူတို့တွေလည်း ကြောက်နေကြမှာပါ။ ကိုသူက အရင်ထဲက စနောက်
နေတော့ အခုလည်း စနေမှာပဲ ဆိုပြီး ကြောက်နေကြတာပေါ့။
ဒီလိုနဲ့ ဖြိုးလေးတို့ TV ကြည့်နေတုန်းမှာပဲ အိမ်ခေါင်မိုးပေါ်ကို
”ဝရော…ဝရော…” ဆိုပြီး ခဲသေးသေးတွေတွေ ကျလာတဲ့အသံကို
ကြားလိုက်ပါတယ်။

ဒီတော့ ဖြိုးလေးလည်း ဘာရယ်မဟုတ် ကျောချမ်းသွားမိပါတယ်။ သူ့
ရဲ့အဖေနဲ့ အမေလည်း တစ်ယောက်မျက်နှာ တစ်ယောက် အဓိပ္ပာယ်ပါ
ပါ ကြည့်လိုက်ကြပါတယ်။
ခဏအကြာမှာတော့ ”ဝရော…ဝရော…” ဆိုပြီး ခဲလုံးတွေ ထပ်ကြသံ
ကြားလိုက်ပြန်ပါတယ်။ ဒီလို ခဲလုံးကြသံ ကြားလိုက်ရပြီး
တစ်ဆက်တည်း မှာပဲ အိမ်ရှေ့မှာ ခွေးတွေ ထအူပါတော့တယ်။
ဒီတော့ အမေက
”သား နင့်သူငယ်ချင်းပဲဖြစ်မှာပါ အမျှဝေလိုက်ပါသားရယ် အမေလည်း
အမျှဝေပေးပါမယ့် ”

ဆိုပြီး ပြောလာလေတော့ ဖြိုးလေးတို့လည်း

”သူငယ်ချင်းရေ ငါတို့ကို မစပါနဲ့နော် အမျှ အမျှ အမျှ ”

ဆိုပြီး ပြောလိုက်ပါတယ်။ ထိုအခါမှာတော့ အိမ်ခေါင်မိုးပေါ်ကို ခဲကြီး
ကြီးတစ်လုံး ” ဒုန်း ”ခနဲ ကြလာသံကို ကြားလိုက်ရပြီးတော့ ခွေးအူသံ
တွေက တဖြေးဖြေးနဲ့ဝေးသွားပါတယ်။
တစ်ယောက်ယောက်နောက်ကို လိုက်ပြီးအူနေသလို တဖြေးဖြေးနဲ့
ဝေးသွားတာပါ။
ဒီအခါမှ ဖြိုးလေးတို့လည်း သက်ပြင်းချနိုင်ပါတော့တယ်။
ဒါပေမယ့် ရပ်ကွက် အတွင်းမှာတော့ ခွေးတွေအူနေလိုက်ပုံများ အသဲ
ယားစဖွယ် ကောင်းနေတော့ပါတယ်။

မနက်ရောက်တော့မှ ရပ်ကွက်အတွင်း သတင်းတွေကြားလာရသည်
ကိုသူနဲ့ ခင်မင်ရင်နီးတဲ့ အိမ်တွေတိုင်းကို ခဲလုံးလေးတွေနဲ့ ခေါင်မိုးပေါ်
ပစ်ပစ်ချသံတွေ ကြားနေရသည်ဟု ပြောလာကြသည်။ ပြီးတော့ ခဲလုံး
လေးတွေ ပစ်ချပြီးတိုင်း အဲ့ဒီအိမ်ရှေ့မှာ ခွေးတွေ အူအူသွားကြသည်
တဲ့။
ကြားရတဲ့ သတင်းတွေက အသည်းယားစဖွယ်။ လူတွေခဗျာ ညရောက်
ဖို့ကိုတောင် ကြောက်ကြောက်လာကြသည်။
သို့ပေမယ့် နောက်ညတွေမှာတော့ ထူးထူးခြားခြား ဘာသံမှမကြားရ
တော့ပေ။
ခွေးအူသံကအစ ဘာဆိုဘာမှ မကြားရတော့တာပါ။ ဒီတော့ အနည်း
ငယ်တော့ စိတ်အေးသွားကြသည်။
ဒါပေမယ့် ရပ်ကွက်အတွင်း ခြောက်လန့်ခြင်းမရှိသည့် အကြောင်းက
တော့………
••••••••••••••••••••••

