နေရာတိုင်းမှာသေမင်းရှိတယ်(စ/ဆုံး)

Unicode Version

နေရာတိုင်းမှာသေမင်းရှိတယ်(စ/ဆုံး)
——————————————–
သူတို့ထိုင်နေကြသည့်နေရာက အဆင့်မြင့်ဟိုတယ်ကြီး တစ်ခု၏တတိယထပ်ရှိမြင်ကွင်းအားလုံးကိုအပေါ်စီးမှ အထင်း သားမြင်တွေ့နိုင်သောအခန်းတစ်ခန်းဖြစ်သည်။
သူတို့က ဒီအခန်းကို အမြဲယူထားကြသည်။ ညနေရောက် တိုင်းသူတို့ဒီအခန်းကိုရောက်နေကျ၊ ဟိုတယ်ပိုင်ရှင်နှင့်မန်နေ ဂျာကဒီအခန်းကို သူတို့သုံးယောက်အတွက် သီးသန့်ထားသည်။ ဒီအခန်းကသူတို့နှင့်အဆင်ပြေသည်။ပတ်ဝန်းကျင်အနှောင့် အယှက်ကင်းစွာဖြင့်တစ်ညနေအတွက်အချိန်ကိုအမြဲတမ်းကုန် လွန်စေသည်။ ရမ်တစ်ပြားနှင့် ဘီယာ(၃)ဘူးကို ဖောက်ကာ အခေါက်ကင်၊ဝက်အူချောင်း၊ ဘဲကင်၊ ပင်လယ်ရေခူသုပ်တို့ဖြင့် ဇိမ်ခံ၍ကောင်းသောနေရာဖြစ်၏။
သူတို့သုံးယောက်ဆိုသည်က နံပါတ် – ၁၊ နံပါတ် – ၂နှင့် နံပါတ် – ၃ တို့ ဖြစ်သည်။ သုံးယောက်စလုံးက အပျော်အပါး အသောက်အစားမက်မောကြသူတွေချည်းဖြစ်၏။ အထူးသဖြင့် အရက်ကို မက်မောကြသူတွေ၊ အရက်မသောက်ရလျှင် မနေနိုင် ကြသူတွေ။

အခန်းကိုတော့ သူတို့သုံးယောက်လုံး ပြိုင်တူရောက်လေ့မရှိတတ်။
တစ်ယောက်ရောက်ပြီးမှ နောက်တစ်ယောက်က ထပ်ရောက်လေ့ရှိသည်။ အရင်ရောက်သူကနောက်ရောက်လာမည့်သူများကိုစောင့်ရင်းမှာစရာရှိတာ မှာထားလေ့ရှိသည်။ ပြီးမှ – အားလုံးစကားတပြောပြောနှင့် ပြိုင်တူစား သောက်တတ်ကြ၏။
တစ်နေ့ အချိန်ကုန်လှသည့်တိုင် နံပါတ် – ၃ က ရောက်မလာ။ ခါတိုင်း ပြိုင်တူရောက်မလာတတ်ကြသည်မှလွဲ၍ ဒီလောက်ကြာကြာမစောင့်ရ။
တစ်ယောက်နှင့်တစ်ယောက်ကြာလှအဆုံးမှဆယ်မိနစ်ဆယ့်ငါးမိနစ်သာ။ ယခုတော့ တစ်ညနေအတွက် အချိန်က ကုန်လှပြီ။
နံပါတ် – ၃ ရောက်မလာနိုင်သည့်အဆုံး နံပါတ် – ၁ နှင့် ၂ တို့က နံပါတ် – ၃ကိုစောင့်ရင်း ရမ်တစ်ပြားနှင့် ဘီယာ(၃)ဘူး ကုန်လု၊ ကုန်ခါနီးအထိ သောက်နေလိုက်ကြသည်။ နံပါတ် – ၃ ရောက်လာမှ ထပ်မှာမည်ဟု နံပါတ် – ၁ က ပြောသည်။ သို့သော် နီယွန်းမီးရောင်တွေ ထိန်ထိန်လင်းလာသည့် တိုင်နံပါတ်-၃ကရောက်မလာ။
နံပါတ်-၁ကလက်မှနာရီလေးကို ကြည့်လိုက်ရင်း- “နံပါတ် – ၃ ဘာဖြစ်လို့ ရောက်မလာတာပါလိမ့်” ဟုပြောလိုက်သည်။
“ခရီးများ ထွက်သွားလို့လား”
နံပါတ်-၂ကဝေဖန်လိုက်သည်။ နံပါတ်-၁ကခေါင်းခါလိုက်ရင်း- “မဖြစ်နိုင်ဘူးဗျ။ ကျုပ်တို့သုံးယောက်က တခြားခရီးသွားစရာရှိရင် တစ်ယောက်နဲ့တစ်ယောက် အသိပေးပြီးမှ သွားကြရမယ်လို့ ကတိကဝတ် ပြုထားကြတယ်မဟုတ်လား။ ကျုပ်တို့ကို အကြောင်းမကြားပဲ ဘယ်မှသွား မှာတော့မဟုတ်ပါဘူး”ဟုပြောလိုက်ပြန်သည်။
“အေးဗျ – အဲဒါလည်းဟုတ်တာပဲ”
ထိုအချိန် ဝိတ်တာလေးတစ်ယောက် သူတို့အခန်းထဲ ဝင်လာသည်။

ဝိတ်တာကောင်လေးက သူတို့နှစ်ယောက်ရှေ့ကြို့မြို့လေး ရပ်လိုက်
နံပါတ်-၁ကထိုဝိတ်တာလေးကိုကြည့်ရင်း-
“ကလေး – မင်းကို ဘယ်သူခေါ်လို့လဲ”ဟုမေးလိုက်၏။
“ဟုတ်ပါတယ်၊ကျွန်တော့်ကိုဘယ်သူမှမခေါ်ပါဘူး။ ဒါပေမဲ့ – ဆရာတို့
နှစ်ယောက်ကို သတင်းပို့စရာရှိလို့ပါ”
ဝိတ်တာလေးကကိုယ်လေးကို ညွှတ်ပြောလိုက်၏။
“ဟေ- ဘာများ သတင်းပို့စရာရှိလို့လဲကွ”
နံပါတ်-၁ကနားမလည်နိုင်စွာ မေးလိုက်သည်။ ထိုအခါဝိတ်တာလေး
ကစိတ်မကောင်းစွာဖြင့် –
“ဆရာတို့လူတစ်ယောက်ဟိုတယ်ရှေ့ကမြက်ခင်းပြင်ထဲမှာသေနေပါ
တယ်”ဟုပြောလိုက်သည်။
“ဘာ-ဘာပြောတယ်ကွ။ ငါတို့လူတစ်ယောက်- ဟုတ်လား” နံပါတ်-၁ နှင့် ၂ က တအံ့တဩမေးရင်း ဟိုတယ်ရှေ့ရှိ မြက်ခင်းပြင်ဆီ လှမ်းကြည့်လိုက်ကြ၏။ မြက်ခင်းထဲ၌ လူတစ်ယောက် လဲနေသည်ကို မြင် လိုက်ရသည်။ အနီး၌လည်းလူတွေလှုပ်လှုပ်ရွရွဖြစ်နေကြသည်။ သူတို့နှစ် ယောက် အောက်ရောက်တော့ အမှန်တကယ် နံပါတ် – ၃ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ရင်း –
“အင်း – သူသေရှာပြီကိုး။ သူ့ကို ဘယ်သူသတ်တာပါလိမ့်” နံပါတ်-၂က ညည်းသလိုလိုနှင့်မေးခွန်းတစ်ခုကိုထုတ်လိုက်သည်။ ထိုအချိန် သူတို့အနီး၌ ရပ်နေသူတစ်ဦးက ဟိုတယ်ကြီးကို မော်ကြည့်
“သေမင်းက သတ်လိုက်တာလေ။ သေမင်းက လာသတ်သွားတာ။ မင်းတို့နှစ်ယောက်လည်းမကြာတော့ဘူး။ သေမင်းက သတ်ဖို့ချောင်းနေပြီ။ ဒီဟိုတယ်ကြီးကို ရောက်လာကြသူ အတော်များများ သေမင်းလက်ချက်နဲ့

