ရေသူမကျိန်စာ(စ/ဆုံး)

Unicode Version

ရေသူမကျိန်စာ(စ/ဆုံး)
—————————
၂၀၀၈ – ခုနှစ်၊ မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကိုတော့ အမှတ်ရနေကြပေမည်။ မုန်တိုင်းဒဏ်ကြောင့်လူပေါင်းတစ်သိန်းငါးသောင်း ခန့်အသက်ဆုံးရှုံးခဲ့ကြသည်။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမှစ၍အောက် ပိုင်းတစ်ခုလုံး ညက်ညက်ကျေသွားအောင် ဒဏ်ကလည်း တစ်ပြိုင်နက် ဝင်လာခဲ့သည်။ မိဘကင်းမဲ့၊ ဆွေမျိုးနတ္ထိ၊ သားတစ်ကွဲ၊ မိတစ်ကွဲ၊ ဖတစ်ကွဲ၊ လင်ကွဲမယားကွဲတွေအိုကြီးအိုမ၊ မသန်မစွမ်း၊ ဒုက္ခိတ၊ ဆင်းရဲချမ်းသာ ဘာမှ မရွေး အားလုံးကို သိမ်းကျုံးရိုက်ခတ်သွားခဲ့၏။ တချို့နေရာတွေမှာ ဆိုရင် ရွာလုံးပျောက်၊ ရွာပျက်၊ အရပ်ပျက်။ ဒီတော့ ပျောက်ပျက်ဆိုတာအလောင်း ချင်းတောင် ထပ်တော့သည်။ ဒီတုန်းက လူသေအလောင်းတွေကြားထဲက ကံကြမ္မာမျက်နှာသာပေးလို့ အသက်မပေဘဲ ပြန်လာတဲ့ (၅)နှစ် သားလေး တစ်ယောက်။ နောက်တစ်ခါ လှိုင်းလုံးလေတွေကြားက ရိုက်ခတ်တဲ့ ဒဏ်

တစ်ညလုံး ခါးခါးသီးသီး၊ ပြင်းပြင်းထန်ထန် ခံစားရင်း အာဝေနိက ဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီးလေးကအုန်းပင်ပေါ်မှာ မီးဖွားပြီးတော့ကလေး
ရောလူကြီးပါအသက်မသေဘဲကယ်ဆယ်ရေးအဖွဲ့ကတွေ့ခဲ့လို့ယနေ့အထိ လူ့ဘဝလောကကြီးထဲမှာ ရှိနေဆဲ။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး လူဦး ရေ (၁) သိန်းကျော် ရေထဲမှာ မရဏ သုသာန်ဖြစ်ခဲ့ရသည်။ ပင်လယ်ထဲမှာ မရေမတွက်နိုင်အောင် ငါးစာ၊ မိကျောင်းစာ ဖြစ်ခဲ့ရသည်။ သွေးညှီနံ့ လွမ်း သော ရေပြင်ကျယ်ကြီး၊ အရိုးစုတွေ တံတားခင်းတဲ့ ချောင်းတွေ၊ မြစ်တွေ ဖြစ်ခဲ့ရသည်။ ပိုပြီး ကရုဏာသက်စရာ၊ စေတနာထားစရာကား မိဘမဲ့ ကလေးများ၊ လူမမည်ကလေးများပင်ဖြစ်၏။ အဖေမှန်း အမေမှန်း မသိခဲ့။ မိဘအရိပ်ကိုမခိုလှုံခဲ့ရတဲ့အရိပ်မဲ့ကလေးတွေကရှိနေပါသေးသည်။ ဒီတော့
မေတ္တာ၊ကရုဏာ၊မုဒိတာ၊ ဥပေက္ခာဆိုတဲ့ဗြဟ္မစိုရ်တရားနဲ့အညီရင်နာတတ်၊ သနားတတ်တဲ့ ကျွန်ုပ်တို့ လူမျိုးအဖို့ ဒီမုန်တိုင်းမျိုး ဒီဘဝဒီမျှနဲ့ ကြေပါတော့ လို့ ဆုတောင်းလိုက်ချင်ပါသည်။
နာဂစ်မုန်တိုင်း အစပျိုးတော့မည့် ၂ဝဝ၈ ခုနှစ်၊ မေလ (၁) ရက်နေ့က မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်သံတို့က မိုးလေဝသ သတင်းလွှင့်တော့ အဝါရောင်ကနေ လိမ္မော်ရောင်။ ဒါဆိုရင်တော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကမ်းရိုးတန်းဝင်တော့မည်။ နောက် အလားအလာတွေက ဆယ့်နှစ်နာရီ ကာလ အချိန်ကြာဦးမည်ကြောင့် လေတိုက်နှုန်းပေါ်မှာမူတည်ပြီး မိုးလေ ဝသကပြင်ဆင်နိုင်ပါသေးတယ်ဟုထင်ခဲ့မိသည်။ နောက်တော့အညိုရောင် အဆင့်၊ ဒါဆို (၁၀)နာရီသာ ကြာတော့မှာ။ ဒီကနေ အနီရောင်ဆိုရင် ကမ်း ရိုးတန်းဝင်ပြီ၊ ရင်ထဲမှာ တထိတ်ထိတ်နဲ့ စောင့်နားထောင်နေရင်း ပုသိမ်မြို့ အနီး ဟိုင်းကြီးကျွန်းကို ဖြတ်တိုက်မယ်တဲ့။ ဒီတစ်ခါ မုန်တိုင်းကတော့ တို့

ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းရဲ့ အန္တရာယ်ဆိုးကောင်ကြီးပဲ။ ရှေးတုန်းက လူကြီးတွေလိုလေတိုက်ရင်လေကြောင်းခွဲရသည်။ ဓားစိုက်တား၊ နောက်ပြီး စောင်း၊ စောင်း အဆိုရတယ်လို့ ပြောကြသည်။ ဒီတုန်းကတော့ မုန်တိုင်းမှ မဟုတ်တာ။ သူတို့က နဂါး၊ ဂဠုန်လိုက်တာတဲ့။ မှတ်မိနေပါတယ်။ ခုတစ်ခါ မုန်တိုင်းကတော့ နာဂစ်တဲ့။ အိန္ဒိယမင်းသမီးတစ်ပါး အမည်လို့ထင်ပေမည်။ သူကား ရက်စက်ကြမ်းကြုတ်ပေ၏။
မုန်တိုင်း ဘာကြောင့်တိုက်သလဲ၊ သိချင်လာ၏။ ထို့အတွက် ဒီကာလ တုံးက မုန်တိုင်းရဲ့ အနိဋ္ဌာရုံအကြောင်းကို ရေပန်းစား၊ ခေတ်စားနေတော့ ကား၊ ရထား၊ သင်္ဘောတွေမှာ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစာပေလောကမှာ လည်း ဒီသတင်းတွေပဲ ရေးကြတာ။ စိတ်ဝင်စားတာက နာဂစ်မုန်တိုင်းပဲ။ ကျွန်ုပ် ဧရာဝတီတိုင်းသားဆိုတော့ ဧရာဝတီကို အလှမပျက်စေချင်၊ တိုးတက်ဖွံ့ဖြိုးစေချင်၏။ ဗိုလ်မြတ်ထွန်းတံတားကျော်လိုက်ရင်ဖွံ့ဖြိုးဝေစည် ဧရာဝတီနဲ့ ရိုးသားကြိုးစားဧရာဝတီသားဆိုတဲ့ဆောင်ပုဒ်ကိုအမြဲသတိရနေ ပါတယ်။ ဒါကြောင့်လည်း ကျွန်ုပ်မွေးရပ်မြေကျောင်းကုန်းမြို့နယ်သို့ဆွေမျိုး တွေ၊ ရွာသူရွာသားတွေရဲ့သာကြောင်း၊ နာကြောင်း သိချင်တဲ့ လူမှုရေးစိတ် ဓာတ်နဲ့ပြန်ခဲ့သည်။ ရွာရောက်တော့ကံကောင်းထောက်မစွာ ဘာမှမဖြစ်ကြ၊ အားလုံးမထိခိုက်မနစ်နာကြ။ တော်သေးသည်။ ကျွန်ုပ်ရွာမှာရောက်နေစဉ် ပင်လယ်ပိုင်းက ဧည့်သည်တစ်ယောက်လည်း ရောက်နေ၏။ သည်တုန်းက ပင်လယ်ပိုင်းဒေသတွေမှာ စပါးရိတ်ဖို့၊ လုပ်သားလာခေါ်သူ ဖြစ်၏။ သူ့ နာ မည်ကဦးဘိုးမောင် ဖြစ်၏။ လယ်ဧကပေါင်းများစွာလုပ်ကိုင်၍အသက်မွေး သူ ဖြစ်၏။ ရွာမှာတော့ ယခင်ခေတ်တွေက ဥက္ကဋ္ဌအဖြစ် အကြိမ်များစွာ ဆောင် ရွက်ခဲ့ဖူးသူ၊ ဂုဏ်သရေရှိ လူကြီးတစ်ဦးဖြစ်၏။ သူ၏ အတွေ့အကြုံ အရပြန်ပြောခဲ့ခြင်းကိုကျွန်ုပ်အဖို့စဉ်းစားစရာပင် ဖြစ်လာတော့၏။ ဖြစ်နိုင်ပါ့

မလား၊ ယုတ္တိတန်ပါ့မလား။ ပုံပြင်လား၊ ဒဏ္ဍာရီလားဆိုတာတော့စာဖတ်ပြီးမှ အဖြေထုတ်သင့်ပါသည်။ ဦးဘိုးမောင် ပြောပြသည့်စကားအတိုင်း ကျွန်ုပ် တင်ပြပါအံ့။

လဲ”
“ဒီမှာ- မောင်ရင်၊ ခု နာဂစ်မုန်တိုင်းတိုက်တာ ရိုးရိုးမုန်တိုင်းမဟုတ်ဘူး
“ဦးဘိုးမောင်၊ လေမုန်တိုင်းက ဘာကြောင့် ရိုးရိုးမုန်တိုင်း မဟုတ်တာ
“အင်း – ခင်ဗျားက စာရေးဆရာဆိုတော့ တွေးစရာဖြစ်ချင်ဖြစ်မယ်၊ မှန်ပါတယ်ဗျာ၊ ကျုပ်ပြောသမျှ ခင်ဗျားရေးပေးပါ။ သိပ္ပံပညာရှင်တွေအတွက် တော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဝိဇ္ဇာပညာရှင်တွေအတွက်တော့ ငြင်းဖွယ်ရာ ဖြစ်မှာမဟုတ်ပါဘူး” “ဆိုပါဦး – ခင်ဗျာ”
“လေတိုက်တာက ကောင်းကင်အာကာသမှာ အပူအအေးလွန်ကဲ၊ အားပြိုင်လို့ဖြစ်တယ်ဗျာ။ နောက်ပြီးတော့လေပူတွေနေရာမှာလေအေးတွေ အစားဝင်လို့ ဖြစ်တယ်။ ဒါဆိုရှင်းနေတာပဲနော်။ ခုဟာကဟိုပင်လယ်ကြမ်း ပြင်ကနေ ဆူပွက်ပြီး လှိုင်းလုံးကြီးတွေ ရိုက်ခတ်၊ သဲဖုံးတာမျိုး၊ ခင်ဗျား ကျုပ် တစ်ဖက်မှာ တစ်ခါမှ မကြုံခဲ့ဘူး။ ကျုပ်အသက် (၇ဝ)နား နီးနေပြီ။ ကျုပ် ပင်လယ်မှာ မွေးပင်လယ်မှာကြီးခဲ့တာ။ အခေါက်ပေါင်းများစွာ ပင်လယ်ထဲ မှာ လုပ်ခဲ့ဖူးတယ်။ ဟိုတုန်းက ငါးပိုက်တွေ ဆွဲ၊ သင်္ဘောတွေ တော်ခဲ့တယ်။ ခုမှ ကျုပ် နားနေတာဗျ”

“ဟုတ်ကဲ့ပါ – ဦးဘိုးမောင်၊ ဆက်ပြောပါဦးခင်ဗျာ”
“ဆရာ့ကို ကျွန်တော် မေးရဦးမယ်။ နဂါး၊ ဂဠုန်၊ ဂုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ ဆိုတာ ဆရာရှိတယ်လို့ ယုံကြည်လား”
“ဟုတ်ကဲ့ – မြတ်စွာဘုရား ဒေသနာတော်အရ ယုံကြည်ပါတယ် – ခင်ဗျာ”
“ဒီလိုဆိုရင်နဂါးတိုင်းပြည်ဆိုတာပင်လယ်သမုဒ္ဒရာအောက်မှာရှိတယ် ဆိုတာ ဆရာယုံမှာပေါ့။ အဲဒီမှာ နဂရာဇာဆိုတာ ကျုပ်တို့ ရှင်ဘုရင်ကြီးတွေ လို့ သူတိုင်းပြည်ကို သူ အုပ်ချုပ် မင်းလုပ်နေတယ်။ နဂါးစစ်သည်တွေ အစောင့်တွေလည်း ခု ဘုရင့်နန်းဆောင်တွေမှာလို ရှိတယ်။ သူတို့ စံနန်း တော်အတွင်းမှာ ပုလဲလုံးတွေက စီရီပြီးတော့ မီးမထွန်းဘဲ လင်းနေတာတဲ့ ဗျာ။ အဲဒီမှာ ရေနန်းသူဇာတို့၊ ရေသူမတို့ဆိုတာ နဂါးမင်းကြီးကို ခစားနေရ တာ။ သူတို့ပိုင်နက် နယ်မြေတွေရှိတယ်လို့ ဆိုတယ်နော်”
“ဟုတ်ကဲ့- ဦးဘိုးမောင် – ဟုတ်ပါတယ်ခင်ဗျာ”
“စာရေးဆရာ၊ ဒီအထိ လက်ခံပြီနော်။ ဟဲ-ဟဲ-ဟဲ-ဟဲ ကျမ်းကိုးနဲ့ ပြောဦးမယ်။ အလောင်းစည်သူမင်းကြီးဖောင်တော်နဲ့ လှည့်လည်လာတော့ သိကြားမင်း ဆက်သထားတဲ့ ကြိမ်လုံးစကြာနှင့် ရိုက်တော့ နယ်ပယ်စောင့် နတ်ကိုခေါ်တယ်။ အဲဒါ – နတ်ရှင်ညိုဆိုတာ မော်တင်တောင်စောင့်နတ်၊ ဒူးတုပ်အခစားဝင်၊ မင်းကြီးက ဖောင်စကြာရပ်တဲ့အကြောင်းမေးတော့ မင်းကြီး ဤတောင်တော်မြတ်သည် မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်ကို စေတီတည်ထားကိုးကွယ်တော်မူသော ဘုန်းတန်ခိုးနှင့် ပြည့်စုံသည့် ဇေယျသေန နဂါးမင်းသည် အကြောင်းတစ်စုံတစ်ရာကြောင့် အရှင်မင်းကြီး အား တားမြစ်ဟန်ရှိပါသည် ဘုရားကို လျှောက်ထားတယ်”
“ဟုတ်ကဲ့ပါ – မော်တင်စွန်းဘုရားသမိုင်းမှာ ရှိပါတယ် ခင်ဗျာ”