ရပ်ကွက်အတွင်းမှာတော့ ငါးရောင်းသည့် အဒေါ်ကြီးတစ်ယောက်
ရှိပါသည်။ ထိုအဒေါ်ကြီးက မနက်မိုးမလင်းခင်မှာ ငါးတွေကို ဈေးက
နေ ဖောက်သည်သွားယူပြီး မိုးမလင်းခင် ဝေသီဝေလင်းအချိန်မှာ
ဆိုင်ကယ် ကယ်ရီတစ်စီးနဲ့ တခြားရွာတွေကို သွားပြီး ငါးသွားရောင်း
တာပါ။
ဖြစ်ချင်တော့ သူသွားတဲ့လမ်းက ကိုသူ အစိမ်းသေ သေသွားတဲ့
နေရာကို ဖြတ်သွားရပါတယ်။
သည်ကနေ့လည်း ထိုအဒေါ်ကြီးက ဈေးမှငါးတွေကို ဖောက်သည်ယူ
ပြီး မိုးမလင်းခင်ဝေသီဝေလင်းအချိန်မှာ ဆိုင်ကယ် ကယ်ရီနဲ့ ထွက်လာ
ခဲ့ပါတယ်။
ဒီလိုနဲ့ ကိုသူ သေဆုံးသွားတဲ့ နေရာအရောက်မှာတော့ ဆိုင်ကယ်က
လီဗာ ဆွဲနေပေမယ့် အရှေ့ကို ဆက်မသွားတော့ပါဘူး။
စက်သံသာ တဝူးဝူးနဲ့ ကျယ်လာတာပါ။ ဆိုင်ကယ်ကတော့ မရွေ့ပါဘူး
မနက် ဝေသီဝေလင်းလေးလည်းဖြစ်ပြန် ဆိုင်ကယ်ရှေ့မီး နောက်မီးနဲ့
ဆိုတော့ အနီးအနားတစ်ဝိုက်ကို အနည်းငယ် မြင်နေရပါတယ်။
ဒီအချိန်မှာ ငါးသည် အဒေါ်ကြီးက ဘာရယ် မဟုတ်ပဲ ဆိုင်ကယ်
အနောက်ကို ကြည့်မိလိုက်တဲ့အခါ အသည်းတွေ တဆက်ဆက်တုန်
လာပြီး ကြက်သီးတွေ တဖြန်းဖြန်းထလာခဲ့ပါတယ်။
သူမြင်လိုက်ရတာကတော့ လက်မဲမဲကြီးတစ်ဖက်က ဆိုင်ကယ် နောက်
ကိုင်းကို ဆွဲထားတာပါ။
သေသေချာချာမမြင်ရပေမယ့် ထွားထွားကြိုင်းကြိုင်း လက်ကြီးတစ်ဖက်
မှန်းတော့ သိနေပါတယ်။
အဒေါ်ကြီးလည်း ကြောက်အားလန့်အားနဲ့ ဘာလုပ်ရမှန်းလည်းမသိ
တော့ပါဘူး။
မောင်းနေတဲ့ ဆိုင်ကယ်သမားကတော့ ဆိုင်ကယ်တစ်ခုခုဖြစ်ပြီဆိုပြီး
ဆိုင်ကယ်ကိုစက်သတ်လိုက်ပါတယ်။
ထိုအချိန်လေးမှာပဲ စောစောကဝိုးတဝါးမြင်နေရတဲ့ လက်မဲမဲကြီးတစ်
ဖက်က သူရဲ့ ငါးထည့်လာတဲ့ ဈေးဗန်းကို လှမ်းဆွဲပါတော့တယ်။
နားထဲမှာလည်း ” ဟင်း…ဟင်း…ဟင်း…” ဆိုပြီး ညည်းသံလည်း
ကြားလိုက်ရပါတယ်။
ထိုအခါ အဒေါ်ကြီးလည်း ခေါင်းတွေကြီးလာလိုဖြစ်လာပြီး ကြက်သီး
တွေ ထလာခဲ့ပါတော့တယ်။ ပြီးတော့ ဈေးဗန်းကိုလည်း ဝုန်းခနဲ လွှတ်
ချလိုက်ပြီး

” သရဲ …… သရဲ…… ”