သေကုန်ကြပြီ။ မင်းတို့ သတိမမူမိလို့သာ..”ဟုပြောပြီး သူတို့အနီးမှ လှည့် ထွက်သွားသည်။
သည်တော့မှ- သူတို့နှစ်ယောက်လည်းဟိုတယ်လာရာလမ်းမှာကောင်
တာမှာ၊စက်လှေကားအဆင်းအတက်လမ်းမှာမကြာမကြာဆုံတွေ့ဖူးသူများ ပျောက်မှန်းမသိ ပျောက်ပျောက်သွားကြသည်ကို သတိထားလိုက်မိကြ၏။ သို့သော်ဟိုတယ်သို့ဝင်သူထွက်သူတွေများလွန်းသဖြင့်သာမသိလိုက်ကြ
ခြင်းဖြစ်လေ၏။

“တောက် – တော်တော်ရက်စက်ယုတ်မာတဲ့သေမင်း၊ နင်မသတ်ခင် နင့်ကို တို့က ဦးအောင်ရှာသတ်မယ်။ နင့်ကို မတွေ့ တွေ့အောင်ရှာမယ်။ နင် သေမှတို့တစ်တွေအားလုံး နေချင်သလိုနေရမယ်”
နံပါတ်-၁ ကသေမင်းကို ကြိမ်းမောင်းလိုက်၏။
“ဟုတ်တယ်- သေမင်းကို ခင်ဗျားနဲ့ကျုပ် ကမ္ဘာလောကအနှံ့ လိုက်ရှာ မယ်။ သင်းကကျုပ်တို့ကိုကွယ်ရာထောင့်ရာကနေအလစ်ချောင်းချောင်းပြီး သတ်နေတာ။ သင်းသေမှအေးမှာ…”
နံပါတ်-၂ကလည်းထောက်ခံလိုက်သည်။ ထို့နောက် သူ့တွင် အသင့် ပါလာသည့် မောင်းချဓားလေးကိုလည်း ထုတ်ပြလိုက်သည်။
“ဒီဓားနဲ့ ထိုးသတ်မယ်”
“ကျုပ်ကလည်း ဒီလက်သီးနဲ့ ထိုးသတ်မယ်”
နှစ်ယောက်သားသေမင်းကို ကြိမ်းဝါးရင်းနံပါတ် – ၁နှင့်၂တို့သေမင်း ရှာထွက်ခဲ့ကြသည်။ မြို့တွေရွာတွေ၊ သုသာန်တွေ၊ကျောင်းကန်တွေ၊ စေတီ ပုထိုးတွေ၊ တောတွေ တောင်တွေ အနှံ့လိုက်ရှာကြသည်။
“ဟေ့ သေမင်း – သတ္တိရှိရင် ထွက်ခဲ့ကွ။ သတ္တိရှိရင် ပုန်းမနေနဲ့။ လစ်မှ ချောင်းသတ်တယ်ဆိုတာ သူရဲဘောကြောင်တဲ့သူတွေအလုပ်ကွ။ တကယ် သတ္တိရှိရင် ရင်ဆိုင်ချရဲရတယ်”
“ဟုတ်တယ်-နံပါတ်၁ပြောတာမှန်တယ်။ ဒို့- မင်းကိုလိုက်ရှာနေတာ။ လာထွက်ခဲ့ – ထွက်ခဲ့ဟေ့”
ရောက်လေရာအရပ်တိုင်း၊ ရောက်လေရာဒေသတိုင်း၌လည်းသေမင်း ကိုတကြော်ကြော်အော်၍“စိန်”ခေါ်ကြသည်။
သည်လိုနှင့်နံပါတ်-၁ နှင့်၂တို့တောကြီးတစ်တောထဲရောက်လာကြ ၏။ သူတို့နှစ်ယောက် သေမင်းကို တကြော်ကြော်အော်ခေါ်ရင်း ဆင်ငိုမြက် ကလေးတွေ အုပ်မိုးနေကြသည့် လူတစ်ယောက်သွားသာရုံလမ်းလေး

အတိုင်းလျှောက်ခဲ့ကြသည်။တစ်ခေါ်သာသာလောက်လျှောက်မိတော့သစ် ပုပ်တောကြီးတစ်တောကို သွားတွေ့သည်။ ထိုတောကြီးက ခပ်ဝိုင်းဝိုင်း သစ်ပုပ်ပင်တို့ဖြင့် ပြည့်နေ၏။ ထိုနေရာအရောက်၌ –
“အဇ္ဇေဝကိစ္စကာတဗ္ဗ၊ ကောဇညောမရဏံသုဝေ”ဟူသောရွတ်ဆိုသံ ကို သူတို့ ကြားလိုက်ရသည်။
အသံက သစ်ပုပ်တောကြီး၏ အထက်ဆီမှ လာခြင်းဖြစ်၏။ အသံလာ ရာဆီကြည့်လိုက်တော့ဒေါက်ခြာကြီးနှင့်ရသေ့ကြီးတစ်ပါးကိုတွေ့လိုက်ရ၏။
တောင်ဝှေးကို အားပြုလျက် သပိတ်လွယ်ထားသောရသေ့ကြီးက သူတို့ သက်ဆင်းလာနေသည်။
“ပြုဖွယ်အမှုတို့ကိုယနေ့သာပင်ပြုအပ်ကြပါပေတယ်။ သေခြင်းတရား ဆိုတာ မနက်ဖြန် သန်ဘက်နေ့ရက်မရှိ။ ဘယ်နေ့ဘယ်ရက် သေမယ်လို့ ဘယ်သူမှမပြောနိုင်ဘူး။ သေမင်းရဲ့စစ်သည်တွေကများလှပေတယ်” ရသေ့ကြီးက ဓမ္မတေးကို ဆက်၍ရွတ်ဆိုလာသည်။
ရသေ့ကြီး၏အသံကိုကြားတော့နံပါတ်-၁နှင့်၂တို့တွေသွားသည်။
“ဟေ့-နံပါတ် ၂- ဒီရသေ့ကြီးပြောသံ ကြားရဲ့လား”
“ဟုတ်- ကြားတယ်- နံပါတ် ၁။ ဒီရသေ့ကြီးရဲ့စကားအရဆိုရင် ဘယ် နည်းနဲ့မဆိုသေမင်းကိုဒီရသေ့ကြီးသိလောက်တယ်။ ရသေ့ကြီးကိုသေမင်း ဘယ်မှာရှိတယ်ဆိုတာမေးကြည့်ရရင် မကောင်းဘူးလား”
“ကောင်းတယ်ဗျို့- မေးကြရအောင်”
နံပါတ်-၁နှင့်နံပါတ်-၂သည်အချင်းချင်းတိုင်ပင်ပြီးရသေ့ကြီးရှိရာသို့
လျှောက်သွားကြလေ၏။
ရသေ့ကြီးကိုတွေ့သည်နှင့် နံပါတ်-၁က-
“ရှင်ရသေ့ – သေမင်း ဘယ်မှာရှိပါလဲ။ တပည့်တော်တို့ သေမင်းကို လိုက်ရှာနေကြတာပါ။လူတွေကိုဒုက္ခပေးလှတဲ့သေမင်းကိုသတ်ချင်လို့ပါ”
ဟုလျှောက်မေးလိုက်၏။