“ကဲ- ဆက်ကြဦးစို့၊ ဇေယျသေန နဂါးမင်း ဘယ်လိုတွေ့နိုင်ပါသလဲလို့
မေးတော့ ဒီတောင်ကို သရနတောင်း (သို့မဟုတ်) နိဗ္ဗာန်တောင်ဟု ခေါ်ပါ သည်။ ဇေယျသေန နဂါးမင်းကို တွေ့လိုလျှင် ပန်း၊ ဆီမီး၊ အုန်းငှက်ပျောပွဲ တို့ဖြင့် ပသမြှောက်ပင့်လျှင် တွေ့နိုင်ပါကြောင်း လျှောက်ထားတယ်ဗျ။ အဲဒီ လို စီမံပြီးတော့ လူအသွင်ဖြင့် ရောက်လာတဲ့ နဂါးမင်းကို သင်က ငါ၏ ဖောင်တော်ကိုဝဲလှည့်ထားတာ ဘာကြောင့်လဲလို့မေးတော့ ဤတောင်ပေါ် တွင် မြတ်စွာဘုရားသခင်၏ ဆံတော်စစ်ဓာတ်မြတ်ကို အရှင်မင်းကြီးလို ဘုန်းတန်ခိုးနှင့် ပြည့်စုံကျက်သရေရှင်မင်းမြတ်သည် အနီးရောက်ပြီး မဖူး မြော်ရသော် ကျွန်ုပ် စိတ်ဆင်းရဲရမှာဖြစ်လို့ ဖူးမြော်စေချင်သောကြောင့် ဖောင်တော်ကို ရပ်တန့်ခြင်းဖြစ်ကြောင်း လျှောက်တင်တယ်။ အလောင်း စည်သူမင်းက သာဓု သုံးကြိမ်ခေါ်ပြီး ဆံတော်မြတ်ကို မြသားစေတီနှင့် ဖူးမြော်ရန်ဖန်တီးခဲ့တယ်မဟုတ်လား။ဒါဟာမော်တင်စွန်းဘုရားအကြောင်း
ပဲ”
“မှန်တယ်- ဦးဘိုးမောင် လက်ခံပါတယ်”
“ဒါဆိုနဂါးမင်းဆိုတာဇေယျသေနနဂါး သူ့အခြွေအရံတွေကပင်လယ် သတ္တဝါတွေ ပြောရရင်တော့ ရေဖျံကစလို့ ရေဘဝဲ၊ ပြည်ကြီးငါး၊ ရေနဂါး၊ လိပ်၊ ငါးမန်း၊ ငါးဆင်၊ မြွေကြီးတွေ မိကျောင်းကြီးတွေကလည်း အားလုံးရေ ဘုရင် ရဲ့အစေအပါးတွေ မဟုတ်လား” “ဟုတ်ပါတယ် – ခင်ဗျား”
ဦးဘိုးမောင်သည်ပါးစပ်ထဲမှကွမ်းဝါးနေသည်ကိုဟန့်ထုတ်ပြီး ထွေးခံ
ထဲသို့ထွီခနဲနေအောင်တွေးထုတ်လိုက်၏။ ထို့နောက်ရေနွေးခွက်ကိုပါးစပ်
နှင့် ဟူးဟူးဟူးနှင့် အသံမြည်အောင် မှုတ်လိုက်ကာ ကျိုက်ချပြီး ကျွန်ုပ်က တစ်ချက်ကြည့်ကာ စကားစမြည်ဟန်နှင့်။

“စာရေးဆရာ ရေသူမကော မြင်ဖူးလား”
“ကျွန်တော်က ပင်လယ်သားမဟုတ်တော့ ဘယ်မြင်ဖူးပါမလဲဗျာ။ စာထဲမှာတော့ ဖတ်ဖူးမြင်ဖူးပါတယ်။ ကျွန်တော်မြင်ဖူးတာ ဟင်္သာတ (၁ဝ) ထပ်ကြီးဘုရားမှာ ငါးတစ်ပိုင်းလူတစ်ပိုင်း သတ္တဝါကြီးနှစ်ကောင် ညဘက်မှာ နယ်ခြားစောင့်တပ်က သေနတ်နဲ့ပစ်လို့ တစ်ကောင်သေကျန်ခဲ့တာ။ ငါး ကိုယ်လုံးနဲ့ လူခြေနှစ်ချောင်းပုံတော့ မြင်ဖူးတယ်။ နောင် ရေသူမပုံကတော့ ပုံဆွဲထားတယ်ပဲ မြင်ဖူးပါတယ်”
“ကောင်းပါပြီ-ပေတဝတ္ထုမှာ ရေသူမတွေဟာ အသူရကာယ်ဘုံသား တွေ လို့ပါတယ်။ နေ့ခံ ညစံ၊ ညခံ နေ့စံ ပြိတ္တာမျိုးတွေတဲ့ဗျာ။ လူယောင် ဖန်ဆင်းလို့လည်း ရတယ်။ ကမ္မဇိဒ္ဓိလို့ခေါ်တဲ့ ပရစွမ်းအားလို့ ပါတယ်။ ပြော ရရင်တော့ ကုသိုလ်နဲ့ အကုသိုလ် ဒွန်တွဲနေလို့ လူတစ်ပိုင်း ငါးတစ်ပိုင်း ဒွိစုံ ဖြစ်နေတာ။ ဒါပေမဲ့-လသာတဲ့ညမျိုးမှာ လူအသွင်ပြောင်းပြီးတော့ သီချင်း ဆိုပျော်မြူးလေ့ရှိတယ်”
“ဟုတ်ကဲ့ – ဖတ်ဖူးပါတယ် ခင်ဗျာ”
“ဟိုရခိုင်ပြည်ဘက်မှာ ရေသူမတွေ ခေါ်သွားလို့လပြည့်နေ့ဆိုရေသူမ နန်းကိုမသွားဘဲမနေနိုင်တဲ့ အောင်စန်းဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ်။ နောက်တော့ ပြန်ကိုမလာတော့ဘူးတဲ့ဗျာ”
“ဟုတ်ကဲ့ပါ – ခင်ဗျာ၊ ဆက်ပြောပါ”
“ကျုပ်ကငါးဖမ်းတုန်းကပင်လယ်ထဲမှာပိုက်ဆွဲတော့အဲဒီလိုအကောင် ငယ်လေးပါလာဖူးတယ်။ ကျုပ် စိတ်ထင်တော့ အကောင်ပေါက်လို့ပဲ ထင် တယ်။ အပေါ်ပိုင်းကလူပကတိ၊ အောက်ပိုင်းကတော့ ငါးလိုအမြီးပဲပါတယ်။ ဟိုရေနဂါးဆိုတာ တကယ်နဂါးပုံအတိုင်းလိုပေါ့ဗျာ၊ ဆေးဖက်ဝင်တယ်” “ဦးဘိုးမောင်က လက်တွေ့ဆိုတော့ ယုံမှာပေါ့ဗျာ”

“ခင်ဗျားတို့က ပင်လယ်နဲ့ဝေးလို့ ပင်လယ်ရဲ့ မာယာများပုံကို မသိကြ ဘူး။ ပင်လယ်ဟာလှိုင်းလေငြိမ်နေတယ်ဆိုပေမယ့်ချက်ချင်းပဲဒေါသကြီးတဲ့ နဂါးကြီးတစ်ကောင်လို ဆူပွက်တတ်တယ်။ ဒီလိုနဲ့ ကျုပ်တို့ တံငါတွေရဲ့ အသက်တွေ၊ ပင်လယ်ကြမ်းပျဉ်မှာစတေးခံရတဲ့မရဏသင်္ချိုင်းဟာလူပေါင်း ဒုနဲ့ဒေး ရှိခဲ့ပါပြီဗျာ။ ပင်လယ်မှာပျော်တော့ ပြန်လာချိန် မျှော်နေရတဲ့ ဇနီး သားသမီးတွေရဲ့ဘဝစဉ်းစားသာကြည့်တော့။ ဘယ်လောက်သောကရောက် နေမလဲလို့။ ခင်ဗျားတို့ စစ်သားတွေ စစ်တိုက်ထွက်သလို ကျုပ်တို့လည်း ရန်သူကို မိတ်ဆွေဖွဲ့လုပ်ကိုင်စားနေရတာလားဗျာ”
“အင်း- ပင်လယ်သားတို့ရဲ့ဘဝက တော်တော်သနားစရာကောင်းပါ တယ်။ ကျွန်တော် ရခိုင်ပြည်ဘက်ရောက်တုန်းက ပင်လယ်အကြောင်း နည်းနည်း သိခဲ့တယ်။ အံ့ဩစရာတွေ ပြည့်နှက်နေတာပဲနော်”
“ဟုတ်တယ် – ခင်ဗျားတို့ ကုန်းပေါ်မှာရှိတဲ့ သတ္တဝါမှန်သမျှ ပင်လယ် ထဲမှာ အကုန်ရှိတယ်။ ဥပမာ- ကုန်းပေါ်က နွားဆိုတာ ရေထဲမှာလည်း ရေနွားဆိုတာ ရှိတယ်။ အကောင်သေး၍ နွားမျက်နှာ၊ ဒီတော့ ကုန်းမှာ ကိုးကုဋေ၊ ရေမှာနေ တစ်ဆယ်ကုဋေ၊ တစ်ကုဋေတောင် ပိုများသေးတယ် မဟုတ်လား၊ ဟား- ဟား – ဟား- ဟား- ဟုတ်တယ်နော်” “ဟုတ်ပါတယ် – ဟုတ်ပါတယ်”
“ဒီတော့-မေတ္တာပို့ထဲမှာပါတယ်နော်၊ရေမှာကျက်စား၊ကုန်းမှာကျက်
စား၊ ဝေဟင်မှာ ကျက်စားဆိုတာ ခု ရေမှာ ကျက်စားတာပေါ့ဗျာ။ ဒီတော့ – ရေသူမဆိုတာ ဧကန်ရှိလေရဲ့ဆရာ၊ လက်ခံပြီနော်”
“ဆက်ဦး – ဦးဘိုးမောင်ရေ၊ ဆက်ပြောပါဦးဗျာ”
“ဇာတ်လမ်းစကြရအောင်၊ ဟိုဟိုင်းကြီးကျွန်းအောက်ဘက်ကရွာတစ် ရွာမှာပါ။ စဖြစ်ပုံက သိပ်ထူးဆန်းတယ်၊ ဆိုရရင် အဲဒီတစ်ရွာလုံးက ငါးဖမ်း

ကြတဲ့တံငါတွေပဲ။ အိမ်ခြေရှိမှ (၅ဝ) ကျော် (၆ဝ) ပဲ။ ဒါပေမဲ့ – အဓိကအလုပ် က ပိုက်ချ၊ ပိုက်မျှောပြီး ငါးကို နေ့စဉ်ရှာကြတယ်။ ပင်လယ်နဲ့လည်း စပ်နေ တော့ သွားရေးလာရေးက လှေတွေပဲ အားထားရတယ်။ မြတ်မော်တင် ဘုရားနဲ့ကတော့လှမ်းပီးဖူးမြော်လို့ရတဲ့ရွာပဲ။ အဲဒီနောက်တော့ပင်လယ်ကြီး ထဲမှာ လိပ်ကျွန်းဆိုတာပဲ ရှိတော့တယ်။ လှိုင်းလေငြိမ်တဲ့ တစ်နေ့မှာ အဲဒီ ရွာကပိုက်သူကြီးတစ်ယောက်သူ့လှေကလူ(၈)ယောက်လောက်ပါတယ်။ ပိုက်ဆွဲရင်း ငါးတွေက တော်တော်ကိုရတာ။ ဒါနဲ့များ နောက်ဆုံးပိုက်မှာ ရုန်းရင်းကန်ရင်းနဲ့ ငါးကြီးလိုလို အကောင်တစ်ကောင် မိလာတယ်။ ဆွဲတင်

လိုက်တော့ လူတစ်ပိုင်း ငါးတစ်ပိုင်း ရေသူမတစ်ကောင်ပဲတဲ့။ သူတို့က လှေဝမ်းထဲမှာထည့်ထားပြီးတော့ ရွာကိုသယ်လာခဲ့တယ်။ ရွာရောက်တော့
ရေထဲမှာပဲ ကြိုးနဲ့ ချည်ထားကြတယ်”
“ဦးဘိုးမောင် – ပြန်မလွှတ်ကြဘူးလားဗျ”
“ဒီကောင်တွေက ရေသူမမှန်းကိုသိလို့ ပြန်မလွှတ်တာပဲ၊ နောက်ပြီး- အဲဒီ ရေသူမမှာ ကိုယ်ဝန်ကြီးနဲ့တဲ့ဗျ”
“ဟာ-ရေသူမကိုယ်ဝန်ဆောင်နဲ့ တွေ့နေပါပကောလားဗျာ” “စကားပြောလို့တော့ ကောင်းပါတယ်၊ ဟိုမှာ ကိုမောင်သောင်းနဲ့ ဦးလေးတင်မောင်တို့ပါလာတယ်။ နောက်မှလည်း ဧည့်သည်တစ်ယောက် တွေ့တယ်ဗျ၊ ခဏနေဦးနော်”
ဦးဘိုးမောင်က စကားပြောရာမှ ခေတ္တဖြတ်ပြီး ကျွန်ုပ်ကို လက်ညှိုး ညွှန်ပြကာ ကြည့်နေ၏။ ထို့နောက် ဆေးလိပ်မီးညှိကာ အားရပါးရ ဖွာရှိုက် လျက် မီးခိုးများ အလိပ်လိုက်မှုတ်ထုတ်လိုက်ကာ ဆေးလိပ်ငွေ့များမွှန်သွား ပါတော့သည်။
“ဟာ- ဦးလေးလည်း ပါတာပဲ၊ ဦးဘိုးမောင်နဲ့ အတူတူလာတာလား” “ဟုတ်တယ်ကွ -ဦးလေးကို ခေါ်လာတာ၊ ဟိုးငယ်ငယ်ကတည်းက သိကြတာ။ ဦးလေး သင်္ဘောသားဘဝကတည်းက ဆိုပါစို့ကွာ။ ပင်လယ်ပိုင်း မှာနေတာ၊ ခုတော့ မြောင်းမြမှာ သူနေတယ်ကွ။ ဦးလေးရဲ့ မိတ်ဆွေအရင်း ပေါ့ ငါ့တူရော၊ မင်းနဲ့တွေ့တာ အတော်ပဲ။ သူလည်း ဗဟုသုတစုံတဲ့ သူပါ။ သူ့မှာခုလယ်တွေလုပ်၊ နွေရောက်တော့ အုတ်ဖုတ်၊ နောက်ပြီးတော့ ငါးကန် လည်း ရှိတယ်ကွ”
“ဟုတ်ကဲ့-ဦးလေး၊ ဦးလေးကျော်လည်း ရောက်ဖူးမယ်ထင်တယ်” “ဦးလေးက အိမ်မဲပဲ ရောက်ဖူးတာကွ”