ဟုအော်ကာ ဆိုင်ကယ်ပေါ်ကနေ ဆင်းပြေးပါတော့တယ်။ ထိုအခါ
ဆိုင်ကယ်သမားလည်း အံ့သြတကြီးနဲ့ နောက်ကိုလှည့်ကြည့်လိုက်မိ
တော့……
လူပုံသဏ္ဌာန် မဲမဲ ပုံရိပ်တစ်ခုက ငါးဗန်းထဲကို လက်ကြီးနဲ့ နှိုက်နေတာ
ကို ရုတ်တရက်မြင်လိုက်ရပါတယ်။
ဒီတော့မှ ဆိုင်ကယ်သမားလည်း ကြောက်လန့်ကာ ဆိုင်ကယ်ကြီးကို
ထားခဲ့ပြီး ဟိုးအရှေ့က မြင်နေရတဲ့ ရွာဆီထွက်ပြေးပါတော့တယ်။
ဆိုင်ကယ်ကိုတော့ မနက် မိုးလင်းမှ ပြန်လာယူခဲ့ရပါတယ်။
ထိုအဒေါ်ကြီးနဲ့ ဆိုင်ကယ်သမားပြောပြချက်အရ ထိုနေရာမှာ ပွဲချင်းပြီး
အစိမ်းသေ သေသွားခဲ့တာ ကိုသူ တစ်ယောက်ထဲပါ။
ဒီတော့ ကိုသူ ခြောက်လန့်တာအပြင်တခြားမရှိနိုင်ဘူးလို့ ထိုအဒေါ်
ကြီးက ပြောပါတယ်။

ဒီလိုဖြစ်ပျက်ခဲ့ပြီး နောက်ရက်များမှာလည်း……
မနက် ဝေသီဝေလင်းအချိန်တွေရယ် ညဘက်တွေရယ်မှာ အဲ့ဒီနေရာ
တဝိုက်မှာ ခြောက်လှန့်တာတွေ ဖြစ်ခဲ့ပါတယ်။
ညဘက်ဆိုင်ကယ်မောင်းနေရင်း လမ်းဘေးမှာ မဲမဲအကောင်ကြီးတစ်
ကောင် မတ်တပ်ရပ်နေတာကိုတွေ့သူကတွေ့။
ဆိုင်ကယ်မောင်းနေရင်း မဲမဲအကေင်ကြီးတစ်ကောက် လက်ပြတားနေ
တာကို မြင်သူကမြင်နဲ့ နောက်ပိုင်းမှာ ဘယ်သူမှမသွားရဲကြတော့ပါဘူး။
ရပ်ကွက်အတွင်းမှာတော့ ခြောက်လှန့်သံ လုံးဝမကြားခဲ့ရတော့ပါဘူး။

နောက်ပိုင်းမှာတော့ ရက်လည် ဆွမ်းသွတ် တဲ့အချိန်မှာ ရက်ကွက်
ထဲရှိအိမ်မှာ တရားနာ အမျှဝေခဲ့တဲ့ အပြင် ကိုသူသေဆုံးခဲ့တဲ့ နေရာ
မှာပါ ဘုန်ကြီး ပင့်ကာ ပရိတ်ရွတ် အမျှဝေခဲ့ပါတယ်။

ထိုအချိန်ကစလို့ ကိုသူတစ်ယောက် ကျွတ်လွတ်သွားပြီထင်ပါတော့
တယ်။ နောက်ထပ်ခြောက်လှန့်တယ်လို့ သတင်းမကြားရတော့ပါဘူး။

••••••••••••••••••••••
°°The End °°
စာဖတ်သူများအားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေ…

Zawgyi Version

” အစိမ္းေသ ”(စ/ဆုံး)
————————–
”ဟင္…ကိုသူ ဆုံးၿပီး ဟုတ္လား ”
”ဟုတ္တယ္ ”
”ဘယ္ လိုမ်ားျဖစ္ရလည္းကြာ …မနက္ကေတာင္ ငါနဲ႔ေတြ႕သြားေသး
တယ္။ ငါ့ေတာင္စသြားေသးတယ္ကြ”

ကိုသူဆိုတာက ရပ္ကြက္ထဲ လူခ်စ္လူခင္ေပါပါတယ္။ သူ႔မွာဆိုးတာ
ေလးတစ္ခုက စတတ္ ေနာက္တတ္ျခင္းေလးပါ။
ဒါေပမယ့္လည္း အရမ္းႀကီးေတာ့ ထိခိုက္နစ္နာေအာင္ေတာ့ မစတတ္
ပါဘူး။ လူတကာနဲ႔လည္း တည့္ေအာင္ေနပါတယ္။
ဒီေန႔မနက္ကေတာင္ သူ႔ကို စသြားေသးတယ္။ စပုံက ဒီလို…

”ေဟ့ေကာင္ ၿဖိဳးေလး လာအုန္းဟ”

အိမ္ေရွ႕ကေနေခၚေနျခင္းပါ။ ၿဖိဳးေလးလည္း

”ေအး လာၿပီဟ ဘာေျပာမလို႔တုန္း”