“ဘုရား- ဘုရား – ဒကာတို့ တစ်ခုခုတော့ မှားနေကြပြီနဲ့တူတယ်”
“မမှားပါဘူး – ရှင်ရသေ့။ အဲဒီသေမင်းက တပည့်တော်တို့ရဲ့မိတ်ဆွေ နံပါတ်-၃ကိုမကြာခင်လေးကမှ သတ်ပစ်လိုက်ပါတယ်။ နောက်ပြီးနာမည် ကြီးဟိုတယ်ကြီးမှာ သောက်စားပျော်ပါးနေကြတဲ့သူတွေကိုလည်း ချောင်း ပြီး တဖျတ်ဖျတ် သတ်နေတာ မနည်းတော့ပါဘူး။ တပည့်တော်ကိုလည်း သတ်ဖို့ချောင်းနေတယ်။ သူသေမှအားလုံးအေးမှာပါ။ သူ့ကို သတ်ကိုသတ် မှဖြစ်မယ်။ သေမင်း ဘယ်မှာရှိတယ်ဆိုတာ တပည့်တော်တို့ကို ပြောပြပါ။ နို့မဟုတ်လို့ သူမသေရင် တပည့်တော်တို့အားလုံးသေကြရလိမ့်မယ်”
“သေမင်းကိုအဲဒီလိုသတ်လို့မရဘူး။ သေမင်းကို သတ်ချင်ရင်သေမင်း ကို နိုင်ချင်ရင်တော့ ဆရာရသေ့ကျောင်း လိုက်ခဲ့ပေရော့”ဟု ရသေ့ကြီးက ခေါ်လိုက်၏။
“နောက်မှ ဆရာရသေ့ကျောင်း လာခဲ့ပါ့မယ်။ လောလောဆယ်တော့ တပည့်တော်တို့မှာ သေမင်းကို နိုင်အောင်တိုက်နိုင်၊ သတ်နိုင်တဲ့လက်နက် တွေ ပါပြီးဖြစ်လို့ မလိုက်သေးပါဘူး။ တပည့်တော်က ကိုယ်ခံပညာကောင်း ကောင်းတတ်ပါတယ်။ နံပါတ်-၂ လည်း ဓားပါ,ပါတယ်။ သေမင်း ဘယ်မှာ ရှိတယ်သာပြောပြပါ။ သေမင်းကို ရှင်ရသေ့ရှေ့မှာတင် သတ်ပြလိုက်ပါ့မယ်”
ရသေ့ကြီးက နံပါတ်- ၁ နှင့် ၂ စကားကြားတော့ တွေသွားသည်။ ထို့ နောက်တစ်စုံတစ်ရာနှလုံးသွင်းလိုက်၏။ အတန်ကြာမှ-
“အိမ်း – ဒါဆိုလည်း- ဆရာရသေ့ ပြောခဲ့မယ် – မှတ်ထားကြ။ နေရာ တိုင်းမှာသေမင်းရှိတယ်။ ဘုရား၊ ဘုရား၊ မရဏံမေ ဘဝိဿတိ”ဟုပြောဆို မိန့်ကြားကာနံပါတ်- ၁နှင့်နံပါတ်-၂အနီးမှတစ်ဖက်တောဆီသို့ဆက်လက် ထွက်ခွာသွားလေတော့သည်။
“နေရာတိုင်းမှာ သေမင်းရှိတယ်”တဲ့။ သူတို့နှစ်ယောက်က လိုက်ရွတ် ကြည့်လိုက်ကြ၏။

နံပါတ်-၁နှင့်၂တို့လည်းရသေ့ကြီးကိုမျက်စိတစ်ဆုံးကြည့်ကျန်ခဲ့ရင်း
လုံးဝမမြင်တော့မှ တစ်ယောက်ဘက်တစ်ယောက်လှည့်ကာ-
“ရသေ့ကြီးရဲ့ပြောစကားအရဆိုရင် သေမင်းဟာ ဒီနေရာနဲ့ သိပ်မဝေး တော့ဘူး။ ဒီအနီးအနားမှာပဲရှိနိုင်တယ်။ ဒီနေရာ ပိုက်စိပ်တိုက်ရှာကြစို့”ဟု ပြောဆိုတိုင်ပင်လိုက်ကြလေ၏။
“ဟေ့-သေမင်း-မင်းဒီတောထဲမှာရှိမှန်းငါတို့သိပြီးပြီ။ မင်းမကြာခင်
သေရလိမ့်မယ်ဟေ့”
ထို့နောက် နှစ်ယောက်သား အထက်ပါအတိုင်း ပြိုင်တူအော်လိုက်ကြ ရင်းရှေ့သို့ ခရီးဆက်ခဲ့ကြသည်။
တစ်နာရီနီးပါးလောက်လျှောက်လိုက်မိတော့ သစ်ပုပ်တောကိုလွန်ပြီး ဝါးဖြူတောကြီးကိုရောက်လာသည်။ဝါးဖြူဝါးရုံကြီးတွေကအဓိကရကြီးတွေ၊ နေပြောက်မထိုးနိုင်လောက်အောင်လည်းပြွတ်သိပ်ပြည့်ကျပ်နေကြသည်။
သို့သော် တစ်နေရာမှာတော့ ဝါးဖြူဝါးရုံကြီးတွေ ခြံရံပေါက်နေကြသော ဆယ့်ငါးပေပတ်လည်ခန့် ငှက်ခါးရောင်ထ ကြည်လင်နေသည့် အိုင်လေး တစ်အိုင်ကို တွေ့လိုက်ကြရ၏။
အိုင်ဆီမှအနံ့သင်းသင်းလေးကိုလည်းသူတို့ရှူရှိုက်မိကြ၏။ နံပါတ်-၁ ကအနံ့သင်းသင်းလေးကို နှာခေါင်းတရှုပ်ရှုပ်နှင့် ရှူရှိုက်ရင်း- “နံပါတ်-၂ရေ-ဒီအိုင်ကထွက်လာတဲ့အနံ့လေးကတယ်မွှေးပါလား။
ရမ်ပြားလေး ဖောက်လိုက်တော့ ထွက်လာတဲ့အနံ့လေးအတိုင်းပဲ”ဟု ပြော
လိုက်သည်။
နံပါတ်-၂ကလည်း-
“ဟုတ်တယ်- နံပါတ် ၁။ ဒါ-ရမ်နံ့လေးပဲဗျ”ဟုထောက်ခံလိုက်သည်။ သူတို့နှစ်ယောက် အိုင်လေးဆီ
ရောက်အောင်လျှောက်လာခဲ့ကြ၏။ အိုင်လေးထဲက အရောင်က အနီးကပ်ကြည့်တော့ ရမ်ရောင်လေးအတိုင်း ရမ်ဆိုတာဟိုတယ်မှာ သူတို့အမြဲသောက်နေကျ၊ သူတို့အကြိုက်၊ရမ်ဆိုတာ က“အရက်၊ အရက်ကို အရောင်အဆင်း အနံ့အရသာကို ပြုပြင်ထားတဲ့ အမည်။
အိုင်လေး၏ထိပ်မှာ စာတန်းလေးတစ်ခု ကျောက်သားပြင်ကို ထွင်း ထားသော စာတန်းလေးဖြစ်သည်။
သည်။
“ယစ်ရွှေရည် – မအိုဆေးရည်”ဟုရေးထားသည်။