“ခုကျွန်တော်တို့နာဂစ်ရဲ့အကြောင်းပြောနေကြတာဦးလေးရဲ့။ ဒီဆရာ ကြီးကသေသေချာချာရှင်းပြလို့ကုန်ကြမ်းတစ်ခုတော့ရတာပေါ့။ ဗဟုသုတ
လည်း ရပါတယ်”
“ကိုဘိုးမောင် – ဒါ ကျွန်တော့် အစ်ကိုကြီးက မွေးတာ၊ ဒါက ကျွန်တော့် ယောက်ဖ ဦးကျော်တဲ့၊ အစ်ကိုတင်မောင်ကတော့ သိပြီးသားဆိုတော့ထား ပါတော့။ ကျွန်တော် မိသားစုတွေပဲဗျ”
“ဟုတ်ကဲ့ – ကိုမောင်သောင်း၊ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ” “ကဲ- တူလေးတို့ ဆွေးနွေးနေတဲ့ အကြောင်း ဆက်ပြောပါဦး” “ကဲ-ဒီမှာငါ့တူ၊ မင်းလည်း ဗဟုသုတ ကြွယ်ဝမယ်ထင်တယ်။ ဦးလေး ကို ယုံရင် ယုံတယ်၊ မယုံလည်း ပွင့်ပွင့်လင်းလင်းပေါ့။ လောကမှာ လူတွေ စိတ်ကူးပြီးမလုပ်ဆောင်နိုင်တဲ့ကိစ္စတွေအများကြီးရှိတယ်ကွ။ နတ်သမီးနဲ့ လူသားချစ်ကြိုးသွယ်ကြတယ်။ နဂါးမနဲ့လူသားပေါင်းဖက်ကြတယ်။ လူဝံမ နဲ့ လူသားလည်း ပေါင်းဖော်ကြတာပဲ။ မျိုးမတူ ဇာတ်ခြားပေမယ့် ချစ်ကြိုး သွယ်ယှက်မိရင် သံယောဇဉ် ဖြစ်ကြတာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ – ခင်ဗျား ဖြစ်တတ်တဲ့ သဘာဝတွေပါ”
“ကိုဘိုးမောင်ရေ၊ ခင်ဗျား ပြောလို့ ပြောရဦးမယ်။ ကျွန်တော်တို့ ငယ် ငယ်က ခုဆို ကျွန်တော့်နဲ့ တန်းတူပါပဲ။ ကိုထွန်းလှိုင်လေ – ဥစ္စာစောင့်မနဲ့ ညားတာ ကလေးတစ်ယောက်ရတယ်။ ပြောရင်ယုံမှာ မဟုတ်ဘူးဗျ။ ခုတောင်ရှိသေးတယ်။ နောက်- သိုက်ပြောင်းတော့မှ အိမ်ရှေ့ကကလေးကို ချီပြတာတဲ့၊ ပဋာမြေလူးပေါ့ဗျာ။ ဒီလို ဖြစ်တာတွေလည်း ရှိခဲ့တာနော်” “ဟုတ်ကဲ့ – ဦးလေးတင်မောင်၊ ဟုတ်ပါတယ် – ခင်ဗျာ”
“အင်း- ဘကြီးပြောလို့ သတိရတာ ပြောရဦးမယ်။ ဟိုအထက်ဘက် မန်ကျည်းတောတဲ့ဗျာ။ အဲဒီရွာကဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ ရှိတယ်တဲ့။

ဒီအချိန်က ဂျပန်ခေတ်ပေါ့၊ ဂျပန်ငပုတွေက ရွာထဲဝင် ကြက်တွေဝက်တွေ အတင်းဆွဲတယ်။ ဒါတင်မက အမျိုးသမီးတွေကို အဓမ္မပြုလုပ်တော့ ရွာသူ ကြီးကမြစ်ထဲရေထဲဆင်းချိုးတာတောင် လူစောင့်လူလှည့်နဲ့ ရေချိုးရတယ်။ ညနေပိုင်းရေချိုးရင်းနဲ့ သန်မာထွားကျိုင်းတဲ့အရွယ်ကောင်းယောက်ျားလေး တွေပျောက်ပျောက်သွားတယ်။ အဲဒီလူတွေကရေကူးသန်တယ်၊ ကျွမ်းကျင် တဲ့ သူတွေတဲ့။ ဒါပေမဲ့- ပျောက်ခြင်းမလှ ပျောက်ရတာကို ရွာသားတွေက မကျေနပ်ကြဘူးတဲ့။ အားလုံးဆို(၉)ယောက်ပျောက်သွားပြီ၊ ရွာထဲမှာလည်း လင်ပျောက်၊ မောင်ပျောက်၊ သားပျောက်ဆိုတော့ ပူဆူနေကြတယ်တဲ့ဗျာ။ ဒါနဲ့ သူကြီးက ဆင့်ခေါ်ပြီးတော့ ရေငုပ်သန်တဲ့ လူနှစ်ယောက် ရွေးတယ်။ ရေထဲဆင်းတဲ့အခါ ကြိုးနဲ့ ချည်ဆင်းပြီးတော့ အချက်ပြတယ်” “ဘယ်လို ဖြစ်သေးတယ် တူလေး”
“အဲဒါ ရေထဲမှာ စမ်းမိတာက လက်တွေ၊ ဆံပင်တွေနဲ့ လူကိုယ်လုံး၊ မိန်းမရင်သားပါ စမ်းမိတယ်။ ဒီတော့ ရေသရဲပဲဆိုပြီး အတင်းရုန်းတက်ပြေး ကြတာ မောကြီးပန်းကြီး ကျနေတာတဲ့ဗျာ”
“နောက်တော့ – ဘာကောင်လဲဗျ”
“သူကြီးက ဒီတစ်ခါ ထပ်ငုတ်၊ တိုင်ကြီးစိုက် စက်သီးပါတပ်၊ ကြိုးကွင်း နဲ့ဖမ်း၊ ဒီအကောင်မိရင်တော့ငွေသား(၅၀)ပေးမယ်ဆိုတော့ ရေငုပ်သန်တဲ့ လူနှစ်ယောက် ဆင်းကြတယ်။ အားလုံး စက်သီးကိုဆွဲဖို့ ကြိုးနဲ့အချက်ပြ မယ်။ ငုပ်ကြတာ ဒီတော့ ခုနက အကောင်က သူ့ကိုလာဖက်တယ်တဲ့။ မိန်းမ ကိုယ်အင်္ဂါ၊ ဒါပေမဲ့- ခြေထောက်မပါဘူး။ လုံးချောချောနဲ့ဆိုတော့ သူကကြိုး ကွင်းနဲ့စွပ်ပြီးတော့ အချက်ပြလိုက်တာ အားလုံး စက်သီးနဲ့ ဆွဲတင်လိုက်ကြ တယ်”
“ပါလာပြီလားကွ”

“ပါလာပြီ၊ လူပုံသဏ္ဌာန်ရှိတဲ့ ငါးတစ်ပိုင်း လူတစ်ပိုင်းကောင်တဲ့” “ကုန်းပေါ်ရောက်တော့ ဘာလုပ်ကြသေးလဲကွ”
“ဒီကောင်က အပေါ်ပိုင်းမိန်းမဆံပင်နဲ့၊ လူတစ်ပိုင်း တင်ပါးအထိပါ တယ်။ အောက်ပိုင်းက ငါးကြီးတစ်ကောင်ရဲ့ကိုယ်လုံးအမြီးနဲ့၊ ကုလားထိုင် ပေါ်မှာထိုင်နိုင်တယ်။ သူက ယောက်ျားတွေကို လက်ညှိုးထိုးပြပြီးတော့ သူ့ မိန်းမအင်္ဂါကို လက်ညှိုးထိုးပြတယ်တဲ့”
“ဘာဖြစ်လို့ ဒီလိုလုပ်တာလဲကွ”
“သူလည်းလူသားလိုဆိုတော့ သူ့မှာကာမရာဂစိတ်လွန်ကဲလာတော့ ယောက်ျားတွေကိုဖမ်းပြီးတော့ သူ့ကို စပ်ယှက်ခိုင်းတယ်တဲ့။ နောက်တော့ စိတ်ပြင်းလာရင် လက်သည်းနဲ့ ကုတ်ခြစ်ပစ်လိုက်တယ်” “ဟာ- မင်းပြောမှ ပိုအံ့ဩစရာပဲကွ၊ ဆက်ပါဦး”
“နောက်ရေထဲမှာကြိုးနဲ့ချည် သူ့အလိုလိုက်ပြီးအပြခိုင်းတော့ ရေတစ် ပိုင်း ကုန်းတစ်ပိုင်း၊ သူတို့နေတဲ့ ကလိုဏ်ကြီးထဲမှာ ရွာက လူငယ်တွေ အလောင်းကောင်တွေပဲ တွေ့ရတော့တယ်”
“နောက် ဘာဖြစ်သေးလဲကွ၊ ပြောပြပါဦးကွာ”
“နောက် မြစ်ထဲမှာ ခြံကြီးခတ်ပြီးထားတယ်တဲ့။ ဂျပန်ကသိတော့ သေ နတ်နဲ့ ပစ်သတ်ပစ်လိုက်တယ်လို့ ကြားဖူးပါတယ်။ အဲဒါလည်း ရေသူမ ပါပဲ”
“ဟေ-ဟုတ်လား၊ တကယ်ရှိတယ်လို့ ပြောကြတယ်ကွဲ့၊ တို့က ပင် လယ်သားမဟုတ်တော့ သိပ်မသိပါဘူးကွာ”
“ဟုတ်တယ် – ဦးလေး တင်မောင်ရဲ့။ ပင်လယ်မှာ ဆန်းပြားတာတွေ
အများကြီးပဲ”
“ဟုတ်လားကွဲ့ – ပြောပါဦး”

“ပင်လယ်စုန်းဆိုတာရေထဲကမီးလုံးတွေထတောက်နေတာ။ကုန်းမှာ စုန်းတွေ မြူးသလို ပိုတောင်ပေါသေးတယ်ဗျ။ ဒါကြောင့်လည်း ရေလမိုင်း၊ ကုန်းလမိုင်း၊ တောလမိုင်း၊ တောင်လမိုင်းဆိုတာ လမိုင်းအရှင်ဆို ရှိတာပေါ့ ဗျာ။ မရိုမသေလုပ်လို့ရှိရင်ဒုက္ခခံစားရတတ်တယ်။ ဒါကြောင့်လည်း ခင်ဗျား တို့ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေမှာ လမိုင်းမကပ်ဘူးဆိုတာ ရှိတယ်။ တစ် ယောက်နဲ့တစ်ယောက် တီးတာမှုတ်တာ မကြားရဘဲ စကားများရန်ဖြစ်ကြ တယ်ဆိုတာဟာ တကယ်တွေ့ဖူးကြပါတယ်ဗျာ” “ဟုတ်ပါတယ် – ဦးဘိုးမောင်၊ ဟုတ်ပါ့ ခင်ဗျာ”
ဦးဘိုးမောင် ပြောတဲ့စကားတွေကို ကျွန်ုပ်တို့ တူဝရီးအားလုံး စိုက်၍ နားထောင်နေကြ၏။ ကျွန်ုပ်က တစ်လှည့်၊ ဦးလေးမောင်သောင်းက တစ် လှည့်၊ ဦးလေးကျော်ကတော့ နားထောင်နေဆဲ။ ဒါပေမဲ့ – သူကလည်း ပုံတို ပတ်စတွေ ပြောတတ်တယ်ဆိုတော့ နားထောင်ပြီး သူက ဗဟုသုတရှိတဲ့ စကားပြောမှာ သေချာသည်။
“ကျွန်တော် အတွေ့အကြုံအရ ပြောမယ်ဗျာ၊ ကျွန်တော် ရေတွင်းတူး တုန်းက(၁၀)တောင်လောက်အရောက်မှာကြာရွက်ကြီးတွေနဲ့ သစ်တုံးကြီး တွေ့တယ်။ နောက်တော့ သပေါ့ဖျာကြီးတွေ့ ပြန်ရော။ ဒီတော့ ဟိုတုန်းက ပင်လယ်ရေတိမ်ဆိုတာ ဖြစ်နိုင်တယ်။ ဒီလောက်နှစ်ပရိစ္ဆေဒတွေကြာတော့ လည်း ခုလို မြေကြီးတွေ ဩဇာတက်လာလို့ ဖြစ်မှာလို့ ကျွန်တော် ထင်မိပါ တယ်”
“ဟုတ်တာပေါ့ – ဦးကျော်ရယ်၊ မဟာမြေကြီးဟာနှစ်သိန်းလေးသောင်း အထုရှိတယ်လို့ ကျွန်တော်တို့ မြတ်စွာဘုရားက ဟောထားတယ် မဟုတ်
လား”
“ဟုတ်ကဲ့ – ဟုတ်ကဲ့ ခင်ဗျာ”