ဆိုၿပီး အိမ္ေရွ႕သို႔ အလ်င္အျမန္ေျပးဆင္းသြားရသည္။ အိမ္ေရွ႕ေရာက္
ေတာ့ ကိုသူ က အေမာတေကာနဲ႔

”ဒီလိုဟ မင္းတို႔ အိမ္မွာ အခုတျခားသူေတြရွိလား ”

ဆိုၿပီး အိမ္ထဲဟိုၾကည့္ဒီၾကည့္လုပ္ေနေလေတာ့ ၿဖိဳးေလးလည္း သိခ်င္
ေဇာနဲ႔ အျမန္ေမးပါေတာ့တယ္။

”ေဟ့ေကာင္ ဘာျဖစ္လို႔လည္း ေျပာပါဟ ” ဆိုေတာ့ ကိုသူက

”ေအး မင္းတို႔အိမ္ထဲမွာ ငါခဏပုန္းေနလို႔ရလား ”

ဒီလိုၾကားလိုက္ေတာ့ ၿဖိဳးေလး တစ္ေယာက္ ထိတ္ထိတ္ျပာျပာ ျဖစ္
သြားမိသည္။ ဒီေကာင္ ဘာမဟုတ္တာမ်ား လုပ္လာလည္းေပါ့။

”ေဟ့ေကာင္ ကိုသူ ေျပာစမ္းကြာ ဘာျဖစ္လာလို႔လည္း ရင္ထိတ္လိုက္
တာကြာ…မင္းပုန္းခ်င္ရင္ပုန္း။ ဘာျဖစ္လာလည္းေတာ့ ငါ့ကိုေျပာ ”

”ဒီလိုကြ ငါအခု ထြက္ေျပးလာတာ ”

”ဟာ ဘာျဖစ္လာလို႔လည္းကြ ”

”လူေခ်ာေတြ ဖမ္းေနတယ္ ဆိုလို႔ ”

ဟု ေျပာၿပီး တခြီးခြီးနဲ႔ ထရီပါေတာ့တယ္။ ဒီေတာ့မွ ၿဖိဳးေလးလည္း သူ
စေနာက္တတ္မွန္းသတိရၿပီး ေျပာဆိုလိုက္ပါေတာ့တယ္။ သူ႔ခဗ်ာ ရင္
ေတာင္ တုန္သြားမိတာ။ ကိုသူကေတာ့ ” ငါသြားၿပီေဟ့ ”
ဆိုၿပီး ထြက္သြားေလေတာ့ ၿဖိဳးေလးလည္း ရီက်ဲက်ဲ လုပ္ကာ အိမ္ေပၚ
ျပန္တက္ခဲ့ပါေတာ့တယ္။
ေန႔ခင္း ေရာက္လာေတာ့ သူငယ္ခ်င္းျဖစ္သူတစ္ေယာက္က ေရးႀကီး
သုတ္ျဖာနဲ႔ လာေျပာတာကေတာ့ …