“မအိုဆေးရည် ဆိုပါလား”
နံပါတ်-၁ကစာဖတ်ပြီးပြောလိုက်၏။နံပါတ်-၂ကခေါင်းညိတ်လိုက်
“ကဲ-ဒါဆို-ဒီမအိုဆေးရည်လေးကို အရသာခံရင်း ခဏနားကြရရင်
မကောင်းဘူးလား”
“ကောင်းတယ် – နံပါတ် ၂”
နှစ်ယောက်သားတိုင်ပင်ပြီးကြသည်နှင့်ယစ်ရွှေရည်အမည်ရှိမအိုဆေး
ရည်ကို တစ်ယောက်တစ်ခွက်ခပ်ကာ ဝါးဖြူဝါးရုံကြီးတစ်ရုံအောက်၌ အေး အေးဆေးဆေးနားရင်းအရသာခံသောက်လိုက်ကြသည်။
“အား- ကောင်းလိုက်တာ။ လည်ချောင်းထဲကိုခါးရှပူဆင်းသွားတာပဲ” နံပါတ် – ၁ က ယစ်ရွှေရည် တစ်ကျိုက်စုပ်လိုက်ရင်း ချီးကျူးထောပနာ
ပြုလိုက်သည်။
“ဒီဆေးရည်က မအိုဆေးရည်ဆိုမဟုတ်လားဗျ – နံပါတ် ၁ ရဲ့” ထို့နောက်နှစ်ယောက်သားသောက်ရင်းသောက်ရင်းရေချိန်တွေလွန်
ပြီး မူးလဲသွားကြ၏။ သူတို့ရှာနေကြသည့် သေမင်းကိုလည်း မေ့သွားကြ သည်။
ညနေစောင်းမှ သူတို့ ပြန်သတိရလာကြသည်။
သတိရရချင်းနံပါတ် ၁က-
“ဒီယစ်ရွှေရည်မအိုဆေးကတယ်ကောင်းတာပဲ။ ဒီမှာပဲမအိုဆေးလေး မှီဝဲရင်းသေမင်းကိုရှာကြရင်မကောင်းဘူးလား”ဟုနံပါတ်-၂ကိုမေးလိုက်
၏။
နံပါတ်-၂က ခေါင်းညိတ်ရင်း-
“ကောင်းတယ် – နံပါတ် ၁။ သူလည်း ဒီယစ်ရွှေရည် မအိုဆေး လာမှီဝဲ ရင် မှီဝဲတန်ကောင်းပါရဲ့။ ပိုသေချာတာက မရေမရာလိုက်ရှာနေမယ့်အစား ဒီကပဲစောင့်ရင် ပိုကောင်းမယ်ထင်တယ်”ဟုအကြံပေးလိုက်သည်။ “အိုကေ – သိပ်ကောင်းတဲ့အကြံပဲ”
သူတို့နှစ်ယောက်ထိုယစ်ရွှေရည်မအိုဆေးအမည်ရှိအိုင်အနီးတွင်ပင် သေမင်းကိုရှာရင်းသေမင်းအလာစောင့်ရင်းစခန်းချလိုက်ကြသည်။ထို့နောက်
ယစ်ရွှေရည်မအိုဆေးကိုလည်း နေ့ရောညပါအကြိုက်သောက်နေလိုက်ကြ
ပေ၏။
သည်သို့နှင့်ရက်ကလေးကြာလာသည်။သူတို့၏အခြေအနေတွေလည်း
ပြောင်းလဲလာကြသည်။
ကြာတော့ – သူတို့နှစ်ယောက်စလုံးမလှုပ်ချင် မကိုင်ချင်ဖြစ်၊ အားအင် တွေ ကုန်ခန်းလာသည်။ နှစ်ဦးစလုံး၏မျက်နှာနှင့် ခန္ဓာကိုယ်တွေကလည်း လူ့ဘီလူးကြီးတွေလို ပွရောင်းဖောင်းတက်နေကြပြီး ပါးစပ်မှ သွေးတွေက တဗွက်ဗွက်အန်ထွက်လာကြသည်။
၏။
နောက်- မြေပေါ်သို့နှစ်ယောက်စလုံးဗုန်းခနဲပစ်ကျသွားကြလေတော့
ထိုအချိန် သူတို့နှင့် တွေ့ခဲ့ရသည့် ရသေ့ကြီးက-
“အဇ္ဇေဝကိစ္စတာတဗ္ဗ-ကောဇညောမရဏံသုဝေ”ဟုရွတ်ဆိုပွားများ
နေကျ ဓမ္မတေးကို ဟစ်ကြွေးရင်း ရောက်လာသည်။ သူတို့နှစ်ယောက်ကို
တွေ့တော့ –

“အင်း- ဘုရား- ဘုရား – ဒါ- သေမင်းကို သတ်ဖို့လိုက်ရှာနေကြတဲ့ ဒကာလေးနှစ်ယောက်ပဲ။ ခုတော့ – သေမင်းကိုသူတို့ကမသတ်ရပဲမအိုဆေး ရည်ကို သောက်နေကြတဲ့သူတို့ကို သေမင်းက သတ်သွားပြီကော။ သူတို့ ခမျာတွေ အိုအောင်တောင် မနေလိုက်ကြရပါကလား။ သဗ္ဗေသင်္ခါရ အနိစ္စ၊ သဗ္ဗေသင်္ခါရဒုက္ခာ၊ သဗ္ဗေသင်္ခါရအနတ္တာပါကလား”ဟုသံဝေဂသံဖြင့်ညည်း တွားလိုက်လေသည်။
(ကဗျာဆရာမောင်လင်္ကာနှင့် စာရေးဆရာ မြင့်မောင်တို့သို့ သတိရလွမ်းဆွတ်စွာဖြင့်)
» နေဝန်းနို

Zawgyi Version

ေနရာတိုင္းမွာေသမင္းရွိတယ္(စ/ဆုံး)
——————————————–
သူတို႔ထိုင္ေနၾကသည့္ေနရာက အဆင့္ျမင့္ဟိုတယ္ႀကီး တစ္ခု၏တတိယထပ္ရွိျမင္ကြင္းအားလုံးကိုအေပၚစီးမွ အထင္း သားျမင္ေတြ႕ႏိုင္ေသာအခန္းတစ္ခန္းျဖစ္သည္။
သူတို႔က ဒီအခန္းကို အၿမဲယူထားၾကသည္။ ညေနေရာက္ တိုင္းသူတို႔ဒီအခန္းကိုေရာက္ေနက်၊ ဟိုတယ္ပိုင္ရွင္ႏွင့္မန္ေန ဂ်ာကဒီအခန္းကို သူတို႔သုံးေယာက္အတြက္ သီးသန႔္ထားသည္။ ဒီအခန္းကသူတို႔ႏွင့္အဆင္ေျပသည္။ပတ္ဝန္းက်င္အေႏွာင့္ အယွက္ကင္းစြာျဖင့္တစ္ညေနအတြက္အခ်ိန္ကိုအၿမဲတမ္းကုန္ လြန္ေစသည္။ ရမ္တစ္ျပားႏွင့္ ဘီယာ(၃)ဘူးကို ေဖာက္ကာ အေခါက္ကင္၊ဝက္အူေခ်ာင္း၊ ဘဲကင္၊ ပင္လယ္ေရခူသုပ္တို႔ျဖင့္ ဇိမ္ခံ၍ေကာင္းေသာေနရာျဖစ္၏။
သူတို႔သုံးေယာက္ဆိုသည္က နံပါတ္ – ၁၊ နံပါတ္ – ၂ႏွင့္ နံပါတ္ – ၃ တို႔ ျဖစ္သည္။ သုံးေယာက္စလုံးက အေပ်ာ္အပါး အေသာက္အစားမက္ေမာၾကသူေတြခ်ည္းျဖစ္၏။ အထူးသျဖင့္ အရက္ကို မက္ေမာၾကသူေတြ၊ အရက္မေသာက္ရလွ်င္ မေနႏိုင္ ၾကသူေတြ။