“ဒီတော့ဦးလေးမြေကြီးဩဇာဆိုလို့ ပင်လယ်ရေတိမ်နဲ့က သဲဖုံးမြေဖုံး ရေတိုက်စားသမျှ အားလုံး အနယ်ထိုင် ကုန်းမြေဖြစ်တာပေါ့။ ဟို ဝက်ခြံ ဂယက်မှာ ရေတွင်းတူးတော့ အဲဒီလိုပဲ။ လိပ်ကြီးက ဆန်ကောလောက် ရှိ တယ်။ နောက်က မိကျောင်းကြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေဖြစ်နေပြီး လိပ် ခေါင်းခွံကြီးကတော့ ကျွန်တော် မြင်ခဲ့ရသေးတယ်။ ဒီတော့ – ပင်လယ် ရေတိမ်ဆိုတာ မှန်တယ်လို့ ပြောချင်ပါတယ်”
“ဟုတ်ပြီဗျာ- ပင်လယ်ပျော် သတ္တဝါတွေက သူတို့ ကျက်စားတဲ့ရေထဲ မှာပဲနေကြတာပဲ။ ကျွန်တော်တို့ ကုန်းမှာနေသလိုပဲပေါ့”
“ဟုတ်တယ်-ကျွန်တော်တို့လည်း ပင်လယ်မပျော်နိုင်ပါဘူး။ ကြောက် စရာလည်း ကောင်းပါတယ်။ ရေလည်း မကူးတတ်ဘူးလေ”
“ကဲ- စာရေးဆရာ၊ ခင်ဗျား ကျုပ်ပြောတဲ့ ရေသူမဇာတ်လမ်းမျိုး အထောက်အထားတွေ ရှိမှာပေါ့။ စာပေဗဟုသုတ ရှာနေတာဆိုတော့ နည်းနည်းလောက် ပြောပြပါလားဗျာ”
“ဒီလိုပါ – ကျွန်တော် ဖတ်မိမှတ်မိ၍ ပြောတာပါ။ တိတိကျကျလို့တော့ မဆိုနိုင်ပါဘူး။ ဒီတော့မှားတာမှန်တာတော့ကျွန်တော့်မှာ တာဝန်မရှိပါ ဘူး။ စာတွေ့ပဲ ပြောပါမယ်”
“ဟုတ်ပါတယ် – ပြောပါဗျာ”
“ကျွန်တော်တို့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့၊ မြို့ဟောင်းမှာ ခုံကြီး ရပ်ကွက်ဆိုတာရှိတယ်။ အဲဒီမှာ နွေရာသီ တပေါင်း-တန်ခူး ရောက်ရင် ရွာထဲက လူငယ်လူကြီးတွေ ရေထဲဆင်း ရေချိုးကြတယ်။ သူတို့ ဓလေ့လို ဖြစ်နေတာ။ ရေစိမ်ကြတာပေါ့ဗျာ။ မိန်းကလေး အုပ်စုတွေက ရေထဲမှာ ဆော့ကြလှော်ကြနဲ့၊ ရေငုပ်လိုက်ပေါ်လိုက်နဲ့ဆိုတော့ ရေထဲစိမ်လိုက်တိုင်း ဆော့ကြတာ။ နောက်တော့- ဟိုအထက်ကမိန်းကလေးတစ်ယောက်လည်း

ပါတယ်။ ပေါ်လာတဲ့မိန်းကလေးက ဆံပင်နီနီ၊ သွားကျဲကျဲနဲ့ဆိုတယ်။ ဒီတော့ သူကလည်းတွေ့ပြီ မိပြီဆို ဖမ်းတာပေါ့ဗျာ။ ကိုယ်လုံးကိုဖမ်းတော့ မိတယ်၊ အောက်ဘက်က ခြေထောက်ဖမ်းတော့ ငါးကိုယ်လုံးကြီးကိုင်မိတော့ သူ ကြောက်ပြီး အော်ပြေးတယ်။ လူကြီးတွေကကုန်းပေါ်ကနေအော်ကြတယ်။ နောက်တော့ပျောက်သွားတယ်။ တစ်ခါကျောင်းသားလေး သပိတ်ဆေးရင်း ရေထဲဆွဲချလို့ ဗိုက်ကို ကုတ်ဆွဲတာ လက်သည်းရာကြီးတင်ကျန်ခဲ့တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ဒါလည်း ရေသူမပါပဲလို့ အတိအလင်း ရေးပါတယ်”
“ဒါဆို တကယ်ရှိတာပေါ့ကွာ”
“ဟုတ်တယ် ဦးလေးတင်မောင်ရဲ့၊ မမြင်ဘူးတော့ မယုံကြတာပါ။ မြင်ဖူး တဲ့သူတော့ ယုံတယ်၊ သမုဒ္ဒရာထဲမှာ သင်္ဘောကြီးကိုတောင် ဖျက်ဆီးနိုင်တဲ့ ငါးရှိတယ်။ အမြီးနဲ့ရိုက်ရင် သင်္ဘောဝမ်းဗိုက်ကွဲသွားနိုင်တယ်။ နောက်ရေ နဂါးကြီးတွေ၊ ရေဘဝဲကြီးတွေလည်း ရှိတယ်။ ဒီတော့ – အဲဒီသတ္တဝါကြီး တွေကို သူတို့အစာ အဖြစ်၊ နွားတွေ ကျွဲတွေ၊ ဆိတ်တွေ၊ ခွေးတွေ ချပစ်ခဲ့ရ တယ်လို့ ဆိုတယ်”
“ဟုတ်ပါတယ် – ခင်ဗျာ”
“ဒီတော့ သမုဒ္ဒရာကြီး ကမ်းမမြင်လမ်းမမြင်မှာ ကျွန်တော်တို့ သခွားခွံ လောက်ရှိတဲ့ သင်္ဘောလေးနဲ့ သွားနေရတာ။ ဒီလောက်ကျယ်ပြန့်တဲ့ရေပြင် ကြီးမှာ ဧရာမသတ္တဝါကြီးတွေ ရှိနေတာဟာ သဘာဝပတ်ဝန်းကျင်အရ နိယာမကြီး ဖြစ်နေပါတယ်”
“ဟုတ်ပါပြီ-ကျွန်တော် သတိရလို့ပြောပါဦးမယ်။ ကျွန်တော်တို့ရွာမှာ ဟိုတုန်းကရှေးလူကြီးတွေကစာဆိုလိုလို၊တဘောင်လိုလို၊တစ်နည်းဆိုရရင် စနည်းလိုလိုနဲ့ ရွတ်တဲ့စကားရှိခဲ့တယ်။ အဲဒါအဘ ဆရာစာတို့ရွတ်ခဲ့တာပါ။ ဒီလိုဗျ“ရှစ်ခု ရှစ်ခု၊ တယုယု၊ ကိုးခုမှာ မူ၊ အိုးလို ဆူ၊ ဆယ်ခုမှာကား၊ မတရား၊

ဆယ့်တစ်ခုမှာဗြဲတနမ်းနမ်စဉ်ရောတဲ့”။အဲဒါ- ကျွန်တော်လိုက်ကြည့်တယ်၊
လေ့လာတာပေါ့ဗျာ။ ခု နာဂစ်တိုက်တဲ့နှစ်က ၂ဝဝ၈ – ခုနှစ်၊ အရေးအခင်း ကာလက ၁၉၈၈၊ အဲဒီလို (၈)ခုတွေ ရောက်တိုင်း လူတွေ သေကြေပျက်စီး ရတတ်တယ်။ ဒုက္ခရောက်တတ်တယ်။ ယုယုယယနေရတဲ့ သူတွေ ခွဲခွာရ တတ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ကျန်တာတော့ ဆက်စဉ်းစားကြည့်ပါ ဗျာ”
“ဟာ- ဦးကျော်၊ ခင်ဗျားက တဘောင်ပဲဗျ။ ဒါဆို မှန်နေပြန်ပြီ၊ တယ် ကောင်းတဲ့တဘောင်ပါလား၊ ကျွန်တော်မကြားဖူးဘူးဗျ၊ တန်ဖိုးရှိလိုက်တာ
ဗျာ”
“အင်း- နောက်ထပ်ပြောသေးတယ်၊ ဟိုစကားပုံဗျာ၊ ဒါမှမဟုတ်လည်း တချို့လို့ပဲပြောပြော၊လူပျိုအမေ ဆန်တစ်စိတ်နဲ့ ပုပ္ပါးဆိုတောင်ထိပ်ပုန်းအိပ် ရမယ်ဆိုတာ။ အဲဒါ ဥသျှစ်တစ်တင်း၊ နှမ်းတစ်တင်းလေဗျာ။ ခု -မိန်း ကလေးနဲ့ ယောက်ျားလေး ဘယ်သူကများလဲ။ မိန်းကလေးတွေက များ မယ်နော်။ လူပျိုရှားမယ်ဆိုတော့ ဧကန်ဖြစ်ရမယ်”
မှာ
“ဟုတ်တယ်- ဦးကျော်ရေ၊ ခင်ဗျား ပြောတာ သိပ်မှန်တယ်။ နိုင်ငံခြား > အသက် (၉၄) နှစ် အဘိုးအိုကြီးက မိန်းမ သက်ပြည့်ယူတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရသေးတယ်။ အိုဗျာ – ခင်ဗျား ပြောတာနဲ့ ကွက်တိပဲနော်။ အင်း – ခုလည်း ကျုပ်တို့ရဲ့ဘာသာ၊ သာသနာတည်တံ့ဖို့ရယ်၊ ကိုယ့်အမျိုးကို ချစ်ဖို့ရယ် အရေးကြီးပါပြီ။ လိုအပ်လာပြီဗျ”
“ကဲ-ဒီတော့၊ နာဂစ်မုန်တိုင်းဟာ မြန်မာပြည်၊ မြစ်ဝကျွန်းပေါ်မှာတင် စောင်းတိုက်သွားတာဆိုတော့ နဂါးတို့ မျက်စောင်းအကြောင်း သုံးပါးထဲမှာ ပါနေပါတယ်ဗျာ။ ရေသူမရဲ့ တိုင်ကြားမှုကြောင့် နဂါးမင်း အမျက်ထားပြီး ပွက်တာဆိုတာ ကျွန်တော်တော့ ယုံပြီဗျာ၊ အစ်ကိုတင်မောင်ရဲ့”

“လောကမှာ ကျွန်တော်တို့ မသိတာတွေ အများကြီးဗျ”
“ဒီတော့ဗျာ – မြတ်စွာဘုရားက ကံငါးပါးလုံအောင် ထိန်းဆိုတော့ ဒီကံက ပါဏာတိပါတကံ သူ့အသက်သတ်တာကို အတုံ့အလှည့်ကတော့ ရှိမှာပေါ့။ ဒါလည်း ဝဋ်ကြွေးတစ်ခု ဘဝပေါင်းများစွာက ဆွေမျိုးမကင်းတဲ့ သူတွေရဲ့အကုသိုလ်ကံတွေက ခုလိုနှိပ်စက်တာလို့ပဲထင်ပါတယ်။ လုပ်စား ရတဲ့ဘဝကလည်း သူများအသက်ပဲဆိုတော့ကံကြီးများထိုက်နေသလားလို့ တွေးမိတယ်”
“ကဲ – ဒီဟာ သင်ခန်းစာယူကြဖို့လိုပြီ၊ နောင် တွေ့ ကြုံတဲ့အခါမှာ ခုလို ရေသူမမျိုးဆို လွှတ်ပေးဖို့ မေတ္တာရပ်ခံ ဆုတောင်းပေးချင်ပါတယ် ခင်ဗျာ” “ဟုတ်ကဲ့ပါ – စာရေးဆရာ၊ ပင်လယ်အတွေ့ အကြုံ ဆည်းပူးချင်ရင် တော့ ကျုပ်တို့ဆီ အလည်လာခဲ့ပါ၊ ဖိတ်ခေါ်ပါတယ်ဗျာ”
“ဟုတ်ကဲ့- ခင်ဗျာကြိုးစားပါမယ်၊ ကျွန်တော်ခုလိုအဖြစ်မှန်ဇာတ်လမ်း တစ်ပုဒ် အများပြည်သူတွေ ဗဟုသုတရရှိစေဖို့ ဂမ္ဘီရလောကမဂ္ဂဇင်းမှာ ရေးသားတင်ပြလိုက်ပါတော့မယ်။ ကျွန်တော် ရေးသားမှာက ရေသူမကျိန် စာနှင့် အံ့သြထူးဆန်းဖွယ်ရာများလို့ ရေးပါရစေတော့”
[ ဖြစ်ရပ်မှန်ကို အခြေခံထားပါသည် ]
မင်းတိုင်ပင် (မြရောင်မြေ)

Zawgyi Version

ေရသူမက်ိန္စာ(စ/ဆုံး)
—————————
၂၀၀၈ – ခုႏွစ္၊ ေမလတြင္ တိုက္ခတ္ခဲ့ေသာ နာဂစ္မုန္တိုင္းကိုေတာ့ အမွတ္ရေနၾကေပမည္။ မုန္တိုင္းဒဏ္ေၾကာင့္လူေပါင္းတစ္သိန္းငါးေသာင္း ခန႔္အသက္ဆုံးရႈံးခဲ့ၾကသည္။ ဧရာဝတီတိုင္း၊ ဟိုင္းႀကီးကြၽန္းမွစ၍ေအာက္ ပိုင္းတစ္ခုလုံး ညက္ညက္ေက်သြားေအာင္ ဒဏ္ကလည္း တစ္ၿပိဳင္နက္ ဝင္လာခဲ့သည္။ မိဘကင္းမဲ့၊ ေဆြမ်ိဳးနတၳိ၊ သားတစ္ကြဲ၊ မိတစ္ကြဲ၊ ဖတစ္ကြဲ၊ လင္ကြဲမယားကြဲေတြအိုႀကီးအိုမ၊ မသန္မစြမ္း၊ ဒုကၡိတ၊ ဆင္းရဲခ်မ္းသာ ဘာမွ မေ႐ြး အားလုံးကို သိမ္းက်ဳံး႐ိုက္ခတ္သြားခဲ့၏။ တခ်ိဳ႕ေနရာေတြမွာ ဆိုရင္ ႐ြာလုံးေပ်ာက္၊ ႐ြာပ်က္၊ အရပ္ပ်က္။ ဒီေတာ့ ေပ်ာက္ပ်က္ဆိုတာအေလာင္း ခ်င္းေတာင္ ထပ္ေတာ့သည္။ ဒီတုန္းက လူေသအေလာင္းေတြၾကားထဲက ကံၾကမၼာမ်က္ႏွာသာေပးလို႔ အသက္မေပဘဲ ျပန္လာတဲ့ (၅)ႏွစ္ သားေလး တစ္ေယာက္။ ေနာက္တစ္ခါ လႈိင္းလုံးေလေတြၾကားက ႐ိုက္ခတ္တဲ့ ဒဏ္