”ကိုသူတစ္ေယာက္ ဆုံးၿပီ ” တဲ့ေလ။ ကိုယ့္နားေတာင္ ကိုယ္မယုံခ်င္။

ျဖစ္ပုံကေတာ့………
ကိုသူနဲ႔ အျခားတစ္ေယာက္ ။ ေပါင္းႏွစ္ေယာက္ေပါ့။ ႏွစ္ေယာက္သား
ဆိုင္ကယ္ေလးတစ္စီးနဲ႔ တစ္ဖက္႐ြာကို ထန္းရည္သြားေသာက္ၾကသည္
အဲ့ဒီ႐ြာက ထန္းရည္က ေကာင္းတယ္လို႔ နာမည္ႀကီးေနေတာ့ ေသာက္
ၾကသူေတြ အမ်ားအျပားပင္။ ရပ္ကြက္ထဲကလူ ေတာ္ေတာ္မ်ားမ်ား
လည္း မၾကာမၾကာ သြားသြားေသာက္ၾကတာပါ။
ကိုသူတို႔လည္း ေန႔လည္ ၁၀ နာရီေလာက္ကသြားေသာက္ေနၾကၿပီး
ေတာ့ ေသာက္ရင္းေသာက္ရင္းနဲ႔ တေျဖးေျဖး မူးမူးလာေလၿပီ။ ဒီေတာ့
လက္စသတ္ၿပီး ျပန္ၾကေတာ့ေလသည္။ အျပန္လမ္းမွာ ကိုသူကေမာင္း
တစ္ေယာက္က ေနာက္ကေနထိုင္စီးလာတာေပါ့။ လူကလည္းမူးေန
ေတာ့ ဆိုင္ကယ္လည္း ဟိုရမ္း ဒီရမ္းနဲ႔ပါ။ ထန္းရည္ဆိုတာကလည္း
ေလတိုက္ေလ မူးေလဆိုေတာ့။ အရင္မူးလာတဲ့အရွိန္နဲ႔ ဆိုင္ကယ္
ေမာင္းလာေတာ့ ပိုဆိုးေတာ့တာေပါ့။
၁၁ နာရီခြဲေလာက္ျဖစ္ေနပါၿပီ။ သူတို႔လည္း မူးမူးနဲ႔ ရမ္းခါၿပီးေမာင္ေန
ၾကပါတယ္။ ေမာင္းတာကလည္း ( ၅၀ ) ေလာက္ေမာင္းလာတာပါ။
မမူးရင္ေတာ့ ဒီအရွိန္က ဘာမွမျဖစ္ေပမယ့္ အခုၾကေတာ့ ဟိုရမ္းဒီရမ္း
နဲ႔ ေတာ္ေတာ္ဆိုးလာပါတယ္။
တစ္ေနရာအေရာက္မွာေတာ့ တဖက္ကေမာင္းလာတဲ့ ဆိုင္ကယ္ကို
မျမင္မိပဲ ” ဒုန္း…” ခနဲ တိုက္မိၾကပါေတာ့တယ္။
ဒီေတာ့ လူေတြလည္း လြင့္စင္ၾကကုန္ပါေတာ့တယ္။
ကိုသူနဲ႔ အတူပါလာတဲ့ သူရယ္ တစ္ဖက္က ေမာင္းလာတဲ့ ဆိုင္ကယ္
သမားရယ္က ကြန္ကရစ္လမ္းေပၚမက်ပဲ လမ္းေဘး ေျမာင္းစပ္ကိုျပဳတ္
ၾကသြားပါတယ္။
ကံဆိုးသူကေတာ့ ကိုသူပါ။ ကိုသူကေတာ့ ကြန္ကရစ္လမ္းေပၚကို
ေနာက္စိနဲ႔ တည့္တည့္ ျပဳတ္ၾကသြားပါတယ္။ ဦထုတ္ေတြလည္း မပါ
ေလေတာ့ ေနရာမွာတင္ ပြဲခ်င္းၿပီးေသသြားခဲ့တာေပါ့။
က်န္သူေတြကေတာ့ ပြန္းပဲ႐ုံေလာက္သာျဖစ္ခဲ့တာပါ။

••••••••••••••••••••••
ဒီလိုေတြ ျဖစ္ခဲ့ေတာ့ လူေတြလည္း စိတ္မေကာင္းၾကပါဘူး။
ကံၾကမၼာကေတာ့ ဒီလိုျဖစ္ခ်ိန္တန္လို႔ျဖစ္ခဲ့ၿပီေလ။ ေရွာင္လႊဲလို႔မွမရႏိုင္
တာ။ တရားနဲ႔သာ ေျဖသိမ့္ရပါေတာ့တယ္။ ကိုသူ႔အေလာင္းကိုေတာ့
ေဆး႐ုံကိုပဲ သယ္သြားခဲ့ရတာပါ။ ေဆးစစ္ခ်က္ေတြယူၿပီးမွ အသုဘခ်
ဖို႔ လုပ္ေဆာင္ရေတာ့တာေပါ့။
အဲ့ဒီညကဆို လမ္းထဲကလူေတြ။ ရပ္ကြက္ထဲက လူေတြဆိုတာ အျပင္
ေတာင္မထြက္ရဲ ၾကပါဘူး။
ကိုသူက အစိမ္းေသ။ ၿပီးေတာ့ အရင္ထဲက စေနာက္ေနတာ ဒီေတာ့
ခုလည္း လိုက္စေနမွာပဲ ဆိုၿပီး ေၾကာက္ေနၾကတာပါ။
ၿဖိဳးေလး လည္း ဒီည ဘယ္မွမထြက္ပဲ အိမ္မွာပဲ TV ၾကည့္ေနခဲ့တာ
ပါ။ အခ်ိန္က ည၈ နာရီေလာက္ရွိေနပါၿပီ။ ေဘးမွာ ၿဖိဳးေလးရဲ႕ အေဖနဲ႔
အေမပါရွိေနပါတယ္။ ဒီလိုၾကည့္ေနတုန္းမွာပဲ ကိုသူတို႔ ေနတဲ့ အိမ္နား
ေလာက္ဆီက ေခြးအူသံေတြၾကားလာရပါတယ္။ ၿဖိဳးေလးအိမ္နဲ႔ ကိုသူ
အိမ္က အနည္းငယ္ေတာ့ ေဝးပါတယ္။
ဒါေပမယ့္ ဒီလိုညဘက္ဆိုေတာ့ ေခြးအူသံေတြ ၾကားေနရပါတယ္။
ဘာရယ္မဟုတ္ ၿဖိဳးေလးတစ္ေယာက္ ၾကက္သီးေတာင္ထေနမိပါတယ္
လမ္းထဲမွာလည္း အသံေတြတိတ္ဆိတ္လို႔ေနပါတယ္။
သူတို႔ေတြလည္း ေၾကာက္ေနၾကမွာပါ။ ကိုသူက အရင္ထဲက စေနာက္
ေနေတာ့ အခုလည္း စေနမွာပဲ ဆိုၿပီး ေၾကာက္ေနၾကတာေပါ့။
ဒီလိုနဲ႔ ၿဖိဳးေလးတို႔ TV ၾကည့္ေနတုန္းမွာပဲ အိမ္ေခါင္မိုးေပၚကို
”ဝေရာ…ဝေရာ…” ဆိုၿပီး ခဲေသးေသးေတြေတြ က်လာတဲ့အသံကို
ၾကားလိုက္ပါတယ္။