အခန္းကိုေတာ့ သူတို႔သုံးေယာက္လုံး ၿပိဳင္တူေရာက္ေလ့မရွိတတ္။
တစ္ေယာက္ေရာက္ၿပီးမွ ေနာက္တစ္ေယာက္က ထပ္ေရာက္ေလ့ရွိသည္။ အရင္ေရာက္သူကေနာက္ေရာက္လာမည့္သူမ်ားကိုေစာင့္ရင္းမွာစရာရွိတာ မွာထားေလ့ရွိသည္။ ၿပီးမွ – အားလုံးစကားတေျပာေျပာႏွင့္ ၿပိဳင္တူစား ေသာက္တတ္ၾက၏။
တစ္ေန႔ အခ်ိန္ကုန္လွသည့္တိုင္ နံပါတ္ – ၃ က ေရာက္မလာ။ ခါတိုင္း ၿပိဳင္တူေရာက္မလာတတ္ၾကသည္မွလြဲ၍ ဒီေလာက္ၾကာၾကာမေစာင့္ရ။
တစ္ေယာက္ႏွင့္တစ္ေယာက္ၾကာလွအဆုံးမွဆယ္မိနစ္ဆယ့္ငါးမိနစ္သာ။ ယခုေတာ့ တစ္ညေနအတြက္ အခ်ိန္က ကုန္လွၿပီ။
နံပါတ္ – ၃ ေရာက္မလာႏိုင္သည့္အဆုံး နံပါတ္ – ၁ ႏွင့္ ၂ တို႔က နံပါတ္ – ၃ကိုေစာင့္ရင္း ရမ္တစ္ျပားႏွင့္ ဘီယာ(၃)ဘူး ကုန္လု၊ ကုန္ခါနီးအထိ ေသာက္ေနလိုက္ၾကသည္။ နံပါတ္ – ၃ ေရာက္လာမွ ထပ္မွာမည္ဟု နံပါတ္ – ၁ က ေျပာသည္။ သို႔ေသာ္ နီယြန္းမီးေရာင္ေတြ ထိန္ထိန္လင္းလာသည့္ တိုင္နံပါတ္-၃ကေရာက္မလာ။
နံပါတ္-၁ကလက္မွနာရီေလးကို ၾကည့္လိုက္ရင္း- “နံပါတ္ – ၃ ဘာျဖစ္လို႔ ေရာက္မလာတာပါလိမ့္” ဟုေျပာလိုက္သည္။
“ခရီးမ်ား ထြက္သြားလို႔လား”
နံပါတ္-၂ကေဝဖန္လိုက္သည္။ နံပါတ္-၁ကေခါင္းခါလိုက္ရင္း- “မျဖစ္ႏိုင္ဘူးဗ်။ က်ဳပ္တို႔သုံးေယာက္က တျခားခရီးသြားစရာရွိရင္ တစ္ေယာက္နဲ႔တစ္ေယာက္ အသိေပးၿပီးမွ သြားၾကရမယ္လို႔ ကတိကဝတ္ ျပဳထားၾကတယ္မဟုတ္လား။ က်ဳပ္တို႔ကို အေၾကာင္းမၾကားပဲ ဘယ္မွသြား မွာေတာ့မဟုတ္ပါဘူး”ဟုေျပာလိုက္ျပန္သည္။
“ေအးဗ် – အဲဒါလည္းဟုတ္တာပဲ”
ထိုအခ်ိန္ ဝိတ္တာေလးတစ္ေယာက္ သူတို႔အခန္းထဲ ဝင္လာသည္။

ဝိတ္တာေကာင္ေလးက သူတို႔ႏွစ္ေယာက္ေရွ႕ႀကိဳ႕ၿမိဳ႕ေလး ရပ္လိုက္
နံပါတ္-၁ကထိုဝိတ္တာေလးကိုၾကည့္ရင္း-
“ကေလး – မင္းကို ဘယ္သူေခၚလို႔လဲ”ဟုေမးလိုက္၏။
“ဟုတ္ပါတယ္၊ကြၽန္ေတာ့္ကိုဘယ္သူမွမေခၚပါဘူး။ ဒါေပမဲ့ – ဆရာတို႔
ႏွစ္ေယာက္ကို သတင္းပို႔စရာရွိလို႔ပါ”
ဝိတ္တာေလးကကိုယ္ေလးကို ၫႊတ္ေျပာလိုက္၏။
“ေဟ- ဘာမ်ား သတင္းပို႔စရာရွိလို႔လဲကြ”
နံပါတ္-၁ကနားမလည္ႏိုင္စြာ ေမးလိုက္သည္။ ထိုအခါဝိတ္တာေလး
ကစိတ္မေကာင္းစြာျဖင့္ –
“ဆရာတို႔လူတစ္ေယာက္ဟိုတယ္ေရွ႕ကျမက္ခင္းျပင္ထဲမွာေသေနပါ
တယ္”ဟုေျပာလိုက္သည္။
“ဘာ-ဘာေျပာတယ္ကြ။ ငါတို႔လူတစ္ေယာက္- ဟုတ္လား” နံပါတ္-၁ ႏွင့္ ၂ က တအံ့တဩေမးရင္း ဟိုတယ္ေရွ႕ရွိ ျမက္ခင္းျပင္ဆီ လွမ္းၾကည့္လိုက္ၾက၏။ ျမက္ခင္းထဲ၌ လူတစ္ေယာက္ လဲေနသည္ကို ျမင္ လိုက္ရသည္။ အနီး၌လည္းလူေတြလႈပ္လႈပ္႐ြ႐ြျဖစ္ေနၾကသည္။ သူတို႔ႏွစ္ ေယာက္ ေအာက္ေရာက္ေတာ့ အမွန္တကယ္ နံပါတ္ – ၃ ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။
ရင္း –
“အင္း – သူေသရွာၿပီကိုး။ သူ႔ကို ဘယ္သူသတ္တာပါလိမ့္” နံပါတ္-၂က ညည္းသလိုလိုႏွင့္ေမးခြန္းတစ္ခုကိုထုတ္လိုက္သည္။ ထိုအခ်ိန္ သူတို႔အနီး၌ ရပ္ေနသူတစ္ဦးက ဟိုတယ္ႀကီးကို ေမာ္ၾကည့္
“ေသမင္းက သတ္လိုက္တာေလ။ ေသမင္းက လာသတ္သြားတာ။ မင္းတို႔ႏွစ္ေယာက္လည္းမၾကာေတာ့ဘူး။ ေသမင္းက သတ္ဖို႔ေခ်ာင္းေနၿပီ။ ဒီဟိုတယ္ႀကီးကို ေရာက္လာၾကသူ အေတာ္မ်ားမ်ား ေသမင္းလက္ခ်က္နဲ႔