တစ္ညလုံး ခါးခါးသီးသီး၊ ျပင္းျပင္းထန္ထန္ ခံစားရင္း အာေဝနိက ဒုကၡသည္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေလးကအုန္းပင္ေပၚမွာ မီးဖြားၿပီးေတာ့ကေလး
ေရာလူႀကီးပါအသက္မေသဘဲကယ္ဆယ္ေရးအဖြဲ႕ကေတြ႕ခဲ့လို႔ယေန႔အထိ လူ႔ဘဝေလာကႀကီးထဲမွာ ရွိေနဆဲ။
နာဂစ္မုန္တိုင္းဒဏ္ေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီးတစ္ခုလုံး လူဦး ေရ (၁) သိန္းေက်ာ္ ေရထဲမွာ မရဏ သုသာန္ျဖစ္ခဲ့ရသည္။ ပင္လယ္ထဲမွာ မေရမတြက္ႏိုင္ေအာင္ ငါးစာ၊ မိေက်ာင္းစာ ျဖစ္ခဲ့ရသည္။ ေသြးညႇီနံ႔ လြမ္း ေသာ ေရျပင္က်ယ္ႀကီး၊ အ႐ိုးစုေတြ တံတားခင္းတဲ့ ေခ်ာင္းေတြ၊ ျမစ္ေတြ ျဖစ္ခဲ့ရသည္။ ပိုၿပီး က႐ုဏာသက္စရာ၊ ေစတနာထားစရာကား မိဘမဲ့ ကေလးမ်ား၊ လူမမည္ကေလးမ်ားပင္ျဖစ္၏။ အေဖမွန္း အေမမွန္း မသိခဲ့။ မိဘအရိပ္ကိုမခိုလႈံခဲ့ရတဲ့အရိပ္မဲ့ကေလးေတြကရွိေနပါေသးသည္။ ဒီေတာ့
ေမတၱာ၊က႐ုဏာ၊မုဒိတာ၊ ဥေပကၡာဆိုတဲ့ျဗဟၼစိုရ္တရားနဲ႔အညီရင္နာတတ္၊ သနားတတ္တဲ့ ကြၽႏ္ုပ္တို႔ လူမ်ိဳးအဖို႔ ဒီမုန္တိုင္းမ်ိဳး ဒီဘဝဒီမွ်နဲ႔ ေၾကပါေတာ့ လို႔ ဆုေတာင္းလိုက္ခ်င္ပါသည္။
နာဂစ္မုန္တိုင္း အစပ်ိဳးေတာ့မည့္ ၂ဝဝ၈ ခုႏွစ္၊ ေမလ (၁) ရက္ေန႔က ျမန္မာ့႐ုပ္ျမင္သံၾကားနဲ႔ ျမဝတီ႐ုပ္သံတို႔က မိုးေလဝသ သတင္းလႊင့္ေတာ့ အဝါေရာင္ကေန လိေမၼာ္ေရာင္။ ဒါဆိုရင္ေတာ့ ဧရာဝတီတိုင္းေဒသႀကီးနဲ႔ ကမ္း႐ိုးတန္းဝင္ေတာ့မည္။ ေနာက္ အလားအလာေတြက ဆယ့္ႏွစ္နာရီ ကာလ အခ်ိန္ၾကာဦးမည္ေၾကာင့္ ေလတိုက္ႏႈန္းေပၚမွာမူတည္ၿပီး မိုးေလ ဝသကျပင္ဆင္ႏိုင္ပါေသးတယ္ဟုထင္ခဲ့မိသည္။ ေနာက္ေတာ့အညိဳေရာင္ အဆင့္၊ ဒါဆို (၁၀)နာရီသာ ၾကာေတာ့မွာ။ ဒီကေန အနီေရာင္ဆိုရင္ ကမ္း ႐ိုးတန္းဝင္ၿပီ၊ ရင္ထဲမွာ တထိတ္ထိတ္နဲ႔ ေစာင့္နားေထာင္ေနရင္း ပုသိမ္ၿမိဳ႕ အနီး ဟိုင္းႀကီးကြၽန္းကို ျဖတ္တိုက္မယ္တဲ့။ ဒီတစ္ခါ မုန္တိုင္းကေတာ့ တို႔

ဧရာဝတီတိုင္းနဲ႔ ရန္ကုန္တိုင္းရဲ႕ အႏၲရာယ္ဆိုးေကာင္ႀကီးပဲ။ ေရွးတုန္းက လူႀကီးေတြလိုေလတိုက္ရင္ေလေၾကာင္းခြဲရသည္။ ဓားစိုက္တား၊ ေနာက္ၿပီး ေစာင္း၊ ေစာင္း အဆိုရတယ္လို႔ ေျပာၾကသည္။ ဒီတုန္းကေတာ့ မုန္တိုင္းမွ မဟုတ္တာ။ သူတို႔က နဂါး၊ ဂဠဳန္လိုက္တာတဲ့။ မွတ္မိေနပါတယ္။ ခုတစ္ခါ မုန္တိုင္းကေတာ့ နာဂစ္တဲ့။ အိႏၵိယမင္းသမီးတစ္ပါး အမည္လို႔ထင္ေပမည္။ သူကား ရက္စက္ၾကမ္းၾကဳတ္ေပ၏။
မုန္တိုင္း ဘာေၾကာင့္တိုက္သလဲ၊ သိခ်င္လာ၏။ ထို႔အတြက္ ဒီကာလ တုံးက မုန္တိုင္းရဲ႕ အနိ႒ာ႐ုံအေၾကာင္းကို ေရပန္းစား၊ ေခတ္စားေနေတာ့ ကား၊ ရထား၊ သေဘၤာေတြမွာ၊ သတင္းစာ၊ ဂ်ာနယ္၊ မဂၢဇင္းစာေပေလာကမွာ လည္း ဒီသတင္းေတြပဲ ေရးၾကတာ။ စိတ္ဝင္စားတာက နာဂစ္မုန္တိုင္းပဲ။ ကြၽႏ္ုပ္ ဧရာဝတီတိုင္းသားဆိုေတာ့ ဧရာဝတီကို အလွမပ်က္ေစခ်င္၊ တိုးတက္ဖြံ႕ၿဖိဳးေစခ်င္၏။ ဗိုလ္ျမတ္ထြန္းတံတားေက်ာ္လိုက္ရင္ဖြံ႕ၿဖိဳးေဝစည္ ဧရာဝတီနဲ႔ ႐ိုးသားႀကိဳးစားဧရာဝတီသားဆိုတဲ့ေဆာင္ပုဒ္ကိုအၿမဲသတိရေန ပါတယ္။ ဒါေၾကာင့္လည္း ကြၽႏ္ုပ္ေမြးရပ္ေျမေက်ာင္းကုန္းၿမိဳ႕နယ္သို႔ေဆြမ်ိဳး ေတြ၊ ႐ြာသူ႐ြာသားေတြရဲ႕သာေၾကာင္း၊ နာေၾကာင္း သိခ်င္တဲ့ လူမႈေရးစိတ္ ဓာတ္နဲ႔ျပန္ခဲ့သည္။ ႐ြာေရာက္ေတာ့ကံေကာင္းေထာက္မစြာ ဘာမွမျဖစ္ၾက၊ အားလုံးမထိခိုက္မနစ္နာၾက။ ေတာ္ေသးသည္။ ကြၽႏ္ုပ္႐ြာမွာေရာက္ေနစဥ္ ပင္လယ္ပိုင္းက ဧည့္သည္တစ္ေယာက္လည္း ေရာက္ေန၏။ သည္တုန္းက ပင္လယ္ပိုင္းေဒသေတြမွာ စပါးရိတ္ဖို႔၊ လုပ္သားလာေခၚသူ ျဖစ္၏။ သူ႔ နာ မည္ကဦးဘိုးေမာင္ ျဖစ္၏။ လယ္ဧကေပါင္းမ်ားစြာလုပ္ကိုင္၍အသက္ေမြး သူ ျဖစ္၏။ ႐ြာမွာေတာ့ ယခင္ေခတ္ေတြက ဥကၠ႒အျဖစ္ အႀကိမ္မ်ားစြာ ေဆာင္ ႐ြက္ခဲ့ဖူးသူ၊ ဂုဏ္သေရရွိ လူႀကီးတစ္ဦးျဖစ္၏။ သူ၏ အေတြ႕အႀကဳံ အရျပန္ေျပာခဲ့ျခင္းကိုကြၽႏ္ုပ္အဖို႔စဥ္းစားစရာပင္ ျဖစ္လာေတာ့၏။ ျဖစ္ႏိုင္ပါ့

မလား၊ ယုတၱိတန္ပါ့မလား။ ပုံျပင္လား၊ ဒ႑ာရီလားဆိုတာေတာ့စာဖတ္ၿပီးမွ အေျဖထုတ္သင့္ပါသည္။ ဦးဘိုးေမာင္ ေျပာျပသည့္စကားအတိုင္း ကြၽႏ္ုပ္ တင္ျပပါအံ့။

လဲ”
“ဒီမွာ- ေမာင္ရင္၊ ခု နာဂစ္မုန္တိုင္းတိုက္တာ ႐ိုး႐ိုးမုန္တိုင္းမဟုတ္ဘူး
“ဦးဘိုးေမာင္၊ ေလမုန္တိုင္းက ဘာေၾကာင့္ ႐ိုး႐ိုးမုန္တိုင္း မဟုတ္တာ
“အင္း – ခင္ဗ်ားက စာေရးဆရာဆိုေတာ့ ေတြးစရာျဖစ္ခ်င္ျဖစ္မယ္၊ မွန္ပါတယ္ဗ်ာ၊ က်ဳပ္ေျပာသမွ် ခင္ဗ်ားေရးေပးပါ။ သိပၸံပညာရွင္ေတြအတြက္ ေတာ့ ဟုတ္ခ်င္မွ ဟုတ္မယ္။ ဝိဇၨာပညာရွင္ေတြအတြက္ေတာ့ ျငင္းဖြယ္ရာ ျဖစ္မွာမဟုတ္ပါဘူး” “ဆိုပါဦး – ခင္ဗ်ာ”
“ေလတိုက္တာက ေကာင္းကင္အာကာသမွာ အပူအေအးလြန္ကဲ၊ အားၿပိဳင္လို႔ျဖစ္တယ္ဗ်ာ။ ေနာက္ၿပီးေတာ့ေလပူေတြေနရာမွာေလေအးေတြ အစားဝင္လို႔ ျဖစ္တယ္။ ဒါဆိုရွင္းေနတာပဲေနာ္။ ခုဟာကဟိုပင္လယ္ၾကမ္း ျပင္ကေန ဆူပြက္ၿပီး လႈိင္းလုံးႀကီးေတြ ႐ိုက္ခတ္၊ သဲဖုံးတာမ်ိဳး၊ ခင္ဗ်ား က်ဳပ္ တစ္ဖက္မွာ တစ္ခါမွ မႀကဳံခဲ့ဘူး။ က်ဳပ္အသက္ (၇ဝ)နား နီးေနၿပီ။ က်ဳပ္ ပင္လယ္မွာ ေမြးပင္လယ္မွာႀကီးခဲ့တာ။ အေခါက္ေပါင္းမ်ားစြာ ပင္လယ္ထဲ မွာ လုပ္ခဲ့ဖူးတယ္။ ဟိုတုန္းက ငါးပိုက္ေတြ ဆြဲ၊ သေဘၤာေတြ ေတာ္ခဲ့တယ္။ ခုမွ က်ဳပ္ နားေနတာဗ်”

“ဟုတ္ကဲ့ပါ – ဦးဘိုးေမာင္၊ ဆက္ေျပာပါဦးခင္ဗ်ာ”
“ဆရာ့ကို ကြၽန္ေတာ္ ေမးရဦးမယ္။ နဂါး၊ ဂဠဳန္၊ ဂုမၻဏ္၊ ယကၡ၊ ဂႏၶဗၺ ဆိုတာ ဆရာရွိတယ္လို႔ ယုံၾကည္လား”
“ဟုတ္ကဲ့ – ျမတ္စြာဘုရား ေဒသနာေတာ္အရ ယုံၾကည္ပါတယ္ – ခင္ဗ်ာ”
“ဒီလိုဆိုရင္နဂါးတိုင္းျပည္ဆိုတာပင္လယ္သမုဒၵရာေအာက္မွာရွိတယ္ ဆိုတာ ဆရာယုံမွာေပါ့။ အဲဒီမွာ နဂရာဇာဆိုတာ က်ဳပ္တို႔ ရွင္ဘုရင္ႀကီးေတြ လို႔ သူတိုင္းျပည္ကို သူ အုပ္ခ်ဳပ္ မင္းလုပ္ေနတယ္။ နဂါးစစ္သည္ေတြ အေစာင့္ေတြလည္း ခု ဘုရင့္နန္းေဆာင္ေတြမွာလို ရွိတယ္။ သူတို႔ စံနန္း ေတာ္အတြင္းမွာ ပုလဲလုံးေတြက စီရီၿပီးေတာ့ မီးမထြန္းဘဲ လင္းေနတာတဲ့ ဗ်ာ။ အဲဒီမွာ ေရနန္းသူဇာတို႔၊ ေရသူမတို႔ဆိုတာ နဂါးမင္းႀကီးကို ခစားေနရ တာ။ သူတို႔ပိုင္နက္ နယ္ေျမေတြရွိတယ္လို႔ ဆိုတယ္ေနာ္”
“ဟုတ္ကဲ့- ဦးဘိုးေမာင္ – ဟုတ္ပါတယ္ခင္ဗ်ာ”
“စာေရးဆရာ၊ ဒီအထိ လက္ခံၿပီေနာ္။ ဟဲ-ဟဲ-ဟဲ-ဟဲ က်မ္းကိုးနဲ႔ ေျပာဦးမယ္။ အေလာင္းစည္သူမင္းႀကီးေဖာင္ေတာ္နဲ႔ လွည့္လည္လာေတာ့ သိၾကားမင္း ဆက္သထားတဲ့ ႀကိမ္လုံးစၾကာႏွင့္ ႐ိုက္ေတာ့ နယ္ပယ္ေစာင့္ နတ္ကိုေခၚတယ္။ အဲဒါ – နတ္ရွင္ညိဳဆိုတာ ေမာ္တင္ေတာင္ေစာင့္နတ္၊ ဒူးတုပ္အခစားဝင္၊ မင္းႀကီးက ေဖာင္စၾကာရပ္တဲ့အေၾကာင္းေမးေတာ့ မင္းႀကီး ဤေတာင္ေတာ္ျမတ္သည္ ျမတ္စြာဘုရားရွင္၏ ဆံေတာ္ျမတ္ကို ေစတီတည္ထားကိုးကြယ္ေတာ္မူေသာ ဘုန္းတန္ခိုးႏွင့္ ျပည့္စုံသည့္ ေဇယ်ေသန နဂါးမင္းသည္ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ အရွင္မင္းႀကီး အား တားျမစ္ဟန္ရွိပါသည္ ဘုရားကို ေလွ်ာက္ထားတယ္”
“ဟုတ္ကဲ့ပါ – ေမာ္တင္စြန္းဘုရားသမိုင္းမွာ ရွိပါတယ္ ခင္ဗ်ာ”