ဒီေတာ့ ၿဖိဳးေလးလည္း ဘာရယ္မဟုတ္ ေက်ာခ်မ္းသြားမိပါတယ္။ သူ႔
ရဲ႕အေဖနဲ႔ အေမလည္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ အဓိပၸာယ္ပါ
ပါ ၾကည့္လိုက္ၾကပါတယ္။
ခဏအၾကာမွာေတာ့ ”ဝေရာ…ဝေရာ…” ဆိုၿပီး ခဲလုံးေတြ ထပ္ၾကသံ
ၾကားလိုက္ျပန္ပါတယ္။ ဒီလို ခဲလုံးၾကသံ ၾကားလိုက္ရၿပီး
တစ္ဆက္တည္း မွာပဲ အိမ္ေရွ႕မွာ ေခြးေတြ ထအူပါေတာ့တယ္။
ဒီေတာ့ အေမက
”သား နင့္သူငယ္ခ်င္းပဲျဖစ္မွာပါ အမွ်ေဝလိုက္ပါသားရယ္ အေမလည္း
အမွ်ေဝေပးပါမယ့္ ”

ဆိုၿပီး ေျပာလာေလေတာ့ ၿဖိဳးေလးတို႔လည္း

”သူငယ္ခ်င္းေရ ငါတို႔ကို မစပါနဲ႔ေနာ္ အမွ် အမွ် အမွ် ”

ဆိုၿပီး ေျပာလိုက္ပါတယ္။ ထိုအခါမွာေတာ့ အိမ္ေခါင္မိုးေပၚကို ခဲႀကီး
ႀကီးတစ္လုံး ” ဒုန္း ”ခနဲ ၾကလာသံကို ၾကားလိုက္ရၿပီးေတာ့ ေခြးအူသံ
ေတြက တေျဖးေျဖးနဲ႔ေဝးသြားပါတယ္။
တစ္ေယာက္ေယာက္ေနာက္ကို လိုက္ၿပီးအူေနသလို တေျဖးေျဖးနဲ႔
ေဝးသြားတာပါ။
ဒီအခါမွ ၿဖိဳးေလးတို႔လည္း သက္ျပင္းခ်ႏိုင္ပါေတာ့တယ္။
ဒါေပမယ့္ ရပ္ကြက္ အတြင္းမွာေတာ့ ေခြးေတြအူေနလိုက္ပုံမ်ား အသဲ
ယားစဖြယ္ ေကာင္းေနေတာ့ပါတယ္။

မနက္ေရာက္ေတာ့မွ ရပ္ကြက္အတြင္း သတင္းေတြၾကားလာရသည္
ကိုသူနဲ႔ ခင္မင္ရင္နီးတဲ့ အိမ္ေတြတိုင္းကို ခဲလုံးေလးေတြနဲ႔ ေခါင္မိုးေပၚ
ပစ္ပစ္ခ်သံေတြ ၾကားေနရသည္ဟု ေျပာလာၾကသည္။ ၿပီးေတာ့ ခဲလုံး
ေလးေတြ ပစ္ခ်ၿပီးတိုင္း အဲ့ဒီအိမ္ေရွ႕မွာ ေခြးေတြ အူအူသြားၾကသည္
တဲ့။
ၾကားရတဲ့ သတင္းေတြက အသည္းယားစဖြယ္။ လူေတြခဗ်ာ ညေရာက္
ဖို႔ကိုေတာင္ ေၾကာက္ေၾကာက္လာၾကသည္။
သို႔ေပမယ့္ ေနာက္ညေတြမွာေတာ့ ထူးထူးျခားျခား ဘာသံမွမၾကားရ
ေတာ့ေပ။
ေခြးအူသံကအစ ဘာဆိုဘာမွ မၾကားရေတာ့တာပါ။ ဒီေတာ့ အနည္း
ငယ္ေတာ့ စိတ္ေအးသြားၾကသည္။
ဒါေပမယ့္ ရပ္ကြက္အတြင္း ေျခာက္လန႔္ျခင္းမရွိသည့္ အေၾကာင္းက
ေတာ့………
••••••••••••••••••••••