ေသကုန္ၾကၿပီ။ မင္းတို႔ သတိမမူမိလို႔သာ..”ဟုေျပာၿပီး သူတို႔အနီးမွ လွည့္ ထြက္သြားသည္။
သည္ေတာ့မွ- သူတို႔ႏွစ္ေယာက္လည္းဟိုတယ္လာရာလမ္းမွာေကာင္
တာမွာ၊စက္ေလွကားအဆင္းအတက္လမ္းမွာမၾကာမၾကာဆုံေတြ႕ဖူးသူမ်ား ေပ်ာက္မွန္းမသိ ေပ်ာက္ေပ်ာက္သြားၾကသည္ကို သတိထားလိုက္မိၾက၏။ သို႔ေသာ္ဟိုတယ္သို႔ဝင္သူထြက္သူေတြမ်ားလြန္းသျဖင့္သာမသိလိုက္ၾက
ျခင္းျဖစ္ေလ၏။

“ေတာက္ – ေတာ္ေတာ္ရက္စက္ယုတ္မာတဲ့ေသမင္း၊ နင္မသတ္ခင္ နင့္ကို တို႔က ဦးေအာင္ရွာသတ္မယ္။ နင့္ကို မေတြ႕ ေတြ႕ေအာင္ရွာမယ္။ နင္ ေသမွတို႔တစ္ေတြအားလုံး ေနခ်င္သလိုေနရမယ္”
နံပါတ္-၁ ကေသမင္းကို ႀကိမ္းေမာင္းလိုက္၏။
“ဟုတ္တယ္- ေသမင္းကို ခင္ဗ်ားနဲ႔က်ဳပ္ ကမာၻေလာကအႏွံ႔ လိုက္ရွာ မယ္။ သင္းကက်ဳပ္တို႔ကိုကြယ္ရာေထာင့္ရာကေနအလစ္ေခ်ာင္းေခ်ာင္းၿပီး သတ္ေနတာ။ သင္းေသမွေအးမွာ…”
နံပါတ္-၂ကလည္းေထာက္ခံလိုက္သည္။ ထို႔ေနာက္ သူ႔တြင္ အသင့္ ပါလာသည့္ ေမာင္းခ်ဓားေလးကိုလည္း ထုတ္ျပလိုက္သည္။
“ဒီဓားနဲ႔ ထိုးသတ္မယ္”
“က်ဳပ္ကလည္း ဒီလက္သီးနဲ႔ ထိုးသတ္မယ္”
ႏွစ္ေယာက္သားေသမင္းကို ႀကိမ္းဝါးရင္းနံပါတ္ – ၁ႏွင့္၂တို႔ေသမင္း ရွာထြက္ခဲ့ၾကသည္။ ၿမိဳ႕ေတြ႐ြာေတြ၊ သုသာန္ေတြ၊ေက်ာင္းကန္ေတြ၊ ေစတီ ပုထိုးေတြ၊ ေတာေတြ ေတာင္ေတြ အႏွံ႔လိုက္ရွာၾကသည္။
“ေဟ့ ေသမင္း – သတၱိရွိရင္ ထြက္ခဲ့ကြ။ သတၱိရွိရင္ ပုန္းမေနနဲ႔။ လစ္မွ ေခ်ာင္းသတ္တယ္ဆိုတာ သူရဲေဘာေၾကာင္တဲ့သူေတြအလုပ္ကြ။ တကယ္ သတၱိရွိရင္ ရင္ဆိုင္ခ်ရဲရတယ္”
“ဟုတ္တယ္-နံပါတ္၁ေျပာတာမွန္တယ္။ ဒို႔- မင္းကိုလိုက္ရွာေနတာ။ လာထြက္ခဲ့ – ထြက္ခဲ့ေဟ့”
ေရာက္ေလရာအရပ္တိုင္း၊ ေရာက္ေလရာေဒသတိုင္း၌လည္းေသမင္း ကိုတေၾကာ္ေၾကာ္ေအာ္၍“စိန္”ေခၚၾကသည္။
သည္လိုႏွင့္နံပါတ္-၁ ႏွင့္၂တို႔ေတာႀကီးတစ္ေတာထဲေရာက္လာၾက ၏။ သူတို႔ႏွစ္ေယာက္ ေသမင္းကို တေၾကာ္ေၾကာ္ေအာ္ေခၚရင္း ဆင္ငိုျမက္ ကေလးေတြ အုပ္မိုးေနၾကသည့္ လူတစ္ေယာက္သြားသာ႐ုံလမ္းေလး

အတိုင္းေလွ်ာက္ခဲ့ၾကသည္။တစ္ေခၚသာသာေလာက္ေလွ်ာက္မိေတာ့သစ္ ပုပ္ေတာႀကီးတစ္ေတာကို သြားေတြ႕သည္။ ထိုေတာႀကီးက ခပ္ဝိုင္းဝိုင္း သစ္ပုပ္ပင္တို႔ျဖင့္ ျပည့္ေန၏။ ထိုေနရာအေရာက္၌ –
“အေဇၨဝကိစၥကာတဗၺ၊ ေကာဇေညာမရဏံသုေဝ”ဟူေသာ႐ြတ္ဆိုသံ ကို သူတို႔ ၾကားလိုက္ရသည္။
အသံက သစ္ပုပ္ေတာႀကီး၏ အထက္ဆီမွ လာျခင္းျဖစ္၏။ အသံလာ ရာဆီၾကည့္လိုက္ေတာ့ေဒါက္ျခာႀကီးႏွင့္ရေသ့ႀကီးတစ္ပါးကိုေတြ႕လိုက္ရ၏။
ေတာင္ေဝွးကို အားျပဳလ်က္ သပိတ္လြယ္ထားေသာရေသ့ႀကီးက သူတို႔ သက္ဆင္းလာေနသည္။
“ျပဳဖြယ္အမႈတို႔ကိုယေန႔သာပင္ျပဳအပ္ၾကပါေပတယ္။ ေသျခင္းတရား ဆိုတာ မနက္ျဖန္ သန္ဘက္ေန႔ရက္မရွိ။ ဘယ္ေန႔ဘယ္ရက္ ေသမယ္လို႔ ဘယ္သူမွမေျပာႏိုင္ဘူး။ ေသမင္းရဲ႕စစ္သည္ေတြကမ်ားလွေပတယ္” ရေသ့ႀကီးက ဓမၼေတးကို ဆက္၍႐ြတ္ဆိုလာသည္။
ရေသ့ႀကီး၏အသံကိုၾကားေတာ့နံပါတ္-၁ႏွင့္၂တို႔ေတြသြားသည္။
“ေဟ့-နံပါတ္ ၂- ဒီရေသ့ႀကီးေျပာသံ ၾကားရဲ႕လား”
“ဟုတ္- ၾကားတယ္- နံပါတ္ ၁။ ဒီရေသ့ႀကီးရဲ႕စကားအရဆိုရင္ ဘယ္ နည္းနဲ႔မဆိုေသမင္းကိုဒီရေသ့ႀကီးသိေလာက္တယ္။ ရေသ့ႀကီးကိုေသမင္း ဘယ္မွာရွိတယ္ဆိုတာေမးၾကည့္ရရင္ မေကာင္းဘူးလား”
“ေကာင္းတယ္ဗ်ိဳ႕- ေမးၾကရေအာင္”
နံပါတ္-၁ႏွင့္နံပါတ္-၂သည္အခ်င္းခ်င္းတိုင္ပင္ၿပီးရေသ့ႀကီးရွိရာသို႔
ေလွ်ာက္သြားၾကေလ၏။
ရေသ့ႀကီးကိုေတြ႕သည္ႏွင့္ နံပါတ္-၁က-
“ရွင္ရေသ့ – ေသမင္း ဘယ္မွာရွိပါလဲ။ တပည့္ေတာ္တို႔ ေသမင္းကို လိုက္ရွာေနၾကတာပါ။လူေတြကိုဒုကၡေပးလွတဲ့ေသမင္းကိုသတ္ခ်င္လို႔ပါ”
ဟုေလွ်ာက္ေမးလိုက္၏။