“ကဲ- ဆက္ၾကဦးစို႔၊ ေဇယ်ေသန နဂါးမင္း ဘယ္လိုေတြ႕ႏိုင္ပါသလဲလို႔
ေမးေတာ့ ဒီေတာင္ကို သရနေတာင္း (သို႔မဟုတ္) နိဗၺာန္ေတာင္ဟု ေခၚပါ သည္။ ေဇယ်ေသန နဂါးမင္းကို ေတြ႕လိုလွ်င္ ပန္း၊ ဆီမီး၊ အုန္းငွက္ေပ်ာပြဲ တို႔ျဖင့္ ပသေျမႇာက္ပင့္လွ်င္ ေတြ႕ႏိုင္ပါေၾကာင္း ေလွ်ာက္ထားတယ္ဗ်။ အဲဒီ လို စီမံၿပီးေတာ့ လူအသြင္ျဖင့္ ေရာက္လာတဲ့ နဂါးမင္းကို သင္က ငါ၏ ေဖာင္ေတာ္ကိုဝဲလွည့္ထားတာ ဘာေၾကာင့္လဲလို႔ေမးေတာ့ ဤေတာင္ေပၚ တြင္ ျမတ္စြာဘုရားသခင္၏ ဆံေတာ္စစ္ဓာတ္ျမတ္ကို အရွင္မင္းႀကီးလို ဘုန္းတန္ခိုးႏွင့္ ျပည့္စုံက်က္သေရရွင္မင္းျမတ္သည္ အနီးေရာက္ၿပီး မဖူး ေျမာ္ရေသာ္ ကြၽႏ္ုပ္ စိတ္ဆင္းရဲရမွာျဖစ္လို႔ ဖူးေျမာ္ေစခ်င္ေသာေၾကာင့္ ေဖာင္ေတာ္ကို ရပ္တန႔္ျခင္းျဖစ္ေၾကာင္း ေလွ်ာက္တင္တယ္။ အေလာင္း စည္သူမင္းက သာဓု သုံးႀကိမ္ေခၚၿပီး ဆံေတာ္ျမတ္ကို ျမသားေစတီႏွင့္ ဖူးေျမာ္ရန္ဖန္တီးခဲ့တယ္မဟုတ္လား။ဒါဟာေမာ္တင္စြန္းဘုရားအေၾကာင္း
ပဲ”
“မွန္တယ္- ဦးဘိုးေမာင္ လက္ခံပါတယ္”
“ဒါဆိုနဂါးမင္းဆိုတာေဇယ်ေသနနဂါး သူ႔အေႁခြအရံေတြကပင္လယ္ သတၱဝါေတြ ေျပာရရင္ေတာ့ ေရဖ်ံကစလို႔ ေရဘဝဲ၊ ျပည္ႀကီးငါး၊ ေရနဂါး၊ လိပ္၊ ငါးမန္း၊ ငါးဆင္၊ ေႁမြႀကီးေတြ မိေက်ာင္းႀကီးေတြကလည္း အားလုံးေရ ဘုရင္ ရဲ႕အေစအပါးေတြ မဟုတ္လား” “ဟုတ္ပါတယ္ – ခင္ဗ်ား”
ဦးဘိုးေမာင္သည္ပါးစပ္ထဲမွကြမ္းဝါးေနသည္ကိုဟန႔္ထုတ္ၿပီး ေထြးခံ
ထဲသို႔ထြီခနဲေနေအာင္ေတြးထုတ္လိုက္၏။ ထို႔ေနာက္ေရေႏြးခြက္ကိုပါးစပ္
ႏွင့္ ဟူးဟူးဟူးႏွင့္ အသံျမည္ေအာင္ မႈတ္လိုက္ကာ က်ိဳက္ခ်ၿပီး ကြၽႏ္ုပ္က တစ္ခ်က္ၾကည့္ကာ စကားစျမည္ဟန္ႏွင့္။

“စာေရးဆရာ ေရသူမေကာ ျမင္ဖူးလား”
“ကြၽန္ေတာ္က ပင္လယ္သားမဟုတ္ေတာ့ ဘယ္ျမင္ဖူးပါမလဲဗ်ာ။ စာထဲမွာေတာ့ ဖတ္ဖူးျမင္ဖူးပါတယ္။ ကြၽန္ေတာ္ျမင္ဖူးတာ ဟသၤာတ (၁ဝ) ထပ္ႀကီးဘုရားမွာ ငါးတစ္ပိုင္းလူတစ္ပိုင္း သတၱဝါႀကီးႏွစ္ေကာင္ ညဘက္မွာ နယ္ျခားေစာင့္တပ္က ေသနတ္နဲ႔ပစ္လို႔ တစ္ေကာင္ေသက်န္ခဲ့တာ။ ငါး ကိုယ္လုံးနဲ႔ လူေျခႏွစ္ေခ်ာင္းပုံေတာ့ ျမင္ဖူးတယ္။ ေနာင္ ေရသူမပုံကေတာ့ ပုံဆြဲထားတယ္ပဲ ျမင္ဖူးပါတယ္”
“ေကာင္းပါၿပီ-ေပတဝတၳဳမွာ ေရသူမေတြဟာ အသူရကာယ္ဘုံသား ေတြ လို႔ပါတယ္။ ေန႔ခံ ညစံ၊ ညခံ ေန႔စံ ၿပိတၱာမ်ိဳးေတြတဲ့ဗ်ာ။ လူေယာင္ ဖန္ဆင္းလို႔လည္း ရတယ္။ ကမၼဇိဒၶိလို႔ေခၚတဲ့ ပရစြမ္းအားလို႔ ပါတယ္။ ေျပာ ရရင္ေတာ့ ကုသိုလ္နဲ႔ အကုသိုလ္ ဒြန္တြဲေနလို႔ လူတစ္ပိုင္း ငါးတစ္ပိုင္း ဒြိစုံ ျဖစ္ေနတာ။ ဒါေပမဲ့-လသာတဲ့ညမ်ိဳးမွာ လူအသြင္ေျပာင္းၿပီးေတာ့ သီခ်င္း ဆိုေပ်ာ္ျမဴးေလ့ရွိတယ္”
“ဟုတ္ကဲ့ – ဖတ္ဖူးပါတယ္ ခင္ဗ်ာ”
“ဟိုရခိုင္ျပည္ဘက္မွာ ေရသူမေတြ ေခၚသြားလို႔လျပည့္ေန႔ဆိုေရသူမ နန္းကိုမသြားဘဲမေနႏိုင္တဲ့ ေအာင္စန္းဆိုတဲ့လူတစ္ေယာက္ရွိခဲ့ဖူးတယ္။ ေနာက္ေတာ့ ျပန္ကိုမလာေတာ့ဘူးတဲ့ဗ်ာ”
“ဟုတ္ကဲ့ပါ – ခင္ဗ်ာ၊ ဆက္ေျပာပါ”
“က်ဳပ္ကငါးဖမ္းတုန္းကပင္လယ္ထဲမွာပိုက္ဆြဲေတာ့အဲဒီလိုအေကာင္ ငယ္ေလးပါလာဖူးတယ္။ က်ဳပ္ စိတ္ထင္ေတာ့ အေကာင္ေပါက္လို႔ပဲ ထင္ တယ္။ အေပၚပိုင္းကလူပကတိ၊ ေအာက္ပိုင္းကေတာ့ ငါးလိုအၿမီးပဲပါတယ္။ ဟိုေရနဂါးဆိုတာ တကယ္နဂါးပုံအတိုင္းလိုေပါ့ဗ်ာ၊ ေဆးဖက္ဝင္တယ္” “ဦးဘိုးေမာင္က လက္ေတြ႕ဆိုေတာ့ ယုံမွာေပါ့ဗ်ာ”

“ခင္ဗ်ားတို႔က ပင္လယ္နဲ႔ေဝးလို႔ ပင္လယ္ရဲ႕ မာယာမ်ားပုံကို မသိၾက ဘူး။ ပင္လယ္ဟာလႈိင္းေလၿငိမ္ေနတယ္ဆိုေပမယ့္ခ်က္ခ်င္းပဲေဒါသႀကီးတဲ့ နဂါးႀကီးတစ္ေကာင္လို ဆူပြက္တတ္တယ္။ ဒီလိုနဲ႔ က်ဳပ္တို႔ တံငါေတြရဲ႕ အသက္ေတြ၊ ပင္လယ္ၾကမ္းပ်ဥ္မွာစေတးခံရတဲ့မရဏသခ်ႋဳင္းဟာလူေပါင္း ဒုနဲ႔ေဒး ရွိခဲ့ပါၿပီဗ်ာ။ ပင္လယ္မွာေပ်ာ္ေတာ့ ျပန္လာခ်ိန္ ေမွ်ာ္ေနရတဲ့ ဇနီး သားသမီးေတြရဲ႕ဘဝစဥ္းစားသာၾကည့္ေတာ့။ ဘယ္ေလာက္ေသာကေရာက္ ေနမလဲလို႔။ ခင္ဗ်ားတို႔ စစ္သားေတြ စစ္တိုက္ထြက္သလို က်ဳပ္တို႔လည္း ရန္သူကို မိတ္ေဆြဖြဲ႕လုပ္ကိုင္စားေနရတာလားဗ်ာ”
“အင္း- ပင္လယ္သားတို႔ရဲ႕ဘဝက ေတာ္ေတာ္သနားစရာေကာင္းပါ တယ္။ ကြၽန္ေတာ္ ရခိုင္ျပည္ဘက္ေရာက္တုန္းက ပင္လယ္အေၾကာင္း နည္းနည္း သိခဲ့တယ္။ အံ့ဩစရာေတြ ျပည့္ႏွက္ေနတာပဲေနာ္”
“ဟုတ္တယ္ – ခင္ဗ်ားတို႔ ကုန္းေပၚမွာရွိတဲ့ သတၱဝါမွန္သမွ် ပင္လယ္ ထဲမွာ အကုန္ရွိတယ္။ ဥပမာ- ကုန္းေပၚက ႏြားဆိုတာ ေရထဲမွာလည္း ေရႏြားဆိုတာ ရွိတယ္။ အေကာင္ေသး၍ ႏြားမ်က္ႏွာ၊ ဒီေတာ့ ကုန္းမွာ ကိုးကုေဋ၊ ေရမွာေန တစ္ဆယ္ကုေဋ၊ တစ္ကုေဋေတာင္ ပိုမ်ားေသးတယ္ မဟုတ္လား၊ ဟား- ဟား – ဟား- ဟား- ဟုတ္တယ္ေနာ္” “ဟုတ္ပါတယ္ – ဟုတ္ပါတယ္”
“ဒီေတာ့-ေမတၱာပို႔ထဲမွာပါတယ္ေနာ္၊ေရမွာက်က္စား၊ကုန္းမွာက်က္
စား၊ ေဝဟင္မွာ က်က္စားဆိုတာ ခု ေရမွာ က်က္စားတာေပါ့ဗ်ာ။ ဒီေတာ့ – ေရသူမဆိုတာ ဧကန္ရွိေလရဲ႕ဆရာ၊ လက္ခံၿပီေနာ္”
“ဆက္ဦး – ဦးဘိုးေမာင္ေရ၊ ဆက္ေျပာပါဦးဗ်ာ”
“ဇာတ္လမ္းစၾကရေအာင္၊ ဟိုဟိုင္းႀကီးကြၽန္းေအာက္ဘက္က႐ြာတစ္ ႐ြာမွာပါ။ စျဖစ္ပုံက သိပ္ထူးဆန္းတယ္၊ ဆိုရရင္ အဲဒီတစ္႐ြာလုံးက ငါးဖမ္း

ၾကတဲ့တံငါေတြပဲ။ အိမ္ေျခရွိမွ (၅ဝ) ေက်ာ္ (၆ဝ) ပဲ။ ဒါေပမဲ့ – အဓိကအလုပ္ က ပိုက္ခ်၊ ပိုက္ေမွ်ာၿပီး ငါးကို ေန႔စဥ္ရွာၾကတယ္။ ပင္လယ္နဲ႔လည္း စပ္ေန ေတာ့ သြားေရးလာေရးက ေလွေတြပဲ အားထားရတယ္။ ျမတ္ေမာ္တင္ ဘုရားနဲ႔ကေတာ့လွမ္းပီးဖူးေျမာ္လို႔ရတဲ့႐ြာပဲ။ အဲဒီေနာက္ေတာ့ပင္လယ္ႀကီး ထဲမွာ လိပ္ကြၽန္းဆိုတာပဲ ရွိေတာ့တယ္။ လႈိင္းေလၿငိမ္တဲ့ တစ္ေန႔မွာ အဲဒီ ႐ြာကပိုက္သူႀကီးတစ္ေယာက္သူ႔ေလွကလူ(၈)ေယာက္ေလာက္ပါတယ္။ ပိုက္ဆြဲရင္း ငါးေတြက ေတာ္ေတာ္ကိုရတာ။ ဒါနဲ႔မ်ား ေနာက္ဆုံးပိုက္မွာ ႐ုန္းရင္းကန္ရင္းနဲ႔ ငါးႀကီးလိုလို အေကာင္တစ္ေကာင္ မိလာတယ္။ ဆြဲတင္

လိုက္ေတာ့ လူတစ္ပိုင္း ငါးတစ္ပိုင္း ေရသူမတစ္ေကာင္ပဲတဲ့။ သူတို႔က ေလွဝမ္းထဲမွာထည့္ထားၿပီးေတာ့ ႐ြာကိုသယ္လာခဲ့တယ္။ ႐ြာေရာက္ေတာ့
ေရထဲမွာပဲ ႀကိဳးနဲ႔ ခ်ည္ထားၾကတယ္”
“ဦးဘိုးေမာင္ – ျပန္မလႊတ္ၾကဘူးလားဗ်”
“ဒီေကာင္ေတြက ေရသူမမွန္းကိုသိလို႔ ျပန္မလႊတ္တာပဲ၊ ေနာက္ၿပီး- အဲဒီ ေရသူမမွာ ကိုယ္ဝန္ႀကီးနဲ႔တဲ့ဗ်”
“ဟာ-ေရသူမကိုယ္ဝန္ေဆာင္နဲ႔ ေတြ႕ေနပါပေကာလားဗ်ာ” “စကားေျပာလို႔ေတာ့ ေကာင္းပါတယ္၊ ဟိုမွာ ကိုေမာင္ေသာင္းနဲ႔ ဦးေလးတင္ေမာင္တို႔ပါလာတယ္။ ေနာက္မွလည္း ဧည့္သည္တစ္ေယာက္ ေတြ႕တယ္ဗ်၊ ခဏေနဦးေနာ္”
ဦးဘိုးေမာင္က စကားေျပာရာမွ ေခတၱျဖတ္ၿပီး ကြၽႏ္ုပ္ကို လက္ညႇိဳး ၫႊန္ျပကာ ၾကည့္ေန၏။ ထို႔ေနာက္ ေဆးလိပ္မီးညႇိကာ အားရပါးရ ဖြာရႈိက္ လ်က္ မီးခိုးမ်ား အလိပ္လိုက္မႈတ္ထုတ္လိုက္ကာ ေဆးလိပ္ေငြ႕မ်ားမႊန္သြား ပါေတာ့သည္။
“ဟာ- ဦးေလးလည္း ပါတာပဲ၊ ဦးဘိုးေမာင္နဲ႔ အတူတူလာတာလား” “ဟုတ္တယ္ကြ -ဦးေလးကို ေခၚလာတာ၊ ဟိုးငယ္ငယ္ကတည္းက သိၾကတာ။ ဦးေလး သေဘၤာသားဘဝကတည္းက ဆိုပါစို႔ကြာ။ ပင္လယ္ပိုင္း မွာေနတာ၊ ခုေတာ့ ေျမာင္းျမမွာ သူေနတယ္ကြ။ ဦးေလးရဲ႕ မိတ္ေဆြအရင္း ေပါ့ ငါ့တူေရာ၊ မင္းနဲ႔ေတြ႕တာ အေတာ္ပဲ။ သူလည္း ဗဟုသုတစုံတဲ့ သူပါ။ သူ႔မွာခုလယ္ေတြလုပ္၊ ေႏြေရာက္ေတာ့ အုတ္ဖုတ္၊ ေနာက္ၿပီးေတာ့ ငါးကန္ လည္း ရွိတယ္ကြ”
“ဟုတ္ကဲ့-ဦးေလး၊ ဦးေလးေက်ာ္လည္း ေရာက္ဖူးမယ္ထင္တယ္” “ဦးေလးက အိမ္မဲပဲ ေရာက္ဖူးတာကြ”