ရပ္ကြက္အတြင္းမွာေတာ့ ငါးေရာင္းသည့္ အေဒၚႀကီးတစ္ေယာက္
ရွိပါသည္။ ထိုအေဒၚႀကီးက မနက္မိုးမလင္းခင္မွာ ငါးေတြကို ေဈးက
ေန ေဖာက္သည္သြားယူၿပီး မိုးမလင္းခင္ ေဝသီေဝလင္းအခ်ိန္မွာ
ဆိုင္ကယ္ ကယ္ရီတစ္စီးနဲ႔ တျခား႐ြာေတြကို သြားၿပီး ငါးသြားေရာင္း
တာပါ။
ျဖစ္ခ်င္ေတာ့ သူသြားတဲ့လမ္းက ကိုသူ အစိမ္းေသ ေသသြားတဲ့
ေနရာကို ျဖတ္သြားရပါတယ္။
သည္ကေန႔လည္း ထိုအေဒၚႀကီးက ေဈးမွငါးေတြကို ေဖာက္သည္ယူ
ၿပီး မိုးမလင္းခင္ေဝသီေဝလင္းအခ်ိန္မွာ ဆိုင္ကယ္ ကယ္ရီနဲ႔ ထြက္လာ
ခဲ့ပါတယ္။
ဒီလိုနဲ႔ ကိုသူ ေသဆုံးသြားတဲ့ ေနရာအေရာက္မွာေတာ့ ဆိုင္ကယ္က
လီဗာ ဆြဲေနေပမယ့္ အေရွ႕ကို ဆက္မသြားေတာ့ပါဘူး။
စက္သံသာ တဝူးဝူးနဲ႔ က်ယ္လာတာပါ။ ဆိုင္ကယ္ကေတာ့ မေ႐ြ႕ပါဘူး
မနက္ ေဝသီေဝလင္းေလးလည္းျဖစ္ျပန္ ဆိုင္ကယ္ေရွ႕မီး ေနာက္မီးနဲ႔
ဆိုေတာ့ အနီးအနားတစ္ဝိုက္ကို အနည္းငယ္ ျမင္ေနရပါတယ္။
ဒီအခ်ိန္မွာ ငါးသည္ အေဒၚႀကီးက ဘာရယ္ မဟုတ္ပဲ ဆိုင္ကယ္
အေနာက္ကို ၾကည့္မိလိုက္တဲ့အခါ အသည္းေတြ တဆက္ဆက္တုန္
လာၿပီး ၾကက္သီးေတြ တျဖန္းျဖန္းထလာခဲ့ပါတယ္။
သူျမင္လိုက္ရတာကေတာ့ လက္မဲမဲႀကီးတစ္ဖက္က ဆိုင္ကယ္ ေနာက္
ကိုင္းကို ဆြဲထားတာပါ။
ေသေသခ်ာခ်ာမျမင္ရေပမယ့္ ထြားထြားႀကိဳင္းႀကိဳင္း လက္ႀကီးတစ္ဖက္
မွန္းေတာ့ သိေနပါတယ္။
အေဒၚႀကီးလည္း ေၾကာက္အားလန႔္အားနဲ႔ ဘာလုပ္ရမွန္းလည္းမသိ
ေတာ့ပါဘူး။
ေမာင္းေနတဲ့ ဆိုင္ကယ္သမားကေတာ့ ဆိုင္ကယ္တစ္ခုခုျဖစ္ၿပီဆိုၿပီး
ဆိုင္ကယ္ကိုစက္သတ္လိုက္ပါတယ္။
ထိုအခ်ိန္ေလးမွာပဲ ေစာေစာကဝိုးတဝါးျမင္ေနရတဲ့ လက္မဲမဲႀကီးတစ္
ဖက္က သူရဲ႕ ငါးထည့္လာတဲ့ ေဈးဗန္းကို လွမ္းဆြဲပါေတာ့တယ္။
နားထဲမွာလည္း ” ဟင္း…ဟင္း…ဟင္း…” ဆိုၿပီး ညည္းသံလည္း
ၾကားလိုက္ရပါတယ္။
ထိုအခါ အေဒၚႀကီးလည္း ေခါင္းေတြႀကီးလာလိုျဖစ္လာၿပီး ၾကက္သီး
ေတြ ထလာခဲ့ပါေတာ့တယ္။ ၿပီးေတာ့ ေဈးဗန္းကိုလည္း ဝုန္းခနဲ လႊတ္
ခ်လိုက္ၿပီး