“ဘုရား- ဘုရား – ဒကာတို႔ တစ္ခုခုေတာ့ မွားေနၾကၿပီနဲ႔တူတယ္”
“မမွားပါဘူး – ရွင္ရေသ့။ အဲဒီေသမင္းက တပည့္ေတာ္တို႔ရဲ႕မိတ္ေဆြ နံပါတ္-၃ကိုမၾကာခင္ေလးကမွ သတ္ပစ္လိုက္ပါတယ္။ ေနာက္ၿပီးနာမည္ ႀကီးဟိုတယ္ႀကီးမွာ ေသာက္စားေပ်ာ္ပါးေနၾကတဲ့သူေတြကိုလည္း ေခ်ာင္း ၿပီး တဖ်တ္ဖ်တ္ သတ္ေနတာ မနည္းေတာ့ပါဘူး။ တပည့္ေတာ္ကိုလည္း သတ္ဖို႔ေခ်ာင္းေနတယ္။ သူေသမွအားလုံးေအးမွာပါ။ သူ႔ကို သတ္ကိုသတ္ မွျဖစ္မယ္။ ေသမင္း ဘယ္မွာရွိတယ္ဆိုတာ တပည့္ေတာ္တို႔ကို ေျပာျပပါ။ ႏို႔မဟုတ္လို႔ သူမေသရင္ တပည့္ေတာ္တို႔အားလုံးေသၾကရလိမ့္မယ္”
“ေသမင္းကိုအဲဒီလိုသတ္လို႔မရဘူး။ ေသမင္းကို သတ္ခ်င္ရင္ေသမင္း ကို ႏိုင္ခ်င္ရင္ေတာ့ ဆရာရေသ့ေက်ာင္း လိုက္ခဲ့ေပေရာ့”ဟု ရေသ့ႀကီးက ေခၚလိုက္၏။
“ေနာက္မွ ဆရာရေသ့ေက်ာင္း လာခဲ့ပါ့မယ္။ ေလာေလာဆယ္ေတာ့ တပည့္ေတာ္တို႔မွာ ေသမင္းကို ႏိုင္ေအာင္တိုက္ႏိုင္၊ သတ္ႏိုင္တဲ့လက္နက္ ေတြ ပါၿပီးျဖစ္လို႔ မလိုက္ေသးပါဘူး။ တပည့္ေတာ္က ကိုယ္ခံပညာေကာင္း ေကာင္းတတ္ပါတယ္။ နံပါတ္-၂ လည္း ဓားပါ,ပါတယ္။ ေသမင္း ဘယ္မွာ ရွိတယ္သာေျပာျပပါ။ ေသမင္းကို ရွင္ရေသ့ေရွ႕မွာတင္ သတ္ျပလိုက္ပါ့မယ္”
ရေသ့ႀကီးက နံပါတ္- ၁ ႏွင့္ ၂ စကားၾကားေတာ့ ေတြသြားသည္။ ထို႔ ေနာက္တစ္စုံတစ္ရာႏွလုံးသြင္းလိုက္၏။ အတန္ၾကာမွ-
“အိမ္း – ဒါဆိုလည္း- ဆရာရေသ့ ေျပာခဲ့မယ္ – မွတ္ထားၾက။ ေနရာ တိုင္းမွာေသမင္းရွိတယ္။ ဘုရား၊ ဘုရား၊ မရဏံေမ ဘဝိႆတိ”ဟုေျပာဆို မိန႔္ၾကားကာနံပါတ္- ၁ႏွင့္နံပါတ္-၂အနီးမွတစ္ဖက္ေတာဆီသို႔ဆက္လက္ ထြက္ခြာသြားေလေတာ့သည္။
“ေနရာတိုင္းမွာ ေသမင္းရွိတယ္”တဲ့။ သူတို႔ႏွစ္ေယာက္က လိုက္႐ြတ္ ၾကည့္လိုက္ၾက၏။

နံပါတ္-၁ႏွင့္၂တို႔လည္းရေသ့ႀကီးကိုမ်က္စိတစ္ဆုံးၾကည့္က်န္ခဲ့ရင္း
လုံးဝမျမင္ေတာ့မွ တစ္ေယာက္ဘက္တစ္ေယာက္လွည့္ကာ-
“ရေသ့ႀကီးရဲ႕ေျပာစကားအရဆိုရင္ ေသမင္းဟာ ဒီေနရာနဲ႔ သိပ္မေဝး ေတာ့ဘူး။ ဒီအနီးအနားမွာပဲရွိႏိုင္တယ္။ ဒီေနရာ ပိုက္စိပ္တိုက္ရွာၾကစို႔”ဟု ေျပာဆိုတိုင္ပင္လိုက္ၾကေလ၏။
“ေဟ့-ေသမင္း-မင္းဒီေတာထဲမွာရွိမွန္းငါတို႔သိၿပီးၿပီ။ မင္းမၾကာခင္
ေသရလိမ့္မယ္ေဟ့”
ထို႔ေနာက္ ႏွစ္ေယာက္သား အထက္ပါအတိုင္း ၿပိဳင္တူေအာ္လိုက္ၾက ရင္းေရွ႕သို႔ ခရီးဆက္ခဲ့ၾကသည္။
တစ္နာရီနီးပါးေလာက္ေလွ်ာက္လိုက္မိေတာ့ သစ္ပုပ္ေတာကိုလြန္ၿပီး ဝါးျဖဴေတာႀကီးကိုေရာက္လာသည္။ဝါးျဖဴဝါး႐ုံႀကီးေတြကအဓိကရႀကီးေတြ၊ ေနေျပာက္မထိုးႏိုင္ေလာက္ေအာင္လည္းႁပြတ္သိပ္ျပည့္က်ပ္ေနၾကသည္။
သို႔ေသာ္ တစ္ေနရာမွာေတာ့ ဝါးျဖဴဝါး႐ုံႀကီးေတြ ၿခံရံေပါက္ေနၾကေသာ ဆယ့္ငါးေပပတ္လည္ခန႔္ ငွက္ခါးေရာင္ထ ၾကည္လင္ေနသည့္ အိုင္ေလး တစ္အိုင္ကို ေတြ႕လိုက္ၾကရ၏။
အိုင္ဆီမွအနံ႔သင္းသင္းေလးကိုလည္းသူတို႔ရႉရႈိက္မိၾက၏။ နံပါတ္-၁ ကအနံ႔သင္းသင္းေလးကို ႏွာေခါင္းတရႈပ္ရႈပ္ႏွင့္ ရႉရႈိက္ရင္း- “နံပါတ္-၂ေရ-ဒီအိုင္ကထြက္လာတဲ့အနံ႔ေလးကတယ္ေမႊးပါလား။
ရမ္ျပားေလး ေဖာက္လိုက္ေတာ့ ထြက္လာတဲ့အနံ႔ေလးအတိုင္းပဲ”ဟု ေျပာ
လိုက္သည္။
နံပါတ္-၂ကလည္း-
“ဟုတ္တယ္- နံပါတ္ ၁။ ဒါ-ရမ္နံ႔ေလးပဲဗ်”ဟုေထာက္ခံလိုက္သည္။ သူတို႔ႏွစ္ေယာက္ အိုင္ေလးဆီ
ေရာက္ေအာင္ေလွ်ာက္လာခဲ့ၾက၏။ အိုင္ေလးထဲက အေရာင္က အနီးကပ္ၾကည့္ေတာ့ ရမ္ေရာင္ေလးအတိုင္း ရမ္ဆိုတာဟိုတယ္မွာ သူတို႔အၿမဲေသာက္ေနက်၊ သူတို႔အႀကိဳက္၊ရမ္ဆိုတာ က“အရက္၊ အရက္ကို အေရာင္အဆင္း အနံ႔အရသာကို ျပဳျပင္ထားတဲ့ အမည္။
အိုင္ေလး၏ထိပ္မွာ စာတန္းေလးတစ္ခု ေက်ာက္သားျပင္ကို ထြင္း ထားေသာ စာတန္းေလးျဖစ္သည္။
သည္။
“ယစ္ေ႐ႊရည္ – မအိုေဆးရည္”ဟုေရးထားသည္။