“ခုကြၽန္ေတာ္တို႔နာဂစ္ရဲ႕အေၾကာင္းေျပာေနၾကတာဦးေလးရဲ႕။ ဒီဆရာ ႀကီးကေသေသခ်ာခ်ာရွင္းျပလို႔ကုန္ၾကမ္းတစ္ခုေတာ့ရတာေပါ့။ ဗဟုသုတ
လည္း ရပါတယ္”
“ကိုဘိုးေမာင္ – ဒါ ကြၽန္ေတာ့္ အစ္ကိုႀကီးက ေမြးတာ၊ ဒါက ကြၽန္ေတာ့္ ေယာက္ဖ ဦးေက်ာ္တဲ့၊ အစ္ကိုတင္ေမာင္ကေတာ့ သိၿပီးသားဆိုေတာ့ထား ပါေတာ့။ ကြၽန္ေတာ္ မိသားစုေတြပဲဗ်”
“ဟုတ္ကဲ့ – ကိုေမာင္ေသာင္း၊ ေတြ႕ရတာ ဝမ္းသာပါတယ္ခင္ဗ်ာ” “ကဲ- တူေလးတို႔ ေဆြးေႏြးေနတဲ့ အေၾကာင္း ဆက္ေျပာပါဦး” “ကဲ-ဒီမွာငါ့တူ၊ မင္းလည္း ဗဟုသုတ ႂကြယ္ဝမယ္ထင္တယ္။ ဦးေလး ကို ယုံရင္ ယုံတယ္၊ မယုံလည္း ပြင့္ပြင့္လင္းလင္းေပါ့။ ေလာကမွာ လူေတြ စိတ္ကူးၿပီးမလုပ္ေဆာင္ႏိုင္တဲ့ကိစၥေတြအမ်ားႀကီးရွိတယ္ကြ။ နတ္သမီးနဲ႔ လူသားခ်စ္ႀကိဳးသြယ္ၾကတယ္။ နဂါးမနဲ႔လူသားေပါင္းဖက္ၾကတယ္။ လူဝံမ နဲ႔ လူသားလည္း ေပါင္းေဖာ္ၾကတာပဲ။ မ်ိဳးမတူ ဇာတ္ျခားေပမယ့္ ခ်စ္ႀကိဳး သြယ္ယွက္မိရင္ သံေယာဇဥ္ ျဖစ္ၾကတာေပါ့ကြယ္”
“ဟုတ္ကဲ့ပါ – ခင္ဗ်ား ျဖစ္တတ္တဲ့ သဘာဝေတြပါ”
“ကိုဘိုးေမာင္ေရ၊ ခင္ဗ်ား ေျပာလို႔ ေျပာရဦးမယ္။ ကြၽန္ေတာ္တို႔ ငယ္ ငယ္က ခုဆို ကြၽန္ေတာ့္နဲ႔ တန္းတူပါပဲ။ ကိုထြန္းလႈိင္ေလ – ဥစၥာေစာင့္မနဲ႔ ညားတာ ကေလးတစ္ေယာက္ရတယ္။ ေျပာရင္ယုံမွာ မဟုတ္ဘူးဗ်။ ခုေတာင္ရွိေသးတယ္။ ေနာက္- သိုက္ေျပာင္းေတာ့မွ အိမ္ေရွ႕ကကေလးကို ခ်ီျပတာတဲ့၊ ပဋာေျမလူးေပါ့ဗ်ာ။ ဒီလို ျဖစ္တာေတြလည္း ရွိခဲ့တာေနာ္” “ဟုတ္ကဲ့ – ဦးေလးတင္ေမာင္၊ ဟုတ္ပါတယ္ – ခင္ဗ်ာ”
“အင္း- ဘႀကီးေျပာလို႔ သတိရတာ ေျပာရဦးမယ္။ ဟိုအထက္ဘက္ မန္က်ည္းေတာတဲ့ဗ်ာ။ အဲဒီ႐ြာကဧရာဝတီျမစ္တစ္ဖက္ကမ္းမွာ ရွိတယ္တဲ့။

ဒီအခ်ိန္က ဂ်ပန္ေခတ္ေပါ့၊ ဂ်ပန္ငပုေတြက ႐ြာထဲဝင္ ၾကက္ေတြဝက္ေတြ အတင္းဆြဲတယ္။ ဒါတင္မက အမ်ိဳးသမီးေတြကို အဓမၼျပဳလုပ္ေတာ့ ႐ြာသူ ႀကီးကျမစ္ထဲေရထဲဆင္းခ်ိဳးတာေတာင္ လူေစာင့္လူလွည့္နဲ႔ ေရခ်ိဳးရတယ္။ ညေနပိုင္းေရခ်ိဳးရင္းနဲ႔ သန္မာထြားက်ိဳင္းတဲ့အ႐ြယ္ေကာင္းေယာက္်ားေလး ေတြေပ်ာက္ေပ်ာက္သြားတယ္။ အဲဒီလူေတြကေရကူးသန္တယ္၊ ကြၽမ္းက်င္ တဲ့ သူေတြတဲ့။ ဒါေပမဲ့- ေပ်ာက္ျခင္းမလွ ေပ်ာက္ရတာကို ႐ြာသားေတြက မေက်နပ္ၾကဘူးတဲ့။ အားလုံးဆို(၉)ေယာက္ေပ်ာက္သြားၿပီ၊ ႐ြာထဲမွာလည္း လင္ေပ်ာက္၊ ေမာင္ေပ်ာက္၊ သားေပ်ာက္ဆိုေတာ့ ပူဆူေနၾကတယ္တဲ့ဗ်ာ။ ဒါနဲ႔ သူႀကီးက ဆင့္ေခၚၿပီးေတာ့ ေရငုပ္သန္တဲ့ လူႏွစ္ေယာက္ ေ႐ြးတယ္။ ေရထဲဆင္းတဲ့အခါ ႀကိဳးနဲ႔ ခ်ည္ဆင္းၿပီးေတာ့ အခ်က္ျပတယ္” “ဘယ္လို ျဖစ္ေသးတယ္ တူေလး”
“အဲဒါ ေရထဲမွာ စမ္းမိတာက လက္ေတြ၊ ဆံပင္ေတြနဲ႔ လူကိုယ္လုံး၊ မိန္းမရင္သားပါ စမ္းမိတယ္။ ဒီေတာ့ ေရသရဲပဲဆိုၿပီး အတင္း႐ုန္းတက္ေျပး ၾကတာ ေမာႀကီးပန္းႀကီး က်ေနတာတဲ့ဗ်ာ”
“ေနာက္ေတာ့ – ဘာေကာင္လဲဗ်”
“သူႀကီးက ဒီတစ္ခါ ထပ္ငုတ္၊ တိုင္ႀကီးစိုက္ စက္သီးပါတပ္၊ ႀကိဳးကြင္း နဲ႔ဖမ္း၊ ဒီအေကာင္မိရင္ေတာ့ေငြသား(၅၀)ေပးမယ္ဆိုေတာ့ ေရငုပ္သန္တဲ့ လူႏွစ္ေယာက္ ဆင္းၾကတယ္။ အားလုံး စက္သီးကိုဆြဲဖို႔ ႀကိဳးနဲ႔အခ်က္ျပ မယ္။ ငုပ္ၾကတာ ဒီေတာ့ ခုနက အေကာင္က သူ႔ကိုလာဖက္တယ္တဲ့။ မိန္းမ ကိုယ္အဂၤါ၊ ဒါေပမဲ့- ေျခေထာက္မပါဘူး။ လုံးေခ်ာေခ်ာနဲ႔ဆိုေတာ့ သူကႀကိဳး ကြင္းနဲ႔စြပ္ၿပီးေတာ့ အခ်က္ျပလိုက္တာ အားလုံး စက္သီးနဲ႔ ဆြဲတင္လိုက္ၾက တယ္”
“ပါလာၿပီလားကြ”

“ပါလာၿပီ၊ လူပုံသဏၭာန္ရွိတဲ့ ငါးတစ္ပိုင္း လူတစ္ပိုင္းေကာင္တဲ့” “ကုန္းေပၚေရာက္ေတာ့ ဘာလုပ္ၾကေသးလဲကြ”
“ဒီေကာင္က အေပၚပိုင္းမိန္းမဆံပင္နဲ႔၊ လူတစ္ပိုင္း တင္ပါးအထိပါ တယ္။ ေအာက္ပိုင္းက ငါးႀကီးတစ္ေကာင္ရဲ႕ကိုယ္လုံးအၿမီးနဲ႔၊ ကုလားထိုင္ ေပၚမွာထိုင္ႏိုင္တယ္။ သူက ေယာက္်ားေတြကို လက္ညႇိဳးထိုးျပၿပီးေတာ့ သူ႔ မိန္းမအဂၤါကို လက္ညႇိဳးထိုးျပတယ္တဲ့”
“ဘာျဖစ္လို႔ ဒီလိုလုပ္တာလဲကြ”
“သူလည္းလူသားလိုဆိုေတာ့ သူ႔မွာကာမရာဂစိတ္လြန္ကဲလာေတာ့ ေယာက္်ားေတြကိုဖမ္းၿပီးေတာ့ သူ႔ကို စပ္ယွက္ခိုင္းတယ္တဲ့။ ေနာက္ေတာ့ စိတ္ျပင္းလာရင္ လက္သည္းနဲ႔ ကုတ္ျခစ္ပစ္လိုက္တယ္” “ဟာ- မင္းေျပာမွ ပိုအံ့ဩစရာပဲကြ၊ ဆက္ပါဦး”
“ေနာက္ေရထဲမွာႀကိဳးနဲ႔ခ်ည္ သူ႔အလိုလိုက္ၿပီးအျပခိုင္းေတာ့ ေရတစ္ ပိုင္း ကုန္းတစ္ပိုင္း၊ သူတို႔ေနတဲ့ ကလိုဏ္ႀကီးထဲမွာ ႐ြာက လူငယ္ေတြ အေလာင္းေကာင္ေတြပဲ ေတြ႕ရေတာ့တယ္”
“ေနာက္ ဘာျဖစ္ေသးလဲကြ၊ ေျပာျပပါဦးကြာ”
“ေနာက္ ျမစ္ထဲမွာ ၿခံႀကီးခတ္ၿပီးထားတယ္တဲ့။ ဂ်ပန္ကသိေတာ့ ေသ နတ္နဲ႔ ပစ္သတ္ပစ္လိုက္တယ္လို႔ ၾကားဖူးပါတယ္။ အဲဒါလည္း ေရသူမ ပါပဲ”
“ေဟ-ဟုတ္လား၊ တကယ္ရွိတယ္လို႔ ေျပာၾကတယ္ကြဲ႕၊ တို႔က ပင္ လယ္သားမဟုတ္ေတာ့ သိပ္မသိပါဘူးကြာ”
“ဟုတ္တယ္ – ဦးေလး တင္ေမာင္ရဲ႕။ ပင္လယ္မွာ ဆန္းျပားတာေတြ
အမ်ားႀကီးပဲ”
“ဟုတ္လားကြဲ႕ – ေျပာပါဦး”

“ပင္လယ္စုန္းဆိုတာေရထဲကမီးလုံးေတြထေတာက္ေနတာ။ကုန္းမွာ စုန္းေတြ ျမဴးသလို ပိုေတာင္ေပါေသးတယ္ဗ်။ ဒါေၾကာင့္လည္း ေရလမိုင္း၊ ကုန္းလမိုင္း၊ ေတာလမိုင္း၊ ေတာင္လမိုင္းဆိုတာ လမိုင္းအရွင္ဆို ရွိတာေပါ့ ဗ်ာ။ မ႐ိုမေသလုပ္လို႔ရွိရင္ဒုကၡခံစားရတတ္တယ္။ ဒါေၾကာင့္လည္း ခင္ဗ်ား တို႔ ဆိုင္းဝိုင္းေတြ ဇာတ္ပြဲေတြမွာ လမိုင္းမကပ္ဘူးဆိုတာ ရွိတယ္။ တစ္ ေယာက္နဲ႔တစ္ေယာက္ တီးတာမႈတ္တာ မၾကားရဘဲ စကားမ်ားရန္ျဖစ္ၾက တယ္ဆိုတာဟာ တကယ္ေတြ႕ဖူးၾကပါတယ္ဗ်ာ” “ဟုတ္ပါတယ္ – ဦးဘိုးေမာင္၊ ဟုတ္ပါ့ ခင္ဗ်ာ”
ဦးဘိုးေမာင္ ေျပာတဲ့စကားေတြကို ကြၽႏ္ုပ္တို႔ တူဝရီးအားလုံး စိုက္၍ နားေထာင္ေနၾက၏။ ကြၽႏ္ုပ္က တစ္လွည့္၊ ဦးေလးေမာင္ေသာင္းက တစ္ လွည့္၊ ဦးေလးေက်ာ္ကေတာ့ နားေထာင္ေနဆဲ။ ဒါေပမဲ့ – သူကလည္း ပုံတို ပတ္စေတြ ေျပာတတ္တယ္ဆိုေတာ့ နားေထာင္ၿပီး သူက ဗဟုသုတရွိတဲ့ စကားေျပာမွာ ေသခ်ာသည္။
“ကြၽန္ေတာ္ အေတြ႕အႀကဳံအရ ေျပာမယ္ဗ်ာ၊ ကြၽန္ေတာ္ ေရတြင္းတူး တုန္းက(၁၀)ေတာင္ေလာက္အေရာက္မွာၾကာ႐ြက္ႀကီးေတြနဲ႔ သစ္တုံးႀကီး ေတြ႕တယ္။ ေနာက္ေတာ့ သေပါ့ဖ်ာႀကီးေတြ႕ ျပန္ေရာ။ ဒီေတာ့ ဟိုတုန္းက ပင္လယ္ေရတိမ္ဆိုတာ ျဖစ္ႏိုင္တယ္။ ဒီေလာက္ႏွစ္ပရိေစၦဒေတြၾကာေတာ့ လည္း ခုလို ေျမႀကီးေတြ ဩဇာတက္လာလို႔ ျဖစ္မွာလို႔ ကြၽန္ေတာ္ ထင္မိပါ တယ္”
“ဟုတ္တာေပါ့ – ဦးေက်ာ္ရယ္၊ မဟာေျမႀကီးဟာႏွစ္သိန္းေလးေသာင္း အထုရွိတယ္လို႔ ကြၽန္ေတာ္တို႔ ျမတ္စြာဘုရားက ေဟာထားတယ္ မဟုတ္
လား”
“ဟုတ္ကဲ့ – ဟုတ္ကဲ့ ခင္ဗ်ာ”