” သရဲ …… သရဲ…… ”

ဟုေအာ္ကာ ဆိုင္ကယ္ေပၚကေန ဆင္းေျပးပါေတာ့တယ္။ ထိုအခါ
ဆိုင္ကယ္သမားလည္း အံ့ၾသတႀကီးနဲ႔ ေနာက္ကိုလွည့္ၾကည့္လိုက္မိ
ေတာ့……
လူပုံသဏၭာန္ မဲမဲ ပုံရိပ္တစ္ခုက ငါးဗန္းထဲကို လက္ႀကီးနဲ႔ ႏႈိက္ေနတာ
ကို ႐ုတ္တရက္ျမင္လိုက္ရပါတယ္။
ဒီေတာ့မွ ဆိုင္ကယ္သမားလည္း ေၾကာက္လန႔္ကာ ဆိုင္ကယ္ႀကီးကို
ထားခဲ့ၿပီး ဟိုးအေရွ႕က ျမင္ေနရတဲ့ ႐ြာဆီထြက္ေျပးပါေတာ့တယ္။
ဆိုင္ကယ္ကိုေတာ့ မနက္ မိုးလင္းမွ ျပန္လာယူခဲ့ရပါတယ္။
ထိုအေဒၚႀကီးနဲ႔ ဆိုင္ကယ္သမားေျပာျပခ်က္အရ ထိုေနရာမွာ ပြဲခ်င္းၿပီး
အစိမ္းေသ ေသသြားခဲ့တာ ကိုသူ တစ္ေယာက္ထဲပါ။
ဒီေတာ့ ကိုသူ ေျခာက္လန႔္တာအျပင္တျခားမရွိႏိုင္ဘူးလို႔ ထိုအေဒၚ
ႀကီးက ေျပာပါတယ္။

ဒီလိုျဖစ္ပ်က္ခဲ့ၿပီး ေနာက္ရက္မ်ားမွာလည္း……
မနက္ ေဝသီေဝလင္းအခ်ိန္ေတြရယ္ ညဘက္ေတြရယ္မွာ အဲ့ဒီေနရာ
တဝိုက္မွာ ေျခာက္လွန႔္တာေတြ ျဖစ္ခဲ့ပါတယ္။
ညဘက္ဆိုင္ကယ္ေမာင္းေနရင္း လမ္းေဘးမွာ မဲမဲအေကာင္ႀကီးတစ္
ေကာင္ မတ္တပ္ရပ္ေနတာကိုေတြ႕သူကေတြ႕။
ဆိုင္ကယ္ေမာင္းေနရင္း မဲမဲအေကင္ႀကီးတစ္ေကာက္ လက္ျပတားေန
တာကို ျမင္သူကျမင္နဲ႔ ေနာက္ပိုင္းမွာ ဘယ္သူမွမသြားရဲၾကေတာ့ပါဘူး။
ရပ္ကြက္အတြင္းမွာေတာ့ ေျခာက္လွန႔္သံ လုံးဝမၾကားခဲ့ရေတာ့ပါဘူး။

ေနာက္ပိုင္းမွာေတာ့ ရက္လည္ ဆြမ္းသြတ္ တဲ့အခ်ိန္မွာ ရက္ကြက္
ထဲရွိအိမ္မွာ တရားနာ အမွ်ေဝခဲ့တဲ့ အျပင္ ကိုသူေသဆုံးခဲ့တဲ့ ေနရာ
မွာပါ ဘုန္ႀကီး ပင့္ကာ ပရိတ္႐ြတ္ အမွ်ေဝခဲ့ပါတယ္။

ထိုအခ်ိန္ကစလို႔ ကိုသူတစ္ေယာက္ ကြၽတ္လြတ္သြားၿပီထင္ပါေတာ့
တယ္။ ေနာက္ထပ္ေျခာက္လွန႔္တယ္လို႔ သတင္းမၾကားရေတာ့ပါဘူး။

••••••••••••••••••••••
°°The End °°
စာဖတ္သူမ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း
ကိုယ္၏က်န္းမာျခင္းႏွင့္ ျပည့္ဝၾကပါေစ…