“မအိုေဆးရည္ ဆိုပါလား”
နံပါတ္-၁ကစာဖတ္ၿပီးေျပာလိုက္၏။နံပါတ္-၂ကေခါင္းညိတ္လိုက္
“ကဲ-ဒါဆို-ဒီမအိုေဆးရည္ေလးကို အရသာခံရင္း ခဏနားၾကရရင္
မေကာင္းဘူးလား”
“ေကာင္းတယ္ – နံပါတ္ ၂”
ႏွစ္ေယာက္သားတိုင္ပင္ၿပီးၾကသည္ႏွင့္ယစ္ေ႐ႊရည္အမည္ရွိမအိုေဆး
ရည္ကို တစ္ေယာက္တစ္ခြက္ခပ္ကာ ဝါးျဖဴဝါး႐ုံႀကီးတစ္႐ုံေအာက္၌ ေအး ေအးေဆးေဆးနားရင္းအရသာခံေသာက္လိုက္ၾကသည္။
“အား- ေကာင္းလိုက္တာ။ လည္ေခ်ာင္းထဲကိုခါးရွပူဆင္းသြားတာပဲ” နံပါတ္ – ၁ က ယစ္ေ႐ႊရည္ တစ္က်ိဳက္စုပ္လိုက္ရင္း ခ်ီးက်ဴးေထာပနာ
ျပဳလိုက္သည္။
“ဒီေဆးရည္က မအိုေဆးရည္ဆိုမဟုတ္လားဗ် – နံပါတ္ ၁ ရဲ႕” ထို႔ေနာက္ႏွစ္ေယာက္သားေသာက္ရင္းေသာက္ရင္းေရခ်ိန္ေတြလြန္
ၿပီး မူးလဲသြားၾက၏။ သူတို႔ရွာေနၾကသည့္ ေသမင္းကိုလည္း ေမ့သြားၾက သည္။
ညေနေစာင္းမွ သူတို႔ ျပန္သတိရလာၾကသည္။
သတိရရခ်င္းနံပါတ္ ၁က-
“ဒီယစ္ေ႐ႊရည္မအိုေဆးကတယ္ေကာင္းတာပဲ။ ဒီမွာပဲမအိုေဆးေလး မွီဝဲရင္းေသမင္းကိုရွာၾကရင္မေကာင္းဘူးလား”ဟုနံပါတ္-၂ကိုေမးလိုက္
၏။
နံပါတ္-၂က ေခါင္းညိတ္ရင္း-
“ေကာင္းတယ္ – နံပါတ္ ၁။ သူလည္း ဒီယစ္ေ႐ႊရည္ မအိုေဆး လာမွီဝဲ ရင္ မွီဝဲတန္ေကာင္းပါရဲ႕။ ပိုေသခ်ာတာက မေရမရာလိုက္ရွာေနမယ့္အစား ဒီကပဲေစာင့္ရင္ ပိုေကာင္းမယ္ထင္တယ္”ဟုအႀကံေပးလိုက္သည္။ “အိုေက – သိပ္ေကာင္းတဲ့အႀကံပဲ”
သူတို႔ႏွစ္ေယာက္ထိုယစ္ေ႐ႊရည္မအိုေဆးအမည္ရွိအိုင္အနီးတြင္ပင္ ေသမင္းကိုရွာရင္းေသမင္းအလာေစာင့္ရင္းစခန္းခ်လိုက္ၾကသည္။ထို႔ေနာက္
ယစ္ေ႐ႊရည္မအိုေဆးကိုလည္း ေန႔ေရာညပါအႀကိဳက္ေသာက္ေနလိုက္ၾက
ေပ၏။
သည္သို႔ႏွင့္ရက္ကေလးၾကာလာသည္။သူတို႔၏အေျခအေနေတြလည္း
ေျပာင္းလဲလာၾကသည္။
ၾကာေတာ့ – သူတို႔ႏွစ္ေယာက္စလုံးမလႈပ္ခ်င္ မကိုင္ခ်င္ျဖစ္၊ အားအင္ ေတြ ကုန္ခန္းလာသည္။ ႏွစ္ဦးစလုံး၏မ်က္ႏွာႏွင့္ ခႏၶာကိုယ္ေတြကလည္း လူ႔ဘီလူးႀကီးေတြလို ပြေရာင္းေဖာင္းတက္ေနၾကၿပီး ပါးစပ္မွ ေသြးေတြက တဗြက္ဗြက္အန္ထြက္လာၾကသည္။
၏။
ေနာက္- ေျမေပၚသို႔ႏွစ္ေယာက္စလုံးဗုန္းခနဲပစ္က်သြားၾကေလေတာ့
ထိုအခ်ိန္ သူတို႔ႏွင့္ ေတြ႕ခဲ့ရသည့္ ရေသ့ႀကီးက-
“အေဇၨဝကိစၥတာတဗၺ-ေကာဇေညာမရဏံသုေဝ”ဟု႐ြတ္ဆိုပြားမ်ား
ေနက် ဓမၼေတးကို ဟစ္ေႂကြးရင္း ေရာက္လာသည္။ သူတို႔ႏွစ္ေယာက္ကို
ေတြ႕ေတာ့ –

“အင္း- ဘုရား- ဘုရား – ဒါ- ေသမင္းကို သတ္ဖို႔လိုက္ရွာေနၾကတဲ့ ဒကာေလးႏွစ္ေယာက္ပဲ။ ခုေတာ့ – ေသမင္းကိုသူတို႔ကမသတ္ရပဲမအိုေဆး ရည္ကို ေသာက္ေနၾကတဲ့သူတို႔ကို ေသမင္းက သတ္သြားၿပီေကာ။ သူတို႔ ခမ်ာေတြ အိုေအာင္ေတာင္ မေနလိုက္ၾကရပါကလား။ သေဗၺသခၤါရ အနိစၥ၊ သေဗၺသခၤါရဒုကၡာ၊ သေဗၺသခၤါရအနတၱာပါကလား”ဟုသံေဝဂသံျဖင့္ညည္း တြားလိုက္ေလသည္။
(ကဗ်ာဆရာေမာင္လကၤာႏွင့္ စာေရးဆရာ ျမင့္ေမာင္တို႔သို႔ သတိရလြမ္းဆြတ္စြာျဖင့္)
» ေနဝန္းႏို