“ဒီေတာ့ဦးေလးေျမႀကီးဩဇာဆိုလို႔ ပင္လယ္ေရတိမ္နဲ႔က သဲဖုံးေျမဖုံး ေရတိုက္စားသမွ် အားလုံး အနယ္ထိုင္ ကုန္းေျမျဖစ္တာေပါ့။ ဟို ဝက္ၿခံ ဂယက္မွာ ေရတြင္းတူးေတာ့ အဲဒီလိုပဲ။ လိပ္ႀကီးက ဆန္ေကာေလာက္ ရွိ တယ္။ ေနာက္က မိေက်ာင္းႀကီး ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတြျဖစ္ေနၿပီး လိပ္ ေခါင္းခြံႀကီးကေတာ့ ကြၽန္ေတာ္ ျမင္ခဲ့ရေသးတယ္။ ဒီေတာ့ – ပင္လယ္ ေရတိမ္ဆိုတာ မွန္တယ္လို႔ ေျပာခ်င္ပါတယ္”
“ဟုတ္ၿပီဗ်ာ- ပင္လယ္ေပ်ာ္ သတၱဝါေတြက သူတို႔ က်က္စားတဲ့ေရထဲ မွာပဲေနၾကတာပဲ။ ကြၽန္ေတာ္တို႔ ကုန္းမွာေနသလိုပဲေပါ့”
“ဟုတ္တယ္-ကြၽန္ေတာ္တို႔လည္း ပင္လယ္မေပ်ာ္ႏိုင္ပါဘူး။ ေၾကာက္ စရာလည္း ေကာင္းပါတယ္။ ေရလည္း မကူးတတ္ဘူးေလ”
“ကဲ- စာေရးဆရာ၊ ခင္ဗ်ား က်ဳပ္ေျပာတဲ့ ေရသူမဇာတ္လမ္းမ်ိဳး အေထာက္အထားေတြ ရွိမွာေပါ့။ စာေပဗဟုသုတ ရွာေနတာဆိုေတာ့ နည္းနည္းေလာက္ ေျပာျပပါလားဗ်ာ”
“ဒီလိုပါ – ကြၽန္ေတာ္ ဖတ္မိမွတ္မိ၍ ေျပာတာပါ။ တိတိက်က်လို႔ေတာ့ မဆိုႏိုင္ပါဘူး။ ဒီေတာ့မွားတာမွန္တာေတာ့ကြၽန္ေတာ့္မွာ တာဝန္မရွိပါ ဘူး။ စာေတြ႕ပဲ ေျပာပါမယ္”
“ဟုတ္ပါတယ္ – ေျပာပါဗ်ာ”
“ကြၽန္ေတာ္တို႔ ဧရာဝတီတိုင္း၊ ေလးမ်က္ႏွာၿမိဳ႕၊ ၿမိဳ႕ေဟာင္းမွာ ခုံႀကီး ရပ္ကြက္ဆိုတာရွိတယ္။ အဲဒီမွာ ေႏြရာသီ တေပါင္း-တန္ခူး ေရာက္ရင္ ႐ြာထဲက လူငယ္လူႀကီးေတြ ေရထဲဆင္း ေရခ်ိဳးၾကတယ္။ သူတို႔ ဓေလ့လို ျဖစ္ေနတာ။ ေရစိမ္ၾကတာေပါ့ဗ်ာ။ မိန္းကေလး အုပ္စုေတြက ေရထဲမွာ ေဆာ့ၾကေလွာ္ၾကနဲ႔၊ ေရငုပ္လိုက္ေပၚလိုက္နဲ႔ဆိုေတာ့ ေရထဲစိမ္လိုက္တိုင္း ေဆာ့ၾကတာ။ ေနာက္ေတာ့- ဟိုအထက္ကမိန္းကေလးတစ္ေယာက္လည္း

ပါတယ္။ ေပၚလာတဲ့မိန္းကေလးက ဆံပင္နီနီ၊ သြားက်ဲက်ဲနဲ႔ဆိုတယ္။ ဒီေတာ့ သူကလည္းေတြ႕ၿပီ မိၿပီဆို ဖမ္းတာေပါ့ဗ်ာ။ ကိုယ္လုံးကိုဖမ္းေတာ့ မိတယ္၊ ေအာက္ဘက္က ေျခေထာက္ဖမ္းေတာ့ ငါးကိုယ္လုံးႀကီးကိုင္မိေတာ့ သူ ေၾကာက္ၿပီး ေအာ္ေျပးတယ္။ လူႀကီးေတြကကုန္းေပၚကေနေအာ္ၾကတယ္။ ေနာက္ေတာ့ေပ်ာက္သြားတယ္။ တစ္ခါေက်ာင္းသားေလး သပိတ္ေဆးရင္း ေရထဲဆြဲခ်လို႔ ဗိုက္ကို ကုတ္ဆြဲတာ လက္သည္းရာႀကီးတင္က်န္ခဲ့တယ္လို႔ စာအုပ္တစ္အုပ္ထဲမွာ ဖတ္ဖူးတယ္။ ဒါလည္း ေရသူမပါပဲလို႔ အတိအလင္း ေရးပါတယ္”
“ဒါဆို တကယ္ရွိတာေပါ့ကြာ”
“ဟုတ္တယ္ ဦးေလးတင္ေမာင္ရဲ႕၊ မျမင္ဘူးေတာ့ မယုံၾကတာပါ။ ျမင္ဖူး တဲ့သူေတာ့ ယုံတယ္၊ သမုဒၵရာထဲမွာ သေဘၤာႀကီးကိုေတာင္ ဖ်က္ဆီးႏိုင္တဲ့ ငါးရွိတယ္။ အၿမီးနဲ႔႐ိုက္ရင္ သေဘၤာဝမ္းဗိုက္ကြဲသြားႏိုင္တယ္။ ေနာက္ေရ နဂါးႀကီးေတြ၊ ေရဘဝဲႀကီးေတြလည္း ရွိတယ္။ ဒီေတာ့ – အဲဒီသတၱဝါႀကီး ေတြကို သူတို႔အစာ အျဖစ္၊ ႏြားေတြ ကြၽဲေတြ၊ ဆိတ္ေတြ၊ ေခြးေတြ ခ်ပစ္ခဲ့ရ တယ္လို႔ ဆိုတယ္”
“ဟုတ္ပါတယ္ – ခင္ဗ်ာ”
“ဒီေတာ့ သမုဒၵရာႀကီး ကမ္းမျမင္လမ္းမျမင္မွာ ကြၽန္ေတာ္တို႔ သခြားခြံ ေလာက္ရွိတဲ့ သေဘၤာေလးနဲ႔ သြားေနရတာ။ ဒီေလာက္က်ယ္ျပန႔္တဲ့ေရျပင္ ႀကီးမွာ ဧရာမသတၱဝါႀကီးေတြ ရွိေနတာဟာ သဘာဝပတ္ဝန္းက်င္အရ နိယာမႀကီး ျဖစ္ေနပါတယ္”
“ဟုတ္ပါၿပီ-ကြၽန္ေတာ္ သတိရလို႔ေျပာပါဦးမယ္။ ကြၽန္ေတာ္တို႔႐ြာမွာ ဟိုတုန္းကေရွးလူႀကီးေတြကစာဆိုလိုလို၊တေဘာင္လိုလို၊တစ္နည္းဆိုရရင္ စနည္းလိုလိုနဲ႔ ႐ြတ္တဲ့စကားရွိခဲ့တယ္။ အဲဒါအဘ ဆရာစာတို႔႐ြတ္ခဲ့တာပါ။ ဒီလိုဗ်“ရွစ္ခု ရွစ္ခု၊ တယုယု၊ ကိုးခုမွာ မူ၊ အိုးလို ဆူ၊ ဆယ္ခုမွာကား၊ မတရား၊

ဆယ့္တစ္ခုမွာၿဗဲတနမ္းနမ္စဥ္ေရာတဲ့”။အဲဒါ- ကြၽန္ေတာ္လိုက္ၾကည့္တယ္၊
ေလ့လာတာေပါ့ဗ်ာ။ ခု နာဂစ္တိုက္တဲ့ႏွစ္က ၂ဝဝ၈ – ခုႏွစ္၊ အေရးအခင္း ကာလက ၁၉၈၈၊ အဲဒီလို (၈)ခုေတြ ေရာက္တိုင္း လူေတြ ေသေၾကပ်က္စီး ရတတ္တယ္။ ဒုကၡေရာက္တတ္တယ္။ ယုယုယယေနရတဲ့ သူေတြ ခြဲခြာရ တတ္တယ္လို႔ အဓိပၸာယ္ရတယ္။ က်န္တာေတာ့ ဆက္စဥ္းစားၾကည့္ပါ ဗ်ာ”
“ဟာ- ဦးေက်ာ္၊ ခင္ဗ်ားက တေဘာင္ပဲဗ်။ ဒါဆို မွန္ေနျပန္ၿပီ၊ တယ္ ေကာင္းတဲ့တေဘာင္ပါလား၊ ကြၽန္ေတာ္မၾကားဖူးဘူးဗ်၊ တန္ဖိုးရွိလိုက္တာ
ဗ်ာ”
“အင္း- ေနာက္ထပ္ေျပာေသးတယ္၊ ဟိုစကားပုံဗ်ာ၊ ဒါမွမဟုတ္လည္း တခ်ိဳ႕လို႔ပဲေျပာေျပာ၊လူပ်ိဳအေမ ဆန္တစ္စိတ္နဲ႔ ပုပၸါးဆိုေတာင္ထိပ္ပုန္းအိပ္ ရမယ္ဆိုတာ။ အဲဒါ ဥသွ်စ္တစ္တင္း၊ ႏွမ္းတစ္တင္းေလဗ်ာ။ ခု -မိန္း ကေလးနဲ႔ ေယာက္်ားေလး ဘယ္သူကမ်ားလဲ။ မိန္းကေလးေတြက မ်ား မယ္ေနာ္။ လူပ်ိဳရွားမယ္ဆိုေတာ့ ဧကန္ျဖစ္ရမယ္”
မွာ
“ဟုတ္တယ္- ဦးေက်ာ္ေရ၊ ခင္ဗ်ား ေျပာတာ သိပ္မွန္တယ္။ ႏိုင္ငံျခား > အသက္ (၉၄) ႏွစ္ အဘိုးအိုႀကီးက မိန္းမ သက္ျပည့္ယူတယ္ဆိုတဲ့ သတင္းဖတ္လိုက္ရေသးတယ္။ အိုဗ်ာ – ခင္ဗ်ား ေျပာတာနဲ႔ ကြက္တိပဲေနာ္။ အင္း – ခုလည္း က်ဳပ္တို႔ရဲ႕ဘာသာ၊ သာသနာတည္တံ့ဖို႔ရယ္၊ ကိုယ့္အမ်ိဳးကို ခ်စ္ဖို႔ရယ္ အေရးႀကီးပါၿပီ။ လိုအပ္လာၿပီဗ်”
“ကဲ-ဒီေတာ့၊ နာဂစ္မုန္တိုင္းဟာ ျမန္မာျပည္၊ ျမစ္ဝကြၽန္းေပၚမွာတင္ ေစာင္းတိုက္သြားတာဆိုေတာ့ နဂါးတို႔ မ်က္ေစာင္းအေၾကာင္း သုံးပါးထဲမွာ ပါေနပါတယ္ဗ်ာ။ ေရသူမရဲ႕ တိုင္ၾကားမႈေၾကာင့္ နဂါးမင္း အမ်က္ထားၿပီး ပြက္တာဆိုတာ ကြၽန္ေတာ္ေတာ့ ယုံၿပီဗ်ာ၊ အစ္ကိုတင္ေမာင္ရဲ႕”

“ေလာကမွာ ကြၽန္ေတာ္တို႔ မသိတာေတြ အမ်ားႀကီးဗ်”
“ဒီေတာ့ဗ်ာ – ျမတ္စြာဘုရားက ကံငါးပါးလုံေအာင္ ထိန္းဆိုေတာ့ ဒီကံက ပါဏာတိပါတကံ သူ႔အသက္သတ္တာကို အတုံ႔အလွည့္ကေတာ့ ရွိမွာေပါ့။ ဒါလည္း ဝဋ္ေႂကြးတစ္ခု ဘဝေပါင္းမ်ားစြာက ေဆြမ်ိဳးမကင္းတဲ့ သူေတြရဲ႕အကုသိုလ္ကံေတြက ခုလိုႏွိပ္စက္တာလို႔ပဲထင္ပါတယ္။ လုပ္စား ရတဲ့ဘဝကလည္း သူမ်ားအသက္ပဲဆိုေတာ့ကံႀကီးမ်ားထိုက္ေနသလားလို႔ ေတြးမိတယ္”
“ကဲ – ဒီဟာ သင္ခန္းစာယူၾကဖို႔လိုၿပီ၊ ေနာင္ ေတြ႕ ႀကဳံတဲ့အခါမွာ ခုလို ေရသူမမ်ိဳးဆို လႊတ္ေပးဖို႔ ေမတၱာရပ္ခံ ဆုေတာင္းေပးခ်င္ပါတယ္ ခင္ဗ်ာ” “ဟုတ္ကဲ့ပါ – စာေရးဆရာ၊ ပင္လယ္အေတြ႕ အႀကဳံ ဆည္းပူးခ်င္ရင္ ေတာ့ က်ဳပ္တို႔ဆီ အလည္လာခဲ့ပါ၊ ဖိတ္ေခၚပါတယ္ဗ်ာ”
“ဟုတ္ကဲ့- ခင္ဗ်ာႀကိဳးစားပါမယ္၊ ကြၽန္ေတာ္ခုလိုအျဖစ္မွန္ဇာတ္လမ္း တစ္ပုဒ္ အမ်ားျပည္သူေတြ ဗဟုသုတရရွိေစဖို႔ ဂမၻီရေလာကမဂၢဇင္းမွာ ေရးသားတင္ျပလိုက္ပါေတာ့မယ္။ ကြၽန္ေတာ္ ေရးသားမွာက ေရသူမက်ိန္ စာႏွင့္ အံ့ၾသထူးဆန္းဖြယ္ရာမ်ားလို႔ ေရးပါရေစေတာ့”
[ ျဖစ္ရပ္မွန္ကို အေျခခံထားပါသည္ ]
မင္းတိုင္ပင္ (ျမေရာင္ေျမ)